Switch Mode

Chapter – 183.3

သီးခြားကျင့်ကြံပြီးတဲ့နောက် ပြောင်းလဲမှုများ

အပိုင်း ၁၈၃•၃

” သီးခြားကျင့်ကြံပြီတဲ့နောက် ပြောင်းလဲမှုများ ”
°°°
အကယ်၍ သူတို့နှစ်ယောက်သာ အစွမ်းကုန်တိုက်ခိုက်ကြမယ်ဆိုရင် ဟို့ယွိဟောင်ကလဲ အောင်မြင်မှုရယူနိုင်ဖို့ မသေချာပါဘူး။ သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ ကျင့်ကြံမှုကွာခြားချက်ကကြီးမားလွန်ပါတယ်။ ဒါ့အပြင် ကျွီကျွယ်ချန်ရဲ့ဓားက အရမ်းကိုမြန်ဆန်ပြီ အရှိန်အဟုန်ကောင်းနေခဲ့တယ်။ ဒါပေမယ့် ကျွီကျွယ်ချန်က ဟို့ယွိဟောင်ဆီက မတူညီတဲ့အရာတစ်ခုကို ရှာဖွေနေခဲ့တာပါ။ ဒါကြောင့် နှစ်ကြိမ်တိတိရှုံးနှိမ့်မှုကို၀န်ခံရတာပါပဲ။ သူပိုပြီးကြိုးစားဖို့လိုအပ်တယ်လို့ သူ့ကိုယ်သူ၀န်ခံခဲ့ပါတယ်။

ကျွီကျွယ်ချန်နဲ့ ထပ်တူပဲ ဟို့ယွိဟောင်ရဲ့ စတေးမှုတွေကလဲ များပြားခဲ့တယ်။ သူ့ကိုယ်တိုင်အတွက်လဲ ပိုကြီးမားတဲ့ရည်မှန်းချက်တွေကို လိုက်မီနိုင်ဖို့အတွက် ကြိုးစားနေခဲ့တာပါ။ အခုလက်ရှိအချိန်မှာပြိုင်ဖက်ကင်းတဲ့ပါရမီကို အလဟာသမဖြစ်စေဖို့ အတွက် ပိုပြီးကြိုးစားဖို့လိုအပ်နေပြီလို့ တွေးနေခဲ့ပါတယ်။

” အခုမပြီးသေးဘူးလား ”

ဟို့ယွိဟောင်မျက်မှောင်ကြုတ်ရင်းနဲ့ အရှေ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။

” နင်ရဲ့အာရုံခံနိုင်စွမ်းကတကယ်ကိုတိကျတာပဲ ”

ခပ်တိုးတိုးအသံက ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီထောင့်ကနေ အမျိုးသမီးတစ်ယောက်ထွက်လာပါတော့တယ်။ ဒါကတော့ ဒီအခန်းထဲမှာပဲ သူမရဲ့စိတ်၀ိညာဥ်ပြန်ပေးဖို့ဟို့ယွိဟောင်ကို တောင်းပန်ခဲ့ဖူးတဲ့ နနပါ။

သူမဘာကြောင့်ပြန်လာလဲ သူသိပါတယ်။ အခုလက်ရှိအချိန်မှာ သူအနည်းငယ်အားနာနေခဲ့တဲ့အတွက် တောင်းပန်ခဲ့တယ်။

” အားနာပါတယ်…အစောပိုင်းတုန်းက ထူးခြားတဲ့အခြေအနေတစ်ခုကို ရောက်နေခဲ့လို့ပါ ”

“ငါနောက်ကိုလိုက်ခဲ့ မင်းရဲ့စိတ်၀ိညာဥ်ကိုပြန်ပေးမယ် ”

ဒီစကားတွေကိုကြားပြီတဲ့နောက် နနက ပိုပြီးစိတ်သက်သာရာရသွားတဲ့ပုံရပါတယ်။ ဘာအကြောင်းရင်းကြောင့်မှန်းမသိ သူ့ကိုယုံကြည်နေခဲ့တယ်။ တခြားအချိန်တွေမှာ သူ့ရဲ့မောက်မာမှုက ကြောက်စရာကောင်းပေမဲ့ အရှေ့ရက်တုန်းက အဖြစ်အပျက်ကို တွေးမိပြီချိန်မှာတော့ သူ့ရဲ့မျက်နှာတွေက ပူလာခဲ့ပါပြီ။

ဒီကိစ္စတွေအကြောင်းကို သူစဥ်းစားပြီတဲ့နောက် သူအတော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာကို နားလည်သဘောပေါက်သွားပါတော့တယ်။

သူမရဲ့ အတွေးတွေက ရှုပ်ထွေးနေခဲ့တဲ့အတွက် မကြာခင်မှာပဲ ဟို့ယွိဟောင်နောက်ကိုလိုက်ပြီ အထဲကို၀င်လာခဲ့တယ်။

ဟို့ယွိဟောင်က သူမကို ထိုင်ဖို့အတွက်မပြောခဲ့ပါဘူး။ နနကိုမြင်တိုင်း အမြဲတမ်းစိတ်မသက်မသာဖြစ်ရလို့ပါ။

မင်းရဲ့စိတ်၀ိညာဥ်ကို ငါချိတ်ပိတ်ထားတယ်…ငါရဲ့သိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်အမျိုးအစားပဲ ဒါ့အပြင် မင်းရဲ့၀ိညာဥ်စွမ်းရည်ကလဲ ပုံစံမတူတဲ့စိတ်၀ိညာဥ်အမျိုးအစားပါ၀င်နေတယ်…ဒါကြောင့်သာ ငါဖိထားနိုင်တာ အနာဂတ်မှာမင်းရဲ့ဒီစိတ်၀ိညာဥ်ကို သုံတာအကြိမ်လျှော့ရမယ်…ဒါကအင်အားကြီးပေမဲ့ အကယ်၍ မင်းသာပြိုင်ဘက်ကသာမင်းကိုလုံး၀အပြတ်အသတ်ဖိနှိမ့်လိုက်မယ်ဆိုရင် ပြဿနာအကြီးကြီးတက်နိုင်တယ်…နောက်ဆုံးတော့လဲ ကျောင်းပြီတဲ့အချိန်တိုက်ခိုက်ရင်ကြုံတွေ့လာရမဲ့တိုက်ပွဲတွေက ရိုးရှင်းနိုင်မှာမဟုတ်ဘူး ”

” ကောင်းပါပြီ ”

နနက ခေါင်းညိတ်ရင်းနဲ့လိမ်လိမ်မာမာလေးဖြစ်သွားခဲ့ပါတယ်။

ဟို့ယွိဟောင်က သူမကို ဒီနေရာမှာအချိန်အကြာကြီးမနေစေချင်ပါဘူး။ သူမမြင်သင့်တဲ့အရာတွေကို ပြန်ပြန်ပြီစိတ်ထဲမှာမြင်ယောင်နေလို့ပါ။ ဒါကြောင့် မျက်လုံးတွေကိုပိတ်ရင်း စတင်ပြီ ဂါတာတွေကိုရွတ်ဖတ်ပါတော့တယ်။ သူ့ရဲ့ညာဘက်လက်က ခေါင်းကိုဖိထားပြီတဲ့နောက် ရွှေရောင်အလုံးလေးတစ်လုံးကိုနဖူးကနေထုတ်ယူလိုက်ပါပြီ။ အဲ့ဒီအလုံးလေးကို လက်ညိုးနဲ့ညွှန်ကြားပြီ ဖြည်းဖြည်းချင်းဆွဲယူလာခဲ့တယ်။

” အာရုံစိုက်ထား ခန္ဓာကိုယ်ကိုသက်သောက်သက်သာနေ မခုခံနဲ့ ”

ဟို့ယွိဟောင်ပြောလိုက်ပါတယ်။

နနလဲ ခပ်မြန်မြန်ပဲ ခန္ဓာကိုယ်ကိုသက်သောက်သက်သာဖြစ်အောင် ပြုပြင်ပြိီတဲ့နောက် မျက်လုံးတွေကို ပိတ်လိုက်ပါပြိီ။ အဲ့ဒီနောက် ငြိမ်ငြိမ်လေးစောင့်ဆိုင်းလို့နေပါတော့တယ်။

ဟို့ယွိဟောင်ရဲ့လက်ညိုးက ဒီဘောလုံးလေးကို လမ်းညွှန်လာခဲ့ပြီ သူမရဲ့နဖူးဆီကို ဖြည်းဖြည်းချင်းပြစ်ချလိုက်ပါတယ်။ သူမလဲ တစ်ကိုယ်လုံးလဲစတင်တုန်ရီလာတော့တယ်။ ရွှေရောင်အလင်းတန်းအလွှာက ခေါင်းကနေခြေဖျားအထိ စီးဆင်းလို့သွားခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ညာဘက်လက်ကိုပြန်သိမ်းလိုက်ပြီတဲ့နောက် သူမကို သေချာကြည့်နေခဲ့တယ်။

ဒီလိုမျိုး၀ိညာဥ်ကိုပြန်ပေးဖို့နည်းလမ်းကို အကြီးအကဲလျှပ်စီးဧကရာဇ်က သင်ကြားပေးခဲ့တာပါ။ ဒါပေမယ့် ပထမဆုံးအကြိမ် သူအသုံးပြုတာပါပဲ။ ဒါကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးလို့နေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ နနက ခပ်မြန်မြန်ပဲ ပြန်ပြီသက်သာလို့လာခဲ့တယ်။ နနမျက်လုံးတွေကို နောက်တစ်ကြိမ်ဖွင့်လိုက်ချိန်မှာတော့ ရွှေရောင်အလင်းတန်းတွေက မျက်လုံးထဲမှာစီးဆင်းလို့နေခဲ့ပါပြီ။

” အဆင်ပြေသွားပြီလား ”

ဟို့ယွိဟောင်မေးလိုက်တယ်။

နနလဲ ခေါင်းညိတ်ရင်းနဲ့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” စိတ်၀ိညာဥ်က အရင်ကထက်ပိုပြီးသိပ့်သည်းလာတာကိုခံစားမိတယ်…စိတ်၀ိညာဥ်ပညာတောင် တိုးတက်လာသလိုပဲ ကျေးဇူးတင်ပါတယ်…ဘယ်လိုများလုပ်လိုက်တာလဲ ”

” ဒါက ငါလျှို့၀ှက်ချက်ပဲ မပြောပြနိုင်ဘူး ”

ဟို့ယွိဟောင်ပြန်ဖြေလာခဲ့တယ်။

သူမရဲ့စိတ်၀ိညာဥ်က သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အချိန်အတော်ကြာအောင်ရှိနေခဲ့တဲ့အတွက် သူနဲ့တူတူတိုးတက်ပြောင်းလဲသွားပြီ အဆင့်မြင့်လာတယ်ဆိုတာကို ပြောပြလို့မရနိုင်ပါဘူး။

နနလဲ ထပ်မေးတော့ပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကိုကြည့်နေတဲ့ သူမရဲ့အကြည့်ကတော့ အနည်းငယ်ပြောင်းလဲသွားခဲ့ပါပြီ။

” ကောင်းပြီ မင်းရဲ့စိတ်၀ိညာဥ်ကိုငါပြန်ပြီပေးပြီးပြီ တခြားကိစ္စတွေမရှိတော့ဘူးဆိုရင် ပြန်သွားပြီစောစောနားလိုက်တော့ စိတ်၀ိညာဥ်ကိုတည်ငြိမ်အောင်လုပ်ဖို့အတွက် တရားထိုင်ဖို့လိုလိမ့်မယ် ”

” ကောင်းပါပြီ ”

နနလဲ ခေါင်းညိတ်ပြီတဲ့နောက် ထွက်သွားပါတော့တယ်။

ဟို့ယွိဟောင်ကတော့ မျက်မှောင်ကြုတ်နေဆဲပါ။ သူမရဲ့ စိတ်၀ိညာဥ်ကိုမြန်မြန်ပြန်ပေးလိုက်ပေမဲ့ သူမက နှုတ်ဆက်စကားတောင်မပြောခဲ့ပါဘူး။ သူထွက်သွားတာကောင်းတဲ့ကိစ္စဟုတ်ပေမဲ့ နောက်ဆုံးမှာတော့ ဒီကိစ္စတွေကို သူရှင်းလင်းနိုင်လိုက်ပါပြီ။

ခပ်မြန်မြန်ပဲ သူမျက်လုံးပြူးသွားပါတော့တယ်။ဘာကြောင့်လဲဆိုတော့ နနက တံခါးကိုရောက်ချိန်မှာ အခန်းအပြင်ကိုမထွက်သွားခဲ့လို့ပါ။ သူတမင်တကာဖွင့်ထားခဲ့တဲ့တံခါးကိုတောင် သူက သွားပိတ်လိုက်ပါပြီ။ ချက်ချင်းဆိုသလို လွန်ခဲ့တဲ့ခြောက်လတုန်းက သူကြုံတွေ့ခဲ့တဲ့ အ၀တ်အစားတွေချွတ်ချပြစ်တဲ့အခြေအနေကို ပြန်မှတ်မိပြီလန့်သွားပါတော့တယ်။

” မင်းဘာတွေလုပ်နေတာလဲ ”

ဟို့ယွိဟောင် ကြောက်ကြောက်လန့်လန့်နဲ့ နနကိုဆွဲခေါ်ရင်း တံခါးအပြင်ကိုတွန်းပြစ်ဖို့လုပ်တော့တယ်။

နနကတော့ ဘေးကိုကပ်လိုက်တာကြောင့် ဟို့ယွိဟောင်က ချော်ကျသွားခဲ့ပါတယ်။ အရှိန်နှုန်းကိုကြည့်မယ်ဆိုရင် ဟို့ယွိဟောင်က နနရဲ့ပြိုင်ဘက်ဘယ်လိုမှမဟုတ်နိုင်ပါဘူး။ သူမက အမြန်နှုန်းအမျိုးအစား၀ိညာဥ်ဘုရင်ဖြစ်တဲ့အပြင် ရွေ့လျားထိန်းချုပ်မှု၀ိညာဥ်လက်နက်ဌာနက လူတစ်ယောက်ဖြစ်နေခဲ့တာပါ။ သူမရဲ့အရိပ်တွေနဲ့အလင်းတန်းတွေအားလုံးက အရှိန်နှုန်းကိုမြင့်ဖို့အရမ်းအသုံး၀င်ပါတယ်။

ဟို့ယွိဟောင် အထိတ်တလန့်ဖြစ်လာပြီ တိုက်ခိုက်တော့မဲ့အချိန်မှာပဲ နနက မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုကို ဖန်တီးလိုက်ပါတယ်။

သူမက သူလာဆွဲတာကို ရှောင်ရှားလိုက်ပေမဲ့ ချက်ချင်းဆိုသလို ဒူးထောက်ချလိုက်တာပါ။ ဟို့ယွိဟောင်က သူမရဲ့လက်ကိုဆွဲပြီတော့တောင် အပြင်မထုတ်လိုက်နိုင်ပါဘူး။

” ဘာ ဘာတွေလုပ်နေတာလဲ ”

ဟို့ယွိဟောင် ထိတ်လန့်တကြားနောက်ကိုနှစ်လှမ်းဆုတ်သွားခဲ့တယ်။ နနရဲ့မျက်လုံးတွေကတော့ နီရဲလို့နေပါပြီ။

“ဟို့ယွိဟောင် ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ ”

” အရင်ဆုံးထလိုက်ပါဦး ”

ဟို့ယွိဟောင် ဒီလိုအခြေအနေမျိုးကို လက်ခံဖို့ခက်ခဲနေခဲ့တယ်။ နနကတော့ ခေါင်းခါရင်းနဲ့ စတင်ပြီငိုကြွေးနေခဲ့ပါပြီ။

” ဒူးထောက်ပြီ စကားပြောပါရစေ ငါ ”

” အကယ်၍ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါမောင်းထုတ်ရလိမ့်မယ် ”

ဟို့ယွိဟောင်ကပြောပြီ တံခါးကိုဖွင့်လိုက်ပါတယ်။

” မလှုပ်နဲ့ ”

နနက ယို့ယွိဟောင်ရဲ့ခြေထောက်တွေကို ဖက်ထားရင်း တရှုံ့ရှုံ့ငိုကာပြောလာခဲ့တယ်။

” ငါ့ကိုမောင်းမထုတ်ပါနဲ့ ငါထပြီစကားပြောပါ့မယ် ”

သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ခြေထောက်ကိုအားပြုပြီ ထလာခဲ့ပါတယ်။ အခုအချိန်မှာတော့ အမှားတစ်ခုကိုကျူးလွန်မိတဲ့အတိုင်းခေါင်းငုံ့ထားရင်း ငိုကြွေးနေဆဲပါ။

ဟို့ယွိဟောင်ရဲ့စိတ်ကလဲ အနည်းငယ်နူးညံ့သွားခဲ့တဲ့အတွက် ထိုင်ခုံတစ်ခုကိုလက်ညိုးထိုးရင်ပြောလိုက်ပါတယ်။

” အဲ့မှာထိုင်လိုက်ဦး ”

နနလဲ လိမ်လိမ်မာမာလေး ထိုင်လိုက်ပြီတဲ့နောက် မေးလာခဲ့ပါတယ်။

” ငါရဲ့ဇာတ်ကြောင်းကို နားထောင်ချင်လား ”

” အကယ်၍ မင်းကိုပြောခွင့်မပေးဘူးဆိုရင်ရော မင်းအခန်းထဲကထွက်သွားမှာမလို့လား ”

” ငါက ဂုဏ်ထူးခံမိသားစုတစ်ခုကနေလာခဲ့တာ ငါရဲ့အဖေက နေလနိုင်ငံတော်ရဲ့ အိမ်ရှင်ကြီးတစ်ယောက်ပဲ အမ် ပြောရမယ်ဆိုရင် မြင့်မြတ်သူတွေရဲ့မျိုးနွယ်ထဲမှာ အနှိမ့်ဆုံးလို့တော့ပြောလို့ရနိုင်တယ်…ငါတို့မှာမြေတွေအများကြီးမပိုင်ဆိုင်ထားပေမဲ့ အိမ်ခြံမြေတွေနဲ့ ဆိုင်တွေအများကြီးရှိတယ်…တော်တော်လေး အဆင်ပြေပြေနေထိုင်ခဲ့တယ်လေ ဒါ့အပြင် ငါအဖေရဲ့ မူလသိုင်းပညာ၀ိညာဥ်က ၀ိညာဥ်စွမ်းအားမရှိတာကြောင့် သူက ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်မလာနိုင်ဘူး ”

” တိုက်ဆိုင်မှုတစ်ခုကြောင့်သာ ငါတို့ရဲ့ မိဘတွေက တွေ့ဆုံခဲ့ရတယ်…ငါရဲ့အဖေက အေးအေးဆေးဆေးအနားယူခရီးထွက်နေတဲ့အချိန်မှာ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ရင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ငါအမေနဲ့ ရုတ်တရက်တွေ့ဆုံခဲ့ရတာ ငါအမေနဲ့ ငါအဖေတွေ့ဆုံချိန်မှာ အမေက သတိလစ်နေခဲ့တယ်လေ သူ့ကိုကယ်တင်ခဲ့ပြီတော့ အသက်အန္တရာယ်ကနေ လွှတ်မြောက်အောင်ကူညီခဲ့တယ်။ ဒါပေမယ့် သူမရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်တာကြောင့် ငါအဖေလဲ ရွေးချယ်စရာမရှိပဲ သူ့ကိုအိမ်ခေါ်လာပြီ ဆေးကုပေးခဲ့ရတယ် ”

” သူ့ရဲ့ဒဏ်ရာတွေက အရမ်းကိုပြင်းထန်လွန်တာကြောင့် တစ်လတိတိကုသပြီမှပဲ အပြည့်အ၀ပြန်ကောင်းမွန်လာခဲ့တယ်…ဒါ့အပြင် ငါအဖေရဲ့စိတ်ရောကိုယ်ပါစစ်မှန်တဲ့ပြုစုစောင့်ရှောက်မှုတွေကသူ့ကိုစိတ်လှုပ်ရှားသွားစေခဲ့တယ်.. ထွက်သွားရမဲ့နေ့မှာသူကသူမကို ဆွဲထားခဲ့ပြီ ချစ်ခင်မြတ်နိုးတဲ့အကြောင်းကို ဖွင့်ပြောခဲ့တယ်…ဒါပေမယ့် သူမက ဒီလိုမျိုးချစ်ခြင်းမေတ္တာတွေကို လက်ခံဖို့မသင့်တော်တဲ့သူလို့ပြောပြီ ငြင်းခဲ့တယ်…ဒါ့အပြင် သူမကို ဒီလိုလက်ခံထားတာက သူ့ကို ထိခိုက်စေမှုပဲဖြစ်လာမယ်လို့လဲ သတိပေးခဲ့တယ်…ဒါပေမယ့် ငါအဖေတော့ ခေါင်းမာမာနဲ့ပဲ သူမကြောက်တဲ့အကြောင်းကို ပြောခဲ့ပြီ သူမကိုအတင်းဆွဲထားခဲ့ပြန်တယ်…သူကိုယ်တိုင်ကလဲ အရမ်းအယူသီးတဲ့သူမဟုတ်တဲ့အကြောင်းကိုလဲ ပြောပြခဲ့သေးတယ် ”

အတိတ်ကာလအကြောင်းတွေကို ပြန်ပြောနေရင်း နနရဲ့ မျက်လုံးတွေက ပိုပိုပြီးနာကျင်မှုတွေနဲ့ ပြည့်နှက်လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ အလေးအနက်နားထောင်နေခဲ့ပါတယ်။

” တစ်လကျော်ကြာအောင် သူတို့နှစ်ယောက်အတူတူရှိခဲ့ပြီတဲ့နောက် အဖေရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကို ခံစားခဲ့ရတယ်…ဒါကြောင့်သာ တွေဝေပြီတဲ့နောက် ဆက်နေဖို့အတွက်သူမဆုံးဖြတ်ခဲ့တယ်..သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေ စတင်ဖူပွင့်လာပြီတဲ့နောက် သုံးလအကြာမှာပဲ သူတို့လက်ထပ်ခဲ့ကြတယ်…တစ်နှစ်ကြာပြီတဲ့နောက်မှာ ငါကိုမွေးဖွားခဲ့တယ် ”

” ငါအဖေက မျိုးရိုးမြင့်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့သူက အတော်ကိုကြင်နာတတ်တဲ့သူပဲ ရှိသမျှလူတွေအကုန်လုံးအပေါ်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အပြင် အမေနဲ့လက်ထပ်ပြီတဲ့နောက်မှာလဲ သူမကို တော်တော်ကောင်းကောင်းလေးထားခဲ့သေးတယ်..အိမ်မှာပဲ သူတို့နှစ်ယောက်က အေးအေးဆေးဆေးနေထိုင်ခဲ့ကြသလို ငါအသက်ခြောက်နှစ်မပြည့်ခင်အထိ အတော်ကိုပျော်ရွှင်တဲ့ဘ၀ပိုင်ဆိုင်ခဲ့ကြတာ လူတစ်ယောက်ယောက်မလာခင်အထိပေါ့ ”

နနရဲ့မျက်ရည်တွေက နောက်တစ်ကြိမ်ထပ်ပြီ စီးကျလာပြန်ပါတယ်။

” အဲ့ဒီတုန်းက ငါအသက်ခြောက်နှစ် တစ်ရက်မှာငါအမေက အဖေကို ပြောခဲ့တယ်…သူအပြင်သွားဖို့လိုတယ်တဲ့ ငါကအဲ့ဒီအချိန်မှာ အတော်လေးကို ငယ်သေးတာကြောင့် ငါအမေရဲ့နောက်ကနေကပ်ပြီတော့လိုက်သွားခဲ့တယ်…သူက ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ဖို့သွားတယ်ဆိုတာ ငါနောက်မှသိခဲ့တာ ဒါ့အပြင် သူမရဲ့ ၀ိညာဥ်စွမ်းအားတွေကအဆင့်တစ်ခုကိုရောက်နေပြီဖြစ်တာကြောင့် ဆက်ပြီတိုးတက်ဖို့အတွက် ၀ိညာဥ်စက်ကွင်းတစ်ကွင်းကို လိုအပ်နေခဲ့တယ် ”

“ငါအမေကလဲ သာမန်အရည်အချင်းနဲ့ပဲ မွေးဖွားလာတာကြောင့် သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ ကျင့်ကြံမှုတွေအားလုံးက ကိုယ်တိုင်ဖန်တီးလာတာ​ကြီးပဲ သူမ ခပ်ငယ်ငယ်တုန်းက ၀ိညာဥ်ပညာရှင်တွေရဲ့ မူလတန်းကျောင်းကိုတက်ခဲ့ပြီ ရိုးရှင်းတဲ့အသိပညာတချို့ကို သင်ကြားခဲ့ပေမဲ့ အဲ့ဒီတုန်းက အတော်လေးကို ငွေကြေးအဆင်မပြေတဲ့အတွက် ဆက်ပြီပညာမသင်ကြားခဲ့ရဘူး…ငါအသက်ခြောက်နှစ်အရွယ်ရောက်ချိန်မှာတော့ သူရဲ့ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ကြိုးစားရင်းအဆင့်လေးဆယ်ရောက်ရှိပြီ ၀ိညာဥ်ဘိုးဘေတစ်ယောက်ဖြစ်လာခဲ့တယ်…သာမန်လူတစ်ယောက်အတွက်တော့ ဒါက အတော်လေးရှားပါးတဲ့ကိစ္စပဲလေ ”

” ငါအဖေက အမေကိုအမြဲတမ်းအားပေးခဲ့ပေမဲ့ သူမနှစ်၀က်တောင်ကြာအောင် ပျောက်သွားတာ နှစ်၀က်ကြာပြီတဲ့နောက်မှတော့ အတော်ကို ဆိုးရွားတဲ့အခြေအနေပုံစံနဲ့ ပြန်ရောက်လာခဲ့တယ်…ငါအဖေလဲ တစ်ခုခုလွဲမှားနေတာကို သတိမထားမိပဲ အမေကို ပြန်တွေ့ရလို့အရမ်းကို သူပျော်နေခဲ့တယ်လေ သူမက သူ့ရဲ့၀ိညာဥ်စက်ကွင်းကိုရရှိနိုင်ခဲ့တယ်…အဲ့ဒီအချိန်တုန်းက ငါရဲ့သိုင်းပညာ၀ိညာဥ်ကလဲ နိုးထနေပြီးပြီ ငါအမေလိုပဲ ငါရဲ့သိုင်းပညာ၀ိညာဥ်က ရောင်စဥ်တန်းတွေဖြစ်ခဲ့တယ်. ”

” သူပြန်လာပြီသိပ်မကြာခင်မှာပဲ လူစိမ်းတစ်စုက ငါတို့ရဲ့အိမ်ထဲကို ထိုးဖောက်ပြီ၀င်လာခဲ့တယ်လေ သူတို့ သူမကိုဘာပြောလိုက်လဲဆိုတာမသိပေမဲ့ သူမက သူတို့နဲ့ထွက်သွားခဲ့တယ်…အဖေက တားဖို့ကြိုးစားခဲ့ပေမဲ့လဲ မတားဆီးနိုင်ခဲ့ဘူး ”

” အဲ့ဒီနေ့ကစပြီ ငါမိသားစုအတွက် အိပ်မက်ဆိုးကြီးက စတင်တော့တယ်…ငါအမေက နေ့တိုင်းအိမ်ကနေထွက်သွားပြီတော့ အချိန်အကြာကြီးပျောက်ပျောက်နေတတ်တဲ့အပြင်..ပြန်လာတိုင်းပြန်လာတိုင်း သူမရဲ့အစွမ်းအစတွေကလဲ ပိုပိုသန်မာလာသလောက် တအားကိုသွေးအေးပြီ ကြောက်စရာကောင်းတဲ့ပုံစံဖြစ်လာခဲ့တယ် ”

” ငါ့ကို၀ိညာဥ်ပညာရှင်တွေရဲ့ကျောင်းတော်တစ်ခုမှာ သင်ကြားဖို့အတွက် အဲ့ဒီနောက်ပိုင်းမှာအပို့ခံလိုက်ရတယ်လေ အစတုန်းကတော့ အိမ်မှာဘာတွေဖြစ်နေလဲမသိပေမဲ့ ငါအိမ်ကိုပြန်လာတဲ့တစ်နေ့မှာ အိမ်ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေတော်တော်များများပျောက်နေတာကို တွေ့လိုက်ရတဲ့အပြင် အဖေကလဲ အများကြီးအိုမင်းသွားသလိုပဲ ငါရဲ့တခြားဆွေမျိုးသားချင်းတွေကလဲ အိမ်ကိုတော်မလာတော့ဘူး ”

” ငါသူ့ကိုဘာတွေဖြစ်ခဲ့လဲဆိုတာမေးပေမဲ့ သူဘာမှမပြောဲ သက်ပြင်းသာချနေခဲ့တယ်…ငါအမေကိုမေးဖို့ကြိုးစားပေမဲ့လဲ သူ့ကိုရှာလို့တောင်မတွေ့ခဲ့ဘူး..ငါအသက်ဆယ်နှစ်နှစ်ရောက်တဲ့အချိန်မှာ ကျောင်းတော်ကိုတစ်ယောက်ယောက်က ရောက်လာပြီတာ့ ငါအဖေဆုံးပါးသွားတဲ့အကြောင်းလာပြောပြခဲ့တယ် ”

သူပြောရင်းနဲ့ နနက ငိုကြွေးပြီဆက်တိုက်ဆိုသလို ရှိုက်ငင်နေတာကြောင့် အသက်ပျောက်လုမတတ်ဖြစ်နေခဲ့ပါပြီ။ သူမဘာတွေပြောနေလဲဆိုတာကို ဟို့ယွိဟောင်နားလည်ဖို့မနည်းကြိုးစားနေရပါတယ်။ ဒါကြောင့် သူထရပ်ရင်းနဲ့ နနကို အ၀တ်စတချို့ကမ်းပေးလိုက်ပြီ မျက်ရည်တွေကိုသုတ်စေလိုက်တယ်။

တခဏတာကြာပြီချိန်မှသာ နနလဲ သူ့ရဲ့အသံကိုပြန်တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပါတယ်။ အဲ့ဒီနောက် သူမဆက်ပြောတော့တယ်။

” ငါအရူးတစ်ယောက်လိုမျိုး အိမ်ကိုပြေးသွားပေမဲ့နောက်ကျလွန်သွားခဲ့ပြီ အဖေက မျက်လုံးပွင့်လျက်သားကြီးနဲ့ သေဆုံးသွားခဲ့တာ သူဆုံးပါးသွားပြီဖြစ်ပေမဲ့ သူမယုံနိုင်တဲ့ပုံစံအကြည့်က လုံး၀ကျန်နေတုန်းပဲ သူလုံး၀နားမလည်နိုင်တဲ့တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ရပုံပေါ်တယ် ”

” အဖေကိုဘယ်သူသတ်ခဲ့တာလဲ သူ့ရဲ့ရင်ဘတ်မှာသေစေနိုင်လောက်တဲ့ဒဏ်ရာကြီး ထင်ထင်ရှားရှားရှိနေတယ်…ဘယ်သူက ဒီလောက်ရက်ရက်စက်စက်လုပ်သွားတာလဲ ”

” ငါအဖေကိုဆက်တိုက်အော်ခေါ်နေပေမဲ့ သူက ငါအသံကိုမကြားနိုင်တော့ဘူး..နိုလဲမနိုးထလာတော့ဘူး…အမေကိုဘယ်ရောက်သွားပြီလဲလို့ရှာနေခဲ့ပေမဲ့လဲ လုံး၀ကိုမတွေ့ခဲ့ပဲဖြစ်ခဲ့ရတယ် ”

အပိုင်း ၁၈၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset