Switch Mode

Chapter – 184.3

မွန်မြတ်သန့်စင်ဘုရားကျောင်း

အပိုင်း ၁၈၄•၃

” မွန်မြတ်သန့်စင်သရဲဘုရားကျောင်း ”
°°°
ဒီတစ်ခေါက်ကျောင်းတော်ကနေထွက်လာတာ နနတစ်ယောက်ထဲမဟုတ်ခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့လဲ ပါလာခဲ့တယ်။ ဒီနေ့က နနအနေနဲ့ သူ့မိဘတွေစိတ်၀ိညာဥ်တွေဆီကို သွားရောက်ဖို့အတွက် အချိန်ကြတဲ့နေ့ပါ။ ဟို့ယွိဟောင်ကလဲ ဟယ့်ချိုက်ထို့ကို လုံခြုံစိတ်ချစေဖို့အတွက် အကူအညီတောင်းလာခဲ့ပါတယ်။ ဒါဆိုရင် သူတို့တွေ ပထမဆုံးကြိုးစားမှုနဲ့တင် အောင်မြင်ကောင်းအောင်မြင်နိုင်လောက်တယ်။

စိတ်၀ိညာဥ်ပင်လယ်ရဲ့အရည်အသွေးအပြောင်းအလဲကြောင့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တွေက အားလုံးကရေရှည်တိုးတက်လာခဲ့ပါတယ်။ ဒါက ဒီလိုအစွမ်းထက်တဲ့ ပုံစံတူတုပမှုပါပါ၀င်နေခဲ့တယ်။

သူက တအားအားကောင်းလွန်လှတဲ့ စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး သူ့ကိုယ်သူလုံး၀အသွင်ပြောင်းနိုင်သလို ဟယ့်ချိုက်ထို့ကိုလဲ နနရဲ့အရိပ်တစ်ခုအသွင်ပြောင်းလဲလိုက်ပါတယ်။

သေသေချာချာလေ့လာစူးစမ်းမှသာ နနရဲ့အရိပ်ကအလွှာတွေအထပ်ထပ်နဲ့ ချည်နှောင်ခံထားနေရတယ်ဆိုတာကို လူတွေသတိထားမှသိပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေမျိုးက ပုံမှန်ကာလတွေမှာဆိုရင် ထောက်လှမ်းလို့မရနိုင်ပါဘူး။

အသွင်ပြောင်းပြီ ကိုယ့်ကိုကိုယ် ပုံစံပြာင်းလဲလိုက်တာက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့များပြားလွန်လှတဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကြောင့် ဒီလိုအသွင်ပြောင်းမှုကိုအချိန်အကြာကြီးအသုံးပြုနိုင်ပါတယ်။

ဟယ့်ချိုက်ထို့က နနကိုလက်မတစ်ချက်ထောင်ပြလိုက်တယ်။ သူက ဟို့ယွိဟောင်နဲ့ စကားမပြောပဲချက်ချင်းဆိုသလို အမှောင်ထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။

နနလဲ အသက်ပြင်းပြင်းရှုသွင်နေရင်း သူ့ကိုယ်သူစိတ်မလှုပ်ရှားဖို့ကြိုးစားထိန်းနေခဲ့ရတယ်။ အဲ့ဒီနောက်မှသာ အမှောင်ထုကနေထွက်လာပြီ မူလဦးတည်ရာနေရာဆီကို ဆက်ပြီသွားပါတော့တယ်။

တောက်ပရောင်စဥ်မြို့တော်က နေလနိုင်ငံတော်ရဲ့အဓိကမြို့တော်ပါ။ ဒါ့အပြင် အရမ်းကိုကျယ်ပြန့်ပါတယ်။ မြို့တော်ကြီးရဲ့ နံရံတွေက သိပ်ပြီမကြီးမားသလို ညနေခပ်စောစောကထဲက မီးတွေကိုလင်းထိန်းနေအောင်ထွန်းထားခဲ့ပါပြီ။

နနလဲ ခပ်မြန်မြန်သွားနေခဲ့ပါတယ်။ သူက ဒီလမ်းနဲ့အတော်ကိုရင်းနှီးပြီသားဖြစ်နေခဲ့လို့ပါ။ အခုလက်ရှိအချိန်မှာ သူ့ရဲ့အရပ်က တစ်ရာရှစ်ဆယ်စင်တီမီတာကျော်မြင့်မားနေခဲ့ပြီဖြစ်သလို ရှည်လျားတဲ့ခြေတံတွေကြောင့် အတော်ကိုလမ်းလျှောက်တာမြန်ပါတယ်။ သူမက လက်ရှိအချိန်မှာ လေကိုစီးနင်းပြီသွားနေသလိုပါပဲ။ လျှပ်စီးလက်သလိုမျိုးအရှေ့ကိုရောက်နေခဲ့တာပါ။

ဒီလိုအရှိန်နှုန်းနဲ့ ဆက်တိုက်သွားပြီတဲ့နောက် သုံးဆယ်မိနစ်လောက်ကြာချိန်မှာတော့ အုတ်နံရံတစ်ခုရဲ့အရှေ့မှာ ရပ်တန့်လိုက်ပါတော့တယ်။

အရှေ့မှာရှိနေတဲ့ အဆောက်အအုံကိုသူမကြည့်ရင်း ခပ်တိုးတိုးပြောလိုက်တယ်။

“ငါတို့ရောက်ပြီ အဲ့ဒီခြံ၀န်းပဲ အရှေ့မီတာသုံးရာလောက်ဆိုရင် အတွင်းအဆောက်အအုံတွေ့ရလိမ့်မယ်..အနက်ရောင်မျက်နှာကျက်ရှိနေတဲ့ အဆောက်အအုံ ”

” မစိုးရိမ်နဲ့ မင်းဘေးမှာငါရှိတယ် ”

ဒီမြို့တော်ထဲမှာ များပြားတဲ့အဆောက်အအုံအမြင့်ကြီးတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်အသုံး၀င်မှုကိုလဲ ကောင်းကောင်းထုတ်ဖော်ပြသထားခဲ့တဲ့အတွက် ဒီနိုင်ငံရဲ့ဗိသုကာလက်ရာတွေက လုံး၀ကို ခေတ်ရှေးပြေးလွန်နေခဲ့တယ်။

နနလဲ လမ်းကွေ့တစ်ခုကို ရောက်ရှိလို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူက အဖြူရောင်ခေါင်းစည်းကိုစီးထားခဲ့ပြီ နောက်ထပ် ၀ါးခမောက်ကိုဆောင်ထားကာသူ့ကိုဘယ်သူမှမမြင်နိုင်တော့တဲ့အထိ ဖုံးကွယ်လို့ထားခဲ့ပါတယ်။

ဒီခြံ၀န်းကြီးက အရမ်းကိုမှောင်မိုက်လို့နေခဲ့ပြီ များပြားတဲ့အဆောက်အအုံတွေထဲမှာ လုံး၀ကိုရိုးရှင်းလို့နေခဲ့တယ်။ နနက လက်ကိုမြောက်လိုက်ပြီတဲ့နောက် တံခါးကိုငါးကြိမ်တိတိခပ်ဖွဖွလေးခေါက်လိုက်ပါတယ်။ သုံးကြိမ်ကိုခပ်ရှည်ရှည်ခေါက်ပြီ နှစ်ကြိမ်ကိုတော့ ခပ်သွက်သွက်ခေါက်တာပါ။

တံခါးကပွင့်လာပြီတဲ့နောက် နနလဲ လစ်ကနည်း၀င်သွားပါတော့တယ်။

တံခါးကိုလာဖွင့်တဲ့သူကတော့ တစ်ကိုယ်လုံးအနက်ရောင်ကို၀တ်ထားတဲ့ လူငယ်ပါ။ သူကလဲ တူညီတဲ့၀ါးခမောက်ကိုဆောင်ထားခဲ့ပါတယ်။

ဒီခြံ၀န်းရဲ့အထဲမှာတော့ လုံး၀ကိုမတူညီတဲ့လောကတစ်ခုမှာရှိနေခဲ့တယ်။

ခြံ၀န်းက ၀င်္ကပါတစ်ခုနဲ့တူနေခဲ့သလို မရေမတွက်နိုင်တဲ့အပင်တွေက ပေါက်ရောက်နေခဲ့ပါတယ်။ ဒါ့အပြင် အပြင်ကကြည့်တာထက် အများကြီးပိုကျယ်ပြန့်နေခဲ့သလို အပင်မျိုးစုံနဲ့များပြားတဲ့ သစ်ကိုင်းသစ်ခက်တွေက အပေါ်ကနေလှမ်းမကြည့်နိုင်အောင် ဒီနေရာကြီးကိုဖုံးကွယ်လို့ထားခဲ့တယ်။

ကောင်းကင်ပေါ်မှာဖြတ်သန်းသွားလာနေတဲ့ လေပေါ်ရထားတွေရှိတာကြောင့် လူတော်တော်များများက သူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေကို မဖော်ထုတ်ချင်တဲ့အတွက် ဒီလိုအပင်တွေကိုအသုံးပြုရင်း အပေါ်ကလူတွေမမြင်နိုင်အောင် ဖုံးကွယ်လေ့ရှိပါတယ်။

၀ါးခမောက်ကိုဆောင်ထားတဲ့သူက နနကိုခေါင်းတစ်ချက်ညိတ်ပြလိုက်တဲ့နောက် ဘေးကိုကပ်နေလိုက်ပါပြီ။ နနလဲ သူ့ကိုခေါင်းညိတ်ပြလိုက်ပြီတဲ့နောက် အလယ်ဗဟိုမှာရှိနေခဲ့တဲ့ အဆောက်အအုံဆီကိုဖြည်းဖြည်းချင်းလျှောက်သွားပါတော့တယ်။ ဒီအဖွဲ့အစည်းတည်ဆောက်ပုံက စတုရန်မီတာတစ်ရာကျော်လောက်ကြီးမားပြီ အရမ်းမကျယ်လာခဲ့ပါဘူး။ အောက်ကို၀င်ပြီတဲ့နောက် နနလဲ အထဲကို၀င်သွားပါတော့တယ်။

အဲ့ဒီအခန်းထဲမှာတော့ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ လူနှစ်ယောက်ရှိနေခဲ့တယ်။ သူတို့တွေကတော့ ၀ါးခမောက်တွေကိုဆောင်မထားပါဘူး။ သူတို့အရောင်နဲ့လိုက်ဖက်ညီတဲ့ မျက်လုံးဖော်မျက်နှာဖုံတွေကို ၀တ်ဆင်ထားကြပါတယ်။ နန၀င်လာတာကိုကြည့်ပြီတဲ့နောက် လူတစ်ယောက်က လက်ဆန့်ရင်းနဲ့ လက်ဟန်တစ်ခုကိုပြုလုပ်လိုက်တယ်။ နနကလဲ သူလက်ကိုပြန်မြောက်ပြီ စက်၀ိုင်းပုံသဏ္ဍာန်တံဆိပ်ပြားလေးကို ထုတ်ယူလာပြီ ကမ်းပေးလိုက်ပါတယ်။

တံဆိပ်ပြားက လုံး၀အနက်ရောင်ဖြစ်ပြီ အပေါ်မှာတော့ ခပ်မှိန်ဖျော့ဖျော့အရိုးခေါင်းတွေကို ထွင်းထုလို့ထားခဲ့တယ်။

သူမက ချက်ချင်းဆိုသလို နက်ရှိုင်းတဲ့အသံအဖြစ်ကို ပြောင်းလဲလို့သွားပြီ ပြောလာခဲ့ပါတယ်။

” မွန်မြတ်သန့်စင်ဧကရာဇ်သက်တော်ရှည်ပါစေ မွန်မြတ်သန့်စင်သခင်မတို့ထာ၀ရငယ်ရွယ်နုပျိုပါစေသား ”

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ လူနှစ်ယောက်ကလဲ ချက်ချင်းဆိုသလို ပြန်ပြီဦးညွတ်လိုက်ပါတယ်။ သူတို့လဲ နနရဲ့စကားအတိုင်းကို ပြန်ပြီပြောလိုက်ကြတယ်။

” မွန်မြတ်သန့်စင်ဧကရာဇ် သက်တော်ရှည်ပါစေ မြင့်မြတ်သခင်မတို့ထာ၀ရအလှကိုပိုင်ဆိုင်ပါစေ ”

သူတို့ထဲမှာတစ်ယောက်က ပြောလာခဲ့တယ်။

” လူကြီးမင်း မဟာမွန်မြတ်သန့်စင်သရဲနဲ့ ဒုတိယမွန်မြတ်သန့်စင်သရဲတို့ဒီမှာရောက်နေပါပြီ အခုသွားချင်ပါသလား ”

” သွားချင်ပါတယ် ”

