Switch Mode

Chapter – 252

ပြိုင်ဘက်ကင်း ကြမ်းတမ်းမှု

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၅၂ – ပြိုင်ဘက်ကင်း ကြမ်းတမ်းမှု

နေမင်းကြီးမှ ရွှေရောင်အလင်းတန်းများ ရွာသွန်းကျနေသောကြောင့် တိမ်တိုက်များ တောက်ပလာပြီး မြူများ ပြယ်လွင့်လာကာ တစ်တောလုံးကို ရွှေရာင်သန်းလာစေသည်ꩻ ကျောက်စိမ်းရောင်သစ်ရွက်များပင် တောက်ပလာလေပြီꩻ

“ဂီး..”

ဟိန်းထုန်၏အော်သံကြောင့် နံနက်ခင်း ငြိမ်းချမ်းတိတ်ဆိတ်မှု ပျက်ပြားသွားသည်ꩻ လက်ရှိတွင် သူသည် မီတာပေါင်းတစ်ရာရှည်လျားသည့် မြွေပုံစံ ရှိနေသောကြော်င့ ဒဏ္ဍာရီထားမှ ကောင်းကင်နဂါးများနှင့် တူနေသည်ꩻ

သူ့ဖွင့်ဟထားသည့် ပါးစပ်ပေါက်မှာ ဆင်တစ်ကောင်လုံးကိုပင် မြိုချနိုင်လောက်သည်ꩻ သူ၏ဖြူဖွေးနေသည့်သွားများမှာ ဓားသွားများကဲ့သို့ ထက်ရှနေသည်ꩻ

သူ၏ကြီးမားလှသည့် ဦးခေါင်းကြီး အောက်သို့ထိုးဆင်းလာသည်နှင့် မိုးခြိမ်းသံနှင့်အတူ လေဟာနယ်ပေါက်ကွဲသွားသည်ꩻ

တောင်ကြီး တုန်ခါသွားကာ တောအုပ်ကြီးလည်း ပြင်းထန်စွာ ယမ်းခါသွားသည်ꩻ မရေမတွက်နိုင်လောက်သည့် သစ်ရွက်များ ကြွေကျလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်ꩻ

ဤမျှကြမ်းတမ်းကာ ကြီးမားလှသည့် မြွေနဂါးကို ရင်ဆိုင်နေရသော်လည်း ချူဖုန်းအမူအရာ ပြောင်းလဲမသွားꩻ သူသည် အကြောက်တရားကင်းမဲ့စွာဖြင့် ရှင်းယီလက်သီးများဖြင့် တိုက်ခိုက်နေဆဲပင်ꩻ

သူ့ခန္ဓာကိုယ်၊ အထူးသဖြင့် သူ့လက်မှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး နတ်ဓားများ ထိခတ်နေသကဲ့သို့ တချွမ်းချွမ်းအသံများလည်း ထွက်ပေါ်နေသည်ꩻ ထို့အပြင် သတ္တုနှင့်ကျောက်တုံးများကိုပင် ဖြတ်တောက်ပစ်နိုင်လောက်အောင် အားကောင်းသည့် အော်ရာများလည်း ထွက်ပေါ်နေသည်ꩻ

ချူဖုန်း ချင်းယီသိမ်းငှက်ပုံစံသို့ ပြောင်းလဲလိုက်ခြင်းပင်ꩻ

ခွပ်..

မြွေနဂါးနက်ကြီးနှင့်ယှဉ်လျှင် သူ့ခန္ဓာကိုယ်မှာ အလွန်သေးငယ်နေသော်လည်း ထုတ်လွှတ်နေသည့် စွမ်းအင်လှိုင်းများကတော့ နည်းနည်းလေးမှပင် မနိမ့်ကျꩻ သူတို့နှစ်ဦး တိုက်ခိုက်ကြသည်နှင့် အိမ်အရွယ်အစားရှိသည့် မြွေကြီး၏ဦးခေါင်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်ꩻ

“သောက်မြွေစုတ် .. မင်းက င့ါကို ဒီလိုပုံစံမျိုးနဲ့လုပ်ကြံရဲတယ်ပေါ့ .. ငါ အစားကောင်းစားရတာ ကြိုက်မှန်းသိလို့ မင်းက ငါစားအဖို့အတွက် ရွံစရာကောင်းတဲ့ငါးမန်းတွေ ပို့ပေးခဲ့တာမလား..” ချူဖုန်း တိုက်ခိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ꩻ

ဤစကားကြားလိုက်ရသည်နှင့် ဟိန်းထုန် ဒေါသထွက်သွားကာ အော်ဆဲပစ်ချင်လာသည်ꩻ တစ်ဖက်လူသည် သူ့ဘာသာသူ စားလိုက်ခြင်းဖြစ်သော်လည်း ယခု သူ့ကို အပြစ်လာတင်နေသည်ꩻ

“စဉ်းစားဉာဏ်မရှိပဲ မိုက်ရူးရဲဆန်တဲ့ကောင် .. မင်းက င့ါကို ထပ်ခါတလဲလဲ လာရန်စနေတာ .. မင်းကိုယ်မင်း ဘာထင်နေတာလဲ..” ဟိန်းထုန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ꩻ သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်ကို လျောတိုက်သွားလိုက်ပြီး နဂါးတစ်ကောင် ကောင်းကင်ပေါ်သို့ ထိုးတက်တော့မည့်ပုံစံဖြင့် တိုက်ခိုက်လာသည်ꩻ “အရင်တစ်ခေါက်တုန်းက လုံဟူတောင်မှာ ဒဏ်ရာရခဲ့ပြီးတော့ ငါ့ရဲ့ခွန်အား ၁၀ ပုံ ၁ ပုံလေးနဲ့ မင်းကို တိုက်ခဲ့ရတာ .. ဒီနေ့တော့ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်..”

သိုသိပ်လာခဲ့ရသည့် အမုန်းတရားများကြောင့် ဟိန်းထုန် ရူးသွပ်နေပြီဖြစ်သည်ꩻ သူ့စကားလုံးများ ကြမ်းတမ်းနေပြီး သူ့ခန္ဓာကိုယ်လည်း အနက်ရောင်အလင်းများ တောက်ပနေသည်ꩻ

ဝုန်း…

လေဟာနယ် ပေါက်ကွဲသွားလေပြီ…

ဟိန်းထုန် ချူဖုန်းကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့အမြှီးကို အနက်ရောင်ကြာပွတ်တစ်ချောင်းကဲ့သို့ အသုံးပြုကာ တိုက်ခိုက်လိုက်သည်ꩻ

ရထားလောက်ကြီးသည့် အမြှီးကြီးသည် တောအုပ်ကြီးကို ရိုက်ခတ်လာကာ လမ်းကြောင်းတစ်လျှောက်ရှိ ရှေးသစ်ပင်များနှင့် ဧရာမကျောက်တုံးကြီးများကို ဖောက်ခွဲပစ်လေသည်ꩻ

ချူဖုန်း ဆယ်မီတာကျော် ခုန်လိုက်ပြီး ထိုအမြှီးကို ရှောင်လိုက်သည်ꩻ ထို့နောက် သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းများ ထုတ်လွှတ်ကာ အောက်ပြန်ဆင်းလာခဲ့သည်ꩻ

ယခုအချိန်တွင် သူသည် အတောင်ပံများကို ဖြန့်ကျက်ထားသည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ꩻ သူ့လက်များမှာ နေမင်းကြီးကဲ့သို့ နတ်အလင်းများ ထုတ်လွှတ်နေပြီး မြွေနဂါးကြီး၏ ခန္ဓာကိုယ်ထက်သို့ ဦးတည်နေသည်ပင်ꩻ

ချူဖုန်း ရှင်းယီသိမ်းငှက်ပုံစံကို အမြင့်ဆုံးထိ အသုံးပြုနေခြင်းပင်ꩻ ဤပုံစံမှာ မြွေနဂါးရန်သူများနှင့် အလွန်အသုံးဝင်သည်ပင်ꩻ အဘယ်ကြောင့်ဆိုသော် ဤပုံစံတွင် မြွေနဂါးမျိုးနွယ်စုကိုဖိနှိပ်သည့် စွမ်းအင်များ ပါဝင်နေသည်ပင်ꩻ

ဟိန်းထုန် ထိုလက်များကို မရှောင်ပဲ သူ့ခန္ဓာကိုယ်ကို သံတံတိုင်းကဲ့သို့ပြုလုပ်လိုက်ပြီး ချူဖုန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်ꩻ

ဒုန်း..

သူတို့နှစ်ဦးကြား အံ့အားသင့်စရာကောင်းသည့် အလင်းများ ထွက်ပေါ်လာသည်ꩻ ရွှေရောင်အလင်းဖျော့နှင့် အနက်ရောင်အလင်းတန်းတို့ ထိပ်တိုက်တွေ့သွားသည့်အချိန်တွင် အရောင်မတူသည့် ကြယ်နှစ်လုံး တိုက်မိပြီး ပေါက်ကွဲသွားသကဲ့သို့ ပေါက်ကွဲထွက်သွားပြီး များပြားလှသည့် စွမ်းအင်များ ထွက်ပေါ်လာသည်ꩻ

ထိုအခိုက်အတန့်တွင် ပတ်ပတ်လည်၌ ရှိနေသည့် သားရဲနှင့်ငှက်များအားလုံး စွမ်းအားကြီးသည့်အော်ရာဖြင့် ဖိနှိပ်ခံလိုက်ရကာ အားလုံး မြေပေါ်၌ ဝပ်လိုက်ကြရပြီး တုန်ယင်နေကြလေသည်ꩻ

ဝုန်း…

ကျွမ်းကျင်သူနှစ်ဦး၏ စွမ်းအားကြီးသည့် တိုက်ခိုက်မှုများကြောင့် တောင်တစ်ခုလုံးပေါက်ကွဲသွားကာ မြေကြီးနှင့် ကျောက်တုံးများ ပြိုကျလာကာ ဧရာမသစ်ပင်ကြီးများလည်း ပျက်စီးသွားသည်ꩻ

တောင်ကုန်းလည်း ပြိုကျသွားကာ သူ့လမ်းကြောင်းတစ်လျှောက်၌ ရှိနေသည့် မြေကြီးများ၊ ကျောက်တုံးများနှင့် သစ်ပင်များကို လှိုင်းလုံးကြီးကဲ့သို့ ဆွဲချသွားလေ၏ꩻ

သူတို့သာ လူနေသည့်နေရာများ၌ တိုက်ခိုက်လျှင် လူသန်းပေါင်းများစွာ နေထိုင်သည့် မြို့တစ်မြို့လုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်ꩻ

ချူဖုန်းသည် ပျံသန်းနေသကဲ့သို့ ကောင်းကင်ထက်သို့ တက်သွားသည်ꩻ သူ့၏မွေးညှင်းပေါက်တစ်ခုစီတိုင်းမှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ကာ ကောင်းကင်ထက်မှ တိုက်ခိုက်နေခဲ့သည်ꩻ သူတို့နှစ်ဦး တိုက်ခိုက်ကြသည့်အချိန်တိုင်း သူ တွန်းကန်အားကို အသုံးပြုကာ ကောင်းကင်ထက်သို့သာ တက်သွားလိုက်သည်ꩻ သူ မြေပြင်ပေါ်သို့ မဆင်းသေးꩻ

သူသည် သိမ်းငှက်အစစ်နှင့် တစ်ဖြည်းဖြည်းပိုတူလာသည်ꩻ သူ့လက်မောင်းများကို အတောင်ပံများကဲ့သို့ လှုပ်ရှားကာ တောအုပ်အထက်သို့ တက်သွားလိုက်သည်ꩻ

သိမ်းငှက်တစ်ကောင်နှင့် ရေနဂါးတစ်ကောင်..

မျိုးနွယ်စုနှစ်ခုမှာ မွေးရာပါ မတည့်သည့်မျိုးနွယ်စုများပင်ꩻ သူတို့နှစ်ဦး ဆက်လက်တိုက်ခိုက်နေကြပြီး သူတို့တိုက်ခိုက်လိုက်တိုင်း သတ္တုချင်းထိခတ်သွားသကဲ့သို့သော အသံများ ထွက်ပေါ်နေပြီး မြွေနဂါး၏ အနက်ရောင်အကြေးခွံများမှ မီးပွားများ လွင့်စင်နေသည်ꩻ

“မြွေနက်ကြီး .. ခင်ဗျားက တော်တော်လေး တော်တာပဲ .. ခင်ဗျား ကျုပ်ရဲ့ သိမ်းငှက်ပုံစံကို ခုခံပြီး အခုထိ အသက်ရှင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး..” ချူဖုန်း ပြောလိုက်သည်ꩻ

သူ့လက်များမှ ဆက်တက်တိုက်ခိုက်နေသောကြောင့် မြွေနဂါးကြီး၏ ခန္ဓာကိုယ်မှ မီးပွားများ လွင့်စင်နေပြီး သူ့အနက်ရောင်အကြေးခွံများကြားတွင် သွေးစီးကြောင်းအချို့ ဖြစ်ပေါ်လာသည်ꩻ

ဟိန်းထုန် ဒေါသထွက်လာသည်ꩻ သူ အားဖြည့်ပြီးနောက် ချူဖုန်းကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်ꩻ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးအဆင့်မှာ မတူညီꩻ

သူတို့ ဒုတိယအကြိမ် ပြန်တွေသည့်အချိန်တွင် ဤလူသား ဤမျှခွန်အားကြီးမားလာလိမ့်မည်ဟု သူ မထင်ထားခဲ့ꩻ သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်နေလေပြီꩻ တစ်ဖက်လူသည် တရပ်စပ် တိုက်ခိုက်လာသည့်အပြင် သူ့ကိုလည်း လှောင်ပြောင်နေသေးသည်ꩻ

“ငါ ဒီနေ့ မင်းကို သေချာပေါက် သတ်ပစ်မယ်..” ဟိန်းထုန်၏မျက်လုံးများ အေးစက်လာသည်ꩻ သူ့ဧရာမခန္ဓာကိုယ်ကြီးကို လှုပ်ရှားလိုက်သည်နှင့် တောင်ထိပ်တစ်ခုလုံး တုန်ခါသွားလေသည်ꩻ

သူ့အနက်ရောင်ခန္ဓာကိုယ်နှင့် ထိလိုက်သည့်အရာတိုင်း ပေါက်ကွဲသွားလေ၏ꩻ

“မင်းရဲ့ မဖြစ်စလောက်စွမ်းရည်လေးနဲ့ ငါ့ကို ယှဉ်ချင်နေတာလား.. ငါ မင်းကို တစ်စစီဆွဲစုတ်ပစ်မယ်..” ဟိန်းထုန် အော်ဟစ်လိုက်သည်ꩻ အရာအားလုံးမှာ အစစ်အမှန်မဟုတ်ဟုပင် သူ ခံစားလာရသည်ꩻ

သိပ်မကြာသေးခင်ကပင် သူ ဤလူသားကို အထင်သေးနှိမ့်ချ၍ ရသေးသည်ꩻ ထို့ကြောင့် ယခု ချူဖုန်း သူနှင့်တန်းတူ တိုက်ခိုက်လာနိုင်သည့်အချိန်တွင် သူ စိတ်ပျက်ကာ ဒေါသထွက်လာရခြင်းပင်ꩻ

ဝုန်း..

ဟိန်းထုန် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်နှင့် အနက်ရောင်အလင်းများ ထွက်ပေါ်လာ၏ꩻ ဤသည်မှာ အနက်ရောင်မီးတောက်များဖြင့် ကောင်းကင်ကို ဝါးမြိုပစ်တော့မလိုပင်ꩻ သူသည် ချူဖုန်းကို သတ်ရန်အတွက် သူ၏စွမ်းအားအကြီးဆုံး စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်ꩻ

ခွပ် ခွပ် ခွပ်…

မြွေနဂါးကြီးသည် အကြိမ်ပေါင်းများစွာ ချူဖုန်းကို ရစ်ပတ်မိတော့မလို ဖြစ်သွားခဲ့သည်ꩻ

ချူဖုန်းသည် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် ရှောင်ရှားလိုက်ပြီးနောက် မြေပြင်နှင့်ထိမိသည်နှင့် ကောင်းကင်ထက်သို့ ချက်ချင်းပြန်တက်သွားလိုက်သည်ꩻ သူ့အရှိန်မှာ အလွန်လျင်မြန်နေသော်လည်း သူသည် အကြိမ်ပေါင်းများစွာ မြွေကြီး၏ ရစ်ပတ်ခြင်းကို ခံရတော့မလို ဖြစ်သွားခဲ့သည်ꩻ

မည်သို့ပင်ဖြစ်စေ မြွေနဂါးတွင် စွမ်းအားကြီးသည့် အဖျက်စွမ်းရည်များ ရှိနေသည်ပင်ꩻ

“သောက်မြွေစုတ် ခင်ဗျားက ဘာတွေကိုများ စိတ်ကြီးဝင်နေတာလဲ .. အရင်တစ်ခေါက်တုန်းက ကျုပ်ခင်ဗျားကို နှစ်ပိုင်းပိုင်းခဲ့တယ် … အခုတစ်ခေါက်တော့ ခင်ဗျားလွတ်ဖို့ကို စိတ်ကူးယဉ်မနေနဲ့တော့ .. ကျုပ် ခင်ဗျားကို ကင်စားပြီးတော့ ငါးမန်းသားနဲ့ အစားထိုးပစ်မယ်..” ချူဖုန်း အော်ဟစ်လိုက်သည်ꩻ

ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ ရွှေရောင်တောက်ပလာပြီး အံ့အားသင့်စရာကောင်းသည့် စွမ်းအင်များ ပျံ့လွင့်လာသည်ꩻ

သိမ်းငှက်ကြီး ကောင်းကင်ထက်သို့ ထိုးတက်သွားလိုက်သည်ꩻ

ယခုတစ်ခေါက်တွင်တော့ သိမ်းငှက်ကြီးသည် ကောင်းကင်ထက်၌ပျံဝဲနေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီꩻ

ခွပ် ခွပ် ခွပ်…

သိမ်းငှက်၏ အဆက်မပြတ်တိုက်ခိုက်မှုများ မြွေနဂါးနက်ကျောထက်သို့ ရောက်ရှိလာကာ မီးပွားများ နေရာအနှံ့ ပျံ့လွင့်လာလေသည်ꩻ

ယခုတစ်ခေါက်တွင်တော့ ဟိန်းထုန်၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားပြီး အကြေးခွံများစွာလည်း ပျက်စီးသွားပြီး နေရာအနှံ့ သွေးများ လွင့်စင်လာသည်ꩻ

ထို့အပြင် အကြေးခွံအချို့ကိုပါ သူ ဆုံးရှုံးလိုက်ရသည်ꩻ

ချူဖုန်းသည် နဂါးကို အမဲလိုက်သည့် ရှေးဟောင်းငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်မှ အဆက်မပြတ်ပင် တိုက်ခိုက်လာသည်ꩻ

“မင်း..”

ဟိန်းထုန်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီးနောက် မီတာနှစ်ထောင်အဝေးရှိ တောင်ထိပ်တစ်လုံး၌ ပေါ်လာသည်ꩻ

သူ၏ အကောင်းဆုံးအခြေအနေတွင် ဒဏ်ရာရသွားခြင်းဖြစ်သောကြောင့် သူ ကြောက်လည်းကြောက်သလို ဒေါသလည်းထွက်နေသည်ꩻ

“ခင်ဗျားက ဘယ်သွားချင်နေတာလဲ..”

ချူဖုန်း လိုက်ဖမ်းလိုက်သည်ꩻ သိမ်းငှက်ပုံစံနှင့် နတ်ခြေထောက်အား ပေါင်းစည်းလိုက်သည့်အချိန်တွင်တော့ သူ့ခြေထောက်မှ အလင်းများ ထွက်လာပြီး သူသည် ကောင်းကင်ထက်၌ ပျံသန်းနေသကဲ့သို့ပင် ဖြစ်သွားသည်ꩻ

တောင်များကို လျင်မြန်စွာ ဖြတ်ကျော်လိုက်ပြီး မြွေနဂါးကြီးကို တိုက်ခိုက်လိုက်သည်ꩻ

“မင်းက သေချင်နေတာပဲ..”

ဟိန်းထုန် ခေါင်းမော့လိုက်ကာ သူ့ပါးစပ်ထဲမှ လျှာနီနီကြီးမှာ စည်းချက်ကျကျလှုပ်ရှားနေပြီး တရွှီးရွှီးအသံများကို ကျယ်လောင်စွာ ပြုလုပ်လိုက်သည်ꩻ ထို့နောက် သူ၏ရှည်လျားလှသည့် ခန္ဓာကိုယ်ဖြင့် ချူဖုန်းကို ရစ်ပတ်ရန် ကြိုးစားလာလေသည်ꩻ

ဝုန်း…

သို့သော် ချူဖုန်း ထိုမြွေကြီးကို ရှောင်ရှားလိုက်သောကြောင့် တောင်ထိပ်ကိုသာ ရစ်ပတ်မိသွားပြီး ထိုတောင်ထိပ် တစ်စစီဖြစ်သွားလေ၏ꩻ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်ပင်ꩻ

ဤသည်မှာ ဟိန်းထုန်၏ခွန်အားပင်ꩻ သူသည် ချူဖုန်းကို သတ်ရန်အတွက် တောင်ထိပ်အချို့ကို တစ်ခုပြီးတစ်ခု ဖျက်ဆီးနေခဲ့သည်ꩻ

ခွပ်..

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲမြင်ကွင်းကြီးပင်ꩻ

ဟိန်းထုန် ရှက်ဒေါသဖြစ်လာသည်ꩻ သူသည် ခန္ဓာကိုယ်အားကိုးကာ ချူဖုန်းကို ဖိနှိပ်လိုခြင်းဖြစ်သော်လည်း သူသာ ဒဏ်ရာရသွားပြီး သွေးများ စိုရွှဲသွားသည်ꩻ

“သွားသေလိုက်တော့..”

ထို့နောက် သူ့ဦးချိုတောက်ပလာကာ အနက်ရောင်အလင်းတန်းများ ပစ်လွှတ်လာသည်ꩻ

သူ့ခန္ဓာကိုယ်မှ နေလုံးလေးများစွာ ထွက်ပေါ်လာပြီးနောက် ထိုနေလုံးလေးများမှာ ရေနဂါးအဖြစ်သို့ ပြောင်းလဲသွားလေသည်ꩻ ထို့နောက် ထိုနဂါးများသည် ကြောက်စရာကောင်းသည့် အော်ရာများ ထုတ်လွှတ်ကာ သူ့ထံသို့ ရောက်လာကြသည်ꩻ

ဟိန်းထုန်သည် ချူဖုန်းကို သတ်ရန်အတွက် သူ၏စွမ်းရည်အားလုံးကို အစွမ်းကုန် ထုတ်သုံးနေပြီဖြစ်သည်ꩻ

ချူဖုန်း၏မျက်လုံးများ အေးစက်ကာ ရက်စက်နေသည်ꩻ ထို့နောက် ချွမ်းဟူသည့်အသံနှင့်အတူ သူ့ဘယ်လက်ထဲ ခရမ်းရောင်တူတစ်လက်ပေါ်လာပြီး သူ့လက်ဝါးတွင်လည်း လျှပ်စီးသင်္ကေတထွက်ပေါ်လာသည်ꩻ ထိုသင်္ကေတကို အသက်သွင်းလိုက်သည်နှင့် လျှပ်စစ်တန်းများ ထွက်ပေါ်လာသည်ပင်ꩻ

လျှပ်စီးတန်းများသည် ကောင်းကင်ကို ထိုးဖောက်ပြီးနောက် ဟိန်းထုန်၏ဦးချိုမှ ထွက်လာသည့် အလင်းတန်းများနှင့် များပြားလှသည့် ရေနဂါးများကို ချေဖျက်လိုက်သည်ꩻ

ဝုန်း … ဝုန်း… ဝုန်း…

လေထဲတွင် စွမ်းအားကြီးသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာလေ၏ꩻ

ချူဖုန်း သိမ်းငှက်ပုံစံ ပြန်ပြောင်းလိုက်ပြီး ထပ်မံပြေးထွက်သွားလိုက်သည်ꩻ သူ့လက်များမှာ ကောင်းကင်ကြီးကို ဆုတ်ဖြဲတော့မတတ် တောက်ပနေသည်ꩻ

သူသည် ရှင်းယီလက်သီးကို တမင်သက်သက် လေ့ကျင့်နေခြင်းဖြစ်ပြီး သူ့နားလည်မှုမှာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်လုနီးနေလေပြီꩻ

ဖူး..

ဟိန်းထုန် လျင်မြန်စွာ ရှောင်ရှားလိုက်သော်လည်း သူ့အသားပိုင်းကြီးပဲ့ထွက်သွားကာ သွေးမိုးရွာသွန်းလာသည်ꩻ

“မင်း ဒီတစ်မျိုးတည်း သိတာလား .. အဲဒါဆိုရင် မင်း သွားသေလို့ရပြီ..” ဟိန်းထုန် ဒေါသတကြီး အော်ဟစ်လာသည်ꩻ ထို့နောက် ဝုန်းခနဲ သူ့ခန္ဓာကိုယ်ကို ပြန်ကျုံ့လိုက်ပြီး လူသားပုံစံ ပြန်ပြောင်းလိုက်သည်ꩻ

သူသည် သူ့လူမျိုးစုကို ဂုဏ်ယူသည့်သူဖြစ်ပြီး သူ၏ကြီးမားလှသည့် နဂါးခန္ဓာကိုယ်ဖြင့် ချူဖုန်းကို အနိုင်ယူရန် ပြင်ဆင်ထားသော်လည်း ဤခန္ဓာကိုယ်ကြီးမှာ ပို၍ အန္တရာယ်များနေသည့်ပုံပင်ꩻ

ထို့အပြင် သူသည် စတိုက်ကတည်းက ချူဖုန်း၏ချာကရမ်ကို သတိထားနေရသည်ꩻ ချူဖုန်း၏လက်ကို အာရုံစိုက်ကြည့်နေရခြင်းဖြစ်သောကြောင့် ယခု လူပုံစံပြောင်းလိုက်သည့်အချိန်တွင်တော့ သူ ထိုချာကရမ်ကို အာရုံစိုက်စရာ မလိုတော့ꩻ

“ခင်ဗျားရဲ့ အကူအညီကြောင့် ကျုပ် သိမ်းငှက်ပုံစံကို တော်တော်လေး ကျွမ်းကျင်သွားပြီ .. ခင်ဗျား နာဖို့သာ ပြင်ထားတော့..” ချူဖုန်း ရယ်မောလိုက်သည်ꩻ

ကောင်းကင်ကို ထိုးဖောက်သွားပြီးနောက် သူ့ပုံစံမှာ မြင်းပုံစံဖြစ်သွားသည်ꩻ ကောင်းကင်မြင်းတစ်ကောင်ကဲ့သို့ သူ့ခြေထောက်များမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေ၏ꩻ သူသည် လရောင်အောက်မှ နတ်မြင်းတစ်ကောင်ကဲ့သို့ ဟိန်းထုန်ထံသို့ ဦးတည်သွားလိုက်သည်ꩻ

လူသားပုံစံနှင့် ဟိန်းထုန်မှာ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး သူ့မျက်လုံးများလည်း လျှို့ဝှက်နက်နဲလှသည်ꩻ သူသည် အေးစက်စွာပြုံးလိုက်ကာ ပြန်လည် တိုက်ခိုက်လာသည်ꩻ “သတ်..”

ဝုန်း..

ချူဖုန်း၏နတ်ခြေထောက်မှ အဆုံးမရှိသည့် ခွန်အားများ ထွက်ပေါ်လာပြီး သူ၏မြင်းပုံစံနှင့် ပေါင်းစပ်လိုက်သည်ꩻ ယခု သူ၏ဖြူဖွေးနေသည့် ခန္ဓာကိုယ်ရှိခွန်အားမှာ တောင်များ၊ မြစ်များကိုပင် ဖျက်ဆီးနိုင်လောက်သည်ꩻ

ခွပ် ခွပ် ခွပ်…

ချူဖုန်း လေထဲမှနေ၍ ခြေထောက်များဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်သည်ꩻ သူသည် “ကောင်းကင်ကိုဖြတ်သန်းသည့်နတ်မြင်းတစ်ကောင်” ကဲ့သို့ ဟိန်းထုန်၏ ဦးခေါင်းနှင့် ရင်ဘတ်ကို အကြိမ်များစွာ နင်းပေါက်နေခဲ့သည်ꩻ

ဟိန်းထုန် ရှေးဟောင်းလက်သီးပညာတစ်ခုကို အသုံးပြုရန် အာရုံစိုက်ထားလိုက်သည်ꩻ ယခုအချိန်တွင် သူသည် လူသားပုံစံရေနဂါးတစ်ကောင်ပင်ꩻ သူ့လက်သီးချက်တိုင်းတွင် အနက်ရောင်အလင်းများ စီးဆင်းနေပြီး ချူဖုန်း၏တိုက်ခိုက်လိုက်တိုင်း အနက်ရောင်နေလုံးများ ပေါက်ကွဲထွက်လာသည်ပင်ꩻ

ထိုအချိန်တွင် ဟိန်းထုန်၏ ကြောက်စရာကောင်းသည့် လက်သီးချက်ထွက်ပေါ်လာပြီး သူ့ခြေထောက်အောက်တွင် တောင်များ ပျက်စီးပြိုကျသွားသည်ꩻ

သို့သော် ထိုအခိုက်အတန့်တွင် ချူဖုန်း၏မြင်းပုံစံ နတ်ခြေထောက် သူ့ကို ရိုက်ချလာသောကြောင့် သူ တုန်လှုပ်သွားကာ နောက်ယိုင်သွားရသည်ꩻ ထိုခြေထောက်တွင် ပါဝင်နေသည့်အားမှာ မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်ꩻ

ဝေါင်း..

ချူဖုန်း ရှင်းယီမြင်းပုံစံမှ ကျားပုံစံသို့ ပြောင်းလိုက်ကာ ကျယ်လောင်စွာ ဟိန်းလိုက်သည်ꩻ သူ့ခန္ဓာကိုယ်ကို အနက်ရောင်အလင်းတန်း လွှမ်းခြုံသွားပြီး သူ့အော်ရာလည်း လျင်မြန်စွာ ပြောင်းလဲသွားသည်ꩻ

အနက်ရောင်အလင်းများ လွှမ်းခြုံလျက်ဖြင့် သူ အောက်ဘက်သို့ ထိုးဆင်းလာလိုက်သည်ꩻ ဤသည်မှာ ရှေးဟောင်းကျားကြီး ပြန်လည်အသက်ဝင်လာသကဲ့သို့ပင်ꩻ

ဝုန်း…

ချူဖုန်း သတ်ဖြတ်ရန် ကြိုးစားလာသည်နှင့် လေပြင်းများ တိုက်ခတ်လာတော့သည်ꩻ တိမ်တိုက်များသည် နဂါးကိုနာခံပြီး လေများကတော့ ကျားကို နာခံသည်ပင်ꩻ

ချူဖုန်း၏တိုက်ခိုက်မှုကြောင့် တောင်ထိပ်ကြီး တစ်စစီဖြစ်သွားကာ ကျောက်တုံးကြီးများလည်း လိမ့်ကျလာသောကြောင့် တောင်တစ်ခုလုံး ပျက်စီးသွားရသည်ꩻ

ခွပ် ခွပ် ခွပ်…

ချူဖုန်းနှင့် ဟိန်းထုန်သို့ အကြိမ်ပေါင်းများစွာ ထိပ်တိုက် တိုက်ခိုက်ခဲ့ကြရသည်ꩻ ချူဖုန်းမှာ ရွှေနက်ဖြင့်လုပ်ထားသကဲ့သို့ပင်ꩻ

ဟိန်းထုန်၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိခဲ့ပြီး သွေးများ အန်ထွက်လာသည်ꩻ ရှင်းယီကျား၏ အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကြောင့် သူ အန္တရာယ်ထဲ ကျရောက်လာသည်ꩻ

ဝေါင်း..

ချူဖုန်းသည် ရူးနေသည့် နတ်ဆိုးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်ပြီး မြေပြင်နှင့် ထိသည်နှင့် ဟိန်းထုန်၏ညာလက်ဖျံကို ဖမ်းဆုတ်လာသည်ꩻ

ဖူးဟူသည့်အသံနှင့်အတူ ဟိန်းထုန်၏လက်တစ်ဝက်ကို စုတ်ဖြဲပစ်လိုက်သောကြောင့် သွေးများနေရာအနှံ့ လွင့်စင်သွားရသည်။

အပိုင်း ၂၅၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset