အပိုင်း ၁၈၄• ၁
” မွန်မြတ်သန့်စင် သရဲဘုရားကျောင်း ”
°°°
” အဲ့ဒီအချိန်မှာပဲ အမေက အိမ်ကိုပြန်လာခဲ့တယ်လေ…အဖေရဲ့အလောင်းကိုကြည့်ရင်း သူမအရမ်းဖြူဖျော့နေတာရှင်းရှင်းလင်းလင်းမှတ်မိတုန်းပဲ အဲ့ဒီနောက် သူရုတ်တရက် အလောင်းဆီသူပြေးလာခဲ့ပြီ အသက်ရှုရပ်မတတ်ကို ဆက်တိုက်ပြောနေခဲ့တာ ”
” ငါက ကံဆိုးမှုကိုပဲဖြစ်စေမှာပဲလို့ ပြောသားပဲ ကံဆိုးမှုတွေကိုဖြစ်စေလိမ့်မယ်…ဘယ်လိုလုပ်ငါလိုဆိုးယုတ်တဲ့အမျိုးသမီးတစ်ယောက်ကိုရွေးချယ်ခဲ့ရတာလဲ နောက်ထပ် လောကမှာဆုံတွေ့ရမယ်ဆိုရင် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ”
” သူဓားတစ်လက်ကိုထုတ်ယူလာပြီ သူ့ရဲ့ရင်ဘတ်ကိုငါရှေ့မှာတင် ထိုးစိုက်ချလိုက်တာ မြင်ခဲ့ရပေမဲ့ ဘယ်လိုမှမတားဆီးနိုင်လိုက်ဘူး ”
နနရဲ့အသံက ပိုပြီးတုန်ရီလို့လာပါတော့တယ်။
” အမေရဲ့သွေးတွေက အဖေခန္ဓာကိုယ်ပေါ်စီးကျလို့သွားခဲ့ပြီတဲ့နောက် သူက နောက်ပြန်လှည့်ကြည့်ရင်း လက်ကိုမြောက်ပြီ ငါရဲ့ခေါင်းကိုခပ်ဖွဖွလေးပုတ်လိုက်တယ်…ဒါပေမယ့် သူအားအင်တွေအကုန်ဆုံးရှုံးသွားတဲ့ပုံစံနဲ့ အဖေလိုဒီအတိုင်းလဲကျသွားတာပဲ ”
” အစပိုင်းမှငါလုံး၀ကို ရပ်တန့်လို့သွားပြီ ရုတ်တရက်ဆိုသလို ထပ်ပြီမငိုနိုင်တော့တာကို နားလည်သွားခဲ့ရတယ်…အဖေက ဆုံးပါးသွားခဲ့ပြီအမေကလဲ မျက်စိရှေ့မှာတင် သူ့ကိုယ်သူသတ်သေသွားခဲ့တယ်…တစ်လောကလုံးက အဲ့ဒီအချိန်မှာချာချာလည်နေတာကိုပဲ ငါသိတော့တယ် ”
ပြောရင်နဲ့ သူမရဲ့မျက်လုံးတွေက မှောင်မိုက်လို့သွားပါတော့တယ်။
” အဲ့ဒီအချိန်မှာ ထူးဆန်းတဲ့လူတစ်ယောက်က ရောက်လာခဲ့တယ်…သူကတော့ မကျေမနပ်နဲ့ပြောနေခဲ့တယ်လေ ဒီလိုလုပ်ပြီမင်းလွှတ်သွားမယ်ထင်နေတာလား သေခြင်းတရားဆိုတာက ငါတို့အတွက် ဘာမှမဟုတ်ဘူး…သေပြီတဲ့နောက်မှာတောင် မင်းကိုငါတို့ခံစားရအောင် ငါတို့လုပ်နိုင်တယ် ”
” အဲ့ဒီနောက် သူ့ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့အင်အားတစ်ခုကို ငါခံစားလိုက်ရတယ်…အဖေနဲ့ အမေရဲ့ခန္ဓာကိုယ်ထဲကနေ ထူးဆန်းတဲ့အရာတွေပျံထွက်လို့သွားခဲ့တယ်လေ ”
” အဲ့ဒီလူက ငါရဲ့ခေါင်းကိုပုတ်ပြီတော့လဲ ပြောလာခဲ့သေးတယ်…အကယ်၍ ငါသာမိဘတွေကိုပြန်တွေ့ချင်တယ်ဆိုရင် သူ့နောက်ကိုလိုက်ရမယ်တဲ့ ငါအဲ့ဒီတုန်းက သူနောက်ကိုဒီအတိုင်းကြီးလိုက်သွားခဲ့မိတယ်…ဒါ့အပြင် နောက်ထပ်ထူးဆန်းတဲ့ လူတစ်စုလဲရောက်လာပြီ မိဘတွေရဲ့အလောင်းကိုသိမ်းလို့ သူတို့ကိုမြုပ်နှံခဲ့တာငါမြင်ခဲ့ရတယ် ”
ဒီအချိန်မှာ နနရဲ့အသက်ရှုသံတွေက ပိုမိုမြန်ဆန်လာခဲ့ပါပြီ။ သူဇာတ်ကြောင်းကို ဆက်ပြီမပြောနိုင်တော့အတိုင်း စိတ်ခံစားချက်တွေအပြည့်နဲ့ အတော်ကိုရုန်းကန်နေခဲ့ရတယ်။
ဟို့ယွိဟောင်လဲ သူအနားကိုလျှောက်လာခဲ့ပြီ ပုခုံးကိုပုတ်ရင်း စိတ်တည်ငြိမ်ဖို့အတွက် အားပေးနေခဲ့ရတယ်။
ရုတ်တရက်ဆိုသလို နနက ဟို့ယွိဟောင်ခါးကိုဖက်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ငါတကယ်အရမ်းကြောက်တယ်..အရမ်း အရမ်းကိုကြောက်မိတယ်…ဒါတွေပြောပြနေရတာမှန်ကန်တဲ့ကိစ္စဆိုတာ ဟုတ်မဟုတ်ငါမသိဘူး…ငါက ငါအမေလိုကံဆိုးတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ် ”
” ကံတရားဆိုတာက လူတိုင်းနဲ့ဆက်နွယ်နေတဲ့အရာ အားလုံးက ချိတ်ဆက်နေတာကြောင့် ကံကြမ္မာရဲ့အစွမ်းအစနဲ့ယှဥ်လိုက်မယ်ဆိုရင် အရာအားလုံးက ဗလာဟင်းလင်းလိုပဲ နိုးထလိုက် ”
သူပြောရင်းနဲ့ မျက်လုံးထဲက ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီတဲ့နောက် နနရဲ့ခေါင်းကိုစိတ်၀ိညာဥ်ထိတ်လန့်မှုနဲ့ ညင်ညင်သာသာတိုက်ခိုက်လိုက်ပါတယ်။
နနတစ်ကိုယ်လုံးတုန်ရီလို့သွားခဲ့ပြီတဲ့နောက် သူမလဲ ပြန်လွှတ်လိုက်တော့တယ်။
” ငါအဲ့ဒီအိပ်မက်ဆိုးတွေကို နောက်တစ်ကြိမ်ပြန်၀င်ရဦးမယ်…လုပ်ကိုလုပ်ရမှာပဲ ”
သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြရင်း ဆက်ပြောလာခဲ့ပါတယ်။
” ကျေးဇူးပဲ ငါဘယ်လောက်တောင် အချိန်အများများတူညီတဲ့အိပ်မက်ဆိုးတွေကို မက်နေရလဲဆိုတာ တွေးတောင်မတွေးနိုင်တော့ဘူး…အချိန်တိုင်းဒီကိစ္စကို ပြန်မြင်ယောင်ပြီ ငိုကြွေးတာကလဲ မရပ်တန့်နိုင်ပဲ ဖြစ်ခဲ့ရတယ်…ဒီနှိပ့်စက်မှုကြီးကိုငါဆက်ပြီ တောင့်မခံနိုင်တော့ဘူး…အကယ်၍ နင်ငါ့ကိုမကူညီချင်ဘူးဆိုလဲ ငါတစ်နေ့မှာတော့ ကိုယ့်ကိုကိုယ်အဆုံးသတ်ပြစ်မှာပဲလေ ငါရဲ့မိဘတွေကို နောက်လောကတစ်ခုမှာမတွေ့ရရင်တောင် ကိစ္စမရှိဘူး ငါဒါတွေအားလုံးကို ဂရုမစိုက်ပဲထွက်သွားလိုက်မှာ ”
” ငါဘယ်လိုကူညီဖို့လိုမလဲ ငါဘာလုပ်ဖို့လိုအပ်မလဲဆိုတာကို ပြောပြဖို့တော့လိုလိမ့်မယ် ”
ဟို့ယွိဟောင်က အသံခပ်တိုးတိုးနဲ့ပြောလာခဲ့ပါတယ်။
နနက ပြန်ပြီတိတ်ဆိတ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကလဲ အရင်လိုစိတ်မရှည်တာမျိုးမရှိတော့ပါဘူး။ နနရဲ့စိတ်ခံစားချက်တွေဘယ်လောက်အထိ ပရမ်းပတာတွေဖြစ်နေလဲဆိုတာကို သူသိသလို သူမရဲ့ စိတ်ကလဲ ပဋိပက္ခတွေအပြည့်ဖြစ်နေတာပါ။
” တောင်းပန်ပါတယ်…ယွိဟောင် ငါအတော်လေးကို နောင်တရနေပြီးပြီ တစ်ကိုယ်ကောင်းဆန်ပြီ ဒီကိစ္စထဲဆွဲသွင်းလို့မရနိုင်ဘူး…နင်က လူကောင်းတစ်ယောက်ဆိုတာငါသိပါတယ် ”
အဲ့ဒီနောက် သူမက အရင်အတိုင်းပဲ တံခါးဆီကိုလျှောက်သွားပြီတော့ တံခါးအပြင်ဖက်ကိုထွက်သွားပါတော့တယ်။
” ရပ်လိုက် ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို သူ့ရဲ့အရှေ့ကိုရောက်လာပါတော့တယ်။ နနကတော့ သရဲတစ်ကောင်လိုဖြူဖျော့နေတဲ့ မျက်နှာနဲ့သာ ကြည့်နေခဲ့တယ်။
” အကယ်၍ ဒီနှောင်ကြိုးတွေကို ဆက်ပြီဆွဲထားဦးမယ်ဆိုရင် ပိုပြီးထိခိုက်နာကျင်ရလိမ့်မယ်…ဘာတွေဖြစ်ချင်လဲဆိုတာ ငါ့ကိုပြောပြ အဲ့ဒီလူတွေက ဘယ်သူတွေလဲ ”
” သူတို့ကိုယ်သူတို့ မွန်မြတ်သန့်စင်တဲ့သရဲဘုရားကျောင်းလို့ခေါ်ကြတာပဲ အရမ်းကိုထူးဆန်းပြီ လျှို့၀ှက်တဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့အပြင် ငါမိဘတွေရဲ့ ၀ိညာဥ်တွေကို သူတို့က ထောင်သွင်းအကျဥ်းချထားတယ်လို့ပြောတယ်…တစ်ခါတစ်လေမှာတော့ အဖေနဲ့အမေရဲ့စိတ်၀ိညာဥ်တွေကို ငါမြင်ရဖို့အတွက် သူတို့လွှတ်ပေးတယ်လေ အဖေနဲ့အမေက အတော်ကြီးအတော်ကြီးကို နာကျင်နေကြတဲ့ပုံပဲ ”
” အကယ်၍ ငါရဲ့မိဘတွေကို အေးအေးချမ်းချမ်းအနားယူချင်တယ်ဆိုရင် လိမ်လိမ်မာမာလေးနေရမယ်လို့ သူတို့ကပြောခဲ့တယ်…မဟုတ်ရင် မိဘတွေရဲ့ စိတ်၀ိညာဥ်တွေကိုထာ၀ရဖမ်းထားပြီ ဘယ်တော့မှပြန်မ၀င်စားနိုင်တော့အောင် လုပ်ပြစ်မယ်တဲ့ ”
” စိတ်၀ိညာဥ်ကိုဖမ်းချုပ်ထားတာလား ”
ဟို့ယွိဟောင်လန့်သွားခဲ့ပါတယ်။ အောက်လမ်းပညာနဲ့ အသိပညာတွေကိုသင်ကြားချိန်မှာ အကြီးအကဲလျှပ်စီးဧကရာဇ်က ဟို့ယွိဟောင်ကို ဒီအကြောင်းတွေပြောပြခဲ့တယ်။ သူစိတ်၀ိညာဥ်တွေအကြောင်းကို နားလည်ပေမဲ့ စိတ်၀ိညာဥ်တွေကိုထောင်သွင်းအကျဥ်းချတယ်ဆိုတာက အောက်လမ်းပညာရပ်နည်းလမ်းတစ်ခုနဲ့ တူညီတယ်ဆိုတာကိုလဲ နားလည်ပါတယ်။ သန့်စင်တဲ့အောက်လမ်းပညာက စိတ်၀ိညာဥ်တွေရဲ့လျှို့၀ှက်ချက်ကို ရှာဖွေလေ့ရှိပေမဲ့ စိတ်၀ိညာဥ်ကိုအကျဥ်းချတဲ့သူကတော့ မတူညီကြပါဘူး။
နနလဲခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့တယ်။
” ဒါကြောင့် ငါရဲ့စိတ်၀ိညာဥ်တွေကို နင်ချိတ်ပိတ်လိုက်တဲ့အချိန်မှာ ငါတအားကြောက်သွားတာကို နားလည်ပြီမလား ငါရဲ့မိဘတွေလိုမျိုးအဆုံးသတ်သွားမှာကို စိုးရိမ်မိတယ်…စိတ်၀ိညာဥ်ထိန်းချုပ်မှုခံရပြီဘယ်တော့မှ ပြန်မ၀င်စားနိုင်တော့မှာကို တကယ်ပဲ ကြောက်မိတယ် ”
” ရွေးချယ်စရာမရှိတာကြောင့် သူတို့ရဲ့တောင်းဆိုမှုတွေကို ငါလိုက်နာခဲ့ရတယ်လေသူတို့က ငါကိုနေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဆီပို့ပြီးတော့ဘာမှကြိုတင်စာမေးပွဲစစ်တာတွေမလုပ်ပဲနဲ့ ဆက်တိုက်သင်ကြားစေချင်တော့တာပဲ ”
” အကယ်၍ ငါရဲ့ကျင့်ကြံဆင့်ကသာ အဆင့်တစ်ခုကိုရောက်သွားပြီဆိုရင် သူတို့ရဲ့နေရာမှာ တရား၀င်နေရာတစ်ခုကို ရရှိနိုင်မယ်လို့ ပြောခဲ့သေးတယ်..အဲ့ဒီနေ့ရောက်လာပြီဆိုရင် မိဘတွေရဲ့စိတ်၀ိညာဥ်တွေကိုလဲ လွှတ်ပေးမယ်တဲ့ သူတို့လဲ ပြန်၀င်စားနိုင်လိမ့်မယ် ”
” ငါရဲ့စိတ်ကိုတည်ငြိမ်စေဖို့အတွက် နှစ်လကိုတစ်ခါမိဘတွေ့ရဲ့ စိတ်၀ိညာဥ်နဲ့တွေ့ခွင့်ပြုတယ်…ငါမိဘတွေဘယ်လောက်အထိ နာနာကျင်ကျင်နဲ့ ခံစားနေရလဲဆိုတာ မြင်ပြီချိန်တိုင်း သူတို့ကိုပြန်ပြီတွန်းလှန်းဖို့အင်အားတွေသတ္တိတွေအားလုံးပျောက်ဆုံးသွားရတာပဲ ဒါကြောင့် သူတို့ပြောတဲ့အမိန့်အတိုင်းကို အမြဲတမ်းလိုက်နာခဲ့ရတယ် ”
” ဒါပေမယ့် သူတို့က ငါကိုကြိုးကြိုးစားစားလေ့ကျင့်ဖို့ကလွဲပြီ တခြားဘာမှမတောင်းဆိုခဲ့တာတော်ပါသေးတယ်….ဒါ့အပြင် ငါ့ကိုအချိန်တိုင်းမှာစာမေးပွဲတွေစစ်နေတယ် ”
” ငါမိဘတွေအကျဥ်းချထားခံရတဲ့နေရာနဲ့ နီးကပ်လာတဲ့အချိန်တိုင်း တခြားသူတွေကိုငါကိုအာရုံမစိုက်ခင် သူတို့ရဲ့အသံတွေကို ကြားရတယ်…ဒါ့အပြင် ငါမိသားစုတွေဘယ်လိုဖျက်ဆီးခဲ့ရလဲဆိုတာကို အဲ့ဒီအချိန်မှသာ နာလည်းခဲ့ရတယ်လေ ”
” ငါအမေက ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်နေရင်းနဲ့ သားရဲကောင်တွေစုစည်းနေတဲ့ နေရာတစ်ခုမှာ မွန်မြတ်သန့်စင်သရဲဘုရားကျောင်းနဲ့ တွေ့ခဲ့ရတယ်…ဒါ့အပြင် သူတို့က အမေရဲ့သိုင်းပညာ၀ိညာဥ်က ထူးခြားတာကြောင့် အမေကိုသူတို့ဆီ၀င်ရောက်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမဲ့ အမေက ငြင်းပယ်ခဲ့တယ် ”
” အဲ့ဒီအချိန်ကစလို့အမေရဲ့အိပ်မက်ဆိုးတွေက စတင်လာတော့တာပဲ အမေကိုယ်တိုင်လဲ သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ဘယ်လိုရောက်ရှိသွားလဲဆိုတာ မသိလိုက်ရဘူး…ဒါကြောင့် နောက်ဆုံးမှာဖိအားပေးပြီ မွန်မြတ်သန့်စင်သရဲဘုရားကျောင်းထဲကို ဖိအားပေးခံရလို့ ၀င်လိုက်ရတယ်လေ ဒါ့အပြင် သူမကို များပြားတဲ့လုပ်ငန်းတာ၀န်တွေ ထမ်းဆောင်ခိုင်းတယ် ”
” အဖေကို အရမ်းချစ်မြတ်နိုးတာကြောင့် မိသားစုကိုလုံး၀အထိအခိုက်မခံချင်တဲ့အမေက သူတို့ရဲ့တောင်းဆိုမှုတွေအားလုံးကို ဆက်တိုက်လုပ်ဆောင်ပေးခဲ့ရတယ်လေ…နောက်ဆုံးမှာတော့ သူတို့က အမေကိုစိတ်လွှတ်သွားအောင်ပြုလုပ်ပြီ အဖေကိုသတ်ခိုင်းခဲ့တယ် ”
” အဖေကို အမေကသတ်ဖြတ်ပြီတဲ့နောက် သူတို့ရဲ့ထိန်းချုပ်မှုအောက်ကနေ နောက်ဆုံးလွှတ်မြောက်သွားတဲ့အထိ ရူးရူးသွပ်သွပ်စိတ်ပေါ်ကွဲမှုဖြစ်ခဲ့တယ်…ဒါကြောင့်သ အဖေရဲ့အလောင်းကိုမြင်ပြီ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တာပဲ ဘ၀မှာနောင်တအရဆုံးကိစ္စက ငါကိုမကယ်တင်နိုင်ခဲ့တဲ့ကိစ္စလို့ အမေပြောတာကိုငါကြားဖူးတယ်…ဒါကြောင့် ငါလဲနောက်ထပ်သူကိုဂရုစိုက်စရာမလိုတော့ဘူး…အကယ်၍ ငါသာ မွန်မြတ်သန့်စင်သရဲဘုရားကျောင်းရဲ့ ထိန်းချုပ်မှုကနေ လွှတ်မြောက်နိုင်မယ်ဆိုရင် အရာအားလုံးကို အဆုံးသတ်အောင်လုပ်နိုင်လိမ့်မယ်…မဟုတ်လို့ကတော့ကျန်တဲ့ဘ၀တစ်လျှောက်လုံး သူတို့ရဲ့ လက်နက်ကိရိယာတစ်ခုအဖြစ် စတေးခံရတော့မှာ ”
နနရဲ့နှုတ်ခမ်းတွေက အရမ်းကိုတုန်ရီလို့လာခဲ့ပါတယ်။ နောက်တစ်ကြိမ် မျက်ရည်တွေစီးကျလာခဲ့ပြန်ပါပြီ။
” ဒါပေမယ့် ငါဘယ်လိုလုပ်ဒီအတိုင်းထွက်သွားလို့ရမှာလဲ ငါမိဘတွေရဲ့ စိတ်၀ိညာဥ်တွေကသေဆုံးပြီတဲ့နောက်မှာတော့ ဒီလောက်ဒုက္ခခံနေရတာကို မြင်ရမှာတော့ ငါဘယ်လိုလုပ်မမုန်းပဲနေနိုင်မှာလဲ သူတို့ကိုမကယ်တင်နိုင်သရွေ့ ငါကိုယ်ငါလဲ တကယ်မုန်းမိတယ် ”
ဟို့ယွိဟောင်က သူ့ဘ၀ကဆိုးလှပြီလို့အမြဲတမ်းထင်နေခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့အတိတ်ကဘယ်လောက်ဆိုးဆိုးနနရဲ့ကံဆိုးမှုကိုတော့ မယှဥ်နိုင်ခဲ့ပါဘူး။ အကယ်၍ သူမပြောသမျှအရာအားလုံးသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် တခြားသူရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်နေခဲ့မှာပါ။ သူမရဲ့ မိဘတွေက သေဆုံးပြီတဲ့နောက်မှာတောင် စိတ်၀ိညာဥ်တွေက ထိန်းချုပ်ပြီနှိပ့်စက်ခံနေရတုန်းပါ။
ဟို့ယွိဟောင်က အသံကိုတိုးရင်းနဲ့ မေးလာခဲ့ပါတယ်။
” ငါ့ကိုဘယ်လိုကူညီစေချင်လဲ ”
သူ့ရဲ့အသံမှာတော့ စိတ်ဆုံးဖြတ်ချက်ချပြီတဲ့ပုံစံက ထင်ထင်ရှားရှားပေါ်နေပြီသားပါ။ နနလဲ အသံမထွက်နိုင်တော့ပါဘူး။
” ငါကိုပြောပြ မင်းပြောသမျှအရာအားလုံးက အမှန်တရားတွေဆိုတာ ငါသိတယ် ”
ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် သူ့ရဲ့အားကောင်းတဲ့ထောက်လှမ်းမှုနဲ့ဆိုရင် သေချာပေါက် အလိမ်အညာနဲ့ အမှန်တရားကိုလဲ ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်ပါတယ်။
” ငါက အရမ်းကိုတွေဝေပြီ စိတ်ဓာတ်ရေးရာကလဲ အတော်ကိုမခိုင်မမာဖြစ်နေခဲ့တယ်…ဒီလိုကိစ္စတွေကိုပြောရုံနဲ့ မွန်မြတ်သန့်စင်သရဲဘုရားကျောင်းက အရမ်းကိုအင်အားကြီးလွန်တဲ့သူ ဘာတွေလုပ်နေကြလဲဆိုတာတော့ သေချာမသိဘူး…အကယ်၍ အကူအညီတောင်းမယ်ဆိုရင် ဒီလိုပြဿနာကြားထဲ ဆွဲသွင်းမိမှာတကယ်ကြောက်မိတယ် ”
” ကျောင်းကိုအကူအညီတောင်းဖို့ရော တွေးခဲ့ဖူးလား နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာအလေးစားခံရဆုံးနဲ့ အကောင်းဆုံးတွေက တစ်ခုပဲ ”
” ငါဒါတွေကိုဘယ်လိုလုပ် မတွေးမိရမှာလဲ တစ်ခုတည်သောပြဿနာကတော့ ငါရဲ့စဥ်းစားမှုတွေအားလုံးက အသုံးမ၀င်ဖြစ်နေတာကို သိလိုက်ရတယ်…ဘာလို့လဲဆိုတော့ သူတို့တွေက ဒီပုတ်ထဲကဒီပဲတွေပဲလေ ”
” ငါသေချာသိတာတစ်ခုရှိတယ်…ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က မွန်မြန်သန့်စင်သရဲဘုရားကျောင်းနဲ့ တစ်ခုခုပေါင်းကြံနေကြတယ်…အဲ့ဒီဘုရားကျောင်းက မျက်နှာဖုံးစွပ်ထားတဲ့ အကြီးအကဲတစ်ယောက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ထဲကို ညအချိန်မတော်ကြီး၀င်သွားထွက်သွားလုပ်နေတာကို ငါကိုယ်တိိုင်မျက်မြင်ထင်ရှားတွေ့ခဲ့ရတာလေ ”
သူမပြောတာကိုကြားချိန်မှာတော့ ဟို့ယွိဟောင်မျက်မှောင်ကြုတ်သွားပါတော့တယ်။ ဒီကိစ္စတွေကတော့ ပိုသိလာလေပိုရှုပ်ထွေးလာလေပါပဲ။ ဒီအရှုပ်အထုပ်တွေကို သေချာသိအောင်လုပ်နိုင်ဖို့က မလွယ်ကူလှပါဘူး။
ရုတ်တရက်ဆိုသလို နနကခေါင်းမော့ရင်း ဟို့ယွိဟောင်ရဲ့ မျက်လုံးကိုတည့်တည့်စိုက်ကြည့်ကာ ပြောလာခဲ့ပါတယ်။
” ငါမွန်မြတ်သန့်စင်ဘုရားကျောင်းကိုမုန်းတယ်…ဒီကျောင်းကိုလဲငါမုန်းတယ်…တစ်နိုင်ငံလုံး ခြစားမှုတွေပြည့်နေပြီ စုတ်ပြတ်သတ်နေတဲ့ ဒီနိုင်ငံကိုပိုလို့တောင်မုန်းသေးတယ် ”
” ဟို့ယွိဟောင် အကယ်၍ နင်ငါမိဘတွေရဲ့စိတ်၀ိညာဥ်ကိုကူပြီလွှတ်မြောက်အောင်လုပ်ပေးနိုင်မယ်ဆိုရင် ငါနင်ရဲ့ကျွန်ဖြစ်လာဖို့ဆန္ဒရှိတယ်…ငါဘာမဆိုလုပ်မှာ ”
” ဒီလိုမျိုးပြောဖို့မလိုပါဘူး ”
ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။
နနကတော့ နာနာကျင်ကျင်နဲ့ဆက်ပြီတော့ ပြောနေခဲ့တယ်။
” ဒါဆိုရင် ငါဘယ်တုန်းကမှ မရှိခဲ့တဲ့အတိုင်းတွေးလိုက်တော့ ”
သူပြောပြီတဲ့နောက် နောက်တစ်ကြိမ်လှည့်ထွက်လို့သွားပြန်ပါတယ်။
အပိုင်း ၁၈၄•၁ ပြီး၏။