ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၇ – သားရဲများထက် နိမ့်ကျခြင်း
ဤသည်မှာ တကယ်ကို ကောင်းကင်အပြည့်နှင်းကျနေခြင်းပင်။ ဖူထော်တောင်တစ်ခုလုံး နှင်းများဖုံးလွှမ်းသွားပြီး ဘုရားကျောင်းများနှင့် ဝါးရုံပင်များလည်း နှင်းအောက်ပျောက်ကွယ်သွားသည်။
နွေဦးရာသီမှ နှင်းကျပြီးအေးခဲသည့်ရာသီအဖြစ်သို့ ပြောင်းလဲသွားခြင်းမှာ ရုတ်တရက်ဆန်လွန်းလှသည်။ နှစ်ပေါင်းတစ်ထောင်အတွင်းတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး မဖြစ်ဖူးခဲ့။
ချူဖုန်း တောင်ထိပ်၌ရပ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီးနောက် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ပြောင်းလဲမှုများဖြစ်လာမလားဟု သူ စစ်ဆေးကြည့်နေခြင်းပင်။
သူ့ဘေးတွင် ချန်းကျား လေးနက်သည့်အမူအရာဖြင့် ရပ်နေသည်။ ဒုတိယအကြိမ်မြောက်ပြောင်းလဲခြင်းမှာ ရုတ်တရက်ကြီး ရောက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့။
အဖြူရောင်ဝတ်စုံနှင့် ကျန်းလော့ရှန်းလည်း ထိုနေရာ၌ ရှိနေသည်။ သူမသည် အနည်းငယ်တော့ စိုးရိမ်နေသည့်ပုံပင်။ ဤပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးလျှင် လောကကြီး မည်ကဲသို့ဖြစ်သွားမည်ကို မည်သူမှ မသိနိုင်။ လောကကြီးက သူသိနေတဲ့လောကကြီး ဟုတ်ပါဦးမလား၊၊
ယခင်တစ်ခေါက် ပြောင်းလဲခြင်းတွင် သားရဲများနှင့်ငှက်များ အသိဉာဏ်ရလာကြပြီး အများစုမှာ လူသားများနှင့် တန်းတူရပ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာကြသည်။ ယခုတစ်ခေါက်တွင်ရော ဘာဖြစ်လာမည်နည်း၊၊
ဘာဖြစ်လာမည်ကို မည်သူမှ မသိနိုင်၊၊၊
“ရေခဲတွေက ၂ ကီလိုမီတာ၊ ၃ ကီလိုမီတာလောက်ပဲ ဖုံးသေးတာ ၊၊ ကျန်တာတွေကတော့ မပြောင်းလဲသေးဘူး” ချူဖုန်း ပြောလိုက်သည်။
“ဒကာလေးရဲ့ နတ်အသိစိတ်က တော်တော်လေး စူးရှတာပဲ ၊၊ ဒီဘုန်းကြီးအိုက တကယ်နိမ့်ကျလှပါတယ်” ချန်းကျား သက်ပြင်းချလိုက်သည်။ သူတို့နှစ်ဦးလုံး အချုပ်အနှောင်ငါးခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူဖုန်းနှင့်ယှဉ်လျှင် အတော်လေး လိုသေးသည်ပင်။
ကျန်းလော့ရှန်းသည် မြန်မြန်ထွက်သွားကာ သူမ ဖုန်းသွားရှာပြီး ကိစ္စများကို အသေးစိတ် မေးမြန်းလိုက်သည်။
ယခုတလောတွင် သူမသည် ဗျတ်စောင်းတီးခြင်းနှင့် ရှေးဟောင်းကျမ်းစာဖတ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သူမသည် ကျင့်ကြံခြင်းနည်းလမ်းတစ်မျိုးဖြင့် ကျင့်ကြံနေခြင်းဖြစ်သောကြောင့် သူမနားတွင် ဖုန်းရှိမနေ။
ချူဖုန်း သူ့လက်ထဲမှ သွေးစွန်းနေသည့်ဗောဓိရွက်ကိုကြည့်ပြီး အဝေးသို့ ပြန်ကြည့်လိုက်သည်။ ကမ္ဘာကြီး ပြောင်းလဲလာလျှင် ထိုတောင် ထပ်ထွက်လာမလားဆိုသည်ကို သူသိချင်သည်။
ထိုတောင်ဘက်မှ အသံတစ်ချို့ကို သူ ကြားခဲ့ရသည်။ ထိုအသံသည် လူတစ်ယောက်အော်သံနှင့်တူသလို သားရဲဟစ်ကြွးသံနှင့်လည်း တူနေသည်။
“ကိုယ်တော်ကြီး၊၊”
ထိုအချိန်တွင် ဘောဓိအဖွဲ့မှ ရာထူးကြီးသည့်သူများ အပြေးလေး ရောက်လာကြသည်။ သူတို့သည် ပြောင်းလဲမှုများ တကယ်ရောက်လာပြီလားဟု ချန်းကျားဟု အလောတကြီး မေးလာကြလေ၏။
သူတို့သည် ချူဖုန်းကိုလည်း ကြည့်လိုက်ကြကာ အချို့လူများမှာ သူ့ကို နှုတ်ဆက်လာကြသည်။ “သခင်လေးချူ”
အချို့အကြီးအကဲများမှာ ချူဖုန်းကို ဖူထော်တောင်၌ နေပြီး ပြောင်းလဲမှုများကို စောင့်ကြည့်စေချင်နေကြသည်။ သူတို့ တစ်ယောက်မှ ယုံကြည်ချက်မရှိကြတော့။
ဤလူများမှာ ဘောဓိအဖွဲ့၏ အဓိကလူများမဟုတ်။ သူတို့သည် ဗဟိုအမှုတောင်များနှင့် ဆက်သွယ်ပြီးသွားပြီဖြစ်ပြီး အားလုံးလည်း သဘောတူပြီးသားပင်။ ယခုပြောင်းလဲမှုမှာ ထူးဆန်းလှပြီး ကြိုမမြင်နိုင်သောကြောင့် ချူဖုန်း သူတို့နှင့်အတူ ရှိနေလျှင် သူတို့ပို၍ လုံခြုံကြမည်ပင်။
ချူဖုန်း တိတ်ဆိတ်နေသည်။ သူက ဘာလို့ ဒီမှာနေပြီး သူတို့ကိုကူပြီး ဖူထော်တောင်ကို စောင့်ကြပ်ပေးရမှာလဲ၊၊
“ဒီက ကံကောင်းမှုတွေအားလုံးကို ကျွန်တော်တို့ သခင်းလေးချူနဲ့ ဝေမျှချင်ပါတယ်” လူအိုကြီးတစ်ဦး ကမ်းလှမ်းလာသည်။
“ကံမကောင်းစွာနဲ့ ဒီတစ်ခေါက်က ကံကောင်းမှုတွေ ရောက်လာမှာ မဟုတ်ဘူး”ရေဇလုံကြီးကဲ့သို့ တုတ်ခိုင်လှသည့် ဗောဓိပင်ကြီးကို လက်ညှိုးထိုးပြပြီး ချူဖုန်း ပြောလိုက်သည်။ ဤသစ်ပင်မှာ ဤတောင်ပေါ်တွင် အရွက်သစ်များထွက်နေသည့် တစ်ပင်တည်းသော အပင်လည်းဖြစ်သည်။
ထွက်လာသည့် အရွက်သစ်များ ကျုံ့ဝင်နေသည်။ ဆက်လက်မကြီးထွားလာရုံသာမက သူ၏အလင်းတန်းများလည်း ပျောက်ကွယ်သွားကာ အရွက်များမှာ အဖူးများအဖြစ် ပြန်ကျုံ့ဝင်သွားကြသလို အရောင်လည်းမှုန်မှိုင်းလာသည်။
လူအိုကြီးများ၏ အမူအရာများ ရုပ်ဆိုးလာသည်။ သူတို့သည် လူအချို့စေလွှတ်ကာ ရုက္ခဗေဒပညာရှင်များကို ဖိတ်ခေါ်ခိုင်းလိုက်သည်။
“ပြောင်းပြန်ကြီးထွားခြင်း ၊၊ ဒါက မယုံနိုင်လောက်စရာပဲ၊၊” ရုက္ခဗေဒပညာရှင်နှစ်ဦးလုံး အတော်လေး ထိတ်လန့်သွားကြရသည်။
ထိုအချိန်တွင် ကျန်းလော့ရှန်း ပြန်ရောက်လာသည်။ “အခု ဘုရားနယ်မြေမှာ နှင်းကျနေပြီး လုံဟူတောင်လည်း ဖြူဖွေးနေပြီ ၊၊ ခွန်းလွန်တောင်က အဖြူရောင်ပြင်ကြီးဖြစ်သွားပြီး ကျုံးနန်တောင်မှာလည်း နှင်းတွေက ၆၀ စင်တီမီတာလောက်ရှိနေပြီ”
တစ်နိုင်ငံလုံး ကျဆင်းနေခြင်းမဟုတ်။ နာမည်ကြီးတောင်အချို့၌သာ ကျဆင်းနေခြင်းပင်။
ကောင်းကင်ကြီး မှောင်မဲသွားပြီး ရာသီဥတုလည်း အလွန်းအေးစက်လာသည်။ နှင်းများ ဆက်ကျနေဆဲဖြစ်ပြီး နှင်းထုမှာ လူတစ်ယောက်အရပ်တစ်ဝက်ခန့် ရှိနေလေပြီ။
ခဏကြာပြီးနောက် ဘောဓိရုံးချုပ်မှ သတင်းထပ်ရောက်လာသည်။
“နာမည်ကြီးတောင်နဲ့ မြစ်တွေမှာပဲ နှင်းကျနေတာ ၊၊ ကျန်တဲ့နေရာတွေက ဘာမှမဖြစ်ဘူး”
ထိုညတွင် လူအိုကြီး ချူဖုန်းကို ညစာစားပွဲဖိတ်ချင်သော်လည်း ချူဖုန်း ပညာသားပါပါ ငြင်းလိုက်သည်။ သူ ဤလူများနှင့် အဆက်အဆံမလုပ်ချင်။
ချန်းကျားကို သူ၏ရေနဂါးဟော့ပေါ့စားပွဲ၌ ပါဝင်ရန် ချူဖုန်း တက်ကြွစွာ ဖိတ်ခေါ်ခဲ့သော်လည်း ဘုန်းကြီးအိုကြီး၏ အမူအရာ မည်းမှောင်သွားကာ ခိုင်မာပြတ်သားစွာ ငြင်းဆန်လာလေသည်။
“ကိုယ်တော်ကြီး ၊၊ ဗုဒ္ဓက စိတ်ထဲမှာ မြဲမြဲမြံမြံရှိနေမှာပါ ၊၊ အသားတွေနဲ့ ဝိုင်တွေက အူတွေကနေ ဖြတ်ပြီးပြန်ထွက်သွားမှာပါ ၊၊ အသားကိုအသားလို့မတွေးနဲ့ ၊၊ ဝိုင်ကိုလည်း ဝိုင်လို့မတွေးနဲ့ ၊၊ သတ်မှတ်ချက်တွေကို အရမ်းကြီး လိုက်နာမနေပါနဲ့”
“ဒီဘုန်းကြီးက အသားကို အသားလို့မြင်ပြီး ဝိုင်ကို ဝိုင်လို့မြင်ပါတယ် ၊၊ ဒါတွေက မွေးရာပါ အရည်အချင်းတွေပါ” ချန်းကျား လက်အုပ်ချီလိုက်ကာ ပြန်ထွက်သွားလိုက်တော့သည်။
အိုးထဲမှ ရေနဂါးအသားမှာ မွေးပျံ့နေသည့်အပြင် စားပွဲပေါ်တွင် ပါးပါးလှီးထားသည့် သိုးဘုရင်ပေါင်သားနှင့် လိပ်ချိုးဘုရင်အတောင်ပံအသားလည်း ရှိနေသည်။
သူကဲ့သို့သော အစားမက်သည့်သူအတွက်တော့ ဤကဲ့သို့ နှင်းကျပြီး အေးခဲနေသည့်အချိန် ဟော့ပါေ့စားရခြင်းမှာ ဘာနှင့်မှမလဲနိုင်သည့် စည်းစိမ်းကြီးပင်။
ချူဖုန်း၏ စားသောက်ပွဲကြီး ပိုပြည့်စုံသွားရန်အတွက် ဘောဓိမှ လူအိုကြီးများသည် သူ့အတွက် ဝိုင်ကောင်းကောင်းတစ်ပုလင်း ပို့ပေးခဲ့သည်ပင်။
ရှုပ်ထွေးနေသည့် ခံစားချက်များဖြင့် ကျန်းလော့ရှန်း တံခါးရှေ့သို့ ရောက်လာသည်။ ယခင်က သူ ချူဖုန်းကို စနောက်နေကြဖြစ်သော်လည်း ယခုတော့ သူမ အနည်းငယ် စိုးရွံ့နေသည်။
ဘန်း၊၊
နောက်ဆုံးတွင်တော့ သူမ၏ ကျမ်းစာများကို သိမ်းလိုက်ပြီး တံခါးဖွင့်လိုက်သည်။ သူမ ယုံကြည်ချက်အချို့ ပြန်ရလာပြီး စိုးရိမ်မှုများကို ဘေးဖယ်ပစ်လိုက်၏။
“ကျွန်မ အလကားစားဖို့လာတာ၊၊” ချူဖုန်း၏ ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဟူသည့်ဂုဏ်ပုဒ်ကို မေ့ပစ်လိုက်ပြီးသည့်နောက်တွင် သူမ ပို၍ တည်ငြိမ်လာသည်။
ချူဖုန်း ခေါင်းမော့ကာ ပြုံးပြလိုက်၏။ “ဒီတစ်ခေါက်တော့ မင်းရဲ့သမီး ရှားချန်းယုကို ခေါ်မလာတော့ဘူးလား၊၊”
ဘောဓိအဖွဲ့မှ သူ့ကို လုပ်ကြံခဲ့ကြောင်း သက်သေရှာမတွေ့ခဲ့သောကြောင့် ချူဖုန်း ပို၍ ဖော်ရွေလာသည်ပင်။
လေထုမှာ ရုတ်တရက်ကြီး ပို၍သက်တောင့်သက်သာဖြစ်လာသည်။ ကျန်းလော့ရှန်းသည် ရဲရဲတင်းတင်းပင် ထိုင်ချလိုက်ကာ စတင်စားသောက်တော့သည်။ သို့သော် ခဏကြာပြီးနောက် သူမ မျက်လုံးများ ပြူးကျယ်လာကာ အံဩထိတ်လန့်လာသည်။
“ဒါက နဂါးနက်အိမ်ရှေ့စံမင်းသားလား၊၊”
ကျန်းလော့ရှန်း ငေးကြောင်သွားရသည်။ ဟိန်းထုန်၏သေဆုံးမှုကို အပြင်လူများ မသိကြသေး။ ရေအောက်မျိုးနွယ်စုများမှာ ဟိန်းထုန်ထံ၌ ချူဖုန်းကဲ့သို့သော ကျွမ်းကျင်သူများကို အလွယ်တကူသတ်ပစ်နိုင်သည့် လက်နက်ကြီးရှိနေပြီဖြစ်ကြောင်း ကြွားဝါပြောဆိုနေကြဆဲပင်။
ဟိန်းထုန်မှာ ထမင်းစားပွဲပေါ်၌ ရောက်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း၊၊ ထို့အပြင် သူမ ကံကောင်းသာ ထူးခြားလှသည့်အသားကို မြည်းစမ်းခွင့် ရခဲ့သည်။
ဤသတင်းပျံ့သွားသည်နှင့် လူများ ထိတ်လန့်သွားကြမည်ပင်။ ရေအောက်မျိုးနွယ်စုများ ဆွံ့အသွားကြလိမ့်မည်။ နဂါးနက်အိမ်ရှေ့စံမင်းသားက ဘယ်မှာလဲ ၊၊ ဟော့ပေါ့အိုးထဲမှာ၊၊
“ဒါက လိပ်ချိုးငှက်ဘုရင်၊ ဒါက သိုးဘုရင် ၊၊ ဒါက၊၊၊”
ချူဖုန်း၏မိတ်ဆက်စကားများ ကြားလိုက်ရပြီးနောက် ကျန်းလော့ရှန်းစိတ် ဖရိုဖရဲဖြစ်သွားရသည်။ သူမ တူထဲမှ အသားများကိုကြည်ပြီး မျက်လုံးများ ပြူးကျယ်နေလေ၏။ သူ စားရမှာလား ၊၊ မစားရဘူးလား၊၊၊
စားပွဲပေါ်၌ အသားများပြည့်နေသည့် ပန်းကန်များ တစ်ဒါဇင်ကျော်ရှိနေသည်။ ဒါတွေအားလုံးက ဘုရင်အဆင့်သက်ရှိတွေလား၊၊
ထို့အပြင် သူတို့အားလုံးမှာ နာမည်ကြီးသည့် ဘုရင်အဆင့်ကျွမ်းကျင်သူများပင်။ အချို့သူများမှာ ဘောဓိအဖွဲ့အစည်းမှ မျက်စိကျနေသည့်သူများဖြစ်ပြီး အဖွဲ့ထဲ ဆွဲသွင်းရန် ကြိုးစားနေကြသည်ပင်။ သို့သော် နောက်ဆုံးတွင်တော့ သူတို့သည် နတ်ဆိုးဘုရင်ချူ၏ ဟော့ပေါ့အိုးထဲသို့ ရောက်သွားလေပြီ။
ချူဖုန်း၏ အသားတစ်ခုစီအကြောင်းနှင့် သူ့အရသာများအား တည်ငြိမ်စွာ မိတ်ဆက်ပေးနေသည်ကို တွေ့လိုက်ရသည့်အချိန် သူမလည်း ဘာကိုမှ ဂရုစိုက်မနေတော့။ ဘာ ဘုရင်အဆင့်သက်ရှိလဲ ၊၊ သူတို့က စားပွဲပေါ်က အစားအသောက်ထက် မပိုဘူး၊၊
နောက်ဆုံးတွင်တော့ အိမ်ရှင်နှင့် ဧည့်သည်နှစ်ဦးလုံး အသားများကို မြိန်ရေယှက်ရေ စားသုံးကြတော့သည်။
ဝိုင်တစ်ပုလင်းမှာ မလုံလောက်သောကြောင့် ကျန်းလော့ရှန်း ထပ်ယူလာခိုင်းလိုက်သည်။
နောက်ပိုင်းတွင် ချူဖုန်း အနည်းငယ် ထွေလာပြီဖြစ်ပြီး ကျန်းလော့ရှန်းကတော့ အိပ်ပျော်တော့မတတ် ဖြစ်နေလေပြီ။ သူမ မျက်လုံးများမှာ တစ်ဝက်သာ ပွင့်နေပြီး မျက်တောင်ရှည်များလည်း လှုပ်ခတ်နေသည်။
“ရှင်က မကောင်းတဲ့လူ ၊၊ ကျွန်မ ချန်းယုကို အဖော်လုပ်ပြီး ဘလိုင်းဒိတ်သွားတွေ့ပေးတာကို ရှင်က ကျွန်မကို ဂကျိုးဂကြောင်အခြေအနေဖြစ်အောင် လုပ်ပစ်ပြီး ဘာကောင်းကျိုးမှ မရှိပဲနဲ့ သတင်းတွေမှာ ပါလာအောင် လုပ်ခဲ့တာ ၊၊ ” ကျန်းလော့ရှန်းမှာ ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး မကျေမနပ် ဖြစ်နေဆဲပင်။
“ဟုတ်တဘ် ၊၊ မင်း င့ါကလေးကို လွယ်ထားရတာလို့ လူတွေပြောကြတာကို မှတ်မိနေတုန်းပဲ ၊၊ ဒါပေမဲ့ ငါကျိန်ပြောရဲတယ် ၊၊ အဲဒါက င့ါကလေး မဟုတ်ဘူး၊၊” ချူဖုန်းလည်း မူးနေလေပြီ။
ကျန်းလော့ရှန်း ချူဖုန်းကို စိုက်ကြည့်လိုက်၏။ သူ ဤလူကို ချက်ချင်းပင် ရိုက်ပစ်ချင်လာသည်။
သူမသည် မူးနေသော်လည်း အညံ့မခံပဲ ပြန်ပြောလိုက်သည်။ “ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေနဲ့တောင် ယှဉ်နိုင်တဲ့ ခမ်းနားလှတဲ့ နတ်ဆိုးဘုရင်ချူက အမြဲတမ်းဘလိုင်းဒိတ်သွားဖို့ ဖိအားပေးခံနေရတာ ၊၊ ပြီးတော့လည်း သွားတဲ့အခေါက်တိုင်းကိုလည်း ကျွန်မ အမြဲတမ်း မိနေတာ ၊၊ ဟား ဟား၊၊”
ချူဖုန်း မျက်နှာ မည်းမှောင်သွားပြီး သူ အတော်လေး ကံဆိုးလှသည်ဟု တွေးမိသွားသည်။ ပထမတစ်ခေါက် ဘလိုင်းဒိတ်မှာ ရှားချန်းယုနှင့်ဖြစ်ပြီး နောက်တစ်ခေါက်မှာ မသေမျိုးဖီးနှစ်ဘုရင်ပင်။ နှစ်ခေါက်လုံး သူ ကျန်းလော့ရှန်းနှင့် တွေ့ခဲ့ရသည်ပင်။
“အခုခေတ်ထိကို ဘလိုင်းဒိတ်တွေ သွားနေရသေးတယ် ၊၊ ကျွန်မကို အစ်မကြီးလို့ခေါ်လိုက် ၊၊ ကျွန်မရဲ့ ညီအစ်မကောင်းတွေနဲ့ ရှင့်ကို မိတ်ဆက်ပေးမယ် ၊၊ သူတို့အားလုံးက သွယ်သွယ်လျလျလေးနဲ့ လှတဲ့သူတွေကြီးပဲ၊၊” ကျန်းလော့ရှန်း လှောင်ပြောင်လာသည်။
“လျှောက်ပြောမနေနဲ့၊၊၊ မင်း ထပ်ရိုက်ခံချင်တာလား၊၊” ချူဖုန်း သူမ ဘေးဘက်ကိုကြည့်ပြီး စနောက်လိုက်သည်။
ကျန်းလော့ရှန်း ရုတ်တရက် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမသည် အကြောင်းပြချက်မရှိပဲ ဤလူရိုက်သည်ကို နှစ်ခါ ခံခဲ့ရသည်ပင်။ ဤသည်မှာ သူမကို အတော်လေး ဒေါသထွက်စေခဲ့သည်။
နောက်ဆုံးတွင်တော့ ကျန်းလော့ရှန်းလုံးဝမှောက်သွားပြီး စားပွဲအောက်သို့ ရောက်သွားတော့သည်။
ချူဖုန်း ကျန်သည့်အသားများကို လက်စသပ်လိုက်ပြီးနောက် ကျန်းလော့ရှန်းကိုသယ်ကာ ဆိုဖာပေါ်သို့ တင်ပေးလိုက်ပြီး စောင်အထူတစ်ထည် ခြုံပေးလိုက်သည်။
“အိပ်ရာပေါ်မှာသာ နိုးလာရင် မင်းအတွေးတွေ မှောင်မိုက်သွားပြီးတော့ အော်ဟစ်နေလိမ့်မယ် ၊၊ မင်း ဆိုဖာပေါ်မှာအိပ်တာ အကောင်းဆုံးပဲ၊၊”
သူ အခန်းထဲသို့ ယိုင်တိယိုင်တိုင် ဝင်သွားလိုက်ပြီး သက်တောင့်သက်သာရှိလှသည့် အိပ်ရာပေါ်သို့ လဲကျသွားသည်နှင့် သူ ချက်ချင်း အိပ်ပျော်သွားတော့သည်။
ညနက်ပိုင်းတွင် ကျန်းလော့ရှန်း အိမ်သာထသွားလေ၏။ သူမသည် ထိုအချိန်ထိ မူး
ဝေနေဆဲပင်။ အိမ်သာမှ ပြန်လာသည်နှင့် သူမသည် မသိစိတ်ဖြင့်ပင် အဓိကအိပ်ခန်းဆီသို့သွားကာ အိပ်ရာပေါ်၌ အိပ်ပျော်သွားလေသည်။
“အား ၊၊ ကျန်းလော့ရှန်း ၊၊ မင်းနေရာမှားနေပြီ ၊၊ င့ါကို မစော်ကားနဲ့နော်၊၊” ချူဖုန်း ပြောလိုက်သည်။ သူသည် ဘုရင်အဆင့်သက်ရှိတစ်ဦးဖြစ်သောကြောင့် မြက်ပင်လှုပ်ရှားလျှင်ပင် နိုးသွားနိုင်သည်ပင်။
သို့သော်လည်း မူးဝေနေသည့် ကျန်းလော့ရှန်းကတော့ အိပ်ရာဖြင့်ထိသွားသည်နှင့် အိပ်ပျော်သွားလေပြီ၊
သူမတင်ပါးကို စိုက်ကြည့်လိုက်သော်လည်း တစ်ခဏခန့်တွေးပြီးနောက် သူမကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး ဆက်အိပ်လိုက်တော့သည်။
မနက်ကျလျှင် ဆူညံပွက်လောရိုက်တော့မည်။
အပြင်လောကတွင် နှင်းများခဲနေပြီး အပူချိန်မှာ အောက်ဆုံးထိကျနေလေပြီ။ ကျန်းလော့ရှန်းသည် နိုးလာသည်နှင့် ထူးထူးဆန်းဆန်း နွေးထွေးကာ သက်တောင့်သက်သာဖြစ်နေသလို ခံစားလိုက်ရသည်။ သူမ တစ်ယောက်ယောက်၏လက်မောင်းထဲ၌ ရှိနေသည်ဟု ထင်မိတော့မလိုပင်။
“အား၊၊၊” သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“အော်မနေနဲ့တော့ ၊၊ မနေ့ညက မင်းင့ါကို အနိုင်ကျင့်ခဲ့တာ၊၊” ချူဖုန်း မြန်မြန်ပြောလိုက်သည်။ တစ်ဖက်လူ၏ ရှည်လျားသွယ်လျသည့်ခန္ဓာကိုယ်သည် သူ့လက်မောင်းအား အနွေးဓာတ်ပေးခဲ့သော်လည်း ဤကိစ္စမှာ သူနှင့်မဆိုင်။
“ရှင် ၊၊ ရှင် ကျွန်မကို ဘာလုပ်ခဲ့တာလဲ၊၊” ကျန်းလော့ရှန်း ထိတ်လန့်တကြား ထခုန်လိုက်ကာ အဝေးသို့ ရောက်သွားလေ၏။
ချူဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ့လက်ကို ဝေ့ရမ်းလိုက်ကာ “မနေ့က မင်းမူးနေတာ့ ငါမင်းကို ဆိုဖာပေါ်ပစ်တင်ခဲ့တာ”
ကျန်းလော့ရှန်း၏မျက်နှာထက်တွင် ဒေါသထွက်နေသည်ဟူသည့်စာသားအပြည့် ရှိနေသည်။ ထို့နောက် သူမသည် “ဆိုဖာပေါ်ပစ်တင်ခဲ့တာ” ဆိုသည့်စကားကို ချက်ချင်း သတိပြုမိသွားသည်။ ဒီကောင်က သူ့ကို ဆိုဖာပေါ် အိပ်ခိုင်းခဲ့တာပေါ့ ၊၊ အကြင်နာတရားကင်းမဲ့လိုက်တာ၊၊
“ဒါပေမဲ့ ညသန်းခေါင်ကျတော့ မင်း ငါ့အခန်းထဲ ရောက်လာတာ ၊၊ ငါ့ကို အနိုင်မကျင့်ဖို့ မင်းကို သတိပေးနေပေမယ့် မင်းက ငါ့အိပ်ရာပေါ်တက်လာပြီး င့ါဘက်လိမ့်လာတာ ၊၊ ငါ မင်းကို အကြိမ်ပေါင်းများစွာ တွန်းထုတ်ပြီး မတော်တဆတောင် ကန်မိသွားသေးတယ် ဒါပေမဲ့ မင်းက လက်မလျော့ပဲ တက်လာနေတုန်းပဲ ၊၊ နောက်ဆုံးကျတော့ ငါလည်း ရွေးချယ်စရာမရှိတော့ပဲ မင်းအနိုင်ကျင့်တာခံပြီး အိပ်ပျော်သွားတော့တာပဲ”
ဤစကားများ ကြားလိုက်ရပြီးနောက် ကျန်းလော့ရှန်း သူ့ကို တူဖြင့် ထုပစ်ချင်လာသည်။ ဒါက ဘယ်လိုစကားတွေလဲ ၊၊ သူက အရမ်းကို သနားစရာကောင်းတဲ့ပုံစံမျိုးနဲ့ လာပြောနေသေးတယ်၊၊
“ခွေးကောင်၊၊” သူမ ကျိန်ဆဲလိုက်သည်။
“မဟုတ်တာ ၊၊ ငါက ခွေးထက်တောင် နိမ့်ကျသေးတယ် ၊၊ မင်းက အရမ်းတွေ မူးနေတာလေ ၊၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ငါ အိပ်ပျော်သွားတော့ ငါ ခွေးဖြစ်ခွင့်တောင် မရလိုက်ဘူး”
“သေလိုက်လေ၊၊”
“အများဆုံးမှ ငါ မင်းကို ခုခံရင်းနဲ့တစ်ချို့နေရာလေးတွေပဲ ထိမိတာပါ၊၊” ချူဖုန်း သူ မှန်ကန်ကြောင်း ပြောလာလေသည်။
ဝှစ်၊၊၊
ကျန်းလော့ရှန်း ချက်ချင်း ပြေးထွက်သွားလိုက်သည်။ ဤကဲ့သို့သောလူမျိုးနှင့် စကားပြောနိုင်မည့်နည်းလမ်းမရှိ။ သူမ စကားလည်း ဆက်မပြောနိုင်တော့။ မဟုတ်လျှင် သူမ ဒေါသပေါက်ကွဲထွက်လာတော့မည်။
ချူဖုန်း ဖူထော်တောင်မှ ဘေးပတ်လည်ကို လေ့လာလိုက်သည်။ ရေခဲနှင့် နှင်းများသာရှိပြီး ထိုတောင်ပေါ်မလာတော့။
“ကျန်းကြီး ၊၊ မင်းရဲ့သမီးက ချီးကျူးစရာကောင်းတာတစ်ခု လုပ်ခဲ့တယ် ၊၊ သူ မနေ့ညကတစ်ညလုံး ချူဖုန်းနဲ့အတူတူ ရှိနေတာ ၊၊ နောင်ကျရင် အဲဒီကောင် မင်းတို့ဘောဓိအဖွဲ့ထဲ ဝင်လာလောက်တယ်”
လူအိုကြီးတစ်ဦးသည် ထိုနေ့မနက်တွင် ကျန်းလော့ရှန်းဖခင်အား ဖုန်းဆက်လာကာ ထူးဆန်းသည့်စကားများ ပြောလာလေ၏။
“ချန်ကြီး ၊၊ ခွေးမသား ၊၊ မင်းက င့ါသမီးထိခိုက်အောင် လုပ်ရဲတယ်လား ၊၊ ငါ မင်းကို သတ်ပစ်မယ်၊၊” ဖုန်းတစ်ဖက်ခြမ်းမှ ကျယ်လောင်လှသည့် အော်သံကြီး ထွက်ပေါ်လာလေသည်။
“ငါနဲ့ ဘာမှမဆိုင်ဘူး၊၊”
၊၊၊
လူအိုကြီးနှစ်ဦးသည် ဖုန်းတစ်ဖက်ဆီမှ ရန်ဖြစ်နေကြလေ၏။
ချူဖုန်း ဖူထော်တောင်မှ ထွက်လာကာ ပင်လယ်ကို ဖြတ်သန်းသွားလိုက်သည်။ ယနေ့မနက်တွင် တစ်လောကလုံး အုတ်အော်သောင်းတင်းဖြစ်နေမည်မှာ သေချာသည်။
နာမည်ကြီးတောင်များနှင့် မြစ်များအားလုံး နှင်းများဖြင့် ဖုံးလွှမ်းသွားသော်လည်း အခြားနေရာများကတော့ ဘာမှမဖြစ်။ ဤသည်မှာ လူများကြား လှိုင်းထသွားမည်ပင်။
ထို့အပြင် ချူဖုန်း၏ အတွဲလိုက်သတ်ဖြတ်မှုများလည်း နာမည်ကြီးနေသည်။ သူသည် ယွမ်လော့တောင်မှ ဘုရင်များကို သတ်ပြီးနောက် မီးခိုးပြာဝံပုလွေမျိုးနွယ်စုကို ရှင်းလင်းပစ်ကာ ဖူထော်တောင်ကို စီးနင်းပြီး ဒေါင်းမျိုးနွယ်စုဝင်များကို သတ်ပစ်ခဲ့သည်။
ဤသတင်းနှစ်ခုလုံးမှာ လူအများ စိတ်ဝင်တစား ဆွေးနွေးနေကြသည့် သတင်းများပင်။
ချူဖုန်းသည် ပုံမှန်အမြန်နှုန်းဖြင့် ကီလိုမီတာ ၇၀၀၀ ကို ဖြတ်ကျော်လာပြီးနောက် နှစ်နာရီအတွင်း ကျန်းရှီကို ရောက်လာသည်။
နေရာအနှံ့မှ လူများသည် နာမည်ကြီးတောင်များ၌ နှင်းများကျသည့်အကြောင်းသာ ပြောနေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ချူဖုန်း၏တိုက်ခိုက်နိုင်စွမ်းကိုလည်း ဆန်းစစ်နေကြလေ၏။
ထိုအချိန်တွင် ရေအောက်မျိုးနွယ်စုမှ လူများ ထွက်လာကာ မကြာခင်တွင် ဟိန်းထုန် တိုက်ခိုက်လာတော့မည်ဖြစ်ကြောင်း ပြောလာကြသည်။
“နဂါးနက်အိမ်ရှေ့စံမင်းသား ဒဏ်ရာတွေ ပျောက်သွားတာနဲျောက်သွားတာနဲ့ ကုန်းမြေပေါ်က ဘယ်သူကများ သူနဲ့ယှဉ်နိုင်မှာလဲ၊၊”
“နဂါးနက်အိမ်ရှေ့စံမင်းသားက သူနဲ့အတူတူ လက်နက်ကြီးတစ်ခု သယ်လာတာ ၊၊ နတ်ဆိုးဘုရင်ချူ မပြောနဲ့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေ ပေါင်းတိုက်ရင်တောင် သူ့ကိုနိုင်ဖို့ ခက်ခဲလိမ့်မယ်”
ရေအောက်မျိုးနွယ်စုအများစုသည် ဤကဲ့သို့ ယုံကြည်ထားကြကာ ဟိန်းထုန် သူ၏ခွန်အား ပြသလာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေ၏။
ဟိန်းထုန်မှာ ချူဖုန်းအတွက် အစားအစာဖြစ်သွားပြီကို မည်သူမှ မသိကြသေး။
ရေအောက်မျိုးနွယ်စုများမှာ ပွဲကြီးပွဲကောင်းကြည့်ရန် တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။
သို့သော် ထပ်ထွက်လာသည့် သတင်းတစ်ခုမှာ သူတို့ကို အတော်လေး တုန်လှုပ်သွားစေခဲ့သည်။
လူအချို့သည် စန်းချင်တောင်၌ ကြီးမားလှသည့် ရေနဂါးတစ်ကောင်၏အလောင်းကို တွေ့ခဲ့ကြသည်ပင်။ အသားအတော်များများ လှီးဖြတ်ခံထားရပြီး အနည်းငယ်သာ ကျန်တော့သည်။
“ဟိန်းထုန်က တစ်ယောက်ယောက်စားတာကို ခံလိုက်ရတယ်၊၊” ဤသတင်းမှာ ရေအောက်မျိုးနွယ်စုများကို ဆွံ့အသွားစေခဲ့သည်။
“မဖြစ်နိုင်တာ၊၊” ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများမှာ ဤသည်ကို ယုံကြည်ရန် ခက်ခဲနေကြသည်ပင်။
အပိုင်း ၂၆၇ ပြီး၏။