အပိုင်း ၁၈၄•၂
” မွန်မြတ်သန့်စင်သရဲဘုရားကျောင်း ”
°°°
ဟို့ယွိဟောင်က သူမကိုခပ်မြန်မြန်ဆွဲထားရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ငါ့ဆီမှာကျွန်အဖြစ်ခစားဖို့မလိုဘူးပဲပြောတာ မကူညီဘူးလို့မပြောခဲ့ဘူးလေ မင်းက ငါလိုမျိုးမိဘမဲ့ဆိုမှတော့ ငါလဲမင်းရဲ့ခံစားချက်ကိုနားလည်ပါတယ်..အောင်မြင်နိုင်မလားဆိုတဲ့ဥစ္စာကိုအပြည့်အ၀အာမမခံနိုင်ပေမဲ့ ငါလုပ်နိုင်သမျှအရာအားလုံးကိုလုပ်ဖို့ ကြိုးစားပေးမယ်..ဒါပေမယ့် ပထမဆုံးမွန်မြတ်သန့်စင်သရဲဘုရားကျောင်းအကြောင်းသိသမျှအရာအားလုံးကို ပြောပြ ”
နနရဲ့အသံက ဒီအချိန်မှာ တုန်ရီနေခဲ့ပါတယ်။
” နင်တကယ်ပဲ ငါကိုကူညီမှာလား ”
ဟို့ယွိဟောင်ကတော့ သက်ပြင်းရှည်ကြီးချရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ငါတကယ်ပဲမေးချင်တာတစ်ခုက မင်းဘာဖြစ်လို့ငါ့ကိုယုံကြည်လဲဆိုတာပဲ ”
နနက ငိုထားလို့ရောင်ကိုင်နေတဲ့မျက်၀န်းတွေနဲ့ ဟို့ယွိဟောင်ကို ကြည့်လာခဲ့ပါတယ်။
” ငါနင့်ကိုယုံကြည်ရတယ်ဆိုတာ အစောပိုင်းတုန်းက ကြုံခဲ့ရတဲ့ကိစ္စတွေအားလုံးလဲ ငါရဲ့အသိစိတ်ကြောင့်ပဲ ဒီနာကျင်လွန်တဲ့ဘ၀မှာဆက်ပြီ မနေနိုင်တော့ဘူး…လောကမှာငါအတွက် ဘာမှမကျန်တော့ဘူးလေ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုအခွင့်အရေးကိုမဆို အရယူပြီ ကြိုးစားကြည့်ရမယ် ”
” နင်ထက်ပိုပြီး အများကြီးသန်မာတဲ့သူတွေကို ငါသိတယ်…ဒါပေမယ့် ဘယ်သူကမှစိတ်၀ိညာဥ်စွမ်းအားတွေအကြောင်းကိုနားမလည်ကြဘူး…သူတို့တွေ ငါကိုကူညီချင်တယ်ဆိုရင်တောင် ကူညီနိုင်မှာမဟုတ်တာကို ငါသိတယ်…ဒါပေမယ့် နင်ကတော့ ကွာခြားတယ်…ငါရဲ့စိတ်၀ိညာဥ်ကိုထုတ်ပြီ နင်ကိုတိုက်ခိုက်တဲ့အချိန်မှာ ငါရဲ့စိတ်၀ိညာဥ်ကို နင်အလွယ်လေးထိန်းပြီချုပ်နှောင်သွားတယ်လေ ဒီလောက်နှစ်တွေအကြာကြီးကြာသွားပြီ ခြောက်လအထိရောက်သွားတာတောင် ငါရဲ့စိတ်၀ိညာဥ်က မထိခိုက်သွားပဲနဲ့ ပိုပြီးတော့တောင် အားကောင်းလာသေးတယ်…ဒါကြောင့် ငါတွေ့ဖူးသမျှလူတွေထဲမှာ စိတ်၀ိညာဥ်ကိုထိန်းချုပ်ပြီ စေခိုင်းနိုင်တဲ့အထဲ နင်ရဲ့အစွမ်းအစတွေက အမြင့်ဆုံးပဲ ”
” ဒီအကြောင်းရင်းတွေကြောင့်သာ အကူအညီလာတောင်းခဲ့ရတာ ငါမှာနင့်ကိုပြန်ပေးဖို့ ဘာမှမရှိဘူး..ငါရဲ့စကားတစ်ခွန်ချင်းဆီတိုင်းကို ငါလုံး၀အလေးအနက်ထားတယ်…အကယ်၍ ငါမိဘတွေရဲ့စိတ်၀ိညာဥ်တွေကိုကူပြီလွှတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုရင် ငါနင့်အတွက်ဘာမဆိုလုပ်ပေးမယ်…သူတို့ကိုဒိီလိုမျိုးဒုက္ခကြီးကနေ မခံစားနေရအောင်ကူညီပေးပါ ”
” မင်းငါ့ကိုဘာမှကတိပေးဖို့မလို ငါလဲမင်းဆီက ဘာမှမလိုချင်ဘူး…ငါမျှော်လင့်တဲ့တစ်ခုတည်သောကိစ္စကမင်းရဲ့မိဘတွေအေးအေးချမ်းချမ်းအနားယူနိုင်ဖို့ပဲ ”
ပြောရင်းနဲ့ဟို့ယွိဟေင်ရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလို စိုစွတ်လို့လာပါတော့တယ်။ ရုတ်တရက်ဆိုသလို သူ့အမေအကြောင်းကို တွေးလိုက်မိလို့ပါ။ အကယ်၍ သူ့အမေသာအသက်ရှင်လျက်ရှိနေဦးမယ်ဆိုရင် သူ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်လာခဲ့ပြီ အမျက်ဒေါသကျောင်းတော်ရဲ့အတွင်းနယ်မြေတပည့်သားတစ်ယောက်ဖြစ်လာတာ သိလို့ကတော့ ဘယ်လောက်တောင်၀မ်းသာနေရှာမလဲ။
ဒါပေမယ့် အဲ့ဒီလူအကြောင်းကို တွေးလိုက်မိပြီချိန်မှာတော့ သူရဲ့စိတ်တွေက ပြန်ကြည်လင်သွားပါတော့တယ်။ အမေ ဘယ်တုန်းကမှမပြောခဲ့ဖူးတဲ့ဆန္ဒကို ကျွန်တော်ဖြည့်စည်းပေးမယ်။ ကျွန်တော်အမေအတွက် လက်စားချေပေးမယ်။
” ငါသိထားသလောက်အရဆိုရင် မွန်မြတ်သန့်စင်သရဲဘုရားကျောင်းက အရမ်းကိုထူးဆန်းပြီဩဇာသိပ်ကြီးမားတဲ့ အဖွဲ့အစည်းကြီးတစ်ခုပဲ ငါနဲ့ဆက်တိုက်အဆက်အသွယ်လုပ်နေရတဲ့သူဆိုတာက အဲ့ဒီအဖွဲ့အစည်းကြီးထဲက အစိတ်အပိုင်းတစ်ခုပဲရှိတာ ဒါ့အပြင် တောက်ပရောင်စဥ်မြို့တော်ထဲမှာတောင် သူတို့ရဲ့လူက နှစ်ဆယ်ကျော်လိမ့်မယ် ”
” ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေထဲမှာအဓိကအချက်အချာကြတဲ့ သူတွေဆိုတာ သုံးယောက်လေးယောက်ပဲရှိမှာ ကျန်တဲ့သူတွေက ပြင်ပလူတွေကြီးပဲ ဒါပေမယ့် ဒီပြင်ပတွေအားလုံးကလဲ ၀ိညာဥ်ဘိုးဘေးတွေရဲ့အထက်မှာရှိနေတယ် ”
” နေလနိုင်ငံတော်ထဲမှာရှိတဲ့ သရဲဘုရားကျောင်းရဲ့ထူးဆန်းတဲ့အချက်အလက်ကတော့ သူတို့ဆီမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်မရှိပဲ ၀ိညာဥ်ပညာရှင်တွေပြည့်နေတာပဲ သူတို့ရဲ့အသန်မာဆုံးအဓိကအဖွဲ့အသားက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်သူတော်စင်လို့ငါတွေ့ဖူးတယ်…သူက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းပဲရှိပေမဲ့ အဲ့ဒါထက်ပိုတဲ့ အစွမ်းအစတွေရှိနေတယ်ဆိုတာကိုလဲ ငါနားလည်ခဲ့ရသေးတယ် ”
” အဲ့ဒီ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့သူတော်စင်ကို အုပ်စုထဲမှာတော့အကြီးအကဲလို့ခေါ်ဝေါ်ကြတယ်…သူက အမြဲတမ်းအနက်ရောင်၀တ်ရုံရှည်ကြီးကို၀တ်ထားပြီ မျက်နှာဖုံးလဲစွပ်ထားတာကြောင့် သူ့ရဲ့မျက်လုံးတွေကိုပဲ မြင်ရတယ်လေ တခြားအဓိကတပည့်သားတွေကိုတော့ သရဲဘုရားကျောင်းရဲ့ တပည့်သားတွေလို့ခေါ်ကြတယ်…ပြင်ပအဖွဲ့သားတွေကိုတော့ မြင့်မြတ်သရဲဘုရားကျောင်းရဲ့အစေခံတွေတဲ့ ငါက အခုအချိန်မှာဆိုရင် အစေခံလို့ပဲသတ်မှတ်ခံရမှာ ”
” သူတို့အနားကိုကပ်ပြီ တစ်ခုခုလုပ်ဆောင်ရတဲ့အချိန်တိုင်းမျက်နှာဖုံးတွေကို စွပ်ထားဖို့လိုတယ်…ဒါကြောင့် ပုံမှန်အချိန်မျိုးမှာ သူတို့နဲ့ မျက်နှာချင်ဆိုင်တွေ့ရမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက်မှတ်မိကြမှာမဟုတ်ဘူး…အကြီးအကဲကပဲ ငါတို့ရုပ်ရည်ကိုသိကြတယ်…ဒါ့အပြင် ငါ့ကိုအကြီးအကဲက ပြောခဲ့ဖူးတယ်…အကယ်၍ ငါသာ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရလာပြီ မြင့်မြတ်သရဲဘုရားကျောင်းရဲ့တပည့်သားဖြစ်လာခဲ့ပြီဆိုရင် အဓိကဌာနချုပ်ဖြစ်တဲ့ ယဇ်ပလ္လင်ကိုသူတို့တွေ တောင်းဆိုပေးမယ်တဲ့ ဒါ့အပြင် ငါရဲ့စိတ်၀ိညာဥ်ထိန်းချုပ်မှုတွေကိုလဲ သူတို့တွေဆက်ပြီလုပ်ဆောင်ကြလိမ့်မယ် ”
” မင်းရဲ့စိတ်၀ိညာဥ်ကို ကြီးမားတိုးပွားလာအောင်လုပ်တာမျိုးလား ”
ဟို့ယွိဟောင်က ၀င်ပြီစကားဖြတ်ပြောပါတယ်။
” စိတ်၀ိညာဥ်ကိုကြီးမားတိုးတက်အောင်လုပ်တယ်ဆိုတာ ငါဘာမှန်းမသိဘူး…အကြီးအကဲကိုမေးပေမဲ့ သူပြောတာကတော့ ငါတို့မြင့်မြတ်အစေခံတွေကို အရမ်းအင်အားကြီးလာအောင် လုပ်ပေးတဲ့နတ်ဘုရားအစီအစဥ်တစ်မျိုးလို့ ပြောတာပဲ ”
” သူ့တို့က သူတို့ကိုယ်သူတို့ ဘုရားကျောင်းလို့ခေါ်မှတော့ ဒီဘုရားကျောင်းရဲ့အဓိကတာ၀န်တွေရှိမှာပေါ့ အဲ့ဒါဘာတွေလဲ ”
” သူတို့ရဲ့အဓိကတာ၀န်တွေက အတော်လေးဝေ၀ါးပြီဘာဖြစ်လို့ဖြစ်နေမှန်းလဲမသိဘူး…ဒါပေမယ့် ပြောနေကြဆောင်ပုဒ်တစ်ခုတော့ရှိတယ်…မြင့်မြတ်ရောင်စဥ်အလင်းတန်းကို လောကတစ်ခွင်မှာဖြန့်ကျက်စေ မြင့်မြတ်စိတ်၀ိညာဥ်တို့လူသားလောကကို ဆင်းသက်လာစေသားတဲ့ အကြီးအကဲက ငါကိုပြောခဲ့ဖူးတယ် ..ငါမိဘတွေရဲ့စိတ်၀ိညာဥ်က ငါစိတ်၀ိညာဥ်သာကြီးမားတိုးတက်အောင် လုပ်နိုင်ပြိီဆိုရင် ပြန်ပြီတော့အလွှတ်ခံရမယ်တဲ့ ”
” ဒါပေမယ့် ငါသာ အဲ့ဒီသူတို့လုပ်ခိုင်းတဲ့ကိစ္စကြီးကို လုပ်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုပျောက်ဆုံးသွားမယ်လို့ ခံစားရတယ်…ဒီကိစ္စမတိုင်ခင်တုန်းက ငါဘယ်လိုရင်ဆိုင်ပြီပြောပြရမယ်ဆိုတာမသိခဲ့ဘူး…ငါရဲ့စိတ်၀ိညာဥ်ကလဲ ဖမ်းဆီးခံရနိုင်ချေရှိတယ်လေ…အဲ့ဒီအချိန်မှာ ငါကသိပ်ပြီမသန်မာသေးတာကြောင့် သူတို့လဲ ငါကိုဘာမှမလုပ်သေးဘူး ”
” ဒါဆိုရင် တခြားသူတွေအားလုံးကလဲ မင်းလိုအခြေအနေမျိုးရှိတယ်လို့ ပြောချင်တာလား ဒီသရဲဘုရားကျောင်းက လူတွေကိုမွေးမြူးပြီ ပြင်ဆင်နေတာလား ”
” ငါလဲ မတွေးတတ်ဘူး…အကြီးအကဲနဲ့ တပည့်သားတွေအားလုံးက တစ်ယောက်နဲ့တစ်ယောက်အပြင်ဖက်မှာလုံး၀မထိတွေ့စေဖို့အတွက် တားမြစ်ခံထားရတယ် ”
ဟို့ယွိဟောင်က ခေါင်းငုံ့လိုက်ပါတယ်။ သူအနေနဲ့ ဒီကိစ္စတွေပိုပြီးနားလည်လာလေလေ ပိုပြီးတော့အံ့အားသင့်လာလေပါပဲ။ ဒီသရဲဘုရားကျောင်းက အရမ်းကိုလျှို့၀ှက်လွန်တဲ့အပြင် နနလိုမျိုးအဖွဲ့အစည်းကလူတောင်မှ ဒီကိစ္စတွေနဲ့ပတ်သက်ပြီ အပြည့်အ၀မသိပါဘူး။
” မင်းမိဘတွေရဲ့စိတ်၀ိညာဥ်တွေကို ဘယ်နေရာမှာချိတ်ပိတ်ထားတာလဲ ”
ဟို့ယွိဟောင်က မေးလာခဲ့တယ်။
” သူတို့တွေကို အဲ့ဒီအုပ်စုရဲ့ယဇ်ပလ္လင်နေရာမှာ ချိတ်ပိတ်ထားတာ ဒီနေရာကြီးက အရမ်းကိုကောက်ကျစ်ပြီဆိုးရွားလွန်တယ်..ငါအဲ့ဒီကိုသွားတိုင်း နေ့တိုင်းကျောချမ်းနေရတာ ငါမိဘတွေရဲ့စိတ်၀ိညာဥ်တွေတင်မကဘူး နောက်ထပ်စိတ်၀ိညာဥ်တွေအများကြီးကိုပါ သူကဖမ်းဆီးထားပုံပဲ ”
” ဒါဆိုရင် ငါကိုအဲ့ဒီနေရာခေါ်သွားပြီ မင်းမိဘတွေရဲ့စိတ်၀ိညာဥ်တွေကို ကယ်တင်ပေးစေချင်တာမလား ဟုတ်တယ်ဟုတ် ”
” ဟုတ်တယ် အဲ့ဒီနေရာမှာငါမိဘတွေရဲ့ စိတ်၀ိညာဥ်တွေကို အမြဲတမ်းတွေ့ရပေမဲ့ အနားကိုကပ်လို့မရဘူး…အနားကပ်ဖို့ကြိုးစားချိန်တိုင်း အစိတ်စိတ်အမွှာမွှာဆွဲဖြဲခံရသလို နာကျင်နေရတယ်..ဒါကြောင့် နင်ကူညီပေးနိုင်မလား ”
ဟို့ယွိဟောင် တခဏတာစဥ်းစားနေပြီတဲ့နောက် ပြန်ဖြေလာခဲ့တယ်။
” အကောင်းဆုံးကြိုးစားမယ်လို့ပဲပြောနိုင်မယ်…ငါအဲ့ဒီအနားကို ရောက်အောင်သွားနိုင်မလားဆိုတဲ့ကိစ္စကပဲ အရေးကြီးတာ ”
” ငါရဲ့ကျင့်ကြံဆင့်က အဆင့်ခြောက်ဆယ်နီးပါးရောက်နေတာကြောင့် မြင့်မြတ်အစေခံတွေရဲ့ကြားမှာ အဆင့်အတန်းက အတော်လေးမြင့်တယ်…ဒါ့အပြင် မကြာခင်တပည့်သားဖြစ်လာမဲ့သူအဖြစ် သတ်မှတ်ခံထားရတာ ငါမှာငါမိဘတွေရဲ့စိတ်၀ိညာဥ်တွေကို လွှတ်ပေးနိုင်တဲ့အစွမ်းအစမရှိတာကို သူတို့သိတဲ့အတွက် သိပ်ပြီစိုးရိမ်မနေကြဘူး ”
” လက်ရှိအချိန်မှာ အကြီးအကဲက မူလယဇ်ပလ္လင်ဆီကို ပြန်သွားတာကြောင့် အခုလက်ရှိအချိန်အရံယဇ်ပလ္လင်မှာ ကာကွယ်စောင့်ရှောက်နေတယ်…အရံမြင့်မြတ်တပည့်သားနှစ်ယောက်ပဲရှိတယ် ”
” ငါမိဘတွေကို သွားတွေ့ရတော့မဲ့အချိန်က မကြာခင်မှာနီးလာပြီ ဒါ့အပြင် လူတိုင်းကအတူတူဖြစ်နေတာကြောင့်သူတို့လဲ ငါကိုသိပ်ပြီသတိမထားကြဘူးလေ အကယ်၍ နင်သာဟန်ဆောင်ပြီ နင်ကိုယ်နင် အစေခံတစ်ယောက်နဲ့တူအောင်လုပ်မယ်ဆိုရင် ငါတို့တွေခိုး၀င်သွားနိုင်ဖို့ အခွင့်အရေးရှိတယ်…အကယ်၍ အဲ့ဒါသာအလုပ်မဖြစ်ဘူးဆိုရင်တော့ ”
” နင်မှာဓားသမားအရူးကောင် ကျွီကျွယ်ချန်ကို အနိုင်ယူနိုင်တဲ့အင်အားရှိနေတာပဲ ပြီးရင် ငါလဲနင်ဘေးမှာရှိတယ်လေ သေချာပေါက် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ မြင့်မြတ်သရဲဘုရားကျောင်းကတပည့်သားတွေကို အနိုင်ယူနိုင်ဖို့ အခွင့်အရေးရှိမှာပဲ ”
ဟို့ယွိဟောင် ခေါင်းကိုနည်းနည်းစောင်းရင် ပြောလာခဲ့ပါတယ်။
” ကောင်းပြီလေ ဒါဆိုရင် လုပ်မဲ့အစီအစဥ်ကို သေချာဆွေးနွေးကြတာပေါ့ ”
နနကို ကူညီဖို့သူရွေးချယ်လိုက်တဲ့ကိစ္စကတော့ သူမကြုံတွေ့ရတဲ့ အကြောင်းအရင်းတွေအပြင် ထူးဆန်းတဲ့ မြင့်မြတ်သရဲဘုရားကျောင်းကို သူသိချင်လို့ပါ။
ဒီနေရာကြီးက ၀ိညာဥ်ပညာရှင်တွေအများကြီးကို နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်ထားတဲ့ဦးနှောက်ဆေးပေးတဲ့နေရာကြီးဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူတို့နဲ့ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကြားမှာရှိတဲ့ဆက်သွယ်ချက်ကလဲ မရှင်းလင်းသေးပါဘူး။
နနရဲ့ပြောပြမှုအရဆိုရင် အရံယဇ်ပလ္လင်ရဲ့ အကြီးအကဲက ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအနည်းဆုံးရှိမှာဖြစ်တာကြောင့် သူတို့ရဲ့ အဓိကခေါင်းဆောင်ကြီးက ပိုပြီးတော့တောင်အင်အားကြီးပါဦးမယ်။ ဒါ့အပြင် သော့်လော့တစ်ယောက်တောင်ဖြစ်နိုင်ပါသေးတယ်။ သော့်လော့တစ်ယောက်ဦးဆောင်တဲ့ ဘယ်သူမဆိုကြီးမားပြိီအားကောင်းတယ်လို့ သတ်မှတ်ရမှာပါ။ လှုပ်ရှားမှုတိုင်းရဲ့ လုပ်နေသမျှအရာအားလုံးကလဲ အင်မတန်ကိုမြေအောက်ဆန်ပြီမှောင်ခိုဖြစ်နေတဲ့အတွက် ကိစ္စကိုကျောင်းတော်ဆီ ပြန်ပြီသတင်းပို့ရပါလိမ့်မယ်။ ဒါ့အပြင် အရင်ဆုံးကင်းထောက်ဖို့ကတော့ လိုမှာပါ။
သူက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကနေ မွေးဖွားလာတဲ့ပြိုင်ဘက်ကင်းစစ်သည်တော်တစ်ယောက်ဖြစ်သလို တိုက်ပွဲတွေကိုတစ်ယောက်ထဲတိုက်ခိုက်ဖို့ကောင်းကောင်းလေ့ကျင့်ထားပြီသားသူဖြစ်နေခဲ့တယ်။ သူ့ရဲ့အင်အားဆိုတာက တိုက်ခိုက်ရေးစွမ်းအားတစ်ခုထဲမှာတင် မှီခိုနေတာမဟုတ်ပါဘူး။
သုံးရက်ကြာပြီတဲ့နောက် ပိန်ပါးသေးသွယ်တဲ့သူတစ်ယောက်က နေလကျောင်းတော်ရဲ့အထဲမှာဖြည်းဖြည်းချင်းပြေးလွှားနေခဲ့ပါတယ်။ သူမရဲ့အနီရင့်ရောင်ဆံပင်ရှည်တွေက သပ်သပ်ရပ်ရပ်မြောက်ချီထားခဲ့ပြီ အနက်ရောင်စစ်သည်တော်၀တ်စုံက ပိန်ပါးသေးသွယ်တဲ့ခန္ဓာကိုယ်ပေါ်မှာချပ်ချပ်ရပ်ရပ်ရှိနေခဲ့တယ်။
သူ၀င်လာချိန်မှာတော့ အဓိကဘုရားကျောင်းကို စောင့်ကြပ်နေတဲ့သူတွေက တစ်ချက်သာကြည့်လိုက်ပြီတဲ့နောက် ပြုံးပြလိုက်ပါတယ်။
ဒီကျော်ကြားတဲ့မိန်းကလေးနနကို လူတိုင်းကမှတ်မိကြတယ်။ ကောလဟာလတွေအရတော့ သူမက နေလနိုင်ငံတော် တော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ကိုယ်စားပြုပြီး နောက်တစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ယှဥ်ပြိုင်မှာပါ။ ဒါကြောင့် လက်ရှိအချိန်ကျောင်းတော်ထဲမှာ သူ့ကိုလူတိုင်းက အတော်လေးအာရုံစိုက်ကြပါတယ်။
ကျောင်းသားတော်တော်များများက ကျောင်းတော်ကနေ စိတ်ရှိတိုင်း၀င်ခွင့်ထွက်ခွင့်မရသလို ညွှတ်ကြားရေးမှုးအဆင့်ဆရာတွေက ခွင့်ပြုချက်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့် နနကတော့ ချွင်းချက်တစ်ခုပါပဲ။ သူမလိုအပ်တဲ့အချိန်တိုင်းမှာ ကျောင်းတော်ထဲကို၀င်ခွင့်ထွက်ခွင့်ရဖို့အတွက် ခွင့်ပြုချက်ရထားခဲ့တယ်။
နနက ကျောင်းတော်ရဲ့အပြင်ကိုထွက်ခွာလာရင်း ပိုပြီးတော့ခြေလှမ်းတွေမြန်လာခဲ့ပါပြီ။ ပတ်၀န်းကျင်ကိုကြည့်ရင်းနဲ့ သူမမျက်စိကစားလိုက်ပြီတဲ့နောက် မှောင်မိုက်နေတဲ့ထောင့်ချိုးတစ်ခုထဲကို ခုန်၀င်လို့သွားပါတော့တယ်။
သန်မာတောင့်တင်းတဲ့အရိပ်တစ်ခုက သူမရဲ့ခန္ဓာကိုယ်အပြင်ဖက်ဆီကို ခွဲထွက်လို့သွားခဲ့ပါပြီ။ ဒီလူက ညိုမှောင်တဲ့အသားအရေးဂတုံးပြောင်ပြောင်နဲ့ ပုခုံးကျယ်ကျယ်ရှိနေခဲ့ပြီ သူ့ရဲ့ပုခုံးတွေက ကောင်းကင်ကြီးတစ်ခုလုံးကိုတောင် ထမ်းထားနိုင်မဲ့ပုံပေါ်နေခဲ့တယ်။ ဒါကတော့ ဟယ့်ချိုက်ထို့ပါ။
နနကသက်ပြင်းချရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ဒါကမယုံနိုင်စရာကောင်းလွန်တာပဲ ယွိဟောင် နင်၀ိညာဥ်စွမ်းအားတွေကို အများကြီးသုံးလိုက်တာမဟုတ်ဘူးလား ”
သူမရဲ့ခန္ဓာကိုယ်ကရဲ့ နောက်ထပ်မှောင်မိုက်နေတဲ့နေရာတစ်ခုဆီကနေ အသံတစ်သံထွက်လာခဲ့ပါတယ်။
” အဲ့လောက်စွမ်းအားမကုန်ဘူး…ဒီကိစ္စကိုမြန်မြန်ရှင်းပြီ အမြန်ဆုံးပြန်ရအောင် ”
အပိုင်း ၁၈၄•၂ ပြီး၏။