အပိုင်း ၁၈၀•၂
” ဒုတိယမြောက်ပြိုင်ပွဲ ”
°°°
ဟို့ယွိဟောင်က လူတိုင်းရဲ့အာရုံစိုက်မှုအလယ်မှာရှိနေဆဲပါပဲ။ ဒါပေမယ့် သူ့ကိုဘယ်သူကမှ ရန်သူတစ်ယောက်လိုမဆက်ဆံတော့ပါဘူး။ ၀ိညာဥ်ပညာရှင်လောကမှာရော ၀ိညာဥ်လက်နက်အတတ်ပညာရှင်လောကမှာပါ အစွမ်းအစဆိုတာက အရေးကြီးဆုံးကိစ္စပါ။ ဟို့ယွိဟောင်လဲ သူ့ရဲ့ အရည်အချင်းကို ပွဲသုံးဆယ်တိတိဆက်တိုက်အနိုင်ယူရင်ပြသနေခဲ့ပါပြီ။
တကယ်စစ်မှန်တဲ့အရည်အချင်းကို လူတိုင်ကလေးစားကြပါတယ်။ နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာတောင် ဒီအရည်အချင်းကိုလေးစားတဲ့သူတွေကမနည်းပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ ပုံရိပ်ယောက်အစစ်အမှန်ခန်းမဆောင်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘယ်လောက်အထိဆက်သွားနိုင်မလဲဆိုတာကို လူတော်တော်များများက သိချင်နေခဲ့ပါတယ်။
အများစုကတော့ ဒီနေ့ဆက်ပြီလောင်းကြေးထပ်ကြပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်အပေါ်မှာတောင် လောင်းကြေးထပ်တဲ့သူက အတော်ကိုနည်းပါးနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ကိုယ့်ကိုကိုယ်လက်ရှိအချိန်မှာ ယုံကြည်ချက်သိပ်မရှိတဲ့ပုံစံနဲ့လဲ အတူတူပါပဲ။ ဘယ်သူကမှ သူအဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအားလုံးကို အနိုင်ယူမယ်လို့ မယုံကြည်ကြပါဘူး။ အနည်းဆုံးတော့ အချီနှစ်ဆယ်တိတိအနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။
ဒါပေမယ့် ချွင်းချက်တော့ရှိနေခဲ့ပါတယ်။ ခက်ခက်က ဟို့ယွိဟောင်ကိုအနိုင်ရမယ်လို့ ရှားပါးသတ္ထုဆယ်ကီလိုနဲ့လောင်းခဲ့ပါတယ်။ သူမအပြင် နောက်ထပ်အမျိုးသမီးကျောင်းသူတစ်ယောက်ကလဲ ဟို့ယွိဟောင်အပေါ်လောင်းကြေးထပ်ခဲ့တယ်။ ဒါကတော့ နနပါ။
သူမ ဘာကြောင့်များဒီလိုလုပ်ခဲ့တယ်ဆိုတာ နနကိုယ်တိုင်လဲနားမလည်ခဲ့ပါဘူး။ သူက အရမ်းကြီးချမ်းသာနေတဲ့သူမဟုတ်တာကြောင့် ၀ိညာဥ်ရွှေပြားတစ်ရာကိုတောင် လောင်းကြေးထပ်ပါတယ်။
ရွှမ်ကျင့်၀မ်ကတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ပထမဆုံး အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို၀င်ဖို့အတွက် လက်ဟန်ပြလိုက်ပါပြီ။
သူက အသက်နှစ်ဆယ်ငါး နှစ်ဆယ်ခြောက်နှစ်အရွယ်လောက်ရှိတဲ့လူငယ်တစ်ယောက်ပါပဲ။ ခန္ဓာကိုယ်က တောင့်တင်းကြံ့ခိုင်ပြီ ဆံပင်တိုတိုတွေက အညိုရောင်တောက်ပပြီ ထောင်နေခဲ့သလို အသားကလဲအညိုရောင်တောက်နေခဲ့ပါတယ်။
သူက တော်၀င်မိသားစုနဲ့ တစ်နည်းတစ်ဖုံဆက်နွယ်နေပုံပါပဲ။ သူ့ရဲ့လက်မောင်းရှည်ရှည်တွေက ပုံမှန်ထက်ပိုပြီးတော့ကို ရှည်လျားသလို အတော်ကြီးကိုကြီးမားတုတ်ခိုင်ပါတယ်။ ကွင်းပြင်ထဲကို၀င်လာချိန်မှာတော့ သူ့ရဲ့အငွေ့အသက်က ဟို့ယွိဟောင်ဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မကြောက်လန့်ပဲ အေးအေးဆေးဆေးနဲ့ရှိနေခဲ့တယ်။
” နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ရှန်မုရှု့ ”
” အမျက်ဒေါသကျောင်းတော် ဟို့ယွိဟောင် ”
ရွှမ်ကျင့်၀မ်လဲ နှစ်ဖက်စလုံးကိုကြည့်ပြီတဲ့နောက်ညဘက်လက်ကိုအပေါ်မြောက်ရင်း အောက်ဖက်ကိုရိုက်ချလိုက်ပါတယ်။
” ပြိုင်ပွဲစတင်မယ် ”
သူကြော်ငြာတာနဲ့ နှစ်ဖက်စလုံးက စတင်လှုပ်ရှားပါတော့တယ်။ ရှန်မုရှု့က ဟို့ယွိဟောင်ဆီကို ပြေး၀င်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အကွာအဝေးက လုံး၀ကို နီးကပ်လို့သွားပါတော့တယ်။
ရှန်မုရှု့ရဲ့လက်တွေက သူ့ရဲ့ဘေးဖက်မှာအနောက်ဖက်ကို ပြစ်ထားခဲ့ပြီ အရှေ့ကိုပြေးလာခဲ့ပါတယ်။ လက်တစ်ဖက်ဆီမှာကတော့ ရှည်လျားတဲ့ဓားမြောင်တွေရှိနေခဲ့တယ်။ ဒီဓားမြောင်တွေက ပုံစံအတူတူပါပဲ။ လေးလက်မကျော်ရှည်ပြီ သူတို့ရဲ့လက်ကိုင်တွေက အတော်ကိုထူးထပ်ကာ ဓားရဲ့အပြားကတော့ ကျယ်ပြန့်ပါတယ်။
သဲလိုမျိုး၀ါညစ်တဲ့အရောင်က ထွက်ပေါ်လို့လာခဲ့ပြီ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ အပြင်ကိုရောက်ရှိလာခဲ့ပါပြီ။ ဒါကအတော်ကိုအားကောင်းတဲ့၀ိညာဥ်စွမ်းအားပါ။ မြေကမ္ဘာအမျိုးအစားအနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်ပါပဲ။ ဟို့ယွိဟောင်က ဘယ်၀ိညာဥ်လက်နက်က်ိုမှ သုံးမထားပါဘူး။ သူမနေ့ကလုပ်တဲ့အတိုင်းသာရှိနေခဲ့ပါတယ်။ လက်ရှိအချိန် ရှန်မုရှု့ရဲ့ခေါင်းပေါ်မှာကတော့ အရောင်စင်းမဲ့တဲ့ပတ္တမြားတစ်ခု မြုပ်နှံထားတဲ့ခေါင်းဆောင်းတစ်ခုရှိနေခဲ့ပါတယ်။ ဒီပတ္တမြားက နေရောင်ရဲ့အောက်မှာ မှိန်ဖျော့ဖျော့လေးတောက်ပလို့နေခဲ့တယ်။
သူတို့နှစ်ယောက်က အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေဖြစ်ကြတာကြောင့် တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းမှာ မီးပွားတွေက လွှင့်စင်ထွက်လာမယ်လို့ ထင်နေခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိအချိန် အဝေးကနေကြည့်မယ်ဆိုရင်တောင် ထင်ရှားတဲ့အမီးစတွေကို မြင်ရမှာပါ။ နှစ်ဖက်စလုံးနီးကပ်လာချိန်မှာပဲ ရှန်မုရှု့က အော်ဟစ်လိုက်သလို တတိယမြောက်၀ိညာဥ်စက်ကွင်းကလဲ စတင်ပြီတောက်ပလို့လာခဲ့ပါပြီ။ ခရမ်းရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလို့သွားခဲ့ပြီတဲ့နောက် သူ့ရဲ့အရှိန်အ၀ါအငွေ့အသက်က ပိုမိုကြောက်စရာကောင်းလာပါတော့တယ်။ အရှေ့ကိုမခုန်ခင်အချိန်မှာ သူရုတ်တရက်ဆိုသလို ရပ်လိုက်ပြီ ဟို့ယွိဟောင်ကို ဓားမြောင်နဲ့ထိုးစိုက်လိုက်ပါတယ်။
အ၀ါရောင်ဓားမြောင်ကအင်အားရှိတဲ့ပုံမပေါ်ပေမဲ့ ရှန်မုရှု့ကိုဗဟိုပြုရင် လေထုတွေက စတင်ပြီလှုပ်ရှားလာခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူ့ရဲ့ခြေဖျားကိုထောက်ရင်း ရှန်မုရှု့ထက်မြန်မြန်ဆန်ဆန်ခုန်လိုက်ပါတော့တယ်။ ဒီအချိန်မှာပဲ ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ထပ်မံပေါ်ထွက်လို့လာခဲ့ပြန်ပါပြီ။ နှစ်ဖက်စလုံးနီးကပ်လာတာနဲ့အမျှ ဟို့ယွိဟောင်ရဲ့နောက်ကျောဖက်မှာအတောင်ပံတစ်စုံက ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် သူ့ဘေးကိုရုတ်တရက်စောင်းလိုက်ရင်းရှန်မုရှု့ရဲ့ဓားမြောင်တွေကို ရှောင်ရှားလို့နေခဲ့တယ်။ သူ့ရဲ့ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ရှန်မုရှု့ရဲ့ပုခုံးဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ကို တစ်၀က်အထိ သူအသုံးပြုရင်း သူ့ရဲ့နေရာကို ပြောင်းလဲနေခဲ့ပါတယ်။
ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ရဲ့ အလင်းတန်းက တခဏတာထွက်ပေါ်လာပြီတဲ့နောက် ပျောက်ကွယ်လို့သွားပါတော့တယ်။ သူ့ရဲ့ထိန်းချုပ်မှုကတော့ အံ့မခန်းပါပဲ။
ရွှေအိုရောင်အကြောက်တရားလက်သည်းတွေရဲ့ ဖျက်ဆီးနိုင်တဲ့စွမ်းအားက အဆင့်ခြောက်အကာအကွယ်ကိုတောင် ခုခံနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရှန်မုရှု့ကတော့ ရင်ဆိုင်ဖို့မလွယ်ကူတဲ့ပစ်မှတ်တစ်ခုဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းက ရုတ်တရက်ဆိုသလို လင်းလက်လို့လာပါတော့တယ်။ သူ့ခန္ဓာကိုယ်အပြင်ဘက်တစ်ခုလုံးကို ခိုင်မာမာကြောတဲ့ သံချပ်ကာက ဖုံးလွှမ်းလို့သွားပါပြီ။ သံချပ်ကာရဲ့ထွက်ပေါ်လာမှုက သူ့ရဲ့အလေးချိန်ကိုလဲ ရုတ်တရက်ဆိုသလို ရပ်တန့်သွားစေခဲ့ပါတယ်။ ချက်ချင်းဆိုသလို အလေးချိန်ကြီးမားလာမှုကြောင့် မြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ပါတယ်။ သူ့ကအကြောက်တရားလက်သည်းတွေရဲ့ တိုက်ခိုက်မှုကိုလဲ ခုခံနိုင်စွမ်းရှိလို့နေခဲ့တယ်။
သူသံချပ်ကာအပေါ်ကနေ များပြားတဲ့ကျောက်စိုင်ကျောက်သားတွေ ကွာကျလာတဲ့အသံကိုကြားနေခဲ့ရပါပြီ။ ဒါပေမယ့် ရှန်မုရှု့ကတော့ မထိခိုက်သွားခဲ့ပါဘူး။ ရှန်မုရှု့ရဲ့ဓားမြောင်တွေကလှုပ်ရှားနေဆဲကိုမြင်တဲ့အချိန်မှာ ဟို့ယွိဟောင်အံ့ဩလို့သွားခဲ့ပါတယ်။ သူတို့တွေက မြေပြင်အထဲကိုစိုက်၀င်လို့သွားခဲ့ပါပြီ။
ကျယ်လောင်တဲ့အသံကြီးကို ကြားလိုက်ရပြီတဲ့နောက် ကြီးမားတဲ့မြေပြင်လှုပ်ရှားမှုဖြစ်ပေါ်သွားတာကို ဟို့ယွိဟောင် သတိထားမိလိုက်ပါတယ်။ ဒီကျောက်တုံးတွေရဲ့ လှုပ်ရှားမှုတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို လေထဲမြောက်တက်လို့သွားစေခဲ့တယ်။ အဲ့ဒီနောက် မရေမတွက်နိုင်တဲ့ ဆူးချွန်တွေက ရှန်မုရှု့ရဲ့ခန္ဓာကိုယ်ဆီကနေ ထွက်ပေါ်လာခဲ့ပါပြီ။
ဒီဆူးချွန်တွေက သုံးမီတာကျော်အထိ ထိုးထွက်လို့လာခဲ့တာကြောင့် ဟို့ယွိဟောင်အကုန်လုံးကိုခုန်ရှောင်ဖို့မလွယ်ပါဘူး။ သူတကယ်ပဲ အသက်အန္တရာယ်ကြုံနေရပါပြီ။
လင်းကျားယွီလဲ သေချာစစ်ဆေးပြီမှသာ ရှန်မုရှု့ကိုအရင်ဆုံးပြိုင်ဖို့ စေလွှတ်လိုက်တာပါ။ ရှန်မုရှု့ရဲ့ခေါင်းဦးထုပ်က စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို တောင့်ခံနိုင််ဖို့ရေးဆွဲဖန်တီးထားတာပါပဲ။ ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကတော့ ကြီးမားတဲ့ကျောက်တုံးတစ်ခုဖြစ်လို့နေခဲ့တယ်။ ဒါက ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲနဲ့ တိုက်ခိုက်ရချိန်မှာအများကြီးအသုံးမ၀င်နိုင်ပေမဲ့လဲ အနီးကပ်တိုက်ခိုက်မှုမှာအရမ်းကိုကောင်းမွန်ပါတယ်။
ရှန်မုရှု့က ခုခံမှုမှာရော တိုက်ခိုက်မှုမှာပါ လုံး၀ကိုဆုံးဖြတ်ချက်ခိုင်မာတဲ့သူပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့၀ိညာဥ်ပညာရှင်တွေထဲမှာအကောင်းဆုံးတွေထဲက တစ်ယောက်လို့ပြောလိုက်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဟို့ယွိဟောင်ကို အထင်သေးလို့သွားခဲ့မိတယ်။
ဟို့ယွိဟောင်က လေထဲကိုခုန်တက်ပြီချိန်မှာ မြေပြင်ရဲ့အခြေအနေတွေကို မြင်လိုက်ရပါပြီ။ စိတ်၀ိညာဥ်ထိတ်လန့်မှုက အန္တရာယ်ကိုတိတိကျကျထောက်လှမ်းနိုင်ပါတယ်။ ဒါကြောင့် ကြီးမားပြင်းထန်တဲ့အင်အားကို နားလည်တဲ့သူကဒီဓားမြောင်တွေရဲ့ အရှိန်နှုန်းကို အထင်သေးလို့မရပေမဲ့လဲ သူတို့ရဲ့အရှိန်အ၀ါကဘယ်လောက်အထိ ကြီးမားလဲဆိုတာကို နားလည်လို့နေခဲ့တယ်။
အခုလိုအခြေအနေမျိုးမှာလုံး၀ဆုံးဖြတ်ရမှာပါ။ရေခဲဧကရီရဲ့ သံချပ်ကာကို ဒီလို ပျံသန်းနေတဲ့အချိန်မှာ သူထုတ်သုံးလိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ်ကိုထိခိုက်မှုနည်းနိုင်သလောက်နည်းအောင်သူကြိုးစားအားထုတ်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ကိုယ်လုံးအရောင်စုံတွေတောက်ပသွားတာကို မြင်လိုက်ရပါပြီ။
စိမ်းပြာရောင်အလင်းတန်းက သူ့ရဲ့ကျောရိုးဖက်မှာတောက်ပလို့လာခဲ့ပြီ လက်နှစ်ဖက်ကိုကျယ်နိုင်သလောက်ကျယ်အောင် ဖွင့်ထားရင်းနဲ့ သူ့ရဲ့ရင်ဘတ်ကိုဖော်ထားခဲ့ပါတယ်။ ဒီခန္ဓာကိုယ်ကနေ မဖော်ပြနိုင်လောက်အောင် အားကောင်းတဲ့အရှိန်၀ါက ထွက်ပေါ်လို့လာခဲ့ပါပြီ။
ဘယ်၀ိညာဥ်စက်ကွင်းမှ အရောင်မတောက်ပလာခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ဘေးပတ်လည်မှာရှိတဲ့ လေဟာနယ်တွေတုန့်ပြန်မှုဖြစ်လာတာကို လူတိုင်မြင်နေခဲ့ရပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ခါးနားကနေ မြစိမ်းပြာရောင်အလင်းတန်းက အပြင်ကိုပြေးထွက်လို့သွားပါတယ်။
အခုလက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်က ရှန်မုရှု့ရဲ့ဘေးကိုရောက်နေခဲ့ပါပြီ။ ရှန်မုရှု့လဲ ဒီတိုက်ခိုက်မှုကို ခုန်မရှောင်နိုင်ခဲ့ပါဘူး။ သူလဲတိုက်ရိုက်ထိမိသွားပါတော့တယ်။
ပြင်းထန်တဲ့တိုက်ခိုက်မှုက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို အပေါ်လှန်သွားစေခဲ့တယ်။ သူ့ဆီဆူးချွန်တွေရောက်မလာအောင် ကာကွယ်နိုင်သလို ရှန်မုရှု့ရဲ့ခန္ဓာကိုယ်ကတော့ အစိမ်းရောင်ပြောင်းသွားခဲ့ပါပြီ။
ဒါက ရေခဲဧကရီရဲ့အရိုးထဲကနေ ထုတ်လွှတ်နိုင်တဲ့၀ိညာဥ်စွမ်းရည်တစ်ခုဖြစ်တဲ့ ရေခဲဧကရီရဲ့ အမျက်ဒေါသပါပဲ။
ဟို့ယွိဟောင်က ရွေးချယ်စရာနှစ်ခုရှိပါတယ်။ အကြောက်တရားလက်သည်းတွေရဲ့ပြီးပြည့်စုံတဲ့အစွမ်းကိုထုတ်ဖော်မလား ရေခဲဧကရီရဲ့ ဒေါသကိုသုံးမလား ခပ်မြန်မြန်ပဲ သူဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒီစွမ်းအားနှစ်ခုစလုံးက သူ့ရဲ့အင်အားတွေအများကြီးကို ကုန်ဆုံးလို့သွားစေခဲ့တယ်။ ဒါပေမယ့် အကြောက်တရားလက်သည်းတွေက ရေခဲဧကရီရဲ့ အမျက်ဒေါသထက်တော့ အနည်းငယ်နှေးကွေးပါတယ်။ ဒါ့အပြင် သူ့လဲ သူ့ရဲ့လက်မောင်းကိုကာကွယ်ဖို့လိုအပ်ဆဲပါ။
ဟို့ယွိဟောင်လဲ ရေခဲဧကရီရဲ့အမျက်ဒေါသကနေ ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကိုအခွင့်ကောင်းယူပြီ လေထဲမှာတစ်ပတ်ဂျွန်းပြစ်လိုက်ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်ပြီဆန့်ထုတ်လိုက်ချိန်မှာကတော့ ညာဘက်လက်က အပြင်ကိုရောက်နေခဲ့ပါပြီ။ ပြီးပြည့်စုံတဲ့အကြောက်တရားလက်သည်းတွေကလဲ အပြင်ကိုဆန့်ထွက်လို့နေပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ အခုအချိန်အထိတောင့်တင်းအေးခဲနေဆဲဖြစ်တဲ့ သူ့ရဲ့ပြိုင်ဘက်ကို ညာဘက်လက်သည်းနဲ့ခုတ်ချလိုက်ပါတယ်။
ရှန်မုရှု့ရဲ့ ကျောက်တုံးသံချပ်ကာကြီးက သူ့ရဲ့ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းပါ။ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်လဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ရေခဲဧကရီရဲ့ အမျက်ဒေါသကတော့ နှစ်ပေါင်းလေးသိန်း၀ိညာဥ်စွမ်းရည်ပါ။ ဟို့ယွိဟောင် သူ့ရဲ့အင်အားတွေကိုအပြည့်အ၀မသုံးနိုင်သေးပေမဲ့ ရှန်မုရှု့ကိုနေရာမှာအေးခဲပြစ်ဖို့ကတော့ သိပ်ပြီပြဿနာမကြီးလှပါဘူး။
” ရပ်လိုက်တော့ ”
ရွှမ်ကျင့်၀မ်ရဲ့လက်ထဲမှာ ရွှေရောင်အလင်းတန်းတစ်ခုက တောက်ပလာခဲ့ပါတယ်။ ရှန်မုရှု့ရဲ့ ခန္ဓာကိုယ်ပေါ်ကို ရွှေရောင်အမြောက်ဆံတစ်ခုက ရောက်ရှိလို့လာပြီတဲ့နောက် အတားအဆီးအသွင်ပြောင်းလဲသွားရင်း သူ့ခန္ဓာကိုယ်ကိုကာကွယ်လိုက်ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့အကြောက်တရားလက်သည်းတွေက တကယ်တော့သူ့ကိုမထိတွေ့ခဲ့ပါဘူး။ အလင်းတန်းပုံရိပ်တစ်ခုအဖြစ်ကို ပြန်လည်ပျောက်ကွယ်လို့သွားပါတော့တယ်။
သူ့ရဲ့ခြေဖျားတွေကတော့ ရွှေရောင်အတားအဆီးအပေါ်ကို ကျရောက်လို့လာခဲ့ပြီ မြေပြင်ပေါ်ကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလို့လာခဲ့ပြန်ပါတယ်။
ရွှမ်ကျင့်၀မ်လဲ လန့်သွားခဲ့တယ်။ ဒီလောက်အထိ အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်မှုကို ထုတ်သုံးပြီချိန်မှာ ဘယ်လိုလုပ်အမြန်ပြန်သိမ်းနိုင်တာလဲ သူ့ရဲ့ ထိန်းချုပ်မှုက ဘယ်လောက်အထိကောင်းလိုက်သလဲ။
တကယ်တမ်းမှာတော့ ဟို့ယွိဟောင် ဒီအကြောက်တရားလက်သည်းတွေကို အပြည့်အ၀ထုတ်သုံးမယ်ဆိုရင် အမြန်ဆုံးပြန်သိမ်းဖို့မဖြစ်နိုင်ဘူးဆိုတာ ရွှမ်ကျင့်၀မ်မသိခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်က သူ့ရဲ့အကြောက်တရားလက်သည်းတွေကို ပုံစံတူတုပမှုနဲ့ အသုံးပြုထားတာဆိုရင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲလို့သွားပါလိမ့်မယ်။
ဒီနေ့မှာများပြားတဲ့တိုက်ပွဲတွေကို သူဆက်တိုက်ရင်ဆိုင်ရမှာပါ။ ဘာကြောင့် ၀ိညာဥ်စွမ်းအားကိုအများကြီးဖြုန်းတီးနေရမှာလဲ။ ရေခဲဧကရီရဲ့ အမျက်ဒေါသနဲ့ အနိုင်အရှုံးကိုဆုံးဖြတ်နိုင်မှာကို သူသိပြီသားပါ။ ရွှမ်ကျင့်၀မ်က တားဆီးလိုက်ပြီဖြစ်တဲ့အတွက် သူအနိုင်ရပြီလို့ ဆိုလိုတာပါပဲ။
ဆယ်စက္ကန့်ကြာပြီတဲ့နောက် ရှန်မုရှု့ရဲ့သံချပ်ကာကအက်ကွဲလို့သွားပါတော့တယ်။ သူ့မျက်နှာကလဲ ဖြူဖျော့လို့နေခဲ့ပါပြီ။ မြေပြင်ပေါ်မှာတုန်လှုပ်နေရင်း လဲကျလုမတတ်ဖြစ်နေခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ပေါ်မှာ တလက်လက်ဖြာထွက်နေခဲ့သလို သူ့ရဲ့အကာအကွယ်၀ိညာဥ်လက်နက်တွေက အလုပ်ဖြစ်နေတယ်လို့ ဆိုလိုတာပါပဲ။
အမှန်တကယ်တော့ ရှန်မုရှု့ရဲ့ သံချပ်ကာတွေအားလုံးကို ရေခဲဧကရီရဲ့အမျက်ဒေါသက ကျော်ဖြတ်နိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့ကိစ္စပါပဲ။
ရှန်မုရှု့ရဲ့ သံချပ်ကာကိုဟို့ယွိဟောင်တိုက်ခိုက်လိုက်ချိန်မှာတော့ သူ့ရဲ့ကိုယ်ပိုင်အင်အားကလဲ တခဏတာတားဆီးခံလိုက်ရပါတယ်။
သံချပ်ကာအေးခဲခံရပြီတဲ့နောက် သူလုပ်ချင်တယ်ဆိုရင်တောင် အပြင်ကိုဖောက်ခွဲပြီမထွက်နိုင်ပါဘူး။
အဲ့ဒီနောက် ဟို့ယွိဟောင်က အကြောက်တရားလက်သည်းတွေကို အသုံးပြုပြီး ရွှမ်ကျင့်၀မ်ကလဲ ၀င်ရောက်စွက်ဖက်ခံလိုက်ရပါတယ်။ ရှန်မုရှု့အနေနဲ့ အရှုံးပေးရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။
ရှန်မုရှု့လဲ မျက်မှောင်ကြုတ်ရင်းနဲ့ ဟို့ယွိဟောင်ကိုကြည့်နေခဲ့ပါတယ်။ သူအစောပိုင်းတုန်းက ခံစားနေခဲ့ရတဲ့ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်အောင် တုန်ရီနေခဲ့တယ်။
” မင်းနိုင်သွားပြီ ဒါပေမယ့် ငါမကျေနပ်ဘူး ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်ပြောလာခဲ့ပါတယ်။
” ငါသိတယ်…ငါမြင်နေရတယ်..မင်းရဲ့ဓားတွေက အတော်ကိုအင်အားကြီးပြီး ရင်ဆိုင်ဖို့မလွယ်ဘူး…အကယ်၍ ငါထင်တာသာမမှားဘူးဆိုရင် ဒိီဆူးချွန်တွေက ငါရဲ့ပြစ်ချက်တွေကို ထွက်လာစေဖို့အတွက် ရည်ရွယ်ထားတာမဟုတ်လား ဒါကြောင့်သာ မင်းကိုမင်းရဲ့တိုက်ခိုက်နိုင်စွမ်းအပြည့်အ၀ထုတ်သုံးဖို့အခွင့်အရေးမပေးတာပဲ အနာဂတ်မှာနောက်ထပ်တစ်ကြိမ် ထပ်ပြီတိုက်ခိုက်ဖို့မျှော်လင့်ကြရအောင် ”
အပိုင်း ၁၈၀•၂ ပြီး၏။