အပိုင်း ၁၈၅•၁
” သန့်စင်မှုပညာရှင်လား ”
°°°
ဟို့ယွိဟောင်ကတော့ အံကြိတ်မိလိုက်ပါတယ်။ မိစ္ဆာပညာရှင်တွေဆိုတာက သမန်၀ိညာဥ်ပညာရှင်တွေထက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ကွာခြားပါတယ်။ သူက အောက်လမ်းပညာကိုကောင်းကောင်းတတ်ကျွမ်းတဲ့သူပါ။
မိစ္ဆာ၀ိညာဥ်ပညာရှင်တွေဆိုတာက အဓိကအားဖြင့် သူတို့ရဲ့စိတ်၀ိညာဥ်ကိုသာ ကစားကြတဲ့အတွက် သူရင်ဆိုင်ဖို့ပိုလွယ်ကူပါတယ်။
သူ့ရဲ့နဖူးမှာရွှေရောင်ဒေါင်လိုက်မျက်လုံးကြီးက ပေါ်ထွက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို တိုက်ခိုက်တဲ့နေရာမှာ လုံး၀ကိုညာတာပေးဖို့စိတ်ကူးမရှိပါဘူး။ တောက်ပတဲ့ရွှေရောင်အလင်းတန်းက ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် ဒုတိယသရဲရဲ့ အောက်မှာရှိတဲ့မြေပြင်ကို တိုက်ခိုက်ပါတော့တယ်။
အရိုးစုကြီးရဲ့ ခေါင်းအရှေ့ဖက်ဆီမှာအစိမ်းရောင်မီးဘောလုံးတစ်လုံးတောက်ပနေတာကိုရှင်းရှင်းလင်းလင်းမြင်ရမှာပါ။ အဲ့ဒီနောက် ဒီအလင်းတန်းက စက်၀ိုင်းပုံသဏ္ဍာန်အသွင်ပြောင်းလဲရင်း လေထဲမှာပျောက်ကွယ်သွားပါတော့တယ်။
ကြီးမားတဲ့အနက်ရောင်အရိုးစုကြီးက တစ်ချက်ထဲနဲ့ သတိလစ်လို့သွားခဲ့ပါပြီ။ မြေပြင်ပေါ်ကိုလှဲကျရင်း မလှုပ်ပဲဖြစ်သွားပါတော့တယ်။
စိတ်၀ိညာဥ်တွေကို ထိန်းချုပ်နိုင်တဲ့အစွမ်းအစကမိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို တိုက်ခိုက်တဲ့အချိန်မှာပိုပြီး အသုံး၀င်ပါတယ်။ ဒုတိယသရဲကသူ့ရဲ့အစွမ်းအစကိုအသုံးပြုရင်း အင်အားကိုမြင့်တင်ထားသလို ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲထားတာပါ။
သူရဲ့ခန္ဓာကိုယ်က အင်မတန်ကို သန်မာလွန်ပြီ အဆင့်ခြောက်လက်နက်တွေတောင် တိုက်ခိုက်ဖို့မလွယ်ပါဘူး။ ဒါ့အပြင် အရမ်းကိုမြန်ဆန်ပြိီ အင်အားကလဲကြီးမားပါတယ်။
ဟို့ယွိဟောင် သူ့ရဲ့ပြိုင်ဘက်ဖြစ်နေတာကတော့ သနားစရာဖြစ်သွားခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုအင်အားကြီးတဲ့အရိုးစုကိုတိုက်ခိုက်ဖို့အတွက်ခန္ဓာကိုယ်အင်အားကို သုံးစရာမလိုပါဘူး။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ကံကြမ္မာမျက်လုံးနဲ့အသုံးပြုပြီး ပြိုင်ဘက်ရဲ့၀ိညာဥ်ကို ပစ်မှတ်ထားဖို့သာလုပ်မှာပါ။ ဒုတိယမြင့်မြတ်သရဲကတော့ ဟို့ယွိဟောင်ထက်တိုက်ပွဲအင်အားမှာပိုသန်မာပေမဲ့ စိတ်၀ိညာဥ်အင်အားမှာတော့ မရပါဘူး။
ဟို့ယွိဟောင်ရဲ့ အောက်လမ်းပညာကိုထည့်မသုံးပဲနဲ့တောင် သူကလူသားရဲ့စိတ်၀ိညာဥ်အကြောင်းတွေအများကြီးနားလည်ထားတဲ့သူပါ။
ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက မီးခိုရောင်ပြောင်းသွားပြီတဲ့နောက် အသက်မရှုပဲနဲ့ ဆက်တိုက်ဆိုသလို ကျိန်စာတိုက်တဲ့ဂါတာတွေကိုစတင်ရွတ်ဆိုပါတော့တယ်။
နနကတော့ အရိုးစုခြောက်ခုကို အပြေးအလွှားခုခံကာကွယ်နေရတာပါ။ ဟို့ယွိဟောင်လဲ ဒီအခွင့်အရေးကိုအသုံးပြုပြီးလေထဲမှာသင်္ကေတတစ်ခုကိုဆွဲရင်းနဲ့ အရှေ့ကိုရိုက်ထုတ်ပြစ်လိုက်ပါတယ်။
ဒီအသွင်မဲ့တဲ့သင်္ကေတက ပြောင်းလဲသွားပြီတဲ့နောက် ကောင်းကင်မှာကြီးမားကျယ်ပြန့်လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ဘေးပတ်လည်မှာလွင့်မျောနေတဲ့ အစိမ်းရောင်အစက်အပြောက်တွေကို ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။
ဟို့ယွိဟောင်က အံကြိတ်ပြီဟိန်းဟောက်လိုက်ပါတယ်။
” အေးခဲသွားစေစမ်း ”
အစိမ်းရောင်အလင်းတန်းတွေက ချက်ချင်းဆိုသလို အေးခဲသွားပါတော့တယ်။
” မင်းတို့ရဲ့အပြစ်တွေကိုသန့်စင်ပါရစေလား ”
ကံကြမ္မာမျက်လုံးကနေ ထွက်ပေါ်လာတဲ့ရွှေရောင်အလင်းတန်းကြီးက အစိမ်းရောင်မီးလျှံတွေအားလုံးကို ရွှေရောင်ပြောင်သွားစေခဲ့ပါတယ်။
မြေအောက်ဂူတစ်ခုလုံးမှာနာနာကျင်ကျင်အော်ဟစ် ဟိန်းဟောက်နေတဲ့အသံတွေကို ကြားနေခဲ့ပါပြီ။
အစိမ်းရောင်အလင်းတန်းတွေကလဲ လက်ရှိအချိန်မှာ ရွှေရောင်အလင်းတန်းတွေအောက်မှာတိုက်စားခံနေရပါတယ်။ ရွှေရောင်အလင်းတန်းအမှုန်လေးတွေကတော့ ဟို့ယွိဟောင်ရဲ့လက်ချောင်းထိပ်လေးဆီကို စီး၀င်လို့လာခဲ့တယ်။
မဟာမြင့်မြတ်သန့်စင်သရဲကတော့ ဖြူဖျော့နေခဲ့ပါပြီ။
” မင်းသူရဲ့စိတ်၀ိညာဥ်ကိုပြာချပြစ်လိုက်တယ် ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းကရောမိစ္ဆာ၀ိညာဥ်ပညာရှင်လား ငါတို့က မွန်မြတ်သန့်စင်သရဲမျိုးနွယ်ကသူတွေ ငါတို့ရဲ့ မွန်မြတ်သန့်စင်ဧကရာဇ်က ”
” ပြီရင်စကားပြောဖို့အချိန်ရမှာပါ ”
အဲ့ဒီနောက် သူ့ရဲ့ညာလက်ကိုဝှေ့ရမ်းလိုက်ရင်း ရွှေရောင်မီးလျှံတွေကို မှုတ်ထုတ်ပြစ်လိုက်ပါတယ်။
အဲ့ဒီနောက် သူကိုယ်တိုင်ကလဲ အရှေ့ကိုပြေးထွက်လို့လာခဲ့ပြီ ညာဘက်လက်တစ်ခုလုံးကနေ အကြောက်တရားလက်သည်းတွေကို အပြည့်အ၀ဆန့်ထုတ်လို့ထားပါတော့တယ်။ အဲ့ဒီနောက် မဟာမွန်မြတ်သန့်စင်သရဲဖန်တီးပေးထားတဲ့ အရိုးစုသုံးခုဆီကနေအမှုန့်ဖြစ်တဲ့အထိ ခုတ်ချပြစ်လိုက်တယ်။
နနက နောက်တစ်ကောင်ကို ရင်ဆိုင်ပေးပါတယ်။ နောက်ဆုံးတစ်ကောင်ကတော့ သူ့ကိုခြိမ်းခြောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
လက်ရှိအချိန်မှာတော့ မဟာမွန်မြတ်သန့်စင်သရဲကလန့်နေခဲ့ပါပြီ။ ဟို့ယွိဟောင် ဖန်တီးပြသတဲ့စွမ်းအားတွေက သူ့နဲ့တူညီလုနီးပါးဖြစ်တာကို သူခံစားမိတယ်။ ဒါပေမယ့် ကွာခြားမှုကတော့အများကြီးပါပဲ။
” မင်းတို့နှစ်ယောက်စလုံး ငရဲကိုသွားပေတော့ ”
မဟာမွန်မြတ်သန့်စင်သရဲရဲ့ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းစလုံးက ချက်ချင်းဆိုသလို စတင်လောင်ကျွမ်းပါတော့တယ်။ သူ့တစ်ကိုယ်လုံးကို အဖြူရောင်မီးလျှံတွေက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်က လက်ကိုမြောက်ရင်းနနကို အနားဆွဲယူကာ ကျန်ရစ်တဲ့အရိုးခြောက်ကို ရေခဲဧကရီရဲ့အမျက်ဒေါသနဲ့ ရစ်ပတ်လိုက်ပါတယ်။
မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက အရမ်းကိုကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုစွမ်းရည်တွေကို ပိုင်ဆိုင်လေ့ရှိတယ်။ ဒါကြောင့် နနကို အထိခိုက်ခံလို့မရပါဘူး။
အဖြူရောင်မီးလျှံတွေက လူတွေရဲ့စိတ်၀ိညာဥ်တွေကို မီးရှို့ပြာချပြီပေါင်းစည်းတဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် ကြောက်စရာကောင်းလွန်လှတဲ့ စူးစူးရှရှအော်သံတွေက အပြည့်ထွက်ပေါ်လို့နေတော့တယ်။
မကြာခင်မှာပဲ တံခါးငယ်လေးတစ်ခုက ပွင့်လာခဲ့ပါပြီ။ အထဲကနေပြီ ကြောက်စရာလှိုင်းလုံးတွေလို လိမ့်ထွက်လို့လာခဲ့ပါတယ်။
နနနဲ့ ဟို့ယွိဟောင်နှစ်ယောက်စလုံးပါ အနောက်ဖက်ကို ဖြည်းဖြည်းချင်းရွေ့သွားပြီ သူတို့ရဲ့ခန္ဓာကိုယ်တွေလဲ တောင့်တင်းကုန်ပါတော့တယ်။
ဒီတံခါးလေးထဲကနေ အရောင်စုံတောက်ပနေတဲ့ အလင်းလုံးတွေတစ်ခုပြီတစ်ခုထွက်လာတာကို သူတို့မြင်နေခဲ့ရတယ်။ ဒါ့အပြင် အလုံးတစ်လုံးချင်းဆီမှာလူမျက်နှာတွေက ရှိနေခဲ့တာပါ။ ဒီမျက်နှာတွေက အရမ်းကိုရုပ်ဆိုးဆိုးနဲ့ အော်ဟစ်နေတာပါ။ အရမ်းကိုကြောက်စရာကောင်းနေခဲ့တယ်။
မြင့်မြတ်သရဲရဲ့ လက်ထဲမှာတော့ အလံတစ်ခုရှိနေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်နဲ့နနကိုကြည့်ရင် အတော်ကိုကြောက်စရာကောင်းတဲ့လေသံနဲ့ပြောလာခဲ့တယ်။
” ၀ိညာဥ်တစ်ထောင်၀ါးမြိုမှုက ဘယ်လိုခံစားရလဲဆိုတာကို မင်းတို့သိအောင်ပြပေးမယ်..မင်းတို့ရဲ့စိတ်၀ိညာဥ်တွေ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲခံရပြီ ငါရဲ့ရုပ်သေးရုပ်တွေဖြစ်လာကြမှာသေပေရော့ ”
ဟို့ယွိဟောင် လန့်သွားခဲ့ပါတယ်။ ဒါက အကြီးအကဲယိပြောဖူးတဲ့ ၀ိညာဥ်တစ်သောင်းအလံတော်လား။
အကြီးအကဲယိက အောက်လမ်းဆရာတွေရဲ့ထိန်းချုပ်မှုနဲ့ သေပြီသားသူတွေရော မသေပြီသားသူတွေကိုရောခိုင်းစေနိုင်တဲ့ကိစ္စကို ပြောပြဖူးပါတယ်။
ဒါပေမယ့် ဒါတွေအားလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် လက်နက်တွေကိုသုံးဖို့လိုလိမ့်မယ်။
၀ိညာဥ်တစ်သောင်းအလံက ဒီလိုပစ္စည်းတစ်ခုပါပဲ။ ဒါ့အပြင် ဒါကိုလေ့ကျင့်နိုင်ဖို့အတွက် စိတ်၀ိညာဥ်ပေါင်းသောင်းနဲ့ချီပြီလိုအပ်မှာဖြစ်တဲ့အပြင်ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် ဒီလိုများပြားတဲ့စိတ်၀ိညာဥ်တွေက အင်မတန်ကို အသုံး၀င်မှာပါ။
သက်ရှိတွေအားလုံးက ဒီလိုလက်စားချေချင်နေတဲ့ စိတ်၀ိညာဥ်တွေရဲ့အောက်မှာ ပိုပြီးတော့ထိခိုက်နာကျင်မှုအပြည့်နဲ့ သေဆုံးနိုင်ပါတယ်။ သူတို့တွေက သေဆုံးသူတို့ရဲ့နယ်မြေမှာ ချည်နှောင်ခံရပြီ ခန္ဓာကိုယ်ကလဲ ဖျက်ဆီးခံရပါလိမ့်မယ်။ ဒါ့အပြင် စိတ်၀ိညာဥ်ကအလံထဲကို ရောက်သွားတာနဲ့ ရှိသမျှသက်ရှိတွေရဲ့ စိတ်၀ိညာဥ်တွေအားလုံးကို ၀ါးမြိုရင်းပြောင်းလဲပြစ်ကျမှာပါ။
ကောလဟာလတွေအရတော့ သူတို့တွေက အဆင့်အမြင့်ဆုံးအခြေအနေကိုရောက်သွားပြီဆိုရင် နတ်ဘုရားတွေကိုတောင် ခုခံနိုင်တဲ့အခြေအနေအဖြစ် ပြောင်းသွားပါလိမ့်မယ်။
ဒါပေမယ့် ဒီပစ္စည်းက ကောင်းကင်ကိုဖီဆန်းပြီရန်ရှာနေတဲ့ပစ္စည်းတစ်ခုပါပဲ။ အောက်လမ်းပညာရှင်တစ်ယောက်က ဒါကိုအောင်အောင်မြင်မြင်ဖန်တီးနိုင်မယ်ဆိုရင် မိုးကောင်းကင်ကိုစိန်ခေါ်သလိုဖြစ်သွားမှာပါ။ မိုးကောင်းကင်ရဲ့အမျက်ဒေါသကိုလဲ ခံစားရပါလိမ့်မယ်။
ဒါက ကံကြမ္မာမျက်လုံးကနေ ဖန်တီးပေးတဲ့ ကောင်းချီးမင်္ဂလာနဲ့လုံး၀ဆန့်ကျင်ဖက်ပါပဲ။ သူ့အနေနဲ့ ဘ၀တစ်ခုလုံးပျက်စီးဖို့အချိန်တစ်ခုသာလိုပါလိမ့်မယ်။
မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက ဘယ်လောက်ပဲသန်မာပါစေ သူ့အနေနဲ့ဒီအလံကိုပိုင်ဆိုင်ဖို့ဖြစ်နိုင်မလား။
ဟို့ယွိဟောင်လန့်နေခဲ့သလို ဒီစိတ်၀ိညာဥ်တွေ သူ့ကိုတိုက်ခိုက်ခွင့်လဲလုံး၀မပြုနိုင်ပါဘူး။
သဏ္ဍာန်မဲ့တဲ့စိတ်၀ိညာဥ်လှိုင်းတွေက အပြင်ကိုပြန့်ထွက်လာခဲ့ပါတယ်။ ဒါကစိတ်၀ိညာဥ်နှောင့်ယှက်မှုပါ။
ချက်ချင်းဆိုသလို သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကြောင့် လက်စားချေလိုစိတ်အပြည့်နဲ့ စိတ်၀ိညာဥ်တွေအားလုံးက ခေါင်းမပါတဲ့ယင်ကောင်တွေလိုမျိုး ပရမ်းပတာဖြစ်ကုန်ကြပါတော့တယ်။ သူတို့ရဲ့နာနာကျင်ကျင်အော်ဟစ်သံတွေက နေရာတစ်ခုလုံးကို ပြန့်နှံ့နေခဲ့ပါပြီ။
မကြာခင်မှာပဲ ဟို့ယွိဟောင်ရဲ့ထိတ်လန့်မှုကနေ တည်ငြိမ်မှုအဖြစ်ကိုအစားထိုးပြောင်းလဲသွားပါတော့တယ်။
စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ စိတ်၀ိညာဥ်နှောင့်ယှက်မှုကို သုံးလိုက်ပြီတဲ့နောက် ဒီနေရာမှာအများဆုံးစိတ်၀ိညာဥ်ငါးရာလောက်ပဲရှိမှာကို သူသိခဲ့ရတယ်။
ဒါ့အပြင် အားလုံးကလဲအတော်ကိုအားနည်းပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်ပြောပြဖူးတဲ့ လက်စားချေချင်စိတ်အပြည့်နဲ့ စိတ်၀ိညာဥ်တွေနဲ့လုံး၀ကိုတူညီပါဘူး။
ဒါကြောင့်သာ သူ့ရဲ့စိတ်၀ိညာဥ်နှောင့်ယှက်မှုကို မကျော်လွှားနိုင်ကြတာပါ။
သူ့ရဲ့အလံအသုံးမ၀င်တော့တာကို တစ်ဖက်လူက မမျှော်လင့်ထားခဲ့မိပဲဖြစ်ခဲ့ပါတယ်။ ဒီအလံက သူ့ပိုင်ဆိုင်တာမဟုတ်ပေမဲ့ ဒီမှာတာ၀န်ကျတဲ့အကြီးအကဲရဲ့ အရေးကြီးဆုံးရတနာတစ်ခုပါ။
အဆင့်ခုနှစ်၀ိညာဥ်လက်နက်ဖြစ်ရုံတင်မက အတော်ကိုစွမ်းအားကောင်းတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေအနေနဲ့ စိတ်၀ိညာဥ်တွေကိုထိန်းချုပ်တဲ့အချိန်မှာသုံးလေ့ရှိတဲ့ပစ္စည်းတွေလဲ ဖြစ်နေခဲ့တယ်။
ဒီအရံယဇ်ပလ္လင်မှာ သူနဲ့အဲ့ဒီအကြီးအကဲပဲ ဒါကိုထိန်းချုပ်နိုင်တာပါ။ ဒါ့အပြင် အတော်ကြီးလဲသတိထားရပါတယ်။ အကြီးအကဲယိ သူ့ကိုတစ်ခေါက်ပြောဖူးတယ်။ အကယ်၍ ဒါကိုသာ လုံလုံလောက်လောက်အားကောင်းမယ်ဆိုရင် တစ်ဖက်လူက ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ ၀ိညာဥ်သော့်လော့မဟုတ်သရွေ့ ကောင်းကောင်းထိန်းချုပ်နိုင်လိမ့်မယ်။ ဒါ့အပြင် သူ့ကိုယ်တိုင်ကလဲ မိစ္ဆာ၀ိညာဥ်စွမ်းရည်တွေအပြည့်နဲ့ အားကောင်းနေခဲ့တဲ့သူပါ။
ဒီအလံကိုထိန်းချုပ်ချိန်မှာသူက ၀ိညာဥ်စွမ်းရည်တစ်ခုမှမသုံးထားခဲ့ပါဘူး။ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေကိုသာ လောင်မြိုက်အောင်လုပ်ရင်းထူးခြားတဲ့နည်းလမ်းကို အသုံးပြုပါတယ်။
ဒါက စိတ်၀ိညာဥ်စွမ်းအားသုံးစရာမလိုအောင််လို့ ကောင်းကောင်းကူညီပေးနေခဲ့တယ်။ မြင့်မြတ်သရဲက သူ့ရဲ့လျှာထိပ်ကိုကိုက်ရင်နဲ့ သူ့သွေးတွေကိုလေထဲမှုတ်ထုတ်ပြစ်လိုက်ပါတယ်။ ချက်ချင်းဆိုသလို သွေးနီရောင်စိတ်၀ိညာဥ်တစ်ခုအဖြစ် လေထဲမှာသွေးတွေကပြောင်းလဲလို့သွားခဲ့ပါပြီ။
လေထဲမှာတော့ ဒီလက်စားချေချင်စိတ်အပြည့်နဲ့ စိတ်၀ိညာဥ်တွေက တခြားစိတ်၀ိညာဥ်တွေရဲ့အစိတ်အပိုင်းတော်တော်များများအထိကို စွန်ထင်းလို့သွားစေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို လက်စားချေချင်စိတ်အပြည့်နဲ့ စိတ်၀ိညာဥ်တွေက အားကောင်းလာခဲ့ပြီ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက သူတို့ကိုနောက်ထပ်မတားဆီးနိုင်တော့ပါဘူး။
ဒါပေမယ့် ဟို့ယွိဟောင်က လက်ရှိအချိန်မှာ ဂါတာမန္တန်တစ်ခုကို စတင်ရွတ်ဆိုပြီသားဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ရွှေရောင်မျက်လုံးတွေက မီးခိုရောင်ပြောင်းသွားခဲ့သလို ကံကြမ္မာမျက်လုံးကလဲ ပြောင်းလဲလို့သွားခဲ့ပါတယ်။ သူ့ရဲ့အနောက်ဖက်မှာကတော့ လူကြီးတစ်ယောက်ရဲ့ရုပ်သွင်က ၀်ိုးတ၀ါးပေါ်လာခဲ့တယ်။ ဒါ့အပြင် ရှေ့ကျတဲ့အသံကလဲ သူ့နဲ့အတူတူစတင်ရွတ်ဆိုနေခဲ့ပါပြီ။ အကယ်၍ သူတစ်ယောက်ထဲသာရှိခဲ့မယ်ဆိုရင် ဒီမြင့်မြတ်သရဲရဲ့ လက်ထဲကအလံကို လုယူပြီအသေသတ်ပြစ်ဖို့ တွေဝေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်ကြုံရတဲ့ ကံကြမ္မာဆိုးက သိပ်ပြီမရိုးရှင်းသလို နနကလဲ သူ့နောက်ဖက်မှာရှိနေခဲ့ပါတယ်။
လက်စားချေချင်စိတ်အပြည့်နဲ့ စိတ်၀ိညာဥ်တွေက မြင့်မြတ်သရဲရဲ့အမိန့်အောက်မှာပိုပြီးတော့ ကြောက်စရာကောင်းလာခဲ့ပါတယ်။ အကယ်၍ သူသာအလောတကြီးသွားပြီတိုက်ခိုက်မယ်ဆိုရင် သူမရဲ့အသက်အန္တရာယ်ကို လုံခြုံစိတ်ချစေဖို့အတွက် အာမခံပေးနိုင်မှာမဟုတ်ပါဘူး။ ဒီစိတ်၀ိညာဥ်တွေကို အရင်ဆုံးဖြေရှင်းတာက မရှိမဖြစ်လိုအပ်တဲ့ကိစ္စဖြစ်နေခဲ့တယ်။
ဟို့ယွိဟောင်က မိုးကောင်းကင်ကိုညာဘက်လက်ညိုးနဲ့ထိုးလိုက်ပြီတဲ့နောက် ကြောက်စရာကောင်းတဲ့အသံနဲ့အော်လိုက်ပါတော့တယ်။
” ဒီစွန်ထင်းနေတဲ့ စိတ်၀ိညာဥ်တွေကို သန့်စင်ပြစ်လိုက်ပါ ”
အဖြူရောင်အလင်းတန်းက ကံကြမ္မာမျက်လုံးထဲကနေပြီတော့ အလင်းတန်းစက်ကွင်းတစ်ခုအသွင်နဲ့ ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ အဆုံးမဲ့တဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးက လှိုင်းတွေထလာခဲ့သလို သူ့ရဲ့များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေကလဲ မန္တန်ရဲ့လမ်ညွှန်မှုအောက်မှာစတင်ပြီတော့ အပြင်ကိုထွက်လာပါတော့တယ်။ ဒီစိတ်၀ိညာဥ်စွမ်းအားကသန့်စင်တဲ့အင်အားတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
စိတ်၀ိညာဥ်တွေရဲ့ သွေးနီရောင်ခန္ဓာကိုယ်တွေက အဖြူရောင်အလင်းတန်းဖြတ်သန်းသွားလာတဲ့နေရာတိုင်းမှာ ပျောက်ကွယ်လို့သွားပါတော့တယ်။ သူတို့က လေထဲမှာဒီအတိုင်းကြီးကို အငွေ့ပျံနေကြတာပါ။
အဖြူရောင်အလင်းတန်းက မြေအောက်ခန်းမရဲ့ထောင့်တစ်နေရာအထိ မကျန်အောင်ကို ပြန့်လွှင့်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် ကြောက်စရာကောင်းတဲ့ စိတ်၀ိညာဥ်တွေအားလုံးကလဲ အဖြူရောင်ပြောင်းသွားခဲ့ပါပြီ။
ဒီအလင်းတန်းရဲ့သန့်စင်မှုက မြင့်မြတ်သရဲဆီရောက်ရှိလာချိန်မှာတော့ သူ့ကကြောက်စရာကောင်းလောက်အောင် အော်ဟစ်လိုက်ပါတယ်။ အနက်ရောင်မီးခိုတွေကတော့ သူ့ခန္ဓာကိုယ်ရဲ့အပြင်ဖက်ဆီကို အရှိန်အဟုန်ကောင်းကောင်းနဲ့ လွှင့်ထွက်လာနေခဲ့တယ်။
သူက ထိတ်လန့်တကြားနဲ့ အော်ဟစ်လိုက်ပါတယ်။
” ဒါက စိတ်၀ိညာဥ်တွေကိုဖျက်ဆီးတဲ့စွမ်းအားမလား မင်းကဘယ်သူလဲ မင်းကဘယ်သူလဲ မြင့်မြတ်ဧကရာဇ်ကပဲ ဒီလိုအင်အားကိုပိုင်ဆိုင်တယ်…မင်းကလဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေပဲမလား ဘာကြောင့်ဒီလိုလုပ်တာလဲ”
သူဆက်ပြီမပြောနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးတစ်ခုက သူ့ရှေ့ကိုရောက်နေခဲ့လို့ပါ။ သူ့ရဲ့လက်ကို အနက်ရောင်အရိုးပြိုင်ပြိုင်လက်သည်းတွေက လာပြီတော့ဖမ်းဆွဲလိုက်ပါတယ်။ လေထဲမှာမတင်ခံလိုက်ရပြီတဲ့နောက် ဒုတိယမြင့်မြတ်သရဲရဲ့ အရိုးခေါင်းခန္ဓာကိုယ်ကြီးက သူ့ကိုစတင်တိုက်ခိုက်တော့တယ်။
ဒါပေမယ့် ဒီအနက်ရောင်အရိုးခေါင်းကြီးရဲ့မျက်လုံးတွေထဲမှာတော့ ရွှေရောင်အလင်းတန်းတွေက ကခုန်လို့နေခဲ့မှာပါ။ ဒါကဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်အသိစိတ်တစ်ခုပါပဲ။ ဒုတိယမြင့်မြတ်သရဲရဲ့ခန္ဓာကိုယ်ထဲကို အပြည့်အ၀သန့်စင်ခံလိုက်ရပြီဖြစ်တာကြောင့် သူက ဟို့ယွိဟောင်ရဲ့ လက်ထဲကိုကျရောက်လို့သွားပါတော့တယ်။
လေထဲမှာရှိနေတဲ့ စိတ်၀ိညာဥ်တွေကတော့ အရမ်းကိုထူးဆန်းလို့နေခဲ့ပါပြီ။ သူတို့တွေက အရင်လိုမျိုးကြောက်စရာမကောင်းတော့ပါဘူး။ သူတို့တွေက ပိုပြီးပူးပေါင်းဆောင်ရွက်လိုစိတ်အပြည့်နဲ့ မျက်နှာတွေဖြစ်ကုန်ပါတော့တယ်။
” မင်းတို့ရဲ့သရဲဘုရားကျောင်းက ဘယ်လိုအဖွဲ့အစည်းလဲဆိုတာပြောစမ်း အဓိကချိတ်ပိတ်ပလ္လင်ကရောဘယ်မှာလဲ ”
အနက်ရောင်အရိုးခြောက်ကြီးက မဟာမြင့်မြတ်သရဲကိုမတင်ထားရင်နဲ့ ဟို့ယွိဟောင်ရဲ့အရှေ့လေထဲမှာမြောက်နေခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို သန့်စင်ခံနေရတာကြောင့် မဟာမြင့်မြတ်သရဲရဲ့ကျင့်ကြံမှုကလဲ မူလစွမ်းအားရဲ့တစ်၀က်အထိကို ကျဆင်းလို့သွားခဲ့ပါပြီ။
တစ်ဖက်လူက ဟို့ယွိဟောင်ကိုကြည့်နေရင်းပြောလာခဲ့ပါတယ်။
” မွန်မြတ်သန့်စင်တဲ့သားတော်လား မင်းကမွန်မြတ်သန့်စင်တဲ့သားတော်ရဲ့ပြန်လည်လူ၀င်စားမှုလား မွန်မြတ်သန့်စင်ဧကရာဇ်ကို ရှာဖွေသင့်တယ်…ဒါဆိုရင်ငါတို့အားလုံးကို သူတို့ကိုကူညီပေးပြီ ငါတို့ကိုအုပ်ချုပ်ဖို့အတွက် ကြိုးပမ်းပေးပါ မြင့်မြတ်တဲ့စွမ်းအားရှိတဲ့ ငါတို့တွေပဲ ဒီလိုအုပ်ချုပ်ဖို့အတွက် အရည်အသွေးပြည့်မီတယ် ”
” ငါမေးခွန်းတွေကိုဖြေစမ်း ”
ဟို့ယွိဟောင်က အော်လိုက်ပါတော့တယ်။
အပိုင်း ၁၈၅•၁ ပြီး၏။