Switch Mode

Chapter – 180.3

ဒုတိယမြောက်ပြိုင်ပွဲ

အပိုင်း ၁၈၀•၃

” ဒုတိယပြိုင်ပွဲ ”
°°°
ဟို့ယွိဟောင်က တကယ်ထိုက်တန်တဲ့ ပြိုင်ဘက်တွေနဲ့ ကြုံတွေ့လာရချိန်မှာကတော့ အတော်လေးကို ရက်ရောပါတယ်။ ဒါ့အပြင် ရှန်မုရှု့ရဲ့ အရည်အချင်းတွေကို သူအထင်ကြီးသွားခဲ့မိတယ်။

ရှန်မုရှု့ကလဲ တစ်ချက်ခေါင်းညိတ်ပြီပြန်လှည့်သွားခဲ့ပါပြီ။ အခုလက်ရှိအချိန်မှာ သူ့ကိုယ်သူပြန်ပြီသတိပေးနေခဲ့မိပါတယ်။ အကယ်၍ နောက်တစ်ကြိမ်ဟို့ယွိဟောင်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် သူ့ရဲ့အကာအကွယ်၀ိညာဥ်အလွှာကို နှစ်လွှာကနေသုံးလွှာအထိ ထည့်ထားတာဖြစ်မှာလိမ့်မယ်။ ဒါဆိုရင် သူ့ရဲ့ခုခံမှုက ပိုပြီးအားကောင်းလာမှာပါ။

နောက်ထပ်တစ်ကြိမ် အနိုင်ရသွားပြန်ပြီလား ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားအသံတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီတိုက်ပွဲက အတော်ကိုတိုတောင်းသလို ကြည့်ရှု့နေသူတွေရဲ့ထိုင်ခုံကစင်မြင့်ရဲ့တော်တော်ဝေးဝေးမှာရှိနေတာပါ။ ဒါကြောင့် သေးငယ်တဲ့အသေးစိတ်တွေကအစ မြင်နိုင်ဖို့ခက်ခဲနေခဲ့ပါတယ်။

ဟို့ယွိဟောင်က အလွယ်တကူနိုင်သွားတယ်လို့ထင်ရပေမဲ့ သူ့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့အဆုံးစွန်းရေခဲစွမ်းအားကြောင့်သာ အနိုင်ရခဲ့တာပါ။ ရေခဲဧကရီရဲ့ အမျက်ဒေါသက ပြိုင်ဘက်ရဲ့နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ကို အေးခဲပြစ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် ရွှမ်ကျင့်၀မ်ကိုလဲ သူလှည့်စားခဲ့တယ်။ အကယ်၍ သူသာတကယ်ပြီးပြည့်စုံတဲ့ အကြောက်တရားလက်သည်းတွေကို အသုံးပြုမယ်ဆိုရင်တောင် ဒီမြေကမ္ဘာအကာအကွယ်ကိုတောင် ဖောက်ထွက်နိုင်မှာမဟုတ်ပါဘူး။

ဟို့ယွိဟောင် စောင့်ဆိုင်းရေးနယ်မြေဆီကိုပြန်ပြီ တင်ပလ္လင်ခွေထိုင်ရင်းနဲ့ စွမ်းအားတွေကို ပြန်ဖြည့်တင်းပါတော့တယ်။ ရေခဲဧကရီရဲ့အမျက်ဒေါသက ၀ိညာဥ်စွမ်းအားတချို့ကိုကုန်ဆုံးသွားစေခဲ့ပေမဲ့ သူဆက်ပြီတိုက်ခိုက်ဖို့အတွက်ပြဿနာမရှိပါဘူး။

ဒါပေမယ့် ရှန်မုရှု့ရဲ့တိုက်ခိုက်ပြီချိန်မှာ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ဘယ်လောက်အထိအင်အားကြီးလဲဆိုတာ သူနားလည်ခဲ့ပါပြီ။ သူတို့တွေကို အနိုင်ယူနိုင်ဖို့ယုံကြည်ချက်ရှိပြန်ရင်လဲ အကယ်၍ သူ့ရဲ့အစွမ်းအစကို အပြည့်အ၀အားကောင်းအောင်လုပ်မထားဘူးဆိုရင် ရှုံသွားမှာလဲကြောက်နေခဲ့တယ်။

ဆယ့်ငါးမိနစ်ကြာပြီတဲ့နောက် ဟို့ယွိဟောင် ပြန်ခုန်ထရင်း ရွှမ်ကျင့်၀မ်ကို ခေါင်းညိတ်ပြလိုက်ပါပြိီ။ ဒုတိယ၀င်ရောက်လာတဲ့သူကတော့ အတော်လေးကို ရွက်ကြမ်းရေကျိုရုပ်နဲ့အမျိုးသမီးတစ်ယောက်ပါပဲ။ သူကအသက်သုံးဆယ်နီးပါးရှိနေခဲ့ပါပြီ။

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ကျန်ကျင့်ရန် ”

ဒီအမျိုးသမီးက ဟို့ယွိဟောင်ပြိုင်ဖူးသမျှသူတွေထဲမှာ အတော်ကိုစိတ်မရှည်ဆုံးသူပါပဲ။

” အမျက်ဒေါသ ဟို့ယွိဟောင် ”

ဟို့ယွိဟောင်လဲ တိုတိုပြတ်ပြတ်သာ မိတ်ဆက်ပါတယ်။

” ပြိုင်ပွဲစတင်မယ် ”

ဟို့ယွိဟောင် အရင်တစ်ခေါက်ကလိုပဲ ပြေးထွက်လို့သွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အရှိန်နှုန်းအမြင့်ဆုံးသုံးထားတာကို မြင်လိုက်ရတယ်။

သူကအရှေ့ကိုပြေးထွက်လာခဲ့ချိန်မှာ စက်၀ိုင်းခြမ်းပုံသဏ္ဍာန်၀ိညာဥ်လက်နက်တွေက နောက်ကျောဖက်တစ်လျှောက်လုံးအပြည့်ပေါ်လာခဲ့ပါတယ်။ ခေါင်းလေးခုက ချက်ချင်းဆိုသလို တဖျတ်ဖျတ်ပွင့်လာခဲ့ပြီ မီးလျှံတွေကိုအနောက်ကနေပြီ စတင်ထုတ်လွှတ်ပါတော့တယ်။ ဒီမီးပွားတွေ ထွက်လာချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ဥက္ကာပျံတစ်ခုမျိုး အရှေ့ကိုပြေးထွက်လို့သွားခဲ့ပါပြီ။

လက်ရှိအချိန်မှာ ဟို့ယွိဟောင်တစ်ကိုယ်လုံးကိုစိန်ပွင့်လိုအစိုင်အခဲတွေက ၀န်းရံလို့ထားခဲ့ပြီ မီးပွားတွေအပြင်ဖက်ဆီ လွှင့်စင်ထွက်နေတာကို ပုံမှန်မျက်လုံးနဲ့ မြင်ဖို့အတွက် ခက်ခဲပါလိမ့်မယ်။ သူလဲရွေးချယ်စရာမရှိခဲ့ပါဘူး။ ရေခဲဧကရီရဲ့သံချပ်ကာအကာအကွယ်မရှိဘူးဆိုရင် အားကောင်းလွန်လှတဲ့ လေရဲ့တိုက်စားမှုကို ခုခံဖို့ခက်ပါလိမ့်မယ်။

ဒါပေမယ့် ဟို့ယွိဟောင်လဲ ဒီအရှိန်ပြင်းလွန်လှတဲ့ ရှပ်ပြေးကိုအသုံးပြုပြီး ကြောက်စရာအရှိန်နှုန်းကို ထုတ်သုံးနိုင်ခဲ့ပါပြီ။

မီတာတစ်ရာငါးဆယ်ကို တခဏတာအတွင်းကျော်ဖြတ်လို့လာနိုင်ခဲ့ပြီ ကျန်ကျင့်ရန်ရဲ့အရှေ့ကိုရောက်လာပါတော့တယ်။

ကျန်ကျင့်ရန်က စစချင်ပေါ်လာချိန်မှာအတော်လေးကို တည်ငြိမ်နေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့ ထိပ်တန်းအရှိန်နှုန်းကို မြင်လိုက်ရချိန်မှာတော့ သူမအနည်းငယ်အံ့ဩလို့သွားခဲ့ပါတယ်။

ဟို့ယွိဟောင်က လက်ရှိအချိန်မှာ အားကောင်းတဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်လိုမျိုး အသွင်ပေါက်နေခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့အရှိန်နှုန်းတိုးမြင့်လာတာနဲ့အမျှ ဧကရာဇ်နယ်မြေရဲ့ အစွမ်းအစက မရပ်တန့်နိုင်လောက်အောင် ဖြစ်ပေါ်လာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့လက်သီးက ကျန်ကျင့်ရန်ကိုစတင်ပြီ မိတ်ဆက်လာခဲ့ပါတယ်။ ရေခဲလိုစိန်ပွင့်တွေနဲ့ ပြည့်နှက်နေခဲ့တဲ့လက်သီးက ရေခဲဧကရီဆူးချွန်နဲ့အတူ ထူးဆန်းကျောက်စိမ်းလက်ကိုပေါင်းစပ်ထားတာပါ။

လက်ရှိအချိန်မှာတော့ သူ့ရဲ့အကြောက်တရားလက်သည်းတွေကို ဧကရာဇ်နယ်မြေနဲ့ပေါင်းစည်းလို့မရတာကြောင့် ဒါကိုသူသုံးလို့မရနိုင်ပါဘူး။

လက်ရှိအချိန်မှာ သူ့ရဲ့အရှိန်နှုန်းအင်အား စွမ်းအားနဲရှု့ထောင့်တွေအားလုံးကို ချိန်ကိုက်ရေးတိတိကျကျထိုးချပြစ်ဖို့လိုပါတယ်။ ဒါက ဟို့ယွိဟောင်ရဲ့တကယ်စစ်မှန်တဲ့အစွမ်းအစပါ။ သူက အဆုံးစွန်းထိန်းချုပ်မှုနဲ့ တိုက်ခိုက်တာပါပဲ။

ကျန်ကျင့်ရန်က ချက်ချင်းဆိုသလို နောက်ကိုဆုတ်သွားခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးကို ရွှေရောင်အလွှာတွေက ကာကွယ်လိုက်ပါတယ်။ ဒါကသုံးစက္ကန့်ကြာအောင် တောင့်ခံထားနိုင်တဲ့ မပျက်သုန်းအတားအဆီးပါ။

ဒါတင်မကပဲနဲ့ ခရမ်းရောင်အငွေ့တွေကပါ သူမရဲ့ခန္ဓာကိုယ်အပြင်ဖက်ဆီမှာ ပေါ်လာပါတော့တယ်။ အတိအကျပြောရမယ်ဆိုရင် သူ့တစ်ကိုယ်လုံးက မီးခိုလုံးကြီးအဖြစ်ကို ပြောင်းလဲလို့သွားခဲ့တာပါ။ အဲ့ဒီနောက် သူမရဲ့ ငါးခုမြောက်၀ိညာဥ်စက်ကွင်းက စတင်တောက်ပလို့လာခဲ့ပါပြီ။

သူက ရှန်မုရှု့ထက်အများကြီးအများကြီးပိုပြီးအားကောင်းပါတယ်။ သူမမှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းခရမ်ရောင်စက်ကွင်းနှစ်ကွင်းနဲ့ အနက်ရောင်နှစ်ကွင်းရှိနေခဲ့တယ်။ ဒါကလုံး၀ကို ပြီးပြည့်စုံတဲ့​ပေါင်းစည်းမှုတစ်ခုပါပဲ။

ဟို့ယွိဟောင်အနေနဲ့ ကပ်ဆိုးတစ်ခုကျရောက်တော့မှာကို ခံစားလိုက်ရပါတယ်။ ဒါကြောင့်သာ အားကောင်းလွန်လှတဲ့တိုက်ခိုက်မှုကို သူစတင်အသုံးပြုတာပါ။ သူမက ၀ိညာဥ်ဧကရာဇ်တွေထဲမှာ အတော်လေးအားကောင်းမဲ့သူဆိုတာ သေချာနေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့လက်သီးက မပျက်သုန်းအတားအဆီးဆီကို ပြင်းပြင်းထန်ထန်ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီလိုဖြစ်ပေါ်လာတဲ့ပေါက်ကွဲမှုက ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေရဲ့အလင်းရောင်တွေကိုတောင် အနည်းငယ်မှိန်ကျသွားစေခဲ့ပါတယ်။ ရာသီဥတုက အပြောင်းအလဲဖြစ်သွားတာလား။

ဟို့ယွိဟောင်လက်သီးနဲ့ထိမိချိန်မှာတော့ ခိုင်မာလွန်လှတဲ့မပျက်သုန်းအတားအဆီးက အနည်းငယ်စတင်အက်ကွဲလာခဲ့ပါတယ်။ ဒီအက်ကွဲကြောင်းကလက်သီးကိုဗဟိုပြုရင်း ဆန့်ထွက်လာခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ခုခံလိုက်နိုင်တဲ့ပုံတော့ပေါ်ပါတယ်။ တကယ်ပဲ ခုခံနိုင်တာရောဟုတ်ရဲ့လား။

မီးခိုရောင်အငွေ့တွေက ဒီအတားအဆီးအကာအကွယ်ထဲမှာ စုဝေးသွားခဲ့ရင်း လူသားတစ်ယောက်အသွင်ကို ပြန်လည်ပြောင်းလဲသွားခဲ့ပါပြီ။ ကျန်ကျင့်ရန်က လုံး၀ကို ဖြူဖျော့လို့နေခဲ့ပါတယ်။

မှန်ပါတယ် မပျက်သုန်းအတားအဆီးက ဟို့ယွိဟောင်ရဲ့အစွမ်းကုန်တိုက်ခိုက်မှုကို ခုခံနိုင်ပေမဲ့ ဧကရာဇ်နယ်မြေရဲ့လွှမ်းမိုးမှုကိုတော့ မခုခံနိုင်ခဲ့ပါဘူး။

ကျန်ကျင့်ရန်က ဒါကြောင့်သာလူအသွင်ပြန်ပြောင်းသွားခဲ့တာပါ။ ဒါက စိတ်၀ိညာဥ်ကိုတိုက်ခိုက်နိုင်စွမ်းအင်မတန်ကိုကြီးမားပါတယ်။

မပျက်သုန်းအတားအဆီးက လုံး၀ပျက်ဆီးလို့သွားခဲ့ပါပြီ။ ခရမ်းရောင်အလင်းတန်ကလဲ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ တစ်ချက်ပေါ်လာပြီတဲ့နောက် ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ကျန်ကျင့်ရန်လဲ နာနာကျင်ကျင်နဲ့ အော်ဟစ်ရင်းသူ့ခေါင်းကိုတူကြီးတစ်ခုနဲ့ ထုချလိုက်သလိုမျိုးမူးဝေသွားကာ နှာခေါင်းကသွေးတွေစီးကျလို့လာခဲ့ပါပြီ။

အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့အကြောက်တရားလက်သည်းတွေက သူမရဲ့အရှေ့ကိုနောက်ထပ်တစ်ကြိမ် ရောက်ရှိလို့လာပါတော့တယ်။ ဒါပေမယ့် သူမနဲ့တစ်လက်မအကွာမှာ သူရပ်တန့်လိုက်ပြီတဲ့နောက် သူမမြေပြင်ပေါ်လဲကျသွားတာကို ကြည့်နေခဲ့ပါတယ်။

သူမက သတိလစ်မသွားခဲ့ပါဘူး။ သူ့ရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ဖိထားခဲ့ရင်း နာနာကျင်ကျင်အော်ဟစ်လို့နေခဲ့ရပါတယ်။ သူမရဲ့ မျက်လုံး ပါးစပ်နဲ့ နားရွက်တွေထဲကတောင် သွေးတွေကပိုပြီးစီးကျလို့နေခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ သူ့ရဲ့ရင်ဘတ်ကိုတစ်ချက်ပုတ်လိုက်ပြီတဲ့နောက် အကြောက်တရားလက်သည်းတွေကို အရှိန်လျှော့လိုက်ပါတော့တယ်။

နေရာတစ်ခုလုံးကတော့ အခုအချိန်မှာတိတ်ဆိတ်လို့နေခဲ့ပါပြီ။ သူကတော့ အဲ့ဒီနေရာမှာရပ်နေတဲ့ ဧကရာဇ်တစ်ပါးနဲ့အသွင်တူနေပါတယ်။

” ကြောက်စရာကောင်းလှချေလား သူက ၀ိညာဥ်စက်ကွင်းလေးကွင်းပဲရှိသေးတာ ဟုတ်တယ်ဟုတ် ”

ကျန်ဟုန်ချန်တောင်ပြောလာခဲ့မိပါတယ်။ အခုလက်ရှိအချိန်မှာ သူတောင်မှ မျက်လုံးအ၀ိုင်းသားဖြစ်နေခဲ့ပါပြီ။

ပြိုင်ဘက်ကင်းတဲ့အရှိန်နှုန်းအဆုံးစွန်းစွမ်းအားနဲ့ အားကောင်းလွန်လှတဲ့ လွှမ်းမိုးမှု ကျန်ကျင့်ရန်ကို တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုတောင်မရစေခဲ့ပါဘူး။

သူစကားတစ်ခွန်တောင်မပြောပဲနဲ့ စောင့်ဆိုင်းရေးနယ်မြေဆီကို သူပြန်သွားခဲ့ပါပြီ။ အဲ့ဒီနေရာမှာ ပုံမှန်လိုပဲ အေးအေးဆေးဆေးထိုင်ချရင်းနဲ့ စတင်တရားထိုင်ပါတော့တယ်။ သူအရမ်းကိုအသက်ပြင်းပြင်းရှုသွင်းနေရပြီ ညာဘက်လက်တစ်ခုလုံးတုန်ရီနေကို ရွှမ်ကျင့်၀မ်သာ သတိထားမိတာပါ။ ဟို့ယွိဟောင်က အချိန်မရွေးလဲကျသွားတော့မဲ့အတိုင်းပါပဲ။

ဟို့ယွိဟောင်အချိန်မရွေးပြိုလဲသွားတော့မဲ့ပုံစံပေါ်နေခဲ့တာ​ကတော့ အင်အားကြီးတဲ့တိုက်ခိုက်မှုရဲ့ တန်ပြန်ဆိုးကျိုးဖြစ်နေခဲ့တာပါ။

ဒီအရှိန်နှုန်းက အဆင့်ငါးအဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် လိုက်မိီနိုင်တာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်ထုတ်လုပ်မှုအဆင့်အတန်းနဲ့ဆိုရင် အဆင့်ခုနှစ်၀ိညာဥ်ရှပ်ပြေးကို မဖန်တီးနိုင်တာအမှန်ပါ။ ဒါပေမယ့် အဆင့်ခြောက်၀ိညာဥ်ရှပ်ပြေးလေးခုကိုပေါင်းစည်းပြီ အဆင့်ခုနှစ်ရှပ်ပြေးနဲ့ အဆင့်တူအောင်လုပ်နိုင်ခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်ပေါ်သက်ရောက်တဲ့ တန်ပြန်ရိုက်ခတ်မှုက အတော်ကိုကြီးမားနေခဲ့တယ်။ ဒါ့အပြင် မပျက်သုန်းအတားအဆီးကို တိုက်ခိုက်ချိန်မှာ အရှိန်ကိုလုံး၀မလျှော့နိုင်ခဲ့ပါဘူး။ ဒါကြောင့်သာ အခုလိုမျိုးနာနာကျင်ကျင်ခံစားနေရတာပါ။

ကျန်ကျင့်ရန်အနေနဲ့ သူ့ကိုရှုံးသွားတယ်ဆိုတာက အံ့ဩစရာမရှိတဲ့ကိစ္စပါပဲ။

ရွှမ်ကျင့်၀မ်က ကျန်ကျင့်ရန်နဲ့အတော်လေးရင်းနှီးပါတယ်။ ကျန်ကျင့်ရန်က သူ့ရဲ့တန်တူအငယ်တစ်ယောက်ဖြစ်သလို တစ်ချိန်တုန်းက ပါရမီရှင်အဖြစ်သတ်မှတ်ခံထားခဲ့ရလို့ပါ။

အခုအချိန်အထိ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ်ဖန်တီးပြီ ရပ်တန့်နေခဲ့တာကတော့ သူမက လောဘကကြီးလွန်လို့ပါပဲ။

သူမအတွက် သင့်တော်တဲ့လမ်းတစ်ခုကိုမရွေးချယ်ပဲ ၀ိညာဥ်လက်နက်အမျိုးအစားတွေအားလုံးကို သုတေသနပြုခဲ့ပါတယ်။ ဒါကြောင့်သာ သူမက အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် ရပ်တန့်နေခဲ့တာပါ။ ဒါပေမယ့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုတော့ ရအောင်၀င်ရောက်နိုင်ခဲ့ပါတယ်။ ဒါကလဲ သူမရဲ့ပါရမီကြောင့်ပါပဲ။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့အဆင့်ကြောင့် ၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာဘုရင်မတစ်ပါးအဖြစ် သူမကို အသိအမှတ်ပြုထားကြပါတယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ရှန်မုရှု့နဲ့ ကျန်ကျင့်ရန်တို့ကို အရင်ဆုံးစေလွှတ်လိုက်တယ်ဆိုတာ မနေ့ကထဲက ရှုံးထားတဲ့ဆုံးရှုံးမှုတွေကို လျော်ကြေးပြန်ရအောင်ပြန်လုပ်ခဲ့တာပါပဲ။ ဒါပေမယ့် နှစ်ယောက်စလုံးကလဲ အခုတော့ ဟို့ယွိဟောင်ကိုရှုံးသွားခဲ့ပါပြီ။ မြန်မြန်ဆန်ဆန်ကို ရှုံနှိမ့်သွားတာပါ။

ဟို့ယွိဟောင်အနေနဲ့ တခဏတာတုန်ရီနေပြီတဲ့နောက် ခပ်မြန်မြန်ပဲ ပြန်တည်ငြိမ်တဲ့တရားထိုင်မှုအနေအထားကို ရောက်သွားတာကို ရွှမ်ကျင့်၀မ်သတိထားမိလိုက်ပြီးပြီချင်မှာပဲ လန့်သွားခဲ့ပါတော့တယ်။ အရာအားလုံးက ပြန်လည်တည်ငြိမ်လို့သွားခဲ့ပါပြီ။ အစောပိုင်းတုန်းက သူခံစားနေပုံရတဲ့ ကြီးမားတဲ့ဖိအားတွေအားလုံးက ပျောက်ကွယ်လို့သွားပါတော့တယ်။ သူ့ရဲ့အရှိန်အ၀ါနဲ့ ၀ိညာဥ်စွမ်းအားလှည့်ပတ်မှု နောက်တစ်ကြိမ်ပုံမှန်ဖြစ်လို့သွားခဲ့ပါပြီ။

ဒါက ဟို့ယွိဟောင်အနေနဲ့ ဘယ်လောက်မြန်မြန်ပြန်ကောင်းမွန်နိုင်တယ်ဆိုတာကို ပြသနေတဲ့အဓိကအချက်ပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အသက်စွမ်းအားကအရမ်းကိုကြီးမားလွန်လှပါတယ်။

မဟုတ်ရင် ကျွီးကျင့်နဲ့ ခက်ခက်တို့က သူကယ်တင်တဲ့အချိန်ကထဲက သေနေလောက်ပါပြီ။

ပြိုင်ဘက်ကင်းစစ်သည်တော်အစိီအစဥ်က ချောချောမွေ့မွေ့နဲ့ ဆက်ပြီလုပ်ဆောင်နေတယ်ဆိုတာအဓိကအားဖြင့်အချိန်အကြာကြီးတိုက်ခိုက်မှုကြောင့်လဲ ပါ၀င်နေခဲ့တယ်။

အပိုင်း ၁၈၀•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset