Switch Mode

Chapter – 1906 & 1920

Chapter – 1906 အသက်ကန့်သတ်နယ်မြေအား ဖျက်ဆီးခြင်း

လေဟာနယ်ထဲ၌ ယင်နှင့်ယန်မြစ်သည် လေဟာနယ်ထဲ၌ ဖြတ်သန်းစီးဆင်းသွားကာ ကြက်ခြေခတ်ပုံစံ ဖြစ်နေသည်ပင်။

ဤသည်မှာ ယခင်က သူမြင်ဖူးခဲ့သည့် ယင်နှင့်ယန်မြစ်မဟုတ်။ ယခင်ကမြစ်များမှာ သာမန်မြစ်များသာဖြစ်ပြီး ယခုမြစ်မှာ ဘိုးဘေးမြစ်များပင်။

မြေပြင်ထက်ရှိ ပြာအောက်တွင်လည်း မြစ်များရှိနေသည်ပင်။ အဲဒီမြစ်တွေက ဘယ်လိုဖြစ်လာတာလဲ..

သေချာစဉ်းစားကြည့်လိုက်လျှင် ဤမြစ်များမှာ တကယ်ကို ပုံရိပ်ယောင်များပင်။

မြေပြင်ထက်သို့ ပုံရိပ်ယောင်များ ချလိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအင်များ စုစည်းလာကာ သာမန်မြစ်ရေနှင့် ရောသွားမည်ပင်။

ပြာအောက်ရှိ မြစ်များလည်း အလွန်သန့်စင်သော်လည်း ကောင်းကင်ထက်မှ မြစ်နှစ်စင်းနှင့် ယှဉ်လိုက်လျှင် အတော်လေးနိမ့်ကျနေသေးသည်ပင်။

ဝုန်း..

ရှီဟောင် အစီအရင်သင်္ကေတများကို ထိုးဖောက်ကာ ခက်ခက်ခဲခဲ တက်သွားလိုက်သည်။ သူ လေဟာနယ်ထဲသို့ ရောက်သွားပြီဖြစ်ပြီး ထိုနေရာသို့ ချဉ်းကပ်နေပြီဖြစ်သည်။

ဤနေရာမှာ အလွန်ကြောက်စရာကောင်းလှသောကြောင့် ရွှေရောင်ခြင်္သေ့၏ကိုယ်ပေါ်မှအမွေးများပင် ထောင်ထနေသည်။ ဤနေရာမှ ထုတ်လွှတ်သည့်အော်ရာသည် သူ့အား တုန်လှုပ်စေသည်ပင်။

ဤနေရာသည် သာမန်မဟုတ်။ လူများကို သူတို့၏စိတ်အနက်ရှိုင်းဆုံးနေရာမှ လေးစားလာအောင် လုပ်နေသည်ပင်။

ဒြပ်စင်ငါးခုပင် ယင်နှင့် ယန်စွမ်းအင်များမှ ဖြစ်ပေါ်လာခြင်းပင်။ ဤနေရာသည် အရာအားလုံး၏ အရင်းအမြစ်ပင်။

ရှီဟောင် ဤနေရာ၏ စွမ်းအင်လှိုင်းများနှင့် နေသားကျကာ တစ်ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

ရွှေရောင်ခြင်္သေ့သည်လည်း သာမန်လူမဟုတ်။ တီးတိုးအော်ဟစ်လိုက်ပြီးနောက် သူလည်း တည်ငြိမ်သွားသည်။ သူ၏ဝိညာဉ်တုန်လှုပ်ခြင်းမရှိဝေါ့။ သူ ရှီဟောင်နှင့်အတူ တစ်လှမ်းချင်း လျှောက်သွားလေသည်။

အစောပိုင်းမှ ဆူညံသံများ လုံးဝပျောက်ကွယ်သွားသည်။ ဤနေရာသည် တည်ငြိမ်ကာ လှပသည့်မြင်ကွင်းတစ်ခုဖြစ်ပြီး သူတို့စိတ်အေးချမ်းသွားရသည်။

ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ..

ဤသည်မှာ ကြီးမြတ်သည့်တာအိုကြောင့်ပင်။

သူ၏ပြောင်းလဲခြင်းများမှာ အဆုံးမရှိ။ လိုက်မှီရန်ပင် ခက်ခဲလှသည်။

ယင်နှင့်ယန်မြစ်သည် ဤလောကကြီးရှိ တာအို၏ ထိတွေ့ကိုင်တွယ်၍ရသည့်ပုံစံဟု ပြော၍ရသည်။ ဤသည်မှာ သဘာဝဥပဒေသနှင့် အမိန့်များကို ဖော်ပြရန် အကောင်းဆုံးအရာပင်။

လူတစ်ယောက်နှင့် သားရဲတစ်ကောင် ဤနေရာသို့ ရောက်လာလေပြီ။ သူတို့ တည်ငြိမ်သွားသည်နှင့် လောကကြီးတစ်ခုလုံး ငြိမ်းချမ်းသွားသလိုပင်။ သူတို့ ဤနေရာ၌ အတော်လေး အကျိုးကျေးဇူး ရလိုက်သည်ပင်။

အနည်းဆုံးတော့ သူတို့ ယင်နှင့်ယန်ကို ပို၍ နားလည်လာသည်။

ဤသည်မှာ သူတို့၏ကိုယ်ပိုင်လမ်းကြောင်းများကို အကျိုးသက်ရောက်မှု ရှိနိုင်သည်ပင်။ ရှီဟောင် သက်ပြင်းချလိုက်၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးများ ပွင့်လာကာ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။

ခွပ်..

အဝေးမှ ညင်သာသည့်အသံတစ်သံ ထွက်ပေါ်လာမှသာ သူတို့နှစ်ဦး တာအိုလေ့လာသည့်အခြေအနေမှ ရုန်းထွက်ကာ အသိပြန်ဝင်လာခဲ့သည်ပင်။

မြစ်နှစ်ခု ဖြတ်သွားသည့်နေရာ၌ အဆောက်အဦးအချို့ ရှိနေသည်။ ထိုအဆောက်အဦးများအားလုံး ပျက်စီးနေပြီဖြစ်သည်။ ထိုနေရာမှ ထွက်လာသည့်အသံတစ်သံကြောင့် သူတို့ နိုးထလာခြင်းပင်။

ဤနေရာသည် လေဟာနယ်ထဲ၌ ဖြစ်ပြီး မည်သည့်ကုန်းမြေ၊ မည်သည့်တိုက်ကြီးမှမရှိ။ မြစ်နှစ်စင်းသာရှိသည်။

သို့သော် ယခင်တုန်းက ဤနေရာ၌ နေထိုင်ခဲ့သည့်သူများ ရှိခဲ့သည်ပင်။

ထိုလူများမှာ မည်မျှပင် ကြောက်စရာကောင်းလှသနည်း..

ယခင်က ဤနေရာသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို လွှမ်းမိုးခဲ့သည့် အသက်ကန့်သတ်ခြင်းနယ်မြေပင်။

ဤနေရာ၌ နေထိုင်နိုင်သည့်သူများမှာ သေချာပေါက် စွမ်းအားအကြီးဆုံးသူများ ဖြစ်မည်ပင်။

သို့သော် သူတို့အားလုံး ပျောက်ကွယ်သွားလေပြီ။

မည်ကဲ့သို့သော စွမ်းအားကများ အသက်ကန့်သတ်ခြင်းနယ်မြေကို ဖျက်ဆီးပစ်နိုင်ခဲ့သနည်း.. ဤနေရာကို ကြည့်ခြင်းအားဖြင့် ထိုတိုက်ပွဲ အလွန်ပြင်းထန်ခဲ့သည်ကို သိနိုင်သည်ပင်။ မဟုတ်ပါက မြေပြင်ပေါ်တွင် အဘယ်ကြောင့် ဤကဲ့သို့သော ပြာများ ရှိနေမည်နည်း..

သိထားရမည်မှာ ဤပြာများသည် နတ်ဘုရားများ၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည့်ပြာများပင်။

“ဂိတ်က ဘယ်မှာလဲ..” ရှီဟောင် ရှာဖွေလိုက်သည်။

ရှီဟောင် ဤအပျက်အစီးများကြားမှ ရဲရဲဝံ့ဝံ့ပင် လျှောက်သွားလိုက်သည်။

သို့သော် ခဏကြာပြီးနောက် ရှီဟောင် တုန်လှုပ်သွားသည်။ ထို့နောက် ရွှေရောင်ခြင်္သေ့ကြီးလည်း တုန်ယင်လာလေ၏။ အဘယ်ကြောင့်ဆိုသော် ဤအဆောက်အဦးများသည် ပျက်စီးသွားပြီဖြစ်သော်လည်း အလွန်ကြီးမားလှသည့်ဖိအား ထုတ်လွှတ်နေဆဲပင်။

မသေမျိုးစွမ်းအင်များ ထုတ်လွှတ်နေသည့် ပျက်စီးနေသည့်ကျောက်ပြားကြီး ရှိနေသည်။

ဤနေရာမှာ မည်သည့်အသက်ဓာတ်မှ မရှိတော့သည်မှာ သေချာသည်။

သို့သော်လည်း မြို့ခံများ နေခဲ့သည့် ဤနေရာသည် ခြိမ်းခြောက်နိုင်နေဆဲပင်။ အထူးသဖြင့် အဓိကပုဂ္ဂိုလ်များ ရှိနေသည့် ဤနေရာပင်။

မသေမျိုးသက်ရှိများ နေထိုင်သည့် နေရာများတွင် သူတို့ကိုယ်ပိုင်စွမ်းအင်များ ရှိနေပြီး နှစ်ပေါင်းများစွာ ကြာသော်လည်း ထိုစွမ်းအင်များ ပျက်ပြယ်သွားမည်မဟုတ်။

ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့များ လုံလောက်အောင် စွမ်းအားကြီးသောကြောင့်သာမဟုတ်ပါက သာမန်လူများသည် ဤနေရာပင် ကပ်နိုင်မည်မဟုတ်။ သူတို့ ဖိအားကြီးအောက် မြှုပ်သွားလိမ့်မည်။

ဤနေရာသာ ပျက်စီးမသွားသေးလျှင်၊ ဤနေရာကို စောင့်ကြပ်နေသည့်သူများ မရှိလျှင်ပင် ဤနေရာသို့ ရောက်လာနိုင်သည့်သူ သိပ်ရှိမည်မဟုတ်။

“ဂိတ်တံခါးက ဘယ်မှာလဲ.။” ရွှေရောင်ခြင်္သေ့လည်း ရှာဖွေနေသည်။ သူသည် မြစ်ကြီးနှစ်ခုရှေ့၌ လှည့်ပတ်ရှာနေသည်ပင်။

သို့သော် သူတို့အချိန်အကြာကြီး ရှာဖွေနေခဲ့သော်လည်း မည်သည့်သဲလွန်စမှမတွေ့ခဲ့ရ။

“ယင်နဲ့ယန် .. သူတို့ရဲ့ အဆုံးမှာ အဆင့်နိမ့်နယ်မြေကို ဦးတည်သွားတဲ့ လမ်းတစ်လမ်းရှိတယ် .. ဒါပေမဲ့ အဲဒီလမ်းက ဘယ်မှာလဲ..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။

သူ ယခင်က ရခဲ့သည့် သဲလွန်စများအရ ဤနေရာသို့ ရောက်လာခဲ့သော်လည်း ဤနေရာ၌ ဘာမှမတွေ့။

ဝုန်း..

သူ ရုတ်တရက် ခွန်ပန်ပညာများကို အသက်သွင်းလိုက်ကာ သူ့နောက်၌ အတောင်ပံတစ်စုံ ပေါ်လာသည်။ ယင်နှင့်ယန်စွမ်းအားများ ပျံ့လွင့်လာကာ ဖရိုဖရဲစွမ်းအင်များ ဖြစ်ပေါ်လာလေ၏။

“ဟုတ်ပြီ .. အဲဒီနေရာမှာ ရှိလောက်တယ်..” ရှီဟောင် စရှာရမည့်နေရာကို သိသွားလေပြီ။

ယင်ယန်တာအိုများကို အသက်သွင်းလိုက်သည်နှင့် ရှီဟောင် အမှန်တရားကို တွေ့သွားရသည်။ ဂိတ်က ဘယ်နေရာမှာ ရှိလောက်မလဲ .. သေချာပေါက် ယင်နဲ့ယန်မြစ်တွေ ဖြတ်သွားတဲ့ နေရာမှာပေါ့..

ထိုမြစ်နှစ်စင်း ကန့်လန့်ဖြတ်နေသည့်နေရာတွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေပြီး ထိုနေရာကို မှုန်ဝါးနေအောင် ပြုလုပ်ထားသည်။

သူ ဤနေရာသို့ ရောက်လာသည်နှင့် ဖိအားတစ်မျိုးကို ခံစားလိုက်ရသည်။

ရှီဟောင် ထိုနေရာသို့ မှော်ပစ္စည်းတစ်ခု ပစ်ထည့်လိုက်သည်။ ထိုနေရာမှ ဖရိုဖရဲစွမ်းအင်ထွက်ပေါ်လာကာ ထိုမှော်ပစ္စည်းကို အရည်ပျော်အောင် လုပ်လိုက်လေ၏။

ဤသည်မှာ ရွှေရောင်ခြင်္သေ့ကို တုန်လှုပ်သွားစေကာ သူ အလိုလို နောက်ဆုတ်သွားလေ၏။

ဒါက ရှေးဟောင်းလမ်းကြောင်းလား .. ဒီထဲကို ဝင်သွားရင် သေချာပေါက် သေမှာ မဟုတ်ဘူးလား..

“တစ်ခုခုတော့ မှားနေပြီ..” ရှီဟောင် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ယင်ယန်တာအိုများကို နောက်တစ်ကြိမ် အသက်သွင်းလိုက်လေ၏။

ယခုတစ်ခေါက်တော့ ခွန်ပန်ပညာသာမက လျှပ်စီးဧကရာဇ်နတ်စွမ်းရည်ကိုလည်း အသုံးပြုလိုက်သည်။

လျှပ်စီးဟု ပြောလိုက်လျှင် ဖျက်ဆီးခြင်း၊ ကောင်းကင်၏အပြစ်ဒဏ်ဟု မြင်ကြသော်လည်း အသက်ဓာတ်များစွာရှိနေသည့် လျှပ်စီးအတိဒုက္ခရည်လည်း ရှိသေးသည်ပင်။

ယင်နှင့်ယန်၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်း .. နှစ်ခုမှာ တစ်ခုနှင့်တစ်ခုဆန့်ကျင်နေသလို မျှခြေလည်း ဖြစ်နေသည်ပင်။

ရှီဟောင် တစ်ကိုယ်လုံး တောက်ပလာကာ အဆုံးမရှိသည့် သင်္ကေတများ ထွက်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် ခွန်ငါးအဖြစ်ပြောင်းကာ တစ်ခါတစ်ရံတွင် ပန်ငှက်ဖြစ်သွားသည်။ ထို့နောက် လျှပ်စီးအဖြစ်သို့ ‌ပြောင်းလဲသွားကာ နေရာအနှံ့တွင် လျှပ်စီးကြောင်းများ ဖြစ်ပေါ်လာသည်။

ဝုန်း..

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့၏ လည်ဆံမွေးများ ထောင်ထလာသည်။ အမှန်တကယ်တွင် လည်ဆံမွေးသာမက သူ့တစ်ကိုယ်လုံးမှ အမွေးများသည် အပ်များကဲ့သို့ ဖြောင့်တန်းလာသည်ပင်။

သူသည်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် အဝေးသို့ ထွက်ပြေးသွားသည်။

အဘယ်ကြောင့်ဆိုသော် ယင်နှင့်ယန်မြစ်များ လှုပ်ရှားကာ လမ်းကြောင်း ပြောင်းသွားသည်ပင်။ မြစ်တစ်စင်းသည် ကောင်းကင်ထက်မှ စီးဆင်းလာပြီး နောက်တစ်စင်းသည် ဝင်ရိုးစွန်းကို ဖြတ်သန်းစီးဆင်းနေသည်ပင်။

သူတို့သည် ကြက်ခြေခတ်ပုံစံ ဖြစ်နေသေးသော်လည်း လမ်းကြောင်းပြောင်းသွားလေပြီ။

သူတို့၏ဆုံမှတ်မှာ ရှီဟောင် ရပ်နေသည့်နေရာ၌ ဖြစ်သွားသည်။

ရွှေရောင်ခြင်္သေ့မှာ သူမြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ ဒါက ပုံရိပ်ယောင်လား .. အစစ်လား..

ဟွမ်က ယင်နဲ့ယန် နှစ်ခုလုံးထဲမှာ စိမ်နေပြီးတော့ ဒီတာအိုတွေကို လက်ခံတော့မှာလား..

ဤမြစ်နှစ်စင်းလုံးတွင် လျှို့ဝှက်ချက်များ ရှိနေသည်ကို ရွှေရောင်ခြင်္သေ့သိသည်။

ဝုန်း..

သို့သော် ဆိုးရွားသည့်အရာများ ဖြစ်မလာခဲ့။ ထိုမြစ်နှစ်စင်းဆုံသည့်နေရာတွင် ဂိတ်တစ်ခု ပေါ်လာသည်။ ထိုဂိတ်တံခါးမှာ အလွန်ထူးဆန်းလှသည်။ ရှီဟောင် ထိုဂိတ်တံခါးရှေ့၌ ရပ်နေခြင်းပင်။

ယခုတစ်ခေါက်တော့ ထိုဂိတ်တံခါး ပွင့်နေလေပြီ။ အညိုရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းလမ်းတစ်ခုကို မြင်နိုင်သည်ပင်။

သူတို့တွေ့လေပြီ။

ရှီဟောင် တုန်လှုပ်သွားရ၏။ ဒါက သူ့အမိမြေကို ပြန်နိုင်တဲ့လမ်းပဲ..

ဤဂိတ်တံခါးကို ဖွင့်ရန်အတွက် ဤကဲ့သို့သော နည်းလမ်းမျိုး လိုအပ်လိမ့်မည်ဟု သူမထင်ထားခဲ့။ ဤမြစ်နှစ်စင်းနှင့် ချိတ်ဆက်နိုင်ရန်အတွက် ယင်ယန်တာအိုများကို ကျွမ်းကျင်ရန် လိုအပ်သည်ပင်။

တစ်ချိန်တည်းမှာပင် သူ သံသယဝင်လာရသည်။ ဒီရှေးဟောင်းလမ်းကြောင်းက ဘာလို့ ယင်နဲ့ယန်မြစ် ဖြတ်သွားတဲ့နေရာမှာ ရှိနေတာလဲ..

ဒါက ဘယ်ခေတ်တုန်းက လုပ်ခဲ့တာလဲ .. ဘယ်သူ လုပ်ခဲ့တာလဲ..

ပြီးတော့ ဒီလိုမျိုး ရှေးကျတဲ့လမ်းကြောင်းကို ဖန်တီးပြီးရလောက်အောင် အဆင့်နိမ့်နယ်မြေက အဲဒီလောက်တောင် အရေးကြီးတာလား ..

အပိုင်း ၁၉၀၆ ပြီး၏။
Chapter – 1907 အဆင့်နိမ့်နယ်မြေသို့ သွားသည့် ရှေးဟောင်း လမ်း

သူတို့ ဤလမ်းကို တကယ်တွေ့သွားလေပြီ။

ရှီဟောင် စိတ်လှုပ်ရှားနေမိသည်။ သူ၏ ကြိုးစားအားထုတ်မှုများမှာ အလဟဿ မဖြစ်ခဲ့။ သူ အိမ်ပြန်နိုင်သည့် ရှေးဟောင်းလမ်းကြောင်းကို တွေ့ခဲ့လေပြီ။

ခပ်ဝေးဝေးမှ အကြောက်တရားကင်းမဲ့သည့် ခြင်္သေ့ကြီးမှာ တုန်လှုပ်နေလေပြီ။ ဟွမ်က လမ်းကို တွေ့သွားပြီလား..

“မင်း ဒီလာခဲ့..” ရှီဟောင် ခြင်္သေ့ကို ခေါ်လိုက်သည်။

ရွှေရောင်ခြင်္သေ့ကြီးသည် သတိကြီးကြီးဖြင့်ပင် မြစ်နား၌ ရပ်လိုက်သည်။ တာအိုဖိအားကို ခံစားနေရသောကြောင့် သူ မြစ်ထဲသို့ မဝင်ရဲ။

“မင်း ဒီရှေးဟောင်းလမ်းကြောင်းထဲကို ဝင်ရဲလား..” ရှီဟောင်မေးလိုက်သည်။

ရွှေရောင်ခြင်္သေ့ ခေါင်းခါလိုက်သည်။ ရှေးဟောင်းလမ်းကြောင်းကို မြင်နေရသော်လည်း သူ စိုးရိမ်နေဆဲပင်။ သူ အထဲဝင်သွားလို့ အန္တရာယ်တွေ့သွားရင် ဘယ်လိုလုပ်မလဲ..

တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးအတွင်းပိုင်းးတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်ပင်။ ရှီဟောင် အထဲဘက်သို့ ဝင်သွားရန် သူ မျှော်လင့်နေမိသည်။ သူသာ တစ်ခုခုဖြစ်သွားလျှင် သူလည်း လွတ်မြောက်သွားလေပြီ။

ရွှီး..

နတ်သက်တံ့တစ်ခု ပေါ်လာကာ ရွှေရောင်ခြင်္သေ့ကို ရစ်ပတ်သွားသည်။ ထိုသက်တံ့သည် ချိန်းကြိုးတစ်ခုကဲ့သို့ သူ့အား တင်းကြပ်စွာ ချည်နှောင်သွားကာ ရှေးဟောင်းဂိတ်ထံသို့ ဆွဲခေါ်သွားလေသည်။

ရှီဟောင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေပြီဖြစ်သော်လည်း ရွှေရောင်ခြင်္သေ့ ထိုအဆင့်သို့ မရောက်သေး။ သူတို့နှစ်ဦးကြားမှ ခွန်အားမှာ ကွာခြားလွန်းလှသည်ပင်။

“မင်း..” ရွှေရောင်ခြင်္သေ့ကြီး အော်ဟစ်လိုက်သည်။ ရှီဟောင် ဤမျှသန်မာလိမ့်မည်ဟု သူမထင်ထားခဲ့။ ရှီဟောင်သည် မြစ်ဆုံနေရာ၌ ရပ်နေသော်လည်း သူ့အား ဖမ်းနိုင်သေးသည်။

အမှန်တကယ်တွင် ထိုမြစ်နှစ်စင်းဆုံသည့်နေရာမှာ ဘာအန္တရာယ်မှမရှိ။ ဖရိုဖရဲစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော်လည်း အလွန် ငြိမ်းချမ်းသည်ပင်။

“အထဲသွားလိုက်..” ရှီဟောင် တံခါးကို တွန်းဖွင့်ကာ ရွှေရောင်ခြင်္သေ့ကို အထဲဝင်ခိုင်းလိုက်သည်။

ခွပ်…

ထိုအခိုက်အတန့်တွင် ရွှေရောင်ခြင်္သေ့၏ ခန္ဓာကိုယ်မှ အရိုးကျိုးသံများ ထွက်ပေါ်လာသည်။ သူသည် ထူးဆန်းသည့် ဖိအားတစ်ခု၏ ဖိနှိပ်ခြင်းခံနေရကာ ပေါက်ကွဲမတတ် ဖြစ်နေလေပြီ.

“အား…” သူ သနားစဖွယ် အော်ဟစ်လိုက်သည်။

ထိုဂိတ်ကိုကြည့်လျှင် ဘာအန္တာရယ်မှ မရှိဘူးဟု ထင်ရသော်လည်း ထိုနေရာတွင် သက်ရှိများကို ဖိနှိပ်နိုင်သည့် ပုံစံမရှိသည့် ခွန်အားလှိုင်းများ ရှိနေသည်ပင်။

ရွှေရောင်ခြင်္သေ့ပင်လျှင် တောင့်မခံနိုင်တော့။

သူ တစ်ခဏသာ တောင့်ခံနိုင်သည်။ ထို့နောက် သူ၏ဒွါရ ၇ ပေါက်မှ သွေးများ စီးကျလာသည်။

ဤသည်မှာ မှော်အစီအရင်၊ နတ်စွမ်းရည်၊ အဖိုးတန်ပညာတို့၏ ဖိနှိပ်ခြင်းမဟုတ်။ ထူးဆန်းသည့်စွမ်းအားဖြင့် ဖိနှိပ်ခံရခြင်းပင်။

ရှီဟောင် ထိုရွှေရောင်ခြင်္သေ့ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ သူသာ နည်းနည်းနောက်ကျသွားလျှင် ရွှေရောင်ခြင်္သေ့ တကယ်သေသွားလောက်သည်။

“ဟွမ် .. ငါမင်းကို သေအောင် သတ်ပစ်မယ်..” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။ သူ တစ်ခါမျှ ဤလောက်ထိ အခြေအနေမဆိုးဖူးပေ။ သူ့အရိုးဘယ်နှချောင်း ကျိုးသွားမှန်းပင် မသိတော့။

သူ အော်ဟစ်နေသော်လည်း သူသည် မတ်တပ်ပင် မရပ်နိုင်တော့။ မြေပြင်ပေါ်၌သာ လဲနေရသည်။

“ကောင်းပြီလေ .. အခက်အခဲတွေရှိရင် ငါတို့နှစ်ယောက် အတူတူ ရင်ဆိုင်ကြတာပေါ့ .. ငါက ခက်ခဲမှုတွေ အောင်မြင်တွေကို အတူတူ ဝေမျှချင်ရုံပဲ” ရှီဟောင် ပြောလိုက်သည်။

“ချီးကို အောင်မြင်မှုနဲ့ ခက်ခဲမှုတွေလား .. မင်း ဘာလို့မသွားလဲ..” ရွှေရောင်ခြင်္သေ့ ဒေါသတကြီး ပြောလိုက်သည်။

“ငါ အခု အထဲသွားတော့မယ်..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကို လွှတ်ပေးလိုက်သည်။ သူသည် ထိုရှေးဟောင်းတံခါးကို ဖွင့်ကာ တကယ်ဝင်သွားသည်ပင်။

ထိုအခိုက်အတန့် ရှီဟောင် မိုးကြိုးပစ်ခံလိုက်ရကာ သူ့တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ သူ၏အရိုးများမှ တဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်လည်း တစ်စစီဖြစ်တော့မည်။

ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် အတော်လေး ထိခိုက်နေသည်ပင်။

ဖူး..

ကြယ်တစ်စင်း သူ့ကျောကို လာရောက်ထိမှန်သောကြောင့် ရှီဟောင် သွေးအန်သွားရသည်။

ထို့နောက် သူ၏ရင်ဘတ်၊ နဖူးရိုးနှင့် ကျောကုန်းတို့မှာ ကြယ်များနှင့် ထုခံနေရသလို ခံစားလိုက်ရသည်။

ရှီဟောင် နားလည်သွားလေပြီ။ ဤဂိတ်သည် အလွန်ကြောက်စရာကောင်းလှသည်။ ဝင်သွားသည့်သူတိုင်းသည် သူတို့ထက်ကြီးမားသည့် စွမ်းအားကို ရင်ဆိုင်ရသည်ပင်။

ရှီဟောင်၏အဆင့်သည် အားလုံးထက် သာလွန်နေပြီဖြစ်သည်။ မဟုတ်လျှင် သူ ဘယ်လိုလုပ် တစ်ဖက်လောကရှိ ဧကရာဇ်ကလန်မှ လူငယ်များကို အနိုင်ယူနိုင်မည်နည်း..

သို့သော်လည်း ဤနေရာ၌ သူ အတော်လေးပင် ထိခိုက်နေရသည်။ သူ့တစ်ကိုယ်လုံးမှ သွေးများ စီးကျနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အရိုးများလည်း ဆက်တိုက်ပင် မြည်ဟီးနေသည်။

သူ အလွန်ထိတ်လန့်သွားရ၏။ စွမ်းရည်ကောင်းလှသည့် ရွှေရောင်ခြင်္သေ့ပင်လျှင် ဝင်ဝင်ချင်း အသတ်ခံရမလိုဖြစ်သွားသည်ကို သူ မအံ့ဩတော့။

ကံကောင်းစွာဖြင့် ရှီဟောင် ဖြတ်ကျော်လိုက်နိုင်သည်။ သူ့အရိုးများမှ အသံများ ထွက်နေသော်လည်း သူ တောင့်ခံလိုက်နိုင်သည်။

သူ၏မွေးညင်းပေါက်မှ သွေးများစီးကျနေသော်လည်း သူတောင့်ခံနိုင်ခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူ သွေးအန်နေဆဲဖြစ်သော်လည်း သူ၏အခြေအနေမှာ ဆိုးရွားမလာတော့။ သူ ရှေ့ဆက်သွားလိုက်သော်လည်း ဤလမ်းမှာ အလွန်ခက်ခဲသည်ကို သူတွေ့လိုက်ရသည်။ သူ တစ်လမ်းလုံး ဤကဲ့သို့ ဖြစ်နေသည်။

နောက်ဆုံးတွင်တော့ ရှီဟောင် ထိုနေရာ၌သာ ရပ်နေလိုက်တော့သည်။ အချိန်အတော်ကြာမှသာ သူ ပြန်ထွက်လာလိုက်သည်။

ရွှေရောင်ခြင်္သေ့ အလွန်စိတ်ပျက်သွားရသည်။ ဒီကောင်က တကယ်ပဲ ထာဝရခန္ဓာကိုယ်ကို ရထားတာလား .. သူက ဒါကိုတောင် တောင့်ခံနိုင်တာလား..

ရှီဟောင် တစ်ခုခုဖြစ်သွားရန် သူမျှော်လင့်နေခဲ့သည်ပင်။ သူသာ အထဲ၌ သေသွားလျှင် သူ လွတ်လပ်သွားလေပြီ။

“အခုဒီလောကမှာ ငါကလွဲရင် ဘယ်သူမှ ဒီစွမ်းအားကို ခုခံနိုင်မှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။

ထို့နောက် သူ၏အမူအရာ ပြောင်းလဲသွားလေ၏။ ထို့နောက် သူသည် ရွှေရောင်ခြင်္သေ့လေးထံသို့ အကွာအဝေးမှော်ပစ္စည်းတစ်ခုကို ပစ်ထည့်လိုက်ကာ “တောင်းပန်ပါတယ်” ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ထိုမှော်ပစ္စည်းကို ပြန်ယူလိုက်ကာ ဂိတ်ထဲသို့ ဝင်သွားလေ၏။ သူ၏မိဘများကို ခေါ်လာလျှင် အန္တရာယ်ရှိနိုင်မလားဟု သူသိချင်သည်။

ရွှေရောင်ခြင်္သေ့၏ မျက်နှာမှာ အနည်းငယ် စိမ်းနေလေပြီ။ “ခွေးကောင် .. မင်းနဲ့ငါနဲ့ မပြီးသေးဘူး..”

ကံကောင်းစွာဖြင့် သူဘာမှမဖြစ်ခဲ့။ ထိုမှော်ပစ္စည်းကို ရှီဟောင် သူ၏ခန္ဓာကိုယ်ထဲ သိမ်းဆည်းလိုက်သည်နှင့် ဖိအားများကို ရင်ဆိုင်ရသည့်သူမှာ သူတစ်ဦးတည်သာ ဖြစ်သွားသည်။

“အန္တရာယ်မရှိဘူး .. ဒီအတိုင်းဆို ငါ စိတ်ပူစရာမလိုတော့ဘူး” ရှီဟောင် ပြောလိုက်ကာ ရွှေရောင်ခြင်္သေ့ကို ထုတ်ပေးလိုက်သည်။

ထို့နောက် လူတစ်ယောက်နှင့်သားရဲတစ်ကောင် မြေပြင်ပေါ်သို့ ပြန်လည်ရောက်လာကြသည်။

“အားလုံးအဆင်ပြေတယ် .. သွားကြစို့..”

သူတို့နှစ်ဦး ပြန်ကောင်းသွားသည်နှင့် ရှီဟောင် ရွှေရောင်ခြင်္သေ့ကျောပေါ်၌ စီးနင်းလိုက်ကာ ပြန်သွားလိုက်ကြသည်။

သူတို့ ထွက်သွားသည်နှင့် ကောင်းကင်ထက်မှ မြစ်နှစ်စင်း ပျောက်ကွယ်သွားကာ တာအိုသင်္ကေတများလည်း ပျောက်ကွယ်သွားသည်။

ရှီဟောင် အရှိန်တင်၍ပင် သွားလိုက်သည်။

သူ အိမ်ပြန်ရမည့်လမ်းကို တွေ့ပြီဖြစ်သောကြောင့် သူ စီရင်စုသုံးထောင်တွင် အကြာကြီး ထပ်မနေချင်တော့။ ကိစ္စအချို့ ရှင်းပြီးသည်နှင့် သူ့မိဘများကို ခေါ်ကာ အဆင့်နိမ့်နယ်မြေသို့ ပြန်သွားတော့မည်။

“ငါ အဆင့်လွန်ခန်းမနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ လူတွေကို မရှာနိုင်တာ တကယ် နှမြောဖို့ကောင်းတာပဲ..” ရှီဟောင် သက်ပြင်းချလိုက်သည်။

သူ စီရင်စုသုံးထောင်သို့ ရောက်တည်းက ဤကိစ္စကို အာရုံစိုက်နေခြင်းပင်။ ထာဝရချင်းကို ဤအကြောင်း မေးကြည့်ခဲ့သော်လည်း မည်သည့်ရလဒ်မှ မရှိခဲ့။

“ထားလိုက်တော့ .. နောင် ငါ စီရင်စုသုံးထောင်ကို ပြန်ရောက်တဲ့အချိန်ကျမှ သေချာပြန်ရှာတော့မယ်” ရှီဟောင် ပြောလိုက်သည်။

အဆင့်လွန်ခန်းမသွေးမျိုးဆက်ကို ရှာမတွေ့တော့။ သူ၏ဆရာစုတ် ချီသော်လင်းပင် ခြေရာရှာမရအောင် ပျောက်ကွယ်သွားပြီဖြစ်သည်။

သူ ချင်းကလန်သို့ ပြန်ရောက်လာသည့်အချိန်တွင် လူများစွာ၏ အမူအရာ ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။

“အစ်ကို ပြန်လာပြီလား..” ချင်းဟောင်သည် ချက်ချင်းပင် အပြေးလေး ရောက်လာသည်။

“ဘာဖြစ်လို့လဲ..” ရှီဟောင်မေးလိုက်၏။

“အစ်ကိုကြီး .. အစ်ကိုကြီးက အဆင့်လွန်သက်ရှိတွေကိုတောင်မှ မကြောက်ဘူးလား .. အခု အပြင်မှာ သတင်းတွေ ပြန့်နေတာ .. လေကလန်က အစ်ကိုကြီးကို အသေလိုချင်နေတာတဲ့ .. ဒါပေမဲ့ သူတို့တွေအားလုံး အစ်ကိုသတ်တာခံလိုက်ရတယ် .. အဆင့်လွန်သက်ရှိအဆင့်ပုဂ္ဂိုလ်တွေ တိုက်ခိုက်တာတောင်မှ အစ်ကိုကြီးကို ဘာမှမလုပ်နိုင်ဘူး” ချင်းဟောင်ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ သူ ဖုန်းချွမ်း၊ ယွမ်ချင်တို့နဲ့တိုက်တဲ့ တိုက်ပွဲသတင်း ပျံ့သွားပြီလား..

ရှီကျီလင်းနှင့် ချင်းရိနင်တို့လည်း အပြေးလေး ရောက်လာကြသည်။ သူတို့သည် ရှီဟောင်ကို တွေ့မှသာ သက်မချနိုင်ကြတော့သည်။ သူတို့ အလွန် စိုးရိမ်နေခဲ့ကြသည်ပင်။ အဆင့်လွန်သက်ရှိနှင့်တိုက်ခိုက်ခြင်းမှာ ဘယ်လိုလုပ် လွယ်ကူနိုင်မည်နည်း.. ရှီဟောင် အန္တရာယ်တွေ့မည်ကို စိုးရိမ်နေကြသောကြောင့် သူတို့ နေမကောင်းဖြစ်တော့မည်အထိပင်။

ခဏကြာပြီးနောက် ထာဝရချင်းလည်း ရောက်လာကာ သူ့အား အချို့အရာများအား ပြောပြလိုက်သည်။

ယခု စီရင်စုသုံးထောင်တွင် ဤအကြောင်းမသိသည့်သူ သိပ်မရှိတော့။ အားလုံးမှာ အလွန်ထိတ်လန့်ကာ မသက်မသာဖြစ်နေကြသည်ပင်။

အထူးသဖြင့် ရှီဟောင်ကို တိုက်ခိုက်ဖူးခဲ့သည့်သူများပင်။ သူတို့ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့။

“ကောင်းကင်ဘုံကိုးခုက လေကလန်က ဘိုးဘေး မင်းကို သတ်ချင်လို့ လှုပ်ရှားလိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်နေတာ..” ထာဝရချင်း ပြောလိုက်သည်။

လေကလန်ဘိုးဘေး၏ အဆောင်နှစ်ခုမှာ ရှီဟောင်ကို မသတ်လိုက်နိုင်ပဲ ထိုကလန်ကိုသာ ဆိုးရွားသည့်အခြေအနေသို့ရောက်အောင် တွန်းပို့လိုက်သည်ပင်။ ရှီဟောင်ကို သတ်ရန်အတွက် ထိုအဆင့်လွန်သက်ရှိကိုယ်တိုင် အဆင့်နိမ့်နယ်မြေသို့ ဆင်းလာမည်ဟုလည်း ပြောနေကြသည်ပင်။

ထိုအချိန်တွင် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ အဆင့်လွန်သက်ရှိများသည် လေကလန်ဝင်ပေါက်၌ သူ့အား တားဆီးထားကြကာ သူ့ကို အဆင့်နိမ့်နယ်မြေသို့ ဆင်းခွင့်မပြု။

ရှီဟောင် ထိတ်လန့်သွားရ၏။ လေကလန်က ဘိုးဘေးက သူကိုယ်တိုင် လှုပ်ရှားတော့မှာလား..

ထို့ကြောင့် သတင်းပျံ့သွားသည့်အချိန်တွင် စီရင်စုသုံးထောင်မှ စွမ်းအားကြီးသည့်သူအချို့ တုန်လှုပ်သွားကြသည်ပင်။

“ကြည့်လိုက် .. ရတနာပုံကြီးက ပိုပိုပြီး မြင့်လာပြီ..” ထာဝရချင်း ရယ်မောလိုက်သည်။

အဆောက်အဦးအချို့တွင် ရှိနေသည့် ရတနာပစ္စည်းများမှာ တကယ်ကိုပင် တောင်လိုပုံနေပြီဖြစ်သည်။ အားလုံးမှာ ဂိုဏ်းခေါင်းဆောင်အချို့ ကိုယ်တိုင် ယူလာကြသော ပစ္စည်းများဖြစ်သည်။

“ကလေး .. ဒီတစ်ခေါက် မင်း တိုးတက်လာခဲ့လား .. မင်း ရှေးဟောင်းလမ်းကြောင်းကို တွေ့လား..” ရှီကျီလင်း မေးလိုက်သည်။

“ကျွန်တော် တွေ့ခဲ့ပြီ .. ကျွန်တော်တို့ ပြန်သွားလို့ရပြီ..” ရှီဟောင်ပြောလိုက်သည်။

ဤစကားကြားလိုက်ရသည်နှင့် အားလုံး ထိတ်လန့်သွားရသည်။

“သွားမယ် … ငါတို့ အိမ်ပြန်ကြမယ် .. ဒီနေ့ ငါတို့ အဆင့်နိမ့်နယ်မြေကို ပြန်ကြမယ်..” ရှီကျီလင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တယ် .. ကျွန်တော်တို့ အဲဒီရှေးလမ်းကနေ ပြန်သွားကြမယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ယခု သူ အဆင့်နိမ့်နယ်မြေသို့ ပြန်သွားရတော့မည်။

အပိုင်း ၁၉၀၇ ပြီး၏။
Chapter – 1908 ရုတ်တရက်ဖြစ်လာသည့် သေရေးရှင်ရေးကိစ္စ

ရှီကျီလင်း အလွန်ပင် စိတ်လှုပ်ရှားနေလေ၏။ သူ အဆင့်နိမ့်နယ်မြေမှ ထွက်ခွာလာရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ယနေ့တော့ သူ အိမ်ပြန်နိုင်တော့မည်။

သို့သော်လည်း ခဏကြာပြီးနောက် သူ့အမူအရာမည်းမှောင်သွားဠေ၏။ အဘယ်ကြောင့်ဆိုသော် ဘိုးဘိုး ၁၅ သည် ထာဝရအုတ်ဂူ၌သာ ရှိနေသေးသည်ပင်။ ဤသည်မှာ သူ့ကို ဝမ်းနည်းစေကာ သူ နေခဲ့ချင်စိတ်များ ပေါ်လာသည်အထိပင်။

“ဘိုးဘိုးနိုးလာဖို့အတွက်က နှစ်နည်းနည်းလောက် လိုသေးတယ် .. အရင်ပြန်သွားရအောင် .. ကျွန်တော်တို့ လမ်းကို တွေ့ပြီဆိုတော့ နောင်ကျရင် ပြန်လာလို့ရရင်ရမှာ” ရှီဟောင် ပြောလိုက်၏။

ရှီကျီလင်း ခေါင်းညိမ့်လိုက်သည်။ ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင်။ အဆင့်မြင့်နယ်မြေ၌ ဆက်နေလျှင် သူ့သားအတွက် အန္တရာယ်များမည်ကို သူလည်းသိသည်ပင်။

ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ အဆင့်လွန်သက်ရှိနှစ်ဦးကြောင့်သာ မဟုတ်ပါက လေကလန်မှ ဘိုးဘေးဆင်းလာကာ ရှီဟောင်အား ရှင်းတော့မည်ပင်။

“နှမြောစရာပဲ .. မြေအောက်လောကနဲ့ ကောင်းကင်နိုင်ငံကိုတောင် သွားပြီး စာရင်းမရှင်းရသေးဘူး..” ရှီဟောင် အတော်လေးဝမ်းနည်းမိသည်ပင်။

“ကလေး .. အခု ဒီကိစ္စတွေကို တွေးမနေနဲ့တော့ .. အဆင့်နိမ့်နယ်မြေကို မြန်မြန်ပြန်ရအောင် .. အမေတို့ ငြိမ်းချမ်းနေသရွေ့ အားလုံးအဆင်ပြေတယ်..” ချင်းရိနင် ပြောလိုက်သည်။ မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်လာမည်ကို သူမ အလွန်စိုးရိမ်နေသည်ပင်။

သူမသားကြီး နယ်ခြားစပ်မှ အသက်ရှင်လျက် ပြန်လာရန်မှာ မလွယ်ကူခဲ့။

ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ သူ ထိုကိစ္စများကို ယာယီမေ့ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် စီရင်စုသုံးထောင်၌ ပျက်စီးနေသည့် ထာဝရသက်ရှိများ ရှိနေသေးသည်ကို သူသိသည်ပင်။ သူ လောကကြီးကို မလွှမ်းမိုးနိုင်သေး။

ရှီကျီလင်းနှင့် ချင်းရိနင်တို့သည် သူတို့၏အပြန်ခရီးအတွက် စတင်ထုတ်ပိုးရန် ချက်ချင်းထွက်သွားလိုက်ကြသည်။ ထာဝရချင်းလည်း သူတို့ကို မတား။ သူတို့ဆုံးဖြတ်ချက်အား ခွင့်ပြုပေးထားသည်ပင်။

အံ့အားသင့်စရာကောင်းသည်မှာ ချင်းဟောင် မလှုပ်မရှား ရပ်နေခြင်းပင်။ သူ ထွက်သွားမည့်ပုံမပေါ်။

ရှီဟောင် သူ့အား ကြည့်လိုက်သော်လည်း သူ အဘယ်ကြောင့် မထုတ်ပိုးသည်ကိုမမေး။

“အစ်ကိုကြီး .. ကျွန်တော် ဒီမှာ နေချင်တယ် .. အစ်ကိုကြီးက အဖေနဲ့အမေကို စောင့်ရှောက်နေမှာဆိုတော့ ကျွန်‌တော် စိတ်အေးရပါပြီ .. ကျွန်တော် စီရင်စုသုံးထောင်မှာ ဆက်နေပြီးတော့ ကျင့်ကြံဆင့်မြင့်အောင် ကျင့်ကြံမယ်” ချင်းဟောင် ပြောလိုက်သည်။

သူ အဆင့်မြင့်နယ်မြေ၌ ဆက်နေကာ ကျင့်ကြံချင်ကြောင်း ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်နိမ့်နယ်မြေတွင် ဝိညာဉ်စွမ်းအားကင်းမဲ့ပြီး တာအိုများလည်း မပြည့်စုံ။ ကျင့်ကြံရန်အတွက် မသင့်တော်။

ဤသည်ကို ကြားသည်နှင့် ရှီဟောင် သက်ပြင်းချလိုက်၏။ သူ့ညီလေး၏ ရည်ရွယ်ချက်ကို သူ နားလည်သည်ပင်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်ကာ “အချိန်ကျရင် အဖေနဲ့အမေကို နှုတ်ဆက်ပြီး သေချာပြောပြလိုက် .. သူတို့ မင်းနဲ့ ခွဲချင်မှာမဟုတ်ဘူး..”

“အစ်ကိုကြီး .. အစ်ကိုကြီး အဆင့်နိမ့်နယ်မြေကိုသွားရင် အစ်ကိုကြီးရဲ့ ကျင့်ကြံတာက..” ချင်းဟောင် စိုးရိမ်မိသည်။

ယခု သူ၏အစ်ကိုကြီးမှာ လိုက်မမှီနိုင်သည့် အဆင့်သို့‌ ရောက်နေလေပြီ။ သူသည် ဤခေတ်၏ စံချိန်အားလုံးကို ချိုးဖောက်ပြီးသွားပြီဖြစ်သည်။

သူသာ အဆင့်နိမ့်နယ်မြေသို့သွားလျှင် ဤသည်မှာ သူ၏ခြေလက်များကို သူကိုယ်တိုင်ချုပ်နှောင်လိုက်သည်နှင့် အတူတူပင်။

“ငါ့အပေါ် တစ်ချို့သက်ရောက်မှုလေးတွေ ရှိနိုင်ပေမယ့် ငါ့လမ်းကိုတော့ ရပ်တန့်နိုင်မှာမဟုတ်ဘူး” ရှီဟောင် တစ်ခဏခန့် သေချာစဉ်းစားပြီးနောက် ပြောလိုက်သည်။

ထို့နောက် သူသည် ခေါင်းမော့လိုက်ကာ “ငါ့အတွက်တော့ ဒါက လေ့ကျင့်မှုတစ်မျိုးဖြစ်နိုင်တယ်”

အဆင့်နိမ့်နယ်မြေသို့ သွားခြင်းမှာ ရန်သူများထံမှ ပုန်းရန်အတွက်သာမက။ ဤသည်မှာ ကျင့်ကြံမှုတစ်မျိုးဟုပင် သတ်မှတ်နိုင်သည်။

သို့သော် သူ ပြန်သွားရခြင်းမှာ သူ့အမိမြေကို သတိရခြင်းတစ်ခုတည်းအတွက်သာမက။ အကြီးမားဆုံးအကြောင်းပြချက်မှာ အန္တရာယ်ကို ရှောင်ရှားရန်အတွက် ဖြစ်သည်ကိုတော့ သူ မငြင်းဆန်နိုင်ပေ။ သူ လေကလန်၊ ဝမ်ကလန်၊ ကျင်းကလန်နှင့် ပျက်စီးနေသည့်ထာဝရသက်ရှိများကို ရှောင်ရှားရမည်။

ထို့အပြင် အဆင့်နိမ့်နယ်မြေသို့ ပြန်သွားသည့်လမ်းမှာလည်း သူ့ကိုယ်သူ လေ့ကျင်နိုင်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်ပင်။

သူ၏လမ်းမှာ အခြားသူများနှင့်မတူ။ သူသည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုထားသောကြောင့် သူ၏အတွင်းရတနာသိုက်များ ပွင့်ရန်မှာ ကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် သိပ်မသက်ဆိုင်။

သူ ဤတစ်ခေါက် အဆင့်နိမ့်နယ်မြေသို့သွားသည်မှာ သူ့ကိုယ်သူ လေ့ကျင့်ရန်ပင်။ အဆိုးရွားဆုံးပတ်ဝန်းကျင်၌ပင်လျှင် သူ အသက်ရှင်အောင်လုပ်ပြီး အဆင့်များကို ကျော်ဖြတ်ကာ ပို၍ စွမ်းအားကြီးအောင် လုပ်ရမည်။

“သားလေးက အဆင့်မြင့်နယ်မြေမှာ နေခဲ့မှာလား..” ချင်းရိနင် ပြန်ရောက်လာပြီး ချင်းဟောင်၏ဆုံးဖြတ်ချက်ကို ကြားလိုက်ရသည့်အချိန်တွင် သူမ၏မျက်လုံးများ ချက်ချင်း နီရဲလာရသည်။

သူမ အလွန်နာကျင်သွားရသလို အလွန်လည်း အံ့အားသင့်သွားရသည်။ သူမ၏သားငယ်လေး ဤနေရာ၌ နေရစ်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့။

“ကျင့်ကြံတာက ဘာများကောင်းနေလို့လဲ .. အမေတို့အတူတူ ရှိနေနိုင်သရွေ့၊ အမေတို့ဘေးကင်းနေသရွေ့ အားလုံး အဆင်ပြေပြီ .. အမေတို့ အငြင်းပွားမှုတွေကနေ ဝေးဝေးနေကြမယ် .. အဆင့်မြင့်နယ်မြေမှာ စွန့်စားနေစရာလည်း မလိုဘူး..” ချင်းရိနင် အကြံပေးလိုက်သည်။

ချင်းဟောင်သည် သူမ မျက်ရည်များကို သုတ်ပေးလိုက်ကာ “အမေ .. ကျွန်တော် ပိုပြီးတော့ သန်မာချင်တယ် .. ကျွန်တော့်ဘဝကို သာမန်လူတစ်ယောက်လို မဖြတ်သန်းချင်ဘူး .. အစ်ကိုကြီးလည်းဖြတ်သန်းချင်မှာမဟုတ်တာကို ကျွန်တော်သိတယ် .. သူ အဆင့်နိမ့်နယ်မြေကို သွားတယ်ဆိုတာကလည်း သူ ယာယီ သီးသန့်နေချင်လို့ .. သူ အနှေးနဲ့အမြန် ပြန်လာမှာပဲ .. ကျွန်တော်က အဆင့်မြင့်နယ်မြေမှာ ကျင့်ကြံရင်းနဲ့ သူ့ကို စောင့်နေမယ် .. နောင်ကျရင် ကျွန်တော်တို့ အမေတို့ကို ပြန်ခေါ်လာရမှာပဲ..”

“ကလေး .. မင်းဘာတွေ ပြောနေတာလဲ..” ရှီကျီလင်း သူ့အား ကြည့်၍ ပြောလာသည်။

“ကျွန်တော်တို့က ကျင့်ကြံသူတွေလေ .. ကျွန်တော်တို့ ဒီလမ်းကို လျှောက်ခဲ့မှတော့ လမ်းဆုံးထိရောက်အောင် သွားရမှာပေါ့ .. ဒီလောကမှာက ထိပ်ဆုံးမှာရောက်နေမှ၊ စွမ်းအားအကြီးဆုံးဖြစ်နေမှ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးနေနိုင်တာ .. ဒီလောကကြီးက အနှေးနဲ့အမြန် ဖရိုဖရဲဖြစ်လာမှာ .. အခု အေးချမ်းနေတယ်ဆိုတာက ယာယီပဲ .. ကျွန်တော်နဲ့ အစ်ကိုကြီးတို့နှစ်ယောက်လုံးက ဒီအချိန်ကို အခွင့်ကောင်းယူပြီးတော့ ကျင့်ကြံချင်တာ .. ကျွန်တော်တို့ အဆင့်မြန်မြန်တက်လာမှ နောင်ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်မယ့် ခွန်အားရှိမှာ..” ချင်းဟောင်၏ဆုံးဖြတ်ချက်မှာ ပြတ်သားလှသည်ပင်။

ရှီကျီလင်းတို့ ဇနီးမောင်နှံမှာ ပါးစပ်အဟောင်းသားဖြစ်သွားကာ ဘာပြောရမှန်းပင် မသိတော့။

ရှီဟောင်လည်း အတော်လေး အံ့အားသင့်သွားခဲ့ရသည်ပင်။ သူ့ညီလေး ဤကဲ့သို့သော စကားများ ပြောလာလိမ့်မည်ဟု မထင်ထားခဲ့။ သူ အတော်လေး ရင့်ကျက်လာခဲ့လေပြီ။

“မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်နော်..” ရှီဟောင် သက်ရှည်စစ်ပွဲချပ်ဝတ်တန်ဆာကိုချွတ်ကာ သူ့ညီလေးကို ပြန်ပေးလိုက်သည်။

ထို့နောက် သူ တစ်ခဏခန့် စဉ်းစားကာ “ငါ့နောက် ခဏလိုက်ခဲ့..”

သူ အသက်ကယ်သည့်နည်းလမ်းများ၊ လျှို့ဝှက်ပညာများနှင့် အခြားအရာများကို ချင်းဟောင်အား လက်ဆင့်ကမ်းပေးချင်သည်။ ဤအရာများမှာ သူ မီးတောက်များကြားမှ ရရှိခဲ့သည့်အရာများပင်။

ထို့နောက် ရှီဟောင်သည် ချင်းဟောင်ကို ညွှန်ကြားရန်အတွက် နှစ်ရက် ထပ်နေခဲ့သည်။

ထာဝရချင်းသည် ဤအရာအားလုံးကို ပျော်ရွှင်စွာဖြင့်ပင် ကြည့်နေလေ၏။ သူသည် ချင်းဟောင်ထံတွင် အတော်လေး ရင်းနှီးမြှုပ်နှံထားသောကြောင့် ချင်းဟောင်ကို နေခဲ့စေချင်နေသည်ပင်။

နှစ်ရက်အတွင်းတွင်း သူတို့ကို လာလည်သည့်ဂိုဏ်းများ အများအပြားရှိနေပြီး လက်ဆောင်ပစ္စည်းများမှာလည်း ယခင်ကထက် အဖိုးတန်လာသည်။

ရှီဟောင် သူ၏အောင်မြင်မှုအား လုပ်နိုင်ခဲ့လေပြီ။ အဆင့်လွန်သက်ရှိတံဆိပ်များပင် သူ့ကို မသတ်နိုင်သောကြောင့် သူ မည်မျှထိ အဆင့်တက်လာနိုင်သည်ကို စဉ်းစားကြည့်နိုင်သည်။ သူသည် သေချာပေါက် အဆင့်လွန်သက်ရှိတစ်ဦး ဖြစ်လာမည်ပင်။

“ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ .. ဝိညာဉ်ဆေးပင်တွေကို အများကြီးပဲ .. ငါတို့ တစ်ရက်တစ်ပင်စားရင်တောင် အချိန်အကြာကြီးစားရမှာ..”

“ဒီလက်နက်တွေအားလုံးက ထူးခြားတဲ့နောက်ခံရှိတဲ့ လက်နက်တွေပဲ .. ငါ ဒီရဲဒင်းကို ကြိုက်တယ်..”

ရှီဟောင် နယ်ခြားစပ်မှ ခေါ်လာခဲ့သည့် ကလေးများအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ကလန်များမှ ပို့ပေးလာသည့် ပစ္စည်းများကို စုစည်းရန် တာဝန်ယူထားကြရသည်ပင်။

ရွှေရောင်ခြင်္သေ့လည်း သူတို့ကို ကြီးကြပ်နေသည်ပင်။ ရတနာပုံများကို မတူညီသည့် အကွာအဝေးပစ္စည်းများထဲသို့ ခွဲထည့်နေရသည်။

ဤအတောအတွင်း အတွင်းတွင် ဂိုဏ်းများမှ ရာထူးကြီးပုဂ္ဂိုလ်များ ရောက်လာကြသည်။

ဂိုဏ်းအရှင်များနှင့် အဆင့်လွန်အကြီးအကဲများပင် ရောက်လာသည်အထိပင်။ ဤလူများ၏စကားများမှာ သူတို့ဂိုဏ်းတွင် အလွန်အရေးပါလှသည်ပင်။ သို့သော် သူတို့သည် ရှီဟောင်ကို တွေ့ရန်အတွက်နှင့် ထာဝရတောင်သို့ ရောက်လာကြသည်။

အချို့မှာ နှိမ့်ချစွာ တောင်းပန်ကြပြီး အချို့မှာ သူနှင့် ပိုရင်းနှီးရန်အတွက်ပင်။ ဟွမ်သည် ကောင်းကင်ထက်သို့ ပျံသန်းမည့် နဂါးတစ်ကောင်ဖြစ်ကြောင်း သူတို့အားလုံး သိထားသည်ပင်။

“လူငယ်လေး .. မင်းက တကယ့်ကို နဂါးတစ်ကောင်ပဲ .. နောင်ကျရင် မင်းရဲ့အောင်မြင်မှုက တိုင်းတာလို့မရနိုင်လောက်အောင် ဖြစ်လိမ့်မယ်..” ဧည့်တွေ့ခန်းတွင် တစ်စုံတစ်ယောက်မှ ချီးကျူးလိုက်သည်။

ဤနှစ်ရက်အတွင်းတွင် ရှီဟောင်သည် ချင်းဟောင်ကိုသာ လျှို့ဝှက်နည်းလမ်းများ လက်ဆင့်ကမ်းနေသည်။ ဧည့်သည့်များကိုတွေ့ရန် အချိန်သိပ်မပေး။ သို့သော် ဂိုဏ်းကြီးများမှ သူများကိုတော့ သူသတိထားရမည်ဖြစ်သောကြောင့် သူ တွေ့ရသည်ပင်။

“အဖိုးတန်တဲ့လူငယ်လေး .. မင်းမှာ တာအိုလက်တွဲဖော်ရှိပြီလား .. ဒီနိမ့်ကျတဲ့ကျွန်တော်မျိုးမှာ ပြိုင်ဘက်ကင်းအောင် လှပတဲ့ ၁၆ နှစ်အရွယ် သမီးတစ်ယောက် ရှိပါတယ်..”

ဧည့်တွေ့ခန်းထဲမှ ဒုတိယအရှင်တစ်ဦး ပြောလိုက်သည်။ သူသည် အလွန်ရှေးကျသည့်လူမျိုးစုမှ လာခြင်းပင်။

“သူ့မှာ တာအိုလက်တွဲဖော် မရှိသေးပါဘူး..” ချင်းရိနင်လည်း ဤနေရာ၌ ရှိနေသည်ပင်။ သူမသည် ဒဲ့တိုးပင် ပြောလိုက်ပြီး သူမမျက်လုံးများလည်း တောက်ပနေလေ၏။ အဘယ်ကြောင့်ဆိုသော် သူမ ရှီဟောင်ကို မြန်မြန်လက်ထပ်စေချင်ကာ ကလေးများ ချန်ရစ်ထားခဲ့စေလိုသည်။

ယခင်နှစ်များတွင် သူမ၏သားနှစ်ယောက်လုံးမှာ အမြဲတမ်းဒုက္ခများ ကြုံတွေ့နေခဲ့ရသောကြောင့် သူမ အလွန်စိုးရိမ်နေရပြီဖြစ်သည်။

ဤစကားကို ကြားသည်နှင့် ရှီကျီလင်းလည်း ခေါင်းညိမ့်လိုက်၏။ သူ့ကလေးနှစ်ဦးလုံးမှာ ရည်မှန်းချက် ကြီးမားကြသည်။ သူတို့နှစ်ဦးလုံးသည် ကောင်းကင်ကို ထိုးဖောက်သည့်သူများ ဖြစ်ချင်နေကြသည်။ ထို့ကြောင့် သူလည်း မြေးစောစောရချင်သည်။

“ဟား ဟား .. ဒါက သတင်းကောင်းပဲ .. ကျွန်တော့်သမီးလေးက လှပပြီး ချစ်စရာကောင်းတယ် .. သူက ရှားပါးတဲ့အလှလေးပါ..”

ရှီဟောင် ဆွံ့အသွားရ၏။ သူသည် ချင်းဟောင်ကို ကြည့်ပြီးနောက် သူ့မိဘများကို ကြည့်လိုက်ကာ “ကျွန်တော်နဲ့ ညီလေးက အသက်အတူတူပဲ .. သူ့ကို ကျွန်တော့်ညီလေးနဲ့ လက်ထပ်ပေးပြီး သူ့ကို ဂရုစိုက်ခိုင်းလို့ရတယ် .. ကျွန်တော်တို့ သူ့ကို အဆင့်မြင့်နယ်မြေမှာ တစ်ယောက်တည်း ထားခဲ့ရင် စိတ်အေးနိုင်မှာမဟုတ်ဘူး..”

“ကျွန်တော့် နှလုံးသားထဲမှာ တာအိုပဲ ရှိတာပါ .. အခုတော့ ဒါတွေ မတွေးသေးပါဘူး” ချင်းဟောင် အမြန်ခေါင်းခါလိုက်သည်။

“ကလေးတွေက ရှက်နေကြတာ..” ချင်းရိနင် ရယ်မော၍ ပြောလိုက်သည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်ကို ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် စိတ်အားတက်ကြွစွာဖြင့်ပင် ထိုမိန်းကလေးကို ခေါ်ခိုင်းလိုက်လေ၏။

ထို့နောက် သူသည် ညီအစ်ကိုနှစ်ယောက်ကို အသံပို့လွှတ်လိုက်ကာ သူတို့နှစ်ယောက်လုံးမိန်းမယူရမည်ဖြစ်ကြောင်း ပြောလိုက်လေ၏။

“မင်း အဆင့်မြင့်နယ်မြေမှာ နေချင်ရင် အဖေနဲ့အမေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်လေ..” ရှီဟောင် ချင်းဟောင်ကို စိုက်ကြည့်လိုက်သည်။ သူ့မိဘများနှင့် မငြင်းခုံးနိုင်သောကြောင့် သူ ချင်းဟောင်ကို ဖိအားပေးရန်သာ တတ်နိုင်တော့သည်။

အမှန်တကယ်တွင် ရှီကျီလင်းတို့ ဇနီးမောင်နှံသည် ရှီဟောင်ကို အရင်လက်ထပ်စေကာ ကလေးအရင်ယူခိုင်းစေချင်နေကြသည်ပင်။

သို့သော်လည်း ရှီဟောင် ကြုံတွေ့ခဲ့ရသည့် ကိစ္စများမှာ အလွန်များပြားနေလေပြီ။ ဥပမာအားဖြင့် သူလေးစားရသည့်ဆရာ မုန့်ထျန်းကျန်း လောကကြီးမှ ထွက်ခွာသွားသည်မှာ မကြာသေးသလို မီးကလန်မှ သူနှင့်ရင်းနှီးသည့်သူငယ်ချင်းမလေး ဟော့လင်းအာလည်း တစ်ဖက်လောကသို့ ပါသွားသည်ပင်။ ထို့ကြောင့် သူ့ကို ဖိအားပေးရန် မလွယ်ကူ။

သို့သော် အချို့လူများလာလည်သည့်အချိန်တွင် ချင်းရိနင်၏မျက်ဝန်းထဲ၌ ဒေါသတရားများ ထွက်ပေါ်လာသည်။

“အာကာသကလန်က လာတယ်ဟုတ်လား .. သူတို့က မိန်းမပျိုလေးတစ်ယောက်ကိုတောင် ခေါ်လာသေးတာလား..”

“ဟုတ်ပါတယ် .. ယွမ်ရှီးလို့ခေါ်တဲ့ မိန်းမပျိုလေး ဖြစ်ပါလိမ့်မယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“အာကာသကလန်က ငါတို့ကြားက တင်းမာမှုတွေကို ပြေလည်ချင်နေတာလား.. အဲဒီယွမ်ရှီးလို့ခေါ်တဲ့ကလေးမလေးကို နေခဲ့ခိုင်းလိုက် .. ကျန်တဲ့သူတွေ ပြန်ကြ..” ချင်းရိနင် ပြောလိုက်သည်။

သူမ သားကြီး ကောင်းကင်ဘုံမြို့၌ မည်ကဲ့သို့ ဆက်ဆံခံရသည်ကို သူမ သိသည်ပင်။

သူမ ဤကလန်ကို နည်းနည်းလေးမှ အကောင်းမမြင်နိုင်တော့ပေ။

အပိုင်း ၁၉၀၈ ပြီး၏။
Chapter – 1909 အားလုံးရင်းနှီးခြင်း

အာကာသကလန်မှ လူများ ရောက်လာသောကြောင့် လူများစွာ၏အမူအရာများ ပြောင်းလဲသွားရသည်။ လူအချို့မှာ ဟွမ်နှင့် ထိုကလန်ကြားမှ အငြင်းပွားမှုကိစ္စများကို ကြားထားပြီးသားပင်။

ရှီဟောင် အနည်းငယ် အံ့အားသင့်သွားရသည်။ သူသည် ထိုကလန်မှ ထာဝရကျောက်တုံးကို ‘ယူလာ’ရုံရှိသေးသော်လည်း တစ်ဖက်လူသည် ယခု သူတို့တံခါးကို လာခေါက်နေလေပြီ။ ဒါက တကယ်ပဲ သူတို့ကြားက ဆက်ဆံရေးကို အဆင်ပြေစေချင်လို့လား .. ထိုထာဝရကျောက်တုံးကို ပြန်တောင်းရန် ပိုဖြစ်နိုင်သည်။

သူ ပြန်ပေးစရာအကြောင်းမရှိ။ ဤကျောက်တုံးမှာ သူ့အတွက် အလွန်အရေးကြီးသည်။ ဤကျောက်တုံးသည် ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်နှင့် တုံ့ပြန်ကာ ပြိုင်ဘက်ကင်းသည့်ကျမ်းစာများ ပြုလုပ်နိုင်သည်ပင်။ သူ အဆင့်နိမ့်နယ်မြေသို့ ပြန်သွားရမည့်လမ်းရှာနေသောကြောင့်သာမဟုတ်ပါက သူ ဤကျောက်တုံးကို အစောကြီးကတည်းက လေ့လာနေပြီဖြစ်သည်။

“အာကာသကလန် အကြီးအကဲက လာလည်ချင်နေပါတယ်” တစ်စုံတစယောက်မှ ထပ်မံသတင်းပို့လာသည်။

အစောပိုင်းတွင် ချင်းရိနင်သည် ဒေါသတကြီးဖြင့်ပင် ယွမ်ရှီးကို ထားခဲ့ပြီး ထွက်သွားခိုင်းခဲ့ခြင်းပင်။ သို့သော်လည်း အာကာသကလန်မှ ကျွမ်းကျင်သူများသည် မထွက်သွားပဲ လာလည်ရန် တောင်းဆိုနေဆဲပင်။

“ကောင်းပြီလေ .. သူတို့ကို ဝင်ခိုင်းလိုက်” ချင်းရိနင် ပြောလိုက်သည်။

သူမ၏ တည်ငြိမ်မှုများ ပျောက်ကွယ်သွားသည်အထိ ဒေါသထွက်ရခြင်းမှာ ရှီဟောင်အတွက် စိတ်မကောင်းဖြစ်သောကြောင့်ပင်။ သူမ၏သားသည် သူ့ကြင်နာမှုကို ပြသခဲ့သော်လည်း တစ်ဖက်လူသည် သူ့ကို သေလုနီးပါး နှိပ်စက်ခဲ့သည်ပင်။

သူမ ဤအခွင့်အရေးကိုအသုံးပြုကာ သူမ ဒေါသကို ဖွင့်ထုတ်ပြီး သူမသားကြီးအတွက် လက်စားချေပေးမည်။

အာကာသကလန်အကြီးအကဲ ဝင်လာသည်။ ခန်းမထဲ၌ အခြားကလန်မှ အရေးကြီးပုဂ္ဂိုလ်များလည်း ရှိနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ အတော်လေး ထိတ်လန့်သွားခဲ့ရသည်။

သူသည် ထွက်သွားရန် ငြင်းဆိုခဲ့ကာ အနည်းငယ် ခေါင်းငုံ့ပေးခဲ့သောကြောင့် ဤသည်မှာ ထာတရတောင်ကို မျက်နှာသာပေးရာ ရောက်နေပြီဟု သူ ယုံကြည်နေခဲ့ခြင်းပင်။ သို့သော် ယခုတော့ ဤသည်မှာ ‘ကျိုးကြောင်းဆီလျော်’သည့်အဆင့်သာ ရှိနေသေးကြောင်း သူတွေ့လိုက်ရသည်။

အာကာသကလန်မှ ဤအကြီးအကဲသည် အလွန်ယဉ်ကျေးလှသည်။ သူသည် အတိတ်မှ ကိစ္စများကို မပြောပဲ သူတို့ အချို့အရာများ ပေးချင်ကြောင်း ပရိရာယ်ကြွယ်ဝစွာ ပြောခဲ့သည်။

“ဘယ်လိုမျိုးလဲ..” ရှီကျီလင်း အေးစက်စွာ မေးလိုက်သည်။ သူ၏ရင်ဘတ်ထဲ၌ တင်းကြပ်နေသည့် ဒေါသတရားများ ရှိနေသည်ပင်။ သူ ဤကလန်ကို ပြင်းပြင်းထန်ထန်တုံ့ပြန်သင့်သည်ဟု ခံစားနေရသည်။

အာကာသကလန်မှ အကြီးအကဲသည် ယခုတော့ ရှီဟောင်ကို ထို ပျံသန်းခြင်းထာဝရကျောက်တုံးအား ငှားပေးမည်ဖြစ်ကြောင်း၊ နောင်ကျလျှင်တော့ သူတို့ကို ပြန်ပေးပါဟု အသံပို့လွှတ်လာသည်ပင်။

ရှီကျီလင်း ဘာမှပြန်မပြော။

ရှီဟောင် ရယ်မောလိုက်သော်လည်းဘာမှမပြောပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ စစ်ပွဲနိုင်၍ ရလာသောပစ္စည်းပင်။ သူ ပြန်ပေးမလား၊ မပေးဘူးလားဆိုတာကတော့ သူ့စိတ်ပေါ်သာ မူတည်သည်။

အာကာသကလန်မှ အကြီးအကဲ သက်ပြင်းချလိုက်သည်။ သူ ထိုထာဝရကျောက်တုံးကို ဘယ်တော့မှ ပြန်ရမည်မဟုတ်မှန်း သေချာသွားလေပြီ။ သူ ယွမ်ရှီးကိုသာ မျှော်လင့်၍ ရတော့မည်။

သူသည် သူ့ကိုယ်သူ အားတင်းလိုက်ကာ ယခင်က အဖြစ်အပျက်များကို ပြန်ပြောလိုက်သည်။ ပြီးနောက် အာကာသကလန်သည် အလွန်သွေးဆူခဲ့လွန်းပြီး ဟွမ်ကို ဒုက္ခမပေးခဲ့သင့်ကြောင်း ပြောလိုက်လေသည်။

ထို့အပြင် ယွမ်ရှီးနှင့် ရှီဟောင်တို့သည် ယခင်က ဆက်ဆံရေး ကောင်းမွန်ကြပြီး ရင်းနှီးသည့်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်ဆိုသည့်အချက်ကို သေချာလေး ပြောသွားလေ၏။ ထို့ကြောင့် သူတို့ ရှီဟောင်နှင့်အတူ ယွမ်ရှီးကိုလည်း အဆင့်နိမ့်နယ်မြေသို့ ပို့လိုက်ချင်ကြောင်း ပြောလာကြလေသည်။

ဤသည်တွင် အခြား ဂိုဏ်းကြီးများမှာ သံတမန်များနှင့် ဂိုဏ်းခေါင်းဆောင်များပင် ရှိနေသေးသည်။

ဤစကားများမှာ သူတို့ သီးသန့်ပြောရမည့်စကားဖြစ်သော်လည်း ချင်းရိနင်သည် သူ့အား အခွင့်အရေးမပေးခဲ့။ အာကာသကလန်မှ သံတမန်ကို ဤကဲ့သို့သာ ကြိုဆိုသောကြောင့် သူ ဤအခြေအနေ၌ ပြောလိုက်ရခြင်းပင်။

နန်းတော်အတွင်းရှိ လူအများစုမှ အံ့အားသင့်သည့်အမူအရာဖြစ်သွားကြသည်။ အချို့သူများမှာ သူတို့အချင်းချင်းပင် ဆွေးနွေးလာကြသောကြောင့် အာကာသကလန်မှ ကျွမ်းကျင်သူများမှာ မျက်နှာများ နီရဲလာကြသည်။

အဘယ်ကြောင့်ဆိုသော် အာကာသကလန်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းပင်။ သူတို့ ဆုတ်ယုတ်နေပြီဖြစ်သော်လည်း သူတို့ဂုဏ်သတင်းကြီးမားနေဆဲပင်။

သို့သော်လည်း ယနေ့တော့ သူတို့ ဤကဲ့သို့ ခေါင်းငုံ့ခံနေရသည်မှာ အခြားသူများကို တကယ် ထိတ်လန့်သွားစေသည်ပင်။

နန်းတော်ခန်းမထဲသို့ ခရမ်းရောင်အဝတ်အစားနှင့် မိန်းမပျိုတစ်ဦး လမ်းလျှောက်ဝင်လာသည်။ သူမသည် ရှည်လျားသွယ်လျကာ ကျက်သရေရှိလှသည်။ သူမ၏အလှသည် လကြီးကိုပင် ပုန်းကွယ်သွားစေပြီး ပန်းပွင့်များ ရှက်သွားစေသည်အထိပင်။

သူမ၏အလှမှာ အကြီးအကဲအချို့ကိုပင် ထိတ်လန့်သည့်အမူအရာများ ဖြစ်ပေါ်သွားစေသည်အထိပင်။ သိထားရမည်မှာ ဤလူများသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်လာခဲ့သည့်သူများဖြစ်ပြီး ပြင်ပအရာများဖြင့် သူတို့ကို မထိခိုက်စေနိုင်တော့။

ယွမ်ရှီး၏ အသားအရေမှာ နီမြန်းနေကာ သူမ အလွန်ပင် ရှက်နေမိသည်။ တစ်ချိန်တည်းမှာပင် ဒေါသလည်း ထွက်မိသည်။ ချင်းကလန်ကို ဤကဲ့သို့ ရောက်လာပြီး ခန်းမထဲသို့ ဝင်လာရခြင်းမှာ အလွန်ရှက်စရာကောင်းသည်ဟု သူမ ခံစားလိုက်ရသည်။

သူမ ကလန်၏ စီစဉ်မှုများကို သူမ ဆန့်ကျင်ခဲ့သည်ပင်။

“ယွမ်ရှီး .. ဒီမှာထိုင်..” ရှီဟောင် သူမကို ထိုင်ခိုင်းလိုက်သည်။ သူမ ဤကဲ့သို့ စိုက်ကြည့်ခံနေရသည်ကို သူလည်းမကြိုက်။

အာကာသကလန်မှာ လက်တွေ့မကျလွန်းသည်ဟု သူခံစားလိုက်ရသည်။ သူတို့သည် ယွမ်ရှီး မည်ကဲ့သို့ ခံစားရမည်ကိုပင် ထည့်မစဉ်းစားပဲ ဤကဲ့သို့သောအရာမျိုးကို လုပ်ခဲ့သည်။

“အကြီးအကဲ .. သမီးက ပစ္စည်းမဟုတ်ဘူး .. အသွေးအသားနဲ့လူပါ..” ယွမ်ရှီး ကျယ်လောင်စွာ အော်ပြောလိုက်ခြင်းမဟုတ်။ အသံပို့လွှတ်လိုက်ခြင်းသာ။

သူမ မကြိုက်သော်လည်း အာကာသကလန် ပျက်လုံးတစ်ခုဖြစ်သွားမည်ကိုလည်း မလိုလား။

သို့သော် ဤနေရာ၌ ရောက်နေသည့်သူအားလုံးမှာ ကျွမ်းကျင်သူများ ဖြစ်ကြပြီး အချို့မှာ အသံများကို ဖြတ်နားထောင်နိုင်သည်ပင်။ အနည်းဆုံးတော့ ဂိုဏ်းခေါင်းဆောင်များနှင့် အကြီးအကဲများ နားထောင်နိုင်သည်ပင်။ အဘယ်ကြောင့်ဆိုသော် သူမ ကျင့်ကြံဆင့်မှာ မလုံလောက်သေး။

ရှီဟောင်လည်း ဤသည်ကို ကြားလိုက်ရသည်ပင်။

လူအချို့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်နှင့် ဘာဖြစ်နေသည်ကို အာကာသကလန်မှ အကြီးအကဲ နားလည်သွားကာ မျက်နှာပျက်သွားရသည်။ သူ အနည်းငယ်လည်း စိတ်ပျက်မိသွားသည်။ ယနေ့တွင် အာကာသကလန်သည် ထပ်ခါတလဲလဲပင် မျက်နှာပျက်နေရလေ၏။

“ကျွန်မ ဒီကလေးကို ကြိုက်တယ် .. သူ့ကို ဒီမှာထားခဲ့လိုက် .. ရှင်သွားလို့ရပြီ..” ချင်းရိနင် ပြောလိုက်သည်။ သူမ၏ကျင့်ကြံဆင့်သည် အာကာသကလန်မှ အကြီးအကဲကို မယှဉ်နိုင်သော်လည်း သူမသား သူတို့ကို ခြိမ်းခြောက်နိုင်သည်ပင်။ ထို့ကြောင့် သူမ ယုံကြည်ချက်ရှိရှိပင် ပြောလိုက်လေ၏။

အခြေအနေများမှာ အနည်းငယ် တောင့်တင်းသွားရသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အာကာသလကန်ပင်။ စီရင်စုသုံးထောင်တွင် ယခင်က ဧကရာဇ်ကလန် ဖြစ်ခဲ့ဖူးသည့်ကလန်ပင်။

ခဏကြာပြီးနောက် အချို့ကလန်များ ထပ်ရောက်လာကြသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အချိန်မရွေး ထွက်သွားတော့မည်ဖြစ်သဖြင့် သူ ထာဝရတောင်၌ ပေါ်လာရန်မှာ ရှားပါးလှသည်။ ထို့ကြောင့် ယခု သူ ပေါ်လာတုန်း သူနှင့် ရင်းနှီးလိုကြသည်ပင်။

နတ်ဆိုးနေကြာဥယျာဉ်မှလူပင် ရောက်လာသောကြောင့် အားလုံး ထိတန်လန့်သွားကြရသည်။

သူတို့ မည်သည့်လက်ဆောင်မှ ယူမလာ။ သူတို့ ရန်ငြိုးများကို ဖြေဖျောက်ချင်သောကြောင့် ရောက်လာခြင်းမဟုတ်ပဲ အခြေအနေများလေ့လာရန် ရောက်လာခြင်းပင်။

ထို့နောက် မြေအောက်လောကမှ လူလည်း ရောက်လာသည်။ ထိုအနက်ရောင်အရိုးစုသည် သေဆုံးခြင်းစွမ်းအင်များ ထုတ်လွှတ်နေသော်လည်း လက်ဆောင်အချို့ ယူလာသည်ပင်။

ကောင်းကင်နိုင်ငံမှ လူလည်း ရောက်လာ၏။ သူတို့၏လက်ဆောင်များမှာ သာမန်သာဖြစ်ပြီး သဘောထားလည်း အနည်းငယ် အေးစက်နေသည်ပင်။ သူတို့ အခြေအနေသိချင်သောကြောင့် ရောက်လာခြင်းဖြစ်ကြောင်း သိသာလှသည်။

ဤလူများ ရောက်လာခြင်းမှာ လူများစွာကို ထိတ်လန့်သွားစေသည်ပင်။ ဤသည်မှာ ဤကလန်များသည် ဟွမ်နှင့်ဆက်ဆံရေးကို ယာယီအားဖြင့် ဆိုးရွားအောင် ဆက်မလုပ်လိုကြောင်း ပြသနေသည်ပင်။

ဟွမ်နှင့်သူတို့ကြားမှ အမုန်းတရားမှာ အလွန်ကြီးမားလှပြီး ဖြေရှင်းနိုင်ရန် ခက်ခဲလှသည်ဟု သူတို့ခံစားလိုက်ရသည်။ အများစုမှာ သူတို့အချင်းချင်း ဆွေးနွေးပြီး သဘောတူညီမှုတစ်ခုလုပ်နိုင်မှသာ ရလိမ့်မည်။

“အနောက်ဘက်ဂိုဏ်းက သော့မိုရဲ့ ရထားလုံး ရောက်လာပါပြီ..” တစ်စုံတစ်ယောက်မှ သတင်းပို့လိုက်၏။

ဤသည်ကို ကြားသည်နှင့် လူများစွာ တုန်လှုပ်သွားရသည်။ ဤသည်မှာ အနောက်ဘက်ဂိုဏ်းမှ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ ရှင်သန်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။

သော့မို ရောက်လာလေပြီ။ သူသည် သွေးကဲ့သို့ နီရဲနေကာ ရွှေရောင်ပိုးချည်များဖြင့် ဖောက်ထားသည့် ပိုသားအဝတ်အစားများ ဝတ်ဆင်ထားသည်။ ထိုအဝတ်အစားမှာ အတော်လေး ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် ရှေးကျသည့်အငွေ့အသက်များ ပေးနေသည်ပင်။

လူများစွာ တုန်လှုပ်သွားရ၏။ ဤသည်မှာ ယခင်ခေတ်မှ ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်။ သူ ဝတ်ဆင်ထားသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်မှ အဖိုးတန်ပစ္စည်းဖြစ်သည့် သင်္ကန်းပင်။

သော့မို လက်ဆောင်အချို့ယူလာခဲ့၏။ ထိုလက်ဆောင်ထဲတွင် အရောင်အဆင်းမရှိသည့် ပုတီးစေ့လေးလည်းပါဝင်နေသည်။ ဤသည်မှာ အနက်ရောင်အစင်းများပါနေသည့် အဝါဖျော့ရောင် ပုတီးစေ့လေးပင်။ ဤပုတီးစေ့လေးကို မြင်သည်နှင့် ရှီဟောင် နံဘေးတွင်ရှိနေသည့် ရွှေရောင်ခြင်္သေ့သည် ထိုပုတီးစေ့ကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေလေ၏။

ဤသည်မှာ ရှေးဟောင်းဘုန်းကြီး ပြာမှုန့်များဖြင့် ပြုလုပ်ထားသည့် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်သော်လည်း ယခု ရှီဟောင်ကို လက်ဆောင်ပေးလိုက်လေ၏။

လူများစွာ စိတ်လှုပ်ရှားသွားရသည်။ ယခင်ခေတ်မှ ရှေးဟောင်းဘုန်းကြီး၏ ပျက်စီးသွားပြီနောက် ကျန်ရစ်ခဲ့သည့် ‘တာအိုအရိုးများ’ မပြောနှင့် အကြွင်းအကျန်များအားလုံးမှာ အဖိုးတန်လှသည်ပင်။

“ငါတို့ကြားမှာ ဘာရန်ငြိုးတွေပဲ ရှိနေပါစေ ဒီပြာနဲ့ဆိုရင် ငါအားလုံးကို ကြေအေးပေးလို့်ရတယ်” ရွှေရောင်ခြင်္သေ့လေး သွားရေမြိုချ၍ ပြောလိုက်သည်။

ရှီဟောင်သည် အလွန်ယဉ်ကျေးမနေပဲ ထိုအရာကို ဒီတိုင်းယူလိုက်လေသည်။

ထို့နောက် သူတို့အားလုံးကို ထိတ်လန့်သွားစေသည်မှာ နယ်ခြားစပ်မှ သူများပင် လာလည်ကြသောကြောင့်ပင်။ ထော်ဂုယုလုံမိသားစုမှလူများပါသလို ဖီးနှစ်လေးဖော်မိသားစုမှ လူများလည်း ပါဝင်သည်ပင်။ ဤလူများအားလုံးမှာ သက်ရှည်မိသားစုများပင်။

ထော်ဂုယုလုံတို့ကိုယ်တိုင် လာခြင်းမဟုတ်။ သူတို့ ကောင်းကင်ဘုံကိုးခု၌ လည့်ပတ်သွားလာနေဆဲဖြစ်သည်။ သူတို့ပြန်လာရန် အတော်ကြာဦးမည်ပင်။

သက်ရှည်မိသားစုမှ လူများပင်လျှင် သူ့ကို လာရောက်နှုတ်ဆက်သောကြောင့် စီရင်စုသုံးထောင်မှ မျိုးဆက်အချို့ အတော်လေး တုန်လှုပ်သွားရသည်။ သူတို့သည် ပို၍ပင် သတိကြီးကြီး ထားလာကြလေ၏။

ဟွမ်၏ အောင်မြင်မှုများမှာ ကောလဟာလများထပ်ပင် ပိုလိမ့်ဦးမည်။ မဟုတ်ပါက ဤလူများ ရောက်လာကြမည်မဟုတ်။

ထို့နောက် နတ်နန်းဂိုဏ်းမှ တစ်စုံတစ်ဦး ရောက်ရှိလာသည်။

ယွဲ့ချန်နှင့် ချင်းယီတို့ တစ်ယောက်တည်းပေါင်းစည်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ သူ အချိန်ရှိလျှင် သူမကို တစ်ခဏလောက် စောင့်ပေးစေလိုကြောင်း ရေးထားသည့်စာတစ်ဆောင် ပို့လာခြင်းပင်။

နတ်နန်းဂိုဏ်းသည် စာတစ်ဆောင်ပို့လာရုံသာမက ချင်းရိနင်နှင့် စကားပြောသည့်အချိန်တွင်လည်း အလွန်ယဉ်ကျေးစွာ ပြောဆိုနေသည်ပင်။

အားလုံး စိတ်လှုပ်ရှားသွားရသည်။ နတ်နန်းဂိုဏ်းမှာ မည်မျှပင်စွမ်းအားကြီးလှသနည်း.. သူတို့ထံတွင် နတ်နန်းတာအိုရှိနေပြီး သူတို့နောက်တွင် မသေမျိုးအမွေအနှစ်များလည်း ရှိနေသည်။ သူတို့၏ မြင့်မြတ်သည့်မိန်းမပျိုကို အခြားသူများနှင့် လက်ထပ်ပေး၍မရ။ သို့သော်လည်း ယခုတော့ သူတို့ ဤကဲ့သို့ ပြုမူနေသည်။

“ဟက် .. ဒါက တကယ်ကို ရယ်ရတာပဲ .. လူသေတစ်ယောက်နဲ့ ရန်ငြိုးပြေပျောက်ဖို့အတွက် ခင်ဗျားတို့က ဒီလောက်တောင် အားစိုက်ထုတ်နေကြတာလား .. လိုအပ်လို့လား..”

ထိုအချိန်တွင် ချင်းကလန်အပြင်ဘက်မှ အလွန်အေးစက်လှသည့် ရယ်သံတစ်သံ ထွက်ပေါ်လာလေသည်။

အပိုင်း ၁၉၀၉ ပြီး၏။
Chapter – 1910 ပျက်စီးနေသည့် ဥပဒေသအမိန့်စာ

အားလုံး ထိတ်လန့်သွားရသည်။ ဤနေရာသို့ ရောက်လာသည့်လူများအားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။ သို့သော်လည်း အချို့လူများမှာ ထိတ်လန့်သည့်အမူအရာများ ဖြစ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုရောက်လာသည့်သူကို သူတို့သိနေကြသည်ပင်။

အားလုံး ဤအခြေအနေကို လက်ခံမည်မဟုတ်ပဲ ဟွမ်အား သူတို့၏ ဒေါသတရားများကို ပြသမည့်သူ ရှိလာမည်မှန်း ယုံကြည်ကြသည့် သူအချို့ရှိနေသည်ပင်။ ယခုတော့ ထိုကဲ့သို့သော မြင်ကွင်းမျိုး ပေါ်လာလေပြီ။

ကောင်းကင်ထက်တွင် သွေးရောင်လှိုင်းတစ်ခု ထွက်ပေါ်နေပြီ အနီရောင်လျှပ်စီးများလည်း ယှက်ဖြာနေသည်။ ဤသည်မှာ အနီရင့်ရောင်ပင့်ကူလီလီပန်း ပွင့်လာသကဲ့သို့ပင်။

“ကောင်းကင်နိုင်ငံ..”

အချို့သူများ ထိတ်လန့်သွားရ၏။ ဤသည်မှာ ကောင်းကင်နိုင်ငံမှ လုပ်ကြံသူ၏ အော်ရာပင်။ ဤကလန်မှ အရေးပါသည့်သူများ လှုပ်ရှားလာသည့်အချိန်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာသည်ပင်။ ဤသည်မှာ သူတို့ သတ်ဖြတ်တော့မည်ဟု ဆိုလိုခြင်းပင်။

သို့သော် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရရန်မှာ ရှားပါးလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အမှောင်ထဲ၌ လှုပ်ရှားရသည်ကို ကြိုက်နှစ်သက်ပြီး အရှေ့တည့်တည့်မှ ရောက်လာသည်မှာ ရှားပါးလှသည်ပင်။

သူတို့ပြိုင်ဘက်ကို လွှမ်းမိုးနိုင်လိမ့်မည်ဟု ယုံကြည်ကြသည့်အချိန်တွင်မှ ဤကဲ့သို့ ပေါ်လာသည်။

ထာဝရချင်း မတ်တပ်ရပ်ကာ နန်းတော်အပြင်ဘက်သို့ ကြည့်လိုက်သည်။

ချင်းကလန်၏ တောင်မုခ်ဝအပြင်ဘက်တွင် သွေးရောင်များ ပျံ့လွင့်နေပြီး စွမ်းအားကြီးသည့် နတ်ခွန်အားလှိုင်းတစ်ခုလည်း ရှိနေသည်။

“တာအိုရောင်းရင်းချင်း .. ခင်ဗျားအတွေးလွန်နေပါပြီ .. ကျုပ်က ချင်းကလန်နဲ့တိုက်ဖို့လာတာမဟုတ်ဘူး .. အဲဒီမကောင်းဆိုးဝါးလေး ရှီဟောင်နဲ့တိုက်ဖို့လာတာ .. ချင်းကလန်နဲ့ ဘာမှမဆိုင်ဘူး..”

လေဟာနယ်ထဲမှ အေးစက်နေသည့်အသံတစ်သံ ထွက်ပေါ်လာကာ သွေးမြူများလည်း ချက်ချင်း ထွက်ပေါ်လာသည်။

“ခင်ဗျား လွန်လွန်းနေပြီ .. ဒါက ချင်းကလန် .. အဲဒီကလေးက ကျုပ်ကလန်ရဲ့မျိုးဆက်..” ထာဝရချင်း နန်းတော်ထဲမှ ထွက်လာကာ သွေးရောင်တိမ်တိုက်များကို ကြည့်လိုက်သည်။

ရှီဟောင်လည်း နန်းတော်ထဲမှ ထွက်လာပြီဖြစ်သည်။

အားလုံး ထိတ်လန့်သွားရသည်။ လာရောက်တိုက်ခိုက်သည်မှာ ကောင်းကင်နိုင်ငံတစ်ခုတည်းသာဆိုပါက သူတို့ အလွန်စွန့်စားရလိမ့်မည်။

ကောင်းကင်နိုင်ငံ၏ ဇစ်မြစ်နှင့် ပတ်သက်သည့် ဒဏ္ဍာရီများသာ အမှန်မဟုတ်ဘူးဆိုပါက သူတို့ သတ္တုပြားကို ကန်မိသလို ဖြစ်သွားလိမ့်မည်ပင်။

“ကောင်းကင်နိုင်ငံရဲ့ ဒုတိယဂိုဏ်းချုပ်..” ထိုအော်ရာကိုအာရုံခံမိလိုက်ကာ တစ်စုံတစ်‌ယောက်မှ ပြောလိုက်သည်။

ဒါက ကောင်းကင်နိုင်ငံ ဂိုဏ်းချုပ်မဟုတ်ပဲ ဒုဂိုဏ်းချုပ်လား..

အချို့လူများ ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြသည်။

“ထာဝရတောင်က အတော်လေးကို သတ္တိရှိပါတယ် .. ကျုပ် ခင်ဗျားတို့နဲ့ ရန်သူမဖြစ်ချင်ဘူး .. ဒါပေမဲ့ တာအိုရောင်းရင်းချင်း .. ခင်ဗျား သူ့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး .. ဒီတစ်ခေါက် ဘယ်သူလာလာ သူ့ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး..” သွေးမြူထဲမှ အသံထွက်ပေါ်လာသည်။

ထာဝရချင်း၏မျက်နှာ မည်းမှောင်သွားရသည်။ ဒုဂိုဏ်းချုပ်ကတောင်မှ သူ့ကို ဒီလိုမျိုး ပြောရဲနေတာလား .. ထို့နောက် သူသည် အင်္ကျီလက်ကို ဝေ့ရမ်းလိုက်သည်နှင့် ဝုန်းဟူသည့်ဆူညံသံ ထွက်ပေါ်လာကာ လောကကြီး ပေါက်ကွဲသွားသည်။ လေပြင်းများ တိုက်ခတ်လာကာ လျှပ်စီးများလည်း ထွက်ပေါ်လာသည်ပင်။

သို့သော် ထိုနေရာသည် အလွန်တိတ်ဆိတ်နေဆဲဖြစ်ကာ လေနှင့် လျှပ်စီးအားလုံးကို စုတ်ယူသွားလေ၏။

“ချင်းကလန်က တာအိုရောင်းရင်း .. စိတ်တိုစရာလိုလို့လား..” အသက်ကြီးနေသည့် အခြား အသံတစ်သံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ..” ချင်းကလန်မှ ကျွမ်းကျင်သူအချို့ အော်ဟစ်လိုက်သည်။

သူတို့ ဖိအားတစ်ခု ခံစားလိုက်ရသည်။ အော်ရာနှင့် စွမ်းအားလှိုင်းများမှာ သူတို့အားလုံးကို မသက်မသာခံစားရစေသည်။ ဤသည်မှာ သူတို့ရင်ဘတ်ကို ကျင်ပေါင်းတစ်သောင်းလေးသည့် ကျောက်တုံးကြီးဖြင့် ဖိထားသကဲ့သို့ပင်။

ရှီဟောင်ပင်လျှင် တုန်လှုပ်သွားကာ အခြေအနေမကောင်းဘူးဟု ခံစားလိုက်ရသည်။

“ဟား ဟား ..” ထိုအသံလည်း အလွန်အသက်ကြီးနေလေပြီ။ ထို့နောက် အဖြူရောင်မြူများ ရစ်ဆိုင်းထားသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သူ အားအနည်းငယ်ထည့်လိုက်သည်နှင့် ချင်းကလန်၏ ရှေးဟောင်းမြေကြီး တုန်ခါသွားသည်။ တောင်များနှင့် လျှိုမြောင်များမှာ ပြိုကျလုနီးပါးပင်။ ကံကောင်းစွာဖြင့် ကလန်ကို ကာကွယ်ထားသည့် အစီအရင်များ ရှိနေသောကြောင့် ထိတ်လန့်စရာကောင်းသည့် သင်္ကေတများ ထွက်ပေါ်လာသည်။

မဟုတ်ပါက အရာအားလုံး ပျက်စီးသွားလိမ့်မည်။

ဤသည်မှာ အဆင့်လွန်သက်ရှိပင်။

အားလုံး အေးခဲကာ ခေါင်းကိုက်သွားရ၏။

ထိုပုံရိပ်နောက်တွင် ရှေးဟောင်းနန်းတော်တစ်ခု ပေါ်လာသည်။ ထိုနန်းတော်သည် သံကြေးများတက်နေကာ အလွန်ကြီးမားလှပြီး ခမ်းနားလှသည်။

ဤလူ မည်သူဖြစ်သည်ကို အားလုံး သိသွားလေပြီ။ ဤသည်မှာ ထာဝရနန်းတော်ပင်။

ရောက်လာသည့်သူမှာ မည်သူဖြစ်မှန်း ပြောစရာပင်မလို။ ဤသည်မှာ ထာဝရနန်းတော်၏အရှင်၊ ရှေးအကျဆုံးပုဂ္ဂိုလ်၊ ဤမျိုးဆက်၏ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်၊ အဆင့်လွန်သက်ရှိပင်။

ဤလူသည် ရှေးယခင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး အလွန်ခွန်အားကြီးသည်ဟု ပြောကြသည်ပင်။ သို့သော်လည်း သူသည် အပြင်ဘက်သို့ ထွက်လာခြင်းမရှိပဲ ထာဝရကြေးနန်းတော်၌သာ အမြဲတမ်း ပုန်းနေသည်ပင်။

သူ ယနေ့ ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ထို့အပြင် ဤထာဝရကြေးနန်းတော်မှာ ပစ္စည်းအစစ်မဟုတ်ပဲ ပုံရိပ်ယောင်သာ ဖြစ်သည်ကို အားလုံးတွေ့လိုက်ရသည်။ သို့သော်လည်း ဤပုံရိပ်ယောင်ပင်လျှင် ထာဝရစွမ်းအားများ ထုတ်လွှတ်နေသည်။

ယနေ့တော့ ဒုက္ခများပြီဟု အားလုံးခံစားလိုက်ရသည်။

“တာအိုရောင်းရင်းတောင် ထွက်လာတယ်ဆိုတော့ ရောင်းရင်းတို့က လူငယ်မျိုးဆက်တစ်ယောက်ကို အရမ်းအထင်ကြီးနေတာပဲ” ထာဝရချင်း သက်ပြင်းချလိုက်သည်။

“ကျုပ် ရောက်လာပြီဆိုမှတော့ ကျုပ်လက်ဗလာနဲ့ပြန်မှာမဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ ပြောလိုက်သည်။

ထာဝရချင်း ခေါင်းမော့လိုက်ကာ ထိုအဖြူရောင်မြူများကို သေချာကြည့်လိုက်သည်။ “ဒါပေမဲ့ ကျုပ်ရဲ့ ထာဝရတောင်က လူတစ်ကာ တိုက်လို့ရတဲ့နေရာမဟုတ်ဘူး”

ဤနေရာရှိလူအားလုံး တိတ်ဆိတ်သွားသည်။ ဤအဆင့်ပုဂ္ဂိုလ်များ တိုက်ခိုက်ကြသည်နှင့် မည်သူမှ လက်လွတ်စပယ် ဝင်မပါရဲကြတော့။

ထာဝရတောင်အရှင်သည် အဆင့်လွန်သက်ရှိမဟုတ်သော်လည်း သူ့ထံတွင် ယုံကြည်ချက်ရှိသည်။ သူ့ထံတွင် ဂိုဏ်းကိုကာကွယ်သည့် အဆင့်လွန်ရတနာဖြစ်သည့် ငါးဆင့်ပြောင်းလဲခြင်း‌တောင် ရှိနေသည်ပင်။

“တာအိုရောင်းရင်းက ထာဝရတောင်ရဲ့စွမ်းအားကိုသုံးပြီးတော့ အဲဒီတောင်ရဲ့ ချိတ်ပိတ်ထားတာကို ဖြေပစ်ချင်နေမှန်း ကျုပ်သိပါတယ် … ဒါပေမဲ့ ဒီတစ်ခေါက်က မတူဘူး .. ဟွမ်က ထာဝရသက်ရှိအစစ်ကို အာခံထားတာ..” ထာဝရနန်းတော် အဆင့်လွန်သက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။

ဤစကားသံ ထွက်လာသည်နှင့် အားလုံး အရိုးထဲထိ ထိုးဖောက်နေသည့် အေးစက်မှုကို ခံစားလိုက်ရသည်။

ဘာဖြစ်ခဲ့သည်ကို အားလုံး သိနေသည်ပင်။ ထာဝရနန်းတော်တွင် ပျက်စီးနေသည့် ထာဝရသက်ရှိတစ်ဦး ရှိနေပြီး ထိုသက်ရှိသည် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်သွားသည်ဟု သတင်းများ ပျံ့နေသည်ပင်။

“ဟွမ် မင်းထွက်မလာသေးဘူးလား .. အခု ထွက်လာပြီးတော့ ဥပဒေအမိန့်စာကို လာလက်ခံလိုက်..” ထာဝရနန်းတော်မှ အကြီးအကဲ အော်ဟစ်လိုက်သည်။

ဝုန်း.. လေဟာနယ်ပေါက်ကွဲသွားကာ ချင်းကလန်အပြင်ဘက်မှ လောကကြီး ပျက်စီးသွားသည်။ ထာဝရစွမ်းအင်နှင့်အတူ ပြိုင်ဘက်ကင်း ခွန်အားများ ရှိနေသည့် ရွှေရောင်ဥပဒေသအမိန့်စာတစ်ခု ထွက်ပေါ်လာသည်။

ဤနေရာကို ကာကွယ်ပေးထားသည့် အစီအရင်များ ရှိနေသော်လည်း ချင်းကလန်မှ လူများမှာ ဖိအားကို မခုခံနိုင်တော့။ အားလုံး တုန်လှုပ်သွားကြရသည်။

ထိုဥပဒေသအမိန့်စာတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များမရှိသလို မှော်စွမ်းအားလည်းမရှိ။ ထူးဆန်းသည့် ခွန်အား တစ်မျိုးသာ ရှိနေသည်။ နောက်ဆုံးတွင် မရေမတွက်နိုင်သည့် လူများသည် ခြေထောက်များ ပျော့ခွေလာကာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။

ထိုလူများထဲတွင် ဂိုဏ်းခေါင်းဆောင်များပင် ပါနေသည်။

ဝုန်း..

ရှီဟောင် ခန္ဓာကိုယ် တောက်ပလာသည်။ သူ ထာဝရဓားကို ဆွဲထုတ်လိုက်ပြီး သူ့မိဘများကို ကာကွယ်ပေးလိုက်သည်။ သူချစ်ရသည့်သူများ ဒူးမထောက်စေရ။

တစ်ချိန်တည်းမှာပင် ချင်းကလန်မှ နတ်အလင်းတန်းငါးခု ထွက်ပေါ်လာကာ ချင်းကလန်တစ်ခုလုံးကို ဖြန့်ကျက်သွားကာ အားလုံးကို ကာကွယ်ပေးလိုက်သည်။

မဟုတ်ပါက မည်သူမှ ခံနိုင်မည်မဟုတ်။

အားလုံး တုန်လှုပ်သွားရ၏။ ဤသည်မှာ ပျက်စီးနေသည့် ထာဝရသက်ရှိ၏ ဥပဒေသအမိန့်စာပင်။

ဤဥပဒေသအမိန့်စာ၏စွမ်းအားကို မည်သူကများ ခုခံနိုင်မည်နည်း..

ငါးဆင့်ပြောင်းလဲခြင်းတောင်သာ ခုခံနိုင်လိမ့်မည်။ လူအင်အားဖြင့် ယှဉ်နိုင်မည်မဟုတ်။

“ဟက် .. ပျက်စီးနေတဲ့ထာဝရသက်ရှိ .. ဝိညာဉ်နယ်မြေမှာတုန်းက ကျုပ် သူ့ရဲ့တံဆိပ်ကို ဖျက်ဆီးခဲ့ပြီးပြီ .. အခု သူက ကျုပ်ကို သူ့အမိန့်စာကို လက်ခံဖို့ ပြောရဲသေးတယ်ပေါ့..” ရှီဟောင် ပြောလိုက်သည်။

ဤစကားကို ကြားသည်နှင့် အားလုံး ထိတ်လန့်သွားရသည်။ သူတို့ ကောလဟာလများ ကြားခဲ့ရသော်လည်း ယခု အတည်ပြုချက် ရလိုက်သည့်အချိန်တွင် သူတို့ တုန်လှုပ်နေဆဲပင်။

ဟွမ်က တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တာပဲ .. သူက ထာဝရသက်ရှိရဲ့ တံဆိပ်ကို တကယ်ဖျက်ဆီးခဲ့တာလား..

အလင်းမိုး ရွာသွန်းလာသည်။ လေဟာနယ်ထဲမှ ဥပဒေသအမိန့်စာသည် ရွှေရောင်နေမင်းကြီးကဲ့သို့ တောက်ပလာကာ အလင်းတန်းများ နေရာအနှံ့ ဖြန့်ကျက်သွားသည်။ ထိုအမိန့်စာမှ ရှေးဟောင်းစာလုံးအချို့ ထွက်ပေါ်လာကာ လေဟာနယ်ထဲ၌ ရေးထိုးသွားလေ၏။

သူ၏အကြမ်းဖျင်းအဓိပ္ပာယ်မှာ ရှီဟောင်ကို ထာဝရနန်းတော်သို့သွားကာ သူ၏အပြစ်များကို ဝန်ခံစေလိုခြင်းပင်။

သူ ထွက်သွားရင် သူ အသက်ရှင်လျက် ရှိပါဦးမလား.. ဖြစ်လာမည့်ရလဒ်ကို စဉ်းစားစရာပင်မလို။

“လူငယ်လေး .. မင်းက အမိန့်စာကို မလေးမစားလုပ်မလို့လား..” ထာဝရနန်းတော် အဆင့်လွန်သက်ရှိမှ အော်ဟစ်လိုက်သည်။

“ဒီလူအိုကြီးက ပျက်စီးနေတဲ့ ထာဝရသက်ရှိကိုတောင် သတ်ရဲတယ် .. ကျုပ်က ဘာလို့ ဒီလိုစက္ကူစုတ်လေးကို ကြောက်နေရာမှာလဲ..” ရှီဟောင်လည်း ပြင်းထန်စွာ တုံ့ပြန်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ အလျော့ပေးလိုက်လျှင်ပင် သူ့အဆုံးသတ်ကောင်းမည်မဟုတ်။

ဤစကားများမှာ အားလုံးကို ထိတ်လန့်သွားစေလေ၏။

ဤသည်မှာ ပျက်စီးနေသည့် ထာဝရသက်ရှိကို စိန်ခေါ်လိုက်ခြင်းပင်။

အပိုင်း ၁၉၁၀ ပြီး၏။
Chapter – 1911 အဆင့်လွန်သက်ရှိအား တိုက်ခိုက်ခြင်း

“မင်းက သေချင်နေတာပဲ..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ ဤကဲ့သို့သာ ပြောလိုက်သည်။ ထို့နောက် သူ လက်တစ်ဖက် ဆန့်တန်းလာလေ၏။

ဝုန်း..

ချင်းကလန်မှ အစီအရင်ကြီးကို တစ်ခုခုကို အာရုံခံမိလိုက်သောကြောင့် တောက်ပသည့်အလင်းတန်းများ ထုတ်လွှတ်ကာ ထိုလက်ကြီးကို တားဆီးလိုက်သည်။

“အဲဒီသေမင်းတံခါးဝမှာ ရုန်းကန်နေရတဲ့သူက ဘာလို့ မလာတာလဲ .. သူက အခု လမ်းတောင်မလျှောက်နိုင်တော့လို့များလား .. သူ တကယ် သေတော့မှာလား..” ရှီဟောင် အေးစက်စွာ ရယ်မောလိုက်သည်။

ထာဝရနန်းတော်တွင် မူလဝိညာဉ်နှင့် အသွေးအသားများကို အားဖြည့်နိုင်သည့် ထာဝရစမ်းချောင်းရှိကြောင်း ရှီဟောင်သိသည်။ မဟုတ်ပါက ထိုပျက်စီးနေသည့် ထာဝရသက်ရှိ အစောကြီးကတည်းက သေသွားလောက်လေပြီ။

ယခုတစ်ခေါက်တွင် ထိုပျက်စီးနေသည့်ထာဝရသက်ရှိ ဒဏ်ရာရသွားသောကြောင့် သူ ပို၍ပင် ထွက်လာနိုင်မည်မဟုတ်။

“မင်းက ထာဝရသက်ရှိ အစစ်ကို ထပ်ခါတလဲလဲ ပုတ်ခတ်စော်ကားနေတယ် .. မင်းအပြစ်တွေကို ခွင့်မလွှတ်ပေးနိုင်ဘူး..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။ ထိုလက်ကြီးသည် ချင်းကလန်၏ အစီအရင်များကို ဖြတ် ကျော်လာလေသည်။

“တာအိုရောင်းရင်း .. ရောင်းရင်း အရမ်းလွန်လွန်းသွားပြီ..” ထာဝရချင်း ပြောလိုက်သည်။

ထိုအချိန်တွင် ချင်းကလန်၏ အတွင်းပိုင်းမှ ငါးရောင်စပ် နတ်အလင်းထွက်ပေါ်လာသည်။

“ချိတ်ပိတ်ထားတာ မဖြေရသေးရင် ခင်ဗျား ကျုပ်ရဲ့ ထာဝရနန်းတော်ရဲ့စွမ်းအားကို တားဆီးနိုင်ဖို့ ခက်လိမ့်မယ်..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ အေးစက်ဏွာ ပြောလိုက်သည်။

သူ ဤကဲ့သို့ ပြောလိုက်သော်လည်း သူ နည်းနည်းတော့ နောက်ဆုတ်သွားသည်ပင်။

“ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး..” ထိုအဆင့်လွန်သက်ရှိ ရှီဟောင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“အမြီးရှည်ဝံပုလွေတစ်ကောင်ကများ..” ရှီဟောင်၏စကားလုံးများမှာ စူးရှလှသည်။

“ဟက် .. ငါးဆင့်ပြောင်းလဲခြင်းတောင်က ချိတ်ပိတ်ထားတာ ပြေသွားရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး..” ထို့နောက် သူသည် တစ်ခုခုကို ဆင့်ခေါ်နေသကဲ့သို့ ကျမ်းစာများကို ရွတ်ဆိုလိုက်သည်။

ရွှီး..

လေဟာနယ် ပွင့်သွားကာ ကောင်းကင်ဘုံကိုးခုမှ အလံတစ်ခု ကျဆင်းလာကာ ရှီဟောင်လက်ထဲသို့ တန်းရောက်သွားလေ၏။

ဤသည်မှာ သူ့ကို ချက်ချင်း ဆွံ့အသွားစေသည်ပင်။

ဤသည်မှာ ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စ၊ ထာဝရရှေးဟောင်းအလံပင်။ ဤအလံသည် နယ်ခြားစပ်စစ်ပွဲများ၌ အလွန်အသုံးဝင်ခဲ့သည်ပင်။

ဤအလံသည် သက်ရှည်မိသားစုတစ်ခု၏ အဆင့်လွန်ရတနာတစ်ခု ဖြစ်သော်လည်း ယခုတော့ သူ့လက်ထဲ၌ ပေါ်လာလေပြီ။ တစ်စုံတစ်ယောက်မှ စီရင်စုသုံးထောင်သို့ ပို့ကာ သူ့ကို ငှားပေးလိုက်သည်မှာ သေချာသည်။

သေချာစဉ်းစားကြည့်လိုက်လျှင် ဤသည်မှာ ထာဝရကျောင်း သို့မဟုတ် အလေးအမြတ်ကျောင်းမှ အကြီးအကဲများ ဖြစ်နိုင်သည်ပင်။

လေကလန်မှ ဘိုးဘေးအိုကြီး ဆင်းလာမည့်အချိန်တွင်လည်း ဤအကြီးအကဲနှစ်ဦး ထိုသူကို တားဆီးခဲ့ကြောင်း သူ ကြားပြီးသွားပြီဖြစ်သည်။

ယခုလည်း သူ့ကို ကူညီပေးနေပြန်လေပြီ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ အကြီးအကဲအရှင် မုန့်ထျန်းကျန်းနှင့် မည်မျှရင်းနှီးသည်ကို တွေ့နိုင်သည်။ သူတို့ ရှီဟောင်ကို ကူညီပေးနေခြင်းမှာ မုန့်ထျန်းကျန်း မျက်နှာကြောင့်ပင်။

ရှီဟောင် သက်ပြင်းချလိုက်သည်။ အကြီးအကဲအရှင်အကြောင်း တွေးမိသွားသည်နှင့် ရှီဟောင် ချက်ချင်းပင် နာကျင်သွားရသည်။ ကောင်းကင်ဘုံသည် တကယ်ကိုပင် သူရဲကောင်းများကို မနာလိုဖြစ်နေသည်ပင်။

“ဘယ်သူလဲ..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ ရပ်တန့်သွားကာ ကောင်းကင်ထက်သို့ အေးစက်စွာ ကြည့်လိုက်သည်။

ရှီး..

ထိုအချိန်တွင် ရှီဟောင် အလံကို လွှဲရမ်းလိုက်ကာ ထွက်လာလိုက်သည်။

ဤအလံသည် နယ်ခြားစပ်၌ မသေမျိုးသက်ရှိများကိုပင် တားနိုင်ခဲ့သည်ပင်။

ဝုန်း..

ရှီဟောင် အလံကို လှုပ်ခါလိုက်ကာ အဆင့်လွန်သက်ရှိထံသို့ ဦးတည်သွားလိုက်သည်။ ထိုအလံ၏စွမ်းအားမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။

အားလုံး ဆွံ့အသွားရသည်။ ဟွမ်သည် တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ သူသည် ကောင်းကင်ဘုံကိုးခုမှ သက်ရှည်မိသားစု၏ အထောက်အပံ့ကိုပင် ရရှိထားသည်။

ထို့အပြင် ဤအခိုက်အတန့်တွင် အားလုံး ဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤအလံသည် အလွန်စွမ်းအားကြီးမားလှသည်။ သူသည် ထိုထာဝရနန်းတော်အဆင့်လွန်သက်ရှိကို လွင့်ထွက်သွားအောင် လုပ်လိုက်နိုင်သည်။

ထိုလူသည် သူ့အင်္ကျီလက်တစ်ဖက်ကို ဝေ့ရမ်းလိုက်ရုံဖြင့် ရှီဟောင်ကို ဖမ်းဆီးနိုင်ပြီဟု ထင်နေသောကြောင့် သတိလက်လွတ်နေနေခြင်းပင်။

ရလဒ်အနေဖြင့် ထို ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စမှ ပြိုင်ဘက်ကင်းသည့် စွမ်းအားများထွက်ပေါ်လာသည်ပင်။ ထိုအလံသည် သူ့ကို မထိသွားသော်လည်း သူ့ကို လွင့်ထွက်သွားစေသည်။

မြေပြင်ထက်ရှိ လူများအားလုံး ထိတ်လန့်သွားရသည်။ ငါးဆင့်ပြောင်းလဲခြင်းတောင်ကြီး တောက်ပလာကာ ချင်းကလန်ကို ကာကွယ်ပေးထားလေ၏။ မဟုတ်ပါက ထိုစွမ်းအားလှိုင်း ဤနေရာကို ဖျက်ဆီးသွားလိမ့်မည်။

“ခွေးကောင် .. မင်းကငါ့ကို အရှက်ခွဲရဲတယ်ပေါ့..” ထာဝရနန်းတော်အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောကာ နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။

သူသည် သေမျိုးတာအို၏ ထိပ်ဆုံး၌ ရောက်နေပြီး နေနှင့်လကိုပင် ဖမ်းဆုတ်ပစ်နိုင်သည်။ သို့သော်လည်း ဤအလံကို သူ သေချာနားလည်ထားသည်ပင်။ သူ၏လက်များ ချည်နှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ဝုန်း..

ရှီဟောင် နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။ အလံသည် ကောင်းကင်ဓားသွားကဲ့သို့ ကောင်းကင်ကို ဖြတ်သွားကာ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိမှာ ချက်ချင်းပင် အာကာသအပြင်ဘက်သို့ ထွက်သွားလိုက်ရသည်။

သူ၏အမူအရာမှာ အလွန်အရုပ်ဆိုးနေလေပြီ။ သူ ဤအလံကို ထိပ်တိုက်ရင်မဆိုင်ရဲ..

“လူအိုကြီး .. ခင်ဗျားက ဘယ်သွားချင်နေတာလဲ..” ရှီဟောင် သူ့နောက် လိုက်သွားလိုက်သည်။

ဟွမ်က ထာဝရနန်းတော်က အဆင့်လွန်သက်ရှိနောက်ကိုတောင် လိုက်ရဲတာလား .. အားလုံး ဆွံ့အသွားရသည်။

ဟွမ် အထင်ကြီးစရာကောင်းသည်ကို သိသော်လည်း သူသည် ယခုအချိန်ထိ အဆင့်လွန်သက်ရှိမဟုတ်သေး။

“မင်းကငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နေတာပဲ..” ထာဝရနန်းတော် အဆင့်လွန်သက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူသည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားလေ၏။

ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။ ထို့နောက် သူသည် အလံကို သူ့ကိုယ်အား ရစ်ပတ်ကာ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် သူ့ဦးခေါင်းအနောက်ဘက်မှ အနက်ရောင်လက်သီးတစ်လုံး ရောက်လာသည်။

ဝုန်း..

ရှီဟောင် တစ်ဖက်သို့ အလျင်အမြန်လှည့်ကာ အလံကို ထပ်မံလှုပ်ရှားလိုက်သည်။ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိသည် နောက်ဆုတ်သွားကာ ထပ်မံပျောက်ကွယ်သွားလေ၏။

ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိပင် ဤအလံကို မျက်နှာချင်းဆိုင် ရင်မဆိုင်ရဲပေ။

“လူငယ်လေး .. မင်းမှာ ထာဝရပစ္စည်းရှိနေတာနဲ့ပဲ ငါမင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား .. စွမ်းအားဆိုတာက ကိုယ့်အပေါ်မှာ မူတည်တာ .. အပြင်ကပစ္စည်းတွေက ဘာမှမဟုတ်ဘူး..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။

သူသည် စကြာဝဠာကြီးနှင့် ပေါင်းစပ်သွားသကဲ့သို့ပင် ပျောက်ကွယ်သွားလေ၏။

ဝုန်း..

ရှီဟောင် အားထည့်ကာ ကောင်းကင်အပြင်လွှာကို စုတ်ဖြဲပစ်လိုက်သည်။

ဖုန်း..

ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိသည် ရိုက်ချက်တစ်ချက်ဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။

“ဘယ်သူလဲ..” သူ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ တစ်ယောက်ယောက် သူ့ကို ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်နေသည်။

သူ့ကို အလံပေးခဲ့သည့် အဆင့်လွန်သက်ရှိ ယခု လျှို့ဝှက်တိုက်ခိုက်နေသည်ကို ရှီဟောင်သိသည်ပင်။

ရှီဟောင်သည် လက်ထဲတွင်ရှိနေသည့် အလံဖြင့် ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိကို ပြင်းထန်စွာပင် ရိုက်ချလိုက်လေ၏။

ဖုန်း..

ယခုတစ်ခေါက်တွင်တော့ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ၏ ခန္ဓာကိုယ်‌ နောက်တစ်ကြိမ် တောင့်ခဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့အား ဖမ်းချုပ်သလိုဖြစ်နေသည့် စွမ်းအားနှစ်ခု ရှိနေသည်ပင်။

ထို့ကြောင့် အလံရောက်လာသည့်အချိန်တွင် သူ၏လှုပ်ရှားမှုများ အနည်းငယ် နောက်ကျသွားကာ ထာဝရတာအိုလေပြင်းကြောင့် လွင့်ထွက်သွားပြန်သည်။

တစ်စုံတစ်ယောက် သူ့အား ချောင်းတိုက်နေသည်။

သို့သော် အပြင်လူများမှာ ဘာမှမမြင်ရ။ ဤအရာအားလုံးကို ရှီဟောင် လုပ်နေသည်ဟု ထင်သွားကြသောကြောင့် အလွန်ထိတ်လန့်သွားကြရသည်။

အားလုံးအမြင်တွင် ဟွမ်သည် လက်ထဲ၌ ထာဝရလက်နက်ရှိနေလျှင်ပင် အဆင့်လွန်သက်ရှိနှင့် တိုက်ခိုက်လျှင် သူရှုံးလိမ့်မည်။ ဤသည်မှာ ကလေးလက်ထဲသို့ လက်နက်ထည့်ပေးထားသည်နှင့်တူသည်။ ထိုကလေးသည် အရွယ်ရောက်ပြီးသားလူကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်။

သို့သော် ယခုတော့ ထိုသို့မဟုတ်။ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ အတော်လေး ထိခိုက်သွားသည်။

ဖုန်း..

ယခုတစ်ခေါက်တော့ သူ အခြေအနေဆိုးရွားစွာ နောက်ပြန်ဆုတ်လိုက်ရသည်။

ထိုအရေးကြီးသည့် အခိုက်အတန့်တွင် အလံ၏တိုက်ခိုက်မှုကို တားဆီးရန်အတွက် သူ ဥပဒေသအမိန့်စာကို ခေါ်လိုက်သည်။

ရွှီး..

သို့သော်လည်း ထိုရွှေရောင်အမိန့်စာသည် နတ်အလင်းပျောက်လေးများအဖြစ် ပြောင်းလဲသွားကာ ထိုနေရာ၌ပင် လွင့်ပြယ်သွားသည်။

“မင်းက ထာဝရသက်ရှိအစစ်ရဲ့ ဥပဒေသအမိန့်စာကိုတောင် ဖျက်ဆီးရဲတာလား..”

“ဒီစက္ကူစုတ်လေးကို တန်ဖိုးကြီးတယ်လို့ ထင်နေတာ ခင်ဗျားတစ်ယောက်တည်း ရှိတယ်..”

ယခုအချိန်တွင် သူ ဒေါသထွက်နေပြီဖြစ်သည်။ သူ့အား လျှို့ဝှက်ပစ်မှတ်ထားသည့် အဆင့်လွန်သက်ရှိတစ်ဦး ရှိနေသည်။

ထိုနှစ်ဦးသည် ပျက်စီးနေသည့်ထာဝရသက်ရှိကို စိုးရိမ်နေသောကြောင့်သာမဟုတ်ပါက သူ့အား ချက်ချင်း သတ်ပစ်လောက်လေပြီ။

သူ၏လက်ရှိအခြေအနေမှာ အလွန်ဒေါသထွက်စရာကောင်းလှသည်။ သူသည် အဆင့်လွန်သက်ရှိတစ်ဦးဖြစ်သော်လည်း အလံကြောင့် ဟိုဘက်ရောက်လိုက်၊ ဒီဘက်ရောက်လိုက်ဖြစ်နေလေပြီ။

ရှေးကျသည့် ကျမ်းစာသံတစ်သံ ထွက်ပေါ်လာကာ လောကကြီး၏အစွန်းနှင့် ချိတ်ဆက်သွားသည်။

ဝုန်း.

ထာဝရနန်းတော်ရှိနေသည့်နေရာတွင်ရှိနေသည့် ထာဝရကြေးနန်းတော်ကြီး အမြစ်မှ ကျွတ်ထွက်လာကာ ဤနေရာသို့ တရှိန်ထိုး လာနေသည်။

“မကောင်းတော့ဘူး .. ထာဝရကြေးနန်းတော်အစစ် ‌ရောက်လာပြီ .. ဒါက ထာဝရပစ္စည်းတစ်ခုပဲ..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်၏။

ဒါက ထာဝရတာအိုတိုက်ခိုက်ပွဲကြီး ဖြစ်တော့မှာလား .. အားလုံး ခေါင်းကိုက်သွားရသည်။

ယခုအချိန်တွင် ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိသည် ဆံပင်များ ရှုပ်ပွနေကာ အဝတ်အစားများလည်း စုတ်ပြတ်နေသည်။ သူ၏ ဂုဏ်သိက္ခာကျဆင်းနေသောကြောင့်သာမဟုတ်ပါက သူ ထာဝရကြေးနန်းတော်အစစ်ကို ဤမျှအလျင်အမြန် ဆင့်ခေါ်မည်မဟုတ်။

သူသည် ဟွမ်ကို ဖမ်းရန် ရောက်လာခြင်းဖြစ်သော်လည်း ဤကဲ့သို့သော ပစ္စည်းမျိုးကိုပင် အသုံးပြုနေရသည်။ ဤသည်မှာ တကယ်ကို အရုပ်ဆိုးလှသည်။

“ဒါက အနိုင့်ကျင့်လွန်းသွားပြီ မဟုတ်ဘူးလား..” ထာဝရချင်း ပြောလိုက်သည်။ သူ၏မျက်နှာထက်၌ ဒေါသတရားများလည်း ထွက်ပေါ်နေပြီဖြစ်သည်။

ပျက်စီးနေသည့် ထာဝရသက်ရှိ ရောက်လာလျှင်ပင် သူ ကြောက်မည်မဟုတ်ဟု ပြောခဲ့သည်မှာ ထိုပျက်စီးနေသည့်ထာဝရသက်ရှိသည် သူနေထိုင်သည့်နေရာမှ ထွက်ခွာလာနိုင်မည်မဟုတ်မှန်း သူသိနေသောကြောင့်ပင်။

“သွား..”

သူ လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုကာ ဟစ်ကြွေးလိုက်သည်။ သူ အဆီးအတားတစ်မျိုးကို ဖြေလိုက်သကဲ့သို့ ချင်းကလန် အတွင်းပိုင်းမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ထာဝရချင်းက ငါးဆင့်ပြောင်းလဲခြင်းတောင်ရဲ့ ချိတ်စည်းကို တကယ်ဖြည်လိုက်နိုင်တာလား..

ဝုန်း..

မြေပြင်ထက်မှ ငါးရောင်စပ်အလင်းများ ထွက်လာကာ ကောင်းကင်ထက်သို့တက်သွားသည်။ ထာဝရစွမ်းအင်များလည်း ထွက်ပေါ်လာကာ နေ၊ လနှင့် ကြယ်များကိုပင် တုန်ခါသွားစေလေ၏။ နေသည်ပင် ကြွေကျလုမတတ် ဖြစ်နေလေပြီ။

ထို့နောက် ထိုငါးရောင်စပ်ထာဝရအလင်းများသည် ထာဝရကြေးနန်းတော်ထံသို့ ဦးတည်သွားကာ ထိုနန်းတော်ကို သိမ်းယူပစ်တော့မည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင် ငေးကြောင်မနေတော့ပဲ သူ၏အလံကို ပြင်းထန်စွာ လွှဲရမ်းလိုက်ကာ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိကို ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကြယ်နှင့်လများ နှစ်မြှုပ်သွားကာ ကြယ်များ အရောင်မှန်လာသည်။ ကြယ်အချို့ ထိုနေရာတွင်ပင် ပေါက်ကွဲသွားကာ အပိုင်းအပိုင်းဖြစ်သွားသည်။

ဝုန်း..

ယခုတစ်ခေါက်လည်း ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိထံသို့ ဦးတည်သွားနေသည့် စွမ်းအားလှိုင်းနှစ်ခုလည်း ရှိနေသေးသည်ပင်။

ဖုန်း..

ရှီဟောင် ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ ရိုက်ချလိုက်သည်။ သူ့ကို ကြေးနန်းတော် ကာကွယ်ပေးနေသော်လည်း သူ ပါးစပ်အပြည့်သွေးအန်သွားကာ လွင့်ထွက်သွားဆဲပင်။

အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။ ဆံပင်များ ဖရိုဖရဲဖြစ်ကာ နှုတ်ခမ်းထောင့်မှ သွေးစီးကျလာသည့်သူမှာ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

အပိုင်း ၁၉၁၁ ပြီး၏။
Chapter – 1912 ထာဝရနန်းတော်အား ဖိနှိပ်ခြင်း

အဆင့်လွန်သက်ရှိ သူ့အား လာရောက်တိုက်ခိုက်သော်လည်း ဟွမ်သည် ထိုအဆင့်လွန်သက်ရှိကို တားဆီးလိုက်နိုင်သည့်အပြင် ထိုအကြီးအကဲကို သွေးအန်ကာ လွင့်ထွက်သွားအောင်ပါ လုပ်လိုက်နိုင်၏။ ဤသည်မှာ ဂိုဏ်းပေါင်းစုံကို ထိတ်လန့်သွားစေသည်ပင်။

ထာဝရနန်းတော်သည် ရှေးယခင်ကတည်းက အလွန်စွမ်းအားကြီးခဲ့သည့် နေရာပင်။ သူတို့သည် အမြဲတမ်း ထိပ်ဆုံး၌ ရှိနေခဲ့ကာ စီရင်စုသုံးထောင်အား လွှမ်းမိုးထားခဲ့သည်ပင်။

အထူးသဖြင့် သူတို့ထံ၌ ပျက်စီးနေသည့် ထာဝရသက်ရှိ ရှိနေသေးသည်ဟူသည့် သတင်းများ ထွက်လာသည့်အချိန်တွင် မည်သူကများ မကြောက်ပဲနေမည်နည်း.. မည်သူက မလေးမစားလုပ်ရဲမည်နည်း.. ကောင်းကင်ဘုံကိုးခုမှ သက်ရှည်အင်ပါယာတရားရုံးနှင့် အခြားသူများပင် သူတို့ကို ရန်မစရဲကြ။

သို့သော် ယနေ့တော့ လူငယ်လေးတစ်ယောက်သည် ကြောက်ရွံ့မှုမရှိပဲ ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိနှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေပြီ။ သူသည် ကိုယ့်လုံခြုံဘေးကင်းရေးကိုပင် ဂရုမစိုက်တော့ပဲ တိုက်ခိုက်နေခြင်းပင်။

ထာဝရနန်းတော်မှ အကြီးအကဲ၏ ပုံစံအမှန်ပေါ်လာလေပြီ။ မြူများ ကင်းရှင်းသွားသည့်အချိန်တွင် နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဆံပင်များနှင့် ပုံမှန်မဟုတ်ပဲ နီရဲနေသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်ပင်။ သူ၏နှုတ်ခမ်းထောင့်၌ သွေးများ စီးကျနေပြီး မျက်လုံးများလည်း အေးစက်လှသည်ပင်။

“အခု တိုက်ခိုက်နေတာ ဘယ်တာအိုရောင်းရင်းများလဲ .. ရောက်လာပြီဆိုမှတော့ ဘာလို့ထွက်လာပြီး မတိုက်တာလဲ..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။

သူ့အား တိတ်တဆိတ် တိုက်ခိုက်နေသည့် အဆင့်လွန်သက်ရှိ နှစ်ဦး ရှိနေသည်။ ဤလောက၌ ပျက်စီးနေသည့် အဆင့်လွန်သက်ရှိများမှာ စွမ်းအားအကြီးဆုံးပင်။ မည်သူကများ သူတို့ကို ဖီဆန်ရဲသနည်း.. ယခု ထာဝရနန်းတော်၏ဂုဏ်သိက္ခာကို စော်ကားရဲသည့်သူ တကယ်ရှိနေသည်လား..

သို့သော် မည်သူမှ ဘာမှပြန်မပြော။ ထိုအဆင့်လွန်သက်ရှိနှစ်ဦး ထွက်မလာခဲ့။

“လူအိုကြီး .. ခင်ဗျား ဦးနှောက်တစ်ခန်း လွတ်သွားတာလား..” ရှီဟောင် ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိအိုကြီးကို လှောင်ပြောင်လိုက်သည်။

“ဟက် … ဟား ဟား ဟား .. ဒီလူအိုကြီး လောကကြီးကို အုပ်စိုးတဲ့အချိန်တုန်းက မင်းရဲ့ဘိုးဘေးတွေတောင် ဘယ်ဆီနေမှန်း မသိသေးဘူး..” သူ ခနဲ့တဲ့တဲ့ ပြန်ဖြေလိုက်လေ၏။

“ခင်ဗျား စကားလုံးတွေနဲ့ ပိသေမှာ မကြောက်ဘူးလား .. ခင်ဗျားတို့ရဲ့ ပျက်စီးနေတဲ့ ထာဝရသက်ရှိ,ရှိနေရင်တောင် သူ ကျောက်တုံးကလန်ထက် ရှေးကျတယ်လို့ ပြောရဲမှာမဟုတ်ဘူး..” ရှီဟောင် ပြောလိုက်သသည်။

ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ၏ မျက်နှာတောင့်ခဲသွားသည်။ ဤသည်မှာ အမှန်တရားပင်။ ကျောက်တုံးကလန်ဆိုသည်မှာ ယခင်ခေတ်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် ဤကလန်သားအားလုံး နယ်ခြားစပ်၌ ကျဆုံးခဲ့ကြသည်။ မဟုတ်ပါက သူတို ဘယ်လိုလုပ် သက်ရှည်မိသားစု မဖြစ်ပဲနေမည်နည်း.. ဤကလန်မှာ ယခင်က ဘုရင်ဘွဲ့ရထားသည့်ကလန်ပင်။

“မင်းရဲ့ ဘိုးဘေးတွေကို အပြစ်တင်ရုံပဲပေါ့ .. သူတို့က ကိုယ့်သေတွင်းကိုယ်တူးကြတာလေ..” ထာဝရနန်းတော် အကြီးအကဲ အေးစက်စွာပင် ရယ်မောလိုက်လေ၏။

ဝုန်း..

ရှီဟောင် အလံကို လွှဲရမ်းလိုက်သည်။ သူ၏ဆံပင်များ လွင့်ပျံနေကာ မျက်လုံးများလည်း ခက်ထန်နေ၏။ သူ တကယ်ကို ဒေါသထွက်သွားလေပြီ။

နယ်ခြားစပ်တိုက်ပွဲတွင် သူတို့ကလန်သည် ခမ်းနားသည့်အောင်မြင်မှုများ ရရှိခဲ့သော်လည်း ယခုတော့ အပြစ်သားသွေးမျိုးဆက်အဖြစ် သတ်မှတ်ခံနေရသည်။

ဤသို့ ဆုံးဖြတ်ခဲ့သည့်သူများထဲတွင် ထာဝရနန်းတော်လည်းပါသည်ဟု ပြော၍ရသည်။

အထူးသဖြင့် ထာဝရနန်းတော်မှ အကြီးအကဲပင်လျှင် ဤကဲ့သို့ ပြောနေဆဲပင်။ ဤသည်မှာ ရှီဟောင်ကို အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာစေသည်ပင်။

“ခွေးအိုကြီး .. နယ်ခြားစပ်တိုက်ပွဲမှာတုန်းက ခင်ဗျား ဘယ်ရောက်နေတာလဲ .. ခင်ဗျားက ရန်သူတွေနဲ့ ရင်မဆိုင်ရဲပဲ အနောက်မှာ ပုန်းနေပြီးတော့ အခုမှ အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောရဲတယ်ပေါ့ .. ခင်ဗျားကိုယ်ခင်‌ဗျားဘယ်သူလို့ ထင်နေတာလဲ .. ခင်ဗျားက ကျုပ်ရဲ့ဘိုးဘေးတွေကို စော်ကားရဲတယ်ပေါ့ .. သူတို့ရဲ့ယှဉ်ရင် ခင်ဗျားတို့ ထာဝရနန်းတော်က လူတွေက အသက်ရှင်ဖို့ကို လောဘကြီးနေတဲ့ သွေးကြောင်နေတဲ့လူတွေပဲ .. အိမ်မှာပဲ လူကျယ်လုပ်ချင်နေကြတာ .. တိုက်ပွဲပြီးသွားတော့မှ ထွက်လာကြတယ် .. ခင်ဗျားတို့လိုမျိုး ဂိုဏ်းမျိုးရှိနေတာ စီရင်စုသုံးထောင် နာမည်ပျက်တယ်.”

ရှီဟောင် ဆူပူလိုက်သည်။ သူ၏လက်ထဲမှ အလံကို လွှဲရမ်းလိုက်သောကြောင့် လေပြင်းများ တိုက်ခတ်လာသည်။

အဝူးဝူးအသံများ အောက်တွင် ကြယ်များ အက်ကွဲပေါက်ကွဲသွားကြသည်။

ဒုန်း..

ထာဝရကြေးနန်းတော် တောက်ပလာကာ စစ်ပွဲအလံကို တားဆီးရန် တရှိန်ထိုး ရောက်လာလေ၏။ သူတို့နှစ်ဦးကြားတွင် ထာဝရမြူများ ထွက်ပေါ်လာကာ အဆုံးမရှိသည့် နတ်အလင်းများလည်း ထွက်ပေါ်လာ၏။

ထာဝရပစ္စည်းများ တိုက်ခိုက်နေကြလေပြီ။ အဆင့်လွန်သက်ရှိများပါ ပါလာသည့်အချိန်တွင် တိုက်ပွဲမှာ အလွန်အန္တရာယ်များသွားသည်ပင်။

ရှီဟောင် အန္တရာယ်ရှိနေလပြီ။ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူမှာ အဆင့်လွန်သက်ရှိဖြစ်ပြီး သူကတော့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌သာ ရှိနေသေးသည်ပင်။

အဆင့်လွန်သက်ရှိနယ်ပယ်မှာ အလွန်ထူးဆန်းသည့်နယ်ပယ်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုလုံးရှိ ကျင့်ကြံသူပေါင်း သန်းပေါင်းများစွာထဲ၌ ရှာဖွေလျှင်ပင် အဆင့်လွန်သက်ရှိ ဘယ်နှယောက်သာ ရှိနိုင်မည်နည်း.. သူတို့သည် မတူညီသည့်အချိန်များမှ ကောင်းကင်သားတော်များပင်။

ဤကဲ့သို့သော သူမျိုးကို သူတို့ထက် ကျင့်ကြံဆင့်နိမ့်သည့်သူများသာ သတ်နိုင်သည်ဆိုပါက သူတို့ ဘယ်လိုလုပ် အဆင့်လွန်သက်ရှိဖြစ်နိုင်တော့မည်နည်း..

ထို့ကြောင့် ထာဝရနန်းတော်အကြီးအကဲ ကြေးနန်းတော်ကို ခေါ်လိုက်ကတည်းက ရှီဟောင်၏အခြေအနေမှာ ချက်ချင်းပင် ဆိုးရွားသွားသည်ပင်။

“လူငယ်လေး .. မင်းအသက်ကိုပေးလိုက်တော့..” ထိုအကြီးအကဲ အော်ဟစ်လိုက်သည်။ သူသည် အလံကို တားဆီးရန်အတွက် ကြေးနန်းတော်ကို အသုံးပြုလိုက်သည်။ သူတို့နှစ်ဦးကြားတွင် အဆုံးမရှိသည့် ထာဝရအလင်းများ တောက်ပလာလေ၏။

ထို့အပြင် သူသည် လက်တစ်ဖက်လှမ်းကာ ရှီဟောင်ကို ဖမ်းဆုတ်ရန် ကြိုးစားလိုက်သည်။ သူ၏မျက်နှာထက်၌ မကောင်းသည့်အပြုံးတစ်ခုလည်း ဖြစ်ပေါ်လာသည်ပင်။

အဘယ်ကြောင့်ဆိုသော် ပုန်းနေသည့် အဆင့်လွန်သက်ရှိနှစ်ဦးသည် ပျက်စီးနေသည့် ထာဝရသက်ရှိကို ကြောက်သောကြောင့် ပေါ်လာမည်မဟုတ်။ ထို့အပြင် ချင်းကလန်မှ ငါးဆင့်ပြောင်းလဲခြင်းတောင်သည်လည်း ပြင်းထန်စွာတုန်ခါသွားပြီးနောက် ပြန်လည်တည်ငြိမ်သွားလေပြီ။

ဤသည်မှာ ထာဝရနန်းတော်မှ ပျက်စီးနေသည့်ထာဝရသက်ရှိ သူ၏အသိစိတ်ကို ထုတ်လွှတ်သောကြောင့် ဖြစ်လိမ့်မည်။

သေချာပါသည်။ ထိုအခိုက်အတန့်တွင် ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်းသည် အလွန်နူးညံ့သော်လည်း စွမ်းအားကြီးသည့်သူများစွာကို ထိတ်လန့်သွားစေ၏။ ဤသည်မှာ နှိုးထလာသည့်ပျက်စီးနေသည့်ထာဝရသက်ရှိ၏ စိတ်ဆန္ဒပင်။

ထို အိပ်နေသည့်သက်ရှိ ထွက်ပေါ်လာနိုင်လောက်သည်။

အခြေအနေမှာ အရေးကြီးနေလေပြီ။ ရှီဟောင်၏အခြေအနေ ဆိုးရွားနေသည့်အချိန်တွင် ရုတ်တရက်ပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာကာ ထာဝရနန်းတော်မှ အကြီးအကဲ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားကာ သွေးအန်သွားလေ၏။

သူ့ဆံပင်များ ထောင်ထသွားရသည်။ အဘယ်ကြောင့်ဆိုသော် ပုန််းကွယ်နေသည့် ထာဝရသက်ရှိနှစ်ဦး ထပ်မံတိုက်ခိုက်လာသည်ပင်။ ဤတစ်ခေါက်သည် ယခင်ကနှင့်မတူတော့။ သူတို့ သူ့ကို အသေသတ်တော့မှာလား…

အဲဒီနှစ်ယောက်က သူနဲ့ သူသေကိုယ်သေ တိုက်တော့မှာလား..

ဝုန်း..

ထာဝရစွမ်းအင်များ ပါဝင်နေသည့် အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာကာ ချင်းကလန်အတွင်းပိုင်းမှ ငါးဆင့်ပြောင်းလဲခြင်းတောင် ထွက်ပေါ်လာသည်။ ထိုတောင်သည် ဖိအားများ ထုတ်လွှတ်ကာ သူ့အားဖိနှိပ်လာသည်ပင်။

“ခင်ဗျားတို့အားလုံး လုပ်ရဲတယ်ပေါ့..”

ထာဝရနန်းတော်အကြီးအကဲ အော်ဟစ်လိုက်၏။ အဆင့်လွန်သက်ရှိနှစ်ဦးနှင့် ချင်းကလန်သည် ပျက်စီးနေသည့်ထာဝရသက်ရှိအား ကြောက်ရွံ့နေခြင်းဖြစ်သည်ဟု သူထင်ထားခဲ့ခြင်းပင်။ သို့သော်လည်း ဤသည်မှာ မုန်တိုင်းမလာခင် တိုက်ခတ်လာသည့် လေပြေလေးသာ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဖုန်း..

သူ လျင်မြန်စွာ လှုပ်ရှားလိုက်လျှင်ပင် သူ ထိုအလင်းတန်းနှစ်ခုကို ရှောင်တိမ်းနိုင်မည်မဟုတ်။

ဝုန်း ဟူသည့် ဆူညံသံများအောက်တွင် သူ သွေးအန်သွားရသည်။

သူ့အား အကြီးမားဆုံးခြိမ်းခြောက်နေသည်မှာ ထို ငါးဆင့်ပြောင်းလဲခြင်းတောင်ပင်။ ထိုတောင်ကို ထာဝရသက်ရှိအစစ်မှ ချိတ်ပိတ်ထားည်ကို ဖယ်ပေးလိုက်သကဲ့သို့ သူ့ဘက်သို့ ဖိနှိပ်လာနေသည်။

ဝုန်း..

သူ ငါးဆင့်ပြောင်းလဲခြင်းတောင်ကို ရှောင်ရှားလိုက်နိုင်သော်လည်း အဆင့်လွန်သက်ရှိနှစ်ဦး၏ ထူးဆန်းသည့်ပညာများဖြင့် ဝန်းရံခြင်းခံလိုက်ရသည်။ သူ့ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်လာကာ‌ သွေးများ ပန်းထွက်လာသည်။

ရွှီး..

သူ ထာဝရကြေးနန်းတော်ထံသို့ ပြေးဝင်သွားလိုက်သည်။ သူ အပြင်ဘက်မှ တိုက်ခိုက်မှုများကို ရှောင်ရှားကာ ထိုနန်းတော်ထဲသို့ ဝင်ရန် ကြိုးစားလိုက်သည်။

“ခွေးအိုကြီး .. ခင်ဗျားက လိပ်ခွံထဲ ဝင်ပုန်းချင်နေသေးတာလား..” ရှီဟောင် အလံကို လှုပ်ရမ်းကာ သူ့ကို တားဆီးလိုက်သည်။

ဝုန်း..

ထာဝရကြေးနန်းတော် ပြင်းထန်စွာ တုန်ခါလာကာ အလံကို ခွာချလိုက်သောကြောင့် နန်းတော် အဝင်ဝပေါ်လာသည်။ ထာဝရနန်းတော်အကြီးအကဲသည် စကားတစ်ခွန်းမှ မပြောပဲ အထဲဘက်သို့ တန်းဝင်သွားလေ၏။

ဒုန်း..

သို့သော် ထိုအချိန်တွင် ငါးဆင့်ပြောင်းလဲခြင်းတောင် တောက်ပလာကာ ထာဝရအလင်းတန်းငါးခု ထွက်ပေါ်လာကာ ကြေးနန်းတော်ကို တုန်ခါသွားစေသည်။ နန်းတော်အထဲဘက်၌ ရှိနေသည့် အကြီးအကဲလည်း တုန်လှုပ်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ပြည့်နှက်သွားသည်။

ရွှီး..

တစ်ချိန်တည်းမှာပင် ရှီဟောင်၏လက်ထဲတွင်ရှိနေသည့် ထာဝရဓားသည်လည်း ဓားအလင်းတန်းတစ်ခု ထုတ်လွှတ်ကာ အကြီးအကဲ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် စွမ်းအင်လွှာကို ထိုးဖောက်သွားသည်။

“မင်း .. မင်းတို့အားလုံး..”

သူသည် ရုတ်တရက်ပင် သူ့ဘက်လှည့်လာကာ သူ့အား ဒေါသတကြီး ကြည့်လာသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဓားကို ထိန်းချုပ်နေသည့်သူများမှာ ထိုအဆင့်လွန်သက်ရှိနှစ်ဦးဖြစ်သည်ကို သူသိနေသည်ပင်။ ဒဏ်ရာသည် သူ၏အုတ်မြစ်ကို ထိခိုက်သွားခြင်းပင်။

သို့သော် ဤအရာများမှာ ဤနေရာ၌ ရပ်တန့်မသွား။ အရိုးထိကို ထိုးဖောက်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုကို သူခံစားလိုက်ရသည်။

ဝုန်း..

သူ ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် သင်္ကေတများ ထွက်ပေါ်လာသည်။

သူ၏အရေးကြီးသည့်နေရာများကို ကာကွယ်လိုက်သော်လည်း သူ၏လက်တစ်ဖက် ပြုန်ထွက်သွားကာ သွေးမြူအဖြစ် ပေါက်ကွဲသွားသည်။

သူ့အသက်ကို ကာကွယ်ရန်အတွက် သူ့လက်တစ်ဖက်ကို ဆုံးရှုံးခံလိုက်ရသည်ပင်။

ဤသည်မှာ တကယ်ကို ရှက်စရာကောင်းလှသည်။ အဆင့်လွန်သက်ရှိတစ်ဦးအတွက်တော့ ဤသည်မှာ သည်းမခံ၍မရနိုင်လောက်အောင် ရှက်စရာကောင်းလှသည်ပင်။

ဒုန်း..

ထာဝရကြေးနန်းတော်၏ဝင်ပေါက် တင်းကြပ်စွာ ပိတ်သွားပြီး အပြင်ဘက်မှလူများ အထဲဘက်သို့ မကြည့်နိုင်အောင် လုပ်လိုက်သည်။

“ဘိုးဘေးအရင် .. တကယ်လို့ ဘိုးဘေးရဲ့အခြေအနေက အရမ်းကြီး မဆိုးရွားရင် ကျေးဇူးပြုပြီး ထွက်လာပေးပါ..” ထာဝရနန်းတော်မှ အကြီးအကဲ တီးတိုးရေရွတ်လိုက်ပြီးနောက် ရှေးဟောင်းကျမ်းစာတစ်မျိုးကို ရွတ်ဆိုလိုက်သည်။ သူ ထာဝရနန်းတော်နှင့် ဆက်သွယ်ရန် ကြိုးစားနေခြင်းပင်။

ထိုနေရာ၌ ပျက်စီးနေသည့် ထာဝရသက်ရှိ ရှိနေသည်။ သူ၏ခန္ဓာကိုယ်အိပ်ပျော်နေသော်လည်း နှိုးထနေသည့် စိတ်ဝိညာဉ်ရှိသည်ပင်။ သူသည် အပြင်လောကမှ အရာအားလုံးကို အာရုံခံနိုင်ပြီး အမိန့်စာကို ပေးခဲ့သည်မှာလည်း ထိုစိတ်ဝိညာဉ်ပင်။

ဒုန်း..

ထိုအချိန်တွင် ထာဝရဗုံတီးသကဲ့သို့သော အသံများ ထွက်ပေါ်လာကာ စီရင်စုသုံးထောင်ကို တုန်ခါသွားစေသည်။ ခမ်းနားလှသည့် နတ်ခန်းမကြီးတစ်ခုပေါ်လာသကဲ့သို့၊ များပြားလှသည့် ကောင်းကင်စစ်သားများ အော်ဟစ်နေကြသကဲ့သို့ပင်။

ထိုအချိန်တွင် စီရင်စုသုံးထောင်၏ နေရာတစ်ခု၌ ထာဝရအလင်းများ ထွက်ပေါ်လာကာ ထာဝရတာအိုအော်ရာလှိုင်းတစ်ခုလည်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားသည်။

“ပျက်စီးနေတဲ့ ထာဝရသက်ရှိ .. ပေါ်လာပြီ..”

ထိုအခိုက်အတန့် ဂိုဏ်းခေါင်း‌ဆောင်များပင် ထိတ်လန့်သွားကြရကာ တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်လေ၏။

အပိုင်း ၁၉၁၂ ပြီး၏။
Chapter – 1913 ပျက်စီးနေသည့်ထာဝရသက်ရှိ ပေါ်လာခြင်း

ပျက်စီးနေသည့်ထာဝရသက်ရှိ ထွက်လာပြီ .. ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။ ကောင်းကင်ထက်သို့ စိတ်ဆန္ဒတစ်ခု တက်သွားကာ လောကတစ်ခုလုံး ထာဝရတာအိုအလင်းများဖြင့် တောက်ပသွားသည်။

သာမန်လူများအတွက်တော့ ဤလောက၌ ထာဝရသက်ရှိအစစ် ရှိနေသေးမှန်း ဘယ်လိုလုပ် သိနိုင်မည်နည်း..

အကောင်ကြီးများပင်လျှင် ယခုတလောမှ သိရခြင်းပင်။ သူသည် အမြဲတမ်း သီးသန့်နေခဲ့ကာ ယနေ့မှ သူရှိမှန်း အတည်ပြုလိုက်နိုင်ခြင်းပင်။

ပထမဆုံး အမိန့်စာပေါ်လာသည်။ ယခု ကောင်းကင်ကို ထိုးခွဲသွားသည့် နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ဗုံသံများကဲ့သို့သော ဆူညံသံများ ထွက်ပေါ်လာ၏။ ဤသည်မှာ ပျက်စီးနေသည့်ထာဝရသက်ရှိ၏လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် အရာများပင်။

ယခုအချိန်တွင် လောကကြီး၏ အဆုံးသတ်သို့ ရောက်သွားသကဲ့သို့ အားလုံး တုန်လှုပ်သွားကြရသည်။

စီရင်စုသုံးထောင်မှ လူအများစုမှာ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မကြုံဖူး။ ဤလောက၌ ထာဝရသက်ရှိကို မြင်ရလိမ့်ဦးမည်ဟု မည်သူက ထင်ထားမည်နည်း..

ဝုန်း..

နောက်ဆုံးတစ်ကြိမ် တုန်ခါပြီးနောက် ထိုဖိအား ပျက်ပြယ်သွားသည်။

သာမန်လူများအတွက်တော့ သူတို့ တစ်ခဏခန့် စိတ်လွတ်သွားပြီးနောက် အရာအားလုံးပုံမှန်အတိုင်းသို့ ပြန်ဖြစ်သွားလေပြီ။ ဤသည်မှာ မီးတောင်ပေါက်ကွဲပြီးနောက် အရာအားလုံး ပျက်စီးသွားသကဲ့သို့ပင်။

စွမ်းအားကြီသည့်သူများအတွက်မူ ဖိအားများ ပိုများလာသည်။

တစ်ခုခုဖြစ်ပျက်နေပြီကို သူတို့သိသည်။ ပျက်စီးနေသည့်ထာဝရသက်ရှိသည် ချင်းကလန်သို့ ရောက်လာတော့မည်။

“ဒါက ခြိမ်းခြောက်တာမဟုတ်ဘူး .. သူ တကယ်လာနေပြီ..” ဂိုဏ်းခေါင်းဆောင်တစ်ဦး အော်ဟစ်လိုက်သည်။

ဤထက် ကြောက်စရာကောင်းသည့်အရာမရှိတော့။ ထာဝရသက်ရှိအစစ် လာရောက်တိုက်ခိုက်တော့မည်။ မည်သူကများ သူ့အား ခုခံနိုင်မည်နည်း..

ရှီဟောင်နှင့် မတည့်သည့်သူများကတော့ ပျော်ရွှင်နေသည်ပင်။

ပျက်စီးနေသည့်ထာဝရသက်ရှိ ပေါ်လာလေပြီ။

သို့သော်လည်း သူသည် သူ၏ထာဝရတာအိုအော်ရာ ထွက်မသွားအောင် ဖိနှိပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အခြေအနေမှာ မကောင်းသေး။ သူ ပျက်စီးသွားသည်အထိ ရိုက်ခံခဲ့ရသောကြောင့် သူ၏ထာဝရတာအိုစွမ်းအားကို နည်းနည်းလေးမှ မဖြုန်းတီးပစ်နိုင်။

ထို့အတူ စီရင်စုသုံးထောင်ကိုလည်း သူ မနှောက်ယှက်ချင်။

သူ၏ထွက်ပေါ်လာမှုကြောင့် စီရင်စုသုံးထောင်မှ လူအားလုံး ထိတ်လန့်သွားလျှင် ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာကြီး၏ ဥပဒေသကို နှောက်ယှက်ကာ မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်လာနိုင်သည်။

သို့သော် ဤကဲ့သို့ ချုပ်ထိန်းမှုမှာ ထာဝရချင်း၊ ရှီဟောင်နှင့် အခြားသူများအတွက်မပါ။ အဘယ်ကြောင့်ဆိုသော် သူ ဤလူများအတွက် ရောက်လာခြင်းပင်။

ပျက်စီးနေသည့်ထာဝရသက်ရှိသည် စွမ်းအားကြီးလွန်းလှသည်။ သူ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် စီရင်စုပေါင်းများစွာကို ဖြတ်ကျော်သွားလေ၏။

စွမ်းအင် မည်မျှ စွမ်းအားကြီးသည်ကို ရှီဟောင်ပင် အာရုံခံနိုင်သောကြောင့် အဆင့်လွန်သက်ရှိများလည်း အာရုံခံနိုင်သည်ပင်။

“ဟား ဟား ဟား..” ကြေးနန်းတော်ထဲမှ ရယ်သံတစ်သံ ထွက်ပေါ်လာလေ၏။ ထိုအသံမှာ နားကလောစရာ ကောင်းလှသလို အလွန်လည်းစိတ်တိုစရာကောင်းလှသည်။

ဤသည်မှာ ထာဝရနန်းတော်မှ အကြီးအကဲ၏အသံပင်။ သူ့ကိုယ်သူ ကြေးနန်းတော်ထဲ၌ ပိတ်ထားသော်လည်း ပျက်စီးနေသည့် ထာဝရသက်ရှိ ချဉ်းကပ်လာနေသည်ကို ခံစားမိသည်ပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ပျက်စီးနေတဲ့ ထာဝရသက်ရှိက သေသွားပြီမဟုတ်ဘူးလား .. သူ အနားယူနေတဲ့နေရာကနေ ထွက်မလာနိုင်ဘူး မဟုတ်ဘူးလား .. အခု သူ တကယ် ပေါ်လာပြီ..” တစ်စုံတစ်ယောက် တီးတိုးပြောလိုက်၏။

သူသာမဟုတ်။ ကောင်းကင်ဘုံကိုးခုမှ လာသည့် အဆင့်လွန်သက်ရှိနှစ်ဦးပင် ဆွံ့အသွားရသည်။ ဒါက အဓိပ္ပာယ်မရှိတာ .. ပျက်စီးနေတဲ့ထာဝရသက်ရှိက ဘယ်လိုလုပ် ရှေးဟောင်းမြေကနေ ထွက်လာနိုင်တာလဲ..

ထဝရချင်း၏မျက်နှာ မည်းမှောင်သွားရသည်။ ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် ပိုနေသည်ပင်။ ဤကဲ့သို့သော ကြောက်စရာကောင်းသည့် အကျိုးဆက် ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့။

ထာဝရနန်းတော်ကို ခုခံလိုက်တာနဲ့ ပျက်စီးနေတဲ့ ထာဝရသက်ရှိပေါ်လာတာလား .. နောင်ကျရင် ဘယ်သူကများ သူတို့ကို ခုခံရဲတော့မှာလဲ..

“မင်းတို့အားလုံး သေတော့မယ် .. တစ်ယောက်မှ လွတ်နိုင်မှာမဟုတ်ဘူး..” ကြေးနန်းတော်ထဲမှ ထိုအကြီးအကဲအသံ ထွက်ပေါ်လာသည်။ ယခု သူ စိတ်အေးသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိ တစ်ယောက်ထက်မက တိုက်ခိုက်လျှင်ပင် ထာဝရသက်ရှိအစစ်ကို အနိုင်ယူနိုင်မည်မဟုတ်သည်ကို သူသိသည်။ တိုက်ခိုက်သည့်မည်သူမဆို ရှင်းလင်းခံလိုက်ရမည်ပင်။

ယနေ့သည် ထာဝရနန်းတော် စွမ်းအားများ ပြသမည့်နေ့ပင်။

ကောင်းကင်ကို ထိုးခွဲကာ စစ်ရထားလုံးတစ်စင်း အရှိန်ဖြင့် မောင်းနှင်လာသည်။ ထိုရလားလုံးသည် ဤလောကရှိ အရာအားလုံးကို ဖျက်ဆီးကာ ဤနေရာသို့ ဦးတည်လာနေသည်ပင်။

ဝုန်း..

ကောင်းကင်မြင်းရှစ်ကောင် တရှိန်ထိုး ပြေးလာနေသည်။ တစ်ကောင်စီတိုင်းတွင် နီရဲနေသည့် နဂါးအကြေးခွံများ ရှိနေပြီး ဦးခေါင်းထက်တွင် ဦးချိုတစ်ချောင်းလည်း ရှိနေသည်။ သူ၏နံရိုးမှ အတောင်ပံတစ်စုံလည်း ထွက်ပေါ်နေသည်ပင်။

ဤသည်မှာ နတ်သားရဲများပင်။ သူတို့သည် ငွေရောင်စစ်ရထားလုံးကို ဆွဲကာ ဤနေရာသို့ ဦးတည်လာနေလေပြီ။

ကောင်းကင်မြင်းများမှာ ပုံစံမတူကြ။ အချို့သည် နဂါးနှင့်တူကာ အချို့သည် ခြင်္သေ့နှင့်တူသည်။ အချို့မှာ မြင်းသားရဲနှင့်တူနေသည်ပင်။ ပုံစံမတူသော်လည်း ဤသက်ရှိများအားလုံးမှာ ရှားပါးသည့်ရတနာများဖြစ်သည်ကို အားလုံးသိကြသည်ပင်။

ရှေးခေတ်အချိန်များ၌ပင် ဤကဲ့သို့သော အကောင်များမှာ အလွန်ရှားပါးလှသည်။

သန့်စင်သည့် ကောင်းကင်မြင်းများသည် စွမ်းအားအကြီးအဆုံးသူများအတွက်သာ စီးတော်ယာဉ်အနေဖြင့် ခစားသည်ဟု ပြောကြသည်။

ထာဝရသက်ရှိများ နေထိုင်ကြသည့် ရှေးခေတ်အချိန်များ၌ပင် ကောင်းကင်မြင်းများမှာ အလွန်အရေးကြီးသည့် စီးတော်ယာဉ်များဖြစ်သည်ဟု ပြောကြသည်။

“အထင်ကြီးစရာပဲ .. ထာဝရနန်းတော်ရဲ့ နောက်ခံက တကယ်ကို ကောင်းတာပဲ .. သူတို့မှာ ကောင်းကင်မြင်း ရှစ်ကောင်တောင် ရှိတယ် .. သူတို့ ဒီမြင်းတွေကို တစ်ခါမှ မသုံးဖူးဘူး..”

တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။

ဝုန်း..

ထိုမြင်းရှစ်ကောင် ပြေးလိုက်သည်နှင့် လောကကြီးတစ်ခုလုံးကို စွမ်းအားကြီးသည့် အော်ရာများ ဖုံးလွှမ်းသွားသည်။ ချင်းကလန်၏ တောင်ဂိတ်တံခါးအပြင်ဘက်ရှိ ကျင့်ကြံသူများစွာ တုန်ယင်သွားကြရသည်။

ထိုအချိန်တွင် လူများစွာသည် ထိုဖိအားဒဏ်ကို မခံနိုင်ပဲ မြေပြင်ပေါ်သို့အားနည်းစွာ လဲကျသွားသည်။

ဤသည်မှာ ပျက်စီးနေသည့်ထာဝရသက်ရှိ သူ၏အော်ရာများကို ချုပ်ထိန်းထားသည့် အခြေအနေ၌သာ ရှိသေးသည်။ သူသည် ငွေရောင်စစ်ရထားလုံးထဲ၌ ထိုင်နေသော်လည်း ထာဝရအလင်းများကို ထုတ်လွှတ်ခြင်းမရှိ။ မဟုတ်ပါက ဤထက် ဆိုးရွားသွားမည်ပင်။

ကောင်းကင်မြင်းရှစ်ကောင် ရပ်တန့်သွားသည့်အချိန်တွင် သူတို့၏ခွာများ လေထဲ၌ ရပ်တန့်သွားကာ ဤနေရာပျက်စီးသွားသည်။

“ထာဝရသက်ရှိအစစ်တွေရဲ့ စီးတော်ယာဉ်တွေက အရမ်း ကြောက်စရာကောင်းတာပဲ..” အားလုံး တုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်ထိ သူတို့ ဤသားရဲရှစ်ကောင်၏ ကျင့်ကြံဆင့်ကို မမြင်နိုင်သေး။

ကောင်းကင်မြင်းများမှာ ကြီးမားလွန်းလှသည်။ ခွာတစ်ခုပင်လျှင် တောင်တစ်လုံးကို နင်းချေပစ်နိုင်သည်။ သူတို့၏မျက်လုံးများမှာ အလွန်အေးစက်နေသည်ပင်။

သူတို့အနောက်တွင် အလွန်ကြီးမားလှသည့် ငွေရောင်ရထားလုံး ရှိနေသည်။ ဤရထားလုံးမှာ အလွန်ရှေးကျလှသည်။

ဤသည်မှာ ထာဝရရှေးဟောင်းခေတ် စစ်ပွဲများကို ဖြတ်ကျော်ဖူးသည့် ရထားလုံးပင်။ ရထားလုံးမျက်နှာပြင်တွင် ဓားရာများ၊ မြှားပေါက်ရာများ ပြည့်နှက်နေသည်ပင်။

ရှီဟောင်နှင့် ထာဝရချင်းတို့ စိတ်ထဲ တုန်လှုပ်သွားရသည်။ ထာဝရသက်ရှိထွက်လာနိုင်သည်မှာ ဤရထားလုံးနှင့် ဆက်စပ်နေမှန်း အချို့သူများ သိနေကြသည်ပင်။ ဤရထားလုံးသည် ပျက်စီးနေသည်ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကို ကာကွယ်ပေးနိုင်သည်။

ဒုန်း..

ကြေးနန်းတော်တံခါးပွင့်လာကာ ထိုအကြီးအကဲ ထွက်လာပြီး လေဟာနယ်ထဲ၌ ဒူးထောက်လိုက်သည်။

“ကျွန်တော် ဘိုးဘေးအရှင်ကို အရိုအသေပေးပါတယ်..” သူ တုန်ယင်စွာ ပြောလိုက်သည်။

“ဟွမ် .. မင်း ဘာလို့ အခုထိ မလာသေးတာလဲ..”

စစ်ရထားလုံးထဲမှ အလွန်အသက်ကြီးနေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် တည်ငြိမ်နေသော်လည်း အားလုံးကို ထိန်းချုပ်၍မရနိုင်စွာ တုန်လှုပ်သွားစေသည်ပင်။

ဤသည်မှာ ပျက်စီးနေသည့် ထာဝရသက်ရှိတစ်ဦး စကားပြောနေခြင်းပင်။

ရှီဟောင် သက်ပြင်းချလိုက်၏။ ဤကဲ့သို့သော သက်ရှိမျိုးက သူ့အတွက် တကယ်ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း..

“ထာဝရသက်ရှိတွေ ဆင်းသက်လာရင် သက်ရှိတွေအားလုံး ဦးညွှတ်ရမယ် .. မင်းက အခုထိ အရိုအသေမပေးသေးဘူးလား..” ထာဝရနန်းတော်အကြီးအကဲ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် ရှီဟောင်ကို စိုက်ကြည့်ကာ “ဒူးထောက်ပြီး တွားသွားပြီးလာခဲ့..”

အားလုံး ချွေးစေးများ ပြန်လာရသည်။ ကျွမ်းကျင်သူများစွာသည် ချက်ချင်းပင် ဒူးထောက်ကာ လေးနက်စွာ အရိုအသေပေးလိုက်လေ၏။ ဂိုဏ်းခေါင်းဆောင်အချို့ပင်လျှင် ခေါင်းငုံ့ကာ ဦးညွှတ်လိုက်ကြလေ၏။

ဤသည်မှာ ပျက်စီးနေသည့်ထာဝရသက်ရှိ၏ စွမ်အားပင်။ သူတို့ မတိုက်ခိုက်လျှင်ပင် လောကကြီးကို စီးမိုးကြည့်နိုင်ဆဲပင်။

ပျက်စီးနေသည့်ထာဝရသက်ရှိ ဘာမှမပြော။

သူ၏အော်ရာမှာ စွမ်းအားကြီးလွန်းလှသည်။ သူ၏ထာဝရစွမ်းအင်များကို ကန့်သတ်ထားလျှင်ပင် တာအိုတစ်ခုတည်းဖြင့် လောကကြီးကို တုန်လှုပ်စေနိုင်ဆဲပင်။

သူသည် ဘာမှထပ်မပြောတော့ပဲ ရှီဟောင် ရောက်လာပြီး ဦးညွှတ်မည့်အချိန်ကို စောင့်နေလေ၏။

အပိုင်း ၁၉၁၃ ပြီး၏။
Chapter – 1914 ထာဝရသက်ရှိအစစ်အား မျက်နှာချင်းဆိုင် တိုက်ခိုက်ခြင်း

ထိုအခိုက်အတန့်တွင် လောကကြီး တိတ်ဆိတ်သွားသည်။ မည်သူမှ စကားမပြောကြတော့။ အားလုံး မြေပြင်ထက်၌ ရှိနေကြကာ ဒူးထောက်နေကြသည့်သူများသည်လည်း မရေမတွက်နိုင်အောင်ပင်။

ဤနေရာတွင်ရှိနေသည့်သူများထဲတွင် မည်သူမှ အားမနည်း.. အားလုံးမှာ မတူညီသည့်ကလန်များမှ စွမ်းအားကြီးသူများပင်။

သို့သော် သူတို့အားလုံးသည် ခေါင်းငုံ့ထားကာ ကောင်းကင်ကို မော့မကြည့်ရဲကြတော့။ သူတို့သည် ကောင်းကင်မြင်းများကိုပင် ခိုးမကြည့်ရဲကြ။

ကောင်းကင်မြင်းများ၏ ကြွက်သားများမှာ စတီးကဲ့သို့ မာကျောနေပြီး နဂါးအကြေးခွံများလည်း ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ သူတို့သည် လေထဲ၌ မလှုပ်မယှက်ပင် ရပ်နေလေ၏။

ရှီဟောင်သည် လှုပ်ရှားခြင်းမရှိပဲ ထိုနေရာ၌သာ ရပ်နေသည်။ သူ ဤအခြေအနေကို မည်ကဲ့သို့‌ ဖြေရှင်းမည်နည်း.. ယခု သူ အန္တရာယ်များနေလေပြီ။

“မင်းက ကောင်းကင်နဲ့မြေကြီး ကွာခြားချက်ကို မသိဘူးလား .. မင်း ထာဝရသက်ရှိအစစ်ကို အရိုအသေမပေးသေးဘူးလား .. ဒါက ကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်လို့ရနိုင်တဲ့ အာခံမှုပဲ..” ထာဝရနန်းတော် အကြီးအကဲ အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် မည်သူကများ ဘာပြောရဲတော့မည်နည်း … မည်သူက ရှေ့ထွက်လာရဲတော့မည်နည်း.. ဤနေရာ၌ရှိနေသည့် သူများထဲတွင် ပျက်စီးနေသည့် ထာဝရသက်ရှိကို ယှဉ်နိုင်သည့်သူ မရှိ။

ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိနှစ်ဦးပင်လျှင် အစရှာမရအောင် ပျောက်ကွယ်သွားလေပြီ။

သူတို့ ယခု ဟွမ်ကို ထွက်ကယ်လျှင်ပင် အသုံးဝင်မည်မဟုတ်မှန်း သူတို့သိသည်။ သူတို့အလကားသက်သက် သေရုံသာ ဖြစ်သွားလိမ့်မည်။

ကောင်းကင်ဘုံကိုးခုသို့ ပြန်ပြေးမှသာ သူတို့ ကပ်ဘေးမှ လွတ်မြောက်နိုင်လိမ့်မည်။

စီရင်စုသုံးထောင်တွင် ပျက်စီးနေသည့် ထာဝရသက်ရှိ ရှိကြောင်း သူတို့ကြားထားသည်ပင်။ သို့သော် သာမန်အခြေအနေတွင် သူတို့သည် အမြဲတမ်း အိပ်စက်နေပြီး သူတို့အိမ်မှ ထွက်ခွာလာကြမည်မဟုတ်။ ပထမအချက်မှာ သူတို့ခန္ဓာကိုယ် ဒဏ်ရာရထားသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ကောင်းကင်ဘုံကိုးခု၌ သူတို့ကို ခြိမ်းခြောက်နိုင်သည့် အသက်ကန့်သတ်သည့်နယ်မြေများ ရှိနေသည်ပင်။ သူတို့ ကောင်းကင်ဘုံကိုးခုသို့ သွားမည်မဟုတ်။

“ကလန်ကိုရှင်းပစ်နိုင်တဲ့အပြစ်ဟုတ်လား .. ဒီလိုမျိုး သတ်မှတ်ရအောင် ခင်ဗျားတို့က ဘာမို့လို့လဲ.. ကျုပ်က ဘာလို့ အရိုအသေပေးရမှာလဲ..” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။ သူသည် စိုးရိမ်ကြောက်ရွံ့ခြင်းမရှိပဲ အလွန်ပင် တည်ငြမ်နေလေ၏။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သူက ဒီလိုမျိုး ပြောရဲတာလား .. ဒါက ထာဝရသက်ရှိအစစ်လေ ..

“မင်းက တကယ်တစ်ခုခုပဲ .. ပြိုင်ဘက်ကင်းသက်ရှိနဲ့ တွေ့ရတာတောင်မှ မင်းက ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့..” ထာဝရနန်းတော်မှ အကြီးအကဲအသံမှာ အလွန်အေးစက်နေသည်။ “ထာဝရသက်ရှိအစစ်ကိုတွေ့ရင် ဦးညွှတ်ရမယ်ဆိုတာ တစ်လောကလုံးသိတယ် … သူတို့တွေက ငါတို့ဘိုးဘေးတေါ .. ငါတို့လောကကြီးကို ကာကွယ်ပေးခဲ့တဲ့ ပြိုင်ဘက်ကင်းသက်ရှိတွေ၊ ရဲရင့်တဲ့စီနီယာတွေ .. သူတို့က မယုံကြည်နိုင်လောက်အောင် အောင်မြင်ခဲ့ကြတာ .. မင်းက မောက်မာစိတ်ကြီးဝင်နေပြီးတော့ အရှင့်ကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့ .. မင်းက တစ်လောကလုံးကို ဆန့်ကျင်မလို့လား..”

ဤစကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေလေ၏။

“ရဲရင့်တဲ့ဘိုးဘေးတွေ၊ အောင်မြင်မှုတွေ ဟုတ်လား..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောပစ်လိုက်သည်။ သူ၏အသံတွင် စိတ်ပျက်မှုနှင့် ဒေါသလည်း အနည်းငယ် ပါနေသည်ပင်။ “ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တဲ့သူတွေအားလုံး သေသွားပြီ . တစ်ချို့က ထာဝရရှေးဟောင်းခေတ်မှာ သေသွားပြီ .. တစ်ချို့က ဒီခေတ်မှာ အသတ်ခံရပြီးတော့ နယ်ခြားစပ်မှာ မြှုပ်ခံထားခဲ့ရတာ .. သူ့လိုမျိုး မတိုက်ရဲပဲ သွေးကြောင်နေတဲ့သူ့ကို ကျုပ်က ဘာလို့ အရိုအသေပေးရမှာလဲ..”

“မင်း ဘာပြောနေလဲဆိုတာ မင်းသိလား..” ထာဝရနန်းတော်အကြီးအကဲ ဆူပူလိုက်သည်။ သူ၏အကြည့်များမှာ လျှပ်စီးကဲ့သို့ အေးစက်တောင့်တင်းနေသည်ပင်။ သူ ရှီဟောင်ကို ဖိနှိပ်ချင်သည်။

“ဒါပေါ့ ကျုပ်သိတာပေါ့ .. ကျုပ်ပြောတာ အမှန်မဟုတ်လို့လား..” ရှီဟောင် ဘာကိုမှ မကြောက်။ “ခင်ဗျားသာ အသက်စွန့်ပြီး တစ်ဖက်လောကကို တိုက်ခိုက်ရဲရင် ပျက်စီးနေတဲ့ ထာဝရသက်ရှိဆိုတာ ရှိမှာမဟုတ်ဘူး .. ဒါက အတွင်းရေးပဋိပက္ခလုပ်တာထက် ဘာမှ မပိုဘူး..” သူ ခေါင်းမော့၍ ပြောလိုက်သည်။

“ကျုပ်ကြားဖူးတာတော့ ထာဝရရှေးဟောင်းခေတ်တိုက်ပွဲမှာ ခွန်ပန်က ဒီခေတ်က တစ်ယောက်ယောက်‌ နောက်ကျောဓားနဲ့ထိုးလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာတဲ့ .. အဲဒါက ဒီလောကကြီးရဲ့ ပျက်စီးနေတဲ့ထာဝရသက်ရှိပဲ ဖြစ်မှာပေါ့ ဟုတ်တယ်မလား .. သူ ပျက်စီးသွားတာကလည်း ခွန်ပန်ကြောင့်ပဲ..” ရှီဟောင်သည် ဘာကိုမဆို ပြောရဲသည်ပင်။

အောက်ဘက်ရှိ လူများ ဖြူဖျော့သွားကြရသည်။ သူတို့သည် မြေပြင်ပေါ်၌ ဒူးထောက်ထားကြကာ တုပ်တုပ်ပင် မလှုပ်ရဲကြ။ လူငယ်လေးတစ်ယောက်က ပျက်စီးနေတဲ့ ထာဝရသက်ရှိကိုတောင် ဒီလိုမျိုး ပြောရဲတာလား..

“ဒီလောကကြီးကို ကာကွယ်တယ်ဟုတ်လား .. ကျုပ်ကြားတာတော့ ပျက်စီးနေတဲ့ ထာဝရသက်ရှိက အရင်တုန်းက အောင်မြင်မှုရခဲ့တဲ့သူတွေရဲ့ မျိုးဆက်တွေကို အပြစ်သားလို့ခေါင်းစဉ်တပ်ပြီး အပြစ်ဒဏ်ချခဲ့တာတဲ့ .. အခု ဘုရင်တွေ ကွယ်လွန်သွားတော့ သူက ဒီလောကကြီးကိုအုပ်ချုပ်လို့ ရပြီလို့ ထင်နေတာလား..

“ဒီလိုလူမျိုးက လေးစားဖို့ ထိုက်တန်တယ်လား .. နယ်ခြားစပ်တိုက်ပွဲမှာတုန်းက သူ ဘယ်ရောက်နေလဲ .. အခု လောကကြီး ငြိမ်းချမ်းသွားတော့မှ ထွက်လာပြီးတော့တစ်ခြားသူကို လာအနိုင်ကျင့်နေတယ် .. ဒီ ထာဝရသက်ရှိအစစ်က တကယ် တစ်ခုခုပဲ .. ဒီလိုပြိုင်ဘက်ကင်းသက်ရှိကို လေးစားမယ့်အစား နယ်ခြားစပ်က လူသူမသိတဲ့စစ်သားအိုကြီးတွေကိုပဲ အရိုအသေပေးလိုက်မယ်…”

ရှီဟောင် စိတ်ထဲရှိသလို ဖွင့်ပြောပစ်နေသောကြောင့် အားလုံး တုန်လှုပ်သွားရသည်။

သူ ရဲတင်းသည်ကို မသိကြသည်မဟုတ်။ သို့သော်လည်း သူသည် ပျက်စီးနေသည့်ထာဝရသက်ရှိကို ရှေ့ထားကာ ပြောဆိုနေခြင်းဖြစ်သောကြောင့် အားလုံး ဆွံ့အသွားရသည်ပင်။ သူ့အသက်ကို မလိုချင်တော့ဘူးလား..

“မင်းပါးစပ်ပိတ်ထား..” ထာဝရနန်းတော် အကြီးအကဲ သူ့အား တားဆီးလိုက်သည်။ သူ ထပ်ပြောလာမည် စိုးသောကြောင့် သူ့ကို အော်ဟစ်ပစ်လိုက်လေ၏။

သို့သော် ငွေရောင်ရထားလုံးထဲမှ သက်ရှိသည် အလွန်ပင် တိတ်ဆိတ်နေသည်။ မည်သည့်ဒေါသမှ မပြ။

“လူငယ်လေး မင်းဘာနားလည်လို့လဲ .. ထာဝရသက်ရှိတစ်ယောက်က ခေတ်ပေါင်းများစွာကို စီးမြင်နိုင်တယ် .. သူက ရေရှည်ကို ကြည့်တာ .. သူရဲ့အတွေးကို မင်းလိုမျိုး အရေးမပါတဲ့၊ အတွေးတိမ်တဲသူက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ .. မင်းရဲ့အမြင်တစ်ခုတည်းနဲ့ ထာဝရသက်ရှိရဲ့စိတ်ကို လိုက်ခန့်မှန်းမနေနဲ့..” ထာဝရနန်းတော်အကြီးအကဲမှာ ခေါင်းကိုက်လာရသည်။ ထာဝရသက်ရှိစိတ်တိုလာလျှင် သူပါ ရောပါသွားမည်စိုးသောကြောင့် အခြေအနေကို ဖြန်ဖြေရန် ကြိုးစားလိုက်သည်။

“အများကြီး ပြောနေစရာမလိုဘူး..” ငွေရောင်စစ်ရထားလုံးထဲမှ သက်ရှိ ပြောလာသည်။ ထို့နောက် သူသည် ရှီဟောင်ထံသို့အသံပို့လွှတ်လိုက်သည်။ “ငါနဲ့လာတွေ့..”

ထိုအသံမှာ အလွန်တည်ငြိမ်နေသော်လည်း မေးခွန်းထုတ်၍ မရနိုင်သည့် ဂုဏ်သိက္ခာများ ပါဝင်နေသည်ပင်။ ဤသည်မှာ လူတစ်ယောက်၏ စိတ်ကို တုန်လှုပ်စေနိုင်သည့် ဖိအားပင်။ နတ်ဘုရားများပင် သူ့ကို မဆန့်ကျင်ရဲပဲ ဦးညွှတ်သွားကြလိမ့်မည်။

ရှီဟောင် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ တိုက်ခိုက်ခံလိုက်ရခြင်းမဟုတ်သော်လည်း သူ့ဝိညာဉ်ပေါက်ကွဲတော့မလိုပင် ခံစားလိုက်ရသည်။

ဤသည်မှာ ပျက်စီးနေသည့် ထာဝရသက်ရှိ၏ ခြိမ်းခြောက်မှုပင်။ သူ၏စွမ်းအားကြီးသည့် အော်ရာများ အပြင်ဘက်သို့ ပျံ့နှံ့လာကာ သူ ဆန့်ကျင်လျှင် သူ့အား ဖိနှိပ်ပစ်တော့မည်။

“ခင်ဗျားက ကျုပ်ကို ဖိအားပေးနေတာလား..”

ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူ သတ္တိကြောင်မနေ။ သူ နည်းလမ်းပေါင်းစုံ အသုံးပြုရန် စဉ်းစားထားပြီးသားပင်။

အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ဘာ အပေးအယူမှ လုပ်နေစရာမရှိ။ သူ ခေါင်းငုံ့လိုက်လျှင်ပင် ဘာမှထူးခြားသွားမည်မဟုတ်။ ထာဝရသက်ရှိအစစ် မျက်လုံးထဲတွင်တော့ သူသည် မွေးကင်းစကလေးကဲ့သို့ အားနည်းနေသည်ပင်။

“ကလေး..”

ခပ်ဝေးဝေးမှ ချင်းရိနင် ငိုသံဖြင့် အော်ခေါ်လိုက်သည်။ သူမ တကယ်ကို ထိတ်လန့်နေပြီဖြစ်သည်။ ရှီဟောင် သူမမျက်စိရှေ့၌ အသတ်ခံလိုက်ရမည်ကို စိုးရိမ်မိသည်။

“ကလေး .. ပြန်လာခဲ့..” ရှီကျီလင်း အော်ဟစ်လိုက်သည်။ ထာဝရသက်ရှိနှင့် ရင်ဆိုင်ရန်မှာ သူ့သားကြီးအတွက် အလှမ်းဝေးသေးမှန်း သူသိသည်ပင်။

ယခုအချိန်တွင် ရှီဟောင် ပြန်လာရန်သာ မျှော်လင့်မိသည်။ သူတို့သေလျှင်ပင် မိသားစုအနေဖြင့် အတူတူသေကြမည်။

သူတို့သည် ယခု ချင်းကလန်ထဲ၌ ရှိနေသည်ပင်။ ငါးဆင့်ပြောင်းလဲခြင်းတောင်မှ ဤသန့်စင်သည့်မြေကို ကာကွယ်ပေးထားသောကြောင့် သူတို့ အပြင်မထွက်ကြ။

“မင်းအခုထိ လာပြီးတော့ ဒူးမထောက်သေးဘူးလား..” ထာဝရနန်းတော်မှ အကြီးအကဲ အော်ဟစ်လိုက်သည်။

“ခင်ဗျားတို့တွေ အနိုင်ကျင့်လွန်းတယ်..”

ထာဝရချင်း ပြောလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်ကို ရိုက်လိုက်သည်နှင့် ထိုနေရာ တောက်ပလာကာ ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။

အမ်..

အခြားသူများမပြောနှင့် ငွေရောင်စစ်ရထားလုံးထဲတွင်ရှိနေသည့် ပျက်စီးနေသည့်ထာဝရသက်ရှိပင် အံ့အားသင့်သည့်အမူအရာ ဖြစ်သွားသည်။

ထိုသွေးသည် စိန်ကဲ့သို့ နီရဲတောက်ပနေပြီး ထူးဆန်းသည့်အလင်းများ ထုတ်လွှတ်နေသည်။ ထိုသွေးသည် သိပ်မများသော်လည်း ကောင်းကင်တစ်ခုလုံးကို နီရဲစေနေ၏။

ထာဝရသွေး..

ဤသည်မှာ သာမန်သွေးမဟုတ်။ ထာဝရတာအိုသွေးပင်။

လူများစွာ ထိတ်လန့်သွားရသည်။ ထာဝရချင်းက ဘယ်လိုလုပ် ဒီလိုမျိုးလုပ်နိုင်တာလဲ .. သူ့မှာ ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ..

ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဤထာဝရသွေးသည် ထာဝရချင်း၏ ခန္ဓာကိုယ်ထဲ၌ တကယ်ရှိနေခဲ့ပြီး အမြဲတမ်း ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်ကို သူသိသည်။ ယခု သူ ဤသွေးကို ထုတ်လိုက်လေပြီ။

ယခင်က ထာဝရချင်း ထာဝရအရိုးတစ်ခုကို ရရှိခဲ့ပြီး သူ၏ခန္ဓာကိုယ်ထဲ၌ ပျိုးထောင်ခဲ့သည်။ သူ ထိုအရိုးနှင့်တစ်သားတည်းဖြစ်သွားကာ ထာဝရတာအိုသွေးအစစ် ဖန်တီးနိုင်ခဲ့သည်။ သို့သော် သူ ထိုသွေးကို မထိန်းချုပ်နိုင်သောကြောင့် သူ့ခန္ဓာကိုယ်ထဲ၌သာ ချိတ်ပိတ်ထားခဲ့သည်။

ယခု သူ ထိုသွေးကို ငါးဆင့်ပြောင်းလဲခြင်းတောင်ထက်၌ ဖြန်းပက်လိုက်ကာ ချိပ်စည်းအချို့ကို ဖယ်ရှားလိုက်သည်။

ထာဝရချင်းထံ၌ သူ့ကို မပြောပြသေးသည့် လျှို့ဝှက်ချက်များ ရှိနေဆဲဖြစ်သည်ဟု ရှီဟောင် ခံစားလိုက်ရသည်။

ဝုန်း..

ထာဝရသွေးကို ငါးဆင့်ပြောင်းလဲခြင်းတောင်ထက်သို့ ဖြန်းပက်လိုက်သည်နှင့် ဤနေရာမှ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာကာ နေရာတိုင်း၌ ပုံရိပ်များ ထွက်ပေါ်လာ၏။

ငါးဆင့်ပြောင်းလဲခြင်းတောင်ပေါ်တွင် သဘာဝနတ်ဘုရားနှင့် နတ်ဆိုးများစွာ ရှိနေသည်။ သူတို့အားလုံးသည် ခေတ်တစ်ခု၏ အဆုံးသတ်အတွက် ပေးဆပ်နေသကဲ့သို့ ငိုကြွေးနေကြသည်။ သို့သော် သူတို့သည် ပြန်လည်နိုးထလာနိုင်သည့်အခွင့်အရေးအတွက်လည်း ဝမ်းမြောက်နေကြသည်ပင်။

ထိုအခိုက်အတန့် ကောင်းကင်ကြီး အက်ကွဲသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း ဖရိုဖရဲဖြစ်သွားသည်။

အနီးအနားမှ သက်ရှိအားလုံး တုန်လှုပ်သွားကြရသည်။

ထာဝရ ချင်း ဘာလုပ်နေတာလဲ .. ငါးဆင့်ပြောင်းလဲခြင်းတောင်က ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ..

အပိုင်း ၁၉၁၄ ပြီး၏။

Chapter – 1915 ငါးဆင့်ပြောင်းလဲခြင်းတောင် ဝိညာဉ်

ကောင်းကင်မြင်းရှစ်ကောင်၏ ခန္ဓာကိုယ်ကို နဂါးအကြေးခွံများ ဖုံးအုပ်ထားပြီး အားလုံးမှာ ကြံ့ခိုင်ကာ စွမ်းအားကြီးလှသည်။ သူတို့သည် အားလုံးကို အထက်စီးမှ ကြည့်နေကြသော်လည်း ယခုတော့ သူတို့အားလုံး ထိတ်လန့်တကြား နောက်ဆုတ်သွားကြလေပြီ။

ကောင်းကင်နဂါးဟီသံမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် ပျက်စီးသွားတော့မတတ်ပင်။

နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ကြွေးကြော်သံများနှင့် ပေါင်းလိုက်လျှင် ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

ဤနေရာမှာ ဖရိုဖရဲဖြစ်နေလေပြီ။

ဒုန်း..

ငါးရောင်စပ်အလင်းများ တောက်ပနေသည့် ထိုထာဝရတောင်သည် ရုတ်တရက် ပင် ပြင်းထန်စွာ တုန်ခါလာသည်။ နတ်ဘုရားနှင့်နတ်ဆိုးများ ပျောက်ကွယ်သွားကာ တောင်ပေါ်၌ အရိုးခြောက်များသာ ကျန်တော့သည်။

သဘာဝနတ်ဘုရားရဲ့ အရိုးခြောက်တွေ..

အရိုးစုများမှာ မရေမတွက်နိုင်လောက်အောင်ပင်။

ဤသည်မှာ လောကကြီးတစ်ခုလုံးစာ ရှိနေသလိုပင်။

ထာဝရသွေးကို ငါးဆင့်ပြောင်းလဲခြင်းတောင်မှ အားလုံး စုတ်ယူသွားလေပြီ။ တောင်ပေါ်၌ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာကာ အခြားပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည် အလွန်မှုန်ဝါးနေသော်လည်း သေချာပေါက် အစစ်ပင်။ သူ တောင်ထိပ်၌ ထိုင်နေလေ၏။

ဘာဖြစ်နေတာလဲ .. အားလုံး ဆွံ့အသွားရသည်။

“တာအိုရောင်းရင်း .. ဒီလောက် လုပ်စရာလိုလို့လား.. ”

ငါးဆင့်ပြောင်းလဲခြင်းတောင်ပေါ်မှ ထိုသက်ရှိ ငွေရောင်စစ်ရထားလုံးကို ကြည့်လိုက်ကာ ဤစကားလုံးများကို ပြောလိုက်ခြင်းပင်။

ဤသည်မှာ ကျင့်ကြံသူအားလုံးကို ဆွံ့အသွားစေ၏။ မယုံကြည်နိုင်တဲ့သက်ရှိကြီး ပေါ်လာတာလား..

ထိုပုံရိပ်အနားတွင် ထာဝရမြူများ ရစ်ဆိုင်းနေကာ မသေမျိုးအော်ရာလည်း ထွက်ပေါ်နေသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်သက်ရှိဖြစ်ကြောင်း ပြောစရာပင်မလို။

ရှီဟောင်ပင် ထိတ်လန့်သွားရသည်။ ဒါက ငါးဆင့်ပြောင်းလဲခြင်းတောင်က ဖြစ်လာတဲ့ဝိညာဉ်လား.. မည်သို့ပင်ကြည့်ကြည့် ဤသည်မှာ ယခင်က ပစ္စည်းဝိညာဉ်ထက်ပို၍ စွမ်းအားကြီးသည်ပင်။

ယခင်က ငါးဆင့်ပြောင်းလဲခြင်းတောင်က မွေးကင်းစဆိုလျှင် ယခုတော့ ဝိညာဉ်အစစ် ပေါ်လာလေပြီ။ သူ အရွယ်ရောက်သွားလေပြီ.

ထာဝရချင်းက ချိတ်စည်းကို တကယ်‌ ဖြည်လိုက်နိုင်တာလား…

“ငါတို့နှစ်ယောက်လုံးက သေမျိုးလောကက မဟုတ်ဘူး တာအိုရောင်းရင်း … ရောင်းရင်းကဘာလို့များ ဗွက်ရေထဲ နင်းချင်နေတာလဲ..” တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ငွေရောင်စစ်ရထားလုံးထဲမှ ထိုအသံ ထွက်ပေါ်လာသည်။

ငါးဆင့်ပြောင်းလဲခြင်းတောင်ပေါ်မှ သက်ရှိမှာ သာမန်မဟုတ်ကြောင်း၊ ထာဝရသက်ရှိအစစ်ပင် ကြောက်ရကြောင်း အားလုံးသိလိုက်ရလေပြီ။

မဟုတ်ပါက ပျက်စီးနေသည့်ထာဝရသက်ရှိ ဘာမှ ပြောမည်မဟုတ်ပဲ တိုက်ရိုက်သာ ဖိနှိပ်ပစ်လိမ့်မည်။

ထာဝရချင်း၏မျက်နှာ အနည်းငယ် ဖြူဖျော့နေသော်လည်း ဤသည်မှာ သူ့ခန္ဓာကိုယ်တစ်ခုခု ဖြစ်နေသောကြောင့်မဟုတ်။ သူ ရှီဟောင်ကိုခေါ်ကာ ထိုနေရာမှ ပြန်လှည့်ထွက်လာလိုက်သည်။

“သူ သွားလို့မရဘူး..” စစ်ရထားလုံးထဲမှ ထိုသက်ရှိ ပြောလိုက်သည်။

“တာအိုရောင်းရင်း .. ငါ ဒီလူကို ကာကွယ်ပေးချင်တယ်..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိပြောလိုက်သည်။

“ခင်ဗျား ဒီမှာ ရှိနေတယ်ဆိုတာ ကျုပ်သိတယ် .. ဒါကြောင့်လည်း သူ့ကို ချက်ချင်း အပြစ်မပေးတာ .. ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ဒီလိုမျိုး တားဆီးလိုက်တဲ့အတွက်တော့ အကြောင်းပြချက်တစ်ခုလောက် ပေးသင့်တယ်မလား..” ပျက်စီးနေသည့်ထာဝရသက်ရှိ ပြောလိုက်သည်။

“ငါ အသေးစိတ်ပြောလို့မရတဲ့ ကံတရားတွေ ပါတယ်” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ ထိုပုဂ္ဂိုလ်ပြောလိုက်သည်။

“အဲဒီလိုလား .. နှစ်ပေါင်းများစွာကြာပြီးမှ ခင်ဗျားက အခုမှ နှိုးလာတာကို သူနဲ့ ဘယ်လိုကံတရားများ ရှိနေတာလဲ..” ပျက်စီးနေသည့် ထာဝရသက်ရှိ၏အသံမှာ အနည်းငယ် အေးစက်လာသည်။

တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် သူ ဆက်ပြောလိုက်သည်။ “ကြည့်ရတာ နောင်မှာ ငါနဲ့သူ့ကြားမှာလည်း ကံတရားတွေ နည်းနည်းလောက် ရှိလာမယ်ထင်တယ်..”

“ဒီလိုလုပ်တာက ခင်ဗျားရဲ့ ကံတရားကို ချိုးဖျက်နေတာနဲ့ အတူတူပဲ..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ ပြောလိုက်သည်။

“ဟက် .. တာအိုရောင်းရင်းက အလျော့မပေးဘူးဆိုတော့ တကယ်ကို နှမြောဖို့ကောင်းတာပဲ .. ဒါပေမဲ့ ရောင်းရင်းကို သတိပေးရဦးမယ် .. ဒါက ကျုပ်တစ်ယောက်တည်းမဟုတ်ဘူး .. တစ်ခြားတာအိုရောင်းရင်းတွေလည်း ပါသေးတယ် .. ရောင်းရင်းက တကယ်ပဲ ကျုပ်လမ်းမှာ ပိတ်ရပ်မလို့လား..” စစ်ရထားလုံးထဲမှ အသံမှာ ပို၍ ပို၍ပင် အေးစက်လာသည်။

ရှီဟောင်နှင့် အခြားသူများကို သူ အရေးမစိုက်ပဲ နေနိုင်သော်လည်း ဤကြောက်စရာကောင်းသည်ပုဂ္ဂိုလ်ကိုတော့ သူ တည်ငြိမ်စွာ ရင်မဆိုင်နိုင်တော့။

အခြားသူတွေ ရှိသေးတယ်ဟုတ်လား..

ရှီဟောင်စိတ်လေးလံသွားရသည်။ ပြဿနာအများဆုံးအရာများ ဖြစ်ပေါ်လာလေပြီ။

သူ ပစ္စည်းတစ်ခုကို ထိလိုက်သည်။ ဤသည်မှာ အကြီးအကဲအရှင် သူ့အား ပေးထားသည့်ပစ္စည်းပင်။ သူ ဒီပစ္စည်းကို ဒီမှာ ဖြုန်းတီးရတော့မှာလား .. သူက နယ်ခြားစပ်မှာတောင် မသုံးခဲ့တာကို စီရင်စုသုံးထောင်မှ သုံးရတော့မှာလား..

ရှီဟောင်၏ မျက်လုံးများ အေးစက်နေကာ ထာဝရနန်းတော်မှ လူများကို အလွန်ရွံရှာမုန်းတီးမိသည်။

“တစ်ခြားသူတွေ ရှိသေးတယ်ဟုတ်လား .. ဒါပေမဲ့ ငါမင်းကို တားဆီးချင်နေတုန်းပဲ..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ ထိုလူလည်း နောက်မဆုတ်ပေ။

“တာအိုရောင်းရင်း .. ကိစ္စတစ်ခုကို သုံးခါစဉ်းစားပါ..” စစ်ရထားလုံးပေါ်မှ ပျက်စီးနေသည့် ထာဝရသက်ရှိ ပြောလိုက်သည်။ ထို့အပြင် ထိုအချိန်၌ သူ၏စစ်ရထားလုံး တစ်ဖြည်းဖြည်း လှုပ်ရှားလာသည်ပင်။

ထိုအချိန်တွင် စစ်ရထားလုံး ပတ်လည်ရှိ မြူများ ရှင်းလင်းသွားကာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ကျုပ်အခြေအနေက သိပ်မကောင်းဘူးဆိုပေမယ့်လည်း ကျုပ် ထာဝရရေးရာကိစ္စတွေကို မကြောက်ဘူး .. အရင်တုန်းက ကျုပ်မကြုံတွေ့ဖူးတဲ့ ဘယ်လိုစစ်ပွဲများ ရှိခဲ့လို့လဲ..” ထာဝရသက်ရှိ ဆက်ပြောလိုက်သည်။

စစ်ရထားလုံးပေါ်၌ ခြေရာလက်ရာများစွာ ရှိနေသည်ပင်။ ဤသည်မှာ အတိတ်မှ ခမ်းနားမှုများကို ကိုယ်စားပြုသည်ပင်။

ထိုအခိုက်အတန့် ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားသည်။ စစ်ရထားလုံး၏ အခြားတစ်ဖက်မှာ တစ်စုံတစ်ယောက်၏ စုတ်ဖြဲခြင်း ခံထားရသည်ပင်။

ထိုနေရာမှ ရင်းနှီးသည့်တာအိုအော်ရာကို ခံစားမိနေသည်။

ခွန်ပန်လက်သည်းရာ…

ဟုတ်ပါသည်။ စစ်ရထားလုံး၌ ကျန်ရှိနေသည့် ထိခိုက်မှုများမှာ ခွန်ပန်လက်သည်းကြောင့် ဖြစ်သည်ဟု သူယုံကြည်သည်။ ယခင်က အလွန်ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့လိမ့်မည်။

သေချာပါသည်။ ဤထာဝရသက်ရှိသည် ယခင်က ဒဏ်ရာပြင်းထန်စွာ ရရှိကာ သေဆုံးသွားခဲ့သည့် ခွန်ပန်နှင့် တိုက်ခိုက်ခဲ့သည်ပင်။

“အဲဒီလိုဆိုရင်တော့ တိုက်ရုံပဲ ရှိတော့တယ်ထင်တယ်” ငါးဆင့်ပြောင်းလဲခြင်းတောင် သက်ရှိမှ ပြောလိုက်သည်။

“ဟက် .. တာအိုရောင်းရင်းက အရမ်းခေါင်းမာတာပဲ..” ထို ပျက်စီးနေသည့်ထာဝရသက်ရှိမှ ပြောလိုက်သည်။

ထိုအချိန်တွင် ကျမ်းစာသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားကာ နေရာတစ်ခုသို့ ဦးတည်သွားလေသည်။

ဝှီး..

အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် အမိန့်စာတစ်ခု ပျံသန်းလာသည်။ ထိုအမိန့်စာနှင့်အတူ ရိုးရှင်းကာ ရှေးကျသည့် တိုက်ပွဲပုဆိန်တစ်ခုလည်း ပါလာသည်။

ဤလက်နက်သည် အနည်းငယ် ထိခိုက်ထားသော်လည်း သူ ထုတ်လွှတ်သည့် ဖိအားမှာ ဤလောကကြီးမှ ခွင့်ပြုထားသည့်စွမ်းအားထက် ကျော်လွန်နေသည်ပင်။

ရှေးဟောင်းပုဆိန်နှင့် အမိန့်စာသည် သူတို့နှစ်ခုတည်းဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေအသစ် ဖန်တီးတော့မလိုပင်။ ငါးဆင့်ပြောင်းလဲခြင်းတောင်၏ ကာကွယ်မှုအောက် ရှိနေသည့်သူများပင်လျှင် သူတို့ကျင့်ကြံဆင့် မည်မျှမြင့်နေပါစေ သူတို့အားလုံး ထိန်းချုပ်မရနိုင်အောင် တုန်လှုပ်သွားကြကာ မြေပြင်ထက်သို့ လဲကျသွားကြသည်။

ထို့အပြင် ကောင်းကင်ထက်ရှိ နေ၊ လနှင့် ကြယ်များပင် တုန်ခါသွားကာ ကြွေကျတော့မတတ် ဖြစ်နေလေပြီ။

ရှီဟောင် လက်သီးများကို ဆုတ်လိုက်သည်။ သူ ဒေါသထွက်ရမလား ဝမ်းနည်းရမလားပင် မသိတော့။ စီရင်စုသုံးထောင်၌ ပျက်စီးနေသည့် မသေမျိုးသက်ရှိများ တစ်ယောက်မကရှိသည်။ ယခုတော့ သူတို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလေပြီ။ သူတို့သာ နယ်ခြားစပ်၌ လာရောက်တိုက်ခိုက်ခဲ့ပါက အကြီးအကဲအရှင် မုန့်ထျန်းကျန်း စစ်ပွဲထဲ၌ သေဆုံးမည်မဟုတ်။

သူ အကြီးအကဲအရှင်ကို လွမ်းဆွတ်သည်။ အကြီးအကဲအရှင်၏ သေဆုံးမှုမှာ ကံဆိုးလွန်းလှသည်။ သူ အကြီးအကဲအရှင် နောက်တစ်ကြိမ် အသက်ရှင်လျက်တွေ့ချင်မိသည်။

“တာအိုရောင်းရင်း .. ခင်ဗျား တကယ် တိုက်ခိုက်မှာလား..” ထိုအမိန့်စာပေါ်မှ ထာဝရစာများ တောက်ပလာကာ တောက်ပသည့်အလင်းများ ထုတ်လွှတ်လာသည်။ အသံတစ်ခုလည်း ထုတ်လွှတ်လာသည်ပင်။

“ကျုပ်မတိုက်ရင် ငါ့ရဲ့ ကံတရားကို ထိခိုက်လိမ့်မယ် .. ခင်ဗျားတို့က ကျုပ်ကို ဖိအားပေးနေတာပဲ..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိသည် အနည်းငယ် ဒေါသထွက်လာသည့်ပုံပင်။

“ကျုပ်လည်း ခင်ဗျားတို့ကို ဖိအားမပေးချင်ပါဘူး .. ဒါပေမဲ့ ကျုပ်တို့မှာလည်း တစ်ခြား ရွေးချယ်စရာမရှိဘူး .. ဒီလိုဆိုရင်ရော .. ကျုပ်တို့နှစ်ယောက်လုံး နောက်ဆုတ်လိုက်ကြမယ် .. ကျုပ် သူ့အသက်ကို ချမ်းသာပေးလိုက်မယ် .. ဒါပေမဲ့ သူ့ကို အပြစ်မပေးလို့တော့မရဘူး” စစ်ရထားလုံးထဲရှိ ပျက်စီးနေသည့်ထာဝရသက်ရှိမှ ပြောလိုက်သည်။

သူ တကယ်မတိုက်ခိုက်ချင်။ ထာဝရတာအိုသက်ရှိများကြားမှ တိုက်ပွဲမှာ ကြယ်ပင်လယ်များကိုပင် လွယ်လွယ်ကူကူ ပျက်စီးသွားစေနိုင်သည်။ သူ၏လက်ရှိအခြေအနေနှင့်ဆိုလျှင် သူ သေသွားနိုင်သည်။

သို့သော် သူ့ဘက်၌ လူအရေအတွက် အသာစီးရနေသည်။ သူတို့ပေါင်းတိုက်လျှင် သူတို့ပြိုင်ဘက်ကို ဖိနှိပ်ထားနိုင်လောက်သည်။

သို့သော် သူတို့ပေးဆပ်ရမည့်တန်ဖိုးလည်း ကြီးမားလိမ့်မည်။

“သူ့ရဲ့တာအိုအသီးအပွင့်ကို ထိခိုက်လိုက်တာက သူ့ကို သတ်လိုက်တာနဲ့ အတူတူပဲလေ .. ဘာများ ကွာခြားနေလို့လဲ..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ အေးစက်စွာ ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော .. ကျပ် လက်ညှိုးတစ်ချောင်း၌ လှုပ်လိုက်မယ် .. ကျုပ် သူ့ကို မသတ်ဘူး .. တာအိုရောင်းရင်းလည်း သူ့ကို ကူညီလို့ရတယ် .. သူ ကံဆိုးလို့ ဒါကို လက်မခံနိုင်ဘူးဆိုရင်တော့ ကောင်းကင်က သူ့ကို သေစေချင်နေတာလို့ သတ်မှတ်လိုက်တာပေါ့..” စစ်ရထားလုံးထဲမှ သက်ရှိ ပြောလိုက်သည်။

ရှီဟောင် ဒေါသထွက်သွားရသည်။ ပျက်စီးနေတဲ့ထာဝရသက်ရှိက သူ့ကို ဘယ်လိုလူမျိုးလို့ သတ်မှတ်ထားတာလဲ .. သူသာ ထာဝရသက်ရှိဆိုရင် ဒီပျက်စီးနေတဲ့ ထာဝရသက်ရှိကို လက်ညှိုးတစ်ချောင်းတည်းနဲ့ သတ်ပစ်လိုက်မည်။

အပိုင်း ၁၉၁၅ ပြီး၏။
Chapter – 1916 ထာဝရ ချိုးဖျက်ခြင်း ကျိန်စာ

ရှီဟောင် လက်သီးဆုတ်ထားသောကြောင့် သူ၏လက်ဆစ်များပင် ဖြူဖျော့နေလေပြီ။ ဤပျက်စီးနေသည့် ထာဝရသက်ရှိမှာ လွန်လွန်းသွားလေပြီ။

သူ ရှီဟောင်ကို လုံးဝအလေးမထားသည်မှာ သေချာသည်။ သူ၏သေခြင်းရှင်ခြင်းကိစ္စကို ဆုံးဖြတ်နေခြင်းဖြစ်သော်လည်း သူ့ကို တစ်ချက်မှပင် မကြည့်ပဲ ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိဖြင့်သာ ဆွေးနွေးနေသည်။

ငွေရောင်စစ်ရထားလုံး ငါးဆင့်ပြောင်းလဲခြင်းတောင်ရှေ့၌ ရပ်တန့်သွားကာ ခန်းဆီးကို လှစ်ဟလိုက်သည်။ ပျက်စီးနေသည့် ထာဝရသက်ရှိသည် ဤသက်ရှိကို အလွန်ဂရုတစိုက်ပင် ရင်ဆိုင်နေလေ၏။

“ဒါက ကျုပ်ဘက်က အကုန်ပဲ .. ခင်ဗျား ကျုပ်နဲ့ ဆန့်ကျင်မယ်ဆိုရင်တော့ ခင်ဗျား ပေးဆပ်ရလိမ့်မယ် .. သူ့အသက်ကို ချမ်းသာပေးတာက သူ့ကို အရမ်းညှာတာရာ ရောက်နေပြီ..” ရထားလုံးထဲမှ ပျက်စီးနေသည့် ထာဝရသက်ရှိအသံ ထွက်ပေါ်လာသည်။

ခပ်ဝေးဝေးရှိ အမိန့်စာ တောက်ပလာကာ ပုဆိန်လည်း လှုပ်ခတ်လာ၏။ ဤသည်မှာ သူတို့ ပျက်စီးနေသည့် ထာဝရသက်ရှိကို ထောက်ခံကြောင်း ပြသလိုက်ခြင်းပင်။

ချွင်း..

ထိုအချိန်တွင် ကြေးနန်းတော်ကြီးသည် လက်သီးအရွယ်အစားးသို့ ကျုံ့သွားကာ စစ်ရထားလုံးထဲ ဝင်သွားပြီး ပျက်စီးနေသည့် ထာဝရသက်ရှိ၏ လက်ဝါးပေါ်သို့ ရောက်သွားသည်။

လေထုအခြေအနေမှာ အလွန်တင်းမာနေလေပြီ။ ရန်စကားတစ်ခွန်းပြောလိုက်သည်နှင့် တိုက်ပွဲဖြစ်ပေါ်လာနိုင်သည်။

“ကောင်းပြီလေ .. ကြည့်ကြတာပေါ့..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ ပြောလိုက်သည်။

ကောင်းကင်မြင်းရှစ်ကောင်သည် မြည်ဟီးကာ စစ်ရထားလုံးကို ခပ်ဝေးဝေးကို ဆွဲသွားလေ၏။

ငါးဆင့်ပြောင်းလဲခြင်းတောင်မှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာကာ ရှီဟောင်ကို ထိုသက်ရှိအနားသို့ ခေါ်သွားလိုက်သည်။

ဟမ်..

ငါးဆင့်ပြောင်းလဲခြင်းတောင်မှသက်ရှိ စိတ်ထဲ တုန်လှုပ်သွားရသည်။ သူ ရှီဟောင်ကို ဆုတ်ကိုင်လိုက်သည့်အချိန်တွင် သူ တစ်ခုခုကို ခံစားမိလိုက်သောကြောင့် သူ၏ထာဝရမျက်လုံးကို အသက်သွင်းလိုက်လေ၏။

ရှီဟောင်၏ ခန္ဓာကိုယ်ထဲ၌ အိပ်ပျော်နေသည့် မီးတောက်တစ်ခု ရှိနေသည်။

ထိုမီးတောက်သည် သူ့ ခန္ဓာကိုယ်ထဲ၌ ပုန်းကွယ်နေသော်လည်း ထိုသက်ရှိ တွေ့ရှိသွားဆဲပင်။

သူတို့အဆင့် ကျင့်ကြံသူများသည် သေမျိုးတာအိုနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးကို ဆုတ်ကိုင်လိုက်သည်နှင့် ထိုသူ၏ လျှို့ဝှက်ချက်အားလုံးကို သိနိုင်သည်ပင်။

သို့သော် ငါးဆင့်ပြောင်းလဲခြင်းတောင်မှသက်ရှိသည် သူ့စိတ်ထဲ၌သာ တုန်လှုပ်သွားခြင်းဖြစ်ပြီး အပြင်ဘက်တွင် အလွန်တည်ငြိမ်နေသည်။

သူ ရှီဟောင်ကို လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။

“ပျက်စီးနေတဲ့ ထာဝရသက်ရှိက ငါ့ကို ကြောက်တယ် .. သူ မင်းကို သတ်မှာမဟုတ်ဘူး .. ဒါပေမဲ့ သူမင်းကို ဖျက်ဆီးပစ်ချင်နေတယ်..”

ရှီဟောင် သူသိကြောင်း ခေါင်းညိမ့်ပြလိုက်သည်။

“ဒါပေမဲ့ ငါတို့ ဒါကို မပြောင်းလဲနိုင်တာတော့မဟုတ်ဘူး .. မင်းထဲမှာ မီးတောက်တစ်ခု ရှိနေတယ် .. ငါမင်းနဲ့အတူတူ ပူးပေါင်းရင် မင်း ကပ်ဆိုးက ကျော်လွှားနိုင်အောင် ငါမင်းကို ကူညီပေးနိုင်လောက်တယ်” ထိုသက်ရှိပြောလိုက်သည်။

ရှီဟောင် ပြောလိုက်၏။ ထာဝရသက်ရှိအစစ်သာ သူ့အား တိုက်ခိုက်လိုပါက သူ ဘယ်လိုလုပ် လွယ်လွယ်ကူကူ ကျော်လွှားသွားနိုင်မည်နည်း.. သူသေချာပေါက် အသက်လုရမည်ပင်။

ပျက်စီးနေသည့် ထာဝရသက်ရှိ၏ လက်ဝါးချက် ရောက်လာသည့်အချိန် ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ သူ့အား ကူညီကာ ခုခံပေးလျှင်ပင် စွမ်းအားနှစ်ခုကြားသူ ပေါက်ကွဲကာ သွေးမြူအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိသည် ပျက်စီးနေသည့် ထာဝရသက်ရှိ ရှိနေသည့်ဘက်သို့ ကြည့်လိုက်ကာ “ငါ သူ့ကို ကူညီပေးရင်တောင် သူ ဒါကို လက်ခံနိုင်မှာမဟုတ်ဘူး .. သူအသက်ရှင်နိုင်ချေ မရှိဘူး..”

“သူ့ကို မပြောဘူးလို့ ကျုပ်ပြောပြီးပြီလေ .. ကျုပ် တစ်ချက်ပဲ လှုပ်ရှားမှာ .. သူ့အသက်ကို ချန်ထားပေးမယ်လို့ ဂတိပေးတယ်” ပျက်စီးနေသည့် ထာဝရသက်ရှိ၏အသံ ထွက်ပေါ်လာသည်။

“အဲဒါဆိုလည်း ကောင်းပြီလေ .. ကျုပ် သူ့ကို နတ်အတားအဆီးတစ်ခု ပေးလိုက်မယ် .. ကျန်တာတော့ သူ့ကံအတိုင်းပေါ့..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ ပြောလိုက်သည်။

ဝုန်း..

ရှီဟောင်၏ခန္ဓာကိုယ်ကို နတ်အလင်းတစ်လွှာ ဝန်းရံသွားကာ သူ့တစ်ကိုယ်လုံးကို တောက်ပသွားစေသည်။

“ခင်ဗျားပြောတာမှတ်ထား .. သူ့ကို သတ်လို့မရဘူး..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှသက်ရှိ သူ့အား နောက်ဆုံးအကြိမ် သတိပေးလိုက်သည်။

“ကောင်းပါပြီ .. ခင်ဗျား စိတ်ပူစရာမလိုပါဘူး..” ပျက်စီးနေသည့် ထာဝရသက်ရှိ ပြန်ဖြေလိုက်၏။

ရှီဟောင် ဘာမှမပြော။ တစ်ချိန်လုံး တိတ်ဆိတ်နေလေသည်။ ထို့နောက် သူ့ကို ငါးဆင့်ပြောင်းလဲခြင်းတောင်မှ ပြန်ချကာ လေဟာနယ်ထဲသို့ ချပေးလိုက်သည်။

သူ ဤလူများကို မယှဉ်နိုင်သောကြောင့် သူ ဘာများ ပြောနိုင်မည်နည်း.. သူ ထာဝရတာအိုနယ်ပယ်သို့ ရောက်မှသာ ပြန်ပြောနိုင်လိမ့်မည်။

သို့သော် ဤသည်မှာလည်း အလုပ်ထက် အပြောက လွယ်သည်ပင်။

“ဟက်.. ဟား ဟား..” ပျက်စီးနေသည့် ထာဝရသက်ရှိ ပေါ့ပါးစွာပင် ရယ်မောလိုက်လေ၏။ သို့သော် ရှီဟောင်၏နားထဲတွင်တော့ ထိုရယ်သံမှာ အလွန်နားကလောစရာ ကောင်းလှသည်။

သူ၏ရယ်သံတစ်ခုတည်းဖြင့်ပင် သူ ရှီဟောင်အား ထိုမျှအလေးမထားကြောင်း သိနိုင်သည်ပင်။

ပျက်စီးနေသည့် ထာဝရသက်ရှိ၏မျက်လုံးထဲတွင်တော့ ဤသည်မှာ ခွေးကလေး၊ ကြောင်ကလေးကို သတ်လိုက်သည်နှင့် အတူတူပင်။

ထိုအချိန်တွင် ငွေရောင်စစ်ရထားလုံး လေပေါ်သို့ တက်လာကာ အထဲဘက်မှ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် လက်တစ်ဖက် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ကိုယ်ထင်ပြခြင်းပင်။

ဤသည်မှာ လူသား လက်မောင်းပင်။ သူ၏လက်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ငွေရောင်အလင်း ထွက်ပေါ်လာကာ လောကကြီးကို လင်းထိန်သွားစေသည်။

စွမ်းအားကြီးသည့် လှိုင်းများ ထွက်ပေါ်လာသော်လည်း လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည်။ ငွေရောင်အလင်းတန်းတစ်ခုသာ ရှီဟောင်ထံသို့ ထွက်လာသည်။

ချွမ်း..

ရှီဟောင်၏ခန္ဓာကိုယ်အပြင်ဘက်ရှိ အဆီးအတား တောက်ပလာသည်။ ဤအဆီးအတားသည် ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ သူ့အတွက် လုပ်ပေးခဲ့ခြင်းပင်။

သို့သော် ခဏကြာပြီးနောက် ငါးဆင့်ပြောင်းလဲခြင်းတောင်မှသက်ရှိ၏ အမူအရာ ပြောင်းလဲသွားသည်။

ရှီဟောင်၏အမူအရာလည်း ပြောင်းလဲသွားသည်ပင်။ အစပိုင်းသာ ရှိသော်လည်း ထိုအလင်းသည် သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် အဆီးအတားကို ချိုးဖောက်နိုင်တော့မည်။ ငါးဆင့်ပြောင်းလဲခြင်းတောင်မှသက်ရှိ သူ့အတွက် ပြင်ဆင်ပေးထားသည့်အရာမှာ အသုံးမဝင်တော့။

ဝုန်း..

သို့သော် ထိုအလင်းကွင်းသည် ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါပြီးနောက် ပို၍တောက်ပလာလေသည်။ ဤသည်မှာ ထာဝရတာအိုစွမ်းအားဖြစ်သော်လည်း တိုက်စားခံနေရသည်ပင်။

သို့သော် နောက်ဆုံးတွင်တော့ ထိုအလင်းကွင်း ပျက်စီးမသွား။ သို့သော် ထိုငွေရောင်အလင်းတန်းသည် အလင်းလွှာကို ဖြတ်ဖောက်ကာ ဝင်ရောက်လာနိုင်ခဲ့သည်ပင်။

ထိုအလင်းတန်း ရှီဟောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

တစ်ချိန်တည်းမှာပင် ငါးဆင့်ပြောင်းလဲခြင်းတောင်မှသက်ရှိလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ဆွံ့အသွားရလေ၏။ ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့။

အဘယ်ကြောင့်ဆိုသော် သူ့အမြင်တွင် သူလုပ်ပေးထားသည့် အဆီးအတားသည် တစ်ဖက်လူ၏ ပညာများကို တားဆီးရန် လုံလောက်သင့်ပေသည်။ ထိုသူ၏ပညာများ ထိုးဖောက်နိုင်သွားလျှင်ပင် ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထဲ၌ လျှို့ဝှက်ချက်များ ရှိနေသေးသည်ပင်။

သို့သော် ယခုတော့ သူ့အမူအရာ ပြောင်းလဲသွားသည်။ သူသည် စိုးရိမ်နေသလို ထိတ်လည်း ထိတ်လန့်နေသည်။

“သူ့မှာ အဲဒါရှိနေတယ် .. ပြန်ဖြေလို့မရတဲ့ ကျိန်စာ..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ ပြောလိုက်သည်။ ဤကဲ့သို့သော ကျိန်စာမှာ အလွန်ကြောက်စရာကောင်းလှသည်။

“ထာဝရချိုးဖျက်ခြင်းကျိန်စာ…ဒီကျိန်စာ ပျောက်နေတာ တော်တော်ကြာနေပြီ .. ဒီလောကမှာ ရှိနေသေးတာလား..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ သက်ပြင်းချလိုက်သည်။ သူ လုပ်နိုင်တာ ဘာမှမရှိတော့။

ထာဝရချိုးဖျက်ခြင်းကျိန်စာသည် သူ့နာမည်အတိုင်း ထာဝရသက်ရှိများကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ဤကျိန်စာကို ခံစားလိုက်ရသည်နှင့် ဖယ်ရှားနိုင်မည့်နည်းလမ်းမရှိတော့။

ကျိန်စာမိသွားသည်နှင့် ထိုသူတို့၏ ကျင့်ကြံခြင်းများ ဖျက်ဆီးခံရလိမ့်မည်။ ထို့နောက် မှော်စွမ်းအားများ တစ်ဖြည်းဖြည်း ယုတ်လျော့လာကာ ဘာမှမရှိတော့သည်အထိ ဖြစ်သွားမည်ပင်။

ထို့ကြောင့် ဤကျိန်စာအကြောင်းပြောလိုက်သည်နှင့် အားလုံး မလန့်ပဲ မနေနိုင်ကြ။

ထာဝရရှေးဟောင်းခေတ်၌ပင်လျှင် ဤကျိန်စာကို ကြောက်ရွံ့ကြသည်။ သို့သော် ဤကျိန်စာ ပေါ်လာသည်မှာ ရှားပါးလှသည်။ ဤခေတ်၌ မရှိတော့ဘူးဟုပင် ထင်နေကြသည်ပင်။

ပျက်စီးနေသည့် ထာဝရသက်ရှိ ဤပညာကို အသုံးပြုလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

“ခင်ဗျားက ရက်စက်လွန်းတယ်..” ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ ပြောလိုက်သည်။ သူသည် အလင်းတန်းအဖြစ် ပြောင်းလဲကာ တောင်မှ ပျောက်ကွယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးပြီးဆုံးသွားပြီဟု သူခံစားလိုက်ရသည်ပင်။

ဤကဲ့သို့သော ကျိန်စာမျိုးသည် မှော်စွမ်းအားကို လျစ်လျူရှုသလို ထာဝရတာအိုသင်္ကေတများကိုလည်း မကြောက်။ သူသည် အရာအားလုံးကို ထိုးဖောက်နိုင်သည်။ ထို့ကြောင့်လည်း သူ ရှီဟောင်အတွက် လုပ်ပေးခဲ့သည့် အဆီးအတား အသုံးမဝင်ခဲ့ခြင်းပင်။

ထာဝရဘုရင်သာ ဤကဲ့သို့သော ကျိန်စာမျိုးကို ချေဖျက်နိုင်လိမ့်မည်ပင်။

“ဟက် .. မင်းမှာ အချိန်တစ်လ ကျန်သေးတယ် .. မင်း ကျင့်ကြံသူတစ်ယောက်အနေနဲ့ မင်းရဲ့အချိန်တွေကို သေချာအသုံးချလိုက် .. နောင်ကျရင် မင်း လှပတဲ့တောတောင်မြစ်ချောင်းတွေကို ကြည့်ချင်ရင်တောင် မင်းအတွက် ခက်ခဲလိမ့်မယ်”

ပျက်စီးနေသည့် ထာဝရသက်ရှိ ပြောလိုက်သည်။ ကိစ္စများမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။

အပိုင်း ၁၉၁၆ ပြီး၏။
Chapter – 1917 ဟွမ် မဟုတ်တော့

ဤအဆုံးသတ်မှာ ရှီဟောင်အတွက်တော့ ရက်စက်လွန်းလှသည်။

သို့သော်လည်း ပျက်စီးနေသည့် ထာဝရသက်ရှိသည် ဤစကားလုံးများကို အလွန်တည်ငြိမ်စွာဖြင့်ပင် ပြောသွားလေ၏။ ဤသည်မှာ သူ့အား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ခြင်းပင်။

ဤနေရာ၌ ရှိနေသည့်သူအားလုံး ဆွံ့အသွားရ၏။ ဒီလိုမျိုး အဆုံးသတ်သွားပြီလား..

ငါးဆင့်ပြောင်းလဲခြင်းတောင်နှင့် ပျက်စီးနေသည့် ထာဝရသက်ရှိတို့ကြား တိုက်ခိုက်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်နေခဲ့ကြသည်ပင်။ သို့သော် တစ်ခဏအတွင်း အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဟွမ် ဘာဖြစ်သွားတာလဲ..

အားလုံး ကောင်းကင်ထက်သို့ ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် အများစုမှာ ထာဝရချိုးဖျက်ခြင်းကျိန်စာကို မကြားဖူးကြပေ။

“ထာဝရချိုးဖျက်ခြင်းကျိန်စာကို မြည်းစမ်းဖူးတဲ့သူတွေ သိပ်မများဘူး..”

ရှေးဟောင်းပုဆိန်ဘေးရှိ အမိန့်စာမှ သင်္ကေတများ တစ်ခုပြီးတစ်ခု တောက်ပလာ၏။

“ဒီနေ့ကစပြီးတော့ ဟွမ်ဆိုတာ မရှိတော့ဘူး .. သူသွားပြီ .. သူ့ဘဝအဆုံးသတ်သွားပြီ .. သူ့ရဲ့တာအိုတွေ ပျက်စီးသွားပြီ .. နောက်လနည်းနည်းလောက်ကြာရင် သူက လုံးဝကို သာမန်လူ ပြန်ဖြစ်သွားမှာ..” ထာဝရနန်းတော်အကြီးအကဲမှ ရယ်မော၍ ပြောလိုက်သည်။

သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ အလွန်ကျယ်လောင်လှသည်ပင်။ ယခု ပျက်စီးနေသည့် ထာဝရသက်ရှိ ထွက်လာပြီဖြစ်သောကြောင့် မည်သူကများ သူ့အား ခုခံနိုင်မည်နည်း..

“ထာဝရချိုးဖျက်ခြင်းကျိန်စာက သေမျိုးတွေမပြောနဲ့ ထာဝရသက်ရှိတွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်..”

ဘာဖြစ်နေသည်ကို နောက်ဆုံးတော့ အားလုံးသိသွားကာ အားလုံး ထိတ်လန့်သွားရသည်။ ဟွမ်က သာမန်လူ ပြန်ဖြစ်သွားတော့မှာလား..

ဒါက.. အားလုံး ထိတ်လန့်သွားကြရသည်။ ထို့နောက် သူတို့ တိတ်ဆိတ်သွားကြရသည်။ ဤသည်မှာ အလွန်ရက်စက်သည့် အပြစ်ပေးမှုပင်။ ဟွမ်ကို သတ်လိုက်သည်ထက်ပင် ပိုကြောက်စရာကောင်းသေးသည်။

သူသည် ကောင်းကင်ကို တွန်းလှန်နိုင်သည့် ပါရမီရှင်ဖြစ်ကြောင်း မသိသည့်သူမရှိ။ သူသည် အသက် ၂၀ ကျော်သာ ရှိသေးသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ရောက်နေသည့် ကျင့်ကြံသူပင်။

သူသည် စံချိန်များစွာကို ချိုးဖျက်ပစ်ခဲ့ပြီး သူကိုယ်တိုင် စံချိန်တစ်ခု စိုက်ထူနိုင်ခဲ့သည့်သူပင်။ သူ့ထက်ငယ်သည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူမရှိ။

ယခု သူ မသေသော်လည်း သူ၏ကျင့်ကြံခြင်းများ ပျက်စီးသွားလေပြီ။ ဘာမှမရှိတော့။ ဤသည်မှာ မည်မျှပင် ခါးသီး ရက်စက်လှသနည်း..

“မဟုတ်ဘူး .. ကလေး..” ရှီကျီလင်း အော်ဟစ်လိုက်၏။ သူ၏မျက်လုံးများပင် နီရဲနေလေပြီ။

“ငါ့ကလေး..” ချင်းရိနင်၏ ဆံပင်များ ရှုပ်ပွနေပြီး မျက်လုံးတွင်လည်း မျက်ရည်များ ပြည့်လျှံနေလေပြီ။

သူတို့သည် ဟွမ်ကို ချက်ချင်းပင် ပွေ့ဖက်လိုက်ကြသည်။ သူတို့ ရှီဟောင်အတွက် စိုးရိမ်ထိတ်လန့်နေသလို ဒေါသလည်း ထွက်မိသည်။ သူ့သားကြီးက ကံဆိုးမှုတွေ၊ ဒုက္ခတွေကို ဘယ်လောက်တောင် ခါးစည်းခံနေရဦးမှာလဲ .. သူ နာကျင်ခက်ခဲမှု ပေါင်းစုံကို ဖြတ်ကျော်ခဲ့ရတာက နောက်ဆုံး ဒီလိုမျိုး ပျက်စီးသွားဖို့အတွက်လား..

“ကျုပ် ခင်ဗျားနဲ့သေအောင်တိုက်မယ်..” ရှီကျီလင်း ဟစ်ကြွေးလိုက်သည်။ သူ ပျက်စီးနေသည့် ထာဝရသက်ရှိနှင့်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဖုန်း..

သို့သော် ရှီဟောင်သည် သူ့နှုတ်ခမ်းကို ကိုက်လိုက်ကာ “မလုပ်နဲ့” ဟုသာ ပြောလိုက်သည်။

သူ ထာဝရနန်းတော်မှ လူများကို ထပ်မကြည့်ချင်တော့။

သူ ထာဝရနန်းတော်နှင့် သေသည်အထိ တိုက်ခိုက်၍ရသည်။ သို့သော် သူ့မိဘများကိုတော့ အန္တရာယ်ထဲ မကျရောက်စေချင်။ အလကားနေရင်း မသေစေချင်။

“လူငယ်လေး .. မင်းကိုယ်မင်း အရမ်းအထင်မကြီးလွန်းသင့်ဘူး .. ဒီလောကကြီးက အကျယ်ကြီးပဲ .. ဒီလောကကြီးက မင်းရဲ့မောက်မာမှုကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ.. မင်းလေးစားရမည့် စည်းမျဉ်းစည်းကမ်းတစ်ချို့ရှိတယ်..” အမိန့်စာမှ အသံတစ်သံထွက်ပေါ်လာသည်။ ထို့နောက် ထိုအမိန့်စာသည် ရှေးဟောင်းပုဆိန်နှင့်အတူ ကောင်းကင်ထက်သို့ တက်သွားကာ ထာဝရမြူနှင့်အတူ ပျောက်ကွယ်သွားသည်။ သူတို့ ထိုပုံစံဖြင့်ပင် ပျောက်ကွယ်သွားလေ၏။

ထိုအသံသည် အလွန်တည်ငြိမ်ကာ ထူးမခြားနားပင် ဖြစ်နေသော်လည်း ရှီဟောင်၏မိသားစု နားထဲ၌မူ အလွန်ပင် နားကလောစရာကောင်းကာ အေးစက်နေသည်ပင်။

သူ့ကို အရင်တိုက်ခိုက်ခဲ့သူမှာ ပျက်စီးနေသည့် ထာဝရသက်ရှိဖြစ်သော်လည်း သူသည် ရှီဟောင်ကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အတိမ်အနက်ကို မသိသည့်သူဟု လာပြောနေသည်။

ရှီမိသားစုမှာ ဘယ်လိုလုပ် ဒေါသမထွက်ပဲ နေမည်နည်း.. ပျက်စီးနေသည့် ထာဝရသက်ရှိ အားလုံးအထက်၌ ရှိနေပြီး အားလုံးကို ဖိနှိပ်နိုင်သောကြောင့် သူတို့ လုပ်ချင်သလို လုပ်နေကြသည်။

သို့သော် သူတို့ဘာများ တတ်နိုင်မည်နည်း..

ချင်းရိနိင် ထွက်တိုက်ရန် ပြင်လိုက်သော်လည်း ရှီဟောင် သူမ လက်ကို ဖမ်းဆုတ်ထာားလိုက်သည်။ ထာဝရနန်းတော်မှ ပျက်စီးနေသည့် ထာဝရသက်ရှိ ဤနေရာ၌ ရှိနေသေးသည်။ ဤသည်မှာ ပိုးဖလံမီးတိုးသကဲ့သို့သာ ဖြစ်သွားလိမ့်မည်။

“လူငယ်လေး .. မင်းရဲ့ကျန်နေတဲ့ဘဝနဲ့ မင်းကြိုက်တာလုပ်..”

ပျက်စီးနေသည့် ထာဝရသက်ရှိ ဤကဲ့သို့ ပြောလိုက်လေသည်။

ဝုန်း..

ကောင်းကင်မြင်းရှစ်ကောင်သည် ခေါင်းမော့ကာ ခွာများကိုပေါက်လိုက်သည်။

သူတို့ ထွက်သွားကြတော့မည်။ ထာဝရနန်းတော်သို့ ပြန်သွားကြတော့မည်။

သို့သော် သူ မပြန်ခင် ရှီဟောင်၏လက်ထဲရှိ ထာဝရဓားနှင့် ဘေးဘက်တွင်ရှိနေသည့် သွေးသံစစ်ပွဲအလံကို ကြည့်လိုက်သေးသည်။

ထာဝရအလင်းတန်းတစ်စင်း ထွက်ပေါ်လာကာ ထိုအရာများကို လုယူရန် ကြိုးစားလာလေ၏။

ဝုန်း..

ထိုအချိန်တွင် ငါးဆင့်ပြောင်းလဲခြင်းတောင်မှ သက်ရှိ အပေါ်မှ ဆင်းသက်လာကာ သူတို့နှစ်ဦးကြား ရပ်လိုက်သည်။

“တစ်ချက်ပဲ တိုက်မယ်လို့ သဘောတူထားပြီးသား .. ဒါက မလုံလောက်သေးဘူးလား..” သူ၏အသံမှာ အလွန်အေးစက်နေသည်ပင်။

“ဟက် ဟား ဟား ဟား..” ကောင်းကင်မြင်းရှစ်ကောင်သည် ငွေရောင်ရထားလုံးကို ခပ်ဝေးဝေးသို့ ဆွဲသွဦးလေ၏။ သူတို့သည် လျှပ်စီးတန်းများအဖြစ်ပြောင်းကာ လေဟာနယ်ကို ထိုးဖောက်ပြီး ဤနေရာမှ ပျောက်ကွယ်သွားသည်။

“ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ဂျီးနီးယပ်စ်ဟုတ်လား .. ဒီနေ့ကစပြီးတော့ သူက အမှိုက်တစ်ခုပဲ ဖြစ်သွားလိမ့်မယ်..” ထာဝရနန်းတော်မှ အကြီးအကဲ ရယ်မော၍ လှည့်ထွက်သွားလေ၏။

“ရှင်တို့တွေ သူများကို အနိုင်ကျင့်လွန်းအားကြီးတယ်..” ချင်းရိနင် ငိုကြွေးလိုက်သည်။ သူမ သားအတွက် တကယ်ကို ဝမ်းနည်းလှသည်။ ဤအဆုံးသတ်ကို လက်ခံနိုင်ရန် ခက်ခဲလှသည်ပင်။

ဝုန်း..

ပျက်စီးနေသည့် ထာဝရသက်ရှိ ထွက်သွားသည်နှင့် ဤနေရာ ဆူညံသွားရသည်။

ဟွမ် ပျက်စီးသွားလေပြီ…

ရွှီး..

ငါးဆင့်ပြောင်းလဲခြင်းတောင် တောက်ပလာကာ ချင်းကလန်အတွင်းပိုင်းသို့ ဝင်ရောက်သွား၏။ သူ သီးသန့်ကျင့်ကြံသွားလေပြီ။

ဟူး .. ထာဝရချင်း လျှောက်လာကာ သက်ပြင်းချလိုက်သည်။ ထို့နောက် ဟွမ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်လေ၏။ ဤကဲ့သို့သော အဆုံးသတ်မျိုး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

“အစ်ကိုကြီး..” ချင်းဟောင် အော်ဟစ်ကာ ရှီဟောင်ကို ပွေ့ဖက်လိုက်သည်။

“ဘုရားရေ .. ဒီလောကမှာ ဟွမ်ဆိုတာ မရှိတော့ဘူး .. သူ့ ကျင့်ကြံဆင့်ကို ထာဝရသက်ရှိတစ်ယောက် ဖျက်ဆီးပစ်လိုက်ပြီ .. သူက သာမန်သေမျိုးတစ်ယောက်ဖြစ်သွားပြီ .. သူ ကောင်းကင်ကို ဆန့်ကျင်တဲ့နတ်သက်ရှိဖြစ်နိုင်တဲ့ မျှော်လင့်ချက် မရှိတော့ဘူး..”

“ဒါက အရမ်းကို ကြောက်စရာကောင်းတာပဲ .. စံချိန်သစ်တွေ ချိုးခဲ့တဲ့၊ ဒီခေတ်ရဲ့ ဒဏ္ဍာရီတွေကို ဖော်ကျူးခဲ့တဲ့ ဟွမ်က ဒီလိုမျိုးဆိုးရွားတဲ့အဆုံးသတ်နဲ့ ကြုံလိုက်ရတာလား..”

ဤနေရာတစ်ခုလုံး ဆူညံလာသည်။

အားလုံးသည် သူတို့အချင်းချင်း ဆွေးနွေးနေကြလေ၏။

အချို့မှာ ရှီဟောင်ကို သနားနေကြသည်။ သူသည် စစ်မြေပြင်မှ ထွက်လာခါစဖြစ်သော်လည်း ကိုယ့်လူကြောင့် ဤကဲ့သို့ ပျက်စီးသွားလေပြီ။

သူသည် နယ်ခြားစပ်၌ သွေးသံတရွှဲရွှဲတိုက်ခိုက်ခဲ့ကာ ခမ်းနားလှသည့် အောင်မြင်မှုကြီး ရယူနိုင်ခဲ့သည်။ ထိုစစ်ပွဲ၌ ပါဝင်ခဲ့သည့်ကလန်အားလုံး သူ့အား ကောင်းမွန်စွာ ဆက်ဆံကြသည်ပင်။

သို့သော် သူရဲကောင်းတစ်ဦးမှာ ဤကဲ့သို့ပင် အဆုံးသတ်သွားလေပြီ။

လူအများစုမှာ သူ့အစား ဒေါသထွက်နေကြသည်။ သူတို့သည် ပျက်စီးနေသည့်ထာဝရသက်ရှိကို ကြောက်သော်လည်း လောကကြီးမတရားဘူးဟု စိတ်ထဲ၌ ဟစ်ကြွေးနေကြသည်ပင်။

“ပျက်စီးနေတဲ့ထာဝရသက်ရှိက နယ်ခြားစပ်မှာတောင် မတိုက်ခိုက်ရဲပဲနဲ့ သူ့ကို ဘာလို့လေးစားနေရမှာလဲ.. မုန်းစရာကောင်းလိုက်တာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်၏။

သို့သော်လည်း သူ့သူငယ်ချင်းသည် သူ့အား တံတောင်ဆစ်ဖြင့် ထိလိုက်ကာ သူ့အားလျှောက်မပြောရန် သတိပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဟွမ်သည် ဥပမာပင်။ သူတို့ မှားယွင်းသည့်ဘက်မှ နေမိလျှင် သူတို့ထံသို့ ကပ်ဆိုးကြီး ရောက်လာလိမ့်မည်။

သူ့ကို ရယ်မောနေကြသည့်သူများလည်း ရှိနေသည်ပင်။

ဥပမာအားဖြင့် နတ်ဆိုးနေကြာဥယျာဉ်၊ ကောင်းကင်နိုင်ငံနှင့် မြေအောက်လောကမှ လူများပင်။ ဤရလဒ်ကို တွေ့သည်နှင့် သူတို့အားလုံး၏မျက်နှာထက်၌ အပြုံးများ ဖြစ်ပေါ်လာသည်။ ဤသည်မှာ သူတို့၏ စိုးရိမ်မှုကို ဖြေဖျောက်ပစ်လိုက်သည်နှင့် အတူတူပင်။

“ဟား ဟား .. ဟွမ် .. နောက်ဆုံးတော့ မင်း ပျက်စီးသွားပြီ .. ဒီလိုနေ့မျိုးလည်း ရောက်လာသေးတာပဲ..”

နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်သည် မနေနိုင်တော့ပဲ အော်ဟစ်ရယ်မောလိုက်သည်။

“ဒီနေ့စပြီးတော့ ဟွမ်ဆိုတာ မရှိတော့ဘူး … သာမန်သေမျိုးလူသားတစ်ယောက်ပဲ ရှိတော့တယ်..”

လူအချို့ ပြောလိုက်၏။ အားလုံးမှာ ဟွမ်နှင့် နီးစပ်ချင်သောကြောင့် လက်ဆောင်လာပေးသည့် ကလန်များမှ လူများပင်။

“အဖေ .. သမီးတို့ ဒီအတိုင်းပဲ ထွက်သွားကြတော့မှာလား..” အစိမ်းရောင်အဝတ်အစားနှင့် မိန်းမပျိုလေးမှ မေးလိုက်သည်။

“ဒါပေါ့ .. မင်း ဒီမှာ နေချင်သေးတယ်လို့တော့ မပြောနဲ့နော် .. ကျောက်တုံးကလန်ရဲ့ တကယ် လက်ထပ်ဖို့စီစဉ်ထားတယ်လို့ ထင်နေတာလား.. အခု သူ ပျက်စီးသွားပြီ .. ငါတို့ကို မခြိမ်းခြောက်နိုင်တော့ဘူး..” ဂိုဏ်းခေါင်းဆောင်တစ်ဦး ပြောလိုက်သည်။

အပိုင်း ၁၉၁၇ ပြီး၏။
Chapter – 1918 ပါးစပ်နှင့် မျက်နှာ

လူများစွာ ထိုဂိုဏ်းခေါင်းဆောင်များကို ကြည့်လာကြ၏။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းခေါင်းဆောင်များသည် ရှီဟောင်ကို မျက်နှာသာပင်မပေးတော့။ သူတို့အသံ သိပ်မကျယ်သော်လည်း ကြားရသည့်သူများ ရှိနေသည်ပင်။

ရှီဟောင် ခေါင်းမော့ကာ ထိုနေရာသို့ ကြည့်လိုက်၏။ ဤသည်မှာ လူလတ်ပိုင်းအမျိုးသားတစ်ဦးပင်။ သူ၏မျက်လုံးများ တောက်ပနေပြီး အော်ရာလည်း အလွန်အထင်ကြီးစရာကောင်းလှသည်။

ဤသည်မှာ ကျောက်စိမ်းအလင်းဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်ပင်။ အစပိုင်းတွင် သူတို့သည် အရမ်းဖော်ရွေနေကာ ကျောက်တုံးကလန်နှင့် လက်ထပ်လိုနေကြသည်။

သူ၏ ဦးဆောင်မှုကြောင့် အခြားလူမျိုးစုများသည် သူတို့လည်း ကျောက်တုံးကလန်နှင့် အဆက်အသွယ်ရှိလိုကြောင်း ပြောလာခဲ့ကြသည်ပင်။

ထိုလူလတ်ပိုင်းအမျိုးသားဘေးတွင် အစိမ်းရောင်အဝတ်အစားနှင့် မိန်းမပျိုလေးတစ်ဦး ရှိသည်။ သူမသည် အတော်လေးပင် လှပလှသည်ပင်။ သူမနာမည်မှာ လုကျူးဖြစ်ကြောင်း ရှီဟောင်မှတ်မိသေးသည်။ သူမ၏အပြုအမူများမှာ ထူးချွန်သည်ဟု သတ်မှတ်၍ရသည်။

“ကလေး .. ငါတို့ပြန်ကြမယ် .. အရင်တုန်းကတော့ သူ ရူးရူးနှမ်းနှမ်းနဲ့ ပြဿနာရှာမှာ ကြောက်ရသေးတယ် .. အခုတော့ ဘာမှ စိုးရိမ်စရာမရှိတော့ဘူး..” ကျောက်စိမ်းအလင်းတန်းဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။

သူ့အသံ သိပ်မကျယ်သော်လည်း အခြားသူများ ရှင်းရှင်းလင်းလင်းကြားနိုင်သလို ရှီဟောင်တို့မိသားစုလည်း ရှင်းရှင်းလင်းလင်း ကြားနိုင်သည်ပင်။

ဤလူထံတွင် မကောင်းသည့်ရည်ရွယ်ချက်ရှိမှန်း ရှီဟောင်သိသည်။

အမှန်တကယ်တွင် ရှီဟောင် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့်သာမဟုတ်လျှင် လူအများစု ထာဝရတောင်သို့ လာကြမည်မဟုတ်။

ပြောရမည်ဆိုလျှင် ဤလူများမှာ ရှီဟောင်နှင့် အငြင်းပွားမှု ဖြစ်ထားဖူးသည့်လူများပင်။ သူတို့သည် ဝိညာဉ်နယ်မြေ၌ သူ့အား တိုက်ခိုက်ဖူးခဲ့သလို အပြင်လောက၌လည်း ပစ်မှတ်ထားဖူးသည်ပင်။ ထို့ကြောင့် သူတို့ တောင်းပန်ရန်အတွက် ရောက်လာကြခြင်းပင်။

ယခု ဤကဲ့သို့သော မထင်မှတ်ထားသည့်အဖြစ်အပျက် ဖြစ်သွားသည့်အချိန်တွင် သူတို့သဘောထားများလည်း ပြောင်းလဲသွားလေပြီ။

သူသည် ချက်ချင်းပင် ရန်လိုလာလေ၏။ ထို့အပြင် သူသည် ကျောက်တုံးကလန်နှင့် လက်ထပ်ရရန်အတွက် မည်ကဲ့သို့ ပြုံးဖြီးနေခဲ့ရသည်ကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူ့ကိုယ်သူ အလွန်နှိမ့်ချမိသွားပြီဟု သူခံစားလိုက်ရသည်။

သူ ဂုဏ်သိက္ခာကျဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ ခမ်းနားသည့် ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် သူ့သမီးကို လက်ထပ်ပေးရန်အတွက်နှင့် ဤကဲ့သို့ လုပ်နေရသည်ကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူ အလွန်မသက်မသာဖြစ်သွားရသည်။

“ဟား ဟား .. ဒါက တကယ်ကို မထင်မှတ်ထားတဲ့ရလဒ်ပဲ .. ဒါက ကောင်းကင်ရဲ့ဆန္ဒပဲ..” တစ်စုံတစ်ယောက် ရယ်မော၍ ပြောလိုက်သည်။

“ငါတို့သွားမယ်..” ကျောက်စိမ်းအလင်းတန်းဂိုဏ်းခေါင်းဆောင်သည် သူ့သမီး လုကျူးကိုခေါ်ကာ အဖိုးတန်ပစ္စည်းသုံးကာ ကောင်းကင်သို့ တက်သွားလေ၏။

“သွားမယ် .. အမှိုက်စုတ်က ဘာများ စိတ်ဝင်စားစရာ ရှိတော့မှာလဲ..”

အချို့သူများမှာ ချက်ချင်းပင် ရန်စကား ပြောလာကြသည်။ သူတို့သည် ရှီဟောင်၏ မိသားစုရှေ့မှာပင် ကြမ်းတမ်းစွာ ပြောလာကြလေ၏။

“ကျွန်မတို့ အရမ်းမပြောရင် ပိုကောင်းမယ်လို့ ကျွန်မထင်တယ် .. တစ်ဖက်လူက ဒီလိုမျိုးတောင် ဖြစ်သွားပြီလေ .. ဒါက ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ ဂျီးနီးယပ်စ်လေ .. ဒါပေမဲ့ သူ ဒီလိုမျိုးအဆုံးသတ်သွားပြီ .. ဒါက တကယ်ကို သနားဖို့ကောင်းတာပဲ..” အမျိုးသမီးတစ်ဦး ပြောလိုက်သည်။

သို့သော် ဤစကားမှာ ကိုယ်ချင်းစာပြီးပြောသည့်စကားမဟုတ်။ အဘယ်ကြောင့်ဆိုသော် သူမမျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရှိနေသည်ပင်။

“ငါတို့ မယူသွားရသေးတဲ့ ပစ္စည်းတစ်ခုခု ရှိနေတယ်လို့ ခံစားနေရတယ် .. ငါတို့ ချင်းကလန်မှာ မေ့နေတယ်..” ထိုအချိန်တွင် အကြီးအကဲအဆင့်ပုဂ္ဂိုလ်တစ်ဦးသည် ရှီဟောင်မိသားစုကို တောက်ပစွာ ကြည့်၍ ပြောလိုက်သည်။

ယခုအချိန်တွင် ချင်းရိနင်သည် သူမ နီရဲနေသည့်နှုတ်ခမ်းကို ကိုက်ထားကာ မျက်လုံးများလည်း မျက်ရည်များ ပြည့်လျှံနေသည်။ သူမသားကြီးမှာ တကယ်ကို သနားဖို့ကောင်းလှသည်။ သို့သော် ဤလူများသည် သူ နိမ့်ကျနေသည့်အချိန်တွင် ဝါးနှင့်ထိုးနေကြကာ ဤကဲ့သို့ လှောင်ပြောင်နေကြသည်။ ဤသည်မှာ သူမ ခံစားချက်ကို ပို၍ပင် ဆိုးရွားစေသည်ပင်။

“တာအိုရောင်းရင်း .. ခင်ဗျား ချင်းကလန်မှာ တစ်ခုခု ကျန်ခဲ့လို့လား..” တစ်စုံတစ်ယောက်သည် သူနှင့်အတူ လိုက်ပြောပေးနေသည်။

“ရှားပါးနဲ့ နတ်ရတနာတစ်ချို့ပါ .. ကျုပ် ချင်းကလန် ခန်းမမှာ မေ့ကျန်ခဲ့တာ..” ထိုလူ ပြောလိုက်သည်။

ဤသည်မှာ သူ ယခင်က လက်ဆောင်ပေးခဲ့သည့် ပစ္စည်းကို ပြောနေခြင်းဖြစ်ကြောင်း သိသာလှသည်။

သူ ထိုသို့ပြောလိုက်သည်နှင့် အားလုံး နားလည်သွားကြသည်ပင်။

“ကျုပ်က ဘယ်လိုလုပ် မေ့နေရတာလဲ .. ကျုပ်လည်း မေ့ကျန်ခဲ့တဲ့ ပစ္စည်းရှိနေတယ်”

“ဟုတ်သားပဲ .. ငါလောနေတာနဲ့ ပစ္စည်းတစ်ချို့မေ့ခဲ့ပြီ”

..

လူအချို့တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ သူတို့၏လက်ဆောင်များကို ပြန်လိုချင်နေကြလေ၏။ သူတို့၏ မျက်နှာနှင့်ပါးစပ်မှာ အပြောင်းအလဲ မြန်လွန်းလှသည်။

“ဟုတ်သားပဲ .. ငါတို့လည်း မေ့နေတာ..” သူ့သမီးကိုခေါ်ကာ ကောင်းကင်ထက်သို့ တက်သွားပြီဖြစ်သည့် ကျောက်စိမ်းအလင်းတန်းဂိုဏ်ခေါင်း‌ဆောင်လည်း ပြန်လှည့်လာလေ၏။

ဟက်..

ထိုအချိန်တွင် ထာဝရချင်း ဝင်ပေါက်သို့ လမ်းလျှောက်ထွက်လာကာ အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။

ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ထိုမျှသိပ်မဆူတော့။

လူအချို့ ကြောက်ရွံ့သွားကြလေ၏။ ဟွမ် ပျက်စီးသွားသော်လည်း သူတို့ ထာဝရတောင်ကို မတိုက်ခိုက်ရဲ။

ထာဝရချင်း၏ နှာခေါင်းရှုံ့သံမှာ သူမကျေနပ်ကြောင်းကို ပြသနေခြင်းပင်။ ထို့ကြောင့် သူတို့ လက်လွတ်စပယ်မလုပ်ရဲတော့။ အများစုမှာ ယုံကြည်ချက် မရှိကြတော့။

“ခင်ဗျားတို့ အဲဒီပစ္စည်းတွေ ပြန်မပေးချင်ရင်လည်း ပစ္စည်းတွေကို ကျောက်တုံးကလန်က အဲဒီတပည့်ကိုပဲ ပေးလိုက်တော့..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

အချို့သူများမှာ လျှာစောင်းထက်လှသည်ပင်။ အချို့လူများသည် ထွက်ခွာရန် ပြင်ဆင်လိုက်ကြလေ၏။

“ပျက်စီးနေတဲ့ ထာဝရသက်ရှိ ပြောသွားတာ ကျုပ်ပျက်စီးသွားဖို့ အချိန်တစ်လ လိုသေးတယ်တဲ့ .. ခင်ဗျားတို့ဒါကို မေ့သွားတာလား..”

ထိုအချိန် ရှီဟောင် ရုတ်တရက်ပြောလာသည်။ သူ၏အသံမှာ အလွန်ပင် အေးစက်နေကာ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ပင်။

“မင်း .. မင်း အသက်ရှင်နိုင်မှာမဟုတ်ဘူး .. စီရင်စုသုံးထောင်မှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်လို့ ထာဝရနန်းတော်က အဆင့်လွန်သက်ရှိ ပြောသွားပြီးသား .. စည်းမျဉ်းစည်းကမ်းတွေက မင်းရဲ့ ရဲတင်းမှုတွေကို ခွင့်ပြုပေးမှာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

သို့သော်လည်း လူများစွာ အမူအရာများ ပြောင်းလဲသွားကြကာ ယုံကြည်ချက်များ မရှိကြတော့။ အဘယ်ကြောင့်ဆိုသော် ဟွမ် ‘ရူးသွားရန်’အတွက် တစ်လလိုသေးသည်ပင်။

ဝုန်း..

ရှီဟောင်သည် ဒဲ့တိုးပင်။ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်နှင့် ဝုန်း ဟူသည့်အသံနှင့်အတူ လေပြင်းများ တိုက်ခတ်လာသည်။

အား..

အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ ထာဝရနန်းတော်ကို ထောက်တိုင်အဖြစ် အသုံးပြုခဲ့သည့် လူ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး သွေးမြူအဖြစ် ပြောင်းလဲသွားလေ၏။

“မင်း .. လက်လွတ်စပယ်မလုပ်ရင် ပိုကောင်းလိမ့်မယ်..” လူအချို့မှာ ချက်ချင်းပင် တုန်လှုပ်သွားကြရသည်။

ဟွမ် ဤမျှထိ လုပ်ရဲလိမ့်ဦးမည်ဟု သူတို့မထင်ထားခဲ့ကြ။

“ခင်ဗျား .. ခင်ဗျား နဲ့ ခင်ဗျားတို့အားလုံး..” ရှီဟောင် လက်ညှိုးထိုးလိုက်သည်။ “ခင်ဗျားတို့ အချိန်သုံးရက်ပေးလိုက်မယ် .. အရင်တုန်းက ယူလာတဲ့ လက်ဆောင်ထက် ၁၀ ဆပိုများတဲ့ လက်ဆောင်တွေ ယူလာခဲ့.. မဟုတ်ရင် ကျုပ်ခင်ဗျားတို့ဂိုဏ်းတွေကို လာလည်မယ် .. ခင်ဗျားတို့ သွေးတွေ မြစ်လိုစီးသွားတဲ့အထိ မဖြစ်ချင်ရင် ခင်ဗျားတို့အပိုင်း ခင်ဗျားတို့ပြီးအောင်လုပ်..”

ရှီဟောင်သည် သူ၏ကပ်ဆိုးကို ပျော်ရွှင်ကာ ခြိမ်းခြောက်ခဲ့သည့်သူများကို လက်ညှိုးထိုးလိုက်သည်။

ဤလူများ၏ အမူအရာများ ချက်ချင်းတောင့်ခဲသွားသည်။ သူ့မှာ တစ်လကျန်သေးတာမလား..

အများစုမှာ ချွေးစေးများ ပြန်လာကာ ခေါင်းကိုက်လာရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်သတိလက်လွတ်ဖြစ်သွားပြီး ဟွမ် ပျက်စီးသွားပြီဟု ထင်လိုက်ကြခြင်းပင်။

အချို့သူများသည်လည်း စိတ်ထဲမှ ကျိန်ဆဲနေကြသည်ပင်။ သူတို့ဘာလို့ ဒီလောက်မြန်မြန် ပြောလိုက်ကြတာလဲ..

ကျောက်စိမ်းအလင်းတန်းဂိုဏ်းခေါင်းဆောင်၏မျက်နှာထက်တွင် နောင်တအပြည့်ဖြင့်ပင်။ အဘယ်ကြောင့်ဆိုသော် သူလည်း လက်ညှိုးထိုးခံလိုက်ရကာ လက်ဆောင်ပစ္စည်းများ ထပ်ပေးရတော့မည်ပင်။

နောက်ဆုံးတွင်တော့ တစ်ဖြည်းဖြည်း လူစုကွဲသွားသည်။

ဤနေရာရှိ ကိစ္စအားလုံး အဆုံးသတ်သွားလေပြီ။

သို့သော် သတင်းများသည် လေကဲ့သို့ ပျံ့နှံ့သွားကာ စီရင်စု သုံးထောင်လုံးကို လွှမ်းမိုးသွားသည်ပင်။

အပိုင်း ၁၉၁၈ ပြီး၏။
Chapter – 1919 အရှုံးမပေးခြင်း

“လူငယ်လေး .. မင်း..”

ထာဝရကျောင်းမှ အဆင့်လွန်သက်ရှိနှင့် အလေးအမြတ်ကျောင်းမှ မကောင်းဆိုးဝါးအိုကြီးလည်း ရောက်လာကြသည်။ ကျွမ်းကျင်သူနှစ်ဦးလုံးသည် အလွန်ဝမ်းနည်းဒေါသထွက်နေကြသော်လည်း သူတို့ဘာမှ မတတ်နိုင်။

ရှီဟောင်နှင့် မျက်နှာချင်းဆိုင်ရန် သူတို့အနည်းငယ် အရှက်ရကာ ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။

“ဒါက စီနီယာတို့ အပြစ်မဟုတ်ပါဘူ..” ရှီဟောင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤအဆင့်လွန်သက်ရှိနှစ်ဦးသာ ကောင်းကင်ဘုံကိုးခုသို့ ပြန်မသွားလျှင် သူတို့ ဤနေရာ၌ ပျက်စီးသွားလိမ့်မည်။

သို့သော်လည်း အကြီးအကဲနှစ်ဦးမှာ ဟွမ်ကို အပြစ်လုပ်မိသွားပြီဟု ခံစားနေရဆဲပင်။

သူ အနည်းငယ် နှစ်သိမ့်ပေးပြီးမှသာ အဆင့်လွန်သက်ရှိနှစ်ဦး ထွက်သွားကြသည်။ သူတို့သည် စစ်အလံကိုလည်း သူတို့နှင့်အတူ ယူသွားလိုက်သည်။

ချင်းကလန်မှာ လုံးဝ တိတ်ဆိတ်သွားလေပြီ။

“သွားကြစို့ ယွမ်ရှီး .. ငါတို့လည်း သွားသင့်ပြီ..” အာကာသကလန်အကြီးအကဲ ပြောလိုက်သည်။

သူသည် ရှီဟောင်ကို လှောင်ပြောင်ခြင်းမပြုပဲ အလွန်တည်ငြိမ်နေသည်ဟု ပြော၍ရသော်လည်း သူ့ကိုယ်သူ မထိန်းနိုင်။ သူ၏နှုတ်ခမ်းထောင့် ကွေးတက်နေကာ အပြုံးတစ်ခု ရှိနေသည်ပင်။

ယခု ဟွမ် ပျက်စီးသွားပြီဖြစ်သောကြောင့် သူကဘာကို စိုးရိမ်ရတော့မည်နည်း.. နောင်ကျလျှင် သူ ဤလောက၌ လွှမ်းမိုးလာမည်ကို စိုးရိမ်နေစရာမလိုတော့။

သို့သော်လည်း သူ မထင်ထားသည်မှာ ယွမ်ရှီးသည် သူ့ကို ဆန့်ကျင်ကာ ထွက်မသွားချင်ဖြစ်နေသည်။

“မင်း ဘာလုပ်ချင်နေတာလဲ.. သူက ပျက်စီးသွားပြီ .. ငါတို့စိုးရိမ်စရာမလိုတော့ဘူး .. နောင်ကျရင် ဘိုးဘေးအရှင်ထွက်လာပြီးတော့ ထာဝရချင်းနဲ့ ညှိနှိုင်းပြီး ငါတို့ ထာဝရကျောက်တုံးကို ပြန်တောင်းလို့ရတယ် .. ငါတို့ ဒီမှာ နေစရာမလိုတော့ဘူး..” အာကာသကလန် အကြီးအကဲ ပြောလိုက်သည်။

“ကျွန်မ ဒီမှာ နေခဲ့ရမယ်..” ယွမ်ရှီး ပြောလိုက်သည်။

“မင်း.. ရူးနေတာလား.. သူက ပျက်စီးသွားပြီ .. ဒီလိုလုပ်စရာမလိုတော့ဘူး..” အာကာသကလန်မှာ နားမလည်နိုင်တော့။

အဘယ်ကြောင့်ဆိုသော် သူ ယွမ်ရှီးကို ချင်းကလန်သို့ ခေါ်လာစဉ်က ယွမ်ရှီးသည် အမြဲတမ်း ဆန့်ကျင်နေခဲ့ကာ ချင်းကလန်ခန်းမ၌ပင် သူ့အား ငြင်းဆန်ခဲ့သေးသည်ပင်။

သို့သော် ယခု သူမ အဘယ်ကြောင့် နေခဲ့ချင်သနည်း..

အာကာသကလန်အကြီးအကဲမှာ တကယ်ကို နားမလည်နိုင်တော့။

“အရင်တုန်းက ဟွမ်က ခွန်အားကြီးပြီး စွမ်းအားကြီးခဲ့တယ် .. ရှင်တို့အားလုံး သူ့ကို မတားဆီးနိုင်ခဲ့ဘူး .. အဲဒါကြောင့် ကျွန်မကို သူ့ဘေးနားလိုက်ခိုင်းစေချင်ခဲ့တယ် .. ဒါက ကျွန်မကို အရှက်ခွဲလိုက်တာပဲ..” ယွမ်ရှီး ပြောလိုက်သည်။

“ကျွန်မတို့ ကိုယ့်ကိုကိုယ် အာကာသကလန်လို့ ပြောလို့ရသေးရဲ့လား .. ဒီလောက်ထိ ဖော်လံဖားနေရတာ ကိုယ့်ကိုကိုယ် အာကာသကလန်လို့တောင် မခေါ်ထိုက်တော့ဘူး”

“အခု သူတစ်ခုခုဖြစ်သွားတော့ ကျွန်မ ဒီမှာ နေခဲ့ချင်တယ် .. ဘာလို့လဲဆိုတော့ အစကတည်းက ကျွန်မ သူ့ကို ကူညီပေးခဲ့သင့်တာ .. အရင်တုန်းက သူ ကျွန်မကို လီပေါင်းများစွာ ကာကွယ်စောင့်ရှောက်ပေးခဲ့တယ် .. ကျွန်မကို ကလန်ထိရောက်အောင် ကူညီပေးခဲ့တယ် .. ဒါပေမဲ့ ကျွန်မတို့ သူ့ကို အဲဒီလိုမျိုး ဆက်ဆံခဲ့ကြတယ်”

“ဒီနေ့ကစပြီးတော့ သူ သေမျိုးဖြစ်သွားပြီး သူ့ရဲ့ကျင့်ကြံဆင့် ပျောက်သွားရင်တောင် ကျွန်မ သူနဲ့အတူတူ အဆင့်နိမ့်နယ်မြေကို လိုက်သွားမှာ .. ကျွန်မ သူ့ကို စောင့်ရှောက်ပေးမှာ”

ယွမ်ရှီး ဆက်တိုက်ပင် ပြောလိုက်သည်။

ဤသည်မှာ အာကာသကလန်အကြီးအကဲ၏ မျက်နှာကို ချက်ချင်း ပြောင်းလဲသွားစေသည်။ “မင်းရူးသွားပြီ .. မင်း ဘာလုပ်ချင်နေတာလဲ..”

“ကျွန်မ အရင်က သူ့ကို စိတ်ပျက်စေခဲ့မိပြီ .. ဒါက ကျွန်မ သူ့ကို ပြန်ပေးဆပ်တာ..” ယွမ်ရှီး၏ဆုံးဖြတ်ချက်မှာ ခိုင်မာလှသည်ပင်။

“သူ ခမ်းနားနေတုန်းက ကျွန်မ အဝေးကနေ ကြည့်နေရုံပဲ တတ်နိုင်တယ် .. အခု သူအားနည်းသွားပြီဆိုတော့ ကျွန်မ သူ့နားမှာ နေချင်တယ် .. သူ့ကို ဂရုစိုက်ပေးမယ့်လူ လိုအပ်တယ်..” ယွမ်ရှီး တစ်ဖက်လှည့်ကာ ချင်းကလန်ထံသို့ လျှောက်သွားလိုက်သည်။

ချင်းကလန်ထဲတွင် ရှီဟောင်ကို လူတစ်စု ဝန်းရံနေကြကာ သူတို့အားလုံး သူ့အား စမ်းသပ်ချင်နေကြလေ၏။ သို့သော်လည်း သူ ငြင်းဆန်လိုက်သည်။

သူ၏မိဘများနှင့် ညီလေးကို သူ့အား ထိခွင့်မပြု။ “ကျိန်စာက ကျွန်တော့်ကိုယ်ထဲမှာ ရှိနေပြီ .. အမေတို့ စမ်းသပ်ကြည့်ရင် အမေတို့ တစ်ခုခု ဖြစ်သွားမှာစိုးတယ်”

ထိုအချိန်တွင် ယွမ်ရှီး သူတို့ထံသို့ လျှောက်လာလေ၏။

ရှီဟောင်အမေ ချင်းရိနင် ဆွံ့အသွားရသည်။ အာကာသကလန်မှ မိန်းကလေး ပြန်လှည့်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့။

“ရှီဟောင် .. ရှင် စိတ်ပျက်စရာ၊ စိုးရိမ်စရာမလိုပါဘူး .. နည်းလမ်းတစ်ခု ရှိမှာပါ..” ယွမ်ရှီး ပြောလိုက်သည်။

“မိန်းကလေး .. မင်းက..” ရှီကျီလင်း ပြောလိုက်သည်။

“ကျွန်မ သူ့ကို စောင့်ရှောက်ချင်တယ် .. သူနဲ့အတူတူ အဆင့်နိမ့်နယ်မြေကို ပြန်သွားချင်တယ်” ယွမ်ရှီး အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါက.. ” အားလုံး ဆွံ့အသွားရ၏။

“ဘာလို့လိုက်မှာလဲ .. နောင်ကျရင် ငါက သာမန်လူနဲ့ မခြားတော့ဘူး .. မင်း ငါနဲ့ အဆင့်နိမ့်နယ်မြေကို လိုက်ခဲ့ဖို့ လုံးဝ မသင့်တော်ဘူး” ရှီဟောင် ခေါင်းခါလိုက်သည်။

“ကျွန်မ ရှင်နဲ့အတူတူ ကျောက်တုံးကျေးရွာကို လိုက်ခဲ့ချင်တယ် .. သေမျိုးဖြစ်သွားတာလဲ ကောင်းတာပဲ .. အနည်းဆုံးတော့ ငြိမ်းငြိမ်းချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေရတာပေါ့ .. ဒီနေရာလိုမျိုး အမြဲတမ်း ရှုပ်ထွေးမနေတော့ဘူးပေါ့” ယွမ်ရှီး ပြောလိုက်သည်။

ပြောရမည်ဆိုလျှင် သူမသည် ယခင်ကနှင့်ယှဉ်လျှင် ပို၍ ပွင့်လင်းလာပြီး သူမစိတ်ထဲမှ စကားများကို ပြောရဲလာသည်ပင်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကဆိုလျှင် သူမ ဤကဲ့သို့ ပြောရဲမည်မဟုတ်။

“မင်းက ကျင့်ကြံသူတစ်ယောက် .. ငါနဲ့လိုက်ခဲ့တာက တကယ်မသင့်တော်ဘူး .. ပြီးတော့ ငါ တကယ်ကို သေမျိုးတစ်ယောက် ဖြစ်ချင်နေမိတာ .. အနည်းဆုံးတော့ ငါ နှစ်နည်းနည်းလောက် တိတ်တိတ်ဆိတ်ဆိတ်လေး နေသွားရတာပေါ့..” ရှီဟောင် ဤကဲ့သို့ ပြုံး၍ ပြောလိုက်သည်။

ဤသည်မှာ ချင်းရိနင်၊ ရှီကျီလင်းနှင့် အခြားသူများကို ဆွံ့အသွားစေသည်ပင်။ ရှီဟောင်သည် ဟန်ဆောင်နေခြင်းမဟုတ်ပဲ တကယ်ကို သက်တောင့်သက်သာဖြင့် စိတ်အေးလက်အေး ဖြစ်နေသည်ပင်။

သူ့သားကြီးက ဘယ်လောက်တောင် စိတ်မာတာလဲ .. သူ တကယ် ဝမ်းမနည်း၊ စိတ်မပျက်ဘူးလား .. သူ့ထံတွင် စိုးရိမ်ပူပန်မှုကို တစ်စိုးတစ်စိမှ မတွေ့။

ပျက်စီးနေသည့် ထာဝရသက်ရှိနှင့် အခြားဂိုဏ်းများမှ ကျင့်ကြံသူများကို ရင်ဆိုင်သည့်အချိန်တုန်းကပင်လျှင် သူသည် အလွန်လေးနက်ကာ တိတ်ဆိတ်နေခဲ့သည်ပင်။

“ကလေး .. သားငိုချင်ရင် ငိုချလိုက် .. ထိန်းထားစရာမလိုဘူး..” ချင်းရိနင် မျက်ရည်များ ကျဆင်းလာသည်။ သူမသား ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်မည်ကို သူမ စိုးရိမ်မိသည်။

“ကျွန်တော် တကယ် ဟန်ဆောင်နေတာမဟုတ်ပါဘူး .. အခုအချိန်မှာ ကျွန်တော့်စိတ်က အရမ်းကို တည်ငြိမ်နေတယ်” ရှီဟောင် ပြောလိုက်သည်။ သူသည် ချင်းရိနင်၏ မျက်ရည်များကိုပင် သူ့လက်ဖြင့် သုတ်ပေးလိုက်သည်။

ထိုအချိန်တွင် ယွမ်ရှီး လျှောက်လာကာ သူ့အား လက်ကိုင်ပုဝါတစ်ခု ကမ်းပေးလိုက်သည်။

“အစ်ကိုကြီး ဘာမှဖြစ်မှာမဟုတ်ပါဘူး .. တစ်နေ့ကျရင် သူပြန်လာပြီးတော့ ပျက်စီးနေတဲ့ထာဝရသက်ရှိတွေကို ရိုက်ချလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ် .. သူ ရန်သူတွေအားလုံးကို ရှင်းပစ်မှာ” ချင်းဟောင် ပြောလိုက်၏။

“တကယ်လို့ အစ်ကိုကြီးက မတိုက်ခိုက်ချင်ပဲနဲ့ အဆင့်နိမ့်နယ်မြေမှာပဲ နေမယ်ဆိုရင်တောင် ကျွန်တော် အဲဒီရန်သူတွေအားလုံးကို အနှေးနဲ့အမြန် အဆုံးသတ်ပစ်မှာ..” သူ ထပ်ပြောလိုက်သည်။

ဤစကားလုံးများကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် ဆွံ့အသွားရသည်။ သူ့ပုခုံးကို ပုတ်လိုက်ကာ ဘာမှမပြောတော့။

ရှီကျီလင်းနှင့် ချင်းရိနင်တို့ မျက်လုံးများ နီရဲလာကာ သူတို့ကလေးနှစ်ဦးလုံးကို ပွေ့ဖက်လိုက်သည်။

ခဏကြာပြီးနောက် ယွမ်ရှီး ရှီဟောင်အတွက် ဆေးရည်စွပ်ပြုတ်အချို့ ယူလာသည်။

“ငါအခုထိ မပျက်စီးသေးပါဘူး .. တစ်လလိုပါသေးတယ်..” ရှီဟောင် သူမကို ကြည့်ပြီး ပြောလိုက်၏။

သုံးရက်ကြာပြီးနောက် ဂိုဏ်းအချို့ လက်ဆောင်များ ယူလာကြသည်။ ထိုလက်ဆောင်များမှာ ယခင်ကထက် ဆယ်ဆပိုမိုကြီးမားသည်ပင်။ သူတို့ မကျေနပ်ကြသော်လည်း မစွန့်စားရဲကြ။ ရှီဟောင် တိုက်ခိုက်လာမည်ကို ကြောက်ကြသည်။

သို့သော် အချို့ဂိုဏ်းများမှာ ရှီဟောင်၏စကားများကို လျစ်လျူရှုထားကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တိတ်တဆိတ်အဖွဲ့ဖွဲ့ကာ ထာဝရနန်းတော်အား သူတို့ကို စောင့်ရှောက်ပေးရန် တောင်းဆိုထားကြသည်ပင်။

“ဟက် .. ဟွမ်က ပျက်စီးသွားပြီ .. သူ့ကို ကြောက်နေစရာမလိုတော့ဘူး .. ငါ့ကလန်က ထာဝရသက်ရှိအစစ်ကိုယ်တိုင် သူ့ကို သင်ခန်းစာပေးထားတာဆိုတော့ ဘယ်အချိန်ရပ်သင့်လဲဆိုတာ သူသိသွားလောက်ပြီ..” ထာဝရနန်းတော်မှ အကြီးအကဲ သူတို့ကို ပြောလိုက်သည်။

ဤလူများ စိတ်အေးသွားကြရသည်။ ထို့အပြင် သူတို့သည် ကိုယ့်ကိုကိုယ် မစောင့်ထိန်းကြတော့ပဲ ချင်းကလန်မှ အကြွေးလာတောင်းသည့်သူများကိုပင် ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောလွှတ်လိုက်လေ။

သို့သော် စတုတ္ထမြောက်နေ့တွင်ဝေါ့ ရှီဟောင် လှုပ်ရှားလာသည်။

သိပ်မသေးသည့်ဂိုဏ်းတစ်ခု ရှီဟောင်၏ ရှင်းလင်းခြင်းခံလိုက်ရသောကြောင့် ဘေးဘက်မှ လူများအားလုံး တုန်လှုပ်သွားကြရသည်။

ထိုနေ့တွင် ရှီဟောင်သည် ထိုဂိုဏ်းမှ ရာထူးကြီးသည့်သူများ ၁၀ ယောက်ကျော်ကို သတ်ဖြတ်ခဲ့ကာ သူတို့ရတနာသိုက်ကို ဖွင့်ယူခဲ့သည်။

ထို့နောက် သူ နောက်တစ်နေရာသို့ ထပ်သွားကာ ဂိုဏ်းပေါင်းများစွာကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ထိုဂိုဏ်းများမှ ဂိုဏ်းခေါင်းဆောင်များနှင့် အကြီးအကဲများ၏ သွေးများဖြင့် ကောင်းကင်ကြီးကို နီရဲစေခဲ့သည်။

ဤသတင်းမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်ပင်။

“ခဏ .. ကျွန်တော်တို့နားလည်မှု လွဲသွားကြတာပါ .. ကျွန်တော်တို့ ရတနာတွေကို ပေးချင်ပါတယ်..”

လူအချို့ ချက်ချင်းထိတ်လန့်သွားကာ ဖင်မီးရှို့ခံလိုက်ရသကဲ့သို့ ချင်းကလန်သို့ အလောတကြီး ရောက်လာကာ ရတနာတစ်ပုံလိုက်ပြီး ပေးလာကြလေ၏။

အချို့လူများသည်လည်း ထာဝရနန်းတော်သို့ ထိတ်လန့်တကြား ရောက်သွားကာ သူတို့ကို တိုက်ခိုက်ပေးရန် တောင်းဆိုလာကြသည်။

“ဟွမ် .. မင်းအမှားကနေ သင်ယူနိုင်တဲ့ဦးနှောက်မရှိဘူးလား .. ထာဝရသက်ရှိက မင်းကို သင်ခန်းစာပေးလိုက်တာကို မေ့နေတာလား..” ထာဝရနန်းတော်မှ အသံထွက်ပေါ်လာသည်။

“အဲဒါဆိုရင်လည်း အဲဒီပျက်စီးနေတဲ့ထာဝရသက်ရှိကို ထပ်ထွက်လာခိုင်းလိုက်..” ရှီဟောင် ဤကဲ့သို့ တုံ့ပြန်လိုက်သည်။

ဘေးဘက်လည်မှ လူအားလုံး ချက်ချင်း ဆွံ့အသွားကြရသည်။ သူ ရူးသွားပြီလား..

ခဏကြာပြီးနောက် အားလုံး နားလည်သွားကြရသည်။ ဟွမ်က သူ့မှာ အချိန်မရှိတော့လို့ နောက်ဆုံးအနေနဲ့လုပ်ချင်တာတွေ လုပ်နေတာ..

ဒီလူအရူးမျိုးကို ဘယ်သူက ခုခံရဲမှာလဲ..

လူများစွာ နောင်တရသွားကြသည်။ သူတို့ဘာလို့ သူနဲ့တိုက်ခိုက်ခဲ့တာလဲ .. သူ ပျက်စီးသွားတဲ့အချိန် ရောက်တဲ့အထိ လနည်းနည်းလောက် စောင့်ခဲ့သင့်တာ..

“ဟွမ် .. မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..” ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိ ပေါ်လာသည်။

သို့သော်လည်း သူမတိုက်ခိုက်ရဲ။ ဟွမ် သူ့အား တမင်သက်သက် အပြင်သို့ မျှားခေါ်ကာ ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိနှစ်ယောက် သူ့အား သတ်ပစ်မည်ကို သူ စိုးရိမ်နေသည်။

ထာဝရနန်းတော်မှ မည်သူမှ ထွက်မလာရဲသဖြင့် ထိုဂိုဏ်းများ ပို၍ ထိတ်လန့်လာကြသည်။

နောက်ဆုံးတွင်တော့ သူတို့သည် လက်ဆောင်များယူကာ ချင်းကလန်သို့ အပြေးအလွှား သွားလိုက်ကြရလေသည်။

လက်ဆောင် ဆယ်ဆပေးရသည့်ဂိုဏ်းများအားလုံးမှာ မျက်လုံးများ စိမ်းနေလေပြီ။ သူတို့ ရတနာသိုက်ကြီးကုန်သွားလျှင်ပင် မလုံလောက်သေးသဖြင့် သူတို့ တစ်ခြားနည်းလမ်း ရှာဖွေရမည်။

ကျောက်စိမ်းအလင်းတန်းဂိုဏ်းခေါင်းဆောင်လည်း ထိုကဲ့သို့ပင်။ သူ့မျက်နှာမှာ ဖြူတစ်လှည့်၊ စိမ်းတစ်လှည့် ဖြစ်နေလေပြီ။ သူ တကယ်ကို နောင်တရနေမိပြီး သူ့ပါးစပ်ကို ဆယ်ခါလောက် ပိတ်ရိုက်ပစ်ချင်မိသည်။

“ထာဝရနန်းတော်ကလူတွေ .. ခင်ဗျားတို့တွေ ကျုပ်ကို ထပ်ပြီး လာမဖိနှိပ်တော့ဘူးလား.. ကျုပ် ဒီမှာ စောင့်နေတယ်လေ..” ရှီဟောင် စိန်ခေါ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပျက်စီးနေသည့်ထာဝရသက်ရှိ ထပ်ထွက်မလာနိုင်သည်ကို သူသိသည်။ တစ်ခေါက်ထွက်လာရန်အတွက်ပင် သူအတော်လေး ပေးဆပ်ခဲ့ရလိမ့်မည်။ သူ ထာဝရရေပူစမ်းထဲ၌ ပုန်းနေလောက်လေပြီ။

ထာဝရနန်းတော်မှ အဆင့်လွန်သက်ရှိစိတ်ကိုလည်း ရှီဟောင် ဖတ်ပြီးသွားပြီဖြစ်သည်။ တစ်ဖက်လူသည် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ အကြီးအကဲများ သူ့အားသတ်မည်ကို စိုးရိမ်နေသည်ပင်။

ဤပုံစံဖြင့်ပင် မည်သူမှ ထွက်မလာတော့။ ဂိုဏ်းများစွာသည် ကိုယ့်ကိုကိုယ် အားတင်းကာ ချင်းကလန်သို့ သွားရုံသာ တတ်နိုင်တော့လေသည်။

“အဖေ .. ကျွန်တော်တို့ ထွက်သွားဖို့အချိန်ရောက်ပြီ .. အိမ်ပြန်ကြမယ်..”

ဆယ်ရက်ကြာပြီးနောက် ရှီဟောင် ပြောလိုက်သည်။

အပိုင်း ၁၉၁၉ ပြီး၏။
Chapter – 1920 ပြင်ဆင်ခြင်း

“ငါတို့ အိမ်ပြန်ကြမယ်..” ရှီကျီလင်း ခေါင်းညိမ့်လိုက်သည်။ သူ၏သားကြီးကို ကြည့်ကာ သူ့ရင်ဘတ် တင်းကြပ်လာရသည်။

သူ့သားကြီးသည် ယခုခေတ်တွင် အငယ်ဆုံးနှင့် စွမ်းအားအကြီးဆုံး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်ခဲ့သော်လည်း ယခုတော့ ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။

“ငါတို့ အိမ်ပြန်ကြမယ် .. ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူး..” ချင်းရိနင် ပြောလိုက်သည်။

ဤရက်အနည်းငယ်အတွင်း ရှီဟောင်၏ဂုဏ်သတင်းများ အပြင်ဘက်သို့ ပျံ့လွင့်ကာ ဂိုဏ်းအားလုံးကို ခေါင်းငုံ့သွားစေသည်အထိ တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ချင်းရိနင်မှာ ဝမ်းနည်းနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူမ သားကြီး၏ နောက်ဆုံးအကြိမ် ခမ်းနားတောက်ပမှုဖြစ်သည်ကို သူမ သိနေသောကြောင့်ပင်။ တစ်လဆိုသည်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားလိမ့်မည်။

“အစ်ကိုကြီး .. အစ်ကိုကြီး စီရင်စုသုံးထောင်က ပြန်လာမှာကို စောင့်နေမယ်..” ချင်းဟောင်ပြောလိုက်သည်။

အနောက်ဘက်မှ ထာဝရချင်း သက်ပြင်းချလိုက်သည်။ သူ၏ကျင့်ကြံခြင်းပျက်စီးသွားကာ တာအိုများလည်း ပျက်စီးသွားပြီဖြစ်သောကြောင့် ရှီဟောင် သာမန်လူကဲ့သို့ပင် ဖြစ်သွားလိမ့်မည်။ သူ ဘယ်တော့မှ ကျင့်ကြံနိုင်မည်မဟုတ်တော့။ သူက ဘယ်လို ပြန်လာမည်နည်း..

“ငါတို့ သေချာပေါက်ကို ပြန်လာကြမယ်.. အစ်ကိုကြီးအတွက် လက်စားချေကြမယ်..”

ကလေး ရာပေါင်းများစွာ အော်ဟစ်လိုက်ကြသည်။

ဤကလေးများမှာ ရှီဟောင် နယ်ခြားစပ်မှ ခေါ်လာသည့်ကလေးများပင်။ အများစုမှာ ဆယ်ကျော်သက်ပင်မရှိသေး။ အငယ်ဆုံးမှာ လေးဖက်ထောက်သင်သည့်အရွယ်သာ ရှိသေးသည်။ သူတို့အားလုံး မျက်လုံးများ နီရဲနေကာ အလွန်ဝမ်းနည်းနေကြလေ၏။

တစ်ချိန်တည်းမှာပင် သူတို့ ပိုသန်မာလာအောင်လုပ်ရမည်ဟု သံဓိဌာန်ချထားလိုက်ကြသည်။ သူတို့ ရှီဟောင်အတွက် လက်စားချေပေးကာ ထိုပျက်စီးနေသည့်ထာဝရသက်ရှိကို သတ်ပစ်မည်။

“နှစ်တွေ အများကြီး ကြာနေပြီဆိုတော့ နယ်မြေရှစ်ခု က ဘယ်လိုဖြစ်နေပြီလဲ..” ရှီဟောင် တီးတိုးပြောလိုက်သည်။

ယခင်တစ်ခေါက်က သူ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေသို့ သွားခဲ့သော်လည်း အနောက်မှလူများသည် သူ့အား ပိတ်ထားချင်နေသောကြောင့် သူ အမြန်ပြန်ထွက်လာခဲ့လိုက်ရသည်။

ရှီဟောင် ထာဝရချင်းကို ကြည့်လိုက်သည်။ သူ့ထံမှ အဆင့်နိမ့်နယ်မြေများအကြောင်း သိချင်မိသည်။

အဘယ်ကြောင့်ဆိုသော် စီရင်စုသုံးထောင်မှ ဂိုဏ်းကြီးအချို့တွင် အဆင့်နိမ့်နယ်မြေနှင့် ဆက်သွယ်နိုင်သည့် နည်းလမ်းအချို့ ရှိနေသည်ပင်။ သူတို့ အဆင့်နိမ့်နယ်မြေမှ သတင်းများ ရနိုင်သည်။

ထာဝရချင်းသည် ခေါင်းခါလိုက်ကာ ခါးသီးစွာ ပြောလိုက်သည်။ “အခုက မတူတော့ဘူး .. ငါတို့ကောင်းကင်ဘုံရဲ့ ဆန္ဒကို ဆန့်ကျင်လို့မရတော့ဘူး .. ဘယ်သူ့ကိုမှ ပို့လို့မရတော့ဘူး..”

“ငါနဲ့လိုက်ခဲ့..” သူ ခဏခန့်စဉ်းစားပြီးနောက် ‌ပြောလိုက်သည်။

ချင်းကလန်အတွင်းပိုင်းတွင် ရှေးဟောင်းတောင်တစ်လုံးရှိနေသည်။ ထိုနေရာတွင် မူလဖရိုဖရဲမြူများ ထွက်ပေါ်နေသည်။ ထိုနေရာသည် အလွန်ပင် ထူးဆန်းလှသည်။

ဤနေရာသည် အလွန်မတည်မငြိမ်ဖြစ်နေကာ အလွန် ဖရိုဖရဲဖြစ်နေသည်။

“ဒါက ငါရှာတွေ့ထားတဲ့ ထူးခြားတဲ့နေရာတစ်ခုပဲ .. ပုံမှန်အတိုင်းဆိုရင် ဒီနေရာကနေ အဆင့်နိမ့်နယ်မြေကို မှော်စွမ်းအားတွေ ပို့လိုံရတယ် .. ဒါပေမဲ့ အခုတော့ အရမ်းခက်ခဲသွားပြီ .. ပို့လို့မရတော့ဘူး..” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ ဤနေရာ၌ အက်ကွဲကြောင်းများ ပြည့်နေသည့် သလင်းကျောက်နံရံတစ်ခု ရှိနေသကဲ့သို့ပင်။ သေချာကြည့်လိုက်လျှင် အနောက်ဘက်ရှိ လောကကြီးကို ချောင်းကြည့်နေနိုင်သကဲ့သို့ပင်။

“‌မှော်စွမ်းအား ပုံရိပ်ယောင်လား..” ရှီဟောင်မေးလိုက်သည်။

“ဟုတ်တယ် .. အရင်တုန်းက မှော်စွမ်းအားပုံရိပ်ယောင်တွေကို အဆင့်နိမ့်နယ်မြေကို ပို့လို့ရတယ် .. အခုတော့ မရတော့ဘူး..” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင် ဤနေရာကို လေ့လာလိုက်သည်။ ဤနေရာသည် တကယ်ကို အကွာအဝေးနုတ် တစ်ခုပင်။ ဤနေရာမှာ မတည်ငြိမ်နိုင်တော့။

“အတင်းတိုက်ခိုက်လိုက်မယ်ဆိုရင် တန်ပြန်သက်ရောက်မှုတွေ ရှိနိုင်တယ် .. ကောင်းကင်ဆန္ဒက ဓားသွားတစ်ခုလိုဖြစ်လာပြီး မူလဝိညာဉ်ကို ဖြတ်တောက်သွားပစ်လိမ့်မယ်..” ထာဝရချင်း ပြောလိုက်သည်။

ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ဤသည်မှာ ရှီဟောင် ယခင်ကတည်းက သတိထားမိသည့်အရာပင်။ ကောင်းကင်၏ဆန္ဒကို စိန်ခေါ်နိုင်မည့်နည်းလမ်းမရှိ။ အဆင့်နိမ့်နယ်မြေမှ နယ်မြေရှစ်ခုကို ဝင်ရောက်ရန်အတွက် သဘာဝဥပဒေသများကို ချိုးဖောက်၍မရ။ မဟုတ်လျှင် ထူးဆန်းသည့်ဥပဒေသ အပြစ်ပေးမှုများကို ခံရလိမ့်မည်။

ထာဝရချင်းကဲ့သို့သော လူပင်လျှင် အဆင့်နိမ့်နယ်မြေသို့ မဆက်သွယ်နိုင်သည်မှာ ကောင်းသည့်အရာပင်။ ဤသည်မှာ အဆင့်မြင့်နယ်မြေမှလူများ အဆင့်နိမ့်နယ်မြေကို နှောက်ယှက်ရန် ခက်ခဲသည်ဟု သက်သေပြလိုက်ခြင်းပင်။

ခဏကြာပြီးနောက် ချင်းကလန်၏ စတိုခန်းကို ဖွင့်လိုက်သည်။ ထိုတ်စခဏတွင် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလေ၏။

ဤသည်မှာ ဂိုဏ်းများမှ လက်ဆောင်ပေးထားသည့် နတ်လက်နက်များ၊ ထူးခြားသည့်နတ်အရိုးများ၊ အစီအရင်အဆောင်များ၊ ရှားပါးသည့်အဖိုးတန်ဆေးများပင်။

အခြားသူများမပြောနှင့် ရှီဟောင်ပင်လျှင် အနည်းငယ် ဆွံ့အသွားရသည်။ “ဒီလောက်တောင် များတာလား..”

သူ ထွက်သွားတော့မည်ဖြစ်သောကြောင့် ဤအရာအားလုံးကို အဆင့်နိမ့်နယ်မြေသို့ ယူသွားမည်။

“ဆယ်ဆပြန်ပေးဖို့ မင်း တောင်းဆိုလိုက်တာလေ .. ဒီလောက်များမယ်လို့ မင်းမထင်ထားလို့လား..” ထာဝရချင်း ပြုံး၍ ပြောလိုက်သည်။

“ဟား ဟား .. ကောင်းပြီလေ အဲဒါဆိုလည်း..” ရှီဟောင်လည်း ရယ်မောလိုက်၏။

ယခုတလော သူ ထိတ်လန့်နေသလို စိုးလည်း မစိုးရိမ်နေ။ သူသည် အမြဲတမ်းယခင်အတိုင်း ဖြစ်နေသည်။ သူ၏စိတ်ဓာတ်မာကျောမှုမှာ အခြားသူများကို ဆွံ့အသွားစေခဲ့သည်ပင်။

နတ်ပစ္စည်များ တစ်သေတ္တာပြီးတစ်သေတ္တာ ရွှေ့နေကြသည်။ ဤပစ္စည်းများမှာ ဂိုဏ်းပေါင်းများစွာ တည်ထောင်ရန် လုံလောက်သည်ပင်။

အမှန်တကယ်တွင် ဤပစ္စည်းများသာမက အကွာအဝေး မှော်ပစ္စည်းများထဲ၌ သိမ်းဆည်းထားသည့် ဆေးခင်းများပင် ရှိသေးသည်။

ဥပမာအားဖြင့် ရွှေရောင်ခြင်္သေ့ထံတွင် နတ်ဆေးခင်များကို သိမ်းဆည်းထားသည့် အကွာအဝေးမှော်ပစ္စည်းအချို့ ရှိနေသည်။

ရှီဟောင်သည် အချို့ဂိုဏ်းများကို ရှင်းသည့်အချိန်တွင် သူတို့၏ ဆေးခင်များကိုပါမကျန် သိမ်းယူခဲ့ခြင်းပင်။

“သွားကြစို့..”

ရှီဟောင် သက်ပြင်းချလိုက်သည်။ သူသည် အရာအားလုံးကို လှေကြီးတစ်စင်းပေါ်သို့ တင်လိုက်သည်။ ရာချီသည့်ကလေးများသည် လှေပေါ်၌ မတ်တပ်ရပ်ကာ အလွန်စိတ်လှုပ်ရှားနေကြသည်။

သူတို့မျက်နှာများသည် မျက်ရည်များရှိနေသလို ပျော်ရွှင်မှုများလည်း ရှိနေသည်။ သူတို့ လောကအသစ်သို့ သွားကြတော့မည်။ သူတို့ ထိုနေရာ၌ စွမ်းအားကြီးသည့် နတ်စွမ်းရည်များကျင့်ကြံကာ အစ်ကိုကြီးအတွက် ပြန်လာပြီး လက်စားချေကြမည်။

“မင်းလည်း တကယ်လိုက်မှာလား..” ရှီဟောင် ခရမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးကို ကြည့်၍ ပြောလိုက်၏၊ ဤသည်မှာ ယွမ်ရှီးပင်။

သူမသည် ခေါင်းညိမ့်လိုက်ကာ သူနှင့်အတူ အဆင့်နိမ့်နယ်မြေသို့ အတင်းလိုက်ချင်နေ၏။

“ကလေး .. ဒီကိုလာခဲ့…” ချင်းရိနင် ခေါ်လိုက်သည်။ သူမသည် ခံစားချက်များ ပြည့်လျှံနေသော်လည်း ယွမ်ရှီးကို ဆွဲခေါ်လိုက်သည်။ သူမသည် ယွမ်ရှီးကို သူ့သမီးအရင်းကဲ့သို့ပင် နှစ်သက်နေပြီး ဤအမူအရာမှာ အာကာသကလန်မှ မိန်းမပျိုလေးကို အလွန်ရှက်သွားစေလေ၏။

ရှီဟောင် တစ်ဖက်လှည့်ကာ ရွှေရောင်ခြင်္သေ့ကို ကြည့်လိုက်သည်။

“မင်း .. မင်းဘာလုပ်ချင်နေတာလဲ..” ဤခြင်္သေ့သည် အမြင်အာရုံ အလွန်စူးရှလှသောကြောင့် အန္တရာယ်အငွေ့အသက် အနည်းငယ် ရနေသည်။ သူ အလိုလိုပင် နောက်ဆုတ်သွားကာ သူ၏ရွှေရောင်အမွေးများ ထောင်ထကုန်သည်။

ဤရက်အနည်းငယ်အတွင်း သူ အလွန်ပျော်ရွှင်စိတ်လှုပ်ရှားနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဟွမ် ပျက်စီးတော့မည်။

တစ်လဆိုသည့်အချိန်မှာ သန့်စင်သည့်သားရဲအတွက်တော့ အလွန်တိုတောင်းသည့် အချိန်ပင်။ သူ စိတ်ရှည်လက်ရှည်စောင့်ရန်သာလိုသည်။ အချိန်ကျလျှင် သူ ဟွမ်နှင့် သေချာစာရင်းရှင်းရမည်။

“မင်းက တော်တော်လေးကို စိတ်လှုပ်ရှားနေတာပဲ .. ငါ ပျက်စီးသွားမယ့်အချိန်ကို စောင့်နေတာပဲ ဟုတ်တယ်မလား..” ရှီဟောင် မေးလိုက်သည်။

“ဘာ .. မဟုတ်တာ .. မင်းကဘာလို့ အဲဒီလိုမျိုးတွေးရတာလဲ .. ငါတို့က တစ်ဖွဲ့တည်းသာတွေ ဟုတ်ပြီလား .. မင်းရဲ့အရှက်ရမှုက ငါ့ရဲ့အရှက်ရမှုပဲ .. မင်းရဲ့အောင်မြင်မှုက ငါ့ရဲ့အောင်မြင်မှုပဲ .. ငါတို့တွေက အကျိုးတူ၊ စိတ်တူကိုယ်တူတွေပဲ..” ရွှေရောင်ခြင်္သေ့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒါကမင်းရဲ့စိတ်ရင်းအမှန်မဟုတ်ဘူးလို့ ခံစားရတယ် .. ငါတို့ အဆင့်နိမ့်နယ်မြေ သွားတဲ့အချိန်ကို စောင့်ပြီးတော့ မင်းက ငါ့ကို သတ်ချင်နေတာလား..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကို ကြည့်၍ မေးလိုက်သည်။

ဤစကားကြားသည်နှင့် ရှီကျီလင်းတို့အမူအရာ ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ ဖြစ်နိုင်ချေမြင့်သည်ပင်။ ယခင်က သူတို့ ဤကိစ္စကို မေ့နေခဲ့ကြသည်။

“ငါတို့ ခရီးသွားနေတဲ့အတောအတွင်း ငါတို့ ခြင်္သေ့သားကင်စားရင် ကောင်းမယ်လို့ ခံစားရတယ်..” ရှီဟောင် ပြောလိုက်၏။

ချွမ်း..

ချင်းဟောင်သည် ပို၍ပင် ဒဲ့တိုးဆန်သေးသည်။ သူသည် လက်ထဲ၌ ငွေရောင်လှံတံကိုင်ထားကာ ခြင်္သေ့ကြီး၏ မျက်ခုံးကြားသို့ ချိန်ရွယ်ထားလိုက်သည်။

ရွှေရောင်ခြင်္သေ့ မျက်လုံးများ မှေးကျဉ်းသားကာ ဆံပင်မွေးများထောင်ထလာသည်။ သူ စိုးရိမ်နေသည်မှာ ချင်းဟောင်၏ ရန်ုလိုမှုကိုမဟုတ်။ ဟွမ်၏ ဆုံးဖြတ်ချက်ကိုပင်။

“ဟွမ် .. မင်း ဒီလိုမျိုးလုပ်လို့မရဘူး .. ငါ မင်းကို အန္တရာယ်မပေးပဲနဲ့ မင်းနဲ့အချိန်အကြာကြီး အတူတူ သွားလာခဲ့တာ .. ငါ မင်းအစား အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပေးခဲ့သေးတယ်လေ..” သူ သေလျှင်ပင် ဝန်ခံမည်မဟုတ်။

“မင်း ငါ့နောက်လိုက်ခဲ့တာ တော်တော်ကြာနေပြီဆိုတော့ ငါမင်းကို မသတ်ချင်တော့ဘူး .. ဒါပေမဲ့ မင်းကို ငါနဲ့အတူတူ ခေါ်သွားရင်လည်း အန္တရာယ်များလွန်းတယ် …” ရှီဟောင် ပြောလိုက်သည်။

ဤစကားကြားသည်နှင့် အားလုံး သက်ပြင်းချလိုက်ကြသည်။ ကြည့်ရသည်မှာ မှော်ဆန်သည့်ကိစ္စများဖြစ်မလာတော့မည့်ပုံပင်။ ရှီဟောင်မှာ တကယ်ကို ပျက်စီးသွားတော့မည်။

“ကိစ္စမရှိဘူး .. ငါ့မှာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နတ်ပစ္စည်းတစ်ခု ရှိတယ်” ထာဝရချင်း ပြောလိုက်သည်။

သူ့လက်ထဲတွင် ရှေးကျသ်ည့ စာလုပ်တစ်ခု ပေါ်လာသည်။ ထိုစာလိပ်ကို ဖြန့်ချလိုက်သည်နှင့် မှော်စွမ်းအားများ ထွက်ပေါ်လာကာ သဘာဝဥပဒေသများလည်း ရောယှက်လာပြီး ရွှေရောင်မြူများ ထွက်ပေါ်လာသည်။

အပိုင်း ၁၉၂၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset