Switch Mode

Chapter – 1831 & 1845

Chapter – 1831 ကောင်းကင်ထက်၌ သွေးများ လွင့်စင်လာခြင်း

ကန္တာရထဲမှ ခေါင်းလောင်းသံမှာ ကြည်လင်ကာလှပလှပြီး ကောင်းကင်ထက်၌ပဲ့တင်နေသည်။ ထိုအသံမှာ သာယာလှသည်။

သို့သော် အင်ပါယာဂိတ်မှ လူများအတွက်တော့ ဤအသံမှာ ငရဲကြီးကိုးထပ်မှ လာသည့်အသံလိုပင်။

အင်ပါယာဂိတ်ရှိလူများအားလုံး ဦးရေပြားများ ထုံကျဉ်လာသည်။ ဆံပင်တစ်မွေးစီမှာ ကျင်ပေါင်းတစ်ထောင်လေးလံနေသကဲ့သို့၊ သူတို့ဦးရေပြားကို စုတ်ပြတ်တော့မတတ်ပင်။ အားလုံး ခေါင်းစခြေဆုံး ကြက်သီးထသွားရသည်။

မသေမျိုးဘုရင်တစ်ယောက် ဂိတ်ကို ဖြတ်လာတော့မယ် .. ဘယ်သူက သူ့ကို ရင်ဆိုင်နိုင်မှာလဲ..

ထိုအသံမှာ စစ်ရထားလုံးမှ ပျံ့လွင့်လာခြင်းပင်။ အသံမှာ သိပ်မကျယ်သော်လည်း ကန္တာရကြီးတစ်ခုလုံးကို ပျံလွင့်သွားနိုင်ကာ အားလုံး၏နားထဲသို့ ရောက်သွားသည်။

အန်းလန်သည် တစ်လောကလုံးသိနေသည့်နာမည်တစ်ခုဖြစ်ပြီး မည်သူကများ သူ့အား ရင်ဆိုင်နိုင်မည်နည်း..

ဤသည်မှာ အပြောသပ်သပ်မဟုတ်။ ထိုစကားနောက်၌ သွေးစွန်းသည့်သမိုင်းကြောင်း ရှခဲ့သည်ပင်။ ဤသည်မှာ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများ၏အလောင်းများကို နင်းတက်ကာ ရလာသည့်ဂုဏ်သတင်းပင်။

ယခင်က သူနှင့်တိုက်ခိုက်နိုင်သည့်သူများ ရှိခဲ့သော်လည်း ထိုလူများအားလုံး သေဆုံးသွားပြီဖြစ်ပြီး သူတို့အရိုးများကို ယခင်ခေတ်၌ မြှုပ်နှံခဲ့သည်။

“နှမြောစရာပဲ .. အရင်တုန်းက ငါ့ကောင်းကင်ဘုံကိုးခုက သူနဲ့တစ်ယောက်တည်းတိုက်ဖို့ အခွင့်အရေးမရှိခဲ့ဘူး .. မဟုတ်ရင် ဒီစစ်ရထားလုံးကြီး ဒီခေတ်မှာ ပေါ်လာမှာမဟုတ်ဘူး”

အကြီးအကဲတစ်ဦး တီးတိုးပြောလိုက်သည်။

ကန္တာရကြီးမှာ အဆုံးမရှိအောင် ကျယ်ပြန့်လှသည်ပင်။ ထိုစစ်ရထားလုံးမှာ ကောင်းကင်ချောက်နက်အောက်၌ ရှိနေခြင်းမဟုတ်။ ကန္တာရအစွန်း၌ ရှိနေခြင်းပင်။

ရွှေရောင်ကျွဲထီး၏ခန္ဓာကိုယ်မှာ အလွန်မာကျောလှကာ အလွန်စွမ်းအားကြီးလှသည်။ သူ၏ကျွဲဦးချိုများမှာ ရွှေရောင်ပင်။ သူသည် မနှေးလွန်း၊မမြန်လွန်းသည့်အရှိန်ဖြင့် ထိုရထားလုံးကို ဆွဲလာသည်။ ဤသည်မှာ သမိုင်းများတွင် မှတ်တမ်းတင်ထားသကဲ့သို့ပင်။

မြေပြင်ထက်၌ ကျွဲခြေရာများ ထင်ကျန်ရစ်နေသည်။

အန်းလန် သူ၏တောင်မှ ထွက်လာကာ နယ်ခြားစပ်ကို ဖြတ်သန်းတော့မည်။

“မသေမျိုးဘုရင်..”

ကန္တာရထဲတွင် အသံများမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။ စစ်တပ်ကြီးမှာ အနက်ရောင်ရေလှိုင်းကဲ့သို့ သိပ်သည်းစွာ ရှိနေသည်။ အဆုံးကိုပင် မမြင်ရတော့။

ကန္တာရတစ်ခုလုံး တုန်ခါနေလေပြီ.

ယခုအချိန်တွင် မည်သူကများအန်းလန်ကို တားဆီးနိုင်မည်နည်း..

အင်ပါယာဂိတ်မှလူများအားလုံး ရေခဲငရဲထဲသို့ ကျသွားသလို အေးခဲသွားရသည်။ ယခု အန်းလန်၏စစ်ရထားလုံးပေါ်လာလေပြီ။ ထိုရထားလုံးမှ ထွက်လာသည့်စွမ်းအားတစ်ခုတည်းဖြင့်ပင်လျှင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုမှ သက်ရှိများကို တုန်ယင်အောင် လုပ်နိုင်သည်။ မည်သူက သူ၏ပြိုင်ဘက်ဖြစ်မည်နည်း..

“သွေးသစ္စာကရော..” အင်ပါယာဂိတ်မှ တစ်စုံတစ်ယောက်မေးလိုက်သည်။ သို့သော် သူ၏အသံမှာ တုန်ယင်နေသည်။ ယခင်က ရှီဟောင်ကို လွှဲပြောင်းပေးစဉ်က သွေးသစ္စာကျိန်ဆိုခဲ့သည်ပင်။

သူတို့တွေက ဘာလို့ ကျော်လာတာလဲ .. သူတို့ ကံတရားကို မကြောက်ဘူးလား..

“ဘာကို သွေးသစ္စာလဲ .. ကျင်းမိသားစုက တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူတို့မိသားစုအပြင်ကလူကို ရှင်းထုတ်ပစ်ချင်နေတာ .. တစ်ဖက်လောကက အစကတည်းက ဘာသွေးသစ္စာမှ မလုပ်ခဲ့တာ သိသာနေတာပဲကို..” အင်ပါယာဂိတ်မှ တစ်စုံတစ်ဦး ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။

တစ်ဖက်မှ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ဦး အင်ပါယာဂိတ်မှလူများ၏ စိတ်ကို ရိုက်ချလာသည်။ “ဘယ်ဘုရင်က လျှောက်ပြီးတော့ သွေးသစ္စာကျိန်ဆိုမှာလဲ .. မင်းတို့အားလုံးက ပုရွက်ဆိတ်တွေ .. မင်းတို့တွေကို ငါတို့ဘုရင်က ပြန်ပြောနေရလောက်အောင် မင်းတို့က ထိုက်တန်လို့လား..” ခေါင်းသုံးလုံး လက်ခြောက်ဖက်နှင့် သက်ရှိတစ်ယောက် ပြောလိုက်သည်။

ဤစကားလုံးများမှာ ကျင်းမိသားစုမှ လူအချို့၏မျက်နှာများကို ဖြူဖျော့သွားစေသည်ပင်။ လူထု ဒေါသထွက်လာမည်ကို သူတို့ကြောက်ရွံ့နေကြသည်။

“သေဆုံးသွားတဲ့ ဘုရင်တစ်ဝက် ကျန်ခဲ့တဲ့သွေးကို မီးရှို့လိုက်တာတောင် အရမ်းဖြုန်းတီးရာကျနေပြီ” စွမ်းအားကြီးသည့်အခြားတစ်ယောက်မှ ပြောလိုက်သည်။

ထိုဘုရင်တစ်ဝက်ဆိုသည်မှာ သူအသက်ရှင်နေစဉ်က မသေမျိုးဘုရင်ဖြစ်ရန် နီးကပ်နေမည်မှာ သေချာသည်။ မဟုတ်ပါက ထိုကဲ့သို့သော ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်လာမည်မဟုတ်။

သို့သော် ဤစကားလုံးများမှာမည်မျှပင် စော်ကားရာ ရောက်နေသနည်း.. သူတို့က မသေမျိုးဘုရင်တစ်ယောက်ရဲ့ သွေးတစ်စက်ကိုတောင် မပေးချင်ဘူးလား..

“မင်းတို့ အနိုင်ကျင့်တာ လွန်လွန်းသွားပြီ..” အင်ပါယာဂိတ်မှ တစ်စုံတစ်ယောက် အံကြိတ်၍ ပြောလိုက်သည်။

သို့သော်လည်း အဆုံးတွင်တော့ ဤသည်မှာ သူတို့ တစ်ဖက်လူထက် အားနည်းနေသောကြောင့်ပင်။ သူတို့ဘက်၌ ထာဝရသက်ရှိတစ်ဦးသာရှိလျှင် ထိုသွေးမှာ အတုလား အစစ်လားဆိုသည်ကို သူတို့သိနိုင်မည်ပင်။

“ပုရွက်ဆိတ်လေးတွေပဲကို .. သူတို့ကို လှည့်စားဖို့လိုလို့လား .. သူတို့ကို သတ်သာသတ်လိုက်..” တစ််ဖက်လောကမှ မသေမျိုးသက်ရှိတစ်ယောက်ပြောလာသည်။ သူ့တစ်ကိုယ်လုံး ငွေဖြူရောင်အလင်းများ တောက်ပနေသည်ပင်။

သူသည် ကန္တာရ၏အခြားတစ်ဖက်၊ အလွန်ဝေးသည့်နေရာ၌ ရှိနေသော်လည်း သူ၏ ကောင်းကင်ဘုံကိုးခုအား အထင်သေးမှုကို ခံစား၍ရနေသည်။

အင်ပါယာခေါင်းလောင်းသံ ထွက်ပေါ်လာကာ ရွှေရောင်ကျွဲထီးဆွဲသည့် ရှေးဟောင်းရထားလုံးမှာ တစ်ဖြည်းဖြည်းနီးကပ်လာသည်။ အားလုံးသည် အသက်ရှူရခက်ခဲစေလောက်သည့် ဖိအားကို ခံစားလာရသည်။

ထိုရထားလုံးမှာ ကောင်းကင်ချောက်နက်နှင့် နီးကပ်နေလေပြီ။

ဤနေရာသို့ရောက်သည်နှင့် ရွှေရောင်ကျွဲထီး၏အရှိန် နှေးသွားသည်။ သူ၏ခွာကိုမြှောက်လိုက်သည်နှင့် များပြားလှသည့် ဖိအားများကို ခံစားလိုက်ရသည်။

“ကောင်းကင်ကို တွန်းလှန်တဲ့တိုက်ပွဲက ဒီနေ့ပဲ..”

ကောင်းကင်ချောက်နက်ထိပ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ အကြီးအကဲတစ်စုဖြစ်သော်လည်း သူတို့၏အသ့မှာ တောင်များနှင့်မြစ်များကို တုန်ခါသွားစေသည်။

ထို့နောက် ကောင်းကင်ထက်မျောနေသည့် မြို့တစ်မြို့ပေါ်လာသည်။ ထိုမြို့မှ အဆုံးမရှိသည့်အလင်းများ ထုတ်လွှတ်နေကာ အရာအားလုံးကို ဖိနှိပ်ထားသည်။

“ဒီမြို့က .. ဒဏ္ဍာရီလာ .. ဧကရာဇ်မြို့အစစ်.. အင်ပါယာဂိတ်မှ အကြီးအကဲအချို့ ပြောလိုက်ကြသည်။ သူတို့ ဤမြို့နှင့် ပတ်သက်သည့် ဒဏ္ဍာရီများ ကြားဖူးသည်ပင်။

ထိုမြိုု့တောက်ပလာသည်။ သူ၏ထာဝရအလင်းနှင့် ထာဝရတာအိုသင်္ကေတများမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။

ထိုအခိုက်အတန့် အန်းလန်လှုပ်ရှားလိုက်သည်။

စစ်ရထားလုံးမှ လက်တစ်ဖက်ထွက်လာသည်။ ထိုလက်ထွက်လာသည်မှာ အလွန်နှေးကွေးလှသော်လည်း စွမ်းအားအပြည့်ဖြင့်ပင်။

ဝုန်း..

ထာဝရတာအိုသင်္ကေတပင်လယ်တစ်စင်း ကျရောက်လာကာ မူလဖရိုဖရဲမြူများ ထွက်ပေါ်လာ၏။ ပြိုင်ဘက်ကင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်လာသော်လည်း ထိုလက်ကို နည်းနည်းလေးမှပင် ဒဏ်ရာရအောင်မလုပ်နိုင်။ လက်တစ်ဖက်တည်းဖြစ်သော်လည်း ရှေးဟောင်းမြို့တစ်မြို့လုံးကို အုပ်မိုးပစ်နိုင်သည်။

ထိုလက်ဝါးတွင် ကောင်းကင်ကို မနိုင်သည့်ခွန်အားများ ရှိနေသည်။

သူသည် အလွန်တည်ငြိမ်သော်လည်း တကယ်ကို ခြိမ်းခြောက်နိုင်လှသည်။ လက်တစ်ဖက်တည်းသာဖြစ်သော်လည်း မူလအင်ပါယာဂိတ်တစ်ခုလုံးကို အုပ်မိုးပစ်လိုက်နိုင်သည်။ ထာဝရအလင်းများ မည်မျှပင် ကျလာပါစေ ထိုလက်ကြီးကို ပြန်မဖိနှိပ်နိုင်။

မူလအင်ပါယာဂိတ် သူ့ကို ဘာမှမလုပ်နိုင်။

သူတို့ ဘာလုပ်ကြမလဲ.. အင်ပါယာဂိတ်မှ လူများ ကြောက်ရွံ့နေလေပြီ။ ဒဏ္ဍာရီလာမြို့ကြီးပေါ်လာသော်လည်း မသေမျိုးဘုရင်အန်းလန်ကို မတားဆီးနိုင်။

“မြို့ကြီးရှိနေသရွေ့ ငါတို့ ဆက်တိုက်နေမှာ .. သတ်..”

ထိုအချိန်တွင် ရှေးဟောင်းမြို့ထက်၌ အကြီးအကဲများစွာ ထွက်ပေါ်လာသည်။ သူတို့အားလုံးကို မီးတောက်များ လွှမ်းခြုံထားလေ၏။ ဤမီးတောက်မှာ မသေမျိုးသက်ရှိတစ်ဦး၏ အရိုးများပင်။

အရိုးစုမှ ဖြစ်ပေါ်လာသည့်မီးတောက်များကို အစီအရင်တစ်ခုဖြင့် ကန့်သတ်ထားသည်။

ဝုန်း..

ရှေးဟောင်းမြို့ကြီး တောက်ပလာ၏။ အထူးသဖြင့် အလယ်ဗဟိုနေရာ၌ပင်။ ကောင်းကင်ချောက်နက်အလယ်ဗဟိုမှ အလင်းတန်းတစ်ခု စီးဆင်းလာကာ အဆုံးမရှိသည့်မှော်စွမ်းအားများ ထွက်ပေါ်လာလေ၏။

အင်ပါယာဂိတ်မြို့ရိုးထက်ရှိ ရှီဟောင်သည် တိတ်ဆိတ်နေသော်လည်း သူ၏နှလုံးသား နာကျင်နေရသည်ပင်။ ဤသည်မှာ မြို့ထဲမှ တစ်ဦးတည်းသောဘုရင် လှုပ်ရှားလိုက်ခြင်းဖြစ်သည်ကို သူသိသည်။

အသက်ကြီးကာ အားနည်းသည့်အကြီးအကဲများမှာ အားကုန်ထုတ်သုံးနေကြလေပြီ။ ဘုရင် ၇ ပါးထဲမှ နောက်ဆုံးကျန်ခဲ့သည့်ဘုရင်သည် သူ၏ခြောက်သွေ့နေသည့်ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ ရှေးဟောင်းမြို့ကို အားဖြည့်ပြီး အန်းလန်ကို တားဆီးရန်အတွက် ကောင်းကင်ချောက်နက်၏ စွမ်းအားအကြီးဆုံးခွန်အားကို လက်လွှဲယူလိုက်သည်။

ဝုန်း..

ကောင်းကင်ချောက်နက်တစ်ခုလုံး လောင်ကျွမ်းလာကာ ကောင်းကင်ကိုဖုံးလွှမ်းသွားသည့် ထာဝရစွမ်းအင်များ ထုတ်လွှတ်လာသည်။

ကောင်းကင်ချောက်နက်မှ နတ်သက်တံ့များကဲ့သို့သော ထာဝရတာအိုဥပဒေသများ ဆင်းသက်လာသည်။ ထိုအလင်းတန်းသည် သူ၏လမ်းကြောင်း၌ ရှိနေသမျှအရာအားလုံးကို သတ်ပစ်နေလေ၏။

ထိုအချိန်တွင် အန်းလန်နောက်၌ အမိန့်စာငါးခု ဆက်တိုက်ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံး အလင်းတန်းများလင်းထိန်သွားသည်။ ထိုအလင်းများတွင် ပြိုင်ဘက်ကင်းသည့်အော်ရာများ ပါဝင်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ချိတ်ပိတ်ထားနေသည်။

ကောင်းကင်ကြီးပြိုကျလာကာ ကမ္ဘာမြေကြီး အက်ကွဲသွားသည်။

လောကကြီးတစ်ခုလုံးကို နောက်တစ်ကြိမ် ပြန်လည်ဖန်တီးနေသလိုပင်။ အမိန့်စာငါးခုလုံးတွင် မသေမျိုးဘုရင်များ၏အော်ရာများ ပါဝင်သည်ပင်။

အမိန့်စာငါးခုသည် ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားကာ လက်ငါးခု ဖြစ်ပေါ်လာသည်။ ထို့နောက် ထိုလက်များသည် အန်းလန်လက်နှင့်အတူ ကောင်းကင်ချောက်နက်ကို ရိုက်ခတ်လာသည်။

ထိုအခိုက်အတန့် လောကကြီးတောက်ပလာသည်။ ထို့နောက် ပြန်လည်ဖျက်ဆီးခံလိုက်ရသည်။ ကောင်းကင်ချောက်နက်ဘက်၌ ပို၍ ကြောက်စရာကောင်းသည့်အရာများ ဖြစ်နေသည်ပင်။ ဤကဲ့သို့သော တိုက်ပွဲမှာ သာမန်လူများ နားလည်နိုင်သည့်တိုက်ပွဲမဟုတ်။ ဤတိုက်ပွဲမှာ အတိတ်နှင့်ပစ္စုပ္ပန်ကို တုန်လှုပ်စေရန် လုံလောက်သည်။

နောက်ဆုံးတွင်တော့ ဘာကိုမှ မမြင်ရတော့။ ထိုနေရာတစ်ခုလုံးကို မူလဖရိုဖရဲမြူများ ရစ်ဆိုင်းသွားသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ လောကကြီး ငြိမ်းချမ်းသွားပြီး မြင်ကွင်းများကို မြင်နိုင်တော့သည်။

ကန္တာရကြီးမှာ အကောင်းအတိုင်းရှိနေဆဲပင်။ မပျက်စီးသေး။

အန်းလန်မှာ ပြိုင်ဘက်ကင်းလှသည်ပင်။ သူ၏တိုက်ခိုက်မှုများအားလုံးမှာ အပေါ်ဘက်သို့သာ ဦးတည်နေသည်။ သန်းပေါင်းများစွာရှိသည့် စစ်တပ်ကြီးကို နည်းနည်းလေးမှပင် မထိခိုက်စေ။

ကောင်းကင်ဘုံကိုးခုဘက်မှ အားလုံး တုန်လှုပ်လာရသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အန်းလန်တစ်ဦးတည်းမဟုတ်။ အမိန့်စာငါးခုမှာ အခြား မသေမျိုးဘုရင်ငါးဦးကို ကိုယ်စားပြုနေခြင်းပင်။ သူတို့သည် အပေါ်ဘက်ရှိ ကောင်းကင်ချောက်နက်ကို ရင်ဆိုင်ရန်အတွက် ပူးပေါင်းလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် အရာအားလုံးရပ်တန့်သွားသကဲ့သို့ ကောင်းကင်ချောက်နက်ကြီး တိတ်ဆိတ်သွားသည်။

အမိန့်စာငါးခုသည် ကောင်းကင်ချောက်နက်ကို ချုပ်နှောင်ထားကာ အန်းလန်၏လက်မှာ မူလဧကရာဇ်မြို့ကို အုပ်မိုးထားသည်။ လောကကြီးမှာ ယာယီရပ်တန့်သွားသလိုပင်။

မြို့လည်ခေါင်မှ ကောင်းကင်ချောက်နက်၏ဆန္ဒနှင့် ပေါင်းစည်းနိုင်သည့် မီးတောက်ကြီးလည်း ငြိမ်သက်သွားလေပြီ။

လောကကြီး ငြိမ်းချမ်းသွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့‌သော် ဤအခြေအနေ အနှေးနှင့်အမြန် ပျက်စီးမည်ကို အားလုံးသိနေကြသည်ပင်။ ထိုအချိန်ကျလျှင် ခေတ်ကြီးတစ်ခေတ် အဆုံးသတ်သွားလိမ့်မည်။

အင်ပါယာဂိတ်မြို့ရိုးထက်တွင် ကလေးတစ်စု ပေါ်လာသည်။ သူတို့သည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ မျက်ရည်များ ကျနေလေ၏။ ဘာဖြစ်ခဲ့သည်ကို သူတို့သိနေကြသည်ပင်။

“ကလန်သားတွေ..” ထိုကလေးများအားလုံး ငိုကြွေးကာ ရေရွတ်နေကြသည်။

သူတို့ အသက်သိပ်မကြီးသေးသော်လည်း သူတို့အရာအားလုံး နားလည်သည်။ ယနေ့မှစ၍ ဤလူများကို သူတို့ ထပ်တွေ့ရမည်မဟုတ်တော့။

အား..

ထိုရှေးဟောင်းမြို့မှ လက်တစ်ဖက်နှင့် အကြီးအကဲ ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ခြောက်သွေ့နေသော်လည်း ယခုအချိန်တွင် အားလုံး၏မျက်လုံးထဲ၌ အလွန်ခမ်းနားနေသည်ပင်။

သူနှင့် အခြားအကြီးအကဲများသည် မသေမျိုးသက်ရှိများ၏ မီးတောက်များကိုသယ်ဆောင်ကာ မီးထဲတိုးဝင်သည့် ပိုးဖလံကဲ့သို့ အန်းလန်လက်ကို တိုက်ခိုက်နေသည်။

သူတို့သည် မသေမျိုးသက်ရှိများ၏ အရိုးများကို လောင်ကျွမ်းစေရန်အတွက် သူတို့အသက်များကို အသုံးပြုလိုက်ကြသည်။ သူတို့ကိုယ်သူတို့ မီးတောက်များအဖြစ်ပြောင်းလဲလိုက်ကာ အန်းလန်လက်ကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။

“ဖိုးဖိုး..”

“လက်တစ်ဖက်နဲ့ဖိုးဖိုး..”

အင်ပါယာဂိတ်ပေါ်ရှိ ထိုကလေးများသည် အဆုတ်နှင့်နှလုံးကွဲမတတ် အော်ဟစ်နေကြလေ၏။

ဤအကြီးအကဲများမှာ သူတို့၏အဖိုးအရင်များမဟုတ်။ သူတို့ကြား မျိုးဆက်ပေါင်း မည်မျှခြားမှန်ပင်မသိ။ သို့သော်လည်း ဤအကြီးအကဲများသည် သူတို့ကို သူတို့၏မြေးအရင်းကဲ့သို့ ဆက်ဆံပေးကြသည်။ အပေါ်ယံ၌ တင်းကြပ်သည်ဟု ထင်ရသော်လည်း သူတို့၏ကြင်နာမှုနှင့် ချစ်ခြင်းတရားကို သူတို့ခံစား၍ရသည်ပင်။

ဤအကြီးအကဲများသည် ခန္ဓာကိုယ်များ ယိုယွင်းကာ သူတို့ချေဖျက်၍မရနိုင်သည့် တာအိုဥပဒေသအားများ ရှိနေသော်လည်း သူတို့၏နှလုံးသားများမှာ မာကျောလှသည်။ သူတို့သည် ကွယ်လွန်သွားသည့်သူများ၏ ဆန္ဒကို ဘယ်တော့မှ မဆန့်ကျင်ခဲ့။

အင်ပါယာဂိတ်ပေါ်တွင် စိတ်မလှုပ်ရှားသည့်သူမရှိတော့။

ရှီဟောင်၏မျက်လုံးများ ဝေဝါးလာသည်။ ဆံပင်များဖြူဖွေးနေကာ ခန္ဓာကိုယ်များ သွေးလွှမ်းနေသည့်အကြီးအကဲများကို သူကြည့်နေရသည်။

ဖူး..

ကောင်းကင်ထက်၌ သွေးရောင် မီးရှူးမီးပန်းများ ထွက်ပေါ်လာသည်။ ထိုအလင်းများမှာ တောက်ပသော်လည်း ခဏလေးနှင့် ပျက်ပြယ်သွားသည်။

ထိုအကြီးအကဲများသည် သူတို့၏ပျက်စီးနေသည့်ခန္ဓာကိုယ်များကို လောင်ကျွမ်းစေကာ ကောင်းကင်ထက်၌ သွေးများပျံ့ကြဲသွားသော်လည်း ထိုလက်ကြီးကို မဖယ်နိုင်သေး။

မသေမျိုးသက်ရှိများ၏ အရိုးများကို လောင်ကျွမ်းစေလိုက်သော်လည်း ချက်ချင်းပင် ပေါက်ကွဲကာ ပျက်ပြယ်သွားလေသည်။

လက်တစ်ဖက်အကြီးအကဲနှင့် အခြားအကြီးအကဲများ၏ သွေးများ ကောင်းကင်ထက် ဖြန်းပက်သွားကာ သူတို့အားလုံး သေဆုံးသွားကြရသည်။

“ဖိုးဖိုး..”

“မဟုတ်ဘူး .. ဖိုးဖိုး..”

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ ကလေးများ ဝမ်းနည်းစွာ ငိုကြွေးလိုက်ကြသည်။

အပိုင်း ၁၈၃၁ ပြီး၏။
Chapter – 1832 အတိတ်နှင့်ပစ္စုပ္ပန်ထက် ကျော်လွန်ခြင်း

နောက်ဆုံးမီးပွားလေးများ ထုတ်လွှတ်ပြီးနောက် လက်တစ်ဖက်အကြီးအကဲနှင့် အခြားသူများ သေဆုံးသွားကြသည်။

ကန္တာရကြီး တိတ်ဆိတ်သွားသည်။ အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ ကလေးတစ်စုမှာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ သူတို့သည် မျက်ရည်များ စီးကျနေကြကာ ဝမ်းနည်းပူဆွေးစွာပင် မြည်တမ်းနေကြသည်။

“ဖိုးဖိုး..”

ထိုနူးညံ့သည့်အသံလေးများမှာ အင်ပါယာဂိတ်မှလူများ၏ မျက်လုံးများကို နာကျင်လာစေသည်။ အားနည်းကာ အသက်ကြီးသည့်သူများ ကျဆုံးသွားသည်ကိုကြည့်ရင်း သူတို့နှလုံးသားများ နာကျင်လာရသည်။

ရှည်လျားလှသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ရွှေရောင်ကျွဲထီးကြီးသည် ထပ်မံလှုပ်ရှားလာကာ ရှေးရထားလုံးကို ဆွဲလာသည်။ သူတို့ ကောင်းကင်ချောက်နက်ကို ဖြတ်ကျော်ကြတော့မည်။

ရထားလုံးကြီးကို မူလဖရိုဖရဲမြူများဖြင့် ဖုံးလွှမ်းထားကာ ရှင်းရှင်းလင်းလင်းမမြင်ရ။ လက်တစ်ဖက်သာ ထွက်လာပြီး မူလဧကရာဇ်မြို့အား ဆုတ်ကိုင်ထားသည်ပင်။

အင်ပါယာဂိတ်မှလူများအားလုံး ခေါင်းစခြေဆုံး ကြက်သီးများ ထလာသည်။ သူ့ကို ဘယ်သူ တားနိုင်မလဲ..

“မသေမျိုးဘုရင်..”

သန်းပေါင်းများစွာသော စစ်တပ်ကြီး၏ ဟစ်ကြွေးသံမှာ ကန္တာရတစ်ခုလုံးကို တုန်ခါသွားစေသည်။

စစ်တပ်ကြီးသည် စစ်ရထားလုံးအတွက် လမ်းဖယ်ပေးလာကြသည်။

“အခု သူတို့အရေးသာသွားပြီ .. သူတို့ ကောင်းကင်ချောက်နက်ကို ဖြတ်လာကြတော့မယ်..” မြို့ရိုးပေါ်မှ ပုဂ္ဂိုလ်ကြီးတစ်ဦး ပြောလိုက်သည်။ သူတို့ ဘာလုပ်ကြတော့မည်နည်း..

ယခုအချိန်တွင် အရာအားလုံး ဘာမှအသုံးမဝင်တော့သလိုပင်။ သူတို့ကြားမှ ခွန်အားကွာခြားမှုမှာ ကြီးမားလှသည်။ ထာဝရသက်ရှိများမရှိပဲ၊ စွမ်းအားအကြီးဆုံးသက်ရှိများမရှိပဲ သူတို့ ပြန်တိုက်နိုင်မည်မဟုတ်။

ဤသည်မှာ အားလုံးကို စိတ်ဓာတ်ကျစေသည်။

“ငါတို့တိုက်ခိုက်ဖို့အချိန်ရောက်ပြီ.. မူလအင်ပါယာဂိတ်ကလူတွေတောင် သူတို့အသက်ကို မငဲ့ပဲ သူတို့အသက်ကို လောင်ကျွမ်းစေပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ် .. ငါတို့က ဘာလို့ အသက်ရှင်ဖို့အတွက် လောဘကြီးပြီး သေဖို့ကြောက်နေရမှာလဲ..” မြို့ရိုးပေါ်မှ တစ်စုံတစ်ယောက် ဟစ်ကြွေးလိုက်သည်။

သို့သော် သူတို့ထံမှ ထာဝရသက်ရှိအစစ်များမရှိသလို မသေမျိုးသက်ရှိများလည်းမရှိ။ သူတို့ ရန်သူများကို တားဆီးနိုင်ပါ့မလား..

သူတို့ ရန်သူကို တားဆီးချင်သည့်စိတ်ရှိသော်လည်း ခွန်အားမရှိ။

“နောက်ပိုင်းမျိုးဆက်ကလူတွေ ငါ့ကို သူရဲဘောကြောင်တဲ့သူလို့ခေါ်မှာကို မလိုချင်ဘူး .. ငါက ပြိုင်ဘက်မဟုတ်ဘူးဆိုရင်တောင် ငါ့ရဲ့ခံယူချက်ကို ပြမယ်..” ခေါင်းဆောင်အချို့ ဟစ်ကြွေးလိုက်ကြသည်။

မြို့ထဲရှိ မူလက စိတ်ဓာတ်ကျနေသည့်လေထုကြီး ပျောက်ကွယ်သွားသည်။ သူတို့သည် တိုက်ခိုက်နေကျ၊ သေခြင်းနှင့်ရှင်ခြင်းကြား ကူးလူးသွားလာနေကျပင်။ သူတို့ဘာကိုကြောက်နေရမည်နည်း.. အဆုံးဆိုးမှ သေရုံပင်။

“ငါတို့အားလုံး သွားကြမယ် .. အခုအချိန်ကျပြီ .. အခုက အချိန်ကောင်းပဲ .. ကောင်းကင်ကြီးကို ငါတို့သွေးတွေနဲ့ အရောင်ဆိုးပစ်လိုက်..” ကလန်ပေါင်းစုံမှ ကျွမ်းကျင်သူများ ဟစ်ကြွေးလိုက်ကြသည်။

သူတို့၏ စိတ်ဆန္ဒများလောင်ကျွမ်းလာသည်။ မည်သူမှ စိတ်ဓာတ်မကျတော့။ တိုက်ပွဲစိတ်ဝိညာဉ်များ ထကြွလာသည်။

ထိုအချိန်တွင် အကြီးအကဲတစ်ဦး လျှောက်လာသည်။ သူသည် သက်ပြင်းချကာ အားလုံးကို တားဆီးလိုက်လေ၏။ “မင်းတို့အားလုံး နောက်ပြန်ဆုတ်ကြ .. ငါသွားမယ်..”

“ဆရာ..” ချီဟုန် အော်ဟစ်လိုက်သည်။

ဤသည်မှာ ဝိညာဉ်ငါးခုစစ်ရထားလုံး၏မူလပိုင်ရှင်၊ ချီဟုန်၏ဆရာပင်။ ဤအဆင့်လွန်အကြီးအကဲ၏နာမည်မှာ အကြီးအကဲချင်းမူပင်။

သူ ငယ်ရွယ်စဉ်က ဝိညာဉ်ငါးခုရထားလုံးကို မောင်းနှင်ကာ မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို ထိတ်လန့်စေခဲ့သည်။ သူသည် အဆင့်လွန်သက်ရှိများကြားထဲတွင် စွမ်းအားကြီးသည့်သူပင်။

ယခု သူ၏သွေးစွမ်းအင်များ ခြောက်ကပ်သွားပြီဖြစ်သော်လည်း သူသည် အဆင့်လွန်သက်ရှိတစ်ဦး ဖြစ်နေဆဲပင်။

သူ ဂိတ်မှထွက်ကာ တစ်ယောက်တည်း တိုက်ခိုက်ချင်သည်။

ချီဟုန်နှင့် အခြားသူများ တရှိန်ထိုး ထွက်လာကြ၏။ သူတို့ ဘယ်လိုလုပ် စိတ်အေးနိုင်ကြမည်နည်း.. သူ၏ဆရာအားကောင်းသော်လည်း မသေမျိုးဘုရင်တစ်ယောက်ကို ဘယ်လိုလုပ် တားဆီးနိုင်မည်နည်း..

“ငါတို့မှာ ရွေးချယ်စရာမရှိဘူး .. ငါတို့ အဲဒီကျောက်တိုင်ကို ကြိုပြီးသုံးရမယ် .. သူ ကောင်းကင်ချောက်နက်ကို ဖြတ်လာပြီးရင် အရာအားလုံးက အရမ်းနောက်ကျသွားလိမ့်မယ်..” အကြီးအကဲချင်းမူ ပြောလိုက်သည်။

သူသည် ဂိတ်မှထွက်ကာ တိုက်ခိုက်ရန်အစောကြီးကတည်းက ဆုံးဖြတ်ပြီးသားပင်။

အဘယ်ကြောင့်ဆိုသော် အန်းလန်သည် မှော်စွမ်းအားဖြင့် မူလဧကရာဇ်မြို့ကို မထားခြင်းပင်။ ဤသည်မှာ တိုက်ခိုက်ရန် နောက်ဆုံးအခွင့်အရေးပင်။

သူဖြတ်လာသည့်အထိ စောင့်နေလျှင် သူတို့ ဘာမှလုပ်နိုင်မည်မဟုတ်တော့။ မည်သူမှ သူ၏ပြိုင်ဘက်မဟုတ်။

မုန့်ထျန်းကျန်း ထွက်လာသည်။ “တိုက်ခိုက်ဖို့အတွက် ကျုပ်နဲ့ လုမနေနဲ့တော့ .. စကားတွေ အများကြီး မပြောနဲ့တော့ .. ကျုပ်သွားလိုက်မယ် .. ခင်ဗျားက ဒီနေရာကို စောင့်ရှောက်ရမယ်..” မုန့်ထျန်းကျန်း ထွက်ထွက်လာချင်း ပြောလိုက်သည်။

မြို့ရိုးပေါ်ရှိ လူအားလုံး တိတ်ဆိတ်သွားသည်။ အခြား အဆင့်လွန်သက်ရှိများလည်း တိတ်ဆိတ်သွားသည်ပင်။

နောက်ဆုံးတွင်တော့ ထိုရှေးဟောင်းကျောက်တိုင်ကို အကြီးအကဲချင်းမူအား ရွှေ့ပေးရန်အတွက် သူတို့အားလုံး ထိုနေရာမှ ပျောက်ကွယ်သွားသည်။

အင်ပါယာဂိတ်ရှေ့တွင် ရောင်စုံအလင်းများ တောက်ပလာသည်။ ထိုနေရာပ အကြီးအကဲချင်းမူ ပေါ်လာကာ သူ့အနောက်၌ ကျောက်တိုင်တစ်ခု ရှိနေသည်။ သူသည်တစ်လှမ်းချင်းပင် လျှောက်နေလေ၏။

အစပိုင်းတွင် ထိုကျောက်တိုင်မှာ သိပ်မကြီး။ လူတစ်ယောက်၏အရပ်သာရှိသည်။ သို့သော် ဆက်လျှောက်လာရင်းဖြင့် ထိုကျောက်တိုင်မှာ တစ်ဖြည်းဖြည်းကြီးမားလာသည်။

အကြီးအကဲချင်းမူမှာ ထိုကျောက်တိုင်ကို သယ်ထားပြီး အလွန်ပင်ပန်းနေသည့်ပုံပင်။

ဤနေရာမှာ ကောင်းကင်ချောက်နက်နှင့် အလွန်ဝေးသေးသော်လည်း သူ ကျောကျိုးကျတော့မလိုဖြစ်နေလေပြီ။ သူ ဟစ်ကြွေးလိုက်သည်နှင့် ဝုန်းဟူသည့်အသံနှင့်အတူ တောင်တစ်ခုလုံး သူ၏ခန္ဓာကိုယ်မှ ပျံသန်းထွက်လာကာ တောင်တစ်လုံးကဲ့သို့ ခမ်းနားလာသည်။

ထိုတောင်သည် ပို၍ပင်ကြီးမားလာကာ တိမ်များထိပင် ရောက်သွားသည်။

အကြီးအကဲချင်းမူ၏ ခါး ပြန်လည်ဖြောင့်တန်းသွားသည်။ ထို့နောက် သူသည် အင်ပါယာဂိတ်ကို နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ အရှေ့ဘက်သို့ ပြန်လှည့်သွားကာ ထပ်မကြည့်တော့။

ထို့နောက် သူ့တစ်ကိုယ်လုံး တောက်ပလာကာ မရေမတွက်နိုင်သည့်သင်္ကေတများ ထွက်ပေါ်လာသည်။ သူသည်ကျောက်တိုင်ကို သူ၏ကျောထက်ချီလိုက်သကဲ့သို့ တောင်နှင့်အတူ ရှေ့တက်သွားလေ၏။

“ဆရာ..” ချီဟုန် အော်ဟစ်ကာ သူ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။ ဤသည်မှာ သူ၏ဆရာနှင့် နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ကြောင်း သူသိသည်ပင်။ ယနေ့ပြီးလျှင် သူ သူ၏ဆရာကိုထပ်တွေ့ရတော့မည်မဟုတ်တော့။

မြို့ရိုးပေါ်ရှိ လူများစွာ တိတ်ဆိတ်နေကြသည်။

ကန္တာရထဲ၌ လေပြင်းများတိုက်ခတ်လာကာ သဲများလွင့်ပျံလာသည်။ အကြီးအကဲ၏၏နောက်ကျောမှာ ဖြောင့်မတ်နေသည်။ သူသည်ခြေလှမ်းကျယ်ဖြင့်ပင် အရှေ့သို့ ပြေးသွားလိုက်သည်။

“ထာဝရဖိနှိပ်ခြင်းကျောက်တောင် .. အဲဒီမသေမျိုးသက်ရှိကို ဖိနှိပ်ပြီး သတ်ပတ်လိုက် .. အဲဒီဘုရင်ကို သတ်ပစ်လိုက်..”

အကြီးအကဲချင်းမူ ရှေးဟောင်းမန္တန်တစ်ခုကို ရေရွတ်လိုက်သည်။ ထို့နောက် သူအော်ဟစ်လိုက်ကာ သူ့တစ်ကိုယ်လုံးမှ အဆုံးမရှိသည့်စွမ်းအားများ ထွက်ပေါ်လာသည်။ သူ ထိုရှေးဟောင်းစစ်ရထားလုံးထံသို့ ဦးတည်သွားကြသည်။

တစ်ချိန်တည်းမှာပင် ထိုကျောက်တိုင်တောက်ပလာသည်။ ထိုကျောက်တိုင်ထက်တွင် သင်္ကေတပေါင်းစုံ၊ ထာဝရတာအိုသဘာဝဥပဒေသမျိုးစုံ ရှိနေသည်ပင်။

“ဖိနှိပ်ပြီး သတ်မယ်..” အကြီးအကဲချင်းမူ ဟစ်ကြွေးလိုက်သည်။

ဤကျောက်တိုင်မှာ အလွန်ထူးခြားသည်ဟု ပြောကြသည်။ ဤကျောက်တိုင်ကို အသက်သွင်းလိုက်သည်နှင့် ထာဝရသက်ရှိအစစ်များကို သတ်နိုင်ပြီး မသေမျိုးသက်ရှိများကို ဖျက်ဆီးပစ်နိုင်သည်ဟု ပြောကြသည်။ သို့သော် ဤကျောက်တိုင်ကို သုံးလိုက်သည်နှင့် မှော်စွမ်းအားများ ကုန်ခမ်းသွားလိမ့်မည်။

ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ ကျန်ရစ်ခဲ့သည့် တားမြစ်ထားသည့်ရှေးကျောက်တိုင်ပင်။

သူတို့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် အင်ပါယာဂိတ်သည် သူတို့၏ဝှက်ဖဲကို ကြိုသုံးလိုက်ရခြင်းပင်။

“သူ့ကိုတားထား..”

မရေမတွက်နိုင်သည့်စစ်တပ်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အဆင့်လွန်သက်ရှိများ ထွက်လာသလို ရထားလုံးဘေးမှ လိုက်လာသည့် ငွေရောင်မသေမျိုးသက်ရှိလည်း လှုပ်ရှားတော့မည်။

“ပုရွက်ဆိတ်လေးတစ်ကောင်နဲ့ ကျောက်တိုင်ဟောင်းတစ်ခုက ဘာများလုပ်နိုင်မှာလဲ..”

စစ်ရထားလုံးထဲရှိ မည်သူမှ ဘာမှမပြော။ ပြောလိုက်သည့်သူမှာ ရထားလုံးဆွဲသည့် ကျွဲထီးကြီးပင်။

ရွှေရောင်ကျွဲကြီးမှာ ကြီးမားလှသည်။ သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ဖိအားများလှသည်ပင်။

တစ်ဖက်လောကမှလူများအားလုံး ရပ်တန့်လိုက်ကြ၏။ မည်သူမှ မလှုပ်ရှားတော့။

အန်းလန်၏ရထားလုံးကို ဆွဲနိုင်သည့်ရှေးဟောင်းသားရဲမှာ ဘယ်လိုလုပ် သာမန်သားရဲဖြစ်မည်နည်း..

ကောင်းကင်ထက်တွင် ထိုကျောက်တိုင်ကြီး ကြီးမားလာသည်။ ကျောက်တိုင်ကြီးသည် မင်ကဲ့သို့ မည်းနက်နေကာ သွေးစီးကြောင်းများလည်း ရှိနေ၏။ ထိုကျောက်တိုင်ထက်ရှိ သင်္ကေတအားလုံး တောက်ပလာကာ ထာဝရတာအိုဥပဒေသစွမ်းအားများထုတ်လွှတ်လာသည်။

ထာဝရဖိနှိပ်ခြင်းကျောက်တိုင်ကို အသက်သွင်းလိုက်သည်နှင့် ထာဝရသက်ရှိများကိုပင် သတ်နိုင်သည်။

ယခု အန်းလန် မူလဧကရာဇ်မြို့နှင့် ကောင်းကင်ချောက်နက်ကို ရင်ဆိုင်နေခြင်းဖြစ်သောကြောင့် ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေးပင်။

အင်ပါယာဂိတ်မြို့ရိုးထက်မှ လူများအားလုံး အသက်အောင့်ထားလိုက်ကြသည်။ ကလန်အားလုံးမှ ကျွမ်းကျင်သူများအားလုံး နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။

တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ရန် အားလုံးမျှော်လင့်နေမိသည်။

ဝုန်း..

ထာဝရဖိနှိပ်ခြင်းကျောက်တိုင် တောက်ပလာကာ အောက်ဘက်သို့ ဖိနှိပ်လာသည်။ ထိုကျောက်တိုင်ပေါ်၌ ထိုင်နေသည့် အကြီးအကဲတစ်ဦးလည်း ရှိနေသည်ပင်။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေလေ၏။ သူသည် သူ့ကိုယ်သူ စတေးကာ ဤကျောက်တိုင်အားအသက်သွင်းလိုက်ခြင်းပင်။

“ဆရာ..” မြို့ရိုးပေါ်မှ ချီဟုန် အော်ဟစ်လိုက်ကာ မျက်ရည်များ စီးကျလာသည်။

လူများစွာလည်း နာကျင်နေရသည်ပင်။ သူတို့ မသေမျိုးဘုရင်တစ်ယောက်ကို သတ်နိုင်မှာလား…

စစ်ရထားလုံးထဲမှ အန်းလန် တိတ်ဆိတ်နေသည်။

သို့သော် ဤစစ်ရထားလုံးသည် အဆုံးမရှိသည့် စစ်ပွဲများကို တွေ့ကြုံခဲ့ရပြီး မျက်နှာပြင်ထက်၌ ဒဏ်ရာများစွာ ရှိနေသည်ပင်။ ယခုအချိန်တွင် ထိုဓားရာများ၊ မြှားပေါက်များ တောက်ပလာကာ မသေမျိုးအလင်းတန်းများထုတ်လွှတ်လာသည်။

ခွပ်..

ထိုအချိန်တွင် ထာဝရဖိနှိပ်ခြင်းကျောက်တိုင် တစ်စစီပေါက်ကွဲသွားကာ စစ်ရထားလုံးဘေးပတ်လည်၌ ကျလာသည်။

ဖူး..

အကြီးအကဲချင်းမူ၏ခန္ဓာကိုယ်လည်း ထိုနေရာတွင်ပင် ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားလေသည်။

အဆင့်လွန်သက်ရှိတစ်ဦး သေဆုံးသွားလျှင် လောကကြီးမှ တုံ့ပြန်လာကာ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်ပေါ်လာမည်ပင်။

သို့သော် စစ်ရထားလုံးမျက်နှာပြင်ရှိ ဓားရာများ၊ မြှားပေါက်ရာများနှင့် အခြားအရာများမှ တာအိုသင်္ကေတများ ထွက်ပေါ်လာကာ ထိုဖြစ်ပေါ်လာသည့်အရာများကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်လေသည်။

“ပုရွက်ဆိတ် အစုတ်အပြတ်လေးကများ မသေမျိုးဘုရင်တစ်ပါးကို ဓားနဲ့ရွယ်ရဲတယ်ပေါ့.. မင်းသေတာ သနားဖို့မကောင်းဘူး” ရွှေရောင်ကျွဲထီး ပြောလိုက်၏။ သူ၏စကားများမှာ မောက်မာလှသည်။

သို့သော် အားလုံး ဘာမှ ပြန်မပြောနိုင်ကြ။ အဆင့်လွန်သက်ရှိတစ်ဦး သူ၏သွေးစွမ်းအင်များကို အသုံးပြုကာ ထာဝရဖိနှိပ်ခြင်းကျောက်တိုင်အား အသက်သွင်းခဲ့သော်လည်း ဤကဲ့သို့ သေဆုံးသွားလေပြီ။

အားလုံး စိတ်ပျက်သွားရသည်။ အင်ပါယာဂိတ်၏ဝှက်ဖဲကို အသုံးပြုလိုက်သော်လည်း အသုံးမဝင်။ အန်းလန်သာ ချောမွေ့စွာ ဖြတ်သန်းလာနိုင်ပါက ဤလောကကြီး ပြောင်းပြန်ပင်ဖြစ်သွားလိမ့်မည်။

“မောက်မာပြီးတော့ အားနည်းတဲ့လူမျိးစုတွေ .. မင်းတို့တွေက ရထားလုံးကို ရပ်တန့်ဖို့ကြိုးစားနေတဲ့ ဓားခုတ်ကောင်ထက်မပိုဘူး” ရွှေရောင်ကျွဲထီး အေးစက်စွာ ရယ်မောလိုက်သည်။

ရထားလုံးဆွဲသည့် ကျွဲမှ လှောင်ပြောင်နေခြင်းဖြစ်သောကြောင့် သူတို့ ဒေါသထွက်သွားကြသော်လည်း သူတို့ဘာမှမတတ်နိုင်။

“ဘာကျန်သေးလဲ .. ငါတို့နောက်ဆုံးတစ်ခုပဲ ကျန်တော့တယ် .. ပထမသတ်ဖြတ်ခြင်းအစီအရင်ကို အသက်သွင်းလိုက်..” မြို့ရိုးပေါ်၌ အကြီးအကဲတစ်ဦး ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးကို အလွန်ထူထဲလှသည့်ဖုန်များ ဖုံးလွှမ်းထားသည်။ ဤသည်မှာ သူသည် အချိန်အတော်ကြာ ဖုန်ထဲ၌ ချိတ်ပိတ်ထံထားရသကဲ့သို့ပင်။

ဤသည်မှာ အင်ပါယာဂိတ်မှ အသက်အကြီးဆုံး အဆင့်လွန်သက်ရှိပင်။ သူ ကူကယ်ရာမဲ့နေသလို ဝမ်းလည်း ဝမ်းနည်းနေရသည်။ ယခု သူ ပထမသတ်ဖြတ်ခြင်းအစီအရင်ကို အသက်သွင်းတော့မည်။

“ကျွန်တော်တို့မှာလိုအပ်တဲ့အစိတ်အပိုင်းအားလုံး မရှိဘူး .. အစီအရင်က မပြည့်စုံသေးဘူး..” မုန့်ထျန်းကျန်း သက်ပြင်းချ၍ ပြောလိုက်သည်။

အစီအရင်များထဲတွင် နံပါတ်တစ်ချိတ်သည့် သတ်ဖြတ်ခြင်းအစီအရင်ရှိသည်ဟု ပြောကြသည်။ သို့သော် ယခင်က မည်သူမှ မမြင်ဖူး။ ထိုပညာမှာ ဤလောက၌ မရှိတော့ဘူးဟုပင် ပြောကြသည်။

အင်ပါယာဂိတ်တွင် ပြန်ပြင်ထားသည့်သင်္ကေတပုံ ရှိလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။

“သတ်..”

ဖုံများဖုံးလွှမ်းနေသည့် အကြီးအကဲမှ အော်ဟစ်ကာ ပျက်စီးနေသည့် ပုံတစ်ခုကို အသက်သွင်းလိုက်သည်။ အစီအရင်သင်္ကေတပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာကာ အင်ပါယာဂိတ်မှ အစီအရင်အုတ်မြစ်စွမ်းအားတစ်ခု တရှိန်ထိုး ပြေးထွက်လာသည်။

အမ်.. ကျွဲထီးကြီးပင် သူ့ခန္ဓာကိုယ်ပေါ်မှ အမွေးများ ထောင်ထသွားသည်ဟု ခံစားလိုက်ရသည်။

ချောင်ယုရှင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေလေပြီ။ သူ တတိယသတ်ဖြတ်ခြင်းအစီအရင်ကို ပိုင်ဆိုင်ထားသည်ပင်။ သို့သော်လည်း တတိယသတ်ဖြတ်ခြင်းအစီအရင်သည် ပထမသတ်ဖြတ်ခြင်းအစီအရင်နှင့်ယှဉ်လျှင် ခြေမျက်စိပင်မမှီဘူးဟု သူ့ဆရာပြောခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ပထမသတ်ဖြတ်ခြင်းအစီအရင်မှာ လောကကြီးမှ ဖန်တီးထားသည့်သတ်ဖြတ်ခြင်းအစီအရင်ပင်။

အစီအရင်တစ်စိတ်တစ်ပိုင်းပေါ်လာကာ အဆုံးမရှိသည့်မှော်အဆောင်များ၊ အစီအရင်ပစ္စည်းများနှင့် အခြားအရာများထွက်ပေါ်လာသည်။

ရာပေါင်းများစွာရှိနေသည့် အစီအရင်အဆောင်နောက်၌ အကြီးအကဲတစ်ဦးစီ ရပ်နေကြသည်ပင်။ သူတို့အားလုံးသည် မြို့ထဲမှ နာမည်ကြီးသည့်သူများပင်။

အသက်အကြီးဆုံးအဆင့်လွန်သက်ရှိသည် ပျက်စီးနေသည့် အစီအရင်သင်္ကေတပေါ်၌ ထိုင်နေကာ သူ့တစ်ကိုယ်လုံးသွေးများစီးကျနေသည်။

ဝုန်း..

အန်းလန်ကို သတ်ရန် ပြိုင်ဘက်ကင်းသည့်စွမ်းအား ကျရောက်လာသည်။

ထိုအချိန်တွင် စစ်ရထားလုံးထဲမှ ထိုလူကိုယ်တိုင်လှုပ်ရှားလာလေ၏။ လက်ညှိုးတစ်ဖက်ထွက်လာကာ လေဟာနယ်ကိုတို့လိုက်သည်။

ထိုသို့တို့လိုက်သည်နှင့် ဤနေရာ၌ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။

ဝုန်း..

အစီအရင်ပစ္စည်းများ၊ အဆောင်များနှင့် အခြားအရာများအားလုံး ပျက်စီးသွားသည်။ အဆောင်များနောက်၌ ရှိနေသည့် နာမည်ကြီးသည့်သူအားလုံးလည်း သွေးမြူအဖြစ် ပြောင်းလဲသွားသည်။ အင်ပါယာဂိတ်မှ အဆင့်လွန်သက်ရှိသည်လည်းအလင်းမိုးအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားသည်။ ဘာမှပင် မကျန်တော့။

“ပုရွက်ဆိတ်တွေက အရမ်းကို ရဲတင်းနေတာပဲ.. မင်းတို့ ဒီလိုမျိုးခံသင့်တယ်..” ကျွဲထီးကြီး ရယ်မောလိုက်သည်။

အင်ပါယာဂိတ်မှာ သွေးပျက်နေကြလေပြီ။

မျှော်လင့်ချက်မရှိ။ အသက်ရှင်နိုင်ချေလည်းမမြင်။

သို့သော် အန်းလန် သူ၏အခြားလက်တစ်ဖက်ကို သုံးလိုက်သောကြောင့် သူ့အပေါ်ဘက်၌ရှီနေသည့် ထိုရှေးဟောင်းမြို့ မတည်မငြိမ်ဖြစ်လာကာ ပြင်းထန်စွာ တုန်ခါလာသည်။

တစ်ချိန်တည်းမှာပင် မူလဧကရာဇ်မြို့အလယ်၌ ရှိနေသည့် နောက်ဆုံးဘုရင်လည်းအသက်ရှူပေါက်ရသွားသည်။ သူသည် အားထည့်ကာ ကောင်းကင်ကြီး ပြင်းထန်စွာတုန်ခါလာအောင် လုပ်လိုက်သည်။

ကောင်းကင်ချောက်နက်မှ ဆူညံသံများ ထွက်ပေါ်လာကာ နက်နဲလှသည့် ထာဝရတာအိုဥပဒေသစွမ်းအင်များ ကျရောက်လာကာ အန်းလန်ကို ဝန်းရံသွားသည်။

အန်းလန်၏လက် တောက်ပလာကာ ရှေးဟောင်းမြို့ကို ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အမိန့်စာငါးခုလည်း လှုပ်ရှားလာကာ မသေမျိုးခွန်အားများ ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် မသေမျိုးဘုရင်ငါးဦး ဟစ်ကြွေးကာ စွမ်းအားများ ထုတ်ပြီး ကောင်းကင်ချောက်နက်ကို ဖျက်ဆီးရန် ကြိုးစားလာကြသည်။

ဒုန်း..

ကောင်းကင်ချောက်နက်ကြီး တုန်ခါလာကာ ကြီးမားလှသည့်အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာသည်။

ရွှီးဟူသည့်အသံနှင့်အတူ ထာဝရအလင်းများ ထွက်ပေါ်လာသည်။ ထို့နောက် တာအိုဥပဒေသများကို ဖရိုဖရဲဖြစ်စေကာ ကောင်းကင်နှင့်မြေကြီးကို မတည်မငြိမ်ဖြစ်စေသည့် မြစ်တစ်စင်း ထွက်ပေါ်လာသည်။

“အချိန်နဲ့ လေဟာနယ်က ပျက်စီးနေပြီ..” တစ်ဖက်လောကမှ မသေမျိုးသက်ရှိများပင် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြသည်။

ဤကဲ့သို့သော စွမ်းအားမျိုးမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤစွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို မတည်မငြိမ်ဖြစ်စေကာ ယခု အချိန်မြစ်ကြီးပင် ပေါ်လာလေပြီ။

“ဒါက ဘာလုပ်လို့ရမှာလဲ .. မင်းတို့အားလုံးက ပုရွက်ဆိတ်ထက်မပိုဘူး..” ကျွဲထီးကြီး ရယ်မောလိုက်သည်။

လောကကြီးတုန်ခါလာကာ အချိန်မြစ်ပေါ်လာသည့်အချိန်တွင် ထိုကျွဲထီး ပါးစပ်ပိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ အလွန်အန္တရာယ်များသည်ကို သူခံစားမိသည်ပင်။ သူတို့ အချိန်ဂိတ်တံခါးကို ဖြတ်သန်းသွားနေရသကဲ့သို့ပင်။

ဤကဲ့သို့သော အဆင့်အမြင့်ဆုံးတိုက်ပွဲမှာ မကောင်းသည့်အရာများကို နှိုးဆွနိုင်သည်ဟု သူကြားဖူးသည်ပင်။

ဝုန်း..

ထို့နောက် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းမှ ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ပျံ့လွင့်လာကာ အိုးတစ်လုံး ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအိုးသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် ကြီးမားလှကာ နယ်ခြားစပ်ကို ချက်ချင်းပင် ပွတ်တိုက်သွားသည်။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။

ဒီအိုးက ဘယ်ကနေ ရောက်လာတာလဲ .. သူ၏အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။

တိုက်ပွဲကြီးတစ်ခု၏အလယ်၌ အချိန်မြစ်ကို ဖြတ်ကျော်ကာ အိုးတစ်လုံး ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ထိုအိုးနှင့်အတူ ကြယ်ကြီးများ ကြွေကျလာသည်။ အိုးကိုယ်ထည်ကို ထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သွေးများ စွန်းထင်းနေသည်။

အိုးအဝတွင် ကြယ်များဖြင့်ပြည့်နေသည့်ကောင်းကင်တစ်ခု ရှိနေသည်ပင်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. အချိန်မြစ်ကနေ အိုးတစ်လုံး ပေါ်လာတာလား..” မသေမျိုးသက်ရှိများပင် ထိတ်လန့်သွားရသည်။

အိုး၌ အသက်ရင်းမြစ်စွမ်းအင်များ ဝေ့ဝဲနေကာ ထိုအိုးကျဆင်းလာသည်နှင့် ကျွဲထီးကြီး သနားစဖွယ်အော်ဟစ်လာသည်။ သူ၏ဘယ်ခြေထောက်ကျိုးသွားကာ ကန္တာရ၌ ဒူးထောက်လိုက်ရသည်။

ဤသည်မှာ မည်မျှပင် ကြီးမားလိုက်သည့်အားဖြစ်သနည်း..

“အိုးပေါ်မှာ လူတစ်ယောက်ရှိနေတယ်..” ထိုအချိန် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ထိုလူသည် အားလုံးကို ကျောပေးထားကာ သူ့တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေသည်။ သူသည် အခြား အချိန်-နေရာတစ်ခု၌ အခြားတိုက်ပွဲတစ်ခု တိုက်ခိုက်နေသည့်ပုံပင်။ သူသည် သေမျိုးလောကကို ကြည့်နေသည့် ကောင်းကင်ဧကရာဇ်ကဲ့သို့ပင် မြဲမြံစွာ ရပ်နေသည်။

သူက ဘယ်သူလဲ .. သူက အချိန်မြစ်ကို ကျော်ဖြတ်လာပြီးတော့ အန်းလန်ရဲ့ ရထားလုံးဆွဲတဲ့သားရဲကို မြေပေါ်ဒူးထောက်အောင် လုပ်လိုက်တာလား..

အပိုင်း ၁၈၃၂ ပြီး၏။
Chapter – 1833 အချိန်နှင့်နေရာကို ကျော်ဖြတ်သည့်တိုက်ပွဲကြီး

ဒီလူက ဘယ်သူလဲ … အားလုံးထိတ်လန့်သွားရသည်။

မသေမျိုးသက်ရှိများပင် မျက်နှာအမူအရာ ပြောင်းနေပြီဖြစ်သည်။ အပြင်လူတစ်ယောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး တိုက်ပွဲထဲ ဝင်ပါလာတာလဲ..

ဖူး..

ကောင်းကင်ချောက်နက်၏ အက်ကွဲကြောင်းမှ သွေးများလွင့်စင်ထွက်လာ၏။

ဤသွေးများထဲတွင် ထိုလူ၏သွေးပါဝင်သလို သူနှင့်တိုက်ခိုက်နေသည့်သူ၏သွေးများလည်း ပါဝင်သည်ပင်။

အဲဒါက ဘယ်လိုတိုက်ပွဲမျိုးလဲ .. အားလုံး ထိတ်လန့်သွားရသည်။ နယ်ခြားစပ်၌ ဖြစ်နေသည့် တိုက်ပွဲမှာ အန္တရာယ်များသည်ဆိုလျှင် ကောင်းကင်ချောက်နက်မှ ဖြစ်ပေါ်လာသည့်အခြေအနေမှာလည်း ထိတ်လန့်စရာကောင်းလှသည်ပင်။

ဝေါင်း..

ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းမှ လက်သည်းတစ်ဖက်ထွက်လာကာ နေနှင့်လကို ဖုံးအုပ်သွားသည်။

ဝုန်းဟူသည့်အသံနှင့်ထိုလက်ကြီးသည် အိုးပေါ်မှ ထိုလူကို ဖမ်းဆုတ်ရန်ကြိုးစားလာသည်။

အားလုံး ဆွံ့အသွားရ၏။ အိုးတစ်လုံးနှင့် လူတစ်ဦး ပေါ်လာရုံသာမက ပြိုင်ဘက်ကင်းသည့်အခြားသက်ရှိလည်း ရောက်လာကာ ထိုသူနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ထိုလူသည် အားလုံးကို ကျောပေးထားကာ ရန်သူကို တစ်ယောက်တည်း တိုက်ခိုက်နေသည်။ သူသည် ဆိုးရွားသည့်တိုက်ပွဲများစွာကို တိုက်ဖူးခဲ့သည့်သူကဲ့သို့ အလွန်ပင်တည်ငြိမ်နေသည်။

ဝုန်း..

သူ၏ခန္ဓာကိုယ်တောက်ပလာသည်။ ထိုအခိုက်အတန့်တွင် သူ၏ဆံပင်များပင် ရွှေရောင်ဖြစ်သွားသည်။

မူး…

အောက်ဘက်ရှိ ကျွဲထီးကြီး ရှည်လျားစွာ အော်ဟစ်လိုက်သည်။ ထိုအိုး အောက်ဘက်သို့ ကျရောက်လာခြင်းမရှိသော်လည်း ထိုအိုးမှ ထုတ်လွှတ်သည့် အလင်းများသည် သူ့ကို ကြောက်ရွံ့နေစေသည်ပင်။

ထိုလူ လက်သီးကို ဝေ့ရမ်းလိုက်သည်နှင့် နတ်ခွန်အားများ ထွက်ပေါ်လာသည်။ ထိုလက်သီးသည် ကောင်းကင်ကို ထိုးခွဲသွားကာ ထိုလက်ကြီးကို မျက်နှာချင်းဆိုင်ပင် တိုက်ခိုက်လိုက်သည်။

ဖုန်း..

မူလဖရိုဖရဲမြူများ ထွက်ပေါ်လာ၏။ ထိုလက်သည် ပုံပျက်သွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေသည်။

ထိုလက်သည် ရုတ်တရက် ကျုံ့သွားပြီးနောက် နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလာသည်။ ရွှေရောင်ကဲ့သို့တောက်ပနေသည့် အကြေးခွံများရှိနေသည့် ကြီးမားလှသည့်သားရဲကြီးတစ်ကောင်ပေါ်လာသည်။ ထိုသားရဲသည် ကောင်းကင်ထက်ရှိ ကြယ်များထက်ပင် ကြီးသေးသည်။ သို့သော် ထိုသားရဲပုံစံကို သေချာမမြင်ရသေးခင်မှာပင် ထိုသားရဲ လူသားပုံစံသို့ ပြောင်းသွားလေသည်။

ချွမ်း..

ထာဝရရွှေချပ်ဝတ်တန်ဆာ ထိခပ်မိသည့်အသံများထွက်ပေါ်လာသည်။ ထိုသားရဲကြီးသည် လူသားပုံစံအဖြစ်သို့ ပြောင်းသွားပြီးနောက် သူ့တစ်ကိုယ်လုံးကို အစိမ်းရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားသည်။ သူ၏မျက်နှာကိုပင်ဖုံးအုပ်ထားကာ အစိမ်းရောင်မျက်လုံးတစ်စုံကိုသာ မြင်ရသည်။

ကျွမ်းကျင်သူနှစ်ဦးသည် အောက်ဘက်မှ လောကကြီးကို တစ်ချက်ပင်မကြည့်။ သူတို့နှစ်ဦးလုံး တစ်ယောက်ကိုတစ်ယောက်သာ စိုက်ကြည့်နေကြပြီး မျက်ဝန်းတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နှက်နေသည်။

ရွှီး..

သူတို့နှစ်ဦး၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ ထိုအိုးသည် အနည်းငယ်သေးသွားကာလျှပ်စီးတစ်တန်းကဲ့သို့ ပြေးဝင်သွားလေ၏။

ဒုန်း…

အစိမ်းရောင်ချပ်ဝတ်တန်ဆာ တောက်ပလာသည်။ ထိုလူသားပုံစံသားရဲသည် နတ်စွမ်းရည်များအသုံးပြုကာ ထိုအိုးကို တားဆီးလိုက်သည်။ သဘာဝဥပဒေသသင်္ကေတများသည် ကောင်းကင်ကို ကွဲအက်သွားစေကာ ထာဝရရွှေမှဖြစ်ပေါ်လာသည့် ထိုအိုးကို တွန်းကန်ထားလေသည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမှာ အချိန်မြစ်ရှည်ကြီးကိုပင် တုန်ခါသွားစေသည်။

ဤကဲ့သို့သော ရုတ်တရက်ဆန်သည့်ပြောင်းလဲမှုမှာ မသေမျိုးသက်ရှိများကို စိုးရိမ်မှုများ ပြည့်နှက်သွားစေသည်။

အရေးကြီးသည့်အချိန်တွင် စွမ်းအားကြီးသည့် ပြိုင်ဘက်တစ်တွဲ ရုတ်တရက် ရောက်လာကာ ဤနေရာ၌ ပြင်းထန်စွာ တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြ။

သူတို့က ဘယ်သူလဲ .. ဘယ်ကနေ လာတာလဲ .. ဘယ်ခေတ်ကနေ ရောက်လာတာလဲ..

သူတို့ ဤအချိန်၊ ဤနေရာမှ မဟုတ်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ အချိန်ဂိတ်တံခါးမှ ထွက်လာခဲ့ခြင်းပင်။

ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ အရိုးစာအုပ်များတွင် ဤအဖြစ်အပျက်နှင့်ဆင်တူသည့်ကိစ္စများကို မှတ်တမ်းတင်ထားခဲ့သည်။ သို့သော် မည်သူကများ မြင်ဖူးခဲ့ကြသနည်း.. ဤသည်မှာ ရှေးယခင်များ၌ပင် မြင်တွေ့နိုင်ရန် ရှားပါးလှသည့် အဖြစ်အပျက်ပင်။

ယခု သူတို့အားလုံး ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလေပြီ။ တစ်ဖက်လောကမှ သန်းနှင့်ချီသည့်စစ်တပ်များ၊ အင်ပါယာဂိတ်ရှိ လူများ၊ ကျင့်ကြံသူငယ်လေးမှစ မသေမျိုးသက်ရှိများထိ အားလုံး ဤမြင်ကွင်းကို သူတို့မျက်စိဖြင့် မြင်လိုက်ရလေပြီ။

ဘာဖြစ်နေသည်ကို အချို့သူများ နားလည်ကြသည်ပင်။ ဤကဲ့သို့သောကိစ္စမျိုးဖြစ်လာခြင်းမှာ ယခု နယ်ခြားစပ်၌ အဆင့်အမြင့်ဆုံးတိုက်ပွဲဖြစ်နေသောကြောင့်ပင်။ ထို့အတူ အခြား အချိန်နှင့်နေရာတွင်လည်း အရှိန်တက်နေသည့်တိုက်ပွဲတစ်ခု ရှိနေသည်ပင်။

မတူညီသည့်အချိန်နှင့်နေရာတွင် တိုက်ခိုက်နေသည့်သူများသည် အချိန်နယ်ခြားနံရံတစ်မျိုးကို ထိခတ်မိသွားကာ အချိန်မြစ်ကြီး ထွက်ပေါ်လာပြီး ဤနှစ်ဦးကို ဤနေရာသို့ ခေါ်ဆောင်လာသည်ပင်။

ဤသည်မှာ ဒဏ္ဍာရီများထဲမှ ဒဏ္ဍာရီပင်။

“စီးဆင်းနေတဲ့ အချိန်အလင်း..”

တစ်ဖက်လောကမှ မသေမျိုးသက်ရှိ ရေရွတ်လိုက်သည်။

ထိုနှစ်ဦး လှုပ်ရှားလိုက်တိုင်း အချိန်အလင်းများ ထွက်ပေါ်လာသည်။ သူတို့လက်ဝေ့ရမ်းလိုက်သည်နှင့် အရာအားလုံးပျက်စီးသွားလေသည်။

ဝုန်း..

နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်နှင့်တူသည့်သက်ရှိသည် အိုးကြီးကို အသက်သွင်းကာ အစိမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူကို ထုနှက်လိုက်သည်။

ထိုလူသည် သွေးအန်သွားကာ ကောင်းကင်ချောက်နက်ရှိ အက်ကွဲကြောင်းထံသို့ လွင့်ထွက်သွားလေသည်။ ဤအိုးမှာ သူ့အားပြင်းထန်သည့်ဒဏ်ရာများ ဖြစ်စေခဲ့သည်ပင်။ သူ၏ရင်ဘတ်ပင် ချိုင့်ဝင်သွားလေ၏။

မြေပြင်ရှိလူများအားလုံး အေးခဲသွားသည်။ တစ်ဖက်လောမှ မသေမျိုးဘုရင်များဖြစ်စေ အင်ပါယာဂိတ်မှ သူရဲကောင်းများဖြစ်စေ သူတို့အားလုံး ဦးရေပြားများ ထုံကျဉ်သွားရသည်။

ထိုအိုးအဝမှ အသက်ရင်းမြစ်စွမ်းအင်များ ဝင်လိုက်ထွက်လိုက်ဖြစ်နေသည်ကို အားလုံးမြင်နေရသည်ပင်။

အခြားတစ်ယောက်ယောက်သာ ဤအိုးဖြင့် ရိုက်ခံလိုက်ရပါက ပြာမှုန့်ပင် ကျန်မည်မဟုတ်။

သို့သော် အစိမ်းရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်သူသည် ဤရိုက်ချက်ကို ခံနိုင်လေ၏။ သူ ဒဏ်ရာရသွားသော်လည်း သူသည် ထူးချွန်ကာ ထူးခြားသည့်သူပင်။

ဝုန်း..

အိုးပေါ်တွင် မတ်တပ်ရပ်နေသည့်သူသည် ထိုသူနောက်သို့ လျင်မြန်စွာပင်ပြေးလိုက်သွားလိုက်လေ၏။

အိုးကြီးလည်း အစိမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူနောက်သို့ ပြေးလိုက်သွားနေသည်ပင်။ ခဏကြာပြီးနောက် သူ လက်ဆန့်ထုတ်လိုက်ကာ ထိုလူကို ဖမ်းဆုတ်လိုက်သည်။

“ဘုရင် .. အရှင်တိုက်ခိုက်မှာလား..”

ထိုအချိန်တွင် တစ်ဖက်လောကမှ မသေမျိုးသက်ရှိများသည် အန်းလန်ထံသို့ အသံပို့လွှတ်ကာ ညွှန်ကြားချက် တောင်းခံလာသည်။ ဤသည်မှာ အကောင်းဆုံးအခွင့်အရေးပင်။ သူတို့သာ ရိုက်ချက်ကောင်းကောင်းကိုထိသွားလျှင် အိုးပေါ်မှလူ ဤနေရာ၌ သေပင်သေသွားနိုင်သည်။

အဘယ်ကြောင့်ဆိုသော် မသေမျိုးသက်ရှိများလည်း ခြိမ်းခြောက်မှုကို ခံစားနေရသည်ပင်။ သူတို့ ဤလူကို အရင်ဦးအောင် ရှင်းပစ်သင့်သည်ဟု ခံစားနေရသည်။

ယခုအချိန်တွင် သူတို့အခြေအနေများကို အပြည့်အဝနားမလည်သေးသော်လည်း အန္တရာယ်ရှိလာလျှင် တစ်ဖက်လူ၏တိုက်ခိုက်မှု ရောက်လာမည်ကို စောင့်ဆိုင်းနေသည်ထက် ကိုယ်ကသာ အရင်လှုပ်ရှားလိုက်မည်။ ဤသည်မှာ သူတို့ အလုပ်လုပ်သည့်ပုံစံပင်။

ထိုအခိုက်အတန့်တွင် တိတ်ဆိတ်နေသည်စစ်ရထားလုံးထဲမှ အန်းလန်၏ ပြန်ဖြေသံ ထွက်ပေါ်လာသည်။

“ငါတို့နှစ်ယောက်က အချိန်တစ်ခုတည်းက လူမဟုတ်ဘူး .. သူတို့နှစ်ယောက်ပေါ်လာတာကလည်း ဘုရားပဲသိလိမ့်မယ့် ထူးဆန်းမှုကြောင့်ပဲ .. သူတို့လာပြီး ထွက်သွားပါစေ … ငါသူနဲ့ တိုက်ခိုက်မှာမှာမဟုတ်ဘူး .. အချိန်မြစ်ရှည်ကြီး ထွက်ပေါ်လာရင် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်”

ဤသည်မှာ အန်းလန်ပြောလိုက်သည့်စကားပင်။ သူသည် ထိုမသေမျိုးသက်ရှိကြားရုံလောက်သည့်လေသံဖြင့်သာ ပြောလိုက်ခြင်းပင်။

အိုးပေါ်မှလူသည် ထိုသက်ရှိ၏နောက်ကျောကို တစ်ချက်တည်းဖြင့် ဖမ်းဆုတ်လိုက်သည်။

“ငါ မင်းကို ခုခံနေတာ ကြာလှပြီ .. သတ် သတ် သတ် သတ် သတ်..”

အစိမ်းရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်သူသည် ရုတ်တရက်လှည့်လိုက်ကာ သတ်ဟူသည့်စကားလုံးကို ငါးကြိမ် ရွတ်လိုက်လေသည်။

ဝုန်းဟူသည့်အသံကြီး ထွက်ပေါ်လာကာ ကောင်းကင်ကြီးပြိုကျပြီး ကမ္ဘာမြေကြီး ပျက်စီးသွားသည်။ အချိန်မြစ်ပင် လမ်းကြောင်းပြောင်းတော့မလိုပင်။

ဒုန်း..

ထိုအိုးသည် ကောင်းကင်ချောက်နက်ထက်သို့ ပျံသန်းသွားကာ ထိုအက်ကွဲကြောင်းကြီး အချိန်မြစ်အား ဖိနှိပ်နေသည်ကို တားဆီးလိုက်သည်။ အချိန်မြစ်ကို လမ်းကြောင်းပြောင်းခွင့်မပြု။ သူ ဤနေရာ၌ ဆက်လက်တိုက်ခိုက်ချင်နေသေးသည်။

ရထားလုံးထဲ၌ ရှိနေသည့်အန်းလန်သည် ပထမဆုံးအကြိမ်အဖြစ် မျက်လုံးများ လောင်ကျွမ်းလာလေ၏။ အဘယ်ကြောင့်ဆိုသော် အိုးပေါ်မှ လူသည် ထွက်မသွားပဲ တိုက်ပွဲကို ဤနေရာ၌ အဆုံးသတ်ချင်နေသည်။

အစိမ်းရောင်ချပ်ဝတ်တန်ဆာသည် ကောင်းကင်မှကြယ်များစွာ စုပေါင်းထားသည်ထက်ပင် ပို၍တောက်ပလာသည်။ ထွက်ပေါ်လာသည့်အော်ရာမှာလည်း အလွန်စွမ်းအားကြီးလှသည်ပင်။

သူတို့ ဤအချိန်၊နေရာမှမဟုတ်ပဲ သူတို့ကို ထူးဆန်းသည့်စွမ်းအားတစ်ခု ခြားနားထားသော်လည်း မြေပြင်ထက်ရှိလူများမှာ တုန်လှုပ်နေဆဲပင်။

ထိုအချိန်တွင် အိုးပေါ်တွင်ရပ်နေသည့်သူမှ ပထမဆုံးအကြိမ် စကားပြောလာသည်။ သူ၏စကားကို နားမလည်နိုင်။

သို့သော်လည်း ပြိုင်ဘက်ကင်းသည့်တာအိုဥပဒေသများမှတစ်ဆင့် သူပြောချင်သည့်ဆိုလိုရင်းကို နားလည်သည်ပင်။

သူ၏အသံသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၌ ပဲ့တင်ထပ်သွားကာ အမိန့်စာတစ်ခု ကျလာသကဲ့သို့ အသံမှာ အလွန်ခမ်းနားလှသည်။

“ရန်သူနဲ့ ရင်ဆိုင်တဲ့ အချိန်ကျရင် လူတစ်ယောက်က အရှေ့ကို ဆက်ပြီး ချီတက်ဖို့ လိုအပ် တယ်”

ဤစကားလုံးကိုးလုံး ပြောလိုက်သည်နှင့် အလင်းလုံးကိုးခုပေါ်လာကာ အဆုံးမရှိသည့်စွမ်းအားများလည်း ထွက်ပေါ်လာသည်။ စာလုံးကိုးလုံး ပေါင်းစည်းသွားသည့်အချိန်တွင် လျှို့ဝှက်ပညာတစ်ခုဖြစ်သွားကာ အတားအဆီးအားလုံးကို ချက်ချင်း ဖောက်ခွဲပစ်လိုက်လေ၏။

ဖူး..

ထိုအစိမ်းရောင်ချပ်ဝတ်တန်ဆာနှင့်လူ သွေးအန်သွားကာ နောက်ယိုင်သွားသည်။

အိုးပေါ်မှလူသည် တစ်ဖက်လူကို ဆုတ်ကိုင်လိုက်ကာ သူ၏ခန္ဓာကိုယ်အား ရက်စက်စွာပင် စုတ်ဖြဲပစ်လိုက်လေ၏။ ထိုလူ၏ခန္ဓာကိုယ် နှစ်ပိုင်းဖြစ်သွားသည့်အပြင် သူ၏မူလဝိညာဉ်လည်း နှစ်ပိုင်းဖြစ်သွားသည်။

ရွှီး..

အိုးကြီးတောက်ပလာကာ အလောင်းနှင့်သွေးများကို သိမ်းဆည်းသွားလေ၏။

အပိုင်း ၁၈၃၃ ပြီး၏။
Chapter – 1834 ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူ

လောကကြီးကို တုန်လှုပ်စေသည့်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကာ အားလုံး တည်ငြိမ်နိုင်ရန် ခက်ခဲနေကြသည်။ သူက ဘယ်သူလဲ .. သူက ဘယ်ကနေ လာတာလဲ .. သူ့အသက် ဘယ်လောက်လဲ..

ကောင်းကင်ထက်တွင် သွေးမိုးရွာသွန်းနေပြိး ထိုသွေးသည် ကြယ်မြစ်မှ ကြယ်များကိုပင် လောင်ကျွမ်းသွားစေလေ၏။

အိုးမှ နတ်အလင်းများ ထွက်ပေါ်နေကာ အလုံးစုံအသက်စွမ်းအင်ရင်းမြစ်များလည်း ပေါ်ထွက်လာပြီး ပျံ့ကြဲနေသည့် သွေးစွမ်းအင်များကို စုတ်ယူလိုက်သည်။ ထိုစွမ်းအင်များသည် ကြယ်အချို့နှင့်အတူ အိုးထဲသို့ ဝင်သွားလေ၏။

သွေးအနည်းငယ်သာ ကျန်တော့သည်။ ထိုသွေးကိုပြုပြင်လိုက်သည့်အချိန်တွင် မည်သည့်မှော်ခွန်အားမှ မရှိတော့။ ကောင်းကင်ကြီးကိုသာ နီရဲနေစေတော့သည်။

ထိုအိုးပေါ်မှလူသည် အိုးနှင့်အတူ တစ်ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

ထိုလူ၏ခန္ဓာကိုယ်မှာ ရှည်လျားဖြောင့်စင်းနေကာ သူ၏နက်မှောင်သည့်ဆံပင်များလည်း ဝဲကျနေသည်။ မျက်လုံးများမှာ လေးနက်လှကာ သူရဲကောင်းစွမ်းအင်များလည်း ထုတ်လွှတ်နေသည်ပင်။

ထိုအိုးမှာ ရိုးရှင်းကာ ရှေးကျလှသည်။ ထိုအိုးကို အသက်စွမ်းအင်များနှင့်အတူ ထာဝရရွှေမျိုးစုံဖြင့် ထွင်းထုထားခြင်းပင်။

ထိုလူသည် အိုးပေါ်၌ ထိုင်နေပြီး သူ၏ခန္ဓာကိုယ်တွင် သွေးများစီးကပ်နေသည်။ အချို့မှာ သူ့ရန်သူ၏သွေးများဖြစ်ပြီး အချို့မှာ သူ့သွေးများပင်။

ဤမျှစွမ်းအားကြီးသည့်ပုဂ္ဂိုလ်ပင် ဒဏ်ရာရနေသောကြောင့် ထိုတိုက်ပွဲမှာ မည်မျှပင် ကြောက်စရာကောင်းသည်ကို စဉ်းစားကြည့်နိုင်သည်။ ဤသည်မှာ လူတစ်ယောက်တည်းကြောင့်ဖြစ်လာသည့်ဒဏ်ရာများ မဟုတ်သည်မှာ သေချာသည်။

အိုးပေါ်တွင်လည်းဓားရာများနှင့် အဆင့်လွန်လက်နက်များမှ ကျန်ခဲ့သည့် တံဆိပ်များရှိနေသည်ပင်။

ထို့အပြင် ဤအရာများမှာ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤအိုးတွင် သူ့ကိုယ်သူ ပြန်လည်ကုသနိုင်သည့် အလွန်ထူးခြားသည့်စွမ်းရည်ရှိနေသည်ပင်။ အချို့အရာများမှာ မှေးမှိန်ပျောက်ကွယ်သွားပြီဖြစ်သည်။

တစ်ဖက်လောကမှာ ယခုတော့ ရန်သူကြီးနှင့် ရင်ဆိုင်နေရလေပြီ။

သူတို့အတွက်တော့ ဤသက်ရှိမှာ မထင်မှတ်ထားသည့်အရာတစ်ခုပင်။ ဤသည်မှာ ကောင်းလားဆိုးလား သူတို့မသိ။

အနည်းဆုံးတော့ သူ ပေါ်မလာလျှင် ပိုကောင်းမည်ပင်။

အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ လူများအားလုံး စိတ်ထဲတုန်လှုပ်နေကာ တစ်ခုခုကို မျှော်လင့်နေကြသည်။

သို့သော် အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ဦးသည် သက်ပြင်းချလိုက်ကာ “ငါတို့ရဲ့ ကံတရားကို တစ်ခြားလူတစ်ယောက်ရဲ့ ပုခုံးပေါ် ပြောင်းတင်လိုက်လို့မရဘူး .. သူ တိုက်ခိုက်ဖို့ဆန္ဒရှိတယ်ဆိုရင် ကိစ္စမရှိဘူး .. ဒါပေမဲ့ ငါတို့တွေက အချိန်တွေ၊ နေရာတွေမတူဘူး .. အဲဒီတော့ သူတို့တွေ တကယ်တိုက်ခိုက်တယ်ဆိုရင် အကျိုးဆက်ကို ခန့်မှန်ဖို့ ခက်ခဲလိမ့်မယ်..”

ဤသည်မှာ အရိုးစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်အရာပင်။

“မင်း ထွက်သွားသင့်ပြီ..”

ကန္တာရထဲရှိ ရှေးဟောင်းစစ်ရထားလုံးမှ တည်ငြိမ်သည့်စကားသံ ထွက်ပေါ်လာသည်။ သူသည် ဘဝ၏ရွှေရောင်နေ့ရက်များသို့ ရောက်နေသည့်လူငယ်လေးတစ်ဦးကဲ့သို့ပင်။ လုံးဝအသက်မကြီးသေး။

ဤသည်မှာ အန်းလန်ပင်။ ဤသည်မှာ အားလုံးရှေ့ သူ ပထမဆုံးအကြိမ် စကားပြောလိုက်ခြင်းပင်။

အိုးပေါ်မှ လူမှာ ဘာမှမပြော။ ဆက်လက်ဆင်းလာနေဆဲပင်။

သူ၏ပုံစံအမှန်ကို မည်သူမှမမြင်ရ။ ထိုနေရာနားတစ်ဝိုက်တွင် မြူများ အုံ့ဆိုင်းနေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်အပြင်ပန်းကို ကြည့်ရုံဖြင့် သူ၏ရွှေရောင်နေ့ရက်များ၌ ရောက်နေကြောင်း သိနိုင်သည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်မှ အသက်စွမ်းအင်များ ထွက်ပေါ်လာနေသည်ပင်။

သူ၏မျက်လုံးများမှာ စူးရှလှသည်။

မူး.

ရွှေရောင်ကျွဲထီးမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ သူ့စိတ်ထဲ အလွန်ပင် ထိတ်လန့်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူဆင်းသက်လာသည်နှင့် သူ၏ခန္ဓာကိုယ်ထဲမှ အရိုးများမှာ ပေါက်ကွဲတော့မတတ် တစ်ချောင်းပြီးတစ်ချောင်းကျိုးလာသည်။

ခွပ်..

နောက်ဆုံးတွင် သူခြေထောက်လေးဘက်လုံး ကျိုးသွားသည်။ သူသည် ယခင်က ဒူးထောက်နေခြင်းဖြစ်သော်လည်း ယခုတော့ မြေပြင်ပေါ်၌ လဲနေကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ ဤသည်မှာ မသေမျိုးဘုရင်တစ်ပါး၏ ရထားလုံးကိုဆွဲသည့် ရှေးဟောင်းသားရဲပင်။ မည်သူကများ သူ့ကို ထိရဲမည်နည်း..

သို့သော် ဤထူးဆန်းသည့်ကျွမ်းကျင်သူသည် ဤကျွဲထီးကို တုန်လှုပ်သွားစေကာ သူ၏အရိုးများကို ဆက်တိုက်ကျိုးစေလိုက်သည်။

သိထားရမည်မှာ ဤကျွဲထီးသည် ယခင်က အလွန်မောက်မာကာ အားလုံးကို အထင်သေးနေသည်ပင်။ သူသည် ကောင်းကင်ဘုံကိုးခုကို ရွံရှာသည့်ပုံစံမျိုး လုပ်ခဲ့သည်ပင်။

သို့သော် ယခုတော့ သူ တမူးမူး အော်ဟစ်နေရလေပြီ။

အားလုံး ထိတ်လန့်သွားရ၏။ ဒါက မသေမျိုးဘုရင်အန်းလန်ကို ရန်စလိုက်တာလား..

ဘယ်သူက မသေမျိုးဘုရင်ကို ရန်စရဲလို့လဲ .. ယခုတော့ ဤလူ ရန်စလိုက်လေပြီ။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူအချို့ လက်သီးကို တင်းကြပ်စွာ ဆုတ်ထားကြသည်။ သူတို့ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားကာ ထိုလူနေရာတွင် ထိုရထားလုံးကို လွင့်ထွက်သွားအောင် ကန်ပစ်လိုက်ချင်သည်။

“ကျုပ်တို့ တိုက်ခိုက်လို့မရဘူးဆိုတာ မင်းသိသင့်ပါတယ် .. ငါတို့ တိုက်ခိုက်ရင် ဒီအချိန်နဲ့နေရာရော မင်းနောက်က လောကကြီးမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်သွားလိမ့်မယ်..” အန်လန်မှာ အလွန်တည်ငြိမ်နေဆဲပင်။

သူ့နောက်မှ ကျွမ်းကျင်သူများမှာ မကျေမနပ်ဖြစ်နေကြလေ၏။ အရှင်ဘိုးဘေးအန်းလန်က ဘာလို့ ဒီလူကို တန်းမသတ်ပစ်တာလဲ..

စီးတော်ယာဉ်သားရဲရဲ့ ခြေထောက်ကျိုးသွားပြီကို အရှင်အန်းလန်က ဘာလို့ မတိုက်ခိုက်တာလဲ..

“မင်းနဲ့ကျုပ်နဲ့က မတူညီတဲ့ အချိန်နဲ့နေရာမှာ တိုက်ခိုက်နေခဲ့ကြတာ .. ကောင်းကင်ချောက်နက်ကြီး စုတ်ပြဲသွားပြီး အချိန်ဂိတ်တံခါးကို ဖွင့်မိသွားကာ .. မင်း ကျုပ်ရဲ့သားရဲကို ဒဏ်ရာရအောင်လုပ်တာက ရုတ်တရက်ဆန်တဲ့ပြောင်းလဲမှု ဒါမှမဟုတ် နှောက်ယှက်မှုလို့ သတ်မှတ်လို့ရတယ် .. မင်း ရှေ့ဆက်လုပ်နေရင် လောကကြီးတစ်ခုလုံး ပြောင်းလဲသွားလိမ့်မယ်..”

ဝုန်း..

ထိုအချိန်တွင် ထိုစစ်ရထားလုံး တောက်ပလာကာ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့် တစ်လောကလုံး လင်းထိန်သွားသည်။

အန်းလန် လောကကြီး၌ ပေါ်ထွက်လာလေပြီ.

ထိုနေရာမှာ တောက်ပလွန်းလှသောကြောင့် လူအများစုမှာ မျက်လုံးမဖွင့်နိုင်ကြတော့။ စစ်ရထားလုံးထဲမှ လူသားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုလူသည် လက်တစ်ဖက်၌ မူလဧကရာဇ်မြို့ကို ကိုင်ထားကာ အခြားတစ်ဖက်တွင် ရွှေရောင်ရှေးဟောင်းလှံတံကို ကိုင်ထားလေသည်။

ထိုလှံတံမှာ တောက်ပလွန်းလှသည်။ သူသည် အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ် အကုန်လုံးကို တောက်ပနေစေသည်။

“ငါ တကယ် မင်းကို သတ်ပြီးမှ ပြန်သွားချင်တာ” အိုးပေါ်မှ လူ ပြောလိုက်သည်။

ဤစကားလုံးများမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူတစ်စု စိတ်လှုပ်ရှားသွားကြရသည်။ ဤလူသည် မည်မျှပင် ကြောက်စရာကောင်လှသနည်း.. သူသည် သေချာပေါက် ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူပင်။

တစ်ဖက်လောကမှ လူများမှာ ဆွံ့အသွားရသည်။ သူတို့ကြားလိုက်ရသည့်စကားကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ဤလူမှာ မောက်မာလှသည်။ သူသည် အန်းလန်ကိုပင် ဤကဲ့သို့ ပြောရဲသည်။

“ကြိုးစားကြည့်လို့ရပါတယ် .. ကျုပ်ရဲ့ကျောထက်မှာ ကောင်းကင်ချောက်နက်ကို တင်ထားပြီး လက်တစ်ဖက်နဲ့ မူလဧကရာဇ်မြို့ကို ထောက်ထားတယဆိုရင်တောင် ငါ အန်းလန်က ဒီလောကမှာ ပြိုင်ဘက်ကင်းဖြစ်နေတုန်းပဲ..”

အန်းလန် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

မြေပြင်ပေါ်ရှိ ကျွဲထီးကြီး နောက်ပြန်ဆုတ်သွားသည်။ သူ တကယ်ကို ကြောက်ရွံ့သွားခြင်းပင်။

ကံကောင်းသွားသည်မှာ ထိုအိုးထက်မှလူသည် သူ့အားအရေးမစိုက်သလို ယခုခအချိန်တွင် အလုံးစုံသက်ရှိစွမ်းအင်ကိုလည်း ထုတ်လွှတ်ခြင်းမရှိတော့။

“ဒါက တကယ်ကို ခက်တာပဲ .. သတ်ရမလား .. မသတ်ရဘူးလား..” ထိုလူ သူ့ကိုယ်သူ ပြောလိုက်သည်။

ဤသည်မှာ အားလုံးကို ချက်ချင်း တောင့်ခဲသွားစေသည်။ သူ တကယ်ပြောနေတာလား..

“မင်းသာ တကယ်တကယ်တိုက်ချင်ရင် မင်းတွေဝေနေမှာမဟုတ်ဘူး .. မင်းမှာ အချိန်သိပ်မကျန်တော့ဘူး .. မင်းအရင်ပြန်သွားလိုက်ပါ .. နောင်ကျရင် ငါတို့ထပ်တွေ့ရလိမ့်ဦးမယ်လို့ ငါခံစားနေရတယ် .. အဲဒီအချိန်ကျရင် သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်လာမှာပဲ..” အန်းလန်ပြောလိုက်သည်။

“ဘာလို့လဲ..” အနောက်ဘက်ရှိ တစ်ဖက်လောကမှ လူများ နားမလည်နိုင်ဖြစ်နေကြသည်။ သူတို့ အန်းလန်အား တကယ်တိုက်ခိုက်စေချင်နေကြသည်။

အလင်းတစ်ခု ပေါ်လာကာ ရှုထော်ပေါ်လာသည်။

“အချိန်နဲ့နေရာတစ်ခုတည်းမဟုတ်ပဲ တိုက်ခိုက်လိုက်ရင် ကောင်းကင်ကြီးပြိုကျပြီး ကမ္ဘာမြေကြီးလည်း ချိုင့်ဝင်သွားလိမ့်မယ်.. အချိန်တွေ ဖရိုဖရဲဖြစ်သွားပြီး အားလုံး ပျက်စီးသွားနိုင်လောက်တယ်..” သူ တီးတိုးပြောလိုက်သည်။

ရှုထော်အားလုံးကို ရှင်းပြလိုက်သည်။ တိုက်ပွဲဖြစ်၍မရရသည်ကို သူသိသည်။ နှစ်ဘက်လုံး ချုပ်ထိန်းထားရမည်။

“ကြည့်ရတာ တစ်ခြားအချိန်နဲ့နေရာမှာလည်း မင်းရန်သူတွေ အတော်လေးများပုံပေါ်တယ်” အန်းလန် ထပ်ပြောလိုက်သည်။

ထိုပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်ထက်၌ တကယ်ဒဏ်ရာများ ရှိနေသည်ပင်။

“ဒါက ပြိုင်ဘက်ကင်းတဲ့ခန္ဓာကိုယ်ကို ရနိုင်မယ့်တစ်ခုတည်းသော နည်းလမ်းပဲလေ .. ရှည်လျားလှတဲ့အချိန်မြစ်ထဲမှာ မရပ်မနားတည်ရှိနိုင်မယ့်နည်းလမ်းတစ်ခုပဲ..” ထိုလူ နှာခေါင်းရှုံ့ကာ ပေါ့ပါးစွာပင် ပြောလိုက်သည်။

ထိုအချိန်တွင် အင်ပါယာဂိတ်မြို့ရိုးပေါ်မှ တစ်စုံတစ်ယောက် မျက်ရည်များ စီးကျလာသည်။ သူမသည် ဝမ်းနည်းနေသလို စိုးလည်းစိုးရိမ်နေသည်။

ဤသည်မှာ ယဲ့ချင်းရှန်ပင်။ သူမသည် အလွန်ထူးဆန်းလှသည်။ သူမ အင်ပါယာဂိတ်၌ ရှိနေမှန်း အားလုံးသိသော်လည်း သူမ မည်သည့်နေရာ၌ ဘာလုပ်နေသည်ကို မည်သူမှမသိရ။

သူမသည် အမြဲတမ်းသီးသန့်ကျင့်ကြံနေသည်ဟု ပြောသည့်သူများလည်း ရှိသည်ပင်။

ရှီဟောင်ကို တစ်ဖက်လောကသို့ လက်လွှဲလိုက်သည့်အချိန်ကပင်လျှင် သူမ ပေါ်မလာခဲ့။

သို့သော် ယနေ့တော့ သူမသည် အိုးပေါ်မှ အမျိုးသားကိုကြည့်ကာ မျက်ရည်များ ဆက်တိုက်ကျဆင်းနေလေ၏။

သူမ၏ခန္ဓာကိုယ်မှာ မတည်ငြိမ်။ အနည်းငယ် မှုန်ဝါးနေသည်။ သို့သော် ထာဝရခေါင်းလောင်းတံဆိပ် ငြင်သာစွာ လွှဲရမ်းသွားသည့်အချိန်တွင် သူမ ပြန်လည်တည်ငြိမ်သွားသည်။

“ကျုပ်တို့နှစ်ယောက်က မတူညီတဲ့ အချိန်နဲ့နေရာမှာ ရှိနေတာ .. တကယ်ကို ဘာမှပြောင်းလဲလို့မရနိုင်ဘူး .. ငါ ဘာမှမလုပ်နိုင်ဘူး..” ထိုထူးဆန်းသည့်လူငယ် သက်ပြင်းချကာ ပြောလိုက်သည်။

သူသည် တစ်ဖက်သို့လှည့်လာပြီးနောက် “ငါ အချိန်မြစ်ကို ဖြတ်ကျော်လာကာ ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး .. ကံကောင်းရင် ငါတစ်ခြားအတွေ့အကြုံတောင်ရခဲ့သေးတယ် .. ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီတစ်ခေါက်ကတော့ မတူတော့ဘူး .. ဒါက ငါသွားချင်တဲ့ခေတ်မဟုတ်ဘူး .. ဒါပေမဲ့ ဒီမှာ ငါ့သွေးနဲ့ ဆင်တူတဲ့သွေးတစ်စကို တွေ့လိုက်ရတယ် .. အဲဒီသွေးက အရင်တုန်းက ငါ့နောက်လိုက်နေတာ ..ဒါပေမဲ့ ထူးဆန်းစွာနဲ့ ပြန်သွားပြီးတော့ ဒီလောကကြီးထဲကို ရောက်လာတယ်”

သွေးတစ်စက်..

သူ ဘာလို့ ဒါတွေ ပြောနေတာလဲ .. ဒါက သတိပေးချက်တစ်မျိုးလား..

အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ စုန်းမ တုန်လှုပ်သွားရသည်။ စီရင်စုသုံးထောင်၏ ဂျီးနီးယပ်စ်များကြားမှ ပြိုင်ပွဲတွင် ရှီဟောင် ထာဝရရှေးဟောင်းခေတ်အကြွင်းအကျန်မှ သွေးတစ်စက်ရခဲ့သည်ကို သူမ မှတ်မိသေးသည်။

ထိုအချိန်တုန်းက ဤထူးဆန်းသည့်ကျွမ်းကျင်သူ ထိုင်နေသည့်အိုးနှင့် တစ်ထပ်တည်းတူသည့်အိုးကို သူမ ကိုယ်တိုင်တွေ့ခဲ့သည်။

ထိုအိုးမှ သွေးတစ်စက်ကျကျန်ခဲ့ခြင်းပင်။

အပိုင်း ၁၈၃၄ ပြီး၏။
Chapter – 1835 သွေးစက် ပြန်လည်ဝင်စားခြင်း

စုန်းမ၏မျက်နှာမှာ ကြည်လင်တောက်ပနေသည်။ လှပသည့် ဆံနွယ်များမှာ ငန်းလည်တိုင်ထက် ဖြာဆင်းနေပြီး ဘဲဥပုံမျက်နှာလေးကိုလည်း အနည်းငယ် မော့ချီထားသည်။ သူမသည် ရှီဟောင်ကို တောက်ပစွာ ကြည့်နေလေ၏။

ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်ဟု ထင်မိသောကြောင့် သူမမျက်နှာထက်၌ လေးနက်မှုများ ရှိနေသည်။

အဲဒီသွေးက ရှီဟောင် ခန္ဓာကိုယ်ပေါ်မှာ ရှိနေတာလား… သူမ နှလုံးခုန်နှုန်းများ မြန်ဆန်လာရသည်။

မြို့ရိုးပေါ်ရှိ ရှီဟောင်၏ လက်ရှိအခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်ပင်။ သူလည်း ကန္တာရထဲသို့ကြည့်ကာ တိုက်ပွဲအား ကြည့်နေသည်ပင်။ သို့သော် သူ့မျက်လုံးများမှာ လှုပ်ရှားမှုမရှိ။ စိတ်လွတ်နေသကဲ့သို့ပင်။

သို့သော် ထိုဗလာဖြစ်နေသည့်မျက်လုံးများကို သေချာကြည့်လျှင် လူများ၏ ဝိညာဉ်များကို စုတ်ယူနိုင်သကဲ့သို့ အလွန်လေးနက်နေသည်ကို တွေ့ရမည်ပင်။

သူ လိပ်ပြာလွင့်နေတာလား.. စုန်းမ ထိတ်လန့်သွားရသည်။ ဒီလိုမျိုးအခြေအနေမှာတောင် သူက စိတ်လွတ်ရဲသေးတာလား..

ထာဝရရှေးဟောင်းခေတ်သို့ အိပ်မက်ပြန်မက်ခြင်း.. ဗလာသက်သက်နေရာသို့ စိတ်ခရီးသွားခြင်း..

အဘယ်ကြောင့်ဤကဲ့သို့ဖြစ်နေသည်ကို သူကိုယ်တိုင်ပင်မသိ။ သူ၏ဝိညာဉ်မှာ သူ၏ခန္ဓာကိုယ်မှ ထွက်သွားပုံပေါ်သည်။ ဤသည်မှာ သူ မတူညီသည့်အချိန်နှင့်နေရာများကို ပျံသန်းသွားနေသကဲ့သို့ပင်။

သူ၏ဦးခေါင်းထက်၌ ထာဝရစွမ်းအင်ပေါ်လာကာ ပန်းပွင့်အဖြစ် ပြောင်းလဲသွားသည်။ ဘယ်ဘက်ပန်းပွင့်မှာ မပြောင်းလဲ။ သက်ရှိလေးတစ်ယောက်ထိုင်နေသည်။

ညာဘက်ရှိ တာအိုပန်းပွင့် ဖူးပွင့်လာကာ မှုန်ဝါးဝါးပုံရိပ်လေးတစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် ထိုမျှတော့ မမှုန်ဝါး။ ဆက်တိုက်တောက်ပနေသည်။

ဤသည်မှာ ယခင်ကတစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။

သူ၏တာအိုစွမ်းရည်များ အဆင့်မတက်သလို ကျင့်ကြံဆင့်လည်းမတက်။ သို့သော် ထိုမှုန်ဝါးသည့်ပုံရိပ်လေး ရုတ်တရက်ပေါ်လာသည်။

ဤသည်မှာ သူ၏တာအိုရင့်ကျက်ပြီးနောက် ဖြစ်လာသည့်ပုံရိပ်လေးကဲ့သို့မဟုတ်။ ယာယီသာ ပုံပေါ်လာခြင်းပင်။

ထိုပုံရိပ်လေးသည် အနားဂတ်မှလာသကဲ့သို့ တာအိုပန်းပွင့်ပေါ်၌ ထိုင်နေသည်။

မြို့ရိုးပေါ်တွင် ထူးဆန်းသည့်အမူအရာ ရှိနေသည့်သူများမှာ စုန်းမနှင့်ရှီဟောင်သာမက။ ယဲ့ချင်းရှန်လည်း မျက်ရည်များ စီးကျနေသည်ပင်။

ဘေးပတ်လည်မှ လူအုပ်များအားလုံး ရှုပ်ထွေးသွားရသည်။ ရှီဟောင်လိုမျိုး ဆွံ့အ မနေတာက ထားလိုက်ပါတော့။ ဒါပေမဲ့ သူက ဘာလို့ ငိုနေတာလဲ..

ယဲ့ချင်းရှန်သည် ပုံမှန်အားဖြင့် သန့်စင်သည့်သူပင်။ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမှ ထုတ်မပြဖူး။ သူမ ပါးစပ်ဟကာ တစ်ခုခုကို အော်ဟစ်ပစ်လိုက်ချင်သော်လည်း ပါးစပ်ပြန်ပိတ်သွားလေသည်။

သူမသည် ထိုထူးဆန်းသည့်ကျွမ်းကျင်သူကိုသာ ကြည့်နေကသည်။

ထိုအိုးပေါ်မှ လူလည်း ယဲ့ချင်းရှန်ကို မြင်သွားသည်ပင်။

“သွေးတစ်စက် .. ဆယ်စက် .. အစက်တစ်ရာက ဘာများကွာခြားလို့လဲ..” အန်းလန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် မူလဧကရာဇ်မြို့ကို ဆုတ်ကိုင်ထားကာ အခြားတစ်ဖက်ဖြင့် ရွှေရောင်လှံတံကိုကိုင်ထားသည်။

“ထွက်သွားလိုက်ပါ .. ဒီအချိန်နေရာမှာ အကြာကြီးနေရင် မင်းခန္ဓာကိုယ်အတွက် ကောင်းမှာမဟုတ်ဘူး .. ငါ မင်းကို မသွားနဲ့လို့ပြောရင်တောင် မင်းရဲ့ခန္ဓာကိုယ်က သူ့အလိုလို ပျက်စီးသွားလိမ့်မယ်..” အန်းလန် အေးစက်စွာ ပြောလိုက်သည်။

ဝုန်း..

ထို့အပြင် သူသည် လက်ကိုအပေါ်သို့ မြှောက်လိုက်သောကြောင့် ထို့မြို့ကြီး ပြင်းထန်စွာ တုန်ခါသွားကာ အပေါ်မြှောက်တက်လုနီးပါးဖြစ်သွားသည်။

ကောင်းကင်ထက်မှ ထိုထူးဆန်းသည့်ကျွမ်းကျင်သူသည် ရုတ်တရက် နောက်ပြန်လှည့်လာသည်။ သူသည် အင်ပါယာဂိတ်ဘက်သို့ မကြည့်တော့ပဲ အန်းလန်ကို ကြည့်လာသည်။ အိုးကြီး တုန်ခါလာကာ ကောင်းကင်ကို ဖြတ်သန်းလာသည်။

ထိုထူးဆန်းသည့်ကျွမ်းကျင်သူသည် အိုးပေါ်သို့ ရောက်သည်နှင့် အန်းလန်ထံသို့ ချဉ်းကပ်လာသည်။

သို့သော် အန်းလန်သည် အနည်းငယ်မှပင် လှုပ်ရှားမှုမရှိ။ လုံးဝငြိမ်နေသည်။

ရွှီး..

အိုးကြီး ပျံသန်းလာကာ အန်းလန်၏ခန္ဓာကိုယ်ကို ရိုက်မိလုနီးပါးပင်။ သူ၏ဆံပင်များပင် လွင့်ပျံသွားသည်။

“ဟား ဟား .. ” ထိုထူးဆန်းသည့်ကျွမ်းကျင်သူ ကျယ်လောင်စွာ ရယ်မောလိုက်၏။

ကန္တာရထဲရှိ စစ်တပ်ကြီး ထိတ်လန့်သွားရသည်။ ဒီလူက ဘာလုပ်နေတာလဲ .. သူက သူတို့နှလုံးသားထဲက အမြင့်မြတ်ဆုံးသက်ရှိကို ရန်စနေတာလား..

“သတ်..”

တစ်စုံတစ်ယောက်မှ မနေနိုင်တော့ပဲ အော်ဟစ်လိုက်သည်။

ချွမ်း..

အန်းလန်၏လှံတံထွက်ပေါ်လာသည်။ အိုးနှင့်ထိရန် ဆံချည်တစ်မျှင်စာမျှသာ လိုတော့သည့်အချိန်တွင် ထိုအိုးကို ကျော်ဖြတ်သွားကာ ထိုထူးဆန်းသည့်ကျွမ်းကျင်သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။

“ခင်ဗျား ကြိုက်သလို စမ်းကြည့်လို့ရတယ်..”

လေထုမှာ ချက်ချင်းပင် တင်းမာသွားသည်။ အချိန်မြစ်ကြီးပါဝင်နေသည့် တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်။

“ခင်ဗျားက တကယ်ကို ရွေးချယ်စရာမရှိအောင် လုပ်နေတာပဲ” ထိုထူးဆန်းသည့်ကျွမ်းကျင်သူ၏ ခန္ဓာကိုယ် တောက်ပလာသည်။ သူ့အထက်၌ များပြားလှသည့်သွေးစွမ်းအင်များ ထွက်ပေါ်လာသည်။ ထိုသွေးစွမ်းများသည် ကောင်းကင်ကြီးကို ထိန်လင်းသွားစေကာ သူ့အထက်၌ ရှိနေသည့် အချိန်မြစ်ကိုပင် တုန်လှုပ်သွားစေသည်။

အန်းလန်မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဒီလူက တကယ်လှုပ်ရှားတော့မှာလား..

“နောက်ဆုတ်..”

သူ အောက်ဘက်မှ စစ်တပ်ကြီးကို အမိန့်ပေးလိုက်သည်။ သူ၏အမူအရာ လေးနက်လာသည်။ သူတို့နှစ်ဦး တိုက်ခိုက်သည်နှင့် ဘာမှကျန်တော့မည်မဟုတ်။

မတူညီသည့် အချိန်နှင့်နေရာမှ လူများ တိုက်ခိုက်လိုက်သည်နှင့် လောကကြီး၏ မူလလမ်းကြောင်း ပျက်စီးသွားလိမ့်မည်။

ထိုထူးဆန်းသည့်ကျွမ်းကျင်သူ၏ညာလက် လှုပ်ရှားလာသည်။ သူ၏လက်သီး တစ်ဖြည်းဖြည်းချင်းရောက်လာကာ ပို၍ တောက်ပလာသည်။

မူး..

အောက်ဘက်ရှိ ကျွဲထီးသည် သူ၏ဝိညာဉ် တုန်လှုပ်သွားရလောက်အောင်အထိ တုန်လှုပ်သွားကာ အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပြေးသွားသည်။

ထို့အပြင် စစ်တပ်ကြီးလည်း ထိတ်လန့်ကာ အားလုံးနောက်ပြန်ဆုတ်နေကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် အန်းလန်သူတို့အား ပြန်ဆုတ်ခိုင်းနေသည်ပင်။

ယခုအချိန်တွင် အန်းလန်လည်း မသေမျိုးဘုရင်အော်ရာထုတ်လွှတ်ကာ အောက်ဘက်မှ ကလန်များကို ကာကွယ်လိုက်သည်။

လက်သီးချက် ကျရောက်လာသည့်အချိန်တွင် အောက်ဘက်မှ လှံတံလည်းတစ်ဖြည်းဖြည်းတက်လာသည်။ နှစ်ခုလုံးမှာ အလွန်နှေးကွေးနေသော်လည်း နှစ်ခုလုံးမှ ပုံမှန်မဟုတ်သည့်မြင်ကွင်းများဖြစ်ပေါ်လာသည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားတွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ကန္တာရမှ လူအားလုံးမှုန်ဝါးလာသည်။ အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများစွာပင် မှုန်ဝါးလာသည်။

“ရပ်လိုက်..”

ခပ်ဝေးဝေးမှ ရှုထော် အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး တကယ်တိုက်ခိုက်သေးသော်လည်း ဤကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုများများပင် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ ဤအတိုင်းသာဆက်တိုက်လျှင် သမိုင်း၏ ဤအပိုင်းအခြား ပြောင်းလဲသွားလိမ့်မည်။

ဒုန်း..

အိုးကြီး တုန်ခါသွားကာ အိုးမျက်နှာပြင်ထက်၌ သွေးရာများ ထွက်ပေါ်လာသည်။ အချို့အက်ကွဲရာများမှာ ငါးရောင်စပ်စိန်ကဲ့သို့ တောက်ပနေသည်။

တစ်ချိန်တည်းမှာပင် ကန္တာရနှင့် အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ ထိုလူများမှာ ပျောက်ကွယ်သွားတော့မတတ် မှုန်ဝါးနေပြီဖြစ်သည်။

သူတို့နှစ်ဦး တကယ်တိုက်ခိုက်ခြင်းမဟုတ်သော်လည်း ဤကဲ့သို့သော ရလဒ်မျိုးဖြစ်နေလေပြီ။

ဝုန်း..

အင်ပါယာဂိတ်မြို့ရိုးထက်တွင် တောက်ပသည့်အလင်းများ ရုတ်တရက်ထွက်ပေါ်လာ၏။ ရှီဟောင်မညည်းတွားပဲ မနေနိုင်တော့။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်မှ တောက်ပသည့် သွေးစက်တစ်စက်ထွက်ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ထိုသွေးစက်သည် ပျဲ့ကြဲလာကာ ပင်လယ်တစ်ခုကဲ့သို့ ကြီးမားလာသည်။ ထိုသွေးမှ ပြိုင်ဘက်ကင်းသည့်ခွန်အား ထွက်ပေါ်လာကာ အင်ပါယာဂိတ်နှင့် ကန္တာရကြီးကို တုန်ခါသွားစေသည်။

ရှီဟောင် တစ်ခုခုဖြစ်နေလေပြီ။

ထိုသွေးသည် ပျဲ့ကြဲသွားပြီးနောက် လျင်မြန်စွာကျုံ့ဝင်သွားကာ သူ၏ဦးခေါင်းထက်ရှိ တာအိုပန်းပွင့်များထက်သို့ ကျရောက်သွားကာ တစ်ပန်းချင်းစီထဲသို့ ဝင်ရောက်သွားသည်။

ပထမပန်းပွင့်တွင် ထိုင်နေသည့် ပုံရိပ်လေးမှ ရုတ်တရက်မျက်လုံးများ ပွင့်လာသည်။

ဒုတိယပန်းပွင့်တွင် မူလစွမ်းအင်များဖြင့်ရစ်ပတ်ခံထားရသည့် ပုံရိပ်လေးသည် စွမ်းအင်မှ လွတ်မြောက်သွားကာ လွတ်လပ်မှုကို ရရှိသွားသည်။ မူလစွမ်းအင်သည် သူ၏အကာအကွယ်ပြန်ဖြစ်သွားသည်ပင်။

တတိယပန်းပွင့်ကို သွေးဖြတ်သွားသည်နှင့် မှုန်ဝါးနေသည့်ပုံရိပ်လေး ကြည်လင်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။

“အား…”

ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏မည်းနက်နေသည့်ဆံပင်များ လွင့်ပျံလာသည်။ သူ့မျက်လုံးများမှာ ရုတ်တရက်ပင် ဗလာသက်သက်ဖြစ်သွားလေ၏။ ဤသည်မှာ သူ အခြားတစ်ယောက်ဖြစ်သွားသကဲ့သို့ပင်။

ရွှီး..

ထို့အပြင် သူ့ခန္ဓာကိုယ်ထက်၌ ပြန်လည်ဝင်စားခြင်းတံဆိပ်မျိုးစုံ ပေါ်လာသည်။ ထိုတံဆိပ်အားလုံး သူ့ဦးခေါင်းထက်သို့ ဦးတည်သွားနေကြသည်။

ဝုန်း..

ပြန်လည်ဝင်စားခြင်းတံဆိပ်များသည် ရုတ်တရက် ပုံရိပ်လေးသုံးခုကို ရစ်ပတ်သွားကာ သူတို့နှင့် ရောနှောသွားသည်။

ရွှီး..

နောက်ဆုံးတွင်တော့ ထိုသွေးစက်သည် နောက်ဆုံးပုံရိပ်မှတစ်ဆင့် ရှီဟောင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ကောင်းကင်ထိသို့ စီးဆင်းလာသည့် မြင့်မြတ်သည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ ရှီဟောင်၏ခန္ဓာကိုယ်မှာ မီးတောက်များကြား၌ ပြန်လည်တွေးဖွားလာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြင်းထန်စွာ လောင်ကျွမ်းနေသည်။

ထို့နောက် နတ်အလင်းများ နောက်တစ်ကြိမ် တောက်ပလာသည်။

ဘာဖြစ်နေတာလဲ.. အားလုံး ဆွံ့အနေကြရသည်။

“ဒီသွေးစက်က တော်တော်လေးထူးဆန်းတာပဲ..” အန်းလန် မှတ်ချက်ပေးလိုက်သည်။

သူ၏အမူအရာများ လေးနက်နေကာ မျက်လုံးမှ နတ်အလင်းတန်းများ ထွက်ပေါ်နေသည်။ ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။

အိုးပေါ်၌ ရပ်နေသည့် ထူးဆန်းသည့်ကျွမ်းကျင်သူသည် အချိန်မြစ်ရှိနေသည့် အက်ကွဲကြောင်းနားသို့ ရောက်သွားကာ ဘာမှမပြောပဲ တည်ငြိမ်စွာသာ ကြည့်နေသည်။

ဝုန်း..

ထိုသွေးစက်သည် ပုံရိပ်လေးသုံးခုနှင့် ပေါင်းစည်းကာ ပြန်လည်ဝင်စားခြင်းတံဆိပ်များကို စုတ်ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့အား လုံးဝပြောင်းလဲသွားအောင် လုပ်ပစ်လိုက်သည်။

ယခု ဤလူမှာ ရှီဟောင်ဖြစ်ကြောင်း မည်သူမှ မမှတ်မိနိုင်တော့။

သူ၏အော်ရာမှာ ပြင်းထန်လှပြီး သူ၏မျက်လုံးများမှာ ဗလာသက်သက်မဟုတ်တော့ပဲ စူးရှလှသည်။ မျက်လုံးမှ ထွက်ပေါ်လာသည့် အလင်းများမှာ ထာဝရဓားများကဲ့သို့ပင်။ သူ့မျက်လုံးကို တည့်တည့်ကြည့်၍မရ။ သူ့ခန္ဓာကိုယ်မျက်နှာပြင်တွင် သင်္ကေတများ လှည့်ပတ်နေသည်။

သူသည် ရွှေ့ပြောင်းခြင်းအစီအရင်ကိုမသုံးပဲ တစ်ချက်ခုန်ထွက်လိုက်သည်နှင့် အင်ပါယာဂိတ်အပြင်ဘက်သို့ ရောက်သွားလေ၏။

အင်ပါယာဂိတ်မှ မြို့ကို ကာကွယ်သည့်အစီအရင်မှာ သူ့ကို မရပ်တန့်နိုင်။

“ဒါက ဟွမ်မဟုတ်တော့ဘူး .. အဲဒီသွေးစက်ဖြစ်သွားပြီ..” တစ်စုံတစ်ယောက်မှ ဆုံးဖြတ်လိုက်သည်။

“ဘယ်သူက ပြိုင်ဘက်ကင်းလဲ … ဘယ်သူက သူတို့ကိုယ်သူတို့ မကျရှုံးနိုင်ဘူးလို့ ပြောတာလဲ .. ဧကရာဇ်ကျဆုံးတဲ့ခေတ်မှာတောင် ဒီလိုကိစ္စမျိုး မရှိဖူးဘူး..”

ရှီဟောင်၏စကားများမှာ အားပြင်းလှသလို ပြောင်းလဲမှုများကိုလည်း ခံစား၍ ရသည်ပင်။ ဤသည်မှာ ရှေးခေတ်မှ ဘုရင်တစ်ပါး ထွက်လာသကဲ့သို့ပင်။

“အဲဒီသွေးစက်ကို မင်းရသွားတာလား..” အန်းလန် သူ့ရှေ့မှ လူငယ်လေးကို အေးစက်စွာ ကြည့်လိုက်သည်။

“ဟုတ်တယ်..”

“သွေးစက်တစ်စက်ကတောင်မှ တိုက်ခိုက်ချင်နေသေးတယ်ပေါ့..” အန်းလန်၏မျက်လုံးများ အေးစက်နက်ရှိုင်းလာသည်။

“မင်း တိုက်ခိုက်ချင်နေတယ်ဆိုရင် မင်း ဖိနှိပ်ခံရလိမ့်မယ်…” ထိုလူငယ်လေး အော်ဟစ်လိုက်သည်။

အပိုင်း ၁၈၃၅ ပြီး၏။
Chapter – 1836 ဘယ်သူက သူတို့ကိုယ်သူတို့ အရှုံးမရှိဘူးလို့ ပြောရဲလဲ..

ဘယ်သူက ပြိုင်ဘက်ကင်းတယ်လို့ ပြောရဲလဲ … ဘယ်သူက သူတို့ကိုယ်သူတို့ အရှုံးမရှိဘူးလို့ ပြောရဲလဲ .. ဒီလိုလူမျိုးက ဧကရာဇ်ကျဆုံးခြင်းခေတ်မှာတောင် မရှိခဲ့ဖူးဘူး..

ဤစကားလုံးများမှာ အားလုံးကို အတော်လေး စိတ်လှုပ်ရှားသွားစေသည်။ အထူးသဖြင့် ‘ဧကရာဇ်ကျဆုံးခြင်းခေတ်မှာတောင် မမြင်ဖူးဘူး’ ဟူသည့်အပိုင်းပင်။ ဤသည်မှာ မသေမျိုးသက်ရှိများကို အတော်လေး တုန်လှုပ်သွားစေသည်။ သူက ဘာလို့ အဲဒီခေတ်အကြောင်း ပြောတာလဲ..

ထိုလူငယ်လေးသည် အန်းလန်ကို ဖိနှိပ်ပစ်မည်ဟု အတိအလင်းဆိုထားသည်ပင်။ သူသည် အင်ပါယာဂိတ်ရှေ့ ကန္တာရထက်၌ ရပ်နေခြင်းပင်။ စစ်တပ်ကြီးမှာ အစပိုင်းတွင် တိတ်ဆိတ်နေသော်လည်း နောာက်ပိုင်း ဆူညံသံများ ထွက်ပေါ်လာသည်။

တစ်ဖက်လောကမှ ကျင့်ကြံသူများအားလုံး ဒေါသထွက်သွားကြရသည်။ ဤသည်မှာ လူငယ်လေးတစ်ဦးသာဖြစ်သော်လည်း အန်းလန်ကို ဖိနှိပ်ပစ်မည်ဟု ပြောရဲသေးသည်။ ဤသည်မှာ သူတို့၏ဘိုးဘေး၊ သူတို့ကိုးကွယ်သည့်ပုဂ္ဂိုလ်ပင်။

မည်သူက သူ့ကို အပုပ်ချရဲသနည်း .. မည်သူက သူ့ကို မလေးမစားလုပ်ရဲသနည်း .. ဤသည်မှာ စော်ကားခြင်းပင်။ စော်ကားသည့်သူအားလုံးကို သတ်ပစ်ရမည်။

“သူ့ကိုသတ်..”

“ငါတို့ဘုရင်ကို အာခံတဲ့သူတွေအားလုံး သေရမယ်..”

တစ်ဖက်လောကမှ ကျင့်ကြံသူများ အော်ဟစ်ကာ လေထဲသို့တက်လာကြသည်။ သူတို့ တိုက်ခိုက်ကြတော့မည်။ အဘယ်ကြောင့်ဆိုသော် အများစုမှ ဟွမ်ကို မြင်ဖူးသောကြောင့် သူ မည်သူမှန်း သိကြသည်ပင်။

ရှီဟောင် မတူတော့သည်ကိုလည်း သူတို့မြင်နေရသည်ပင်။ သူ့ကို ယခင်က မမြင်ဖူးလျှင် သူမှန်းပင် သိမည်မဟုတ်။ ယခုအချိန်တွင် သူ၏အော်ရာမှာ ထူးခြားလှသည်။

သူသည်ငယ်ရွယ်သေးသော်လည်း လောကကြီးကို ဝါးမြိုနိုင်သည့်အော်ရာ ရှိနေသည်။

ရှီဟောင် ချက်ချင်းပင် တစ်ဖက်လောကဘက်သို့ ခေါင်းလှည့်လာသည်။

အား..

လူများစွာ အော်ဟစ်နေကြသည်။ အချို့မှာ အလင်းတန်း၏ ထိုးဖောက်ခြင်းခံလိုက်ရကာ သွေးမြူအဖြစ်‌ ပြောင်းလဲသွားသည်။ အချို့မှာ နှစ်ပိုင်းပြတ်သွားကြသည်။ ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။

ဝုန်း..

အန်းလန် လှုပ်ရှားလာသည်။ ရွှေရောင်လှံတံကို အနည်းငယ်လှုပ်ခတ်လိုက်ကာ အရာအားလုံးကို တားဆီးလိုက်သည်။

“ကြွင်းကျန်ရစ်နေတဲ့ သွေးတစ်စက်ကများ .. မင်းဘယ်သူပဲဖြစ်ပါစေ မင်းရဲ့ကံတရားကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်..” အန်းလန်၏လေသံမှာ တည်ငြိမ်နေဆဲပင်။

ရွှီး..

ရှီဟောင် လှုပ်ရှားလိုက်၏။ ဘာစကားမှ များများစားစားပြောနေစရာမလို။ သူလက်တစ်ဖက်မြှောက်လိုက်သည်နှင့် မီးတောင်များ ချော်ရည်များထွက်လာသကဲ့သို့ ကောင်းကင်ထက်သို့ နတ်အလင်းတန်းများ တရှိန်ထိုးပြေးတက်သွားကာ ကောင်းကင်တစ်ခုလုံးကို ထိန်လင်းသွားစေသည်။

ဝုန်း..

ထို့နောက် သူ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ထိုတောက်ပသည့်အလင်းများသည် ဓားသွားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တာအိုဓား..

ယခုအချိန်တွင် ထိုဓားသည် ကောင်းကင်၏သဘာဝဥပဒေသများကို ခုတ်ဖြတ်ပစ်ကာ လမ်းကြောင်းတွင်ရှိနေသမျှ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

ဝေါင်း..

ရုတ်တရက် လေဟာနယ်ထဲမှ သားရဲတစ်ကောင် ဟစ်ကြွေးလာသကဲ့သို့ပင်။

ဤသည်မှာ အန်းလန်၏အော်ရာပင်။ သူ စကားမပြောပဲနှင့် အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုသာ ထုတ်လွှတ်လိုက်သည်။ ထိုအငွေ့အသက်ကြောင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

သူ၏လက်ထဲရှိ လှံတံဖြင့် ထိုဓားရှည်ကို ထိုးစိုက်လိုက်သည်။

အားလုံး ထိတ်လန့်သွားကြရ၏။ အထူးသဖြင့် တစ်ဖက်လောကမှ လူများပင်။ ဤသည်မှာ သူတို့ဘုရင်၊ သူတို့ကိုးကွယ်သည့်သူပင်။ သို့သော် သူတို့အရှင်သည် လူငယ်လေးတစ်ယောက်၏ ပြန်လည်တိုက်ခိုက်ရန် ဖိအားပေးခြင်းခံနေရသည်။

ဤနှစ်များတွင် အန်းလန်တစ်ခါမှ ဤမျှမလေးနက်ဖူးခဲ့။

ထာဝရဖိနှိပ်ခြင်းကျောက်တိုင်၊ ပထမသတ်ဖြတ်ခြင်းအစီအရင်တို့ ရောက်လာသည့်အချိန်ကတောင်မှ သူ့အား မတုန်လှုပ်စေခဲ့။ သို့သော် ယခုတော့ သူ၏နတ်လှံတံကိုမြှောက်ကာ မျက်နှာချင်းဆိုင် တိုက်ခိုက်နေလေပြီ။

ဒုန်း..

မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။ ရွှေရောင်လှံတံထံမှ ပင်လယ်တစ်စင်းကဲ့သို့သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို နတ်အလင်းတန်းများဖြင့် ဖုံးလွှမ်းပစ်လိုက်သည်။

ကန္တာရထဲရှိ မရေမတွက်နိုင်သည့်သက်ရှိများ မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားကြသည်။ ပြိုင်ဘက်ကင်းသည့်ခွန်အားအောက်တွင် သူတို့ခန္ဓာကိုယ် ပေါက်ကွဲတော့မတတ်ဖြစ်နေလေပြီ။

ဤသည်မှာ အန်းလန်သူတို့ကို ကာကွယ်ပေးထားသောကြောင့်သာ။ မဟုတ်ပါက ဤစစ်သားများ ပေါက်ကွဲသွားလောက်လေပြီ။

ကောင်းကင်ထက်တွင် အမိန့်စာငါးခု တစ်ပြိုင်နက်တည်း တောက်ပလာသည်။ ထိုအမိန့်စာများလည်း ကောင်းကင်ချောက်နက်ကို ခုခံနေရရုံသာမက စစ်တပ်ကြီးကို ကာကွယ်ရန်အတွက် အလင်းမိုးလည်းထုတ်လွှတ်နေသည်။

မဟုတ်ပါက အန်းလန် ဆက်လက်တိုက်ခိုက်နိုင်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် ဖျက်ဆီးခြင်းမှာ ဖန်တီးခြင်းထက် ပို၍ လွယ်ကူပင်။ နှစ်ဘက်တိုက်ခိုက်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းများမှာ ပြင်းထန်လှသောကြောင့် လူတစ်ယောက်မှ အရာအားလုံးကို ခုခံကာကွယ်ရန် ခက်ခဲလှသည်။

အလင်းပျက်ပြယ်သွားသည့်အချိန်တွင် အားလုံး ကြောက်ရွံ့နေသည့်ခံစားချက်မှ နိုးထလာသည်။ ထိုနှစ်ဦး တိုက်ခိုက်နေဆဲဖြစ်သည်ကို သူတို့တွေ့လိုက်ရသည်။

ကံကောင်းစွာဖြင့် ရှုထော်ပေါ်လာကာ သူ့ခန္ဓာကိုယ်မှ အဆုံးမရှိသည့်အလင်းများ ထုတ်လွှတ်ကာ ကြောက်စရာကောင်းသည့် တာအိုဥပဒေသများနှင့် သင်္ကေတများကို တားဆီးကာ စစ်တပ်ကြီးကို ကာကွယ်ပေးလိုက်သည်။

“ဒါက..”

အားလုံး ထိတ်လန့်သွားရသည်။ အန်းလန်၏ ရွှေရောင်ရှေးလှံတံ၏ အသွားတစ်ဖက်တွင်မှာ ပဲ့နေလေပြီ။

ဒါက မသေမျိုးဘုရင်တစ်ယောက်ရဲ့ လက်နက်ဖြစ်နေတာတောင်မှ အဲဒီရိုက်ချက်ကနေ ဒဏ်ရာရသွားတာလား..

တစ်ဖက်လောကမှလူများ အတော်လေး တုန်လှုပ်သွားကြရသည်။

သူတို့မျက်လုံးများ ပြူးကျယ်လာကြရသည်။ ထိုလူငယ်လေးလက်ထဲ၌ ရှိနေသည့်တာအိုဓားသွားသည် အလင်းမိုးအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ဤသည်မှာ ထိတွေ့ကိုင်တွယ်၍ရသည့်ပစ္စည်းမဟုတ်။ နောက်တစ်ကြိမ် ပြန်လည်ဖန်တီးနိုင်သည်။

“ဘိုးဘေးအရှင်အန်းလန်ရဲ့ လက်နက်က ဘယ်လိုလုပ် ပျက်စီးသွားရတာလဲ..” အားလုံး ငေးကြောင်နေကြ၏။ ဤအမှန်တရားကို လက်ခံရန် ခက်ခဲနေကြလေသည်။

အန်းလန်မှာ ပြောင်းလဲမသွား။ သူ စိတ်ပျက်မသွား။ ထိုအစား သူပို၍ တည်ငြိမ်လာသည်။ သူသည် ရှီဟောင်၏ဝိညာဉ်ကို ထွင်းဖောက်မြင်ချင်နေသကဲ့သို့ ရှီဟောင်အား စိုက်ကြည့်နေသည်။

ဒါက ဟွမ်မဟုတ်ဘူးလား … သူက သွေးစက်လေးတစ်စက်ပဲ ရလိုက်တာကို ဘာလို့ဒီလိုမျိုး ခွန်အားကြီးလာတာလဲ .. ဤသည်မှာ တစ်ဖက်လောကမှလူများ သိချင်နေသည့်အရာပင်။

“ဒီသွေးစက်က မရိုးရှင်းဘူး..” ရှုထော်ပြောလိုက်သည်။

မသေမျိုးဘုရင်တစ်ပါးပင်လျှင် ဤကဲ့သို့ ပြောနေသောကြောင့် ဤသွေးစက်မှာ မည်မျှကြောက်စရာကောင်းသည်ကို စဉ်းစားကြည်နိုင်သည်။ ရင်းနှီးသော်လည်း မရင်းနှီးသည့် ဤလူငယ်လေးမှာ ဟွမ်ရော ဟုတ်သေးရဲ့လား..

“သွေးစက်လေးတစ်စက်ပဲ .. အထွဋ်အထိပ်မှာ ရှိနေတဲ့ အားလေးနည်းနည်းလောက်ပဲ သုံးနိုင်တာ .. မင်း ဘယ်လောက်ကြာအောင်ထိများ ဒီလိုမျိုး လုပ်နိုင်မှာလဲ .. မင်းဘယ်နှချက် ရိုက်နိုင်မှာ မို့လို့လဲ.. မင်းက သေချင်နေတာပဲ..” အန်းလန် ရုတ်တရက် ပြောလိုက်သည်။

ထို့အပြင် သူ၏ရွှေရောင်လှံတံမှာ ချက်ချင်းပြန်ကောင်းသွားပြီဖြစ်သည်။ လေဟာနယ်ထဲ၌ ရွှေရောင်အလင်းများ စီးဆင်းလာကာ ရွှေရောင်စွမ်းအင်ကို စုတ်ယူလာသည်။

ဖန်တီးခြင်း..

ဤသည်မှာ ပြိုင်ဘက်ကင်းသည့်စွမ်းအားပင်။ လှံသွား ပြန်လည်ကောင်းမွန်သွားသည့်အပြင် ပို၍ပင် တောက်ပလာသည်။ သူသည် မသေမျိုးဘုရင်ထဲမှာပင် စွမ်းအားကြီးသည့်သူပင်။

ရှီဟောင်၏အော်ရာမှာ ထာဝရဓားကဲ့သို့ ကြမ်းတမ်းလှသည်။ သူစိုက်ကြည့်လိုက်သည်နှင့် အလင်းမိုးရွာသွန်းလာကာ ကောင်းကင်တစ်ခုလုံးကို အုပ်မိုးသွားသည်။

“အရိုက်ခံချင်နေတာပဲ..”

ရှီဟောင်သည် သာမန်သက်ရှိများနှင့် ရင်ဆိုင်နေရသကဲ့သို့ ယုံကြည်ချက်ရှိကာ စိတ်ကြီးဝင်နေလေသည်။

“ဟက် ဟား ဟား..”

အနောက်ဘက်မှ မသေမျိုးသက်ရှိများမှာ သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ပဲ ဒေါသတကြီး ရယ်မောလိုက်ကြသည်။ ဒီလူငယ်လေးက သူတို့မြတ်နိုးရတဲ့၊ ကိုးကွယ်ရတဲ့သူကို ဒီလိုမျိုး ပြောနေတာလား .. သူက မသေမျိုးဘုရင်ကို ဒီလိုမျိုးဆက်ဆံနေတာလား..

သူက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတဲ့သူလို့ တကယ်ထင်နေတာလား..

သို့သော် အန်းလန်ဘာမှမပြော။ သူ၏မျက်နှာမှာ ပို၍ အေးစက်လာသည်။ သူ ရွှေရောင်လှံတံရှည်ကို ရိုက်ခတ်ကာ အရှေ့သို့ထိုးလိုက်သည်။

ဝုန်း..

ထိုအချိန်တွင် ရှီဟောင်လည်း ထူးခြားလာသည်ပင်။ သူ့ထံမှ အံ့အားသင့်စရာကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာသည်။

ရှီဟောင် ထိုနေရာ၌သာ မလှုပ်မယှက်ရပ်နေသော်လည်း သူ၏ဦဂခေါင်းထက်၌ တာအိုစင်္ကြံတစ်ခု ပေါ်လာသည်။ ထိုစင်္ကြံပေါ်တွင် သွေးတစ်စက်တောက်ပနေသည်။ ထို့နောက် ထိုစင်္ကြံပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် ထိုင်နေရာမှ ထလာလေ၏။

ဝုန်း..

ထိုလူ အောက်သို့ဆင်းလာကာ အန်းလန်ထံသို့ ဦးတည်သွားလိုက်သည်။

ဒါက .. လူများစွာ ဆွံ့အသွားရသည်။

ဤလူသည် မျိုးဆက်ကို ဖိနှိပ်နိုင်သည့်ပါရမီရှိရုံသာမက ပြိုင်ဘက်ကင်းသည့်ခွန်အားလည်းရှိသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်ရင်းနှီးနေပုံပေါ်ကာ အားလုံးကို တုန်လှုပ်သွားစေသည်။

အန်းလန်ပင်လျှင် တစ်ခဏမျှ ငေးကြောင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ကိစ္စများမှာ သူထင်ထားသည်ထက် သာလွန်နေလေပြီ။

ထိုလူ၏ဦးခေါင်းထက်၌ လက်နက်တစ်ခုပေါ်လာသည်။ ထိုလက်နက်ကို ထာဝရရွှေကိုးမျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည့်အပြင် ရင်းမြစ်စွမ်းအင်ကိုလည်း ထုတ်လွှတ်နေသည်။ ဤသည်မှာ ရင်းနှီးလွန်းလှသည်။ သူတို့ သိပ်မကြာသေးခင်ကမှ တိုက်ခိုက်ခဲ့ကြသေးသည်။

“ဒါက အဲဒီလူလို့တော့ ငါ့ကို မပြောနဲ့နော်..” တစ်ဖက်လောကမှ ကျွမ်းကျင်သူများ ဆွံ့အနေရသည်။ အခြားအချိန်၊နေရာမှ ရောက်လာသည့် ထူးဆန်းသည့်ကျွမ်းကျင်သူမှာ ဤလူနှင့်တူနေသည်။

သို့သော် ဤလူ၏ဦးခေါင်းထက်၌ အိုးတစ်လုံးရှိနေသည်။ သူ အန်းလန်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဝုန်း..

လက်သီးချက် ကျရောက်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြိုကျသွားသည်။

အန်းလန်အမူအရာ ပြောင်းလဲသွားသည်။ သူသည် ရွှေရောင်လှံတံကိုမြှောက်လိုက်ပြီး ထိုလူ၏လက်သီးထံသို့ ထိုးလိုက်သည်။

ဒုန်း..

အလုံးစုံရင်းမြစ်စွမ်းအင်များ ထွက်ပေါ်လာကာ လှံထိပ်ကို တားဆီးလိုက်သည်။ လက်သီးမှာ အရှေ့ဘက်သို့ ဆက်သွားနေဆဲပင်။

ဒုန်း..

အန်းလန်ခေါင်းမော့လိုက်၏။ သူ့တစ်ကိုယ်လုံး သင်္ကေတများ ဖုံးလွှမ်းသွားကာ မသေမျိုးဘုရင်တစ်ပါး၏ ပြိုင်ဘက်ကင်းစွမ်းအားကို ထုတ်ပြလာသည်။

“သွေးစက်လေးတစ်စက်ကများ ကောင်းကင်ကြီးကို ဆန့်ကျင်ချင်နေတာလား..” အန်းလန် ဟစ်ကြွေးလိုက်သည်။

ဝုန်း…

အိုးကြီး လှုပ်ရှားလာကာ သူ့ကို ဖိနှိပ်ရန်အတွက် သူ့ထံသို့ ဦးတည်ပျံသန်းလာနေသည်။

“အရိုက်ခံချင်နေတာပဲ..” အန်းလန်ပြောလိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် ဝုန်းကနဲအသံတစ်သံ ထွက်ပေါ်လာသည်။ ရှီဟောင်၏ဦးခေါင်းထက်တွင် မူလဖရိုဖရဲမြူများ ထပ်မံထွက်ပေါ်လာကာ တာအိုစင်္ကြံတစ်ခု ပေါ်လာသည်။ ထိုစင်္ကြံထက်တွင်လည်း လူတစ်ယောက် ထိုင်နေသည်ပင်။ ထိုသွေးစက်တောက်ပနေကာ ပြန်လည်ဝင်စားခြင်းတံဆိပ်များလည်း ရစ်ပတ်နေသည်။

ထို့နောက် ထိုလူလည်း တာအိုစင်္ကြံအောက်သို့ ဆင်းလာသည်။ သူ၏ပုံရိပ်သည် သူရဲကောင်းဆန်လှသည်။ သူ၏အော်ရာမှာ ကောင်းကင်အောက်မှ အရာအားလုံးကို ဝါးမြိုပစ်နိုင်သည်။ မည်သူကများ သူ့အား ယှဉ်နိုင်မည်နည်း..

ထိုလူ၏ပုံပန်းသွင်ပြင်မှာ အနည်းငယ် မှုန်ဝါးနေသည်။ သူ၏ဦးခေါင်းထက်တွင် အလွှာကိုးလွှာရှိသည့် စေတီတစ်လုံးရှိနေသည်။

“အဲဒီစေတီ..” အင်ပါယာဂိတ်မြို့ရိုးထက်ရှိ ယွဲ့ချန်၊ စုန်းမနှင့် ချင်းယီတို့အားလုံး ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဤသည်ကို ယခင်က မြင်ဖူးသည်။ ဤသည်မှာ ရှီဟောင်နောက်လိုက်နေခဲ့သည့်စေတီလေးပင်။ သို့သော် ယခုမှာ ပုံစံအသစ်ပင်။ ယခင်ကကဲ့သို့ ပျက်စီးမနေတော့။

ဤလူ၏ဦးခေါင်းထက်တွင် အလွှာကိုးလွှာပါသည့် စေတီတစ်ဆူရှိနေသည်။ သူသည် အန်းလန်ကို ထပ်တူညီသည့်စကားသာ ပြန်ပြောလိုက်လေ၏။ အရိုက်ခံချင်နေတာပဲ..

အဆုံးမရှိသည့်အော်ရာများ ဖြန့်ကျက်လာသည်။ သူသည် အချိန်မြစ်ကို ဖြတ်ကျော်လာသကဲ့သို့ပင်။

ဝုန်း..

အန်းလန်ကို ရိုက်ချရန်အတွက် သူရှေ့တိုးလာသသည်။

ဖုန်း..

အန်းလန်အမူအရာ ပြောင်းလဲသွား၏။ အခြေအနေမှာ အလွန်ထူးဆန်းလှသည်ပင်။

သူ၏လက်မှာ မူလဧကရာဇ်မြို့ကို မဖမ်းဆုတ်ထားနိုင်တော့သဖြင့် ထိုမြို့ကိုလက်လွှတ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူရင်ဆိုင်နေရသည့်ဖိအားမှာ ကြီးမားလွန်းလှသည်။

ဒုန်း..

ကိုးလွှာစေတီသည် ထိုလူနှင့်အတူ လှုပ်ရှားလာလေ၏။

အနောက်ဘက်တွင် အမိန့်စာငါးခု တောက်ပလာသည်။ ရှုထော်သည် အော်ဟစ်လိုက်ကာ ကောင်းကင်ချောက်နက်ကို ခုခံကာ မူလဧကရာဇ်မြို့ကို ဖမ်းဆုတ်လိုက်သည်။

အန်းလန် ဆက်တိုက်ပင် နောက်ဆုတ်နေရလေ၏။

ဖုန်း..

လူတစ်ယောက်နှင့်တိုက်ပြီးသည့်နောက် အန်းလန် အလွန်လျင်မြန်လှသည့်အရှိန်ဖြင့် နောက်ပြန်ဆုတ်လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ဤလူနှစ်ယောက်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..

ဒီလိုမျိုး သက်ရှိနှစ်ယောက်က ဘယ်လိုလုပ် တစ်ပြိုင်တည်း ပေါ်လာတာလဲ .. သူတို့က ဘယ်ကရောက်လာတာလဲ..

“ငါ အန်းလန်က ဒီလောကမှာ ပြိုင်ဘက်ကင်းတယ် .. ဘယ်သူက ငါ့ကို ဖိနှိပ်နိုင်မှာလဲ..” အန်းလန်၏ဟစ်ကြွေးသံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ပြိုကျသွားစေသည်။

သို့သော် ဒုန်းဟူသည့်အသံထွက်ပေါ်လာသည်။ ထိုအိုး လွင့်ပျံထွက်လာကာ သူ၏ရွှေရောင်လှံတံကို တိုက်သွားလေ၏။ ထို့နောက် ထိုစေတီပေါ်လာကာ အောက်ဘက်သို့ ဖိနှိပ်လာသည်။ အန်းလန်၏ခန္ဓာကိုယ် တုန်ယင်လာကာ အနောက်ဘက်သို့ ယိုင်သွားလေ၏။

“ခင်ဗျားက အရိုက်ခံချင်နေတာပဲ..”

ရှီဟောင်နောက်တစ်ကြိမ်အော်ဟစ်လိုက်၏။ သူ၏ဦးခေါင်းထက်၌ တာအိုစင်္ကြံနောက်တစ်ခု ပေါ်မလာတော့။ သို့သော်လည်း ထိုနေရာလည်း အုံ့ဆိုင်းနေကာ လေဟာနယ်ပုံရိပ်တစ်ခု ပေါ်လာသည်။

ဝုန်း..

ထိုလေဟာနယ်ပုံရိပ်သည် ရှီဟောင်၏ခန္ဓာကိုယ်အစစ်နှင့်‌ ပေါင်းစည်းသွားကာ ခန္ဓာကိုယ်တစ်ခုတည်းဖြစ်သွားသည်။ သူသည် တစ်လောကလုံးကို အစိုးရသည့်ဘုရင်ကဲ့သို့ပင် ခံစားလိုက်ရသည်။

ချွမ်း..

သူ၏လက်ထဲတွင် ဓားတစ်လက်ပေါ်လာသည်။ သူ ထိုဓားကို လွှဲရမ်းလိုက်သည့်အပြင် အော်ဟစ်လိုက်သည်။ “ခင်ဗျားက အရိုက်ခံချင်နေတာပဲ..”

ဖုန်း ဟူသည့်အသံနှင့်အတူ အန်းလန် လွင့်ထွက်သွားသည်။

တစ်ဖက်လောကမှ စစ်သား သန်းချီမှာ ရူးသွားတော့မတတ်ပင်။ ဘာဖြစ်နေတာလဲ .. အဲဒီလူငယ်လေးက ဘာလို့ ဒီလောက်ကြောက်ဖို့ကောင်းတဲ့မြင်ကွင်းမျိုး လုပ်နိုင်တာလဲ..

သူက ဘယ်လိုလုပ် လူသုံးယောက်ဖြစ်လာတာလဲ .. အဲဒါအပြင်ကို သုံးယောက်လုံးက ပြိုင်ဘက်ကင်းတဲ့သူတွေ ဖြစ်နေတယ် ..

‘အရိုက်ခံချင်နေတာပဲ’ ဟူသည့်စကားအတွက် မသေမျိုးဘုရင်အန်းလန် တကယ် ဖိနှိပ်ခံရတော့မည်လား..

အပိုင်း ၁၈၃၆ ပြီး၏။
Chapter – 1837 ပြောင်းလဲခြင်းပညာ

အားလုံး ဆွံ့အသွားရသည်။ ဘာဖြစ်နေတာလဲ .. ဟွမ်က ဘာလို့ လူသုံးယောက်တောင်ဖြစ်သွားတာလဲ .. ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲ..

ဤလူများသည် လေထဲမှ ထွက်ပေါ်လာပြီး သူတို့၏ဇစ်မြစ်နှင့် အဆင့်အတန်းမှာ ကြောက်စရာကောင်းလှသည်။ သူတို့သည် မသေမျိုးဘုရင်များကိုပင် တိုက်ခိုက်နိုင်သည်။

ကောင်းကင်ချောက်နက်ရှေ့၌ ရှိနေသည့် ထိုထူးဆန်းသည့်ကျွမ်းကျင်သူပင်လျှင် ဆွံ့အနေကာ ထူးဆန်းသည့်အမူအရာဖြစ်နေသည်။

သူ အလွန်ထိတ်လန့်နေမိသည်။ ဟွမ်သည် သူနှင့်ဆင်တူသည့် ပုံရိပ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူမထင်ထားခဲ့။ ထိုသက်ရှိ၏ဦးခေါင်းထက်တွင်လည်း အိုးတစ်လုံးရှိနေသည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်၌ ရှိနေသည့်လူများလည်း ဆွံ့အနေကြသည်။ ဒါက ဟွမ်ရော ဟုတ်သေးရဲ့လား .. သူက အန်းလန်နဲ့ တကယ်တိုက်ခိုက်နိုင်တယ်ပေါ့ .. ပြီးတော့ သူက ဘာလို့ သုံးယောက်ပြောင်းသွားတာလဲ.. ကျန်တဲ့နှစ်ယောက်က ဘယ်က ရောက်လာတာလဲ..

ထာဝရရွှေကိုးမျိုးနဲ့လုပ်ထားတဲ့အိုးနဲ့အတူရှိတဲ့ ထူးဆန်းတဲ့ကျွမ်းကျင်သူက သိပ်မဝေးတဲ့နေရာမှာ ရပ်နေတာမဟုတ်ဘူးလား .. ဟွမ်က ဘာလို့ နောက်တစ်ယောက်ကို ထပ်ဖန်တီးထားတာလဲ..

ကျန်သည့်တစ်ယောက်ထံတွင် အချိန်မြစ်၏အလင်းတန်းများပင် ရှိနေသေးသည်။ ရှေးဟောင်းစေတီတစ်ဆူမှာ တက်လိုက်ကျလိုက်ဖြစ်နေကာပို၍ပင် ထူးဆန်းနေသေးသည်။ သူက ဘာနတ်အမျိုးအနွယ်လဲ..

အားလုံး ဆွံ့အနေကြရသည်။

“ဒါက .. ဘိုးဘေးအရှင်အန်းလန် ရှုံးသွားတာလား..” တစ်ဖက်လောကရှိ ကျွမ်းကျင်သူများအားလုံး တုန်လှုပ်သွားရသည်။ သူတို့အားလုံး ကျောချမ်းသလိုပင် ခံစားလိုက်ရသည်။

အရှုံးမရှိကာ သူတို့ရင်ထဲ၌ လေးစားတန်ဖိုးထားရသည့် အဆင့်အမြင့်ဆုံးကျွမ်းကျင်သူမှာ ဘယ်လိုလုပ် အရေးနိမ့်မည်နည်း..

ထာဝရရွှေကိုးမျိုးဖြင့် ပြုလုပ်ထားသည့်အိုးကြီး ဆင်းသက်လာကာ အန်းလန်ကို ဖိနှိပ်လာသည်။

ဒုန်း..

အန်းလန်၏အမူအရာ လေးနက်လာ၏။ သူသည် ရွှေရောင်လှံတံကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ထိုအိုးကို ထိုးပစ်လိုက်သည်။ ထိုလက်နက်နှစ်ခုကြား တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာကာ မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။

သူသည် တကယ်ကို အင်အားကြီးကာ ထိပ်ဆုံး၌ ရောက်နေသည့်သူပင်။ သို့သော် ယခုအချိန်တွင် သူ ဒုက္ခတွေ့နေရဆဲပင်။

သူ အိုးနှင့်တိုက်ခိုက်သည်နှင့် ကိုးလွှာစေတီရောက်ရှိလာကာ သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်လာသည်။ ထို့နောက် ဓားကိုင်ထားသည့် အခြားသက်ရှိတစ်ဦး ရောက်လာသည်။

ဖုန်း..

အန်းလန်မှာ အရေးကြီးသည့်အခြေအနေသို့ ရောက်နေသည်။ နောက်ဆုံးတွင် သူသည် ဝုန်း ဟူသည့်အသံနှင့်အတူ လွင့်ထွက်သွားသည့်အပြင် သူ၏အင်္ကျီလက် ပေါက်ကွဲသွားလေသည်။

ဤသည်မှာ အစသာ ရှိသေးသော်လည်း သူတို့၏တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။ ရှီဟောင်နှင့်အခြားနှစ်ယောက် အန်းလန်နောက်သို့လိုက်သွားလိုက်ကြလေ၏။

အန်းလန်မှာ ဘယ်တုန်းကများ ဤကဲ့သို့အန္တရာယ်များသည့်အခြေအနေသို့ ရောက်ဖူးသနည်း.. တစ်ခုမှားသွားသည်နှင့် သူ တစ်ဖက်လူ၏ဖိနှိပ်ခြင်းခံရလိမ့်မည်။

“ဘိုးဘေးအရှင်..”

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်လာတာလဲ..”

တစ်ဖက်လောကမှ လူများ စိုးရိမ်တကြီး အော်ဟစ်လာကြသည်။ ဘိုးဘေးအရှင်အန်းလန်၏ ပြိုင်ဘက်ကင်းသည့် ဂုဏ်သိက္ခာမှာ ယနေ့ ဤနေရာ၌ အဆုံးသတ်တော့မည်လား..

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားသည်။

ဦးခေါင်းထက်၌ စေတီတစ်ဆူရှိနေသည့်သူမှာ အတိတ်မှ ပစ္စုပ္ပန်သို့ ရောက်လာသကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်မှာ စေတီနှင့် တစ်သားတည်းဖြစ်နေသည်။

သူ၏လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်ဧကရာဇ်မှ အဆုံးအဖြတ်ပေးနေသကဲ့သို့ စွမ်းအားကြီးလှသည်။ မည်သူက သူ့အား မလေးမစားလုပ်ရဲသနည်း.. မည်သူက သူ့ကို ဆန့်ကျင်ရဲသနည်း..

သူလက်မြှောက်လိုက်သည်နှင့် စွမ်းအင်များ ထွက်ပေါ်လာကာ အန်းလန်ကို ထိုနေရာ၌ ပိတ်ထားလိုက်လေသည်။

ဒုန်း..

ထိုအခွင့်အရေးကို အရယူကာ အိုးကြီး ပျံသန်းလာသည်။ ထိုအိုးသည် ရွှေရောင်စစ်လှံတံကို ဘေးဘက်သို့ တိုက်ပြီးနောက် အန်းလန်၏ပုခုံးကို တိုက်သွားကာ သူ့ကို နောက်ယိုင်သွားအောင်လုပ်လိုက်သည်။

ထို့အပြင် သူ၏နှုတ်ခမ်းထောင့်မှ သွေးစီးတန်းတစ်တန်းပေါ်လာသည်။ ဤသည်မှာ အဆင့်တူသည့်တိုက်ပွဲဖြစ်သောကြောင့် ထိုအိုးဖြင့် ရိုက်ခံလိုက်ရသည့်အချိန်တွင် မည်သူကများ ခံနိုင်မည်နည်း..

သို့သော် အန်းလန် သွေးတန်းတစ်တန်းသာ ဆုံးရှုံးလိုက်ရ၏။ ဤသည်မှာ သူ၏စွမ်းအားကို ပြသလိုက်ခြင်းပင်။ ထိုရိုက်ချက်မှာ ကြယ်ကောင်းကင်ကို အလွယ်တကူ ပြိုကွဲသွားစေကာ စကြာဝဠာကြီးကို ပျက်စီးသွားစေနိုင်သည်။

ဤသည်မှာ တိုင်းတာ၍မရနိုင်သည့်နတ်ခွန်အားဟုပင် ပြော၍ရသည်။

အားလုံး ထိတ်လန့်သွားရ၏။ ပြိုင်ဘက်ကင်းတဲ့အန်းလန်က တကယ် ဒဏ်ရာရသွားပြီ။ ဤသည်မှာ ကောင်းကင်ကြီးပြိုကျသည်နှင့် ညီမျှသည့် ကိစ္စကြီးပင်။

အနောက်ဘက်မှ ကျင့်ကြံသူများ ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။ သူတို့ရဲ့ မသေမျိုးဘုရင်၊ သူတို့ရဲ့ပြိုင်ဘက်ကင်းနတ်ဘုရားက ဒီမှာ တကယ် ဒဏ်ရာရသွားပြီ .. ဤသည်မှာ သူတို့လက်ခံနိုင်ရန် ခက်ခဲလှသည်ပင်။

အနာဂတ်မှ ရောက်လာသကဲ့သို့သော အလုံးစုံရင်းမြစ်စွမ်းအင်များ ထွက်ပေါ်လာကာ ထိုလူနှင့် ပေါင်းစည်းသွားသည်။ ထို့နောက် ထိုလူ တရှိန်ထိုး ပြေးသွားလေသည်။

ထို့နောက် ဓားကိုင်ထားသည့် ရှီဟောင်လည်း အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပြေးသွားလိုက်သည်။ ဖုန်းဟူသည့်အသံနှင့်အတူ ဓားသွားသည် အန်းလန်အား တားဆီးလိုက်လေ၏။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်လာတာလဲ..”

တစ်ဖက်လောကမှ အချို့လူများ ကြောက်ရွံ့ကာ အန်းလန်အတွက် စိုးရိမ်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ခေါင်းထဲ၌ မေးခွန်းများ ပြည့်နှက်သွားသည်။

“တကယ်ပဲ ဘာဖြစ်နေတာလဲ .. သူက ဘယ်လိုလုပ် လူနှစ်ယောက်ကို ဆင့်ခေါ်လို့ရတာလဲ.. ပြန်လည်ဝင်စားတာက တကယ်ရှိတယ်လို့တော့ ငါ့ကို မပြောနဲ့နော်..”

“အဲဒါက ဟွမ်ရဲ့ အတိတ်နဲ့ အနာဂတ်က ခန္ဓာကိုယ်တွေလား..” အချို့လူများ အကြမ်းဖျင်း ခန့်မှန်းလိုက်ကြသည်။

ဒါက ရှီဟောင်ရဲ့ ပြန်လည်ဝင်စားခြင်းသုံးခုလား ..

အားလုံး ထိုမြင်ကွင်းကို ကြည့်ရင်းဖြင့် ဤသည်မှာ တကယ်ဖြစ်လိမ့်မည်ဟု ခံစားလာရသည်။ အချို့လူများမှာ ထိတ်လန့်လွန်းသောကြောင့် သူတို့ဝိညာဉ်များပင် ပေါက်ကွဲတော့မတတ် ခံစားလာရသည်။

ဝုန်း..

သူတို့ခန့်မှန်းထားသကဲ့သို့ ရှီဟောင်၏ ခန္ဓာကိုယ်သုံးခုလုံး အရှေ့သို့တက်လာသည်။

အန်းလန်ခံစားနေရသည့်ဖိအားမှာ များပြားလွန်းလှသည်။ သူ မည်မျှပင် သန်မာနေပါစေ ဤကဲ့သို့သော အခြေအနေမျိုးနှင့် တွေ့ကြုံလိုက်ရသည့်အချိန်တွင် သူသည် ခံစစ်အနေအထားဖြစ်သွားသည်ပင်။

“သူက ပြန်ဝင်စားတဲ့သူလား..” တစ်စုံတစ်ယောက်မှ တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။

ဝုန်း..

ထိုအချိန်တွင် အန်းလန်၏ဘယ်လက်၌ မာကျောကာ ဖျက်ဆီး၍မရနိုင်သည့်ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာကာ ထာဝရဓားကို ကာကွယ်လိုက်သည်။ ထို့အတူ သူ၏ညာလက်တွင်ရှိသည့် လှံတံဖြင့် ထိုးလိုက်သည်။

“ပြန်လည်ဝင်စားခြင်းဟုတ်လား .. ငါ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းများစွာကို မြင်ဖူးပြီးသွားပြီ .. ဘယ်သူက ပြန်ဝင်စားနိုင်လို့လဲ .. ထာဝရဘုရင်တွေတောင် သေသွားတာနဲ့ ညစ်ပတ်တဲ့မြေကြီးအပြင် ဘာမှမဟုတ်တော့ဘူး .. ဘယ်သူက ငါ့ရှေ့မှာ ပြန်ဝင်စားရဲတာလဲ .. ပြန်ဝင်စားခြင်းဆိုတာ ဟာသတစ်ခုပဲ .. တကယ်သန်မာတဲ့သူတွေက ပြန်လည်ဝင်စားခြင်းကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး..”

အန်းလန် အော်ဟစ်လိုက်သည်။

“ပြန်လည်ဝင်စားတဲ့သက်ရှိဆိုတာမရှိဘူး .. ပြန်လည်ဖြစ်ပေါ်လာတဲ့အဖြစ်အပျက်တွေပဲရှိတာ..” ခပ်ဝေးဝေးတွင်ရှိနေသည့် ရှုထော်မှ ပြောလိုက်သည်။

အချို့လူများမှာ ဤသည်ကို လက်မခံနိုင်ဖြစ်နေဆဲပင်။ ပြန်ဝင်စားတာမဟုတ်ဘူးဆိုရင် ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ..

“ဒါက သူ့ရဲ့ပညာတွေရဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်လိမ့်မယ်လို့ ငါထင်တယ်..” ရှုထော်၏အမူအရာမှာ ညှို့မှိုင်းနေသည်။ ဤစကားများကို ပြောပြီးနောက် သူကိုယ်တိုင်ပင်လျှင် စိတ်ထဲတုန်လှုပ်သွားရသည်။

“ဧကရာဇ်ပျက်စီးခြင်းခေတ်တုန်းက ပညာအသွင်ပြောင်းခြင်း..” အန်းလန်လည်း ဤစကားကို ပြောလာလေ၏။ သူ၏နောက်ဆုံးမှတ်ချက်မှာ ရှုထော်နှင့်အတူတူပင်။

“ဒါက ဘယ်လိုပညာမျိုးလဲ..” အနောက်ဘက်ရှိ မသေမျိုးသက်ရှိတစ်ဦး ရှုထော်ကို မေးလိုက်သည်။

“အဲဒါက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တယ် .. တစ်ခြားသူရဲ့ တာအိုအသီးအပွင့်တွေကို ငှားယူသုံးစွဲနိုင်တယ် .. ဒါက ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ပညာတစ်ခု .. ဧကရာဇ်ပျက်စီးခြင်းခေတ်မှာ ပေါ်ခဲ့တဲ့ ပညာတစ်ခု..” ရှုထော်၏အမူအရာမှာ လေးနက်နေသည်။

ဤသည်မှာ ထိုပြိုင်ဘက်ကင်းသည့်ထူးဆန်းသည့်ပညာဖြစ်မှန်း သူသေချာသွားလေပြီ။ ဤပညာကို ဤလောက၌ တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့။

“ဒါက သွေးစက်တစ်စက်လေးပဲ ကြာကြာခံမှာမဟုတ်ဘူး .. ခဏနေရင် ပျက်ပြယ်သွားလိမ့်မယ် .. အန်းလန် မင်းတောင့်ခံထားနိုင်သရွေ့ ငါတို့အောင်မြင်မှု ရလိမ့်မယ်..” ရှုထော်ပြောလိုက်သည်။

ဝုန်း..

သို့သော် ယခုအချိန်တွင် ထိုသွေးစက်သည် အလွန်ခမ်းနားနေကာ ယခုထက်ထိ မပျက်ပြယ်သေး။ ကျွမ်းကျင်သူသုံးဦးမှာ ပြိုင်ဘက်ကင်းသည့်စွမ်းအားများ ထုတ်လွှတ်နေဆဲပင်။

ဒုန်း..

အိုးကြီး ကျဆင်းလာကာ အန်းလန်၏လှံတံကို တိုက်ပစ်လိုက်သည့်အပြင် သူ၏ရင်ဘတ်ကိုလည်း တိုက်ပစ်လိုက်သည်။

ထို့အပြင် ကိုးလွှာစေတီလည်း ကျရောက်လာကာ သူ၏ဒိုင်းကာကို ရိုက်လိုက်သည့်အပြင် သူ့ကိုလည်း ဆက်ရိုက်လိုက်လေ၏။

ထို့နောက် ဓားတစ်လက် ထွက်ပေါ်လာကာ အန်းလန်ပါးစပ်မှ သွေးတစ်ပွက်အန်လာသည်အထိ သူ့အား ထိုးနှက်နေလေသည်။

ဝုန်း..

ကျွမ်းကျင်သူသုံးဦးသည် အန်းလန်နောက်သို့လိုက်ကာ ပြင်းထန်စွာပင် တိုက်ခိုက်နေ၏။

ယခုအချိန်တွင် အန်းလန် အန္တရာယ်များသည့်အခြေအနေသို့ ရောက်နေလေပြီ။

သူ စွမ်းအားကြီးသည့် လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုကာ သူတို့သုံးယောက်ထံမှ လွတ်အောင်ရုန်းထွက်လိုက်သည်။ သို့သော် ကိုးလွှာစေတီသည် အဆုံးမရှိသည့် နေရာခွန်အားကို အသုံးပြုကာ သူ့အား ကန့်သတ်ထားလိုက်သည်။

ဖုန်း..

ထို့နောက် အိုးကြီးသည် သူ့အားစုတ်ယူရန် ကြိုးစားလာသည်။

အန်းလန် လက်ထဲရှိ စစ်လှံတံဖြင့် အိုးကိုထိုးစိုက်ကာ အိုးကို တားဆီးလိုက်သည်။

ရှီဟောင်လွှဲရမ်းလိုက်သည့်ဓားရိုး ရောက်ရှိလာကာ အန်းလန်ကို လွင့်ထွက်သွားအောင်လုပ်လိုက်သည်။ ဓားရိုးဟုခေါ်သည်မှာ ဓား၌ အစွန်းမရှိသောကြောင့်ပင်။

အားလုံး ဆွံ့အနေကြလေ၏။ အန်းလန်က ဒဏ်ရာရပြီးတော့ တစ်ဖက်ကလူတွေ လိုက်ဖမ်းတာကို ခံနေရတာလား..

“ပညာအသွင်ပြောင်းခြင်းလား..”

သက်ရှိနှစ်ယောက် အဘယ်ကြောင့်ထွက်ပေါ်လာသည်ကို အင်ပါယာဂိတ်မြို့ရိုးထက်ရှိလူများ နောက်ဆုံးတော့ သဘောပေါက်သွားလေပြီ။ ဤသည်မှာ ရှေးဟောင်းပညာတစ်ခုကြောင့်ပင်။

ထိုသို့ဆိုသော်လည်း သူတို့ တုန်လှုပ်နေဆဲပင်။

ကောင်းကင်ချောက်နက် အက်ကွဲကြောင်းရှေ့၌ ရှိနေသည့် ထူးဆန်းသည့်လူသည် အသာလေးသက်ပြင်းချလိုက်ကာ “ပညာအသွင်ပြောင်းခြင်းပညာကြီး.. တကယ်ကို ဒီပညာပဲ..”

ဤပညာတွင် ကြီးမားလှသည့်ရင်းမြစ်ရှိနေသည်မှာ သေချာသည်။ မဟုတ်ပါက သူဤကဲ့သို့သောမှတ်ချက်မျိုး ပေးမည်မဟုတ်။

ဒုန်း..

အန်းလန် နောက်တစ်ကြိမ် လိုက်ခံနေရသည်။ သူ၏ခန္ဓာကိုယ်သည် အိုးကိုယ်ထည်နှင့် ရိုက်မိသွားကာ လွင့်ထွက်သွားလေ၏။ သွေးများစွာလည်းအန်ထွက်သွားကာ ပြင်းထန်သည့်ဒဏ်ရာများ ရရှိသွားသည်။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်ပင်။

အပိုင်း ၁၈၃၇ ပြီး၏။
Chapter – 1838 အန်းလန်အား ဖိနှိပ်ခြင်း

အန်းလန်ဒဏ်ရာရပြီး လိုက်ဖမ်းခံနေရသည်။ ကန္တာရကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။

ဤသည်မှာ မသေမျိုးဘုရင်အန်းလန်ဖြစ်သော်လည်း ယနေ့တော့ ရှုံးနိမ့်မှု၏အရသာကို မြည်းစမ်းနေရသည်။ သူသည်နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေကာ အခြားသူများ၏လိုက်ဖမ်းခြင်းကို ခံနေရသည်။ သူ၏ဒဏ်ရာများမှာ မပေါ့ပါးလှ။

“ခင်ဗျား ဘယ်သွားမလို့လဲ..”

ကျွမ်းကျင်သူသုံးဦးလုံးတွင် ပြိုင်ဘက်ကင်းသည့်နတ်စွမ်းရည်များ ရှိနေကြသည်။ သူတို့သည် ပြိုင်ဘက်ကင်းသည့်ပညာများအသုံးပြုကာ သူ၏လမ်းကြောင်းကို ပိတ်ဆ်ို့လိုက်ကြသည်။ ထို့အပြင် အချိန်အပိုင်းအစများပါဝင်သည့် ဓားတစ်လက်လည်း လွင့်ပျံလာသည်။

ဒုန်း..

အန်းလန်၏ ညာလက်ထဲတွင်ရှိနေသည့် လှံတံမှ ထိုဓားရိုးကို ရပ်တန့်စေလိုက်သည်။

ထိုသွေးစက်မှာ ဤထပ်ပိုမကြာနိုင်တော့သည်ကို သူယုံကြည်သည်။

ထိုသွေးစက် အားကုန်သွားသည့်အချိန်ကို စောင့်ဆိုင်းကာ တစ်ဖက်လူအား ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် သူစီစဉ်ထားခဲ့ခြင်းပင်။ သို့သော် သူ၏တွက်ချက်မှုများ မှားယွင်းသွားခဲ့သည်။ ကိစ္စများမှာ သူဖြစ်ချင်သလို ဖြစ်မလာခဲ့။

ဒုန်း..

ကိုးလွှာစေတီ အန်းလန်၏နောက်ကျောကို ရိုက်နှက်လာပြီး သူ့အား သွေးအန်သွားစေသည်။ ဤရိုက်ချက်မှာ ပြင်းထန်လွန်းလှသည်။

ဒုန်း..

အလုံးစုံရင်းမြစ်စွမ်းအင်များသည် ရေတံခွန်ကဲ့သို့ လေထဲတွင်ထွက်ပေါ်လာပြီး အန်းလန်၏ခန္ဓာကိုယ်ထံသို့ သွန်ချလာသည်။ သူသည် တစ်ဖြည်းဖြည်းနိမ့်ဆင်းလာကာ အန်းလန်ကို ဖိနှိပ်လာလေ၏။ အန်းလန် ခန္ဓာကိုယ် ယိုင်သွားကာ နောက်တစ်ကြိမ် သွေးအန်သွားသည်။

အန်းလန်၏မျက်လုံးများ‌ အေးစက်လာ၏။ သူသည် ရုတ်တရက်ပင် စွမ်းအားများကို ထုတ်လွှတ်ကာ သူ၏ကျောကို ပြန်မတ်ထားလိုက်သည်။ သူ အလုံးစုံရင်းမြစ်စွမ်းအင်နှင့် ထိုအိုးကို ပြန်တွန်းထုတ်လိုက်သည်။ သူ၏အော်ရာလည်း ပြိုင်ဘက်ကင်းသည့်နတ်ဆိုးဘုရင်ကဲ့သို့ ကြမ်းတမ်းလာသည်။

“မင်း ဘယ်လောက်ကြာအောင် ရူးရူးနှမ်းနှမ်းလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..” သူ၏စကားလုံးများမှာ အေးစက်နေ၏။ သူသည် ရှုံးနိမ့်နေသည့်သူမဟုတ်သကဲ့သို့ တည်ငြိမ်နေဆဲပင်။

“ထွက်ပြေးမနေပဲနဲ့ ခင်ဗျားရဲ့ ကံတရားကို လက်ခံလိုက်တော့..” ရှီဟောင်အော်ဟစ်လိုက်သည်။

ဤတိုက်ပွဲမှာ အားလုံးကို မူးဝေသွားစေခဲ့သည်။ ကလန်အားလုံး ကြောက်စိတ်ကြောင့် တုန်ယင်နေကြလေပြီ။

ဒုန်း..

မတူညီသည့်နေရာသုံးခုမှ လက်နက်သုံးခုပေါ်လာကာ အန်းလန်ထံသို့ ဦးတည်လာနေသည်။

“ချိုးဖောက်မယ်..” အန်းလန် ဟစ်ကြွေးလိုက်သည်။ သူ၏ဘယ်လက်ထဲရှိ ဒိုင်းကာကို လှုပ်ရှားလိုက်သည်နှင့် ဤသည်မှာ တောင်ကြီးတစ်တောင်ကို တွန်းထုတ်လိုက်သကဲ့သို့ပင်။ သူ၏လက်ထဲတွင်ရှိနေသည့် လှံတံဖြင့်လည်း ခုခံနေခဲ့သည်။

ဒုန်း..

အန်းလန်၏လက်တစ်ခုလုံး သွေးများ နီရဲသွားသည်။ သွေးများသည် သူ၏လက်မောင်းမှ လက်ချောင်းများထိ စီးဆင်းနေသည်။ လက်နက်သုံးခု တစ်ပြိုင်နက်တည်းကျရောက်လာခြင်းမှာ ပြင်းထန်လွန်းလှသည်ပင်။

ပို၍ ကြောက်စရာကောင်းသည်မှာ ကျွမ်းကျင်သူသုံးဦးသည် အရှေ့သို့ တက်လာသည့်အချိန်တွင် သူတို့လက်သီးများကိုလည်း လွှဲရမ်းလိုက်သည်ပင်။

ဖုန်း ဖုန်း ဖုန်း..

ထိုအခိုက်အတန့်တွင် အန်းလန် ပြင်းထန်စွာ ရုန်းကန်နေရသည်။ သူ့တစ်ကိုယ်လုံး အလင်းတန်းများ ထုတ်လွှတ်လာသည့်အပြင် သူ၏နဖူးထက်မှ ထူးခြားသည့်အလင်းတန်း လင်းလက်လာ၏။

သို့သော် သူ အရေးနိမ့်ကာ ဖိအားများစွာကို ခုခံနေရသည်။ လူသုံးဦးနှင့် လက်နက်သုံးမျိုး တစ်ပြိုင်နက်တည်း ကျရောက်လာသောကြောင့် သူ့ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားရသည်။

ဖူး..

အန်းလန်သွေးအန်သွားကာ သူ့ခန္ဓာကိုယ်မှာ မတည်ငြိမ်နိုင်တော့။ ထိုအခိုက်အခန့်တွင် သူ စွမ်းအားကြီးသည့် လက်သီးချက်များစွာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ဤအတိုင်းသာ ဆက်သွားနေလျှင် အန်းလန် ဤနေရာ၌ သေသွားလိမ့်မည်။

အန်းလန်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေကာ သူ၏အမူအရာမှာ လေးနက်လာသည်။ သူ အထင်မှားသွားပြီဟု ခံစားလိုက်ရသည်။ ဒီသွေးစက်က ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ ..

“ဘိုးဘေးအရှင်ရှုထော် .. တိုက်ခိုက်ပေးပါ .. အဲဒီရဲတင်းနေတဲ့လူကို ဖိနှိပ်ပေးပါ..” တစ်စုံတစ်ယောက် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အန်းလန် ဤနေရာ၌ သေသွားမည်ကို သူတို့ကြောက်နေကြသည်ပင်။

ဤသည်မှာ တစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။ တစ်ဖက်လောကတွင် မသေမျိုးဘုရင်လှုပ်ရှားလိုက်သည်နှင့် ဤသည်မှာ တစ်ဖက်လူ သေချာပေါက် ရှုံးနိမ့်တော့မည်ဟု ဆိုလိုခြင်းပင်။ မည်သူမှ သူတို့ကို မတားဆီးနိုင်ခဲ့။

သို့သော် ယနေ့တော့ ဘိုးဘေးအရှင်အန်းလန် ဤနေရာ၌ သေဆုံးသွားမည်ကို သူတို့ကြောက်ရွံ့နေကြရလေပြီ။

သိထားရမည်မှာ အန်းလန်သည် ထာဝရရှေးဟောင်းခေတ်၌ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။ အန္တရာယ်များသည့်သူ၊ စွမ်းအားကြီးသည့်သူများစွာကိုလည်း သူမြင်ဖူးသည်။ သို့သော်လည်း သူသည် ယနေ့အချိန်ထိ ဆက်လက်ရှိနိုင်ခဲ့သည်ပင်။

“ဘိုးဘေးအရှင်အန်းလန်ကို မကျော်လွှားနိုင်ဘူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် ဟွမ်သည် ဓားကို လွှဲရမ်းကာ သက်တံ့ရောင်အလင်းတစ်ခု ဖြစ်ပေါ်စေလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ ဓားမှာ ပုံမှန်မဟုတ်တော့။ အသွားမပါသည့်ဓားသည် ချက်ချင်းပင် အေးစက်သည့်အလင်းတန်းများ ထုတ်လွှတ်လာပြီး အေးစက်သည့်သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။

ဖူး..

အန်းလန်လက်မောင်းတွင် သွေးများစီးကျလာသည်။ အရေးကြီးသည့်နေရာကို ရှောင်လိုက်နိုင်သော်လည်း သူ ဒဏ်ရာရသွားဆဲပင်။ ဓားသည် အသွားမပါသော်လည်း သူ၏ခန္ဓာကိုယ်ကို ဖြတ်ပစ်နိုင်ဆဲပင်။

“ဘိုးဘေးအရှင်..” လူအချို့အော်ဟစ်လိုက်သည်။

လူအများစုမှာ ဤရလဒ်ကို လက်ခံနိုင်ရန် ခက်ခဲနေကြသည်။ အဘယ်ကြောင်ဆိုသော် အန်းလန်သည် သူတို့နှလုံးသားထဲတွင် အမြင့်ဆုံးပုဂ္ဂိုလ်ပင်။ တစ်ဖက်လူမှာ လူငယ်လေးတစ်ယောက်သာဖြစ်ပြီး သိပ်မကြာသေးခင်က သူတို့အကျဉ်းသားပင်ဖြစ်ခဲ့သေးသည်ပင်။ သို့သော် ယခုတော့ သူ အန်းလန်ကို ဖိနှိပ်နေလေပြီ။

“ဘိုးဘေးအရှင် ရှုထော် .. တိုက်ခိုက်ပေးပါ..” တစ်စုံတစ်ယောက်မှ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

ယခုအချိန်တွင် ရှုထော်သည် လေထဲရှိမူလဧကရာဇ်မြို့ကို ဆုတ်ကိုင်ထားည့်အပြင် အမိန့်စာငါးခုကိုလည်းအသက်သွင်းထားရသည်။ သူသည် ဤမြို့ကို ချိတ်ပိတ်ကာ ကောင်းကင်ချောက်နက်အား ဖွင့်ချင်နေသည်ပင်။

“မသေမျိုးသက်ရှိတွေ ဂိတ်ကိုဖြတ်ချင်ရင် တန်ဖိုးတစ်ခု ပေးဆပ်ရမှာပဲ..” ဤသည်မှာ ရှုထော်ပြန်ပြောလိုက်ခြင်းပင်။

ကောင်းကင်ချောက်နက်ကို ဖြတ်ချင်လျှင် တန်ဖိုးတစ်ခု ပေးဆပ်ရမည်ဟု သူအားလုံးကို ပြောလိုက်သည်။

“အတူတူ ပူးပေါင်းလို့တောင် မရဘူးလား..” တစ်စုံတစ်ယောက်မှ စိုးရိမ်တကြီးမေးလိုက်သည်။ အန်းလန် အသက်အန္တရာယ်ရှိနေပေမယ့် ရှထော်မတိုက်ခိုက်နိုင်ဘူးတဲ့လား..

“ကောင်းကင်ချောက်နက်က သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး .. ဒါက ပြိုင်ဘက်ကင်းတဲ့ဥပဒေသတွေ အများကြီး စုဝေးနေတဲ့နေရာပဲ .. ကောင်းကင်ချောက်နက်ကို ဖြတ်ချင်ရင် မသေမျိုးဘုရင် တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ် ရလဒ်ကအတူတူပဲ .. ငါတို့ တန်ဖိုးတစ်ခု ပေးဆပ်ရမှာပဲ..”

ရှုထော် ရှင်းပြလိုက်သည်။ ကောင်းကင်ချောက်နက်တွင် အမြင့်ဆုံးသင်္ကေတများ ရှိနေပြီး ဤသည်မှာ မသေမျိုးသက်ရှိများကို ရပ်တန့်မည့်ကျိန်စာတစ်ခုကဲ့သို့ပင်။

“အန်းလန်တစ်ယောက်တည်း ကောင်းကင်ချောက်နက်ကို ဖြတ်တာက အကြောင်းရင်းရှိတယ်လို့ ပြောချင်တာလား .. ဒါက ကျွန်တော်တို့ဘက်ကနေ ပေးဆပ်ရမယ့်တန်ဖိုးလား..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ‌ မေးလိုက်သည်။

“မှန်တယ်..” ရှုထော်ခေါင်းညိမ့်လိုက်၏။

ယခင်က အန်းလန်တစ်ယောက်တည်းသာ လှုပ်ရှားခြင်းပင်။ အခြားသူများမှာ အမိန့်စာများဖြင့်သာ သူ့ကို ကူညီပေးပြီး ကောင်းကင်ချောက်နက်နှင့်ထိတွေ့ခြင်းမရှိခဲ့။

“ဘိုးဘေးအရှင်အန်းလန် နောက်ဆုံးမှာ အနိုင်ရလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ် .. ဒါက သွေးတစ်စက်ပဲ .. သူ့ရဲ့တောက်ပမှုတွေ ကုန်ခန်းသွားရင် အားလုံးအဆုံးသတ်သွားလိမ့်မယ်..’ အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ဦး ပြောလိုက်သည်။

ဒုန်း..

သို့သော် သူ့စကားဆုံးသွားသည့်အချိန်တွင် အန်းလန် ပြင်းထန်သည့်ဒဏ်ရာတစ်ခု ထပ်ရသွားလေပြီ။

ဓားရိုးသည် သူ၏အရေပြားကို စုတ်ပြဲသွားစေကာ လည်ပင်း၌ သွေးစီးကြောင်းတစ်ခု ပေါ်လာသည်။ သူသည် ရှီဟောင်ကြောင့်ခေါင်းပြတ်လုနီးပါးပင်။

“အန်းလန် .. ခင်ဗျားအသက်ကို လက်လွှတ်လိုက်တော့..” ရှီဟောင် အော်ဟစ်လိုက်သည်။

“ငါ ဒါကို မယုံကြည်နိုင်ဘူး .. မင်း ဘယ်လောက်ကြာအောင် လုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ .. ဒီသွေးစက်ကြီး ကုန်ဆုံးသွားဖို့အချိန်ရောက်ပြီ .. သူအသက်ရှင်နေတုန်းက ရှိခဲ့တဲ့ ခမ်းနားမှုတွေ အဆုံးသတ်ဖို့အချိန်ရောက်ပြီ..” အန်းလန် အော်ဟစ်လိုက်သည်။

ပညာအသွင်ပြောင်းခြင်း အသက်ဝင်နေသော်လည်း သူ၏ခွန်အားတွင် အကန့်အသတ်ရှိသည်ဟု အန်းလန်ယုံကြည်နေဆဲပင်။ ဤကဲ့သို့သော စွမ်းအားမှာ မကြာခင် ပျောက်ကွယ်သွားလိမ့်မည်။

ဖုန်း..

အိုးကြီး ဆင်းသက်လာကာ သူ့အား လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထို့နောက် ကိုးလွှာစေတီကျရောက်လာကာ သူ့အား ဖိထားလိုက်လေသည်။

အမ်..

လူများစွာ ထိတ်လန့်သွားရသည်။ အန်းလန် ချိတ်ပိတ်ခံလိုက်ရတာလား .. အဘယ်ကြောင့်ဆိုသော် ကိုးလွှာစေတီ ကျဆင်းသွားသည့်အချိန်တွင် အန်းလန်ကို ဝန်းရံသွားကာ သူ့အား စေတီထဲသို့ စုတ်ယူသွားတော့မည်။

အန်းလန်သည် နှစ်ဘက်လုံးမှ ကျင့်ကြံသူများ ရှေ့တွင် အတော်ဆိုးရွားစွာ ရိုက်ခံနေရသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများ သွေးများစီးကျနေသည်။

ဒုန်း..

အန်းလန် အိုးဖြင့် နောက်တစ်ကြိမ် အရိုက်ခံလိုက်ရသည်။ သူ၏ရင်ဘတ်ပင် အနည်းငယ် ချိုင့်ဝင်သွးသည်အထိ ရိုက်ခံလိုက်ရခြင်းပင်။

သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ပြီးနောက် သူ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ကံမကောင်းစွာဖြင့် အိုး၊ ကိုးလွှာစေတီနှင့် ဓားတို့နောက်တစ်ကြိမ် လှုပ်ရှားလာကာ သူ့ကို ဒဏ်ရာပြင်းထန်စွာ ရသွားအောင် ထပ်လုပ်လာကာ သူနောက်တစ်ကြိမ် လွင့်ထွက်သွားရသည်။

ဖုန်း..

အားလုံး ဦးရေပြားများပင် ထုံကျဉ်လာလေ၏။ ကျွမ်းကျင်သူသုံးဦးသည် စကားတစ်ခွန်းမှ မပြောပဲ အန်းလန်သွေးအန်လာသည်အထိ ရိုက်နှက်နေလေသည်။ သူ၏အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ.

“သူ့ကို ကောင်းကောင်းရိုက် .. ဘာဘိုးဘေးအရှင်လဲ .. ခင်ဗျားတို့ ဂိတ်ကိုဖြတ်ကျော်ပြီးတော့ ဧကရာဇ်မြို့ကို ပြောင်းပြန်လှန်ပစ်မယ်လို့ ပြောခဲ့တာမလား .. ခင်ဗျားတို့ရဲ့ သတ္တိတွေ ဘယ်ရောက်ကုန်ပြီလဲ .. ခင်ဗျားတို့ရဲ့ အရှုံးမရှိတဲ့ဂုဏ်ပုဒ်ကြီးက ဘယ်ရောက်သွားပြီလဲ..”

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ တစ်စုံတစ်ယောက် ဟစ်ကြွေးလိုက်သည်။ လူအများစုမှာ စိတ်လှုပ်ရှားနေကြလေ၏။ သူတို့ အောင်မြင်မှုအရိပ်အခြည်လေးကို မြင်နေရလေပြီ။

“အန်းလန်ကိုသတ် .. တစ်ဖက်လောကက ဘိုးဘေးအရှင်ဆိုတဲ့သူကိုသတ် .. ငါတို့အင်ပါယာဂိတ်ကို တောက်ပတဲ့လောကကြီးဖြစ်အောင် ပြန်လုပ်လိုက်.. သူ့ကို သတ်လိုက်..” ထိုသို့အော်ဟစ်သည့်သူများလည်း ရှိလာသည်။

ဝုန်း..

သူ အန်းလန်နာမည်ကို ပြောလိုက်သည်နှင့် ထိတ်လန့်စရာကောင်းလှသည့်မြင်ကွင်းများ ပေါ်လာသည်။ ကောင်းကင်ထက်၌ ကြီးမားလှသည့်သက်ရှိကြီး ပေါ်လာကာ သူ၏မျက်လုံးများကို ဖွင့်လာသည်။ ထိုသက်ရှိမှာ အန်းလန်နှင့်တူသည်ပင်။

မသေမျိုးဘုရင်များတွင် ပြိုင်ဘက်ကင်းသည့် မှော်ခွန်အားများရှိသည်။ သူတို့နာမည်ကို ခေါ်လိုက်သည်နှင့် ဝင်ရိုးစွန်းတစ်ဖက်မှာဆိုလျှင် လေဟာနယ်ပုံရိပ်များ ထွက်ပေါ်လာလိမ့်မည်။

“ဖြတ်တောက်ပစ်..”

ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ၏လက်ထဲတွင်ရှိနေသည့်ဓားမှ တောက်ပသည့်အလင်းမိုး ရွာသွန်းလာသည်။ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် လေဟာနယ်ကို ဖြတ်သွားကာ ထိုလေဟာနယ်ပုံရိပ်ကို ဖြတ်တောက်ပစ်လိုက်လေသည်။

လေဟာနယ်ပုံရိပ် ပျက်ပြယ်သွားကာ ပျောက်ကွယ်သွားလေပြီ.

ဖုန်းဟူသည့်အသံနှင့်အတူ အန်းလွန်လွင့်ထွက်သွားကာ ပြင်းထန်လှသည့်ဒဏ်ရာ ထပ်မံရရှိသွားသည်။ သူ လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်လေ၏။

အပိုင်း ၁၈၃၈ ပြီး၏။
Chapter – 1839 နတ်ဆိုးများကို အစွဲချွတ်ခြင်း

အန်းလန် အလိုက်ခံနေရသည့်မြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှသည်။ သူဒဏ်ရာရထားကာ သွေးများလည်း အန်နေသည်။ သူတို့အိပ်မက်မက်နေသလိုပင် ခံစားနေရသည်။ ဤသည်မှာ သူတို့ ထာဝရရှေးဟောင်းခေတ်၏ အရက်စက်ဆုံးအချိန်ကို ပြန်ရောက်သွားသကဲ့သို့ပင်။

တစ်ဖက်လောကမှ လူများမှာ တုန်ယင်နေကြလေပြီ။

ရှုထော်သည် ဘာမှမပြောပဲ ထိုနေရာကိုသာ စိုက်ကြည့်နေလေ၏။ အဲဒီသွေးစက်က ဘာလို့ မကုန်သေးတာလဲ .. ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားနေကြကာ သူတို့စိတ်ထဲ ခံစားချက်များ ရုန်းထွက်လာသည်။ လူအများစုမှ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ပဲ ဟစ်ကြွေးလာကြလေ၏။ သူတို့ခံစားချက်ကို ဖော်ပြရန်ပင် ခက်ခဲလှသည်။

“သူ့ကိုသတ်..”

“သူ အန်းလန်ကို တကယ် သတ်တော့မှာလား..”

အတော်လေး အသက်ကြီးနေပြီဖြစ်သည့် အကြီးအကဲများပင် နှုတ်ခမ်းများ တုန်ယင်နေလေသည်။ သူတို့ခေါင်းထဲသို့ သွေးပူများ စောင့်တက်လာသည်သလို ခံစားလိုက်ရကာ သူတို့လည်း ဟစ်ကြွေးချင်လာသည်။

အန်းလန်မှာ မည်သူဖြစ်သနည်း .. သူသည် ဤလောကကြီးကို ရပ်တန့်စေကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားသည်အထိ တိုက်ခိုက်ခဲ့သည့်သူပင်။ သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုကို ဖျက်ဆီးခဲ့သည့် အဓိကလူများထဲမှ တစ်ဦးပင်.

သူ၏လက်တွင် ကောင်းကင်ဘုံကိုးခုမှ ပြိုင်ဘက်ကင်းသည့်သက်ရှိများ၏ သွေးများ စွန်းထင်နေပြီး ဤလူမှာ သူတို့အမုန်းဆုံးလူတစ်ဦးပင်။

ယခု သူတို့ရှေ့မှ မြင်နေရသည့်မြင်ကွင်းမှာ အိပ်မက်မက်နေသကဲ့သို့ပင်။ သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။

အန်းလန်၏အမူအရာမှာ ဘာမှပြောင်းလဲမသွား။ မည်သည့်ခံစားချက်မှ မမြင်ရ။ သူသည် ဒဏ်ရာရရှိနေသော်လည်း တည်ငြိမ်နေဆဲပင်။ ဤကဲ့သို့သော တည်ငြိမ်မှုမှာ အခြားသူများကို ကြောက်ရွံ့သွားစေသည်။

သို့သော်လည်း ယခု သူ တကယ်ကို အန္တရာယ်များသည့် အခြေအနေသို့ ရောက်နေသည်ပင်။

သူအသက်အန္တရာယ်ရှိနေသည်အထိပင်။

နောက်ဆုံးတွင်တော့ သူသည် မြို့ကို ရှောင်ကာ ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားလေ၏။

အံ့အားသင့်စရာကောင်းသည်မှာ မူလဧကရာဇ်မြို့သည် သူ့အားဖိနှိပ်ခြင်းမရှိ။

သို့သော် ပုံမှန်မဟုတ်သည့်မြင်ကွင်းတစ်ခုကို အားလုံးမြင်တွေ့လိုက်ရသည်။ ကောင်းကင်ချောက်နက်ကြီး တုန်ခါလာကာ သွေးရောင်နတ်ချိန်းကြိုးများလည်း ပင့်ကူအိမ်ကဲ့သို့ တစ်ကြိုးပြီးတစ်ကြိုး ထွက်လာကာ ကောင်းကင်ချောက်နက်ကို ဖုံးလွှမ်းသွားသည်။

“အဲဒီတော့ ဒါက ကောင်းကင်ချောက်နက်ရဲ့ ကျိန်စာတဲ့တူတဲ့စွမ်းအားလား..” တစ်ဖက်လောကမှ တစ်စုံတစ်ယောက် ထိတ်လန့်တကြား‌ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချောက်နက်မှာ ကြောက်စရာကောင်းကြောင်း၊ ဤသည်မှာ သဘာဝဥပဒေသများ စုဝေးသည့်နေရာဖြစ်ကြောင်း ရှုထော် သူတို့ကို ပြောဖူးသည်ပင်။

ဤသည်မှာ ယခင်က ထာဝရနယ်မြေမှ သက်ရှိများ တည်ဆောက်ခဲ့သည့်အရာပင်။

“ဘိုးဘေးအရှင်အန်းလန်က ကောင်းကင်ချောက်နက်ရဲ့ စွမ်းအားကိုသုံးပြီးတော့ သူ့ပြိုင်ဘက်ကို ဖိနှိပ်ချင်နေတာလား..” ဘုရင်ကလန်မှ ကလန်ခေါင်းဆောင်အိုကြီးတစ်ဦး သက်ပြင်းချလိုက်သည်။

ဤသည်မှာ စွန့်စားရာကျလွန်းသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း ထိုစွမ်းအားလှိုင်းများကြောင့် ထိခိုက်သွားနိုင်သည်။

ရှုထော်၏အမူအရာ မှုန်မှိုင်းလာသော်လည်း သူဘာမှမပြော။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချောက်နက်သည် ထိုသွေးစက်အား ဖိနှိပ်မလားဆိုသည်ကို သူမသေချာ။

ထိုသွေးစက်ကိုသာ ဖျက်ဆီးနိုင်သည်ဆိုလျှင် အန်းလန် ပေးဆပ်ရတာ တန်သွားမည်ပင်။ သူနှင့်အတူ ထို ကျွမ်းကျင်သူသုံးဦးကို ဆွဲချသွားနိုင်လိမ့်မည်။

ထိုနေရာတွင် မသေမျိုးဘုရင်များဘယ်နှယောက်ပဲ ရှိနေပါစေ အားလုံး တိုက်စားခံရကာ အသတ်ခံရမည်ပင်။

ဝုန်း..

အနီရောင်နတ်ချိန်ကြိုးများ ပင့်ကူအိမ်တစ်ခု ဖြစ်လာကာ မသေမျိုးဘုရင်ကို တိုက်ခိုက်လာ၏။

ဤသည်မှာ ကောင်းကင်ချောက်နက်ဖြစ်သလို ရှေးခေတ်အာကာသ၏ တစ်ပိုင်းတစ်စလည်းဖြစ်သည်။ အောက်ဘက်ရှိ နေရာမှာ ကျယ်ပြန့်လှသော်လည်း ယခုတော့ တစ်ဖြည်းဖြည်း ကျဉ်းမြောင်းလာလေပြီ။

ဤနေရာ၌ ကြယ်များလည်း ရှိနေသည်ပင်။ အာကာသဗိမာန်များလည်း တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

အမှန်တကယ်တွင် ဤနေရာမှာ ရှေးဟောင်းအာကာသတစ်ခု ဖြစ်ခဲ့သည်ပင်။ စွမ်းအားကြီးသည့်သူများစွာ၏ မှော်စွမ်းအားများကြောင့် ပျက်စီးသွားကာ ဤနေရာ၌ ဖိနှိပ်ခံခဲ့ရသည်ပင်။ ယခု ဤနေရာသည် အင်ပါယာဂိတ်နှင့် အခြားတစ်ဖက်ကို ခြားထားသည့်နေရာတစ်ခု ဖြစ်သွားလေပြီ။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ဆယ်ခုထဲသို့ ဝင်ချင်လျှင် ဤနယ်ခြားနံရံကို ဖြတ်ကျော်သွားရမည်။

ဝုန်း..

အန်းလန် စွမ်းအားများ ထုတ်လွှတ်လိုက်သည်။ သူသည် တည်ငြိမ်နေသော်လည်း သူ၏လှုပ်ရှားမှုများမှာ ပြင်းထန်လှသည်။ သူ ဘယ်တုန်းကများ ဤကဲ့သို့ ဖိအားပေးခံခဲ့ရဖူးသနည်း..

အချိန်စွမ်းအားများ စီးဆင်းလာကာ အချိန်မြစ်ရှည်ကြီးပင် လမ်းကြောင်းပြောင်းတော့မလိုပင်။ အန်းလန်သည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ ကြီးမားလှသည့် ကြယ်တစ်လုံးကို ဖမ်းဆုတ်လိုက်ပြီး အရှေ့ဘက်သို့ ပစ်လွှတ်လိုက်သည်။

ဒုန်း.. ထိုကြယ်ကြီး လောင်ကျွမ်းသွားကာ ကျွမ်းကျင်သူ သုံးဦးထံသို့ ဦးတည်သွားနေသည်။

ရွှီး..

ထိုအချိန်တွင် ကိုးလွှာစေတီ တောက်ပလာသည်။ ထိုစေတီ အနည်းငယ် တုန်ခါသွားသည်နှင့် ကြယ်ကြီး ပေါက်ကွဲသွားကာ မီးရှူးမီးပန်းကဲ့သို့သော အလင်းများ ထွက်ပေါ်လာသည်။ သို့သော် ထိုတောက်ပမှုမှာ တစ်ခဏာ။ အလင်းနောက်တွင် အမှောင်ထုကြီး လိုက်လာသည်။

“သတ်..”

အန်းလန်အော်ဟစ်လိုက်သည်။ သူသည် ထိုသွေးစက် အားကုန်သွားမည့်အချိန်ကို တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သော်လည်း ထိုသို့ကုန်ဆုံးမည့်အရိပ်အယောင်ကို မမြင်ရသေး။ ထိုအစား သူသာ ဆက်တိုက်ဒဏ်ရာရရှိနေသည်။

ရလဒ်အနေဖြင့် သူ ထပ်မစောင့်နိုင်တော့။ သူ အားကုန်ပြန်တိုက်တော့မည်။

ဘိုးဘေးပညာများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ပြိုင်ဘက်ကင်းသည့် နတ်စွမ်းရည်များကိုလည်း ဆက်တိုက်ပြသလိုက်သည်။

သူ၏လက်ထဲရှိ လှံတံကို ပစ်လွှတ်လိုက်သည်နှင့် ကြယ်များစွာ လှံတံနှင့်အတူ လှုပ်ရှားလာသည်။ ထိုကြယ်များသည် ပျက်စီးနေသည့်အာကာသထဲ၌ လှည့်ပတ်နေပြီးနောက် လှံတံထိပ်သို့ ရောက်ရှိလာသည်။

ထိုကြယ်များအားလုံးတွင် ထွင်းထုထားသည့်သင်္ကေတများ ရှိနေသည်ပင်။ ကြယ်တစ်ခုစီမှာ အစီအရင်ပစ္စည်းတစ်ခုစီဖြစ်လာ၏။ သူသည် တိုက်ခိုက်နေရင်းဖြင့် အစီအရင်တစ်ခု လုပ်နေသည်။

သို့သော် ထိုကျွမ်းကျင်သူသုံးဦးမှာ စွမ်းအားကြီးလှသည်။ ယခုအချိန်တွင် အိုးမှ အလုံးစုံရင်းမြစ်ွမ်းအင်များ စီးဆင်းလာသည်။ ကျယ်လောင်လှသည့်အသံနှင့်အတူ အာကာသဗိမာန်တစ်ခု ပျက်စီးသွားသည်။

“မမယ်..”

အန်းလန်အော်ဟစ်လိုက်ကာ သူ၏ဘယ်လက်ထဲရှိ ရှေးဟောင်းဒိုင်းကာကို မြှောက်လိုက်ကာ အမှောင်ထုကြီးကို ဆင့်ခေါ်လိုက်သည်။ ဤသည်မှာ တွင်းနက်ကြီးဖြစ်ပြီး သူ၏မျက်နှာပြင်ထက်တွင် အဆုံးမရှိသည့်သင်္ကေတများ ရှိနေသည်။ ထိုတွင်းနက်ကြီးသည် ကျွမ်းကျင်သူသုံးဦးအား ဖိနှိပ်လာလေ၏။

သို့သော် ရှီဟောင်လည်း အလွန်ပြင်းထန်လှသည်။ သူ၏လက်ထဲရှိ ဓားမြှောက်တက်လာကာ အရှေ့ဘက်ကို ပြင်းထန်စွာ ထိုးခွဲလိုက်သည်။ အမှောင်ထုကြီးသည် အလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံး လောင်ကျွမ်းလာသည်။

နောက်ဆုံးတွင်တော့ အန်းလန်သာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

သူတို့သုံးယောက်၏ မှော်စွမ်းအားမှာ ပြိုင်ဘက်ကင်းပင်။

ဒုန်း..

အိုးကြီးဆင်းသက်လာကာ အန်းလန်၏နောက်ကျောကို ရိုက်လိုက်သဖြင့် သူ သွေးများစွာ အန်ထွက်လာသည်။

ထို့အပြင် ထိုအချိန်တွင် ထာဝရဓား တောက်ပလာကာ အရှေ့ဘက်မှ ဖိနှိပ်လာသည်။ ထိုဓားကို ရှောင်၍မရတော့။

ဖူး..

ထိုအချိန်တွင် သွေးများစွာ လွင့်စင်ထွက်လာသည်။ အန်းလန်ရင်ဘတ် ဖောက်ထွက်သွားကာ ကြယ်ကောင်းကင်တစ်ခုလုံး သွေးများနီရဲသွားသည်။ သွေးတစ်စက်ပင်လျှင် ကြယ်များကို ပြာမှုန့်ဖြစ်သွားလောက်အောင်အထိ လောင်ကျွမ်းသွားစေနိုင်သည်ပင်။

ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ အန်းလန် ဟစ်ကြွေးလိုက်သည်နှင့် ကောင်းကင်ချောက်နက်ထဲရှိ ကြယ်များစွာ ပေါက်ကွဲသွားကာ ချက်ချင်းမှောင်မိုက်သွားသည်။

အောက်ဘက်တွင် အင်ပါယာဂိတ်၏ အကာအကွယ်သာမရှိလျှင်၊ ရှုထော် ကြားဖြတ်လိုက်သောကြောင့်မဟုတ်လျှင် သက်ရှိဘယ်နှယောက် သေသွားမလဲပင်မသိ။ ကလန်များစွာ ပျက်စီးသွားလိမ့်မည်။

ဤကဲ့သို့သော မြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ ဟစ်ကြွေးသံတစ်ခုတည်းဖြင့် စကြာဝဠာကြီး ပျက်စီးသွားနိုင်သည်။

အနည်းဆုံးတော့ ဤပျက်စီးနေသည့်လောကကြီးတွင် မရေမတွက်နိုင်သည့် ကြယ်များ ပေါက်ကွဲသွားကာ အမှုန့်ဖြစ်သွားပြီး ကြယ်ဟင်းလင်းပြင်လည်းပျက်စီးသွားသည်။

အား..

အန်းလန် ဟစ်ကြွေးလိုက်သည်နှင့် စီးဆင်းသွားသည့်သွေးများ ပြောင်းပြန်ပြန်စီးလာသည်။ ဤသည်မှာ မသေမျိုးဘုရင်တစ်ပါး၏ သွေးဖြစ်ပြီး အလွန်အဖိုးတန်လှသည်။

“သိမ်းမယ်..”

ကိုးလွှာစေတီထံမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ရှေးဟောင်းစေတီပေါ်တွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ အန်းလန်၏သွေးကို သိမ်းဆည်းတော့မည်။

“လမ်းဖယ်လိုက်..”

အန်းလန် ဟစ်ကြွေးလိုက်သည်။ သူ၏ဆံပင်ရှည်များ ဖရိုဖရဲလွင့်ပျံနေကာ မျက်လုံးများလည်း လျှပ်စီးကဲ့သို့ စူးရှလှသည်။ သူ၏လက်ထဲတွင်ရှိနေသည့် စစ်လှံတံဖြင့် စေတီကို ရိုက်ချလိုက်သည်။ ဒုန်း .. အသံမှာ အလွန်ကျယ်လောင်လှသောကြောင့် ပျက်စီးနေသည့်ဟင်းလင်းပြင်ပင် တုန်ခါသွားသည်။

ဒုန်း..

ထို့အပြင် သူ၏ဘယ်လက်တောက်ပလာကာ သွေးစွမ်းအင်များ ထွက်ပေါ်လာသည်။ သူ ရှေးဟောင်းဒိုင်းကာကို အသက်သွင်းလိုက်ကာ ကိုးလွှာစေတီ၏အောက်ခြေကို ရပ်တန့်လိုက်သည်။

အလုံးစုံရင်းမြစ်စွမ်းအင် ထွက်ပေါ်လာကာ အိုးဖြင့် အန်းလန်၏ ခန္ဓာကိုယ်ကို ရိုက်လိုက်သည်။

ထို့အပြင် အိုးကြီးသည် စတင်တောက်ပလာပြီး အိုးထဲတွင် အဆုံးမရှိသည့် မူလဖရိုဖရဲမြူများထွက်ပေါ်လာသည်။ အိုးသည် အန်းလန်ကို စုတ်ယူရန် ကြိုးစားလာသည်။

အိုးနှင့် စေတီနှစ်ခုလုံး အားစိုက်ထုတ်ကာ မသေမျိုးဘုရင်ကို ဤနေရာ၌ ပြုပြင်ရန် ကြိုးစားလာကြသည်။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်လာတာလဲ..” တစ်ဖက်လောကမှ ကျင့်ကြံသူများအားလုံး ထိတ်လန့်နေကြရသည်။ အန်းလန်ရှုံးသွားကာ အသက်အန္တရာယ်ရှိနေလေပြီ။ ပြိုင်ဘက်ကင်းတဲ့မသေမျိုးဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်က ဒီမှာ ပျက်စီးသွားတော့မှာလား..

အချို့ကလန်များမှာ သူတို့ ချောက်နက်ထဲကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့ကို ရှုံးနိမ့်ခဲ့သည့် ကောင်းကင်ဘုံကိုးခုမှာ အလွန်အားနည်းနေသင့်သော်လည်း အဘယ်ကြောင့် ဤကဲ့သို့သော မကောင်းဆိုးဝါးမျိုး ထွက်ပေါ်လာသနည်း.. ဘိုးဘေးအရှင် အန်းလန် ဖိနှိပ်ခံရတော့မည်လား..

အဲဒါက ဘယ်သူ့သွေးလဲ .. အဲဒီသွေးက ဟွမ်ကို ဒီလိုမျိုးခွန်အားပေးနေတာလား..

“နှမြောစရာပဲ ငါ့အချိန်ကုန်သွားပြီ .. ဒီမှာ ကြာကြာနေလို့မရတော့ဘူး .. ငါ စောင့်နေတဲ့အချိန်ကို မကြည့်နိုင်တော့ဘူး .. အဲဒီခေတ်က ခင်ဗျားကို မတွေ့နိုင်တော့ဘူး … ပြီးတော့ အဲဒီ..”

ထိုအချိန်တွင် ကောင်းကင်ချောက်နက်ရှိ အက်ကွဲကြောင်းရှေ့မှ ထူးဆန်းသည့်ကျွမ်းကျင်သူ သူ့ကိုယ်သူ ပြောလိုက်သည်။ သူသွားရတော့မည်။

သူ ဤအချိန်၊ နေရာနှင့် မသက်ဆိုင်သောကြောင့် သူ ဤနေရာ၌ ကြာကြာနေ၍မရ။ မဟုတ်လျှင် ပြဿနာကြီးဖြစ်လာလိမ့်မည်။

သို့သော် ဤကဲ့သို့ အချိန်နှင့်နေရာ ကူးပြောင်းခြင်းကို ပြုလုပ်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စပင်။ သမိုင်းတစ်လျှောက်တွင် သူကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ကြိမ်သာ ဖြစ်ခဲ့သည်။

ဒုန်း..

အိုးကြီး တုန်ခါလာကာ သူ့အား ထိုအက်ကွဲကြောင်းမှ ပြန်လည်ခေါ်ဆောင်သွားသည်။ အချိန်များ ဝေ့ဝဲလာကာ အချိန်မြစ်ကြီး ကောင်းကင်ကိုရိုက်ခတ်ကာ အိုးကို ကူညီပေးနေသည်။ သူ အခြားအချိန်မှ လောကထဲသို့ ဝင်သွားလေပြီ။

ထိုနေရာတွင် လှပသည့်တောင်တန်းနှင့် မြစ်များအပြင် ထာဝရစွမ်းအင်များလည်း လေထဲ ဝေ့ဝဲနေသည်။ ဤသည်မှာ ခမ်းနားသည့်လောကကြီးပင်။

“ငါ သေမှာမဟုတ်ဘူး .. ငါ ပိုပြီး စွမ်းအားကြီးတဲ့သူ ဖြစ်ချင်တယ်..”

ထိုလူ၏အသံမှာ အလွန်တိုးတိတ်သော်လည်း အလွန်လည်းမောက်မာကာ ခြိမ်းခြောက်နိုင်စွမ် ရှိသည်ပင်။ သူ ပျောက်ကွယ်သွားတော့မည်။

အက်ကွဲကြောင်းပိတ်သွားကာ အချိန်မြစ်လည်း ပျောက်ကွယ်သွားလေပြီ။

အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ ယဲ့ချင်းရှန် တိတ်တဆိတ်ပင် သူမလက်ကို ဆန့်တန်းလိုက်သည်။ သူမ တစ်စုံတစ်ခုကို ဆုတ်ကိုင်ချင်သော်လည်း အလွန်စွမ်းအားမဲ့နေသလို ခံစားနေရပြီး ဘာကိုမှ မဆုတ်ကိုင်နိုင်တော့။ သူမ၏ လှပသည့်မျက်နှာထက်တွင် မျက်ရည်များ ပြည့်နှက်နေသည်။

ထိုလူ ပျောက်ကွယ်သွားသည်နှင့် သူမ မြေပြင်ပေါ်သို့ လဲကျမလိုပင် ဖြစ်သွားခဲ့ရသည်။

အား..

အန်းလန် ဟစ်ကြွေးလိုက်သည်။ သူသည် စေတီထဲသို့ ရောက်သွားခါနီးဖြစ်သွားခဲ့သည်ပင်။

သူ အားကုန်ရုန်းကာ စေတီထဲမှ ထွက်လာနိုင်ခဲ့သော်လည်း သူ ဓားဖြင့် နောက်တစ်ကြိမ် ထိုးခံလိုက်ရသည်။

သိထားရမည်မှာ သူ၏အသွေးအသားသည် မပျက်စီးနိုင်။ ဤလောကရှိ လက်နက်များ သူ့ကို လွယ်လွယ်ကူကူဖြင့် ဒဏ်ရာရအောင်မလုပ်နိုင်။ သို့သော် ယနေ့တော့ သူ အတော်လေး ဒဏ်ရာရနေလေပြီ။

“ငါ့အတွက်သိမ်းပေး..”

ဟစ်ကြွေးသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။ အလုံးစုံရင်းမြစ်စွမ်းအင် ဝေ့ဝဲလာကာ အန်းလန်ကို အိုးထဲသို့ ဝါးမြိုပစ်လိုက်လေသည်။

ဒုန်း..

ကိုးလွှာစေတီ ဆင်းသက်လာကာ အန်းလန်၏ ဦးခေါင်းကို ထုနှက်လိုက်သည်။ သူည် အိုးထဲသို့ အတင်းထည့်ခံလိုက်ရကာ ဖိနှိပ်ခံလိုက်ရသည်။

ရွှီး..

ရှီဟောင် လက်လွတ်လိုက်ကာ ဓားကိုပျံသန်းစေလိုက်သည်။ ထိုဓားသည် ထာဝရအလင်းတန်းတစ်တန်းကို ထုတ်လွှတ်ကာ အန်းလန်ကို ရိုက်ချရန် အိုးထဲသို့ ဝင်သွားလေသည်။

“ငါက မပျက်စီးနိုင်ဘူး .. ခေတ်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့တာ .. ဒီလောကကြီးမှာ ဘယ်သူမှငါ့ကို မသတ်နိုင်ဘူ..” အန်းလန် အေးစက်စွာ ပြောလိုက်သည်။ သူ၏အသံမှာ ငရဲမှ ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်ကဲ့သို့ အေးစက်နေသည်။

အပိုင်း ၁၈၃၉ ပြီး၏။
Chapter – 1840 ကောင်းကင်ချောက်နက် ပျက်စီးခြင်း

“မသေမျိုးဟုတ်လား .. ခင်ဗျားက အိုးထဲရောက်နေပြီ .. ပြောင်းလဲခံရတော့မှာ..”

အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ လူများမှာ အန်းလန်ကို ချက်ချင်းသတ်ချင်နေကြသည်ပင်။ သို့သော် မသေမျိုးဘုရင်တစ်ယောက်ကို သတ်ရန်မှာ အလွန်ခက်ခဲလှကြောင်း အားလုံးသိကြသည်ပင်။

ဟွမ် အသာစီးရနေသော်လည်း ဤသည်မှာ ခက်ခဲလိမ့်မည်။

ဝုန်း..

အိုးကြီး တုန်ခါလာကာ အလုံးစုံရင်းမြစ်စွမ်းအင်များ ဝေ့ဝဲလာသည်။ အိုးကိုယ်ထည်မှ တောက်ပသည့်အလင်းရောင်များ တောက်ပလာကာ အန်းလန်ကို စတင်ပြုပြင်လာသည်။

ချွမ်း..

တစ်ချိန်တည်းမှာပင် ထာဝရဓားလည်း တောက်ပလာကာ အိုးထဲတွင် ထာဝရအလင်းတန်များ တစ်တန်းပြီးတစ်တန်း ကျဆင်းလာသည်။

တဒုန်းဒုန်း အသံများအောက်တွင် အန်းလန်သည် ဘယ်လက်တွင် ရှေးဟောင်းဒိုင်းကိုကိုင်ကာ သူ့ကိုယ်သူ ကာကွယ်နေသည်။

ဝုန်းဟူသည့်အသံကျယ်ကြီး ထွက်ပေါ်လာကာ ကိုးလွှာစေတီသည် အိုးအဝကို ပိတ်ပစ်လိုက်လေ။

“ဘိုးဘေးအရှင်..”

တစ်ဖက်လောကမှ သက်ရှိတစ်စု အော်ဟစ်လိုက်ကြသည်။ အန်းလန်ကလန်မှ လူများမှာ ထိတ်လန့်နေသလို ဒေါသလည်း ထွက်နေကြသည်။

အိုးကြီးသုံးကြိမ် လှုပ်ခါလာသလို ကောင်းကင်ချောက်နက်လည်းသုံးကြိမ်လှုပ်ခါလာသည်။ ဤသည်မှာ ရှေးဟောင်းအာကာသကြီး ပျက်စီးတော့မလိုပင်။

“ဘိုးဘေးအရှင်ရှုထော်..”

တစ်ဖက်မှလူများ အော်ဟစ်ကာ ရှုထော်ကို ကူညီပေးချင်လာကြသည်။ အန်းလန်တစ်ခုခုဖြစ်သွားကာ ဟွမ်၏ သတ်ဖြတ်ခြင်းခံလိုက်ရမည်ကို သူတို့ကြောက်နေကြသည်ပင်။

ရှုထော် မျက်မှောင်ကြုတ်လိုက်၏။ ကိစ္စများမှာ ထူးဆန်းလာသည်ဟု သူခံစားနေရသည်။ ဒါက သွေးစက်တစ်စက်ပဲကို ဘာလို့ဒီလိုမျိုး နတ်ခွန်အားတွေ ရှိနေတာလဲ..

“ပညာအသွင်ပြောင်းခြင်းပညာက အတိတ်နဲ့ပစ္စုပ္ပန်ကို တုန်လှုပ်စေနိုင်တဲ့ပညာဖြစ်ထိုက်ပါပေတယ် .. ဒါက ဒီလောက်‌တောင် စွမ်းအားကြီးတာလား..” ရှုထော် သက်ပြင်းချ၍ ပြောလိုက်သည်။

မူလဧကရာဇ်မြို့ကို ဆုတ်ကိုင်ထားရင်း သူတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ မဟုတ်လျှင် အန်းလန် တကယ် တစ်ခုခုဖြစ်သွားလိမ့်မည်။

သူတို့နှစ်ဦးမှာ မသေမျိုးဘုရင်များဖြစ်သောကြောင့် တစ်ယောက်၏စွမ်းရည်ကိုတစ်ယောက်နားလည်သည်။ သူ သေရန် ခက်ခဲသော်လည်း ထိုသွေးစက်မကုန်သွားခင် သူ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ရသည်။ သူ တိုက်ခိုက်ရမည်။

ဝုန်း..

ကောင်းကင်ချောက်နက်ကြီး တုန်ခါလာကာ မူလဧကရာဇ်မြို့ တောက်ပလာသည်။

ရှုထော် ခန္ဓာကိုယ် တုန်ခါသွားသည်။ သူသည် ရှေးဟောင်းမြို့ကို သယ်ထားဆဲပင်။ သူ၏အမူအရာမှာ ပို၍ မှုန်မှိုင်းလာ၏။ အဘယ်ကြောင့်ဆိုသော် သူ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်ပင်။

ကောင်းကင်ထက်တွင် အနီရောင်နတ်ချိန်းကြိုးများ ထွက်ပေါ်လာကာ နေရာအနှံ့ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ချောက်နက်ထဲရှိ စွမ်းအားကြီးသည့်သက်ရှိကို ဖိနှိပ်လာသည်။

ကောင်းကင်ချောက်နက်၏ ဖိနှိပ်ခြင်းမှလာသည့် အန္တရာယ်အငွေ့အသက်ကို ရှီဟောင် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် တစ်ခုခုမှားယွင်းနေသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် သင်္ကေတများ ပေါ်လာပြီး ထိုသွေးစက်၏စွမ်းအားမှာ တကယ် ပျောက်ကွယ်သွားတော့မည်။

ကောင်းကင်ချောက်နက်သည် သူနှင့် အန်းလန်နှစ်ဦးလုံးထံသို့ ထူးဆန်းသည့် ဥပဒေစွမ်းအားများ ထုတ်လွှတ်နေသည်ပင်။

တစ်ချိန်တည်းမှာပင် ထိုသွေးစက်သည် ထူးဆန်းစွာ လောင်ကျွမ်းသွားကာ သူ၏ခန္ဓာကိုယ်ထဲတွင် ရောင်စုံအလင်းအဖြစ် ပြောင်းလဲသွားလေ၏။ သူ၏စွမ်းအားလည်း လျော့ကျလာလေပြီ။ ဤနှစ်ခုမှာ တစ်ချိန်တည်းဖြစ်လာခြင်းပင်။

ဒါက တကယ်ကို ဆိုးတာပဲ..

“သတ်..”

ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ကိုးလွှာစေတီသည် အိုးအဝကို ပိတ်ထားကာ အန်းလန်ကိုအတူ ဖိနှိပ်ထားသည်။

ဖူး..

အိုးထဲရှိ အန်းလန် သွေးများစွာ အန်ထွက်သွားသည်။ သူ ပြင်းထန်သည့်ရိုက်ချက်ကို ခံစားလိုက်ရကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ဤကဲ့သို့ မဖြစ်ခဲ့သည်မှာ နှစ်ပေါင်း မည်မျှရှိနေပြီမှန်းပင်မသိတော့။

သူ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ထိုလက်နက်နှစ်ခုကြောင့် ပေါက်ကွဲလုမတတ်ဖြစ်နေလေပြီ.

ပို၍ ကြောက်စရာကောင်းသည်မှာ အိုးထဲ၌ ဓားတစ်လက်ရှိနေသည်။ ထိုဓားသည် ရွှေရောင်လှံတံနှင့် ဒိုင်းကာနှစ်ခုလုံးကို တိုက်ခိုက်နေသည်ပင်။

အချို့ဓားအလင်းတန်းများသည် အန်းလန်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ၏ မပျက်စီးနိုင်သည့်ရွှေရောင်ခန္ဓာကိုယ်ကို စမ်းသပ်နေသည်။

ဖူး..

ခဏကြာပြီးနောက် အိုးကိုဖြတ်၍ ဓားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုဓားအလင်းရောင်မှာ အန်းလန်၏ခေါင်းကို ဖြတ်လုနီးပါးပင်။

ဒုန်း..

အိုးထဲတွင် သွေးစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ အန်းလန် လှုပ်ရှားလာခြင်းပင်။ သူ၏သွေးရောင်သည် ငါးရောင်စပ်အဖြစ်သို့ ပြောင်းလဲသွားကာ သွေးများကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားသည်။ ထိုသွေးများသည် ကိုးလွှာစေတီကို တွန်းပစ်သွားလေ၏။

“သတ်..”

ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ့ထံတွင် အခွင့်အရေးသိပ်မကျန်တော့။ သူ အန်းလန်ကို အသတ်နိုင်လျှင် ထိုသွေးစက်ကုန်သွားသည့်အချိန် သူ ဤနေရာ၌ သေသွားလိမ့်မည်။

အန်းလန် ခန္ဓာကိုယ်တစ်ခြမ်းထွက်လာသော်လည်း ကိုးလွှာစေတီကြောင့် ပြန်ဝင်သွားလိုက်ရသည်။ သူ့ကို သဘာဝဥပဒေသများ ဝန်းရံသွားကာ သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ပေါ်လာသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ဓားသွား နောက်တစ်ကြိမ် လှုပ်ရှားလာသည်။ ယခုတစ်ခေါက်တွင်တော့ အန်းလန်၏မျက်ခုံးကြားသို့ ထိုးစိုက်သွားသည်။ ထိုဓား သူ၏နဖူးရိုးကို ဖိလိုက်သောကြောင့် ထိုနေရာမှ သွေးများ စီးကျလာသည်။

အန်းလန်၏ခန္ဓာကိုယ် တောက်ပလာကာ သူ တတ်နိုင်သမျှ ခုခံလိုက်သည်။

သူ အလွန်အားကောင်းသည်ဟု ပြော၍ရသည်။ သူ၏နဖူးရိုးသည် အလွန်မာကျောလှကာ ဓားသည် နဖူးရိုးအား ချက်ချင်းမထိုးဖောက်လိုက်နိုင်။

ကောင်းကင်ထက်မှ အနီရောင်နတ်ချိန်းကြိုးများ ကျဆင်းလာကာ အန်းလန် ယိုင်သွားသည်။

ဤကဲ့သို့သော ဥပဒေသဖိနှိပ်မှုမျိုးကို သူကြောက်သည်။ ဤသည်ကို ရှီဟောင်၏တိုက်ခိုက်မှုများထက် သူ ပိုကြောက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် မသေမျိုးဘုရင်တစ်ပါးဖြစ်သောကြောင့် သူနှင့်အဆင့်တူသည့်သူ လာသတ်လျှင်ပင် သူတို့ ချက်ချင်းအောင်မြင်နိုင်မည်မဟုတ်။ သို့သော် ကောင်းကင်ချောက်နက်မှ ဥပဒေသများမှာမူ ထိုမျှမရိုးရှင်း။ ကျိန်စာနှင့်တူသည်။ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် ထိုစွမ်းအား ပျောက်ကွယ်သွားရန် နှစ်ပေါင်းများစွာ ကြာလိမ့်မည်။

အား…

အန်းလန် ဟစ်ကြွေးလိုက်သည်။ သူ ငါးရောင်စပ်စွမ်းအင်သွေးကို ထွေးထုတ်လိုက်ကာ မသေမျိုးဘုရင်များ၏ ပြိုင်ဘက်ကင်းသည့်စွမ်းအားကို အသုံးပြုလိုက်သည်။ သူသည် ကောင်းကင်ချောက်နက်၏ စွမ်းအားကို ခုခံနေရသလို အိုးထဲမှ ထွက်ချင်နေသည်။

“သတ်..”

ကျွမ်းကျင်သူသုံးယောက် တစ်ပြိုင်နက်တည်း တောက်ပလာကာ အန်းလန်ကို သတ်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားလာသည်။

လက်နက်သုံးခု အချင်းချင်းတုံ့ပြန်လာကာ မသေမျိုးဘုရင်ကို အတူတကွ ဖိနှိပ်လာသည်။

ဝုန်း..

အလုံးစုံရင်းမြစ်စွမ်းအင်များထွက်ပေါ်လာကာ ထိုအိုး ပြင်းထန်စွာ တုန်ခါလာသည်။ အိုးထဲ၌ ရှိနေသည့် သူ၏ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး ပေါက်ကွဲမတတ် ဖြစ်နေလေပြီ.

ရှေးဟောင်းဒိုင်းနှင့် စစ်လှံတံများ သူ့ကို ကာကွယ်နေသော်လည်း ဤသည်မှာ မလုံလောက်သေး။

ပို၍ ကြောက်စရာကောင်းသည်မှာ ဓားကို ကျွမ်းကျင်သူသုံးဦးလုံးမှ အသက်သွင်းနေခြင်းပင်။ ဖူး .. ယခုတစ်ခေါက်တွင်တော့ အန်းလန်၏လည်ပင် ပွင့်သွားသည်။

သူ့ခေါင်း ဖယ်ရှားခံလိုက်ရလေပြီ။

သူ၏ခေါင်း မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သူ၏ခေါင်းကို မကွယ်ဝှက်ထားချင်သည်မဟုတ်။ အိုးနှင့်စေတီလေးမှ သူ့အား ယာယီထိန်းချုပ်ထားလိုက်သောကြောင့်ပင်။

“အား..” တစ်ဖက်လောကမှ လူများအားလုံး အော်ဟစ်လိုက်ကြ၏။ သူတို့သည် ရူးတော့မတတ်ပင်။ ဘာဖြစ်နေတာလဲ .. ဘိုးဘေးအရှင်အန်းလန်းခေါင်းက တကယ်ပဲ မြေကြီးပေါ်ကို ကျသွားတာလား..

ပြိုင်ဘက်ကင်းသက်ရှိတစ်ယောက်က ဘယ်လိုလုပ် ဒဏ်ရာရပြီးတော့ သူ့ခေါင်းဖြတ်ခံလိုက်ရတာလဲ..

ထိုအခိုက်အတန့် ရှုထော်လှုပ်ရှားလာသည်။ သူ အနီရောင်နတ်ချိန်းကြိုးဥပဒေသများဖြင့် တိုက်စားခံရကာ ရင်ဆိုင်နေရသည့် ဖိအားများ များပြားလာသော်လည်း သူ အန်းလန်ကို ကယ်ရမည်။

မသေမျိုးဘုရင်တစ်ခုခုဖြစ်သွားမည်ကို သူမကြည့်နိုင်တော့။

ဝုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်ကြီး ပြိုကျလာကာ ကမ္ဘာမြေကြီး အက်ကွဲလာသည်။ ရှုထော်သည် လျှို့ဝှက်ရတနာတစ်ခုကို သယ်ဆောင်ကာ ကောင်းကင်ချောက်နက်ကို တိုက်ခိုက်လာ၏။

ရှီဟောင်သက်ပြင်းချလိုက်သည်။ သူ ယခု အန္တရာယ်ရှိနေပြီကို သူသိသည်။

အဘယ်ကြောင့်ဆိုသော် သူ၏စွမ်းအား ကျဆင်းလာနေပြီဖြစ်သည်။ သူ၏စွမ်းအားအကြီးဆုံးအချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။

ဒုန်း..

သေချာပါသည်။ ကိုးလွှာစေတီသည် ဘေးဘက်သို့ ရိုက်ချခံလိုက်ရသည်။ ရှုထော်၏လက်တောက်ပလာကာ အထဲဘက်မှ အန်းလန်ကို ထုတ်ယူလိုက်သည်။

အန်းလန် ခေါင်းပြတ်သွားသော်လည်း သူမသေသေး။ အောက်ကျသွားသည့် လည်ပင်ကို လျင်မြန်စွာပင် ပြန်ရောက်လာကာ ခန္ဓာကိုယ်နှင့် ပြန်ဆက်သွားပြီဖြစ်သည်။

ရှုထော် အန်းလန်ကို ခေါ်ကာ လျင်မြန်စွာ ပြန်ဆုတ်လာသည်။

ရှီဟောင် အံ့အားသင့်သွားရ၏။ သူအားနည်းနေတာကို တစ်ဖက်လူက သတိမထားမိဘူးလား..

ရှီဟောင် အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သို့သော် သူ သူတို့နှစ်ဦးကို တားဆီးချင်နေတုန်းပင်။

“မြန်မြန်ပြန်ဆုတ်..”

ထိုအချိန်တွင် သူ့နားထဲ၌ အသံတစ်သံကို ကြားလိုက်ရသည်။ တစ်စုံတစ်ယောက် သူ့အား လျှို့ဝှက်အသံပို့လွှတ်လိုက်ခြင်းပင်။

သူ လန့်သွားမိ၏။ ထိုအသံမှာ မူလဧကရာဇ်မြို့မှ လာခြင်းပင်။ နောက်ဆုံးကျန်ရှိနေသည့်ဘုရင်ကြီး သူ့အား သတိပေးနေခြင်းပင်။

ရှီဟောင် အချိန်ဖြုန်းမနေပဲ အင်ပါယာဂိတ်ဘက်သို့ မြန်မြန်ပြန်ပြေးသွားလိုက်သည်။ အခြားသက်ရှိနှစ်ဦးနှင့်အတူ ကိုးလွှာစေတီနှင့် အိုးလည်း နောက်ဆုတ်လာကြသည်ပင်။

“အဲဒီသွေးက စွမ်းအားကုန်သွားတာများလား..” တစ်ဖက်လောကမှ တစ်စုံတစ်ယောက် သံသယဝင်လာသည်။

တစ်ချိန်တည်းမှာပင် အန်းလန်နှင့်ရှုထော်တို့နှစ်ဦးလုံး မျက်လုံးများ မှေးကျဉ်းသွားကာ သူတို့နှစ်ဦးလုံး လှုပ်ရှားလာသည်။ သူတို့ ရှီဟောင်၏နောက်ကျောကို ရိုက်လိုက်ကြသည်။

ဝုန်း..

သို့သော် ကောင်းကင်ချောက်နက် တုန်ခါလာကာ အပေါ်ဘက်မှ အနီရောင်အလင်းများ ရွာသွန်းကျလာသည်။ ဤသည်မှာ ကောင်းကင်တာအိုသဘာဝဥပဒေသများပင်။

“မင်းလုပ်ရဲတယ်လား..”

အန်းလန်နှင့် ရှုထော်နှစ်ဦးလုံး အော်ဟစ်လိုက်ကာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ ထိုစွမ်းအားလှိုင်းပေါ်လာမည်ကို သူတို့မလိုချင်။

ဝုန်း..

ကောင်းကင်ချောက်နက်ပြိုကျသွားကာ ကောင်းကင်ကြီး ပေါက်ကွဲသွားသည်။ အနီရောင်စွမ်းအင်များသည် သွေးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရွာသွန်းချလာသည်။

ထိုအခိုက်အတန့်တွင် မသေမျိုးဘုရင်နှစ်ဦးကို အနီရောင်ပင်လယ်ကြီး အုပ်မိုးသွားသည်။

“အမ် .. မကောင်းတော့ဘူး..” တစ်ဖက်လောကမှ သတ္တဝါများအော်ဟစ်လိုက်ကြသည်။

ကောင်းကင်ချောက်နက်ကြီး ပျက်စီးသွားလေပြီ။ သို့သော်လည်း သူတို့ ပျော်ရွှင်မှုကို မခံစားရ။ အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုရင်နှစ်ပါး ထိုအလင်းထဲ၌ နှစ်မြှုပ်နေသည်ပင်.

“တက်မယ်..”

ရှုထော်ဟစ်ကြွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် အန်းလန်လည်း အော်ဟစ်လိုက်ပြီး ရုန်းထွက်လာသည်။

ဝုန်း..

ထိုအချိန်တွင် လောကကြီး တုန်ခါလာသည်။ ကောင်းကင်ချောက်နက်ကြီး လုံးဝပျက်စီးသွားပြီဖြစ်ပြီး ပျက်စီးနေသည့်လောကကြီးလည်း လောင်ကျွမ်းသွားသည်။

ဤမြင်ကွင်းများမှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။ ကြယ်များသည် မီးရှူးမီးပန်းများကဲ့သို့ လေထဲ၌ ပေါက်ကွဲနေသည်။ စွမ်းအင်လှိုင်းများမှာ ကြောက်စရာကောင်းလှသောကြောင့် မသေမျိုးသက်ရှိများကိုပင် တုန်လှုပ်သွားစေသည်။

ဝုန်း..

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ မူလဧကရာဇ်မြို့ကြီးပျံသန်းလာသည်။ ထိုမြို့သည် အပိုင်းပိုင်းဖြစ်နေပြီဖြစ်သော်လည်း အန်းလန်နှင့်ရှုထော်ကို ဖိနှိပ်ထားဆဲပင်။

“ငါတို့တော့သွားပြီ .. ငါတို့ အချိန်တစ်ခုထိတော့ ဒီသဘာဝဥပဒေသပင်လယ်ကြီးကို ဖြတ်သွားလို့ရမှာ မဟုတ်သေးဘူး..” အခြားတစ်ဖက်မှ လူအချို့ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ခပ်ဝေးဝေး၌ သင်္ချိုင်းနယ်မြေမှ သက်ရှိအချို့လည်း ဤနေရာသို့ ကြည့်နေကြသည်ပင်။ ဤမြင်ကွင်းကို မြင်ပြီးနောက် သူတို့အလွန်ထိတ်လန့်သွားရသည်။

ကောင်းကင်ချောက်နက်၏ သဘာဝဥပဒေသပင်လယ်ကြီး ထွက်ပေါ်လာသည့်အပြင် မူလဧကရာဇ်မြို့သည် အန်းလန်နှင့် ရှုထော်အား ဖိနှိပ်ထားသည်။

ဝုန်း..

မူလဧကရာဇ်မြို့သည် တောက်ပစွာ လောင်ကျွမ်းလာပြီးနောက် ပြိုကွဲသွားလေသည်။

ဤသည်မှာ သူ၏အကောင်းဆုံးစွမ်းအားကို ပြသသွားခြင်းပင်။

မူလဧကရာဇ်မြို့မှာ နောက်ဆုံးဘုရင်သည် အစကတည်းက အားလုံးကို သူတို့နှင့်အတူ အဆုံးသတ်စေလိုခြင်းပင်။ ယခု ကောင်းကင်ချောက်နက်ကြီးပြိုကျသွားကာ မြို့ကြီးလည်း တစ်စစီဖြစ်သွားလေပြီ။

ဝုန်း..

အနီရောင်ပင်လယ်ကြီး ထွက်ပေါ်လာကာ အန်းလန်နှင့် ရှုထော်တို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားလေသည်။

ဤသည်မှာ ကပ်ဆိုးကြီးပင်။ ပျက်စီးသွားသည့် ဧကရာဇ်မြို့သည် ကောင်းကင်ချောက်နက်၏ စွမ်းအားအားလုံးကို အသက်သွင်းသွားခြင်းပင်။

ဖူး..

အန်းလန်နှင့် ရှုထော် သွေးအန်လာကာ ပြင်းထန်သည့် ဒဏ်ရာများ ခံစားနေရသည်။

မူလဧကရာဇ်မြို့မှာ စစ်သီချင်းသံ ထွက်ပေါ်လာသည်။ ထိုအသံတွင် ပြတ်သားမှုများနှင့် ဝမ်းနည်းမှုများ ပါဝင်နေသည်ပင်။ မြို့ထဲမှ သက်ရှိများသည် မြို့နှင့်အတူ သေဆုံးရန် ရွေးချယ်လိုက်ကာ သူတို့နှင့်အတူ ရန်သူကို ဆွဲချနေကြသည်။

“မဟုတ်ဘူး..” အန်းလန် ဟစ်ကြွေးလိုက်သည်။ ယခု ဤနေရာတစ်ခုလုံး တောက်လောင်လာကာ မူလစွမ်းအင်မျိုးစုံထွက်ပေါ်လာကာ သဘာဝဥပဒေသပင်လယ်ကြီးကို အားဖြည့်လာသည်။

ဤကဲ့သို့သော ကြောက်စရာကောင်းသည့်ပင်လယ်ကြီးမှာ နှစ်ပေါင်း ရာချီသည်အထိ ဆက်ရှိနေလိမ့်မည်။ ပြီးမှသာ သူ့အလိုလို ပျက်ပြယ်သွားလိမ့်မည်ပင်။

ယခုအချိန်တွင် သူတို့ ထိုးဖောက်၍မရလောက်။

ရလဒ်အနေဖြင့် မသေမျိုးဘုရင်နှစ်ဦး သေရေးရှင်ရေးကို ရင်ဆိုင်နေရလေပြီ။ သူတို့သည် မူလဧကရာဇ်မြို့၏ ဖိနှိပ်ခြင်းခံနေရကာ ပြိုင်ဘက်ကင်းသဘာဝဥပဒေသဖြင့် တိုက်စားခံနေရသည်။

“ငါ ဒါကို လက်မခံနိုင်ဘူး .. ဒီလိုမျိုးအဆုံးသတ်ခွင့်မပေးနိုင်ဘူး .. ငါတို့ အဲဒါကို ပြန်ယူရမယ်..” အန်းလန်ဟစ်ကြွေးလိုက်သည်။ ထိ့နောက် သူ လက်တစ်ဖက်ထုတ်လိုက်သည်။

ဝုန်း..

ထိုလက်သည် ဆက်သွားနေရင်းဖြင့်ပင် ဆိုးရွားစွာပုံပျက်လာပြီး အရိုးများပင် ပေါ်လာနေပြီဖြစ်သည်။ ကောင်းကင်ချောက်နက်ကို ဖြတ်သန်းပြီးသွားသည့်အချိန်တွင် အရိုးဖြူများသာ ကျန်တော့သည်။

ဒုန်း..

ထိုလက်သည် ရပ်တန့်မသွား။ တစ်ဖြည်းဖြည်းကြီးမားလာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အုပ်မိုးသွားသည်။

ဝုန်း..

သူသည် အင်ပါယာဂိတ်ကို ရိုက်ချလိုက်လေ၏။ အင်ပါယာဂိတ်ကြီး တုန်ခါသွားရသည်။ မသေမျိုးဘုရင်တစ်ဦး၏ ရိုက်ချက်တစ်ချက်ပင်လျှင် အင်ပါယာဂိတ်ကို အန္တရာယ်များစေသည်။

သူက ဘာကို ယူသွားချင်နေတာလဲ..

သူအော်လိုက်သည့်အသံကို အားလုံးကြားလိုက်ရသည်ပင်။

အပိုင်း ၁၈၄၀ ပြီး၏။
Chapter – 1841 အင်ပါယာ ဂိတ် ကျိုးပေါက်သွားခြင်း

အန်းလန်က ဘာကို ယူသွားချင်နေတာလဲ .. ဤသည်မှာ အားလုံး သိချင်နေသည့်အရာပင်။

ယခင်ခေတ်က တစ်ဖက်လောကမှ ကျင့်ကြံသူများ ကျူးကျော်လာသည့်အချိန်တွင်လည်း သူတို့သည် တစ်ခုခုကို ရှာဖွေနေသည်ဟု အော်ဟစ်နေခဲ့ကြခြင်းပင်။ သို့သော် သူတို့ ဘာရှာနေသည်ကို မည်သူမှမသိကြ။

ဒီတစ်ခေါက် အန်းလန်က ဘာယူသွားချင်နေတာလဲ..

ဤသည်မှာ ကိစ္စကြီးပင်။

မသေမျိုးဘုရင်တစ်ယောက်ကတောင် ဒီလောက်အင်အားတွေသုံးပြီး၊ ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာတောင် စွန့်စားရအောင် အဲဒါက ဘယ်လိုပစ္စည်းမျိုးလို့လဲ..

နှိုင်းယှဉ်၍မရသည့်အော်ရာ ထွက်ပေါ်လာကာ လေဟာနယ် အရည်ပျော်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း ပေါက်ကွဲတော့မတတ် ဖြစ်လာသည်။ မသေမျိုးဘုရင်တစ်ဦး လှုပ်ရှားလျှင် မည်သူကများ သူ့အား ရင်ဆိုင်နိုင်မည်နည်း..

အန်းလန်၏လက်မှာ ကြီးမားလွန်းလှကာ ကောင်းကင်ကြီးကိုပင် ဖုံးအုပ်ထားသည်။ သို့သော် အနီရောင်ပင်လယ်၏ တိုက်စားခြင်းခံလိုက်ရသောကြောင့် အရိုးဖြူများသာ ကျန်တော့သည်။

ဖုန်း..

ကျယ်လောင်လှသည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ အဆင့်မြင့်သည့်ပုဂ္ဂိုလ်များအစ ကလေးများအဆုံး အားလုံး တုန်လှုပ်သွားရသည်။ သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များပင် ပေါက်ကွဲတော့မတတ်ပင်။

အရိုးဖြူလက်ကြီးနှင့်ယှဉ်လျှင် ကြယ်များပင် သေးသွားသည်။ ထိုလက်သည် တစ်ချက်တည်းဖြင့် မြို့ဂိတ်တံခါးသို့ ရောက်ရှိလာသည်။

သိထားရမည်မှာ ဤဧကရာဇ်မြို့တည်ရှိနေသည်မှာ အလွန်ကြာမြင့်လှပြီဖြစ်ပြီး မြို့ကို ပျက်စီးနေသည့်ကြယ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ မပျက်စီးနိုင်သည့် မြို့တစ်မြို့အဖြစ် ဆောက်လုပ်ခဲ့သည်ပင်။ သို့သော် ယခုတော့ အန်းလန်၏တိုက်ခိုက်မှုကို မတားဆီးနိုင်တော့။

မြို့ဂိတ်တံခါး ဖယ်ရှားခံလိုက်ရသည်။ အလွန်စွမ်းအားကြီးသည့် ခေါင်းဆောင်များအပါအဝင် ထိုနေရာကို စောင့်ကြပ်နေသည့်သူများအားလုံး တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားလေ၏။

ထိုနေရာမှာ အလွန်ကျယ်ပြန့်လှသောကြောင့် ထိုနေရာ၌ ကျင့်ကြံသူပေါင်း သောင်းချီရှိနေသည်ပင်။ သို့သော် ယခုတော့ ထိုသူများအားလုံး အသက်ဆုံးရှုံးသွားလေပြီ။ ဤမြင်ကွင်းမှာ အလွန်ဆိုးရွားလှသည်။

ကြယ်များလောင်ကျွမ်းနေကာ သွေးမြူများ ပျံ့လွင့်နေသည်။ ဤသည်မှာ ကျင့်ကြံသူပေါင်း တစ်သောင်းကျော် သေဆုံးပြီးနောက် ထွက်ပေါ်လာသည့် သွေးစွမ်းအင်များပင်။ ဤသွေးစွမ်းအင်အပြင် ဘာမှမကျန်တော့။ အရိုးများပင် မကျန်။

အား..

မြို့ရိုးပေါ်မှလူများ အော်ဟစ်လိုက်ကြကာ သူတို့မျက်လုံးများ နီရဲလာသည်။ သူတို့၏ညီအစ်ကိုများ၊ အဖေများနှင့် ချစ်ရသည့်သူများ၊ ရဲဘော်များအားလုံး ဆိုးရွားစွာ သေဆုံးသွားလေပြီ။

ဝုန်း..

အင်ပါယာဂိတ်တောက်ပလာကာ သင်္ကေတများ ထွက်ပေါ်လာပြီး မြို့ထဲနှင့် မြို့ရိုး၏အခြားအစိတ်အပိုင်းများကို ကာကွယ်ပေးလာသည်။

အမှန်တကယ်တွင် ဤသင်္ကေတများ အသက်ဝင်လာပြီး ထာဝရတာအိုအစီအရင်များ အသက်ဝင်လာသောကြောင့်သာ။ မဟုတ်ပါက မြို့ထဲမှ လူများအားလုံးအထိနာနေလေက်လေပြီ။ အားလုံး သေနေလောက်လေပြီ။

မသေမျိုးဘုရင် ထုတ်လွှတ်သည့်အော်ရာမှာ အသက်အားလုံးကို ချေမှုန်းပစ်ရန် လုံလောက်သည်ပင်။

ယခု အချိန်ခဏလေးအတွင်းမှာပင် လူပေါင်း တစ်သောင်းကျော် အသက်ဆုံးရှုံးသွားလေပြီ။ ဤသည်မှာ ထိုလက်ကြောင့်ဖြစ်လာခြင်းမဟုတ်။ ထိုလက်ကြီး ကောင်းကင်ထက်မှ ကျဆင်းလာသည့်အချိန်တွင် မြို့ဂိတ်တံခါးကို စုတ်ဖြဲပစ်ကာ ပြိုင်ဘက်ကင်းသည့်အော်ရာများ ဝင်ရောက်သောကြောင့်ပင်။

အင်ပါယာဂိတ်မြို့ရိုးထက်ရှိ အရေးကြီးသည့်လူတစ်စုမှာ မျက်လုံးများ ပြုတ်ထွက်မလိုပင်ဖြစ်နေလေပြီ။ သို့သော် သူတို့လုပ်နိုင်တာဘာမှမရှိ။ မြို့ရိုးလည်း စတင်အက်ကွဲလာပြီဖြစ်သည်။

အင်ပါယာဂိတ်တောက်ပလာကာ မီးတောက်များ ထွက်ပေါ်လာသည်။ နောက်ဆုံးအကာအကွယ်အလွှာ အသက်ဝင်လာလေပြီ။ မြို့ကြီး ပျက်စီးသွားကာ အသက်များဆုံးရှုံးရသည့်အချိန်မှ ဤစွမ်းအား အသက်ဝင်လာမည်ပင်။

ဤသည်မှာ အင်ပါယာဂိတ် နောက်ဆုံးအချိန် ရောက်နေပြီဟု ဆိုလိုခြင်းပင်။ သူတို့ ယခု မခုခံနိုင်လျှင် ဤလောကကြီး ပျက်စီးသွားလိမ့်မည်ဟု ဆိုလိုခြင်းပင်။

ခေတ်ကြီးတစ်ခု အဆုံးသတ်သွားလိမ့်မည်…

အားလုံး တုန်လှုပ်သွားရသည်။ မသေမျိုးဘုရင်တွေက ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ .. တစ်ချက်တည်းနဲ့ အင်ပါယာဂိတ်ကိုတောင် ဖျက်ဆီးပစ်နိုင်တာလား..

အားလုံး ကြက်သီးထလာရသည်။ ကွာခြားချက်မှာ ကြီးမားလွန်းလှ၏။ ဤကွာခြားချက်ကို သူတို့လိုက်မမှီနိုင်။

ရှီဟောင်သည် သွေးကြောင်မနေပဲ အားကုန်ထုတ်ကာ တိုက်ခိုက်လိုက်သည်ပင်။

သူ၏ခန္ဓာကိုယ် အားနည်းသော်လည်း သူ အန်းလန်ကို တားဆီးရန် ချက်ချင်းကြိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့် သူ ဖြစ်ရပ်ဆိုးကြီးကို မတားဆီးလိုက်နိုင်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခါက်တွင် တစ်ဖက်လောကမှ စွမ်းအားကြီးသည့်အော်ရာလှိုင်းများစွာ ရောက်လာသည်ပင်။ မသေမျိုးဘုရင်တစ်ဦးတည်းမဟုတ်ပဲ မသေမျိုးဘုရင်အားလုံး လှုပ်ရှားလာခြင်းပင်။

ရှုထော်၏လက်ကြီး ကျရောက်လာကာ ဟွမ်၏ခြေလှမ်းများကို တားဆီးလာသည်။

ရှုထော်၏လက်လည်း အနီရောင်ပင်လယ်ကြီး၏ တိုက်စားခြင်းခံလိုက်ရကာ အရိုးများသာ ကျန်တော့သည်ပင်။ သို့သော်လည်း သူသည် ပေးဆပ်ရန် တွန့်ဆုတ်မနေပဲ အန်းလန်အချိန်ရရန်အတွက် ဟွမ်ကို တားဆီးလာသည်။

ထို့အပြင် အမိန့်စာများစွာလည်း သွေးပင်လယ်ထဲမှ ရုန်းထွက်လာကာ ရှီဟောင်ကို ဖိနှိပ်လာသည်။

ဤအမိန့်စာများမှာ မသေမျိုးဘုရင်များ၏ အမိန့်စာများဖြစ်ပြီး သူတို့၏ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေသည်ပင်။

ဟွမ်၏ နတ်စွမ်းရည်များ မည်မျှစွမ်းအားကြီးနေပါစေ စွမ်းအားလှိုင်းများစွာ ရောက်လာသည့်အချိန်တွင် သူ အန်းလန်ကို ချက်ချင်းတိုက်ခိုက်ရန် မဖြစ်နိုင်တော့။

ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူ၏ဘေးဘက်ရှိ ဦးခေါင်းထက်၌ ကိုးလွှာစေတီရှိနေသည့်သူလည်း စွမ်းအားများထုတ်လွှတ်ကာ ရှုထော်ထံသို့ ပြေးသွားပြီး အမိန့်စာများကို ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် ဦးခေါင်းထက်၌ အိုးကြီးရှိနေသည့်သူလည်း အရှေ့ဘက်သို့ ခြေလှမ်းကျယ်များဖြင့် အန်းလန်၏လက်ဖြူကြီးထံသို့ ပြေးသွားကာလေ၏။ သူ ထိုလက်ကို ချိုးပစ်ချင်နေသည်။

ဝုန်း..

သို့သော် အမိန့်စာများစွာ တောက်ပလာကာ မိုးရွာနေသကဲ့သို့ အဆုံးမရှိသည့်အလင်းတန်းများ ဖြန့်ကျက်လာသည်။

ဤသည်မှာ အဆင့်အမြင့်ဆုံး ဘိုးဘေးပညာများပင်။ ဤပညာများအားလုံးကို တစ်ချိန်တည်း ထုတ်လွှတ်ကာ အိုးနှင့် ထိုလူကို တားဆီးလိုက်ကာ အန်းလန်အတွက် အချိန်ရအောင်လုပ်ပေးလိုက်သည်။

ရှီဟောင် အားကုန်ထုတ်သုံးလိုက်သည်။

သို့သော် ထိုသွေးစက်မှ ထွက်လာသည့်စွမ်းအား လျှော့နည်းသွားပြီဖြစ်ပြီး သူ အားနည်းလာသည်။ သူစိတ်သာရှိပြီး ခွန်အားမရှိတော့။ အန်းလန် ဂိတ်တံခါးအားဖျက်ဆီးသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ဤမြင်ကွင်းကိုကြည့်ရင်း ရှီဟောင်မျက်လုံးမှ သွေးများပင် စီးကျလာသည်။

ဝုန်း..

အင်ပါယာဂိတ်တံခါး ပြိုကျသွားလေပြီ…

မီးခိုးနှင့် ဖုန်မှုန့်များ ကောင်းကင်ထက်သို့ တက်သွားသည်။ ထိုလက်ဝါးကြီးသည် မြို့ဂိတ်တံခါးကို တစ်စစီဖြစ်အောင် လုပ်လိုက်သည်။

အင်ပါယာဂိတ် စတင်လောင်ကျွမ်းလာကာ သင်္ကေတများသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။ ဤသည်မှာ ရှေးဟောင်းမြို့ကို ကာကွယ်ထားသည့် အဆင့်အမြင့်ဆုံး ထာဝရတာအိုစွမ်းအားပင်။

အနည်းဆုံးတော့ အစီအရင်သည် အခြားသက်ရှိများကို ကာကွယ်ပေးနေသည်ပင်။ ပေါက်ကွဲသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးသွားသည့် မြို့ဂိတ်တံခါးမှ လူများမှလွဲလျှင် အင်ပါယာဂိတ်မှ အခြားသူများ အသက်မဆုံးရှုံးလိုက်ကြ။

သို့သော် အစီအရင် အနည်းငယ် ကျိုးပျက်သွားကာ မသေမျိုးဘုရင်အော်ရာအနည်းငယ် စိမ့်ဝင်သွားသည်နှင့် အားလုံးအဆုံးသတ်သွားရန် လုံလောက်သည်။

အော်ရာတစ်တန်းမှာ အားလုံးအသက်ကို ဖျက်ဆီးရန် လုံလောက်သည်ပင်။

သို့သော် အရိုးဖြူလက်ကြီးသည် ရှေ့ဆက်မတိုးတော့။ အဘယ်ကြောင့်ဆိုသော် အချိန်နီးကပ်နေလေပြီ။ အနောက်ဘက်မှ သွေးရောင်ပင်လယ်ကြီးနှင့် ဥပဒေသများသည် ထိုမသေမျိုးဘုရင်များ၏ ခန္ဓာကိုယ်ကို တိုက်စားနေသည်ပင်။

အန်းလန်အချိန်သိပ်မရှိတော့။ သူ၏လက်ကြီးသည် အရှေ့သို့ဆက်မသွားပဲ အင်ပါယာဂိတ်၏ကောင်းကင်ထက်သို့ ဦးတည်သွားလိုက်လေသည်။

ဤမြင်ကွင်းမှာ ဤနေရာ၌ ရှိနေသည့် ကျင့်ကြံသူတိုင်း၏ ရင်ထဲ၌ ထာဝရစွဲထင်နေလိမ့်မည်။ နှစ်ပေါင်းများစွာကြာသွားလျှင်ပင် သူတို့မေ့လိမ့်မည်မဟုတ်။ ဤသည်မှာ သူတို့နှလုံးသားထဲမှ အရိပ်မည်းတစ်ခု ဖြစ်နေမည်ဖြစ်ပြီး ကုသရန် ခက်ခဲသည့် ဒဏ်ရာဖြစ်သွားလိမ့်မည်။

ထိုအရိုးဖြူလက်ကြီးရှေ့တွင် ကြယ်များမှာ ဖုန်မှုန့်များဖြစ်သွားသည်။

ဒုန်း..

သူသည် မြို့ဂိတ်တံခါး၏ အခြားမြို့ရိုးကို တိုက်ပစ်လိုက်သည်။

သိထားရမည်မှာ အင်ပါယာဂိတ်သည် ကောင်းကင်ထိ မြင့်မာားနေပြီး နံရံများမှာ ကြယ်များဖြင့် ပြုလုပ်ထားခြင်းပင်။

သို့သော် ယခုတော့ ထိုလက်ကြီးရှေ့တွင် ဤနံရံမှာ ရေပြင်ကဲ့သို့ပင်။

ဝမ်းသာရမည်မှာ ထိုလက်သည် အောက်ဘက်ရှိ ထာဝရတာအိုအစီအရင်ကို တိုက်ခိုက်ခြင်းမဟုတ်ပဲ ကောင်းကင်ထက်သို့ တက်သွားသည်ပင်။ မဟုတ်ပါက လူဘယ်နှယောက်သေမလဲပင် မသိနိုင်တော့။

သူတို့ တကယ်သာ တိုက်ခိုက်ကြမည်ဆိုလျှင် အင်ပါယာဂိတ်ကြီးသည် ချက်ချင်းပင် အပျက်အစီးပုံကြီးဖြစ်သွားကာ သက်ရှိအားလုံးလဲ ဤနေရာ၌ပင် ပေါက်ကွဲသွားလိမ့်မည်။

အား..

အင်ပါယာဂိတ်ပေါ်ရှိ ကျင့်ကြံသူများစွာ အော်ဟစ်လိုက်ကြ၏။ သူတို့မျက်လုံးများ ကွဲထွက်တော့မတတ်ပင် ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် အခြားဂိတ်တံခါး ပျက်စီးသွားသည်နှင့် ကျင့်ကြံသူပေါင်း တစ်သောင်းကျော် ထပ်မံသေဆုံးသွားသည်။ ထိုလက်၏ စွမ်းအားကြီးသည့်အော်ရာအောက်တွင် သွေးမြူများ ဖြစ်သွားကြလေ၏။

ထိုအခိုက်အတန့် အားလုံး သွေးပျက်သွားရသလို ကြောက်လည်း ကြောက်ရွံ့သွားကြရသည်။ သူတို့ ဒါကို ဘယ်လိုပြန်တိုက်ရမှာလဲ..

ဟွမ် မည်မျှ စွမ်းအားကြီးသည်ကို ထိုအချိန်တွင် သူတို့စဉ်းစားမိသွားသည်။ အန်းလန်ကဲ့သို့ စွမ်းအားကြီးသည့်သူကိုပင် အစောပိုင်း၌ ဟွမ် ပြေးလိုက်ခဲ့သည်ပင်။

ကံမကောင်းစွာဖြင့် ဟွမ်သည် ရှုထော်နှင့်အခြားသူများ၏ တားဆီးခြင်းကို ခံနေရသည်။

ယခု ထိုလက်ကြီးသည် ဂိတ်ကို ဖြတ်သန်းသွားလေ၏။ သူ ဘာလုပ်ချင်နေတာလဲ .. သူက ဒီနယ်မြေက သက်ရှိတွေအားလုံးကို ဖျက်ဆီးပစ်ချင်နေတာလား..

ခဏကြာပြီးနောက် သူသည် စွန့်ပစ်နယ်မြေများ၊ မရေမတွက်နိုင်အောင် များပြားလှသည့်တောင်ကြီးများနှင့် မြစ်များးကို ကျော်သွားကာ နယ်ခြားစပ်မှ စီရင်စုသုံးထောင်ထဲသို့ ဝင်သွားလေ၏။

ဤသည်မှာ မည်မျှပင် ထိတ်လန့်စရာ ကောင်းလိုက်သနည်း..

သိထားရမည်မှာ ဤကဲ့သို့သောနယ်မြေသည် လီပေါင်း သန်းပေါင်းများစွာ ကျယ်ပြန့်လှသည်ပင်။ သို့သော် ထိုလက်ကြီးသည် ထိုကဲ့သို့ပင် ဖြတ်သွားကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်။

ထိုနေ့တွင် စီရင်စုသုံးထောင်မှ လူအားလုံး တုန်လှုပ်သွားကြရကာ နောက်ဆုံးနေ့ရက် ရောက်လာသလိုပင် ခံစားလိုက်ကြရသည်။ စွမ်းအားကြီးလှသည့် အော်ရာကြောင့် သက်ရှိအားလုံး တုန်လှုပ်လာကြသည်။

အားလုံး တုန်လှုပ်နေကြသော်လည်း ထိုလက်ဖြူကြီးမှာ လီပေါင်း သန်းပေါင်းများစွာထိ ဆန့်ထုတ်နေဆဲပင်။ သူ၏စွမ်းအား မည်မျှပင် ကြောက်စရာကောင်းသည်ကို သိနိုင်သည်။

လက်ကြီးမှာ အာကာသအပြင်ဘက်မှ ကျရောက်လာကာ စီရင်စုတစ်ခုသို့ ဦးတည်သွားနေသကဲ့သို့ပင်။

ဝုန်း..

လက်အရိုးဖြူကြီးသည် ကြောက်ရွံ့မှုမရှိသလို သူ၏မသေမျိုးဘုရင်အော်ရာကိုလည်း အနည်းငယ်မျှပင် ကွယ်ဝှက်ထားခြင်းမရှိ။

ထိုလက်ကြီးသည် သက်ရှိများနေထိုင်နေသည့် စီရင်စုတစ်ခုသို့ ရောက်သည့်အချိန်တွင် ထူးခြားသည့်အော်ရာလှိုင်းများ ပျံ့လွင့်လာသည်။

ခွပ်..

ထိုစီရင်စုသည် လီပေါင်း သန်းပေါင်းများစွာ ကျယ်ပြောလှသည်။ ထိုနေရာကြီးသည် ချက်ချင်းပင် ချိုင့်ဝင်သွားကာ ကောင်းကင်ထက်သို့ အမှိုက်များ ပျံ့လွင့်လာကာ ချော်ရည်များ စီးဆင်းလာသည်။

အား…

မရေမတွက်နိုင်သည့်သက်ရှိများ သနားစဖွယ်အော်ဟစ်လိုက်ကြသည်။ ထိုနယ်မြေမှ သက်ရှိများအားလုံး ထိတ်လန့်တကြား‌ အသက်လုပြေးသွားကြသည်ပင်။

သို့‌သော် သူတို့ဘယ်လိုလုပ် လွတ်မြောက်နိုင်မည်နည်း.. ဤသည်မှာ မသေမျိုးဘုရင်တစ်ပါး၏လက်ကြီးပင်။ သူ့ထံမှ သဘာဝအတိုင်း ထုတ်လွှတ်နေသည့် အော်ရာပင်လျှင် စီရင်စုတစ်ခုလုံး ပျက်စီးသွားရန် လုံလောက်သည်။

ဝုန်း..

နောက်ဆုံးတွင် ထိုစီရင်စု၏ နယ်မြေ သန်းပေါင်းများစွာ ချိုင့်ဝင်သွားကာ သွေးမြူများ ပျဲ့ကြဲလာသ်ည။ မရေမတွက်နိုင်သည့် သက်ရှိများ ထိုနေရာ၌ပင် ဆိုးရွားစွာ သေဆုံးသွားကြရသည်။

အော်ဟစ်သံများ၊ ငိုကြွေးသံများ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ စီရင်စုတစ်ခုလုံးမှ သက်ရှိများ ချေမှုန်းခံလိုက်ရကာ လုံးဝတိတ်ဆိတ်သွားလေသည်။

ဤသည်မှာ ဆိုးရွားလွန်းလှသည်။

ထိုလက်ဖြတ်သွားသည့်နေရာတိုင်းရှိ သက်ရှိအားလုံး ပျက်စီးသွားသည်။

သူ၏ဖိနှိပ်မှုအောက်တွင် သူဘာမှမလုပ်လျှင်ပင် အရာအားလုံး ပျက်စီးသွားမည်ပင်။

ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်သည့် မသေမျိုးဘုရင်ပင်။

အပိုင်း ၁၈၄၁ ပြီး၏။
Chapter – 1842 မီးပိုးစာသစ်ပင်များ လဲကျသွားကာ ညှိုးလျော်သွားခြင်း

စီရင်စုတစ်ခု ဖျက်ဆီးခံလိုက်ရကာ အသက်မဲ့သွားလေပြီ။

အရိုးဖြူကြီးသည် ကောင်းကင်ထက်၌ ဖြတ်သန်းသွားကာ ဆက်လက်ရွေ့လျားနေဆဲပင်။ ကောင်းကင်ထက်၌ ကြယ်များစွာ ရှိနေသော်လည်း ထိုလက်ရှေ့တွင် ကြယ်များသည် အလွန်သေးငယ်လှကာ သဲမှုန်များကဲ့သို့ တစ်လုံးပြီးတစ်လုံး ကြွေကျလာသည်။

ဝုန်း..

ထိုလက်ကြီး အခြားစီရင်စုတစ်ခု၌ ပေါ်လာသည်။ ပြိုင်ဘက်ကင်းသည့်အော်ရာများ ထွက်ပေါ်လာကာ ကမ္ဘာကြီးလည်း နောက်တစ်ကြိမ် ပြိုကွဲသွားသည်။ သက်ရှိများစွာသည် သွေးမြူအဖြစ်သို့ချက်ချင်း ပြောင်းလဲသွားလေ၏။

ယခုတစ်ခေါက်တွင် အခြားစီရင်စုမှ လူများပါ နောက်ဆုံးနေ့ ရောက်လာသကဲ့သို့ ခံစားနေရသည်ပင်။

အထူးသဖြင့် အချို့ ကျွမ်းကျင်သူများပင်။ သူတို့မျက်နှာများမှာ လူသေကဲ့သို့ပင် ဖြူဖျော့သွားလေ၏။ များပြားလှသည့်တောင်တန်းများ ခြားနားကွာ လီ‌ပေါင်း သန်းပေါင်းများစွာ ဝေးကွာနေသော်လည်း သူတို့ ပျက်စီးခြင်းအနံ့ကို ရနေသည်။

ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ .. အချို့ကျင့်ကြံသူများ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သူတို့ ယဇ်ပုလ္လင်များကို အသုံးပြုကာ လီပေါင်း သန်းပေါင်းများစွာ ထွက်ပြေးနိုင်လျှင်ပင် သူတို့လွတ်မြောက်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် ထိုလက်ရောက်လာသည်နှင့် စီရင်စုတစ်ဝက်ကိုပင် ဖုံးလွှမ်းသွားပြီဖြစ်သည်။ သူဖြတ်သွားသည့်နေရာတိုင်းရှိ တောင်များ ပြိုကျသွားကာ ပင်လယ်များ ခမ်းခြောက်သွားလိမ့်မည်။

“ဘယ်သူ ငါတို့ကို ကယ်နိုင်လဲ..” အချို့ ကျင့်ကြံသူများ မနေနိုင်ပဲ အော်ဟစ်လိုက်ကြသည်။ သူတို့အတွေက်တော့ ဤသည်မှာ သဘာဝကပ်ဘေးကြီးပင်။ သူတို့ဘာမှ ပြောင်းလဲ၍ရသည့်အရာမဟုတ်။

သာမန်သက်ရှိများဆိုလျှင် ရွေးချယ်စရာအနည်းငယ်ပင် ရှိမနေတော့။ သေရမည်ကို ထိုင်စောင့်နေရုံသာ တတ်နိုင်သည်။

အချို့ကလေးများ အော်ဟစ်လိုက်ကာ သူတို့မိဘများ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားကြသည်။

မိန်းကလေးငယ်လေးတစ်ဦးသည် တစ်ကိုယ်လုံး တုန်ယင်နေကာ သူမမိဘ၏လက်မောင်းများထဲသို့ ပြေးဝင်သွားလိုက်သည်။ သူမ၏ မျက်ဝန်းထက်၌ မျက်ရည်များလည်း စီးကျနေသည်။ သို့သော် နောက်တစ်ခဏတွင်သူမသည် သူမချစ်ရသည့်သူများနှင့်အတူ သွေးမြူများ ဖြစ်သွားလေ၏။

လောကကြီးမှာ ဖရိုဖရဲဖြစ်နေလေပြီ။

ဝုန်း..

အန်းလန်၏ လက်အရိုးဖြူသည် လေဟာနယ်၌ လီပေါင်း သန်းပေါင်းများစွာ ဖြတ်သန်းသွားလာနေသည်။ သူသည် စီရင်စုငါးခုကို ဖြတ်သန်းပြီးသွားပြီဖြစ်ကာ သက်ရှိ ဘယ်နှယောက် သေဆုံးသွားပြီမှန်းပြီ မသိတော့။

ကိုးခုမြောက် စီရင်စုကို ဖြတ်သန်းသည့်အချိန်မှသာ သူ၏မသေမျိုးဘုရင်အော်ရာကို ဖယ်ရှားလိုက်သည်။ သူ လက်လွတ်စပယ်မလုပ်တော့ပဲ ပို၍ တည်ငြိမ်လာသည်။

လက်ကြီးသည် ကြီးမားလှကာ ဖျက်ဆီးခြင်းအော်ရာများကို အချိန်နှင့်အမျှ ထုတ်လွှတ်နေသော်လည်း သူ၏စွမ်းအားများကို ထိန်းချုပ်လိုက်သည့်အချိန်တွင် ထိုစွမ်းအင်များ အနည်းငယ်မျှပင် ထွက်မလာတော့။

ထို့နောက် ထိုလက်တစ်ဖြည်းဖြည်းနှေးကွေးလာသည်။ ပြောရမည်ဆိုလျှင် သူသည် တစ်ခုခုလန့်သွားမည်ကို စိုးရိမ်နေသကဲ့သို့ပင်။

ထို့နောက် ထိုလက် ကောင်းကင်ကို ဖြတ်သန်းသွားကာ နေနှင့်လကို ဖုံးအုပ်သွားသည်။ ထိုလက်သည် လေဟာနယ်ထဲ၌ ဖြတ်သန်းသွားနေသော်လည်း မည်သည့်ပျက်စီးမှုမှ မရှိတော့။ တောင်များနှင့် မြစ်များပင် ပြင်းထန်စွာ တုန်ခါခြင်းမရှိတော့။

မသေမျိုးဘုရင်သည် တမင်သက်သက် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ခြင်းပင်။

နောက်ဆုံးတော့ သူ စီရင်စုတစ်ခုကို ရောက်လာလေပြီ.

အားလုံးမှာ တစ်ခဏအတွင်းဖြစ်ပျက်သွားခြင်းပင်။

မသေမျိုးဘုရင်အတွက် လီပေါင်း သန်းပေါင်းများစွာကို ဖြတ်ကျော်ခြင်းမှာ ပြဿနာတစ်ခုမဟုတ်။ ဤသည်မှာ လျင်မြန်စွာ ပြုလုပ်နိုင်သည့်အရာတစ်ခုပင်။

အထူးသဖြင့် အင်ပါယာဂိတ်အပြင်ဘက်ရှိ ကောင်းကင်ချောက်နက်ပျက်စီးသွားကာ သဘာဝဥပဒေသပင်လယ်ကြီး ထွက်ပေါ်လာပြီး ယခု အန်းလန်၏ခန္ဓာကိုယ်အား ပြင်းထန်စွာ တိုက်စားနေသည်ပင်။ သူ အချိန်တိုအတွင်း အမြန်ပြီးအောင် လုပ်ကာ ပြန်သွားရန် လိုအပ်သည်။

မဟုတ်ပါက မသေမျိုးဘုရင်ဖြစ်လျှင်ပင် သူ ပြဿနာကြီးသွားလိမ့်မည်။

အပြစ်သားစီရင်စုသည် ကျယ်ပြောသော်လည်း လူဦးရေ နည်းပါးလှသည်။ ဤသည်မှာ အလွန်ခေါင်တီးသည့် ရှေးဟောင်းစီရင်စုတစ်ခုပင်။

ဤနယ်မြေတွင် နှယ်နှင်ဒဏ်ခံရသည့်ကလန်များစွာ ရှိနေသည်။ အခြားကလန်များမှ သူတို့ကို ဤနေရာ၌ ပိတ်ထားကာ ဤနေရာမှ လွယ်လွယ်ထွက်သွား၍မရ။

ထိုကလန်များထဲတွင် ကျောက်တုံးကလန်၊ မီးကလန်နှင့် အခြားနာမည်ကြီး ကလန်များပါဝင်သည်ပင်။

ဤကလန်များသည် သမိုင်း၏ အစိတ်အပိုင်းတစ်ခု၌ အပြစ်သားသွေးမျိုးဆက်ဟု နာမည်တပ်ခံထားရသည်ပင်။ သူတို့၏ဘိုးဘေးများ၌ အပြစ်များ ရှိနေသည်ဟု သတ်မှတ်ထားသည်ပင်။

သူတို့အခြေအနေများမှာ အလွန်ဆိုးရွားနေသည်။ ဥပမာအားဖြင့် ဤစီရင်စုရှိ ကျောက်တုံးကလန်ဘိုးဘေးမြေမှာ ပျက်စီးနေပြီဖြစ်ပြီး မည်သည့်ကလန်သားမှ မရှိတော့.

ကံကောင်းသွားသည်မှာ အဆင့်နိမ့်နယ်မြေရှိ နယ်မြေ ရှစ်ခုတွင် သူတို့၏မျိုးဆက်များ ရှိနေသေးသည်ပင်။ သူတို့၏ အကိုင်းအခက်များကို ဖြန့်ကျက်ထားနိုင်ခဲ့သည်။ မဟုတ်ပါက သူတို့ကလန်တစ်ခုလုံးသာ ရှင်းလင်းခံလိုက်ရသည်ဆိုပါက ဤသည်မှာ ဤကလန်၏ အကြီးမားဆုံး နောင်တတရား ဖြစ်သွားလိမ့်မည်။

အန်းလန်၏ လက်ဖြူကြီး ဤအပြစ်သားစီရင်စုသို့ ရောက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

သူကဘာလို့ ဒီနေရာကို လာတာလဲ .. သူ ဘာကိုရှာနေတာလဲ .. မည်သူမှ မသိ။

“အပြစ်သား စီရင်စု..”

ကျယ်လောင်လှသည့်အသံတစ်သံ ထွက်ပေါ်လာကာ ကောင်းကင်ထက်၌ ပဲ့တင်ထပ်လာသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် မြေပြင်ကြီး တုန်ခါလာကာ တောင်များ ယိမ်းခါလာ၏။ မြစ်များလည်း လမ်းကြောင်းများ ပြောင်းသွားကြသည်။

အန်းလန်၏ နတ်စိတ်ဝိညာဉ်မှာ ကြောက်စရာကောင်းလှသည်။ စကားတစ်ခွန်းတည်းသာ ဖြစ်သော်လည်း တောတောင်နှင့်မြစ်များပင် တုန်ခါသွားရသည်။

“ဘုရင်ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံခဲ့ရတဲ့ ခမ်းနားလှတဲ့အချိန်က တော်တော်လေးကို ကြာခဲ့ပြီ .. အဲဒါက အဲဒီဘုရင်မျိုးဆက်တွေရဲ့လက်ထဲမှာပဲ ဖြစ်မယ်ထင်တယ်..” အန်းလန်၏ နတ်စိတ်ဝိညာဉ်မှာ မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

သူပြောသည့် ဘုရင်ဘွဲ့တံဆိပ်ပေးအပ်သည့်ခေတ်ဆိုသည်မှာ ရှေးခေတ်၏ အတောက်ပဆုံးအချိန်ပင်။

ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ထိုကလန်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားလေပြီ။ ကျောက်တုံးကလန်၊ မီးဇာမဏီကလန်နှင့် အခြားကလန်များသည် အပြစ်သားသွေးမျိုးဆက်များဖြစ်လာကာ ဤနေရာ၌ စွန့်ပစ်ခံလိုက်ရသည်။

အန်းလန် သူတို့အတွက် ရောက်လာခြင်းပင်။ ဤနေရာ၌ တစ်ခုခုကို မြှုပ်နှံထားသည်ဟု သူသံသယဝင်မိသည်။

“အဲဒါကို ရှာတွေ့မှ တကယ့်ပစ္စည်းအစစ်ကို ရှာတွေ့နိုင်လိမ့်မယ်..” ဤသည်မှာ အန်းလန်ပြောလိုက်ခြင်းပင်။

သူ ဤနေရာ၌ရှာနေသည့်ပစ္စည်းမှာ ပစ္စည်းအစစ်မဟုတ်ပဲ သဲလွန်စအချို့သာ ဖြစ်လိမ့်မည်။

သေချာတွေးကြည့်လျှင် ဤသည်မှာ ဖြစ်နိုင်သည်ပင်။ တစ်ဖက်လောကမှ တစ်ချိန်လုံး တိုက်ခိုက်နေခဲ့ကြခြင်းမှာ တစ်ခုခုကို ရှာရန်အတွက်ပင်။ သို့သော်လည်း သူတို့ ဘာမှမရခဲ့ကြ။ ထိုအရာ ကောင်းကင်ဘုံကိုးခု၌ ရှိနေသည်ကိုသာ သူသိနေခြင်းပင်။ ထို့ကြောင့် ဘယ်လိုလုပ် လွယ်လွယ်ကူကူ ရှာတွေ့နိုင်မည်နည်း..

ယခင်က သူတို့သည် လောကကြီးတစ်ခုလုံးကိုပင် ရှင်းလင်းပစ်ခဲ့သည်ပင်။ သို့သော်လည်း သူတို့ရှာနေသည့်အရာကို တွေ့မသွားသေး။

နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့ သဲလွန်စထပ်ရကာ အပြစ်သားစီရင်စု၌ လှုပ်ရှားလာခြင်းပင်။

ဝုန်း..

ထိုလက်ကြီးသည် ပို၍ပင်ကြီးမားလာပြီး အပြစ်သားစီရင်စုထက်ပင် ပိုကြီးသွားသည်။ လက်အရိုးဖြူကြီးသည် ကောင်းကင်ထက်မှ တစ်ဖြည်းဖြည်းဆင်းသက်လာသည်။

ဘာဖြစ်နေတာလဲ .. အဲဒါက ဘာကြီးလဲ..

မြေပြင်ထက်ရှိ တောတောင်နှင့် မြစ်များ၌ နေထိုင်နေသည့် ကလန်သားမျိုးစုံသည် ခေါင်းမော့ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်လာကြသည်။

ယခုအချိန်တွင် အပြစ်သားစီရင်စု၌ ထိတ်လန့်တကြား အော်ဟစ်သံများ ဆူညံနေသည်။

သူတို့ကိုယ်သူတို့ ကာကွယ်ရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ကြီးမားလှသည့်ဖိအားဖြင့် ဝန်းရံခံထားရပြီး မခုခံနိုင်တော့။

သို့သော် ထိုလက်အရိုးမှ ရောင်စုံအလင်းများ ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုသည့်စွမ်းအင်နှင့် အခြားအရာများအားလုံး ပျောက်ကွယ်နေသည်။ ထိုလက်ကြီးသည် စီရင်စုနား နီးကပ်လာသည်နှင့် ပို၍ တည်ငြိမ်လာသည်။

ထိုအချိန်မှသာ မြေပြင်ပေါ်မှ သက်ရှိများ တည်ငြိမ်သွားတော့သည်။ မဟုတ်ပါက သူတို့အားလုံး မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားလောက်လေပြီ။

ဝုန်း..

သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် ဖိအားများမရှိတော့ဘူးဆိုသော်လည်း ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းနေသေးသည်။

ထိုလက်အရိုးဖြူကြီးသည် မြေပြင်ထက်မှ အပြစ်သားစီရင်စုတစ်ခုလုံးကို ဆွဲထုတ်လိုက်ကာ ကောင်းကင်ထက်သို့ မသွားလေသည်။

ထိုလက်ကြီးသည် လီပေါင်း သန်းပေါင်းများစွာကျယ်ဝန်းသည့် စီရင်စုတစ်ခုကို ထိုအတိုင်းပင် မသွားလေသည်။

ဝုန်း..

ထို့နောက် ထိုလက်သည် ဤနေရာ၌ ကြာကြာမနေပဲ အင်ပါယာဂိတ်၏နယ်ခြားစပ်သို့ ပြန်လည်ဦးတည်သွားသည်။

ဤသည်မှာ ကြမ်းတမ်းသလို ရုတ်တရက်ဆန်လွန်းလှသည်။

ကောင်းကင်ချောက်နက်၏ အနီရောင်ပင်လယ်ကြီး ဆူပွက်လာကာ သူ၏အရိုးလက်ကို အရည်ပျော်ကျစေတော့မည်ဖြစ်သဖြင့် ထိုလက်ကြီး အရှိန်တင်လိုက်သည်။

အမှန်တကယ်တွင် ဤအရာအားလုံးမှာ မျက်တောင်တစ်ခတ်စာအတွင်း ဖြစ်ပျက်သွားခြင်းပင်။

လက်ကြီး စီရင်စုသုံးထောင်ထံသို့သွားကာ အင်ပါယာဂိတ်သို့ ပြန်လာသည်အထိမှာ မျက်တောင်တစ်ခတ်စာသာ ကြာသည်။

“ဒါက..”

အင်ပါယာဂိတ်မှ ကလန်အားလုံး ထိတ်လန့်သွားရသည်။ အဲဒီလက်အရိုးကြီး အင်ပါယာဂိတ်ကို ဖြတ်ပြီး စီရင်စုသုံးထောင်ကို သွားတာက ဒီမြေကို ယူဖို့လား..

“မကောင်းတော့ဘူး .. သူ ရှာနေတဲ့ဟာကို တွေ့သွားပြီလို့ ငါ့ကို မပြောနဲ့နော်..” အင်ပါယာဂိတ်မှ အရေးပါသည့်ပုဂ္ဂိုလ်အချို့ မျက်နှာများ ဖြူဖျော့လာသည်။

တစ်ဖက်လူ ကောင်းကင်ဘုံကိုးခုအား တိုက်ခိုက်နေခဲ့ခြင်းမှာ ယခင်က လျှိ့ဝှက်ချက်တစ်ခု ပေါက်ကြားသွားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အချို့ အဆင့်လွန်သက်ရှိများ ယုံကြည်ထားကြသည်။ သူတို့ တစ်ခုခုကို ရှာဖွေနေခဲ့သည်ပင်။

အခု အန်းလန် ရသွားပြီလား..

“သူ တွေ့သွားပြီလို့ မထင်ဘူး .. ထာဝရရှေးဟောင်းခေတ်ကြီး ပျက်စီးသွားပြီး သူ ကျုပ်တို့လောကကြီးကို သိမ်းပိုက်လိုက်တဲ့အချိန်တုန်းကတောင်မှ သူတို့ ဘာမှရှာမတွေ့ခဲ့ဘူး .. အဲဒီတော့ ဒီနေ့ သူတို့ ဒီလောက်မြန်မြန်ရှာတွေ့သွားစရာ အကြောင်းမရှိဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

သို့သော် အားလုံး ကြောက်ရွံ့နေဆဲပင်။ မသေမျိုးဘုရင်၏ ခွန်အားမှာ ကြောက်စရာကောင်းလှသည်ပင်။

အဲဒါက ဘာစီရင်စုလဲ .. အားလုံး ထိုစီရင်စုကို အတည်ပြုရန် ကြိုးစားလိုက်ကြသည်။

“အပြစ်သားစီရင်စု .. အပြစ်သားသွေးမျိုးဆက်တွေ နေတဲ့နေရာ..” မျက်စိလျင်သည့် တစ်စုံတစ်ယောက်မှ မြန်မြန်မှတ်မိသွားသည်။

အန်းလန် ရပ်မသွား။ သူသည် တိုက်ခိုက်ခြင်းမရှိပဲ အင်ပါယာဂိတ်မှ ဖြတ်သွားကာ တတ်နိုင်သမျှ မြန်မြန်ပြန်ဆုတ်ချင်နေလေ၏။

ယခုအချိန်တွင် ထိုစီရင်စုမှ သက်ရှိများသည် အော်ဟစ်နေကြကာ ထွက်ပြေးရန် ကြိုးစားနေကြသည်။

အန်းလန် သူတို့ကို မဖျက်ဆီးပစ်။ ထိုအစား ဤလူများနှင့် စီရင်စုတစ်ခုလုံးကို မူလအနေအထားအတိုင်းသာ ထားထားလေ၏။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ လက်ကြီးသည် ကန္တာရသို့ ရောက်သွားသည်နှင့် ပို၍ပင် လျင်မြန်စွာ ဆုတ်သွားလေ၏။

သွေးများစိုရွှဲနေသည့် ရှီဟောင် ရုတ်တရက်နောက်လှည့်လိုက်ကာ ဤမြင်ကွင်းကို မြင်လိုက်ရသည်။ သူ အားနည်းလာနေပြီဆိုသော်လည်း ဤသည်မှာ မသေမျိုးဘုရင်များနှင့် တိုက်ခိုက်ရန် လုံလောက်သေးသည်။

ရှီဟောင်၏မျက်လုံးများမှာ အလွန်စူးရှသလို သူ၏ဝိညာဉ်အာရုံများလည်း အံ့အားသင့်စရာကောင်းလှသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ အပြစ်သားစီရင်စုဖြစ်ကြောင်း သူချက်ချင်း မှတ်မိသွားသည်။

ရှီဟောင်၏မျက်လုံးများ နီရဲလာကာ သူ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏အနက်ရောင်ဆံပင်များ ဖရိုဖရဲလွင့်ပျံနေကာ သူ အရှေ့ဘက်သို့ အလောတကြီး သွားလိုက်သည်။

ဦးခေါင်းထက်၌ အိုးရှိနေသည့် ကျွမ်းကျင်သူနှင့် ကိုးလွှာစေတီရှိနေသည့် ကျင့်ကြံသူလည်း တရှိန်ထိုး ပြေးထွက်လာကြသည်။

“အန်းလန် .. ခင်ဗျား သွားသေလိုက်တော့..” ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူ၏အသံမှာ နယ်ခြားစပ်၌ ပဲ့တင်ထပ်နေပြီး အင်ပါယာဂိတ်နှင့် အခြားတစ်ဖက်ကို တုန်ခါသွားစေသည်။

သူသည် ဖြစ်လာမည့်အကျိုးဆက်ကို ကြောက်ရွံ့ခြင်းမရှိပဲ တရှိန်ထိုး ပြေးသွားလိုက်သည်။

ဝုန်း..

ထိုသို့ပြေးသွားရန်အတွက် ရှုထော်ထံမှ ရိုက်ချက်ကို ခံယူလိုက်သလို အမိန့်စာငါးခု၏ တိုက်ခိုက်မှုကိုလည်း လက်ခံလိုက်သည်။ စွမ်းအားအကြီးဆုံး ဘိုးဘေးပညာများ တောက်ပလာကာ သူ့ခန္ဓာကိုယ်ကို အုပ်မိုးသွားလေသည်။ သူ သွေးအန်သွားကာ သူ့ခန္ဓာကိုယ်လည်း လွင့်ထွက်သွားသည်။

ဖုန်း..

ရှီဟောင်သည် လွင့်ထွက်ကာ သွေးအန်သွားသော်လည်း ဓားကို အသက်သွင်းလိုက်ကာ အရိုးဖြူလက်ကြီး၏ လက်ကောက်ဝတ်ကို ခုတ်ချလိုက်သည်။

ဒုန်း..

နားကွဲလောက်သည့် ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။ မီးပွားများ နေရာအနှံ့လွင့်စင်သွားကာ ထိုလက် ပြင်းထန်စွာ တုန်ခါသွားသည်။

ဖုန်း..

ထိုလက်ပေါ်ရှိ စီရင်စုလည်း တုန်ခါလာသည်။ ထိုနယ်မြေ ပျက်စီးမသွားသော်လည်း ငလျင်လှုပ်သကဲ့သို့ မြေပြင်ထက်၌ အက်ကွဲကြောင်းကြီး ထွက်ပေါ်လာသည်။ ထို့အပြင် ထိုလက်ဝါးပေါ်မှ မြေကြီးနှင့် ကျောက်တုံးများ ပြုတ်ကျလာ၏။

ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်ကာ တုန်လှုပ်သွားစေသည်။

“အဲဒါကို ထားခဲ့လိုက်..” ရှီဟောင် အော်ဟစ်ကာ ဓားကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ဦးခေါင်းထက်၌အိုးရှိနေသည့် သက်ရှိ ရှုထော်ကို တိုက်ခိုက်နေသလို စေတီကိုးလွှာနှင့်လူမှ အမိန့်စာများကို ခုခံထားသည်။

ကံမကောင်းစွာဖြင့် သူသည် ယခင်ကလောက် စွမ်းအားမကြီးတော့။

ရှီဟောင် ရူးသွပ်သွားကာ အကျိုးဆက်ကို ကြောက်ရွံ့ခြင်းမရှိပဲ အားကုန်တိုက်ခိုက်လိုက်သည်။ ဓားကြီး နောက်တစ်ကြိမ် လင်းလာကာ ကောင်းကင်ကို ထိုးခွဲသွားသည်။

ဒုန်း ဒုန်း ဒုန်း..

နောက်ဆုံးတွင်တော့ ထိုလက်ကောက်ဝတ်ရိုး အက်ကွဲသွားကာ အရိုးလက်ဝါးကြီးမှာ လျင်မြန်စွာ ပျက်စီးလာသည်။

ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ..

ဤအတောအတွင်း အန်းလန်လည်းတိုက်ခိုက်သည်ပင်။ သို့သော် ထိုအနီရောင်ပင်လယ်ကြီး ကြွလာကာ သူ့အားတိုက်ခိုက်လာသည်။ ထို့အပြင် သူ ကောင်းကင်ချောက်နက်၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

ဝုန်း..

အန်းလန် စွမ်းအားများ ထုတ်လွှတ်လာသည်။ သွေးအလင်းတန်းများ ထွက်ပေါ်လာကာ သူ၏လက်ကောက်ဝတ် ပြန်လည်ကောင်းမွန်သွားကာ အရိုးများလည်း ပြန်ကောင်းသွားသည်။ သူသည် အပြစ်သားစီရင်စုကို တစ်ဖက်လောကသို့ ဆွဲခေါ်သွားလေ၏။

ရှီဟောင်လက်ထဲရှိ ဓားမှ အဆုံးမရှိသည့်အလင်းများ တောက်ပလာသည်။ သူ၏အော်ရာများ ပေါက်ကွဲထွက်လာကာ ကြယ်များပင် တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားလေ၏။ ဓားအလင်းတန်းမှာ အန်းလန်၏ လက်မောင်းသို့ ဦးတည်သွားနေသည်ပင်။

ဝုန်း..

လက်ကြီးတုန်ခါသွားကာ လက်ကောက်ဝတ်မှ အက်ကွဲကြောင်း ပိုကြီးလာသည်။ သို့သော်လည်း ထိုလက်ကောက်ဝတ် ပြတ်မသွား။ အက်ကွဲသွားကာ ထိုလက်ပေါ်မှ ကျလာသည့် မြေကြီနှင့် ကျောက်တုံးများ ရှိနေသည်ပင်။

ထိုအချိန်တွင် ရှီဟောင် အနီရောင်ပြင်ကြီးကို တွေ့လိုက်ရသည်။

ဤသည်မှာ အပြစ်သားစီရင်စု၏ ထောင့်စွန်း၌ ရှိနေသည့် မီးပိုးစာပင်များပင်။ သစ်ပင်တစ်ပင်လုံးသည် သွေးကဲ့သို့ပင် နီရဲနေသည်။

မိန်းမပျိုလေးတစ်ဦး မီးပိုးစာပင်ကို မှီကာ သူ့အား ကြည့်နေသည်ကိုပင် သူတွေ့လိုက်ရသလိုပင်။

“အား .. အန်းလန် အဲဒါကို ထားခဲ့..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

ဓားရိုးမှာ ပေါက်ကွဲတော့မတတ် လင်းထိန်လာသည်။ ဓားအလင်းတန်းများသည် ကောင်းကင်ကိုပင် ထိုးဖောက်သွားလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ဒုန်း..

အန်းလန်၏လှံတံ၊ ဒိုင်းကာ၊ ရှုထော်၏ လက်နက်နှင့်အတူ အမိန့်စာငါးခုမှ ဘိုးဘေးပညာများ ထွက်ပေါ်လာကာ တစ်ပြိုင်နက်တည်း စွမ်းအားပြလာပြီး ထိုဓားအလင်းတန်းကို ကာဆီးလိုက်သည်။

ဝုန်း..

အန်းလန်လက်ဝါးသည် ထိုနယ်မြေကို ဆွဲယူသွားကာ သဘာဝဥပဒေသပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။

အား..

ရှီဟောင်၏ ဒေါသတကြီး ဟစ်ကြွေးသံမှာ ကောင်းကင်ထက်၌ ပျံ့လွင့်လာကာ သူ ထိုသူများနောက် ပြေးလိုက်သွားလိုက်သည်။

သို့သော် သူသည် အခြေအနေကို ပြောင်းလဲနိုင်လောက်အောင် စွမ်းအားမရှိသေး။ ထိုသွေးစက်သည် ပို၍စွမ်းအားနည်းလာပြီဖြစ်သည်။ သူ ဤသွေးပင်လယ်ကြီးကို မဖြတ်သန်းနိုင်တော့။

“ပြန်လာခဲ့..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ လက်တစ်ဖက်ကို ဆန့်တန်းလိုက်သော်လည်း ဘာကိုမှမဖမ်းဆုတ်နိုင်တော့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ အဝေးကြီး ရောက်သွားလေပြီ။

ကောင်းကင်ထက်တွင် မီးပိုးစာပင် ပန်းပွင့်ဖတ်များ ကြွေကျနေသည်။

အနီရောင်ပန်းများမှာ လေနှင်ရာ လွင့်နေကြလေ၏။

အပိုင်း ၁၈၄၂ ပြီး၏။
Chapter – 1843 ကမ္ဘာနှစ်ခု ခြားသွားခြင်း

မီးပိုးစာပွင့်များ လေနှင့်အတူ လွင့်မျောနေသည်။

ကောင်းကင်ကြီးမှာ အနီရောင်ပန်းမိုးဖြင့် ဖုံးလွှမ်းသွားလေ၏။ ထိုပန်းပွင့်ဖတ်များမှာ သွေးများကဲ့သို့ နီရဲတောက်ပနေသည်။

ရှီဟောင် လက်ဆန့်ထုတ်ကာ တစ်ခုခုကို ဖမ်းဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ လေကိုသာ ဖမ်းဆုတ်လိုက်မိသည်။ ထိုပန်းပွင့်ဖတ်များသည် ကြွေကျလာသည်နှင့် ချက်ချင်းပျက်စီးသွားကာ အလင်းမိုးအဖြစ် ပြောင်းလဲသွားသည်။

မသေမျိုးဘုရင်များ၏ အော်ရာများအောက်တွင် အရာအားလုံး ပျက်စီးသွားသည်ပင်။
ရှီဟောင်သည် ဒဏ်ရာရနေသည့်သားရဲကဲ့သို့ ဟစ်ကြွေးလိုက်သည်။ သူ၏ဆံပင်များ ဖရိုဖရဲလွင့်ပျံနေကာ မျက်လုံးများလည်း နီရဲနေသည်။ သူ့ထံမှ ဝမ်းနည်းမှုနှင့် မခံမရပ်နိုင်သော ခံစားချက်များ ပေါက်ကွဲထွက်လာသည်။

အား…

သူ ဟစ်ကြွေးလိုက်သည်။ သူ့တစ်ကိုယ်လုံး အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ လောကကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။

ယခုအချိန်တွင် သူ၏အော်ရာမှာ ထိတ်လန့်စရာကောင်းလောက်အောင် စွမ်းအားကြီးနေသည်။ သူ၏တိုက်ခိုက်နိုင်စွမ်း ကျဆင်းနေပြီဖြစ်သော်လည်း သူ မသေမျိုးဘုရင်များနှင့် တိုက်ခိုက်နိုင်ဆဲပင်။

“အန်းလန် .. ခင်ဗျား သေလိုက်တော့..” ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် ဖျက်ဆီးခြင်းအော်ရာကိုထုတ်လွှတ်ကာ ထိုအော်ရာသည် လီပေါင်းတစ်သောင်းကို ဝါးမြိုသွားလေ၏။

ဓားက အနီရောင်ပင်လယ်ကြီးကို ဖြတ်သန်းသွားကာ အန်းလန်ကို တားဆီးပြီး အပြစ်သားစီရင်စုကို ပြန်ယူရန် ကြိုးစားလိုက်သည်။

ထိုနေရာတွင် အပြစ်သားသွေးမျိုးဆက်များ နေထိုင်သည်။ ထိုနေရာတွင် သူ အလေးထားသည့်သူများ ရှိနေသည်။

“သတ်..”

ရှီဟောင် အားကုန်ထုတ်ကာ ကောင်းကင်ချောက်နက်ကို ဓားဖြင့် ဖြတ်လိုက်သည်။ သို့သော် ဤကဲ့သို့ လုပ်ရန်အတွက် သူပေးဆပ်ရသည်ပင်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချောက်နက်ကြီးမှာ သဘာဝဥပဒေသပင်လယ်ကြီးဖြစ်သွားနေလေပြီ။

ကောင်းကင်ကို ဖုံးလွှမ်းသွားသည့် နတ်ချိန်းကြိုးများ ထွက်ပေါ်လာကာ အနီရောင်အလင်းပြင်ကြီး ဖြစ်ပေါ်လာသည်။ သူ ထိုအနားအနားကပ်သွားလိုက်သည်နှင့် သူချက်ချင်း တွန်းကန်ခံလိုက်ရသည်။

ဖူး..

ရှီဟောင် သွေးများစွာ အန်ထွက်သွားသည်။ ကောင်းကင်ချောက်နက် ပွင့်သွားကာ အန်းလန်၏ နောက်ကျောပုံရိပ်ကို မြင်လိုက်ရသော်လည်း သူပေးဆပ်လိုက်ရသည်ပင်။

ဒုန်း..

ကောင်းကင်ထက်၌ အိုးကြီးတစ်လုံး ရွေ့လျားလာသည်။ ဦးခေါင်းထက်၌ အိုးတစ်လုံးရှိနေသည့် သက်ရှိသည် သူ၏လက်မှ အဆီးအတားများကို ပြုလုပ်ကာ ရှီဟောင်အား ကာကွယ်ပေးနေသည်။

ဝုန်း..

ရှုထော်နှင့် အန်းလန်တို့ ပြန်လည်တိုက်ခိုက်လာသည်။ သူတို့တစ်ဖက်လောကသို့ ပြန်သွားချင်သော်လည်း ရှီဟောင် ပြေးလိုက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားကုန်တိုက်ခိုက်ကြတော့သည်။

ထို့အပြင် ပို၍ ကြောက်စရာကောင်းသည်မှာ အမိန့်စာငါးခုလုံး တောက်ပလာကာ ပြိုင်ဘက်ကင်းသည့်ဖိအားများ ထုတ်လွတ်လာသည်။ ထိုအမိန့်စာများသည် မသေမျိုးဘုရင်များ၏ ဘိုးဘေးပညာများကို ပြသလာသည်။

တစ်ဖက်လောကတွင် ပုန်းနေသည့် မသေမျိုးဘုရင်များ ရှိနေသည်။ သူတို့ ထွက်မလာသော်လည်း သူတို့၏နတ်စွမ်းရည်များကို တံဆိပ်များအဖြစ် ပြောင်းလဲထားကာ အမိန့်စာများထဲ၌ ထည့်ထားသည်ပင်။ ထိုတံဆိပ်များကို အသက်သွင်းလိုက်သည်နှင့် သူတို့ရှိနေသည်နှင့် မခြားနားတော့။

သူတို့ထွက်မလာခြင်းမှာ ကောင်းကင်ချောက်နက်၏ ကျိန်စာကဲ့သို့သော စွမ်းအားမှ လွတ်မြောက်လိုသောကြောင့်ပင်။

ကိုးလွှာစေတီပေါ်လာသည်။ ထိုစေတီသည် ဧကရာဇ်ပျက်သုဉ်းခြင်းခေတ်မှ လာသကဲ့သို့ ကောင်းကင်ကို ခွဲကာ ရောက်လာခြင်းပင်။

သူသည် ရှီဟောင်ကို ကာကွယ်ပေးနေသကဲ့သို့ စွမ်းအားများလည်း ထုတ်လွှတ်နေသည်။

ဖုန်း..

ရှီဟောင် သွေးများစွာ အန်ထွက်လာကာ သူ့ခန္ဓာကိုယ် လွင့်ထွက်သွားသည်။

ကောင်းကင်ချောက်နက်ကြီး ထူးခြားလှသလို မသေမျိုးဘုရင်များလည်း စွမ်းအားကြီးလှသည်။ ယခု သူ ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံနေရသောကြောင့် သူတို့နောက် မလိုက်နိုင်တော့။

အား..

ရှီဟောင်သည် ရူးသွပ်နေသည့်နတ်ဆိုးကဲ့သို့ ဟစ်ကြွေးနေသည်။

ထိုအခိုက်အတန့်တွင် ရှိသမျှအားလုံးကို ထုတ်သုံးလိုက်ကာ ကောင်းကင်ချောက်နက်ရှေ့၌ ရပ်လိုက်ပြီး သူ၏လက်ကို နောက်တစ်ကြိမ် ဆန့်တန်းလိုက်သည်။ သင်္ကေတများ ထွက်ပေါ်လာကာ ထာဝရအလင်းများ လောင်ကျွမ်းလာလေ၏။

ထို့အပြင် သူ၏ဘေးဘက်တွင်ရှိနေသည့် ထိုကျွမ်းကျင်သူနှစ်ဦးလည်း လှုပ်ရှားလာကြသည်။ အိုးနှင့် ကိုးလွှာစေတီလည်း စွမ်းအားများ ထုတ်လွှတ်လာသည်။

ဝုန်း..

ကောင်းကင်ကြီး ပြိုကျသွားကာ ကမ္ဘာမြေကြီး အက်ကွဲလာသည်။ လေပြင်းများ တိုက်ခတ်လာကာ တစ်လောကလုံး ကသောင်းကနင်းဖြစ်လာသည်။

ဤသည်မှာ လောကကြီး ပျက်စီးသွားတော့မလိုပင်။

ရှီဟောင် ဟစ်ကြွေးလိုက်ကာ ကောင်းကင်ချောက်နက်ထံသို့ နောက်တစ်ကြိမ် ပြေးသွားလိုက်ကာ မသေမျိုးဘုရင်အန်းလန်ထံသို့ ပြေးသွားလိုက်သည်။

သူ အားလုံးကို စွန့်စားနေခြင်းပင်။

သို့သော်လည်း များပြားလှသည့် မသေမျိုးဘုရင်များ နိုးထလာသကဲ့သို့ တစ်ဖက်မှ ကောင်းကင်ကိုရွေ့လျားနိုင်သည့်စွမ်းအားများထွက်ပေါ်လာသည်။

ခွပ်..

လျှပ်စီးလျှပ်လာကာ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ သွေးအလင်းတန်းများစွာ ကောင်းကင်ထက်သို့ တက်သွားသည်။ ဤအရာများမှာ အမိန့်စာငါးခုမှ ထွက်ပေါ်လာခြင်းပင်။ ထိုအမိန့်စာငါးခု စတင်လောင်ကျွမ်းလာကာ မသေမျိုးဘုရင်သွေး၏ အော်ရာ ထုတ်လွှတ်လာသည်။

ပြိုင်ဘက်ကင်းသည့် ကျွမ်းကျင်သူများ ချန်ရစ်ထားခဲ့သည့် တံဆိပ်များ အသက်ဝင်လာသည်။ ဤသည်မှာ နောက်ဆုံးတိုက်ခိုက်မှုဖြစ်သလို စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုပင်။

ဝုန်း..

ကောင်းကင်ချောက်နက် ပြင်းထန်စွာ တုန်ခါသွားကာ အနီရောင်ပင်လယ်မှ လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

အတောက်ပဆုံးအလင်းများ ထွက်ပေါ်လာကာ ကြောကစ်ရာကောင်းသည့် သဘာဝဥပဒေသများ ရောယှက်လာသည်။ ကောင်းကင်ပင်လျှင် တုန်ခါနေပြီဖြစ်သည်။

ဤနေရာ၌ မှော်စွမ်းအားမုန်တိုင်းတစ်ခု ထွက်ပေါ်လာလေ၏။

အင်ပါယာဂိတ်ဖြစ်စေ တစ်ဖက်လောကမှ စစ်တပ်ကြီးဖြစ်စေ ဘာကိုမှ မမြင်ရတော့။ စစ်မြေပြင်အလယ်၌ ဘာဖြစ်နေသည်ကို မည်သူမှ မမြင်ရတော့။

ဤနေရာ၌ အနီရောင်သဘာဝဥပဒေသပင်လယ်ကြီး ရှိနေကာ အရာအားလုံးကို ကာဆီးထားသောကြောင့်သာ။ မဟုတ်ပါက အင်ပါယာဂိတ်မှာ အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲနေလောက်ပြီဖြစ်သည်။ တစ်ဖက်လောကမှ စစ်တပ်ကြီးလည်း ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလောက်လေပြီ။

ဝုန်း..

နောက်ဆုံးရိုက်ချက်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ခွဲပစ်လိုက်သကဲ့သို့ပင်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ အရာအားလုံး မှုန်ဝါးသွားကာ ဖရိုဖရဲအော်ရာများ ပျံ့လွင့်လာသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်တွင် ကောင်းကင်ချောက်နက်ရှေ့၌ တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေကာ ပြိုလဲလုနီးပါးဖြစ်နေသည့် ပုံရိပ်တစ်ခုကို အားလုံးမြင်လိုက်ရသည်။

ထိုသွေးစက်၏စွမ်းအားမှာ လုံးဝကုန်ခမ်းသွားလေပြီ။ ကိုးလွှာစေတီနှင့်လူ၏ ပုံရိပ်သည် တစ်ဖျတ်ဖျတ်လင်းလက်နေကာ အိုးနှင့်လူမှာ တစ်ဖြည်းဖြည်း မှုန်ဝါးလာသည်။

ကောင်းကင်ချောက်နက်ရှေ့တွင် ရှီဟောင်၏ခံစားချက်များ ပြင်းထန်နေသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ အထီးကျန်သည့်ဝံပုလွေကြီး လကြီးထံသို့ အူသကဲ့သို့ အော်ဟစ်လိုက်သည်။ သူ့ထံတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် မှော်စွမ်းအားရှိနေသော်လည်း ဘာမှ အသုံးမဝင်။ သူ အခြေအနေကို မပြောင်းလဲနိုင်။

သူ မချိုး‌ဖြတ်နိုင်ခဲ့။ ကောင်းကင်ချောက်နက်မှ အရာအားလုံးကို ပိုင်းခြားထားသည်။ ထိုမသေမျိုးဘုရင်များ သူ့အား တားဆီးခဲ့သည်။ ယခု လောကကြီးနှစ်ခုကြားတွင် သဘာဝဥပဒေသပင်လယ်ကြီး ခြားသွားလေပြီ။ီ

“ဟော့လင်းအာ..”

ရှီဟောင် လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်ပြီး သူ၏မျက်လုံးများလည်း နီရဲလာသည်။

အပြစ်သားစီရင်စု၏ အစွန်း၌ များပြားလှသည့် မီးပိုးစာပင်များကို သူတွေ့လိုက်ရသည်။ တောအုပ်အစွန်၌ သစ်ပင်တစ်ပင်ကို မှီကာ ပုံရိပ်တစ်ခု ရပ်နေခဲ့သည်။ သူမ လက်လှမ်းလိုက်သော်လည်း သူမ တစ်ဖက်သို့ မရောက်နိုင်။

သူမသည် မီးပိုးစာပင်သစ်တောထဲ၌ တစ်ယောက်တည်း ရပ်နေကာ သူမ၏အဝတ်အစားများတွင် နံနက်ခင်းနှင်းစက်များ တွဲခိုနေသည်။ သူမသည် သူပြန်လာမည်ကို တိတ်တဆိတ်ပင် စောင့်ဆိုင်းနေခဲ့သည်။ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသော်လည်း သူမ ထိုလူပြန်လာသည်ကို မတွေ့နိုင်သေး။

ထိုသို့တွေ့မိသွားသည်နှင့် ရှီဟောင် ကျယ်လောင်စွာ ဟစ်ကြွေးမိသွားသည်။ နှစ်ပေါင်းများစွာ ကွဲကွာပြီးနောက် သူ တကယ်ကို သူမနှင့်နောက်တစ်ကြိမ် ပြန်တွေ့ချင်မိသည်။ သို့သော် သူ တစ်ခေါက်မှ ပြန်မသွားခဲ့။

ဒီနေ့ .. အဲဒီပုံရိပ်လေးက သူလား.. သူ တစ်ချက်သာ ကြည့်လိုက်ရသော်လည်း ယခုတော့ သူတို့နှစ်ဦးကို ကမ္ဘာနှစ်ခု ခြားသွားပြီဖြစ်ပြီး နောက်တစ်ကြိမ် ပြန်မတွေ့နိုင်တော့။

ရှီဟောင်အတွက်တော့ ဤသည်မှာ အလွန်ကြီးမားလှသည့် နောင်တတရားပင်။ အဝေးမှ တစ်ချက်ကြည့်လိုက်ရုံမှလွှဲလျှင် သူတို့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့။

ဘာလို့ ဒီလိုမျိုး ဖြစ်လာတာလဲ..

အား…

သူ ကောင်းကင်ထက်သို့ ပြေးသွားကာ ကောင်းကင်ကိုပင် အက်ကွဲစေသည့် တိုက်ပွဲကြီး တိုက်ခိုက်ချင်မိသည်။

တစ်နေ့ သူကောင်းကင်ထက်သို့ တက်သွားပြီး ခွန်ပန်တိုက်ပွဲအငွေ့အသက်ကို ထုတ်လွှတ်နိုင်လျှင်ပင် သူ ဘာကို ပြန်အဖတ်ဆယ်နိုင်ဦးမည်နည်း.. သူ ဘာကိုမှ မပြောင်းလဲနိုင်တော့။

ရှီဟောင် ဓားကို ဝေ့ရမ်းလိုက်သည်နှင့် ဓားအလင်းတန်းများ ထွက်ပေါ်လာကာ အာကာသကို ထိုးဖေက်သွားသည်။

သို့သော် သူ တစ်နေရာတည်း၌ ရပ်နေရုံသာ တတ်နိုင်သည်။ သူသည် စိတ်ရောကိုယ်ပါ နွမ်းလျနေလေပြီ။

ယခုအချိန်လောက် သူ ဘယ်တုန်းကမှ စွမ်းအားကို မတောင့်တဖူးခဲ့။ ယခု သူ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အဆုံးအဖြတ်ပေးနိုင်သည့် စွမ်းရည် ရချင်မိသည်။

သူသည် ဒဏ်ရာရနေသည့် သားရိုင်းကောင်ကဲ့သို့ ဆက်တိုက်ပင် မြည်ကြွေးနေလေ၏။ သူ၏လက်သီးများကို ဆုပ်ထားသည်မှာ လက်ဆစ်များပင် ဖြူဖျော့နေလေပြီ။

မီးပိုးစာပန်းများ အားလုံး ကြွေလွင့်သွားသလို သူချစ်ရသည့်သူလည်း မရှိတော့။

လောကကြီးတစ်ခုလုံးကို စစ်ပွဲများ ဝါးမြိုသွားလျှင် ဤမိုးကောင်းကင်အောက်၌ မည်သည့်နေရာကို သူ့အိမ်ဟု ခေါ်နိုင်ဦးမည်နည်း..

ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူ၏မျက်လုံးမှ ထွက်လာသည့်အလင်းများမှာ လေဟာနယ်ကိုပင် လောင်ကျွမ်းနေလေပြီ။ သူ၏နထူးထက်မှ ‘အပြစ်သားသွေးသင်္ကေတ’ တောက်ပလာကာ ကောင်းကင်ကို ထိုးခွဲသွားသည်။ သူသည် ပြန်လည်ဝင်စားသည့်နတ်ဆိုးဘုရင်နှင့် တူနေသည်ပင်။

သူ တည်ငြိမ်သွားသည့်အချိန်တွင် ကိုးလွှာစေတီနှင့် အိုးကြီးနှစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်သလို ထိုကျွမ်းကျင်သူနှစ်ဦးလည်း အလင်းမိုးအဖြစ် ပြောင်းလဲကာ ပျက်ပြယ်သွားလေပြီ။

ပညာအသွင်ပြောင်းခြင်းလည်း ပျက်ပြယ်သွားလေပြီ.

အခြားတစ်ဖက်တွင် အန်းလန်၏ အရိုးဖြူမှာ အသားများ ပြန်တက်လာပြီဖြစ်ပြီး သူ၏မျက်လုံးမှာ ထာဝရဓားကဲ့သို့ အေးစက်နေသည်။ သူသည် ကောင်းကင်ချောက်နက်ကိုကျော်ကာ တစ်ဖက်သို့ ကြည့်နေလေ၏။

ထို့နောက် သူ လက်ဆန့်တန်းလိုက်ကာ ကောင်းကင်ချောက်နက်ကို ကျော်ဖြတ်ရန် ကြိုးစားလိုက်သည်။

“မင်း လုပ်လို့မရဘူး .. ဥပဒေသပင်လယ်ကြီးရဲ့ အဖျက်စွမ်းအားက အမြင့်ဆုံးအဆင့်ကို ရောက်နေတာ .. သူ့ကို ထိလို့မရဘူး .. ဒါက ငါတို့နှစ်ယောက်အတွက် ဖြစ်လာတဲ့ သဘာဝဥပဒေသပင်လယ်ပဲ..” ရှုထော် အကြံပေးလိုက်သည်။

သို့သော် အန်းလန် နားမထောင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ ပညာအသွင်ပြောင်းခြင်းပျက်ပြယ်သွားသည်ကို သူတွေ့နေရသည်ပင်။ သူ ယခု ဟွမ်ကို သတ်နိုင်သည်။

ဝုန်း..

လက်ကြီး ရောက်လာသည်နှင့် အနီရောင်ပင်လယ်ကြီး ကြွတက်လာသည်။

ပို၍ ကြောက်စရာကောင်းသည်မှာ မူလဧကရာဇ်မြို့အပိုင်းအစများသည် ထိုင်နေသည့်ပုံရိပ်တစ်ခုနှင့်အတူ လှုပ်ခတ်လာသည်။ ထိုပုံရိပ်သည် ကျမ်းစာများ ရွတ်ဖတ်ပြီးနောက် ပေါက်ကွဲသွားလေ၏။

ဝုန်း..

ကောင်းကင်ချောက်နက်ထဲတွင် သဘာဝဥပဒေသများ ရောယှက်လာကာ အမြင့်ဆုံးထိ ဖြစ်လာသည်။

ဖူး..

အန်းလန် ညည်းတွားလိုက်ကာ သူ့ပါးစပ်မှ သွေးအန်ထွက်လာသည်။ ထိုလက်မှ အသားများ ကွာကျလာကာ ချက်ချင်း အရိုးဖြူများ ပေါ်လာသည်။ သူ ထိုလက်ကို မြန်မြန်ပြန်ဆုတ်လိုက်ရသည်။

သို့သော် သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားဆဲပင်။ အလင်းတန်းတစ်ခုသည် သူ၏လက်မှ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလာသည်။

အန်းလန်သည် သူ၏အခြားလက်တစ်ဖက်မှ ဓားသွားတံဆိပ်တစ်ခုကို ပြုလုပ်ကာ ထိုလက်အား ပြတ်သားစွာဖြင့်ပင် ခုတ်ပစ်လိုက်လေ၏။

ဝုန်း..

ကောင်းကင်ချောက်နက်သည် အနီရောင်ပင်လယ်ပြင်ကြီးဖြစ်လာပြီး သင်္ကေတသန်းပေါင်းများစွာ တောက်လောင်နေသည်။

နှစ်ပေါင်း ရာပေါင်းများစွာအထိ မသေမျိုးသက်ရှိများ ဖြတ်သန်းလာနိုင်မည်မဟုတ်။ သူ၏မီးတောက်များ ငြိမ်းသတ်သွားသည့်အချိန်မှသာ တစ်ဖက်လောကမှ သက်ရှိများ ဖြတ်သန်းလာနိုင်လိမ့်မည်။

အပိုင်း ၁၈၄၃ ပြီး၏။
Chapter – 1844 စိတ်မောပန်းနေလေပြီ

မီးပိုးစာတောအုပ်သည် အပြစ်သားစီရင်စု၌ ရှိနေခြင်းမဟုတ်ပဲ မီးစီရင်စု၌ ရှိနေသည်ဟု ပြောကြသည်။ သို့သော်လည်း ဤသည်မှာ မှားယွင်းနေသည်ဟု အချို့သူများ ပြောကြသည်ပင်။ မီးပိုးစာတောအုပ်မှာ အပြစ်သားစီရင်စု၌ ရှိနေခြင်းဖြစ်ကြောင်း မှတ်တမ်းများစွာ၌ ရေးမှတ်ထားသည်ပင်။ မယုံလျှင် မူလစာအုပ်များကို စစ်ဆေးကြည့်နိုင်ကြောင်း ပြောခဲ့ကြသည်။ နောက်ပိုင်းတွင် ဤသည်မှာ အပြစ်သားစီရင်စု၏ မီးနိုင်ငံနယ်နမိတ်အတွင်း၌ ရှိနေခြင်းဖြစ်ကြောင်း ပြန်ပြင်လိုက်ကြသည်။

လောကကြီး တိတ်ဆိတ်နေကာ ရှီဟောင် ထိုနေရာ၌ တစ်ယောက်တည်း ရပ်နေလေ၏။

အားလုံး ဒီနေရာမှာ အဆုံးသတ်သွားပြီလား .. လောကနှစ်ခုရဲ့တိုက်ပွဲက အဆုံးသတ်သွားပြီလား..

သို့သော် သေဆုံးသွားသည့်သူများကို ထပ်မမြင်ရနိုင်တော့။ ဤသည်မှာ ဘဝတစ်သက်တာလုံး ဝမ်းနည်း နာကျင်နေရမည့်အရာပင်။

ဝုန်း..

ကောင်းကင်ချောက်နက်ကြီးသည် အနီရောင်ပင်လယ်ပြင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုပင်လယ်၌ ကံကြမ္မာမီးတောက်များ တောက်လောင်နေသည်။

ထိုနေရာတွင် ကျမ်းစာရွတ်ဖတ်သံများ၊ ပေါက်ကွဲသံများနှင့်အတူ သတ်ဖြတ်ရန် ဟစ်ကြွေးနေသည့်အသံများလည်း ရှိနေသည်ပင်။

ရှီဟောင် ထိတ်လန့်သွားကာ ပင်လယ်ပြင်ဘက်သို့ ခေါင်းမော့ကြည့်လိုက်သည်။ ပင်လယ်ထဲတွင် မူလဧကရာဇ်မြို့ ပေါက်ကွဲနေသည်။

ထို့အပြင် ထိုနေရာ၌ မှုန်ဝါးနေသည့် ပုံရိပ်တစ်ခုလည်း ထိုင်နေသည်။ သူသည် ကျမ်းစာများ ရွတ်ဖတ်နေကာ သူ၏ခန္ဓာကိုယ်သည် ပို၍ပို၍ မှိန်ဖျော့လာကာ နောက်ဆုံး လုံးဝပျောက်ကွယ်သွားလေ၏။

ဘုရင် ၇ ယောက်ထဲမှ နောက်ဆုံးကျန်ရစ်ခဲ့သည့်ဘုရင်လည်း ဤလောကမှ ထွက်ခွာသွားလေပြီ။ သူ၏အသွေးအသားလည်းမရှိတော့သလို မူလဝိညာဉ်လည်း ပျောက်ကွယ်သွားလေပြီ။ ဤနေရာကို ဖောက်ခွဲပစ်လိုက်သည့်သူမှာ သူပင်။ မူလဧကရာဇ်မြို့ ကျသွားကာ ကောင်းကင်ချောက်နက်လည်း ပေါက်ကွဲသွားမှ သူတို့အောင်မြင်စွာ ဖိနှိပ်လိုက်နိုင်သည်ပင်။

ဤသည်မှာ ကြာကြာခံမည်မဟုတ်။ နှစ်ရာဂဏန်းမျှသာ ခံလိမ့်မည်။ ဤသည်မှာ သူ အင်ပါယာဂိတ်အတွက် နောက်ဆုံးလုပ်ပေးနိုင်သည့်အရာပင်။

စစ်တပ်ကြီးထံမှ စစ်ပွဲခေါ်သံများမှာ ကောင်းကင်ကြီးကို တုန်ခါသွားစေသည်။

ဤသည်မှာ မူလဧကရာဇ်မြို့မှ မသေဆုံးသေးသည့် သူရဲကောင်းဝိညာဉ်များပင်။ သူတို့၏ အော်သံနှင့် ဟစ်ကြွေးသံများတွင် အတိတ်မှ ခမ်းနားမှုများ ပါဝင်နေသည်ပင်။ မီးတောက်ထဲသို့ ပြန်ကြည့်လိုက်သည့်အချိန်တွင် အားလုံးမှာ မီးခိုးမှုန်များကဲ့သို့ ပျောက်ကွယ်သွားလေပြီ.

မူလဧကရာဇ်မြို့ လုံးဝ ပျက်သုဉ်းသွားလေပြီ။

“ကလန်သားတွေအားလုံး .. သေသွားပြီ..”

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ ကလေးတစ်စု ငိုကြွေးနေကြ၏။ သူတို့ကြီးပြင်းခဲ့သည့်မြို့ကြီး ပျက်စီးသွားကာ သူတို့ချစ်ရသည့်သူအားလုံး တိုက်ပွဲထဲ၌ သေဆုံးသွားလေပြီ။

ဤမြို့သည် ရှေ့တန်းမှနေကာ နယ်ခြားစပ်အား အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ ယခုတော့ သူ၏ခမ်းနားမှုနှင့် တောက်ပမှုများအားလုံး .. ပျောက်ကွယ်သွားလေပြီ..

မြို့ရှိနေလျှင် လူရှိနေမည်။ မြို့ကြီး ပျက်စီးသွားလျှင် လူလည်း ပျက်သုဉ်းသွားမည်။ ဤလူများသည် သူတို့ဂတိကို တည်ခဲ့ကြသည်ပင်။ သူတို့၏ဝိညာဉ်များ စစ်မြေပြင်သို့ ပြန်လာကြကာ သူရဲကောင်းဝိညာဉ်၏သွေးများ မြို့အနှံ့ကို ဖြန့်ကျက်ထားသည်ပင်။

ရှီဟောင် ဤမြင်ကွင်းကို ကြည့်ပြီးနောက် သူ၏ဝမ်းနည်းမှုများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ မီးပိုးစာတော မရှိတော့။ မူလဧကရာဇ်မြို့လည်းကျသွားလေပြီ။ ဤသည်မှာ သူ့ကို စိတ်မပျက်စေပဲ သူ့အား တိုင်းတာ၍မရနိုင်သည့် တိုက်ခိုက်လိုစိတ်များသာ ဖြစ်ပေါ်လာစေသည်။

“ငါ ပိုပြီး သန်မာလာချင်တယ်..” ဤသည်မှာ သူ့စိတ်ထဲ ဟစ်ကြွေးနေသည့်အရာပင်။ သူ ပို၍ သန်မာလာချင်သည်။ ခွန်ပန်တစ်ကောင်ကဲ့သို့ ကောင်းကင်ထက်၌ ပျံဝဲချင်သည်။

ကောင်းကင်ချောက်နက်ရှိ အနီရောင်သင်္ကေတမီးတောက်များအောက်တွင် နောက်ဆုံးဘုရင် ပျောက်ကွယ်သွားလေပြီ။

ဘာမှမကျန်တော့။ ဘုရင်ဒဏ္ဍာရီ အဆုံးသတ်သွားလေပြီ။ ဘယ်တော့မှ ပြန်ပေါ်လာတော့မည်မဟုတ်တော့။

ဤသည်မှာ ခေတ်တစ်ခု၏ အဆုံးသတ် .. အတိတ်မှ ခမ်းနားမှုနှင့် တောက်ပမှုများ၏ အဆုံးသတ်ပင်။

ယခင်က ဧကရာဇ်မြို့တွင် သူရဲကောင်းတစ်စု နေခဲ့ပြီး သူတို့၏လုပ်နိုင်စွမ်းပေါ်မူတည်ကာ ဘုရင်ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။ ကလန်အားလုံး သူတို့အား အလွန်လေးစားခဲ့ကြသည်။

ထို့နောက် နှစ်ပေါင်းများစွာ ကြာသွားပြီးနောက် အားလုံး မီးခိုးကဲ့သို့ ပျောက်ကွယ်သွားသည်။ ထိုစွမ်းအားကြီးသည့်ကလန်များ မရှိတော့။

ဘုရင်များအားလုံး ကျဆုံးသွားလေပြီ..

“ငါ ဘုရင်ဘွဲ့ရချင်တယ်..”

ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ သူ အပိုပြောနေခြင်းမဟုတ်။ ဤသည်မှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပါဝင်နေသည့် ဟစ်ကြွေးသံတစ်ခုပင်။

သူပြောသည့်ဘုရင်ဆိုသည်မှာ ရန်သူများကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာသည့်ဘွဲ့ဂုဏ်ထူးဖြစ်ကြောင်း အားလုံးသိသည်ပင်။

ဘုရင်မျိုးဆက်များမှာ နေရာအနှံ့ ပြန့်ကျဲနေကာ ယခင်က ခမ်းနားမှုမျိုး မရှိတော့။ အများစုမှာ အပြစ်သားသွေးမျိုးဆက်များအဖြစ် တံဆိပ်ကပ်ခံထားရသည်ပင်။

ရှီဟောင်၏ ဟစ်ကြွေးသံမှာ သူ၏ဒေါသတရား သူ၏မကျေနပ်ချက်များကို ကိုယ်စားပြုသည်ပင်။

သူသည် ရန်သူများကို သတ်ပစ်ချင်ရုံသာမက အပြစ်သားသွေးမျိုးဆက်၏ အရှက်ရမှုကိုလည်း ဆေးကြောပစ်ချင်သည်။ ဤကိစ္စအတွက် ပြန်ပေးဆပ်ရမည့်သူများ ရှိသည်။

ယခင်က ဤလောကကို ကာကွယ်ခဲ့သည့်သူများ၏ မျိုးဆက်များမှာ ဘယ်လိုလုပ် အပြစ်သားသွေးမျိုးဆက်အဖြစ် မြင်ခံနေရသနည်း..

ဤသည်မှာ မှားယွင်းနေသည့်အရာပင်။ အမှန်ပြင်ရန်လိုအပ်နေသည့် အလွန်မှားယွင်းနေသည့်ကိစ္စပင်။

ရှီဟောင် အင်ပါယာဂိတ်ဘက်သို့ ပြန်လျှောက်လာလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ အလွန်အားနည်းကာ ယိုင်နဲ့နေလေပြီ။ သူသည် ပညာအသွင်ပြောင်းခြင်းကို အသုံးပြုကာ အခြားသူ၏ ခွန်အားများကို အသုံးပြုခဲ့သော်လည်း သူအားနည်းသွားဆဲပင်။

ပညာအသွင်ပြောင်းခြင်းမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်နည်းလမ်းဟု ပြော၍ရသည်။

ရှီဟောင် ယခုအချိန်ထိ ထိုပညာအကြောင်း စဉ်းစားမိနေဆဲပင်။ ဤပညာသည် အခြားသူများ၏စွမ်းအားကို ဤလက်ရှိ လောက၌ ပြန်ပေါ်လာစေနိုင်သည်။

အချိန်နဲ့နေရာကို ဖြတ်ပြီး လူတစ်ယောက်ရဲ့ စွမ်းအားကို လက်ရှိလောကမှာ ပေါ်လာစေတာက ဘယ်လောက်တောင် ကောင်းကင်ကို ဆန့်ကျင်တဲ့နည်းလမ်းလဲ..

ရွှီး..

အင်ပါယာမြို့မှ အလင်းတန်းတစ်ခု ပျံသန်းလာကာ ရှီဟောင်အား ရစ်ပတ်သွားပြီး သူ့အား မြို့ထဲသို့ ခေါ်သွားလိုက်လေ၏။

အဘယ်ကြောင့်ဆိုသော် သူ တစ်ခုခုဖြစ်သွားမည်ကို လူများစွာ စိုးရိမ်နေကြသည်ပင်။ ထိုသွေးစက် ပျောက်ကွယ်သွားပြီဖြစ်သောကြောင့် မသေမျိုးဘုရင်တစ်ယောက်ယောက်များ သူ့အား ထပ်မံတိုက်ခိုက်လာလျှင် ဟွမ် မလွဲမသွေ အန္တရာယ်များသွားလိမ့်မည်။

ရှီဟောင် မြို့ထဲသို့ ရောက်လာသည်နှင့် လူတစ်စု ပြေးလာကာ ကျယ်လောင်စွာ ကြွေးကြော်လာကြလေ၏။ ဤလူအုပ်စု အားလုံးမှာ လူငယ်များပင်။

ထော်ဂုယုလုံ၊ ချောင်ယုရှင်းနှင့် အခြားသူများသည် သူ့အား ကိုင်မြှောက်ကာ ဟစ်ကြွေးလိုက်ကြသည်။ ဤတိုက်ပွဲမှာ အလွန်ခက်ခဲသလို အလွန်လည်း ကြောက်စရာကောင်းလှသည်။ မသေမျိုးဘုရင်များ ရပ်တန့်သွားခြင်းမှာပင် ထိတ်လန့်စရာကောင်းလောက်သည့် အောင်မြင်မှု ဖြစ်နေလေပြီ။

ရှီဟောင် အောက်ပြန်ရောက်သည့်အချိန်တွင် လူများစွာ သူ့အား တင်းကြပ်စွာ ဖက်ထားလိုက်ကြသည်။

ချင်းယီနှင့် စုန်းမပင်လျှင် တစ်ယောက်နှင့်တစ်ယောက် ရန်မလိုကြတော့။ သူတို့သည် အခြားသူများကဲ့သို့ သူ့အား နွေးထွေးစွာ ပွေ့ဖက်ပေးလာကြသည်။

ယွဲ့ချန်ပင်လျှင် ရှုပ်ထွေးနေသည့်အမူအရာဖြင့် တိတ်တဆိတ် ရပ်ကြည့်နေလေသည်။

“ဝါး .. နင်က အရမ်းကြမ်းတာပဲ .. နင်က ဟွမ်အစစ်ရော ဟုတ်ရဲ့လား..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။ ရှီဟောင်၏ ခန္ဓာကိုယ်ကို အခြားသူတစ်ယောက် လုယူထားမည်ကို သူမ စိုးရိမ်နေခြင်းပင်။ ရှီဟောင် အစစ် ဟုတ်မဟုတ်သိရန် သူ့ပါးကို ညှစ်လိုက်လေသည်။

ရှီဟောင် ပျော်ရွှင်နေသလို နာလည်းနာကျင်နေရသည်။ မသေမျိုးသက်ရှိများကို ယာယီနှင်ထုတ်လိုက်နိုင်သော်လည်း ကပ်ဆိုးကြီးမှာ အနှေးနှင့်အမြန် ရောက်လာဦးမည်ပင်။

ထို့အပြင် ယနေ့တိုက်ပွဲတွင် သူ အချို့အရာများ ရခဲ့သကဲ့သို့ အချို့အရာများကိုလည်း ဆုံးရှုံးခဲ့ရသည်။ အချို့လူများကို သူ့ဘဝတွင် ဘယ်တော့မှ ထပ်မတွေ့နိုင်တော့။

ထိုသို့စဉ်းစားမိသည်နှင့် ရှီဟောင် မျက်လုံးများ နာကျင်လာရသည်။

အပြစ်သားစီရင်အကြောင်း၊ ထိုလူများအကြောင်း၊ မီးပိုးစာပင်တောအုပ်အကြောင်း စဉ်းစားမိသည်နှင့် သူတည်ငြိမ်နိုင်ရန် ခက်ခဲနေဆဲပင်။

သူ၏မျက်လုံးများ နာကျင်လာကာ ပါးစပ် ခြောက်ကပ်လာသည်။ ရှီဟောင် သက်ပြင်းချကာ မြို့ရိုးပေါ်သို့တက်သွားလိုက်သည်။

သူ ထိုကလေးများကို ကြည့်လိုက်၏။ ဤကလေးများမှာ မူလဧကရာဇ်မြို့မှ ရှင်သန်သူများပင်။

ကလေးများမှာ ငိုကြွေးနေကြသည်ပင်။

“မငိုကြနဲ့ .. ဒီနေ့က စပြီးတော့ ငါက မင်းတို့ရဲ့ဆွေမျိုးပဲ .. အဆင့်နိမ့်နယ်မြေမှာ ကျောက်တုံးကျေးရွာလို့ခေါ်တဲ့ သန့်စင်တဲ့နယ်မြေတစ်ခုရှိတယ် . အဲဒီနေရာက မင်းတို့အိမ်ဖြစ်လာလိမ့်မယ်” ရှီဟောင် ထိုကလေးများကို ခေါင်းပုတ်ကာ ပြောလိုက်သည်။

အသက်အကြီးဆုံးမှာ ၁၄၊ ၁၅ ခန့်သာ။ အသက်ငယ်သည့်သူများပင် မတ်မတ်ပင် မရပ်နိုင်တော့။ သူတို့အားလုံးမှာ အစကတည်းက မိဘမဲ့များ၊ စစ်သူရဲများ၏မျိုးဆက်များပင်။

“ရှင် အဆင့်နိမ့်နယ်မြေကို သွားမလို့လား..” ချင်းယီ ရှီဟောင်ကို ကြည့်ကာ မေးလာသည်။ သူမ အနည်းငယ် ရင်တုန်သွားရသည်။

“ငါ မောပန်းနေပြီ .. ငါ ပြန်သွားချင်တယ် .. အခု ဒီတိုက်ပွဲအဆုံးသတ်သွားပြီဆိုတော့ ငါကြီးပြင်းခဲ့တဲ့နေရာကို ငါသွားချင်တယ်” ရှီဟောင် ပြန်ဖြေလိုက်သည်။

ရှီဟောင် တကယ်ကို နွမ်းလျနေပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်သာမက စိတ်လည်း မောပန်းနေလေပြီ။ သူသည် အလွန်ငယ်ရွယ်သည့်အချိန်ကတည်းက ကောင်းကင်သို့ တစ်ယောက်တည်း တက်ခဲ့သည်။ အဆင့်နိမ့်နယ်မြေမှ စီရင်စုသုံးထောင်သို့ ရဲဝံ့စွာ တက်လှမ်းခဲ့သည်။

သူ၏နှလုံးသားမောပန်းနေကာ ပျော်ရွှင်မှုများ ပြည့်နှက်နေသည့် ကျောက်တုံးကျေးရွာကို တကယ်ကို ပြန်သွားချင်မိသည်။

မြို့ရိုးပေါ်ရှိလူများမှာ သူ့အား ဘယ်လိုအကြံပေးရမလဲပင်မသိတော့။

အဘယ်ကြောင့်ဆိုသော် ဖြစ်ပျက်ခဲ့သည့်ကိစ္စများအားလုံးကို သူတို့မြင်ခဲ့ကြပြီး ဟွမ် ပင်ပန်းခဲ့သည်ကိုလည်း သူတို့တွေ့ခဲ့ကြသည်ပင်။ အပြစ်သားစီရင်စု အမြစ်မှပါသွားသည်ကို သူကြည့်နေခဲ့ရသည်။ သူ မီးပိုးစာတောအုပ်ထဲမှ မိန်းမပျိုလေးတစ်ဦးကို ကယ်တင်ချင်သော်လည်း သူ အခြေအနေကို မပြောင်းလဲနိုင်ခဲ့။

“အစ်ကိုကြီး..”

မြို့ရိုးပေါ်မှ ကလေးများ အော်ဟစ်လိုက်ကြ၏။ ယနေ့သည် သူတို့အတွက်တော့ အမှောင်ဆုံးနေ့ပင်။ သူတို့ချစ်ခင်ရသည့်သူများအားလုံး စစ်ပွဲထဲ၌ သေဆုံးသွားကြလေပြီ။

ရှီဟောင် သူ၏ဝမ်းနည်းမှုများကို ဘေးဖယ်ထားလိုက်ကာ အပြုံးတစ်ခုကို ကြိုးစား၍ ဖန်တီးလိုက်သည်။ သူ ဤကလေးများကို တစ်ယောက်ပြီးတစ်ယောက် ပွေ့ဖက်လိုက်သည်။ ယနေ့တွင် သူတို့ အထိခိုက်ရဆုံးပင်။

“မငိုနဲ့ .. ဝမ်းမနည်းနဲ့ .. ငါမင်းတို့ကို ငါနဲ့အတူတူ ခေါ်သွားမယ် .. တစ်နေ့ မင်းတို့လုံလောက်အောင် စွမ်းအားကြီးလာတဲ့အချိန်ကျရင် ငါမင်းတို့ကို ခေါ်သွားပြီး အန်းလန်ခေါင်းကို သွားဖြတ်မယ် .. မင်းတို့ချစ်ရတဲ့သူတွေအတွက် လက်စားချေပေးမယ်..” ရှီဟောင် ပြောလိုက်သည်။

“ဟုတ်ကဲ့..” ကလေးများသည် သူတို့မျက်လုံးများကို ပွတ်သပ်နေကြသော်လည်း သူတို့အသံများမှာ အလွန်ကျယ်လောင်လှကာ တစ်ညီတစ်ညာတည်း ထွက်လာသည်ပင်။

“ငါ မင်းတို့အားလုံးကို ခမ်းနားကြီးကျယ်မှုဆီကို ခေါ်သွားမယ်..” ရှီဟောင် တည်ငြိမ်ပြတ်သားစွာ ပြောလိုက်သည်။

မြို့ရိုးပေါ်မှ လူများစွာ ထိတ်လန့်သွားကြသည်။

အပြစ်သား သွေးမျိုးဆက်က ဘယ်လိုတောက်ပမှုမျိုးကို ပြသတော့မှာလဲ..

အချို့ စွမ်းအားကြီးကလန်များမှာ မတည်ငြိမ်နိုင်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကိစ္စအချို့တွင် ပါဝင်နေသည့် မိသားစုအချို့ ရှိနေသည်ပင်။

“ရှင်တို့အားလုံး တကယ်သွားကြမှာလား..” ချင်းယီ မေးလိုက်သည်။ အချို့သူများလည်း ရှီဟောင်ထံသို့‌ လျှောက်လာကြသည်။ သူတို့ ရှီဟောင်ကို တစ်ခုခုပြောချင်နေသော်လည်း ဘာပြောရမှန်း မသိတော့။

ကံကြမ္မာမီးတောက်များ တောက်လောင်နေသည့် ကောင်းကင်ချောက်နက်ကြီးကို ရှီဟောင်ကြည့်လိုက်သည်။

ထိုမြို့မရှိတော့။ ထိုမြို့သည် သူတို့အား အချိန်အတော်ကြာအောင် ကာကွယ်ပေးခဲ့သော်လည်း ယခုတော့ ကျဆုံးသွားလေပြီ.

မြို့ရိုးပေါ်မှ လူများစွာလည်း ထိုနေရာသို့ ကြည့်လိုက်ကြသည်။ သူတို့သက်ပြင်းချရုံသာ တတ်နိုင်သည်။

တစ်ဖက်လောကမှ သူတို့တံခါးကို လာခေါက်နေသည်မှာ နှစ်ပေါင်များစွာ ကြာမြင့်နေပြီဖြစ်သော်လည်း သူတို့ကို ရှေ့တန်းမှာ ကာကွယ်ပေးခဲ့သည်မှာ ဤမြို့ပင်။

ထိုမြို့သာမရှိလျှင် ရန်သူစစ်တပ်များ အစောကြီးကတည်းက ကျူးကျော်နေလောက်လေပြီ။

နှစ်ပေါင်းများစွာ တိုက်ခိုက်လာပြီးနောက် ထိုမြို့ ထပ်တောင့်မခံနိုင်တော့။ နောက်ဆုံးဘုရင်တစ်ပါးသာ ကျန်ရစ်တော့သည်ပင်။ ထိုမြို့သည် ဤခေတ်၌ ကျဆုံးသွားရန် ကံပါနေသည်ပင်။

ဤအချိန်ထိ ရှိနေနိုင်သည်မှာပင် လွယ်ကူလှသည်မဟုတ်။

“မသေမျိုးဘုရင်တွေ ပေးဆပ်သွားလိုက်ရတယ် .. သူတို့ ပြန်ကောင်းလာဖို့အတွက် နှစ်ပေါင်းများစွာ လိုလိမ့်မယ်..” တစ်စုံတစ်ယောက်‌ ပြောလိုက်သည်။

အန်းလန်နှင့်ရှုထော် အထိနာသွားသည်မှာ သေချာသည်။ ကောင်းကင်ချောက်နက်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့ တိုက်စားမှုတစ်မျိုးကို ခံစားလိုက်ရမည်ပင်။ ထိုကဲ့သို့သော ကျိန်စာစွမ်းအားမျိုးကို ဖြေရှင်းရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ပင်။

“ဒါ ပြီးသွားပြီလား .. ဒီတိုက်ပွဲပြီးသွားပြီဆိုတော့ ငါတို့တွေ နှစ်ရာပေါင်းစွာ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ရပြီ … ငါတို့ ဒီကိစ္စကို စိတ်ပူစရာမလိုတော့ဘူး” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

ဝုန်း..

ကောင်းကင်ချောက်နက်ကြီး ပြင်းထန်စွာ တုန်ခါနေသည်။ အနီရောင် သဘာဝဥပဒေသပင်လယ်ပြင်ကြီးသည် သွေးကဲ့သို့ ထကြွနေလေ၏။ ရိုးရှင်းကာ ကြောက်စရာကောင်းသည့် လက်နက်တစ်ခုက ထိုပင်လယ်ကြီးကို ဖြတ်ကာ လမ်းကြောင်းတစ်ခု ပြုလုပ်ချင်နေသည်။

အပိုင်း ၁၈၄၄ ပြီး၏။
Chapter – 1845 သေဆုံးမှု မရှိခြင်း

အလွန်ထူထဲကာ အေးစက်လှသည့် စစ်ရဲတင်းတစ်ခု ကောင်းကင်ချောက်နက်ကို ဖြတ်လာသည်။

ဤမြင်ကွင်းမှာ ရုတ်တရက်ဖြစ်ပေါ်လာခြင်းဖြစ်သလို အလွန်လည်း ကြောက်စရာကောင်းလှသည်။ ကောင်းကင်ချောက်နက် တုန်ခါလာကာ သဘာဝဥပဒေသပင်လယ်ကြီး လှိုင်းထလာ၏။ ကန္တာရတစ်ခုလုံးပင် တုန်ခါသွားရသည်။

အထူးသဖြင့် ထွက်ပေါ်လာသည့် အော်ရာပင်။ ကောင်းကင်ချောက်နက်နှင့် အင်ပါယာဂိတ် ခြားထားသော်လည်း ထိုအော်ရာသည် အားလုံးကို တုန်လှုပ်အောင် လုပ်နိုင်ဆဲပင်။

စစ်ပွဲကြီး အဆုံးသတ်သွားကာ သူတို့ နှစ်ပေါင်း ရာပေါင်းများစွာ အေးချမ်းတော့မည်ဟု ထင်နေကြသော်လည်း သူတို့နောက်လှည့်လိုက်သည်နှင့် ရဲဒင်ကြီးပေါ်လာကာ ပင်လယ်ပြင်ကြီးကို ထိုခွဲလာသည်။

အားလုံး ထိတ်လန့်သွားရ၏။ ဤသည်မှာ မသေမျိုးဘုရင်တစ်ယောက်၏ တိုက်ခိုက်မှုပင်။ မဟုတ်ပါက ဤစွမ်းအားမှာ အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းမည်နည်း..

သူတို့ နောက်တစ်ခေါက် ထပ်တိုက်ကြတော့မှာလား..

လူများစွာ ဆွံ့အသွားကြရကာ ကြက်သီးထလာသည်။ သူတို့တွေ တစ်ဖက်လောကက ကျူးကျော်တာကို အခုထိ မတားဆီးနိုင်သေးဘူးလား..

ဤနေရာတွင် ကံကြမ္မာပင်လယ်ကြီး ရှိနေသည်။ ဤနေရာကို ဖြတ်ချင်လျှင် များစွာ ပေးဆပ်ရမည်ပင်။

မူလဧကရာဇ်မြို့ ပေါက်ကွဲသွားသည့်အချိန်က နောက်ဆုံးကျန်ခဲ့သည့်ဘုရင်သည် အလင်းမိုးအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ချောက်နက်နှင့် ရောသွားသောကြောင့် သူ၏စွမ်းအားမှာ ပို၍ပင် အံ့အားသင့်စရာကောင်းလာသည်။

အစောပိုင်း၌ အန်းလန် လက်လှမ်းလိုက်သည်နှင့် သူ၏လက်မှာ ချက်ချင်း အရိုးစုဖြစ်သွားသည်ပင်။

ဒီပင်လယ်ရဲ့ အဖျက်စွမ်းအားကို သိပြီးသွားတာတောင်မှ ဘာလို့ စွန့်စားတဲ့သူ ထပ်ပေါ်လာတာလဲ..

ဤသည်မှာ ကြေးစစ်ရဲဒင်းပင်။ ဤသည်မှာ အလွန်ရိုးရှင်းကာ ရှေးကျလှသလို အလွန်လည်း လေးလံလှသည်။ ထိုရဲဒင်းသည် ကောင်းကင်ချောက်နက်ကို ဖြတ်ကျော်ကာ အင်ပါယာဂိတ်ရှေ့သို့ ရောက်လာလုနီးပါးဖြစ်နေလေပြီ။

အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ ပင်လယ်မှ အနီရောင်အလင်းများ ထွက်ပေါ်လာပြီး ရဲဒင်းကြီးကို ဖုံးလွှမ်းသွားသည်။

ကြေးရဲဒင်းကြီးသည် နတ်ဥပဒေသများ၏ တိုက်ခိုက်ခြင်းကို ခံယူကာ ပင်လယ်ကြီး၏တိုက်စားမှုကို ခံယူလိုက်သည်။ သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်သာ ထုတ်လွှတ်နေလေ၏။

မြို့ရိုးပေါ်တွင် ချက်ချင်း တိတ်ဆိတ်သွားသည်။ ဤသည်မှာ သူတို့ထင်ထားသည်နှင့် ကွာခြားနေသည်ပင်။ တိုက်ပွဲက မပြီးသေးဘူး..

“ကောင်းကင်ချောက်နက်က အသက်ဝင်ပြီးတော့ သဘာဝဥပဒေသတွေက မသေမျိုးဘုရင်တွေကို တိုက်စားနိုင်တယ်တာကို သူက ဘာလို့ ဒီလိုမျိုးစွန့်စားနေတာလဲ..” တစ်စုံတစ်ယောက် သွေးပျက်စွာ မေးလိုက်သည်။

ဝုန်း..

ရဲဒင်းကြီးသည် တုန်ခါလာကာ ကောင်းကင်ချောက်နက်ကို ကျော်ဖြတ်ရန် ကြိုးစားလာသည်။ သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေကာ အလင်းများလည်း ဖြာကျလာသည်။

ရွှီး ရွှီး ရွှီး..

အနီရောင်သင်္ကေတများ ပြင်းထန်စွာ လောင်ကျွမ်းလာကာ ထိုရဲဒင်းကို ဖိနှိပ်လာသည်။ သူ့ကို ထွက်သွားခွင့်မပေး။

ကောင်းကင်ချောက်နက်မှာ ယခင်ကထက်ပို၍ စွမ်းအားကြီးလာသည်ပင်။

“ဒါက မသေမျိုးဘုရင်တွေကို ရင်ဆိုင်ဖို့အတွက်ပဲ..” အားလုံး ကြွေးကြော်လိုက်ကာ စိတ်သက်သာရာရသွားရသည်။

“ပင်လယ်ကြီးက သူ့လက်နက်ကို တိုက်စားပစ်မှာလား..” လူအချို့ မျှော်လင့်နေကြသည်ပင်။

အန်းလန်၏လက်ပင် တိုက်စားခံလိုက်ရသောကြာင့် ဤလက်နက်ပျက်စီးသွားသည်မှာ အဓိပ္ပာယ်ရှိသည်ပင်။

သို့သော် ထင်မထားသည်မှာ ထိုရဲဒင်းကြီးသည် ပျက်စီးမသွားသည့်အပြင် အလင်းဖျော့လေး ထုတ်လွှတ်ကာ ကောင်းကင်ချောက်နက်ကို ခုခံနေပြီး ပင်လယ်ကြီး၏ သဘာဝဥပဒေသစွမ်းအားကို ချေဖျက်နေသည်။

ဝုန်း..

ထိုအချိန်တွင် ရဲဒင်းကြီး ပြင်းထန်စွာ တုန်ခါလာကာ သွေးသင်္ကေတများကို ပြန်လည်တွန်းကန်လိုက်သည်။

ထိုအခိုက်အတန့်တွင် မြို့ရိုးပေါ်မှ လူများစွာ တုန်လှုပ်သွားကာ တစ်ကိုယ်လုံး အေးခဲသွားရသည်။

ဒါက ဘယ်လိုစွမ်းအားလဲ .. ကောင်းကင်ချောက်နက်တောင်မှ သူ့ကို မနိုင်ဘူးလား…

“သူ ဘယ်သူလဲဆိုတာ ငါသိပြီ … သူက အဲဒီလူ .. ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူ..”

တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။ သူ နာမည်တစ်ခု ပြောလိုက်သော်လည်း နာမည်ကိုတစ်ခါတည်းမပြောရဲပဲ တစ်လုံးစီ ခွဲပြောနေလေ၏။

အဘယ်ကြောင့်ဆိုသော် သူအန္တရာယ်ကျရောက်လာမည်ကို မလိုလား..

မသေမျိုးဘုရင်များတွင် ပြိုင်ဘက်ကင်းကာ ထူးဆန်းသည့်စွမ်းရည်များရှိသည်။ သူတို့နာမည်ကို ခေါ်လိုက်သည်နှင့် သူတို့ ဤနေရာ၌ ပေါ်လာနိုင်သည်။

သူတို့ကြားတွင် ကောင်းကင်ချောက်နက်ရှိနေသော်လည်း ထိုလူ နာမည်အပြည့်အစုံကို မပြောရဲ။

သေဆုံးမှုမရှိခြင်း..

သို့သော် ဤလူ မည်ကဲ့သို့သော သက်ရှိမျိုးဖြစ်သည်ကို အားလုံး သိလိုက်သည်ပင်။ ဤသည်မှာ နာမည်ကြီးသည့် သေဆုံးမှုမရှိခြင်းပင်။

ဤပြိုင်ဘက်ကင်းသက်ရှိနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။ တစ်ဖက်လောက၌ပင်လျှင် ဤလူကို အားလုံး ကြောက်ကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူသည် စွမ်းအားကြီးလှသလို အလွန်လည်း ရှေးကျလှသည်။ သူသည် မသေမျိုးဘုရင်များထက်ပင် မျိုးဆက်တစ်ဝက်ခန့် အသက်ကြီးသည်ဟု ပြောကြသည်။

သေဆုံးမှုမရှိခြင်းကလန် .. ဤသည်မှာ ရှေးအကျဆုံး ဧကရာဇ်ကလန်များထဲမှ တစ်ခုပင်။

သေဆုံးမှုမရှိခြင်းဆိုသည်မှာ ဤကလန်၏ ဘိုးဘေးပင်။ သူ အသက်ရှင်နေထိုင်ခဲ့သည်မှာ‌ ခေတ်တစ်ခုထက်ပင် မကတော့။ သူ၏မှော်စွမ်အားမှာ ပြိုင်ဘက်ကင်းပင်။

သူ၏လက်ထဲ၌ ရဲဒင်းရှိနေလျှင် သူသည် မိုးကောင်းကင်အောက်ရှိ လောကကြီးတွင် လှည့်ပတ်သွားလာနိုင်သည့်သူပင်။

“သူပဲ .. တကယ်သူပဲ..”

ယခုအချိန်တွင် အင်ပါယာဂိတ်ထဲမှ အဆင့်လွန်သက်ရှိအိုကြီး၏အသံပင် တုန်ယင်နေလေပြီ။ ဤကဲ့သို့သော ပုဂ္ဂိုလ်များမှာ သူတို့ရှေ့၌ နတ်တောင်ကြီး ပြိုကျသွားလျှင်ပင် မျက်တောင်တစ်ချက် ခတ်မည့်သူမဟုတ်။ သို့သော် ယခုတော့ သူ လှုပ်ရှားလာလေပြီ။

သေဆုံးမှုမရှိခြင်းဆိုသည်မှာ ထာဝရရှေးဟောင်းခေတ်စစ်ပွဲတွင် ကျွမ်းကျင်သူ များစွာကို သတ်ပြီး မျှခြေဖြစ်‌နေသည့် အနေအထားကို ဖျက်ဆီးခဲ့သည်သူပင်။

“မှော်စွမ်းအား ခုခံနိုင်စွမ်း .. ဒါက အဲဒီပြိုင်ဘက်ကင်းဘုရင်ပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

သေဆုံးမှုမရှိခြင်းကလန်၏ လျှို့ဝှက်ပညာမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။

မှော်စွမ်းအားခုခံနိုင်စွမ်း .. ဤသည်မှာ သူအကျွမ်းကျင်ဆုံး ပညာပင်။ မည်သူမှ ထိုပညာကို မယှဉ်နိုင်။

အဆင့်တူသည့်သူများနှင့် တိုက်ခိုက်လျှင် ရှီဟောင် မှော်စွမ်းအားခုခံနိုင်စွမ်းကို အသုံးပြုနိုင်သည်။ သို့သော်လည်း ဤသည်မှာ အချိန်အကန့်အသတ်ဖြင့်သာ။

ဤကဲ့သို့သော ပြိုင်ဘက်ကင်းလျှို့ဝှက်ပညာမှာ တစ်ဖက်လောက၌ အလွန်နာမည်ကြီးကြောင်း သူသိခဲ့သည်ပင်။

ယခုတော့ သူ ကိုယ်တိုင်မြင်လိုက်ရလေပြီ။ သေဆုံးမှုမရှိခြင်းမသေမျိုးဘုရင် သူ၏လက်နက်ကို ဝေ့ရမ်းနေလေပြီ။

ထိုရဲဒင်းပျက်စီးမသွားသည်မှာ အံ့ဩစရာမရှိတော့။ ဤသည်မှာ သေဆုံးမှုမရှိခြင်း၏လက်နက်ဖြစ်သောကြောင့် သူ့ထံတွင် မှော်စွမ်းအားခုခံနိုင်စွမ်း ရှိမည်ပင်။

“အင်ပါယာဂိတ်က ချိုးဖျက်ခံရဦးမှာများလား..” အချို့သူများမှာ ထိတ်လန့်နေကြလေပြီ။

“မှော်စွမ်းအားခုခံနိုင်စွမ်းဆိုတာက အမြဲတမ်းရှိနေတဲ့စွမ်းအားမဟုတ်ဘူး အချိန်အကန့်အသတ်ရှိတယ် .. အနည်းဆုံးတော့ သေဆုံးမှုမရှိခြင်း သူ့ကို တားနိုင်တယ် … သူဖြတ်လာနိုင်မှာမဟုတ်ဘူး..” မုန့်ထျန်းကျန်း ပြောလိုက်သည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်ပင်။

“ဟုတ်တယ်.. သူသာ နတ်စွမ်းရည်တွေကို ခုခံနိုင်တယ်ဆိုရင် သူ အစောကြီးကတည်းက တိုက်နေလောက်ပြီ .. ဘာလို့ နှစ်ပေါင်းများဏွာ စောင့်နေမှာလဲ..” အခြားလူတစ်ယောက် ပြောလိုက်သည်။

ထိုအချိန်မှသာ အားလုံးတည်ငြိမ်သွားလေ၏။

ထိုပင်လယ်ကြီးသာ သူ့အား မတားနိုင်တော့ဘူးဆိုလျှင် ထိုပြိုင်ဘက်ကင်းဘုရင် အစောကြီးကတည်းက ဖြတ်လာလောက်လေပြီ။

“ကြည့်လိုက် .. ရဲဒင်းကြီးက စအက်နေပြီ..” အမြင်စူးရှသည့်တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

သေချာပါသည်။ ရဲဒင်းအသွားတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာနေလေပြီ။

“သူက အရင်တုန်းက ဘယ်တုန်းကမှ ကောင်းကင်ချောက်နက်ထဲကို ဝင်ခဲ့တာမဟုတ်ဘူး .. အခုဆိုရင်ပိုဆိုးသေးတယ် .. သူ့ အသက်ကို စွန့်စားမှာမဟုတ်ဘူး..” မုန့်ထျန်းကျန်း ပြောလိုက်သည်။

ထိုစကားကြားမှသာ လူများ သက်မချနိုင်တော့သည်။

ဝုန်း..

သို့သော် သူတို့စိတ်အေးရုံရှိသေးသည်၊ ကောင်းကင်ချောက်နက်ကြီး ပြင်းထန်စွာတုန်ခါလာသည်။ ရဲဒင်းကြီး တောက်ပလာကာ သူ့ထံမှ စွမ်းအားများစွာ ထွက်ပေါ်လာသည်။

“ဒါက..”

“မကောင်းတော့ဘူး.. လမ်းတစ်ခုပွင့်နေပြီ .. မသေမျိုးသက်ရှိတစ်ယောက်ကို လွှတ်လိုက်တော့မှာလား..”

လူအချို့ အမူအရာများ ပြောင်းလဲသွားကာ မျက်နှာများ ဖြူဖျော့လာသည်။

ရဲဒင်းပေါ်မှ သက်ရှိတစ်ဦး လမ်းလျှောက်ထွက်လာသည်။ ထိုသူသည် မသေမျိုးဘုရင်တစ်ပါးမဟုတ်သော်လည်း သူ၏စွမ်းအားမှာ သေမျိုးတာအိုစွမ်းအားထက် ကျော်လွန်နေသည်ပင်။

မသေမျိုးသက်ရှိ .. ဤသည်မှာ စွမ်းအားကြီးသည့် သက်ရှိအမျိုးအစားပင်။

ကောင်းကင်ဘုံကိုးခုတွင် ဤသည်မှာ ထာဝရသက်ရှိအဆင့်နှင့် ညီမျှသည်ပင်။

“ဘုရားရေ .. ဒါက ထာဝရတာအိုအဆင့်ကျွမ်းကျင်သူပဲ..”

“ငါတို့ သူ့ကို ဘယ်လိုရင်ဆိုင်ရမှာလဲ..”

လူအချို့ ကြောက်ရွံ့လာကြသည်။ တိုက်ပွဲအဆုံးသတ်သွားပြီဟု ထင်နေသည့်အချိန်တွင် မသေမျိုးသက်ရှိတစ်ဦး ဖြတ်လာနေသည်။

ဤသည်မှာ သေဆုံးမှုမရှိခြင်းကြောင့် ဖြစ်လာသည်ကို အားလုံး သိနေသည်ပင်။ သူ၏လက်နက်ကြောင့်လမ်းကြောင်းတစ်ခု ဖြစ်လာကာ ကောင်းကင်ချောက်နက်၏ စွမ်းအားကို ခုခံပြီး မသေမျိုးသက်ရှိတစ်ပါးကို ပို့လွှတ်လိုက်ခြင်းပင်။

လက်ရှိအချိန်တွင် ကောင်းကင်ဘုံကိုးခုဘက်၌ ထာဝရသက်ရှိအစစ်မရှိတော့။

ဖူး..

သူ ရဲဒင်းပေါ်မှ ခြေတစ်လှမ်းချလိုက်ကာ ကောင်းကင်ချောက်နက်အစပ်ကို ကျော်လိုက်သည်နှင့် သွေးအန်သွားကာ နောက်ယိုင်သွားလေ၏။ သူ ဖြတ်လာ၍မရ။

ကောင်းကင်ချောက်နက်ကြီး သူ့ကို တားဆီးလိုက်သည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် မသေမျိုးသက်ရှိများကို တားဆီးသည့်နေရာပင်။

အင်ပါယာဂိတ်မြို့ရိုးပေါ်မှ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။

ရန်သူ၏ရှုံးနိမ့်ခြင်းမှာ သူတို့အတွက် ကံကောင်းခြင်းပင်။

ကံမကောင်းစွာဖြင့် သူတို့မျက်နှာပေါ်မှ အပြုံးများ အေးခဲသွားပြန်သည်။

ရဲဒင်းနှင့်အတူ ပုံရိပ်‌ပေါင်းများစွာ တိတ်တဆိတ်ပင် ပေါ်ထွက်လာသည်။ သူတို့အားလုံးမှာ ငရဲပြည်မှ လွတ်လာသည့် နတ်ဆိုးနတ်ဘုရားများ ကဲ့သို့ပင်။

ထို့အပြင် သူတို့သည် ကောင်းကင်ချောက်နက်ကိုဖြတ်ကာ အင်ပါယာဂိတ်ရှေ့သို့ ရောက်လာလေပြီ။

ဤလူများမှာ ထာဝရတာအိုအဆင့်ကျွမ်းကျင်သူများမဟုတ်၊ မသေမျိုးသက်ရှိများ မဟုတ်။ သို့သော် အားအနည်းဆုံးပင်လျှင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၌ ရှိသည်။ အများစုမှာ အဆင့်လွန်သက်ရှိများပင်။

“ဒီလိုမျိုး လွယ်လွယ်ကူကူ အဆုံးသတ်မှာ မဟုတ်ဘူးဆိုတာကို ငါသိတယ် … တိုက်ပွဲတစ်ခု ထပ်ရှိလာဦးမှာပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ထာဝရဝမ်နှင့် ကျင်းထိုက်ကျွင်းတို့၏ အမူအရာများ မည်းမှောင်သွားသည်။ အဆင့်လွန်သက်ရှိတိုက်ပွဲတစ်ခုကို ထပ်တိုက်ရဦးတော့မည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ချောက်နက်သည် မသေမျိုးသက်ရှိများကို ဖိနှိပ်ထားသော်လည်း သေမျိုးတာအို၌ ထိပ်ဆုံးရောက်နေသည့်သူများကို မဖိနှိပ်ထား။ ယခင်ကကဲ့သို့ပင် သူတို့ ကောင်းကင်ချောက်နက်ကို ဖြတ်လာနိုင်သေးသည်။

ယခု ကျွမ်းကျင်သူတစ်စု ပေါ်လာလေပြီ။

“ဟွမ် .. မင်းလာပြီး တိုက်ရဲလား..”

အောက်ဘက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဤသည်မှာ လူငယ်လေးတစ်ဦးပင်။ သူ့ဘေးတွင် အခြားလူငယ်များ ဝန်းရံနေသည်ပင်။

“ဧကရာဇ်ကလန်..”

ရှီဟောင်၏ ပါးစပ်မှ ဤစကားနှစ်လုံး အေးစက်စွာ ထွက်ပေါ်လာသည်။

“အဲဒီသွေးစက်ကို အားကိုးတာကလွဲရင် မင်းဘာများ လုပ်တတ်လို့လဲ.. မင်းတိုက်ရဲလား မတိုက်ရဲဘူးလား.. ငါမင်းခေါင်းကို ဖြတ်ပစ်မယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အင်ပါယာဂိတ်မှ ပြိုင်ဘက်ကင်းသက်ရှိများကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်နေသည့် အသံတစ်ခုကိုလည်း ပို့လွှတ်လာလေသည်။

“ဟား ဟား..” ရှီဟောင်၏ရယ်သံမှာ အေးစက်နေသလို အနည်းငယ်လည်း စိတ်လှုပ်ရှားနေသည်။ သူ၏မျက်လုံးများလည်း အရောင်တောက်လာလေ၏။

“ငါထွက်မသွားခင်မှာ ငါတို့အောင်မြင်မှုတွေ လာပေးနေတဲ့သူတွေ တစ်ယောက်ပြီတစ်ယောက် ပေါ်လာတာလား.. ဧကရာဇ်ကလန်တွေ .. မင်းတို့တွေက သေချင်နေတာလား.. ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

အပိုင်း ၁၈၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset