အပိုင်း ၁၇၈•၂
” စောင့်ကြည့်သူ နန ”
°°°
ရွှမ်ကျင့်၀မ်က ခေါင်းညိတ်ရင်းနဲ့ စိတ်ထဲကနေစတင်ပြီ လေ့လာနေခဲ့ပါတော့တယ်။ ဒီပြင်းထန်တဲ့တိုက်ခိုက်မှုစိတ်၀ိညာဥ်တွေကို နှစ်ဖက်စလုံးဆီကနေ အာရုံခံစားနေမိခဲ့လို့ပါ။ ဒီတစ်ချီကတော့ အစောပိုင်းနှစ်ပွဲထက်ဆိုင်ရင် ပိုပြီးပြင်းထန်လာမှာအသေအချာပါပဲ။
နနရဲ့အခြေအနေကိုလဲသူသိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းတော်က နနအတွက်အထူး၀ိညာဥ်လက်နက်တစ်ခုကိုဖန်တီးပေးဖို့ သူ့ကိုတောင်းဆိုခဲ့ဖူးလို့ပါပဲ။
သူမကပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ၀င်လို့ရတဲ့သူမဟုတ်ပေမဲ့ ကျောင်းတော်ကိုသူ့ကိုအတော်လေးပံ့ပိုးထားပါတယ်။
” စတင်လို့ရပြီ “‘
ရွှမ်ကျင့်၀မ်အော်လိုက်ချိန်မှာပဲ တတိယယှဥ်ပြိုင်မှုက စတင်ပါတော့တယ်။
နှစ်ဖက်စလုံးရဲ့ ပြိုင်ပွဲ၀င်တွေက ချက်ချင်းဆိုသလို လှုပ်ရှားလာခဲ့ပါပြီ။ ဟို့ယွိဟောင်တစ်ယောက်ထဲတင် အမြန်ဆုံးတိုက်ခိုက်နိုင်သူမဟုတ်တော့ပါဘူး။ နနကလဲ ဟို့ယွိဟောင်ဆီကို ချက်ချင်းဆိုသလိုပြေး၀င်လာပါတော့တယ်။
အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်လား ဟို့ယွိဟောင်လန့်သွားပါတော့တယ်။ သူလဲ ဒီလမ်းစဥ်ကိုရွေးချယ်ထားတာပါ။ နနက ၀ိညာဥ်လက်နက်တွေကို ဘယ်လိုဖန်တီးထားလဲမသိပေမဲ့ ဘယ်လိုအမျိုးအစားမဆိုကောင်းကောင်းသုံးနိုင်ပါတယ်။ ဒါကြောင့် သန်မာတဲ့သူဆိုတာတွေးကြည့်ရုံနဲ့တင် သိသာနေခဲ့တယ်။
နနရဲ့ ခြေထောက်အောက်ကနေ အ၀ါရောင်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်တစ်ကွင်းတို့က ပေါ်လာခဲ့ပါပြီ။ သူမရဲ့ တစ်ကိုယ်လုံးကလဲ သိုင်းပညာ၀ိညာဥ်ပေါ်ထွက်လာမှုနဲ့အတူ စတင်ပြောင်းလဲပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုလို ဝေ၀ါးလို့သွားခဲ့ပြီ မထင်မရှားဖြစ်နေခဲ့ပါပြီ။
ဒါပေမယ့် သိုင်းပညာ၀ိညာဥ်ကို စပြီထုတ်သုံးလိုက်ချိန်ကထဲကစလို့ အချိန်နှုန်းကလဲ ကြောက်စရာကောင်းလောက်အောင် တက်လာပါတော့တယ်။သူက ဟို့ယွိဟောင်နဲ့အရှိန်အတူတူလောက်မှာရှိနေခဲ့တာပါ။
အမြန်နှုန်းအသုံးပြုတဲ့အမျိုးအစားလား ဒါကဟို့ယွိဟောင်ရဲ့ဒုတိယအကြိမ် အကဲဖြတ်မှုပါပဲ။သူမက ၀ိညာဥ်ပညာရှင်တစ်ယောက်ကိုလုံး၀မရှုံးနိုင်တဲ့အစွမ်းအစနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ အရှိန်နှုန်းနဲ့ ဖျက်ဆီးနိုင်စွမ်းအပြည့်ရှိတဲ့၀ိညာဥ်လက်နက်တွေသာ ပေါင်းလိုက်မယ်ဆိုရင် သူမရဲ့တိုက်ခိုက်မှုတွေကလဲ အစွမ်းကုန်မြင့်မားနေမှာပါ။
ဟို့ယွိဟောင်ရဲ့အကဲဖြတ်မှုနဲ့ ခန့်မှန်းချက်တွေက တကယ်ကိုတိကျပါတယ်။
လင်းကျားယွီက ကျန်ဟုန်ချန်ရဲ့ညွှန်ကြားမှုကိုရပြီတဲ့နောက် ခုခံမှုမှာအတော်ကိုသန်မာတဲ့ တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကိုရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် နနက အဲ့ဒီစာရင်းရဲ့နံပါတ်သုံးနေရာမှာရှိနေခဲ့တာပါ။ သူမက ဘယ်လိုပဲဖြစ်ပါစေ လုံး၀အစားထိုးခံမဟုတ်ရပါဘူး။ ဒါ့အပြင် ကျောင်းတော်ထဲမှာရှိနေတဲ့သူ့ရဲ့အခြေအနေကြောင့် လင်းကျားယွီအနေနဲ့ သူ့ကိုနားချလို့မရပဲရှိနေခဲ့တယ်။ ဒါ့အပြင် သူကိုယ်တိုင်လဲ နနအနေနဲ့လဲ ဟို့ယွိဟောင်ကိုဘယ်လိုယှဥ်ပြိုင်ရမလဲဆိုတာ မြင်ချင်နေခဲ့ပါတယ်။ သိပ်မကြာတော့မဲ့အနာဂတ်မှာ နှစ်ယောက်က ပြိုင်ဘက်တွေဖြစ်နိုင်တယ်လို့ လင်းကျားယွီတွေးနေခဲ့မိတယ်။ ဒါကြောင့်သာ တခြားလူတွေနဲ့အစားမထိုးတော့တာပဲ။
တစ်ရာငါးဆယ်နဲ့မီတာကို ကွာခြားတဲ့အကွာအဝေးက ခပ်မြန်မြန်ပဲလျော့ကျလို့သွားခဲ့ပါပြီ။ သူတို့တွေက မျက်နှာချင်းဆိုင်လျက်သားဖြစ်သွားပါတော့တယ်။ နှစ်ယောက်စလုံးက အစဆုံမှတ်ကနေအတူတူပြေးထွက်လာခဲ့တာကြောင့် ဆယ်မီတာအကွာအဝေးရောက်ချိန်မှာ အခြေအနေကစတင်ပြောင်းလဲပါတော့တယ်။
နနရဲ့ခန္ဓာကိုယ်ပေါ်မှာအနီရောင်မီးလျှံလိုအလင်းတန်းတွေက ပေါ်ထွက်လို့လာခဲ့ပါတယ်။ သူ့လက်ထဲမှာကတော့ တစ်ပေနဲ့နှစ်လက်မရှိတဲ့ ဓားတစ်လက်ပေါ်ထွက်လို့လာပါတယ်။ သူမက ဓားရဲ့လက်ကိုင်ကို တင်းတင်းကျပ်ကျပ်ဆွဲကိုင်ထားပြီ အရှိန်ပြင်းပြင်းနဲ့ ပြေးလာနေခဲ့တယ်။ ဒီဓားရဲ့ပုံစံက အတော်ကိုထူးဆန်းလွန်ပါတယ်။
သာမန်ဓားတွေနဲ့မတူညီပဲလက်၀ါးတစ်ခုလိုမျိုးကြီးမားလို့နေခဲ့ပြီ အပေါ်ယံမှာများပြားတဲ့ ပန်းပွင့်တွေကိုထွင်းထုလို့ထားပါတယ်။ ဘယ်ပစ္စည်းကိုအသုံးပြုပြီး လုပ်ထားလဲဆိုတာကိုတော့ ဟို့ယွိဟောင်မသိနိုင်ပါဘူး။
ဒီဓားသွားက အနီရင့်ရောင်တောက်ပနေခဲ့ပြီ အပေါ်ယံမျက်နှာပြင်မှာကတော့ နှစ်ပေကျော်လျှံထွက်ကားထွက်နေတဲ့ ကြက်သွေးနီရောင်အလင်းတန်းတွေရှိနေခဲ့တယ်။ ဒီမီးတွေက အတော်ကိုမတည်ငြိမ်ပါဘူး။ မီးလျှံတစ်ခုနဲ့တူသလို သူ့ရဲ့ပစ်မှတ်ကိုလဲ ဂရုတစိုက်ရွေးချယ်နိုင်ပါတယ်။
ဒီဓားကိုထုတ်လိုက်ချိန်မှာပဲ ပတ်၀န်းကျင်တစ်ခုလုံးက အပူရှိန်မြင့်တက်လာပါတော့တယ်။
နနရဲ့ဝေ၀ါးနေတဲ့ခန္ဓာကိုယ်က ပိုပြီးတော့အရိပ်တစ်ခုလိုဖြစ်လာခဲ့ပါပြီ။
ဒီဓားသွားကသက်တံတစ်ခုလိုမျိုးအသွင်ပြောင်းသွားခဲ့ပြီ နှစ်ပေကနေဆယ်ပေအထိကို အလင်းတန်းတွေက ဆန့်ထွက်လို့လာပါတော့တယ်။ နနကလဲ ဓားအလင်းတန်းထဲမှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။
သူမရဲ့ခန္ဓာကိုယ်က ဓားနဲ့အတူပေါင်းစည်းရင် ဟို့ယွိဟောင်ကိုခုတ်ချပါတော့တယ်။ ဒီအချိန်မှာတောက်ပနေတဲ့ဓားရဲ့အလင်းတန်းက မနက်ခင်းနေရောင်ခြည်လိုမျိုးနေရာတစ်ခုလုံးကို အလင်းတွေအပြည့်နဲ့ဖုံးလွှမ်းလိုက်ပါတယ်။ သူမရဲ့အရှိန်အင်အားအမျိုးအစားနဲ့ ၀ိညာဥ်လက်နက်တွေအားလုံးက အဆင့်ငါး၀ိညာဥ်လက်နက်ပညာရှင်တွေရဲ့ ထိပ်ဆုံးမှာရောက်ရှိနေခဲ့တာပါ။
နနစပြီတိုက်ခိုက်တဲ့အချိန်မှာပဲ ဟို့ယွိဟောင်ကလဲ စတင်လှုပ်ရှားပါတယ်။ ရွှေအိုရောင်အလင်းတန်းတွေက သူ့ရဲ့လက်သည်းတွေနဲ့အတူ ပေါ်လာခဲ့ပါပြီ။ အဲ့ဒီနောက် ခြေထောက်ကိုဆောင့်ရင်းနဲ့ အရှိန်ကိုမြင့်လိုက်ပါတယ်။ သူခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီတဲ့နောက် ဘယ်အချိန်မဆိုတိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားပြီ ထပ်မရွေ့ဖို့အတွက် ဆုံးဖြတ်လိုက်တော့တယ်။
ဆယ်ပေကျော်ရှည်လျားတဲ့ သွေးနီရောင်ဓားအလင်းတန်းက လေထဲမှာအတော်ကိုကြောက်စရာကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့လက်သည်းတွေအောက်မှာတော့ သူတို့ရဲ့အလင်းတန်းတွေကသိပ်ပြီမတောက်ပနိုင်ပါဘူး။
ကြီးမားတဲ့ရွှေအိုရောင်ဓားကြီးငါးလက်က ကြက်သွေးနီရောင်အလင်းတန်းထက် ပိုပြီးအားကောင်းလို့နေခဲ့တာပါ။ ဒီကြီးမားတဲ့ အကြောက်တရားလက်သည်းတွေက ပေနှစ်ဆယ်ကျော်အထိကို ရှည်လျားလို့နေခဲ့ပြီ အတော်ကိုကြောက်စရာကောင်းလွန်တဲ့ သတ်ဖြတ်မှုအငွေ့အသက်တွေကို ထုတ်လွှတ်လို့နေခဲ့ပါတယ်။ လမ်းမှာရှိသမျှအရာအားလုံးကိုလဲ ဖျက်ဆီးလို့သွားခဲ့ပြီ ဘယ်အရာကိုမဆိုခုတ်ထစ်ပြစ်တော့မဲ့ပုံစံ ပေါ်နေခဲ့တယ်။ ဟို့ယွိဟောင်က ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့လူသားအသွင်လိုပါပဲ။ သူ့ရဲ့လက်မောင်းတစ်ခုလုံးကလဲ လုံး၀ကိုအရောင်ပြောင်းသွားခဲ့ပါပြီ။
နှစ်ဖက်စလုံးက လှပတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကို အသုံးပြုပြီး မတိုက်ခိုက်ကြပါဘူး။ တစ်ဖက်မှာတော့ လက်နက်နဲ့ပေါင်းစည်းထားတဲ့အမျိုးသမီးတစ်ယောက်ရှိနေခဲ့ပြီ နောက်တစ်ဖက်မှာကတော့ ကြောက်စရာလက်သည်းကြီးတွေနဲ့လူရှိနေခဲ့ပါတယ်။ ဒါကရှားပါးတဲ့ပြင်ပ၀ိညာဥ်အရိုးတစ်ခုဖြစ်သလို တိုက်ခိုက်မှုအင်အားကတော့ ထိပ်ဆုံးကိုရောက်နေခဲ့တာပါ။
နှစ်ဖက်စလုံးတိုက်ခိုက်ချိန်မှာတော့ သတ္ထုအချင်းချင်းထိမိသံတွေထွက်ပေါ်လာခဲ့ပြီ မီးပွားတွေက အပြင်ကိုလွှင့်စင်လို့လာခဲ့ပါတယ်။ သံမဏိနဲ့ရွှေနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် အရှိန်ပြင်းပြင်း၀င်တိုက်နေသလိုပါပဲ။ အရိပ်လိုလူကလက်ရှိအချိန်မှာ ဆယ်မီတာကျော်အထိကို လွှင့်ထွက်လို့သွားခဲ့ပါပြီ။
သူဒီလိုလွှင့်ထွက်လာချိန်မှာပဲ ရွှေရောင်အလင်းတန်းအတားအဆီးတစ်ခုက ထုတ်သုံးလိုက်ပါတော့တယ်။ ဒီအတားအဆီးက သူမကို တခဏတာကာကွယ်ပေးနိုင်ပေမဲ့ ချက်ချင်းဆိုသလို ပျက်စီးလို့သွားခဲ့ရတယ်။
လွှင့်ထွက်သွားသူကတော့ နနပါပဲ။ သူမရဲ့၀ိညာဥ်လက်နက်က သန်မာပေမဲ့ အကြောက်တရားလက်သည်းတွေတော့ ဖျက်ဆီးနိုင်စွမ်းမမြင့်မားပါဘူး။
ဟို့ယွိဟောင်က သူ့ရဲ့အကြောက်တရားကိုအသုံးမပြုပဲ ဒီအတိုင်းလက်သည်းတွေကို ထုတ်ရုံထုတ်ထားခဲ့တာပါ။ သူက သူမကိုထိခိုက်စေချင်တဲ့ပုံမပေါ်သေးပါဘူး။ မဟုတ်ရင် သူ့ရဲ့လက်ရှိအခြေအနေနဲ့ ၀ိညာဥ်စွမ်းအားကို ထည့်သုံးလိုက်လို့ကတော့ သေချာပေါက်အဝေးကြီးကို လွှင့်ထွက်လို့သွားပါတော့တယ်။
ဒါပေမယ့် နနရဲ့လက်နက်ကလဲ အတော်ကိုအရည်အသွေးကောင်းနေခဲ့ပေမဲ့ ဒါပေမယ့် တကယ်တမ်းတိုက်ခိုက်ချိန်မှာတော့ ပြစ်ချက်တွေရှိနေပါတယ်။ ဒါ့အပြင် သူမရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေခဲ့တဲ့ အလိုအလောက်ကာကွယ်၀ိညာဥ်ပစ္စည်းကတော့ ပျက်စီးလို့သွားခဲ့ပါပြီ။
ကျောင်းသားတွေက နနရဲ့အနီရောင်ဓားကိုမြင်ချိန်မှာအရမ်းကိုပျော်ပျော်ရွှင်ရွှင်အော်ဟစ်အားပေးခဲ့ကြပေမဲ့ အခုအချိန်မှာတော့ သူတို့တွေအသံမထွက်နိုင်အောင် ဖြစ်ကုန်ကြပါပြီ။ သူတို့လဲ အတော်လေးစိတ်ညစ်နေခဲ့ကြပါတယ်။ ကြည့်လိုက်ရုံနဲ့တင် အရမ်းကိုအင်အားကြီးတဲ့ပုံစံပေါ်နေရတဲ့နနက လွှင့်ထွက်လို့သွားခဲ့ရတယ်။ သူမ အရေးမသာတာအသိအသာကြီးပါပဲ။
သူ့ရဲ့ပုံရိပ်ယောင်လိုဝေ၀ါးနေတဲ့ခန္ဓာကိုယ်ကပိုပြိီး ပီပြင်လာခဲ့ပါပြီ။ သူမက ခေါင်းမော့ရင်း ဟို့ယွိဟောင်ကိုစိုက်ကြည့်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲက တောက်ပလွန်လှတဲ့ ယှဥ်ပြိုင်လိုစိတ်ကိုမြင်နေခဲ့ရတယ်။
ငါသူနဲ့ထိပ်တိုက်တွေ့တဲ့အချိန်မှာ ရှုံးသွားတာမဟုတ်ဘူးလား။ နနက အတော်ကိုမကျေနပ်ပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ အေးအေးဆေးဆေးဖြစ်နေအောင် သူ့ကိုသူထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် ဟို့ယွိဟောင်အရှေ့ကိုပြေး၀င်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာအရှိန်ကိုမြင့်လိုက်ပြီ ပထမနဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းတွေက ချက်ချင်းတောက်ပလို့လာခဲ့ပါတယ်။
နနရဲ့ ခန္ဓာကိုယ်က သုံးကိုယ်ခွဲသွားခဲ့ပါပြီ။ အားလုံးကအရိပ်တွေလိုကြီးပါပဲ။ ဒါ့အပြင် တစ်ယောက်ချင်းဆိီတိုင်းက ငါးမီတာကျော်ဝေးကွာလို့နေခဲ့ပြီ ဟို့ယွိဟောင်ကိုဗဟိုပြုရင်းနဲ့ သူတို့တိုက်ခိုက်ဖို့လာနေခဲ့တာပါ။
ဟို့ယွိဟောင်ကတော့ ဒီအတိုင်းသာကြည့်နေခဲ့ပါတယ်။ နနရဲ့ခန္ဓာကိုယ်တွေအားလုံးအတူတူအုပ်စုဖွဲ့တိုက်ခိုက်တဲ့ဥစ္စာကိုသူဘာမှစိတ်ထဲမထားတဲ့အတိုင်းကြည့်နေခဲ့တာပါ။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ကလဲ ချက်ချင်းဆိုသလို ဝေ၀ါးလို့သွားခဲ့ပါပြီ။ ဒါပေမယ့် ဒီပုံရိပ်ယောင်သဏ္ဍာန်ဝေ၀ါးမှုကတော့ သရဲအရိပ်ခြေရာနည်းလမ်းရဲ့ လှုပ်ရှားမှုကြောင့်ပါပဲ။
ဒီတိုက်ခိုက်မှုတွေမှာကြည့်နေတဲ့ လူတော်တော်များများက ဘာတွေဖြစ်နေမှန်ဆိုတာတောင် လုံး၀မမြင်ခဲ့ရပါဘူး။ ဟို့ယွိဟောင်က လူသုံးယောက်ကြားမှာ လျှောက်ပြေးနေရတာကိုမြင်ရပါတယ်။ ဒါ့အပြင် တစ်ချွင်ချွင်မြည်သံတွေကလဲ ဆက်တိုက်ထွက်ပေါ်လို့နေခဲ့တယ်။
စောင့်ကြည့်နေသူတွေရဲ့ထိုင်ခုံပေါ်မှာရှိနေတဲ့ ကျန်ဟုန်ချန်ရဲ့မျက်နှာအမူအရာကတော့ အတော်ကိုအလေးအနက်ဖြစ်နေခဲ့ပါပြီ။ သူလဲ နနရဲ့အရည်အချင်းကိုသိပါတယ်။ ဒါ့အပြင် နောက်တစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ပွဲမှာ ပြိုင်ဆိုင်ဖို့သူမကို ခွင့်ပြုပေးခဲ့တဲ့သူကလဲ သူ့ကိုယ်တိုင်ဖြစ်နေခဲ့တယ်။
ဒါပေမယ့် ဒီလိုအချိန်တိုတိုက်ခိုက်မှုမှာသူမက ဟို့ယွိဟောင်ထက် အတော်လေးအားနည်းနေတာကို မြင်သာနေခဲ့ရပါပြီ။
အချိန်နှုန်းကြီးပဲသီးသန့်ဆိုရင် နနက ဟို့ယွိဟောင်ထက် ပိုပြီးတော့ မြန်ဆန်သင့်ပါတယ်။ ဒါပေမယ့် သူမက မြန်ရုံသာမြန်တာဖြစ်ပြီ ဟို့ယွိဟောင်လိုမတိကျပါဘူး။
ဟို့ယွိဟောင်က သရဲအရိပ်ခြေရာကိုအသုံးပြုပြီး နနရဲ့အားနည်းတဲ့နေရာတွေကို ၀င်ရောက်တိုက်ခိုက်နေခဲ့ပါတယ်။ နနက သူ့ကို၀န်ရံထားတယ်လို့ထင်ရပေမဲ့ တကယ်တမ်းမှာဘက်ပေါင်းစုံကနေတိုက်ခိုက်နေသူကတော့ ဟို့ယွိဟောင်သာဖြစ်နေခဲ့တော့တယ်။
နနရဲ့ပထမနဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်တွေက သူမရဲ့ခန္ဓာကိုယ်ကို အရှိန်မြင့်စေနိုင်ပြီ ခန္ဓာကိုယ်ကို ပုံရိပ်ယောင်လိုဝေ၀ါးစေတာကြောင့် တိုက်ခိုက်တဲ့အချိန်မှာထိခိုက်စေနည်းပါတယ်။ ဒါ့အပြင် ပုံစံတူတုပမှုရဲ့ပုံရိပ်ယောင်တွေကိုလဲ ခွဲထုတ်စေနိုင်တာကြောင့်အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် စွမ်းရည်ကပိုပြီးလိုက်ဖက်ညီနေခဲ့တာပါ။ အမြန်နှုန်းကို အသုံးပြုပြီး တိုက်ခိုက်ရေးအင်အားကိုကောင်းကောင်းအသုံးချနိုင်ဖြစ်နေခဲ့တယ်။
သူမရဲ့ပုံရိပ်ယောင်ကိုယ်ခွဲတွေက အစစ်အမှန်မဟုတ်ပေမဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်အတွက်တော့ အဓိကအရေးပါနေခဲ့ပါတယ်။ သူတို့တွေက တိုက်ခိုက်နိုင်စွမ်းမရှိပဲ အရှိန်နှုန်းကိုအသုံးပြုပြီးပုံရိပ်ယောင်တွေကို ဖန်တီးနေတာပါ။ တကယ်တော့ဒါတွေအားလုံးက သူတစ်ယောက်ထဲပါပဲ။
ဒါပေမယ့် ဒီပုံရိပ်ယောင်တွေက ဟို့ယွိဟောင်လိုစိတ်၀ိညာဥ်ထောက်လှမ်းမှုကို သူနဲ့ဘယ်လိုများ လှည့်စားနိုင်မှာလဲ။
ဟို့ယွိဟောင်ကတော့ သူမကိုပါ ဘာမှအားထုတ်စရာမလိုပဲနဲ့ အေးအေးဆေးဆေးဖြေရှင်းနိုင်ပါတယ်။
သူတို့တွေတစ်ယောက်နဲ့တစ်ယောက်ဒီလိုရင်ဆိုင်နေရချိန်မှာ နနက လုံး၀ကို ဖိနှိမ့်ခံနေရပါတယ်။ ဟို့ယွိဟောင်ကတော့ လုံး၀အေးအေးဆေးဆေးပါပဲ။သူ့ရဲ့ဘယ်ဘက်လက်ကိုတောင်အသုံးမပြုပဲ နောက်ပြစ်ထားရင်းနဲ့ တိုက်ခိုက်လို့နေခဲ့တယ်။
နနက အခုအချိန်မှာ ထိတ်လန့်လာခဲ့ပါပြီ။ သူမ ဟို့ယွိဟောင်ကို လျှော့မတွက်၀ံ့တော့ပါဘူး။
ဒီကောင်၀ိညာဥ်ဘိုဘေးဟုတ်ရောဟုတ်ရဲ့လား ကျောင်းတော်ရဲ့သတင်းအချက်အလက်တွေအရဆိုရင် သူကထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်သင့်တာဟုတ်တယ်ဟုတ်ဘာကြောင့်များ အဲ့ဒီလောက်တိုက်ခိုက်နိုင်နေရတာလဲ။
ဒါပေမယ့် အခုလိုတိုက်ခိုက်နေတဲ့အချိန်မှာ သူမက အမြဲတမ်းဆက်တိုက်ဆိုသလို အရေးနှိမ့်နေခဲ့ပါတယ်။ သူအသုံးပြုနေတဲ့ ၀ိညာဥ်လက်နက်ကအဆင့်ငါးအနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်ဖြစ်နေတဲ့အပြင် သူ့ရဲ့အပူရှိန်က ဒီဂရီဆယ်ခြောက်အထိရှိတာပါ။
သားရဲကောင်အရိုင်းတစ်ကောင်ကို တိုက်ခိုက်ဖို့သူသုံးဖူးပါတယ်။ အဲ့ဒီသားရဲကောင်ကတော့ သူမဓားနဲ့ခုတ်ချလိုက်ချိန်မှာ ချက်ချင်းဆိုသလို မီးကင်ပြိိီသားဖြစ်သွားခဲ့ရတယ်။
ဒီမီးတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်နဲ့ထိတွေ့မိချိန်မှာ လုံး၀ကိုပျောက်ကွယ်သွားပြီ သူ့ကိုပူအောင်လုပ်နိုင်တဲ့ပုံလဲ မပေါ်ပါဘူး။ တစ်ချက်လေးတောင်မှ အသုံးမ၀င်ပဲဖြစ်နေခဲ့သလို ဟို့ယွိဟောင်ကိုဘယ်လိုမှတိုက်ခိုက်ဖို့အခွင့်မသာပဲဖြစ်နေခဲ့ရတယ်။
နန နောက်တစ်ကြိမ်လွှင့်ထွက်သွားခဲ့ပြန်ပါပြီ။ ဟို့ယွိဟောင်ကတော့ သူမရဲ့ညာဘက်လက်တစ်ခုလုံးကို ထုံထိုင်လို့သွားစေခဲ့ပါတယ်။
” ခဏနေဦး ”
ဟို့ယွိဟောင်က အော်လိုက်ပါတယ်။ သူက နနကိုတားဆီးလိုက်တာပါ။ နနကခုန်၀င်လာဖို့ပြင်နေရကနေ ရပ်လိုက်ပါတယ်။
” ဘာဖြစ်လို့လဲ ”
နနက စိုးရိမ်တကြီးနဲ့ သူ့ကိုစိုက်ကြည့်ရင်းမေးလာခဲ့ပါတယ်။
” ဒီပြိုင်ပွဲကမင်းအတွက်မတရားဘူး…မင်းရဲ့လက်နက်ကိုပြောင်းဖို့ငါအကြံပြုချင်တယ်…ငါမှာအမြွှာသိုင်းညာ၀ိညာဥ်ရှိတယ်…ပထမတစ်မျိုးကစိတ်၀ိညာဥ်အမျိုးအစား ဒုတိယ တစ်ခုကရေခဲအမျိုးအစားဖြစ်နေတယ်…ဒါကြောင့် မီးနဲ့ရေခဲအမျိုးအစား၀ိညာဥ်လက်နက်တွေကိုသုံးပြီတိုက်ခိုက်နေတာက ဘယ်လိုမှအကျိုးရှိမှာမဟုတ်ဘူး ”
” ငါကိုဘာလို့ဒါတွေလာပြောပြနေရတာလဲ ”
” မင်းရဲ့အနီးကပ်တိုက်ခိုက်ရေးအင်အားက အတော်လေးအထင်ကြီးစရာကောင်းတယ်.ဒါပေမယ့် အစွမ်းကုန်မတိုက်ခိုက်ရသေးဘူးဆိုတာ ငါကြည့်ရုံနဲ့ပြောနိုင်တယ်..ဒီလိုဖြစ်ပြီဆိုမှတော့ ငါမင်းကိုအကောင်းဆုံးအနေအထားနဲ့ ယှဥ်ပြိုင်ချင်တယ်လေ ဒါကနှစ်ယောက်ချင်းတိုက်ခိုက်ရတဲ့ အဓိကသော့ချက်ပဲ ဟုတ်တယ်ဟုတ် အကယ်၍ ငါမင်းကိုဒီအတိုင်းရိုးရိုးပဲ အနိုင်တိုက်ချင်တယ်ဆိုရင် အစောကြီးကထဲက မင်းရှုံးနေလောက်ပြီ ”
” မောက်မာမနေနဲ့ နောက်ထပ် ထပ်ပြီတိုက်ခိုက်ရအောင် ”
သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ဆီကိုနောက်ထပ်ထပ်ပြေး၀င်လာပါတယ်။ သူမကဒုတိယ၀ိညာဥ်စွမ်းရည်ကိုမသုံးတော့ပဲ ပထမ၀ိညာဥ်စွမ်းရည်ကိုအသုံးပြုပြီးတော့သာ သူမရဲ့အရှိန်ကိုမြင့်တင်လိုက်တော့တယ်။
ဘယ်လိုပဲမကျေနပ်ပါစေ သူမရဲ့၀ိညာဥ်လက်နက်တော့ ဒီအချိန်မှာပြောင်းလဲလို့သွားခဲ့ပါပြီ။ အခုအချိန်မှာအစိမ်းရောင်ဓားတစ်လက်က ပေါ်လာပါတော့တယ်။ အတော်ကိုလှပတဲ့ဓားတွေသူမဆီမှာ ရှိပုံပါပဲ။ ဟို့ယွိဟောင်လဲ ဒီဓားပေါ်ပေါ်လာချင်မှာတင် ကြီးမားတဲ့ဖိအားကိုစတင်ခံစားရပါပြီ။
အပိုင်း ၁၇၈•၂ ပြီး။