Chapter – 15 အဆင့်တက်ခြင်း
မယ်ရင်း ဆွံ့အသွား၏။ သို့ပေသိ ကျောက်ဟိုင်ကတော့ သူမရဲ့အပြုအမူကို သတိမထားမိပေ။
မယ်ရင်းက အဆင့်ရှစ် ရေစွမ်းအားအထူးပြု မှော်ပညာသည်တစ်ယောက်ဖြစ်သည်။ အာ့ဆုကုန်းမြေတွင် မှော်ပညာသည်တွေရဲ့အဆင့်ကို ဆယ်ဆင့်ပိုင်းခြားထားသည်။ လေးနဲ့ငါးကို အဆင့်နိမ့်မှော်ပညာရှင်လို့သတ်မှတ်နိုင်သလို ခြောက်နဲ့ခုနှစ်ကိုတော့ အလယ်အလတ်မှော်ပညာရှင်လို့ သတ်မှတ်နိုင်သည်။ ရှစ်နဲ့ကိုးကိုသာ အဆင့်မြင့်မှော်ပညာရှင်လို့ သတ်မှတ်ကြ၏။ တစ်ဆယ်ကတော့ ဒဏ္ဍာ၇ီထဲမှာသာရှိတဲ့ အဆင့်တစ်ခုဖြစ်သည်။
မှော်ပညာရပ်တွင် ပါရမီပါတယ်ဆိုတဲ့လူတွေတောင် အများဆုံး အဆင့်ငါးကိုသာ ရောက်ကြသည်။ လူနည်းစုကသာ အလယ်အလတ်အဆင့်ကို ရောက်နိုင်၏။ အာ့ဆုကုန်းမြေရဲ့ မှော်ပညာသည်တွေအားလုံးထဲမှာမှ တစ် ရာခိုင်နှုန်းလောက်ပဲ အဆင့်မြင့်မှော်ပညာသည်တွေ ဖြစ်လာနိုင်ကြသည်။ တစ်သန်းမှာတစ်ယောက်သာ အဆင့်မြင့်အဆင့်ကို ရောက်နိုင်ကြာတာဖြစ်သည်။ ဒါကြောင့်လည်း အဆင့်မြင့်မှော်ပညာသည်တွေကို ရိုသေလေးစားခံရသည်။ ဘုရင်က ဘူတကလန်ကို အရမ်းကြီး ပြစ်ပြစ်ခါခါမလုပ်တာက ကလန်ရဲ့တော်ဝင်အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ မယ်ရင်းက အဆင့်မြင့်မှော်ပညာသည်ဖြစ်နေလို့ပင်။
အဆင့်ရှစ်မှော်ပညာသည်ဖြစ်တဲ့ မယ်ရင်းက အရာဝတ္ထုပစ္စည်းတွေမှာ အာရုံခံနိုင်စွမ်းကောင်းသည်။ သူမနဲ့ တစ်ကီလိုမီတာအတွင်းမှာသာရှိနေရင် တစ်ယောက်ယောက်က မှော်ပညာသုံးလိုက်တာနဲ့ သူမတန်းသိနိုင်သည်။
မှော်ပညာသည်တွေထဲမှာမှ နေရာလပ်စွမ်းအားကို အထူးပြုတဲ့မှော်ပညာသည်တွေက ပိုလို့ပင် ရှားပါးသေးလေသည်။ သင်ယူရတာလည်းခက်ခဲပြီး တတ်မြောက်ဖို့လည်း မလွယ်တဲ့အပြင် အဆင့်တက်ဖို့လည်း ခက်ခဲလွန်းတာမို့လို့ တော်တော်ကိုရှားပါးလေသည်။ ထိုသို့သော မှော်ပညာသည်တွေက အဆင့်နိမ့်နေသေးတဲ့အခါမှာ သူတို့ပိုင်ဆိုင်တဲ့ သီးခြားနေရာတစ်ခုကို လူအများေ၇ှ့တွင် ဖော်ထုတ်ပြသနိုင်စွမ်းမ၇ှိကြချေ။
နေရာလပ်မှော်ပညာသည်တွေအပြင် နေရာလပ်သိုလှောင်ပစ္စည်းတွေလည်း ရှိသေးသည်။ နေရာလပ်သိုလှောင်ပစ္စည်းက ပစ္စည်းတွေကို ထိုနေရာလပ်ထဲတွင် သိုလှောင်ထားနိုင်သည်။ ထိုသိုလှောင်ပစ္စည်းကိုလုပ်နိုင်ဖို့အတွက်မှော်ပညာသည်တစ်ယောက်က အလယ်အလတ်အဆင့်ကို ရောက်နေဖို့လိုသည်။ တိကျသေချာတဲ့ ထူးခြားသောပစ္စည်းတွေကို သူတို့ကိုယ်ပိုင်နေရာလပ်ဒေသမှာ ပေါင်းစပ်ပြီး သိုလှောင်ပစ္စည်းတွေ ဖန်တီးကြရခြင်းဖြစ်သည်။ သို့သော် အလယ်အလတ်အဆင့် နေရာလပ်မှော်ပညာသည်တွေတောင်မှ ဘ၀တစ်သက်သာမှာ သိုလှောင်လက်နက်ငါးခုသာ လုပ်နိုင်ကြလေသည်။ ဒါကြောင့်လည်း အာ့ဆုကုန်းမြေတွင် သိုလှောင်ပစ္စည်းတွေ၊လက်နက်တွေက သိပ်ကိုရှားပါးပြီးတော့ အရမ်းကို အဖိုးတန်နေခြင်းပင်။
ကျောက်ဟိုင် မရှိခြင်းဆေးရည်ကို သောက်ထားသည်အား မယ်ရင်း သေချာသိနေသည်မို့ မှော်ပညာကိုသင်ယူနိုင်ပြီး မှော်ပညာသည်တစ်ယောက်ဖြစ်နေလိမ့်မည်လို့တော့ ထင်တာမျိုးမ၇ှိပေ။ ဒီတော့ဖြစ်နိုင်ချေနှစ်ခုသာရှိတော့သည်။ တစ်ခုကတော့ ကျောက်ဟိုင်ရဲ့မှော်စွမ်းအင်အဆင့်က မယ်ရင်းထက်မြင့်နေခြင်းပင်။ သို့သော်ဒါက ဆေးရည်ကြောင့်လုံးဝမဖြစ်နိုင်မှန်းသိပြီးသား။ နောက်တစ်ခုကတော့ ကျောက်ိဟိုင်အသုံးပြုလိုက်တဲ့နည်းလမ်းက မှော်ပညာနဲ့မသက်ဆိုင်ခြင်းပင်။ ရေဘောလုံးလေးပျောက်သွားတုန်းက သူမ ဘယ်မှော်စွမ်းအင်ကိုမှ အာရုံမခံမိခဲ့ဘူးမဟုတ်လား။ တကယ်လို့ ကျောက်ဟိုင်သာ မှော်ပညာကိုသုံးခဲ့ရင် သူမသေချာပေါက် အာရုံခံမိလိမ့်မည်။
ကျောက်ဟိုင်ပြန်လှည့်လာတော့ မယ်၇င်းရဲ့မျက်နှာအမူအယာကိုမြင်သွားပြီး
“ အဘွားမယ်၇င်း စိတ်မပူပါနဲ့။ ကျွန်တော်တစ်နေ့က ပြောထားတယ်မဟုတ်လား… ဘုရားက ကျွန်တော့်ကိုစွမ်းရည်တွေ ပေးအပ်ခဲ့တယ်ဆိုတာလေ”
မယ်ရင်းလည်း ခေါင်းသာငြိမ့်လိုက်ဖြစ်သည်။
ကျောက်အတွက် အန္တရာယ်မ၇ှိရင်ကို အတော်ဟုတ်နေပါပြီ။
ကျောက်ဟိုင် ခေါင်းငြိမ့်ကာပြုံးလိုက်ရင်း
“ အဘွားမယ်ရင်း ကျွန်တော်တို့ ရဲတိုက်မှာပဲ ပြန်စောင့်နေကြတာပေါ့။ အဘိုးဂရင်းပြန်လာမှပဲ နောက်အစီအစဉ်တွေ ဆက်လုပ်ရမှာ”
မယ်၇င်း ခေါင်းငြိမ့်ပြသည်။
“ သခင်လေး ရဲတိုက်ကို ပြန်သင့်ပါပြီ။ ဒီကကိစ္စတွေကို စိတ်မပူပါနဲ့ ကျွန်မ သေချာဂရုစိုက်လိုက်မှာပါ”
“ အဘွားမယ်ရင်း ကိုယ့်ကိုယ့်ကိုယ် အရမ်းဖိအားပေးမနေပါနဲ့။ အစေခံတွေက သူတို့ဘာသာလုပ်နိုင်နေတာပဲမဟုတ်လား။ ဥမင်ကို သန့်ရှင်းတာလောက်ကတော့ သူတို့ဘာသာ လုပ်နိုင်ပါတယ်”
သခင်လေးက တကယ်အရွယ်ရောက်လာပြီ။ သူများတွေအတွက်တောင် စိုးရိမ်တတ်နေပြီ။
“ ဒီအဘွားအိုက အရိုးတွေသန်မာပါသေးတယ် သခင်လေးရယ်.. ကျွန်မလုပ်နိုင်ပါတယ်။ သခင်လေး ရဲတိုက်ကိုပြန်နှင့်ပါ ခဏနေ ကျွန်မ ညစာပြင်ပေးပါမယ်”
“ ဒါဆို ကျွန်တော် ပြန်နှင့်ပြီ”
ကျောက်ဟိုင်တစ်ယောက် ဘလော့ဟက်နဲ့ ရော့ဟက် ညီအကိုကိုခေါ်ကာ ရဲတိုက်ဘက်ပြန်လှည့်လိုက်သည်။
မယ်ရင်းက ပြန်ထွက်သွားတဲ့ ကျောက်ဟိုင် နောက်ကျောက်ကိုကြည့်ရင်း ခပ်တိုးတိုးရေရွတ်သည်။
“ ဘိုးဘေးတို့ရေ သခင်လေးမှာ ကောင်းကင်ကချီးမြှောက်တဲ့ လက်ဆောင်စွမ်းအင်တွေရှိနေပြီ။ ဘူတကလန်ကတော့ သေချာပေါက် တိုးတက်တော့မှာပါရှင်”
သူမ အသံတွေက တုန်ယင်နေပေသည်။
ကျောက်ဟိုင်ကတော့ မယ်၇င်းဘာတွေတွေးနေမလဲမသိ၊ သူသိတာက မြန်မြန်ပြန်ပြီး အနက်ရောင်မြေဆီလွှာကို စမ်းသပ်ဖို့ပင်။
အခန်းဝကို ရောက်တော့ ဟက်ညီအကိုကိုလှည့်ကြည့်ပြီး
“ မင်းတို့နှစ်ယောက် ငါနဲ့လိုက်မ၀င်နဲ့တော့ အပြင်မှာပဲ စောင့်ပြီးနေခဲ့လိုက်။ တစ်ယောက်ယောက်ရောက်လာပြီး ငါ့ကိုမေးရင်း သခင်လေး အိပ်နေတယ်လို့ပြောလိုက် ကြားလား”
တကယ်တော့ ကျောက်ဟိုင် စမ်းသပ်ကြည့်ခြင်းသာဖြစ်သည်။ နေရာလပ်ဒေသကိုခေါ်သွားပြီးကတည်းက ဒီနှစ်ယောက် ပုံစံပြောင်းနေသည်မို့ သူ့စကားနားထောင်မလား စမ်းသပ်ကြည့်ခြင်းဖြစ်သည်။
ထိုနှစ်ယောက်က ချက်ချင်းပင် သံပြိုင်ဖြေသည်။
“ ဟုတ်ကဲ့ပါ သခင်လေး”
ကျောက်ဟိုင် ၀မ်းသာသွားသည်။ နှစ်ယောက်ကို အခန်းပေါက်မှာထားခဲ့ပြီး တံခါးပိတ်ထားလိုက်သည်။ အခုတော့ အေးအေးဆေးဆေး နေရာလပ်ဒေသကို သွားနိုင်ပြီ။
သူ ချက်ချင်း နေရာလပ်ဒေသထဲ ၀င်ရောက်လာသည်။ နေရာလပ်ဒေသထဲတွင် သူတစ်ချက်တွေးလိုက်တာနဲ့ မြေဆီလွှာစည်ပိုင်းက ရှေ့တွင် ပေါ်လာလေသည်။
ထိုအခါ ကြေငြာချက်လိုလို အသံကလည်းထွက်လာသည်။
[ အသစ်ရှာဖွေတွေ့ရှိထားတဲ့ ပစ္စည်းသစ်တစ်ခုဖြစ်တဲ့ မြေဆီလွှာထဲမှာ အန္တရည်ရှိတဲ့အရာတွေ အများကြီး ပါဝင်နေပါတယ်။ ဒီမြေဆီလွှာကို နေရာလပ်ဒေသထဲက မြေဆီလွှာနဲ့ ရေတွေကိုအသုံးပြုပြီးပြောင်းလဲမယ်ဆိုရင် တစ်ရက်ကို တစ်မူးဆီပဲ ပြောင်းနိုင်ပါတယ်။ ပစ္စည်းအသစ်တစ်ခု၇ှာဖွေတွေ့ရှိတဲ့အတွက် အဆင့်သုံးကိုတက်ရောက်သွားပါတယ်။ မင်းအတွက် ပြောင်းဖူးစေ့နှစ်အိတ်လည်းရပါတယ်။ တစ်အိတ်ကို တစ်ဧကအတွက် လုံလောက်တယ်။ နေရာလပ်ဒေသမြေတွေလည်း အဆင့်နှစ်ကိုတက်သွားပါတယ်။ မင်းရဲ့အဆင့်တိုးတက်လာတဲ့အပေါ်ကိုမူတည်ပြီး ယာခင်းတွေရဲ့ အထွက်တိုးမှုမြန်ဆန်နှုန်းက ဆယ့်တစ်ဆကိုတက်သွားပါတယ်”
ကျောက်ဟိုင် အပျော်လွန်သွားသည်။ သူ အဆင့်တက်သွားမယ်မထင်ထားမိခဲ့သလို ပြောင်းဖူးစေ့နှစ်အိတ်ကိုတောင် ရလိုက်သေးသည်။ ပြောင်းဖူးနဲ့သာဆိုရင် စားစရာအတွက်လည်း သိပ်စိတ်ပူစရာလိုမည်မထင်တော့။ ၀မ်းသာဖို့ အကောင်းဆုံးက အနက်ရောင်မြေဆီလွှာကို ပြောင်းလဲရတယ်ဆိုတာပဲ။ မျှော်လင့်ချက်တွေတော့ ရှိလာပြီ။
တစ်ရက်မှာ မြေတစ်မူးလောက်ပဲ ပြောင်းလို့ရမယ်ဆိုရင်တောင် အဆင်ပြေနေသေးသည်။ သူထူးဆန်းနေတာက အဆက့်တက်သွားပေမယ့် ယာခင်းက ပိုကျယ်မသွားတာပဲ။
သူဂိမ်းဆော့စဉ်ကဆိုရင် အဆင့်တက်တာနဲ့ ယာခင်းက အလိုလို ကျယ်လာသည်ပေ။
သူထိုသို့တွေးမိလေတော့ စက်ရုပ်သံတစ်ခုက ထွက်လာသည်။
[ မင်းရဲ့ စိုက်ပျိုးရေးမြေကို တိုးချဲ့ချင်ပါသလား။ တိုးချဲ့ဖို့အတွက် မင်းအနေနဲ့ အဆင့်သုံးကိုရောက်နေဖို့လိုတယ်။ ရွှေဒင်္ဂါးနှစ်ရာ ကျသင့်ပါတယ်။]
[ နောက်ထပ် တစ်ကြိမ် တိုးချဲ့မယ်ဆိုရင်တော့ အဆင့်ငါးကိုရောက်နေဖို့လိုပါတယ်။ ကျသင့်ငွေက ရွှေဒင်္ဂါးငါးရာပါ]
ကျောက်ဟိုင်အပျော်လွန်သွားပေမယ့်လည်း ဒါကခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုလို ဖြစ်နေတာမို့ သေချာစဉ်းစားနေရသည်။
သူ့မှာ ရွှေဒင်္ဂါးနှစ်ရာသာရှိတော့တာမို့ မြေတွေသာ တိုးချဲ့လိုက်ရင် မျိုးစေ့တွေ ၀ယ်ဖို့လောက်ငတော့မည်မဟုတ်။ မျိုးစေ့မရှိရင် စိုက်လို့လည်းအဆင်မပြေနိုင်တော့။
နောက်ဆုံးတော့ တိုးချဲ့ဖို့ကိစ္စကို နောက်ရွှေ့ထားလိုက်တော့သည်။
အဲ့ဒိအစား ပြောင်းဖူးစေ့အိတ်ကိုထုတ်ပြီး အစေ့နည်းနည်းကို နှိုက်ယူကြည့်လိုက်သည်။ သူမြင်ဖူးသမျှထဲမှာ ကြီးမားပြီး ရွှေ၇ာင်သန်းတဲ့ အစေ့တွေဖြစ်သည်။ ရင့်မှည့်လို့ ရိတ်သိမ်းပြီးသွားရင်တော့ သိပ်ကိုအရသာရှိနေတော့မည်။
ပြောင်းဖူးစေ့တွေကိုကြည့်နေရင်းက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။
ခေါင်းကို လက်တစ်ဖက်နဲ့ထုရင်း
“ မေ့နေလိုက်တာ ငါမျိုးစေ့တွေပြန်ကောက်လို့ရနေတာပဲ။ မုန်လာဥအပင်ကလည်း မျိုးစေ့တွေပြန်ရနိုင်တာပဲကို။ ဒီအတိုင်းသာဆိုရင် နောက်ပိုင်းတွေ ငါမျိုးစေ့ဝယ်စရာမလိုတော့ဘူး”
အတွေးကောင်းရတာနဲ့ ကျောက်ဟိုင် အော်ရယ်နေလိုက်သည်။
ပြောင်းဖူးစေ့တွေကို ပြန်ထားပြီး မုန်လာဥပင်တွေကို ကြည့်လိုက်သည်။
ဒီမုန်လာဥတွေဆီက အစေ့တွေရနိုင်မလား မသေချာသေး။ ဂိမ်းထဲကအတိုင်းဆိုရင်တော့ မျိုးစေ့တွေရဖို့မဖြစ်နိုင်ပေ။ ဒါကြောင့် မုန်လာဥတွေ ရင့်မှည့်တဲ့အထိ စောင့်ကြည့်ဖို့ တွေးလိုက်သည်။ တကယ်လို့ အလုပ်ဖြစ်ရင်တော့ ချက်ချင်းတိုးချဲ့ပစ်လိုက်မည်။
နောက် ရေဘောလုံးလေးကို ထုတ်ကြည့်လိုက်ဖြစ်သည်။ ရေဘောလုံးပေါ်လာတာနဲ့ စက်သံကြီးကထွက်လာ၏။
[ အရည်အသွေးကောင်းတဲ့ ပစ္စည်းသစ်တစ်ခုကို တွေ့ရှိပါတယ်။ နေရာလပ်ဒေသရဲ့ရေအဖြစ် ပြောင်းဖို့ဖြစ်နိုင်ပါတယ်။ ဒီလိုရှာဖွေတွေ့ရှိမှုကြောင့် မင်းရဲ့အဆင့်က လေးဖြစ်သွားပါပြီ။ လက်ဆောင်အနေနဲ့ ဂျုံစေ့နှစ်အိတ်ရပါတယ်။ တစ်အိတ်ကို တစ်ဧကစိုက်နိုင်ပါတယ်။ စမ်းရေတွေလည်း အဆင့်နှစ်ကိုတက်သွားပါပြီ။ စိုက်ပျိုးတဲ့အခါ တိုးတက်နှုန်းက အဆနှစ်ဆယ်ဖြစ်သွားပါတယ်]
ကျောက်ဟိုင် အပျော်လွန်သွား၏။
အပြင်ကပစ္စည်းတွေယူလာရုံနဲ့ အဆင့်တွေတက်လာမယ်မထင်ထားဘူး။ နေရာလပ်ဒေသက စမ်းရေနဲ့ မြေတွေတောင် အဆင့်နှစ်ကိုရောက်သွားသေးတယ်။
ဟားဟား တကယ်ကောင်းတာပဲ။
***