အပိုင်း ၁၈၁•၁
” ဓားအရူးကြီး ကျွယ်ချန် ”
°°°
နောက်ထပ်ဆယ့်ငါးမိနစ်ကြာပြီချိန်မှာတော့ ဟို့ယွိဟောင်က စွမ်းအားအပြည့်နဲ့ခုန်ထလာပါတော့တယ်။ ဒါ့အပြင် ရွှမ်ကျင့်၀မ်ကိုလဲ ခေါင်းညိတ်ပြလို့နေခဲ့တယ်။ သူဆက်ပြီသွားဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ရွှမ်ကျင့်၀မ်လဲ အခုအချိန်မှာ စိတ်မထိန်းနိုင်ပဲဆုတောင်းနေခဲ့မိပါတယ်။ ဟို့ယွိဟောင်ရဲ့ဒီလိုကြီးမားတဲ့အင်အားနဲ့ ပြိုင်ဆိုင်လိုစိတ်ကို သူအသုံးပြုနေကြသတ္ထုတွေမှာ ရှိစေဖို့အတွက်ပါ။ ဟို့ယွိဟောင်ရဲ့ အင်အားထက်သန်မှုက တကယ်ကိုအံ့မခန်းနိုင်စရာကောင်းလွန်လှပါတယ်။
တတိယမြောက်အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ပေါ်လာခဲ့ပါပြီ။ သူက အမျိုးသား၀ိညာဥ်လက်နက်အတတ်ပညာရှင်ပါပဲ။ အသက်ကနှစ်ဆယ်ငါးနှစ်ဆယ်ခြောက်အရွယ်ရှိပြီ ရှည်လျားတဲ့အနက်ရောင်ဆံပင်တွေကို ခပ်မြင့်မြင့်မြောက်ပြီစည်းထားခဲ့ပါတယ်။ ရုပ်သွင်က ဖြူဖြူဖျော့ဖျော့ဖြစ်နေခဲ့ပေမဲ့ ချောမာခန့်ညားနေခဲ့သလို သူ့ရဲ့မျက်လုံးတွေကတော့ အတော်လေးကိုစွမ်းအားမရှိတဲ့ပုံပေါ်နေခဲ့တယ်။ လှုပ်ရှားမှုကလဲ နှေးကွေးပြီ ပျင်းရိနေပါသေးတယ်။
ဟို့ယွိဟောင် မြင်ဖူးသမျှသူတွေနဲ့ ယောင်္ကျားသားတွေအားလုံးထဲမှာ ၀မ်သုန့်တစ်ယောက်ကသာဒီလူရဲ့ချောမောခန့်ညားတဲ့ရုပ်ရည်ကို ယှဥ်ပြိုင်နိုင်မဲ့အလားအလာ ရှိပါတယ်။ ဒါပေမယ့် ၀မ်သုန့်ရဲ့အလှအပက နူးညံ့မှုတွေအပြည့်ရှိနေခဲ့ပြီ ဒီလူကတော့ မောက်မာပြီထီမထင်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့ပါတယ်။ ဒီလူဆီကနေ ဘယ်လိုခံစားချက်မျိုးကိုမှ ဟို့ယွိဟောင်မခံစားမိပါဘူး။
သူ့ရဲ့လက်ထဲမှာတော့ လေးလက်မကျော်ရှည်လျားတဲ့ ဓားတိုတစ်လက်ကို ကိုင်ဆောင်လို့ထားခဲ့ပါတယ်။ ဓားကအစကနေအဆုံးအထိ လုံး၀အနက်ရောင်ဖြစ်နေခဲ့ပြီ ရိုးရှင်းတဲ့ပုံသဏ္ဍာန်ကိုပိုင်ထားခဲ့တယ်။ ဒါ့အပြင် ဘာမှထူးခြားချက်မရှိတဲ့ ဒီဓားကမီးမွှေးတဲ့တုတ်ချောင်းနဲ့တောင် တူနေပါသေးတယ်။
သူ့ကိုပထမဆုံးမြင်မြင်ချင်မှာတင် ဟို့ယွိဟောင်အနေနဲ့ ကြက်သီးတွေထလာခဲ့ရပါပြိီ။ ကျန်ကျင့်ရန်က သူ့ကိုခြိမ်းခြောက်နိုင်တဲ့အန္တရာယ်အငွေ့အသက်တွေအပြည့်ရှိခဲ့ပေမဲ့ ဒီလူက ပိုပြီးအန္တရာယ်များမဲ့ပုံစံပေါ်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက အခုအချိန်အထိ အလုပ်လုပ်နေဆဲပါ။ ဒါပေမယ့် ဒီလူကိုထောက်လှမ်းလို့မရနိုင်တဲ့ပုံပါပဲ။ သူ့ဆီကနေ စွမ်းအားတစ်ခုကိုမခံစားရတဲ့အနေအထားမှာရှိနေခဲ့တယ်။
” ကျွီကျွယ်ချန် ”
ကျွီကျွယ်ချန်ရဲ့ မိတ်ဆက်မှုက အရမ်းကိုတိုတောင်းခဲ့ပေမဲ့ သူ့ရဲ့မိတ်ဆက်မှုကပိုပြီးတော့တောင် တိုတောင်းပါတယ်။
” ဟို့ယွိဟောင် ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းကြည့်နေခဲ့တယ်။
ကျွီကျွယ်ချန်ရုတ်တရက်ပြောလာချိန်မှာ ဟို့ယွိဟောင်အံ့ဩသွားခဲ့ရပါတယ်။
” မင်းရဲ့လက်သီးကြောင့် ငါနောက်ဆုံးမိနစ်ပိုင်းမှာမှ စာရင်းသွင်းပြီ၀င်လာတာ မင်းရဲ့လက်သီးထဲမှာ ငါရှာဖွေနေတဲ့တစ်စုံတစ်ရာကိုတွေ့ခဲ့ရတယ်..ကျေးဇူးပြုပြီး အဲ့ဒါကိုငါနဲ့တိုက်ခိုက်ချိန်မှာသုံးပေးပါ ကျေးဇူးပါပဲ ”
သူပြောပြီတာနဲ့ သူ့ဓားပေါ်မှာလက်နှစ်ဖက်ကိုတင်ရင်းဖြည်းဖြည်းချင်းဆိုသလို ဦးညွတ်လိုက်ပါတော့တယ်။ သူ့ရဲ့မျက်လုံးတွေထဲကနေ စိတ်အားထက်သန်မှုက စတင်ပြီတောက်ပလာခဲ့ပါပြီ။ အခုလက်ရှိအချိန်မှာကတော့ သူ့ရဲ့မျက်လုံးထဲမှာ ဓားတစ်လက်တည်ရှိနေတဲ့အသွင်ပုံစံမျိုးပြောင်းသွားပါတော့တယ်။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်း အနက်ရောင်၀ိညာဥ်စက်ကွင်းတို့က သူခြေထောက်အောက်မှာ စတင်ထွက်ပေါ်လာပါတော့တယ်။
ဟို့ယွိဟောင်ဒီလူရဲ့ မျက်လုံးကိုကြည့်ရင်း တွေးလိုက်မိတာကတော့ တစ်ခုသာရှိပါတယ်။ ဒီကောင်က အရူးပဲ မကြာခင်အချိန်အတွင်းမှာ သူအလေးအနက်ကိုဖြစ်သွားပါတော့တယ်။ အရူးတစ်ယောက်က သာမန်လူတွေထက် အများကြီးပိုပြီးကြောက်စရာကောင်းတာကို သူနားလည်ပါတယ်။
” ကျေးဇူးပြုပြီး နောက်ထပ် တစ်နာရီလောက်စောင့်ပေးပါလား ”
ဟို့ယွိဟောင်ကမေးလိုက်ပါတယ်။ ကျွီကျွယ်ချန်က သူ့ရဲ့ဓားကိုအရမ်းအာရုံစိုက်နေခဲ့တဲ့အတွက် သူအော်ပြောရပါတော့တယ်။
” ကျေးဇူးပြုပြီး စောင့်ပေးပါ ”
ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်က မြေပြင်ပေါ်မှာချက်ချင်းဆိုသလို တင်ပလ္လင်ခွေထိုင်ချရင် တရားစထိုင်ပါတော့တယ်။
နှစ်ယောက်စလုံးက အသံကျယ်ကျယ်လောင်လောင်နဲ့ ပြောနေခဲ့ကြတဲ့အတွက် အကြာအာရုံကောင်းတဲ့သူတော်တော်များများက သူတို့ပြောနေတာကိုကြားရပါတယ်။ ရွှမ်ကျင့်၀မ်လဲ ဘာမှ၀င်မပြောပဲ ဘေးမှာသာရပ်နေခဲ့တယ်။ သူကိုယ်တိုင်လဲ ကျွီကျွယ်ချန်ကို အရူးတစ်ယောက်လိုတွေးထင်ထားခဲ့တာပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က တပည့်သားတွေနဲ့ ကျောင်းထဲမှာရှိတဲ့လူတိုင်လဲ ဒီလိုပဲတွေးပါတယ်။
ကျွီကျွယ်ချန်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ ထူးခြားတဲ့သူတစ်ယောက်အဖြစ် တည်ရှိလို့နေခဲ့တယ်။ ပထမဆုံးအနေနဲ့ သူက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ၀ိညာဥ်ပညာရှင်စစ်စစ်တစ်ယောက်လဲ မဟုတ်ပဲနဲ့ ရွေ့လျားထိန်းချုပ်မှု၀ိညာဥ်လက်နက်ဌာနက တပည့်ကြီးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ။
သူ့ရဲ့လက်နက်က ဓားကြီးတစ်လက်ပါပဲ။ လုံး၀သာမန်ဖြစ်တဲ့ဓားတစ်လက်ကိုပိုင်ဆိုင်လို့ထားပြီ ဘာစွမ်းအားမှလဲ မရှိပါဘူး။
သူ့ရဲ့မူလ၀ိညာဥ်စွမ်းအားကလဲ အဆင့်သုံးသာရှိတဲ့အတွက် သူ့ရဲ့မူလစွမ်းအားကအတော်ကိုနည်းလွန်တဲ့အတွက် ကျင့်ကြံဖို့တောင်ခက်ခဲခဲ့ပါတယ်။
ဒါပေမယ့် သူအသက်ခြောက်နှစ်ရောက်ချိန်မှာ သိုင်းပညာ၀ိညာဥ်က နိုးထလာခဲ့ပြီတဲ့နောက် သူ့ရဲ့ဓားပေါ်မှာစတင်အရူးအမူးစွဲလမ်းပါတော့တယ်။ သူ့ရဲ့မျက်လုံးထဲမှာ ဒီဓားကလွဲပြီ ဘာမှမမြင်တော့ပါဘူး။
နေ့စဥ်နေ့တိုင်းမနားမနေလေ့ကျင့်ရင်းသိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးပါတော့တယ်။ သူဘယ်လိုများ၀ိညာဥ်စွမ်းအားတွေ တိုးတက်လာတာဆိုတာကို ဘယ်သူမှမသိခဲ့ပါဘူး။ သူအသက်ဆယ်နှစ်ရောက်ချိန်မှာ၀ိညာဥ်စွမ်းအားက အဆင့်တစ်ဆယ်ကိုရောက်နေခဲ့ပါပြီ။ ဒါ့အပြင် ဒီဓားကိုကိုင်ဆောင်ထားရင် ၀ိညာဥ်သားရဲကောင်တွေအပြည့်နေရာကို၀င်ရောက်ကာ သူ့ဓားတစ်လက်ထဲနဲ့ သုံးရက်သုံးညတိတိ လိုက်လံတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနောက်မှာတော့ တစ်ကိုယ်လုံးသွေးတွေစိုရွှဲပြီ ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။
သူကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းကိုလဲ သူရရှိခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလိုမျိုး ၀ိညာဥ်စွမ်းအားကိုတိုးတက်စေဖို့အတွက် ၀ိညာဥ်စွမ်းရည်တစ်ခုကိုလဲ ရရှိခဲ့ပါသေးတယ်။
နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းသားတွေ ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်စွမ်းအားပျမ်းမျှပမာဏကအမျက်ဒေါသကျောင်းတော်ရဲ့ပမာဏထက်ကိုပိုပြီးမြင့်မားပါတယ်။ ဘာကြောင့်လဲဆိုရင် အားလုံးက ဆေး၀ါးအမျိုးမျိုးကိုသုံးစွဲရင်း ၀ိညာဥ်စွမ်းအားကိုတိုးတက်အောင် လုပ်ဆောင်ထားကြလို့ပါ။
၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရောက်ရှိတဲ့အချိန်မှသာ ဒီလိုဆေးသုံးတဲ့အကျိုးရလဒ်ကြောင့် နှေးကွေးမှုတွေကို ကြုံတွေ့ရပါတယ်။
ဒါပေမယ့် သူတို့ထဲမှာကိုးဆယ်ငါးရာခိုင်နှုန်းကတော့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းတောင် မရခဲ့ကြပါဘူး။ ဆေး၀ါးတွေကိုသုံးစွဲတာလွန်ကဲကြလို့ပါပဲ။ အဆင့်ငါးအဆင့်ခြောက်ရောက်ဖို့ဆိုတာက သူတို့အတွက် လုံလောက်နေခဲ့ပါပြီ။
ဒါပေမယ့် ကျွီကျွယ်ချန်ကတော့ ဒီနေရာမှာရှိတဲ့ဘယ်သူနဲ့မှမတူပဲ ကွာခြားပါတယ်။ ဘယ်လိုဆေး၀ါးကိုမှ မသုံးစွဲပဲနဲ့ လူတိုင်ကိုသူကစိန်ခေါ်ပြီ ကျန်ရစ်ခဲ့တဲ့သူပါ။ ကျောင်းတော်ထဲမှာ ဘယ်လိုသန်မာတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ရှိပါစေ သူ့နေရာကိုတော့ မကိုင်လှုပ်နိုင်ခဲ့ပါဘူး။
သူ့ရဲ့ဓားကလဲ ပြင်ပအာကာသထဲက ဥက္ကာပျံသတ္ထုနဲ့ပြုလုပ်ထားတဲ့ဓားပါ။ ဒါကိုရရှိပြီတဲ့နောက် ကိုယ်ပိုင်နည်းလမ်းတွေကို အသုံးချရင်း ဓားတစ်လက်ပုံစံဖြစ်လာအောင် ဖန်တီးခဲ့ပါတယ်။ ဆယ်နှစ်ကျော်ကြာပြီတဲ့နောက် အဲ့ဒီသတ္ထုတုံးကြီးက ဓားအသွင်ကိုပြောင်းလဲသွားပါတော့တယ်။
ပြင်ပအာကာသရဲ့ သတ္ထုပစ္စည်းတွေကို လက်နက်အဖြစ်အသွင်ပြောင်းတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ပြောရမှာပါ။ ဒါပေမယ့် သူကတော့ အောင်မြင်ခဲ့ပါတယ်။
နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာ သေချာပေါက် သူက လူထူးလူဆန်းတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ကျန်ဟုန်ချန်ကလဲ သူ့ကိုအထူးအခွင့်အရေးတစ်ခုပေးပြီ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ထဲ၀င်ခွင့်ပြုခဲ့တယ်။ ဒါ့အပြင် ရွေလျားထိန်းချုပ်မှု၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ တပည့်ကြီးဖြစ်တဲ့အတွက် သူက သူ့ရဲ့ပြိုင်ဘက်တွေကိုရွေးချယ်ခွင့်ရှိသူပါ။ ဒါပေမယ့် လစဥ်လတိုင်းမှာစိန်ခေါ်မှုတစ်ခုသာ ပြုလုပ်ခွင့်ရပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမနဲ့ ကျောင်းတော်ရဲ့နေ့စဥ်လုပ်ကိုင်ရတဲ့လုပ်ငန်းတာ၀န်တွေကို နှောင့်ယှက်ခံရတာမျိုး ကျန်ဟုန်ချန် မလိုချင်လို့ပါပဲ။
ဒါကြောင့်သာ ကျောင်းသားတွေနဲ့ ဆရာတွေအားလုံးက သူ့ကိုနာမည်ပြောင်းတစ်ခုထပ်ပေးထားခဲ့ပါတယ်။ ဓားသမားအရူးကောင်ပါ ဓားသမားအရူးကောင် ကျွီကျွယ်ချန်။
ဘယ်သူကမှသူနဲ့အခေါ်အပြောမလုပ်ချင်ကြပါဘူး။ ဒါကြောင့်သာ စိန်ခေါ်မှုလုပ်ချိန်ကလွဲပြီ သူက အမြဲတမ်းစကားနည်းတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ဓားကိုပဲအာရုံစိုက်ပြီ ဓားကိုပဲတစ်ချိန်လုံးစကားပြောနေလေ့ရှိတယ်။ သူ့ကိုလာစိန်ခေါ်တဲ့သူတွေနဲ့သာ စကားအမေးအဖြေလုပ်တာရှိခဲ့တာပါ။
မနေ့တုန်းက ဒီပြိုင်ပွဲကသူအတွက် အဓိပ္ပာယ်မရှိဘူးလို့ထင်တဲ့အတွက် သူမလာခဲ့ပါဘူး။ ဒါပေမယ့် ကျန်ကျင့်ရန်က သူ့ရဲ့ရှားရှားပါးပါးတွေထဲကသူငယ်ချင်းတစ်ယောက်ဖြစ်နေခဲ့ပါတယ်။
ကျန်ကျင့်ရန်လဲ သူ့ကိုအရင်ကရှုံးနှိမ့်ခဲ့ဖူးတယ်။ ဒါ့အပြင် သူမက မနေ့တုန်းကလာပြောခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့လူငယ်လေးကိုမနေ့တုန်းက သူတွေ့ခဲ့ရတယ်။ အဲ့ဒီလူငယ်ကအရမ်းကိုသန်မာလွန်တဲ့အတွက် ပြိုင်ပွဲကိုမဖြစ်မနေလာကြည့်ရမယ်ဆိုပြီ အတင်းဆွဲခေါ်လာခဲ့တာပါ ဒါ့အပြင် သူမလဲ ပြိုင်ပွဲထဲမှာရှုံးနှိမ့်ခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ လက်သီးထိုးမှုကိုမြင်မြင်ပြီးချင်မှာတင် ကျွီကျွယ်ချန်ကလဲ တိုက်ခိုက်ဖို့အတွက် စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီ ချက်ချင်းဆိုသလို စာရင်းပေးသွင်းခဲ့တာပါ။
ဒါကိုတကယ်တမ်းမှာတော့ ခွင့်ပြုမထားပါဘူး။ ကျွီကျွယ်ချန်က အတင်ကာရောချိုးဖောက်ပြီ၀င်လာခဲ့ပါတယ်။ သူ့ရဲ့ဓားနဲ့ ရူးနေတဲ့မျက်နှာကို မြင်ချိန်မှာ တကယ်တမ်းလေးယောက်မြောက်ယှဥ်ပြိုင်မဲ့သူက သွားပြီတော့တောင် မပြိုင်၀ံ့တော့ပါဘူး။
ကျွီကျွယ်ချန်လဲ ထိုင်ချလိုက်ပြီ သူ့ရဲ့ဓားကိုခြေထောက်အနားမှာထားရင်း ဓားကိုဖိကာစတင်ပြီတရားထိုင်ရပါတော့တယ်။
သူတို့နှစ်ယောက်က မီတာတစ်ရာငါးဆယ်အကွာမှာမျက်နှာချင်းဆိုင်ရင်း တရားထိုင်နေခဲ့တာကြောင့် နေရာကြီးတစ်ခုလုံးကလဲ တိတ်ဆိတ်နေခဲ့ပါတယ်။
ကျွီကျွယ်ချန်အကြောင်းကိုသိတဲ့အပေါ်ကကြည့်နေသူတချို့ကတော့ အတော်လေးကို ဂနာမငြိမ်ဖြစ်နေခဲ့ပါပြီ။ သူတို့အတွက်တော့ ကောက်ကျစ်တဲ့လူတစ်ယောက်ဆိုတာက သူ့ရဲ့ထူးခြားတဲ့ အကျင့်စရိုက်ဆိုတာ ရှိစမြဲပါ။ ကျွီကျွယ်ချန်က အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကိုတောင် အနိုင်တိုက်နိုင်တယ်ဆိုတာ ကောလဟာလရှိခဲ့ပါတယ်။ အကယ်၍ ဟို့ယွိဟောင်လဲ ကျွီကျွယ်ချန်နဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် သေချာပေါက်ပြဿနာတက်မယ်လို့ သူတို့ထင်နေခဲ့ကြတယ်။
ကျန်ဟုန်ချန်ကတော့ အတော်ကိုလှုပ်လှုပ်ရှားရှားဖြစ်နေခဲ့ပါပြီ။ ကျွီကျွယ်ချန်ပြောတဲ့ လက်သီးဆိုတဲ့ဥစ္စာဘာကိုဆိုလိုတာလဲ။
သူမျက်လုံးတွေကို ပြန်မှိတ်လိုက်ရင်း ဟို့ယွိဟောင်ရဲ့တိုက်ခိုက်တဲ့နည်းစနစ်တွေကို ပြန်တွေးတောနေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ရုတ်တရက်စိတ်ထဲကနေ အထိတ်တလန့်သတိပေးသံထွက်ပေါ်လာတော့တယ်။ ဒါက နဂါးသော့်လော့အကြီးအကဲမုရဲ့ တပည့်သားဆိုတာသေချာပေါက် သံသယဖြစ်ဖွယ်ရာမရှိပါဘူး။
နဂါးသော့်လော့ဆုံးပါးသွားပြီဖြစ်ပေမဲ့ ကန့်သတ်မဲ့သော့်လော့ဖြစ်လာနိုင်တဲ့လူတစ်ယောက်ကို သူက ချန်ရစ်ထားခဲ့ပါတယ်။ ဒီလူငယ်လေးက အနာဂတ်မှာ သိသာထင်ရှားတဲ့လူတစ်ယောက်ဖြစ်လာခဲ့မှာပါ။ နှမြောစရာကောင်းတာက သူ့ကိုအသုံးချလို့မရနိုင်ပါဘူး။ ဒီကျောင်းသားအကူအပြောင်းသင်ကြားမှုသာမရှိဘူးဆိုရင် သူတို့တွေရဲ့နောက်ကြုံတွေ့ရမဲ့ကိစ္စတွေက ကွာခြားသွားလိမ့်မယ်။
ဒီနေရာအထိတွေးတောပြီတဲ့နောက် ကျန်ဟုန်ချန်ရဲ့မျက်လုံးတွေက ထူးထူးဆန်းဆန်းအလင်းတန်းတွေနဲ့ တောက်ပလာခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့တိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ အင်အားက အတော်ကိုသိသာထင်ရှားလှပါတယ်။
လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက စစ်ပွဲတွေမှာလဲ အမျက်ဒေါသကျောင်းတော်က အရမ်းကိုခိုင်ခိုင်မာမာနေရာတစ်ခုနဲ့ ပါ၀င်ခဲ့တယ်။ သူတို့ရဲ့ အကူအညီကြောင့်သာမဟုတ်ဘူးဆိုရင် အရာအားလုံးက လုံး၀ကို ကွာခြားနေမှာပါ။ အိမ်ရှေ့စံမင်းသားက ဒုက္ခိတဖြစ်နေခဲ့ပေမဲ့ သူက တခြားမင်းသားတွေအားလုံးထက်ပိုပြီးအင်အားကြိီးပါတယ်။ အိမ်ရှေ့စံမင်းသားကို ကူညီပေးဖို့အတွက် သူဆုံးဖြတ်ပြီတာကြောင့် ရှိသမျှအတားအဆီးတွေအားလုံးကိုဖယ်ရှားပြစ်ဖို့လိုအပ်လာတော့တယ်။
” ကျားယွီ လူတွေကိုထိန်းချုပ်ထား ”
ကြည့်ရှု့နေသူတွေကြားမှာလှုပ်လှုပ်ရှားရှားဖြစ်လာတာကို ခံစားလိုက်တဲ့အတွက် ကျန်ဟုန်ချန်က ပြောလိုက်ပါတယ်။
လင်းကျားယွီက ခပ်မြန်မြန်ပဲ အသံချဲ့လက်နက်ကိုထုတ်ပြီအော်တော့တယ်။
” အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်ပေးနေကြပါ ယှဥ်ပြိုင်မဲ့သူတွေကို တည်ငြိမ်တဲ့ပတ်၀န်းကျင်တစ်ခုဖြစ်အောင် ကူညီပေးပါ ”
” ဒီတစ်ခေါက်ပြိုင်ပွဲက အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းပါလိမ့်မယ်..ဆရာတွေကျေးဇူးပြုပြီးအမိန့်အတိုင်းဆောင်ရွက်ကြ ”
တစ်နာရီဆိုတာ တိုတောင်းတဲ့အချိန်မဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ အဖြူရောင်အငွေ့အသက်တွေက စတင်ပြီ ဖြစ်ပေါ်နေခဲ့ပါပြီ။ ဒီအငွေ့အသက်တွေက ထူးဆန်းကောင်းကင်နည်းလမ်းကြောင့် ဖြစ်ပေါ်လာတာပါ။
ရွှမ်ကျင့်၀မ်လဲ ဒီအဖြူရောင်အငွေ့အသက်ဆီကလာတဲ့ လန်းဆန်းစေတဲ့အေးမြမှုကိုခံစားလိုက်ရပါတယ်။ ဟို့ယွိဟောင်နဲ့ ကျွီကျွယ်ချန်နှစ်ယောက်ဘာတွေလုပ်နေကြလဲ ဘယ်သူနိုင်မလဲဥစ္စာကိုသူလဲသိချင်နေခဲ့တယ်။
အကယ်၍ သူတို့ကျင့်ကြံဆင့်သာ တူညီမယ်ဆိုရင် ဟို့ယွိဟောင်က သေချာပေါက် အနိုင်ရသူဖြစ်လာနိုင်ပါတယ်။ ဟို့ယွိဟောင်ရဲ့ အမြွှာသိုင်းညာ၀ိညာဥ်က အများကြီးအားသာချက်ရစေမှာပါ။ ဒါ့အပြင် အံ့ဩစရာကောင်းလောက်အောင် သန်မာတဲ့အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်ကိုလဲ အရင်တိုက်ပွဲထဲမှာဖော်ပြခဲ့တယ်။
ရွှမ်ကျင့်၀မ်လဲ ကျွီကျွယ်ချန်ရဲ့ဓားကိုအရင်တုန်းကမြင်ဖူးပါတယ်။ တကယ်ကိုအံ့ဩစရာပါပဲ ဒါပေမယ့်ဟို့ယွိဟောင်ရဲ့တိုက်ပွဲကိုမျက်မြင်ကြုံတွေ့ရပြီတဲ့နောက် အံ့ဩထိတ်လန့်မှုနဲ့ကွာခြားနေခဲ့တယ်။
ကျွီကျွယ်ချန်က မြန်မြန်ဆန်ဆန်ကူးပြောင်းမှုလုပ်နိုင်တဲ့သူမဟုတ်ပါဘူး။ သူ့မှာသူဓားသာရှိပါတယ်။ သူ့ကအဝေးပြစ်တိုက်ခိုက်မှုမျိုးကိုလဲမပိုင်ဆိုင်ထားခဲ့ပါဘူး။ သူ့ကိုအနိုင်ယူဖို့ကြိုးစားတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တိုင်းက သူ့နဲ့ခပ်ခွာခွာမှာနေကြပါတယ်။ သူတို့တွေက အဝေးပြစ်တိုက်ခိုက်မှုကိုအသုံးပြုရင်း သူ့ရဲ့ ၀ိညာဥ်စွမ်းအားကို ကုန်ဆုံးစေပြီတဲ့နောက်မှသာ အနိုင်ယူကြတာပါ။ သူ့ကိုအနီးကပ်တိုက်ခိုက်မှုမှာ အနိုင်ယူနိုင်တဲ့သူကသာ ကျွီကျွယ်ချန်ရဲ့လေးစားမှုကိုရရှိပါလိမ့်မယ်။ အထူးသဖြင့် ကျန်ကျင့်ရန်က အဲ့ဒီထဲကတစ်ယောက်ပါပဲ။ သူမကတစ်ချိန်ထဲမှာ သူ့ရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးပေမဲ့လဲ သူ့ကိုရှုံးနှိမ့်ခဲ့ဖူးတယ်။
လက်ရှိအချိန်မှာ ပတ်၀န်းကျင်ရဲ့အပြောင်းအလဲကိုခံစားမိပြီတဲ့နောက် သူတို့ရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလို ပွင့်လာကြပြီ ခုန်ထလိုက်ကြပါပြီ။
ဒီအချိန်မှာတော့ ရွှမ်ကျင့်၀မ်အနေနဲ့ ပြိုင်ပွဲစတင်ကြောင်း ကြော်ငြာပေးဖို့တောင် မလိုတော့ပါဘူး။
အပိုင်း ၁၈၁•၁ ပြီး၏။