အပိုင်း ၁၇၆•၃
” ညှိနိုင်ပြီတဲ့နောက် ယှဥ်ပြိုင်ဖို့သဘောတူခြင်း ”
°°°
ဒီမေးခွန်းကိုကြားချိန်မှာ ဟယ့်ချိုက်ထို့လဲ စိတ်၀င်စားလာခဲ့ပါတယ်။ သူကတော့ဟို့ယွိဟောင်ကိုဂရုတစိုက်စောင့်ကြည့်နေရင်း ပြန်ဖြေမှာကိုစောင့်နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာတော့အလင်းတန်းတစ်ခုက ဖြတ်ပြေးလို့သွားခဲ့ပါပြီ။
“ဆရာ ကျွန်တော်က အမျက်ဒေါသကျောင်းတော်နဲ့ ထန်မျိုးနွယ်ကိုကိုယ်စားပြုတဲ့သူ ဒါကြောင့် တမင်တကာအရှုံးခံလို့မရဘူး…အကယ်၍ သူတို့မြင်ချင်တယ်ဆိုမှတော့ အမျက်ဒေါသကျောင်းတော်ရဲ့ အစွမ်းအစတွေကို မြင်ခွင့်ပြုရတာပေါ့ ဒါ့အပြင် သူတို့တစ်ဘ၀တာလုံးမှတ်မိစေလောက်မဲ့ မှတ်ဉာဏ်တွေကိုကျွန်တော်ဖန်တီးပေးလိုက်မယ်..ကျွန်တော်ဘယ်သူလဲဆိုတာသူတို့တွေတစ်သက်လုံးမေ့ကြမှာမဟုတ်တော့ဘူး ”
ဟယ့်ချိုက်ထို့ကတော့ ရယ်မောရင်းနဲ့ ပြန်ပြီပြောလာခဲ့ပါတယ်။
” ညီငယ်လေး မင်းကတကယ်ကိုအံ့ဩစရာကောင်းတာပဲ ”
ဟို့ယွိဟောင်ကတော့ပြုံးပြရင်းနဲ့သာ ပြန်ဖြေလာခဲ့ပါတယ်။
” ခန်းမသခင်က ကျွန်တော်ကိုတစ်ပွဲနိုင်တိုင်း ရှားပါးသတ္ထုတစ်ကီလိုဂရမ်ပေးမယ်လို့ သဘောတူထားတယ်ဆိုမှတော့ ဘယ်လိုလုပ်သူ့ကိုစိတ်ပျက်စေလို့ရမှာလဲ ဟုတ်တယ်ဟုတ် ”
နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က သင်ကြားရေးညွှန်ကြားရေးမှူးဖြစ်တဲ့ လင်းကျားယွီက တကယ်ကို လုပ်ဆောင်နိုင်စွမ်းမြင့်မားလွန်လှပါတယ်။ အထူးသဖြင့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်မှာဖြစ်သွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီ ကျောင်းတစ်ခုလုံးက လှုပ်လှုပ်ရှားရှားဖြစ်နေတာကို သူချက်ချင်းဆိုသလို တားဆီးနိုင်လိုက်တယ်။
ကျန်ဟုန်ချန်ရဲ့ သင်ကြားမှုတွေကို သူစတင်ပြီလုပ်ဆောင်နေခဲ့ပါပြီ။ ဟို့ယွိဟောင် တစ်ယောက်ချင်းဆီယှဥ်ပြိုင်မဲ့သတင်းက တစ်ကျောင်းလုံးကို ပြန့်သွားပါတော့တယ်။
သင်ကြားရေးနယ်မြေတစ်ခုချင်းဆီတိုင်းရဲ့ ကျောင်းသားဆောင်တွေအားလုံးကလဲ ဒီကြော်ငြာချက်ကို သေချာမှတ်ထားခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ကျောင်းတော်ရဲ့၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေမှာ လုပ်ဆောင်မှာပါ။ ဒါ့အပြင် ကျောင်းသားတွေအားလုံးလုပ်စရာထူးထူးခြားခြားမရှိနေသရွ့ လာကြည့်ကြဖို့အတွက် ဖိတ်ကြားခံထားရတယ်။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းလေးကွင်းနဲ့အထက်သူတွေအားလုံးက ယှဥ်ပြိုင်ဖို့အတွက် စာရင်းပေးနိုင်ပါတယ်။ ကန့်သတ်ချက်ကတော့ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်သို့မဟုတ်ရင် ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်အထိယှဥ်ပြိုင်လို့ရမှာပါ။ ဒါ့အပြင် ကျောင်းသားတွေအားလုံးကလဲ ပြိုင်ပွဲကိုကြည့်ဖို့အတွက် လက်မကို၀ယ်ရပါလိမ့်မယ်။
ဒါ့အပြင် ဟို့ယွိဟောင်ကိုအနိုင်ယူနိုင်တဲ့ဘယ်ကျောင်းသားမဆို ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကို၀င်ဖို့အတွက် ခွင့်ပြုချက်ရမှာဖြစ်သလို ၀ိညာဥ်ရွှေပြားတစ်သိန်းလဲရရှိပါလိမ့်မယ်။
ဒါ့အပြင် ကျန်ဟုန်ချန်ကိုယ်တိုင်လဲ သူ့တို့အတွက် ၀ိညာဥ်လက်နက်တစ်ခုကို လက်ဆောင်ပေးမှာပါ။ အကယ်၍ သူတို့ရှုံးနှိမ့်မယ်ဆိုရင်တော့ ၀ိညာဥ်လက်နက်ဖန်တီးဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို တစ်လတိတိဖြတ်တောက်ခံရမှာပါ။
ဒါ့အပြင် ဒီလိုကိစ္စတွေမကပဲ သူတို့ရဲ့ ၀င်ငွေကိုလဲဖြတ်တောက်မှုလုပ်ပါဦးမယ်။
တစ်ယောက်ချင်းဆီရဲ့ယှဥ်ပြိုင်မဲ့ စည်းမျဥ်းတွေက အတော်ကိုရိုးရှင်းပါတယ်။ ဟို့ယွိဟောင်ကို အနိုင်ယူဖို့ဆိုတာကတော့ တစ်ခုတည်သောရည်မှန်းချက်ပါပဲ။ တစ်ခေါက်တိုက်ခိုက်ပြီချိန်တိုင်းမှာ ဟို့ယွိဟောင်က သူ့ရဲ့ခန္ဓာကိုယ်အခြေအနေမူတည်ပြီအချိန်တစ်ခုအထိ နားရပါ့မယ်။ ဒါ့အပြင် ဒီလိုယှဥ်ပြိုင်ပွဲကလဲ သုံးရက်တိတိကျင်းပမှာပါ။
ကြော်ငြာမှုကိုလုပ်ပြီတာနဲ့ ပြိုင်ပွဲ၀င်ဖို့အတွက် လူလာပြီစာရင်းပေးတဲ့ကျောင်းသားတွေက ထင်ထားတာထက်ကို ပိုမိုများပြားနေခဲ့ပါတယ်။ ဒါ့အပြင် အားလုံးကငယ်ရွယ်ပြီတော့ စိတ်အားထက်သန်မှုတွေအပြည့်ဖြစ်နေခဲ့ကြတဲ့အတွက် သူတို့တစ်ဘ၀တာလုံး အမျက်ဒေါသကျောင်းတော်ကို မနိုင်ခဲ့တဲ့ကိစ္စကိုလဲ အပြတ်ရှင်းချင်နေကြတယ်။ ကျောင်းသားတော်တော်များများအတွက်ကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ကို အနိုင်ယူလိုက်တာက သူတို့အတွက် တစ်ဘ၀တာလုံးအမှတ်ရစေနိုင်လောက်တဲ့အထိ ကောင်းမွန်တဲ့မှတ်ဉာဏ်ဖြစ်လာမှာပါ။
ဒါပေမယ့် ကျောင်းရဲ့ကိုယ်စားပြုယှဥ်ပြိုင်ဖို့လူတိုင်းက အရည်အချင်းရှိနေတာတော့မဟုတ်ပါဘူး။ ဟို့ယွိဟောင်က ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ သူတို့အားလုံးလဲ သိချင်နေကြပါတယ်။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားမှာရှိနေတဲ့ ပဋိပက္ခတွေက ဟိုရှေးရှေးတုန်းကနေ အခုအထိ မပျောက်ပျက်သေးပါဘူး။ ဒါ့အပြင် အနိုင်ရရင် ရရှိမဲ့ဆုလာဘ်တွေနဲ့ ရှုံးရင်ပေးရမဲ့တန်ဖိုးတွေကလဲ ကြီးမားနေခဲ့တယ်။
တစ်ရက်အတွင်းမှာပဲ ကျောင်းသားသုံးရာကျော်ကစာရင်းပေးလာခဲ့ပါတယ်။ လင်းကျားယွီနဲ့ ဆရာတွေကတော့ အတော်လေးကိုအလုပ်များနေခဲ့ပါပြီ။ ဒီအခြေအနေကို ကျန်ဟုန်ချန်ဆီ သတင်းပို့ပေးပြီတဲ့နောက် လိုအပ်ချက်ကို ၀ိညာဥ်ဘုရင်အဆင့်အထိ မြင့်တင်ဖို့သူတို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။
ဒီလိုနည်းနဲ့ ပါ၀င်ယှဥ်ပြိုင်ဖို့စာရင်းပေးတဲ့ကျောင်းသားတွေရဲ့အရေအတွက်က သိသိသာသာကြီးကို လျော့ပါးလို့သွားခဲ့ပါပြီ။
ဒီကိစ္စက အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားတွေဆီမှာလဲ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ ကြော်ငြာချက်လုပ်မှ သူတို့ကဒီကိစ္စကိုသိကြတာပါ။ သူတို့ထဲမှာ အသက်အငယ်ဆုံးနဲ့ အားအနည်းဆုံးလို့ထင်ရတဲ့ကျောင်းသားက အရင်တစ်ခေါက် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်လက်ရည်ယှဥ်ပွဲမှာ သူတို့ကျောင်းတော်ကိုကိုယ်စားပြုပြီး ယှဥ်ပြိုင်ခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်က ပြိုင်ပွဲတိုင်းမှာ အမြဲတမ်းအနိုင်ရနေခဲ့တာကြောင့် ဘယ်သူကမှလဲ ဒီကိစ္စကို ထည့်မပြောနေကြတော့ပါဘူး။
သူတို့တွေချန်ပီယံအဖြစ်ပြန်လာမှသာ ကြော်ငြာချက်တစ်ခုလုပ်တာပါ။ ပါ၀င်ယှဥ်ပြိုင်တဲ့ကျောင်းသားတွေကိုတော့ အတိအကျဖော်ပြတာမျိုးမရှိပါဘူး။
သူတို့တွေက ကျင့်ကြံတဲ့ခရီးစဥ်တစ်လျှောက်မှာကျော်ကြားမှုကိုမလိုလားပဲ အေးအေးချမ်းချမ်းသာကျင့်ကြံနေချင်ကြတဲ့အတွက် ဒီလိုဖုံကွယ်ပေးထားတာလဲဖြစ်ပါတယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်ရဲ့လူတချို့တလေကသာဒီပြိုင်ပွဲထဲမှာ ဘယ်သူပါ၀င်ခဲ့လဲဆိုတာကို သိနိုင်ခဲ့ကြတယ်။
ဟို့ယွိဟောင်က နေလကျောင်းတော်နဲ့ ယှဥ်ပြိုင်မှာကို သိပြီတဲ့နောက် တခြားကျောင်းသားတွေအားလုံးက သူ့ကိုကူညီဖို့အတွက် လာကမ်းလှမ်းကြပါတယ်။ ဒါ့အပြင် သူတို့ကိုလဲ ဒီပြိုင်ပွဲထဲမှာပါ၀င်ယှဥ်ပြိုင်ဖို့အတွက် လိုလိုလားလားကူညီချင်ကြတယ်လို့ ပြောလာခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ သူတို့ရဲ့အကူအညီကိုလက်ခံခဲ့ပေမဲ့ သူတို့တွေအားလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဖြစ်နေတာကြောင့် တစ်ယောက်ချင််ဆီယှဥ်ပြိုင်လို့မရနိုင်ပါဘူး။
°°°
နှစ်ရက်ကြာပြီတဲ့နောက် မနက်ခင်းမှာ ယဲ့ရှောင်ရှန်က ဟို့ယွိဟောင်ကို သူ့အခန်းတံခါးအရှေ့အထိ လာခေါ်ပါတယ်။
”
ယွိဟောင်ပြင်ဆင်နေတာဘယ်လိုလဲ ဒီကိစ္စကြီးက အတော်လေးကြီးမားတာကြောင့် ငါတို့ကျောင်းတော်အတွက် မင်းအကောင်းဆုံးလုပ်ရမယ်နော် ”
” ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရှန် ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ် ”
” ငါဒါတွေကိုပြင်ဆင်ထားပေးတယ်…သူတို့တွေကြည့်ရင်တော့လန့်သွားမှာပဲ ဒီကောင်တွေကိုယ့်ကိုကိုယ်အတော်လေးအထင်ကြီးနေကြတယ်…သူတို့ကမင်းကိုတစ်ပွဲမှအနိုင်မပေးနိုင်ဘူးလို့ အခိုင်အမာပြောနေကြတာ အမျက်ဒေါသကျောင်းတော်ကို နင်းချေပြစ်ကြမယ်တဲ့ ”
” မင်းကဒီနေရာကိုရောက်နေတယ်ဆိုတာသိလို့ လက်ဆောင်ကြီးကြီးတွေပေးဖို့ရောက်နေတာလို့လဲပြောကြသေးတယ်..သူတို့ကကျောင်းတော်ကိုတောင် ပိုပြီးများပြားတဲ့ဆုလာဘ်တွေတောင်းဖို့ပြင်ဆင်နေကြသေးတာ ငါပြိုင်လို့မရတာနှမြောစရာပဲ မဟုတ်ရင် ငါဒီကောင်တွေအားလုံးကို ကောင်းကောင်းသင်ခန်းစာပေးပြစ်တယ် ”
ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ပြန်ဖြေလာခဲ့ပါတယ်။
” အစ်ကိုကြီးရှန်မစိုးရိမ်နဲ့ ကျွန်တော်အစ်ကိုကြီးကိုကူညီပြီ သူတို့ကိုကောင်းကောင်းသင်ခန်းစာပေးပြမယ်..ဟုတ်သား ဒီကိစ္စနဲ့ပတ်သက်ပြီ အခြေအနေကရောဘယ်လိုလဲ ”
သူပြောပြီတဲ့နောက် သူ့ရဲ့ညာဘက်လက်ကိုလက်ချောင်းအနည်းငယ်နဲ့ပွတ်ပြလိုက်ပါတယ်။
ယဲ့ရှောင်ရှန်က သူပြောတာကိုချက်ချင်းနားလည်သွားခဲ့ပါပြီ။
” ငါတို့တွေလောင်းကြေးကို စဖွင့်လိုက်ပြီးပြီ တော်တော်များများက စပြီလောင်းကြေးထပ်နေကြတယ်…ဒီကျောင်းသားတွေက သူတို့ရဲ့လူတွေကိုတကယ်အတော်ကြီးယုံကြည်ချက်ရှိနေကြတာပဲ တစ်၀က်ကျော်ကျော်က မင်းဆယ်ချီအထိခံနိုင်မှာမဟုတ်ဘူးလို့ လောင်းကြေးထပ်ကြတယ်..ဒီကောင်တွေဦးနှောက်တွေများပျက်နေကြသလားလို့ ငါသိချင်လိုက်တာ ”
သူတို့ထဲမှာ လေးပုံတစ်ပုံကပဲ မင်းအချီနှစ်ဆယ်ကျော်အထိ တောင့်ခံနိုင်မယ်လို့လောင်းကြတယ်…ကျန်ရစ်တဲ့သူတွေကတော့ သုံးရက်အတွင်းမှာ မင်းအချီငါးဆယ်အထိ မနိုင်နိုင်ဘူးလို့ လောင်းကြတာ သူတို့တွေက တကယ်ထူးထူးဆန်းဆန်းလုပ်နေကြတာပဲ ”
” ငါတို့ဆွေးနွေးထားသလောက်အရဆိုရင် ထူးဆန်းရှားပါးတဲ့ သတ္ထုတွေကိုလောင်းကြေးအဖြစ်သုံးနိုင်တယ်…အခုလက်ရှိအချိန်မှာ ရှားပါးသတ္ထုအပေါင်းကီလိုနှစ်ထောင်ကျော်နဲ့ ၀ိညာဥ်ရွှေပြားပေါင်းငါးသိန်းအထိ ရထားပြီးပြီ ဒီကကျောင်းသားတွေအတော်ကိုချမ်းသာကြတာပဲ ”
” ရှားပါးပစ္စည်းတွေနဲ့ သတ္ထုတွေတော်တော်မျာများတာပဲ ဒါပေမယ့် ၀ိညာဥ်ရွှေပြားကတော့သိပ်မများဘူး..အဆင်ပြေပါတယ်လေ ဒီနေ့ပြီတဲ့နောက် လောင်းကြေးထပ်တဲ့သူတွေပိုများလာမယ်လို့ ကျွန်တော်ယုံတယ် ”
သူတို့ပြောနေကြချိန်မှာပဲ ဖန်းယွီ ဟယ့်ချိုက်ထို့နဲ့ တခြားအမျက်ဒေါသရဲ့ကျောင်းတော်သားတွေရောက်ရှိလာပါတော့တယ်။
ဖန်းယွီကတော့ သူ့ကိုတိုက်ရိုက်သာလာမေးလိုက်တယ်။
” အဆင်သင့်ဖြစ်ပြီလား ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းပြန်ဖြေပါတယ်။
” ဆရာမစိုးရိမ်နဲ့ ကျွန်တော်ကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို ပျက်ယွင်းစေမှာမဟုတ်ဘူး…ကျွန်တော်နေလကျောင်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာ နောက်သုံးရက်အတွင်းသေချာပေါက်နက်ရှိုင်းတဲ့အမှတ်အသားတစ်ခုရအောင် ချန်ထားနိုင်မယ်လို့ အပြည့်အ၀ယုံကြည်တယ်”
ဖန်းယွီကတော့ ရယ်မောရင်းပြောလာခဲ့ပါတယ်။
” အရမ်းကြီးလဲ ကြမ်းကြမ်းတမ်တမ်းဖြစ်အောင်လုပ်မနေနဲ့ လက်ရှိလောင်းကြေးတွေနဲ့ဆိုရင် အကယ်၍ မင်းဆယ်ချီအတွင်းရှုံးသွား လို့ကတော့ ငါတို့အကြွေးဆပ်လို့ကိုနိုင်မှာမဟုတ်တော့ဘူး…ဒါ့အပြင် ကျောင်းတော်ကနေ များပြားတဲ့လျော်ကြေးတွေကို ပြန်တောင်းနေရဦးမယ် ”
” ဆရာကကျွန်တော်အများကြီးကြိုးစားအားထုတ်ပြီ မွေးမြူးထားခဲ့တာလေ ဒါတောင်မှကျွန်တော်အပေါ်ယုံကြည်ချက်မရှိဘူးလား ”
” အဲ့ဒီလိုမဟုတ်ဘူး ဂရုတစိုက်လုပ်ဖို့သတိပေးချင်ရုံပဲ ဒါ့အပြင် တောထဲမှာနေတဲ့ ခြင်္သေ့တွေတောင် ယုန်ကိုလိုက်တဲ့အချိန်မှာ စွမ်းအားအပြည့်ထုတ်သုံးရတယ်မဟုတ်လား ”
ဟို့ယွိဟောင်လဲ ဖန်းယွီကိုကြည့်ရင်း ခေါင်းညိတ်ပြလိုက်ပါတယ်။
၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေက ကျောင်းတော်တစ်ခုလုံးမှာ အကြီးမားဆုံးနယ်မြေပါပဲ။ လူပေါင်းတစ်သောင်းကျော်အထိ ကောင်းကောင်းထိုင်နိုင်ပြီ အမျက်ဒေါသကျောင်းတော်ရဲ့သားရဲကောင်တိုက်ခိုက်ရေးနယ်မြေနဲ့ အတော်လေးကိုဆင်တူပါတယ်။
ဒီကြီးမားတဲ့ နယ်မြေကြီးက အနောက်ဖက်အဆောက်အအုံတွေမှာ များပြားတဲ့ထိုင်ခုံတွေလဲ ရှိနေခဲ့တယ်။ ဒါကိုပုံမှန်အချိန်တွေမှာ ကျောင်းသားတွေရဲ့စမ်းသပ်ချက်အတွက် အသုံးပြုတာပါ။ ဒါ့အပြင် ကြီးမားတဲ့၀ိညာဥ်လက်နက်ကြီးတွေကို ဖန်တီးတဲ့အချိန်နဲ့ ပြိုင်ဆိုင်တဲ့အချိန်မှာအဓိကအသုံးပြုပါတယ်။
ကြည့်ရှု့နေသူတွေရဲ့ခုံနဲ့ အလယ်နယ်မြေကြားမှာတော့ ခုခံရေးစနစ်တစ်ခုနဲ့ ချိတ်ဆက်လို့ထားပြီ များပြားတဲ့ခုခံရေး၀ိညာဥ်လက်နက်တွေကို တပ်ဆင်လို့ထားခဲ့တယ်။
ဒါ့အပြင် ဒီလိုမျိုးခုခံမှုစနစ်ကိုဖန်တီးထားတာကြောင့် နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ဘယ်လောက်အထိ ၀ိညာဥ်လက်နက်တွေကို အဆင့်မြင့်ဖန်တီးနိုင်ပြီလဲဆိုတာ ကြည့်ရုံနဲ့သိနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက ခုခံရေးစနစ်တစ်ခုလုံးကို ထိန်းချုပ်ဖို့အတွက် လုံလောက်အောင်သန်မာတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်သာ လိုအပ်မှာပါ။ ဒါ့အပြင် အဲ့ဒီ၀ိညာဥ်ပညာရှင်ရဲ့အစွမ်းအစကလဲ သေချာတဲ့အတိုင်အတာတစ်ခုအထိကို ရောက်ရပါလိမ့်မယ်။
မနက်ခင်းအချိန်သာဖြစ်ပေမဲ့ ဒီနယ်မြေတစ်ခုလုံးက လူတွေပြည့်ကြပ်နေခဲ့ပါပြီ။ ဒါ့အပြင် ဆရာနဲ့ကျောင်းသားပေါင်းသောင်းနှစ်ထောင်နီးပါးက ရောက်နေခဲ့ကြပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကလူတွေတောင် ပါနေခဲ့တယ်။
ကျောင်းသားတွေတင် ၀ိညာဥ်ပညာရှင်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားက ကွာခြားချက်ကို သိချင်နေတာမဟုတ်ပါဘူး။ ဆရာတွေတောင်မှ အတော်လေးစိတ်၀င်စားနေခဲ့ပါတယ်။
ကျောင်းတော်ကဒီပြိုင်ပွဲအတွက် စာသင်ကြားမှုတွေကိုတောင် နောက်ဆုတ်လို့ထားခဲ့တယ်။
ကျန်ဟုန်ချန်က ကိုယ်တိုင်မတက်ရောက်ပါဘူး။ သူလုပ်စရာကိစ္စတွေများနေလို့ပါ။ ဒါပေမယ့် ပြိုင်ပွဲရဲ့အဓိကတာ၀န်ယူသူဖြစ်တဲ့ လင်းကျားယွီကတော့ ရှိနေခဲ့ပါတယ်။ ကျန်ဟုန်ချန်အတွက်တော့ ဟို့ယွိဟောင်ဘယ်လောက်ကြာကြာပြိုင်ပွဲမှာတောင့်ခံနိုင်မလဲဆိုတာ အရေးမကြီးပါဘူး။
ဘယ်လိုပဲဖြစ်ပါစေ နေလနိုင်ငံရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ အကျိုးအမြတ်တွေရသွားပါပြီ။ သူတို့ရဲ့ကျောင်းသားတွေ အတွေ့အကြုံပိုတိုးတက်လာနိုင်ရုံတင်မက ကျောင်းသားတွေအတွက်လဲ စိတ်၀င်စားစရာကောင်းတဲ့ သင်ခန်းစာကိုရရှိနိုင်ပါတယ်။
ထိုင်ခုံမလုပ်တာကြောင့် နောက်ကျမှရောက်တဲ့ကျောင်းသားတွေက လက်ရှိအချိန်မှာမတ်တပ်ရပ်ပြီတောင်ကြည့်နေခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ ဒီနေရာကလူတော်တော်များများကို လက်ခံနိုင်ပါသေးတယ်။
ဒိုင်အနေနဲ့ လင်းကျားယွီက အများကြီးပြင်ဆင်လို့ထားခဲ့ရတယ်။ ဒါ့အပြင် ရွှမ်ကျင့်၀မ်ကိုလဲ ဖိတ်ခေါ်ထားခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်နဲ့ ဆရာတပည့်ဆက်ဆံရေးဖြစ်သလို ရွှမ်ကျင့်၀မ်ရဲ့အရည်အချင်းကမြင့်မားနေလို့ပါ။
ရွှမ်ကျင့်၀မ် ဒီလိုကမ်းလှမ်းချက်ကို ငြင်းပယ်မယ်လို့ လင်းကျားယွီထင်ခဲ့ပေမဲ့ နားထောင်ပြီတာနဲ့ချက်ချင်းဆိုသလို သဘောတူလိုက်တာကြောင့်အတော်လေးအံ့ဩခဲ့ရတယ်။ သူ့ရဲ့အကျိုးအကြောင်းကတော့ အတော်လေးရိုးရှင်းပါတယ်။ သူကျောင်းသားဘယ်လောက်အထိ သန်မာလဲဆိုတာ သိချင်နေသလို၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ အစွမ်းအစကိုမြင်ချင်လို့ပါတဲ့။
ဟို့ယွိဟောင် ပထမဆုံးရောက်ရှိလာချိန်မှာ သူသင်ခဲ့တဲ့သင်ခန်းစာတွေက အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့သိသင့်တဲ့သင်ခန်းစာတချို့ပါ။
ကျောင်းသားတွေလဲ ကိုယ်ပိုင်လောင်းကြေးတွေထပ်နေခဲ့ကြမှန် ရွှမ်ကျင့်၀မ်လဲ သိနေခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့ ဆယ်ချီအထိတောင်မခံနိုင်ဘူးဆိုတဲ့ အခြေအနေကတစ်ခု နောက်တစ်ခုကတော့ အချီနှစ်ဆယ်အထိမတ်ိုက်ခိုက်ဘူးဆိုတာနဲ့ အချီငါးဆယ်အထိမခံနိုင်ဘူးဆိုတဲ့လောင်းကြေးတွေပါ။ ဒါ့အပြင် သူတို့ရဲ့အဆတွေကတော့ တစ်ဆကနေနှစ်ဆ နှစ်ဆကနေသုံးဆ အဆသုံးဆယ်ကနေအဆတစ်ရာပါ။
ဒီလိုမျိုးလောင်းကြေးထပ်ကြတဲ့သူတွေက ဟို့ယွိဟောင်ကိုယုံကြည်ချက်ရှိသူတွေလဲ ပါနေသလို စမ်းသပ်ကြည့်ချင်ကြတဲ့သူတွေလဲ ပါပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေကရော ဘာကြောင့်များအဲ့ဒီလောက်အထိ ယုံကြည်ချက်ရှိနေကြတာလဲ။ ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းလေးကွင်းသာရှိမှန်း လူတိုင်းသိကြပါတယ်။ အကယ်၍ သူကြားထဲမှာ အနားယူရမယ်ဆိုရင်တောင် သေချာပေါက်အချိန်ကြာရှည်ကြီးတိုက်ခိုက်ရမှာပါ။ ဘာကြောင့်များ သူတို့အဲ့ဒီလောက်အထိ ယုံကြည်ချက်ရှိနေကြတာဖြစ်ပါ့မလဲ။
အပိုင်း ၁၇၆•၃ ပြီး၏။