အပိုင်း ၁၇၉•၁
” အောက်လမ်းပညာရှင်ရှေ့မှာ၀ိညာဥ်ထုတ်ခြင်း ”
°°°
ဒါက အဆင့်ငါး၀ိညာဥ်လက်နက်ဖြစ်ပေမဲ့ လေထုကိုထိန်းချုပ်တဲ့အမျိုးအစားဖြစ်နေခဲ့ပါတယ်။ ဒီဓားကနေ လေဓားသွားခြောက်ခုတိတိကို ဟို့ယွိဟောင်ဆီပြစ်လွှတ်လိုက်ပါပြီ။ ဒီဓားတွေကို သူဘယ်လိုပဲအာရုံခံပါစေအပြည့်အ၀ရှောင်ရှားဖို့အတွက် ခက်ခဲမှန်း ဟို့ယွိဟောင် နားလည်နေခဲ့ပါတယ်။
နနက သူ့ရဲ့အရှိန်နှုန်းမြင့်ဓားကိုအသုံးပြုရင်း ဟို့ယွိဟောင်ရဲ့အနားကိုကပ်လာပါတော့တယ်။ နောက်ထပ်ဓားသွားခြောက်ခုက ဟို့ယွိဟောင်ကို မတူညီတဲ့နေရာတွေကနေ စတင်တိုက်ခိုက်ပါပြီ။ ဒါ့အပြင် ဓားရဲ့အရှိန်မြင့်မှုကြောင့် သူကပိုပြီးတော့တောင် မြန်ဆန်လာနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဓားကိုလွဲရမ်းတာမျိုးမလုပ်တော့ပဲ ဟို့ယွိဟောင်ရဲ့ရင်ဘတ်တည့်တည့်ဆီကို ထိုးစိုက်ဖို့ပြင်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ လက်နှစ်ဖက်ကိုမြောက်ထားလိုက်ပါတယ်။ သူ့ရဲ့လက်နှစ်ဖက်စလုံးမှာ စိန်ပွင့်အသွင်သဏ္ဍာန်နဲ့ ရေခဲတွေက စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့လက်သည်းတွေကို ပြန်သွင်းလိုက်ပြီရေခဲဧကရီရဲ့ ဆူးချွန်ကို ထူးဆန်းကျောက်စိမ်းလက်အိတ်နဲ့အတူ ထုတ်ထားပါတော့တယ်။ တကယ်တော့ တခြားတစ်ခုကိုလဲ လုပ်ဆောင်နေခဲ့တယ်။ အဲ့ဒီအရာကတော့ အတော်ကိုထူးထူးဆန်းဆန်းပါ။ လက်ကိုအသုံးပြုပြီးဓားကိုဖမ်းဆွဲရင်းနဲ့ ညာဘက်လက်ကနေ ကြီးမားတဲ့ရေ၀ဲကြီးတစ်ခုကို ဖန်တီးလိုက်ပါတယ်။
ပိုပြီးထူးဆန်းတဲ့အရာတစ်ခုက ဖြစ်ပေါ်လာခဲ့ပြန်ပါပြီ။ သူ့ရဲ့ညာဘက်လက်ကို လှည့်ပတ်နေတဲ့အချိန်မှာပဲ လေဓားသွားခြောက်ခုက တစ်စုံတစ်ရာကို ဆွဲယူလိုက်ပုံပေါ်ပါတယ်။ သူတို့တွေရဲ့ လေဟာနယ်ကပြောင်းလဲသွားပြီတဲ့နောက် အောက်ဖက်မြေပြင်ပေါ်မှာလေဓားသွားနဲ့ထိတဲ့နေရာတိုင်း နက်ရှိုင်းတဲ့အမှတ်အသားတွေ ဖြစ်ကုန်ပါတော့တယ်။
သူတို့နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်က တုန်ခါလို့သွားခဲ့ပါပြီ။ ဒါပေမယ့် ရေခဲဧကရီရဲ့ဆူးချွန်က အကြောက်တရားလက်သည်းတွေကို လောလောဆယ်အချိန်မှာ မယှဥ်နိုင်ပါဘူး။ ဓားသွားတွေကိုသူတားဆီးလိုက်နိုင်ပေမဲ့ လုံလောက်တဲ့အင်အားမရှိတာကြောင့် ဟို့ယွိဟောင်အနောက်ကိုခြေနှစ်လှမ်းဆုတ်သွားခဲ့ရပါတယ်။ နနလဲအတူတူပါပဲ။ သူက ဘယ်လိုများလေဓားသွားတွေကို နေရာပြောင်းပေးလိုက်နိုင်ရတာလဲ။ နန နောက်တစ်ကြိမ် လန့်သွားခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ဒီဓားသွားတွေက အသုံး၀င်နေဆဲပါ။ အနည်းဆုံးတော့ မီးလျှံဓားထက်ပိုကောင်းပါသေးတယ်။ ဒီလိုမျိုးရှာဖွေတွေရှိမှုက သူ့အတွက်တော့ အသင့်အတင့်စိတ်လှုပ်ရှားမှုတွေကို ဖြစ်ပေါ်လာစေခဲ့တယ်။ ဓားကိုနောက်တစ်ကြိမ်ထပ်ပြီ ဝှေ့ရမ်းလိုက်ရင်း ဟို့ယွိဟောင်ကိုတိုက်ခိုက်မှုတွေနဲ့လွှမ်းခြုံလိုက်ပါပြီ။ သူမရဲ့တိုက်ခိုက်မှုတွေက အတော်လေးကို ချောချောမွေ့မွေ့ဖြစ်ပေါ်လာပါတော့တယ်။
အစပိုင်းမှာဟို့ယွိဟောင်က တိတိကျကျခန့်မှန်းနိုင်သလို သရဲအရိပ်ခြေရာကိုအသုံးပြုပြီးတော့လဲ ဆက်တိုက်ပြောင်းလဲနိုင်ခဲ့ပါပြီ။ ဒါပေမယ့် နနကပိုပိုပြီးမြန်ဆန်လာနေခဲ့တယ်။ လေဓားသွားတွေက ပိုပြီးတော့များပြားလာနေခဲ့ပါပြီ။ နောက်ထပ် လေဓားသွားအုပ်စုက သူမဖြေရှင်းရသေးခင်အချိန်မှာထွက်ပေါ်လာပါတော့တယ်။ အခုလက်ရှိအချိန်မှာ နေရာတစ်ခုလုံးကအစိမ်းရောင်အလင်းတန်းတွေနဲ့ ပြည့်နှက်နေခဲ့ပြီ ဟို့ယွိဟောင်လဲအထဲမှာပျောက်ကွယ်လို့သွားပါတော့တယ်။
လက်ရှိအချိန်မှာတော့ ရေခဲဧကရီရဲ့ သံချပ်ကာကိုဟို့ယွိဟောင်ထုတ်ထားခဲ့ရပါပြီ။ ရေခဲအလွှာတွေက လေဓားသွားတွေကိုခုခံပေးနေရင်း စူးရှတဲ့ဆူညံသံတွေကလဲ ထွက်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ပိုပြီးအရေးနှိမ့်လာပုံပေါ်လာနေပါပြီ။
ဒါပေမယ့် နနကိုယ်တိုင်လဲ စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ ခုခံနိုင်တဲ့၀ိညာဥ်စွမ်းရည်တွေက အတော်ကိုသန်မာသလို သူမရဲ့လေဓားသွားတွေက သူ့ကိုထိခိုက်အောင်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် အမြန်နှုန်းဓားသွားတွေက တိုက်ခိုက်ရေးအင်အားမှာကြက်သွေးရောင်ဓားထက်အများကြီးပိုပြီး နှိမ့်ကျပါတယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်က လက်နှစ်ဖက်ကိုအသုံးပြုပြီး ကောင်းကောင်းတားဆီးနိုင်တာပါ။ သူတို့နှစ်ယောက်ကမတိုးသာမဆုတ်သာအခြေအနေမှာရှိနေခဲ့ပါတယ်။
တကယ်တော့ နနလဲအဲ့ဒီလောက်ကြီးအသာစီးရနေတာမဟုတ်ပါဘူး။
” မင်းဒီလောက်ပဲ အစွမ်းအစရှိတယ်ဆိုရင် မကြာခင်မှာရှုံးတော့မယ်။
ဟို့ယွိဟောင်ရဲ့အသံက သူမရဲ့နားထဲကို ၀င်ရာက်လာပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ခြေလှမ်းတွေက အနည်းငယ်ရှုပ်ထွေးလို့သွားခဲ့ပြီ အရှိန်နှုန်းကလဲ အနည်းငယ်မြင့်တက်လို့လာခဲ့ပါပြီ။ နောက်တစ်ကြိမ် အကြောက်တရားလက်သည်းတွေက ပေါ်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ဓားသွားတွေကို ခုခံရုံတင်မက နနကိုပါလာတိုက်ခိုက်ပါတော့တယ်။
လက်ရှိအချိန်မှာ နနရဲ့ အရှိန်နှုန်းကအနည်းငယ်လျော့နေတာကြောင့် ဟို့ယွိဟောင်ကို အပြည့်အ၀မရှောင်ရှားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီလက်သည်းတွေနဲ့ အရှိန်ပြင်းပြင်း၀င်တိုက်မိပါတော့တယ်။
ဒီအချိန်မှာတော့ ဓားတွေအချင်းချင်းရိုးရှင်းတဲ့တိုက်ခိုက်မှုမဟုတ်ပဲ နောက်ထပ်လှည့်ကွက်တွေလဲ ပါ၀င်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့အကြောက်တရားလက်သည်းတွေက လက်ရှိအချိန်မှာ အရှေ့ကိုထိုးထွက်လို့သွားခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်ကလဲ နနအနားကိုတစ်ဟုန်ထိုးရောက်လာပါတော့တယ်။ တကယ်တော့ သူတို့နှစ်ယောက်က ထိပ်တိုက်ပြန်တိုက်ခိုက်နေတာပါ။
နနရဲ့တတိယ၀ိညာဥ်စက်ကွင်းက ချက်ချင်းဆိုသလို အရောင်တောက်ပလာပါတော့တယ်။ ခန္ဓာကိုယ်ကလဲ ဝေ၀ါးလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က သူမကိုဖြတ်ထွက်လို့သွားခဲ့သလို သူတို့နှစ်ယောက်ကြားမှာတကယ်တိုက်ခိုက်မှုမဖြစ်ခဲ့ပါဘူး။
ဒါကတော့ နနရဲ့တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့အလင်းတန်းပူးကပ်မှုပါပဲ။ နနက သူမရဲ့ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီခန္ဓာကိုယ်ကို မထိခိုက်အောင် တစ်စက္ကန့်တိတိတားလို့ရပါတယ်။ ဒါက အသက်ကိုကယ်တင်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီ၀ိညာဥ်စွမ်းရည်ကို အသုံးပြုမယ်ဆိုရင် နနအနေနဲ့ တိုက်ခိုက်လို့မရနိုင်ပါဘူး။
ဒီစွမ်းရည်ကိုလဲ သူတို့အချိန်အကြာကြီးထိန်းမထားနိုင်တာကြောင့် ပွတ်သီးပြီဖြတ်သွားချိန်မှာပဲ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းက အရောင်တောက်ပလာပါတော့တယ်။ သူမရဲ့အရိပ်က ခန္ဓာကိုယ်ကနေ ခွဲထွက်လို့သွားခဲ့သလို ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်ရောက်ရှိလို့လာပါတယ်။
ဟို့ယွိဟောင်ကတော့ အနက်ရောင်အငွေ့တွေကြားမှာနစ်မြုပ်လို့သွားခဲ့ပါပြီ။ သူဘယ်လိုပဲရုန်းကန်နေပါစေ မလှုပ်ရှားနိုင်တော့ပါဘူး။
နနက ရုတ်တရက်ဆိုသလို ပြန်လှည့်လို့လာခဲ့ပြီ ဟို့ယွိဟောင်ဆီကို သူမရဲ့ဓားနဲ့အတူပြေးလာပါတော့တယ်။ ဓားကိုအသုံးပြုရင်း ဟို့ယွိဟောင်ရဲ့လည်ပင်းကို ခုတ်ချလိုက်တာပါ။ ဒါက လေးခုမြောက်စွမ်းရည်ဖြစ်တဲ့ ၀ိညာဥ်ခွဲထွက်မှုပါပဲ။
သူမရဲ့၀ိညာဥ်စွမ်းရည်က လူတစ်ယောက်ကိုကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ အစွမ်းအစရှိပါတယ်။ စိတ်၀ိညာဥ်စွမ်းအားကိုလဲ အများကြီးအသုံးပြုလို့ရသလို ပြိုင်ဘက်အနေနဲ့ အတားအဆီးမခံရဘူးဆိုရင် သူမလဲ ကြီးမားတဲ့တန်ပြန်ဆိုးကျိုးတွေကို ခံစားရမှာပါ။
ငါနိုင်သွားပြီ နနသူ့ဘာသာသူစိတ်ထဲမှာပြောနေခဲ့မိပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့မျက်လုံးထဲက အကြည့်ကိုမြင်ချိန်မှာ တစ်စုံတစ်ခုလွဲမှားနေတာကို ချက်ချင်းနားလည်သွားပါတော့တယ်။ ဟို့ယွိဟောင်က အရမ်းကိုတည်ငြိမ်နေခဲ့တယ်။ သူကြည့်ရတာတားဆီးခံထားရတဲ့ပုံလဲမပေါ်ပါဘူး။
သူ့ရဲ့စိတ်ထဲမှာရှိနေတဲ့ လျှပ်စီးဧကရာဇ်ကတော့ ဒီလိုမှတ်ချက်ပြုနေခဲ့ပါတယ်။
” အောက်လမ်းဆရာရဲ့အရှေ့မှာ စိတ်၀ိညာဥ်ထုတ်တဲ့နည်းလမ်းကိုလာသုံးနေတာ သေချင်နေလို့ပဲဖြစ်ရမယ် ”
တစ်ခုခုမှားနေမှန်း နနနားလည်သွားချိန်မှာပဲ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက မီးခိုရောင်ပြောင်းသွားပါတော့တယ်။ စကားနဲ့တောင်မဖော်ပြနိုင်တဲ့ အကြောက်တရားက နနကိုလွှမ်းခြုံသွားခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်က တစ်စုံတစ်ရာကိုရွတ်ဆိုလာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားခဲ့တဲ့ စိတ်၀ိညာဥ်ကလဲ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ပြီ သူ့ခန္ဓာကိုယ်နဲ့ပေါင်းဆပ်သွားပုံရပါတယ်။ ဘယ်လိုတန်ပြန်ရိုက်ခတ်မှုမှ မဖြစ်လာခဲ့ပါဘူး။
နနအနေနဲ့ တစ်စုံတစ်ရာလစ်ဟာသွားတာကိုသာ ခံစားလိုက်ရပါတယ်။ သူသတိပြန်၀င်လာခဲ့သလိုငါးခုမြောက်၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ သူ့ရဲ့ဘယ်ဘက်လက်ကိုဆန့်ထုတ်လိုက်ချိန်မှာတော့ သေးငယ်တဲ့ဓားမြောင်လေးတစ်လက်ကပေါ်လာပြီ ဟို့ယွိဟောင်ဆီကိုပြေး၀င်လာပါတော့တယ်။
ဒါက နနရဲ့နောက်ဆုံး၀ှက်ဖဲပါ အဆင့်ခြောက်အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်မျက်တောင်တစ်ခတ်ဓားဖြစ်ပါတယ်။
ဒီဓားကိုပြစ်လွှတ်လိုက်တာက ဘာအသံမှမထွက်ခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ဆီကို ရောက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကလဲ အခုအချိန်မှာ အနည်းငယ်သတိလွှတ်နေခဲ့ပါတယ်။ အကြီးအကဲယိရဲ့စိတ်၀ိညာဥ်ဖမ်းချုပ်မှုကို အသုံးချပြီတဲ့နောက် နနရဲ့သိုင်းပညာ၀ိညာဥ်ကို သူတို့၀ိညာဥ်ချိတ်ဆက်မှုကနေတစ်ဆင့် တားဆီးလိုက်နိုင်ပါတော့တယ်။ ဒါကြောင့်သာ နနရဲ့ ငါးခုမြောက်၀ိညာဥ်စွမ်းရည်တွေက အလုပ်မဖြစ်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဓားကတော့ သူ့ဆီရောက်လာခဲ့ပါပြီ။
ဒီဓားကနနရဲ့ ဘယ်ဘက်လက်မှာရှိနေတဲ့ လက်စွပ်ထဲမှာပုန်းနေခဲ့တာပါ။ ဒါ့အပြင် ကြီးမားတဲ့ဖျက်ဆီးနိုင်စွမ်းကိုလဲ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ဒီလိုလက်ရှိအခြေအနေမျိုးမှာ ဟ်ို့ယွိဟောင်လဲ ရွေးချယ်စရာမရှိပဲ သူ့ရဲ့လက်ကိုမြောက်ရင်း ဓားကိုတားလိုက်ပါပြီ။
ရေခဲဧကရီရဲ့ ဆူးချွန်က ဒီဓားကိုအပြည့်အ၀မခုခံနိုင်ခဲ့ပါဘူး။ သူ့ရဲ့လက်ဖ၀ါးကချက်ချင်းဆိုသလို ဖောက်ထွက်ခံလိုက်ရပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ခုခံမှုတွေကြောင့်သာ ဟို့ယွိဟောင် အချိန်ဆွဲနိုင်ခဲ့တာပါ။
လက်ကိုမြောက်ထားရင်နောက်ကိုဆုတ်နေခဲ့သလို ဒီဓားက ဟို့ယွိဟောင်ရဲ့မျက်နှာကို ထိလုမတတ်ဖြစ်သွားခဲ့ပြီ သူ့ကို ဖြတ်ကျော်လို့သွားပါတော့တယ်။
အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ကျော်ဖြတ်သွားခဲ့ပြီတဲ့နောက် နယ်မြေရဲ့အစွန်းမှာရှိတဲ့ ခုခံရးအတားအဆီးဆီကိုရောက်ချိန်မှသာ ရပ်တန့်လို့သွားခဲ့ရတယ်။
ဟို့ယွိဟောင်လဲ ချွေးတွေပြန်နေခဲ့ပါပြီ။ ဒီလိုရုတ်တရက်အပြောင်းအလဲချိန်မှာ သူသတိမဲ့သွားခဲ့မိပါတယ်။ ဒီဓားရဲ့အောက်မှာတောင် အသက်ပျောက်လုနီးပါးဖြစ်သွားခဲ့ရတယ်။
ဘယ်ဘက်လက်မှာတော့ သွေးတွေက ဆက်တိုက်စီးဆင်းလာခဲ့ပါပြီ။ သူ့ရဲ့အမူအရာကလဲပိုပြီးအေးစက်လို့သွားပါတော့တယ်။ ဘယ်ဘက်လက်က်ို တစ်ချက်ခါလိုက်ပြီတဲ့နောက် သွေးတွေကိုချိတ်ပိတ်လိုက်ရင်းနနကို ထပ်မံတိုက်ခိုက်တော့တယ်။
နနက တကယ်ကိုဇွဲကောင်းပါတယ်။ သူမရဲ့သိုင်းပညာ၀ိညာဥ်အကူအညီမရှိတာတောင် ဒီဓားကိုထိန်းချုပ်နိုင်ဆဲပါပဲ။ အကယ်၍ အပြောင်းအလဲဖြစ်ခဲ့တာကြောင့်သာ မဟုတ်ဘူးဆိုရင် သူနိုင်ပြီလို့တွေးရမှာပါ။ လက်ရှိအချိန်မှာ သူမက သူ့ရဲ့လေဓားကိုအသုံးပြုရင်း ဟို့ယွိဟောင်ကို ခုတ်ပိုင်းနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့အကြည့်ကတော့ အရမ်းကိုအေးစက်လို့နေခဲ့ပါပြီ။
ပေါက်ကွဲမှုအသံသုံးခုက နနရဲ့အရှေ့မှာထွက်ပေါ်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့သွေးတွေက ၀ိညာဥ်စွမ်းအားတွေအပြည့်ရှိနေတာပါ။ သူက သူ့ရဲ့ကိုယ်ပိုင်သွေးတွေကိုအသုံးပြုရင်း ရေခဲဖောက်ခွဲမှုနည်းလမ်းကို စတင်အသုံးပြုပါတော့တယ်။ ဒါကြောင့် နနလဲနောက်ကိုဆုတ်သွားခဲ့ရပါပြီ။ ဓားကလဲ သူမလက်ကနေလွှတ်ကျလို့သွားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပေါက်ကွဲမှုကိုမခုခံနိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်က သူ့နောက်ကိုမလိုက်တော့ပဲ အော်လိုက်ပါတော့တယ်။
” မလှုပ်စမ်းနဲ့ ”
နနရဲ့ခန္ဓာကိုယ်က ရုတ်တရက်တုန်ခါသွားခဲ့ပါတယ်။ သူမနေရာမှာတင် အေးခဲတောင့်တင်းလို့နေခဲ့ပါပြီီ။ ဒါကိုသတိထားမိချိန်မှာပဲ သူအရမ်းကိုလန့်သွားခဲ့ရတယ်။ ဘာကြောင့် သူ့ခန္ဓာကိုယ်က ဒီလိုမျိုးနားထောင်နေလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။
” ငါတို့ဒီလိုလက်ရည်ယှဥ်နေတဲ့အချိန်မှာ မင်းကငါ့ကိုသတ်ဖို့ကြံစည်တယ်တဲ့လား ”
ဟို့ယွိဟောင်က အေးစက်တဲ့လေသံနဲ့ပြောလာခဲ့ပါတယ်။ သူက အကြောက်တရားလက်သည်းတွေကို နနရဲ့အရှေ့မှာထပ်မံပြီထုတ်ပြလာခဲ့တယ်။ ဘယ်ဘက်လက်ရဲ့ဒဏ်ရာကိုရေခဲနဲ့ချိတ်ပိတ်လိုက်ပြီဖြစ်တာကြောင့် သွေးမထွက်တော့ပါဘူး။
နနလဲအခုအချိန်မှာတော့ ဘယ်လိုမှစိတ်အေးအေးမထားနိုင်ပဲ ဖြစ်လာပါတော့တယ်။ ဒီအခြေအနေက သူမနားလည်နိုင်တဲ့ကိစ္စထက်ကိုကျော်လွန်သွားခဲ့ပါပြီ။
” ငါနိုင်သွားပြီ ”
ဟို့ယွိဟောင်က လက်ရှိအချိန်မှာ ဒီအမျိုးသမီးကိုဖုယောင်နေတဲ့အထိ မရိုက်ပါဘူး။ ဒါပေမယ့် သူမရဲ့သတ်ဖြတ်မှုအပြည့်နဲ့စိတ်၀ိညာဥ်ကိုတားဆီးလိုက်ပါတယ်။
အကြီးအကဲလျှပ်စီးဧကရာဇ်က လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်မှာမတူညီတဲ့ အစိတ်အပိုင်းတွေရှိတာကို ပြောပြခဲ့တယ်။ ဒါက လုံး၀ပြီးပြည့်စုံတဲ့ဖြစ်တည်မှုတစ်ခုဖြစ်နေခဲ့ပေမဲ့ လူသားခန္ဓာကိုယ်ရဲ့မတူညီတဲ့စွမ်းဆောင်ရည်တွေအကြောင်းကို နားလည်တဲ့အထိရှင်းပြပြီ ပြောပြပေးခဲ့ပါတယ်။ ဒါကြောင့် နနရဲ့ခွဲထွက်လာတဲ့စိတ်၀ိညာဥ်က လူတစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို တားဆီးဖို့အတွက် အဓိကရည်ရွယ်တာပါ။ ဒါကြောင့်သာလက်ရှိအချိန်မှာ နနရဲ့ကိုယ်ပိုင်လှုပ်ရှားမှုတွေကို တားဆီးလိုက်နိုင်ပါတယ်။
သူမရဲ့ ခွဲထွက်လာတဲ့စိတ်၀ိညာဥ်က အောက်လမ်းပညာနဲ့ ထိန်းချုပ်ခံလိုက်ရပြီဖြစ်တာကြောင့် ဟို့ယွိဟောင်လဲ သူ့ရဲ့အစွမ်းအစတွေကိုခပ်မြန်မြန်ပဲသိရှိလိုက်ရပါပြီ။ ဒါကြောင့်သာ အလွယ်လေးပြန်ပြီး အသုံးချနိုင်တာပါ။ အကယ်၍ ဟို့ယွိဟောင်သာ ဒီစိတ်၀ိညာဥ်အပိုင်းအစကိုဖျက်ဆီးလိုက်မယ်ဆိုရင် သူမအနေနဲ့ အကြောသေသွားနိုင်ပါတယ်။ သူမရဲ့စိတ်၀ိညာဥ်သာမရှိဘူးဆိုရင် သေချာပေါက် တစ်သက်လုံးလှုပ်ရှားနိုင်တော့မှာမဟုတ်ပါဘူး။
အစောပိုင်းတုန်းက ဒါကြောင့်သာအေးအေးဆေးဆေးသူပြန်ပြီတော့ ထိန်းချုပ်ထားခဲ့တာပါ။ စောင့်ဆိုင်းရေးနယ်မြေဆီကို သူပြန်ပြီလျှောက်သွားပါတော့တယ်။ ဒီတိုက်ပွဲကြောင့် အခုလက်ရှိအချိန်မှာ သူ့ရဲ့စွမ်းအင်တွေက အတော်ကိုကုန်ခမ်းလို့သွားခဲ့ပါပြီ။
နနက သူ့နောက်ကိုပြေးလိုက်လာရင်း အော်မေးနေခဲ့ပါတယ်။
” နင်ငါ့ကိုဘာလုပ်လိုက်တာလဲ ”
အကယ်၍ တခြားနေရာမှာသာဖြစ်ခဲ့မယ်ဆိုရင် သူများတွေက သူ့ရဲ့စကားကိုအထင်လွဲကောင်းလွဲမှာပါ။ ဒါပေမယ့် လက်ရှိအချိန် နနဘယ်လောက်အထိ ကြောက်နေလဲဆိုတာ ဘယ်သူမှမမြင်နိုင်ကြပါဘူး။ ဟို့ယွိဟောင်က သူ့မရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်ချိန်မှာ သူမလဲဘ၀ထဲက တစ်စုံတစ်ရာလုံး၀ပျောက်ဆုံးသွားပြီ လစ်ဟာသွားတာကို ခံစားလိုက်ရပါတယ်။
” မင်းကသာ ငါ့ကိုလာတိုက်ခိုက်တဲ့သူလေ ”
သူမဆက်ပြီမေးချင်ပေမဲ့ နောက်တစ်ကြိမ်မလှုပ်နိုင်တာကို ခံစားလိုက်ရပါတယ်။ ဟို့ယွိဟောင် ဒီအတိုင်း ထွက်သွားတာကိုသာကြည့်နေခဲ့တယ်။
သူမရဲ့အကြောက်တရားကပိုပြီးတော့ ကြီးထွားလာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ဘယ်၀ိညာဥ်စွမ်းအားကိုမှ မခံစားရပေမဲ့ ဒီအင်အားက သူမကိုဟိုအတွင်းထဲကနေ ထိန်းချုပ်လို့နေခဲ့ပါတယ်။ သူမအနေနဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုခုကြောင့် ထိန်းချုပ်ခံရတာမဟုတ်မှန်ပိုပြီးနားလည်လို့သွားခဲ့ပါပြီ။
သူမရဲ့စိတ်၀ိညာဥ်ပျောက်ဆုံးသွားတဲ့ကိစ္စကို ပြန်ပြီတွေးလိုက်မိချိန်မှာတော့တိုက်ရိုက်တန်ပြန်ရိုက်ခတ်မှုထက် ပိုပြီးကြောက်စရာကောင်းတဲ့ ခန့်မှန်းချက်တစ်ခုကို စိတ်ထဲမှာတွေးလိုက်မိပါတော့တယ်။
သူမရဲ့စိတ်၀ိညာဥ်က အင်အားကြီးတဲ့တစ်စုံတစ်ရာဖြစ်ခဲ့ပေမဲ့ သူ့ထက်စွမ်အားကြီးတဲ့ပြိုင်ဘက်ကိုတွေ့ဆုံလာချိန်မှာတော့ သူမအတွက် တစ်သက်လုံးမမေ့နိုင်စရာ အိပ်မက်ဆိုးတစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့ရပါပြီ။
အပိုင်း ၁၇၉•၁ ပြီး၏။