သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၁ – အလျော့မပေးသော
“ရှီဟောင်…”
ဗလာဖြစ်နေသည့် ယဇ်ပုလ္လင်ကိုကြည့်ကာ လူတစ်စု အော်ဟစ်လိုက်ကြသည်။ ချင်းယီနှင့် အခြားလူများ၏စိတ်လည်း ဗလာသက်သက်ဖြစ်သွားလေပြီ။
သူ ဒီလိုမျိုးပုံစံနဲ့ပဲ ထွက်သွားပြီလား … သူ အသကသ်ရှင်လျက် ပြန်လာမှာလား .. သူပြန်ရော ပြန်လာနိုင်ရဲ့လား..
လူထွက်သွားပြီဖြစ်ပြီး သူ၏ပိုင်ဆိုင်မှုများအားလုံး ကျန်ရစ်ခဲ့သည်။ ထာဝရဓားသည် အပြာရောင်ကျောက်မြေပြင်ပေါ်၌ ထိုးစိုက်နေပြီး အခြားမှော်ပစ္စည်းများလည်း မြေပြင်ထက်၌ ပျံ့ကြဲနေသည်။
ဤသည်မှာ အားလုံးကို ဝမ်းနည်းစေသည်။ သူတို့သူငယ်ချင်းဟောင်း ထွက်ခွာသွားပြီဖြစ်ပြီး သူ၏လက်နက်များကို ချန်ရစ်ထားခဲ့သည်။
သို့သော်လည်း အနည်းငယ်ထူးခြားသည့် ပစ္စည်းတစ်ခုရှိနေ၏။ ဤသည်မှာ လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာပင်။ ထိုချပ်ဝတ်တန်ဆာသည် အမှောင်ထု၏တိုက်စားခြင်းခံနေရသကဲ့သို့ အနက်ရောင်အလင်းများ ထုတ်လွှတ်နေသည်။
“ဒီချပ်ဝတ်တန်ဆာက အရင်တုန်းက ရန်ငြိုးတရားရှိခဲ့တယ် .. အခုတော့..” ချီဟုန်၏အမူအရာ ပြောင်းလဲသွားသည်။ သို့သော်လည်း သူဘာမှမတတ်နိုင်တော့။
လျှပ်စီးဧကရာဇ်ချပ်ဝတ်တန်ဆာသည် အနက်ရောင်ရွှေဖြစ်လာကာ အလွန်ထူးဆန်းလာသည်။ သံကြေးများလည်း မတက်တော့။
ရွှီး..
မမျှော်လင့်ထားသည့်တစ်ခုခု ဖြစ်လာမည်စိုးသောကြောင့် ပြိုင်ဘက်ကင်းသက်ရှိ ထိုချပ်ဝတ်တန်ဆာကို ချိတ်ပိတ်လိုက်ကာ ပုရွက်ဆိတ်လေးထံသို့ ပေးလိုက်သည်။
လူများသည် တစ်ခဏခန့် စိတ်လွတ်နေပြီးနောက် သူတို့အားလုံး မြို့ရိုးပေါ်သို့ တက်သွားကြသည်။ သူတို့ ရှီဟောင်ကို နောက်ဆုံးအကြိမ် ကြည့်ချင်သည်။
အမှန်တကယ်တွင် ကျင်းမိသားစု၊ ဝမ်မိသားစု၊ တုမိသားစု ဖီရှူးနှင့် အခြားကလန်များပင် ရှီဟောင်ထွက်သွားသည်ကို နောက်ဆုံးအကြိမ် ကြည့်ချင်နေကြသည်ပင်။
ခပ်ဝေးဝေးတွင် ရှီဟောင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် စစ်တပ်ကြီးထံသို့ ဦးတည်သွားနေသည်။ သူ၏ကျောနောက်ကိုသာ မြင်နေရသော်လည်း သူ၏ခန္ဓာကိုယ်မှာ ဖြောင့်တန်းနေသည်ပင်။
သူသည် အင်ပါယာဂိတ်နှင့် အတော်ဝေးနေပြီဖြစ်၏။
ထိုအချိန်တွင် တပ်စုတစ်စု သူ့ထံသို့ တရှိန်ထိုးပြေးလာသည်။ အားလုံးမှာ ရှေးဟောင်းသားရဲများပေါ်၌ ထိုင်နေကြခြင်းပင်။ သူတို့၏ သားရဲများပင် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည်။ သူတို့အားလုံးမှာ အလွန်ရက်စက်ကြမ်းကြုတ်လှသည်ပင်။
ထိုအခိုက်အတန့်တွင် မြို့ရိုးပေါ်၌ ရှိနေသည့်လူငယ်များမှာ သူတို့နှလုံး လည်ချောင်းထိ ရောက်လာသလိုပင် ခံစားလိုက်ရသည်။
ထိုတပ်စုမှာ လူသိပ်မများ။ သုံးဆယ်ခန့်သာရှိသည်။ သူတို့စီးနေသည့်သားရဲများတွင် ပါးစပ်အပြည့် ကြမ်းကြုတ်သည့်သွားများရှိနေပြီး ခန္ဓာကိုယ်များလည်းကြီးမားလှသည်။ ထိုအကောင်များမှာ ဘာကောင်မှန်းပင်မသိတော့။
ထိုအကောင်များပေါ်၌ ထိုင်နေသည့်သူများလက်ထဲတွင်လည်း အနက်ရောင်လှံတံများ၊ ကောင်းကင်ရဲဒင်းများနျင့် အခြားလက်နက်များ ကိုင်ထားကာ ရှီဟောင်ထံသို့ ချိန်ရွှယ်ထားကြသည်။
ဤသည်မှာ လူသုံးဆယ်သာဆိုသော်လည်း သူတို့အတူတူ ပြေးလာသည့်အချိန်တွင် တောင်ငယ်လေးတစ်လုံး လှုပ်ရှားလာသကဲ့သို့ပင်။ ကမ္ဘာမြေကြီးပင် တုန်ခါသွားသည်။
ရွှမ်း..
သူတို့သည် အရှေ့ဘက်သို့ တရှိန်ထိုးပြေးလာပြီး တွေဝေခြင်းပင်မရှိပဲ ရှီဟောင်ကို ကောင်းကင်လှံတံများဖြင့် ထိုးစိုက်လာသည်။
အနက်ရောင်လှံတံသည် တဝူးဝူးအသံများထုတ်လွှတ်ကာ ကောင်းကင်ကို ထိုးဖောက်ပြီး ရှီဟောင်ထံသို့ ချက်ချင်းရောက်လာသည်။
ဤလူများ၏ ကျင့်ကြံဆင့်များမှာ အလွန်မြင့်လှပြီး သူတို့၏မျက်လုံးများလည်းနီရဲနေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များထုတ်လွှတ်နေကြသည်။
သူတို့ထင်ထားသည့်အတိုင်းပင် ဟွမ်သည် တစ်ဖက်လောကမှ ကျင့်ကြံသူများစွာကို သတ်ခဲ့သောကြောင့် နေရာတိုင်း၌ သူ့ရန်သူများပင်။ သူ မြို့မှထွက်သွားသည်နှင့် သူ့ကိုဝိုင်းလာသည့် လူငယ်အုပ်စု ရှိလာလေပြီ။
ယခုအချိန်တွင် တစ်ဖက်လောကမှ အကြီးတန်းများ ဘာမှမပြောကြပဲ တိတ်တဆိတ်သာ စောင့်ကြည့်နေကြသည်။
အင်ပါယာဂိတ်ရှိ မြို့ရိုးပေါ်၌ ရှိနေသည့်သူများအားလုံး အမူအရာ ပြောင်းလဲသွားကြသည်။ အထူးသဖြင့် ချင်းယီ၊ ချန်ကုန်းယန်နှင့် အခြားသူများပင်။ သူတို့သည် မျက်နှာများပင် ဖြူဖျော့နေကြလေပြီ။ ဤသည်မှာ အစသာရှိသေး၏။ ရှီဟောင် ယခုမှ တစ်ဖက်လောကသို့ ထွက်သွားသော်လည်း အန္တရာယ်များ ရောက်လာလေပြီ။
“သူတိုက်မှာလား..” ကျင်းမိသားစုအောက်မှ လူအချို့ ခန့်မှန်းနေကြသည်။
ချွမ်း..
ရှီဟောင်၏လက်မောင်း တောက်ပလာကာ သူ၏လက်ချောင်းများမှာ ဓားသွားများကဲ့သို့ တောက်ပသည့်အလင်းများထုတ်လွှတ်လာကာ သားရဲတစ်ကောင်၏ခေါင်းကို ချက်ချင်း ဖြတ်ပစ်လိုက်လေသည်။ လေထဲ၌ သွေးများ ပန်းထွက်လာလေ၏။
သူသည် လျှပ်စီးဧကရာဇ် အဖိုးတန်ပညာ၏ လျှပ်စီးဓားသွားကို အသုံးပြုနေကာ သူ၏အရှိန်မှာလည်း လျင်မြန်လွန်းလှသည်။
တစ်ဖက်လောကမှ လူများစွာ ထိတ်လန့်သွားရသည်။ ရန်သူပေါင်း သန်းပေါင်းများစွာကို ရင်ဆိုင်နေရသည့်အချိန် သူ ဤကဲ့သို့ ကြမ်းတမ်းရဲဦးမည်ဟု မည်သူမှ ထင်မထားကြ။ သူသည် အကျိုးဆက်ကို ကြောက်ရွံ့ခြင်းပင်မရှိပဲ တိုက်ခိုက်နေသည်။
ထို့အပြင် ရှီဟောင်သည် ရပ်တန့်မသွားပဲ အနက်ရောင်စစ်လှံတံတစ်ခုကို ယူကာ လွှဲရမ်းလိုက်သည်။
ဒုန်း..ဒုန်း .. ဒုန်း…
လက်နက်ချင်း ထိခတ်သွားသည့်အသံ ထွက်ပေါ်လာကာ လူနှင့် သားရဲများစွာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြသည်။ ထိုသူများ လက်ထဲတွင် ကိုင်ထားသည့် လက်နက်များအားလုံးလည်း ထိုအနက်ရောင်လှံတံကြောင့် လွင့်ထွက်သွားကြသည်။
သူတို့၏လက်ညှိုးနှင့် လက်မကြား အက်ကွဲလာကာ သွေးများ စီးဆင်းလာကာ သူတို့ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်ခါနေသည်။ သူတို့သားရဲများမှာ မြေပြင်ပေါ်၌ လဲကျလုနီးပါးပင်။
ဖုန်း..
ရှီဟောင် သူ၏လက်ထဲတွင်ရှိနေသည့် အနက်ရောင်စစ်လှံတံကို ကြိုးတစ်ချောင်းကဲ့သို့ သုံးလိုက်ကာ ထိုလူများနှင့် သားရဲများထံသို့ လွှဲရမ်းလိုက်သည်။
ထိုလူများမှာ အရိုးများကျိုးသွားပြီး ကြွက်သားများလည်း စုတ်ပြဲသွားကာ သနားစဖွယ်အော်ဟစ်လာကြသည်။ သူတို့သည် လွင့်ထွက်သွားရသည်အထိပင်။
ရှီဟောင်သည် သူ၏ မူလနေရာ၌သာ ရပ်နေဆဲဖြစ်သည်။ မြေကြီးပေါ်၌ သံမှိုစွဲရိုက်ထားသကဲ့သို့ သူ၏ခန္ဓာကိုယ် ဖြောင့်တန်းနေကာ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ်ရပ်နေသည်။
အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ လူအချို့ မနေနိုင်တော့ပဲ အော်ဟစ်လာကြသည်။ “ကောင်းတယ်..”
အထူးသဖြင့် တစ်ဖက်လောကနှင့် အမြဲတမ်းတိုက်ခိုက်နေခဲ့သည့် တိုက်ပွဲနှစ်သက်သည့်သူများပင်။ သူတို့သည် လက်ခုပ်လက်ဝါးတီး၍ပင် ကြွေးကြော်လိုက်ကြသည်။ တစ်ဖက်လောကနှင့်တိုက်လျှင် ဤကဲ့သို့ သတ္တိရှိနေရမည်ပင်။
ခဏကြာပြီးနောက် အားလုံး စိတ်ငြိမ်သွားကာ ဟွမ်အတွက် စိုးရိမ်လာကြသည်။
အထူးသဖြင့် ချင်းယီ၊ ယုန်ဖြူလေးနှင့် ချန်ကုန်းယန်တို့ပင်။ သူသည် စတေးခံအဖြစ် ပို့ခံလိုက်ရသော်လည်း ဤကဲ့သို့ တိုက်ခိုက်ရဲသေးသည်။ ဤသည်မှာ စွမ်းအားကြီးသည့်ကလန်အချို့၏ အမျက်ဒေါသသင့်နိုင်သည်ပင်။
“ရဲတင်းလိုက်တာ..”
အနက်ရောင်စစ်တပ်ကြီးမှ အသံပြတ်ကြီး ထွက်ပေါ်လာကာ မိုးခြိမ်းသံကဲ့သို့ ဤနေရာ၌ ပဲ့တင်ထပ်သွားသည်။ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များလည်း အမူအရာများ အေးစက်လာကြသည်။ ရှေးဟောင်းသားရဲများပေါ်၌ ထိုင်နေကြသည်သူများလည်း ဟွမ်ကို အေးစက်စွာ စိုက်ကြည့်လာသည်။
ရှီဟောင် အကြောက်တရားကင်းမဲ့စွာဖြင့် ထိုနေရာ၌ ရပ်နေဆဲပင်။ သူသည် လက်ထဲမှ လှံတံကို မြှောက်လိုက်ကာ သူ့အား အော်ဟစ်လိုက်သည့်သူကို ချိန်ရွယ်လိုက်သည်။
ဤသည်မှာ ခွန်အားကြီးကာ ဂုဏ်သတင်းကြီးမားသည့် ခေါင်းဆောင်တစ်ဦးပင်။ ထိုထိုင်ထားသည့်သားရဲမှာ ခေါင်းလှုပ်လာပြီး သူ၏အမြီးကိုလည်း လွှဲရမ်းလာသည်။ သူ၏အစိမ်းရောင်အကြေးခွံများမှာ ထူထဲလှပြီး သွားများလည်း ဖြူဖွေးနေကာ အလွန်ကြောက်စရာကောင်းလှသည်။
“ဟွမ် .. မင်းက အကျဉ်းသားဖြစ်နေတာတောင်မှ ဒီလိုမျိုး မလေးမစား လုပ်ရဲသေးတယ်လား..”
“ဘယ်သူမှ ငါ့ကို အနိုင်ကျင့်လို့မရဘူး .. အဆိုးဆုံးမှ ငါသေရုံပဲ..” ဤသည်မှာ ရှီဟောင်၏စကားလုံးများပင်။
“ရှီဟောင်..”
မြို့ရိုးပေါ်မှ လူတစ်စု ဟစ်ကြွေးလိုက်ကြသည်။
ဝုန်း..
ခေါင်းဆောင်ကြီး၏အကြည့်များအေးစက်လာသည်။ သူထိုင်နေသည့် သားရဲသည် လေဟာနယ်ကိုချနင်းကာ လျင်မြန်စွာပင် ရောက်ရှိလာလေ၏။ ဤသည်မှာ မြန်ဆန်လွန်းလှသည်။ ထို့နောက် သူ၏လက်ထဲ၌ ရှိနေသည့် ရွှေရောင်လှံရှည်ကို လွှဲရမ်းလိုက်လေသည်။
တစ်ဖက်လောက၌ ရှီဟောင်၏ဂုဏ်သတင်းမှာ အလွန်ကြီးမားလှသည်ပင်။ သူသတ်ခဲ့သည့် ရန်သူအရေအတွက်မှာ အနည်းလှသောကြောင့် ကလန်များစွာမှ မုန်းတီးနေသည်ပင်။ ထိုထဲမှ အချို့လူများမှာ လက်မခံနိုင်ဖြစ်နေကြသည်။ ဤသည်မှာ လူငယ်လေးတစ်ယောက်သာဖြစ်သောကြောင့် သူက မည်သည့်ခွန်အားဖြင့် ဤမျှများပြားသည့် ကျင့်ကြံသူများကို သတ်မည်နည်းဟု သူတို့ခံစားနေရသည်။ ထို့ကြောင့် အချို့ကျွမ်းကျင်သူများမှာ သူတို့ကိုယ်တိုင် ရှီဟောင်ကိုဖမ်းကာ သတ်ပစ်ချင်နေခြင်းပင်။
ဥပမာအားဖြင့် ဤခေါင်းဆောင်မှ လူလတ်ပိုင်းအရွယ်ဟု ထင်ရသော်လည်း တကယ်တမ်း သူအသက်ရှင်နေထိုင်ခဲ့သည်မှာ အလွန်ကြာညောင်းလှပြီဖြစ်ပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေသည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။ ယခုအချိန်တွင် သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်နေသည်ပင်။
ဒုန်း..
ရှီဟောင် သူ၏လက်ထဲမှ အနက်ရောင်လှံတံကို လွှဲရမ်းကာ ထိပ်တိုက်ရင်ဆိုင်လိုက်၏။ သူ၏လှံထိပ်ဖျားမှ လက်ဝါးအရွယ်အစား ခွန်ပန်များ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။
ဝုန်း…
ထိုခေါင်းဆောင်လည်း ဘိုးဘေးပညာတစ်ခုကို အသုံးပြုလိုက်သောကြောင့် သူ့ခန္ဓာကိုယ်ကြီး တောက်ပလာသည်။
ကံမကောင်းစွာဖြင့် သူရှီဟောင်၏ ပြိုင်ဘက်မဟုတ်သေး။ ခွန်ပန်ကြောင့် သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကာ သွေးများစွာ အန်ထွက်လာသည်။ ရွှေရောင်လှံရှည်လည်း အနက်ရောင်လှံကြေင့် ကျိုးသွားကာ ထိုခေါင်းဆောင်လည်း ဖုန်းခနဲ လွင့်ထွက်သွားပြီး သွေးအိုင်ထဲ လဲကျသွားလေ၏။
ဤနေရာ ဖရိုဖရဲဖြစ်လာကာ သက်ရှိအချို့၏အမူအရာများ လေးနက်လာကြသည်။ ဟွမ်မည်မျှ ခွန်အားကြီးသည်ကို နောက်ဆုံးတော့ သူတို့သိလိုက်ရလေပြီ။
တစ်ချိန်တည်းမှာပင် သူတို့အမူအရာများမှာ သိပ်ကောင်းမနေပေ။ သူသည် သုံ့ပန်းတစ်ဦးဖြစ်သောကြောင့် သူ့နေရာသူနေသင့်သည်။ သို့သော်လည်း ယခုအချိန်တွင် သူသည် ခေါင်းမာစွာဖြင့် ခုခံတိုက်ခိုက်နေဆဲပင်။
“ရဲတင်းလိုက်တာ..”
“အကျဉ်းသားတစ်ယောက်ဖြစ်နေတာကို မင်းဘာဘယ်လိုလုပ် ဒီမှာ ရဲရဲတင်းတင်းလုပ်နေတာလဲ..”
လူအချို့အော်ဟစ်လာကြသည်။ ခေါင်းဆောင်တစ်စုလည်း သူတို့၏ သားရဲများနှင့်အတူ ရှီဟောင်ကို ဝန်းရံလာသည်။
ရှီဟောင် စကားတစ်ခွန်းမှ မပြော။ သူ၏သွေးစွန်းနေသည့် စစ်လှံတံကိုမြှောက်ကာ ထိုသူများထံသို့ ရွယ်လိုက်သည်။ သူ စကားအများကြီးပြောနေစရာမလိုတော့။ သူသေချာပေါက်သေရမည်ဆိုလျှင် စစ်ပွဲ၌ ဂုဏ်သိက္ခာရှိရှိဖြင့်သာ သေဆုံးမည်။
“အရှင် .. ကျွန်တော် သူတို့ကို တားလိုက်ရမလား..” စစ်ရထားလုံးဘေးတွင်ရှိနေသည့် အစေခံအိုကြီးမှ လေးစားစွာ ဦးညွှတ်ပြီး တီးတိုးအသံပို့လွှတ်လိုက်သည်။
“မလိုဘူး.. အရင်ဆုံး နည်းနည်းလောက် ကြည့်ကြတာပေါ့..” စစ်ရထားလုံးထဲမှ အဆင့်လွန်သက်ရှိ၏အသံမှာ တည်ငြိမ်နေသည်။
စစ်တပ်ကြီးထဲမှ ကြွေးကြော်သံများ ထွက်ပေါ်လာသည်။ ရှီဟောင်၏ စွမ်းအားကြီးသည်ပြုမူပုံကို တွေ့သည်နှင့် သူတို့အားလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။
“သတ်..”
“ဟွမ်ကိုသတ်..”
စစ်တပ်ကြီးထဲမှ လူများစွာ အော်ဟစ်လာသည်။
ရှီဟောင်သည် အကြောက်တရားကင်းမဲ့စွာဖြင့်ပင် ရန်သူကို မျက်နှာချင်းဆိုင်ရန် ပြင်ဆင်လိုက်၏။ သူအဆုံးထိ တိုက်ခိုက်သွားမည်ပင်။
အနက်ရောင်စစ်ရထားလုံးထဲမှ အဆင့်လွန်သက်ရှိသည် ဘာမှမပြောပဲ အရင်ဆုံးကြည့်မည်ဟု ဆိုသော်လည်း ဤသည်မှာ အခြားအဆင့်လွန်သက်ရှိများလည်း လက်နောက်ပစ်ကာ ငြိမ်နေမည်ဟု ဆိုလိုခြင်းမဟုတ်။ သူတို့မျက်လုံးများအေးစက်လာသည်။
“ရဲတင်းလိုက်တာ … အကျဉ်းသားတစ်ယောက်က သူ့ရဲ့အကျဉ်းသားနေရာကို သိရမယ်..မင်း ဒီလိုမျိုးကြမ်းကြမ်းတမ်းတမ်းလုပ်နေစရာ အကြောင်းမရှိဘူး…”နောက်ဆုံးတော့ အဆင့်လွန်သက်ရှိတစ်ဦးမှ ပြောလာသည်။
ချွမ်း..
ထို့အပြင် သူ လက်ညှိုးတစ်ချောင်းထိုးလိုက်ပြီး အလင်းတန်းတစ်ခု ပျံသန်းလာစေသည်။ ဤသည်မှာ သတ္တုဖြင့်ပြုလုပ်ထားသည့် ချိန်ကြိုးတစ်ခုပင်။ ထိုချိန်းကြိုးသည် ချက်ချင်းပင် ရှီဟောင်၏ခန္ဓာကိုယ်အား ချည်နှောင်သွားလေ၏။
သူ ခုခံချင်သော်လည်း အသုံးမဝင်ပေ။ အဆင့်လွန်သက်ရှိတစ်ဦး၏ မှော်ခွန်းအားမှာ စွမ်းအားကြီးလှသည်။
ဟက်..
ထို့နောက် ထိုအဆင့်လွန်သက်ရှိ အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။ သူသည် စစ်သားတစ်ဦးလက်ထဲမှ လှံတံကို သူ့အလိုလို လှုပ်ရှားသွားအောင် လုပ်လိုက်ပြီး သူသည် ဟွမ်ထံသို့ တရှိန်ထိုး ပြေးလာသည်။
ဖူး..
ရှီဟောင်၏ခန္ဓာကိုယ်ကို ထိုလှံတံဖောက်ထွက်သွားကာ သူ့ကို နောက်ယိုင်သွားစေသည်။
“အား..” အင်ပါယာဂိတ်မှ လူတစ်စု အော်ဟစ်လိုက်ကြကာ သူတို့အမူအရာလည်း ပြောင်းလဲသွားကြသည်။
“ငါဒါကို ဆက်မကြည့်နိုင်တော့ဘူး .. အကြီးအကဲအရှင်က ဘာလို့ မလာသေးတာလဲ..” ပုရွက်ဆိတ်လေးသည် ဤရလဒ်ကို သည်းမခံနိုင်တော့ပဲ မုန့်ထျန်းကျန်း သီးသန့်ကျင့်ကြံသည့်နေရာသို့ ပြေးသွားလိုက်သည်။
သူဦးဆောင်ကာ အခြားလူငယ်များအားလုံးလည်း တရှိန်ထိုး ပြေးထွက်လာကြသည်ပင်။ ကန္တာရထဲမှ မြင်ကွင်းကို သူတို့ ထပ်မကြည့်နိုင်တော့။
အပိုင်း ၁၇၄၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၂ – အဆင့်လွန်သက်ရှိတစ်ဦး၏ ဒေါသ
အင်ပါယာဂိတ်ရှိ တောင်တန်းတစ်ခု၏ နန်းတော်ရှေ့တွင်..
တောင်ကြောမှာ ကြီးမားလှပြီး ရှေးဟောင်းသစ်ပင်များလည်း မိုးထိုးနေသည်။
ဤသည်မှာ မုန့်ထျန်းကျန်း သူရောက်လာကတည်းက သီးသန့်ကျင့်ကြံနေသည့်နေရာပင်။ သူတစ်ခါမှ ထွက်မလာသေး။ ထိုရှေးဟောင်းနန်းတော်၌ ချိတ်ဆွဲထားသည့် ကြေးမီးအိမ်မှာ ဆက်တိုက်ပင် မှိတ်တုတ်မှိတ်တုတ် လင်းနေသည်။
မီးအိမ်မှာ အလွန်ဖျော့နေပြီး မီးအိမ်ထဲ၌ ရှိနေသည့်မီးတောက်မှာ အချိန်မရွေးငြိမ်းသွားမည့်ပုံဖြစ်နေသည်။
ဤသည်မှာ သာမန်မှော်ပစ္စည်းမဟုတ်။ မုန့်ထျန်းကျန်း၏ ဝိညာဉ်မီးအိမ်ပင်။ ဤသည်မှာ သူ၏အခြေအနေ အလွန်ဆိုးရွားနေသည်ကို ဖော်ပြနေခြင်းပင်။ ယခုအချိန်တွင် သူသေမင်းနှင့်စစ်ခင်းနေရသည်။
“အကြီးအကဲအရှင်..”
ကြီးမားလှသည့် နန်းတော်ကြီးရှေ့၌ ပုံရိပ်အချို့ရောက်လာကာ အားလုံးမှာ အလွန်ဖြူဖျော့နေကြသည်။ အကြီးအကဲအရှင်၏ လက်ရှိအေခြအနေမှာ အလွန်မတည်မငြိမ်ဖြစ်နေပြီး ဆိုးရွားလှသည်။ သူက ဘယ်လိုလုပ် ထွက်လာနိုင်တော့မှာလဲ..
ဤသည်မှာ ချင်းယီ၊ ချန်ကုန်းယန်၊ ယုန်ဖြူလေးနှင့် အခြားသူများ ပို့လွှတ်လိုက်သည့် နတ်စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကိုယ်ပွားများပင်။ သူတို့ ဤနေရာ၌ အလွန်စိုးရိမ်စွာ မတ်တပ်ရပ်နေကြသည်။
“ဟက် ဟက်..” လူအချို့၏ တီးတိုးရယ်သံများ ထွက်ပေါ်လာသည်။ ထိုရယ်သံမှာ အလွန်တိုးညှင်းသော်လည်း အလွန်နားကလောစရာ ကောင်းနေသည်။
ချင်းယီတို့အုပ်စုအပြင် အခြားသက်ရှိများ၏ ခန္ဓာကိုယ်အစစ်လည်း ရှိနေသည်။ သို့သော်လည်း ဤလူများမှာ လုံးဝမစိုးရိမ်ပေ။ ထိုအစား တည်ငြိမ်နေကာ အလွန်သက်တောင့်သက်သာ ဖြစ်နေလေ၏။
ရွှီး..
ခပ်ဝေးဝေးတွင် နတ်အလင်းတောက်ပလာပြီး ပုံရိပ်များစွာ ထွက်ပေါ်လာကာ ထိုနတ်စိတ်ဝိညာဉ်များ၊ ဝိညာဉ်ကိုယ်ပွားများဖြင့် ပေါင်းစည်းသွားသည်။ ပုရွက်ဆိတ်လေးနှင့် အခြားသူများ၏ ခန္ဓာကိုယ်အစစ်များ ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
“လမ်းဖဘ်..” ချင်းယီ အော်လိုက်သည်။
ပုံမှန်အားဖြင့် သူမသည် နူးညံ့ကာ ကြင်နာတတ်သည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူမ အလွန်ဒေါသထွက်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘာဖြစ်နေသည်ကို သူမချက်ချင်း သိလိုက်ရသောကြောင့်ပင်။
တည်ငြိမ်နေသည့်သူများမှာ ကျင်းမိသားစုမှလူများပင်။ နတ်စိတ်ဝိညာဉ်နှင့် ကိုယ်ပွားများ ရောက်လာစဉ်က သူတို့၏ တားဆီးခြင်းကို ခံလိုက်ရသည်ပင်။
ဤလူများမှာ မကောင်းသည့်ရည်ရွယ်ချက်များဖြင့် ယုန်ဖြူလေး၊ ချင်းယီနှင့် အခြားသူများ၏ နတ်စိတ်ဝိညာဉ်များကို တားဆီးနေခြင်းပင်။ သူတို့ ဤလူများကို ရှေးဟောင်းနန်းတော်ထဲသို့ လျှောက်မသွားစေချင်ကြ။
ဤသည်မှာ နန်းတော်ကြီးထဲသို့ သတင်းများ မဝင်သွားအောင် တားဆီးနေခြင်းပင်။
အကြီးအကဲအရှင်၏ ဝိညာဉ်မီးအိမ် ဆက်တိုက် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး အချိန်မရွေးသေဆုံးသွားနိုင်သောကြောင့်သာ။ မဟုတ်ပါက သူတို့ ဤလူများကို တားဆီးနိုင်ရန်အတွက် သူတို့နှင့်တိုက်ခိုက်နေလောက်လေပြီ။
ယခုတော့ သူတို့အလောတကြီး မလုပ်ကြတော့။ သူတို့ကို လမ်းမပိတ်တော့။ သို့သော်လည်း သူတို့၏အမူအရာများမှာ အလွန်မုန်းစရာကောင်းနေဆဲပင်။
“စီနီယာမုန့်က အန္တရာယ်ထဲရောက်နေတာ .. မင်းတို့သူ့ကို မနှောက်ယှက်ရင်ကောင်းမယ်လို့ အကြံပေးလိုက်မယ် .. ငါတို့ဒီမှာ ဘာအနှောက်အယှက်မှ ဖြစ်ခွင့်မပေးနိုင်ဘူး..” လူလတ်ပိုင်းအမျိုးသားမှ ပြောလိုက်၏။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူပင်။
သူ၏မျက်နှာထက်၌ အပြုံးနုလေးတစ်ခု ရှိနေသော်လည်း မည်သို့ပင်ကြည့်ပါစေ ထိုအပြုံးမှာ အလွန်အတုအယောင်ဆန်မှန်း သိနိုင်သည်ပင်။
“ငါ့မျက်စိရှေ့က ထွက်သွား .. မင်းနောက်တစ်ခေါက် လမ်းထပ်ပိတ်ရဲရင် ကျင်းထိုက်ကျွင်း မင်းကိုကာကွယ်ပေးနေရင်တောင် မင်းကို သတ်ပစ်မယ်..” ပုရွက်ဆိတ်လေးသည် အလွန်သေးငယ်သော်လည်း သူ၏အသံမှာ စူးရှလှသည်။
ကျင်းမိသားစုမှလူအားလုံး တုန်လှုပ်သွားရသည်။ သူတို့၏ကျင့်ကြံဆင့်များမှာ ဤပုရွက်ဆိတ်လေးထက် မြင့်သော်လည်း သူတို့ကြောက်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် ပုရွက်ဆိတ်လေးကို ကာကွယ်ပေးနေသည့် စစ်သားဟောင်းငါးယောက်ရှိသည်ဟု သူတို့ကြားထားသည်ပင်။ ထိုစစ်သားများမှာ သူ့အဖေ၏ ယခင်စစ်သားဟောင်းများပင်။
ထိုစစ်သားဟောင်းများမှာ အင်ပါယာဂိတ်၌ မရှိသော်လည်း ကောင်းကင်နတ်ဘုရားကျောင်းလှိုဏ်ဂူ၌ ရှိနေဆဲပင်။ သူတို့ ထိုနေရာမှ အချိန်မရွေး ထွက်ခွာလာနိုင်သည်ပင်။
ယခင်က ဝမ်မိသားစုသည် ရှီဟောင်ကိုဖမ်းရန် တပ်ဖွဲ့များ စေလွှတ်လိုက်သော်လည်း ထိုစစ်သားဟောင်းများကြောင့် ဆိုးရွားစွာ သေဆုံးသွားခဲ့ကြသည်ပင်။
“ငါတို့အားလုံးက စေတနာနဲ့ပါ .. ငါတို့အားလုံးက စီနီယာမုန့် ဒီအတိဒုက္ခကို ဖြတ်ကျော်နိုင်ဖို့ ဆုတောင်းပေးနေကြတာပါ .. ဒါပေမဲ့ အခု အခြေအနေက တကယ်ကို သိပ်မကောင်းတော့ဘူး..” သူတို့ထဲမှ တစ်ယောက်ပြောလိုက်သည်။
ယခုအချိန်တွင်တော့ သူတို့မရယ်ရဲတော့။ အဘယ်ကြောင့်ဆိုသော် လူငယ်တစ်စု ရောက်လာကြသည်ပင်။ သူတို့သာ ထိုပုံစံဆက်လုပ်နေလျှင် လူထု၏ဒေါသကို နှိုးဆွသလိုဖြစ်သွားလိမ့်မည်။
လူငယ်အုပ်စုမှာ ကြီးမားလှသည့်နန်းတော်ကြီး၌ ပတ်သွားနေကြသည်။ သူတို့ အကြီးအကဲအရှင် ထွက်လာဖို့လည်း မတောင်းဆိုနိုင်။ ထို့အပြင် သူတို့ အကြီးအကဲအရှင် သေဆုံးသည့် ဝမ်းနည်းဖွယ်ရာသတင်းလည်း ရနိုင်သည်။
ထိုမီးတောက်မှာ တကယ်ကို ငြိမ်းတော့မည်။
လူများစာ သက်ပြင်းရှည်ကြီး ချလိုက်ကြ၏။ ဟွမ်သေဖို့က ကောင်းကင်ရဲ့ဆန္ဒလား ..အခု နောက်ဆုံးမျှော်လင့်ချက်လေးတောင် ပျောက်ကွယ်သွားတော့မယ် .. သူတို့ဘာလုပ်ဖို့ ကျန်သေးလို့လဲ..
အားလုံးမှာ အကြီးအကဲအရှင် တိုက်ခိုက်ရန်အတွက် မမျှော်လင့်တော့။ သူ ဤကပ်ဆိုးကြီးကို ဖြတ်ကျော်နိုင်လျှင်ပင် သတင်းကောင်းဖြစ်နေလေပြီ။
“ရှီဟောင်..” လူအချို့ ခေါင်းငုံ့သွားကြကာ စွမ်းအားမဲ့နေသလို ခံစားနေကြသည်။ ချင်းယီ၊ ယုန်ဖြူလေးနှင့် အခြားသူများမှာ မျက်ဝန်း၌ မျက်ရည်စများ တွဲခိုနေ၏။ တကယ်ကို သူတို့လုပ်နိုင်တာ ဘာမှမရှိတော့။
နောက်ဆုံးတော့ ဤသည်မှာ သူတို့၏ကျင့်ကြံဆင့်များ လုံလောက်အောင် မမြင့်သေးသောကြောင့်ပင်။ သူတို့သာ အဆင့်လွန်သက်ရှိအဆင့်နှင့် နီးကပ်နေပြီဆိုလျှင် သူတို့ ဤအဆင့်မှလူများကို စိန်ခေါ်ကာ ဤသည်ကို ရပ်တန့်၍ ရနိုင်သည်ပင်။
ထို့အပြင် သူတို့ထံ၌ ထာဝရပစ္စည်းတစ်ခု၊ နှစ်ခုသာရှိလျှင် သူတို့ ကျင်းထိုက်ကျွင်းကို ဆန့်ကျင်မည့်ခွန်အားရှိမည်ပင်။
“မကောင်းတော့ဘူး..” ရှုထော် အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနန်းတော်ရှေ့မှ မီးအိမ်မှာ ချက်ချင်းအရောင်မှိန်လာကာ မှိတ်တုတ်မှိတ်တုတ်ပင် မဖြစ်တော့..
အကြီးအကဲအရှင် မုန့်ထျန်းကျန်း တကယ်သေသွားပြီလား..
ဤနေရာ၌ ရှိနေသည့်သူများ ချက်ချင်း ဆွံ့အသွားရ၏။ သူတို့၏မျှော်လင့်ချက်များမှာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ ဒီလိုမျိုး ကျင့်ကြံသူက ဒီလိုပုံစံနဲ့ သေသွားတာလား .. မည်သူမှ ဤသည်ကို မယုံရဲသလို လက်လည်းလက်မခံနိုင်ကြ။
“အကြီးအကဲအရှင်..” ကျွမ်းကျင်သူတစ်စု အော်ဟစ်လိုက်သည်။
“စီနီယာမုန့် .. ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်သွားရတာလဲ…” လူများစွာ ဝမ်းပန်းတနည်း အော်ဟစ်လာကြသည်။ ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။
မည်သူမှ ရှီဟောင်ကို မကယ်တင်နိုင်တော့။
ကျင်းမိသားစုမှ လူများ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားကြသည်။ သူတို့သည် နည်းနည်းလေးမှ ဝမ်းနည်းမနေကြပေ။ အံ့အားသင့်နေကြသည့်အပြင် စိတ်အေးသွားသည့်အမူအရာများသာ ရှိသည်။ သူတို့စိတ်ထဲမှတောင်ကြီး ပြိုကျသွားပြီဟုခံစားနေရသည်။
ဤနေရာ၌ ဝမ်မိသားစုမှ လူအချို့လည်းရှိနေသည်ပင်။ သူတို့အားလုံးလည်းစိတ်သက်သာရာ ရသွားကြလေ၏။ အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်း၏တည်ရှိမှုမှာ သူတို့အားလုံးကို ဖိအားပေးနေသည်ပင်။
မုန့်ထျန်းကျန်းသည် ယခင်က ရှီဟောင်အစား ဝမ်မိသားစုထဲသို့ ဝင်ရောက်တိုက်ခိုက်ကာ ထာဝရဝမ်နှင့် တိုက်ခိုက်ဖူးခဲ့သည်ပင်။ ယခု သူသေဆုံးသွားပြီဖြစ်သောကြောင့် သူတို့ခံစားနေရသည့် တိမ်မဲကြီးများ ပျောက်ကွယ်သွားကာ နေမင်းကြီး ထွက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။
“အကြီးအကဲအရှင်..” လူငယ်တစ်စု ဝမ်းနည်းစွာ အော်ဟစ်နေကြသည်။
ထိုအချိန်တွင် ခပ်ဝေးဝေး၌ ရှိနေသည့်လူများမှာ ရယ်သံများ ထွက်ပေါ်လာသည်။
“ဟား ဟား..”
ဤသည်မှာ မြို့ရိုးမှ အလောတကြီးရောက်လာသည့် ကျင်းမိသားစုမှ အစွန်းရောက်သည့်သူပင်။ ဤကဲ့သို့သော လုပ်ရပ်မှာ လူတစ်ယောက်ကို စိတ်ရှုပ်ကာ ဒေါသထွက်စေသည်ပင်။
အချို့သူများမှာ ထိုခံစားချက်များကို သေချာဖုံးကွယ်ထားသော်လည်း သူတို့၏အမူအရာများမှ မြင်နေရသည်ပင်။
တစ်စုံတစ်ယောက်မှ ပေါက်ကွဲတော့မည့်အချိန်တွင် ကြီးမားလှသည့်နန်းတော်ကြီး တုန်ခါလာသည်။
ဝုန်း..
ကျယ်လောင်လှသည့် ဆူညံသံထွက်ပေါ်လာပြီး စွမ်းအားကြီးသည့်အော်ရာတစ်ခု ပျံ့လွင့်လာ၏။
ထို့အပြင် ထိုငြိမ်းသတ်သွားသည့်မီးအိမ်လည်း နေလုံးကြီးတစ်လုံးကဲ့သို့ အလွန်တောက်ပလာသည်။
“အား .. အကြီးအကဲအရှင် ပြန်ရှင်လာပြီ .. သူမသေဘူး .. သူအသက်ရှင်နေုတုန်းပဲ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
ဝိညာဉ်မီးအိမ်ကြီး တောက်ပနေခြင်းမှာ အကြီးအကဲအရှင် အန္တရာယ်ကင်းပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးဟု ဆိုလိုခြင်းပင်။
ဒုန်း..
နန်းတော်၏ ဂိတ်တံခါးများ ပွင့်လာကာ အထဲဘက်မှ စွမ်းအင်လှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ထိုစွမ်းအားကို မခုခံနိုင်သောကြောင့် လူများစွာ စိတ်ထဲမှ တုန်လှုပ်သွားကြသည်ပင်။
အထူးသဖြင့် ကျင်းမိသားစုနှင့် ဝမ်မိသားစုမှ လူများပင်။ သူတို့အမူအရာများ ချက်ချင်းပင် တောင့်ခဲသွားကြသည်။ အစောပိုင်းက ရယ်နေသည့်သူမှာ ချက်ချင်းပင် ဖြူဖျော့သွားလေ၏။
ကျင်းမိသားစုလက်အောက်မှ လူအချို့ အားနည်းစွာဖြင့်ပင် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။ ဝမ်မိသားစုမှလူများလည်း ထူးမခြားနားပင်။
ထိုအတောအတွင်းတွင် ထိုဝိညာဉ်မီးအိမ် တောက်ပရာမှ မှိန်ဖျော့သွားပြီးနောက် နောက်တစ်ကြိမ် ပြန်လည်လင်းလက်လာ၏။ ဤကဲ့သို့ ဖြစ်စဉ် အကြိမ်ပေါင်းများစွာ ဖြစ်နေခဲ့သည်ပင်။
အားလုံး စိတ်ထဲ တုန်လှုပ်သွားရ၏။ အကြီးအကဲအရှင်၏ အခြေအနေမှာ အလွန်မတည်မငြိမ်ဖြစ်နေသည်ကို အားလုံးသိနေကြသည်ပင်။
ထို့နောက် လူငယ်မုန့်ထျန်းကျန်း လမ်းလျှောက်ထွက်လာသည်။ သူသည် ရွှေရောင်စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သွေးများဖုံးလွှမ်းနေသည်။ သူ နယ်ခြားစပ်တိုက်ပွဲမှ ပြန်လာသည့်ပုံစံအတိုင်း ရှိနေဆဲပင်။
“အကြီးအကဲအရှင် .. ရှီဟောင် .. သူ..” ယုန်ဖြူလေး ငိုကြွေးလိုက်သည်။
မုန့်ထျန်းကျန်း သက်ပြင်းချလိုက်ကာ “ငါအားလုံးသိတယ်..”
သူ နိုးထလာနိုင်ခြင်းမှာ ဤနေရာကို ဝန်းရံထားသည့် စွမ်းအားကြီးသည့်ခံစားချက်တစ်ခုရှိနေသောကြောင့်ပင်။
ဤသည်မှာ မုန့်ထျန်းကျန်းကို အနက်နဲဆုံး အခြေအနေမှ နိုးထလာစေသည်ပင်။ အပြင်လောကမှ ဖြစ်ပျက်နေသည့်အရာအားလုံးကို အာရုံခံမိပြီးနောက် သူဒေါသထွက်လာရသည်။ သူ့ပုံစံမှာ တည်ငြိမ်နေသော်လည်း သူထုတ်လွှတ်သည့်ဖိအား မည်မျှကြီးမားသည်ကို အားလုံးခံစားမိနေသည်ပင်။
ဖုန်း..
အကြီးအကဲအရှင် ခြေတစ်လှမ်းတည်းဖြင့် အားလုံးရှေ့သို့ ရောက်လာသည်။
သူမြေပေါ်သို့ ခြေချသည်နှင့် ကျင်းမိသားစုနှင့် ဝမ်မိသားစုမှ လူများအားလုံး တုန်လှုပ်သွားကာ သူတို့အားလုံး အလွန်ဖြူဖျော့နေသည်။ သူတို့အားလုံးသည် အရိုးတစ်ချောင်းမှ မရှိသကဲ့သို့ မြေပြင်ပေါ်၌ လဲကျနေကြလေသည်။
ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး၏ ဒေါသပင်။ သူ ဒေါသထွက်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ လေပြင်းများလည်း တိုက်ခတ်လာသည်။ လျှပ်စီးနှင့် မိုးခြိမ်းသံများလည်း ထွက်ပေါ်လာကာ အမှိုက်များလည်း နေရာတိုင်း၌ လွင့်ပျံလာ၏။ တောင်ကြီးများလည်း လှုပ်ခါနေသည်ပင်။
အင်ပါယာဂိတ်မှ အတိုင်းအတာတစ်ခုထိ တားဆီးထားသောကြောင့်သာမဟုတ်ပါက မြေပြင်ထဲမှ ချော်ရည်များ ထွက်ပေါ်လာနိုင်သည်။
ထိုသို့ဆိုသော်လည်း ကျင်းနှင့် ဝမ်မိသားစုမှ လူများမှာ ဤသည်ကို တောင့်မခံနိုင်သေး။ သူတို့သည် ယခင်က အေးစက်စွာ ရယ်မောကာ ချင်းယီနှင့် ချန်ကုန်းယန်တို့အား တားဆီးခဲ့သည်။ သို့သော်လည်း ယခုတော့ သူတို့ချက်ချင်းပင် ပေါက်ကွဲသွားကြလေပြီ။
သူတို့ သွေးအိုင်အဖြစ် ပြောင်းလဲသွားကာ အသက်ဆုံးရှုံးသွားကြရသည်။
ဆန့်ကျင်ဘက်အနေဖြင့် လူငယ်များမှာ ဘာမှမထိခိုက်။ အဆင့်လွန်သက်ရှိ၏အော်ရာ မည်မျှပင်ပြင်းထန်ပါစေ သူတို့နည်းနည်းလေးမှပင် မထိခိုက်။
အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်သည် နူးညံ့သည့်အလင်းလေး ထုတ်လွှတ်ကာ သူတို့အားလုံးကို ဝန်းရံပြီး ကာကွယ်ပေးထားသည်ပင်။
ထို့နောက် အကြီးအကဲအရှင် နောက်ထပ်ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်နှင့် လီပေါင်း ထောင်ပေါင်းများစွာ ရောက်ရှိသွားကာ ထိုမြို့ရိုးရှေ့၌ ချက်ချင်းပေါ်လာလေ၏။
“ဒါက .. စီနီယာမုန့်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
မုန့်ထျန်းကျန်းနှင့် ဟွမ်ကြားမှ ဆက်ဆံရေးကို သူတို့သိသည့်အပြင် သိပ်မကြာခင်က သူ တာအို လေ့လာခြင်း၏အနက်ရှိုင်းဆုံး အဆင့်သို့ ရောက်ပြီး အိပ်မောကျနေသည်ကိုလည်း သူတို့သိသည်။ သူ ဤမျှ လျင်မြန်စွာ နိုးထလာလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
ကျင်းမိသားစုမှ လူများ၏ အမူအရာ ပြောင်းလဲသွားသလို ဝမ်မိသားစု၊ တုမိသားစုနှင့် အခြားမိသားစုမှလူများလည်း ဖြူဖျော့သွားကြ၏။
အကြီးအကဲအရှင် သေချာပေါက် ဒေါသထွက်နေမည်ကို သူတို့သိသည်။
အဆင့်လွန်သက်ရှိတစ်ဦး၏ ဒေါသမှာ လီပေါင်းတစ်သောင်းကို အလောင်းများဖြင့် ပြည့်သွားစေပြီး သွေးများလည်း မြစ်ကဲ့သို့ စီးဆင်လာမည်ပင်။ ကျင်းမိသားစု ဒုက္ခရောက်တော့မည်။
လက်ရှိမုန့်ထျန်းကျန်းမှာ သူ၏ရွှေရောင်နှစ်များ၌ ရောက်နေသည်ပင်။ သူ၏ပျက်စီးနေသည့် ချပ်ဝတ်တန်ဆာ၌ နီရဲနေသည့်သွေးများ ရှိနေပြီး သူ၏ဆံပင်နက်များလည်း သူ့နောက်၌ ပျံ့ကြဲနေသည်။
သူ၏မျက်ဝန်းထဲ၌ နတ်အလင်းများတောက်ပလာပြီးနောက် မြေပြင်၌ စိုက်နေသည့် ထာဝရဓားကို သူချက်ချင်းတွေ့လိုက်သည်။ သူ့လက်ကိုမြှောက်လိုက်သည်နှင့် ထိုဓား မြေပြင်မှ ကြွတက်လာပြီး သူ့လက်ထဲသို့ ရောက်ရှိလာသည်။
အားလုံး၏အမူအရာ ပြောင်းလဲသွားသည်။
အဆင့်လွန်သက်ရှိတစ်ယောက် ဒေါသထွက်နေပြီ.. သူ ဓားကို ဆွဲထုတ်လိုက်ပြီ .. သူ ဒီမှာ သတ်ဖြတ်တော့မှာလား..
အပိုင်း ၁၇၄၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၃ – ဓားဖြင့် အဆင့်လွန်သက်ရှိအား ခုတ်ခြင်း
မုန့်ထျန်းကျန်းသည် ထာဝရဓားကို ကိုင်ထားတာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ တက်သွားသည်။ သွေးစွန်းနေသည့် ရွှေရောင်ချပ်ဝတ်တန်ဆာမှ တချွမ်းချွမ်းအသံများ ထွက်ပေါ်လာသည်။ သူသည် ထာဝရတာအိုတောင်တစ်လုံးကဲ့သို့ ထိုနေရာ၌ မတ်မတ်ရပ်နေသည်။
မြို့ဂိတ်တံခါး၌ မည်သူမှ မတ်တပ်မရပ်နိုင်တော့။ အားလုံး လဲကျနေကြ၏။ ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး၏ဒေါသကြောင့် ထွက်ပေါ်လာသည့် ကြောက်စရာကောင်းသည့်ဖိအားကြောင့်ပင်။
ကောင်းကင်ထက်သို့ ကြည်လင်သည့်အလင်းတန်းတစ်ခု တက်သွား၏။ သူ၏လက်ထဲ၌ ဓားတစ်လက်ကိုင်ထားသည်ပင်။ မုန့်ထျန်းကျန်း မြို့ရိုးပေါ်သို့ ခုန်တက်လိုက်လေ၏။
တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံးသည် ရွှေရောင်ထာဝရမီးဖိုကဲ့သို့ တောက်ပသည့်အလင်းများ ထုတ်လွှတ်လာသည်။
“မုန့်ထျန်းကျန်း..”
မြို့ရိုးကို ကာကွယ်ပေးထားသည့် စွမ်းအားကြီးသည့် အစီအရင်များ ရှိနေသော်လည်း ထိုရင်းနှီးနေသည့်အော်ရာကို လူများအစကတည်းက ခံစားမိနေသည်ပင်။
ထို့အပြင် သက်ရှိတစ်စု တုန်ယင်လာကာ သူတို့အမူအရာလည်း ဆိုးရွားနေလေပြီ။
ကျင်းထိုက်ကျွင်းနံဘေးမှ အဘွားအို ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမ စကားပြောလိုက်သည်နှင့် သူမတစ်ကိုယ်လုံး လွင့်ထွက်သွားပြီးနောက် အပိုင်းပိုင်းဖြစ်ကာ ပေါက်ကွဲသွားသည်။
ဤသည်မှာ အော်ရာလှိုင်းတစ်ခုကြောင့် ဖြစ်သွားခြင်းပင်။ မုန့်ထျန်းကျန်း မလှုပ်ရှားရသေး။ သူတစ်ချက်ကြည့်လိုက်ရုံဖြင့် သူမခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲသွားခြင်းပင်။
ဤသည်မှာ သိုင်းပညာတာအို၏ အမြင့်ဆုံးစွမ်းအားပင်။ ဤစွမ်းအားကို ယှဉ်နိုင်ရန် မဖြစ်နိုင်။
ကျင်းထိုက်ကျွင်းဘက်မှလူအားလုံး အမူအရာ ပြောင်းလဲသွား၏။ သူတို့အလွန် ထိတ်လန့်နေကြလေပြီ။
“တာအိုရောင်းရင်းမုန့် .. ဒါက ဘာသဘောလဲ..” ကျင်းထိုက်ကျွင်း၏အမူအရာ ထပ်ခါထပ်ခါ ပြောင်းလဲလာသည်။ သူမလက်ထဲရှိ လမ်းလျှောက်တုတ်ကို တင်းကြပ်စွာ ဆုတ်ကိုင်ထားသောကြောင့် သူမလက်ပင် ဖြူရော်လာသည်။
သူမ ဒေါသထွက်သလို ထိတ်လန့်နေမိသည်။
အခြားသူများလည်း ကြောက်လန့်တကြား တုန်လှုပ်နေသည်ပင်။ ထိုနေရာတွင်ရှိနေသည့် သူများမှာ တစ်ပြိုင်နက်တည်းလိုလို မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားလေ၏။
ထိုအချိန်တွင် မြေပြင်ပေါ်၌ လဲကျနေသည့်သူများအားလုံး ပါးစပ်မှ သွေးများစွာ အန်ထွက်လာ၏။ သူတို့၏မျက်နှာမှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေပြီ။
ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများဖြစ်စေ၊ လူလတ်ပိုင်းနှင့် လူငယ်ကျင့်ကြံသူများဖြစ်စေ အားလုံးမှာ တုန်လှုပ်ကြောက်ရွံ့နေကြကာ နည်းနည်းလေးမှပင် မခုခံနိုင်တော့။
“စီနီယာ..”
တုမိသားစုမှ လူများ အော်ဟစ်လိုက်သည်။
ဝုန်း..
အကြီးအကဲအရှင် အကြည့်တစ်ချက်ပို့လိုက်သည်နှင့် တုမိသားစုမှလူများ လွင့်ထွက်သွားကာ သူတို့ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများ ဖုံးလွှမ်းလာပြီး သွေးများလည်း အန်ထွက်လာသည်။ အားလုံး မြေပြင်ပေါ်၌ တုန်ယင်စွာပင် လဲကျသွားကြသည်။
ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး၏ စွမ်းအားပင်။ သူ၏အကြည့်မှာ မရေမတွက်နိုင်သည့်မိုးကြိုးများ ပစ်ချလာသကဲ့သို့ပင် ကြောက်စရာကောင်းလွန်းလှသည်။ ခေါင်းဆောင်ကြီးဟု ခေါ်သည့်သူများအားလုံး မြေပြင်ပေါ်၌ အားနည်းစွာ လဲကျနေကြသည်။
အကြီးအကဲအရှင် ဓားကိုင်ထားပြီး တစ်လှမ်းချင်း လျှောက်သွားနေသည်။ ခြေလှမ်းတစ်လှမ်းစီတိုင်း အင်ပါယာဂိတ်ကြီး တုန်ခါသွားသည်။
သူသည် စကားတစ်ခွန်းမှမပြောပဲ အရှေ့ဘက်သို့သာ စိုက်ကြည့်နေလိုက်သည်။
“မုန့်ထျန်းကျန်း ရှင်ဘာလုပ်ချင်တာလဲ .. ရှင် လက်လွတ်စပယ် မလုပ်တာ ပိုကောင်းလိမ့်မယ်..” ကျင်းထိုက်ကျွင်း ခန္ဓာကိုယ်မှ လေပြင်းများတိုက်ခတ်လာပြီး တာအိုသဘာဝဥပဒေသများလည်း ထွက်ပေါ်လာသည်။ သူမကို မူလဖရိုဖရဲမြူများ ရစ်သိုင်းလာကာ သူမ သတိအနေအထားဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်းသည် သူမထံသို့ ဦးတည်၍လာနေခြင်းပင်။ သူ၏အကြည့်မှာ အဆင့်လွန်သက်ရှိတစ်ဦး တုန်လှုပ်သွားလောက်သည်အထိ ကြောက်စရာကောင်းလှသည်။
အားလုံး ကြောက်ရွံ့သွားကြ၏။ အထူးသဖြင့် ကျင်းမိသားစုမှ ရာထူးကြီးသည့်သူများပင်။ သူတို့အားလုံးသည် ခေါင်းပင် မမော့နိုင်လောက်သည်အထိ ဖိနှိပ်ခံထားရသည်။
အကြီးအကဲအရှင် ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့။ သူ၏ဒေါသအောက်၌ ကျင်းထိုက်ကျွင်းပင် သူတို့ကို မကာကွယ်နိုင်တော့။
အကြီးအကဲအရှင် ကျင်းတစ်မိသားစုလုံးအား ရှင်းပစ်လိုက်မည်ကို သူတို့ ထိတ်လန့်လာကြသည်။
ဒုန်း…
ကျင်းထိုက်ကျွင်း သူ၏လမ်းလျှောက်တုတ်ကို စောင့်ချလိုက်ကာ မုန့်ထျန်းကျန်း၏အကြည့်ကို ရင်ဆိုင်လိုက်သည်။ သူမ၏ ပြင်ဆင်မှု ပြီးဆုံးသွားလေပြီ။ သူမ တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရန် တွေဝေနေမည်မဟုတ်။
“တာအိုရောင်းရင်းမုန့်..” ပြိုင်ဘက်ကင်းသက်ရှိအချို့ ပြောလာကြသည်။ သူတို့ တစ်ခုခုပြောလိုက်ချင်သော်လည်း ပါးစပ်ဟပြီးနောက် ဘာပြောရမှန်းမသိတော့။
ချွမ်း..
မုန့်ထျန်းကျန်း အရှေ့သို့ ဆက်လျှောက်သွားဆဲပင်။ ထို့အပြင် သူ့လက်ထဲမှ ဓားကို လွှဲရမ်းကာ အလွန်ပြတ်သားစွာဖြင့်ပင် တိုက်ခိုက်လိုက်သည်။ သူ ဘာမှ တွေဝေမနေသလို သံသယလည်းမဝင်။
“ရှင်..” ကျင်းထိုက်ကျွင်း အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ မုန့်ထျန်းကျန်း ဤမျှဒဲ့တိုးဆန်လိမ့်မည်ဟု သူမ မထင်ထားခဲ့။ သူသည် စကားတစ်ခွန်းမှ မပြောသလို သူမကို ရှင်းပြခွင့်ပင် မပေးခဲ့။
ဤဓားမှ အလင်းတန်းမှာ ကောင်းကင်တစ်ခုလုံးကို ထိန်လင်းသွားစေသည်။
ကျင်းထိုက်ကျွင်းကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် တစ်ကိုယ်လုံး တောင့်ခဲသွားကာ ကြက်သီးမွေးညှင်းထလာသည်။ သူမ၏ လမ်းလျှောက်တုတ်ကို လျင်မြန်စွာ မြောက်လိုက်ပြီး ထိုဓားချက်ကို ခုခံလိုက်သည်။
အခြားသူများမှာမူ သူတို့ သတ္တိများ ပျောက်ကင်းသွားပြီး သူတို့ဝိညာဉ်များအထိပင် တုန်လှုပ်သွားရသည်။ သူတို့ လဲကျသွားကာ တုန်ယင်နေကြသည်။ အဆင့်လွန်သက်ရှိခွန်အားကြောင့် သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပေါက်ကွဲသွားတော့မတတ်ပင်။
မုန့်ထျန်းကျန်း သူ့ရှေ့၌ ရှိသည့်အရာကိုသာ အာရုံစိုက်ထားသောကြောင့်သာ။ မဟုတ်ပါက သူ့ထံမှ စွမ်းအင်တစ်ကြောင်း ထွက်လာသည်နှင့် သူတို့ အသက်ရှင်နိုင်မည်မဟုတ်တော့။
ဘေးပတ်လည်တွင် မတုန်လှုပ်သည့်ကလန်ခေါင်းဆောင်တစ်ဦးမှမရှိ။ သူတို့သည် မုန်တိုင်းထဲမှ သစ်ရွက်လေးများကဲ့သို့ ခံစားနေရသည်ပင်။
ချွမ်း..
ဓားရိုးမှာ သက်တံ့တစ်စင်းကဲ့သို့ ကောင်းကင်မြစ်နှင့်တူသည့် အလင်းတန်း ထုတ်လွှတ်လာသည်။ သူ၏ခွန်အားမှာ အထက်ကောင်းကင်နှင့် အောက်မြေကြီးကို တုန်ခါသွားစေသည်။
ကျင်းထိုက်ကျွင်း တစ်ကိုယ်လုံးထံမှ လေပြင်းများ ထွက်ပေါ်လာပြီး နတ်ချိန်းကြိုးများလည်း ခန္ဓာကိုယ်ကို သိပ်သည်းစွာ ရစ်ပတ်လာသည်။ သူမသည် တတ်နိုင်သမျှ ခုခံရန် ကြိုးစားနေလေ၏။
ဒုန်း..
သူမလက်ထဲမှ လမ်းလျှောက်တုတ်သည် ဓားနှင့် ထိမိသွားကာ နားကွဲလောက်သည့် ဆူညံသံများ ထွက်ပေါ်လာ၏။ သတ္တုအလင်းတန်းများ ထွက်ပေါ်လာကာ တာအိုသင်္ကေတများလည်း နေရာတိုင်း၌ ပျံ့ကြဲသွားသည်။
ထို့နောက် ဤနေရာ၌ မူလဖရိုဖရဲမြူများ ထွက်ပေါ်လာပြီး မှုန်ဝါးလာသည်။
ထို့နောက် တခွပ်ခွပ်အသံများ ထွက်ပေါ်လာကာ ထိုလမ်းလျှောက်တုတ် ပျက်စီးသွားသည်။ ထိုလမ်းလျှောက်တုတ်အထဲဘက်၌ ထာဝရရွှေအချို့ ရှိနေသော်လည်း ထိုဓားကြောင့် ပြတ်တောက်သွားဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဓားမှာ ထက်ရှလှပြီး နတ်ခွန်အားလည်း ပြိုင်ဘက်ကင်းပင်။
ဖူး..
ကျင်းထိုက်ကျွင်း ရင်ဘတ်မှ သွေးများ လွင့်စင်လာကာ ကြောက်စရာကောင်းသည့် ဓားဒဏ်ရာတစ်ခု ကျန်ခဲ့လေ။ ထိုဒဏ်ရာမှာ သူမကို နှစ်ပိုင်းပြတ်စေလုနီးပါးပင်။
ဤသည်မှာ ထိတ်လန့်စရာကောင်းလှ၏။ မုန့်ထျန်းကျန်းဆီက ဓားချက်တစ်ချက်က ကျင်းထိုက်ကျွင်းကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တယ်..
သူမ၏ပုခုံးမှ ဗိုက်ထိ ဓားရာ ကန့်လန့်ဖြတ်ကြီး ရှိနေ၏။ သူ၏အရိုးများကိုပင် မြင်နေရလေပြီ။
အားလုံး အမူအရာများ ပြောင်းလဲသွားကြသည်။ မုန့်ထျန်းကျန်းမှာ သန်မာလွန်းလှသည်။ နတ်ခွန်အားမှာ တိုင်းတာ၍ မရနိုင်လောက်အောင်ပင်။
အခြားသူများမပြောနှင့် ပြိုင်ဘက်ကင်းသက်ရှိများ၏ မျက်လုံးများပင် အလင်းများ တောက်ပလာသည်။
ထာဝရဝမ်၏မျက်ဆံများ ပို၍မှေးကျဉ်းသွားရသည်။ သူ အကြီးအကဲအရှင်၏ ခွန်အားကို လေးလေးနက်နက်နားလည်သည်ပင်။
မြေပြင်ထက်၌ လဲကျနေသည့်သူများအတွက် ကျင်းထိုက်ကျွင်းမှာ မမှီနိုင်သည့်တောင်ကြီးတစ်လုံးဖြစ်ပြီး အကြည့်တစ်ချက်ဖြင့်ပင် သူတို့ကို ဖိနှိပ်နိုင်သည်ပင်။
သို့သော် ယခုတော့ ဤအဆင့်လွန်သက်ရှိမှာ မုန့်ထျန်းကျန်း၏ ဓားချက်တစ်ချက်ကြောင့် ပုခုံးမှ နှစ်ပိုင်းပြတ်လုနီးပါးဖြစ်သွားလေပြီ။
ဤသို့ဖြစ်ရခြင်းမှာ တစ်အချက် မုန့်ထျန်းကျန်း၏ ပြိုင်ဘက်ကင်းသည့်စွမ်းအားကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ဓား၏ထူးခြားမှုကြောင့်ပင်။ ထို့အပြင် ဤဓားသည် ထာဝရရွှေများကို စုတ်ယူသောကြောင့် ထိုလမ်းလျှောက်တုတ် ကျိုးသွားသည်နှင့် ထာဝရရွှေစွမ်းအင်လည်း စုတ်ယူခံလိုက်ရကာ ကျန်နေသည့်တုတ်ကောက်မှာ သတ္တုအပိုင်းအစဖြစ်သွားသည်။
ဖုန်း..
ထိုမျှသာမကသေး။ ကျင်းထိုက်ကျွင်းသည် ဒဏ်ရာရပြီးသွားသည်နှင့် ဆက်တိုက်ပင် နောက်ဆုတ်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ သွေးများ ရွှဲနစ်နေလေပြီ။ သူမ၏ခြေထောက်အောက်၌ တူးမြောင်းနက်ကြီး ပေါ်လာသည်ပင်။
သိထားရမည်မှာ ဤနေရာကို ကာကွယ်ထားသည့် အလွန်စွမ်းအားကြီးသည့် အစီအရင်ရှိကာ နံရံများလည်း မာကျောလှသည်ပင်။ ဤသည်ကိုပင် ဤကဲ့သို့ဖြစ်သွားသောကြောင့် ဤသည်မှာ သူမခန္ဓာကိုယ် မည်မျှစွမ်းအားကြီးသည်ကို ပြသနေခြင်းပင်။
ကျင်းမိသားစုမှလူများ အလွန်ထိတ်လန့်သွားရသည်။ ကျင်းထိုက်ကျွင်းလည်း အဆင့်လွန်သက်ရှိဖြစ်သော်လည်း မုန့်ထျန်းကျန်း၏တိုက်ခိုက်မှုကို မခုခံနိုင်သည့်အပြင် ဓားဖြင့် ခုတ်ခံရပြီး နောက်ဆုတ်ရလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
ဤလူများ၏ မျက်နှာများမှာ အရောင်ပင်မရှိတော့။ မုန့်ထျန်းကျန်း စိတ်တိုလာရင် ဒီနေရာမှာ ရှိနေတဲ့သူတွေထဲမှာ ဘယ်သူက အသက်ရှင်နိုင်မှာလဲ .. ဘယ်သူက သူ့ကို တားဆီးနိုင်မှာလဲ .. ၁၀ ကလန်လောက်ရှင်းပစ်လိုက်ရင်တောင် ပြဿနာတစ်ခုမဟုတ်ဘူး..
ပြိုင်ဘက်ကင်းသက်ရှိများလည်း ဆွံ့အနေကြသည်ပင်။ ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့။
ထာဝရဝမ်၏ မျက်လုံးများ လေးနက်နေသော်လည်း သူ အလွန်တည်ငြိမ်နေသေးသည်။ သူသည် အကြီးအကဲအရှင်၏ နောက်ကျောကိုကြည့်ကာ သူ၏လက်ရှိကျင့်ကြံဆင့်နှင့် အခြေအနေကို ခန့်မှန်းနေလေသည်။
ဖူး..
ကျင်းထိုက်ကျွင်းသည် ဆက်တိုက် နောက်ဆုတ်နေရရုံသာမက သွေးအပြည့်လည်း အန်ထွက်နေသည်။
သို့သော် ကျင်းမိသားစု၊ ဝမ်မိသားစု၊ တုမိသားစုနှင့် အခြားလူများ ထိတ်လန့်နေသည့်အချိန်တွင် မုန့်ထျန်းကျန်းသည် ရှေ့ဆက်တိုးခြင်းမရှိသလို ကျင်းထိုက်ကျွင်းကိုလည်း အာရုံမစိုက်တော့။ ထိုအစား ခြေလှမ်းကျယ်များဖြင့် အရှေ့ဘက်သို့ လျှောက်သွားကာ ကန္တာရကြီးထဲသို့ ကြည့်လိုက်သည်။
တစ်ဖက်လောကမှ စစ်တပ်ကြီးမှာ ဒီရေကဲ့သို့ ပြန်ဆုတ်သွားပြီး အရှေ့ဝင်ရိုးစွန်းမှ ပျောက်ကွယ်သွားတော့မည်။
ရွှီး..
အကြီးအကဲအရှင် ထိုနေရာမှ ပျောက်ကွယ်သွားသည်။ သူ၏အရှိန်မှာ လျင်မြန်လှသောကြောင့် မည်သူမှ အချိန်မှီ မတုံ့ပြန်လိုက်နိုင်။ ထို့နောက် မြို့ဂိတ်တံခါးရှေ့မှ ယဇ်ပုလ္လင်ကြီး တောက်ပလာကာ မျက်စိကျိန်းလောက်သည့် အလင်းတန်းများ ကောင်းကင်ထက်သို့ တက်သွားသည်။
ထို့နောက် အကြီးအကဲအရှင်သည် ထာဝရဂိတ်မှ ထွက်သွားကာ တစ်ယောက်တည်း ရှေ့တိုးသွားလေသည်။
“လက်ထဲမှာ ဓားတစ်လက်နဲ့ သူက တစ်ဖက်လောကရဲ့ စစ်တပ်ထဲကို တစ်ယောက်တည်း ပြေးဝင်သွားပြီ..” တစ်စုံတစ်ယောက်မှ တုန်လှုပ်စွာ ပြောလိုက်သည်။
ရှီဟောင်ဘက်ပါသည့် ခေါင်းဆောင်များအားလုံး သွေးဆူလာကြ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန် သူတို့အားလုံး ထိတ်လန့်တကြား အော်ဟစ်လာကြသည်။
မုန့်ထျန်းကျန်း၏အပြုအမူကို သူတို့ယခုမှသာ နားလည်တော့သည်။
မုန့်ထျန်းကျန်း သတ်ဖြတ်လိုသည့်အငွေ့အသက်ထုတ်လွှတ်ကာ ကျင်းထိုက်ကျွင်းကို သတ်ချင်နေသည်ဟု ထင်ခဲ့ရသော်လည်း တကယ်တမ်းတွင် သူသည် တစ်ဖက်လောကမှ စစ်တပ်များ ရှိမရှိကို လာကြည့်ရင်း လမ်း၌ ဓားကိုလွှဲရမ်းလိုက်ခြင်းသာ။
ထိုအခိုက်အတန့် အားလုံး နားလည်သွားကြ၏။
ကျင်းထိုက်ကျွင်းလည်းနားလည်သွားကာ သူမမျက်နှာမှာ ဖြူလိုက်စိမ်းလိုက်ဖြစ်လာသည်။ မုန့်ထျန်းကျန်းသာ သူမကို တကယ်တိုက်ခိုက်ခြင်းမဟုတ်။ သူ့ဓားကို လွှဲရမ်းလိုက်ခြင်းသာ။
အခြားသူများအားလုံး တုန်လှုပ်သွားကြသလို ထူးဆန်းသည့်အမူအရာလည်း ဖြစ်သွားကြသည်။
“သတ်..”
ကန္တာရကြီးထဲ၌ အကြီးအကဲအရှင်၏ ဟစ်ကြွေးသံ ထွက်ပေါ်လာကာ သူ၏အော်ရာမှာ လီပေါင်းတစ်သောင်းကို လွှမ်းခြုံသွားသည်။
သူသည် ဂိတ်တံခါးမှ ထွက်သွားသည်နှင့် တွေဝေခြင်းမရှိပဲ စစ်တပ်နောက်သို့ လိုက်သွားကာ သူ၏ဓားကို လွှဲရမ်းလိုက်ပြီး ရန်သူစစ်တပ်ကို ဖြိုခွဲခဲ့သည်။
ဓားစွမ်းအင်သည် အလွန်တောက်ပစွာဖြင့် ကောင်းကင်ထက်သို့ တက်သွားသကဲ့သို့ စစ်ပွဲကျွမ်းကျင်သည့်သူများ၏ နှလုံးသားကိုလည်း တောက်လောင်သွားစေသည်။ သူတို့အားလုံး သွေးများဆူပွက်လာလေ၏။
ကန္တာရထဲတွင် အကြီးအကဲကို တိုက်ခိုက်နေသည့် ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများ ရှိနေသည်ပင်။
ဝုန်း..
နတ်အလင်းမှာ နေမင်းကြီးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ကြီး ဖရိုဖရဲဖြစ်သွားသည်။
မုန့်ထျန်းကျန်း၏ ဓားချက်တစ်ချက်ကြောင့် ထိုနေရာရှိ အနက်ရောင်စစ်ရထားလုံး ပေါက်ကွဲသွားကာ အနက်ရောင်သတ္တုအပိုင်းအစများ လေထဲသို့ လွင့်တက်လာသည်။
ထို့ကြောင့် ပြိုင်ဘက်ကင်းသည့် နတ်ဆိုးတောင်ကဲ့သို့ ကြောက်စရာကောင်းသည့် ပုံရိပ်တစ်ခု ထွက်လာပြီး မုန့်ထျန်းကျန်းအား မျက်နှာချင်းဆိုင်လာသည်။
အပိုင်း ၁၇၄၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၄ – ကောင်းကင်ထိ ရောက်နေသည့်တိုက်ပွဲအငွေ့အသက်
တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလေပြီ။ မုန့်ထျန်းကျန်း လက်ထဲတွင်ရှိနေသည့်ဓားမှ ဓားစွမ်းအင်များထွက်ပေါ်လာကာ နတ်အလင်းတန်း ထောင်ပေါင်းများစွာ ကောင်းကင်ကို ထိုးဖောက်သွားကာ ကန္တာရကြီးကို စုတ်ဖြဲပစ်လိုက်၏။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်ပင်။
နတ်ဆိုးဘုရင်နှင့်တူသည့် တစ်ဖက်လောကမှသက်ရှိလည်း ရန်သူကို ထိပ်တိုက်ရင်ဆိုင်နေသည်။ သူ၏ခွန်အားလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသည်ပင်။
မုန့်ထျန်းကျန်း ဓားတစ်လက်ဖြင့် အင်ပါယာဂိတ်မှ ထွက်ကာ အဆုံးမရှိသည့် ရန်သူစစ်တပ်ကြီးထဲသို့ ဦးတည်သွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ သူသည် သူ့ရှေ့၌ရှိနေသည့်သူအားလုံးကို စွမ်းအားကြီးစွာပင် ရှင်းလင်းပစ်နေသည်။
ဓားစွမ်းအင် ပထမဆုံး ပေါ်လာသည့်အချိန်၌ သွေးအလင်းတန်းများ ဆက်တိုက်ထွက်ပေါ်လာကာ ခေါင်းများပြတ်ထွက်လာသည်။ တစ်ဖက်လောကမှ ကျင့်ကြံသူ အများအပြား မုန့်ထျန်းကျန်းကြောင့် ခေါင်းများ ပြတ်ထွက်သွားလေ၏။
စွမ်းအားကြီးသည့် အင်ပါယာကလန်အဆင့်လွန်သက်ရှိ၏ အနက်ရောင်စစ်ရထားလုံးပင်လျှင် ချက်ချင်း သတ္တုအပိုင်းအစများအဖြစ် ကောင်းကင်ထက်သို့ လွင့်ပျံသွားသည်ပင်။
ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်။ အင်ပါယာဂိတ်မှ လူများမပြောနှင့် တစ်ဖက်လောကမှ စစ်သားများပင် အံ့အားသင့်သွားကာ သူတို့တစ်ကိုယ်လုံး အေးခဲသွားရသည်။ မြို့ထဲကနေ ထွက်ပြီး သူတို့နောက်ကို လိုက်လာတဲ့သူ ရှိနေတယ်..
သိထားရမည်မှာ ယခင်က တစ်ဖက်လောကဘက်ကသာ အမြဲတမ်း စတင်တိုက်ခိုက်နေခဲ့ပြီး အင်ပါယာဂိတ်မှလူများမှာ အမြဲတမ်းခုခံနေခဲ့ရသည်ပင်။ သို့သော် ယနေ့တော့လုံးဝပြောင်းလဲသွားလေပြီ။
“သတ်..”
မိုးကောင်းကင်အောက်၌ ခံ့ညားသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ အနီရောင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာလေ၏။ ထိုအလင်းတန်းများမှာ လျှပ်စီးထက်ပင် ပြင်းထန်သေးသည်။
ဤသည်မှာ အင်ပါယာကလန်အဆင့်လွန်သက်ရှိထံမှ ရောက်လာခြင်းပင်။ သူသည် လျှို့ဝှက်နက်နဲသည့် ဘိုးဘေးပညာတစ်မျိုးတစ်ခုအား အသက်သွင်းလိုက်သည်ပင်။ သူသည် လက်သီးကို ဝေ့ရမ်းကာ အကြီးအကဲအရှင်ထံသို့ တရှိန်ထိုးပြေးသွားသည့်အပြင် သူ၏ပုခုံးများ၊ တံတောင်ဆစ်များနှင့် အခြားအဆစ်များမှ အနီရောင်အလင်းများ ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း လျှံထွက်လာသည်။
ဒုန်း..
နားကွဲလောက်သည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။ အင်ပါယာကလန်အဆင့်လွန်သက်ရှိ၏ လက်သီးမှာ ထိတ်လန့်စရာကောင်းလောက်အောင် မာကျောလှသောကြောင့် အင်ပါယာဂိတ်တွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားရသည်။
ထိုလက်သီးသည် နေမင်းထက်တောင် တောက်ပနေပြီး ဓား၏ဘေးဘက်ကို ရိုက်ချလိုက်သည်ပင်။
ဒီဓားကို လူဘယ်နှယောက်ကများ မျက်နှာချင်းဆိုင်ရဲလို့လဲ .. သို့သော် အင်ပါယာကလန်အဆင့်လွန်သက်ရှိကတော့ လုပ်နိုင်ခဲ့လေပြီ။
ဓားနှင့်လက်သီး ထိသွားသည်နှင့် ကြောက်စရာကောင်းသည့် လှိုင်းများ ထွက်ပေါ်လာလေ၏။
ဤသည်မှာ ကြောက်စရာအကောင်းဆုံးအပိုင်းမဟုတ်သေး။ ကြောက်စရာအကောင်းဆုံးမှာ အင်ပါယာကလန်အဆင့်လွန်သက်ရှိ၏ ပုခုံးနှင့် တံတောင်ဆစ်မှ ချော်ရည်နှင့်တူသည့် အလင်းများ ထွက်ပေါ်လာသည်။
ထိုအလင်းသည် အကြီးအကဲအရှင်ကို လွှမ်းခြုံသွားကာ ပုံစံဆက်တိုက်ပြောင်းနေသည်။ တစ်ခါတစ်ရံတွင် သားရဲကြီးတစ်ကောင်၏ပါးစပ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ချွမ်း..
နောက်ဆုံးတွင် အနီရောင်အလင်းများ ပေါင်းစည်းသွားကာ ခမ်းနားပြီး ရှေးကျသည့်မီးဖိုကြီးတစ်ခုဖြစ်လာသည်။
မီးဖိုအဖုံးမှာ ဆက်တိုက်ပင် မြှောက်တက်လာကာ အနီရောင်အလင်းများ ထွက်ပေါ်လာ၏။
ဝုန်း..
ထိုမီးဖိုကြီး တစ်ဖြည်းဖြည်း ကြီးမားလာကာ ချက်ချင်းအောက်ဘက်သို့ ရိုက်ချလာကာ အကြီးအကဲအရှင်ကို ဖိနှိပ်လာသည်။
ထိုမီးဖိုသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို စုတ်ယူကာ နေရာပေါင်းစုံမှ တာအိုဥပဒေသများကို အရည်ဖျော်ပစ်နေသည်။
ဒုန်း..
မုန့်ထျန်းကျန်း ဓားကို လွှဲရမ်းလိုက်ပြီး ဆက်လက်ချီတက်သွားဆဲပင်။ သူ ဘာကိုမှ မကြောက်။ ထိုမီးဖိုကြီးပေါ်သို့ ဓားတစ်ချက် လွှဲရမ်းလိုက်သည်နှင့် မီးပွားများ လွင့်စင်သွားသည်။
အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ ပြိုင်ဘက်ကင်းသက်ရှိများသည် ထိုအနီရောင်မီးဖိုကြီးကို စိုက်ကြည့်ပြီး အလွန်ထိတ်လန့်လာကြသည်။
ထာဝရဝမ်ပင် စိတ်လှုပ်ရှားသွားကာ တည်ငြိမ်ရန် ခက်ခဲသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုမီးဖိုကြီး၏ ဇစ်မြစ်များကို သူသိသည်ပင်။
“အနီရောင်ဘုရင်မီးဖို..” ကျင်းထိုက်ကျွင်း သတိကြီးကြီးဖြစ်သွားသည်။
ယခင်က ရက်စက်သည့်လက်နက်များကို နံပါတ်စဉ်တပ်မည်ဆိုလျှင် ဤအနီရောင်ဘုရင်မီးဖိုမှာ ထိပ်တန်း၌ ပါဝင်သည်ပင်။ ထာဝရရှေးဟောင်းခေတ်၌ ထာဝရဘုရင်များ ကျဆုံးသွားသည့်အချိန်က သူတို့၏သွေးများကို ဤမီးဖိုဖြင့် ပြုပြင်ခဲ့သည်ဟု ပြောကြသည်။
ထိုအချိန်မှစကာ ဤမီးဖို နီရဲသွားပြီး အနီရောင်ဘုရင်မီးဖိုဟု ခေါ်တွင်လာခြင်းပင်။
အနီရောင်ဆိုသည်မှာ ယခင်က သတ်ခံခဲ့ရသည့်ဘုရင်များကို ကိုယ်စားပြုခြင်းပင်။
သို့သော် စွမ်းအားကြီးသည့်လက်နက်များမှာ သူတို့ကို အသုံးပြုသည့်သူနှင့်လည်း ဆိုင်သည်ပင်။
နောက်ပိုင်းတွင် ဤအိုးသည် တစ်ဖက်လောက၌ ပေါ်မလာတော့။ အနီရောင်ဘုရင်မီးဖို ပိုင်ရှင်မှာ ထိုစစ်ပွဲ၌ ပျောက်ဆုံးသွားသည်ဟု ပြောကြသည်။
အချို့သူများကလည်း သူသေဆုံးသွားပြီဟု ပြောကြသလို အချို့သူများမှာ သူ ထာဝရဘုရင်တစ်ဦး၏ သွေးများကို ပြုပြင်ကာ ပြောင်းလဲမှုလုပ်ရန်အတွက် ပုန်းခိုနေခြင်းဖြစ်သည်ဟု ပြောကြသည်။
သို့သော်လည်း ထိုသွေးမျိုးဆက်၏ မျိုးဆက်များတွင် စွမ်းရည်တစ်မျိုး ရရှိသွားသည်ပင်။ သူတို့သည် အနီရောင်မီးဖိုကြီးကို ချက်ချင်း ဖန်တီးနိုင်သည့် ဘိုးဘေးပညာကို ရရှိသွားသည်။
ဤမီးဖိုမှာ သူတို့၏အရိုးများနှင့်ပေါင်းစည်းသွားကာ သူတို့သွေးမျိုးဆက် ခွန်အားကြီးလာသည်နှင့် သူလည်း စွမ်းအားကြီးလာသည်။ ထို့အပြင် သူသည် ပြောင်းလဲမှုမျိုးစုံကိုပါ ပြုလုပ်လာနိုင်သည်။
ဤသည်မှာ ‘ဆင့်ခေါ်ခြင်း’ မဟုတ်ပဲ သူတို့သွေးထဲ၌ ရှိနေသည့် တံဆိပ်အပိုင်းအစများမှ တစ်ဆင့် လက်ဆင့်ကမ်းလာသည့် ထူးဆန်းသည့်နတ်စွမ်းရည်တစ်မျိုးပင်။
ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ထို အနီရောင်ဘုရင်မီးဖိုဟုခေါ်သည့် စွမ်းအားကို ထုတ်သုံးလာခြင်းပင်။
ယခင်က မီးဖိုထိပ်မှ အနီရောင်အလင်းနှင့်အတူ အပူငွေ့များ တက်လာသည်ကို အားလုံးမြင်ဖူးခဲ့သည်။ ထိုအရာမှာ အနီရောင်အလင်းစွမ်းအင်ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ထိုအရာမှာ ဆူပွက်နေသည့်သွေးများဖြစ်လိမ့်မည်ဟု သူတို့ခံစားလာရသည်။
ဝုန်း..
မုန့်ထျန်းကျန်း ထိုအိုးကို အားဖြင့် ပြန်တွန်းလိုက်သည်နှင့် အလင်းတန်းများ ပို၍တောက်ပလာသည်။ ထိုအဆင့်လွန်သက်ရှိ၏ လက်နှစ်ဘက်လုံးမှ တံဆိပ်များ ပြုလုပ်လာပြီး မီးဖိုနံရံကို ဆက်တိုက်ရိုက်ခတ်ကာ ထိုမီးဖိုကို ပို၍မာကျောလာအောင် လုပ်လိုက်သည်။ မီးဖိုမှာ ပို၍ တောက်ပလာသည်။
ဤမီးဖိုသည် ဘိုးဘေးပညာများမှ ဖြစ်ပေါ်လာသည်နှင့် မတူတော့ပဲ အနီရောင်ဘုရင်မီးဖို ဤလောကကြီး၌ နောက်တစ်ကြိမ် ပြန်ပေါ်လာသကဲ့သို့ အစစ်အမှန်နှင့် တူလာသည်။
“သိမ်းမယ်..”
ဧကရာဇ်ကလန်ကျွမ်းကျင်သူ အော်ဟစ်ကာ ဤအိုးကို ထိန်းချုပ်လိုက်ပြီး လည်အောင်လုပ်လိုက်သည်။ ထိုအိုးသည် မုန့်ထျန်းကျန်းကို နောက်တစ်ကြိမ် ရိုက်ခတ်လာကာ အိုးအဖုံးလည်းနောက်တစ်ကြိမ် ပွင့်လာသည်။
အိုးထဲမှ နီရဲတောက်ပနေသည့်အရည်များ ထွက်ပေါ်လာသည်။ အပူချိန်မှာ ချော်ရည်ကဲ့သို့ ပူကျစ်နေသော်လည်း ဤသည်မှာ ကြောက်စရာကောင်းသည့်သွေးများဖြစ်ကြောင်း အားလုံး လက်ခံထားကြသည်ပင်။
ဝုန်း..
မုန့်ထျန်းကျန်း၏ ညာလက်တောက်ပလာသည်မှာ ဖောက်ထွင်းမြင်နိုင်လုနီးပါးပင်။ ထို့နောက် ဖရိုဖရဲစွမ်းအင်များ အဆုံးမရှိလောက်အောင် ထွက်ပေါ်လာသည်။ သူ၏ဓားကိုင်ထားသည့်လက်မှ အိုးကို ဖောက်ထွက်သွားသည်။
ချွမ်းဟူသည့်အသံနှင့်အတူ ဓားအလင်းတန်းသည် ဤအနီရောင်မီးဖိုကို ဖောက်ထွက်သွားကာ ကောင်းကင်ကြီးတစ်ခုလုံး လင်းထိန်သွားသည်။ ထိုမီးဖိုကိုယ်ထည်မှာ တကယ်ကို ထိုးဖောက်ခံလိုက်ရသည်။
“ကောင်းတယ်…”
အင်ပါယာဂိတ်ပေါ်၌ လူတစ်စု စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်ကြ၏။ ယခင်ကတည်းက ယခုအချိန်ထိ သူတို့ ဘယ်တုန်းကများ ရန်သူကို အရင်တိုက်ဖူးသနည်း.. သို့သော် ယခုတော့ မုန့်ထျန်းကျန်း၏ စွမ်းအားမှာ ဤလူများကို လှုပ်ခတ်သွားစေသည်။
ဝုန်း..
အနီရောင်ဘုရင်မီးဖို တုန်ခါလာကာ ဆူညံသံများ ထွက်ပေါ်လာသည်။ ထို့အပြင် အိုးထဲမှ ရှည်လျားကာ မှုန်ဝါးသည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်နိုင်သည်ပင်။
ထိုပုံရိပ်၏ ခန္ဓာကိုယ်ကို ချိန်းကြိုးများဖြင့် ရစ်ပတ်ထားသည်ပင်။ သူပေါ်လာသည်နှင့် လောကကြီးတစ်ခုလုံး အမှောင်ကျသွားသလိုပင်။
ထိုအနီရောင်မီးဖိုပင် မြူများရစ်ဆိုင်းသွားသကဲ့သို့ ပို၍ မှုန်ဝါးလာသည်။
ထိုပုံရိပ်သည် အော်ဟစ်လိုက်ကာ ချက်ချင်း ပြေးထွက်လာလေ၏။ မုန့်ထျန်းကျန်းထံသို့ သူ၏လက်များကို ဆန့်တန်းလာကာ သူ့အား ဖမ်းချင်လာသည်။
ထိုကဲ့သို့သော အော်ရာမှာ ကြောက်စရာကောင်းလှပြီး လူတစ်ယောက်၏ မူလဝိညာဉ်ကိုပင် မတည်မငြိမ်ဖြစ်သွားစေသည်။ သူတို့ ဦးညွှတ်ချင်သည့်စိတ်ကို မခုခံနိုင်တော့။
အင်ပါယာဂိတ်ပေါ်ရှိ အကြီးအကဲတစ်စု ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာကာ မျက်နှာများလည်း ဖြူဖျော့လာသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာမှာ မည်မျှကြောက်စရာကောင်းကြောင်း သူတို့ ကောလဟာလများကြားဖူးသည်ပင်။
ခပ်ဝေးဝေးမှ ရန်သူစစ်တပ်ကြီးမှာမူ စိတ်လှုပ်ရှားစွာဖြင့်ပင် ဟစ်ကြွေးလာကြသည်။ သူတို့ မှော်ဆန်သည့်မြင်ကွင်းကို မြင်ချင်နေကြသည်။
အဘယ်ကြောင့်ဆိုသော် အနီရောင်ဘုရင်မီးဖိုပေါ်လာပြီးနောက် ဤသည်မှာ ပထမဆုံး ပြောင်းလဲမှုပင်။ သွေးနီထဲမှ ပုံရိပ်တစ်ခု ပြေးထွက်လာပြီး ရန်သူကို ဖမ်းဆုတ်ကာ သူ့အားမီးဖိုထဲ၌ ပြုပြင်ပစ်သည်။
ယခင်က ဤပုံရိပ် စွမ်းအားအကြီးဆုံးပုဂ္ဂိလ်များကို ပြုပြင်ခဲ့ကာ ကြောက်စရာကောင်းသည့် အောင်မြင်မှုများလည်း ရရှိခဲ့သည်ပင်။
ဝုန်း..
မုန့်ထျန်းကျန်း နည်းနည်းမှ မကြောက်မိ။ သူ အော်ဟစ်လိုက်ကာ ထိုမီးဖိုမှ ဓားကို ပြန်ဆွဲထုတ်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ ထို့အပြင် သူ၏အခြားလက်တစ်ဖက်လည်း တောက်ပလာကာ အကောင်းဆုံးနတ်ပညာကို ပြသလာသည်။ သူ၏လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာကာ မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းပြီး ရိုက်ချလိုက်သည်။
“ဒါက အငြိုးကြီးတဲ့ဘိုးဘေးတစ်ယောက်ရဲ့ ဝိညာဉ်ပဲ .. သူက အခုထိ မနိုးလာသေးဘူး..” မုန့်ထျန်းကျန်း ဒေါသတကြီး ပြန်ပြောလိုက်သည်။
ဤသည်မှာ အားလုံးကို စိတ်လှုပ်ရှားစေသလို အလွန်လည်း ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဤအနီရောင်ဘုရင်မီးဖိုသည် ယခင်က ထာဝရဘုရင်များကို ဝါးမြိုခဲ့ဖူးသည်ဟူသည့် ကောလဟာလများရှိခဲ့သည်ပင်။ အကျဉ်းသားများရှိနေလျှင် မည်သူဖြစ်နိုင်မည်နည်း.. သေချာတွေးကြည့်လိုက်သည်နှင့် သူတို့အားလုံး၏ ဦးရေပြားများ ထုံကျဉ်သွားရသည်။
အနီရောင်ဘုရင်မီးဖိုအစစ်သာပေါ်လာလျှင် မည်မျှပင် ကြောက်စရာကောင်းမည်ကို စဉ်းစားကြည့်နိုင်သည်။
ကံကောင်းစွာဖြင့်ပင် ဤသည်မှာ သဘာဝဥပဒေသများဖြင့် ဖန်တီးထားသည့်မီးဖိုသာ။ မဟုတ်ပါက ပို၍ပြဿနာများမည်ပင်။
ဒုန်း..
ဓားကြီး လှုပ်ခါလာကာ မီးဖိုနံရံကို ခုတ်ဖြတ်ပစ်လိုက်သည်။ ထို့အပြင် မုန့်ထျန်းကျန်း၏လက်ဝါး တောက်ပလာကာ ထိုအကျဉ်းကျနေသည့်အရိပ်ကို ရိုက်ချလိုက်သည်။
“ထတော့..” အကြီးအကဲအရှင် အော်ဟစ်လိုက်သည်။
“ထတော့..” တစ်ချိန်တည်းမှာပင် အင်ပါယာဂိတ်ပေါ်မှ လူများလည်း မျက်လုံးများ နီရဲလာကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ထာဝရဘုရင်တစ်ပါး၏ ဝိညာဉ်ဖြစ်နိုင်သည်ပင်။
အားလုံးအော်ဟစ်လိုက်သည့်အချိန်တွင် ထိုအရိပ်တုန်ခါလာသည်။
ရင်းနှီးနေသည့် အော်ရာများကို ရလိုက်သကဲ့သို့ သူ၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ ထိုအနီရောင်ဘုရင်မီးဖိုပင် ပျက်စီးပျောက်ကွယ်သွားသည်။
တစ်ဖက်လောကမှ စစ်တပ်ကြီး တိတ်ဆိတ်သွားကာ အလွန်ထိတ်လန့်သွားရသည်။ မုန့်ထျန်းကျန်းက ဒီလောက်တောင် ကြောက်စရာကောင်းတာလား .. သူက ဧကရာဇ်ကလန်ရဲ့ အနီရောင်ဘုရင်မီးဖိုကိုတောင် ဖျက်ဆီးပစ်နိုင်တာလား..
“ဒါက သူ အလျင်စလိုလုပ်လိုက်တဲ့ ဖြေရှင်းနည်းတစ်ခုပဲ .. သူက စစ်မြေပြင်နဲ့ အင်ပါယာဂိတ်ကလူတွေရဲ့ စိတ်စွမ်းအားကိုသုံးပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းမီးဖိုကို ဖျက်ဆီးလိုက်တာ..” တစ်ဖက်လောကမှ တစ်စုံတစ်ယောက် ဤရလဒ်ကို မကျေမနပ်ဖြစ်ကာ တီးတိုးရွတ်လိုက်သည်။
“မဟုတ်ဘူး .. ဒီလူက တော်တော်လေးကို သန်မာတယ် .. ဒါက အလျင်စလိုလုပ်တိုက်တဲ့ ဖြေရှင်းနည်းဆိုရင်တောင် သူ့မှာ ဒီမီးဖိုကို ပျက်စီးအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိနေတယ်..” အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
အနီရောင်ဘုရင်မီးဖိုထံ၌ ပုံစံများစွာ ရှိနေသည်ကို သူတို့သိသည်။ သို့သော်လည်း ပထမဆုံး ပြောင်းလဲမှုမှာပင် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်ပင်။
ပုံရိပ်ခြောက်ခု မတူညီသည့်နေရာလေးခုမှ မုန့်ထျန်းကျန်းကို ဝိုင်းလာသည်။
ဤလူများ ဘေးပတ်လည်ကို စောင့်ကြည့်နေသောကြောင့်သာ စစ်တပ်ကြီး ဝင်ပါမလာခြင်းပင်။ မဟုတ်ပါက အကျိုးဆက်မှာ စဉ်းစားကြည့်ရန်ပင် ခက်ခဲလိမ့်မည်။
ဝုန်း..
အဆင့်လွန်သက်ရှိခြောက်ဦး အရှေ့တိုးလာသည့်အချိန်တွင် ကန္တာရအနောက်ဘက်မှ ကြီးမားလှသည့်လှိုင်းများ ထွက်ပေါ်လာ၏။ ထိုနေရာ၌ လောကကြီးကို တုန်လှုပ်သွားစေနိုသည့် အလံတစ်ခုလွင့်နေသည်။ ထိုအလံသည် ကန္တာရထဲမှ ထွက်လာပြီး ရန်သူများကို ထိခိုက်အောင် လုပ်နေသည်။
ဤသည်မှာ သွေးများပင် မခြောက်သေးပဲ ပျက်စီးနေသည်အလံပင်။
“အရင်တုန်းက သွေးသံစစ်ပွဲအလံ..” တစ်ဖက်လောကမှ တစ်စုံတစ်ယောက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ဤသည်မှာ ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်စဟုလည်း ခေါ်သည်ပင်။ ပြောရမည်ဆိုလျှင် ဤအလံမှာ အလွန်ရေးပါလှသည်။ သူသည် ထာဝရရှေးဟောင်းခေတ်ကို ကိုယ်စားပြုနေသည်ဟုပင် ပြော၍ရသလို အတိတ်မှ စစ်ပွဲ၏ခါးသီးမှုကိုလည်း ကိုယ်စားပြုသည်ပင်။
မုန့်ထျန်းကျန်း ထိုအလံကို သူနှင့်အတူ ယူလာကာ သူ ဂိတ်မှထွက်ကတည်းက တိတ်တဆိတ် အသက်သွင်းကာ မြေအောက်သို့ ဝင်စေခဲ့ခြင်းပင်။
အဆင့်လွန်သက်ရှိခြောက်ဦး ထိုနေရာမှ ထွက်လာသည်နှင့် သူ ထိုအလံကို အသက်သွင်းလိုက်ကာ စစ်တပ်ကြီးကို အုပ်မိုးစေလိုက်သည်။ သူ ရှီဟောင်ကို ကယ်တင်လိုခြင်းပင်။
ဝုန်း..
ထိုအလံသည် ပျက်စီးနေပြီဖြစ်သော်လည်း အကန့်အသတ်မရှိသည့် နတ်ခွန်အားများ ထုတ်လွှတ်နေဆဲဖြစ်ကာ လူများကို ဝမ်းနည်ပူဆွေးစေသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရရှေးဟောင်းခေတ်မှ တိုက်ပွဲပြန်ပေါ်လာသကဲ့သို့ အလံမှ စစ်ပွဲကြွေးကြော်သံများ ထွက်နေဆဲပင်။
“သတ်..”
“ဒီမကောင်းတဲ့ နတ်ဆိုးကောင်တွေအားလုံးကို သတ်လိုက်ကြ..”
ထိုအလံမှ ပုံရိပ်များတစ်ခုပြီးတစ်ခု ထွက်လာသည်ကို မြင်နေရသည်။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီးနေသော်လည်း သူတို့ထုတ်လွှတ်သည့် တိုက်ပွဲအငွေ့အသက်များမှာ အံ့အားသင့်စရာကောင်းလှသည်။ အချို့သူများမှာ တစ်ယောက်ကိုတစ်ယောက်ထိန်းပြီး ခြေလှမ်းကျယ်များဖြင့် လျှောက်လှမ်းလာကြသည်။ သူတို့သည် တစ်ဖက်လောကမှ စစ်သားများထံသို့ ဦးတည်လာနေကြသည်။
ဖူး ဖူး ဖူး..
အလံကိုယ်တိုင်ပင်လျှင် ကောင်းကင်ဓားတစ်လက်ကဲ့သို့ တစ်ဖက်လောကမှ စစ်တပ်ကို သတ်ဖြတ်နေသည်။ ခေါင်းပေါင်း ထောင်ပေါင်းများစွာ ချက်ချင်းပြတ်ထွက်လာပြီး ခန္ဓာကိုယ်များလည်း နှစ်ပိုင်းပြတ်သွားကြလေသည်။
“သတ်..”
ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် မြို့ရိုးပေါ်၌ ရှိနေသည့်လူများလည်း သွေးများဆူပွက်လာကြသည်။
“ဂိတ်တံခါးဖွင့် .. ငါတို့လည်းသွားတိုက်ရမယ်..”
“အဲဒီကိုသွားပြီးတော့ အဲဒီမကောင်းတဲ့ကောင်တွေ အားလုံးကို သတ်ရမယ်..”
ခေါင်းဆောင်များအော်ဟစ်နေကြကာ စစ်ပွဲကျွမ်းကျင်သည့်တပ်ဖွဲ့များ သွေးများဆူပွက်လာပြီး တိုက်ပွဲ၌ ပါဝင်ခွင့်ရရန် တောင်းဆိုလာကြသည်။
“သတ်..” ပြိုင်ဘက်ကင်းသက်ရှိပင်လျှင် အားလုံးရှေ့၌ သူ့သဘောထားကို ဖော်ထုတ်ပြလာသည်။
အပိုင်း ၁၇၄၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၅ – သတ်ဖြတ်ခြင်းဖြင့် ဂုဏ်သိက္ခာထူထောင်ခြင်း
ဝုန်း..
ကန္တာရအတွင်းပိုင်း၌ သွေးသံစစ်ပွဲအလံသည် မြောက်ပိုင်းလေကဲ့သို့ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရန်သူတပ်သားများစွာ ကျဆုံးသွားကာ နေရာတိုင်း၌ သွေးမြူများ ပေါ်လာသည်အထိ သတ်ဖြတ်ခံနေရသည်။
သို့သော်လည်း နှမြောစရာကောင်းသည်မှာ ထိုအလံ ရှီဟောင်နားသို့ ကပ်လာသည်နှင့် ထာဝရအလင်းထွက်ပေါ်လာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ် ပေါ်လာကာ သွေးသံစစ်ပွဲအလံထံသို့ တရှိန်ထိုးပြေးလာသည်။
အခြားတစ်ဖက်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်မှာ သေချာသည်။ အချိုု့ အဆင့်လွန်သက်ရှိများသည် မတိုက်ခိုက်ကြသေးပဲ ရှီဟောင် ရှိနေသည့်နေရာကိုသာ အမြဲတမ်းစောင့်ကြည့်နေကြသည်ပင်။
“သတ်..”
အင်ပါယာဂိတ်မြို့ရိုးပေါ်မှ အကြီးအကဲတစ်စု ဟစ်ကြွေးလိုက်ကြ၏။ ဤသည်မှာ တကယ်ကို စိတ်အားတက်ကြွစေသည်။ ယခု ပြိုင်ဘက်ကင်းသက်ရှိမှ သူ၏ သဘောထားကို ကြေငြာလိုက်သောကြောင့် လူများစွာ သွေးများဆူပွက်လာကာ တိုက်ခိုက်လိုသည့်စိတ်ဝိညာဉ်များလည်း ထွက်ပေါ်လာသည်။
ရွှီးဟူသည့်အသံများနှင့်အတူ မြို့ရိုးပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြကာ မြို့ရှေ့၌ ပေါ်လာသည်။ သူတို့အားလုံး ထိုရှေးဟောင်းယဇ်ပုလ္လင်ထက်သို့ တက်လိုက်ကြသည်။
“မြို့တံခါးကို ဖွင့်ပေးပါ .. ကျွန်တော်တို့ကို သွားခွင့်ပေး..” ခေါင်းဆောင်အချို့ ယဇ်ပုလ္လင်ပေါ်၌ ရပ်လိုက်ကာ မြို့ဂိတ်တံခါးကိုဖွင့်ပေးရန် တောင်းဆိုလိုက်သည်။ လေထုမှာ ချက်ချင်းပင် ပြောင်းလဲသွားကာ ထူးချွန်သည့် သူရဲကောင်းများအားလုံး တုန်လှုပ်သွားရသည်။
အထူးသဖြင့် ပြိုင်ဘက်ကင်းသက်ရှိတစ်ဦးလည်း မြို့ရိုးပေါ်မှ ခုန်ဆင်းကာ သူလည်း ယဇ်ပုလ္လင်ရှေ့၌ ရပ်လိုက်သည်ပင်။
“မြို့ကနေထွက်ပြီးတော့ တာအိုရောင်းရင်း မုန့်ထျန်းကျန်းကို ကူညီမယ်..”
ပြိုင်ဘက်ကင်းသက်ရှိ ဤကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ကာ တရှိန်ထိုးပြေးထွက်သွားသည်နှင့် အနောက်ဘက်တွင်ရှိနေသည့်တပ်သားအားလုံး တုန်လှုပ်သွားရသည်။ စစ်ပွဲကြွေးကြော်သံများမှာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။ သူတို့လည်း တရှိန်ထိုးပြေးထွက်လာကြသည်။
ကျင်းထိုက်ကျွင်း ဟွမ်အား လက်လွှဲပေးလိုက်ကတည်းက သူတို့ဒေါသထွက်နေခြင်းပင်။ ယခုတော့ သူတို့ဒေါသကို ဖွင့်ထုတ်ရန် အခွင့်အရေးရလာလေပြီ။
မြို့ရိုးပေါ်တွင် မလှုပ်မယှက်ရှိနေသည့် သူအချို့ ရှိနေဆဲပင်။ ဥပမာအားဖြင့် ကျင်းမိသားစု၊ ဝမ်မိသားစု၊ တုမိသားစု၊ ဖီရှူးနှင့် အခြားသူများပင်။ သူတို့အားလုံး အပေါ်စီးမှနေ၍ အော်ဘက်မှမြင်ကွင်းကို ကြည့်နေကြသည်။
“ရှင်တို့အားလုံး လက်လွတ်စပယ်လုပ်နေကြတယ်..” ကျင်းထိုက်ကျွင်း ပြောလိုက်၏။ သူမ၏ခန္ဓာကိုယ်ပေါ်မှ ဓားရာမှာ အစောကြီးကတည်းက ပျောက်သွားလေပြီ။
သို့သော် သူမစကားပြော၍မပြီးသေးခင်မှာပင် အခြား ပြိုင်ဘက်ကင်းသက်ရှိတစ်ဦးလည်းပြောလာလေ၏။ “ညီအစ်ကိုမုန့်က သတ္တိရှိရှိနဲ့ ပြေးထွက်သွားပြီး အင်ပါယာဂိတ်ရှေ့မှာ တစ်ယောက်တည်း တိုက်ခိုက်နေရတာ … ငါတို့လည်း သွားကူသင့်တယ်..”
ထို့နောက် ရွှီးဟူသည့်အသံနှင့်အတူ သူလည်း မြို့ရိုးပေါ်မှ ပျောက်ကွယ်သွားကာ ယဇ်ပုလ္လင်ထက်၌ ပေါ်လာသည်။ သူမြို့ထဲမှ ချက်ချင်းထွက်သွားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အဆင့်လွန်သက်ရှိအဆင့် တိုက်ပွဲဖြစ်သောကြောင့် အဆင့်တူသည့်သူများသာ ကူညီပေးနိုင်လိမ့်မည်။ အခြားခေါင်းဆောင်များနှင့် အခြားသူများမှာ စစ်တပ်ကြီးနှင့်သာ တိုက်ခိုက်နိုင်လိမ့်မည်။
မြို့ရိုးပေါ်၌ ရှိနေသည့် ကျင်းထိုက်ကျွင်း၏အမူအရာမှာ ပို၍ရုပ်ဆိုးလာကာ ပို၍ အေးစက်လာသည်။ “ဒီလိုမျိုး ကူညီပေးနေရုံနဲ့ ဘာပြောင်းလဲလာမှာ မို့လို့လဲ..”
“တစ်ခုခုတော့ ဖြစ်လာနိုင်လောက်ပါတယ်..” ချီဟုန်၏ဆရာ ပြောလိုက်သည်။ သူ့ကို အကြီးအကဲချင်းမူဟုခေါ်ပြီး သူလည်းအလွန်အသက်ကြီးနေပြီဖြစ်သည့် အဆင့်လွန်သက်ရှိပင်။ သူသည် ယခင်က ဝိညာဉ်ငါးခုစစ်ရထားလုံးကိုစီးကာ ခေတ်တစ်ခုအား လွှမ်းမိုးခဲ့သည်ပင်။
သို့သော် ယခုအချိန်တွင် သူအလွန်အသက်ကြီးနေပြီဖြစ်ပြီး သူ့ဘဝ၏နောက်ဆုံးနှစ်များသို့ ရောက်နေပြီဖြစ်သည်။ သူ၏ရွှေရောင်နေ့ရက်များနှင့် ယှဉ်လျှင် သူ၏သွေးစွမ်းအင်များမှာ မတောက်ပတော့။
ကျင်းထိုက်ကျွင်းသည် တုတ်ကောက်အသစ်ကို ကိုင်ထားပြီးဖြစ်ပြီး မြေပြင်ထက်သို့ဒုန်းကနဲ စောင့်ချလိုက်သည်။ “သူတို့ ဟွမ်ကို ပြန်လုနိုင်မှာလား .. ရှင်တို့အားလုံး သိရမှာက ကျွန်မတို့က ရှားပါးတဲ့ ငြိမ်းချမ်းမှုနဲ့ လဲထားတာ .. သူတို့ဘက်က သွေးကျမ်းကျိန်ပြီးသွားပြီ .. နှစ်ငါးရာငြိမ်းချမ်းမှုက သေချာနေပြီ .. ကျွန်မတို့ စွမ်းအားကြီးတဲ့ တပ်ကူတွေ ရောက်လာမှာကို စောင့်ဖို့ပဲလိုတာ .. သူတို့တွေက ဒါကို ဖျက်ဆီးပစ်နေကြတာ .. မကောင်းမှုတွေ ကျူးလွန်နေကြတာ..”
သူမသည် မြို့ထဲမှ တရှိန်ထိုး ပြေးထွက်သွားသည့်သူများကို ဒေါသတကြီးဖြင့်ပင် အေးစက်စွာ စိုက်ကြည့်နေလေ၏။
သူမနောက်ရှိ ကျင်းမိသားစုမှလူများအားလုံး သူမကို ထောက်ခံလိုက်ကာ ဤလူများ မြို့ထဲမှ ထွက်မသွားသင့်ဘူးဟူသည့်အမူအရာများ လုပ်နေကြသည်။ အမှန်တကယ်တွင် သူတို့ အကြီးအကဲမုန့်ထျန်းကျန်းကိုလည်း အော်ဟစ်ဆူပူချင်နေသည်ပင်။ သူတို့ မလုပ်ရဲသောကြောင့်သာ။
အဘယ်ကြောင့်ဆိုသော် ကျင်းထိုက်ကျွင်းပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး သူ၏ပြိုင်ဘက်မဟုတ်သောကြောင့် မည်သူက လက်လွတ်စပယ် ပြောရဲမည်နည်း..
“မုန့်ထျန်းကျန်းက သွေးဆူနေတာ .. ရှင်တို့အားလုံး သူ့ကို တားလိုက်သင့်တယ်..” မုန့်ထျန်းကျန်း၏မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်လာသည်။ အစောပိုင်းက ကိစ္စကို ပြန်စဉ်းစားမိသွားသည့်အချိန် သူမ ရှက်ရွံ့လာရသည်။
သူမ အကြီးအကဲ ချင်းမူကိုကြည့်ပြီးနောက် ထာဝရဝမ်အား ကြည့်လိုက်သည်။ အထူးသဖြင့် ဒုတိယတစ်ယောက် မလှုပ်ရှားသောကြောင့် သူမ မကျေမနပ်ဖြစ်လာလေသည်။
ထာဝရဝမ်တွင် ထူးဆန်းသည့် နတ်စွမ်းရည်များ ရှိနေသောကြောင့် သူ မုန့်ထျန်းကျန်းကို ထိန်းချုပ်နိုင်သည်ပင်။ သူတို့နှစ်ယောက်သာ ပူးပေါင်းလိုက်လျှင် သူတို့ မုန့်ထျန်းကျန်းကို ဖိနှိပ်နိုင်လောက်သည်။
“အစ်ကိုမုန့်က ရိုင်းစိုင်းပြီးတော့ စိတ်မြန်လက်မြန်ရှိတဲ့သူမဟုတ်ဘူး… သူသေချာစဉ်းစားထားပြီးသား .. သူ့မှာရွေးချယ်စရာမရှိလို့ ဒီလိုလုပ်လိုက်ရတာ…” အကြီးအကဲ ချင်းမူ သက်ပြင်းချ၍ ပြောလိုက်သည်။
“တာအိုရောင်းရင်းချင်းမူ.. ရှင်ဘာပြောတာလဲ..” ကျင်းထိုက်ကျွင်း၏အမူအရာမှာ အနည်းငယ် ပို၍အေးစက်လာသည်။ “မုန့်ထျန်းကျန်းက စိတ်အေးအေးမထားနိုင်တာ သိသာနေတာပဲကို .. ဟွမ်ထွက်သွားတာကိုမြင်လိုက်တော့ သူက ဖြစ်လာမယ့်အကျိုးဆက်ကိုတောင် မစဉ်းစားနိုင်တော့ပဲ ပြေးထွက်သွားကာ .. သူက ဘာလုပ်သင့်လဲဆိုတာ မသိတော့ဘူး .. ပိုကောင်းတဲ့အခြေအနေကို ဖျက်ဆီးပစ်လိုက်ပြီ .. ဒါက အဆင့်လွန်သက်ရှိတစ်ယောက် လုပ်သင့်တဲ့အလုပ်မဟုတ်ဘူး..”
ဤသည်မှာ ပြင်းထန်လှသည့် မှတ်ချက်ပင်။ တုမိသားစု၊ ဖီရှူးကလန်နှင့် ကျင်းမိသားစုမှ လူများမှာ ဤစကားများကို ကြားလိုက်ရသည်နှင့် တုန်လှုပ်သွားရသည်။ ကျင်းထိုက်ကျွင်းက မုန့်ထျန်းကျန်းကို ရန်စတော့မှာလား .. ဒါမှမဟုတ် သူ ပြန်မလာနိုင်တော့ဘူးလား .. ဤသည်မှာ လူအချို့ ခန့်မှန်းနေသည့်အရာပင်။
တစ်ချိန်တည်းမှာပင် အချိန်မီ ထွက်မသွားလိုက်နိုင်သည့် စစ်ပွဲကျွမ်းကျင်သည့်တပ်စုမှလူအချို့ ဤစကားများကို ကြားလိုက်ရသည်ပင်။ သူတို့အားလုံး အမူအရာများ ပြောင်းလဲသွားရ၏။ သူမက မုန့်ထျန်းကျန်းကို အပြစ်ဖို့တော့မှာလား..
မုန့်ထျန်းကျန်းသာ ပြန်မလာနိုင်ပဲ အပြင်ဘက်၌ သေသွားပါက သူ့နာမည်တွင် ပြစ်မှုများ ကပ်ပါသွားမည်ပင်။
သူတို့ ကျင်းထိုက်ကျွင်းကို ကြည့်လိုက်သည့်အချိန် ဒေါသထွက်လာသော်လည်း သူတို့ဘာမှမလုပ်နိုင်။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိတစ်ဦး မျက်တောင်ခတ်လိုက်သည်နှင့်ပင် သူတို့ကို ဖိအားကြီး ခံစားရစေနိုင်သည်။
“ခင်ဗျား စကားတွေ မှားနေတယ်..” အဆင့်လွန်သက်ရှိချင်းမူ ခေါင်းခါကာ သက်ပြင်းချ၍ ပြောလိုက်သည်။ “တာအိုရောင်းရင်းမုန့်က သူ့ရဲ့ဆုံးဖြတ်ချက်တွေမှာ ဘယ်တုန်းကမှ သူ့ခံစားချက်တွေကို မလွှမ်းမိုးစေခဲ့ဘူး .. သူ့မှာ နက်နဲတဲ့ရည်ရွယ်ချက်တွေ ရှိနေတယ် … ဒါက အစောကြီးကတည်းက ကျုပ်နားလည်နေတဲ့အရာပဲ..”
“တာအိုရောင်းရင်းချင်းမူ .. ရှင်ဘာပြောချင်တာလဲ..” ကျင်းထိုက်ကျွင်း၏အမူအရာမှာ ထိုမျှ ပျော်ရွှင်မနေ။
“ညီအစ်ကိုမုန့်က အင်ပါယာဂိတ်ကို ကျရောက်လာမယ့် အန္တရာယ်တွေကို ဖြေလျော့ပေးဖို့ အကောင်းဆုံးကြိုးစားနေတာ..” ချင်းမူ သက်ပြင်းချ၍ ပြောလိုက်သည်။
“ရှင် ကျွန်မတို့ကို စကားလုံးတွေနဲ့ ခြောက်ချင်နေတာလား .. ကျွန်မတို့ တစ်ဖက်လောကနဲ့ သဘောတူညီမှု ရပြီးသား ..အင်ပါယာဂိတ်ကြီး ယာယီအားဖြင့် ငြိမ်းချမ်းလိမ့်မယ်ဆိုတာ သွေးကျမ်းကျိန်ပြီးသား .. အဲဒါကို သူ.. မုန့်ထျန်းကျန်းက ဖျက်ဆီးပစ်လိုက်တာ .. သူက ဘာတွေများကောင်းအောင် လုပ်နေတာလဲ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။
“ဒီတစ်ခေါက် မသေမျိုးဘုရင်တွေ ပြန်နိုးထလာပြီး ကောင်းကင်ချောက်နက်ကို တိုက်ခိုက်ရင်တောင် သူတို့ ဖြတ်လာနိုင်လောက်မှာမဟုတ်မှန်း ကျုပ်တို့နှစ်ယောက်လုံး သိပြီးသားပါ..” ချင်းမူ ပြောလိုက်သည်။
“ရှင်က အရမ်းကို အကောင်းမြင်နေတာပဲ .. သူတို့အောင်မြင်နိုင်ချေကနေ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းထိရှိတယ်..” ကျင်းထိုက်ကျွင်း ညှို့မှိုင်းစွာ ပြောလိုက်သည်။
“သူတို့ ဖြတ်လာနိုင်ရင်တောင် သူတို့ လုပ်မှာမဟုတ်ဘူးဆိုတာ ကျုပ်တို့နှစ်ယောက်လုံး နားလည်ထားပြီးသားပဲ .. ဘာလို့လဲဆိုတော့ ဒီလိုမျိုးတိုက်ရင် သူတို့အများကြီး ပေးဆပ်ရလိမ့်မယ် .. သူတို့တွေက ဒီလိုမျိုး မပေးဆပ်ချင်ကြဘူး .. မဟုတ်ရင် လွန်ခဲ့တဲ့နှစ်တွေကတည်းက သူတို့တိုက်ပြီးသွားလောက်ပြီ..” အဆင့်လွန်သက်ရှိချင်းမူ ပြောလိုက်သည်။
မသေမျိုးဘုရင်များသာ အားကုန်ထုတ်သုံးလိုက်ပါက သူတို့ဖြတ်လာနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ သို့သော် သူတို့ပေးဆပ်ရမည့်တန်ဖိုးလည်း နည်းမည်မဟုတ်။ အလွန်ကြီးမားလိမ့်မည်။
ထို့အပြင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခု၌ မသေချာမှုများဖြင့် ပြည့်နေသည်ပင်။ သူတို့ကို တိုက်ထုတ်ခဲ့သည့် သက်ရှိများသာ ရုတ်တရက်ပေါ်လာပါက တစ်ဖက်လောကမှ ကျွမ်းကျင်သူများအတွက် အလွန်ဆိုးရွားသွားလိမ့်မည်။
ထို့ကြောင့်ပင် တစ်ဖက်လောကမှ သက်ရှိများသည် အများကြီး မပေးဆပ်ရပဲ ကောင်းကင်ချောက်နက်အား ဖြတ်သန်းလာလိုခြင်းပင်။
နှစ်ပေါင်းများစွာ တွက်ချက်မှုများအရ သူတို့ပို၍ ယုံကြည်ချက်ခိုင်မာလာသည်။ သူတို့ကိုသာ အချိန်တစ်ခုပေးလိုက်လျှင် သူတို့ ကောင်းကင်ချောက်နက်ကို ဘေးကင်းစွာ ဖြတ်သန်းနိုင်လိမ့်မည်။
“သူတို့ဖြတ်မလာဘူးဆိုတာ သေချာလား .. ဒီတစ်ခေါက် အခြေအနေက အတော်လေး ရှုပ်ထွေးနေတယ်..” ကျင်းထိုက်ကျွင်း ပြန်ပြောလိုက်သည်။
“ဟုတ်တယ် .. အခြေအနေက နည်းနည်းလေး ရှုပ်ထွေးနေတယ် .. ဥပမာအားဖြင့် သစ်သားသေတ္တာနဲ့ မသေမျိုးသက်ရှိတွေက ပစ္စည်းတွေ .. ဒါတွေအားလုံးက သူတို့ လှုပ်ရှားရတဲ့ အကြောင်းရင်းတွေပဲ..” အဆင့်လွန်သက်ရှိချင်းမူ ခေါင်းညိမ့်လိုက်သည်။
“အဲဒါကြောင့်မို့လို့ သူတို့ ဖြတ်လာနိုင်မလား မလာနိုင်ဘူးလားဆိုတာက ကျွန်မတို့ လောင်းကြေးထပ်ရမယ့်ဟာမဟုတ်ဘူး.. ဘေးအကင်းဆုံး ရွေးချယ်မှုက သူတို့တောင်းဆိုမှုကို လက်ခံပေးပြီး သွေးကျမ်းကျိန်တာပဲ…” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။
အင်ပါယာဂိတ်အတွက် သူမ လုပ်နေသည်မှာ အားလုံးမှန်ပြီး မုန့်ထျန်းကျန်းမှာ သွေးဆူလွယ်သည့်သူဖြစ်ပြီး အခြေအနေကောင်းများကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောနေလေ၏။
“ညီအစ်ကိုမုန့်က ဒီလိုလူမျိုးမဟုတ်ဘူး .. သူက အန္တရာယ်ကို ပယ်ဖျက်ပေးဖို့ကြိုးစားနေတာ..” အကြီးအကဲချင်းမူ ခေါင်းခါလိုက်သည်။ “ရောင်းရင်း နှစ်ငါးရာငြိမ်းချမ်းမှုနဲ့ လဲလိုက်နိုင်တယ်ဆိုရင်တောင် လူတွေရဲ့စိတ်ကို ဘယ်လိုလုပ်မလဲ .. ဟွမ်ကို ဒီလိုမျိုး လဲလိုက်တာက လူတွေရဲ့စိတ်တွေကို အေးခဲသွားစေလိမ့်မယ်… ရှေ့တန်းမှာ အမြဲတမ်း တိုက်ခိုက်နေခဲ့တဲ့သူတွေ ဘယ်လောက်တောင် ဒေါသထွက်လိုက်ကြမလဲ … ပြီးတော့ အားလုံး စိတ်ဓာတ်ကျသွားလိမ့်မယ် .. ဘာလို့လဲဆိုတော့ ကာလတိုငြိမ်းချမ်းရေးလေးအတွက်နဲ့ ကိုယ့်လူကိုကိုယ် ပြန်ရောင်းစားလိုက်ရင် လူတွေရဲ့ တိုက်ခိုက်လိုတဲ့စိတ်ကို ပျက်စီးသွားစေလိမ့်မယ် .. သူတို့က တစ်ဖက်လောကထက် နိမ့်ကျတယ်လို့ ခံစားသွားကြရလိမ့်မယ် .. အဲဒီလိုသာဆိုရင် ငါတို့ လူတွေရဲ့စိတ်တွေကို ဆုံးရှုံးလိုက်ရမှာ..”
ကျင်းထိုက်ကျွင်း၏မျက်နှာ အေးစက်လာသည်။ “ရှင်ပြောတဲ့အတိုင်းဆိုရင် မုန့်ထျန်းကျန်း ဒီလိုမျိုးပြေးထွက်သွားပြီး ဟွမ်ကို ကယ်တာက မှန်တာလား .. ဒါက ပိုကောင်းတဲ့အခြေအနေကို ဖျက်ဆီးပစ်နေတာ..”
“မင်းမှားနေပြီ .. သူ ဂိတ်ကနေ ထွက်သွားကတည်းက သူ ဟွမ်ကို ကယ်နိုင်မှာမဟုတ်ဘူးဆိုတာ ညီအစ်ကိုမုန့် သိပြီးသား .. သူက တစ်ကိုယ်ကောင်းဆန်တဲ့အကြောင်းပြချက်တွေနဲ့ သွားတိုက်တာမဟုတ်ဘူး..” အကြီးအကဲချင်းမူ ဝမ်းနည်းစွာသက်ပြင်းချလိုက်သည်။
သူ အောက်ဘက်ရှိ တိုက်ပွဲမြင်ကွင်းကို ကြည့်လိုက်ပြီးနောက် ကူညီပေးရန်အတွက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ဟွမ်ကို မကယ်နိုင်မှန်းသိတာတောင် ဒီလိုလုပ်နေတာဆိုတော့ သူက လက်လွတ်စပယ်လုပ်တာပဲပေါ့ .. သူက သူ စိတ်လိုက်မာန်ပါလုပ်တဲ့ပုံ ပေါ်နေတယ်..” ကျင်းထိုက်ကျွင်း ဝေဖန်လိုက်သော်လည်း သူမ စိတ်ထဲ တုန်လှုပ်နေလေပြီ။ အဘယ်ကြောင့်ဆိုသော် သူမလည်း တစ်ခုခုကို စဉ်းစားမိသွားလေပြီ။
“သူမအောင်မြင်နိုင်မှန်းသိပေမယ့် သူ ရှေ့ဆက်တိုးသွားနေတုန်းပဲ .. သူက ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာ မင်းမသိဘူးလို့တော့ ငါ့ကိုမပြောနဲ့နော် ..” အကြီးအကဲချင်းမူ၏အမူအရာလည်း အေးစက်လာသည်။ “ညီအစ်ကိုမုန့်က ဖြစ်လာမယ့်အကျိုးဆက်အတွက် လုပ်နေတာ .. အင်ပါယာဂိတ်က ကလန်တွေရဲ့ တိုက်ခိုက်ချင်တဲ့စိတ်ဓာတ်တွေ ပြန်တက်ကြွလာအောင်လို့၊ လူတွေ စိတ်တွေ လွတ်လပ်သွားအောင်လို့၊ စိတ်ဓာတ်ကျမသွားအောင်လို့ လုပ်နေတာ..”
“ဟုတ်တယ် .. မုန့်ထျန်းကျန်းက သတ်ဖြတ်ပြီးတော့ ဂုဏ်သိက္ခာကို တည်ထောင်ချင်နေတာ .. သူ့ရဲ့နတ်ခွန်အားကို အားလုံးမြင်အောင် ပြချင်နေတာ .. သူက မျှော်လင့်ချက်တွေ ပေးပြီးတော့ ငါတို့ရဲ့ တိုက်ခိုက်ချင်တဲ့စိတ်တွေ တက်ကြွလာအောင်လုပ်နေတာ..” ထိုအခိုက်အတန့်တွင် တစ်ချိန်လုံး ငြိမ်နေသည့် ထာဝရဝမ်မှ အံ့အားသင့်စရာကောင်းစွာ ပြောလာသည်။
“ကျုပ်လည်း စစ်ပွဲထဲ သွားတော့မယ် .. ခင်ဗျားတို့အားလုံး ဂိတ်ကို စောင့်ရှောက်ထားပါ..” အကြီးအကဲချင်းမူ ဤကဲ့သို့ ပြောလိုက်ပြီးနောက် သူ့နေရာမှ ပျောက်သွားလေ၏။
“သွားလိုက် .. ငါလည်း ဂိတ်ကိုကာကွယ်ဖို့အတွက် ရောက်လာတာ..” ထိုအချိန်တွင် မြို့ရိုးထက်၌ တစ်ကိုယ်လုံး ရွှံ့များ ဖုံးလွှမ်းနေသည့် အခြားအကြီးအကဲတစ်ဦး ပေါ်လာ၏။
ဤသည်မှာ အင်ပါယာဂိတ်၌ အသက်အကြီးဆုံး အဆင့်လွန်သက်ရှိပင်။
ဝုန်း..
ကန္တာရထဲတွင် စစ်ပွဲကြွေးကြော်သံများမှာ ကောင်းကင်ကြီးကို လှုပ်ခတ်နေသည်။
မုန့်ထျန်းကျန်းသည် လက်ထဲ၌ ဓားတစ်လက်ကိုင်ထားပြီး ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိနှင့် တိုက်ခိုက်နေသလို အခြား အဆင့်လွန်သက်ရှိများနှင့်လည်းတိုက်ခိုက်နေသည်ပင်။
ထိုအခိုက်အတန့်တွင် မြို့ထဲမှ ပြိုင်ဘက်ကင်းသက်ရှိသုံးဦး ရောက်ရှိလာပြီး သူ့အား လာကူညီကြသည်။
ခေါင်းဆောင်များမှာ အဆင့်လွန်သက်ရှိများနှင့် အဝေး၌နေကာ ဘေးဘက်မှ ရန်သူစစ်တပ်ထံသို့ ဦးတည်သွားလိုက်သည်။
“သတ်…”
စစ်ပွဲကြွေးကြော်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
ဖူး…
မုန့်ထျန်းကျန်း၏ သူရဲကောင်းဆန်မှုမှာ ပြိုင်ဘက်ကင်းပင်။ သူသည် ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိနှင့်ရင်ဆိုင်နေရသော်လည်း တည်ငြိမ်နေဆဲပင်။ ထို့အပြင် ထိုအခိုက်အတန့်၌ သူသည် အခြား အဆင့်လွန်သက်ရှိ၏ခန္ဓာကိုယ်ကိုနှစ်ပိုင်းဖြတ်ပစ်ကာ သွေးမိုးရွာသွန်းအောင် လုပ်လိုက်သည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သိထားရမည်မှာ သူသည် ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိအပြင် အခြား အဆင့်လွန်သက်ရှိ ခြောက်ဦး၏ တိုက်ခိုက်မှုကိုလည်း ခုခံနေရသည်ပင်။ ဤကဲ့သို့သော အခြေအနေမျိုးမှာပင် သူဤကဲ့သို့သော အောင်မြင်မှု ရအောင်လုပ်နိုင်သေးသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
အင်ပါယာဂိတ်မှ ပြိုင်ဘက်ကင်းသက်ရှိသုံးဦး ထွက်လာပြီး သူ၏ဖိအားကို ဝေမျှနေသော်လည်း သူတစ်ယောက်တည်း စွမ်းအားကြီးစွာ တိုက်ခိုက်နေဆဲပင်။
“မင်းတို့အားလုံး နောက်ဆုတ် .. ငါ့ဧကရာဇ်ကလန်က တိုက်ခိုက်ရင် ငါတို့က တစ်ခြားသူကို အနိုင်ယူဖို့ ဘယ်တော့မှ အုပ်စုမဖွဲ့ဘူး .. ငါ့ကလန်က အရှုံးမရှိတဲ့ကလန်..” ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိမှ အော်ဟစ်လိုက်သည်။
သူ အခြား အဆင့်လွန်သက်ရှိများကို ထွက်သွားစေပြီး သူနှင့် မုန့်ထျန်းကျန်း၏တိုက်ခိုက်မှုကို နှောက်ယှက်ခွင့်မပြု။
“စီနီယာမုန့်က ပြိုင်ဘက်ကင်းပဲ..” အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူအချို့ အော်ဟစ်လာကြသည်။
ယခင်က ဧကရာဇ်ကလန်မှာ တကယ်ကို ပြိုင်ဘက်ကင်းပြီး မည်သူမှ သူတို့နှင့်မယှဉ်နိုင်။ သို့သော် ယနေ့တော့ မုန့်ထျန်းကျန်းမှာ ဤမျှစွမ်းအားကြီးနေပြီး အားလုံးကို စိတ်ဓာတ်တက်ကြွစေသည်။
ဖူး..
ကြောက်စရာကောင်းသည့် နတ်ဓားအလင်းတန်းတစ်ခု ကောင်းကင်ကို ထိုးဖောက်သွားလေ၏။ နောက်ဆုံးအချိန်မှာပင် ထိုဓားအလင်းတန်းသည် ဒဏ်ရာရနေသည့် အဆင့်လွန်သက်ရှိတစ်ဦး၏ ခေါင်းကို ဖြတ်သွားလေသည်။
ထိုအဆင့်လွန်သက်ရှိ ဒေါသတကြီး ဟစ်ကြွေးလိုက်၏။ သူမသေသွားသောလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ပင်။ သူ၏ဒဏ်ရာရနေသည့် ခန္ဓာကိုယ် လွင့်ထွက်သွားကာ သွေးမိုးဖြစ်သွားလေသည်။
ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိ၏ အမူအရာမှာ အေးခဲနေလေပြီ။ သူ တစ်ခြားသူများကို ဝင်မပါစေချင်သော်လည်း သူ့ကိုလာကူညီသည့် အဆင့်လွန်သက်ရှိတစ်ဦး အသက်ဆုံးရှုံးသွားလေပြီ။
ချွမ်း..
ဓားမှ တောက်ပသည့်အလင်းများ ထုတ်လွှတ်လာသည်။ မုန့်ထျန်းကျန်း၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ သူ့ဘေးပတ်လည်တွင် အချိန်အပိုင်းအစများ ဝဲပျံနေကာ သူ ထိုခေါင်းဖယ်ရှားခံလိုက်ရသည့် အဆင့်လွန်သက်ရှိထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
“မင်း လုပ်ရဲတယ်လား..” အခြားသူများအားလုံး သူ့ကို တားဆီးလာကြသည်။
မုန့်ထျန်းကျန်း တစ်ကိုယ်လုံး ပတ်လည်၌ အလင်းများ ရစ်ဆိုင်းလာသည်။ သူ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်းကို မအောင်မြင်လိုက်သော်လည်း သူ့ထံတွင် ထူးခြားသည့် နတ်ခွန်အားများ ပိုင်ဆိုင်ထားဆဲပင်။ ထို့အပြင် သူ မပျက်စီးနိုင်သည့် ကျမ်းစာကို အသက်သွင်းပြီးသွားသည်နှင့် ဝုန်းဟူသည့်အသံနှင့်အတူ လမ်းတွင်ရှိနေသည့် အဆင့်လွန်သက်ရှိနှစ်ဦးကို တိုက်ခိုက်သွားသည်။
ဖူး..
ဤသည်မှာ စိတ်ကူးကြည့်ရန်ပင် တကယ်ကို ခက်ခဲလှသည်။ အဆင့်လွန်သက်ရှိ၏ မယုံကြည်နိုင်သည့်အကြည့်များအောက်၌ပင် ထိုခေါင်းပြတ်သွားသည့် အဆင့်လွန်သက်ရှိ ပေါက်ကွဲသွားကာ ကောင်းကင်မျက်ရည်နှင့် အခြားပုံမှန်မဟုတ်သည့် မြင်ကွင်းများ ဖြစ်ပေါ်လာသည်။
“သတ်ဖြတ်ပြီးတော့ ဂုဏ်သိက္ခာကို တည်ဆောက်မယ် .. စီနီယာမုန့်က ပြိုင်ဘက်ကင်းပဲ..” အင်ပါယာဂိတ်မြို့ရိုးပေါ်မှ လူများစွာ အော်ဟစ်လာကြသည်။
“မင်းတို့အားလုံးနောက်ဆုတ်ကြ .. သူ့ကို ငါတစ်ယောက်တည်း တိုက်ခိုက်မယ်..” ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်ကာ အဆုံးမရှိသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
“ဒီနှစ်တွေမှာ အင်ပါယာဂိတ်မှာ သေသွားတဲ့သူတွေကို ပူဇော်ရမယ့် ဧကရာဇ်ကလန်ခေါင်းတွေ မရှိတော့ဘူး .. မင်းရဲ့ခေါင်းနဲ့ ဘိုးဘေးတွေ ကျေနပ်အောင်လုပ်ပေးရမယ်.” မုန့်ထျန်းကျန်းပြောကာ သူ၏ဓားကို မြှောက်လိုက်သည်။
အပိုင်း ၁၇၄၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၆ – သတ်ဖြတ်လိုသည့်အော်ရာ ကောင်းကင်ထက်သို့ ပျံ့လွင့်လာခြင်း
ဧကရာဇ်ကလန်က တစ်ယောက်ယောက်ကို သတ်မှာလား .. မုန့်ထျန်းကျန်းစကားများမှာ သိပ်မကျယ်သော်လည်း သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ အားလုံးကို တုန်လှုပ်သွားစေသည်။
ဤနှစ်များတွင် မည်သူကများ ဧကရာဇ်ကလန်မှလူများကို ဒဏ်ရာရအောင် လုပ်နိုင်သနည်း. ဤလူများမှာ အရှုံးမရှိသည့်လူမျိုးစုများပင်။
သာမန်လူများလည်း ဧကရာဇ်ကလန်မှ လူများနှင့် မတွေ့နိုင်။ သူတို့ ဤလောက၌ ထွက်ပေါ်မလာသည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး သူတို့ကလန်၏ လူအရေအတွက်လည်း နည်းပါးလှသည်။ သူတို့အားလုံးသည် သူတို့၏ ဘိုးဘေးနယ်မြေများ၌သာ သီးသန့်နေကြပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားကြသည်။
သူတို့ မနိုင်နိုင်သည့် ပြိုင်ဘက်တွေ့မှသာ ကလန်ပေါင်းစုံမှ သူတို့ကို အပြင်ဘက်သို့ ဖိတ်ခေါ်လာခြင်းပင်။ သို့သော် ဤခေတ်တွင် ထိုကဲ့သို့သော ကိစ္စမှာ မဖြစ်ဖူးသလောက်ပင်။ ရှီဟောင် နယ်ခြားစပ်ထဲသို့ ဝင်ရောက်သတ်ဖြတ်သည့်အချိန်တွင်မှ သခင်လေး ထွက်လာကာ ယနေ့မှ ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ထွက်လာခြင်းပင်။
“ဟား ဟား ..” ဧကရာဇ်ကလန်မှလူ ရယ်မောလိုက်သည်။ သူသည် အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး သူ၏ပုံရိပ်မှာ အလွန်ကြီးမားကာ မှုန်ဝါးနေသည်။ ဤသည်မှာ သူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး အစွန်း၌ ရပ်နေသကဲ့သို့ပင်။ သူ၏ရယ်သံမှာ လှိုင်းလုံးကြီးများကဲ့သို့ ပေါက်ကွဲထွက်လာပြီး စစ်မြေပြင်၌ ရှိနေသည့်သူအားလုံးကို တုန်ယင်သွားစေ၏။ သူတို့ခန္ဓာကိုယ်များပင် ပေါက်ကွဲသွားတော့မည်။
ကံကောင်းစွာဖြင့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်ကာ သူ၏စစ်တပ်ကြီးကို ထိခိုက်ခွင့်မပြု။
“ဘယ်သူမှငါ့ကို ဒီလိုမျိုးမပြောဖူးဘူး .. မင်းမှာ ဘယ်လိုစွမ်းရည်မျိုးရှိနေသလဲဆိုတာ ငါ ချီဖူး ကြည့်ရသေးတာပေါ့..” ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိ ချီဖူး လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
ချွမ်းဟူသည့်အသံနှင့်အတူ အေးစက်သည့်အလင်းတန်းတစ်ခု တောက်ပလာသည်။ သူ့လက်ထဲ၌ မည်းနက်နေသည့် လက်နက်တစ်ခု ပေါ်လာလေ၏။ ဤသည်မှာ ကောင်းကင်လှံတံတစ်ခုပင်။ အေးစက်နက်ရှိုင်းသည့် သတ္တုအော်ရာတစ်ခု ပျံ့လွင့်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ကောင်းကင်ထက်သို့ စီးဆင်းသွားသည်။
သူ၏ကောင်းကင်လှံတံကို လွှဲရမ်းလိုက်သည်နှင့် အနက်ရောင်မြူများ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ အနက်ရောင်မြူထဲတါင် အေးစက်သည့် ကောင်းကင်လှံတံထံမှ တချွမ်းချွမ်းအသံများ ထွက်ပေါ်လာကာ လူတစ်ယောက်၏ ဝိညာဉ်ကိုတိုက်ခိုက်နေသည်။
ဝုန်း..
လေဟာနယ်မှပင် ကျယ်လောင်လှသည့် ဆူညံသံများ ထွက်ပေါ်လာ၏။ ဤသည်မှာ ကောင်းကင်မိုးခြိမ်းသံများ မြည်ဟီးနေသကဲ့သို့ပင်။ ကန္တာရကြီးမှာ ချက်ချင်းပင် မြေအောက်လောကကဲ့သို့ အေးစက်သွားသည်။ အေးစက်မှုမှာ ကျောရိုးကိုပင် ဖောက်ထွက်သွားသည်အထိပင်။
ထိုအနက်ရောင်မြူများ အာကာသအပြင်ဘက်သို့ ရောက်သွားသည်နှင့် ကြယ်များပင် ကြွေကျလာလေသည်။
ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်ပင်။
ရွှီး..
မုန့်ထျန်းကျန်း သူ့ဓားကို ဆွဲလိုက်သည်။ အရောင်မှိန်နေသည့် ဓားသွားမှာ ချက်ချင်းပင် တောက်ပလာပြီး နတ်အလင်းတန်းများလည်း ထွက်ပေါ်လာသည်။ သူ ဧကရာဇ်ကလန်ကျွမ်းကျင်သူ ချီဖူးကို ထိပ်တိုက်ရင်ဆိုင်လိုက်ကာ ထိုကောင်းကင်လှံတံကို ခုတ်ချလိုက်သည်။
ဒုန်းဟူသည်သအံနှင့်အတူ စစ်မြေပြင်တစ်ခုလုံး တုန်ခါလာကာ သဲလှိုင်းများ ကောင်းကင်ထက်သို့ ရောက်ရှိသွားသည်။ တိမ်များ လွင့်ပြယ်သွားသည်မပြောနှင့် လေဟာနယ်ပင် မတည်မငြိမ်ဖြစ်လာကာ အက်ကွဲကြောင်းများ သန်းပေါင်းများစွာ ထွက်ပေါ်လာသည်။
ကံကောင်းစွာဖြင့် အခြားသူများမှာ အတွေ့အကြုံရှိသည့်သူများပင်။ အခြား အဆင့်လွန်သက်ရှိများ လှုပ်ရှားလာကာ ထိုလှိုင်းလုံးများကို ဖြတ်တောက်လိုက်သည်။ မဟုတ်ပါက အကျိုးဆက်များမှာ အလွန်ဆိုးရွားသွားလိမ့်မည်။
အဆောင်များတစ်ခုပြီးတစ်ခု ပေါ်လာကာ ထိုနေရာကို ဖြတ်ချလိုက်သည်။ မဟုတ်ပါက သူတို့နှစ်ဦးမှ ထွက်ပေါ်လာသည့် လှိုင်းလုံးများမှာ အရာအားလုံးကို ဝါးမြိုသွားလိမ့်မည်။
ဤကောင်းကင်လှံတံလည်း အလွန်ထူးခြားသည်မှာ သေချာသည်။ ထိုလှံတံထက်၌ မသေမျိုးသင်္ကေတများ ရေးထိုးထားသည်ပင်။ ချီဖူး အဆင့်လွန်သက်ရှိအဆင့်သို့ ရောက်သွားသည်နှင့် သူ၏လက်နက်လည်း ချက်ချင်း အဆင့်တက်သွားလိမ့်မည်။
ချွမ်း ချွမ်း ချွမ်း.
မီးပွားများ နေရာအနှံ့ လွင့်စင်သွားသည်။ သူတို့နှစ်ဦး တိုက်ခိုက်နေကြသည်မှာ အချက်ရေပေါင်း တစ်သောင်းကျော်နေပြီဖြစ်သည်။ အားလုံးမှာ စွမ်းအားကြီးသည့် ပညာများပင်။ သူတို့ခန္ဓာကိုယ်များမှာ လျှပ်စီးကဲ့သို့ တစ်ခုနှင့်တစ်ခု ရောယှက်နေသည်။
ချွမ်း..
ဓားသွားသည် လေဟာနယ်ကို ထိုးဖောက်ကာ ချီဖူး၏ နဖူးရှေ့သို့ ရောက်လာပြီး သူ၏မူလဝိညာဉ်ကိုချိန်ရွယ်ထားလေသည်။
ဒုန်း..
ချီဖူး ဓားဘေးဘက်ကို လက်ညှိုးထိုးကာ ရိုက်ချလိုက်ပြီး နားကွဲလောက်သည့်ဆူညံသံကြီး ဖန်တီးလိုက်သည်။ ထိုနေရာမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာကာ နတ်ချိန်ကြိုး သုံးထောင်ကျော် ထွက်ပေါ်လာသည်။
ဤသည်မှာ အင်ပါယာဂိတ်မှ လူများကို စိတ်လှုပ်ရှားသွားစေသည်။ ချီဖူး၏ ပညာများမှာ စွမ်းအားကြီးလှ၏။ သူသည် ဓားနှင့်ပင် မျက်နှာချင်းဆိုင်တိုက်ရဲသည်။ ဤသက်ရှိသည် မည်မျှပင် ကြောက်စရာကောင်းသနည်း…
“ကောင်းကင်ခစားခြင်းလက်ချောင်း..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိတစ်ဦး ပြောလိုက်သည်။
ကောင်းကင်ခစားခြင်းလက်ချောင်းဆိုသည်မှာ ထာဝရသက်ရှိများကို ဖြုတ်ချနိုင်ပြီး စွမ်းအားအကြီးဆုံးလူများကို အနိုင်ယူနိုင်သည်။ ဤသည်မှာ တစ်ဖက်လောကတွင် အလွန်ကြောက်စရာကောင်းသည့် ဘိုးဘေးပညာဖြစ်သလို ကြီးမားသည့်ဂုဏ်သတင်းလည်းရှိသည်ပင်။
အပြင်ဘက်လောက၌ ပျံ့နေသည့် ကောင်းကင်ခစားခြင်းလက်ချောင်းပညာအားလုံးမှာ ပျက်စီးနေသည့်ပညာများဖြစ်ပြီး မပြည့်စုံ။ ပြည့်စုံသည့်ပညာအစစ်အမှန်ကို ချီဖူး သွေးမျိုးဆက်များသာ ပိုင်ဆိုင်ထားသည်။ ဤသည်မှာ ကလန်မှ ကာကွယ်ထားသည့် ဘိုးဘေးပညာပင်။
ဝုန်း..
ခပ်ဝေးဝေးတွင် သွေးသံစစ်ပွဲအလံသည် လှည့်ပတ်နေဆဲဖြစ်ကာ ရန်သူစစ်တပ်ကြီးကို ရှင်းပစ်ရန် ကြိုးစားနေဆဲပင်။ ကံမကောင်းစွာဖြင့် ထိုအလံမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်၏ တားဆီးခြင်းခံလိုက်ရသည်။
“မုန့်ထျန်းကျန်း .. မင်း ဟွမ်ကို ပြန်ခေါ်သွားနိုင်လိမ့်မယ်လို့ အိပ်မက်မက်နေတုန်းလား .. ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ..” ကန္တာရထဲမှ အဆင့်လွန်သက်ရှိတစ်ဦး အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ကြီးမားလှသည့်အားတစ်ခု ပေါ်လာပြီး အရာအားလုံးကို လွှမ်းခြုံသွားသည်။ ဤသည်မှာ စစ်မြေပြင်တစ်ခုလုံး စုတ်ယူခံရတော့မလိုပင်။
ထိုနေရာ၌ ပန်းချီကားလိပ်တစ်ခုရှိနေပြီး ထာဝရအလင်းများ ထွက်ပေါ်နေသည်။ နယ်မြေဆယ်ခုသင်္ကေတ ထွက်ပေါ်လာလေပြီ။ ထိုစာလိပ်သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကိုအုပ်မိုးသွားကာ ကန္တာရတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“မင်းလုပ်ရဲတယ်လား..”
အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ နယ်မြေဆယ်ခုသင်္ကေတ သူ၏စွမ်းအားကို ထုတ်ပြကာ လူအချို့ကို ချက်ချင်းစုတ်ယူသွားသည်ပင်။ ပုံရိပ်များတစ်ခုပြီးတစ်ခု ကောင်းကင်ထက်သို့ တက်သွားကာ နယ်မြေဆယ်ခုသင်္ကေတ၏ စုတ်ယူခြင်းခံလိုက်ရသည်။
ဖုန်း..
တစ်ဖက်လောကမှ ပျက်စီးနေသည့် ခရမ်းရောင်တူ ပျံသန်းလာသည်။ ထို့နောက် ပျက်စီးနေသည့် အခြားပစ္စည်းများ ထွက်ပေါ်လာပြီး နယ်မြေဆယ်ခုသင်္ကေတကို ဖိနှိပ်လာသည်။
အင်ပါယာဂိတ်၌ ရှိနေသည့် အကြီးအကဲ ချင်းမူ သက်ပြင်းချလိုက်သည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်မှန်း သူအစောကြီးကတည်းက သိထားပြီးသားဖြစ်သော်လည်း သူဝမ်းနည်းနေဆဲပင်။
တစ်ဖက်လောကမှ ထုတ်လာသည့် ပျက်စီးနေသည့်ထာဝရတာအိုပစ္စည်းများသည် ထိုစာလိပ်၏တိုက်ခိုက်မှုများ ချေဖျက်လိုက်နိုင်သည်ပင်။
နယ်မြေဆယ်ခု သင်္ကေတ တုန်ခါသွားပြီးနောက် ဖူးဟူသည့်အသံနှင့်အတူ သူစုတ်ယူထားသည့် သက်ရှိများ ထွက်ကျလာသည်။ ထို့နောက် လေထဲ၌ ပေါက်ကွဲသွားကာ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ အဆင့်လွန်ရတနာတစ်ခု၏ စွမ်းအားပင်။
ဝူး..
သွေးသံစစ်ပွဲအဆောင်နှင့် နယ်မြေဆယ်ခုသင်္ကေတသည် ပြောင်းပြန် ပျံထွက်သွားကာ အင်ပါယာဂိတ်ဘက်မှ လူများ၏ ဦးခေါင်းထက်၌ ပေါ်လာကာ သူတို့ကို ကာကွယ်ပေးလာသည်။ မြို့ထဲမှ ထွက်လာသည့် ကလန်ပေါင်းစုံမှလူများမှာ နွေးထွေးမှုကို ခံစားလိုက်ရသည်ပင်။
ဤကဲ့သို့ အရေးကြီးသည့်အချိန်တွင် မုန့်ထျန်းကျန်း သူတို့အတွက် တွေးပေးနေဆဲဖြစ်ပြီး သူတို့ မတော်တဆတစ်ခုခုဖြစ်သွားမည်ကို သူစိုးရိမ်နေသည်ပင်။
ခရမ်းရောင်တူနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်သည် တစ်ဖက်၌စုနေကာ ဤဘက်ကို ရင်ဆိုင်နေပြီး အခွင့်သာလျှင် တိုက်ခိုက်ရန်လည်း ပြင်ဆင်ထားသည်။
“မုန့်ထျန်းကျန်း .. ငါ ဟွမ်ကို အရင်ပို့လိုက်မယ် .. မင်းကတော့ သေခြင်းတရားကို တစ်ဖြည်းဖြည်းချင်း ရင်ဆိုင်လို့ရတယ်..” ကန္တာရထဲမှ ထိုအဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် အကျဉ်းသားရထားလုံးတစ်စီး ဖြေးညှင်းစွာ ရွေ့လျားသွားသည်ကို အားလုံးမြင်လိုက်ရသည်။ ထိုရထားလုံးထဲ၌ ဟွမ်ကို ထူထဲလှသည့် သံကြိုးများဖြင့် ချီနှောင်ထားသည်ပင်။
ကြည့်ရသည်မှာ နှေးကွေးနေသော်လည်း ဤရထားလုံးမှာ အလွန်ထူးခြားလှသည်။ သူသည် လေဟာနယ်ကို ဖောက်ထွက်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အရှေ့ဘက်ဝင်ရိုးစွန်း၌ ပျောက်ကွယ်သွားသည်။
“ရှီဟောင်..”
ချင်းယီ၊ ချန်ကုန်းယန်၊ ပုရွက်ဆိတ်လေးနှင့် အခြားသူများမှာ အစောကြီးကတည်းက စစ်မြေပြင်၌ မတ်တပ်ရပ်နေခြင်းပင်။ သူတို့လည်း ဤနေရာ၌ တိုက်ခိုက်ချင်သော်လည်း သူတို့ဤမြင်ကွင်းသာ မြင်လိုက်ရသည်။
ဝင်သွားသည့်နေလုံးကြီးနှင့်အတူ လောကကြီး နီရဲလာသည်။ အထီးကျန်ဆန်သည့် လူငယ်လေးတစ်ဦးသည် သံချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရပြီး ရထားလုံးထဲ၌ အကျဉ်းကျခံထားရသည်။ သူသည် တစ်ဖြည်းဖြည်းနှင့် ဝေးကွာလာကာ နောက်ဆုံးတွင် သူ၏နောက်ပိုင်းပုံရိပ်လေးကိုသာ မြင်ရတော့သည်။
ထို့နောက်တော့ ဟွမ် လုံးဝပျောက်ကွယ်သွားလေပြီ။
လူများစွာ အော်ဟစ်လိုက်ကြသော်လည်း သူတို့ ဤအခြေအနေကို မပြောင်းလဲနိုင်။ ရှီဟောင်သည် ကောင်းကင်ချောက်နက်ကို ဖြတ်ကာ တစ်ဖက်လောကထဲသို့ ရောက်သွားလေပြီ။
ဝုန်း..
ထိုအချိန်တွင် မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်ကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါအောင်လုပ်လိုက်သည်။ အာကာသအပြင်ဘက်ရှိ ကြယ်များပင် အက်ကွဲလာသည်။ သူအရှေ့ဘက်ကို စိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် မြေပြင်ထက်ရှိ ထာဝရပစ္စည်းများတောက်ပလာကာ စစ်တပ်ကြီးကို လျင်မြန်စွာ ကာကွယ်လာလေ၏။
ထိုသို့ဆိုသော်လည်း ဒွါရ ၇ ပေါက်မှ သွေးများထွက်လာကာ မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားသည့်သူများ ရှိနေဆဲပင်။ ထိုအသံလှိုင်းမှာ မည်မျှပင် စွမ်းအားကြီးမှန်း စဉ်းစားကြည့်ရန်ပင် ခက်ခဲလှသည်။
ဖူး..
ထာဝရပစ္စည်းမှာ ဤနေရာတစ်ခုလုံးကို မလွှမ်းခြုံနိုင်။ အချို့လူများမှာ ချက်ချင်းပင် ပေါက်ကွဲသွားကြလေ၏။
သို့သော်လည်း ထိုအဖြစ်အပျက်မတိုင်မီ မုန့်ထျန်းကျန်းပုခုံးမှ သွေးတန်းတစ်ခု ထွက်လာသည်။ သူသည် ကောင်းကင်လှံတံကြောင့် ဒဏ်ရာရသွားကာ ဒဏ်ရာမှာ အရိုးကိုပင် မြင်နေရလေပြီ။
“ကြည့်ရတာ မင်းက အဲဒီလူငယ်လေးကို တော်တော်လေး ဂရုစိုက်တာပဲ .. အဆင့်လွန်သက်ရှိတစ်ယောက်က ဒီလိုမျိုး စိတ်လွတ်ပြီး ခံစားချက် မတည်မငြိမ်ဖြစ်နေတာမျိုး မဖြစ်သင့်ဘူး..” ချီဖူး အေးစက်စွာ ပြောလိုက်သည်။
သူပြောလိုက်သည့်အတိုင်းပင်။ အဆင့်လွန်သက်ရှိတစ်ယောက်က ဘယ်လိုလုပ် ဤကဲ့သို့သော အခြေခံအဆင့်အမှားမျိုးကို လုပ်နိုင်မည်နည်း..
“သတ်..”
မုန့်ထျန်းကျန်း ထိုစကားတစ်လုံးသာ ပြောလိုက်ပြီး သူ့လက်ထဲတွင်ရှိနေသည့် ဓားဖြင့် အရှေ့ဘက်သို့ ထိုးလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ထက်သို့ ကြည်လင်သည့်အလင်းများ တက်သွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်များ ပွင့်လာသည့်အပြင် သူ ရထားသည့် နတ်စွမ်းရည်နှင့် လျှို့ဝှက်ပညာပေါင်းစုံကိုလည်း သူအသုံးပြုလိုက်သည်။
သူသည် ခမ်းနားလှသည့် တိုက်ပွဲအော်ရာကို ထုတ်လွှတ်နေသည့် ပြိုင်ဘက်ကင်းစစ်နတ်ဘုရားကဲ့သို့ပင်။
ဖူး..
တိုက်ပွဲကြီး အထွဋ်အထိပ်ရောက်နေသည့်အချိန်တွင် မုန့်ထျန်းကျန်း၏ ဓားချက် ချီဖူး၏ လက်မောင်းကိုထိသွားပြီး သူ၏လက်ဖျံတစ်ခုလုံး ပြုတ်ထွက်လုနီးပါးပင်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. သူက ဧကရာဇ်ကလန်ကို ဒဏ်ရာရအောင်လုပ်နိုင်တာလား .. ဒီခေတ်မှာ ဒီလိုလုပ်နိုင်တဲ့သူမျိုးမရှိသင့်တော့ဘူး..” တစ်ဖက်လောကမှ လူအချို့ စိတ်လှုပ်ရှားလာကြသည်။
ဟွမ်က ထူးခြားသည့်အခြေနေပင်။ သို့သော် မုန့်ထျန်းကျန်းလည်း အဘယ်ကြောင့် ဤမျှကြောက်စရာကောင်းနေသနည်း..
“သတ်..”
ဧကရာဇ်ကလန်အဆင့်လွန်သက်ရှိ ချီဖူး ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူ အဆင့်လွန်သက်ရှိဖြစ်လာကတည်းက တစ်ခါမှ ဒဏ်ရာမရဖူးတော့။ သူနေထိုင်နေသည့် ရှေးဟောင်းမြေမှ ထွက်လာခြင်းမှာလည်း အင်ပါယာဂိတ်ကို ခြိမ်းခြောက်ရန်ပင်။
သို့သော် နောက်ဆုံးတော့ သူ ဒဏ်ရာရသွားလေပြီ။
သူတို့နှစ်ဦးလုံး ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားကာ အာကာသအပြင်ဘက်သို့ ရောက်သွားသည်။ သူတို့ တိုက်ခိုက်သည့်နေရာတိုင်း၌ ရှိနေသည့် ကြယ်များ တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်ပင်။
ထိုအခိုက်အတန့်တွင် ကြယ်ကောင်းကင်ကြီး အရောင်မှိန်သွားသည်။
ထို့နောက် ကြယ်များ ပျက်စီးသွားသောကြောင့် နောက်တစ်ကြိမ် တောက်ပလာသည်။
ရွှီး..
သူတို့ အာကာသအပြင်ဘက်၌ တိုက်ခိုက်နေသည့်အချိန် ကန္တာရထဲမှ ကြောက်စရာကောင်းသည့်နတ်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှာ ရုတ်တရက်ဆန်လွန်းလှပြီး အချိန်အပိုင်းအစများလည်း ကပ်ပါလာသည်။
ဖူး..
ဤအလင်းတန်းကို ရှောင်ရှားရန် မဖြစ်နိုင်။ မုန့်ထျန်းကျန်း ကျောပေါက်သွားသည်။ ဤသည်မှာ တစ်ကျန်းခန့်ရှိသည့်စစ်လှံတံပင်။ ထိုစစ်လှံတံသည် သူ၏နောက်ကျောမှ ရင်ဘတ်ရှေ့သို့ ထုတ်ချင်းပေါက်သွားခြင်းပင်။
ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး ချောင်းတိုက်လိုက်ခြင်းပင်။ ထိုလူသည် ကန္တာရထဲ၌ ရပ်နေလေ၏။
“အဆင့်လွန်သက်ရှိအန်းယဲ့…” တစ်စုံတစ်ဦး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤသည်မှာ တစ်ဖက်လောကမှ ထူးခြားသည့် အဆင့်လွန်သက်ရှိပင်။ သူ၏ဂုဏ်သတင်းမှာ သိပ်မကောင်း။ သူသည် ချောင်းတိုက်ရသည်ကို နှစ်သက်ပြီး လူများမှာ သူ့နာမည်ကြားရုံဖြင့် ကြောက်ရွံ့ရသည်ပင်။ သူ ယခုတစ်ခေါက် ထပ်တိုက်ခိုက်လိုက်သည်မှာလည်း အောင်မြင်သွားပြန်လေပြီ။
ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိချီဖူး အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း သူဘာမှသိပ်မပြော။ မျက်နှာအနည်းငယ်ပျက်သွားပြီးနောက် ပို၍လျင်မြန်စွာပင် တိုက်ခိုက်လာသည်။
“အကြီးအကဲအရှင်..”
“စီနီယာမုန့်..”
လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူတို့ နှလုံးများပင် လည်ချောင်းထဲ ရောက်လာသလို ခံစားလိုက်ရသည်။ သူ ဤနေရာ၌ သေဆုံးသွားမည်ကို သူတို့အလွန်ကြောက်ရွံ့နေမိသည်။
ဝုန်း..
မုန့်ထျန်းကျန်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ထိုလှံတံ လွင့်ထွက်သွားကာ လေထဲ၌ ပေါက်ကွဲသွားသည်။
“သတ်..”
မုန့်ထျန်းကျန်းသည် ဓားကို ပြန်သိမ်းလိုက်ကာ အနီရင့်ရောင်လေးတစ်ခုကို ထုတ်လိုက်၏။ သူလက်ကိုမြှောက်လိုက်သည်နှင့် လေထဲ၌ ရှိနေသည့် သူ့သွေးများ သွေးမြားတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့လက်ထဲ၌ ပေါ်လာသည်။
ဝုန်း…
ထိုအချိန်တွင် နေနှင့်လပင် မလင်းတော့ပဲ လောကကြီးလည်း အရောင်အဆင်း ကင်းမဲ့သွားသည်။ လေးကြိုးကို ဆွဲလိုက်သည်နှင့် စကြာဝဠာကြီးပင် ပြိုကျသွားမတတ်ဖြစ်သွားသည်။ နေရာတိုင်း၌ အက်ကွဲကြောင်းများ ပေါ်လာသည်။
ရွှီး..
နတ်မြှားတစ်ချောင်း လွှတ်ထွက်လာပြီး အဆင့်လွန်သက်ရှိအန်းယဲ့ထံသို့ ဦးတည်သွားသည်။
ဖူး..
ထို့နောက် ထိတ်လန့်စရာကောင်းသည့်မြင်ကွင်းတစ်ခု ပေါ်လာသည်။ အဆင့်လွန်သက်ရှိအန်းယဲ့ ထိုမြှားကို မရှောင်နိုင်ခဲ့။ အဘယ်ကြောင့်ဆိုသော် သူ့တစ်ကိုယ်လုံး လေထဲ၌ ပိတ်ခံထားရကာ မလှုပ်ရှားနိုင်တော့။ ထိုမြှားသည် သူနဖူးကို ဖောက်ထွက်သွားကာ သူ့ဦးခေါင်းခွံကို ပေါက်ကွဲသွားစေသည်။ အဆင့်လွန်သက်ရှိတစ်ဦး သေဆုံးသွားလေပြီ။
ထို့နောက် လောက၌ ပုံမှန်မဟုတ်သည့်မြင်ကွင်းများ နောက်တစ်ကြိမ် ထွက်ပေါ်လာလေ၏။
ဤကဲ့သို့သော ရလဒ်မျိုးကို မည်သူမှ မမျှော်လင့်ထား..
“ဒါက ညီအစ်ကိုမုန့် ငယ်ငယ်လေးတုန်းက သုံးတဲ့လက်နက်ပဲ..” အကြီးအကဲချင်းမူ ထိတ်လန့်သွားရသည်။
အခြား အဆင့်လွန်သက်ရှိများလည်း စိတ်လှုပ်ရှားသွားကြသည်ပင်။
မုန့်ထျန်းကျန်း ငယ်ရွယ်စဉ်က ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခဲ့သော်လည်း သူမအောင်မြင်ခဲ့။ နောက်ဆုံးအချိန်၌ တစ်ခုခုဖြစ်သွားကာ သူအချိန်အတော်ကြာသည်အထိ ခန္ဓာကိုယ်တစ်ခြမ်း ပျက်စီးသွားသည်ပင်။
ထိုအချိန်က သူ၏လက်နက်မှာ သွေးသံလေးပင်။ သို့သော် ဤလက်နက်လည်းသူကဲ့သို့ တစ်ဝက်ပျက်စီးသွားသည်။
ဤလေးပညာမှာ အလွန်စွမ်းအားကြီးကာ သဘာဝတရားကို စွက်ဖက်သောကြောင့် ကောင်းကင်ကြီး ဒေါသထွက်သွားကာ မုန့်ထျန်းကျန်း ဤကဲ့သို့ ဖြစ်အောင်လိုက်သည်ဟု ပြောကြသည်။
အဘယ်ကြောင့်ဆိုသော် ဤလေးပေါ်လာသည်နှင့် သွေးများ မြစ်ကဲ့သို့ စီးဆင်းလာသည်။ ထို့အပြင် ဤမြှားကို အသုံးပြုသည့်သူ၏အသက်ဓာတ်လည်း ထိခိုက်ရသည်ပင်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤလေးထပ်ပေါ်လာလိမ့်မည်ဟု မည်သူမှမထင်ထားကြ။ ဤသည်မှာ မုန့်ထျန်းကျန်း၏ ပထမဆုံး လက်နက်ပင်။
“ဒီလက်နက်က အတိတ်နမိတ်မရှိဘူး .. သူက လူတွေကိုသတ်နိုင်တယ်၊ ကမ္ဘာကြီးကို သတ်နိုင်တယ်၊ ကောင်းကင်ကိုသတ်နိုင်တယ်၊ ထာဝရသက်ရှိတွေကိုသတ်နိုင်တယ်၊ ကိုယ့်ကိုကိုယ်လည်း သတ်နိုင်တယ် .. ငါလည်း ဒါကို မထိန်းချုပ်နိုင်ဘူး .. ဒီနေ့ မင်းတို့အားလုံး သေလို့ရပြီ..”
မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။
ရွှီး..
လေးကြီးကို နောက်တစ်ကြိမ်ပြန်ဆွဲလိုက်သည်။ လေးကြိုးအနည်းငယ် တုန်ယင်သွားကာ သွေးမြှားတစ်ချောင်း ထပ်ထွက်လာသည်။ ဤသည်မှာ မုန့်ထျန်းကျန်း၏ သွေးစွမ်းအင်မှ ဖြစ်ပေါ်လာသည့်မြှားပင်။ ဤစွမ်းအားကြောင့် ကောင်းကင်ပင် ပေါက်ကွဲသွားသည်။
“မင်း..”
အဆင့်လွန်သက်ရှိချီဖူး ထိတ်လန့်သွားကာ လျင်မြန်စွာ လှုပ်ရှားလာသည်။ သူ့ထံ၌ လျှို့ဝှက်ရတနာမျိုးစုံရှိနေသောကြောင့် သူ မုန့်ထျန်းကျန်းနှင့် ယှဉ်ပြိုင်ရဲသည်။
ခွပ်..
ကံမကောင်းစွာဖြင့် သူ၏ ထူးခြားသည့် အဖိုးတန်ဒိုင်းကာ ပေါက်ကွဲသွားသည်။ ချီဖူး ထိတ်လန့်သွားရ၏။ ဤသည်မှာ မသေမျိုးလက်နက်ဖြစ်လာတော့မည့် ရတနာတစ်ခုပင်။ သူ့စိတ်ထဲ အလွန်နာကျင်သွားရသည်။
ဖူး..
တစ်ချိန်တည်းမှာပင် သူ့လက်ဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်သည်နှင့် ထိုလက်ကြီး ပေါက်ကွဲသွားသည်။
သူ အလွန်ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူ့ခန္ဓာကိုယ်၏လှုပ်ရှားမှုများ နှေးကွေးသွားသည်ပင်။ သူ၏လက်ဖြင့်သာ သူ့ကိုယ်သူ ကာကွယ်လိုက်နိုင်သည်။ အခြားသူများသာဆိုပါက သေချာပေါက် လှုပ်ရှားနိုင်တော့မည်မဟုတ်ဟု သူယုံကြည်သည်။
“ထာဝရပစ္စည်းသုံး..” အခြား အဆင့်လွန်သက်ရှိများမှ အော်ဟစ်လိုက်သည်။
သို့သော်လည်း အင်ပါယာဂိတ်ဘက်မှ လူများလည်း သွေးသံစစ်ပွဲအဆောင်၊ နယ်မြေဆယ်ခုသင်္ကေတနှင့် အခြားပစ္စည်းများကို အသုံးပြုကာ ထိုနေရာကို ကန့်သတ်လိုက်သည်။
“သတ်..”
မုန့်ထျန်းကျန်း ဟစ်ကြွေးကာ မြှားတစ်ချောင်းကို ထပ်ဆွဲလိုက်သည်။ သူ၏ရင်ဘတ်မှ တောက်ပသည့်သွေးတန်းတစ်ခု ထွက်လာသည်။ ရွှီးဟူသည့်အသံနှင့်အတူ ထိုမြှား လွတ်ထွက်သွားသည်။
ဖူး..
ထာဝရပစ္စည်းသုံးခဲ့သည့် အဆင့်လွန်သက်ရှိမှာ ချက်ချင်းပင် ပေါက်ကွဲသေဆုံးသွားလေ၏။ သူ့ကိုယ်သူ ကာကွယ်ရန်ပင် အချိန်မရလိုက်။
သို့သော် မုန့်ထျန်းကျန်းလည်း နောက်ယိုင်သွားကာ သူ့မျက်နှာ ဖြူဖျော့သွားရသည်။ သူလည်း များစွာ ပေးဆပ်ထားရသည်ပင်။
ရွှီး..
သူ လေးထံသို့ နောက်ထပ်မြှားတစ်ချောင်း ထပ်တင်လိုက်သည်။ သူ၏ရင်ဘတ်မှ တောက်ပသည့်သွေးတန်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး မြှားတစ်စင်းဖြစ်ပေါ်လာသည်။ သူ ထိုမြှားကို အဆင့်လွန်သက်ရှိချီဖူးထံသို့ ချိန်ထားလိုက်သည်။
“ငါအရင်က ပြောခဲ့သလိုပဲ အင်ပါယာဂိတ်မှာ ခေါင်းတစ်လုံး လိုနေတာ .. သေသွားတဲ့သူတွေကို ပူဇော်ဖို့အတွက် မင်းတို့ဘက်က ဧကရာဇ်ကလန်လို့ခေါ်တဲ့သူတွေရဲ့ ခေါင်းကို လိုနေတာ.. ငါ မင်းရဲ့ခေါင်းကို ငှားဦးမယ်..” မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။
အပိုင်း ၁၇၄၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၇ – ဦးခေါင်းတစ်လုံးအား ငှားရမ်းခြင်း
ထိုမြှားမှာ သွေးစိန်ကဲ့သို့ တောက်ပနေသည်။ ဤသည်မှာ အလွန်လှပသော်လည်း အလွန်ကြောက်စရာကောင်းနေသည်။ ထိုမြှားသည် လေးကြိုးထက်၌ နေရာယူထားကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။
ထိုမြှားတွင် သွေးစွမ်းအင်များ ပါဝင်သောကြောင့် သူ့ထံ၌ အသက်ဓာတ်တစ်မျိုးရှိနေကာ သူ့ဘာသာသူ ရန်သူကို သတ်နိုင်သည်။
“အခု ပြန်ဆုတ်လိုက်ဦး .. ဒီလူရူးနေပြီ..” အနောက်ဘက်မှ အဆင့်လွန်သက်ရှိအချို့ အော်ဟစ်လိုက်သည်။ ထို့အပြင် သူတို့သည် ခရမ်းရောင်တူကို အသက်သွင်းကာ မုန့်ထျန်းကျန်းကို တိုက်ခိုက်ရန် ကြိုးစားလာကြသည်။
“ထွက်သွားစမ်း..” ချီဟုန်၏ဆရာ အကြီးအကဲချင်းမူ လှုပ်ရှားလာသည်။ သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများ ထောင်တက်နေသောကြောင့် သူသည် ဒေါသထွက်သည့် ခြင်္သေ့နှင့်တူနေသည်။ ယခုအချိန်တွင် သူသည် သံသွေးစစ်ပွဲအလံကို ထိန်းချုပ်ကာ လောကကြီးကို ဖရိုဖရဲဖြစ်အောင် ပြုလုပ်နေသည်ပင်။
ဝုန်းဟူသည့်အသံနှင့်အတူ ပျက်စီးနေသည်အလံကြီး ကြီးမားလာကာ လိုက်ကာတစ်ခုကဲ့သို့ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးအုပ်သွားကာ ခရမ်းရောင်ထာဝရပစ္စည်းကို တိုက်ခိုက်လာသည်။
ဒုန်း.. လေဟာနယ်ကြီး တုန်ခါသွားကာ လျှပ်စီးများလည်း အဆုံးမရှိနိုင်အောင် ထွက်ပေါ်လာသည်။ ခရမ်းရောင်တူသည် တောက်ပလာကာ လျှပ်စီးများ ထုတ်လွှတ်လာသော်လည်း အာကာသအပြင်ဘက်သို့ လွင့်ထွက်သွားသည်ပင်။
တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိမှာ ဒဏ်ရာရသွားကာ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ “ပျက်စီးနေတဲ့ ထာဝရပစ္စည်းတွေက အမြဲတမ်း အားနည်းမှာပဲ..” သူ၏အသံမှာ အလွန်အေးစက်နေ၏။
ခရမ်းရောင်တူ၏ ဇစ်မြစ်မှာ အလွန်ခမ်းနားသော်လည်း ကံမကောင်းစွာဖြင့် ဤလက်နက်မှာ ပျက်စီးနေသည်ပင်။
ဝုန်း…
တစ်ဖက်လောက အဆင့်လွန်သက်ရှိမှ ထိန်းချုပ်နေသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ် လှုပ်ရှားကာ အရှေ့ဘက်သို့ တစ်ရှိန်ထိုးထွက်လာသည်။ တစ်ချိန်တည်းမှာပင် နယ်မြေဆယ်ခုသင်္ကေတလည်း ကောင်းကင်ထက်သို့ ပြေးတက်သွားကာ ထိုအိတ်ကို ရင်ဆိုင်လိုက်သည်။ နှစ်ခုလုံးမှာ မပျက်စီးသေးသည့် အဆင့်လွန်ရတနာများပင်။
ဤတိုက်ခိုက်မှုမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ယင်သွားစေပြီး လောကအသစ် ဖြစ်ပေါ်လာသကဲ့သို့ လောကကြီး အက်ကွဲသွားသည်။
ရွှီး ရွှီး ရွှီး…
ထို့နောက် ပျက်စ်ီးနေသည့် ထာဝရပစ္စည်းများထံမှ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာသည်။ အင်ပါယာဂိတ်ဘက်မှလည်း တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာလေ၏။ နယ်မြေဆယ်ခုသင်္ကေတ၊ သံသွေးစစ်ပွဲအလံ၊ ဖီးနှစ်ကိုးကောင်အိုးနှင့် အခြားပစ္စည်းများအားလုံး ပေါ်လာသည်။
နှစ်ဘက်လုံးမှာ အပြင်းအထန် တိုက်ခိုက်နေကြသည်ပင်။
အင်ပါယာဂိတ်မှ ကျင့်ကြံသူများအားလုံး လက်မခံနိုင်ဖြစ်နေကြကာ အမုန်းကြီး မုန်းနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤထာဝရရတနာများအားလုံးမှာ ယခင်က ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၏ ပစ္စည်းများပင်ဖြစ်ပြီး ယခင်တိုက်ပွဲ၌ ရန်သူလက်ထဲ ကျရောက်ခဲ့ရသည်ပင်။
ထိုလက်နက်များအားလုံးကို ပြုပြင်လိုက်ကာ တစ်ဖက်လောက၏ စစ်ပွဲရတနာများဖြစ်လာသည်ပင်။
ဤကဲ့သို့ နှောက်ယှက်ခံလိုက်ရပြီးနောက် ဧကရာဇ်ကလန်၏ အဆင့်လွန်သက်ရှိချီဖူး၏အမူအရာ ပို၍ရုပ်ဆိုးလာသည်။ သူသည် မည်သူဖြစ်သနည်း .. သူသည် မသေမျိုးဘုရင်တစ်ပါး၏မျိုးဆက်ဖြစ်ကာ သူ၏ဘိုးဘေးသည် အနီရောင်ဘုရင်မီးဖိုကို အသုံးပြုကာ ထာဝရဘုရင်များအား သတ်ခဲ့သည်ပင်။
သို့သော် ယနေ့တော့ သူ ခံစစ်အနေအထားရောက်နေပြီး လက်တစ်ဖက် ဆုံးရှုံးလိုက်ရလေပြီ။ ထို့အပြင် သူ့ဘက်မှလူများသည် သူရန်သူကို မယှဉ်နိုင်ဘူးဟုထင်ကာ ထာဝရပစ္စည်းများသုံးပြီး သူ့အား ကူညီပေးချင်နေကြသည်။
သူ မအော်ဟစ်ပဲ မနေနိုင်တော့။ သူ၏အသံတွင် နတ်ဆိုးပုံစံစွမ်းအားလှိုင်းတစ်မျိုးပါရှိနေပြီး နတ်အလင်းများလည်း ထွက်ပေါ်နေသည်။
အား..
လူများစွာလည်း စူးရှစွာအော်ဟစ်လာကြသည်။ ထာဝရပစ္စည်းများ တိုက်ခိုက်မှုကြောင့် ကာကွယ်နိုင်သည့်ဧရိယာမှာ မလုံလောက်တော့။ လူများစွာ အော်ဟစ်လာကြကာ အချို့မှာ ပေါက်ကွဲကြတော့မည်။
ကံကောင်းစွာဖြင့် အင်ပါယာဂိတ်ဘက်မှ လူများ များများစားစားမရှိ။ ထွက်လာသည့်သူများမှာ တစ်ဖက်လောကမှ စစ်တပ်ကြီးထက် အလွန်နည်းပါးလှသောကြောင့် သူတို့ စစ်ပွဲအလံနှင့် နယ်မြေဆယ်ခုသင်္ကေတ၏ ကာကွယ်နိုင်သည့်ဧရိယာထဲ၌ ရှိနေသည်ပင်။
တစ်ဖက်လောကမှ သက်ရှိများ အော်ဟစ်လိုက်ကြသော်လည်း တကယ်ပေါက်ကွဲသွားသည့်သူ သိပ်မရှိ။ အဘယ်ကြောင့်ဆိုသော် ချီဖူး သူ၏အသံကို မြန်မြန် ပြန်ထိန်းချုပ်လိုက်သောကြောင့်ပင်။
မုန့်ထျန်းကျန်း ဘာတုံ့ပြန်မှုမှမပြ။ သူသည် သူ၏ခွန်အားကိုသာ စုစည်းနေခဲ့သည်။ အနီရင့်ရောင်လေးညှို့ကို တင်းနေအောင် ဆွဲထားပြီဖြစ်ပြီး နီရဲနေသည့် နတ်သွေးမြားသည်လည်း နေလုံးကဲ့သို့ တောက်ပလာသည်။
ရွှီး..
မုန့်ထျန်းကျန်း လေးကြိုးကို လွှတ်လိုက်သည်။ အချိန်များစွာကြာသည်အထိ သူ၏အသက်ဓာတ်ကို စုစည်းထားခြင်းဖြစ်သောကြောင့် ဤနတ်မြားမှာ အလွန်စွမ်းအားကြီးကာ ကြောက်စရာကောင်းလှသည်။
အား..
ချီဖူး၏ခန္ဓာကိုယ် တုန်ယင်လာ၏။ ထင်ထားသည့်အတိုင်း သူနောက်တစ်ကြိမ် ချိတ်ပိတ်ခံလိုက်ရလေပြီ။ ဤသည်မှာသူ့ကို အလွန်ဒေါသထွက်လာစေသည်ပင်။ သူသည် ခမ်းနားကြီးကျယ်သည့် ဧကရာဇ်ကလန်မှလူဖြစ်သော်လည်း သူ ခံစစ်အနေအထား၌ ရောက်နေသည်။
“ချိုးဖျက်မယ်..”
သူ ရုန်းကန်လိုက်သည်နှင့် သူ့ပါးစပ်မှ သွေးတစ်ပွက် အန်ထွက်လာသည်။ သူ ထိုသွေးကို ကောင်းကင်လှံတံပေါ်သို့ ထွေးထုတ်လိုက်ကာ ပစ်လွှတ်လိုက်သည်။
ဤသည်မှာ သူ၏တာအိုကို ရရှိထားသည့်အဖိုးတန်ပစ္စည်းပင်။ သူ ဤလှံတံကိုအားကိုးကာ မသေမျိုးသက်ရှိဖြစ်အောင် လုပ်မည်ပင်။
ကောင်းကင်လှံတံမှာ အနက်ရောင်နေမင်းကဲ့သို့ တောက်ပလာသည်။ အနက်ရောင်မြူများမှာ ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာလေ၏။ လှံတံသည် ထိုနတ်မြှားထံသို့ ဦးတည်သွားကာ ထိုမြားကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်ချင်နေသည်။
ဒုန်း..
ဤသည်မှာ သွေးမြားတစ်စင်းသာ ဖြစ်သော်လည်း ကောင်းကင်လှံတံနှင့် ထိခတ်သွားသည်နှင့် နားကွဲလောက်သည့်သတ္တုသံကြီး ထွက်ပေါ်လာသည်။ မီးပွားများလည်း နေရာအနှံ့ ပျံ့လွင့်လာကာ နတ်အလင်းများလည်း ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားသည်။
ချီဖူး ရင်ထဲ နာကျင်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လှံတံ၏ ကြောက်စရာကောင်း၏ ဓားသွားမှာ သွေးမြားကြောင့် ပဲ့ကျသွားလေပြီ.
ဒီမြားက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတာလဲ .. သူကဲ့သို့ ဧကရာဇ်ကလန်မှ လူပင် ထိတ်လန့်လာရသည်။
“ဒါက ထာဝရဓားထက် ထက်တာလား..” အနောက်ဘက်မှ ပုရွက်ဆိတ်လေး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
“ထာဝရဓားက အမြဲတမ်း ခုခံကာကွယ်ဖို့ပဲ .. သူက ဘယ်တုန်းကမှ စ,မတိုက်ဘူး..” ချင်းယီ ပြောလိုက်သည်။
“သတ်..”
အကြီးအကဲအရှင်အော်ဟစ်လိုက်သော်လည်း မည်သည့်လှံမှ ထပ်ပေါ်မလာတော့။
အားလုံး၏ထိတ်လန့်နေသည့်အကြည့်အောက်မှာပင် ကောင်းကင်လှံတံကြောင့် လွင့်ပြယ်သွားသည့်သွေးမြား နောက်တစ်ကြိမ် ပြန်လည်စုစည်းသွားကာ ထိုဧကရာဇ်ကလန်အဆင့်လွန်သက်ရှိထံသို့ ဦးတည်သွားသည်။
ချီဖူး ထိတ်လန့်သွားရ၏။ သူ ဤမြားကို သေချာပေါက် ဖျက်ဆီးပစ်လိုက်သော်လည်း ယခုတော့ ပြန်ပေါ်လာလေပြီ။
ထို့အပြင် သူ့ခန္ဓာကိုယ်လည်း တစ်ဖန်တောင့်တင်းသွားကာ လှုပ်ရှားရန် ခက်ခဲလာသည်။ ရွေးချယ်စရာမရှိသောကြောင့် သူသွေးတစ်ပွက် ထွေးထုတ်ကာ နတ်ဓားတစ်လက်လုပ်လိုက်ပြီး ပစ်လွှတ်လိုက်သည်။
သို့သော်လည်း ထိုဓားသည် ဤနတ်မြားကို မရပ်တန့်နိုင်။
ထို့အပြင် သူအသက်သွင်းလိုက်သည့် ဘိုးဘေးပညာများလည်း အကျိုးမရှိတော့။ အလင်းအတားအဆီးမှာ သူ့ကို မကာကွယ်နိုင်။
ချီဖူး အံကြိတ်လိုက်ကာ ရှိသမျှအားကုန်ထုတ်ပြီး ရုန်းကန်လိုက်ကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ နောက်ဆုံးတွင် ဖူးဟူသည့်အသံနှင့်အတူ ထိုမြား သူ့ပုခုံးကို ထိုးဖောက်သွားသည်။
ဖုန်း..
ချီဖူး ခန္ဓာကိုယ် တုန်ယင်လာသည်။ ပုခုံးမှစကာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ် ပေါက်ကွဲသွားပြီး သွေးများလည်း နေရာအနှံ့ လွင့်စင်လာပြီး အရိုးဖြူများပင် ပေါ်နေလေပြီ။
ဤမြင်ကွင်းမှာ စစ်မြေပြင်မှ လူအားလုံးကို ထိတ်လန့်သွားစေသည်။ သိထားရမည်မှာ ဤလူသည် အရှုံးမရှိဘူးဟု နာမည်ကြီးသည့် ဧကရာဇ်ကလန်မှလူပင်။
ယနေ့ အင်ပါယာဂိတ်ကို ခြိမ်းခြောက်ရန်အတွက် သူ့အား ဖိတ်ခေါ်လိုက်ခြင်းပင်။ သို့သော်လည်း သူသည် အခြားလူတစ်ယောက်ကြောင့် ဤမျှထိ ဒဏ်ရာရသွားလေပြီ။
ချီဖူး၏ အခြေအနေမှာ အလွန်ဆိုးရွားလှသည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်း ပျက်စီးလုနီးပါးဖြစ်သွားကာ ဒဏ်ရာများလည်း ပြင်းထန်လှသည်။
ဝုန်း..
ချီဖူး တစ်ကိုယ်လုံး တောက်ပလာကာ သွေးအလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။ ဤသည်မှာ ထူးခြားသည့်သွေးတစ်မျိုးပင်။ သူ၏ဒဏ်ရာများကို ကုသပြီးသွားပြီဖြစ်ပြီး ကျိုးသွားသည့်အရိုးများလည်း ပြန်ပေါ်လာလေပြီ။
“ငါ မင်းခေါင်းကို လိုချင်တယ်လို့ ပြောပြီးသားပဲ .. အဲဒီတော့ အဲဒီခေါင်းကို သေချာပေါက် ဖယ်ရှားခံရမယ်..” မုန့်ထျန်းကျန်းအေးစက်စွာ ပြောလိုက်သည်။
သူ့မျက်နှာ ဖြူဖျော့နေသော်လည်း သူပို၍ ခံ့ညားနေသည်။
မုန့်ထျန်းကျန်း နောက်တစ်ခေါက် ထပ်တိုက်တော့မည်။ သူ ချီဖူးအား ဤနေရာ သတ်ရန်ဆုံးဖြတ်ထားသည်ပင်။
“မင်း လုပ်ရဲလား..”
တစ်ဖက်လောမှ အဆင့်လွန်သက်ရှိများ အော်ဟစ်လာကာ သူတို့အားလုံး ထာဝရပစ္စည်းများကို အသက်သွင်းလာကြသည်။ နောက်ဆုံးတွင် အကြီးအကဲချင်းမူနှင့် အခြားသူများလည်း လှုပ်ရှားလာသည်။ သူတို့လူအရေအတွက်နည်းသော်လည်း သူတို့၏ ထာဝရပစ္စည်းများမှာ အနည်းငယ်ပို၍ စွမ်းအားကြီးသည်ပင်။
ဝုန်း…
ထာဝရစွမ်းအင်များ လျှံထွက်လာပြီး နှစ်ဘက်လုံး တိုက်ခိုက်လာကြသည်။
ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ လောကကြီးအသစ်တစ်ခုကို ဖန်တီးနေသည်ဟုပင် ပြော၍ရသည်။ ကြယ်ကြီးများ ကြွေကျလာကာ လမ်း၌ပင် ပေါက်ကွဲသွားလေ၏။
နောက်ဆုံးတွင် သူတို့ တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်ရုံသာ တတ်နိုင်ပြီး မတိုက်ခိုက်နိုင်သေး။
“သတ်..”
နောက်ဆုံးတွင်တော့ တစ်ဖက်လောကမှ အချို့ အဆင့်လွန်သက်ရှိများ မအောင့်ထားနိုင်တော့။ သူတို့သည် လက်နက်များကိုင်ဆွဲကာ အကြီးအကဲအရှင်ထံသို့ တရှိန်ထိုး ပြေးလာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ချီဖူးကို ဘာမှအဖြစ်မခံနိုင်။
သူတို့အားလုံး အဆင့်လွန်သက်ရှိများဖြစ်ကြသော်လည်း ချီဖူး၏ အဆင့်အတန်းမှာ ထူးခြားသည်ပင်။ သူသည် ထာဝရဘုရင်များကို သတ်ခဲ့သည့် ပြိုင်ဘက်ကင်းသက်ရှိ၏ မျိုးဆက်ပင်။ သူသာ သေသွားလျှင် ပြဿနာကြီးသွားလိမ့်မည်။
“လာတဲ့သူမှန်သမျှကို ငါသတ်ပစ်မယ်..” ယခုအချိန်တွင် မုန့်ထျန်းကျန်းသည် ရူးသွပ်နေသည့်နတ်ဆိုးတစ်ပါးကဲသို့ပင်။ သူ၏မည်းနက်နေသည့်ဆံနွယ်များ ယမ်းခါနေသည်။ သူသည် လေးကြိုးကို နောက်တစ်ကြိမ် ပြန်ဆွဲလိုက်ကာ သူ့ထံသို့ ပြေးလာနေသည့် နှစ်ယောက်ထံသို့ ပစ်လွှတ်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူ၏လှုပ်ရှားမှုများမှာ အလွန်လျင်မြန်လှသည်။ သူ စွမ်းအားများကို နောက်တစ်ကြိမ် စုစည်းခြင်းမရှိ။
သူ၏ရင်ဘတ်မှ သွေးစွမ်းအင်တစ်တန်းထွက်လာပြီး သူ၏မျက်နှာကို အလွန်ဖြူဖျော့သွားစေသည်။ သို့သော်လည်း သူ၏တိုက်ပွဲအော်ရာမှာ ပို၍ပင် ခမ်းနားလာသည်။
“သတ်..” သူ ဟစ်ကြွေးလိုက်သည်။
ပြေးဝင်လာသည့် အဆင့်လွန်သက်ရှိများမှာ အလွန်မောက်မာကြကာ သဘာဝလွန်ဖြစ်ရပ်များကို မယုံကြည်ကြ။ သို့သော် ယခုတော့ သူတို့အမူအရာများ ပြောင်းလဲသွားလေပြီ။ သူတို့၏ခန္ဓာကိုယ်မှာ အကျဉ်းချခံလိုက်ရပြီး လှုပ်ရှားရန် အလွန်ခက်ခဲသွားလေပြီ။
ဖူး..
ထိုမြားသည် သူ၏မျက်ခုံးကြားသို့ ထိုးဖောက်ဝင်သွားကာ သူ၏မူလဝိညာဉ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်လေသည်။
ထို့နောက် သူ့တစ်ကိုယ်လုံး တစ်စစီ ကျိုးပဲ့လာပြီးနောက် ပေါက်ကွဲသွားကာ သွေးမြူဖြစ်သွားသည်။
“ဒါက ဘယ်လိုမကောင်းဆိုးဝါးပညာမျိုးလဲ .. ဒါက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများမှာ ယုံကြည်နိုင်ရန် ခက်ခဲနေကြလေသည်။
“လူတွေကိုသတ်၊ ကမ္ဘာမြေကြီးကိုသတ်၊ ကောင်းကင်ကိုသတ်၊ ထာဝရသက်ရှိတွေကိုသတ်၊ ကိုယ့်ကိုကိုယ်သတ်..” ခပ်ဝေးဝေးတွင်ရှိနေသည့် ချင်းမူမှ သက်ပြင်းရှည်ကြီးချကာ ပြောလာပြီး စိုးရိမ်သည့်ပုံစံဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုသွေးနီရောင်လေးကြီး မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်။ မုန့်ထျန်းကျန်း ရန်သူများကို သတ်နေသလို သူကိုယ်တိုင်လည်း ပေးဆပ်နေရသည်ပင်။ တစ်ချက်မှားသွားသည်နှင့် သူ့ကိုယ်သူ သတ်သေသလို ဖြစ်သွားမည်ပင်။
“မင်းက ဘယ်သွားချင်နေတာလဲ..” မုန့်ထျန်းကျန်း အော်ဟစ်လိုက်၏။ အဘယ်ကြောင့် သူ့ထံသို့ ပြေးဝင်လာသည့် အဆင့်လွန်သက်ရှိနှစ်ဦးထဲမှ တစ်ဦးသေသွားပြီဖြစ်သောကြောင့် ကျန်သည့်တစ်ယောက်မှ ထွက်ပြေးချင်နေသည်။
မုန့်ထျန်းကျန်း တွေဝေမနေပဲ သူ၏ရင်ဘတ်မှ သွေးမြားတစ်ချောင်း ထပ်ထွက်လာကာ ပစ်လွှတ်လိုက်သည်။
ဖူး..
ရလဒ်မှာ အတူတူပင်။ ထိုလူ ထိုမြားကို မရှောင်နိုင်ခဲ့။ သူ၏မူလဝိညာဉ်နှင့်အတူ ခန္ဓာကိုယ်ပါ ပျက်စီးသွားသည်။
“ဒီလူက လုံးဝကို ရူးနေပြီ .. သူထူးဆန်းတဲ့အခြေအနေတစ်မျိုးထဲ ရောက်နေပြီ.. သူ သူ့ကိုယ်သူတောင် သတ်သေသွားနိုင်တယ်..” တစ်ဖက်လောကရှိ တစ်စုံတစ်ဦးမှ တုန်ယင်စွာ ပြောလိုက်သည်။
ဘုရားတွေလည်း သတ်ရမယ် .. ဗုဒ္ဓကိုလည်း သတ်ရမယ်..
ဤသည်မှာ မုန့်ထျန်းကျန်း ယခု ခံစားနေရသည့် ခံစားချက်ပင်။
“မင်းအလှည့်ပဲ..” မုန့်ထျန်းကျန်း သူ့ရင်ဘတ်မှ နောက်ထပ်သွေးမြားတစ်ချောင်း ဆွဲထုတ်လိုက်သည်။ ယခုတစ်ခေါက်မှာ တောက်ပနေသည့်အနီရောင်မဟုတ်တော့။ အလွန်မှောင်မည်းနေလေပြီ။
“မင်းရဲ့ သွေးစွမ်းအင်တွေ ကုန်နေပြီ .. မင်း ဘယ်လောက်ကြာကြာ ရုန်းကန်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ .. အခု ငါမင်းကို သတ်ဖို့အချိန်ပဲ..” ချီဖူး အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူ ကောင်းကင်လှံတံကို လွှဲရမ်းကာ အရင်ဆုံး တိုက်ခိုက်လာသည်။
“ငါက ကိုယ့်စကားကိုကိုယ် တည်တဲ့သူ .. မင်းခေါင်းက ငါ့အပိုင်ပဲ..” မုန့်ထျန်းကျန်း အေးစက်စွာ ပြောလိုက်သည်။ သူ လေးကြိုးကို လွှတ်လိုက်ကာ သိပ်မနီသည့်နတ်မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
“အမ်..” ချီဖူး ချက်ချင်း သတိကြီးကြီးဖြစ်သွားရသည်။ ဤမြားသည် ထိုမျှ သိပ်မနီရဲသော်လည်း သူ၏စွမ်းအားမှာ လျော့မသွား။ သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် မလှုပ်ရှားနိုင်တော့။
“ချိုးဖျက်မယ်..”
သူ ဟစ်ကြွေးလိုက်သည်။ သူ၏ရင်ဘတ်တုန်ခါလာပြီးနောက် သူ့ပါးစပ်မှ ထူးခြားသည့်သွေးများစီးကျလာသည်။ ထိုသွေးသည် ငါးရောင်စပ်အလင်းများဖြင့် အလွန်တောက်ပနေ၏။
ဤသည်မှာ ဧကရာဇ်ကလန်၏သွေးပင်။
အမှန်တကယ်တွင် သူ၏သွေးများ အစကတည်းက ငါးရောင်စပ်ပင်။ အနီရောင်က အဓိကအရောင်ဖြစ်နေသောကြောင့်သာ။ ယခု သူ့သွေး၏ ထူးခြားမှု ပေါ်ပေါက်သွားလေပြီ။
ထိုသွေးတွင် မသေမျိုးအော်ရာများ ပါဝင်နေသည် စွမ်းအားမှာ တိုင်းတာ၍ မရနိုင်အောင်ပင်။
ဤသည်မှာ ဘိုးဘေးသွေးဖြစ်ပြီး သူ့ကလန်မှ လက်ဆင့်ကမ်းလာသည့် အဖိုးတန်သွေးပင်။ ဤသွေးထဲ၌ မသေမျိုးတံဆိပ်အပိုင်းအစများ ပါဝင်နေသည်ပင်။
ဤသွေးအနည်းငယ်သည် ဆက်တိုက်ပြောင်းလဲနေကာ လောကဖန်တီးခြင်းမှ မြင်ကွင်းမျိုးစုံကို ပြသနေသည်။
ဖူး..
သွေးမြားမှ ရပ်တန့်ခံလိုက်ရကာ ပို၍အရောင်မှိန်လာသည်။ ထိုမြား ဖျက်ဆီးခံရတော့မည်။
သွေးကို သွေးဖြင့် ရင်ဆိုင်ခြင်း..
“ငါ့ရဲ့သွေးစွမ်းအင်တစ်ချို့က မသေမျိုးဘုရင်ဆီကနေ အမွေရထားတာ .. ငါ အဲဒီသွေးကို အသက်မသွင်းနိုင်ဘူးဆိုပေမယ့် ဒါက မင်းရဲ့သွေးစွမ်းအင်က ယှဉ်လို့ရတဲ့သွေး မဟုတ်ဘူး..” ချီဖူး ဂုဏ်ယူစွာ ပြောလိုက်သည်။
သွေးမြားမှာ ချေဖျက်ခံလိုက်ရသည်။ နောက်ဆုံးတွင် လုံးဝအရောင်မရှိတော့ပဲ တစ်စစီပေါက်ကွဲသွားသည်။
ဖူး..
ထိုမြား ပေါက်ကွဲသွားသည်နှင့် ချီဖူး၏ အပြုံး အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်ကာ သူ့အား တစ်စစီဖြစ်အောင် လုပ်နေသည်ပင်။
“ဘာလို့လဲ..” သူနားမလည်နိုင်တော့။ သူ ငါးရောင်စပ် သွေးစွမ်းအင်ဖြင့် ဤမြားကို အရည်ပျော်ကျသွားအောင် လုပ်ပြီးသွားလေပြီ။ သူက အဘယ်ကြောင့် ဒဏ်ရာရနေသနည်း..
ချီဖူး မသေသေးသော်လည်း သူ့ခန္ဓာကိုယ်မှာ လုံးဝလှုပ်ရှား၍မရတော့။ ချိတ်ပိတ်ခံလိုက်ရလေပြီ။ မုန့်ထျန်းကျန်း၏ သွေးစွမ်းအင် သူ့ခန္ဓာကိုယ်အား ထိုးဖောက်မသွားသော်လည်း ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းတစ်ခု ထိုးဖောက်လာကာ သူ့အသက်ဓာတ်ကို ဖျက်ဆီးနေသည်။
“မင်းရဲ့သွေးမျိုးဆက်က တကယ်ကို စွမ်းအားကြီးပါတယ် .. မသေမျိုးဘုရင်ရဲ့ မျိုးဆက်ဖြစ်ထိုက်တယ် .. ဒါပေမဲ့ ဒါက ဘာမှမဟုတ်ဘူး .. အရေးကြီးတာက ငါ့ရဲ့ တိုက်ပွဲအော်ရာ၊ ငါ့ခွန်အားပဲ .. ငါက ငါကိုယ်တိုင်ကြောင့် ခွန်အားကြီးနေတာ၊ ငါ့သွေးမျိုးဆက်ကြောင့် ခွန်အားကြီးနေတာ မဟုတ်ဘူး..” မုန့်ထျန်းကျန်း အေးစက်စွာ ပြောလိုက်သည်။
သူ အရှေ့တိုးလာသည်။ သူ့လက်ထဲ၌ ထာဝရဓားပေါ်လာကာ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် ဖူးဟူသည့်အသံနှင့်အတူ ချီဖူးခေါင်း ဖယ်ရှားခံလိုက်ရသည်။
“ငါ မင်းခေါင်းကို ငှားဦးမယ်..” မုန့်ထျန်းကျန်း အော်ဟစ်လိုက်သည်။
သူ ဧကရာဇ်ကလန်မှလူ၏ ဦးခေါင်းကို တကယ်ဖြတ်လိုက်ခြင်းပင်။ သူသည် ဤခေါင်းကိုသုံးကာ ဤကန္တာရ၌ သေဆုံးသွားသည့် ဘိုးဘေးများနှင့် သူရဲကောင်းဝိညာဉ်များကို ယဇ်ပူဇော်မည်။
အပိုင်း ၁၇၄၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၈ – ဓားစာခံ
ဖူး ဟူသည့်အသံနှင့်အတူ သွေးများကောင်းကင်ထက်သို့ ပန်းထွက်သွားကာ ငါးရောင်စပ်အလင်းများ တောက်ပလာပြီး ခေါင်းတစ်လုံးလည်း ပြုတ်ကျလာသည်။ ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်။
အားလုံး ဆွံ့အသွားရ၏။ ဒါက ဘယ်သူလဲ .. ဧကရာဇ်ကလန်က ချီဖူးလေ..
သေမျိုးလောကကို လွှမ်းမိုးနိုင်တဲ့ သေမျိုးတာအိုမှာ ထိပ်ဆုံးရောက်နေတဲ့သူတစ်ယောက် ပြိုင်ဘက်ကင်းတဲ့သူတစ်ယောက်..
သို့သော် နောက်ဆုံးတော့ သူလည်း ရှုံးနိမ့်သွားဆဲပင်။ ဤလောကကြီးမှာ ပေါ်ထွက်မလာသည်မှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သည့် လူတစ်ယောက်၊ အင်ပါယာဂိတ်မှ လူများကို ခြိမ်းခြောက်ရန် ရောက်လာသည့်လူမှာ နောက်ဆုံးတော့ ခေါင်းဖြတ်ခံလိုက်ရလေပြီ။
ဧကရာဇ်ကလန်များ အမြဲတမ်း သီးသန့်ကျင့်ကြံနေခြင်းမှာ သူတို့အလွန်စွမ်းအားကြီးကြသောကြောင့်ပင်။ သူတို့ပေါ်လာသည်နှင့် မဖြေရှင်းနိုင်သည့် ပြဿနာမရှိ။
သူတို့နှင့် အဆင့်တူသည့်သူများကို သူတို့အမြဲတမ်း အနိုင်ယူခဲ့ပြီး သူတို့လမ်းကြောင်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်ပင်။
သို့သော် ယနေ့တော့ ပြောင်းပြန်ဖြစ်သွားလေပြီ။ ချီဖူး ခေါင်းဖြတ်ခံလိုက်ရကာ ခေါင်းမရှိသည့်အလောင်းမှ သွေးများ ပန်းထွက်လာသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။
ထိုအခိုက်အတန့် လောကကြီးပင် တိတ်ဆိတ်သွားသည်။ လူများစွာမှာ ဤနေရာကိုသာ အာရုံစိုက်နေကြသောကြောင့် ဤမြင်ကွင်းကို မြင်လိုက်ရပြီး အားလုံး ထိတ်လန့်သွားရသည်။
“အား .. ချီဖူးတိုက်ပွဲမှာ အသတ်ခံလိုက်ရပြီ .. စီနီယာမုန့် နိုင်သွားပြီ .. စီနီယာ သူ့ခေါင်းကို ယူလိုက်နိုင်ပြီ..” နောက်ဆုံးတွင်တော့ အင်ပါယာဂိတ်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ သူသည် အရူးကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်နေသည်ပင်။
ဤကဲ့သို့သော တိုက်ပွဲအောင်မြင်မှုမှာ ယခင်ကတည်းက ယခုအချိန်ထိ တစ်ခါမှ မမြင်ဖူးခဲ့သည့်အရာပင်။
ဤကဲ့သို့သော အောင်မြင်မှုများကို ထာဝရရှေးဟောင်းခေတ်မှလူများသာ လုပ်နိုင်ခဲ့သည်။
“နိုင်ပြီ .. ငါတို့ ဧကရာဇ်ကလန်ကို နိုင်ပြီ .. သူ့ခေါင်းကို ယူနိုင်ပြီ .. ဟား ဟား ..” မြို့ထဲမှ ထွက်လာသည့် ခေါင်းဆောင်များအားလုံးလည်း ရူးနေသကဲ့သို့ ဟစ်ကြွေးနေကြသည်။
“ဟား ဟား .. မကောင်းတဲ့မိစ္ဆာကောင်တွေ .. မောက်မာဦးလေ .. ဘာ ပြိုင်ဘက်ကင်းတဲ့ဧကရာဇ်ကလန်လဲ .. သူ့ခေါင်းကို ငါတို့ဘက်က အဆင့်လွန်သက်ရှိ ဖြတ်လိုက်နိုင်တာပဲမဟုတ်ဘူးလား.. မင်းတို့မှာ သတ္တိရှိရင် နောက်တစ်ခေါက် လာကျူးကျော်ကြလေ..” တစ်စုံတစ်ယောက်သည် မျက်ရည်များ ကျသည်အထိ ရယ်မောနေလေ၏။
အဘယ်ကြောင့်ဆိုသော် ဤနှစ်များအတွင်းတွင် တစ်ဖက်လောကနှင့်တိုက်ခိုက်ရသည်မှာ သူတို့ကို အမြဲတမ်း ဖိနှိပ်နေခဲ့သည်။ သူတို့အမြဲတမ်း အစော်ကားခံနေရသည်ပင်။ အချိန်အများစုမှာ သူတို့အရေးနိမ့်ကာ ရှုံးခဲ့ကြသသည်ပင်။
ယနေ့တော့ တိုက်ပွဲတစ်ခုတည်းဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်သွားလေပြီ။ အကြီးအကဲအရှင်သည် အဆင့်လွန်သက်ရှိများကို တစ်ယောက်ပြီးတစ်ယောက် သတ်ခဲ့သည်။ နောက်ဆုံးတွင် ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိပင် ခေါင်းဖြတ်ခံလိုက်ရသည်။ ဤသည်မှာ မည်မျှပင် ခမ်းနားကြီးကျယ်သည့် အောင်မြင်မှု ဖြစ်သနည်း..
ဤကဲ့သို့သော တိုက်ပွဲအောင်မြင်မှုမှာ အတိတ်မှ စစ်ပွဲအားလုံးထက် သာလွန်နေသည်ပင်။
အင်ပါယာဂိတ်မြို့ရိုးပေါ်၌ ရှိနေသည့် ကျင်းထိုက်ကျွင်း၏အမူအရာမှာ ဆက်တိုက် ပြောင်းလဲကာ သူမအတော်လေး တုန်လှုပ်နေလေ၏။ သူမ၏ မျက်နှာမှာ အနည်းငယ် စိမ်းနေပြီး အလွန်ရုပ်ဆိုးနေသည်ပင်။
မုန့်ထျန်းကျန်းအားကြီးသည်ကို သူမ မသိခြင်းမဟုတ်။ ဤမျှ အားကြီးလိမ့်မည်ဟု ထင်မထားခဲ့ခြင်းပင်။ မြို့မှ ထွက်သွားပြီးနောက် သူ အဆင့်လွန်သက်ရှိများကို တစ်ယောက်ပြီးတစ်ယောက် သတ်ခဲ့သည့်အပြင် ယခု ဧကရာဇ်ကလန်မှ လူကိုပင် ခေါင်းဖြတ်လိုက်နိုင်လေပြီ။ ဤသည်မှာ မည်မျှပင် တောက်ပသည့် အောင်မြင်မှု ဖြစ်သနည်း..
မြို့ရိုးပေါ်၌ ရှိနေသည့် ကျင်းမိသားစုနှင့် တုမိသားစုမှ ကျင့်ကြံသူများမှာ မျက်နှာမကောင်းကြတော့။ သူတို့ အနည်းငယ် ကြောက်ရွံ့နေကြသည်။ သိပ်မကြာသေးခင်က မုန့်ထျန်းကျန်းဂိတ်မှ ထွက်သွားသည့်သူအတွက် သူသည် ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် ရှေ့ရေးကို မတွေးတတ်သည့်သူဖြစ်ကြောင့် ကျင်းထိုက်ကျွင်း ပြောခဲ့သေးသည်ပင်။ သို့သော် ယခုတော့ ဤတိုက်ပွဲမှာ ခမ်းနားစွာဖြင့် အောင်မြင်သွားလေပြီ။
သူတို့ ထိတ်လန့်နေကြလေပြီ။ ယခင်က မုန့်ထျန်းကျန်း ပြန်လာနိုင်မည်မဟုတ်ပဲ အပြင်၌ သေသွားလိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြခြင်းပင်။
သို့သော် ယခုတော့ လုံးဝမတူတော့။
တစ်ဖက်လောကမှ စစ်တပ်များမှာမူ အလွန်တိတ်ဆိတ်နေကာ မည်သူမှ အသံမထွက်ကြ။ အစပိုင်းတွင် သူတို့မြင်ရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ ထို့နောက် သူတို့အားလုံး တိတ်ဆိတ်သွားသည်။
အရှုံးမရှိသည့် ဧကရာဇ်ကလန်အဆင့်လွန်ကျွမ်းကျင်သူ ခေါင်းဖြတ်ခံလိုက်ရခြင်းမှာ သူတို့အမြင်တွင်တော့ အရှက်ကွဲရခြင်းပင်။ သူတို့ စိတ်ထဲ၌ ဒေါသထွက်လာကြသည်။ သူတို့သည် အမြဲတမ်း အနိုင်ရခဲ့သောကြောင့် ဤတိုက်ပွဲမှာ သူတို့အား ရှုံးနိမ့်သည့် ခံစားချက်ကို ခံစားရစေသည်။
“ချီဖူးကို လွှတ်လိုက်…” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ လှုပ်ရှားလာကြသည်။ သူတို့သည် ထာဝရပစ္စည်းများကို အသက်သွင်းကာ ဤဘက်ကို တိုက်ခိုက်လာကြသည်။
သို့သော် အင်ပါယာဂိတ်လည်း နယ်မြေဆယ်ခုသင်္ကေတနှင့် သွေးစစ်ပွဲအလံကို အသက်သွင်းကာ တစ်ဖက်လောကအား ပြန်လည်တိုက်ခိုက်လိုက်သည်။ ဝုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်ကြီး လှုပ်ခါလာကာ ကန္တာရတွင်လည်း လှိုင်းထလာသည်။
နှစ်ဘက်လုံး တစ်ဖက်ကိုတစ်ဖက် ဘာမှမလုပ်နိုင်ကြ။
“အရှင်ချီဖူး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ဧကရာဇ်ကလန်မှ တစ်စုံတစ်ယောက် သေသွားလျှင် ကိစ္စကြီးဖြစ်သွားလိ့်မည်။ သူသည် မသေမျိုးဘုရင်၏မျိုးဆက်ဖြစ်သည့်အပြင် ထိုမသေမျိုးဘုရင်မှာ အတော်လေး သွေးဆာလှကာ ယခင်က ထာဝရဘုရင်များကို သတ်ခဲ့သည်ပင်။
ချီဖူးသာ သေသွားလျှင် ထိုထာဝရသက်ရှိဒေါသထွက်လာမလား သူတို့မသိနိုင်။ သူတို့ အလွန်စိုးရိမ်လာကာ ချီဖူးအား ပြန်လိုချင်လာကြသည်။
သို့သော်လည်း ဤသည်မှာ မဖြစ်နိုင်။ မုန့်ထျန်းကျန်းသည် သူ့ခေါင်းကိုဖြတ်ပြီးသည်နှင့် ထိုခေါင်းကို လက်ထဲ၌ ဆုတ်ကိုင်ထားသည်ပင်။ ယခုအချိန်တွင် ချီဖူး အသက်ရှင်လျက်ရှိနေဆဲပင်။
သို့သော်လည်း သူအလွန်အားနည်းနေပြီဖြစ်ပြီး သူ၏အသက်မီးတောက်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေပြီ။ အချိန်မရွေး ငြိမ်းသွားတော့မည်။
မြေပြင်ထက်တွင်ရှိနေသည့် ခေါင်းမပါသည့်အလောင်းမှာ ကြွေမွပျက်စီးသွားပြီးနောက် ပေါက်ကွဲသွားသည်။ အဘယ်ကြောင့်ဆိုသော် မြားတစ်ချောင်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏အသက်ဓာတ်အား ဖြတ်တောက်လိုက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်ပင်။
သူ၏ဦးခေါင်းမှာမူ အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး သူ၏မူလဝိညာဉ်လည်း အားနည်းနေလေပြီ။ မကြာခင်သေတော့မည်။
ချီဖူး လုံးဝ အရှက်ရနေမိသည်။ သူ့ရှေ့၌ ကြယ်ကြီးပေါက်ကွဲသွားလျှင်ပင် သူတစ်ချက်တွန့်သွားမည်မဟုတ်။ သို့သော် ယခုတော့ ထိုတည်ငြိမ်မှုကို မထိန်းသိမ်းနိုင်တော့။
အဘယ်ကြောင့်ဆိုသော် သူ့ခေါင်းကို တစ်စုံတစ်ယောက်မှ ဆုတ်ကိုင်ထားသည်ပင်။ ဤသည်မှာ သူတစ်ခါမှ စိတ်ကူးပင် မယဉ်ဖူးသည့်အရာပင်။ သူက ဘယ်လိုလုပ် ရှုံးသွားတာလဲ..
ဧကရာဇ်လကန်မှ လူဖြစ်သောကြောင့် သူ့ဘဝတွင် တစ်ခါမှ ဤကဲ့သို့ မရှုံးနိမ့်ဖူး။ ဤသည်မှာ သူ့စိတ်ကို နှိပ်စက်နေပြီး ကောင်းကင်ကြီးပေါက်ကွဲသွားသည်အထိ သူ အော်ဟစ်ပစလိုက်ချင်သည်။
“မင်း ငါ့ကို သတ်ချင်ရင် သတ်ပစ်လိုက်..” နောက်ဆုံး၌ သူ တစ်ဖြည်းဖြည်းချင်းတည်ငြိမ်သွားကာ အေးစက်စွာ ပြောလိုက်သည်။
မုန့်ထျန်းကျန်းသူ၏ဦးခေါင်းကို ကိုင်ထားပြီး သူ၏အားကို ထိန်းချုပ်ထားလိုက်သည်။ သူ၏မူလဝိညာဉ်ကို မပျက်စီးအောင် ထားထားလေ၏။ ထို့နောက် သူ တစ်ဖက်ရန်သူ စစ်တပ်ဘက်သို့ ကြည့်လိုက်သည်။
“မင်းတို့အားလုံး ငါတို့ကို ကျူးကျော်ရဲရင် မင်းတို့အားလုံးရဲ့ အဆုံးသတ်က ဒီလိုပဲ ဖြစ်လာမှာ..”
ဤစကားများကို ကျယ်လောင်စွာ ပြောလိုက်ခြင်းမဟုတ်သော်လည်း ကောင်းကင်ကိုလွှမ်းခြုံသွားသည့် လှိုင်းများ ဖြစ်ပေါ်လာစေသည်ပင်။
တစ်ဖက်လောကမှ သက်ရှိများအားလုံး ဒေါသထွက်နေကြသော်လည်း သူတို့ဘာမှမပြောနိုင်။ ချီဖူးပင် ရှုံးနိမ့်သွားသောကြောင့် သူတို့ဘာလုပ်နိုင်မည်နည်း.. မသေမျိုးသက်ရှိများ ကောင်းကင်ချောက်နက်အား ဖြတ်နိုင်ဖို့ကိုသာ သူတို့မျှော်လင့်ရတော့မည်။
ဤရွှေရောင်ချပ်ဝတ်တန်ဆာနှင့်လူမှာ ထိုအဆင့်ကို လျှောက်ပြီးပြီးလားဟုပင် သူတို့သံသယဝင်လာသည်။
အင်ပါယာဂိတ်ဘက်မှ လူများမှာမူ ကြွေးကြော်နေကြသည်ပင်။ လက်ရှိတွင် ရွှေရောင်နေ့ရက်များ၌ ရောက်နေသည့် အကြီးအကဲအရှင်၏ စကားများမှာ သူတို့ကို အလွန်စိတ်လှုပ်ရှားစေသည်ပင်။
အင်ပါယာဂိတ်တွင် မွေးဖွားလာသောကြောင့် သူတို့နယ်မြေကို ကာကွယ်ရမည်။ သူတို့ စွမ်းအားကြီးသည့် ရန်သူများကို အေးစက်စွာပင် မျက်နှာချင်းဆိုင်ရမည်္။
အရှက်တကွဲ နေနေရခြင်းမှာ သူတို့လိုချင်သည့်ပုံစံမဟုတ်။
ကျင်းထိုက်ကျွင်း၏ နည်းလမ်းမှာ သူတို့အားအလွန်မသက်မသာဖြစ်စေခဲ့သည်။ ယခုတော့ သူတို့ ဒေါသအနည်းငယ်ကို ဖောက်ထုတ်ခွင့်ရလိုက်လေပြီ။
“စီနီယာမုန့်က ပြိုင်ဘက်ကင်းပဲ..” အားလုံး ကြွေးကြော်လိုက်ကြသည်။ အသံများမှာ မိုးခြိမ်းသံကဲ့သို့ ဤနေရာ၌ ပဲ့တင်ထပ်သွားသည်။
“ချီဖူးကို လွှတ်ပေးဖို့အတွက် ဘာနဲ့လဲချင်လဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
တစ်ဖက်လောကမှ စစ်တပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။ ဤသည်မှာ တစ်ခါမှမဖြစ်ဖူးသည့် အဖြစ်အပျက်ပင်။ သူတို့ဘက်မှ ခေါင်းဆောင် ရန်သူလက်ထဲ၌ ရောက်နေသည်။ ဤသည်မှာ အလွန်ရယ်စရာကောင်းသည်ဟု သူတို့ခံစားလာရသည်။
“မင်းငါ့ကို သတ်ပဲသတ်သတ်၊ နှိပ်ပဲစက်စက် မင်းကြိုက်သလိုလုပ်..” ချီဖူး ပြောလိုက်သည်။
သူ ဘာမှမလုပ်နိုင်သောကြောင့် သူအလွန်ရှက်ရွံ့နေမိသည်။
“မင်းတို့အားလုံး ပြန်သွားပြီးတော့ ဟွမ်ကို ပြန်ခေါ်လာပေးရင် ငါ ချီဖူးကို ပြန်ပေးမယ်..” မုန့်ထျန်းကျန်း ပြောလိုက်၏။
တစ်ဖက်လောကမှ လူများသာမက အင်ပါယာဂိတ်မှ လူများပင် အမူအရာများ ပြောင်းလဲသွားကြသည်။ မုန့်ထျန်းကျန်းအတွက် ဟွမ်မှာ အတော်လေး အရေးကြီးသည်ထင်သည်။ သူသည် ယခုထိပင် သူ့အား ကယ်နိုင်မည့်နည်းလမ်းကို ရှာချင်နေတုန်းပင်။
“ဒါက .. မဖြစ်နိုင်ဘူး .. သူ့ကို ရထားလုံးထဲ အကျဉ်းချပြီးနော့ ပို့ပြီးသွားပြီ..”
ယခုတစ်ခေါက်တွင်တော့ တစ်ဖက်လောကမှ တိတ်ဆိတ်သွား၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ တကယ်ကို မဖြစ်နိုင်။ ဤသည်မှာ သွေးကျမ်းကျိန်ထားခြင်းဖြစ်သောကြောင့် ဘယ်လိုလုပ် ကလေးကလား လုပ်၍ရမည်နည်း..
မသေမျိုးဘုရင်များ၏ ဂုဏ်သိက္ခာမှာ ကြီးမြတ်လှသည်။ သူတို့စကားကို ပြန်ရုတ်သိမ်းရန်မှာ မဖြစ်နိုင်။
ထို့အပြင် တစ်ဖက်လောကမှာ သုံ့ပန်းများလဲလှယ်ခြင်းမှာ ရှားပါးလှသည်။ သာမန်အားဖြင့် သူတို့ ညှိနှိုင်းခြင်းများ မလုပ်ကြ။
တစ်ဖက်လောကမှ အသက်ရှင်သည့်နည်းလမ်းမှာ ရက်စက်လှသည်။ ထို့ကြောင့်လည်း သူတို့ စစ်ပွဲများကို ကြိုက်နှစ်သက်ပြီး စွမ်းအားကြီးနေကြခြင်းပင်။
မုန့်ထျန်းကျန်း သက်ပြင်းချလိုက်၏။ မဖြစ်နိုင်မှန်းသိသောကြောင့် သူလည်း မျှော်လင့်ချက်အများကြီး မထားထားပေ။ သူ ဒီတိုင်း ပြောကြည့်လိုက်ရုံပင်။
သို့သော် ချီဖူး၏ အဆင့်အတန်းမှာ ထူးခြားသောကြောင့် တစ်ဖက်လောက စစ်တပ်မှာ လက်လွတ်စပယ်မလုပ်ရဲကြ။
“အဲဒါဆိုရင်လည်း ငါမင်းကို ထာဝရပိတ်ထားလိုက်မယ်..” ထိုသို့ပြောပြီးနောက် မုန့်ထျန်းကျန်း၏ လက်ညှိုးတောက်ပလာကာ ချီဖူး၏ မူလဝိညာဉ်ကို အကျဉ်းချလိုက်ကာ အရိုးအိုးတစ်ခုထဲ၌ ပိတ်ထားလိုက်လေ၏။
“မင်း ဘာလုပ်မှာလဲ..” ချီဖူး အော်ဟစ်လိုက်သည်။
“မင်း ဓားစာခံဆိုတာသိလား .. မင်းက ဓားစာခံတစ်ယောက်ပဲ..” မုန့်ထျန်းကျန်း ပြောလိုက်သည်။ ထို့အပြင် သူသည် တစ်ဖက်လောကမှ စစ်တပ်ကြီးကိုကြည့်ကာ “ဟွမ် ပြန်လာဖို့ကြာလေလေ သူပိတ်ခံထားရတာ ကြာလေလေဖြစ်မှာပဲ .. ဟွမ် ထိခိုက်ရင် သူသေချာပေါက် သေရမယ်..”
အားလုံး ဆွံ့အသွားကြရ၏။ သူ ဤကဲ့သို့ လုပ်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။ ချီဖူးက ဓားစားခံတစ်ယောက် ဖြစ်သွားတာလား..
ထို့နောက် မုန့်ထျန်းကျန်းသည် ချီဖူးခေါင်းထည့်ထားသည့်အိုးကို အကြီးအကဲချင်းမူထံသို့ ပေးလိုက်သည်။ “အရင်က သူရဲကောင်းဝိညာဉ်ကို ပူဇော်ဖို့အတွက် ဒါကို ချန်ထားခဲ့လိုက်..”
တစ်ဖက်လောကမှ စစ်တပ်ကြီး ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်လာသည်။ သူတို့အားလုံး ရူးသွပ်တော့မည်။ ဤသည်မှာ အရှက်ရကာ ဒေါသထွက်စရာကောင်းလှသည်။
“မင်းတို့အားလုံး ဒါကို လက်မခံနိုင်ရင် လာတိုက်ကြ..” မုန့်ထျန်းကျန်း ပြောလိုက်သည်။
ဝုန်း..
ရုတ်တရက် ကန္တာရအစွန်းမှ သွေးစက်တစ်စက် ကျလာသည်။ အစပိုင်းတွင် အနီရင့်ရောင်ဖြစ်သော်လည်း နောက်ပိုင်းတွင် ငါးရောင်စပ်နတ်အလင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ တက်သွားသည်။ ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။
အားလုံး အမူအရာများ ပြောင်းလဲသွားကြ၏။ ထို့နောက် သူတို့ဦးရေပြားများ ထုံကျဉ်လာရသည်။
အပိုင်း ၁၇၄၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၄၉ – မသေမျိုးဘုရင်သွေး
ဤသည်မှာ သွေးတစ်စက်သာဖြစ်သော်လည်း ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ပြောင်းလဲသွားစေနိုင်ကာ ကန္တာရကြီးကိုပင် ဖရိုဖရဲဖြစ်သွားစေနိုင်သည်။ သဲလှိုင်းများ ကောင်းကင်ထက်သို့ တက်သွားပြီး အားလုံးတုန်လှုပ်လာရသည်။
တစ်ဖက်လောကမှ မရေမတွက်နိုင်သည့် စစ်တပ်ကြီးသည် ဒူးထောက်ချကာ ရှိခိုးလာကြသည်။
ထိုအခိုက်အတန့်တွင် အာကာသအပြင်ဘက်ရှိ ကြယ်များတုန်ခါလာကာ စကြာဝဠာကြီးတစ်ခုလုံး စတင်တုန်ခါလာ၏။ ဤကဲ့သို့သော ခွန်အားမှာ စဉ်းစားကြည့်၍ မရနိုင်လောက်အောင်ပင်။
ဤသည်မှာ တစ်ဖက်လောကမှ ပြိုင်ဘက်ကင်းသည်သက်ရှိတစ်ဦး လုပ်လိုက်ခြင်းဖြစ်ကြောင်း အားလုံးသိကြသည်ပင်။ သူ၏ခန္ဓာကိုယ်အစစ် ကောင်းကင်ချောက်နက်ကြီးကို မဖြတ်ကျော်နိုင်သောကြောင့် သူ သွေးစက်တစ်စက် ပို့လွှတ်လိုက်ခြင်းပင်။
တောက်ပနေသည့် သွေးစက်မှ တောက်ပသည့် ငါးရောင်စပ်မသေမျိုးအလင်းများ ထုတ်လွှတ်နေသည်။ ဤသွေးစက်မှာ အလွန်သေးငယ်သော်လည်း သူ၏စွမ်းအားမှာ ကြီးမားလှသည်။
အင်ပါယာဂိတ်မြို့ရိုးပေါ်ရှိ လူအားလုံး တုန်လှုပ်လာကြသည်။ မြို့ကြီးမှ သူတို့ကို ကာကွယ်ပေးထားကာ ထိုစွမ်းအားများ သူတို့ကို မသက်ရောက်နိုင်သော်လည်း သူတို့ ထိတ်လန့်နေဆဲပင်။
“မုန့်ထျန်းကျန်း ကပ်ဆိုးကြီးကို သွားရန်စလိုက်မယ်ဆိုတာ ငါသိတယ် .. ငါညှိပြီးသွားပြီကို သူက မြို့ကနေ ထွက်သွားသေးတယ် .. ဒီနေ့ တစ်ခုခုဖြစ်ရင် သူက သမိုင်းကရှုတ်ချတဲ့ အပြစ်သားဖြစ်မှာပဲ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။
ကျင်းမိသားစု၊ တုမိသားစုမှ လူများအပါအဝင် အခြားကျင့်ကြံသူများ စကားတစ်လုံးမှ မပြောနိုင်တော့။ ဤကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းမှာ သူတို့အားလုံးကို လူသေကဲ့သို့ ဖြူဖျော့သွားစေသည်။
မသေမျိုးဘုရင်များ မအောင်မြင်နိုင်ဘူးဟု ခံစားနေရသော်လည်း သူတို့ တကယ်ဖြတ်လာပြီး မြို့ကို တိုက်ခိုက်လာလျှင် မည်ကဲ့သို့ လုပ်ကြမည်နည်း..
“သူတို့တွေ ဖြတ်မလာလောက်ပါဘူးနော် ဟုတ်တယ်မလား..” လူအချို့ တုန်ယင်နေသည့်အသံများဖြင့် ပြောလိုက်၏။ ဤသည်မှာ တုမိသားစုမှ ခေါင်းဆောင်တစ်ဦးပင်။
“သူတို့ နယ်မြေကို ဖြတ်မလားဆိုတာက ၅၀-၅၀ ပဲ .. သူတို့ ဘယ်လိုလုပ်ချင်လဲဆိုတဲ့အပေါ်ပဲ မူတည်တာ..” ကျင်းထိုက်ကျွင်း သူ၏သစ်သားတုတ်ကောက်ကို တင်းကြပ်စွာ ဆုတ်ကိုင်၍ ပြောလိုက်သည်။
အင်ပါယာဂိတ်မှ ထွက်သွားသည့်သူများ၏ အမူအရာများလည်း ဖြူဖျော့နေကြသည်ပင်။ သူတို့သည် ခေါင်းမာကာ မကြောက်ရွံ့သော်လည်း ဤကဲ့သို့သော ဖိအားမျိုးမှာ သူတို့ခန္ဓာကိုယ်မှ သည်းခံနိုင်ရန် အလွန်ခက်ခဲလှသည်။
ဝုန်း..
ထာဝရပစ္စည်းများစွာ အသက်ဝင်လာကာ ဤနေရာကို အပြင်လောကမှ ကန့်သတ်ပစ်လိုက်သည်။ အဖြူရောင်မြူများ တစ်တန်းပြီးတစ်တန်းပေါ်လာကာ ထာဝရစွမ်းအင်များလည်း လေထဲ၌ ပျံ့လွင့်လာပြီး သူတို့ကို ကာကွယ်ပေးလာသည်။
သို့သော် ထိုသွေးစက်တွင်လည်း ထူးဆန်းသည့်ပြောင်းလဲမှုဖြစ်ပေါ်လာသည်။ ထိုသွေးစက်သည် ပင်လယ်တစ်စင်းကဲ့သို့ လျင်မြန်စွာ ကျယ်ပြန့်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုအုပ်မိုးသွားသည်။
ဤသည်မှာ နောက်ဆုံးနေ့ ရောက်လာသကဲ့သို့ အားလုံးကို တုန်လှုပ်သွားစေသည်။
အာကာသအပြင်ဘက်မှ ကြယ်များလည်း တစ်လုံးပြီးတစ်လုံး စတင်တုန်ခါလာသည်။
သွေးတစ်စက်ကြောင့် ဤကဲ့သို့ လောကကြီးအဆုံးသတ်မည့်မြင်ကွင်းမျိုးဖြစ်လာခြင်းဖြစ်သောကြောင့် မည်သူက မကြောက်ပဲ နေမည်နည်း..
“မသေမျိုးဘုရင်..”
ထိုအခိုက်အတန့် တစ်ဖက်လောကမှ စစ်တပ်ကြီးသည် အရိုအသေပေးပြီးသွားသည်နှင့် အားလုံး ကြွေးကြော်လာကြသည်။ သူတို့သည် အလွန်စိတ်အားထက်သန်နေကြကာ ထိုသွေးပင်လယ်ကို အလွန်လေးစားနေကြလေ၏။
ငါးရောင်စပ်သွေးမှာ ဤနေရာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
“သွေးစစ်ပွဲအလံ .. မင်းအခုမှ အသက်မဝင်လာဘူးဆိုရင် မင်းက ဘာကိုစောင့်နေတာလဲ..” မုန့်ထျန်းကျန်း သူ၏လက်ကို လွှဲရမ်းလိုက်ကာ စစ်ပွဲအလံကို သူ့လက်ထဲသို့ ရောက်အောင်လုပ်လိုက်သည်။ ထို့နောက် သူ ဟစ်ကြွေးကာ ထိုအလံကို ပစ်လွှတ်လိုက်သည်။
ပျက်စီးနေသည့် စစ်ပွဲအလံမှာ အချိန်များ၏ တိုက်စားမှုများကို ခံစားခဲ့ရသည်ပင်။ သူသည် ရွှီးခနဲ ပြေးထွက်သွားကာ အရှေ့ဘက်သို့ ပြေးတက်သွားလိုက်သည်။ ထို့နောက် တစ်ဖြည်းဖြည်း ကြီးလာလေသည်။
နောက်ဆုံးတွင် မူလက မှေးမှိန်နေသည့် အလံမျက်နှာပြင်မှ ပြိုင်ဘက်ကင်းသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ထိုအလံကောင်းကင်ထက်သို့ တက်သွားသည်နှင့် ဤသည်မှာ ငွေရောင်မြစ်ကြီး လှည့်လည်နေသကဲ့သို့ပင်။
ထိုအလံမျက်နှာပြင်၌ ရှိနေသည့်သွေးများမှာ ခေတ်တစ်ခု ကြာသွားပြီဖြစ်သော်လည်း မခြောက်သေး။
အဘယ်ကြောင့်ဆိုသော် ဤသွေးမှာ ထာဝရဘုရင်တစ်ပါး၏ သွေးဖြစ်သောကြောင့်ပင်။ ယခုအချိန်တွင် ထိုသွေးစက်သည် အောက်သို့စီးကျတော့မည့်ပုံစံဖြင့် အလံမျက်နှာပြင်ထက်၌ တစ်ဖြည်းဖြည်းချင်း စီးကျလာသည်။
ဤသည်မှာ အဆင့်လွန်ရတနာတစ်ခုပင်ဖြစ်သလို ယခင်က ထာဝရဘုရင်အလောင်းပတ်သည့်အဝတ်လည်းဖြစ်သည်။ သူသည် စစ်မြေပြင်မှ ထာဝရဘုရင်နှစ်ပါး၏ အလောင်းကို ပတ်ခဲ့သောကြောင့် သူတို့၏သွေးစွမ်းအင်များ ဤအလံထဲ၌ စိမ့်ဝင်နေသည်ပင်။
ယခု တစ်ဖက်လောကမှ မသေမျိုးဘုရင်၏သွေးစက်ပေါ်လာကာ စစ်ပွဲအလံကို ဒေါသထွက်အောင် လုပ်လိုက်သည်ပင်။
အဘယ်ကြောင့်ဆိုသော် သူ ရန်သူဟောင်၏သွေးစွမ်းအင်ကို အာရုံခံမိလိုက်သည်ပင်။
တစ်ဖက်လောကမှ ဘုရင်၏ သွေးစက်မှာ ပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကြောက်စရာကောင်းနေသော်လည်း သွေးစစ်ပွဲအလံမှာ ပို၍ပင် ကြောက်စရာကောင်း်နေသည်။
ဤအလံ တကယ် အသက်ဝင်လာအောင်လုပ်ရန် မယုံကြည်နိုင်လောက်သည့် နတ်ခွန်အားများကို အသုံးပြုရပြီး များစွာ ပေးဆပ်ရသည်ပင်။ ထိုသို့ဆိုလျှင်ပင် အောင်မြင်ချင်မှ အောင်မြင်မည်ဖြစ်သည်။
သို့သော် ယခုတစ်ခေါက်တော့ မတူတော့။ တစ်ဖက်လောကမှ မသေမျိုးဘုရင်သွေးစက်ကြောင့် သူ့အလိုလို အသက်ဝင်လာပြီး အိပ်ပျော်နေသည့် ထာဝရဘုရင်သွေးစွမ်းအင်များကို ထုတ်လွှတ်လာခြင်းပင်။
စစ်ပွဲအလံ လီပေါင်းမည်မျှထိ ကျယ်ပြန့်သွားမှန်းမသိ။ သူသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားလေသည်။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ ထိုငါးရောင်စပ်သွေးပင်လယ်ကြီးကို ချက်ချင်း ဖြိုခွဲပစ်လိုက်လေသည်။
ထိုသွေးစက်သည် မူလပုံစံအတိုင်း သွေးစက်တစ်စက်အဖြစ် ပြန်ပြောင်းသွားသည်။
ဝုန်း..
အလံကြီးလူးလွင့်လာကာ နောက်တစ်ကြိမ် ပျံသန်းလာကာ ထိုသွေးစက်ကို ဝန်းရံလိုက်ပြီး စုတ်ယူလိုက်လေ၏။ ထာဝရအသံများကိုပင် ကြားရသည်ပင်။
ထို့နောက် ကောင်းကင်နှင့် ကမ္ဘာမြေကြီး တိတ်ဆိတ်သွားကာ ကြောက်စရာကောင်းသည့်မြင်ကွင်းများလည်း အစရှာမရအောင် ပျောက်ကွယ်သွားသည်။
လေထဲ၌ အလံသာ လွင့်နေတော့သည်။
အားလုံး ထိတ်လန့်သွားရ၏။ ဤအလံမှာ သူတို့ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။ မသေမျိုးဘုရင်တစ်ပါး၏ သွေးတစ်စက်မှာ ဤကဲ့သို့ပင် စုတ်ယူခံလိုက်ရကာ ပြုပြင်ခံလိုက်ရလေပြီ။
စိတ်လှုပ်ရှားကာ ကြွေးကြော်နေကြသည့် တစ်ဖက်လောကမှ စစ်တပ်ကြီးမှာ ရပ်တန့်သွားလေပြီ။ သူတို့သည် ရွှံ့ရုပ်များကဲ့သို့ ငေးကြောင်နေကြလေ၏။
အဲဒီသွေးစက်က ဒီလိုပုံစံမျိုးနဲ့ပဲ စုတ်ယူခံလိုက်ရတာလား..
သွေးစစ်ပွဲအလံသည် လျင်မြန်စွာ နိုးထလာခဲ့သော်လည်း ထိုသွေးကို ဖြိုခွဲပြီးသွားသည်နှင့် အရောင်ပြန်မှိန်သွားသည်။
“သတ်..”
မုန့်ထျန်းကျန်း ဟစ်ကြွေလိုက်ကာ အလံကို စစ်တပ်ကြီး ရှိနေသည့်ဘက်သို့ သူကိုယ်တိုင် လွှဲရမ်းလိုက်သည်။ အလံသည် တောင်များနှင့် မြစ်များအဖြစ် ပြောင်းလဲသွားကာ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများ၏ ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။ နောက်ဆုံးနေ့ရက်များ၌ သူတို့ခံစားခဲ့ရသည့် စိတ်ပျက်မှုနှင့် မကျေနပ်မှုများအားလုံး ပေါ်လာသည်။ နောက်ဆုံးတွင် သူတို့သည် တောက်လောင်နေသည့် စစ်ပွဲမီးတောက်များကဲ့သို့ ရန်သူထံသို့ ဦးတည်သွားလိုက်ကြသည်။
ယခုအချိန်တွင် ယခင်က မြင်ကွင်းများ ပြန်ပေါ်လာလေပြီ။ သေဆုံးသွားခဲ့ကြသည့် သူရဲကောင်းဝိညာဉ်များသည် အလံထဲမှ ထွက်လာကာ ရန်သူထံသို့ အတူအကွ ဦးတည်သွားလိုက်ကြသည်။
နေရာတိုင်း၌ ပုံရိပ်များ ပြည့်နှက်နေပြီး သူတို့ဟစ်ကြွေးသံမှာ ဤလောကကြီးကို တုန်လှုပ်သွားစေသည်။
“သတ်..”
မရေမတွက်နိုင်သည့်လူများ ဟစ်ကြွေးလိုက်ကြသည်။
“ငါတို့ သွားကြမယ်..”
တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ တုန်လှုပ်သွားကြရသည်။ သူတို့အားလုံး ထာဝရလက်နက်များကို အသက်သွင်းကာ ခုခံလိုက်ကြသည်။ အထူးသဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ရှုံ့အိတ်သည် ရန်သူများကို စုတ်ယူသွားကာ လျင်မြန်စွာပင် ပြန်ဆုတ်သွားကြသည်။
သူတို့ ဤစစ်ပွဲကို ရှုံးနိမ့်သွားလေပြီ။ ချီဖူး အဖမ်းခံလိုက်ရပြီဖြစ်ပြီး သူသေမလားရှင်မလား မသိတော့။ သူတို့ဆက်မတိုက်ချင်တော့။
သို့သော် အဓိကအကြောင်းမှာ ထို မသေမျိုးဘုရင်၏သွေးစက် စုတ်ယူခံလိုက်ရသောကြောင့်ပင်။ ဤသည်မှာ သူတို့ကို ကြောက်ရွံ့သွားစေသည်။
ဝုန်း..
ထာဝရပစ္စည်းပေါင်းများစွာ သူတို့ကို ကာကွယ်ပေးထားသော်လည်း အလံကြီး လှုပ်ခါလိုက်ပြီး မရေမတွက်နိုင်သည့် တပ်သားများ ထွက်ပေါ်လာသည်ပင်။
ထို့နေက် ထိုလူများ လေထဲသို့ သယ်ခံလိုက်ရပြီး အလံကို အနည်းငယ် လှုပ်ခါလိုက်သည်နှင့် ဖူးဟူသည့်အသံနှင့်အတူ သူတို့အားလုံး ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်မှ လူများကို စုတ်ယူနေရုံသာမက ပစ္စည်းအားလုံး တောက်ပလာကာ ကောင်းကင်ထိရောက်သည့် အလင်းအတားအဆီးတစ်ခုကို ဖန်တီးလာပြီး အားလုံးကို ကာကွယ်ပေးလာသည်။
“သတ်..”
မုန့်ထျန်းကျန်း လှုပ်ရှားလိုက်သည်နှင့် မြို့ထဲမှ ထွက်လာသည့် ခေါင်းဆောင်များလည်း သူတို့နတ်ခွန်အားများကို အသက်သွင်းကာ ထာဝရပစ္စည်းများအား အသက်သွင်းရာ၌ ကူညီပေးလာကြသည်။
အကြီးအကဲချင်းမူနှင့် အခြား ပြိုင်ဘက်ကင်းသက်ရှိများဆိုလျှင် ပြောစရာပင်မလိုတော့။ သူတို့သည် နယ်မြေဆယ်ခုသင်္ကေတ၊ ဖီးနှစ်ကိုးကောင်မီးဖိုနှင့် အခြား ပစ္စည်းများကို အသက်သွင်းကာ ရန်သူများနောက် လိုက်ဖမ်းကြသည်။
“သတ်..”
ယခုအချိန်တွင် အင်ပါယာဂိတ်အတွင်း၌ ရှိနေသည့်သူများပင် မနေနိုင်တော့ပဲ ဟစ်ကြွေးလာကြသည်။ ဝမ်မိသားစု၊ တုမိသားစုနှင့် ဖီရှူးကလန်မှလူများပင် သွေးများဆူပွက်လာကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ဘယ်တုန်းကများ ဤကဲ့သို့သော မြင်ကွင်းမျိုး မြင်ဖူးသနည်း.. သူတို့ဘက်မှလူများ တစ်ဖက်လောကမှ စစ်တပ်နောက် လိုက်ဖမ်းနေသည်မှာ သူတို့ကို တကယ်လန်းဆန်းလာစေသည်။
ဤတိုက်ပွဲမှာ သူတို့ကို အတော်လေး ပျော်ရွှင်စေသည်ဟု ခံစားလိုက်ကြရသည်။ ကလန်များစွာမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ပဲ ကျွမ်းကျင်သူအချို့ ဟစ်ကြွေးကာ မြို့ထဲမှ ထွက်သွားလိုက်ကြသည်။
ကန္တာရကြီးမှာ ကျယ်ပြန့်လှသော်လည်း ထာဝရပစ္စည်းများမှာ ထူးခြားကာ အလွန်လျင်မြန်လှသည်။ သူတို့သည် ကောင်းကင်ချောက်နက်ကြီးကို လျင်မြန်စွာ ဖြတ်လိုက်ပြီး အရှေ့ဘက်အစွန်သို့ ရောက်သွားသည်။
ဝုန်း…
ထာဝရပစ္စည်းများ အရှေ့ဘက်သို့တရှိန်ထိုး ပြေးသွားကာ တစ်ဖက်လောကမှ ကျင့်ကြံသူအချို့ကို တစ်စစီဖြစ်အောင် ဖောက်ခွဲပစ်လိုက်လေသည်။
သူတို့နှစ်ဘက်လုံးကို ကာကွယ်ပေးနေသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ရှုံ့အိတ်နှင့် နယ်မြေဆယ်ခုသင်္ကေတ ရှိနေသော်လည်း လူအချို့သေဆုံးသွားဆဲပင်။
ဒုန်း..
ရုတ်တရက် အကြီးအကဲအရှင် ရပ်တန့်လိုက်ကာ ဆက်မသွားတော့။ သူသည် လက်ထဲ၌ အလံကိုင်ထားပြီး အခြားသူများလည်း ဆက်မသွားရန် တားဆီးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှ ကောင်းကင်ချောက်နက် ဖုံးလွှမ်းမထားသည့်နေရာကို သူတို့မြင်နိုင်လေပြီ။ ထိုနေရာ၌ ကြောက်စရာကောင်းသည့် ပုံရိပ်များသည် နတ်ဆိုးတောင်များကဲ့သို့ မလှုပ်မယှက်ရှိနေကြသည်ပင်။
သူတို့သည် မှုန်ဝါးနေကာ ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ခက်ခဲသော်လည်း သူတို့ပေးနေသည့်ဖိအားမှာ အလွန်ကြီးမားလှသည်။
ဤသည်မှာ သေမျိုးတာအိုတွင် ထိပ်ဆုံးကို ကျော်လွန်နေသည့် သက်ရှိများပင်။
သူတို့သည် ကောင်းကင်ချောက်နက်ကြီးကို မလှုပ်မယှက်ကြည့်နေကြသည်။
ဤနေရာသို့ ရောက်လာသည့် ကလန်ပေါင်းစုံမှ ကျင့်ကြံသူများအားလုံး ရပ်တန့်သွားကြသည်။ သူတို့၏ ဟစ်ကြွေးသံများလည်း ရပ်တန့်သွားကာ အရှေ့ဘက်ကို တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။
“ငါတို့သွားမယ်..”
မုန့်ထျန်းကျန်း ခန္ဓာကိုယ်ယိုင်သွားကာ သွေးတစ်ပွက် အန်သွားသည်။
“အကြီးအကဲအရှင်..”
“စီနီယာမုန့်..”
လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူ တစ်ခုခုဖြစ်သွားမည်ကို အားလုံး စိုးရိမ်နေကြသည်ပင်။ သိပ်မကြာသေးခင်က မုန့်ထျန်းကျန်း အဆင့်လွန်သက်ရှိများကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ရခြင်းဖြစ်သောကြောင့် သူလည်း ပေးဆပ်ခဲ့ရမည်ပင်။
“ငါအဆင်ပြေတယ်..” မုန့်ထျန်းကျန်း၏အမူအရာမှာ ဖြူဖျော့နေသည်။ နောက်ဆုံးတွင်တော့ သူသည် ကမ္ဘာမြေကြီး၏ အစွန်ဆုံးကိုကြည့်ကာာ ဝမ်းနည်းတကြီး ပြောလိုက်သည်။ “ငါတို့ ဘယ်အချိန်မှ အဲဒီနေရာကို သွားတိုက်နိုင်မှာလဲ..”
နောက်ဆုံးတွင် အင်ပါယာဂိတ်မှ ကျင့်ကြံသူများ အကြီးအကဲအရှင်ကို ဝန်းရံကာ ပြန်လာခဲ့လိုက်ကြသည်။
ဤကဲ့သို့သော အောင်မြင်မှုမျိုး ရလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
သူတို့ အင်ပါယာဂိတ်နားသို့ ရောက်လာသည့်အချိန်တွင် သူတို့ မနေနိုင်ပဲ နောက်တစ်ကြိမ် ဟစ်ကြွေးလာကြသည်။ မြို့ထဲဘက်မှလည်း ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်ပင်။
သို့သော် လူများစွာမှာ တည်ငြိမ်နေဆဲပင်။ ဤကိစ္စမှာ မပြီးပြတ်သေးမှန်း သူတို့သိသည်။
အထူးသဖြင့် ကျင်းထိုက်ကျွင်း၏လူများ အကြောက်ဆုံးပင်။ တုမိသားစု၊ ဖီရှူးကလန်နှင့် အခြားသူများလည်း မသက်မသာခံစားနေကြရသည်။ မုန့်ထျန်းကျန်း အသက်ရှင်လျက် ပြန်လာလေပြီ။ သူ သူတို့နှင့် ရှင်းတော့မည်လား..
ကျင်းထိုက်ကျွင်းသည် သူ၏တုတ်ကောက်ကို အားစိုက်ကိုင်ထားသောကြောင့် လက်ဆစ်များပင် ဖြူဖျော့နေလေပြီ။ ဤသည်မှာ သူမခံစားချက် မည်မျှဆိုးရွားနေကြောင်း ဖော်ပြနေခြင်းပင်။
မုန့်ထျန်းကျန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် သူ သူမကိုပစ်မှတ်ထားတော့မည်ဖြစ်ကြောင်း သူမသိသည်ပင်။
အပိုင်း ၁၇၄၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၀ – ကျင်းထိုက်ကျွင်းအား ရာထူးလျှော့ချခြင်း
မုန့်ထျန်းကျန်းသည် ဤတိုက်ပွဲတွင် အဆင့်လွန်သက်ရှိများကို ဆက်တိုက်ရိုက်ချခဲ့ပြီး ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိကိုပင် ဓားစာခံအဖြစ် ဖမ်းခေါ်ခဲ့သေးသည်။ ဤသည်မှာ အားလုံးကို အတော်လေး ပျော်ရွှင်စေသည်ပင်။
အင်ပါယာဂိတ်မှာ စိတ်လှုပ်ရှားမှုဖြင့် ဆူညံပွက်လောရိုက်နေလေပြီ။
သူတို့မြို့ထဲသို့ ဝင်လိုက်သည်နှင့် သူတို့ထံသို့ ပြေးလာသည့်သူ မည်မျှရှိမှန်းပင် မသိတော့။ သူတို့အားလုံး ဟစ်ကြွေးနေကြကာ အချို့သူများမှာ မျက်ရည်များပင် စီးကျနေလေပြီ။
အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲမှာ တကယ်ကို မလွယ်ကူလှပေ။ ယခင်က သူတို့ ဘယ်နှကြိမ်ရှုံးခဲ့မှန်းပင် မသိတော့။
တိုက်ပွဲ၌ ကျသွားသည့် သူရဲကောင်းများစွာ ရှိခဲ့သည်ပင်။ ထိုသူအားလုံးမှာ ကလန်ပေါင်းစုံမှ နာမည်ကြီးသည့်သူများပင်။
သို့သော် ယနေ့တော့ မုန့်ထျန်းကျန်း တစ်ဖက်ကို ရဲရင့်စွာ တိုက်ခိုက်ခဲ့ပြီး အဆုံးမရှိသည့်ရန်သူများကို နောက်ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။
မြို့ထဲရှိ လမ်းတိုင်း၌ လူများပြည့်နေသည်။ အားလုံးမှာ သတင်းရ၍ ရောက်လာကြခြင်းပင်။ သူတို့ ဤနေရာမှ သူတို့၏စစ်တပ် ရောက်လာမည်ကို စောင့်ကြိုနေကြခြင်းပင်။
ယခုတစ်ခေါက် မြို့ထဲမှ ထွက်သွားသည့်ကျွမ်းကျင်သူအားလုံး တောက်ပနေသည်။ သူတို့သည် သားရဲများပေါ်၌ ထိုင်ကာ ခေါင်းမော့ထားကြလေ၏။
ဤလူများသည် အစက သူတို့မုန့်ထျန်းကျန်းကို စစ်ပွဲထဲ၌ အဖော်ပြုကာ သေသွားလိမ့်မည်ဟု ထင်ခဲ့ကြသည်ပင်။ သူတို့ အောင်မြင်မှုများဖြင့် ပြန်လာရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..
“စီနီယာမုန့်ရဲ့ နတ်ခွန်အားက ပြိုင်ဘက်မရှိလောက်အောင်ပဲ..”
အားလုံး အူလှိုက်သည်းလှိုက် ဟစ်ကြွေးနေကြလေ၏။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာ စုစည်းထားရသည့်ဒေါသများကို အဆင့်လွန်သက်ရှိများကို သတ်ခြင်းဖြင့် သူတို့အနည်းငယ် ဖောက်ထုတ်နိုင်ခဲ့လေပြီ။
“စစ်နတ်ဘုရား..” မည်သူ စအော်လိုက်မှန်းမသိသော်လည်း အားလုံး ဤကဲ့သို့ အော်ဟစ်လာကြသည်။ သူတို့၏အသံမှာ ဧကရာဇ်မြို့တစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။
ကျင်းထိုက်ကျွင်း၏အမူအရာမှာ အေးစက်လာပြီး သူမ၏ လမ်းလျှောက်တုတ်ကို အားပြုထားရသည်။ သူမနောက်လိုက်သည့် ကျင်းမိသားစုမှလူများလည်း တိတ်ဆိတ်နေကာ သူမနောက်၌ ပုန်းနေကြလေ၏။
မုန့်ထျန်းကျန်းသည် ဤတိုက်ပွဲတွင် သူ၏သူရဲကောင်းဆန်မှုကို ပြသနိုင်ခဲ့သည်။ ကျင်းထိုက်ကျွင်း၏ သဘောထားနှင့် ယှဉ်လျှင် ဤသည်မှာ ဝင်ရိုးစွန်းနှစ်ခုလိုပင်။
လူများစွာမှာ တစ်စုံတစ်ခုကို အာရုံခံမိသောကြောင့် ထိုနေရာဘက်သို့ကြည့်လာကြသည်။
ကျင်းထိုက်ကျွင်း ဟွမ်ကို ရန်သူလက်ထဲ ထည့်ပေးခဲ့သောကြောင့် ယခု သူတို့ ဟွမ်ကို ပြန်မခေါ်နိုင်တော့။
ဤအကြောင်း ပြန်စဉ်းစားမိသည်နှင့် လူများစွာ ရှက်ရွံ့သွားကာ မသက်မသာခံစားလိုက်ရသည်။ ဟွမ်ရဲ့ အောင်မြင်မှုတွေက ဘယ်လောက်တောင် တောက်ပလိုက်သလဲ .. သူက မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ခဲ့ပေမယ့် နောက်ဆုံးတော့ ဒီလိုအခြေအနေမျိုး ရောက်သွားတယ်..
ကျင်းမိသားစုမှ လူများမှာ အရုပ်ဆိုးနေလေပြီ။ လူများစွာ သူတို့ကို ကြည့်နေသော်လည်း ထိုအကြည့်များတွင် ကြည်လင်တောက်ပမှုများမရှိ။ ဤသည်မှာ သူတို့မျက်နှာများကို နီရဲပူပြင်းလာစေပြီး မသက်မသာဖြစ်စေသည်ပင်။
ဝမ်မိသားစု၊ တုမိသားစု၊ ဖီရှူးကလန်နှင့် အခြား ကလန်ကြီးများမှာ ကို့ရိုးကားယားနိုင်သည့် အမူအရာများ ဖြစ်နေကြသည်။ ယခင်က သူတို့လည်း ကျင်းထိုက်ကျွင်းအား ထောက်ခံခဲ့သည်ပင်။
“မင်းတို့အားလုံးက ဒီမှာ ဘာလုပ်နေတာလဲ .. ဘာလို့ ဒီမှာလာရပ်နေတာလဲ .. ဒါကို ဘယ်လိုနေရာမျိုးထင်နေတာလဲ..” မုန့်ထျန်းကျန်း ဆူပူလိုက်သည်။
“စီနီယာမုန့်က အောင်မြင်မှုကြီးနဲ့ ပြန်လာတာဆိုတော့ ကျွန်တော်တို့ သူ့ကို ဂုဏ်ပြုဖို့ စောင့်နေတာပါ..”
ကျင်းမိသားစုမှလူများမထင်ထားသည်မှာ တစ်စုံတစ်ယောက်သည် သူတို့ကို ဆန့်ကျင်ရဲပြီး သူမကိုပင် စကားပြန်ပြောရဲနေသည်။
ဖုန်း..
ထိုအချိန်တွင် မုန့်ထျန်းကျန်း အကြီးအကဲချင်းမူထံမှ သွေးတစ်စက်စက်ကျနေသည့်ခေါင်းကို လက်ခံလိုက်ကာ ဘိုးဘေးယဇ်ပုလ္လင်ရှေ့သို့ ပစ်လိုက်သည်။ ထိုနေရာမှာ သူရဲကောင်းဝိညာဉ်များကို ပူဇော်သည့်နေရာပင်။
ဤမြင်ကွင်းမှာ ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ လူများစွာ အော်ဟစ်ပြီးရင်း အော်ဟစ်ကာ ကြွေးကြော်နေကြသည်။ ဘိုးဘေးများမှာ မျိုးဆက်အလိုက်သေဆုံးခဲ့ကြရပြီး အချို့သူများမှာ အလွန်အံ့အားသင့်စရာကောင်းသည့်သူများပင်။
သူတို့၏မျိုးဆက်များမှာ ဤနေရာ၌ ရှိနေဆဲဖြစ်ပြီး အင်ပါယာဂိတ်ကို စောင့်ကြပ်နေဆဲပင်။ သူတို့သည် တစ်နှစ်ပြီးတစ်နှစ် တိုက်ပွဲကြီးများကို တိုက်ခိုက်ခဲ့ကြသသည်ပင်။
ဘိုးဘေးများ၏ မျိုးဆက်များဖြစ်သောကြောင့် သူတို့ သွေးစွမ်းအင်များ ကြွတက်လာကာ သူတို့၏ဟစ်ကြွေးသံများပင်လျှင် အနည်းငယ် တုန်ယင်နေသည်။
မုန့်ထျန်းကျန်းသည် ယခင်သူရဲကောင်းများ ရင်ဆိုင်ခဲ့ရသည့် မကျေနပ်မှုနှင့် အရှက်ရမှုများကို အဆင့်လွန်သက်ရှိများကိုသတ်ပြီး ဧကရာဇ်ကလန်မှ လူကို ပူဇော်ခဲ့သည်။ ဤသည်မှာ သူတို့ကို ခံစားသွားရစေသည်ပင်။
“ကျေးဇူးတင်ပါတယ် စီနီယာမုန့်..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မုန့်ထျန်းကျန်း လုပ်လိုက်သည်မှာ အားလုံးဖြစ်ချင်နေသည့်အရာဖြစ်သောကြောင့် ကလန်အားလုံး သူ့အား ကျေးဇူးတင်လာကြသည်ပင်။
“နှမြောစရာပဲ .. ဟွမ်က..” မုန့်ထျန်းကျန်း၏စကားလုံးများတွင် ဝမ်းနည်းမှုများ ပါသကဲ့သို့ ဒေါသတရားလည်း ပါနေသည်ပင်။ သူ ကျင်းထိုက်ကျွင်းအား အေးစက်စွာ ကြည့်လိုက်သည်။
ဤစကားလုံးများကို ကြားသည်နှင့် ကလန်ပေါင်းစုံမှ ကျင့်ကြံသူများမှာ ပို၍ပင် ရှက်ရွံ့ကာ ဒေါသထွက်လာကြသည်။ သူတို့သာ တစ်ဖက်လောကနှင့် အသက်စွန့်ပြီး တိုက်ခိုက်ခဲ့လျှင် ဤကဲ့သို့ မဖြစ်လောက်။
ဟွမ်၏အောင်မြင်မှုမှာ အလွန်ကြီးမားလှသည်ကို သူတို့သိသည်။ ထိုသစ်သားသေတ္တာမှာ ကိစ္စများစွာနှင့်သက်ဆိုင်နေပြီး တစ်ဖက်လောကမှ မသေမျိုးဘုရင်များလိုချင်နေသည့်အရာပင်။ သို့သော် သူ၏အဆုံးသတ်မှာ ဆိုးရွားလှသည်ပင်။
သူ တစ်ဖက်သို့ရောက်သည်နှင့် သူ၏အဆုံးသတ်ကောင်းနိုင်ပါ့မလား .. ကလန်များစွာမှာသူ့အား အလွတ်ပေးမည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ဟွမ်သည် သူတို့ဘက်မှ လူများစွာကို သတ်ထားသည်ပင်။
ထို့အပြင် အင်ပါယာဂိတ်ရှေ့၌ ရှိနေစဉ်မှာပင် ကလန်ပေါင်းစုံမှ သူ့အားတိုက်ခိုက်လာကြကာ အဆင့်လွန်သက်ရှိတစ်ဦးပင် သူ့ကို အကျဉ်းချပြီး လှံတံဖြင့် သူ့ရင်ဘတ်အား ထိုးခဲ့သည်။ သွေးများလည်း နေရာအနှံ့ လွင့်စင်သွားခဲ့သည်ပင်။
သို့သော်လည်း ဟွမ်သည် ခေါင်းမငုံ့ခဲ့သလို သူ၏ခန္ဓာကိုယ်မှာ ဖြောင့်တန်းနေဆဲပင်။ သူသည် ခေါင်းမာလှသည်ပင်။ တစ်ဖက်လောက၌ သူ၏ကံကြမ္မာမှာမည်ကဲ့သို့ ကောင်းနိုင်ပါ့မည်နည်း..
“မသေမျိုးဘုရင်တွေ ဖြတ်လာနိုင်တယ်ဆိုတာ ကျွန်မတို့သိတယ် .. သူတို့ ကောင်းကင်ချောက်နက်ကို ဖြတ်လာမလား မလာဘူးလားဆိုတာက ၅၀-၅၀ ပဲ .. ဘယ်သူမှ သေချာမပြောနိုင်ဘူး .. ဟွမ်ရဲ့ကိစ္စကတော့ တကယ်ကို နှမြောစရာကောင်းတယ် .. အင်ပါယာဂိတ်က သူ့ကို စိတ်ပျက်စေခဲ့ပြီ ..ဒါပေမဲ့ သူရဲ့သေခြင်းရှင်ခြင်းနဲ့ အင်ပါယာဂိတ်ရဲ့ နှစ်ငါးရာငြိမ်းချမ်းမှုကို လဲလှယ်နိုင်ခဲ့တာပဲ..” ကျင်းထိုက်ကျွင်း ပြောလိုက်သည်။
မုန့်ထျန်းကျန်း ချောင်းဆိုးသွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူဝတ်ထားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာ တောက်ပနေသော်လည်း သူ၏မျက်နှာမှာ အလွန်ဖြူဖျော့နေသည်။
သူ၏ခန္ဓာကိုယ်လည်း ယိုင်နေကာ မတည်မငြိမ်ဖြစ်နေသည်။ ထို့နောက် သူ ဝေါ့ကနဲ ပါးစပ်အပြည့် သွေးအန်လာသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင် ဖြစ်သွားလေ၏။
“စီနီယာမုန့်..” လူများစွာ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။
ကျင်းထိုက်ကျွင်း၏ မျက်ဝန်းထဲသို့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် ခေါင်းမော့ကာ အရှေ့ဘက်သို့ ကြည့်လိုက်ပြီးနောက် “ကျွန်မ နာမည်ဆိုးရမယ်ဆိုရင်တောင် အင်ပါယာဂိတ်ကို ကာကွယ်ဖို့ ရွေးချယ်ဦးမှာပဲ .. အင်ပါယာဂိတ်ကြီးနှစ်ငါးရာ ငြိမ်းချမ်းအောင် လုပ်ဦးမှာပဲ..”
ဝုန်း..
ထို့နောက် မုန့်ထျန်းကျန်း တစ်ကိုယ်လုံး တောက်ပလာသည်။ သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော်လည်း သူ သွေးများ ကြွလာဆဲပင်။ သူ၏မျက်ခုံးများ မြင့်တက်နေကာ သူ၏ဒေါသကို ဖော်ပြနေသည်။ သူသည် သူ့ကိုထိန်းပေးထားသည့် အကြီးအကဲချင်းမူကို ဘေးသို့တွန်းလိုက်ကာ အရှေ့ဘက်သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
သူသည် ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ပင်။
သူ၏ မူလက မည်းနက်နေသည့် ဆံနွယ်များသည်လည်း ယခုတော့ ရွှေရောင်ဖြစ်နေကာ တစ်ပင်တစ်ချောင်းဆီတိုင်း တောက်ပနေကာ သွေးမြူများ ရစ်ဆိုင်းနေသည်။ သူသည် စွမ်းအားကြီးစွာဖြင့်ပင် တစ်လှမ်းချင်း လျှောက်သွားလေ၏။
“မုန့်ထျန်းကျန်း ရှင်ဘာလုပ်ချင်နေတာလဲ..” ကျင်းထိုက်ကျွင်း အော်ဟစ်လိုက်သည်။ သူမတစ်ကိုယ်လုံးမှ လေများတိုက်ခတ်နေပြီး တာအိုဥပဒေသများလည်း သူမခန္ဓာကိုယ်ကို ရစ်ဆိုင်းထားသည်။
“မင်းပြောတာ နှစ်ပေါင်းငါးရာ ကြာပြီးသွားရင် အဲဒီနေရာက သက်ရှိတွေက နယ်ခြားစပ်ကို ရောက်လာနိုင်တယ်ဟုတ်လား..” မုန့်ထျန်းကျန်း အေးစက်စွာ မေးလိုက်သည်။
တစ်ဖက်လောကမှ ရန်သူများကို ရင်ဆိုင်စဉ်ကကဲ့သို့ မဟုတ်ပဲ ယခု သူ တကယ်ဒေါသထွက်နေမှန်း အားလုံးသိနေသည်ပင်။ သူသည် နီရဲနေသည့်မျက်လုံးများဖြင့် ကျင်းထိုက်ကျွင်းကို စိုက်ကြည့်နေသည်။
“ငါ့ကျင်းမိသားစုက အင်ပါယာဂိတ်ကို ကာကွယ်ဖို့အတွက် လောကတစ်ခွင်ကိုရှာဖွေကို မတုံ့ဆိုင်းခဲ့ဘူး .. ဒီသတင်းကို သိရဖို့အတွက် ငါ့တို့ အများကြီး ပေးဆပ်ခဲ့ရတယ်..” ကျင်းထိုက်ကျွင်း ပြန်ဖြေလိုက်သည်။
“အင်ပါယာဂိတ်ကို ကာကွယ်တယ်ဆိုတာက ဒီလိုမျိုး သူရဲကောင်းတွေကို ထုတ်ရောင်းတာလား..” အကြီးအကဲအရှင် ဆူပူလိုက်သည်။
သူ့ ဘေးနားပတ်လည်တွင် ရွှေရောင်မီးတောက်များ ထွက်ပေါ်လာ၏။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် ဖိနှိပ်သည့်အော်ရာများထုတ်လွှတ်ကာ ကျင်းထိုက်ကျွင်းထံသို့ ဦးတည်သွားလိုက်သည်။ “အဲဒီဘက်က သက်ရှိတွေကို ခေါ်ဖို့က ဒီနှစ်ငါးရာနဲ့ မလုံလောက်ဘူးဆိုတာ မင်းထက် ငါပိုသိတယ် .. မင်းက အများကြီးပေးဆပ်ပြီးတော့ ဒီသတင်းနည်းနည်းလောက်ပဲ သိလာတာလား..”
ဤစကားလုံးများမှာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ နှစ်ငါးရာဆိုတာ ဘာမှမဟုတ်ဘူးလာ…
“အဲဒီနေရာက သက်ရှိတွေ မြင်ချင်တာက ငါတို့ရဲ့ရဲရင့်မှု၊ ငါ့တို့ရဲ့ ပြတ်သားတဲ့ခုခံမှု .. ငါတို့အကောင်းဆုံးလုပ်မှ၊ သွေးလွှမ်းနေတဲ့တိုက်ပွဲကြီးကို အဆုံးထိတိုက်ခိုက်မှ၊ ငါတို့နောက်ဆုံးစည်းအထိသွားမှ သူတို့ပေါ်လာမှာ..” မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။
သူအော်ဟစ်လိုက်သည်နှင့် အင်ပါယာဂိတ်ကြီး တုန်ခါလာကာ လူများစွာ၏အမူအရာလည်း ဖြူဖျော့သွားကြသည်။
ကံကောင်းစွာဖြင့် သူဒေါသထွက်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်ဆဲပင်။ မည်သူမှ ဒဏ်ရာမရ။ မဟုတ်ပါက အကျိုးဆက်မှာ အလွန်ကြီးမားသွားလိမ့်မည်။
“ရှင်က တိုက်ခိုက်ချင်တဲ့စိတ်ကို နှိုးဆွဖို့အတွက် လျှောက်ပြောနေတာ .. ကျွန်မတို့ ကျင်းမိသားစုရဲ့ လုပ်ဆောင်မှုကို တမင်သက်သက် အစွန်းအထင်းဖြစ်အောင် လုပ်ချင်နေတာ .. ရှင် တစ်ကိုယ်ကောင်းဆန်တဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်နေတာ..”
“မင်းတို့က ဘာများလုပ်နေလို့လဲ .. မင်းတို့က ဘာမှမလုပ်နိုင်ပေမယ့် လူတွေရဲ့ နှလုံးသားတွေ အေးခဲသွားအောင်တော့ လုပ်နိုင်တယ်..” မုန့်ထျန်းကျန်း ဆူပူလိုက်သည်။
ဝုန်း..
ထို့နောက် သူ စတင်တိုက်ခိုက်တော့သည်။
“ရှင်က ဒီလိုမျိုးလား .. ‘ကလန်းအားလုံး နှလုံးသားအေးခဲသွားအောင်လုပ်တယ်’ ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်မကို ဒီလိုမျိုးပစ်မှတ်ထားတာပေါ့..” ကျင်းထိုက်ကျွင်း ဆူပူလိုက်သည်။
“ဘာမှတောင်မလုပ်ရသေးပဲနဲ့ တစ်ခြားသူရဲ့အောင်မြင်မှုကို ဝင်ယူရဲသေးတယ်လား .. ဘာအရှက်တရားကိုမှ နားမလည်တော့ဘူးလား..” မုန့်ထျန်းကျန်း၏ လက်ကြီးတစ်ဖက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အုပ်မိုးလာသည်။
ကျင်းမိသားစုမှလူများအားလုံး တုန်ယင်သွားကာ အားလုံး မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျသွားခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်များ တုန်ယင်နေကာ မတ်မတ်ပင် မရပ်နိုင်တော့။
ကျင်းထိုက်ကျွင်း နတ်အလင်းလုံးတစ်ခု ထုတ်လွှတ်ကာ သူတို့အား ကာကွယ်ပေးနေသော်လည်း ထိုအလင်းစက်ကွင်းမှာ ဘာမှမလုပ်နိုင်။ ဤလူများအားလုံး ရေခဲအိမ်ထဲကျနေသကဲ့သို့ ခံစားနေရသည်။
ဝုန်း..
ကျင်းထိုက်ကျွင်ငး ရှေးဟောင်းရတနာတစ်ခုဖြစ်သည့် ခရမ်းရောင်တင်းပုတ်ကြီးကို အသက်သွင်းလိုက်သည်။ ထိုတင်းပုတ်ကြီးတွင် ဖရိုဖရဲစွမ်းအင်များ ရှိနေကာ သူမသည် ထိုတင်းပုတ်ကို မုန့်ထျန်းကျန်းထံသို့ လွှဲရမ်းလိုက်လေ၏။
ဒုန်း..
မုန့်ထျန်းကျန်း နောက်ဆုတ်မသွားပဲ သူ၏ရွှေရောင်လက်ဝါးဖြင့် ထိုတင်းပုတ်ကို ရိုက်ချလိုက်သည်နှင့် နားကွဲလောက်သည့်ဆူညံသံများ ထွက်ပေါ်လာကာ ထိုအဆင့်လွန်သက်ရှိ၏ လက်နက်မှာ ချက်ချင်းပင် ရိုက်ချခံလိုက်ရသည်။
ကျင်းထိုက်ကျွင်း ဦးရေပြားများပင် ထုံကျဉ်သွားရသည်။ ဤသည်မှာ သူမ၏ တာအိုရရှိသည့်လက်နက်ပင်။ ဤလက်နက်သည် အလွန်မာကျောကာ ထာဝရရွှေများစွာ ရှိနေသည်ပင်။ သို့သော် ယခုတော့ ဤကဲ့သို့ ရိုက်ချခံလိုက်ရလေပြီ။
“မုန့်ထျန်းကျန်း ရှင်က ပုန်ကန်ဖို့ ကြိုးစားနေတာလား..” ကျင်းထိုက်ကျွင်း အော်ဟစ်လိုက်သည်။
“ခင်ဗျားက ခင်ဗျားဘေးနားကလူတွေကို အမိန့်ပေးရတာ အကျင့်ဖြစ်နေတာလား .. ပုန်ကန်လား မပုန်ကန်ဘူးလားဆိုတာက ခင်ဗျား ဆုံးဖြတ်နိုင်တာလား.. ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးနေတာပဲ..” ခပ်ဝေးဝေးမှ ကောင်းကင်ဦးချိုပုရွက်ဆိတ် အော်ဟစ်လို်ကသည်။
ချင်းယီ၊ လကျောက်စိမ်းယုန်၊ ချန်ကုန်းယန်နှင့် အခြားသူများလည်း လက်သီးများကို တင်းကြပ်စွာ ဆုတ်ထားကြသည်။ အကြီးအကဲအရှင် ကျင်းထိုက်ကျွင်းကို ဖမ်းဖို့ သူတို့မျှော်လင့်နေမိသည်။
ဝုန်း..
အကြီးအကဲအရှင် မပျက်စီးနိုင်သည့် ကျမ်းစာကို အသုံးပြုလိုက်ကာ တစ်ဖက်လူ၏ အဖိုးတန်ပညာအလင်းအတားအဆီးကို ဆက်တိုက်ပင် ရိုက်ချလိုက်သည်။
“သတ်..” ကျင်းထိုက်ကျွင်း အော်ဟစ်လိုက်ကာ သူ၏ခရမ်းရောင်တင်းပုတ်ပေါ်သို့ သွေးတစ်ပွက် အန်ချလိုက်ကာ တစ်ဖက်လူကို သတ်ရန် သူ၏တာအိုလက်နက်ကို အသက်သွင်းလိုက်သည်။
သို့သော်လည်း ချက်ချင်းပင် သူမမျက်လုံးများ ပြူးကျယ်သွားရ၏။ မုန့်ထျန်းကျန်း၏ လက်ဝါးမှ ထူးဆန်းသည့်အလင်းများ ထုတ်လွှတ်လာသည်။ သူသည် မပျက်စီးနိုင်သည့် ကျမ်းစာကို အဆုံးစွန်ထိ အသက်သွင်းလိုက်ပြီး ကြောက်စရာကောင်းသည့် သင်္ကေတတစ်ခုအဖြစ် စုစည်းလိုက်သည်။
ခွပ်..
ထိုရိုက်ချက်မှာ အလွန်ပြင်းထန်လှသည်။ ထိုလက်ဝါးရိုက်ချက်သည် ထာဝရရွှေများစွာ ပါဝင်သည်ဟုဆိုသည့် အဆင့်လွန်သက်ရှိ၏ တင်းပုတ်ကို ပျက်စီးသွားစေလေသည်။
ဖူး..
ထို့နောက် အကြီးအကဲအရှင်သည် သူမကို ချက်ချင်းမဖိနှိပ်ပေ။ ထိုအစား သူ့လက်ကို မြှောက်လိုက်ကာ ကျင်းထိုက်ကျွင်း၏မျက်နှာထက်သို့ အရှိန်ပြင်းစွာ ရိုက်ချလိုက်လေ၏။
“ရှင် ကျွန်မကို အနိုင်ကျင့်ရဲတယ်..”
အပိုင်း ၁၇၅၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၁ – ကြက်သေသေခြင်း
ကျင်းထိုက်ကျွင်း နောက်ယိုင်သွားကာ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူမ၏အမူအရာမှာ မဲမှောင်နေလေပြီ။ သူမ ယခင်က တစ်ခါမှ ဤကဲ့သို့ အရှက်မခွဲခံရဖူးပေ။
သူမသည် ဤခေတ်ကို အမြဲတမ်း လွှမ်းမိုးနေခဲ့ပြီး အထက်စီးမှ နေခဲ့သော်လည်း ယနေ့တော့ သူမ ပါးစပ်ပိတ်ရိုက်ခံလိုက်ရလေပြီ။ ဤသည်မှာ သူမအတွက် ကောင်းကင်နှင့်မြေကြီး ပြိုကျသွားသကဲ့သို့ပင်။ သူမမျက်လုံးမှ မီးတောက်များ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှ တိုက်ပွဲအငွေ့အသက်များ ထွက်ပေါ်လာသည်။
ဝုန်း..
အကြီးအကဲအရှင် သူ၏အင်္ကျီလက်ကို နောက်တစ်ကြိမ် လွှဲရမ်းလာကာ ပြင်းထန်စွာ ရိုက်ချလာသည်။ ဤသည်မှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင်။
“အား ..” ကျင်းထိုက်ကျွင်း ဟစ်ကြွေးလိုက်ကာ သူမတစ်ကိုယ်လုံး တောက်ပလာကာ သွေးစွမ်းအင်များလည်းလောင်ကျွမ်းလာသည်။
ဒုန်း..
ထိုရိုက်ချက်ပြီးနောက် သူမ ခန္ဓာကိုယ် နောက်ယိုင်သွားသည်။ သူမ အကြီးအကဲအရှင်၏ စွမ်းအားကို မရပ်တန့်နိုင်ခဲ့။ ထို့အပြင် မုန့်ထျန်းကျန်း၏လက်ဝါး နောက်တစ်ကြိမ် ရောက်ရှိလာလေပြီ။
မပျက်စီးနိုင်သည့် ကျမ်းစာမှာ လောကကြီးတွင် စွမ်းအားအကြီးဆုံး ခန္ဓာကိုယ်ပြုပြင်သည့်ပညာအဖြစ် နာမည်ကြီးသည်ပင်။ ဤပညာကိုကျင့်ကြံလိုက်သည်နှင့် ယခုကဲ့သို့ အနီးကပ်တိုက်ခိုက်ခြင်းမပြောနှင့် အဆင့်လွန်လက်နက်များကိုပင် လက်ဗလာဖြင့် တိုက်ခိုက်နိုင်သည်ည။
မုန့်ထျန်းကျန်း၏လက်ဝါးရိုက်ချရောက်လာ၏။ သူ၏လက်ချောင်းငါးချောင်းလုံး ရွှေရောင်အလင်း တောက်ပနေသည်ပင်။ ဖုန်းဟူသည့်အသံနှင့်အတူ ကျင်းထိုက်ကျွင်း၏ အဖိုးတန်ပညာအတားအဆီးများအားလုံး ပျက်စီးသွားသည်။
ဖြန်း…
ထို့အပြင် နောက်ရိုက်ချက်တစ်ချက်မှာ ကျင်းထိုက်ကျွင်း၏မျက်နှာပေါ်သို့ တည့်တည့်ပင်။ သူ၏နှုတ်ခမ်းထောင့်မှ သွေးများ အဆက်မပြတ် စီးကျလာသည်ပင်။
သာမန်လူဆိုပါက သူတို့ အစောကြီးကတည်းက သွေးမြူအဖြစ် ပြောင်းလဲသွားလောက်လေပြီ။ သို့သော် ကျင်းထိုက်ကျွင်းမှာ အဆင့်လွန်သက်ရှိတစ်ဦးပင်။ သူမ တစ်ကိုယ်လုံးမှာ သွေးစွမ်းအင်များ လောင်ကျွမ်းလာပြီး နတ်အလင်းများလည်း ထွက်ပေါ်လာသည်။
“အား..” သူမ အော်ဟစ်လိုက်ကာ လျင်မြန်စွာပင် အနောက်ဆုတ်လိုက်သည်။
မုန့်ထျန်းကျန်း ဤမျှ အေးစက်လိမ့်မည်ဟု သူမ မထင်ထားခဲ့။ သူသည် ဖြစ်လာမည့်အကျိုးဆက်ကို စဉ်းစားခြင်းပင်မရှိပဲ အားလုံးရှေ့၌ သူမမျက်နှာကို ဖြတ်ရိုက်ပစ်သည်။
သူမအမြင်တွင် တစ်ဖက်လူ သူမကို ကိစ္စရှင်းချင်သည်၊ ဒုက္ခပေးချင်သည်ဆိုလျှင်ပင် ထာဝရဝမ်နှင့် အခြားသူများ ဤနေရာ၌ ရှိနေသောကြောင့် သူမအဆင်ပြေလိမ့်မည်ဟု ထင်ထားခဲ့ခြင်းပင်။
မုန့်ထျန်းကျန်းက ဤမျှများပြားသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ကာ သူမမျက်နှာကို ချက်ချင်းရိုက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. သူမ၏ အဆင့်လွန်သက်ရှိဟူသည့် ဂုဏ်ပုဒ်ကို မလေးစားခြင်းပင်။
ဤအဖြစ်အပျက်ကြီး ပြီးသွားသည်နှင့် သူမ အဆင့်လွန်သက်ရှိတစ်ဦးဖြစ်မည်ဆိုလျှပင်ပင် သူမ၏ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီဖြစ်သည်။ မျက်နှာကို ဖြတ်ရိုက်ခံရတဲ့အဆင့်လွန်သက်ရှိ ရှိဖူးလို့လား..
ကျင်းထိုက်ကျွင်း၏အော်သံမှာ ကြောက်စရာကောင်းလှသည်။ သူမသာ သူမအသံကို ဖြန့်ကျက်လိုက်လျှင် အနီးအနားတွင်ရှိနေသည့် ကျင့်ကြံသူများစွာ ပေါက်ကွဲသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ချုပ်ငြိမ်းသွားလိမ့်မည်။
ကံကောင်းစွာဖြင့် ဤနေရာ၌ အခြား အဆင့်လွန်သက်ရှိများ ရှိနေသည်ပင်။ သူတို့လက်မြှောက်လက်မြှောက်လိုက်သည်နှင့် ရောင်စုံနတ်အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ကိုဖုံးအုပ်သွားသည့် အတားအဆီးတစ်ခုကို ပြုလုပ်လိုက်ကာ ထိုအသံလှိုင်းများကို တားဆီးလိုက်သည်။
အားလုံး ကြက်သေသေနေလေပြီ။ ဤသည်မှာအဆင့်လွန်သက်ရှိတစ်ဦးဖြစ်သော်လည်း သူမ မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။
အမြင့်၌ရှိနေသည့် အဆင့်လွန်သက်ရှိတစ်ဦး ဤအဆင့်ထိ နိမ့်ကျသွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။
ကျင်းမိသားစုမှလူများမှာ လူသေကဲ့သို့ ဖြူဖျော့နေကြလေပြီ။ သူတို့ရဲ့ စွမ်းအားအကြီးဆုံး နောက်ခံဖြစ်တဲ့ ကျင်းထိုက်ကျွင်းကို မုန့်ထျန်းကျန်းက ဒီလိုဆက်ဆံလိုက်မှတော့ သူတို့က ဘာကို ဒေါသထွက်ရဲဦးမည်နည်း..
တုမိသားစု၊ ဖီရှူးနှင့် အခြားကလန်များအားလုံး တုန်လှုပ်သွားကြလေ၏။ သူတို့ကလန်များ၌ အဆင့်လွန်သက်ရှိမရှိ။ သူတို့သာ မုန့်ထျန်းကျန်းနှင့် ရင်ဆိုင်ရလျှင် သူတို့ ကျင်းမိသားစုထက် ပိုဆိုးသွားလိမ့်မည်။
လူငယ်အုပ်စုမှ မျက်လုံးများ တောက်ပနေကြပြီး အားလုံး ကျယ်လောင်စွာ ဟစ်ကြွေးချင်နေကြသည်။
အထူးသဖြင့် ပုရွက်ဆိတ်လေးပင်။ ချန်ကုန်းယန် သူ့အား တားနေသောကြောင့်သာမဟုတ်ပါက သူ အစောကြီးကတည်းက ကျင်းထိုက်ကျွင်းကို အော်ဟစ်လှောင်ပြောင်နေလောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် သူအလွန်ပျော်ရွှင်နေသည်ပင်။
ချင်းယီ၊ သရဖူ ၁၀ ခုဘုရင်နှင့် အခြားသူများလည်း လန်းဆန်းလာကြ၏။ ကျင်းထိုက်ကျွင်း အဆင့်လွန်သက်ရှိကို အကြီးအကဲအရှင် သေချာစာရင်းရှင်းနေသည်ကို တွေ့လိုက်ရသည့်အချိန် သူတို့အများကြီး ပို၍ခံစားရသက်သာလာသည်။
ယုန်ဖြူလေးသည် သူမပါးစပ်ကို တင်းကြပ်စွာ ပိတ်ထားလေ၏။ မဟုတ်လျှင် သူမ စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး ထိုစုန်းမအိုကြီးကို ကျိန်ဆဲမိလိမ့်မည်။
စစ်တပ်မှ တပ်သားများမှာမူ သူတို့ခံစားနေရသည့် သုန်မှုန်မှုမှာ ပျောက်ကွယ်သွားလေပြီ။ သူတို့ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိတော့။ သူတို့ အလွန်ပျော်နေကြောင်း ပြောချင်သော်လည်း သူတို့ အနည်းငယ်တော့စိုးရိမ်နေသေးသည်ပင်။
မုန့်ထျန်းကျန်း နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ “မင်းက အဲဒီသက်ရှီတွေနေနေတဲ့ ရှေးဟောင်းနယ်မြေက စည်းမျဉ်းစည်းကမ်းတွေကို ဘယ်လောက်သိလို့လဲ .. ဒါမှမဟုတ် ဟွမ်ကို ရှင်းထုတ်ချင်လို့ တမင်သက်သက်လုပ်လိုက်တာလား..”
သူ၏အကြည့်များမှာ လျှပ်စီးတန်းနှစ်တန်းကဲ့သို့ စူးရှလှသည်။
မုန့်ထျန်းကျန်း၏ ဒဏ်ရာများ အလွန်ပြင်းထန်လှသော်လည်း သူသည် သူ၏ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်ဆဲပင်။
ကျင်းမိသားစု၏ အဖိုးတန်ပညာများမှာ ထူးခြားလှသည်။ ထိုပညာများသည် ထာဝရရှေးဟောင်းခေတ်မှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်ခြင်းကို အလေးထားသည်ပင်။ ယခင်က ဤပညာသည် အလွန်နာမည်ကြီးကာ ကောင်းကင်ဘုံကိုးခုကို ခြိမ်းခြောက်နိုင်ခဲ့သည်။
ထိုကလန်မှ တပည့်ဖြစ်သည့် ကျင်းကျန်းလျှောက်သည့်လမ်းကို ကြည့်နိုင်သည်။ သူသည် လက်ရှိလောကပညာများကို ကျင့်ကြံခြင်းဖြစ်ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အလေးထားခြင်းပင်။ သူ အလေးအမြတ်ကျောင်းသို့ သွားခဲ့ပြီး ခန္ဓာကိုယ်ကြံ့ခိုင်အောင် ကျင့်ကြံခဲ့သည်။
လက်ရှိလောပညာများ စတင်ပေါ်လာသည့်အချိန်တွင် ကျင်းမိသားစု၏ ရှေးဟောင်းကျမ်းစာများ၏ လွှမ်းမိုးမှုလည်းတစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု ပြောကြသည်ပင်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤသွေးမျိုးဆက် မည်မျှကြောက်စရာကောင်းသည်ကို သိနိုင်သည်။
သို့သော် ယခုအချိန်တွင် ကျင်းထိုက်ကျွင်း ကျွမ်းကျင်သည့် အနီးကပ်တိုက်ခိုက်ခြင်းမှာပင် သူမ မုန့်ထျန်းကျန်း၏ လွှမ်းမိုးမှုကို ခံနေရသည်။
မပျက်စီးနိုင်သည့်ကျမ်းစာမှာ ယခုခေတ်ပညာမဟုတ်။ ရှီဟောင်သည် ဤပညာကို ရရှိလိုက်ကတည်းက သိုဝှက်ထားခြင်းမရှိပဲ အကြီးအကဲအရှင်နှင့် ဝေမျှခဲ့သည်။
ယခု မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်မှာ မာကျောကာ မပျက်စီးနိုင်တော့ပေ။ ကျင်းထိုက်ကျွင်း၏ ခန္ဓာကိုယ်ကျင့်ကြံသည့်လမ်းနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
ကျင်းထိုက်ကျွင်းမှာ အလွန်သန်မာသော်လည်း သူမ၏ခြေလက်များမှာ တုတ်နှောင်ခံလိုက်ရလေပြီ။ သူမ စွမ်းအားအကြီးဆုံးအပိုင်းတွင် ဖိနှိပ်ခံလိုက်ရပြီး ပြန်ခုခံရန် အားမရှိလောက်အောင် ရိုက်ခံနေရခြင်းပင်။
ဖုန်း..
သေချာပါသည်။ သူတို့ နောက်တစ်ကြိမ် တိုက်ခိုက်ကြသည့်အချိန်တွင် ၁၂ ချက်ခန့် လှုပ်ရှားလိုက်သည်နှင့် သူမ နှုတ်ခမ်းထောင့်မှ နောက်တစ်ကြိမ် သွေးများစီးကျလာသည်။
ဖြန်း..
ကျင်းထိုက်ကျွင်း မျက်နှာကို နောက်တစ်ကြိမ် ရိုက်ခံလိုက်ရသည်။ ထိုရိုက်ချက်မှာ အလွန်ပြင်းထန်လှသည်ပင်။ သူမကလန်၏ ခန္ဓာကိုယ်ကောင်းကင်ပညာမှာ ထူးခြားလှသော်လည်း သူမ မျက်နှာပုံပျက်သွားသည်အထိ ရိုက်ခံနေရဆဲပင်။
ထို့အပြင် သူမ မေးရိုးအက်သွားပြီး သွားများလည်း ကျွတ်ထွက်သွားသည်။
“မုန့်ထျန်းကျန်း .. ရှင်အရမ်း လွန်လွန်းနေပြီ..” ကျင်းထိုက်ကျွင်း အော်ဟစ်လိုက်သည်။ သူမဆံပင်များပင် ဖရိုဖရဲဖြစ်နေလေပြီ။ သူမသည် ထာဝရဝမ်ကို တစ်ချက်ကြည့်ပြီးနောက် နောက်တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက်လာသည်။
သူမသည် သူမနှင့်အတူ မုန့်ထျန်းကျန်းကိုဖိနှိပ်ရန် ထာဝရဝမ်ထံသို့ လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။
အမှန်တကယ်တွင် အကြီးအကဲအရှင် အစောကြီးကတည်းက သူမကို ဖိနှိပ်နိုင်သည်ပင်။ သို့သော်လည်း သူသည် သူမကို ချက်ချင်း မဖမ်းဆီးပဲ အားလုံးရှေ့၌ သူမမျက်နှာကို ရိုက်နှက်နေခြင်းပင်။ ဤသည်မှာ သူမကို အလွန်ဒေါသထွက်စေသည်။
“ဟွမ်က ခန္ဓာကိုယ်ကိုမျိုးစေ့အဖြစ်သုံးတာမှာ အောင်မြင်တဲ့တစ်ဦးတည်းသောသူပဲ .. သူက ငါတို့အားလုံးကို မျှော်လင့်ချက်ပေးခဲ့တာ .. ဒါပေမဲ့ မင်းက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ သူ့ကို ဒီလိုမျိုး လက်လွှဲပေးလိုက်တယ် .. ဒီနေ့ မင်းကို သတ်လိုက်ရင်တောင်မှ မလွန်ဘူး..” မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။
ဖြန်း..
ကျင်းထိုက်ကျွင်းမျက်နှာထက်သို့ အခြား ရိုက်ချက်တစ်ချက် ထပ်ရောက်လာသည်။ မုန့်ထျန်းကျန်း သူမမျက်နှာကို တိုက်ခိုက်နေမှန်းသိသော်လည်း သူမ မလွတ်မြောက်နိုင်ခဲ့။ အရိုက်ခံနေရဆဲပင်။
“တာအိုရောင်းရင် .. ဒီကိစ္စတွေကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..” ထာဝရဝမ် လျှောက်လာကာ ဤကဲ့သို့ ပြောလိုက်သည်။
“အမှားလုပ်ထားရင် ပြန်ပေးဆပ်ရမှာပဲ..” အကြီးအကဲအရှင် ဆက်လက်တိုက်ခိုက်နေဆဲပင်။
“ငါ ဘာအမှားတွေများ လုပ်မိလို့လဲ .. အဲဒါက ဟွမ်တစ်ယောက်တည်းမဟုတ်ဘူးလား..” ကျင်းထိုက်ကျွင်း၏အကြည့်များမှာ အေးစက်နေသည်။
“ဘာမှားလဲဟုတ်လား .. မင်းက အင်ပါယာဂိတ်က ရှာမတွေ့သေးတဲ့ သစ္စာဖောက်ဖြစ်လိမ့်မယ်လို့ ငါသံသယဝင်လာအောင် မလုပ်နဲ့..” မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ ဤစကားသံများ ထွက်လာသည်နှင့် အဆင့်လွန်သက်ရှိများအားလုံး တုန်လှုပ်သွားရသည်။
“ရှင် … ကျွန်မပေါ်ကို ရေဆိုးတွေ လာမသွန်ချနဲ့ .. ရှင့်မှာ သက်သေရှိလို့လား..”ကျင်းထိုက်ကျွင်း အမူအရာ အတော်လေး ပြောင်းလဲသွားလေ၏။
ဝုန်း..
ထိုအချိန်တွင် မုန့်ထျန်းကျန်း၏အော်ရာမှာ ပို၍စွမ်းအားကြီးလာသည်။ သူသည် ဒဏ်ရာရနေသည့်သူနှင့်ပင် မတူတော့။
“တာအိုရောင်းရင်း .. အရမ်းမလုပ်ပါနဲ့ .. ရောင်းရင်းတော်သင့်ပြီ..” ထာဝရဝမ် ပြောလိုက်သည်။
“အားလုံးက သူနဲ့ဆက်စပ်နေတယ် .. ငါကိုယ်တိုင် သူ့ကို သေချာ စုံစမ်းစစ်ဆေးချင်တယ်..” မုန့်ထျန်းကျန်း ငြင်းဆန်လိုက်သည်။
“ဒီလူအိုကြီးက ရှင်နဲ့ သေတဲ့အထိ တိုက်မှာ..”ကျင်းထိုက်ကျွင်း အော်ဟစ်လိုက်သည်။
ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် အကြီးအကဲအရှင်သည် ကျင်းထိုက်ကျွင်းအား အဆီးအတားဖြင့် ချုပ်နှောင်ထားတော့မည်။
ချွမ်း..
ထိုအချိန်တွင် ထာဝရဝမ် လှုပ်ရှားလာသည်။ ထို့အပြင် သူသည် ဖရိုဖရဲရှင်းလင်းခြင်းပညာကို ချက်ချင်း အသုံးပြုလိုက်ခြင်းပင်။
ဤသည်မှာ အကောင်းဆုံးဓားပညာများထဲမှ တစ်ခုပင်။ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းသည်ပင်။
အခြားပညာနှစ်ခုမှာ အမွေဆက်ခံသူမရှိတော့။ ရှိခဲ့လျှင်ပင် ထိုပညာများအားလုံးမှာ ပျက်စီးနေသည့်ပညာများပင်ဖြစ်လိမ့်မည်။
ထာဝရဝမ်၏မျက်ခုံးကြားမှ ဓားတစ်လက်ထွက်လာ၏။ ဤဓားမှာ အလွန်သေးငယ်လှသည်။ လက်ဝါးတစ်ဖက်စာသာ ရှိသည်ပင်။ ဤဓားမှာ မှင်ကဲ့သို့ နက်မှောင်နေပြီး အနက်ရောင်အလင်းများ ထုတ်လွှတ်နေသည်။
ဤသည်မှာ မူလဝိညာဉ်ဓားပင်။ ဤဓားသည် နတ်ဆိုးများကို ရိုက်ချနိုင်ပြီး ထာဝရသက်ရှိများကို သတ်နိုင်သည်။
ချွမ်း..
ထိုဓား အရှေ့ဘက်သို့ ဖိနှိပ်လာသည်။
ယခုတစ်ကြိမ်တွင် မုန့်ထျန်းကျန်း၏အမူအရာ အနည်းငယ်ပို၍ လေးနက်သွားသည်။ သို့သော် နောက်ဆုံးတွင် သူသည် ညာလက်မှ မှော်တံဆိပ်တစ်ခုကို ပြုလုပ်ပြီး ထိုဓားကို တိုက်ရိုက်မျက်နှာချင်းဆိုင်လိုက်သည်။
ဤသည်မှာ ထာဝရဝမ်၏မျက်လုံးများကို မှေးကျဉ်းသွားစေသလို သူ့အား အလွန်လည်းထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်း၏ တိုက်ခိုက်သည့်ပညာမှာ ယခင်ကနှင့်လုံးဝမတူတော့။ ယခင်က သူ ဤကဲ့သို့ ထိပ်တိုက်မတိုက်ခိုက်နိုင်။
ဒုန်း..
မုန့်ထျန်းကျန်း၏လက်ချောင်းများ ထိုဓားကို ရိုက်ချလိုက်သည်။
ထို့အပြင် သူသည် ထာဝရဝမ်နှင့်တိုက်ခိုက်နေရင်းဖြင့်ပင် အရှေ့ဘက်သို့ ဆက်တိုးသွားဆဲပင်။
ဖြန်း ဖြန်း ဖြန်း..
ထိုအချိန်တွင် သူ ကျင်းထိုက်ကျွင်းကို ဖိနှိပ်ကာ ချုပ်နှောင်ထားလိုက်ပြီဖြစ်သည်။ ထို့နောက် သူသည် စွမ်းအားကြီးသည့်ရိုက်ချက်များဖြင့် ကျယ်လောင်စွာပင် ရိုက်နှက်လိုက်သည်။
ဖူး..
ကျင်းထိုက်ကျွင်းမှာ တစ်ဝက် ချုပ်နှောင်ခံလိုက်ရသောကြောင့် သူမ ခန္ဓာကိုယ်ကို လှုပ်ရှားရန် ခက်ခဲနေသည်။ သူမ ပါးစပ်ဟကာ သွေးအန်သွားပြီးနောက် သွားများကျွတ်ထွက်လာလေ၏။
အကြီးအကဲအရှင်သည် တစ်ခါတည်းဖြင့် ၃၆ ချက် ရိုက်လိုက်ခြင်းပင်။ အားလုံးမှာ မျက်လုံးများကျွတ်ကျတော့မတတ် ထိတ်လန့်သွားကြရသည်။
ကျင်းထိုက်ကျွင်း နောက်တစ်ကြိမ် မော်ကြွားရဲတော့မည်မဟုတ်မှန်း သေချာသည်။ အားလုံးရှေ့တွင် တစ်ဖြန်းဖြန်း ရိုက်ခံနေရသောကြောင့် သူမ ဘယ်လိုလုပ် အခြားသူများကို အမိန့်ပေးနိုင်သည့်ဂုဏ်သိက္ခာရှိတော့မည်နည်း..
ချွမ်း..
မူလဝိညာဉ်ဓားရိုးတောက်ပလာကာ အရောင်များမှာ ပို၍စုံလင်လာသည်။ ထာဝရဝမ်မှာ တကယ်ကို စွမ်းအားကြီးလှသည်။ သူ ထိုဓားရိုးကို အသက်သွင်းလိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။
ဒုန်း..
အကြီးအကဲအရှင် လက်သီးတံဆိပ်တစ်ခုပြုလုပ်ကာ ထိုဓားရိုးကို တိုက်ရိုက်ပင် ထုချလိုက်သည်။
တစ်ယောက်မှာ ခန္ဓာကိုယ်ကို အဆုံးစွန်ထိရောက်အောင် ကျင့်ကြံထားပြီး အခြားတစ်ယောက်၏ မူလဝိညာဉ်မှာ ပြိုင်ဘက်ကင်းပင်။ နှစ်ဦးလုံးမှာ ထူးခြားသည့်ကျွမ်းကျင်သူများပင်။
ဝမ်မိသားစု၏အမူအရာ ပြောင်းလဲသွား၏။ သူတို့ အလွန်စိုးရိမ်နေကြလေပြီ။
“ကျွန်တော်တို့ ကိစ္စတွေကို ဒီမှာ အဆုံးသတ်လိုက်ရင် အကောင်းဆုံးပါပဲ..” အကြီးအကဲ ချင်းမူ လျှောက်လာကာ အကြံပေးလိုက်သည်။
ထာဝရဝမ် သူ၏ဓားကို ပြန်သိမ်းလိုက်လေ၏။
“ဘာပဲဖြစ်ဖြစ် ကျင်းထိုက်ကျွင်းကို ချိတ်ပိတ်ထားရမယ် .. ငါ သူ့ကို စစ်ဆေးမယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။ အင်ပါယာဂိတ်၏ သစ္စာဖောက်ကို အမြစ်လှန်ရှာပြီး သူမကို အပြည့်အဝ စစ်ဆေးမည်ဟု သူကြေငြာလိုက်သည်။
အပိုင်း ၁၇၅၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၂ – မသေမျိုးသက်ရှိများမှ လှုပ်ရှားလာခြင်း
ဖြန်း..
နောက်ဆုံးတစ်ချက် ရိုက်ခံလိုက်ရပြီးနောက် ကျင်းထိုက်ကျွင်း၏ခန္ဓာကိုယ် လွင့်ထွက်သွားကာ မြို့ရိုးနှင့် ရိုက်မိသွားသည်။ ထို့နောက် သူမအောက်သို့ပြုတ်ကျသွားပြီး ထပ်မလှုပ်ရှားနိုင်တော့။
အဘယ်ကြောင့်ဆိုသော် သူမ ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည့်အပြင် ယခု သူမ ချိတ်ပိတ်ခံထားလိုက်ရလေပြီ။
ထို့အပြင် သူမ၏မူလခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းလည်း ပေါ်လာလေပြီ။ သူမ၏ ဦးခေါင်းထက်၌ ရွှေရောင်အရိုးဦးချိုများ ပေါ်လာပြီး သူမ၏နဖူးထက်တွင် ရှုပ်ထွေးသည့်သင်္ကေတများပေါ်လာသည်။
“ဘယ်သူ ငါနဲ့အတူတူ သူ့ကို စစ်ဆေးချင်လဲ..” မုန့်ထျန်းကျန်းမေးလိုက်သည်။
….
ကန္တာရကြီးထဲမှ မီးခိုးများ လှိုက်တက်လာသည်။
အနက်ရောင်အကျဉ်းရထားလုံးတစ်စင်းကို သားရဲများ ဖြေညှင်းစွာ ဆွဲနေကြသည်။ သတ္တုဘီးလုံးရာများမှာ ကန္တာရထဲ၌ ထင်ကျန်ခဲ့သည်ပင်။
ဝင်သွားပြီဖြစ်သည့် နေလုံးကြီးသည် ကောင်းကင်တစ်ဝက်ခန့်ကို နီရဲနေစေသည်။
ကန္တာရကြီးမှာ အဆုံးမရှိအောင် ကျယ်ပြန့်လှသည်။ ခပ်ဝေးဝေးတွင် မြစ်တစ်စင်း ရှေးဟောင်းစစ်မြေပြင်ကြီးအား ဖြတ်သန်းစီးဆင်းနေသည်ကို တွေ့ရမည်ပင်။
ဤသည်မှာ ခမ်းနားလှသည့်မြင်ကွင်းတစ်ခုဖြစ်သော်လည်း ယနေ့ ရှီဟောင်အတွက်တော့ ဤသည်မှာ အနည်းငယ် ဝမ်းနည်းစရာကောင်းလှသည်။
သူ အကျဉ်းသားတစ်ဦးဖြစ်လာပြီး ကြေးစစ်ရထားလုံးထဲ၌ ပိတ်မိနေသည်။ သူ့ခန္ဓာကိုယ်၊ ခြေနှင့်လက်များကို သံကြိုးများ၊ ခြေထိပ်လက်ထိပ်များဖြင့် ချည်နှောင်ထားသည်။ သံချိန်းကြိုးများမှာ အလွန်ထူထဲလှသည့် အေးစက်သည့်အလင်းများ ထုတ်လွှတ်နေသည်။
သူ၏ခေါင်းသာ အကျဉ်းသားရထားလုံးအပြင်ဘက်၌ ထုတ်ခံထားရပြီး ရထားလုံးထဲ၌ တစ်ကိုယ်လုံး ပိတ်ခံထားရသည်ပင်။ သူ နည်းနည်းလေးမှပင် လှုပ်ရှား၍မရ။ ဤသံကြိုးများမှာ အဆင့်လွန်သက်ရှိများကိုယ်တိုင် ပြုလုပ်ထားသည့်အရာများပင်။
သူ၏ဘေးပတ်လည်၌ အနက်ရောင်ပြင်ကြီးရှိနေသည်။ ဤလူများအားလုံးမှာ တစ်ဖက်လောကမှ စစ်တပ်ကြီးပင်။ သို့သော် အားလုံးသည် အလွန်တိတ်ဆိတ်နေကြကာ မည်သူမှ စကားမပြောကြ။ ဤနေရာ၌ သိပ်သည်းသည့်လေထုအခြေအနေ ဖြစ်ပေါ်နေသည်။
ယခုတစ်ခေါက် သူတို့ရှုံးနိမ့်ခဲ့ရပြီး အဆင့်လွန်သက်ရှိများ စစ်ပွဲထဲ၌ သေဆုံးခဲ့ရသည်။ ဧကရာဇ်ကလန်မှ အဆင့်လွန်သက်ရှိတစ်ဦးပင် ဖမ်းခံခဲ့ရသည်။ ဤသည်မှာ တစ်ခါမှ မဖြစ်ဖူးသည့် ရှုံးနိမ့်မှုကြီးပင်။
လမ်းတစ်လျှောက် ဘီးလုံးလိမ့်သံများသာ ကြားနေရသည်။
စစ်တပ်ကြီးမှာ ကောင်းကင်ချောက်နက်ကို ဖြတ်သန်းကာ ကန္တာရကြီးကို ဖြတ်ကျော်သွားလေပြီ။
ရုတ်တရက် တပ်သားများအားလုံး လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့၌ အုပ်မိုးလာသည့် ပုံရိပ်များစွာ ထွက်ပေါ်လာသည်ပင်။ သူတို့အားလုံးသည် လောကကြီး ဖြစ်တည်လာကတည်းက ရှိနေသည့် နတ်ဆိုးဘုရင်များကဲ့သို့ မလှုပ်မယှက်ရှိနေကြသည်။
မူလဖရိုဖရဲမြူများ ထွက်ပေါ်လာပြီး သူတို့ကို ဖုံးအုပ်ထားသောကြောင့် သူတို့ကို ရှင်းရှင်းလင်းလင်းမမြင်နိုင်။
အထူးသဖြင့် ထိုနေရာ၌ ကောင်းကင်ထိပင် မြင့်မားကာ ခမ်းနားလှသည့် ယဇ်ပုလ္လင်တစ်ခုရှိနေသည်။ ဤယဇ်ပုလ္လင်ကို ယခုမှ ဤနေရာသို့ ယူလာခဲ့ခြင်းပင်။ ယခင်က ဤနေရာ၌မရှိ။
ထိုယဇ်ပုလ္လင်ထက်တွင် ရှေးဟောင်းသက်ရှိများစွာ ထိုင်နေသည်။ အချိန်အပိုင်းအစများ လေထဲသို့ တက်နေပြီး ကျဉ်းမြောင်းသည့် အချိန်မြစ်တစ်ခုလည်း စီးဆင်းနေသည်။
ထိုနေရာမှာ အလွန်မှုန်ဝါးနေပြီး လူ ဘယ်နှယောက်ရှိမှန်းပင် မသိရ။ သူတို့သည် သက်ရှိရုပ်ကြွင်းများကဲ့သို့ ထိုနေရာ၌ မလှုပ်မယှက်ထိုင်နေကြလေသည်။
ဤလူများမှာ သူတို့၏ ရှေးဟောင်းဘုရားကျောင်းများ၌ ရှိနေသည့် ရွှံ့ရုပ်တုများနှင့်တူကြောင်း တစ်ယောက်၊ နှစ်ယောက်ခန့် အာရုံခံမိသွားသည်။
“ကျွန်တော်တို့ မသေမျိုးဘုရင်တွေကို အရိုအသေပေးပါတယ်…”
တစ်ချိန်တည်းလိုလိုမှာပင် အခြားသူများလည်းအော်ဟစ်လိုက်ကာ စစ်သားအားလုံးမြေပြင်ထက်၌ ဒူးထောက်လိုက်ကာ လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
သားရဲများ၊ ငှက်များနှင့် စီးတော်ယာဉ်များအားလုံးပင် လေးစားစွာ ဦးညွှတ်နေကြလေ၏။
အကျဉ်းထောင်ရထားလုံးထဲ၌ မလှုပ်မယှက်ရပ်နေရသည့် ဟွမ်သာ ရပ်နေခြင်းပင်။
သို့သော် ထိုယဇ်ပုလ္လင်ထက်မှ တစ်စုံတစ်ဦး သက်ပြင်းချကာ သူတို့ကို မတ်တပ်ရပ်ခိုင်းသည့်အချိန်မှ သူတို့သည် ကောင်းကင်ထက်မှ နဂါးကြီးကို ငေးနေသည့် ပုရွက်ဆိတ်လေးများကဲ့သို့ ဖြစ်နေကြောင်း ခံစားလိုက်ရသည်။
“မင်းတို့အားလုံး နောက်ဆုတ်..”
ထိုအချိန်တွင် ယဇ်ပုလ္လင်အောက်ဘက်၌ ရပ်နေသည့် အရပ်မြင့်မြင့်နှင့်ပုဂ္ဂိုလ်များထဲမှ တစ်ယောက်မှ စစ်တပ်ကြီးကို အမိန့်ပေးလိုက်သည်။
ထိုလူများအားလုံးမှာ မသေမျိုးသက်ရှိများဖြစ်သောကြောင့် အားလုံး တုန်လှုပ်သွားရသည်။ သူတို့အားလုံး နှိုင်းယှဉ်၍ မရနိုင်သည့်အော်ရာများထုတ်လွှတ်နေကြသော်လည်း သူတို့ကို မူလဖရိုဖရဲမြူများ ရစ်ဆိုင်းထားသောကြောင့် သူတို့ခန္ဓာကိုယ်အစစ်ကို မမြင်နိုင်။
စစ်တပ်ကြီး၏ စည်းမျဉ်းများမှာ တင်းကြပ်လှသည်။ အမိန့်ကြားသည်နှင့် သူတို့အားလုံး ခပ်ဝေးဝေးသို့ ဆုတ်သွားလိုက်ကြသည်။
ခဏကြာပြီးနောက် အားလုံး နှလုံးခုန်နှုန်းများရပ်တန့်သွားကာ မူလဝိညာဉ်များပင် အက်ကွဲတော့မတတ် ပြင်းထန်လှသည့် ဖိအားကြီးကို ခံစားလိုက်ရသည်။
ဘာဖြစ်တာလဲ.. အားလုံး ရှုပ်ထွေးသွားရသည်။
ဝုန်း..
ထိုယဇ်ပုလ္လင်ထက်မှ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည့်အပြင် ကြီးမားလှသည့် လက်များစွာ ထွက်ပေါ်လာပြီး အနောက်ဘက်ရှိ ကောင်းကင်ချောက်နက်ကြီးကို ရိုက်နှက်လာသည်။ ထိုရိုက်ချက်မှာ ပြင်းထန်လွန်းလှသောကြောင့် လူများစွာတုန်လှုပ်သွားကြရသည်။
မသေမျိုးဘုရင်တွေ လှုပ်ရှားနေကြပြီ .. အဲဒါအပြင်ကို သူတို့က အားကုန်သုံးနေကြပြီ .. ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။
သူတို့ဘေးပတ်လည်တွင် မြေကြီးမှ အဆောင်များ တစ်ထောင်ကျော်ထွက်ပေါ်လာသည်။ မဟုတ်ပါက သူတို့မပြောနှင့် ကြယ်ကောင်းကင်ကြီးပင် ပျက်စီးသွားလိမ့်မည်။
မသေမျိုးဘုရင်များ ဟစ်ကြွေးလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ အားလုံး ဘဝကူးပြောင်းသွားလေ၏။
ထို့နောက် အဆောင်များမှာ တစ်သောင်းကျော်အထိ တိုးလာသည်။ ထိုအဆောင်များသည် ကောင်းကင်ထက်၌ပြည့်နေပြီး အောက်ဘက်ရှိ စစ်တပ်ကြီးကို ကာကွယ်ပေးနေခြင်းပင်။
ယဇ်ပုလ္လင်ထက်မှ ကြောက်စရာကောင်းသည့် အသံလှိုင်းများထုတ်လွှတ်နေကာ ကျယ်ပြန့်လှသည့် ကောင်းကင်ချောက်နက်ကြီးကို လက်များစွာမှ ရိုက်ခတ်နေသည်။
စစ်တပ်ကြီးမှာ တုန်လှုပ်စွာဖြင့်ပင် ခေါင်းမော့ကြည့်လိုက်ကြသည်။ မသေမျိုးဘုရင်တွေ အင်ပါယာဂိတ်ကို ကျူးကျော်တော့မှာလား..
ဤနေရာကို အဆောင်များ ထောင်ပေါင်းများစွာ ကာကွယ်ပေးနေသော်လည်း သူတို့ကို တုန်လှုပ်စေသည့်ဖိအားကြီးကို သူတို့ခံစားနေရဆဲပင်။
ဝုန်း..
ကမ္ဘာမြေကြီး နောက်တစ်ကြိမ် တုန်လှုပ်လာသည်။ ထို့အပြင် အချို့လက်နက်များလည်း အသက်ဝင်လာလေသည်။ ထိုလက်နက်များထဲတွင် အလွန်တောက်ပနေသည့် လှံတံတစ်ချောင်းလည်းပါဝင်နေသည်ပင်။ ထိုလှံတံသည် ကောင်းကင်ကို စုတ်ဖြဲကာ ကောင်းကင်ချောက်နက်ကြီးကို ထိုးနေသည်။
“အန်းလန်ရဲ့လှံတံ..”
ဤသည်မှာ ပြိုင်ဘက်ကင်းသည့် ဘိုးဘေးအန်းလန်၏လက်နက်ပင်။ ယခင်က ကောင်းကင်ဦးချိုပုရွက်ဆိတ်တစ်ကောင် ဤလှံတံဖြင့် ထိုးစိုက်ခြင်းခံလိုက်ရကာ ကောင်းကင်တစ်ခုလုံး နီရဲသွားခဲ့သည်ပင်။
သတ္တဝါများအားလုံး ကြည့်နေရင်းဖြင့် ထိတ်လန့်လာကြသည်။ သူတို့အခု တိုက်ခိုက်ကြတော့မှာလား .. သူတို့ စိတ်ကိုတောင်မပြင်ဆင်ရသေးဘူး..
ခွပ်..
အသံတစ်သံ ထွက်ပေါ်လာသည်။ ရောင်စုံအလင်းများ ထွက်ပေါ်လာကာ ကောင်းကင်ချောက်နက်ကြီးမှာ မတည်ငြိမ်နိုင်တော့။
“ကောင်းကင်ချောက်နက် ပျက်သွားပြီ .. လမ်းကြောင်းတစ်ခု ပေါ်လာတော့မယ် .. ငါတို့ မြို့ကို ဝိုင်းတိုက်တော့မယ်..”
စစ်တပ်ထဲမှ တစ်စုံတစ်ဦး ကြွေးကြော်လိုက်သည်။
အကျဉ်းသားရထားလုံးထဲ၌ ရှိနေသည့်ရှီဟောင်သည် အရာအားလုံးကို အေးစက်စွာပင် တိတ်တဆိတ်ကြည့်နေလေ၏။
ချွမ်း..
လက်ကြီးတစ်ဖက်ပေါ်လာကာ ထိုလှံတံထဲသို့ နတ်ခွန်အားပေါင်းထည့်လိုက်ပြီး ကောင်းကင်ချောက်နက်ထဲသို့ ထိုးလိုက်သည်။
ဝုန်း..
ကောင်းကင်ချောက်နက်ဘက်မှ ရုတ်တရက် ရောင်စုံအလင်းများ တောက်ပလာပြီး ထာဝရမြူအနည်းငယ်လည်း ထွက်ပေါ်လာသည်။ ထိုအရာများအားလုံး ထိုရွှေရောင်လှံတံကို ပြန်ရိုက်ချလိုက်သည်။ ထိုလှံတံ ပြင်းထန်စွာ တုန်ခါသွားသည့်အပြင် လျှပ်စီးများနှင့် မိုးကြိုးများနှင့် ဖရိုဖရဲအလင်းများ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ ထိုနေရာမှာ မှုန်ဝါးနေကာ ရှင်းရှင်းလင်းလင်းမမြင်ရတော့။
ဒုန်း..
နောက်ဆုံးတွင် ငလျင်ကြီး နောက်တစ်ကြိမ် လှုပ်ခတ်လာသည်။ အန်းလန်၏လက်နက် ပြုတ်ကျသွားကာ ယဇ်ပုလ္လင်ထက်၌ ပြန်ပေါ်လာသည်။ ထိုလှံကို လက်ကြီးတစ်ဖက်မှ ဖမ်းယူလိုက်လေ၏။
“ကျရှုံးသွားတာလား..” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ မသေမျိုးဘုရင်တစ်ပါး ကောင်းကင်ချောက်နက်ကြီးအား တိုက်ခိုက်ခြင်းပင်။ သူတို့ပင် မအောင်မြင်ပါက သူတို့ ဘယ်လိုဖြတ်ကြတော့မည်နည်း..
“ဘိုးဘေးက စမ်းကြည့်ရုံပဲ .. ဒီနေ့ ချိုးဖောက်သွားမှာမဟုတ်ဘူး .. မဟုတ်ရင် ပေးဆပ်လိုက်ရတာနဲ့ ပြန်ရတာနဲ့က ကာမိမှာမဟုတ်ဘူး..”
ယဇ်ပုလ္လင်ရှေ့၌ ရပ်နေသည့် မသေမျိုးသက်ရှိတစ်ဦးမှ ပြောလိုက်သည်။ သူသည် စစ်တပ်ကြီးကို ရှင်းပြနေခြင်းပင်။ သူ၏အသံမှာ နူးညံ့လှပြီး အသံလှိုင်းများမရှိ။
သူ အားလုံးကို စိတ်အေးအေးထားရန် ပြောလိုက်သည်။
မသေမျိုးဘုရင်များသာ ဖြတ်ချင်လျှင် ကောင်းကင်ချောက်နက်ပင် သူတို့ကို တားဆီးနိုင်မည်မဟုတ်။ သို့သော် သူတို့ အသာစီးဖြင့် ချီတက်လိုခြင်းပင်။ သူတို့၏သွေးစွမ်းအင်များကို အားနည်းစေခြင်း သို့မဟုတ် အခြားစတေးခြင်းများဖြင့် သူတို့မဝင်လို။
ခဏကြာပြီးနောက် ဤနေရာတိတ်ဆိတ်သွားသည်။ ယဇ်ပုလ္လင်ကြီးမှာ မူလဖရိုဖရဲမြူများ ရစ်ဆိုင်းနေသောကြောင့် မှုန်ဝါးနေကာ မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့။
မသေမျိုးဘုရင်များ မတိုက်ခိုက်ကြသလို ဘာအသံမှ ထွက်မလာတော့။
ဒုန်း..
ရုတ်တရက် မြေအောက်မှ အသံတစ်သံနှင့်အတူ မြူများ ထွက်ပေါ်လာသည်။
ဒုန်း..
ထို့နောက် အခြားဆူညံသံတစ်သံ ထပ်ထွက်လာသည်။ ဤသည်မှာ ဘီလူးကြီးများ လမ်းလျှောက်နေသကဲ့သို့ ကန္တာရတစ်ခုလုံးကို တုန်ခါသွားစေသည်။ ဤသည်မှာ ဤနေရာသို့ တစ်ယောက်ယောက် ချဉ်းကပ်လာနေသလိုပင်။
အားလုံး ဆွံ့အသွားရသည်။ မသေမျိုးသက်ရှိတွေ ဒီမှာ ရှိနေတာ .. ဘယ်သူက ရိုင်းရိုင်းစိုင်းစိုင်းလုပ်ရဲတာလဲ .. အင်ပါယာဂိတ်က တစ်ယောက်ယောက်လှုပ်ရှားပြီးတော့ ဒီနေရာထိရောက်အောင်လာတာလား .. ဤသည်မှာ မဖြစ်နိုင်။
“အားလုံး နောက်ဆုတ်..”
မသေမျိုးသက်ရှိတစ်ဦး အမိန့်ပေးလိုက်ကာ သူတို့ကို ယဇ်ပုလ္လင်နှင့်ခပ်ဝေးဝေးနေခိုင်းလိုက်သည်။
ကလန်ပေါင်းစုံမှ ကျွမ်းကျင်သူများအားလုံး ရှုပ်ထွေးသွားရသည်။ မသေမျိုးသက်ရှိတွေရဲ့ အမူအရာ ဒီလောက်လေးနက်သွားရအောင် အဲဒါက ဘယ်လိုသက်ရှိမျိုးတွေလဲ..
ထို့နောက် ပို၍ထိတ်လန့်စရာကောင်းသည်မှာ ထိုယဇ်ပုလ္လင်ထက်မှ ရှေးဟောင်းဘိုးဘေးတစ်ဦးသည် အခြား ပြိုင်ဘက်ကင်းသက်ရှိများကိုလည်း နောက်ဆုတ်ရန် လက်ပြလိုက်သည်။
အားလုံး ထိတ်လန့်သွားရ၏။ တိုင်းတာလို့မရနိုင်တဲ့ ရန်သူတွေ ရောက်လာတာလား..
ဝုန်း..
ရုတ်တရက် ကန္တာရ၏တစ်ဖက်ခြမ်းမှ အနက်ရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။ ဤသည်မှာ အရှေ့ဘက်မှ အနက်ရောင်နေလုံးကြီး ထွက်ပေါ်လာသကဲ့သို့ပင်။
အဲဒါက ဘာကြီးလဲ .. အားလုံး ထိတ်လန့်သွားရသည်။ မသေမျိုးဘုရင်တွေရှေ့မှာ တစ်ခြား ဘယ်သက်ရှိက ဆူဆူပူပူလုပ်ရဲတာလဲ..
ထို့နောက် အလင်းတန်းသည် လောကအစွန်များကို ချိတ်ဆက်ပေးသည့် လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သေဆုံးခြင်းအော်ရာများ ထွက်ပေါ်လာသည်အထိပင်။ အနက်ရောင်မြူများ ထွက်ပေါ်လာပြီး ဘေးပတ်လည်ကို ဝန်းရံသွားသည်။
ငရဲလောကကြီး ဤလောကကြီးနှင့် ချိတ်ဆက်သွားကာ စကြာဝဠာကြီး ပြောင်းပြန်လှန်တော့မလိုပင်။ လောကကြီးတစ်ခုလုံး တိတ်ဆိတ်နေလေပြီ။
“အဲဒါ ဘယ်သူလဲ..” ဤသည်မှာ အားလုံးသိချင်နေသည့်အရာပင်။ မသေမျိုးဘုရင်များရှေ့၌ ဤကဲ့သို့ ခွန်အားပြသရဲနေသောကြောင့် ဤလူမှာ သေချာပေါက် ထူးခြားသည့်သူဖြစ်မည်ပင်။
ထို့နောက် အားလုံး ခမ်းနားသည့်မြင်ကွင်းတစ်ခုကို မြင်လိုက်ရကာ လောကကြီး၏အစွန်းမှ ရောက်လာသည့်အရာမှာ ဘာမှန်းအားလုံးသိလိုက်ရသည်။
ဤသည်မှာ အလွန်ကြီးမားလှသည့်အုတ်ဂူကြီးပင်။ ဒီအနက်ရောင်လမ်းကြောင်းကြီးက ဘယ်ကနေ ရောက်လာတာလဲ..
အပိုင်း ၁၇၅၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၃ – သင်္ချိုင်းဘုရင်၏ တောင်းဆိုချက်
ကောင်းကင်နှင့် ကမ္ဘာမြေကြီး အစွန်း၌ ကြီးမားလှသည့်အုတ်ဂူကြီးတစ်ခု ပေါ်လာသည်။ ထိုအုတ်ဂူကြီးမှာ အလွန်မြင့်မားလှပြီး တိမ်များထိပင် ထိနေပြီဖြစ်သည်။ ဤအုတ်ဂူကြီးမှာ အနီရင့်ရောင်ဖြစ်ပြီး မြေကြီးများမှာ သွေးများရွှဲနေသကဲ့သို့ပင်။
ဤသည်မှာ အလွန်ထူးဆန်းလှသလို အလွန်လည်း ထိတ်လန့်စရာကောင်းလှသည်။ ထို့အပြင် ထိုနေရာမှ ထွက်လာကာ ဤနေရာကို ချိတ်ဆက်နေသည့် လမ်းကြောင်းတစ်ခုလည်း ရှိနေသည်ပင်။ သူဘာလုပ်ချင်နေတာလဲ..
အားလုံး ထိုနေရာကိုကြည့်လိုက်ကြပြီး နှလုံးခုန်နှုန်းများ လျင်မြန်လာရသည်။ အားလုံး ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်ခုကို ခံစားနေရ၏။ ဤသည်မှာ သူတို့၏ဝိညာဉ်ပင် ရိတ်ချွေခံရတော့မလိုပင်။
ဤသည်မှာ ဤနေရာ၌ အဆောင်ပေါင်း တစ်သောင်းကျော်ရှိနေသည်ပင်။ မဟုတ်ပါက ထိုအုတ်ဂူမှ ထွက်လာသည့်ဖိအား မည်မျှပင် ကြောက်စရာကောင်းမည်ကို မည်သူမှ မခန့်မှန်းရဲ။
“ဒါက .. မသေသေးတဲ့စစ်သူရဲတွေရဲ့ မြေပုံသင်္ချိုင်းလား..” တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။
အမှန်တကယ်တွင် တစ်ဖက်လောက၌ သင်္ချိုင်းစစ်သူရဲအကြောင်း သိသည့်သူ များများစားစားမရှိ။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှဆိုလျှင် သိသည့်သူ ပို၍နည်းသေးသည်။
အကျဉ်းထောင်ထဲ၌ ရှိနေသည့်ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားရသည်။ သူသည် အားလုံးကို တိတ်တဆိတ်ပင် သေချာစောင့်ကြည့်နေလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ မသေသေးသည့်စစ်သူရဲများအကြောင်း သိသည်မှာ မကြာသေး။
ယခု သူတို့ရှေ့၌ အုတ်ဂူကြီးတစ်ခု ပေါ်လာလေပြီ။ ဤအုတ်ဂူမှ မူလဖရိုဖရဲမြူများ ရစ်ဆိုင်းနေကာ အနက်ရောင်မြူများလည်း အုံ့ဆိုင်းနေသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းသည့်မြင်ကွင်းပင်။
ထိုအုတ်ဂူနှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် ဝိညာဉ်များပင်စုတ်ယူခံရတော့မလို ခံစားလိုက်ရသည်။
ဝုန်း..
အုတ်ဂူကြီးလှုပ်ခါသွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါလာသည်။ ထိုနေရာ၌ မည်းနက်နေသည့် အက်ကွဲကြောင်းကြီးတစ်ခုလည်း ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ထိုနေရာ၌ မြင်ကွင်းမျိုးစုံ ပေါ်လာလေ၏။ ဥပမာအားဖြင့် အဆုံးမရှိသည့်သွေးပင်လယ်ကြီး ထွက်လာကာ မှုန်မှိုင်းသည့်အုတ်ဂူများကို ဖြတ်ကျော်သွားလေသည်။
နောက်ဆုံးတွင် အရာအားလုံး ပျောက်ကွယ်သွားကာ ရှေးဟောင်းမြေသာ ကျန်ရစ်တော့သည်။ ရှေးဟောင်းအုတ်ဂူများမှာ နေရာတိုင်း၌ ရှိနေပြီး မြက်ပင်များ၊ ချုံပင်များမှာ အလွန်ကြီးထွားနေကြသည်။ ထိုနေရာ၏အလယ်၌ ကြီးမားလှသည့် အုတ်ဂူကြီး ရှိနေသည်ပင်။
“သင်္ချိုင်းနယ်မြေ..”
ဤသည်မှာ ဘာဖြစ်သည်ကို အားလုံးသိသွားလေပြီ။ သူတို့ပို၍ ပြဿနာများနေလေပြီ။
ဤအုတ်ဂူမှာ ကန္တာရထဲ၌ ပေါ်လာခြင်းမဟုတ်။ အလွန်ဝေးသည့် သင်္ချိုင်းနယ်မြေ၌ ပေါ်လာခြင်းပင်။ သို့သော်လည်း ယခုအချိန်တွင် ထိုအုတ်ဂူမှ လမ်းကြောင်းတစ်ခု ပေါ်လာလေပြီ။
သူ ဘာလုပ်ချင်နေတာလဲ .. မသေမျိုးဘုရင်တွေကို တားဖို့ကြိုးစားနေတာလား..
စစ်တပ်ကြီးမပြောနှင့် မသေမျိုးသက်ရှိများပင် ထိတ်လန့်သွားရသည်။ သူတို့အဆင့်နှင့်ဆိုလျှင် သူတို့ ဤအကြောင်းများ သိကြသည်ပင်။ ဤနေရာမှာ ထူးဆန်းကာ ကြောက်စရာကောင်းသည့်အရာများစွာ ရှိနေသည့်နေရာပင်။
ယခင်က သူတို့လောကမှ ကျင့်ကြံသူများ သင်္ချိုင်းနယ်မြေတွင် ထူးဆန်းသည့်အုတ်ဂူတစ်ခု တူးခဲ့မိသောကြောင့် ကလန်များစွာ ရှင်းခံလိုက်ရသည်။ ထိုကလန်များမှာ အလွန်စွမ်းအားကြီးသည့် ဘုရင်ကလန်များဖြစ်ကြသော်လည်း သူတို့၏ဘိုးဘေးနယ်မြေများမှာ မီးလောင်ပြင်ကြီးဖြစ်သွားကာ နေရာတိုင်း၌ အရိုးများသာ ကျန်ရစ်ခဲ့သည်။
ထိုကိစ္စကြောင့်လည်း သင်္ချိုင်းနယ်မြေမှာ မည်မျှကြောက်စရာကောင်းကြောင်း သူတို့လောကမှ ရာထူးကြီးသည့်သူများသိသွားခဲ့ကြသည်ပင်။
ထိုအချိန်မှစကာ လွန်ခဲ့သည့်ခေတ်ပေါင်းများစွာ၌ ဘာဖြစ်ခဲ့သည်ဆိုသည့်လျှို့ဝှက်ချက်များ၊ အဆင့်ပိုမြင့်သည့်သက်ရှိများရှိသလားဆိုသည့် မေးခွန်းများကို သူတို့သိချင်ကြသော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားခဲ့ကြရသည်။
ထိုအချိန်တွင် ထိုအနက်ရောင်လမ်းကြောင်းပေါ်၌ အတောင်ပံများ ပျက်စီးနေသည့် မြင်းရှစ်ကောင်ဆွဲသည့် သံကြေးတက်နေသည့် ကြေးရထားလုံးတစ်စီး မောင်းနှင်လာလေ၏။
ဤလောက၌ အတောင်ပံနှင့်မြင်းရှိသေးသော်လည်း သူတို့၏သွေးမျိုးဆက်မှာ မသန့်စင်တော့။ ပြိုင်ဘက်ကင်းသည့် အတောင်ပံနှင့်မြင်းအစစ်မှာ မျိုးတုန်းသွားပြီဖြစ်သည်။ သူတို့သည် အကောင်းဆုံးစီးတော်ယာဉ်ထဲမှ တစ်မျိုးပင်။
ယခု ကြီးမားတုတ်ခိုင်သော်လည်း အသွေးအသားများတွင် ပုတ်ဆွေးသည့်အော်ရာများရှိနေသည့် မြင်းရှစ်ကောင် ရထားလုံးကို ဆွဲလာလေ၏။
ဝုန်း..
မြင်းရှစ်ကောင်၏ လှုပ်ရှားမှုမှာ တစ်ဖြည်းဖြည်း ပို၍ လျင်မြန်လာသည်။ နောက်ဆုံး သူတို့ ထုတ်လွှတ်သည့်အလင်းမှာ လျှပ်စီးထက်ပင် ကျော်လွန်သွားသည်။ သူတို့ ရထားလုံးကို ဆွဲရာမှ ထွက်ပေါ်လာသည့်အသံမှာ မိုးခြိမ်းသံထက်ပင် ကျယ်လောင်နေသေးသည်။
ထို့နောက် ထိတ်လန့်စရာကောင်းသည့်အရာတစ်ခုဖြစ်လာသည်။ မြင်းကိုယ်ပေါ်မှ ပုတ်ဆွေးနေသည့်အနံ့ တစ်ဖြည်းဖြည်း အားဖျော့လာကာ သူတို့အမွေးများ တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ပျက်စီးနေသည့် အတောင်ပံများလည်း ပြောင်းလဲလာကာ အသက်ဓာတ်များ ပြန်လည်ရရှိလာသည်။
နောက်ဆုံးတွင် မြင်းရှစ်ကောင်၏အမွေးများမှာ ပိုးသားများကဲ့သို့ အိစက်ညက်ညောလာကာ အလွန်သူရဲကောင်းဆန်သည့်အသွင်အပြင်ဖြစ်လာသည်။ သူတို့၏ခန္ဓာကိုယ်မှ နဂါးအကြေးခွံများ ထွက်ပေါ်လာပြီး ကျောထက်တွင်ရှိနေသည့် အမွေးများမှ လျှပ်စီးများထုတ်လွှတ်နေသည်။ သူတို့သည် လျှပ်စီးကဲ့သို့ပင် လျင်မြန်လာသည်။
မြင်းရှစ်ကောင် ပြန်လည်ရှင်သန်လာသောကြောင့် အားလုံး ဆွံ့အသွားရသည်။ မြင်းများမှာ အလွန်ကြီးမားကာ စွမ်းအားကြီးလှသည်။ အားလုံး ဤမြင်းများကို သူတို့၏ စီးတော်ယာဉ်အဖြစ် လိုချင်နေကြလေ၏။
အချို့အကောင်များသည် သွေးလျှပ်စီးကဲ့သို့ နီရဲနေပြီး အချို့မှာ ခရမ်းရောင်လျှပ်စီးများ ထုတ်လွှတ်နေလေ၏။ အချို့မှာ နေမင်းကဲ့သို့ တောက်ပနေပြီး အချို့မှာ မည်းနက်နေသည်။
“အတောင်ပံပါတဲ့မြင်းရှစ်ကောင်..”
တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ တစ်ဖက်လောကမှ ကျင့်ကြံသူများမှာ အလွန်ထိတ်လန့်သွားကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းနယ်မြေအပြင်ဘက်မှ သူတို့ သတင်းအချို့ ရထားသည်ပင်။ အချို့ ကျောက်တုံးထွင်းစာများ၌ သူတို့မြင်နေရသည့်မြင်းရှစ်ကောင်နှင့် တစ်ထပ်တည်းတူသည့် မြင်းရှစ်ကောင်ရှိသည်ပင်။
ရထားလုံးမှာ အလွန်ကြီးမားလှပြီး ရထားလုံးမောင်းနေသည်မှာလည်း ခြောက်သွေ့နေသည့် အလောင်းပင်။ သို့သော် သူတို့ရောက်လာသည်နှင့် ထိုအလောင်းလည်း ပြောင်းလဲလာသည်။
သူ၏ခန္ဓာကိုယ်မှာ အရိုးနှင့်အရည်သာ မဟုတ်တော့ပဲ အသက်ဓာတ်များပြည့်လာသည်။ သူသည် မျက်လုံးများ ရွှေရောင်မီးအိမ်များကဲ့သို့ တောက်ပနေသ်ည့ အကြီးအကဲတစ်ဦး ဖြစ်လာသည်။ သို့သော်လည်း သူ့ကို အရပ်ရှည်သည်ဟု ပြော၍မရ။ သူသည် အတော်လေးပင် ပုသည်ဟု ပြော၍ရသည်။
“အား လီ ဂု လာ..” သူသည် ဘိုးဘေးယဇ်ပုလ္လင်ကို လေးစားခြင်းမရှိပဲ ရထားလုံးပေါ်မှ ထိုင်၍ ပြောလိုက်သည်။ သူပြောလိုက်သည့် စကားများမှာ မသေမျိုးဘုရင်များကို ရထားလုံးပေါ်တက်ရန် ပြောလိုက်ခြင်းပင်။
တစ်ဖက်လောမှ စစ်တပ်မှာ အော်ဟစ်ပစ်ချင်လာကြလေ၏။ သူတို့အမြင်တွင် မသေမျိုးဘုရင်များမှာ စော်ကား၍ရသည့်သူမဟုတ်။ အားလုံး သူတို့ကို လေးလေးစားစား ဆက်ဆံရမည်။
ဤအကြီးအကဲမှာ သေချာပေါက် သင်္ချိုင်းမြေ၏ အရှင်အစစ်မဟုတ်နိုင်။ သို့သော်လည်း သူက ဤလောက၏ ဘိုးဘေးကြီးများကို ဤကဲ့သို့ ဖိတ်ခေါ်နေသည်။
အချို့ မသေမျိုးသက်ရှိမှ သူတို့ကို စကားပြောခွင့်မပေးထားသောကြောင့်ပင်။
ထို့ကြောင့် အားလုံး တိတ်ဆိတ်စွာဖြင့်ပင် ကြည့်နေကြရလေ၏။
တစ်ဖက်လောကမှ ရာထူးကြီးသည့်သူများပင် သင်္ချိုင်းနယ်မြေအား ကြောက်ရွံ့ကြသည်မှာ သိသာလှသည်။
ထို့နောက် မထင်မှတ်ထားသည့်ကိစ္စမှာ အချို့ မသေမျိုးဘုရင်များသည် ခေါင်းညိမ့်လိုက်ကာ ရထားလုံးပေါ်တက်ရန် သဘောတူလိုက်လေ၏။
“ဘာဖြစ်နေတာလဲ .. သင်္ချိုင်းမြေက သက်ရှိတွေက ငါတို့ဘက်က ဘိုးဘေးတွေကို သင်္ချိုင်းနယ်မြေထဲ ဖိတ်ခေါ်တာလား..” တစ်စုံတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ရှူး .. လျှောက်မပြောနဲ့..” ကျင့်ကြံသူကြီးတစ်ဦး သတိပေးလိုက်သည်။
ဝုန်း..
ယဇ်ပုလ္လင်ပေါ်မှ ပုံရိပ်များ ပျောက်ကွယ်သွားသလို ဤနေရာမှာ မှုန်ဝါးမနေတော့။ မူလဖရိုဖရဲမြူများလည်း မရှိတော့။ ထိုအစား ထိုမြူများသည် သံကြေးတက်နေသည့်ရထားလုံးတစ်ဝိုက်၌ ပေါ်လာလေ၏။
ထို့နောက် ရှေးဟောင်းရထားလုံးတစ်ခု မှုန်ဝါးလာကာ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရတော့။
ထို့အပြင် ရထားလုံးပတ်လည်၌ ကျဉ်းမြောင်းသည့် အချိန်မြစ်လေးများ စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။
မသေမျိုးဘုရင်များမှာ ရထားလုံးပေါ်သို့ တက်သွားလေပြီ။ သူတို့ တကယ် တွေ့ဆုံကြတော့မည်။
“မင်းတို့အားလုံး ပြန်သွားပြီးတော့ ငြိမ်ငြိမ်စောင့်နေ .. မင်းတို့အားလုံးကို သင်္ချိုင်းနယ်မြေထဲ ခြေလှမ်းတစ်ဝက်တောင် လှမ်းခွင့်မပြုဘူး..” ဤသည်မှာ ရှုထော်၏အသံပင်။ သူသည် ခေါင်းဆောင်တစ်ဦးစီတိုင်းထံသို့ အသံပို့လွှတ်လိုက်ကာ အမိန့်ပေးလိုက်ခြင်းပင်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုုး ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
ထူးဆန်းတဲ့ သင်္ချိုင်းမြေကနေ အရင်ထွက်လာပြီးတော့ ဒီမှာရှိနေတဲ့ မသေမျိုးဘုရင်ကို လာတားတဲ့ စွမ်းအားကြီးတဲ့ မသေသေးတဲ့စစ်သူရဲတွေ ရှိနေတယ် .. သူတို့က မသေမျိုးသက်ရှိတွေကို သင်္ချိုင်းနယ်မြေထဲ ဖိတ်ခေါ်နေတယ်..
သာမန်ကျင့်ကြံသူများမှာ ဤမျိုးစိတ်များကို နားမလည်ကြ။ ဘာဖြစ်နေသည်ကို မည်သူမှ မသိကြ။
ဤအကြောင်းအနည်းငယ် သိသည့်သူများမှာ အတော်လေး တုန်လှုပ်သွားရသည်။ သိုသိုသိပ်သိပ်နေတတ်တဲ့ မသေသေးတဲ့စစ်သူရဲတွေက ဒီလောကမှာ ပေါ်လာတော့မှာလား..”
အမှန်တကယ်တွင် သက်ရှိအချို့တားဆီးချင်နေကြသည်ပင်။ မသေမျိုးသက်ရှိချိုု့ပင် ငြင်းဆန်ချင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းနယ်မြေထဲသို့ ဝင်သွားသည်မှာ နဂါးကန်၊ ကျားအသိုက်ထဲသို့ ဝင်သွားသည်နှင့်အတူတူပင်။
သူတို့နားလည်လာလေလေ ထိုနေရာကြောက်စရာကောင်းကြောင်း သိလာလေလေပင်။
သိထားရမည်မှာ ထိုသက်ရှိများ တစ်ခါအိပ်လိုက်သည်နှင့် ခေတ်တစ်ဝက်ကြာသွားကာ သူတို့၏ ဇစ်မြစ်၊ မွေးဖွားပုံနှင့် အခြားသတင်းအချက်အလက်များမှာ ရှင်းရှင်းလင်းလင်းမရှိ။
သို့သော် မည်သူမှ မသေမျိုးဘုရင်များ၏ ဆုံးဖြတ်ချက်ကို သံသယမဝင်ရဲ။
အနက်ရောင်အလင်းများ တောက်ပလာကာ ထိုမြင်းရှစ်ကောင်သည် သူတို့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် အသက်စွမ်းအင်များ ထုတ်လွှတ်လာသည်။ ထို့နောက် သူတို့အတောင်ပံများကို ခတ်ကာ ရထားလုံးကို ဆွဲခေါ်သွားလေ၏။ ရထားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေသည်။
ဝုန်း..
ရထားလုံးကြီးမှာ မြေအောက်လောကထဲသို့ ဝင်ရောက်သွားသကဲ့သို့ အစအနပင် မမြင်ရတော့။
သူတို့ ဤကဲ့သို့ ပျောက်ကွယ်သွားသည်မှာ ဤနေရာရှိ လူအများစုကို ဆွံ့အသွားစေသည်။
“နောက်ဆုတ်မယ်..”
မသေမျိုးသက်ရှိတစ်ဦး ပြောလိုက်၏။ ထို့နောက် စစ်တပ်ကြီးသည် တစ်ဖက်လောကသို့ ဦးတည်ထွက်ခွာသွားကြလေသည်။
တစ်ချိန်တည်းမှာပင် လေထဲ၌ လျှပ်စီးတန်းများစွာ လှုပ်ရှားသွားလေ၏။ ဤသည်မှာ တစ်ဖက်လောကသို့ ပြန်လာသည့် မသေမျိုးသက်ရှိများပင်။ သူတို့ ဤနေရာ၌ အချိန်မဖြုန်းချင်ကြ။ အချို့ကိစ္စများကို အရင်ဆွေးနွေးကာ ဆုံးဖြတ်ချက်တစ်ချို့ ချချင်ကြသည်။
အဘယ်ကြောင့်ဆိုသော် မသေမျိုးဘုရင်များ သင်္ချိုင်းနယ်မြေထဲသို့ ဝင်သွားလေပြီ။ ဤသည်မှာ ကိစ္စကြီးတစ်ခုပင်။
ယခင်ကတည်းက ယခုအချိန်ထိ မည်သည့်သင်္ချိုင်းဘုရင်မှ ဤလောက၌ ပေါ်မလာဖူးပေ။ သို့သော် ယနေ့တော့ သူတို့အရင်ထွက်လာကာ အန်းလန်၊ ရှုထော်နှင့် အခြားသူများကို တွေ့ချင်နေကြသည်။ သင်္ချိုင်းနယ်မြေထဲမှာ ဘာဖြစ်နေတာလဲ..
“ပြောင်းလဲမှုကြီးတွေ ဖြစ်လာတော့မှာလား..”
အင်ပါယာဂိတ်အတွင်းရှိ တစ်စုံတစ်ယောက် တီးတိုးရေရွတ်လိုက်သည်။ သူ လျှို့ဝှက်သတင်းအချို့ ရရှိလိုက်သည်ကာ ဤကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။
နယ်ခြားစပ်အပြင်ဘက်ရှိ စစ်တပ်ကြီးထဲတွင်လည်း အချို့သူများ မျက်မှောင်ကြုတ်လိုက်ကြသည်။ အခြေအနေများမှာ ရှုပ်ထွေးနေပြီဟု သူတို့ခံစားလိုက်ရသည်။
ကန္တာရအစွန်၌ တောအုပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုနေရာရှိ ရှေးဟောင်းသစ်ပင်များမှာ အလွန်ကြီးမားလှပြီး သစ်ပင်တစ်ပင်တည်းကို တောင်တစ်လုံးခန့်ကြီးမားကာ မိုးထိုးနေသည်။
ရှီဟောင် စကားတစ်ခွန်းမှမပြော။ သူသည် အကျဉ်းကျနေပြီး ခေါင်းပင်လှည့်၍မရ။ သူ့မျက်စိရှေ့မှ မြင်ကွင်းကိုသာ မြင်နေရသည်။
သူတို့ တောအုပ်ကိုဖြတ်ကျော်ကာ ရှေးဟောင်းတောင်အချို့ကို ဖြတ်ကျော်လာကြ၏။ ဖရိုဖရဲစွမ်းအင်များ များပြားလှသည့် နေရာအချို့ကိုလည်းဖြတ်ကျော်လာပြီးနောက် နောက်ဆုံး သူတို့ လောကအသစ်သို့ ရောက်ရှိလာသည်။
နှုတ်ဆက်ပါတယ် အင်ပါယာဂိတ်ကြီး..
ရှီဟောင်အတွက်တော့ သူမွေးဖွားခဲ့သည့် လောကကြီးမှ ထွက်ခွာကာ အကျဉ်းသားတစ်ယောက်အနေဖြင့် တစ်ဖက်လောကသို့ တစ်ယောက်တည်း ထွက်လာခဲ့ရခြင်းပင်။
ဝုန်း..
ဤရှေးဟောင်းမြေကို မြင်လိုက်ရသည်နှင့် တစ်ခုခု မတူညီသည်ကို သူအာရုံခံမိလိုက်သည်ပင်။ ကြီးမားလှသည့် လျှပ်စီးတန်းများ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို တုန်ခါနေအောင် လုပ်နေသကဲ့သို့ပင်။
ထို့အပြင် သူ့သွေးများပင် ဆူပွက်လာတော့မတတ်ပင်။
ဤနေရာရှိ တာအိုဥပဒေသများမှာ ပြည့်စုံလှသည်။ ဤသည်မှာ ကောင်းကင်ထက်မှ ကျလာသကဲ့သို့ပင်။ သူ့အတွက်တော့ ဤသည်မှာ တူတစ်ချောင်းဖြင့် ထုနေသကဲ့သို့ပင်။
အပိုင်း ၁၇၅၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၄ – တစ်ဖက်လောကထဲသို့ ကျရောက်ခြင်း
ပြည့်စုံသည် သဘာဝတာအိုဥပဒေသများနှင့် စွမ်းအားကြီးသည့် ကောင်းကင်မှာ ရှီဟောင်၏ခန္ဓာကိုယ်ကို ဓားသွားများကဲ့သို့ ဖြတ်တောက်နေသည်။ သူ၏အဆစ်များအားလုံးမှ ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်နေကာ သူ၏ သွေးများလည်း ထကြွလာသည်။
ဤသည်မှာ ပြောင်းလဲမှုကြီးပင်။ သူ့ကို တောင်ကြီးတစ်တောင်လာရောက်ဖိနှိပ်နေသလိုပင် ရှီဟောင် ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏အသိစိတ်ပင်လယ်ကို ဖြတ်တောက်နေသည့် ဓားတစ်လက်နှင့်လည်း တူနေသည်။
သို့သော်လည်း ဤသည်မှာ တစ်ခဏသာ။ ခဏကြာပြီးနောက် သူလျင်မြန်စွာ ပြန်ကောင်းသွားသည်။
ယခု ကောင်းကင်ဘုံကိုးခုမှာ မပြည့်စုံကြောင်း သူသိသွားလေပြီ။ ထိုနေရာမှာ တာအိုများမပြည့်စုံ၊ ကျင့်ကြံသူများအတွက် ပြစ်ချက်များစွာရှိနေသလို သူတို့လျှောက်သည့်လမ်းများလည်း မပြည့်စုံတော့။
ယခု သူ တစ်ဖက်လောကသို့ ဝင်လိုက်ရုံဖြင့်ပင် ဤသည်ကို လေးလေးနက်နက်ခံစားမိသွားသည်။ ဤနယ်မြေမှာ အလွန်အရေးကြီးသည်ဟု သူပို၍ ခံစားလာရသည်။ ပတ်ဝန်းကျင်တစ်ခုတည်းပင်လျှင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုထက် ပိုကောင်းနေပြီဖြစ်သည်။
သူသာ အကျဉ်းသားတစ်ဦး မဟုတ်ဘူးဆိုပါက သူ ဤနေရာ၌ အခွင့်အရေးကောင်းကြီးတစ်ခုကို ခံစားရနိုင်သည်။
သူ့ကိုသာ မကန့်သတ်ထားလျှင် သူ၏ခန္ဓာကိုယ်ကို ထုဆစ်ပြီး သူ၏ဝိညာဉ်ကို လေ့ကျင်နိုင်ကာ သူ၏တာအိုအသီးအပွင့်များကို အခြေခိုင်အောင်လုပ်နိုင်သည်ပင်။
ကျန်သည့်ခရီးစဉ်တစ်လျှောက်မှာ အလွန်တိတ်ဆိတ်နေသည်။ တစ်ဖက်လောကမှ စစ်တပ်ကြီးမှာ တိတ်ဆိတ်နေပြီး စကားပြောသည့်သူ သိပ်မရှိ။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိများပင် မျက်မှောင်ကြုတ်နေကြသည်ပင်။ ယခု မသေမျိုးဘုရင်များ သင်္ချိုင်းနယ်မြေထဲသို့ ဝင်သွားခြင်းဖြစ်ပြီး ဘာဖြစ်လာနိုင်မည်ကို မည်သူမှ မသိ။
“အရှိန်တင်မယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။
ထို့နောက် စွမ်းအားကြီးသည့် စစ်တပ်ကြီးသည် လွင်ပြင်များကို ဖြတ်ကျော်သွားလေ၏။
ရုတ်တရက် ရှီဟောင် ရင်းနှီးသည့်အော်ရာတစ်ခုကို ခံစားလိုက်ရသည်။ သူ ဒီနေရာကို အရင်က လာဖူးတာလား..
ယခင်က သူ စီရင်စုသုံးထောင်မှ ကောင်းကင်နတ်ဘုရားကျောင်းသို့ လာစဉ်တွင် အင်ပါယာဂိတ်၌ နောက်ကျကျန်ရစ်ကာ ပျောက်ဆုံးသွားခဲ့ဖူးသည်။
ထိုစဉ်က ထိုနေရာ၌ ရင်းမြစ်စွမ်းအင်များ ထုတ်လွှတ်ကာ သူ့အား ထူးဆန်သည့်ရှေးဟောင်းနယ်မြေထဲသို့ ပို့လိုက်သည့် အိုးကြီးတစ်လုံး ရှိနေသည်ပင်။ ထိုနေရာ၌ ကောင်းကင်ဘုံကိုးခုကဲ့သို့သော နေထိုင်မှုပုံစံမျိုးကို သူတွေ့ခဲ့ရသည်။
“ဒီနေရာပဲ .. ငါနောက်တစ်ခေါက် ထပ်ရောက်လာပြီ..” ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။
ဤသည်မှာ တစ်ဖက်လောကပိုင်ဆိုင်သည့် နယ်ခြားစပ်အပြင်ဘက်နေရာပင်။
ကွင်းပြင်၌ ကြီးမားလှသည့် ရွှေ့ပြောင်းသည့်စင်္ကြံတစ်ခုရှိနေသည်။ အားလုံး ထိုစင်္ကြံပေါ်သို့ တက်လိုက်ပြီးနောက် ကျွမ်းကျင်သူများအားလုံး ထိုအစီအရင်ကို အသက်သွင်းလိုက်ကြသည်။
ဝုန်း..
ကောင်းကင်ထက်သို့ ဖရိုဖရဲအလင်းများ တက်သွားပြီး များပြားလှသည့်မသေမျိုးမြူများ ထွက်ပေါ်လာသည်။ အစီအရင်မှ ထုတ်လွှတ်လာသည့် လှိုင်းများမှာ ပြင်းထန်လွန်းလှသည်။
ဤသည်မှာ အဆင့်လွန်သက်ရှိများစွာ အသက်သွင်းရသည့် အစီအရင်ပင်။ သူတို့တစ်ယောက်စီတိုင်း ထူးဆန်းသည့်မန္တန်တစ်ခုကို ရွတ်ဆိုနေကြသည်။ ထိုသို့ပြုလုပ်မှသာ ဤရှေးဟောင်းအစီအရင်ကို အသက်သွင်းနိုင်ခြင်းဖြစ်သောကြောင့် ဤသည်မှာ အလွန်အရေးကြီးသည့်နေရာတစ်ခုနှင့် ဆက်သွယ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။
ခွပ်..
လျှပ်စီးများ ထွက်ပေါ်လာပြီး မိုးခြိမ်းသံများလည်း ဆူညံလာသည်။ လေပြင်းများ တိုက်ခတ်လာပြီး သွေးမိုးများပင် ရွာသွန်းကျလာသည်အထိပင်။ လျှပ်စီးထဲတွင် နတ်ဘုရားများနှင့် နတ်ဆိုးများ ဟစ်ကြွေးသံများပင် ထွက်ပေါ်လာသည်။ ဤရွှေ့ပြောင်းခြင်းအစီအရင်မှာ တကယ်ကို ထူးဆန်းလှသည်။
ပုံမှန်အားဖြင့် ရွှေ့ပြောင်းခြင်းဂိတ်တစ်ခု ဖွင့်လျှင် အကွာအဝေးစွမ်းအားများသာ ထွက်ပေါ်လာသည်။ သို့သော်လည်း ယခုတော့ ကြောက်စရာကောင်းသည့်မြင်ကွင်းမျိုးစုံ ထွက်ပေါ်လာသည်။
နောက်ဆုံး ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာကာ လေထဲ၌ မသေမျိုးအော်ရာများ ပျံ့လွင့်လာသည်။ လမ်းကြောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး စစ်တပ်ကြီး ထိုလမ်းကြောင်းပေါ်သို့ ရပ်လိုက်ကြသည်။
အကျဉ်းထောင်ရထားလုံးကြီးကို ရက်စက်သည့်သားရဲများ ဆွဲလာပြီး ကျွမ်းကျင်သူများစွာ၏ စောင့်ကြပ်မှုအောက်တွင် သူတို့ ဝင်လာကြသည်။ခဏကြာပြီးနောက် အလွန်ထူးဆန်သည့်အရာတစ်ခုကို ရှီဟောင်ကြုံတွေ့လိုက်ရသည်။
နောက်ဆုံး သူတို့ လမ်းကြောင်းမှ ထွက်လာသည့်အချိန်တွင် ရှီဟောင် သေချာသွားလေပြီ။ ဤသည်မှာ သေချာပေါက် အခြားလောကတစ်ခုပင်။
သူ လောကတစ်ခုကို ဖြတ်သန်းလာသကဲ့သို့ ခံစားလိုက်ရသည်။
သူ ရှိနေခဲ့သည့် ရှေးဟောင်းမြေမှာ နယ်ခြားစပ်မှ ထွက်ခွာသည်ဟုသာ ပြော၍ရသည်။ သူတို့သည် တစ်ဖက်လောက၏ အစွန်း၌ ရှိနေခြင်းပင်။ ဤနေရာသည်သာ ဘုရင်ကလန်များနှင့် အခြားသူများ နေထိုင်သည့် ရှေးဟောင်းမြေအစစ်ပင်။
ဤနေရာသို့ ရောက်လာသည်နှင့် ရှီဟောင် နာကျင်မှုများကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ တာအိုဥပဒေသပေါင်းစုံမှာ သူ၏ခန္ဓာကိုယ်ကို ပြုပြင်ပြီး သူ၏မူလဝိညာဉ်ကို ပြောင်းလဲတော့မလိုပင် ကျဆင်းလာသည်။ တာအိုဥပဒေသများမှာ စွမ်းအားကြီးလွန်းလှသည်။
ကောင်းကင်ထက်၌ တာအိုဥပဒေသများ တစ်တန်းပြီးတစ်တန်းထွက်ပေါ်လာကာ ထိတွေ့ကိုင်တွယ်၍ရသည့်အရာများအဖြစ် ပြောင်းလဲသွားကြောင်း တွေ့နိုင်သည်ပင်။
ခပ်ဝေးဝေးမှ ကြည့်လိုက်လျှင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးအုပ်နေသည့် များပြားလှသည့် ရှေးဟောင်းသစ်ပင်များကို တွေ့ရလိမ့်မည်။ ဤသည်မှာ လောကသစ်ပင်များပင်။
သူတို့ ဤရှေးဟောင်းနယ်မြေထဲသို့ ဝင်လိုက်သည်နှင့် ဤကဲ့သို့သော မြင်ကွင်းမျိုး တွေ့လိုက်ရလေပင်။
ဤကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ထူးခြားလှသည်။ ဝိညာဉ်စွမ်းအင်များလည်း အလွန်များပြားလှသည်။ မြေပြင်ထက်၌ စီးဆင်းနေသည်များမှာ ရေအစစ်မဟုတ်ပဲ ဝိညာဉ်အရည်များပင်။
တောင်ကြောများတွင် နေရာတိုင်း၌ ရှေးဟောင်းဆေးပင်များ ရှိနေသည်။ အားလုံးမှာ ရှားပါးကာ ရှေးကျသည့်ဆေးပင်များပင်။
ကြောက်စရာကောင်းသည့် အော်ရာများ ထုတ်လွှတ်နေသည့် အန္တရာယ်များသည့်နေရာအချို့လည်း ရှိနေသည်ပင်။ ဥပမာအားဖြင့် မရေမတွက်နိုင်သည့်အလောင်းများဖြင့် ပြည့်နှက်နေသည့် သွေးအိုင်ကြီးတစ်အိုင်။ ဂူထဲမှ မီးတောက်များထွက်နေကာ အထဲဘက်မှ သတ္တဝါများ နှိပ်စက်ခံနေရသည့်အော်သံများ ထွက်နေသည့် ဂူကြီးတစ်ဂူလည်း ရှိနေသည်။
ဤရှေးဟောင်းနယ်မြေမှာ အဆုံးမရှိသကဲ့သို့ အလွန်ကြီးမားလှသည်။
ဤနယ်မြေမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုထက် အဆပေါင်းများစွာ ကြီးမားသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။
လောကသစ်ပင်ဟုခေါ်သည့် သစ်ပင်များကို ဤနေရာ၌ မြင်ရခြင်းမှာ အလွန်ထူးဆန်းလှသောကြောင့်ပင်။ ထိုအပင်များသည် ကောင်းကင်ထက်၌ သူ့အလိုလိုရှိနေသောကြောင့် အားလုံး ထိုသစ်ပင်ကို မြင်နိုင်သည်။
သူ၏အမြစ်များ၊ သစ်ကိုင်းများနှင့် အရွက်များအားလုံးမှာ ကြယ်များကို ပံ့ပိုးပေးနိုင်လောက်အောင် အလွန်ကြီးမားလှသည်။ ယခု ထိုသစ်ပင်များသည် ကုန်းမြေအနှံ့၌ ရှိနေကာ များပြားလှသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးစွမ်းအင်များကို ထုတ်လွှတ်နေ၏။
ထို့နောက် သူတို့ ကလန်ပေါင်းစုံ၏ နေထိုင်ရာနေရာကို ဖြတ်ကျော်သွားခဲ့ကြသည်။ တပ်သားများစွာ သူတို့ကလန်များသို့ ပြန်သွားကြကာ ကျန်ခဲ့ကြလေ၏။
လမ်းတစ်လျှောက်တွင် အင်ပါယာဂိတ်နှင့်ပင် ယှဉ်နိုင်လောက်အောင် ကြီးမားသည့် မြို့ကြီးတစ်မြို့ကို ရှီဟောင် တွေ့လိုက်ရသည်။ ထို့အမြင် ထိုကဲ့သို့သော မြို့များမှာ တစ်မြို့မက။ အားလုံးမှာ အလွန်ခမ်းနားလှသည်ပင်။
“အရှင် … ကျွန်တော်တို့ သူ့ကို ဘယ်လိုလုပ်ကြမလဲ..” နောက်ဆုံးတော့ တစ်ယောက်ယောက်မှ ရှီဟောင်အကြောင်း ပြောလာလေပြီ။
အဘယ်ကြောင့်ဆိုသော် အတော်များများမှာ သူတို့ကလန်များသို့ ပြန်သွားပြီဖြစ်သည်။
ယခုတစ်ခေါက် မသေမျိုးဘုရင်များ သင်္ချိုင်းနယ်မြေသို့ သွားခဲ့ခြင်းမှာ အဆင့်လွန်သက်ရှိများသေဆုံးခြင်း၊ ဧကရာဇ်ကလန်မှ ကျွမ်းကျင်သူတစ်ဦး အဖမ်းခံရခြင်းထက် ပိုကြီးသည်ပင်။ ကလန်ပေါင်းစုံမှ ခေါင်းဆောင်များမှာ သူတို့ကလန်အရှင်များကို သတင်းပို့ရန် အလျင်အမြန်ပင် ပြန်သွားကြလေသည်။
ရှီဟောင်အတွက်မူ သူ့ကို ချက်ချင်းသတ်ပစ်ချင်နေသည့် လူများစွာ ရှိနေသည်ပင်။
အချို့လူများမှာမူ လမ်းကတည်းက သူ့ကို ခေါင်းဖြတ်ချင်နေကြခြင်းပင်။
သို့သော် သူသည် ဧကရာဇ်ကလန်များမှ လိုချင်နေသည့်တစ်စုံတစ်ယောက်ဖြစ်ကြောင်း၊ ရာထူးကြီးသည့်သူများအတွက် ပြန်ယူလာသည့် တစ်စုံတစ်ယောက်ဖြစ်ကြောင်း သတိရမိသွားသည့်အချိန်တွင် သာမန်ကျင့်ကြံသူများ သူ့အသက်ကို မယူရဲကြတော့။
အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးမှာ မရိုးရှင်းဘူးဟု သူတို့ခံစားနေရသည်ပင်။ ပုဂ္ဂိုလ်ကြီးများ သူ့ကို အာရုံစိုက်နေသောကြောင့် သူသာ တကယ်အသတ်ခံလိုက်ရလျှင် သူတို့အတွက် ဖြေရှင်းရန် ခက်ခဲလိမ့်မည်။
အဆင့်လွန်သက်ရှိများပင် တွေဝေနေသောကြောင့် သူတို့က ဘယ်လိုလုပ် သူ့ကို ရှင်းနိုင်မည်နည်း..
“ငါတို့သူ့ကို မြို့ဂိတ်တံခါးမှာ ချိတ်ထားသင့်တယ် .. ငါတို့ သူ့ကို ဖမ်းမိပြီးတော့ ရှေးဟောင်းသူရဲကောင်းဝိညာဉ်တွေအားလုံးကို ယဇ်ပူဇော်လို့ရပြီဖြစ်ကြောင်း ကလန်အားလုံးကို အသိပေးလိုက်မယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤရက်များအတွင်းတွင် ဟွမ်သည် သူတစ်ယောက်တည်းဖြင့် တစ်ဖက်လောကမှကျင်ကြံသူများစွာကို တစ်ယောက်တည်း သတ်ခဲ့သည်ပင်။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများပင် အယောက်တစ်ရာကျော်သည်။
“ငါတို့သူ့ကို မြို့ရိုးမှာ ချိတ်ထားလိုက်ရင် တစ်ချို့လူတွေ ကိုယ့်ကိုကိုယ်မထိန်းနိုင်ပဲ သူ့ကို သတ်လိုက်မှာစိုးတယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
သို့သော်လည်း ကလန်ပေါင်းစုံမှ ကျွမ်းကျင်သူများအားလုံး ဟွမ်အား နှိပ်စက်ချင်နေကြသည်။ သူ့ကို သတ်ချင်နေသည့် လူများစွာလည်းရှိနေကာ သူ့ကို အလွယ်တကူ လွတ်ပေးလိုက်လျှင် သူတို့အလွန်ကြင်နာရာ ရောက်သွားလိမ့်မည်။
“အထက်ကလူတွေ ဆုံးဖြတ်ချက်မချခင် ငါတို့ လက်လွတ်စပယ်မလုပ်တာ အကောင်းဆုံးပဲ..” ပုဂ္ဂိုလ်ကြီးတစ်ဦး ပြောလိုက်သည်။
ယခုတစ်ခေါက် သူတို့ အင်ပါယာဂိတ်အား စမ်းသပ်ကြည့်ကြခြင်းပင်။ သို့သော်လည်း သူတို့ အဆင့်လွန်သက်ရှိများ အဖမ်းခံရကာ ဧကရာဇ်ကလန်မှ ကျွမ်းကျင်သူ ဖမ်းဆီးခံရပြီး ရှုံးနိမ့်ခဲ့ရသည်။ သူတို့၏တစ်ခုတည်းသောအမြတ်မှာ ဟွမ်ကို ခေါ်လာနိုင်ခဲ့ခြင်းပင်။
“သူ့ကို ရေနက်အကျဉ်းထောင်ထဲ ထည့်ထားလိုက် .. သူ့ကို အသက်ရှင်အောင်သာထား .. ကျန်တာဘာမှအရေးမကြီးဘူး..” နောက်ဆုံးတော့ ပုဂ္ဂိုလ်ကြီးတစ်ဦးမှ ဆုံးဖြတ်ချက်ချပေးလိုက်သည်။
ဟွမ် အသက်ရှင်နေသရွေ့ သူတို့ကိုယ်သူတို့ ရှင်းပြနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဒဏ်ရာ မည်မျှပင် ပြင်းထန်နေပါစေ မသေမျိုးအဆင့်သက်ရှိများ သူ့ကို ကယ်တင်နိုင်မည်ပင်။
ဤသည်မှာ တစ်ဖက်လောကရှိ မြို့ကြီးဆယ်မြို့ထဲမှ တစ်မြို့ပင်။
ဤမြို့၏ မြေအောက်အနက်ပိုင်းတွင် ခေတ်ပေါင်းများစွာ တည်ရှိနေခဲ့သည့် အလွန်လုံခြုံသည့် ကောင်းကင်အကျဉ်းထောင်တစ်ခုရှိသည်။
ကြေးအကျဉ်းသားရထားလုံး ဖွင့်လိုက်သော်လည်း ရှီဟောင်ကို ထူထဲလှသည့် သံကြိုးများဖြင့် ရစ်ပတ်ထားဆဲပင်။ သူ့ကို ဆွဲကာ ကောင်းကင်အကျဉ်းထောင်ထဲ၌ ဖမ်းဆီးထားလိုက်လေသည်။
ဤနေရာမှာ အလွန်မဲမှောင်နေပြီး တစ်နှစ်ပတ်လုံး နေရောင်မရရှိပေ။ သူအထဲဝင်လိုက်သည်နှင့် နားကွဲလောက်အောင် ကျယ်လောင်လှသည့် အော်ဟစ်သံများကို ကြားလိုက်ရသည်။
အကျဉ်းခန်းများထဲ၌ အမျိုးအမည်မသိသည့် မျိုးစိတ်များစွာအား အကျဉ်းချထားသည်ကို မြင်နိုင်သည်။ ထိုမျိုးစိတ်အားလုံးမှာ အလွန်သန်မာကြသည်ပင်။
ပြောရမည်ဆိုလျှင် ရှီဟောင်၏ ကိုယ်တိုင်ခစားခြင်းနယ်ပယ်အဆင့်မှာ ဤနေရာ၌ အနိမ့်ဆုံးအဆင့်ဟု ပြော၍ရသည်။
သို့သော်လည်း သူ့ကို လေးလေးနက်နက် ဆက်ဆံနေဆဲပင်။ သူ့ကို တွေ့ရာအကျဉ်းခန်းထဲသို့ ပစ်ထည့်လိုက်လျှင်ပင် ရပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ အဆင့်နိမ့်သည့် ကျင့်ကြံသူအတွက် ဤကဲ့သို့သော အကျဉ်းထောင်မျိုးသုံးခြင်းမှာ အနည်းငယ် ဖြုန်းတီးခြင်းပင်။
ရှီဟောင်ကို အတွင်းနက်ပိုင်းသို့ ခေါ်ဆောင်လာပြီး နောက်ဆုံး ရေနက်အကျဉ်းထောင်၏ အနက်ဆုံးအပိုင်းသို့ ရောက်လာသည်။ သူ့ကို စွမ်းအားအကြီးဆုံးသူများကို ချုပ်နှောင်သည့် အခိုင်ခံ့ဆုံး၊ အမာကျောဆုံးအခန်းထဲသို့ ပို့လိုက်လေသည်။
သူတို့ အထဲဝင်သွားလေလေ ဤနေရာမှာ ပို၍တိတ်ဆိတ်လာလေလေပင်။ ဟစ်ကြွေးသံများလည်း မကြားရတော့။
ဤနေရာ၌ မည်သူမှ မရှိသကဲ့သို့ပင်။
ဒုန်း..
အကျဉ်းတံခါးကို ဖွင့်ပြီးသည်နှင့် ရှီဟောင်ကို ဖုန်းကနဲ ပစ်သွင်းလိုက်လေသည်။ သူ၏ခန္ဓာကိုယ်သည် ကျောက်နံရံနှင့် ရိုက်မိသွားပြီးမှ အောက်ကျသွားလေ၏။
“ဟေ့ကောင် .. မင်းကိုယ့်ကိုကိုယ် သေချာပြန်သုံးသပ်ထားသင့်တယ် .. သေခြင်းတရားရဲ့ အရသာကို တစ်ဖြည်းဖြည်းချင်း ခံစားကြည့်လိုက်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ရှီဟောင် ဘာမှမပြော။ တစ်ဖက်လောကသို့ ရောက်လာကတည်းက သူ တိတ်တိတ်ဆိတ်ဆိတ်သာ နေခဲ့သည်။ သူ ဘာမှမပြောချင်တော့။
သူ၏ ဘေးပတ်လည်ကို လေ့လာကြည့်လိုက်သည်။ ဤအခန်းမှာ အလွန်ကြီးမားလှကာ အခြားကောင်းကင်လှောင်အိမ်တစ်ခုနှင့် ကပ်လျက်ရှိနေသည်။ အခန်းနှစ်ခုကြားကို ခြားထားသည့် ထူးဆန်းသည့်ကျောက်တိုင်များနှင့် သွေးရောင်နတ်စတီးချောင်းများ ရှိနေသော်လည်း သူရှင်းလင်းစွာမြင်နေရဆဲပင်။
ထို့အပြင် ထိုအခန်းပတ်လည်၌ အနက်ရောင်အလင်းလွှာတစ်လွှာလည်းရှိနေသည်။ ထိုအလင်းလွှာဖြင့် ချိတ်ပိတ်ထားခြင်းပင်။ ထိုအလင်းလွှာကို ထိလိုက်သည်နှင့် တစ်ဖြည်းဖြည်းခြင်း ပျက်စီးသွားမည်ဟု ပြောကြသည်။
ရှီဟောင် သတိကြီးကြီးဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်ခန်း၏ အတွင်းနက်ဆုံးနေရာ၌ သတ္တုတိုင်များ၌ တွဲလောင်းချိတ်ခံထားရသည့် အလောင်းတစ်လောင်းရှိနေသည်။ ထိုအလောင်းသည် ညှိုးခြောက်အေးစက်နေပြီဖြစ်ပြီး မလှုပ်ရှားတော့။
“မင်းတို့အားလုံး ဘယ်လိုထင်လဲ .. ဒီကောင် သေပြီလား မသေသေးဘူးလား..” အချို့လူများ ဤအလောင်းကိုကြည့်ကာ ရေရွတ်နေကြသည်။
“ခေတ်တစ်ခုတောင် ကြာသွားပြီ … သူက အခုထိ တစ်လက်မတောင် မရွေ့သေးဘူး .. သူအစောကြီးကတည်းက သေသွားပြီလို့ ငါပြောရဲတယ်..” အခြားလူတစ်ယောက်မှ ပြန်ဖြေလိုက်သည်။
အပိုင်း ၁၇၅၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၅၅ – ရေနက်ကောင်းကင်အကျဉ်းထောင်
ထိုလှောင်အိမ်သည် အလွန်အရောင်မှိန်နေကာ အသက်ဓာတ် အနည်းငယ်မျှပင် မတွေ့ရ။ ခေတ်တစ်ခု ကြာသွားပြီဖြစ်သော်လည်း အသံတစ်သံမှ ထွက်လာခြင်းမရှိသလို လှုပ်ရှားမှုတစ်စုံတစ်ရာလည်း မရှိ။
ကောင်းကင်အကျဉ်းထောင်မှ ကျင့်ကြံသူများမှာ ယခုအချိန်ထိ ဤရှေးဟောင်းလှောင်အိမ်ကြီးကို အချိန်နှင့်အမျှ စစ်ဆေးကြည့်နေကြဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ ဖမ်းထားသည့်သူမှာ အလွန်အရေးကြီးလှသည်ပင်။
သူတို့အမြင်တွင် ဤလူမှာ အစောကြီးကတည်းက သေသင့်နေလေပြီ။ သူ ဤသွေးရောင်နတ်သတ္တုတိုင်၌ တွဲလောင်းချီခံထားရသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။ သူ ပြန်ပြီးတော့ အသက်ရှင်နိုင်ပါဦးမလား..
ဤသည်မှာ ဤလူသည် ထူးခြားလွန်းသောကြောင့်ပင်။ သူ အသက်ရှင်နိုင်ချေ နည်းနည်းလေးရှိလျှင်ပင် သူတို့ သူ့အခန်းကို သေချာစောင့်ကြည့်ရမည်။ နည်းနည်းလေးမှ လွဲချော်သွား၍မဖြစ်။
ရှီဟောင်လည်း ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။ သူသည် သူ့အခန်းထဲ၌ ရပ်ကာ တစ်ခြားတစ်ဖက်ခန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုလူ၏အဝတ်အစားများမှာ ဤလောကအဝတ်အစားနှင့်မတူ။ အလွန်ရှေးကျလှကာ သွေးကွက်များ စွန်းထင်းနေသည်။
သို့သော် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများမှာ ခြောက်ကပ်နေပြီဖြစ်သည်။
သို့သော် မြေပြင်ထက်၌ သိပ်မခြောက်သေးသည့် အနီရင့်ရောင်သွေးအိုင်ကြီး ရှိနေသည်။ ထိုသွေးများထဲတွင် မူလဖရိုဖရဲမြူနှင့်အတူ လျှပ်စီးအလင်းတန်းလည်း ရှိနေသည်။
သို့သော် သေချာကြည့်လိုက်မည်ဆိုလျှင် ဘာမှမတွေ့ပြန်တော့။ ထိုနေရာမှာ အတိတ်မှ မြင်ကွင်းအချို့ကို ပြသနေသည်နှင့် ပိုတူနေသည်။
သူ၏သွေး ထူးခြားလှသည်မှာ သေချာသည်။ ဤသည်မှာ သေဆုံးသွားသည့်သွေးဖြစ်နေပြီဖြစ်သော်လည်း ဖရိုဖရဲစွမ်းအင်များ ရှိနေဆဲပင်။ သူ့ထံတွင် သေချာပေါက် ထိတ်လန့်စရာကောင်းသည့် နောက်ခံရှိလိမ့်မည်။
တစ်ဖက်လောကမှ လူများမှာ ဤလူနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ကြသည်။ သူတို့ ထိုအကျဉ်းခန်းနားသို့ မကပ်ရဲကြ။ ဤလူသေဆုံးသွားသည်မှာ ခေတ်တစ်ခေတ်စာခန့် ရှိနေလောက်ပြီမှန်းသိကြသော်လည်း သူတို့ စိတ်ထဲ တုန်လှုပ်နေဆဲပင်။
အကျဉ်းချုပ်အားဖြင့် ဆိုရလျှင် ထိုသက်ရှိမှာ အလွန်အခြေအနေ ဆိုးရွားနေလေပြီ။ သူသည် သူ၏ မီးခိုးရောင်ဆံပင်များကို အသုံးပြုကာ တိုင်လုံးများမှ ချိတ်ဆွဲခံထားရသည့်အပြင် ကြိုးဆွဲချသေသည့်လူကဲ့သို့ ထိုဆံပင်များဖြင့် သူ၏လည်ပင်းကို ရစ်နှောင်ထားသေးသည်။
သူ၏ပုံစံအစစ်ကို မသိနိုင်တော့။ သူသည် ခြောက်ကပ်ကာအေးစက်နေလေပြီ။ ပြောရမည်ဆိုလျှင် သူသည် သေဆုံးသွားသည်မှာ ခေတ်တစ်ခေတ် ကြာနေပြီဖြစ်သည့် အလောင်းတစ်လောင်းပင်။
“ဟွမ် .. မင်းဒီမှာ အေးဆေးနေလို့ရတယ် .. မင်းကိုယ်မင်း သိပ်ပြီးတော့ အထင်ကြီးမနေနဲ့ .. ဒီမှာဆိုရင် မင်းက ဘာမှမဟုတ်ဘူး .. ဒီနေရာမှာ ပိတ်ခံထားရတဲ့ ဂျီးနီးယပ်စ်တွေ ဘယ်နှယောက်ရှိနေပြီမှန်းတောင် မရေတွက်နိုင်တော့ဘူး .. သူတို့ထဲက တစ်ချို့သူတွေက အရမ်းကို အံ့ဩဖို့ကောင်းကြတယ် .. ဒါပေမဲ့ နောက်ဆုံးတော့ သူတို့ဘာဖြစ်သွားလဲ .. အားလုံး ဖုန်မှုန့်အဖြစ် ပြောင်းသွားကြတာပဲ..” သူတို့ထဲမှ တစ်ဦး ပြောလိုက်သည်။
“ဒီထောင်မှာ ငါတို့ဘက်က အမှားလုပ်ထားတဲ့ ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့ပုဂ္ဂိုလ်တွေကို ထားတဲ့ အခန်းလည်းရှိတယ် .. ငါတို့ ဟွမ်ကို သူတို့နဲ့ တစ်ခန်းတည်း ထားလိုက်ကြမလား .. သူတို့ အချင်းချင်း ရင်းနှီးအောင်လုပ်ခိုင်းလို့ရတာပေါ့..” လူတစ်ယောက်မှ ပြုံး၍ ပြောလိုက်သည်။ သို့သော် သူ၏အပြုံးမှာ အနည်းငယ် ကျောချမ်းစရာကောင်းနေပြီး သူတို့ခန္ဓာကိုယ်တစ်လျှောက် ကြက်သီးထသွားရသည်။
“ထားလိုက်တော့ .. သူ လူရုပ်မထွက်တော့အောင် နှိပ်စက်ခံရပြီးတော့ သေရင်တောင် သေသွားနိုင်တယ် .. အဲဒီအချိန်ကျရင် ငါတို့ ရှင်းပြဖို့ခက်လိမ့်မယ် .. ဒီထောင်ထဲမှာ သူ အသက်ရှင်မလား မရှင်ဘူးလားဆိုတာကို ငါတို့လောင်းကြတာပေါ့..” တစ်စုံတစ်ယောက်မှ ငြင်းလိုက်သည်။
သူတို့ထွက်သွားတော့မည်။ သူတို့အမြင်တွင် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးကို ဤနေရာ၌ ဖမ်းထားခြင်းမှာ ဖြုန်းတီးခြင်းပင်။
“ဒီထောင်ရဲ့ အဆီးအတား နည်းနည်းလောက်ကိုပဲ အသက်သွင်းလိုက် .. မဟုတ်ရင် သူ သွေးပုံအဖြစ် ပြောင်းသွားပြီးတော့ ခန္ဓာကိုယ်နဲ့ဝိညာဉ်နှစ်ခုလုံး ရှင်းခံရလိမ့်မယ်..” သူတို့ထွက်မသွားခင် တစ်ယောက်မှ ပြောလိုက်သည်။
ထို့အပြင် သူတို့ တကယ်ကိုပင် ဤကဲ့သို့သာ လုပ်ခဲ့သည်ပင်။ သူတို့ ရှေးဟောင်းထောင်ကြီးအား အသက်သွင်းသည့်အချိန်တွင် အဆီးအတား၏အားကို အနိမ့်ဆုံးအဆင့်သာ သုံးခဲ့သည်။ အလွန်ပါးလွှာသည့် မီးခိုးရောင်အလင်းလွှာတစ်လွှာ ထွက်ပေါ်လာကာ ဤအကျဉ်းထောင်ကို ဝန်းရံသွားသည်။
ဤအကျဉ်းထောင်ကြီးထဲတွင် အဆင့်အနိမ့်ဆုံးသက်ရှိမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများပင်။ ထို့အပြင် ဤနေရာ၌ ချုပ်နှောင်ခံရသည့် လူအရေအတွက်မှာ အလွန်နည်းပါးလှသည်။ အဆီးအတားအားမှာ အလွန်စွမ်းအားကြီးလှပြီး အဆင့်နိမ့်သည့်သူများ ခံနိုင်မည်မဟုတ်။
ခဏကြာပြီးနောက် ဤနေရာ အဘယ်ကြောင့် ကြောက်စရာကောင်းကြောင်း ရှီဟောင်သိလာသည်။
အလွန်ဖျော့တော့သည့် အနက်ရောင်အလင်းပေါ်လာသည်နှင့် အခန်းတစ်ခုလုံး ချက်ချင်း ယင်စွမ်းအင်များ ပြည့်နှက်သွားသည်။ ပုံစံမရှိသည့်စွမ်းအားတစ်ခု ပေါ်လာကာ သူ့အား တစ်စစီစုတ်ဖြဲနေသလိုပင်။
ပို၍ကြောက်စရာကောင်းသည်မှာ အချိန်ကျလာသည်နှင့်အမျှ အခန်းမှာ မည်းမှောင်ကာ နံရံထက်၌ အနက်ရောင်နှင်းစက်များ ပေါ်လာကာ စီးကျလာသည်။
ထို့နောက် ရှီဟောင် နှလုံးကိုဆုတ်ခြေကာ အဆုတ်ကိုခွဲချေနေသကဲ့သို့သော နာကျင်မှုကို ခံစားလိုက်ရသည်။ အနက်ရောင်စိုထိုင်းမှုများသည် သူ၏ခန္ဓာကိုယ်ကို တိုက်စားနေပြီး သူ၏အရေခွံများကို စုတ်ဖြဲနေသည်။
ကြောက်စရာအကောင်းဆုံးမှာ သူ့ခြေထောက်၌ ရှိနေသည့် သံကြိုးများ ချက်ချင်း အရည်ပျော်သွားကာ ထိုအနက်ရောင်နှင်းစက်နှင့်တူသည့်အရည်များ သူ့ခြေထောက်နား၌ စုလာသည်။
ရှီဟောင် မလန့်ပဲမနေနိုင်။ သူ၏ခြေဖဝါးပုတ်ဆွေးလာကာ အနက်ရောင်အရည်အဖြစ် ပြောင်းလဲသွားသည်။ ဤကဲ့သို့သော ပြောင်းလဲမှုမှာ ကြောက်စရာကောင်းလွန်းလှသည်။ ခဏကြာပြီးနောက် ထိုအရည်များ သူ့ခြေထောက်ရိုးများကို ထိနေလေပြီ။
သူ နာကျင်စွာ ညည်းတွားလိုက်သည်။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသည့် နှိပ်စက်မှုပင်။ သူ့ခြေထောက်မှ အသားများကို ထိုအနက်ရောင်အရည်စက်များ တိုက်စားသွားပြီး သူ၏အရိုးများပင် စတင်အက်ကွဲလာလေပြီ။
ဤသည်မှာ အစပိုင်းသာ ရှိသေးသော်လည်း သူ့ခြေထောက် ပျက်စီးသွားလေပြီ။
သူ၏အသွေးအသားများကို ပြန်လည်တည်ဆောက်နိုင်သော်လည်း ယခုအချိန်တွင် အသုံးမဝင်တော့။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ကို ချည်နှောင်ထားသည့် ချိန်းကြိုးများမှာ အလွန်တင်းကြပ်လှသည်ပင်။
ခွပ်..
ရှီဟောင်၏ခြေထောက် ပုတ်သွားပြီး အရိုးများလည်း ပျက်စီးသွားသည်။ သူ ထိုနေရာ၌ ထိုင်ချလိုက်ရကာ အံကြိတ်ထားရလွန်းသောကြောင့် သူ၏သွားများပင် ကျွတ်ထွက်မတတ်ပင်။
ရေနက်အကျဉ်းထောင်မှာ သူ့နာမည်အတိုင်း လေးနက်သည့်အဓိပ္ပာယ်ရှိနေသည်ပင်။ အနက်ရောင်ရေများမှာ နှင်းစက်နှင့်တူသော်လည်း အလွန်ကြောက်စရာကောင်းလှသည်။ သူ့ထံ၌ ထူးဆန်းလှသည့် အဖျက်စွမ်းအားများ ပါဝင်နေသည်။
သူ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်နှင့် သူခံစားလိုက်ရသည့် ထိခိုက်မှုမှာ ပို၍ပြင်းထန်လာသည်။
သို့သော် သူဘာမှ မလုပ်နိုင်။ သူ့ကိုချည်နှောင်ထားသည့် ချိန်းကြိုးများကို အဆင့်လွန်သက်ရှိတစ်ဦး ပြုလုပ်ထားခြင်းဖြစ်ပြီး သူ့တစ်ကိုယ်လုံးကိုလည်း ချိတ်ပိတ်ထားသည်။ သူမခုခံနိုင်။ သူ၏အသွေးအသားဖြင့် တောင့်ခံရုံသာ တတ်နိုင်သည်။
အခြား သတ္တဝါများဆိုပါက သူတို့အစောကြီးကတည်းက သွေးအိုင်အဖြစ် ပြောင်းလဲသွားလောက်လေပြီ။ ဘာမှကျန်တော့မည်မဟုတ်တော့..
အား..
နောက်ဆုံးတော့ ရှီဟောင် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူသေရမည်ကိုမကြောက်။ သို့သော် သူ့ကိုနှိပ်စက်ပြီး မသေအောင်လုပ်နေသည်မှာ သူလက်ခံနိုင်သည့်အရာမဟုတ်။
ထိုအနက်ရောင်ရေများမှာ တစ်ဖြည်းဖြည်းများပြားလာပြီး သူ၏ခန္ဓာကိုယ် အောက်ပိုင်းတစ်ခြမ်းလုံး ကုန်တော့မည်။ ဤမြင်ကွင်းမှာ အလွန်သနားစရာကောင်းသလို အလွန်လည်း ကြောက်စရာကောင်းလှသည်။
“မကောင်းတော့ဘူး .. ငါတို့ တစ်ခုခုမေ့နေတယ်.. သူ့ခန္ဓာကိုယ်ပေါ်က ချိန်းကြိုးတွေကို မဖြည်ရသေးဘူး .. သူ သူ့ကိုယ်သူ ကာကွယ်နိုင်မှာမဟုတ်ဘူး..”
ကောင်းကင်အကျဉ်းထောင်ထဲမှ ထွက်လာသည်နှင့် တစ်ဖက်လောကမှ သက်ရှိတစ်ဦး ဤသည်ကို စဉ်းစားမိသွားကာ ချက်ချင်း မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“မြန်မြန်..”
အချို့လူများ ထောင်ကြီးထဲသို့ ပြေးဝင်သွားလိုက်ကြသည်။
“အဲဒါကို တမင်သက်သက်မေ့ထားတာမလား .. သူ့ကို ဒီတိုင်းသေခိုင်းလိုက်လျှင် ပြဿနာတက်သွားလိမ့်မယ် .. အထက်ကပုဂ္ဂိုလ်တွေက သူ့ကို အသက်ရှင်လျက် လိုချင်နေတာ..” ကောင်းကင်အကျဉ်းထောင်အပြင်ဘက်တွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
တမင်သက်သက်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖြစ်တာက ဖြစ်ပြီးသွားလေပြီ။
ရွှီး..
လူများစွာ ရောက်လာကာ ထောင်ထဲသို့ ကြည့်လိုက်ကြသည်။
“သူက ဒီလောက်တောင်သန်မာတာလား..” လူတစ်ယောက် ထူးဆန်းသည့်အမူအရာ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် အသက်ရှင်နေဆဲပင်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းသာ ပုတ်ဆွေးသွားပြီး သူအသက်ရှင်နေဆဲပင်။
“သူ့အသွေးအသားက ထူးချွန်တဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က လူတွေထက်တောင် ပိုပြီးတော့ အားကောင်းနေတာလား..” ဤသည်မှာ သူတို့သိချင်နေသည့်အရာပင်။
“အဲဒါဆိုရင် ငါတို့သူ့ကိုကယ်ဖို့ လောစရာမလိုသေးဘူး .. ငါတို့ အချိန်ယူပြီးတော့ အဆင့်လွန်သက်ရှိတွေကို သူ့ရဲ့လက်ထိပ်တွေ ဖြေပေးဖို့ ပြောလို့ရတယ် ..” သူတို့ထဲမှ တစ်ယောက် အေးစက်စွာ ပြောလိုက်သည်။ သူ ရှီဟောင်ကို နှိပ်စက်လိုဆဲပင်။
သို့သော်လည်း အချို့လူများမှာ မကောင်းသည့်အရာတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် သူတို့ အကျဉ်းခန်းကိုဖွင့်ကာ ရှီဟောင်အား ထုတ်လာကြသည်။
ထို့နောက် သူတို့ အဆင့်လွန်သက်ရှိတစ်ဦးကို ဖိတ်ခေါ်ကာ ရှီဟောင်၏ခန္ဓာကိုယ်ပေါ်၌ ရှိနေသည့် ကန့်သတ်ချက်များကို ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည်။ ချိန်းကြိုးများကိုလည်း ဖယ်ရှားပြီးနောက် သူ့ကို ထောင်ထဲသို့ ပြန်ပစ်ထည့်လိုက်လေသည်။
ဖုန်း..
ယခုတစ်ခေါက်တွင်တော့ သူ့ကို ပြင်းထန်စွာ ပစ်ထည့်လိုက်ခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှာ အကျဉ်းထောင်နံရံနှင့် ရိုက်မိသွားကာ ကျယ်လောင်လှသည့်အသံကြီး ထွက်ပေါ်လာသည်။ ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသော်လည်း သူအသံတစ်သံမှ မထွက်။
“ပျော်ပျော်နေလိုက်ဦး..” ယခုတစ်ခေါက်တွင်တော့ သူတို့တကယ် ထွက်သွားလေပြီ။
ဝုန်း..
ရှီဟောင် တစ်ကိုယ်လုံး တောက်ပလာကာ သူ၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ် လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားသည်။ ထို့နောက် သူ ထိုအနက်ရောင်ရေများကို ရှောင်ကာ လေထဲ၌ ထိုင်နေလိုက်သည်။
သူ၏သွေးများ ဆူပွက်လာကာ နတ်ခွန်အားများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် လျင်မြန်စွာ ပြန်လည်ကောင်းမွန်သွားသည်။ သူ၏ခြေထောက်များလည်း ပြန်ထွက်လာလေပြီ.
ပဲစေ့များ လှော်သကဲ့သို့သော အသံများ ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး အကြိမ်ပေါင်း ထောင်ပေါင်းများစွာ လေ့ကျင့်ခံခဲ့ရပြီး အသစ်ထွက်လာသည့်ခြေထောက်များမှာ ပို၍ပင် အားကောင်းလာကာ ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်မျိုး ပိုင်ဆိုင်နေသလိုသူခံစားလိုက်ရသည်။
“ပြီးပြည့်စုံတဲ့တာအို၊ ပြည့်စုံတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေ သဘာဝဥပဒေသ..” ရှီဟောင်၏မျက်လုံးများ တောက်ပလာသည်။ ဤသည်မှာ အခွင့်အရေးကောင်းကြီးဖြစ်လိမ့်မည်ဟု သူ ခံစားလာရသည်။
သူ၏ခန္ဓာကိုယ်ကို ထုဆစ်ကာ သူ၏မူလဝိညာဉ်ကိုလည်း ပြုပြင်၍ ရလိမ့်မည်။
ရှီဟောင် လေထဲ၌ နေနေသော်လည်း ထိုအနက်ရောင်အရည်များမှာ နောက်တစ်ကြိမ် စုစည်းလာကာ သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် တိုက်စားလာသည်။
အစပိုင်း၌ သူနတ်ခွန်အားဖြင့် ခုခံရန်ကြိုးစားသော်လည်း နတ်ခွန်အားမှာ တိုက်စားခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ နတ်ခွန်အားသည် ဤတိုက်စားခြင်းကို မရပ်တန့်နိုင်ပဲ အရှိန်နှေးသွားရုံသာ တတ်နိုင်သည်။
“ဒါက ဘာအရည်မျိုးလဲ .. သူ့မှာ ဘာစွမ်းအားရှိနေတာလဲ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။
ဤအတိုင်းသာ ဆက်သွားနေလျှင် သူ၏နတ်ခွန်အား ကုန်ဆုံးသွားပါက သူ အနက်ရောင်သွေးပုံအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ရှင်းလင်းခံရလိမ့်မည်။
“ငါက ဒီအတိုင်း နေနေရမှာလား .. ငါ့ရဲ့နတ်ခွန်အားနဲ့ ဒီစွမ်းအားလှိုင်းကို ခုခံရမယ်..” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်နေသည်။ သူ၏နတ်ခွန်အားကိုသုံးကာ သူပို၍ သန်မာလာအောင်လုပ်ရမည်။ သို့မှသာ သူ ဤအနက်ရောင်အရည်များကို ခုခံနိုင်လိမ့်မည်။
“ဟမ် .. ငါ့အသွေးအသားတွေက နည်းနည်းလေးပိုပြီးတော့ အားကောင်းလာတယ်..” ရှီဟောင် သူ့ခန္ဓာကိုယ်ကို သေချာဆန်းစစ်ကြည့်လိုက်သည့်အချိန်တွင် ပြောင်းလဲမှုများမှာ အလွန်အဆင်ပြေနေကြောင်း တွေ့လိုက်ရသည်။
“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း ခန္ဓာကိုယ်ကနေ စကြတာပေါ့..” သူ့ထံတွင် ပိုမိုကောင်းမွန်သည့်နည်းလမ်းမရှိတော့သဖြင့် သူ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်သာ ကြိုးစားလိုက်တော့သည်။
ထို့နောက် သူ၏နတ်ခွန်အားကို ပြန်လည်ထိန်းချုပ်လိုက်ကာ ထိုအနက်ရောင်အရည်များကို သူ့ခန္ဓာကိုယ်နှင့် ထိတွေ့စေလိုက်ကာ သူ၏ခန္ဓာကိုယ်ကို ဒဏ်ရာရစေလိုက်သည်။
အခြားသူများသာ ဤသည်ကို မြင်သွားပါက သူတို့သေချာပေါက် ထိတ်လန့်သွားမည်ပင်။ ရှီဟောင်သည် ငရဲနှင့်တူသည့် နှိပ်စက်မှုကြီးကို တွေ့ကြုံနေရသည်ပင်။ သူ၏အသွေးအသားများတွင် အပေါက်များ ပြည့်နေပြီး အရိုးများပင် မြင်နေရလေပြီ။
သွေးများစီးကျလာကာ အနက်ရောင်အဖြစ်ပြောင်းလဲသွားကြသည်။ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများစွာမှာ မမှတ်မိနိုင်လောက်သည်အထိ တိုက်စားခံနေရလေပြီ။
ဝုန်း..
အချိန်တစ်ခုကြာသည်နှင့် ရှီဟောင်၏ခန္ဓာကိုယ် တုန်ခါလာကာ တောက်ပလာသည်။ နတ်ခွန်အားများကို အသုံးပြုပြီး ထိုအနက်ရောင်အရည်နှင့်မြူများကို တားဆီးထားလိုက်ကာ ပျက်စီးသွားသည့် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်လည်တည်ဆောက်လိုက်သည်။
ဤကဲ့သို့သော နှိပ်စက်မှုမှာ ငရဲ၌ နှိပ်စက်ခံနေရသကဲ့သို့ပင်။
သူ တစ်ဖက်လောကလက်ထဲသို့ ရောက်သွားပြီဖြစ်သောကြောင့် သူ၏အဆုံးသတ်ကောင်းမည်မဟုတ်မှန်း သူသိသည်။ သို့သော်လည်း သေရမည်ကို ထိုင်စောင့်နေသည်ထက် သူ နည်းမျိုးစုံ စမ်းကြည့်ချင်သေးသည်။
“ဒီကောင်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သူ တစ်နေ့နဲ့တစ်ညတောင် ခံပါ့မလား..” ရေနက်အကျဉ်းထောင်အပြင်ဘက်ရှိ တစ်စုံတစ်ယောက်မှ မေးလိုက်သည်။
ဟွမ်၏ ဂုဏ်သတင်းမှာ မသေးလှသော်လည်း သူ၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်သေးသည်ပင်။ သူသည် အကျဉ်းထောင်ထဲ၌ အဆင့်အနိမ့်ဆုံးသူပင်။ ဤအကျဉ်းထောင်ကြီးမှာ သူကဲ့သို့သော လူမျိုးအတွက် ပြင်ဆင်ထားခြင်းမဟုတ်။
“ငါတို့ သူ့ကို နှိပ်စက်လို့ရတယ် ဒါပေမဲ့ သူသေလို့မရဘူး .. မဟုတ်ရင် ပြဿနာတက်သွားလိမ့်မယ်..” ဤအကျဉ်းထောင်ကို စောင့်ကြပ်သည့် ကျွမ်းကျင်သူတစ်ဦးမှ ပြောလိုက်သည်။
၁၆ နာရီကြာပြီးနောက် သူတို့ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ ရှီဟောင် ဘယ်လိုဖြစ်နေမည်ကို သိနိုင်ရန်အတွက် သူတို့ အကျဉ်းထောင်အနက်ပိုင်းသို့ သွားလိုက်ကြသည်။
သူတို့ ရှီဟောင်ကို သေသည်အထိ နှိပ်စက်ချင်သော်လည်း သူတို့မလုပ်ရဲ။ အထက်မှလူကြီးများ ဒေါသထွက်မည်ကို သူတို့ကြောက်သည်။
“သူက အဆင့်နိမ့်ကျင့်ကြံသူပဲလေ .. တစ်ခြား ကျင့်ကြံဆင့်နယ်ပယ်က သူတွေနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး .. သူ သေမတတ်ဖြစ်နေပြီ .. ငါတို့လာလို့ တော်သေးတာပေါ့..” ရှီဟောင်၏လက်ရှိပုံစံကိုတွေ့ပြီးနောက် သူတို့ထဲမှ လူတစ်ယောက် သက်မချလိုက်သည်။
အကျဉ်းထောင်ထဲတွင် ရှီဟောင်၏အသွေးအသားများ အရည်ပျော်ကျနေပြီး မြေပြင်ထက်၌ အနက်ရောင်သွေးပုံကြီး ရှိနေသည်။ သူသည် အရိုးစုအဖြစ်သို့ ပြောင်းလဲတော့မတတ်ပင်။
သူ၏အတွင်းအင်္ဂါများနှင့် အခြားအစိတ်အပိုင်းများမှာ ပုတ်သိုးဆွေးမြေ့သွားပြီဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကျင့်ကြံဆင့်က နိမ့်သေးတယ် .. သူ့ရဲ့ ဂုဏ်သတင်းက ကြီးနေတယ်ဆိုရင်တောင် သူ့ရဲ့ခွန်အားက ဒီလောက်ပဲ .. သူ ကောင်းကင်ကို မတွန်းလှန်နိုင်ဘူး..” အခြားလူတစ်ယောက်မှ ပြောလိုက်သည်။
ဝုန်း…
သို့သော်လည်း သူတို့စကားပြော၍ပြီးပြီးချင်းမှာပင် ရောင်စုံအလင်းများ တောက်ပလာကာ အကျဉ်းခန်းတစ်ခုလုံး လင်းထိန်သွားပြီး ထိုအနက်ရောင်ရေစက်များကို ဖယ်ရှားပစ်လိုက်သည်။
ဟွမ်၏အသွေးအသားမှာ တစ်ဖြည်းဖြည်းချင်း ပြန်လည်ပြည့်တင်းလာသည်။ သူ၏အတွင်းအင်္ဂါများနှင့် အခြားအစိတ်အပိုင်းများ ပြန်လည်တည်ဆောက်လာပြီး အနည်းငယ် တောက်ပလာသည်။ ထို့အပြင် မီးတောက်တစ်ခုလည်း တောက်လောင်နေကာ သူ့အား နတ်အလင်းကွင်းတစ်ခုကဲ့သို့ ဝန်းရံထားသည်။
သူ၏အသွေးအသားမှာ တစ်ဖြည်းဖြည်းဖြင့် ပို၍ အားကောင်းလာလေပြီ။
ထောင်အပြင်ဘက်၌ ရှိနေသည့် သက်ရှိများမှာ ချက်ချင်းပင် ဆွံ့အသွားရကာ သူတို့မျက်လုံးများ မှေးကျဉ်းသွားရသည်။ ဤသည်မှာ သူတို့ထင်ထားသည်ထက် ကျော်လွန်သွားလေပြီ။ ကိုယ်တိုင်ခစားခြင်းနယ်ပယ်က ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ထိ ဒဏ်ခံနိုင်တာလဲ..
“သူက သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နေပြီး ပိုပြီးတော့ စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်ရအောင် ပြုပြင်ချင်နေတာလား .. သူက တကယ်ကို စိတ်ကြီးဝင်နေတာပဲ .. သူက ဒီနေရာကို ဘယ်လိုနေရာမျိုးထင်နေတာလဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
သူတို့အမြင်တွင် ဟွမ်မှာ တကယ်ကို ထူးခြားလှသည်။ ဤသည်မှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦး လုပ်နိုင်သည့်အရာမဟုတ်။
“သူက ကောင်းကင်ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား .. သူက ဒီအကျဉ်းထောင်ကို ကိုယ်ရည်သွေးတဲ့နေရာလို့ ထင်နေတာလား..” အခြားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။ သူတို့အမူအရာမှာ သိပ်မကောင်းတော့။
သူတို့အမြင်တွင် ဟွမ်သည် သူတို့အား စိန်ခေါ်နေခြင်းပင်။
အမှန်တကယ်တွင် ရှီဟောင် သူတို့ကို သတိမထားမိ။ သူ၏ကိုယ်ပိုင်လောကကြီးထဲ၌ သူနှစ်မြှုပ်နေသည်ပင်။
“အင်ပါယာဂိတ်က သဘာဝဥပဒေသတွေက မပြည့်စုံဘူး .. သူ ငါတို့လောကကိုလာတာ အကျိုးကျေးဇူးအများကြီး ရသွားလောက်တယ်..” သူတို့ထဲမှ တစ်ယောက် ပြောလိုက်သည်။ သူသည် ဤသည်ကို ရပ်တန့်ကာ ရှီဟောင်၏ ပြောင်းလဲခြင်းဖြစ်စဉ်ကို ရပ်တန့်ပစ်လိုက်ချင်သည်။
“မလိုဘူး .. သူ ဒီတစ်ခေါက် ကျော်ဖြတ်နိုင်သွားရင်တောင် သူက ငါတို့နယ်မြေထဲမှာ ရှိနေတုန်းပဲ .. သူ အသက်ရှင်နေသရွေ့ သူ့ကို တဖြည်းဖြည်းချင်း ပြုပြင်ပစ်လိုက်လို့ရတယ် .. သူလုပ်ချင်သလို လုပ်ပါစေ..” အခြားတစ်ယောက်မှ သူတို့အား တားဆီးလိုက်သည့်အပြင် သူတို့အားလုံးကို ထွက်သွားခိုင်းလိုက်လေ၏။
“ဘာလို့လဲ..”ကျွမ်းကျင်သူတစ်ဦး နားမလည်နိုင်တော့။
“ဒီလူငယ်လေးက နည်းနည်းလေး ထူးဆန်းတယ် .. သူ့ရဲ့ လုပ်နိုင်စွမ်းက ကောင်းကင်ကို ဆန့်ကျင်နိုင်တယ်လို့တောင် ပြောလို့ရတယ် .. ဒီလိုစွမ်းရည်မျိုးက သူ့ဘေးက အလောင်းရဲ့အာရုံကို ဆွဲဆောင်သွားနိုင်လိမ့်မယ်..”
“သေသွားတာ ခေတ်တစ်ခေတ်ထက် ကြာနေတဲ့ အဲဒီမကောင်းဆိုးဝါးအိုကြီး ပြန်အသက်ဝင်လာပြီးတော့ သူ့အရည်အချင်းတွေကို ချီးကျူးလိမ့်မယ်လို့ ပြောချင်တာလား..” အခြားလူတစ်ယောက် ထိတ်လန့်တကြား ပြောလိုက်သည်။
“ဒီလိုဖြစ်ဖို့ မျှော်လင့်တာပါ .. အဲဒီမကောင်းဆိုးဝါးအိုကြီး အသက်ပြန်ဝင်လာပြီးတော့ သူ့ပညာတွေကို လက်ဆင့်ကမ်းဖို့မျှော်လင့်တာပါ .. ဒါပေမဲ့ ဒါက ဖြစ်တော့မဖြစ်နိုင်ပါဘူး..” ပထမဆုံးပြောခဲ့သည့်တစ်ဦးမှ သက်ပြင်းချ၍ ပြောလိုက်သည်။
သူတို့ခေါင်းညိမ့်လိုက်ကြ၏။ ဤအတိုင်းသာဖြစ်လာလျှင် နောင်၌ သူတို့ ရှီဟောင်ကို ရင်ဆိုင်ရသည်မှာ ထိုမကောင်းဆိုးဝါးအိုကြီးကို ရင်ဆိုင်ရသည်ထက် ပိုလွယ်ကူလိမ့်မည်။
“နည်းနည်းတော့ မကျေမနပ်ဖြစ်နေတုန်းပဲ .. ငါတို့ကဘာလို့ ဟွမ်ကို ငါတို့ဘက်ကပြည့်စုံတဲ့တာအိုကို အသုံးချခွင့်ပေးရမှာလဲ .. ဒါက သူ့ကို လွယ်လွယ်လွှတ်ပေးလိုက်တာနဲ့ မတူဘူးလား..”
“ရတယ် .. ငါတို့ သူ့ကို ဖျက်ဆီးချင်ရင် ငါတို့ ကြိုက်သလို လုပ်လို့ရတယ်..” အခြားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်၏။
အပိုင်း ၁၇၅၅ ပြီး၏။