Switch Mode

Chapter – 1891 & 1905

Chapter – 1891 ကြမ်းတမ်းသည့်အင်အား

ဒီကျွမ်းကျင်သူက ဘယ်ကနေ ရောက်လာတာလဲ … အားလုံး ရူးမတတ်ပင် ဖြစ်နေလေပြီ။ ဒါက အစပဲရှိသေးတာကို ဒီနှစ်ယောက်က တားခံလိုက်ရပြီလား..

အားလုံးမှာ ချီဂုနှင့် ကဲဂုတို့၏ တိုက်ခိုက်မှုကို မျှော်လင့်တကြီးဖြင့် လာကြည့်ကြခြင်းပင်။ တိုက်ပွဲမစမှီမှာပင် သူတို့ဤကဲ့သို့ ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

ထို့အပြင် သူတို့ လူတစ်ယောက်တည်းကို ရှုံးနိမ့်သွားခြင်းပင်။

ရှီဂုနှင့် ကဲဂုတို့နှစ်ဦးလုံး အားထည့်လိုက်ကာ အဖိုးတန်ပညာ၏ သင်္ကေတများကောင်းကင်ကို လွှမ်းခြုံသွားသည်။ သူတို့သည် အကောင်းဆုံးစွမ်းအားကို အသုံးပြုနေခြင်းဖြစ်ပြီး ဤသည်မှာ ကျင့်ကြံဆင့်နယ်ပယ်၏ အမြင့်ဆုံးအဆင့်နှင့် တစ်ဆင့်သာ ကွာသည်ပင်။

သို့သော်လည်း သူတို့ ဤလူလက်ထဲမှ ရုန်းမထွက်နိုင်သေး။

လက်သီးနှစ်ဖက် ဖမ်းဆုတ်ခံထားရကာ သူတို့လက်များကိုပင် တုန်ယင်လာစေသည်။ သူတို့တစ်ကိုယ်လုံးကို ကြောက်စရာကောင်းသည့်စွမ်းအားတစ်မျိုးဖြင့် ကန့်သတ်ခံထားရသည်။

နောက်ဆုံးတွင်တော့ သူတို့သည် မြေပြင်ထက်သို့ လဲကျတော့မတတ် ချွေးပြန်လာကြသည်။

“မဖြစ်နိုင်တာ..” ရှီဂု အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤကျင့်ကြံဆင့်တွင် သူတို့ ကန့်သတ်ချက်ကို ကျော်လွန်ပြီးသားပင်။

သူတို့နှစ်ဦးသာ တိုက်ခိုက်မည်ဆိုလျှင် သူတို့ကြား ကွာခြားမှု သိပ်မရှိလောက်။ ယခုလိုမျိုး တစ်ဖက်တည်းမှ ဖိနှိပ်နိုင်စရာ အကြောင်းမရှိ။ သူတို့သာ ပြိုင်ဘက်ကို အနိုင်လိုချင်လျှင် များစွာ ပေးဆပ်ရလိမ့်မည်။

သို့သော် ဤလူကတော့ သူတို့ကို အေးအေးဆေးဆေးပင် ဖိနှိပ်ထားသည်။

“မင်းတို့တွေ ငါ့ကို ဦးညွှတ်ချင်ပြီလား..” ရှီဟောင်မေးလိုက်သည်။ သူ ဤနှစ်ယောက်ကို တကယ် စိတ်ဝင်စားနေသည်ပင်။

“ခင်ဗျား ဘယ်သူလဲ..” ကဲဂုမေးလိုက်သည်။

ဝုန်း..

ခပ်ဝေးဝေးတွင် ဆူညံသံတစ်ခု ထွက်ပေါ်လာကာ ထူးဆန်းသည့်ငှက်တစ်ကောင် ပေါ်လာသည်။ ငှက်တစ်ကိုယ်လုံး လောင်ကျွမ်းနေကာ နတ်မီးတောက်ပုံကြီးအဖြစ်သို့ ပြောင်းလဲနေသည်။ ဤသည်မှာ ဖီးနှစ်ငှက်အစစ်တစ်ကောင် ပေါ်လာသကဲ့သို့ပင်။

“ဟမ် .. နောက်ဆုံးတော့ ပေါ်လာပြီ .. ငှက်ဖိုးဖိုးရဲ့ငှက် .. ကြည့်ရတာ မင်းရဲ့ခွန်အားတွေ တိုးတက်လာတယ်ထင်တယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဖုန်း..

သူ ရှီဂုနှင့် ကဲဂုကို လက်လွှတ်ပေးလိုက်သည်။ သူတို့နှစ်ဦး နောက်ယိုင်သွားကာ မျက်နှာလည်း ဖြူဖျော့သွားသည်။

ထို့အပြင် ရှီဟောင် ခုန်ထွက်လိုက်ကာ ထိုငှက်ကြီး၏ကျောထက်သို့ တက်သွားပြီး မြဲမြံစွာ ရပ်လိုက်သည်ကို အားလုံးတွေ့လိုက်ရသည်။

ထိုဖီးနှစ်ငှက်အစစ်နှင့်တူသည့် ငှက်ကြီးသည် ဤသည်ကို လက်မခံပဲ ပြင်းထန်စွာ ရုန်းကန်လိုက်သည်။ သို့သော်လည်း ခဏကြာပြီးနောက် ငြိမ်သက်သွားကာ သူအား အဝေးသို့ ခေါ်သွားလိုက်လေ၏။

“ဘာဖြစ်သွားတာလဲ .. ငါဘာလို့ အိပ်မက်မက်လိုက်သလို ခံစားနေရတာလဲ..”

အားလုံး အနည်းငယ် မူးနောက်သွားရသည်။ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။

“ဒီငှက်က ဟင်းလင်းပြင်နတ်ဘုရားနယ်မြေမှာ သမိုင်းကြောင်းရှိတယ် .. ဒါက ဒဏ္ဍာရီလာ ငှက်ဖိုးဖိုး မွေးထားတဲ့ ငှက်ဖြစ်နိုင်တယ်..”

ထိုငှက်ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။

ဤနှစ်များတွင် ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုးအကြောင်း သိလာသည့်သူများစွာ ရှိလာသည်ပင်။ သူတို့သည် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၏ ကာကွယ်သူ သို့မဟုတ် အုပ်ချုပ်သူ ဖြစ်လိမ့်မည်ဟု ပြောကြသည်။

ငှက်ဘိုးဘိုးရဲ့ နတ်ငှက်တောင် ထွက်လာရအောင် အဲဒီရုတ်တရက်ပေါ်လာတဲ့သူက ဘယ်သူမို့လို့လဲ .. ဒါက သူ့ကို ကြိုဖို့အတွက်လား..

တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်ပြီးနောက် ထိုငှက်ကြီး၏ခန္ဓာကိုယ် လျင်မြန်စွာ ကျုံ့သွားသည်။

တောင်ထိပ်ပေါ်၌ အကြီးအကဲတစ်ဦး ထိုင်နေ၏။ ဤသည်မှာ ယခင်က ငှက်ဘိုးဘိုးပင်။

ရှီဟောင် တောင်ထိပ်ပေါ်သို့ ရောက်သည်နှင့် ထိတ်လန့်သွားရသည်။ ငှက်ဘိုးဘိုး၏အခြေအနေမှာ အလွန်ထူးဆန်းနေသည်။ သူသည် ကြောက်စရာကောင်းသည့်အော်ရာနှင့်အတူ အမှောင်ထုခံစားချက်အနည်းငယ်ကို ပေးနေသည်။

ဤသည်မှာ ယခင်ကနှင့် သိပ်မတူ။

ယခင်ကလည်း ငှက်ဘိုးဘိုးနှင့် ဒင်္ဂါးဘိုးဘိုး အလွန်ထူးဆန်းသည်ဟု သူ ခံစားခဲ့ရသည်ပင်။

“မင်း ဘယ်သူလဲ..” ငှက်ဘိုးဘိုးမေးလိုက်၏။ သူ၏အမှောင်ထုအော်ရာမှာ ပို၍ ပြင်းထန်လာသည်။

“ကြည့်ရတာ ဘိုးဘိုးတို့နှစ်ယောက်ရဲ့ လက္ခဏာတွေက ပိုပြင်းထန်လာပုံပဲ .. ကိုယ်ဘယ်သူလဲဆိုတာတောင် မေ့သွားပြီ” ရှီဟောင် သက်ပြင်းချလိုက်သည်။

ယခင်ကလည်း ဤကဲ့သို့ပင်။ ဤနှစ်ဦးသည် သူတို့၏အတိတ်များကို မေ့လျော့နေပြီဖြစ်ပြီး ရှီဟောင် သူတို့ကို လှုပ်နိုးသည့်အခါတွင်မှ အတိတ်အချို့ကို မှတ်မိလာခြင်းပင်။

ယခု သူတို့အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ။ သူတို့သည် နတ်မဟုတ်သည့် အခြားဘက်ခြမ်းကို ပြသနေလေပြီ။

“ဒင်္ဂါးဘိုးဘိုး ဘယ်မှာလဲ .. ကျွန်တော် ဟွမ်ပါ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦး၏ မူလဝိညာဉ်များသည် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၌ ပိတ်မိနေကာ သူတို့၏ခန္ဓာကိုယ် အစစ်မှာမည်သည့်နေရာ၌ ရောက်နေမှန်းမသိတော့။ သူတို့ခန္ဓာကိုယ်ထံသို့ မပြန်နိုင်သောကြောင့် သူတို့ကိုယ်သူတို့ ဆုံးရှုံးလိုက်ရခြင်းပင်။

“ဟမ် .. မင်းပဲ … မင်း ပြန်လာပြီ..” ငှက်ဘိုးဘိုး၏မျက်လုံးများ တောက်ပလာသည်။ အမှောင်ထုအော်ရာ ပျောက်ကွယ်သွားကာ ခမ်းနားသည့်အလင်းတန်းများ ထပ်မံထွက်ပေါ်လာသည်။

ထိုအခါမှ ရှီဟောင် သက်မချနိုင်တော့သည်။ ကံကောင်းစွာဖြင့် ဤလူသည် သူ၏အတိတ်မှ သူငယ်ချင်းများကို မမေ့သေး။ အဖြစ်အပျက်ဟောင်းတစ်ချို့ကို မှတ်မိနေသေးသည်။

“ငါ့ကိုယ်ငါ မေ့တော့မလိုပဲ .. အခု ငါပြန်နိုးလာပြီ .. ငါ ပျော်ရမလား ဝမ်းနည်းရမလားတောင် မသိတော့ဘူး” ငှက်ဘိုးဘိုး ပြောလိုက်သည်။

“ကျွန်တော် အဆင့်မြင့်နယ်မြေကနေ ဆင်းလာတာ .. ကျွန်တော့်မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ် .. အဲဒါက အဖိုးတန်ပညာကို ရဖို့ပဲ”

“ရတယ် .. ကိစ္စမရှိဘူး” ငှက်ဘိုးဘိုး မှာ အလွန်တောက်ပနေသည်။ ဒင်္ဂါးဘိုးဘိုးပြန်လာသည်နှင့် သူတို့နှစ်ဦး အဆီးအတားကို ဖယ်ရှားကာ အဖိုးတန် ရှေးဟောင်းပညာစာလိပ်ကို ယူပေးမည်ဟု ပြောကြသည်။

“ဒင်္ဂါးဘိုးဘိုးက ဘယ်မှာလဲ..” ရှီဟောင်မေးလိုက်၏။

ဝုန်း..

ရုတ်တရက် ငှက်ဘိုးဘိုးထိုင်နေသည့် ဖျာကြီး တုန်ခါလာသည်။ သူသည် တစ်ခုခုကို အာရုံခံနိုင်လိုက်သကဲ့သို့ သူ၏မျက်လုံးများ တောက်ပလာသည်။

“ပြဿနာများပြီ..” ငှက်ဘိုးဘိုး သက်ပြင်းချလိုက်သည်။

“ဘာဖြစ်လို့လဲ..”

“မင်း ပြန်သွားလို့မရလောက်တော့ဘူး .. တစ်ယောက်ယောက်က မင်း အဆင့်မြင့်နယ်မြေဆီ ပြန်တဲ့လမ်းကို ပိတ်ပစ်လိုက်ပြီ .. မင်းကို ဒီနယ်မြေမှာ ပိတ်ထားပစ်လိုက်ပြီ..” ငှက်ဘိုးဘိုး ပြောလိုက်သည်။

သူသည် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေ၏ အုပ်ချုပ်သူဖြစ်သောကြောင့် အဆင့်မြင့်နယ်မြေနှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်မှ ပြောင်းလဲမှုများကို သိနိုင်သည်ပင်။

အဆင့်မြင့်နယ်မြေရှိ ထိုရွှေရောင်ဂိတ်တံခါးကြီးကို ပိတ်ကာ ချိတ်ပိတ်ပစ်လိုက်လေပြီ။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်အရာပင်။ ရှီဟောင်၏မူလဝိညာဉ်သည် အဆင့်နိမ့်နယ်မြေထဲ၌ ထာဝရပိတ်မိနေပြီဖြစ်ပြီး ပြန်သွား၍မရတော့။ ဤသည်မှာ သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်ကြားမှ ဆက်သွယ်ချက် ပျက်ပြယ်သွားပြီဟု ဆိုလိုခြင်းပင်။

အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ကြီး ပုပ်သိုးသွားလိမ့်မည်။

“သူတို့က ဒါကို ချိတ်ပိတ်ရဲတယ်ပေါ့..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

သူ ပြန်မည့်လမ်းကိုပိတ်ပစ်မည့်သူများ ရှိလိမ့်မည်ဟု သူထင်ထားပြီသားပင်။ သို့သော်လည်း ဤမျှ လျင်မြန်လိမ့်မည်ဟု မထင်ထားခဲ့။

“မင်း စိတ်မပူဘူးလား .. မင်းငါတို့လိုမျိုး အဆုံးသတ်သွားနိုင်တယ် .. ခန္ဓာကိုယ်နဲ့ မူလဝိညာဉ်က ထာဝရ အဆက်အသွယ်ပြတ်သွားပြီ” ငှက်ဘိုးဘိုး သက်ပြင်းချ၍ ပြောလိုက်သည်။

“လူတစ်ယောက်က လုံလောက်အောင် စွမ်းအားကြီးတာနဲ့ သဘာဝဥပဒေသတွေကို ချိုုးဖောက်ပစ်နိုင်တယ်လို့ ဘိုးဘိုးတို့နှစ်ယောက်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား.. အဲဒီဂိတ်တွေကိုလည်း အတင်းချိုးပစ်လိုက်လို့ရတယ်” ရှီဟောင်ပြောလိုက်သည်။

သူ ယုံကြည်ချက်ရှိသောကြောင့် ဤကဲ့သို့ ပြောလိုက်ခြင်းပင်။ သူ ထိုရွှေရောင်တံခါးများကို အစကတည်းက ဖျက်ဆီးပစ်ချင်နေခြင်းပင်။

“အရူးလေး .. မင်း အဲဒီရွှေရောင်တံခါးတွေကို ချိုးဖျက်ပြီးတော့ စံချိန်ချိုးချင်လို့ တမင်သက်သက်လုပ်နေတာများလား..” ငှက်ဘိုးဘိုး ထိတ်လန့်သွားရသည်။

“သူတို့တွေက ကျွန်တော့်ကို အကောက်ကြံပါစေလို့ ဆုတောင်းနေတာတော့ မဟုတ်ဘူးပေါ့ .. ဒါပေမဲ့ ဒီလူတွေက အရမ်းကို ရက်စက်လွန်းတယ် .. သူတို့တွေက ကျွန်တော့်ကို ဒီလိုမျိုး အန္တရာယ်ပေးချင်နေတာ .. ကျွန်တော်ကတော့ အဲဒီဂိတ်တံခါးတွေကို ချိုးဖောက်ပစ်ချင်တာပေါ့” ရှီဟောင် ပြောလိုက်သည်။ သူသည် ပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း သတိလက်လွတ်မနေရဲ။ သူ ချက်ချင်းပင် ပြန်ပြေးသွားလိုက်ချင်သည်။

“ဘိုးဘိုးတို့ ဘာလို့ ဟင်းလင်းပြင်နတ်ဘုရားနယ်မြေရဲ့ ဂိတ်တံခါးတွေကို အရင်ချိုးဖျက်ဖို့ မကြိုးစားတာလဲ..” ရှီဟောင် ပြုံးနေနိုင်သေးသည်။

“မလုပ်နဲ့..” ငှက်ဘိုးဘိုး တားဆီးလိုက်သည်။ ထို့နောက် သူသည် ဂိတ်တံခါးများ ဖွင့်လိုက်ကာ ရှီဟောင်ကို ဝင်ခိုင်းလိုက်သည်။

“အဲဒါက အန္တရာယ်များလိမ့်မယ် .. မင်း ရွှေရောင်ဂိတ်တံခါးတွေကိုပဲ လျောလျောလျူလျူ ဖွင့်နိုင်ဖို့ မျှော်လင့်ပါတယ်” ငှက်ဘိုးဘိုး သက်ပြင်းချ၍ ပြောလိုက်သည်။

ဝုန်း..

ကောင်းကင်ကြီး ပြိုကျကာ ကမ္ဘာမြေကြီး ချိုင့်ဝင်သွားသည်။ ရှီဟောငါ်သည် ကောင်းကင်လမ်းကြောင်းသို့ သွားသည့်လမ်းတစ်လျှောက် လျှပ်စီးများကို ပြုလုပ်သွားသည်။

“ဟွမ်က ဒီလိုပုံစံနဲ့ပဲ သေဖို့ ဖိအားပေးခံလိုက်ရတာလား .. လွယ်လိုက်တာ..”

“သူ့ကို သတ်ရတာက အဲဒီလောက်လည်း မဟုတ်ပါဘူး .. လွယ်လွယ်လေးပဲ..”

ဝိညာဉ်နယ်မြေ၏ ရွှေရောင်ဂိတ်အပြင်ဘက်၌ လူအချို့ တီးတိုးပြောနေကြသည်။ သူတို့အားလုံးသည် စွမ်းအားကြီးသည့်သူများပင်။ သူတို့သည် ရှီဟောင် ပြန်လာမည့်လမ်းကို တမင်သက်သက် ပိတ်ပစ်လိုက်ကြသည်ပင်။

ထို့အပြင် သူတို့သည် သဘာဝဥပဒေသနတ်ဘုရားကို ဤနေရာအား ချိတ်ပိတ်ရန် တောင်းဆိုလိုက်ကြသည်။

“ဟား ဟား .. သူက ဟွမ်လေးပဲကို .. လူငယ်လေးတစ်ယောက်ထက်မပိုဘူး .. နောက်ဆုံးတော့ သူက စောစောသေရတော့မယ် .. သူ့ကံကြမ္မာကို သတ်မှတ်ထားပြီးသားပဲ”

ဒုန်း..

သူတို့ ရယ်မောကာ စကားပြောနေသည့်အချိန်မှာပင် ဆူညံသံကြီးတစ်သံ ထွက်ပေါ်လာသည်။ တစ်စုံတစ်‌ယောက်မှ ဂိတ်တံခါးအား ထုနှက်နေခြင်းပင်။

ဝေါင်း..

တစ်ချိန်တည်းမှာပင် ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ ကြီးမားလှသည့် အားတစ်ခု ရွှေရောင်တံခါးများကို ရိုက်ခတ်လာပြီး အားလုံး တုန်ခါသွားသည်အထိ တုန်လှုပ်သွားရသည်။

“အားကောင်းလိုက်တာ .. ဟွမ်ရဲ့ တုံ့ပြန်မှုက ဒီလောက်တောင် မြန်တာလား .. သူက အတင်းချိုးဖောက်ပစ်ချင်နေတာလား..”

“သူ ဘယ်လောက်ပဲ သန်မာပါစေ အသုံးမဝင်ဘူး .. နောက်ကျသွားပြီ.. ဒီရွှေရောင်ဂိတ်တံခါးတွေက ဝိညာဉ်နယ်မြေကို ကာကွယ်ဖို့အတွက် သဘာဝဥပဒေသနဲ့ ဖန်တီးထားတာ .. သူ ကောင်းကင်ကို ဆန့်ကျင်ပြီးတော့ ဒါကို ချိုးဖျက်နိုင်စရာ အကြောင်းမရှိဘူး”

ဒုန်း..

ဂိတ်တံခါးကြီး ယိမ်းယိုင်သွားကာ မီးပွားများနေရာအနှံ့ လွင့်စင်သွားသည်။ အလင်းများလည်း စီးဆင်းသွားသည်ပင်။

ဒုန်း ဒုန်း..

ထိုနေ့တွင် သတ္တုရိုက်ခတ်သံများ ဆူညံနေသည်။ ရွှေရောင်ဂိတ်တံခါးကြီးမှာ ပုံပျက်သွားသည်အထိ ထုရိုက်ခံနေရသည်။ တံခါးမျက်နှာပြင်ထက်တွင် လက်သီးရာများ ပေါ်လာကာ မညီမညာဖြစ်လာသည်ပင်။

ဒုန်း..

အချက်ရေ တစ်ရာကျော်သွားသည့်အချိန် ရွှေရောင်ဂိတ်တံခါးနောက်ရှိလူများအားလုံး ထိတ်လန့်လာကြသည်။ ရွှေရောင်ဂိတ်တံခါးကြီ၏ အဆီးအတား ပြေလျော့နေပြီဖြစ်ပြီး ဤနေရာကို မကာကွယ်နိုင်တော့။

ဒုန်း..

နောက်ဆုံး လျှပ်စီးသံတစ်သံ ထွက်ပေါ်လာကာ ရွှေရောင်ဂိတ်တံခါးထက်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။

“ကြောက်ဖို့ကောင်းလိုက်တာ .. သူက ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ.. ဒါက အဆုံးစွန်ထိကို ကျော်ဠွန်နေပြီ .. ရွှေရောင်ဂိတ်တံခါးတွေတောင် သူ့ကို မတားနိုင်တော့ဘူးလား..”

လူအချို့ တုန်လှုပ်လာကြသည်။

ဒုန်း..

ကျယ်လောင်လှသည့် အခြားအသံတစ်သံ ထွက်ပေါ်လာကာ ရွှေရောင်ဂိတ်တံခါးကြီး အောက်ခြေတွင် ပင့်ကူမျှင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ ရွှေရောင်ဂိတ်တံခါးကြီး ကွဲထွက်သွားလေ၏။

“ဘုရားရေ .. သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ .. ဝိညာဉ်နယ်မြေရဲ့ လမ်းကြောင်းက တစ်ယောက်ယောက်ရဲ့ လက်သီးချက်ကြောင့် ပေါက်ကွဲသွားပြီ..”

ရွှေရောင်ဂိတ်တံခါးနောက်တွင်ရှိနေသည့် လူများစွာ ထိတ်လန့်သွားကာ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

အပိုင်း ၁၈၉၁ ပြီး၏။
Chapter – 1892 သတ်ဖြတ်ခြင်း

ရွှေရောင်ဂိတ်တံခါးထက်၌ လက်သီးရာများစွာ ရှိနေသည်။

ထို့အပြင် နောက်ဆုံးတွင် လက်သီးတစ်ချက် ရောက်လာပြီး ကြီးမားလှသည့်ဂိတ်တံခါးကြီးကို ဖောက်ခွဲပစ်လိုက်လေသည်။

လူတစ်စု ကြောက်ရွံ့သွားကြရသည်။ ဟွမ် သန်မာသည်ကို သူတို့သိသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုး မြင်ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ သူတို့ မတုန်လှုပ်ပဲ မနေနိုင်တော့။

ဤသည်မှာ သဘာဝဥပဒေသများဖြင့် ဖန်တီးထားသည့် ဝိညာဉ်လောကသို့သွားသည့် လမ်းကြောင်းပင်။ ဤသည်မှာ လောကကြီး၏ စွမ်းအားထက် သာလွန်ပြီး ဖျက်ဆီးရန် မဖြစ်နိုင်။

သို့သော် အမှန်တရားကတော့ သူတို့မျက်စိရှေ့၌ ရောက်နေလေပြီ။ သူတို့ မယုံကြည်လျှင်ပင် ဟွမ်ကတော့ လုပ်ပြသွားပြီဖြစ်သည်။

ဒုန်း..

လက်သီးချက် နောက်တစ်ချက် ထပ်ရောက်လာကာ ရွှေရောင်ဂိတ်တံခါးကြီး တုန်ခါသွားသည်။ အပေါက်မှာ ပို၍ကြီးလာကာ ထိုလူငယ်လေးကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်သည်။

ဟွမ်သည် သူတို့အား အေးစက်စွာပင် ကြည့်နေလေ၏။ သူ၏လက်သီးတွင် အဖိုးတန်ပညာများ ထွက်ပေါ်နေကာ တောက်ပနေသည်ပင်။

ဤမြင်ကွင်းမှာ အနည်းငယ် ကြောက်စရာကောင်းလှသည်ပင်။

“ပြေး..”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ယခုတစ်ခေါက် သူတို့ ဟွမ်ကို ဆိုးရွားစွာ ဆန့်ကျင်မိသွားပြီဖြစ်ကြောင်း သူတို့သိကြသည်ပင်။

နောက်ဆက်တွဲအနေဖြင့် ကျူးကျော်ခြင်းခံရကာသတ်ဖြတ်ခံရတော့မည်ပင်။

ဒုန်း..

ယခင်ကထက် ပို၍ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ယခုတစ်ခေါက်လက်သီးမှာ အဖိုးတန်ပညာမျိုးစုံကို ပေါင်းစည်းထားခြင်းပင်။

ရွှေရောင်ဂိတ်တံခါးကြီးတစ်ခုလုံး လွင့်ထွက်သွားကာ ဝိညာဉ်နယ်မြေမှ လူများကို ထိတ်လန့်သွားစေသည်။

လူအများစု ထွက်ပြေးသွားပြီဖြစ်သော်လည်း စွမ်းအားကြီးသည့်သူအချို့ ရွှေရောင်ဂိတ်တံခါးကြီးဖြင့် ရိုက်မိသွားသည်ပင်။

ဖူး..

လူများစွာ သွေးအန်သွားကာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ သူတို့၏အရိုးများ ကျိုးကြေသွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်။

အရာအားလုံးမှာ လျှပ်တပြက်အတွင်း ဖြစ်ပျက်သွားခြင်းပင်။

သူတို့ သတိလက်လွတ်ဖြစ်သွားတာကို အပြစ်တင်ရမှာလား .. လုံးဝမဟုတ်ဘူး .. ဟွမ် သေချာပေါက် သေဆုံးသွားလိမ့်မည်ဟု သူတို့ထင်နေကြခြင်းပင်။ သို့သော် ယခုတော့ သူတို့သာ ဤကဲ့သို့ ဖြစ်သွားသည်။

ဟွမ်က အရမ်းကို စွမ်းအားကြီးလွန်းတယ်..

သူ ရွှေရောင်ဂိတ်တံခါးကြီးများကို ချိုးဖျက်ပစ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းမှ ယခုအချိန်ထိ မည်သူမှ မလုပ်နိုင်သေး။

ယခု ဟွမ်၏လုပ်ရပ်သည် သူ ပြိုင်ဘက်ကင်းကြောင်း အားလုံးကို ပြသလိုက်ခြင်းပင်။

“အိပ်မက်ဆိုး .. ဒီလူက အိပ်မက်ဆိုးကြီးပဲ..” သက်ရှိအချို့ အော်ဟစ်ကာ လျင်မြန်စွာ ပြေးထွက်သွားကြသည်။

ဝုန်း..

ရှီဟောင် လမ်းလျှောက်လာကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ လျှပ်စီးအလင်းတန်းများ လီပေါင်းထောင်ပေါင်းများစွာရှည်လျားသည်အထိ ထွက်ပေါ်လာကာ ထွက်ပြေးသွားသည့်သူများကို ရိုက်ခတ်သွားလေ၏။

ဤသည်မှာ လျှပ်စီးဧကရာဇ်နတ်စွမ်းရည်ဖြစ်သည့် လျှပ်စီးဧကရာဇ်လက်သီး၏ စွမ်းအားပင်။

ရလဒ်အနေဖြင့် ကောင်းကင်ထက်မှ ‘ကျင့်ကြံသူမိုး’ ရွာသွန်းကျလာကာ အားလုံးမြေပြင်ထက်သို့ ပြုတ်ကျလာသည်။

ထိုလက်သီးချက်အောက်တွင် လူများစွာ ချက်ချင်း ပေါက်ကွဲသွားကာ တစ်စစီဖြစ်သွားသည်။

အချို့သူများမှာ မီးသွေးခဲအဖြစ် ပြောင်းလဲသွားကာ မလှုပ်ရှားနိုင်ပဲ အသတ်ခံလိုက်ရသည်။

ဤသည်မှာ အဖြစ်ဆိုးကြီးပင်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နယ်မြေမှ ပျက်စီးမှုမှာ လောကအစစ်မှ ခန္ဓာကိုယ်ကို ထိခိုက်နိုင်သည်ပင်။

ဤသည်မှာ လူတစ်ယောက်တည်း ထိခိုက်ခြင်းမဟုတ်ပဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပင် ဖြစ်နိုင်သည်။

ဒဏ်ရာများ အလွန်ပြင်းထန်လျှင် လောကအစစ်၌လည်းသေဆုံးသွားနိုင်သည်ပင်။

သီအိုရီအရဆိလျှင် ဝိညာဉ်ပျက်စီးခြင်းအပ် သို့မဟုတ် ဝိညာဉ်ငြိမ်းသတ်ခြင်းစေတီဖြင့်သာ လောကအစစ်မှ အသက်များကို အဆုံးသတ်နိုင်သည်ပင်။

သို့သော်လည်း အဖျက်စွမ်းအား ကြီးမားလွန်းလျှင် လောကအစစ်မှ အသက်သေဆုံးနိုင်သည့် အခိုက်အတန့်များလည်း ရှိသည်ပင်။

ယခု ရှီဟောင် ဒေါသတကြီး တိုက်ခိုက်နေခြင်းဖြစ်သောကြောင့် အလွန်ကြောက်စရာကောင်းလှသည်ပင်။

ထိုနေ့တွင် စီရင်စုသုံးထောင်ရှိ ဂိုဏ်းကြီးအချို့တွင် လူများစွာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ ထို့နောက် သူတို့ခန္ဓာကိုယ်များ တစ်ဖြည်းဖြည်းအေးစက်သွားကာ အသက်ဓာတ်ကင်းမဲ့သွားသည်။

အချို့ ရှေးဟောင်းမျိုးဆက်များအတွက်တော့ ဤသည်မှာ သေချာပေါက် ကြောက်စရာကောင်းသည်ပင်။ သူတို့၏ ကျွမ်းကျင်သူအချိုု့ ဤနည်းဖြင့် သေဆုံးသွားလေပြီ။

ဝိညာဉ်နယ်မြေထဲတွင် ရှီဟောင်၏မျက်နှာ အေးစက်နေကာ သူ တကယ်ကို ဒေါသထွက်နေ၏။ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်နေသည်။

“နယ်ခြားစပ်မှာ တစ်ဖက်လောကက လူတွေကို တားဆီးဖို့အတွက် သူရဲကောင်းတွေက သွေးသံတရွှဲရွှဲနဲ့ တိုက်ခိုက်ခဲ့ရတယ် .. တစ်ချို့သူတွေ ပြန်မလာနိုင်ခဲ့ကြဘူး .. ခင်ဗျားတို့အားလုံး စစ်မြေပြင်ကို မသွားတာက ထားပါတော့ .. ခင်ဗျားတို့က ကျုပ်ကို အမြဲတမ်း သတ်ချင်နေတယ် .. ခင်ဗျားတို့ သတ္တိရှိရင် နယ်ခြားစပ်ကို သွားလိုက်ကြ .. ခင်ဗျားတို့အားလုံး အသတ်ခံရသင့်တယ်..”

ဝုန်း..

ရှီဟောင် ခွန်ပန်အဖြစ်သို့ ပြောင်းလဲလိုက်ကာ လီပေါင်း ကိုးသောင်းအမြင့်သို့ တက်သွားသည်။ ကောင်းကင်ထက်တွင် အနက်ရောင်သင်္ကေတများ ရှိနေသည့် ရွှေရောင်အမွေးအတောင်များ တောက်ပနေသည်။

ရှီဟောင်သည် ခွန်ပန်ပုံစံဖြင့် လီပေါင်း ထောင်ပေါင်းများစွာပျံသန်းသွားလိုက်သည်။ သူသည် ဤသက်ရှိများကို သနားညှာတာခြင်းမရှိ။

သူ့နောက်တွင်ရှိနေသည့် ရွှေရောင်ဂိတ်တံခါးကြီး ပျက်စီးနေကာ သူသည် သူရဲကောင်းဆန်စွာဖြင့် တောင်များနှင့် မြစ်များကို ရိုက်ချကာ ကလန်အားလုံးမှ ကျင့်ကြံသူများကို ရှင်းပစ်နေသည်။

ဝုန်း..

သူ သွားသည့်နေရာတစ်လျှောက်‌ သွေးများ အတန်းလိုက် စီးဆင်းလာသည်။ ယခင်က ရွှေရောင်ဂိတ်တံခါးကြီးကို ချိတ်ပိတ်ခဲ့သည့်သူများမှာ အကုန်မသေသေးသော်လည်း သိပ်မလိုတော့။

ဝိညာဉ်နယ်မြေ၏ သဘာဝဥပဒေသနတ်ဘုရားဖြစ်သည့် ထိုကျောက်တုံးလူသား နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ သို့သော် သူ၏ခန္ဓာကိုယ် အက်ကွဲသွားကာ အလင်းတန်းအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။

ရှီဟောင်သည် လီပေါင်းတစ်သောင်း ရှည်လျားသည့် ခွန်ပန်အဖြစ်ပြောင်းလဲကာ တောင်များနှင့် မြစ်များတွင် လှည့်ပတ်သွားလာနေသည်။ မည်သူမှ သူ့လမ်းကို မတားဆီးနိုင်။

သူ ယခု ဝိညာဉ်နယ်မြေနှင့် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေအကြောင်းကို အနည်းငယ် ပို၍ နားလည်လာလေပြီ။ ဒါက ရှေးကလူတွေ စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေကို လေ့ကျင့်ပေးတဲ့ မြင့်မြတ်မြေလား..

ရှီဟောင် သူ့လမ်းကြောင်းတွင်ရှိနေသမျှ သူအားလုံးကို ရှင်းလင်းပစ်ကာ အလောင်းများ တောင်လိုပုံလာသည်။

ထိုနေ့တွင် စီရင်စုသုံးထောင်၌ အတော်လေး တုန်လှုပ်သွားသည်။ အချို့ရှေးဟောင်းဂိုဏ်းများမှာ ပိုဆိုးသည်ဟု ပြောရသည်။ သူတို့ကလန်မှ ကျွမ်းကျင်သူများအားလုံး ကပ်ဆိုးကြီး ရင်ဆိုင်လိုက်ရသည်။

သူတို့အတွက်တော့ ယနေ့အဖြစ်အပျက်မှာ အိပ်မက်ဆိုးကြီး ဖြစ်သွားမည်ပင်။

အချို့သူများအတွက်ကတော့ ပို၍ပင် မည်းမှောင်သေးသည်။ သူတို့သည် အသတ်ခံလိုက်ရကာ ဘယ်တော့မှ မနိုးထနိုင်တော့။

“ရပ်လိုက်..”

ခပ်ဝေးဝေးမှ ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာကာ ရိုးရှင်းပြီး ရှေးကျသည့် ကြေးနန်းတော်တစ်ခု ပေါ်လာသည်။ ထိုနန်းတော်သည် ထာဝရတာအိုစွမ်းအင် ထုတ်လွှတ်ကာ ရှီဟောင်အား ဖိနှိပ်လာသည်။

ရှီဟောင် မျက်လုံးများမှေးကျဉ်းသွားရသည်။ သူ တကယ်ကို သတိလက်လွတ်မလုပ်ရဲ။ ကြီးမားလှသည့် ခွန်ပန် ခန္ဓာကိုယ် ကျုံ့သွားကာ သာမန်လူသားတစ်ယောက် ခန္ဓာကိုယ် ပြန်ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထို ကြေးနန်းတော်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ထာဝရနန်းတော်က လူတွေလား..

ရွှီး ရွှီး ရွှီး..

ထို ကြေးနန်းတော်တောက်ပလာကာ တစ်ချိန်တည်းမှာပင် အစိမ်းရောင်သံကြေးအပိုင်းအစများစွာ ထွက်ပေါ်လာသည်။

ထာဝရနန်းတော်ရဲ့ သံကြေး .. ဤသည်မှာ ကျိန်စာစွမ်းအားပင်။

ယခင်က ရှီဟောင် အဆင့်နိမ့်နယ်မြေ၌ ရှိနေစဉ်က သံကြေးနှင့်အစေခံတစ်ဦးကြောင့် သူ သေမလိုဖြစ်ခဲ့သည်။ ကျောက်တုံးကျေးရွာ၌ တစ်နှစ်မြှုပ်နှံခံခဲ့ရပြီးမှ ပြန်လည်ရှင်သန်လာခြင်းပင်။

ထိုတိုက်ပွဲမှာ သူ့ဘဝ၏ အန္တရာယ်အများဆုံး တိုက်ပွဲတစ်ခုဟု ပြော၍ရသည်။

ယခု သူ ဤသံကြေးကို အထင်မသေးရဲတော့။

သူ ထိုအရာများကို ရှောင်ရှားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ တုန်လှုပ်သွားရသည်။ ဝိညာဉ်နယ်မြေထဲမှာတောင်မှ ကြေးနန်းတော် ပေါ်လာတာလား .. သူတို့တွေက ထာဝရပစ္စည်းအစစ်ရဲ့ ဝိညာဉ်ကို ယူလာနိုင်တာလား..

ဒါမှမဟုတ် ဒါက ဝိညာဉ်နယ်မြေထဲကို ပို့လိုက်တဲ့ အဆင့်လွန်ရတနာရဲ့ ပုံရိပ်ယောင်လား..

ရှီဟောင်သည် ထိုသံကြေးများကို ရှောင်ရှားရင်းဖြင့်ပင် ချွမ်းကနဲ ဓားကို ဆွဲထုတ်လိုက်သ်ည။

သူအစောကြီးကတည်းက ပြင်ဆင်ထားပြီးသားပင်။ ထာဝရမြူထဲ၌ ရှိနေသည့် ကြေးနန်းတော်ကို ရင်ဆိုင်ရန်အတွက် သူ ဤလက်နက်ကိုသုံးရန် ဆုံးဖြတ်ထားသည်။

နတ်လက်နက်ဖြစ်စေ၊ ထက်ရှသည့်ဓားသွားဖြစ်စေ သဘာဝဥပဒေသရှိနေသည်နှင့် ဝိညာဉ်နယ်မြေထဲသို့ ဝင်၍ရသည်ပင်။

ဒုန်း..

ခပ်ဝေးဝေး၌ မီးပွားများ လွင့်ထွက်သွားသည်။ ရှီဟောင် ဓားဖြင့် ရိုက်ချလိုက်သည်နှင့် ထိုကြေးနန်းတော် ပြင်းထန်စွာ လှုပ်ခါသွားသည်။

သူ အနည်းငယ် ယုံကြည်ချက် ကင်းမဲ့နေသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရကြေးနန်းတော်ထဲ၌ အိပ်ပျော်နေသည့် ထာဝရသက်ရှိတစ်ဦးရှိသည်ဟု သူ ကြားထားသည်ပင်။ ထိုလူသည် ဒုက္ခိတဖြစ်နေပြီဖြစ်သော်လည်း ကြောက်စရာကောင်းသည့်သူ ဖြစ်နေဆဲပင်။

ယခု ဤကြေးနန်းတော် ဤနေရာ၌ ပေါ်လာခြင်းမှာ ပုံရိပ်ယောင်လား သို့မဟုတ် သဘာဝဥပဒေသများ ရောယှက်နေခြင်းလား .. သူ့ကို ဖိနှိပ်ကာ သတ်ပစ်ရန်အတွက် ရောက်လာခြင်းလား..

ဤသည်သာ ကြေးနန်းတော်အစစ်ဖြစ်သည်ဆိုလျှင် အထဲဘက်၌ ထာဝရသက်ရှိလည်း ရှိနေသည်လား..

ရှီဟောင် ဝိညာဉ်နယ်မြေနှင့် ဟင်းလင်းပြင်နတ်ဘုရားနယ်မြေမှ ရန်သူအားလုံးကို သတ်ပစ်နိုင်သည်ဟု ယုံကြည်ချက်ရှိသော်လည်း ဤလူများအားလုံးမှာ သေမျိုးအဆင့်မှာ သေမျိုးတာအိုများသာ။

ထာဝရသက်ရှိများနှင့် တွေ့ရပါက အကျိုးဆက်များမှာ မခန့်မှန်းနိုင်အောင် ဆိုးရွားလိမ့်မည်။

ဤဝိညာဉ်လောကကြီးသည် သူ့အားဖိနှိပ်ထားသကဲ့သို့ ထာဝရသက်ရှိများကို ဖိနှိပ်နိုင်မည်မဟုတ်ဟု သူခံစားနေရသည်။

“လူငယ်လေး .. မင်းက ထာဝရနန်းတော်ကိုတောင် ဓားနဲ့ရွယ်ရဲတယ်ပေါ့..” လူလတ်ပိုင်းအမျိုးသားတစ်ဦး ပေါ်လာသည်။ သူသည် ထာတရကြေးနန်းတော်ရှေ့၌ ရပ်ကာ ရှီဟောင်အား အေးစက်စွာ ကြည့်နေသည်။

“အပိုတွေ ပြောမနေနဲ့ .. ကျုပ်လမ်းကို လာပိတ်ပြီးတော့ ကျုပ်ကို အရင်တိုက်ခိုက်တာ ခင်ဗျားတို့ပဲ” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“မင်းက လွန်လွန်ကျူးကျူးတွေ လုပ်နေလို့လေ .. မင်းက တာအိုရောင်းရင်းတွေ အများကြီးကို သတ်လိုက်တယ် .. ငါက မင်းကို တားဖို့လာခဲ့တာ” ထိုလူလတ်ပိုင်းအမျိုးသား အေးစက်စွာ အော်ဟစ်လိုက်သည်။

“ခင်ဗျားက အရမ်းကို အကြင်နာတရား ကြီးမားတာပဲ .. နယ်ခြားစပ်တိုက်ပွဲမှာတုန်းက ဘာလို့ ခင်ဗျားတို့ကို မတွေ့ရတာလဲ .. ဒီတစ်ခေါက် သူတို့တွေ ကျုပ်ကို သတ်ချင်တော့မှ ခင်ဗျားတို့ ထာဝရနန်းတော်က လှုပ်ရှားလာတယ် .. ခင်ဗျားတို့ တကယ်ပဲ ဘာလုပ်ချင်နေကြတာလဲ..” ရှီဟောင် ဆူပူလိုက်သည်။

“ရဲတင်းလိုက်တာ..” လူလတ်ပိုင်းအမျိုးသား အော်ဟစ်လိုက်သည်။

“ထွက်သွား .. ခင်ဗျားတို့မှာ အားကိုးစရာ ထာဝရသက်ရှိ ရှိနေတယ်ဆိုတာနဲ့ ကျုပ်က ခင်ဗျားကို ကြောက်ရမှာလား .. ကျုပ်ခေါင်းငုံ့နေပေးရမှာလား..” ထိုလူ မည်မျှ မောက်မာသည်ကို တွေ့လိုက်ရသည်နှင့် ရှီဟောင် တရှိန်ထိုး ပြေးသွားလိုက်သည်။ သူ ညှာတာပေးမည်မဟုတ်။

ဖူး..

၁၂ ချက်ခန့်တိုက်ခိုက်ပြီးနောက် ထာဝရနန်းတော်မှ လူလတ်ပိုင်းအမျိုးသား ဓားဖြင့် ရိုက်ခတ်ခံလိုက်ရကာ လွင့်ထွက်သွားသည်။ သူ၏ညာလက်လည်း ပြတ်သွားသည်ပင်။

ထာဝရနန်းတော်ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ .. ရှီဟောင် သူတို့ကိုလည်း ရှင်းပစ်မည်ပင်။

အပိုင်း ၁၈၉၂ ပြီး၏။
Chapter – 1893 ထာဝရ တာအို

ထိုလူလတ်ပိုင်းအမျိုးသား မြေပြင်ပေါ်သို့ ကျသွားကာ သူ၏ညာလက် လွင့်ထွက်သွားလေ၏။ သူ၏ခန္ဓာကိုယ်ယိုင်နဲ့သွားကာ သူ၏မျက်နှာလည်း ဖြူဖျော့သွားသည်။

သူ၏ဆံပင်များလည်း ဖရိုဖရဲဖြစ်နေလေ၏။ သူရုတ်တရက်ခေါင်းမော့လိုက်သည်နှင့် သူ့မျက်လုံးမှ အေးစက်သည့်အလင်းတန်းများထွက်ပေါ်လာကာ သူ့ဦးခေါင်းထက်ရှိ ကြေးနန်းတော်မှ အသံများထွက်ပေါ်လာသည်။

ထာဝရစွမ်းအင်များ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ သူ့အား ကာကွယ်ပေးလာသည်။

“ဟွမ်..”

သူသည် ထာဝရမိသားစု၏ မျိုးဆက်ဖြစ်သောကြောင့် အလွန်သီးသန့်ဆန်ကာ အားလုံးအထက်၌ ရှိနေသည်ပင်။ သို့သော် ယခုတော့ သူ ဒေါသထွက်နေရလေပြီ။

ထိုအချိန်တွင် ထိုလူလတ်ပိုင်းအမျိုးသားသည် တံဆိပ်များ ပြုလုပ်လိုက်ကာ ပြိုင်ဘက်ကင်းသည့်ပညာများကို အသုံးပြုလိုက်သည်။ သူသည် လူသားထာဝရတံဆိပ် ပြုလုပ်လိုက်ခြင်းပင်။ သူ့နောက်တွင် အလွန်ကြီးမားလှသည့် လူသားပုံစံ ထာဝရလေဟာနယ်ပုံရိပ်ကြီးပေါ်လာသည်။ ထိုပုံရိပ်နှင့်သူနှင့် ဆက်စပ်မှုရှိနေသလို သူ့အထက်တွင်ရှိနေသည့် ကြေးနန်းတော်ကိုလည်း သက်ရောက်မှုများ ရှိနေသည်။

သူသည် ထာဝရပစ္စည်းအား အသက်သွင်းရန် ကြိုးစားနေခြင်းပင်။

ကံကောင်းစွာဖြင့် ရှီဟောင်ထံ၌ ထာဝရဓားရှိနေသည်။ ဤရှေးဟောင်းဓားသည် အလွန်အစွမ်းထက်ကာ စွမ်းအားကြီးသည့်မှော်ပစ္စည်းများကို တောင့်ခံနိုင်သည်။ ထို့ကြောင့်လည်း ရှီဟောင် ဤဓားကိုကိုင်၍ ပြေးထွက်လာခဲ့ခြင်းပင်။

ဝုန်း..

ဓားကြီးသည် ထာဝရဓားနှင့်မတူတော့ပဲ တစ်ဖြည်းဖြည်းကြီးမားလာသည်မှာ တောင်ကြောတစ်ခုနှင့်ပင် တူလာသည်။

ဒုန်း.. မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။ တောက်ပနေသည့်ဓားသည် ကြီးမားလှသည့် ကြေးနန်းတော်ကြီးနှင့် ရိုက်ခတ်သွားကာ အစိမ်းရောင်သံကြေးများ နေရာအနှံ့ လွင့်စင်သွားသည်။

ထိုအခိုက်အတန့်တွင် ထာဝရအလင်းများ ပျံထွက်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။

ဖူး..

ထိုလူလတ်ပိုင်းအမျိုးသား သွေးအန်သွားသည်။ သူ့ကို တိုက်ခိုက်ခြင်းမဟုတ်သော်လည်း ဓားသည်စွမ်းအားကြီးလှသောကြောင့် သူ့ကိုလည်း ထိခိုက်သွားစေသည်ပင်။

ရှီဟောင် ထိုကြေးနန်းတော်ကို စိုက်ကြည့်ကာ လေ့လာလိုက်သည့်အချိန်တွင် သူ အံ့အားသင့်သွားရသည်။ ဤထာဝရပစ္စည်းသည် ဖိနှိပ်ခံထားရပြီး သူ၏ထာဝရတာအိုစွမ်းအားများကို ပြသ၍မရ။

ဤသည်မှာ သူ့ကို တုန်လှုပ်သွားစေသလို အနည်းငယ် မသေချာမရေရာ ဖြစ်သွားစေသည်။

ထာဝရတာအိုစွမ်းအားသာ တကယ်ဖိနှိပ်ခံထားရသည်ဆိုပါက သူ ကိစ္စများကို ဤနေရာ၌ အဆုံးသတ်ရန် တွေဝေနေမည်မဟုတ်။

ထိုကြေးနန်းတော်ထဲ၌ ထာဝရသက်ရှိအစစ် ရှိနေလျှင်လည်း သူ သတ်ပစ်လိုက်မည်။

အဘယ်ကြောင့်ဆိုသော် သူ ဤဂိုဏ်းကို နည်းနည်းလေးမှ အကောင်းမမြင်နိုင်။ နယ်ခြားစပ်တိုက်ပွဲ၌ သူတို့ကို တစ်ကောင်တစ်မြှီးမှ မမြင်ရသော်လည်း ယခု သူ့ကို တားဆီးရန် ထွက်လာရဲသေးသည်။

ဝုန်း..

ရှီဟောင် အနောက်ဘက်တွင် ခွန်ပန်အတောင်ပံများ ထွက်ပေါ်လာသည်။ သူ၏မျက်ခုံးကြား၌ လျှပ်စီးကန်တံဆိပ်လည်း ထွက်ပေါ်လာသည်။ သူ၏ရင်ဘတ်တွင်မူ ပြန်လည်ဝင်စားခြင်းသင်္ကေတများ ထွက်ပေါ်လာသည်။

သူ၏နောက်ဘက်တွင် မိုးမခသစ်ပင်ပုံရိပ်ယောင်လည်း ထွက်ပေါ်လာ၏။

ရှီဟောင် စွမ်းအားအကြီးဆုံးအခြေအနေသို့ရောက်အောင် ပြုလုပ်လိုက်သည်။

သူတို့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တိုက်ခိုက်နေပြီဖြစ်သောကြောင့် သူက ဘာကို တွေဝေနေမည်နည်း.. ဤလူ မည်သူမည်ဝါဖြစ်သည်ကို သူက ဘာလို့ ဂရုစိုက်နေရဦးမည်နည်း .. ထာဝရနန်းတော် စွမ်းအား ကြီးကြီးမကြီးကြီး သူက အဘယ်ကြောင့် အရေးစိုက်နေရဦးမည်နည်း..

ဤလူသည် ယခုအချိန်တွင် ရန်သူဖြစ်နေသောကြောင့် သူ သတ်ပစ်ရမည်ပင်။

သူ၏စွမ်းအားအကုန်လုံးကို ထုတ်ပြီးသွားသည်နှင့် ကြေးနန်းတော်ထဲသို့ ပြေးဝင်သွားရန် ပြင်ဆင်လိုက်သည်။

“မင်း လုပ်ရဲတယ်လား..”

လူလတ်ပိုင်းအမျိုးသား စိုးထိတ်သွားရသည်။ ဒီကောင် ရူးနေတာလား .. သူ ဘာလုပ်ချင်နေတာလဲ..

ရန်သူလုပ်ချင်နေသည့်အရာမှန်သမျှကို သူ တားဆီးရမည်ပင်။

ဝုန်း..

သူတို့နှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

အမှန်တကယ်တွင် ရှီဟောင် ကြေးနန်းတော်ကို ပစ်မှတ်ထားပြသည်မှာ အယောင်ပြခြင်းပင်။ သူ၏အဓိကပစ်မှတ်မှာ ထိုလူကြီးပင်။ ပြီးမှသာ ကြေးနန်းတော်ထဲ၌ အိပ်နေသည့် ထာဝရသက်ရှိ ရှိမရှိကို စစ်ဆေးကြည့်မည်။ ရှိလျှင် တစ်ခါတည်း သတ်ပစ်လိုက်မည်။

သူ၏သံသယသာမှန်ကန်ခဲ့လျှင် ဤသည်မှာ ရှားပါးသည့် အခွင့်အရေးပင်။

ဖုန်း..

ထိုကျင့်ကြံသူသည် ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်သော်လည်း ကျင့်ကြံဆင့်တစ်ခုတည်း၌ တိုက်ခိုက်ရသည့်အချိန်တွင် ဤလူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်ခဲ့။ လျှပ်စီး လက်သီးချက်ကြောင့် ထိုလူ လွင့်ထွက်သွားလေသည်။

လူလတ်ပိုင်းအမျိုးသားသည် ထာဝရတာအိုလျှို့ဝှက်ပညာများအသုံးပြုလိုက်သော်လည်း သူသည် ရှီဟောင်ကို မယှဉ်နိုင်သေး။

အထူးသဖြင့် သူ၏ညာလက်ကို ဆုံးရှုံးလိုက်ရသောကြောင့် သူ့အား ပို၍ အားယုတ်သွားစေသည်။ သူ လက်အသစ်ပြန်လုပ်လျှင်ပင် မလုံလောက်တော့။

ခွပ်..

အချိန်အပိုင်းအစများအောက်ပင် သူ စတင်အသက်ကြီးရင့်လာသည်။

ဝုန်း..

နောက်ဆုံးရိုက်ချက်တွင် ရှီဟောင်၏ ခွန်ပန်အတောင်ပံသည် ကြီးမားလှသည့် ဓားသွားကြီးကဲ့သို့ ထိုသူအား လေးပိုင်း ဖြတ်ပစ်လိုက်သည်။

ထာဝရနန်းတော်မှ ကျင့်ကြံသူသည် အလွန်နာကျင်စွာပင် အော်ဟစ်လို်ကလေသည်။

သူ ယူလာသည့် ထာဝရပစ္စည်းဖြစ်သည့် ကြေးနန်းတော်ပင်လျှင် ရှီဟောင်ကို ဘာမှမလုပ်နိုင်။ ထိုဓားသွား၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဖူး..

ရှီဟောင်၏ဓားသွား ကျရောက်လာပြီး ထိုလူလတ်ပိုင်းအမျိုးသား အလင်းမိုးအဖြစ် ပြောင်းလဲကာ ဤနေရာမှ ပျောက်ကွယ်သွားသည်။

ဤလူသည် အဆင့်လွန်သက်ရှိမဟုတ်သော်လည်း ထာဝရနန်းတော်မှ လာသောသူဖြစ်သောကြောင့် သူ့အသက်မှာ တန်ဖိုးရှိသည်ပင်။ သူ့အသက်ကို ကာကွယ်ကာ ဝိညာဉ်နယ်မြေထဲမှ ပျောက်ကွယ်သွားလေ၏။

ကြေးနန်းတော်ကတော့ ဤအတိုင်းကျန်ခဲ့သည်ပင်။

ချွမ်း ချွမ်း ချွမ်း..

ဓားအလင်းတန်းများ ကောင်းကင်ကို လှုပ်ခတ်သွားသည်။ ဤအလင်းတန်းများမှာ ရှီဟောင် အနောက်ဘက်တွင်ရှိနေသည့် မိုးမခသစ်ပင်မှ ထွက်ပေါ်လာခြင်းပင်။ မိုးမခသစ်ကိုင်းများသည် ထာဝရဓားကဲ့သို့ ဖြောင့်တန်းသွားကာ ထိုအစိမ်းရောင်သံကြေးတက်နေသည့် ရှေးဟောင်းနန်းတော်ဝင်ပေါက်ကို ထိုးဖောက်ရန် ကြိုးစားနေသည်။

ဒုန်း..

ဖရိုဖရဲစွမ်းအင်များ လွင့်ပျံလာသည်။ ကြေးနန်းတော်ကြီး တုန်ခါလာကာ အစိမ်းရောင်သံကြေးများ ကွာကျလာ၏။

ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားကာ အမြန်အနောက်ဆုတ်လိုက်သည်။ ထို့အပြင် ဓားကိုမြှောက်ကာ သူ့ရှေ့ ကာထားလိုက်သည်။

မကောင်းတော့ဘူး..

အခြေအနေမှာ အလွန်ဆိုးရွားနေသည်ကို သူ အာရုံခံမိလိုက်သည်။ ဝိညာဉ်နယ်မြေမှာ ထာဝရတာအိုစွမ်းအားများကို မဖိနှိပ်နိုင်။ ထိုကြေးနန်းတော်ထဲမှ ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာလေပြီ။

ဤသည်မှာ သူ တောင့်ခံနိုင်သည်ထက် ပိုနေသည့် စွမ်းအင်များပင်။

တစ်ချိန်တည်းမှာပင် ကြေးနန်းတော်ကြီးသည် သံကြေးများ ကွာကျသွားကာ တောက်ပလာလေ၏။ ထာဝရတာအိုဥပဒေသများ ရောယှက်လာကာ ပြိုင်ဘက်ကင်းသည့်နေရာတစ်ခုဖြစ်လာသည်။

ကြေးနန်းတော် ဝင်ပေါက်သည် မှုန်မှိုင်းမနေတော့ပဲ နန်းတော်ထဲ၌ မီးတောက်တစ်ခု တောက်လောင်နေသည်ကို မြင်နေရသည်ပင်။ ထိုမီးတောက်သည် သိပ်မတောက်ပသော်လည်း အထင်သေး၍မရ။ ထိုမီးတောက်တွင် ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းတစ်မျိုး ရှိနေသည်။

“လူငယ်လေး .. မင်းက မောက်မာလွန်းတယ် .. မင်းက ထာဝရနန်းတော်ကို ဘယ်လိုနေရာမျိုး ထင်နေတာလဲ.. မင်းက ဒီရတနာကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့..”

ခံ့ညားကာ အေးစက်လှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ ထာဝရတာအိုစွမ်းအားပင်။ ဒါက ကြေးနန်းတော်ရဲ့ ဝိညာဉ်လား ဒါမှမဟုတ် ပျက်စီးနေတဲ့ ထာဝရသက်ရှိခန္ဓာကိုယ်လား..

သူ မသိဝေါ့။

“ခင်ဗျားဘယ်သူလဲ..” ရှီဟောင်မေးလိုက်သည်။

“ထာဝရသက်ရှိက ဒီလောကမှာ အသက်ရှင်နေတုန်းပဲ..” ထိုအသံမှာ အလွန်ပင် အေးစက်လှသည်ပင်။

ရှီဟောင် သက်ပြင်းချလိုက်၏။ ယခု ပြဿနာများလေပြီ။ သူ တစ်ဖက်လူကို မည်ကဲ့သို့ ခုခံရမည်နည်း..

ဒီကြေးနန်းတော်ထဲမှာ ထာဝရသက်ရှိတစ်ယောက် တကယ် အိပ်နေတာလား..

အရေးအကြီးဆုံးမှာ ထာဝရသက်ရှိ၏ စွမ်းအားသည် ဝိညာဉ်နယ်မြေ၏ သတ်မှတ်ချက်ထက် အလွန်မြင့်မားနေသောကြောင့် သူ့ကို ဖိနှိပ်ထား၍ မရပေ။

သူ ပြန်စဉ်းစားကြည့်လိုက်သည်။ သူ့ထံတွင် ဝှက်ဖဲအနည်းငယ် ရှိနေသော်လည်း ထိုဝှက်ဖဲအားလုံးမှာ ထာဝရသက်ရှိရှေ့တွင် အလုပ်ဖြစ်မည်မဟုတ်။

“အဲဒါက အလုပ်ဖြစ်ပါ့မလား..” သူ ပစ္စည်းတစ်ခုကို စဉ်းစားမိသော်လည်း သူချက်ချင်း ဝမ်းနည်းသွားရသည်။ မုန့်ထျန်းကျန်းသည် တိုက်ပွဲ၌ အသတ််ခံလိုက်ရသော်လည်း ဤပစ္စည်းကို မသုံးခဲ့။ ရှီဟောင်အား ပေးခဲ့သည့်အချိန်တွင် ဤပစ္စည်းကို သေရေရှင်ရေးမဟုတ်လျှင် မထိရန် မှားသွားသေးသည်ပင်။

“ခင်ဗျားက ထာဝရသက်ရှိအစစ်လား .. ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘယ်မှာလဲ.. ခင်ဗျားက အစောကြီးကတည်းက သေသွားပြီမဟုတ်ဘူးလား..”

ရှီဟောင် သူ့ကိုယ်သူ တည်ငြိမ်‌အောင် လုပ်လိုက်ကာ ထိုမီးတောက်ကို ကြည့်ပြီး ပြောလိုက်သည်။

“ဟက် .. ပျက်စီးနေတဲ့ ခန္ဓာကိုယ်က လောကကြီးနဲ့အတူ ထာဝရတည်ရှိနေမှာ .. ကံမကောင်းစွာနဲ့ပဲ ထိပ်ဆုံးကို ရောက်ဖို့က ငါ့အတွက် ခက်ခဲလွန်းနေတယ်..” ကြေးနန်းတော်ထဲရှိ ထိုမီးတောက်ထံမှ အသံထွက်လာသည်။ “ငါက ဒီနတ်မီးတောက်ကို အဖော်ပြုဖို့ ကွဲထွက်လာခဲ့တဲ့ တံဆိပ်တစ်ခုပဲ .. ဒါပေမဲ့ မင်းကို ပြာအဖြစ် လောင်ကျွမ်းသွားအောင်လုပ်ဖို့ လုံလောက်တယ်”

သူ ပြောသည်မှာ အမှန်တရားပင်။ တံဆိပ်တစ်ခုပင်လျှင် ထာဝရတာအိုအဆင့်အောက်ရှိ ရန်သူများကို သတ်ပစ်ရန် လုံလောက်သည်။

ဤသည်မှာ လူသားတာအိုနှင့် ထာဝရတာအိုကြားမှ ကွာခြားချက်ပင်။

“ဟူး..” ရှီဟောင် သက်ပြင်းချလိုက်၏။

မုန့်ထျန်းကျန်းတောင် မသုံးခဲ့တာ .. အခု သူက သူ့ကိုယ်သူအတွက် သုံးရတော့မှာလား..

“မင်းသိလား .. မင်းလိုမျိုးပိုးကောင်လေးကို သတ်ရတာက ငါ့အတွက် အာသာတောင်မပြေဘူး .. ရွံစရာပဲကောင်းတာ” ကြေးနန်းတော်ထဲမှ အသံထွက်လာသည်။

ထာဝရသက်ရှိအမြင်တွင် သေမျိုးတာအိုမှ သက်ရှိတစ်ယောက်ကို သတ်ရခြင်းမှာ သူ့အဆင့်ကို နှိမ့်လိုက်ခြင်းပင်။

ဤလူငယ်လေး မည်မျှပင် ထူးချွန်နေပါစေ၊ သူ့အမြင်တွင်တော့ ဤလူငယ်လေးသည် ပုရွက်ဆိတ်လေး တစ်ကောင်သာ။

“ခင်ဗျားက တကယ်ကို စိတ်ကြီးဝင်နေတာပဲ..” ရှီဟောင် စိတ်ထဲ ဒေါသထွက်လာသည်။ “ကျုပ်နားမလည်ဘူး .. ကျုပ်တို့ကြားမှာ ရန်ငြိုးလည်းမရှိပဲနဲ့ ခင်ဗျားးက ဘာလို့ကျုပ်ကို သတ်ချင်နေတာလဲ..”

“မင်းက အပြစ်သားသွေးမျိုးဆက်လေ .. မင်းက ခွန်ပန်အမွေတောင် ရထားတာဆိုတော့ မင်းရဲ့ စွမ်းရည်ကို မဆိုးပါဘူး .. ငါ့ရဲ့သွေးမျိုးဆက်ရဲ့ ရန်သူအမွေအနှစ်ကို ရထားတာလေ .. နောင်ကျရင် မင်းနဲ့ အငြင်းပွားနေရမယ့်အစား မင်းကို အခုကတည်းက သတ်လိုက်တာ ပိုကောင်းပါတယ်” ကြေးနန်းတော်ထဲမှ တည်ငြိမ်သည့်အသံ ထွက်ပေါ်လာသည်။

“ခင်ဗျားက နယ်ခြားစပ်တိုက်ပွဲမှာတုန်းကတောင် ပေါ်မလာပဲနဲ့ အခု ကျုပ်ကို တိုက်ခိုက်ချင်နေတယ် .. ခင်ဗျားကိုယ်ခင်ဗျား ထာဝရသက်ရှိလို့ ခေါ်ရဲသေးတယ်ပေါ့..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

“မင်းက ပုရွက်ဆိတ်လေးတစ်ကောင်ပဲ .. မင်း ငါ့ကို မင်းလက်လေးတွေးနဲ့တိုက်ခိုက်ရင်တောင် မင်းက ဘာလုပ်နိုင်မှာ မို့လို့လဲ..” ထိုမီးတောက်ထဲမှ ကြမ်းတမ်းသည့်စကားသံ ထွက်ပေါ်လာသည်။

ရှီဟောင်၏ရင်ထဲတွင် ဒေါသမီးတောက်တစ်ခု တောက်လောင်နေပြီဖြစ်သည်။ အကြီးအကဲအရှင် သူ့အား ပေးထားသည့်ပစ္စည်းကို မသုံ့းသေးပဲ သူ့ခန္ဓာကိုယ်ထဲမှ ပစ္စည်းတစ်ခုနှင့် ဆက်သွယ်လိုက်သည်။

“ကောင်းပြီ .. မင်းလမ်းမင်းသွားလို့ရပြီ .. မင်းက ငါအိပ်နေတာကို လာနှောက်ယှက်တာ .. မင်းကို သတ်ရတာက ငါ့လက်ညစ်ပတ်တာပဲ အဖတ်တင်မှာဆိုပေမယ့် ဒါက နောင်လာမယ့်ပြဿနာကို ကြိုရှင်တာလို့လည်း သတ်မှတ်လို့ ရပါတယ်” ကြေးနန်းတော်ထဲမှ အေးစက်သည့်အသံ ထွက်ပေါ်လာသည်။

ဝုန်း..

ထိုအချိန်တွင် ထိုမီးတောက်သည် ရှောင်ချိန်မရလောက်အောင်ပင် လျင်မြန်စွာ ပြေးဝင်လာ၏။

ရှီဟောင် ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေလေ၏။ သို့သော် ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲမှ လက်သီးအရွယ်အစားသာရှိသည့် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

သူ့ထံတွင်လည်း သူနှင့်အတူ နှစ်ပေါင်းများစွာ အဖော်ပြုနေခဲ့သည့် မီးတောက်တစ်ခု ရှိနေသည်ပင်။ သူသည် အမြဲတမ်း ထိုမီးတောက်ထက် တာအိုတံဆိပ်မျိုးစုံကို ထွင်းထုနေကြဖြစ်သော်လည်း တစ်ခါမှ သူ့စွမ်းအားကို မပြသခဲ့။

သို့သော် ယနေ့တော့ ထိုမီးတောက်သည် ယခင်ကထက် ပြင်းထန်စွာ လောင်ကျွမ်းလာလေပြီ။ ထိုမီးတောက်သည် ထာဝရသက်ရှိ၏ စိတ်ဝညာဉ်နှင့် အနီရောင်မီးတောက်ကို ချက်ချင်းပင် ဝါးမြိုပစ်လိုက်လေသည်။

“မဟုတ်ဘူး .. အား..”

ထိုတံဆိပ် အော်ဟစ်ကာ ပြင်းထန်စွာ ရုန်းကန်လိုက်သည်။

သို့သော် ရှီဟောင်ထံသို့ ဘာမှရောက်မလာနိုင်ခဲ့။ အရာအားလုံးသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မီးတောက်၏ တားဆီးခြင်း ခံလိုက်ရသည့်အပြင် ဝါးမြိုခြင်းလည်း ခံလိုက်ရသည်။

“ပျက်စီးနေတဲ့ထာဝရသက်ရှိ ပုရွက်ဆိတ်” ရှီဟောင် နေရာမှမရွေ့ပဲ အရာအားလုံးကို တိတ်ဆိတ်စွာပင် ကြည့်နေလေ၏။

အပိုင်း ၁၈၉၃ ပြီး၏။
Chapter – 1894 ထာဝရသက်ရှိတစ်ဦးအား သတ်ဖြတ်ခြင်း

ထာဝရသက်ရှိသည် ပျက်စီးနေပြီဆိုသော်လည်း ယခင်က မည်သူမှ သူ့အား ပုရွက်ဆိတ်တစ်ကောင်ဖြစ်သည်ဟု မပြောရဲခဲ့။ သူသည် မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးနေသေးသည်ပင်။

ရှီဟောင် ဤကဲ့သို့ ပြောလိုက်ခြင်းမှာ အစောပိုင်း၌ သူ့အား ဤကဲ့သို့ အထင်သေးနိမ့်ချထားခဲ့သောကြောင့်ပင်။ သူ့ကို သတ်လျှင် သူ့လက်ညစ်ပတ်လိမ့်မယ်ဟု ပြောထားသောကြောင့်ပင်။

အနီရောင်မီးတောက်ကြီးသည့် အဆုံးမရှိအောင် တောက်လောင်နေသည်။

ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့။ ရှီဟောင် ကိုယ်တိုင်ပင် မထင်ထားခဲ့ပေ။

အစပိုင်းတွင် ကြေးနန်းတော်ထဲမှ ထာဝရသက်ရှိတံဆိပ်သည် သူ၏ကိုယ်ပိုင်မီးတောက်ဖြင့် လွှမ်းခြုံထားသည်။ သို့သော် ယခုတော့ အခြားမီးတောက်တစ်ခုမှ သူ့ကို လွှမ်းခြုံသွားလေပြီ။

“ဒါက .. မဟုတ်ဘူး..”

ပျက်စီးနေသည့်ထာဝရသက်ရှိ အော်ဟစ်လိုက်သည်။ သူ့မျက်စိရှေ့က ပိုးကောင်လေးက သူ့ကို သတ်တော့မှာလား .. ဒီသတင်းသာပျံ့သွားရင် ဘယ်သူက ယုံမှာလဲ .. သူ ဤသည်ကို လက်မခံနိုင်ဖြစ်နေသည်။

သင်္ကေတများမှ ဖြစ်ပေါ်လာသည့် မီးတောက်သည် အလွန်လှပစွာဖြင့် လောင်ကျွမ်းနေလေ၏။

သို့သော် ပျက်စီးနေသည့်ထာဝရသက်ရှိအတွက်တော့ ဤသည်မှာ ငရဲကဲ့သို့ပင်။ သူ ရုန်းထွက်နိုင်ရန် ခက်ခဲနေသည်။

ဝုန်း..

အနီရောင်မီးတောက်ကြီးသည် အထက်ကောင်းကင်နှင့်အောက်ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားသည်။ ဘေးပတ်လည်တွင်ရှိနေသည့် တောင်များအားလုံးသည် အနီရောင်တောက်လာသည်အထိ လောင်ကျွမ်းသွားသည်။ ထို့နောက် ချော်ရည်များအဖြစ် ပြောင်းလဲသွားပြီး ခြောက်ကပ်သွားလေ၏။

ဤစွမ်းအားကို မည်သည့်အရာမှာ မရပ်တန့်နိုင်။ ဤသည်မှာ ထာဝရတာအိုစွမ်းအားကို ကိုယ်စားပြုသည့် မီးတောက်အစစ်ပင်။ ဤမီးတောက်ဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

သို့သော် သူ ရှီဟောင်ကို မသတ်နိုင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ကို ကာကွယ်ပေးနေသည့် မီးတောက်တစ်ခု ရှိနေသည်ပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” သူ ဟစ်ကြွေးလိုက်သည်။ သူ၏ထာဝရတာအိုတံဆိပ်သည် အပိုင်းပိုင်း ကွဲအက်နေလေပြီ။ သူ ပျက်စီးတော့မည်။

ပျက်စီးနေသည့်ထာဝရသက်ရှိသည် နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ပြီးနောက် အနီရောင်အလင်းများ အားလုံး ပေါက်ကွဲသွားသည်။ လီပေါင်း ထောင်ပေါင်းပတ်လည်အတွင်းရှိ မြေပြင်သည် ချော်ရည်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ပြာများ ဖြစ်သွားလေ၏။

သူ ထိုကဲ့သို့ပင် သေဆုံးသွားလေပြီ။

နောက်ဆုံး အားလုံး ငြိမ်သက်သွားသည့်အချိန်တွင် ရှီဟောင်ရှေ့၌ ထိုမီးတောက်လေးသာ ကျန်တော့သည်။

ထိုမီးတောက်သည် ပျက်စီးနေသည့်ထာဝရသက်ရှိ၏ မီးတောက်အစစ်ကို စုတ်ယူလိုက်သည်ပင်။ ထိုမီးတောက်၏စွမ်းအင်များကို ပြုပြင်လိုက်ပြီး သူနှင့်ပေါင်းစည်းလိုက်သည်။

အရာအားလုံးမှာ ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။

လီပေါင်း သန်းပေါင်းများစွာပတ်လည်အတွင်းရှိ တောတောင်နှင့် မြစ်များ ပျက်စီးသွားလေပြီ။

ရွှီး..

ထိုကြေးနန်းတော်သည် ကောင်းကင်ထက်သို့ တက်သွားကာ အလင်းမိုးအဖြစ် ပြောင်းလဲသွားလေ၏။ သူ ထွက်ပြေးသွားလေပြီ။

ရှီဟောင် ငေးကြောင်နေပြီးမှ သူ၏အမူအရာ ပြောင်းလဲသွားသည်။ သူလည်း အလင်းမိုးအဖြစ် ပြောင်းလဲကာ ဝိညာဉ်နယ်မြေမှ ထွက်သွားလိုက်သည်။

တရားထိုင်သည့် အခန်းထဲတွင်ရှိနေသည့် ရှီဟောင်၏ခန္ဓာကိုယ်အစစ် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ထိုမျက်လုံးများသည် မီးတုတ်များကဲ့သို့ အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်ပင်။

သူ၏ပုခုံးထက်တွင် လိပ်ပြာဧကရာဇ်ရှိနေ၏။

ရှီဟောင်မတ်တပ်ထရပ်လိုက်ကာ သူ၏မိဘများနှင့် ထာဝရချင်းကို အလျင်စလို သွားတွေ့လိုက်သည်။ သူ၏မိသားစုကို ဤနေရာမှ ချက်ချင်းခေါ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် သူ ထာဝရသက်ရှိတစ်ဦးကို သတ်ခဲ့ခြင်းဖြစ်သောကြောင့် ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။ အကျိုးဆက်ကို ခန့်မှန်း၍မရနိုင်အောင်ပင် ဖြစ်သွားလိမ့်မည်။

သူ ပျက်စီးနေသည့်ထာဝရသက်ရှိကို သတ်ခဲ့ခြင်းမဟုတ်ပဲ သူ၏တံဆိပ်တစ်ခုကိုသာ ဖျက်ဆီးခဲ့ခြင်းပင်။ ဤသည်မှာ ကပ်ဆိုးကြီး ဖြစ်သွားနိုင်သည်ပင်။

“ဘာ .. သား ထာဝရသက်ရှိတစ်ယောက်ကို သတ်ခဲ့တယ်ဟုတ်လား..” ရှီကျီလင်းနှင့် ချင်းရိနင်တို့သည် သူတို့သားကို အလွန်အထင်ကြီးကာ သူ့အား ကောင်းကင်ကို တွန်းလှန်နိုင်သည့်ဂျီးနီးယပ်စ်တစ်ယောက်အဖြစ် သတ်မှတ်ထားသော်လည်း ဤမျှထိ လုပ်နိုင်လိမ့်မည်ဟုတော့ မထင်ထားခဲ့။

ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်သည့် အောင်မြင်မှုကြီးပင်။

ယခင်က ဤခေတ်၌ ထာဝရသက်ရှိများ ရှိသေးလားဟု သူတို့ ဆွေးနွေးခဲ့ကြသေးသည်။ ယခုခေတ်တွင် မည်သူမှ ထိုအဆင့်ထိ မရောက်နိုင်တော့ဘူးဟု အားလုံး ယုံကြည်ထားသည်ပင်။ သို့သော် သူတို့သားကြီးကတော့ ထာဝရသက်ရှိတစ်ယောက်ကို သတ်လိုက်လေပြီ။

“ကျွန်တော် သူ့ကို တကယ်မသတ်ခဲ့ဘူး .. တံဆိပ်တစ်ချို့ကိုပဲ ဖျက်ဆီးလိုက်တာ … ဒါပေမဲ့ အဲဒီလိုမျိုးပဲ ဖျက်ဆီးလိုက်လို့ ဒုက္ခရောက်တော့မှာ .. ကျွန်တော်တို့ ချက်ချင်း ထွက်သွားရမယ်..” ရှီဟောင် ပြောလိုက်သည်။

ထာဝရချင်း အပြေးလေး ရောက်လာပြီး အခြေအနေများအား သိလိုက်ရသည့်အချိန်တွင် သူ လုံးဝ ဆွံ့အသွားရသည်။ ဒီကောင်က ဘယ်လိုပြဿနာရှာရမလဲဆိုတာ ကောင်းကောင်းသိနေတာပဲ .. သူက ထာဝရနန်းတော်က အဲဒီလူကိုတောင် သွားထိရဲတာလား..

“အခြေအနေက အဲဒီလောက်လည်း မဆိုးပါဘူး .. မင်း သူ့ကို တကယ်ကြောက်နေစရာမလိုဘူး” တစ်ခဏခန့် စဉ်းစားပြီးနောက် ထာဝရချင်း ပြောလိုက်သည်။

“အမ်..” ရှီဟောင် ထိတ်လန့်သွားရသည်။

“ငါ နားလည်ထားသလောက်ဆိုရင် ထာဝရနန်းတော်ထဲမှာ အိပ်နေတဲ့ သက်ရှိက ပျက်စီးနေသည့်ထာဝရသက်ရှိပဲ” ထာဝရချင်း ပြောလိုက်သည်။

သူထံမှ ရှီဟောင် အချို့ကိစ္စများကို ပိုသိလာရသည်။

ယခင်က တိုက်ပွဲတွင် ထာဝရနန်းတော်မှ သက်ရှိသည် တကယ်ကို ပျက်စီးသွားကာ ခန္ဓာကိုယ်အပိုင်းအစလေးသာ ကျန်ခဲ့သည်ပင်။ သူ၏မူလဝိညာဉ်လည်း အပိုင်းပိုင်းဖြစ်သွားသည်ပင်။

ဤသည်မှာ သူ ချက်ချင်း ပြန်မကုသချင်သောကြောင့်မဟုတ်။ ရန်သူ၏သဘာဝဥပဒေသများသည် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်အား တိုက်စားနေသောကြောင့်ပင်။ ဒဏ်ရာများမှာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာကာ နောက်ဆုံးတွင်တော့ သူ သေမင်းတံခါးဝနားသို့ ရောက်သွားလေပြီ။

“သူ ထွက်မလာနိုင်ဘူး” ထာဝရချင်း ထပ်ရှင်းပြလိုက်သည်။

ထာဝရနန်းတော်တွင် ထာဝရစမ်းချောင်းတစ်ခုရှိသည်။ သူသည် ထိုထာဝရစမ်းချောင်း၌နေကာ အမြဲတမ်း အိပ်စက်နေခဲ့သည်ပင်။

ထာဝရစမ်းချောင်းကြောင့်သာမဟုတ်လျှင် သူ အစောကြီးကတည်းက သေသွားလောက်လေပြီ။

လောကကြီး ပြီးပြည့်စုံကာ ခမ်းနားသည့်အချိန်တုန်းကပင်လျှင် ဤလောက၌ ထာဝရစမ်းချောင်းသိပ်မရှိ။ ထိုတိုက်ပွဲကြောင့် အရာအားလုံး ပျက်စီးသွားခဲ့သည်ပင်။

ပျက်စီးနေသည့်ထာဝရသက်ရှိသည် ထိုခေတ်တွင် ပြိုင်ဘက်ကင်းနေသောကြောင့် ထိုထာဝရမြစ်မှာ သူ့လက်ထဲသို့ ရောက်သွားသည်ပင်။

ထာဝရကြေးနန်းတော်သည် ပုံမှန်အားဖြင့် ထာဝရစမ်းချောင်းအပေါ်၌ ရှိနေသည်ပင်။ ထိုနန်းတော်သည် ထိုနေရာအား အမြဲတမ်း ကာကွယ်ပေးနေသည်ပင်။

ပျက်စီးနေသည့်ထာဝရသက်ရှိသည် အရာအားလုံးကို ထိန်းချုပ်နိုင်ရန်အတွက် ထို ကြေးနန်းတော်ထဲသို့ အလွန်အရေးကြီးသည့် တံဆိပ်တစ်ခုကို ထည့်ထားခဲ့သည်ပင်။ တစ်ခုခုဖြစ်သည်နှင့် သူတို့ ထိုကြေးနန်းတော်ကို ချက်ချင်းဆင့်ခေါ်နိုင်မည်ပင်။

“အခု မင်းက အဲဒီကြေးနန်းတော်ထဲက တံဆိပ်ကို သတ်လိုက်တာဆိုတော့ အကျိုးဆက်က ကြီးမှာ .. ဒါက အဲဒီပျက်စီးနေသည့်ထာဝရသက်ရှိကို ကြောက်စရာကောင်းတဲ့အကျိုးသက်ရောက်မှုတွေတောင် ဖြစ်စေနိုင်တယ် .. သူ့ကိုလည်း သက်ရောက်လိမ့်မယ်” ထာဝရချင်း ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုထာဝရသက်ရှိ၏ ခန္ဓာကိုယ်သည် အစကတည်းက ပျက်စီးနေပြီးသားပင်။ ယခု သူ၏အရေးကြီးသည့် ဝိညာဉ်တံဆိပ်တစ်ခု ပျက်စီးသွားပြီဲဖြစ်သောကြောင့် သူ့ကို ထိခိုက်မှု ရှိမည်ပင်။

ယခု ဤကဲ့သို့ ထိခိုက်သွားသည့်အချိန်တွင် သူ ဤလောကကြီး၌ ပေါ်လာရဲမည်မဟုတ်။ သူ၏ ပျက်စီးနေသည့်ခန္ဓာကိုယ်ကို ကုသရန်အတွက် ထာဝရမြစ်အတွင်းပိုင်းသို့ ပြေးဝင်သွားလောက်လေပြီ။

မဟုတ်ပါက သူသေသွားလိမ့်မည်။

“အာ .. ဒီလိုလား..” ရှီဟောင် အတော်လေး ထိတ်လန့်သွားရသည်။ သူ၏ မီးတောက်ဆင့်ခေါ်သည့် တိုက်ခိုက်မှုမှာ ထာဝရသက်ရှိကိုပင် သေမလိုဖြစ်သွားစေသည်လား..

“သူ အားနည်းနေတုန်း သူ့ကို တစ်ခါတည်းရှင်းပစ်လိုက်ရမှာ..” ရှီဟောင် ပြောလိုက်သည်။

ပျက်စီးနေသည့်ထာဝရသက်ရှိသာ အသက်ရှင်နေသေးလျှင် သူ အမြဲတမ်း စိုးရိမ်နေရလိမ့်မည်။

“မရဘူး .. ပျက်စီးနေသည့်ထာဝရသက်ရှိ လောကကြီးမှာ ပေါ်မလာတာနဲ့ပဲ သူ မတိုက်ခိုက်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး .. သူက သူ့အသက်ကို တန်ဖိုးထားတာ .. မင်း အဲဒီကိုသွားရင်တော့ သူမင်းကို သေချာပေါက် စွမ်းအားကြီးကြီးနဲ့ တိုက်ခိုက်လိမ့်မယ် .. မင်း နတ်ဘုရားဖြစ်ပါစေ၊ ဗုဒ္ဓပဲဖြစ်နေပါစေ သူ မင်းကို ရိုက်ချပစ်လိမ့်မယ် .. ဒါပေမဲ့ သူ အဲဒီလိုမျိုးထွက်လာပြီး တိုက်ရင်လည်း သူ ထပ်ကြာကြာနေနိုင်မှာ မဟုတ်တော့ဘူး .. သူ့ကိုယ်သူ လောင်ကျွမ်းခံပြီးတော့ တိုက်ရလိမ့်မယ်” ထာဝရချင်း ခေါင်းခါ၍ ပြောလိုက်သည်။

မဟုတ်ပါက သူသည် ဤနှစ်များတွင် အဘယ်ကြောင့် ပုန်းခိုနေရမည်နည်း..

“သူ့အသွေးအသားထဲမှာ ထာဝရသက်ရှိစွမ်းအားတွေရှိနေတာ .. ဒီလူကြီးက အသက်ရှင်ဖို့ကို လောဘကြီးနေတာ .. ကျွန်တော်သာသူဆိုရင်ဝေါ့ နယ်ခြားစပ်မှာ သွားတိုက်ခိုက်ပြီးတော့ ခမ်းခမ်းနားနားနဲ့သေမှာ” ရှီဟောင်ပြောလိုက်သည်။

ပျက်စီးနေသည့်ထာဝရသက်ရှိ အကြောင်းသိသွားသည်နှင့် ရှီဟောင် မုန့်ထျန်းကျန်းကို ပြန်တွေးမိသွားသည်။

“ဒါက ပျက်စီးနေသည့်ထာဝရသက်ရှိပဲလေ .. သူက ထာဝရစမ်းချောင်းကနေ မထွက်နိုင်ဘူးဆိုရင်တောင်မှ သူ့မှာ တစ်ခြားနည်းလမ်းတွေ အများကြီးရှိတယ်” ချင်းရိနင် စိုးရိမ်နေဆဲပင်။ သူမ သားကြီးကိုခေါ်ကာ အဆင့်နိမ့်နယ်မြေသို့ အမြန်သွားချင်မိသည်။

သို့သော်လည်း အဆင့်နိမ့်နယ်မြေကို သွားရန်အတွက် အရေးကြီးသည့်သဲလွန်စများစွာ ရှိနေသော်လည်း ယခုထိ အတည်မပြုနိုင်သေး။

“ကိစ္စမရှိဘူး .. ပျက်စီးနေသည့်ထာဝရသက်ရှိ လောကကြီးထဲကို ထွက်မလာသရွေ့ ငါ့ရဲ့ ထာဝရတောင်က တစ်ခြားဘယ်နည်းလမ်းကိုမဆို ခုခံနိုင်တယ်” ထာဝရချင်း ပြောလိုက်သည်။

ဤကဲ့သို့သော ယုံကြည်မှုမျိုးမှာ ရှီကျီလင်းတို့မပြောနှင့် ရှီဟောင်ပင် ထိတ်လန့်သွားရသည်။

“ငါးဆင့်ပြောင်းလဲခြင်းတောင် ဒီမှာ ရှိနေတော့ တစ်ခြားသူတွေ လက်လွတ်စပယ် လုပ်ရဲမှာ မဟုတ်ဘူး..” ထာဝရချင်း ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ငါးဆင့်ပြောင်းလဲခြင်းတောင်ဆိုသည်မှာ အဆင့်လွန်ရတနာတစ်ခုပင်။

“နှမြောစရာပဲ .. ဒီတောင်က ထိခိုက်ထားတဲ့အပြင် ထူးဆန်းတဲ့ချိတ်စည်းတစ်ချို့ရှိနေတာ .. မဟုတ်ရင် သူက ဒီထက်ပိုပြီးတော့တောင် စွမ်းအားကြီးမှာ” ထဝရချင်း ပြောလိုက်သည်။

ထာဝရချင်း ငါးဆင့်ပြောင်းလဲခြင်းတောင်ကို ရခဲ့ခြင်းမှာ ထာဝရအရိုးကြောင့်ပင်။ ဤအရိုးကြောင့် သူ သဘာဝကံကောင်းမှုမျိုးစုံ ရရှိခဲ့သည်။

ထိုထဲတွင် ဤငါးဆင့်ပြောင်းလဲခြင်းတောင်မှာ အထူးဆန်းဆုံးနှင့် ကြောက်စရာအကောင်းဆုံးပင်။

သူ ငါးဆင့်ပြောင်းလဲခြင်းတောင်ကို စတွေ့ခဲ့သည့်အချိန်ကို သူ ယခုထက်ထိ မမေ့နိုင်သေး။

ထိုနှစ်က သူ၏ထာဝရအရိုးသည် တောက်ပနေခဲ့ကာ သင်္ကေတပေါင်းစုံထုတ်လွှတ်နေခဲ့သည်။ ထိုသင်္ကေတများသည် ထာဝရမီးတောက်တစ်ခု ဖြစ်သွားကာ သူ့အား နေရာတစ်ခုသို့ ညွှန်ပြနေခဲ့သည်။

ထိုလမ်းအတိုင်း လိုက်သွားရင်းဖြင့် နောက်ဆုံးတွင်တော့ သူ ရှေးဟောင်းလောကတစ်ခုသို့ ရောက်သွားသည်ပင်။

ဤရှေးဟောင်းတောင်တွင် လက်ချောင်းငါးချောင်းနှင့်တူသည့် တောင်တစ်တော်ငရှိနေသည်။ တောင်ထိပ်ငါးခုသည် ဘေးချင်းယှဉ်ရှိနေပြီး ထာဝရစွမ်းအင်များလည်း ထွက်ပေါ်နေသည်ပင်။

တောင်များထက်တွင် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ အကြွင်းအကျန်များလည်း ရှိနေသည်ပင်။

သူ ယခင်က ထိုနေရာ၌သက်ပြင်းချသံတစ်သံကို ကြားခဲ့ရသည်။ ငါးဆင့်ပြောင်းလဲခြင်းတောင်တွင် သဘာဝအတိုင်းမွေးဖွားလာသည့် နတ်သက်ရှိများစွာ ရှိခဲ့သည်ပင်။

သို့သော် အဆုံးတွင်တော့ သူတို့အားလုံး စစ်ပွဲထဲ၌ သေဆုံးသွားခဲ့ရသည်။

ထာဝရချင်းသည် ဘာကိုမှ ဖုံးကွယ်မထားပဲ သူ ငါးဆင့်ပြောင်းလဲခြင်းတောင်အား ပထမဆုံးမြင်ခဲ့ရသည့် မြင်ကွင်းကို ပြောပြနေသည်။

ဒုန်း..

ထိုနေ့တွင် ထာဝရနန်းတော်ထဲ၌ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာကာ ထာဝရမြူများလည်း အုံ့ဆိုင်းသွားသည်။

ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။

သတင်းများပျံ့သွားသည့်အချိန်တွင် စီရင်စုသုံးထောင်လုံး တုန်လှုပ်သွားရသည်။

သို့သော်လည်း ထိုကြောက်စရာကောင်းသည့် ထာဝရတာအိုအော်ရာ ထွက်ပေါ်လာပြီးနောက် ထိုနေရာသည် ရုတ်တရက်ပင် တိတ်ဆိတ်သွားလေ၏။

ဤသည်မှာ လေထဲတွင် ဖယောင်းမီးတောက် ပို၍ တောက်လောင်လာပြီးနောက် ချက်ချင်း ငြိမ်းသတ်သွားသကဲ့သို့ပင်။

“မီးအိမ်ထဲက ဆီကုန်သွားပြီ .. နောက်ဆုံး နေဝင်ချိန် အလင်းတန်းပဲ..”

တစ်စုံတစ်ယောက်မှ ချက်ချင်းပင် ခန့်မှန်းလိုက်သည်။ ထာဝရနန်းတော်ထဲ၌ ရှိနေသည့် ပျက်စီးနေသည့်ထာဝရသက်ရှိ အဆုံးသတ်သွားပြီဟု သူတို့ ယုံကြည်လိုက်ကြသည်ပင်။

ဤသည်မှာ ကြီးမားလှသည့်ကိစ္စပင်။

“ဘုရားရေ .. ငါကြားတာတော့ ကျွမ်းကျင်သူတွေအားလုံးက ထာဝရသက်ရှိကို စစ်ဆေးချင်နေခဲ့ကြတာတဲ့ .. ဒီကိစ္စကြောင့် မထင်ထားတာ တစ်ခုခုဖြစ်သွားပြီး ပျက်စီးနေတဲ့ထာဝရသက်ရှိ ကျဆုံးသွားတာလား..”

ဤသတင်းမှာ စီရင်စုသုံးထောင်လုံးကို ပေါက်ကွဲသွားစေခဲ့သည်။

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်မှ ထိုသတင်းကို အတည်ပြုရန် ကြိုးစားလိုက်သည်။ သူသည် ရှေးဟောင်းလမ်းကြောင်းတစ်ခုနောက် လိုက်သွားကာ ထာဝရနန်းတော်ရှိနေသည့် နယ်မြေထဲသို့ ဝင်သွားလိုက်သည်။

ဤလောကတွင် ထာဝရနန်းတော် မည်သည့်နေရာ၌ ရှိနေသည်ကို သိသည့်သူ သိပ်မရှိ။

“ထာဝရနန်းတော်က သူတို့တောင်ကို ချိတ်ပိတ်ထားတယ် .. အဲဒီကြေးနန်းတော်က နယ်မြေတစ်ခုလုံးကို ဖိနှိပ်ထားတယ် .. အနားကပ်လို့မရဘူး..” ဤသတင်းများ ထပ်မံပျံ့နှံ့လာသည်။

ထာဝရနန်းတော်တွင် တစ်ခုခုဖြစ်နေပြီမှန်း အားလုံး သေချာသွားလေပြီ။

“ဟွမ်က ထာဝရသက်ရှိတစ်ယောက်ကို သတ်လိုက်ပြီ..” ထိုနေ့တွင် လူများစွာ အော်ဟစ်လာကြသည်။

ဂိုဏ်းကြီးများမှ ကျွမ်းကျင်သူများမှာ မျက်နှာများဖြူလျော်သွားကာ အလွန်န်စိုးရိမ်သွားကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်း၌ ရှီဟောင် ပြန်သည့်လမ်းကို ပိတ်ပစ်ရန်အတွက် ကျွမ်းကျင်သူများစွာ စုပေါင်းခဲ့ကြသည်။ သို့သော်လည်း သူတို့သာ အသေအဆုံးများခဲ့သည်ပင်။

သို့သော် ထိုအချိန်က သူတို့မစိုးရိမ်ကြသေး။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ကာကွယ်ပေးနေသည့် ထာဝရနန်းတော် ရှိနေသည်ပင်။ သူတို့ ရှီဟောင်ကို သေချာပေါက် သတ်ပစ်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော်လည်း ယခုတွင်တော့ သူ အသက်ရှင်နေသည့်အပြင် ထာဝရသက်ရှိတစ်ဦးကိုပင် သတ်သွားလောက်လေပြီ။

ထိုနေ့တွင် ဂိုဏ်းကြီးများစွာသည် အဖိုးတန်လက်ဆောင်များယူကာ ထာဝရတောင်သို့ ရောက်လာကြပြီး ချင်းမိသားစုအား လာရောက် တောင်းပန်ကြလေ၏။

အဘယ်ကြောင့်ဆိုသော် ဟွမ် ဤနေရာ၌ မရှိလျှင်ပင် ဤနေရာသည် သူနှင့် ဆက်စပ်နေလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်ပင်။

အပိုင်း ၁၈၉၄ ပြီး၏။
Chapter – 1895 ရက်စက်လွန်းခြင်း

တစ်ချို့မျိုးဆက်မှ အရေးကြီးပုဂ္ဂိုလ်များ ငါးဆင့်ပြောင်းလဲခြင်းတောင်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

သူတို့သည် ဟွမ် ရှိနေသည့်နေရာကို မသိမသာပင် မေးနေကြလေ၏။ ဟွမ် မည်သည့်နေရာ၌ ရှိနေသည်ကို သူတို့သိချင်သည်။

“ငါသူ့ကို မတွေ့မိဘူး” ထာဝရချင်း ခေါင်းခါလိုက်သည်။

သူသည် အချို့အရေးကြီးပုဂ္ဂိုလ်များထံမှ လက်ဆောင်များ လက်ခံရန် ထွက်လာခဲ့သည်ပင်။ သို့သော်လည်း သူ ထွက်တွေ့ရလောက်အောင် ထိုက်တန်သည့်သူလည်း များများစားစားမရှိ။ အားလုံးမှာ မျိုးဆက်အချို့၏ ခေါင်းဆောင်များပင်။

နောက်ရက်ပေါင်းများစွာတွင်လည်း ထာဝရတောင်သို့ လူများ ဆက်တိုက်လာလည်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နယ်မြေမှ တိုက်ပွဲမှာ မျိုးနွယ်စုပေါင်းများစွာကို အတော်လေး ကြောက်ရွံ့သွားစေခဲ့သည်ပင်။ ဟွမ်သည် ခွန်ပန်အဖြစ်ပြောင်းကာ ရက်စက်စွာဖြင့်ပင် ဂိုဏ်းများစွာမှ လွှတ်လိုက်သည့်လူအားလုံးကို သတ်ပစ်ခဲ့သည်။

ဤသည်မှာ ဝိညာဉ်လောကမှ တိုက်ပွဲသာ ဖြစ်သော်လည်း လူများစွာ ဆိုးရွားစွာ သေဆုံးခဲ့ရသည်ပင်။

ဘယ်နှနှစ်ပဲ ရှိသေးသနည်း.. သို့သော်လည်း သူ အများကြီး ပြောင်းလဲသွားလေပြီ။ ယခင်က သူ့ကို ဂိုဏ်းခေါင်းဆောင်အချို့ အထင်သေးနှိမ့်ချနိုင်ခဲ့သော်လည်း ယခုတော့ ထာဝရနန်းတော်ပင် သူ့လက်အောက်၌ ပျက်စီးသွားလေပြီ။

“ဟွမ်က ဒီနေရာကို တကယ်မလာတာလား..” ကျင့်ကြံသူတစ်ဦးသည် ချင်းကလန်ထဲသို့ ဝင်နိုင်ရန်အတွက် အဖိုးတန်ဆေးပင်တစ်ပင်ကို လက်ဆောင်ပေးနေလေသည်။

“ညီလေး .. ငါတို့စကားပြောကြမလား..” ချငး်ကလန်အောက်မှ လူများပင် လာဘ်ထိုးခံနေရသည်အထိပင်။

ထာဝရတောင်သည် ချက်ချင်းပင် လူစည်သွားလေ၏။

သို့သော် ချင်းကလန်မှ လူများမှာ ပါးစပ်လုံလှသည်။ သူတို့ထံမှ မည်သည့်သတင်းမှ ထွက်မလာ။ သို့သော်လည်း ထိုသို့နှုတ်ပိတ်နေသောကြောင့် ရှီဟောင် ဤနေရာ၌ ရှိနေလိမ့်မည်ဟု ပိုပြီး ယုံကြည်လာကြသည်။

သူ ဤနေရာ၌ ရှိနေသည်ဖြစ်စေ၊ ရှိမနေသည်ဖြစ်စေ၊ သူ ဤနေရာသို့ သေချာပေါက် လာခဲ့ဖူးသည်ပင်။

“တာအိုရောင်းရင်း .. ငါတို့ ကူညီပေးဖို့ အကူအညီတောင်းရတော့မှာပဲ .. ငါတို့ အရင်တုန်းက အဲဒီ တာအိုရောင်းရင်းဟွမ်နဲ့ နားလည်မှုနည်းနည်းလေး လွဲသွားခဲ့တာ .. သူနဲ့ ပြန်အဆင်ပြေဖို့ ရောင်းရင်းတို့ ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်”

ခဏကြာပြီးနောက် လူများသည် ပို၍တန်ဖိုးကြီးသည့် လက်ဆောင်များဖြင့် ချင်းကလန်သို့ ရောက်လသည်။

ထိုရက်များတွင် ချင်းကလန်သည် လက်ဆောင်များစွာကို ရရှိခဲ့သည်ပင်။ အချို့ရှေးဟောင်းဂိုဏ်းအချို့မှ အကြီးအကဲများသည် သူတို့၏အပြစ်စိတ်ကြောင့် သူတို့ကိုယ်တိုင် ရောက်လာကြလေ၏။

ဤသည်မှာ ဟွမ်နှင့် သူတို့ကြားမှ တင်းမာမှုများကို ဖြေလျော့ရန်အတွက်ပင်။

ထာဝရတောင်ထဲရှိ ရှီဟောင် မေးစေ့ပွတ်နေကာ အနည်းငယ် ဆွံ့အသွားရသည်။ သူက အဲဒီလောက် ရက်စက်လို့လား..

ဂိုဏ်းကြီးများသည် သူ လှုပ်ရှားလာမည်စိုးသောကြောင့် သူနှင့် ဆက်ဆံရေးကို ပြောင်းလဲချင်နေကြလေပြီ။

ချင်းကလန်မှ ရတနာသိုက်တွင် ကောင်းကင်ပစ္စည်းများမှာ တောင်ငယ်လေးပမာဏရှိနေလေပြီ။

ဤသည်မှာ ရှီဟောင် ထင်မထားသည့်အရာတစ်ခုပင်။ ထာဝရသက်ရှိတစ်ဦးကို သတ်လိုက်ပြီးနောက် သူ ကပ်ဆိုးကြီး ဖန်တီးမိသွားပြီထင်ကာ အဆင့်နိမ့်နယ်မြေသို့ တတ်နိုင်သမျှ မြန်မြန်ပြန်သွားရန် သူ စီစဉ်နေခြင်းပင်။

သို့သော်လည်း ထိုသက်ရှိ တစ်ခုခုဖြစ်သွားကာ သူ သေမလားရှင်မလားပင် မသိတော့။ ဤသည်မှာ ဂိုဏ်းများစွာကို စိုးရိမ်သွားစေသည်ပင်။

သူ ထိုလူများ၏ လက်ဆောင်များ မငြင်း။ သူတို့ဘာပေးပေး အကုန်ယူလိုက်သည်ပင်။

“လူငယ်လေး .. မင်း ဒီကောင်းကင်ရတနာတွေလိုလား..”

ချင်းကလန်မှ လူများပင်လျှင် မျက်လုံးများ နီရဲလာသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် ထွက်လာပြီး စကားပင်မပြော။

“ကျွန်တော် ဒီပစ္စည်းတွေ လိုတယ် .. ဒီရာချီတဲ့ကလေးတွေက အာဟာရ လိုအပ်နေတာ .. ပြီးတော့ ကျောက်တုံးကျေးရွာလည်း ရှိသေးတယ် .. အဲဒီကျေးရွာကို ပြန်ပြင်ဆောက်ရမှာ” ရှီဟောင် သူ နယ်ခြားစပ်မှ ခေါ်လာသည့်ကလေးများကို လက်ညှိုးထိုးပြပြီး ဒဲ့တိုးပင် ပြောလိုက်သည်။

ရက်ပေါင်းအနည်းငယ် ကြာပြီးနောက် ချင်းကလန်ကို လာလည်သည့်သူများ နည်းပါးသွားလေပြီ။

ရှီဟောင်မှာ တကယ်ကို အရေထူလှသည်။ သူသည် ထာဝရချင်းနှင့်တွေ့ကာ သူ့အား ဝိညာဉ်နယ်မြေ၌ တိုက်ခိုက်ခဲ့သည့်သူများ သူနှင့် အဆင်ပြေချင်လျှင် သူကျေနပ်လောက်သည့် ကောင်းကင်ရတနာများ ယူလာရမည်ဟု သတင်းဖြန့်ခိုင်းလိုက်လေ၏။

ဤစကားကို ကြားသည်နှင့် ထာဝရချင်း ချက်ချင်းဆွံ့အသွားရသည်။ မင်းအခုမှ ရတနာအပုံလိုက်ကြီးကို သိမ်းထားတာလေ .. မင်းက ထပ်လိုချင်နေပြီလား .. ဒါက ငွေညစ်တာပဲ..

“သူတို့ကိုယ်တိုင်ယူလာပေးမှာ သူတို့စိတ်ကောင်းစေတနာ နည်းနည်းရှိတယ်လို့ သတ်မှတ်လို့ရတာပေါ့ .. ဒီနေ့ကစပြီးတော့ သူတို့ရဲ့ စွမ်းဆောင်မှုပေါ် မူတည်မှာပဲ” ရှီဟောင်ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည်နှင့် အချို့မျိုးဆက်များမှာ မကျန်ဆဲပဲ မနေနိုင်တော့။ အချို့ကတော့ ဟွမ်သည် စက်ဆုပ်စရာကောင်းလှသည်ဟု ပြောကြသည်အထိပင်။

သို့သော်လည်း အချို့ကတော့ ဟွမ် ဘာလိုချင်နေသလဲဟု ချင်းကလန်ကို မေးလာကြလေသည်။

ရှီဟောင်သည် ခြင်္သေ့တစ်ကောင်ကဲ့သို့ ပါးစပ်ဟကာ ကလန်များမှ နာမည်ကြီးသည့်ရတနာများကို လိုချင်ကြောင်း ဒဲ့တိုပင် ပြောလာလေသည်။ သူ အကုန်လုံး မလိုချင်။ ထူးခြားသည့်အရာများသာ လိုချင်သည်။

ဥပမာအားဖြင့် ဝိညာဉ်ဆေးပင်စိုက်ပျိုးခြင်း၌ ကျွမ်းကျင်သည့် ရှေးဟောင်းဂိုဏ်းအချို့ သူ့အား ဆေးပင်များ ပိုပြီး လက်ဆောင်ပေးသင့်သည်။ အချို့လူမျိုးစုများမှာ လက်နက်ပြုလုပ်ရာ၌ ကျွမ်းကျင်ကြသောကြောင့် သူ့အား လက်နက်လုပ်သည့်လျှို့ဝှက်စာအုပ်များ ပေးသင့်သည်။

သူသည် တိုတိုင်းတစ်ကောင်ကဲ့သို့ အရာအားလုံးကို ဝါးမြိုပစ်နေလေသည်။

အချို့လူများသည် ဤသည်ကို လက်မခံနိုင်သော်လည်း သူတို့ စိုးရိမ်နေကြဆဲပင်။ နောက်ဆုံးတွင်တော့ သူ့အား ‘အထူးလက်ဆောင်’ ပေးလိုက်ရသည်ပင်။

“ဟွမ် .. ဒီကောင်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အတိမ်အနက်ကို မသိဘူးပဲ .. သူ ဝိညာဉ်နယ်မြေကနေ ကံကောင်းလို့လွတ်လာတာကို သူ့ကိုယ်သူ အဆင့်လွန်သက်ရှိလို လုပ်နေတာလား..”

“မင်း လွန်လွန်းသွားပြီ .. သူငယ်နာတောင် မစင်သေးတဲ့ကောင်ကများ ငါတို့ဂိုဏ်းကြီးတွေကို လာပြီး အနိုင်ကျင့်၊ စော်ကားမောက်မာနေတာလား..”

အချို့လူများသည် ခေါင်းမငုံ့သလို သူတို့ဘေးနားမှ လူများကိုလည် ဟွမ်ကို ရှင်းပစ်ရန်အတွက် စည်းရုံးနေကြလေသည်။

ရှီ‌ဟောင် နေရာတစ်ခုသို့ ဦးတည်သွားနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အလွန်ရှေးကျသည့် ရှေးဟောင်းမိသားစုများ နေထိုင်နေသည်ပင်။

အဆင့်နိမ့်နယ်မြေသို့ သွားသည့်လမ်းကို သူတို့သိလောက်သည်ဟု ပြောကြသည်ပင်။

ဤရက်ပိုင်းတွင် ရှီကျီလင်း၊ ချင်းရိနင်နှင့် အခြားသူများသည် ထာဝရတောင်၏အာဏာကို အသုံးပြုကာ များစွာ စုံစမ်းခဲ့သည်။ ထိုနေရာရှိ ကလန်များတွင် သိသည့်သူ ရှိလောက်သည်ဟု အတည်ပြုပြီးသွားပြီဖြစ်သည်။

သို့သော်လည်း ထိုလူများနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်မှာ ရက်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း မည်သည့်ရလဒ်မှ မရသေး။

ထို့ကြောင့် ရှီဟောင် သူကိုယ်တိုင်ထွက်လာရန် ဆုံးဖြတ်လိုက်ခြင်းပင်။ သူ လမ်းတွေ့သည်နှင့် သူ့မိသားစုများကို အဆင့်နိမ့်နယ်မြေသို့ ချက်ချင်း ခေါ်သွားမည်။

“ငါတို့တွေ ကိုယ့်စွမ်းအားနဲ့ကောင်းကင်နဲ့ကမ္ဘာမြေကြီးမှာ လျှောက်သွားနေတဲ့အချိန် အဲဒီဟွမ်က ဘိုးဘေးတွေတောင် နို့သောက်တုန်း ရှိသေးတယ် .. ဒီနေ့တော့ သူက ဒီလိုမျိုး စော်ကားမော်ကား ပြောရဲတယ်ပေါ့..”

ရှီဟောင် ဤစကားများကို ကြားသည်ပင်။ သို့သော်လည်း သူ နှာခေါင်းသာ ရှုံ့လိုက်သည်။ လေတိုးမပေါက်နိုင်သည့်နံရံဟူသည်မရှိ။ ဤစကားများမှာ သူတို့အချင်းချင်းပြောသည့်စကားများ ဖြစ်သော်လည်း ချင်းကလန်သားများကို လာပြောပြသည့်သူများ ရှိနေသည်ပင်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှီဟောင်ကို ရန်လိုသည့်သူများပင် မစည်းလုံးကြောင်း သိနိုင်သည်။ အချို့မျိုးဆက်များသည် အခြား ရှေးဟောင်းဂိုဏ်းများကို အန္တရာယ်ပေးလိုသောကြောင့် ချင်းကလန်ကို အကြောင်းကြားလာကြသည်။

ရှီဟောင် ရှေ့ဆက်သွားလိုက်သည်။ သူ နယ်မြေတစ်ခုကို ဖြတ်သွားသည့်အချိန်တွင် ဤနေရာ၌ သူ့အား ရန်လိုသည့် အနီရောင်အလင်းဟုခေါ်သည့် ဂိုဏ်းတစ်ခုရှိကြောင်း ရှီဟောင် သတိပြုမိသွားသည်။ ဤမျိုးဆက်သည် မြေအောက်လောကကို အမှီပြုခြင်းဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်သည် သူ့အား သူငယ်နာမစင်သေးပဲ သေချင်နေသည့်သူဟု ကျိန်ဆဲဖူးသည်ပင်။

ဝုန်း..

ထိုနေ့တွင်သိပ်မကြီးသော်လည်း အတော်လေးစွမ်းအားကြီးသည့် ထိုရှေးဟောင်းဂိုဏ်းသည် ဓားတစ်ချက်ဖြင့် ဖျက်ဆီးခြင်းခံလိုက်ရသည်။ ထို့နောက် သူ ခွန်ပန်ခန္ဓာကိုယ်ကို ပြုလုပ်ကာ အရာအားလုံးကို ဖျက်ဆီးလိုက်လေသည်။

သူ အပြစ်မရှိသည့်သူများကို မသတ်။ ဂိုဏ်းခေါင်းဆောင်များကိုသာ ခေါင်းများဖယ်ရှားပစ်လိုက်ကာ လူမြင်ကွင်း၌ပင် ကင်စားလိုက်ခြင်းပင်။

ထို့နောက် သူ သူတို့၏နန်းတော်များကို သိမ်းယူလိုက်ကာ ရတနာသိုက်ကိုလည်း အပြောင်ရှင်းလိုက်သည်။

ဤသည်မှာ မိုးခြိမ်းသံကဲ့သို့ စီရင်စုများစွာကို လှုပ်ခါသွားစေသည်။

နတ်ဆိုးဘုရင်..

ဤသည်မှာ လူများစွာ သူ့ကို ပေးထားသည့်နာမည်ပင်။ ဟွမ်သည် ရက်စက်လွန်းလှသည်။ သူသည် မျိုးဆက်တစ်ခုလုံးကို ဖြိုချခဲ့ရုံသာမက နတ်ငှက်များကိုပင် ကင်းစားခဲ့သေးသည်။

ဤအဖြစ်အပျက်မှတစ်ဆင့် အားလုံး သူ၏နောက်ခံကို သိသွားလေပြီ။ ထာဝရနန်းတော်မှ ထာဝရသက်ရှိ တစ်ခုခုဖြစ်နေသောကြောင့် သူ ဤကဲ့သို့ လုပ်ရဲနေခြင်းပင်။ မဟုတ်ပါက ဟွမ် အဘယ်ကြောင့် ဤကဲ့သို့လုပ်ရဲမည်နည်း..

ထို့အပြင် ဤကဲ့သို့ လုပ်လိုက်ခြင်းမှာ မြေအောက်လောကကို ရန်စသည်နှင့် တူနေသည်ပင်။

“ဒါက ခွေးတွေကို ဥပမာပြဖို့ ကြက်တွေကို သတ်ပြတာပဲ..” လူအချို့ သက်ပြင်းချလိုက်သည်။ သူတို့အမူအရာမှာ သိပ်မကောင်းတော့။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်ကို ကျိန်ဆဲသည်မှာ ဂိုဏ်းတစ်ခုတည်းမက။

အမှန်တကယ်တွင် ရှီဟောင် အနီရောင်အလင်းဂိုဏ်းကို ရှင်းပစ်ခြင်းမှာ လမ်းကြုံသောကြောင့်ပင်။ သူ တစ်ကမ္ဘာလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရန် စိတ်ကူးမရှိ။

ယခုအချိန်တွင် သူ့ထံ၌ပိုအရေးကြီးသည့် ကိစ္စများ ရှိနေသည်။

“ဟမ် .. ကောင်းကင်စီရင်စု..” ရှီဟောင်၏အမူအရာ ထူးဆန်းသွားသည်။

သူ ကောင်းကင်စီရင်စုကို ဖြတ်သွားရမည်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဤစီရင်စုထဲတွင် အာကာသကလန်ရှိနေသည်ပင်။

အာကာသကလန်မှာ သူနှင့်စိမ်းနေသည့်ကလန်တော့မဟုတ်။ ဤကလန်တွင် မကောင်းသည့်အမှတ်တရများစွာ ရှိနေသည်ပင်။

သူ ဤနေရာတွင် သေမလိုဖြစ်ခဲ့သောကြောင့် သူ ဤနေရာကို ခါးခါးသီးသီး မုန်းတီးသည်ပင်။

ယခင်က သူ ယွမ်ရှီးကို ကာကွယ်ပေးခဲ့ကာ လီပေါင်း ထောင်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့သော်လည်း အာကာသကလန်သည် သူ၏ခွန်ပန်အဖိုးတန်ပညာနှင့် အခြားအရာများကို လိုချင်နေသောကြောင့် ကျွေးသောလက်ကိုပြန်ကိုက်ခဲ့သည်။

သူ့အား ဓားချွန်များဖြင့် ထိုးကာ သေမလိုဖြစ်သည်အထိ လုပ်ခဲ့သည်။

“သူငယ်ချင်းဟောင်းတွေကို ဝင်လည်ရတာပေါ့..”

ရှီဟောင် ကောင်းကင်မြို့သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

ကောင်းကင်မြို့သည် ကောင်းကင်၌ မျောနေသည့် ကြီးမားလှသည့်မြို့ကြီးတစ်မြို့ဖြစ်သလို အာကာသလန်၏ ဘိုးဘေးမြေလည်းဖြစ်သည်။ သူတို့၏အရေးအကြီးဆုံး ရှေးဟောင်းမြို့ပင်။

သူ ထိုမြို့သို့ မရောက်မီတွင် ရှီဟောင် လူအချို့ကို စဉ်းစားမိသွားသည်။

အနီရောင်ပင့်ကူလီလီနှင့် ဖုချူး .. ဤနှစ်ယောက်မှာ အာကာသကလန်၏ အခြားပုလဲလုံးလေးနှစ်လုံးပင်။

အာကာသကလန်ရဲ့ နံပါတ်တစ် လူငယ်ဂျီးနီးယပ်စ် ရုံယုရော အဆင့်တက်သွားပြီလား..

ကျောက်တုံးသုံးတုံးဘုရင်ဟုခေါ်သည့်တစ်ယောက်လည်း ရှိသေးသည်။ သူသည် အလွန်သိုသိပ်လွန်းသည့်သူပင်။ ဤလူလည်း အလွန်ကြောက်စရာကောင်းလိမ့်မည်ပင်။

ရှီဟောင် အချို့ကိစ္စများကို တွေးမိသွားပြီးနောက် သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာသည်။

အပိုင်း ၁၈၉၅ ပြီး၏။
Chapter – 1896 အမုန်းဆုံးလူ ရောက်လာလေပြီ

သူ အခု ဘာကို ကြောက်နေရာမှာလဲ .. သူ အစီအရင်ကြီးထဲသို့ မဝင်သရွေ့ အဆုံးထိ တိုက်ခိုက်နိုင်သည်။

အာကာသလကန်သည် အတော်လေး ကျယ်ဝန်းလှကာ လူဦးရေလည်း ထူထပ်လှသည်။ သို့သော် ကောင်းကင်ဘုံမြို့တွင် လျှို့ဝှက်လမ်းများမှ သွားမှသာ ရောက်နိုင်သည့် အခြားလျှို့ဝှက်မြေတစ်ခု ရှိသည်ပင်။

နောက်ဆုံးတွင်တော့ ရှီဟောင် ရွှေ့ပြောင်းခြင်းအစီအရင်မှတစ်ဆင့် လီပေါင်း ထောင်ပေါင်းများစွာ ကျယ်ပြောလှသည့် သန့်စင်သည့်မြေသို့ ရောက်လာသည်။ ဤသည်မှာ အာကာသလကန်၏ ဆေးခင်းကြီးဖြစ်သလို နတ်သားရဲများ နေထိုင်သည့်နေရာလည်း ဖြစ်သည်။

အရှေ့ဘက်ကို မမြင်ရ။ တာအိုနှင့် မူလဖရိုဖရဲမြူများသာ ရှိနေသည်။

ရွှီး..

ရှီဟောင် ခွန်ပန်အတောင်ပံများကို လှုပ်ခတ်လိုက်ကာ ယင်နှင့်ယန်စွမ်းအင်များကို လည်ပတ်စေလိုက်သည်။ သူသည် လေဟာနယ်ကို စုတ်ဖြဲကာ ကောင်းကင်ထက်သို့ ချက်ချင်း တက်သွားလိုက်သည်။

ယခင်ကဆိုလျှင်တော့ သူ ကောင်ကင်ဘုံမြို့ကို သွားရန်အတွက် နတ်အစီအရင်များနောက် လိုက်ရမည်ပင်။

ယခု သူသည် တောက်ပသည့်အလင်းများ ထုတ်လွှတ်ကာ တိမ်ပင်လယ်ထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားလိုက်သည်။ တာအိုကန့်သတ်ချက်များကို ထိုအတိုင်းသာ ဖြတ်ဝင်သွားလိုက်သည်။

ကောင်းကင်ဘုံမြို့သည် ရှေးယခင်ကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပြီး ဤမြို့ကို ကာကွယ်ထားသည့် စွမ်းအားကြီးကာ ကြောက်စရာကောင်းသည့်အစီအရင်များ ရှိနေသည်ပင်။

မြို့တစ်ခုလုံးမှ မှုန်မှိုင်းသည့်လှိုင်းများ ထုတ်လွှတ်နေသည်ကို အားလုံးမြင်နိုင်သည်ပင်။

ကောင်းကင်ဘုံမြို့တစ်ခုလုံး၏ ပတ်လည်တွင် အလွန်စွမ်းအားကြီးသည့် နယ်မြေတစ်ခု ရှိနေသည်ပင်။

သူသာ အလောတကြီး တိုက်ခိုက်လိုက်ပါက သူ တွန်းကန်ခံရမည်ပင်။ သာမန်ကျင့်ကြံသူများဆိုလျှင် ပြာမှုန့်များဖြစ်သွားလိမ့်မည်။

ယခင်က ဤမြို့ကို တိုက်ခိုက်ဖူးသည့် စွမ်းအားကြီးသည့် ကျွမ်းကျင်သူများ ရှိခဲ့ဖူးသည်။ သူတို့သည် အာကာသအပြင်ဘက်မှ ကြယ်များကို ဆင့်ခေါ်ခဲ့သော်လည်း သူတို့မအောင်မြင်ခဲ့။

ထိုအချိန်က မြို့တစ်ခုလုံး တောက်ပလာကာ မြို့ရိုးနှင့်ထိသည့် ကြယ်များပင် ပြာမှုန့်များဖြစ်သွားသည်။

ဝုန်း..

ကောင်းကင်ဘုံမြို့ပတ်လည်တွင် အနက်ရောင်လျှပ်စီးများ ပေါ်လာသည်။ ထို့နောက် ငါးရောင်စပ်နတ်အလင်းများ တောက်ပလာ၏။ နောက်ဆုံးတွင်တော့ သွေးရောင်တာအိုသင်္ကေတများ ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံး ဖရိုဖရဲဖြစ်လာသည်။

ဤသည်မှာ ရှီဟောင် ဤနေရာသို့ ချိုးဖောက်နေသောကြောင့် ဖြစ်ပေါ်လာသည့်အရာများပင်။

“ဘယ်သူက ငါ့ကလန်ရဲ့ တားမြစ်နယ်မြေကို ကျုးကျော်နေတာလဲ..”

မြို့ထဲမှ ထိတ်လန့်တကြားအော်သံတစ်သံ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရန်သူကြီး ကျုးကျော်လာသောကြောင့် မြို့၏ အစီအရင် အသက်ဝင်လာခြင်းပင်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ အာကာသကလန်မှာ တကယ်ကို မရိုးရှင်း။ မြို့ထဲသို့ တိတ်တဆိတ်ဝင်ရန် မဖြစ်နိုင်။

ရလဒ်အနေဖြင့် သူတားဆီးခံလိုက်ရသည်။ ယခု သူ ပုန်းကွယ်နေစရာမလိုတော့။ သူ ကောင်းကင်ထက်၌ မတ်တပ်ရပ်ကာ အရှေ့ဘက်သို့ အေးစက်စွာ ကြည့်လိုက်သည်။

ယခင်ကတော့ အာကာသကလန်မှ လူများ သူ့နောက်လိုက်ဖမ်းနေသောကြောင့် သူ အမြဲတမ်း ပုန်းကွယ်နေခဲ့ရသည်ပင်။

“ရှီဟောင်လား..”

လူတစ်စု ထိတ်လန့်တကြားအော်ဟစ်လိုက်ကသည်။ ဤသည်မှာ ထိုတုန်းက လူငယ်လေးပင်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း သူသည် ငယ်ရွယ်ဆဲပင်။ သို့သော်လည်း သူ၏အော်ရာမှာ လုံးဝပြောင်းလဲသွားလေပြီ။

သူ၏ပုံစံသိပ်မပြောင်းလဲသွားသော်လည်း သူ၏ချောမောသည့်မျက်နှာထက်တွင် ခံ့ညားမှုများ ရှိနေသည်ပင်။

“ဟွမ်..”

တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ယခုအချိန်တွင် ဟွမ်၏ နာမည်မှာ စီရင်စုသုံးထောင်လုံး၌ ပျံ့နေပြီဖြစ်သည်။ ဝိညာဉ်နယ်မြေထဲ၌ သူ့လမ်းအား ဖြတ်တောက်ရန် ကြိုးစားသည့်သူများထဲတွင် အာကာသလန် ပါမပါတော့ မသိသေးပေ။

သို့သော် ကျွမ်းကျင်သူများစွာ ထွက်မလာပဲ ဆက်တိုက် သီးသန့်ကျင့်ကြံနေခြင်းမှာ ကောင်းသည့်လက္ခဏာတော့ မဟုတ်ပေ။

အထူးသဖြင့် အဆင့်နိမ့်သည့်သူများပင် ဟွမ်နှင့် ပတ်သက်သည့် ကောလဟာလများ ကြားပြီးသွားပြီဖြစ်သည်။

သူသည် နယ်ခြားစပ်မှ ရန်သူများကို မရပ်မနားရှင်းလင်းခဲ့သည်။ တစ်ဖက်လောကမှ အမြင့်ဆုံးသွေးမျိုးဆက်ကိုပင် သူ ရှင်းလင်းပစ်ခဲ့သည်။

ယခု ဤကဲ့သို့သောလူ ပြန်ရောက်လာခြင်းဖြစ်သောကြောင့် သူတို့ ဘယ်လိုလုပ် မကြောက်ပဲ နေမည်နည်း..

“မြို့ကို ကာကွယ်..”

“ခုခံမယ်..”

လူအချို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

ဝုန်း.. ကောင်းကင်ဘုံမြို့ကြီး ပြင်းထန်စွာ တုန်ခါလာကာ အဆုံးမရှိသည့်အလင်းများထွက်ပေါ်လာသည်။

အာကာသကလန်သည် သူတို့၏အစီအရင်များကို အသက်သွင်းလိုက်သည်။ ဤအစီအရင်များသည် ခုခံရုံသာမက သူ့အား တိုက်ခိုက်တော့မည်။

ရှီဟောင်၏အမူအရာ အေးခဲသွားသည်။ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် တောက်ပသွားလေ၏။ ထို့နောက် သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ အခြားနေရာတစ်ခုတွင် ပေါ်လာသည်။

သူ သူတို့နှင့် ထိပ်တိုက် မတိုက်ခိုက်သေး။ ယခုအချိန်တွင် တိုက်ခိုက်စရာလည်းမလို။

ရွှီး..

ရှီဟောင် မြေပြင်ပေါ်သို့ ရောက်ရှိသွားသည်။

လီပေါင်း တစ်သိန်းပတ်လည်မှာ ဆေးခင်းများနှင့် နတ်သားရဲများနေထိုင်သည့်နေရာပင်။ ဤနေရာတွင် အဖိုးတန်အရာတစ်ချို့ ရှိနေသည်ပင်။

ရှီဟောင် လက်ဝေ့ရမ်းကာ ရွှေရောင်ခြင်္သေ့ကို ထုတ်လိုက်သည်။ “သွား .. အားလုံးသွားသိမ်းလိုက်..”

သူ အမြန်သွားလိုသောကြောင့် လမ်းတစ်လျှောက်တွင် ဤခြင်္သေ့ကို မစီးခဲ့။

ရွှေရောင်ခြင်္သေ့ကြီးသည် ယခုအချိန်တွင် အလွန်နာခံနေပြီဖြစ်သည်။ သူ ရှီဟောင်ကို လျှောက်မပြောရဲတော့။ အဘယ်ကြောင့်ဆိုသော် သူ ရှီဟောင်နှင့် နေလေလေ ရှီဟောင်ကို ပို၍ ကြောက်လာရလေလေပင်။

ဝေါင်း..

ခြင်္သေ့ ဟိန်းလိုက်သည်နှင့် လီပေါင်း တစ်သိန်းပတ်လည်မှ အဖိုးငှက်များနှင့် သားရဲမျိုးစုံ တုန်ယင်သွားကြရသည်။ သူတို့အားလုံး မြေပြင်ပေါ်သို့ ဝပ်ဆင်းသွားကြကာ ခန္ဓာကိုယ်များ တုန်ယင်နေကြသည်။

နတ်ငှက်များပင် မြေပြင်ထက်၌ ဝပ်နေကြသည်။

ထို့နောက် ခြင်္သေ့ကြီးသည် အကွာအဝေးရတနာတစ်ခုကို ထုတ်ယူကာ အားလုံးကို စုတ်ယူပစ်လိုက်သည်။ ဤလီပေါင်း တစ်သိန်းရှိသည့် နတ်ဆေးခင်းကြီးမှာ စုတ်ယူခံရတော့မည်။

မြေပြင်ထက်ရှိ မရေမတွက်နိုင်သည့် ဆေးပင်များအားလုံး သိမ်းယူခံလိုက်ရသည်။ နတ်သားရဲများနှင့် ငှက်များလည်း ထို့အတူပင်။

ကောင်းကင်ဘုံမြို့ထဲရှိ လူများစွာ ဆွံ့အသွားကြရသည်။ ထို့နောက် သူတို့ ဒေါသထွက်လာကြသည်။

ဤနေရာမှာ သူတို့ဆေးပင်များ စိုက်သည့်နေရာ၊ ဝိညာဉ်သားရဲများ မွေးသည့်နေရာပင်။

“မင်း လုပ်ရဲတယ်လား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

အာကာသကလန်၏ ဆေးပင်ကြီးများကို ဤနေရာ၌ စိုက်မည်မဟုတ်ပဲ မြို့ထဲ၌သာ သိမ်းထားမည်ကို သူသိသည်။ သို့သော် လီပေါင်း တစ်သိန်းပတ်လည်မှ အရာအားလုံးကို ယူလိုက်ခြင်းမှာ သူတို့ကလန်မျက်နှာကို အစိမ်းရောင်ပြောင်းသွားစေမည်ပင်။

ရှီဟောင် ရွှေရောင်ခြင်္သေ့ပေါ်၌ ထိုင်ကာ ကောင်းကင်ဘုံမြို့အပြင်ဘက်သို့ ထပ်မံရောက်ရှိလာသည်။

ဤလူငယ်မှာ ယခင်က လူငယ် ပြန်ရောက်လာခြင်းဖြစ်သည်ကို သိလိုက်ရသည့်အချိန်တွင် မြို့မှ ရာထူးကြီးသည့်သူများအားလုံး ထိတ်လန့်သွားရသည်။

မြို့ရိုးတွင် စွမ်းအားလှိုင်းများ ထွက်ပေါ်လာကာ အပေါ်ဘက်မှ အလင်းများ စီးဆင်းလာကာ မြို့တစ်ခုလုံးကို ကာကွယ်ပေးထားသည်။ လူအချို့သည် ထိုလူငယ်လေးကို ကြည့်ကာ အလွန်ထိတ်လန့်နေကြသည်။

“ရှီဟောင် … မင်းဒီကို ဘာလာလုပ်တာလဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“အကြွေးပြန်လာတောင်းတာ..” သူ အေးစက်စွာပင် ပြောလိုက်သည်။

“အရင်တုန်းက ကိစ္စတွေက ရှင်းပြီးသွားပြီမဟုတ်ဘူးလား.. လူငယ်လေး မင်းဒီလောက် လွန်လွန်ကျူးကျူးလုပ်ဖို့ လိုလို့လား..” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

ဤသည်မှာ အာကာသကလန်မှ အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ဦးပင်။

“အရင်တုန်းက ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီဟုတ်လား .. ခင်ဗျားက ဒါကို လွယ်လွယ်ပေးပြောလိုက်ပေမယ့် ဒီလိုမျိုးရှင်းပြီးသွားမှန်း ကျုပ်မသိလိုက်ပါလား..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

“လူငယ်လေး … ငါ့ကလန်က ဘိုးဘေးက နယ်ခြားစပ်မှာ မင်းနဲ့အတူတူ သောက်ပြီး စကားပြောပြီးပြီမဟုတ်ဘူးလား..” ထိုအကြီးအကဲ ပြောလိုက်သည်။

“ဟား ဟား ..” ရှီဟောင် ရပ်မောလိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားကာ “အရက်သောက်ပြီး စကားတွေ ပျော်ပျော်ကြီး ပြောကြတယ်ဟုတ်လား .. ဒါက ခင်ဗျားတို့ သတ်မှတ်ထားတာလား .. ကာယကံရှင်ဖြစ်တဲ့ ကျုပ်က ဘာလို့ ဒီကိစ္စကို မသိရတာလဲ..”

သူ အာကာသဘိုးဘေးအိုကြီးနှင့် စကားပြောခဲ့သည်ပင်။ သို့သော် တစ်ခွန်း၊ နှစ်ခွန်းသာ။ သူတို့ဘယ်တုန်းကများ စကားအများကြီး ပြောခဲ့ကြသနည်း.. ထို့အပြင် ထိုအချိန်တုန်းက သူတို့သည် မိတ်ဆွေမဟုတ်ပဲ ရန်သူအနေဖြင့် ပြောခဲ့ကြသည်ပင်။

“ဟားဟား ..” မြို့ရိုးပေါ်တွင် အခြား အကြီးအကဲတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။

သူသည် အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း ယခင်ကနှင့်ယှဉ်လျှင် သူ၏အသားအရေမှာ အနည်းငယ် ပိုကောင်းလာသည်။ သူ၏အသတ်ဓာတ်လည်း အတော်လေး တိုးတက်လာသည်ပင်။

သူ နယ်ခြားစပ်၌ အတော်လေး အကျိုးကျေးဇူးရခဲ့သည်မှာ သေချာသည်။ သူသည် ဆေးကောင်းအချို့ကို စားသုံးခဲ့ကာ သူ့အသက်ကို ဆွဲဆန့်ခဲ့သည်ပင်။ မဟုတ်ပါက သူ သေဆုံးသွားလောက်လေပြီ။

“လူငယ်လေး .. ငါတို့ကြားမှာ အတော်လေး နားလည်မှုလွဲနေတာပဲ .. မင်းက အခုထိ ဒေါသထွက်နေတုန်းပဲ .. မင်း ငါတို့မြို့ထဲကို ဝင်လာပြီး ငါတို့နဲ့ စကားနည်းနည်းလောက် ပြောရင်ရော..” အာကာသကလန် အကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် ထူးမခြားနားရပ်နေဆဲပင်။ သူ မြို့ထဲသို့ မဝင်။

နယ်ခြားစပ်၌ အာကာသအကြီးအကဲ ၆ ဦးအကြောင်း၏ အမှန်တရားများနှင့် လျှို့ဝှက်ချက်များကို သူသိခဲ့သည်ပင်။ ဤမြို့မှာ လွယ်လွယ်နှင့် ခြေချသင့်သည့်မြို့မဟုတ်။

“ထင်ထားတဲ့အတိုင်း ခင်ဗျား ပြန်လာပြီပဲ..” ရှီဟောင် အေးစက်စွာ ပြန်ပြောလိုက်သည်။

နယ်ခြားစပ်၌ တိုက်ပွဲပေါင်းများစွာ ဖြစ်ခဲ့သော်လည်း ဤအာကာသကလန်အကြီးအကဲမှာ သေမသွားပဲ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့သည်။

နောက်ဆုံးတိုက်ပွဲတွင် လူအနည်းငယ်သာ ပါဝင်ခဲ့သော်လည်း ယခင်က ကန္တာရကြီးထဲတွင် သွေးလွှမ်းသည့် တိုက်ပွဲပေါင်းများစွာ ဖြစ်ဖူးခဲ့သည်ပင်။

“ဒီလူအိုကြီးကို ကောင်းကင်ကြီးက သနားညှာတာပြီးတော့ အသက်ရှင်ခွင့်ပေးခဲ့တယ်လေ .. လူငယ်လေးနဲ့ နောက်တစ်ခေါက် ပြန်တွေ့ရတာ တကယ်ကို ကံကောင်းတာပဲ..” အာကာသကလန်အကြီးအကဲ ပြုံး၍ ပြောလိုက်သည်။

မြို့ရိုးထပ်၌ အခြားပုံရိပ်များ ထပ်မံထွက်ပေါ်လာသည်။ အားလုံးမှာ ဤကလန်မှ အရေးကြီးသည့်သူများပင်။ လက်ရွေးစင်အချို့ပါသကဲ့သို့ လူငယ်မျိုးဆက်မှ နာမည်ကြီးသည့်သူများလည်း ပါဝင်သည်ပင်။

ဥပမာအားဖြင့် ရှီဟောင်ကြောင့် ပျက်စီးသွားတော့မလို ဖြစ်ခဲ့သည့် ရုံယုနှင့် ဖုချူးနှင့် အနီရောင်ပင့်ကူလီလီတို့ ပုလဲလုံးနှစ်လုံး..

ထို့နောက် ကျောက်တုံးသုံးတုံး ကောင်းကင်ဘုရင်လည်း ပေါ်လာလေပြီ။

ထို့နောက် ခရမ်းရောင်အဝတ်အစားနှင့် မိန်းမပျိုလေး ပေါ်လာသည်။ သူမ၏လှပသည့်မျက်နှာလေးတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ သူမသည် ယွမ်ရှီးပင်။

“ကျုပ် အချိန်မဖြုန်းချင်ဘူး … အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့နှစ်ယောက်လုံး သိနေတာပဲ .. ကျုပ် ဒီနေ့ လျော်ကြေးပြန်လာတောင်းတာ .. ကျုပ် ကျေနပ်‌အောင် ပေးမယ်ဆိုရင် ကျုပ် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားမယ် .. မဟုတ်ရင်တော့ .. ဟက်..” ရှီဟောင် ဒဲ့တိုးပင် ပြောလိုက်သည်။

မြို့ရိုးထက်တွင် ဆူဆူပူပူဖြစ်သွားသည်။

သူတို့ ဘယ်တုန်းကများ ဤကဲ့သို့ ကြုံတွေ့ဖူးသနည်း .. တစ်ယောက်ယောက်သည် ကောင်းကင်ဘုံမြို့ရှေ့၌ရပ်ကာ အကြွေးတောင်းနေသည်။

လူငယ်မျိုးဆက်များအားလုံး ရှီဟောင်ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံး ရှီဟောင်ကို မသိသည့်သူမရှိ။ အဘယ်ကြောင့်ဆိုသော် ယခင်က သူတို့ ရှီဟောင်ထံ၌ ဆိုးဆိုးရွားရွား ရှုံးနိမ့်ဖူးသည်ပင်။

ယွမ်ရှီးလည်း အလွန်ထိတ်လန့်ကာ စိတ်ထွေပြားနေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကလူ ပြန်ပေါ်လာလေပြီ။

ရှီဟောင် နယ်ခြားစပ်ကို တုန်လှုပ်စေခဲ့သည်ကို သူမကြားခဲ့သည်ပင်။ တစ်ဖက်လောကနှင့် နီးကပ်စွာ တိုက်ခိုက်ခဲ့ရသော်လည်း သူ မသေခဲ့။ ထိုအစား ခမ်းနားမှုများဖြင့် ပြန်လာလေပြီ။

“ဟူး … လူငယ်လေးရဲ့ ပါရမီတွေက တကယ်ကို ထူးခြားပါတယ် .. မင်း အကြောက်တရားကင်းမဲ့တဲ့ ခြင်္သေ့နဲ့ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး .. မင်းက ကောင်းကင်ဘုံမြို့ကို ဖျက်ဝင်ချင်နေတာလား..” အာကာသကလန်အကြီးအကဲ မေးလိုက်သည်။

အားလုံး တုန်လှုပ်သွားရသည်။ အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့က အစောကြီးကတည်းက ပျောက်သွားပြီမဟုတ်ဘူးလား .. အခု လူတစ်ယောက်က သူ့ကို စီးတော်ယာဉ်အနေနဲ့ သုံးနေတာလား .. ဤသည်မှာ သူတို့ကို တုန်လှုပ်သွားစေသည်ပင်။

အပိုင်း ၁၈၉၆ ပြီး၏။
Chapter – 1897 ဘုရင် ဆင်းသက်လာခြင်း

ဟွမ် ကောင်းကင်ဘုံမြို့သို့ နောက်တစ်ကြိမ် ရောက်လာလေပြီ။ သူ၏ကျင့်ကြံဆင့်မှာ အလွန်မြင့်လာပြီး သူ၏စီးတော်ယာဉ်ဖြစ်သည့် အကြောက်စရာကောာင်းမဲ့သည့်ခြင်္သေ့ပင်လျှင် အားလုံးကို တုန်လှုပ်စေခဲ့သည်။

သူတို့ စာရင်းရှင်းကာ အာကာသကလန်အား တိုက်ခိုက်မည်မှာ သေချာသည်။

ဤသည်မှာ လူများစွာကို မျက်မှောင်ကြုတ်သွားစေသည်။ တစ်ခုခုမှားယွင်းနေသည်ဟု သူတို့ ခံစားနေရသည်။ သူသည် နယ်ခြားစပ်၌ စစ်ပွဲတစ်ရာ တိုက်ခိုက်ခဲ့သော်လည်း အသက်မသေခဲ့။ ယခု သူပြန်လာခဲ့လေပြီ။ ဤကဲ့သို့သော သူမျိုးကို သူတို့ မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း..

“အရင်တုန်းက သူက လူငယ်လေးတစ်ယောက်ပဲ .. နှစ်နည်းနည်းလေးအတွင်းမှာကို သူ့ရဲ့ကျင့်ကြံဆင့်က တကယ်ကြောက်စရာကောင်းနေပြီ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောနေသည်။ သူ ယုံကြည်နိုင်ရန် ခက်ခဲနေလေ၏။

သိထားရမည်မှာ ဟွမ်သည် အသက် ၂၀ သာရှိသေးသည်ပင်။ သို့သော်လည်း သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ရှိကာ ဒဏ္ဍာရီတစ်ခုကို ဖန်တီးနိုင်ခဲ့လေပြီ။

ယခု အလွန်ငယ်သည့် ဤလူငယ်လေးသည် သူတို့တံခါးကို လာခေါက်နေလေပြီ။ ဤသည်မှာ နောင်ကျလျှင် သူတို့ သူ၏ခြိမ်းခြောက်သည့်အကြည့်အောက်၌ အမြဲတမ်း နေရလိမ့်မည်ဟု ဆိုလိုခြင်းပင်။

စီရင်စုသုံးထောင်ကို လွှမ်းမိုးနိုင်သည့် ဤလူငယ်လေး၏ တောက်ပမှုသည် ဘယ်အချိန်ထိ ဆက်သွားနိုင်မည်နည်း..

သူသည် ယခုမှသာ သူ၏ရွှေရောင်အပိုင်းအခြားကို ရောက်နေခြင်းဖြစ်ပြီး သူ၏ခမ်းနားမှုမှာ ခေတ်တစ်ခေတ်စာအထိ ဆက်သွားနိုင်ကြောင်း လူများစွာ သိထားပြီးသားပင်။

ထိုမျှကြာရှည်လှသည့်အချိန်ကို သူတို့ မည်ကဲ့သို့ ဖြတ်သန်းကြမည်နည်း.. သူသာ အာကာသကလန်ကို အငြိုးထားနေလျှင် သူတို့ကလန်တစ်ခုလုံးကို ရှင်းပစ်နိုင်မည့် အခွင့်အရေးများ အမြဲတမ်း ရှိလာမည်ပင်။ လူတစ်ယောက်ပင် ကျန်မည်မဟုတ်။

ဤအကြောင်းတွေးမိလိုက်သည်နှင့် အကြီးအကဲအချို့မှာ သူတို့ခန္ဓာကိုယ်များပင် တောင့်ခဲသွားရသည်။

ဤကဲ့သို့သော အဆုံးသတ်မှာ ကြောက်စရာကောင်းလှသည်။ တွေးကြည့်ရုံဖြင့်ပင် သူတို့ ထိန်းမရနိုင်လောက်အောင် တုန်လှုပ်လာသည်။

“လူငယ်လေး .. အရင်တုန်းက ငါတို့ကြားမှာ နားလည်မှုလွဲတာတွေ ရှိခဲ့တယ် .. ငါတို့ အဲဒါတွေကို ဖြေရှင်းရအောင်လေ” အကြီးအကဲတစ်ဦး ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဖြစ်လာနိုင်မည့်အရာများကို တွေးမိသွားသည်နှင့် သူတို့ အလွန်ကြောက်ရွံ့ရသည်ပင်။

“စကားလုံးလေးနည်းနည်းလောက်နဲ့ အရင်တုန်းက ရန်ငြိုးတွေကို ရှင်းချင်တာလား..” ရှီဟောင် နှာခေါင်းရှုံ့လိုက်သည်။

ဤစကားမှာ လူများစွာ၏အမူအရာကို ပြောင်းလဲသွားသည်ပင်။ ဟွမ်က ရန်ငြိုးတွေကို မချေပေးချင်ဘူး..

သို့သော် အတိတ်မှ ဖြစ်ရပ်များကို တွေးမိသွားသည့်အချိန်တွင် အားလုံး တိတ်ဆိတ်သွားရသည်။ ထိုကိစ္စထဲ၌ ပါဝင်ခဲ့သည့်သူများမှာ ပို၍ပင် စိတ်ပျက်သွားကြသည်။

ဟွမ်သည် ယွမ်ရှီးကို စောင့်ရှောက်ပေးခဲ့သည်။ သူတို့သာ မကောင်းသည့်ရည်ရွယ်ချက်မရှိခဲ့လျှင် ဤကဲ့သို့သော အဖြစ်အပျက်များ ဖြစ်လာမည်မဟုတ်။

ပုံမှန်အတိုင်းဆိုလျှင် သူတို့ ဟွမ်နှင့် အလွန်ဆက်ဆံရေးကောင်းမွန်ကာ သူငယ်ချင်းကောင်းများဖြစ်နိုင်သည်။ အာကာသကလန်ထဲသို့ လက်ထပ်ပြီးဝင်လျှင်ပင် ပြဿနာမရှိ။

လူအချို့ ယွမ်ရှီးကို တိတ်တိတ်လေး ချောင်းကြည့်လိုက်ကြသည်။ သူတို့သည် အဆင့်နိမ့်နယ်မြေကတည်းက သိခဲ့သည့်သူများဖြစ်ကြပြီး အလွန်ရင်းနှီးခဲ့ကြသည်ပင်။

ယွမ်ရှီး၏အမူအရာမှာ ရှုပ်ထွေးနေသည်။ သူ၏မျက်လုံးများတွင် စိတ်ပျက်ခြင်းများနှင့် နောင်တတရားများ ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပင် သူမစိတ်ထဲ သက်ပြင်းချလိုက်သည်။ သူသာ အဆုံးထိ တောင့်ခံခဲ့လျှင်။ အဆုံးထိ ဆန့်ကျင်ခဲ့လျှင် ရှီဟောင်ခံစားခဲ့ရသည်များ အနည်းငယ် သက်သာနိုင်သည်။

ကိစ္စအတော်များများမှာ ဖြစ်ပျက်ပြီးသွားလျှင် ပြန်ပြင်၍မရတော့ပေ။

“ဟွမ် .. မင်း သူများကို အရမ်းအနိုင်မကျင့်ရင် ပိုကောင်းလိမ့်မယ်..”

ထိုအချိန်တွင် လူငယ်မျိုးဆက်ထဲမှ တစ်‌ယောက် ထပြောလိုက်သည်။ ဟွမ် မည်မျှသန်မာသည်ကို သိသော်လည်း ဤနှစ်များတွင် မည်သူကများ သူတို့အား အထက်စီးမှ ဆက်ဆံရဲသနည်း .. ဤသည်မှာ လူတစ်ယောက်နှင့် သားရဲတစ်ကောင်သာဖြစ်သော်လည်း သူတို့ဝင်ပေါက်၌ သူတို့ကို ခြိမ်းခြောက်နေသည်။

ဤစကားကို ကြားသည်နှင့် လူအများစု အမူအရာ ပြောင်းလဲသွားကြသည်။ အထူးသဖြင့် အသက်ကြီးသည့် မျိုးဆက်များပင်။ သူတို့သည် ထိုလူငယ်ကို ကြည့်လိုက်ကာ ပါးစပ်ပိတ်ထားရန် ပြောလိုက်သည်။ သူ လျှောက်ပြောပြီး ရန်မစသင့်ကြောင်း ပြောလိုက်လေ၏။

ဝေါင်း..

ရှီဟောင် ဘာမှမပြောသော်လည်း သူ၏စီးတော်ယာဉ်ဖြစ်သည့် ရွှေရောင်ခြင်္သေ့မှ ဟိန်းလိုက်သည်။ “အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ … မင်းတို့ ဒါကို လက်မခံနိုင်ရင် မြို့ကနေ ထွက်ပြီးလာတိုက်လေ .. ငါတို့မင်းကို မင်းတို့လမ်းကို ပို့ပေးမယ်..”

သူ ဤကဲ့သို့ ပြောလိုက်သော်လည်း မည်သူမှ ဘာမှပြန်မပြောရဲကြ။

ဤသည်မှာ ထာဝရဘုန်းကြီးဘုရင်ကိုပင် ရင်ဆိုင်ရဲသည့်ကလန်ပင်။

အထူးသဖြင့် အာကာသကလန်အကြီးအကဲများလည်း နယ်ခြားစပ်သို့ သွားခဲ့ကြသောကြောင့် တစ်ဖက်လောက၌ ဤခြင်္သေ့ မည်ကဲ့သို့သော အဆင့်အတန်းရှိသည်ကို သူတို့သိကြသည်ပင်။

“သူက ဘာတွေများ အထင်ကြီးစရာကောင်းနေလို့လဲ .. ငါ့ရဲ့ အာကာသကလန်မှာ ကျွမ်းကျင်သူတွေက တိမ်လိုမျိုး ပေါများနေတာတောင် ငါတို့ သူ့ကို ကြောက်ဖို့လိုနေသေးတယ်လို့တော့ မပြောနဲ့နော် .. အစီအရင်ကို အသက်သွင်းပြီးတော့ သူ့ကိုသတ်လိုက်” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

လူအများစု ကြောက်ရွံ့နေသော်လည်း ဤသည်ကို လက်မခံနိုင်သည့် စစ်ပွဲကြိုက်နှစ်သက်သည့်သူများလည်း ရှိနေသည်ပင်။

“စီနီယာအစ်ကိုရုံယု .. စီနီယာက ဟွမ်နဲ့တိုက်ဖူးတာဆိုတော့ သူက တကယ်ပဲ အဲဒီလောက်‌ ကြောက်ဖို့ကောင်းတာလား..” လူငယ်မျိုးဆက်မှ တစ်စုံတစ်ဦး မေးလိုက်သည်။

ရုံယုသည် ယခင်က အာကာသကလန်၏ နံပါတ်တစ် ကျွမ်းကျင်သူပင်။ မည်သူမှ သူ့ကို မယှဉ်နိုင်ခဲ့။

သို့သော် ရှီဟောင်နှင့် တိုက်ခိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခြမ်းပျက်စီးသွားကာ သူ၏ကောင်းကင်ကျောက်တုံးပင် လုခံခဲ့ရသည်ပင်။

ကံကောင်းသည်မှာ သူ နေပြန်ကောင်းလာရန်အတွက် သူ့ကလန်မှ ကူညီပေးခဲ့ခြင်းပင်။ ယခုနှစ်များတွင် သူ သူ၏ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်နေပြီး ယခင်ကကဲ့သို့ ပြန်တောက်ပနိုင်မည့် အရိပ်အယောင် မြင်နေရလေပြီ။

ရုံယုသည် သက်ပြင်းချလိုက်ကာ “အရင်တုန်းက ငါသူနဲ့ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ် .. ငါတို့နှစ်ယောက်ကြား ခွဲလို့မရအောင်အထိ တိုက်ခိုက်ခဲ့တာ .. ဒါပေမဲ့ငါရှုံးခဲ့တယ် .. ဒီနှစ်တွေမှာ ငါအမြဲတမ်း သီးသန့်ကျင့်ကြံနေခဲ့ပြီးတော့ ငါ့ကိုယ်ပိုင်လမ်းကို ရှာနေခဲ့ရတာ .. ငါသူနဲ့ ပြန်တွေ့တဲ့အချိန် သူနဲ့ ပြန်တိုက်နိုင်လိမ့်မယ်လို့ ငါယုံကြည်ထားခဲ့တာ .. ဒါပေမဲ့ အခု သူ့ကို တွေ့လိုက်ရတော့ သူက အတော်ဝေးဝေးကို ရောက်နေပြီမှန်း ငါသိလိုက်ရတယ် .. သူက ငါတို့မျိုးဆက်ကလူတွေ လိုက်မှီနိုင်တဲ့သူ မဟုတ်တော့ဘူး”

ရုံယု ဤစကားလုံးများကို တည်ငြိမ်စွာပင် ပြောလိုက်လေ၏။

ယခင်က မာန်မာနကြီးကာ မောက်မာခဲ့သည့် နံပါတ်တစ်ကျွမ်းကျင်သူ ဤကဲ့သို့ ပြောလိုက်သောကြောင့် အားလုံး ထိတ်လန့်သွားရသည်။

“ကြည့်ရတာ နယ်ခြားစပ်မှာ ရှိနေတဲ့အချိန်က လူတစ်ယောက်ကို တကယ်လေ့ကျင့်ပေးနိုင်တယ်ထင်တယ် .. သူ ဘာတွေများ ကြုံတွေ့ခဲ့ရတာလဲ…” လူအချို့ သက်ပြင်းချလိုက်ကြသည်။

“သူကရော .. သူရော ဟွမ်ကို အနိုင်ယူနိုင်လား..” တစ်စုံတစ်ယောက်သည် နေရာတစ်ခုကို ကြည့်ကာ တတ်နိုင်သမျှ တိုးတိုးလေး မေးလိုက်သည်။

ထိုနေရာတွင် ကျောက်တုံးသုံးတဒ့းအရှင်ဟုခေါ်သည့် အာကာသကလန်မှ စွမ်းအားအကြီးဆုံးသူ ရှိနေသည်ပင်။

သူသည် ဤခေတ်မှမဟုတ်။ အကြောင်းတစ်ချို့ကြောင့် သူ အိပ်ပျော်သွားကာ သူ၏ခန္ဓာကိုယ် အလုပ်မလုပ်တော့သဖြင့် သူသည် ငယ်ရွယ်သည့်ပုံစံဖြင့် ရှိနေသည်။

သို့သော် ကျောက်တုံးသုံးတုံးဘုရင်သည် အလွန်တည်ငြိမ်နေကာ တိုက်ခိုက်မည့်ပုံမပေါ်။

“တိုက်ကြမယ်ဆိုရင်တော့ ငါလည်း ရှုံးလိမ့်မယ်”

ကျောက်တုံးသုံးတုံးဘုရင်သည် မျက်နှာပျက်သည်ဟု မခံစားရပဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။

သူပင် ဤကဲ့သို့ ပြောလိုက်သောကြောင့် အားလုံးတုန်လှုပ်သွားရသည်။

“လူငယ်လေး .. ငါတို့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရင်ရော .. မင်းက အခုမှ မင်းရဲ့ရွှေရောင်နှစ်ကို ရောက်တာ … ငါတို့မင်းနဲ့ ပြန်ပြေလည်ချင်တယ်” အာကာသကလန် အကြီးအကဲ ပြောလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ သူသည် ဘာမှသိပ်မပြောတော့ပဲ အတော်လေး နိမ့်ချနေသောကြောင့် ရှီဟောင် အတော်လေး အံ့အားသင့်သွားရသည်။ အာကာသကလန်က ခေါင်းငုံ့သွားပြီပေါ့.. သူတို့နှင့် တစ်ပွဲလောက် တိုက်ရလိမ့်မည်ဟု သူထင်ထားသည်ပင်။

“အမှားလုပ်ပြီးရင် ပြန်ပေးဆပ်ရတယ် .. ကျုပ် အကြွေးပြန်တောင်းဖို့လာတာ .. ကျုပ် ဘာမှမရပဲနဲ့ ပြန်မသွားချင်ဘူး” ရှီဟောင် ပြောလိုက်သည်။

“ကောင်းပြီလေ .. ပြောလိုက် .. မင်း ဘာပြန်လိုချင်တာလဲ” အာကာသကလန်အကြီးအကဲ ပြောလိုက်သည်။ သူသည် ရာထူးကြီးသည့် ပုဂ္ဂိုလ်အချို့ကို ကြည့်ပြီးနောက် ယွမ်ရှီးအား ကြည့်လိုက်သည်။

ဤသည်မှာ ယွမ်ရှီးကို ဆွံ့အသွားစေသည်ပင်။

ရှီဟောင်သည် ရယ်မောလိုက်ကာ “ကျုပ် ကောင်းကင်ဘုံမြို့က ထာဝရအဆင့်တက်ခြင်းကျောက်တုံးကို ငှားချင်တာ”

ဤစကားမှာ လူများစွာကို စိတ်များ လေးလံသွားစေပြီး အသက်ကြီးသည့်သူအချို့မှာ မျက်နှာပျက်သွားလေ၏။ အချို့မှာ ဒေါသထွက်သွားကြသည်ပင်။ သို့သော်လည်း သူတို့ကိုယ်သူတို့ ပြန်ထိန်းလိုက်ကြလေသည်။

ထာဝရအဆင့်တက်ခြင်းကျောက်တုံးဆိုသည်မှာ သူတို့ကလန်၏ အဆင့်လွန်ရတနာပင်။

ဤကဲ့သို့သော ပစ္စည်းမျိုးကို သူတို့ ဘယ်လိုလုပ် ငှားပေးရမည်နည်း..

အာကာသကလန်အကြီးအကဲမှာ အခက်တွေ့နေလေပြီ။ “ငါတို့ တစ်ခြားပစ္စည်းနဲ့ လဲရင်ရော .. ငါတို့ ဂိုဏ်းက ရှေးဟောင်းကျမ်းစာတွေကို ကြည့်ချင်လည်း ရတယ်”

အားလုံး စိတ်လှုပ်ရှားသွားကာ ဤနေရာမှာ ချက်ချင်း ဆူညံလာသည်။ ဟွမ်ရဲ့ ပြေလည်ဖို့အတွက် သူတို့က ဒီလောက်တောင် ပေးဆပ်ရမှာလား .. သူ့ကို သူတို့ရဲ့ရှေးဟောင်းကျမ်းစာကို ပြရဦးမှာလား..

သို့သော်လည်း ရှီဟောင် ခေါင်းခါလိုက်ကာ “ကျုပ်မှာ ကျမ်းစာတွေ လုံလုံလောက်လောက်ရှိပြီးသား .. ကျုပ် ဖတ်လို့တောင် မကုန်သေးဘူး .. ထပ်မလိုတော့ဘူး”

အားလုံး ဆွံ့အသွားရ၏။ ဒီလူက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ .. လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ကျမ်းစာကို ပေးတာတောင်မှ သူက မလိုချင်ဘူးလား..

သို့သော် နယ်ခြားစပ်မှဒဏ္ဍာရီများအကြောင်းကို စဉ်းစားမိသွားသည့်အချိန်တွင် သူတို့ဘာမှ မပြောနိုင်တော့။

“ကျုပ် ထာဝရအဆင့်တက်ခြင်းကျောက်တုံးပဲ လိုချင်တယ်..” ရှီဟောင် ပြောလိုက်သည်။

ယခင်က သူ အာကာသကလန်၌ ရှိနေစဉ်က ဤကျောက်တုံးကို မြင်ဖူးသည့်အပြင် ဤကျောက်တုံးဖြင့် ကန့်သတ်ချက်ကို ကျော်လွန်ခဲ့ဖူးသည်။

ယခင်က အဆင့်လွန်ကျွမ်းကျင်သူအဆင့်တွင် မည်သူမှ ဤကျောက်တုံးကို မ,မနိုင်ခဲ့။

ထိုအချိန်က သူ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်ပင်။ ဤကျောက်တုံး၏ သင်္ကေတများ တောက်ပလာကာ သူနှင့် ရောယှက်သွားပြီး သူ၏အဆင့်လွန်အဖိုးတန်ပညာများကို ပြန်လည်ပြုပြင်ပေးခဲ့သည်ပင်။

သူ ငယ်ရွယ်စဉ်က သူ၏အရိုး ထုတ်ခံလိုက်ရသောကြောင့် သူ၏အဆင့်လွန်အဖိုးတန်ပညာလည်း ပျက်စီးသွားခဲ့သည်ပင်။ ဤကျောက်တုံးကြောင့်သာ သူ ထိုပညာကို ပြန်လည်ပြုပြင်နိုင်ခဲ့ခြင်းပင်။

ထို့ကြောင့် ရှီဟောင် ဤကျောက်တုံးကို အမြဲတမ်း အမှတ်ရနေသည်ပင်။

“လူငယ်လေး .. ဒါက ငါတို့အတွက် တကယ်ကို ခက်ခဲတယ် .. ဒီလိုဆိုရင်ရော .. ငါတို့ ထာဝရအဆင့်တက်ခြင်းကျောက်တုံးကို ဒီ မြို့ရိုးပေါ်မှာ ထားထားပေးမယ် .. လူငယ်လေး လိုအပ်တယ်ဆိုရင် ဒီမှာလာကြည့်လို့ရတယ်” အာကာသကလန်အကြီးအကဲ ပြောလိုက်သည်။

ထို့အပြင် သူကိုယ်တိုင် ထိုကျောက်တုံးကို သွားယူလိုက်လေသည်။

ခဏကြာပြီးနောက် ထိုကျောက်တုံးကို မြို့ရိုးပေါ်၌ တင်ထားလိုက်သည်။

ဤကျောက်တုံးသည် ရှေးကျကာ တောက်ပမှု သိပ်မရှိပေ။ ဤကျောက်တုံးကို အသက်သွင်းလိုက်မှသာ အလင်းမိုးများ ရွာသွန်းကျလာမည်ပင်။

“လူငယ်လေး .. ဒီကိုလာပြီး ကြည့်လိုက်ပါ” အာကာသကလန်အကြီးအကဲ ပြောလိုက်သည်။

လူများစွာသည် ထိတ်လန့်သည့်အမူအရာဖြစ်သွားကာ နောက်ဆုတ်သွားလိုက်ကြလေ၏။

ရှီဟောင်သည် အလွန်တည်ငြိမ်နေကာ မြို့နားသို့ ကပ်သွားခြင်းမရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမြို့ မည်မျှထူးခြားသည်ကို သူသိသည်ပင်။

သိထားရမည်မှာ ယခင်က ဤကလန်မှ အာကာသအရှင် ခြောက်ဦး ထွက်ပေါ်လာခဲ့ဖူးသည်ပင်။

ထိုခြောက်ဦးထဲတွင် တစ်ဦးမှာ အဆင့်လွန်သက်ရှိဖြစ်ပြီး အခြားတစ်ဦးမှာ အဆင့်လွန်သက်ရှိဖြစ်ရန် ဆံချည်တစ်မျှင်မျှသာ လိုတော့သည်ပင်။

ဤကဲ့သို့သော နောက်ခံအင်အားမျိုးမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။

ပြောကြသည်မှာ စွမ်းအားအကြီးဆုံးနှစ်ဦးသည် ကျန်သည့်လေးဦးထက် မျိုးဆက်တစ်ခု ပိုကြီးသည်ဟု ပြောကြသည်။

ထိုခြောက်ဦးသည် မတူညီသည့် မျိုးဆက်သုံးခုမှ လူများဖြစ်သည်ဟုလည်း ပြောကြသည်ပင်။ လက်ရှိ အသက်ရှင်နေသည့် အာကာသကလန်အကြီးအကဲသည် ထိုခြောက်ဦးထဲတွင် အားအနည်းဆုံးနှင့် အငယ်ဆုံးပင်။

အာကာသကလန်သည် စီရင်စုသုံးထောင်တွင် စွမ်းအားအကြီးဆုံးကလန်များထဲမှ တစ်ခုပင်။ ရှေးခေတ်အချိန်များတွင် သူတို့သည် ဧကရာဇ်ဘွဲ့အတွက်ပင် ယှဉ်ပြိုင်ဖူးခဲ့ကြသည်ပင်။

ထို့ကြောင့် ရှီဟောင် ကောင်းကင်ဘုံမြို့ထဲသို့ ခြေမချချင်။

သူ ကြောက်သောကြောင့်မဟုတ်။ သူ အသက်စွန့်ကာ မတိုက်ခိုက်ချင်သောကြောင့်သာ။

အမ်..

ရုတ်တရက် ရှီဟောင် ထိတ်လန့်သွားရသည်။ သူ့ထဲရှိ တစ်စုံတစ်ခု ပူလောင်လာကာ အလင်းမိုး ထုတ်လွှတ်လာသည်။

သူ လက်ဝါးဖြန့်ကြည့်လိုက်သည့်အချိန်တွင် ဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်လေးကို တွေ့လိုက်ရသည်။ ဤသည်မှာ ထာဝရနယ်မြေမှ ယူလာခဲ့သည့်ပစ္စည်းပင်။

ဝုန်း..

ကောင်းကင်ဘုံမြို့တွင် မြို့ရိုးထက်၌ အလင်းမိုးရွာသွန်းကျလာပြီး ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။

“အာ .. ဘာဖြစ်တာလဲ..”

“မဟုတ်ဘူး..”

လူများစွာ အော်ဟစ်လိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရအဆင့်တက်ခြင်းကျောက်တုံးသည် ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး ကောင်းကင်ဘုံမြို့အပြင်ဘက်သို့ လွှင့်ထွက်သွားသည်ပင်။

အပိုင်း ၁၈၉၇ ပြီး၏။
Chapter – 1898 တိုက်ခိုက်ခြင်းမရှိပဲ အနိုင်ရခြင်း

ရွှီး..

ထာဝရအဆင့်တက်ခြင်းကျောက်တုံးသည် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ပျံသန်းထွက်သွားသည်။ အနီရောင်ထာဝရတာအိုအလင်းများလည်း ထွက်ပေါ်လာသည်ပင်။

ထိုအချိန်တွင် လေဟာနယ် တုန်ခါလာကာ လှိုင်းများကဲ့သို့ တာအိုသင်္ကေတများ ထွက်ပေါ်လာကာ အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ရှီဟောင် လက်လွှဲရမ်းကာ ထိုကျောက်တုံးကို သိမ်းဆည်းလိုက်သည်။ ဤကျောက်တုံး သူ့အလိုလို ပျံသန်းလာလိမ့်မည်ဟု သူမထင်ထားခဲ့။ ယခု ဤကဲ့သို့ ပျံသန်းလာသောကြောင့် သူက အဘယ်ကြောင့် ယဉ်ကျေးနေရဦးမည်နည်း..

သူ့လက်ထဲသို့ ရောက်လာသည်နှင့် ဤကျောက်တုံး မည်မျှလေးလံသည်ကို သူ ခံစားမိလိုက်သည်။ ဤသည်မှာ ကြီးမားလှသည့် ကျောက်တုံးကြီးနှင့် တူသော်လည်း သူ့အတွက်တော့ ကိစ္စမရှိ။

“အား .. ထာဝရအဆင့်တက်ခြင်းကျောက်တုံး…”

“ဘုရားရေ .. ငါ့ကလန်က အဆင့်လွန်ရတနာကို ဟွမ် ယူသွားပြီ..”

ကောင်းကင်ဘုံမြို့တစ်ခုလုံး ဆူညံသွားသည်။ ဤသည်မှာ သူတို့ကလန်မှ လက်ဆင့်ကမ်းလာသည့် ရှေးဟောင်းရတနာတစ်ခုဖြစ်သော်လည်း ယခုတော့ ဤကဲ့သို့ထူးဆန်းစွာဖြင့်ပင် ဆုံးရှုံးလိုက်ရလေပြီ။ သူတို့ ဤသည်ကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း..

“အဆင့်လွန်ရတနာက သူ့အလိုလို ပျံထွက်သွားတာ..”

တစ်စုံတစ်ယောက် ကျယ်လောင်စွာ ပြောလိုက်သည်။

မြို့ရိုးထက်တွင် အစီအရင်သင်္ကေတများ ရှိနေသောကြောင့် ဝင်ထွက်သွားလာရန် ခက်ခဲလှသည်ပင်။

အစီအရင်မှာ အသက်ရှိနေသောကြောင့် ရန်သူနှင့် မိတ်ဆွေကြား ခွဲခြားနိုင်သည်ပင်။ ထို့ကြောင့်လည်း ထာဝရအဆင့်တက်ခြင်းကျောက်တုံး ထွက်သွားနိုင်ခြင်းပင်။

လူအချို့မှာ မယုံကြည်နိုင်ဖြစ်နေကြလေ၏။ သူတို့ကလန်ရဲ့ အဆင့်လွန်ရတနာက ဘာလို့ သူတို့ကို စွန့်ပစ်ပြီးတော့ ဟွမ်ဆီ ပြေးသွားတာလဲ..

“မဖြစ်နိုင်ဘူး .. သူ သေချာပေါက် လျှို့ဝှက်ပညာတစ်ခုခုကို သုံးပြီးတော့ ငါ့ကလန်က ဘိုးဘေးရတနာကို ခိုးသွားတာ..”

“ထာဝရအဆင့်တက်ခြင်းကျောက်တုံးကို တာအိုလေ့လာဖို့သုံးတာ မဟုတ်ဘူးလား .. သူ့မှာ သူ့ကိုယ်ပိုင်ဝိညာဉ်အသိစိတ်ရှိတယ်လေ .. သူ ထွက်ပြေးနိုင်လို့လား..”

အချို့လူများမှာ ဤကျောက်တုံးကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ထူးဆန်းသည့်အမူအရာများဖြစ်နေကြသည်။

အာကာသကလန်အကြီးအကဲမှာ ငေးကြောင်နေလေ၏။ ဤကဲ့သို့ ဖြစ်လာနိုင်သည်ကို သူ အဘယ်ကြောင့် မခန့်မှန်းမိသနည်း.. ထိုကျောက်တုံး ထွက်ပြေးသွားနိုင်မှန်း သူပင်မသိခဲ့။

“ဟွမ် ငါ့ကလန်ရဲ့ ရတနာကို ပြန်ပေး..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။

“ပြန်ပေး..”

လူများစွာ အော်ဟစ်လိုက်ကြသည်။ သူတို့ ဘယ်လိုလုပ် ဤပစ္စည်းကို အခြားသူအား ပေးနိုင်မည်နည်း.. ဤသည်မှာ အာကာသကလန်အကြီးအကဲအရှင် ခြောက်ဦး စုပေါင်းကာ ယူခဲ့သည့်ကျောက်တုံးပင်။

ယခင်က ဤအဆင့်လွန်ရတနာကို ရရှိရန်အတွက် သူတို့ သွေးချောင်းစီးသည်အထိ တိုက်ခိုက်ခဲ့ရသည်ဟု ပြောကြသည်ပင်။

အခု ဟွမ် လက်ဝေ့ရမ်းလိုက်တာနဲ့ ထာဝရအဆင့်တက်ခြင်းကျောက်တုံးက ပြေးသွားတာလား..

“ဟား ဟား..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ထိုကျောက်တုံးကို ထိကြည့်လိုက်သည်။

ဤကျောက်တုံးသည် အလွန်လေးလံလှပြီး ဤကျောက်တုံးကိုသာ ပစ်ပေါက်လိုက်ပါက စွမ်းအားကြီးသည့်သူများပင် အရိုးများ ကျိုးကြေသွားလောက်သည်။

သို့သော် သူ သေချာအာရုံခံကြည့်လိုက်သည့်အချိန်တွင် မည်သည့် ဝိညာဉ်အသိစိတ်ကိုမှ အာရုံမခံမိ။ ဤသည်မှာသက်ရှိမဟုတ်။

ဤကျောက်တုံးထဲ၌ ထာဝရသံစဉ်သာ ရှိသည်။ ဤသည်မှာ စိတ်ဆန္ဒတစ်ခုမဟုတ်သလို ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူ၏ နတ်အသိစိတ်တံဆိပ်လည်းမဟုတ်။

“ကျေးဇူးအများကြီးတင်ပါတယ်..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ကောင်းကင်ဘုံမြို့ကို လက်ဝေ့ရမ်းပြလိုက်သည်။

ထာဝရအဆင့်တက်ခြင်းကျောက်တုံးမှာ သူ့လက်ထဲသို့ ရောက်လာလေပြီ။

“ခင်ဗျားတို့အားလုံးက အကြင်နာတရားကြီးကြီးနဲ့ လက်ဆောင်ပေးလိုက်တာဆိုတော့ ကျုပ် မငြင်းတော့ပါဘူး .. ကြည့်ရတာ ကျုပ် ဒီလက်ဆောင်ကို လက်ခံဖို့အပြင် တစ်ခြားနည်းလမ်းမရှိတော့ဘူး ထင်တယ်” ရှီဟောင် ရယ်မောလိုက်သည်။

အားလုံး သွေးပင် အန်ချင်သွားသည်။

ရှီဟောင် ထိုကျောက်တုံးကို ပွတ်သပ်လိုက်သည့်အချိန်တွင် ဤကျောက်တုံးသည် ဟင်းလင်းပြင်ထာဝရရွှေနှင့် တကယ်ကို ဆက်စပ်မှုတစ်မျိုးရှိနေကြောင်း သူတွေ့လိုက်ရသည်။ ဤပစ္စည်းနှစ်ခု တစ်ခုနှင့်တစ်ခု တုံ့ပြန်နေသည်။

“အမ်..” ရုတ်တရက် သူ ထိတ်လန့်သွားကာ မျက်လုံးများ ပြူးကျယ်လာသည်။ ထိုဟင်းလင်းပြင်ထာဝရရွှေကျောက်တိုင်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဘာဖြစ်နေတာလဲ..

ယခင်က ဤထာဝရရွှေမှာ အုတ်ခဲတစ်လုံးနှင့်သာတူသည်။ သူ၏အရွယ်အစားနှင့် ပုံသဏ္ဌာန်လည်း အုတ်နှင့်တူနေသည်ပင်။

ဤကျောက်တိုင်ထဲ၌ ကျမ်းစာသာ ရှိနေပါက စန်းကျန်း သူ့အား ရက်ရောစွာ ပေးမည်မဟုတ်။

သိထားရမည်မှာ ဤကျောက်တိုင်သည် ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်မှ ကျောက်တိုင်ပင်။ ဤအထဲ၌ ကျမ်းစာများ ရှိနေပါက သေချာပေါက် အဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်လိမ့်မည်။

ထာဝရနယ်မြေရှိ ကလန်တစ်ခုမှ စွမ်းအားကြီးသည့်သူသည် ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်မှ ကျမ်းစာတစ်ခုကို ရလိုက်သောကြောင့် ဤလောကကြီးကို လွှမ်းမိုးနိုင်ခြင်းဖြစ်သည်ဟု ပြောကြသည်။

ဤကဲ့သို့သော ပစ္စည်းမျိုးမှာ တစ်ဘဝလုံး ရှာလျှင်ပင် ရှာတွေ့မည်မဟုတ်။

ရှီဟောင် အမြင်တွင်တော့ ဤကျောက်တုံးမှာ လက်နက်လုပ်ရန်အတွက်သာ ကောင်းသည်။ ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ရှိလာလိမ့်မည်ဟု သူမထင်ခဲ့။

“ပြောင်းလဲမှုတွေ ရှိနေတာပဲ..” သူ ခေါင်းငုံ့ကာ သေချာကြည့်လိုက်သည်။

ထိုပုံရိပ်မှာ တစ်ဖြည်းဖြည်း ပုံပေါ်လာလေပြီ။ ဤသည်မှာ လူသားပုံပင်။ ထိုပုံရိပ်သည် ထိုနေရာ၌သာ မလှုပ်မယှက် ရပ်နေသည်။

ကျန်နေသည့်ထာဝရရွှေစာအုပ်လည်း တောက်ပလာကာ မြူများ အုံ့ဆိုင်းလာသည်။ ထိုပုံရိပ်မှသာ တာအိုဥပဒေသများ ထွက်ပေါ်နေခြင်းပင်။

ရှီဟောင် အတော်လေး တုန်လှုပ်သွားကာ ကြက်သီးများပင် ထလာသည်။ သူ ကြောက်သောကြောင့်မဟုတ်ပဲ အလွန်ပျော်သွားသောကြောင့်သာ။

သူ့ထံ၌ ကျမ်းစာများ မရှားပါးသော်လည်း သူ အလွန်ပျော်ရွှင်နေဆဲပင်။ ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ပင်။ ဤသည်သာ ရှေးဟောင်းကျမ်းစာဖြစ်ပါက ထိုခေတ်၏ ထူးဆန်းမှုအချို့ကို သိမြင်နိုင်မည်ပင်။

“ဒါက ပြိုင်ဘက်ကင်းကျမ်းစာလား .. ဒါမှမဟုတ် သမိုင်းမှတ်တမ်းတစ်ခုခုလား..”

ရွှီးဟူသည့်အသံနှင့် အတူ သူ ထိုထာဝရရွှေစာအုပ်ကို သားရဲအရေခွံအိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

“လူငယ်လေး .. ဒီထာဝရအဆင့်တက်ခြင်းကျောက်တုံးကို မင်းသုံးအဖို့ ငှားပေးလို့ရတယ် .. ဒါပေမဲ့ မင်းဒါကို သိမ်းလိုက်တာက ဘာသဘောလဲ..” အာကာသကလန်အကြီးအကဲ၏ မျက်နှာမှာ မှောင်မဲနေလေပြီ။

ယခု သူ မတည်ငြိမ်နိုင်တော့။ သူ စိုးထိတ်နေလေပြီ။ ဤကျောက်တုံးကို ယူလာနိုင်ရန်အတွက် အာကာသကလန် အကြီးအကဲအရှင် ခြောက်ဦး သေမလိုပင်ဖြစ်ခဲ့သည်ပင်။

“ဒီနေ့ ကျုပ်အကြွေးတောင်ဖို့လာတာ .. ခင်ဗျားတို့အားလုံးက ထာဝရအဆင့်တက်ခြင်းကျောက်တုံးပေးဖို့ သဘောတူလိုက်တာမဟုတ်ဘူးလား .. ခင်ဗျားတို့ သဘောတူထားတာကို ပြန်ဖျက်ချင်တာလား .. ကျုပ်သဘောမတူဘူး..” ရှီဟောင် ပြောလိုက်သည်။

“လူငယ်လေး .. မင်းလွန်လွန်းသွားပြီ..” အကြီးအကဲတစ်ဦးမှာ သည်းမခံနိုင်တော့။

သူတို့ ယခင်က သူတို့ကိုယ်သူတို့ ထိန်းချုပ်နေခဲ့ကြသော်လည်း သူတို့ဒေါသကို အမြဲတမ်း မြိုသိပ်နေမည်ဟု ဆိုလိုခြင်းမဟုတ်။ သူတို့ကလန်မှ အဆင့်လွန်ရတနာကို ဆုံးရှုံးသွားခြင်းဖြစ်သောကြောင့် မည်သူက တည်ငြိမ်နိုင််တော့မည်နည်း..

“ဟွမ် .. မင်းဒါကို ပေးပြီးတော့ မြန်မြန်ထွက်သွားရင်ကောင်းမယ် .. မဟုတ်ရင်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“မဟုတ်ရင် ဘာဖြစ်လဲ.. မင်းမှာ အစွမ်းရှိရင် ထွက်လာလိုက်လေ .. ငါ မင်းတို့အားလုံးကို တစ်ချက်တည်း အသေသတ်လိုက်မယ်..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

လူအုပ်ကြီးသည် ဒေါသထွက်သွားသော်လည်း မည်သူကများထွက်သွားကာ တိုက်ခိုက်ရဲမည်နည်း..

“တိုက်မယ် .. ငါတို့ကလန်က အဆင့်လွန်ရတနာကို ဘယ်လိုလုပ် တစ်ခြားသူလက်ထဲ ပေးနိုင်မှာလဲ..”

“ဒါက လွန်လွန်းသွားပြီ .. ဒါကို သည်းမခံနိုင်ဘူး..”

လူအချို့ အော်ဟစ်လိုက်ကြသည်။

ဤသည်ကို မြင်လိုက်သည့်အချိန် ရှီဟောင် ရယ်မောလိုက်၏။ သို့သော် သူ၏ရယ်သံမှာ အနည်းငယ် အေးစက်နေသည်။ ယခင်က သူ ဤနေရာ၌ အနိုင်ကျင့်ခံခဲ့ရသည်။ ယခု သူတို့၏အပြုအမူများကို တွေ့လိုက်ရသည့်အချိန်တွင် သူ့ဒေါသအနည်းငယ်‌ ပြေသွားသလိုပင်။

သူတို့က ထာဝရအဆင့်တက်ခြင်းကျောက်တုံးကို ပြန်လိုချင်နေတာလား .. သူ ပြန်ပေးစရာအကြောင်းမရှိ။

“ထွက်လာပြီးတော့ ကျုပ်နဲ့ ပညာဖလှယ်ချင်တဲ့ တာအိုရောင်းရင်းများ ရှိသလား..” ရှီဟောင်မေးလိုက်သည်။

“ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတယ်..” လူအချို့‌ အော်ဟစ်လိုက်သော်လည်း မည်သူမှ ထွက်မလာခဲ့။

အဘယ်ကြောင့်ဆိုသော် ထွက်သွားသည်နှင့် သေမည်ကို သိနေသောကြောင့်ပင်။

“ရှေးဟောင်းမြို့ကိုသုံးပြီး သူ့ကို ဖိနှိပ်လိုက်..” တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။

ကြီးမားလှသည့် မကောင်းဆိုးဝါးကြီး အသက်ဝင်လာသကဲ့သို့ ရှေးဟောင်းမြို့ကြီး တောက်ပလာသည်။ ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ရှီဟောင် ရှိနေသည့်ဘက်သို့ ဖိနှိပ်လာလေသည်။

ရှီဟောင် ပြုံးလိုက်ကာ အလင်းတန်းကဲ့သို့ ရွှေ့သွားလေ၏။ သူသည် လီပေါင်း ထောင်ပေါင်းများစွာကို ချက်ချင်း ဖြတ်ကျော်သွားလေသည်။ သူ ဤစွမ်းအင်လှိုင်းများကို ထိပ်တိုက်မရင်ဆိုင်။

“လက်လွတ်စပယ်မလုပ်နဲ့..” အာကာသကလန် အကြီးအကဲ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤမြို့သည် စွမ်းအားကြီးသော်လည်း သုံးရသည့်စွမ်းအင်ပမာဏမှာ ကြီးမားလှသည်ပင်။ ဤမြို့သည် ခုခံရန်အတွက်သာ။ တိုက်ခိုက်ရန်အတွက် သုံးပါက စွမ်းအင်များစွာ ကုန်သွားသော်လည်း ရန်သူကိုထိနိုင်မည်မဟုတ်။

ဟား ဟား..

ရှီဟောင် ရယ်မောကာ ထာဝရအဆင့်တက်ခြင်းကျောက်တုံးကို ယူပြီး ထွက်သွားလေ၏။

သူ ဤနေရာ၌ သူသေကိုယ်သေမတိုက်ခိုက်ချင်။ သူတိုက်ခိုက်လျှင်လည်း ယခင်က သူ့အား ပစ်မှတ်ထားခဲ့သည့်သူများကို ခေါင်းဖြတ်ပစ်ရုံသာ။ သို့သော် ယနေ့ လူများထွက်မလာသောကြောင့် သူလည်း ဘာမှလုပ်မနေတော့။

“ငါတို့ သူ့ကို ဒီလိုမျိုး လွယ်လွယ်နဲ့သွားခွင့်ပေးတော့မှာလား..” အနောက်ဘက်မှ လူများစွာ အံကြိတ်လိုက်သည်။

“မင်းက ဘာလုပ်ချင်လို့လဲ .. မင်း သူနဲ့တိုက်မှာလား .. ငါမင်းကို သတိပေးလိုက်မယ် .. သူ့ရဲ့ရွှေရောင်နှစ်တွေက အခုမှ စမှာ .. အနာဂတ်က သူ့ခေတ်ဖြစ်သွားမှာ .. အာကာသကလန်က သူ့ကို ဆက်ပြီးတော့ ဆန့်ကျင်နေရင် ငါတို့ကလန်က တစ်နေ့ ဖျက်ဆီးခံရလိမ့်မယ်..” တစ်စုံတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။

“အရင်တုန်းက အဲဒီကိစ္စတွေကြောင့်သာမဟုတ်ရင် သူ ငါတို့နဲ့ အတူတူရပ်တည်နေမှာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောခဲ့သည်။

ထိုအဖြစ်အပျက်၌ ပါဝင်ခဲ့သည့်သူများမှာ မျက်နှာပျက်နေကြလေပြီ။

“ယွမ်ရှီး .. မင်း အိမ်ကို သတိရလား .. အဆင့်နိမ့်နယ်မြေက ထွက်လာတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ ပြန်သွားချင်လား..” အာကာသကလန်အကြီးအကဲ မေးလိုက်သည်။

“အမ်..” ယွမ်ရှီး ထိတ်လန့်သွားရသည်။

“အဲဒီ ထာဝရအဆင့်တက်ခြင်းကျောက်တုံးက ငါတို့ကလန်အတွက် အရမ်းအရေးကြီးတယ် .. အရင်တုန်းက မင်းနဲ့ဟွမ်ရဲ့ ဆက်ဆံရေးက သိပ်မဆိုးဘူး .. မင်း ငါတို့ကလန်နဲ့သူ့ကြားက ဆက်ဆံရေးကို တတ်နိုင်သမျှ ကောင်း‌အောင် ပြန်လုပ်ပေးဖို့ မျှော်လင့်မိတယ်..” အာကာသကလန်အကြီးအကဲ ထိုသို့ပြောလိုက်လေသည်။

“မင်းတို့ ကြားပြီးပြီလား .. သူတို့တွေက တိုက်တောင်မတိုက်ရပဲနဲ့ မတရားခံခဲ့လိုက်ရတာတဲ့ .. ဟွမ်က ကောင်းကင်ဘုံမြို့ကို သွားလည်ပြီးတော့ သူတို့ရဲ့ အဆင့်လွန်ရတနာကို ယူသွားတာ..”

“ဘုရားရေ .. ဟွမ်က ပိုပိုပြီးတော့ ရက်စက်လာတာပဲ .. အရင်တုန်းက ခမ်းနားခဲ့တဲ့ အာကာသကလန်တောင် သူ့ကို အရှုံးပေးလိုက်ရတာလား..”

အပြင်လောကရှိ ကျင့်ကြံသူများစွာ ဆွေးနွေးနေကြကာ အုတ်အော်သောင်းတင်းဖြစ်နေလေ၏။

ဤကိစ္စမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်မည်မဟုတ်။ သတင်းမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားသည်။

“ငါတို့ ဘာလုပ်ကြမလဲ .. ငါတို့ကလန်က အရင်တုန်းက ဟွမ်ကို တိုက်ခိုက်ဖူးတယ် .. သူ လက်စားလာချေမှာလား..”

“မကောင်းတော့ဘူး .. သိပ်မကြာခင်တုန်းက ငါတို့ကလန် ဟွမ်ကိုတောင် ကျိန်ဆဲခဲ့ကြသေးတယ် .. ဒီသတင်းသာ သူ့နားထဲရောက်သွားရင် သူ ငါတို့ကလန်ကို ရှင်းပစ်မှာလား..”

အားလုံး ထိတ်လန့်လာကြသည်။

“ငါကြားတာ အာကာသကလန်က သူတို့ရဲ့ အပြုအမူအတွက် အရမ်းနောင်တရနေကြပြီတဲ့ .. အခု သူတို့ ဟွမ်နဲ့ဆက်ဆံရေးကို ပြန်ပြင်ဖို့ ကြိုးစားနေကြတာတဲ့ .. သူတို့တွေက ကလန်က ပုလဲလုံးလေးတွေထဲက တစ်လုံးကို သုံးပြီးတော့တောင် ဟွမ်နဲ့ လက်ထပ်ခိုင်း‌စေချင်နေတာတဲ့”

“ဒီတစ်ခေါက် အာကာသကလန်က တော်တော်လေး မျက်နှာပျက်သွားတာပဲ”

နေရာတိုင်း၌ စကားသံများ ထွက်ပေါ်နေသည်ပင်။

ရှီဟောင် ရှေးဟောင်းမြေတစ်ခုထံသို့ ဦးတည်သွားလိုက်သည်။ ထိုနယ်မြေတွင် အဆင့်နိမ့်နယ်မြေသို့ သွားနိုင်သည့်လမ်းတစ်ခု ရှိနေသည်ပင်။

အပိုင်း ၁၈၉၈ ပြီး၏။
Chapter – 1899 ကြီးမြတ်သည့်ယင်၊ ကြီးမြတ်သည့်ယန်

ရှီဟောင် ခရီးဆက်ခဲ့သည်။ သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ ခွန်ပန်ပညာနှင့်အတူ ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းနတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။ သူ၏ခွန်ပန်အတောင်ပံနှင့်အတူ လျှပ်စီးဧကရာဇ်၏ အတောင်ပံတစ်စုံလည်း ရှိနေသည်။ သူသည် လီပေါင်းတစ်သောင်းကို အသက်တစ်ရှိုက်စာအတွင်း ဖြတ်သန်းနိုင်သည်။

ရွှေရောင်ခြင်္သေ့မှာ သူ့လောက် မမြန်သောကြောင့် သူ ထိုခြင်္သေ့ကို အင်္ကျီလက်ထဲ ထည့်သိမ်းထားလိုက်သည်။

“ဒီစီရင်စုက စွန့်ပစ်နယ်မြေနဲ့ နီးတာပဲ .. ဒီစီရင်စုက စီရင်စုသုံးထောင်နဲ့ နယ်စပ်မှာ ရှိနေတာ” ရှီဟောင် တီးတိုးပြောလိုက်သည်။

သူ ဤရှေးဟောင်းမြေထဲသို့ ရောက်နေပြီဖြစ်သည်။ ဤနယ်မြေမှာ အလွန်သိုသိပ်လှသည်ပင်။

ချီစီရင်စုမှာ ထိုမျှသိပ်မကြီး။ ဤစီရင်စုမှ လောကကို တုန်လှုပ်စေနိုင်သည့် အဆင့်လွန်သက်ရှိအဆင့် ကျွမ်းကျင်သူများ မရှိသော်လည်း ဤနယ်မြေမှာ ထူးဆန်းသည်ဟု ခံစားနေရဆဲပင်။

အဘယ်ကြောင့်ဆိုသော် ဤနယ်မြေတွင် အလွန်ရှေးကျသည့်လူမျိုးစုများ နေထိုင်ကြသည်ပင်။

“ယင်လူမျိုးစု”

ရှီဟောင် ပထမဆုံး ရပ်နားသည့်နေရာမှာ ဤကလန်ပင်။ ဤလူစုသည် တောင်ကြားတွင်ရှိနေသည့် လျှိုမြောင်တွင်နေထိုင်ကြသည်ပင်။ သူတို့နေသည့်နေရာဘေးတွင် မြစ်ကြီးတစ်စင်း ရှိနေသည်။

ဤမြစ်မှာ အလွန်နာမည်ကြီးသည့် ယင်မြစ်ပင်။ ဤမြစ်သည် မင်ကဲ့သို့ မည်းနက်နေပြီး အရိုးထဲထိအောင် အေးနေသည်။

ဤနေရာမှာ အနည်းငယ် ထူးခြားနေသည်။ ယင်စွမ်းအင်များ ထွက်ပေါ်နေသော်လည်း နေရာတစ်ခုအထိသာ။

ယင်ကလန်သည် ယင်မြစ်ဘေး၌ နေထိုင်ခြင်းပင်။ ထို့အပြင် သူတို့သည် ကမ်းခြေနှစ်ဘက်၏ ကျောက်ကမ်းပါးအစွန်းများ၌ တွဲလောင်းနေကြခြင်းပင်။

အချို့မှာ ကျောက်တုံးအခေါင်း၊ အချို့မှာ ရွှေရောင်အခေါင်းများနှင့် ကျောက်စိမ်းအခေါင်းများပင် ရှိနေသည်။

သူတို့သည် ယင်စွမ်းအင်များကို စုတ်ယူကာ ကျင့်ကြံကြသည်ပင်။ ဤလူမျိုးစုသည် အအေးကြိုက်နှစ်သက်ကြသည်။ ဤကလန်မှ စွမ်းအားအကြီးဆုံးသူသည် မြစ်၏အောက်ပိုင်း၌ နှစ်မြှုပ်နေသည်ဟုလည်း ပြောကြသည်ပင်။

“တကယ်ကို ထူးဆန်းတဲ့လူမျိုးစုပဲ .. သူတို့တွေက အဆင့်နိမ့်နယ်မြေသွားတဲ့လမ်းကို သိတဲ့သူတွေလား..”

သူ အပြစ်တစ်ခုခု ပြုမိမည်စိုးသောကြောင့် ဤကလန်၏ ဘဝနေထိုင်မှုပုံစံနှင့် ဓလေ့ထုံးစံအချို့ကို လေ့လာလိုက်သည်။

ကံကောင်းစွာဖြင့် ဤကလန်၏ နေထိုင်မှုပုံစံ ထူးခြားသော်လည်း သူတို့သည် သီးသန့်နေသည့်လူမျိုးစုမဟုတ်။ သူတို့လည်း အခြားကလန်များကဲ့သို့ပင်။ သူတို့အား ကောင်းကောင်းမွန်မွန်ဆက်ဆံလျှင် သူတို့ကို ဆက်ဆံရ လွယ်ကူသည်ပင်။

ရှီဟောင် လက်ဆောင်အချို့လည်း ပြင်ဆင်လာသည်ပင်။ ဥပမာအားဖြင့် ယင်ခြင်ဆီ၊ လဆီးနှင်းကျောက်တုံး၊ ယင်သစ်သားကိုးမျိုး၊ အေးခဲနေသည့်နယ်မြေကျောက်တုံးများပင်။ ဤပစ္စည်းတစ်ခုစီတိုင်းမှာ ရှားပါးကာ အဖိုးတန်လှသည်ပင်။

သူ ရှေ့ဆက်သွားကာ လမ်းမျိုးစုံထံမှ လမ်းညွှန်တောင်းလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤမြစ်ကြီးသည့် လီပေါင်း တစ်သိန်းပင် ရှည်လျားသောကြောင့် ဤမြစ်ကမ်းနံဘေး၌ နေထိုင်သည့် ကလန်များစွာ ရှိနေသည်ပင်။

သူတို့သည် ရှေးဟောင်းလူမျိုးစုတစ်ခုတည်းဖြစ်သော်လည်း မတူညီမှုများ ရှိနေသည်ပင်။

ထို့ကြောင့်ပင် သူသည် ကလန်များစွာကို တစ်ခုပြီးတစ်ခု သွားလည်ကာ သူတို့အကြောင်း သေချာလေ့လာခဲ့သည်။

“အဲဒါက ယင်မြစ်ကြီးရဲ့ အဆုံးမှာ..”

ဤသည်မှာ အကြီးအကဲတစ်ဦး သူ့အား ပြောလိုက်သည့်စကားပင်။ ထိုအကြီးအကဲသည် အသက်အကြီးဆုံးဖြစ်သည်ဟု ပြောကြသည်။

သို့သော်လည်း သူ၏ကျင့်ကြံဆင့်မှာ ထင်ထားသလောက်မမြင့်။

သူ ဤမျှအသက်ရှည်ရှည်နေနိုင်ခြင်းမှာ မြစ်ထဲ၌ မျောလာသည့် ယင်သစ်သီးကို ရခဲ့သောကြောင့်ပင်။ ထိုအသီးသည် ပုပ်နေပြီဖြစ်သော်လည်း ယင်ကလန်အတွက် အလွန်စွမ်းအားကြီးလှသည်ပင်။

“ယင်သစ်သီးက မြစ်ထိပ်ဖျားကနေ ကျလာတာ” ထိုအကြီးအကဲ ပြောလိုက်သည်။

“ဒီမြစ်က လီ‌ပေါင်း တစ်သိန်းပဲ ရှည်တာ မဟုတ်ဘူးလား..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤမျှအကွာအဝေးကို သူ အတောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် ရောက်နိုင်သည်ပင်။

“မင်းပြောတဲ့ယင်မြစ်နဲ့ ငါပြောတဲ့ယင်မြစ်က မတူဘူး .. ဒီမှာနေတဲ့သူ အတော်များများ ပြောတဲ့ယင်မြစ်က ငါတို့ရှေ့က မြစ်ကို ပြောတာပဲ .. ဒါပေမဲ့ ယင်မြစ်ရဲ့အဓိပ္ပာယ်အစစ်က လေဟာနယ်ထဲမှာ စီးဆင်းနေတဲ့ သန့်စင်တဲ့ယင်စွမ်းအင်ကနေ ဖြစ်လာတဲ့ ယင်မြစ်ကို ရည်ရွယ်တာ” အကြီးအကဲ ပြောလိုက်သည်။

ကမ်းခြေနှစ်ဘက်တွင် တောင်များ မိုးထိုးနေသည်။ ထိုတောင်များအားလုံးကို ယင်မြူခိုးများ လွှမ်းခြုံထားသည်ပင်။

ထိုတောင်မှ ရှေးဟောင်းသစ်ပင်များမှာ မိုးထိုးနေကာ လူဝံအော်သံများ၊ ကျားဟိန်းသံများကို ကြားနေရသည်ပင်။

ရှီဟောင် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်လိုက်ပြီး အရှေ့ဘက်သို့ ငေးကြည့်လိုက်သည်။

ဤအကြီးအကဲထံမှ သူ အတော်များများ သိလိုက်ရသည်ပင်။ မြေပေါ်နှင့် မြေအောက်တွင်စီးဆင်းနေသည့်ယင်မြစ်များမှာ မြစ်ခွဲများသာ။ အဓိကမြစ်ကြီးမှာ လေဟာနယ်ထဲ၌ ရှိနေသည်ပင်။

“တစ်ခြားဒဏ္ဍာရီတစ်ခုလည်း ရှိသေးတယ် .. အဲဒီလမ်းကြောင်းက ယန်မြစ်ကြီးရဲ့ အဆုံးမှာ ရှိတယ်လို့ ပြောကြတယ်” အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

ထို့နောက် သူ ခေါင်းထပ်ခါလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဆန့်ကျင်ဘက်ဖြစ်နေသည်ပင်။

ဤလူငယ်လေးသည် သူတို့ကလန်ကို လက်ဆောင်များစွာ ယူလာပေးကာ လမ်းညွှန်မှုတောင်းခံနေခြင်းဖြစ်သောကြောင့် သူ မလိမ်ညာချင်။ သို့သော် ဒဏ္ဍာရီများမှာ တကယ်ကို ဆန့်ကျင်ဘက်ဖြစ်နေသည်ပင်။

သူတို့ကလန်ဒဏ္ဍာရီတွင် ထိုရှေးဟောင်းလမ်းကြောင်းသည် ယင်မြစ်အဆုံး၌ ရှိနေသည်ဟု ပြောထားသည်။

သို့သော် အခြားရှေးဟောင်းကလန်တစ်ခုတွင် ထိုလမ်းကြောင်းမှာ ယန်မြစ်အဆုံး၌ ရှိသည်ဟု ပြောထားသည်ပင်။

ထိုကလန်မှာ ယန်ကလန်ပင်။

ယင်မြစ်အဆုံးနှင့် ယန်မြစ်အဆုံး .. မည်သည့်ဒဏ္ဍာရီက အမှန်ဖြစ်သနည်း..

“ယန်ကလန်က အတော်လေးပျက်စီးသွားပြီ .. လူနည်းနည်းပဲ ကျန်တော့တာ .. သူတို့ဆီကနေ သိရဖို့က ခက်ခဲလိမ့်မယ်” အကြီးအကဲ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယန်ကလန်များ ယခင်က အငြင်းပွားခဲ့ကြသည်ပင်။ သူတို့တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ကြကာ နောက်ဆုံးတွင် ရှေးအကျဆုံး ယန်ကလန်ကြီး ကျဆုံးသွားကာ ချေမှုန်းခံရမလို ဖြစ်သွားသည်ပင်။

ဤစကားကို ကြားလိုက်ရသည်နှင့် ရှီဟောင် ဆွံ့အသွားရသည်။ ဒီလိုကလန်နာမည်မျိုးအတွက်နဲ့တောင် တိုက်ခိုက်ကြတာလား..

“အမှန်တရားကို သိချင်ရင်တော့ ယင်မြစ်အဆုံးကို သွားရုံပဲရှိတယ် .. အဲဒီမှာ မျောနေတဲ့ အခေါင်းတစ်ခုရှိတယ် .. အဲဒီအခေါင်းထဲမှာ ငါ့ကလန်က အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ချို့ ရှိနိုင်တယ် .. သူတို့က ကျင့်ကြံနေတာလား အိပ်နေတာလားတော့ မသိဘူး” အကြီးအကဲ ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီနေရာက .. အန္တရာယ်များတယ်..” အကြီးအကဲ၏မျက်ဝန်းတွင် ထူးဆန်းသည့်အမူအရာ ဖြစ်ပေါ်လာသည်။ ထိုအကြီးအကဲသည် သေချာပင် သတိပေးလာသည်။

ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ထိုအကြီးအကဲအား ကျေးဇူးတင်ပြီးနောက် သူထွက်လာလိုက်သည်။

သို့သော် သူ မြစ်အဆုံးသို့ တန်းမသွား။ အကြီးအကဲ၏ သတိပေးချက်ကို သူအာရုံစိုက်ရမည်။ ထိုနေရာသည် အလွန်အန္တရာယ်များကာ ထင်မထားသည့်ထူးဆန်းသည့်အရာများ ရှိနေလိမ့်မည်။

ရှီဟောင် ယန်ကလန်ထံသို့ ဦးတည်သွားလိုက်သည်။ ထို အကြီးအကဲပြောခဲ့သကဲ့သို့ ဤနေရာသည် အလွန်နုံချာလှကာ ပျံ့ကြဲနေသည့် လူမျိုးစုအချို့သာ ရှိတော့သည်။ လူဦးရေမှာ အလွန်နည်းပါးလှသည်ပင်။

ထို့အပြင် ဤနေရာတွင် ကျွမ်းကျင်သူများ မရှိ။ ဤနေရာကို ထိပ်တန်းအဆင့်ဂိုဏ်းဟု မခေါ်နိုင်တော့။

သို့သော် ဤနေရာတွင် ယန်မြစ်ဟုခေါ်သည့် မြစ်ကြီးတစ်စင်း ရှိနေသည်ပင်။

“ချော်ရည်မြစ်..” ရှီဟောင် အံ့အားသင့်စွာရသည်။ သို့သော် ဤသည်မှာ သာမန်ချော်ရည်များနှင့်အတူ။ သူ ယန်စွမ်အင်ကို အာရုံခံမိလိုက်သည်ပင်။

“အရင်တုန်းက ယန်မြစ်က လီပေါင်း သန်းပေါင်းများစွာ ရှည်တယ် .. ဒါပေမဲ့ အဲဒီတိုက်ပွဲပြီးနောက်မှာ ဤနေရာပျက်စီးသွားပြီး ယန်မြစ်လည်း ခြောက်ကပ်တော့မလိုတောင် ဖြစ်သွားတာ” အဘွားအိုကြီးတစ်ဦး သက်ပြင်းချ၍ ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင် ဤနေရာ၌ သိခဲ့ရသည့် အချက်အလက်ပင်။ သူ ရှာဖွေကြည့်သော်လည်း ဤနေရာ၌ အသုံးဝင်သည့် သဲလွန်စများ မတွေ့ရ။

သူ ယင်ကလန်သို့ ပြန်လာလိုက်သည့်အပြင် မြစ်အဆုံးထိသို့ သွားလိုက်သည်။

ပလုံ .. ရှီဟောင် မြစ်ထဲသို့ ခုန်ချလိုက်သည်။ အနက်ရောင်လှိုင်းများ ပေါ်လာပြီးနောက် ဝဲကတော့တစ်ခုပေါ်လာကာ ရှီဟောင်အား စုတ်ယူသွားသည်။

“အေးလိုက်တာ..”

ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူ့ကျောထက်၌ စီးထားသည်ပင်။

သူ အလွန်ပင် ကူကယ်ရာမဲ့နေသည်။ အန္တရာယ်ရှိတိုင်း သူသည် ရှေ့မှ လမ်းပြကာ ရှီဟောင်အတွက် ဓားများကို ကာဆီးထားရသည်ပင်။

ဤနေရာရှိ ယင်ခွန်အားမှာ အတော်‌လေး အားကောင်လှပြီး ရေများလည်း မင်ကဲ့သို့ မည်းနက်နေသည်။ ဤသည်မှာ မြေအောက်မှ ရေကဲ့သို့လည်း အေးစက်နေသည်ပင်။

မြစ်ကြီး၏အဆုံးမှာ ချောက်နက်ကြီးကဲ့သို့ပင်။ မြစ်ရေများ ထိုချောက်နက်ထဲသို့ စီးဆင်းသွားလေ၏။

ရွှေရောင်ခြင်္သေ့ကြီးသည် ရှီဟောင်ကို သယ်ဆောင်ကာ ဆင်းသွားလိုက်၏။ သို့သော် ခဏကြာပြီးနောက် သူဆွံ့အသွားရသည်။

အဘယ်ကြောင့်ဆိုသော် သူ အဆုံးသို့ရောက်ပြီဟု ထင်လိုက်သည့်အချိန်တိုင်း မည်းမှောင်နေသည့် ဂူကြီးတစ်ခုအား ထပ်တွေ့လိုက်ရသည်ပင်။

ဤသည်မှာ ငရဲကြီး ၁၈ ထပ်နှင့်တူနေသည်။ ချောက်နက်ကြီးထဲ၌ ချောက်နက်ကြီး ရှိနေသည်။ ချောက်နက်တစ်ခုစီတိုင်း၏ ဝင်ပေါက်မှာပိုကျဉ်းလာသည်။

“အခု ၁၇ လွှာရှိနေပြီ … ဒါက တကယ်ပဲ မြေအောက် ၁၈ လွှာလား..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရသည်။

ဤကဲ့သို့သော ပုံစံမှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်နှင့် တူနေသည်။ ဤနေရာကို တမင်သက်သက်လုပ်ထားသည်ဆိုလျှင်တော့ ဤနေရာ၌ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိလိမ့်မည်ဟု သူယုံကြည်သည်။

ရှေးဟောင်းဘုန်းကြီး သွေးမျိုးဆက်သည် ယခင်က မြေအောက်လောက ၁၈ လွှာအား ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ရွှေရောင်ခြင်္သေ့သည် ၁၈ ကဏန်းကို အတော်လေး အထိမခံဖြစ်နေသည်ပင်။

“ငါက မြေအောက်လောကထဲ မဝင်ရင် ဘယ်သူဝင်မှာလဲလို့ ဘုန်းကြီး ပြောခဲ့ဖူးတယ်..” ရွှေရောင်ခြင်္သေ့ သူ့ကိုယ်သူ ပြောလိုက်သည်။ သူ ထိုရှေးဟောင်းစာအုပ်များထဲမှ စကားလုံးများကို ပြန်စဉ်းစားနေမိသည်။

“မင်းက ဒီလောက်တောင် သိနေတာဆိုတော့ မင်းအရင် ဆင်းသွားလိုက်ရင်ရော..” ရှီဟောင် ရပ်တန့်လိုက်သည်။

ရွှေရောင်ခြင်္သေ့ သူ့အား မကျေမနပ် ကြည့်လိုက်သည်။ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ ကျမ်းစာမှ ကိုးကားချက်တစ်ခုသာ။ တကယ် ရည်ညွှန်းနေခြင်းမဟုတ်။

နောက်ဆုံးတွင်တော့ ရှီဟောင် ရပ်တန့်သွားသည်။ ထို့နောက် သူ အကွာအဝေးမှော်ပစ္စည်းများထုတ်ကာ ၁၈ လွှာမြောက်‌ ချောက်နက်ထဲသို့ ပစ်ချလိုက်သည်။

“ဒါက ကျိန်စာစွမ်းအားပဲ..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။

ကျိန်စာစွမ်းအားမှာ အလွန်ကြောက်စရာကောင်းလှသည်ကို သူအာရုံခံမိလိုက်သည်ပင်။ သူ အနည်းငယ်သာ ထိမိလိုက်သော်လည်း သူ၏ဝိညာဉ်ပင် မတည်မငြိမ်ဖြစ်သွားရသည်။

သူ ချက်ချင်း နောက်ပြန်ဆုတ်လိုက်၏။

ရှီဟောင်လည်း ပြန်ဆုတ်လိ်ကသည်။

ဝုန်း..

သူတို့ နှစ်ဦး ရေမျက်နှာပြင်ထက်သို့ ပြန်ထွက်လာလိုက်ကြသည်။

“မင်း ဘာလုပ်နေတာလဲ..” ရွှေရောင်ခြင်္သေ့ ဒေါတသကြီး ဟစ်ကြွေးလိုက်သည်။

“စိတ်မပူပနဲ့ .. မင်းမသေဘူး .. နည်းနည်းလေးပဲ ထိမိတာပါ .. မင်း အဆင်ပြေသွားလိမ့်မယ်” ရှီဟောင် ပြောလိုက်သည်။ ဤသည်မှာ သူ ထာဝရအုတ်ဂူမှ ယူလာခဲ့သည့် ကြောက်စရာအကောင်းဆုံး ကျိန်စာပင်။

ဤသည်မှာ အုတ်ဂူမှ မြေကြီးဖြစ်သည်။

သူ ထိုမြေကြီးအားလုံးကို ၁၈ လွှာချောက်နက်ထဲသို့ သွန်ချပစ်လိုက်သည်။

တုန်း..

ခဏကြာပြီးနောက် မြစ်ကြီးထဲမှ ဆူညံသံများ ထွက်ပေါ်လာကာ ပုံရိပ်များစွာ ပြေးထွက်လာကြသည်။

အား… လူအချို့ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

အခြားသူများမှာ အသားများပဲ့ကျနေလေပြီ။

အချို့သူများမှာ အရိုးဖြူများအဖြစ် ပြောင်းလဲသွားကြလေသည်။

ရွှေရောင်ခြင်္သေ့မှာကြည့်နေရင်းဖြင့်ပင် ဦးရေပြားများ ထုံကျဉ်လာရသည်။

“မဟုတ်ဘူး..”

လူများစွာသည် နာကျင်မှုကို တောင့်မခံနိုင်တော့သဖြင့် အော်ဟစ်နေကြသည်။

အချို့လူများမှာ အစက ဆံပင်များ ထူထဲလှသော်လည်း ယခုတော့ ဦးရေပြားများပင် ကွာကျနေဠေပြီ။

သူတို့၏မူလဝိညာဉ်ပင်လျှင် ပျက်စီးလာနေပြီဖြစ်သည်။

“ဒါတွေက ဘယ်လိုလူတွေလဲ..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရသည်။ ဤလူများသည် ကျိန်စာစွမ်းအားကြောင့် ထိခိုက်သွားသောကြောင့်သာမဟုတ်ပါက အလွန်စွမ်းအားကြီးလိမ့်မည်ဟု သူခံစားနေရသောကြောင့်ပင်။

ဤလူများထဲတွင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျွမ်းကျင်သူ များစွာ ပါဝင်သည်။

သိထားရမည်မှာ စီရင်စုသုံးထောင်တွင် ဤအဆင့်ရှိသည့် ကျင့်ကြံသူများမှာ အလွန်ရှားပါးနေပြီဖြစ်သည်။

“ကောင်းကင်ဘုံကိုးခုကလူတွေ .. ခင်ဗျားတို့အားလုံး အခုထိ အရှုံးမပေးနိုင်သေးဘူးလား .. ကျုပ်က ဒီကနေ ထွက်သွားပြီးတော့ အဆင့်နိမ့်နယ်မြေကို သွားတော့မှာ .. ခင်ဗျားတို့က အခုထိ လက်မလျော့နိုင်သေးဘူးလား .. ကျုပ်ကို ဒီမှာ ရှင်းပစ်ချင်နေတာလား..” ရှီဟောင်၏မျက်နှာ မည်းမှောင်လာသည်။

“ဟွမ် .. မင်းနှလုံးသားက တကယ် ရက်စက်တာပဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူသည် ယခုအချိန်တွင် အရိုးစုတစ်ဝက် ဖြစ်နေလေပြီ။ ယခင်က အလွန်စွမ်းအားကြီးသော်လည်း ယခုတော့ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ သေမလိုဖြစ်နေလေပြီ။

“ခင်ဗျားတို့တွေ ကျုပ်ကို ဒီမှာ ချုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားလို့ ဒီလိုမျိုး ဖြစ်သွားတာ” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟွမ် .. ဒီလိုဖြစ်နေရင်တောင်မှ မင်းထွက်သွားလို့ရနိုင်မယ်လို့ ထင်နေတာလား..”

ထိုအချိန်တွင် သိပ်မဝေးသည့်နေရာမှ ပုံရိပ်များစွာ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဤကျွမ်းကျင်သူများမှာ ယင်မြစ်ထဲသို့ မဝင်ကြသည့်သူများပင်။

“ခင်ဗျားလိုမျိုး မကောင်းဆိုးဝါးအိုကြီးတောင် ပေါ်လာတာလား… ဒါပေမဲ့ သိပ်တော့ မထူးဆန်းပါဘူးလေ .. ဘာပဲဖြစ်ဖြစ် ခင်ဗျားက သူများရဲ့ ခွေးသာသာပဲကို .. ခင်ဗျားနောက်ကသခင်က ကိုယ်ထင်ပြလာပြီပေါ့..” ရှီဟောင် ချက်ချင်းပင် မျက်နှာပျက်သွားသည်။

သူ၏စကားလုံးများမှာ အလွန်ပင် ကြမ်းတမ်းနေသောကြောင့် သူ မည်မျှဒေါသထွက်နေသည်ကို စဉ်းစားကြည့်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ခပ်ဝေးဝေး၌ သူ၏ရန်သူတော်ဟောင်း ယွမ်ချင်းကို တွေ့လိုက်ရသည်ပင်။

သူ ကောင်းကင်ဘုံကိုးခုသို့ ရောက်ခါစ၌ သူ့အား ကျွန်အဖြစ် ရောင်းစားကာ ရှေးဟောင်းမိုင်းတွင်းသို့ပို့ခဲ့သည့်သူမှာ ဤလူပင်။

နောက်ပိုင်းတွင်လည်း ဤလူ သူ့အား အကြိမ်ပေါင်းများစွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

“လူအိုကြီး .. ခင်ဗျားနဲ့ ခင်ဗျားနောက်ကလူ ပေါ်လာပြီပေါ့..” ရှီဟောင်၏မျက်နှာ အေးစက်သွားရသည်။

အပိုင်း ၁၈၉၉ ပြီး၏။

Chapter – 1900 အဓိက တရားခံ

ယွမ်ချင်းမှာ ရှီဟောင်အတွက်တော့ ရန်သူကြီးပင်။

ရှီဟောင် ကြုံတွေ့ခဲ့ရသည့် ဒုက္ခအများစုမှာ ဤလူကြောင့်ပင်။ သူ ကောင်းကင်ဘုံကိုးခုသို့ စတင်ဝင်ရောက်စဉ်က ဤလူ၏ ဖမ်းဆီးခြင်းခံလိုက်ရသည်။ အခြားသူများ ဝင်ပြောလိုက်သောကြောင့်သာမဟုတ်ပါက သူ ထိုနေရာ၌ အဆုံးသတ်သွားလောက်လေပြီ။

ထိုသို့ဆိုသော်လည်း ရှီဟောင် မူလရှေးဟောင်းမိုင်းတွင်းသို့ ပို့ခံလိုက်ရကာ ဝမ်မိသားစု၏အစေခံအဖြစ် ဖိနှိပ်ခြင်း ခံခဲ့ရသည်ပင်။

ယွမ်ချင်းသာ မရှိလျှင် နောက်ဆက်တွဲကိစ္စများလည်း ရှိမလာနိုင်ဟု ပြော၍ရသည်ပင်။

နောက်ပိုင်းတွင် ယွမ်ချင်းသည် သူ၏မျိုးဆက်ကိုပင် ကောင်းကင်နတ်ဘုရားကျောင်းသို့ ပို့ခဲ့သေးသည်။

ကံကောင်းစွာဖြင့် ကောင်းကင်နတ်ဘုရားကျောင်း၌ တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများ ရှိနေသည်ပင်။ ယွမ်ချင်း၏သား ပျက်စီးသွားကာ သူ၏မြေးသည်လည်း ထာဝရရှေးဟောင်းစစ်မြေပြင်၌ ရှီဟောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ပင်။

နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ယွမ်ချင်းသည် ပို၍ပင်ငယ်ရွယ်လာသေးသည်။ သူ၏ဆံပင်များ မည်းနက်တောက်ပြောင်နေကာ မျက်လုံးများလည်း အသက်ပြည့်ဝနေသည်။

ရှီဟောင် အခြားသူများကို မသိသော်လည်း သူတို့အားလုံးသည် အလွန်စွမ်းအားကြီးကြသလို အန္တရာယ်အငွေ့အသက်လည်း ပေးနေသည်ပင်။ သူတို့ခန္ဓာကိုယ်ထဲမှ တစ်ခုခုက လူကိုကြောက်ရွံ့အောင် လုပ်နေသကဲ့သို့ပင်။

“မကောင်းဆိုးဝါးလေး .. မင်းက တော်တော်အသက်ပြင်းတာပဲ .. နယ်ခြားစပ်မှာတောင် မသေဘူး .. ပြီးတော့ မင်းက အခု အများကြီး တိုးတက်လာတယ် .. မင်းကို အသက်ရှင်လျက် ထားလို့မရတော့ဘူးပဲ..” ယွမ်ချင်း ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်၏မျက်လုံးများကို အေးခဲသွားစေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာစေသည်။

ယွမ်ချင်းသည် နယ်ခြားစပ်စစ်ပွဲ၌ တစ်ခါမှ ပေါ်မလာဖူးခဲ့။ သူ အင်ပါယာဂိတ်ကို တစ်ခါမှ လာမကူဖူးခဲ့။ သူသည် နည်းနည်းလေးမှ အားစိုက်ထုတ်ခဲ့ခြင်းမရှိသော်လည်း ယခုတော့ ဤကဲ့သို့ ပြောနေသည်။

ရှီဟောင် နယ်ခြားစပ်၌ အသက်လုကာ တိုက်ခိုက်ခဲ့သော်လည်း ယခု သူပြန်လာသည့်အချိန်တွင် သူ့ကိုသတ်မည့်သူ ရောက်လာသည်။

“အဆင့်လွန်သက်ရှိအတုကများ .. ခင်ဗျားက အလှောင်ခံဖို့အတွက် ဒီကိုလာတာလား .. ခင်ဗျားရဲ့ ကျင့်ကြံဆင့် နည်းနည်းလေးတိုးလာတာကို ခင်ဗျားက ဒီမှာလာပြီးတော့ အသတ်ခံတာလား..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဤခေတ်တွင် အဆင့်လွန်သက်ရှိများ ပေါ်မလာပါက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများကို အဆင့်လွန်သက်ရှိများဟု ခေါ်ကြသည်ပင်။ သို့သော်လည်း အဆင့်လွန်သက်ရှိအစစ်မဟုတ်ပဲ နာမည်တစ်ခုသာဖြစ်သည်ကို အားလုံးသိကြသည်ပင်။

ဤသည်မှာ လေးစားမှုတစ်မျိုးပင်။ နောင်ကျလျှင် ဤလူများ နောက်တစ်ဆင့်တက်မည်ကို သိနေသောကြောင့် သူတို့ကို လေးစားပေးခြင်းပင်။

ယွမ်ချင်းမှာမူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ရန် နည်းနည်းလေး လိုသေးသည်ပင်။

ယခု သူ ဖြတ်ကျော်နိုင်သွားလေပြီ။ သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်အစစ် ဖြစ်သွားပြီဖြစ်သောကြောင့် ရှီဟောင်ကို တိုက်ခိုက်ရန်အတွက် သူ့နောက်မှ လူများနှင့်အတူ လာခဲ့ခြင်းပင်။

“ခင်ဗျားက သေချင်နေတာပဲ..” ရှီဟောင် ထပ်ပြောလိုက်သည်။

သူ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသည်ပင်။

“လူငယ်လေး မင်း ဆက်မောက်မာနေတော့ရော ဘာလုပ်လို့ရမှာလဲ .. ငါတို့ မင်းကို အခွင့်အရေးမပေးတော့ဘူး .. မင်း ဘဝ ဒီမှာ အဆုံးသတ်လိမ့်မယ် .. မင်းက အဆင့်လွန်သက်ရှိနယ်ပယ်ကို ဝင်ချင်နေသေးတာလား .. အိပ်မက်မက်နေလိုက်..” ယွမ်ချင်း ဒဲ့တိုးပင် ပြောလိုက်သည်။

သူ ဤလူများ ခေါ်လာခြင်းမှာ ရှီဟောင် အဆင့်လွန်သက်ရှိမဖြစ်နိုင်ရန်အတွက် သူ့အား တိုက်ခိုက်လိုသောကြောင့်ပင်။

သူ တစ်ယောက်တည်းနှင့်ဆိုလျှင် လုံလောက်မည်မဟုတ်။ သို့သော် သူခေါ်လာသည့်သူများသည် ဤဂျီးနီးယပ်စ်ကိုသတ်ကာ ကောင်းကင်ကြီးကို လက်ဝါးကြီး အုပ်ထားချင်နေသည့်သူများပင်။

သူတို့ အကြောက်အလန့်မရှိပဲ ကောင်းကင်ဘုံကိုးခုမှ တရိုန်ထိုးလာကြရခြင်းမှာ သူတို့ ကြောက်ရွံ့နေသောကြောင့်ပင်။

ရှီဟောင်၏ နယ်ခြားစပ်တိုက်ပွဲမှာ သူတို့ကို အေးခဲသွားစေသည်ပင်။ သူတို့အမြင်တွင် ဟွမ်၏ အလားအလာမှာ ကောင်းမွန်လွန်းလှသည်။ သူသာ အဆင့်လွန်သက်ရှိဖြစ်လာလျှင် သူ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို ကြီးစိုးနိုင်လိမ့်မည်။

ထိုအချိန်ကျလျှင် သူ့ကို မည်သူက တားဆီးနိုင်တော့မည်နည်း..

သူ စာရင်းရှင်းမည်ဟု ဆုံးဖြတ်ထားလျှင် မည်သူကများ သူ့အား တားဆီးနိုင်တော့မည်နည်း..

“ကျုပ်တို့ ရှေ့တန်းမှာ အသက်စွန့်တိုက်ခိုက်နေတုန်းက ခင်ဗျားတို့အားလုံးက ဒူးတုန်နေကြတယ် .. အနောက်ဘက်မှ လွတ်လွတ်လပ်လပ်နေနေကြတယ် .. အခု စစ်ပွဲကြီး ပြီးသွားတော့ ခင်ဗျားတို့က ထွက်လာပြီးတော့ ကျုပ်ကိုဓားနဲ့လာရွယ်နေကြတယ် .. တစ်ဖက်လောကနဲ့တိုက်တုန်းက ခင်ဗျားတို့ သတ္တိတွေ ဘယ်ရောက်နေတာလဲ .. ခင်ဗျားတို့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်နေတာလဲ .. အဲဒီအစား ခင်ဗျားတို့အားလုံးက အခုမှ ကြမ်းကြမ်းတမ်းတမ်းတွေ လာလုပ်နေတယ် .. အပြင်မှာတော့ အောက်ကျို့နေပြီးတော့ အိမ်မှာ ဘီလူးတွေ လုပ်နေကြတယ်..”

ရှီဟောင်၏စကားများမှာ အလွန်ကို မသာယာလှသည်ပင်။ သူ တကယ်ကို ဒေါသထွက်နေခြင်းပင်။

အား..

ခပ်ဝေးဝေးမှ ထိုလူများသည် နာကျင်စွာ အော်ဟစ်နေကြဆဲပင်။

ဤလူများအားလုံးမှာ ယင်မြစ်၌ ပုန်းနေခဲ့ကြသည့်သူများပင်။ အချို့မှာလူသားပုံဖြစ်ကာ အချို့မှာ အခြားမျိုးစိတ်များပင်။

ဖူး..

အချို့သူများမှာ အရိုးဖြူအဖြစ် ပြောင်းလဲသွားကာ အနက်ရောင်မြစ်ထဲသို့ ကျသွားသည်။ သူတို့၏မူလဝိညာဉ်များ ပျက်စီးသွားသောကြောင့် သူတို့အသက်လည်းအဆုံးသတ်သွားလေပြီ။

အချို့သူများမှာ မျက်လုံးများ ပွင့်နေကြကာ နဖူးမှ သွေးများစီးကျလာသည်။ သူတို့၏ကိုယ်လက်အင်္ဂါများ ပုပ်ဆွေဂလာကာ မူလဝိညာဉ်လည်း လောင်ကျွမ်းသွားသည်။ သူတို့မသေလျှင်ပင် သူတို့အသက်ဓာတ်မှာ အတော်လေး ထိခိုက်သွားကာ ကျင့်ကြံခြင်းလည်းပျက်စီးသွားလေပြီ။

မြစ်အောက်ခြေ၌ ရှိနေသည့် လူ ကိုးဆယ်ရာခိုင်နှုန်းခန့် ပျက်စီးသေဆုံးသွားသည်ဟု ပြော၍ရသည်။ လူအချို့ ထွက်ပြေးနိုင်ခဲ့သော်လည်း ထိုထဲမှ တစ်ဝက်သာ အသက်ရှင်နိုင်သည်။

ထာဝရအုတ်ဂူ၏ ကျိန်စာမှာ စွမ်းအားကြီးလှသည်။ ထိုကျိန်စာကို ခုခံရန် ကိုယ့်ကိုကိုယ်သာ အားကိုးနိုင်သည်ပင်။

အထူးသဖြင့် ရှီဟောင်ယူခဲ့သည့် ကျိန်စာမှာ အုတ်ဂူထဲမှ ကျိန်စာပင်။

“နည်းနည်းစိတ်ဝင်စားစရာပဲ..” သူတို့ထဲမှ တစ်ဦးပြောလိုက်သည်။ သူသည် အလွန်ပင် ခံစားချက်ကင်းမဲ့နေကာ အလွန်တည်ငြိမ်နေသည်။ ဖြစ်ပျက်နေသည့်ကိစ္စများမှာ သူနှင့် ဘာမှမဆိုင်သကဲ့သို့ပင်။

ထိုလူသည် လက်နောက်ပစ်ထားကာ အရှေ့ဘက်သို့ လျှောက်လာသည်။ သူသည် လရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များလည်း ခါးထိကျနေသည်။ သူ့ထံမှ သီးသန့်ဆန်သည့်ခံစားချက်အနည်းငယ် ရသော်လည်း သူ၏မျက်လုံးများမှာ အလွန်အေးစက်နေသည်။

ဤလူသည် အသက်သုံးဆယ်လောက်သာ ရှိလိမ့်မည်ဟု ထင်ရသော်လည်း ဤလူမှာ လူလတ်ပိုင်းအမျိုးသားမဟုတ်ပဲ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သည့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း သိနိုင်သည်ပင်။

“ဟက် ဟက်..” အမျိုးသမီးလည်း ရယ်မောလိုက်သည်။ သူမသည် အဝါရောင်စကပ်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာထက်တွင် အပြုံးနုလေးတစ်ခု ရှိနေသည်။ သို့သော်လည်း ဤသည်မှာ လှောင်ပြုံးသာ။

ဤအမျိုးသမီးလည်း အလွန်သန်မာလှသည်ပင်။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏နောက်ဆုံးအဆင့် ကျင့်ကြံသူပင်။

“အမြီးရှည်ဝံပုလွေနဲ့ ဘာမှ မကွာပါဘူး” ရှီဟောင် မျက်နှာသာမပေးပဲ ဒဲ့တိုးပင် ပြောလိုက်သည်။
[AN: အမြီးရှည်ဝံပုလွေ- ကျေးဇူးမသိတတ်သောသူ၊ အသိစိတ်မရှိသောသူ]

ထိုလူများ၏ အမူအရာများ တောင့်ခဲသွားကြသည်။ ဟွမ် ဘာမှမကြောက်သည်ကို သူတို့သိသော်လည်း သူတို့ကို ဤကဲ့သို့ ချက်ချင်း ဆူပူလိုက်သည်မှာ သူတို့ကို အေးခဲသွားစေသည်ပင်။

“ငါ ဘယ်လိုစွမ်းအားမျိုးကို ကိုယ်စားပြုလဲဆိုတာ မင်းသိလား..” လဖြူရောင်ဝတ်စုံနှင့်အမျိုးသားမှ အေးစက်စွာ မေးလိုက်သည်။

“သက်ရှည်မိသားစုကမလား .. ဘာာတာဝန်ယူမှုမှမရှိတဲ့ သွေးကြောင်တဲ့မိသားစု၊ တိုက်ပွဲတုန်းက တစ်ဖက်လောကနဲ့ မတိုက်ရဲတဲ့ မိသားစုကမလား..” ရှီဟောင်ပြောလိုက်သည်။

သူ စဉ်းစားစရာပင်မလို။ သူ့ကို တိုက်ခိုက်ရဲသည့်သူများမှာ သက်ရှည်မိသားစုများ သို့မဟုတ် အင်ပါယာတရားရုံးများမှသာ ဖြစ်လိမ့်မည်။

ထိုလူများ၏ အမူအရာများ ပိုမိုအေးစက်လာသည်။

“နယ်ခြားစပ်စစ်ပွဲမှာတုန်းက ရန်သူဘက်ကို ပြောင်းသွားပြီးတော့ အတွင်းရေးပဋိပက္ခဖြစ်အောင်လုပ်လိုက်တာ ဘယ်သူများလဲလို့ သိချင်နေခဲ့တာ .. အခုတော့ အားလုံးရှင်းသွားပြီ” ရှီဟောင် ပြောလိုက်သည်။

“မင်းပါးစပ်ပိတ်ထားလိုက် .. ငါတို့က မင်းရဲ့ကိုယ်ရေးကိုယ်သာ ရန်ငြိုးရှိတာ .. အဲဒီကိစ္စတွေနဲ့ဘာမှမဆိုင်ဘူး” အဝါရောင်စကပ်ရှည်နှင့် အမျိုးသမီး အော်ဟစ်ကာ သူ့ကို တားဆီးလိုက်သည်။

“အဲဒီလို.. အဲဒါက ခင်ဗျားတို့အားလုံး ဖြစ်လိမ့်မယ်လို့ ကျုပ်ခံစားနေရတယ်..” ရှီဟောင် ထိုလူများကို စိုက်ကြည့်၍ ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ.။” ထိုအမျိုးသား အေးစက်စွာ ပြောလိုက်သည်။

“သူ့ကိုတားထား .. သူမလွတ်သွားစေနဲ့..” အခြားလူတစ်ဦး ပြောလိုက်သည်။

ယွမ်ချင်း ဘေးဘက်မှ ရယ်မောနေလေ၏။ သူသည် အသက်မငယ်တော့သော်လည်း သူသည် အတော်လေး မထီလေးစားနိုင်လှသည်။ ဟွမ် သတ်ခံရတော့မည်ဆိုသည်ကို သိသောကြောင့် သူအတော်လေး အေးစက်နေသည်။

ဤနှစ်များတွင် ဟွမ်သည် သူ့စိတ်ထဲ၌ ဆူးတစ်ခု ဖြစ်နေခဲ့သည်ပင်။ ဟွမ်၏ အောင်မြင်မှုများကို ကြားနေရသည့်အချိန်တွင် သူ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။

“မကောင်းဆိုးဝါးလေး .. နောက်ဆုံးတော့ ငါ မင်းသေတဲ့အချိန်ထိ စောင့်နိုင်ခဲ့တယ်” သူ အေးစက်စွာ ပြောလိုက်သည်။

အချို့လူများမှာ ဤကဲ့သို့ပင်။ အမှားလုပ်သည့်သူမှာ သူတို့ဖြစ်သော်လည်း အခြားသူများက သူတို့ကို အမှားလုပ်လိုက်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။ ထို့အပြင် ထိုလူကိုလည်း ဆက်တိုက်ပင် ပစ်မှတ်ထားနေခဲ့သည်ပင်။

“ဒါက တကယ်ကို နှမြောဖို့ကောင်းတာပဲ .. ခင်ဗျားရဲ့ ဘိုးဘေးတွေ သူရဲကောင်းဆန်ခဲ့ပုံနဲ့ အခု ခင်ဗျားတို့မျိုးဆက် မြင်မကောင်းရှုမကောင်း ဖြစ်နေတဲ့ပုံကို ယှဉ်ကြည့်လိုက်ရင် တကယ်ကို ဝမ်းနည်းဖို့ ကောင်းတာပဲ” ရှီဟောင် ပြောလိုက်သည်။

သူသည် ယွမ်ချင်းကို အာရုံမထားပဲ အခြားသူများကိုသာ ကြည့်လိုက်သည်။

အဘယ်ကြောင့််ဆိုသော် ယွမ်ချင်းသည် ရှေ့မှ ပြေးနေသည့်ခွေးသာသာဖြစ်သည်ကို သူသိသည်ပင်။ ထို့ကြောင့် သူ့ကို ဘာမှမပြေတော့..

“အိုး .. မင်းက ငါတို့ဘယ်သူလဲဆိုတာ သေချာသိနေတယ်ပေါ့..” ထို စကပ်ရှည်နှင့် အမျိုးသမီး ရယ်မောကာ သက်တောင့်သက်သာပင် မေးလိုက်လေ၏။

“ခင်ဗျားက ဘိုးဘေးဖုန်းရဲ့ မျိုးဆက်မဟုတ်ဘူးလား .. ခင်ဗျားရဲ့ ဘိုးဘေးတွေကို စိတ်ပျက်စေခဲ့တယ်လို့ ခင်ဗျား မထင်ဘူးလား..” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။
[AN: ဖုန်း = လေ]

တစ်ဖက်မှ လူတစ်ယောက်၊ နှစ်ယောက်ခန့်မှာ မတည်ငြိမ်နိုင်တော့။ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ကာ ရှီဟောင်အား အေးစက်စွာ စိုက်ကြည့်နေကြသည်။

“ခင်ဗျားတို့ဖြစ်မှန်း ကျုပ်အများကြီးတောင် စဉ်းစားစရာမလိုလိုက်ဘူး..” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က သဲလွန်စအချို့အရ ယွမ်ချင်းသည် လေကလန်၏အမိန့်ကိုနာခံကြောင်း သူတွေ့ရှိခဲ့ရသည်။

ယခင်က လေကလန်မှ ဘိုးဘေးအချို့သည် ကျောက်တုံးကလန်နှင့် မတည့်။ သူတို့သည် အပြစ်သားသွေးမျိုးဆက်များကို ဖိနှိပ်ခဲ့သည့်သူများပင်။

အပြစ်သားသွေးမျိုးဆက်ဟူသည့်နာမည် မည်သည့်နေရာမှ ရလာသနည်း.. သူ အင်ပါယာဂိတ်၌ ရှိစဉ်က ပျက်စီးနေသည့် ထာဝရသက်ရှိများအကြောင်းကို ထပ်သိခဲ့ရသေးသည်။ ဥပမာအားဖြင့် ထာဝရနန်းတော်ပင်။

ထို့အပြင် ကောင်းကင်ဘုံကိုးခု၌ စွမ်းအားကြီးသည့်သူများ ရှိသည်ကိုလည်း သိခဲ့ရသည်။ ဥပမာအားဖြင့် လေကလန်၏ ဘိုးဘေးပင်။

“ဒီလိုမျိုးလုပ်နေတာ ခင်ဗျားတို့ရဲ့ ဘိုးဘေးကိုစိတ်ပျက်စေမိပြီလို့ မထင်ဘူးလား .. ဘိုးဘေးဖုန်းက ထာဝရရှေးဟောင်းခေတ် စစ်ပွဲထဲမှာ တိုက်ခိုက်ခဲ့ပြီးတော့ အောင်မြင်မှုတွေ ရခဲ့တယ် .. ခမ်းနားတောက်ပခဲ့တယ် .. ဒါပေမဲ့ သူ့မျိုးဆက်တွေက တစ်ဖက်လောကကို ဘက်ပြောင်းသွားတယ် .. ခင်ဗျားတို့ မရှက်ဘူးလား..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ငါ ထပ်ပြောလိုက်တယ် .. ဒါက ငါတို့ကြားက ကိစ္စပဲ .. တစ်ခြားသူတွေနဲ့ မဆိုင်ဘူး .. ငါတို့နာမည်မှာလာပြီးတော့ ပုဒ်မတွေ လာမတပ်နဲ့..” တစ်ဖက်မှ တစ်စုံတစ်ယောက် အေးစက်စွာ ပြောလိုက်၏။

ရှီဟောင် ရယ်မောလိုက်သော်လည်း ဘာမှထပ်မပြောတော့။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ သက်သေမရှိ။ သူ၏ခန့်မှန်းချက်သက်သက်သာ။

ယခင်က အင်ပါယာဂိတ်မှ တစ်စုံတစ်ယောက် တစ်ဖက်လောကသို့ ဘက်ပြောင်းသွားပြီး သူ့နောက်လိုက်ဖမ်းခဲ့သေးသည်။ သို့သော် သူတို့ မည်သူဖြစ်မှန်း မသိလိုက်ရ။

သို့သော် ဤသည်မှာ သက်ရှည်မိသားစုတစ်ခုမှ ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်ပင်။ ဝမ်မိသားစုနှင့် ကျင်းမိသားစုမဟုတ်လျှင် မည်သူဖြစ်မည်နည်း..

ထို့အပြင် ထိုအချိန်တုန်းက သူ လေကလန်၏ မျိုးဆက်နှင့် ဆက်ဆံခဲ့ရသေးသည်။ သူတို့ကလန်သဘောထားအရ ဘက်ပြောင်းသွားသည့်သူမှာ သူတို့ဖြစ်လိမ့်မည်ဟု ရှီဟောင် ကောက်ချက်ချလိုက်ခြင်းပင်။

“ဖုန်းရှင်းထျန်း .. ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားတဲ့ ငါ့ကလန်က အမွေဆက်ခံသူ .. သူ့အတွက် ပြီးပြည့်စုံတဲ့မျိုးစေ့ကိုတောင် ပြင်ပေးပြီးသွားပြီ .. အဲဒါကို မင်းက သူ့ကို သတ်ပစ်လိုက်တယ်..” အဝါရောင်စကပ်ရှည်နှင့် အမျိုးသမီးမှ ပြောလိုက်သည်။

“ခင်ဗျားကသူနဲ့ ဘာတော်တာလဲ..”

သူ ဖုန်းရှင်းထျန်း၏ စွမ်းအားကို မှတ်မိသည်ပင်။ သူသည် အလွန်ကြောက်စရာကောင်းပြီး အမှောင်ထုရှေးဟောင်းကောင်းကင်ပညာ၌ ကျွမ်းကျင်သည်ပင်။ သူ ဖုန်းရှင်းထျန်းကို ထာဝရရှေးဟောင်းစစ်မြေပြင်၌ သတ်ခဲ့ခြင်းပင်။

“ငါက သူ့ရဲ့အန်တီ ဖုန်းပိုင်လင်ပဲ..” ထိုအမျိုးသမီး ပြောလိုက်သည်။ သူမထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေကာ ယခင်က ပုံစံနှင့်မတူတော့။

သူမ တစ်ချိန်လုံး ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားသည်မှာ သေချာသည်။ ယခု နောက်ဆုံးအချိန်၌ သူမ ရှီဟောင်ကို သတ်တော့မည်။

“ပြီးတော့ ငါ့မြေး .. ဖုန်းကျောင် .. သူ့ရဲ့သေဆုံးမှုကလည်း မင်းနဲ့ဆက်စပ်နေတယ်..” လဖြူရောင်ဝတ်စုံနှင့်အမျိုးသား အေးစက်စွာ ပြောလိုက်သည်။

သူ့နာမည်သည် ဖုန်းချွမ်းဖြစ်ပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာခဲ့သည့်သူပင်။

“ဖုန်းကျောင်က ကျုပ်လက်ချက်နဲ့သေတာမဟုတ်ဘူး .. သူ လိပ်ပြာဧကရာဇ်လက်ထဲမှာ သေသွားတာ” ရှီဟောင် တည်ငြိမ်စွာ ပြောခဲ့သည်။

ယခင်က ရှေးဟောင်းစစ်မြေပြင်၌ သူတို့ ဂူတစ်ဂူကို တွေ့ခဲ့သည်။ ထိုထဲတွင် ထာဝရအလင်းများ ထုတ်လွှတ်နေသည့် လိပ်ပြာဧကရာဇ်အလောင်း ရှိနေသည်ပင်။ ဖုန်းကျောင်သည် ထိုလိပ်ပြာကြောင့် သေဆုံးသွားခြင်းပင်။

ထိုစဉ်က ကောင်းကင်ဘုံကိုးခုမှ လူငယ်ကျွမ်းကျင်သူများ သေဆုံးသွားလျှင်ပင် ကိစ္စမရှိဟု ဖုန်းကျောင်ပြောခဲ့သည်။ လေကလန်အဆင်ပြေနေသရွေ့ သူတို့ ဘာကိုမှ ဂရုစိုက်မည်မဟုတ်။

တစ်ဖက်လောက၏ တိုက်ခိုက်မှုကို သူတို့ဂရုမစိုက်။

ထိုအချိန်ကတည်းက ထိုကလန်၏သဘောထားကို ရှီဟောင် သိခဲသည်ပင်။ သူတို့တစ်ဖက်လောကသို့ မကူးပြောင်းသွားလျှင်ပင် ကန့်သတ်နယ်မြေများကဲ့သို့ပင် တိုက်ပွဲထဲ၌ ဝင်ပါမည်မဟုတ်။

“ဖုန်းကျောင်က အရမ်းကို သန်မာတယ် .. သူ့ကို လေဘုရင်ဘွဲ့ပေးသင့်တယ် .. သူ့ရဲ့သေဆုံးမှုက ခင်ဗျားတို့ကို အတော်လေး အထိနာစေခဲ့မှာပဲ .. ဒါပေမဲ့ လိပ်ပြာဧကရာဇ်ရဲ့ ထာဝရအလင်းအောက်မှာ သေသွားရတာကို သူဂုဏ်ယူနေသင့်တယ်” ရှီဟောင် ရယ်မောလိုက်သည်။

“အားလုံး ရှင်းသွားပြီဆိုတော့ မင်းလမ်းမင်းသွားလို့ရပြီ..” ဖုန်းပိုင်လင် ပြောလိုက်သည်။

“ငါတို့ သူ့ကို အသက်ရှင်လျက်ဖမ်းရမှာလေ .. မင်းမေ့သွားပြီလား .. ဘိုးဘေးက သူ့ကိုတွေ့ချင်နေတယ်..” တစ်စုံတစ်ယောက် ပြောလိုက်သည်။

“ခင်ဗျားတို့ လူလေး ဒီလောက်နဲ့လား..” ရှီဟောင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူတို့မပြောနှင့်။ သူတို့ကလန်မှ အဆင့်လွန်သက်ရှိများ ရောက်လာလျှင်ပင် သူ သေလောက်မည်မဟုတ်။

“ငါတို့ လာရဲမှတော့ ငါတို့မှာ မင်းကို သတ်ဖို့နည်းလမ်းတွေ ရှိတာပေါ့..” ဖုန်းချွမ်း အေးစက်စွာ ပြောလိုက်သည်။

“ငါတို့ ဒီကို ရောက်နေပြီး အစီအရင်ကိုလည်းအသက်သွင်းပြီးသွားပြီ” ဖုန်းပိုင်လင် ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့ပတ်လည်ရှိ တောင်များနှင့် လျိုမြောင်များ၌ ရောင်စုံအလင်းများ ထွက်ပေါ်လာကာ ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပိတ်လိုက်သည်။

“တကယ်ကို ဖြုန်းတီးနေတာပဲ .. နှမြောစရာကောင်းလိုက်တာ” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။

အပိုင်း ၁၉၀၀ ပြီး၏။
Chapter – 1901 နယ်မြေ ကွဲပျက်ခြင်း

ဤအစီအရင်သည် တောင်များနှင့် မြစ်များကိုဖုံးလွှမ်းထားကာ လီပေါင်းမည်မျှမှန်းမသိနိုင်လောက်အောင် ပျံ့နှံ့နေသည်ပင်။ ယင်မြစ်ကြီးပင် ဖုံးလွှမ်းခံလိုက်ရသောကြောင့် အတော်လေး ကြီးမားသည့် လှုပ်ရှားမှုပင်။

ထို့အပြင် ဤကဲ့သို့သော အစီအရင်မျိုးကို ပြုလုပ်ရန်အတွက် နတ်ပစ္စည်းများလည်း သေချာပေါက် လိုအပ်မည်ပင်။ အာလုံးမှာ ကောင်းကင်ရတနာများပင်။ သာမန်အစီအရင်များဖြင့် ရှီဟောင်ကို မဖမ်းနိုင်။

“ပိုလွန်းတယ်ဟုတ်လား .. သက်ရှည်မိသားစုရဲ့နောက်ခံက မင်းထင်ထားတာထက် အများကြီးပိုတယ် .. ဒီပစ္စည်းလေးတွေလောက်ကတော့ စကားထဲတောင် ထည့်ပြောစရာမလိုဘူး..” ဖုန်းပိုင်လင် ထူးမခြားနားစွာ ပြောလိုက်သည်။

ယွမ်ချင်းလည်း ရွံရှာသည့်အမူအရာလုပ်လိုက်သည်။ သူသည် လေကလန်မှ မဟုတ်သော်လည်း သူတို့နှင့် အတော်လေး နီးစပ်သည့်သူပင်။ “မောက်မာပြီးတော့ စိတ်ထား ကျဉ်းမြောင်းတဲ့သူ .. မင်းရဲ့အတောင်ပံတွေကို ရိုက်ချိုးပစ်လိုက်ပြီ .. မင်း သေခြင်းတရားကနေ ရှောင်ပြေးနိုင်စရာ လမ်းမရှိတော့ဘူး..”

ဤနှစ်များအတွင်းတွင် သူ အမြဲတမ်းစိုးရိမ်ကြောင့်ကြနေခဲ့ရသည်။ ရှီဟောင်သည် နယ်ခြားစပ်၏ နောက်ဆုံးတိုက်ပွဲ၌ စွမ်းအားကြီးလာကာ သူ၏ကျင့်ကြံဆင့်မှာ သူ့ထက်ပင် မြင့်နေပြီဖြစ်သည်။ သူက ဘယ်လိုလုပ် မကြောက်ပဲ နေနိုင်မည်နည်း..

ထို့ကြောင့် လေကလန် လှုပ်ရှားမည်ဟု ဆိုစဉ်က သူ ပထမဆုံးထွက်လာခဲ့သည်ပင်။ ရှီဟောင်မသေမချင်း သူ စိတ်အေးနိုင်မည်မဟုတ်။

“ရှေ့ပြေးခွေးက ဘေးဖယ်‌နေ .. ဒီနေရာက ခင်ဗျား စကား ဝင်ပြောလို့ရတဲ့နေရာ မဟုတ်ဘူး..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

သူ ယွမ်ချင်းကို မကြည့်ပဲ သူ၏ဘေးပတ်လည်ကိုသာ မျက်လုံးကစားလိုက်သည်။ သူ ဖောက်ထွက်ရန် လမ်းရှာရမည်။

“မကောင်းတဲ့ကောင် .. မင်း သေချာပေါက်ကို သေတော့မှာ..” ယွမ်ချင်း မုန်းတီးစွာ ပြောလိုက်သည်။

“ဟွမ် မင်းရဲ့လက်ရှိအခြေအနေကို နားလည်အောင်လုပ်ဖို့ ငါအကြံပေးလိုက်မယ် .. မင်းရဲ့ခြေတွေ၊ လက်တွေကိုကိုယ့်ဘာသာ ချည်ပြီးတော့ ကောင်းကင်ဘုံကိုးခုကို လိုက်ခဲ့ပြီး ငါ့မိသားစုက ဘိုးဘေးကို သွားတွေ့လိုက် .. အဲဒီနည်းလမ်းနဲ့ မင်းအသက်ကို ထိန်းထားနိုင်လိမ့်မယ်..” ဖုန်းချွမ်း ပြောလိုက်သည်။

သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေပြီး သူသည် စကားကို မနှေးလွန်း၊ မမြန်လွန်းပဲ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ ယခု စိတ်အေးနေလေပြီ။ အစီအရင်ရှိနေသောကြောင့် အားလုံးမှာ သူ့လက်ဝါးထဲ ရောက်နေလေပြီ။ ရှီဟောင် ထွက်ပြေးသွားမည်ကို စိတ်ပူစရာမလိုတော့။

“ခင်ဗျားရဲ့ ဘိုးဘေးက ဘာများထူးခြားနေလို့လဲ .. တစ်နေ့ကျရင် သူ ကျုပ်ဆီကို တွားသွားလာပြီးတော့ ကျုပ်ကို တောင်းပန်ရလိမ့်မယ်..” ရှီဟောင် စိတ်ရှုပ်နေပြီဖြစ်သောကြောင့် သူ့စကားများသည် အလွန်ထက်ရှလှကာ မယဉ်ကျေးလှ။

“မကောင်းတဲ့ကောင်လေး .. ဒီနေ့ မင်းအတောင်ပံတွေကို ချုပ်ထားလိုက်ပြီ .. မင်း ထွက်ပြေးစရာနေရာမရှိတော့ဘူး..” ဖုန်းပိုင်လင်း အော်ဟစ်လိုက်သည်။ လေမတိုက်သော်လည်း သူမ၏အဝါရောင်စကပ်ရှည်ကြီးမှာ လွင့်မျောနေသည်။

တစ်ချိန်တည်းမှာပင် သူမ၏လှပသည့်ဆံပင်များလည်း လှုပ်ခါနေသည်။ သူမသည် ရှီဟောင်ကို ရိုက်ချကာ သူမကလန်၏ ဖုန်းရှင်းထျန်းအတွက် လက်စားချေရန် ကျိန်ဆိုထားသည်ပင်။

ရှီဟောင်သည် မထီမဲ့မြင်ဖြင့်ပင် အတောင်ပံတစ်စုံ ထုတ်လိုက်လေ၏။

“မင်း..” ဖုန်းပိုင်လင်း ဒေါသထွက်သွားရသည်။

ရွှီး..

ထို့နောက် ရှီဟောင်သည် သူ၏ခွန်ပန်အတောင်ပံများကို ခတ်ကာ သူတို့ထံသို့ ချက်ချင်းဦးတည်သွားလိုက်သည်။

ထိုအခိုက်အတန့်တွင် လေပြင်းများ တိုက်ခတ်လာလေ၏။

ထိုသူများအားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့သည် တံဆိပ်များ ပြုလုပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လကြသည်။

သို့သော် ထိုအချိန်တွင် သူ၏နောက်ကျော အေးစက်သွားသည်ကို ရှီဟောင် ခံစားလိုက်ရသည်။ တစ်ခုခုတော့ မှားနေလေပြီ။ သူ ချက်ချင်းပင် ဦးတည်ချက်ပြောင်းလိုက်သည်။

အမ် .. ထိုလူများအားလုံး ထိတ်လန့်သွားကြ၏။

သို့သော် သူတို့ တုန်လှုပ်မနေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတစ်ခုလုံးကို အစီအရင်ကြီးဖြင့် ဖုံးအုပ်ထားသောကြောင့် သူ ထွက်ပြေးသွားမည်ကို စိုးရိမ်စရာမလို။

“သူတို့ဆီမှာ ဘာရှိနေတာလဲ .. ဒီနေရာကို အဆင့်လွန်သက်ရှိကိုယ်တိုင် ရောက်လာတာမဟုတ်ရင် သူတို့တွေက ဘယ်လိုလုပ် ငါ့ကို ခြိမ်းခြောက်နိုင်မှာလဲ..” ရှီဟောင် စိတ်ထဲ မကျေမနပ်ဖြစ်လာသည်။

ဤလူများ သူ့အား ထိပ်တိုက်ရင်ဆိုင်ရဲသောကြောင့် သူတို့ထံတွင် သေချာပေါက် ကြောက်စရာကောင်းသည့် နည်းလမ်းများ ရှိနေမည်ကို ရှီဟောင်သိသည်ပင်။

“လူငယ်လေး .. မင်း ပြေးနိုင်မှာမဟုတ်ဘူး.။” ယွမ်ချင်း အော်ဟစ်လိုက်ကာ ဖုန်းချွမ်းတို့နှင့်အတူ ရှီဟောင်နောက်သို့ ပြေးလိုက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူတို့ပတ်လည်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ တောင်များနှင့်မြစ်များ တောက်ပလာကာ တောက်ပသည့်နတ်အလင်းများ ထွက်ပေါ်လာသည်။ အစီအရင်ကြီး အသက်ဝင်လာကာ တာအိုသင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ကို အုပ်မိုးသွားသည်။

ဤနေရာမှာ ယခင်ကနှင့်မတူတော့။ အလွန်အန္တရာယ်များနေလေပြီ။ ဤနေရာမှ အတင်းထွက်သွားသည့်သူတိုင်း အသတ်ခံရမည်ပင်။

ရှီဟောင် လက်ညှိုးထိုးလိုက်သည်နှင့် အလင်းတန်းတစ်ခု ထွက်သွားသည်။ ရလဒ်အနေဖြင့် ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လာသည်ပင်။ ထိုအလင်းတန်းနှင့် အစီအရင်ထိမိသွားသည်နှင့် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာကာ ထိုနေရာကို အရိုးစာသားများ သိပ်သည်းစွာ ဖုံးလွှမ်းသွားသည်။

ဖုန်းပိုင်လင်ပြောသကဲ့သို့ သူ၏အတောင်ပံများကို ချုပ်ခံထားရလေပြီ။

“မင်း ထွက်ပြေးလို့မရပါဘူးလို့ ငါပြောပြီးသားပဲ .. မင်းအတောင်ပံတွေကို ရိုက်ချိုးလိုက်ရင်တောင် မင်း ထွက်ပြေးလို့မရဘူး..” ဖုန်းပိုင်လင် နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

ရှီဟောင် အတောင်ပံများကို လှုပ်ခတ်ကာ ပျံသန်းနေသည်။ အရှေ့ဘက်၌ ရှိနေသော်လည်း နောက်တွင် အောက်သို့ ရောက်သွားသည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်ပင်။ သို့သော် သူ လှုပ်ရှားသွားလာနိုင်သည့်နေရာမှာ အကန့်အသတ်ဖြင့်သာ။

ချွမ်း.. ရုတ်တရက် ဖုန်းပိုင်လင် သူမ၏ ညာလက်ကို မြှောက်လိုက်သည်။ ထိုလက်သည် ရေထဲမှ ထွက်လာသည့် ကျောက်စိမ်းကဲ့သို့ အပြစ်အနာအဆာကင်းလှသော်လည်း ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းစွမ်းအင်များ ထွက်ပေါ်နေသည်။

သူမ လက်မောင်း တောက်ပနေကာ လက်ထဲမှ ထူးဆန်းသည့်သင်္ကေတများ ထွက်ပေါ်လာသည်။ ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး အသက်ဝင်လာသကဲ့သို့ပင်။

“ခင်ဗျားက အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ဘာလို့‌ခြေထောက်တွေ၊ လက်တွေကို ပြနေတာလဲ..” ရှီဟောင် လှောင်ပြောင်ပြလိုက်သည်။

“မင်း အဆုံးသတ်ပြီ..” ဖုန်းပိုင်လင် ပြောလိုက်သည်။

ထိုအချိန် ရှီဟောင်၏မျက်နှာထက် အပြုံးနုလေး ပေါ်လာသည်။ သူ၏လက်ထဲတွင် နတ်အဆောင်ပေါ်လာကာ သူ့ကို အလင်းမိုးတစ်ခု ဝန်းရံသွားသည်။ ထို့နောက် သူ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

“နယ်မြေပျက်စီးခြင်းအဆောင်..” ယွမ်ချင်း အော်ဟစ်လိုက်သည်။

သူသည် ဒေါသတကြီးဖြင့်ပင် ခြေဆောင့်နေလေ၏။ သို့သော် ရှီဟောင် ထွက်ပြေးသွားနိုင်သောကြောင့် သူ စိုးထိတ်ကြောက်လန့်လာသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သာမန်နယ်မြေပျက်စီးခြင်းအဆောင်တွေက ဒီလိုမျိုးအစီအရင်ကို မထိုးဖောက်နုင်ဘူး..” ဖုန်းချွမ်း ပြောလိုက်သည်။

“ဒါက အဆင့်လွန်သက်ရှိသွေးစွမ်းအင်ရှိနေတဲ့ နယ်မြေပျက်စီးခြင်းအဆောင် .. ဒါက မုန့်ထျန်းကျန်း အသက်ရှင်နေတုန်းက လုပ်ပေးခဲ့တဲ့ဟာ..” ဖုန်းပိုင်လင် အံကြိတ်၍ ပြောလိုက်သည်။

အဆင့်လွန်သက်ရှိ၏ သွေးစွမ်းအင်မှာ အဖိုးတန်လွန်းလှသည်ပင်။

ရှီဟောင်၏လက်ထဲတွင်ရှိနေသည့် အဆောင်မှာ သေချာပေါက် သာမန်အဆောင်မဟုတ်။ သေချာစဉ်းစားကြည့်မည်ဆိုလျှင် ရှီဟောင်အတွက် အဆောင်လုပ်ပေးချင်သည့်သူမှာ မုန့်ထျန်းကျန်းသာ ရှိလိမ့်မည်။

“သူ့နောက်လိုက်..” လူအုပ်ကြီး အော်ဟစ်လိုက်ကြသည်။

ရှီဟောင် အဆင့်နိမ့်နယ်မြေသို့ ပြန်သွားချင်နေသည်ကို မုန့်ထျန်းကျန်း သိနေသည်ပင်။ သို့သော် ထိုသို့သွားရန်မှာ မလွယ်ကူပေ။

သို့သော်လည်း သူ ရှီဟောင်ကို ကူညီချင်ခဲ့သည်။ ထို့ကြောင့် ဤနယ်မြေပျက်စီးခြင်းအဆောင် ထွက်ပေါ်လာခြင်းပင်။

သို့သော် မည်သည့်အဆောင်မဆို အဆင့်နိမ့်နယ်မြေသို့ ရောက်အောင် မလုပ်နိုင်ပေ။ အတင်းလုပ်လိုက်ပါက ရှီဟောင် သေဆုံးသွားလိမ့်မည်။

ဤအဆောင်မှာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက်ပင်။

ယခု ရှီဟောင် ဤအဆောင်ကို ထုတ်သုံးလိုက်လေပြီ။ ဤအဆောင်ကို သုံးနိုင်သည့်အရေအတွက်မှာ အကန့်အသတ်ရှိသည်ပင်။ ယခုတစ်ခေါက် သုံးလိုက်ပြီဖြစ်သောကြောင့် နောင်ကျလျှင် သူ သုံးနိုင်မည့်အခွင့်အရေး တစ်ခေါက် လျော့သွားလေပြီ။ သူ အလွန်များသည့် အခြေအနေ၌ ပိတ်မိနေသောကြောင့်သာမဟုတ်ပါက သူ ဤအဆောင်ကို လက်လွတ်စပယ်သုံးမည်မဟုတ်။

ဖုန်းပိုင်လင်း အနည်းငယ် ဆွံ့အနေရသည်။ သိပ်မကြာသေးခင်က ရှီဟောင်၏အတောင်ပံများကို ချုပ်ထားပြီဖြစ်ပြီး သူ ထွက်ပြေး၍မရနိုင်တော့ကြောင်း သူ ပြောခဲ့သည်ပင်။ သို့သော် ယခုတော့ သူ အတောင်ပံတစ်စုံဖြင့် ထွက်ပြေးသွားလေပြီ။

သူတို့အားလုံး ဟစ်ကြွေးလိုက်ကာ သူ့နောက် လိုက်,လိုက်ကြသည်။

ယခု ကြည့်ရသည်မှာ သူတို့တကယ်ကို ဖြုန်းတီးရာ ရောက်သွားလေပြီ။ သူတို့ ကောင်းကင်ရတနာများစွာ အသုံးပြုခဲ့သော်လည်း သူတို့ ရှီဟောင်ကို ဘာမှပင် မလုပ်လိုက်နိုင်။

“သူ ဝေးဝေးသွားနိုင်ဦးမှာ မဟုတ်ဘူး..” ဖုန်းချွမ်း ပြောလိုက်သည်။ နယ်မြေဖျက်ဆီးခြင်းအဆောင် မည်မျှပင် စွမ်းအားကြီးနေပါစေ အစီအရင်ကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူ ကန့်သတ်ခံရမည်ပင်။ ထိုအဆောင်သည် အစီအရင်ကို ထိုးဖောက်သွားနိုင်လျှင်ပင် ရှီဟောင်ကို ဝေးဝေးခေါ်သွားနိုင်မည်မဟုတ်။

သူတို့ နတ်အာရုံများဖြင့် ဘေးပတ်လည်ကို သေချာအာရုံခံလိုက်သည်။

“အဲဒီဘက်မှာ..”

တစ်စုံတစ်ယောက် လက်ညှိုးထိုးလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ လေဟာနယ် ပေါက်ကွဲထားကာ စွမ်းအင်လှိုင်းများလည်း ပြင်းထန်လှသည်ပင်။

နယ်မြေဖျက်ဆီးခြင်းသင်္ကေတသည် ထိုရှေးဟောင်းအစီအရင်ကို ချိုးဖောက်လိုက်နိုင်သော်လည်း ထွက်ပေါ်လာသည့်အသံမှာ လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည်ပင်။

သူ ကျယ်လောင်စွာ ရယ်မောပစ်လိုက်၏။ မည်သို့ပင်ဖြစ်စေ သူ ထိုအန္တရာယ်များသည့် အစီအရင်မှ ထွက်လာနိုင်ပြီဖြစ်သည်။

သူသည် ရယ်မောနေသော်လည်း သူ၏မျက်လုံးများမှာ အနည်းငယ် အေးစက်နေသည်။

ဤကဲ့သို့ ထွက်ပြေးနေသည်မှာ သူ၏ပုံစံမဟုတ်။ သူ ကန့်သတ်ထားသည့်နေရာမှ ထွက်လာနိုင်ပြီဖြစ်သောကြောင့် ပြန်တိုက်ခိုက်ရမည်။ သူ နယ်မြေပျက်စီးခြင်းသင်္ကေတကို အလဟဿ မသုံးပစ်ချင်။

“ဟေ့ကောင် .. မင်း အသက်ကိုပေးလိုက်တော့..” ဖုန်းပိုင်လင်း အော်ဟစ်လိုက်သည်။

သူမ ညာလက်ကိုနောက်တစ်ကြိမ် မြှောက်လိုက်ကာ သူမလက်ကို နတ်ဓားအဖြစ်အသုံးပြုကာ ရှီဟောင်ကို ခုတ်ချလိုက်သည်။

သူမ၏လက်မှ ရှေးဟောင်းအဆောင်တစ်ခုလည်း ထွက်ပေါ်လာသည်။ မပျက်စီးနိုင်သည့်တာအိုကြာပန်းများ ပွင့်လာသကဲ့သို့ ထိုအဆောင်သည်‌ ငွေရောင်အလင်း တောက်ပလာသည်။

ဤသည်မှာ ရှေးဟောင်းကြာပန်းများနှင့် တူသည်ပင်။ ပန်းပွင့်ဖတ်များ တစ်ဖတ်ပြီးတစ်ဖတ် ကွာကျလာကာ နောက်ဆုံးတွင် ကြာပန်းအူတိုင် ထွက်ပေါ်လာသည်။ ထိုနေရာ၌ လူအသေးလေးတစ်ဦး ထိုင်နေသည်။

ထိုပုံရိပ်တွင် ထာဝရအငွေ့အသက်များ ရှိနေပြီး သူ၏မျက်နှာလေးမှာ နီဆွေးဆွေးလေး ဖြစ်နေသည်။ သို့သော်လည်း သူ၏ဆံပင်မှာ နှင်းကဲ့သို့ ဖြူဖွေးနေသည်ပင်။

“အမ်..” ရှီဟောင် ထိတ်လန့်သွားရ၏။

ထိုပုံရိပ်လေးသည် လေထဲသို့ တက်လာပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာသည်။

သူ့ထံမှ ထုတ်လွှတ်နေသည့် အဆင့်လွန်သက်ရှိအော်ရာမှာ စွမ်းအားကြီးကာ ကြောက်စရာကောင်းလှသည်။

“ငါ -ိုးမှတဲ့မှ..”

ရှီဟောင် တစ်ဖက်လှည့်ကာ ထွက်ပြေးတော့၏။ ဤသည်မှာ အဆင့်လွန်သက်ရှိပင်။

ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့။ သူ့ကိုရှင်းဖို့အတွက် အဆင့်မြင့်နယ်မြေက အဆင့်လွန်သက်ရှိတောင် ဆင်းလာတာလား.. ဤသည်မှာ ပြဿနာကြီးပင်။

သို့သော်လည်း အဆင့်လွန်သက်ရှိသည် အဘယ်ကြောင့် သင်္ကေတဖြစ်နေကာ ပိုင်ဖုန်းလင်၏ လက်မောင်းထဲ၌ ပုန်းနေသနည်း..

“မင်း ဒီနေ့တော့ ထွက်ပြေးလို့မရတော့ဘူး .. ဘယ်သူလာလာ မင်းကို မကယ်နိုင်တော့ဘူး..” အနောက်ဘက်မှ လူများ အော်ဟစ်လိုက်သည်။

ထိုပုံရိပ်လေးသည် တစ်ဖြည်းဖြည်းကြီးမားလာကာ သူ၏နီဆွေးဆွေး မျက်နှာလေးမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည် လက်တစ်ဖက် ဆန့်တန်းကာ ရှီဟောင်ကို အုပ်မိုးလာသည်။

“အဆင့်လွန်သက်ရှိ နည်းလမ်းတွေလား..” ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ထာဝရစွမ်းအင်များ ထွက်ပေါ်လာကာ သူ၏အရှိန်မှာ အဆပေါင်းများစွာ လျင်မြန်သွားသည်။

“သူက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေတာလဲ..” အနောက်ဘက်မှလူများ ထိတ်လန့်သွားရသည်။

အဆင့်လွန်သက်ရှိပေါ်လာတာတောင်မှ သူတို့ ရှီဟောင်ကို မသတ်နိုင်သေးဘူးလား .. သူတို့မယုံကြည်ရဲ။ အဆင့်လွန်သက်ရှိပင် ရှီဟောင်ကို ရှုံးသွားပါက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလိမ့်မည်။

“ဒီ အဆင့်လွန်သက်ရှိလို့ခေါ်တဲ့လူက ကျုပ်ကို သတ်နိုင်ဖို့ ခင်ဗျားတို့ ဆုတောင်းထားလိုက် .. မဟုတ်ရင် ခင်ဗျားတို့အားလုံး အလှည့်ပဲ” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။

အပိုင်း ၁၉၀၁ ပြီး၏။
Chapter – 1902 ပြန်သတ်ခြင်း

ဤသည်မှာ အဆင့်လွန်သက်ရှိအစစ်ပင်။ ရှီဟောင် မည်မျှပင်စွမ်းအားကြီးပါစေ သူသည် ဤကဲ့သို့သော မကောင်းဆိုးဝါးအိုကြီး၏ ပြိုင်ဘက်မဟုတ်။ သူ ထွက်ပြေးရုံသာရှိသည်။

သူသာ ဤနေရာ၌ နေနေလျှင် သေချာပေါက် သေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌သာ ရှိသေးသည်။ သူ ဤမကောင်းဆိုးဝါးအိုကြီးထက် တစ်ဆင့် နိမ့်နေသည်ပင်။

ပို၍အရေးကြီးသည်မှာ အဆင့်လွန်သက်ရှိနယ်ပယ်သည် အခြားနယ်ပယ်များနှင့်မတူ။ ဤနယ်ပယ်၌ ရှိနေသည့်သူအားလုံးမှာ အတိတ်နှင့် ပစ္စုပ္ပန်ကို လွှမ်းမိုးနိုင်သည့်သူများပင်။

ကျင့်ကြံဆင့်နိမ့်သည့်သူများသည် ဤကဲ့သို့သော အဆင့်လွန်သက်ရှိများကို သတ်ချင်လျှင် သူတို့ထံ၌ ထာဝရတာအိုအစီအရင်များ ရှိမှသာ ရလိမ့်မည်။ ထာဝရပစ္စည်းများပင် အသုံးမဝင်လောက်။

အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိများသည် ထိုပစ္စည်းများကို ရှောင်ရှားကာ ထိန်းချုပ်သူအား သတ်နိုင်သောကြောင့်ပင်။

ထာဝရတာအိုအစီအရင်ရထားသည့်သူများသည်လည်း ထိုအစီအရင်များကို သူတို့ခန္ဓာကိုယ်ထက်၌ ထွင်းထုထားရမည်ပင်။ မဟုတ်ပါက လုံလောက်အောင် စွမ်းအားကြီးမည်မဟုတ်။

သို့သော် ထိုသို့ပြုလုပ်ရန်အတွက်လည်း များစွာ ပေးဆပ်ရလိမ့်မည်။

ထာဝရတာအိုအစီအရင်မှာ ပိုင်ဆိုင်နိုင်ရန် မပြောနှင့် သာမန်လူများ မြင်ပင်မမြင်ဖူးသည့်အရာပင်။ ဤကဲ့သို့သော အရာများမှာ သက်ရှည်မိသားစုများ၏ လက်ထဲ၌သာ ရှိသည်။

ထို့အပြင် သက်ရှည်မိသားစုတိုင်း ရှိနိုင်သည်မဟုတ်။

ရှီဟောင် လျင်မြန်စွာ ပြေးနေသော်လည်း သူ့နောက်မှ ပုံရိပ်သည် ပို၍ လျင်မြန်လာကာ တစ်ဖြည်းဖြည်းချင်း နီးကပ်လာသည်။

ဝုန်း..

ရှီဟောင် သူ၏အတောင်ပံများကို လှုပ်ခတ်လိုက်သည်။ လျှပ်စီးနှင့် ခွန်ပန်အတောင်ပံတို့ ရောယှက်သွားသည့်အပြင် သူ၏ခြေထောက်အောက်၌ ကမ္ဘာမြေကို လက်မများအဖြစ်ပြောင်းခြင်းနတ်စွမ်းရည်ရှိနေသည်ပင်။ သူ၏အရှိန်သည် အခြားသူများကို ဆွံအသွားစေလေ၏။

“သူ့ရဲ့အမြန်နှုန်းက အဆင့်လွန်သက်ရှိကိုတောင် ယှဉ်လို့ရတာလား..”

ဖုန်းပိုင်လင်နှင့် ယွမ်ချင်းတို့အားလုံး ထိတ်လန့်သွားကြရသည်။‌ေ

“ဘိုးဘေးပေါ်လာတာတောင်မှ သူ့ကို ဘာမှမလုပ်နိုင်ဘူးလား..” ဖုန်းချွမ်းမှာ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မယုံကြည်နိုင်ဖြစ်နေသည်။

အဆင့်လွန်သက်ရှိတစ်ဦး လှုပ်ရှားလိုက်ခြင်းဖြစ်သော်လည်း ဟွမ်ကို ချက်ချင်းမသတ်နိုင်သေး။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာသည်။ ထိုပုံရိပ်လေး၏ ခန္ဓာကိုယ် ကြီးမားလာသည်။ သူ လက်လှမ်းလိုက်သည်နှင့် ကောင်းကင်ကို ဖုံးအုပ်သွားကာ သဘာဝဥပဒေသစွမ်းအားများလည်း ထွက်ပေါ်လာသည်။

အဆိုးရွားဆုံးအရာ ဖြစ်လလေပြီ။ ထိုအဆင့်လွန်သက်ရှိ သူ၏စွမ်းအားကို ထုတ်ပြနေလေ၏။

သေမျိုးတာအိုနယ်မြေတွင် မည်သူမှ သူတို့ကို မခုခံနိုင်။

“အဆင့်လွန်သက်ရှိတွေက ပြိုင်ဘက်ကင်းတယ် .. ဘယ်သူက သူတို့နဲ့ ယှဉ်နိုင်မှာလဲ..” ဖုန်းပိုင်လင် စိတ်လှုပ်ရှားလာသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အဆင့်လွန်သက်ရှိ၏ စွမ်းအားအစစ်အမှန်ဖြစ်သောကြောင့် ရှီဟောင် မည်မျှပင် မြန်ဆန်နေပါစေ သူ တောင့်ခံနိုင်မည်မဟုတ်။

သေချာပါသည်။ ကောင်းကင်ထက်မှ ကြယ်များပင် ကြွေကျလာသည်။ အဆင့်လွန်သက်ရှိတစ်ဦး သူ၏ဒေါသကို ဖွင့်ထုတ်လိုက်သည်နှင့် ကောင်းကင်ကြီး ပြိုကျသွားကာ အောက်ဘက်ရှိ ကမ္ဘာမြေကြီး ချိုင့်ဝင်သွားပြီး ချော်ရည်များ ထွက်ပေါ်လာသည်။

ကံကောင်းသွားသည်မှာ ဤနေရာသည် စွန့်ပစ်နယ်မြေနှင့် နီးနေသောကြောင့်သာ။ မဟုတ်ပါက စီရင်စုတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

ထိုအချိန်ကျလျှင် မရေမတွက်နိုင်သည့်သက်ရှိများ သေဆုံးသွားလိမ့်မည်ပင်။

ရွှီး..

ရှီဟောင် မတတ်သာတော့ပဲ နယ်မြေပျက်စီးခြင်းအဆောင်ကို ထပ်သုံးရတော့သည်။ မဟုတ်ပါက သူ ဤနေရာ၌ ရိုက်ခံရလိမ့်မည်။

ရွှီး ဟူသည့်အသံနှင့်အတူ သူ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

“အားရား .. နှမြောစရာပဲ . နည်းနည်းပဲ လိုတော့တာ.”

အနောက်ဘက်မှ လိုက်လာသည့် ဖုန်းပိုင်လင်နှင့် ယွမ်ချင်းတို့ သူတို့၏ ကောင်းကင်မျက်လုံးများကို အသက်သွင်းလိုက်သည်။ အလွန်ဝေးနေသော်လည်း ဘာဖြစ်လိုက်သည်ကို သူတို့ သေချာမြင်လိုက်ရသည်ပင်။

“ဟူး .. ဒါက ဘိုးဘေးရဲ့ ပြိုင်ဘက်ကင်းနတ်စွမ်းရည်နဲ့လုပ်ထားတဲ့ အဆောင် .. ဒီလိုမျိုးသုံးလိုက်ရင် သူ့ရဲ့စွမ်းအား လျော့သွားလိမ့်မယ်..” ဖုန်းပိုင်လင် မျက်မှောင်ကြုတ်လိုက်သည်။

ဤသည်မှာ သူတို့ကလန်၏ ဘိုးဘေးအစစ်မဟုတ်။ အဆောင်တစ်ခုသာ။

သူတို့ရှေ့မှ ထိုပုံရိပ်သည် ရပ်တန့်မသွားပဲ ဆက်တိုက်ပင် လိုက်ဖမ်းနေသည်။ ဤသည်မှာ ခန္ဓာကိုယ်အစစ်မဟုတ်သော်လည်း သူ့ထံတွင် ပြိုင်ဘက်ကင်းစွမ်းအား ရှိနေဆဲပင်။

ကံမကောင်းစွာဖြင့် ယခုတစ်ခေါက်တွင်တော့ သူ ရှီဟောင်ကို ချက်ချင်းမရှာနိုင်တော့။ ရှီဟောင်မှာ ခြေရာမကျန်အောင် ပျောက်သွားလေ၏။

တစ်နာရီကြာပြီးနောက် ရှီဟောင် တိတ်တဆိတ်ပေါ်လာကာ တောင်ထိပ်၌ ရပ်နေလေ၏။ သူသည် ခပ်ဝေးဝေးမှ နေ၍ ဖုန်းပိုင်လင်တို့အား ကြည့်နေသည်။

“မုန်းစရာကောင်းလိုက်တာ .. ငါတို့ကို သတ်ဖို့အတွက် အဆင့်လွန်သက်ရှိတောင် ထွက်လာတာလား .. ငါတို့ သူတို့တွေကို သွားသတ်မယ်..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

သူ အတော်လေး ကြောက်ရွံ့သွားခဲ့ရသည်ပင်။ သူသာ ဤနေရာ သေဆုံးသွားလျှင် သူ ကျေနပ်နိုင်မည်မဟုတ်။

“သတ်..”

ထို့နောက် လူတစ်ယောက်နှင့် သတ္တဝါတစ်ကောင်သည် ဟစ်ကြွေးကာ နတ်စွမ်းရည်များကို ထုတ်လွှတ်လိုက်သည်။ သူတို့ ဤလူများကို သတ်ရန် အားကုန်ထုတ်သုံးလိုက်သည်။

“အမှောင်ထုဆင့်ခေါ်မယ်..” ဖုန်းပိုင်လင်သည် လျင်မြန်စွာပင် ရှေးဟောင်းကျမ်းစာကို ရွတ်ဖတ်လိုက်သည်။

သူတို့ကလန်သည် အမှောင်ထုကောင်းကင်ပညာကို ရရှိထားသည်ပင်။ ယခင်က ဖုန်းရှင်းထျန်းလည်း အမှောင်ထုနတ်ဆိုးလက်သီးကို ပြသသွားခဲ့ပြီဖြစ်သည်။ ယခု ဖုန်းပိုင်လင်လည်း သူ၏နည်းလမ်းကို ဆင့်ခေါ်နေသည်။

ထို အဆင့်လွန်သက်ရှိ ချက်ချင်းပေါ်လာသည်။

ရှီဟောင်သက်ပြင်းချကာ ထပ် ထွက်ပြေးသွားလိုက်သည်။ သူသည် နယ်မြေပျက်စီးခြင်းအဆောင်ကို နောက်တစ်ကြိမ် သုံးလိုက်ရပြီး ရွှေရောင်ခြင်္သေ့နှင့်အတူ ပျောက်ကွယ်သွားသည်။

“ဟမ် .. သူ အားနည်းလာပြီ” ရှီဟောင် ချက်ချင်း သတိပြုမိသွားသည်။

“မကောင်းတော့ဘူး .. ဒီကောင်က အရမ်းကို ထက်မြက်လွန်းတယ် ..သူ့ဆီမှာ နယ်မြေပျက်စီးခြင်းသင်္ကေတရှိနေတော့ သူ့ကို မသတ်နိုင်ဘူးဖြစ်နေတယ် .. ငါတို့အခြေအနေ သိပ်မကောင်းတော့ဘူး” ယွမ်ချင်းအမူအရာ ပြောင်းလဲလာသည်။

သေချာပါသည်။ နာရီအနည်းငယ် ကြာပြီးနောက် ရှီဟောင် ပြန်ပေါ်လာသည်။ သူသည် အလိုက်ခံနေရသော်လည်း အမြဲတမ်း အောင်မြင်စွာပင် ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည်။

နောက်ဆုံးတွင်တော့ နတ်အဆောင်ဖြင့် ဖန်တီးထားသည့် ဘိုးဘေးဖုန်း ထပ်တောင့်မခံနိုင်တော့သည်မှာ သေချာသွားသည်။ သူ၏ အဆင့်လွန်သက်ရှိအဆင့် စွမ်းအားများးကို မပြသနိုင်တော့။

“ကျုပ်က ခင်ဗျားတို့ကလန်က လူအိုကြီး ကိုယ်တိုင်ရောက်လာတယ်ထင်နေတာ .. ဒါက တံဆိပ်တစ်ခုပဲကိုး .. အဲဒီလိုဆိုမှတော့ ခင်ဗျားတို့အားလုံးကို ခင်ဗျားတို့လမ်းကို ပို့ပေးမယ်..”

ရှီဟောင် နောက်တစ်ကြိမ် ပြန်ရောက်လာသည်။

ဝုန်း..

ရုတ်တရက် ဖုန်းချွမ်းရှေ့၌ တာအိုအဆောင်တစ်ခု ပေါ်လာသည်။ ထိုအဆောင်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်သည်လည်း ငွေရောင်ဆံပင်များ ရှိကာ အလွန်စွမ်းအားကြီးလှသည်ပင်။

အဆောင်နှစ်ခု..

“ကျုပ်ကိုဖမ်းဖို့အတွက်နဲ့ ခင်ဗျားတို့ကလန်က လူအိုကြီးက တော်တော်လေး ရင်းနှီးထားတာပဲ .. ဘာလို့သူကိုယ်တိုင် မလာတာလဲ..” ရှီဟောင် အလွန်ဒေါသထွက်နေလေပြီ။ သူ မတတ်သာပဲ ထွက်ပြေးရသည်။

“ငါတို့သွားပြီ..”

တစ်ချိန်တည်းမှာပင် ဖုန်းချွမ်း၊ ယွမ်ချင်းနှင့် အခြားသူတို့သည် အရှေ့ဘက်သို့ ပျံသန်းသွားလိုက်ကြလေ၏။ သူတို့ အလွန်ဒုက္ခများနေပြီဆိုသည်ကို သူတို့သိသည်ပင်။ ဟွမ်သည် အကြိမ်တိုင်း ထွက်ပြေးလွတ်မြောက်နေသည်။

အဘယ်ကြောင့်ဆိုသော် ဟွမ် တောင့်ခံနေနိုင်သရွေ့ သူ ပြန်လည်တိုက်ခိုက်လာနိုင်သည်။ ထို့အပြင် သူတို့ဘိုးဘေး၏အဆောင်မှာ အကြိမ်တိုင်း အားနည်းလာသည်ပင်။

ဖူး..

ရှီဟောင် သွေးတစ်ပွက်အန်သွားသည်။ လက်သီးအလင်းတန်းကြောင့် သူ့ခန္ဓာကိုယ် ကျိုးကြေမလိုဖြစ်သွားကာ သူဒဏ်ရာရသွားသည်။

“ကျုပ် ခင်ဗျားတို့အားလုံးကို သတ်ပြမယ်..” သူ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။

သူ ထပ်ပြေးလိုက်သည်။ နောက်ဆုံးတော့ ဒုတိယပုံရိပ်အရောင်မှိန်သွားသည်အထိ သူစောင့်လိုက်နိုင်လေပြီ။ ရှီဟောင်၏အမူအရာမှာ အေးစက်နေလေ၏။

ထို့နောက် သူသည် ရုတ်တရက်ပင် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။

“ဒီတာအိုလူငယ်လေးက တကယ်ကို ထူးခြားတာပဲ .. အဆင့်လွန်သက်ရှိအဆင့်တံဆိပ်တောင်မှ သူ့ကို မဖမ်းနိုင်ဘူး .. သူက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ လူပဲ..”

ခပ်ဝေးဝေးတွင် ကန်ကြီးဘေး၌သက်ရှိများစွာ ရှိနေသည်။ သူတို့အားလုံးသည် ယင်လူမျိုးစုမှ အရေးကြီးသည့်ပုဂ္ဂိုလ်များပင်။ ထိုထဲတွင် ရှီဟောင်ကို လမ်းညွှန်ပြခဲ့သည့်အကြီးအကဲလည်း ပါဝင်သည်ပင်။

“ယင်မြစ်အဆုံးမှာ အန္တရာယ်ရှိတယ်လို့ ငါသူ့ကို အရိပ်အမြွက်ပြောပြီးသားပဲ .. ငါတို့ကလန်က သူ့ကို ဘာအမှားမှမလုပ်ထားဘူး .. ငါတို့ကြားမှာ ဘာရန်ငြိုးတရားမှ မရှိဘူး” ထိုအကြီးအကဲ ပြောလိုက်သည်။

အခြားသူများ ခေါင်းညိမ့်လိုက်သည်။ ယင်ကလန်သည် လောကီရေးရာမှ ကင်းကင်းနေ,နေခြင်းဖြစ်ပြီး ဤကဲ့သို့ အရှုပ်အထွေးထဲ ဝင်မပါချင်ကြ။

နောက်ဆုံးတွင် သူတို့ ပျောက်ကွယ်သွားသည်။

ယခု ယွမ်ချင်းတို့ ပြေးရမည့်အလှည့်ပင်။ အဘယ်ကြောင့်ဆိုသော် အဆောင်နှစ်ခုကို အသက်သွင်းခဲ့သော်လည်း သူတို့ ရှီဟောင်ကို မသတ်နိုင်ခဲ့။

သူတို့သည် ယဇ်ပုလ္လင်များကို အသုံးပြုကာ လေဟာနယ်ကို ဖြတ်သန်းချင်သော်လည်း ရှီဟောင်သည် နယ်မြေပျက်စီးခြင်းအဆောင်ကို အသုံးပြုကာ သူတို့နောက်သို့ လိုက်လာနိုင်သည်ပင်။

ဝုန်း..

လေဟာနယ် ပေါက်ကွဲသွားကာ ဤလူများ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။

သူတို့မို့လို့သာ အသက်ရှင်နေခြင်းပင်။ အခြားသူများသာဆိုပါက ဖရိုဖရဲဖြစ်နေသည့် လေဟာနယ်စီးကြောင်းများထဲ၌ သေသွားလောက်လေပြီ။

“ဟွမ် .. မင်းရဲ့မောက်မာမှုတွေကို ပြန်သိမ်းထားလိုက်တာ ပိုကောင်းမယ်..” ဖုန်းချွမ်း ပြောလိုက်သည်။ သူ့စိတ်ထဲ၌ ဒေါသထွက်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲသည် သူ့အား အတော်လေးမသက်မသာ ခံစားစေသည်ပင်။

သူတို့ အဆင့်လွန်သက်ရှိအဆင့်စွမ်းအားများနှင့် လာခဲ့သော်လည်း ဟွမ်ကို မတားဆီးနိုင်ခဲ့။

ရှီဟောင် ဆံပင်များ ရှုပ်ထွေးနေကာ တစ်ကိုယ်လုံး သွေးများ ပေပွနေလေ၏။ သူသည် စကားတစ်ခွန်းမှမပြောပေ။ သို့သော်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် ပင်လယ်တစ်စင်းကဲ့သို့ပင် ထွက်ပေါ်နေလေ၏။

သူသည် အဆင့်လွန်သက်ရှိများကြောင့် သေမလိုဖြစ်ခဲ့ကာ ဒဏ်ရာရခဲ့သည်ပင်။

“ခွေးကောင်တွေ .. ကျုပ်တို့ နယ်ခြားစပ်မှာ အသက်စွန့်နေတဲ့အချိန်မှာ ခင်ဗျားတို့က အနောက်ကနေ ပြဿနာရှာနေခဲ့တယ်.. ဒီနေ့ ကျုပ်ကိုတောင် ရှင်းပစ်ချင်နေသေးတယ် .. ခင်ဗျားတို့အားလုံးကို ခွင့်မလွှတ်ဘူး..”

ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူ၏ဒေါသမှာ ကောင်းကင်ဘုံကိုးခုကိုပင် လောင်ကျွမ်းတော့မည်ဟု ရှီဟောင် ခံစားနေရသည်။

ကောင်းကင်ဘုံကိုးခုမှ သက်ရှည်မိသားစုများမှာ ဤအဆင့်ထိ ဆိုးရွားနေလိမ့်မည်ဟု သူမထင်ထားခဲ့။ သူတို့သည် တစ်ဖက်လောကနှင့် ပူးပေါင်းကာ ကိုယ့်လူကိုပင် ထိခိုက်အောင် လုပ်နိုင်လောက်သည်။

“ဒီတစ်ခေါက် ငါတို့က ငါတို့နောက်ခံကို အရမ်းအထင်ကြီးလွန်းသွားပြီး တကယ်ကို သတိလက်လွတ်ဖြစ်သွားတာ .. မုန့်ထျန်းကျန်းက သူ့ကို ဒီလိုအဖိုးတန်အဆောင်မျိုး ပေးထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” ဖုန်းချွမ်း ပြောလိုက်သည်။

“ခင်ဗျားတို့ သေလိုက်တော့..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကြီးကိုစီးကာ ရှေ့တိုးသွားလိုက်သည်။

သို့သော် သူ တစ်ဖက်လူ၏ နတ်အဆောင်များကိုလည်း သတိထားနေသည်ပင်။

သို့သော်လည်း သူ အတွေးလွန်သွားလေပြီ။ အဆင့်လွန်သက်ရှိတစ်ဦးသည် သူ၏နတ်ခွန်အားမျာကို အဆောင်များထဲသို့ ထည့်ချင်လျှင်ပင် ဤသည်မှာ အလွန်ခက်ခဲလှသည်။

ဖုန်းချွမ်း သူ့အားထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူသည် အမှောင်ထုနတ်ဆိုးလက်သီးကို အသုံးပြုကာ လေပြင်းများ ဆင့်ခေါ်လိုက်သည်။ သူ ရှီဟောင်နှင့် တိုက်ခိုက်သည်နှင့် ကောင်းကင်ထက်သို့ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။

သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် နောက်ဆုံးအဆင့်၌ ရောက်နေသည့်သူဖြစ်ပြီး သူ၏ကလန်တွင် အလွန်နာမည်ကြီးသည့်သူပင်။

သို့သော် သူရင်ဆိုင်နေရသည်မှာ ဟွမ်ပင်။

“အား..” သူ အော်ဟစ်လိုက်ကာ သူ့ပါးစပ်တစ်ခုလုံး သွေးများ ပြည့်နှက်သွားသည်။

ဤသည်မှာ အစပိုင်းသာ ရှိသေးသော်လည်း သူသည် ရှီဟောင်၏အသတ်ခံရမလိုဖြစ်သွားသည်ပင်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေကာ သူ့အရိုးဘယ်နှချောင်း ကျိုးသွားမှန်းပင် မသိတော့။

“သတ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

ဤတိုက်ပွဲမှာသိပ်မကြာခဲ့။ အချက်ရေ အနည်းငယ် အတွင်းမှာပင် စွမ်းအားကြီးသည့် ဖုန်းချွမ်းသည် ရှီဟောင်၏လျှပ်စီးလက်သီးကြောင့် တစ်စစီဖြစ်သွားသည်။

လေဟာနယ်ထဲ၌ သွေးမြူထွက်ပေါ်လာကာ အရာအားလုံး ပျောက်ကွယ်သွားသည်။

“ခင်ဗျားတို့အားလုံးရောပဲ..”

ရှီဟောင် အော်ဟစ်လိုက်ကာ ဖုန်းပိုင်လင်းနှင့် တိုက်ခိုက်လိုက်သည်။

ဖုန်းပိုင်လင်နှင့် အခြားသူများ ထိတ်လန့်လာရသည်။ ဖုန်းချွမ်းကို သွားကယ်ချင်သည့်သူများ ရှိသကဲ့သို့ ထွက်ပြေးချင်သည့်သူများလည်း ရှိနေသည်ပင်။ သို့သော်လည်း သူတို့အားလုံး ထူးဆန်းသည့်နယ်မြေထဲ၌ ပိတ်ခံလိုက်ရသည်။

ရှီဟောင်၏ စွမ်းအားမှာ သူတို့ထင်ထားသည်ထက် သာလွန်နေသည်ပင်။

သူ ပြုလုပ်ထားသည့် တာအိုသင်္ကေတများမှာ လှိုင်းများကဲ့သို့ သူ့အား ဝန်းရံထားသည်။

ဤစွမ်းအားမျိုးဖြင့် ကောင်းကင်ကြီးကို ချိတ်ပိတ်ထားသည်ပင်။

“ကပ်တိုင်နတ်တာအို..” ပိုင်ဖုန်းလင် ဟစ်ကြွေးလိုက်သည်။ သူမသည် အမျိုးသမီးဖြစ်သော်လည်း အလွန်အားကောင်းလှသည်ပင်။ လေဟာနယ် ဟက်တက်ကွဲသွားကာ လက်ဝါးကပ်တိုင်ပုံဖြစ်သွားလေ၏။ ထိုရွှေရောင်လက်ဝါးကပ်တိုင်တံဆိပ်သည် ရှီဟောင်ကို ဖိနှိပ်နေလေ၏။

တုန်း..

ရှီဟောင်၏တုံ့ပြန်ချက်မှာ ရိုးရှင်းသည်။ ဤသည်မှာ ရိုးရှင်းသည့် လက်သီးတစ်ချက်သာဆိုသော်လည်း ထိုရွှေရောင်လက်ဝါးကပ်တိုင်နတ်တာအိုကို အပိုင်းပိုင်းအစစဖြစ်အောင် လုပ်ပစ်လိုက်နိုင်သည်။

ဤတိုက်ပွဲမှာ ရှီဟောင်ကို အတော်လေး ထိတ်လန့်သွားစေသည်။ ပိုင်ဖုန်းလင်သည် အလွန်စွမ်းအားကြီးသည့်အပြင် သာမန်စွမ်းအားကြီးမှုမျိုးမဟုတ်။ သူမသည် ရှီဟောင်၏လက်သီးချက်ကြောင့် ဖြစ်လာသည့် လေပြင်းကိုပင် တားဆီးနိုင်သည်။

သို့သော် သူမ ကြာကြာတောင့်မခံနိုင်။ သူမလက်သီးသည် ဖူးခနဲ ပေါက်ကွဲသွားလေ၏။ သူမ၏ခန္ဓာကိုယ်တစ်ခြမ်းလည်း သွေးမြူအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်ပင်။

ခွပ်..

ထို့နောက် ရှီဟောင် သူ့ကို ချက်ချင်း ဖမ်းလိုက်နိုင်သည်ပင်။ သူ လှည့်လိုက်သည်နှင့် သူမ၏လှပသည့််ခေါင်း ပြုတ်ထွက်လာသည်။ သူမ ထိုကဲ့သို့ အသတ်ခံလိုက်ရလေပြီ။

“ခွေးလေးတစ်ကောင် ရှိသေးတယ်..” ရှီဟောင် ရုတ်တရက် ယွမ်ချင်းကို ကြည့်လာသည်။

“တာအိုရောင်းရင်းလေး .. ဒေါသမကြီးပါနဲ့ .. ငါတို့ စကားပြောလို့ ရပါသေးတယ် .. ငါမင်းကို လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြမယ်..” ယွမ်ချင်း အော်ဟစ်လိုက်သည်။

ဖူး..

ထို့နောက် သူချက်ချင်းပင် စူးရှစွာ အော်ဟစ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ဓားတစ်လက် ပြုလုပ်ကာ သူ၏ပုခုံးမှနေ၍ လက်တစ်ဖက် ဖြတ်ချလိုက်သည်ပင်။

“ဘယ်သူက ခင်ဗျားရဲ့ တာအိုရောင်းရင်းလဲ .. ဒီနေ့တော့ ရန်ငြိုးအသစ်တွေနဲ့ အဟောင်းတွေအားလုံးကို ရှင်းပစ်မယ်..”

အပိုင်း ၁၉၀၂ ပြီး၏။
Chapter – 1903 ကံကြမ္မာကို ပြန်လည်ဖြေရှင်းခြင်း

ရှီဟောင် ယွမ်ချင်း၏ ညာလက်ကို ဖြတ်ပစ်လိုက်သလို သူ့အား ရွံရှာသလိုလည်း ကြည့်လိုက်သည်။ ဤလူသည် စွမ်းအားကြီးသည့်သူဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုမျှမဟုတ်။

ဤလူသည် ယခင်က မည်မျှပင် ကြမ်းတမ်းခဲ့သနည်း.. သူသည် ရှီဟောင်ကို တွေ့သည်နှင့် လက်ထုတ်ကာ ရှီဟောင်ကို ဖိနှိပ်ရန် ကြိုးစားခဲ့သည်။ အဆင့်လွန်သက်ရှိတစ်ဦးကဲ့သို့ ပြုလုပ်ခဲ့သည်။

ယခု ရှီဟောင်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ချက်ချင်းပင် ငုံ့လျှိုးသွားလေ၏။ သူသည် နည်းနည်းလေးမှပင် တောင့်မခံပဲ အလျော့ပေးလိုက်လေ၏။

ဤကဲ့သို့သော လူမျိုးက ယခင်က နယ်မြေတစ်ခုကို လွှမ်းမိုးချင်နေခဲ့သည့်သူတဲ့လား .. ကြည့်ရသည်မှာ သူသည် သူ့ထက်ကျင့်ကြံဆင့်နိမ့်သည့်သူများကိုသာ အနိုင်ကျင့်ရဲသည်ထင်သည်။

သွေးများလွင့်စင်ထွက်လာသော်လည်း ယွမ်ချင်းသည် ဘာမှမလုပ်သလို ရှီဟောင်ကို ဆူပူခြင်းလည်းမရှိပဲ တောင့်ခံနေခဲ့သည်။ သူတို့ စကားပြော၍ရကြောင်း ရှီဟောင်ကို နောက်တစ်ခေါက် ပြန်ပြောလိုက်သည်။

“ခင်ဗျားလိုလူမျိုးတောင်မှ အသက်ချမ်းသာပေးဖို့ တောင်းဆိုရဲတယ်လား .. အရင်တုန်းက ကျုပ်ကို မူလရှေးဟောင်းမိုင်းတွင်းကို ပို့လိုက်တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလား..” ရှီဟောင် သူ့အား ထူးမခြားနားစွာပင် ကြည့်လိုက်၏။

ယွမ်ချင်းမျက်နှာ အနည်းငယ် စိမ်းသွားသည်။ ခဏကြာပြီးနောက် သူ ပြန်လည်တည်ငြိမ်သွားကာ သူ့ကိုယ်သူ အတင်းထိန်းချုပ်လိုက်သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုး ပေါ်လာလိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ပေ။

ထိုအချိန်တုန်းက ဤလူငယ်လေးသည် လက်တစ်ဖက်တည်းဖြင့် ဖိချေပစ်နိုင်သည့် ကျင့်ကြံသူငယ်လေးသာ။ သူ ဤမျှ မြန်မြန်ဆန်ဆန် သူ့အား ခြိမ်းခြောက်လာနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ယွမ်ချင်း နောင်တရနေမိသည်။ သူ ရှီဟောင်ကို ရန်စမိခဲ့သောကြောင့် နောင်တရခြင်းမဟုတ်ပဲ အခြားသူများ၏ သတိပေးချက်ကို နားထောင်ကာ ရှီဟောင်အား မသတ်ခဲ့မိသောကြောင့် နောင်တရနေခြင်းပင်။ ထိုစဉ်က ဖြစ်လာမည့်အကျိုးဆက်များကို စဉ်းစားမနေခဲ့ပဲ ရှီဟောင်ကို သတ်ခဲ့လိုက်သင့်သည်။ ရှီဟောင်သည် ဤမျှအချိန်တိုလေးအတွင်း ဤအဆင့်ထိရောက်လာနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

“အခုထိ လက်မခံနိုင်ဖြစ်နေတုန်းလား .. ခင်ဗျားရဲ့မျက်လုံးထဲမှာ မကျေနပ်မှုတွေ ဒေါသတရားတွေ တွေ့နေရတယ် .. အဲဒီတုန်းက ကျုပ်ကို မသတ်ခဲ့လိုက်လို့ နောင်တရနေတာလား..” ရှီဟောင် ပြောလိုက်သည်။

ယွမ်ချင်း ထိတ်လန့်သွားရ၏။ သူက ဒါကိုတောင် မြင်နိုင်တာလား .. သူ့ရဲ့နတ်အာရုံတွေက အရမ်းကို စူးရှလွန်းသွားပြီမလား .. ဤသည်မှာ သူ့ကို ကြောက်ရွံ့သွားစေသည်ပင်။

“ကျုပ်က ခင်ဗျားကို နည်းနည်းခြောက်ဖို့အတွက် ခန့်မှန်းရုံပဲ ခန့်မှန်းလိုက်တာ .. ခင်ဗျားက တကယ် ဒီလိုမျိုး ‘နောင်တ’ ရနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” ရှီဟောင်၏အသံ အေးစက်လာသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. လူငယ်လေး .. မင်းအတွေးလွန်နေပါပြီ .. ငါ့မှာ အဲဒီလိုစိတ်မျိုးမရှိပါဘူး” ယွမ်ချင်း ရှင်းပြလိုက်သည်။

ရွှပ်..

အသံတစ်သံ ထွက်ပေါ်လာကာ ယွမ်ချင်း၏ ဘယ်လက် ပြုတ်ထွက်သွားသည်။

သူ နာကျင်စွာ ညည်းတွားလိုက်ကာ နောက်ယိုင်သွားရသည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေကာ မြေပြင်ပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။

ရှီဟောင် ဓားတံဆိပ်တစ်ခု ပြုလုပ်ကာ သူ့လက်မောင်းကို ခုတ်ချပစ်လိုက်ခြင်းပင်။

ယွမ်ချင်း မတိုက်ခိုက်ချင်သည်မဟုတ်။ သူ အခွင့်အရေးမရှိသည်ကို သိနေနသောကြောင့်ပင်။ သူတိုက်လိုက်သည်နှင့် သေသွားလိမ့်မည်။

“တာအိုရောင်းရင်း ငါမှားပါပြီ .. မင်းငါ့ကို အခွင့်အရေးတစ်ခုလောက် ပေးလို့ရမလား .. ငါ မင်းကို တစ်ချို့ကိစ္စလေးတွေ ရှင်းပြမယ်” ယွမ်ချင်း ပြောလိုက်သည်။

“ခင်ဗျားက လက်တိုလက်တောင်းခွေးသာသာပဲ .. ခင်ဗျားက ဘာမျိုး သိနိုင်မှာမို့လို့လဲ .. အဆင့်လွန်သက်ရှိလူတွေအကြောင်း ခင်ဗျားသိလား .. ခင်ဗျားမှာ သူတို့လျှို့ဝှက်ချက်တွေရှိလား .. ဒါမှမဟုတ် ခင်ဗျား ထာဝရတာအိုလျှို့ဝှက်ချက်တွေ သိလား..” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

ယွမ်ချင်း၏အမူအရာ အကျည်းတန်လာသည်။ သူ တကယ်ကို အသက်ဆက်ရှင်ချင်သည်။ သူ နောက်ဘဝတွင် လေကလန်မှ လူများနှင့်မတွေ့ချင်။

ဤကဲ့သို့သော အထင်သေးရှုတ်ချမှုနှင့် ရင်ဆိုင်ရပါက အလျော့မပေးသည့်သူများသာဆိုလျှင် ချက်ချင်း ပုန်ကန်နေလောက်ပြီဖြစ်သည်။ သို့သော် ယွမ်ချင်းကတော့ ခေါင်းငုံ့ကာ ရှီဟောင်အား အရှုံးပေးနေသည်ပင်။

သူ အရှက်ခွဲခံရန်သာ ရွေးချယ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ့အသက်ကို သူ ထိန်းသိမ်းထားချင်သည်။ အခွင့်အရေးသိပ်မရှိသည်ကို သူသိသော်လည်း သူ ကြိုးစားကြည့်ချင်သေးသည်။

“လူငယ်လေး မင်းအခု အန္တရာယ်များနေတယ်ဆိုတာ မင်းသိလား..” သူ ရှီဟောင်၏အာရုံစိုက်မှုရရန် ပြောလိုက်သည်။

ရှီဟောင်သည် ဘာမှမပြောပဲ သူ့အား အေးစက်စွာသာ ကြည့်လိုက်သည်။

သူ စကားပြောမှားသွားပြီဟု ယွမ်ချင်း ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ ဖိနှိပ်ထားရသည့်ဒေါသများကို ဖောက်ခွဲပစ်လိုက်ချင်မိသည်။

သို့သော်လည်း သူ သည်းခံလိုက်၏။ “ဒီ စီရင်စုသုံးထောင်မှာ ထာဝရနန်းတော်က ထာဝရသက်ရှိတစ်ယောက်တည်း ရှိတာမဟုတ်ဘူး .. အနည်းဆုံး တစ်ယောက်၊ နှစ်ယောက်လောက်ရှိတယ် .. သူတို့တွေ မင်းကို ပစ်မှတ်ထားတာနဲ့ အကျိုးဆက်တွေက အရမ်းကို ဆိုးရွားသွားလိမ့်မယ်”

“ခင်ဗျား သူတို့အကြောင်းသိလား..” နောက်ဆုံးတော့ ရှီဟောင် ပြောလာလေပြီ။

အဘယ်ကြောင့်ဆိုသော် စီရင်စုသုံးထောင်၌ ပျက်စီးနေသည့် ထာဝရသက်ရှိများ အနည်းဆုံး ၂ ယောက်၊ ၃ ယောက်ခန့်ရှိမည်ကို သူသိပြီးသားပင်။

“မင်းငါ့ကို လွှတ်ပေးမယ်လို့ ကျိန်ရင် ငါသိသမျှအားလုံး ပြောပြမယ်” ယွမ်ချင်း ပြောလိုက်၏။

ရှီဟောင် အလွန်အေးစက်စွာပင် ရယ်မောလိုက်သည်။ ထို့နောက် သူ့လက်ကို နောက်တစ်ကြိမ် မြှောက်လိုက်လေ၏။

“မင်း ငါ့ကို ဖိအားပေးရင် ငါမင်းကို မပြောပြဘူး .. ပြီးတော့ မင်း ငါ့ရဲ့ မူလဝိညာဉ်တံဆိပ်ကို ရှာချင်လည်း အလကားသက်သက်ဖြစ်သွားမှာပဲ..” ယွမ်ချင်း အော်ဟစ်လိုက်၏။

ထို့နောက် ရှီဟောင် တစ်ခုခုလုပ်မည်စိုးသောကြောင့် နောက်ဆုတ်သွားလေသည်။

ဖူး..

တုံ့ပြန်မှုအနေဖြင့် ရှီဟောင်၏ လက်ညှိုးမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရှီဟောင်သည် မည်သည့်တောင်းဆိုမှုကိုမှ လက်မခံပဲ ပြတ်သွားစွာပင် သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။

အား .. ယွမ်ချင်းသနားစဖွယ်‌ အော်ဟစ်လိုက်သည်။

ရှီဟောင်၏ဓားအလင်းတန်းသည် သူ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေသည်ပင်။

“ပြော .. ငါမင်းကို သက်ညှာပေးမယ်” ရှီဟောင် ပြောလိုက်၏။

ဝုန်း..

ယွမ်ချင်း ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ တစ်ဖက်လူ အပေးအယူလုပ်မည်မဟုတ်သည်ကို သူသိသည်ပင်။ သူ့တစ်ကိုယ်လုံးမှ စွမ်းအားများ ထွက်ပေါ်လာကာ သူ၏မူလဝိညာဉ်ပင် တောက်ပလာသည်။

သို့သော်လည်း သူ ရှီဟောင်၏ခွန်အားကို လျှော့တွက်မိသွားလေပြီ။ ရှီဟောင်၏ခန္ဓာကိုယ်အပြင်တွင် နတ်စက်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ထိုစက်ကွင်းမှ ရောင်စုံအလင်းများထုတ်လွှတ်ကာ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် သူ မလှုပ်ရှားနိုင်တော့သည်ကို ယွမ်ချင်း တွေ့လိုက်ရသည်။

သူ၏နည်းလမ်းများအားလုံး ကျဆုံးသွားလေပြီ။

“ခင်ဗျားက ပျက်စီးနေတဲ့ထာဝရသက်ရှိအကြောင်း သိတယ်လို့ လျှောက်ပြောရဲတယ်ပေါ့ .. သက်ရှည်မိသားစုတွေတောင် သူတို့အကြောင်း သိမှာမဟုတ်ဘူး..” ရှီဟောင် အေးစက်စွာ ပြောလိုက်၏။

“ပျက်စီးနေတဲ့ထာဝရသက်ရှိတစ်ယောက်ရဲ့လက်နက်က ရှေးဟောင်းစစ်ပုဆိန်ဆိုတာ ငါသိတယ်..” ယွမ်ချင်း ပြောလိုက်သည်။

“ပြီးတော့ရော..” ရှီဟောင် ဤအကြောင်းကို ယခင်ကတည်းက သိပြီးသားပင်။ ထို့အပြင် ထိုပုဆိန်ကိုလည်း မြင်ဖူးသည်ပင်။

သူ စီရင်စုသုံးထောင်၌ ယှဉ်ပြိုင်စဉ်က သူပြိုင်ပွဲနိုင်သွားသည့်အချိန်တွင် လူများစွာ သူ့ကို ဝန်းရံထားခဲ့ဖူးသည်။ ထိုအချိန်က မိုးမခနတ်ဘုရားပေါ်လာပြီး ဂိုဏ်းခေါင်းဆောင်များကို သတ်ဖြတ်ခဲ့သည်။

နောက်ဆုံးတွင် ကောင်းကင်ထက်မှ မှော်အမိန့်စာတစ်ခုနှင့်အတူ ပျက်စီးနေသည့် ရှေးဟောင်းပုဆိန်တစ်လက် ကျရောက်လာခဲ့သည်။ လေဟာနယ်ထဲတွင် စာလုံးများ ရေးကာ မိုးမခနတ်ဘုရားအား ညှာတာပေးရန် တောင်းဆိုခဲ့သည်ပင်။

ထိုရှေးဟောင်းပုဆိန်၏ အရှင်မှာ ပျက်စီးနေတဲ့ထာဝရသက်ရှိပင် ဖြစ်လိမ့်မည်။

ဤအကြောင်းတွေးမိသွားသည်နှင့် ရှီဟောင် မိုးမခနတ်ဘုရားကို သတိရသွားသည်။ သူ မည်သည့်နေရာ၌ ရောက်နေသနည်း.. သူတို့ ပြန်ရော ပြန်တွေ့နိုင်ပါ့မလား..

မိုးမခနတ်ဘုရား လျှောက်သည့်လမ်းမှာ အလွန်ခက်ခဲလှသည်။ သူသည် ထာဝရရှေးဟောင်းခေတ် ဂါးဒီးယန်းဝိညာဉ်ဖြစ်ခဲ့သော်လည်း မိုးမခသစ်ပင်အဖြစ် နောက်တစ်ကြိမ် ပြန်လည်မွေးဖွားကာ ခက်ခဲမှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသည်။

ဤသည်မှာ ရှီဟောင် နောက်ပိုင်းသိလာသည့်အရာများပင်။

မိုးမခနတ်ဘုရားသည် ပျက်စီးခြင်းကို တွေ့ကြုံကာ အစေ့တစ်စေ့အဖြစ် ပြောင်းလဲခဲ့သည်။ သူ နောက်တစ်ကြိမ် စွမ်းအားကြီးလာခဲ့သော်လည်း နောက်တစ်ကြိမ် ပြန်လည်ပျက်စီးသွားခဲ့သည်။ ဘာကြောင့်မှန်းမသိသော်လည်း သူသည် ကောင်းကင်ထက်မှ ကြောက်စရာကောင်းသည့် လျှပ်စီးများဖြင့် ပစ်ချခံခဲ့ရသည်ပင်။

မိုးမခနတ်ဘုရားသည် ယခုအချိန်တွင် ထာဝရရှေးဟောင်းခေတ်၏ ဂါးဒီးယန်းဝိညာဉ်မဟုတ်တော့။

အဘယ်ကြောင့်ဆိုသော် သူ အစမှ စတင်ရလျှင် သူ၏ကျင့်ကြံဆင့်များသာ ပျက်စီးသွားသည်မဟုတ်။ သူ၏မှတ်ဉာဏ်များလည်း ပျက်စီးသွားသည်ပင်။

သို့သော်လည်း သူ ထိပ်ဆုံးသို့ ရောက်နိုင်သည်နှင့် သူအတိတ်မှ အရာအားလုံးကို ပြန်မှတ်မိလာလိမ့်မည်။

ယခုလက်ရှိ မိုးမခနတ်ဘုရားမှာ လုံးဝပြန်လည်အသက်ဝင်လာပြီဟု သူ ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် သူ ထာဝရနယ်မြေသို့ ဝင်ရောက်စဉ်က အပြန်လမ်းတစ်လျှောက်တွင် မိုးမခနတ်ဘုရား ချန်ရစ်ထားခဲ့သည့် ခြေရာလက်ရာများကို တွေ့ခဲ့သည်ပင်။

တစ်ခဏခန့် စိတ်လွတ်သွားပြီးနောက် ရှီဟောင် အသိပြန်ဝင်လာရသည်။ “ခင်ဗျားက လက်နက်တစ်ခုထက် ပိုမသိဘူးပေါ့ . ခင်ဗျား အသက်ရှင်နေလို့ ဘာအကျိုးကျေးဇူးရှိမှာလဲ..”

သူ လက်ကိုနောက်တစ်ကြိမ်မြှောက်ကာ ဖိနှိပ်ရန် လုပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာများမှာ ချင်းယွမ်ကို မေးစရာပင်မလို။ ထာဝရချင်းက သူ့ထက် ပိုသိသည်ပင်။

“မလုပ်နဲ့ .. ငါမင်းကို လျှို့ဝှက်ချက်ကြီးတစ်ခု ပြောပြလို့ရတယ်..” ယွမ်ချင်း အော်ဟစ်လိုက်သည်။

ယွမ်ချင်း၏ အော်သံများအောက်မှာပင် ရှီဟောင် ဓားအလင်းတန်းတစ်ခု ထပ်လုပ်လိုက်ကာ သူ့ခါးမှ ဖြတ်ပစ်လိုက်သည်။ အလွန်ကြောက်နေမှသာ ယွမ်ချင်း အမှန်အတိုင်းပြောလိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။

“မူလရှေးဟောင်းမိုင်းတွင်းမှာ တစ်ခြားလောကကို သွားတဲ့လမ်း ရှိတယ်..” သူ တကယ်ကြောက်နေပြီဖြစ်သည်။

ဤစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင် ထပ်မတိုက်တော့။

တစ်ခြားလောကကို သွားတဲ့လမ်း .. ဘယ်လောကကို သွားတာလဲ..

သူ ကာကွယ်သူမျိုးဆက်ကို သတိရမိသွားသည်။ ယခင်က ကာကွယ်သူမျိုးဆက်သည် သူ၏ဘိုးဘေးများနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို သိချင်သောကြောင့် မူလရှေးဟောင်းမိုင်းတွင်းသို့ သွားခဲ့သော်လည်း သူသည် အနက်ရောင်သွေးများ ထွက်ပေါ်လာအောင်သာ လုပ်လိုက်နိုင်သည်။

မူလရှေးဟောင်းမိုင်းတွင်းက ထာဝရအုတ်ဂူနဲ့ အတူတူပဲလား .. နှစ်ပေါင်းများစွာ ကြာပြီးရင် အဲဒီနေရာကနေ ပြိုင်ဘက်ကင်းတဲ့သူတွေ ထွက်လာမှာလား..

“အသေးစိတ်ပြော..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ငါ..” ယွမ်ချင်းသည် အလွန်စိုးရိမ်နေသောကြောင့် လျှာပင် ကပ်နေလေပြီ။

“ခင်ဗျားက ဒါပဲ သိတာမလား.. ခင်ဗျားကို အသက်ရှင်လျက်ထားလို့ ဘာအသုံးဝင်မှာလဲ..” ရှီဟောင် အေးစက်စွာ ပြောပြီး လှုပ်ရှားလိုက်သည်။

“မလုပ်နဲ့..” ယွမ်ချင်း အသံကုန်အော်ဟစ်လိုက်သည်။

ကံမကောင်းစွာဖြင့် ရှီဟောင် သူ့အားအခွင့်အရေးထပ်မပေးတော့။ ဓားအလင်းတန်း ကျရောက်လာကာ သူ၏မူလဝိညာဉ်ကို ထိုးခွဲသွားသည်။ သူ၏အသွေးအသားလည်း အလင်းမိုးအဖြစ် ပြောင်းလဲသွားလေသည်။

ယွမ်ချင်း အသတ်ခံလိုက်ရလေပြီ။ ရှီဟောင်သက်ပြင်းချလိုက်၏။ ဤကံတရားကို ပြန်လည်ဖြေရှင်းပြီးသွားလေပြီ။

အပိုင်း ၁၉၀၃ ပြီး၏။
Chapter – 1904 ရှေးဟောင်းလမ်းနှင့် ပတ်သက်သည့်သတင်း

လေကလန်ကျွမ်းကျင်သူ တစ်ဦးတစ်ယောက်မှ မလွတ်မြောက်ခဲ့။ အားလုံး အသတ်ခံခဲ့ရသည်။

ဤရန်သူများကို ရှီဟောင် အနည်းငယ်မျှပင် သနားညှာတာမှုမရှိ။ တစ်ဖက်လူသည် သူ့အတွက် ရောက်လာခြင်းဖြစ်သောကြောင့် သူကဘာကို သဘောကောင်းနေရဦးမည်နည်း..

လေတိုက်ခတ်လာကာ လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရှီဟောင်သက်ပြင်းချလိုက်သည်။ သူ ဤနေရာကို လှည့်ပတ်ကြည့်ပြီးနောက် ယင်ကလန်သို့ ဦးတည်သွားလိုက်သည်။ ထို့နောက် ယန်ကလန်သို့ ပြန်သွားလိုက်လေ၏။ ဘယ်လမ်းက အိမ်ပြန်တဲ့လမ်းလဲ..

ယင်မြစ်အဆုံးမှာလား ဒါမှမဟုတ် ယန်မြစ်အဆုံးမှာလား .. ဘယ်ဟာက အစစ်လဲ..

“အမ်..” ရှီဟောင် ရုတ်တရက် တုန်လှုပ်သွားရသည်။

“အဲဒီနှစ်ခုလုံး ဖြစ်နိုင်တာပဲ..” သူ ဤကဲ့သို့ ပြောလိုက်သည်။

ယင်၏ အဆုံးစွန်မှာ ယန်ဖြစ်ပြီး ယန်၏အဆုံးစွန်မှာ ယင်ပင်။ ယင်မြစ်ရဲ့အဆုံးသတ်နဲ့ ယန်မြစ်ရဲ့အဆုံးသတ်က နေရာတစ်ခုတည်းကို စီးဆင်းသွားတာလား..

ဤသည်မှာ ဖြစ်နိုင်သည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ ထိုအခိုက်အတန့် သူ စိတ်လှုပ်ရှားသွားရသည်။ အိမ်ပြန်နိုင်မည့် မျှော်လင့်ချက် ရှိလာလေပြီ။

ဒါပေမဲ့ အဲဒါက ဘယ်နေရာမှာလဲ..

ကလန်နှစ်ခု ပြောစကားအရဆိုလျှင် ဤသည်မှာ လေဟာနယ်ထဲ၌ ဖြစ်လိမ့်မည်။

ရှီ‌ဟောင် ထိုမြစ်ကို ရှာဖွေချင်သော်လည်း မည်သည့်နေရာက စရှာရမှန်းမသိ ဖြစ်နေသည်။

ရှီဟောင် အလွန်ကူကယ်ရာမဲ့သွားရသည်။ နောက်ဆုံးတွင်တော့ သူ အောက်ဘက်သို့သာ ဆင်းသွားလိုက်တော့သည်။

ဤနေရာသည် စွန့်ပစ်နယ်မြေနှင့် နီးစပ်နေသည်ပင်။ ထာဝရရှေးဟောင်းမြေအကြွင်းအကျန်မှာ ဤစွန့်ပစ်နယ်မြေထဲ၌ ရှိနေခြင်းပင်။

ယခင်က စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များ၏ တိုက်ပွဲကို ထာဝရရှေးဟောင်းမြေ၌ ပြုလုပ်ခဲ့သည်ပင်။

သူသည် ပျက်စီးနေသည့်နတ်သားတော်၊ အနက်ရောင်နတ်သားတော်နှင့် နေရာမျိုးစုံမှ ဂျီးနီးယပ်စ်များကို တိုက်ခိုက်ခဲ့သည်။

ထို့အပြင် သူသည် ထာဝရရှေးဟောင်းခေတ်မှ လူအချို့နှင့်လည်း ဆက်ဆံရေးကောင်းများ တည်ဆောက်ခဲ့သေးသည်ပင်။ သူတို့၏ကျိန်စာများကို ဖယ်ရှားပစ်ပေးခဲ့သည်။ သူ ထိုနယ်မြေမှ ထွက်မလာခင် ဂိုဏ်းခေါင်းဆောင်များ၏ တားဆီးခြင်းခံခဲ့ရသည့်အချိန်တွင် ဤလူများ သူ့အား ကာကွယ်ပေးခဲ့သည်။

ယခင်က ရှီဟောင် ထိုစွန့်ပစ်နယ်မြေထဲသို့ ဝင်ချင်လျှင် သေချာပေါက် အန္တရာယ်များလိမ့်မည်။ သို့သော် ယခုတော့ သူ ထိုနေရာသို့ သွားနိုင်ပြီဖြစ်သည်။

သူ ထိုအနေရာနှင့် အတော်လေးဝေးနေကတည်းက ထူးဆန်းသည့်အော်ရာတစ်မျိုး ရနေသည်။ ဤအော်ရာမှာ အချိန်မြစ်ကို ဖြတ်ကျော်ကာ ရောက်လာသကဲ့သို့ပင်။

ရှီဟောင် ထာဝရရှေးဟောင်းခေတ်မြေ၏ အနက်ပိုင်းထဲသို့ ဝင်လိုက်သည်နှင့် ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်သွားကာ ကလန်အချို့ သူ့ကို လာကြိုကြလေ၏။

“ဟား ဟား ..” လက်ရှစ်ဘက်ဝိညာဉ်လူမျိုးစုကလန် အကြီးအကဲရောက်လာသည်။

ထို့နောက် အလှလေးကလန်၊ ကျောက်နတ်ဆိုးကလန်နှင့် အခြားကလန်များမှ ရာထူးကြီးသည့်သူများလည်း ရောက်လာကြသည်။ သူတို့သည် ရှီဟောင်ကို မြင်သည်နှင့် စိတ်လှုပ်ရှားလာကြကာ မျက်လုံးများ တောက်ပလာကြလေ၏။

“လူငယ်လေး .. နောက်ဆုံးတော့ မင်းရောက်လာပြီပဲ .. ကြည့်ရတာ ငါ့တို့ဆုတောင်းတွေက မင်းကို ပြန်ခေါ်လာခဲ့တာထင်တယ်..” ထိုလူများ ပြောလိုက်ကြသည်။

သူတို့သည် ရှီဟောင်ကို ဝန်းရံကာ ရယ်မောနေကြလေသည်။ သူတို့၏မျက်လုံးများမှာ အလှလေးများကို တွေ့လိုက်ရသည်ထက်ပင် ပို၍ တောက်ပနေသောကြောင့် ရှီဟောင် အလွန်ပင် မသက်မသာဖြစ်လာရသည်။

သူတို့ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေရသည်ကို သူသိသည်ပင်။ ဤသည်မှာ သူတို့တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကောင်းသည့်အချက်တစ်ခုတည်းကြောင့်မဟုတ်။ သူ ရောက်လာသောကြောင့် သူတို့ကျိန်စာများ ချေဖျက်နိုင်မည်ဟူသည့်အချက်က ပိုသာသည်ပင်။

ထာဝရရှေးဟောင်းခေတ်မြေမှ လူများအားလုံး ထူးဆန်းသည့်ကျိန်စာများခံစားနေရသည်ပင်။ မည်သူမှ အသက်ရှည်ရှည်နေကြရ။ ထိုကျိန်စာကို လျှပ်စီးအတိဒုက္ခရည်ဖြင့်သာ ချေဖျက်နိုင်သည်ပင်။

သာမန် ကောင်းကင်အတိဒုက္ခမှ လျှပ်စီးအတိဒုက္ခရည်ဖြင့်မရ။ စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခမှသာရသည့် လျှပ်စီးအတိဒုက္ခရည်ဖြင့်သာ ရသည်ပင်။

စီရင်စုသုံးထောင်တွင် ထိုကဲ့သို့သော အတိဒုက္ခမျိုးကို ဖြတ်သန်းနိုင်သည့်သူ ဘယ်နှယောက်များ ရှိသနည်း..

“စိတ်မပူပါနဲ့ .. အခု ကျွန်တော့်ကျင့်ကြံဆင့်က အရင်တုန်းကနဲ့ တစ်ခြားစီဖြစ်သွားပြီ .. ကျွန်တော် အတိဒုက္ခကို ဖြတ်သန်းတာနဲ့ လျှပ်စီးအတိဒုက္ခရည်တစ်စက်ကတောင် လူအများကြီးကို ကယ်တင်လို့ရပြီ” ရှီဟောင် ဂတိပေးလိုက်သည်။

သူ ဤကဲ့သို့ ပြောလိုက်သည်နှင့် ကလန်အားလုံး အလွန်ကျေးဇူးတင်သွားကြသည်။ သူတို့သည် လကိုဝန်းရံသည့် ကြယ်များကဲ့သို့ သူ့အား ဝန်းရံသွားကြလေ၏။

“ညီလေး .. မင်းကိုကြည့်ရတာ အတွေးလွန်နေသလိုပဲ .. ပြဿနာတစ်ခုခုရှိလို့လား..”

တစ်စုံတစ်ယောက်‌ မေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စားကောင်းသောက်ကောင်းမျိုးစုံဖြင့် တည်ခင်ဧည့်ခံသော်လည်း ရှီဟောင် အမြဲတမ်း စိတ်လွင့်နေသည်။ ဤသည်မှာ သူတို့ကို အတော်လေး အံ့အားသင့်သွားစေသည်ပင်။

ဤလူငယ်လေးသည် အစားအစာကောင်းများကို နှစ်သက်ပြီး သူ စားစရာမရှိလျှင် ရန်သူများကို ကင်စားသည်ကို သူတို့သိကြသည်ပင်။်

ယခု သူတို့ အရသာရှိသည့် အစားအစာများ တစ်စားပွဲလုံးအပြည့် တည်ခင်းထားသော်လည်း သူ စိတ်ပျံ့လွင့်နေသည်။

“ကျွန်တော် အိမ်ပြန်နိုင်မယ့်လမ်းကို ရှာနေတာ..” ရှီဟောင် ဘာကိုမှ ဖုံးကွယ်ထားခြင်းမရှိပဲ ကိစ္စများကို အမှန်အတိုင်းသာ ပြောပြလိုက်သည်။ ဤလူများမှာ ထာဝရရှေးဟောင်းကလန်များဖြစ်သောကြောင့် သူတို့သိထားသည့် လျှို့ဝှက်ချက်များ ရှိမည်ပင်။

သူ မျှော်လင့်ချက်တစ်ချို့ ရှိနေသော်လည်း ဤလူများ တကယ်သိလိမ့်မည်ဟု သူ မထင်ထားခဲ့။ သူတို့ သူ့အား ပျော်စရာကောင်းသည့်သတင်းများ ပေးခဲ့သည်ပင်။

“ယင်မြစ်နဲ့ယန်မြစ်အဆုံးသတ် .. ဒါက ဒဏ္ဍာရီလာ လေဟာနယ်ကြက်ခြေခတ်မြစ် မဟုတ်ဘူးလား..” တစ်စုံတစ်ယောက် သံသယဖြင့် ပြောလိုက်သည်။

“ဟုတ်တယ် .. အဲဒီနေရာပဲ..” အခြားအကြီးအကဲတစ်ဦး ခေါင်းညိမ့်လိုက်သည်။

“ခင်ဗျားတို့အားလုံး အဲဒီနေရာကို သိတယ်လား..” ရှီဟောင် ထိတ်လန့်သွားရ၏။

“ဘိုးဘေးတွေရဲ့ အတွေ့အကြုံစာတွေမှာ အဲဒီလိုနေရာတစ်ခုကို မှတ်တမ်းတင်ထားတာရှိတယ်” လက်ရှစ်ဘက်ဝိညာဉ်လူမျိုးစု အကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ အစောပိုင်း၌ သူ မည်သည့်နေရာ၌ ရှာဖွေရမလဲဟု စိုးရိမ်နေခဲ့သေးသည်။ သို့သော် ယခုတော့ ကြီးမားလှသည့် တိုးတက်မှုကြီး ရလာလေပြီ။

ဤလူများ ထိုနေရာသို့ တစ်ခါမှ မသွားဖူးကြသလို သွား၍လည်းမရ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထာဝရရှေးဟောင်းမြေ၌ နေထိုင်ကာ အပြင်လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသည်ပင်။

ခဏကြာပြီးနောက် လူအချို့ ရှေးဟောင်းစာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ သူတို့သည် ထိုထဲမှ စာလုံးတစ်လုံး၊ စာကြောင်းတစ်ကြောင်းတိုင်းကို ရှီဟောင်အား ဘာသာပြန်ပြလေ၏။

“ယင်နဲ့ယန်ဖြတ်သွားတဲ့နေရာ”

“လေဟာနယ်ထဲက မြစ်နှစ်စင်း”

“ယင်နဲ့ယန် ထိတွေ့တဲ့နေရာ..”

ဤလောကတွင် ယင်နှင့်ယန် ရှိသည်။ ဤနှစ်ခုသည် အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း တစ်ခုမှတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သည်ပင်။ ထိုနေရာမှာ ယင်နှင့်ယန် မွေးဖွားသည့်နေရာပင်။

နောက်ဆုံးတွင် အခြားကလန်တစ်ခုမှ ကျောက်စိမ်းစာအုပ်ပေါင်းများစွာကို တွေ့ရှိခဲ့သည်။ ထိုစာအုပ်များတွင် ပို၍ အသေးစိတ်ကျသည့် အကြောင်းအရာများ ပါဝင်သည်ပင်။ နေရာအတိအကျပင် ပါလေ၏။

“ဒါက အသက်ကန့်သတ်ခြင်းနယ်မြေမှာ ..” နောက်ဆုံးတော့ သူတို့ အတည်ပြုလိုက်နိုင်လေပြီ. သို့သော် အားလုံးမှာ အသက်ရှူသံများပင် အေးခဲသွားရသည်။

ရှီဟောင် ပင်လျှင် ထိတ်လန့်သွားခဲ့ရ၏။ ထိုကဲ့သို့သော နေရာမျိုးကို ဝင်၍မရ။

ကိုယ့်ကျင်းကိုယ်တူးသည်နှင့် အတူတူပင်။

ထာဝရရှေးဟောင်းခေတ်ကတည်းက ရှိနေခဲ့သည့် ကန့်သတ်နယ်မြေမှာ သေချာပေါက် ကြောက်စရာကောင်းမည်ပင်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သောကြောင့် ထိုနယ်မြေထဲမှ သက်ရှိများမှာ မသေမျိုးများ ဖြစ်သွားလောက်လေပြီ။

“လူငယ်လေး .. မင်း လက်လျော့လိုက်ရင် အကောင်းဆုံးပဲ .. ထာဝရရှေးဟောင်းခေတ်မှာတောင်မှ အဲဒီနေရာတွေကို ဝင်လို့မရဘူး .. သူတို့က အမြဲတမ်း ကြားနေခဲ့တာ .. သူတို့ကို ရန်စမိသွားတာနဲ့ သေချာပေါက် ဒုက္ခများလိမ့်မယ်” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

“သူတို့တွေက အရင်ကတည်းက ဒီလောက် ကြောက်ဖို့ကောင်းတာလား..” ရှီဟောင် တုန်လှုပ်သွားရသည်။

“ဟုတ်တယ် .. တစ်ချို့ ကန့်သတ်နယ်မြေတွေက သမိုင်းတစ်လျှောက်ကို တည်ရှိခဲ့တာ .. ငါတို့သိတဲ့ သမိုင်းထက်တောင် စောရင်စောဦးမယ်”

ရှီဟောင် ထိတ်လန့်သွားရသည်။

သူ အခု ဘယ်လို အိမ်ပြန်ရတော့မလဲ … သူ တိတ်ဆိတ်သွားရသည်။

“ဟမ် .. ဒီမြေပုံနယ်နမိတ်က စီရင်စုသုံးထောင်ထဲမှာ မဟုတ်ဘူးလား..” ရုတ်တရက် ရှီဟောင် ထိတ်လန့်သွားရသည်။ ဤကျောက်စိမ်းစာအုပ်ထဲမှ မှတ်တမ်းများမှာ စီရင်စုသုံးထောင်ထဲမှ မှတ်တမ်းများပင်။

သို့သော်လည်း စီရင်စု သုံးထောင်တွင် အသက်ကန့်သတ်ခြင်းနယ်မြေရှိသည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့။

သူသိထားသည့် ကန့်သတ်နယ်မြေများမှာ ကောင်းကင်ဘုံကိုးခု၌သာ ရှိသည်။

“ဒီမြေမှာ ကန့်သတ်နယ်မြေရှိတာလား..” ထာဝရရှေးဟောင်းမြေမှ နယ်ခံများပင် အလွန်ထိတ်လန့်သွားရသည်။

“ကြက်ခြေခတ်ယင်ယန်မြေက ဒီလောကမှာ မဟုတ်တော့ဘူးလား..” သူတို့လည်း ယုံကြည်ပုံမပေါ်။

“ကျွန်တော် တစ်ခါမှ မကြားဖူးဘူး .. အနည်းဆုံးတော့ ဒီနယ်မြေမှာ စာအုပ်တွေထဲ မှတ်တမ်းတင်ထားတဲ့ အန္တရာယ်များတဲ့မြေတွေ တစ်ခုမှ မရှိဘူး” ရှီဟောင်လည်း သိပ်မသေချာ။

ဤနေရာ၌ ရှိနေသည့် လူအားလုံး ရှုပ်ထွေးသွားကြကာ သူတို့အချင်းချင်း ဆွေးနွေးလိုက်ကြ၏။

ရှီဟောင် ဤသည်ကို အခွင့်ကောင်းယူကာ အသေးစိတ်နားလည်အောင် လုပ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူ နေရာအတိအကျ သိလိုက်ရလေပြီ။

သူ ဤနေရာ၌ ခဏနေကာ လျှပ်စီးအတိဒုက္ခရည်အနည်းငယ် ပြုလုပ်ပေးလိုက်သည်။

ရှီဟောင်သည် သူသိမ်းထားသည့် အတိဒုက္ခရည်များအပြင် ဤနေရာ၌ အတိဒုက္ခတစ်ခုကို ဖြတ်ကျော်ခဲ့သေးသည်ပင်။

ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ ကောင်းကင်အတိဒုက္ခမှာ သေချာပေါက် အလွန်ကြောက်စရာကောင်းသည်ပင်။ ရှီဟောင် တစ်ကိုယ်လုံး သွေးများ စိုရွှဲနေခဲ့ကာ အသက်ရှင်ရုံလေးသာ လွတ်ခဲ့သည်ပင်။ ဤအတိဒုက္ခမှ ရသည့် လျှပ်စီးအတိဒုက္ခရည်သည် သေချာပေါက် ကြောက်စရာကောင်းလောက်အောင် အဖိုးတန်သည်ပင်။

တစ်စက်တည်းဖြင့် မရေမတွက်နိုင်သည့်လူများ၏ ကျိန်စာများကို ဖြေပေးနိုင်ခဲ့သည်။

သူ ဤလူများအတွက် ၉၀ ရာခိုင်နှုန်း ချန်ရစ်ထားခဲ့ကာ သူ့အတွက် ၁၀ ရာခိုင်နှုန်းသာ သုံးလိုက်သည်။ ထိုအရည်ကို သောက်လိုက်သည်နှင့် သူ အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားသည်။

နောက်ဆုံးတွင် ရှီဟောင် ထိုလူများကို နှုတ်ဆက်ကာ ထိုကန့်သတ်နယ်မြေ၏ အပြင်ဘက်သို့ ဦးတည်သွားလိုက်သည်။ အဲဒီကန့်သတ်နယ်မြေမှာ လမ်းရှိသေးရဲ့လား..

ထို့အပြင် ကြက်ခြေခတ်ယင်ယန်မြေ၌ ဘာဖြစ်ခဲ့သည်ကို သူသိချင်သည်။ အဲဒါက ကန့်သတ်နယ်မြေ ဖြစ်နေတုန်းလား .. စီရင်သုံးထောင်မှ ဘာလို့ အဲဒီနေရာအကြောင်းကို မှတ်တမ်းတင်ထားတာ မရှိတာလဲ .. ဘာလို့ ဘယ်သူမှ ဘာမှမပြောခဲ့ကြတာလဲ..

ရှီဟောင် ခြင်္သေ့ပေါ်၌ စီနင်းကာ ယဇ်ပုလ္လင်ကို အသုံးပြုပြီး လီပေါင်း သန်းပေါင်းများစွာကို ဖြတ်ကျော်ခဲ့သည်။ ထို့နောက် သူ စီရင်စုတစ်ခုသို့ ရောက်ရှိသွားကာ ကြက်ခြေခတ်ယင်ယန်မြေသို့ ဦးတည်သွားလိုက်သည်။

ခဏကြာပြီးနောက် ဤသည်မှာ သူသွားချင်သည့် ပန်းတိုင်ဖြစ်ကြောင်း သူ အတည်ပြုလိုက်နိုင်လေပြီ။

အပိုင်း ၁၉၀၄ ပြီး၏။
Chapter – 1905 ကြက်ခြေခတ် ယင် ယန် မြေ

ဤနေရာမှာ အလွန်ခေါင်းတီးလှသည်။ နေရာတိုင်း၌ အမှိုက်သရိုက်များ၊ ပျက်စီးနေသည့်တောင်များဖြင့်သာ ပြည့်နှက်နေသည်ꩻ

ဤနေရာတွင် ဝိညာဉ်စွမ်းအားများ စီးဆင်းနေခြင်းလည်းမရှိ။ လီပေါင်း ထောင်ပေါင်းများစွာ ပတ်လည်အတွင်း၌ မည်သည့်သက်ရှိမှ ရှိမနေ။

သားရဲများ၊ ငှက်များ မပြောနှင့် ပိုးကောင်တစ်ကောင်ပင် မတွေ့ရသည်အထိပင်။

ဤနေရာမှာ သူ၏ပန်းတိုင်ဖြစ်မည်မှန်း ရှီဟောင်သိသည်။ သူ ယင်နှင့်ယန်ေအာ်ရာများကို အာရုံခံ၍ရသည်ပင်။

“ဒါလား..” ရွှေရောင်ခြင်္သေ့၏ မျက်လုံးများ ပြူးကျယ်လာရသည်။

သူသည် ရှီဟောင်ကို ကျောထက်၌ သယ်ကာ အရှေ့ဘက်သို့ ဆက်သွားလိုက်၏။ ဤလူသူကင်းမဲ့သည့်နေရာတွင် ရှည်လျားလှသည့် မြက်ပင်များသာ ရှိနေသည်။

“တစ်ခုခု ထူးဆန်းနေတယ် .. ငါ မသက်မသာ ခံစားနေရတယ်” ရွှေရောင်ခြင်္သေ့သည် အစပိုင်းတွင် ဘာကိုမှ မခံစားရ။ သို့သော်လည်း သူ ဆက်သွားလိုက်သည်နှင့် သူ၏ရွှေရောင်အမွေးများ ထောင်ထလာသည်။

ဤနေရာသည် အလွန်ထူးဆန်းလှပြီး သူ့အား မသက်မသာ ခံစားနေရစေသည်။

ရှီဟောင်လည်း အလေးအနက်ဖြစ်လာ၏။ ဒီနေရာမှာ အသက်ကန့်သတ်ခြင်းမြေ ရှိနေတာများလား..

ဤနေရာ၌ နတ်သစ်ပင်များ၊ ဝိညာဉ်ဆေးပင်များ တစ်ပင်မှ ရှိမနေပေ။ ချုံပင်များ၊ နွယ်ပင်များသာ ရှိသည်။

သူတို့ လီပေါင်း ထောင်ပေါင်းများစွာ သွားပြီးသည့်နောက်တွင် သူတို့ မည်းတူးနေသည့် အနက်ရောင်တောင်တစ်လုံးကို မြင်လိုက်ရသည်။ ဤနေရာသည် အခြားနေရာများနှင့်မတူ။ တောင်ကြီးသည် လောင်ကျွမ်းခံရပြီးနောက် ချက်ချင်း အအေးခံထားရသည့်ပုံ ဖြစ်နေသည်။

မြေပြင်ထက်တွင် ပြာမှုန့်များ ရှိနေသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သော်လည်း ဤနေရာမှာ ပြောင်းလဲမှု မရှိသေး။

“ယန်စွမ်းအင်တွေ…”

ဤနေရာတွင် များပြားလှသည့် ယန်စွမ်းအင်များရှိနေသည်ကို ရှီဟောင် အာရုံခံမိသွားသည်။

အရှေ့ဘက်သို့ ဆက်လျှောက်သွားသည့်အချိန်တွင် မတူညီသည့် ခံစားချက်တစ်မျိုးကို ထပ်မံခံစားလိုက်ရသည်။ အရိုးထိအောင် အေးစက်နေသည့် အေးစက်မှုကြီး ရှိနေသည်ပင်။

အရှေ့ဘက်တွင် ကြီးမားလှသည့် ကန်ကြီးတစ်ကန် ရှိနေသည်။ သို့သော် ထိုကန်သည် ခြောက်သွေ့နေပြီး ယင်စွမ်းအင်များသာ မြူခိုးပုံစံဖြင့် ဝေ့ဝဲနေသည်။ ထိုအနက်ရောင်မြူများမှာ အနည်းငယ် ကြောက်စရာကောင်းနေသည်။

ဤသည်မှာ ယင်စွမ်းအင်များပင်။ မှားစရာမရှိ။

ရွှေရောင်ခြင်္သေ့သည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် နတ်အလင်းများ ထုတ်လွှတ်လိုက်သည်။ မမျှော်လင့်ထားသည့် တစ်ခုခု ဖြစ်သွားမည်ကို သူစိုးသည်။

ခဏကြာပြီးနောက် များပြားလှသည့် တောင်အပျက်အစီးများ ပျောက်ကွယ်သွားကာ သူတို့ အလွန်ကျယ်ပြန့်လှသည့် နေရာသို့ ရောက်လာသည်။

ဤနေရာတွင် တောင်များမရှိသလို သစ်ပင်များလည်မရှိ။ မျက်စိတစ်ဆုံးမြင်နေရသည့် လွင်ပြင်ကြီးသာ ရှိသည်။

ဤနေရာသည် အခြားနေရာများနှင့် ကွဲပြားနေသည်။ မြေပြင်ထက်၌ အလွန်ထူထဲလှသည့် ပြာတစ်ပြင်ရှိနေသည်။ ပြာသည် ပေပေါင်းများစွာ နက်နေပြီး ဤပြာအောက်၌ ဘာရှိနေသည်ကို ဘုရားသာ သိလိမ့်မည်။

ဤပြာအောက်တွင် လျှို့ဝှက်ချက်များစွာ မြှုပ်နှံထားသည်ဟု ခံစားရစေသည်ပင်။

ဒုန်း..

ရွှေရောင်ခြင်္သေ့သည် မမျှော်လင့်ပဲ ပြာထဲမှ တစ်ခုခုကို ကန်မိသွားသည်။ ဤသည်မှာ ရွှေရောင်အရိုးတစ်ခုဖြစ်ကြောင်း သူတွေ့လိုက်ရသည်။

“နတ်ဘုရားအရိုး..” ရွှေရောင်ခြင်္သေ့ တုန်လှုပ်ကာ အေးခဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤအရိုးပိုင်ရှင်သည် သူ အသက်ရှင်နေစဉ်က အလွန်စွမ်းအားကြီးမည်ဖြစ်ကြောင်း သူ အာရုံခံနိုင်သည်ပင်။ သူ့ထက်တော့ အားနည်းမည်မဟုတ်။

“ဒါက..” ရှီဟောင်ပင် မျက်မှောင်ကြုတ်သွားရသည်။ သူ ရွှေရောင်ခြင်္သေ့ကိုယ်ပေါ်မှ ခုန်ဆင်းပြီး ဤပြာမြေထဲသို့ လေ့လာလိုက်သည့်အချိန်တွင် ဤပြာများအောက်၌ ပျက်စီးနေသည့် အရိုးများနှင့် အခြားအရာများ ရှိနေသည်ကို သူတွေ့လိုက်ရသည်။

အရည်အသွေး အနိမ့်ဆုံးအရိုးပင်လျှင် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်၌ ရှိနေသည်။

“ဒီပြာတွေက နတ်ဘုရားတွေကို မီးရှို့ပြီး ထွက်လာတဲ့ပြာတွေလို့တော့ င့ါကို မပြောနဲ့နော်..” ရွှေရောင်ခြင်္သေ့ ချွေးစေးများပင် ပြန်လာသည်။

ဤနေရာသည် အလွန်ကျယ်ပြောလှပြီး ပြာများလည်း ပေပေါင်းများစွာ နက်ရှိုင်းနေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ဤမြူများသည် လွင့်မြောမသွားသေး။

“နတ်ဘုရားတွေကို သဂြိုလ်ပြီး ထွက်လာတဲ့ပြာတွေ..” ရွှေရောင်ခြင်္သေ့စိတ်ထဲ တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤပြာမြေကြီးမှာ သေဆုံးသွားသည့် နတ်ဘုရားများ၏ ခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည်မှာ သေချာနေလေပြီ။

“မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်က ပြအဖြစ် လောင်ကျွမ်းသွားတာ..” ရှီဟောင် ထိတ်လန့်သွားရသည်။ အရင်တုန်းက ဘာဖြစ်ခဲ့တာလဲ .. လူ ဘယ်နှယောက်တောင် သေခဲ့တာလဲ…

ရှီဟောင် ဤပြာများကို မ,ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဤသည်မှာ ရွှေရောင်သဲများကဲ့သို့ အလွန်လေးလံလှသည်ကို သူတွေ့လိုက်ရသည်။

ပျက်စီးနေသည့် မြို့ရိုးများ..

ဤပြာများအောက်တွင် တကယ်ကို ခမ်းနားလှသည့် ရှေးဟောင်းမြို့ကြီးတစ်မြို့ ရှိနေသည်ပင်။ ဤသည်မှာ ယင်ယန်ကြက်ခြေခတ်မြေ၊ ယခင်က အသက်ကန့်သတ်ခြင်းနယ်မြေဖြစ်မည်မှန်း ရှီဟောင် သေချာသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် ဤနေရာအကြောင်းကို မှတ်တမ်းတင်ထားသည့် ကျောက်တုံးအပိုင်းအစတစ်ခုကို သူတွေ့လိုက်ရသည်ပင်။ ထိုကျောက်တုံးသည် ပျက်စီးနေပြီဖြစ်သော်လည်း ထိုကျောက်တုံးပေါ်၌ ရေးထားသည့်စာများ၏ အဓိပ္ပာယ်ကို ခန့်မှန်း၍ ရသေးသည်။

“အသက်ကန့်သတ်ခြင်းနယ်မြေက ဖျက်ဆီးခံလိုက်ရတာလား .. ဘယ်သူ လုပ်တာလဲ..” ရှီဟောင် ထိုနေရာ၌ ရပ်နေကာ အနည်းငယ် ဆွံ့အနေမိသည်။

စီရင်စုသုံးထောင်မှာ အသက်ကန့်သတ်ခြင်းနယ်မြေလောက် ခွန်အားကြီးမည်မဟုတ်ဟု သူထင်နေသည်ပင်။ ယခု ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူ အလွန်ထိတ်လန့်သွားရသည်။

အရင်တုန်းက ဘယ်လိုတိုက်ပွဲများ ဖြစ်ခဲ့တာလဲ..

“ဒီနေရာကိုတူး .. ဘာပဲဖြစ်ဖြစ် ငါတို့ ဒီကန့်သတ်နယ်မြေကို ပြန်ဖော်ရမယ်..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကို အမိန့်ပေးလိုက်သည်။ ဤသည်မှာ အလကားရသည့် အလုပ်သမားပင်။

ရွှေရောင်ခြင်္သေ့ မျက်လုံးပင့်လိုက်သည်။ သူ ဒေါသထွက်သွားသော်လည်း သူဘာမှမလုပ်ရဲ။ သူသည် အမိန့်များကို နာခံရသည်ကို တစ်ဖြည်းဖြည်း နေသားကျလာပြီဖြစ်သည်။ နောက်ဆုံးတွင်တော့ အံကြိတ်ကာ ရှီဟောင် ခိုင်းသည့်အတိုင်း လုပ်လိုက်ရသည်ပင်။

ဤပြာများတွင် နတ်ဆိုးစွမ်းအားများ ရှိနေသည်ပင်။ ရွှေရောင်ခြင်္သေ့သည် မှော်ခွန်နအားကို အသုံးပြုကာ ပြာများကို ရှင်းလင်းလိုက်သည်နှင့် သဲလွန်စအချို့ ပေါ်လာသည်။

ဤနေရာ၌ နန်းတော်များ၊ အဆောက်အအုံများစွာ ရှိနေသည်။ သို့သော်လည်း ထိုအဆောက်အဦးများအားလုံး ပျက်စီးနေပြီဖြစ်သည်။

ဤအသက်ကန့်သတ်ခြင်းနယ်မြေ သမိုင်းမှ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။

ထို့အပြင် ဤနေရာ၌ ဆေးခင်းကြီးနှင့် သိုင်းပြိုင်ကွင်းလည်း ရှိနေသည်။

“နတ်ဆေးပင်အမြစ်တွေ .. နှမြောစရာကောင်းလိုက်တာ .. အမြစ်တွေအားလုံးက ပျက်စီးသွားပြီ..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။ ဆေးခင်းကြီးကို တွေ့လိုက်ရသည့်အချိန်တွင် သူ ထိတ်လန့်သွားခဲ့ရသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ နတ်ဆေးပင်များ ထောင်ပေါင်းများစွာ ရှိနေသည်ပင်။

“နတ်ဆေးပင်တွေက အရမ်းရှားတယ် .. တစ်ပင်မျိုးတုန်းသွားတာက ကြီးမားတဲ့ဆုံးရှုံးမှုကြီးပဲ .. သူတို့တွေက ဒီလောကကနေတောင် မျိုးတုန်းသွားနိုင်တယ်” ရှီဟောင်လည်းထိတ်လန့်သွားရသည်။

“ထာဝရဆေးပင်တွေရော ရှိလားမသိဘူး .. ထာဝရဆေးပင်တွေက ဘယ်တော့မှ မပျက်စီးဘူး .. မျိုးဆက်ပေါင်းများစွာ မြှုပ်ထားတာရင်တောင် အကောင်းအတိုင်း တူးထုတ်လို့ရတယ်” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

သူ မျှော်လင့်နေမိသည်ပင်။ အဘယ်ကြောင့်ဆိုသော် အလွန်စွမ်းအားကြီးသည့် အစီအရင်များပင် ထာဝရဆေးပင်ကို ထိခိုက်အောင် မလုပ်နိုင်။ ထိုအပင်များကို ကောင်းကင်ဘုံမှ စောင့်ရှောက်နေပြီး သူတို့သည် ဤလောကကြီး၌ ထာဝရတည်ရှိနိုင်သည်။

“ပြောရမယ်ဆိုရင် ကန့်သတ်နယ်မြေတွေမှာ ထာဝရဆေးပင်တစ်ပင်စီ ရှိနေတတ်တယ်..” ရွှေရောင်ခြင်္သေ့သည် စတင်သေချာရှာဖွေနေလေ၏။

ကံမကောင်းစွာဖြင့် သူ စိတ်သာ ပျက်သွားရသည်။ ဤနယ်မြေ၌ ထိုကဲ့သို့သော ဆေးပင်မျိုးမရှိ။ ပြာမှုန့်များနှင့် တိတ်ဆိတ်မှုများသာ ရှိသည်။

“ယင်မြစ်…” ရွှေရောင်ခြင်္သေ့ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူ ခြောက်ကပ်နေသည့်မြစ်တစ်စင်းကို တွေ့လိုက်ရသည်။ သူ ထိုမြစ်ကို ရှင်းလင်းလိုက်သည့်အချိန်တွင် ထိုမြစ်မှ ထွက်ပေါ်လာသည့် ယင်စွမ်းအင်များမှာ အလွန်ပြင်းထန်လှသည်ပင်။

အခြားသူများသာဆိုပါက နောက်ဆုတ်သွားမည်ဖြစ်သော်လည်း ရွှေရောင်ခြင်္သေ့ကတော့ မကြောက်။

ထိုမြစ်ကို ရှင်းလင်းပြီး ခဏကြာသည်နှင့် အနက်ရောင်ရေများ ထွက်ပေါ်လာကာ ယင်မြစ်အစစ်ကို မြင်လိုက်ရသည်။

ရှီဟောင်ပင် စိတ်လှုပ်ရှားသွားရသည်။ ဤမြစ်ကြီးသည် ထိုအပျက်အစီးများအား ဖြတ်သန်းစီးဆင်းသွားသည်ကို သူတွေ့လိုက်ရသည်။ သို့သော်လည်း မြစ်ကြီးမှာ ခြောက်ကပ်လွန်းနေလေပြီ။

“ယန်မြစ်..”

ခဏကြာပြီးနောက် အခြားမြစ်တစ်စင်းကို ထပ်တွေ့လိုက်ရသည်။ ထိုမြစ်သည် ယင်မြစ်ကို ဖြတ်သွားကာ ကြက်ခြေခတ်ပုံစံဖြစ်နေသည်ပင်။

သူတို့ ဒီလိုပုံစံမျိုးနဲ့ပဲ ရှာတွေ့သွားတာလား .. ရှီဟောင် အနည်းငယ် မယုံမကြည်နိုင်ဖြစ်နေရသည်။

ဤနေရာမှာ သူတို့ပန်းတိုင်ပင်။

ယင်နှင့်ယန်ဖြစ်ဖြတ်သွားသည့်နေရာမှာ ဤရှေးဟောင်းမြေ၏ အလယ်ဗဟိုနေရာပင်။ ဒီနေရာမှာ အဆင့်နိမ့်နယ်မြေကိုသွားတဲ့ လမ်း်ရှိတာလား..

ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့ သေချာရှာနေကြသော်လည်း မည်သည့်လမ်းမှ မတွေ့ဖြစ်နေကြသည်။

“ဒီနေရာက သာမန်မဟုတ်ဘူး..” အချိန်အကြာကြီး စဉ်းစားပြီးနောက် ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ရှီဟောင်သည်သူ့အား မကျေမနပ်ကြည့်လိုက်ကာ “ဒီနေရာက အသက်ကန့်သတ်ခြင်းနယ်မြေဖြစ်ခဲ့တာလေ .. အဲဒီတော့ သာမန်နေရာ ဖြစ်နိုင်ပါဦးမလား..”

“ငါပြောချင်တာက ဒီမြစ်တွေက သူ့အလိုလို ခမ်းခြောက်သွားတာမဟုတ်ဘူး .. ပြင်ပဖိအားတစ်ခုခုကြောင့် ခြောက်သွားတာ” ရွှေရောင်ခြင်္သေ့ ရှင်းပြလိုက်သည်။

သူတို့ ဤနေရာကို ဆက်လက်လေ့လာလိုက်သော်လည်း ဘာသဲလွန်စမှ မတွေ့။

“ယင်နဲ့ယန် .. ဘယ်ဟာက အားနည်းပြီး ဘယ်ဟာက အားပြင်းလဲ.. ဒီမြစ်နှစ်ဆင်းက ဒီလိုမျိုး ဖြတ်သွားတာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

နောက်ဆုံးတွင်တော့ သူ ဆန်းစစ်မှုတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏လက်ကို လှုပ်ရှားလိုက်ကာ ယင်နှင့်ယန်စွမ်းအားများကို အသုံးပြုလိုက်၏။

ခွန်ပန်ပညာဖြစ်စေ၊ လျှပ်စီးဧကရာဇ်နတ်စွမ်းရည်ဖြစ်စေ နှစ်ခုလုံးမှာ ယင်၊ယန်များ ပါဝင်သည်ပင်။ ထို့ကြောင့် သူ ဤယင်ယန်သဘောတရားနှင့် စိမ်းသက်မနေ။ သူ ဤနေရာ၌ တံဆိပ်တစ်ခု ပြုလုပ်လိုက်သည်နှင့် ဤနေရာသည် တကယ်ကို တုံ့ပြန်လာလေသည်။

“ဟမ် .. ဒါက သဘာဝယင်ယန်မြေကြီးပဲ .. ငါ ယင်ယန်တာအိုကို သုံးလိုက်တဲ့အချိန်မှာ ဒီမြေကြီးတွေက ပြန်နိုးထလာတော့မလိုကို ဖြစ်လာတာ” ရှီဟောင် ထိတ်လန့်သွားရသည်။

ပို၍ ထိတ်လန့်စရာကောင်းသည့်အရာများ ရှိနေသေးသည်ပင်။ သူ ယင်နှင့်ယန်တာအိုကို အဆုံးစွန်ထိ အသက်သွင်းလိုက်သည့်အချိန်တွင် ဤနေရာ၌ ဆူညံသံများ ထွက်ပေါ်လာကာ ယင်မြစ်နှင့် ယန်မြစ်ကြီး ပြန်ပေါ်လာလေသည်။

မြစ်တစ်စင်းသည် မင်ကဲ့သို့ မည်းနက်နေပြီး အနက်ရောင်မြူများ ရစ်ဆိုင်းကာ ယင်စွမ်းအင်များထုတ်လွှတ်နေသည်။

အခြားမြစ်တစ်ခုသည် ရွှေရောင်တောက်ပနေကာ လူတစ်ယောက်ကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်လောက်အောင် ပူပြင်းလှသည်။

ထိုမြစ်နှစ်ခု ဖြတ်သန်းစီးဆင်းသွားသည့်နေရာတွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာလေ၏။

သို့သော် ဤသည်မှာ အစပိုင်းသာ ရှိသေးသည်။ သူ့ကို ပို၍ဆွံ့သွားစေသည့် အဖြစ်အပျက်များ ရှိနေသေးသည်ပင်။

“ဒါတွေက .. ပုံရိပ်ယောင်တွေ .. ဒါတွေက ယင်မြစ်နဲ့ ယန်မြစ်ရဲ့ ပုံရိပ်ယောင်တွေကို အသက်သွင်းလိုက်တာလား..” ရှီဟောင် ဆွံ့အသွားရသည်။

ပုံရိပ်ယောင်များမှာ မြေကြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။ ထိုပုံရိပ်ယောင်သည် ယင်နှင့်ယန်စွမ်းအားကို စုတ်ယူကာ စမ်းချောင်းတစ်ခု ဖြစ်လာသသည်ပင်။

ဝုန်း…

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားကာ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာသည်။

ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့နှစ်ယောက်လုံး ခေါင်းမော့ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ လေဟာနယ် ပွင့်ထွက်နေကာ မြစ်နှစ်စင်းပေါ်လာသည်။ ထိုမြစ်နှစ်စင်းသည် တစ်ခုကို တစ်ခု ဖြတ်သန်းစီးဆင်းနေကြသည်ပင်။

မြစ်တစ်စင်းသည် အသူရာချောက်နက်ကဲ့သို့ မှောင်မည်းနေပြီး အခြားတစ်စင်းမှာ ကောင်းကင်နေမင်းကဲ့သို့ တောက်ပနေသည်။

ထို့အပြင် ရှီဟောင် ကြီးမားလှသည့် နန်းတော်ကြီးအချို့ကိုလည်း တွေ့လိုက်ရသည်။ နန်းတော်အချို့သည် လေဟာနယ်ထဲ၌ မျောနေကြသည်။ နန်းတော်များသည် ပျက်စီးနေပြီဖြစ်သော်လည်း အလွန်ခမ်းနားလှသည်ပင်။

“ယင်နဲ့ယန်မြစ် အစစ်က လေဟာနယ်ထဲ၊ အာကာသထဲမှာရှိတာ .. အဲဒီမြစ်တွေ ပေါ်လာပြီ..” ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ တုန်လှုပ်သွားရ၏။ သူ ပြဿနာတစ်ခုကို စဉ်းစားမိသွားသည်။ အသက်ကန့်သတ်ခြင်းနယ်မြေအစစ်မှာ မြေကြီးပေါ်၌ ရှိသည်မဟုတ်လောက်။ လေဟာနယ်ထဲ၌ ဖြစ်လိမ့်မည်။

မြေပြင်ပေါ်၌ ရှိနေသည့်အရာများမှာ အပေါ်ယံသာ ဖြစ်လိမ့်မည်။

ဝုန်း..

ရှီဟောင် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။ ထိုနေရာတွင် သူ အဆင့်နိမ့်နယ်မြေသို့သွားနိုင်သည့် လမ်းတစ်ခု ရှိလိမ့်မည်ဟု သူမျှော်လင့်မိသည်။

အပိုင်း ၁၉၀၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset