Switch Mode

Chapter – 268

အလွန် ခမ်းနားခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၈ – အလွန်ခမ်းနားခြင်း

ဟိန်းထုန် စားခံလိုက်ရတယ်…

သတင်းများပျံ့လာသည်နှင့် လူများ ဆွံ့အသွားကြရသည်။ သတင်းမှာ ထိတ်လန့်စရာကောင်းလှသည်ပင်။

အခြေအနေများ တည်ငြိမ်သွားသည့်အချိန်တွင်တော့ ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများသာမက လူများပင် ဤသတင်းမှာ ပိုလွန်းသည်ဟု တွေးမိလိုက်ကြသည်။ ဤသတင်းမှာ တစ်ယောက်ယောက် လျှောက်ပြောခြင်းဖြစ်လိမ့်မည်။ ဤလောကတွင် မည်သူကများ ဤမျှစားနိုင်မည်နည်း..

“လုံးဝအဓိပ္ပာယ်မရှိတာ..” ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများသည် မဟုတ်ကြောင်း ကြေညာလိုက်ကာ သူတို့မျိုးနွယ်စု ဂုဏ်သိက္ခာကို မစော်ကားကြရန် သတိပေးလာကြသည်။

အထူးသဖြင့် တောင်ပင်လယ်မှ ကမ်းပေါ်သို့တက်လာသည့်သူများပင်။ ဤကောလဟာလများကြောင့် သူတို့ အတော်လေး ဒေါသထွက်လာရသည်။ တစ်ယောက်ယောက် သူတို့ကို အစားအစာအဖြစ် သတ်မှတ်ရဲတယ်လား … အဲဒီလူတွေ သေချင်နေတာပဲ..

ရေအောက်မျိုးနွယ်စုအများစုမှာ ဤသတင်းကို မယုံကြ။ အဘယ်ကြောင့်ဆိုသော် ဟိန်းထုန်မှာ သာမန်လူမဟုတ်ပေ။ သူသည် နဂါးမျိုးနွယ်စုတစ်ယောက်ဖြစ်ပြီး စွမ်းအားကြီးသည့်လက်နက်လည်း ပိုင်ဆိုင်ထားသည်။ သူ့ကို သတ်နိုင်ရန်အတွက် ခက်ခဲလိမ့်မည်။

ထို့အပြင် ထိုကဲ့သို့သော တိုက်ပွဲမျိုးသာ တကယ်ဖြစ်ခဲ့လျှင် အစောကြီးကတည်းက သတင်းပျံ့နေလောက်လေပြီ။ ဘာလို့စားခံရပြီးမှ သတင်းထွက်လာမှာလဲ.. ဒီလူသတ်သမားက အရမ်းကို သိုသိပ်နေလွန်းတာလား..

“ဟာသပဲ .. မင်းတို့တွေ ငါတို့တောင်ပင်လယ်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်ရင်လည်း တစ်ခြားနည်းနဲ့ ကြိုးစားသင့်တယ် .. အဓိပ္ပာယ်မရှိတဲ့ ကောလဟာလတွေ လွှင့်နေတာက အောက်တန်းကျလွန်းတယ်..”တောင်ပင်လယ်မှ အမျိုးသမီးခုံးကောင်နတ်ဆိုးတစ်ဦး ပြောလာသည်။ သူမလေသံမှာ စက်ဆုပ်ရွံရှာမှုအပြည့်ပင်။ သူမ ဤသတင်းကိုလုံးဝမယုံ။

သူမ၏ တိုက်ခိုက်စွမ်းရည်များကြောင့် ကမ်းခြေပေါ်သို့ တက်လာပြီးနောက် အနည်းငယ် နာမည်ရနေပြီဖြစ်သည်။ ထို့အပြင် သူမ၏ လူပုံစံမှာ အတော်လေး ဆွဲဆောင်မှုရှိလှသည်။ ကြည်လင်နေသည့်မျက်လုံးများ၊ ဖြူဖွေးနေသည့်သွားတန်းများ ရှိနေပြီး မိုးပြာရောင်ဆံနွယ်များလည်း လေထဲမျောလွင့်နေသည်ပင်။ သူမသည် လှပလွန်းလှသောကြောင့် အချိန်တစ်ခဏအတွင်းမှာပင် ခုံးကောင်နတ်သမီးဟု နာမည်ကြီးလာသည်။

ထို့နောက် အခြားရေအောက်မျိုးနွယ်စုကျွမ်းကျင်သူလည်း ပြန်လည်တုံ့ပြန်လာသည်။ “ဟက် .. လူသားမျိုးနွယ်စုက လူတစ်ချို့က ကပ်ဆိုးကြီးရောက်လာမှာကို မကြောက်တဲ့ပုံပဲ .. မင်းတို့စွမ်းရည်လောက်လေးနဲ့ အစ်ကိုဟိန်းထုန်ကို စော်ကားရဲကြတယ်ပေါ့ .. လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဒီလိုနည်းလမ်းမျိုးနဲ့ ဖျက်ဆီးတာက မယုတ်မာလွန်းဘူးလား.. မင်းတို့တွေ မကျေနပ်ရင် နဂါးနက်မျိုးနွယ်စု ရောက်လာပြီး အားလုံးကိုရှင်းပစ်မယ့်အချိန်ကို စောင့်နေလိုက် .. လူသားမျိုးနွယ်စုက ကျွမ်းကျင်သူလို့ခေါ်တဲ့သူတွေက နဂါးနက်မျိုးနွယ်စုကို ယှဉ်နိုင်ဖို့ အများကြီး လိုသေးတယ်”

ဤသည်မှာ အော်ကာဝေလငါးပင်။ သူတို့မျိုးနွယ်စုသည် ပြောင်းလဲမှုများ မဖြစ်ခင်ကတည်းက ပင်လယ်ပြင်တွင် မင်းမူသည့်သူများပင်။ ယခုဆိုလျှင်တော့ ပြောစရာမလိုလောက်အောင် သူတို့ပို၍စွမ်းအားကြီးလာကြသည်ပင်။

သူ ခြောက်ခုမြောက် အချုပ်အနှာင်ဖြတ်တောက်ထားသည်မှာ အတော်လေး ကြာနေပြီဖြစ်ပြီး တောင်ပင်လယ်မှ ပြင်းထန်သည့်တိုက်ပွဲများကို ရှောင်ရှားရန်အတွက် ကမ်းခြေပေါ်သို့ တက်လာခြင်းပင်။ ထပ်မံအဆင့်တက်ရန်အတွက် နာမည်ကြီးတောင်များနှင့် မြစ်များမှ ကံကောင်းမှုများ ရှာဖွေချင်သည်။

“ဟိန်းထုန်သေတဲ့သတင်းက ကောလဟာလမဟုတ်ပဲ တကယ်အစစ်ဖြစ်နေဖို့ မျှော်လင့်တယ် .. ဒီသောက်ရေအောက်မျိုးနွယ်စုတွေက အရမ်းကို ရိုင်းစိုင်းလွန်းတယ်”

လူအချို့မှာ ဤကိစ္စကို မကျေမနပ် ဆွေးနွေးနေကြသည်။ ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများမှာ တစ်လောကလုံးကို အပိုင်စားရနေသကဲ့သို့ မောက်မာလွန်းလှသည်ဟု သူတို့ခံစားနေရသည်။

“တောင်းပန်ပါတယ် .. ဟိန်းထုန်အစားခံလိုက်ရတဲ့ သတင်းကိုတင်ပြီးတော့ ဖုန်းပျက်သွားလို့ ဓာတ်ပုံတွေ တင်လို့မရဘူးဖြစ်သွားတာ .. သက်သေတွေပြဖို့အတွက် နောက်တစ်ခေါက် အပြေးအလွှားလေး လာတင်ရမှာ .. ဒီမှာ သက်သေတွေ..ရေအောက်မျိုးနွယ်စု

သတင်းတင်ခဲ့သည့်သူ နောက်တစ်ကြိမ် ပေါ်လာကာ သူ့ဖုန်းနှင်းထဲသို့ ကျသွားပြီး ပျက်စီးသွားသောကြောင့် ယခုမှ ဓာတ်ပုံများ ပြန်လာတင်ခြင်းဖြစ်ကြောင်း ပြောလာသည်။

ဟိန်းထုန်ဓာတ်ပုံများ တင်လိုက်သည်နှင့် ဆူညံပွက်လောရိုက်သွားသည်ပင်။

နှင်းများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို မြင်နိုင်ဆဲပင်။ ကြီးမားလှသည့် ရေနဂါးကိုယ်ကြီးမှာ ရထားတစ်စင်းထက်ပင် ရှည်လျားနေသည်။

လူများ ချက်ချင်း ဆွံ့အသွားရ၏။ ဟိန်းထုန်၏မူလပုံစ့မှာ တကယ်ကြောက်စရာကောင်းလှသော်လည်း ယခုတော့ ဆိုးရွားလှသည့်အခြေအနေ ရောက်နေသည်။ သူ့အဖြူရောင်အရိုးသည် တောင်တန်းတစ်လျှောက် လဲလျောင်းနေကာ အနီးအနားမှ ငှက်များနှင့် သားရဲများကို ခြိမ်းခြောက်နေသည်။ ထိုအရိုးနားသို့ သာမန်သက်ရှိများ မကပ်ရဲကြ။

“အား.. သူ့ကို ဘယ်သူသတ်တာလဲ .. ဘယ်သူက တောင်ပင်လယ်နဂါးမျိုးဆက်က လူငယ်ကျွမ်းကျင်သူကို အန္တရာယ်ပေးခဲ့တာလဲ..”

သတင်းမှာ အစစ်အမှန်ဖြစ်ပြီး ကောလဟာလမဟုတ်သည်ကို တွေ့လိုက်ရသည့်အချိန် ရေအောက်မျိုးနွယ်စုများအားလုံး ဆွံ့အသွားကြရသည်။ နဂါးဘုရင်ကြီးတွင် သားသုံးယောက်သာရှိပြီး ယခု အငယ်ဆုံးသားမှာ အစားခံလိုက်ရလေပြီ။ ဤသည်မှာ သူ၏ကြောက်စရာကောင်းလှသည့် ဒေါသကို ဆွပေးလိုက်ခြင်းပင်။

ဤနဂါးသည် သူ့ကလေးများကို အလွန်ကာကွယ်ပေးသည့်သူပင်။ တောင်ပင်လယ်တွင် လှိုင်းထန်လာပြီး ကျွမ်းများလည်း ရေအောက်သို့နှစ်မြှုပ်တော့မည်။

နဂါးဘုရင်ကြီး ကျင့်ကြံနေသည်မှာ အနည်းဆုံး နှစ်ပေါင်းငါးရာ ရှိနေပြီဖြစ်ပြီး တောင်ပင်လယ်မှ သူ၏ဘုရင်နေရာကို မည်သူမှ မစိန်ခေါ်ရဲ။

သူသည် တောင်ပင်လယ်၏ ဘုရင်အစစ်အမှန်တစ်ပါးပင်။

“တော်တော်လေးကို လက်လွတ်စပယ်နိုင်တာပဲ .. ဟိန်းထုန်ကို သတ်လိုက်တဲ့သူကတော့ သေချာပေါက် သေမှာပဲ .. သူက တောင်ပင်လယ်က နဂါးဘုရင်သတ်ခံရဖို့ ကံပါလာတာပဲ…”

အချို့ ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများစွာ ဒေါသထွက်လာကြသည်။ သူတို့အားလုံး ပင်လယ်မှ လာကြခြင်းဖြစ်သောကြောင့် သူတို့မျိုးနွယ်စုတစ်ဦးအစားခံလိုက်ရခြင်းမှာ သူတို့ကို အရှက်ရစေသည်ပင်။

အချို့လူများမှာ ဓာတ်ပုံများမှာ အစစ်မဟုတ်လောက်ဟု ပြောလာကြကာ အတည်ပြုပေးရန် တောင်းဆိုလာကြသည်။

ခုံးကောင်နတ်သမီးသည် အော်ကာဝေလငါးနှင့်အတူ ချက်ချင်းလှုပ်ရှားလာလေ၏။ သူတို့နှစ်ဦးသည် ဟိန်းထုန်နှင့် အလွန်ရင်းနှီးကြသည်ဖြစ်သောကြောင့် သတင်းကြားသည်နှင့် သူတို့ စန်းချင်တောင်သို့ ချက်ချင်းပြေးလာခဲ့ကြသည်။

“ရေနဂါးအသားက အရမ်းကိုကောင်းတာ .. စန်းချင်တောင်က နှင်းတွေဖုံးနေတာဆိုတော့ ဟိန်းထုန်အသားက လတ်ဆတ်နေတုန်းပဲ .. ဒါက ငါစားဖူးသမျှအသားထဲ အကောင်းဆုံး၊ အရသာအရှိဆုံးအသားပဲ .. ဘုရားရေ .. အသားထဲက စွမ်းအင်တွေက ပင်လယ်လောက်ကို များတာ .. ငါ အဆင့်တက်တော့မလိုတောင် ခံစားနေရတယ် .. အကျိုးကျေးဇူးတွေက တကယ်မယုံကြည်နိုင်လောက်အောင်ပဲ … ဒီအသားတွေအားလုံးကို ငါတစ်ယောက်တည်း စားလို့မကုန်ဘူး .. အဲဒီတော့ သတ္တိရှိတဲ့သူတွေ ဒီကိုအသားလာယူလို့ရတယ် .. ရထားလောက်ကြီးတဲ့ ရေနဂါးအသားကို နောက်တစ်ခေါက်စားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

စန်းချင်တောင်မှ ထိုလူမှာ တကယ်ကို အကြောက်တရားကင်းမဲ့လှသည်။ သူသည် ကျန်နေသည့်နဂါးအသားကို စားရုံသာမက အခြားသူများကိုလည်း သူနှင့်အတူ ဝင်စားရန် ဖိတ်ခေါ်နေသေးသည်။

အစပိုင်းတွင် အားလုံး ဆွံ့အသွားကြသော်လည်း ခဏကြာပြီးသည့်နောက်တွင် အနီးအနားတွင် ရှိနေကြသည့် သန္ဓေပြောင်းအချို့ စန်းချင်တောင်သို့ တဟုန်ထိုး ပြေးသွားကြတော့သည်။

သူတို့ကို ဆွဲဆောင်နေသည်မှာ ရှားပါးလှသည့်အရသာမဟုတ်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကြောက်စရာကောင်းသည့်သက်ရှိ၏ အသွေးအသားမှာ အဆင့်တက်ရန်အတွက် ရှားပါးဆေးဖြစ်နိုင်မလားဟူသည့် ဖြစ်နိုင်ချေကြောင့်ပင်။

ဤလောကတွင် မည်သူကများ ပြိုင်ဘက်ကင်းကျွမ်းကျင်သူအသားကို စားဖူးသနည်း.. ဤသည်မှာ တစ်သက်မှာတစ်ခါသာရသည့် အခွင့်အရေးပင်။

တစ်ချိန်တည်းမှာပင် စန်းချင်တောင်မှ လူသည် ရေအောက်မျိုးနွယ်စုအား တမင်သက်သက် ရန်စခြင်းဖြစ်လိမ့်မည်ဟု သူတို့လည်း သတိပြုမိသည်။

သူပြောသည့် ဖုန်းပျက်သွားသည်ဟူသည့်အကြောင်းပြချက်ပင် သံသယဝင်စရာ ကောင်းနေသည်။

သူသည် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများ ပြစ်တင်ဝေဖန်မည်ကို တမင်သက်သက်စောင့်နေပြီးမှ သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်လိမ့်မည်ဟု လူများ ခန့်မှန်းလာကြသည်။

ထိုလူသည် သူ ဗိုက်ပြည့်အောင် စားပြီးသွားပြီဖြစ်လိမ့်မည်။

ဤကိစ္စနောက်ကွယ်မှ လူများမှာ နွားနက်ကြီး၊ နွားဝါလေးနှင့် မန်ချူးကျားတို့ပင်ဖြစ်သည်။

ချူဖုန်းသည် နွားနှစ်ကောင်နှင့် အမြဲတမ်း ဆက်သွယ်နေခဲ့သောကြောင့် ချူဖုန်း၏လှုပ်ရှားမှုများကို သူတို့သိနေကြသည်ပင်။ ချူဖုန်း ထွက်သွားသည်နှင့် သူတို့နှစ်ဦးလည်း စန်းချင်တောင်သို့ သွားခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့သည် မန်ချူးကျားကိုလည်း ခေါ်လိုက်ကာ နှင်းများ သိပ်သည်းစွာ ကျလာသည်အထိ စားသောက်နေခဲ့သည်ပင်။ ရာသီဥတုအလွန်အေးလာမှ သူတို့ ထွက်လာခဲ့ကြလေ၏။

စန်းချင်တောင်သို့ ခုံးကောင်နတ်ဘုရားမ အရင်ရောက်လာသည်။ ဖြူဖွေးနေသည့် ရေနဂါးအရိုးစုအား မြင်လိုက်ရသည့်အချိန်တွင် သူမ မတ်မတ်ပင် မရပ်နိုင်တော့ပဲ လဲကျလုနီးပါးဖြစ်သွားသည်။

“ဟိန်းထုန်…” ခုံးကောင်နတ်ဘုရားမ အော်ဟစ်လိုက်သည်။

သူတို့နှစ်ဦးလုံး တောင်ပင်လယ်မှ ဖြစ်သောကြောင့်သူမ ဟိန်းထုန်ကို အနည်းငယ်သဘောကျနေသည်ပင်။ သို့သော် သူ ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဟိန်းထုန်သည် ကုန်းမြေပေါ်၌ အင်အားကြီးမားလာပြီး နဂါးတစ်ကောင်အဖြစ် အဆင့်တက်သွားလိမ့်မည်ဟု သူမ အမြဲတမ်း ယုံကြည်နေခဲ့ခြင်းပင်။ သို့သော် သူ အောင်မြင်မှုမရနိုင်သေးခင်မှာပင် အဆုံးသတ်သွားခဲ့လေပြီ။

အော်ကာဝေလငါးဘုရင်လည်း အပြေးလေး ရောက်လာကာ ထိုမြင်ကွင်းအား မြင်လိုက်ရသည့်အချိန် သူလည်း ဆွံ့အသွားခဲ့ရသည်။ ဟိန်းထုန်အရိုးစုကိုကြည့်ကာ ဘာပြောရမှန်းပင်မသိတော့။ သူသည်စားသောက်ခြင်း ခံထားရရုံသာမက ဘာမှမကျန်တော့လောက်အောင် အပြောင်ရှင်းခံထားရသည်။

အမှန်တကယ်တွင် သူတို့ဤနေရာသို့ ရောက်လာရန်အတွက် ခရီးဝေးကြီးလာခဲ့ရသည်။ သူတို့လာနေစဉ် သန္ဓေပြောင်းအုပ်စုများစွာ ရောက်လာပြီး အသားများ ယူသွားခဲ့ခြင်းပင်။

ဟိန်းထုန် စားသောက်ခြင်းခံလိုက်ရကြောင်း အတည်ပြုပြီးသွားလေပြီ။

ဘယ်သူ လုပ်တာလဲ .. နတ်ဆိုးဘုရင်ချူလား.. လူများစွာ သူ့ကို တွေးမိသွားကြသည်။

ရေအောက်မျိုးနွယ်စုများ အထူးသဖြင့် တောင်ပင်လယ်မှလူများ လုံးဝတုန်လှုပ်သွားကြကာ သူတို့ပူးပေါင်းကာ တရားခံကို ရှင်းပစ်မည်ဖြစ်ကြောင်း ကြေညာလာသည်။ တရားခံမှာ မည်သူပင်ဖြစ်စေ သူတို့ညှာတာမည်မဟုတ်။

“တောင်ပင်လယ်ကို အနိုင်ကျင့်တဲ့သူအားလုံး အညှာအတာမရှိ အသတ်ခံရမယ်..” ဤသည်မှာ သူတို့၏ ထုတ်ပြန်ကြေညာချက်ပင်။

ဤစကားများမှာ အားလုံးကို ဒေါသထွက်သွားစေခဲ့သည်။ သန္ဓေပြောင်းများနှင့် သာမန်ပြည်သူများအားလုံး မကျေမနပ်ဖြစ်သွားကြသည်ပင်။ သူတို့တွေက စီးပိုးလွန်းအားကြီးတယ် .. ဘယ်သူမှ ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူတွေကို သတ်လို့မရဘူးလား .. ကုန်းမြေပေါ်က လူတွေပဲ အမြဲတမ်း အသတ်ခံရမှာလား..

တိုင်ပင်ထားစရာမလိုပဲ လူသားများနှင့် သားရဲများအားလုံးသည် တောင်ပင်လယ်မှ နဂါးမျိုးနွယ်စုအား အဆက်အဆံမလုပ်ပဲ ရှောင်ကြဉ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုအချိန်တွင် ဟိန်းထုန်သေဆုံးမှု၏ တရားခံဖြစ်သူမှာ နွားနက်ကြီး၊ နွားဝါလေး၊ မန်ချူးကျားတို့နှင့်တွေ့ဆုံကာ ပျော်ရွှင်စွာ စားသောက်နေပြီဖြစ်သည်။

သူတို့ရှိနေသည့်နေရာမှာ လုတောင်နှင့်နီးသည်။ လုတောင်တွင် နှင်းများသိပ်သည်းစွာကျဆင်းနေသော်လည်း သူတို့ရှိနေသည့်နေရာကတော့ စိမ်းစိုလန်းဆန်းနေကာ ရာသီဥတုမှာလည်း နွေရာသီကဲ့သို့ နွေးထွေးနေသည်။ ကပ်လျက်နယ်မြေနှစ်ခု၏ ရာသီဥတုမှာ ဆန့်ကျင်ဘက်ပင်ဖြစ်သောကြောင့် ဤသည်မှာ ရှားပါးလှသည့်မြင်ကွင်းတစ်ခုပင်။

“ညီအစ်ကို .. မင်း ဟိန်းထုန်ကို သတ်ခဲ့တဲ့အပြင် သားရဲအုပ်လိုက်ကြီးကိုလည်း တစ်ယောက်တည်း သတ်ခဲ့တဲ့အတွက် လေးစားပါတယ် .. အဲဒါအပြင်ကို မင်းက ဒေါင်းဘုရင်ကိုတောင် စိန်ခေါ်ခဲ့သေးတယ် .. ဒီဘုရင်က တကယ်ကို သဘောကျရပါတယ်” မန်ချူးကျား အရက်သောက်လိုက်ပြီး အသားတစ်ပန်းကန်စားလိုက်သည်။ သူသည် ပျော်ရွှင်နေသလို အံ့လည်းအံ့ဩနေရသည်။ လုံဟူတောင်၌ ရှိနေစဉ်က ချူဖုန်း ဤအဆင့်မရောက်သေး။

“ညီအစ်ကို .. ငါ မင်းအတွက် လက်ဆောင်တစ်ခု ပြင်ပေးထားတယ်” မန်ချူးကျား တီးတိုးပြောလာသည်။

“ဘာကြီးလဲ..” ချူဖုန်း အံ့အားသင့်သွားရသည်။

“စီးတော်ယာဉ်တစ်ကောင်..” နွားဝါလေး ပြောလာသည်။

အမှန်တကယ်တွင် ယခုရက်ပိုင်း၌ သူတို့သည် ချူဖုန်းကိုကူကာ သားရဲဘုရင်အချို့ သတ်ပေးနေခဲ့ကြသည်ပင်။ ဤသည်မှာ လက်စားချေခြင်းဟု သတ်မှတ်၍ရသည်။ ယခု သူတို့ ချူဖုန်းအတွက် စီးတော်ယာဉ်တစ်ကောင် ပြင်ဆင်ထားသည်ပင်။

“မင်း ဘုရင်အဆင့် စီးတော်ယာဉ်တစ်ကောင် အမြဲတမ်း လိုချင်နေခဲ့တာ မဟုတ်ဘူးလား..” နွားနက်ကြီးသည် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးဖြီးနေသည်။

“သွားကြည့်ကြစို့” ချူဖုန်း စိတ်လှုပ်ရှားလာ၏။

“ဟီး ဟီး..”

သူ့စီးတော်ယာဉ်ဖြစ်မည့်အကောင်ကို မြင်လိုက်ရပြီးသူ့အော်သံကို ကြားလိုက်ရပြီးနောက် ချူဖုန်း အချိန်အတော်ကြာ ဆွံ့အသွားခဲ့ရသည်။

ဒါက မြည်းတစ်ကောင်ပဲ..

အချိန်အတော်ကြာပြီးနောက် သူ ထိုသုံးကောင်ကို လှည့်ကြည့်လိုက်၏။ သူ ဤလူများကို ပိတ်ရိုက်ပစ်ချင်နေလေပြီ။

“မင်းတို့ကောင်တွေက ဘာလို့ ငါ့အတွက် စီးတော်ယာဉ်ကို မြည်းတစ်ကောင်လုပ်ထားတာပဲ..” ချူဖုန်း မကျေမနပ် ပြောလိုက်သည်။

“ဒီမြည်းက ပြေးတာအရမ်းမြန်တယ် .. သူ့ကိုဖမ်းဖို့အတွက် အချိန်အကြာကြီး ယူခဲ့ရတာ .. သူက အချုပ်အနှောင်လေးခု ဖြတ်တောက်ပြီးသွားပြီ၊ ပြီးတော့ သူ့ပြေးတဲ့အရှိန်က အသံနှုန်းထက် လေးဆလောက်မြန်တယ် .. သူ လျှပ်စီးအသီးတစ်ချို့ကို စားမိလို့ ဒီလောက်မြန်တာလို့ပြောတယ်” နွားနက်ကြီး ရှင်းပြလာသည်။ ဤမြည်းကို သူကိုယ်တိုင် ဖမ်းခဲ့ခြင်းမဟုတ်။ မန်ချူးကျားမှ ဖမ်းခဲ့ခြင်းပင်။

ပုံမှန်ဆိုလျှင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူများမှာ အသံထက် လေးဆမြန်နိုင်သည်ပင်။

“အဲဒီလောက်တောင် မြန်တာလား .. ဒါပေမဲ့ငါ့အရှိန်နဲ့ယှဉ်ရင် နှေးနေတုန်းပဲ .. ခဏ .. ဒီကောင်ကို ငါရင်းနှီးနေသလိုပဲ .. ဒီသောက်ကောင်က အဲဒီညက င့ါကို တိုက်ခိုက်တဲ့ထဲမှာပါတယ် .. ဒါပေမဲ့ဒီကောင်က လူလုံးထွက်မပြပဲနဲ့ အရေးကြီးတဲ့အချိန်ရောက်မှ အမှောင်ထဲကနေ တိုက်ခဲ့တာ..”

ထိုညက ဤမြည်း၏ ခြေထောက်ဖြင့် ကန်ခံလိုက်ရပုံကို ပြန်စဉ်းစားမိသွားသည့်အချိန် ချူဖုန်း ဒေါသထွက်လာရသည်။ ထို့နောက် သူသည် မြည်းကို စိုက်ကြည့်လိုက်ကာ “ကောင်းကင်ပေါ်မှာ နဂါးအသား၊ မြေပြင်ပေါ်မှာ မြည်းအသားလို့ ပြောကြတယ် .. ငါတို့ သူ့ကို စားပဲစားလိုက်ရအောင်”

“ဟီး ဟီး .. ကျွန်တော့်ကို မစားပါနဲ့..” မီးခိုးရောင်မြည်းကြီး အလွန်ထိတ်လန့်လာသည်။

“မင်းအဖေ .. မင်းက သေခါနီးဖြစ်နေတာတောင်မှ င့ါကို သားလို့ခေါ်ပြီး အခွင့်ကောင်းယူရဲသေးတာလား.. မင်းကို ရိုက်ပစ်မယ်..” ချူဖုန်း ဒေါသတကြီး ပြောလိုက်သည်။
[AN: တရုတ်စာမှာ မြည်းဟီသံကို ဖော်ပြတဲ့စကားလုံးက သားလေး သားလေး နဲ့ အသံထွက်တူတယ်]

“မူး မူး မူး .. သက်ညှာပေးပါ .. အဲဒါက ကျွန်တော်တို့ မွေးရာပါအသံပါ .. အကျင့်ပါပြီး အဲဒီလိုမျိုး ပြောမိတာပါ..” မြည်းကြီး တောင်းပန်လာသည်။

“ချီးပဲ .. မင်းက အရိုက်ခံချင်နေတာပဲ..” နွားနက်ကြီး ဒေါသထွက်လာသည်။ ဤမြည်းကောင်သည် နွားအော်သံကို အတုခိုးကာ သနားညှာတာပေးဖို့ တောင်းပန်နေသေးသည်။

“ဝုတ် ဝုတ် ဝုတ် .. ဒါက နားလည်မှုလွဲတာပါ .. နွားကိုကြီး .. အစ်ကိုကြီးက ဆွေမျိုးတစ်ယောက်ကို မကယ်ဘူးလား.. ကျွန်တော့်ကိုညှာတာပေးဖို့ တောင်းဆိုပေးပါဦး..” မြည်းကြီးအော်ဟစ်လာသည်။

“မင်းက ဘယ်သူ့ကို အမျိုးလို့ခေါ်နေတာလဲ..” နွားနက်ကြီး စိုက်ကြည့်လိုက်သည်။

နွားဝါလေးမှာ သူ့နားထင်ကိုသာ နှိပ်နှယ်နေလိုက်တော့သည်။

ချူဖုန်း ဆွံ့အသွားရ၏။ ဒီလိုမျိုး ကျောရိုးမရှိတဲ့မြည်းမျိုးကို သူတို့ဘယ်က သွားရှာလာတာလဲ..

မန်ချူးကျား၏ ရှင်းပြချက်ကို နားထောင်ပြီးသွားသည့်အချိန်တွင်တော့ ချူဖုန်း လုံးဝလက်ခံနိုင်သွားသည်။

သူပြောသည်မှာ နွားနက်ကြီးတို့အုပ်စု ဤမြည်းအားဖမ်းမိသွားသည့်အချိန်တွင် ဤမြည်းကြီးသည် ချက်ချင်းပင် ဒူးထောက်လိုက်ကာ သူ့အားသနားညှာတာပေးရန် တောင်းဆိုလာခဲ့သည်ပင်။ သူ့ကိုယ်သူ စီးတော်ယာဉ်အဖြစ်ပါ ဆက်သခဲ့သေးသည်။

သူတို့ပြောသည်စကားအရဆိုလျှင် ဤမြည်းသည် အချုပ်အနှောင်လေးခုသာ ဖြတ်တောက်ထားသော်လည်း ကြွက်ကဲ့သို့ သူရဲဘောကြောင်လှသည်။ သူသည် တိုက်ခိုက်ခြင်းပင်မရှိပဲ သနားညှာတာပေးရန် ချက်ချင်းတောင်းဆိုလာခဲ့သည်ပင်။

“မင်းက င့ါကို သူ့ကိုစီးပြီး တစ်လောကလုံး ပတ်သွားစေချင်နေတာလား .. ထားလိုက်ပါ .. သူ့ကို စားပဲစားလိုက်ကြစို့ .. မြည်းနက်သားကင်က အရမ်းမွှေးတာ..” ချူဖုန်း သူ့ကို တမင်သက်သက် ခြောက်လှန့်လိုက်သည်။

“မူး .. ဝုတ် ဝုတ်… ကျွန်တော်က မီးခိုးရောင်မည်းပါ .. မြည်းနက်မဟုတ်ဘူး .. ကျွန်တော့်အသားက အရသာလည်း မကောင်းပါဘူး .. အာ ဟုတ်သားပဲ ကျွန်တော်မှတ်မိပြီ .. ခမ်းနားလှတဲ့ နတ်ဆိုးဘုရင်ချူအတွက် သင့်တော်မယ့် သားရဲဘုရင်တစ်ကောင် ရှိတယ်..”

ဤမြည်းမှာ တကယ်ကို ဖင်လိုက်လျက်သည့်ကောင်ပင်။

“ဘယ်ဘုရင်က သင့်တော်တာလဲ..” ချူဖုန်း မေးလိုက်သည်။

“ရွှေရောင်လင်းတဘုရင်ပဲပေါ့.. ဟိုနေ့ညက နတ်ဆိုးဘုရင်ချူကို တိုက်ခိုက်တဲ့ထဲမှာ သူလည်းပါတယ် .. သူက အချုပ်အနှောင်ငါးခု ဖြတ်တောက်ပြီးသွားပြီ .. သူ့က အသံနှုန်းထက် လေးဆမြန်အောင် ပျံနိုင်ပြီးတော့ အမြန်နှုန်းမှာဆိုရင်တော့ ကျွန်တော့်ထက်မလျော့ဘူး ..” သစ္စာမရှိသည့် မြည်းသည် သူ့အပေါင်းအဖော်ကို ချက်ချင်း သစ္စာဖောက်လိုက်သည့်အပြင် ရွှေရောင်လင်းတ လုတောင်၌ ပုန်းနေကြောင်းကိုပါ ပြောပြလိုက်သည်။

အမှန်တကယ်တွင် နွားနှစ်ကောင်သည် ဤသတင်းကို ကြားခဲ့သောကြောင့် ရွှေရောင်လင်းတဘုရင်ကို ဖမ်းရန်အတွက် ချူဖုန်းနှင့် ဤနေရာ၌တွေ့ရန် ချိန်းလိုက်ကြခြင်းပင်။

ထိုညတွင် ဓားရှည်ကြီးကိုင်ကာ သူ့ကို မရပ်မနားတိုက်ခိုက်ခဲ့သည့် ရွှေရောင်ဆံပင်ရှည်နှင့်လူကို ချူဖုန်း ရုတ်တရက် မှတ်မိသွားသည်။ ထိုလူဓားသည် သူ့ကို အကြိမ်ပေါင်းများစွာ ထိခဲ့ပြီး သူ့အား ဒဏ်ရာဆိုးရွားစွာ ရစေခဲ့သည်ပင်။

“ကောင်းပြီလေ .. အဲဒီလိုမျိုးပဲ သတ်မှတ်လိုက်ကြတာပါ့..” ချူဖုန်း ခေါင်းညိမ့်လိုက်သည်။

ထို့နောက်သူ လက်ဝေ့ရမ်းလိုက်ကာ “လုတောင်ကိုသွားပြီးတော့ ရွှေရောင်လင်းတကို ဖမ်းကြစို့..”

ရွှေရောင်လင်းတသည် သူ့လောက်မမြန်သော်လည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ မြေပြင်ထက်တွင် အတားအဆီးများစွာ ရှိနေသောကြောင့် သူ လင်းတဘုရင်လောက် မမြန်နိုင်။

“ကောင်းတယ် .. သူ့ကိုသွားရှင်းကြစို့..” မန်ချူးကျား ဟစ်ကြွေးလိုက်သည်။

“အသံထက်လေးဆမြန်တာက လေယာဉ်ပျံထက်တောင် မြန်နေပြီ .. သူ့ကျောပေါ်မှာ အိမ်တစ်ခုတင်သွားရင် အရမ်းကို သက်တောင့်သက်သာဖြစ်မှာ .. ငါတို့တွေ ခရီးသွားရင်းနဲ့ စားသောက်လို့ရတယ် .. အဲဒါက ကိုယ်ပိုင်လေယာဉ်ပျံလိုမျိုး ဇိမ်ရှိမှာပဲ..” နွားနက်ကြီး ပြောလိုက်သည်။

ချူဖုန်း ခေါင်းညိမ့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အဖွဲ့အစည်းများထံသို့သွားကာ စာရင်းရှင်းရန် လုပ်နေခြင်းပင်။ ရွှေရောင်လင်းတဘုရင်ကိုသာ စီးတော်ယာဉ်အဖြစ်လုပ်လိုက်လျှင် လုထုန် သူ့အတွက် လေယာဉ်များစီစဉ်ပေးစရာမလိုတော့။

နောက်ဆုံးတွင်တော့ မြည်းကို နွားနက်ကြီး သူ့စီးတော်ယာဉ်အဖြစ် လက်ခံလိုက်သည်။ သူပြောသည့်အတိုင်းဆိုလျှင် မြည်းတစ်ကောင်ကိုစီးရခြင်းမှာ ထာဝရသက်ရှိတစ်ဦးလို ခံစားရသည်ဟု ဆိုသည်။

ထိုစကားကိုကြားသည်နှင့် နွားဝါလေး နှာခေါင်းရှုံ့လိုက်သည်။

“တာအိုဆရာ ကျန်းကော် မြည်းစီးတာကို မင်းမကြားဖူးဘူးလား.. မြည်းလေး သွားတော့..” နွားနက်ကြီးမြည်းပေါ်ထိုင်ကာ ပြောလိုက်သည်။

ခွပ်…

နွားဝါလေး သူ့ကိုကန်ချကာ သူ့စီးတော်ယာဉ်ကို လုယူလိုက်သည်။

“ငါတို့ပစ်မှတ်က လုတောင် .. ငါတို့ စီးတော်ယာဉ်ကိုဖမ်းပြီးရင် အဖွဲ့အစည်းတွေကို သွားလည်ကြမယ်..” ချူဖုန်း ကြေညာလိုက်သည်။

အပိုင်း ၂၆၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset