Chapter – 11 အစီအစဉ် ချခြင်း
ဂရင်းရဲ့ဘ၀တစ်လျှောက်လုံး မြို့တော်မှာပဲ ကုန်ဆုံးခဲ့တာမို့ သူမသိတဲ့အရာဆိုတာ ရှိနိုင်ပါဦးမလား။ သို့ပေမယ့် ဂရင်းဟာ စားပွဲပေါ်က အရာကိုကြည့်ရမယ့်အစား ကျောက်ဟိုင်ကိုသာ တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်နေလေသည်။
“ သခင်လေး မှော်ပညာတတ်မြောက်သွားပြီလား”
ကျောက်ဟိုင် ခေါင်းခါလိုက်သည်။
“ ကျွန်တော် မှော်ပညာမတတ်ပါဘူး။ ဒီအတိုင်း စွမ်းရည်သက်သက်ပဲ။ တိုက်ခိုက်လို့ရတဲ့စွမ်းရည်မဟုတ်ပါဘူး။ အဘိုးလည်းသိသားနဲ့ ကျွန်တော်က မ၇ှိခြင်းဆေးရည်ကို သောက်ထားရတာလေ ဘယ်လိုလုပ် မှော်ပညာသင်နိုင်မှာလဲ။ ဒီစွမ်းရည်က ပစ္စည်းတွေ သိုလှောင်နိုင်ရုံပါ”
ဂရင်း နားလည်သလို ခေါင်းငြိမ့်ပြသည်။ သူ့မျက်လုံးထဲ စိတ်ပျက်သွားဟန်တွေတော့ ပေါ်လာ၏။
နောက်စားပွဲပေါ်က အရာကိုကြည့်လိုက်တဲ့အခါမှာတော့ မျက်လုံးပြူးသွားရပြန်သည်။
ယူကြည့်ကာ အနံ့ခံကြည့်ပြီးနောက် တစ်ကိုက်ကိုက်ကြည့်လိုက်လေသည်။
“ သခင်လေး ဒါက မှော်မုန်လာဥမျိုးစေ့ကဖြစ်လာတဲ့ မှော်စားစရာတစ်မျိုးပါ”
ကျောက်ဟိုင် စိတ်ရှုပ်သွားလေသည်။
“ မှော်မုန်လာဥဟုတ်လား။ ဒီလိုမျိုးဟင်းသီးဟင်းရွက်အမျိုးအစားတွေရှိသေးတာလား”
“ ဟုတ်ပါတယ် သခင်လေး။ အာ့ဆုကုန်းမြေမှာ ဟင်းသီးဟင်းရွက် အမျိုးအစားနှစ်မျိုးရှိပါတယ်။ တစ်မျိုးက သာမန်ဟင်းသီးဟင်းရွက်ပါ သာမန်လူတွေနဲ့ အစေခံတွေစားကြပါတယ်။ နောက်တစ်မျိုးကတော့ အထက်တန်းလွှာတွေပဲစားတဲ့ မှော်စွမ်းအင်တွေပါတဲ့ မှော်ဟင်းသီးဟင်းရွက်တွေပါ။ သူတို့ကို မြေကောင်းတွေမှာ သေချာဂရုတစိုက် စိုက်ကြရတယ်။ မုန်လာဥတွေကိုတော့ အစားများပါတယ်။ ဈေးကွက်မှာဆိုရင် တစ်ကတ်တီကို ငွေဒင်္ဂါးတစ်ပြားတန်ကြေးရှိပါတယ်”
ကျောက်ဟိုင် စိတ်ထဲတွက်ချက်ကြည့်လိုက်သည်။ သူ့မှာ မုန်လာဥဖြူ ရှစ်သောင်းရှိတော့ ငွေဒင်္ဂါးရှစ်သောင်း။ဒီရှစ်သောင်းကို ရွှေဒင်္ဂါးပြောင်းရင် ရှစ်ထောင်ဖြစ်မယ်။ ကမ္ဘာမြေပေါ်မှာရောင်းတာနဲ့ ဒီမှာရောင်းတာက အဆနှစ်ဆယ်လောက်ကွာတယ်။ ဒီလိုကွာခြားမှုနဲ့ကတော့ အရူးတောင်မှ စီးပွားရေးဘယ်လိုလုပ်ရမလဲသိမှာပဲ။
သူတွေးနေချိန်မှာ ဂရင်းက မုန်လာဥဖြူကို တစ်ခါပြန်ကောက်ယူကြည့်ပြီး
“ သခင်လေး ဒီမှော်မုန်လာဥဖြူက ကျွန်တော်တွေ့ဖူးတာတွေထက် ပိုပြီး မှော်စွမ်းအင်ပါဝင်တယ်။ သခင်လေး ဘယ်နေရာက ရလာတာလဲ”
ကျောက်ဟိုင်က ပြန်ဖြေရမယ့်အစား
“ အဘိုးဂရင်း မျက်လုံးပြာယုန်တွေက မုန်လာဥအရွက်တွေစားလား။ ကျွန်တော်တို့မှော်မုန်လာဥတွေဝယ်ရင် အရွက်ပါရတယ်မလား’
ဂရင်းခေါင်းခါသည်။
“ မုန်လာရွက်တွေကို ကျွန်တော်တို့မလိုချင်ကြဘူး ။ အရသာမှမကောင်းဘဲကိုး။ ဒါပေမယ့် မျက်လုံးပြာယုန်တွေကတော့ တော်တော်ကြိုက်ကြတယ်”
ကျောက်ဟိုင် ကျေနပ်သွားပြီး မတ်တပ်ထရပ်ကာ ပေါင်နှစ်ဖက်ကို ပုပ်ရင်း အော်ဟစ်လေသည်။
“ ဟားဟား ကောင်းကင်က ငါ့ကို မေ့မနေဘူးပဲ။ ကောင်းကင်က ငါ့ကို မေ့မနေဘူးပဲ။ ဟားဟား ဒီအတိုင်းသာဆို ငါစားကျက်မြေတစ်ခုစတင်လို့ရတော့မယ်”
ကျောက်ဟိုင်ရဲ့အခြေအနေကိုကြည့်ပြီး ဂရင်းလန့်လာသည်။ သခင်လေး စိတ်ရူးပေါက်သွားတယ်ထင်ပြီး ထရပ်လိုက်ကာ ကျောက်ဟိုင်အနားကပ်သွားပြီး
“ သခင်လေး သခင်လေး ဘာဖြစ်တာလဲ။ ဒီလူအိုကြီးကို မနောက်ပါနဲ့”
“ ဘာမှမဟုတ်ပါဘူး။ ကျွန်တော် အပျော်လွန်သွားလို့ပါ။ အဘိုးဂရင်း ကျွန်တော်မေးရဦးမယ်။ မှော်မုန်လာဥဖြူတွေက ရောင်းလို့ရောလွယ်ရဲ့လား”
“ လွယ်တာပေါ့။ အာ့ဆုကုန်းမြေမှာ ၀င်ငွေအတော်ကောင်းတော့ သာမန်လူတွေတောင် မှော်ဟင်းသီးဟင်းရွက်တွေ စားနိုင်ကြတယ်။ အထူးသဖြင့်တော့ ဒီဈေးပေါတဲ့မုန်လာဥဖြူတွေပေါ့”
ကျောက်ဟိုင်ရော ဂရင်းပါ ထိုင်ခုံမှာ နေရာပြန်ယူလိုက်ကြသည်။
“ အဘိုးဂရင်း ကျွန်တော့်မှာ မှော်မုန်လာဥဖြူ ရှစ်သောင်းကတ်တီရှိတယ်။ ကျွန်တော်အားလုံးကို ရောင်းချင်တယ်။ ဈေးနည်းတာက အရေးမကြိးဘူး။ ကျွန်တော်က တတ်နိုင်သမျှ မြန်မြန်ပဲရောင်းချင်တယ်။ ပြီးရင် မျက်လုံးပြာယုန်တွေ ၀ယ်မယ်။ အရေအတွက်များလေ ကောင်းလေပဲ။ သံတောင်မှ လူပုလေးတွေလုပ်ခဲ့တဲ့ မိုင်းတွင်းတွေရှိတယ်။ အဲ့ဒိမိုင်းတွင်းတွေကို ယုန်တွေမွေးဖို့ တွင်းလုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက အမြတ်ငွေတွေက တိုးတက်လာမှာပဲ”
“ သခင်လေး မှော်မုန်လာဥဖြူ ရှစ်သောင်းကတ်တီလို့များ ပြောလိုက်တာလား။ ဒီလောက်အများကြီး ဘယ်ကများရပါသလဲ”
ကျောက်ဟိုင်ခေါင်းရမ်းလိုက်သည်။
“ ဒါက အရေးမကြီးဘူး။ အဓိကက မြန်မြန်ရောင်းနိုင်ဖို့ပဲ။ အဘိုးဂရင်းက ၀ယ်လက်ကြီးကြီးကိုရှာပါ။ သူတို့ကိုပြောလိုက် ကျွန်တော် မှော်မုန်လာဥဖြူ ရှစ်သောင်းကတ်တီကို နှစ်ရက်တစ်ခါ ထုတ်ပေးနိုင်တယ်လို့။ သူတို့ဘယ်လောက်ပမာဏလိုချင်လိုချင် ဒါက ပြဿနာမဟုတ်ဘူး”
“ သခင်လေးပြောနေတာတွေက အမှန်တွေလား။ အဲ့လောက်အများကြီး သခင်လေးဆီမှာ ရှိနေတာလား”
“ ကျွန်တော် နောက်မှရှင်းပြမယ်။ အဘိုးသိနေတာတွေကိုစိတ်ထဲထားဖို့လိုတယ်နော်။ အဓိကက မြန်မြန်ရောင်းနိုင်ဖို့ပဲ ။ြ့ပီးတော့ သိုသိုသိပ်သိပ်နေဖို့လိုတယ်နော်။ ဒီလိုတွေရောင်းနေတာက ကျွန်တော်တို့ဆိုတာကို သိသွားလို့မဖြစ်ဘူးနော်။ အဘိုးလုပ်နိုင်ရဲ့လား”
ကျောက်ဟိုင်ဘယ်လိုလုပ် ဒီမှော်မုန်လာဥတွေကိုရလာမှန်းမသိပေမယ့် သူ ကတိပေးလိုက်သည်။
“ စိတ်ချပါသခင်လေး ကျွန်တော်အားလုံးကို ကိုင်တွယ်နိုင်ပါတယ်။ တစ်ခါထဲ ပြီးပြတ်အောင်လုပ်ခဲ့ပါ့မယ်
“ အဘိုးဂရင်း အစေခံတွေကို ရိက္ခာတွေအတွက်မစိုးရိမ်ခိုင်းနဲ့တော့။ သူတို့ကို မျက်လုံးပြာယုန်တွေအတွက်မိုင်းတွင်းတွေကိုပဲ ပို့ထားလိုက်ပါ။ ရိက္ခာကိစ္စက ကျွန်တော်စီစဉ်လိုက်ပါ့မယ်”
ကျောက်ဟိုင်ရဲ့ စွမ်းရည်ကို ဂရင်းနည်းနည်းတော့ သဘောပေါက်နေပြီဖြစ်သည်။ ကျောက်ဟိုင်ကတော့ တိုက်ခိုက်နိုင်တဲ့စွမ်းရည်မဟုတ်ဘူးလို့ပြောပေမယ့် အခုလိုမျိုး သိုလှောင်နိုင်တာနဲ့ မှော်မုန်လာဥဖြူတွေရလာတာတွေကိုကြည့်ပြီး တော်တော်အကျိုးရှိတဲ့ စွမ်းရည်ဆိုတာကိုတော့ သိလာသည်။
“ ဘလော့ဟက်နဲ့ ရော့ဟင် ငါအပြင်ကိုရက်နည်းနည်းသွားရမယ်။ မင်းတို့ သခင်လေးနောက်ကိုပဲ လိုက်ပြီး ကာကွယ်ထားပါ။ ခြေတစ်လှမ်းမှကို မမှားစေနဲ့ “
“ မယ်ရင်းနဲ့မာဂ့် မင်းတို့က အစေခံတွေကို ကြည့်ထားပါ။ သခင်လေးရဲ့အမိန့်အတိုင်း သူတို့တွေဆောင်ရွက်ကြပါစေ။ “
ဂရင်းက အထက်တန်းလွှာတွေရဲ့ အိမ်တော်ထိန်းတစ်ယောက်ဟန်အတိုင်း အသီးသီးတာဝန်တွေ ညွှန်ကြားပေးနေသည်။ ပထမဦးစားပေးက ကျောက်ဟိုင်ရဲ့ လုံ့ခြုံရေးဖြစ်ပြီး ဒုတိယဦးစားပေးက လုပ်ငန်းအတွက်ဖြစ်သည်။ တတိယဦးစားပေးကတော့ မုန်လာဥတွေရောင်းချဖို့ပင်။ မှန်သည်ဒီတတိယကိစ္စကိုတော့ သူကိုယ်တိုင်ကိုင်တွယ်မှာဖြစ်သည်။
မယ်ရင်းတို့တွေမှာ ကျောက်ဟိုင်ရဲ့ထူးခြားတဲ့ စွမ်းရည်ကိုကြည့်ပြီး ကြောင်အနေခဲ့ကြတာဖြစ်သည်။ ဂရင်းက သူတို့ကိုခေါ်လိုက်တော့မှသာ အသိပြန်ဝင်လာရသည်။
သခင်လေးမှာ ဒီလိုစွမ်းအားမျိုးရှိနေမယ်မထင်ထားကြပေ။
ကျောက်ဟိုင်လည်း ဂရင်းရဲ့အစီအစဉ်ဆွဲမှုကို သဘောတကျခေါင်းငြိမ့်ပြလိုက်သည်။ ဂရင်းက အမျှော်အမြင်ရှိလို့သာ ဒီကိုမလာခင်မှာ ပိုက်ဆံတွေကို လိုအပ်တဲ့ပစ္စည်းတွေ လိုက်ဝယ်နိုင်ခဲ့တာဖြစ်သည်။ သူက ဒီကိုရောက်တဲ့အခါ ကျောက်ဟိုင်က အရင်လိုပဲ ဆိုးနေမယ်လို့ထင်ပြီး စိုး၇ိမ်နေခဲ့ရသည်။ အခုတော့ သူစိုးရိမ်ဖို့မလိုတော့ပေ။
ဂရင်းထွက်သွားတာကိုကြည့်ပြီး မယ်၇င်းက
“ သခင်လေး တစ်မနက်လုံး ဘာမှလည်းမစားရသေးဘူး။ ခဏလေးစောင့်ပေးပါ ကျွန်မ သွားပြင်ဆင်လိုက်ပါမယ်”
“ အဘွားမယ်ရင်း ကျွန်တော် မုန်လာဥတွေ စားထားတာ ဗိုက်မဆာသေးဘူး”
“ မဆာလို့ဘယ်ဖြစ်ပါ့မလဲ။ မုန်လာဥတွေက ဗိုက်ဘယ်ပြည့်ပါ့မလဲ သခင်လေးရယ်။ ခဏပဲစောင့်ပေးပါ ကျွန်မ မြန်မြန်ပြင်ဆင်မှာပါ”
သူတားလို့မရတာသေချာနေတော့ ကျောက်ဟိုင် သူစားပြီးသား မုန်လာဥဖြူကို မယ်ရင်းကိုပေးလိုက်သည်။
“ အဘွားမယ်ရင်း ဒါလေးယူသွားပြီး ချက်လိုက်ပါ”
မယ်ရင်းထွက်သွားတဲ့အခါ မာဂ့်နဲ့ ဟက်ညီအကိုက သူ့တစ်ဖက်တစ်ချက်ဆီမှာ ရပ်နေကြပေသည်။ ဘလော့ဟက်နဲ့ရော့ဟက်တို့ကိုကြည့်ပြီး ကျောက်ဟိုင်သက်ပြင်းချဖြစ်သည်။ ဒီညီအကိုတွေက သူဘာပြောပြော နားထောင်မည်မဟုတ်။ သူတို့က ဂရင်းရဲ့စကားကိုပဲ နားထောင်ကြမှာဖြစ်သည်။ ဒါကြောင့် မာဂ့်ကိုပဲကြည့်ပြီး
“ မာဂ့် ကျွန်တော့်ကို ခယ်ကျာ တစ်ခွက်လောက်ယူပေးနိုင်မလား။ ကျွန်တော်ေ၇ဆာနေပြီ”
မာဂ့်ခေ့ါင်းငြိမ့်ပြီး မီးဖိုခန်းဘက် လှည့်ထွက်လိုက်သည်။ မသွားခင်မှာ ကျောက်ဟိုင်ကို တစ်ချက်လှည့်ကြည့်လိုက်သေးသည်ပေ။
ကျောက်ဟိုင် ထိုင်ခုံမှာပဲ ပျင်းတိပျင်းရွဲထိုင်နေလိုက်သည်။ သူအစကတော့ ဟက်ညီအကိုနဲ့စကားစမြည်ပြောဖို့ပါပဲ။ ဒါပေမယ့် ဒီနှစ်ယောက်က ဘာမှမကြားသလို သူ့ကိုကြောင်တောင်တောင်သာပြန်ကြည့်နေတာမို့ ကျောက်ဟန် လက်လျှောက်လိုက်ရသည်။
ဒီရဲတိုက်ထဲမှာ သူစကားပြောနိုင်တာဆိုလို့ ဂရင်းတို့တွေသာရှိသည်။ အစေခံတွေနဲ့က စကားသွားပြောလို့မှမဖြစ်ပေဘဲ ။ သူက သွားပြောတာက ကိစ္စမရှိပေမယ့် အစေခံတွေကတော့ ကြောက်လန့်တကြားဖြစ်ကုန်လောက်သည်ပေ။ ထို့ကြောင့် ငြိမ်ြိငမ်လေးသာ ထိုင်နေလိုက်ရတော့သည်။
ကံကောင်းတာက သိပ်မကြာခင်မှာ မာဂ့်ပြန်ရောက်လာခဲ့သည်။ ခယ်ကျာ့ကို ဌဲ့ပြေ့းပီးတာနဲ့ စကားတစ်ခွန်းမဆိုဘဲ သူ့နောက်တွင် သွားပြန်ရပ်နေသည်မို့ ကျောက်ဟိုင် သက်ပြင်းချလိုက်မိသည်။
ဒါတွေက အရင်အေဒင်လုပ်ခဲ့တာတွေကြောင့်ပဲ။
မယ်ရင်းက ပြောသွားတဲ့အတိုင်း သိပ်မကြာခင်မှာ မနက်စာဗန်းကိုင်ပြီး ပြန်လာသည်။ မယ်ရင်းပြင်ဆင်ပေးတဲ့မနက်စာက မြေကမ္ဘာပေါ်တွင် အနောက်တိုင်းမနက်စာအတိုင်းဖြစ်သည်။ ပေါင်မုန့်၊အသားနဲ့ ကြက်ဥကြော်တို့ဖြစ်ပေသည်။ သို့သော်ကြက်ဥကြော်ရှိ ကြက်က သာမန်ကြက်မဟုတ်ဘဲ အာ့ဆုကုန်းမြေတွင်သာရှိသည့် မှော်ကြက်တွေရဲ့ ဥကိုကြော်ထားခြင်းပင်။
“ အဘွားမယ်ရင်း တစ်ခါထဲဝင်စားလိုက်ပါ။ ပြီးရင် အဘွားတို့လုပ်စရာတွေ အများကြီးရှိသေးတယ်ကျွန်တော့်ကို ပြုစုဖို့မလိုပါဘူး”
ဒီတစ်ခါတော့ မယ်ရင်းမငြင်းတော့ပေ။ အမှန်တကယ်လည်း စားပြီးရင် လုပ်ရမယ့် အလုပ်တွေအများကြီးရှိနေသည်မဟုတ်လား။
မယ်၇င်းနဲ့မာဂ့်တို့ မီးဖိုခန်းထဲဝင်သွားကြပြီး သူတို့အတွက်ရော ဟက်ညီအကိုတွေအတွက်ပါ နံနက်စာပြင်ပြီး ယူလာကြသည်။
စားသောက်ပြီးနောက် ကျောက်ဟိုင် သူ့အခန်းကိုမပြန်သေးပေ ။ အဲ့ဒိအစား ပန်းချီခန်းကိုပဲသွားပြီး ခယ်ကျာသောက်ရင်း စောင့်နေုလိုက်သည်။ ဂရင်းက သူ့အမိန့်အတိုင်း ပြင်ဆင်ပြီးတဲ့အခါ ချက်ချင်းလာပြောမှာမို့ သူအသင့်စောင့်နေဖို့ပဲ လိုတယ်မဟုတ်လား။
***