အပိုင်း ၁၇၇•၃
” ထန်မျိုးနွယ်ရဲ့ အပြည့်အ၀လွှမ်းမိုးမှု ”
°°°
” တိတ်ကြစမ်း ”
မိုးခြမ်းသံလိုမျိုးကြောက်စရာကောင်းတဲ့အသံက ဒီနယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ အဲ့ဒီအသံက ရှိရှိသမျှဆူပူမှုတွေအားလုံးကို တိတ်ဆိတ်လိ့သွားစေခဲ့တယ်။ ဟို့ယွိဟောင်လဲ အပေါ်ကိုမော့ကြည့်လိုက်မိပါပြီ။ ကျန်ဟုန်ချန်က ဘယ်၀ိညာဥ်လက်နက်ကိုမှမသုံးပဲ လေထဲမှာပျံသန်းလွှင့်မျောလို့နေခဲ့ပါတယ်။ သူက ဟို့ယွိဟောင်ကို စိုက်ကြည်နေခဲ့တယ်။
လင်းကျားယွီက လူတစ်ယောက်ကိုသွားပြီသတင်းပို့ခိုင်းလိုက်တာပါ။ ဒီရဲ့အခြေအနေတွေရဲ့ ထိန်းချုပ်မှုလွှတ်သွားတာကိုသိသိချင် ကျန်ဟုန်ချန်လဲ ထွက်လာရပါတော့တယ်။ နောက်ဆုံးတော့လဲ လူအုပ်ထဲမှာရှိနေတဲ့ဆရာတွေအားလုံးက အတော်ကို သန်မာကြပေမဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကတပည့်သားတွေကို ထိန်းချုပ်ဖို့တော့မလွယ်ကူပါဘူး။
ကျန်ဟုန်ချန်လဲ လက်နှစ်ဖက်ကိုနောက်ပြစ်ထားရင်းကြောက်စရာကောင်းတဲ့အကြည့်နဲ့ အားလုံးကို စိုက်ကြည့်နေခဲ့ပါတယ်။
” မင်းတို့အားလုံး ဒီလောက်တော်နေကြတယ်ပေါ့ဟုတ်လား ကျိန်ဆဲတာအပြင် မင်းတို့ဘာထပ်လုပ်နိုင်သေးလို့လဲ ပါးစပ်နဲ့ပြောနေရုံတင်မက အစွမ်းအစနဲ့သက်သေပြတာက ပိုပြီးတော့မကောင်းဘူးလား ”
” အကယ်၍ မင်းတို့အစွမ်းအစရှိတယ်ဆိုရင် သူ့ကိုနိုင်အောင်လုပ်ကြလေ မနိုင်ဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်တော့ ဒီတစ်ခေါက်ပြိုင်ပွဲရဲ့ အဓိကရည်ရွယ်ချက်က သူနဲ့မင်းတို့အားလုံးကြားက ကွာခြားချက်ကိုသိသာအောင်ပြဖို့ပဲ မင်းတို့တွေက အဆင့်မြင့်၀ိညာဥ်လက်နက်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ကြားထားရုံနဲ့ ကိုယ်ကိုကိုယ်သိပ်ပြီ ပြိုင်ဘက်ကင်းတယ်လို့ထင်မနေကြနဲ့ ”
” အမျက်ဒေါသကလာတဲ့ ဒီကောင်လေးရဲ့အသက်က ဆယ့်ငါးနှစ်ပဲရှိသေးတယ်…ကျရှုံးမှုဆိုတာက ကြောက်စရာမကောင်းဘူး…ပိုပြီး ကြောက်စရာကောင်းတာကတော့ ကိုယ့်ရဲ့ရှုံးနှိမ့်မှုကိုလက်မခံနိုင်ပဲ မသိချင်ယောင်ဆောင်နေတဲ့ကိစ္စကမှ ပိုကြောက်စရာကောင်းတာ အကယ်၍ မင်းတို့အားလုံးက ငြီးငြူးနေတာပဲတတ်နိုင်မယ်ဆိုရင် နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက် ၀ိညာဥ်လက်ရည်ယှဥ်ပြိုင်ပွဲမှာ အမျက်ဒေါသကျောင်းတော်ကို ဘယ်တော့များနိုင်ပါ့မလဲ ”
ကျန်ဟုန်ချန်ရဲ့ဂုဏ်သတင်းက နေလနိုင်ငံတော်မှာအတော်ကြီးကို ကျော်ကြားလွန်လှပါတယ်။ ဒါ့အပြင် သူ့ရဲ့ပေါ်ထွက်လာမှုက လူတွေအားလုံးကိုချက်ချင်းဆိုသလို တိတ်ဆိတ်လို့သွားစေခဲ့တယ်။
ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်နေခဲ့ရပါတယ်။ကျန်ဟုန်ချန်က သူတို့မျိုးဆက်ရဲ့တကယ်သူရဲကောင်းတစ်ယောက်ပါပဲ။ ဟ်ို့ယွိဟောင်ကိုအသုံးချပြီးသူ့ရဲ့ကျောင်းသားတွေကို စိတ်ဓာတ်တက်ကြွအောင်လုပ်ဆော်ပေးနေခဲ့တယ်။ ဒါက သူ မလိုချင်တဲ့ကိစ္စပါ။ ဒါပေမယ့် သူသွားတားလို့လဲမရပါဘူး။ ကျန်ဟုန်ချန်က ထင်ထားတာထက်ကိုစောစောစီးစီးရောက်လာခဲ့ပါတယ်။
ကျန်ဟုန်ချန်က ဟို့ယွိဟောင်ကိုကြည့်ရင်းနဲ့နောက်ထပ် ပြောလာခဲ့တယ်။
” ပြိုင်ပွဲကိုဆက်ပြီလုပ်မယ် ”
သူပြောပြီတဲ့နောက် ချက်ချင်းဆိုသလို အဓိကစောင့်ကြည့်နေသူတွေရဲ့ စင်ပေါ်ဆီရောက်ရှိလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲသက်ပြင်းချလိုက်ပါတော့တယ်။
” ထားလိုက်ပါတော့ ဒီလူဖြစ်ချင်တဲ့အတိုင်း လုပ်ပေးရတာပေါ့ ”
အခုအချိန်မှာ ဒီလိုမျိုးလူတွေအားလုံးကို စိန်ခေါ်ပြီ မောက်မာနေရတဲ့အဓိကအကြောင်းအရင်းကတော့ နေလကျောင်းတော်ကနေသူထွက်ချင်လို့ပါ။
လွန်ခဲ့တဲ့နှစ်၀က်အတွင်းမှာ များပြားတဲ့အသိပညာတွေကို လုံလောက်အောင်သူသင်ကြားခဲ့ပြီးပါပြီ။ ရွှမ်ကျင့်၀မ်က သူ့ကိုသိသာထင်ရှားတဲ့ သင်ကြားမှုပေးမှုတွေမလုပ်ခဲ့ပေမဲ့ အခုလက်ရှိအချိန်မှာ များပြားတဲ့အသိပညာတွေကိုတော့ လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ ကိုယ်ပိုင်လက်တွေ့စမ်းသပ်ချက်တွေနဲ့အတူ သူ့ရဲ့၀ိညာဥ်လက်နက်လမ်းကြောင်းတစ်လျှောက်မှာ ဆက်တိုက်ဆိုသလို တိုးတက်အောင် လုပ်လာနိုင်ခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ကနေအမြန်ဆုံးထွက်သွားချင်နေတဲ့ အကြောင်းအရင်းကတော့ သူ ဒီနေရာမှာသူဘာမှထပ်သင်ဖို့မလိုတော့ကြောင့်မဟုတ်ပါဘူး။ သူ့ရဲ့အိတ်ထဲမှာရှိနေတဲ့သတ္ထုလူသားကြီးကြောင့်ပါပဲ။ ဒါက ချိန်ကိုက်ဗုံးတစ်ခုလိုဖြစ်နေခဲ့တယ်။ အကယ်၍ ဒီဥစ္စာကိုသာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက လူတွေရှာတွေ့သွားမယ်ဆိုရင် သူ့ရဲ့လက်ရှိအခြေအနေအရ သေချာပေါက် အဖမ်းခံရမှာပါ။ ဒါ့အပြင် အခုလက်ရှိသူရထားတဲ့ ပစ္စည်းကိုသာကောင်းကောင်းနားလည်နိုင်မယ်ဆိုရင် ထိပ်တန်းအဆင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အဖြစ်ကို အလွယ်လေးရောက်ရှိနိုင်ပါလိမ့်မယ်။ သူ့ဘာသာသူသင်ကြားချင်တာပြဿနာတစ်ခုမဟုတ်ပါဘူး။ ကျောင်းတော်ထဲမှာဒီအတိုင်းဆက်နေနေတာကသာ ပိုပြီးအန္တရာယ်များတဲ့ကိစ္စဖြစ်လာပါလိမ့်မယ်။ အပေါ်ယံမှာတော့ ဟို့ယွိဟောင်က ပိုများပြားတဲ့ကျောင်းသားတွေကို စိန်ခေါ်စေဖို့အတွက်နဲ့ သတ္ထုများများရရှိစေဖို့အတွက် ကြိုးစားနေပုံပေါ်ပါတယ်။ တကယ်တမ်းအမှန်တရားကတော့ အားလုံးရဲ့ဒေါသကိုရရှိနေချင်ပြီ ဒီအပြောင်းအလဲသင်ကြားမှုကို အမြန်ဆုံးအဆုံးသတ်ချင်နေတာပါ။
ဒါပေမယ့် ကျန်ဟုန်ချန်ရဲ့ ထွက်ပေါ်လာခဲ့မှုက သူ့အစီအစဥ်တွေကို ပြောင်းလဲသွားစေခဲ့တယ်။ နောက်ဆုံးတော့လဲ ဒီကိစ္စတွေကိုအရမ်းကြီးသိသိသာသာဖြစ်အောင် ပြုလုပ်နေလို့မရပါဘူး။ မဟုတ်ရင် တခြားသူတွေက သံသယ၀င်လာနိုင်ပါတယ်။
ဟို့ယွိဟောင််နဲ့ ပြိုင်ရမဲ့ဒုတိယကျောင်းသားကတိုက်ပွဲနယ်မြေထဲကို ၀င်လာခဲ့ပါပြီ။ အရင်တစ်ခေါက်ပြိုင်ပွဲ၀င်နဲ့ယှဥ်လိုက်မယ်ဆိုရင် သူကပိုပြီးစိတ်တည်ငြိမ်တဲ့ပုံပေါ်ပါတယ်။ နေရာထဲကို၀င်လာပြီတာနဲ့ ဟို့ယွိဟောင်ကိုတောက်တောက်ပပစိုက်ကြည့်လို့နေခဲ့တယ်။ သူက အချိန်မရွေးထပေါက်နိုင်တဲ့ မီးတောင်ရှည်ကြီးတစ်ခုလိုပါပဲ။
ဟို့ယွိဟောင်လဲ သူ့ကိုစိတ်ထဲမှာအသိအမှတ်ပြုလိုက်ပါပြီ။ ကြည့်ရတာဒီတိုက်ပွဲက အရှေ့တစ်ခုလောက်တော့ မြန်မဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် သူပြိုင်ဘက်ကပိုပြီးသန်မာလာလေလေ သူတိုက်ခိုက်လိုစိတ်က ပိုတက်လာလေပါပဲ။
မျက်မှောင်ကြုတ်လိုက်ပြီတဲ့နောက် သူ့ပြိုင်ဘက်ကိုတစ်ချက်ကြည့်လိုက်ရင်း စောင့်ဆိုင်းရေးနယ်မြေဆီကို ပျံသန်းသွားပါတော့တယ်။ ရွှမ်ကျင့်၀မ်ကလဲ နှစ်ဖက်စလုံးကိုလေ့လာနေရင်း သူ့ဘာသာသူစိတ်ငြိမ်အောင်ထိန်းနေခဲ့ရတယ်။
” နေလနိုင်ငံတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော် အဆင့်ခြောက်ကျောင်းသား ၀မ်ယွီကျွေ့ ကျေးဇူးပြုပြီးညွှန်ကြားပြသပေးပါ ”
အဲ့ဒီလူငယ်က အသက်နှစ်ဆယ်ကျော်လောက်ရှိနေခဲ့ပါပြီ။ သူ့အသံကတော့ အတော်ကိုအားကောင်းလွန်လှပါတယ်။ သူ့ခန္ဓာကိုယ်က သိပ်မကြီးမားပေမဲ့ အတော်လေးသန်မာမဲ့ပုံစံတော့ ပေါ်နေခဲ့တယ်။
ဟို့ယွိဟောင်လဲ သူ့ရဲ့လက်တွေကိုမြောက်ရင်းအော်လိုက်ပါတယ်။
” အမျက်ဒေါသကျောင်းတော် ဟို့ယွိဟောင် ကျေးဇူးပြုပြီး ညွှန်ကြားပြသပေးပါ ”
” စတင်မယ် ”
ရွှမ်ကျင့်၀မ်က ချက်ချင်းပြောလိုက်ပြီတဲ့နောက် နောက်ဆုတ်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်က အရင်လိုပဲ အရှေ့ကိုပြေးထွက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူခုန်လိုက်ချိန်တိုင်းမှာရွှေရောင်အလင်းတန်းတစ်ခုက ပေါ်လာခဲ့ပါတယ်။ ခြေထောက်အောက်ဖက်မှာအဖြူရောင်၀ိညာဥ်စက်ကွင်းလေးကွင်းက ရှိနေခဲ့ပြီ တစ်ခုကတော့ တောက်တောက်ပပကြီးကို အရောင်တွေဖြာထွက်နေခဲ့တာပါ။
၀မ်ယွီကျွေ့ကလဲ သိသာတဲ့ပြင်ဆင်မှုတွေကိုလုပ်ထားခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်မှာ စတင်ဖို့အော်လိုက်တာနဲ့ ချက်ချင်းဆိုသလို ခြေထောက်အောက်ကနေအလင်းတန်းတစ်ခုက ထွက်လာခဲ့ပါပြီ။ ဒီအလင်းတန်းတွေက သူ့ခန္ဓာကိုယ်ကိုအပေါ်ဖက်ဆီရောက်အောင် တွန်းပို့ပေးလိုက်ပါတော့တယ်။ လက်မောင်း လက်ပုခုံးတွေနဲ့ ရင်ဘတ်နေရာအပြင်တခြားနေရာတွေမှာစုစုပေါင်း ၀ိညာဥ်လက်နက်ဆယ်ခုကျော်ကပေါ်လာပါတော့တယ်။
ဟို့ယွိဟောင်ရဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းတွေကို မြင်ချိန်မှာတော့ သူ့မျက်လုံးပြူးသွားခဲ့ရတယ်။
” အဲ့ဒီလောက်ကြီးထူးဆန်းဖို့လိုလို့လား အဖြူရောင်၀ိညာဥ်စက်ကွင်းတွေထဲမှာဘာတွေဖြစ်နေတာလဲ ”
၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာ လူတိုင်းသိကြပါတယ်။ အဖြူရောင်ဆိုတာက ဆယ်နှစ်၀ိညာဥ်စက်ကွင်းပါပဲ။ ဒါက ၀ိညာဥ်ပညာရှင်တိုင်းအတွက် အဆိုးဆုံးကိစ္စလဲဖြစ်သလို ၀ိညာဥ်စက်ကွင်းလေးကွင်းရှိပြီတဲ့နောက် ဆယ်နှစ်၀ိညာဥ်စက်ကွင်းတစ်ခုပါနေတာက သိပ်ပြီထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ ဒီလိုလူမျိုးအတွက်တော့ မဖြစ်နိုင်စရာပါပဲ။
၀မ်ယွီကျွေ့လဲ တွေးလိုက်မိသလို သူဖြည်းဖြည်းချင်းမျက်လုံးပြူးလာခဲ့ပါတယ်။ ဒါပေမယ့် သူက ရှရွှမ်ချန်ထက် အများကြီးပိုပြီးမြန်ဆန်တဲ့သူပါ။ သူအံ့ဩနေပေမဲ့ လက်တွေကတော့ခပ်မြန်မြန်ပဲ လှုပ်ရှားနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရှိရာနေရာဆီကို အလင်းတန်းဆယ်ခုကျော်က ပြေးထွက်လို့သွားခဲ့ပါပြီ။
တခြာနိုင်ငံရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင် နေလနိုင်ငံရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အတော်ကိုရိုးရှင်းတဲ့တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်သလို သူတို့ရဲ့ အစွမ်းအစတွေကလဲ သာလွန်ပါတယ်။ ၀ိညာဥ်အလင်းတန်းတွေကို ထုတ်လွှတ်လိုက်ချိန်မှာတော့ များပြားတဲ့ရောင်စဥ်တန်းတွေနဲ့အတူ အမျိုးအစားလေးခုက ထွက်ပေါ်လို့လာခဲ့တယ်။ ဒါကလူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။
၀မ်ယွီကျွေ့မှာ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်သုံးခုရှိပါတယ်။ ၀ိညာဥ်စက်ကွင်းငါးကွင်းရဲ့အလင်းတန်းတွေက ဆက်တိုက်ဆိုသလို တောက်ပလို့နေခဲ့ပြီ စွမ်းအားတွေကစုစည်းလို့နေခဲ့တယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းအားလုံးက အထောက်အကူပြုတဲ့၀ိညာဥ်စွမ်းရည်ကိုပိုင်ဆိုင်ထားတာပါ။ သူ့ရဲ့၀ိညာဥ်စွမ်းအားကို အများကြီးတိုးတက်စေပါတယ်။ ဒါကြောင့်သာ သူကတိုက်ပွဲထဲမှာအချိန်အကြာကြီးတောင့်ခံနိုင်တဲ့သူဖြစ်နေခဲ့တာပါ။ ၀ိညာဥ်ရှပ်ပြေးကိုသုံးရင်းနဲ့ ခပ်မြန်မြန်ပဲ နောက်ပြန်ဆုတ်သွားခဲ့ပါပြီ။ သူနဲ့ဟို့ယွိဟောင်ကြားမှာရှိတဲ့ ကွာခြားချက်ကို ကျယ်အောင်ချဲ့လိုက်ပါတယ်။
ဒီလိုမျိုးစည်းချက်ကျကျလှုပ်ရှားမှုက လူတွေအားလုံးကိုအထင်ကြီးသွားစေခဲ့တယ်။ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အတွက် ဒီလိုကိစ္စမျိုးက လုပ်နိုင်လိုက်အကောင်းဆုံးအရာပါပဲ။
ဒါပေမယ့် ၀မ်ယွီကျွေ့ကို စိတ်ထဲကနေချီးမွမ်းနေကြတဲ့သူတော်တော်များများ နောက်ဖြစ်လာတဲ့ကိစ္စကြောင့် ချက်ချင်းဆိုသလိုထိတ်လန့်ကုန်ကြပါတော့တယ်။ ၀မ်ယွီကျွေ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကို ဟို့ယွိဟောင်က ခုန်မရှောင်ခဲ့ပါဘူး။ အရှေ့ကိုဆက်တိုက်သာတိုးလာနေခဲ့ပါတယ်။ ၀ိညာဥ်အလင်းတန်းတွေကတော့ သူ့ကိုတမင်တကာ လွှဲချော်အောင်ရှောင်ပြေးနေကြသလိုပါပဲ။ ပွတ်ကာသီကာလေးကို ဖြစ်သွားခဲ့ကြတယ်။ ဘယ်တစ်ခုကမှသူ့ခန္ဓာကိုယ်ကို မထိပါဘူး။
၀ိညာဥ်အလင်းတန်းတွေက ၀ိညာဥ်အမြောက်တွေထက်ကို ပိုပြီးတော့မြန်ဆန်ပါတယ်။ သိပ်ပြီအင်အားမကြီးပေမဲ့ အရမ်းကိုတိကျနေခဲ့တယ်။ ၀မ်ယွီကျွေ့ရဲ့အစွမ်းအစနဲ့ဆိုရင် သူရဲ့ပစ်မှတ်ကိုဒီလိုလွှဲချော်သွားဖို့ဆိုတာ ဖြစ်နိုင်ချေကိုမရှိပါဘူး။
၀မ်ယွီကျွေ့ရဲ့ ၀ိညာဥ်ရှပ်ပြေးက ခြေထောက်အောက်မှာရှိနေခဲ့ပြီ သူကပျံသန်းရေး၀ိညာဥ်လက်နက်ကိုအသုံးမပြုထားပါဘူး။ ဒီနေရာမှာနေရာအကန့်အသတ်ရှိနေတာကြောင့် တအားမြင့်မြင့်ကြီးပျံလို့မရနိုင်မှန်းလဲ သိနေခဲ့ပါတယ်။ ပျံသန်းရေး၀ိညာဥ်အမျိုအစား၀ိညာဥ်လက်နက်တွေက သူ့ကိုလိုသလိုနေရာပြောင်းနိုင်ဖို့အတွက် ကူညီပေးနေခဲ့တယ်။
ဒါပေမယ့် အခုအချိန်မှာသူက လေထဲမှာတက်လာခါစဖြစ်သလို နောက်ထပ်တစ်ကြိမ်အရှိန်မြင့်ဖို့အတွက်ဆိုရင် အချိန်ယူရပါဦးမယ်။ သူက ဟို့ယွိဟောင်ထက် အများကြီးနှေးနေခဲ့တာပါ။ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အကွာအဝေးကလဲမီတာတစ်ရာအထိကို လျော့ကျသွားခဲ့ပါပြီ။
၀မ်ယွီကျွေ့ကလဲ သူ့ရဲ့၀ိညာဥ်အလင်းတန်းတွေ ဟို့ယွိဟောင်ကိုမထိတဲ့အတွက် အနည်းငယ်စိတ်ပျက်လို့သွားခဲ့ပါတယ်။ သူ့အနေနဲ့မျက်လုံးတွေအမြင်မှားနပြီလို့တောင် တွေးလိုက်မိတာပါ။ ဒါကြောင့် နောက်တစ်ကြိမ်ထပ်ပြီ ပြစ်ခတ်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်သာ၀ိညာဥ်စွမ်းအားတွေလဲ တော်တော်များများကုန်သွားခဲ့ရတယ်။ ၀ိညာဥ်လက်နက်ကနေ ထွက်ပေါ်လာတဲ့အလင်းတန်းတွေကို ကွန်ယက်သဖွယ်အသုံးပြုပြီး ဟို့ယွိဟောင်ကို သူက ဖမ်းဆီးဖို့လုပ်နေခဲ့တာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ ပြိုင်ဘက်ကိုနှေးကွေးစေချင်တာပါပဲ။ ဒီလိုနည်းနဲ့သူ့ရဲ့ပြိုင်ဘက်ကို အစွမ်းကုန်တိုက်ခိုက်ဖို့အချိန်ရသွားပါလိမ့်မယ်။
ဒါပေမယ့် သူနောက်ထပ်ပိုပြီးလန့်သွားခဲ့ရတာကတော့ သူတစ်ယောက်ထဲမျက်စိအမြင်မှားနေသလိုဖြစ်တာမဟုတ်ပါဘူး။ ရှိရှိသမျှလူတိုင်းလဲ ဒီလိုအခြေအနေကို မြင်နေခဲ့ရတာပါ။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်နှောင့်ယှက်မှုကိုအသုံးပြုရင်း အစောပိုင်တုန်းက ၀ိညာဥ်အလင်းတန်းတွေကို ရှောင်ရှားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သရဲအရိပ်ခြေရာကိုသူအသုံးပြုနေခဲ့တယ်။
စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့အကူအညီနဲ့ အတူ ဒီကွန်ယက်ကြီးထဲကနေ မီးခိုငွေ့တွေလိုမျိုးသူက ထိုးဖောက်ပြီအပြင်ကိုထွက်လာနေခဲ့ပါတယ်။ ငါးရှဥ့်တစ်ကောင်လိုမျိုး ဟိုဟိုဒီဒီချော်ထွက်နေခဲ့ပြီ အရှေ့ကိုမြန်မြန်ရောက်ဖို့အတွက် အရှိန်လဲမြင့်နေခဲ့တယ်။
၀မ်ယွီကျွေ့ကတော့ ရွေးချယ်စရာမရှ်ိတော့ပဲ အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ ၀ိညာဥ်စွမ်းအားတွေကို အများကြီးကုန်ဆုံးလို့သွားစေခဲ့အောင် လုပ်ဆောင်ရင်တိုက်ခိုက်ရပြန်ပြီ။ ဒါ့အပြင် ဟို့ယွိဟောင်က သူနဲ့မီတာသုံးဆယ်သာကွာတော့မှန်း သတိထားမိလိုက်ပါတယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူလက်ရှိအချိန်မှာ တိုက်ခိုက်ဖို့အာရုံစိုက်မနေတော့ပါဘူး။ ပျံသန်းရေး၀ိညာဥ်လက်နက်ကို အသုံးပြုရင်း နေရာပြောင်းကာပျံသန်းပါတော့တယ်။
အခုလက်ရှိအချိန်မှာ ၀ိညာဥ်ဗုံးဆယ်ခုကို ပြစ်လွှတ်ဖို့လဲ သူ့မမေ့ခဲ့ပါဘူး။ ဒါပေမယ့် ဒီဗုံးတွေက သိပ်ပြီအင်အားမကြီးသလို သူတို့ရဲ့သက်ရောက်မှုကလဲ အသုံးပြုသူကိုမထိခိုက်စေတာအမှန်ပါ။
နည်းပါးတဲ့၀ိညာဥ်စွမ်းအားအနည်းငယ်ကို အသုံးပြုရုံနဲ့တင် သူ့ဘာသာသူဖျက်ဆီးသွားပါလိမ့်မယ်။ ဒါပေမယ့် လျော့တွက်လို့တော့မရနိုင်ပါဘူး။ အများကြီးပြစ်လွှတ်လိုက်တဲ့အတွက် သူ့ဘာသာသူအချိန်ဆွဲထားလို့တော့ရပါလိမ့်မယ်။
အံ့ဩစရာကောင်းလောက်အောင်ပဲ ဟို့ယွိဟောင်က ရပ်တန့်သွားခဲ့ပါပြီ။ ဘယ်ဘက်ခြေထောက်ကိုအသုံးပြုရင်းမြေပြင်ကိုခြေဆောက်လိုက်ပြီတဲ့နောက် သူအပေါ်အမြင့်ကြီးကို ခုန်တက်လို့သွားပါတော့တယ်။ ဒါကြောင့် လေထုရဲ့အပေါ်ဆယ်မီတာအထိကို ရောက်ရှိလို့သွားခဲ့ပြီ ဒီဗုံးတွေရဲ့ထိခိုက်မှုကိုလဲ သူရှောင်ရှားနိုင်လိုက်ပါတယ်။ အဲ့ဒီနောက် လေထဲမှာတစ်ပတ်ဂျွန်းပြစ်လိုက်ပြိီ တစ်စုံတစ်ရာကလက်ထဲမှာထွက်ပေါ်လာပါတော့တယ်။
အဲ့ဒါကတော့ သုံးပေကျာ်ရှည်လျားတဲ့ လှံတစ်ချောင်းပါ။ ဒီလှံကနှစ်ဖက်ချွန်သလို အလယ်ကတော့ အတော်ကိုလုံးပတ်ကြီးပါတယ်။ တောက်ပတဲ့ငွေရောင်လှံက နေရောင်ထဲမှာအလင်းတွေဖြာထွက်လို့နေခဲ့တယ်။
ဟို့ယွိဟောင်လဲ လေထဲမှာနောက်တစ်ကြိမ်တစ်ပတ်ဂျွန်းပြစ်လိုက်ရင်းနဲ့ လှံကိုပြစ်လွှတ်လိုက်ပါပြီ။ ရုတ်တရက်ဆိုသလို ဒီလှံက၀မ်ယွီကျွေ့ကို အထိတ်တလန့်ဖြစ်သွားစေခဲ့တယ်။
သူက ၀ိညာဥ်လက်နက်တွေကို မသုံးရဘူးမလား ၀မ်ယွီကျွေ့စိတ်ထဲမှာအဲ့ဒါကို ချက်ချင်းတွေးလိုက်မိပြီ ခြိမ်းခြောက်မှုကိုလဲ ခံစားလိုက်ရတာကြောင့် သူ့ရဲ့အသက်ကယ်အကာအကွယ်ကို ထုတ်လိုက်ပါတော့တယ်။
ဒီလှံကသူ့အကာအကွယ်ဆီကို ရောက်ရှိလာချိန်မှာတော့ အတားအဆီးက ပိုမိုတောက်ပလာခဲ့ပြီ တခဏတာအတွင်မှာပဲ ချေဖျက်ခံလိုက်ရပါတော့တယ်။
၀မ်ယွီကျွေ့လဲ လျှပ်စီးမိုးကြိုးတွေနဲ့အပြစ်ခံလိုက်ရတဲ့အတိုင်းလေထဲကနေအောက်ကိုပြုတ်ကျလို့သွားခဲ့ပါပြီ။
လန့်စရာကောင်းတာကတော့ အဲ့ဒီလှံကသူ့ကိုမစိုက်မိခဲ့ပါဘူး။ ၀မ်ယွီကျွေ့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့ပြီတဲ့နောက် သူ့ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်အတောင်ပံဆီကို ဖျက်ဆိီးဖို့ပြေးသွားပါတော့တယ်။ သူကတော့လက်ရှိအချိန် မြေပြင်ပေါ်မှသံတစ်ချောင်းနဲ့အစိုက်ခံရသလိုပုံစံမျိုးနဲ့ ကပ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ၀မ်ယွီကျွေ့ဆီကိုရောက်ရှိလို့လာပါတော့တယ်။
အပိုင်း ၁၇၇•၃ ပြီး၏။