နနလဲ ခေါင်းညိတ်ပြလိုက်ပါတယ်။ တစ်ဖက်လူက သူ့ရဲ့တံဆိပ်ပြားကိုကမ်းပေးလိုက်ပြီတဲ့နောက် သူ့ကိုဆက်သွားဖို့အတွက် လက်ဟန်ပြလိုက်ပါတယ်။

နနရဲ့အထဲကို စတင်၀င်သွားခဲ့တယ်။ အခန်းကအရမ်းကိုရိုးရှင်းပြီ သာမန်မိသားစုတစ်ယောက်နေထိုင်တဲ့နေရာနဲ့တူညီနေခဲ့ပါတယ်။ ဘာမှထူးထူးခြားခြားအလှဆင်ထားတာလဲမရှိပါဘူး။

နနကတော့ စားပွဲတစ်ခုအနားကိုရောက်လာခဲ့ပြီတဲ့နောက် သူ့ရဲ့မျက်နှာပြင်ပေါ်ကို ခပ်​ဖြည်းဖြည်းလေးရိုက်ချလိုက်ပါတယ်။ ဒီစားပွဲရဲ့ခြေထောက်လေးချောင်းက မြေပြင်ထဲကိုနစ်၀င်လို့သွားခဲ့ပြီ စက်ကိရိယာတွေရဲ့လည်ပတ်သံက ခပ်မြန်မြန်ပဲထွက်ပေါ်လို့လာတော့တယ်။ အဲ့ဒီနောက် မြေပြင်ပေါ်မှာ တစ်စတုရန်မီတာလောက် ကျယ်တဲ့အပေါက်ကလေးကပွင့်လာခဲ့ပါပြီ။ အထဲကနေ အလင်းတန်းတွေလဲ ထွက်ပေါ်လာပါတော့တယ်။

နနလဲ ဒီလှိုင်ခေါင်းအတိုင်းဆင်းသွားခဲ့ပါတယ်။ ဒီလှိုင်ခေါင်းက ငါးမီတာကျော်နက်ရှိုင်းပြီ ကျယ်ပြန့်တဲ့ခန်းမကြီးတစ်ခုဆီကို ဦးတည်လို့နေခဲ့တယ်။ အဲ့ဒိီမှာတော့ ပိုပြီးကျယ်ပြန့်တဲ့ခန်းမကြီးရှိနေခဲ့တာပါ။ အနည်းဆုံးစတုရန်မီတာသုံးရာကျော်လောက်အထိကို ကျယ်ပြန့်ပါတယ်။ ဘယ်လိုပဲကြီးမားပါစေ မြင်လိုက်တာနဲ့ကျောချမ်းပြီ ကြောက်စရာကောင်းတဲ့နေရာကြီးတစ်ခုအဖြစ် ရှိနေခဲ့တယ်။

အတွင်းအကျဆုံးစားပွဲမှာတော့ ထိုင်နေသူနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးက အဖြူရောင်၀တ်ထားခဲ့ကြပြီ မျက်လုံးပဲဖော်တဲ့မျက်နှာဖုံးတွေကိုလဲ တပ်ဆင်ထားခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အဖြူရောင်အ၀တ်တွေအပေါ်မှာကတော့ ငွေရောင်သန်းချီထိုးထားတဲ့ သင်္ကေတတွေရှိပါတယ်။ ဒီနေရာမှာသူတို့က အတော်လေးကိုများပြားပြည့်စုံလွန်လှတဲ့ စားသောက်ဖွယ်ရာတွေကို စားသောက်နေခဲ့ကြတာပါ။ သူတို့ရဲ့မျက်နှာဖုံးတွေကိုလဲ နှာခေါင်းအပေါ်အထိတွန်းတင်ထားခဲ့ပါတယ်။

” မဟာမွန်မြတ်သရဲနဲ့ ဒုတိယမွန်မြတ်သရဲတို့ကို ဂါရ၀ပြုပါတယ် ”

နနက ခပ်မြန်မြန်အရှေ့ကိုတိုးလာရင်းနဲ့ တလေးတစားဦးညွတ်လိုက်တယ်။ ဒီနှစ်ယောက်ထဲမှာ ဘယ်ဘက်မှာထိုင်နေတဲ့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့သူက ဗလုံးဗထွေးနဲ့ပြောလာခဲ့တယ်။

” ရောက်လာပြီလား ကိုယ်ဘာသာကိုယ်၀င်လိုက် ဘာမှကြည့်စရာသိပ်မရှိဘူး…ငါတို့ထဲကတစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် မင်းသေချာလေးကြိုးစားသင့်တယ်…ဒါဆိုရင် အရာအားလုံးကဖြေရှင်းပြီသားဖြစ်သွားမှာ ”

နနက လေးစားမှုအပြည့်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” ညွှန်ပြပေးမှုအတွက် ကျေးဇူးတင်ပါတယ်..မဟာမွန်မြတ်သန့်စင်သရဲ ”

အဲ့ဒီနောက် သူတပည့်သားနှစ်ယောက်ရဲ့ဘေးမှာရှိတဲ့ တံခါးဆီကိုဖြည်းဖြည်းချင်းလျှောက်သွားပါတယ်။ တံခါးအနားကို ကပ်တော့မဲ့အချိန်မှာပဲ ဒုတိယမွန်မြတ်သန့်စင်သရဲက ရုတ်တရက်ပြောလာခဲ့တယ်။

“နေဦး ”

နနအနေနဲ့နှလုံးခုန်သံတွေတောင် ရပ်တန့်သွားသလို ခံစားလိုက်ရပါတယ်။ ဒါပေမယ့် အေးဆေးတည်ငြိမ်တဲ့အမူအရာနဲ့သာ ပြန်မေးလာခဲ့တယ်။

” ဘာများအမှားအယွင်းရှိလို့ပါလဲ ”

တစ်ဖက်လူက အသံကိုတိုးရင်ပြောလာခဲ့ပါတယ်။

” ဒီနေရာထဲမှာလူစိမ်းတစ်ယောက်ရဲ့အနံ့ကိုငါရနေတယ် ”

အဲ့ဒီအချိန်မှာပဲ မဟာမွန်မြတ်သန့်စင်သရဲက သူ့ကို ထအော်တော့တယ်။

” တော်လောက်ပြီ မင်းသောက်တာများလွန်သွားတာလား ကိုယ့်ဘာသာကိုယ်ခွေးနှာခေါင်းရှိနေတယ်များ ထင်နေတာလား ”

ဒုတိယမွန်မြတ်သန့်စင်သရဲကတော့ ခြေဖျားထောက်ရင်းနဲ့ နှာခေါင်းကိုတရှုံ့ရှုံ့လုပ်နေခဲ့ပါတယ်။

ဒါပေမယ့် သူရုတ်တရက်ဆိုသလို ထအော်တော့တယ်။

” မဟုတ်ဘူး အထဲမှာလူစိမ်းရောက်နေပြီ မြင့်မြတ်ယဇ်ပလ္လင်ကိုချက်ချင်းချိတ်ပိတ်လိုက်တော့အစ်ကိုကြီး ”

သူပြောပြီတဲ့နောက် ချက်ချင်းဆိုသလို ခန္ဓာကိုယ်ကိုလျှပ်စီးလက်သလိုလှုပ်ရှားရင် ညာဘက်လက်ကိုဆန့်ထုတ်လိုက်ပါတော့တယ်။ ဒီညာဘက်လက်က တစ်မီတာကျော်အထိ ဆန့်ထွက်လို့လာခဲ့ပြီ နနရဲ့အရှေ့ကိုရောက်လာခဲ့တာပါ။

နနက ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိတော့တဲ့အတိုင်း အထိတ်တလန့်နဲ့ ထအော်ပါတော့တယ်။

” မဟာမွန်မြတ်သန့်စင်သရဲ ကျွန်မကိုကယ်ပါ ကျွန်မဘာမှမလုပ်မိပါဘူး ”

ဒါပေမယ့် နနထက် သူ့ရဲ့ညီနောင်ကို ပိုယုံကြည်ပါတယ်။ ချက်ချင်းဆိုသလို အရှေ့ကိုခုန်ထွက်လာခဲ့ပြီတဲ့နောက် တံခါးကိုပိတ်လိုက်ပါတော့တယ်။

အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခု အနက်ရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းတို့က သူ့ရဲ့ခြေထောက်အောက်မှာ တောက်ပလာခဲ့ပါပြီ။

ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ဘေးကနေရွှေရောင်အလင်းတန်းလေးစက်ကွင်းတစ်ခုက ဖြစ်ပေါ်လို့လာခဲ့ပြီတဲ့နောက် တစ်ချက်လေးတောင်သတိမပေးပဲနဲ့ သူ့ရဲ့ခေါင်းကိုရိုက်ချပြစ်လိုက်ပါတော့တယ်။

မဟာမွန်မြတ်သန့်စင်သရဲကတော့ အထိတ်တလန့်နဲ့ အော်ဟစ်ရင်း အငွေ့အဖြစ်ကိုပြောင်းလဲကာအဝေးကိုခုန်ရှောင်လိုက်ပါတယ်။

ရွှေရောင်လက်သီးကလေထဲမှာ ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် အောက်ဖက်မြေအောက်ခန်းမတစ်ခုလုံးက တုန်ခါလာပါတော့တယ်။

မဟာမွန်မြတ်သန့်စင်သရဲရဲ့ခန္ဓာကိုယ်က ဆယ်မီတာအကွာအဝေးမှာပေါ်လာခဲ့သလို သွေးတွေအပြည့်အန်ထုတ်ရင်းနဲ့ မြေပြင်ပေါ်ကိုလှဲကျလို့သွားပါတော့တယ်။ အဲ့ဒီလက်သီးက သူ့ရဲ့ရင်ဘတ်ကိုမထိပေမဲ့ ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တယ်။

အမှောင်ထဲမှာ ဟို့ယွိဟောင်က ပေါ်လာခဲ့ပါပြီ။ ဒီအခြေအနေအတွက် သူအစောကြီးကထဲက ပြင်ဆင်ထားခဲ့တာပါ။ ပထမဆုံးအနေနဲ့ စိတ်၀ိညာဥ်အရည်အသွေးအပြောင်းအလဲဖြစ်ပြီတဲ့နောက် ဧကရာဇ်နယ်မြေကို သူတရား၀င်အသုံးပြုတာပါပဲ။ ဒါပေမယ့် သူမျှော်လင့်ထားသလိုတစ်ဖက်လူကို ပြင်းပြင်းထန်ထန်တော့ မထိခိုက်စေခဲ့ပါဘူး။

နနကလဲ ဟန်ဆောင်နေတာကို ရပ်လိုက်ပါပြီ။ ကောင်းကင်မှာကြက်သွေးရောင်အလင်းတန်းက ကြာပွတ်တစ်ခုလိုထွက်လာပြီတဲ့နောက် ဒုတိယသရဲရဲ့ ညာဘက်လက်ကိုသွားပြီရစ်ပတ်ပါတော့တယ်။

ဒုတိယသရဲကလဲ ဒီဓားကိုသူ့ရဲ့ညာလက်နဲ့ လှမ်းပြီတော့ဖမ်းဆွဲလိုက်တယ်။ သူ့ခန္ဓာကိုယ်မှာလဲ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းက ပေါ်လာခဲ့ပါပြီ။ အားလုံးက ဆက်တိုက်ဆိုသလို လှည့်ပတ်ရင် အနက်ရောင်မီးလျှံအငွေ့တွေကိုထုတ်လွှတ်လို့နေပါတော့တယ်။

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ရဲ့အငွေ့တွေက ပျက်စီးပြိုကွဲလို့သွားကာသုံးမီတာကျော်အထိကို မြင့်မားသွားပါတော့တယ်။

ခန္ဓာကိုယ်ရဲ့အသွေးအသားတွေအားလုံးကလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ ကြီးမားတဲ့ အနက်ရောင်အရိုးခြောက်ကြီးပုံစံကို ပြောင်းလဲလို့သွားတော့တယ်။

” မိစ္ဆာ၀ိညာဥ်ပညာရှင်လား ”

ဟို့ယွိဟောင်က စိတ်၀ိညာဥ်မီးလျှံကိုကြည့်ရင်းနဲ့ ထအော်လိုက်ပါတော့တယ်။ တစ်ဖက်မှာရှိနေတဲ့ မဟာမွန်မြတ်သန့်စင်သရဲကလဲ ဘေးကိုခုန်ရှောင်ရင်း တံခါးကိုညာဘက်ခြေထောက်နဲ့ ဆောင့်ပိတ်လိုက်တယ်။ သူ့ဘေးမှာရှိနေတဲ့ နံရံကဒီအတိုင်းအက်ကွဲလို့သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ရဲ့ပထမ၀ိညာဥ်စက်ကွင်းတစ်ကွင်းက လှည့်ပတ်လို့လာပါတော့တယ်။ ဒီနံရံထဲကနေ အရိုးစုခြောက်ခုကပေါ်လာပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ နနကိုစတင်တိုက်ခိုက်ပါတော့တယ်။

အပိုင်း ၁၈၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset