အပိုင်း ၁၇၉•၃
” စောင့်ကြည့်နေသူ နန ”
°°°
ဟယ့်ချိုက်ထို့ကထပ်ပေါင်းပြီပြောလာခဲ့တယ်။
” ဘာကြောင့်များ ဟုတ်သား အစ်ကိုကြီးရှန် တွေးကြည့်လိုက်စမ်းပါ နေလနိုင်ငံတော်ရဲ့ အထူးချွန်ဆုံးပါရမီရှင်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ဒီကျောင်းထဲမှာရှိနေတယ်…ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကြီးတစ်ခုလုံးလဲရှိသေးတယ်…သူတို့တွေအားလုံးကငါတို့တွေးထားနိုင်တာထက်ကို ပိုပြီးချမ်းသာကြွယ်၀ကြတယ်လေ ညီငယ်လေး ပုံရိပ်ယောင်အစစ်မှန်ခန်းမဆောင်က ထုတ်လုပ်တဲ့၀ိညာဥ်လက်နက်ကို ကြယ်အလင်းလေလံအိမ်မှာ ငါတို့မြင်ခဲ့ဖူးတဲ့ဥစ္စာကိုမင်းမှတ်မိသေးလား အရမ်းကိုစျေးကြီးလွန်တာပဲ အချီသုံးဆယ်အထိ တောင့်ခံနိုင်တာကလဲ အတော်လေးကို ခက်ခဲလွန်နေပြီ ငါတို့မနက်ဖြန်လောင်းကြေးထပ်တာကို ရုတ်သိမ်းလိုက်ရင်းဘယ်လိုလဲ ”
” မဖြစ်ဘူး သူတို့ကိုဆက်ပြီလောင်းကြေးထပ်ခိုင်းပါစေ မဟုတ်ရင် ကျွန်တော်ရဲ့ တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒကိုထိခိုက်သွားလိမ့်မယ်…လောင်းကြေးတွေကနေ အကယ်၍ ကျွန်တော်ရှုံးသွားမယ်ဆိုရင်တောင် ကျွန်တော်ရဲ့အကျိုးအမြတ်တွေကိုပဲဆုံးရှုံးမှာ သူတို့တွေကလဲ ပိုပြီးတော့ကိုလောင်းကြေးမြင့်လာကြလိမ့်မယ်..ဒါ့အပြင် ကျွန်တော်ကတော့ ရှုံးမှာမဟုတ်ဘူး မနက်ဖြန်အစွမ်းကုန်တိုက်ခိုက်မှာ ”
ယဲ့ရှောင်ရှန်က နှုတ်ခမ်းတစ်ချက်တွန့်သွားခဲ့ပြီတဲ့နောက် ရယ်မောလာခဲ့ပါတယ်။
” မင်းတို့နှစ်ယောက်နဲ့စကားပြောရတာ တကယ်ငါရဲ့စိတ်၀ိညာဥ်တစ်ခုလုံးအတော်ကို အလုပ်လုပ်ရတာပဲ ငါထပ်ပြီမပြောတော့ဘူး…ဆရာဖန်းယွီ ကျွန်တော်အရင်သွားတော့မယ်…ဒီနေ့ မင်းကအရမ်းကြောက်စရာကောင်းလွန်နေပြီ ဒါတောင်မှ အစွမ်းကုန်မတိုက်ခိုက်ရသေးဘူးတဲ့လား ”
ယဲ့ရှောင်ရှန်ကတော့ စိတ်ဖိစီးမှုအပြည့်နဲ့နဖူးပေါ်လက်တင်ပြီထွက်သွားပါတော့တယ်။
ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်နှစ်ယောက်စလုံးလဲ သူတို့နှစ်ယောက်ပေါင်းပြီ ပြောနေတဲ့စကားတွေက တစ်ဖက်လူကို ဘယ်လောက်စိတ်ဖိစီးသွားစေခဲ့လဲဆိုတာကို အဲ့ဒီအချိန်မှသာ တွေးမိခဲ့တာပါ။ ဒီအတွေးကိုတွေးပြီတဲ့နောက်သူတို့တွေတစ်ချက်ပြုံးလိုက်မိပါတော့တယ်။
ဖန်းယွီက ပြောလာခဲ့တယ်။
” ယွိဟောင် နားလိုက်ဦး မနက်ဖြန်အတွက် ငါမင်းကိုဘာမှညွှန်ကြားစရာသိပ်မရှိနေဘူး…အကောင်းဆုံးသာကြိုးစား ဒါပေမယ့် အသက်အန္တရာယ်ကိုတော့ ဂရုစိုက် အမျက်ဒေါကျောင်းတော်အတွက် မင်းဘယ်လောက်အရေးကြီးလဲဆိုတာသိတယ်မလား ”
” ဟုတ်ကဲ့ပါဆရာ ကျွန်တော်နောက်ထပ် သတိလက်လွှတ်မဖြစ်စေရပါဘူး ”
ဟို့ယွိဟောင်အိပ်ရာပေါ်မှာခါးကိုမတ်မတ်ထားပြီ ထိုင်နေခဲ့ရင်း သူတို့တွေကို ပြန်ဖြေလိုက်ပါတယ်။ အပြင်အထိလိုက်ပို့ချင်ပေမဲ့ ဟယ့်ချိုက်ထို့နဲ့ ဖန်းယွီက သူ့ကိုတားလိုက်တယ်။ အဲ့ဒီနောက် သူ့ဘာသာသူတို့ထွက်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ သူ့ကိုတွန်းအားပေးရင် တရားထိုင်ဖို့အတွက် ပြင်လိုက်ပါတယ်။ အခုလက်ရှိအချိန်မှာသူအိပ်လို့မရပါဘူး။ မဟုတ်ရင် ဒီနေ့ကြိုးစားအားထုတ်ရသမျှအရာအားလုံးက အလဟာသဖြစ်သွားပါလိမ့်မယ်။ ၀ိညာဥ်စွမ်းအားကိုကျင့်ကြံပြီ စွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းမှသာ ဒီနေ့ သူတိုက်ပွဲထဲကနေရရှိလာတဲ့ အကျိုးအမြတ်တွေကို အပြည့်အ၀ရရှိနိုင်မှာပါ။
ရုတ်တရက်ဆိုသလို တံခါးရဲ့ခေါင်းလောင်းသံက မြည်လာခဲ့ပါတယ်။ ဟို့ယွိဟောင်က အရမ်းကိုပင်ပန်းလွန်နေခဲ့ပါပြီ။ ဒါကြောင့် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို မထုတ်သုံးခဲ့ပါဘူး။ ဖန်ယွီ သို့မဟုတ် ဟယ့်ချိုက်ထို့လိုပဲထင်တဲ့အတွက် အသက်ပြင်းပြင်းရှုသွင်းရင်နဲ့သာ တံခါးဆီကိုလျှောက်သွားလိုက်ပါတယ်။
ဒါပေမယ့် တံခါးဖွင့်လိုက်ချိန်မှာတော့ ခန္ဓာကိုယ်အချိုးအစားအတော်လှပတဲ့မိန်းကလေးဖြစ်နေခဲ့တယ်။ သူမက နနပါ မနက်တုန်းက ဟို့ယွိဟောင် အနိုင်ယူခဲ့တဲ့ ၀ိညာဥ်ဘုရင်ထဲက တစ်ယောက်ပါပဲ။
” မင်းဘာဖြစ်လို့ဒီနေရာရောက်နေတာလဲ ”
ဟို့ယွိဟောင် မျက်မှောင်ကြုတ်ရင်း မေးလာခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီတော့ သိပ်စိုးရိမ်နေစရာမလိုပါဘူး။ နနရဲ့ စိတ်၀ိညာဥ်အစိတ်အပိုင်းတစ်ခုက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တာပါ။ အကယ်၍ သူသာလုပ်ချင်တယ်ဆိုရင် သူမရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ရုံတင်မက ထိခိုက်အောင်ပါလုပ်နိုင်မှာပါ။
” ငါ၀င်လားလို့ရမလား ”
နနက သိပ်ပြီလှပတဲ့သူမဟုတ်ပေမဲ့ သူမရဲ့သတ္တိရှိမှုက ဆွဲဆောင်မှုအပြည့်နဲ့တောက်ပနေခဲ့ပါတယ်။ ဒီဆွဲဆောင်မှုက လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေကြောင့်လဲ ပါ၀င်နေခဲ့တယ်။
ဟို့ယွိဟောင်လဲ တံခါးဖွင့်ပေးလိုက်ပါပြီ။ နနက အထဲ၀င်လာခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ တံခါးကိုမပိတ်ခဲ့ပါဘူး။ အတော်လေးကို ညမှောင်နေပြီဖြစ်တဲ့အတွက် ဒီလိုနှစ်ယောက်တွဲအခန်းထဲမှာအတူတူရှိနေတာက မသင့်တော်တဲ့ကိစ္စဖြစ်နေခဲ့တယ်။ ဒါကြောင့်သာ တံခါးဖွင့်ထားတာက ပိုကောင်းမှာပါ။
” ဘာများဖြစ်လို့လဲ ”
ဟို့ယွိဟောင်က အရမ်းကိုပင်ပန်းနေပြီဖြစ်တာကြောင့် အခုလက်ရှိအချိန်မှာ သူလဲသာလဲချင်နေခဲ့ပါတယ်။
” ငါက အဲ့ဒီမေးခွန်းမေးရမှာလေ ငါခန္ဓာကိုယ်ကိုလုပ်လိုက်တာလဲ နင်ဘယ်လိုထိန်းချုပ်နိုင်တာလဲ ”
သူမက အဖြေကိုသိလိုနေတဲ့အတွက် အတော်ကိုပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားအပြည့်နဲ့ မေးနေခဲ့ပါတယ်။ ဒါ့အပြင် မုန်းတီးနေတဲ့အသံလဲပါနေခဲ့တယ်။
ဟို့ယွိဟောင်ကို သူမရှုံးနှိမ့်ပြီတဲ့နောက် ဒီကိစ္စက သူ့ကိုပိုပြီးအနှောင့်အယှက်ပြုနေခဲ့ပါတယ်။ ပြိုင်ပွဲပြီတဲ့နောက်မှသာ ဒီကိုလာပြီစကားပြောတာပါ။ တခြားသူတွေရှိချိန်မှာလဲ အနားကိုမကပ်လာခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်တယ်။
” ဘာတွေလာပြောနေလဲမသိဘူး..တခြားကိစ္စတွေမရှိဘူးဆိုရင် ကိုယ်ဘာသာကိုယ်ထွက်သွားလိုက်ပါ ငါမနက်ဖြန်ပြိုင်ဖို့လိုသေးတယ် ”
” နင်၀န်ခံရဲတဲ့သတ္တိမရှိဘူးလား ”
” ငါဘာလုပ်ခဲ့လို့လဲ မင်းကသာမင်းရဲ့စိတ်၀ိညာဥ်ကိုထုတ်လွှတ်ပြီ ငါကိုတိုက်ခိုက်ခဲ့တာလေ ငါကိုသတ်ဖို့ကြိုးစားခဲ့တဲ့သူက မင်းပဲ အခုလက်ရှိအချိန် ငါကိုလာပြီစစ်ဆေးမေးမြန်းတာက ဟာသဖြစ်ပြီရယ်ချင်စရာကောင်းမနေဘူးလား ကိုယ်ဘာသာကိုယ်အပြင်ထွက်သွားလိုက်ပါ ”
နနပြန်ပြောချင်ပေမဲ့လဲ သူမပါးစပ်ပြန်ပိတ်သွားခဲ့ပါတယ်။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီတဲ့နောက် သူစိတ်ထိန်းရင်းဆက်ပြောလာခဲ့တယ်။
” နင်တကယ်ဘာကိုလိုချင်တာလဲ ငါရဲ့စိတ်၀ိညာဥ်ကိုနင်ထိန်းသိမ်းထားတာ ခံစားမိတယ်…ငါစိတ်၀ိညာဥ်ကိုပြန်ပေးပါ ”
ဟို့ယွိဟောင်ကလဲ သူမရဲ့ အကဲဖြတ်မှုကြောင့် မျက်လုံးပြူးသွားခဲ့ပါတယ်။
” နင်လက်ချက်မဟုတ်ဘူးလို့ မပြောနဲ့ အကယ်၍ ငါရဲ့စိတ်၀ိညာဥ်သာဖျက်ဆီးခံလိုက်ရမယ်ဆိုရင် သေချာပေါက် ဒဏ်ရာကသေလုမတတ်ရသွားမှာ ဒါပေမယ့် ငါအခုအကောင်းကြီးအတိုင်းရှိနေတယ်…ငါရဲ့ခန္ဓာကိုယ်က ငါမထိန်းချုပ်နိုင်တော့တာလေတစ်ခုပဲ ဒါကြောင့် ငါစိတ်၀ိညာဥ်ကိုတစ်ခုခုလုပ်လိုက်တာပဲဖြစ်ရမယ်..ငါ့ကိုပြန်ပေးစမ်းပါ ”
” ကောင်းပြီလေ ငါ့လုပ်ခဲ့တယ်ဆိုရင်တောင် ဘာလို့ပြန်ပေးရမလဲ မင်းကငါကိုသတ်ဖို့လုပ်ခဲ့တဲ့သူငါကိုဘယ်လိုများလာပြီအမိန့်လာပေး၀ံ့တာလဲမင်းမှာ ဘယ်လိုမျိုးအခွင့်အရေးရှိလို့လဲ ”
” ငါနင့်ကိုကျောင်းနဲ့တိုင်မယ် ”
” တိုင်ချင်ရင်းလဲတိုင်လေ ဒါပေမယ့်ဘယ်သူမှမင်းကိုယုံမှာမဟုတ်ဘူး…အကယ်၍ တစ်ယောက်ယောက်က မင်းရဲ့စကားတွေကို ယုံခဲ့မယ်ဆိုရင်တောင် ဘာသက်သေအထောက်အထားရှိလို့လဲ ၀ိညာဥ်ပညာရှင်တွေအတွက် ငါတို့ရဲ့စိတ်၀ိညာဥ်က ထူးခြားတယ်…သော့်လော့တွေတောင်မှ လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်ကို အပြည့်အ၀ရင်းနှီးအောင်မလုပ်နိုင်ဘူး… ဒါ့အပြင် မင်းရဲ့စိတ်၀ိညာဥ်က ငါနဲ့ရှိနေတယ်လို့ ဘယ်သူကစမ်းသပ်လို့ရမှာလဲ ”
နနရဲ့အမူအရာက ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့တည်ငြိမ်တဲ့မျက်နှာထားကိုမြင်ချိန်မှာတော့ သူဖြည်းဖြည်းချင်းတံခါးဆီကို လျှောက်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ ပုခုံးသာတွန့်လိုက်ပါတယ်။ မနက်တုန်းက သူမကြောင့် သူအတော်လေးလန့်သွားခဲ့တာပါ။ သေချာပေါက် သူ့ကိုပြန်ပေးဆပ်အောင်တော့လုပ်ရပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့နှလုံးသားက အဲ့ဒီလောက်ထိတော့ မမာကြောပါဘူး။ ပြိုင်ပွဲပြီးတာနဲ့ စိတ်၀ိညာဥ်ကိုပြန်ပေးဖို့ရည်ရွယ်ထားပါတယ်။
နနက ဖြည်းဖြည်းချင်းလျှောက်လာပြီ တံခါးကိုရောက်ချိန်မှာတော့ ရပ်တန့်လိုက်ပါတယ်။ သူအပြင်ကို ထွက်မသွားပဲနဲ့ တံခါးကိုပိတ်လိုက်တယ်။
” ဟာ မင်းဘာတွေလုပ်နေတာလဲ ”
ဟို့ယွိဟောင်က ထိုင်နေရာကနေ ထရပ်လိုက်ပါပြီ။သူဘယ်လောက်ပဲပင်ပန်းနေပေမဲ့ ဒါပေမယ့် ၀ိညာဥ်စွမ်းအားကတော့ အပြည့်ရှိနေတုန်းပါပဲ။ ဒါပေမယ့် နနက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။
နနလှည့်လာချိန်မှာတော့ သူ့မရဲ့မျက်နှာပေါ်မှာမျက်ရည်တွေက အပြည့်ရှိနေခဲ့ပါတယ်။ ခန္ဓာကိုယ်ကလဲ တုန်ရီလို့နေခဲ့ပြီ မျက်လုံးကလဲဝေ၀ါးလို့သွားတော့တယ်။ ခန္ဓာကိုယ်က အ၀တ်အစားတွေတစ်လွှာပြီတစ်လွှာ ကွာကြကုန်ကာ အ၀တ်မပါတဲ့ခန္ဓာကိုယ်က ဟို့ယွိဟောင်ရဲ့အရှေ့မှာထင်ထင်ရှားရှားပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်လဲ သူမဒါမျိုးလုပ်လာမယ်လို့ မထင်ထားခဲ့ပါဘူး။
သူလန့်လွန်လို့ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ခန္ဓာကိုယ်ကလဲ အတော်ကြီးကို လှလွန်နေခဲ့တယ်။ သေချာပေါက် ဘယ်အမျိုးသမီးမဆိုဒီလိုခန္ဓာကိုယ်မျိုးရဖို့အတွက်ကိုဆန္ဒရှိပြီမျှော်လင့်ကြမှာပါ။ နနက တကယ်ပဲသူ့ရဲ့ခန္ဓာကိုယ်ရဲ့ပတ်သက်လို့ကောင်းချီးမင်္ဂလာအပြည့်ကိုရရှိထားတယ်လို့ ပြောရပါလိမ့်မယ်။ အဆီပိုမရှိသလို ခန္ဓာကိုယ်အသားအရေးကလဲ အတော်လေးချောမွေ့ပြီ နူးညံ့လို့နေခဲ့တယ်။ နှင်းလိုမဖြူပေမဲ့ သေချာပေါက် ကျန်းမာတောက်ပတဲ့အသားအရေးကို ပိုင်ဆိုင်ထားတာတော့အမှန်ပါ။
သေးသွယ်တဲ့ခါးက လက်တစ်ပွေ့ဆာသာဖြစ်ပြီ လှပတဲ့ကောက်ကြောင်းတွေကလဲ ဒီခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီနေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်ကို မျက်နှာချင်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် အရာအားလုံးကိုမမြင်နိုင်ပဲရှိနေခဲ့ပါတယ်။ လှပပြီဖောင်းကြွနေတဲ့ တင်ပါးကိုတော့ ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။
ဟို့ယွိဟောင်လဲ နောက်ထပ်ထပ်ပြီမကြည့်နိုင်တော့ပါဘူး။ သူ့ရဲ့အသက်အရွယ်အနေနဲ့ဆိုရင် ဒီကိစ္စတွေနဲ့ပတ်သက်ပြီအတော်ကိုစူးစမ်းလိုစိတ်ရှိနေတာအမှန်ပါ။ ဒါပေမယ့် နှလုံးသားရေရာကိစ္စတွေနဲ့သိပ်ပြီ မရှင်းလင်းခဲ့ပါဘူး။ မာရှောင်ထောင့်ဆီကနေ မိခင်စိတ်ရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက သူအတော်ကိုငယ်ရွယ်ခဲ့ပါသေးတယ်။ ဒါကြောင့်သာ ဆွဲဆောင်မခံရတာပါ။ ဒါပေမယ့် နှစ်နှစ်ကျော်ကြာပြီတဲ့နောက် ခန္ဓာကိုယ်ကလဲ ဇီ၀ဗေဒသဘောအရတိုးတက်လို့လာခဲ့ပါပြီ။
သူထိတ်လန့်သွားပြီတဲ့နောက် ကျောခိုင်းလိုက်ပါတော့တယ်။
” အ၀တ်အစားတွေကို မြန်မြန်ပြန်၀တ် ဘာလုပ်နေတာလဲ ”
နနကတော့ မျက်ရည်အပြည့်နဲ့ ငိုကြွေးရင်းသာပြန်ဖြေလာခဲ့တယ်။
” နင်က အမျက်ဒေါသကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းသားဆိုတာငါသိတယ်…ငါမှာငါရဲ့စိတ်၀ိညာဥ်ကိုပြန်ပြီ လဲလှယ်နိုင်ဖို့အတွက် တန်ဖိုးကြီးပစ္စည်းဘာမှရှိမနေဘူး…ဒါကြောင့် ခန္ဓာကိုယ်ကိုပဲ သုံးနိုင်တယ်..ဒါပေမယ့် ငါ့ကိုဒီလောကမှာဘယ်ယောင်္ကျားသားကမှ မထိတွေ့သေးဘူး…အကယ်၍ ငါရဲ့စိတ်၀ိညာဥ်ကိုသာ ပြန်ပေးမယ်လို့ကတိပေးတယ်ဆိုရင် ငါရဲ့ခန္ဓာကိုယ်ကိုပေးအပ်ပါ့မယ် ”
ဟို့ယွိဟောင် ဒါမျ်ိုးကိုမမျှော်လင့်ထားခဲ့ပါဘူး။ ရယ်ရမလား ငိုရမလားတောင် မသိတဲ့အခြေအနေမှာရောက်လာခဲ့ပါတယ်။ ဒါကြောင့် သူအနည်းငယ်စိုးရိမ်ပူပန်မှုအပြည့်နဲ့ ပြောလိုက်တယ်။
” အ၀တ်အစားတွေ မြန်မြန်၀တ်ပြီ ချက်ချင်းထွက်သွားတော့ပြိုင်ပွဲတွေပြီရင် စိတ်၀ိညာဥ်ကိုချက်ချင်းပြန်ပေးမယ် ”
နနလဲ မျက်လုံးအပြူးသားဖြစ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်က လက်ရှိအချိန်မှာ သူမရဲ့ပုံစံကြောင့် ကြောက်လန့်နေပုံပေါ်ပါတယ်။ အရင်တုန်းက တိုက်ခိုက်ခဲ့သလိုမျိုး မောက်မာတဲ့ပုံစံရှိမနေပဲတုန်နေခဲ့တယ်။
တိုက်ပွဲထဲမှာ သူ့ရဲ့ထူးချွန် ထက်မြက်တဲ့ လုပ်ဆောင်မှုတွေက ကျောင်းသားတွေအများကြီးကို သေချာပေါက် ပစ်မှတ်ထားစေတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့မျက်လုံးထဲမှ ဟို့ယွိဟောင်က အရမ်းအင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်ပါပဲ။
ဒါပေမယ့် နနကအခုအချိန်မှာ နားလည်လို့သွားခဲ့ပါတယ်။ ဒီကလေးက အခုမှသာဆယ်ငါးနှစ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပါ။ ကြည့်ရတာသူမအနေနဲ့ ကိစ္စတွေတော်တော်များများကို ကောက်ချက်ချတာလွဲသွားတဲ့ပုံပါပဲ။
ဒါကြောင့် နီရဲနေတဲ့ မျက်နှာနဲ့ သူ့ဘာသာသူခပ်မြန်မြန်အ၀တ်ပြန်၀တ်နေခဲ့တယ်။
ဟို့ယွိဟောင်တကယ်ကြီးကို စိတ်မသက်မသာဖြစ်နေခဲ့တာပါ။ သူ့ရဲ့နှာခေါင်းတွေက သွေးထွက်တောမဲ့အတိုင်းပူလာနေတာကို ခံစားရပါတယ်။ ဒါ့အပြင် သူမ အ၀တ်အစား၀တ်ပြီးပြီလားဆိုတာ သိဖို့အတွက်စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုလဲ မသုံး၀ံ့ပါဘူး။ အကယ်၍ ဒါကိုသုံးလိုက်မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကိုမြင်ရမှာကြောက်လို့ပါ။
” ၀တ်ပြီသွားပြီ ”
နနက ခပ်တိုးတိုးလေးပြန်ဖြေလာခဲ့ပါတယ်။
ဒီအချိန်မှသာ ဟို့ယွိဟောင်လဲ သက်ပြင်းချမိပါတော့တယ်။ သူ့ခန္ဓာကိုယ်ကိုအပြည့်မလှည့်ခင် သူမ အ၀တ်အစား၀တ်တာမ၀တ်တာတစ်ချက်အသိအမှတ်ပြုဖို့အတွက် အဝေးကနေ စွေးကြည့်လိုက်ပါတယ်။
သူ့မျက်နှာကလဲ နီးရဲနေခဲ့သလို နှာခေါင်းတစ်ခုလုံးလဲ ပူနေခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ နှာခေါင်းသွေးမထွက်လာအောင်ဖို့အတွက် ကြိုးစားပြီထိန်းနေခဲ့ရပါတယ်။ သူဘယ်လိုပဲ သူ့ရဲ့နှာခေါင်းကိုအတတ်နိုင်ဆုံးကြိုးစားပြီကာကွယ်ထားပါစေ နနကတော့ မြင်ဖြစ်အောင်မြင်သွားခဲ့တယ်။
အဲ့ဒီအချိန်မှာ နနကတော့ ရယ်နေခဲ့ပါပြီ။
” မြန်မြန်သွားတော့ ”
ဟို့ယွိဟောင်အော်လိုက်ပါတော့တယ်။ သူရဲ့စိတ်ထဲမှာပေါ်လာတဲ့ စိတ်ကြွစရာမြင်ကွင်းတွေကိုဖယ်ရှားပြစ်ဖို့အတွက် အကောင်းဆုံးကြိုးစားပြီ အော်ဟစ်နှင်ထုတ်နေခဲ့တယ်။
နနကတော့ အရင်လိုဒေါသမထွက်တော့ပါဘူး။
” တကယ်ပဲငါရဲ့စိတ်၀ိညာဥ်ကိုပြန်ပေးမှာလား ဒါဆိုရင် ဘာဖြစ်လို့အခုမပေးတာလဲ ဘာဖြစ်လို့ပြိုင်ပွဲ၀င်တွေအဆုံးသတ်ချင်မှာလဲ ”
” နောက်နှစ်ရက်အတွင်းမှာ ငါ့ကိုဒုက္ခမပေးဘူးဆိုတာသေချာအောင်လုပ်ဖို့ မပေးတာလေ မြန်မြန်သွားတော့ ”
ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။ သူ့ရဲ့အသံက ဘယ်လောက်အထိတုန်နေလဲဆိုတာကို နားထဲမှာပြန်ကြားယောင်နေခဲ့တယ်။
နနကတော့ ဟို့ယွိဟောင်ကိုလေးလေးနက်နက်စိုက်ကြည့်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” နင်ရဲ့ကတိကိုတည်မယ်လို့ ငါမျှော်လင့်ပါတယ်…ဘယ်လိုပဲဖြစ်ဖြစ်ငါမှာအလဲအလှယ်လုပ်ဖို့ဘာမှမရှိဘူးလေ …အကယ်၍ ငါရဲ့ခန္ဓာကိုယ်ကိုနောက်တစ်ခေါက်လိုချင်တယ်ဆိုရင်တော့ ပြောသာပြောလိုက်ပါ ”
ဟို့ယွိဟောင်လဲ သူနှာခေါင်းကိုပွတ်ပြီတော့ နာလာတာကို ခံစားမိပါတယ်။ ကြည့်ရတာတကယ်အထဲမှာသွေးတွေစိမ့်ထွက်လာပုံပါပဲ။
နနကတော့ တံခါးကိုဖွင့်ပြီတဲ့နောက် သူ့ကိုတစ်ချက်ပြန်လှည့်ကြည့်ရင်း ပြုံးပြကာ ပြောလာခဲ့ပါတယ်။
” အခုတော့နင်က စိတ်ရှုပ်စရာကောင်းတဲ့ လူတစ်ယောက်ပုံစံမပေါ်တော့ဘူး…မနက်တုန်းကလို မောက်မာ၀င့်ကြွားနေတဲ့ပုံစံထက်တော့အများကြီးကောင်းပါသေးတယ် ”
အပိုင်း ၁၇၉•၃ ပြီး၏။