Switch Mode

Chapter – 177.1

ထန်မျိုးနွယ်ရဲ့ ထာဝရလွှမ်းမိုးနိုင်စွမ်း

အပိုင်း ၁၇၇•၁

” ထန်မျိုးနွယ်ရဲ့ထာ၀ရလွှမ်းမိုးနိုင်စွမ်း ”
°°°
” နေလကျောင်းတော်က သေးငယ်တဲ့ကျောင်းတော်မဟုတ်ခဲ့ပါဘူး။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ကျောင်းသားတွေမပါ၀င်ရင်တောင် ဟို့ယွိဟောင်က သုံးရက်တိတိ ပြင်းပြင်းထန်ထန်တိုက်ပွဲကို ရင်ဆိုင်ရလို့ကတော့ သေချာပေါက် အားကုန်သွားနိုင်ပါတယ်။ သူတစ်ချီရှုံးတာနဲ့ သေချာပေါက် နောက်ထပ်ဆက်ပြီတိုက်ခိုက်ဖို့အစွမ်းအစရှိတော့မှာမဟုတ်ပါဘူး။

” ကောင်းပြီ အားလုံးပဲငြိမ်သက်ပေးကြပါ ”
လင်းကျားယွီရဲ့ခြိမ်းခြောက်တဲ့အသံက ချက်ချင်းဆိုသလို အသံလွှင့်ကိရိယာကို ဖြတ်သန်းရင်ထွက်ပေါ်လာပါတော့တယ်။ စိတ်လှုပ်ရှားနေကြတဲ့ကျောင်းသားတွေအားလုံးကတော့ ခပ်မြန်မြန်ပဲ တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ သူတို့တွေအားလုံးက လင်းကျားယွီကိုလှမ်းကြည့်နေခဲ့ပါတယ်။

” ငါတို့ကျောင်းပြောင်းသင်ကြားမှုကို ပိုပြီးခိုင်မာလာစေဖို့နဲ့ နှစ်ဖက်ကျောင်းတော်ရဲ့ ဆက်ဆံရေးကိုတည်မြဲဖို့အတွက်ကျောင်းတော်ကနေ ဒီယှဥ်ပြိုင်တဲ့ပွဲစဥ်ကို ဆုံးဖြတ်လိုက်ပါတယ်..အမျက်ဒေါသကျောင်းတော်ဖက်ကနေကျောင်းပြောင်းကျောင်းသားဟို့ယွိဟောင်ကို ပို့လွှတ်မှာပါ သူက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ယှဥ်ပြိုင်ခဲ့ဖူးတဲ့ကျောင်းသားတစ်ယောက်ပါပဲ ဒါကြောင့် မင်းတို့အားလုံးဒီပြိုင်ပွဲကို ကောင်းကောင်းလေ့လာကြည့်ရှု့ဖို့မျှော်လင့်ပါတယ်..ကိုယ်တိုင်မပါ၀င်ရင်တောင်အတွေ့အကြုံယူကြပါ ”

” ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားက ကွာခြားချက်တွေကို အကောင်းဆုံးကြိုးစားပြီ လက်ခံကြည့်ရမယ်..မင်းတို့ရဲ့ကိုယ်ပိုင်နားလည်သဘောပေါက်မှုကို ပိုပြီးနက်ရှိုင်းလာအောင်လုပ်ကြပါ ဒီရင်းနှီးခင်မင်မှုအတွက် ကျင်းပတဲ့ပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ပေမဲ့သူကတော့ ဆရာရွှမ်ကျင့်၀မ်ပါပဲ ငါကတော့အစီအစဥ်ကြော်ငြာသူအဖြစ် ရှိနေပါ့မယ်…အမျက်ဒေါသကျောင်းတော်ရဲ့ ဟို့ယွိဟောင်ကို စင်ပေါ်ဖိတ်ခေါ်လိုက်ရအောင်လား ”

နယ်မြေရဲ့တစ်ဖက်လှိုင်ခေါင်းမှာတော့ ဆရာဖန်းယွီရဲ့အတူ အမျက်ဒေါသကျောင်းတော်ရဲ့ အစိမ်းရင့်ရောင်၀တ်ရုံကို ၀တ်ထားတဲ့ ကျောင်းသားရှိနေခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းပြောင်းကျောင်းသားဆယ်ယောက်လုံးလဲ ချက်ချင်းဒီနေရာမှာပေါ်ထွက်လာခဲ့တဲ့အတွက် ကြီးမားတဲ့လှုပ်ရှားမှုကြီးက ဖြစ်ပေါ်လာခဲ့ပါပြီ။ နေလကျောင်းတော်ရဲ့ ကျောင်းသားတော်တော်များများက ဟို့ယွိဟောင်ကိုဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါဘူး။ဒါကြောင့် နေလနိုင်ငံရဲ့ကျောင်းသားတွေကို သူတစ်ယောက်ထဲနဲ့ရင်ဆိုင်မဲ့သူက ဘယ်သူဖြစ်မလဲ သူကဘယ်လိုစိန်ခေါ်၀ံ့လဲဆိုတာ သိချင်နေခဲ့တယ်။

ကောလဟာလတွေဆိုတာက အမြန်ဆုံးပြန့်နှံ့နိုင်ပါတယ်။ ဥပမာအားဖြင့် ဟို့ယွိဟောင်ရဲ့ကျောင်းတော်ထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ သူ့ရဲ့၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိသေးတဲ့ ကျင့်ကြံဆင့်က တောမီးလောင်သလိုပြန့်နေခဲ့ပါပြီ။ ဒီသတင်းအချက်အလက်တွေအရဆိုရင် သူက သူ့ကျောင်းကိုကိုယ်စားပြုပြီး တစ်ယောက်ချင်းဆီယှဥ်ပြိုင်မဲ့အနေအထားမှာကောင်းကောင်းရှိနေခဲ့တယ်။

လင်းကျားယွီလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ဒီတစ်ခေါက်ပြိုင်ပွဲမှာစည်းမျဥ်းတွေအများကြီးမရှိခဲ့ပါဘူး။ ဒါကြောင့်သာ ဖန်းယွီနဲ့အစောကထဲကအများကြီးလဲဆွေးနွေးမှုသူမလုပ်ခဲ့မိတာအမှန်ပါ။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်တစ်ယောက်ကသာ ယှဥ်ပြိုင်မဲ့သူဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် အမျက်ဒေါသကျောင်းပြောင်းကျောင်းသားရဲ့အားလုံးက ဘာကြောင့်များ သူတို့ကျောင်းရဲ့၀တ်စုံကို ပြောင်း၀တ်ထားတာလဲ သူတို့က နေလကျောင်းတော်နဲ့သူတို့ကြားမှာ လုံး၀သင်ကြားထားတဲ့စည်းမျဥ်းတစ်ခုကို ခြားထားလိုက်ပုံပါပဲ။ တမင်တကာလာပြဿနာရှာနေတာလား။

လင်းကျားယွီ ဒီလိုမျိုးကိစ္စကိုပြိုင်ပွဲမစတင်ခင်တုန်းက တွေးတောင်မတွေးမိခဲ့ပါဘူး။ နောက်ဆုံးတော့လဲ ဒါကနေလကျောင်းတော်ရဲ့နယ်မြေဖြစ်နေခဲ့ပါတယ်။ အမျက်ဒေါသကတော့ စုစုပေါင်းလူဆယ့်တစ်ယောက်သာရှိနေခဲ့တယ်။ သူတို့တွေဘယ်လိုပြဿနာမျိုးကိုဖြစ်စေနိုင်မှာလဲ။ တကယ်ပဲ ပြဿနာကရှာဖို့လိုလား ဒါပေမယ့် တစ်စုံတစ်ရာလွဲမှားနေတာကို နားလည်သွားချိန်မှာတော့ နောက်ကျသွားခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်မှာ အသံစက်ကိရိယာရှိမနေခဲ့ပါဘူး။ ဒါကြောင့် ဒီကိစ္စတွေအားလုံးက သူစီစဥ်ထားတဲ့ပုံစံမျိုးအခြေအနေပေါက်သွားပါတော့တယ်။ တစ်စုံတစ်ရာလွဲနေတာကို သိတာနဲ့ချက်ချင်းဆိုသလို သင့်တော်တဲ့သူကိုတာ၀န်ပေးလိုက်ပြီ နေရာကနေထွက်ခွာကာ ပြိုင်ပွဲကိုစတင်စေဖို့လုပ်ပါတော့တယ်။

ဒါပေမယ့် သူပါးစပ်တောင်မဖွင့်ရသေးခင်အချိန်မှာပဲ သူဘ၀မှာအစိုးရိမ်ဆုံးကိစ္စကြီးက ဖြစ်ပေါ်လာခဲ့ပါပြီ။

ဖန်းယွီက စောင့်ဆိုင်းရေးနယ်မြေဆီကို တန်းတန်းမတ်မတ်လျှောက်သွားခဲ့ပါတယ်။ တခြားကျောင်းသားတွေကတော့ သူနောက်ကိုလိုက်မသွားခဲ့ပါဘူး။ သူတို့ကိုးယောက်က အုပ်စုသုံးခုအဖြစ် ခွဲထားခဲ့ပြီ အဖွဲ့လိုက်ဗျူဟာအဖြစ်ကို ပြောင်းသွားပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ဘယ်ဘက်မှာလေးယောက်ရှိနေခဲ့ပြီ ညာဘက်မှာတော့ လေးယောက်ရှိနေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့က သူနောက်တည့်တည့်မှာရပ်နေခဲ့တာပါ။ အဲ့ဒီနောက် နေလကျောင်းတော်ရဲ့ကျောင်းသားမြင်ကွင်းထဲကိုစာလွှာသုံးခုက ပေါ်ထွက်လို့လာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ဘယ်ဘက်မှာရှိနေတဲ့ ကျောင်းသားတွေရဲ့လက်ထဲမှာကိုင်ထားတဲ့စာတွေကနေ ပြောနေတဲ့စာကြောင်းကတော့ ဒီလိုပါ။

” အမျက်ဒေါသကျောင်းတော် လောကနံပါတ်တစ်တုနှိုင်းမဲ့ပြိုင်ဘက်ကင်း ”

ညာဘက်မှာရှိနေတဲ့ကျောင်းသားတွေကတော့ ဒီလိုစာသားကိုကိုင်ဆောင်ထားပါတယ်။

” ထန်မျိုးနွယ်ပြီးပြည့်စုံတဲ့ လွှမ်းမိုးမှု ထာ၀ရတည်မြဲကြာရှည်လတံ့ ”

ဟယ့်ချိုက်ထို့ကတော့ ဟို့ယွိဟောင်ရဲ့အနောက်မှာရပ်နေခဲ့ရင်း ဒေါင်လိုက်စာလွှာကြီးတစ်ခုကို ကိုင်ထားခဲ့ပါတယ်။

” မကျေနပ်ရင် ငါတို့နဲ့လာတိုက်ခိုက်စမ်းပါ ”

ဒီစာလွှာသုံးခုပေါ်လာတာနဲ့ ချက်ချင်းဆိုသလို အော်ဟစ်သံတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ဘေးမှာရှိနေတဲ့ ကျောင်းသားကိုးယောက်ကတော့ ဟို့ယွိဟောင် ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်စေဖို့အတွက် စာလွှာတွေကို ကိုင်ထားရင်တစ်ပတ်လှည့်နေခဲ့ပါတယ်။

တချို့ကျောင်းသားတွေကတော့ ဒေါသထွက်လွန်လို့ သူတို့ရဲ့၀ိညာဥ်လက်နက်တွေကို ပြိုင်ပွဲနယ်မြေဆီပြစ်ဖို့ပြင်နေခဲ့ကြတယ်။ အဲ့ဒီအချိန်မှာပဲ အသံကျယ်ကြီးက နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ။

” အားလုံးတိတ်ဆိတ်ကြစမ်း ”

” ဆရာတို့တွေ ကိုယ်ကျောင်းသားကိုယ်ထိန်းကြပါ ပြိုင်ပွဲကစတင်တော့မယ်..မသက်ဆိုင်တဲ့သူတွေအားလုံးနေရာကနေဖယ်ပေးကြပါ ”

သူတကယ်ကိုစိတ်ဖိစီးနေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေက ဒီလိုမျိုးဟန်ရေးလာပြလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူတို့တွေက တမင်တကာလာပြီ အရှုပ်အထွေးဖြစ်အောင်လုပ်နေတာလား။ စုစုပေါင်းဆယ့်တစ်ယောက်သာရှိသလို ဟို့ယွိဟောင်တစ်ယောက်ထဲသာယှဥ်ပြိုင်မှာပါ။ ဘာကြောင့်များဒီလိုလာပြဿနာရှာနေရတာလဲ။ ဘာအကျိုးအမြတ်မှမရှိတဲ့ကိစ္စကို သူတို့ဘာလို့လုပ်နေကြတာလဲ။

ဒါပေမယ့် ကိစ္စတွေကတော့ ဖြစ်သွားခဲ့ပါပြီ။ ဒီပြိုင်ပွဲရဲ့အခြေအနေတွေအားလုံးကလဲ စတင်ပြောင်းလဲလာပါတော့တယ်။ နေလကျောင်းတော်ဖက်မှာစိတ်ခံစားချက်တွေက အရမ်းကိုလှုပ်ရှားတက်ကြွနေခဲ့ပြီ ထိုင်နေတဲ့ကျာင်းသားတွေက အားလုံးတောင်ထရပ်နေခဲ့ကြပါတယ်။ ကိစ္စတွေကတော့ ထိန်းချုပ်ဖို့လွှတ်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ကတော့ ဒါတွေအားလုံးကို လုံး၀ဂရုစိုက်တဲ့ပုံစံမပေါ်ပါဘူး။ သူက ညာဘက်လက်ကိုမြောက်ရင်း လက်မကိုထောင်လိုက်ကာ ချက်ချင်းဆိုသလို လက်မကိုမြေပြင်ဆီပြန်ငိုက်စိုက်ချလိုက်ပါတယ်။ သူ့စကားတစ်ခွန်းတောင်မပြောပဲ သူ့ရဲ့စော်ကားမှုကတော့ ရှင်းရှင်းလင်းလင်းဖြစ်နေခဲ့ပါပြီ။ အကယ်၍ သူတို့မကျေနပ်ဘူးဆိုရင် ရှိသမျှကျောင်းသားတွေအားလုံး သူတို့ကိုလာတိုက်ခိုက်ဖို့စိန်ခေါ်နေတာပါ။ ဒီကောင်က တကယ်ကို မောက်မာလွန်လှပါတယ်။

ကံကောင်းစွာနဲ့ပဲ ဆရာတွေက သူတို့ကျောင်းသားတွေကိုကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါ့အပြင် နေလကျောင်းတော်ရဲ့ ၀င်ပေါက်မှာရှိနေတဲ့သူတွေက ကျောင်းသားတွေကို အဓိကထိန်းနေခဲ့ရပါတယ်။

“ဒီကောင်ကိုအသေသတ် အမျက်ဒေါသနိုင်ငံရဲ့ဒီဖရုံသီးလိုကောင်ကို အိမ်ပြန်ပို့လိုက်တော့ ”

” နေလနိုင်ငံတော်ထာ၀ရတည်တံ့ပါစေ နေလနိုင်ငံတော်ထာ၀ရတည်တံ့ပါစေ ”

ဒီလိုစော်ကားမှုမျိုးကို သွေးနဲ့ပဲပြန်ပြီ ဆေးကြောပြစ်ရမယ် ”

” ဒီကောင်ကိုရိုက်နှက်နိုင်တဲ့ဘယ်သူမဆို ငါတွဲမယ် ”

ကြည့်နေသူတွေအားလုံးကတော့ ဆူပူနေခဲ့ကြပါပြီ။ ဒါပေမယ့် အခုအချိန်အထိ ပါးစပ်ပိတ်ပြီနေနေတဲ့ သူကတော့နှစ်ယောက်သာ ရှိပါတယ်။ အဲ့ဒါကတော့ ခက်ခက်နဲ့ ကျင်မုပါပဲ။ ရွှမ်ကျင့်၀မ်မှာမူလတုန်းက ကျောင်းသားငါးယောက်ရှိပါတယ်။ ခက်ခက်နဲ့ ကျင်မုတို့က ဟို့ယွိဟောင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲ၀င်ချိန်မှာ သူတို့လဲ၀င်ရောက်ခဲ့တယ်။ ကျွီးကျင့်ကတော့ စစ်တပ်ထဲကို၀င်သွားခဲ့ပါပြီ။ ၀မ်ရှောင်ကျဲ့ကတော့ ကျောင်းထုတ်ခံလိုက်ရတယ်။ ဒါကြောင့် အခုလက်ရှိအချိန်ကျောင်းသားသုံးယောက်သာကျန်တော့တာပါ။ ဟို့ယွိဟောင်က ဒီနေ့ပြိုင်ပွဲရဲ့အဓိကလူဖြစ်နေပြီဆိုမှတော့ သူတို့လဲသေချာပေါက် လာကြည့်ကြပါတယ်။

ခက်ခက်က စိုးရိမ်တကြီးနဲ့ပြောလာခဲ့တယ်။

” ဟို့ယွိဟောင်ကတော့လေ မာနကြီးလွန်လိုက်တာ တမင်တကာလုပ်နေတာလား ဒီကောင်က ကိစ္စတွေကိုပိုပိုပြီးအခြေအနေဆိုးလာအောင် ဖန်တီးနိုင်တာပဲ အခုလိုမျိုးဆက်လုပ်နေမယ်ဆိုရင် ဒါတွေအားလုံးပြီးလို့ကတော့ ကျောင်းတော်ထဲမှာသူနေလို့တောင်ရပါဦးမလား ”

” အသံတိုးတိုးပြော အကယ်၍ တခြားသူတွေဒါကိုကြားသွားရင် ငါတို့ပြဿနာတက်နိုင်တယ်.. ယွိဟောင် တမင်တကာလုပ်နေတယ်လို့တော့ ငါထင်တာပဲ သူက ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ ပုံမှန်အတိုင်းပဲသင်ချင်တာပါ သာမန်ကျောင်းသားတွေက သူ့ကိုတွေ့ဖို့အခွင့်အရေးတောင်ရမှာမဟုတ်ဘူး…သူက ကျောင်းပြောင်းကျောင်းသားလဲ ဖြစ်နေတယ်လေ အကယ်၍ သူကျောင်းတော်ထဲရှိနေတဲ့အချိန်တစ်ခုခုဖြစ်မယ်ဆိုရင် ကျောင်းတော်ကဘာနဲ့မှလျော်ကြေးထပ်လို့ရမှာမဟုတ်ဘူး…သူက ဒီလိုလုပ်ပြီငါတို့ကျောင်းတော်ကိုစော်ကားမော်ကားလုပ်နေတာကို ဘာကြောင့်များခန်းမသခင်က ခွင့်ပြုထားလဲနားကိုမလည်နိုင်ပါဘူး ”

” နင်ရော သူ့ကိုတိုက်ခိုက်ဖို့စာရင်းပေးထားသေးလား ”

ခက်ခက်က မေးလာခဲ့ပါတယ်။

” ငါနောက်ထပ်အရှက်မကွဲစေချင်တော့ဘူး တော်ပါပြီ ”

ခက်ခက်က နှုတ်ခမ်းကိုတွန့်လိုက်ရင်း မှတ်ချက်ပြုလာခဲ့ပါတယ်။

” နင်ကိုယ့်ကိုကိုယ်ဒီလောက်အထိ ကောင်းကောင်းသိမယ်လို့ မတွေးမိခဲ့တာအမှန်ပဲ လွန်ခဲ့တဲ့နှစ်၀က်လုံးလုံး နင်တအားကြီးကြိုးစားခဲ့တာမဟုတ်ဘူးလား ဘာလဲကိုယ့်ကိုကိုယ်အခုထိယုံကြည်ချက်မရှိသေးဘူးလား ”

” လူတစ်ယောက်က အစွမ်းအစမြင့်မားလာလေလေ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကလဲ မြင့်မားလာလေပဲ လက်ရှိအချိန် ငါရဲ့အစွမ်းအစတွေကို ငါအများကြီးမထုတ်ဖော်ချင်သေးဘူး…ငါတစ်နေ့မှာတော့ သူ့ကိုအနိုင်တိုက်မယ်…ဒါပေမယ့် အခုလက်ရှိမှာတော့ သူပြိုင်ဘက်လုံး၀မဟုတ်တာကို ၀န်ခံရမှာပဲ ငါရဲ့လွန်ခဲ့တဲ့ နှစ်၀က်အတွင်းမှာသူတိုးတက်မှုလာတာ သိသာတယ်ဆိုပေမဲ့ သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေက သုံးကွင်းကနေလေးကွင်းအထိဖြစ်သွားပြီမလား ဒါ့အပြင် အမြွှာသိုင်းပညာ၀ိညာဥ်တွေနဲ့ ၀ိညာဥ်ပညာရှင်တွေဘာလို့ဒီလောက်သန်မာလဲဆိုတာကို ငါနားမလည်နိုင်ပေမဲ့ သူ့ပြိုင်ဘက်မဖြစ်နိုင်သေးတာတော့ ကောင်းကောင်းသိတယ်…အခုကနေစပြီ ငါပိုပြီးကြိုးစားရဦးမယ်..ဒါနဲ့ကျွီးကျင့်ရဲ့သတင်းကိုကြားသေးလား ”

” ဟင့်အင်းမကြားတော့ဘူး သူ့အကြောင်းထပ်မတွေးနဲ့တော့ သူမသွားခင်အချိန်မှာ နင်ကိုငြင်းသွားတယ်မလား ”

” ကိုယ်ချစ်မြတ်နိုးရတဲ့လူတစ်ယောက်ကို မေ့ပျောက်ဖို့ဆိုတာ လွယ်ကူတာမှမဟုတ်ပဲ ဒါ့အပြင် မင်းလဲကြိုးစားမယ်ဆိုရင် အမြဲတမ်းအခွင့်အရေးတစ်ခုက ရှိနေမှာလေ ”

” ပြိုင်ပွဲကစတော့မယ် ”

ခက်ခက်က ချက်ချင်းဆိုသလိုအာရုံပြောင်းသွားခဲ့ပါတယ်။

ကြည့်နေသူတွေရဲ့ဖက်မှာဖြစ်နေတဲ့ လှုပ်ရှားမှုတွေက ဟို့ယွိဟောင်ရဲ့ အာရုံစူးစိုက်မှုကို လုံး၀ထိခိုက်စေတဲ့ပုံမပေါ်ပါဘူး။ ရွှမ်ကျင့်၀မ်ရဲ့စိတ်ညစ်နေတဲ့မျက်နှာကိုတောင် သူမကြည့်ပဲ အေးအေးဆေးဆေးသာ တိုက်ခိုက်ရေးနယ်မြေထဲ၀င်ပြီ မျက်လုံးပိတ်ပြီစောင့်ဆိုင်းလို့နေခဲ့ပါတယ်။

၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ သူ့ရဲ့တိုက်ခိုက်လိုစိတ်ကအတော်ကို ကြီးမားပါတယ်။ နေ့စဥ်နေ့တိုင်း၀ိညာဥ်လက်နက်ဖန်တီးမှုမှာသာ အာရုံစိုက်ထားခဲ့တဲ့အတွက် ကျောင်းတော်ကနေပေးတဲ့ ဖိအားတွေကိုလဲခံစားနေခဲ့ရသလို ဒါကကြာလာတဲ့အချိန်ပိုပြီးတော့ အားကောင်းလာခဲ့တာပါ။ ဒါကြောင့် လက်ရှိအချိန်မှာဒီဖိအားတွေကို လွှင့်ထုတ်ပြစ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

ဒီပြိုင်ပွဲကိုအနိုင်ရချင်သလို အနာဂတ်၀ိညာဥ်လက်နက်တည်ဆောက်မှုတွေအတွက်လဲ လိုအပ်တဲ့ပစ္စည်းတွေကို သူများများရယူချင်နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်နဲ့ ထန်မျိုးနွယ်ရဲ့အနာဂတ်ဆိုတာက သူ့ရဲ့အကြီးမားဆုံးစိတ်အားထက်သန်မှုတွေပါ။

ဟို့ယွိဟောင်က အသက်ဆယ့်ငါးနှစ်သာရှိပါသေးတယ်။ ဒါပေမယ့် သူ့ပုခုံးပေါ်မှာများပြားတဲ့တာ၀န်တွေက ရောက်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ စိတ်ခံစားချက်တွေကို ဖောက်ထုတ်ပြစ်ဖို့လိုနေခဲ့ပါတယ်။ သူ့မှာနောက်ထပ် စိတ်အကြံအစည်တစ်ခုလဲရှိနေခဲ့တယ်။ ဒါကတော့ ထန်မျိုးနွယ်ကိုပိုပြီးအရှိန်ကောင်းကောင်းနဲ့ တိုးတက်စေချင်တာပါ။

ပေ့ပေ့လဲ ဟို့ယွိဟောင်ကို ဒီကိစ္စအချိန်တော်တော်များများဆွေးနွေးခဲ့ပါတယ်။ ထန်မျိုးနွယ်ရဲ့အနာဂတ်တိုးတက်မှုက ၀ိညာဥ်လက်နက်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာကို သူတို့လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ထဲကို မှီခိုရတာက မလုံလောက်ပါဘူး။

လူတစ်ယောက်က ပါရမီရှိတဲ့၀ိညာဥ်ပညာရှင်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ဘယ်နေရာမှာများ အများအပြားတွေ့နိုင်မှာလဲ။ သေချာပေါက် နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာတွေ့ရမှာပါ။ ဟို့ယွိဟောင်လဲ သူတို့ရဲ့စိတ်ထဲမှာနက်ရှိုင်းတဲ့အထင်ကြီးလေးစားမှုတစ်ခုကို ဒီပြိုင်ပွဲကနေတစ်ဆင့် ဖန်တီးပေးချင်ခဲ့ပါတယ်။ အနည်းဆုံးတော့ ကျောင်းသားတွေအားလုံးကို သူ့အကြောင်းသိစေချင်တယ်။ သူတို့တွေ သူ့ကိုနှစ်သက်သည်ဖြစ်စေမနှစ်သက်သည်ဖြစ်စေ ကိစ္စမရှိပါဘူး။ သူ့ရဲ့တည်ရှိမှုကို မသိတာထက်ဆိုင်ရင် သူ့အကြောင်းကိုကြားသိထားရတာက အကောင်းဆုံးဖြစ်မှာပါ။ ဒါ့အပြင် ဒီလိုမောက်မာမှုရဲ့နောက်ကွယ်မှာလဲ ပိုမိုနက်ရှိုင်းတဲ့အဓိပ္ပာယ်က ရှိနေခဲ့ပါတယ်။

အပိုင်း ၁၇၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset