Switch Mode

Chapter – 183.2

သီးခြားလေ့ကျင့်ပြီးတဲ့နောက် ပြောင်းလဲသွားမှုများ

အပိုင်း ၁၈၃•၂

” သီးခြားလေ့ကျင့်ပြီတဲ့နောက် ပြောင်းလဲသွားမှုများ ”
°°°
ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းလေးခုထဲမှာ သုံးခုထဲကအရောင်ကပိုပြီးတောက်ပနက်ရှိုင်းလာခဲ့ပါပြီ။ ပထမဆုံး၀ိညာဥ်စက်ကွင်းကသာ အရောင်မပြောင်းပဲရှိခဲ့တာပါ။ တခြားသုံးခုကတော့ အနက်ရောင်ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ရဲ့အကဲဖြတ်မှုအရဆိုရင် အရာအားလုံးက နှစ်ပေါင်းလေးသောင်းကို ကျော်လွန်လို့သွားတော့မှာပါ။ ဒါက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စိတ်၀ိညာဥ်မူလအင်အားကို သုံးဆယ်ရာခိုင်နှုန်းအထိ စုပ်ယူနိုင်တာကြောင့် အကျိုးရလဒ်ပါပဲ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ ကောင်းကောင်းနားလည်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေ အရမ်းကြီးမြင့်သွားမယ်ဆိုရင် ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။ မဟုတ်ရင် သူချိတ်ပိတ်ထားတဲ့ ချိတ်ပိတ်စည်းတွေက အခုလောက်အခြေအနေအထိ မရောက်လာနိုင်မှာအသေအချာပါပဲ။ အခုလက်ရှိအချိန်မှာကတော့ ၀ိညာဥ်စက်ကွင်းတွေက နှစ်ပေါင်းလေးသောင်းသာရှိသေးပေမဲ့လဲ နှစ်ပေါင်းသိန်းချီတဲ့၀ိညာဥ်စက်ကွင်းတွေအဖြစ်ကို ပြောင်းလဲနိုင်တဲ့အလားအလာရှိနေခဲ့ပါတယ်။

နှစ်၀က်ကုန်ဆုံးသွားပြီတဲ့နောက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်မှာကြုံတွေ့ခဲ့တဲ့ကိစ္စကြီးကိုလဲ သူတို့ဖြေရှင်းလို့ပြီးခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ ရွှမ်ကျင့်၀မ်ကို သွားရှာချိန်မှာတော့ သူ့ကို ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ထဲ နောက်တစ်ကြိမ် ခေါ်သွားခံရပြန်ပါတော့တယ်။ မြေအောက်စမ်းသပ်ခန်းမှာ လူတော်တော်များများက အခုအချိန်အထိ သူ့ကိုအာရုံစိုက်နေခဲ့ပြီ။ ဒါပေမယ့် သူကတော့ အရင်ကထက်ပိုပြီးသိုသိုသိပ့်သိပ့်ရှိနေခဲ့တယ်။ သူကတိတ်တဆိတ်သာလမ်းလျှောက်လာခဲ့ပြီ သူ့ရဲ့စမ်းသပ်လေ့လာရေးစားပွဲခုံအသစ်ဆီကို ငြိမ်ငြိမ်သက်သက်လေလျှောက်သွားကာ အဲ့ဒီနရာမှာ သူလုပ်စရာရှိတဲ့ဥစ္စာတွေကိုသာလုပ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာတခြားသူတွေအမြင်နဲ့ကြည့်မယ်ဆိုရင် သူကလွန်ခဲ့တဲ့နှစ်၀က်နဲ့ ဘာမှသိပ်ပြီကွာခြားပုံမပေါ်ပါဘူး။ ဒါပေမယ့် ပြဿနာကတော့ရှိနေဆဲပါပဲ။

ဟို့ယွိဟောင်တစ်နေ့တာတွေကို လေ့လာပြီဆုံးတဲ့နောက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ထွက်ခွာလို့သွားခဲ့ပါတယ်။ သူ့ရဲ့ကျောင်းဆောင်ဆီလျှောက်နေတဲ့လမ်းမှာပဲ စိတ်ပိုင်ဆိုင်ရာတွက်ချက်နိုင်စွမ်းတွေနဲ့ လက်တွေ့ကျကျဆင်ခြင်စဥ်းစားနိုင်တဲ့ အရည်အချင်းက ပြောင်းလဲလာတာကို ခံစားလိုက်ရတယ်။

၀ိညာဥ်လက်နက်တွေအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုကလဲ ပိုမိုနက်ရှိုင်းပြီမြင့်မားလို့လာခဲ့ပါပြီ။ ဒါက တကယ်ကိုသတင်းကောင်းပါ။

လက်ရှိအချိန်မှာ သတ္ထုလူသားကြီးကိုသွားပြီလေ့လာလို့မရသေးပေမဲ့လဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့အစွမ်းအစတွေကို အခြေခံခိုင်လာအောင် ပိုပြီးလုပ်ဆောင်လို့ရမှာပါ။ ဒါက အနာဂတ်လေ့လာမှုအတွက် အများကြီးအကျိုးရှိနေလိမ့်မယ်။

သူ့ရဲ့အခန်းဆောင်ထဲကို ၀င်တော့မဲ့အချိန်မှာပဲ တစ်စုံတစ်ခုကြောင့် ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်။

ဟို့ယွိဟောင်ရဲ့ဘယ်ဘက်ခြေဖျားက မြေပြင်မှာထောက်လျက်သားကျသွားခဲ့ပြီ သူရပ်သွားခဲ့ပါတော့တယ်။ ခန္ဓာကိုယ်ကို ခပ်မြန်မြန်ပဲ တခြားတစ်ဖက်ဆီကို လှည့်လိုက်တော့တယ်။

” ကျွီကျွယ်ချန်လား ”

မှောင်မဲပြီတိတ်ဆိတ်နေတဲ့ ထောင့်တစ်ခုမှာ ကျွီကျွယ်ချန်က သူ့ရဲ့ဓားကိုကိုင်ရင် ဖြည်းဖြည်းချင်းအပြင်ကိုထွက်လာခဲ့ပါတယ်။ သူက အရင်လိုအေးစက်ပြီ မောက်မာနေဆဲပါပဲ။ လွန်ခဲ့တဲ့နှစ်၀က်နဲ့ယှဥ်လိုက်မယ်ဆိုရင် အခုတော့သူ့ရဲ့အငွေ့အသက်တွေက ပိုမိုပြီးစူးရှထက်မြက်လို့နေခဲ့တယ်။

” ငါမှန်မင်းချက်ချင်းသိတယ်လား ”

” မင်းရဲ့ဓားအငွေ့အသက်က ပြိုင်ဘက်ကင်းတယ်လေ ”

ကျွီကျွယ်ချန်က ခေါင်းညိတ်ရင်းပြန်ပြောလာခဲ့တယ်။

” ကျေးဇူးပဲ ”

” ဘာအတွက်လဲ ”

” အဲ့ဒီနေ့ပြီတဲ့နောက် ငါပြန်သွားတာနဲ့ နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေထဲကို၀င်ရောက်သွားတယ်…ငါရဲ့ဓားကိုနားလည်သဘောပေါက်မှုက မင်းကြောင့်သာနင်ရှိုင်းလာရတာ ဒါကြောင့် ကျေးဇူးတင်ရတာပဲ ”

” မင်းလဲ ဒီလိုအခြေအနေကိုရောက်သွားတယ်လား ဒါဆိုရင် ဂုဏ်ပြုပါတယ်…ငါကိုကျေးဇူးတင်ဖို့မလိုဘူး..ငါနိုးလာတာသိပ်မှမကြာသေးပဲ တွေးကြည့်လိုက်ပါ ဒါကံတရားပဲလေ ငါတို့နှစ်ယောက်စလုံးကအဲ့ဒီတိုက်ပွဲကြောင့် အတော်လေးအကျိုးအမြတ်ရခဲ့တယ်မလား ”

ကျွီကျွယ်ချန်ကတော့ သူ့ရဲ့ပုံမှန်ပုံစံနဲ့မတူညီတဲ့စိတ်ရှုပ်တဲ့မျက်နှာထားကို ပြလာခဲ့ပါတယ်။

” ငါရဲ့တရားထိုင်မှုက တစ်လပဲကြာတာ ဒါပေမယ့် မင်းကနှစ်၀က်တောင်ကြာတယ်..အဲ့ဒီတော့ မင်းနှစ်၀က်ကြာပြီတဲ့နောက် ဘယ်လောက်တိုးတက်လာတယ်ဆိုတာ မြင်ချင်တယ် ”

” ကောင်းပြီလေ ”

ဟို့ယွိဟောင်က မငြင်းပယ်ခဲ့သလို မေးခွန်းလဲမမေးခဲ့ပါဘူး။ ကျွီကျွယ်ချန်လိုလူမျိုးနဲ့စကားများများပြောတာက ဘာအဓိပ္ပာယ်မှမရှိမှန်း သူသိနေခဲ့တယ်။ ဒါ့အပြင် ကျွီကျွယ်ချန်က သူ့ရဲ့ဓားကိုလက်နှစ်ဖက်နဲ့သာကိုင်ထားပြီသားပါ။ ဟို့ယွိဟောင် သူပြောတာကိုလိုက်လုပ်လုပ် သူက ဂရုစိုက်မဲ့ပုံမပေါ်ပါဘူး။

ဟို့ယွိဟောင်က မပြင်ဆင်ထားပဲ ကျွီကျွ
ယ်ချန်ကို တောက်ပတဲ့မျက်လုံးတွေနဲ့သာ စိုက်ကြည့်နေခဲ့ပါတယ်။

ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်လာခဲ့ပါပြီ။ ဟို့ယွိဟောင် ခြေတစ်လှမ်းလှမ်းလိုက်တိုင်မှာ သူ့ခန္ဓာကိုယ်ပတ်လည်ကိုလွှမ်းခြုံထားတဲ့ ရွှေရောင်အလင်းတန်းတွေက အလွှာတစ်ထပ်ဆီကို တိုးလာခဲ့ပါတယ်။ မျက်လုံးတွေကလဲ ရွှေရောင်တောက်ပလို့နေခဲ့ပြီ သူလှမ်းလိုက်တဲ့ခြေလှမ်းတိုင်ကရွှေရောင်ခြေရာတွေအဖြစ် လမ်းမှာကျန်နေခဲ့တယ်။

လက်ရှိအချိန်မှာ ကျွီကျွယ်ချန်က လွန်ခဲ့တဲ့နှစ်၀က်နဲ့ကွာခြားနေခဲ့ပါပြီ။ သူ့ရဲ့ဓားအငွေ့အသက်က လက်ရှိအချိန်မှာ အရင်လိုအဝေးကြီးကို ပြန့်ထွက်လို့မလာခဲ့ပါဘူး။ အလင်းတန်းလေးလိုတစ်ခုအသွင်နဲ့ အပြင်ကိုပြန့်လာနေခဲ့ပါတယ်။ ဒါပေမယ့် ဒီအလင်းတန်းလေးက အရင်ကထက်အများကြီးပိုမိုအားကောင်းနေခဲ့တယ်။ အရမ်းကိုသန်မာတဲ့ ဓားအငွေ့အသက်ဖြစ်သလို နဂါးတစ်ကောင်လိုမျိုးပုံစံပြောင်းနေခဲ့တာပါ။

ဒါပေမယ့် အဲ့ဒီဓားအငွေ့အသက်တွေက ဟို့ယွိဟောင်ကိုမတားဆီးနိုင်ပဲ သူတို့တွေသာ ဖျက်ဆီးခံလိုက်ရပါတယ်။

ကျွီကျွယ်ချန်က ဟို့ယွိဟောင် သူ့အနားရောက်လာချိန်မှာတောင် သူ့ရဲ့ဓားကိုတောင်ထုတ်ပြီမထိုးချလိုက်ပါဘူး။ နှစ်ယောက်စလုံးက နှစ်မီတာသာကွာပါတော့တယ်။ ဟို့ယွိဟောင်လဲ လမ်းမှာရပ်လိုက်ပါပြီ။ အခုလက်ရှိအချိန်မှာ သူတစ်ကိုယ်လုံးကရွှေရောင်ရုပ်ထုကြီးလို အရောင်ပြောင်းနေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကြီးမားတဲ့အငွေ့အသက်ကို မထုတ်လွှတ်နေတဲ့အတွက် သူ့အနားဘယ်သူပဲကပ်လာပါစေ ဖိအားကိုခံစားရမှာမဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကျွီကျွယ်ချန်ရဲ့နဖူးတစ်ခုလုံးကတော့ ချွေးသီးချွေးပေါက်တွေနဲ့ ပြည့်လို့နေပါတော့တယ်။ သူ့ရဲ့ချွေးလုံးတွေက ပါးပေါ်အထိကိုစီးကျလို့လာခဲ့ပါပြီ။ ဓားကိုကိုင်ထားတဲ့လက်နှစ်ဖက်စလုံးကလဲ တုန်ရီလို့လာပါတော့တယ်။

ဟို့ယွိဟောင်ကလက်နှစ်ဖက်ကိုနောက်ပြစ်ရင်း ပြောလာခဲ့တယ်။

” မင်းက လမ်းမှန်ပေါ်ကိုရောက်နေပြီ အာရုံလဲစူးစိုက်တဲ့အပြင် ကိုယ်ရဲ့ဓားကိုလဲ တစ်ဘ၀တာလုံး စိတ်အားထက်သန်သန်နဲ့ လေ့လာခဲ့တယ်…အကယ်၍ ဒီအတိုင်းဆက်သွားမယ်ဆိုရင်သေချာပေါက် အများကြီးအောင်မြင်မှာ အာရုံစူးစိုက်မှုကိုပြောမယ်ဆိုရင် ငါတောင်မင်းရဲ့ပြိုင်ဘက်မဟုတ်နိုင်ဘူး…ဒါပေမယ့် ငါရဲ့ပါရမီနဲ့ ကံကြမ္မာက မင်းထက်အများကြီးပိုပြီးသာတယ်…ငါမှာဆရာကောင်းတစ်ယောက်လဲ ရှိတယ်လေ အကယ်၍ မင်းငါ့ကိုအနိုင်ယူချင်တယ်ဆိုရင် တစ်ဘ၀တာလုံးငါကိုအမီလိုက်နေဖို့လိုလိမ့်မယ် ”

သူပြောပြီတာနဲ့ ဟို့ယွိဟောင်က လက်တွေကိုအနည်းငယ်လှုပ်ရှားပြီ ​လှည့်ထွက်လို့သွားပါတော့တယ်။ သူခြေလှမ်းတစ်လှမ်းလှမ်းလိုက်ချိန်တိုင်းမှာ ရွှေရောင်အလင်းတန်းတွေက နည်းနည်းချင်းဆီ မှိန်လာခဲ့တယ်။

သူမူလရပ်နေခဲ့တဲ့နေရာကို ပြန်ရောက်ချိန်မှာတော့ရွှေရောင်အလင်းတန်းတွေအားလုံးက ပျောက်သွားခဲ့ပါပြီ။ သူလဲ အခန်းထဲပြန်၀င်သွားပါတော့တယ်။

ဟို့ယွိဟောင် ပျောက်သွားချိန်မှာ ကျွီကျွယ်ချန်က နာနာကျင်ကျင်နဲ့အော်ငြီးလိုက်ပါတယ်။ သူ့ရဲ့ဓားကိုမြေပြင်ပေါ်စိုက်ချလိုက်ပြီတဲ့နောက် တစ်ကိုယ်လုံးချွေးတွေစိုရွှဲလို့နေသလို ဓားအငွေ့အသက်ကလဲ ချက်ချင်းပျောက်ကွယ်လို့သွားပါတော့တယ်။

သူတို့နှစ်ယောက်က ခန္ဓာကိုယ်ချင်းမတိုက်ခိုက်ခဲ့ကြပေမဲ့ ပြင်းထန်တဲ့အရှိန်အ၀ါတိုက်ခိုက်မှုကြီးကရှိနေခဲ့တယ်။

ကျွီကျွယ်ချန်ရဲ့ဓားက သူ့ရဲ့ဓားအငွေ့အသက်ကိုအဓိကအသုံးချတာပါ။ သူ့ရဲ့ ပြိုင်ဘက်ကိုဖိနှိမ့်နိုင်လိုက်ပြီဆိုရင် တစ်ဖက်လူကဘယ်လောက်ပဲသန်မာနေပါစေ အလွယ်လေးရှုံးနှိမ့်သွားရပါလိမ့်မယ်။

သူ့ရဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်းကျင့်ကြံဆင့်က ဟို့ယွိဟောင်ထက် အများကြီးသာလွန်နေပြီ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းဖြစ်လာတဲ့နောက် သိုင်းပညာ၀ိညာဥ်ရဲ့စစ်မှန်ခန္ဓာကိုယ်ကို ရရှိလာမယ်ဆိုရင်တောင် ဟို့ယွိဟောင်အရှိန်အ၀ါကိုမထိန်းချုပ်နိုင်ဘူးဆိုရင် သူရှုံးဦးမှာပဲ။

ဟို့ယွိဟောင်က သူရှေ့ရောက်လာနေတဲ့ ခြေလှမ်းတစ်လျှောက်မှာ ကြောက်စရာကောင်းတဲ့ဧကရာဇ်မင်းတစ်ပါးသူ့ကိုသတ်ဖြတ်ဖို့လာနေသလို ခံစားခဲ့ရတယ်။ ခြေလှမ်းတစ်လှမ်းချင်ဆိီတိုင်းကခြိမ်းခြောက်မှုအပြည့်နဲ့ရှိနေခဲ့သလို ဥသျှောင်ဧကရာဇ်တစ်ပါးလိုမျိုးအငွေ့အသက်က စိတ်၀ိညာဥ်အဆင့်မှာ သူဓားကိုလုံး၀အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပါတယ်။

ဟို့ယွိဟောင်သူ့အနားရောက်ချိန်မှာတောင်ဓားကိုထုတ်ပြီမထိုးချနိုင်ပါဘူး။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး သူ့ကိုကောင်းကောင်းဖိနှိမ့်ရင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ သူ့အစွမ်းအစကိုသိတာကြောင့် လက်နှစ်ဖက်နောက်ပြစ်ထားခဲ့တာပါ။

ဟို့ယွိဟောင်သူ့ကိုတိတ်တဆိတ်စောင့်ကြည့်လိုက်တဲ့အချိန်မှာပဲ ရှုံးနှိမ့်သွားပြီဆိုတာကျွီကျွယ်ချန်နားလည်လို့သွားခဲ့တယ်။ ဒါ့အပြင် အရင်တစ်ခေါက်ထက်ပိုပြီးတော့ ကြီးကြီးမားမားကွာခြားချက်နဲ့ ရှုံးနှိမ့်သွားတာပါ။ ဒီတစ်ကြိမ်မှာတော့ သူဆင့်ခေါ်ပြီ ဆန္ဒရှိခဲ့တဲ့အရှိန်အ၀ါအငွေ့အသက်စိတ်ဆန္ဒထက်ကို ဟို့ယွိဟောင်က အများကြီးသာနေခဲ့ပါပြီ။

” အကယ်၍ မင်းငါကိုအနိုင်ယူချင်တယ်ဆိုရင် တစ်ဘ၀တာလုံးငါနောက်ကိုအမီလိုက်ရလိမ့်မယ် ”

ဒီစကားကကျွီကျွယ်ချန်ရဲ့ခေါင်းထဲမှာ နက်နက်ရှိုင်းရှိုင်းစိုက်၀င်လို့သွားခဲ့ပါပြီ။ ဒီအကြောင်းကိုတွေးရင်တွေးရင်း သူ့ခန္ဓာကိုယ်ကလဲ တုန်ရီလို့လာပါတော့တယ်။

အဲ့ဒီနေမှာ ဆယ့်ငါးမိနစ်တိတိရပ်နေပြီတဲ့နောက် သူခေါင်းကိုပြန်မော့ရင်းနဲ့ သူ့ရဲ့အကြည့်ကလဲ ပိုမိုခိုင်မာလာပါတော့တယ်။

” ငါကလမ်းမှန်ပေါ်ကိုရောက်နေပြီ ငါတစ်ဘ၀တာလုံးအမီလိုက်ရမယ်ဆိုရင်တောင် သေချာပေါက် လိုက်မှာပဲ သူကငါရှာနေတဲ့ပစ်မှတ်ပဲ”

သူပြောပြီတာနဲ့အရမ်းကို စိတ်လှုပ်ရှားလာပါတော့တယ်။ ဟို့ယွိဟောင်၀င်သွားတဲ့နေရာကိုကြည့်ရင်း အသက်ပြင်းပြင်းရှုသွင်းပြီတဲ့နောက် သူလဲပြန်လှည့်ထွက်သွားကာ အမှောင်ထုထဲပျောက်ကွယ်လို့သွားခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ သူ့အခန်းထဲသူပြန်၀င်ပြီ ခေါင်းသာခါနေခဲ့မိတယ်။ အစောပိုင်းတုန်းက သူကြုံခဲ့ရတဲ့ကိစ္စဆိုတာအေးအေးဆေးဆေးရင်ဆိုင်လို့ရတာမဟုတ်ပါဘူး။ ကျွီကျွယ်ချန်က သူ့ရဲ့စိတ်၀ိညာဥ်ကိုဓားနဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ရော ပေါင်းစည်းဖို့နည်းလမ်းတစ်ခုရှာတွေ့သွားပြီဆိုတာ နားလည်ခဲ့ရပါတယ်။

ဒါက ဧကရာဇ်နယ်မြေနဲ့မတူပေမဲ့ သူ့ရဲအစွမ်းအစကလဲ တစ်မျိုးတစ်ဖုံထူးခြားနေပါတယ်။ အကယ်၍ သူဒီအတိုင်းသာဆက်သွားမယ်ဆိုရင် နောက်ထပ် ဧကရာဇ်နယ်မြေတစ်ခုကို သူဖန်တီးနိုင်လိုက်မယ်။

ကျွီကျွယ်ချန် ပါရမီအရသိပ်ပြီထူးချွန်တဲ့ပုံတော့မပေါ်ပါဘူး။ ဟို့ယွိဟောင် ရှင်းရှင်းလင်းလင်းအာရုံခံစားမိတာကတော့ ကျွီကျွယ်ချန်ဒီလောက်အထိ တိုးတက်လာနိုင်ခဲ့တယ်ဆိုတာ သူ့ရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှု စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုနဲ့ အာရုံစူးစိုက်စမ်းတွေကို အသုံးပြုပြီး ကိုယ်ပိုင်လမ်းဖောက်ခဲ့လို့ပါပဲ။

၀ိညာဥ်စွမ်းအားကို တိုးတက်လာတာကတော့ သူ့ရဲ့ကိုယ်ပိုင်ကျင့်ကြံမှုနဲ့ဆိုင်ပေမဲ့ ဒီလိုအသက်အရွယ်မှာ ဒီလောက်အဆင့်အထိရောက်နိုင်ဖို့ဆိုတာမကြိုးစားပဲနဲ့တော့ မဖြစ်နိုင်ပါဘူး။

အပိုင်း ၁၈၃•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset