Switch Mode

Chapter – 12

ခေါင်းခါ ပြခြင်း

Chapter – 12 ခေါင်းခါ ပြခြင်း

ကျောက်ဟိုင် ခန့်မှန်းထားသည့်အတိုင်း သိပ်မကြာခင်မှာပဲ ဂရင်းဝင်လာသည်။

“ သခင်လေး ကျွန်တော်စီစဉ်စရာရှိတာတွေ စီစဉ်ပြီးပါပြီ အချိန်တိုအတွင်း ကျွန်တော်သွားဖြစ်မယ်”

“ အလျှင်လိုဖို့မလိုပါဘူး အဘိုးရယ်။ အဘိုးစိတ်ချလက်ချသာသွားပါ။ ကျွန်တော်ဒီမှာ၇ှိနေမှတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အဘိုးအတွက်အရေးကြီးတာက ၀ယ်လက်ကြီးကြီးရှာပြီး ရေရှည်အတွက် သဘောတူစာချုပ်ချုပ်ထားဖို့ပဲ။ ပြီးတော့ ကျွန်တော်တို့တွေ မျက်လုံးပြာယုန်တွေအများကြီးလိုသေးတယ်။ မုန်လာဥဖြူတွေ တစ်ခါထဲအများကြီးရောင်းမှာဆိုတော့ ဈေးတွေထိုးကျသွားလောက်သေးတယ်။ ဒါကိုလည်း တွေးဆထားရမယ်”

ဂရင်းခေါင်းငြိမ့်လာသည်။

ကျောက်ဟိုင် သူ့ဘေးက နေရာကိုညွှန်ပြပြီး

“ အဘိုး ထိုင်ပါဦး။ ကျွန်တော်ပြောချင်တာတွေ ရှိသေးတယ်။ ဘလော့ဟက် အဘိုးဂရင်းအတွက် မနက်စာကို ဒီကိုပဲ ယူလာခဲ့လိုက်ပါ။ အဘိုးဒီမှာပဲစားလိမ့်မယ်”

ဘလော့ဟက်က ဂရင်းကိုကြည့်သည်။ ဂရင်းခေါင်းငြိမ့်ပြတော့မှ ထွက်သွား၏။ ဂရင်းလည်း ကျောက်ဟိုင့်ဘေးတွင် ၀င်ထိုင်လိုက်သည်။

ကျောက်ဟိုင်အနေနဲ့လည်း ဂရင်းရဲ့သြဇာပေါက်မြောက်နေတဲ့အပေါ် မနာလိုမဖြစ်မိပေ။ သူ့ကိုသာ ဂရင်းမကယ်ထားခဲ့ရင် အေဒင်ဆိုတာ သေနေခဲ့လောက်ပြီပေ။

“ အဘိုးဂရင်း ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေတွေအရ သိုသိုသိပ်သိပ်နေဖို့လိုတယ်။ သေချာပေါက်ကို သိုသိုသိပ်သိပ်နေရမယ်။ ကျွန်တော်တို့အနေနဲ့ အထက်တန်းလွှာတွေကို ကိုင်တွယ်ဖို့မတတ်နိုင်သေးဘူး။ အခုလိုတိုးတက်လာတာက ကျွန်တော်တို့မှန်းသာသိသွားခဲ့ရင် အကျိုးဆက်က မကောင်းဘူး”

“ အထက်တန်းလွှာတွေက ကျွန်တော်တို့ဘူတကလန်ကို ဘာကြောင့်လွှတ်ထားပေးခဲ့လဲဆိုတာ မသိနိုင်ဘူး။ ကြည့်ရတာတော့ ကျွန်တော်တို့ကို အမြစ်ဖြတ်ချေမုန်းချင်ရင် တန်ဖိုးကြီးကြီးပေး၇မှာမို့လို့ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီနေရာကိုပဲပို့လိုက်ကြတာ။ တကယ်လို့ ကျွန်တော်တို့ဘူတကလန်က တိုးတက်မယ့်အလားအလာတွေရှိနေတယ်လို့သိသွားကြရင်သူတို့တွေ သေချာပေါက်လာချေမှုန်းလိမ့်မယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ သိုသိုသ်ိပ်သိပ်နေဖို့လိုအပ်တယ်။ သိုသိုသိပ်သိပ်နေတာက ကြားရအဆင်မပြေနိုင်သလို နေရလည်းမကောင်းနိုင်ပေမယ့် ဒါက ကလန်ရှေ့ရေးအတွက်မို့ အဘိုးဂရင်းနားလည်ဖို့ မျှော်လင့်တယ်။”

သူ့စကားကြောင့် ဂရင်းရဲ့မျက်လုံးတွေ နီရဲလာပြီး ဘေးထွက်ရပ်ကာ ကျောက်ဟန်ကို ဦးညွှတ်လေသည်။

“သခင်လေး စိတ်ချပါ ကျွန်တော်သေချာဂရုစိုက်ပါ့မယ်”

“ အဘိုးဂရင်းရယ် ဒီလိုမလုပ်ပါနဲ့ထိုင်ပါ။ အဘိုးကိုသိထားစေချင်တာက မှော်မုန်လာဥတွေရောင်းတာက ပထမအဆင့်ဆိုတာပဲ။ နောက်တစ်ဆင့်အနေနဲ့ အနက်ရောင်လွင်တီးခေါင်မြေက မြေဆီလွှာတွေကို စိုက်ပျိုးလို့ရတဲ့ မြေဆီလွှာတွေအဖြစ် ကျွန်တော်ပြောင်းပါဦးမယ်။ ဒါကြောင့် လုပ်သားအင်အားလည်းလိုသေးတယ်။ အဘိုး အစေခံတွေထပ်ဝယ်ဖို့လိုတယ်။ သူတို့က အသုံးဝင်ရင် စွမ်းဆောင်နိုင်စွမ်းရှိရင် ၀ယ်သာဝယ်ခဲ့လိုက်ပါ။ အရေးကြီးတာက ကျွန်တော်တို့ကို နောက်ယောင်ခံလိုက်တဲ့သူမ၇ှိဖို့ပဲ။”

ဂရင်းခေါင်းငြိမ့်လိုက်သည်။

သခင်လေးပြောတာတွေ မှန်တယ်။

အရင်က သခင်လေးက ဒီလိုတွေမတွေးတတ်ဘူး၊ အခုပြောင်းလဲပြီး ရင့်ကျက်လာတဲ့သခင်လေးက သေချာတွေးတောတတ်နေပြီ။ ဒါ ဘူတကလန်အတွက် ကောင်းတဲ့အရာပဲ။

ဘလော့ဟက်ပြန်လာပြီး ဂရင်းအတွက်မနက်စာယူလာသည်။ ဂရင်းရဲ့မနက်စာက ရိုးရိုးရှင်းရှင်းပဲဖြစ်သည်။ ကျောက်ဟိုင် ရင်နာလာရပြန်သည်။ သူခေါင်းခါလိုက်ပြီး

“ အဘိုး မုန်လာဥတွေရောင်းပြီးရင်ပထမအနေနဲ့ မျက်လုံးပြာယုန်တွေဝယ်ပါ။ ဒုတိယအနေနဲ့ အမြီးရှည်ကြက်တွေဝယ်ပါ။ တတိယအနေနဲ့ ကြေးခွံမဲ့ငါးတွေဝယ်ပါ။ ရဲတိုက်ထဲမှာ ဘာမှမရှိဘူး။ ကျွန်တော့်အထင်တော့ ငါးမွေးဖို့အ ခက်အခဲရှိလိမ့်မယ်။ အခု ကျွန်တော်တို့အတွက် ပိုက်ဆံကိုစိတ်ပူစရာမလိုတော့မှတော့ ရှင်သန်ဖို့အတွက် အဆင့်အတန်းမြင့်မြင့်နေနိုင်အောင် လုပ်ရတော့မှာပေါ့။ အဘိုးသွားပြီး ပြောဆိုတဲ့အခါ သူတို့ဘက်က မုန်လာဥဖြူဘယ်လောက်လိုလို ကျွန်တော်ပေးနိုင်တယ်။ ပမာဏက အဓိကမဟုတ်ဘူး။ ဒါပေမယ့် လမ်းမှာဖြတ်လုပြီး အသာလေးအချောင်လိုချင်တဲ့သူတွေရှိနိင်တယ်။ အဘိုးသတိထားဖို့လိုတယ်။ ပြီးတော့ အဘိုးပြန်လာတဲ့အခါ နောက်ကလိုက်ချောင်းမယ့်သူတွေကိုလည်း သတိထားပါ။ အဘိုးပြန်လာတဲ့အခါ စာအုပ်တွေလည်းဝယ်လာခဲ့ပေးပါ။ ပန်းပင်တွေအကြောင်းနဲ့ တိရိစ္ဆာန်တွေအကြောင်း စာအုပ်တွေ ကျွန်တော်လိုချင်တယ်။ ဒါတွေက အသုံးဝင်တယ်။ အခုလောလောဆယ်တော့ ကျွန်တော်ဒီလောက်ပဲတွေးမိသေးတယ်။ အဘိုးပဲ ကြည့်ကြပ်လုပ်လိုက်ပါဦး။ အာ ဟုတ်သားပဲ ကျွန်တော်တို့ရဲတိုက်ကို ကာကွယ်မယ့်သူတွေနည်းနေတယ်။ အဘိုးသာအဆင်ပြေရင်တိုက်ခိုက်ရေးကောင်းတဲ့အစေခံတွေ ၀ယ်ခဲ့ပါ။ အရေးကြီးတာကတော့ အဘိုးဂရင်းရယ် ကျွန်တော်တို့ရှင်သန်နိုင်ဖို့ပါပဲ”

ကျောက်ဟိုင်ပြောတဲ့စကားတွေက အရေးကြီးတာကို ဂရင်းလည်းသေချာသိလေတော့ သူ့စိတ်ထဲ စွဲမြဲနေအောင် မှတ်ထားလိုက်သည်။

မနက်စာဗန်းကို ဘလော့ဟက်ကိုပြန်သွားထားခိုင်းလိုက်ပြီး ထရပ်ကာ ကျောက်ဟိုင်ကို ဦးညွှတ်လိုက်သည်။

“ သခင်လေး ကျွန်တော်အားလုံး သေချာလုပ်ခဲ့မှာပါ။ ကျွန်တော်သွားတာ ရက်နည်းနည်းတော့ကြာမယ် ဒီအတောအတွင်းမှာ သခင်လေး သေချာဂရုစိုက်ပါ။ တစ်ခုခုဆိုရင် မယ်ရင်းကိုပြောလိုက်ပါ။ သခင်လေး သခင်လေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်နော်။ သခင်လေးက ဘူတကလန်ရဲ့ အနာဂတ်ပဲ။ သခင်လေး ဘာမှဖြစ်လို့မဖြစ်ဘူး”

“ အဘိုးဂရင်း မစိုးရိမ်ပါနဲ့ ကျွန်တော်လုပ်ရမှာကို သိပါတယ်။ အဘိုးသာမြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ပါ။ အိုးဟုတ်သားပဲ အေ၇ာင်းအ၀ယ်ဖြစ်သွားရင်ပစ္စည်းတွေပို့တဲ့ကိစ္စကလည်း ရှိသေးတယ်။ ပမာဏကများတော့ ကိုယ်တိုင်သွားပို့တာကောင်းလိမ့်မယ်။ ဒါဆိုရင် အာရုံစိုက်သိပ်မခံရတော့ဘူးပေါ့”

“ သခင်လေး စိတ်ချပါ အားလုံးကို ကျွန်တော်သေချာလုပ်ပါ့မယ်။ “

“ ဒါဆိုလည်း အဘိုးဂရင်းကို တကယ်ကျေးဇူးတင်ပါတယ်။ ဘူတမိသားစုမှာ အဘိုးဂရင်းရှိနေလို့သာအဆင်ပြေနေတာပါ”

ကျောက်ဟိုင် ဂရင်းကို ဦးညတ်လိုက်သည်။

ဂရင်း ဒီတစ်ကြိမ်မှာတော့ ကျောက်ဟိုင်ရဲ့ ဦးညွှတ်မှုကိုလက်ခုံလိုက်သည်။ သူ့မျက်နှာ နီရဲနေရင်းက

“ သခင်အိုကြီးရေ လေးစားရတဲ့သခင်ရေ တွေ့လား သခင်လေး အရမ်းကိုရင့်ကျက်လာပြီ။ ဘူတကလန်က သခင်လေးကြောင့် တိုးတက်လာတော့မှာ။ ဒီအဘိုးကြီး အရိုးဆွေးသွားရင်တောင် ဘူတကလန် ကြီးပွားတိုးတက်လာမှာကိုမြင်ပြီးမှပဲ သေမယ်။”

သူက ပြောဆိုပြီးတာနဲ့ လှည့်ထွက်သွားလေသည်။ အခုအချိန်မှာတော့ ဂရင်းကိုယ်မှာ အစေခံတစ်ယောက်ရဲ့ ပုံစံထက် အဆင့်ရှစ်စစ်သည်တစ်ယောက်ရဲ့ အရှိန်အဝါတွေသာ လွှမ်းနေသည်။

ဂရင်းရဲ့ကျောက်ကိုကြည့်ပြီး ကျောက်ဟိုင် ခေါင်းငြိမ့်လိုက်သည်။ သူပြောင်းလဲလာတာကိုလက်ခံဖို့ အချိန်တော့ပေးရမည်။

ကျောက်ဟန် အခန်းထဲပြန်ပြီး အနားယူဖို့ကြံလိုက်သည်။

ဂရင်းက ကိစ္စတွေကို ဦးဆောင်ပြီး အခုဂရင်းအပြင်သွားတော့ မယ်၇င်းနဲ့ မာဂ့်က ဆက်လုပ်ဆောင်ကြမှာဖြစ်သည်။ ဒါကြောင့် ကျောက်ဟိုင်အတွက်ုလုပ်စရာမ၇ှိတော့ပေ။ နေရာလပ်စိုက်ခင်းထဲပြန်ပြီး အခြေအနေကိုအကဲခတ်ဖို့သာရှိတော့သည်။

သို့သော်လည်း ဘလော့ဟက်နဲ့ ရော့ဟက်တို့က သရဲနှစ်ကောင်လိုမျိုး သူ့နောက်က တကောက်ကောက်လိုက်နေသည်။ ထိုနှစ်ယောက်က ပြောလို့ဆိုလို့မရဘဲ ဂရင်းအမိန့်ကိုသာနာခံကြသူတွေဖြစ်သည်။ ကျောက်ဟိုင်အတွက်ခေါင်းကိုက်စရာပင်။

ကျောက်ဟိုင် အခန်းထဲဝင်ပြီးတော့ ဘလော့ဟက်နဲ့ေ၇ာ့ဟက်ကိုကြည့်ပြီး ပြောလိုက်သည်။

“ ဘလော့ဟက်၊ေ၇ာ့ဟက် မင်းတို့အခန်းပြန်လို့ရပြီ။ ငါ ခဏအနားယူဦးမယ်။ ရဲတိုက်ထဲမာ ထွေထွေထူးထူးအကြောင်းမ၇ှိရင် ငါ့ကိုလာမခေါ်နဲ့”

ခေါင်းခါပြလာပြီး ဘာစကားမှတော့ ပြောမလာပေ။

“ ငါအနားယူတော့မှာမို့လို့မင်းတို့က အဘွားမယ်ရင်းကို သွားကူလေကွာ”

ခေါင်းခါပြပြန်သည်။

“ ငါအနားယူနေတဲ့အချိန်မှာ မင်းတို့က ကုတင်ဘေးရပ်ပြီး ကြည့်နေလို့တော့မရဘူးလေကွာ။ အပြင်မှာပဲ ရပ်စောင့်နေ ဟုတ်ပြီလား”

ခေါင်းခါပြပြန်၏။

“ ငါ သခင်လေးကမင်းတို့ကို မောင်းထုတ်တယ်ကွာ”

ခေါင်းခါပြန်၏။

“ အကိုကြီးတို့ရယ် ကျွန်တော်တောင်းပန်ပါတယ်။ တစ်ယောက်ထဲ နေဖို့ပေးကြပါလား။ ကျွန်တော်ဘယ်မှ မသွားပါဘူး”

ခေါင်းထပ်ခါပြန်သည်။

“ ဘလော့ဟက်နဲ့ေ၇ာ့ဟင် မင်းတို့ကို ငါ့အဖေက ခေါ်လာပြီးငယ်ငယ်ကတည်းက ပျိုးထောင်ခဲ့တယ်ဆိုတာကို ငါသိတယ်။ မင်းတို့က တော်လို့ ဘူတကလန်ရဲ့မြင့်မြတ်တဲံအဖွဲ့သားတွေဖြစ်လာတာပဲမဟုတ်လား။ ငါလုပ်နေတာတွေကလည်း ကလန်ရဲ့ အကျိုးအတွက်ပဲ။ မင်းတို့ဆက်လိုက်နေရင် ငါ့လျှို့ဝှက်ကို ထိန်းထားနိုင်မှာမဟုတ်တော့ဘူး။ ကောင်းပြီ ငါရုတ်တရက်ပျောက်သွားရင် အလန့်တကြားဖြစ်မနေနဲ့ ဟုတ်ပြီလား”

သို့သော်သူပြောလို့မပြီးသေးခင်မှာပင် ဟက်ညီအကိုနှစ်ယောက်က ကျောတွင်လွယ်ထားသော ဓားရှည်တွေကိုထုတ်လိုက်ကာ ကိုယ့်လည်ပင်းကို ချိန်ရွယ်ထားလိုက်ကြလေသည်။

မျက်နှာအမူအယာကတော့ ကျွန်တော်တို့ကို မခေါ်ရင် သတ်သေလိုက်မှာ… ဆိုတဲ့ဟန်…

ဒီညီအကိုကိုသာ ချန်ထားခဲ့ရင် တကယ် သတ်သေသွားလောက်တယ်။ ဒါပေမယ့်လည်း နေရာလပ်ဒေသထဲကို ခေါ်မသွားချင်ဘူး။

ကျောက်ဟိုင် ဝေခွဲမရဖြစ်လာသည်။

အခုအချိန်ဆိုရင် နေရာလပ်ဒေသမှာ အသီးအနှံတွေ ရင့်မှည့်နေလောက်ပြီ။ သူ တစ်ချက်တော့ဝင်ကြည့်ချင်သည်။ ဒါတွေက ပိုက်ဆံတွေဖြစ်လာမှာမို့ မြန်မြန်စုဆောင်းနိုင်လေ ကောင်းလေပင်။

အဲ့ဒါထက်အေ၇းကြီးတာက နေရာလပ်ဒေသက မြေဆီလွှာတွေနဲ့ ရေတွေကို အပြင်ကိုယူလို့ရမရ သူသိချင်သေးသည်။ ရခဲ့ရင်တော့ အနက်ရောင်လွင်တီးခေါင်မြေက မြေဆီလွှာတွေကိုစိုက်ပျိုးလို့ရအောင် ပြောင်းနိုင်လောက်သည်။ ထိုသို့စိုက်ပျိုးလို့ကောင်းတဲ့မြေဖြစ်လာခဲ့ရင် အရာရာအဆင်ပြေပြီပေ။

သူ အတွေးများနေတဲ့အချိန်မှာ ဘလော့ဟက်နဲ့ရော့ဟက်က ဓားကိုင်ထားရင်း သူ့ကိုငေးကြည့်နေသည်။ သူပျောက်သွားမှာကို စိုး၇ိမ်တဲ့ဟန်ပင်။

ကျောက်ဟိုင် တွေးတောပြီးနောက် ဟက်ညီအကိုကို ကို့ယို့ကားယားပြုံးပြလိုက်သည်။

“ ကောင်းပြီ မင်းတို့လိုက်ခဲ့လို့ရတယ်။ ဒါပေမယ့် အခု မင်းတို့မြင်တာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူးနော်။ မင်းတို့ပြောချင်ရင် အဘိုးဂရင်း၊အဘွားမယ်ရင်းတို့ကိုပဲပြောရမယ်။ အခြားလူတွေကို လုံးဝမပြောရဘူးနော်။ မင်းတို့ အိပ်မက်ထဲမှာတောင် မပြောမိစေနဲ့နော်”

ထိုညီအကိုက ခေါင်းငြိမ့်ကာ ဓားတွေကို လည်ပင်းနားက ခွာလိုက်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset