Switch Mode

Chapter – 180.1

ဧကရာဇ်တစ်ပါးလိုအနိုင်ယူခြင်း

အပိုင်း ၁၈၀•၁

” ဧကရာဇ်တစ်ပါးလိုအနိုင်ယူခြင်း ”
°°°
ဟို့ယွိဟောင်လဲ သူ့အခန်းတံခါးကိုဆောင့်ပိတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို ရေချိုခန်းကိုပြေးပြီး သူ့ရဲ့မျက်နှာကို ထပ်သစ်ရပါတော့တယ်။

နနကတော့ အခန်းရဲ့အပြင်မှာရပ်နေရင်း ရယ်မောနေခဲ့ပါပြီ။ ကြည့်ရတာ ဒီကလေးနဲ့ရင်ဆိုင်ရတာက အတော်ကို ရိုးရှင်းတဲ့ပုံပါပဲ။ သူမ တခါတလေမှာအတွေးလွန်နေတာ ဖြစ်ပါလိမ့်မယ်။ အပြစ်ကင်စင်တဲ့လူငယ်လေးတစ်ယောက်က ဘယ်လောက်များဆိုးနိုင်မှာလဲ။

ရုတ်တရက်ဆိုသလို သူမရဲ့ခန္ဓာကိုယ်က တုန်ရီလို့သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူချက်ချင်းဆိုသလို အတွေးပေါက်သွားလို့ပါ။ သူကငါရဲ့စိတ်၀ိညာဥ်ကို တားဆီးပြီဖမ်းချုပ်ထားနိုင်တယ်ဆိုမှတော့ ဒါဆိုသူလဲ။

ဒီအချိန်အထိတွေးပြီချိန်မှာတော့ သူမပိုပြီးစိတ်လှုပ်ရှားလာပါတော့တယ်။ သူမပြန်လှည့်ရင်းနဲ့ သူ့ရဲ့တံခါးကိုနောက်တစ်ကြိမ်ခေါက်ဖို့စဥ်းစားမိလိုက်တယ်။

သူမရဲ့အသက်ရှုသံတွေကလဲ ပိုမိုမြန်ဆန်လို့လာခဲ့ပါပြီ။ သူ့ဘာသာသူလဲ သတိပေးနေခဲ့ပါတယ်။

” အရမ်းကြီးမစိုးရိမ်နဲ့ အရမ်ကြီးမစိုးရိမ်နဲ့ ပြိုင်ပွဲပြီးသွားရင် ငါသူ့ကိုသွားရှာပြီ မေးလို့ရသေးတယ်…တကယ်လုပ်နိုင်မယ်လို့ပဲ မျှော်လင့်ပါတယ် ”

သူပြောပြီတဲ့နောက် လက်သီးကိုပြန်လိုက်ပါတယ်။ ဒါပေမယ့် မျက်နှာပေါ်မှာတော့ပေါ်နေ​တဲ့စိတ်လှုပ်ရှားမှုကိုအပြည့်အ၀မဖုံးကွယ်နိုင်ခဲ့ပါဘူး။

ဟို့ယွိဟောင်ကတော့ သူ့ရဲ့အိပ်ရာပေါ်မှာနာရီ၀က်တိတိထိုင်နေခဲ့ပြီမှသာ တရားထိုင်တဲ့အနေအထားအထိကို ၀င်ရောက်လို့သွားပါတော့တယ်။ သူက နနကိုအပြစ်ပေးခဲ့မိတာလား နနကသူ့ကိုအပြစ်လာပေးတာလားဆိုတာတောင် မတွေးတတ်တော့ပါဘူး။

°°°
နောက်တစ်နေ့မနက်မှာတော့ ဟို့ယွိဟောင်လဲ တရားထိုင်ရာနေရာကနေ နိုးလာခဲ့ပါပြီ။ လူကစွမ်းအားအပြည့်နဲ့ တက်ကြွနေခဲ့ပြီ ပြတင်းပေါက်ကိုဖွင့်ရင်းပြင်ပလေအေးအေးတွေကိုအထဲဆီ၀င်ရောက်စေလိုက်ပါတယ်။

တစ်ညတာအနားယူပြီတဲ့နောက် စွမ်းအားလဲအပြည့်အ၀ကောင်းနေခဲ့ပြီဖြစ်သလို သူ့ရဲ့အခြေအနေကလဲ အကောင်းဆုံးကို ရောက်ရှိလို့နေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားလှည့်ပတ်ချိန်တိုင်းမှာခန္ဓာကိုယ်ကနေ အဖြူရောင်အငွေ့တွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။

သူ့ရဲ့တစ်ညတာလေ့ကျင့်မှုက ပုံမှန်ဆယ်ရက်တာကျင့်ကြံမှုထက် အများကြီးပိုပြီးအကျိုးရှိနေတာကို ဟို့ယွိဟောင်ရှာဖွေတွေ့ရှိလို့သွားခဲ့တယ်။ များပြားလုံလောက်တဲ့ဖိအားက သူကျင့်ကြံမှုအတွက် အကျိုးရှိစေပုံပါပဲ။

ဒီနေ့တော့ ပိုပြီးများပြားတဲ့ဖိအားကိုငါကြုံတွေ့ရလိမ့်မယ်လာကြပါစေ။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းက တောက်ပလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ခပ်မှိန်မှိန်ခရမ်းရောင်အလင်းတန်းက ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်လဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးအသုံးပြုရင်း ဒီအလင်းရောင်ကိုစုပ်ယူလိုက်ပါတယ်။

၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေက မနေ့ကလိုပဲ လူတွေအပြည့်ရှိနေဆဲပါ။ ဒါပေမယ့် ဒီနေ့မှာတော့ အများကြီးပိုပြီးတည်ငြိမ်အေးဆေးလို့နေခဲ့ပါတယ်။ ကျောင်းတော်ရဲ့လူတော်တော်များများက ဒီပြိုင်ပွဲကိုထိုင်ကြည့်နိုင်ဖို့အတွက် ညမအိပ်ပဲ လာစောင့်နေခဲ့ရတယ်။ လူတော်တော်များများလုံး၀ကို မအိပ်ပဲနဲ့ စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေခဲ့ကြတာပါ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ၀ိညာဥ်ပညာရှင်တွေကြားက ကွာခြားမှုကိုကောင်းကောင်းသိမြင်စေနိုင်ခဲ့တဲ့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေကို သူအတော်လေးတအံ့တဩဖြစ်ခဲ့မိပါတယ်။ ဒါ့အပြင် ထိတ်လန့်ပြီစိုးရိမ်လဲစိုးရိမ်ခဲ့ကြတယ်။ အင်အားကြီးတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့အစွမ်းအစကိုသူတို့မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ။

အခုလက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းက ဘာကြောင့်များ တိုက်ကြီးတစ်ခုလုံးမှာနံပါတ်တစ်အဖြစ် ရပ်တည်နေခဲ့ရလဲဆိုတာ သူတို့နားလည်သဘောပေါက်စပြုလာခဲ့ပါပြီ။

ဒီနေ့မှာတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက အဆင့်ခြောက်၀ိညာဥ်လက်နက်ပညာရှင်တွေ ယှဥ်ပြိုင်ကြပါလိမ့်မယ်။ ဟို့ယွိဟောင် ဒီအတိုင်းဆက်ပြီတော့အောင်မြင်နိုင်ဦမှာလား။

အခုအချိန်အထိ လောင်းကြေးတွေကိုလက်ခံနေဆဲပါ။ ဒါပေမယ့် ရွေးချယ်စရာတစ်ခုသာရှိပါတော့တယ်။ လျော်ကြေးက ငါးဆတစ်ဆပါ ဒါပေမယ့်ကျောင်းတော်ရဲ့ကျောင်းသားတွေကတော့ သူတို့အများကြီးနိုင်နိုင်ချေရှိတယ်လို့ မတွေးမိကြပါဘူး။

ကျန်ဟုန်ချန်လဲ အဓိကစောင့်ကြည့်သူနေရာမှာ စောစောစီးစီးရောက်နေခဲ့ပါတယ်။ သူကိုယ်တိိုင်လဲ မနေ့ကပြိုင်ပွဲကြောင့် အတော်လေးကို အတွေးများခဲ့ရတယ်။ ဟို့ယွိဟောင်က အသက်ဆယ်ငါးနှစ်သာရှိသေးတဲ့သူပါ။ ဒါပေမယ့် တကယ်လက်တွေ့တိုက်ခိုက်မှုမှာတော့ အံ့ဩစရာကောင်းလောက်အောင် အတွေ့အကြုံကြွယ်၀နေခဲ့ပါတယ်။ ဟို့ယွိဟောင်အဲ့ဒီလောက်ကြီးသန်မာမယ်လို့ သူကိုယ်တိုင်မတွေးခဲ့ပေမဲ့ ကြည့်ရတာသက်တူရွယ်တူတွေထဲမှာ ဘယ်သူကမှသူ့ကိုယှဥ်နိုင်မဲ့ပုံမပေါ်ပါဘူး။ သူ့ရဲ့မြေးတွေရော ဟို့ယွိဟောင်ရဲ့ဒီလိုအသက်အရွယ်မှာအဲ့ဒီလောက်အထိ အစွမ်းပြနိုင်ခဲ့တာလား။

ဟို့ယွိဟောင်ရဲ့တစ်ခုတည်သောပြဿနာကတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားတိုးတက်မှုက အတော်လေးနှေးကွေးနေတာပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့်သာ ကျန်ဟုန်ချန်အနေနဲ့ အရမ်းကြီးစိတ်မပူရတာပါ။ မဟုတ်ရင် ဒီလူငယ်လေးက နိုင်ငံတော်ကိုခြိမ်းခြောက်တဲ့တကယ်အန္တရာယ်ကြီးဖြစ်မလာခင်အချိန်မှာ သူ့ကိုဖြေရှင်းပြီရင်ဆိုင်ဖို့အတွက် နည်းလမ်းအများကြီးစဥ်းစားရပါလိမ့်မယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ အခြေစိုက်စခန်းကိုတိုက်ခိုက်တဲ့ကိစ္စကလဲ ဒီအချိန်အတောအတွင်းမှာ အတော်လေးကို ပြန်လည်တည်ဆောက်ပြုပြင်လို့သွားခဲ့ပါပြီ။ ဒါပေမယ့် ကျန်ဟုန်ချန်ကတော့ အိမ်ရှေ့စံမင်းသားရဲ့ အရှေ့ကိုရောက်ရှိလာအောင် တွန့်ပို့ခံလိုက်ရပါတယ်။

သူ့ရဲ့အထောက်အပံ့ကိုရပြီတဲ့နောက် အိမ်ရှေ့စံမင်းသားကလဲ လုံး၀ကိုအပြတ်အသတ်အနိုင်ယူလွှမ်းမိုးလို့သွားခဲ့ပါပြီ။

သူတို့နှစ်ယောက်ရဲ့ဆက်သွယ်မှုကြောင့် ယှဥ်ပြိုင်နေကြတဲ့မင်းသားတွေရဲ့ရှုံးနှိမ့်မှုကပိုပြီး သိသာလာပါတော့တယ်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်အခြေအနေကလဲ ပိုမိုဆိုးရွားလို့နေခဲ့သလို သူဘယ်လောက် အထိ အသက်ကြာကြာရှည်နိုင်မလားဆိုတာ ဘယ်သူမှမသိတော့ပါဘူး။

ကျန်ဟုန်ချန်ရဲ့တစ်ခုတည်သောဆန္ဒကတော့ လက်ရှိအချိန်မှာ စမ်းသပ်ပစ္စည်းနံပါတ်တစ်ကိုပြန်လည်ဖန်တီးနိုင်ဖို့ပါပဲ။ နောက်ဆုံးတော့လဲ သူဖန်တီးခဲ့တဲ့ပစ္စည်းက မပြီးပြည့်စုံတဲ့အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒါကိုအသက်သွင်းဖို့အတွက် ထည်သွင်းရမဲ့လျှို့၀ှက်နံပါတ်ကို သူကလွဲပြီတခြားဘယ်သူမှမသိပါဘူး။ ဒီလျှို့၀ှက်နံပါတ်မရှိဘူးဆိုရင် အဲ့ဒါက ဒီအတိုင်းရှားပါးသတ္ထုတွေအပြည့်နဲ့ ပေါင်းစည်းထားတဲ့အရုပ်ကြီးတစ်ရုပ်သက်သက်ပါပဲ။ ဒါ့အပြင် တစ်စဆီဖြုတ်ပြီ ဒီသတ္ထုတွေကိုရောင်းမယ်ဆိုရင်တော့ အတော်ကြီးကို တန်ကြေးကောင်းကောင်းရနိုင်မှာပါ။ ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အကြီးမားဆုံးလျှို့၀ှက်ချက်ကြီးကို ဖော်ထုတ်ခံရတာထက်တော့ အများကြီးပိုပြီးကောင်းပါသေးတယ်။

မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခု တောက်ပလာပြီတဲ့နောက် ဟို့ယွိဟောင်ကလဲ အလင်းတန်းတွေအပြည့်ဖြာထွက်ရင် ရောက်ရှိလို့လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အရင်တစ်ခေါက်ထက်ဆိုင်ရင် သူလဲ ပိုပြီးတည်ငြိမ်နေခဲ့ပါပြီ။ ဒီနေ့တော့ ဘယ်သူကိုမှရန်မစတော့ပါဘူး။ ဒီတစ်ခေါက်ပြိုင်ပွဲကိုအသုံးပြုရင်း သူ့ကိုယ်သူတိုးတက်အောင် လုပ်ချင်တဲ့စိတ်သာရှိနေခဲ့တယ်။ သူဒီနေရာကနေ မထွက်ခွာနိုင်ဘူးဆိုမှတော့ နှစ်နှစ်အချိန်ကိုကောင်းကောင်းအသုံးချပြီ ပိုသန်မာလာအောင် လုပ်ရပါလိမ့်မယ်။

မနေ့ကပြိုင်ပွဲမှာ သူ့ရဲ့အစွမ်းအစတွေကို လုံး၀ဖုံးကွယ်လို့ထားခဲ့ပြီ ဘယ်သူမှမမြင်နိုင်အောင်လုပ်ဆောင်လို့ထားခဲ့ပါတယ်။ ဒါပမယ့် တစ်ညတာလေ့ကျင့်ပြီတဲ့နောက် စိတ်အကြံအစည်ကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ တကယ်အပြည့်အ၀အဆုံးအစွန်းအထိကို သူအားထုတ်ပြီတိုက်ခိုက်မယ်ဆိုရင် သူ့ရဲ့အကျိုးအမြတ်က ပိုပြီးကြီးလာနိုင်မယ်ဆိုတာကို ယုံကြည်လာခဲ့လို့ပါ။

နောက်တစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမစခင်အထိ နှစ်နှစ်ခွဲအချိန်ကျန်ပါသေးတယ်။ ဒီနှစ်နှစ်ခွဲအချိန်မှာ သူပိုပြီးသန်မာလာအောင်လို့ အစွမ်းအစကြီးလာအောင်လုပ်သင့်တယ်မဟုတ်ပါလား။

ဒါ့အပြင် သူ့ရဲ့အစွမ်းအစတော်တော်များများကို အပေါ်ယံကြည့်ရုံနဲ့ နားလည်နိုင်မှာမဟုတ်ပါဘူး။ တိုးတက်မှုကို ကြီးမားလာစေဖို့အတွက် ဟို့ယွိဟောင်လဲ ဒီနေ့ပြိုင်ပွဲမှာလုံး၀ကို အင်အားမထိန်းချန်ထားဖို့စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်။ သူလုံး၀အစွမ်းကုန်တိုက်ခိုက်မှာပါ။ ဒါ့အပြင် ဒီနေ့ပြိုင်ပွဲရဲ့ တစ်ဖက်လူတွေအားလုံးကလဲ အတော်ဆုံးသူတွေဖြစ်မယ်မှန်းသိနေခဲ့တယ်။

အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတာ အဆင့်ငါးရဲ့အထက်မှာရှိနေရုံတင်မဟုတ်ပါဘူး။ သူတို့တွေအားလုံးက ပုံရိပ်ယောင်အစစ်အမှန်ခန်းမကလူတွေကြီးပါပဲ။ ၀ိညာဥ်လက်နက်တွေအပေါ်မှာသူတို့ရဲ့နားလည်မှုက တခြားသူတွေအားလုံးအထက်ကို ပိုပြီးထူးခြားသာလွန်ပါတယ်။

ဒီနေ့ဘယ်နှစ်ယောက်က်ိုနိုင်မလဲဆိုတာ သူမသိပေမဲ့ ဘယ်လိုပဲဖြစ်စေ အကောင်းဆုံးကြိုးစားဖို့ သူစိတ်ဆုံးဖြတ်လိုက်ပါပြီ။

ဒိုင်လူကြီးကတော့ ရွှမ်ကျင့်၀မ်ဖြစ်နေဆဲပါပဲ။ ဟို့ယွိဟောင်ကိုကြည့်ရင်း သူ့ရဲ့စိတ်တွေက မတည်ငြိမ်နိုင်ဖြစ်နေခဲ့တယ်။

သူလဲတစ်ချိန်တစ်ခါတုန်းက ငယ်ရွယ်တဲ့လူငယ်လေးဖြစ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းကလဲ ထူးချွန်တဲ့လူတစ်ယောက်အဖြစ် အမြဲတမ်းသတ်မှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ယှဥ်မယ်ဆိုရင်တော့ သူ့မှာအပြည့်၀သေးတဲ့အရာတွေအများကြီးပါပဲ။ ထက်မြက်စူးရှမှုလဲမပါ၀င်သလို တည်ငြိမ်မှုကိုလဲ မပိုင်ဆိုင်ခဲ့ပါဘူး။ သူ့ရဲ့ဒီကျောင်းသားက အသက်ဆယ်ငါးနှစ်သာရှိသေးတာပါ။

ဒါပေမယ့် ဒီကျောင်းသားအပြာင်းအလဲသင်ကြားမှုတစ်လျှောက်လုံးမှာ သူနဲ့သက်တူရွယ်တူလူတစ်ယောက်နဲ့စကားပြောဆိုနေရသလိုမျိုးအဲ့ဒီကျောင်းသားက ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမျိုးရင့်ကျက်တည်ငြိမ်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဲ့ဒီလူငယ်လေးပေးဆပ်ခဲ့တဲ့တန်ကြေးက ဘာတွေများဖြစ်မလဲ။

” ယွိဟောင် ညတုန်းက အနားယူရတာအဆင်ပြေရဲ့လား ”

ရွှမ်ကျင့်၀မ်က မေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့စိတ်ထဲကိုပထမဆုံးပေါ်လာတဲ့အရာကတော့ နနရဲ့ခန္ဓာကိုယ်ပါပဲ။ ဒါကြောင့် သူအားတင်ပြီပြုံးပြကာ ပြန်ဖြေလာခဲ့ပါတယ်။

” အတော်လေးကောင်းခဲ့ပါတယ် ”

” ဒါဆိုရင် အဆင်ပြေတယ်… ဒီနေ့မင်းရဲ့ပြိုင်ဘက်တွေအားလုံးက ပိုပြီးသန်မာလာကြမှာ မနေ့တုန်းက ခန်းမသခင်နဲ့ ငါတို့ဆွေးနွေးပြီးပြီ ဒါကြောင့် ဒီနေ့မင်းကို၀ိညဥ်လက်နက်တွေအသုံးပြုဖို့အတွက် သဘောတူညီလိုက်တယ်…မင်းမှာ၀ိညာဥ်စက်ကွင်းကလေးကွင်းပဲရှိသေးတယ်လေ မင်းကိုအများကြီးကန့်သတ်ထားမယ်ဆိုရင် မတရားရောက်လွန်တယ်…ဒါက ကျောင်းတော်ရဲ့လုပ်နေကြပုံစံလဲမဟုတ်ဘူး…ဒီနေ့မှာအကောင်းဆုံးကြိုးစားပြီ မင်းရဲ့အစွမ်းအစအစစ်အမှန်ကိုအပြည့် ထုတ်သုံးလိုက်တော့ ”

” ကျွန်တော်၀ိညာဥ်လက်နက်တွေသုံးဖို့ ခွင့်ပြုချက်ရတယ်လား ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်လက်နက်တွေဘယ်လိုပေါင်းစည်းလဲဆိုတာ ခန်းမသခင်ကတော့ စိတ်၀င်စားနေပြီနဲ့တူတယ် ”

” ငါလဲ အဲ့အကြောင်းမသိဘူး…ဒါပေမယ့် မင်းကိုယ်ကိုကိုယ်ယုံကြည်ချက်အပြည့်အ၀ရှိတယ်ဆိုရင်တော့ သုံးစရာမလိုဘူးလေ ရပါတယ် ”

” ဘာကြောင့်များမသုံးရမှာလဲ တကယ်တော့ဘာမှာမှမဟုတ်တာ ကျွန်တော်တွေက လက်ရည်ယှဥ်တိုက်ခိုက်ပွဲလုပ်နေပြီဆိုမှတော့ သေချာပေါက် သူ့ရဲ့အဓိပ္ပာယ်ကိုအပြည့်အ၀အသုံးချရမှာပေါ့ ကျွန်တော်ရဲ့ဒီနေ့ကြုံရမဲ့ပြိုင်ပွဲ၀င်တွေက စိတ်မပျက်စေအောင်ကူညီပေးမယ်လို့ မျှော်လင့်ပါတယ် ”

ရွှမ်ကျင့်၀မ်ကတော့ သူ့ကိုအဓိပ္ပာယ်ပါပါကြည့်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” သေချာပေါက် မင်းစိတ်ပျက်ရမှာမဟုတ်ဘူး..ကဲသွားပြီပြင်ဆင်လိုက်တော့ ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းနဲ့ မျက်လုံးပိတ်လိုက်ပါတယ်။ သူအာရုံစိုက်ရင်းနဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကို စတင်အသုံးပြုပြီး လှည့်ပတ်နေခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်ကို အကောင်းဆုံးအနေအထားရောက်အောင် ခပ်မြန်မြန်ထိန်းညှိလိုက်ပါတော့တယ်။

အမှန်တကယ်မှာတော့ ဒီနေ့သူကြုံတွေ့ရမဲ့ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင် နှစ်ဆယ်နဲ့ခြောက်ယောက်ကိုအနိုင်ယူနိုင်မယ်လို့ မထင်ပါဘူး။ ဒီလူတွေအားလုံးကို ကံကြမ္မာအလင်းတန်းမသုံးပဲနဲ့ တစ်ရက်ထဲဆက်တိုက်အနိုင်ယူဖို့ဆိုတာက အရမ်းကိုသဘာ၀မကျပဲ စိတ်ကူးယဥ်ဆန်လွန်နေခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ အနည်းငယ်ရှိနေဆဲပါ။

ရွှမ်ကျင့်၀မ်ရဲ့စကားတွေက သူ့ကိုမျှော်လင့်ချက်ပြည့်၀လာစေခဲ့ပါတယ်။ အကယ်၍ သူသာ ၀ိညာဥ်လက်နက်တွေကို အသုံးပြုနိုင်မယ်ဆိုရင် ဒါက မတူညီတဲ့ကိစ္စပါပဲ။ ၀ိညာဥ်လက်နက်တွေရဲ့အခြေအနေကိုကြည့်မယ်ဆိုရင် ရွှမ်ကျင့်၀မ်က ၀ိညာဥ်လက်နက်တွေကိုသုံးဖို့နဲ့ တိုက်ခိုက်ပုံ နည်းဗျူဟာတွေကိုသင်ကြားပေးခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဲ့ဒါတွေအကုန်လုံးကိုအသုံးပြုလာနိုင်တဲ့အထိ အဆင်မပြေသေးပေမဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမလူတွေရဲ့ အခွင့်အရေးသိပ်မကွာတော့ဘူးဆိုတာ ဆိုလိုချင်တာပါ။

အနီးကပ်တိုက်ခိုက်ရေးလမ်းစဥ်ကိုရွေးချယ်ပြီတဲ့နောက် သူပထမဆုံးကြုံရမဲ့စမ်းသပ်ချက်ကလဲ ဒီပြိုင်ပွဲဖြစ်သွားနိုင်ပါတယ်။ ဟို့ယွိဟောင် ဒါကိုတွေးရင်းနဲ့ပိုမိုစိတ်လှုပ်ရှားလာခဲ့ပါပြီ။ တိုက်ခိုက်မှုဆိုတာက သူ့စွမ်းရည်တွေကိုစမ်းသပ်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဒါကြောင့် အာရုံစူးစိုက်မှုလဲ အမြင့်ဆုံးကိုရောက်သွားပါတော့တယ်။

ကျန်ဟုန်ချန်ဆီက အတည်ပြုချက်ကိုရောက်ပြီတဲ့နောက် ရွှမ်ကျင့်၀မ်လဲ ပြိုင်ပွဲနယ်မြေထဲကိုပြန်၀င်သွားပါတော့တယ်။

လင်းကျားယွီကတော့ ဒီနေ့ရှိနေဆဲပါ သူ့ရဲ့အသံက အသံချဲ့စက်ကိုဖြတ်ကျော်ရင်း ထွက်ပေါ်လာပါတော့တယ်။

” ဆရာနဲ့ကျောင်းသားတို့ဒီနေ့က အမျက်ဒေါသကျောင်းတော်နဲ့ တစ်ယောက်ချင်းယှဥ်ပြိုင်မဲ့ဒုတိယနေ့ပါ အမျက်ဒေါသကျောင်းတော်ကိုကိုယ်စားပြုပြီ ယှဥ်ပြိုင်မဲ့သူက ဟို့ယွိဟောင်ပါပဲ ”

” ဒီနေ့ပြိုင်ပွဲပြီတဲ့နောက် အားလုံးလဲ၀ိညာဥ်လက်နက်အတတ်ပညာရှင်နဲ့ ၀ိညာဥ်ပညာရှင်တွေကြားက ကွာခြားတဲ့တိုက်ခိုက်ရေးပုံစံတွေကို မြင်တွေ့ဖူးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..ဒါ့အပြင် ဒီအခွင့်အရေးကိုအသုံးချပြီ ကိုယ်ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ကြပါ မင်းတို့ရဲ့၀ိညာဥ်ပညာရှင်တွေနဲ့ ကြုံတွေ့ရမဲ့တကယ်အတွေ့အကြုံအစစ်ကို တိုးတက်အောင်လုပ်ကြပါ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်လိုမျိုး ကြိုးစားအားထုတ်ကြမယ်လို့ မျှော်လင့်ပါတယ်…ငါတို့ကျောင်းတော်အတွက် ကြိုးစားအားထုတ်ပြီ အောင်မြင်မှုကိုရယူပေးကြပါတော့ ”

” ဒီနေ့မှာတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ပို့လွှတ်ပါ့မယ်…ဒီနေ့မှာတော့ စုစုပေါင်းအယောက်နှစ်ဆယ်ရှိမှာပါ ဒါ့အပြင် ညစာမစားခင်အချိန်အထိတတ်နိုင်သလောက် အများဆုံးတိုက်ခိုက်ပါလိမ့်မယ် ”

” ပြိုင်ပွဲက မကြာခင်မှာစတင်ပါတော့မယ်…ကျေးဇူးပြုပြီး ဂရုတစိုက်လေ့လာကြပါ ဒါ့အပြင် မင်းတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ပတ်သက်ပြီိထိုက်သင့်သလောက်ကိုးကားချက်တွေကိုယူကြပါ အကယ်၍ ဒီပြိုင်ပွဲကနေတစ်ဆင့် တစ်စုံတစ်ရာကိုသင်ယူနိုင်မယ်ဆိုရင်တော့ ဒီပြိုင်ပွဲရဲ့ကျင်းပရတဲ့ရည်ရွယ်ချက်က အောင်မြင်ပြီလို့ပြောရမှာပါပဲ ”

” ကျင့်ကြံမှုကွာခြားချက်တွေကြောင့် ဟို့ယွိဟောင်ဒီနေ့မှာတော့ သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်လက်နက်တွေကို အသုံးပြုခွင့်ရပါလိမ့်မယ်..မင်းတို့အားလုံးသေချာဂရုစိုက်ပြီ ကြည့်ကြပါ သူ့ရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်လက်နက်တွေကိုဘယ်လိုပေါင်းစည်းထားလဲဆိုတာ သေချာအာရုံစိုက်ရပါ့မယ်…အထူးသဖြင့် ရွေ့လျားထိန်းချုပ်ရေး၀ိညာဥ်လက်နက်ဌာနကကျာင်းသားတွေအတွက်ပါပဲ ကောင်းပြီ ပြိုင်ပွဲစတင်လို့ရပါပြီ ”

အပိုင်း ၁၈၀• ၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset