Switch Mode

Chapter – 274

အာကာသ သုတေသန ကျောင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၄ – အာကာသသုတေသနကျောင်း

သူ့ရှေ့မြင်ကွင်းကိုကြည့်ပြီး ချူဖုန်း ပြုံးလိုက်သည်။ အာကာသသုတေသနကျောင်းသည် သူ့ကို တွေ့နေသော်လည်း ဟိတ်ကြီးဟန်ကြီး လုပ်နေသေးသည်။ သူတို့ထံရောက်လာတော့မည့် ကပ်ဆိုးကြီးအကြောင်း နည်းနည်းမှ မရိပ်မိကြသေး။

သူတို့သည် ဟော်လင်းကဲ့သို့ နာမည်မကြီးသည့်လူငယ်ကိုပင် လွှတ်လိုက်သေးသည်။ ဤလူငယ်လေးသည် ရဲတင်းစွာဖြင့် သူ့ကို အစ်ကိုဟုပင် ခေါ်နေသေးသည်။

“အစ်ကိုချူ… ကျွန်တော် အစ်ကို့ကို ဂူစူးမြို့က သူငယ်ချင်းတစ်ချို့နဲ့ မိတ်ဆက်ပေးမယ် .. သူတို့တွေက လူကောင်းတွေ” ဟော်လင်းသည် ချူဖုန်းအား အလွန်ရင်းနှီးနေသည့်သူကဲ့သို့ ချူဖုန်းနား ကပ်လာသည်။

သူသည် ချူဖုန်းပခုံးကို ပုတ်တော့မလိုဖြစ်သွားသော်လည်း နောက်ဆုံးအချိန်တွင် လက်ပြန်ရုတ်လိုက်သည်။ သူ ထိုသို့မလုပ်ရဲသည်မှာ သိသာလှသည်။

နတ်ဆိုးဘုရင်ချူ ဆိုသည်မှာ ဘုရင်အဆင့်သက်ရှိများကို တုန်လှုပ်သွားစေနိုင်သည့် နာမည်ဖြစ်သော်လည်း အာကာသသုတေသနကျောင်းမှလူများကတော့ အတော်လေး တည်ငြိမ်နေကြသည်။

“ချူဖုန်း မင်းနဲ့တွေ့ခွင့်ရတာ ဂုဏ်ယူစရာပါပဲ .. မင်းနာမည်က မိုးခြိမ်းသံလိုမျိုး မြည်ဟီးနေတာ” လူလတ်ပိုင်းအမျိုးသားတစ်ဦး ပြုံး၍ ပြောလာသည်။ သူသည် ရှေ့တိုးလာကာ သူ့ကိုယ်သူ ယန်ကျန်းရွှမ်ဟု မိတ်ဆက်လာသည်။

ယန်မိသားစုနှင့် ဟော်မိသားစုမှာ ဤကျောင်း၏ အရေးပါသည့် အဖွဲ့ဝင်များပင်။

ယန်ကျန်းရွှမ်မိတ်ဆက်ပေးမှသာ ကျောင်းမှ အကြီးအကဲများနှင့် ရာထူးကြီးသည့်သူများ သူ့အား နှုတ်ဆက်လာကြသည်။

သူတို့အားလုံး ပြုံးနေကာ ယဉ်ကျေးရည်မွန်နေကြသည်။ သူတို့ချူဖုန်းကို လုံးဝမကြောက်သည်မှာ သိသာလှ၏။ မဟုတ်ပါက ချူဖုန်းကို တွေ့သည်နှင့် ဤမျှတည်ငြိမ်နေမည်မဟုတ်။

အမျိုးသမီးဘုရင်တစ်ဦးဖြစ်သည့် ဟော်ယန်သည် သူ အဘယ်ကြောင့် ဤနေရာသို့ လာခဲ့သနည်းဟု တိုက်ရိုက်ပင် မေးလာသည်။

ဤလူများ၏ ရှုပ်ထွေးသွားချင်ဟန်ဆောင်သည့်ပုံစံကို တွေ့လိုက်ရသည့်အချိန် ချူဖုန်း၏ အပြုံးများ ပို၍တောက်ပလာသည်။

“အစ်ကိုချူက ဂုဏ်သရေရှိဧည့်သည်ပဲ .. ရောက်လာပြီဆိုမှတော့ အထဲကြွပါ” ဟော်လင်း ထပ်ပြောလာပြီး ချူဖုန်းကို ဥယျာဉ်အတွင်းပိုင်းထဲသို့ ဝင်လာရန် ဖိတ်ခေါ်လိုက်သည်။

ချူဖုန်း မလှုပ်ရှားပဲ ဤလူများကို ဆက်ကြည့်နေလိုက်သည်။

“အစ်ကိုချူ .. သွားကြစို့..” တစ်ဖက်လူ မလှုပ်ရှားသည်ကို တွေ့လိုက်ရသည့်အချိန် ဟော်လင်း ချူဖုန်းပခုံးပေါ် လက်တင်လာသည်။

ခွပ်…

ထိုအချိန်တွင် ချူဖုန်း ပခုံးတောက်ပလာပြီး ဟော်လင်းလွင့်ထွက်သွားကာ အဝေးရှိ ကနား၌ ချိတ်သွားလေ၏။ သူ့မျက်နှာ ဖြူဖျော့နေကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ အရာအားလုံးမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။

“ညီလေးချူ .. ဒါက သိပ်မသင့်တော်ဘူးထင်တယ်” ယန်ကျန်းရွှမ် မကျေမနပ်ပြောလာသည်။

“ချူဖုန်း ဒါက ဘာသဘောလဲ..” ဟော်ယန် အေးစက်စွာ မေးလာသည်။ သူမ အမူအရာမှာ ရုပ်ဆိုးနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ဤဟော်လင်းမှာ သူမသားပင်။

“ကျုပ်ပြောမယ် .. ခင်ဗျားတို့ အာကာသသုတေသနကျောင်းက လူငယ်တွေက အရမ်းကို ယုံကြည်ချက်ရှိနေပြီး အရမ်းကို ပေါ့ပျက်ပျက်ဖြစ်နေတယ် .. ဘုရင်အဆင့်သက်ရှိတွေတောင်မှ ကျုပ်ပခုံးကို မထိရဲဘူး” ချူဖုန်း ပြန်ပြောလိုက်သည်။

“သူက မင်းကို ဖော်ဖော်ရွေရွေ ဆက်ဆံတာလေ .. တစ်ခြားသူကို ဒီလိုမျိုး နာကျင်အောင်လုပ်တာက ကျိုးကြောင်းဆီလျော်တယ်လို့ မင်းထင်နေတာလား…” ဟော်လင်း၏အသံမှာ မှုန်မှိုင်းလာသည်။

“ကျုပ် သူ့ရဲ့သူငယ်ချင်းမဟုတ်ဘူး… ဘယ်ဘုရင်အဆင့်ပုဂ္ဂိုလ်ကများ သူတို့ပခုံးကို တစ်ခြားသူတွေလျှောက်ပုတ်တာကို ခံလို့လဲ ပြောပါဦး” ချူဖုန်းမှာ ပြုံးနေဆဲပင်။

“ဒါက နားလည်မှုလွဲသွားတာပါ .. ညီလေးချူက ငါတို့ကျောင်းကြီးကို ဂုဏ်တက်သွားအောင် လုပ်ပေးနိုင်တဲ့ ဧည့်သည်တော်ကြီးပဲ .. အထဲကြွပါ”

အကြီးအကဲများ ရောက်လာကာ အခြေအနေကို ဖြန်ဖြေပေးလာကြသည်။ သူတို့အားလုံး ပြုံးနေကြဆဲဖြစ်ပြီး ချူဖုန်းကို အထဲသို့ဝင်ရန် ဖိတ်ခေါ်လာသည်။

ဟော်လင်းမှာ သန္ဓေပြောင်းလူတစ်ဦးပင်။ သူ ဒဏ်ရာရကာ ထိတ်လန့်သွားသော်လည်း ကနားထက်မှ ခုန်ဆင်းလာနိုင်သည်။ သူ၏ဒေါသထွက်နေသည့် မျက်လုံးများမှာ အေးစက်လှကာ ချူဖုန်းအား အနောက်မှ စိုက်ကြည့်နေလေ၏။

“သူကဘာများကောင်းနေလို့လဲ .. ထော်ဂုအဖွဲ့အစည်းကို အင်အားအလုံးအရင်းနဲ့သွားခဲ့ပေမယ့် နောက်ဆုံးတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်လာခဲ့ရတာပဲ မဟုတ်ဘူးလား .. အခု ငါတို့ အာကာသသုတေသနကျောင်းကို ဒီလိုမျိုး ဝုန်းဒိုင်းကြဲလာနေတာ ငါတို့ကို ဖိနှိပ်ပစ်ဖို့ လွယ်တယ်လို့များ ထင်နေတာလား” သူ ရေရွတ်လိုက်သည်။

သူ့အသံမှာ အခြားသူများ မကြားနိုင်လောက်အောင် တိုးညှင်းသည့်အသံသာဖြစ်သော်လည်း ဤနေရာရှိ လူအားလုံးမှာ သန္ဓေပြောင်းများဖြစ်ကြပြီး ထူးခြားသည့်အာရုံများလည်း ရှိသောကြောင့် သူပြောသည်ကို ကြားနိုင်ကြသည်ပင်။

ချူဖုန်း ခြေလှမ်းများ ရပ်တန့်လိုက်သော်လည်း နောက်ပြန်လှည့်မကြည့်။ “လူငယ်တွေက ပေါ့ပျက်ပျက်နိုင်တာပဲ .. ကြည့်ရတာ ဒီကလူငယ်လေးက မကျေနပ်ဘူးထင်တယ်”

“ညီလေးချူ .. သူ့ကို စိတ်ထဲထားမနေပါနဲ့ .. ဒီလိုအသက်အရွယ်မျိုးမှာ ဘယ်သူက ဒါမျိုးမဖြစ်လို့လဲ .. သူတို့တွေက ငယ်ရွယ်ပြီး တက်ကြွကြတယ်လေ .. သူ့ကြောင့် စိတ်ရှုပ်ခံမနေပါနဲ့” အကြီးအကဲတစ်ဦး စကားလုံးများဖြင့် နှစ်သိမ့်လာသည်။

“သွားကြစို့ ညီလေးချူ..” အခြားအကြီးအကဲတစ်ဦးလည်း ပြောလာသည်။ ကိစ္စများ ထိန်းမနိုင်သိမ်းမရဖြစ်လာမည်ကို သူ ကြောက်နေခြင်းပင်။

သူတို့အားကိုး၍ရသည့်သူရှိသော်လည်း ချူဖုန်းကို မဆန့်ကျင်ချင်။

ဟော်လင်း ဘာမှထပ်မပြောရဲတော့။

“ကြည့်ရတာ မင်းက ရန်လိုပြီး တော်လှန်ပုန်ကန်ချင်နေသေးသလိုပဲ” ချူဖုန်း သူ့ကိုကြည့်၍ ပြောလိုက်သည်။

ဟော်လင်းသည် ရွံရှာသလို ပြုံးလိုက်ကာ “ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အရမ်းကြီးမြတ်သလို လာပြောနေသေးတယ် … ခင်ဗျား အရမ်းကြီးကျယ်ခမ်းနားနေရင် ထော်ဂုအဖွဲ့အစည်းမှာ ဘာလို့ ရှုံးခဲ့သေးလဲ..”

ချူဖုန်း မည်မျှစွမ်းရည်မရှိသည်ကို ကျန်းချန်ထံမှ ကြားထားပြီးသားပင်။ ဤသတင်းမှာ သူတို့အသိုင်းအဝိုင်းလေးကြား ပျံ့နှံ့နေပြီးသားပင်။

သူတို့ကျောင်းလည်း အမြင်ရှစ်မျိုးကျောင်းဆရာ၏ အကာအကွယ်အောက်တွင် လုံခြုံသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူတို့လည်း ချူဖုန်း၏ဒေါသကို ဖိနှိပ်နိုင်လိမ့်မည်ပင်။

“ငါတို့ အာကာသသုတေသနကျောင်းက ပြဿနာမရှာသလို ပြဿနာတွေကိုလည်း မကြောက်ဘူး” ဟော်လင်း အေးစက်စွာ ပြောလိုက်၏။

“ပါးစပ်ပိတ်ထားစမ်…” အကြီးအကဲတစ်ဦး ဆူပူလိုက်သည်။

“ယို့ .. မင်းက င့ါကို ရန်စတာလား..” ချူဖုန်း တစ်ဖက်လှည့်လာကာ လက်ဖြင့်ဖိလိုက်သည်နှင့် သူ့ဘေးပတ်လည်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့်စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

“မင်း…” ဟော်ယန် ထိတ်လန့်သွားကာ တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ချူဖုန်းမှာ ကြမ်းတမ်းမှာ မြန်ဆန်လွန်းလှသည်။ လက်ဝါးမှ စွမ်းအင်များ ပစ်လွှတ်လိုက်ပြီဖြစ်ပြီး တားဆီး၍မရတော့။

ဖူး…

ဟော်လင်းသည် အဝတ်စုတ်တစ်ခုကဲ့သို့ လေထဲလွင့်ထွက်သွားကာ လေထဲ၌ပင် တစ်စစီဖြစ်လာသည်။ သူ့မျက်နှာထက်တွင်တော့ အကြောက်တရားများသာ ပြည့်နှက်နေ၏။

ဟော်လင်း ခုန်လိုက်ကာ အကောင်းတိုင်းကျန်နေသေးသည့် ဟော်လင်းခန္ဓာကိုယ် အပေါ်ပိုင်းကို ဆွဲယူလိုက်ကာ သူမစွမ်းအင်များစွာကို ထည့်သွင်းပေးလိုက်သည်။

ဟော်လင်းခန္ဓာကိုယ်အပေါ်ပိုင်း ပျက်စီးမသွားစေရန်အတွက် ချူဖုန်း၏လက်ဝါးရိုက်ချက်မှ စွမ်းအင်အကြွင်းအကျန်များကို သူမစွမ်းအင်အကုန်သုံးပြီး ဖယ်ရှားပစ်ခဲ့သော်လည်း ဟော်လင်းခန္ဓာကိုယ်ထက်၌ ကြောက်စရာကောင်းသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာဆဲပင်။

သူမ အချိန်မှီ ရောက်မလာသောကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကတော့ တစ်စစီဖြစ်သွားလေပြီ။

“ချူဖုန်း မင်း လွန်လွန်းသွားပြီ .. မင်းက ငါတို့အာကာသသုတေသနကျောင်းမှာ လူသတ်ရဲတယ်ပေါ့…” သူမသား၏ ကံကြမ္မာကို သူမ ထိတ်လန့်သွားခဲ့ရသည်။

သူမ ဟော်လင်းအသက်ကို ယာယီထိန်းသိမ်းထားနိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့။ ဤသည်မှာ သူ အသက်ရှင်နေလျှင်ပင် တစ်သက်လုံး မသန်မစွမ်းဖြစ်တော့မည်ဟု ဆိုလိုခြင်းပင်။

“လွန်လွန်းတယ်ဟုတ်လား .. ခင်ဗျားတို့ကျောင်းက လူလွှတ်ပြီး ကျုပ်ကိုသတ်ဖို့အတွက် သားရဲမျိုးနွယ်စုနဲ့ ပူးပေါင်းခဲ့တုန်းက ဒီလိုမျိုး မတွေးဖူးဘူးလား..” ချူဖုန်း တည်ငြိမ်စွာ မေးလိုက်သည်။

“မဟုတ်တာတွေ လာမပြောနဲ့…” ဟော်ယန် ငြင်းလိုက်သည်။

အခြေအနေသိပ်မကောင်းတော့ဟု အချို့အကြီးအကဲများ ခံစားလိုက်ကြရသည်။ “အားလုံးက နားလည်မှုလွဲနေတာပါ .. ချူဖုန်း စိတ်အေးအေးထားပါ .. ငါတို့ အေးဆေးစကားထိုင်ပြောကြရအောင်”

ဥယျာဉ်ထဲတွင် အနားယူနိုင်သည့်ကနားများစွာ ဆောက်လုပ်ထားပြီး သူတို့သည် ချူဖုန်းကို ကနားတစ်ခုထဲသို့ ဖိတ်ခေါ်ကာ ကိစ္စများကို ဆွေးနွေးချင်နေကြသည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲတစ်ဦးသည် အမြင်ရှစ်မျိုးကျောင်းဆရာကို ဆက်သွယ်ကာ ချူဖုန်းကို ဖိနှိပ်ချင်နေခဲ့သည်။ မဟုတ်လျှင် မကောင်းသည့်ကိစ္စများဖြစ်လာတော့မည်။

“ခင်ဗျားက ထော်ဂုကျောင်းကို မထိရဲပဲ ဒီတိုင်းပြန်ထွက်လာခဲ့ရတာမလား .. အခု ခင်ဗျားက ဘယ်ကသတ္တိတွေ ရှိလာပြီးတော့ ကျုပ်တို့အာကာသသုတေသနကျောင်းကို လာပြီး အကြမ်းဖက်နေတာလဲ..” ဟော်လင်း ပြောလာသည်။

နွားနက်ကြီး ကျယ်လောင်စွာ ရယ်မောလိုက်ကာ “လေကြီးမိုးကြီးပြောနေတာ မင်း အသတ်ခံရမယ်နော် .. မင်းရဲ့သူငယ်ချင်းလေး ကျန်းချန်က သေသွားပြီ .. သူက ဘုရင်အဆင့်လူတွေကို တိတ်တိတ်လေး လွှတ်ရဲသေးတယ်”

ထိုအချိန်တွင် လူတစ်ဦးသည် လျှို့ဝှက်သတင်းအချို့ကို သယ်လာသကဲ့သို့ ဥယျာဉ်ထဲသို့ အပြေးလေး ရောက်လာသည်။ ချူဖုန်းကို မြင်လိုက်သည်နှင့် ထိုလူ ထိတ်လန့်သွားကာ နောက်ပြန်လဲကျမလို ဖြစ်သွားသည်။

ဟော်ယန်နှင့် အကြီးအကဲများ၏ လက်ထဲတွင် သတင်းအချို့ ရောက်လာသည်။ သူတို့အားလုံး ထိတ်လန့်သွားကာ ရုတ်တရက် ချူဖုန်းကို ကြည့်လိုက်ကြသည်။

“မင်းက ကျန်းမိသားစုနဲ့ လျိုကျီဟုန်ကို သတ်ရုံတင်မကဘူး ထော်ဂုအဖွဲ့အစည်းရဲ့ ရတနာသိုက်ကိုပါ ဓားပြတိုက်ခဲ့တာလား..” ဟော်ယန်၏အသံ တုန်ယင်လာသည်။

ဤနေရာ၌ ရှိနေသည့်သူအားလုံး တစ်ဖြည်းဖြည်း နောက်ယိုင်သွားကြကာ မျက်နှာများလည်း ဖြူဖျော့လာကြသည်။

ကျောက်စိမ်းဂူကျောင်းက ဒီနတ်ဆိုးကို ဖိနှိပ်လိုက်နိုင်တယ်မဟုတ်ဘူးလား.. ဘာလို့ ဒီလိုမျိုး ဖြစ်သွားတာလဲ..

ဟော်လင်းမျက်နှာထက်၌ အကြောက်တရားများ ပြည့်နှက်နေလေပြီ။ ကိစ္စများမှာ သူထင်ထားသည်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ဒီနတ်ဆိုးဘုရင်ချူကို ဖိနှိပ်ဖို့အတွက် ကျောက်စိမ်းဂူကျောင်းရဲ့ အမြင်ရှစ်မျိုးကျောင်းနဲ့တင်လုံလောက်တယ်လို့ ကျန်းချန် ပြောခဲ့တာမဟုတ်ဘူးလား .. ဒါပေမဲ့ အဆုံးကျတော့ သူတို့ အသတ်ခံလိုက်ရတယ်…

သူ့အပြုအမူများကို ပြန်စဉ်းစားမိပြီးနောက် သူ မတုန်လှုပ်ပဲ မနေနိုင်တော့။

ယခုအချိန်တွင် ယန်ကျန်းရွှမ် မတည်ငြိမ်နိုင်တော့။ အကြီးအကဲများသည်လည်း တစ်ယောက်ယောက် သူတို့ကျောရိုးကို ချိုးပစ်လိုက်သကဲ့သို့ အမူအရာများ ပျက်ယွင်းလာကြသည်။

အစောပိုင်းက သူတို့တည်ငြိမ်နေသော်လည်း ထော်ဂုကျောင်းမှ သတင်းများကြောင့် သူတို့ ဆံပင်မွေးများ ထောင်ထသွားရသည်။

“ညီလေးချူ .. ငါတို့ရှင်းပြမှာကို နားထောင်ပေးပါဦး”

အကြီးအကဲတစ်ဦး လေးစားစွာ ဦးညွှတ်လာသည်။ သူ့နဖူးထက်၌ ချွေးစေးများ ထွက်လာပြီး သူ့ပုံစံကိုလည်း အလွန်နှိမ့်ချထားလေ၏။ ချူဖုန်း ချက်ချင်း သတ်ဖြတ်လာမည်ကို သူ ကြောက်နေခြင်းပင်။

“ခင်ဗျားတို့ကျောင်း ဘာလို့ ကျုပ်ကို လုပ်ကြံတာလဲ..” ချူဖုန်း မေးလိုက်သည်။ သူ့အားတိုက်ခိုက်ခဲ့စဉ်က အေးဂျင့်များမှ ဘုရင်များသည် သူ့အား ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။ သူ ဘယ်တုန်းက ဘယ်သူ့ကို ရန်စခဲ့မိမှန်းမသိခဲ့။

အကြီးအကဲများအားလုံး ချွေးပြန်နေကြလေပြီ။ သူတို့ထဲမှ လူတစ်ဦး အမြင်ရှစ်မျိုးကြောင်း အကြီးအကဲအား ဆက်သွယ်နေပြီဖြစ်သည်။

အခြားတစ်ယောက်သည် အားတင်းလိုက်ကာ “အားလုံးက ငါတို့ကောင်းဖို့အတွက်ပါ .. အာကာသအပြင်ဘက်ကလူတွေ ရောက်လာတော့မှာလေ .. ငါတို့တွေ ပြိုင်ဘက်ကင်းအသက်ရှူစည်းချက်ပညာလိုချင်တယ် .. ပြီးရင် ငါတို့တွေ ခြေကုတ်ယူနိုင်ဖို့အတွက် နာမည်ကြီးတောင်တစ်တောင်ကို သိမ်းပိုက်ရမှာ..”

“လောဘကြီးလိုက်တာ”

ချူဖုန်း အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူ ဟော်လင်းထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

“မင်း ငါ့သားကို ထိရဲတယ်လား..” ဟော်ယန် အလျင်အမြန် ပြန်ဆုတ်လိုက်သည်။ ယခုအချိန်တွင် သူမ ထိတ်လန့်နေပြီဖြစ်ပြီး တည်ငြိမ်သည့်ပုံစံကို မထိန်းထားနိုင်တော့။

“ကျုပ်ကဘာလို့ မလုပ်ရမှာလဲ… ကျုပ် ခင်ဗျားကိုလည်း သတ်ဖို့စဉ်းစားထားတယ် .. အဲဒီညက ကျုပ်ကို တိုက်ခိုက်ခဲ့တဲ့သူက ခင်ဗျားဆိုတာ ကျုပ်မမှတ်မိဘူး ထင်နေတာလား..” ချူဖုန်း အေးစက်စွာ ပြောလိုက်သည်။

သူမ ဟော်လင်းကို ကယ်စဉ်က သူမအော်ရာကို ထုတ်လွှတ်လိုက်သောကြောင့် ထိုညက သူ့ကိုတိုက်ခိုက်ခဲ့သည့်သူများထဲတွင် သူမလည်းပါဝင်ခဲ့ကြောင်း သူမှတ်မိသွားခဲ့သည်ပင်။

“မဟုတ်ဘူး…”

“အား…”

ဟော်ယန် အော်ဟစ်လာသည့်အချိန်တွင် ဟော်လင်းလည်း ကြောက်လန့်သွားရသည်။ သို့သော် မည်သူမှ ဘာမှမတတ်နိုင်။ ချူဖုန်းလက်ဝါးချက် ရောက်လာသည်နှင့် ဟော်လင်း တစ်စစီပေါက်ကွဲသွားတော့သည်။

ချူဖုန်း၏ စွမ်းအင်များကို ဟော်ယန် ယာယီအားဖြင့် ခုခံနိုင်သော်လည်း သူမလက်ထဲရှိ သားကတော့ ကံမကောင်းခဲ့။ သူမသား ချက်ချင်းပင် အသက်ဆုံးရှုံးသွားရလေပြီ။

“ခင်ဗျားအလှည့်ပဲ..” ချူဖုန်း ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။

“ခွေးကောင်လေး .. ငါ မင်းနဲ့ သေတဲ့အထိ တိုက်မှာ .. င့ါသားအသက်ကိုပြန်ပေး..” ဟော်ယန် ဒေါသတကြီး ပြောလာသည်။

“ညီလေးချူ .. ခဏနေပါဦး .. အမြင်ရှင်မျိုးကျောင်းအရှင်က ညီလေးနဲ့ စကားပြောချင်နေတယ်..” ဖြူဖျော့နေသည့် အကြီးအကဲတစ်ဦး အနောက်မှ အလောတကြီး အော်ဟစ်လာသည်။

တကယ်တမ်းတွင် အကြီးအကဲများအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်သည်။

ဤစကားကြားလိုက်ရပြီးနောက် ချူဖုန်း ဒေါသထွက်လာသည်။ သူ ထော်ဂုအဖွဲ့အစည်းသို့ သွားစဉ်က ကျောက်စိမ်းဂူကျောင်းအရှင် သူ့ကိုတားဆီးခဲ့သည်။ ယခုလည်း အမြင်ရှစ်မျိုးကျောင်းအရှင်က သူ့အား တားဆီးလာတော့မည်။

သိထားရမည်မှာ ဤအဖွဲ့အစည်းနှစ်ခုလုံးမှာ သူ့အသက်အား ရန်ရှာခဲ့သည့် အဖွဲ့အစည်းများဖြစ်ပြီး ဤရန်သူများကို သူ ကျေအေးမပေးနိုင်။

“ဆောရီးပါ .. ဒါပေမဲ့ ကျွန်တော်သတ်ပြီးမှပဲ သူနဲ့စကားပြောတော့မယ်” ချူဖုန်း ပြန်ဖြေလိုက်သည်။

ဝုန်းးး.

ချူဖုန်း၏လက်သီးစွမ်းအင်များ ထွက်ပေါ်လာသည်။ သူ၏ဘယ်ဘက်တွင် နွားနတ်ဆိုးလက်သီးပေါ်လာပြီး ညာဘက်တွင် ရေနဂါးနတ်ဆိုးလက်သီး ပေါ်လာကာ လေထဲတွင်လည်း နဂါးတစ်ကောင်နှင့် နွားတစ်ကောင်ပုံ ပေါ်လာ၏။

ခွပ်…

ဟော်ယန် ဘယ်လိုလုပ် ဤတိုက်ခိုက်မှုကို တားဆီးနိုင်မည်နည်း.. ချူဖုန်း၏ ဒေါသတကြီးထိုးချက်အောက် သူမ လွင့်ထွက်သွားကာ ခန္ဓာကိုယ်သည်လည်း ကြွေအိုးကဲ့သို့ အက်ကွဲရာများ ထွက်ပေါ်လာသည်။

နောက်ဆုံးတွင်တော့ သူမ ပေါက်ကွဲထွက်သွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤနေရာတစ်ခုလုံး တိတ်ဆိတ်သွားကာ အာကာသသုတေသနကျောင်းမှလူအားလုံး အေးခဲသွားကြသည်။

“ဟူး .. ငါ အရမ်းဒေါသထွက်သွားခဲ့တာ .. ငါ ဒီလိုမလုပ်ခဲ့သင့်ဘူး” ချူဖုန်း ခေါင်းခါကာ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။

ထိုစကားကြားလိုက်ရသည်နှင့် ကျောင်းမှ လူအချို့စိတ်သက်သာရာရသွားကြသည်။ တင်းမာနေသည့်လေထုမှာ အနည်းငယ် ပြေလျော့သွားလေပြီ။ သို့သော် ချူဖုန်း ထပ်ပြောလိုက်သည့်စကားမှာ သူတို့အားလုံးကို တင်းကြပ်သွားစေခဲ့လေ၏။

“သတ်တာက အဆင်ပြေပါတယ် .. ဒါပေမဲ့ ငါ ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်လေး သတ်သင့်တယ်” ချူဖုန်း ရေရွတ်ကာ သူ့အသက်ရှူစည်းချက်ပညာကို အသက်သွင်းလိုက်သည်နှင့် သူ့ဘေးပတ်လည်တွင် နတ်အလင်းများ တောက်ပလာသည်။

အစောပိုင်းက သူ တကယ်ကို ဒေါသထွက်နေခဲ့ခြင်းပင်။ သို့သော် ယခုတော့ သူ တည်ငြိမ်သွားပြီဖြစ်သောကြောင့် အကြီးအကဲများထံမှ ဖုန်းယူလိုက်ကာ အမြင်ရှစ်မျိုးကျောင်းအရှင်နှင့် စကားပြောလိုက်သည်။

အပိုင်း ၂၇၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset