ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၆၂ – မရပ်မနားလှုပ်ရှားခြင်း
ဘီလူးကြီးတစ်ကောင် သောင်းကျန်းသွားသကဲ့သို့ တောအုပ်များ ပျက်စီးသွားကာ မီတာပေါင်းများစွာ ကျယ်သည့် အက်ကွဲကြောင်းကြီးများလည်း မြေပြင်ထက်၌ ဖြစ်ပေါ်လာသည်။
သစ်ရွက်ကြွေများထက်၌ သွေးများ စွန်းထင်းနေပြီး ဧရာမကျောက်တုံးကြီးများလည်း ဟက်တက်ကွဲသွားသည်။
တောအုပ်ထဲ၌ ချူဖုန်းတစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့၏။ သူသည် တစ်ပွဲတည်းဖြင့် ဘုရင် ၁၀ ယောက်ကျော်သတ်ပစ်ခဲ့သည်ပင်။
ဤမျှကြီးမားလှသည့် အဖြစ်အပျက်ကြီးသာ အပြင်ဘက်သို့ ပျံ့သွားလျှင် သေချာပေါက် တစ်လောကလုံးကို တုန်လှုပ်သွားစေလိမ့်မည်။
သူသည် မြက်ပင်များဆွဲနှုတ်သကဲ့သို့ ရန်သူအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။ ယခင်တစ်ခေါက်နှင့် မတူသည်မှာ သူ ထွက်ပြေးရန်မလိုသလို ဒဏ်ရာလည်း မရခဲ့။ သားရဲဘုရင်အားလုံးကို ဖိနှိပ်နိုင်ခဲ့သည်။
ပို၍အရေးကြီးသည်မှာ သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ပြိုင်ဘက်ကင်းရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူတစ်ဦးကို သတ်ခဲ့သေးသည်။
ဤကဲ့သို့သော ခမ်းနားသည့် အောင်မြင်မှုမှာ အားလုံးကို တုန်လှုပ်သွားစေနိုင်ရန် လုံလောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချန်းယွဲ့အဆင့်နှင့်ဆိုလျှင် ကုန်းမြေ၌ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်၍ ရသည်ပင်။
ပြိုင်ဘက်ကင်း ဒေါင်းဘုရင်ပင် မတိုက်ပဲ ထွက်ပြေးသွားခဲ့ခြင်းပင်။
ဤကိစ္စမှာ နိုင်ငံများစွာကို တုန်လှုပ်သွားခဲ့ရသည်။ အောက်ခြေမှ လူများ မသိသော်လည်း အထက်လူကြီးများတော့ ဤကိစ္စကြောင့် ထိတ်လန့်တုန်လှုပ်နေကြလေပြီ။
ယွမ်လော့တောင်ကြီး ဒုံးကျည်များ၊ လေဆာလက်နက်များဖြင့် ပစ်ခတ်ခံရသည့် ဂြိုလ်တုဓာတ်ပုံများကို တွေ့လိုက်သည်နှင့် နိုင်ငံအားလုံး ထိတ်လန့်သွားကြရသည်။
“အဲဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူ ပြောပြနိုင်မလဲႏႏ အရှေ့တိုင်းက သားရဲမျိုးနွယ်စုနဲ့ စစ်တိုက်နေပြီလား ႏႏ သူတို့တွေမှာ ဘုရင်အဆင့်သက်ရှိတွေကို သတ်နိုင်မယ့် လက်နက်တွေ ရှိနေပြီလားႏႏ”
အခြေအနေအသေးစိတ်များ မသိရေသော်လည်း ဥရောပနိုင်ငံများမှာ အတော်လေး တုန်လှုပ်သွားကြသည်ပင်။
“ဘုရင်အဆင့်သက်ရှိတွေက အန္တရာယ်ရောက်မလာခင် အာရုံခံနိုင်တယ်မဟုတ်ဘူးလားႏႏ အရှေ့တိုင်းသားတွေက ဘာတွေတွေးနေတာလဲ ႏႏ သူတို့တွေ သားရဲမျိုးနွယ်စုကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ဘယ်က ယုံကြည်ချက်တွေ ရလာတာလဲႏႏႏ”
ရာထူးကြီးသည့်သူများ ဆွံ့အနေကြလေ၏။
သူတို့သာ ဘုရင်အဆင့်သက်ရှိများကို လက်နက်များဖြင့် ရှင်းပစ်နိုင်လျှင် သူတို့ဘာကိုမှ ကြောက်နေစရာမလိုတော့။ ကြောက်စရာကောင်းသည့် သက်ရှိအားလုံးကို ရှင်းပစ်ပြီး သူတို့ကို ခြိမ်းခြောက်နေသည့် အရိပ်ကြီးကို ဖယ်ရှားပစ်မည်ပင်။
“လူကြီးမင်းတို့ ႏႏ နောက်ထပ်ရလာတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ပါဦးႏႏ အဲဒီဓာတ်ပုံက ပိုပြီးတော့တောင် ကြောက်စရာကောင်းသေးတယ် ႏႏ ခင်ဗျားတို့အားလုံး ထိတ်လန့်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်ႏႏ” အနောက်တိုင်းမှ ဗိုလ်ချုပ်တစ်ဦး ပြောလိုက်သည်။
သူသည် ဂြိုလ်တုဓာတ်ပုံအားလုံးကို အရင်ဆုံးကြည့်ခဲ့သည့်သူပင်။ သူ မြင်လိုက်ရသည့် မြင်ကွင်းမှာ သူ့ကို လုံးဝဆွံ့အသွားစေခဲ့သည်။
“အလင်းရောင်တွေ လွှမ်းထားတဲ့လူက ဘုရင်အဆင့်သက်ရှိအားလုံးကို သတ်ခဲ့တာႏႏ အဲဒီလူက သူတစ်ယောက်တည်းနဲ့ အဲဒီက ဘုရင်အားလုံးကို သတ်ခဲ့တာလားႏႏ”
“ဘုရားရေ ႏႏ ငါဘာတွေ တွေ့နေရတာလဲႏႏ သူက ဘုရင် ၁၀ ယောက်ကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာ ႏႏ သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲႏႏ”
“မင်းမှားနေပြီ ႏႏ သူက အဲဒီလူတွေနဲ့ ရင်ဆိုင်ခဲ့တာမဟုတ်ဘူး ႏႏ သူတို့ကိုသတ်ခဲ့တာ ႏႏ အဲဒီဘုရင်အားလုံးကို သူတစ်ယောက်တည်း သတ်ခဲ့တာႏႏ”
“သူက အရှေ့တိုင်းက တိတ်တိတ်လေး ပျိုးထောင်ထားတဲ့ အဆင့်လွန်တပ်သားလား ႏႏ မဟုတ်ဘူး ႏႏ သူက စစ်နတ်ဘုရားတစ်ပါးပဲ ႏႏ ဒါက ကြောက်စရာကောင်းလွန်းတယ်ႏႏ”
အနောက်တိုင်းမှ အရာရှိများအားလုံး ထိတ်လန့်အံ့ဩသွားကြလေ၏။
ဒုံးကျည်များ၊ လေဆာလက်နက်များမှ ထွက်ပြေးလွတ်မြောက်လာသူများမှာ သေချာပေါက် ကြောက်စရာကောင်းသည့်သူများပင်။ သို့သော်လည်း အဆုံးသတ်၌ သူတို့အားလုံး လူတစ်ယောက်တည်း၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
အထူးသဖြင့် ဂြိုလ်တုဓာတ်ပုံများမှတစ်ဆင့် စွမ်းအင်အဆင့်များကို တိုင်းတာနိုင်သောကြောင့် သူတို့ ရှင်းရှင်းလင်းလင်းသိနေသည်ပင်။
အသတ်ခံရသည့်သူထဲတွင် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦး ပါဝင်သည်။ ဤသည်မှာ ကြောက်စရာကောင်းလောက်သည့် ရှာဖွေတွေ့ရှိမှုပင်။ အနောက်တိုင်းအရာရှိများမှာ မူးဝေလာသလိုပင် ခံစားရသည်။
အရှေ့တိုင်းက အဆင့်လွန်တပ်သားတစ်ယောက်ကို တကယ်ပျိုးထောင်နိုင်ခဲ့တာလားႏႏ
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲႏႏ အဲဒီနေရာကို လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ အသက်ရှင်နေတဲ့ဘုရင်တွေအားလုံးကို ရှင်းပစ်ဖို့ လူတစ်ယောက်ပဲ လွှတ်လိုက်ကြတာ ႏႏ တကယ်ကို တစ်ဖက်သတ်တိုက်ပွဲကြီးပဲ ႏႏ ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲႏႏ”
ဂြိုလ်တုဓာတ်ပုံများတွင် ရွှေရောင်နေမင်းကြီးကဲ့သို့ အလင်းများထုတ်လွှတ်နေသည့် လူတစ်ယောက်ပုံရှိနေသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။
ကောင်းမွန်သည့် သတင်းလမ်းကြောင်းများရှိသည့် အဖွဲ့အစည်းကြီးများမှာ ဤသတင်းကို ရရှိသွားပြီဖြစ်ပြီး အသေးစိတ်သိရန်အတွက် အေးဂျင့်များကို ချက်ချင်းစေလွှတ်လိုက်သည်။
အချို့အဖွဲ့အစည်းများမှာ ကိုယ်ပိုင်ဂြိုလ်တုများ ရှိသောကြောင့် ဖြစ်ပျက်နေသည့်အခြေအနေများကို လျင်မြန်စွာ သိရှိခဲ့ကြသည်။
သို့သော် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်သူအားလုံး ဦးရေပြားများ ထုံကျဉ်သွားရသည်။ ဒီလူက ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲႏႏ သူ တစ်ချက်ခုန်လိုက်တိုင်း ၁ ကီလိုမီတာကျော်ကို ရောက်သွားပြီး မီတာတစ်ထောင်ကျော်လောက်ထိကို မြှောက်တက်သွားတာႏႏ
ဤသည်မှာ စံချိန်အားလုံးကို ကျော်လွန်သွားသည်ပင်။
ထိုတိုက်ပွဲပြီးဆုံးသွားပြီးနောက် ယွမ်လော့တောင်မှာ လုံးဝပျောက်ကွယ်သွားတော့သည်။
ချူဖုန်း တောအုပ်ထဲ၌ မတ်တပ်ရပ်ပြီး လုထုန်ကို ဆက်သွယ်လိုက်ကာ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း၊ ဒေါင်းဘုရင်မှလွဲလျှင် ပြေးထွက်လာသည့်သူအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သတင်းပို့လိုက်သည်။
ထိုသတင်းကိုကြားပြီးနောက် အချိန်အတော်ကြာသည်အထိ လုထုန်ပြောစရာစကားမဲ့သွားသည်။ ဤသည်မှာ ကြမ်းလွန်းလှသည်ပင်။ ဒီကောင်က အချိန်တိုအတွင်း သေမင်းအဖြစ် ပြောင်းလဲသွားတာပဲႏႏ
“အဲဒီမှာ သားရဲဘုရင်စုစုပေါင်း ဘယ်နှယောက်ရှိတာလဲႏႏ” လုထုန် မေးလိုက်သည်။
“အယောက် ၂၀ လောက်ရှိလောက်တယ် ႏႏ တစ်ချို့က ဗုံးထဲမှာ သေသွားတာ ႏႏ ထွက်ပြေးလာတဲ့သူတွေကိုပဲ ကျွန်တော်ရှင်းလိုက်တာႏႏ” ချူဖုန်း ပြောပြလိုက်သည်။
ထိုစကားကြားလိုက်ရပြီးနောက် လုထုန် မူးဝေလာသလို ခံစားလိုက်ရ၏။ တစ်ပွဲတည်းနဲ့ ဘုရင် အယောက် ၂၀ ကျော်သေသွားတယ်ႏႏႏ
“မင်းက ကောင်းကင်ကြီးကိုတောင် ထိုးဖောက်သွားပြီႏႏ” လုထုန် သက်ပြင်းချလိုက်သည်။
မကြာခင် မည်ကဲ့သို့သော မုန်တိုင်းမျိုး ထွက်ပေါ်လာမည်ကို စဉ်းစားကြည့်ရန်ပင်မလို။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ဘယ်လိုလုပ် ဖုံးကွယ်နိုင်မည်နည်းႏႏ အဖွဲ့အစည်းတိုင်း ဤကိစ္စကို စုံစမ်းနေကြပြီဖြစ်ပြီး အနောက်နိုင်ငံများပင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။
“ကျွန်တော် ခင်ဗျားအတွက် ဘုရင်အဆင့်သားရဲတွေကို မချိန်ထားဘူးလို့ အမြဲတမ်း ပြောနေတာမလား ႏႏ အခု သွားသိမ်းလိုက်တော့ ႏႏ ဒီတစ်ခေါက် ကျွန်တော် တစ်ကောင်မှ မကင်စားဘူးႏႏ” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
ရလာမည့်အရာများကို တွေးကြည့်ပြီးနောက် လုထုန် ရုတ်တရက် စိတ်အားတက်ကြွလာသည်။ ယခုတလောတွင် သုတေသနခန်းများတွင် ဘုရင်အဆင့်သွေးများမှ ဆေးများ ဖော်စပ်နိုင်နေပြီဖြစ်သည်။
သူတို့လိုအပ်နေသည်မှာ လတ်ဆတ်သည့်သွေးများသာ။ ယခု ဘုရင်အဆင့်သားရဲများစွာ သေဆုံးသွားပြီဖြစ်ပြီး အလောင်းလည်း တောင်လိုပုံနေသောကြောင့် သူတို့ ပါဝင်ပစ္စည်းများစွာ ရတော့မည်။
လုထုန် အတော်လေး ပျော်ရွှင်သွားရသည်။ “ဟား ဟား ႏႏ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ ႏႏ အားလုံးကို အဆင့်တက်စေနိုင်တဲ့ဆေးကို ဖော်စပ်နိုင်တာနဲ့ ငါတို့ သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်တာပဲ”
ချူဖုန်းသည် သူ့ကို လူမြန်မြန်လွှတ်ရန် ပြောလိုက်သည်။
“ကျွန်တော် လူသားဘုရင်နှစ်ယောက်ကို မသန်မစွမ်းဖြစ်အောင် လုပ်ထားသေးတယ် ႏႏ ကျွမ်းကျင်သူတစ်ယောက်ရှာပြီးတော့ သူတို့ကို သေချာစစ်မေးလိုက် ႏႏ သူတို့နောက်က အဖွဲ့အစည်းကို ကျွန်တော်သိမှရမယ် ႏႏ သူတို့တွေက ကျွန်တော့်ကို လွယ်လွယ်အနိုင်ကျင့်လို့ရမယ်လို့ ထင်နေကြတာ ႏႏ သူတို့သွေးကြွေးကို ပြန်ဆပ်ရမယ်ႏႏ” ချူဖုန်း ပြောလိုက်သည်။
ချူဖုန်း၏စကားများမှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရောယှက်နေသည်။ သူ ဤလူများကို တကယ်စိတ်တိုသည်။ ဤလူများသည် သူ့ကိုထပ်ခါတလဲလဲ လုပ်ကြံသည့်သူအပြင် သားရဲမျိုးနွယ်စုများထက်ပင် ကြောက်စရာကောင်းနေသေးသည်။ ထို့အပြင် ဒေါင်းဘုရင်ကို သူနှင့်တိုက်အောင် စည်းရုံးသည့်သူများထဲတွင် ဤလူနှစ်ယောက် ထိပ်ဆုံးကပင်။
သေချာစဉ်းစားကြည့်လိုက်သော်လည်း သူ အဖွဲ့အစည်းကြီးများနှင့် ရန်ငြိုးရန်စမရှိသည်မှာ သေချာသည်။
“သားရဲမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်တုန်းက မင်းတို့အရိပ်အယောင်ကို မမြင်ခဲ့ရသလို အနောက်တိုင်းတွေ ကျူးကျော်လာတဲ့အချိန်တုန်းကလည်း မင်းတို့ ဘာအားအင်မှလည်း မစိုက်ထုတ်ခဲ့ဘူး ႏႏ ဒါပေမဲ့ ကိုယ့်မျိုးနွယ်စုအချင်းချင်းအပေါ်ကျတော့ တစ်ယောက်ပြီးတစ်ယောက် ယုတ်မာနေလိုက်ကြတာႏႏ”
ချူဖုန်း၏မျက်ဝန်းထဲ မီးတောက်များ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာမှသာ သူ တည်ငြိမ်သွားပြီး စစ်မြေပြင်ကို ရှင်းလင်းလိုက်သည်။ သူမြင်လိုက်ရသည့်မြင်ကွင်းကို သူကိုယ်တိုင်ပင် ဆွံ့အသွားရ၏။ သားရဲဘုရင်များမှာ အလဲလဲအပြိုပြိုဖြစ်နေသည်ပင်။
လိပ်ချိုးငှက်အတောင်ပံမှ အကောင်းဆုံးအသား၊ သိုးဘုရင်၏ ကြီးမားသည့်ပေါင်လုံးနှင့် ပူးမားကျားသစ်၏အရွတ်ႏႏႏ စသည်ဖြင့် အကောင်းဆုံးအပိုင်းများကို ဖြတ်တောက်ယူထားလိုက်သည်။
ထိုသားရဲဘုရင်များ၏ အသားများမှာ တောက်ပနေဆဲဖြစ်ပြီး စွမ်းအင်များ ပျောက်ကွယ်မသွားသေး။
ချူဖုန်း ထိုအသားများကို အနီးအနားရှိ ရေပန်းနှင့်ဆေးလိုက်ပြီး ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းထားလိုက်သည်။
ထို့နောက် ချူဖုန်း တိုင်လေးတိုင်ကို တူးထုတ်ပြီး သန့်စင်ကာ ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းလိုက်၏။
ချူဖုန်း ယွမ်လော့တောင်မှ အကြွင်းအကျန်များကို သေချာရှာဖွေလိုက်သည်။ သားရဲ၊ ငှက်များနှင့်တူသည့် အစိတ်အပိုင်းများသာ ရှိတော့သည်။ အားလုံးမှာ မှတ်မိရန်ပင် မလွယ်တော့။
“ရှင်းယီလက်သီးသခင်လေး ဒီမှာမရှိဘူး” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ မျက်လုံးသုံးလုံး ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူအား တွေ့လိုက်ရသောကြောင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးကိုလည်း တွေ့ရလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းပင်။
“ငါ သူ့ကို သတ်နိုင်မယ့်အခွင့်ကောင်းကြီးနဲ့ လွဲချော်ခဲ့တာ နှမြောစရာပဲႏႏ” ချူဖုန်း ညည်းတွားလိုက်သည်။
ခဏကြာပြီးနောက် ကျန်းရှီ၌ ရှိနေသည့်ရဲများ ရောက်လာကာ ဤနေရာတစ်ခုလုံးကို ချိတ်ပိတ်ထားလိုက်သည်။ အပြင်လူများ ချဉ်းကပ်၍မရတော့။
ထို့အပြင် ကျန်းရှီနယ်မြေ၌ ရှိနေသည့် ဓာတ်ခွဲခန်းဝန်ထမ်းများလည်း ရောက်လာကြလေ၏။ ဘုရင်အဆင့်သွေးများစွာ ရှိနေသည်ဟူသည့်သတင်းကြားသည်နှင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။
“ဘုရားရေႏႏ”
စစ်တပ်မှဖြစ်စေ သုတေသနပညာရှင်များဖြစ်စေ ထိုမြင်ကွင်းကိုမြင်ပြီးနောက် အားလုံး ဆွံ့အသွားကြရသည်။
နေရာတိုင်း၌ လတ်ဆတ်သည့်သွေးများ၊ ကျိုးပျက်နေသည့်ခြေလက်များ ရှိနေပြီး ကြီးမားလှသည့်သားရဲအလောင်းများနှင့် ငှက်ဘုရင်အလောင်းများမှာ တောင်တစ်လုံးစာခန့်ပင်ရှိသည်။ ထို့အပြင် ယွမ်လော့တောင်၏ အဓိကတောင်ထိပ်မှာ လုံးဝပြိုကျသွားလေပြီ။
အဝေးရှိ ကျောက်တုံးများထက်၌ တင်ပုလ္လင်ခွေထိုင်နေသည့် နတ်ဆိုးနတ်ဘုရားနှင့်တူသည့်လူကို အားလုံး ကြောက်ရွံ့ရိုသေသွားကြရသည်။ ဤသည်မှာ သူတို့ နတ်ဘုရားတစ်ပါးနှင့် တွေ့နေရသကဲ့သို့ပင်။
“တစ်ယောက်သေသွားပြီလားႏႏ” ချူဖုန်း၏အကြည့်များ မှုန်မှိုင်းလာသည်။
လူတစ်ယောက်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။ ဤလူများ အတော်လေး ပြတ်သားသည့်သူဟု ပြော၍ရသည်။ ကံကောင်း၍ တစ်ယောက်မှာ သေရမည်ကိုကြောက်ပြီး အသက်ရှင်လျက် ရှိနေသေးသည်။
တူညီသည့်မတော်တဆမှု ထပ်မဖြစ်ရန်အတွက် ချူဖုန်း လက်ညှိုးထိုးလိုက်ကာ သူ့စွမ်းအင်ကို ဖျက်ဆီးပစ်လိုက်သည်။
မီးခိုးပြာဝံပုလွေသည် ခန္ဓာကိုယ်တစ်ဝက်သာ ရှိတော့သော်လည်း မည်မျှထိစွမ်းအားကြီးခဲ့သည်ကို သူ မမေ့သေး။
လူနှစ်ယောက်၏ ခေါင်းစွပ်များကို ဖယ်ရှားလိုက်ပြီး သူတို့မျက်နှာကို ကြည့်လိုက်သည်။ သူ တစ်ယောက်မှမသိ။
“သူ့ကို သေချာစစ်မေးလိုက်ႏႏ” ချူဖုန်း ကျွမ်းကျင်သူများကို ပြောလိုက်သည်။
“စိတ်ချပါႏႏ”
ထို့နောက် လုထုန် ချူဖုန်းကို ထပ်မံဆက်သွယ်ကာ အပြစ်တင်လာသည်။ “ဟေ့ကောင် ႏႏ ဒီတစ်ခေါက် မင်းကင်မစားဘူးလို့ ပြောပေမယ့် အလောင်းတွေအကုန်လုံးက တစ်စစီဖြစ်နေပြီ ႏႏ အဲဒီနေရာတစ်ခုလုံး အသားအပိုင်းအစတွေနဲ့ ပြည့်နေပြီး ဘယ်ဟာက ဘယ်အကောင်မှန်းတောင် မသိနိုင်တော့ဘူးႏႏ”
“ကျွန်တော့်ရဲ့ လက်သီးပညာကို ထိန်းချုပ်ဖို့ ကြိုးစားနေတုန်းပဲ ႏႏ ကျွန်တော့်ရဲ့ ထိန်းချုပ်နိုင်စွမ်းက နည်းနည်းလိုသေးတယ်ႏႏ” ချူဖုန်း အခြောက်တိုက်ရယ်မော၍ ပြောလိုက်သည်။
“မင်းအခု ဘာလုပ်မှာလဲ ႏႏ ဒီတစ်ခေါက်ကိစ္စက တော်တော်လေး ကြီးသွားပြီႏႏ” လုထုန် အလောတကြီး မေးလိုက်သည်။
“ကျွန်တော်က ဘာလုပ်ရမှာလဲ ႏႏ ဒီကိစ္စက သိပ်မကြီးသေးဘူးလို့ ခံစားရတယ် ႏႏ ကျွန်တော် အဖွဲ့အစည်းတွေဆီကိုသွားပြီး တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို မြေလှန်ပစ်မယ် ႏႏ ကျွန်တော့်ကို ဖြေရှင်းချက်ကောင်းကောင်း မပေးနိုင်တဲ့သူတွေ ဒါမှမဟုတ် သူတို့အပြစ်ကင်းကြောင်း သက်သေမပြနိုင်တဲ့သူတွေကို ဖိနှိပ်ပစ်မယ် ႏႏ သူတို့တွေက ကျွန်တော့်ကို ဝဖြီးနေတဲ့အသားတုံးကြီးလို့ ထင်နေကြတာ ႏႏ သူတို့ကို ပြန်ပေးဆပ်ခိုင်းရမယ်ႏႏ”
“စိတ်အေးအေးထားဦး ႏႏ အလောတကြီး မလုပ်နဲ့ ႏႏ ဒါနဲ့ သူတို့ရဲ့ နတ်အသိစိတ်တွေ အလုပ်မလုပ်တော့အောင် မင်း ဘယ်လိုလုပ် လိုက်တာလဲႏႏ”
“သူတို့ နတ်အသိစိတ်ကို ကျွန်တော့်နတ်အသိစိတ်နဲ့ဖ နှိပ်ထားလိုက်တာႏႏ”
“အဓိပ္ပာယ်မရှိတော လာမပြောနဲ့ႏႏႏ အမှန်အတိုင်းပြော”
“ကျွန်တော် ရွှမ်းထျန်ကို ပြန်ရောက်ရင် အားလုံး ပြောပြမယ်ႏႏ” ချူဖုန်း ချက်ချင်းဖုန်းချလိုက်သည်။ သူ တိုင်လေးတိုင်ကို လုထုန်လေ့လာရန်အတွက် မပေးချင်။ သူတို့လေ့လာနေတုန်း ထိခိုက်ပျက်စီးသွားလျှင် မည်ကဲ့သို့လုပ်မည်နည်းႏႏ
နောက်ဆုံးတွင်တော့ အပြင်လောကသို့ သတင်းများ ပေါက်ကြားလာပြီး လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
သို့သော် ယခုအချိန်တွင် ထိုနေရာတစ်ခုလုံးကို စစ်တပ်မှ ပိတ်ထားပြီး မည်သူမှ ဝင်၍မရ။
ဤကိစ္စမှာ အတော်လေး ကြီးမားလှသောကြောင့် လူများစွာမှာ နောက်ကွယ်မှ ဖြစ်ရပ်များကို လေ့လာနေကြပြီဖြစ်သည်။
အပိုင်း ၂၆၂ ပြီး၏။