အပိုင်း ၁၈၁•၂
” ဓားသမားအရူး ကျွီကျွယ်ချန် ”
°°°
အခုလက်ရှိအချိန်မှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဆီ ပြေးမသွားပဲနဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်။
မမြင်ရတဲ့ဖိအားက ပတ်၀န်းကျင်တစ်ခုလုံးကို တိတ်ဆိတ်လို့သွားစေခဲ့တယ်။ ကျွီကျွယ်ချန်က ဓားကိုလက်တစ်ဖက်နဲ့ ကိုင်ထားခဲ့ရင်း ၀ိညာဥ်စက်ကွင်းခြောက်ကွင်းကို ထုတ်ဖော်လို့ထားပါပြီ။ စူးရှထက်မြက်တဲ့အရှိန်အ၀ါတွေက ခန္ဓာကိုယ်အပြင်ဖက်ဆီအထိ ထွက်ပေါ်နေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးက ဓားနဲ့တစ်သားထဲဖြစ်သွားသလိုပါပဲ။
သူ့ရဲ့ဓားနဲ့ခန္ဓာကိုယ်ပေါင်းစည်းလိုက်တယ်ဆိုတာက ကျွီကျွယ်ချန်ရဲ့ ကျင့်ကြံတဲ့နည်းလမ်းတစ်ခုပါ။
သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အင်အားတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါက အပြင်ပိုင်းမှာသိသာထင်ရှားစွာမြင်ရတဲ့ အရာမဟုတ်ပေမဲ့ ဓားကသူဖြစ်သွားသလိုသူကလဲဓားဖြစ်သွားတဲ့အတိုင်း ခွဲခြားလို့မရနိုင်တော့ပါဘူး။
ဒီလိုစူးရှထက်မြက်တဲ့ အရှိန်အ၀ါက ကျွီကျွယ်ချန်ရဲ့ခန္ဓာကိုယ်ကနေ အပြင်ကိုရောက်ရှိလာချိန်မှာတော့ ကြောက်စရာကောင်းတဲ့ပြဿနာတစ်ခုအသွင်ကိုပြောင်းလဲလို့သွားပါတော့တယ်။
ဟို့ယွိဟောင်က သူ့လိုမျိုးမလှုပ်ရှားခဲ့ပါဘူး။ ဒီအတိုင်းအဲဒီနေရာမှာ ရပ်နေခဲ့ရင်း လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ကျယ်ကျယ်ဖွင့်ထားခဲ့ပါတယ်။ အဲ့ဒီနောက်လက်သီးတွေကိုဆုပ်လိုက်ပြီ အလင်းတန်းတွေက ခန္ဓာကိုယ်အပြင်ဖက်ဆီကို ပြေးထွက်လို့သွားစေခဲ့တယ်။
အဖြူ အ၀ါ ခရမ်း အနက်နဲ့ အနီရောင်မတူညီတဲ့၀ိညာဥ်စက်ကွင်းငါးခုက သူ့ခန္ဓာကိုယ်အပြင်ဖက်ဆီကို စတင်ထွက်ပေါ်လာပါပြီ။ ဘယ်တစ်ခုကအစစ် ဘယ်တစ်ခုကအတုလဲဆိုတာ ခွဲခြားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နှစ်ဖက်ကျောရိုးတွေဆီကနေ မြစိမ်းရောင်လိုအလင်းတန်းက ထွက်ပေါ်လာပါတော့တယ်။ သူ့ရဲ့အ၀တ်အစားတွေကတောင် ဒီပြင်းထန်တဲ့အလင်းတန်းကို မဖုံးကွယ်ထားနိုင်တော့ပါဘူး။ မြစိမ်းရောင်အလင်းတန်းက ဘယ်ဘယ်လက်ထဲမှာဆန့်ထွက်လို့သွားခဲ့ပြီ ညာဘက်လက်မောင်းရဲ့အလင်းတန်းကတော့မှိန်ဖျော့လို့သွားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီလက်နှစ်ဖက်စလုံးကိုရွှေနီရောင်အလင်းတန်းတွေက လွှမ်းခြုံသွားခဲ့လို့ပါ။
တောက်ပတဲ့ရွှေရောင်အလင်းတန်းက မျက်လုံးအပြင်ဖက်ဆီကို စူးစူးရှရှထွက်ပေါ်နေပါတော့တယ်။ ဒါ့အပြင် ဒီရွှေရောင်အလင်းတန်ထဲမှာ ခရမ်းရောင်မီးပွားတွေက ပါ၀င်လို့နေခဲ့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့၀ိညာဥ်စွမ်းအား ၀ိညာဥ်အရိုးနဲ့ ၀ိညာဥ်စက်ကွင်းတွေအားလုံးကို အဆုံးစွန်းအထိ အရှိန်မြင့်တင်ထားပြီ အသန်မာဆုံးပြိုင်ဘက်ကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်လိုက်တာပါ။ ဒီလိုတစ်နာရီကြာအောင် တရားထိုင်မှုက သူ့ရဲ့အစွမ်းအစအပြည့်အ၀ကို ထုတ်ဖော်နိုင်ဖို့အတွက် ကူညီပါတော့တယ်။
ကျွီကျွယ်ချန်ကို တိုက်ခိုက်ဖို့သူ့မှာနည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင်၀ိညာဥ်စွမ်းရည်တွေကိုကျင့်သုံးမှာမဟုတ်ပါဘူး။ ကျွီကျွယ်ချန်နဲ့ တိုက်ခိုက်ရမဲ့တိုက်ပွဲက အကြီးအကဲမုလက်ဆင့်ကမ်းပေးခဲ့တဲ့ ဧကရာဇ်နယ်မြေစွမ်းအားကို ပိုပြီးကျွမ်းကျင်လာအောင်လုပ်ဖို့ အခွင့်အရေးကောင်းဖြစ်မယ်ဆိုတာနားလည်နေလို့ပါပဲ။
ဟို့ယွိဟောင်ရဲ့လက်သီးစွမ်းအားကို ကျန်ကျင့်ရန်နဲ့ သုံးခဲ့သလိုပုံစံမျိုးနဲ့မြင်ချင်တယ်လို့ ကျွီကျွယ်ချန်က ပြောခဲ့ပါတယ်။ သူက ဒီလက်သီးရဲ့စွမ်းအားကိုပဲ မြင်ချင်တာပါ။ ဒါ့အပြင် ကျွီကျွယ်ချန်ဖက်ကလဲ တစ်ချက်လေးတောင် ဖုံးကွယ်မထားတဲ့ဓားရဲ့အစွမ်းအစကို ထုတ်ဖော်ပြသနေခဲ့ပါတယ်။ အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဒီပြိုင်ပွဲကိုရင်ဆိုင်ဖို့ သူတို့နှစ်ယောက်ဆုံးဖြတ်လိုက်ပါပြီ။
အခုလက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့အငွေ့အသက်က ကျွီကျွယ်ချန်ထက်တော့ အများကြီး နှိမ့်ကျနေခဲ့ပါတယ်။ တစ်ဖက်လူရဲ့ဓားအရှိန်အ၀ါကမသိပ့်သည်းခဲ့သလို မကြာခင် ခုတ်ထွင်ရှင်းလင်းခံလိုက်ရတော့မဲ့ ချုံပုတ်တစ်ခုလိုတည်ငြိမ်လို့နေခဲ့ပါတယ်။ ကျွီကျွယ်ချန်ရဲ့ အရှိန်အ၀ါကတော့ ဖောင်းပွလို့နေခဲ့ပြီ ဟို့ယွိဟောင်ကိုအများကြီးဖိအားပေးနေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ ဘယ်ဘက်လက်က အရှေ့ကိုခြေလှမ်းတော့မဲ့ပုံစံဟန်ပြင်လိုက်ပါတယ်။ သူ့ရဲ့ခြေထောက်မြေပြင်ပေါ်ကျရောက်တော့မဲ့အချိန်မှာပဲ ခပ်အုံ့ဆိုင်ဆိုင်အသံကိုကြားလိုက်ရပါပြီ။ အဲ့ဒီနောက် ခန္ဓာကိုယ်အပြင်ဖက်ဆီကို ကြောက်စရာကောင်းတဲ့အရှိန်အ၀ါက ပေါက်ကွဲထွက်လို့သွားပါတော့တယ်။
ဒီအင်အားအရှိန်အ၀ါက အရမ်းကိုသန်မာလွန်လှတာကြောင့် သူ့ရဲ့အနားကိုနီးကပ်လာနေတဲ့ ဓားအရှိန်အ၀ါကိုလဲ ခပ်မြန်မြန်ခုခံတားဆီးနိုင်ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာတော့ ဝေ၀ါးတဲ့ပုံရိပ်ယောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကတော့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကြီးပါပဲ။ ဟို့ယွိဟောင်လဲ နှစ်လေးသိန်းကျောက်စိမ်းဧကရီရဲ့ ၀ိညာဥ်သားရဲကောင်အရှိန်အ၀ါကို အသုံးပြုရင်း သူ့ရဲ့အင်အားကိုပိုသန်မာအောင် လုပ်လိုက်တာပါ။ ကြမ်းတမ်းပြင်းထန်တဲ့ဓားရဲ့အငွေ့အသက်ကိုလဲ သူလွယ်လွယ်ကူကူလေး ခုခံနိုင်ပါတယ်။
ကျွီကျွယ်ချန်ရဲ့ခန္ဓာကိုယ်ကတစ်ချက်တွန့်သွားခဲ့ပေမဲ့ မျက်လုံးထဲမှာရှိနေတဲ့အကြည့်က ပိုမိုခိုင်မာလာခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းကအရောင်စုံတွေတောက်ပလာခဲ့ရင်း ဓားကိုလက်နှစ်ဖက်နဲ့သူပိုပြီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။ ဓားထိပ်ဖျားက မြေပြင်ကိုစိုက်ထားခဲ့ပြီ ခန္ဓာကိုယ်ကတော့ အရှေ့ကိုအနည်းငယ်တိုးလာနေခဲ့ပါတယ်။ ခြေထောက်တွေကတော့ တည်ငြိမ်နေဆဲပါ။ သူက ဟို့ယွိဟောင်ကို ဘေးတိုက်ပုံစံနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။
သူ့ရဲ့ဓားအရှိန်အ၀ါက နောက်တစ်ကြိမ်ပုံစံပြောင်းလဲလို့သွားခဲ့ပါပြီ။ မြန်ဆန်ပြီတော့ ကြမ်းတမ်းခက်ထန်တဲ့ပုံစံအသွင်ကို ပြောင်းသွားခဲ့ပါတယ်။ အင်အားကြီးတဲ့အရှိန်အ၀ါကလဲ အနည်းငယ်ကျုံ့သွားခဲ့ပြီ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါကို ဘေးတစ်စောင်းပုံစံနဲ့သွားတိုက်ပါတယ်။
လက်သီးရဲ့စိတ်စွမ်းအား ငါရဲ့ကိုယ်ပိုင်စွမ်းအားကို လိုအပ်တယ်။ ရေခဲဧကရီကို လိုအပ်တာမဟုတ်ဘူး။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုကြီးမားပြင်းထန်တဲ့အရိပ်အောက်မှာ စိတ်အင်အားတွေပြိုကွဲသွားတော့မဲ့ အခြေအနေကို ခံစားနေရပါတယ်။ ဒါကြောင့် သူချက်ချင်းဆိုသလို သတိပြန်၀င်လာခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အနားယူနေကြတဲ့ အင်အားကြီးစိတ်၀ိညာဥ်တွေက ရှိနေခဲ့တယ်။ ရွှေရောင်ပင်လယ်ကြီးက ချက်ချင်းလှိုင်းတွေထလာကို မြင်ချိန်မှာတော့ သူတို့တွေလဲ လန့်ကုန်ကြပါပြီ။ ကြီးမားပြင်းထန်တဲ့ စိတ်၀ိညာဥ်စွမ်းအားက ချက်ချင်းဆိုသလို စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးကို ပြင်းပြင်းထန်ထန်ပြောင်းလဲပါတော့တယ်။
” ရေခဲဧကရီ ငါ့ကိုကာကွယ်ပေးဦး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောပြီတဲ့နောက် သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေဖြာထွက်လာပါတော့တယ်။
သူ့ရဲ့ရွှေရောင်သင်္ကေတကိုးခုထဲမှာ တစ်ခုကပျက်စီးလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် နောက်တစ်ကြိမ် ပြန်လည်စုစည်းလို့သွားခဲ့ရင်းရွှေရောင်နေမင်းကြီးတစ်ခုနဲ့အသွင်တူတဲ့ အရာအဖြစ်ကိုပြောင်းလဲသွားပါတော့တယ်။
ဒီရွှေရောင်နေမင်းကြီးက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်အထက်ဆီတိုက်ရိုက်ပျံသန်းလို့သွားပြီတဲ့နောက် နေရာအနှံ့ဆီကို အလင်းတန်းတွေပြန့်ကျဲ့နေပါတော့တယ်။
ရေခဲဧကရီလဲ သူ့ရဲ့မူလအသွင်ကိုပြန်ပြောင်းနေပါပြီ။ ရေခဲဆူးချွန်တွေကို မြောက်ထားခဲ့ရင်း မြစိမ်းရောင်အလင်းတန်းတွေကို ထုတ်လွှတ်ထားပါတယ်။ သူ့နဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နှစ်ခုစလုံးက ဒီအလင်းတန်းထဲမှာရှိနေခဲ့တယ်။ ဟို့ဟွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာဘယ်လောက် ကြမ်းကြမ်းတမ်းတမ်းလှုပ်ရှားနေပါစေ သူတို့ကို မထိခိုက်နိုင်တော့ပါဘူး။
သူတို့ဘေးမှာအကြီးအကဲလျှပ်စီးဧကရာဇ်က တိတ်တဆိတ်ပေါ်လာခဲ့ပါတယ်။ တောက်ပနေတဲ့နေမင်းကြီးကိုကြည့်ရင်း သူပြုံးနေခဲ့တယ်။
” အပြောင်းအလဲတွေက ဒီလောက်မြန်မြန်ဆန်ဆန်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး…ကောင်လေး ကောင်းတယ် ကောင်းတယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ အတော်လေးစိတ်လှုပ်ရှားနေပုံရပါတယ်။ သူ့ရဲ့၀ဖိုက်တဲ့ခန္ဓာကိုယ်ကြီးကတော့ ပျော်ရွှင်လို့တွန့်လိမ်နေခဲ့ပါပြီ။ ရေခဲဧကရီကတော့ သူ့ကိုကာကွယ်ပေးထားဆဲပါ။ ကျန်ရစ်တဲ့ရွှေရောင်သင်္ကေတရှစ်ခုကတော့ အလင်းတန်းတွေဆက်တိုက်ဆိုသလို ထုတ်လွှတ်လို့နေခဲ့ပါသေးတယ်။
ဒီအချိန်မှာ လှပသေးသွယ်တဲ့ အဖြူရောင်လူတစ်ယောက်က သူတို့အနားကို တခဏတာပေါ်လာခဲ့ပါတယ်။ အဲ့ဒီလူကစကားတစ်ခွန်းပြောပြီတဲ့နောက် ခပ်မြန်မြန်ပျောက်ကွယ်လို့သွားပါပြီ။
ဟို့ယွိဟေင်လဲ သူ့နောက်တစ်ကြိမ်၀ိညာဥ်ပင်လယ်ထဲမှာဘာဖြစ်နေလဲမသိပါဘူး။ သူ့ရဲ့အခြေအနေက အတော်လေးထူးခြားပါတယ်။ ၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက စိတ်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့ ပေါင်းစည်းနေတာကို သူခံစားမိခဲ့တယ်။
ထူးချွန်ထက်မြက်တဲ့ဆရာတစ်ယောက်က သူ့ရဲ့ကျောင်းသားတွေအတွက် ဖြတ်လမ်းနည်းတွေကိုဖန်တီးလိုက်ပါတယ်။ ဒီလောကမှာအကြီးအကဲမုထက် ပိုပြီးသာလွန်တဲ့ ဆရာဘယ်သူရှိနိုင်မလဲဆိုတာ တွေးတောလို့တောင်မရနိုင်ပါဘူး။ ကန့်သတ်မဲ့သော့်လော့နဂါးဘုရားသော့်လော့ဖြစ်တဲ့အကြီးအကဲမုက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်လဲ ဖြစ်နေခဲ့သေးတယ်။ သူဟို့ယွိဟောင်ကို သင်ကြားပြသပေးတဲ့ အစွမ်းအစတစ်ခုက ၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားကိုပေါင်းစည်းစေတာပါပဲ။
ဧကရာဇ်နယ်မြေက သူ့ရဲ့ကိုယ်ပိုင်လမ်းတစ်ခုလို့လဲ ဟို့ယွိဟောင်ကို ပြောပြခဲ့ပါတယ်။ ဒီလိုပေါင်းစည်းမှုက လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းရည်ကို တိုးတက်အောင်ကူညီပေးနိုင်တယ်။
သာမန်၀ိညာဥ်ပညာရှင်တွေအတွက် သေချာပေါက်၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရဲ့သော့်လော့ဖြစ်လာမှာကို လေ့ကျင့်နိုင်မှာပါ။ ဒီလိုအခြေအနေရောက်မှသာ ၀ိညာဥ်စွမ်းအားက စိတ်၀ိညာဥ်စွမ်းအားနဲ့ ပေါင်းစည်းနိုင်လောက်တဲ့အထိ သန်မာလာတာကြောင့် လေ့ကျင့်နိုင်တာဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ဟို့ယွိဟောင်အတွက်တော့ ဘာမှဖြစ်မသွားခဲ့ပါဘူး။ ဟို့ယွိဟောင်ကစိတ်၀ိညာဥ်မျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်ခဲ့လို့ပါပဲ။ အကြီးအကဲမုက သူ့ကိုနည်းလမ်းတစ်ခုပေးပါတယ်။ ဒီလမ်းကိုလျှောက်ရမလား မလျှောက်ရဘူးလားဆိုတာက ကိုယ်တိုင်ရွေးချယ်ခဲ့မှုပါ။ ဘယ်လောက်အထိ လျှောက်လမ်းချင်တယ်ဆိုတာကလဲ သူအပေါ်ကိုမူတည်နေပါတယ်။
ဟို့ယွိဟောင်က သူ့ရဲ့ပါရမီကိုအသုံးချပြီ ကြိုးကြိုးစားစားလေ့ကျင့်ရင် အကြီးအကဲမုသေဆုံးသွားပြီတဲ့နောက်မှသာ သူပညာရပ်ကိုတိုးတက်လို့ကြိုးစားခဲ့ပါတယ်။ အကြီးအကဲမုလဲ အတော်လေးကို စိတ်သက်သာရာရခဲ့ပေမဲ့ လူတစ်ယောက်ရဲ့၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားကိုပေါင်းစည်းနိုင်တာက တန်ကြေးတစ်ခုလုံးမှာ အင်မတန်ကိုရှားပါးတယ်လို့ပြောပြခဲ့တယ်။
ဟို့ယွိဟောင်ဘယ်လောက်အထိ ဝေးဝေးဆက်သွားနိုင်မလဲဆိုတာကို သူကိုယ်တိုင်တောင်မသေချာတော့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ အခွင့်အရေးတစ်ခုချင်းဆီတိုင်းကို အရယူရင်းတိုးတက်စေလာဖို့သာ မျှော်လင့်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေထဲက တစ်ခုအဖြစ်ဖန်တီးပြီ ၀ိညာဥ်ပညာရှင်တွေထဲမှာ အကောင်းဆုံးတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်။
ဒီအချိန်မှာဟို့ယွိဟောင်ရဲ့အခြေအနေက မှော်ဆန်တဲ့ပေါင်းစည်းမှုကို အခြေအနေထဲရောက်နေခဲ့ပါပြီ။ သူခံစားနေရတဲ့ ကြီးမားပြင်းထန်တဲ့ ဖိအားက သူ့ရဲ့အနာဂတ်အလားအလာကို ဖွင့်ထုတ်ပေးနိုင်လိုက်ပါတယ်။ ဒါကြောင့်သာ သိသိသာသာကိုတိုးတက်မှုကြုံလာရတာပါ။ ကံကြမ္မာမျက်လုံးကလဲ သူ့ဘာသာသူပွင့်လာခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပတဲ့အလင်းတန်းတွေနဲ့ ဖုံးလွှမ်းထားတာကြောင့် ခန္ဓာကိုယ်အပြောင်းအလဲတွေကို ဘယ်သူမှထင်ထင်ရှားရှားမမြင်ရပါဘူး။ မဟုတ်ရင် သူ့ရဲ့ အစွမ်းအစတွေအားလုံးကို လူတိုင်းကတွေ့မြင်သွားမှာပါ။
ကျွီကျွယ်ချန်ကလဲ ဟို့ယွိဟောင်ကို ဘေးတိုက်ပုံစံနဲ့ ရင်ဆိုင်နေခဲ့ပါတယ်။ အခုအချိန်မှာ သူကိုယ်တိုင်လဲလန့်နေခဲ့ပါပြီ။ အခုအချိန်မှာသာ ဟို့ယွိဟောင်ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာ သူသိလာရပါတော့တယ်။
ဟို့ယွိဟောင်ဆီကို တိုက်ခိုက်နေတဲ့ သူ့ရဲ့ဓားအရှိန်အ၀ါတွေကို ထုတ်သုံးဖို့အဆုံးစွန်းအားထုတ်ခဲ့ရတာပါ။ ဒါပေမယ့် သူက မီးပုံတစ်ခုဆီကိုပြေး၀င်နေမိတဲ့ ပိုးဖလံလိုဖြစ်နေခဲ့ပါတယ်။ မရွေ့လျားနိုင်တဲ့ အတားအဆီးတစ်ခုချင်းဆီကိုခေါင်းနဲ့၀င်တိုက်နေမိသလိုပါပဲ။ သူ့ရဲ့ဓားအရှိန်အ၀ါက ဟို့ယွိဟောင်ကို ထိတောင်မထိလိုက်ရပါဘူး။
သူဆက်ပြီစောင့်နေလို့မရတော့မှန်းကျွီကျွယ်ချန်သိလိုက်ပါတယ်။ အရှိန်အ၀ါကိုအသုံးပြုပြီး တိုက်ခိုက်တဲ့နည်းလမ်းက အခုလက်ရှိအချိန်မှာ အသုံးမ၀င်တော့ပါဘူး။ အကယ်၍ သူနည်းနည်းထပ်စောင့်လိုက်မယ်ဆိုရင် သူ့ရဲ့ယုံကြည်မှုက အရင်ဆုံးပျက်စီးသွားပါလိမ့်မယ်။
ကျွီကျွယ်ချန် ရုတ်တရက်ခေါင်းမော့လိုက်ပါပြီ။ သူ့ရဲ့မျက်လုံးတွေထဲမှာ လျှပ်စီးတန်းနှစ်ခုက ပေါ်လာပါတော့တယ်။ ဒီလျှပ်စီးတန်းတွေက ဟို့ယွိဟောင်ကို ပစ်မှတ်ထားခဲ့တယ်။ အဲ့ဒီနောက် တစ်ကိုယ်လုံးက အလင်းတန်းတစ်ခုအသွင်ကိုပြောင်းလဲလို့သွားခဲ့ပြီ ဟို့ယွိဟောင်ဆီကို အနီးကပ်တိုက်ခိုက်ဖို့လာနေခဲ့ပါပြီ။
အလင်းတန်းက မြေပြင်ကနေ ဖြတ်သန်းပြီအရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိလို့သွားခဲ့တာပါ။ ဘယ်၀ိညာဥ်လက်နက်ရဲ့ဘာအကူအညီမှမပါပဲ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်သွားနိုင်တဲ့အမြန်နှုန်းနဲ့ ပြေးထွက်လို့သွားခဲ့တာပါ။ အမြန်နှုန်းအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေတောင် အခုအချိန်မှာ သူ့ကိုယှဥ်နိုင်ဖို့မလွယ်ကူခဲ့ပါဘူး။
ကျွီကျွယ်ချန်ရဲ့ အပေါ်ခန္ဓာကိုယ်က အလင်းတန်းနဲ့ယှဥ်မယ်ဆိုရင် အမြန်နှုန်းက နှေးနေခဲ့ပါတယ်။ သူက လက်နှစ်ဖက်ကိုဓားနဲ့ ကိုင်ထားဆဲဖြစ်ပြီ ခန္ဓာကိုယ်ကိုလှည့်လိုက်ပါတယ်။ ဓားကအရှေ့ကိုရောက်ရှိလို့သွားခဲ့ပြီ သူ့ရဲ့လှုပ်ရှားမှုတွေက အင်မတန်ကို ရိုးရှင်းတဲ့ပုံထင်နေခဲ့ရပါတယ်။ ဒါပေမယ့် သူဒီလိုလုပ်ဆောင်နေချိန်မှာ သူကိုယ်တိုင်လဲ အန္တရာယ်များတဲ့အခြေအနေကို ရောက်ရှိလို့နေခဲ့တယ်။ သူ့ရဲ့အရှိန်ကိုနှေးကွေးလိုက်ရတာကတော့ တစ်ချက်ထဲမှာ အပြီးသတ်ချင်လို့ပါပဲ။
ဥက္ကာပျံဓားက ဖြည်းဖြည်းချင်းအရှ့ကိုရွေ့နေခဲ့သလို ကြီးမားတဲ့ဖိအားကလဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဖိအားကကျွီကျွယ်ချန်နဲ့အတူ ရောက်ရှိလို့လာပြီ ပိုမိုကြီးမားလေးလံလို့လာခဲ့တယ်။
ကျွီကျွယ်ချန် ဒီလိုရွေ့လျားတဲ့အချိန်မှာ သူက လေနဲ့အတူမျောပါလာသလိုပါပဲ။ ဟို့ယွိဟောင်ကလဲ အဲ့ဒီအချိန်မှာ ပြန်လည်လှုပ်ရှားလိုက်ပါတယ်။ ဘယ်ဘယ်ခြေထောက်ကို အရှေ့ဖက်ဆီတစ်လှမ်းလှမ်းလိုက်ပြီ ကျွီကျွယ်ချန်လိုမျိုး ပြေးထွက်လို့မသွားပဲ မြေပြင်ကိုဖိချလိုက်ပါတယ်။
လက်ရှိအချိန်မှာ ပြိုင်ပွဲနယ်မြေတစ်ခုလုံးကတော့ ၀ုန်းကနဲအသံကြီးမြည်သွားခဲ့တယ်။ ရွှမ်ကျင့်၀မ်လဲ ခန္ဓာကိုယ်ဟန်ချက်ကိုပျက်သွားခဲ့ပြီ ဘေးကိုလဲကျတော့မတတ်ဖြစ်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ခန္ဓာကိုယ်ကိုတစ်၀က်တိတိလှည့်လိုက်ပါတယ်။ သူ့မှာဓားမရှိပေမဲ့ လက်သီးတော့ရှိတယ်။ လက်ရှိအချိန်မှာ ဘယ်၀ိညာဥ်စွမ်းအားကိုမှ သုံးမထားသလို သူ့ရဲ့အကြောက်တရားလက်သည်းတွေကို ထုတ်မထားပါဘူး။ ညာဘက်လက်တစ်ခုကိုပဲ သူအားပြုထားတာပါ။
ဒီအချိန်မှာ သူညာဘက်လက်တစ်ခုလုံးက ရွှေရောင်ပြောင်းနေခဲ့ပါပြီ။ အင်မတန်ကိုသိပ်သည်းလေးလံပြီတော့ အရာအားလုံးကို လွှမ်းခြုံလိုက်တော့မဲ့ ရွှေသားလက်ကြီးပါပဲ။
လက်ရှိအချိန်မှာ နှစ်ယောက်စလုံးက အတူတကွလေ့ကျင့်နေတာနဲ့တူနေခဲ့တယ်။ အနက်ရောင်ဓားကိုခုတ်ချလိုက်ပြီချိန်မှာလဲ ဟို့ယွိဟောင်တစ်ပတ်လည်တာက ပြီးသွားခဲ့ပါပြီ။ သူရဲ့ရွှေရောင်လက်သီးက ဓားထိပ်နဲ့တိုက်သွားပါတော့တယ်။
အဲ့ဒီနောက် ရွှမ်ကျင့်၀မ်ကတော့ အထိတ်တလန့်နဲ့ ခြေနှစ်လှမ်းဆုတ်သွားခဲ့တယ်။ လက်သီးနဲ့ ဓားထိတွေ့သွားချိန်မှာ သူ့ရဲ့ပတ်၀န်းကျင်လေဟာနယ်ကြီးတွေက ပုံမှန်မဟုတ်လောက်အောင် မယုံနိုင်စရာပုံစံနဲ့ တွန့်လိမ်သွားတာကို ခံစားလိုက်ရပါတယ်။
တခဏတာသာ ဖြစ်သွားပေမဲ့ သူအမြင်မှားနေတာတော့ မဟုတ်တာသေချာပါတယ်။
ကျန်ဟုန်ချန်တောင်မှ လက်ရှိအချိန် သူ့ရဲ့ထိုင်ခုံပေါ်မှာထရပ်လို့နေခဲ့ပါပြီ။
ဒီပွတ်တိုက်မှုရဲ့တကယ်နောက်ကွယ်အဓိပ္ပာယ်အစစ်အမှန်ကို သူ မနားလည်နိုင်တာသဘောပေါက်သွားခဲ့တဲ့အတွက် သူကိုယ်တိုင်လဲ မျက်လုံးပြူးနေခဲ့ပါတယ်။
ဒီတိုက်ခိုက်တဲ့အင်အားက သိပ်ပြီအထင်ကြီးစရာကောင်းပေမဲ့ ရိုးရှင်းတဲ့တိုက်ခိုက်မှုမဟုတ်ဘူးဆိုတာ သိသာနေခဲ့ပါတယ်။ ကြီးမားပြင်းထန်တဲ့ အရှိန်အ၀ါက အပြင်ကိုပြန့်ထွက်လို့သွားခဲ့ပါပြီ။ ၀ိညာဥ်စွမ်းရည်တစ်ခုကိုမှ သုံးမထားခဲ့ပေမဲ့ မရှင်းလင်းနားမလည်နိုင်တဲ့ အရာတွေက သူ့ဆီမှာပဟေဠိတစ်ခုလိုဖြစ်သွားပါတော့တယ်။
ပွတ်တိုက်မှုပြီတဲ့နောက်မှာကတော့၀ုန်းကနဲမြည်တဲ့အသံကြီးက ထွက်ပေါ်လာခဲ့ပါပြီ။
မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေက ဆက်တိုက်ပေါ်လာခဲ့ပြီတဲ့နောက် မြေပြင်တစ်ခုလုံးစတင်ပြီ အက်ကွဲပါတော့တယ်။ ဒီအက်ရာတွေက တိုက်ခိုက်နေသူနှစ်ယောက်ရဲ့ အပြင်ဖက်ဆီသုံးဆယ်မိီတာအထိကို ပြန့်ထွက်လို့လာခဲ့တာပါ။
ဟို့ယွိဟောင်နဲ့ ကျွီကျွယ်ချန်နှစ်ယောက်စလုံးကလဲ နောက်ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။ ကျွီကျွယ်ချန်ကတော့ သူ့ရဲ့ဓားကိုကျစ်ကျစ်အောင် ဆုပ်ကိုင်ထားဆဲပါပဲ။ သူရဲ့လက်မနဲ့ လက်ညိုးကြားမှာရှိနေတဲ့ နေရာလွှတ်ကတော့ ဆက်တိုက်ဆိုသလို သွေးထွက်လို့နေခဲ့ပါတယ်။
အပိုင်း ၁၈၁•၂ ပြီး၏။