အပိုင်း ၁၈၅•၂
” သန့်စင်မှုပညာရှင်လား ”
°°°
မြင့်မြတ်သရဲကတော့ ထူးဆန်းတဲ့အပြုံးနဲ့ ပြုံးလာခဲ့ပါတယ်။
” သန့်စင်မှုသားတော် သန့်စင်မှုမွန်မြတ်ဧကရာဇ်က မင်းကိုသေချာပေါက် ရှာတွေ့လိမ့်မယ်…ဒီလိုဖြစ်လာရင်း ငါတို့လိုမွန်မြတ်သန့်စင်သရဲတွေက လောကကြီးကိုအုပ်ချုပ်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်လာမှာပဲ ဧကရာဇ်သက်တော်ရှည်ပါစေ ”
သူပြောပြီတဲ့နောက် မျက်လုံးတွေက မှိန်ဖျော့သွားသလို ခန္ဓာကိုယ်ကလဲ ပြာဖြစ်လို့သွားခဲ့ပါပြီ လေထဲမှာဘာမှမကျန်တော့တဲ့အထိကို ပျောက်ကွယ်လို့သွားပါတော့တယ်။ အလောင်းတောင်မကျန်ခဲ့ပါဘူး။ အရာအားလုံးက ထူးဆန်းသလို ဟို့ယွိဟောင်ရဲ့အရှေ့ကိုအလံကရောက်ရှိလို့လာပါတော့တယ်။ ဟို့ယွိဟောင်ကအလံကိုချက်ချင်းကောက်ယူလိုက်ပြီတဲ့နောက် သူ့ရဲ့၀ိညာဥ်စွမ်းအားနဲ့ချေမွပြစ်လိုက်ပါတယ်။
နနက ကြောင်အနေဆဲပါ ဟို့ယွိဟောင် အရမ်းသန်မာမှန်းသိပေမဲ့ တစ်ဖက်စိတ်၀ိညာဥ်တွေရဲ့ငိုကြွေးသံကိုကြားပြီချိန်ကထဲကစလို့ သူ့ခန္ဓာကိုယ်မလှုပ်ရှားနိုင်တော့တာကြာပါပြီ။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားတွေကိုလဲ သူဆက်ပြီမထုတ်လုပ်နိုင်တော့ပါဘူး။ အခုလက်ရှိအချိန်မှာ အရမ်းအားလုံးပြီးဆုံးသွားပြီလို့တွေးနေခဲ့သလို အရမ်းစိတ်ပျက်လို့နေခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်သွားခဲ့တဲ့ကိစ္စတွေကလဲ သူ့ကိုအထိတ်တလန့်ပိုပြီးဖြစ်စေခဲ့တယ်။
ဟို့ယွိဟောင်က သူ့ရှေ့မှာတင် တိုက်ပွဲရဲ့အလှည့်အပြောင်းကို ဖန်တီးလိုက်တာပါ။ သူဘယ်လိုလုပ်လိုက်တာလဲဆိုတော့ ရှင်းရှင်းလင်းလင်းမသိပါဘူး။ သူတို့ရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီးက ဖျက်ဆိီးခံလိုက်ရပြီတဲ့နောက် မဟာမြင့်မြတ်သရဲက သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြင့်မြတ်သရဲဖန်တီးထားတဲ့ ဦးခေါင်းခွံကြီးကလဲ ဟို့ယွိဟောင်လက်ထဲမှာ ရောက်သွားခဲ့ပါပြီ။ အရာအားလုံးရဲ့ပြောင်းလဲမှုက အရမ်းကိုမြန်ဆန်ခဲ့ပါတယ်။
” နန ”
ဟို့ယွိဟောင် သူ့ရဲ့နာမည်ကိုအော်လိုက်ချိန်မှသာ နနလဲ အသိပြန်၀င်လာပါတော့တယ်။
” မိဘတွေကိုမြန်မြန်သွားရှာ ငါတို့မှာအချိန်သိပ်မရှိတော့ဘူး…ဒီစိတ်၀ိညာဥ်တွေမှာစွန်ထင်းနေတဲ့ မိစ္ဆာစိတ်တွေက များလွန်နေတယ်…ငါရဲ့သန့်စင်မှုအောက်မှာ သူတို့ကမကြာခင်ပျောက်ဆုံးကုန်တော့မှာ ”
” အကုန်လုံးကို သန့်စင်ပြီးပြီဆိုရင် သူတို့တွေက မိုးကောင်းကင်ကိုတက်သွားပြီ ၀ိညာဥ်တွေလဲ လွှတ်မြောက်သွားလိမ့်မယ်…သူတို့ကိုပြောစရာရှိတယ်ဆိုရင် မြန်မြန်သွားပြော ငါအပြင်မှာစောင့်နေမယ် ”
ဟို့ယွိဟောင်ပြောပြီတာနဲ့ ချက်ချင်းဆိုသလို အပြင်ကိုထွက်သွားပါတော့တယ်။
ဒီကိစ္စကိုအတော်ကိုထူးဆန်းပါတယ်။ မြင့်မြတ်အစေခံတွေကအထဲမှာဘယ်လိုလှုပ်ရှားမှုပဲဖြစ်ပါစေ သူတို့တွေက မတုန့်ပြန်ကြပါဘူး။
မြေအောက်ကနေ သူထွက်လာပြီတဲ့နောက် လူရှစ်ယောက်တိတိနဲ့၀င်တိုက်မိပါတော့တယ်။ သူတို့ရဲ့အစွမ်းအစတွေက နနလောက်မကောင်းတဲ့အတွက် ဟို့ယွိဟောင်ရဲ့အလစ်၀င်တိုက်မှုအောက်မှာ ချက်ချင်းဆိုသလို ပြိုလဲကုန်ကြပါပြီ။ ပြန်တိုက်ခိုက်ဖို့အခွင့်အရေးလေးတောင် မရလိုက်ပါဘူး။
” မဟာမြင့်မြတ်သရဲနဲ့ ဒုတိယမြင့်မြတ်သရဲနှစ်ကောင်စလုံးသေသွားပြီ အရံယဇ်ပလ္လင်ကလဲ ဖျက်ဆီးခံလိုက်ရတယ်…မင်းတို့ချစ်ရသူတွေရဲ့စိတ်၀ိညာဥ်ကို အခုလက်ရှိအချိန်မှာစပြီ သန့်စင်နေပြီ အားလုံးသူ့ကိုနောက်တစ်ကြိမ်တွေ့ချင်တယ်ဆိုရင် မြန်မြန်အထဲကိုသွားလိုက် ”
ဟို့ယွိဟောင်သူတို့ရဲ့ခေါင်းစွပ်တွေကိုဖယ်လိုက်ချိန်မှာတော့ ငယ်ရွယ်ပြီဖြူဖျော့နေတဲ့မျက်နှာတွေက ပေါ်လာပါတော့တယ်။
ဟို့ယွိဟောင်လဲ သူတို့ကြောင်အနေတဲ့ မျက်နှာတွေကိုမြင်ချိန်မှာ ဒေါသတကြီးနဲ့ထအော်တော့တယ်။
” အကယ်၍ ငါသာ မင်းတို့ကိုထိခိုက်စေချင်တယ်ဆိုရင် မင်းတို့အစောကြီးကထဲက သေနေလောက်ပြီပေါ့ ဘာဖြစ်လို့အထဲမသွားသေးတာလဲ အကယ်၍ အခွင့်အရေးကိုလွှတ်သွားမယ်ဆိုရင် မင်းတို့ချစ်ခင်ရတဲ့သူတွေကို တစ်သက်လုံးတွေ့ရတော့မှာမဟုတ်ဘူး ”
” ဒါက မင်းတို့အတွက် ဒီဆိုးယုတ်တဲ့အဖွဲ့အစည်းကနေ ထွက်ခွာပြီအတားအဆီးကနေ လွှတ်မြောက်စေဖို့အကောင်းဆုံးနဲ့ တစ်ခုတည်သောအခွင့်အရေးတစ်ခုပဲ ”
သူအော်တဲ့အချိန်မှာ စိတ်၀ိညာဥ်စွမ်းအားတချို့ကို ထည့်သွင်းလိုက်ပါတယ်။ ဒါကြောင့်သာ မြင့်မြတ်အစေခံတွေက ထိတ်လန့်တကြားနဲ့အသိ၀င်လာခဲ့တာပါ။ သူတို့တွေကအောက်ကိုပြေးဆင်းလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်လေပူတွေကို မှုတ်ထုတ်လိုက်ရင်းနဲ့ သာမန်အခန်းထဲဆီကို ပြန်လျှောက်လာပါတော့တယ်။
သူမျက်လုံးတွေကိုပိတ်ရင်းနံရံကိုမှိီထားခဲ့တယ်။များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေ ကုန်ဆုံးမှုကြောင့် ခန္ဓာကိုယ်က အတော်ကိုအားနည်းသွားခဲ့ပါပြီ။
ဒီသရဲဘုရားကျောင်းဆိုတာက မိစ္ဆာ၀ိညာဥ်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားမယ်လို့ မထင်ထားခဲ့တဲ့တာအမှန်ပါ။ သူတို့တွေ ဒီလောက်ထူးဆန်းနေတာအံ့ဩစရာမရှိတော့ပါဘူး။ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေအားလုံးက တစ်ယောက်ထဲလှုပ်ရှားကြတာမဟုတ်လား။
ရုတ်တရက်ဆိုသလို သူ့တစ်ကိုယ်လုံးတောင့်တင်းလို့သွားပါတော့တယ်။ သူ့ဆရာနဂါးနတ်ဘုရားသော့်လော့မုအန်း အရင်တုန်းကပြောခဲ့တဲ့စကားတွေကို နားထဲမှာပြန်ကြားယောင်နေခဲ့ပါပြီ။ မာရှောင်ထောင့်ပျောက်သွားတဲ့အချိန်မှာ အမျက်ဒေါသကျောင်းတော်ကို အမျိုးအမည်မသိရတဲ့၀ိညာဥ်ပညာရှင်တချို့က ၀င်ပြီအလစ်၀င်တိုက်ခဲ့ပါတယ်။ အားလုံးကလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ ဒါတွေက သရဲဘုရားကျောင်းနဲ့ဆက်စပ်နေတာများဖြစ်နိုင်မလား။
သရဲဘုရားကျောင်းရဲ့ အကြီးအကဲကဒီနေရာမှာရှိမနေခဲ့ပါဘူး။ မဟုတ်ရင်ထွက်ပြေးရမဲ့သူက ဟို့ယွိဟောင် ဖြစ်သွားပါလိမ့်မယ်။ သူ့အနေနဲ့ အသုံး၀င်တဲ့သတင်းအချက်အလက်တွေကို မရလိုက်တာကတော့နှမြောစရာပါ။ အဲ့ဒီလူရဲ့စိတ်၀ိညာဥ်က ဖျက်ဆီးခံလိုက်ရပြီတဲ့နောက် သူ့ကိုယ်တိုင်ကလဲသတ်သေသွားခဲ့ပါတယ်။ ဒါပေမယ့် နနရဲ့ဆန္ဒကတော့ သူဖြည့်စည်းနိုင်ခဲ့ပါပြီ။ အနည်းဆုံးတော့ ကောင်းမွန်တဲ့ကိစ္စကိုတော့သူလုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့သူသိလာရတဲ့သတင်းတွေအားလုံးကို ကျောင်းတော်ဆီသေချာပေါက် ပြန်ပြီသတင်းပို့ရမှာပါ။ အကယ်၍ ကျောင်းတော်ကိုမိစ္ဆာ၀ိညာဥ်ပညာရှင်တွေက ပစ်မှတ်ထားနေတယ်ဆိုရင် သူ့တို့အနေနဲ့ ခန္ဓာကိုယ်မျိုးနွယ်ထက်ပိုပြီး အန္တရာယ်များပါလိမ့်မယ်။
အရင်တုန်းက သေခြင်းတရားရဲ့တမန်တော်အပြင် နောက်ထပ် သန်မာတဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်း၀ိညာဥ်ဧကရာဇ်နှစ်ယောက်ကို သူတွေ့ကြုံပြီတိုက်ခိုက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တွေတုန်းက စစချင်မှာအသာစီးမရခဲ့သလို ကံကြမ္မာမျက်လုံးကိုအသုံးပြုပြီတော့လဲ စိတ်၀ိညာဥ်တွေကို ဖျက်ဆီးခဲ့ရတယ်။ ဒီလိုကြောင့်သာ မဟုတ်ရင်သူလဲပြဿနာအကြီးကြီးတက်မှာပါ။ ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်တွေသာ အပြင်လောကမှာရောက်ရှိလို့သွားခဲ့မယ်ဆိုရင် သူတို့တွေက သူတို့ကိုဆန့်ကျင်တဲ့ဘယ်သူကိုမဆိုသေချာပေါက် ထိခိုက်မှုကြီးမားစေမှာပါ။
ရာနဲ့ချီတဲ့လက်စားချေချင်စိတ်အပြည့်နဲ့ စိတ်၀ိညာဥ်တွေဆိုတာက ဒီကိစ္စတွေအားလုံးရဲ့ သင်္ကေတပါပဲ။
ဒါတွေအားလုံးက ရာနဲ့ချီတဲ့အသက်တွေကို ကိုယ်စားပြုနေခဲ့တယ်။
အခုလိုအခြေအနေမျိုးမှာ သရဲဘုရားကျောင်းဆိုတာက ထူးဆန်းပြီလူမသိသူမသိရှိနေသေးတဲ့အတွက် သူတို့ရဲ့လုပ်ရပ်တွေကလဲ အရမ်းကြီးမလွန်းလွန်သေးပါဘူး။ ဒါ့အပြင် ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်တွေဖြစ်ပေါ်စေနိုင်တဲ့ ထိခိုက်မှုပစ္စည်းတွေက အရမ်းကိုကြောက်စရာကောင်းလွန်နေခဲ့တယ်။ အမျက်ဒေါသရဲ့အစောင့်အရှောက်တွေလဲ ဒီကိစ္စနဲ့ပတ်သက်ပြီ သေချာပေါက်တစ်စုံတစ်ရာကိုလုပ်ဆောင်ရမှာပါ။
အခန်းထဲကနေ ငိုငြီးသံတွေထွက်ပေါ်လာပါတော့တယ်။ သိသိသာသာပဲအောက်ကိုဆင်းသွားခဲ့တဲ့ လူရှစ်ယောက်လဲ သူတို့ချစ်ရတဲ့စိတ်၀ိညာဥ်တွေကို ရှာဖွေတွေ့ရှိသွားလောက်ပါပြီ။
တခဏတာစဥ်းစားနေပြီတဲ့နောက် ဟို့ယွိဟောင်လဲ ခြံ၀န်းထဲက ထွက်ခွာသွားပြီ သူတို့မူလစောင့်ဆိုင်းနေတဲ့နေရာကို ပြန်သွားပါတော့တယ်။ နနက လှိုင်ခေါင်းအပြင်ကို ပထမဆုံးထွက်လာခဲ့ပါတယ်။ သူမရဲ့မျက်နှာဖုံးကိုလဲ ဖယ်ရှားလိုက်ပါပြီ။ မျက်လုံးတွေကတော့ နီရဲမို့အစ်နေပြီ ငိုထားမှန်းသိသာလွန်နေခဲ့တယ်။ ဟို့ယွိဟောင်အရှေ့ကိုသူရောက်လာပြီတဲ့နောက် ဒူးထောက်ထိုင်ချလိုက်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်က သူ့ကိုပြန်မတင််ဖို့အတွက် ပြင်ဆင်ထားပြီးပါပြီ။
” နန အဲ့ဒီလိုမလုပ်နဲ့ မင်းမိဘတွေရဲ့စိတ်၀ိညာဥ်တွေအခုငြိမ်းချမ်းသွားလောက်ပါပြီ ငါလဲထပ်တူ၀မ်းနည်းမိပါတယ် ”
” ကျေးဇူတင်ပါတယ်သခင် ကျွန်မရဲ့အကြီးမားဆုံးဆန္ဒကို ဖြည့်စည်းပေးလိုက်တဲ့အတွက် ကျေးဇူးပါ ”
နနက ခေါင်းညိတ်ရင်းခပ်တိုးတိုးလေးပြောလာနေခဲ့တယ်။
” ဘာသခင်လဲ ”
ဟို့ယွိဟောင်ပြန်မေးပါတော့တယ်။ နနကတော့ သူ့ကိုတင်းမာလေးနက်တဲ့အကြည့်နဲ့ ပြန်စိုက်ကြည့်နေခဲ့တယ်။
” အကယ်၍ ကျွန်မမိဘရဲ့စိတ်၀ိညာဥ်တွေကို ကယ်တင်ပေးနိုင်မယ်ဆိုရင် တစ်သက်တာပတ်လုံးအမှု့ထမ်းပါ့မယ်လို့ ပြောခဲ့တယ်လေ ဒါ့အပြင် အခုဒီကိစ္စက အောင်မြင်သွားပြီ သူတို့ရဲ့စိတ်၀ိညာဥ်တွေကိုလဲ သန့်စင်ပေးလိုက်သေးတယ်..ကျွန်မဘ၀မှာနောက်ထပ်စိုးရိမ်စရာထပ်မရှိတော့ဘူး…ဒီကျေးဇူးတရားကို ကျွန်မအသက်နဲ့ရင်းပြီပြန်ဆပ်ပါ့မယ်..အကယ်၍ ကျွန်မရဲ့တောင်းဆိုချက်ကိုငြင်းပယ်မယ်ဆိုရင် ဒီလောကကြီးမှာဘာနှောင်ကြိုးမှဆက်ရှိမနေဘူးဆိုရင်တော့ သေချာပေါက် ဒီလောကကြီးကနေ ထာ၀ရထွက်ခွာသွားဖို့သေချာပေါက်လမ်းတစ်ခုကိုရွေးချယ်မှာပါ ”
ဟို့ယွိဟောင်ကမျက်လုံးပြူးသွားခဲ့ပါတယ်။ သူမကို တားချင်ပေမဲ့ သူ့ရဲ့အင်မတန်ကိုလေးနက်နေတဲ့ အကြည့်ကိုမြင်ချိန်မှာတော့ ဘာမှပြောမထွက်နိုင်တော့ပါဘူး။
ဖြူဖျော့တဲ့မျက်နှာ ရောင်ကိုင်နီရဲနေတဲ့မျက်လုံးတွေနဲ့ နောက်ထပ်လူတွေကတော့ နနရဲ့အနောက်ဖက်မှာပေါ်လာခဲ့ပါပြီ။ သူတို့တွေလဲ ဒူးထောက်နေခဲ့ကြပါတယ်။
” ဘယ်လိုများကျေးဇူးပြန်ဆပ်ရမလဲဆိုတာတောင် မသိတော့ပါဘူး…တစ်ဘ၀တာလုံးအသက်နဲ့ရင်းပြီတာ၀န်ထမ်းဆောင်ဖို့အတွက် ဆန္ဒရှိပါတယ် ”
သူတို့ရဲ့အခြေအနေတွအားလုံးက နနနဲ့အတော်ကိုတူညီပါတယ်။ သူတို့ချစ်ရသူမိသားစု၀င်တွေရဲ့စိတ်၀ိညာဥ်တွေက လွှတ်မြောက်သွားတာကို မြင်ပြီတဲ့နောက် နနနဲ့ တူညီတဲ့စိတ်ခံစားချက်တွေကို ခံစားနေခဲ့ရတယ်။ ဟို့ယွိဟောင်ကိုတောင် သူတို့မသိကြပေမဲ့ အခြေအနေကတော့အတူတူပါပဲ။
” ဒါတွေက ”
နနက တစ်ချက်ရယ်မောလိုက်ပါတယ်။
” သခင်ကျွန်မလဲအရင်တုန်းက ဒီလိုမဖြစ်ချင်ခဲ့ပါဘူး…ဒါပေမယ့် ကျွန်ပြုခံထားရတာအရမ်းကြာလွန်နေပြီ ပြီးတော့အားလုံးကလဲ မိဘမဲ့တွေဖြစ်နေကြတယ်..ဒီလောကကြီးမှာဆွေးမျိုးသားချင်ဆိုတာမရှိတော့ဘူး ”
” အကယ်၍ ကျွန်မတို့ကိုသာ သခင်လက်မခံချင်ဘူးဆိုရင် ဘာလုပ်ရမလဲဆိုတာသိတော့မှာမဟုတ်ဘူး…ကျောင်းတော်ကိုလဲပြန်လို့မရတော့ဘူးလေ ကျေးဇူးပြုပြီး ညွှန်ကြားမှုကိုလုပ်ဆောင်ပေးပါ သင့်တော်မဲ့လမ်းတစ်ခုကိုညွှန်ပြပေးရုံနဲ့ လုံလောက်ပါတယ်…ဒီရှစ်ယောက်ထဲမှာ လေးယောက်က ၀ိညာဥ်ဘိုးဘေးတွေဖြစ်ပြီ ကျန်တဲ့လေးယောက်ကတော့ ၀ိညာဥ်ဘုရင်တွေပါ ဒါ့အပြင် ကျွန်မတို့ထဲမှာ လေးယောက်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလဲ ဟုတ်ပါသေးတယ်…ကျွန်မတို့ကိုလက်မခံချင်ဘူးဆိုရင် တစ်သက်တာပတ်လုံးသရဲဘုရားကျောင်းရဲ့ လက်ထဲကနေလွှတ်မြောက်နိုင်ဖို့လွှတ်လမ်းရှိတော့မှာမဟုတ်ပါဘူး ”
” ဘာကြောင့်များ ငါက မင်းတို့အားလုံးကိုလက်ခံမယ်လို့ တွေးရတာလဲ ငါကကျောင်းသားတစ်ယောက်ပဲရှိသေးတယ်လေ ”
” ဘာကြောင့်လဲဆိုရင် အမျက်ဒေါသကျောင်းတော်က ဖြစ်နေလို့ပါပဲ ”
နနက ပြောလာခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ အချိန်အတော်ကြာတဲ့အထိ စဥ်းစားနေပြီတဲ့နောက် ပြောလာခဲ့တယ်။
” ဒီလိုလုပ်ရအောင် မင်းတို့ရဲ့တောင်းဆိုချက်ကို ငါမငြင်းပယ်ဘူး…အကယ်၍ မင်းတို့ဆန္ဒရှိတယ်ဆိုရင်လဲငါနောက်ကိုလိုက်လို့ရတယ်..မင်းတို့အားလုံးကို ဒီတံဆိပ်ပြားပေးလိုက်မယ် ”
” တောက်ပရောင်စဥ်မြို့တော်ကနေ ထွက်ခွာပြီ အမျက်ဒေါသမြို့တော်ကိုသွား ပေ့ပေ့လို့ခေါ်တဲ့လူကိုရှာ သူကမင်းတို့အတွက် စီစဥ်ပေးလိမ့်မယ်…ဒါပေမယ့် အခုလက်ရှိအချိန်မှာ အမျက်ဒေါသကျောင်းတော်ထဲ၀င်လို့ရတော့မှာမဟုတ်ဘူး…အကယ်၍ မင်းတို့နေချင်တယ်ဆိုရင် ငါတို့မျိုးနွယ်ဖြစ်တဲ့ ထန်မျိုးနွယ်ကို၀င်လို့ရတယ်…မျိုးနွယ်ရဲ့အဓိကဌာနချုပ်က လက်ရှိအချိန် အမျက်ဒေါသမြို့တော်မှာရှိနေတယ် ”
” အဲ့ဒီနေရာကို လုံလုံခြုံခြုံရောက်နိုင်မယ်ဆိုရင် မင်းတို့ရဲ့ အသက်အန္တရာယ်ကိုငါအာမခံနိုင်ပြီ ငါကိုသစ္စာရှိစရာမလိုဘူး…ငါရဲ့မျိုးနွယ်စုထဲကို၀င်ပြီဆိုတာနဲ့ ငါတို့တွေက ညီနောင်ရောင်ရင်းမျိုးနွယ်စုတူလူတွေဖြစ်သွားကြပြီပဲ ”
နနက ပျော်သွားခဲ့ပေမဲ့ သူ့ကိုသခင်လို့ခေါ်နေဆဲပါ။ သူမရဲ့ခန္ဓာကိုယ်က ဝေ၀ါးလို့သွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ထိန်းချုပ်မှုကနေ လွှတ်ထွက်သွားပါတော့တယ်။ သူမက ပြန်ပြီတော့ ဒူးထောက်လိုက်တယ်။
” ကျေးဇူးတင်ပါတယ်သခင် ”
ကျန်ရစ်တဲ့ရှစ်ယောက်စလုံးကလဲ တလေးတစားဦးညွတ်ရင်းနဲ့ ပြောလာခဲ့တယ်။
” ကျေးဇူးတင်ပါတယ်သခင် ”
သူတို့မိသားစုရဲ့စိတ်၀ိညာဥ်တွေကို ကယ်တင်ပေးပြီတဲ့နောက် ဟို့ယွိဟောင်က သူတို့ကိုသရဲဘုရားကျောင်းကနေ လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့လျှောက်လမ်းရမဲ့လမ်းကိုလဲ ညွန်ပြပေးခဲ့တယ်။
ဒီလိုသနားစရာကောင်းလွန်လှတဲ့ နောက်ခံရှိသူလူတွေကတော့ သေချာပေါက် ကျေးဇူးတင်မဆုံးဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် စိတ်ရင်းမှန်ကန်မှုအပြည့်နဲ့သခင်လို့ခေါ်ဝေါ်ကြသလို လူတော်တော်များများက အတော်ပြင်းပြင်းထန်ထန် ငိုကြွေးနေခဲ့ပါတော့တယ်။ နောက်ဆုံးမှာတော့ သူတို့တွေဘ၀သစ်စနိုင်ကြပါတော့မယ်။
ဒါက ဟို့ယွိဟောင်အတွက်လဲ ကောင်းမွန်တဲ့ကိစ္စပါ။ ပေ့ပေ့က ထန်ယာ့နဲ့ပတ်သက်ပြီရှာဖွေမှုတွေအားလုံး အသုံးမ၀င်ဖြစ်ပြီတဲ့နောက် ထန်မျိုးနွယ်ကို အမျက်ဒေါသမြို့တော်မှာ ပြန်လည်တည်ဆောက်ဖို့အတွက် သူဆုံးဖြတ်လိုက်ပါတော့တယ်။
အပိုင်း ၁၈၅•၂ ပြီး၏။