အပိုင်း ၁၇၈• ၁
” စောင့်ကြည့်နေသူ နန ”
°°°
၀မ်ယွီကျွေ့က လေထဲကနေ ပြုတ်ကျလာတာတောင် တိုက်ခိုက်လိုစိတ်မပျောက်ကွယ်သွားခဲ့ပါဘူး။ သူခုခံချင်ပေမဲ့ လက်ရှိအချိန်မှာ ကူကယ်ရာမဲ့နေခဲ့ပါတယ်။ လှံကသူ့ရဲ့ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်က်ို ဖောက်ထွက်လို့သွားချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးဖျက်ဆီးခံလိုက်ရသလိုမျိုး လှိုင်းတစ်ခုကသူ့ခန္ဓာကိုယ်ထဲ စိမ့်၀င်လာတာကို သတိထားမိလိုက်ပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်ကိုတော့ နောက်ထပ်မထိန်းချုပ်နိုင်တော့သလို သိုင်းပညာ၀ိညာဥ်ကလဲ ပြန်ပြီပျောက်ကွယ်လို့သွားခဲ့ရပါပြီ။
အကယ်၍ ဒီခံစားချက်ကို ကျင်မုဆီသာပြောပြမယ်ဆိုလို့ကတော့ ကျင်မုကသေချာပေါက် နားလည်မှာပါ။ သူလဲ ဒါကိုကျော်ဖြတ်ခဲ့ဖူးပါတယ်။ဒါကြောင့်သာ ဟို့ယွိဟောင်ကို တိုက်ခိုက်ဖို့အတွက် သူထပ်ပြီမတွေးတော့တာပါပဲ။
အဲ့ဒီလှံကဘာပါလိမ့် တကယ်တော့အကြီးအကဲမုသင်ကြားပေးတဲ့နည်းလမ်းကိုသူအသုံးပြုပြီး တိုက်ခိုက်လို့သာ ဒီလှံထဲမှာ စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားကိုပါ၀င်ပြီ ပေါင်းစည်းထားနိုင်ခဲ့တာပါ။ ဒါကဥသျှောင်တစ်ယောက်ရဲ့ အမွေဆက်ခံမှုပါပဲ။
မှန်ပါတယ်။ ဒီလိုမျိုးအားကောင်းတဲ့ နယ်မြေကိုအုပ်စိုးနိုင်ပြီ စိတ်တွေကိုဖျက်ဆီးနိုင်တဲ့ ဧကရာဇ်ရဲ့လွှမ်းမိုးမှုဆိုတာက အနီးကပ်တိုက်ခိုက်လို့ရတာမဟုတ်ပါဘူး။ ဒါ့အပြင် လက်နက်တွေထဲမှာပါ၀င်နေတာမဟုတ်ပဲနဲ့ ခန္ဓာကိုယ်ထဲအထိ စိမ့်၀င်သွားအောင် အဆင့်ခံပြီတိုက်ခိုက်ရတာပါ။ သူလှံကိုပြစ်လွှတ်လိုက်ချိန်တုန်းက သူ့ရဲ့စွမ်းအားနှစ်ခုကို ပေါင်းစည်းပြီအထဲကိုထည့်လိုက်ပါတယ်။
သူပြစ်လွှတ်လိုက်တဲ့ ဥစ္စာက ပစ်မှတ်မှားသွားတာမဟုတ်ပါဘူး။ ထန်မျိုးနွယ်ရဲ့နည်းလမ်းကို အသုံးပြုပြီး လှံရဲ့ဦးတည်ရာနေရာကိုပြောင်းလဲရင်း တစ်ဖက်လူကိုမသတ်မိအောင်ထိန်းချုပ်လိုက်ပါတယ်။ ရွှမ်ကျင့်၀မ်က ၀မ်ယွီကျွေ့ကိုလက်ရှိအချိန်မှာ မကူညီပေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလှံကအဆင့်ငါးအကာအကွယ်ကို ဖြတ်ကျော်နိုင်မယ်လို့ ဘယ်သူမှမထင်ထားခဲ့မိလို့ပါပဲ။ သူက ၀ိညာဥ်စွမ်းရည်တစ်ခုကိုတောင် သုံးမနေခဲ့တာကြောင့် ဘယ်သူမှဒီလိုမထင်ခဲ့တာလဲပါပါတယ်။
ဟို့ယွိဟောင်က ထန်မျိုးနွယ်ကို ရွေးချယ်ခဲ့တယ်ဆိုတာ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ နက်ရှိုင်းတဲ့တရားထိုင်မှုကိုလုပ်ပြီကထဲကပါ။ ၀ိညာဥ်လက်နက်တွေနဲ့ ပတ်သက်လာပြီးပြီဆိုရင်တော့ သူက အနီးကပ်တိုက်ခိုက်မှုကို အဓိကအားပြုခဲ့ပါတယ်။ နှစ်ခုကိုပေါင်းစည်းလိုက်ချိန်မှာတော့ သူ့ရဲ့သက်ဆိုင်တဲ့လမ်းတစ်ခုကို ဖြည်းဖြည်းချင်းဖန်တီးတည်ဆောက်နိုင်ခဲ့ပါပြီ။
ဒီလှံကိုပြိုင်ပွဲအတွက် အထူးကြိုးစားပြီဖန်တီးထားခဲ့တာပါ။ ဒါက လက်နက်တစ်ခုလို့လဲပြောလို့မရပါဘူး။ တကယ်တော့ နှစ်ယောက်ချင်းတိုက်ခိုက်ရမဲ့ပြိုင်ပွဲအတွက် အတော်ကိုသင့်တော်တဲ့ပစ္စည်းတစ်ခုလို့သာပြောရမှာပါ။ ဟို့ယွိဟောင်အနေနဲ့ အဆင့်ငါးအဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို အရှိန်နှုန်းမှာယှဥ်လို့မရနိုင်တာအမှန်ပါပဲ။ ဒါပေမယ့် အကယ်၍ အဝေးပြစ်တိုက်ခိုက်မှုကိုအသုံးပြုမယ်ဆိုရင်တော့ ကွာခြားသွားပါလိမ့်မယ်။
သူက ဘယ်ဘက်လက်ကိုအသုံးပြုရင်း လှံကိုဆွဲယူလိုက်ပြီတဲ့နောက် ၀မ်ယွီကျွေ့ရဲ့လည်ပင်းကို လှံထိပ်နဲ့ထောက်လိုက်ပါတယ်။ အဲ့ဒီနောက် ညာဘက်လက်ကိုမြောက်လိုက်ပြီ လက်နှစ်ချောင်းကို ထောင်ထားလိုက်တယ်။
” ဒုတိယပြိုင်ဘက် ကျသွားပါပြီ ”
ဒီနှစ်ခေါက်တိုက်ခိုက်မှုမှာ အချ်ိန်အနည်းငယ်သာယူခဲ့ပါတယ်။ သူ့ရဲ့လှံကိုကိုင်ထားရင်နဲ့ စောင့်ဆိုင်းရေးနယ်မြေဖက်ကို ပြန်လျှောက်သွားခဲ့ပါပြီ။ ၀မ်ယွီကျွေ့ကတော့ ကြိုးစားပြီထရပ်နေခဲ့သလို အတော်ကိုစိတ်ရှုပ်ထွေးတဲ့ပုံစံလဲ ဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်သူရှုံးသွားလဲဆိုတာသူသိနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ဘယ်လိုနိုင်သွားခဲ့လဲဆိုတာကို သူမသိပါဘူး။ သူ့ရဲ့တိုက်ခိုက်လိုတဲ့ဆန္ဒက လုံး၀ဖျက်ဆီးခံလိုက်ရပါပြီ။
ကျန်ဟုန်ချန်ကတော့ ဒီတိုက်ပွဲကိုအစကနေ အဆုံးအထိ အလေးအနက်စောင့်ကြည့်လို့နေခဲ့ပါတယ်။ သူ့ပုံစံက တည်ငြိမ်နေခဲ့ပေမဲ့ တကယ်တော့အထဲမှာအတော်ကိုစိတ်ရှုပ်ထွေးနေခဲ့တယ်။
ဒီတစ်ခေါက်သေချာရွေးချယ်ပြီ ပြိုင်ပွဲ၀င်တွေကို စေလွှတ်ထားတာပါ။ ဒီလူတွေအားလုံးက သူတို့ကျောင်းတော်ရဲ့ထိပ်သီးကြီးတွေပါပဲ။ အစောပိုင်းတုန်းက ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ကျောင်းသားတွေကို ၀င်မပြိုင်ရဘူးလို့ တာဆီးထားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို တောင်းဆိုလာခဲ့ရုံတင်မက ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကလူတွေကိုပါ ထွက်လာဖို့အတွက်ပြောလာခဲ့ပါတယ်။ သူတို့တွေက နောက်ရက်မှာယှဥ်ပြိုင်ကြမှာပါ။
ဟို့ယွိဟောင်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျန်ဟုန်ချန်သိပ်မလန့်ပေမဲ့ သူ့ရဲ့ပြိုင်ဘက်တွေကို အနိုင်ယူလိုက်တဲ့ပုံစံကတော့ အစွမ်းအစရှိတာကိုမငြင်းနိုင်စရာပါပဲ။ သူက အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုပြီးယှဥ်ပြိုင်သူဆိုတာ အံ့ဩစရာမရှိပါဘူး။ ဒါပေမယ့် ၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိသေးတဲ့ ဒီကလေးက ဘယ်လိုအမြွှာ၀ိညာဥ်ပဲရှိပါစေ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ကို အနိုင်ယူဖို့ဒီလောက်မလွယ်ကူသင့်ပါဘူး။ ဟို့ယွိဟောင်ကတော့ ကျန်ဟုန်ချန် တွေးထားတာထက်ကို ကျော်လွန်သွားခဲ့ပါပြီ။
သူနှစ်ကြိမ်တိတိနိုင်ခဲ့ပြီဖြစ်သလို ၀ိညာဥ်စွမ်းရည်တွေအများကြီးကိုလဲ မသုံးရသေးပါဘူး။ ဘယ်လိုကြောင့်များ သူနိုင်သွားလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့တယ်။
ဒီပြိုင်ပွဲတစ်လျှောက်လုံးမှာ ၀မ်ယွီကျွေ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို ကျန်ဟုန်ချန်က လေ့လာနေခဲ့ပါတယ်။ ၀မ်ယွီကျွေ့က လန့်စရာကောင်းအောင်မတော်ပေမဲ့ သူက ကောင်းကောင်းမွန်မွန်တိုက်ခိုက်နိုင်တဲ့သူပါ။ အနည်းဆုံးတော့ ရှရွှမ်ချန်ထက်ကိုပိုတော်တဲ့သူဖြစ်နေခဲ့တယ်။ ဘယ်လိုပဲသူတော်ပါစေရှရွှမ်ချန်နဲ့ အချိန်သိပ်မကွာပဲရှုံးသွားခဲ့ရတာပါ။ ဟို့ယွိဟောင်က အံ့ဩစရာနဲ့ မယုံနိုင်စရာကောင်းလွန်နေခဲ့တယ်။
ဟို့ယွိဟောင်က ရွှမ်ကျင့်၀မ်ဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒီအချိန်မှာတော့ သူ့ရဲ့လှံကို ရွှမ်ကျင့်၀မ်ဆီကမ်းပေးလိုက်ပါတယ်။
ရွှမ်ကျင့်၀မ်လဲ သူ့စိတ်ကိုနားလည်တဲ့အတွက် ဒီပစ္စည်းကိုချက်ချင်းဆိုသလို စမ်းသပ်တော့တယ်။ အဲ့ဒီနောက်မှသာ အသံချဲ့စက်ကို အသုံးပြုပြီးကြော်ငြာပါတော့တယ်။
” ဟို့ယွိဟောင်က သာမန်လက်နက်တစ်ခုကိုပဲ သုံးထားတယ်…ဒါက၀ိညာဥ်လက်နက်မဟုတ်ဘူး.မင်းနားဖို့လိုသေးလား ”
ဟို့ယွိဟောင်ခေါင်းညိတ်လိုက်ပါတယ်။ ရွှမ်ကျင့်၀မ်ရဲ့ အနောက်ဖက်မှာသူတင်ပလ္လင်ခွေချိတ်ထားပြီ အာလုံးရဲ့မျက်စိရှေ့မှတင် သူတရားထိုင်နေခဲ့ပါပြီ။
သူ့ရဲ့လှံပြစ်ချက်က အတော်ကိုရိုးရှင်းတယ်ထင်ရပေမဲ့ တကယ်တော့နည်းလမ်းပေါင်းစုံကို ပေါင်းစည်းထားခဲ့တာပါ။ ဧကရာဇ်နယ်မြေ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ထန်မျိုးနွယ်ရဲ့လက်နက်ပုန်စွမ်းရည်တွေအာလုံးကို ထည့်သွင်းထားတာကြောင့် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားရော ၀ိညာဥ်စွမ်းအားရောပါ အတော်လေးကုန်သွားစေခဲ့တယ်။ ဒါကြောင့် နောက်ထပ်ပြိုင်ပွဲတွေမှာဆက်ပြီတိုက်ခိုက်ဖို့အတွက် အကောင်းဆုံးအားဖြည့်ဖို့လိုနေခဲ့တယ်။
လင်းကျားယွီဆီကို ကျန်ဟုန်ချန်က ကပ်ပြီပြောလိုက်ပါတယ်။
” အဆင့်ငါးအနီးကပ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို ပို့လွှတ်လိုက် ခုခံမှုမှာသန်မာတဲ့သူကို ရွေးထား ”
လင်းကျားယွီလဲ ချက်ချင်းခေါင်းညိတ်လိုက်ပါတယ်။ သူလုပ်ဆောင်ဖို့အတွက် ပြေးထွက်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်က နားလိုက်တာသိပ်မကြာလိုက်ပါဘူး။ ဆယ်မိနစ်ပြီတဲ့နောက် ချက်ချင်းဆိုသလို ထရပ်ရင်းနဲ့ ရွှမ်ကျင့်၀မ်ကို ခေါင်းညိတ်ပြလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူတိုက်ပွဲနယ်မြေထဲကို ပြန်၀င်လာခဲ့ပြန်ပါပြီ။
ပြိုင်ပွဲနှစ်ခုပြီးသွားပြီဖြစ်တာကြောင့် ဆူညံသံတွေက အတော်ကိုလျော့ကျလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကိုကြည့်ရင်းကြည့်ရင်းကျောင်းသားတွေက ပိုပြီးတော့ပဟေဠိဖြစ်လာခဲ့တယ်။
၀ိညာဥ်ပညာရှင်တွေက အဲ့ဒီလောက်ကြီးအထိအတော်သန်မာတာလား ဒါကသူ့ရဲ့တိုက်ခိုက်တဲ့ပုံစံလား သူက ဘာဖြစ်လို့စွမ်းရည်တစ်ခုကိုမှမသုံးထားတာလဲ။
၀ိညာဥ်ပညာရှင်တွေက အဲ့ဒီလောက်ကြီး သန်မာတယ်ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သူတို့ရဲ့အဆင့်တူတွေကို ဘယ်လိုလုပ်တိုက်ခိုက်နိုင်တော့မှာလဲ။ ဒါဆိုရင် အရင်ကသိထားတဲ့အရာတွေက ဘာလို့အသုံးမ၀င်တော့တာလဲ ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို အဆင့်ကျော်ပြီတိုက်ခိုက်နေတာတောင် ကောင်းကောင်းကြီးအသားစီးရနေသေးတယ်။ ဒါတွေကဘာကြောင့်များလဲ။
တချို့ဉာဏ်ထက်တဲ့ကျောင်းသားတွေက အတော်လေးကိုတွေးနေခဲ့ပါပြီ။ကျန်ဟုန်ချန် သူတို့ကို တွေးစေချင်တဲ့ကိစ္စကတော့ နောက်ဆုံးမှာဖြစ်လာပါတော့တယ်။
ဟို့ယွိဟောင်က သူတို့ရဲ့စိတ်ကိုအနည်းဆုံးသက်ရောက်မှုရိုက်ခတ်စေဖို့အတွက် သူတွေးတောထားခဲ့ပေမဲ့ လက်ရှိအချိန်မှာကတော့ တခြားကိစ္စတွေကြောင့် တော်တော်များများက အခြေအနေအပြောင်းအလဲတွေဖြစ်ကုန်ကြပါတော့တယ်။
ဟို့ယွိဟောင်က ဒီလိုမျိုးထွက်ပေါ်လာတယ်ဆိုတာဘာမှမပြင်ဆင်ထားတာတော့မဟုတ်ခဲ့ပါဘူး။ ပထမဆုံးအနေနဲ့ သူက လက်ရှိအချိန်မှာ ရှားပါး သတ္ထုတွေနဲ့ ၀ိညာဥ်ရွှေပြားတချို့ကိုစတင်ပြီအနိုင်ရနေခဲ့ပါပြီ။ ဒါ့အပြင် နေလကျောင်းတော်ထဲမှာ အမျက်ဒေါသကျောင်းတော်ရဲ့ဂုဏ်သတင်းကိုလဲ စတင်ပြီတိုးမြင့်အောင်လုပ်ပေးနိုင်ပါတော့မယ်။ အရေးကြီးဆုံးကတော့ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ လေ့ကျင့်မှုတွေနဲ့ သူ့ရဲ့အတွေ့အကြုံတွေကို ပေါင်းစည်းပြီ ဆက်တိုက်ဆိုသလို တိုးတက်အောင်လုပ်နိုင်တာပါပဲ။
ဒါ့အပြင် သူရွေးချယ်တဲ့လမ်းက ၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့လမ်းတွေကိုပေါင်းစည်းတာနဲ့ ဖြစ်နေခဲ့တယ်။
ဒီနေရာမှာ၀ိညာဥ်လက်နက်တွေကို သူအသုံးမပြုနိုင်ပေမဲ့ သူ့ရဲ့တွေးတောမှုကိုတော့ မထိခိုက်စေခဲ့ပါဘူး။
မတူညီတဲ့၀ိညာဥ်လက်နက်တွေရဲ့အသုံးပြုမှုက သူ့ရဲ့စိတ်ထဲမှာဆက်တိုက်ဆိုသလို ပေါ်ထွက်လို့နေခဲ့ပါတယ်။ များပြားအားကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားကြောင့် ဒီတိုက်ပွဲတွေတစ်လျှောက်လုံးမှာလဲ ကောင်းကောင်းတွေးတောဖို့အတွက် အထောက်အကူရနေခဲ့တယ်။
သူနဲ့တိုက်ခိုက်ရမဲ့တတိယကျောင်းသားက လက်ရှိအချိန်မှာပေါ်လာခဲ့ပါပြီ။ ဒါကအမျိုးသမီးတစ်ယောက်ပါပဲ။ ဒီအမျိုးသမီးကျောင်းတော်သားက သိပ်ပြီမလှပေမဲ့ အတော်လေးကို အသားအရေးကောင်းပါတယ်။ ခန္ဓာကိုယ်ကပိန်သွယ်ပြီ တစ်ရာရှစ်ဆယ်မီတာကျာ်လောက်အထိ မြင့်မားတဲ့အပြင် သူမရဲ့ခန္ဓာကိုယ်အချိုးအစားက တော်တော်ကြီးကြီးကို လှပနေခဲ့တယ်။ စူးရှထက်မြက်တဲ့အကြည့်တွေက ဟို့ယွိဟောင်ကိုစိုက်ကြည့်နေခဲ့ပြီ မျက်လုံးတွေထဲကနေ မီးပွင့်တွေ ဖြာထွက်နေသလိုပါပဲ။
ဒီအမျိုးသမီးဆီကနေ ကြီးမားအားကောင်းတဲ့ဖိအားတွေကို ဟို့ယွိဟောင်ခံစားမိပါတယ်။ သူမက အစောပိုင်းမှာ၀ိညာဥ်လက်နက်အတတ်ပညာရှင်နှစ်ယောက်ထက် ပိုပြီးသန်မာတာသိသာနေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ဒီတစ်ခေါက်ပြိုင်ဘက်ကောင်းကို တွေ့ပြီနဲ့တူပါတယ်။ အမျိုးသမီးက ဟို့ယွိဟောင်ကိုကြည့်ရင်း သူမရဲ့တောက်ပနီစွေးတဲ့ဆံပင်ရှည်တွေကို မြင်းမြီးလိုပုံစံမြောက်ချီလိုက်ပါတယ်။ သူမက ဒီလိုပုံစံနဲ့ဆိုရင် ပိုပြီးသပ်သပ်ရပ်ရပ်ရှိနေခဲ့တယ်။ အ၀ါရောင်ကျောင်း၀တ်စုံကသူ့ကိုပိုပြီးကြောက်စရာကောင်းအောင် အားဖြည့်ပေးနေခဲ့တယ်။
” နေလနိုင်ငံတော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် ဆဋ္ဌမနှစ်ကျောင်းသူ လှုပ်ရှားထိန်းချုပ်မှု၀ိညာဥ်လက်နက်ဌာနက နန ကျေးဇူးပြုပြီး ညွှန်ကြားပေးပါဦး ”
” အမျက်ဒေါသကျောင်းတော်က ဟို့ယွိဟောင်ပါ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ ”
သူမရဲ့ဌာနမိတ်ဆက်စကားကိုကြားချိန်မှာ ဟို့ယွိဟောင်လန့်သွားခဲ့ပါတယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အနေနဲ့ သူမဘာဆိုလိုလဲဆိုတာ သိနေခဲ့တယ်။
သူမရဲ့ဌာနက ထူးခြားတဲ့အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေကို အဓိကထုတ်လုပ်တဲ့နေရာပါ။ သူတို့တွေက ၀ိညာဥ်လက်နက်တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာ သိပ်မသိပေမဲ့ ၀ိညာဥ်လက်နက်တွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင်သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ အသက်ရှင်သန်နိုင်စွမ်းကလဲ အများကြီးမြင့်မားနေခဲ့တယ်။
လက်ရှိအချိန်မှာ ဒီဌာနကိုဖွဲ့စည်းဖို့နဲ့ ဒီအချက်တွေကိုတိုးတက်အောင်လုပ်ဖို့အမျက်ဒေါသကျောင်းတော်က လေ့လာနေဆဲအဆင့်မှာရှိပါသေးတယ်။ ဒါ့အပြင် ပညာရှင်တွေအများကြီးပေါင်းစည်းမှသာ ဒီလိုဌာနမျိုးနဲ့ ဒီလိုပညာရှင်တွေကို ဖန်တီးပေးနိုင်မှာပါ။
ဒါ့အပြင် အနာဂတ်မှာ၀ိညာဥ်ပညာရှင်တွေရဲ့ ဘက်ပေါင်းစုံတိုးတက်မှုအတွက်လဲ ဒီဌာနကအရေးပါလှပါတယ်။
၀ိညာဥ်ပညာရှင်တွေက ၀ိညာဥ်လက်နက်တွေကိုဖန်တီးပြီ အသုံးပြုနိုင်ဖို့အတွက် သူတို့မှာလုံလောက်တဲ့အသိပညာရှိဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့်သာ ၀မ်ယန်က ပင်လယ်နတ်ဘုရားခန်းမဆောင်မှာဆက်တိုက်ဆိုသလို မနားမနေလေ့လာနေရင်းနဲ့ ဒီအချက်ကိုလဲ ရှာဖွေတွေ့ရှိခဲ့ရတယ်။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနကလဲ ဒီအချက်ကိုအတည်ပြုထားပြီသားပါ။ ရန်ရှောင်ကျဲ့နဲ့ ချိုက်မိန်အယ်တို့နှစ်ယောက်တောင်မှ ဒီစကားတွေကြောင့် အတော်ကိုစိတ်လှုပ်ရှားခဲ့ရတယ်။
ရွေ့လျားထိန်းချုပ်၀ိညာဥ်လက်နက်ဌာနက သူမရဲ့ တိုက်ပွဲအင်အားကိုဖော်ပြနေပါတယ်။ သူမက ၀ိညာဥ်လက်နက်တွေကိုကြီးပဲအားကိုးနေမှာမဟုတ်ပါဘူး။ သေချာပေါက် သိုင်းပညာ၀ိညာဥ်ကလဲ အင်အားကြီးပါလိမ့်မယ်။ နေလနိုင်ငံမှာဒီလိုမျိုးအားကောင်းတဲ့သိုင်းပညာ၀ိညာဥ်က ရှားပါးပေမဲ့ မတည်ရှိဘူးလို့မဆိုလိုပါဘူး။
“နန ကြိုးစားထား နန ဒီကောင်ကိုရိုက်ပြစ်စမ်း ”
စောင့်ကြည့်နေသူတွေက နနရဲ့နာမည်ကိုဆက်တိုက်အော်ဟစ်နေခဲ့ပါတယ်။ သူမက ကျောင်းသားတွေကြားမှာအတော်ကျော်ကြားတဲ့ပုံပါပဲ။
နနက ဒါတွေကြားပုံမပေါ်ပဲ ဟို့ယွိဟောင်ကိုသာ အာရုံစိုက်နေခဲ့တယ်။ သူမလဲ ဟို့ယွိဟောင်ကိုအတော်လေးသိလိုစိတ်ပြင်းပြပါတယ်။ အကြောင်းအရင်းတစ်ခုကတော့ အနာဂတ်မှာသူမရဲ့ပြိုင်ဘက်ဖြစ်လာနိုင်သလို တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာပါ၀င်လာနိုင်ချေရှိလို့ပါပဲ။
နနက နောက်ဆုံးတစ်ခေါက်မှာအရံအဖွဲ့ထဲတောင် ပါမနေခဲ့ပါဘူး။ ဒါပေမယ့် သူမရဲ့လက်ရှိအစွမ်းအစတွေကြောင့် နောက်တစ်ခေါက်ပြိုင်ပွဲထဲမှာ ပါနိုင်ချေရှိနေခဲ့တယ်။ နောင်ဆုံးတော့လဲ သူမက အသက်ဆယ်ခုနှစ်မှာ၀ိညာဥ်ဘုရင်ဖြစ်လာခဲ့သူပါ။ ဒါကြောင့် နောက်ထပ်လာမဲ့ပြိုင်ပွဲ၀င်တွေတစ်ယောက်ဖြစ်လာဖို့အတွက် အတည်ပြုခံလိုက်ရပါပြီ။ သူက ဟုန်ချန်မောင်နှမနဲ့အတူတူတွဲပြီယှဥ်ပြိုင်မှာပါ။
နနက ၀ိညာဥ်လက်နက်တွေဘယ်လိုဖန်တီးရမလဲဆိုတာ မသိပေမဲ့ သာမန်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေထက်တော့ ပိုမိုကျယ်ပြန့်တဲ့အသိပညာကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် သူမရဲ့၀ိညာဥ်လက်နက်နဲ့ သိုင်းပညာ၀ိညာဥ်ကိုပေါင်းစည်းပြီတိုက်ခိုက်မှုကလဲ သူများတွေထက်ပိုပြီးအားကောင်းတာအမှန်ပါပဲ။
သူတို့ဌာနရဲ့ကျောင်းသားတွေအာလုံးက တိုက်ခိုက်ဖို့အတွက်မွေးဖွားလာတဲ့သူတွေပါ။ ကျောင်းတော်ကသူတို့ကိုအပြည့်အ၀ထောက်ပံ့ထားပြီ ခေတ်မီဆုံးနဲ့ အသင့်တော်ဆုံးတိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေကို အမြဲတမ်းတပ်ဆင်ပေးနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက တိုက်ခိုက်ဖို့ကိုပဲ လုံလုံလားလားအာရုံမြုပ်ထားပြီ ၀ိညာဥ်လက်နက်တွေဖန်တီးမှုနဲ့ပတ်သက်လို့အာရုံလွှင့်စရာကိစ္စလဲ ရှိမနေခဲ့ပါဘူး။
သူမက လက်ရှိအချိန်ကျောင်းတော်ထဲမှာရှိသမျှ၀ိညာဥ်ဘုရင်တွေထက် အတော်ဆုံးထဲကတစ်ယောက်ပါ။ ရှရွှမ်ချန်နဲ့ ၀မ်ယွီကျွေ့တို့ထက်ကို အများကြီးပိုပြီးသန်မာပါတယ်။ အခုအချိန်၀ိညာဥ်စွမ်းအားက အဆင့်ငါးဆယ်လေးရောက်နေပြီဖြစ်သလို နောက်နှစ်နှစ်အတွင်းမှာ အဆင့်ခြောက်ဆယ်ကိုတက်ရောက်ပါလိမ့်မယ်။ တိုက်ပွဲမစခင်မှာ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်လာမယ်လို့ အားလုံးကခန့်မှန်းထားကြတာပါ။
သူ့ရဲ့ပြိုင်ဘက်က အမျက်ဒေါသကျောင်းတော်က သူတွေဖြစ်မယ်မှန်း သိပြီတဲ့နောက် သူမက ပထမဆုံးအပြေးလေသွားပြီစာရင်းပေးခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့မောက်မာမှုက သူ့ရဲ့တိုက်ခိုက်လိုစိတ်ကို မီးစာဖြစ်ပေးခဲ့ပေမဲ့ ဟို့ယွိဟောင်အဲ့ဒီလောက်ကြီးသန်မာမယ်လို့ သူမမတွေးထားခဲ့ပါဘူး။ နောက်ဆုံးတော့လဲ သူက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးသာရှိပါသေးတယ်။ ဒါကြောင့် သေချာပေါက် အနိုင်ယူပြစ်မှာပါ။
အပိုင်း ၁၇၈•၁ ပြီး၏။