Switch Mode

Chapter – 1861 & 1875

Chapter – 1861 သေခြင်းနှင့်ရှင်ခြင်း ဘေး

“သွားသေလိုက်တော့…”

အပေါ်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ အဆင့်လွန်ပစ္စည်းတစ်ခုဖြင့် တစ်စုံတစ်ယောက်‌ ရောက်လာလေပြီ။

ထိုလက်နက်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်ပင်။

ဒုန်း..

သို့သော် ရှီဟောင်သည် အကြောက်တရား ကင်းမဲ့နေဆဲပင်။ သူသည် လက်မြှောက်ကာ ထာဝရဓားကို ဆွဲထုတ်လိုက်ပြီး ထိုမှော်ပစ္စည်းကို ဘေးဘက်သို့ လွင့်ထွက်စေလိုက်သည်။

“သတ်..”

တစ်ချိန်တည်းမှာပင် ရှီဟောင်သည် ဟစ်ကြွေးလိုက်ကာ လျှပ်စီးအလင်းတန်းများနှင့်အတူ အရှေ့သို့ ပြေးထွက်သွားလိုက်သည်။

ဖူး ဖူး ဖူး..

သွေးအလင်းတန်းများ ထွက်ပေါ်လာကာ တစ်ဖက်လောကမှ ချက်ချင်းပေါက်ကွဲသွားသည့်သူအချို့ ရှိနေသည်ပင်။

အထူးသဖြင့် လေးသမားကို တွေ့လိုက်သည်နှင့် ရှီဟောင်သည် သူ၏မှော်စွမ်းအားအားလုံးကို ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်သည်။

ထိုလေးသမားသည် သူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိပဲ ရှောင်ထွက်သွားလေ၏။

ရွှီး..

သက်တံ့ကဲ့သို့သော နတ်မြှားတစ်စင်း ရောက်ရှိလာသည်။ ထိုသက်ရှိသည် သူ၏လေးကိုဆွဲကာ ရှီဟောင်ထံသို့ ပစ်လိုက်သည်။

ဖုန်း..

ရှီဟောင် လက်သီးကို ဆန့်ထုတ်လိုက်ကာ နေလုံးကဲ့သို့ လောင်ကျွမ်းနေသည့် မြှားကို ထိုးလိုက်သည်နှင့် ထိုမြှား ကောင်းကင်ထက်၌ ပေါက်ကွဲသွားသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ သာမန်ဘုရင်ကလန်မှ ကျင့်ကြံသူမဟုတ်။ သေချာပေါက် ဧကရာဇ်ကလန် သွေးမျိုးဆက်ပင်။ သူသည် သန့်စင်သည်သွေးမျိုးဆက်မဟုတ်နိုင်သော်လည်း သူသည် အလွန်ကြောက်စရာကောင်းနေဆဲပင်။

ထို့အပြင် ဤလူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ ရောက်နေလေပြီ။

ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်၊ လန်ရှင်းနှင့် ယီယီတို့ ပြင်းထန်သည့်ဒဏ်ရာများ ရရှိကာ သေဆုံးသွားကြသည်မှာ မထူးဆန်းတော့။ ဤလူမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

“သတ်.. မင်းက ဘယ်သွားချင်နေတာလဲ..”

ကောင်းကင်ထက်ရှိ အဆင့်လွန်ပစ္စည်းကိုင်ထားသည့် လူငယ်တစ်ဦးမှ အော်ဟစ်လိုက်သည်။

“သေချင်နေတာပဲ..”

ရှီဟောင် ဒေါသတကြီး ပြောလိုက်သည်။ သူ လေးသမားကို ရှင်းပစ်ရန် လုပ်နေသော်လည်း တစ်စုံတစ်ယောက်မှ သူ့အား တားဆီးလာသည်။

“အဆင့်လွန်သက်ရှိ .. အရှင့်ရဲ့နတ်ခွန်အားကို ပြသပေးပါ..” ထိုလူငယ် အဆင့်လွန်သက်ရှိမှော်ပစ္စည်းကို အသက်သွင်းလိုက်သည်။

ဝုန်း..

ထိုအချိန်တွင် ရှီဟောင် ဆံပင်မွေးများ ထောင်ထသွားရသည်။ သူသည် လျှပ်စီးများနှင့်အတူ ကောင်းကင်ထက်သို့ တက်သွားသည်။

“နောက်ဆုတ် .. လျှပ်စီးအတိဒုက္ခကြောင့်ရဲ့ အဆင့်လွန်သက်ရှိမှော်ပစ္စည်းကို မပျက်စီးစေနဲ့..”

အနောက်ဘက်မှ အဆင့်လွန်သက်ရှိတစ်ဦး သူ၏မျိုးဆက်ကိုပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် စွမ်းအားကြီးသည့် မှော်ပစ္စည်းကိုင်ထားသည့် သူ၏မျိုးဆက်သာ လျှပ်စီးအတိဒုက္ခထဲ ပါသွားပါက မကောင်းသည့်အကျိုးဆက်များ ဖြစ်လာလိမ့်မည်။ ဥပမာအားဖြင့် သူလည်း အတိဒုက္ခကို ရင်ဆိုင်ရလိမ့်မည်။

သေချာပါသည်။ ကြောက်စရာကောင်းသည့် တစ်စုံတစ်ခု ဖြစ်လာလေပြီ။

လျှပ်စီးအတိဒုက္ခနှင့် ထိမိသွားသည်နှင့် အဆင့်လွန်ပစ္စည်းတောက်ပလာကာ အဆင့်လွန်သက်ရှိလျှပ်စီးအတိဒုက္ခကို ဆင့်ခေါ်လုနီးပါးဖြစ်သွားသည်။

ရွှီး..

ရောင်စုံအလင်းတောက်ပလာကာ အဝေးမှ အဆင့်လွန်သက်ရှိတစ်ဦး ထိုမှော်ပစ္စည်းကို သိမ်းယူလိုက်သည်။

“တာအိုရောင်းရင်း မင်းလွန်သွားပြီ .. မင်းက လူငယ်မျိုးဆက်တွေရဲ့ တိုက်ပွဲမှာ ဝင်ပါမလို့လား..”

တာအိုကျားကွက်ပေါ်မှ မုန့်ထျန်းကျန်း ပြောလိုက်သည်။ သူ့ဘေးပတ်လည်တွင် ထာဝရပစ္စည်းများ တောက်ပနေသည်။

ထိုအဆင့်လွန်သက်ရှိ တုန်လှုပ်သွားကာ ထပ်မတိုက်ရဲတော့။

ထိုမျိုးဆက်သည် မျက်နှာဖြူဖျော့သွားကာ မြန်မြန်နောက်ဆုတ်သွားသည်။

သို့သော် သူသည် ရှီဟောင်ထက် မမြန်နိုင်။ ရှီဟေင် သူ့ကို ဖမ်းမိသွားလေပြီ။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူ ဖြစ်သော်လည်း ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မရပ်တန့်နိုင်။

ဖူး..

ထိုသက်ရှိ စူးရှစွာ အော်ဟစ်လိုက်ကာ သူ့တစ်ကိုယ်လုံး မည်းတူးသွားလေ၏။ ထို့နောက် သူပေါက်ကွဲသွားသည်။

ရှီဟောင် ရပ်တန့်မသွားပဲ လေးသမားထံသို့ သွားလိုက်သည်။

ဤသည်မှာ တစ်ဖက်သတ် သတ်ဖြတ်မှုကြီးပင်။ ဟွမ်သည် သူ၏ခွန်အားကို ပြသနေပြီဖြစ်သောကြောင့် တစ်ဖက်လောကမှ လူများသည် အသက်လုပြေးနေရလေပြီ။

အဘယ်ကြောင့်ဆိုသော် ပထမအချက် ကောင်းကင်အတိဒုက္ခမှာ အလွန်ကြောက်စရာကောင်းလှသည်။ ဒုတိယအချက်မှာ ဟွမ်သည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်သွားပြီဖြစ်သောကြောင့်ပင်။

ရွှီး ရွှီး ရွှီး..

နတ်မြှားများသည် သက်တံ့အလင်းများကဲ့သို့ လေဟာနယ်ကို ထိုးခွင်းကာ ရောက်လာကြသည်။

ဝုန်း..

ရှီဟောင် ထိုကိုယ်ပိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ ရှိနေသည့် ကျင့်ကြံသူကို ဖမ်းမိသွားလေပြီ။ ဤသည်မှာ ကန္တာရဖြစ်သောကြောင့် ပုန်ုးစရာနေရာ များများစားစားမရှိ။

ထိုလေးသမားသည် သက်တံ့ကဲ့သို့သော မြှားများကို ဆက်တိုက်ပစ်လွှတ်နေလေ၏။ မြှားတစ်စင်းစီတိုင်းမှာ သဘာဝဥပဒေသများဖြင့် ဖန်တီးထားခြင်းဖြစ်ကာ အလွန်စွမ်းအားကြီးလှသည်။ သာမန်လူများ ဤမြှားများကို ရပ်တန့်နိုင်မည်မဟုတ်။

အထူးသဖြင့် ပစ်လိုက်သည့်သူမှာ ဧကရာဇ်ကလန်သွေးအနည်းငယ်ပါနေသည့် ကျင့်ကြံသူဖြစ်နေသည်ပင်။ သူ့ထက် ကျင့်ကြံနှစ်နည်းသည့်သူနှင့် ကျင့်ကြံဆင့်နိမ့်သည့်သူများကို သတ်ပစ်နိုင်သည်ပင်။

ဤလေးသမားကြောင့် ဝေ့မိသားစုမှ ဖီးနှစ်မိန်းမပျိုလေးများ၊ ယီယီနှင့် အခြားသူများသေဆုံးသွားခဲ့ကြရခြင်းပင်။

ရှီဟောင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် မြှားများကို လက်ဖြင့်ကာလိုက်သည်နှင့် သူ့လက် ထုံကျဉ်သွားရသည်။

ဝုန်း…

ရှီဟောင်ထက်အရင် လျှပ်စီးများ ကြိုရောက်နေပြီဖြစ်သည်။

“သတ်..”

ပြင်းထန်စွာ တိုက်ခိုက်လိုက်သော်လည်း ဤသည်မှာ သူ့အတွက် ကပ်ဆိုးကြီး ဖြစ်နေမည်ပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ထို့နောက် ဖူးဟူသည့်အသံနှင့်အတူ ရှီဟောင်၏လက်သီးချက် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ ထိုလူ ပေါက်ကွဲသွားလေသည်။

ထိုရက်စက်သည့်လူ ရှီဟောင်၏ သတ်ခြင်းကို ခံလိုက်ရလေပြီ။

“ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် .. အကောင်းဆုံး လေးသမား ဆယ်ယောက်ထဲက တစ််ယောက် အသတ်ခံလိုက်ရပြီ..” တစ်ဖက်လောကမှ လူတစ်စု ဒေါသထွက်လာကြသည်။

သို့သော် ရှီဟောင်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ရောက်သွားပြီဖြစ်သောကြောင့် မည်သူကများ သူ့အား တားဆီးနိုင်မည်နည်း..

ရှီဟောင် ကောင်းကင်အတိဒုက္ခနှင့်အတူ ဟောင်ဖုန်းထံသို့ ထပ်မံပြေးသွားလိုက်သည်။

ဤအတောအတွင်းတွင် သူ့အတွက်လည်း လွယ်ကူသည်မဟုတ်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခပင်။ သူ့ခန္ဓာကိုယ်မှ အသွေးအသားနှင့် သွေးများ မည်းနက်သွားသည်အထိ လျှပ်စီးများဖြင့် ပစ်ခံနေရသည်ပင်။

တစ်ဖက်လောကမှ လိုက်လာသည့်သူများအားလုံး ကြောက်လန့်တကြား ထွက်ပြေးသွားကြလေသည်။

ယခုအချိန်တွင် သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဖြစ်နေလေပြီ။ သူသည် ဟောင်ဖုန်း ပြန်ဆုတ်မည့်လမ်းကို ပိတ်ပစ်လိုက်လေ၏။

“လုံလောက်ပြီ..”

ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦးပင်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ပင်။

အဆင့်လွန်တာအိုအော်ရာ ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏တာအိုကို ဖိနှိပ်ပစ်လိုက်သောကြောင့် လူငယ်မျိုးဆက်များအားလုံး တုန်လှုပ်သွားရသည်။

“ဒီစစ်ပွဲကို အဆင့်လွန်သက်ရှိတွေ ဆုံးဖြတ်မှာ .. မင်းတို့အားလုံး နောက်ဆုတ်လို့ရပြီ..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိ ပြောလိုက်သည်။

လူငယ်မျိုးဆက်ထဲတွင် မည်သူမှ ဟွမ်ကို မတားဆီးနိုင်။ ဤသည်မှာ သူ့အား စိတ်မချမ်းမသာ ဖြစ်စေသည်ပင်။

ဟောင်ဖုန်းသည် အလွန်စွမ်းအားကြီးသော်လည်း သူ ဤတိုက်ပွဲ၌ ကျဆုံးသွားမည်ကို သူတို့စိုးရိမ်သည်။ ထိုသို့သာသေဆုံးသွားလျှင် ဤမျိုးဆက်ထဲ၌ ဟွမ်ကို ယှဉ်နိုင်သည့်သူ ရှိတော့မည်မဟုတ်တော့။

“နောက်ပြန်ဆုတ်လိုက်..”

မုန့်ထျန်းကျန်းပင် ပြောလာသည်။ သူသည် ကျားကွက်၌ ယှဉ်ပြိုင်နေသော်လည်း အပြင်ဘက်စစ်မြေပြင်ကို အာရုံစိုက်နေသည်ပင်။

အင်ပါယာဂိတ်မှ လူငယ်ကျင့်ကြံသူများအားလုံး နောက်ဆုတ်သွားရ၏။ ယခုတစ်ခေါက် သူတို့ ဆော့မင်နှင့် ဧကရာဇ်ကလန်အခွဲများကို သတ်လိုက်နိုင်သော်လည်း သူတို့လည်း အတော်လေး ပေးဆပ်လိုက်ရသည်ပင်။

“အဆင့်လွန်သက်ရှိတွေ တိုက်ခိုက်နေတဲ့အချိန်မှာ မင်းတို့အားလုံးက လက်လွတ်စပယ်လုပ်ရဲတယ်ပေါ့ .. ငြိမ်ငြိမ်နေကြစမ်း..”

အခြား အဆင့်လွန်သက်ရှိတစ်ဦးလည်း ပြောလာသည်။ သူ လက်မြှောက်လိုက်ကာ ကောင်းကင်ထက်သို့ ဖိနှိပ်လိုက်သည်။ သူသည် ရှီဟောင်၏ ကောင်းကင်အတိဒုက္ခကို ဖယ်ရှားပစ်လိုခြင်းပင်။

ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။

မည်သူကများ ဤကဲ့သို့ လုပ်ရဲခဲ့သနည်း.. မည်သူကများ ဤကဲ့သို့လုပ်နိုင်ခဲ့သနည်း..

ကောင်းကင်အတိဒုက္ခကို ထိ၍မရ။ ထိလိုက်သည်နှင့် သူတို့အဆင့်နှင့် ကိုက်ညီသည့် ကောင်းကင်အပြစ်ကျရောက်လာမည်ပင်။

သို့သော် ထိတ်လန့်စရာကောင်းသည့်အရာတစ်ခု ဖြစ်ပျက်လာသည်။ ကောင်းကင်အတိဒုက္ခ၏ လျှပ်စီးအလင်းတန်းများ မှေးမှိန်လာကာ ဖိနှိပ်ခံရတော့မည်။

ဝုန်း..

သို့သော် သူ့ဖိနှိပ်မှုအဆုံးတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့်အသံကြီး ထွက်ပေါ်လာကာ သူ့လက်မောင်း မည်းနက်ကာ ပေါက်ကွဲသွားလေ၏။

သူ အန္တရာယ်ဖြစ်မည်စိုးသောကြောင့် သူ့လက်ကိုသူ ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်သည်ဟု ပြော၍ရသည်။

အဘယ်ကြောင့်ဆိုသော် လေဟာနယ်တွင် နီရဲနေသည့် အခြားလျှပ်စီးကန်တစ်ခု ထပ်ပေါ်လာသည်ပင်။

“ဟက်..”

ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိတစ်ဦး နှာခေါင်းရှုံကာ လှောင်ပြောင်သည့်အမူအရာ လုပ်ပြလိုက်သည်။

“လူငယ်လေး ဒီစစ်မြေပြင်ကနေ ထွက်သွား..” ထိုအဆင့်လွန်သက်ရှိ ရှီဟောင်အား အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

ဝုန်း..

ကောင်းကင်ထက်တွင် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ မရေမတွက်နိုင်သည့် ဥက္ကာခဲများ ကြွေကျလာလေ၏။

ထာဝရဝမ် ဆင်းသက်လာကာ သူ့လက်ထဲတွင် ခေါင်းတစ်လုံး ရှိနေလေ၏။ သူ ထိုခေါင်းကို မြေပြင်ပေါ်သို့ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

အင်ပါယာဂိတ်ဘက်မှ ကြွေးကြော်သံများ ချက်ချင်းပင် ထွက်ပေါ်လာသည်။

ထာဝရဝမ် အာကာသအပြင်ဘက်၌ တိုက်ခိုက်ကာ အနိုင်ရခဲ့လေပြီ။

“နောက်ဆုံးတိုက်ပွဲတစ်ခုပဲ ကျန်တော့တယ် .. သွေးတွေနဲ့ ပြည့်နေတဲ့ ကပ်ဆိုးကြီး ရောက်လာတော့မှာ .. မင်းတို့အားလုံး ပြင်ဆင်ပြီးပြီလား..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ပြောလိုက်သည်။

“ငါကိုယ်တိုင် တိုက်ခိုက်ပြီး မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ် .. မင်းတို့ထဲမှာ ဘယ်သူက အသက်ရှင်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့..” ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိ အရှေ့သို့ လမ်းလျှောက်လာသည်။

နောက်ဖြစ်လာသည့်မြင်ကွင်းမှာ အားလုံးကို တုန်လှုပ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိအိုကြီးတစ်ဦး စိန်ခေါ်မှုကို လက်ခံခဲ့သော်လည်း သူသည် ထိုအဆင့်လွန်သက်ရှိ၏ ပြိုင်ဘက်မဟုတ်ခဲ့။ သူသည် အာကာသအပြင်ဘက်သို့သွားကာ တားမြစ်ပညာများ အသုံးပြုခဲ့ကာ သူ၏အဆင့်လွန်မှော်ပစ္စည်းကိုပင် ပေါက်ကွဲစေခဲ့သော်လည်း သူ သေဆုံးသွားခဲ့သည်။

အာကာသအပြင်ဘက်မှ သွေးမိုးများ ရွာသွန်းလာကာ အားလုံး တိတ်ဆိတ်သွားသည်။

ဝုန်း..

ကျားကွက်ပေါ်တွင်ရှိနေသည့် မုန့်ထျန်းကျန်းကို သင်္ကေတများ ဝန်းရံနေကာ ပြိုင်ဘက်ကင်းသည့်သဘာဝဥပဒေသများ ဖန်တီးနေသည်။ သူ အားအပြည့်ဖြင့် တိုက်ခိုက်နေသည်။

ယခုအချိန်တွင် အဖြစ်ဆိုးများ ဖြစ်မလာအောင် သူမတားဆီးနိုင်။ အဘယ်ကြောင့်ဆိုသော် သူ၏ပြိုင်ပွဲမှာ အထွဋ်အထိပ်သို့ ရောက်နေလေပြီ။

ဖူး..

ကျားကွက်ပေါ်တွင်ရှိနေသည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ခန္ဓာကိုယ် ယိုင်သွားကာ ထိုင်လျက်အနေအထားမှ ပြုတ်ကျမလို ဖြစ်သွားသည်။

“ကျုပ် အင်ပါယာဂိတ်ကို နောက်ဆုံးအခွင့်အရေးပေးမယ်လို့ ပြောထားပြီးသား .. ခင်ဗျားတို့ဘက်က မုန့်ထျန်းကျန်း ကျားကွက်ပြိုင်နေတဲ့အချိန် ကောင်းကင်ဘုံကိုးခုက အဆင့်လွန်သက်ရှိတွေ ကျုပ်တို့နဲ့ တိုက်ခဲ့တယ် .. ကံမကောင်းစွာနဲ့ သုံးပွဲမှာ နှစ်ပွဲရှုံးသွားပြီ..”

အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိအိုကြီးကို သတ်ခဲ့သည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ပြောလာသည်။

“အခု အားလုံးကို အဆုံးသတ်လို့ရပြီ…” သူ အေးစက်စွာ ပြောလိုက်သည်။

“ဒါက သရေပဲ မဟုတ်ဘူးလား .. ငါ သူ့ကို ဖိနှိပ်ပြီးသွားပြီ..” ထိုအချိန်တွင် မုန့်ထျန်းကျန်း မတ်တပ်ရပ်လာသော်လည်း တစ်ဖက်လူမှာ မလှုပ်ရှားနိုင်တော့။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။

အမ် .. အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားပြီလား .. ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။

“လေးပွဲမှာ နှစ်ပွဲနိုင် နှစ်ပွဲရှုံး” မုန့်ထျန်းကျန်း ပြောလိုက်သည်။

“အဲဒီလိုလား .. အဲဒါဆိုရင်လည်း ဆက်တိုက်ကြတာပေါ့ .. ဘာမှထပ်စောင့်နေစရာမလိုတော့ဘူး .. ငါတို့ မင်းတို့အားလုံးကို သတ်ပြီးတော့ မင်းတို့ရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမယ်..” သွေးများ စွန်းပေနေသည့် ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။

သူ လျှောက်လာသည်နှင့် အခြား အဆင့်လွန်သက်ရှိများလည်း သူ့အား ဝန်းရံလာသည်။

ဤသည်မှာ တစ်ယောက်ချင်းစီတိုက်ရန်အချိန်မဟုတ်တော့။

“မင်းတို့က လူနည်းနည်းပဲရှိတာ ငါတို့တွေကို ဘယ်လိုခုခံမှာလဲ .. မင်းတို့တွေ ထာဝရပစ္စည်းသုံးမှာလား .. အားလုံးပဲ ငါတို့ ခွန်အားတွေကို ပေါင်းစည်းလိုက်ရအောင် .. ငါတို့ အင်ပါယာဂိတ်ကို ရှင်းရင် ရှင်းနိုင်လောက်တယ်..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိတစ်ဦး အေးစက်စွာ ပြောလိုက်သည်။

အခြေအနေမှာ အန္တရာယ်များနေလေပြီ။ အင်ပါယာဂိတ်ဘက်တွင် လူသိပ်မရှိ။ မုန့်ထျန်းကျန်း၊ ထာဝရဝမ်၊ ကျင်းထိုက်ကျွင်းနှင့် အခြား အဆင့်လွန်သက်ရှိအိုကြီးတစ်ဦးသာ ရှိသည်။

“ကျွန်မတို့ လူမလောက်ဘူး .. ကျွန်မတို့ တိုက်လို့မရဘူး..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။

မြို့ရိုးပေါ်မှ လူများမှာ သူတို့နှလုံး လည်ချောင်းထဲသို့ ရောက်နေသကဲ့သို့ပင် ခံစားလိုက်ရသည်။

“ငါတို့လာတာ နောက်ကျသွားတယ် .. ငါတို့ကို ခွင့်လွှတ်ပေးပါ..”

ထိုအချိန်တွင် အင်ပါယာဂိတ်ထဲမှ အသံများ ထွက်ပေါ်လာသည်။ ရောင်စုံအလင်းများ ထွက်ပေါ်လာကာ လူအချို့ ဂိတ်မြို့ရိုးကို ဖြတ်ပြီး စစ်မြေပြင်ထဲသို့ ရောက်လာသည်။

“ထာဝရကျောင်းက မကောင်းတဲ့ကောင်ကြီး ရောက်လာပါပြီ..” အကြီးအကဲ သူ့ကိုယ်သူ လှောင်ရယ်လိုက်လေ၏။

“အလေးအမြတ်ကျောင်းက လူအိုကြီးလည်း ရောက်လာပြီ .. ကြည့်ရတာ ငါလာတာ သိပ်မနောက်ကျသေးဘူးပဲ..” အခြား အကြီးအကဲလည်း ပြောလိုက်သည်။

“ဒီနေ့ ငါအသက်ကို စတေးချင်တယ် .. ငါနဲ့အတူတူ လူနှစ်ယောက်ကို ဆွဲချသွားပေးမယ်..” မည်သူမှန်းမသိသည့် အဘွားအိုကြီးတစ်ဦး ပြောလာသည်။

ဤလူများမှာ ကောင်းကင်ဘုံကိုးခုမှ အလောတကြီး ရောက်လာသည့်သူများပင်။ သူတို့အားလုံးကို အလွန်တောက်ပလှသည့် သင်္ကေတများဖြင့် ဝန်းရံထားသည်ပင်။

နောက်ဆုံးတိုက်ပွဲစတင်တော့မည်။ ကြောက်စရာအကောင်းဆုံး သွေးလွှမ်းသည့်စစ်ပွဲကြီး ဖြစ်ပေါ်လာတော့မည်။ အနိုင်နှင့်အရှုံးမှာ တစ်ခဏအတွင်း အဖြေပေါ်မည်ထင်သည််။ ဤသည်မှာ အင်ပါယာဂိတ်၏ ရှင်သန်မှုနှင့် ဆက်စပ်နေသည်ပင်။

အပိုင်း ၁၈၆၁ ပြီး၏။
Chapter – 1862 အဆုံးအဖြတ် တိုက်ပွဲ အစ

နောက်ဆုံးတွင်တော့ တိုက်ပွဲကို မရှောင်လွဲနိုင်တော့။

လက်တွင် သွေးများ စွန်းပေနေသည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိသည် ရန်လိုကာ အလွန်ရက်စက်လှသည်။ အကြီးအကဲအရှင်နှင့် တိုက်ခိုက်သည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိနှင့် ယှဉ်လျှင် သူက ပို၍ အင်အားကြီးသည်ပင်။

“သူတို့အားလုံးကို သတ် .. တစ်ယောက်မှ ချန်မထားနဲ့ .. အားလုံးရှင်းပစ်လိုက် .. အင်ပါယာဂိတ်ကြီး ဘယ်လိုတောင့်ခံမလဲဆိုတာ ကြည့်ကြသေးတာပေါ့..”

သူ၏ဆံပင်နှင့် အဝတ်အစားများတွင် အစောပိုင်းတွင် အာကာသအပြင်ဘက်၌ သေဆုံးသွားသည့် အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိ၏ သွေးများစီးကျနေဆဲပင်။

ထိုသွေးစက်များသည် လေထဲ၌ လောင်ကျွမ်းသွားကာ အခြေခံအကျဆုံးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူ၏စုတ်ယူခြင်း ခံလိုက်ရသည်။

သူသည် လက်ရှိတွင် တစ်ဖက်လောက၏ ခေါင်းဆောင်ဖြစ်ပြီး အခြားအဆင့်လွန်သက်ရှိများအား အမိန့်ပေးနေသည်။

“ငါတို့ ဒီနေ့ကို စောင့်နေတာ ကြာလှပြီ … နောက်ဆုံးတော့ ဒီဂိတ်ကို ချိုးဖျက်ရမယ့်အချိန်ရောက်ပြီ..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။ သူသည်ခေါင်းတစ်လုံး ပိုရှည်နေကာ သူ ရွေ့လျားလိုက်သည်နှင့် သူ့အနားတွင် စွမ်းအားကြီးသည့်လေများ တိုက်ခတ်လာသည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တောက်ပသည့်ရောင်စုံအလင်းများ ထွက်ပေါ်လာပြီးနောက် ထိုအလင်းများလောင်ကျွမ်းသွားကာ တောက်ပသည့်နတ်အလင်းကွင်းတစ်ခု ဖြစ်သွားသည်။ ထို အနီရင့်ရောင်အလင်းကွင်းတွင် ရွှေရောင်အနားသတ်များ ရှိနေသည်ပင်။

ထို့အပြင် ထိုအလင်းကွင်းထဲတွင် နေ၊ လနှင့် ကြယ်များ လောင်ကျွမ်းနေကာ စွမ်းအင်များထုတ်လွှတ်နေ၏။ ထို့နောက် ထိုစွမ်းအင်များအားလုံး သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထိုအရာများကြားတွင် အကြီးအကဲတစ်ဦး၏အလောင်းလည်း ရှိနေ၏။

ဤသည်မှာ အာကာသအပြင်ဘက်တွင် တိုက်ခိုက်ခဲ့သည့် အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိပင်။ သူလည်း ထိုကြယ်များကဲ့သို့ ပြောင်းလဲခံလိုက်ရလေပြီ။

“အား .. ဆရာ..”

“ဘိုးဘေးဆရာ..”

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူအချို့ ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးလိုက်ကြသည်။

ထာဝရကျောင်းမှ နံပါတ်တစ်ကျွမ်းကျင်သူ၊ အလေးအမြတ်ကျောင်းအုပ်နှင့်အတူ ထူးဆန်းသည့်အမျိုးသမီးတစ်ဦးတို့ ရောက်လာလေပြီ။ သူတို့သည် မုန့်ထျန်းကျန်းအနားတွင် အတူရပ်ကာ သူနှင့်အတူ တိုက်ခိုက်ကာ နောက်ပြန်ဆုတ်ကြမည်ပင်။

ထို့အပြင် ရောင်စုံအလင်းတောက်ပလာကာ အခြားလူနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားတစ်ယောက် ထပ်‌ရောက်လာသည်။ သူတို့နှစ်ဦးလုံးမှာ သက်ရှည်မိသားစုများမှ ပြိုင်ဘက်ကင်းသက်ရှိများပင်။

“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှ သူတို့တွေ သေသွားပြီလို့အများစုက သတ်မှတ်ထားကြတာ .. သူတို့ အခုထိ အသက်ရှင်နေလိမ့်ဦးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”

အင်ပါယာဂိတ်ရှိ အရေးပါသည့်သူတစ်ဦးမှ တီးတိုးပြောလိုက်သည်။

“မင်းတို့မှာ ဘာ နောက်ဆုံးစကားတွေရှိလဲ .. မြန်မြန်ပြောလိုက် မဟုတ်ရင် မင်းတို့ ပြောခွင့်ရှိတော့မှာမဟုတ်ဘူး..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိမှာ သူတို့ကို စိတ်ထဲပင်မထည့်။ သူသည် ဖိအားများ ထုတ်လွှတ်ကာ ဖြည်းညှင်းစွာ လျှောက်လာသည်။

ထိုအခိုက်အတန့်တွင် အင်ပါယာဂိတ်မှလူများဖြစ်စေ တစ်ဖက်လောကမှ လူများဖြစ်စေ အားလုံး သူ့အော်ရာ၏ဖိအားအောက် တုန်လှုပ်သွားကြရသည်။

“ဒီနေ့ ရောက်လာပြီပဲ .. တိုက်သာ တိုက်လိုက်စမ်းပါ..” ထာဝရကျောင်း အကြီးအကဲမှ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဟက် .. ကောင်းပြီလေ .. ခင်ဗျားတို့အားလုံး ကိုယ့်လမ်းကိုယ်သွားလို့ရပြီ .. ကျုပ် ခင်ဗျားတို့ကို နောက်ဘဝပို့ပေးမယ်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ရယ်မောလိုက်သော်လည်း သူ၏ရယ်သံမှာ အလွန်အေးစက်နေသည်ပင်။

အဆုံးအဖြတ်တိုက်ပွဲကြီး ရောက်လာပြီဆိုသည်ကို အားလုံးသိနေကြသည်ပင်။

သူတို့နိုင်လျှင် သူတို့အသက်ရှင်မည်။ သူတို့ရှုံးလျှင် သူတို့သေသွားပြီး အင်ပါယာဂိတ်နှင့် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ဆယ်ခုလည်း တစ်ဖက်လောကလက်ထဲ ကျရောက်သွားကာ သွေးချောင်းစီးသွားလိမ့်မည်။

“သတ်..”

တိုက်ပွဲကြီး စတင်လေပြီ။

ဝုန်း..

သူတို့ ကောင်းကင်ထက်သို့ တက်သွားလိုက်ကြကာ အာကာသအပြင်ဘက်၌ တိုက်ခိုက်လိုက်ကြသည်။

အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိများလည်း သူတို့၏ထာဝရပစ္စည်းများကို ချက်ချင်းအသက်သွင်းလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် နယ်မြေဆယ်ခုသင်္ကေတ၊ ထာဝရရှေးဟောင်းခေတ်စစ်ပွဲအလံ၊ ဖီးနှစ်ကိုးကောင်မီးဖို၊ ဝမ်မိသားစု၏သက်ရှည်စစ်ရဲဒင်းနှင့် အခြားအရာများ ထွက်ပေါ်လာကာ တစ်ဖက်လောကမှ ကျွမ်းကျင်သူများကို ရိုက်နှက်လာသည်။

တစ်ဖက်လောကလည်းထိုကဲ့သို့ပင်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်၊ ပျက်စီးနေသည့်တူ၊ အရိုးဓားအပါအဝင် အခြားမှော်ပစ္စည်းများကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။

ဤပစ္စည်းများမှ ထာဝရအလင်းများ ထွက်ပေါ်လာကာ အာကာသအပြင်ဘက်တစ်ခုလုံးကို တုန်ခါသွားစေသည်။ နေရာတိုင်း၌ အက်ကွဲကြောင်းများ ပေါ်လာလေ၏။

ဝုန်း..

ထို့နောက် ကြယ်များ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားသည်။

ဤသည်မှာ လောကကြီး ပျက်စီးသွားနိုင်သည့် တိုက်ပွဲပင်။

ကန္တာရထဲတွင် နှစ်ဘက်လုံးမှ လူငယ်များ ရှိနေကြသည်ပင်။ သူတို့ ဝင်ရောက်တိုက်ခိုက်ရန် အရည်အချင်း မပြည့်မှီ။

“စွမ်းအားကြီးလိုက်တာ..”

ခပ်ဝေးဝေးတွင် စစ်ရထားလုံးထဲ၌ ထိုင်နေသည့် သင်္ချိုင်းနယ်မြေမှ မသေသေးသည့်စစ်သူရဲလူငယ်များ ရှိနေသည်ပင်။ သူတို့ ဤတိုက်ပွဲကို ကြည့်ကာ သက်ပြင်းများ ချနေကြလေသည်။

အသက်လုပွဲကြီး စတင်လေပြီ။

ဤလူများ အာကာသအပြင်ဘက်မှ ပြန်လာသည်နှင့် ဤသည်မှာ အင်ပါယာဂိတ်၏ကံကြမ္မာကို ဆုံးဖြတ်လိုက်ခြင်းဖြစ်မှန်း အားလုံးသိကြသည်ပင်။ မည်သူအသက်ရှင်မည်နည်း.. မည်သူ အနိုင်ရမည်နည်း..

ယခုအချိန်တွင် တစ်ဖက်လောကမှ ကျင့်ကြံသူများတည်ငြိမ်နေနိုင်သော်လည်း အင်ပါယာဂိတ်မှ လူများမှာ မတည်ငြိမ်နိုင်တော့။ သူတို့အားလုံး ချွေးစေးများပြန်နေကာ စိတ်လှုပ်ရှားနေကြသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးခုတွင် အဆင့်လွန်သက်ရှိများ နည်းပါးလှပြီး တစ်ဖက်လောကကို မယှဉ်နိုင်။ သူတို့သည် အရေအတွက်အားဖြင့် အရေးနိမ့်နေသည်ပင်။

ဝုန်း..

ရုတ်တရက် ကောင်းကင်ထက်၌ မီးတောက်များ ထွက်ပေါ်လာကာ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာ၏။

အလင်းလုံးတစ်လုံ့း ထွက်ပေါ်လာပြီးနောက် ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

“ကောင်းကင်နေကြီး ပေါက်ကွဲသွားပြီ..” တစ်စုံတစ်ယောက် ကျယ်လောင်စွာ ပြောလိုက်သည်။

ဤသည်မှာ နယ်ခြားစပ်၏နေလုံးကြီးပင်။ ယခုအချိန်တွင်တော့ အာကာသအပြင်ဘက်မှ တိုက်ပွဲကြောင့် ပေါက်ကွဲသွားလေပြီ။

ပင်လယ်လှိုင်းကဲ့သို့ များပြားလှသည့်အလင်းလှိုင်းများ ထွက်ပေါ်လာကာ အာကာသအပြင်ဘက်သို့ ရိုက်ခတ်သွားသည်။

ထို့နောက် ဝုန်းဟူသည့်အသံ ထွက်ပေါ်လာကာ အလင်းတန်းများ လုံးဝပျောက်ကွယ်သွားကာ အမှောင်ထုထဲသို့ ပြန်လည်ရောက်ရှိသွားသည်။

ကောင်းကင်နေကြီး ပေါက်ကွဲသွားကာ ကြယ်များစွာ ဖုန်မှုုန့်များ ဖြစ်သွားကြသည်။ အပေါ်ဘက်တွင်ရှိနေသည့် လောကမှာ ဟာလာဟင်းလင်းဖြစ်နေပြီး လုံးဝမှောင်မဲနေလေပြီ။

သို့သော် ဤကဲ့သို့သောအမှောင်ထုနှင့် ဖိအားသည် မကြာခင်တွင်ပင် ပျက်ပြယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိများ၏ တိုက်ပွဲမှာ ပြင်းထန်လှသည်။ တိုက်ပွဲမှ ထွက်ပေါ်လာသည့်အလင်းမှာ ကောင်းကင်ကိုပင် လောင်ကျွမ်းသွားသည်။

ဝုန်း..

ထိုထာဝရပစ္စည်းများသည် ပြင်းထန်စွာ တုန်ခါပြီးနောက် လှုပ်မရပြုမရသည့်အနေအထားဖြစ်သွားကာ သူတို့ကိုယ်ပိုင်လောကကြီးတစ်ခု ဖြစ်သွားသည်။

“မင်းတို့လူအရေအတွက်သိပ်မများပေမယ့် မင်းတို့မှာ နည်းလမ်းတစ်ချို့ ရှိနေတဲ့ပုံပဲ” အာကာသအပြင်ဘက်မှ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်၏။ သူ၏သတ်ဖြတ်လိုသည့်စွမ်းအင်မှာ ပို၍ ပြင်းထန်လာသည်။

ရုတ်တရက် အားလုံးဆွံ့အသွားရသည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာဂိတ်မှ ကျင့်ကြံသူများသည် မှော်အစီအရင်များနှင့် နတ်မှန်ဘီလူးမျိုးစုံကို အသုံးပြုလိုက်သောကြောင့် အာကာသအပြင်ဘက်မှ တိုက်ပွဲကို မြင်နေရပြီဖြစ်သည်။ သူတို့ဘက်တွင် အခြားလူသုံးယောက် ထပ်မံပါဝင်လာသည်ကို တွေ့လိုက်ရသည်။

ကြည့််ရသည်မှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ဆယ်ခု၌ ပုန်းကွယ်နေသည့် အဆင့်လွန်သက်ရှိများ ထွက်လာပြီထင်သည်။ အဘယ်ကြောင့်ဆိုသော် အသိုက်ပျက်စီးသွားသည်နှင့် ဥများလည်းအကောင်းအတိုင်းကျန်တော့မည်မဟုတ်မှန်း သူတို့ နားလည်နေကြသည်ပင်။

မုန့်ထျန်းကျန်းနှင့် ရင်ဆိုင်ခဲ့သည့် အဆင့်လွန်သက်ရှိသည် ဆက်တိုက်ပင် တုန်ယင်နေလေ၏။ သူသည် အတားအဆီးကို ချိုးဖက်ချင်သော်လည်း သူ့ပါးစပ်မှသာ သွေးများစီးကျလာသည်။ သူ မတ်တပ်မရပ်နိုင်။

ထို့အပြင် သူ့မျက်နှာမှာ ပို၍ပို၍ပင် ဖြူလျော့လာသည်။ ဤအတိုင်းသာဆက်သွားလျှင် သူ သေဆုံးသွားလိမ့်မည်။

ဤနည်းလမ်းများမှာ မည်မျှပင် ထိတ်လန့်စရာကောင်းလှသနည်း.. မုန့်ထျန်းကျန်းက အဲဒီကျားကွက်မှာ ဧကရာဇ်ကလန်ကလူကို အနိုင်ယူနိုင်ခဲ့တာလား..

အာကာသအပြင်ဘက်မှ တိုက်ပွဲမှာ ပို၍ ရက်စက်လာသည်။

အား..

ဝမ်းနည်းတကြီး ဟစ်ကြွေးသည့်အသံတစ်သံ ထွက်ပေါ်လာကာ တောတောင်များနှင့် မြစ်များ တုန်ခါသွားသည်။

ကန္တာရကြီးမှပင်လျှင် အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ အဆင့်လွန်သက်ရှိအိုကြီးတစ်ဦး ဤနေရာ၌ သေဆုံးတော့မည်။

ဖူး..

သေချာပါသည်။ သွေးမိုးရွာသွန်းလာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါသွားသည်။

သို့သော် သွေးများသည် ကန္တာရသို့ မရောက်မှီ၌ပင် အငွေ့ပျံသွားသည်ပင်။

အား..

ထော်ဂုယုလုံ အော်ဟစ်လိုက်၏။ ဤသည်မှာ သူတို့မိသားစုမှ အဆင့်လွန်သက်ရှိအိုကြီး၊ သူ၏ဘိုးဘေးပင်။

တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိသည် တည်ငြိမ်စွာဖြင့်ပင် ထော်ဂုမိသားစုမှ အဆင့်လွန်သက်ရှိ၏နှလုံးကို ဆွဲထုတ်သွားလေ၏။

ထို့နောက် လက်ညှိုးတစ်ချောင်းထိုးလိုက်ကာ အဆင့်လွန်သက်ရှိအိုကြီး၏မျက်ခုံးကြားကို ထိုးဖောက်သွားလေသည်။

“ဧကရာဇ်ကလန် .. ဧကရာဇ်ကလန်က တစ်ယောက်မကဘူး..”

အားလုံးမျက်နှာဖြူဖျော့သွားရ၏။

မုန့်ထျန်းကျန်းနှင့် တိုက်ခိုက်ခဲ့သည့်သူအပြင် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ နောက်တစ်ယောက်ထပ်ပေါ်လာလေပြီ။

မြင်ကွင်းမှာပို၍ ခါးသီးလာကာ သူတို့ မျှော်လင့်ချက်ပင် မရှိတော့။

“သတ်..”

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ သူ၏အနက်ရောင်ဆံပင်များ လွင့်မျောနေကာ အဆုံးမရှိသည့်မီးတောက်များလည်း ထွက်ပေါ်လာသည်။ သူ၏တိုက်ခိုက်လိုသည့်ဝိညာဉ်များ ထွက်ပေါ်လာလေပြီ။

သူ၏ဘေးပတ်လည်ကို သင်္ကေတများ သိပ်သည်းစွာ ဖုံးအုပ်ထားသည်။ သူသည် စွမ်းအားအကြီးဆုံးနတ်စွမ်းရည်များကို အသုံးပြုကာ ထိုဧကရာဇ်ကလန်နှင့် တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဘေးပတ်လည်မှ အခြားသူများကိုလည်း တိုက်ခိုက်နေရသည်ပင်။

မပျက်စီးနိုင်သည့် ကျမ်းစာကြောင့် မုန့်ထျန်းကျန်း၏ လက်ဝါးများ တောက်ပလာသည်။ သူ ထိုဧကရာဇ်ကလန်ကို ရိုက်ချလိုက်ကာ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည်။

ဝုန်း..

အာကာသအပြင်ဘက်ရှိ စစ်မြေပြင် ပျက်စီးသွားသည်။

မုန့်ထျန်းကျန်းသည် ပါးစပ်အပြည့်သွေးအန်လိုက်ကာ သင်္ကေတများအဖြစ် ပြောင်းလဲလိုက်သည်။ ထိုသင်္ကေတများသည် သူ့လက်များကို ဖုံးလွှမ်းသွားသည်။

မုန့်ထျန်းကျန်းသည် ထိုလက်ဝါးဖြင့် အဆင့်လွန်သက်ရှိတစ်ဦးကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်လိုက်ကာ သွေးမိုးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

“မင်းသေလိုက်တော့..”

မုန့်ထျန်းကျန်းနှင့် တိုက်ခိုက်ခဲ့သည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အော်ဟစ်လိုက်သည်။ သူ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ၏ဖိနှိပ်မှုအောက်မှာပင်လျှင် မုန့်ထျန်းကျန်း တစ်ယောက်ယောက်ကို သတ်နိုင်သေးသည်။

“ဖမ်းခံထားရတဲ့ သားရဲတစ်ကောင် ရုန်းထွက်တာလောက်လေးများ .. ခင်ဗျား ရှိသမျှ ထုတ်သုံးပြီး တိုက်ရင်တောင် ခင်ဗျား ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

ဝုန်း..

သွေးနှင့် ရက်စက်သည့်စွမ်းအင်များ ရှိနေသည့် လေးတစ်စင်း မုန့်ထျန်းကျန်းဘေး၌ ရုတ်တရက်ပေါ်လာသည်။

ထာဝရပစ္စည်းများ အချင်းချင်းတိုက်ခိုက်နေကြသောကြောင့် ထိုပစ္စည်းများကို မည်သူမှ မထိန်းချုပ်နိုင်တော့။

ဤသည်မှာ သူ ငယ်စဉ်ကတည်းက သူ့နောက်လိုက်ခဲ့သည့် မှော်လက်နက်ပင်။ ဤလေးတွင် သတ်ဖြတ်ခြင်းစွမ်းအင်များ ပြည့်နှက်နေသည်။ သို့သော်လည်း ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုခြင်းလမ်းစဉ်၏ နောက်ဆုံးအဆင့်တွင် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်သွားကာ ဤလေးလည်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

ယခု တစ်ဖက်လောကနှင့် တိုက်ခိုက်နေသည့်အချိန်မှသာ ပြန်ပေါ်လာခြင်းပင်။

ဝုန်း..

ထိုလေးကြိုးမှာ မိုးခြိမ်းသံကဲ့သို့ပင် ကြောက်စရာကောင်းလှသည်။

မုန့်ထျန်းကျန်းသည် သဘာဝဥပဒေသကို မြှားအဖြစ်အသုံးပြုကာ ဘေးပတ်လည်မှ သက်ရှိများကို ပစ်ချလိုက်သည်။

ရွှီး..

ထိုအခိုက်အတန့် တစ်ဖက်လောကမှ သက်ရှိများ ထိတ်လန့်သွားရသည်။ မုန့်ထျန်းကျန်းသည် ဧကရာဇ်ကလန်များနှင့် တိုက်ခိုက်နေသော်လည်း အခြား အဆင့်လွန်သက်ရှိများကို မြှားဖြင့်ပစ်နေနိုင်သေးသည်။

ဖူး..

တစ်ယောက်ယောက် မြှားထိသွားကာ ချက်ချင်းပေါက်ကွဲသွားလေ၏။ မူလဝိညာဉ်လည်း အလင်းမိုးအဖြစ် ပြောင်းလဲသွားကာ ထိုနေရာတွင်ပင် သေဆုံးသွားသည်။

ဤကဲ့သို့သော စွမ်းအားမှာ အားလုံကို ထိတ်လန့်သွားစေသည်။ မုန့်ထျန်းကျန်း၏ စစ်ပွဲနတ်ဆိုးလား .. ယခုအချိန်တွင် သူသည် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားကာ သူ၏လက်ထဲတွင် လေးတစ်လက်ရှိနေသည်။

“မုန့်ထျန်းကျန်း ခင်ဗျား သေချင်နေတာပဲ..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ အေးစက်စွာ အော်ဟစ်လိုက်ကာ ရူးသွပ်စွာ တိုက်ခိုက်လာသည်။

ဒုန်း…

မုန့်ထျန်းကျန်း သူ့ထံသို့ မြှားတစ်စင်းပစ်လွှတ်လိုက်သည်နှင့် သူ့လက်ထဲရှိ လက်နက် ပြင်းထန်စွာ တုန်ခါသွားကာ သူ့လက်ပင် ထုံကျဉ်သွားရသည်။

ထို့နောက် အခြားမြှားတစ်စင်း ထပ်ရောက်လာကာ ဧကရာဇ်ကလန်ကျွမ်းကျင်သူ၏ ပုခုံးကို ထိုးဖောက်သွားလေ၏။ ဤသည်မှာ သေစေနိုင်လောက်သည့်ဒဏ်ရာမဟုတ်သော်လည်း အလွန်ကြောက်စရာကောင်းနေဆဲပင်။

အား..

ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ ဟစ်ကြွေးလိုက်၏။ သူ ထိတ်လန့်ကာ ဒေါသထွက်သွားရသည်ပင်။ သူ့ပုခုံးပေါက်ကွဲသွားကာ သူ့ခန္ဓာကိုယ်တစ်ခြမ်း သွေးများနီရဲသွားပြီး နောက်ယိုင်သွားရသည်။

“ဒီတိုက်ပွဲကို နောက်ဆုံးမှာ ဘယ်သူပဲနိုင်နိုင် ငါ မင်းရဲ့သွေးနဲ့ ကောင်းကင်ကြီးကို ဆေးဆိုးပစ်မှာ .. မင်းပေးဆပ်ရမယ်..” မုန့်ထျန်းကျန်း ပြောလိုက်သည်။

ဖူး..

သွေးမိုး ရွာသွန်းလာ၏။ ခပ်ဝေးဝေးတွင် အခြား အဆင့်လွန်သက်ရှိတစ်ဦး သေဆုံးသွားလေပြီ။ ဤသည်မှာ ကောင်းကင်ဘုံကိုးခုမှ လူပင်။

တိုက်ပွဲမှာ ပြင်းထန်လွန်းလှသည်။ အဆင့်လွန်သက်ရှိများစွာမှာ ဤတိုက်ပွဲ၌ သေဆုံးရန် ကံပါလာသည်ပင်။

တိုက်ပွဲမှာ မကြာမီအဆုံးသတ်တော့မည်ကို အားလုံးသိနေကြသည်ပင်။ ရက်စက်သည့်ရလဒ်တစ်ခု ထွက်ပေါ်လာတော့မည်။

အပိုင်း ၁၈၆၂ ပြီး၏။
Chapter – 1863 ဖရိုဖရဲ ရှင်းလင်းခြင်းပညာမှာ ဖရိုဖရဲဖြစ်ခြင်းကို တည်ငြိမ်စေခြင်း မရှိ

အာကာသအပြင်ဘက်၌ ခါးသီးသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေသည်။

ဖုန်း..

အာကာသအပြင်ဘက်တွင် ပုံရိပ်တစ်ခု လွင့်ထွက်သွားသည်။ ထိုလူသည် တစ်ကိုယ်လုံးသွေးများစိုရွှဲနေကာ နီရဲနေသည့်သွေးများလည်း တစ်စက်စက်ကျနေသည်။ ဤသည်မှာ ကြယ်နှင့်အခြားအရာများ ပျက်စီးသွားသည်။

ဤနေရာတွင် ကြယ်အကြွင်းအကျန်များနှင့် ဥက္ကာခဲများ နေရာအနှံ့ ရှိနေသည်။ ကြယ်များမှာ မီးရှူးမီးပန်းကဲ့သို့ပင် ပေါက်ကွဲသွားသည်။

အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိများသည် တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများနှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။

ပထမအချက်မှာ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိမှာ စွမ်းအားကြီးလှသည်။ အားလုံးမှာ အထင်ကြီးစရာကောင်းသည့် ပြိုင်ဘက်များပင်။ ဒုတိယအချက်မှာ တစ်ဖက်လောကတွင် အင်ပါယာဂိတ်ထက် အဆင့်လွန်သက်ရှိများပိုများနေသည်။ သူတို့သည် သားကောင်ကို ဝိုင်းအုံထားသည့် ဝံပုလွေအုပ်ကြီးကဲ့သို့ပင်။

ကြယ်ကောင်းကင်အောက်တွင် အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိတစ်ဦး လွင့်ထွက်သွားကာ ပိတ်မိသွားသည်။ ရန်သူ၏လက်ထဲတွင် အဖိုးတန်ကျည်ပွေ့ရှိနေသည်။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ သွေးများလွင့်စင်လာသည်။

ထို အဆင့်လွန်သက်ရှိ၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ သူ၏ပုခုံးရိုးသည် ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။

“ဒီနေ့ အင်ပါယာဂိတ် သေချာပေါက် ပျက်စီးရမယ်..”

“အင်ပါယာဂိတ်မပျက်စီးခင် ဒီနေရာက စွမ်းအားအကြီးဆုံးသူတွေကို အရင်ရှင်းပစ်မယ်..”

ဤသည်မှာ တစ်ဖက်လောကမှ ထွက်ပေါ်လာသည့်အသံပင်။ သူ၏အသံမှာ ပြတ်သားမှုအပြည့်ဖြင့်ပင်။

ကျည်ပွေ့ဖြင့် ထုခံလိုက်ရသည့် အဆင့်လွန်သက်ရှိသည် အနောက်ဘက်မှ အခြားရိုက်ချက်တစ်ခုကို ခံစားလိုက်ရသည်။ အမှောင်ထုထဲမှ အပြာရောင်စစ်လှံတံတစ်ခု ထွက်ပေါ်လာကာ ထက်ရှလှသည့် လှံထိပ်သည် ထိုအဆင့်လွန်သက်ရှိ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားလေ၏။

“အား..” ထိုအဆင့်လွန်သက်ရှိ ဟစ်ကြွေးလိုက်၏။ သူ ရှောင်နိုင်မည့်နည်းလမ်းမရှိတော့။ အဘယ်ကြောင့်ဆိုသော် သူ့အားတိုက်ခိုက်နေသည့်သူမှာ အနည်းဆုံး နှစ်ဦး၊ သုံးဦးခန့် ရှိနေသည်ပင်။

သူ့ကို သဘာတဥပဒေသချိန်းကြိုးများဖြင့် ချည်နှောင်ထားသောကြောင့် သူမရှောင်ရှားနိုင်တော့။

ဖူး..

ထို့နောက် ဖြူဖွေးနေသည့်ဓားရှည်တစ်လက် ပေါ်လာကာ သူ့ခေါင်းကို ဖယ်ရှားပစ်လိုက်ကာ သူ၏မူလဝိညာဉ်ကိုလည်း ဖျက်ဆီးပစ်လိုက်သည်။ အခြား အဆင့်လွန်သက်ရှိတစ်ဦး သေဆုံးသွားလေပြီ။

အင်ပါယာဂိတ်မှ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများမှာ အခြေအနေမကောင်းတော့။ သူတို့သည် ဝိုင်းတိုက်ခံနေရကာ အချိန်မရွေး သေသွားနိုင်သည်ပင်။

မုန့်ထျန်းကျန်းသည် အလွန်စွမ်းအားကြီးလှသော်လည်း ယခုအချိန်တွင် ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိနှင့် အတူ အခြားသူများကို တိုက်ခိုက်နေရသည်။

အစပိုင်းတွင် မုန့်ထျန်းကျန်း၏နတ်မြှားများသည် အလွန်ထိတ်လန့်စရာကောင်းကာ ရန်သူများကို ဆက်တိုက်ပစ်ချနိုင်ခဲ့သော်လည်း ယခုတော့ သူ ဖိနှိပ်ခံနေရလေပြီ.

“မင်းက အရမ်းသန်မာပေမယ့် ဘာအသုံးဝင်မှာလဲ.. ဒီကြယ်ကောင်းကင်ပြင်ကြီးမှာ မင်း ကောင်းကင်ကို ခုခံနိုင်လို့လား..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။

“အစီအရင်လုပ် .. သူ့ကို သေတဲ့အထိ ပြောင်းလဲပစ်လိုက်..” သူ အမိန့်ပေးလိုက်သည်။

ပတ်လည်တွင် အဆောင်များတစ်ခုပြီးတစ်ခု ပေါ်လာသည်။ အချို့မှာ မြေဝါရောင်ဖြစ်သော်လည်း အချို့မှာမီးတောက်ကဲ့သို့နီရဲနေကာ အချို့မှာ မည်းနက်နေပြီး မြူများနှင့် သွေးလွှမ်းသည့်အော်ရာများထုတ်လွှတ်နေသည်။

အဆောင်မျက်နှာပြင်မှ အလင်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ မုန့်ထျန်းကျန်းထံသို့ ဦးတည်သွားသည်။ ထိုအလင်းများသည် သူ့အား ဤနေရာ၌ ချိတ်ပိတ်ချင်နေသည်ပင်။

မုန့်ထျန်းကျန်းသည် စွမ်းအားကြီးသော်လည်း အစီအရင်ကြီးအောက်တွင် ချိတ်ပိတ်ခံလိုက်ရသည်ပင်။ သူ အခြေအနေကို မပြောင်းလဲနိုင်။ အင်ပါယာဂိတ်မှ ကျင့်ကြံသူများ ကျဆုံးသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ သူ မကူညီနိုင်ခဲ့။

“ဖိနှိပ်မယ် … သူ့ကို ဒီမှာ သေတဲ့အထိ ချိတ်ပိတ်ပစ်လိုက်..” ထို ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိကိုယ်တိုင် လှုပ်ရှားလာသည်။ သူသည် အခြားသူများကို ခေါ်ကာ မုန့်ထျန်းကျန်းအား ဖိနှိပ်လာလေ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မုန့်ထျန်းကျန်း မည်မျှ စွမ်းအားကြီးသည်ကို သိနိုင်သည်။ စွမ်းအားကြီးကာ မောက်မာသည့်ဧကရာဇ်ကလန်ပင်လျှင် သူ့ကို ချိတ်ပိတ်ရန်အတွက် အခြားသူများကို အကူအညီတောင်းနေရသည်။ ဤအောင်မြင်မှုသာ သတင်းပျံ့သွားလျှင် ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။

သို့သော် ယခုအချိန်တွင် ဤသည်မှာ အသုံးမဝင်တော့။ သူ မည်မျှပင် ခမ်းနားပါစေ သူသာ ဤနေရာ၌ အဆုံးသတ်သွားလျှင် ဘာအဓိပ္ပာယ်မှမရှိတော့။

ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ရန်သူများကို သတ်ရန်ပင်။

“သတ်..”

“သတ်…”

အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ။ ခပ်ဝေးဝေးတွင် ကောင်းကင်ဘုံကိုးခုမှ ကျွမ်းကျင်သူတစ်ဦး ဝမ်းနည်းစွာ ဟစ်ကြွေးကာ တိုက်ခိုက်လာသည်။

ဖုန်း..

နောက်ဆုံးတွင်တော့ သူသည် ဝံပုလွေသွားတင်းပုတ်ကြောင့် သွေးမြူဖြစ်သွားကာ အရိုးများလည်း လွင့်စင်ထွက်သွားလေသည်။

ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်လာတာလဲ.. အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများအားလုံး မျက်လုံးများ ကွဲထွက်တော့မတတ် နာကျင်လာသည်။ သူတို့သည် လေထဲ၌ ရှိနေသည့် အရိုးကြေးမုံကို စိုက်ကြည့်ကာ နာကျင်လာရသည်။

သူတို့၏နောက်ဆုံး မျှော်လင့်ချက် ပျက်ပြယ်သွားလေပြီ။ အင်ပါယာဂိတ်ဘက်မှ ရှုံးနေသည်ပင်။

ထို အဆင့်လွန်သက်ရှိများကိုသာ မတားဆီးနိုင်လျှင် နောက်လာမည့်ပစ်မှတ်မှာ အင်ပါယာဂိတ်ပင်။ ထိုအချိန်ကျလျှင် အလောင်းများတောင်လိုပုံကာ သွေးချောင်းစီးလာမည်ပင်။

ကောင်းကင်ထက်ရှိ စစ်မြေပြင်မှာ ခါးသီးလှသည်။

အချိန်နှင့်အမျှ အဆင့်လွန်သက်ရှိသွေးများ လွင့်စင်လာကာ ကြယ်များပင် အရောင်မှိန်ကာ ပေါက်ကွဲသွားကြလေ၏။

ထာဝရဝမ်၏ ပတ်လည်တွင် မရေမတွက်နိုင်သည့်အလင်းများ တောက်ပလာကာ ယခုအချိန်တွင် သူ၏ပြိုင်ဘက်ကို ဖိနှိပ်ကာ အသာစီးရနေလေ၏။

“အမ် .. သူ့ကိုသတ်..” တစ်ဖက်လောကမှလူများ သူ့အား သတိထားမိသွားကာ ချက်ချင်း အကူအညီပေးလာကြလေသည်။

အရှေ့တစ်ယောက်၊ အနောက်တစ်ယောက် ရောက်လာကာ လေပြင်းများ တိုက်ခတ်လာသည်။

ထာဝရဝမ်သည် ၁၆၊ ၁၇ ခန့်သာ ရှိပုံပေါ်ပြီး အလွန်ချောမောခန့်ညားလှသည်။ သို့သော် ယခုအချိန်တွင် သူသည် အလွန်ကြောက်စရာကောင်းလှသလို အလွန်လည်း အန္တရာယ်များနေသည်။

ကျွမ်းကျင်သူနှစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် သူ ပြိုင်ဘက်ကင်းပညာကို အသုံးပြုလိုက်သည်။

သူ၏မျက်ခုံးကြားမှ ဓားတစ်လက် လွင့်ပျံထွက်လာသည်။ ထိုဓားသည် အနက်ရောင်အလင်း တောက်ပနေကာ ဓားတစ်ခုလုံး မည်းနက်နေသည်။ ဤသည်မှာ သူ၏မူလဝိညာဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန်မာကျောလှကာ ဤဓားဖြင့် မထိုးဖောက်နိုင်သည့်အရာမရှိ။

ဖူး..

ဤဓားပေါ်လာခြင်းမှာ ရုတ်တရက်ဆန်လှသည်ပင်။

သူနှင့်တိုက်ခိုက်နေခဲ့သည့် အဆင့်လွန်သက်ရှိသည် ချက်ချင်းပင် ခေါင်းပြတ်သွားကာ မူလဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရသည်။ သွေးများပန်းထွက်လာကာ အလောင်းလည်း ကောင်းကင်ပေါ်မှ ကျသွားသည်။

အနောက်ဘက်မှ ကျွမ်းကျင်သူမှာ ထိတ်လန့်သွားရသည်။ သူတို့ပေါင်းတိုက်တာတောင်မှ တစ်‌ယောက် အသတ်ခံလိုက်ရသေးတာလား..

သူ၏ခန္ဓာကိုယ်တောင့်တင်းသွားကာ စိတ်ထဲ တုန်ယင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်မှာ ချိတ်ပိတ်ခံထားရသကဲ့သို့ ရုတ်တရက် လှုပ်ရှား၍မရတော့။

ဖူး..

ထိုအနက်ရောင်ဓား လွင့်ပျံလာကာ သူ့အားနှစ်ပိုင်းပိုင်းပစ်လိုက်ကာ မူလဝိညာဉ်လည်း ပျောက်ကွယ်သွားသည်။

ဤတိုက်ပွဲမှာ ဘေးပတ်လည်မှ လူများအားလုံးကို ထိတ်လန့်သွားစေသည်ပင်။

“ဖရိုဖရဲရှင်းလင်းခြင်းပညာ…” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

သူတို့ မလန့်ပဲမနေနိုင်။ အဘယ်ကြောင့်ဆိုသော် ဤဿည်မှာ ရှေးခေတ်၏ စွမ်းအားအကြီးဆုံး ဓားပညာသုံးခုထဲမှ တစ်ခုပင်။

“ဟက် .. ဒါက တကယ်ကို မသေမျိုးဘုရင်တစ်ပါးကို သတ်ခဲ့တဲ့ ဖရိုဖရဲရှင်းလင်းခြင်းဓားပညာပဲ .. ခင်ဗျား သွားသေလိုက်တော့..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးကာ တရှိန်ထိုး ပြေးလာသည်။

ထာဝရဝမ်သည် ရဲဝံ့စွာပင် တိုက်ခိုက်နေသည်။ ယခုအချိန်တွင် သူ အစွမ်းကုန် ထုတ်သုံးရတော့မည်ပင်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကသည် သူတို့သဘောထားကို ရှင်းရှင်းလင်းလင်းပြောထားပြီးသားပင်။ သူတို့သည် အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိများအားလုံးကို ရှင်းပစ်ကာ အင်ပါယာဂိတ်အား ချိုးဖျက်ကြမည်ပင်။

အား..

ထာဝရဝမ် ဟစ်ကြွေးလိုက်သည်။ သူသည် ငယ်ရွယ်ပုံပေါက်သော်လည်း သူ့မျက်လုံးများမှာ အလွန်ကြမ်းတမ်းခက်ထန်လှသည်ပင်။

“သတ်..”

မည်သူမှ သူ့အားအထင်မသေးရဲကြသလို သူ့ခွန်အားကို မည်သူမှ သံသယမဝင်ရဲကြ။ အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က မုန့်ထျန်းကျန်းနှင့်ပင် ယှဉ်ပြိုင်ရဲခဲ့သည်ပင်။

ဤနှစ်ယောက်အကြောင်းကို ပြောလိုက်သည်နှင့် အားလုံးသည် သူတို့အား မျိုးဆက်တစ်ခုကို ဖိနှိပ်ထားနိုင်သည့်သူရဲကောင်းတစ်စုံဖြစ်သည်ဟု သတ်မှတ်ကြသည်။

သို့သော် အချို့သူများသည် မုန့်ထျန်းကျန်း၏ သွေးစွမ်းအင်မှာ ထာဝရဝမ်လောက် စွမ်းအားမကြီးဟု ပြောကြသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရဝမ် ငယ်ရွယ်နေရခြင်းမှာ သူ၏ပုံပန်းသွင်ပြင်ကို တမင်သက်သက်ပြောင်းထားသောကြောင့်မဟုတ်။ သူသည် ပြန်လည်မွေးဖွားခြင်းပြုလုပ်ထားကာ အခြား ဘဝတစ်ဝက်ဖြင့် နေထိုင်နေသောကြောင့်ပင်။

ဤသည်မှာ ဘဝတစ်ခုလုံးရရန် နီးစပ်နေလေပြီ။

ဤကဲ့သို့သော ပြန်လည်မွေးဖွားခြင်းမှာ လူတစ်‌ယောက်၏ နုပျိုမှုကို ပြန်လည်ရယူနိုင်ပြီး စိတ်နှင့်ကိုယ်ကို အကောင်းဆုံးအသက်အရွယ်သို့ရောက်အောင် ပြုပြင်ပေးနိုင်သည်။

ထာဝရတရားကို မရရှိသရွေ့ မည်သူမှ သက်ရှည်ဘဝကို မရနိုင်။ သူတို့နေထိုင်လာခဲ့သည်မှာ ခေတ်တစ်ခုစာမျှပင် ရှိနေပြီဖြစ်သောကြောင့် သူတို့သက်တမ်း ကုန်ဆုံးတော့မည်။ ထို့ကြောင့် သူတို့ဒုတိယဘဝကို စတင်ရန် လိုအပ်သည်။

သို့သော်လည်း ယခုအချိန်ထိ လူဘယ်နှယောက်ကများ ဤသည်ကို လုပ်နိုင်ခဲ့သနည်း.. ဤသည်မှာ ဖီးနှစ်အတောင်ပံနှင့် ချီလင်းဦးချိုကဲ့သို့ပင် ရှားပါးလှသည်။

သို့သော် အချို့လူများမှာ မုန့်ထျန်းကျန်းသည် ‘ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်း’ လမ်းကို လျှောက်ခဲ့သောကြောင့် မထင်မှတ်ထားသည့်အဖြစ်အပျက် ဖြစ်ခဲ့ကာ သူ၏အောင်မြင်မှုကို ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထင်ကြသည်။

မဟုတ်ပါက မုန့်ထျန်းကျန်းသည် ထာဝရဝမ်ထက်ပင် ပို၍ ကြောက်စရာကောင်းလိမ့်မည်ဟု အများစု ယုံကြည်နေကြသည်ပင်။

“သတ်…”

ထာဝရဝမ် ဟစ်ကြွေးလိုက်သည်။

သူ့ကို ဝိုင်းတိုက်နေသည့်ကြားမှပင် သူ အခြား အဆင့်လွန်သက်ရှိတစ်ဦးကို သတ်ခဲ့သည်။

“ဖရိုဖရဲရှင်းလင်းခြင်းပညာနဲ့ ပတ်သက်တဲ့မှတ်ဉာဏ်တွေက မနေ့တနေ့ကလိုပဲ ရှိသေးတယ် .. အရင်တုန်းက ဒီပညာက ငါတို့ဘက်က ဘုရင်တွေကို သတ်ခဲ့တာ .. ဒီလိုမျိုး မကောင်းတဲ့အမွေအနှစ်ကို ဖျက်ဆီးပစ်ရမယ်..”

ဧကရာဇ်ကလန်များ သတိကြီးကြီးဖြစ်သွားသည်။ ထော်ဂုယုလုံ၏ဘိုးဘေးကို သတ်ခဲ့သည့် ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိမှာ တည်ငြိမ်စွာဖြင့်ပင် တစ်လှမ်းချင်း လျှောက်လာလေ၏။

သူ့နောက်တွင် အခြား အဆင့်လွန်သက်ရှိများ ရှိနေသည်ပင်။

“ဖရိုဖရဲရှင်းလင်းခြင်းပညာက ဖရိုဖရဲတွေကို ထပ်ရှင်းနိုင်မှာမဟုတ်တော့ဘူး..” ထို ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ အော်ဟစ်လိုက်သည်။ သူကိုယ်တိုင် လှုပ်ရှားလာကာ ထာဝရဝမ်ထံသို့ တရှိန်ထိုး ပြေးလာလေသည်။

ဝုန်း..

တုန်လှုပ်စရာကောင်းသည့် တိုက်ပွဲတစ်ခု ပေါ်လာသည်။ ဧကရာဇ်ကလန်များ၏ ဒေါသမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။ ထာဝရဝမ်သည် သူတို့ဘက်မှ အဆင့်လွန်သက်ရှိများကို ဆက်တိုက်သတ်ပစ်ခဲ့သောကြောင့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ သူ့အား သတ်ချင်နေလေပြီ။

အပိုင်း ၁၈၆၃ ပြီး၏။
Chapter – 1864 ချည်နှောင်ထားခြင်း မရှိသည့် စစ်နတ်ဘုရား

အင်ပါယာဂိတ်ဘက်မှ အရေးပေါ်အခြေအနေဖြစ်နေသည်မှာ သေချာလှသည်။ ထာဝရဝမ်နှင့် မုန့်ထျန်းကျန်း နှစ်ဦးလုံး ပစ်မှတ်ထားခံနေရကာ တစ်ဖက်လောကမှ လူများစွာ၏ ဖိနှိပ်ခြင်းခံနေရသည်။

ရလဒ်အနေဖြင့် ကောင်းကင်ဘုံကိုးခုမှ အခြားသူများ ခံစားနေရသည့်ဖိအားမှာ အတော်လေး လျော့သွားသည်ပင်။

သို့သော်လည်း ဤသည်မှာ ယာယီသာ။ ထာဝရဝမ်နှင့် မုန့်ထျန်းကျန်း သေဆုံးသွားသည်နှင့် သူတို့အားလုံးလည်း ရှင်းလင်းခံလိုက်ရမည်ပင်။

“အားနည်းလိုက်တာ..”

“သူတို့အားလုံးကိုသတ်..”

သူတို့ထဲမှ တစ်ဦး ပြောလိုက်သည်။ သူသည် ကျန်ရှိနေသည့် အဆင့်လွန်သက်ရှိများကို ဦးဆောင်ကာ အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိများကို တိုက်ခိုက်လိုက်သည်။

ဧကရာဇ်ကလန်..

အင်ပါယာဂိတ်မှ လူများမှာ နှလုံးများ ရပ်တန့်သွားတော့မလို ခံစားလိုက်ရသည်။ တတိယဧကရာဇ်ကလန် ပေါ်လာကာ သူတို့ကို ဦးဆောင်လာလေပြီ။

ဤတိုက်ပွဲအတွက် တစ်ဖက်လောကမှ ကျွမ်းကျင်သူများစွာ ထွက်ပေါ်လာသည်ပင်။ ဧကရာဇ်ကလန်များပင် လှုပ်ရှားလာလေပြီ။

တာအိုကျားကွက်ပေါ်တွင် မုန့်ထျန်းကျန်း ဖိနှိပ်ထားခဲ့သည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိနှင့်ဆိုလျှင် ယခုတစ်ယောက်မှာ လေးယောက်မြောက်ပင်။

“ဒီလောက်ထိ အားနည်းနေတာကိုတောင်မှ မင်းတို့က ခုခံချင်နေသေးတာလား .. မင်းတို့တစ်ယောက်မှ ထွက်သွားဖို့ မစဉ်းစားနဲ့..” ထိုဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ထူးမခြားနားစွာ ပြောလိုက်သည်။ သူသည် တစ်လှမ်းချင်းပင် လျှောက်လာလေ၏။

သို့သော် သူခြေလှမ်းလှမ်းလိုက်တိုင်း ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားတွင် ကြောက်စရာကောင်းသည့်လှိုင်းများ ထွက်ပေါ်လာသည်။ ကြယ်ကောင်းကင်တွင် သူခြေချလိုက်သည်နှင့် တာအိုသင်္ကေတများ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံကိုးခုမှ ရောက်လာသည့် အမျိုးသမီးအဆင့်လွန်သက်ရှိသည် စိတ်ထဲတုန်လှုပ်သွားကာ ချက်ချင်းနောက်ဆုတ်လိုက်သည်။

သို့သော် သိပ်မဝေးသည့်နေရာတွင် တစ်ဖက်လောကမှ အခြားအဆင့်လွန်သက်ရှိများလည်း ရှိနေသေးသည်။ ထိုလူများသည် သူမကို ဝန်းရံလာကာ သူမ ထွက်မပြေးနိုင်အောင် လမ်းပိတ်ထားလိုက်သည်။

“အသုံးမဝင်ဘူး .. မင်းလည်းမင်းသွားလို့ရပြီ .. ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ ပြောလိုက်သည်။ သူသည် အသက် ၂၀ ကျော်လောက်သာ ရှိသေးသကဲ့သို့ငယ်ရွယ်လှသည်။ သို့သော် သူ၏မျက်ဝန်းများမှာ လေးနက်လှသည်ပင်။

ထို့အပြင် သူ့ခြေထောက်အောက်မှ ထွက်လာသည့် စွမ်းအင်လှိုင်းများမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ လှိုင်းများမှာ မိုးကြိုးများကဲ့သို့ ပြင်းထန်လာသည်။

အစကတည်းက ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် အမျိုးသမီးအဆင့်လွန်သက်ရှိ ပါးစပ်ထဲမှ သွေးအန်လာသည်။

သူမ၏ဆံပင်ဖြူတွင် သွေးစက်အချို့ရှိနေသည်။ အချို့မှာ ရန်သူများထံမှ ဖြစ်သော်လည်း သူမသွေးများလည်း ပါဝင်နေသည်ပင်။

ဖူး..

ထိုဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ အရှေ့တိုးလာသည်နှင့် ထိုအမျိုးသမီးအဆင့်လွန်သက်ရှိ သွေးအန်သွားကာ မျက်နှာဖြူဖျော့လာသည်။ သူမသည် ကြယ်ကောင်းကင်တွင် ပြိုလဲလုနီးပါးဖြစ်နေလေပြီ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဧကရာဇ်ကလန်တွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား..

“ဒါက ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်း .. သတိထား..” ခပ်ဝေးဝေးမှ အဆင့်လွန်သက်ရှိအိုကြီးတစ်ဦး ကျယ်လောင်စွာ သတိပေးလိုက်သည်။

“အသုံးမဝင်တော့ဘူး .. ခြေလှမ်းကိုးလှမ်း လှမ်းပြီးတာနဲ့ မင်း နောက်ဘဝရောက်သွားလိမ့်မယ်” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ တည်ငြိမ်စွာ ပြောကာ ဆက်လျှောက်လာလေသည်။

ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်းသည် နာမည်တစ်ခုတည်းဖြင့်ပင်လျှင် ကြောက်စရာကောင်းနေလေပြီ။

“သတ်..”

ထိုအမျိုးသမီးအဆင့်လွန်သက်ရှိ ဟစ်ကြွေးလိုက်၏။ သူမ အခြေအနေ အလွန်ဆိုးရွားနေသည်ကို သိသည်။ သူမ အစွမ်းကုန် တိုက်ခိုက်ရမည်။ မဟုတ်ပါက သူမ နောက်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်အရေးရှိမည်မဟုတ်။

ထိုအချိန်တွင် အဆုံးမရှိသည့် ရောင်စုံအလင်းများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။

ထို အမျိုးသမီးအဆင့်လွန်သက်ရှိ ဧကရာဇ်ကလန်ကျွမ်းကျင်သူအား ခုခံလိုက်ခြင်းပင်။

သို့သော် ကံမကောင်းစွာဖြင့် ဤသည်မှာ နောက်ကျလွန်းသွားလေပြီ။ သူမသည် အစောကြီးကတည်းက ဒဏ်ရာပြင်းထန်စွာ ရရှိထားခြင်းဖြစ်သောကြောင့် သူမသည် ဧကရာဇ်ကလန်၏ ပြိုင်ဘက်မဟုတ်ခဲ့။

“ငါးလှမ်းမြောက်၊ ခြောက်လှမ်းမြောက်..”

ထိုဧကရာဇ်ကလန်သည် သူ၏ခြေလှမ်းများကို ကျယ်လောင်စွာ ရေတွက်နေလေ၏။ ရှစ်လှမ်းမြောက်သို့ ရောက်သည့်အချိန်တ်ွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားသည်။ နတ်အလင်းများသည် ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာ ထိုအမျိုးသမီးအဆင့်လွန်သက်ရှိ၏ အဖိုးတန်ပညာများကို ဖောက်ခွဲပစ်လိုက်လေသည်။

ထိုအမျိုးသမီးအဆင့်လွန်သက်ရှိသည် ဆက်တိုက် သွေးအန်လာကာ သူမခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်သွားသည်။

ဖုန်း..

ထို့နောက် ထိုအမျိုးသမီးအဆင့်လွန်သက်ရှိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါက်ကွဲလာလေသည်။

“မင်းလမ်းမင်းသွားလိုက်တော့..”

ထိုဧကရာဇ်ကလန်ကျွမ်းကျင်သူ အေးစက်စွာ ပြောလိုက်သည်။ သူ၏လက်ထဲတွင် သွေးကဲ့သို့ နီရဲနေသည့် နတ်ဆိုးဓားတစ်လက် ပေါ်လာကာ သူ ထိုဓားကို လွှဲရမ်းလိုက်သည်။

အမျိုးသမီးအဆင့်လွန်သက်ရှိသည် အစွမ်းကုန်ခုခံနေသော်လည်း သူမ ဘာကိုမှ မပြောင်းလဲလိုက်နိုင်။ ဖူး ဟူသည့်အသံနှင့်အတူ သူမခေါင်း လွှင့်ထွက်သွားကာ မူလဝိညာဉ်လည်း ပျက်စီးသွားသည်။

“သိပ်အများကြီး မကျန်တော့ဘူး .. မင်းတို့အားလုံး ကိုယ့်လမ်းကိုကိုယ်သွားလို့ရပြီ..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

အား..

ခပ်ဝေးဝေးတွင် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ မုန့်ထျန်းကျန်းသည် အစီအရင်ထဲတွင် ပိတ်မိနေကာ ရုန်းထွက်နိုင်အောင် ကြိုးစားနေသည်။

ယခုအချိန်တွင် သူ၏မျက်လုံးတွင် သွေးမြူများ ဖုံးလွှမ်းနေ၏။ ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို သူကြည့်နေရသည်။

ဤလူများအားလုံးမှာ သူ၏သူငယ်ချင်းဟောင်းများပင်။

သူတို့သေဆုံးသွားသည်ကို ကြည့်နေရသည်။ မုန့်ထျန်းကျန်းသည် လှောင်ပိတ်ခံထားရသည့် ဒဏ်ရာရသားရဲတစ်ကောင်ကဲ့သို့ ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။

“ဒါက ဘယ်အချိန် ပြန်ရှင်လာနိုင်မှာလဲ .. ပြန်နိုးထလာစမ်းပါ..”

မုန့်ထျန်းကျန်း ခေါင်းငုံ့ကာ သူ့လက်ထဲမှ လေးကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။ သူသည် တစ်စုံတစ်ခုကို လွှတ်ပေးချင်နေသကဲ့သို့ ရှေးဟောင်းမန္တန်တစ်ခုကို ရွတ်နေခဲ့သည်။

သို့သော် သူ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသွားသော်လည်း သွေးများစေးကပ်နေသည့် အနီရောင်လေးတွင် မည်ကဲ့သို့သော ပြောင်းလဲမှုမှ ဖြစ်မလာခဲ့။

ယခုအချိန်တွင် ဧကရာဇ်ကလန်ခေါင်းဆောင်နှင့် အခြား ကျွမ်းကျင်သူများသည် အစီအရင်ထံသို့ အားဖြည့်ကာ သူ့အား ဤနေရာ၌ သတ်ပစ်ရန် ကြိုးစားနေကြသည်ပင်။

“ဘဝတစ်ခုလုံးရဲ့ တာအိုအောင်မြင်မှုတွေ .. ဒီနေ့အထိကျင့်ကြံလာတဲ့ ကျင့်ကြံခြင်းတွေ..”

မုန့်ထျန်းကျန်း တစ်ကိုယ်လုံး တောက်ပလာကာ အားလုံး၏တိုက်ခိုက်မှုကို ခုခံထားသည်။ သူ မပျက်စီးနိုင်သည့်ကျမ်းစာကို ကျင့်ကြံထားသောကြောင့်သာမဟုတ်လျှင် သူ အစောကြီးကတည်းက သေဆုံးသွားလောက်လေပြီ။

မုန့်ထျန်းကျန်းသည် အနည်းငယ် တွန့်ဆုတ်ကာ အနည်းငယ် ဝမ်းနည်းစွာဖြင့် သူ့လက်ထဲမှ လေးကို ရိုက်ချလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် ဟစ်ကြွေးလိုက်ကာ ဤမြှားကို စတင်ဖျက်ဆီးလိုက်သည်။

“ဘာဖြစ်နေတာလဲ..” အားလုံးထိတ်လန့်သွားရ၏။ အထူးသဖြင့် အင်ပါယာဂိတ်မှလူများပင်။

မုန့်ထျန်းကျန်းက သူ့ရဲ့ကိုယ်တိုင်အဆင့်လွန်လက်နက်ကို ဖျက်ဆီးနေတာလား..

ဤလေးသည် မုန့်ထျန်းကျန်း နာမည်မကြီးခင်ကတည်းက သူ့နောက်လိုက်ခဲ့ကာ ကောင်းကင်ထက်မှ စွမ်းအားကြီးသည့်သူများစွာကို ပစ်ချခဲ့သည်ပင်။

သူ၏ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုခြင်းလမ်းတွင် မထင်မှတ်ထားသည့် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကာ သူ၏ခန္ဓာကိုယ်ပျက်စီးသွားသောကြောင့် သူ၏လေးလည်းပျက်စီးသွားခဲ့သည်ပင်။ ထိုခေတ်ပြီးသည့်နောက် ဤလေး ပေါ်မလာခဲ့တော့။

ယခုမှ နောက်တစ်ကြိမ်ပေါ်လာခဲ့ခြင်းပင်။ အစောပိုင်း၌ပင် ဤလေးသည် အဆင့်လွန်သက်ရှိများကို ပစ်ချခဲ့သေးသည်ပင်။ ဤလေးသည် မုန့်ထျန်းကျန်း အနှစ်သက်ဆုံးလက်နက်ဖြစ်လောက်မည်ပင်။ သူက ဘာကြောင့် ဤလေးကို ဖျက်ဆီးပစ်နေသနည်း..

ဝုန်း..

မုန့်ထျန်းကျန်းအားကုန်သုံးကာ သူ၏လေးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုလေးမှ သွေးစက်များ တစ်စက်ပြီးတစ်စက် ကျလာကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာသည်။ သူမျက်နှာထက်တွင် ရှုပ်ထွေးသည့်အမူအရာများ ရှိနေပြီး သူ အရမ်းဝမ်းနည်းနေရသည်။

လေးကနေ ဘာလို့ သွေးတွေ စီးကျလာတာလဲ..

တစ်ဖက်လောကမှ ကျင့်ကြံသူများပင် ထိတ်လန့်သွားရသည်။

“မင်းရဲ့တာအိုအသီးအပွင့်၊ မင်းရဲ့အောင်မြင်မှုတွေအားလုံးက ဒီလေးထဲမှာလား .. မင်းရဲ့ခန္ဓာကိုယ်နဲ့ လေး ပျက်စီးသွားတုန်းက မင်းသေမသွားတော့ အံ့ဩစရာမရှိတော့ပါဘူး .. မသေတဲ့အပြင်ကို မင်းက တာအိုဘဝတစ်ခု ဖန်တီးနိုင်ခဲ့တာ” ခပ်ဝးဝေးမှ ထာဝရဝမ် တီးတိုးပြောလိုက်သည်။

လေးထဲတွင် အသွေးအသားနှင့် အရိုးများပင် ရှိနေသည်။

ဤလေးထဲတွင် အခြားလောကတစ်ခု ရှိနေသည်။

လေးထဲတွင် အလွယ်ငယ်ရွယ်သည့် လူတစ်ဦးရှိနေသည်ကို မြင်နိုင်သည်။ ယခုအချိန်တွင် သူသည် လေးနှင့်အတူ ပျက်စီးနေကာ သူ့တစ်ကိုယ်လုံးမှ သွေးများ စီးကျနေသည်။

“အရင်က မုန့်ထျန်းကျန်း၊ အရင်လမ်းဟောင်း .. အားလုံးရှိနေတုန်းပဲ..” ခပ်ဝေးဝေးမှ အဆင့်လွန်သက်ရှိအိုကြီး တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။

“အရင်တုန်းက သူကပျက်စီးသွားပြီး သေတော့မှာလို့ ပြောခဲ့ကြတယ် .. ဒါပေမယ့် သူပြန်ထလာနိုင်ခဲ့တယ် .. သူက သူ့ရဲ့ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို ဖျက်ချပစ်ပြီးတော့ သူ့ရဲ့ဝိညာဉ်အစစ် တစ်စိတ်တစ်ပိုင်းက ဒီလေးထဲ ထည့်ပိတ်ထားပြီး သူနဲ့အတူ မွေးမြူခဲ့တာပဲ..”

“တာအိုအသီးအပွင့် .. ဒါကိုသာ ခန္ဓာကိုယ်အစစ်ရလာတဲ့အထိ လုပ်နိုင်ရင် ရလဒ်က မယုံကြည်နိုင်လောက်အောင် ဖြစ်လာလိမ့်မယ်..”

ဘာဖြစ်ခဲ့သည်ကို လူအချို့ ခန့်မှန်းမိသွားလေပြီ။

ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိအိုကြီးများ၏ အမူအရာများမှာ အလွန်ရှုပ်ထွေးနေသည်ပင်။

မုန့်ထျန်းကျန်းသည် ရွေးချယ်စရာမရှိသောကြောင့် ဤကဲ့သို့ ရက်စက်သည့်ဆုံးဖြတ်ချက်မျိုး ပြုလုပ်လိုက်ရသည်ကို သူတို့သိသည်။ သူသည် ထိုနတ်စွမ်းအား နိုးထလာမည်ကို မစောင့်တော့ပဲ လေးကိုဖျက်ဆီးကာ နိုးထလာရန် ဖိအားပေးလိုက်သည်။

သွေးစက်များ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ မုန့်ထျန်းကျန်း၏အော်ရာမှာ ပို၍ ပြင်းထန်လာသည်။

“သူက ဒီလိုနည်းလမ်းမျိုးနဲ့ ထာဝရတရားရအောင် လုပ်ချင်နေတာလား..” ဧကရာဇ်ကလန်မှ ကျင့်ကြံသူများ ထိတ်လန့်သွားကြလေသည်။ ယခင်က မုန့်ထျန်းကျန်း ဘာဖြစ်ခဲ့မှန်း မသိသော်လည်း ယခုတော့ သူတို့ သဲလွန်စအချိုု့ကို မြင်နေနိုင်ပြီဖြစ်သည်။

“မြန်မြန် အားလုံးတိုက်ကြ .. သူ့ကိုသတ်..” ဧကရာဇ်ကလန်ကျွမ်းကျင်သူ ဟစ်ကြွေးလိုက်သည်။ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်ပျက်လာမည်ကို သူမလိုလား..

ဝုန်း..

သို့သော် ဤသည်မှာ နောက်ကျသွားလေပြီ။ စွမ်းအားကြီးသည့်အော်ရာ ထွက်ပေါ်လာသည်။ မုန့်ထျန်းကျန်းသည်‌ သွေးထွက်နေသည့် စစ်လေးကို ကိုင်ထားကာ အစီအရင်ကို ဖျက်ဆီးပစ်လိုက်ပြီး ထွက်လာလိုက်သည်။

ဒုန်း..

သူ၏လက်ထဲရှိ ပျက်စီးနေသည့်လေးကို လွှဲရမ်းလိုက်လေသည်။

ဖူး..

ထိုအချိန်တွင် အဆင့်လွန်သက်ရှိတစ်ဦး ချက်ချင်းပေါက်ကွဲသွားလေ၏။

မုန့်ထျန်းကျန်းသည် ပို၍ ခွန်အားကြီးလာရန်အတွက်နှင့် သူ၏အနာဂတ်လမ်းကို သူကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့ရသည်ပင်။ သူ၏တာအိုအသီးအပွင့်များ အရွယ်မရောက်ခင် သူ ခူးချွေခဲ့သည်။

နောင်ကျလျှင် မည်ကဲ့သို့သော တောက်ပမှုမျိုးကိုမှ သူမြင်ရတော့မည်မဟုတ်။ ဤရလဒ်မှာ အားလုံးကို သနားကာ နှမြောစေသည်ပင်။

သို့သော် ယခုအချိန်တွင်တော့ သူ၏ခွန်အားမှာ တကယ်ကို တိုးတက်လာသည်။ သူသည် ချုပ်နှောင်ခြင်းမခံရသည့် စစ်နတ်ဘုရားကဲ့သို့ မည်သူမှ သူ့ကို မတားဆီးနိုင်တော့။

ထာဝရစွမ်းအင် ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

“ထာဝရတာအိုနယ်မြေထဲကို ခြေတစ်လှမ်းရောက်နေပြီ .. သူ ထာဝရတရားကို ရတော့မှာလား..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ထိတ်လန့်သွားရသည်။

ထိုအချိန်တွင် မုန့်ထျန်းကျန်း ရောက်လာလေပြီ။ သူခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် နှစ်များပြောင်းလဲသွားကာ အချိန်များပင် ဖရိုဖရဲဖြစ်သွားသလိုပင်။

ဝုန်း..

မုန့်ထျန်းကျန်း၏ လက်သီးချက် ရောက်လာကာ ဧကရာဇ်ကလန်ကျွမ်းကျင်သူနှင့် တိုက်ခိုက်လိုက်သည်။

ဖူး..

ဧကရာဇ်ကလန်ကျွမ်းကျင်သူသည် သွေးများ အန်ထွက်လာကာ လွင့်ထွက်သွားသည်။

ဒုန်း..

မုန့်ထျန်းကျန်းသည့် သူကိုယ်တိုင်ဖျက်ဆီးခဲ့သည့်လက်နက်ဖြင့် ဧကရာဇ်ကလန်ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။ တစ်ဖက်လူမှာ မရှောင်ရှားနိုင်တော့။

ဖုန်း.. သွေးများလွင့်စင်လာကာ ဧကရာဇ်ကလန်ကျွမ်းကျင်သူ၏ခန္ဓာကိုယ် နှစ်ပိုင်းဖြစ်သွားသည်။

မုန့်ထျန်းကျန်းသည် သေမျိုးတာအို၏ အထွဋ်အထိပ်ကို ကျော်လွန်သွားပြီး ထာဝရတာအိုနယ်မြေသို့ ခြေတစ်လှမ်းရောက်ရှိနေပြီဖြစ်သည်။

အပိုင်း ၁၈၆၄ ပြီး၏။
Chapter – 1865 အဆင့်လွန် သက်ရှိများအား သတ်ဖြတ်ခြင်း

ရှည်လျားကာ သွယ်လျနေသည့်ပုံရိပ်တစ်ခု ရပ်နေသည်။ မုန့်ထျန်းကျန်းသည် ထာဝရတာအိုနယ်မြေထဲသို့ ခြေတစ်လှမ်းရောက်နေပြီဖြစ်သည်။ ထဝရအလင်းများထွက်ပေါ်လာကာ သူ၏အော်ရာမှာ တောတောင်နှင့်မြစ်များကို ဝါးမြိုပစ်နိုင်သည်။

သူသည် အစီအရင်ထဲမှ ထွက်လာသည်နှင့် လူတစ်ယောက်ကို သတ်လိုက်လေပြီ။

ဧကရာဇ်ကလန်ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားကာ ကောင်းကင်တစ်ခုလုံးလည်း‌ သွေးများနီရဲသွားလေပြီ။ ယခုအချိန်တွင် သူ၏ဝိညာဉ်တုန်လှုပ်နေကာ သူသည် အကျိုးဆက်ကိုပင် မစဉ်းစားတော့ပဲ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သူ၏ခန္ဓာကိုယ်နှစ်ပိုင်းမှ နတ်သက်တံ့အလင်းများ ထွက်လာသည်။ သူသည် ထွက်ပြေးချင်နေသည်သာမက သူ၏ခန္ဓာကိုယ်ကိုလည်း ပြန်ဆက်ချင်နေသည်။

သို့သော် မုန့်ထျန်းကျန်းသည် လေဟာနယ်ကို ပိတ်ထားလိုက်သည်။ ထိုခန္ဓာကိုယ်အစိတ်အပိုင်းနှစ်ခုသည် တရှိန်ထိုးပြေးထွက်လာသည်နှင့် နံရံတစ်ခုကို တိုက်မိသကဲ့သို့ ဖြစ်သွားသည်။

ဖုန်း..

ခန္ဓာကိုယ်အစိတ်အပိုင်းနှစ်ခုသည်ည ပြန်ပေါင်းစည်းသွားသော်လည်း မမြင်ရသည့်နယ်မြေတစ်ခုနှင့် တိုက်မိသွားကာ လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာများ ပြည့်နှက်နေကာ သွေးများ ဖုံးလွှမ်းနေသည်။

ဧကရာဇ်ကလန်က ဘယ်တုန်းကများ ဒီလိုအခြေအနေမျိုး ရောက်ဖူးလို့လဲ..

သူ၏မျက်လုံးများ အေးစက်နေကာစိတ်ထဲတွင် မီးတောက်များ တောက်လောင်နေသည်။ သူသည်သူ၏အသက်ဓာတ်ကို‌ လောင်ကျွမ်းစေလိုက်ကာ စွမ်းအားအကြီးဆုံးဘိုးဘေးပညာကို အသုံးပြုလိုက်သည်။

တစ်ချိန်တည်းမှာပင် ဘေးပတ်လည်၌ရှိနေသည့် အဆင့်လွန်သက်ရှိများလည်းသူ့အား ကူညီပေးလာကြသည်။

ဝုန်း..

ထိုအခိုက်အတန့်တွင် အဆင့်လွန်သက်ရှိတစ်ဦးသည် နေကိုးလုံးကို တစ်ချက်တည်းဖြင့် ဖမ်းဆုတ်လိုက်ကာ အစီအရင်များအဖြစ် အသုံးပြုလိုက်သည်။

အဆင့်လွန်သက်ရှိများ ပူးပေါင်းကာ မုန့်ထျန်းကျန်းအား အစီအရင်ထဲ ထည့်ပိတ်ရန် ကြိုးစားလာကြသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိမုန့်ထျန်းကျန်းမှာ အလွန်ကြောက်စရာကောင်းသည်ဟု သူတို့ခံစားနေရသည်ပင်။

ဝုန်း..

ထိုအခိုက်အတန့််တွင် ကြယ်ကြီးများလည်း တစ်ခုပြီးတစ်ခု ပေါ်လာသည်။

အဆင့်လွန်သက်ရှိ သူတို့၏မှော်ပုံရိပ်ယောင်များကို အသုံးပြုလာကြသည်။ ပုံရိပ်ယောင်များသည် ကြယ်ကောင်းကင်ထက်၌ မိုးထိုနေကာ မရေမတွက်နိုင်သည့်ကြယ်များကို လှည့်ပတ်စေကာ ဤနေရာကို ဖုံးလွှမ်းပစ်စေလိုက်သည်။

ဤသည်မှာ အဆင့်လွန်သက်ရှိများ၏ စွမ်းအားပင်။ သူတို့သည် မှော်ပုံရိပ်ယောင်များ ပြုလုပ်ကာ နေ၊ လနှင့် ကြယ်များဖြင့် ဤနေရာကို ဖိနှိပ်ပစ်လိုက်သည်။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ ကြီးမားလှသည့် ကြယ်များအားလုံးထက်တွင် အစီအရင်သင်္ကေတများ ရေးထိုးထားကာ ဤနေရာ၌ ကောင်းကင်ကြယ်အစီအရင်တစ်ခု ဖြစ်လာသည်။

သို့သော် ဤသည်မှာ ဘာကိုမှ မပြောင်းလဲနိုင်။

မုန့်ထျန်းကျန်းသည် ထိုဧကရာဇ်ကလန် ကျွမ်းကျင်သူကို ချက်ချင်းမတိုက်ခိုက်သေး။ သူ ထိုနေရာမှ ပျောက်သွားသည်။

ဖူး..

နေကိုးလုံးကို ဖမ်းဆုပ်လိုက်သည့် အဆင့်လွန်သက်ရှိသည် မုန့်ထျန်းကျန်း၏လက်ဝါးဖြင့် ရိုက်ခံလိုက်ရကာ သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားလေ၏။

မုန့်ထျန်းကျန်းမှာ လျင်မြန်လွန်းလှသည်။ သူ၏ခန္ဓာကိုယ်လှုပ်ရှားလိုက်သည်နှင့် အချိန်စီးဆင်းမှုပင် ပြောင်းလဲသွားသည်။ သူ၏မှော်ခွန်အားများကို ရိုက်ချက်တစ်ချက်တည်းတွင် စုစည်းလိုက်သည်။

သေချာပါသည်။ အခြားသူများကြောက်ရွံ့သွားကြကာ သူတို့ခန္ဓာကိုယ်များ တောင့်ခဲသွားကြသည်။

ရွှီး..

မုန့်ထျန်းကျန်းသည် လျှပ်စီးတန်းအဖြစ် ပြောင်းလဲသွားကာ သူ့အား မုန်းတီးနေသည့် အဆင့်လွန်သက်ရှိထံသို့ ဦးတည်သွားလိုက်သည်။

ထိုလူသည် လက်ထဲတွင် အရိုးဓားတစ်လက်ကို ကိုင်ထားကာ မုန့်ထျန်းကျန်းအား ချိန်ရွယ်ထားနေသည်ပင်။ ထိုဓားအလင်းတန်းသည် လီပေါင်း ထောင်ပေါင်းများစွာကို ဝါးမြိုသွားလေ၏။

ရွှီး..

မုန့်ထျန်းကျန်း သူ့အားတိုက်ခိုက်လာတော့မည်ကို မြင်လိုက်သည့်အချိန်တွင် သူ ထိုအရိုးဓားကို လွှဲရမ်းလိုက်သည်နှင့် ဤနေရာတစ်ခုလုံး လင်းထိန်သွားသည်။

ဒုန်း..

မုန့်ထျန်းကျန်းသည် လက်ထဲမှ လေးကို လွှဲရမ်းကာ ထိုအရိုးဓားကို ဖျက်ဆီးပစ်လိုက်သည်။ ထိုဓားသည် အလင်းမိုးအဖြစ်ပြောင်းလဲ လောင်ကျွမ်းသွားသည်။

အား..

ထို အဆင့်လွန်သက်ရှိ ဟစ်ကြွေးလိုက်သည်။ ပထမဆုံးရိုက်ချက်မှာပင် သူ၏လက်နက်ပျက်စီးသွားလိမ့်မည်ဟု သူမထင်ထားခဲ့။ ထို့အပြင် သူ၏လက်မောင်းလည်း နာကျင်သွားခဲ့ရသည်ပင်။

သူ၏ဘေးပတ်လည်တွင် မူလသင်္ကေတများ ထွက်ပေါ်လာကာ သူ့အား ပြုပြင်ပြောင်းလဲပစ်တော့မည်။

အဆင့်လွန်သက်ရှိများထဲတွင် သူ အစွန်းအရောက်ဆုံးပင်။ ယခု မုန့်ထျန်းကျန်း သူမှစတင်လိုက်သောကြောင့် ဤသည်မှာ ခြိမ်းခြောက်လိုက်ခြင်းတစ်မျိုးပင်။

“သတ်..”

ထိုအဆင့်လွန်သက်ရှိ အော်ဟစ်လိုက်သည်။ သူ ဘိုးဘေးပညာကို အသုံးပြုလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးသင်္ကေတများဖြင့် ဖုံးလွှမ်းသွားသည်။

ကံမကောင်းစွာဖြင့် အလင်းတန်းများအားလုံး ဖိနှိပ်ခံလိုက်ရကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ ထိုဘိုးဘေးပညာသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားကာ ဝုန်းဟူသည့်အသံနှင့်အတူ သူ့ခန္ဓာကိုယ် အပိုင်းပိုင်း အစစဖြစ်သွားသည်။

လေဟာနယ်ထဲတွင် ကြီးမားလှသည့်လက်တစ်ဖက် တစ်ဖြည်းဖြည်းချင်း ရောက်လာသည်။ ထိုရိုက်ချက်မှာ မုန့်ထျန်းကျန်း၏ ဤလက်မှ ထွက်ပေါ်လာခြင်းပင်။

ယခုအခိုက်အတန့်တွင် အဆင့်လွန်သက်ရှိများ ဆက်တိုက်ပင် သတ်ခံနေရသောကြောင့် အခြားကျွမ်းကျင်သူများမှာ ချက်ချင်းပင် အေးခဲသွားကြရသည်။

ဖုန်း..

ဧကရာဇ်ကလန် ကျွမ်းကျင်သူမှာ ရူးတော့မတတ်ပင်။ သူ၏ဘေးပတ်လည်၌ မီးတောက်များ ထွက်ပေါ်လာပြီး သူ့လက်ထဲတွင် အနက်ရောင်လက်နက်တစ်ခုလည်း ပေါ်လာသည်။ လှံရှည်မှာ အေးစက်နေကာ တာအိုဥပဒေသများလည်း ရှိ‌ေနေသည်။ နောက်ဆုံးတွင်တော့ ထိုလှံတံသည် ကန့်သတ်ချက်များကို ချိုးဖောက်ပစ်လိုက်နိုင်ကာ သူ ထိုနေရာမှ ထွက်လာလိုက်နိုင်သည်။

သို့သော် သူ့ကို စောင့်နေသည်မှာ အဆင့်လွန်သက်ရှိနှစ်ဦးကို သတ်ဖြတ်ပြီးသွားသည့် မုန့်ထျန်းကျန်းပင်။ သူသည် ဤနေရာသို့ ပြန်ရောက်လာပြီး ထိုဧကရာဇ်ကလန် အဆင့်လွန်သက်ရှိကို အေးစက်စွာ ကြည့်လိုက်သည်။

“သူ့ကိုသတ် .. အတူတူတိုက်ကြ..”

ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ ရှက်ရွံ့သွားရသည်။ ဘေးနားပတ်လည်တွင် အဆင့်လွန်သက်ရှိအချို့ ရှိနေသေးသောကြောင့် သူ့ခေါ်သံကိုကြားသည်နှင့် သူတို့အားလုံး လှုပ်ရှားလာကြသည်။

အစပိုင်းတွင် သူတို့သည် ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိများနှင့် တရားမျှတစွာတိုက်ရန် သဘောတူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နိုင်ရမည်ကို သူတို့သိနေသောကြောင့်ပင်။

သို့သော် နောက်ပိုင်း မုန့်ထျန်းကျန်းကြောင့် ဒဏ်ရာရသွားသည့်အချိန်တွင် သူသည် အခြားသူများနှင့်အတူ အစီအရင်တစ်ခု ပြုလုပ်ကာ မုန့်ထျန်းကျန်းအား ဖမ်းခဲ့သည်။

ယခုအချိန်တွင် မုန့်ထျန်းကျန်းနှင့် ရင်ဆိုင်ရန်အတွက် သူ အခြား အဆင့်လွန်သက်ရှိများနှင့်အတူ ပူးပေါင်းနေရသည်။

ဤသည်မှာ ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိအား အလွန်ရှက်ရွံ့စေသည်ပင်။ သူ မုန့်ထျန်းကျန်းနှင့် တစ်ယောက်စီ မတိုက်ခိုက်ရဲ။

ဝုန်း..

လက်ကြီးတစ်ဖက် ရောက်လာသည်။

ဤသည်မှာ မုန့်ထျန်းကျန်း၏ လက်ဝါးပင်။ ထိုလက်ဝါးသည် ရွှေရောင်အလင်း တောက်ပနေကာ ထိုလက်ဝါးမှ ထုတ်လွှတ်သည့်ဖိအားကြောင့် ကြယ်ဘယ်နှလုံးပျက်စီးသွားမှန်းပင် မသိတော့။

ထိုလက်ကြီး ဧကရာဇ်ကလန်ကျွမ်းကျင်သူကို ဖမ်းဆုတ်လိုက်သည်နှင့် ဘေးပတ်လည်မှ ကြယ်များအားလုံး ပျက်စီးသွားရသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိသည် စွမ်းအားအကြီးဆုံးဘိုးဘေးပညာများကို အသုံးပြုကာ ခုခံလိုက်သော်လည်း သူ ဤစွမ်းအားကို မခုခံနိုင်။

အား..

ဧကရာဇ်ကလန် ကျွမ်းကျင်သူ ဟစ်ကြွေးလိုက်ကာ ရှိသမျှအားဖြင့် ရုန်းကန်လိုက်သည်။

သူ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သူသိနေသည်။ မုန့်ထျန်းကျန်း၏ ကျင့်ကြံဆင့်မှာ မြင့်မားလှသည်။ သူသည် သေမျိုးတာအိုနယ်မြေတွင် ပြိုင်ဘက်ကင်းပြီး ထာဝရတာအိုနယ်မြေထဲသို့ ခြေချနေပြီဖြစ်သည်။

ထာဝရတာအိုနယ်မြေထဲသို့ ခြေတစ်လှမ်းရောက်သည်နှင့် ထိုလူကို ရင်ဆိုင်၍မရနိုင်တော့။ ယခု မုန့်ထျန်းကျန်းမှာ ခြေတစ်ဖက်လုံး ရောက်နေခြင်းပင်။

ထို့ကြောင့် ဧကရာဇ်ကလန်များ မည်မျှပင် စွမ်းအားကြီးပါစေ ဤသည်မှာ မုန့်ထျန်းကျန်းကို တားဆီးရန် မလုံလောက်။

ခွပ်..

ယခုအချိန်တွင် မုန့်ထျန်းကျန်းသည် အလွန်ပြတ်သားလှသည်။ သူသည် ထိုဧကရာဇ်ကလန်ကို မြှောက်တင်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် သူ၏လည်ပင်ကို လိမ်ချိုးပစ်လိုက်သည်။ ထို့နောက် လက်ညှိုးတစ်ချောင်း သူ၏မျက်ခုံးကြားကို ထိုးဖောက်သွားကာ သွေးများစီးကျလာ၏။

အားလုံး ထိတ်လန့်သွားကာ အနည်းငယ် ဆွံ့အသွားရသည်။

ဤသည်မှာ ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိပင်။ သို့သော်လည်း သူ လည်ပင်းလိမ်ချိုးခံလိုက်ရ၏။ ဤသတင်းသာ ပျံ့သွားလျှင် မည်သူမှ ဤသည်ကို ယုံကြည်မည်မဟုတ်။

ဤကဲ့သို့သော သေဆုံးသည့်နည်းလမ်းမှာ သူတို့နှစ်ဦးကြားမှ ခွန်အားကွာဟချက်ကို မီးမောင်းထိုးပြနေခြင်းပင်။

“သတ်..”

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်ကာ သူ့ဘေးပတ်လည်မှ လူများကို တိုက်ခိုက်လိုက်သည်။ ကောင်းကင်ထက်သို့ နတ်အလင်းများ ချက်ချင်းထွက်ပေါ်လာကာ ထိုလူများကို ခြိမ်းခြောက်လိုက်သည်။

ဖူး..

အချို့လူများသည် ထိုအလင်းများကို အချိန်မှီ မရှောင်ရှားလိုက်နိုင်ပဲ သွေးအန်လာကြသည်။ ထို့နောက် သူတို့ပေါက်ကွဲသွားကာ ကောင်းကင်တစ်ခုလုံး နီရဲသွားလေ၏။

မုန့်ထျန်းကျန်း အဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် အခြားသူများနှင့် တိုက်ခိုက်နေသည့် ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိတစ်ဦးကို တွေ့လိုက်ရသည်။

ဝုန်း..

အလွန်စွမ်းအားကြီးသည့် အော်ရာ ထွက်ပေါ်လာကာ မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ “မင်း အသက်ကိုပေးလိုက်တော့..”

သူသည် ကြယ်ကောင်းကင်ကြီးကို ဖြတ်ကာ ထိုနေရာသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ထိုလက်သီးသည် သက်ရှိတစ်ဦး၏ ခန္ဓာကိုယ်ကို ဝန်းရံသွားလေသည်။

ဖုန်း..

ထိုအဆင့်လွန်သက်ရှိ လွင့်ထွက်သွားကာ သွေးအန်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားလေ၏။

ဒုန်း..

တစ်ချိန်တည်းမှာပင် မုန့်ထျန်းကျန်း လက်ညှိုးတစ်ချောင်းထိုးလိုက်သည်။ ထိုလက်ညှိုးတွင် မပျက်စီးနိုင်သည့်ကျမ်းစာ စွမ်းအားများ ပါဝင်နေသောကြောင့် ထိုလူ အပိုင်းပိုင်းအစစဖြစ်သွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

“သတ် .. အားလုံးတိုက်ကြ .. သူ့ကို ရှင်းပစ်..”

ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက်‌ အော်ဟစ်လိုက်သည်။

ချွမ်း.. မုန့်ထျန်းကျန်း ပျက်စီးသွားသည့်လေးကို မြှောက်လိုက်ကာ သူ၏လက်ဖြင့် ပွတ်သပ်လိုက်သည်။ သူသည် ဝမ်းနည်းသလို နာလည်းနာကျင်နေရသည်။ ထို့နောက် သူ ရုတ်တရက်ခေါင်းမော့လိုက်သည်။

သူ ထိုလေးကို ယာယီပြန်ဆက်လိုက်ကာ သဘာဝဥပဒေသကို မြှားအဖြစ်သုံးပြီး ရောက်လာသည့်သူများထံသို့ ပစ်လွှတ်လိုက်သည်။

ရွှီး..

အဆင့်လွန်သက်ရှိတစ်ဦးကို မြှားထိမှန်သွားကာ ထိုအဆင့်လွန်သက်ရှိ သွေးများ စီးကျလာသည်။ ထို့နောက် ထိုနတ်မြှားပေါက်ကွဲသွားကာ ထိုလူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်လည်း အဆုံးသတ်သွားလေ၏။

ရွှီး ရွှီး ရွှီး..

နတ်မြှားများ ဆက်တိုက်လွင့်ပျံလာသည်။ မုန့်ထျန်းကျန်းသည် တာအိုဥပဒေသများမှ ဖြစ်ပေါ်လာသည့် မြှားများကို တစ်စင်းပြီးတစ်စင်း ထုတ်လွှတ်နေသည်။

ဖူး..

သွေးအလင်းတန်းများ ပျံ့လွင့်လာကာ အဆင့်လွန်သက်ရှိများ ဆက်တိုက် ထိမှန်သွားသည်။ အဆင့်လွန်သက်ရှိ သုံး၊လေးဦးမှာ ခန္ဓာကိုယ်များ ပေါက်ကွဲသွားပြီး သွေးမြူအဖြစ် ပြောင်းလဲသွားလေ၏။

“သူက ထာဝရတာအိုဖြစ်ဖို့တစ်လှမ်းပဲလိုတော့တာ .. သူက အရမ်းစွမ်းအားကြီးတယ် .. သူ့ကို ငါတို့ ဘယ်လိုရင်ဆိုင်ကြမလဲ..” တစ်စုံတစ်ယောက်မှ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ မုန့်ထျန်းကျန်းကဲ့သို့ စွမ်းအားကြီးသည့်သူနှင့် တွေ့လိမ့်မည်ဟု သူမထင်ထားခဲ့။

အပိုင်း ၁၈၆၅ ပြီး၏။
Chapter – 1866 တစ်ဖက်လောကမှ ကျွမ်းကျင်သူများအား အနိုင်ယူခြင်း

ရွှီး..

နတ်မြှားများ ကောင်းကင်ကို ထိုးဖောက်သွားကာ အဆင့်လွန်သက်ရှိများကို ဆက်တိုက်သတ်ပစ်နေကာ နေရာတိုင်း၌ သွေးမိုးများ ရွာသွန်းနေသည်။

သေမျိုးတာအို၌ အထွဋ်အထိပ်ရောက်နေသည့်သူများ .. တစ်ဖက်လောက၌ပင်လျှင် ဤလူများသည် အလွန်အဆင့်အတန်းမြင့်သည်ပင်။ မသေမျိုးသက်ရှိများမှာ သူတို့မိသားစုမျာထံမှ ထွက်ပေါ်လာခြင်းပင်။

ဝုန်း..

ခပ်ဝေးဝေးတွင် အဖြူရောင်ဓားရှည်ကြီးတစ်လက် ရောက်လာသည်။

ဒုန်း.. မုန့်ထျန်းကျန်း ထိုဓားကြီးကို သူ၏လက်ချောင်းဖြင့် တောက်ထုတ်လိုက်သည်။

ဤသည်မှာ ဧကရာဇ်ကလန်၏ တိုက်ခိုက်မှုပင်။ သူသည် မုန့်ထျန်းကျန်းနှင့် တိုက်ခိုက်ရန်အတွက် အခြား အဆင့်လွန်သက်ရှိများကို စုစည်းထားလိုက်သည်။

“ဟက် .. တကယ်နှမြောစရာပဲ .. မင်းက ဒီလေးမှာ မင်းရဲ့တာအိုအသီးအပွင့်ကို ထည့်ထားတယ် .. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းက ဒါကို ဖျက်ဆီးပစ်ပြီးတော့ အချိန်မတိုင်ခင် ထွက်လာခိုင်းလိုက်တယ် .. ဒါက မင်းဒီဘဝမှာ ထာဝရတာအိုနဲ့ကံမပါလာတော့ဘူးလို့ ဆိုလိုတာပဲ..”

ထိုဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ အလွန်အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် နှလုံသားကင်းမဲ့စွာဖြင့်ပင် မုန့်ထျန်းကျန်း၏ အနာကို လာဆွနေသည်။

မုန့်ထျန်းကျန်းသည် ထာဝရတရားကို ရရှိတော့မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခု သူ၏ ထာဝရသက်ရှိလမ်းကြောင်းကြီး အဆုံးသတ်သွားလေပြီ။ ဤအကျိုးဆက်မှာ အလွန်ပြင်းထန်လှသည်။

သို့သော် သူရွေးချယ်စရာမရှိ။

မုန့်ထျန်းကျန်း ဘာမှမပြောပဲ သူ၏လေးကိုသာ မြှောက်လိုက်ပြီး အရှေ့ဘက်သို့ လျှောက်လာလိုက်သည်။ သူ ဤလူကို သတ်ချင်သည်။

အဘယ်ကြောင့်ဆိုသော် ဤဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှာ ခြေလှမ်းကိုးလှမ်းဖြင့် အမျိုးသမီးအဆင့်လွန်သက်ရှိအား သတ်ခဲ့သည့်သူပင်။ ထို့အပြင် သူသည် ဓားရှည်ကိုသုံးကာ အားလုံးရှေ့၌ သူမခေါင်းကိုဖြတ်ခဲ့သေးသည်။

မုန့်ထျန်းကျန်း ဤလူကို သတ်ချင်သည်။

ဝုန်း..

ထိုလူသည် ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်းအား ချက်ချင်းအသုံးပြုလာခဲ့သည်ပင်။ သူ၏ခန္ဓာကိုယ်တွင် မသေမျိုးအလင်းများလည်း ထွက်ပေါ်လာသည်။

ဤသည်မှာ ဧကရာဇ်ကလန်တစ်ခု၏ သွေးစွမ်းအင်ပင်။ ထိုသွေးများသည် သူ့ခန္ဓာကိုယ်ထဲ၌ ဆူပွက်နေကာ မှော်စွမ်းအားအဖြစ် သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်သို့ ထွက်ပေါ်လာခြင်းပင်။

ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်း ထွက်ပေါ်လာသည်နှင့် ကောင်းကင်ကြီး ပြိုကျသွားသည်။

“အားလုံးပဲ ကျုပ်ကို ကူညီပေးပါဦး..”

ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ ပြောလိုက်သည်။

မုန့်ထျန်းကျန်းကို ခုခံနိုင်ရန်အတွက် သူ တစ်ခါတည်းဖြင့် ၈ လှမ်းလှမ်းလိုက်သည်။ ၇ လှမ်းမှာ မုန့်ထျန်းကျန်းအတွက် အသုံးမဝင်ကြောင်း သူသိသည်ပင်။ ထိုအမျိုးသမီးအဆင့်လွန်သက်ရှိကို သတ်စဉ်က သူ ၈ လှမ်းသာလှမ်းခဲ့သည်။

သို့သော် စွမ်းအင်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကြယ်များပေါက်ကွဲသွားသော်လည်း မုန့်ထျန်းကျန်း ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေသည်။ သူသည် ထိုဧကရာဇ်ကလန် ကျွမ်းကျင်သူကိုသာ အေးစက်စွာ စိုက်ကြည့်နေလေ၏။

အခြား အဆင့်လွန်သက်ရှိများလည်း သူတို့၏ မှော်စွမ်းအားများကို အသက်သွင်းကာ ဧကရာဇ်ကလန်ကျွမ်းကျင်သူကို ကူညီလာကြသည်။ ထိုဧကရာဇ်ကလန်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအင်တန်းများ တစ်တန်းပြီးတစ်တန်း ဝင်ရောက်လာသည်။

ဝုန်း..

ထိုအချိန်တွင် သူ ကိုးလှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။ ဤသည်မှာ သူနှင့်အဆင့်တူသည့် ကျင့်ကြံသူများကို သတ်ရန်လုံလောက်သည်ပင်။

ယခု သူ့အား လူများစွာ ကူညီနေသောကြောင့် စွမ်းအားမှာ ပို၍ပင် အံ့အားသင့်စရာကောင်းလာသည်။

နတ်ဘုရား သို့မဟုတ် ဗုဒ္ဓရောက်လာလျှင်ပင် သူတို့ အသတ်ခံရနိုင်သည်။

ယခု ဧကရာဇ်ကလန် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုး ပြုလုပ်လိုက်သည်။ ပို၍ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများ နေရာအနှံ့သို့ လွင့်ပျံသွားသည်။

ဝုန်း..

ကြယ်များစွာ ပေါက်ကွဲသွားကာ ဖုန်မှုန့်များ ဖြစ်သွားလေ၏။ ဤမြင်ကွင်းမှာ အလွ်နကြောက်စရာကောင်းလှသည်ပင်။

သို့သော် မုန့်ထျန်းကျန်းမှာ မလှုပ်မရှားရှိနေဆဲပင်။

“သတ်..”

ဧကရာဇ်ကလန်ကျွမ်းကျင်သူ အော်ဟစ်လိုက်သည်။ ကိုးလှမ်းမြောက်ကို လှမ်းပြီးသည်နှင့် သူနောက်တစ်လှမ်းလှမ်းကာ မုန့်ထျန်းကျန်းထံသို့ တရှိန်ထိုးသွားလိုက်သည်။

သို့သော်လည်း ဤသည်မှာ ၁၀ လှမ်းမြောက်မဟုတ်။ ခြေလှမ်းကိုးလှမ်းမှ စွမ်းအားလှိုင်းများ စုစည်းသွားကာ ဖြစ်ပေါ်လာခြင်းပင်။

ထို့အပြင် နောက်ဆုံးတိုက်ခိုက်မှုမှာ သူ၏ခြေလှမ်းများ၌ ဖြစ်ပေါ်လာခြင်းမဟုတ်။ သူ၏လက်ထဲရှိ ဓားရှည်မှ ထွက်ပေါ်လာခြင်းပင်။

သူ၏ခြေထောက်အောက်ခြေမှ တောက်ပသည့်အလင်းလှိုင်းကိုးခု ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထို့နောက် ထိုအလင်းများသည် သူ၏ညာဘက်လက်၌ စုစည်းသွားကာ ဓားရှည်ထဲသို့ ဝင်ရောက်သွားသည်။

ဤသည်မှာ ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်း၏ နောက်ဆုံးတိုက်ခိုက်မှုပင်။

ဤသည်သာလျှင် သူ့စွမ်းအားအစစ်အမှန်ပင်။

ဒုန်း..

နောက်ဆုံးတော့ မုန့်ထျန်းကျန်း လှုပ်ရှားလာလေပြီ။ သူသည် ပျက်စီးနေသည့် လေးကိုမြှောက်ကာ ဓားရှည်ကို ရင်ဆိုင်လိုက်သည်။ သူသည် ဧကရာဇ်ကလန်၏ ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်းကို ခုခံရုံသာမက အခြား အဆင့်လွန်သက်ရှိများ၏ စုပေါင်းစွမ်းအားကိုလည်း ရင်ဆိုင်နေရသည်ပင်။

နေရာတိုင်း၌ မီးပွားများ လွင့်စင်လာကာ နတ်ခွန်အားများ ကောင်းကင်ကို လွှမ်းခြုံသွားသည်။

ဓားစွမ်းအင်များသည် ကောင်းကင်ထက်၌ ချိတ်ဆက်သွားကာ သူ၏လမ်းကြောင်းတွင်ရှိနေသည့်အရာအားလုံးကို ရှင်းလင်းပစ်နေသည်။

သို့သော် ယခုတော့ သူ အတားအဆီးတစ်ခုနှင့် တွေ့သွားလေပြီ။ မုန့်ထျန်းကျန်းသည် သူ၏လေးဖြင့် ထိုဓားကို ဖိနှိပ်ပစ်လိုက်လေသည်။

ခွပ်..

ဓားရှည်ကြီးသည် အက်ကွဲလာပြီးနောက် အလင်းမိုးအဖြစ် ပေါက်ကွဲသွားလေသည်။

ဖူး..

ထိုဧကရာဇ်ကလန်ကျွမ်းကျင်သူ ပါးစပ်အပြည့်သွေးအန်သွားသည့်အပြင် သူ၏ညာလက်လည်းသွေးမြူအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ စွမ်းအား နောက်ပြန်ကန်ခြင်းပင်။ ရန်သူကို ရှင်းလင်းရန်အတွက် စွမ်းအားလှိုင်းကိုးခု စုစည်းသွားသော်လည်း တစ်ဖက်လူ တားဆီးလိုက်သောကြောင့် ထိုစွမ်းအားများသည် သူ့ကိုသာပြန်လည်ထိခိုက်လာတော့သည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် အဝေးမှ ကျယ်လောင်လှသည့် ဟစ်ကြွေးသံကြီး ထွက်ပေါ်လာသည်။ ထာဝရဝမ်နှင့် တိုက်ခိုက်နေသည့် ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိသည် သူ၏ပြိုင်ဘက်ကို လက်လွှတ်လိုက်ကာ ထာဝရနင်းခြေခြင်းခြေလှမ်းကိုးလှမ်း အသုံးပြုသည့် အဆင့်လွန်သက်ရှိအား ကူညီရန်အတွက် တရှိန်ထိုး ပြေးလာလေသည်။

ယခု ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိနှစ်ဦး ပူးပေါင်းသွားကြလေပြီ။

ထို့အပြင် အနောက်ဘက်မှ အဆင့်လွန်သက်ရှိများလည်း သူတို့၏တိုက်ပွဲကို ရပ်တန့်ကာ ဤနေရာသို့ အလောတကြီး ရောက်လာကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကို ရအောင်သတ်ရမယ်..” ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိနှစ်ဦးလုံးသည် မုန့်ထျန်းကျန်း ခေါင်းပြန်ထောင်လာမည်စိုးသောကြောင့် သူ့အား သတ်ပစ်ချင်နေကြသည်။

“ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ..”

မုန့်ထျန်းကျန်း ပြောလိုက်သည်။ သူသည် စိတ်ပျက်နေခြင်းမရှိသလို ဝမ်းနည်းပုံလည်းမပြ။ သူ၏မျက်ဝန်းထဲမှ အလင်းတန်းမှာ တောက်ပလှသည်။ သူ၏လက်ထဲမှ ပျက်စီးနေသည့်လေးမှ စွမ်းအားများ ထွက်ပေါ်လာသည်။

သူ တစ်ခြားဘာကိုမှ မတွေးတော့။ ရန်သူကို သတ်ရန်သာ တွေးတော့သည်။

အထူးသဖြင့် ဤဧကရာဇ်ကလန် အဆင့်လွန်သက်ရှိနှစ်ဦးပင်။ သူတို့နှစ်ဦးလုံးကို သတ်ပစ်ရန်လိုသည်။

“သတ်..”

ဘေးပတ်လည်မှ အဆင့်လွန်သက်ရှိများအားလုံး သူ့အားတိုက်ခိုက်လာကြသည်။

လူများစွာ ပူးပေါင်းလိုက်ခြင်းဖြစ်သောကြောင့် မုန့်ထျန်းကျန်းတွင် ထာဝရတာအိုအော်ရာများ ရှိနေလျှင်ပင် သူ တောင့်ခံနိုင်ရန် ခက်ခဲလိမ့်မည်။ ဝံပုလွေတစ်အုပ်သည် ကျားတစ်ကောင်အား အမဲဖျက်နိုင်သည်ပင်။

သို့သော် မုန့်ထျန်းကျန်းသည် အခြားသူများ၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ ဧကရာဇ်ကလန်နှစ်ဦးသာ ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။

ထို့အပြင် ထာဝရဝမ်၊ ထာဝရကျောင်းမှ အကြီးအကဲနှင့် အခြားသူများလည်း တရှိန်ထိုး ရောက်လာကာ မုန့်ထျန်းကျန်းကို ဝန်ပေါ့အောင် လုပ်ပေးလိုက်သ်ည။

“တာအိုရောင်းရင်း .. မင်းမှာ အချိန်သိပ်မရှိတော့ဘူးဆိုတာ ကျုပ်သိပါတယ် .. ဂရုစိုက်ပါ … မင်းရဲ့ တောက်ပမှုတွေကို သုံးပြီးတော့ ရန်သူတွေကို ရှင်းပစ်လိုက်ပါ..” ထာဝရဝမ် ဤကဲ့သို့ ပြောလိုက်သည်။

အလေးအမြတ်ကျောင်းမှ အကြီးအကဲဖြစ်စေ၊ ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိများဖြစ်စေ အားလုံး၏အမူအရာများ ပြောင်းလဲသွားသည်။ မုန့်ထျန်းကျန်းမှာ အချိန်သိပ်မရှိတော့ဘူးလား..

မုန့်ထျန်းကျန်း ရယ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည် ဧကရာဇ်ကလန်မှ ကျင့်ကြံသူနှစ်ဦးကို မရပ်မနားပင် တိုက်ခိုက်လိုက်သည်။

ယခုအချိန်တွင် မုန့်ထျန်းကျန်းသည် ငယ်ရွယ်ကာ ခန့်ညားလှသည်။ သူ၏ ရှည်လျားဖြောင့်တန်းနေကာ သူ၏ခန္ဓာကိုယ်ကို ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးလွှမ်းထားသည်။

သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အရှေ့သို့သာ ဦးတည်သွားနေသည်။ လမ်းတစ်လျှောက်တွင် သူ အဆင့်လွန်သက်ရှိနှစ်ဦးကို သတ်ခဲ့သေးသည်။

ဒုန်း ဒုန်း ဒုန်း..

အဆုံးအဖြတ်တိုက်ပွဲကြီး စတင်လေပြီ။ မုန့်ထျန်းကျန်း သူ့မျက်စိရှေ့မှ လူအားလုံးကို ရှင်းလင်းပစ်နေလေ၏။

နောက်ဆုံးတွင်တော့ သူ ထိုလူအုပ်ကြီးကို ကျော်ဖြတ်နိုင်ခဲ့လေပြီ။ သူသည် ဓားရှည်ပျက်စီးသွားသည့် အဆင့်လွန်သက်ရှိကို စိုက်ကြည့်လိုက်သည်။ သူ၏လက်ထဲရှိ လေးဖြင့် ရိုက်ချလိုက်သည်နှင့် ထိုကျင့်ကြံသူ သွေးအန်သွားလေသည််။

“ငါ သူ့ကို ဖမ်းထားမယ် .. သူ့ကို သတ်ကြ..”

ထိုဧကရာဇ်ကလန် အဆင့်လွန်သက်ရှိမှာ ပြတ်သားလှသည်။ သူသည် သေရမည်ကိုပင် မကြောက်ပဲ မုန့်ထျန်းကျန်း၏ လက်ကို ဆုတ်ကိုင်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်တွင် တာအိုသင်္ကေတများ ဖုံးလွှမ်းနေလေ၏။ သူသည် အကြီးအကဲအရှင်အား ယာယီထိန်းချုပ်ရန်အတွက် ပေးဆပ်ရန် ဝန်လေးမနေပေ။

အခြားသူများသည် ဘိုးဘေးပညာများကို အသုံးပြုကာ တိုက်ခိုက်လာကြသည်။

ကံမကောင်းစွာဖြင့် သူတို့ မုန့်ထျန်းကျန်း၏ခွန်အားကို လျှော့တွက်မိသွားသည်။ ဖုန်း ဟူသည့်အသံနှင့်အတူ ထိုဧကရာဇ်ကလန် အဆင့်လွန်သက်ရှိ၏ လက်ပျက်စီးသွားသည်။ ထို့နောက် မုန့်ထျန်းကျန်းသည် ထိုလူကိုမြှောက်လိုက်ကာ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်လေ၏။

မုန့်ထျန်းကျန်းသည် နတ်ဆိုးနတ်ဘုရားကဲ့သို့ပင်။ သူသည် ရပ်တန့်ခြင်းမရှိပဲ သူ့ထံသို့ လွင့်စင်လာသည့် သင်္ကေတနှင့် အခြားအရာများကို ရှောင်ရှားလိုက်ကာ အခြား ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိအား တိုက်ခိုက်လိုက်သည်။

ဖူး..

ဤဧကရာဇ်ကလန်အဆင့်လွန်သက်ရှိသည်လည်း လေးဖြင့် ရိုက်ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်ပျက်စီးသွားသည်။ ထို့နောက် လက်ညှိုးတစ်ချောင်း သူ၏နဖူးရိုးကို ဖောက်ထွက်သွားကာ သူ၏မူလဝိညာဉ်အား သတ်သွားလေသည်။

ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိနှစ်ဦး သေဆုံးသွားသည်နှင့် အခြားသူများအားလုံးသည် ဆက်မတိုက်တော့ပဲ ထွက်ပြေးသွားကြသည်။

သူတို့ကြောက်သောကြောင့်မဟုတ်။ ဆက်တိုက်လည်း ထူးတော့မည်မဟုတ်ကြောင်း သိနေသာကြောင့်ပင်။ သူတို့ အလကားသက်သက်သာ သေသွားလိမ့်မည်။

ဒုန်း..

အင်ပါယာဂိတ်ရှေ့ရှိ ကန္တာရတွင် မီးခိုးနှင့် ဖုန်မှုန့်များ လွင့်စင်လာသည်။

ထိုနေရာသို့ ပုံရိပ်များ တစ်ခုပြီးတစ်ခု ဆင်းသက်လာကာ သူတို့ ကောင်းကင်ချောက်နက်ထံသို့ ဦးတည်သွားလိုက်ကြသည်။ သူတို့ တစ်ဖက်လောကသို့ ပြန်သွားရန် ကြိုးစားလိုက်ကြသည်။

သူတို့ ဤတိုက်ပွဲကို ဆက်မတိုက်နိုင်။ မည်သူမှ မုန့်ထျန်းကျန်းကို မဖိနှိပ်နိုင်။

မုန့်ထျန်းကျန်း ထိုနေရာ၌သာ တိတ်ဆိတ်စွာ ရပ်ကာ ကောင်းကင်ချောက်နက်ထဲသို့ ကြည့်လိုက်သည်။ သူ ထိုသူများနောက်သို့ လိုက်မသွားတော့။

အပိုင်း ၁၈၆၆ ပြီး၏။
Chapter – 1867 ခမ်းနားမှု ပျက်စီးခြင်း

ကောင်းကင်ချောက်နက်ရှေ့ ကန္တာရကြီးပေါ်တွင် မုန့်ထျန်းကျန်းတစ်ယောက်တည်း ရပ်နေသည်။ ကောင်းကင်ထက်မှ သွေးမိုး ရွာသွန်းလာသည်။ သို့သော် မြေပြင်အထက် ကျန်းပေါင်းတစ်သောင်းအထက်ရှိ အရာအားလုံး လောင်ကျွမ်းနေကာ တောက်ပသည့်အလင်းများအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ အဆင့်လွန်သက်ရှိ၏သွေးများဖြစ်သလို အဆင့်လွန်သက်ရှိများသေဆုံးမှုကြောင့် ဖြစ်ပေါ်လာသည့် ကောင်းကင်မျက်ရည်နှင့် အခြားပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း ပါတင်သည်။ သူသည် ဤတိုက်ပွဲတွင် ဧကရာဇ်ကလန် အဆင့်လွန်သက်ရှိများကို သတ်ပစ်နိုင်ခဲ့သည်။

အထူးသဖြင့် ယခုအချိန်တွင် သူသည် ထိုနေရာ၌ တစ်ယောက်တည်းထိုင်နေကာ ကောင်းကင်ထက်မှ ကျလာသည့် အဆင့်လွန်သက်ရှိသွေးများကို ကြည့်နေလေသည်။

ဒါက ဘယ်လောက်တောင် ခမ်းနားတဲ့ အောင်မြင်မှုမျိုးလဲ .. အဆင့်လွန်သက်ရှိများကို သတ်နိုင်လျှင်ပင် တုန်လှုပ်စရာကောင်းနေပြီဖြစ်သော်လည်း သူက ဧကရာဇ်ကလန်များကို ဆက်တိုက် သတ်ပစ်နိုင်ခဲ့သည်။

တစ်စုံတစ်ယောက် သက်ပြင်းချလိုက်၏။ သူ မုန့်ထျန်းကျန်းအတွက် ဝမ်းနည်မိသည်။ ဤကဲ့သို့ အံ့အားသင့်စရာကောင်းသည့်သူရဲကောင်းကြီးမှာ လောကကြီးမှ ဤအတိုင်း ပျောက်ကွယ်သွားတော့မည်လား..

ဤတိုက်ပွဲပြီးလျှင် သူ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မည်မဟုတ်တော့။

အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်း လေးကို ချိုးပစ်လိုက်သည့်အချိန်တွင် သူ၏နတ်အမြုတေကို စောစောထွက်လာအောင် လုပ်လိုက်ရုံသာမက သူ၏ကျန်ရှိနေသည့် ဘဝသက်တမ်းကိုပင် အသုံးပြုလိုက်ခြင်းဖြစ်သည်ဟု ထာဝရဝမ် ပြောခဲ့သည်ပင်။

သူ့ထံတွင် အချိန်သိပ်မရှိတော့။ ထို့ကြောင့် သူ ရန်သူများကို အလောတကြီးသတ်ကာ သူတို့ကြောက်ရွံ့သွားအောင် လုပ်လိုက်ခြင်းပင်။

မျိုးဆက်တစ်ခု၏ သူရဲကောင်း အဆုံးသတ်တော့မည်။

ဤသည်မှာ အင်ပါယာဂိတ်၏ အမာရွတ်ဖြစ်သလို ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခု၏ဝမ်းနည်းမှုလည်းဖြစ်သည်။

“အင်ပါယာဂိတ်ကို ပြန်တည်ဆောက်မယ်..”

မုန့်ထျန်းကျန်း ပြောလိုက်သည်။ သူသည် အင်ပါယာဂိတ်ကို ကျောပေးထားကာ သူ၏ရွှေရောင်ချပ်ဝတ်တန်ဆာတွင်လည်း‌ သွေးများ ဖုံးလွှမ်းနေသည်။

ယခု သူဂရုစိုက်နေသည်မှာ အင်ပါယာဂိတ်ကို တတ်နိုင်သမျှ မြန်မြန်ပြုပြင်ရန်ပင်။ တစ်ဖက်လောကမှ အခြားအင်ပါယာဂိတ်များ မကျူးကျော်လာရန်အတွက် ပျက်စီးသွားသည့် မြို့ရိုးများကို ပြန်ပြင်ရမည်။

မြို့ကိုသာ ကောင်းအောင်ပြန်ပြင်ပြီးသွားပြီဆိုလျှင် ထာဝရပစ္စည်းများ၏ ကာကွယ်မှုအောက်တွင် ဤမြို့ကို သိမ်းယူနိုင်ရန် အလွန်ခက်ခဲသွားလိမ့်မည်။

အခြား အဆင့်လွန်သက်ရှိများ လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ အချို့အကြီးအကဲများ အာကာသအပြင်ဘက်သို့ လက်လှမ်းလိုက်သည်။

ထာဝရကျောင်းအကြီးအကဲ၊ အလေးအမြတ်ကျောင်းမှ အကြီးအကဲ၊ ထာဝရဝမ်နှင့် အခြားသူများအားလုံး စိတ်လှုပ်ရှားသွားကြရသည်။ သူတို့၏အမူအရာမှာ လေးနက်နေသည်။

ဘာဖြစ်နေသည်ကို သိလိုက်ရသည့်အချိန် အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများသက်ပြင်းချလိုက်ကြသည်။

“အကြီးအကဲအရှင်..”

“စီနီယာ မုန့်ထျန်းကျန်း..”

အစောပိုင်းတွင် သူတို့ပျော်ရွှင်စွာ အော်ဟစ်ကြွေးကြော်နေခဲ့ကြသေးသည်။ သို့သော် ဤအောင်မြင်မှုမှာ ဤမျှခါးသီးနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ ရန်သူကို သတ်ရန်အတွက်နှင့် မုန့််ထျန်းကျန်း သူ၏ထာဝရသက်ရှိဖြစ်နိုင်သည့်လမ်းကို ဖြတ်တောက်ပစ်လိုက်သည့်အပြင် ယခု သူ သေဆုံးတော့မည်။

ဤသည်မှာ မည်မျှပင် ဆိုးရွားလှသနည်း.. အားလုံး မကျေမနပ်ဖြစ်နေကာ သူ့အတွက် ဝမ်းနည်းနေကြသည်။ သို့သော် သူတို့သက်ပြင်းချရုံသာ တတ်နိုင်သည်။ ကောင်းကင်ဘုံသည် သူရဲကောင်းများကို မနာလိုကြ။

ရှီဟောင် အတိဒုက္ခကို ဖြတ်သန်းပြီးသွားလေပြီ။ သူ ထိုနေရာ၌ ရပ်နေကာ သူ့နှာခေါင်း စူးရှနာကျင်လာသည်။ သူ ပါးစပ်ဟလိုက်သော်လည်း စကားပြောနိုင်ရန် ခက်ခဲနေသည်။

သူ ကောင်းကင်ဘုံကိုးခုသို့ ရောက်လာကတည်းက မုန့်ထျန်းကျန်းသည် သူ့ကို ကာကွယ်ပေးသည့်တစ်ဦးတည်းသောသူပင်။ သူသည် သူ့အား ဝမ်မိသားစု၏ရန်လိုမှုနှင့် ကျင်းမိသားစု အရှုပ်အထွေးများကြားမှ ကာကွယ်ပေးခဲ့ကာ သူ့အား လျှို့ဝှက်မြေသို့ ခေါ်သွားပေးကာ ‘ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုခြင်း’ကိုလည်း လမ်းပြပေးခဲ့သည်။

မုန့်ထျန်းကျန်းသာ မရှိလျှင် သူ ဤအဆင့်ထိကို ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာနိုင်ရန် ခက်ခဲလိမ့်မည််။

မုန့်ထျန်းကျန်းသည် ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်းလမ်းစဉ်၏ ဘိုးဘေးပင်။ သူသည် ဘာကိုမှ ထိန်ချန်ထားခြင်းမရှိပဲ ရှီဟောင်အား အားလုံးလက်ဆင့်ကမ်းပေးခဲ့သည့်အပြင် သူ့အား လျှို့ဝှက်မြေသို့လည်း ခေါ်ဆောင်ပေးခဲ့သည်။ ထို့ကြောင့်သာလည်း သူအောင်မြင်ခဲ့ခြင်းပင်။

ဤနှစ်များတွင် မုန့်ထျန်းကျန်းသည် သူ့အသက်အား အကြိမ်ပေါင်းများစွာ ကယ်တင်ပေးခဲ့သည်။

“စီနီယာ .. ကျွန်တော် စီနီယာကို မသေစေချင်သေးဘူး .. နည်းလမ်းတစ်ခုတော့ ရှိမှာပါ..” ရှီဟောင် ခံစားချက်များ ပွင့်ထွက်လာသည်။ ဤအချိန်ထိ သူ တစ်ခါမှ မငိုကြွေးဖူးခဲ့။ သို့သော် ယနေ့တော့ သူ မထိန်းနိုင်တော့။

သူ တာအိုလေ့လာခြင်းလက်ဖက်ရွက်အား ထုတ်လိုက်သည့်အပြင် ချင်းရီ၊ ချောင်ယုရှင်းနှင့် အခြားသူများအား သူထားပေးခဲ့သည့်ပစ္စည်းများအား တောင်းလိုက်သည်။ ဥပမာအားဖြင့် နတ်အဆင့်ဆေးပင်များနှင့် သစ်သားသေတ္တာအားလုယူစဉ်က ရခဲ့သည့် ထာဝရဆေးရွက်တို့ပင်။

သူ မုန့်ထျန်းကျန်းအား ကယ်တင်ချင်သည်။

“ကောင်းကောင်းကျင့်ကြံ .. မင်းက ငါ့ထက်တောင် ပိုပြီး အဝေးကြီး ရောက်လိမ့်မယ် .. မင်းရဲ့လမ်းကြောင်းက ပိုကျယ်ပြန့်ပြီး ပိုရှည်တယ်..” မုန့်ထျန်းကျန်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အင်ပါယာဂိတ်အား ကျောပေးထားကာ ကောင်းကင်ချောက်နက်သို့ ကြည့်နေဆဲပင်။

သူသည် တစ်ဖက်မှ အဆင့်လွန်သက်ရှိများအား ခြိမ်းခြောက်နေခြင်းဖြစ်သလို သဘာဝဥပဒေသပင်လယ်ကိုလည်း စိုက်ကြည့်နေသည်။

တစ်ဖက်လောကတွင် ဖြတ်လာရဲသည့် အဆင့်လွန်သက်ရှိမရှိတော့။ သူတို့အားလုံး ပြန်သွားကြလေပြီ။

အနောက်ဘက်တွင်ရှိနေသည့်သူများသည် ကြယ်များကို ပြုပြင်ကာ အင်ပါယာဂိတ်အား ပြန်ဆောက်နေကြသည်။ အချို့လူများသည် အစီအရင်သင်္ကေတများကို လေ့လာကာ ထာဝရရှေးဟောင်းအစီအရင်ကို ပြန်ပြင်ရန် ကြိုးစားနေကြသည်။

ဤတိုက်ပွဲတွင် သူတို့ အများကြီး ပေးဆပ်ခဲ့ရသည်။

အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိအိုများ အားလုံးနီးပါးအသတ်ခံခဲ့ရသလို ကောင်းကင်ဘုံကိုးခုမှ လူတစ်ဝက်ကျော်လည်း ဒဏ်ရာရကာ သေဆုံးသွားကြသည်ပင်။ ဤတိုက်ပွဲပြီးဆုံးပြီးနောက် ကျန်ရစ်ခဲ့သည့် အဆင့်လွန်သက်ရှိများမှာ ပို၍ပင် နည်းပါးသွားလေပြီ။

သူတို့ကို ပို၍ ဝမ်းနည်းစေသည်မှာ မုန့်ထျန်းကျန်းပင်။ သူ၏စွမ်းရည်နှင့်ဆိုလျှင် သူ ထာဝရသက်ရှိဖြစ်နိုင်သည်။ သို့သော်လည်း သူ သေဆုံးကာ လောကြီးမှ ထာဝရပျောက်ကွယ်သွားတော့မည်။

သူသည် နယ်ခြားစပ်ကို တုန်လှုပ်သွားစေနိုင်ခဲ့သော်လည်း ယခု သူ၏အောင်မြင်မှုများမှာ နောက်ဆုံးစစ်ပွဲတေးသီချင်းတစ်ပုဒ်အဖြစ် သူနှင့်မြှုပ်နှံခံရတော့မည်။

အချို့လူများမှာ မျက်လုံးများ နီရဲလာကြသည်။

အင်ပါယာဂိတ်ရှေ့ အားလုံးနှင့်ဝေးသည့်နေရာတွင် မုန့်ထျန်းကျန်းနှင့် ရှီဟောင် နှစ်ယောက်တည်း ရပ်နေသည်။

သူသေဆုံးတော့မည်ဖြစ်သော်လည်း သူသည် ရှေ့တန်း၌ ရပ်ကာ တစ်ဖက်လောကမှ ကျွမ်းကျင်သူများအား ကောင်းကင်ချောက်နက်ကို ဖြတ်မလာနိုင်အောင် တားဆီးနေဆဲပင်။

ရွှီး..

ရုတ်တရက် ဖရိုဖရဲအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် မသေမျိုးနတ်လှံတံအဖြစ်သို့ ပြောင်းလဲသွားကာ မုန့်ထျန်းကျန်း၏ဦးခေါင်းအနောက်သို့ ဦးတည်လာသည်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသောကြောင့် အင်ပါယာဂိတ်မှလူအားလုံး ထိတ်လန့်သွားရသည်။

“သတိထား..”

“စီနီယာ..”

ထိုလှံတံသည် တာအိုသင်္ကေတများနှင့်အတူ မုန့်ထျန်းကျန်း ရှိနေသည့်နေရာသို့ ရောက်လာကာ သူ့ဦးခေါင်းကို ထိုးဖောက်သွားတော့မည်။

ဖုန်း.

ထိုလှံတံသည် မုန့်ထျန်းကျန်းခေါင်းနှင့် ပေတစ်ဝက်ခန့်အလိုတွင် ရပ်တန့်သွားသည်။ ထို့နောက် ထိုလှံတံသည် ပေါက်ကွဲသွားကာ နတ်မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

“ငါ လုံးဝအားနည်းသွားတဲ့အချိန်ထိရောက်အောင် မင်းနည်းနည်းလောက် ထပ်စောင့်နေသင့်တယ် .. အဲဒီအချိန်ကျရင် မင်းအခွင့်အရေးရှိရင် ရှိနိုင်တယ်” မုန့်ထျန်းကျန်း တစ်ဖက်လှည့်လာသည်။

သူ့နောက်တွင် အဆင့်လွန်သက်ရှိတစ်ဦးရှိနေမှန်း သူအစောကြီးကတည်းက သိထားပြီးသားဖြစ်ကြောင်း သိသာလှသည်။ သူမတိုက်ခိုက်ရုံသာ။

အဆင့်လွန်သက်ရှိများ တစ်ဖက်လောကသို့ ပြန်ပြေးသွားသည့်အချိန် သူ လေဟာနယ်ထဲ၌ ပုန်းကွယ်နေခဲ့ခြင်းပင်။ သူသည် ကောင်းကင်ချောက်နက်ကို အလောတကြီးဖြတ်မသွားပဲ အရေးကြီးသည့်အချိန်၌ မုန့်ထျန်းကျန်းအား သတ်ပစ်လိုခြင်းပင်။

“အချိန်သိပ်မကျန်တော့ဘူး .. အင်ပါယာဂိတ်ကြီး ပြန်ဆောက်ပြီးတဲ့အထိ စောင့်ရမယ်ဆိုရင် ဘာအဓိပ္ပာယ်ရှိမှာလဲ..” ထိုအဆင့်လွန်သက်ရှိ သက်ပြင်းချ၍ ပြောလိုက်သည်။

မုန့်ထျန်းကျန်း ဘာမှမပြော။ လက်တစ်ဖက်ထုတ်ကာ ထိုလူကို ဖမ်းဆုတ်လိုက်သည်။ သူ မပျက်စီးနိုင်သည့်ကျမ်းစာကို အသုံးပြုလိုက်ခြင်းပင်။

ထိုအဆင့်လွန်သက်ရှိ မည်မျှပင် ကြိုးစားနေပါစေ အသုံးမဝင်။ သူ၏ဘိုးဘေးပညာများ ပျက်ပြယ်သွားကာ တာအိုသင်္ကေတအားလုံးလည်း အသုံးမဝင်တော့။

မုန့်ထျန်းကျန်း ထိုအဆင့်လွန်သက်ရှိကို ဖမ်းဆုတ်လိုက်ကာ သူ၏လက်ကို ဖြေးညှင်းစွာ ဆုတ်လိုက်သည်။

အား..

ထိုအဆင့်လွန်သက်ရှိ၏ အော်သံမှာ နယ်ခြားစပ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

ဤအဆင့်လွန်သက်ရှိသည် သွေးမိုးအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး အဆုံးသတ်သွားသည်။

လောကကြီး၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ထွက်ပေါ်လာသည်။

မုန့်ထျန်းကျန်းသည် ညာလက်ကို လွှဲရမ်းလိုက်ကာ အရာအားလုံးကို ပျက်ပြယ်စေလိုက်သည်။

“တာအိုရောင်းရင်း အခုထိ အိပ်လို့မဝသေးဘူးလား .. အခုတိုက်တော့မလား..” မုန့်ထျန်းကျန်း တစ်ဖက်လှည့်ကာ သိပ်မဝေးသည့်နေရာမှ ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။

ထိုနေရာတွင် ထိုင်နေသည့်သက်ရှိတစ်ဦးရှိနေသည်။ သူသည် ပျက်စီးနေသည့်ကျားကွက်ပေါ်၌ ထိုင်နေပြီး တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်။ သွေး အားလုံးမှာ သူ‌ ထွေးထုတ်လိုက်သည့်သွေးများပင်။

ယခုအချိန်တွင် သူ၏မျက်နှာ ဖြူဖျော့နေလေပြီ။

ဤသည်မှာ ယခင်က မုန့်ထျန်းကျန်းဖိနှိပ်ခဲ့သည့် ဧကရာဇ်ကလန် ကျင့်ကြံသူပင်။

ထိုစကားကြားသည်နှင့် အားလုံး ထိတ်လန့်သွားရသည်။ သူ လွတ်သွားပြီလား..

မုန့်ထျန်းကျန်း ယခုသတ်လိုက်သည့်လူမှ သူ့အားကူညီပေးခဲ့သည်ပင်။

“ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး .. ငါထွက်မသွားခင် မင်းကို သတ်မသွားရရင် ငါစိတ်အေးချမ်းနိုင်မှာမဟုတ်ဘူး” မုန့်ထျန်းကျန်း ဒဲ့တိုးပင် ပြောလိုက်သည်။ အင်ပါယာဂိတ်ကြီး၏ ဖြစ်လာနိုင်မည့်အန္တရာယ်ကို ရှင်းလင်းရန်အတွက် သူ ဤလူကို ရှင်းပစ်ရမည်။

“ဟား ဟား..” ထိုလူ ရယ်မောလိုက်ကာ သဘာဝဥပဒေသချိန်းကြိုးများကို ချိုးဖျက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ လောင်ကျွမ်းနေကာ နတ်မီးတောက်များလည်း ကောင်းကင်ထိပင် ရောက်နေလေပြီ။ သူ မုန့်ထျန်းကျန်းထံသို့ တရှိန်ထိုးပင် ပြေးလာသည်။

ထိုအခိုက်အတန့်တွင် သူသည် စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုလာသည်။ မုန့်ထျန်းကျန်း စွမ်းအားသိပ်မရှိတော့သည်ကို အသုံးချလာသည်။

ဝုန်း..

ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပေါက်ကွဲထွက်သွားသည်။

မုန့်ထျန်းကျန်း လက်များကို ဖြည်လိုက်သည်။ ပျက်စီးနေသည့်လေးသည် သူ၏ကျောထက်၌ ရှိနေသော်လည်း သူ မြှားပစ်သည့်ပုံစံလုပ်လိုက်ကာ ထာဝရဓားကဲ့သို့ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်သည့် နတ်မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

ဖူး..

သူ၏လက်ထဲတွင် လေးမရှိသော်လည်း မြှားကတော့ ပျံထွက်သွားသည်။ ဖူး ဟူသည့်အသံနှင့်အတူ ထိုဧကရာဇ်ကလန်ကျွမ်းကျင်သူကို ဖောက်ထွက်သွားသည်။

ထိုလူ၏ အမူအရာ တောင့်ခဲသွားသည်။ သူ့တစ်ကိုယ်လုံးသည် နဖူးမှစတင်၍ အက်ကွဲလာကာ တစ်ကိုယ်လုံး နှစ်ပိုင်းဖြစ်သွားသည်။

ထို့နောက် မူလဝိညာဉ်နှင့်အတူ ဖုန်းကနဲ ပေါက်ကွဲသွားလေ၏။ ကောင်းကင်တစ်ခုလုံး ဧကရာဇ်ကလန် အဆင့်လွန်ကျွမ်းကျင်သူ၏သွေးများဖြင့် နီဲရဲသွားသည်။

ဝုန်း..

မုန့်ထျန်းကျန်း သူ၏လက်ကြီးဖြင့် ကောင်းကင်ကို အုပ်မိုးလိုက်ကာ ထိုသူ၏သွေးများနှင့် အရိုးများကို သိမ်းယူလိုက်ပြီး ကောင်းကင်ချောက်နက်ထဲသို့ လွင့်ပစ်လိုက်သည်။

ထို့နောက် အရာအားလုံးပြန်လည်တိတ်ဆိတ်သွားသည်။

ကန္တာရထဲရှိ မုန့်ထျန်းကျန်းသည် ထိုနေရာ၌သာ တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် ကောင်းကင်ချောက်နက်ကို ကြည့်ပြီးနောက် အင်ပါယာဂိတ်ကို ပြန်ကြည့်လိုက်သည်။ ညနေခင်း လေပြည်များ ဖြတ်တိုက်သွားကာ သူ၏ချပ်ဝတ်တန်ဆာမှ တချွမ်းချွမ်း အသံများ ထွက်ပေါ်လာသည်။ သူ၏တိုက်ပွဲအငွေ့အသက်များမှာ ကောင်းကင်ထိပင် လွင့်ပျံနေသည်။

သို့သော် သူ့ဘဝမှာ အဆုံးသတ်သို့ ရောက်ရှိတော့မည်။

ဤသည်မှာ ခမ်းနားလှသည့် တိုက်ပွဲပင်။ သူ့တစ်ယောက်တည်းဖြင့် တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများကို ဖိအားပေးခဲ့သည်။ ယခု မည်သူမှ ကောင်းကင်ချောက်နက်ကို ခြေတစ်လှမ်းပင် မကျော်ရဲတော့။

ကံမကောင်းစွာဖြင့် ဤကဲ့သို့တောက်ပပြီးလျှင် သူ ထာဝရအမှောင်ထုထဲသို့ ရောက်ရှိသွားတော့မည်။

မုန့်ထျန်းကျန်းသည် မလှုပ်မယှက်ဖြင့်သာ နယ်ခြားစပ်ရှေ့၌ ရပ်နေသည်။

“စီနီယာ..”

“မသေပါနဲ့..”

..

အနောက်ဘက်မှ ငိုကြွေးသံများ ထွက်ပေါ်လာသည်။ သူတို့အားလုံး သူ့အား စစ်နတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်ထားကြသည်ပင်။

အပိုင်း ၁၈၆၇ ပြီး၏။
Chapter – 1868 ထာဝရအဆင့်တက်ခြင်း၏ တောက်ပမှု

မုန့်ထျန်းကျန်း‌ သေဆုံးတော့မည်။

သူ တရားထိုင်ရင်းသေဆုံးတော့မည်ကို အားလုံးသိနေကြသည်။ သူ့အသက်ကို ထိန်းသိမ်းထားရန် မလွယ်ကူတော့။ လူများစွာ ဝမ်းနည်းတကြီး ငိုကြွေးနေကြသည်ပင်။

သူသည် မျိုးဆက်တစ်ခု၏ သူရဲကောင်းဖြစ်သော်လည်း သူသည် ဆိုးရွားလှသည့်ကံကြမ္မာကို မရှောင်ရှားနိုင်သေး။

“စီနီယာ..” ရှီဟောင် မုန့်ထျန်းကျန်းဘေးနား ရပ်နေသည်။ သူ နတ်ဆေးပင်များ၊ ထာဝရဆေးပင်သစ်ရွက်နှင့် အခြားအရာများကို ထုတ်ယူလာသော်လည်း မုန့်ထျန်းကျန်းခေါင်းခါပြလေသည်။ ဤသည်မှာ အရာအားလုံးကို ရှင်းပြပြီးသားဖြစ်သွားလေပြီ။ သူ ဘာလုပ်ရတော့မည်နည်း..

ဤသည်မှာ ဘယ်လိုလုပ် လူများကို ဝမ်းမနည်းစေပဲ နေမည်နည်း.. ဤတိုက်ပွဲပြီးဆုံးသွားသည့်နောက်တွင် သူတို့ အင်ပါယာဂိတ်ကို ခုခံနိုင်ခဲ့သော်လည်း အကြီးအကဲမုန့်ထျန်းကျန်း၏လမ်းကြောင်း ဆိုးရွားစွာ ထိခိုက်သွားသည့်အပြင် ယခု သူ သေဆုံးသွားတော့မည်။

“ငါ နောင်တရတဲ့ကိစ္စ တစ်ခုပဲရှိတယ် .. အဲဒါက ငါ ထာဝရသက်ရှိ မဖြစ်လိုက်တာပဲ..” မုန့်ထျန်းကျန်း တီးတိုးပြောလိုက်သည်။ ဤပတ်ဝန်းကျင်တွင် ထာဝရတရားရရှိရန် မဖြစ်နိုင်သော်လည်း သူ မတူညီသည့်လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ကာ အောင်မြင်လုနီးပါးဖြစ်ခဲ့သည်။

သို့သော် နောက်ဆုံးတိုက်ပွဲအတွက်၊ အင်ပါယာဂိတ်ကို ကာကွယ်ရန်အတွက် သူ၏ခမ်းနားကြီးကျယ်မှုကို လက်လွတ်ခဲ့ရသည်။

မုန့်ထျန်းကျန်း သူ၏အော်ရာကို ချုပ်ထိန်းလိုက်ပြီး အသက်ဓာတ်လှိုင်းများလည်း နည်းပါးသွားလေပြီ။

“ကျွန်တော့်စိတ်ထဲမှာတော့ စီနီယာက ထာဝရသက်ရှိတွေထက်တောင် ပိုပါတယ်..” ရှီဟောင် ပြောလိုက်၏။ သူ မုန့်ထျန်းကျန်းအား အလွန်လေးစားကာ အထင်ကြီးသည်။ ဤသည်မှာ သူ့စိတ်ထဲမှ လာသည့်စကားပင်။

“သူငယ်ချင်းဟောင်းကြီး .. မင်း ဘယ်သွားချင်လဲ .. မင်းဘယ်နေရာမှာ အနားယူချင်လဲ..”

ထာဝရကျောင်းမှ အကြီးအကဲ လျှောက်လာသည်။ သူတို့သည် ခေတ်တစ်ခု၏ တစ်ဝက်ကျော်ကြာအောင် သိခဲ့ကြသော်လည်း ယခုတော့ သူ့ကို နောက်ဘဝမှာသာ တွေ့ရတော့မည်။

အင်ပါယာဂိတ် ပြန်ပြင်နေသည်မှာ ပြီးတော့မည်။

“တာအိုရောင်းရင်း .. ငါတို့မင်းကို လိုက်ပို့ပေးမယ်..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလာသည်။ အဆင့်လွန်သက်ရှိများ သူ့အား လာနှုတ်ဆက်ကြသည်။ အခြေအနေများကို ပြောင်းလဲ၍မရတော့မှန်း သူတို့သိသည်ပင်။

“ငါ့ကို မြေမြှုပ်ပေးဖို့ သင်္ချိုင်းမလိုသလို အုတ်ဂူလည်းမလိုဘူး .. ငါ ဒီ နယ်ခြားစပ်မှာပဲ ရှိနေမယ် .. ဒါက ငါ့ရဲ့နောက်ဆုံးစစ်မြေပြင်ဆိုတော့ ငါ ဒီနေရာကိုပဲ စောင့်ကြည့်နေမယ်” မုန့်ထျန်းကျန်း ပြောလိုက်သည်။

ဤစကားမှာ လူများစွာကို နာကျင်သွားစေသည်။

“လောကကြီးနဲ့အတူ ရှိနေမယ်..”

မုန့်ထျန်းကျန်း အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် စွမ်းအားထုတ်လိုက်ကာ အားလုံးကို နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့အပြင် သူသည် တာအိုနတ်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ ရှီဟောင်အား အင်ပါယာဂိတ်ထဲသို့ပြန်ပို့လိုက်သည်။

ဝုန်း..

ထိုအချိန်တွင် မုန့်ထျန်းကျန်း တစ်ကိုယ်လုံး တောက်ပလာသည်။

စွမ်းအားအကြီးဆုံး စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားသည်။

သူ၏ခန္ဓာကိုယ်မှ ထာဝရအလင်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ ထာဝရမြူများ ရစ်ဆိုင်းလာသည်။ ဤသည်မှာ ထာဝရသက်ရှိအစ် လူ့လောကသို့ ရောက်ရှိလာသကဲ့သို့ပင်။

“စီနီယာမုန့်..”

အင်ပါယာဂိတ်မှ လူအားလုံး ထိတ်လန့်သွားရသည်။ သူက သူ့မှာရှိသမျှအားလုံးကို ထုတ်လွှတ်ဖို့ ကြိုးစားနေတာလား..

“တာအိုရောင်းရင်းနဲ့ အော်ရာက တောင်တွေနဲ့ မြစ်တွေကို ဝါးမြိုနိုင်တယ် .. အသက်သိပ်မကျန်တော့တာတောင်မှ နောက်ဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးတော့ ထာဝရလမ်းကြောင်းကို ဆက်လျှောက်နေတုန်းပဲ..” ထာဝရဝမ် လေးစားစွာ ပြောလိုက်သည်။

အားလုံး နားလည်သွားလေပြီ။ မုန့်ထျန်းကျန်းသည် အချိန်သိပ်မရှိတော့သော်လည်း သူသည် ခေါင်းငုံ့မခံပဲ ရဲတင်းစွာပင် ရှေ့ဆက်တိုးသွားသည်။ သူ နောက်ဆုံးတစ်ဆင့်ကို တက်လှမ်းချင်သည်။ ထာဝရသက်ရှိတစ်ဦး ဖြစ်ချင်သည်။

သူ ပေးဆပ်ရသည့်တန်ဖိုးမှာ ကြီးမားလွန်းလှသည်။ သူသည် သူ၏အသက်စွမ်းအင်ကို လောင်ကျွမ်းစေကာ ဤပတ်ဝန်းကျင်၏ အဆီးအတားကို ချိုးဖောက်ရန် ကြိုးစားလိုက်သည်။

ဤသည်မှာ ကောင်းကင်အား ဆန့်ကျင်နေခြင်းပင်။

သူ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အခြေအနေအား မပြောင်းလဲနိုင်သည်ကို အားလုံးသိသည်။ သူ ထာဝရတာအိုနယ်မြေထဲသို့ ရောက်သွားလျှင်ပင် သူအသက်ရှင်နိုင်မည်မဟုတ်။

သူ အလွန်ဆိုးရွားစွာသာ သေဆုံးသွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်ကျလျှင် သူ့ထံ၌ ဘာမှရှိတော့မည်မဟုတ်။

သူ ထာဝရတရားရရှိသည့်နေ့အထိ မရှင်သန်နိုင်တော့သဖြင့် ဤသည်မှာ တစ်ခဏတာ ခမ်းနားမှုသာ ဖြစ်လိမ့်မည်။ သူသည် ဤခေတ်၏ကျိန်စာကို ပျက်ပြယ်စေကာ အချုပ်အနှောင်မှ လွတ်လာပြီဖြစ်ပြီး သူ ထာဝရသက်ရှိဖြစ်နိုင်ကြောင်းကို သက်သေပြမည်။

ယခုအချိန်တွင် မည်သူမှ သူ့အား မကပ်နိုင်တော့။ အားလုံး အင်ပါယာဂိတ်ထဲသို့ ပြန်ဝင်သွားလိုက်ကြသည်။

အလင်းမိုးရွာသွန်းလာကာ ထာဝရအဆင့်တက်ခြင်းအလင်းများထွက်ပေါ်လာသည်။ ထိုအလင်းသည် နယ်ခြားစပ်ကို လင်းထိန်သွားစေသည်။

အင်ပါယာဂိတ်ထဲမှ လူအားလုံး ထိတ်လန့်သွားရသည်။

သို့သော် ဤသည်မှာ နှမြောစရာကောင်းလှသည်။ လေးထဲရှိ နတ်အမြုတေသာ မပျက်စီးသေးလျှင်၊ သူ၏တာအိုအသီးအပွင့်သာ မပျက်စီးသေးလျှင် သူဤကဲ့သို့ အဆုံးသတ်မည်မဟုတ်။

ဝုန်း..

မုန့်ထျန်းကျန်း ပြိုင်ဘက်မရှိသည့် ပညာများကို အသက်သွင်းလိုက်သည်။ ကောင်းကင်တစ်ခုလုံ့း တောက်ပသည့်အလင်းများ လွှမ်းခြုံသွားကာ သူ့တစ်ကိုယ်လုံးကို အဆင့်တက်ခြင်းအလင်းများ ဖုံးလွှမ်းသွားသည်။

ဤသည်မှာ စစ်နတ်ဘုရား ပြန်လည်မွေးဖွားလာသကဲ့သို့၊ ထာဝရသက်ရှိ ပြန်လည်ရှင်သန်လာသကဲ့သို့ပင်။

မုန့်ထျန်းကျန်းသည် သူ၏လမ်းဆုံးသို့ ရဲဝံ့စွာ ဦးတည်သွားနေခြင်းဖြစ်သော်လည်း သူ၏အော်ရာသည် တောင်များနှင့် မြစ်များကို ဝါးမြိုနေနိုင်ဆဲပင်။ သူ ဟစ်ကြွေးလိုက်သည်နှင့် နယ်ခြားစပ်တစ်ခုလုံး တုန်ခါသွားရသည်။

ဝုန်း..

မုန့်ထျန်းကျန်း လက်မြှောက်လိုက်ကာ အာကာသမှ ကြယ်များကို တစ်ခုပြီးတစ်ခု ဆုတ်ကိုင်လိုက်သည်။ ထို့နောက် သူ ထိုကြယ်များကို ထာဝရတာအိုအော်ရာပါရှိသည့် မှော်စွမ်းအားဖြင့် ပြုပြင်လိုက်ကာ အင်ပါယာဂိတ်ကို ပြန်တည်ဆောက်လိုက်သည်။

“သူက အဆင့်လွန်သက်ရှိအဆင့်ကို ကျော်ပြီးတော့ နောက်တစ်ဆင့်ထဲကို ခြေစုံရပ်လိုက်နိုင်ပြီလား..” အဆင့်လွန်သက်ရှိတစ်ဦး တုန်လှုပ်စွာ ပြောလိုက်သည်။

မုန့်ထျန်းကျန်း ထာဝရတာအိုနယ်မြေထဲသို့ ခြေတစ်လှမ်းဝင်နိုင်ခြင်းမှာပင် ဤခေတ်၌ ထိတ်လန့်စရာဖြစ်နေလေပြီ။

အခု သူ တကယ်အောင်မြင်သွားပြီလား .. သူ အဲဒီနယ်မြေထဲကို ဝင်နိုင်ပြီလား..

သို့သော် သေဆုံးခြင်းက ရောက်လာဦးမည်ပင်။

ဤလောက၏တာအိုအသီးအပွင့်သည် မီးတောက်ထဲ၌ လောင်ကျွမ်းနေသည်။

ဝုန်း..

ရုတ်တရက်‌ ကောင်းကင်ချောက်နက်ဘက်မှ ပြင်းထန်စွာ တုန်ခါလာသည်။

ကောင်းကင်ချောက်နက်မှ သဘာဝဥပဒေသများ ထွက်ပေါ်လာသလို နတ်ချိန်းကြိုးများလည်း ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် တစ်ဖက်လောကမှ ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။ အန်းလန်၏လှံတံနှင့် သေဆုံးမှုမရှိခြင်း၏ ရဲဒင်းနှစ်ခုလုံးကို ကောင်းကင်ချောက်နက်၌ ပေါ်လာသည်။

ယခင်က သေဆုံးမှုမရှိခြင်း၏ရဲဒင်း ဤနေရာသို့ ရောက်လကာ မသေမျိုးသက်ရှိတစ်ဦးအား ပို့လွှတ်ရန် ကြိုးစားခဲ့ဖူးသည်။

ယခုအချိန်တွင် လက်နက်မှာ တစ်ခုမကတော့။ နှစ်ခု၊ သုံးခုခန့် ရှိနေလေပြီ။ သူတို့သည် မသေမျိုးသက်ရှိအား လွှတ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေပြီဖြစ်သည်။

ဤသည်မှာ ထိတ်လန့်စရာကောင်းလောက်သည့် ပြောင်းလဲမှုကြီးပင်။

ခွပ်..

နောက်ဆုံးတွင်တော့ ထိုလက်နက်များ အက်ကွဲလာသည်။

သူတို့ချက်ချင်းပင် လက်ပြန်ရုတ်လိုက်သည်။ သူတို့ဆက်သွား၍မရတော့။ သူတို့၏ပြိုင်ဘက်ကင်းသည့်လက်နက်များသာ တကယ်ပျက်စီးသွားပါက သူတို့၏ နှစ်ပေါင်းများစွာသော ပြင်ဆင်မှုများမှာ အလကားဖြစ်သွားလိမ့်မည်။

သူတို့မှော်ပစ္စည်းများ ပျက်စီး၍မဖြစ်။ သူတို့တိုက်ခိုက်ရမည့် စစ်ပွဲများ ရှိသေးသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရနယ်မြေမှ သက်ရှိများအကြောင်းကို သူတို့သိနေသည်ပင်။ ယခုအချိန်တွင် သူတို့ ကြီးကြီးမားမားအဆုံးရှုံးခံ၍မရသေး။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများ တုန်လှုပ်သွားရသည်။ နောက်ဆုံးအချိန်အပိုင်းအခြားတွင် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့မထင်ထားကြ။ ဤသည်မှာ အလွန်အန္တရာယ်များသော်လည်း တစ်ဖက်လောကမှ လူများ ရှုံးနိမ့်သွားဆဲပင်။

“ဟက် ဟား ဟား..”

ရုတ်တရက် ကောင်းကင်ချောက်နက်ဘက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုဘက်မှ လူတစ်ဦး လျှောက်လာသည်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများ သွေးများဖြင့် ပြည့်နှက်နေကာ ယိုင်နဲ့နေသည့်သူတစ်ဦး ပေါ်လာသည်။ သူ၏အရိုးများကိုပင် မြင်နေရပြီဖြစ်သည်။

အချို့နေရာများတွင် အသားများ ကွာကျနေကာ အရိုးများလည်း ပျက်စီးနေသည်အထိပင်။

ဝုန်း..

သို့သော်လည်း ထိုသူသည် ချက်ချင်းပင် မတ်တပ်ထရပ်လာကာ ကောင်းကင်တစ်ခုလုံး သွေးစွမ်းအင်များ ဖုံးလွှမ်းသွားသည်။

မသေမျိုးသက်ရှိအော်ရာ ပျံ့လွင့်လွာကာ စွမ်းအားအကြီးဆုံး မှော်စွမ်းအားများ ထွက်ပေါ်လာသည်။ ဥဒေါင်းဘုရင်များ ဆင်းသက်လာသကဲ့သို့သော ပြိုင်ဘက်ကင်းနတ်အလင်းများလည်း ထွက်ပေါ်လာသည်ပင်။

ဤသည်မှာ မသေမျိုးသက်ရှိပင်။ သူ အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့လေပြီ။

ထိုလက်နက်များ၏ တိုက်ခိုက်မှုများမှာ သူ့ကို ကာကွယ်ပေးရန်အတွက်ပင်။

မသေမျိုးသက်ရှိသည် ထိုနေရာ၌ရပ်ကာ အင်ပါယာဂိတ်ကို ကြည့်နေလေ၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. အားလုံး ရေခဲအိမ်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။

တိုက်ပွဲကြီးအဆုံးသတ်သွားပြီး သူတို့နှစ်ပေါင်း ရာပေါင်းများစွာ ငြိမ်းချမ်းသွားပြီဟု ထင်နေကြခြင်းးပင်။ နောက်ဆုံးအချိန်၌ မသေမျိုးသက်ရှိ ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

သူ့ကို မည်သူ တားဆီးတော့မည်နည်း .. မည်သူ သူနှင့် တိုက်နိုင်မည်နည်း..

မသေမျိုးသက်ရှိသည် မုန့်ထျန်းကျန်းကိုကြည့်ကာ အံ့အားသင့်သည့်အမူအရာ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူထံမှ ထာဝရတာအိုရောင်စုံအလင်းများ ထွက်ပေါ်နေသည်ပင်။

“စိတ်ဝင်စားစရာပဲ .. မင်းကနေစမယ်..” မသေမျိုးသက်ရှိသည် ရက်စက်သည့်အပြုံးဖြင့် တစ်လှမ်းချင်း လျှောက်လာနေလေ၏။

ဤသက်ရှိကို မြင်လိုက်ရသည်နှင့် အင်ပါယာဂိတ်မှ လူများအားလုံး ထိတ်လန့်သွားကာ စိတ်လေးလံသွားရသည်။

သို့သော် မုန့်ထျန်းကျန်းကတော့ နည်းနည်းလေးပင် စိတ်ပျက်မသွား။ ထိုအစား သူသည် တောက်ပစွာပင် ပြုံးနေလေ၏။

“ထာဝရတရားကို မရနိုင်တာက ငါ့ရဲ့နောင်တပဲ .. မင်းက ငါ့နောင်တကို ဖြေလျော့ပေးဖို့အတွက် ရောက်လာတာလား..” မုန့်ထျန်းကျန်းသည် ခြေလှမ်းကျယ်ကြီး လှမ်းလိုက်ကာ သူ့အား ရင်ဆိုင်လိုက်သည်။

သူကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ရွှေရောင်စစ်ချပ်ဝတ်တန်ဆာမှာ နေလုံးကဲ့သို့ တောက်ပနေသည်။ သူ စစ်ပွဲထဲ၌ သေဆုံးရခြင်းမှာ တရားထိုင်ရင်း သေဆုံးရသည်ထက် ပိုကောင်းသည်။

မုန့်ထျန်းကျန်း စိတ်ဓာတ်တက်ကြွနေကာ သူ ယုံကြည်ချက်လည်းရှိသည်။ သူ ဤမသေမျိုးသက်ရှိကိုရင်ဆိုင်မည်။

“ငါ့ လက်ညှိုးတစ်ချောင်းတည်းနဲ့ မင်းကို သတ်လို့ရတယ်..”

မသေမျိုးသက်ရှိ အေးစက်စွာ ပြောလိုက်သည်။ ထို့အပြင် သူသည် လက်ညှိုးတစ်ချောင်းကို တကယ်ထုတ်လိုက်သည်ပင်။ ထိုလက်ညှိုးသည် တစ်ဖြည်းဖြည်းကြီးမားလာကာ မုန့်ထျန်းကျန်း ရှိနေသည့်ဘက်သို့ ရောက်လသည်။

မုန့်ထျန်းကျန်း ပျက်စီးနေသည့်လေးကို ဖယ်ရှားလိုက်သည်။ ထိုလေးမှ သွေးတစ်ချို့စီးကျလာဆဲပင်။ ထို့အပြင် ထိုထဲမှ ခန္ဓာကိုယ်တစ်ခု ပြုတ်ကျလာလေ၏။

ဒါက နတ်အမြုတေ၊ သူ့ရဲ့တာအိုအသီးအပွင့်လား..

ဝုန်း..

ထို့နောက် ကြောက်စရာကောင်းသည့်အော်ရာတစ်ခုနှင့်အတူ အနက်ရောင်အလင်းများ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ချက်ချင်းလွှမ်းခြုံသွားသည်။

ဤသည်ကို နတ်အမြုတေဟုခေါ်လျှင် မလုံလောက်သေး။ ဤသည်မှာ မကောင်းသည့်စွမ်းအင်များ ထုတ်လွှတ်နေသည့် နတ်ဆိုးခန္ဓာကိုယ်နှင့်ပိုတူနေသည်။

ထို့အပြင် မုန့်ထျန်းကျန်းကိုယ်တိုင်လည်း တောက်ပလာသည်။ သူကိုယ်တိုင်က နတ်အမြုတေနှင့် ပိုတူနေသည်ပင်။

ဝုန်း..

ခန္ဓာကိုယ်နှစ်ခု တစ်ပြိုင်နက်တည်း လှုပ်ရှားလာသည်။

မုန့်ထျန်းကျန်းနှင့် နတ်ဆိုးခန္ဓာကိုယ်နှစ်ခုလုံး သူတို့ပြိုင်ဘက်ထံသို့ ဦးတည်သွားလိုက်ကာ ထိုလက်ကြီးကို ဖောက်ခွဲလိုက်သည်။

မသေမျိုးသက်ရှိ သူ၏လက်ကို ပြန်ဆွဲလိုက်သည်။ သူ၏လက်ချောင်းတွင် သွေးအနည်းငယ် စီးကျနေသည်ပင်။

“မင်းမှာ စွမ်းရည်နည်းနည်းလောက် ရှိနေတာပဲ..” သူ မုန့်ထျန်းကျန်းအား ကြည့်ပြီး ပြောလိုက်သည်။

“မင်းက ငါ့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့သတ်မယ်ဟုတ်လား .. မင်းတစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူး..” မုန့်ထျန်းကျန်း ပြောလိုက်သည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများအားလုံး ထိတ်လန့်သွားရသည်။ မုန့်ထျန်းကျန်းက မသေမျိုးသက်ရှိကို ရင်ဆိုင်နေတာလား..

ဤသည်မှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာတော့မည်ပင်။

ယခုအချိန်တွင် မုန့်ထျန်းကျန်းသည် နှစ်ကိုယ်ကွဲကာ နတ်အလင်းများ ထုတ်လွှတ်နေသည်။

သူတို့နှစ်ဦးလုံးသည် အလွန်ငယ်ရွယ်ကြကာ အရပ်ရှည်ပြီး သူရဲကောင်းဆန်ကာ ချောမောခန့်ညားသည်။ မတူသည်မှာ တစ်ယောက်၏ဆံပင်မှာ မည်းနက်နေပြီး တစ်ယောက်မှာ နှင်းကဲ့သို့ ဖြူဖွေးနေသည်။

“ဒီနေ့ ငါ သတ်ဖြတ်ပြီးတော့ အဆင့်တက်မယ် .. ငါ့ ဒီဘဝက နောင်တကို မင်းနဲ့ဖြည့်ဆည်းပစ်မယ် .. ဒီတိုက်ပွဲကနေ ထာဝရသက်ရှိအဖြစ်ကို အဆင့်တက်မယ်..” မုန့်ထျန်းကျန်း အော်ဟစ်လိုက်သည်။

အပိုင်း ၁၈၆၈ ပြီး၏။
Chapter – 1869 မသေမျိုး

မီးခိုးရောင်ကောင်းကင်ထက်တွင် လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်း ပေါ်လာကာ ကောင်းကင်ကို စုတ်ဖြဲပစ်နေသည်။

ကောင်းကင်ပြင်ကြီး အပိုင်းပိုင်းဖြစ်သွားကာ ကြယ်များလည်း လှည့်လှည်နေကြသည်။ တစ်ချိန်တည်းမှာပင် ဖိအားများကြောင့် ကြယ်အချို့ လောင်ကျွမ်းသွားကာ ကြီးမားလှသည့် အလင်းလုံးကြီး ဖြစ်သွားလေ၏။

ဤသည်မှာ နောက်ဆုံးနေ့ရက်၏ မြင်ကွင်းများပင်။

ကန္တာရကြီးမှာ ကျယ်ပြန့်လှသလို အရေးမပါသလိုလည်း ထင်နေရသည်။

ဤသည်မှာ လူနှစ်ဦးကြောင့်ပင်။ သူတို့ထုတ်လွှတ်သည့် အလင်းမှာ ကောင်းကင်ကြီးကို ဖုံးလွှမ်းနေသည်။

“ဟက် ဟား ဟား..”

တစ်ဖက်လောကမှ မသေမျိုးသက်ရှိ ဤအခြေအနေကို ပြိုကွဲစေလိုက်သည်။ သူ လေဟာနယ်ထဲမှ လျှောက်ထွက်လာသည်နှင့် မှော်စွမ်းအားများ ထွက်ပေါ်လာသည်။

“ငါလည်း မင်းနဲ့တိုက်ချင်နေပါတယ်..”

သူသည် မသေမျိုးဘုရင်ဖြစ်သောကြောင့် ထာဝရသက်ရှိနှင့် ညီမျှသည်။

ပြောရမည်ဆိုလျှင် သူသည် လက်ရှိလောက၏ နံပါတ်တစ်ကျွမ်းကျင်သူပင်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချောက်နက်သည် လောကနှစ်ခုအား ပိုင်းခြားပစ်လိုက်လေပြီ။ ထိုနေရာ၊ ထိုလောကမှာ ဤနေရာနှင့် ဆက်စပ်မှုမရှိတော့။ နယ်ခြားစပ်တွင် ထိုမသေမျိုးသက်ရှိသာ ကျန်တော့သည်။

မုန့်ထျန်းကျန်း သူ့အားတည်ငြိမ်စွာပင် ရင်ဆိုင်လိုက်သည်။ သူသည် ဘာစကားမှ မပြောတော့သော်လည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်မှ အလင်းမိုးမှာ ပို၍တောက်ပလာပြီး ထာဝရအဆင့်တက်သည့်အလင်းများအဖြစ် ပြောင်းလဲသွားသည်။

“မင်းကို သတ်ပြီးတာနဲ့ ဒီလောကမှာ ငါ့ကို တားနိုင်တဲ့သူ မရှိတော့ဘူး..”

မသေမျိုးသက်ရှိ အေးစက်စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများတွင် လောကမီးတောက်များ လောင်ကျွမ်းနေသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုတွင် သူ့အား တားဆီးနိုင်သည့်သူမရှိသည်နှင့် သူသည် ဤနေရာ၏ တစ်ဦးတည်းသော အုပ်ချုပ်သူဖြစ်လာလိမ့်မည်။

ထိုအချိန်ကျလျှင် မိုးကောင်းကင်အောက်မှ ကောင်းချီးများကို သူတစ်ယောက်တည်းသာ ရရှိလိမ့်မည်။ သူ နောက်တစ်ဆင့်ပင် တက်လျှင် တက်သွားနိုင်၏။ ဤသည်မှာ သူ လိုချင်နေသည့်အရာပင်။

ကောင်းချီးဆိုသည်မှာ ကောင်းကင်မှ ကောင်းချီးပေးခြင်းမဟုတ်သလို ကောင်းကင်၏အသိအမှတ်ပြုမှုလည်းမဟုတ်။ ထိတွေ့ကိုင်တွယ်၍ရသည့် သဘာဝကံကောင်းမှုများကို ဆိုလိုခြင်းပင်။

သူသာ ဤလောကကြီး၌ စွမ်းအားအကြီးဆုံးဖြစ်သွားလျှင် အခွင့်အရေးအားလုံးမှာ သူ့အတွက်သာ ဖြစ်သွားလိမ့်မည်။

“ဟား ဟား ဟား ..” မသေမျိုးသက်ရှိ ကျယ်လောင်စွာ ရယ်မောလိုက်သည်နှင့် အင်ပါယာဂိတ်တစ်ခုလုံး တုန်ခါသွားရသည်။

“ချွမ်း..”

မသေမျိုးသက်ရှိ လှုပ်ရှားလာ၏။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် သင်္ကေတများ ထွက်ပေါ်လာကာ သူ၏လက်ငါးချောင်းမှာ ထာဝရရွှေများ ထိခတ်နေသကဲ့သို့ တချွင်ချွင်အသံများ ထွက်ပေါ်လာသည်။ ထိုလက်သည် အလွန်လျင်မြန်စွာဖြင့်ပင် မုန့်ထျန်းကျန်း၏ဦးခေါင်းထံသို့ ဦးတည်လာသည်။

သူသည် ဤလူကို ချက်ချင်းရှင်းလင်းပစ်ကာ ဤနယ်မြေကို အုပ်စိုးချင်နေသည်။

ဝုန်း..

မုန့်ထျန်းကျန်း၏ စွမ်းအားများ ထွက်ပေါ်လာသည်။ သူသည် အနည်းငယ်မှ ကြောက်ရွံ့မသွားသည့်အပြင် သူ့ထံမှ ထာဝရတာအိုအလင်းများတောက်ပလာကာ နေရာအနှံ့ ပျံ့နှံ့သွားသည်။

ဒုန်း..

ကောင်းကင်ပြင်ကြီး အက်ကွဲသွားကာ ဥက္ကာခဲများ ကြွေကျလာသည်။

ဤသည်မှာ အသက်သိပ်မကျန်တော့သည့်သူနှင့်မတူပေ။ အဘယ်ကြောင့်ဆိုသော် သူ၏သွေးစွမ်းအင်မှာ စွမ်းအားကြီးလွန်းလှသည်ပင်။

“သတ်..”

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ သူ နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်သည်။

သူ ထာဝရသက်ရှိမဖြစ်ခဲ့ရခြင်းအတွက် နောင်တရနေခဲ့သော်လည်း ယခုတော့ သူ၏နောင်တကို ဖာထေးနိုင်မည့်အခွင့်အရေးတစ်ခု ရလာလေပြီ။ သူသည် မသေမျိုးသက်ရှိတစ်ဦးနှင့် တိုက်ခိုက်ရန် အခွင့်အရေးရလာလေပြီ.

တိုက်ခိုက်နေရင်းဖြင့် သူ ထာဝရစစ်သက်ရှိ ဖြစ်လျှင် ဖြစ်သွားနိုင်သည်။

ပြင်းထန်လှသည့်တိုက်ပွဲကြီး စတင်လေပြီ။

ဤနေရာ၌ မုန့်ထျန်းကျန်းနှစ်ဦးရှိနေသည်။ တစ်ဦးတွင် မည်းနက်သည့်ဆံပင်များရှိနေပြီး အခြားတစ်ဦးတွင် နှင်းကဲ့သို့ဖြူဖွေးနေသည့် ဆံပင်ရှိနေသည်။

တစ်ဦးမှ လက်သီးထုတ်လိုက်လျှင် အခြားတစ်ဦးမှ လက်ဝါးထုတ်လိုက်သည်။ ထိုထဲတွင် မပျက်စီးနိုင်သည့်ကျမ်းစာနှင့် အခြားအရာများ ပါဝင်နေသည်ပင်။

သူတို့နှစ်ဦးသည် ထူးဆန်းသည့်ပေါင်းစည်းမှုဖြင့် တိုက်ခိုက်နေကြသည်ပင်။ ယင်နှင့်ယန်စွမ်းအင်များ ဝေ့ဝဲလာကာ ပေါင်းစည်းသွားကြသည်။

ဒုန်း ဒုန်း ဒုန်း..

လေထဲတွင် လက်ချင်းတိုက်ကြကာ မီးပွားများ လွင့်ထွက်လာကြသည်။ ကြယ်များလည်း ကြွေကျလာကြလေသည်။

ဝုန်းဟူသည့်အသံနှင့်အတူ သူတို့ ကောင်းကင်ထက်သို့ ပြေးတက်သွားကြသည်။

“မင်းက ဘယ်သွားချင်နေတာလဲ..”

မသေမျိုးသက်ရှိ သူ့နောက်မှ လိုက်သွားလိုက်သည်။

သူ လက်တစ်ဖက်ထုတ်လိုက်သော်လည်း တစ်ဖက်လူကို ချက်ချင်းမသတ်လိုက်နိုင်သောကြောင့် သူ၏အမူအရာ သိပ်မကောင်းတော့။

ရွှီး..

ထိုအချိန်တွင် မသေမျိုးသက်ရှိတစ်ကိုယ်လုံး ငွေရောင်ဖြစ်လာသည်။ အရေပြားမှာ ငွေဖြင့် လုပ်ထားသကဲ့သို့ပင်။ သူ့ထံမှ ပို၍ကြောက်စရာကောင်းသည့် အော်ရာများ ထွက်ပေါ်လာသည်။

သူ သတိမထားသောကြောင့် ဒဏ်ရာရခဲ့လျှင် ဤသည်မှာ နောင်တရရန်ပင် နောက်ကျသွားလိမ့်မည်။

မုန့်ထျန်းကျန်း၏အခြေအနေမှာ သာမန်မဟုတ်ပဲ ထူးဆန်းနေသည်ကို သူမြင်ပြီးသွားပြီဖြစ်သည်။ ဤသည်မှာ သူ တကယ် ထာဝရတာအိုကျွမ်းကျင်သူဖြစ်နေသကဲ့သို့ပင်။

ဝုန်း..

လေဟာနယ် ပေါက်ကွဲထွက်သွားသည်။

သူ၏ဆံပင်တစ်မျှင်စီပင် ငွေရောင်တောက်ပနေကာ မသေမျိုးသက်ရှိသင်္ကေတများ ရှိနေသည်။ ထိုငွေရောင်ဆံပင်သည် ငွေရောင်မြစ်ကြီးကဲ့သို့ ကောင်းကင်ကို ထိုးခွဲကာ နှိုင်းယှဉ်၍မရနိုင်သည့်ခွန်အားဖြင့် မုန့်ထျန်းကျန်းထံ ဦးတည်သွားနေသည်။

ဖုန်း..

မုန့်ထျန်းကျန်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ ထိုနေရာတွင် နေလုံးကြီးပေါက်ကွဲသွားကာ ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး ထိုငွေရောင်ဆံပင်များကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

သို့သော် ထိုငွေရောင်ဆံပင်တွင် မသေမျိုးသင်္ကေတများ ရှိနေသောကြောင့် ဘာမှဖြစ်မသွား။

ထိုငွေရောင်ဆံပင်နှင့်ခန္ဓာကိုယ်သည် မြေအောက်မီးတောက်များ ထုတ်လွှတ်လာလေ၏။ ဤသည်မှာ ယင်မီးတောက်၏ တာအိုသင်္ကေတများပင်။

ယင်နှင့်ယန်စွမ်းအင်များ ပေါင်းစည်းသွားသည့်အချိန်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တစ်ခုလုံး သင်္ကေတများဖြင့် ပြည့်နှက်သွားသည်။ တောက်ပစွာ ထွက်ပေါ်လာသည့် အလင်းတန်းများမှာ လူတစ်ယောက်၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။

ဝုန်း..

အကာသအပြင်ဘက်ရှိ ကြယ်များ ဘယ်နှလုံး လောင်ကျွမ်းသွားမှန်းပင် မသိတော့။ ထိုကြယ်များအားလုံး နယ်ခြားစပ်ထံသို့ ဦးတည်ကာ ကျလာသည်။

ဤမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှသည်။ နီရဲနေသည့်ကြယ်များ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားကာ ကြီးမားလှသည့်ကြယ်များ လောကကြီးကို ဖုံးလွှမ်းသွားသည်။

ဤသည်မှာ ထာဝရတာအိုအဆင့် တိုက်ပွဲကြီးပင်။ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာလေပြီ။

ရွှီး..

ကောင်းကင်ကို ဖုံးလွှမ်းနေသည့် ငွေရောင်ဆံပင် ပြန်ဆုတ်သွားကာ ထိုမသေမျိုးသက်ရှိ ထိတ်လန့်သည့်အမူအရာဖြစ်သွားသည်။ ဒီပြိုင်ဘက်က တကယ်ပဲ ထာဝရသက်ရှိတစ်ဝက် ဖြစ်သွားပြီလား..

သူ နည်းနည်းလေးမှပင် သတိလက်လွတ်မလုပ်ရဲတော့။ သူ၏ခွန်အားများကို စုစည်းကာ လက်သီးကို ဝေ့ရမ်းလိုက်သည်။

မသေမျိုးသက်ရှိ၏ တိုက်ခိုက်မှုမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် အရောင်အဆင်း ကင်းမဲ့သွားစေသည်။ ကြောက်စရာကောင်းသည့်အလင်းတန်းများ အာကာသအပြင်ဘက်သို့ ဦးတည်သွားကာ ကြွေကျလာသည့်ကြယ်များမှာ ချက်ချင်းပင် ပေါက်ကွဲသွားသည်။

ဤသည်မှာ မုန့်ထျန်းကျန်းထံသို့ ဦးတည်သွားသည့် သူ၏တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့်ရလဒ်ပင်။

ဖုန်း..

မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်နှစ်ခုလုံး တစ်ဖက်လူကို ရင်ဆိုင်လိုက်သည်။

သို့သော် ခဏကြာပြီးနောက် မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်နှစ်ခုလုံး လွင့်ထွက်သွားကာ သွေးအန်သွားသည်။

မသေမျိုးသက်ရှိတစ်ယောက်၏ နတ်ခွန်အားကို ခုခံရန် ခက်ခဲလှသည်။

“မင်းလိုလူမျိုးက ငါနဲ့ တိုက်ချင်သေးတာလား..” မသေမျိုးသက်ရှိ အော်ဟစ်လိုက်ပြီး သူ၏အော်ရာမှာ ပို၍တောက်ပလာသည်။

ဝုန်း..

ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြင်းထန်စွာ တုန်ခါသွားသည်။

သူ၏လက်သီးချက် ဖြတ်သန်းသွားသည့်နေရာတိုင်းမှ ကြယ်များ ပေါက်ကွဲသွားကာ သမိုင်း၏ဖုန်မှုန့်များ ဖြစ်သွားသည်။

ဤကြယ်ကောင်းကင်ပြင်မှာ သူတို့နှစ်ဦးကြောင့် ပျက်စီးသွားလေပြီ။

“သတ်…”

မသေမျိုးသက်ရှိ သူ၏စွမ်းအားအကုန်လုံးကို အသုံးပြုလိုက်သည်။ မထင်မှတ်ထားသည့်အရာတစ်ခုခု ဖြစ်လာမည်စိုးသောကြောင့် သူသည် လက်သီးချက်များကို တစ်လုံးပြီးတစ်လုံး ပစ်သွင်းနေသည်။

စကြာဝဠာကြီး၏ အတွင်းဘက်ပိုင်းသို့ စွမ်းအားကြီးသည့် လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်းဝင်ရောက်သွားကာ အမှောင်ထုလောကကြီးကို လင်းထိန်သွားအောင် လုပ်နေသည်။ ထိုအလင်းနှင့်ယှဉ်လျှင် ကြယ်များပင် မှေးမှိန်သွားသည်။

မုန့်ထျန်းကျန်းသည် ဆက်တိုက်နောက်ဆုတ်နေရပြီး တစ်ခါတစ်ရံ လွင့်ထွက်သွားသည်။ သူ သွေးများစွာ အန်နေလေပြီ။ ဤသည်မှာ သူ မသေမျိုးသက်ရှိအား ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်းပင်။

“ထာဝရသက်ရှိတစ်ဝက်တောင် မဟုတ်သေးဘူး .. မင်းက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အသိအမှတ်ပြုမှုကို မရသေးဘူး .. မင်းက ကောင်းကင်ဘုံရဲ့ စစ်ဆေးမှုကို မဖြတ်သန်းရသေးဘူး .. မင်းက မလုံလောက်သေးဘူး..”

မသေမျိုးသက်ရှိအေးစက်စွာ ပြောလိုက်သည်။ သူ၏မှော်စွမ်းအားမှာ ပို၍ပင် စွမ်းအားကြီးလာလေသည်။

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ သူ၏ချပ်ဝတ်တန်ဆာမှာ ထာဝရဓားများကဲ့သို့ တချွမ်းချွမ်းအသံများ ထုတ်လွှတ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း စီးဆင်းလာ၏။

ခန္ဓာကိုယ်နှစ်ခုလုံးတွင် သွေးများ စီးကျနေလေပြီ။ ထို့နောက် ထိုခန္ဓာကိုယ်နှစ်ခု တစ်ခုနှင့်တစ်ခုစီသို့ ပြေးလာကာ ဝုန်းဟူသည့်အသံနှင့်အတူ နှိုင်းယှဉ်၍မရနိုင်သည့် ထာဝရတာအိုအော်ရာ ထွက်ပေါ်လာ၏။ မှော်စွမ်းအားများလည်း အကန့်အသတ်မရှိအောင် ထွက်ပေါ်လာသည်။

ဤနေရာ၌ ခန္ဓာကိုယ်နှစ်ခု ပေါင်းစည်းသွားလေပြီ။

ထိုအခိုက်အတန့် မုန့်ထျန်းကျန်းထံတွင် ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုကြီး ဖြစ်သွားသည်။ သေဆုံးခြင်းစွမ်းအင်များ ရှိနေသကဲ့သို့ မူလဖရိုဖရဲမြူနှင့် ထာဝရအလင်းတန်းများလည်း ရှိနေသည်။

“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတဲ့ လမ်း ပြန်ပေါ်လာပြီ..” မုန့်ထျန်းကျန်း ရေရွတ်လိုက်သည်။

သူ၏အတိတ်မှ နောင်တတရားနှင့် လက်ရှိဆန္ဒတို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေပြီ။ သူ့ခန္ဓာကိုယ်ထဲတွင် ဂိတ်များစွာ ပွင့်လာကာ အဆုံးမရှိသည့်စွမ်းအားများ ထုတ်လွှတ်နေသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထာဝရအဆင့်တက်ခြင်းအလင်းများ လွှမ်းခြုံသွားကာ သူ၏အော်ရာမှာ ပို၍ အားပြင်းလာသည်။ “ငါ့ရဲ့နောင်တတရားကို အလျော်ပေးဖို့အတွက် မင်းရဲ့ခေါင်းကို သုံးဦးမယ်..”

ဝုန်း..

“ငါ ထာဝရသက်ရှိအဖြစ် အဆင့်တက်တဲ့လမ်းမှာ မသေမျိုးသက်ရှိကို သတ်ပစ်မယ်..” မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ သူသည် တိုင်းတာ၍မရနိုင်သည့် ထာဝရအလင်းများဖြင့် မသေမျိုးသက်ရှိထံသို့ ပစ်လွှတ်လိုက်သည်။

အပိုင်း ၁၈၆၉ ပြီး၏။
Chapter – 1870 အချိန်ကိုက် ရောက်ရှိလာသည့် မကောင်းသည့် နမိတ်

ထာဝရအဆင့်တက်သည့်လမ်း၌ မသေမျိုးသက်ရှိကို သတ်မည်ဆိုသည်မှာ မည်ကဲ့သို့သော ရဲတင်းမှုမျိုးဖြစ်သနည်း.. ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်။ ကောင်းကင်ပြင်ကြီး ပြင်းထန်စွာ တုန်ခါနေသည်မှာ ကောင်းကင်ဘုံထိ တုန်ခါနေသကဲ့သို့ပင်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများသည် အရိုးမှန်ပြောင်းမှတစ်ဆင့် ဤတိုက်ပွဲကို ကြည့်နေကြသည်ပင်။ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူတို့အားလုံး တုန်လှုပ်သွားရသည်။

မုန့်ထျန်းကျန်းသည် သေဆုံးတော့မည်ဖြစ်သော်လည်း သူမသေခင် မသေမျိုးသက်ရှိကို သတ်ပစ်မည်ဟု ကြေငြာခဲ့သည်။ ဤသည်မှာ သူ၏နောင်တကို ဖာထေးခြင်းဖြစ်သလို အင်ပါယာဂိတ်ကို ကာကွယ်ပေးခြင်းလည်းဖြစ်သည်။

“သတ်..”

ကောင်းကင်ထက်တွင် ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပေါ်လာသည်။

မုန့်ထျန်းကျန်းသည် သူ၏ ခန္ဓာကိုယ်နှစ်ခု ပေါင်းစည်းပြီးသွားသည်နှင့် လက်သီးချက်များ ပစ်လွှတ်လိုက်သည်။ သူ၏မှော်စွမ်းအားမှာ ပြိုင်ဘက်ကင်းလှပြီး ထာဝရတာအိုသက်ရှိများနှင့် မကွာတော့။

ဖုန်း..

လက်သီးတစ်ချက်တည်းဖြစ်သော်လည်း မသေမျိုးသက်ရှိ နောက်ယိုင်သွားကာ ထိတ်လန့်သည့်အမူအရာ ထွက်ပေါ်လာသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. သူ့ရှေ့က လူက တကယ်ထူးဆန်းနေတယ် .. သူက တစ်ခြားနည်းလမ်းနဲ့ ထာဝရသက်ရှိဖြစ်သွားတာလား..

ဝုန်း..

မုန့်ထျန်းကျန်း လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ တရှိန်ထိုး ပြေးသွားလိုက်သည်။ ကြယ်ကောင်းကင်တစ်ခုလုံးပင် သူ၏လက်သီးအလင်းတန်းအောက် လွှမ်းခြုံသွားသည်။

တဖုန်းဖုန်းအသံများနှင့်အတူ ကြယ်များ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားသည်။

ယခုအချိန်တွင် အဆုံးမရှိသည့်အလင်းများ တောက်ပနေသည်။ မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်တောက်ပနေကာ သူသည် တွင်းနက်ကြီးကဲ့သို့ ကြယ်များမှ စွမ်းအားများကို စုတ်ယူနေသည်။

ထို့အပြင် ပေါက်ကွဲသွားသည့် ကြယ်များမှ ထွက်ပေါ်လာသည့် အလင်းများအားလုံးလည်း သူ့ထံသို့ စုဝေးသွားသည်။ သူ၏လက်သီးချက်များ တောက်ပလာကာ မသေမျိုးသက်ရှိကိုပြင်းထန်စွာပင် ထိုးနှက်နေလေ၏။

သူ၏လက်သီးနှစ်ဘက်လုံး သွေးများ စီးကျနေကာ သူ၏နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျနေသည်။

မသေမျိုးသက်ရှိလည်း ကြောက်ရွံ့မှုကို ခံစားနေရပြီဖြစ်သည်။ ထို့နောက် ဝေါ့ကနဲ မသေမျိုးသွေးတစ်ပွက် အန်ထွက်သွားကာ ထိုနေရာရှိ ကြယ်များအားလုံး ပျက်စီးသွားသည်။

မုန့်ထျန်းကျန်းသည် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း သူ့ကိုကြည့်ရသည်မှာ ဘယ်တုန်းကမှ မမောပန်းသလို ဒဏ်ရာရမည်ကိုလည်း မကြောက်ရွံ့သလိုပင်။ ပြင်းထန်စွာပင် ဆက်လက်တိုက်ခိုက်နေသည်။

“သတ်..”

မသေမျိုးသက်ရှိ ဒေါသထွက်လာကာ သူ၏ငွေရောင်ဆံပင်များ လွင့်ပျံလာသည်။ သူသည် မှော်တံဆိပ်များ ပြုလုပ်ကာ ကြောက်စရာကောင်းသည့် ဘိုးဘေးပညာတစ်ခုကို အသုံးပြုလာသည်။

သူ၏လက်မှ မသေမျိုးအလင်းများ ထွက်ပေါ်လာကာ မုန့်ထျန်းကျန်းကို လွှမ်းခြုံသွားသည်။

မုန့်ထျန်းကျန်း ရှိနေသည့်နေရာတွင် ယင်နှင့်ယန်စွမ်းအင်များ ရစ်သိုင်းနေသည်။ ထိုစွမ်းအင်သည် မသေမျိုးသင်္ကေတများကို ချေဖျက်ပစ်ကာ ဘိုးဘေးပညာကို တားဆီးလိုက်နိုင်လေ၏။

ချွမ်း..

သူ၏ပျက်စီးသွားသည့်လေး ပြန်ပေါ်လာသည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ လေးပုံစံမဟုတ်တော့ပဲ အလွန်ထက်ရှလှသည့် လေကွေးပုံစံဓားနှစ်လက်ဖြစ်သွားသည်။ မုန့်ထျန်းကျန်းကဲ့သို့ပင် ထိုဓားနှစ်လက်တွင်လည်း ထာဝရအလင်းများ ရှိနေသည်။ ထိုဓားသည် တည့်တည့်မကြည့်နိုင်လောက်သည်အထိ လင်းလက်တောက်ပနေလ၏။

ရွှီးဟူသည့်အသံနှင့်အတူ ထိုလခြမ်းကွေးဓားသည် ကြယ်ကောင်းကင်ကို ချက်ချင်းထိုးဖောက်သွားသည်။ ထိုဓားသည် မသေမျိုးသက်ရှိကို တကယ်ထိမှန်သွားကာ‌ သွေးများစွာ စီးကျလာစေလေသည်။

မသေမျိုးသက်ရှိသည် ဆွံ့အသွားသလို ဒေါသလည်း ထွက်သွားသည်။ သူ့ခန္ဓာကိုယ် ဒဏ်ရာရသွားလေပြီ။

သူ ဤဓားကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်နက်မှာ မုန့်ထျန်းကျန်း၏ တာအိုအသီးအပွင့်ဖြစ်သည်ကို သူသိသည်ပင်။ ထို့ကြောင့် ဤလက်နက်၏ သူ၏မှော်အမြုတေဖြင့် ပျိုးထောင်ရလိမ့်မည်။

ဤလက်နက်သာ ပျက်စီးသွားလျှင် သူ၏ပိုင်ရှင်ထံသို့လည်း စွမ်းအားများ ပြန်ကန်ထွက်သွားမည်ပင်။

သို့သော် ဤလက်နက်လည်း ထာဝရစွမ်းအင်ဖြင့် မွေးမြူခံထားရကာ ပြောင်းလဲမှု ဖြစ်ထားသည်ပုံပင်။ ယခု ဤလက်နက်မှာ ထာဝရတာအိုလက်နက်ဖြစ်နေလေပြီ။

မသေမျိုးသက်ရှိ၏ ကြိုးစားမှု ဆုံးရှုံးသွားခဲ့သည့်အပြင် သူ၏လက်မောင်းပွင့်သွားကာ သွေးများ စီးကျလာသည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများအားလုံး ထိတ်လန့်သွားရသည်။

သူက မသေမျိုးသက်ရှိကို တကယ် ထိခိုက်အောင် လုပ်လိုက်နိုင်တာလား.. ဤသည်မှာ ဒဏ္ဍာရီများထဲမှ ဒဏ္ဍာရီပင်။

ရွှီး..

မသေမျိုးသက်ရှိ၏ခန္ဓာကိုယ်တွင် သင်္ကေတများတစ်ခုပြီးတစ်ခု ပေါ်လာသည်။

မသေမျိုးသက်ရှိဆိုသည်မှာ ခန္ဓာကိုယ်နှင့် တာအို သဟဇာတဖြစ်နေပြီဖြစ်သည်။ ဤအဆင့်တွင် သူတို့သည် ပညာတစ်ခုကို တမင်သက်သက်သုံးနေစရာမလို။ အဘယ်ကြောင့်ဆိုသော် သူတို့ခန္ဓာကိုယ်တွင် တာအိုများပေါင်းစပ်ထားပြီးသားပင်။

လက်သီးလေးတစ်ချက်ကပင်လျှင် ပညာတစ်ခု ဖြစ်သွားနိုင်သည်။

ယခုအချိန်တွင် မသေမျိုးသက်ရှိသည် သူ၏စွမ်းအားများကို စုစည်းကာ သူ့ခန္ဓာကိုယ်တွင်လည်း ရှေးဟောင်းပညာသင်္ကေတများ ပြည့်နှက်နေသည်။ နတ်စွမ်းရည်သဘာဝဥပဒေသများလည်း ပေါ်လာလေ၏။

ဝုန်း..

သူ ရှေ့တိုးသွားလိုက်သည်။ သူ၏မျက်လုံးများမှာ နေလုံးနှစ်လုံးကဲ့သို့ တောက်ပနေသည်။

သူ မုန့်ထျန်းကျန်းကို မြန်မြန်သတ်ချင်နေသော်လည်း မုန့်ထျန်းကျန်းလည်းလုံးဝထူးခြားနေသည်။ သူ့ခန္ဓာကိုယ်မှ ထာဝရအလင်းများ ထွက်ပေါ်လာကာ ဂိတ်များ တစ်ခုပြီးတစ်ခု ပွင့်လာသည်။ ထိုဂိတ်များမှ ထွက်လာာသည့် စွမ်းအားများမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ထာဝရသက်ရှိအစစ် ဤလောကကြီးထဲသို့ ကျရောက်လာသကဲ့သိုု့ပင်။

ဘာလို့လဲ.. မသေမျိုးသက်ရှိ ဆွံ့အသွားရသည်။ တစ်ဖက်လူက ထူးခြားတယ်ဆိုရင်တောင် တစ်ခြားနည်းလမ်းနဲ့ ထာဝရသက်ရှိဖြစ်ထားတဲ့လူတစ်ယောက်က ဒီလိုစွမ်းအားမျိုးရှိဖို့ မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား..

ဝုန်း..

မုန့်ထျန်းကျန်း၏စွမ်းအားများ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ ဂိတ်ပေါက်များမှာ သူ့စွမ်းအားအရင်းအမြစ်ပင်။ သူ လခြမ်းကွေးဓားနှစ်လက်ကို အသက်သွင်းကာ ထာဝရအလင်းများ ထုတ်လွှတ်လိုက်သည်။

သူသည် ခန္ဓာကိုယ်အား မျိုးစေ့အဖြစ်အသုံးပြုခြင်းတွင် ကျဆုံးခဲ့ပြီး နောက်ဆုံးတွင် သူနတ်အမြုတေကို ပိတ်သိမ်းခဲ့ရသည်။

ယခု သူ၏ခန္ဓာကိုယ်နှစ်ခု တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခြင်းမှာ အဆင့်တက်ရန်အတွက်ပင်။

ကံမကောင်းစွာဖြင့် သူသည် နတ်အမြုတေကို အချိန်မတိုင်ခင်ပေါ်လာအောင် လုပ်လိုက်ရကာ သူ၏လမ်းကို ဖြတ်တောက်ပစ်လိုက်ရသည်။

အထူးသဖြင့် သူသည် အဆင့်လွန်သက်ရှိများကို ဆက်တိုက်သတ်ခဲ့ရပြီး သူ့ကိုယ်သူ ပြန်လည်ကုသရန် အချိန်မရှိလိုက်။ ယခုတော့ သူ နောက်ပြန်လှည့်၍မရတော့။

ချွမ်း..

တာအိုများ ထိခတ်သွားသည်နှင့် မုန့်ထျန်းကျန်း လွင့်ထွက်သွားကာ သွေးများ လွင့်စင်သွားသည်။ သူ ဒဏ်ရာပြင်းထန်းစွာ ရရှိသွားသော်လည်း မသေမျိုးသက်ရှိလည်းသွေးများ လွင့်စင်လာသည်ပင်။ သူသည် လခြမ်းကွေးဓားနှစ်လက်ဖြင့် ခုတ်ထစ်ခြင်းခံလိုက်ရကာ သူ၏အသွေးအသားများ ပုံပျက်သွားသည်။

“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတာ..”

မသေမျိုးသက်ရှိ မုန့်ထျန်းကျန်းအား စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ တောက်ပနေသည့် အလင်းဂိတ်များကို ကြည့်ပြီး သူ ဒဏ္ဍာရီအချို့ကို အမှတ်ရလာသည်။ သူ၏အမူအရာမှာ ပို၍ပင် လေးနက်လာလေသည်။

“မင်းကိုအသက်ရှင်လျက်မထားဘူး..” သူ အော်ဟစ်ကာ နောက်တစ်ကြိမ် ပြေးသွားလိုက်သည်။ သူတို့နှစ်ဦးလုံး ပြင်းထန်စွာ တိုက်ခိုက်နေကြလေပြီ။

မုန့်ထျန်းကျန်း ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူသည် မသေမျိုးသက်ရှိနှင့်ပင် တိုက်ခိုက်ရဲသည်။ သူ ဤစစ်ပွဲ၌ ကျဆုံးသွားလျှင်ပင် ဤသည်မှာခမ်းနားလှသည့်အရှုံးသာ ဖြစ်လိမ့်မည်။

ဖူး..

မုန့်ထျန်းကျန်း လွင့်ထွက်သွားကာ ကောင်းကင်တစ်ခုလုံး သွေးများဖြင့် နီရဲသွားသည်။

မသေမျိုးသက်ရှိလည်း သွေးများဆုံးရှုံးလိုက်ရသည် ဆိုသော်လည်း သူ၏ဒဏ်ရာများမှာ ထိုမျှမပြင်းထန်။ သူ မုန့်ထျန်းကျန်းနောက် ပြေးလိုက်သွားကာ ဤတိုက်ပွဲကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ကြောက်စရာကောင်းသည့်အရာတစ်ခု ဖြစ်လာသည်။ ကြောက်စရာကောင်းသည့်လျှပ်စီးများ ကျရောက်လာကာ ကောင်းကင်တစ်ခုလုံး ထာဝရအလင်းများဖြင့် ဖုံးလွှမ်းသွားသည်။

လက်ရှိအချိန်တွင် မုန့်ထျန်းကျန်းသည် ထာဝရတာအိုလျှပ်စီးများဖြင့် ဖုံးလွှမ်းထားခံနေရသည်။

“သူက တကယ် ထာဝရတရားကို ရတော့မှာလား..” မသေမျိုးသက်ရှိ ထိတ်လန့်သွားရသည်။ သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကြောက်စရာအကောင်းဆုံး ထာဝရတာအိုလျှပ်စီးအတိဒုက္ခအား ရန်စမိသွားမည်ကို သူကြောက်သည်။

အခြားနည်းလမ်းဖြင့် ထာဝရတရားကို ရရှိသည်ဆိုသည်မှာ ကောင်းကင်၏စစ်ဆေးမှုကို ဖြတ်သန်းစရာမလိုသော်လည်း ထာဝရသက်ရှိခွန်အား ရရှိခြင်းပင်။

သို့သော် ဤကဲ့သို့သော သက်ရှိမျိုးမှာ ဒဏ္ဍာရီများထဲတွင်သာ ရှိသည်။

အဘယ်ကြောင့်ဆိုသော် အဆင့်တစ်ခုသို့ ရောက်သည်နှင့် သူတို့ စစ်ဆေးမှုအား ဖြတ်သန်းရမည်ပင်။ ထိုစစ်ဆေးမှု၌ ကျဆုံးသွားသည့်သူ သေဆုံးရမည်။

ယခု မုန့်ထျန်းကျန်း အတိဒုက္ခကို ရင်ဆိုင်ရတော့မည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများအားလုံး ထိတ်လန့်သွားရသည်။ သူ ထာဝရသက်ရှိဖြစ်တော့မှာလား..

ခဏကြာပြီးနောက် ကောင်းကင်၏အမြင့်ဆုံးနေရာမှ အနက်ရောင်မြူများ ပျံ့လွင့်လာသည်။ ထိုမြူများသည် ကြယ်များကိုဖုံးလွှမ်းသွားကာ အရာအားလုံး အသက်မရှိတော့သကဲ့သို့ ဖြစ်သွားသည်။

ဘာဖြစ်နေတာလဲ..

အားလုံး ဆွံ့အသွားရ၏။ သူ ထာဝရအတိဒုက္ခကို ရင်ဆိုင်မှာမဟုတ်ဘူးလား .. ဘာလို့ ဒီလိုမျိုးမကောင်းတဲ့မြင်ကွင်းမျိုး ပေါ်လာတာလဲ..

ထာဝရတရားကို ရရှိသည်ဆိုသည်မှာ အဆင့်အမြင့်ဆုံး ခမ်းနားကြီးကျယ်မှုပင်။ သို့သော် ယခုတော့ အဘယ်ကြောင့် ဤကဲ့သို့ အလွန်ထူးဆန်းသည့်မြင်ကွင်းမျိုး ပေါ်လာသနည်း..

ဝုန်း..

ကောင်းကင်အတိဒုက္ခရှိနေဆဲဖြစ်သလို ဤအနက်ရောင်မြူများလည်း ပျံ့လွင့်နေဆဲပင်။

အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ ရှီဟောင် တစ်ကိုယ်လုံးအေးခဲသွားရသည်။ သူ အလွန်ဆိုးရွားသည့်ခံစားချက်များခံစားနေရကာ အတိတ်မှအဖြစ်အပျက်တစ်ချို့ကို မှတ်မိလာသည်။

သူ လူနှစ်ဦးကို စဉ်းစားမိသွားသည်။ ယဲ့ချင်းယုနှင့် မိုဝူတောင်။ ဤနှစ်ဦးလုံးမှာ ထာဝရတာအိုနယ်ပယ်ကို ဖြတ်ကျော်လုနီးပါးဖြစ်ခဲ့သည်ပင်။

သို့သော် အဆုံး၌ သူတို့နှစ်ဦးလုံး သေဆုံးသွားရသည်။

စီရင်စုသုံးထောင်ပြိုင်ပွဲ၌ သူ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ကို ဖမ်းမိခဲ့ကာ ထိုအပင်ထံမှ ယဲ့ချင်းယုဟုခေါ်သည့်သူအကြောင်း သိခဲ့ရသည်။ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှတစ်ဆင့် တံဆိပ်အပိုင်းအစတစ်ချို့ကိုပင်‌ တွေ့ခဲ့ရသည်။

ခေတ်တစ်ခုတွင် ယဲ့ချင်းယုသည် အတိဒုက္ခကို ဖြတ်သန်းပြီးနောက် ဤကဲ့သို့သော အမှောင်ထု၏ ဝါးမြိုခြင်း ခံလိုက်ရသည်ပင်။

ယခု မုန့်ထျန်းကျန်းထံတွင်လည်း ဤကဲ့သို့ ဖြစ်လာသောကြောင့် ရှီဟောင် ထိတ်လန့်သွားရသည်။

“မဟုတ်ဘူး..” သူ အာကာသအပြင်ဘက်သို့ ပြေးသွားကာ အကြီးအကဲအရှင်အားသတိထားဖို့ သတိပေးလိုက်ချင်သည်။ သူ ဤသည်ကို ရအောင် ဖြတ်ကျော်ရမည်ဖြစ်ကြောင်း သတိပေးလိုက်ချင်သည်။

သို့သော် ထာဝရကျောင်းမှ အကြီးအကဲ သူ့အား ဆွဲထားကာ သွားခွင့်မပေး။

အမှန်တကယ်တွင် သူတို့နှစ်ဦး ရှိနေသည့်နေရာမှာ ဝေးကွာလွန်းလှသောကြောင့် သူ အချိန်မှီရောက်နိုင်မည်မဟုတ်။ ထို့အပြင် ထိုနေရာ၌ မသေမျိုးသက်ရှိရှိနေသေးသည်။ ထိုလူ သူ့အား အနီးကပ်ခွင့်ပေးမည်မဟုတ်။

ဝုန်း..

ထာဝရတာအိုလျှပ်စီးများ ရောက်လာသလို ထိုအနက်ရောင်မြူများလည်း ဆင်းသက်လာသည်။

“နောက်ဆုံးတော့ ရောက်လာတာပဲ..” မုန့်ထျန်းကျန်း သက်ပြင်းချလိုက်သည်။ “ငါ့လေးကို ငါကိုယ်တိုင် ချိုးခဲ့ပြီး တာအိုအသီးအပွင့်ကို အချိန်မတိုင်မှီ ခူးခဲ့ရတယ် ..ဒါပေမဲ့ ဒီလိုအဆုံးသတ်မျိုးက အစောကြီးကတည်းက သတ်မှတ်ထားပြီးသားပဲ .. ထာဝရသက်ရှိအဖြစ် အဆင့်တက်တဲ့နေ့က အဲဒီထာဝရသက်ရှိ သေဆုံးတဲ့နေ့ပဲ”

သူသာ မထိခိုက်ထားလျှင် သူ ဤသည်ကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

သို့သော် ယခုတော့ အသက်ရှင်နိုင်စရာ လမ်းမရှိတော့။ သူ နောင်တမရစေရန်အတွက် ထာဝရတာအိုနယ်ပယ်သို့ တက်လိုခြင်းပင်။ သူ ထာဝရတာအိုအဆင့်သို့ ခေတ္တခဏရောက်သွားလျှင်ပင် လုံလောက်လေပြီ။ သူသေရမည်ဆိုလျှင်ပင် နောင်တမရတော့။

သို့သော် ယခု အရေးကြီးသည့်အချိန်တွင် ဤမြူနက်များ ထွက်ပေါ်လာလေပြီ။

သူ ထာဝရသက်ရှိပင် မဖြစ်နိုင်တော့သည့်ပုံ၌ပင်။

“လာခဲ့.. မသေမျိုးသက်ရှိ..” သူ့အပေါ်ဘက်၌ ဖြစ်ပျက်နေသည့်အရာများကို မုန့်ထျန်းကျန်းအာရုံမစိုက်တော့ပဲ မသေမျိုးသက်ရှိထံသို့သာ ပြေးဝင်သွားလိုက်သည်။

ယခုအချိန်တွင် မသေမျိုးသက်ရှိ ထူးဆန်းသည့်ခံစားချက်များ ခံစားနေရသည်။ ထို အနက်ရောင်မြူများကို မြင်လိုက်ရသည့်အချိန်တွင် သူ ထိုမြူများကို လိုချင်နေသလို ခံစားနေရသကဲ့သို့ ကြောက်လည်းကြောက်နေမိသည်။

“သေလိုက်တော့..”

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ သူသည် ထာဝရတာအိုလျှပ်စီးများနှင့်အတူ မသေမျိုးသက်ရှိထံသို့ ပြေးသွားလိုက်သည်။

ယခုအချိန်တွင် သူ၏အော်ရာမှာ မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးနေသည်ပင်။ သူ အတိဒုက္ခကို ဖြတ်သန်းနေခြင်းဖြစ်သောကြောင့် သူသည် နောက်တစ်ဆင့်သို့ ပြောင်းလဲနေသကဲ့သို့ပင်။

ဝုန်း..

ဤတိုက်ခိုက်မှုကြောင့် မသေမျိုးသက်ရှိ သွေးများစွာ အန်ထွက်သွားလေ၏။

အပိုင်း ၁၈၇၀ ပြီး၏။
Chapter – 1871 ထာဝရဝိညာဉ်များ ထွက်ခွာခြင်းသီချင်း

သူ့ထံတွင် အချိန်သိပ်မရှိတော့။ သူ ထာဝရတာအိုနယ်ပယ်သို့ ရောက်သွားသည်နှင့် သူ သူ၏သင်္ချိုင်းသီချင်းသံကို ကြားလိုက်ရသည်။

မုန့်ထျန်းကျန်း မသေမျိုးသက်ရှိထံသို့ တရှိန်ထိုးပြေးသွားလိုက်သည်။ သူ နောင်တ,တရားနှင့်သေမလား၊ နောက်ဆုံးတစ်ကြိမ် တောက်ပမလား နှစ်လမ်းသာရှိသည်။

ထာဝရတာအိုစွမ်းအားများ ထွက်ပေါ်လာသောကြောင့် လောကကြီးပင် တုန်လှုပ်လာလေသည်။

ထိပ်တန်းပုဂ္ဂိုလ်များသည် သူတို့၏နတ်စွမ်းရည်များနှင့် ပညာများအသုံးပြုကာတိုက်ခိုက်နေကြသည်။

ထို့အပြင် ကောင်းကင်ထက်တွင် လျှပ်စီးများလည်း ပြည့်နှက်နေသလို အနက်ရောင်မြူများလည်း ရှိနေသည်။ ဤနှစ်ခုသည် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း တစ်ပြိုင်နက်တည်း ပေါ်လာသည်ပင်။

မုန့်ထျန်းကျန်းသည် ထိုအရာများကို လျစ်လျူရှုထားကာ မသေမျိုးသက်ရှိအား ပြင်းထန်စွာ တိုက်ခိုက်နေသည်။

“သတ်..”

သူ ခမ်းနားစွာ ကျဆုံးမလား၊ ဝမ်းနည်းစရာကောင်းစွာ ပျော်ကွယ်သွားမလားဆိုသည်ကို ဤနောက်ဆုံးတိုက်ပွဲမှ အဆုံးအဖြတ်ပေးမည်ပင်။

မုန့်ထျန်းကျန်း လက်သီးတံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။ သူသည် ပြန်လည်ဝင်စားလာသည့် စစ်ထာဝရသက်ရှိကဲ့သို့ပင်။ သူ၏နတ်ခွန်အားမှာ ယခင်ကထက် အဆပေါင်းများစွာ ပို၍ စွမ်းအားကြီးလာသည်ပင်။

သူ၏လက်သီးချက် ဖြတ်သွားသည့်နေရာတိုင်းမှ ကြယ်များ ကြွေကျကာ လောင်ကျွမ်းသွားကြသည်ပင်။

ထိုလက်သီးသည် စာရွက်ပါးလေးတစ်ရွက်ကို ဖောက်ဝင်သွားသကဲ့သို့ နယ်ခြားနံရံကို ဖောက်ဝင်သွားကာ မသေမျိုးသက်ရှိမျက်စိရှေ့သို့ ရောက်သွားသည်။

မသေမျိုးသက်ရှိ၏အမူအရာ ပြောင်းလဲသွားသည်။ သူသည် အစောလေးကမှ တစ်ဖက်လူ၏လက်သီးချက်ကြောင့် ဒဏ်ရာရကာ သွေးအန်ထားခြင်းပင်။ ယခု မုန့်ထျန်းကျန်း ဤကဲ့သို့ တိုက်ခိုက်လာသည့်အချိန်တွင် သူပို၍ ထိတ်လန့်လာမိသည်။

ဘိုးဘေးပညာများစွာ ထွက်ပေါ်လာသည်။ သူသည် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသည့် မသေမျိုးသွေးဖီးနှစ်ကဲ့သို့ပင်။ ကောင်းကင်ထက်သို့ အနီရောင်မီးတောက်များလောင်ကျွမ်းနေလေ၏။ ထိုမီးတောက်များအားလုံးမှာ တာအိုသင်္ကေတများမှ ဖြစ်ပေါ်လာခြင်းပင်။

သူ၏ငွေရောင်ခန္ဓာကိုယ်ထက်တွင် သင်္ကေတများစွာ ထွက်ပေါ်လာသည်။ သူသည် သတ္တုလူသားနှင့်ပင် တူနေလေပြီ။

ဒုန်း..

ပြင်းထန်လှသည့် ရိုက်ချက်နောက်တွင် ကောင်းကင်ကြီး ပေါက်ကွဲသွားကာ ထိုနေရာတွင် မူလဖရိုဖရဲမြူများထွက်ပေါ်လာသည်။

ဤနေရာရှိ ကြယ်များသည် ထိုပြိုင်ဘက်ကင်းလက်သီးတံဆိပ်ကြောင့် ပျက်စီးသွားပြီဖြစ်သည်။

သူတို့၏တိုက်ခိုက်မှုကြောင့် ကြယ်ကောင်းကင်ကြီးသည် ပထမတွင် အလွန်တောက်ပလာသည်။ ထို့နောက် တောက်လောင်နေသည့် ကြယ်များ လွင့်ထွက်သွားကာ ဤနေရာမှာ တစ်ဖြည်းဖြည်းမှောင်မည်းလာသည်။

‌သွေးမိုးရွာသွန်းသွားကာ မသေမျိုးသက်ရှိ နောက်ယိုင်သွားလေ၏။ သူ ထိတ်လန့်သည့်အမူအရာ ဖြစ်သွားသည်။

သူ ထပ်ပြီး ဒဏ်ရာရသွားပြန်လေပြီ။ တစ်ဖက်လူ၏ လက်သီးတံဆိပ်မှာစွမ်းအားကြီးလွန်းလှသည်။ သူ၏မသေမျိုးသက်ရှိအရိုးပင် ကျိုးမတတ်ဖြစ်သွားသည်ပင်။

မုန့်ထျန်းကျန်းလည်း ပေးဆပ်လိုက်ရသည်ပင်။

“မင်းဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ..” မသေမျိုးသက်ရှိ၏ မျက်ဝန်းများမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူ တစ်ဖက်လူကို တတ်နိုင်သမျှ မြန်မြန်သတ်ပစ်ရမည်။ မဟုတ်ပါက မတော်တဆမှုများ ဖြစ်ပေါ်လာနိုင်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာ တစ်ဖြည်းဖြည်း ပို၍ အားကောင်းလာပြီး သူ့ကို ဒဏ်ရာရအောင်လုပ်ရန်ပင် ခက်ခဲနေလေပြီ။

မသေမျိုးသက်ရှိသည် အဖြူရောင်အရိုးပုလွေထုတ်ကာ စတင်မှုတ်လာသည်။

“ထွက်ခွာသွားတဲ့ထာဝရဝိညာဉ်သီချင်း..”

ပုလွေသံထွက်ပေါ်လာသည်နှင့် မသေမျိုးသက်ရှိ ဟစ်ကြွေးလိုက်သည်။ ဤစကားလုံးများမှာ သီချင်း၏စွမ်းအားကို အဆပေါင်းများစွာ တိုးသွားစေလေ၏။

ဤသည်မှာ နတ်ဆိုးတေးသွားပင်။

ဝူး…

နတ်ဘုရားများ ငိုကြွေးကာ ထာဝရသက်ရှိများသေဆုံးသွားသကဲ့သို့ ငိုကြွေးသံများ ထွက်ပေါ်လာသည်။ ကျောချမ်းစရာကောင်းသည့်လေများ တိုက်ခတ်လာပြီး သက်ရှိအားလုံးမှ ဝိညာဉ်များ စွန့်ခွာသွားကာ အသက်ရှင်နေသည့်အလောင်းများ ဖြစ်သွားကြလေသည်။

ဤသံစဉ်မှာ ကြောက်စရာကောင်းလွန်းလှသည်။ အလွန်ဝေးနေသော်လည်း အင်ပါယာဂိတ်မှ လူများပင် ပေါက်ကွဲလုမတတ်ဖြစ်နေသည်ပင်။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် အင်ပါယာဂိတ်မှ ထာဝရအစီအရင် တောက်ပလာသည်။ ထို့အပြင် နယ်မြေဆယ်ခုသင်္ကေတ၊ ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်နှင့် အခြားအရာများလည်း တုန်ခါလာကာ ဤသံစဉ်ကို တားဆီးလိုက်သည်။

သို့သော် အပြင်ဘက်တွင်တော့ ထိုသို့မဟုတ်။

ကြယ်ကောင်းကင်ကြီးမှာ အပိုင်းပိုင်းအစစဖြစ်လာသည်။

မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်တုန်ယင်သွားကာ သူ၏အရေပြားတွင် အမာရွတ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ နတ်ဆိုးတေးသွားသည် လူတစ်ယောက်၏ဝိညာဉ်ကို ဆွဲထုတ်ရုံသာမက အသွေးအသားကိုလည်း ထိခိုက်စေနိုင်သည်ပင်။

ထာဝရဝိညာဉ်များ ထွက်ခွာခြင်းသီချင်းသံသည် အာကာသတစ်ခုလုံးကို တုန်ခါသွားစေသည်။

တစ်ချိန်တည်းမှာပင် မုန့်ထျန်းကျန်း၏မျက်လုံးများလည်း အနည်းငယ် မှုန်မှိုင်းလာသည်။ သူ၏ဝိညာဉ်ဆင့်ခေါ်ခံနေရကာ သူ့ခန္ဓာကိုယ်မှ ထွက်သွားတော့မည်။

ရွှီး..

ရုတ်တရက် သူကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်ဝန်းမှ နတ်အလင်းတန်းများ ထွက်ပေါ်လာကာ စိတ်လွတ်နေသည့်အခြေအနေမှ ပြန်လည်ကောင်းမွန်သွားသည်။ သူ၏ခန္ဓာကိုယ်မှ သွေးများ စီးကျနေသော်လည်း သူ ထိုဝိညာဉ်တိုက်ခိုက်မှုမှ ရုန်းထွက်လာနိုင်ခဲ့သည်။

ချွမ်း..

ဓားကောက်နှစ်ခုလည်း မုန့်ထျန်းကျန်းနောက် ပေါ်လာသည်။ ထိုဓားသည် ရွှေရောင်အလင်းတန်းတောက်ပနေသည်။ ထိုဓားများ လှည့်လိုက်သည်နှင့် လနှစ်စင်းကဲ့သို့ ဖြစ်သွားကာ မိုးခြိမ်းသံများ ထုတ်လွှတ်လာသည်။

မသေမျိုးသက်ရှိ၏မျက်လုံးများမှာ နေလုံးကဲ့သို့ တောက်ပလာသည်။ သူ၏နှုတ်ခမ်းထက်ရှိ ပုလွေတောက်ပလာကာ ကြောက်စရာအကောင်းဆုံး အသံလှိုင်းများ ထွက်ပေါ်လာသည်။

သီချင်းသံစဉ်များသည် ထိတွေ့ကိုင်တွယ်၍ရသည့်အရာများအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ထဲသို့ ခုန်ဝင်လာသည်။ ထိုအရာများကို ထာဝရတာအိုသင်္ကေတများဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး မသေမျိုးအလင်းများ ရှိနေသည်။

ဓားသွားနှင့် ထိုသံစဉ်များ ထိခတ်သွားသည်နှင့် မီးပွားများ လွင့်စင်လာကာ တာအိုလှိုင်းများ ထွက်ပေါ်လာသည်။

ဤသည်မှာ ကမ္ဘာကြီး ပြန်ပွင့်လာသကဲ့သို့ ကြောက်စရာကောင်းလှသည်။

နောက်ဆုံးတွင် ဓားကွေးများသည် ထိုတောက်ပနေသည့်တာအိုသင်္ကေတများကို ဖျက်ဆီးပစ်လိုက်သည်။ ထိုဓားများသည် အရိုးပုလွေနှင့်ထိသွားကာ ထိုသံစဉ်ကို ရပ်တန့်လိုက်သည်။

ထိုသို့တိုက်ခိုက်နေစဉ်အတွင်း သူတို့နှစ်ဦးကြားမှ အကွာအဝေး တိုတောင်းသွားလေပြီ။ မုန့်ထျန်းကျန်း နောက်တစ်ကြိမ် ပြေးဝင်သွားလေ၏။

ချွမ်း…

သူ၏လက်နှစ်ဘက်သည် ထာဝရဓားနှစ်လက်ကဲ့သို့်ပင် ဖြစ်သွားလေ၏။ တစ်ဖက်မှာ အဖြူ၊ တစ်ဖက်မှာ အနက်ဖြစ်ပြီး ယင်နှင့်ယန်စွမ်းအင်များ ထုတ်လွှတ်နေသည်ပင်။

မုန့်ထျန်းကျန်းသည် ဓားပုံစံပြောင်းလဲသွားကာ ကျောချမ်းစရာကောင်းသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ရွှီး..

ထိုအချိန်တွင် အဖြူနှင့်အနက် ဓားအလင်းတန်းနှစ်ခု ထွက်ပေါ်လာလေသည်။

ဖူး..

မသေမျိုးသက်ရှိ ဤတိုက်ခိုက်မှုကို ခုခံလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှ သွေးများ လွင့်စင်သွားဆဲပင်။

ဝုန်း..

မသေမျိုးသက်ရှိ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ ဒေါသထွက်နေလေပြီ။ နောက်မှ အဆင့်တက်တဲ့သူ၊ အခုမှ ထာဝရတာအိုနယ်ပယ်ထဲ ရောက်တဲ့လူသားက ဘယ်လိုလုပ် သူ့ကို ထပ်ခါထပ်ခါ ဒဏ်ရာရအောင် လုပ်နိုင်နေတာလဲ..

သူ အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။

ဝုန်း ဟူသည့်အသံနှင့်အတူ သူ၏ညာလက်ထဲတွင် ကောင်းကင်လှံတံတစ်လက် ထွက်ပေါ်လာသည်။ ထိုလှံတံသည် ဤနေရာတစ်ခုလုံးကို အေးခဲသွားစေတော့မတတ် အေးစက်နေသည်။

ဤသည်မှာ မသေမျိုးသက်ရှိ၏ မှော်ပစ္စည်းပင်။ ယခု သူ ဤလှံတံကို မုန့်ထျန်းကျန်းထံသို့ လွှဲရမ်းလိုက်သည်။

ဒုန်း..

အနက်နှင့်အဖြူ ဓားများတောက်ပလာကာ ထိုမှော်ပစ္စည်းနှင့် တိုက်ခိုက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ဤနေရာကို ဗဟိုပြုကာ တောက်ပလှသည့်အလင်းလှိုင်းများ ထွက်ပေါ်လာသည်။

ရွှီး..

မုန့်ထျန်းကျန်းသည် ထာဝရအလင်းများဖြင့် သူ့အပေါ်မှ လျှပ်စီးအတိဒုက္ခကို ရင်ဆိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ ဂိတ်မျိုးစုံ ပွင့်ထွက်လာကာ တစ်ကိုယ်လုံး သင်္ကေတများဖုံးလွှမ်းသွားသည်။

ဤသည်မှာ သူ၏ကိုယ်ပိုင် ပြိုင်ဘက်ကင်းပညာများကို မပျက်စီးနိုင်သည့်ကျမ်းစာနှင့် ပေါင်းစည်းထားခြင်းပင်။ ဤစွမ်းအားကြောင့် သူ ထိုလက်နက်ကို ရင်ဆိုင်ရဲခြင်းပင်။

ဝုန်း..

ထို့နောက် သူ၏လက်များပေါင်းစည်းသွားလေ၏။ ဤသည်မှာ ရှေးဟောင်းဘုန်းကြီးများ လက်အုပ်ချီလိုက်သည်နှင့်တူသော်လည်း လက်အုပ်ချီလိုက်သည်မဟုတ်။ ဓားများကို ပေါင်းစည်းလိုက်ခြင်းပင်။

ဓားနှစ်ခုသည် တစ်ခုတည်းဖြစ်လာကာ အနက်နှင့်အဖြူ စွမ်းအင်များလည်းပေါင်းစည်းသွားသည်။

ရွှီး..

မုန့်ထျန်းကျန်း တိုက်ခိုက်လိုက်သည်နှင့် နယ်မြေနှစ်ခု ပိုင်းခြားခံရသကဲ့သို့ ဖြစ်သွားသည်။

ဒုန်း..

ထိုအဖြူအနက်ဓားသွားသည် ကောင်းကင်လှံတံနှင့် ထိခပ်သွားကာ မီးပွားများနေရာအနှံ့ ပျံ့လွင့်သွားသည်။ တစ်ချိန်တည်းမှာပင် အေးစက်သည့်အလင်းထွက်ပေါ်လာကာ လခြမ်းကွေးဓားနှစ်လက် မသေမျိုးသက်ရှိအား ဖြတ်သွားသည်။

ဖုန်း ဖုန်း ဖုန်း..

မသေမျိုးသက်ရှိ ထိုနေရာမှ ရွှေ့သွားပြီး အခြားနေရာတစ်ခု၌ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ဘိုးဘေးပညာကိုလည်း အသက်သွင်းလိုက်ကာ လခြမ်းကွေးဓားများကို တားဆီးလိုက်သည်။

အား..

မုန့်ထျန်းကျန်းဟစ်ကြွေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် အချိန်သိပ်မရှိတော့။ သူ အားကုန်ထုတ်သုံးတော့မည်။

ရွှီးဟူသည့်အသံနှင့်အတူ သူသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ရှေ့လျားသွားသည်။ သူသည် ခြေတစ်လှမ်းဖြင့် လီပေါင်း ထောင်ပေါင်းများစွာ ဖြတ်သန်းသွားကာ ရန်သူနှင့် အနီးကပ် တိုက်ခိုက်လိုက်သည်။

ဖူး..

ယခုတစ်ခေါက် သူ၏လက်များကို ပူးလိုက်သည့်အချိန်တွင် အဖြူနှင့်အနက်ဓားသွားသည် တစ်ခုတည်းဖြစ်သွားကာ လောကကြီးကို တုန်လှုပ်စေသည့်အလင်းတန်းများ ထုတ်လွှတ်လာသည်။ နေရာတိုင်းတွင် သွေးအလင်းတန်းများ ထွက်ပေါ်လာသ်ည။

မသေမျိုးသက်ရှိ ယခုတစ်ခေါက်တွင်တော့ မရှောင်တိမ်းနိုင်တော့။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်း၌ ဓားအလင်းတန်းများ ရှိနေကာ ဤနေရာကို လွှမ်းခြုံထားသည်ပင်။

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦး၏တိုက်ကွက် ထောင်ချီသွားသည်။

ရွှီး..

ဓားအးလင်းမှာ သက်တံ့အလင်းကဲ့သို့ပင်။ နောက်ဆုံးအချိန်တွင် ထိုဓားအလင်းတန်းသည် မသေမျိုးသက်ရှိ၏လက်မောင်းကို ဖြတ်ပစ်လိုက်ကာ ကောင်းကင်တစ်ခုလုံးကို သွေးများ နီရဲသွားစေသည်။

သို့သော် တစ်ချိန်တည်းမှာပင် မုန့်ထျန်းကျန်းလည်း တုန်ယင်သွားကာ နောက်ယိုင်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ကို ထာဝရတာအိုလျှပ်စီး ပစ်ချလိုက်ကာ သူ၏ရင်ဘတ်တွင် အ‌ပေါက်ကြီး ဖြစ်သွားသည်။

ယခုအချိန်တွင် အတိဒုက္ခ၏နတ်စွမ်းအား စတင်ပေါ်ပေါက်လာသည့်အပြင် အနက်ရောင်တိမ်တိုက်များလည်း သူ့ထံသို့ ဆင်းသက်လာသည်။

အပိုင်း ၁၈၇၁ ပြီး၏။
Chapter – 1872 နောက်ဆုံးတိုက်ပွဲ

မသေမျိုးသက်ရှိ၏မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။ သူ လက်တစ်ဖက်ဆုံးရှုံးလိုက်ရလေပြီ။ ဤကဲ့သို့သော ဒဏ်ရာမှာ သူ့အား တုန်လှုပ်သွားစေသည်။ သို့သော် သူ့ကိုပို၍ ကြောက်ရွံ့စေသည်မှာ တစ်ဖက်လူ၏ အကြောက်တရားကင်းမဲ့မှုနှင့် ရဲရင့်မှုပင်။

သူ့ဘယ်လက်မောင်း ပြတ်ထွက်သွားကာ သွေးများ ပန်းထွက်နေသည်။ သူ့အတွက်တော့ ဤသည်မှာ မယုံကြည်နိုင်လောက်သည့်ဒဏ်ရာပင်။

ဘယ်နှနှစ်ပင် ရှိသွားပြီဖြစ်သနည်း .. သူ မသေမျိုးသက်ရှိဖြစ်သွားကတည်းက ဘယ်တုန်းကမှ ဤကဲ့သို့ ဒဏ်ရာမရဖူး။ သူသည် သွေးများဆုံးရှုံးရသည့်ခံစားချက်ကို မေ့တော့မလိုပင် ဖြစ်နေလေပြီ။ သို့သော် ယနေ့တော့ လူသားမျိုးနွယ်စု ကျင့်ကြံသူကြောင့် သူ ဤမျှထိ ဖြစ်သွားလေပြီ။

သူ၏ငွေရောင်ခန္ဓာကိုယ်တောက်ပလာကာ သူလျင်မြန်စွာ နောက်ဆုတ်သွားလိုက်သည့်အပြင် ထိုလက်ကိုလည်း ယူသွားလိုက်သည်။ သူ၏စွမ်းအားဖြင့်ဆိုလျှင် သူ ဤလက်ကို ပြန်ဆက်နိုင်သည်။

သူ စိတ်ထဲမှ ကြိတ်၍ ဝမ်းသာနေသည်ပင်။ လျှပ်စီးအတိဒုက္ခကျရောက်လာကာ မုန့်ထျန်းကျန်းအား တားဆီးလိုက်သောကြောင့်သာမဟုတ်ပါက သူ ပို၍ပင် အခြေအနေဆိုးရွားနေလိမ့်မည်။

သူ လျှပ်စီးကို ရှောင်ရှားနိုင်ခြင်းမှာ သူ့ထံတွင် ထူးခြားသည့်လျှို့ဝှက်ရတနာတစ်ခု ရှိနေသောကြောင့်သာ။

ကောင်းကင်ထက်မှ လျှပ်စီးအတိဒုက္ခမှာ ကြမ်းတမ်းလှသည်။ ဤသည်မှာ ထာဝရတာအိုအလင်းတန်း၊ ပြိုင်ဘက်ကင်းလျှပ်စီးပင်။ သာမန်လူတစ်ယောက်သာဆိုပါက သူတို့ အစောကြီးကတည်းက ပြာဖြစ်သွားလောက်လေပြီ။

မုန့်ထျန်းကျန်းပင် ဒဏ်ရာရရှိသွားသည်။ ယခင်က သူသည် မသေမျိုးသက်ရှိကို သတ်ရန်အတွက်နှင့် ထိုလျှပ်စီးအတိဒုက္ခကို လျစ်လျူရှုထားခဲ့သည်။ ယခုတော့ ထိုအကျိုးဆက်ကို ခံစားနေရလေပြီ။

သူ ဤကဲ့သို့လုပ်ရခြင်းမှာ သူ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် ကျင့်ကြံထားသောကြောင့်ပင်။ သူ၏လမ်းကြောင်းသည် မပြည့်စုံကာ ပြစ်ချက်များ ရှိနေသော်လည်း ဤသည်မှာ ထာဝရသက်ရှိရအောင်လုပ်သည့် အခြားနည်းလမ်းများနှင့် ကွာခြားသည်ပင်။ သူ၏ခန္ဓာကိုယ်မှာ အလွန်မာကျောလှသည်။

ထို့အပြင် သူ မပျက်စီးနိုင်သည့်ကျမ်းစာကိုလည်း ကျင့်ကြံထားသေးသည်။

မဟုတ်ပါက သူ လျှပ်စီးအတိဒုက္ခထဲတွင် ဘယ်လိုလုပ် ဤကဲ့သို့ လုပ်ရဲမည်နည်း..

မုန့်ထျန်းကျန်းသည် တွေဝေမနေ။ သူ့ကိုယ်သူ အနည်းငယ် ထိန်းညှိလိုက်ပြီးနောက် သူ၏ပါးစပ်နှင့် နှာခေါင်းမှ လျှပ်စီးအလင်းတန်းများ ဝင်လိုက်ထွက်လိုက်ဖြစ်နေလေ၏။ ထို့နောက် သူ မသေမျိုးသက်ရှိထံသို့ ပြေးဝင်သွားလိုက်သည်။

ဒါက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ..

အခုမှ ထာဝရတာအိုနယ်ပယ်ထဲ ရောက်တဲ့ လူသားကျင့်ကြံသူတစ်ယောက်က ဒီတာအိုကို နှစ်ပေါင်းများစွာကတည်းက ရထားတဲ့မသေမျိုးသက်ရှိကို သတ်ချင်နေတယ် .. ဤအကြောင်းကို အခြားသူများအား ပြောပြလျှင်ပင် ယုံကြည်မည့်သူ သိပ်ရှိမည်မဟုတ်။

ယခုမှ အဆင့်တက်သည့်သူများမှာ သူတို့၏ခွန်အားကို အခြေခိုင်အောင်လုပ်ရန် အချိန်လိုအပ်သည်။ ဤအဆင့်၌ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည့်သူတစ်ဦးကို ရင်ဆိုင်ရန်မှာ ခက်ခဲလှသည်ပင်။

သို့သော် မုန့်ထျန်းကျန်းကတော့ လုပ်နိုင်ခဲ့သည်။ သူသည် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့သည့် မသေမျိုးသက်ရှိနှင့် တိုက်ခိုက်နိုင်သည့်အပြင် တစ်ဖက်လူကို ဒဏ်ရာရအောင်ပင် လုပ်နိုင်သည်။

အားလုံးမှာ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် ကျင့်ကြံသောကြောင့်ပင်။

လျှပ်စီးကြောင့် သူ၏ရင်ဘတ် ထုတ်ချင်းဖောက်ကာ အပေါက်ကြီးဖြစ်သွားသော်လည်း သူ ထိုဒဏ်ရာကို သိပ်ပြီး အလေးမစိုက်သလိုပင်။ သူသည် ရန်သူကိုသာ သတ်ဖြတ်နေလေ၏။

သူ တကယ်ကို အချိန်သိပ်မရှိတော့။ သူ မသေမျိုးသက်ရှိကို မြန်မြန်ဖြတ်ချပစ်ရမည်။

ဝုန်း..

လျှပ်စီးများမှာ ကြောက်စရာကောင်းလွန်းလှသည်။ ထာဝရအလင်းများထွက်ပေါ်လာကာ မုန့်ထျန်းကျန်းထံသို့ ဆက်တိုက်ပင် ပေါက်ကွဲလာသည်။

သို့သော် သူ ဤသည်ကို မရှောင်နိုင်။ ခုခံနေရုံသာ တတ်နိုင်သည်။ ဤသည်မှာ လျှပ်စီးအတိဒုက္ခ၊ လူတစ်ယောက်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အတိဒုက္ခပင်။

သူသာ ဤသည်ကို ကျော်ဖြတ်နိုင်လျှင် သူ လုံးဝပြောင်းလဲသွားလိမ့်မည်။ ကံမကောင်းစွာဖြင့် သူ ဖြတ်ကျော်နိုင်လျှင်ပင် သူ အသက်ဆက်ရှင်နိုင်မည့်အခွင့်အရေးမရှိတော့။

အဆုံး၌ သူ့ကို စောင့်ကြိုနေသည်မှာ အမှောင်ထုသာ။

ဝုန်း…

မုန့်ထျန်းကျန်း တိုက်ခိုက်လိုက်သည်။ သူ အဖြူနှင့်အနက်ဓားကိုယ်ထည်ကို အသုံးပြုကာ ဆက်လက်တိုက်ခိုက်လိုက်သည်။

မသေမျိုးသက်ရှိသည် သူ၏ကောင်းကင်လှံတံဖြင့် တားဆီးနေည့်အပြင် သူ နောက်ဆုတ်ကာ အချိန်ဆွဲနေလိုက်သည်။ ကောင်းကင်အတိဒုက္ခကျရောက်လာကာ သူ၏ပြိုင်ဘက်အား ထိခိုက်ရန် သူမျှော်လင့်ထားခြင်းပင်။

သို့သော် သူ အရှက်ကွဲသလို ခံစားလိုက်ရသည်။သူသည် ခမ်းနားသည့်မသေမျိုးသက်ရှိဖြစ်သော်လည်း ယခုတော့ စမတိုက်နိုင်သည့်အပြင် ဤကဲ့သို့သော နည်းလမ်းများကို သုံးပြီး ခုခံနေရသေးသည်။ ဤသည်မှာ သူ့အားအလွန်မကျေမနပ်ဖြစ်စေသည်ပင်။

သို့သော်လည်း အသက်ရှင်သန်နေရန်မှာ အရေးအကြီးဆုံးပင်။ နောက်ဆုံး ရယ်မောနိုင်သည့်သူသာ အနိုင်ရရှိသူပင်။ သူ၏ခံစားချက်များဖြင့် သူ၏ဆုံးဖြတ်ချက်များကို ယိုင်နဲ့အောင် မလုပ်ချင်။

“သတ်…”

ဒုန်း ဒုန်း ဒုန်း..

ဓားအလင်းတန်းများ အဆုံးမရှိအောင် တောက်ပလာကာ ထာဝရအဆင့်တက်ခြင်းအလင်းများပင် ထွက်ပေါ်လာသည်။

ဖူး..

မသေမျိုးသက်ရှိထံမှ နောက်တစ်ကြိမ် သွေးများ လွင့်စင်လာသည်။ ဓားအလင်းတန်း သူ၏ရင်ဘတ်ကို ထိုးဖောက်သွားကာ သူ့အရိုးကို ဖောက်ထွက်သွားလေသည်။

ရွှီး..

တစ်ချိန်တည်းမှာပင် မုန့်ထျန်းကျန်း၏ ဓားကောက်နှစ်လက်လည်း မသေမျိုးသက်ရှိ၏ ကျောဘက်ကို ထိုးချလိုက်သည်။

အား..

မသေမျိုးသက်ရှိ ဒေါတသကြီး အော်ဟစ်လိုက်သည်။ သူ ဤကဲ့သို့‌သော လူ၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်..

သူ၏ပုခုံးမှ သွေးများပန်းထွက်လာကာ သူ၏ပုခုံးရိုးပင် ပြုတ်ထွက်မတတ်ဖြစ်သွားသည်ပင်။ ထိုဓားကောက်မှာ အလွန်ထက်ရှလှကာ တာအိုသင်္ကေတများ ရှိနေသည်ပင်။

ဝုန်း..

သို့သော် အရေးအကြီးဆုံးအချိန်တွင် မုန့်ထျန်းကျန်း ထပ်မံ တားဆီးခံလိုက်ရသည်။ သူ့ကို လျှပ်စီးများဖုံးလွှမ်းသွားရုံသာမက အနက်ရောင်မြူများလည်း သူ့ခန္ဓာကိုယ်ကို တိုက်စားသွားလေပြီ။

ဤမြူကြောင့် ယဲ့ချင်းယုနှင့် မိုဝူတောင်တို့ပင် အောင်မြင်ခါနီး ကျဆုံးသွားခဲ့ရသည်ပင်။

ယခု မုန့်ထျန်းကျန်းလည်း တုန်လှုပ်နေလေပြီ. သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူထွက်ပေါ်လာကာ သူ၏ဝိညာဉ်တောင့်ခဲသွားရသည်။ သူသည် အခြားလူတစ်ယောက်ဖြစ်တော့မလိုပင် ခံစားနေရသည်။

သူ၏မသိစိတ်ထဲ၌ ပုန်းကွယ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် ခံစားချက်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

သူ့ကိုကြည့်ရသည်မှာ ပြန်မွေးဖွားချင်နေသည့်ပုံပင်။ လူအသစ်သည် သူ၏စိတ်ကို နေရာယူကာ သူ၏မူလဝိညာဉ်ကို သတ်ပစ်ချင်နေ၏။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

မုန့်ထျန်းကျန်းသည် ရုတ်တရက်ခေါင်းမော့လိုက်ကာ ဟစ်ကြွေးလိုက်သည်။ သူသည် အနက်ရောင်မြူများကို ပျက်ပြယ်စေလိုက်ကာ တိုက်စားမှုများကို ရပ်တန့်လိုက်သည်။ ထို မသိစိတ်ကို သူပြန်တိုက်ထုတ်လိုက်သည်။

သို့သော် အနက်ရောင်မြူများမှာ ထွက်မသွား။ ထိုမြူထဲတွင် သက်ရှိတစ်ကောင် ရှိနေသကဲ့သို့ပင်။

ဤသည်မှာ ထာဝရတာအိုလျှပ်စီးများထက်ပင် ကြောက်စရာကောင်းသည်ပင်။

ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်၍ ရသော်လည်း ဤကဲ့သို့‌သော အမျိုးအမည်မသိရသည့်မြူများကို ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်။

ဤအတောအတွင်း မသေမျိုးသက်ရှိ၏ အမူအရာမှာ အလွန်ထူးဆန်းနေသည်။ သူ ဤအရာကို မျှော်လင့်နေမိသကဲ့သို့ ကြောက်လည်း ကြောက်ရွံ့နေမိသည်။

သူ၏ခံစားချက်မှာ အလွန်ရှုပ်ထွေးနေသည်။

“သတ်..”

မုန့်ထျန်းကျန်း ဒေါသတကြီး ဟစ်ကြွေးလိုက်ကာ မသေမျိုးသက်ရှိထံသို့ ဦးတည်သွားလိုက်သည်။ သူ၏ဦးခေါင်းထက်မှ အန္တရာယ်နှစ်ခုကို သူ လျစ်လျူရှုထားလိုက်တော့သည်။

ဒုန်း ဒုန်း ဒုန်း..

နတ်ဗုံကြီး တီးလိုက်သကဲ့သို့ ကောင်းကင်အတိဒုက္ခမှ အသံကျယ်ကြီး ထွက်ပေါ်လာကာ အလင်းတန်းများစွာလည်း ကျဆင်းလာသည်။

မုန့်ထျန်းကျန်း သွေးအန်သွားကာ သူ့တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်သွားသည်။ လျှပ်စီးများ ကျရောက်လာသည့်အချိန်တွင် သူသည် အလင်းပိုးအိမ်တစ်ခု ပြုလုပ်လိုက်ကာ ထိုအလင်းတန်းများကို ချေဖျက်လိုက်သည်။

သို့သော်လည်း သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားဆဲပင်။

ဝုန်း..

မုန့်ထျန်းကျန်း မသေမျိုးသက်ရှိထံသို့ သွားသည့်လမ်းတွင် အဆုံးမရှိသည့် လျှပ်စီးတန်းများ ကျရောက်လာသည်။

ဤသည်မှာ ထာဝရတာအို၏ အမြင့်ဆုံးလျှပ်စီးများပင်။

“မကောင်းတော့ဘူး..”

မသေမျိုးသက်ရှိ တုန်လှုပ်သွားကာ မသက်မသာ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လျှို့ဝှက်ရတနာ ခွပ်ခနဲ ပျက်စီးသွားကာ လျှပ်စီးအလင်းတန်းများ သူရှိနေသည့်နေရာသို့ ရောက်ရှိလာသည်။

ယခင်က သူ့အပေါ် လျှပ်စီးများ မသက်ရောက်ခဲ့ခြင်းမှာ အဖိုးတန်လည်ဆွဲကြောင့်ပင်။ ထိုလည်ဆွဲသည် မသေမျိုးဝိညာဉ်ရတနာဖြစ်ကာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးလှသည်။

အဘယ်ကြောင့်ဆိုသော် ထိုလည်ဆွဲကို မသေမျိုးသက်ရှိပေါင်းများစွာ အသက်သွင်းခဲ့ခြင်းဖြစ်ကာ ထိုလည်ဆွဲတွင် ဝိညာဉ်တစ်ခု ရှိနေပြီဖြစ်သည်။ ဤပစ္စည်းသည် ကောင်းကင်အတိဒုက္ခအား ရှောင်ရှားနိုင်သည်ပင်။

ယခု အဖိုးမဖြတ်နိုင်သည့် လျှို့ဝှက်ရတနာ ပျက်စီးသွားလေပြီ။

အား..

မသေမျိုးသက်ရှိမှာ အလွန်အခြေအနေဆိုးဝါးနေလေပြီ။ သူ လျှပ်စီးတန်းများကို ခုခံနေရသည်။ သို့သော် မုန့်ထျန်းကျန်းအတွက်တော့ ဤသည်မှာ ရန်သူကိုသတ်ရန် အချိန်ကောင်းပင်။

ဝုန်း..

မသေမျိုးသက်ရှိ အားကုန်ထုတ်သုံးနေလေပြီ။ သူ၏ကောင်းကင်လှံတံမှ အလံတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလံသည် လေနှင့်အတူ လွင့်မျောနေလေ၏။

ကောင်းကင်လှံတံသည် အလံတိုင်အဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင်အလံမျက်နှာပြင်တွင် အရိုးစုံပုံနှင့်အတူ လေဟာနယ်ပုံရိပ်များ ရှိနေသည်။ နတ်ဘုရားများငိုကြွေးသည့်အသံနှင့် မကောင်းသည့်ဝိညာဉ်များ ဟစ်ကြွေးသည့်အသံများလည်း ထွက်ပေါ်လာသည်။

ဝုန်း..

မသေမျိုးသက်ရှိ ထိုအလံကို ရမ်းခါလိုက်သည်နှင့် အလံမှ မရေမတွက်နိုင်သည့်လူများ ပြေးထွက်လာကြသည်။ အားလုံးမှာ အသက်ရှင်နေသည့်အလောင်းများနှင့် အရိုးစုခြောက်များပင်။

သူတို့အားလုံးသည် အလွန်စွမ်းအားကြီးကြကာ မုန့်ထျန်းကျန်းထံသို့ ဦးတည်နေကြသည်။

“လျှပ်စီး .. သတ်..”

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် လျှပ်စီးအလင်းတန်းများ ဖုံးလွှမ်းသွားကာ သက်ရှိအတော်များများ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် အချို့ရွှေရောင်အရိုးစုများနှင့် ကျောက်စိမ်းကဲ့သို့တောက်ပနေသည့် အရိုးစုများမှာ ပျက်စီးမသွား။ သူတို့သည် နတ်သရဲများကဲ့သို့ ဟစ်ကြွေးကာ မုန့်ထျန်းကျန်းထံသို့ ဦးတည်လာသည်။

ဤအလံမှာ မသေမျိုးသက်ရှိ နှစ်ပေါင်းများစွာ ဖန်တီးခဲ့သည့် ရတနာပင်။ ဤသည်မှာ မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးလှသည်ပင်။ ယခုအချိန်တွင် ဤအလံသည် သူ၏စွမ်းအားကို ပြသကာ အဆုံးမရှိသည့်စစ်တပ်ကြီးကို ဦးဆောင်ခေါ်သွားလေသည်။

ဤအလံထဲတွင် မရေမတွက်နိုင်သည့် အလောင်းများ၊ မှော်ခန္ဓာကိုယ်များ ရှိနေသည်။ ဤအလောင်းများထဲတွင် စစ်ပွဲထဲ၌ အသတ်ခံခဲ့ရသည့် မသေမျိုးသက်ရှိများလည်း ပါဝင်သလို ထာဝရသက်ရှိအကြွင်းအကျန်များလည်း ပါဝင်သည်ပင်။

ဝေါင်း..

အဆုံးမရှိသည့် သက်ရှိများ ဟစ်ကြွေးလာကြသည်။ သူတို့အသံများမှာ ကောင်းကင်ကြီးကို အက်ကွဲသွားစေကာ မုန့်ထျန်းကျန်းကို လွှမ်းခြုံသွားသည်။

ရွှီး..

မုန့်ထျန်းကျန်း ခေါင်းမော့လိုက်ကာ လျှပ်စီးအတိဒုက္ခကို ရင်ဆိုင်လိုက်သည်။ သူ ပါးစပ်ဟကာ လျှပ်စီးများကို စုတ်ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တောက်ပလာကာ ဓားအမြုတေတစ်ခု ဖြစ်လာသည်။

ယခုတစ်ခေါက်တော့ သူ၏လက်များမဟုတ်တော့။ သူ့တစ်ကိုယ်လုံး ဓားအဖြစ် ပြောင်းလဲသွားခြင်းပင်။

သူ မပျက်စီးနိုင်သည့် ကျမ်းစာကို ကျင့်ကြံထားသည့်အပြင် သူ၏ကိုယ်ပိုင်ပညာများကိုလည်း ရောနှောလိုက်သည်။ သူ ဤကဲ့သို့ ပြုလုပ်ရဲသည်မှာ သူ၏သူရဲကောင်းဆန်မှု၊ ပြတ်သားမှု၊ အကြောက်တရားကင်းမဲ့မှုတို့ကို ပြသလိုက်ခြင်းပင်။

ရွှီး..

ဓားအလင်းတန်း ဖြတ်သွားသည့်နေရာတိုင်း၌ မရေမတွက်နိုင်သည့် နတ်ဘုရားများနှင့် တစ္ဆေသရဲများ အော်ဟစ်ကာ ပေါက်ကွဲသွားကြသည်။

ထာဝရဓားသည် သူ၏လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်သွားသည်။

တစ်ချိန်တည်းမှာပင် လခြမ်းကွေးဓားနှစ်လက်လည်း ရှိသေးသည်။ ထာဝရလျှပ်စီးများအောက် ဖုံးလွှမ်းခံရပြီးနောက် သူတို့သည် ပို၍ပင် ကြောက်စရာကောင်းလာသည်။ သူတို့လည်း သူတို့လမ်းကြောင်းတွင်ရှိသမျှ အလောင်းများအား ဖျက်ဆီးပစ်နေသည်။

ဖူး..

မုန့်ထျန်းကျန်းသည် ကောင်းကင်လှံတံကို ဖောက်ခွဲပစ်လိုက်သည့်အပြင် ဖူးဟူသည့်အသံနှင့်အတူ မသေမျိုးသက်ရှိကြီးကို နှစ်ပိုင်းပြတ်လုနီးပါးဖြစ်အောင် လုပ်လိုက်သည်။

ကောင်းကင်ထက်မှ သဘာဝဥပေဒသများ ကျရောက်လာကာ နတ်ချိန်းကြိုးများလည်း ရေတံခွန်ကဲ့သို့ ကျရောက်လာသည်။ မသေမျိုးသက်ရှိသည် တတ်နိုင်သမျှ ခုခံနေရုံသာမက ပြန်၍လည်း တိုက်ခိုက်နေသည်။

ထိုအချိန်တွင် အသံနှစ်သံ ထွက်ပေါ်လာသည်။ လခြမ်းကွေးဓားနှစ်လက်သည် ထိုတာအိုသင်္ကေတများအားလုံးကို ထိုးဖောက်သွားကာ မသေမျိုးသက်ရှိ၏ ခုခံမှုများကို ဖြတ်ကျော်သွားသည်။

ထို့အပြင် ထိုဓားနှစ်လက်သည် သူ၏လက်များကိုလည်း လှီးဖြတ်ပစ်လိုက်လေ၏။

မုန့်ထျန်းကျန်းအသွင်ပြောင်းထားသည့် ဓားသည် ယခုတစ်ခေါက်တွင်တော့ ထိုမသေမျိုးသက်ရှိကို နှစ်ပိုင်း ပိုင်းဖြတ်သွားလေပြီ။

အား…

သူသည် လောကကြီးကို ထိတ်လန့်စေသည့် မသေမျိုးသက်ရှိ ဖြစ်ထိုက်ပါပေသည်။ သူ၏မူလဝိညာဉ်နှစ်ပိုင်းပြတ်သွားသော်လည်း သူမသေသေး။

ထို့အပြင် သူ၏ခန္ဓာကိုယ်နှစ်ပိုင်းလည်း ပြန်ဆက်သွားကာ သူထွက်ပြေးချင်နေသည်။

ကံမကောင်းစွာဖြင့် ယခုအချိန်တွင် သူကောင်းကင်ကို ဆန့်ကျင်ရန် ခက်ခဲလွန်းသွားလေပြီ။

မုန့်ထျန်းကျန်း လူသားပုံစံသို့ ပြန်ပြောင်းလိုက်ပြီးဖြစ်ပြီး လခြမ်းပုံဓားနှစ်လက်လည်းသူ့နောက်သို့ ပြန်ရောက်လာလေပြီ။ သူအရှေ့သို့ တိုးသွားသည်နှင့် ထိုဓားနှစ်လက် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။

သူသည် ခြေတစ်လှမ်းတည်းဖြင့် ထိုနေရာသို့ ရောက်သွားကာ ကွဲထွက်နေသည့် မူလဝိညာဉ်ကို ဆုတ်ကိုင်လိုက်သည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာကာ ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး ထိုဝိညာဉ်ကို အမှုန့်ဖြစ်အောင် လုပ်လိုက်သည်။

ဖူး..

တစ်ချိန်တည်းမှာပင် လခြမ်းကွေးဓားနှစ်လက်သည် အလောင်းကို ခုတ်ထစ်ပစ်ကာ သွေးမြူဖြစ်အောင် ပြုလုပ်လိုက်လေ၏။

မျိုးဆက်တစ်ခု၏ မသေမျိုးသက်ရှိ သေဆုံးသွားလေပြီ…

ခွပ်..

မုန့်ထျန်းကျန်း ထိုကောင်းကင်လှံတံကို ဆုတ်ကိုင်လိုက်ကာ အားထည့်လိုက်ပြီး ပျက်စီးသွားအောင် ပြုလုပ်လိုက်သည်။ ဤလက်နက်တွင် ထူးဆန်းသည့်အရာ တစ်ခုခု ရှိနေမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် သူ ဤလက်နက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သူသည် ယခုမှ ထာဝရတာအိုနယ်မြေထဲသို့ ရောက်သွားခြင်းဖြစ်သော်လည်း သူသည် မသေမျိုးသက်ရှိတစ်ဦးကိုသတ်နိုင်သည့်အပြင် ဤအဆင့်လက်နက်ကိုပါ ဖျက်ဆီးပစ်လိုက်နိုင်လေပြီ။ သူသည် တကယ်ကို မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးသည့်သူပင်။

ထို့နောက် သူ အားကုန်သုံးကာ အလံကို စုတ်ဖြဲပစ်လိုက်သည်။

ကောင်းကင်ထက်တွင် လျှပ်စီးအတိဒုက္ခမှ ကြောက်စရာကောင်းသည့်လျှပ်စီးများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်နေဆဲပင်။

မုန့်ထျန်းကျန်း ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေသည်။ သူ့ဘဝ၏နောက်ဆုံးအချိန် ရောက်နေပြီဖြစ်မှန်း သူသိသည်ပင်။

ထာဝရတာအိုလျှပ်စီးများ ဆက်တိုက်ကျရောက်နေသည့်အပြင် အနက်ရောင်မြူများလည်း သူ့အား ဝါးမြိုရန် ရောက်လာလေပြီ။

သူ ခပ်ဝေးဝေးသို့ ပြေးထွက်သွားလေ၏။ သူ မကောင်းသည့်အရာများကို သူနှင့်တူ ကောင်းကင်ထက်သို့ ခေါ်သွားကာ နယ်ခြားစပ်နှင့် ဝေးဝေးတွင်ထားချင်သည်။ သူ့ဘဝ၏ နောက်ဆုံးအချိန်ကို သူ ထိုကဲ့သို့သာ ဖြတ်သန်းတော့မည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများစွာ သူ့နာမည်ကို အော်ဟစ်ကာ မျက်ရည်များ စီးကျလာကြသည်။

အာကာသအတွင်းပိုင်းတွင် မျောလွင့်နေသည့်တိုက်ကြီးတစ်တိုက်ရှိနေသည်။ မုန့်ထျန်းကျန်းသည် ထိုနေရာ၌ တစ်ယောက်တည်း ရပ်နေကာ သူ့ဘေးပတ်လည်ရှိ ကြယ်များ ကြွေကျကုန်သည်။

ထိုအချိန်တွင် ထိုမြူများသူ့အား ဝန်းရံသွားလေ၏။

အား..

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်ကာ ထိုမြူနှင့် လျှပ်စီးများကို လွင့်ပါးသွားစေလိုက်သည်။

သူသည် ရုတ်တရက်နောက်လှည့်ကာ နယ်ခြားစပ်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ သူ၏ပျက်စီးနေသည့် ရွှေရောင်ချပ်ဝတ်တန်ဆာတွင် သွေးစက်များ စွန်းပေနေကာ သူ့နောက်တွင်ရှိနေသည့် လခြမ်းကွေးဓားနှစ်လက်လည်း တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်။ သူသည် အနည်းငယ် တွန့်ဆုတ်သည့်ခံစားချက် ခံစားနေရသည်။

သူ၏အော်ရာမှာ အနည်းငယ် ပို၍ ခက်ထန်လာသည်။

အဘယ်ကြောင့်ဆိုသော် ထိုအနက်ရောင်မြူများ ထိုနေရာကို လွှမ်းခြုံသွားတော့မည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများသည် အရိုးမှန်ပြောင်းမှတစ်ဆင့် ဤနောက်ဆုံးမြင်ကွင်းကို မြင်လိုက်ရသည်။ လူများစွာသည် မျက်ရည်များ ကျဆင်းလာကာ သူ့နာမည်အား အော်ဟစ်နေကြသည်။ သူ့အား အသက်ရှင်လျက် ပြန်လာနေစေချင်ကြသည်။

သို့သော် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားလျှင်ပင် ဤသည်မှာ သူတို့ မုန့်ထျန်းကျန်းကို နောက်ဆုံးမြင်တွေ့လိုက်ရသည့်မြင်ကွင်း ဖြစ်နေမည်ပင်။

အပိုင်း ၁၈၇၂ ပြီး၏။

Chapter – 1873 ဤကဲ့သို့သာ အဆုံးသတ်သွားခြင်း

နောက်ဆုံးမြင်ကွင်းမှာ အားလုံး၏ရင်ထဲ၌ စွဲထင်နေပြီး နှစ်ပေါင်းများစွာ ကုန်လွန်သွားလျှင်ပင် ဤမြင်ကွင်းကို မေ့နိုင်ရန် ခက်ခဲလိမ့်မည်။

ဤသည်မှာ စစ်နတ်ဘုရား၊ မျိုးဆက်တစ်ခု၏ သူရဲကောင်းဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူ ဤကဲ့သို့သာ ပျောက်ကွယ်သွားလေပြီ။ သူ့ကို နောက်တစ်ကြိမ် ထပ်မြင်နိုင်မည်မဟုတ်တော့။

ထာဝရတာအိုမိုးခြိမ်းသံများ ထွက်ပေါ်နေကာ ထာဝရအလင်းလည်း ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။ ထို့အပြင် အနက်ရောင်မြူများလည်းပျံ့လွင့်နေကာ မုန့်ထျန်းကျန်းကို ရစ်သိုင်းထားသည်။

ထိုရှေးဟောင်းတိုက်ကြီး ပျက်စီးသွားလေပြီ။

သက်ရှည်ဘဝကို ရရှိရန် အလွန်နီးစပ်နေပြီဖြစ်သည့် မုန့်ထျန်းကျန်းသည် အင်ပါယာဂိတ်ကို ကာကွယ်ရန်အတွက် သူ့ကိုယ်သူ စတေးခဲ့ကာ မသေမျိုးသက်ရှိနှင့် တိုက်ခိုက်ခဲ့သည်။ ဤသည်မှာ သူ၏နောင်တကို ဖာထေးရာလည်း ရောက်သည်ပင်။

သူသည် ဤတိုက်ပွဲမှ လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် ခမ်းနားမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း ယခုတော့ ထိုခမ်းနားမှုမှာ သင်္ချိုင်းမြေသီချင်းသံနှင့်အတူ ထွက်ပေါ်လာလေပြီ။

“အကြီးအကဲအရှင်..”

“စီနီယာမုန့်..”

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများစွာ ပျော်ရွှင်စွာ ဟစ်ကြွေးနေကြသော်လည်း အချို့မှာ မျက်ရည်ကျနေကြသည်ပင်။ ဤသည်မှာ နှမြောစရာကောင်းလှသည်။ မျိုးဆက်တစ်ခု၏ ကောင်းကင်သားတော်မှာ ဤကဲ့သို့ ပျောက်ကွယ်သွားလေပြီ။

ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်ကို မည်သူကများ မေ့နိုင်မည်နည်း..

ရွှေရောင်ချပ်ဝတ်တန်ဆာတွင် သွေးများနီရဲနေသည်။ သူသည် ရန်သူအုပ်စုကို သတ်ဖြတ်ခဲ့သည့်အပြင် မသေမျိုးသက်ရှိကိုပါ သတ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူ တစ်ယောက်တည်း ကွယ်လွန်သွားကာ မသိနိုင်သည့်နေရာသို့ ဦးတည်သွားသည်ကိုသာ တွေ့လိုက်ရသည်။

သူ ဘယ်သွားလိုက်တာလဲ..

“စီနီယာ..”

ရှီဟောင် ဝမ်းနည်းစွာ ဟစ်ကြွေးလိုက်သည်။

မုန့်ထျန်းကျန်းမှာ သူကို ကာကွယ်ပေးသည့်သူဖြစ်သလို သူ၏ဆရာလည်းဖြစ်သည်။ မုန့်ထျန်းကျန်းသည် သူ့အား လမ်းပြပေးခဲ့သလို သူ့ကို အလွန်လည်းဂရုစိုက်ခဲ့သည်။ သို့သော် ဤလူသည် ဤကဲ့သို့ ထွက်သွားလေပြီ.

ကောင်းကင်ကြီး တုန်ခါသွားသည်အထိ ရှီဟောင် ဟစ်ကြွေးလိုက်သည်။

“သူမသေသေးဘူး .. သူ သေချာပေါက် အသက်ရှင်နေတုန်းပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“အနက်ရောင်မြူတွေကရော .. အဲဒီမြူတွေ ဘယ်ရောက်သွားတာလဲ..” ထိုမြူများ ဘယ်ရောက်သွားသည်ကို လူအချို့ သိချင်နေကြသည်ပင်။

သို့သော်လည်း သူတို့ကို ထာဝရကျောင်းမှ အကြီးအကဲ တားဆီးလိုက်သည်။ ထိုမြူမှာ မကောင်းသည့်အရာပင်။ ထိုမြူသာ ပျံ့နှံ့သွားပါက အားလုံး ဆိုးရွားလှသည့် အကျိုးဆက်ကို ခံစားရလိမ့်မည်။

“သူငယ်ချင်းဟောင်း ဂရုစိုက်ပါ..” အလေးအမြတ်ကျောင်းမှ လူအိုကြီးလည်း ကျယ်လောင်စွာ အော်ဟစ်ကာ မုန့်ထျန်းကျန်းကို နှုတ်ဆက်လိုက်သည်။

မုန့်ထျန်းကျန်း အသက်ရှင်နိုင်မည်မဟုတ်မှန်း သူသိသည်ပင်။ ထိုအနက်ရောင်မြူအကြောင်းကို သူသေချာနားလည်သည်။ ခန္ဓာကိုယ် အကောင်းအတိုင်းကျန်ခဲ့မည်ဆိုလျှင်ပင် မူလဝိညာဉ်မှာ မုန့်ထျန်းကျန်း၏ မူလဝိညာဉ်မဖြစ်နိုင်တော့။

“တကယ်ကို ကံမကောင်းတာပဲ .. ခင်ဗျားသာ ခင်ဗျားရဲ့ နတ်အမြုတေကို ထိခိုက်အောင်မလုပ်ရရင် အဲဒီထူးဆန်းတဲ့မြူတွေက ခင်ဗျားကို ရပ်တန့်သွားအောင် လုပ်နိုင်မှာမဟုတ်ဘူးမလား..” ထာဝရဝမ် ပြောလိုက်သည်။

ဝုန်း..

ရုတ်တရက် ကြယ်ကောင်းကင်အတွင်းနက်ပိုင်းတွင် တုန်ခါမှုကြီးဖြစ်ပေါ်လာကာ အရိပ်များစွာ ထွက်ပေါ်လာ၏။

အနက်ရောင်မြူတစ်တန်း အပေါ်ဘက်မှ နယ်ခြားစပ်သို့ ကျရောက်လာကာ ကောင်းကင်ချောက်နက်အား ဖြတ်ကျော်ရန် ကြိုးစားနေသည်။

ဝုန်း..

ရလဒ်အနေဖြင့် ပြောင်းလဲမှုကြီးများ ဖြစ်လာသည်။

ကောင်းကင်ချောက်နက်ထဲတွင် ထိုမြူကို အလွန်အထိမခံဖြစ်သည့် စွမ်းအားတစ်မျိုးရှိနေသည်။

ရွှီး..

ထိုအချိန်တွင် ကောင်းကင်ချောက်နက်၏ ထိပ်ဆုံးသည် ထာဝရဂိတ်တံခါးတစ်ချပ် ပွင့်လာသကဲ့သို့ ပွင့်ဟလာသည်။

ဝုန်း..

ထာဝရတာအိုစွမ်းအားများ ကျရောက်လာကာ နေရာတိုင်း၌ သဘာဝဥပဒေသများ ပေါ်လာသည်။ အမြင့်ဆုံးနေရာမှ အဆင့်တက်ခြင်းအလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ချောက်နက်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ဘာဖြစ်နေတာလဲ .. အားလုံး ဆွံ့အသွားရသည်။

ဒါက ထာဝရနယ်မြေနဲ့ တကယ်ဆက်နေတာလား.. အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ ဂိတ်တံခါးတစ်ခု ပွင့်လာပြီး ထာဝရအလင်းများ ထွက်ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်ပင်။

နတ်ချိန်းကြိုးများလည်း ထွက်ပေါ်လာ၏။

ဤနတ်ချိန်းကြိုးများမှာ ကောင်းကင်ချောက်နက်ကို ပိတ်ထားသည့် အစီအရင်များ၊ အဆီးအတားများပင်။

ကျမ်းစာသံများကိုလည်း ခပ်ရေးရေး ကြားနေရသည်။

ဤသည်မှာ ဤနေရာ၌ နံရံတစ်ခု တည်ဆောက်ပြီး ဤနေရာအား ချိတ်ပိတ်ထားချင်သကဲ့သို့ပင်။

အားလုံးတည်ငြိမ်သွားသည့်အချိန်တွင် ထိုနေရာတွင် ဖရိုဖရဲမြူများ အတန်းလိုက်ရှိနေပြီး ထိုနေရာကို ဖြတ်ကျော်၍မရတော့ကြောင်း တွေ့လိုက်ရသည်။

တစ်စုံတစ်ယောက် မှော်ပစ္စည်းကို အသက်သွင်းကာ ဖြတ်သန်းရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုမှော်ပစ္စည်းကျသွားကာ အပြင်ဘက်၌သာ ရပ်တန့်သွားရသည်။

ယခင်က မသေမျိုးသက်ရှိများကိုသာ တားဆီးချင်းဖြစ်သော်လည်း ယခုတော့ လုံးဝပိတ်ပစ်လိုက်လေပြီ။ မည်သူမှ ဖြတ်သန်း၍မရတော့။

ဤနေရာ၌ ထာဝရတာအိုနံရံတစ်ခု ပေါ်လာပြီး လောကနှစ်ခုကို ပိုင်းခြားပစ်လိုက်သကဲ့သို့ပင်။

“အနက်ရောင်မြူတွေက ထာဝရနယ်မြေရဲ့ အမြင့်ဆုံး ဥပဒေသကို နှိုးဆွမိသွားတာ.” ထာဝရဝမ်ပြောလိုက်သည်။

“ထာဝရပိတ်သွားတာလား..” တစ်စုံတစ်ယောက် တုန်ယင်စွာ မေးလိုက်သည်။

“ဘာလို့ ဒီလိုပြောင်းလဲမှုမျိုးဖြစ်လာလဲတော့ ငါမသိဘူး .. ဒါက ပြိုင်ဘက်ကင်းတဲ့အစီအရင်တစ်ခုခုကို အသက်သွင်းပြီးတော့ ဒီနေရာကို ပိတ်ပစ်လိုက်သလိုမျိုးပဲ..” ထာဝရကျောင်းအကြီးအကဲမှ ပြောလိုက်သည်။

ဖရိုဖရဲမြူထဲ၌ ကျောက်တိုင်တစ်ခု ပေါ်လာသည်။

ရွှီး ရွှီး ရွှီး..

အင်ပါယာဂိတ်မှ ပုဂ္ဂိုလ်အချို့ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားကာ ကျောက်တိုင်ကို လေ့လာလိုက်သည်။

“ထာဝရစာတွေ..”

“ဒါက တကယ်ကို ထာဝရပိတ်သိမ်းလိုက်ပြီ .. နယ်မြေတွေကို ဖြတ်လို့မရတော့ဘူး .. ဒါပေမဲ့ နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် ဒီနေရာကြီး ပျက်စီးသွားရင် ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ဆယ်ခုလည်း ပျက်စီးသွားလိမ့်မယ်”

အဘယ်ကြောင့်ဆိုသော် ဤအစီအရင်သည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေဆယ်ခုထံမှ စွမ်းအားများ စုတ်ယူနေသည်ပင်။

ဤသည်မှာ ရေငတ်ပြေရန် အဆိပ်သောက်သည်နှင့်တူသည်ပင်။ ဤနံရံကြီး ပျက်စီးသွားသည်ဆိုသည်မှာ စွမ်းအားများကုန်ခမ်းသွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။

အားလုံးအမူအရာ ပြောင်းလဲသွား၏။ ဤသတင်းမှာ အလွန်ဆိုးရွားလှသည်ပင်။

ဤသည်မှာ အင်ပါယာဂိတ်သည် တစ်ဖြည်းဖြည်းအားနည်းသွားကာ ကျင့်ကြံခြင်းမရှိသည့်ခေတ်သို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဆိုလိုခြင်းပင်။

တစ်ဖက်လောကမှ မကျူးကျော်လာလျှင်ပင် ဤလောကကြီးမှာ အားနည်းကာ ပျက်စီးသွားမည်ပင်။

သို့သော် အချို့လူများမှာ ပျော်ရွှင်နေကြသည်ပင်။ အဘယ်ကြောင်ဆိုသော် ဤသည်မှာ အချိန်အတော်ကြာသည်အထိ ရန်သူများ ကျူးကျော်လာမည်မဟုတ်ပဲ သူတို့ငြိမ်းချမ်းနေမည်ဟု ဆိုလိုခြင်းပင်။

ဤလူများမှာ သူတို့ နေထိုင်သည့်လောကကြီး ဘာမှမဖြစ်လျှင် ရလေပြီ။ သူတို့သေပြီးနောက်ပိုင်းတွင် ဘာဖြစ်ဖြစ် သူတို့ဂရုစိုက်မည်မဟုတ်။

“ဟား ဟား .. တစ်ဖက်လောကကို စိတ်ပူစရာမလိုတော့ဘူး .. မသေမျိုးသက်ရှိတွေ ကျူးကျော်လာမှာကို စိတ်ပူစရာမလိုတော့ဘူး .. ဒီနေရာက ထာဝရပိတ်သွားပြီ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“မင်းပါးစပ်ကို ပိတ်ထားလိုက်..” အဆင့်လွန်သက်ရှိတစ်ဦး ဆူပူလိုက်သည်။

“ဒါက ယာယီငြိမ်းချမ်းမှုပဲ .. နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဒီရှေးဟောင်းလောကကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ် .. အကောင်းဆုံးအနေအထားက အဲဒီခေတ်မှာ မှော်စွမ်းအားမရှိတော့ ဘယ်သူမှ မကျင့်ကြံနိုင်တော့ဘူး .. အဆိုးဆုံးက စကြာဝဠာကြီးတစ်ခုလုံး ရှင်းခံလိုက်ရလိမ့်မယ်” အလေးအမြတ်ကျောင်းမှ အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

“အခု ဒီသတင်းကို ဖြန့်လိုက်..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။

ခဏကြာပြီးနောက် အင်ပါယာဂိတ်တစ်ခုလုံး ဆူပူလာသည်။

စစ်ပွဲကြီး အဆုံးသတ်သွားပြီဖြစ်ပြီး အချိန်တစ်ခုအထိ ရန်သူများ ကျူးကျော်လာတော့မည်မဟုတ်ကြောင်း အားလုံးသိသွားကြသည်။

“ကောင်းလိုက်တာ .. စစ်ပွဲကြီးက နောက်ဆုံးတော့ အဆုံးသတ်သွားပြီ..”

“ဟားဟား .. နောက်ဆုံးတော့ ငါတို့အိမ်ပြန်လို့ရပြီ..”

လူများစွာ ပျော်ရွှင်စွာ ဟစ်ကြွေးနေကြသော်လည်း အချို့မှာ မျက်ရည်များ စီးကျနေကြသည်။

ယခုအချိန်တွင် ရှီဟောင်၏မျက်ဝန်းမှာ ဗလာသက်သက်သာဖြစ်နေသည်။

အရာအားလုံး အခုလိုမျိုး အဆုံးသတ်သွားတော့မှာလား..

မုန့်ထျန်းကျန်း လောကကြီးကနေ ထွက်သွားပြီးတော့ ဟော့လင်းအာက တစ်ဖက်လောကကို ပါသွားတယ် .. လောကနှစ်ခုက ပြတ်တောက်သွားပြီး သူမကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး..

ရှီဟောင်အတွက်တော့ ဤသည်မှာ လက်ခံနိုင်ရန် အလွန်ခက်ခဲလှသည်ပင်။

“အား..” ရှီ‌ဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏အမည်းရောင်ဆံနွယ်များ ပျံ့လွင့်နေကာ သူ ကူကယ်ရာမဲ့ဖြစ်နေသည်။

ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားတာလဲ..

စစ်ပွဲကြီးကို အနိုင်ရလိုက်သော်လည်း ရှီဟောင်စိတ်ထဲ နာကျင်နေရသည်။ သူ များစွာ ဆုံးရှုံးလိုက်ရသည်။

မုန့်ထျန်းကျန်း၏အဆုံးသတ်မှာ သူလက်ခံနိုင်ရန် ခက်ခဲလှသည်။ သို့သော် သူဘာမှမလုပ်နိုင်။ သူ လုံလောက်အောင် စွမ်းအားကြီးသည့်နေ့ကျလျှင် တစ်ဖက်လောကသို့ ချိုးဖောက်ပြီး အကြီးအကဲအရှင်အတွက် ရန်သူအားလုံးကို သတ်ပစ်မည်ဟု သူ့စိတ်ထဲ ကျိန်ဆိုလိုက်သည်။

သို့သော် လောကနှစ်ခုမှာ ပိုင်းခြားသွားလေပြီ။

ဤသည်မှာ သူ ထိုအဆင့်ထိရောက်အောင် ကျင့်ကြံလျှင်ပင် ထိုတစ်ဖက်သို့ ကူးသွားနိုင်ရန် ခက်ခဲကာ ဟော့လင်းအာကိုလည်း ကယ်တင်နိုင်မည်မဟုတ်ဟု ဆိုလိုခြင်းပင်။

“ငါ ဒါကို လက်မခံနိုင်ဘူး..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

“လမ်းတစ်ခုတော့ ရှိမှာပါ..” ထာဝရကျောင်းအကြီးအကဲရောက်လာကာ သူ၏ပုခုံးကိုပုတ်ပြီး သူ့အား နှစ်သိမ့်ပေးလိုက်သည်။

ရှီဟောင် စိတ်ပျက်ဒေါသထွက်စွာဖြင့်ပင် တစ်ဖက်သို့ လှည့်ထွက်သွားလိုက်သည်။

သူလက်မခံချင်သော်လည်း ဤသည်မှာ အမှန်တရားပင်။ နယ်ခြားစပ်တိုက်ပွဲကြီး အဆုံးသတ်သွားပြီဖြစ်ပြီး အရာအားလုံးအဆုံးသတ်သွားလေပြီ။ ယခု စာမျက်နှာအသစ် စတင်နေလေပြီ။

“ကိစ္စတွေအားလုံး တည်ငြိမ်သွားပြီ .. စစ်ပွဲတွေ ထပ်မရှိတော့ဘူး..” အလေးအမြတ်ကျောင်းမှ အကြီးအကဲ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါပေမဲ့ သမိုင်းကြောင်းအရဆိုရင် အဲဒီအမှောင်ခေတ်မှာတုန်းက ဘာတွေဖြစ်ခဲ့တာလဲ .. ကောင်းကင်တိုက်ပွဲကတော့ ရှောင်လွဲလို့ရမှာမဟုတ်ဘူး..” ထာဝရကျောင်းအကြီးအကဲမှ ပြောလိုက်သည်။

နယ်ခြားစပ်မှ တိုက်ပွဲ အဆုံးသတ်သွားလေပြီ။

အပိုင်း ၁၈၇၃ ပြီး၏။
Chapter – 1874 အိမ်ပြန်မည့်လမ်းအား ရှာဖွေခြင်း

နယ်ခြားစပ်တွင် အုတ်ဂူတစ်ခု ပေါ်လာသည်။

ရှီဟောင် ထိုအုတ်ဂူကို တိတ်ဆိတ်စွာပင် အရိုအသေပေးလိုက်သည်။

ဤသည်မှာ အင်ပါယာဂိတ်အပြင်ဘက်၌ ရှိနေသည့် မုန့်ထျန်းကျန်း အုတ်ဂူပင်။ သူသည် အထီးကျန်သည့် ကာကွယ်သူနှင့် တူနေသည်။ သူ သေသွားသော်လည်း သူနောက်ဆုံးတိုက်ခဲ့သည့်နေရာ၌သာ ရှိနေသည်။

ဘေးနားပတ်လည်တွင် ငိုသံများ ကြားနေရသည်ပင်။ လူငယ်များဖြစ်စေ၊ လူကြီးများဖြစ်စေ အားလုံး မုန့်ထျန်းကျန်းကို အလွန်လေးစားကြသည်ပင်။

အင်ပါယာဂိတ်တွင် အကြီးအကဲအရှင်၏မျိုးဆက်များရှိသည်။ သူတို့အားလုံးသည် ဤနေရာ၌သာ အမြဲတမ်း တိုက်ခိုက်နေခဲ့ကြပြီး အပြင်လူများ သူတို့အကြောင်း သိပ်မသိကြ။

ယခု သူတို့ကလန်မှ စစ်နတ်ဘုရားဆုံးပါးသွားသောကြောင့် ဤသည်မှာ သူတို့အတွက် အလွန်ကြီးမားလှသည့် ထိုးနှက်မှုကြီးပင်။

ငိုကြွေးသံများ တစ်ဖြည်းဖြည်း ကျယ်လောင်လာသည်။ နောက်ဆုံးတွင် နယ်ခြားစပ်ပင် တုန်ခါသွားလေ၏။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိများလည်း ဝင်ထွက်သွားလာနေသောကြောင့်ပင်။

“ငါတို့သွားတော့မယ်..”

“အိမ်ပြန်ရအောင် .. ငါတို့ ဘယ်တော့မှ ပြန်မလာတော့ဘူး..”

အုတ်ဂူရှေ့ရှိ လူအချို့ ပြောလိုက်ကြသည်။ သူတို့ ဤနေရာမှ ထွက်ခွာသွားတော့မည်။

အင်ပါယာဂိတ်နှင့် ကောင်းကင်ဘုံကိုးခုမှ အဆင့်လွန်သက်ရှိများစွာ သေဆုံးခဲ့ရသည်။ မုန့်ထျန်းကျန်းလည်း သေဆုံးသွားပြီးမှသာ သူတို့ ဤမြို့ကို ကာကွယ်လိုက်နိုင်သည်။

အင်ပါယာဂိတ်သို့ ပြန်လာပြီးနောက် ရှီဟောင် မုန့်ထျန်းကျန်း၏မျိုးဆက်များကို တွေ့လိုက်ရသည်။ သူ သူတို့ကို ထာဝရကျမ်းစာပေးခဲ့လိုက်ကာ နောင် တစ်ခုခုဖြစ်လျှင် သူ့ကို စကားပါးလိုက်သည်နှင့် သူ ရောက်ရာအရပ်မှ အမြန်ပြန်လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်သည်။

သူလည်း ထွက်သွားတော့မည်။ ဤနေရာတွင် သွေးများ၊ အမာရွတ်များနှင့် ခါးသီးမှုများ၊ နောင်တများသာ ရှိတော့သည်။

စစ်ပွဲကြီး ပြီးဆုံးသွားသော်လည်း ရှီဟောင် မပြုံးနိုင်။ ဤတိုက်ပွဲတွင် လူများစွာ သေဆုံးခဲ့ရည်။

နယ်ခြားစပ်မှ ဘုရင် ၇ ဦးမှာ ထာဝရပျောက်ကွယ်သွားလေပြီ။ မူလဧကရာဇ်မြို့နှင့် ထိုမြို့တွင် နေထိုင်ခဲ့သည့်သူများအားလုံး မီးတောက်များကြားတွင် မြှုပ်နှံခံလိုက်ရလေပြီ။

သို့သော် အပြစ်သားသွေးမျိုးဆက်ဟူသည့်နာမည်မှာ ရှိနေဆဲပင်။

သို့သော် မည်သူမှ ဤအကြောင်းမပြောချင်ကြသလို မည်သူမှ ပြောနိုင်စွမ်းမရှိတော့။ အားလုံး ချက်ချင်း အိမ်ပြန်ချင်နေကြသည်။

အင်ပါယာဂိတ်ထဲတွင် နေထိုင်လာခဲ့သည့်သူများပင် ဤနေရာ၌ မနေချင်ကြတော့။

ဤနေရာကို ကာကွယ်ရန် ကျင့်ကြံသူအချို့သာ ကျန်နေခဲ့မည်ပင်။

ရှီဟောင် အင်ပါယာဂိတ်ကို ကြည့်လိုက်သည်။ သူ ဘယ်အချိန်မှ ဤနေရာသို့ ပြန်လာမလဲ မသိနိုင်။

“ခရာဦးချိုသံထွက်လာတဲ့နေ့ ရောက်လာမှာပါ .. အဲဒီအချိန်ကျရင် ငါဒီလိုမျိုးစွမ်းအားမဲ့နေမှာ မဟုတ်တော့ဘူး .. ငါ တစ်ဖက်လောကကို ချေမှုန်းပစ်မယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ထို့နောက် သူ ကလေးတစ်စုကိုခေါ်ကာ ထွက်သွားလိုက်သည်။

“မင်း တကယ်သွားတော့မှာလား..” ထော်ဂုယုလုံ၊ ချီဟုန်နှင့် အခြားသူများသူ့အားနှုတ်ဆက်လာသည်။

လူငယ်မျိုးဆက်များလည်း အလွန်ထိခိုက်သွားသည်ပင်။ ဝေ့မိသားစု၏ ဖီးနှစ်လေးကောင်တွင် နှစ်ကောင်သာ ရှိတော့သည်။ ထော်ဂုယုလုံသည် ဆိုးရွားစွာ ရိုက်ခံလိုက်ရပြီး ချီဟုန်၏ခန္ဓာကိုယ်လည်း တစ်ခြမ်းပျက်စီးသွားလေပြီ.

သေဆုံးသွားသည့်သူများလည်း ရှိနေသည်ပင်။

“နှုတ်ဆက်ပါတယ်..”

ရှီဟောင် ကလေးများကို ခေါ်လာလိုက်ကာ အင်ပါယာဂိတ်မှ လူများကို နှုတ်ဆက်လိုက်သည်။

သူ အဆင့်နိမ့်နယ်မြေက နယ်မြေရှစ်ခုကို ဘယ်လိုပြန်သွားမှာလဲ.. ဤသည်မှာ ရှီဟောင် ရင်ဆိုင်နေရသည့် ပြဿနာပင်။

အဘယ်ကြောင့်ဆိုသော် သူပြန်သွားနိုင်ရန် အလွန်ခက်ခဲလိမ့်မည်။ သူ တက်လာစဉ်ကပင်လျှင် မလွယ်ကူခဲ့။

နယ်မြေရှစ်ခုသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခု၏ အပြင်ဘက်၌ရှိနေကာ ထိုနယ်မြေရှစ်ခုကို နယ်ခြားနံရံတစ်ခုမှ ကာကွယ်ပေးထားသည်။ စွမ်းအားကြီးသူများ ဆင်းသက်၍မရ။

“ထွက်မသွားခင် ငါလူတစ်ချို့နဲ့ တွေ့ရဦးမယ်” ရှီဟောင် ကလေးများကို ရှင်းပြလိုက်သည်။

ထို့အပြင် သူ အဆင့်နိမ့်နယ်မြေမှ နယ်မြေရှစ်ခုထံသို့ မည်ကဲ့သို့ သွားရမည်ကို ကောင်းကင်ဘုံကိုးခုမှ လူအချို့ကို မေးရဦးမည်။

အစောပိုင်းတွင် သူသည် ဝမ်းနည်းနေသောကြောင့် ဤကိစ္စကို သေချာမတွေးနိုင်ခဲ့။ သူ ထာဝရကျောင်းမှ အကြီးအကဲအား အကူအညီတောင်းရမည်ပင်။

“သွားမယ် .. ငါတို့‌ ကောင်းကင်ဘုံကိုးခုကို သွားမယ် .. ကောင်းကင်နတ်ဘုရားကျောင်း ဒါမှမဟုတ်ရင် ထာဝရကျောင်းကို သွားကြမယ် .. ငါတို့ နောက်ဆုံးအကြိမ် တွေ့ဆုံပွဲလုပ်သင့်တယ်..”

ရှုထော်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် မင်းသမီးယောင်ယွဲ့တို့အားလုံး သူ့အား ဖိတ်ခေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် လမ်းခွဲပြီးလျှင် အချိန်အတော်ကြာအောင် ကွဲကွာသွားကြမည်ပင်။

သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိနှင့် အခြားသူများလည်း ကောင်းကင်ဘုံကိုးခုသို့သွားလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဇစ်မြစ်များမှာ ဤနေရာ၌ ရှိနေသည်ပင်။

အင်ပါယာဂိတ်တွင် ကောင်းကင်ဘုံကိုးခုသို့ သွားနိုင်သည့် ရွှေ့ပြောင်းခြင်းအစီအရင်ကြီး ရှိနေသည်ပင်။ ကလန်များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဤမြို့မှ ထွက်ခွာသွားကြပြီဖြစ်သည်။

“မင်း အဆင့်နိမ့်နယ်မြေကို တကယ်သွားမလို့လား .. မင်းဒီမှာ နေသင့်တယ် .. အဆင့်နိမ့်နယ်မြေက ကျင့်ကြံဖို့အတွက် မသင့်တော်ဘူး.. မင်းဒီမှာ နေသင့်တယ်လို့ ငါထင်တယ်..”

လမ်းတစ်လျှောက်တွင် လူများစွာ သူ့အား ဖျောင်းဖြရန် ကြိုးစားလာကြသည်။

အထူးသဖြင့် ချန်ကုန်းယန်၊ ချောင်ယုရှင်းနှင့် ယုန်ဖြူလေးတို့ပင်။ သူတို့ ကွဲကွာသွားပြီးလျှင် ဘယ်အချိန်မှ ပြန်တွေ့နိုင်မလဲမသိ။

အင်ပါယာဂိတ်ကြီး ငြိမ်းချမ်းသွားကာ တစ်ဖက်လောကမှ မကျုးကျော်လာနိုင်တော့သဖြင့် သူတို့ ဘယ်တော့မှ ပြန်မတွေ့ရတော့သည်လည်း ဖြစ်နိုင်သည်။

ရွှေ့ပြောင်းခြင်းအစီအရင်မှာ ကြီးမားလွန်းလှသည်။

ခဏကြာပြီးနောက် သူတို့ အနှိုင်းမဲ့ကောင်းကင်သို့ ရောက်ရှိလာသည်။ ရှီဟောင် ကလေးတစ်စုကို ကောင်းကင်နတ်ဘုရားကျောင်းသို့ပို့လိုက်ကာ သူ့အား စောင့်နေရန် မှာလိုက်သည်။

ဤကလေးများ၏ အဝတ်အစားများမှာ စုတ်ပြတ်နေကာသူတောင်းစားများနှင့် တူနေသော်လည်း ဤကလေးများမှာ အဖိုးတန်မျိုးစေ့များဖြစ်ကြောင်း ရှီဟောင်သိသည်။ နောင်ကျလျှင် သူတို့ စွမ်းအားကြီးသည့် တပ်ဖွဲ့များ ဖြစ်လာနိုင်သည်။

“ရှင် တကယ်သွားမလို့လား..” ချင်းယီ မေးလိုက်သည်။

“အင်း .. ငါပြန်သွားရမယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

ချင်းယီ သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်သည်။ သူ့ကို ဤနေရာ၌ နေခဲ့ရန် ပြောချင်သော်လည်း သူမ ခေါင်းခါလိုက်သည်။ ဟွမ် ဆုံးဖြတ်ပြီးသွားသည်နှင့် ပြန်ပြင်မည်မဟုတ်မှန်း သူမ သိသည်ပင်။

“မင်းတို့တွေ အဆင့်နိမ့်နယ်မြေကို သွားချင်ရင် ငါ မင်းတို့ကို ကျောက်တုံးကျေးရွာကနေ ကြိုဆိုနေမယ်..”

ထို့နောက် ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲများကို နှုတ်ဆက်ကာ ထာဝရကျောင်းမှ အကြီးအကဲထံသွားလိုက်သည်။

“ဒီပြဿနာက သမိုင်းမှာ ကျန်ခဲ့ပြီ .. အဆင့်နိမ့်နယ်မြေက နယ်မြေရှစ်ခုက ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ဆယ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ် .. အရင်ခေတ်က ပုဂ္ဂိုလ်ကြီးတစ်ဦးက ကန့်သတ်မှုတွေ လုပ်ခဲ့တာ”

ထာဝရကျောင်းမှ အကြီးအကဲ သူ့အား ရှင်းပြလိုက်သည်။

သူ ပြန်မသွားနိုင်သည်မဟုတ်။ သို့သော် အချိန်တစ်ခု၌သာ သူသွား၍ရသည်။ ကျန်သည့်အချိန်များတွင် ကောင်းကင်ဥပဒေသရှိနေကာ နယ်ခြားနံရံကို ဖြတ်ကျော်ရန် ခက်ခဲလှသည်။

“မင်း အဆင့်နိမ့်နယ်မြေကို ဘေးကင်းကင်းနဲ့သွားနိုင်တဲ့ ရှေးဟောင်းလမ်း တစ်ခု၊ နှစ်ခုလောက်တော့ ရှိမှာပါ..”

ရှီဟောင် စိတ်ပျက်သွားသည်ကို မြင်လိုက်ရသည့်အချိန် ထာဝရကျောင်းအကြီးအကဲမှ ပြောလိုက်သည်။ သို့သော် သူလည်း အသေးစိတ်မသိ။ အလွန်ရှေးကျသည့်မိသားစုများတွင် လျှို့ဝှက်လမ်းကြောင်းများ ရှိလိမ့်မည်ဟု သူ ခန့်မှန်းခြင်းသာ။

ခဏကြာပြီးနောက် ရှီဟောင် အလေးအမြတ်ကျောင်းကို သွားလည်လိုက်ကာ ထိုကျောင်းမှ အကြီးအကဲအား ဤပြဿနာကို မေးလိုက်သည်။

သူ၏အဆုံးသတ်လည်းအတူတူပင်။ အကြီးအကဲသည် သူ့အားသဲလွန်စအချို့ပေးလိုက်ကာ မထင်မှတ်ထားသည့်ကိစ္စများသာ မရှိလျှင်တော့ သူ အဆင့်နိမ့်နယ်မြေသို့ သွားနိုင်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ဘာကိုမှ သေချာမသိခဲ့ရသော်လည်း သူ သဲလွန်စအချို့ ရခဲ့သည်ပင်။

လူငယ်များသည် နောက်ဆုံးစုဝေးပွဲကျင်းပမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်နေရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကလန်များသို့ ပြန်ရောက်သည်နှင့် သတင်းပို့စရာ၊ ရှင်းပြစရာ ကိစ္စများစွာ ရှိနေသည်ပင်။

တစ်ချို့တည်းမှာပင် ကုသရန် လိုအပ်သည့်သူများစွာလည်း ရှိနေသည်ပင်။ အခြားသူများ မပြောနှင့် ရှုထော်နှင့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိတို့ပင် အတွင်းဒဏ်ရာရရှိသွားကြသည်ပင်။

နယ်ခြားစပ်တွင် လူငယ်အချို့ သေဆုံးခဲ့ရပြီး ကျန်ရစ်ခဲ့သည့်သူများမှာလည်း လက်ရွေးစင်များပင်။ သူတို့သည် သူတို့မိသားစု၏ ရတနာများဖြစ်လာကြကာ နောင်ကျလျှင် သူတို့ ခေါင်းဆောင်များ ဖြစ်လာကြမည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်း၌ ရှီဟောင် သဲလွန်စများ ရှာဖွေနေသည့်အချိန် လူအချို့ သူ့ထံသို့လာလည်သည်။

ပထမဆုံးပေါ်လာသည့်သူမှာ မင်းသမီးယောင်ယွဲ့ပင်။ သူမလည်း ဒဏ်ရာများ ရရှိခဲ့ကာ သေမလိုဖြစ်ခဲ့သည်ပင်။ သို့သော် သူမ ပြန်လာပြီးနောက် အကြီးအကဲများ သူမအား မြန်မြန်ကုသပေးခဲ့သည်။

“မိသားစုက အကြီးအကဲတွေက ရှင့်ကို ဒီမှာ နေစေချင်နေကြတယ် .. ရှင်သာ ဒီမှာ နေရင် ရှင်ရဲ့ကလန်သားတွေကို ကောင်းကင်ဘုံကိုးခုထဲဝင်ခွင့်ပေးဖို့ နည်းလမ်းရှာပေးမယ်တဲ့”

မင်းသမီးယောင်ယွဲ့၏ ဝတ်ရုံရှည်သည် လေနှင့် လွင့်မျောနေသည်။ သူမ၏ဆံပင်ရှည်များမှာ နူးညံ့လှကာ မျက်လုံးများလည်း ကြည်လင်တောက်ပနေသည်။ သူမသည် အလွန်လှပသည့်သူပင်။ သူမသည် သူမမိသားစုကိုယ်စား ရှီဟောင်အား မိသားစုထဲဆွဲသွင်းရန် ကြိုးစားနေသည်။

သူမကလန်သည် သက်ရှည်မိသားစုတစ်စုဖြစ်ပြီး ကောင်းကင်ဘုံကိုးခုတွင် ကြီးမားလှသည့် အင်ပါယာတရားရုံး တည်ထောင်ထားသည့်သူပင်။ သူတို့၏ဘိုးဘေးများသည် ထာဝရသက်ရှိများဖြစ်ကာ ထာဝရရှေးဟောင်းခေတ်ကပ်ဘေးကြီးအား ဖြတ်ကျော်နိုင်ခဲ့သည့်သူများပင်။

သူတို့ထံတွင် ထာဝရတာအိုလျှို့ဝှက်ကျမ်းစာများ ရှိနေမည်မှာ သေချာသည်။

ထာဝရအလောင်းပတ်သည့်အဝတ်စကိုပင် သူတို့ကလန်မှ ပိုင်ဆိုင်ခြင်းပင်။

ရှီဟောင် ခေါင်းခါလိုက်သည်။ ယခုအချန်တွင် သူ အလွန်မောပန်းနွမ်းလျနေသည်။ သူ အဆင့်နိမ့်နယ်မြေသို့သာ ပြန်သွားပြီး ကျောက်တုံးကျေးရွာသို့ ပြန်သွားချင်သည်။

ခဏကြာပြီးနောက် မင်းသမီးယောင်ယွဲ့၏ ကလန်သား၊ အကြီးအကဲတစ်ဦး ရောက်လာကာ သူ့အား ဤနေရာ၌ ရှိနေစေလိုကြောင်း၊ မင်းသမီးယောင်ယွဲ့ကို သူ၏တာအိုလက်တွဲဖော် ဖြစ်စေလိုကြောင်း ပညာသားပါပါ ပြောလာသည်။

“မင်းက သေချာပေါက်ကို မျိုးဆက်တစ်ခုရဲ့ စစ်နတ်ဘုရားဖြစ်လာလိမ့်မယ် .. မင်းက မုန့်ထျန်းကျန်းထက်တောင် ပိုလုပ်နိုင်လိမ့်မယ် .. အဆင့်နိမ့်နယ်မြေမှာ ဝိညာဉ်စွမ်းအားမရှိဘူး .. အဲဒီနေရာက ကျင့်ကြံဖို့အတွက် သင့်တော်တဲ့နေရာမဟုတ်သလို မင်းနေသင့်တဲ့နေရာလည်းမဟုတ်ဘူး”

မင်းသမီးယောင်ယွဲ့ကလန်မှ အကြီးအကဲ ရှီဟောင်အား ဖျောင်းဖျလာသည်။

“ကျွန်တော် ထပ်မတိုက်ချင်တော့ဘူး .. ကျင့်ကြံရတာကိုလည်း နည်းနည်းပင်ပန်းလာပြီ .. စစ်ပွဲကြီးပြီးသွားပြီဆိုတော့ စစ်တပ်ကြီး အိမ်ပြန်သွားသလို ကျွန်တော်လည်း ကျွန်တော့်ရဲ့ ချပ်ဝတ်တန်ဆာကိုချွတ်ပြီး ရွာပြန်ချင်ပြီ .. ကျွန်တော် အဆင့်မြင့်နယ်မြေကို ဘယ်တော့မှ ထပ်မလာတာလဲ ဖြစ်နိုင်တယ်” ရှီဟောင် ခေါင်းခါလိုက်သည်။ သူ၏ဆုံးဖြတ်ချက်မှာ ပြတ်သားသည်ပင်။

ထို့နောက် အခြား စွမ်းအားကြီးသည့်သူများလည်း သူ့အားဆက်တိုက်လာလည်ကြသည်။

အားလုံး သူ၏ အလားအလာကို မြင်လိုက်ကြသည်ပင်။ နယ်ခြားစပ်စစ်ပွဲတွင် သူသည် ဧကရာဇ်ကလန်များကိုပင် သတ်ရဲခဲ့သည်။ ထို့အပြင် သူသည် ဤမျှအသက်ငယ်ငယ်လေးဖြင့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ရှိနေလေပြီ။ နောင်ကျလျှင် သူ တစ်လောကလုံးကို လွှမ်းမိုးနိုင်လိမ့်မည်ပင်။

အပိုင်း ၁၈၇၄ ပြီး၏။
Chapter – 1875 ဇနီးများကို လက်ဆောင်ပေးခြင်း

နှစ်ရက်အတွင်းတွင် သူ့ထံလာလည်သည့် သူများ ဆယ်ယောက်မကတော့။ ထိုသူများထဲတွင် ထိပ်တန်းအဆင့် မိသားစုများ၊ သက်ရှည်မိသားစုများ ပါဝင်နေသည်ပင်။ ထိုသူများအားလုံးမှာ စွမ်းအားကြီးသည့်သူများဖြစ်သည်ဟု ပြော၍ရသည်ပင်။

သို့သော် ရှီဟောင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် စိတ်ပျက်သွားစေခဲ့သည်။ သူ ပြဿနာမရှာချင်လို ဤနေရာ၌လည်း မနေချင်တော့။ မည်သူ လာမေးမေး သဘောတူမည်မဟုတ်ဟု သူဆုံးဖြတ်ချက် ချပြီးသားပင်။

“လူငယ်လေး .. မင်းစိတ်ထဲမှာ မကျေနပ်တာများ ရှိနေလို့လား .. ကောင်းကင်ဘုံကိုးခုက လုပ်ကြံမှာကို စိုးရိမ်နေတာလား.. အဲဒါကြောင့်မို့လို့ မင်းက ထွက်သွားဖို့ အတင်းပြောနေတာလား..”

မင်းသမီးယောင်ယွဲ့၏ မိသားစုဖြစ်သည့် ရှုမိသားစုမှ လူများသည် ဆက်တိုက်ပင် ရောက်လာနေသည်။ သူတို့မိသားစုမှ အရေးကြီးသည့်ပုဂ္ဂိုလ်များသည်သူ့အား ဆက်တိုက်ပင် ဆက်သွယ်နေကာ နောက်ဆုံးတွင် တစ်စုံတစ်ယောက်မှ ဤကဲ့သို့မေးလာသည်။

ရှီဟောင် ကောင်းကင်ဘုံကိုးခုကို ပြန်မသွားဘူးဟု အမြဲတမ်း ပြောနေခြင်းမှာ သူ ကောင်းကင်ဘုံကိုးခုကို မကျေနပ်ချက်များ ရှိနေသောကြောင့်ဖြစ်မည်ဟု ထိုအကြီးအကဲ ခန့်မှန်းလိုက်သည်။

ရှီဟောင် သက်ပြင်းချလိုက်ကာ “စီနီယာ အတွေးလွန်နေပါပြီ .. ကျွန်တော် တကယ်ကို ပင်ပန်းနေပါပြီ .. ကျွန်တော့်ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်က်ို အနှောက်အယှက်မရှိပဲနဲ့ အေးအေးချမ်းချမ်း နေချင်ရုံပါ”

“ဒါက လူငယ်တစ်ယောက်ရဲ့ ပုံစံမဟုတ်ဘူး .. မင်းက အခု မင်းရဲ့ အကောင်းဆုံးအရွယ်ကို ရောက်နေတာ .. အဲဒီတော့ မင်းက ကောင်းကင်ကြီးကို ဝါးမြိုပစ်ချင်တဲ့ စိတ်ဆန္ဒရှိနေသင့်တယ် .. မင်းက ဘာလို့ ဒီလောက်တောင် စိတ်ပျက်နေတာလဲ.။” အကြီးအကဲ ပြောလိုက်သည်။

ရှီဟောင်သည် ခေါင်းခါလိုက်ကာ “ကျွန်တော် မောပန်းနေပြီ .. ကျွန်တော် အိမ်ပဲပြန်ချင်တာ .. ကျွန်တော် ငယ်ငယ်လေးကတည်းက အိမ်ကထွက်လာပြီး အမြဲတမ်း ရှေ့တိုးခဲ့တယ် .. ခမ်းနားမှုကို တွေ့ဖူးခဲ့သလို သေခြင်းတွေကိုလည်း‌ တွေ့ဖူးခဲ့ပြီ .. ကျွန်တော် အများကြီးကို တွေ့မြင်ခဲ့ပြီးပြီ .. ကျွန်တော်ပြန်သွားပြီးတော့ ဘာ ပြဿနာမှ မရှိပဲ အေးအေးချမ်းချမ်း နေချင်ရုံလေးပါ .. ကျွန်တော် သတ်ဖြတ်ခြင်းတွေရဲ့ အဝေးမှာ နေချင်တယ်”

အကြီးအကဲ အနည်းငယ် ဆွံ့အသွားရသည်။ ဤလူငယ်လေးမှာ လူငယ်လေးနှင့်ပင်မတူတော့ပဲ အဆိုးမြင်လွန်းသည်ဟု သူခံစားလိုက်ရသည်။ အင်ပါယာဂိတ်၌ ရှိစဉ်က ရှိခဲ့သည့်တောက်ပမှု မရှိတော့။

သူ မည်မျှပင်စည်းရုံးနေပါစေ တစ်ဖက်လူကို မဆွဲဆောင်နိုင်သောကြောင့် သူနောက်တစ်ခါက ထပ်ထွက်သွားလိုက်ရသည်။

မင်းသမီးယောင်ယွဲ့နောက်မှ အင်ပါယာရုံးတော်ကြီးမှာ သူ့အားလက်လွတ်ဦးမည်မဟုတ်။ သူတို့သည် ကောင်းကင်နတ်ဘုရားကျောင်းသို့ ဆက်တိုက်ပင် လူများ ပို့လွှတ်လာသည်။

ဤအတောအတွင်းတွင် ရှီဟောင်သည် သူတို့ကို စိတ်ပျက်စေခဲ့သော်လည်း သူတို့ထံမှ အဆင့်နိမ့်နယ်မြေသို့‌ ဘေးကင်းကင်းဖြင့် သွားနိုင်မည့်နည်းလမ်းကို သူသိခဲ့သည်။

ကောလဟာလများထဲမှ ရှေးဟောင်းလမ်းကြောင်းများထဲသို့ မည်ကဲ့သို့ သွားရမည်ကို ထိုလူများအား မေးခဲ့သည်။

ကံမကောင်းစွာဖြင့် သူတို့လည်း အတိအကျမသိကြ။ သူတို့ထံမှ သဲလွန်စအနည်းငယ်သာ ရခဲ့သည်။

သို့သော် မည်သည့်နေရာအား အာရုံစိုက်ရမည်ကို ရှီဟောင်သိသွားလေပြီ။ မဖြစ်နိုင်တာမဟုတ်သရွေ့ သူ ကြိုးစား၍ရသည်။

ထို့နောက် ကောင်းကင်နတ်နန်းတာအိုမှ အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ဦး ရောက်လာသောကြောင့် ရှီဟောင် အနည်းငယ် ထိတ်လန့်သွားရသည်။

ဤသည်မှာ ချင်းယီ ယခုရှိနေသည့်ဂိုဏ်းဖြစ်သကဲ့သို့ ယွဲ့ချန် ပြန်သွားသည့်ဂိုဏ်းလည်းဖြစ်သည်။ ဤသည်မှာ ကောင်းကင်ဘုံကိုးခုတွင် စွမ်းအားအကြီးဆုံးမျိုးဆက်ပင်။

အဆင့်နိမ့်နယ်မြေတွင် ကောင်းကင်နတ်နန်းစံအိမ်ရှိပြီး၊ စီရင်စုသုံးထောင်တွင် ကောင်းကင်နတ်နန်းဂိုဏ်းရှိသည်။ ကောင်းကင်ဘုံကိုးခုတွင် ကောင်းကင်နတ်နန်တာအိုရှိနေသည်ပင်။ ဤသည်မှာ အလွန်ခမ်းနားကာ ရှေးကျသည့် မျိုးဆက်ပင်။

“လူငယ်လေး .. ငါတို့ မင်းကိစ္စကို သေချာနားလည်ပါတယ် .. ဘာပဲဖြစ်ဖြစ် မင်းက ငါ့တို့ကလန်က ချင်းယီ၊ ယွဲ့ချန်တို့နဲ့ ကံတရားချင်း ဆက်စပ်နေတာပဲ .. အရင်တုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုကစပြီးတော့ ငါတို့တွေကြားထဲမှာ ကောင်းမွန်တဲ့ကိစ္စတွေ ရှိလာပြီပဲ”

အကြီးအကဲ၏အပြုံးမှာ ဖော်ရွေလှကာ သူ့မျက်နှာထက်တွင် ရိုးသားသည့်အပြုအမူများ ရှိနေသည်။

သူ ဒဲ့တိုးပင် ပြောလိုက်သည်။ ကောင်းကင်နတ်နန်းဂိုဏ်းသည် ကျောက်တုံးကျေးရွာသာမက ကျောက်တုံးတိုင်းပြည်မှ ရာထူးကြီးသည့်သူများကိုပါ ချက်ချင်းခေါ်လာနိုင်ကြောင်း ပြောလိုက်လေ၏။

“မင်း အိမ်ပြန်ချင်နေတာမလား .. ငါတို့ အဲဒီမြေကို ဒီနေရာကို ယူလာပေးနိုင်တယ်..” ကောင်းကင်နတ်နန်းတာအိုမှာ တကယ်ကိုပင် စွမ်းအားကြီးလှသည်ပင်။ သူတို့ ဤကဲ့သို့သော ကတိမျိုးကိုပင် ပေးနိုင်ကြသည်။

“ကျွန်တော် အောက်ဆင်းသွားချင်တာ .. သူတို့ကို အပေါ်ခေါ်လာချင်တာမဟုတ်ဘူး” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။ ဤသည်မှာ မတူညီသည့်အရာနှစ်ခုပင်။

ကောင်းကင်ဘုံကိုးခုမှာ မည်မျှပင် အန္တရာယ်များလိုက်သနည်း .. ဤနေရာအကြောင်းကို သူ့ထက်ပိုပြီး မည်သူမှ မသိနိုင်။

ဝမ်မိသားစု သူ့အား ကျားချောင်းချောင်းနေသကဲ့သို့ ကျင်းထိုက်ကျွင်းလည်း မသေသေး။

အဆင့်လွန်သက်ရှိများအားလုံး ဒဏ်ရာရခဲ့ကြပြီး သေမလိုဖြစ်ခဲ့ကြသည်ပင်။ ကျင်းထိုက်ကျွင်း အသက်ရှင်ရန် အချိန်သိပ်မကျန်တော့သော်လည်း ဤသည်မှာ ရှီဟောင်အတွက် သတင်းကောင်းမဟုတ်။

သို့သော် ဤသည်မှာ ပြဿနာကြီးမဟုတ်သေး။ တကယ့်ပြဿနာမှာ တစ်ဖက်လောကနှင့် ပူးပေါင်းသွားသည့်သူများမှာ မည်သူဖြစ်သနည်း .. မည်သည့်ကလန်က ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုကို သစ္စာဖောက်ခဲ့သနည်း .. ယခုထိ မည်သူမှ မသိ။

ထို့အပြင် ဤလောက၌ ထာဝရသက်ရှိများ ရှိနေသေးသည်။ သေမင်းတံခါးဝနားသို့ ရောက်နေပြီဖြစ်သည့် ထိုအဆင့်သက်ရှိများရှိကြောင်း သူကြားခဲ့ရသေးသည်။

အပြစ်သားသွေးမျိုးဆက် ပေါ်ပေါက်လာရခြင်းမှာ သူတို့ကျော်လွှား၍မရနိုင်သည့် စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။

ပို၍ စိတ်တိုစရာကောင်းသည်မှာ သူတို့ နယ်ခြားစပ်အတွက် တိုက်ခိုက်နေခဲ့ကြခြင်းဖြစ်သော်လည်း ထာဝရသက်ရှိဟုခေါ်သည့်သူများ ပေါ်မလာခဲ့ကြ။

ထိုသူများ ပေါ်မလာသောကြောင့် မုန့်ထျန်းကျန်း သေဆုံးသွားရခြင်းပင်။

စွမ်းအားအကြီးဆုံးဟုခေါ်သည့် ထာဝရသက်ရှိများသာ ထွက်လာတိုက်ပါက မုန့်ထျန်းကျန်း နောင်တများဖြင့် သေသွားရမည်မဟုတ်။

ဤကဲ့သို့ တွေးမိသွားသည်နှင့် ရှီဟောင် သက်ပြင်းချလိုက်ကာ လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်သည်။

ထို့ကြောင့်လည်း သူ ဤနေရာနှင့် အဝေးဆုံးဖြစ်သည့် အဆင့်နိမ့်နယ်မြေသို့ ပြန်သွားလိုခြင်းပင်။ ထိုနေရာသည် အကျဉ်းထောင်နှင့်တူသော်လည်း သူ့အတွက်တော့ အလုံခြုံဆုံးနေရာပင်။

သူ ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်လိုအပ်သည်။

“တကယ်တော့ အတူတူပဲလေ .. မင်း သူတို့ကို ခေါ်လာလိုက်တာနဲ့ မင်းသူတို့နဲ့ပြန်တွေ့လို့ရပြီ .. အဆင့်မြင့်နယ်မြေက အရင်းအမြစ်တွေ များတယ် .. အဆင့်နိမ့်နယ်မြေက ဘာမှမရှိတော့ဘူး” ကောင်းကင်နတ်နန်းတာအိုအကြီးအကဲ ပြောလိုက်သည်။

“ကောင်းကင်နတ်နန်းတာအိုမှာ ကျွန်တော့်ကို ပို့နိုင်တဲ့နည်းလမ်း္ရှိလား..” ရှီဟောင်မေးလိုက်သည်။

ဤစကားကို ကြားသည်နှင့် အကြီးအကဲ အနည်းငယ် ရှက်ရွံ့သွားလေ၏။

အပေါ်ဘက်သို့ လူများ ခေါ်လာသည်နှင့် ရှီဟောင်ကို အောက်ပို့သည့် အခက်အခဲများမှာ မတူညီ။

ကျောက်တုံးကျေးရွာမှ လူ၏ကျင့်ကြံဆင့်များမှာ မည်မျှမြင့်နိုင်မည်နည်း..

ရှီဟောင်သည် ယခု ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ပင်‌ ရောက်နေလေပြီ။ အဆင့်ကွာခြားချက်မှာ ကြီးမားလှသည်ပင်။

ယခင်က စီရင်စုသုံးထောင်မှ ဂိုဏ်းခေါင်းဆောင်များ နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူများ ပို့ဆောင်ခဲ့ရာတွင်ပင် များစွာ ပေးဆပ်ခဲ့ရသည်။

ယခု ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူကို ပို့ဆောင်မည်ဆိုတော့ ဤသည်မှာ မဖြစ်နိုင်သည့်အရာပင်။

သူတို့ ရှေးဟောင်းလမ်းကြောင်းများကိုသာ မတွေ့ပါက ဆင်းမည့်ကိစ္စ ပြောနေစရာပင်မလိုတော့။

အတင်းပို့လိုက်ပါက ဆင်းသွားသည့် ရှီဟောင်သာမက ပို့လိုက်သည့် ကောင်းကင်နတ်နန်းတာအိုမှ လူများလည်း ကြီးမားသည့်အကျိုးဆက်ကို ခံစားရလိမ့်မည်။

“ငါကြားတာတော့ မင်းနဲ့ ချင်းယီနဲ့က တာအိုလက်တွဲဖော်တွေဆို .. မင်းက အရာအားလုံးကို လျစ်လျူရှုပြီးတော့ သွားတော့မှာလား .. မင်းက ဒီလောက်တောင် နှလုံးသားမဲ့တာလား..”

အကြီးအကဲသည် ရွေးချယ်စရာမရှိတော့သဖြင့် သူ့ကိုယ်သူ အားတင်းကာ ဤစကားများ ပြောလိုက်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ ရှီဟောင်ကို တကယ်နေစေချင်နေမှန်း သိသာလှသည်။ ကောင်းကင်နတ်နန်းတာအိုကဲ့သို့သော စွမ်းအားကြီးသည့်ကလန်တွင်ပင် ဟွမ်ကဲ့သို့သော ကြောက်စရာကောင်းသည့်လူငယ်မရှိ။

ဟွမ် မည်မျှကြောက်စရာကောင်းသည်ကို အားလုံး တွေ့ခဲ့ရသည်ပင်။ သူသည် ဧကရာဇ်ကလန်များကို သတ်မည်ဟု ပြောခဲ့ပြီး ပြောသည့်အတိုင်း ထိုကလန်များကို ညှာတာမှုမပေးခဲ့။

ဤသည်မှာ စစ်နတ်ဘုရားပေါက်စပင်။ သူ့ကိုသာ အချိန်ပေးလိုက်လျှင် သူသည်သေချာပေါက် အထက်ကောင်းကင်နှင့် အောက်ကမ္ဘာမြေကြီးကို လွှမ်းမိုးပစ်နိုင်မည်ပင်။

သူ့ကို အပင်ပေါက်ဟုပင် ပြော၍မရတော့။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေလေပြီ။

ထို့ကြောင့် ရှီဟောင်အား ဆွဲခေါ်လိုက်နိုင်သည်နှင့် ဘာပဲပေးဆပ်ရပါစေ ထိုက်တန်သည်ပင်။

ဟွမ်ကို ရရှိသည့်သူမှာ သေချာပေါက် အများမမှီနိုင်သည့်နေရာသို့ ရောက်သွားမည်ပင်။ ထို့ကြောင်င့လည်း သူတို့ သူ့အား ဆက်တိုက်လာလည်နေကြပြီး သူ့ကို ခေါ်သွားနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ ကြိုးစားနေခြင်းပင်။

“ကောင်းကင်နတ်နန်းတာအိုမှာ ဒီလိုရည်ရွယ်ချက်မျိုး ရှိနေတယ်ဆိုရင် ချင်းယီ ကျွန်တော်နဲ့ အဆင့်နိမ့်နယ်မြေကို လိုက်ခဲ့လို့ရတယ် .. သူလိုက်ချင်နေပြီးတော့ စီနီယာတို့လည်း သူ့ကို မတားဘူးဆိုရင် ဒါက ကံတရားကို ဝေမျှတယ်လို့ ပြောလို့ရတာပဲလေ မဟုတ်ဘူးလား..” ရှီဟောင်ပြောလိုက်သည်။

“ကောင်းပြီလေ .. ပြဿနာမရှိဘူး..”

ရှီဟောင် ဆုံးဖြတ်ချက် ချထားပြီသွားပြီဖြစ်မှန်း ထိုအကြီးအကဲ သိသွားလေပြီ။ ထို့ကြောင့် သူ့အား ထပ်ပြီး အကြံမပေးတော့ပဲ သူ၏အကြံပေးချက်ကို ချက်ချင်း သဘောတူလိုက်တော့သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ တစ်ဖက်လူက ဒီလောက်တောင် ပြတ်သားတာလား..

“ဒါပေမဲ့ မင်းသိပါတယ် .. သူက ယွဲ့ချန်နဲ့က တစ်ယောက်ထဲပဲ .. သူတို့ကို အကြာကြီး ခွဲထားရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်” အကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ ရှေးဟောင်းပညာအချို့ကို လုံလောက်အောင် နားလည်သွားပြီဖြစ်သည်။

“သူတို့တွေက အနှေးနဲ့အမြန် ပေါင်းစည်းရမှာပဲ .. ဘာပဲဖြစ်ဖြစ် သူကျင့်ကြံနေတဲ့ ပညာက မပြည့်စုံဘူး .. သူတို့ကို မပေါင်းစီးရင် တာအိုအသီးအပွင့်တွေ နောက်ကျသွားနိုင်ပြီးတော့ သူ့ရဲ့ဝိညာဉ်တောင် ပျက်စီးသွားနိုင်တယ် .. ငါအကြံပေးချင်တာကတော့ သူတို့နှစ်ယောက် ကောင်းကင်ဘုံကိုးခုမှာ ပေါင်းစည်းသွားပြီးတော့မှပဲ မင်း အဆင့်နိမ့်နယ်မြေကို သွားလိုက်ပါလား..” အကြီးအကဲ အကြံပေးလိုက်သည်။

ရှီဟောင် ရယ်မောလိုက်သည်။ သူ ဘာမှမပြော။

“လူငယ်လေး .. ငါက ဘက်လိုက်တယ်လို့ မင်းထင်ချင်ထင်လိမ့်မယ် ဒါပေမဲ့ ငါ တကယ်ပြောနေတာပါ .. ဒါပေမဲ့ မင်းရဲ့ဆုံးဖြတ်ချက်ကိုလည်း‌ နှောင့်နှေးလို့မရဘူး .. ဒီလိုလုပ်ရင်ရော .. ငါ ယွဲ့ချန်နဲ့စကားပြောပြီးတော့ သူ့ကို ချင်းယီနဲ့အတူတူ မင်းနဲ့ အဆင့်နိမ့်နယ်မြေကို လိုက်သွားခိုင်းလိုက်မယ် .. အဲဒီ ကျောက်တုံးကျေးရွာမှာ သူတို့နောက်ဆုံးအဆင့် ပေါင်းစပ်လို့ရတယ်” အကြီးအကဲ ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရသည်။ ထို့နောက် သူရယ်မောလိုက်ကာ “စီနီယာက ကျွန်တော့်ကို ဇနီးတွေ လက်ဆောင်ပေးနေတာပဲ .. ပြီးတော့ တစ်ခါတည်းနဲ့ နှစ်ယောက်တောင်လား..”

အကြီးအကဲ မတ်တပ်ရပ်ကာ ထွက်သွားလေ၏။ သူသည် ကောင်းကင်နတ်နန်းတာအိုသို့ ပြန်သွားကာ တကယ်လုပ်တော့မည်မှန်း သိသာလှသည်။

ယွဲ့ချန် မည်ကဲ့သို့ တုံ့ပြန်မည်ကို ရှီဟောင် သိချင်မိသွားသည်။ သူမသည် သူ့အား အမြဲတမ်းဆန့်ကျင်ကာ ရန်လိုနေခဲ့သည့်သူပင်။

အပိုင်း ၁၈၇၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset