အပိုင်း ၁၈၃•၁
” သီးခြားကျင့်ကြံပြီတဲ့နောက် ပြောင်းလဲသွားမှုများ ”
°°°
ဟို့ယွိဟောင်ခန္ဓာကိုယ်အနည်းငယ်လှုပ်ရှားလာတာကို မြင်လိုက်ရပြီချိန်မှာတော့ ဖန်းယွီသူအမြင်မှားတယ်လို့ တွေးလိုက်မိပါတယ်။ နောက်ဆုံးတော့လဲ သူစောင့်ဆိုင်းနေတာအတော်ကိုကြာမြင့်လွန်လှပါပြီ။ နှစ်၀က်တောင်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဟို့ယွိဟောင်က အဲ့ဒီနေရာမှာနှစ်၀က်လုံးလုံးမလှုပ်ရှားပဲ ထိုင်နေခဲ့တာပါ။ ဒါပေမယ့် သူအမြင်မှားနေတာမဟုတ်မှန်း ဖန်းယွီမကြာခင်မှာနားလည်သွားပါတော့တယ်။ ဖုန်တွေအမှုန်တွေဖြည်းဖြည်းချင်း မြေပြင်ပေါ်ကျလာနေတာကို သူမြင်လိုက်ရလို့ပါ။ အဲ့ဒီနေရာမှာနှစ်၀က်တိတိ သူထိုင်နေခဲ့တာကို ဘယ်သူမှလာမထိ၀ံ့ပါဘူး။ ဟို့ယွိဟောင်ကတစ်ကိုယ်လုံး ဖုန်တွေဖုံးနေရုံမကပဲ သူက ရွှံ့ရုပ်ထုကြီးတစ်ခုလိုပါပြောင်းသွားခဲ့ပါတယ်။
ဖန်းယွီလဲ ခပ်မြန်မြန်ထရပ်လိုက်ပြီတဲ့နောက် အရှေ့ကိုတိုးလာခဲ့တယ်။ သူဟို့ယွိဟောင်ကိုသေချာစိုက်ကြည့်နေခဲ့ပါတယ်။
ဟို့ယွိဟောင် တကယ်ကိုလှုပ်နေတာပါ သူ့ခန္ဓာကိုယ်က တုန်ရီလို့နေခဲ့ပြီ ဖုန်တွေက ဆက်တိုက်ဆိုသလို အောက်ကိုကျလာနေခဲ့ပါတယ်။ အပေါ်ယံမှာကပ်ညှိနေတဲ့အလွှာကတော့ စတင်ပြီ အက်ကွဲလာခဲ့ပါပြီ။
ဖန်းယွီလဲ အနည်းငယ်စိုးရိမ်ပူပန်းနေမိပါတယ်။ ဒါကြောင့် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို သူထုတ်လာခဲ့ပါပြီ။ နှစ်၀က်တိတိ လူတစ်ယောက်ဒီလိုမျိုး နက်ရှိုင်းတဲ့တရားထိုင်မှုထဲ၀င်သွားတာ သူမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ။
ဟို့ယွိဟောင် နိုးလာပြီတဲ့နောက် ဘယ်လိုအစာနဲ့ဘယ်လိုရေမျိုးကိုမှမတိုက်ကျွေးဖို့ အကြီးအကဲရွှမ်က မှာကြားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကို အမြန်ဆုံးပြန်လည်အင်အားဖြည့်တင်းဖို့အတွက် ဆေး၀ါးတွေကိုသောက်သုံးဖို့အတွက် လိုအပ်နေခဲ့တယ်။ ဘာကြောင့်လဲဆိုရင် အားအနည်းဆုံးအခြေအနေဖြစ်တာကြောင့်ပါ။
သူ့ခန္ဓာကိုယ်က ပိုမိုပြင်းပြင်းထန်ထန် တုန်ရီလာခဲ့ပြီ မျက်လုံးဖွင့်ဖို့ကြိုးစားပေမဲ့ အကျိုးမရှိတဲ့ပုံပေါ်နေခဲ့ပါတယ်။
ဖန်းယွီလဲ သူ့ကိုမထိ၀ံ့ပါဘူး။ အသက်ရှုတာကိုတောင် အောင့်ထားရင်းနဲ့ စောင့်ကြည့်နေပါတယ်။
ဒီနှစ်၀က်အတွင်းမှာဟို့ယွိဟောင်က သစ်ကိုင်းခြောက်တစ်ခုလိုမျိုး ပိန်ချုံးလို့သွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က လုံး၀ကို အစာအာဟာရမရှိတဲ့အတွက် ဆောင်ခိုနေတဲ့သားရဲကောင်အရိုင်းတစ်ကောင်လိုမျိုး သိုလှောင်ထားတဲ့စွမ်းအားတွေကို အကုန်ကုန်အောင်သုံးပြစ်လိုက်လို့ပါ။
တခဏတာကြာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တည်ငြိမ်လို့သွားပါတော့တယ်။ ဖန်းယွီတင် လန့်သွားတာမဟုတ်ပဲ သူကိုယ်တိုင်လဲ အတော်လေးကို ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တယ်။
သူအော်ငြီးရင်းနဲ့ ခန္ဓာကိုယ်ကို ရုတ်တရက်လှုပ်ခတ်လိုက်ပါပြီ။ ခန္ဓာကိုယ်ပေါ်မှာဖြစ်နေတဲ့ အက်ကွဲကြောင်းတွေက ဒီအချိန်မှာလုံး၀ကို ပွင့်ထွက်လို့သွားခဲ့ပြီ မျက်လုံးကိုဖွင့်လာနိုင်ပါတော့တယ်။
အပေါ်ယံမှာရွှံ့နွံတွေလိုဖုံးလွှမ်းနေခဲ့တဲ့အလွှာက ပြိုကွဲသွားချိန်မှာတော့ ဖုန်မှုန့်တွေကချက်ချင်းဆိုသလို ပတ်၀န်းကျင်တစ်ခွင်လုံးပြည့်သွားပါတော့တယ်။ ဒီတဲတစ်ခုလုံးမှာလဲ ထူးဆန်းတဲ့အလင်းရောင်တွေက ထွက်ပေါ်လာခဲ့ပါပြီ။
ဒါကတော့ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းပါ။ ဖန်းယွီလဲ သူ့ရဲ့စိတ်ထဲမှာ တစ်၀ှီး၀ှီးမြည်တဲ့အသံတွေ ပြည့်သွားတာကို ခံစားလိုက်ရပါတယ်။
ဟို့ယွိဟောင် ခန္ဓာကိုယ်ကိုနောက်တစ်ကြိမ် လှုပ်ရှားလိုက်ချိန်မှာတော့ ခေါင်းကိုအနည်းငယ်မော့ကြည့်လာနိုင်ပါပြီ။ ဖန်းယွီလဲ သူ့ရဲ့ မျက်လုံးတွေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်။
မင်သက်အံ့ဩစရာကောင်းလွန်လှတဲ့ ဒီမျက်လုံးတွေက ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့ပြီ ညင်ညင်သာသာလေး တောက်ပလို့နေခဲ့တယ်။ ပင်လယ်သမုဒ္ဒရာကြီးတစ်ခုလိုမျိုး နက်ရှိုင်းကျယ်ပြန့်တဲ့မျက်လုံးတစ်စုံကိုကြည့်နေသလိုဖန်းယွီခံစားရလိုက်ပါတယ်။ ဒါကြောင့် သူ ဟို့ယွိဟောင်ရဲ့နာမည်ကို ခေါ်လိုက်မိတယ်။
” ယွိဟောင် ”
ဟို့ယွိဟောင်လဲ နှုတ်ခမ်းတွေအနည်းငယ်လှုပ်ရှား လာခဲ့ပါပြီ။ အကြာကြီးနှုတ်ခမ်းတွေကို စေ့ထားခဲ့တဲ့အတွက် စကားဖွင့်ပြောဖို့အတွက် အတော်လေး ရုန်းကန်နေခဲ့ရပါတယ်။ အပေါ်ယံက ခြောက်သွေ့နေတဲ့အရေပြားတချို့ကွာကျသွားပြီတဲ့နောက် သူ့ရဲ့အသားအရေက ပေါ်လာခဲ့ပါတယ်။
” ဆရာ ”
ဟို့ယွိဟောင် မျက်လုံးတွေကိုပိတ်ထားရင် စကားတစ်ခွန်းကို ပြောလာခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကတော့ ရုပ်ထုကြီးတစ်ခု ဘုန်းကနဲလဲသလိုမျိုးပဲ ဘေးကိုလဲကျလို့သွားခဲ့တယ်။
ဖန်းယွီ သူ့ကိုချက်ချင်းဆိုသလိုမြန်မြန်ကောက်ပြီ ပြန်ထူးလိုက်ရပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပေါ့ပါးနေလဲဆိုတာကို ဖန်းယွီခံစားမိလိုက်ရတယ်။ ဒါပေမယ့် အေးစက်နေတဲ့ခန္ဓာကိုယ်က အခုအချိန်မှာ အနည်းငယ်နွေးထွေးလို့လာခဲ့ပါပြီ။
ချက်ချင်းဆိုသလို ကျောက်စိမ်းပုလင်းကို သူအပြေးအလွှားထုတ်ရင်းနဲ့ ဟို့ယွိဟောင် ပါးစပ်ထဲကို ဖြည်းဖြည်းချင်း လောင်းထည့်ပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က အရမ်းအားနည်းပေမဲ့ စိတ်ကတော့ကြည်လင်လို့နေခဲ့တယ်။ ဆေးနံ့ပြင်းပြင်းတွေကလဲ နှာခေါင်းထဲ၀င်ရောက်လာခဲ့သလို ဒီလည်ချောင်းထဲ၀င်လာတဲ့ဆေးတွေကို သူဖြည်းဖြည်းချင်း မြိုချနေခဲ့ရပါတယ်။
အဲ့ဒီအရည်က ခန္ဓာကိုယ်ထဲရောက်ရှိသွားပြီတဲ့နောက် အပူလှိုင်းတချို့ကမြင့်တက်လို့လာခဲ့ရင်း ဟို့ယွိဟောင်လဲ နေရထိုင်ရသက်သာလို့သွားခဲ့ရတယ်။
တကယ်တော့ သူ့ခန္ဓာကိုယ်ပထမဆုံးတုန်ခါချိန်ထဲက စတင်ပြီ သတိ၀င်နေခဲ့ပြီသားပါ။ ဘယ်လိုမှမလှုပ်နိုင်တဲ့အခြေအနေကို ရောက်နေရုံသက်သက်ပါပဲ။
သူ့ရဲ့စိတ်က ခန္ဓာကိုယ်ထဲပြန်၀င်လာပြီးပြီချင်မှာတင် တစ်ကိုယ်လုံးအင်မတန်အားနည်းနေတာကို သူသတိရနားလည်သွားခဲ့ပါတယ်။ လက်ချောင်းတစ်ချောင်းတောင်မမြောက်နိုင်တဲ့အထိကို အားနည်းနေခဲ့တာပါ။ ခန္ဓာကိုယ်တစ်ခုလုံးက မှောင်မဲလို့နေခဲ့ပြီ စိတ်၀ိညာဥ်စွမ်းအားကိုလဲ တစ်စိမှတောင် ရှာလို့မတွေ့ပါဘူး။
ခန္ဓာကိုယ်ထဲမှာလှည့်ပတ်နေတဲ့သွေးတွေကလဲ အရမ်းကိုအရှိန်နှေးနေခဲ့ပါတယ်။ ကြွက်သားတွေကလဲ ကျောက်တုံးတွေလိုမျိုးတောင့်တင်းလို့နေပါတော့တယ်။
နက်ရှိုင်းတဲ့တရားထိုင်မှုက ငါရဲ့စွမ်းရည်တွေကို တိုးတက်စေတယ်မလားဘာဖြစ်လို့ ငါခန္ဓာကိုယ်က ဒီလောက်အခြေအနေဆိုးနေရတာလဲ ဟို့ယွိဟောင် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့တယ်။
ဒီလိုအချိန်အကြာကြီး နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေထဲကို၀င်ရောက်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ နောက်ဆုံးတစ်ကြိမ်တုန်းက ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ သူလုပ်ခဲ့ဖူးပါတယ်။ သူမှတ်မိသလောက်အရဆိုရင် သူ့ခန္ဓာကိုယ်က ဒီလောက်အထိ မထိခိုက်ဖူးပါဘူး။ ရွှေရောင်သစ်ပင်ရဲ့အားဖြည့်ပေးမှုကြောင့်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ရွှေသစ်ပင်ရဲ့အားဖြည့်ပေးမှုကြောင့် အတွင်းတပည့်သားတွေအားလုံးက ဒီလိုပြဿနာတွေ မကြုံတွေ့ရတာဖြစ်ရမှာပါ။
ဖန်းယွီလဲလက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းညှိနိုင်ဖို့အတွက် စွမ်းအားကိုမထည့်သွင်း၀ံ့ပါဘူး။ သူ့အမူအရာကိုကြည့်ရုံနဲ့တင် ခန္ဓာကိုယ်ရဲ့စွမ်းရည်တွေ တိုးတက်လာတာကို နားလည်နေခဲ့လို့ပါ။ သူက အခုလက်ရှိအချိန်မှာ အခြေအနေသိပ်မကောင်းသေးတာကြောင့် ပြန်ထိန်းသိမ်းဖို့လိုပါလိမ့်မယ်။ ပြင်ပအကူအညီတွေအားလုံးက သူ့ရဲ့ခန္ဓာကိုယ်ကို ထိခိုက်မှုဖြစ်စေလိမ့်မယ်။
ဟို့ယွိဟောင်ကို သူချီရင်းနဲ့ ဒီနေရာကနေခပ်မြန်မြန်ထွက်ခွာသွားခဲ့ပါပြီ။ အခုရောက်နေတဲ့နေရာက ပြန်လည်ကုသဖို့အတွက် ပြန်လည်ကောင်းမွန်တဲ့နေရာမဟုတ်လို့ပါ။
” ဆရာအရမ်းပူတယ် ရေပူပူ ”
ဟို့ယွိဟောင်ရဲ့နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့ပါတယ်။ ဆေး၀ါးသောက်သုံးပြီတဲ့နောက် နူးညံ့နွေးထွေးတဲ့ခံစားချက်က တစ်ကိုယ်လုံးကို ပြန့်နှံ့သွားခဲ့သလို သူ့စကားပြောဖို့အားအင်လဲရောက်လာခဲ့ပါပြီ။
ဖန်းယွီလဲ သူပြောချင်တာကို ချက်ချင်းဆိုသလိုနားလည်သွားခဲ့တယ်။ ကျောင်းဆောင်ထဲကို ခေါ်လာပြီတဲ့နောက်ရေချိုးခန်းတစ်ခုလုံးကို ရေပူပူတွေနဲ့ သူဖြည့်လိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို ဒီအတိုင်းရေထဲမှာဖြည်းဖြည်းချင်း စိမ်းပေးလိုက်တယ်။ ခေါင်းကိုသာ အပေါ်မှာဖော်ထားခဲ့တာပါ။
ရေနွေးနွေးတွေထဲမှာ ခန္ဓာကိုယ်ကို စိမ်းပြီတဲ့နောက် အပေါ်ယံက ဖုန်မှုန့်တွေလဲဖြည်းဖြည်းချင်းအရည်ပျော်ကြလာပါတော့တယ်။ အဲ့ဒီနောက် ရေကလုံး၀ကို အနက်ရောင်ပြောင်းသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ ရေထဲမှာနစ်မြုပ်နေရင်း ပြန်လည်နူညံ့လို့လာပါတော့တယ်။
ဖန်းယွီလဲ ရေတွေကိုလှဲပြီတဲ့နောက် သူ့ရဲ့စုတ်ပြဲနေတဲ့အ၀တ်အစားတွေကို ဖယ်ရှားပေးပါတယ်။ ဟို့ယွိဟောင်ကိုနောက်တစ်ကြိမ် ရေထဲမှာစိမ်းလိုက်ရပြန်ပါပြီ။
ဆေး၀ါးရဲ့လှည့်ပတ်မှုနဲ့ ရေနွေးနွေးရဲ့အင်အားကြောင့် ခန္ဓာကိုယ်ကလဲပိုပြီးသက်သောက်သက်သာဖြစ်လာပါတော့တယ်။ အရင်လိုတောင့်တင်းမနေတော့ပဲ ထိုင်ရတာလဲ သက်သောက်သက်သာရှိလာခဲ့တယ်။
ရေကိုငါးကြိမ်တိတိလှဲပြီတဲ့နောက် တစ်နာရီကျော်ကြာပြီချိန်မှာ ဟို့ယွိဟောင်ကို နောက်ထပ် ဖန်းယွီဆေးတစ်မျိုးတိုက်လိုက်ပါတယ်။ ဒီဆေးကိုသောက်ပြီချိန်မှာတော့ ရေဇလားထဲမှာ ဖြောင့်ဖြောင့်တန်းတန်းလှဲလှောင်လို့လာနိုင်ခဲ့ပြီ အသက်ရှုသံတွေကလဲ ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ ဖန်းယွီကတော့ ချွေးတွေစိုရွှဲလို့နေခဲ့ပါပြီ။ အဲ့ဒီနောက် သူမကျေမနပ်နဲ့ ပြောပါတော့တယ်။
” ကောင်စုတ်လေး မင်းဒီလိုမျိုးတရားထိုင်နေတာ နှစ်၀က်တောင်ကြာသွားတယ်…ငါမင်းကို စောင့်ရှောက်ရတာ မောပန်းပြီသေတော့မလို့ ”
ဟ်ို့ယွိဟောင်လဲ အခုအချိန်မှာ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လာနိုင်ခဲ့ပါပြီ။ ရွှေရောင်မျက်လုံးက အနက်ရောင်ကိုပြန်ပြောင်သွားပါတော့တယ်။
” ကျေးဇူးတင်ပါတယ် ဆရာ ”
ဟို့ယွိဟောင်ရဲ့ အသံက အနည်းငယ်တုန်ရီလို့နေခဲ့ပြီ မျက်လုံးတွေမှာမျက်ရည်တွေက ရစ်၀ဲလို့လာပါတော့တယ်။
ဒီနှစ်၀က်အချိန်အတွင်းမှာ ဖန်းယွီက အတော်လေးကျော်ဖြတ်ခဲ့ရပုံပါပဲ။ သူ့ရဲ့မုတ်ဆိတ်မွှေးတွေတောင်မှ မရိတ်ရတဲ့အခြေအနေလဲ ရှိနေခဲ့တယ်။ ဒီနှစ်၀က်အတွင်းမှာအများကြီးပိုပြီး အိုမင်းသွားတဲ့ပုံစံပေါ်နေခဲ့ပါတယ်။
” တော်တော့ တော်တော့ မငိုနဲ့တော့ ငါကဒီအတိုင်းငြီးငြူးရုံပဲ ငြီးငြူးနေတာ မင်းနိုးလာပြီဆိုမှတော့ ငါလဲကျေနပ်ပါပြီ အခြေအနေဘယ်လိုလဲ ပိုပြီးသက်သောက်သက်သာရှိရဲ့လား ”
ဟို့ယွိဟောင် မျက်ရည်တွေကျနေရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။
” ကျွန်တော်အတော်လေး အဆင်ပြေလာပါပြီ ”
” ကျွန်တော် ဗိုက်တော့နည်းနည်းဆာတယ် ”
” ဗိုက်ဆာတယ်လား ဒါပေမယ့် ဆာနေရင်းတောင်သည်းခံဦး အကြီးအကဲရွှမ်ပြောထားတယ်…နိုးလာပြီတဲ့နောက်သုံးရက်အတွင်း ဘာမှစားလို့မရဘူးတဲ့ ဒီနေ့တော့ဆေးပဲသောက်ရမယ်…မနက်ဖြန်တော့ ရေနည်းနည်းစသောက်လို့ရပြီ ဒီသုံးရက်အတွင်းမှာ အရည်တွေပဲသောက်လို့ရမယ်..အစာစားလို့မရဘူး ”
” ဆရာကျွန်တော်အဲ့ဒီလောက်ကြီးအားမနည်းဘူးမဟုတ်လား ”
” ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်ဦး မင်းက အခုအရိုးခြောက်ကြီးထောင်ထားသလိုပဲ ”
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ဖုန်မှုန့်တွေပျောက်ကွယ်သွားပြီချိန်မှာတော့ သူဘယ်လောက်အထိ ပိန်သွားလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ အရင်တုန်းက ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ ကြံ့ကြံ့ခိုင်ခိုင်ရှိခဲ့တဲ့ လူငယ်လေးဖြစ်နေခဲ့လို့ပါ။ ဘယ်လိုပဲပိန်ပါးသွားပါစေ သူ့ရဲ့ကြွက်သားဖွဲ့စည်းတည်ဆောက်ပုံကတော့ အတော်လေးကို ထင်ထင်ရှားရှားရှိလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်အားကိုထုတ်သုံးလို့မရနိုင်သေးပေမဲ့ ခန္ဓာကိုယ်ကတော့ တောင့်တင်းမနေတော့ပါဘူး။
ဖန်းယွီလဲ ဟို့ယွိဟောင်ကို ကူညီရင်း သူ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးပါတယ်။ အဲ့ဒီနောက် ရေဇလားထဲကနေ ပြန်မထုတ်လိုက်ပြီ အခြောက်ခံပေရင်း အိပ်ရာပေါ်ကို ပြန်တင်ပေးလိုက်တော့တယ်။
” ကောင်းပြီ ကောင်းကောင်းအိပ်လိုက်ဦး မင်းနိုးလာပြီဆိုမှတော့ ငါလဲစိတ်နည်းနည်းသက်သာသွားပြီ ပြန်ပြီးရေချိုးလိုက်ဦးမယ် ”
ဟို့ဟွိဟောင်လဲ ဆက်ပြီဆွဲမထားတော့ပါဘူး။ ဖန်းယွိီထွက်သွားတာနဲ့ သူလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတော့တယ်။
ဖန်းယွိီ သူ့ကိုလိမ်ညာနေတာမဟုတ်ပါဘူး။ နောက်သုံးရက်အတွင်းမှာ သူဘယ်အစာမှစားလို့မရတာအမှန်ပါ။ ရေနဲ့ဆေးတချို့ကိုသာသောက်သုံးရပါတယ်။ အဓိကအချိန်မှာ ဖန်းယွီက ဟယ့်ချိုက်ထို့တစ်ယောက်ထဲကိုသာ ဒီအကြောင်းတွေပြောပြခဲ့တယ်။ ဟို့ယွိဟောင်နိုးလာတဲ့အကြောင်း တခြားဘယ်သူကိုမှမပြောပြခဲ့ပါဘူး။
သုံးရက်ကြာပြီတဲ့နောက်မှသာ ဟို့ယွိဟောင်လဲ ထထိုင်နိုင်တဲ့ အခြေအနေကို ပြန်ရောက်လာပါတော့တယ်။ သူတင်ပလ္လင်ခွေထိုင်ရင်း စတင်ပြီတရားမှတ်ကာ ၀ိညာဥ်စွမ်းအားတွေကို လှည့်ပတ်ပါတော့တယ်။
သူရဲ့စွမ်းအားစီးဆင်းမှု လမ်းကြောင်းမှာဖြစ်ပေါ်လာတဲ့အပြောင်းအလဲကို ခပ်မြန်မြန်ပဲရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ကျင့်ကြံဆင့်တိုးတက်လာတာမဟုတ်ပဲ ကျဆင်းသွားသလို ခံစားရပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့မှာ၀ိညာဥ်စက်ကွင်းက လေးကွင်းရှိနေခဲ့ပါပြီ။ ဒါကြောင့် သူ့ရဲ့ကျင့်ကြံဆင့်ကို ပြန်လည်ရရှိဖို့အတွက် ချောချောမွေ့မွေ့လှည့်ပတ်နိုင်ဖို့အတွက် ကြိုးစားအားထုတ်ရပါတော့တယ်။
သူမျှော်လင့်ထားတာထက်က်ို အချိန်ပိုကြာရှည်ပြီ လေ့ကျင့်ခဲ့ရတယ်။ သူ့အခန်းကိုခြောက်လကြာပြီတဲ့နောက် ပြန်ရောက်လာတာဖြစ်တဲ့အတွက် အတော်လေးတော့ သက်သောက်သက်သာရှိခဲ့ပါသေးတယ်။
စွမ်းအားဖြတ်သန်းစီးဆင်းမှုလမ်းကြောင်းတွေကို ချောမွေ့အောင် လုပ်ပြီတဲ့နောက် သူ့ခန္ဓာကိုယ်အရင်ကနဲ့ မတူတော့တာကို ခံစားမိပါတယ်။ ဒီနှစ်၀က်အချိန်တရားထိုင်ခဲ့မှုက သူ့ကိုအလာဟသမဖြစ်စေခဲ့ပါဘူး။
၀ိညာဥ်စွမ်းအားက လက်ရှိအချိန်မှာမတိုးတက်ပေမဲ့ အနည်းဆုံးတော့ လွန်ခဲ့တဲ့ခြောက်လတုန်းက ရှိခဲ့တဲ့အချိန်အတိုင်းပြန်ရောက်သွားခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့ဖြတ်သန်းစိီဆင်းတဲ့လမ်းကြောင်းတွေ ကြွက်သားတွေအရိုးတွေနဲ့ ရှိသမျှခန္ဓာကိုယ်က စီးဆင်းနေတဲ့အရည်တွေအားလုံးလဲ ရွှေရောင်အလွှာတွေနဲ့ ဖုံးလွှမ်းနေတာကို ခံစားလိုက်ရပါတယ်။ ဒါက စိတ်၀ိညာဥ်ပင်လယ်ရဲ့ အငွေ့အသက်နဲ့ တူညီနေခဲ့တယ်။
အဆုံးမဲ့တဲ့ပင်လယ်သမုဒ္ဒရာကြီးက သူ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားပြီလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။ အသိအသာဆုံးကတော့ ပြောင်းလဲမှုက၀ိညာဥ်စွမ်းအားလှည့်ပတ်မှုက ပိုမိုမြန်ဆန်လာတဲ့ပုံပါပဲ။
ဟို့ယွိဟောင်ရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်က အဆုံးစွန်းရေခဲဖြစ်နေတာကြောင့် ဒီအရာကနေဖန်တီးပေးတဲ့၀န်ထုတ်၀န်ပိုးကအတော်ကို ကြီးမားပါတယ်။ ဒါ့အပြင် အရမ်းကိုသန့်စင်တဲ့ ၀ိညာဥ်စွမ်းအားဖြစ်နေခဲ့တဲ့အတွက် ဒီလိုမျိုးကျင့်ကြံနေတဲ့ဖြစ်စဥ်မှာတိုးတက်မှုကလဲ အတော်ကိုနှေးကွေးခဲ့တယ်။
ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ ဘယ်လောက်ပဲအခြေခံခိုင်မာနေပါစေ အရှေ့ကိုတက်ဖို့ကြာမြင့်နေတာပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ကိုအဆုံးမဲ့တဲ့ ပင်လယ်သမုဒ္ဒရာကြီးက သန့်စင်ပြီတဲ့နောက် စိတ်သစ်လူသစ်ဖြစ်သွားသလိုခံစားလိုက်ရပါတယ်။
အသက်စွမ်းအားတွေက ရွှေလိုအသက်ကြောင့် အများကြီးကောင်းမွန်နေရုံမက အခုအချိန်မှာ ပိုပြီးခိုင်မာလာခဲ့ပါပြီ။ ဒီလိုနည်းနဲ့သူ့ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက ၀ိညာဥ်စွမ်းအားလှည့်ပတ်ချိန်တိုင်းမှာ ပိုမိုမြန်ဆန်လို့လာပါတော့တယ်။
သာမန်၀ိညာဥ်ပညာရှင်တွေရဲ့ ကျင့်ကြံတဲ့အရှိန်နှုန်းကို ယှဥ်လို့မရသေးပေမဲ့ သူ့အတွက်တော့ ပုံမှန်မှန်ထားတဲ့အချိန်ထက် သုံးပုံတစ်ပုံလောက် ပိုပြီးမြန်မြန်ဆန်ဆန်ကျင့်ကြံလာနိုင်မှာပါ။ ဒါ့အပြင် အဆင့်ငါးဆယ်ကို ရောက်ဖို့အတွက် အချိန်ကလဲ အရင်ကထက်ပိုပြီးလျော့ကျသွားပါလိမ့်မယ်။
ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် စိတ်၀ိညာဥ်စွမ်းအားအပြောင်းအလဲကို သူပိုပြီးကျေနပ်မိပါတယ်။ လက်ရှိအချိန်မှာ သူစွမ်းအားကို အများကြီးမလိုတော့ပါဘူး။ စိတ်၀ိညာဥ်စွမ်းအားက သူ့ရဲ့ဘေးပတ်လည်ငါးဆယ်မီတာမှာရှိတဲ့ ဘယ်လှုပ်ရှားမှုမျိုးကိုမဆို ထောက်လှမ်းနိုင်ဖို့အတွက် ကူညီပေးလို့နေခဲ့ပါတယ်။
စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုတာနဲ့ ဒီပတ်ပတ်လည်အခြင်၀က်က ရှစ်ရာမီတာအထိကို ကျယ်သွားမှာပါ။ တစ်နေရာထဲကို အသုံးပြုမယ်ဆိုရင် သုံးကီလိုမီတာအထိကို ထောက်လှမ်းနိုင်ပါတယ်။ သေးငယ်ဆုံးသောအရာတွေကို ထောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ ထိပ်တန်းအဆင့်အထိကို ရောက်ရှိသွားပြီလို့ပြောရမှာပါ။
အပိုင်း ၁၈၃•၁ ပြီး၏။