Switch Mode

Chapter – 177.2

အပြည့်အဝလွှမ်းမိုးထားသော ထန်မျိုးနွယ်

အပိုင်း ၁၇၇•၂

” အပြည့်အ၀လွှမ်းမိုးထားသော ထန်မျိုးနွယ် ”
°°°
” ပထမအချီစတင်ပါတော့မယ်…အားလုံးပဲ တိတ်တဆိတ်နေပေးကြပါ ပြိုင်ပွဲရဲ့နှစ်ဖက်စလုံးက ငြိမ်းချမ်းတိတ်ဆိတ်တဲ့အခြေအနေကို ဖန်တီးရပါ့မယ်…ဆူညံသံထွက်တဲ့ဘယ်သူမဆို ကျောင်းရဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်း အပြစ်ပေးခံရမယ် ”

လင်းကျားယွီရဲ့တည်ငြိမ်တဲ့အသံက နယ်မြေတစ်ခွင်လုံးမှာပြန့်နှံ့လို့နေခဲ့ပါတယ်။ ဒါက ရှုပ်ထွေးနေတဲ့အခြေအနေကို အနည်းငယ်ငြိမ်သက်သွားစေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ပြိုင်ဘက်က လူငယ်တစ်ယောက်ပါ ဆယ်ရှစ်ဆယ်ကိုးအရွယ်ရှိပြီ သူ့ရဲ့ရင်ဘတ်မှာရှိတဲ့ အဆောင်အယောင်အရ သူ့ရဲ့အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတာသိသာနေခဲ့တယ်။

ဒါပေမယ့် သူက သေချာပေါက် အခုအချိန်မှာ အတော်ကိုစိတ်ရှုပ်ထွေးနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့အစောပိုင်းလုပ်ရပ်တွေက နေလကျောင်းတော်မှာရှိသမျှလူတိုင်းကို စိန်ခေါ်ပြီးစော်ကားနေခဲ့တာပါ။ ဒါကြောင့် ပြိုင်ပွဲ၀င်မဲ့ကျောင်းသားတွေကို သူကအတော်ကိုဖိအားပေးထားကြပါတယ်။ အကယ်၍ သူတို့နိုင်မယ်ဆိုရင် ကျောင်းတော်အတွက် သူရဲကောင်းအဖြစ်နဲ့ သတ်မှတ်ခံရမှာပါ။ ရှုံးမယ်ဆိုရင်တော့ အပြစ်သားဖြစ်ကုန်ကြပါလိမ့်မယ်။ ဒါက ဟို့ယွိဟောင်နဲ့ယှဥ်ပြိုင်မဲ့ ပထမကျောင်းသားအတွက်ပိုပြီးတော့ ဖိအားများစေတာပါပဲ။

” နေလကျောင်းတော်အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင် ရှရွှမ်ချန် ”

စိတ်ရှုပ်ထွေးနေတဲ့လူငယ်က သူ့နာမည်ကိုအရင်ဆုံးပြောလိုက်ပါတယ်။ နယ်မြေတစ်ခွင်လုံးက တိတ်ဆိတ်နေပြီဖြစ်တာကြောင့် အားလုံးကသူတို့ကိုအာရုံစိုက်လို့နေခဲ့တယ်။

” အမျက်ဒေါသကျောင်းတော် ထန်မျိုးနွယ်က ဟို့ယွိဟောင် ”

ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ကို ကြည့်ချိန်မှာ အတော်လေးစိတ်မချမ်းမသာဖြစ်နေခဲ့ပေမဲ့ သူစပြီတော့ကြော်ငြာရပါတော့တယ်။

” ဒါကရင်းနှီးခင်မင်မှုကို တိုးစေတဲ့တစ်ယောက်ချင်းတိုက်ခိုက်မှုပါ နှစ်ဖက်စလုံးအနေနဲ့ ဒီပြိုင်ပွဲတစ်လျှောက်မှာ တစ်ဖက်နဲ့တစ်ဖက် ဒဏ်ရာပြင်းပြင်းထန်ထန်ရစေမဲ့ အခြေအနေကိုရှောင်ရှားရပါ့မယ် ”

ဆရာရွှမ် သူ့ကိုသေချာစိုက်ကြည့်ရင်းပြောတာကို မြင်ချိန်မှာတော့ ဟို့ယွိဟောင်လဲ သူပြောချင်တာကိုနားလည်သွားပါတော့တယ်။ ဒါကြောင့် ခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။

” မှတ်သားလိုက်ပါပြီ ”

ရှရွှမ်ချန်လဲ ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာသူလဲစိတ်အနည်းငယ်ငြိမ်သွားခဲ့ပြီ စတင်ပြီ စိတ်လှုပ်ရှားပါတော့တယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို သူဘယ်တုန်းကမှတိုက်ရိုက်မ၀င်ခဲ့ဖူးတဲ့အတွက် အခုလက်ရှိအချိန်ကာလက သူ့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုဖြစ်နေနိုင်ပါတယ်။

ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ရဲ့အသိအမှတ်ပြုမှုကို လက်ခံရရှိပြီချိန်မှာတော့ အနည်းငယ်စိတ်အေးလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ ဒီပြိုင်ပွဲတစ်လျှောက်မှာ ကျောင်းတော်ရဲ့ကျေင်းသားတွေကိုထိခိုက်အောင်လုပ်မှာသူစိုးရိမ်နေခဲ့မိတယ်။ အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ပြဿနာကြီးကတက်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူဒီလိုအကြံအစည်ရှိပုံမပေါ်ပါဘူး။

” နှစ်ဖက်စလုံးက ပြိုင်ပွဲ၀င်တွေစောင့်ဆိုင်းရေးနယ်မြေဆီကို သွားကြပါ ”

ရွှမ်ကျင့်၀မ်က စတင်ပြီ ကြော်ငြာပါတော့တယ်။ ဒီနေရာတွေကို မနေ့ထဲကနေ စတင်သတ်မှတ်ပြီးပါပြီ။ နှစ်ဖက်စလုံးရဲ့ စောင့်ဆိုင်းရေးနယ်မြေတွေက စုစုပေါင်းမီတာတစ်ရာငါးဆယ်အထိကို ခွဲထားခဲ့ပါတယ်။ ဒါက၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ တိုက်ပွဲ၀င်လက်နက်တွေအတွက် အကောင်းဆုံးအကွာအဝေးပါပဲ။ အဝေးပြစ်တိုက်ခိုက်မှုတွေကိုလဲ အပြည့်အ၀အသုံးပြုနိုင်အောင်လုပ်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့အစောပိုင်းသဘောတူချက်အရဆိုရင် ဟို့ယွိဟောင်ကနို့ပုလင်း၀ိညာဥ်လက်နက်လွဲပြီ ဘယ်တခြား၀ိညာဥ်လက်နက်ကိုမှအသုံးပြုမှာမဟုတ်ပါဘူး။

ရှရွှမ်ချန်လဲ လှည့်ပြီစောင့်ဆိုင်းရေးနယ်မြေဖက်ကို ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့သွေးကြောတွေထဲမှာ သွေးတွေဆောင့်တက်နေတာကို ခံစားနေခဲ့မိပါတယ်။ သူအခုအချိန်မှာမစောင့်နိုင်တော့ပါဘူး။

ဟို့ယွိဟောင်ကတော့ သူနဲ့ မတူပါဘူး။ အေးအေးဆေးဆေးနောက်ပြန်လျှောက်သွားရင်းနဲ့ ပြုံးနေခဲ့ပါတယ်။ သူ့ရဲ့ပထမပြိုင်ပွဲ၀င်ကသိပ်ပြီအထင်ကြီးစရာပုံမပေါ်ပါဘူး။ သူတို့တွေက ပြိုင်ပွဲ၀င်နေတာဖြစ်ပေမဲ့ သူ့ပြိုင်ဘက်ကိုကျောခိုင်းထားဖို့ဆိုတာက အတော်ကိုသတိမဲ့တဲ့လုပ်ရပ်ဖြစ်နေပါလိမ့်မယ်။ ပြိုင်ဘက်နဲ့ပတ်သက်ပြီစိုးရိမ်နေတာမျိုးမရှိပေမဲ့ ကျန်ဟုန်ချန်ပြောတာက အမြဲတမ်းမှန်ကန်ခဲ့တယ်။ ဒီလိုမျိုးပြိုင်ပွဲကိုစီစဥ်ပေးတာက သာမန်ကျောင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။

ရွှမ်ကျင့်၀မ်လဲ အခြေအနေကို ချက်ချင်းနားလည်ပါတယ်။ပြဿနာကတော့ဖြစ်တော့မှာပါ။ နှစ်ဖက်စလုံးသူတို့ရဲ့စောင့်ဆိုင်းရေးနယ်မြေကို ရောက်ရှိချိန်မှာကတော့ သူချက်ချင်းအော်လိုက်ပါတော့တယ်။

” စတင်ကြမယ် ”

ရှရွှမ်ချန်က ရွှမ်ကျင့်၀မ်ရဲ့ရုတ်တရက်အသံကို ကြားချိန်မှာ ရုတ်တရက်ဆိုသလိုချာကနဲ လှည့်လိုက်မိပါပြီ။ ဒါကလူတိုင်းရဲ့သဘာ၀ကျကျလှုပ်ရှားမှုပါပဲ။ ဒါပေမယ့် သူအပြည့်အ၀ခန္ဓာကိုယ်ကိုမလှည့်မိခင်အချိန်မှာ နှစ်စက္ကန့်တိတိအချိန်ဖြုန်းမိသွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ဒီနှစ်စက္ကန့်အတွင်းမှာတင် ကျားသစ်တစ်ကောင်လိုမျိုးလေထဲမှာခုန်ပျံလို့လာခဲ့ပြီ ပျံသန်းနေတဲ့ပုံစံမျိုးနဲ့ ရောက်ရှိလို့လာခဲ့ပါတယ်။ ရှရွှမ်ချန်သတိ၀င်လာချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ကြားမှာရှိနေခဲ့တဲ့ အကွာအဝေးက မီတာတစ်ရာအထိကို လျော့ကျသွားခဲ့ပါပြီ။

ရွှမ်ကျင့်၀မ်က သူတို့ကျောင်းတော်ရဲ့ထိပ်တန်းကျောင်းသားတစ်ယောက်ရဲ့အစွမ်းအစကို ချက်ချင်းထုတ်ဖော်ပါတော့တယ်။ သူဘယ်လောက်ပဲလန့်နေပါစေ တိုက်ခိုက်ဖို့တော့အသိဉာဏ်ရှိနေဆဲပါ။ လက်ကိုမြောက်လိုက်ချိန်မှာပဲ သတ္ထုပြွန်နှစ်ချောင်းက ပေါ်လာပါတော့တယ်။ သူ့ရဲ့သတ္ထုပြွန်တွေက သာမန်၀ိညာဥ်လက်နက်တွေပါပဲ သူ့ရဲ့လက်နှစ်ဖက်စလုံးက တိုက်ခိုက်ရေးကိရိယာတွေနဲ့ အပြည့်အ၀ပြည့်သွားခဲ့ပြီ အကယ်၍ ဒီ၀ိညာဥ်လက်နက်တွေကိုသာ ပြစ်လွှတ်လိုက်မယ်ဆိုရင် သူ့ရဲ့လက်တစ်ခုလုံးပြုတ်ထွက်သွားနိုင်တဲ့ပုံစံမှာပေါ်နေခဲ့တယ်။

မတူညီတဲ့ အလင်းလုံးနှစ်လုံးက အပြင်ကိုပြေးထွက်သွားခဲ့ပါပြီ။ အဲ့ဒီနောက် ဘယ်ဘက်လက်မှာရှိနေခဲ့တဲ့ ၀ိညာဥ်အမြောက်က အ၀ါရောင်အလင်းတန်းကို ပြစ်လွှတ်လိုက်သလို ညာဘက်ကတော့ အနီရောင်အလင်းလုံးကို ပြစ်လွှတ်လိုက်ပါတယ်။ နှစ်ခုစလုံံးရဲ့အရှိန်နှုန်းကမတူညီပါဘူး။ အ၀ါရောင်အလုံးက အများကြီးပိုမြန်တဲ့အပြင် အနီရောင်ကတော့ ၀ှီးကနဲမြည်လာခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူတို့တွေပြင်ဆင်နေချိန်ကထဲက စတင်ပြီအလုပ်လုပ်နေခဲ့တာပါ။ သူ့ရဲ့အကြီးမားဆုံးအားသာချက်ကတော့ သူကိုယ်တိုင်လဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်နေခဲ့တာပါပဲ ဒါကြောင့် ၀ိညာဥ်လက်နက်တွေနဲ့ သူက အများကြီးရင်းနှီးပါတယ်။ ဒါပေမယ့် သူက နေလကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကတော့ သူတိုက်ခိုက်ပုံတွေအကြောင်းကို ဘာမှမသိထားပါဘူး။

ဒါကြောင့် ဟို့ယွိဟောင်လဲ ဒီအလင်းတန်းတွေရဲ့ အစွမ်းအစကိုချက်ချင်းနားလည်မိပါလိုက်တော့တယ်။ အ၀ါရောင်အလင်းတန်းက နယ်မြေကိုတိုက်ခိုက်တဲ့လက်နက်မျိုးပါ။ သူတို့ရဲ့ပေါက်ကွဲမှုတွေက အတော်ကိုအရှိန်မြန်ဆန်းရုံတင်မက အင်အားလှိုင်းတွေကိုလဲ ဖြစ်ပေါ်စေပါတယ်။ စွမ်းရည်မပြည့်၀တဲ့ ဘယ်သူမဆို ဒီအင်အားလှိုင်တွေနဲ့ ထိမိလို့ကတော့ အစိတ်အစိတ်အမွှာမွှာဖြစ်သွားလောက်မှာပါ။ အကယ်၍ တစ်ဖက်လူကခုခံဖို့ကြိုးစားခဲ့မယ်ဆိုရင်တောင် အရှိန်နှုန်းက အတော်ကိုလျော့ကျသွားပါလိမ့်မယ်။ တကယ်ကိုအသုံး၀င်တဲ့အဆင့်ငါး၀ိညာဥ်လက်နက်ပါပဲ။ ဖန်တိီးဖို့ခက်သလောက် အတော်ကြီးကိုအသုံး၀င်ပါတယ်။

တခြားတစ်ဖက်မှာရှိနေတဲ့ အနီရောင်အလင်းတန်းကတော့ ပြိုင်ဘက်ကိုလုံး၀ဖျက်ဆီးနိုင်မှာပါ။ ပြိုင်ဘက်ရဲ့နေရာကိုပစ်မှတ်ချပြီ လိုက်ဖမ်းနိုင်တဲ့အပြင် ဘယ်နေရာကိုပြေးပြေးနောက်ကနေလိုက်မဲ့ အလင်းလုံးမျိုးဖြစ်နေခဲ့တယ်။

ဒီနှစ်ခုရဲ့ပေါင်းစည်းမှုက အတော်လေးကိုအားကောင်းပါတယ်။ ရှရွှမ်ချန်ကလဲ ကောင်းကောင်းပြင်ဆင်ထားတယ်ဆိုတာ ကြည့်ရုံနဲ့တင် သိနေခဲ့တယ်။

ဒီပေါင်းစည်းမှုက ဘယ်လိုပဲအဆင်ပြေပါစေ ဟို့ယွိဟောင်မျှော်လင့်ထားတဲ့ အခြေအနေထဲမှာရှိနေဆဲပါ။ ၀ိညာဥ်အမြောက်တွေကို ပြစ်လွှတ်လိုက်တဲ့အချိန်မှာပဲ ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလိုဦးတည်ရာနေရာကိုပြောင်းလဲလိုက်ပါတော့တယ်။ အခုလက်ရှ်ိအချိန်မှာ သူက လေထဲက်ိုဒေါင်လိုက်ထိုးတက်နေခဲ့ပါပြီ။ ဒီအမြောက်ပြစ်လွှတ်လိုက်ချိန်မှာဟို့ယွိဟောင်ကထိတွေ့နိုင်တဲ့နေရာမှာရှိမနေတော့ပါဘူး။

အနီရောင်အလင်းတန်းကလဲ မကြာခင်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုဟို့ယွိဟောင်ဆီကို လိုက်လာခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်က အဲ့ဒါလေးကိုတစ်ချက်မှကြည့်မနေခဲ့ပါဘူး။ ဦးတည်ရာနေရာကိုပြောင်းလဲရင်း ရှရွှမ်ချန်ဆီကို ပြေး၀င်လို့သွားပါတော့တယ်။ အခုအချိန်မှာ သူတို့နှစ်ယောက်က မီတာငါးဆယ်သာကွာပါတော့တယ်။ ဒီလိုအင်အားကောင်းတဲ့၀ိညာဥ်အမြောက်တွေကို သူကြောက်နေရမှာလား။ အခုအချိန်မှာအားလုံးကတော့ ဟို့ယွိဟောင်ရဲ့စိတ်အကြံအစည်တွေကြောင့် ပဟေဠိဖြစ်နေခဲ့ရပါပြီ။

အင်အားကောင်းတဲ့ ၀ိညာဥ်လက်နက်တွေနဲ့ရင်ဆိုင်ရချိန်တိုင်းမှာ ၀ိညာဥ်ဧကရာဇ်တွေတောင် အတော်ကိုမသက်မသာဖြစ်မှာအမှန်ပါ။ အဆင့်ငါးကာကွယ်မှုက အပူရှိန်မြင့်မားတဲ့ အမြောက်တွေကိုမခံနိုင်ပါဘူး။

ဒါပေမယ့် ဟို့ယွိဟောင်ကတော့ လေထဲမှာအေးအေးဆေးဆေးသာပျံနေခဲ့တယ်။ တိုက်ခိုက်မှုတွေအားလုံးကို ဂရုမစိုက်ပဲ ဒီအတိုင်းသာပြေး၀င်နေခဲ့တာပါ။ သူ့နဲ့ ရှရွှမ်ချန်ရဲ့ကြားမှာရှိနေတဲ့ ကွာဟခြားက မြန်မြန်နီးကပ်လာပါတော့တယ်။

အနီရောင်အလင်းတန်းကလဲ ရောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ လေထဲမှာဒီအတိုင်းသာရပ်နေခဲ့ပါတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို သူ့ရဲ့ခန္ဓာကိုယ်က လေထဲမှာဝေ၀ါးလို့သွားခဲ့ပြီ တိုက်ခိုက်မှုကလဲ ခန္ဓာကိုယ်ကို ဖြတ်ထွက်လို့သွားခဲ့ပါတယ်။

ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ရှရွှမ်ချန်က သူ့ကိုလုံး၀ ပစ်မှတ်ထားပြီတိုက်ခိုက်နေတာပါ။ သူ့ကိုယ်တိုင်လဲ စိတ်ရှုပ်ထွေးလို့သွားခဲ့ပါတယ်။ မကြာခင်မှာပဲ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ လိမ္မော်နီရောင်အလင်းတန်းတစ်ခုက ဟို့ယွိဟောင်ရဲ့အနောက်ဖက်နယ်မြေမှာ ထွက်ပေါ်လို့လာခဲ့ပါပြီ။ ပြင်းထန်တဲ့ပေါက်ကွဲမှုက မှိုပွင့်ပုံသဏ္ဍာန်လိုမျိုး တိမ်တိုက်တွေကိုတောင် ဖြစ်စေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ စိန်ပွင့်သဏ္ဍာန်ကျောက်မျက်ရတနာအလွှာတွေနဲ့ ဖုံးအုပ်ခံထားရပါပြီ။ ရေခဲဧကရီရဲ့ သံချပ်ကာက ပေါက်ကွဲမှုတွေအားလုံးကို မြန်မြန်ဆန်ဆန်ဖြေဖျောက်လို့သွားစေခဲ့ပါတယ်။ သူ့ရဲ့အရှိန်နှုန်းကလဲ ချက်ချင်းဆိုသလို ထိုးတက်လို့လာခဲ့ပြီ ရှရွှမ်ချန်ဆီကို ရောက်ရှိလို့လာပါတယ်။

အရာအားလုံးက ရှရွှမ်ချန်အတွက် ဖြစ်သွားတာမြန်လွန်လှပါတယ်။ သူ့ရဲ့အဆင့်ငါးကာကွယ်မှု၀ိညာဥ်အတားအဆီးကို ထုတ်သုံးလိုက်ရင်း ခပ်မြန်မြန်ဆုတ်ခွာပါတော့တယ်။

ဒါပေမယ့် အဆင့်ငါးအကာအကွယ်က အကြောက်တရားလက်သည်းတွေနဲ့ ထိတွေ့ချိန်မှာတော့ လုံး၀ကိုအသုံးမ၀င်တော့ပါဘူး။ အခုချက်ချင်းဆိုသလို ဆွဲဖြဲခံလိုက်ရပါပြီ။ ဟို့ယွိဟောင်ကသူရဲ့ ၀ိညာဥ်အမြောက်နှစ်ခုကိုလဲ ဖျက်ဆီးလိုက်ပါတယ်။ ရှရွှမ်ချန်က ခန္ဓာကိုယ်မထိခိုက်သွားခဲ့ပေမဲ့ သူ့ရဲ့ပုခုံးပေါ်မှာအကြောက်တရားလက်သည်းတွေဖြတ်သွားခဲ့တာကြောင့် ကြက်သီးတွေထသွားခဲ့ရပါတယ်။

” မင်းရှုံးသွားပြီ ”

ဟို့ယွိဟောင်ရဲ့သံချပ်ကာကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ သူ့ရဲ့တည်ငြိမ်ပြီခံစားချက်မဲ့နေတဲ့အသံက ရှရွှမ်ချန်ရဲ့တစ်ကိုယ်လုံးကို အေးခဲလို့သွားစေခဲ့တယ်။

ရှရွှမ်ချန်ကတော့ မကျေနပ်သေးပါဘူး။

” ငါရဲ့၀ိညာဥ်လက်နက်တွေအားလုံးကိုတောင် မထုတ်ရသေးဘူး ”

ဟို့ယွိဟောင်က သူ့ရဲ့လက်သည်းတွေကိုပြန်သိမ်းရင်းရှရွှမ်ချန်ကို တစ်ချက်ရိုက်လိုက်ပါတယ်။ ရှရွှမ်ချန်ကတော့ နှစ်ပတ်လောက်လည်သွားပြီ လဲကျသွားခဲ့တယ်။

” အကယ်၍ ဒီနေရာသာ စစ်မြေပြင်ဖြစ်ခဲ့မယ်ဆိုရင် မင်းအစောကြီးကထဲက အလောင်းဖြစ်ပြီ အလောင်းကိုတောင်ကောက်နေရလောက်ပြီ မင်း၀ိညာဥ်လက်နက်တွေအားလုံးကို အသုံးပြီးပြီ မပြီးပြီ သူကဂရုစိုက်မှာလား ”

ရှရွှမ်ချန်က မြေပြင်ပေါ်မှာထိုင်နေရင်ကြောင်အလို့နေခဲ့ပါတယ်။ အရိုက်ခံရတဲ့ပါးပေါ်မှာသူလက်တင်ရင်းနဲ့ အသိစိတ်တောင်ပျောက်သွားတဲ့ပုံဖြစ်နေခဲ့တယ်။

ဟို့ယွိဟောင်က ညာလက်လက်ကိုမြောက်လိုက်ရင်း ကြည့်နေသူတွေကိုလက်ညိုးထိုးလိုက်ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့လက်ကိုနှုတ်ခမ်းပေါ်မှာတင်ရင်း အားလုံးကိုတိတ်တိတ်နေဖို့အတွက် လက်ဟန်ပြလိုက်တယ်။ အဲ့ဒီနောက်မှသာ သူအော်လိုက်ပါတယ်။

” နောက်တစ်ယောက်လာတော့ ”

အဲ့ဒီအချိန်မှာတော့ ကျောင်းတော်ကဆရာနဲ့ကျောင်းသားတွေအားလုံးလဲ နောက်တစ်ကြိမ်ထိန်းမရသိမ်းမရဖြစ်နေခဲ့ပါပြီ။

ပထမတစ်ခေါက် တိုက်ခိုက်မှုက စတင်ပြီသိပ်မကြာခင်မှာပဲ ပြိီးဆုံးလို့သွားခဲ့ပါတယ်။ စုစုပေါင်း ဆယ်စက္ကန့်လောက်သာ ကြာမြင့်ခဲ့တာပါ။ ဟို့ယွိဟောင်က ဘာမှလုပ်လိုက်ပုံမပေါ်ပါဘူး။ သူက အရှေ့ကိုပြေးထွက်လာရင်း တစ်ချက်ပါးရိုက်လိုက်ပြီ အနိုင်ရသွားပုံပေါ်ပါတယ်။ အံ့ဩစရာကောင်းတဲ့ ဘယ်၀ိညာဥ်စွမ်းရည်ကိုမှ သုံးမထားခဲ့သလို ကြည့်နေသူတွေကလဲ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေကိုတောင် မမြင်ခဲ့ပါဘူး။ ဒါပေမယ့် သူနိုင်သွားခဲ့ပါပြီ။ လုံး၀သန့်သန့်ရှင်းရှင်းနဲ့ နိုင်သွားခဲ့တာပါ။ ဘယ်လိုများအဲ့ဒီလိုလွယ်ကူရတာလဲ ရိုးရှင်းပြီလွယ်ကူတယ်လို့ ထင်ရပေမဲ့တကယ်အဲ့ဒီလိုဖြစ်နေခဲ့တာလား။

အစအဆုံးမြင်လိုက်ရတဲ့ ရွှမ်ကျင့်၀မ်ကတော့ အားလုံးကိုသုံးသပ်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ ဟို့ယွိဟောင်က အချိန်မဖြုန်းခဲ့ပါဘူး။ သူအချက်ပြလိုက်တာနဲ့ ရှရွှမ်ချန်က လှည့်ပြီတော့ပြင်ဆင်ခဲ့ရပါတယ်။ ဒီအချက်က သူ့ကိုအတော်လေးမကျေမနပ်ဖြစ်သွားစေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ အမြောက်ဆံတစ်ခုလိုမျိုး ပြေး၀င်လာခဲ့တာပါ။ သူအဆင်သင့်ပြင်ထားပြီဆိုတာ လုံး၀သိသာနေခဲ့တယ်။

ဟို့ယွိဟောင်အကြောက်တရားလက်သည်းတွေကို အသုံးပြုပြီး ရှရွှမ်ချန်ရဲ့အကာအကွယ်ကို ဖျက်ဆီးလိုက်တာကိုတော့ မအံ့ဩပါဘူး။ သူအံ့ဩတာကတော့ ဘယ်အမြောက်ကမှသူ့ကိုမထိတဲ့ကိစ္စပါ။ ဒါ့အပြင် ဦတည်ရာနေရာကို ခပ်မြန်မြန်ပြောင်းလဲလိုက်ပြီ ရှိသမျှထိခိုက်မှုတွေအားလုံးကို ခုန်ရှောင်နိုင်ခဲ့ပါတယ်။ သူဒါကိုဘယ်လိုများတောင်ခန့်မှန်းနိုင်တာလဲ။

ဒါ့အပြင် စွမ်းအားမြင့်တဲ့အမြောက်တွေ သူ့ကိုဘယ်လိုမှလိုက်ဖမ်းလို့မရနိုင်အောင်လဲ ပြင်ဆင်လို့ထားခဲ့ပါသေးတယ်။ ဒါတွေအားလုံးက တွက်ချက်မှုထဲမှာရှိနေခဲ့မယ်ဆိုရင်တော့ သေချာပေါက် ကြောက်စရာကောင်းမှာပါ။

” အနားယူဖို့လိုသေးလား ”

ရွှမ်ကျင့်၀မ်က မေးလိုက်ပါတယ်။

” မလိုဘူးဆရာ ဆက်သွားကြမယ် ”

မျက်လုံချင်ဆုံသွားချိန်မှာတော့ ရွှမ်ကျင့်၀မ်ဘယ်လောက်အထိ အတွေးလွန်နေလဲဆိုတာကို ဟို့ယွိဟောင်သိလာခဲ့ရပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေက ခေါင်းမာမှုကိုလဲ ရွှမ်ကျင့်၀မ်မြင်နေခဲ့ရတယ်။ ဒါ့အပြင် ကြီးမာပြင်းထန်တဲ့တိုက်ခိုက်လိုစိတ်ကိုလဲ ခံစားနေခဲ့ရပါတယ်။

အပိုင်း ၁၇၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset