Switch Mode

Chapter – 1711 & 1725

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၁ – ထူးဆန်းသည့်သစ်ပင်

သူတို့ ဘယ်သွားနေတာလဲ .. သူတို့ တကယ်ဝင်စားတော့မှာလား..

ရွှေရောင်ခြင်္သေ့သည်လေဟာနယ်ကို လက်သည်းများဖြင့် ကုတ်ခြစ်ကာ ထွက်ပြေးချင်နေသော်လည်း အကျိုးမရှိ။ ထိုတံခါးထဲသို့ ကျသွားသည်ကို သူ မရပ်တန့်နိုင်သလို လွတ်လည်းမလွတ်မြောက်နိုင်။

“ငါ့အတွက် ရပ်တန့်ပေး..” သူ ဟစ်ကြွေးလိုက်သည်။ သူသည် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ဖြစ်နေသောကြောင့် သူ ပြန်ဝင်စားရမည်ကို တကယ်ကြောက်မိသည်။

အဲဒီအချိန်ကျရင် သူက ဒီလူဖြစ်ပါဦးမလား .. အဘယ်ကြောင့်ဆိုသော် အကြီးအကဲများပြောသည်ကို သူကြားဖူးသည်ပင်။ ပြန်ဝင်စားသည်နှင့် လူတစ်ယောက်သည် အတိတ်ဘဝနှင့်ကင်းကွာသွားကာ ဘာမှမှတ်မိမည်မဟုတ်တော့။

ဤသည်မှာ ပျက်စီးသွားခြင်းနှင့်အတူတူပင်။ အတိတ်မှအရာအားလုံးကိုမေ့သွားမည်ဆိုသည်မှာ ခန္ဓာကိုယ်အသစ်ဖြင့် ရှင်သန်ခြင်းနှင့်အတူတူပင်။

“မဟုတ်ဘူး .. ရပ်လိုက်..” ရွှေရောင်ခြင်္သေ့ ဟစ်ကြွေးလိုက်သည်။

သူ ဤကဲ့သို့အဆုံးသတ်သွားလျှင် ကိစ္စမရှိ။ သို့သော် ယခုအချိန်တွင် ထိုပြန်လည်ဝင်စားဟုခေါ်သည့်အရာမှာ ဆက်တိုက်ပြောင်းလဲနေသည်။ ဤအရာမှာ မအောင်မြင်သေးမှန်းသိသာလှသည်။

သူတို့သာ ပြန်လည်ဝင်စားသွားလျှင် သူတို့သေချာပေါက် သေသွားလိမ့်မည်။

ရှီဟောင် နည်းလမ်းမျိုးစုံသုံးနေသော်လည်း ဤသည်ကို မတွန်းကန်နိုင်ဖြစ်နေသည်။ သူတို့အနားတွင် တောက်ပသည့်အလင်းတန်းများ ဝိုင်းရံလာကာ သူတို့အချိန်မြစ်တစ်လျှောက်သွားနေရသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်။

“ရပ်လိုက်..” ရှီဟောင် အော်ဟစ်လိုက်သည်။ နတ်စွမ်းရည်မျိုးစုံပေါ်လာသော်လည်း အကျိုးမရှိ။ သူတို့ဆက်တိုက်သွားနေဆဲပင်။

ရွှီး..

သူတို့သည် လေးညှို့မှ လွှတ်လိုက်သည့်မြှားတစ်စင်းကဲ့သို့ မြေအောက်လှိုဏ်ဂူမှ အရှိန်ပြင်းစွာ ထွက်ခွာလာသည်။

“ငါတို့ ကျောက်တံခါးကနေ ထွက်သွားတော့မှာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ပြောင်းလဲမှုများမှာ ထူးဆန်းလှသည်။ နတ်အလင်းတစ်ခု ပေါ်လာသည်နှင့် သူတို့မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူ၏နတ်အာရုံများ အလွန်စူးရှနေသောကြောင့်သာမဟုတ်ပါက သူဘာကိုမှ သတိပြုမိမည်မဟုတ်။

နောက်ဆုံးတွင်တော့ သူတို့ အရှိန်နှေးလာကာ လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ဤလမ်းကြောင်းပေါ်၌ ပုံရိပ်များစွာ ရှိနေပြီး သူတို့၏အမူအရာများမှာ တောင့်ခဲနေသည်။ သူတို့ကို သေဆုံးခြင်းစွမ်းအင်များ ဝန်းရံထားပြီး အသက်ဓာတ်ကင်းမဲ့နေသည်။

ဤသည်မှာ ငရဲကြီးကိုးထပ်၌ လမ်းလျှောက်နေသည့် ဝိညာဉ်အုပ်စုတစ်စုကဲ့သို့ပင်။

ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့လည်းသူတို့နောက်မှ လိုက်ပါလာသည်။ ခဏကြာပြီးနောက် သူတို့ နောက်ကျိနေသည့် ရေကန်တစ်ကန်ကို တွေ့လိုက်ရသည်။ ထိုကန်ပေါ်၌ တံတားတစ်ခုရှိနေသည်။ ထိုအလောင်းများအားလုံး တံတားမှတစ်ဆင့် မြစ်ကြီးကို ဖြတ်နေကြသည်။

“အမ် .. သူတို့ဘယ်သွားနေကြတာလဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။ မြစ်ကိုဖြတ်သွားသည့် အလောင်းများမှာ ချက်ချင်းပျောက်ကွယ်သွားကြသည်ပင်။

တစ်ချိန်တည်းမှာပင် ကောင်းကင်သားရဲတောအုပ်၏ နေရာများစွာ၌ ရှေးဟောင်းသားရဲများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။ တစ်ဖက်လောကမှ ရောက်လာသည့် ကျင့်ကြံသူများလည်းပါဝင်သည်ပင်။ သူတို့၏ အသိစိတ်မှာ မကြည်လင်တော့။

ကောင်းကင်သားရဲများလည်း သူတို့၏ မူလအုပ်စုအတိုင်း ပြန်ပေါ်လာသည်ပင်။

ရှေးဟောင်းသားရဲကြီး အော်ဟစ်လိုက်သည့်အချိန် တောအုပ်ကြီးပျက်စီးသွားကာ ချော်ရာများ ထွက်ပေါ်လာသည်။ ဤသက်ရှိများလည်း ပြာမှုန့်များအဖြစ်သို့ လောင်ကျွမ်းသွားကြသည်။ သို့သော် ယခုအချိန်တွင် ချော်ရည်များ ပျောက်ကွယ်သွားကာ တောင်များလည်း မြေပြင်ထက်မှ ထွက်ပေါ်လာသည်။ သေဆုံးသွားသည့်သားရဲများပင် ပြန်ပေါ်လာလေပြီ။

ဤသည်မှာ ပြန်လည်ဝင်စားခြင်းဖြစ်သော်လည်း ပြန်လည်ဝင်စားခြင်း၏ အဓိပ္ပာယ်အစစ်နှင့် ကွာခြားနေကာ အလွန်ထူးဆန်းနေသည်ပင်။

ဤသည်မှာ အကျဉ်းထောင်တစ်ခုအတွင်း ပြန်လည်ဝင်စားခြင်းနှင့်ပိုတူသည်။ ထို့အပြင် ထိုသက်ရှိများ၏ အခြေအနေများမှာ ပုံမှန်မဟုတ်။ အချို့သက်ရှိများ၏ နတ်အသိစိတ်များ ပျက်စီးနေကာ အချို့ဆိုလျှင် အသိစိတ်လုံးဝမရှိတော့။ လမ်းလျှောက်နေသည့် အလောင်းကောင်များနှင့်တူနေသည်။

ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့တို့ ကန်ရှေ့၌ ရပ်နေကြသည်။ သူတို့ တံတားပေါ်သို့ ချက်ချင်းမတက်ကြ။ ဤတံတား၏ အခြားတစ်ဖက်မှာမည်သည့်နေရာသို့ ဦးတည်နေမှန်းမသိသောကြောင့် သူတို့တံတားပေါ် ချက်ချင်းမတက်ရဲ။

သူတို့ တံတားပေါ်တက်လိုက်သည်နှင့် သေခြင်း၊ ရှင်ခြင်းနှင့် သက်ဆိုင်သွားလိမ့်မည်။

သို့သော် သူတို့နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် လမ်းမရှိတော့သည်ကို တွေ့လိုက်ရသည်။ လမ်းလျှောက်နေသည့်အလောင်းကောင်များသာ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကာ ဤတံတားကြီးကို ဖြတ်ချင်နေကြသည်။

“သွားကြစို့ .. ဒီနေရာက အသက်ရှင်နေတဲ့သူကို သေအောင်တော့မလုပ်နိုင်ဘူး..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကို အရှေ့သို့တွန်းလိုက်ကာ ဦးဆောင်စေလိုက်သည်။

ရွှေရောင်ခြင်္သေ့မှာ ဒေါသထွက်သွားသော်လည်း အသံမထွက်ရဲ။ သူ ရှီဟောင်ကို တိတ်တဆိတ်သာ ကျိန်ဆဲလိုက်သည်။

ဝုန်း..

သူတို့နှစ်ဦးမှာ အခြားသူများနှင့်မတူ။ ထိုလမ်းလျှောက်နေသည့် အလောင်းများမှာ တံတားအစွန်းသို့ ပျောက်ကွယ်သွားသော်လည်း ရွှေရောင်ခြင်္သေ့လေးအလှည့်တွင် တောက်ပသည့်အလင်းများ ပေါက်ကွဲထွက်လာပြီး သူ ဤနေရာမှ ပျောက်ကွယ်သွားသည်ပင်။

ဤသည်ကို မြင်သည်နှင့် ရှီဟောင် သူ့နောက်မြန်မြန်လိုက်သွားလိုက်သည်။ ခြေတစ်လှမ်းတည်းဖြင့် တံတားကို ဖြတ်သွားလိုက်၏။ နတ်အလင်းများ တောက်ပလာကာ နောက်ကျိနေသည့်ကန်နှင့် ရှေးဟောင်းတံတားတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ဖုန်း..

သူတို့ တောင်ကြောတစ်ခု၌ ပေါ်လာသည်။ ရွှေရောင်ခြင်္သေ့ ပြုတ်ကျသွားသည့်အချိန်တွင် သူသည် သစ်ပင်ခြောက်၌ တွဲလောင်းဖြစ်နေသည်။

ရှီဟောင် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်နှင့်ရိုက်မိသွားမှသာ နှစ်ဦးလုံး မြေပြင်ပေါ်သို့ ပြုတ်ကျလာခြင်းပင်။

ရှီဟောင်၏ အမူအရာ ပြောင်းလဲသွားကာ သူခေါင်းစခြေဆုံး အေးစက်သွားရသည်။ ဤနေရာမှာ အလွန်ရင်းနှီးနေသည်။

ဤသည်မှာ ကောင်းကင်ကြွက်နှင့် တစ်ဖက်လောကမှ ကျင့်ကြံသူများကို သတ်ခဲ့သည့် သစ်ပင်ခြောက်ပင်။ ဤသစ်ပင်ကြီးမှာ အလွန်ထူးဆန်းလှသည်ပင်။

ရှီဟောင် ယခင်က ဤသစ်ပင်ကို အဝေးမှသာကြည့်ခဲ့သည်။ အနားမကပ်ရဲ။

သို့သော် ယခုတော့ ဤသစ်ပင်ကို သူ့မျက်စိရှေ့၌ မြင်နေရလေပြီ။ သူ သစ်ပင်အောက်၌ ရောက်နေခြင်းပင်။ ဤနေရာမှာ တိတ်ဆိတ်နေကာ အသံတစ်သံပင်မရှိ။

ရှေးဟောင်းသစ်ပင်ကြီးမှာ အလွန်ကြီးမားလှပြီး အကိုင်းများတွင် သစ်ရွက်မရှိ။ ဤသည်မှာ ညှိုးခြောက်နေသည့် သစ်ပင်အိုကြီးပင်။ သစ်ပင်ကြီးတစ်ပင်လုံး မည်းတူးနေသည်ပင်။

ထို့အပြင် မြေကြီးများမှာ အနီရင့်ရောင်ဖြစ်နေပြီး ဘေးပတ်လည်၌ အပင်တစ်ပင်မှမရှိ။ မြေကြီးမှာ ရွှံ့ကဲ့သို့ နူးညံ့နေသည်။

“သွေး .. မရေမတွက်နိုင်တဲ့သက်ရှိရဲ့သွေးတွေ..” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူ့ရွှေရောင်အမွေးတွင် သွေးများ နီရဲနေပြီး သူ၏ထူထဲလှသည့် လည်ဆံမွေးမှ သွေးများတစ်စက်စက်ကျနေသည်။

ရွှံ့ဟုခေါ်သည့်အရာမှာ သွေးမှဖြစ်လာခြင်းပင်။

နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသော်လည်း ဤနေရာမှ မခြောက်သွေ့သေး။ ဤသွေးအိုင်ကို ကြည့်ခြင်းအားဖြင့် ဤနေရာ၌ သက်ရှိဘယ်နှယောက် အသတ်ခံခဲ့ရသလဲဆိုသည်ကို စဉ်းစား၍ပင်မရ။

ဤရှေးဟောင်းသစ်ပင်ကြီးမှာ ဤသွေးအိုင်ထဲ၌ အမြစ်တွယ်နေခြင်းပင်။

ရွှေရောင်ခြင်္သေ့ သတိကြီးကြီးဖြင့်ပင် ထရပ်လိုက်သည်။ ဤနေရာ၌ သူ အတော်လေး မသက်မသာခံစားနေရသည်ပင်။

တစ်ချိန်တည်းမှာပင် သူအလွန်စိတ်ပျက်မိသည်။ ရှီဟောင်သည် သူ့အား တကယ်ကို စီးတော်ယာဉ်အဖြစ် သတ်မှတ်ထားပြီး သူ့ခန္ဓာကိုယ်ပေါ်၌ ထိုင်နေသည်ပင်။ သူသည် သွေးအိုင်ထဲမှ သွေးများဖြင့် ပေကျံမသွား။

“မင်း .. ဒီကိုဆင်းလာခဲ့..” သူဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ဟွမ်ကို တကယ်မရိုက်နိုင်သောကြောင့်သာမဟုတ်ပါက သူ အစောကြီးကတည်းက စွန့်စားလိုက်ပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ ဤကဲ့သို့ မသေချင်သေး။ သူလက်စားချေချင်သေးသည်။ ထို့ကြောင့် သူ အနိုင်ကျင့်မှုကို သည်းခံနေခြင်းပင်။

“ငါ့ရဲ့ စီးတော်ယာဉ်ဖြစ်လာတာ မင်းကံကောင်းတာပဲ .. နှစ်ပေါင်း ထောင်ပေါင်းများစွာကြာပြီးရင် ဒီသတင်းက မင်းတို့ကလန်ရဲ့ ခမ်းနားကြီးကြယ်မှု ဖြစ်လာလိမ့်မယ်..” ရှီဟောင် ဟိတ်ကြီးဟန်ကြီးဖြင့် ပြောလိုက်သည်။

ဤစကားများကြားသည်နှင့် ရွှေရောင်ခြင်္သေ့ တစ်ကိုယ်လုံး တောက်ပလာကာ သူစတင်ပုန်ကန်လာသည်။

“မင်း သေချင်နေတာလား … လက်လွတ်စပယ်လုပ်လိုက်ရင် မင်းသေချာပေါက် သေမှာ..” ရှီဟောင် လက်ဝါးဖြင့် သူ့ခေါင်းကို ရိုက်ချလိုက်သည်နှင့် သူ့ခေါင်းထက်၌ အက်ကွဲကြောင်းတစ်ခုပေါ်လာကာ ရွှေရောင်ခြင်္သေ့ မူးဝေသွားရသည်။

“ငါမင်းကို သတိပေးလိုက်မယ် .. ငါ့ရဲ့သည်းခံမှုက အတိုင်းအတာရှိတယ် .. မင်း မသေချင်ရင် ဆင်ဆင်ခြင်ခြင်နေ..” ရှီဟောင် ခြိမ်းခြောက်လိုက်သည်။ သူ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ကို သူ၏စီးတော်ယာဉ်အဖြစ် အသုံးပြုရခြင်းမှာ နောင်ကျလျှင် ဤရွှေရောင်ခြင်္သေ့ကို သုံးပြီး ကလန်အချို့ကို ခြိမ်းခြောက်ချင်သောကြောင့်ပင်။

မဟုတ်ပါက သူဤရွှေရောင်ခြင်္သေ့ကို အစောကြီးကတည်းက သတ်ပစ်လိုက်လေပြီ။

ရွှေရောင်ခြင်္သေ့သည် အလွန်ဒေါသထွက်လာကာ သူ၏အမွေးများအားလုံး ထောင်ထလာသည်။ တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းများ နေရာအနှံ့သို့ တောက်ပသွားသည်။ ဤသည်မှာ သူ၏ကျောထက်၌ရှိနေသည့် ရှီဟောင်ကို ပို၍ သူရဲကောင်းဆန်စေသည်။ ဤသည်မှာ ထာဝရဗုဒ္ဓတစ်ပါး သူ၏စီးတော်ယာဉ်ဖြင့် ရောက်ရှိလာသကဲ့သို့ပင်။

သို့သော်လည်း ရွှေရောင်ခြင်္သေ့ သူ၏မကျေနပ်မှုကို ပြန်သိမ်းလိုက်ရသည်ပင်။

“အဲဒါဘာကြီးလဲ..” ရှီဟောင် ထိုအနက်ရောင်ရှေးဟောင်းသစ်ပင်ကို ကြည့်လိုက်သည်။

ထိုနေရာတွင် သစ်ကိုင်းမှ တွဲလောင်းကျနေသည့် ခြောက်ကပ်နေသည့် သက်ရှိတစ်ယောက် ရှိနေသည်ပင်။

“ရွှေပြာဖျံ..” ထိုသက်ရှိကို မြင်လိုက်သည်နှင့် ရွှေရောင်ခြင်္သေ့ အေးခဲသွားရသည်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်သတ္တဝါမှန်း သူမှတ်မိသည်။ ဤသည်မှာ ယခင်က ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ စစ်သားရဲပင်။

ယခုအချိန်တွင် သူ၏အမွေးမှာ အရောင်မှန်နေပြီဖြစ်ပြီး အပြာရောင်မတောက်ပတော့။ သစ်သားစနှင့် တူနေလေပြီ။ သေချာမကြည့်ပါက ဤအကောင်ကို မှတ်မိမည်မဟုတ်။

“ထပ်ရှိသေးတယ်..” ရှီဟောင် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ပိုမြင့်သည့်နေရာမှ တွဲလောင်းကျနေသည့် အရိုးစုတစ်ခုကို တွေ့လိုက်ရသည်။ သူ့ထံ၌ အရိုးနှင့်အရေသာရှိပြီး စုတ်ပြဲနေသည့်အဝတ်အစားများဖြင့် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။

“ထူးချွန်တဲ့ဘုန်းကြီး .. သူ့ရဲ့ကျင့်ကြံဆင့်က ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ထက် ကျော်တယ်..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်တကြား ပြောလိုက်သည်။

သူ၏ခြောက်သွေ့နေသည့်အလောင်းပင် ရွှေရောင်ဖျော့လေး တောက်ပနေသေးသည်ပင်။ သူသည် အလွန်ကြောက်စရာကောင်းသည့် ကျွမ်းကျင်သူတစ်ဦးပင်။

သူ့ကိုယ်၌ ဝတ်ဆင်ထားသည့် ဝတ်စုံမှာ ကြယ်သဲမှုန်များဖြင့် ဖန်တီးထားသည့် ခါစရာပင်။ ဤသည်မှာ မူလက ရှားပါးသည့်လျှို့ဝှက်ရတနာတစ်ခုဖြစ်သော်လည်း ယခုတော့ အချိန်တိုက်စားမှုကြောင့် ပျက်စီးနေလေပြီ.

ထင်ရှားသည့်ဘုန်းကြီးတစ်ပါးပင်လျှင် ဤရှေးဟောင်းသစ်ပင်၌ တွဲလောင်းကျနေသည်မှာ အနည်းငယ် ကြောက်စရာကောင်းလှသည်။

ရှီဟောင်ဖြစ်စေ ရွှေရောင်ခြင်္သေ့ဖြစ်စေ သူတို့နှစ်ဦးလုံး၏အမူအရာများ လေးနက်လာသည်။ သူတို့ ထိုသစ်ပင်ကြီးကို စိုက်ကြည့်ကာ သစ်ပင်အောက် ဘေးပတ်လည်၌ လျှောက်ကြည့်လိုက်သည်။

သေချာပါသည်။ ဤသစ်ပင်မှ တွဲလောင်းကျနေသည်မှာ စွမ်းအားကြီးသည့် ပုဂ္ဂိုလ် တစ်ဦး၊ နှစ်ဦးတည်သာမက။ အများကြီးရှိနေသေးသည်။

ရွှေရောင်ခြင်္သေ့၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာများထဲမှ သက်ရှိတစ်ယောက်ကို သူမှတ်မိသည်။ သူ၏ဇစ်မြစ်မှာ အလွန် ခမ်းနားလှပြီး သူ၏ခန္ဓာကိုယ်လည်း အလွန်ကြီးမားလှသည်ပင်။ သို့သော်လည်း သူလည်း ခြောက်ကပ်နေကာ ဤနေရာ၌ တွဲလောင်းကျနေသည်။

“ကျောက်စိမ်းဖြူဆင်နဂါး…”

ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ကို စောင့်ရှောက်ပေးသည့် အလေးအမြတ်ထားရသည့်သားရဲများထဲမှ တစ်ခုပင်။ ဤသည်မှာ အလွန်နာမည်ကြီးသည့်မျိုးနွယ်စုပင်။ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်အကြောင်းပြောတိုင်း ဤသားရဲများ ပါစမြဲပင်။

ကျောက်စိမ်းဖြူဆင်နဂါးမှာ ဤနေရာ၌ တွဲလောင်းကျပြီး သေနေသည်။

အပိုင်း ၁၇၁၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၂ – သွေးဗောဓိ

ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ အလေးအမြတ်သားရဲ .. ဤသတ္တဝါ၏ သမိုင်းကြောင်းမှာ အလွန်ခမ်းနားလှပြီး ကျွမ်းကျင်သူများထဲမှ ကျွမ်းကျင်သူများပင်။ မဟုတ်ပါက ဤသားရဲများကို အဘယ်ကြောင့် ဂိုဏ်းတစ်ဂိုဏ်းကို ကာကွယ်သည့် အလေးအမြတ်သားရဲဟု ခေါ်မည်နည်း..

သို့သော်လည်း ယခုတော့ ဤနေရာ၌ သေဆုံးနေလေပြီ။

ရှီဟောင်၏အမူအရာ ပြောင်းလဲသွားရကာ ဤခြောက်သွေ့နေသည့်သစ်ပင်ကို စိုက်ကြည့်လိုက်သည်။ ရွှေရောင်ခြင်္သေ့မှာမူ အန္တရာယ်အငွေ့အသက်များ ရနေသောကြောင့် သတိကြီးကြီးဖြင့်ပင် ဤနေရာကို လေ့လာလိုက်သည်။

ဤသစ်ပင်မှ တွဲလောင်းကျနေသည့် အလောင်းများစွာ ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် ဤသစ်ပင်ကြီးအပါအဝင် ထိုအလောင်းများလည်း ခြောက်ကပ်သွားလေပြီ။

ရွှေရောင်ခြင်္သေ့ ဦးရေပြားများ တင်းကျပ်သွားကာ သွေးများအေးခဲသွားရသည်။ တစ်ချိန်တည်းမှာပင် သူအလွန်ဒေါသထွက်သွားရသလို အနည်းငယ်လည်း ကြောက်ရွံ့သွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ အခြားတစ်ကောင်ကို ထပ်တွေ့လိုက်ရသည်ပင်။

ဤသည်မှာလည်း ခြင်္သေ့တစ်ကောင်ပင်။ သူနှင့်လူမျိုးစုတူသည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တစ်ကောင်ပင်။

ဤရှေးဟောင်းခြင်္သေ့မှာ တောင်ငယ်တစ်လုံးစာ ပမာဏရှိသော်လည်း ဤခြောက်သွေ့နေသည့်သစ်ပင်နှင့် ယှဉ်လိုက်လျှင် ထိုမျှမခမ်းနားတော့။

သူ၏ရွှေရောင်အမွေများ၊ အရေပြားနှင့် အရိုးအားလုံး အရောင်မှိန်နေလေပြီ။ သူ၏လည်ပင်ကို သစ်ကိုင်းတစ်ကိုင်းမှ ရစ်ပတ်ထားပြီး သူ၏သေဆုံးခြင်းမှာ အခြားသူများထက် ပို၍ဆိုရွားနေသည်ပင်။

“ဘိုးဘေးလား.” ရွှေရောင်ခြင်္သေ့ ဒေါသထွက်လာသည်။ သူ တရှိန်ထိုးပြေးသွားကာ ထိုရှေးဟောင်းခြင်္သေ့ကို အောက်သို့ချပေးချင်မိသည်။

“လျှောက်မလုပ်နဲ့ .. မင်းသေချင်ရင် ငါမင်းကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပေးလို့ရတယ် .. ငါ့ကို မင်းနဲ့အတူတူ လာမဆွဲချနဲ့..” ရှီဟောင် တားဆီးလိုက်သည်။

“အရင်တုန်းက ငါ့ရဲ့ဘိုးဘေးတစ်ယောက် ပျောက်သွားခဲ့တယ် .. သူက အရမ်းကို စွမ်းအားကြီးခဲ့တာ .. သူဒီမှာ သေနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..” သူ အလွန်စိတ်လှုပ်ရှားကာ ဒေါသထွက်နေသည်။

“သူကောင်းကောင်းမွန်မွန်သေသွားခဲ့ရတာပဲ .. သူသေသင့်တယ် .. ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကို သစ္စာဖောက်တဲ့သူတွေအကုန်လုံး ဒီလိုမျိုးအပြစ်ပေးခံရသင့်တယ်..” ရှီဟောင် ယဉ်ကျေးမှု မရှိစွာပင် ပြောလိုက်သည်။

ရွှေရောင်ခြင်္သေ့ ဒေါသထွက်သွားသော်လည်း သူ၏ဒဏ်ရာများကြားထဲ၌ သူ၏ ဂုဏ်သိက္ခာကြီးမားလှသည့် ခေါင်းကို ငုံ့ထားရုံသာ တတ်နိုင်တော့သည်။

ရှီဟောင် ဤရှေးဟောင်းသစ်ပင်အား သေချာလေ့လာလိုက်သည့်အချိန်တွင် ဤသစ်ပင်ကြီးမှာ အလောင်းများစွာ ချိတ်ဆွဲထားသည့် သင်္ချိုင်းတစ်ခုသာဖြစ်ကြောင်း တွေ့လိုက်ရသည်။

အချို့အလောင်းများမှာ အလွန်ဆိုးရွားလှသည်ပင်။

အောက်၌ ရှိနေသည့်သွေးအိုင်ကြီးမှာ ဤသတ္တဝါများ၏ သွေးများလားဟု သူသံသယဝင်လာသည်။

“ဒီသစ်ပင်က .. အရင်တုန်းက ရှေးဟောင်းဗောဓိပင်များလား..” ဤအပင်ကို သေချာလေ့လာပြီးနောက် ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ရှေးခေတ်ဘုန်းကြီးများတွင် ယခင်က ဗောဓိဟုခေါ်သည့် အဖိုးတန်သစ်ပင်တစ်ပင် ရှိခဲ့ဖူးသည်။ ထိုအပင်အောက်တွင် ထိုင်ပြီး ကျင့်ကြံပါက တာအိုများကို အလွန်လျင်မြန်စွာပင် နားလည်သွားလိမ့်မည်။

သို့သော်လည်း ထိုသစ်ပင်သည် စိမ်းစိုလန်းဆန်းနေကာ ကောင်းကင်ထိရောက်သည့် ရောင်စုံအလင်းများ ထုတ်လွှတ်နေပြီး ယခုသစ်ပင်နှင့် အလွန်ကွာခြားလှသည်။

ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ ဗောဓိပင်လား.. ရှီဟောင် မေးစေ့ကိုပွတ်ကာ စတင်စဉ်းစားလိုက်သည်။ ဒီသစ်ပင်က ဘာလို့ တစ်ပင်လုံး မည်းနက်နေတာလဲ .. သူဘယ်လို ကပ်ဆိုးမျိုး ကြုံတွေ့ခဲ့ရတာလဲ .. ဤသည်မှာ လျှပ်စီးကြောင့်ဖြစ်ခြင်းမဟုတ်။

“သူ တိုက်စားခံရပြီးတော့ ပြောင်းလဲသွားတာများလား .. သူ့ရဲ့နတ်စွမ်းအင်တွေ ပျောက်ကွယ်သွားပြီးတော့ အမှောင်ထုစွမ်းအားက ဝင်လာတာလား..” ရွှေရောင်ခြင်္သေ့ သူ့ကိုယ်သူ ပြောလိုက်သည်။

ဤသည်မှာ သူရှီဟောင်ကို ရှင်းပြနေခြင်းမဟုတ်။ သူ့ဘာသာသူ ဤကိစ္စကို အဖြေထုတ်လိုခြင်းပင်။

ယခင်က သူတို့ ကောင်းကင်ဘုံကိုးခုကို သစ္စာဖောက်ခဲ့သည်။ သူတို့၏ ဘိုးဘေးများ တစ်ဖက်လောကသို့ ပြောင်းသွားပြီးနောက် သူတို့ကို အမြဲတမ်း စိတ်အနှောက်အယှက်ပေးနေသည့်အရာမှာ ဤရှေးဟောင်းဗောဓိပင်အားလိုချင်ခြင်းပင်။

နောက်ဆုံး ကမ္ဘာကြီး ဖရိုဖရဲဖြစ်နေသည့်အချိန် ထိုဘိုးဘေးသည် သူ၏မျိုးဆက်တစ်ယောက်ကိုလွှတ်ကာ ရှေးဟောင်ဗောဓိပင်ကို ရှာခိုင်းလိုက်သည်။ သို့သော် ထိုခြင်္သေ့ ဘယ်တော့မှ ပြန်ရောက်မလာတော့။

ယခု ဤနေရာ၌ တွဲလောင်းကျလျက် သေနေသည်ပင်။

“ဒီရှေးဟောင်းသစ်ပင်က တစ်ပင်လုံး မည်းနက်နေတယ် .. ဒါက မြေကြီးပေါ်က သူစုတ်ယူလိုက်တဲ့ သွေးတွေကြောင့် သူ့ရဲ့နတ်စွမ်းအင်တွေ တိုက်စားခံလိုက်ရတာလား..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

တစ်ခုခုဖြစ်ခဲ့သည်ဟု ရှီဟောင်ခံစားနေရသသည်။ ဘုန်းကြီးမိသားစု၏ အဖိုးတန်သစ်ပင်မှာ ကံဆိုးမှုနှင့် တွေ့ကြုံခဲ့ရသည်ပင်။

“ဒီသစ်ပင်အောက်မှာ ကျင့်ကြံရင် မယုံကြည်နိုင်စရာကောင်းတဲ့ရလဒ်တွေ ရမယ်လို့ သူတို့ပြောကြတာ .. မင်းရော မစမ်းကြည့်ချင်ဘူးလား..” ရွှေရောင်ခြင်္သေ့ ရှီဟောင်ကို ပြောလိုက်သည်။

“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ သူ ကြောက်ပုံမပေါ်။

သူပြောသည်မှာ အမှားလားအမှန်လား ရွှေရောင်ခြင်္သေ့မသိ။ ထို့ကြောင့် သူ နောက်ထပ် ငါးစာထပ်ချလိုက်သည်။ “ဒီရှေးဟောင်းသစ်ပင်က ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ အဆင့်လွန်ရတနာလို့ ပြောကြတယ် .. ဘာလို့လဲဆိုတော့ သစ်ပင်ပင်စည်မှာ တံဆိပ်တွေ ရှိနေနိုင်တယ် .. သူက ဒီကလန်ရဲ့ အမွေတွေကို မျိုးဆက်ပေါင်းများစွာ သယ်လာတာ..”

“အဲဒီလိုဆိုရင် ငါမင်းကို ဒီသစ်ပင်အောက်မှာ ကျင့်ကြံဖို့ အခွင့်အရေးပေးလိုက်မယ် .. ငါ့အစား ရှေးဟောင်းဗုဒ္ဓရဲ့ ရိုက်ချက် ၁၈ ချက်ကို နားလည်အောင်လုပ်လိုက်..” ရှီဟောင်ပြောလိုက်သည်။

ရွှေရောင်ခြင်္သေ့ ပါးစပ်အဟောင်းသားဖြစ်သွားရ၏။ သူ ရှီဟောင်ကို ပြန်ငြင်းချင်သော်လည်း ရှီဟောင်သည် သူ့အား အေးစက်စွာ ကြည့်လာကာ “မင်း တာအိုမလေ့လာရင် ငါမင်းကို ချက်ချင်းသတ်ပစ်လိုက်ဖို့ စဉ်းစားရလိမ့်မယ် .. ဘာလို့လဲဆိုတော့ မင်းငါ့ရဲ့စီးတော်ယာဉ်ဖြစ်ချင်ရင် မင်းလုံလောက်အောင် အားကောင်းနေမှရမယ်…”

ထို့နောက် ရှီဟောင်သည် ထိန်းချုပ်မထားပဲ သူ့ကို တကယ်သတ်ရန် လုပ်လိုက်သည်။

ရွှေရောင်ခြင်္သေ့ မျက်နှာပျက်သွားကာ ထိုသစ်ပင်အောက်ထိုင်ချပြီး သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်သည်။ ဤနေရာ၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သဘာဝဥပဒေသများကို အာရုံခံနိုင်ရန် လုပ်လိုက်သည်။ ရှီဟောင်ကို မကောင်းသည့်စိတ်ဖြင့် နှိုးဆော်လိုက်ခြင်းဖြစ်သော်လည်း သူ ဤသည်ကို သူကိုယ်တိုင် မစမ်းလိုခြင်းမဟုတ်။

ယခု သူ ဖိအားပေးခံနေရလေပြီ။

“အား..” စတင်လိုက်သည်နှင့် ရွှေရောင်ခြင်္သေ့ သနားစဖွယ်အော်ဟစ်လိုက်ကာ လက်များဖြင့် သူ့ခေါင်းကို ကိုင်ထားကာ မြေပြင်ပေါ်၌ လူးလိမ့်နေသည်။ သူ့တစ်ကိုယ်လုံး သွေးများ ပေကျံသွားလေပြီ။

ရှီဟောင် သူ့ကို မစီးတော့ပဲ ခုန်ချလိုက်သည်။ “ဘာဖြစ်လို့လဲ..” သူ မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။

ရွှေရောင်ခြင်္သေ့၏ မျက်နှာဖြူဖျော့နေပြီး သူ၏မျက်ခုံးကြားမှ အက်ကွဲလာသည်။ အချိန်အတော်ကြာပြီးမှသာ သူတည်ငြိမ်လာသည်ပင်။ “ဒီသစ်ပင်က တစ်ခုခုမှားနေတယ်..”

ရှီဟောင် ရွှေရောင်ခြင်္သေ့ကြီး မလှုပ်ရှားနိုင်အောင် ချိတ်ပိတ်လိုက်ပြီးနောက် ဗောဓိပင်အောက် သူကိုယ်တိုင် သွားထိုင်လိုက်ကာ တာအိုလေ့လာလိုက်သည်။

ဝုန်း..

သူ စတင်လိုက်သည်နှင့် ကြောက်စရာကောင်းသည့်တိုက်ခိုက်မှုတစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ ဤသည်မှာ သူ ကြိုတင်ပြင်ဆင်ထားသောကြောင့်သာ။ မဟုတ်ပါက ဤသည်မှာ ပို၍ကြောက်စရာကောင်းလိမ့်မည်။

ခါးသီးသည့်အော်ရာတစ်ခု ပျံ့လွင့်လာပြီး သူ့ခေါင်းထံသို့ တရှိန်ထိုး ဦးတည်လာသည်။

ရှီဟောင်၏မျက်ခုံးကြားမှ သွေးစီးကျလာသော်လည်း သူတောင့်ခံထားဆဲပင်။

ခမ်းနားလှသည့် စစ်မြေပြင်တစ်ခုကို သူခပ်ရေးရေး မြင်ရသည်။ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများ တိုက်ခိုက်နေကြကာ စစ်ပွဲအော်သံများလည် ကောင်းကင်ကို လှုပ်ခတ်သွားစေသည်။ သွေးများလည်း ဆက်တိုက်စီးကျနေကာ ဤနေရာ၌ ပြည့်နှက်သွားသည်။

ဤသစ်ပင်သည် သွေးပေါင်းစုံကြား၌ ရောက်နေကာ သတ်ဖြတ်လိုသည့်အော်ရာများလည်း ရှိနေသည်။ နောက်ဆုံးတွင် အပင်ကြီးမှာ အနီရောင်အဖြစ် ပြောင်းလဲသွားသည်။

ဤမြင်ကွင်းမှာ ရှီဟောင်၏ ခေါင်းထဲ၌ ရှင်းရှင်းလင်းလင်းပေါ်လာခြင်းပင်။ ဒါက ရှေးဟောင်းဗောဓိပင် ညှိုးခြောက်သွားရတဲ့ အကြောင်းရင်းလား..

ကိစ္စများမှာ မရိုးရှင်းတော့။ ခဏကြာပြီးသည့်နောက် သက်ရှိတစ်ယောက် ဗောဓိပင်အား ရေလောင်းနေသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သွေးများပြည့်နေသည့်ဗူးဖြင့် လောင်းလိုက်ခြင်းပင်။

ဒီသစ်ပင်ကို နတ်သွေးလောင်းနေတာ…

အဲဒါ ဘယ်သူလဲ..

ဤသို့ပြုလုပ်လိုက်သည်နှင့် ဤသစ်ပင် နတ်ဆိုးသစ်ပင်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ သို့သော်လည်း သူတို့သည် ပေးဆပ်ရန် တွေဝေမနေပဲ ဆက်တိုက် လောင်းနေခဲ့သည်။

ဝေါင်း..

ရှီဟောင် စိတ်ထဲ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ရွှေရောင်ခြင်္သေ့ကြီးတစ်ကောင် ဟစ်ကြွေးလိုက်ခြင်းပင်။ ထိုအော်သံကြောင့် သူ၏မျက်ခုံးကြားမှ သွေးများ ပို၍စီးကျလာသည်။

“ဝူး..” ထို့နောက် ကြီးမားလှသည့် ဆင်ဖြူကြီးလည်း အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအော်သံမှာ သူ၏ဝိညာဉ်ကို မတည်မငြိမ်ဖြစ်စေသည်။

သတ်ဖြတ်လိုသည့်အငွေ့အသက်အားလုံးမှာ ဤရှေးဟောင်းသစ်ပင်ထံမှ ထွက်ပေါ်လာခြင်းပ်င။ ရွှေရောင်ခြင်္သေ့ မြေပြင်ပေါ်သို့ ချက်ချင်း‌လူးလိမ့်သွားသည်မှာ မဆန်းတော့။ သူပင်လျှင် မတောင့်ခံနိုင်လုနီးပါးပင်။ ဤသစ်ပင်၏ သတ်ဖြတ်လိုသည့်အားမှာ ပြင်းထန်လွန်းလှသည်။

သူ ယခုမှ ဤသစ်ပင်နှင့် ဆက်သွယ်မိခြင်းဖြစ်သော်လည်း သစ်ပင်တံဆိပ်သည် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ မြင့်မြတ်သည့်သားရဲနှစ်မျိုးကို သတ်ပြီးသွားလေပြီ။ ဤသည်မှာ အနည်းငယ် ကြောက်စရာကောင်းလှသည်ပင်။

ထို့နောက် သစ်ပင်ကြီး၏ နတ်ဆိုးအဆင့် နောက်တစ်ဆင့် တက်သွားသည်။ ထို့နောက် သစ်သားဖြင့်ပြုလုပ်ထားသည့် ငါးတစ်ကောင် ရိုက်ခံနေရသည့်အသံကို ကြားလာရသည်။ ထိုအသံမှာ သူ၏ မူလဝိညာဉ်ကို မတည်မငြိမ်ဖြစ်စေသည်ပင်။

ထို့နောက် သွေးများဖုံးလွှမ်းနေသည့် လက်တစ်ဖက်ကို သူတွေ့လိုက်ရသည်။ ထိုလက်သည် ငါးကြီးကို ရိုက်နေခြင်းပင်။

“ဒါက အစက တာအိုသစ်ပင်တစ်ပင်ပဲကို .. အခုတော့ ကြောက်စရာကောင်းတဲ့မြင်ကွင်းတွေ ပြနေတယ် .. သူက တကယ်ကို ဆိုးယုတ်သွားတာလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူခက်ခက်ခဲခဲဖြင့် တောင့်ခံထားခြင်းပင်။

သူ၏ခန္ဓာကိုယ် ယိမ်းယိုင်နေကာ မတည်ငြိမ်နိုင်တော့။ သူသွေးအိုင်ထဲသို့ လဲကျသွားတော့မည်။

ထိုအချိန်တွင် ရှီဟောင်စိတ်ထဲ၌ သွေးများရွှဲနစ်နေသည့် ဘုရားကျောင်းတစ်ခုပေါ်လာသည်။ ဤဘုရားကျောင်းမှာ အလွန်ကျယ်ဝန်းလှသော်လည်း မသန့်စင်၊ မမြင့်မြတ်တော့။ အုတ်ချပ်တိုင်း၊ အမိုးကြွပ်တိုင်း၊ တိုင်လုံးတိုင်းတွင် သွေးများစွန်းပေနေသည်။

သို့သော်လည်း ထိုသွေးလွှမ်းကာ ကြီးမားလှသည့် ဘုရားကျောင်းကြီးတွင် ကျမ်းစာများကို ရွတ်ဖတ်နေသည့် တစ်စုံတစ်ယောက်ရှိနေသည်။ ထိုအသံမှာ နားစူးလှသည်။

သူ သေချာနားထောင်လိုက်သည့်အချိန်တွင် ဤသည်မှာ လူတစ်ယောက်ကို အနက်ရောင်ချောက်နက်ကြီးထဲသို့ ကျသွားစေနိုင်သည့် နတ်ဆိုးကျမ်းစာကြီးပင်။

“ဘာဖြစ်နေတာလဲ..” ရှီဟောင်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ နတ်ဘုရားကျောင်းထဲ၌ နတ်ဆိုးကျမ်းစာသံများထွက်ပေါ်လာခြင်းမှာ တကယ်ကို ကို့ယိုးကားယားနိုင်လှသည်ပင်။

“သွေးဗောဓိ .. ဒီသစ်ပင်ကို သွေးနဲ့ပျိုးထောင်ထားပြီးတော့ နတ်ဆိုးသဘာဝရှိတဲ့ အလေးအမြတ်သစ်ပင်ဖြစ်လာတယ် .. သူသာ အရွက်တွေ ပြန်ပေါက်လာရင် လုံးဝကို မတူတော့တဲ့သစ်ပင် ဖြစ်သွားမှာ..” ရွှေရောင်ခြင်္သေ့ ဘေးဘက်မှ သူ့ကိုယ်သူ ပြောလိုက်သည်။

ဤသည်မှာ ဒဏ္ဍာရီများနှင့်အတူတူပင်။ ဗောဓိသစ်ပင်ကို ကလန်ပေါင်းစုံမှ စွမ်းအားအကြီးဆုံးသူများ၏ သွေးများဖြင့် လောင်းလိုက်သည်နှင့် ထိုသစ်ပင်မှာ မသိနိုင်သည့်ဘက်သို့ ရောက်သွားလိမ့်မည်။

ယခု ဤသစ်ပင်ကို ဤနေရာ၌ တွေ့လိုက်ရသောကြောင့် တစ်စုံတစ်ယောက်မှ တကယ်ကို သွေးများဖြင့် လောင်းခဲ့သည်ပင်။

ပြိုင်ဘက်ကင်းသည့်အဖိုးတန်သစ်ပင်မှာ ယခုတော့ သွေးဗောဓိဖြစ်သွားလေပြီ။

“ဒါပေမဲ့ .. ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ အမွေတွေကို မှတ်တမ်းတင်ထားတဲ့ အရင်တုန်းက တံဆိပ်တွေတော့ ရှိလောက်သေးတယ်..” ရွှေရောင်ခြင်္သေ့ မျက်လုံးများ တောက်ပလာသည်။

ရှီဟောင် ခေါင်းမာစွာ ထိုင်နေဆဲပင်။ ဤသစ်ပင် ပျက်စီးနေလျှင်ပင် သူအကြောက်တရားကင်းမဲ့နေဆဲပင်။ သူ ဤသစ်ပင်ကို လေ့ကျင့်ရေးတစ်ခုအဖြစ် သဘောထားကာ ဤသစ်ပင်ကို ဓားသွေးကျောက်ကဲ့သို့ မှတ်ယူထားသည်ပင်။

တစ်ခဏအတွင်းမှာပင် သူ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ အမြင့်ဆုံးရှေးဟောင်းခန်းမကို ဖြတ်ကျော်သွားကာ ကျမ်းစာများသိမ်းထားသည့်အဆောင်သို့ သွားလိုက်သည်။

သူ ကျမ်းစာများကို ဖတ်ကာ ဤနေရာ၌ တာအိုလေ့လာချင်သည်။

သို့သော်လည်း ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ တစ်ချက်လေးမှားသွားသည်နှင့် သူ နတ်ဆိုးသစ်ပင်နှင့်အတူ အမှောင်ထုထဲ ကျရောက်သွားလိမ့်မည်။

အပိုင်း ၁၇၁၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၃ – ဟွမ် အပြီးသတ်သွားပြီ

သွေးဗောဓိ .. ဤသစ်ပင်မှာ ပြိုင်ဘက်ကင်းသည့် အဖိုးတန်သစ်ပင်ဖြစ်သော်လည်း ယခုတော့ လုံးဝပျက်စီးသွားလေပြီ။

သို့သော်လည်း ရှီဟောင်ကြိုးစားနေဆဲပင်။ သူ ဤရှေးဟောင်းသစ်ပင်မှ တာအိုလေ့လာချင်သေးသည်။ ဤသစ်ပင်မှ အသိအမြင်များ ရချင်သေးသည်။

အဘယ်ကြောင့်ဆိုသော် ဤသစ်ပင်ထဲ၌ တံဆိပ်များရှိနေသည်ကို သူတွေ့လိုက်ရသည်။ သူရွှေရောင်ခေါင်းလောင်းသံတစ်သံ ကြားနေရပြီး တဖျစ်ဖျစ်အသံများလည်း ကြားနေရသည်။ အမြင့်ဆုံးမှ ရှေးဟောင်းဘုန်းကြီးကျောင်း၊ အုပ်မိုးများနှင့် အုတ်များလည်း ရွှေရောင်တောက်ပနေသည်ကို တွေ့လိုက်ရသည်။

နန်းတော်ခန်းမသာ သွေးများစီးကျနေခြင်းပင်။ ထိုနေရာ၌ နားကွဲလောက်သည့် ကျမ်းစာသံများ ထွက်ပေါ်နေသော်လည်း အလွန်ထူးဆန်းနေဆဲပင်။ ခမ်းနားလှသည့် ရှေးဟောင်းဘုန်းကြီးကျောင်းတွင် ရွှေရောင်အုတ်မိုးကြွပ်များ ရှိနေသော်လည်း နီရဲသည့်သွေးမြူများ ထုတ်လွှတ်နေသည်။

မြေပြင်ထက်၌လည်း သွေးစက်များ ရှိနေသည်။

ရွှေရောင်အလင်းများ ဖြာကျနေသလို အနက်ရောင်မြူများလည်း ရှိနေသည်။ ဤသည်မှာ ရှီဟောင်စိတ်ထဲ၌ ပေါ်လာသည့်လောကကြီးပင်။

အထူးသဖြင့် ကျမ်းစာသိမ်းထားသည့်အခန်းသို့ ရောက်လာသည်နှင့် သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဤသည်မှာကျမ်းစာသံများနှင့်မတူတော့ပဲ နတ်ဆိုးတစ်ကောင် စာချနေသည်နှင့် ပိုတူနေသည်။

သူ ဒီတံခါးတွေကို တွန်းဖွင့်လိုက်သင့်လား.. သူတွေဝေနေသည်။

သူ အရေးအကြီးဆုံးနေရာသို့ ရောက်နေပြီဖြစ်သော်လည်း ဤနေရာမှာ အလွန်အန္တရာယ်များလှသည်။ ဤသည်မှာ သူ၏အတွင်းစိတ်ထဲ၌ ပေါ်နေသည့်မြင်ကွင်းများ၊ သွေးဗောဓိ၌ရှိနေသည့် တံဆိပ်များပင်။

သူသာ တစ်လှမ်းထပ်လှမ်းလိုက်လျှင် ပြော၍မရ။ သူလည်းနတ်ဆိုးတစ်ကောင်ဖြစ်သွားနိုင်သည်။ သို့မဟုတ် ဗုဒ္ဓဘုန်းကြီး ဖြစ်သွားမည်လား..

ဝုန်း..

နောက်ဆုံးတွင် ရှီဟောင် တံခါးကို တွန်းဖွင့်ကာ အထဲဘက်သို့ လျှောက်သွားလိုက်ကာ ထာဝရသက်ရှိများ၊ ထာဝရဘုန်းကြီးဘုရင်များကို မွေးထုတ်ပေးသည့် ထူးဆန်းသည့်အမွေအနှစ်များကိုကြည့်လိုက်သည်။

အရာအားလုံးမှာ မတူတော့။ ရွှေရောင်အုပ်မိုးကြွပ်များမှ အနက်ရောင်သွေးများတစ်တန်းပြီးတစ်တန်း စီးကျနေကာ ကြောက်စရာကောင်းသည့် ဆူညံသံများ ထုတ်လွှတ်နေသည်။

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်တွင်..

နေရာတိုင်း၌ တစ်ဖက်လောကမှ တပ်သားများရှိနေသည်။ သစ်သားသေတ္တာအတွက် သူတို့ပို့လွှတ်လိုက်သည့်လူများမှာ ဘယ်နှယောက်မှန်းပင် မသိတော့။ ကလန်အားလုံးမှ သူတို့လူများ ပို့လွှတ်လိုက်သည်။

“ဒီတောအုပ်ရဲ့ အစိတ်အပိုင်းတော်တော်များများက ပျက်စီးသွားတာလေ .. အဲဒါကို ဘာလို့ အစိမ်းရောင်အလင်းတွေ ထွက်နေပြီးတော့ ပြန်ပြီးစိမ်းစိုနေတာလဲ..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။

ဤသည်မှာ လက်မခံနိုင်ချင်စရာ ကောင်းလှသည်။ ဖျက်ဆီးခြင်းစွမ်းအင်ကို သူတို့အားလုံး ခံစားလိုက်ရပြီး တောအုပ်ကြီး ပျက်စီးကာ တောင်များချိုင့်ဝင်သွားပြီး ချော်ရည်များ ထွက်ပေါ်လာသည့်အပြင် ကြယ်များလည်း ကြွေကျသွားသည်ကို သူတို့ကိုယ်တိုင်မြင်ခဲ့ရသည်။

သို့သော် ယခုတော့ သက်ဝင်လှုပ်ရှားကာ ပုံမှန်အတိုင်း လျင်မြန်စွာ ပြန်ဖြစ်လာသည်။ ဤသည်မှာ အလွန်ထူးဆန်းလှသည်။

“ငါတို့လူတွေ ဘာဖြစ်သွားတာလဲ..” ဆံပင်နီနှင့် အကြီးအကဲမှ မေးလိုက်သည်။ သူသည် ခေါင်းဆောင်တစ်ဦးပင်။

သို့သော် သူသည် အဆင့်လွန်သက်ရှိမဟုတ်သေး။ ကလန်ပေါင်းစုံမှ တပ်သားများကို ဦးဆောင်ရသည့်သူများထဲမှ တစ်ယောက်သာ။

အဆင့်လွန်သက်ရှိများမှာ အနည်းငယ်သာ ရောက်လာသည်။ သူတို့အားလုံး ကောင်းကင်ထက်၌ ထိုင်နေကြကာ သူတို့ခန္ဓာကိုယ်ကို မူလဖရိုဖရဲမြူများဖြင့် ဝန်းရံထားသောကြောင့် သူတို့ကို မှုန်ဝါးဝါးသာ မြင်ရသည်။ သူတို့သည် ရုပ်တုများကဲ့သို့ မလှုပ်မယှက်ရှိနေကြသည်။

သူတို့သည် အော်ရာများကို ထိန်းချုပ်ထားသော်လည်း ထိုဘက်သို့ ကြည့်လိုက်သည့်သူတိုင်း ကြီးမားလှသည့်ဖိအားကို ခံစားလိုက်ရကာ ဒူးထောက်ဦးညွှတ်ချင်စိတ်များ ပေါ်လာသည်ပင်။

“အခြေအနေက အရမ်းကို မကောင်းဘူးထင်တယ် .. ကောင်းကင်သားရဲတောအုပ်ထဲက လူတွေအားလုံးနဲ့ အဆက်အသွယ်ပြတ်သွားပြီ..”

“သွားစုံစမ်းလိုက် .. ဘာဖြစ်ခဲ့လဲဆိုတာ ရှာလာခဲ့..”

တစ်ဖက်လောကမှာ အတော်လေး လုပ်နိုင်စွမ်းရှိသည်ဟု ပြော၍ရသည်။ တောအုပ်ထဲသို့ တပ်သားများစွာ ပြေးဝင်သွားကြပြီး လျင်မြန်စွာပင် အဖြေရလာကြသည်။

“အတော်များများ အသတ်ခံရလောက်ပါပြီ .. သူတို့အရိပ်အယောင်တွေကို မတွေ့ခဲ့ရဘူး ..”

“ဟုတ်တယ် .. ကျွန်တော်တို့ သူတို့ရဲ့ ဝိညာဉ်မီးအိမ်ကို ထွန်းချင်ပေမယ့် အတော်များများ ကျရှုံးသွားတယ်..” နောက်ထပ်တစ်စုမှ အတည်ပြုပေးလိုက်သည်။

ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းသည်သတင်းပင်။ အထဲသို့ ဝင်သွားသည့်ကျွမ်းကျင်သူများမှာ အများ၊ အများကြီးရှိသည်ပင်။ အကြီးအကဲပင်လျှင် အယောက် တစ်ရာကျော်ရှိသည်ပင်။ သူတို့အားလုံးသာ သေဆုံးသွားလျှင် ပေးဆပ်လိုက်ရသည့်တန်ဖိုးမှာ များပြားလွန်းလှသည်ပင်။

“ဧကရာဇ်ကလန်က သခင်လေးရော..” တစ်စုံတစ်ယောက်မှ စိုးရိမ်စွာ မေးလိုက်သည်။ ဧကရာဇ်ကလန်၏ မျိုးဆက်သာ တစ်ခုခုဖြစ်သွားပါက အကျိုးဆက်မှာ အလွန်ပြင်းထန်သွားမည်ပင်။

အဘယ်ကြောင့်ဆိုသော် ထိုရှေးဟောင်းမြေများမှ ဆက်ခံသူတစ်ယောက် ထွက်မလာသည်မှာ နှစ်ပေါင်းထောင်ပေါင်းများစွာ ရှိနေလေပြီ။ ယခု သူထွက်ထွက်လာခြင်းသာ သေဆုံးသွားပါက သူတို့ရှင်းပြနိုင်ရန် ခက်ခဲသွားလိမ့်မည်။ သူ့ကို သေချာဂရုမစိုက်သည့်သူမှာ သူတို့သာဖြစ်သွားလိမ့်မည်။

“ဂုကလန်က အမွေဆက်ခံသူရော .. သူလည်း အန္တရာယ်တွေ့ခဲ့သေးလား..” အခြားတစ်ယောက်မှ မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကလန်လည်း အလွန်ကြောက်စရာကောင်းလှပြီး ဧကရာဇ်ကလန်ကိုပင် ဦးညွှတ်ရန် မလိုအပ်ပေ။ သူတို့သည် ဧကရာဇ်ကလန်နှင့် အဆင့်အတူတူပင်။

“ကံကောင်းစွာနဲ့ သူတို့ဝိညာဉ်မီးတောက်တွေကို မီးညှိလို့ရသေးတယ် .. သူတို့မသေသေးဘူး..” တစ်စုံတစ်‌ယောက်မှ ပျော်ရွှင်စွာ ပြောလာသည်။

အချိန်တစ်ချို့ကြာပြီးနောက် သူတို့ အတည်ပြုထားသည့်သတင်းများ ရရှိလာသည်။ တောအုပ်ကြီး၏ နေရာအတော်များများ ပျက်စီးသွားကာ ထိုနေရာ၌ရှိနေသည့် သက်ရှိများအားလုံး ကပ်ဆိုးကြီးခံစားလိုက်ရပြီး သေဆုံးသွားကြလေပြီ။

သူတို့နှင့် အဆက်အသွယ်လုံးဝမရတော့သလို သူတို့၏ဝိညာဉ်မီးအိမ်များလည်း မဲမှောင်နေလေပြီ။

အသက်ရှင်နေသည်ဟု အတည်ပြုနိုင်သည့်သူများအားလုံးလည်း အခြားနယ်မြေများမှာပင်။ သို့သော် ထိုလူများထဲတွင် အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီး အခြေအနေဆိုးနေသည်ပင်။

“ငါတို့ထင်ထားတဲ့အတိုင်းပဲ .. အဲဒီရှေးဟောင်းသက်ရှိ ခဏလောက်ပြန်နိုးလာပြီးတော့ လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ဟစ်ကြွေးသံကို ထုတ်လွှတ်လိုက်တာ .. အသံလမ်းကြောင်းမှာရှိတဲ့ သတ္တဝါတွေအားလုံး သေသွားတာ..”

ဤသတင်းပျံ့သွားသည့်အချိန်တွင် အပြင်ဘက်၌ အုတ်အော်သောင်းတင်းဖြစ်လာသည်။ ကျင့်ကြံသူအများစုမှာ စိတ်ထဲတုန်ယင်သွားကာ ခန္ဓာကိုယ်ကြီး အေးခဲသွားကြသည်။

ဤတောအုပ်မှာ အလွန်ကြောက်စရာကောင်းသည်ပင်။ သက်ရှိများစွာ ဝင်သွားသော်လည်း အားလုံး ဤကဲ့သို့ သေဆုံးသွားကြသည်။

“ဟွမ်ရော .. သူရောဘယ်လိုလဲ..” တစ်စုံတစ်ယောက်မှ အလောတကြီးမေးလိုက်သည်။

ယခုတစ်ခေါက် သူ့အတွက် ရောက်လာကြခြင်းပင်။ ထို့ကြောင့် သူ၏သေခြင်းရှင်ခြင်းမှာ အားလုံး၏စိတ်ထဲ၌ ရှိနေသည်ပင်။

“ငါတို့မှာ သူ့ဝိညာဉ်မီးအိမ်မရှိဘူးဆိုတော့ သူသေသလားရှင်သလား မသိနိုင်ဘူး .. ဒါပေမဲ့ သူသာ အဲဒီနယ်မြေထဲရှိနေရင် သူသေချာပေါက် သေမှာပဲ..”

“အရင်က သတင်းတွေအရတော့ သူ့ကိုလိုက်ရင်းနဲ့ ကျင့်ကြံသူတွေ အဲဒီနေရာကို ရောက်သွားတာလို့ ပြောတယ် .. အဲဒီတော့ သူလည်း အဲဒီနယ်မြေမှာ ရှိလောက်တယ်..”

အားလုံး တိတ်ဆိတ်သွားကြ၏။ ဤသည်မှာ ဟွမ်သေဆုံးသွားပြီဟု ဆိုလိုခြင်းပင်။

“သစ်သားသေတ္တာရော.. ဒါက အရေးအကြီးဆုံးပဲ..” ငွေရောင်ဆံပင်နှင့် အကြီးအကဲ မေးလိုက်သည်။

ရှီဟောင် သေသေရှင်ရှင် ထိုသေတ္တာကို တွေ့ရမည်။ မဟုတ်လျှင် သူတို့လူအများကြီးလွတ်လိုက်သည်မှာ အလကားသက်သက်ဖြစ်သွားလိမ့်မည်။

သူတို့အလွန်စိုးရိမ်နေကြသည်။ ထိုရှေးဟောင်းသားရဲ ဟစ်ကြွေးလိုက်ပြီးနောက် ဘာများ ကျန်ခဲ့သေးသနည်း..

ကျင့်ကြံသူများအားလုံး အုတ်ဂူပင်မရှိပဲ သေဆုံးသွားခဲ့ကြသောကြောင့် ထိုသေတ္တာရှိပါဦးမလား..

“အဲဒီသေတ္တာက သေချာပေါက် ပျက်စီးမှာမဟုတ်ဘူး .. မဟုတ်ရင် မြေအောက်မှာ နှစ်ပေါင်းများစွာ မြှုပ်နှံခံရကတည်းက ပျက်စီးသွားမှာပေါ့ .. သေချာပေါက် တောအုပ်ထဲမှာပဲ ရှိသေးတယ် .. ဒီနေရာတစ်ခုလုံးကိုရှာ .. အဲဒီသေတ္တာကို တွေ့ရမယ်..” ခေါင်းဆောင်မှ ဟစ်ကြွေးလိုက်သည်။

အန်းလန်နှင့် ရှုထော်ထံမှ ရောက်လာသည့် အမိန့်စာတစ်ဆောင်ရှိနေသောကြောင့် သူ အလွန်စိတ်မရှည်ဖြစ်နေသည်။ ဤမစ်ရှင်မှာ အလွန်အရေးကြီးသည်။

“တွေ့ကိုတွေ့ရမယ်..” ကောင်းကင်ထက်၌ ထိုင်နေသည့် အဆင့်လွန်သက်ရှိများပင် ဤကဲ့သို့ ပြောလာသည်။ သူတို့၏အသံမှာ ခိုင်မာလှပြီး ဤသည်မှာ အားလုံးကို အထဲဝင်ပြီး သူတို့အသက်ကိုစွန့်စား၍ သွားရှာရန် အမိန့်ပေးလိုက်သည်နှင့် အတူတူပင်။

ခဏကြာပြီးနောက် တပ်သားများစွာသည် အဖွဲ့ပေါင်းများစွာခွဲကာ ဝင်သွားကြသည်။ အထဲရောက်သည်နှင့် သူတို့ လူခွဲကာ ပိုက်စိပ်တိုက်ရှာဖွေကြတော့သည်။

“တွေ့ပြီ..”

အချိန်အတော်ကြာပြီးနောက် ခပ်ဝေးဝေးမှ အသံတစ်သံ ထွက်ပေါ်လာကာ ကောင်းကင်သားရဲတောအုပ်အနားတွင်ရှိနေသည့်သူများအားလုံး တုန်လှုပ်သွားရသည်။ နောက်ဆုံးတော့ အဖြေတစ်ခု ရလာလေပြီ.. ဤသည်မှာ သူတို့ကို ပျော်ရွှင်ကာ စိတ်လှုပ်ရှားစေသည်ပင်။

“ဟိုးမှာ .. သေတ္တာယူလာခဲ့..” အကြီးအကဲများစွာ ဟစ်ကြွေးလိုက်သည်။ သူတို့၏ပထမဆုံးအတွေးမှာ သစ်သားသေတ္တာကို ယူရန်ပင်။ အခြားဘာမှအရေးမကြီး။

“မဟုတ်ဘူး .. ကျွန်တော်တို့တွေ့တာ ဟွမ်.. သူ အသက်ရှင်လျက်ရှိနေသေးတယ် .. မသေသေးဘူး..” တောအုပ်ထဲမှ သတင်းပို့သည့်သူ အလျင်အမြန် ပြောလာသည်။

“ဘာ..” အကြီးအကဲအုပ်စု ဆွံ့အသွားရသည်။

အခြားသူများမှာ ထိတ်လန့်သွားကြကာ မယုံကြည်နိုင်သည့်အမူအရာများ ဖြစ်သွားကြသည်။ ဤသတင်းမှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။ အစောပိုင်းက ကပ်ဆိုးကြီးဖြစ်သွားတာလေ ဟွမ်က ဘယ်လိုလုပ် အသက်ရှင်နေတာလဲ..

“ဒီမိစ္ဆာကောင်ကတော့..” ရုတ်တရက် တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများပင် နီရဲလာသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ကျင့်ကြံသူ တစ်ရာကျော် သေဆုံးခဲ့ရသည်ပင်။ ဤလူများသည် ဟွမ်နောက်လိုက်သွားခြင်းဖြစ်သော်လည်း အဆုံး၌ ဤလူများ သေဆုံးသွားကာ ဟွမ်က အသက်ရှင်နေသည်တဲ့လား..

ဤသည်မှာ အားလုံးကို ဒေါသထွက်စေသည်ပင်။

အထူးသဖြင့် သေဆုံးသွားသည့်သူနှင့် ဆက်စပ်နေသည့်ကလန်များပင်။ ဤလူများ၏ သေဆုံးမှုမှာ မတန်ဘူးဟု သူတို့ခံစားလိုက်ရသည်။

ဟွမ်ကို သတ်ရန်အတွက်နှင့် ကျွမ်းကျင်သူတစ်စု ကပ်ဆိုးကြီးကြုံခဲ့ရကာ ရှေးဟောင်းသားရဲ၏ အော်သံအောက် အသက်ပျောက်ခဲ့ကြသည်။ သို့သော်လည်း အဓိကဇာတ်ကောင်ကတော့ အဆင်ပြေနေဆဲပင်။

ဤသည်မှာ လူများစွာ၏မျက်လုံးကို နီရဲလာစေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားသည်။

“လက်စားချေ .. ဟွမ်ကိုသတ်..”

“ငါဒီခွေးကောင်လေးကို သတ်ချင်တယ် .. ငါ တစ်ခါမှ ဒီလောက်‌ စိတ်မတိုဖူးဘူး .. ငါတို့ဘယ်တုန်းက ဒီလိုမျိုး စော်ကားခံခဲ့ရလို့လဲ .. ကျင့်ကြံသူ အယောက်တစ်ရာကျော်သေသွားခဲ့တာ..”

“သတ် .. သူ့ခေါင်းကိုဖြတ်ပြီး သူ့ဝိညာဉ်ကို ဖမ်းထားလိုက် .. သူ့ကို အသက်ရှင်နေရတာထက် သေချင်စိတ်ပေါက်အောင်လုပ်လိုက်..”

ယခုအချိန်တွင် အချို့လူများမှာ သေတ္တာကို ယာယီမေ့သွားကြပြီး ဟွမ်ကိုသာ ရှင်းပစ်ချင်ကြတော့သည်။ သူ့အလောင်းကို အပိုင်းပိုင်းလုပ်ပစ်ချင်နေကြသည်အထိပင်။

အချို့လူများမှာတော့ ခေါင်းအေးအေးထားကာ ဟွမ် အဘယ်ကြောင့် အသက်ရှင်နိုင်ခဲ့သည်ကို စဉ်းစားနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မဖြစ်နိုင်။ လုံးဝကို မှော်ဆန်နေသည်ပင်။

သူက လူငယ်ကျင့်ကြံသူတစ်ယောက်ပဲကို ဘယ်လိုလုပ်ပြီး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူထက် အားကြီးနိုင်မှာလဲ … သူဘယ်လိုလုပ် ဖြတ်ကျော်နိုင်တာလဲ..

“သတိထား .. နောက်ထပ် အဖြစ်ဆိုးတစ်ခု ဖြစ်လာအောင် မလုပ်နဲ့..” တစ်စုံတစ်ယောက်မှ အားလုံးကို အော်ဟစ်သတိပေးလိုက်သည်။

အစောပိုင်းမှ အဖြစ်အပျက်မှာ ဆိုးရွားလှသည်။ သူတို့ပြန်ရောက်သွားသည့်အချိန်ကျလျှင် ထိုကလန်များကို မည်ကဲ့သို့ ရှင်းပြရတော့မည်နည်း..

“စိတ်မပူနဲ့ … ဒီတစ်ခေါက်တော့ မမျှော်လင့်ထားတာတွေ ဖြစ်တော့မှာမဟုတ်ဘူး .. ငါတို့ သူ့နေရာအတိအကျကိုသိပြီ .. အဲဒီကောင်က ညှိုးခြောက်ပြီး သေနေတဲ့အပင်အောက်မှာ ထိုင်ပြီးတော့ ကျင့်ကြံနေတာ..” တစ်စုံတစ်ယောက်မှ အံကြိတ်၍ ပြောလိုက်သည်။ “သူပြေးမလွတ်တော့ဘူး..” ထိုလူ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

“ဒီတစ်ခေါက် သူ့အတောင်ပံတွေကို ဖိထားလိုက်ပြီ .. သူထွက်ပြေးနိုင်မှာမဟုတ်တော့ဘူး .. ငါတို့ သူ့ကို နောက်ထပ်အခွင့်အရေး ထပ်ပေးမှာမဟုတ်ဘူး .. အဲဒီနေရာကို အရင်ဝိုင်းလိုက် .. ပြီးရင် ငါတို့အတူတူလှုပ်ရှားပြီး သူ့ကိုသတ်မယ်..”

“သူ သေချာပေါက် သေရမယ် .. ထာဝရသက်ရှိတောင် သူ့ကို ကယ်နိုင်မှာမဟုတ်ဘူး..”

လူတစ်စု ဒေါသတကြီး ဟစ်ကြွေးနေကြပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။

“ဒီတစ်ခေါက် မမျှော်လင့်ထားတာတွေ မဖြစ်ဖို့ မျှော်လင့်တယ် .. ကျွမ်းကျင်သူတွေအများကြီး ထပ်သေသွားရင် ဒါက ကပ်ဆိုးကြီးတစ်ခု ဖြစ်သွားလိမ့်မယ် .. ဒီဖြစ်ရပ်ဆိုးကြီး ထပ်ဖြစ်လို့မဖြစ်ဘူး..” အကြီးအကဲတစ်ဦးမှ လေးနက်စွာ ပြောလိုက်သည်။

“မဖြစ်တော့ပါဘူး .. သူ သေချာပေါက် အဆုံးသတ်ပြီ .. ဟွမ်က ကျွန်တော်တို့ကို ဒေါသထွက်အောင်လုပ်လိုက်မှတော့ သူ အသက်ရှင်နေရတာထက် သေပါရစေလို့ ဆုတောင်းလာအောင် လုပ်လိုက်မှာ..” တစ်စုံတစ်ယောက်မှ ဟစ်ကြွေးလိုက်သည်။

အပိုင်း ၁၇၁၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၄ – တစ်ဖက်လောက၏ ဒုတိယအကြိမ် ဖြစ်ရပ်ဆိုး

သို့သော်လည်း အလေးနက်ဆုံး အကြီးအကဲမှာ မျက်မှောင်ကြုတ်နေဆဲပင်။ ထိုကျင့်ကြံသူများ၏ သေဆုံးမှုမှာ ဟွမ်နှင့် ဆက်စပ်နေလိမ့်မည်ဟု သူခံစားနေရသည်။

သို့သော်လည်း သူ့ထံ၌ သက်သေမရှိ။ ဟွမ် ထိုရှေးဟောင်းသားရဲကြီးကို အမိန့်ပေးနိုင်လိမ့်မည်ဟု မည်သူမှ မထင်။ ဤသည်မှာ လုံးဝမဖြစ်နိုင်သည့်ကိစ္စပင်။

“မင်းတို့အားလုံး သတိထားကြ..” ထိုအကြီးအကဲမှ အလွန်အလေးအနက် သတိပေးလိုက်သည်။ သူသည် စစ်တပ်၏တပ်မှုးတစ်ဦးဖြစ်ပြီး အလွန်ဂုဏ်သိက္ခာကြီးမားသည်။ ဤနေရာရှိလူများမှာ သူ့အမြင်ကို အလွန်အလေးထားကြသည်ပင်။

”စိတ်မပူပါနဲ့ .. ကျွန်တော်တို့ သူ့ကို ဝိုင်းပြီးတာနဲ့ ချက်ချင်းလှုပ်ရှားမှာပါ .. သူ့ကို အခွင့်အရေးနည်းနည်းမှ ပေးမှာ မဟုတ်ဘူး..”

“စီနီယာ … စိတ်မပူပါနဲ့ .. ကျွန်တော်တို့အတူတူ လှုပ်ရှားမှာပါ .. သူ့ကိုလိုမျိုးကောင်က ကောင်းကင်ဆန္ဒကို ဆန့်ကျင်နိုင်မှာလား..”

ထိုလူအုပ်ကြီးမှာ ဒေါသတကြီးဖြင့်ပင် ကောင်းကင်သားရဲတောအုပ်ထဲသို့ ဝင်သွားကြသည်။ သူတို့ ဟွမ်အား မြန်မြန်သတ်ချင်နေလေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ဆုံးရှုံးမှုများ များနေပြီဖြစ်သော်လည်း ယခုအချိန်ထိ လိုချင်သည့်ရလဒ်မရသေး။

“လာခဲ့ .. ဟွမ် .. ငါမင်းကို သတ်ချင်နေတာ .. နောက်ဆုံးတော့ ငါမင်းနဲ့တွေ့ရတော့မယ် .. ငါကိုယ်တိုင် မင်းလည်ပင်းကို လိမ်ချိုးပစ်မယ်..” ကြံ့ခိုင်သည့်အမျိုးသားတစ်ဦးမှ ရေရွတ်လိုက်သည်။ သူ အလွန်စိတ်လှုပ်ရှားနေသည်ပင်။

“အဲဒီလူတွေက အရမ်းကံဆိုးသွားတာ .. သူတို့ ရှေးဟောင်းသားရဲကြီးရဲ့ အော်သံနဲ့တွေ့ပြီးတော့ အရှင်းခံလိုက်ရတယ် .. ငါတို့ဟွမ်နဲ့တွေ့မယ့်အချိန်ကို စောင့်နေလိုက် .. ငါတို့ အဲဒီဝိညာဉ်တွေအတွက် ဟွမ်ကို ယဇ်ပူဇော်ပေးမယ်..”

လူများစွာမှာ အလွန်ယုံကြည်ချက်ပြင်းပြနေကြသည်။ သူတို့၏ ကောင်းကင်သားရဲတောအုပ်ခရီးစဉ် အဆုံးသတ်ရမည့်အချိန်ဟု ခံစားနေကြရသည်။ သူတို့ဟွမ်ကို သတ်ပြီး ဤမစ်ရှင်ကို အဆုံးသတ်တော့မည်။

ဤလူများမှာ အလွန်လျင်မြန်လှသည်။ သူတို့ ဤတိတ်ဆိတ်နေသည့်နေရာကို ဝိုင်းလာပြီး တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လိုက်ကြသည်။

ဤနေရာ၌ အပင်များစိမ်းစိုနေသည်ကို တွေ့ရလိမ့်မည်။ အထူးသဖြင့် အရှေ့ဘက်မှ တောင်ကြောပင်။ ထိုနေရာ၌ အပင်များ စိမ်းစိုနေပြီး အစိမ်းရောင်အလင်းတန်းများပင် တောက်ပနေကာ အသက်စွမ်းအင်များလည်းများပြားလှသည်။

သို့သော် တောင်ကြောအတွင်းပိုင်းမှာ ထိုကဲ့သို့မဟုတ်။ ညှိုးခြောက်နေသည့် အနက်ရောင်ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ရှိနေသည်။ ထိုသစ်ပင်သေနေမည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီမှန်းပင်မသိ။

သို့သော် ထိုအပင်ကို မြုခိုးအချို့ ဝန်းရံထားကာ အလွန်မှုန်ဝါးနေသည်။

ထိုအပင်အောက်၌ လူငယ်တစ်ဦးထိုင်နေကာ ထူးဆန်းသည့်တာအိုစွမ်းအင်တစ်မျိုးအား ထုတ်လွှတ်နေသည်ကို တွေ့ရမည်ပင်။ သူသည်တစ်ခုခုကို လေ့လာနေသလိုပင်။

“ငါ သူ့ကို အရှင်လတ်လတ်အရေခွံဆုတ်ချင်တယ်..” တစ်စုံတစ်ယောက်မှ အံကြိတ်၍ ပြောလိုက်သည်။

“ဒီခွေးကောင် .. သူက ငါတို့ကို အထင်သေးတာလား.. ဒါမှမဟုတ် သူက သေခြင်းနဲ့ရှင်ခြင်းကြားကို တကယ်မသိတာလား .. ဒီလိုနေရာမျိုးမှာတောင် သီးသန့်ကျင့်ကြံရဲနေတယ်ဆိုတော့ .. သောက်ရူးပဲ..” အချို့လူများမှာ ဒေါသတကြီးပင် ကျိန်ဆဲနေလေသည်။

အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်သူအုပ်စုများစွာ ကောင်းကင်သားရဲတောအုပ်တစ်ခွင့် လှည့်ပတ်သွားလာပြီး သူ့အားရှာနေသည့်အချိန် သူက သစ်ပင်အောက်၌ အပူအပင်မရှိ အေးအေးချမ်းချမ်းပင် ကျင့်ကြံနေသေးသည်။

ယခင်ကသာဆိုလျှင် သူတို့ မျက်ရည်ကျသည်အထိ ရယ်မောနေမည်ဖြစ်ပြီး သူ့ကို ကောင်းကင်နှင့်မြေကြီး၏ အတိမ်အနက်ကိုမသိသည့်သူဟု လှောင်ပြောင်ရယ်မောကြမည်ပင်။

သို့သော်လည်း ယခုတော့ လှောင်ရယ်ချင်စိတ်မရှိတော့။ ကျင့်ကြံသူများစွာ သေထားသည့်အပြင် ဟွမ်က ဤနေရာ၌ တည်ငြိမ်စွာဖြင့်ပင် တာအိုလေ့လာခြင်းအား အာရုံစိုက်ထားသောကြောင့် သူတို့စိတ်ရှုပ်လာရသလို သူတို့ စော်ကားခံနေရသည်ဟုလည်း ခံစားလာရသည်။

ရှီဟောင်သည် တကယ်ကို အလွန်တည်ငြိမ်စွာဖြင့် ထိုနေရာ၌ ထိုင်နေသည်ပင်။ လူများစွာ ရောက်လာသော်လည်း သူနိုးမလာသေး။ သူ တကယ်ကို ရဲတင်းနေခြင်းလား .. သို့မဟုတ် သူ၏တုံ့ပြန်မှုများ အလွန်နှေးကွေးနေခြင်းလား..

ရှီဟောင် အလွန်တည်ငြိမ်နေသောကြောင့် ဤလူအုပ်ကြီး အလွန်စိတ်လှုပ်ရှာလာရသည်။

သူတို့ ရှီဟောင်ကို အပြစ်တင်၍မရ။ အဘယ်ကြောင့်ဆိုသော် သူအလွန်ထူးဆန်းသည့်အခြေအနေ၌ ရောက်ရှိနေသည်ပင်။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသလို အလွန်လည်း ဆန်းကြယ်လှသည်ပင်။ သူ လက်ရှိဘဝသို့ ချက်ချင်းပြန်မရောက်နိုင်သေး။

သို့သော် သူကြောက်လည်းမကြောက်။ သူ သေချာတွေးထားပြီးဖြစ်သည်။ ဤရှေးဟောင်းသစ်ပင်အောက်၌ လုံခြုံသည်။ တစ်ယောက်ယောက် သတ်ဖြတ်သည့်အငွေ့အသက်ထုတ်လွှတ်ရဲသည်နှင့် ထိုသူ ဆိုးရွားစွာ အဆုံးသတ်သွားလိမ့်မည်။

“ဟား ဟား .. ဒီအရူး .. သူက တစ်နေရာတည်းမှာနေပြီး အဆင့်တက်ဖို့ ဆုံးဖြတ်ရဲတယ်ပေါ့ .. သူတော့ လုံးဝကိုသွားပြီပဲ..”

“သူ သေတော့မှာ အရူး..”

ဤလူများ ရယ်မောလိုက်သည်။ အများစုမှာ တောင်ကြောကို ပတ်လည်ဝိုင်းထားကြသည်ပင်။ သူတို့ ကျောက်တုံးကြီးပေါ်၊ တောင်မြင့်ပေါ်၊ နေရာတိုင်း၌ ရှိနေသည်ပင်။ လူအရေအတွက်မှာ ရေတွက်၍ပင် မရနိုင်တော့။

ယခုတစ်ခေါက် စစ်တပ်ကြီးတစ်ခုလုံး ရောက်လာသောကြောင့် အားလုံးမှာ အကြီးအကဲများမဟုတ်။

သို့သော် လူပေါင်းရှစ်ထောင်ထဲတွင် အကြီးအကဲများစွာ ပါဝင်နေသည်ပင်။ ရှီဟောင် ထွက်ပြေးသွားမည်ကို တားဆီးနိုင်ရန်အတွက် ဤနေရာကို စောင့်ကြည့်နေသည့် အကြီးအကဲများ ရှိနေသည်ပင်။ သူတို့ ရှီဟောင်ကို အခွင့်အရေး နည်းနည်းလေးမှ မပေးချင်။

အခြားသူများမှာ သူ့အား ရှာဖွေရန် လွှတ်လိုက်သည့်သူများပင်။

အမ်..

ရုတ်တရက် မျက်လုံးလျှင်သည့်သူတစ်ယောက်‌ သွေးအိုင်ထဲလဲနေသည့် ရွှေရောင်ခြင်္သေ့ကို သတိပြုမိသွားသည်။ သူ့ကို ချိတ်ပိတ်ထားခြင်းမရှိသော်လည်း ယခုအချိန်တွင် သူမလှုပ်ရှားနိုင်တော့။ သွေးအိုင်ထဲ၌ လဲနေလေပြီ။ သို့သော်လည်း သူ့ကို သတိပြုမိသည့်သူများ ရှိနေဆဲပင်။

“အဲဒါက အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့က အမွေဆက်ခံသူမဟုတ်ဘူးလား..” အချို့လူများ ထိတ်လန့်သွားရသည်။ ဤခြင်္သေ့အမှာ အလွန်အထင်ကြီးစရာကောင်းလှပြီး လူငယ်များကြား နာမည်ကြီးသည့်သူပင်။

သူ အသက်ရှင်လျက်ဖမ်းခံထားရပြီး အလွန်အရှက်စရာအကောင်းသည့် ပုံစံဖြင့် ဤနေရာ၌ ဖိနှိပ်ခံထားရသည်ပင်။ သူသည် သွေးအိုင်ထဲ၌ ဒူးတစ်ဝက်ထောက်ပြီး ရှီဟောင်အား မျက်နှာမူနေသည်ပင်။

“ဒီခြင်္သေ့က အရမ်းအားကောင်းတယ် .. အဲဒါတောင်မှ သူက ဟွမ်ဖမ်းတာ ခံလိုက်ရတယ် .. အခုတော့ အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့ သွေးမျိုးဆက်ကို ရှင်းပြရခက်တော့မယ်..”

“ဒါက တကယ်ကို ရှက်ဖို့ကောင်းတာပဲ .. ရွှေရောင်ခြင်္သေ့က အမြဲတမ်းမောက်မာနေတာ .. အခုတော့ သူ ခေါင်းငုံ့ထားရပြီးတော့ သွေးအိုင်ထဲမှာ မြှုပ်နေပြီ…” တစ်စုံတစ်ယောက်မှ ဒေါသတကြီး ပြောလိုက်သည်။

ရွှေရောင်ခြင်္သေ့ အားလုံးကိုတွေ့နေရသည်ပင်။ သူအလွန်စိုးရိမ်နေသော်လည်း ဤလူများနှင့် မဆက်သွယ်နိုင်။ အဘယ်ကြောင့်ဆိုသော် သူချိတ်ပိတ်ခံထားရသည်ပင်။

သူ သီးသန့်ကျင့်ကြံနေစဉ် အလွန်လေးနက်သည့်အဆင့်သို့ ရောက်သွားမည်စိုးသောကြောင့် သူမကျင့်ကြံမှီကတည်းက ရွှေရောင်ခြင်္သေ့၏ အသွေးအသားနှင့် ဝိညာဉ်ကို ချိတ်ပိတ်ခဲ့ခြင်းပင်။

ရွှေရောင်ခြင်္သေ့မှာ အလွန်စိုးရိမ်နေလေပြီ။ ဤနေရာ၌ မတိုက်ခိုက်ရန်နှင့် တိုက်ခိုက်ပါက ကပ်ဆိုးများ ဖြစ်လာမည်ဖြစ်ကြောင်း သူ အားလုံးကို အော်ဟစ်သတိပေးလိုက်ချင်သည်။

ဤနေရာ၌တိုက်ခိုက်ပါက သေချာပေါက် သေဆုံးရမည်ဟု ဟွမ်ပြောသည်ကို သူကြားဖူးသည်။ အစောပိုင်း၌ သူတိုက်ခိုက်သည်ကို ရှီဟောင်ကိုယ်တိုင် ချေဖျက်လိုက်ကာ သူ့အသက်ကို ကယ်လိုက်ခြင်းပင်။

“ဟွမ် ထတော့ .. မင်းခေါင်းကို ဖြတ်မယ့်သူတွေ လာနေပြီ..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ သူသည် အမှောင်ထုထဲမှ လမ်းလျှောက်ထွက်လာပြီး နှာခေါင်းရှုံ့နေသည်။

“နောက်ဆုတ်..” အကြီးအကဲတစ်ဦး သူ့အား အသံတိတ်ဆူပူလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အချို့လူများသည် တပ်မှူးအကြီးအကဲ၏ သတိပေးချက်ကို အမှတ်ရကာ အလွန်သတိထားနေကြသည်ပင်။ မမျှော်လင့်ထားသည့်တစ်ခုခု ဖြစ်ပျက်သွားမည်ကို သူတို့စိုးရိမ်သည်။ မည်သို့ပင်ဖြစ်စေ သေဆုံးသွားသည့်သူများစွာ ရှိနေပြီးဖြစ်သည်။

အချို့လူများမှာ အနည်းငယ် ဂကျိုးဂကြောင်ဖြစ်နေကြသည်။ သူတို့ တကယ်ကို ရှီဟောင်ကိုနိုးအောင်လုပ်ပြီး သူ့ကိုဖမ်းကာ ရိုက်နှက်စော်ကားပြီး သတ်ပစ်ချင်နေကြသည်ပင်။

သို့သော် ယခုတော့ အကြီးအကဲများက သူတို့အား အလျင်စလိုမလုပ်ရန် သတိပေးနေကြသည်။

“အဲဒီသေတ္တာက သူ့ခြေထောက်အောက်မှာ..” တစ်စုံတစ်ဦးမှ ပြောလိုက်သည်။

“အဲဒါပဲ .. နောက်ဆုံးတော့ ငါတို့တွေ့ပြီ..”

“စီနီယာ .. ကျွန်တော်တို့ အရမ်းကို သတိထားနေတာမဟုတ်ဘူးလား .. ဟွမ်က တာအိုလေ့လာတဲ့အခြေအနေထဲရောက်နေတာ .. ကျွန်တော်တို့ သူ့ကို လွယ်လွယ်လေးသတ်လိုက်လို့ရတာကို ဘာတွေ စောင့်နေတာလဲ.. ကျွန်တော့်ကို သွားခွင့်ပေးပါ .. ကျွန်တော် သူ့ခေါင်းကိုဖြတ်ပြီး အဲဒီသေတ္တာကို ပြန်ယူလာပေးမယ်..” တစ်စုံတစ်ဦးမှ ပြောလိုက်သည်။

“မရဘူး ..”

“မင်း လက်လွတ်စပယ်လုပ်လို့မရဘူး..”

ခေါင်းဆောင်များမှာ ငြင်းဆန်နေဆဲပင်။

လူအများစုမှ ဖိနှိပ်ချုပ်ချယ်ခံနေရသည်ဟု ခံစားလာရသည်။ ဟွမ် သူတို့မျက်စိရှေ့၌ ထိုင်နေသော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်နေရသည်။ ဤလူအိုကြီးများမှာ သတိကြီးလွန်းနေသည်ဟု သူတို့အားလုံး ခံစားလာရသည်။

ခပ်ဝေးဝေးတင်ရှိနေသည့် ရွှေရောင်ခြင်္သေ့ သက်မချလိုက်သည်။ အကြီးအကဲများမှာ တကယ်ကို ခေါင်းအေးအေးထားနိုင်သည်ဟု သူခံစားလိုက်ရသည်။ ဤကဲ့သို့သော မလွဲမသွေအောင်မြင်မှုရရှိနိုင်သည့်အခြေအနေ ဖြစ်နေသော်လည်း သူတို့တည်ငြိမ်နိုင်သေးသည်။ တကယ်ကို လေးစားထိုက်သည်ပင်။

“ဟွမ်က ငယ်သေးပြီး သူ့ကျင့်ကြံဆင့်က ငါတို့လောက် မမြင့်ဘူးဆိုပေမယ့် သူ ဒီနေ့ထိ အသက်ရှင်လာတာ အကြောင်းရှိတယ် .. ပြီးတော့ အစောပိုင်းက ကျင့်ကြံသူအုပ်စု သေသွားတာ သူနဲ့ပတ်သက်နေမယ်လို့ ငါထင်တယ် .. သူ့မှာ ရှေးဟောင်းသားရဲကြီး လှုပ်ရှားနိုင်အောင်လုပ်မယ့် နည်းလမ်းရှိနေလောက်တယ်..” တပ်မှူးမှ ပြောလိုက်သည်။

ရွှေရောင်ခြင်္သေ့ လေးစားစွာ သက်မချလိုက်သည်။ ဤခေါင်းဆောင်များမှာ တကယ်ကို စဉ်းစားတွေးခေါ်နိုင်ကြသည်။

သို့သော် ခဏကြာပြီးနောက် ရွှေရောင်ခြင်္သေ့ ထိတ်လန့်လာကာ အလွန်စိုးရိမ်လာသည်။ သူ၏မျက်နှာပင် ဖြူဖျော့လာသည်အထိပင်။

အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲများ ချလိုက်သည့်ဆုံးဖြတ်ချက်မှာ သူ့အားအလွန်ထိတ်လန့်သွားစေသည်ပင်။

“အဲဒါကြောင့် ငါတို့သူ့ကို အလေးအနက်ရင်ဆိုင်ရမယ် .. ငါတို့အားလုံး အတူတူလှုပ်ရှားပြီး သူ့ကို သတ်ရမယ် .. သူ အဲဒီရှေးဟောင်းသားရဲကိုခေါ်ဖို့ အခွင့်အရေးတစ်ခုတောင် ပေးလို့မရဘူး..”

ဤသည်မှာ ခေါင်းဆောင်တစ်ဦး ပြောလိုက်သည့်စကားပင်။

“စီနီယာ .. ဒါက သတိကြီးလွန်းနေတာ မဟုတ်ဘူးလား .. သူက ဟွမ်တစ်ယောက်တည်းပဲလေ .. ကျွန်တော်တစ်ယောက်တည်းသွားရင်တောင် သူ့ကို သတ်နိုင်တယ် .. ပြီးတော့ ကျွန်တော်တို့ ဒီလိုမျိုးစကားတွေ အများကြီး ပြောနေတဲ့အချိန်မှာ ကျွန်တော် ဟွမ်ကို အကြိမ်ပေါင်းများစွာ သတ်ပြီးနေလောက်ပြီ..” တစ်စုံတစ်ယောက်မှ မကျေမနပ်ပြောလာသည်။

ထိုစကားကြားသည်နှင့် သစ်ပင်ခြောက်အောက်ရှိ ရွှေရောင်ခြင်္သေ့မှာ ခေါင်းခေါင်းညိမ့်ပြလိုက်ချင်သည်။ သူတို့အားလုံး အတူတူမတိုက်ခိုက်ကြဖို့ ဆုတောင်းနေမိသည်အထိပင်။

“ငါတို့ သေချာပေါက်ကို ဂရုစိုက်ရမယ် .. ဒီဟွမ်က ဒီလောက်မရိုးရှင်းဘူး .. သူ ငါတို့ကို ငါးစာချဖို့ တမင်သက်သက်လုပ်နေတယ်လို့ ငါခံစားရတယ် .. ဘယ်သူသိနိုင်မလဲ .. အရှေ့ဘက်မှာ အရမ်းအန္တရာယ်များတာလဲဖြစ်နိုင်တယ် .. မင်းတို့တစ်ယောက်မှ သွားခွင့်မရှိဘူး .. ငါတို့ အဲဒီခြင်္သေ့ကိုလည်း သွားမကယ်ဘူး .. ငါအချက်ပြတဲ့အချိန် မင်းတို့အားလုံး တိုက်ခိုက်ကြ.. သူ့ကို ပေါက်ကွဲသွားအောင်လုပ်လိုက် ..သူ အသက်ရှင်နိုင်လိမ့်မယ်လို့ ငါမယုံဘူး ..အဲဒီမှာ အစီအရင်တွေ ရှိရင်တောင် ငါတို့အတွက် မလုံလောက်သေးဘူး .. ငါတို့ကို အန္တရာယ်ပေးဖို့ မလုံလောက်သေးဘူး..” အကြီးအကဲတစ်ဦး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပြီလေ .. ငါတို့သူ့ကို လွယ်လွယ်နဲ့ သွားခွင့်ပေးရတော့မယ်ထင်တယ် .. အစက သူ့ကို အကျဉ်းသားတစ်ယောက်အဖြစ်နဲ့ အနိုင်ကျင့်ချင်တာ..” ကြံ့ခိုင်သည့်အမျိုးသားတစ်ဦးမှ ပြောလိုက်သည်။

ထို့နောက် လူများစွာ၏ ခန္ဓာကိုယ် တောက်ပလာကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူတို့အားလုံး ဘိုးဘေးပညာများအား အသက်သွင်းလိုက်သည်ပင်။

သို့သော် အနောက်ဆုံးမှ လူများ မတိုက်ခိုက်ကြ။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်ရန်မလိုဟု သူတို့ခံစားရသောကြောင့်ပင်။ အကြီးအကဲများ တိုက်ခိုက်သောကြောင့် လုံလောက်ပြီဖြစ်သည်။ ဟွမ်သေချာပေါက် သေဆုံ့းလိမ့်မည်။ သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ဖျက်ဆီးခံရလိမ့်မည်။

“တိုက်..” ဆံပင်ဖြူနှင့် အကြီးအကဲမှ ကျယ်လောင်စွာ အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။

ဝုန်း…

အလင်းတန်းများစွာ ထွက်ပေါ်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ စီးဆင်းသွားသည်။ ဤသည်မှာ စွမ်းအားအကြီးဆုံး ဘိုးဘေးပညာပင်။ သူတို့အားလုံး ဟွမ်အား တစ်ချက်တည်းဖြင့် သတ်ပစ်လိုခြင်းပင်။

သူတို့၏ ဘိုးဘေးပညာများ ပြသခြင်းမှ ထွက်ပေါ်လာသည့်ရလဒ်မှာ အလွန်ခမ်းနားလှသည်။ နတ်ခွန်အားလှိုင်းများ ပြင်းထန်လှကာ ဤသည်မှာ လှိုင်းလုံးကြီးများ တက်လိုက်ကျလိုက်ဖြစ်နေသကဲ့သို့ပင်။

သို့သော် ထွက်လာသည့်ရလဒ်မှာ အားလုံးထင်ထားသည့်ထက် ကျော်လွန်နေကာ သူတို့ကို မယုံမကြည်နိုင်ဖြစ်စေသည်။ သူတို့မျက်ဆံများ ကျုံ့သွားပြီးနောက် လျင်မြန်စွာပင် ကြီးမားလှသည်။

အဘယ်ကြောင့်ဆိုသော် သစ်ပင်ခြောက်ကြီးသည် ပြိုင်ဘက်ကင်းသည့် နတ်ဆိုးဘုရင်ကဲ့သို့ မရေမတွက် အကိုင်းအခက်များ ထွက်ပေါ်လာသည်။ ထိုအကိုင်းအခက်များသည် မည်းနက်နေကာ သူတို့၏ ဘိုးဘေးပညာအလင်းများကို ပျက်ပြယ်စေပြီး သူတို့ကို ထိုးဖောက်လာသည်။

ဖူး ဖူး ဖူးး..

ကောင်းကင်တစ်ခုလုံး သွေးအလင်းတန်းများ ပြည့်နှက်သွားပြီး ဤနေရာသည်လည်း ငရဲပြည်ကဲ့သို့ ကြောက်စရာကောင်းလှသည်။

အား..

သနားစဖွယ်အော်သံများလည်း တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်လာသည်။ ဤနေရာကို စောင့်ကြည့်နေကြသောကြောင့် လှုပ်ရှားမှုတစ်ခုခုဖြစ်လျှင် သူတို့သတိထားမိသွားမည်ပင်။

“မကောင်းတော့ဘူး .. ဘာဖြစ်တာလဲ..” တောအုပ်အပြင်ဘက်မှ အရေးကြီးသည့်ပုဂ္ဂိုလ်များ၏ အမူအရာမျာ ချက်ချင်းပြောင်းလဲသွားသည်။ အခြေအနေအရမ်းဆိုးနေပြီဟု သူတို့ခံစားလိုက်ရသည်ပင်။

ဝုန်း..

ထို့နောက် သူတို့ ကောင်းကင်ထက်၌ သွေးအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး နီရဲသွားသည်ကို မြင်လိုက်ရသည်။

“တကယ် တစ်ခုခုဖြစ်နေတာများလား .. အဲဒီအဖြစ်အပျက်ဆိုးကြီး .. နောက်တစ်ခေါက် ထပ်ဖြစ်နေတာလား..” တပ်မှူးအသံမှာ တုန်ယင်လာပြီး မျက်နှာလည်း ဖြူဖျော့နေပြီး ထိုနေရာသို့ ထိတ်လန့်စွာ ကြည့်လိုက်လေ၏။

အခြားသူများ၏ အမူအရာများလည်း အလွန်ရုပ်ဆိုးနေလေပြီ။ သူတို့၏ ရင်ဘတ်များမှာ ပြင်းထန်စွာပင် နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး အသက်ရှူသံများလည်း ကြမ်းတမ်းနေသည်။ သူတို့အားလုံး ကောင်းကင်သားရဲတောအုပ် အတွင်းနက်ပိုင်းသို့ ကြည့်လိုက်ကြသည်။

အပိုင်း ၁၇၁၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၅ – တစ်ကိုယ်တော် ဗုဒ္ဓပုံစံ ရှစ်မျိုး

ထိုအခိုက်အတန့် အားလုံးချွေးစေပြန်လာကာ ခန္ဓာကိုယ်များ အေးစက်သွားရသည်။ ကိစ္စများမှာ အလွန်ဆိုးရွားနေပြီဖြစ်ကြောင်း သူတို့အာရုံခံမိသည်ပင်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ ဟွမ်ရှိနေသည့်နေရာပင်။ သေချာပေါက် တစ်ခုခုတော့ ဖြစ်နေလေပြီ။

“သွေးအလင်းတန်းတွေ ကောင်းကင်ထက်ကို တက်သွားတာ .. ဒါက ကပ်ဆိုးကြီးပဲ .. ပုံမှန်အားဖြင့် ဒါက ကျွမ်းကျင်သူတွေ အများကြီး တစ်ချိန်တည်းသေသွားမှ ဖြစ်လာတဲ့ပုံစံပဲ..” တစ်စုံတစ်ယောက်မှ အလွန်သဘာဝမကျသည့်အသံဖြင့် ပြောလိုက်သည်။

သူဘာမှမပြောလျှင်ပင် အားလုံး စိတ်လေးလံနေပြီးသားဖြစ်သည်။

“ဘာဖြစ်နေလဲဆိုတာ သွားကြည့်ကြည့်..” အကြီးအကဲတစ်ယောက် အမိန့်ပေးလိုက်သည်။

တကယ် တစ်ခုခုဖြစ်နေသည်ဆိုပါက အကျိုးဆက်မှာ မစဉ်းစားရဲလောက်အောင်ပင် ဖြစ်သွားလိမ့်မည်။ ဤကဲ့သို့ ထပ်ခါတလဲလဲဖြစ်နေသည်မှာ ကြောက်စရာကောင်းသည့် လက္ခဏာတစ်မျိုးများလား .. ဤနေရာနှင့်ပတ်သက်သည့်ဒဏ္ဍာရီများ ရှိခဲ့သည်ပင်။ ကောင်းကင်သားရဲတောအုပ်မှာ အလွယ်တကူခြေချ၍ရသည့်နေရာမဟုတ်ကြောင်း၊ ဆိုးရွားသည့်အရာတစ်ခုခု အလွယ်တကူဖြစ်သွားနိုင်ကြောင်း ပြောသည့် ဒဏ္ဍာရီများပင်။

သူတို့စရောက်လာစဉ်က သူတို့အလွန်ကံကောင်းနေသည်ဟု ခံစားလိုက်ရသည်။ သူတို့ စစ်တပ်တစ်တပ်လုံး အသာစီးရနေကာ သူတို့ကြောက်ရမည့်အရာတစ်ခုမှမရှိ။

ယခုတော့ ထိုကဲ့သို့မဟုတ်တော့။ ထိုနေရာမှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှသည်။ ဒဏ္ဍာရီများထက်ပင် ပို၍ ရက်စက်နေသေးသည်။

“သတင်းပို့ပါတယ် .. အခြေအနေတွေက ဆိုးနေပါပြီ .. တကယ် အဲဒီနေရာဖြစ်နေတာပါ … နေရာတိုင်းမှာ သွေးမြူတွေ ရှိနေပြီးတော့ အော်သံတွေလည်း ဆက်တိုက်ကို ထွက်နေတာ .. အဲဒီမှာတစ်ခုခုဖြစ်နေတယ်..” ခဏကြာပြီးနောက် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား သတင်းပို့လာသည်။

ဤနေရာ၌ ရှိနေသည့် ကျွမ်းကျင်သူများမှာ သွေးများ ဆောင့်တက်သွားသလို ခံစားလိုက်ရပြီး ခေါင်းကိုက်လာရသည်။ ဤသတင်းမှ ဆိုးရွားလွန်းလှသည်ပင်။

ဤကဲ့သို့သော ထူးဆန်းသည့်ကိစ္စမျိုးကို သူတို့တစ်ခါမှ မကြုံဖူး။ လူငယ်လေးတစ်ယောက်အတွက်နှင့် သူတို့ ကျင့်ကြံသူများစွာလွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုကျင့်ကြံသူများမှာ အကြောင်းပြချက်မရှိပဲ သေဆုံံးသွားခဲ့ကြရသည်။

ကိစ္စများမှာ အတော်လေးကြီးမားနေလေပြီ။ ဝင်သွားသည့်သူများမှာ ထောင်ဂဏန်းရှိသည်။ သူတို့တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ .. အားလုံးမသေသေးသော်လည်း အားလုံးနီးပါးပင်။

“အဲဒီမှာ မမျှော်လင့်ထားတဲ့ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ သေချာလား..” အကြီးအကဲမေးလိုက်သည်။ သူ၏နှုတ်ခမ်းများ တုန်ယင်နေပြီး စကားလုံးများပင် မချောမွေ့တော့။ သူ၏စိတ်ထဲ၌ ထိတ်လန့်နေသည်ပင်။ ယခုတစ်ခေါက် ဆုံးရှုံးမှုမှာ ကြီးမားလွန်းလှသည်။

“ဟုတ်ပါတယ် .. အဲဒီမှာ တစ်ခုခုဖြစ်နေပါတယ်..” သတင်းပို့သည့်သူ တိကျစွာ ပြောလာသည်။

“ဘုရားရေ .. ဘာဖြစ်နေတာလဲ .. ဘာလို့ ဒီလိုမျိုးဖြစ်နေတာလဲ .. အဲဒါက တကယ်ပဲ ဝင်လို့မရတဲ့ ကျိန်စာသင့်နေတဲ့မြေလို့တော့ ငါ့ကို မပြောနဲ့နော် ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူ့နှလုံး ကွဲကြေပြီး အဆုတ်များ တစ်စစီဖြစ်တော့မတတ်ပင် ခံစားနေရသည်။

ဤနေရာ၌ ရှိနေသည့်သူများမှာ စွမ်းအားကြီးသည့်သူများဖြစ်ပြီး စကားပြောခဲသည့်သူများပင်။ သို့သော် ယခုတော့ သူတို့စိတ်မထိန်းနိုင်တော့။ သူတို့၏ ပုံပန်းသွင်ပြင်များကိုပင် ဂရုမစိုက်နိုင်တော့ပေ။

အဘယ်ကြောင့်ဆိုသော် လွှတ်လိုက်သည့်သူများမှာ ကလန်ပေါင်းစုံမှ လူများပင်။ ယခု သူတို့ ဤကဲ့သို့ ထူးဆန်းသည့်နည်းလမ်းဖြင့် သေသွားကြသောကြောင့် ထိုကလန်မှလူများ ဤကိစ္စကို ဘယ်လိုလုပ် ဤအတိုင်းထားကြမည်နည်း..

“စီနီယာ .. ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ..”

ကျွမ်းကျင်သူတစ်စု လေဟာနယ်ထဲသို့ ဒူးထောက်ဦးညွှတ်လိုက်ပြီး ကောင်းကင်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

ထိုနေရာ၌ တစ်ဖက်လောကမှလာသည့် မူလဖရိုဖရဲမြူများ ဝန်းရံထားသည့် ပုံရိပ်များစွာ ရှိနေသည်ပင်။

ယခုအချိန်တွင် ကောင်းကင်သားရဲတောအုပ်ထဲ၌ ဘာဖြစ်နေသည်ကို သူတို့မှန်းစကြည့်၍ပင် မရတော့။ သူတို့ ထိုပုဂ္ဂိုလ်များကို လှုပ်ရှားစေချင်ကြသည်။

အဆင့်လွန်သက်ရှိတစ်ဦးသာ မျက်လုံးများပွင့်လာပြီး သက်ပြင်းချ၍ ပြောလာသည်။ “ငါတို့ အဲဒီတောအုပ်ထဲကို ဝင်ဖို့က မလွယ်ဘူး .. မင်းတို့လည်း ကောလဟာလတွေ ကြားဖူးမှာပါ .. ငါတို့ဝင်သွားတာနဲ့ ပိုပြီးတော့ အန္တရာယ်များလိမ့်မယ်..”

“ဒါပေမဲ့ အခုက ဒီလိုမျိုး ပြဿနာကြီး ဖြစ်နေပြီ..” အကြီးအကဲတစ်ဦး တီးတိုးပြောလိုက်သည်။ သူတို့ စွမ်းအားမဲ့သလို ခံစားနေရပြီး ဒုတိယအဖြစ်ဆိုးကြီး ဘာကြောင့်ပေါ်လာမှန်းပင် သူတို့မသိတော့။

ကောင်းကင်သားရဲတောအုပ် အတွင်းပိုင်းတွင်..

သစ်ပင်ခြောက်အနီးတွင် သွေးမြူများ လေထဲ၌ ပျံ့လွင့်နေသည်။ ယခုတစ်ခေါက်တွင် သေဆုံးသွားသည့်ဦးရေမှာ တကယ်ကို များပြားလှသည်။ သစ်ကိုင်းခြောက်များ တစ်ခုပြီးတစ်ခု ထွက်လာသည်မှာ လျှပ်စီးထက်ပင် လျင်မြန်လှသည်။ ထိုသစ်ကိုင်းများသည့် ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေသည်။

တိုက်ခိုက်သည့်သူများ တစ်ယောက်မှ ပြေးမလွတ်။ အားလုံး ထိုးဖောက်ခံလိုက်ရသည်ပင်။

သူတို့နားမလည်သောကြောင့် အစွမ်းကုန် ကြိုးစားရုန်းကန်နေကြပြီး တတ်နိုင်သမျှ ခုခံနေကြသည်ပင်။ သူတို့သည် စွမ်းအားအကြီးဆုံး ဘိုးဘေးပညာများဖြင့် ပြန်လည်ခုခံနေကြသောကြောင့် အချို့သူများမှာ ချက်ချင်း ပေါက်ကွဲကာ သေဆုံးသွားကြသည်။

ထိုသစ်ကိုင်းခြောက်များ အနည်းငယ် လှုပ်ခါလိုက်သည်နှင့င် စွမ်းအားကြီးသည့်သက်ရှိတစ်ယောက်‌ သွေးများဖြာထွက်လာစေရန် လုံလောက်သည်။ သူတို့သည် စက္ကူရုပ်လေးများကဲ့သို့ တစ်ချက်ပင် မတောင့်ခံနိုင်ကြ။

လူများစွာ သေဆုံးသွားကြလေပြီ. အချို့မှာ ခန္ဓာကိုယ်ကျန်ရှိနေသေးပြီး အကွာအဝေးလမ်းကြောင်းမှတစ်ဆင့် ပြန်လည်ဝင်စားခြင်းကန်ထဲသို့ ပို့ခံလိုက်ရသည်။

ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်ပင်။

ရှီဟောင်အား မတိုက်ခိုက်သည့်သူများပင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် တိုက်ခိုက်လာကြသည်။ သူတို့အားလုံး မှော်ပစ္စည်းများ၊ လျှို့ဝှက်ပညာများကို အသုံးပြုနေကြသောကြောင့် ဤနေရာမှာ အလွန်တောက်ပလာသည်။

သို့သော် သူတို့လည်း ကပ်ဆိုးကြီးထဲ၌ အဆုံးသတ်ရန် ကံပါလာပြီးသားပင်။ သစ်ကိုင်းနက်များမှာ ငရဲမှ လှံတံများကဲ့သို့ တရှိန်ထိုး ထွက်ပေါ်လာပြီး ထိုသက်ရှိများကို သတ်သွားသည်။

သွေးမိုးနှင့် အနက်ရောင်အလင်းများကြားတွင် တစ်ဖက်လောကမှ သက်ရှိများ တစ်စုပြီးတစ်စု အသတ်ခံနေရသည်။

လူပေါင်းထောင်ချီသည့် စစ်တပ်ကြီးမှာ အဆုံး၌ လူအနည်းငယ်သာ ကျန်တော့သည်။ ထိုလူများမှာ အလွန်ဝေးကွာနေသည့်အပြင် ကြောက်လွန်းသောကြောင့် အေးခဲသွားကာ မတိုက်ခိုက်နိုင်သည့်သူများပင်။ ရလဒ်အနေဖြင့် သူတို့ အသက်ယာယီဘေးကင်းသွားလေပြီ။

နောက်ဆုံးတွင် သူတို့တိုက်ခိုက်ရန် သတ္တိမရှိတော့ပဲ ပြန်ပြေးသွားကြသည်။ ဤကဲ့သို့ဖြင့် လူအချို့ အသက်ရှင်ခွင့်ရခဲ့ကြသည်။

ထိုအရာအားလုံးကို သူ၏မျက်လုံးများဖြင့် မြင်လိုက်ရသောကြောင့် ရွှေရောင်ခြင်္သေ့စိတ်ထဲ၌ တုန်ယင်နေကာ မျက်နှာလည်း ဖြူဖျော့လာသည်။ ယခုတစ်ခေါက် သတ်ဖြတ်မှုမှာ ပြန်လည်ဝင်စားခြင်းကန်မှ သတ်ဖြတ်မှုထက်မနည်း။

သူတို့ အလွန်သနားစဖွယ်သေဆုံးသွားခဲ့ကြရသည်ပင်။

အချိန်အတော်ကြာပြီး သွေးမြူများ လေထဲသို့ ပျံ့နှံ့သွားသည့်အချိန်မှ ဤနေရာတစ်ခုလုံး အလွန်တိတ်ဆိတ်သွားကာ ရွှေရောင်ခြင်္သေ့လည်း သူ၏ကြောက်ရွံ့နေသည့်အခြေအနေမှ လွတ်မြောက်လာတော့သည်။

သူ ရှီဟောင်ကို ကြည့်လိုက်ပြီးနောက် ချက်ချင်းဆွံ့အသွားကာ အလွန်ရှုပ်ထွေးသည့်အမူအရာ ဖြစ်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် ဤအတောအတွင်း ရှီဟောင်သည် အလွန်ငြိမ်းချမ်းနေကာ လုံးဝကို နိုးမလာခဲ့ပေ။ သူသည် ထိုနေရာ၌ထိုင်၍ ကျင့်ကြံနေဆဲပင်။ အပြင်ဘက်လောက၌ ဖြစ်ပျက်နေသည့်အရာများကို လျစ်လျူရှုထားသည်ပင်။

ထိုအခိုက်အတန့်တွင် သူ သေဆုံးသွားသည့်ကျင့်ကြံသူများအတွက် အလွန်ဝမ်းနည်းမိသည်။ သူတို့ ရှီဟောင်ကို သတ်မည်ဟု ကြွေးကြော်လာခဲ့ကြသော်လည်း နောက်ဆုံးတွင် ထိုလူငယ် ဟွမ်သည် သူ၏မျက်လုံးများပင် မဖွင့်ခဲ့။ လူများ သူ့ကိုဝိုင်းခဲ့သည်ကိုပင် သူမသိခဲ့။

ဤသည်မှာ မည်မျှပင် ဝမ်းနည်းစရာ ကောင်းလိုက်သနည်း.. တစ်ဖက်လောကမှ စစ်တပ်မှာ ရှီဟောင်ကို နှောက်ပင် မနှောက်ယှက်နိုင်ခဲ့။ သူတို့ ဤနေရာ၌ အလကားသက်သက် သေဆုံးသွားခဲ့ရခြင်းပင်။

ဤကဲ့သို့ နှစ်ဖက်နှိုင်းယှဉ်ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ အတော်လေး ရယ်စရာကောင်းလှသည်ပင်။

ရွှေရောင်ခြင်္သေ့ သက်ပြင်းချလိုက်သည်။ သေဆုံးသွားခဲ့သည့်သူများသာ ဤအကြောင်းသိသွားပါက သူတို့ဝမ်းပန်းတနည်း ငိုကြွေးကြလိမ့်မည်။ ဒါက ဘယ်လိုရလဒ်မျိုးကြီးလဲ..

သို့သော် ရှီဟောင်မှာ ရွှေရောင်ခြင်္သေ့ထင်သကဲ့သို့ မတည်ငြိမ်နေ။ သူ့ကိုကြည့်ရသည်မှာ ငြိမ်းချမ်းပုံပေါ်သော်လည်း တကယ်တော့ သူအတော်လေး ဒုက္ခများနေသည်ပင်။ သူ၏စိတ်ထဲ၌ အသက်စွန့်ကာ တိုက်ခိုက်နေရသည်ပင်။

သူ တည်ငြိမ်သည့်ပုံပေါ်နေသည်မှာ သွေးဗောဓိပင်မှ တံဆိပ်များ၌ စိတ်နှစ်ထားသောကြောင့်ပင်။ သူ တာအိုဥပဒေသမှ ဖန်တီးထားသည့်လောကထဲ၌ နှစ်ဝင်နေသည်ပင်။

ထိုနေရာတွင်ခမ်းနားသည့် ဘုရားကျောင်းတစ်ခုရှိနေသည်။ သို့သော်လည်း ကျမ်းစာသိမ်းထားသည့်အဆောင်နှင့် အခြားအဆောက်အဦးများ၏ ရွှေရောင်အုပ်မိုးကြွပ်မှ သွေးများစီးကျနေပြီး ဤနေရာကို အနက်ရောင်မြူများလည်း အုံ့ဆိုင်းနေသည်ပင်။ လေပြင်များလည်း ဒေါသတကြီး တိုက်ခတ်နေလေ၏။

ရှီဟောင် ထိုအနက်ရောင်ြမြူထဲ၌ ပြင်းထန်စွာ တိုက်ခိုက်နေရသည်ပင်။

နတ်ဆိုးဗောဓိပင်နှင့် သွေးလွှမ်းနေသည့်ရွှေရောင်ဘုရားကျောင်း .. ဤနေရာမှာ သန့်စင်သည့်မြေမဟုတ်တော့။ သူ ကျမ်းစာသိမ်းထားသည့်အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ရွှေရောင်ခန္ဓာကိုယ်နှင့် ကျွမ်းကျင်သူများ တရှိန်ထိုးထွက်လာကာ သူ့အား တိုက်ခိုက်လာသည်။

ထို့နောက် ထိုရွှေရောင်ဘုန်းကြီးများ ပျောက်ကွယ်သွားကာ မင်ကဲ့သို့ မည်းနက်နေသည့် အခြားဘုန်းကြီးအုပ်စု ရောက်လာသည်။ သူတို့သည် နတ်ဆိုးများကဲ့သို့ ဟစ်ကြွေးကာ သူ့ထံသို့ ပြေးဝင်လာကြသည်။

ထို့အပြင် လေဟာနယ်လည်း မငြိမ်မသက်ဖြစ်လာကာ အက်ကွဲကြောင်းများ ဆက်တိုက်ပေါ်လာသည်။ အက်ကွဲကြောင်းတိုင်းမှ စစ်မြေပြင်တစ်ခုကို မြင်လာရသည်။ ဤသည်မှာ ယခင်ခေတ်မှ ထာဝရသက်ရှိများကြားမှ တိုက်ပွဲကို မြင်နေရသကဲ့သို့ပင်။

ရှီဟောင် ကျမ်းစာအချို့ကို ဖတ်ခဲ့သော်လည်း သူ ဤကျမ်းစာများကို မဖြည်နိုင်သေး။ သူ ကျမ်းစာသိမ်းထားသည့်အခန်းကို ဖွင့်လိုက်သည့်အချိန်တိုင်း ပုံမှန်မဟုတ်သည့်မြင်ကွင်းမျိုးစုံ ပေါ်လာသည်ပင်။

သူ၏ဝိညာဉ်လောက၌ သေမလိုဖြစ်သည့်အချိန်မှ သူ ကျမ်းစာတစ်စောင်ကို ဖွင့်နိုင်ခဲ့သည်။

တစ်ကိုယ်တော်တစ်ကိုယ်တော်တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုး..

နာမည်တစ်ခုတည်းကပင်လျှင် ထူးဆန်းသည့် လျှို့ဝှက်ခွန်အားများ ရှိနေသည်ပင်။ ဤသည်မှာ သူဖွင့်နိုင်သည့်တစ်ခုတည်းသော ကျမ်းစာပင်။

ဒီကျမ်းစာကဘာလို့ သူ့ကို အသိအမှတ်ပြုတာလဲ .. သူမသိ။

ကျမ်းစာကိုဖတ်မှသာ သူနားလည်တော့သည်။ ဤသည်မှာ ရှေးဟောင်းဗုဒ္ဓရိုက်ချက် ၁၈ ချက်ပင်။ ထို ရိုက်ချက် ၁၈ ချက်မှာ ဤပုံစံရှစ်မျိုးမှ ပွားထားခြင်းင်။

ယခင်က ပြန်လည်ဝင်စားခြင်းကန်၏ တံခါးခြောက်ခု၌ ထွင်းထားသည့်အရာများကို သူမြင်ဖူးသည်။ ထိုထဲမှ ပုံသဏ္ဌာန်ရှစ်ခုမှာ တံဆိပ်တစ်ခု ဖြစ်နေသည်ပင်။ ထိုတံဆိပ်မှာ သူ၏အာရုံများကို ဆွဲဆောင်နိုင်ခဲ့သော်လည်း အဓိကပညာကို သူမရှိခဲ့။ ယခုတော့ သူ ရသွားလေပြီ။

သူဘာကြောင့် ရသွားသည်ကို သူသိသွားလေပြီ။ ပထမဆုံး သူ ရိုက်ချက် ၁၈ ချက်ကို ခံခဲ့ပြီးနောက် ထိုတံဆိပ်ကို တွေ့ခဲ့သည်။ သို့မှာသာ ယခု ဤကျမ်းစာကို ဆုလာဘ်အနေဖြင့် ရရှိခြင်းပင်။

သို့သော် ဤကျမ်းစာအား ဖတ်လိုက်သည့်အချိန် ရှီဟောင် အန္တရာယ်ကျရောက်ခဲ့ပြီး သေမလိုပင်ဖြစ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အဝါရောင်ရှေးဟောင်းစာသားမှာ ရုတ်တရက် သွေးများယိုစီးကျလာကာ အနက်ရောင်မြူလှိုင်းများ ဖြစ်ပေါ်လာ၏။ ဤသည်မှာ သူ့အား အလွန်ထိခိုက်စေသည်ပင်။

ဤသည်မှာ သွေးဗောဓိ၏စွမ်းအားပင်။

ဝုန်း..

လောကအစစ်တွင် တုန်ခါမှုကြီး ဖြစ်သွားသည်။

ရှီဟောင် ရုတ်တရက် တုန်ခါလာပြီး သူ၏နှုတ်ခမ်းတောင့်မှ သွေးများစီးကျလာသောကြောင့် ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရသည်။ ထို့နောက် ရှီဟောင်အနောက်ဘက်မှ လက်မည်းကြီး ရှစ်ဘက်ပေါ်လာကာ သူ့အား ရိုက်လာသည်။

တစ်ကိုယ်တော်တစ်ကိုယ်တော်တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုး လောကအစစ်၌ ပေါ်လာလေပြီ။

ဤသည်မှာ ရှီဟောင် ရင်ဆိုင်နေရသည့် အန္တရာယ်ပင်။ သူ၏စိတ်ထဲ၌ တိုက်ပွဲများတိုက်နေရခြင်းပင်။

အမှန်တကယ်တွင် သူလည်း တံဆိပ်များ ပြုလုပ်နေခြင်းပင်။ ဤသည်မှာ တစ်ကိုယ်တော်တစ်ကိုယ်တော်တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးပင်။ ထိုတံဆိပ်များသည် အနက်ရောင်လက်ကြီးရှစ်ဖက်အား ရင်ဆိုင်နေသည်ပင်။

ဒီသစ်ပင်ခြောက်က ဘာလို့ ရုတ်တရက်ကြီး ရှီဟောင်ကို သတ်လာတာလဲ .. ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရသည်။

“သူ့မှာ ဗုဒ္ဓသဘာတစ်ချို့ ရှိသေးတယ်..” ရွှေရောင်ခြင်္သေ့ ကောက်ချက်ချလိုက်သည်။

ရှီဟောင် ပြန်လည်ဝင်စားခြင်းကန်၏ စစ်ဆေးမှုကို အောင်မြင်ပြီးနောက် ဤနေရာ၌ ကျမ်းစာများကို လေ့လာနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ ဗောဓိပင်ကြီး ပျက်စီးသွားပြီဖြစ်သော်လည်း သူ့ထံတွင် ဗုဒ္ဓစွမ်းရည်အချို့ ရှိနေဆဲပင်။ ထို့ကြောင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ရပ်တန့်သွားသည်ပင်။

အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်မှ ရှီဟောင်၏မျက်လုံးများ ပွင့်လာသည်။ သူ့နောက်၌ရှိနေသည့် အနက်ရောင်လက်ကြီး ရှစ်ခုလည်း ပျောက်ကွယ်သွားသည်။

ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။ တစ်ကိုယ်တော်တစ်ကိုယ်တော်တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးမှာ အလွန်အားကောင်းလှပြီး သာမန်စွမ်းရည်တစ်ခုမဟုတ်။ ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ တာအိုကာကွယ်သည့်နည်းလမ်းများထဲမှ တစ်ခုပင်။ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ကောင်းမွန်လှ၏။

ယခု သူ ဤစွမ်းရည်ကို ရသွားလေပြီ..

အပိုင်း ၁၇၁၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၆ – လက်ဦးမှု ရယူခြင်း

ရွှေရောင်ခြင်္သေ့၏ အမူအရာ ရှုပ်ထွေးသွားကာ သူ မနာလိုဖြစ်လာသည်။ ရှီဟောင်ကို စိုက်ကြည့်ရင်း သူ့စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။

ရှီဟောင် မည်မျှပင် ခန့်ညားနေသည်ကို သူမြင်နေရသည်။ သူသည် စွမ်းအားအကြီးဆုံး စစ်ဗုဒ္ဓတစ်ပါးကဲ့သို့ သူ့အနောက်ဘက်တွင် နတ်အလင်းကွင်းတစ်ခုလည်း တောက်ပနေသည်။ သူ အကောင်းဆုံးအမွေအနှစ်များကို ရရှိသွားကြောင်း သူချက်ချင်း နားလည်သွားရသည်။

ရွှေရောင်ခြင်္သေ့နှင့် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်တို့ကြားမှ ဆက်ဆံရေးမှာ အလွန်နက်ရှိုင်းလှသောကြောင့် သူတို့ လျှို့ဝှက်ချက်များစွာကို သိထားသည်ပင်။

ရှီဟောင်၏ စိတ်လွတ်နေသည့်ပုံကိုတွေ့လိုက်သည်နှင့် သူသည် ဗုဒ္ဓရှေးဟောင်းကောင်းကင်ပညာကို လေ့လာနေခြင်းဖြစ်ကြောင်း သူသိလိုက်သည်။

ဖူး..

ရှီဟောင် သူ့ကိုတစ်ချက်ရိုက်လိုက်ပြီး သူ၏ချုပ်နှောင်မှုများကို ဖယ်ပေးလိုက်ကာ စကားပြောခွင့်ပေးလိုက်သည်။

“မင်း စစ်ဗုဒ္ဓကလန်ရဲ့ နတ်စွမ်းရည်တွေထဲက တစ်ခု ရသွားတာမလား..” ရွှေရောင်ခြင်္သေ့ တုန်ယင်နေသည့်အသံဖြင့်မေးလိုက်သည်။

ရှေးဟောင်းဘုန်းကြီးများတွင် ကလန်များစွာ ကွဲနေပြီး စစ်ဗုဒ္ဓသွေးမျိုးဆက်မှာ စွမ်းအားအကြီးဆုံးကလန်များထဲမှ တစ်ခုပင်။ စစ်မြေပြင်၌ သူတို့၏ တိုက်ခိုက်နိုင်စွမ်းကြောင့် နာမည်ကြီးခြင်းပင်။ သူတို့၏ မှော်စွမ်းအားလည်း နှိုင်းယှဉ်၍မရလောက်အောင် နက်နဲလှသည်။

“ဘာ စစ်ဗုဒ္ဓလဲ .. ငါ တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးကို ရခဲ့တာ..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သော်လည်း ပြောပြလိုက်သည်ပင်။ ရွှေရောင်ခြင်္သေ့ထံမှ ဤနတ်စွမ်းရည်အကြောင်း ပိုသိချင်သည်။

“ဘာ..” ရွှေရောင်ခြင်္သေ့စိတ်ထဲ တုန်လှုပ်သွားကာ သူ၏အမူအရာမှာ ပို၍ရှုပ်ထွေးလာသည်။

တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးဆိုသည်မှာ စစ်ဗုဒ္ဓသွေးမျိုးဆက်၏ စွမ်းအားအကြီးဆုံး နတ်ပညာပင်။ ရှေးဟောင်းဗုဒ္ဓ၏ ရိုက်ချက် ၁၈ ချက်မှာ ထိုပညာမှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ပြောကြသည်။

စစ်ဗုဒ္ဓကလန်မှာ ယခင်က ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်မဟုတ်။ အပြင်ကလန်တစ်ခုသာ။ သူတို့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပြီးနောက် သူတို့၏ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်များကို စစ်ဗုဒ္ဓဟု ခေါ်ဆိုခြင်းပင်။

ထို့ကြောင့် စစ်ဗုဒ္ဓကလန်မှာ အလွန်ကြောက်စရာကောင်းလှသည်။ သူတို့သည် ဗုဒ္ဓအယူဝါဒတွင် ကျွမ်းကျင်သကဲ့သို့ အခြားရှေးဟောင်းပညာများကိုလည်း ကျွမ်းကျင်ကြသည်။ ထိုပညာများအားလုံးကို ပေါင်းစည်းလိုက်ပြီးနောက် ပြိုင်ဘက်ကင်းသည့်ပညာ ထွက်ပေါ်လာခြင်းပင်။

“တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုး .. ဒါက စစ်ဗုဒ္ဓသွေးမျိုးဆက်ရဲ့ စွမ်းအားအကြီးဆုံးပညာပဲ..” ရွှေရောင်ခြင်္သေ့ သက်ပြင်းချ၍ အမှန်အတိုင်းပြောလိုက်သည်။

သူတို့ကို တစ်ကိုယ်တော်ဗုဒ္ဓဟု ခေါ်ခြင်းမှာ စစ်ဗုဒ္ဓများသည် အပြင်ကလန်တစ်ခုမှဖြစ်ကာ မိုးကောင်းကင်အောက်၌ လွတ်လပ်သည့်လူများကဲ့သို့ လျှောက်သွားနိုင်ကြသည်။

ထို့ကြောင့် တစ်ခါတစ်ရံ သူတို့ကို တစ်ကိုယ်တော်ဗုဒ္ဓဟု ခေါ်ဆိုခြင်းပင်။

ရွှေရောင်ခြင်္သေ့ထံမှ ဤအကြောင်းများကို သိလိုက်ရပြီးနောက် ရှီဟောင်မျက်လုံးများ ပြူးကျယ်လာသည်။ သူ၏စိတ်အခြေအနေလည်း အတော်လေး ကောင်းမွန်လာသည်။

ဤကျမ်းစာ၌ စာမျက်နှာ ၈ မျက်နှာသာရှိသည်။ စာမျက်နှာတစ်ခုတွင် ပုံစံတစ်ခုသာရှိသည်။ ဤသည်မှာ အလွန်ရိုးရှင်းသော်လည်း မျိုးဆက်များစွာကို လွှမ်းမိုးနိုင်သည့် စွမ်းအားကြီးသည့်နည်းလမ်းတစ်ခုပင်။

“ဟမ် .. ဘာဖြစ်ခဲ့တာလဲ .. ဟိုးမှာ ဘာလို့ သွေးမြူတွေ ရှိနေတာလဲ..” ရှီဟောင် ထိတ်လန့်စွာ မေးလိုက်သည်။

သွေးမြူများမှာ ပျက်ပြယ်သွားပြီဖြစ်သော်လည်း ခပ်ဝေးဝေးတောင်တန်း၌ အနည်းငယ် ရှိနေသေးသည်။

ရွှေရောင်ခြင်္သေ့မှာ ချက်ချင်းကို ဆွံ့အသွားရကာ သေဆုံးသွားသည့် ကျင့်ကြံသူများအတွက် ပို၍ဝမ်းနည်းသွားရသည်။ သူတို့ ဆိုးရွားစွာသေဆုံးခဲ့ရသည်ကို အဓိကလူမှာ ယခုအချိန်ထိတိုင်မသိသေး။

“ပြော .. ဘာဖြစ်ခဲ့တာလဲ..” ရှီဟောင်မေးလိုက်သည်။

ရွှေရောင်ခြင်္သေ့ အလွန်ကူကယ်ရာမဲ့သွားရသည်။ သူ‌ ဒေါသထွက်နေသော်လည်း ဘာဖြစ်ခဲ့သည်ကို သူ့အား ပြောပြလိုက်သည်ပင်။

“ဟား ဟား ဟား ..” ရှီဟောင် ရယ်မောလိုက်၏။ ဤသည်မှာ သူတကယ်ကို မထင်ထားသည့်ကိစ္စပင်။ တစ်ဖက်လောကက ကျင့်ကြံသူတွေ အများကြီးပဲ သေသွားကြတယ် .. ဤသည်မှာ သူ့ကို အတော်လေး ပေါ့ပါးလွတ်လပ်သွားစေသည်။

ဤသစ်ပင်ခြောက်မှာ အလွန်ရက်စက်လှကြောင်း သူသိသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက် ထုတ်လွှတ်ခြင်းမရှိပဲ ကျင့်ကြံပါက အလွန်လုံခြုံမည်ဖြစ်မှန်းသူသိသော်လည်း ရန်သူများကို ဤမျှသတ်ပစ်လိမ့်မည်ဟု သူမထင်ထားခဲ့။

ရှီဟောင်၏ ရယ်သံမှာ အလွန်ကျယ်လောင်လှပြီး ရွှေရောင်ခြင်္သေ့အတွက်တော့ နားကလောစရာကောင်းလှသည်။ သို့သော် သူဘာမှ မတတ်နိုင်။

“သူတို့တွေ မျက်လုံးမဖွင့်ချင်ရင် သူတို့အားလုံး လာလိုက်လို့ရတယ် ..” ရှီဟောင် မတ်တပ်ရပ်၍ ပြောလိုက်သည်။ “သူတို့အားလုံး သေသွားတာ နှမြောစရာကောင်းတာပဲ .. မဟုတ်ရင် ငါ တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးရဲ့စွမ်းအားကို နည်းနည်းစမ်းကြည့်လို့ရတယ်..”

“သူ့ရဲ့စွမ်းအားတွေကို သုံးဖို့အခွင့်အရေးမရှိတဲ့ သူရဲကောင်းတစ်ယောက်ပဲ..” ရှီဟောင် ဝမ်းနည်းစွာ သက်ပြင်းချပြီး ပြောလိုက်သည်။

ဤစကားလုံးများမှာ ရွှေရောင်ခြင်္သေ့အား အနည်းငယ် ဒေါသထွက်စေသည်ပင်။

သို့သော် လက်ရှိရှီဟောင်သည် စွမ်းအားကြီးကာ ယုံကြည်ချက် ပြည့်ဝနေသည်။ သူ တစ်ဖက်လောကမှ ကျွမ်းကျင်သူများနှင့် တကယ်စိန်ခေါ်ချင်သည်။ ယခု ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ အဆင့်တက်သွားပြီဖြစ်သောကြောင့် သူ၏ကျင့်ကြံဆင့်ကို တည်ငြိမ်စေချင်သည်။

ထို့အပြင် သူသည် ပုံမှန်အတိုင်း အဆင့်တက်ခဲ့ခြင်းမဟုတ်ပဲ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ အလယ်အဆင့်နားသို့ပင် တဟုန်ထိုးခုန်တက်သွားခြင်းပင်။

သူ၏ယခင်က ဖိနှိပ်မှုများမှာ ယခုတော့ ကြောက်စရာကောင်းလောက်သည့် ထိုးဖောက်မှု ဖြစ်သွားလေပြီ။ ယခုတစ်ခေါက် သူအလွန်အကျိုးများသွားသည်ပင်။ ထို့အပြင် သူသည် တစ်ကိုယ်တော်ဗုဒ္ဓပုံစံ ရှစ်မျိုးပညာလည်း ရရှိခဲ့သောကြောင့် သူတကယ်ကို တိုက်ခိုက်ချင်မိသည်။

“ငါလည်း ဒီနေရမှာ တာအိုလေ့လာပြီးတော့ သီးသန့်ကျင့်ကြံချင်တယ် .. မင်း ငါ့ကို ပိတ်ထားတာတွေအားလုံး ဖယ်ပေးလို့ရမလား..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။ ယခုတစ်ခေါက် သူ တကယ်ကို ထွက်မပြေးချင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ ခွန်အားများတိုးလာပြီး အံ့အားသင့်စရာကောင်းလောက်သည့် အကျိုးအမြတ်များ ရရှိသွားသည်ကို တွေ့လိုက်ရသည့်အချိန် သူလည်း သွေးဗောဓိ၏ လေ့ကျင့်မှုကို လိုချင်သည်။ ဤသစ်ပင်ထဲမှ အမွေအနှစ်ကို လိုချင်သည်။

“ရတာပေါ့…” ရှီဟောင် ပျော်ရွှင်စွာပင် သဘောတူလိုက်၏။ သို့သော် သူ့မျက်ဝန်းထဲ၌ ထူးဆန်းသည့်အလင်းတန်းတစ်ခု ဖြစ်ပြေးသွားလေ၏။

ဝုန်း..

ရလဒ်နေဖြင့် ရွှေရောင်ခြင်္သေ့ အလွန်ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရကာ သွေးအန်လာသည်။ ထို့အပြင် သွေးအချို့စွန်းပေနေသည့် ရွှေရောင်လက်ကြီးတစ်ဖက် သူ့အနောက်ဘက်မှ ပေါ်လာကာ သူ တစ်စစီဖြစ်လုမတတ် သူ့ကို ရိုက်နှက်လာသည်။

သူ့မျက်နှာမှာ အစိမ်းရောင်သန်းပြီး ဖြူဖျော့နေသည်။ သူဟွမ်ကဲ့သို့ သီးသန့်ကျင့်ကြံချင်သော်လည်း ကျင့်ကြံ၍မရသေးသည်ကို တွေ့လိုက်ရသည်။ သစ်ပင်ကိုယ်ထည်ထဲ၌ရှိနေသည့် တံဆိပ်များနှင့် ထိတွေ့မိသော်လည်း သူ ထိုစွမ်းအားကို မခုခံနိုင်။

ထိုရွှေရောင်လက်ကြီးမှာ အထင်ကြီးစရာကောင်းသော်လည်း တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးနှင့် မယှဉ်နိုင်။ သို့သော်လည်း ထိုလက်ကိုပင် သူ တောင်မခံနိုင်တော့။

“ဒီမှာ လူတိုင်း ကျင့်ကြံလို့ရတာမဟုတ်ဘူး..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ ရွှေရောင်ခြင်္သေ့ ထူးထူးဆန်းဆန်းပင် တိတ်ဆိတ်သွားသည်။ သူ ပြန်မပြောသလို ဒေါသတကြီးလည်း မတုံ့ပြန်။ သူနှင့်ရှီဟောင်ကြားတွင် အလွန်ကွာဟနေသည်ဟု သူခံစားလိုက်ရသည်။

“သွားမယ် .. လျှောက်ပတ်ကြည့်ရအောင်..” ရှီဟောင် ခွေးလေးများကို ပုတ်သကဲ့သို့ ရွှေရောင်ခြင်္သေ့၏ခေါင်းကို ပုတ်လိုက်သည်။ ထို့အပြင် သူသည် ခြင်္သေ့ကျောပေါ်၌ ထိုင်စီးလိုက်သေးသည်ပင်။

ရှေးယခင်ကတည်းက စွမ်းအားကြီးခဲ့သည့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ သွေးမျိုးဆက်မှာ ယခုတော့ အခြားတစ်ယောက်၏ စီးတော်ယာဉ်ဖြစ်သွားလေပြီ။ ခြင်္သေ့၏ မျက်ဝန်းထဲ၌ အေးစက်သည့်အလင်းတန်းများ ပြည့်နှက်သွားသည်။

သို့သော်လည်း သူ သည်းခံလိုက်သည်။ သူ ဒဏ်ရာပြင်းထန်စွာရထားသောကြောင့် သူ့ကိုယ်သူ ပျက်စီးအောင်မလုပ်ချင်။

“ဒီလိုမှပေါ့..” ရှီဟောင် ခေါင်းညိမ့်လိုက်ကာ သူ့ခန္ဓာကိုယ်ကိုလည်း စီးနင်းရန် ပိုသင့်တော်သည့် တစ်ကျန်းအရွယ်အစားအဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် သူတို့ ထိုသစ်ပင်အောက်မှ ထွက်လာခဲ့လိုက်ကြသည်။

သူ ကောင်းကင်သားရဲတောအုပ်ထဲ၌ အမြဲတမ်းမနေနိုင်သည်ကို သူသိသည်။ သူ ထွက်သွားနိုင်မည့်နည်းလမ်းကို စဉ်းစားရမည်ပင်။ ယခု သူ အခွင့်အရေးသွားရှာတော့မည်။

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်၌ အသက်ရှင်လျက် ပြန်ရောက်လာသည့်သူအချို့ ရှိနေသည်ပင်။ သူတို့သည် တုန်တုန်ယင်ယင်ဖြစ်ပင် ဖြစ်ပျက်ခဲ့သည်များကို ပြန်ရှင်းပြနေလေ၏။

“အဲဒီမြင်ကွင်းက .. အရမ်းကို ကြောက်စရာကောင်းတယ် .. တိုက်ခိုက်တဲ့သူတွေ အကုန်လုံးသေသွားပြီ .. အဲဒီခြောက်သွေ့နေတဲ့သစ်ပင်အိုကြီးက ကျင့်ကြံသူတွေကို တစ်ယောက်မကျန် သတ်လိုက်တာ..”

ထိုစကားသံများ ထွက်လာသည်နှင့် အုတ်အော်သောင်းတင်းဖြစ်လာပြီး ကောင်းကင်ထက်၌ရှိနေသည့် အဆင့်လွန်သက်ရှိများပင်လျှင် မျက်လုံးများပွင့်လာကာ အတော်လေး တုန်လှုပ်သွားကြသည်။

“ဟွမ်ရော..” တစ်စုံတစ်ဦးမှ မေးလိုက်၏။

“ဟွမ်က သီးသန့်ကျင့်ကြံနေတာ .. သူက နိုးတောင်မနိုးဘူး..” အသက်ရှင်ခဲ့သည့်သူတစ်ယောက် ရှက်ရွံ့စွာ ပြောလိုက်သည်။ သူသည် ထိုသူများနှင့် မျက်နှာချင်းပင် မဆိုင်ရဲတော့။

လူများစွာ သေဆုံးခဲ့သော်လည်း ဟွမ်၏ဆံချည်တစ်မျှင်ကိုပင် မထိနိုင်ခဲ့။ ထို့အပြင် အစမှအဆုံးထိတိုင် သူနိုးပင်မလာခဲ့။ ဤသည်မှာ ရယ်စရာကောင်းလှသည်။

လူများစွာ ကျိန်ဆဲပစ်လိုက်ချင်သော်လည်း သူတို့ဘာများ ပြောနိုင်မည်နည်း .. လူထောင်ပေါင်းများစွာ သေဆုံးသွားသောကြောင့် သူတို့ဘာပြောပြော အသုံးမဝင်တော့။ လူများသာ ပို၍စိတ်ဓာတ်ကျသွားလိမ့်မည်။

“ခွေးကောင် .. ငါတို့သူ့အလောင်းကို အပိုင်းပိုင်းလုပ်ပြီးတော့ ကောင်းကင်မီးအိမ်ကို ထွန်းပစ်ရမယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်ထား .. သူ အဲဒီရှေးဟောင်းတောအုပ်ထဲက မထွက်ပဲမနေဘူး .. သူ ဘယ်လောက်ကြာကြာပုန်းနိုင်မလဲ ကြည့်ကြသေးတာပေါ့ .. သူပေါ်လာတာနဲ့ သူ့ကို ချက်ချင်း ဝိုင်းသတ်လိုက်..” အကြီးအကဲတစ်ယောက် ဒေါသတကြီး အော်ပြောလိုက်သည်။ ဤသည်မှာ အမိန့်လည်းဟုတ်သည်ပင်။

ကောင်းကင်သားရဲတောအုပ်ထဲတွင် ရှီဟောင် ရွှေရောင်ခြင်္သေ့ ကျောပေါ်၌ ထိုင်နေပြီး အလွန်ပေါ့ပါးလွတ်လပ်နေသည်။

“ဟမ် .. အဲဒီမှာ ကျင့်ကြံသူတွေရှိတယ် .. အဲဒီကို သွားရအောင်..” ရှီဟောင် လက်ညှိုးထိုးလိုက်သည်။

ရွှေရောင်ခြင်္သေ့မှာ မလုပ်ခချင်သော်လည်း ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှေ့ဘက်သို့ တရှိန်ထိုး ထွက်သွားလိုက်သည်။

ဝူး..

တောအုပ်တစ်ခုလုံး လေပြင်းတိုက်ခတ်သံများ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤခြင်္သေ့ကြီး၏ အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် သူဖြတ်သွားသည့်နေရာတိုင်း၌ လေပြင်းများတိုက်ခတ်သွားသကဲ့သို့ပင်။

“ဟမ် .. ဟွမ် တကယ် ထွက်လာပြီ..”

“ဟား ဟား .. လောကကြီးမှာ မင်းသွားစရာနေရာမရှိတော့ဘူးပဲ..” ကြီးမားတုတ်ခိုင်သည့် အမျိုးသားတစ်ဦးမှ ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ကာ တရှိန်ထိုးပြေးလာသည်။

ဤအုပ်စုမှာ လူသိပ်မများ၊ ၆ ယောက်၊ ၇ ယောက် ခန့်သာရှိသည်။ ခေါင်းဆောင်မှာ ဤတုတ်ခိုင်သည့်လူငယ်လေးဖြစ်ပြီး သူသည် ယခုတလောမှ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ အဆင့်တက်ထားသည့်သူပင်။ သူ၏ကျင့်ကြံဆင့်အမြင့်ကို အသုံးချပြီး ရှီဟောင်အား လွယ်လွယ်ကူကူသတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ထားသည်ပင်။

သို့သော် ယခုတစ်ခေါက်တော့ သူသတ္တုပြားကြီးကန်မိသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် ကိုယ်တိုင်ခစားခြင်းနယ်ပယ် အလယ်ဆင့်ရောက်နေပြီဖြစ်သည့်အပြင် သူ နတ်ပညာတစ်ခုလည်း ရရှိထားသည်ပင်။ သူနှင့် လေ့ကျင့်ရမည့်လူကို လိုက်ရှာနေခြင်းသာ။

ဝုန်း..

သူတို့ ယခုမှ တွေ့ဆုံခြင်းဖြစ်သော်လည်း ရှီဟောင် တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးထဲမှ တစ်မျိုးကို အသုံးပြုနေလေပြီ။ သူ ပြင်းထန်စွာ ထိုးချလိုက်ကာ ရွှေရောင်အလင်းများလည်းချက်ချင်း ထွက်ပေါ်လာသည်။

တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးမှာ အလွန်ထူးဆန်းလှသည်။ သူ၏အဓိကရည်ရွယ်ချက်မှာ တစ်ဖက်လူ၏ အားနည်းချက်များကို ရှာပြီး ထိုအားနည်းသည့်နေရာများသို့ သေအောင်ရိုက်ထည့်ခြင်းပ်။

ဤကဲ့သို့သော ရှေးဟောင်းပညာမှာ အလွန်ကြောက်စရာကောင်းလှသည်။ အခွင့်အရေးတစ်ခုရသည်နှင့် ပြိုင်ဘက်မှာ အသက်အန္တရာယ်ရှိသွားနိုင်သည်ပင်။

သေချာပါသည်။ ရှီဟောင် သူ့အား အလေးအနက် တိုက်ခိုက်နေသည့်အချိန်တွင် ထိုတုတ်ခိုင်သည့်လူမှာ သတိလက်လွတ်ပင် တိုက်ခိုက်နေည်။ ပထမဆုံးရိုက်ချက်ပင်လျှင် အားလုံးမခန့်မှန်းနိုင်သည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်ပင်။

ရှီဟောင် ရွှေရောင်ခြင်္သေ့ပေါ်၌ ထိုင်နေပြီး သူ့ခန္ဓာကိုယ်မှာ အတော်လေး တုန်ယင်နေသည်။ သို့သော် သူကျမသွား။ ထိုတုတ်ခိုင်သည့်အမျိုးသား ဒေါသတကြီး ဟစ်ကြွေးလိုက်ကာ သွေးများစွာ အန်ထွက်လာသည်။ သူ့လက်မောင်းတစ်ခုလုံး တွန့်ကွေးသွားကာ သူ့ခန္ဓာကိုယ် လွင့်ထွက်သွားလေ၏။

ထိုလူအုပ်ကြီး ဆွံ့အသွားရသည်။ ဤသည်မှာ ကိုယ်တိုင်လွတ်မြောက်ခြင်းကျင့်ကြံသူပင်။ သို့သော်လည်း သူသည် အသက် ၂၀ ကျော် လူငယ်လေးတစ်ယောက်ကြောင့် လွင့်ထွက်သွားကာ ပြင်းထန်သည့်ဒဏ်ရာများလည်း ရရှိသွားသည်။

ဟွမ်က ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ .. အစောပိုင်းတုန်းက သူ့ကို ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူတွေ လိုက်ဖမ်းနေကြတာ မဟုတ်ဘူးလား .. အခု သူက ပြန်တောင်တိုက်နိုင်နေပြီပေါ့..

ဝုန်း..

ဒေါသတကြီးအော်သံများ၊ သွေးမိုးများနှင့်တူ ထိုတောင်ကြောကြီး လှုပ်ရမ်းသွားသည်။ တစ်ဖက်လောကမှ ကျင့်ကြံသူတစ်ယောက် အသတ်ခံလိုက်ရကာ သေဆုံးသွားလေပြီ။

အခြားသူများ၏အမူအရာ ပြောင်းလဲသွားသည့်အချိန်တွင် ရှီဟောင်အတော်လေး ကျေနပ်နေသည်။ သူ၏ခွန်အားမှာ အဆင့်သစ်တစ်ခုသို့ ရောက်နေပြီဖြစ်ပြီး ပို၍ ပို၍ပင် စွမ်းအားကြီးလာလေပြီ။

“ဘာ .. ဟွမ်ထွက်လာပြီး ငါတို့ဘက်က ကျင့်ကြံသူတွေကို အရင်ဦးအောင် အမဲလိုက်နေတယ်ဟုတ်လား..”

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်တွင်ရှိနေသည့် ကျွမ်းကျင်သူများမှာ ဤသတင်းတင်ပို့ချက်ကို ရလိုက်သည်နှင့် သူတို့အားလုံး ဆွံ့အသွားရသည်။

“သောက်ချီးပဲ .. ဒါက အရမ်းကို မုန်းစရာကောင်းလွန်းသွားပြီ .. သူက ငါတို့ကို အရင်ဦးအောင် တိုက်ရဲတယ်ပေါ့.. သူ့ကို အခုချက်ချင်း ဝိုင်းပြီးသတ်လိုက်..” တစ်စုံတစ်ယောက်မှ ဒေါတသကြီး ဟစ်ကြွေးလိုက်သည်။

အပိုင်း ၁၇၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၇ – ယခင်က မည်သူမှမရှိ

ရှီဟောင်သတ်လိုက်သည့်သူမှာ မည်မျှစွမ်းအားကြီးမှန်း သူတို့မသိကြသေး။ သူတို့တိုက်ခိုက်သည့်နေရာမှာ အော်သံများ ထွက်ပေါ်လာပြီး သွေးများလွင့်စင်ထွက်လာသည်ကိုသာ သိကြသေးသည်။

မဟုတ်ပါက သူတို့ ဤကဲ့သို့ အော်ဟစ်ကာ တောအုပ်ထဲသို့ နကျယ်ကောင်ကဲ့သို့ ပြေးဝင်လာကြမည်မဟုတ်။

သူတို့ အလွန်စိတ်ပျက်နေကြလေပြီ။ သစ်သားသေတ္တာလေးအတွက်နှင့် အကြောင်းပြချက်မျိုးစုံဖြင့် သူတို့လူ အတော်များများ သေဆုံးသွားပြီဖြစ်သည်။

ကောင်းကင်ထက်၌ ထိုင်နေသည့် အဆင့်လွန်သက်ရှိများပင် ငြိမ်ငြိမ်မထိုင်နိုင်တော့။ အချို့သူများမှာ ဒေါသထွက်လာကြလေပြီ။

“သူ အဲဒီနေရာကနေ ထွက်လာပြီဆိုတော့ ပိုပြီးလွယ်သွားတာပေါ့ .. ငါတို့ ပိုက်စိတ်တိုက်ရှာကြမယ် .. ငါတို့ သူ့နေရာကို သိတာနဲ့ ကျွမ်းကျင်သူအစစ်တွေလွှတ်ပြီး သတ်ခိုင်းလိုက်မယ်..”

အကြီးအကဲတစ်ယောက် အလွန်တည်ငြိမ်စွာပင် အမိန့်ပေးလိုက်သည်။

သို့သော်လည်း ဝင်သွားသည့် အုပ်များထဲမှ မည်သူကများ ဤစကားကို အလေးအနက်ထားကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဦးဆောင်သည့်သူများမှာ စွမ်းအားကြီးသည့် ကျင့်ကြံသူများပင်။

သူတို့စိတ်ထဲ၌ အတွေးတစ်ခုသာရှိသည်။ ဤသည်မှာ ရှီဟောင်ကို ချက်ချင်းသတ်ပစ်ပြီး သူတို့ဒေါသကို အနည်းငယ် ဖွင့်ဖောက်ပစ်ရန်ပင်။ မဟုတ်ပါက သူတို့ခံစားချက်များ အလွန်ဆိုးရွားနေလိမ့်မည်။

တောအုပ်မှာ အလွန်တိတ်ဆိတ်နေပြီး ကောင်းကင်သားရဲများသာ အချိန်နှင့်အမျှ လှည့်ပတ်သွားလာနေကြသည်။ တစ်ဖက်လောကမှကျင့်ကြံသူများပင် ဤရှေးဟောင်းသားရဲများနှင့် မတိုက်ခိုက်ချင်ကြသောကြောင့် ပုန်းရှောင်နေကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့တိုက်စရာမလို။ ဤကောင်းကင်သားရဲများမှာ အလွန်စွမ်းအားကြီးပြီး သူတို့၏အသိစိတ်များလည်း မရှင်းလင်း။ ဤကဲ့သို့သော သားရဲများနှင့်တိုက်ခိုက်လျှင် ဆုံးရှုံးလိုက်ရသည်နှင့် ပြန်ကာမိမည်မဟုတ်။

“သူငါနဲ့မတွေ့ရင် ပိုကောင်းလိမ့်မယ် .. မဟုတ်ရင် ငါသူ့ကို အပိုင်းပိုင်းခုတ်ပစ်မှာ…” တစ်စုံတစ်ဦးမှ မုန်းတီးစွာ ပြောလိုက်သည်။ ဤသည်မှ ငွေရောင်ဆံပင်ရှိသည့် လူလတ်ပိုင်းအမျိုးသားပင်။

လူအများစုမှာ သူ့အား လေးစားကြ၏။ အဘယ်ကြောင့်ဆိုသော် ဤလူ မည်မျှကြောက်စရာကောင်းသည်ကို သူတို့ သေချာနားလည်ထားသည်ပင်။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်နယ်ပယ်ကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက စွမ်းအားကြီးသည့် ဘုရင်လူမျိုးစုတစ်ခုမှ ကျင့်ကြံသူလည်းဖြစ်သည်ပင်။

ဓားခုတ်ကောင်ကင်းခြေများကလန်မှာ ဘုရင်ကလန်များကြားတွင် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကြောင့် အလွန်နာမည်ကြီးလှသည်။

သူတို့ကလန်တွင် သက်ဆိုင်ရာမျိုးဆက်၌ အဆင့် ၂၀ အတွင်းဝင်သည့် ကျင့်ကြံသူများရှိသည်။

ရှီဟောင်သာ ဤနေရာ၌ ရှိနေပါက သူရင်းနှီးသည့်အော်ရာတစ်ခုကို အာရုံခံမိမည်ပင်။ အဘယ်ကြောင့်ဆိုသော် သူယခင်က ဤကလန်မှ လူငယ်ကျွမ်းကျင်သူတစ်ဦးကို သတ်ဖူးသည်။

ယခင်က အနီရောင်ကောင်းကင်နယ်စပ်၌ ကျွမ်းကျင်သူ ၁၀ ဦးကို တစ်ယောက်တည်း တိုက်ခိုက်သည့်အချိန်၌ သူ ဓားခုတ်ကောင်ကင်းခြေများတစ်ကောင်ကို သတ်ခဲ့သည်ပင်။ ထိုလူငယ်လေးသည် သူ၏လူသားပုံစံကို မပြောင်းခဲ့ပဲ ဓားခုတ်ကောင်လက်၊ ကင်းခြေများခန္ဓာကိုယ်နှင့် တိုက်ခိုက်ခဲ့ခြင်းပင်။

ယခုပေါ်လာသည့် ဤငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းအမျိုးသားမှာ သူ၏အဖိုးပင်ဖြစ်ပြီး ကလန်မှ နာမည်ကြီးသည့် ကျွမ်းကျင်သူတစ်ဦးပင်။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ပြီးသားပင်။

“ဟား ဟား .. စိတ်ဝင်စားစရာကောင်းသားပဲ .. လူတွေအများကြီး သေပြီးသွားတာတောင်မှ မင်းတို့ အဲဒီကောင်ကို မရှင်းနိုင်သေးဘူးပေါ့ .. အခု ဒီအရှင်ထွက်လာပြီ .. သူ့ခေါင်းကိုသာ ရခဲ့ရင် ဒါက အရမ်းကို အံ့ဩဖို့ကောင်းတဲ့ကိစ္စဖြစ်သွားမှာပဲ..”

အခြားနေရာတစ်ခုတွင် ဖြူဖျော့ကာ အားနည်းသည့်ပုံပေါက် လူလတ်ပိုင်းအမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။

“ဒါက မြေကမ္ဘာဝိညာဉ်ကလန်က စီနီယာ..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး အော်ဟစ်လိုက်သည်။

မြေကမ္ဘာဝိညာဉ်ကလန်မှာ တစ်နှစ်ပတ်လုံး နေရောင်ခြည်မရှိပဲ အမြဲတမ်း မှောင်မိုက်နေသည့်နေရာပင်။ သူတို့သည် အစက အသက်ရှင်နေသည့်ခန္ဓာကိုယ်များကို လုယူသည့် ယင်ဝိညာဉ်များဖြင့် ဖွဲ့စည်းထားသည့် ကလန်ဟု ပြောကြသည်။

ဤကလန်၌ ထူးဆန်းသည့်နည်းလမ်းများ ရှိသည်ပင်။ သူတို့သည် အမှောင်ထုထဲ၌ တစ်နှစ်ပတ်လုံး နေခဲ့ကြသောကြောင့် သူတို့သည် လုပ်ကြံခြင်းအတွက် အသင့်တော်ဆုံးပင်။ ယခင်ခေတ်စစ်ပွဲကြီးတွင် ဤကလန်မှ ပြိုင်ဘက်ကင်းသည့်ဘိုးဘေးသည် ထာဝရတာအိုကျွမ်းကျင်သူများစွာကို သတ်ပစ်ခဲ့သည်ပင်။

“ငါတို့ရဲ့ရည်ရွယ်ချက်က သစ်သားသေတ္တာပဲ … ငါတို့ အဲဒါကို ရကိုရရမယ် .. ဟွမ်ကတော့ သူ့ကိုတွေ့ရင် ဒီတိုင်းသတ်လိုက် .. သူ့ကို ရေးကြီးခွင်ကျယ်လုပ်မနေနဲ့..” လူငယ်တစ်ဦး အမိန့်ပေးလိုက်သည်။

သူသည် လူငယ်ကျွမ်းကျင်သူတစ်ဦးနှင့်တူနေသော်လည်း အခြား ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည်။ သူလည်း ထိုအဆင့်ရောက်နေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း အခြားလူများထက် အလွန်ငယ်ရယ်နေသေးသည်ပင်။

အနည်းဆုံးတော့ သူ၏ပုံပန်းသွင်ပြင်မှာ အသက် ၃၀ ခန့်သာရှိသည်။

သူ၏အသက်အစစ်ကိုတော့ မည်သူမှမသိ။ သူ့ကို ‘ငယ်ရွယ်ကာရဲရင့်သည့်’ သူရဲကောင်းတစ်ဦးဟုသာ မှတ်ယူထားကြသည်ပင်။

သူ့ကလန်မှာ အတော်လေး ထူးဆန်းလှသည်။ ငရဲကြီးကိုးထပ်မြက်ဟု ခေါ်သည့် ချောက်နက်ကြီးထဲ၌သာ ပေါက်ရောက်သည့် အပင်အမျိုးအစားပင်။

“ငါတို့ ဟွမ်ကိုတွေ့ပြီ..”

ထိုအချိန်တွင် အဝေးမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ဟွမ်နှင့်တွေ့သွားသည် အဖွဲ့တစ်ဖွဲ့ ရှိနေလေပြီ။

တောအုပ်ထဲ၌ ရွှေရောင်လျှပ်စီးတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူဖြတ်သွားသည့်နေရာတိုင်း၌ လေပြင်းများ တိုက်ခတ်လာပြီး အမှိုက်များလည်း နေရာအနှံ့ လွင့်စင်လာသည်။ ရှေးဟောင်းသစ်ပင်ကြီးများလည်း ပြင်းထန်စွာ လှုပ်ခါသွားကာ သစ်ရွက်များ မြေပြင်ပေါ်သို့ ကြွေကျကုန်သည်။

ဤသည်မှာ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ပင်။

သူ၏ခန္ဓာကိုယ်မှာ ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေသည်။ ယခု သူ ရှီဟောင်၏ စီးတော်ယာဉ်ဖြစ်နေလေပြီ။ သူ အံကြိတ်ထားကာ ရှီဟောင်၏အမိန့်ကို လက်ခံရုံမှလွဲ၍ တစ်ခြားရွေးချယ်စရာမရှိတော့။

“ငါ အမြင်မှားနေတာလား .. အဲဒါက အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့ သွေးမျိုးဆက်က မဟုတ်ဘူးလား .. သူ့ဘိုးဘေးတွေကို ခြေရာလိုက်နိုင်တဲ့သူက ဟွမ်ရဲ့ စီးတော်ယာဉ်ဖြစ်နေတာလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။

ဤသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်ပင်။ သိထားရမည်မှာ ဤရွှေရောင်ခြင်္သေ့သည် တစ်ဖက်လောက၌ အလွန်နာမည်ကြီးသည့်သူပင်။ သူ၏သွေးမျိုးဆက်မှာ ဘုရင်ကလန်များစွာထက် သာလွန်သည်ပင်။

သို့သော် ယခုတော့ သူခေါင်းငုံ့ထားရကာ ဟွမ်၏ စီးတော်ယာဉ်ဖြစ်လာပြီး တောအုပ်တစ်ခုလုံးကို ဖြတ်သန်းသွားလာနေရသည်။

ဝုန်း..

တောင်ကြောအချို့၌ တိုက်ပွဲတစ်ခု ဖြစ်လာသည်။ ရှီဟောင် အုပ်စုတစ်စုနှင့်တွေ့လိုက်ရပြီး ပြင်းထန်စွာ တိုက်ခိုက်နေရသည်။ နတ်အလင်းများ ကောင်းကင်ထက်သို့ ထိုးတက်သွားကာ သင်္ကေတများလည်း ဝေ့ဝဲလာသည်။

“ဟွမ် ဘယ်မှာလဲ .. သူ့ကို မြန်မြန်သတ်လိုက်..” တောအုပ်ထဲမှ ဖရိုဖရဲဖြစ်နေသည့်နေရာသို့ အားလုံး ဦးတည်သွားလိုက်ကြသည်။

ကံမကောင်းစွာဖြင့် သူတို့နီးကပ်သွားသည့်အချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးသွားလေပြီ။ ထိုနေရာ၌ သွေးများစွာ ကျန်ရစ်နေခဲ့သော်လည်း ဟွမ်ကိုတော့ မတွေ့ရတော့။

“သူတို့တွေက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က စီနီယာတစ်ယောက် ဦးဆောင်လာတဲ့ ခရမ်းရောင်ပန်းကလန်က တပ်သားတွေပဲ .. သူတို့အားလုံး အသတ်ခံလိုက်ရပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။

“မဖြစ်နိုင်တာ .. ဟွမ်က ဘယ်လိုလုပ် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို သတ်နိုင်မှာလဲ .. ငါတို့ နတ်ဆေးတောင်တန်းထဲမှာ ရှိနေတဲ့အချိန်တုန်းက သူက ဒီအဆင့်က အရှင်တွေ လိုက်ဖမ်းတာ ခံနေရတာ..”

ဤသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်။ ဟွမ်က ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက်ထိ စွမ်းအားကြီးလာပြီးတော့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူတွေကို သတ်နိုင်တာလဲ .. အဲဒါဆို ဘယ်သူက သူ့ကိုတားနိုင်တော့မှာလဲ..

“တစ်ခြားသူတွေကို မြန်မြန်သတင်းပို့လိုက် .. သူတို့ကို သတိထားဖို့ပြော .. ဟွမ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ငါတို့ထင်ထားတာထက်ကျော်နေပြီ.. သူက အန္တရာယ်ရှိတဲ့အရူးတစ်ယောက်ပဲ..” တစ်စုံတစ်ယောက်မှ စိုးရိမ်စွာ ပြောလိုက်သည်။

ဝုန်း..

အခြားတစ်နေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်။ ဟွမ်သည် ‌ရွှေရောင်ခြင်္သေ့၏ ကျောပေါ်၌ထိုင်ကာ အရိုးဓားတစ်ချောင်းကို ကိုင်ထားပြီး တစ်ဖက်လောကမှ ကျင့်ကြံသူများနှင့်တိုက်ခိုက်နေသည်။ နောက်ဆုံးရိုက်ချက်တွင် ဖူးဟူသည့်အသံနှင့်အတူ ထိုလူ ခေါင်းပြုတ်ထွက်သွားသလို မူလဝိညာဉ်လည်း ဖျက်ဆီးခံလိုက်ရသည်။

ကောင်းကင်ထက်သို့ သွေးအလင်းတန်း စီးဆင်းသွားကာ နတ်ခွန်အားများလည်း ထွက်ပေါ်လာသည်။

အရေးအကြီးဆုံးအချိန်တွင် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါက်ကွဲသွားသည်။ သူသည် ရှီဟောင်ကို သူနှင့်အတူ ဆွဲခေါ်ချရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်လိုက်။

ဟွမ်၏ခွန်အားမှာ သူတို့တွေးထင်ထားသည်နှင့် လုံးဝကွာခြားနေသည်ပင်။

ကောင်းကင်သားရဲတောအုပ်ထဲရှိ လေထုအခြေအနေ တင်းမာလာသည်။ တစ်ဖက်လောကမှလူများ၏ မျက်လုံးထဲ၌ အရေးမပါသည့်ကောင်မှာ ယခုတော့ အန္တရာယ်များသည့်သူ ဖြစ်နေလေပြီ။

အမှန်တကယ်တော့ ရှီဟောင်အတွက်လည်း လွယ်ကူမနေပေ။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်၏ အလယ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူတွေးထားသလို အဆင့်ကျော်ကာ ကျင့်ကြံသူများကို သတ်၍မရ။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းမှာ ရှေ့ဆက်သွားလေလေ ခက်ခဲလာလေလေပင်။ လုံလောက်အောင်ပါရမီမရှိပါက အဆင့်တက်နိုင်မည်မဟုတ်။

ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နိုင်သည့်သူများမှာ ဂျီးနီးယပ်စ်များထဲမှ ဂျီးနီးယပ်စ်များပင်။

ထို့ကြောင့် ဤကဲ့သို့သော စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များကို မတူညီသည့်ကျင့်ကြံခြင်းနယ်ပယ်မှ တိုက်ခိုက်ရသည်မှာ သေချာပေါက် လွယ်ကူမည်မဟုတ်။

“ဟွမ် .. သူကဘာလို့ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ .. သူက ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရဲ့ အလယ်ဆင့်မှာပဲ ရှိသေးတာလေ .. အဲဒါကို သူက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျွမ်းကျင်သူတွေကို သတ်နိုင်နေတယ်..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။ အခြေအနေများကိုသိလိုက်ရပြီးနောက် သူမလန့်ပဲမနေနိုင်။

နောက်ဆုံးတော့ ရှီဟောင်အနည်းငယ် ဒုက္ခတွေ့နေလေပြီ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ကို အားလုံး ဝိုင်းရံနေလေပြီ။

ငွေရောင်ဆံနွယ်နှင့်အမျိုးသား ထိုနေရာ၌ ရပ်နေပြီး သူ့လက်ထဲ၌ ငွေရောင်ဓားနှစ်လက်ရှိနေသည်။ အေးစက်သည့်အလင်းများ နေရာတိုင်း၌ ပျံ့လွင့်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။ သူသည် သူ၏ရန်လိုခြင်းကို ဖုံးကွယ်မထားတော့။

“ဓားခုတ်ကောင်ကင်းခြေများကလူတွေ..” ရှီဟောင် ထိုလူကို စိုက်ကြည့်လိုက်၏။ သူ၏ကောင်းကင်မျက်လုံးများ တောက်ပလာကာ ထိုလူ၏ ပုံစံအမှန်ကို တွေ့လိုက်ရသည်ပင်။

‘မင်း အသက်ကိုပေးလိုက်တော့..” ထိုငွေရောင်ဆံပင်နှင့်လူမှ အော်ဟစ်လိုက်ကာ သူ့လက်ထဲရှိဓားကို လွှဲရမ်းပြီး တရှိန်ထိုး‌ ပြေးဝင်သွဦးသည်။

ဤမြင်ကွင်းမှာ မည်မျှပင် ကြောက်စရာကောင်းလိုက်သနည်း.. ဓားနှစ်လက်သည် လေဟာနယ်ကို ဖြတ်သွားကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း စုတ်ပြဲသွားသည်။

ထိုငွေရောင်ဓားနှစ်လက်၏ စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင်ပင်။

ဤသည်မှာ ဘုရင်လူမျိုးစုမှ အထင်ကြီးစရာကောင်းသည့် ကျွမ်းကျင်သူတစ်ဦးပင်။ ဘေးပတ်လည်၌ ဝိုင်းထားသည့်သူများမှာ ဤလူကို မြင်သည်နှင့် တုန်လှုပ်သွားကြလေသည်။

“ဓားခုတ်ကောင်ကင်းခြေများကလန်က စီနီယာက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား .. ဘုရင်ကလန်တွေကြားက နာမည်ကြီးစစ်ကလန် ဖြစ်ထိုက်ပါပေတယ် .. အရမ်းကို စွမ်းအားကြီးတယ်..” ခပ်ဝေးဝေးမှလူများ အံ့အားတကြီး သက်ပြင်းချလိုက်ကြသည်။

ကံမကောင်းစွာဖြင့် ထိုအထင်ကြီးမှုမှာကြာရှည်မခံခဲ့။ ရှီဟောင်သည် တစ်ကိုယ်တော်ဗုဒ္ဓပုံစံရှစ်မျိုးကို အသုံးပြုကာ ထိုလူ၏ အားနည်းသည့်နေရာများကို လိုက်ရှာကာ ဆက်တိုက်ပင် ရိုက်ထည့်လိုက်သည်။

ဝုန်း..

နောက်ဆုံးတွင် ထိုဆံပင်ငွေရောင်နှင့်လူမှာ သေသည်အထိ ရိုက်ခံလိုက်ရလေသည်။ သူ သွေးမြူအဖြစ် ပြောင်းလဲသွားကာ အချို့အရိုးအပိုင်းအစများ လွင့်ပျံသွားလေ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” ပုန်းကွယ်နေသည့်အမွေးအတောင်ကလန်မှ လူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အားလုံး တုန်လှုပ်သွားရသည်။

“သူက အသက် ၂၀ ကျော်လေးပဲရှိသေးတာကို သူက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူကိုတောင် သတ်နိုင်တယ် .. သူ ငါတို့အသက်အရွယ်ရောက်လာရင် သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်တောင် ရောက်နေမလဲ..” ပုန်းကွယ်နေသည့်အမွေးအတောင်ကလန်မှ ကျွမ်းကျင်သူများ မျက်နှာပျက်သွားရသည်။

အသက် ၂၀ ကျော် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူဆိုသည်မှာ ရှေးခေတ်၌ပင် မြင်တွေ့နိုင်ရန် ရှားပါးလှသည်။ အထူးသဖြင့် သူသည် ကျင့်ကြံဆင့်နယ်ပယ်များကို ဖြတ်ကာ စွမ်းအားကြီးသည့် ကျင့်ကြံသူများအား သတ်နိုင်နေသည်ပင်။

တစ်ဖက်လူများအမြင်တွင်တော့ ရှီဟောင်သည် ပုံမှန်မဟုတ်။ သူ့ကိုသာ အချိန်နှစ်ရာပေါင်းအနည်းငယ်သာ ပေးလိုက်လျှင် သူမည်မျှပင် စွမ်းအားကြီးလာမည်နည်း..

“အသက် ၂၀ ကျော် ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျင့်ကြံသူ .. သူ့ရှေ့မှာ ဘယ်သူမှ မရှိဖူးဘူး ဟုတ်တယ်မလား..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ယခင်ခေတ်၌ ဤကဲ့သို့သောပုဂ္ဂိုလ်မျိုးရှိခဲ့သည်ဟု သူတို့မကြားဖူး။ ဤခေတ်တွင်လည်း မြင်နိုင်ရန် ရှားပါးလွန်းလှသည်။ ရှိလျှင်ပင် အသက် ၃၀ နားကပ်နေလောက်လေပြီ။

“သူ့ရဲ့ စွမ်းရည်တွေက အရမ်းကို အံ့ဩဖို့ ကောင်းလွန်းတယ် .. ငါတို့သူ့ကို မြန်မြန်သတ်ရမယ်..” ပုန်းကွယ်နေသည့်အမွေးအတောင်ကလန် ကျွမ်းကျင်သူမှ ထူးဆန်းသည့်အချက်ပြမှုကို ပြုလုပ်ကာ ဘေးပတ်လည်မှ အခြားကျွမ်းကျင်သူများကို ခေါ်လိုက်သည်။

သူ့ကိုယ်သူ လုံလုံခြုံခြုံ ပုန်းနေနိုင်ပြီဟု ထင်နေသော်လည်း ကံမကောင်းစွာဖြင့် ရှီဟောင်သည် အစောကြီးကတည်းက သူ့အား သတိပြုမိခြင်းပင်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့ ဟစ်ကြွေးလိုက်ကာ တောင်ကြောတစ်ခုကို တုန်ခါသွားသည်အထိ တက်နင်းလိုက်သည်။

“သတ်..”

ပုန်းကွယ်နေသည့်အမွေးအတောင်ကလန်မှ ကျွမ်းကျင်သူ သူ့ကိုယ်သူ အားတင်းကာ ရှီဟောင်နှင့် တိုက်ခိုက်လိုက်သည်။

ကံမကောင်းစွာဖြင့် တိုက်ခိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို လျှပ်စီးအလင်းတန်းတစ်ခု ထိုးဖောက်သွားကာ သူလည်းတစ်ကိုယ်လုံး မည်းနက်ပြီး အသက်ပျောက်သွားလေ၏။

..

“မကောင်းတော့ဘူး .. ဟွမ်က အရမ်းအားကြီးနေတယ် .. သူက ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေကိုတောင် သတ်နိုင်နေတယ် .. သူ့လက်အောက်မှာ လူတွေအများကြီး မရှုမလှသေပြီးသွားပြီ..”

နောက်ဆုံးတော့ ကောင်းကင်သားရဲတောအုပ်အပြင်ဘက်သို့ သတင်းများ ပျံ့လွင့်သွားသည်။

ဤသည်မှာ ဦးဆောင်သည့်ပုဂ္ဂိုလ်များကို တုန်လှုပ်သွားစေကာ သူတို့အမူအရာလည်း ပျက်ယွင်းသွားသည်။ ဤသည်မှာ လူငယ်လေးတစ်ဦးသာဖြစ်သော်လည်း သူတို့ယခုထိ ဖမ်းမမိနိုင်သေးသည့်အပြင် များစွာ ပေးဆပ်နေရလေပြီ။

“သူက တကယ်ကို အသက် ၃၀ မပြည့်သေးတာလား..” အခြား ကျွမ်းကျင်သူတစ်ဦးမှ မေးခွန်းထုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်ကို လက်ခံနိုင်ရန် တကယ်ခက်ခဲလှသည်ပင်။

“သေချာတယ် .. သူက အများဆုံးမှ ၂၆-၂၇ လောက်ပဲရှိသေးတာ .. သူက ၂၅ နှစ်ထက်တောင် ငယ်ရင်ငယ်နိုင်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ဒါက အရမ်းကို ထူးဆန်းသွားပြီ .. ငါတို့ သူ့ကို သတ်ရမယ် .. မဟုတ်ရင် နောင်ကျရင် ငါတို့အတွက် ကပ်ဆိုးကြီး ဖြစ်လာနိုင်တယ် .. ဒီလောက်အသက်လေးနဲ့ ဒီလိုမျိုးအောင်မြင်မှုမျိုး ရနေတာက လက်မခံနိုင်လောက်တဲ့အဆင့်ထိကို ရောက်သွားပြီ..” ဦးဆောင်သည့်ပုဂ္ဂိုလ်တစ်ဦးမှ ပြောလိုက်သည်။

ထိုအချိန်တွင် တစ်ယောက်ပြီးတစ်ယောက် ချုံခိုတိုက်ခိုက်နေကြကာ အချို့လူများ သေဆုံးသွားပြီဖြစ်ကြောင်း အခြားလူတစ်ယောက်မှ သတင်းပို့လာသည်။

ဝုန်း..

ထိုအချိန်တွင် ကောင်းကင်ထက်၌ တစ်ချိန်လုံး ထိုင်နေခဲ့သည့် အဆင့်လွန်သက်ရှိများထဲမှ တစ်ယောက် လှုပ်ရှားလာသည်။ သူမြေကြီးပေါ်သို့ ရောက်လာသည်နှင့် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာသည်။ ဤသည်မှာ ကြယ်ပင်လယ်ကြီး တုန်ခါသွားသကဲ့သို့ပင်။

“စီနီယာ..” လူများစွာ ထိတ်လန့်သွားရသည်။

“သူက အသက် ၂၀ ကျော်နဲ့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေကို သတ်နိုင်တယ်ဆိုတာ သေချာလား ..” ထိုအဆင့်လွန်သက်ရှိ၏ အမူအရာမှာ လေးနက်နေသည်။

“သေချာပါတယ်..”

ထိုအဖြေကို ပြန်ရသည်နှင့် ထိုအဆင့်လွန်သက်ရှိ ထိုနေရာမှပျောက်ကွယ်သွားကာ ကောင်းကင်သားရဲတောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

အပိုင်း ၁၇၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၈ – အဆင့်လွန် သက်ရှိများ ထွက်ခွာခြင်း

အားလုံးထိတ်လန့်သွားကာ အတော်လေး တုန်လှုပ်သွားရသည်။ အဆင့်လွန်သက်ရှိတစ်ယောက် လှုပ်ရှားနေပြီ..

ဒီလိုအဆင့်သက်ရှိ လှုပ်ရှားမှတော့ ဟွမ်မှာ အသက်ရှင်နိုင်ဖို့အခွင့်အရေးမရှိတော့ဘူး .. လောကကြီးပင် အရောင်အဆင်းကင်းမဲ့သွားကာ နေနှင့်လလည်း တုန်ယင်လာသည်။ ဤကဲ့သို့သော စွမ်းအားမျိုးကို မည်သူက တားဆီးနိုင်မည်နည်း.. ဟွမ် သေချာပေါက် အသတ်ခံရတော့မည်။

အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိနှင့်ယှဉ်လျှင် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်မှာ ပုရွက်ဆိတ်လေးသာသာပင်။

သူတို့ကို နှိုင်းယှဉ်ရန်မဖြစ်နိုင်။ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ အဆင့်လွန်သက်ရှိများမှာ သေမျိုးလောက၌ ထိပ်ဆုံး၌ ရှိနေသည့်သူများပင်။

သို့သော် အားလုံး စိုးရိမ်နေကြရ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကောင်းကင်သားရဲတောအုပ်ပင်။ အဆင့်လွန်သက်ရှိပင်လျှင် ဝင်သွားလိုက်သည်နှင့် ကပ်ဆိုးများ ခံစားရသည်ဟု ကောလဟာလများ ရှိနေသည်ပင်။

ဤသည်မှာ အဆင့်လွန်သက်ရှိများ တစ်ချိန်လုံး တိတ်ဆိတ်နေရသည့်အကြောင်းရင်းပင်။

ကောင်းကင်သားရဲတောအုပ်မှာ လှောင်အိမ်တစ်ခုနှင့်တူသည့်နေရာပင်။ အဆင့်လွန်သက်ရှိများ ဝင်သွားလိုက်သည်နှင့် သူတို့ ကန့်သတ်ချက်အချို့နှင့် ညှိသွားကာ အထဲဘက်၌ ပိတ်မိသွားကာ ရုန်းထွက်နိုင်မည်မဟုတ်တော့။

သို့သော် သူတို့သာ ဂရုစိုက်သွားလာပြီး ထိုရှေးဟောင်းအစီအရင်များကို အသက်မသွင်းမိပါက သူတို့ ဤနေရာ၌ ဘေးကင်းစွာ သွားလာနိုင်မည်ပင်။

“အရှင် ဘာမှမဖြစ်ဖို့ မျှော်လင့်ပါတယ်..” တစ်စုံတစ်ယောက် တီးတိုးဆုတောင်းလိုက်သည်။

အဆင့်လွန်သက်ရှိတစ်ယောက်သာ ပိတ်မိသွားသည်ဆိုပါက အလွန်ဝမ်းနည်းစရာကောင်းသည့်သတင်း ဖြစ်သွားလိမ့်မည်။

အဆင့်လွန်သက်ရှိ ဝင်သွားရသည့်အကြောင်းရင်းမှာ ဟွမ်၏ ထူးခြားသည့် စွမ်းရည်ကြောင့်ဆိုသည်ကို သူတို့သိသည်။ ယခု ဟွမ်ကို သတ်ရန်အတွက် သူ တွေဝေနေခြင်းမရှိပဲ ပေးဆပ်ခဲ့သည်ပင်။

“ဝိုး ငါနားလည်ပြီ .. ဟွမ်က ထာဝရဘုရင်လမ်းကြောင်းကို တွေ့ခဲ့သလားလို့ စီနီယာ စိုးရိမ်နေတာ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

မဟုတ်ပါက အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်လာမည်နည်း..

“စီနီယာရဲ့ ခရီးစဉ် ချောမွေ့ဖို့ မျှော်လင့်တယ်..”

“ဘိုးဘေးဝိညာဉ်များ .. ကျွန်တော့်ကလန်ရဲ့ ကံကြမ္မာကို ကာကွယ်စောင့်ရှောက်ပေးတော်မူပါ..” အချို့လူများ တီးတိုးရေရွတ်လိုက်သည်။

ကောင်းကင်သားရဲတောအုပ်အတွင်းပိုင်းတွင် နေရာတိုင်း၌ သွေးများ စွန်းထင်နေသည်။

သူစီးထားသည့် ရွှေရောင်ခြင်္သေ့ တောင်ကြားတစ်ခုသို့ တက်သွားသည့်အချိန် ရုတ်တရက် ဓားအလင်းတန်းတစ်ခု သူ့ဦးခေါင်းအနောက်ဘက်သို့ ဦးတည်လာ၏။ တစ်ယောက်ယောက် သူ့ကို ချောင်းတိုက်နေလေပြီ။

မြေကမ္ဘာဝိညာဉ်ကလန်မှ အကြီးအကဲ လှုပ်ရှားလိုက်ခြင်းပင်။ ဤကလန်မှာ ပုံမှန်အားဖြင့် နေရောင်မရှိသည့် နေရာများ၌ နေကြကာ သူတို့မျက်နှာများမှာ သရဲကဲ့သို့ ဖြူဖျော့နေသည်။

သူတို့သည် အမှောင်ထဲ၌ နေရသည်ကို ကြိုက်သောကြောင့် သူတို့၏အပူချိန်များလည်း အလွန်အေးစက်ကာ မှုန်မှိုင်းနေပြီး ချောင်းတိုက်ရသည်ကို ကြိုက်နှစ်သက်ကြသည်ပင်။ သူတို့သည် တစ်ဖက်လောကမှ လုပ်ကြံရေးကလန်များပင်။ ယခင်က ဤကလန်၏ ဘိုးဘေးသည် ထာဝရတာအိုကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့သည်ပင်။

ရှီဟောင်၏ခေါင်းမှ ဆံပင်ပြတ်ကျသွားသည်။

ထို သေစေလောက်သည့် ရိုက်ချက်ကို ရှောင်ရန်အတွက် ရှီဟောင် လေဟာနယ်ထဲ၌ ပုန်းနေလိုက်သည်။ သို့သော် ထိုဓားအလင်းတန်းဖြင့် ထိမိသွားသောကြောင့် သူ့ပုခုံးမှ သွေးအနည်းငယ် လွင့်စင်လာသည်။

“သတ်..”

ရှီဟောင် ဟစ်ကြွေးကာ ထိုလူကို ပိတ်ထားလိုက်သည်။ ထို့နောက် ထိုသူနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ပင်။

ဖူး..

နောက်ဆုံးတော့ မြေကမ္ဘာဝိညာဉ်ကလန်မှ ကျွမ်းကျင်သူ သေဆုံးသွားလေပြီ။

“ငါတို့သွားမယ်..” ဤမြင်ကွင်းကို မြင်သည်နှင့် ခပ်ဝေးဝေးမှ လူငယ်ကျင့်ကြံသူတစ်ဦး ချက်ချင်းပင် လှည့်ထွက်သွားလေ၏။ သူသည် မကူညီပဲ ပြေးရန်သာ ကြိုးစားလိုက်သည်။

သူ့နောက်မှလိုက်လာသည့်သူများမှာ ဆွံ့အသွားကာ သူ့ကို တီးတိုးကျိန်ဆဲလိုက်ကြလေ၏။

အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးသည် အစောပိုင်းက ရဲဝင့်စွာ ပြောနေခဲ့သည်ပင်။ ဟွမ်သည် ဘာမှမဟုတ်ကြောင်း၊ သူတို့သာ ဟွမ်နှင့်တွေ့ပါက သူ့ကို သတ်လိုက်မည်၊ သူတို့၏ အဓိကရည်ရွယ်ချက်မှာ သစ်သားသေတ္တာပင်ဖြစ်ကြောင်း ပြောခဲ့သည်ပင်။

သို့သော်လည်း ယခုတော့ သူ .. ထွက်ပြေးသွားလေပြီ။

ဤလူငယ်ကျင့်ကြံသူမှာ တကယ်ကို ကြောက်ရွံ့နေသည်ပင်။ တစ်ဖက်လူသည် သူ့ထက်ငယ်ရွယ်သော်လည်း ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများကို သတ်‌နေသောကြောင့် သူ့အသက်ကိုအလကားမဖြုန်းတီးပစ်ချင်။

“မင်းက ဘယ်သွားချင်နေတာလဲ..” ရှီဟောင် သူ့နောက် လိုက်သွားလိုက်သည်။

ထို့အပြင် ယခုအချိန်တွင် သူ ခြင်္သေ့ကို ချိတ်ပိတ်ထားလိုက်ပြီး သူ့အကွာအဝေးမှော်ပစ္စည်းထဲသို့ ထည့်ထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရန်သူများကို လိုက်ဖမ်းသည့်အချိန်တွင် ရွှေရောင်ခြင်္သေ့၏ အရှိန်မှာ လျင်မြန်သော်လည်း သူ့လောက်မမြန်။

ဖူး..

နောက်ဆုံးတွင် ထိုလူငယ်အရှင် လိုက်ဖမ်းခံလိုက်ရသည်။ သူတို့ပြင်းထန်စွာ တိုက်ခိုက်ကြသော်လည်း နောက်ဆုံးတွင် သူ့ခေါင်းဖြတ်ခံလိုက်ရပြီး ခန္ဓာကိုယ်သာ ကျန်တော့သည်။ သူ၏မျက်နှာထက်တွင် မကျေနပ်မှုများ၊ ထိတ်လန့်မှုများဖြင့် ဖြူဖျော့နေသည်။ သူအသတ်ခံလိုက်ရကာ သူ၏မူလဝိညာဉ်လည်း ပျက်ပြယ်သွားလေပြီ။

“မကောင်းတော့ဘူး..”

ထိုအချိန်တွင် ရှီဟောင် ရုတ်တရက် ဦးရေပြားများ ထုံကျဉ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ ဤသည်မှာ ကြောက်စရာကောင်းသည့် သမိုင်းမတင်မှီခေတ်သားရဲကြီးမှ သူ့အား ဖမ်းပိတ်ထားသကဲ့သို့ပင်။ သူ့တစ်ကိုယ်လုံး ကြက်သီးထလာရသည်။

သူ တစ်စက္ကန့်မျှပင် အချိန်ဖြုန်းမနေတော့ပဲ ထိုသစ်ပင်ခြောက်ကြီးရှိနေသည့်ဘက်သို့ ဦးတည်သွားလိုက်သည်။

ဤသည်မှာ မသိစိတ်တစ်မျိုးပင်။ သူ့အတွက်မကောင်းသည့်အရာတစ်ခုခု ဖြစ်လာတော့မည်။ သူသာ မရှောင်လျှင် သေချာပေါက် သေသွားလိမ့်မည်။

ဤသည်မှာ ကောင်းကင်ကိုတွန်းလှန်နိုင်သည့်သူနှင့် သာမန်လူကြားမှ ကွာခြားချက်ပင်။ ရှီဟောင်နှင့်တူသည့်သူအားလုံး အန္တရာယ်ရောက်မလာခင် ဤကဲ့သို့သော နတ်အသိစိတ်ရှိကြမည်ပင်။ သူတို့အမြဲတမ်း တစ်ခုခုကို အာရုံခံမိသည်ပင်။

သူ နောက်တစ်ခေါက် ထပ်ပြေးရတော့မည်ကို သူသိသည်။

သူ၏အစီအစဉ်မှာ ရန်သူအချို့ကို ထပ်သတ်ပြီး ပြန်လည်ဝင်စားခြင်းကန် သို့မဟုတ် ရှေးဟောင်းသစ်ပင်နား၌ သွားပုန်းရန်ပင်။ အန္တရာယ်မှာ ဤမျှ မြန်မြန်ရောက်လာလိမ့်မည်ဟု သူမထင်ထားခဲ့။

ကံကောင်းစွာဖြင့် ရှီဟောင် ရှေးဟောင်းသစ်ပင်နှင့် အဝေးကြီးသို့ မရောက်သေး။

ထို့ကြောင့် သူ ချက်ချင်းပြန်ပြေးလာပြီး သစ်ပင်အောက်၌ ဝင်ထိုင်ကာ ဘေးပတ်လည်ကို သေချာအာရုံစိုက် လေ့လာလိုက်သည်။

ယခုတစ်ခေါက်မှာ တကယ်ကို အန္တရာယ်များလှသည်ပင်။ လောကကြီးကိုဖန်တီးသည့် မူလဖရိုဖရဲမြူများမှ ထွက်လာသည့် ကြောက်စရာကောင်းသည့် ရှေးဟောင်းသားရဲတစ်ကောင် သူ့အနားသို့ ရောက်လာသည်ဟု ခံစားလိုက်ရသည်။

ဘေးပတ်လည်မှာ တိတ်ဆိတ်နေပြီး ဘာသံမှ မကြားရတော့။ သူတို့ ကမ္ဘာအစွန်းသို့ ချက်ချင်းရောက်လာသကဲ့သို့ပင်။

ဤသည်မှာ အလွန်အသက်ရှူကြပ်သည့် ခံစားချက်ပင်။ ရှီဟောင် မလှုပ်မယှက်ဖြင့်ပင် ထိုင်စောင့်နေလိုက်သည်။

အမှန်တကယ်တွင် ခပ်ဝေးဝေးတောင်တန်းကို ချဉ်းကပ်လာသည့် သက်ရှိတစ်ယောက် တကယ်ရှိနေသည်ပင်။ ဤလူ လမ်းစလျှောက်သည့်အချိန်တွင် သူ၏ခြေလှမ်းများ၌ ကြယ်မြစ်တစ်စင်းရှိနေပြီး သူ့ခြေထောက်အောက်၌ အချိန်အပိုင်းအစများလည်း ရှိနေသည်ပင်။

သို့သော် နောက်ဆုံးတွင် သူ၏ခြေလှမ်းများ နှေးကွေးသွားကာ ခြေတစ်လှမ်းဖြင့် လီပေါင်းထောင်ပေါင်းများစွာသို့ မရောက်တော့။ ထိုအစား သာမန်လူတစ်ယောက်ကဲ့သို့ တစ်ဖြည်းဖြည်း တိတ်ဆိတ်လာသည်။

အဘယ်ကြောင့်ဆိုသော် ဤရှေးဟောင်းမြေမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများအတွက် အနေတော်ဖြစ်သော်လည်း သူ့အဆင့်ရှိသည့် သက်ရှိအတွက်မူ ကန့်သတ်ချက်များ ရှိနေသည်ပင်။

မဟုတ်ပါက သူသွားချင်သည့်နေရာကို ခြေတစ်လှမ်းတည်းဖြင့် ရောက်နိုင်သည်။ သူက အဘယ်ကြောင့် ဤမျှဂရုစိုက်နေရမည်နည်း.. အတွေးတစ်ချက်တည်းဖြင့် ကောင်းကင်သားရဲတောအုပ်ထဲရှိ အရာမှန်သမျှကို ရှင်းလင်းပစ်နိုင်သည်အထိ သူစွမ်းအားကြီးသည်ပင်။

ဟွမ်ပင် လွတ်မြောက်နိုင်မည်မဟုတ်။

သို့သော်လည်း သူပြိုင်ဘက်ကင်းသည့်စွမ်းအားကို အသုံးပြု၍မရ။ သူ့ကိုယ်သူ ထိန်းချုပ်ရမည်။ ထို့အပြင် သူ မျက်စိရှင်ရှင်ထားကာ ကန့်သတ်နယ်မြေများကို ရှာဖွေရမည်။ မဟုတ်ပါက သူကံဆိုးသွားလိမ့်မည်။

နောက်ဆုံးတော့ ဤတောအုပ်ထဲမှ တိတ်ဆိတ်နေသည့်တောင်တန်းတစ်ခုသို့ သူတိတ်တဆိတ် ချဉ်းကပ်လာနိုင်လေပြီ။

ထိုနေရာ၌ မည်းနက်နေသည့် ရှေးဟောင်းသစ်ပင်တစ်ပင်ရှိနေသည်။ အပင်မှာ တိမ်များထိပင် မြင့်နေပြီး အလွန်စွမ်းအားကြီးလှသည်။ ထို့အပြင် သူ့ကို ထူးဆန်းသည့်မြူတစ်မျိုးလည်း ဝန်းရံထားသည်ပင်။

သစ်ပင်အောက်၌ လူငယ်တစ်ယောက် ထိုင်နေသည်။ သူသည် သတိအနေအထားဖြင့် ထိုင်စောင့်နေခြင်းပင်။

ရောက်လာသည့်သူမှာ ကြယ်ကိုပင် လက်တစ်ဖက်မြှောက်ရုံဖြင့် ဖမ်းနိုင်လောက်အောင် အလွန်ကြောက်စရာကောင်းသည့်သူပင်။

သို့သော် ယခုအချိန်တွင် သူသည် ပို၍ ပို၍ လေးနက်လာပြီး အလောတကြီး မလှုပ်ရှား။ ထိုရှေးဟောင်းသစ်ပင်ကိုသာ စိုက်ကြည့်နေသည်။

“အရင်တုန်းက ဒီတောင်မှ ဒီလိုသစ်ပင်မျိုးမရှိဘူး .. ဒါက နောက်ပိုင်းမှ သွေးအိုင်ထဲက ပေါက်လာတာ..” သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကမှ လူများ ဤနေရာသို့လာဖူးသောကြောင့် သူဤနေရာအား နားလည်သည်ပင်။ ယခင်က ဤနေရာ၌ သွေးအိုင်တစ်ခုသာရှိသည်။

ဤအိုင်ထဲ၌ သွေးလွှမ်းနေသည့် ဗောဓိပင်တစ်ပင် မြှုပ်ခဲ့ဖူးသည်။ ယခု ထိုအပင်မှ အမြစ်တွယ်ကာ အညှောင့်ပေါက်လာတော့မည်လား .. သူသာ အသက်ဓာတ်ရသွားလျှင် မည်ကဲ့သို့သော အပင်မျိုးဖြစ်သွားမည်နည်း.. ထိုအဆင့်လွန်သက်ရှိ ထိုအပင်ကိုသာ မလှုပ်မယှက်စိုက်ကြည့်နေလေသည်။

ထိုအချိန်တွင် ရှီဟောင်ခံစားနေရသည့် ခံစားမှုများ ပျောက်ကွယ်သွားကာ ကြက်သီးများလည်း ပျောက်သွားလေပြီ။ အဲဒီအမျိုးအမည်မသိတဲ့သက်ရှိက ဒီနေရာကို မလာတော့ပဲ ထွက်သွားတော့တာလား..

သို့သော် သူ့ခေါင်းမော့ကာ ခပ်ဝေးဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် သူတုန်လှုပ်သွားရသည်။

အဘယ်ကြောင့်ဆိုသော် တောင်ကြောအဝင်ဝ၌ တိတ်ဆိတ်စွာ ရပ်နေသည့် လူတစ်ဦးရှိနေသည်ပင်။

အဲဒီလူ အဲဒီမှာ ရောက်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ .. သူ ထိုလူကို သတိမပြုမိ။

ဒါ့အပြင် သူခံစားနေရတဲ့ မသက်မသာဖြစ်နေတဲ့ခံစားချက်ကြီးက ဘာလို့ ပျောက်သွားတာလဲ .. သူ ဘာအန္တရာယ်ကိုမှ အာရုံခံ၍မရတော့။

ရှီဟောင် တုန်လှုပ်သွားရ၏။ ဤသည်မှာ သေချာပေါက် သာမန်မဟုတ်။ ထိုသတ္တဝါ သူ့မြင်ကွင်းထဲသို့ ရောက်နေပြီဖြစ်သော်လည်း ဘာကြောင့် ဘာမှမခံစားရတော့သနည်း။

ဤသည်မှာ ထိုသက်ရှိ အလွန်ကြောက်စရာကောင်းသည်ဟု ဆိုလိုခြင်းပင်။ သူ ထိုနေရာ၌ ရပ်နေသော်လည်း သူသည် အတိတ်နှင့် ပစ္စုပ္ပန်၌ မရှိနေသကဲ့သို့ပင်။

“အဆင့်လွန်သက်ရှိ..” ရှီဟောင် ကောက်ချက်ချလိုက်၏။

ဤလူမှာ ကြောက်စရာကောင်းလှသောကြောင့် သူ့ကို ဖောက်ထွင်းမမြင်နိုင်။ မခန့်မှန်းနိုင်ဖြစ်နေသည်။

ထိုနေရာ၌ မူလဖရိုဖရဲမြူများ သိပ်သည်းလှသောကြောင့် ထိုလူ၏ပုံပန်းသွင်ပြင်ကို သေချာမမြင်ရ။ သို့သော် ထိုသူ မျက်တောင်ခတ်လိုက်သည့်အချိန်တိုင်း တောက်ပနေသည့်နေမင်းကဲ့သို့ အလင်းရောင်များ ထွက်ပေါ်လာသည်ပင်။

ထို့နောက် ထိုပုံရိပ် ချက်ချင်းပျောက်ကွယ်သွားလေ၏။

ဤသည်မှာ ထိုလူ တစ်ခါမှ မပေါ်လာဖူးသကဲ့သို့ပင်။ ထူးဆန်းလှသလို ကြောက်စရာလည်းကောင်းလှသည်။ ဤနေရာမှာ သူ့ကို မတားဆီးနိုင်မည်ကို ရှီဟောင် ကြောက်မိသည်။

ဤနေရာမှာ လုံးဝတိတ်ဆိတ်နေလေပြီ။

ထိုလူ ပျောက်သွားပြီးနောက် ပြန်ပေါ်မလာတော့။

သို့သော် တစ်ဖက်လူသည် သူ့အတွက် ရောက်လာသည်ဆိုလျှင် တကယ်ထွက်သွားဦးမည်မဟုတ်ကြောင်း ရှီဟောင်သိသည်။ အဆင့်လွန်သက်ရှိကိုယ်တိုင် ရောက်လာသောကြောင့် သူက ဘာမှမလုပ်ရသေးပဲ ဘယ်လိုလုပ် ထွက်သွားမည်နည်း..

ရုတ်တရက် ရှီဟောင်၏နားထဲသို့ သူနှင့်ရင်းနှီးနေသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“သွားကြစို့ .. အင်ပါယာဂိတ်ကို ပြန်ရအောင်..”

ထိုအသံမှာ အလွန်တိုးတိတ်သော်လည်း အသံအစစ်ပင်။

ရှီဟောင် ထိတ်လန့်တကြား အော်ဟစ်မိတော့မတတ်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ အကြီးအကဲအရှင် မုန့်ထျန်းကျန်းအသံပင်။

“စီနီယာ .. စီနီယာတကယ်ရောက်လာတာလား .. ဒီမှာ အဆင့်လွန်သက်ရှိတစ်ယောက်ရှိတယ် .. စီနီယာသတိထားဦး..” ရှီဟောင် လျှို့ဝှက်စွာပင် မြန်မြန်ပြန်ပြောလိုက်သည်။

“ရတယ် .. သူတိုက်ခိုက်ရင် ငါသူ့ကို သတ်လိုက်မယ်..” အကြီးအကဲအရှင်၏ စကားလုံးများမှာ အလွန်ရိုးရှင်းကာ တည့်တိုးဆန်လှသည်။
အပိုင်း ၁၇၁၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၉ – အကြီးအကဲအရှင်

အကြီးအကဲအရှင်ကိုယ်တိုင် ရောက်လာသောကြောင့် သူအတော်လေး စိတ်အေးသွားရသည်။ တစ်ဖက်လောကမှ ကျွမ်းကျင်သူများ မည်မျှပင် စွမ်းအားကြီးပါစေ သူ အေးအေးချမ်းချမ်းပြန်သွားနိုင်ပြီဖြစ်သည်။

“မင်း ချက်ချင်းထစရာမလိုဘူး .. အခွင့်အရေးကိုစောင့် .. ပြီးရင် ထွက်သွားမယ့်ပုံစံ ဟန်ဆောင်လိုက် .. အဲဒီလူ တိုက်ခိုက်ရင် ငါသူ့ကို ချက်ချင်းသတ်လိုက်မယ် .. အဲဒီအဆင့်လွန်ကျွမ်းကျင်သူကို ရှင်းပစ်လိုက်မယ်..” အကြီးအကဲအရှင်၏အသံ ထွက်ပေါ်လာသည်။

သူ၏အသံမှာ ခိုင်မာပြတ်သားနေသလို ယုံကြည်ချက်လည်း ပြည့်ဝနေသည့်အပြင် ခြိမ်းခြောက်သည့်စွမ်းအားလည်း ပိုင်ဆိုင်ထားသည်ပင်။ ရှီဟောင် ပို၍ပင် စိတ်အေးလာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ယုံကြည်ချက်များလည်း ပို၍ တိုးလာပြီဖြစ်သည်။

အကြီးအကဲအရှင် သူ့အား ငါးစာအဖြစ်အသုံးချပြီး ထိုလူ အနီးကပ်လာအောင်လုပ်မည်။ ပြီးလျှင် ထိုလူအား ပြင်းထန်စွာ တိုက်ခိုက်ပြီး ရှင်းပစ်လိမ့်မည်ဟု ရှီဟောင်သံသယဝင်မိသည်။

အဆင့်လွန်သက်ရှိတစ်ယောက်၏ ချုံခိုတိုက်ခိုက်ခြင်းမှာ သေချာပေါက် လောကကြီးအား တုန်လှုပ်စေမည်ပင်။ ရိုက်ချက်တစ်ချက်တည်းဖြင့် ကြယ်များ ပြောင်းပြန်ရွေ့လျားသွားမည်ဖြစ်ပြီး ဘေးပတ်လည်မှ အားလုံး ပျက်စီးသွားမည်ပင်။

ထို့ကြောင့် ရှီဟောင် စိတ်လှုပ်ရှားနေခြင်းပင်။ အဆင့်လွန်သက်ရှိတစ်ယောက် ကျဆုံးသွားတာကို သူကြည့်ရတော့မှာလား .. သို့သော် သူ၏ပုံစံမှာ ဘယ်လိုကြည့်ကြည့် တည်ငြိမ်နေသည့်ပုံစံပင်။

အပြင်လောကကြီး ပို၍ အေးချမ်းသွားသည်အထိ ရှီဟောင် ထိုနေရာ၌ အချိန်အကြာကြီးထိုင်နေခဲ့သည်။ ပြီးနောက်မှသာ သူ မတ်တပ်ရပ်လိုက်ပြီး ဤနေရာမှ ထွက်သွားသည့်ပုံ ဟန်ဆောင်လိုက်သည်။

“အဆင့်လွန်သက်ရှိတစ်ယောက်ကို တကယ်သတ်လို့ရလို့လား..” သူ စိတ်လှုပ်ရှားနေပြီး တည်ငြိမ်ရန် ခက်ခဲနေသည်။ ဤလူများမှာ သေမျိုးလောက၌ ပြိုင်ဘက်ကင်းများဖြစ်ပြီး ထိပ်ဆုံး၌ ရပ်တည်နေသည့်သူများပင်။

ရှီဟောင် သစ်ပင်အောက်မှ တစ်လှမ်းချင်းထွက်လာသည်။

ရွှေရောင်ခြင်္သေ့ကိုမူ သူအစောကြီးကတည်းက အကွာအဝေးမှော်ပစ္စည်းထဲ၌ ထည့်သိမ်းထားပြီးသားပင်။ ဤခြင်္သေ့ကြောင့် မတော်တဆမှုတစ်ခုခုဖြစ်လာမည်ကို သူမလိုလား။

ရှီဟောင် သွားရင်းသွားရင်းဖြင့် ဤနယ်မြေအပြင်သို့ ရောက်တော့မည်။ ထိုသို့ဆိုသော်လည်း ရှေးဟောင်းသစ်ပင်မှာ ကြီးမားလှပြီး သစ်ကိုင်းများလည်း အတော်ဝေးဝေးထိ ရောက်နေသည်ပင်။

သို့သော် ရှီဟောင် ဤနေရာမှ ထွက်တော့မည့်အချိန်တွင် အကြောင်းပြချက်တစ်ချို့ကြောင့် သူ့စိတ်အေးခဲသွားကာ နှလုံးတုန်လာသည်။ သူ၏ဝိညာဉ်လည်း အနည်းငယ် တုန်လှုပ်သွားသည်အထိပင်။

ဘာလို့လဲ .. သူအနည်းငယ် ရှုပ်ထွေးသွားရသည်။ အကြီးအကဲအရှင်တောင်မှ ရန်သူကို မတားဆီးနိုင်ဘူးလား ..

ရှီဟောင် ဤမသိစိတ်ကို ယုံကြည်သည်။ ဤသည်မှာ ကျင့်ကြံ၍ရလာသည့်အရာမဟုတ်သလို တာအိုစွမ်းရည်များနှင့်လည်းမဆိုင်။ သို့သော် ဤကဲ့သို့သော ဝိညာဉ်အသိစိတ်မှာ ကျွမ်းကျင်သူတိုင်း ရနိုင်သည့်အရာမဟုတ်။

အချို့လူများ၏ ဝိညာဉ်အသိစိတ်မှာ အလွန်စူးရှသည်ဟု ပြော၍ရသည်။ ရှီဟောင်သည် အကောင်းဆုံးထဲမှ တစ်ယောက်ပင်။

အန္တရာယ်တစ်ခုခု ချဉ်းကပ်လာသည်ဟု သူခံစားနေရသည်ပင်။

“အကြီးအကဲအရှင် သတိထားပါ .. အဲဒီအဆင့်လွန်သက်ရှိက မရိုးရှင်းမှာ ကျွန်တော်စိတ်ပူတယ် .. အရှင် သတိထားရမယ်..” ရှီဟောင် တူညီသည့် ဦးတည်ချက်သို့ အသံပို့လွှတ်လိုက်သည်။

“ရတယ် .. ငါ ပြင်ဆင်ပြီးသွားပြီ .. သူ အနားကပ်လာတာနဲ့ ငါက အသာစီးရလိမ့်မယ် .. သူ့ကို သတ်ရင်တောင် သတ်နိုင်မှာ..” အကြီးအကဲအရှင် ပြောလိုက်သည်။

ရှီဟောင် စိတ်ထဲမှ ခေါင်းညိမ့်လိုက်၏။ အကြီးအကဲအရှင်မှာ ခိုင်မာသည့်သူပင်။ သူ အသက်ရှင်သန်လာခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်သောကြောင့် သူ့ထံ၌ ယုံကြည်ချက်မရှိလျှင် သူဤကဲ့သို့ ပြောမည်မဟုတ်။

သူ အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ သို့သော်လည်း သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးသွားသည်နှင့် မသက်မသာခံစားနေရမှုမှာ ပို၍ပြင်းထန်လာသည်။

ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရ၏။ ဤခံစားချက်ကို ဖယ်ချရန် အလွန်ခက်ခဲနေသည်ကို သူတွေ့လိုက်ရသည်။

သူဘာလို့ ဒီလိုမျိုး ခံစားနေရတာလဲ .. သူသိချင်သည်။

တစ်ချိန်တည်းမှာပင် သူ၏ကိုယ်တွင်းအင်္ဂါငါးခု၌ နန်းတော်ငါးခု ပေါ်လာကာ ကျမ်းစာသံများ ထွက်ပေါ်လာသည်။ ထို့အပြင် ပုံရိပ်တစ်ခုလည်း ရုတ်တရက်မျက်လုံးပွင့်လာလေသည်။

ဤပုံရိပ်မှာ တာအိုပန်းပွင့်များပေါ်၌ ထိုင်နေသည့် သက်ရှိထဲမှတစ်ယောက်ပင်။ ဤသည်မှာ အတိတ်၌နေထိုင်သည့်သူပင်။

ယခုတစ်ခေါက်တွင်တော့ သူ တာအိုပန်းပွင့်ပေါ်၌ ထိုင်နေခြင်းမဟုတ်ပဲ သူ၏ ကိုယ်တွင်းအင်္ဂါငါးခုကြား၌ သွားလာနေခြင်းပင်။ နန်းတော်ငါးခု တောက်ပလာကာ တာအိုအော်ရာ စီးဆင်းလာလေ၏။

“ဘာလို့လဲ .. ဒါက အချက်ပြတာလား..” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။

ဒါက သတိပေးမှုတစ်မျိုးလား..

ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ “စီနီယာ .. အဲဒီအဆင့်လွန်သက်ရှိကို သတ်နိုင်မယ့်နည်းလမ်းတစ်ခုကို ကျွန်တော် ရုတ်တရက် စဉ်းစားမိသွားတယ်..”

“အိုး .. နားထောင်ကြည့်ရအောင်..”

“ကျွန်တော် အရင်နောက်ပြန်ဆုတ်လိုက်ဦးမယ် .. ပြီးရင် ကျွန်တော် ပြောပြမယ်..” ရှီဟောင် တည်ငြိမ်စွာပင် နောက်ပြန်ဆုတ်လိုက်ပြီး ထိုသစ်ပင်အောက် ပြန်သွားထိုင်လိုက်သည်။

“ကောင်းပြီ .. ငါ့ကိုပြောတော့..” အကြီးအကဲအရှင် မုန့်ထျန်းကျန်း အသံ ထွက်ပေါ်လာသည်။

သို့သော် ယခုတစ်ခေါက်တွင်တော့ ရှီဟောင် ဘာမှမပြောတော့ပဲ သစ်ပင်အောက်၌သာ တိတ်ဆိတ်စွာ ထိုင်နေသည်။ အကြီးအကဲအရှင် အကြိမ်ပေါင်းများစွာ စကားပြောလာသော်လည်း သူမပြောတော့။

“ဟား ဟား .. မဆိုးပါဘူး..” ခပ်ဝေးဝေးမှ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူကို မြူများ ရစ်ဆိုင်းနေပြီး သူ့ဘက်သို့ ကြည့်နေသည်ပင်။

ထိုအခိုက်အတန့် ရှီဟောင် ကြက်သီးပင် ထသွားရသည်။ ဤသည်မှာ သူအစောပိုင်းက မြင်လိုက်ရသည့် တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိပင်။

“ရှေးဟောင်းသစ်ပင်ကြီးက အပြင်လောကက နတ်စွမ်းရည်တွေအများကြီးကို ပိတ်ပင်ထားလို့ဆိုပေမယ့် ငါ့ရဲ့ ‘စိတ်ဖရိုဖရဲပညာ’ အောက်မှာတောင် မင်းက ခေါင်းအေးအေးထားနိုင်နေတုန်းပဲ .. မင်းက တော်တော်လေး ထူးခြားတယ်လို့ ပြောလို့ရပါတယ် .. ငါ့ရဲ့ အဆင့်လွန်သက်ရှိအဆင့်အောက်မှာ ဒီလိုမျိုးလုပ်နိုင်တဲ့သူ သိပ်မရှိဘူး..”

ထိုလူမှာ ရှီဟောင်၏ နတ်အသိစိတ်အား ချီးကျူးနေခြင်းပင်။

ထိုအခိုက်အတန့် ရှီဟောင် ခေါင်းစခြေဆုံး ကြက်သီးထသွားပြီး ချွေးစေးများပင် ပြန်လာသည်။

ထိုလူမှာ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိဖြစ်ပြီး အကြီးအကဲအရှင်မှာ ဘယ်တုန်းကမှ ဤနေရာ၌ မရှိခဲ့။ ထိုအသံများအားလုံးမှာ အတုအယောင်များပင်။

သူသာ နည်းနည်းလောက် နောက်ကျပြီးမှ ခေါင်းရှင်းသွားလျှင် သူ ရှေးဟောင်းသစ်ပင်၏ နယ်နမိတ်ထဲမှ ထွက်သွားပြီဖြစ်သည်။ သူ အစွန်းနားသို့ ရောက်နေပြီဖြစ်သည်။

ဖြစ်လာမည့်အကျိုးဆက်ကို စဉ်းစားကြည့်ပြီးနောက် သူ့တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာသည်။

“ဒါက အကြီးအကဲအရှင်မဟုတ်ဘူး .. ဒါပေမဲ့ အကြီးအကဲအရှင်နဲ့ အရမ်းကိုတူတယ်..” ရှီဟောင် သူ၏ချွေးများကို သုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုကဲ့သို့သော အော်ရာမှာ ရင်းနှီးလှသည်ပင်။ ဤအဆင့်လွန်သက်ရှိသည် အော်ရာကိုပင် တုပနိုင်သည်။

သို့သော် တစ်ဖက်လူ ပြောလိုက်သည့် ‘စိတ်ဖရိုဖရဲပညာ’ ဟူသည့် နတ်စွမ်းရည်နာမည်ကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် သူပြန်လည်တည်ငြိမ်သွားသည်။ ဤသည်မှာ လူတစ်ယောက်၏စိတ်ကို နှောက်ယှက်နိုင်သည့် ပညာပင်။ ရှီဟောင် သူ့ထောင်ချောက်ထဲသို့ ကျလုနီးပါးဖြစ်သွားသည်မှာ နားလည်နိုင်သည်ပင်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ရှုံးခဲသည့် အဆင့်လွန်သက်ရှိပင်။

“ခင်ဗျားက ခမ်းနားကြီးကျယ်တဲ့ အဆင့်လွန်သက်ရှိတစ်ယောက်၊ လူသားတာအိုထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ နာမည်ကြီးတဲ့သူ .. အဲဒါကိုတောင်မှ ခင်ဗျားက လူငယ်မျိုးဆက်တစ်ယောက်ကို စိတ်ထွေပြားစေတဲ့နည်းလမ်းသုံးတယ်ပေါ့ .. ဒါက တကယ်ကို သူရဲကောင်းမဆန်ပြီးတော့ ဂုဏ်သိက္ခာမရှိတာပဲ..” ရှီဟောင် ပြောလိုက်သည်။

အဆင့်လွန်သက်ရှိနှင့် ရင်ဆိုင်ရသော်လည်း သူသည် ကြောက်ရွံ့ခြင်းမရှိပဲ ပြောရဲသေးသည်ပင်။

“သတ်ဖြတ်တဲ့အချိန်မှာ ဘာသူရဲကောင်းတွေ ဘာဂုဏ်သိက္ခာတွေ လိုနေမှာလဲ..” ထိုမှုန်ဝါးဝါးပုံရိပ်မှ ပြုံး၍ ပြောလိုက်သည်။

“ဟူး .. စီနီယာမုန့် ဒီမှာ တကယ်ရှိရင် ကောင်းမှာပဲ..” ရှီဟောင် သက်ပြင်းချ၍ ပြောလိုက်သည်။

“မုန့်ထျန်းကျန်းက ဒီနေရာကို လာရဲမှာလား .. သူလာရင်ရော ဘာလုပ်လို့ရမှာလဲ .. သူ ဒီမှာ ကျဆုံးသွားလောက်တယ်..” ထိုအဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။

သူတစ်ချက်တွေးလိုက်သည်နှင့် ကောင်းကင်ထက်မှ ကြယ်များ ဝေ့လည်လာကာ ဆူညံသံများ ထွက်ပေါ်လာသည်။ သူ၏ခြေထောက်အောက်တွင်လည်း နွေဦးရေများ ထွက်ပေါ်လာကာ သူ့ဘေးပတ်လည်တွင် ရွှေရောင်ကြာပန်းများ ပေါ်လာသည်။

ဤသည်မှာ သူ၏ အတွေးတစ်ချက်မှ ပေါ်လာသည့် ပုံမှန်မဟုတ်သည့်မြင်ကွင်းပင်။

“အဲဒီလိုလား..” အေးစက်သည့်နှာခေါင်းရှုံ့သ့နှင့်အတူ တောက်ပသည့် နတ်ဓားတစ်လက် ကောင်းကင်သားရဲတောအုပ်၏ ကောင်းကင်ကို စုတ်ဖြဲကာ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိထံသို့ ဦးတည်သွားလေ၏။

ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသည်။ ထိုနေရာ၌ လူငယ်တစ်ဦးပေါ်လာကာ သူ၏ရှည်လျားသည့် ဆံနွယ်များ ပျံ့ကြဲနေကာ သူ၏ညာလက်တွင် ဓားပညာတစ်ခုဖြင့် ဖန်တီးထားသည့် ထာဝရဓားတစ်လက်ရှိနေသည်။ ထိုဓားသည် တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိအား ထိုးဖောက်နေသည်။

ထိုစွမ်းအားလှိုင်းမှာ စွမ်းအားကြီးလှပြီး ကောင်းကင်သားရဲတောအုပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

ထိုတစ်ခဏတွင် သူ၏အော်ရာ ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။

ဤသည်မှာ စွမ်းအားကြီးသည့် အဆင့်လွန်သက်ရှိတစ်ဦးမှန်း ပြောစရာပင်မလို။

ဖူး..

တစ်ဖက်လောကမှ ထိုအဆင့်လွန်သက်ရှိ ဒဏ်ရာရသွားသည်။ သူ၏နံရိုးမှ သွေးစက်များ စီးကျလာသည်နှင့် အဆုံးမရှိသည့် တောင်တန်းကြီး ချက်ချင်းပျက်စီးသွားကာ ကမ္ဘာမြေကြီးလည်း အက်ကွဲသွားပြီး ချော်ရည်များ ထွက်ပေါ်လာသည်။

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ သွေးစက်အနည်းငယ်သာ ကျသွားသော်လည်း လီပေါင်း ရှစ်သောင်း၊ ကိုးသောင်းအတွင်းရှိ တောင်များနှင့်မြစ်များ ချက်ချင်း ပျက်စီးသွားလေပြီ။

“မုန့်ထျန်းကျန်း .. မင်းတကယ်လာရဲတယ်ပေါ့..” တစ်ဖက်လောကမှအဆင့်လွန်သက်ရှိ အေးစက်စွာ ပြောလိုက်သည်။

သူသည် တည်ငြိမ်ကာ ခံ့ညားနေဆဲဖြစ်သောကြောင့် လေးစားထိုက်သည်ပင်။ သူ ဓားဒဏ်ရာရသွားသည်မှာ သေချာသော်လည်း သူသည် ထိတ်လန့်ခြင်းမရှိပဲ တည်ငြိမ်အေးစက်နေဆဲပင်။

“အကြီးအကဲအရှင်..”

ရှီဟောင် ထိတ်လန့်သွားရ၏။ အကြီးအကဲအရှင် တကယ်ရောက်လာလေပြီ..

ထို့အပြင် အရေးကြီးသည့်အချိန်၌ သူတိုက်ခိုက်လိုက်သေးသည်။

သို့သော် လက်ရှိအကြီးအကဲအရှင်မှာ ယခင်ကနှင့်မတူသောကြောင့် သူ အလွန်ထိတ်လန့်နေမိသည်။ သူသည် တကယ်ကို ငယ်ရွယ်ကာ အသက်ဓာတ်များ ထွက်ပေါ်နေသည်။

ဤသည်မှာ အသက် ၂၀ ကျော်လောက်သာရှိသည့် လူငယ်လေးတစ်ဦးပင်။ သူ၏သွေးစွမ်းအင်မှာ အလွန်စွမ်းအားကြီးပြီး သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာမှ အလင်းတန်းများ ထုတ်လွှတ်နေသည်။

ဤသည်မှာ အမြင်မှားခြင်းမဟုတ်။ အစစ်ပင်။

လက်ရှိ အကြီးအကဲအရှင်၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ အေးစက်နေပြီး သူ၏သူရဲကောင်းဆန်သည့်မျက်နှာလည်း ဓားဖြင့် ပန်းပုထွင်းထားသကဲ့သို့ပင်။ သူ၏သွယ်လျသည့်ခန္ဓာကိုယ်မှာ သန်မာလှကာ ရွှေရောင်ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသည်ပင်။

သူ၏သွေးစွမ်းအင်မှာ အပြင်ဘက်သို့ လျှံထွက်လာကာ လောကကြီးအား အကျိုးသက်ရောက်မှု ရှိနေသည်ပင်။

အပြင်ဘက်တွင် ကြယ်များ တုန်ခါနေကာ နေနှင့်လပင် အနည်းငယ် တုန်ခါနေသည်။

အလယ်၌ ရှေးဟောင်းသစ်ပင် ရှိနေသောကြောင့်သာမဟုတ်ပါက သူ၏အခြေအနေဆိုးရွားနေလောက်ပြီဟု ရှီဟောင်ယုံကြည်သည်။ သူ ထိုဖိအားကို ခံနိုင်မည်မဟုတ်။

“အကြီးအကဲအရှင်က စွမ်းအားအကြီးဆုံး အခြေအနေကို ရောက်နေတာလား..” ရှီဟောင် ဘယ်လိုလုပ် မလန့်ပဲ နေမည်နည်း..

ဤငယ်ရွယ်သည့် မုန့်ထျန်းကျန်းမှာ သူတစ်ခါမှ မတွေ့ဖူးသည့်သူပင်။

ယခင် ထာဝရဝမ်နှင့်တိုက်ခိုက်တုန်းကပင် သူ ဤကဲ့သို့သော သွင်ပြင်မျိုး ထုတ်မပြ။

ယခု တစ်ဖက်လောကမှ ရန်သူများနှင့်တိုက်ခိုက်သည့်အချိန်တွင်တော့ အချုပ်အနှောင်ကို ဖယ်ရှားလိုက်ပြီး သူ၏ပြိုင်ဘက်ကင်းသည့် ရွှေရောင်နှစ်များကို အသုံးပြုနေလေပြီ။

“ဒါက အဆင့်လွန်သက်ရှိတစ်ယောက်ရဲ့ ခွန်အားလား .. နှစ်ပေါင်းများစွာကြာရင်တောင် ဒီလိုမျိုး စွမ်းအားကို တွေ့ဖူးတဲ့သူ သိပ်ရှိမှာမဟုတ်ဘူး..” ရှီဟောင် အံ့အားတကြီး သက်ပြင်းချလိုက်သည်။

အပိုင်း ၁၇၁၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၀ – အဆင့်လွန်သက်ရှိများကြားမှ တိုက်ပွဲ

“မုန့်ထျန်းကျန်း .. ခင်ဗျား ဒီနေရာကို တကယ်လာရဲတယ်ပေါ့ .. ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိ အော်ဟစ်လိုက်သည်။

“ငါသေမသေကတော့ ပြောဖို့ခက်တယ် .. ဒါပေမဲ့ သေချာတာတော့ မင်းအသက်ကို မကယ်နိုင်တော့ဘူး..” မုန့်ထျန်းကျန်း ပြောလိုက်သည်။

သူ့ထံ၌ နှိုင်းယှဉ်၍မရနိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားသည်ပင်။ သူမျက်တောင်ခတ်လိုက်တိုင်း လေဟာနယ် ပျက်စီးသွားကာ လျှပ်စီးများနှင့် မိုးကြိုးများလည်း ထွက်ပေါ်လာသည်။

“လာခဲ့..” မုန့်ထျန်းကျန်း ရှီဟောင်ကို လက်ယပ်ခေါ်လိုက်သည်။ သူ ရှီဟောင်အား ထိုနေရာမှ ခေါ်သွားတော့မည်။

ဤသည်ကို တွေ့သည်နှင့် ရှီဟောင်တွေဝေမနေပဲ ရှေးဟောင်းသစ်ပင်၏ စက်ကွင်းအတွင်းမှ စထွက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင်‌ အေးစက်နေသည့်အကြောက်တရားအစား တောက်ပလှသည့်စွမ်းအင်ကို ခံစားနေရသောကြောင့်ပင်။

ဤလူမှာ အကြီးအကဲအရှင်အစစ်ဖြစ်သည်ကို သူသိသည်။ အတုမဟုတ်။

“ခင်ဗျား သူ့ကိုခေါ်ထားရင် ခင်ဗျားကိုယ်ခင်ဗျား ကာကွယ်ဖို့ ခက်လိမ့်မယ်..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိ တိုက်ခိုက်လာသည်။ သူလက်မြှောက်လိုက်သည်နှင့် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာသည်။

ဝုန်း..

အာကာသအပြင်ဘက်၌ ကြယ်အချို့ပေါက်ကွဲသွားလေသည်။ နတ်အလင်းများလည်း ကောင်းကင်ထက်သို့ တက်သွားကာ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

ချွမ်း..

မုန့်ထျန်းကျန်း ဓားပညာကို အသုံးပြုကာ လောကကြီးကို လွှဲရမ်းလိုက်သည်။ ဓားအလင်းတန်းမှာ ကြောက်စရာကောင်းလှသည်။ မျက်လုံးများမဖွင့်နိုင်သည်အထိ တောက်ပနေသည်ပင်။

“အဲဒါဘယ်သူလဲ..” ကောင်းကင်သားရဲတောအုပ်အပြင်ဘက်မှ အားလုံး ထိတ်လန့်သွားရသည်။ ထိုဓားအလင်းမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။ ထိုဓားအလင်းတန်း အာကာသအပြင်ဘက်သို့ ထွက်သွားကာ ကြယ်အချို့ကိုပင် ဖျက်ဆီးပစ်လိုက်သည်။

ဒီဓားအလင်းတန်းက ဘယ်လောက်တောင် ရှည်တာလဲ..

ရွှီး..

ထိုအချိန်တွင် ကောင်းကင်သားရဲအပြင်ဘက်မှ အဆင့်လွန်သက်ရှိများစွာလည်း လှုပ်ရှားလာသည်။

“သူလာပြီ..”

“သတ်..”

အသံများမှာ မတူညီသည့်လူများမှ ထွက်ပေါ်လာခြင်းပင်။ သူတို့ ကောင်းကင်ထက်မှ ပျောက်ကွယ်သွားကာ သူတို့ထဲမှ တစ်ယောက် ကောင်းကင်သားရဲတောအုပ်ထဲသို့ ဝင်လာသည်။

အခြားသုံးဦးမှာ ကောင်းကင်သားရဲတောအုပ်အပြင်ဘက် မတူညီသည့်နေရာများ၌ ရှိနေသည်။ သူတို့ ဤနေရာအား ဝန်းရံထားလိုခြင်းပင်။

သူတို့ အထဲမဝင်ရဲ။ နှစ်ယောက်ပို့လိုက်သည်မှာပင် အလွန်အန္တရာယ်များနေလေပြီ။

ရွှီး..

ရှီဟောင်သွေးအိုင်ထဲမှ ထွက်လာကာ အပြင်ဘက်သို့ ရောက်လာသည်။

အကြီးအကဲအရှင်၏ ခြေထောက်အောက်၌ တာအိုလမ်းကြောင်းတစ်ခု ချက်ချင်းပေါ်လာသည်။ ထို့အပြင် ရှီဟောင်ဘေးကင်းရန်အတွက် သူ့လက်ကိုမြှောက်ကာ သူ့အား ခေါ်ယူလိုက်သည်။

“သူ့ကို ဒီလိုမျိုးကာကွယ်လိုက်တာနဲ့ ခင်ဗျားကိုယ်တိုင် သေသွားလိမ့်မယ်..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိ ဟစ်ကြွေးလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး လှုပ်ရမ်းသွားကာ တောင်များ ပြိုကျသွားသည်။ လက်ကြီးတစ်ဖက်ရောက်လာကာ အရှေ့ဘက်သို့ ရိုက်နှက်လာသည်။

သူ ရှီဟောင်ကို သေသည်အထိ လှုပ်ခါပစ်လိုခြင်းပင်။ အကြီးအကဲအရှင်သာ သူ့ကို ကယ်ချင်လျှင် အနည်းငယ် အာရုံစိုက်ရမည်ပင်။

ရွှီး..

အကြီးအကဲအရှင် ရှီဟောင်ကို သူ၏ကောင်းကင်လမ်းကြောင်းတစ်ခုထဲ၌ ထည့်ထားကာ ကာကွယ်ပေးထားလိုက်သည်။

“အသုံးမဝင်ဘူး .. ကျုပ်တို့က ခင်ဗျားလာတာကို စောင့်နေတာဆိုတာ ခင်ဗျားသိထားဖို့လိုတယ်..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ အေးစက်စွာ ပြောလိုက်သည်။

ချွမ်းဟူသည့်အသံနှင့်အတူ သူ့လက်ထဲ၌ သွေးရောင်စစ်ရဲဒင်းတစ်ခု ပေါ်လာသည်။ ထိုရဲဒင်းသည် လေဟာနယ်ကို ဖျက်ဆီးကာ မုန့်ထျန်းကျန်းထံသို့ လွှဲရမ်းခုတ်ပစ်လိုက်လေသည်

ဖူး..

ထိုအချိန်တွင် လောကကြီး မှောင်မိုက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဤရဲဒင်းကြီးပေါ်လာသည်နှင့် ကောင်းကင်ထက်ရှိ နေမင်းကြီး တစ်စစီပေါက်ကွဲပျက်စီးသွားသည်ပင်။

အဆင့်လွန်သက်ရှိ၏ စွမ်းအားမှာ မှန်းဆ၍ပင်မရ။

ချွမ်း..

အကြီးအကဲအရှင် လက်ချောင်းတစ်ချောင်း လှုပ်လိုက်သည်နှင့် လီထောင်ပေါင်းများစွာထိ ရှည်လျားသည့် ဓားအလင်းတန်းထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်းမှာ သွေးရောင်ရဲဒင်းကို ဝင်တိုက်သွားလေ၏။

ဖူး..

ထိုအဆင့်လွန်သက်ရှိ သွေးအန်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အစောပိုင်းကတည်းက အကြီးအကဲအရှင်၏ ဓားကြောင့် ဒဏ်ရာရပြီးသားပင်။ သွေးစက်အချို့သာကျသွားသော်လည်း ထိုဓားမှာ သူ့အရိုးထဲသို့ ထိုးစိုက်သွားခဲ့သည်ပင်။

ယခုတစ်ခေါက်တွင် သူအန်လိုက်သည့်သွေးများ ပြောင်းပြန်စီးဆင်းသွားကာ နောက်ဆုံးတွင် သွေးစက်တစ်စက်သာ လွင့်စင်သွားကာ အာကာသအပြင်ဘက်သို့ တရှိန်ထိုး ပြေးထွက်သွားကာ ကြယ်များစွာကို ချက်ချင်း ပေါက်ကွဲသွားစေသည်။

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်တွင်ရှိနေသည့်သူများမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ခန္ဓာကိုယ်များ အေးခဲသွားရသည်။ ဒါက အဆင့်လွန်သက်ရှိတွေကြားက တိုက်ပွဲလား.. သူတို့ ကြောက်ရွံ့လာကြသည်။

အကြီးအကဲအရှင် နောက်ဆုတ်ကာ ကောင်းကင်သားရဲတောအုပ်ထဲမှ တရှိန်ထိုး ပြေးထွက်သွာသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ အဆင့်လွန်သက်ရှိများစွာရှိနေပြီး အစောကြီးကတည်းက သူသေလောက်သည့်ထောင်ချောက်တစ်ခု ဆင်ထားပြီးသားပင်။

ဘာဖြစ်နေသည်ကိုနှစ်ဘက်လုံး သတိထားမိသည်ပင်။

သို့သော်လည်း အကြီးအကဲအရှင်၏ ခြေလှမ်းများမှာ အနည်းငယ် နှေးကွေးနေသလိုပင်။ သိပ်မမြန်။ အနောက်ဘက်မှ လိုက်လာသည့် အဆင့်လွန်သက်ရှိများလည်း ထိုကဲ့သို့ပင်။ ခြေလှမ်းများကို သတိထားလှမ်းနေ၏။

အချို့နယ်မြေများတွင် သူတို့လုံးဝမတိုက်ခိုက်ပဲ သူတို့အော်ရာများကို ထိန်းချုပ်ထားလိုက်ကြသည်အထိပင်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ ထာဝရတာအိုအစီအရင်များ ရှိနေသည်ပင်။ ထိုအစီအရင်များကို အသက်သွင်းမိသည်နှင့် ကပ်ဆိုးများ ဖြစ်ပေါ်လာကာ သူတို့ကို ဤနေရာ၌ ထာဝရအကျဉ်းချသွားလိမ့်မည်။

“မုန့်ထျန်းကျန်း .. ခင်ဗျား ရောက်လာပြီဆိုတော့ ကျုပ်တို့နဲ့စကားနည်းနည်းလောက် ပြောရအောင် ခင်ဗျား ဒီနေရာကို လာခဲ့လိုက်ရင်ရော..” အနောက်ဘက်မှ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဤသည်မှာ အခြား အဆင့်လွန်သက်ရှိတစ်ယောက်ပင်။

ဝုန်း..

ရုတ်တရက် မုန့်ထျန်းကျန်း ဓားစွမ်းအင်ကို အသက်သွင်းကာ တောအုပ်၏နေရာတစ်ခုသို့ ဦးတည်ကာ ပစ်လွှတ်လိုက်သည်။ ထိုနေရာ ချက်ချင်းပျက်စီးသွားသည့်အပြင် ထာဝရတာအိုအလင်းတန်းများလည်း ကောင်းကင်ထက်သို့ တက်လာသည်။

တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ အမူအရာ ပြောင်းလဲသွားကာ လျင်မြန်စွာ နောက်ပြန်ဆုတ်လိုက်ကြသည်။

“ခင်ဗျား ရူးနေပြီ .. ကျုပ်တို့ကို ခင်ဗျားနဲ့အတူတူ ဆွဲချချင်နေတာလား .. ခင်ဗျားက ကျုပ်တို့အားလုံးကို ဒီမှာ ပိတ်မိနေစေချင်တာလား..” အဆင့်လွန်သက်ရှိ အော်ဟစ်လိုက်သည်။

မုန့်ထျန်းကျန်း ဘာမှမပြောပဲ အရှေ့ဘက်သို့ ဆက်ပြေးသွားလိုက်သည်။

“သတိထား .. သူက အစီအရင်တွေက အရမ်းကျွမ်းကျင်တယ် .. သူ အန္တရာယ်များတဲ့နေရာတွေကို ဖြတ်သွားပြီး အရှေ့ဘက် ဆက်သွားနေပြီ..” ယခင်က ဒဏ်ရာရသည့် အဆင့်လွန်သက်ရှိမှ သတိပေးလိုက်သည်။

ဝုန်း..

ရုတ်တရက် ပင်လယ်လှိုင်းနှင့်တူသည့်အော်ရာတစ်ခု ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖုံးအုပ်သွားသည်။

အနောက်ဘက်မှ တစ်ယောက်ယောက် တိုက်ခိုက်လိုက်သည်ကို ရှီဟောင်တွေ့လိုက်ရသည်။ သူ၏လက်ထဲ၌ အနက်ရောင်စစ်လှံတံတစ်စင်းရှိနေသည်။ ထိုလှံတံကိုထိုးလိုက်သည်နှင့် လေဟာနယ်နှင့်အချိန်ကိုပင် ကျော်ဖြတ်ကာ ရောက်လာသည်။

ဝုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြိုကျသွားရသည်။

ထိုအနက်ရောင်စစ်လှံတံမှာ ကြောက်စရာကောင်းလှသည်။ ကောင်းကင်ကြီးကိုပင် နှစ်ပိုင်းပြတ်သွားစေသည်။ လှံတံထိပ်ဖျား ကောင်းကင်ကို ထိုးဖောက်သွားသည်နှင့် အာကာသအပြင်ဘက်ရှိ ကြယ်များ မှေးမှိန်သွားသည်။

ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာကာ ထိုအနက်ရောင်စစ်လှံတံကို ရစ်ပတ်သွားသည်။

အကြီးအကဲအရှင် မှော်တံဆိပ်တစ်ခု ပြုလုပ်ကာ ပစ်လွှတ်လိုက်သော်လည်း သူတို့ထံသို့ ဦးတည်လာသည့် စွမ်းအားလှိုင်းတစ်ခု ရှိနေသေးသည်ကို ရှီဟောင် တွေ့လိုက်ရသည်။

အကြီးအကဲအရှင် တစ်ဦးတည်သာရှိလျှင် ဤသည်မှာ ပြဿနာမရှိ။ ဤသည်မှာ သာမန်အဆင့်လွန်သက်ရှိ စွမ်းအင်လှိုင်းများသာ ဖြစ်သောကြောင့် သူတောင့်ခံနိုင်သည်။ သို့သော် ကောင်းကင်လမ်းကြောင်းထဲ၌ ရှိနေသည့် ရှီဟောင်ကတော့ ဤသည်ကို ကိုင်တွယ်နိုင်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် အဆင့်လွန်သက်ရှိ စွမ်းအင်လှိုင်းမှာ ကောင်းကင်လမ်းကြောင်းကိုပင် ထိုးဖောက်လာမည်ပင်။

ရွှီး..

ထို့နောက် သူ့အား တောက်ပသည့်အလင်းလုံး တစ်ခု ဝန်းရံသွားသည်ကို ရှီဟောင် ခံစားလိုက်ရသည်။ ထို့အပြင် သူသည် ကောင်းကင်လမ်းကြောင်းထဲမှ ထွက်လာကာ မုန့်ထျန်းကျန်းရှေ့သို့ ရောက်သွားသည်။ ထို့နောက် သူတို့တကူတကွ လှုပ်ရှားလိုက်ကြ၏။

“မုန့်ထျန်းကျန်း .. မင်းအသက်ကို ပေးလိုက်တော့..”

အနောက်ဘက်မှ အဆင့်လွန်သက်ရှိတစ်ယောက် အော်ဟစ်လိုက်၏။ သူ သူတို့ကို မှီသွားလေပြီ။

တစ်ချိန်တည်းမှာပင် ကောင်းကင်တောအုပ်အတွင်းပိုင်းရှိ ပြန်လည်မွေးဖွားခြင်းကန်နှင့် သိပ်မဝေးသည့် နေရာ၌ရှိနေသည့် ရှေးဟောင်းသားရဲ အသက်ပြန်ဝင်လာသည်။ သူ၏မျက်ခွံများ လှုပ်ရှားလာနေပြီဖြစ်ပြီး မျက်လုံးများ ပွင့်တော့မည်။

“မကောင်းတော့ဘူး .. သူနှိုးလာပြီ..”

အဆင့်လွန်သက်ရှိများ ဖြစ်သောကြောင့် သူတို့၏ နတ်အာရုံများမှာ အလွန်စူးရှလှသည်ပင်။

“သွားမယ်..”

အကြီးအကဲအရှင် တီးတိုးပြောလိုက်ပြီးနောက် သူ့ခြေထောက်အောက်၌ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာကာ အပြင်ဘက်လောကသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

“ဟမ် .. ခင်ဗျားက ဒီလိုမျိုးသွားနေတာလား .. ခင်ဗျားက ဒီနေရာက ကန့်သတ်ချက်တွေကိုတောင် သိနေတာလား..” အဆင့်လွန်သက်ရှိတစ်ယောက် ထိတ်လန့်စွာ ပြောလိုက်သည်။

“အဲဒီရှေးဟောင်းသားရဲက ကောင်းကင်ဘုံကိုးခုက .. အဲဒီတော့ သူတို့က ဒီနေရာနဲ့ တစ်ခုခုတော့ ဆက်စပ်နေမှာပဲ..” အနက်ရောင်စစ်လှံတံကိုင်ထားသည့် အဆင့်လွန်သက်ရှိမှ အေးစက်စွာ ပြောလိုက်သည်။

မုန့်ထျန်းကျန်း ထိုသူများနှင့် ဝေးရာသို့ အောင်မြင်စွာ ထွက်သွားလိုက်နိုင်သည်ပင်။

ထိုနှစ်ယောက်၏အမူအရာ အရုပ်ဆိုးလာသည်။ သူတို့ကြိုက်သလို လွတ်လွတ်လပ်လပ် လှုပ်ရှား၍မရသောကြောင့် သူတို့အနည်းငယ် နှေးကွေးနေသည်ပင်။

ချွမ်း..

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်၌ အကြီးအကဲအရှင်ကို စောင့်နေသည်မှာ အေးစက်နေသည့် ဓားရှည်တစ်လက်ပင်။ အပြာရောင်အလင်းတန်းများ တောက်ပလာကာ အကြီးအကဲအရှင်ထံသို့ ဦးတည်လာသည်။

အပြင်ဘက်တွင် သူထွက်လာမည်ကို စောင့်နေသည့် အဆင့်လွန်သက်ရှိများ ရှိနေသည်ပင်။

တစ်ချိန်တည်းမှာပင် အခြားနေရာ၌ရှိနေသည့် အဆင့်လွန်သက်ရှိနှစ်ဦးလည်း ချက်ချင်းရောက်လာကာ အကြီးအကဲအရှင်ထံသို့ ဦးတည်လာကြသည်။

ယခုတစ်ခေါက်တွင်တော့ အဆင့်လွန်သက်ရှိ စုစုပေါင်း ငါးယောက်ရှိနေသည်ပင်။ နှစ်ယောက် တောအုပ်ထဲသို့ ဝင်သွားပြီး ကျန်သည့်သုံးယောက် အပြင်ဘက်၌ စောင့်နေသည်ပင်။ အခြေအနေမှာ အလွန်ဆိုးနေလေပြီ။

ဒုန်း..

အကြီးအကဲအရှင်၏ လက်ဝါးနှင့် လက်ချောင်းများ တောက်ပလာကာ ရိုက်ချလိုက်သည်။ ထိုဓားရှည် ဘေးဘက်သို့ ရောက်သွားသည်နှင့် သူ အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။

အဆင့်လွန်သက်ရှိများ၏ ခြုံခိုတိုက်ခိုက်ခြင်းခံရသော်လည်း သူ ထွက်ပြေးရန် ရွေးချယ်နေဆဲပင်။ အင်ပါယာဂိတ်ရှိနေသည့်ဘက်သို့ သူ ပြေးသွားလိုက်သည်။

“မုန့်ထျန်းကျန်း .. ခင်ဗျား ပြေးမလွတ်ဘူး..”

အနောက်ဘက်မှ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်သားရဲတောအုပ်ထဲ၌ ရှိနေသည့် နှစ်ယောက်မှာ တကယ်ကို အထင်ကြီးစရာကောင်းလှသည်။ သူတို့သည် ‌ရှေးဟောင်းမြေမှ ထွက်လာနိုင်ပြီဖြစ်သည်။

အဆင့်လွန်သက်ရှိငါးယောက် မုန့်ထျန်းကျန်းနောက်သို့ လိုက်နေလေပြီ။

ဝေါင်း..

ကောင်းကင်သားရဲတောအုပ်ထဲတွင် သားရဲတစ်ကောင်ကြောင့် နေရာအနှံ့ တုန်လှုပ်သွားရသည်။

သို့သော် ထိတ်လန့်စရာကောင်းသည်မှာ ကောင်းကင်ထက်၌ ကြယ်အပိုင်းအစမျိုးစုံ ထွက်ပေါ်လာသည်။ ထိုအပိုင်းအစများ စုစည်းသွားကာ ကောင်းကင်နေမင်းကြီး နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။

ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်။ ဤဟစ်ကြွေးသံမှာ ပျက်စီးခြင်းမဟုတ်ပဲ ပျက်စီးသွားသည့်နေမင်းကြီး၊ လနှင့် အခြားအရာများအား ပြန်လည်ပြုပြင်ခြင်းပင်။

သို့သော် အကြီးအကဲအရှင် ထိုအရာများကို အာရုံစိုက်ရန် အချိန်မရှိ။

သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် လီပေါင်း ထောင်ပေါင်းများစွာ ရောက်သွားကာ ကြယ်များ ပြောင်းပြန်ရွေ့လျားသွားပြီး တောင်များနှင့်မြစ်များပင် အရောင်အဆင်းကင်းမဲ့သွားသည်။ ဒုတိယခြေလှမ်း၌မူ လီပေါင်း တစ်သန်းသို့ ရောက်သွားလေပြီ။

သို့သော်လည်း အနောက်ဘက်ရှိရန်သူများလည်း အဆင့်လွန်သက်ရှိများပင်ဖြစ်သောကြောင့် သူတို့အရှိန်လည်း ဘယ်လိုလုပ် နှေးကွေးနိုင်မည်နည်း..

အကြီးအကဲအရှင် လီပေါင်း ရှစ်သန်း သွားပြီနောက် သဲကန္တာရကြီးကို တွေ့လိုက်ရလေပြီ။ ဤသည်မှာ နယ်ခြားစပ် စစ်မြေပြင်ပင်။

“ဒါက ခင်ဗျားရဲ့ သင်္ချိုင်းပဲ..” တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိတစ်ယောက် အော်ဟစ်လိုက်သည်။

“အခု ကောင်းကင်သားရဲတောအုပ်နဲ့ ဝေးသွားပြီဆိုတော့ ငါတို့ ကြိုက်သလို လှုပ်ရှားလို့ရပြီ..” အနက်ရောင်စစ်လှံတံကိုင်ထားသည့်သူမှ အေးစက်စွာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲအရှင်လည်းရပ်တန့်လိုက်သည်။

သူသည် ဆက်မပြေးတော့ပေ။ “ကျုပ်လည်း ပညာဖလှယ်ချင်နေတာ .. လူတစ်ယောက်၊ နှစ်ယောက်လောက် မသေရင် ဘယ်လိုလုပ် အဆင့်လွန်သက်ရှိတွေကြားက တိုက်ပွဲလို့ ခေါ်နိုင်မှာလဲ..”

အပိုင်း ၁၇၂၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၁ – အဆင့်လွန်သက်ရှိ အသတ်ခံရခြင်း

“ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မလဲ..” အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ အားလုံးမှာ ထိပ်ဆုံး၌ရောက်နေသည့်သူများဖြစ်ကြသောကြောင့် သူတို့ထံ၌ ခိုင်မာသည့်ယုံကြည်ချက်များ ရှိနေကြသည်ပင်။

ချွမ်း..

အခြားတစ်ယောက်မှာ ပို၍ပင် ဒဲ့တိုးဆန်နေသည်။ အနက်ရောင်လှံတံကို အရှေ့ဘက်သို့ ချိန်ရွယ်ထားကာ အေးစက်သည့်အော်ရာများ ထွက်နေသည်ပင်။

လူတစ်ယောက်နှင့်လှံတစ်ချောင်း ထိုနေရာ၌ ရပ်နေပြီး ကန္တာရကြီးကိုပင် တုန်ယင်သွားစေပြီး မူလဖရိုဖရဲမြူများလည်း ထွက်ပေါ်လာ၏။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။

အကြီးအကဲအရှင်မှာ တည်ငြိမ်နေဆဲပင်။

ထို့နောက် သူ့အော်ရာများဆက်တိုက်ထွက်ပေါ်လာကာ ရွှေရောင်စစ်ချပ်ဝတ်တန်ဆာလည်း တောက်ပလာသည်။ ဤသည်မှာ မီးတောက်များ ကောင်းကင်ထက်သို့ တက်သွားသကဲ့သို့ပင်။

အဆင့်လွန်သက်ရှိများကြားမှ တိုက်ပွဲမှာ မည်မျှပင် ကြောက်စရာကောင်းမည်နည်း .. ဤသည်မှာ သာမန်လူများတွေးထားသည်ထက် ကျော်လွန်မည်ပင်။

ရွှီး..

အနက်ရောင်စစ်လှံတံကိုင်ထားသည့် အဆင့်လွန်သက်ရှိမှ အော်ဟစ်ကာ အရင်တိုက်ခိုက်လာသည်။

ထိုလှံတံမှာ သေချာပေါက် ထူးခြားသည့်စွမ်းအင်များ ပါဝင်မည်ပင်။ ထိုလှံသည် အကြီးအကဲအရှင်၏ ရင်ဘတ်ထံသို့ ဦးတည်နေခြင်းဖြစ်သည်။ လေဟာနယ်မှာ အပိုင်းပိုင်းပေါက်ကွဲသွားကာ နေနှင့်လလည်း အရောင်ကင်းမဲ့သွားပြီး ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာ၏။

ဝုန်း..

ထိုအချိန်တွင် အကြီးအကဲအရှင် လှုပ်ရှားလိုက်သည်။ သူ၏လက်ထဲရှိ ပစ္စည်းတစ်ခုကို သူလွှဲရမ်းလိုက်လေ၏။ ဤသည်မှာ ပျက်စီးနေသည့် သစ်သားသေတ္တာပင်။ ထိုသေတ္တာသည် လှံထိပ်ဖျားနှင့် ထိသွားကာ လောကကြီးကို တုန်လှုပ်စေသည့်ဆူညံသံ ချက်ချင်း ထွက်ပေါ်လာလေသည်။

အသံလှိုင်းများကောင်းကင်ထက်ထိသို့ ရောက်သွားသည်။

မျက်စိတစ်ဆုံးရှိနေသည့် ကန္တာရမှ သဲများလည်း ပင်လယ်တစ်ခုကဲ့သို့ မြှောက်တက်လာသည်။ အချို့သဲမှုန်များမှာ အာကာသအပြင်ဘက်ထိ လွင့်စင်သွားကာ ဥက္ကာခဲအချို့ကို ထိမိသွားလေ၏။ ထိုဥက္ကာခဲများမှာ ချက်ချင်းပင် အရောင်မှိန်သွားလေ၏။

ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။

အံ့အားသင့်စရာကောင်းသည်မှာ ထိုရိုက်ချက်ပြီးသွားသည်နှင့် အရာအားလုံး လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားသည်။ လီပေါင်း သန်းပေါင်းများစွာ ကျယ်ဝန်းသည့် ကန္တာရကြီးမှာ လုံးဝကို တိတ်ဆိတ်နေသည်ပင်။

ဤနေရာ၌ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေသည့်လူများမှာ တစ်ဖက်ကိုတစ်ဖက် သေချာကြည့်နေကြလေ၏။

အကြီးအကဲအရှင် အလယ်၌ရပ်နေပြီး ထိုအဆင့်လွန်သက်ရှိငါးယောက် သူ့အား စိုက်ကြည့်ကာ သူလက်ထဲရှိ သစ်သားသေတ္တာအား ကြည့်နေကြသည်ပင်။

“အဲဒီတော့ ဒီပစ္စည်းလား .. ဒါက တကယ်ကို ထူးခြားတာပဲ..” အကြီးအကဲအရှင်နှင့် အရင်ဆုံးတိုက်ခိုက်ခဲ့သည့် သွေးရောင်ရဲဒင်းကိုင်ထားသည့် အဆင့်လွန်သက်ရှိမှ ပြောလိုက်သည်။

ဤသေတ္တာသည် အလွန်အိုဟောင်းနေပြီဖြစ်သော်လည်း မှုန်မှိုင်းသည့်အလင်းတန်းများ ဝန်းရံနေသည်ပင်။ ထို့အပြင် ယခု အဆင့်လွန်သက်ရှိသက်ရှိပစ္စည်းနှင့် ထိပ်တိုက်တွေ့လိုက်ရသော်လည်း အနည်းငယ်မျှပင် မထိခိုက်ခဲ့။ ဤသည်မှာ သူ၏တန်ဖိုးကို သက်သေပြလိုက်ခြင်းပင်။

အဆင့်လွန်သက်ရှိပင်လျှင် ဤပစ္စည်းကို သိမ်းထား၍မရ။ လက်ထဲ၌ သယ်ထားရုံသာ တတ်နိုင်သည်။ သို့သော် ယခုအချိန်တွင် အကြီးအကဲအရှင်အတွက် အနှောက်အယှက်မဖြစ်သည့်အပြင် လက်နက်ကောင်းတစ်ခုပင် ဖြစ်နေသေးသည်။

ဤသည်ကို ဒိုင်းကာအဖြစ်သုံးလျှင် မဆိုး။

ရှီဟောင် အကြီးအကဲအရှင်အတွက် စိတ်ပူလာရသည်။ မမျှော်လင့်ထားသည့်တစ်စုံတစ်ခု ဖြစ်ပေါ်လာကာ အန္တရာယ်ရောက်သွားမည်ကို သူစိုးရိမ်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည်လည်း အဆင့်လွန်သက်ရှိများဖြစ်သောကြောင့် မည်သူက မည်သူ့ထက် အားနည်းမည်နည်း..

“သူ့ကိုသတ်ပြီး သေတ္တာကိုယူ..”

အခြားတစ်ဖက်မှ တစ်စုံတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။

အစောပိုင်းက ရိုက်ချက်မှာ စမ်းသပ်ချက်ဟု ပြော၍ရသည်ပင်။ ယခုတော့ နှစ်ဘက်လုံး အချင်းချင်း နားလည်သွားကြလေပြီ။

“သတ်..

တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ကြီး ပွင့်လာသည့်အချိန်က ပေါ်လာခဲ့သည့် မူလဖရိုဖရဲရှေးဟောင်းသားရဲကြီး ဤလောက၌ ပေါ်လာသကဲ့သို့ပင်။

ဤနေရာကြီးပေါက်ကွဲသွားကာ ဖရိုဖရဲဖြစ်လာသည်။

ဝုန်း..

ကန္တရကြီး အက်ကွဲသွားကာ အက်ကွဲကြောင်းမှာ အရှေ့ မိုးကုပ်စက်ဝန်းအထိပင် ရောက်သွားသးည်။

အမှိုက်နှင့်သဲများ လွင့်စင်လာကာ ကြယ်များပင် တုန်ခါလာသည်။

ထို့အပြင် ကန္တာရကြီး အက်ကွဲသွားသည်နှင့် မြေအောက်မှ ခြောက်သွေ့နေသည့် အရိုးများစွာ ထွက်ပေါ်လာသည်။ အချို့မှာ ပေါက်ကွဲသွားပြီး အချို့မှာ လေထဲ၌ မျောနေသည်။

ဝုန်းဟူသည့်အသံနှင့်အတူ သွေးရောင်ရဲဒင်းကြီး ရောက်လာသည်။ ဤသည်မှာ အကြီးအကဲအရှင်ကြောင့် ဒဏ်ရာရသွားသည့် အဆင့်လွန်သက်ရှိပင်။

ဒုန်း..

အကြီးအကဲအရှင် ထိုသွေးရောင်ရဲဒင်းကို လက်ဗလာဖြင့် ရိုက်ချလိုက်သည်နှင့် နေရာတိုင်း၌ မီးပွားများ လွင့်စင်လာသည်။ ထို့အပြင် ထိုမီးပွားများ မြေပြင်ပေါ်သို့ ကျသွားတိုင်း ချော်ရည်များ ဖြစ်သွားသည်ပင်။

ဤမြင်ကွင်းမှာ အနည်းငယ် ကြောက်စရာကောင်းလှသည်ပင်။ သူတို့၏စွမ်းအားများမှာ အခြားကျင့်ကြံဆင့်နယ်ပယ်မှ လူများထက် သာလွန်နေသည်ပင်။

ဝုန်း..

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်သူမှ သူ၏လက်သီးများကို လက်နက်အဖြစ်အသုံးပြုကာ ထိုးနှက်လာသည်။

အကြီးအကဲအရှင်သည် လက်ဗလာဖြင့်သာ တိုက်ခိုက်နေဆဲပင်။ သူလည်း လက်သီးတစ်လုံး ပစ်လွှတ်လိုက်သည်။ ရလဒ်အနေဖြင့် သူတို့နှစ်ဦးကြား တာအိုအသံများ ထွက်ပေါ်လာကာ ထာဝရစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ဥပဒေသအပိုင်းအစမျိုးစုံလည်း လွင့်ပျံထွက်လာသည်ပင်။

ထို့အပြင် မိုးကြိုးအစင်ပေါင်း ရာပေါင်းများစွာ ပစ်ချလိုက်သကဲ့သို့သော ဆူညံသံများလည်း ထွက်ပေါ်လာသည်။

“ဘာဖြစ်တာလဲ..”

ကောင်းကင်သားရဲတောအုပ်ထဲ၌ ရှိနေသည့်သူများ ဤမြင်ကွင်းကို တွေ့လိုက်ရသည်ပင်။ နတ်အလင်းတန်းများ ကောင်းကင်ထက်သို့ တက်သွားကာ အာကာသအပြင်ဘက်မှ ကြယ်များကိုပင် ရိုက်ချပစ်နေသည်။

“ဒါက ဘယ်လိုမှော်ပစ္စည်းမျိုးလဲ..”

“မဟုတ်ဘူး .. ဒါက တစ်ယောက်ယောက်ရဲ့ လက်သီးအလင်းတန်း ကောင်းကင်နဲ့မြေကြီးကို ထိုးဖောက်သွားလို့ ဖြစ်လာတာ..”

တစ်စုံတစ်ယောက်မှ အမှန်တရားကို ရှင်းပြလိုက်သည်။ ဤစကားကြားလိုက်ရသည့်သူများအားလုံး မျက်နှာများ ဖြူဖျော့သွားရ၏။ ဘယ်လိုစွမ်းအားမျိုးက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ..

တိုက်ပွဲမှာ ပြင်းထန်လွန်းလှပြီး တစ်ခဏအတွင်းမှာပင် အချက်ရေပေါင်းတစ်ထောင် ရောက်သွားလေပြီ။

ရွှီး..

သွေးရောင်ရဲဒင်း သူ၏ ဦးခေါင်းထံသို့ လွှဲရမ်းလာသည်နှင့် အကြီးအကဲအရှင် သစ်သားသေတ္တာကို နောက်တစ်ကြိမ် လွှဲရမ်းကာ ဒိုင်းကာအဖြစ်အသုံးပြုလိုက်သည်ပင်။

ဒုန်း…

ထို့အပြင် အကြီးအကဲအရှင်သည် ညာလက်မှ မှော်တံဆိပ်တစ်ခု ပြုလုပ်ကာ အပြင်ဘက်သို့ ရိုက်ချလိုက်သည်။

အခြားလူများလည်း တိုက်ခိုက်လာကြသည်ပင်။ သူတို့သည် ဘိုးဘေးပညာများ အသုံးပြု၍ဖြစ်စေ၊ လက်နက်များအသုံးပြု၍ဖြစ်စေ တိုက်ခိုက်လာကြသည်။

အားလုံးမှာ အဆင့်လွန်သက်ရှိများဖြစ်ကြသောကြောင့် ယခုကဲ့သို့ ပေါင်းတိုက်လာကြသည့်အချိန်တွင် အကြီးအကဲအရှင်၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်လာသည်။

တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ၏ ရည်ရွယ်ချက်မှာ သစ်သားသေတ္တာပင်။ သူတို့ ထိုသေတ္တာကို လိုချင်ကြသည်။ သို့သော် သူတို့ အကြီးအကဲအရှင်ကိုလည်း သတ်ချင်သည်။

ထိုအချိန်တွင် ကောင်းကင်ထက်၌ အကန့်အသတ်မရှိသည့် စွမ်းအားလှိုင်းတစ်ခု ရာက်လာကာ ဘေးပတ်လည်ကို ချက်ချင်း ဝိုင်းရံသွား၏။

အကြီးအကဲအရှင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

ထူးဆန်းသည့်အိတ်တစ်လုံး ပေါ်လာသည်ကို တွေ့ရမည်ပင်။ အိတ်အဝမှာ လျော့ရဲနေပြီး အဆုံးမရှိသည့် ရောင်စုံအလင်းများထုတ်လွှတ်နေသည်ပင်။ ထိုအိတ်ကြီးသည် အကြီးအကဲအရှင်ကို ထိန်းချုပ်ကာ အိတ်ထဲထည့်တော့မည်။

ကောင်းကင်နဲ့မြေကြီးအိတ် .. ထာဝရပစ္စည်း .. ဤသည်မှာ မူလက ကောင်းကင်ဘုံကိုးခု၏ ပစ္စည်းပင်။

ဤကဲ့သို့သော ပစ္စည်းပင် ပေါ်လာပြီဖြစ်သောကြောင့် ကြည့်ရသည်မှာ တစ်ဖက်လူသည် ယခုခရီးအတွက် အတော်လေး အားစိုက်ထားဟန်တူသည်။ အဆင့်လွန်သက်ရှိငါးဦး ထွက်လာရုံသာမက သူတို့ ဤပြိုင်ဘက်ကင်းမှော်ပစ္စည်းကိုပင် အသက်သွင်းကြသေးသည်။ သူတို့ မမျှော်လင့်ထားသည့်အဖြစ်အပျက်များ မဖြစ်လိုကြ။

ဝုန်း..

ထိုအချိန်တွင် အကြီးအကဲအရှင်ရှေ့၌ ရှေးဟောင်းပုံသဏ္ဌာန်တစ်ခု ပေါ်လာ၏။ ဤသည်မှာ နယ်မြေဆယ်ခုသင်္ကေတပင်။

မုန့်ထျန်းကျန်းမှ ဤအဆင့်လွန်ပစ္စည်းကို ထိန်းချုပ်ကာ ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်ကို တူညီသည့်ခွန်အားဖြင့် ဆန့်ကျင်နေသည်ပင်။

ချွမ်း..

ဆူညံသံတစ်သံ ထွက်ပေါ်လာ၏။ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိတစ်ယောက် ခရမ်းရောင်တူလေးတစ်လက်ကိုထုတ်လာသည်။ ထိုတူသည် ပျက်စီးနေပြီဖြစ်သော်လည်း ကြောက်စရာကောင်းသည့်စွမ်းအားများ ရှိနေဆဲပင်။

“နောက်တစ်ခုလာပြီ..” အခြားတစ်ယောက်မှ အေးစက်စွာ ပြောလိုက်ကာ အိုးလေးတစ်လုံးကိုထုတ်လာသည်။ ထိုအိုးမှာ သိပ်မကြီး။ လက်သီးအရွယ်အစားသာရှိသည်။ ထိုအိုးတွင် အက်ကွဲကြောင်းများဖုံးလွှမ်းနေပြီး အချို့နေရာများ၌ ပေါက်နေသည်အထိပင်။ ဤအခြေအနေနှင့်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း သူ့ထံ၌ ထာဝရစွမ်းအား ရှိနေဆဲပင်။

ဤသည်မှာ ပျက်စီးနေသည့် ထာဝရပစ္စည်းနောက်တစ်ခုပင်။

အလယ်၌ ကောင်းကင်ချောက်နက်ရှိနေသောကြောင့် မသေမျိုးသက်ရှိများ ကျော်ဖြတ်လာ၍မရသလို သူတို့၏ ပြိုင်ဘက်ကင်းမှော်ပစ္စည်းများကိုလည်း ဤဘက်သို့ ယူလာ၍မရ။

ကောင်းကင်ဘုံကိုးခု၏ မှော်ပစ္စည်းများ၊ ပျက်စီးနေသည့် ယခင်က ထာဝရလက်နက်များကိုသာ ယူလာနိုင်သည်ပင်။

မီးဖိုပေါ်လာသည်နှင့် လေဟာနယ်လောင်ကျွမ်းလာသည်။ သူသည် ကောင်းကင်နှင့်မြေကြီး၏ ရင်းမြစ်စွမ်းအင်ကို အသုံးပြုကာ လောင်ကျွမ်းနေခြင်းပင်။

ကောင်းကင်ကြီး တကယ်ကို မီးစွဲလောင်နေပြီဖြစ်ကာ အပြင်ဘက်သို့ ပျံ့လာသည်။

ယခင်က ထာဝရပစ္စည်းများမှာ ပျက်စီးနေသော်လည်း ပြိုင်ဘက်ကင်းသည့်စွမ်းအားများ ရှိနေဆဲပင်။

“ဘုရားရေ .. အဲဒါဘာကြီးလဲ .. ကြယ်တွေ တစ်လုံးပြီးတစ်လုံး လောင်သွားပြီး ကန္တာရထဲကို ကျသွားတယ်..”

“ဒါက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်သလဲ..”

ကောင်းကင်သားရဲတောအုပ်အနီးမှ ကျွမ်းကျင်သူများ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။

“အကြီးအကဲအရှင် .. ဒီဓားသုံးလိုက်..” ရှီဟောင် အော်ဟစ်လိုက်၏။ ယခုအချိန်တွင် သူသည် အလင်းလုံးလေးတစ်လုံးထဲ၌ ကာကွယ်ခံထားရသည်ပင်။

မဟုတ်ပါက ထိုကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများကြောင့် သူတစ်စစီဖြစ်သွားလောက်လေပြီ။

အကြီးအကဲအရှင် အရေးကြီးသည့်အခြေအနေသို့ ရောက်နေသည်ကို တွေ့ရသည်မှာ သူ့ကို ထိတ်လန့်စေသည်။ သူဘာမှမကူညီနိုင်သော်လည်း ထာဝရဓားမည်မျှထူးခြားသည်ကို တွေးမိသွားကာ ထိုဓားကို အကြီးအကဲအရှင်အား ပေးလိုက်သည်။

ချွမ်း..

ရှေးဟောင်းဓားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

အကြီးအကဲအရှင် ထိုဓားကို လက်ခံရရှိလိုက်သည်။ ယခု သူ၏လက်တစ်ဖက်တွင် ဓားရှိနေပြီး အခြားတစ်ဖက်တွင် သစ်သားသေတ္တာရှိနေသည်ပင်။သူသည် အလွန်သူရဲကောင်းဆန်ကာ စွမ်းအားကြီးနေပြီဖြစ်သည်။

“ဖိနှိပ်မယ်..”

တစ်ဖက်မှလူများ အော်ဟစ်ကာ ထာဝရပစ္စည်းများကို အသက်သွင်းလာကြသည်။

“သွား..” အကြီးအကဲအရှင် တီးတိုးအော်ဟစ်လိုက်သည်နှင့် နယ်မြေသင်္ကေ လွင့်ထွက်သွားကာ ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်၊ ခရမ်းရောင်တူနှင့် မီးဖိုတို့ကို တိုက်ချလိုက်သည်။

ထို့နောက် အကြီးအကဲအရှင်၏ ခန္ဓာကိုယ်မှ အလောင်းပတ်သည့်အဝတ်စ ပေါ်လာသည်။ ထိုအဝတ်စသည် ကောင်းကင်ထက်သို့ တက်သွားကာ ထာဝရပစ္စည်းများကို ခုခံလိုက်သည်။

ထာဝရပစ္စည်းများ လေထဲ၌ ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။ ရလဒ်အနေဖြင့် အလင်းအတားအဆီးတစ်ခု ပေါ်လာကာ အောက်ဘက်ရှိလူအားလုံးကို လွှမ်းခြုံသွားသည်။

“အကောင်းဆုံးပဲ .. ထာဝရပစ္စည်းတွေ စွမ်းအားတွေ ပြနေပြီးတော့ လေဟာနယ်စစ်မြေပြင်တစ်ခုကို ဖန်တီးနေကြပြီ..”

တစ်စုံတစ်ဦးမှ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အကြီးအကဲအရှင်ကို ယာယီထိန်းချုပ်ထားနိုင်ပြီး သူထွက်မပြေးနိုင်အောင် တားဆီးထားသည်ပင်။

“သတ်..”

အခြားတစ်ယောက်မှ အော်ဟစ်လိုက်သည်။

အကြီးအကဲအရှင် ထိုသူများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ သစ်သားသေတ္တာလည်း တဖုန်းဖုန်းဖြင့် ရိုက်ခံနေရသည်။

အားလုံးမှာ အဆင့်လွန်သက်ရှိများဖြစ်ကြသောကြောင့် တစ်ယောက်နှင့်တစ်ယောက် သိပ်မကွာ။ ထို့ကြောင့် အကြီးအကဲအရှင်၏ အခြေအနေမှာ သိပ်မကောင်း။ ရှီဟောင်အမြင်တွင် အခြေအနေမှာ အနည်းငယ် ဆိုးရွားနေသည်။

“သတ်..”

အကြီးအကဲအရှင် ရုတ်တရက်အော်ဟစ်လိုက်ကာ ထာဝရမြူနှင့်အတူ သူ့တစ်ကိုယ်လုံးတောက်ပလာသည်။ ထိုအော်ရာမှာ သူနှင့်အနည်းငယ် ဆင်နေသောကြောင့် ရှီဟောင် တုန်လှုပ်သွားရသည်။

“မုန့်ထျန်းကျန်း .. ခင်ဗျားက တကယ်တစ်ခုခုပဲ .. အဲဒီတုန်းက အဲဒီလမ်းကြောင်းကို အောင်မြင်လုနီးပါးဖြစ်ခဲ့တဲ့သူ ဖြစ်ထိုက်ပါပေတယ်..”

“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတာ .. မင်း အဲဒီက စွမ်းအားနည်းနည်းလောက်ကို ရထားတာ..”

ဤသည်မှာ တစ်ဖက်လောကမှလူများ၏ မှတ်ချက်များပင်။ သူတို့ အကြောက်တရားကို ခံစားလိုက်ရသည်ပင်။

“မင်း ဟွမ်ကိုကယ်တာ အံ့ဩစရာမရှိတော့ပါဘူး .. မင်းတို့နှစ်ယောက်လုံးက တစ်လမ်းတည်း လျှောက်တဲ့သူတွေပဲ..” အဆင့်လွန်သက်ရှိတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။ သို့သော်လည်း သူသိပ်မစိုးရိမ်။ သူတို့ဘက်မှ လူအင်အားသာသည်ပင်။

ကောင်းကင်ထက်သို့ နတ်အလင်းများ တရှိန်ထိုးတက်သွားကာ အဖိုးတန်ပညာများအား လောကကြီးကို တုန်လှုပ်လာစေသည်။

ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုသည့်သူများမှာ စွမ်းအားကြီးကြသည်ပင်။ ဤသည်ကို ရှီဟောင် နားလည်သည်။ တစ်ဖက်လောကမှ လူငယ်များပင် သူ့ကြောင့် ခါးသီးသည့်အကျိုးဆက်များ ခံစားလိုက်ရခြင်းပင်။

ထိုပညာကို ကျင့်ကြံရင်း အကြီးအကဲအရှင် သေမလိုဖြစ်ခဲ့သော်လည်း သူ့ထံ၌ ဂိတ်အချို့ ပွင့်သွားသေးသည်ပင်။

ဝုန်း..

တစ်စုံတစ်ယောက်မှ ရိုက်ချလာသည်။ ထိုရိုက်ချက်အား ရှောင်ရှားရန် ခက်ခဲသည့်အချိန်၌ အကြီးအကဲအရှင် ထိုရိုက်ချက်ကို တိုက်ရိုက်ရင်ဆိုင်လိုက်မည်ဟု မည်သူမှ ထင်မထားခဲ့။

ထိုအခိုက်အတန့်တွင် သူသည် ထိုစွမ်းအားကို အသုံးပြုကာ အရှိန်တင်လိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်၌ ရှိနေသည့်သူနှင့် တိုက်ခိုက်လိုက်သည်။

ဝုန်း..

ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြင်းထန်စွာ တုန်ခါသွားသည်။

ဤနေရာမှ ထူးဆန်းသည့်စွမ်းအင်လှိုင်းများ ပျံ့လွင့်လာသည်ပင်။

“မင်း..”

အကြီးအကဲအရှင်၏ ရုတ်တရက်တိုက်ခိုက်မှုအား ရင်ဆိုင်လိုက်ရသည့်သူမှာ ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်၏ လက်မောင်း ရွှေရောင်အဖြစ်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

“ဒါက ဟဲဝူရှန်း ကျင့်ကြံတဲ့ပညာနဲ့တူတယ်..” အဆင့်လွန်သက်ရှိတစ်ဦး၏ အမူအရာ ပြောင်းလဲသွားသည်။

ဟဲဝူရှန်းသည် ယခင်က မပျက်စီးနိုင်သည့်ကျမ်းစာ ရရှိခဲ့ကာ တစ်ဖက်လောက၌ သူ၏ခွန်အားမှာ ထူးခြားသည်ပင်။ သူ၏ခန္ဓာကိုယ်ကို မပျက်စီးနိုင်သည့်ခန္ဓာကိုယ်ဟုခေါ်ပြီး အလွန်စွမ်းအားကြီးသည်ပင်။

ဝုန်း..

ထိုအချိန်တွင် အကြီးအကဲအရှင်၏အနောက်ဘက်ရှိ နှစ်ယောက်ထံမှ လက်ဝါးရိုက်ချက်နှစ်ခု ကျရောက်လာသည်။

သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသော်လည်း သူတောင့်ခံလိုက်နိုင်သည်။ သူ ထိုသူကိုသာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ခွပ်..

နောက်ဆုံးတွင် ထိုလူ၏ သွေးရောင်စစ်ရဲဒင်းကျိုးသွားလေပြီ။ သူ လက်သီးနှစ်ဘက်ဖြင့် တိုက်ခိုက်လိုက်သော်လည်း အကြီးအကဲအရှင်၏ အရက်စက်ဆုံးတိုက်ခိုက်မှုအား ရင်ဆိုင်လိုက်ရဆဲပင်။

“မပျက်စီးနိုင်တဲ့ကျမ်းစာ .. ဒါက ဟဲဝူရှန်း သုံးတာနဲ့ အတူတူပဲ..”

ထိုသူ၏ စစ်ရဲဒင်းကျိုးသွားရုံသာမက သူ၏ခန္ဓာကိုယ်လည်း ထိုးဖောက်ခံလိုက်ရသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်ပင်။

ဖူး..

ကန္တာရထဲ၌ သွေးလွှမ်းသည့်တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။

အနီးကပ်တိုက်ခိုက်ပြီးနောက် အကြီးအကဲအရှင် အချက်ပေါင်းများစွာ ရိုက်ခံနေရသည်။ အားလုံး၏တိုက်ခိုက်မှုများကို တတ်နိုင်သမျှ ရှောင်ရှားနေရသည့်အပြင် သူ၏တိုက်ခိုက်မှုအားလုံးကို လူတစ်ယောက်အပေါ်၌ အာရုံစိုက်ထားသေးသည်ပင်။

ဝုန်း..

သွေးရောင်အလင်း ထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံး နီရဲသွားသည်။

“ဘာ .. အဲဒါက .. အဆင့်လွန်သက်ရှိတစ်ယောက် ကျသွားပြီ..” ကောင်းကင်သားရဲတောအုပ်ထဲမှ တစ်ယောက်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဒါက .. ငါတို့ဘက်က ရေခဲပင်လယ်အဆင့်လွန်သက်ရှိရဲ့ အော်ရာပဲ .. သူအသတ်ခံလိုက်ရပြီ.. ဘုရားရေ .. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..”

အပိုင်း ၁၇၂၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၂ – ကောင်းကင်အပြစ် တာအိုဆုံးရှုံးခြင်း

အဆင့်လွန်သက်ရှိတစ်ယောက် သေသွားတာလား .. ဤသည်မှာ ကိစ္စကြီးပင်..

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်တွင်ရှိနေသည့်သူအားလုံး ဆွံ့အသွားကာ သူတို့ခန္ဓာကိုယ်များ အေးခဲသွားရသည်။ ဤသည်မှာ ရေခဲပင်လယ်အဆင့်လွန်သက်ရှိပင်.. သူသည် ဤလောကကို နှစ်ပေါင်း သန်းပေါင်းများစွာ လွှမ်းမိုးခဲ့ပြီး သေမျိုးတာအိုနယ်ပယ်တွင် အထက်စီးမှ နေခဲ့သည့်သူပင်။ သူက ဘယ်လိုလုပ် ဤနေရာ၌ သေဆုံးကာ အဆုံးသတ်သွားသနည်း..

လူများစွာမှာ ဤသည်ကို မယုံရဲဖြစ်နေကြသည်။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။ ဤကဲ့သို့သော ကိစ္စမျိုးမဖြစ်သည်မှာ နှစ်ပေါင်းမည်မျှပင် ရှိနေပြီဖြစ်သနည်း .. အဆင့်လွန်သက်ရှိတစ်ဦး၏သေဆုံးခြင်းမှာ သေချာပေါက် ကောင်းကင်ကြီးပြိုကျကြီး ကမ္ဘာမြေကြီး ပျက်စီးသွားစေသည့် ကပ်ဆိုးကြီးပင်။

တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် အားလုံး ဝမ်းပန်းတနည်း ငိုကြွေးလာကြသည်။

ခပ်ဝေးဝေးရှိ စစ်မြေပြင်တွင် သွေးအလင်းတန်းများ ကောင်းကင်တစ်ခုလုံးကို စီးဆင်းသွားပြီး ကောင်းကင်တစ်ခုလုံး နီရဲနေ၏။ ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး၏ သွေးစွမ်းအင်များ ပေါက်ကွဲသွားခြင်း၏ လက္ခဏာပင်။

ဤကဲ့သို့သောအရာမျိုးကို ယခင်က မမြင်ဖူးသော်လည်း ဘာဖြစ်နေသည်ကိုတော့ သူတို့သိကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာများကို အရိုးစာအုပ်များ၌ ရှင်းရှင်းလင်းလင်းဖော်ပြထားသည်ပင်။

“ငါ မယုံဘူး .. ရေခဲပင်လယ်အဆင့်လွန်သက်ရှိက အနိုင်မခံ အရှုံးမပေးတဲ့သူ .. သူက ဘယ်လိုလုပ် ဒီနေရာမှာ သေနိုင်မှာလဲ..”

“အဆင့်လွန်သက်ရှိရဲ့သွေးက နေနဲ့လကိုတောင် ပက်ဖြန်းသွားပြီ .. မင်းတို့မယုံလည်း အသုံးမဝင်ဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။ သူသည် ထိတ်လန့်လွန်းသောကြောင့် ဘာမှပင် ဆက်မပြောနိုင်တော့။

ဤကဲ့သို့သောအရာမျိုးမှာ ကြောက်စရာကောင်းလွန်းလှသည်။

“တစ်ခုခုတော့မှားနေပြီ .. အဆင့်လွန်သက်ရှိသွေးတွေ ကောင်းကင်မှာ ပြည့်သွားတာတောင်မှ ဘာလို့ကြယ်တွေ ကြွေကျမလာတာလဲ .. သွေးတစ်စက်တောင်မှ ကြယ်တွေကို ကြွေအောင်လုပ်နိုင်တယ်လေ” တစ်စုံတစ်ဦးမှ သံသယဖြင့်ပြောလိုက်၏။ ရေခဲပင်လယ်အဆင့်လွန်သက်ရှိ ဘေးကင်းစေရန် သူမျှော်လင့်နေသေးသည်။

“ဘာလို့လဲဆိုတော့ အဲဒီမှာ ထာဝရလက်နက်တွေ အချင်းချင်းတိုက်ခိုက်နေတော့ လောကလေးတစ်ခုဖြစ်နေပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးကနေ ကင်းကွာနေတာ..” အကြီးအကဲတစ်ဦး သက်ပြင်းချ၍ ပြောလိုက်သည်။

နယ်မြေဆယ်ခုသင်္ကေတ၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်နှင့် အခြားလက်နက်များ ထိုနေရာကို ဝိုင်းနေကာ ကန့်သတ်ထားသည်ပင်။

ထို့ကြောင့် အဆင့်လွန်သက်ရှိများ ကောင်းကင်ထက်သို့ တက်သွားလျှင် သူတို့ ဤလောကလေးကို ကျော်လွန်နိုင်မည်မဟုတ်။ မဟုတ်ပါက ဤသည်မှာ ကမ္ဘာကြီး၏အဆုံးသတ်သကဲ့သို့ ဖြစ်သွားလိမ့်မည်။

ဤကောက်ချက်မှာ အားလုံးကို စိတ်ဓာတ်ကျသွားစေကာ သူတို့အားလုံး သက်ပြင်းချလိုက်ကြ၏။ တစ်ဖက်လောက၌ပင်လျှင် အဆင့်လွန်သက်ရှိတစ်ယောက်ဖြစ်ရန် မလွယ်ကူ။ သူတို့ထဲမှ တစ်ယောက် ဤနေရာ၌ တကယ်သေသွားလျှင် ဤသည်မှာ ပြဿနာကြီးတစ်ခု ဖြစ်သွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောက၌ ဤအဆင့်ထိ ကျင့်ကြံနိုင်ပြီးလျှင် သူတို့နောက်တစ်ဆင့် ထပ်တက်သည်နှင့် ဤလောကနှင့်အတူ ထာဝရယှဉ်တွဲနေနိုင်ပြီဖြစ်သည်။

တစ်ဖက်လောကမှ ပတ်ဝန်းကျင်မှာ မပြောင်းလဲသေး။ မသေမျိုးသက်ရှိများ ပေါ်ထွက်လာမှုကို ခွင့်ပြုထားသေးသည်။

“သူ မသေလောက်သေးဘူး … ငါတို့ သူ့ကို ကယ်လို့ရနိုင်လောက်သေးတယ်..” ရုတ်တရက် တစ်ယောက်ယောက်မှ ပြေလာပြီး ထိုဆိုးရွားသည့်ရလဒ်ကို ငြင်းဆန်လာသည်။

ဤသည်မှာ အခြားသူများကို အတော်လေး တုန်လှုပ်သွားစေကာ မျှော်လင့်တကြီး အမူအရာများ ဖြစ်လာစေသည်။

သူတို့ ကလန်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူတို့အားလုံး တစ်လောကတည်းမှ လာခြင်းဖြစ်သောကြောင့် မည်သည့်အဆင့်လွန်သက်ရှိကိုမဆို လေးစားကြသည်ပင်။

အဆင့်လွန်သက်ရှိတစ်ယောက် ပေါ်လာသည်နှင့် အားလုံး ဂုဏ်ပြုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် အဆုံးမရှိသည့်နှစ်များစွာအထိ အသက်ရှင်နိုင်ချေရှိသည်ပင်။

“ငါကြားဖူးတာတော့ အဆင့်လွန်သက်ရှိတစ်ယောက်သေသွားရင် ကောင်းကင်မျက်ရည်ကျတာတို့၊ ကမ္ဘာမြေကြီး ရှိုက်ငိုတာတို့လိုမျိုး ပုံမှန်မဟုတ်တဲ့မြင်ကွင်းတွေ ပေါ်လာတယ်တဲ့ .. ဒါပေမဲ့ အခု ဒါတွေတစ်ခုမှ ပေါ်မလာသေးဘူး..” ထိုလူမှ ပြောလိုက်သည်။

ဤစကားကြားလိုက်ရသည်နှင့် အားလုံးဆွံ့အသွားရသည်။

အများစုမှာ စိတ်ဓာတ်ကျနေပြီး ဝမ်းနည်းပူဆွေးနေကြသောကြောင့် ဒဏ္ဍာရီအချို့ကို မေ့လျော့သွားကြသည်ပင်။ ဤကဲ့သို့သော ဆိုးရိုးမျိုးတကယ်ရှိသည်ပင်။

သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း၊ ခေတ်ကြီးတစ်ခေတ်အပြီး အဆင့်လွန်သက်ရှိ ဘယ်နှယောက်များ ကျဆုံးခဲ့သနည်း.. သူတို့ ဤမြင်ကွင်းကို မမြင်ဖူးသောကြောင့် ဤဒဏ္ဍာရီကို မေ့သွားခြင်းပင်။

ကန္တာရထဲရှိ စစ်မြေပြင်တွင်..

မုန့်ထျန်းကျန်း၏ မည်းနက်နေသ့်ဆံပင်များ ဖရိုဖရဲလွင့်ပျံနေသည်။ သူ၏မျက်လုံးများမှာ နေလုံးများကဲ့သို့ ရွှေရောင်အလင်းတန်းနှစ်ခု ထုတ်လွှတ်လာသည်။ ထိုအလင်းတန်းများမှာ သူ့ခန္ဓာကိုယ်ထက်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ အလွန်တောက်ပနေသည်။

သူ၏နတ်အဝတ်အစားများတွင် သွေးများစွန်းပေနေသည်။ သို့သော် သူ့ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်သ်ည့အချိန်တွင် သူအရပ်ပိုရှည်လာသည့်ပုံပင်။

ယခုအချိန်တွင် သူသည် ပြန်လည်အသက်ဝင်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ စစ်အငွေ့အသက်များလည်း ထွက်ပေါ်လာပြီး သူဟစ်ကြွေးလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးပင် ပျက်စီးသွားသည်။

ယခုအချိန်တွင် သူသည် ဘေးဘယ်ညာနှစ်ဘက်လုံးအား တိုက်ခိုက်နေရသည်ပင်။

အထူးသဖြင့် ထိုအနီရောင်အလင်းပြင်ထဲသို့ ဝင်လိုက်သည်နှင့် သူ၏လက်သီးခွန်အားမှာ ပြိုင်ဘက်ကင်းဖြစ်လာပြီး ဆက်တိုက်ပင် ရိုက်ထည့်လိုက်သည်။ လေဟာနယ်၌ပင် အက်ကွဲကြောင်းများ ဖြစ်လာကာ ဆက်တိုက်ပေါက်ကွဲနေလေသည်။

အပေါ်ဘက်၌ ထာဝရလက်နက်အချို့ ရှိနေပြီး ‘စစ်နယ်မြေ’ တစ်ခု ဖြစ်နေကာ ဤနေရာကို ဝန်းရံထားသောကြောင့်သာမဟုတ်ပါက အကျိုးဆက်မှာ စဉ်းစားကြည့်၍မရနိုင်လောက်အောင်ပင် ဖြစ်သွားလိမ့်မည်။

ဤစ်ပွဲစွမ်းအင်မှာ ကြောက်စရာကောင်းလွန်းလှသည်။

အလင်းတန်းတစ်ခုလောက်သာ အာကာသအပြင်ဘက်သို့ ထွက်သွားပါက နေနှင့်လပင် ပေါက်ကွဲသွားလိမ့်မည်။

ဝေါင်း..

တောက်ပနေသည့်အနီရောင်အလင်းထဲတွင် သမိုင်းမတင်မှီခေတ်မှ ရှေးဟောင်းသားရဲတစ်ကောင် ဟစ်ကြွေးနေသကဲ့သို့ အလွန်ကြောက်စရာကောင်းလှသည်။

ဤသည်မှာ အဆင့်လွန်သက်ရှိတစ်ဦး ခန္ဓာကိုယ်ပေါက်ကွဲသွားခြင်းပင်။ သူ၏သွေးရောင်ရဲဒင်းလည်း သူနှင့်အတူ ပေါက်ကွဲသွားသည်ပင်။ သူ၏သွေးစွမ်းအင်များမှာ နေရာအနှံ့ပျံ့ကြဲသွားပြီး သူနောက်တစ်ကြိမ် စုစည်းနိုင်ရန် ခက်ခဲနေသည်။

အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်းသည် လက်သီးများပစ်လွှတ်ကာ ထိုသွေးစွမ်းအင်များ နောက်တစ်ကြိမ် ပြန်လည်မစုစည်းနိုင်အောင် ပြုလုပ်နေသည်ပင်။

ကောင်းကင်သားရဲတောအုပ်ထဲမှလူ ပြောသကဲ့သို့ပင်။ အဆင့်လွန်သက်ရှိများကို သတ်ရန်မှာ ခက်ခဲသည်ပင်။ ကောင်းကင်မျက်ရည်မကျသေးသလို အခြားပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း ပေါ်မလာသေးသောကြောင့် ကောင်းလာနိုင်ချေ ရှိသေးသည်။

အဆင့်လွန်သက်ရှိမှာ မည်ကဲ့သို့သော သက်ရှိများဖြစ်သနည်း.. စကြာဝဠာကြီးပျက်စီးသွားလျှင်ပင် သူတို့ အသက်ဆက်ရှင်နိုင်သေးသည်။

ဟန်မင်၏ခန္ဓာကိုယ်‌ ပေါက်ကွဲသွားသော်လည်း သူမသေသေး။ သူ၏သွေးစွမ်းအင်များ စုစည်းကာ သူ၏မူလဝိညာဉ်ကို ပြန်လည်အသက်သွင်းရန် ကြိုးစားနေမိသည်။ သူချက်ချင်း ပြန်သွားချင်မိသည်။

သို့သော် မုန့်ထျန်းကျန်း၏ လက်သီးချက်များမှာ ကြောက်စရာကောင်းလွန်းလှသည်။ လက်သီးတစ်ချက် လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြားရှိ အဆုံးမရှိသည့်တာအို ဖိနှိပ်ခံလိုက်ရကာ ဤနေရာ၌ ကြီးမားလှသည့်ဖိအားဖြစ်ပေါ်လာမည်ပင်။ ဤသည်မှာ သူ၏ပြန်လည်ကောင်းမွန်သည့်နှုန်းအား အဟန့်အတား ဖြစ်စေသည်ပင်။

ဤသည်မှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူတို့ မုန့်ထျန်းကျန်းကို ဒဏ်ရာရအောင် မည်မျှပင် ကြိုးစားနေပါစေ ဟန်မုန့်လွတ်မြောက်အောင် ချက်ချင်းမကူညီနိုင်ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်းသည် ဟန်မုန့်ကိုသာ ပစ်မှတ်ထားနေပြီး သူ့အား သတ်ရန် ကျိန်ဆိုထားနေသည်ပင်။ ဤသည်မှာ ‘လက်ချောင်းဆယ်ချောင်းလုံးကို ဒဏ်ရာရအောင်လုပ်တာက လက်တစ်ချောင်းကို ဖြတ်ပစ်လိုက်တာလောက်မကောင်းဘူး’ ဟူသည့် စကားအတိုင်းပင်။

သူ အဆင့်လွန်သက်ရှိတစ်ယောက်ကို သတ်ချင်နေသည်…

“သူ မပျက်စီးနိုင်တဲ့ကျမ်းစာကို ကျင့်ကြံထားတယ် .. သူ့ခန္ဓာကိုယ်က စွမ်းအားကြီးပြီး အရာအားလုံးကို မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်တယ် .. သူ အချိန်အကြာကြီးတောင့်ခံနိုင်တယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဤသည်မှာ အလွန်ဆိုးရွားကာ ပြင်းထန်သည့်ကိစ္စပင်။ သူတို့လေးယောက် လာကယ်ကြသော်လည်း ဟန်မင်ကို အန္တရာယ်များသည့်အခြေအနေမှ မကယ်ထုတ်နိုင်သေး။ သူပြန်လည်ရှင်သန်လာအောင် မကူညီနိုင်သေး။

ဤသတင်းသာပေါက်ကြားသွားလျှင် မည်သူမှ ယုံကြည်နိုင်မည်မဟုတ်။

ဤသည်မှာ အဆင့်လွန်သက်ရှိလေးယောက်နှင့်တစ်ယောက် တိုက်ခိုက်နေခြင်းပင်။ သို့သော်လည်း သူတို့ အခြေအနေကို ပြောင်းပြန်မလှန်နိုင်သေး။

ဟန်မုန့် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ အကြီးအကဲအရှင်ကြောင့် သူ၏မူလဝိညာဉ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေပြီ။ သူ့ခန္ဓာကိုယ်ကိုပြန်လည်ထုဆစ်ရန် ကြိုးစားနေသော်လည်း အမြဲတမ်းရှုံးနိမ့်နေသည်။

အဆင့်လွန်သက်ရှိများမှာ သွေးစက်တစ်စက်ဖြင့် သူတို့၏ ပြိုင်ဘက်ကင်းသည့် ခန္ဓာကိုယ်အားပြန်လည်ဖန်တီးနိုင်သည်ပင်။ သို့သော်လည်း ဟန်မုန့် မလုပ်နိုင်သေး။

လက်သီးစွမ်းအားမှ အရာအားလုံးကို လွှမ်းမိုးကာ ဖိနှိပ်သွားသည်။ သူ၏မူလဝိညာဉ်ပင်လျှင် အပိုင်းပိုင်းပြိုကွဲသွားချင်နေလေပြီ။

ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။ သူတို့အားလုံးက အဆင့်လွန်သက်ရှိတွေပဲကို .. မုန့်ထျန်းကျန်းက ဘာလို့ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ..

အမှန်တကယ်တွင် သူတို့သည် အင်ပါယာဂိတ်မှ သက်ရှိများအား တစ်နည်းနည်းဖြင့် အထင်သေးခဲ့ကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်းမျိုးဆက်၏ တိုက်ပွဲများတွင် ကောင်းကင်ဘုံကိုးခုမှ လူငယ်များမှာ သူတို့ဘက်မှလူငယ်များထက် အမြဲတမ်း နိမ့်ကျနေခဲ့သည်ပင်။ ဟွမ်မှလွဲလျှင် သူတို့ကို ခြိမ်းခြောက်နိုင်သည့်သူမရှိ။

ထို့ကြောင့် လူကြီးမျိုးဆက်ကိုလည်း သူတို့အထင်သေးကြသည်ပင်။

ဤကဲ့သို့ အထင်သေးကြသည်မှာ မှားလည်းမမှား။ အနီရောင်ကောင်းကင်နယ်စပ်၌ အသက်ကြီးသည့်မျိုးဆက်များ တစ်ယောက်ပြီးတစ်ယောက် သွေးစွန်းထင်းခဲ့ကာ ထူးချွန်သည့်တိုက်ပွဲအောင်မြင်မှုများကို မဖန်တီးနိုင်ခဲ့။

“ခင်ဗျားတို့က ကိုယ့်ကိုကိုယ် အရမ်းအဆင့်မြင့်တယ်လို့ ထင်နေကြတာလား..” မုန့်ထျန်းကျန်းဟစ်ကြွေးလိုက်သည်။

“ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုမှာ ပစ်ချက်တွေရှိတော့ ငါတို့အတွက် ကျင့်ကြံဖို့ မလွယ်ကူဘူး .. အဲဒီတော့ လူငယ်မျိုးက နည်းနည်းလောက်‌ နောက်ကျနေတာ .. ဒါက ငါတို့ဘက်ကလူတွေ အရည်အချင်းမရှိလို့မဟုတ်ဘူး .. ပတ်ဝန်းကျင်ကြောင့်ဖြစ်နေတာ..” အကြီးအကဲအရှင် ပြောလိုက်သည်။

တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ၏ မျက်လုံးများမှေးကျဉ်းသွားရသည်။

တစ်ချိန်တည်းမှာပင် သူတို့အခြားပြဿနာတစ်ခုကို စဉ်းစားမိသွားသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ ကျင့်ကြံခြင်းမှာ မလွယ်ကူ။ သူတို့ ကန့်သတ်ချက်များကို ကျော်လွန်သွားမှသာ ပြည့်စုံသည့်အဆင့်ရောက်အောင် ကျင့်ကြံနိုင်သည်ပင်။

သို့သော် လူဘယ်နှယောက်ကများ ကန့်သတ်ချက်များကို ကျော်လွန်နိုင်ခဲ့သနည်း..

အဆင့်လွန်သက်ရှိအဆင့်ထိ ရောက်သည့်သူများမှာ ဤကန့်သတ်ချက်ကို ကျော်လွန်ရမည်မှာသေချာသည်။ ထို့ကြောင့် သူတို့ တစ်ဖက်လောကမှ အဆင့်တူသည့်သူများထက် နိမ့်ကျမည်မဟုတ်။

ယခင်ခေတ်တိုက်ပွဲမှာ ဆိုးရွားလွန်းလှသည်။ မူလက တစ်ခုတည်းဖြစ်နေသည့် မြေမှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအဖြစ် ကွဲသွားသည်အထိပင်။

ထို့အပြင် လောကကြီးလည်းပြစ်ချက်များရှိနေသည့် လောကကြီးဖြစ်သွားသည်။

ထို့ကြောင့်လည်း ကျင့်ကြံခြင်းတွင် ဤကဲ့သို့သောပြဿနာမျိုး ဖြစ်လာသည်ပင်။ အချို့ကျင့်ကြံဆင့်နယ်ပယ်များမှာ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သော်လည်း သူတို့ထံ၌ ပြစ်ချက်တစ်ချို့ ရှိနေသေးသည်။

ထို့ကြောင့် အင်ပါယာဂိတ်မှ လူငယ်များ တစ်ဖက်လောကမှ လူငယ်များထက် နောက်ကျနေခြင်းပင်။

နောက်မကျချင်လျှင် ကျင့်ကြံဆင့်တစ်ခုစီတိုင်း၌ ကန့်သတ်ချက်ကို ကျော်လွန်နိုင်အောင် ကြိုးစားရမည်ပင်။

ထိုသို့ ချိုးဖောက်နိုင်သည့်သူမှာ သေချာပေါက် ကြောက်စရာကောင်းလာမည်ဖြစ်သည်။ တစ်ဖက်လောက၌ပင်လျှင် ထိုလူများမှာ ဧကရာဇ်ကလန်များ၏ လက်ရွေးစင်များဖြစ်လာမည်ပင်။

ဟွမ်သည် သေချာပေါက် ဤသည်ကို အောင်မြင်နိုင်ခဲ့သည်ပင်။ မဟုတ်ပါက တစ်ဖက်လောကမှ အဆင့်တူသည့်သူများကို သူအဘယ်ကြောင့် ဤမျှသတ်နိုင်မည်နည်း..

သူတို့ရှေ့၌ရှိနေသည့် မုန့်ထျန်းကျန်းလည်း ထိုကဲ့သို့သောလူပင်။

“ငါတို့အားလုံးက အဆင့်လွန်သက်ရှိတွေပဲ .. ငါတို့က ပိုအားနည်းတယ်ဆိုတာ မဖြစ်နိုင်ဘူး ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

သို့သော်လည်းမုန့်ထျန်းကျန်း သူ့အပြုအမူများဖြင့်သာ စကားပြောလိုက်သည်။ သူ၏လက်သီးချက်များကို ပစ်သွင်းလိုက်သည်နှင့် ဤလောကကြီး၌ ဆူညံသံများ ထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးပင် တုန်ခါသွားသည်။

“မကောင်းတော့ဘူး..”

ဟန်မုန့်အော်ဟစ်လိုက်သည်။ သူသည် ခံနေရသည့်သူဖြစ်သောကြောင့် ထိုလက်သီးချက်များ မည်မျှကြောက်စရာကောင်းသည်ကို သူ့ထက်မည်သူမှ ပိုမသိနိုင်။ ဤသည်မှာ ရှေးခေတ်မှ ဘုရင်တစ်ပါးရောက်လာပြီး အရာအားလုံးကို ဖျက်ဆီးချင်နေသကဲ့သို့ပင်။

ကံမကောင်းစွာဖြင့် အပေါ်ဘက်၌ ထာဝရပစ္စည်းများဖြင့် ပိတ်ထားသောကြောင့် သူ မည်မျှပင် အားကောင်းပါစေ သူဖောက်ထွက်၍မရ။

သူသည် မူလက အိုးတစ်လုံးဖြင့် လိပ်တစ်ကောင်ကို ဖမ်းလိုခြင်းဖြစ်သော်လည်း အဖမ်းခံလိုက်ရသည့်သူမှာ သူဖြစ်နေလိမ့်မည်ဟု မထင်ထား။

ဝုန်း..

အကြီးအကဲအရှင် လက်သီးဝေ့ရမ်းလိုက်သည့်အချိန်တွင် ဟန်မုန့်ဟစ်ကြွေးလိုက်ကာ အခြားသူများလည်း ပြင်းထန်စွာ လှုပ်ရှားလာကြသည်။ သို့သော်လည်း သူတို့အခြေအနေကို မပြောင်းလဲနိုင်သေး။

အဘယ်ကြောင့်ဆိုသော် ထိုလက်သီးချက်သည် အကြီးအကဲအရှင်၏ ခန္ဓာကိုယ်ထဲမှ ဂိတ်တံခါးအချို့နှင့် ဆက်ထားခြင်းပင်။

ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းကြောင့် ထူးဆန်းသည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်ပင်။

“ဒီလမ်းကြောင်းက ထင်ထားတဲ့အတိုင်း အန္တရာယ်များတာပဲ..” အဆင့်လွန်သက်ရှိတစ်ဦး၏ မျက်လုံးများ အေးစက်သွားလေ၏။

မုန့်ထျန်းကျန်းသည် ယခင်က ဤလမ်းကြောင်းပေါ်၌ သေမလိုဖြစ်ခဲ့ကာ အဆုံးထိမလျှောက်နိုင်ခဲ့ဘူးဆိုသော်ငြား သူအောင်မြင်လုနီးပါးဖြစ်ခဲ့သောကြောင့် သူ့ ထူးခြားသည့်စွမ်းအားကို ရရှိခဲ့သည်ပင်။

ယခင်က မည်သူမှ ဤအကြောင်း မသိခဲ့ကြ။

ယခုမှသာ သူ ထုတ်ပြလိုက်ပြီး အဆင့်လွန်သက်ရှိအချို့ကို တုန်လှုပ်သွားစေခြင်းပင်။

ဝုန်း..

ယခုအချိန်တွင်တော့ ဟန်မုန့် စိတ်ပျက်နေလေပြီ။ တစ်ခြားလူ၏အကူအညီများမှာ မလုံလောက်။ မုန့်ထျန်းကျန်းသည် သူ့ကိုသာ ပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်နေခြင်းပင်။

ယခု သူ ဝှက်ဖဲများကိုပင် အသုံးပြုပြီးသွားပြီဖြစ်သည်။

ဖူး..

ယခုတစ်ခေါက်တွင်တော့ ဟန်မုန့်၏ မူလဝိညာဉ်သည် တစ်စထက်တစ်စ ပျက်စီးသွားကာ နောက်ဆုံး အလင်းမိုးအဖြစ် ပြောင်းလဲသွားကာ တစ်ဖြည်းဖြည်းချင်း မှေးမှိန်သွားသည်။ သူူ တကယ်သေသွားလေပြီ။

ထိုအတောအတွင်း အကြီးအကဲအရှင် သုံးကြိမ်ရိုက်ခံခဲ့ရသော်လည်း သူသည် တွေဝေနေခြင်းမရှိပဲ ဟန်မုန့်ကိုသာ ဆက်တိုက် တိုက်ခိုက်နေခဲ့ခြင်းပင်။

ဝုန်း..

ထို မူလဝိညာဉ်အလင်း ပေါက်ကွဲသွားပြီးနောက် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

“အား..” နောက်ဆုံး ဒေါသတကြီး ဟစ်ကြွေးသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ရေခဲပင်လယ်အဆင့်လွန်သက်ရှိ သေဆုံးသွားလေပြီ..

အပိုင်း ၁၇၂၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၃ – သွေးလွှမ်းသည့်တိုက်ပွဲ

ဝေါင်း..

အဆင့်လွန်သက်ရှိတစ်ဦးအော်ဟစ်ကာ သူ၏ဒေါသနှင့် တိုက်ပွဲအငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ ဤနေရာ၌ လေဟာနယ် တုန်ခါသွားကာ လုံးဝပျက်စီးသွားလေ၏။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

ဟန်မင် သူတို့မျက်စိရှေ့တွင်ပင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ အဆင့်လွန်သက်ရှိလေးဦးပင် သူ့ကို မကယ်လိုက်နိုင်သောကြောင့် ဤသည်မှာ သူတို့ကို အေးစက်စေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း အဆုံးမရှိအောင် ထွက်ပေါ်လာသည်။

အဆင့်လွန်သက်ရှိလေးဦးသည် မုန့်ထျန်းကျန်းအား သတ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်း သေချာသည်။

“သူ သေသွားပြီ .. ဟန်မင်အဆင့်လွန်သက်ရှိ တကယ် သေသွားပြီ..”

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်၌ လူတစ်စု တုန်ယင်ကာ ထိတ်လန့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီလာ မြင်ကွင်းများ ပေါ်လာလေပြီ။

ထိုအခိုက်အတန့် ကောင်းကင်မျက်ရည်များ ရွာသွန်းကျလာသည်ပင်။ မူလက တိမ်ကင်းစင်နေသည့်ကောင်းကင်ကြီးမှာ ယခုတော့ သွေးမိုးများရွာသွန်းကျနေသည်ပင်။

အနီရောင်သွေးများသည် သစ်ပင်ထိပ်ဖျားများ၊ ကျောက်တုံးများပေါ်သို့ လွင့်စင်သွားသည်ပင်။

ဤသည်မှာ စွမ်းအားအကြီးဆုံးသူများ သေဆုံးသွားပြီးနောက် ဖြစ်ပေါ်လာသည့် ဝမ်းနည်းမှုကို ဖော်ပြသည့် ကောင်းကင်မျက်ရည်ပင်။

သွေးမိုးမှာ သည်းထန်စွာပင် ရွာသွန်းနေလေ၏။ မျက်နှာပြင်တစ်ခုလုံး နီရဲနေကာ အရာအားလုံးကို အနီရောင်ဖုံးလွှမ်းသွားသည်။

ထို့နောက် ကမ္ဘာမြေကြီး ကွဲအက်သွားကာ မျက်လုံးနှင့်တူသည့် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းမှ သွေးရောင်ရေများပန်းထွက်လာလေ၏။ ဤသည်မှာ ကမ္ဘာမြေ၏ ငိုကြွေးခြင်းပင်။

ဤမြင်ကွင်းများမှာ အားလုံးကို တုန်လှုပ်သွားစေသည်။ တစ်ဖက်လောကမှ သက်ရှိများအားလုံး ဝမ်းနည်းသွားကြကာ စိတ်ထဲ၌ မျက်ရည်များကျဆင်းနေကြသည်ပင်။ သူတို့ ဟန်မင်အတွက် ဝမ်းနည်းခြင်းကို မထိန်းချုပ်နိုင်။

အဆင့်လွန်သက်ရှိတစ်ယောက် ကျသွားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှ မျက်ရည်များ ကျဆင်းနေလေပြီ။

ဝုန်း..

ထို့နောက် ကောင်းကင်ထက်တွင် အနက်ရောင်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။ ဤသည်မှာ အနက်ရောင်နဂါးများ တစ်ကောင်ပြီးတစ်ကောင် ဟစ်ကြွေးနေသကဲ့သို့ ဆူညံလှပြီး နယ်ခြားစပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

ထို့နောက် ပို၍ထိတ်လန့်စရာကောင်းသည့်အရာတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ကောင်းကင်ထက်မှ အရိုးစုများ တစ်ခုပြီးတစ်ခု ကျလာသည်။ အလောင်းများမှာ သက်ရှိမျိုးစုံ၏အလောင်းများဖြစ်ပြီး အလွန်ကြောက်စရာကောင်းလှသည်။

ဒီအရိုးစုတွေ ဘယ်ကရောက်လာတာလဲ..

အားလုံး ကောင်းကင်မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ လေဟာနယ်မှ ထူးဆန်းစွာ ထွက်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ အာကာသအပြင်ဘက်မှ ထွက်လာခြင်းမဟုတ်။

အရိုးစုတွေလေထဲက ကျလာတာလား .. လူများစွာ အသက်ရှူသံများ အေးခဲသွားရ၏။ ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

ဖုန်း..

ထိုအရိုးစုများ မြေပြင်ပေါ်သို့ကျသွားလေပြီ။ အချို့အရိုးစုများမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှပြီး အချို့မှာ မွေးကင်းစကလေးကဲ့သို့ သေးငယ်လှသည်။ နောက်ဆုံးတွင်တော့ ထိုအရိုးများအားလုံး အဖြူရောင်အမှုန့်များအဖြစ် ပြောင်းလဲသွားကြသည်။

သွေးနီရောင်မိုးများ ရွာသွန်းနေပြီး ထိုအရိုးစုများ ကောင်းကင်ထက်မှ ကျလာသည့်မြင်ကွင်းမှာ လူတစ်ယောက်၏ ဦးရေပြားကိုပင် ထုံကျဉ်သွားစေသည်။

သို့သော် ဤပုံမှန်မဟုတ်သည့် မြင်ကွင်းများမှာ အဆင့်လွန်သက်ရှိများကြားမှ တိုက်ပွဲကို ထိရောက်မှုမရှိ။

အကြီးအကဲအရှင်သည် အသက်ရှင်နေသည့် ဟန်မင်ကိုပင် မကြောက်မရွံ့ သတ်ခဲ့သောကြောင့် ဤသေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် မြင်ကွင်းများကို ကြောက်စရာမရှိ။ မုန့်ထျန်းကျန်းသည် အလွန်သူရဲကောင်းဆန်လှသည်ပင်။ သူသည် ဤနေရာရှိ အဆင့်လွန်သက်ရှိများနှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေ၏။

သို့သော် သူလည်း သွေးထွက်နေလေပြီ။ ဟန်မင်ကို တတ်နိုင်သမျှ စောစောအဆုံးသတ်ရန်အတွက် သူလည်းပေးဆပ်ထားရသည်ပင်။

“သူ့ကို မြန်မြန်သတ် .. တစ်ခြားဘာမှ မဖြစ်စေနဲ့တော့..”

လက်ထဲ၌ အနက်ရောင်စစ်လှံတံကိုင်ထားသည့် အဆင့်လွန်သက်ရှိတစ်ဦးမှ ပြောလိုက်သည်။ ထို့အပြင် သူ့လက်ကို လှုပ်ခါလိုက်သည်နှင့် အနက်ရောင်အမိန့်အစာတစ်ခု ထွက်ပေါ်လာသည်။ ထိုအမိန့်စာပေါ်၌ စာလုံးတစ်လုံးသာရှိသော်လည်း သွေးများစွန်းထင်းနေကာ အလွန်ထူးဆန်းလှသည်။

“အနက်ရောင်အမိန့်စာလား..” အကြီးအကဲအရှင် ချက်ချင်း ထိတ်လန့်သွားရသည်။ တစ်ဖက်လောကမှ ဤပစ္စည်းအကြောင်းကို သူကြားဖူးသည်။ ဤပစ္စည်းတွင် တိုင်းတာ၍မရနိုင်လောက်သည့် စွမ်းအားများရှိနေသည်ဟု ပြောကြသည်ပင်။

ဤပစ္စည်းကိုမြင်သည်နှင့် အခြားအဆင့်လွန်သက်ရှိသုံးဦးလည်း ကူညီပေးလာကြသည်။ ထိုအနက်ရောင်အမိန့်စာ တောက်ပလာကာ ကောင်းကင်ထက်၌ အနက်ရောင်မြူများ ပြည့်နှက်သွားသည်။

ထို့အပြင် ထိုအမိန့်စာပေါ်၌ ရှိနေသည့်‌ သွေးများစီးဆင်းလာကာ ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာလေ၏။

“ဖိနှိပ်ပြီးသတ်မယ်..”

အဆင့်လွန်သက်ရှိ ကျယ်လောင်စွာ အော်ဟစ်ကာ ဥပဒေသအမိန့်စာကို အသက်သွင်းပြီး မုန့်ထျန်းကျန်းအား တိုက်ခိုက်လိုက်သည်။

ရွှီး..

မုန့်ထျန်းကျန်း လက်ဗလာဖြင့်မတိုက်တော့။ သူ့လက်ထဲ၌ ဓားတစ်လက်ထွက်ပေါ်လာသည်။ ထိုဓားကို ပစ်လွှတ်လိုက်သည်နှင့် အဆင့်တက်သည့်အလင်းမိုးကျလာကာ ဓား၏ခမ်းနားလှသည့်အလင်းတန်းမှာ ကောင်းကင်နေကိုပင် ကျော်လွန်သွားသည်။

ဖူး..

ပုပ်ပွနေသည့်အသားကို ဖြတ်သွားသကဲ့သို့ တိုးညှင်းလှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ထာဝရဓားသည် အလွန်တောက်ပစွာဖြင့်ပင် အနက်ရောင်အမိန့်စာကို ထိုးဖောက်သွားကာ သွေးများ ပန်းထွက်လာစေသည်။

ထင်ထားသည့်အတိုင်းပင် အနက်ရောင်အမိန့်စာမှ ထွက်လာသည့် သွေးပင်လယ်ကြီးမှာ ဓားကိုကျော်ဖြတ်ကာ အကြီးအကဲအရှင်အား ဝါးမြိုလာတော့မည်။

သို့သော် ထိုဓားတောက်ပလာကာ သင်္ချိုင်းမြေသီချင်းကဲ့သို့သော ရှေးကျကာ နက်ရှိုင်းသည့်အသံ ထွက်ပေါ်လာသည်။ ထိုအသံတွင် အထီးကျန်မှုနှင့် ဝမ်းနည်းမှုများလည်း ပါဝင်နေသည်ပင်။

ထိုအသံမှာ အလွန်ထူးဆန်းလှသောကြောင့် အကြီးအကဲအရှင်ပင် ထိတ်လန့်သွားရသည်။

တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိမှာ ပို၍ ထိတ်လန့်နေကြသည်ပင်။ ဤဓားမှာ ထူးဆန်းလှသည်။ အဆင့်တက်ခြင်းအလင်းမိုးများ ရွာသွန်းလာသော်လည်း အဘယ်ကြောင့် သင်္ချိုင်းသီချင်းသံများ ထွက်ပေါ်လာသနည်း..

ဝူး..

အနက်ရောင်အမိန့်စာ လောင်ကျွမ်းသွားကာ ပြာမှုန့်များအဖြစ် ပြောင်းလဲသွားသည်။ သွေးစက်များလည်း ခမ်းခြောက်သွားကာ အစရှာမရအောင် ပျောက်ကွယ်သွားသည်။

ထို့နောက် သင်္ချိုင်းသီချင်းသံ ပျောက်ကွယ်သွားကာ ဓားလည်း ပြန်လည်ငြိမ်သက်သွားသည်။

“သတ်..”

ထိုလူများ အော်ဟစ်လာကြ၏။ သူတို့ မုန့်ထျန်းကျန်း၏အသက်ကို မရမချင်း ရပ်တန့်မည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် ဟန်မင် တိုက်ပွဲထဲ၌ သေဆုံးသွားခြင်းမှာ တကယ်ကို ရှက်စရကောင်းလှသည်။ အဆင့်လွန်သက်ရှိငါးဦး အတူတကွ တိုက်ခိုက်ကြပြီး နောက်ဆုံး၌ တစ်ယောက်သေဆုံးသွားခြင်းဖြစ်သောကြောင့် သူတို့ မျက်နှာပျက်ရသည်။

“မုန့်ထျန်းကျန်း မင်းက အတော်လေး အားကောင်းတယ် .. ဒါပေမဲ့ ငါတို့လည်း အားမနည်းဘူး .. မင်းဘယ်လောက် ကြာကြာခံမလဲဆိုတာ ကြည့်ကြသေးတာပေါ့..” သူတို့ထဲမှတစ်ယောက်‌ အော်ဟစ်လိုက်သည်။

မုန့်ထျန်းကျန်း၏ ရွှေရောင်ချပ်ဝတ်တန်ဆာမှာ အစကတည်းက ပျက်စီးနေပြီးသားပင်။ ပြင်းထန်လှသည့် ရိုက်ချက်ပေါင်းများစွာကို ခံရပြီးနောက် သူ၏ခန္ဓာကိုယ်တွင် သွေးများစွန်းထင်နေလေပြီ။ သူ၏မည်းနက်နေသည့် ဆံပင်များ၌ပင် သွေးများစွန်းပေနေသည်ပင်။

ရှီဟောင်ကို အလင်းလုံးလေးတစ်ခု ဝန်းရံထားကာ ကာကွယ်ခံထားရသည်။ အကြီးအကဲအရှင်အတွက် သူစိုးရိမ်မိသည်။ အကြီးအကဲအရှင်သည်တစ်ယောက်တည်းသာဖြစ်သော်လည်း တစ်ဖက်၌ လေးယောက်ပင်ရှိသည်။ သူတို့အားလုံးမှာ အဆင့်လွန်သက်ရှိများဖြစ်ကြသောကြောင့် မည်သူက မည်သူ့ထက် အားနည်းနိုင်မည်နည်း.. ဤအတိုင်းသာ ဆက်သွားလျှင် အန္တရာယ်များလာလိမ့်မည်။

“အကြီးအကဲအရှင် .. ကျွန်တော်တို့ ဖောက်ထွက်လို့ရမလား..” သူ အကြီးအကဲအရှင်ကို သေသည်အထိ မတိုက်ခိုက်စေလို။

မုန့်ထျန်းကျန်း ဘာမှမပြောပဲ လှုပ်ရှားလိုက်သည်။ သဲကန္တာရကြီး တုန်ခါသွားသည်အထိ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့လက်ကိုဝေ့ရမ်းလိုက်သည်နှင့် ကောင်းကင်ထက်ရှိ နယ်မြေဆယ်ခုသင်္ကေတ တုန်ခါလာသည်။

ထာဝရပစ္စည်းများ တုန်ခါလာကာ ထိုပစ္စည်းများမှ ထွက်လာသည့်အလင်းတန်းများမှာ လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

သူ ထာဝရပစ္စည်းကို ပြန်သိမ်းပြီး ဤစစ်နယ်မြေကို ချိုးဖျက်လိုခြင်းပင်။ ထို့နောက် ဤနေရာမှ ထွက်သွားမည်။

“မင်းက ထွက်သွားချင်နေတာလား .. အဲဒီလောက်မလွယ်ဘူး .. ထာဝရပစ္စည်းတွေ တိုက်ခိုက်ရင်ဖြစ်လာတဲ့ နယ်မြေက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပြိုကွဲနိုင်မှာလဲ..” အဆင့်လွန်သက်ရှိတစ်ယောက်‌ အေးစက်စွာ ပြောလိုက်၏။

သူပြောလိုက်သည်မှာ အမှန်တရားပင်။ ယခုအခြေအနေမှာ အတော်လေး ထူးခြားလှသည်။ ထာဝရပစ္စည်းပေါင်းများစွာ တူညီသည့်ပြင်းထန်မှုများဖြင့် မျက်နှာချင်းဆိုင်နေသည်။ ထိုပစ္စည်းများမှ ထုတ်လွှတ်လိုက်သည့် အလင်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသောကြောင့် ထိုအလင်းများကို ခွဲထုတ်ရန် ခက်ခဲနေသည်ပင်။

ဝုန်း..

မုန့်ထျန်းကျန်း ပတ်ပတ်လည်၌ ထူးဆန်းသည့်သင်္ကေတများစွာ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ သင်္ကေတများရှိနေသကဲ့သို့ပင်။ သူ၏ရွှေရောင်ချပ်ဝတ်တန်ဆာ၌ပင် တာအိုများရှိနေသည်အထိပင်။ သင်္ကေတများ ဆက်တိုက်ပေါ်လာသည်နှင့် သူပို၍ခမ်းနားလာသည်။

ရှေးဟောင်းထာဝရစစ်ဘုရင်တစ်ပါး နိုးထလာသကဲ့သို့ သူ၏သွေးစွမ်းအင်များ ဆူပွက်လာကာ စွမ်းအင်လှိုင်းများ အပြင်ဘက်သို့ ထွက်ပေါ်လာသည်။

ဝုန်း ဟူသည့်အသံနှင့်အတူ သွေးစွမ်းအင်များသည် နဂါးပုံစံကောင်းကင်ထောက်တိုင်ကဲ့သို့ ထွက်ပေါ်လာကာ အာကာသအပြင်ဘက်သို့ ရောက်သွားသည်။

ထို့နောက် လက်တစ်ဖက်၌ ဓားကိုင်ထားပြီး အခြားလက်တစ်ဖက်မှ သစ်သားသေတ္တာကိုကိုင်ကာ အကြီးအကဲအရှင် ကောင်းကင်ထက်သို့ ပြေးတက်သွားသည်။ သူသည် ထာဝရပစ္စည်းများမှ ဖြစ်ပေါ်လာသည့် နယ်မြေထဲမှ တကယ်လွတ်မြောက်သွားသည်ပင်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. အနောက်ဘက်၌ ကျန်နေခဲ့သည့် အဆင့်လွန်သက်ရှိများအားလုံး ဆွံ့အသွားကြရသည်။

“မပျက်စီးနိုင်တဲ့ကျမ်းစာ တကယ်ကို ကြောက်စရာကောင်းတာပဲ .. ခန္ဓာကိုယ်ကို အမြင့်ဆုံးထိ ရောက်အောင်လုပ်နေပေးနိုင်တယ် .. သူက နယ်မြေဆယ်ခုသင်္ကေတကို အပေါက်တစ်ပေါက် ဖွင့်အောင်တောင် လုပ်နိုင်တယ်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“သူ နယ်မြေဆယ်ခုသင်္ကေတနဲ့ အလောင်းပတ်တဲ့အဝတ်စကို မယူတော့ဘူးလား .. ကောင်းပြီလေ .. အဲဒါဆိုရင် ငါတို့ပဲ ယူလိုက်ကြတာပေါ့..” အခြားတစ်ယောက်မှ ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး … ငါတို့ယူလို့မရဘူး .. အဲဒီထာဝရပစ္စည်းတွေ တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေတုန်းပဲ .. အချိန်တိုအတွင်း သူတို့ကို ရွှေ့ဖို့ခက်တယ် .. အခုတော့ထားလိုက်ဦး .. မဟုတ်ရင် ငါတို့ ကိုယ့်ထောင်ချောက်ထဲကိုယ်ပြန်ပိတ်နေမယ်..”

ရွှီး..

ပုံရိပ်လေးခုလည်း ကောင်းကင်ထက်သို့ တက်လာကာ ထိုအပေါက်မှ ထွက်သွားလိုက်ကြသည်။

“ခင်ဗျားက ဘယ်သွားချင်နေတာလဲ..” အဆင့်လွန်သက်ရှိလေးဦး သူ့နောက်သို့ လိုက်သွားကြသည်ပင်။

သူတို့အားလုံး ထာဝရပစ္စည်းများကို ယာယီလျစ်လျူရှုထားလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းများကို နောက်မှ သွားယူ၍ရသည်ပင်။ ယခုတော့ ဘယ်ပစ္စည်းကိုမှ ရွှေ့၍မရသေး။

“သတ်..” အနက်ရောင်စစ်လှံတံကိုင်ထားသည့်သူမှ လှုပ်ရှားလာသည်။ သူ ထိုလှံတံဖြင့် ထိုးလိုက်သည်။

မုန့်ထျန်းကျန်းသည် ထူးမခြားနားစွာဖြင့် နောက်ပြန်လှည့်လာကာ သူ၏ဓားကို လွှဲရမ်းလိုက်ကာ ထိုလှံတံကို ရိုက်ချလိုက်သည်။

ထိုအနက်ရောင်လှံတံမှာ အလွန်ကြီးမားလှသည်ပင်။ ဓားဖြင့် ထိခတ်လိုက်သောကြောင့် ကြယ်တစ်လုံးကို ထိုးဖောက်မိသွားကာ ထိုကြယ်မှာ ချက်ချင်း ပေါက်ကွဲသွားလေ၏။

ထို့နောက် မုန့်ထျန်းကျန်းထံသို့ နောက်တစ်ကြိမ် ထိုးစိုက်လာသည်။ သို့သော်လည်း နောက်တစ်ကြိမ် ခုခံခံလိုက်ရသည်ပင်။

သူတို့ အာကာသအပြင်ဘက်၌ တိုက်ခိုက်နေကြခြင်းဖြစ်ပြီး အလွန်ပြင်းထန်လှသည်ပင်။

ဝုန်း..

အခြားလူတစ်ယောက်မှ အဆီးအတားကြီးတစ်ခုကို ရုတ်တရက် ထုတ်လာသည်။ ထိုအရာသည် အလွန်ကြီးမားလှကာ ချက်ချင်းပင် ပို၍ကြီးလာပြီး ဘေးဘက်မှ ကြယ်အချို့ကိုပင် ပျက်စီးသွားစေသည်။ ထိုအရာသည် အကြီးအကဲအရှင်ထံသို့ တရှိန်ထိုး ရောက်လာလေ၏။

အကြီးအကဲအရှင် သူ့လက်ထဲမှ သစ်သားသေတ္တာကို လွှဲရမ်းကာ ထိုအရာနှင့် တိုက်ခိုက်လိုက်သည်။ ထိုပစ္စည်းနှစ်ခု ထိသွားသည်နှင့် မျက်စိကန်းလောက်သည့်အလင်းများ ထွက်ပေါ်လာသည်။

ဤသည်မှာ တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ၏မျက်လုံးများကို အရောင်တောက်ပလာစေသည်။ သူတို့ ထိုသစ်သားသေတ္တာကို စိုက်ကြည့်လိုက်ကြ၏။ ဤပစ္စည်းသည် အဆင့်လွန်သက်ရှိမှော်ပစ္စည်းကိုပင် လွင့်ထွက်သွားအောင် လုပ်နိုင်သောကြောင့် တကယ်ကို ထူးခြားလှသည်။

“သိမ်းမယ်..”

အခြားလူတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်ကာ မီးဖိုတစ်ခုကို အသက်သွင်းလိုက်သည်။ ထိုမီးဖိုမှ မီးတောက်များ ထွက်ပေါ်လာကာ မုန့်ထျန်းကျန်းကို ပိတ်သိမ်းရန် ကြိုးစားလိုက်သည်။

ကြယ်အချို့ပင် လှုပ်ရှားလာကာ စုတ်ယူခံလိုက်ရသည်ကို တွေ့ရမည်ပင်။ စူနာမီကဲ့သို့ စွမ်းအားကြီးသည့် လေပြင်းများ တိုက်ခတ်လာသည်။

အကြီးအကဲအရှင် ထိုဆေးလုံးမီးဖိုရှေ့သို့ ရောက်လာသည်နှင့် ထိုအိုးကို တစ်ချက်ကန်လိုက်ကာ လွင့်ထွက်သွားစေလိုက်သည်။ ထိုအိုးထဲမှ ကောင်းကင်ကိုဖုံးလွှမ်းသွားသည့် အလင်းများ ထွက်ပေါ်လာကာ ဥက္ကာခဲနှင့်အခြားအရာများကို အရည်ပျော်ကျသွားစေသည်။

ထို့နောက် ဖူး ဟူသည့်အသံထွက်ပေါ်လာကာ အနက်ရောင်စစ်လှံတံကြီး အကြီးအကဲအရှင်၏ ရင်ဘတ်ကိုထိုးဖောက်သွားသည်။ လှံတံမှာ သူ၏ကျောဘက်ထိ ဖောက်သွားခြင်းပင်။

ရွှေရောင်ချပ်ဝတ်တန်ဆာပင် ထိုလှံတံကို မတားဆီးနိုင်။

သိထားရမည်မှာ အဆင့်လွန်သက်ရှိမှော်ပစ္စည်းပင်။ အခြားသက်ရှိသာ ဤလှံတံဖြင့် ထိုးဖောက်ခံရလျှင် ထိုသူ ချက်ချင်းပေါက်ကွဲသွားမည်ပင်။ ဘာမှပင်ကျန်မည်မဟုတ်။

သို့သော် မုန့်ထျန်းကျန်းသည် အော်ဟစ်လိုက်ရုံသာ။ သူသည် ထိုစစ်လှံတံမှ ရုန်းမထွက်ပဲ စစ်လှံတံလာသည့်ဘက်သို့ တရှိန်ထိုးပြေးသွားကာ ထိုလှံတံကိုကိုင်ထားသည့်သူထံသို့ ဦးတည်သွားလိုက်သည်။

သူ ဤလှံတံဒဏ်ရာကို တိုက်ပွဲအခွင့်အရေးတစ်ခုအတွက်နှင့် တမင်သက်သက်လဲလှယ်လိုက်သည်မှာ သိသာလှသည်။ မုန့်ထျန်းကျန်း ဓားကို လွှဲရမ်းကာ ပြင်းထန်စွာပင် တိုက်ခိုက်လိုက်သည်။

ဖူး..

သွေးအလင်းများ ထွက်ပေါ်လာကာ ထိုအဆင့်လွန်သက်ရှိနှစ်ပိုင်းပြတ်သွားသည်။

အားလုံးမှာ မျက်တောင်တစ်ခတ်စာအတွင်း ဖြစ်သွားခြင်းပင်။ တစ်ဖက်မှ အဆင့်လွန်သက်ရှိသုံးဦးမှာ နောက်ဆုံးတော့ သူတို့အသာစီးရသွားပြီဟု ထင်နေကြခြင်းပင်။ သို့သော်လည်း ထိုအစား သူတို့အဖော်သာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ကို တွေ့လိုက်ရသည်။

မုန့်ထျန်းကျန်းလည်း ရွေးချယ်စရာမရှိသောကြောင့်သာ။ သူ့ကို ဝိုင်းတိုက်နေကြသောကြောင့် သူဖောက်ထွက်ကာ ရန်သူများကိုသတ်ချင်လျှင် သူ ပေးဆပ်ရမည်ပင်။

မဟုတ်ပါက အချိန်တိုအတွင်း ဘာမှလုပ်နိုင်မည်မဟုတ်။

တစ်ဖက်လောကမှ အခြားအဆင့်လွန်သက်ရှိများ ရောက်လာမည်ကို သူစိုးရိမ်နေခြင်းပင်။ ထို့ကြောင့် သူ ရန်သူများကို အချိန်တိုအတွင်း သတ်ပစ်နိုင်ရန် မျှော်လင့်နေခြင်းပင်။

မုန့်ထျန်းကျန်းသည် အနက်ရောင်စစ်လှံတံဖြင့် ထိုးခံလိုက်ရသော်လည်း သူ၏လှုပ်ရှားမှုများကို ထိခိုက်မှုမရှိ။ သူ ပြင်းထန်စွာ တိုက်ခိုက်နေဆဲပင်။

စစ်လှံတံပိုင်ရှင်မှာ ခန္ဓာကိုယ်နှစ်ခြမ်းဖြစ်သွားသည်နှင့် သူ၏အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ သူနောက်ပြန်ဆုတ်နိုင်ရန် ကြိုးစားလိုက်ရသောကြောင့် သူ့လက်ထဲမှ စစ်လှံတံကို လက်လွှတ်ရုံသာ တတ်နိုင်တော့သည်။

ဤသည်ကို မြင်သည်နှင့် အခြားသူများ ပြင်းထန်စွာတိုက်ခိုက်လာကြသည်။

ဖူး..

ဓားအလင်းမှာ ရေတံခွန်ကဲ့သို့ စီးဆင်းလာပြီး ကောင်းကင်တစ်ခုလုံးကို တောက်ပသွားစေသည်။ ကြယ်များစွာပင် အရောင်မှိန်သွားသည်အထိပင်။

ထို့နောက် သွေးအလင်းတန်းများ လွင့်စင်ထွက်လာ၏။ ယခုတစ်ခေါက်တွင်တော့ အကြီးအကဲအရှင်သည် ထိုလသူ၏ဦးခေါင်းကို ဖယ်ရှားလိုက်ရုံသာမက ထိုသူ၏မျက်ခုံးကြားတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်လာသည်။

“မပျက်စီးနိုင်တဲ့ကျမ်းစာ..” လှံတံပိုင်ရှင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏လှံတံကို လက်လွှတ်လိုက်သည်နှင့် ထိုလှံတံကို အသက်သွင်းကာ ပေါက်ကွဲအောင်လုပ်ပြီး အကြီးအကဲအရှင်အား ဖျက်ဆီးပစ်လိုခြင်းပင်။

သို့သော် ထိုအခိုက်အတန့်တွင် အကြီးအကဲအရှင်၏ ခန္ဓာကိုယ်မှာ ထာဝရရွှေကဲ့သို့ တောင့်တင်းနေကာ ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးလှသည်ပင်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှာ များပြားလှသည့်စွမ်းအားများ ထွက်ပေါ်လာကာ သူ့အား ဖိနှိပ်ထားသည်ပင်။

အပိုင်း ၁၇၂၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၄ – အင်ပါယာဂိတ်ထံသို့ ပြန်သွားခြင်း

လှံတံပိုင်ရှင်၏ နဖူးထက်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာ၏။ ဤသည်မှာ အလွန်အန္တရာယ်များလှသည်ပင်။ အဆင့်လွန်သက်ရှိတစ်ဦးဖြစ်သော်လည်း ထိုနေရာ ဒဏ်ရာရသွားလျှင် သေဆုံးသွားနိုင်ချေ ရှိသည်ပင်။

သို့သော်လည်း အဆင့်လွန်သက်ရှိမှာ အဆင့်လွန်သက်ရှိပင်။ သူ၏မျက်ခုံးကြား တောက်ပလာကာ သူ၏နဖူးရိုးလည်း ပြင်းထန်စွာ တုန်ခါသွားသည်။ တာအိုနတ်ဥပဒေသများ ထွက်ပေါ်လာကာ တိုးဝင်လာသည့် ဓားဖျားကို တားဆီးလိုက်သည်။

သို့သော်လည်း သူ၏မူလဝိညာဉ်ထိခိုက်သွားကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ ဤသည်မှာ အလွန်ပြင်းထန်လှသည်ပင်။

သူ၏ဝိညာဉ် ဒဏ်ရာရသွားလေပြီ။ ဤသည်မှာ ခန္ဓာကိုယ်ဒဏ်ရာရသည်နှင့်မတူ။ အလေးအနက်ထားရမည့်ဒဏ်ရာပင်။ မဟုတ်ပါက မမျှော်လင့်ထားသည့်အရာများ ဖြစ်လာနိုင်သည်။

ဝုန်း..

ဘေးဘက်ရှိ တံဆိပ်တစ်ခုမှ မူလဖရိုဖရဲအလင်းများထွက်ပေါ်လာသည်။ ထိုတံဆိပ်မှာ အာကာသတစ်ခုလုံးကို ဖုံးလွှမ်းတော့မတတ် ကြီးမားလှသည်။ ထိုတံဆိပ်မှ ထွက်ပေါ်လာသည့် တာအိုနတ်ခွန်အားများမှာ မုန့်ထျန်းကျန်းထံသို့ ဦးတည်သွားလေ၏။

ထို့နောက် ထိုဆေးလုံးမီးဖိုလည်း အောက်ဘက်သို့ ကျဆင်းလာကာ ပြင်းထန်စွာ ဒဏ်ရာရသွားသည့်အဆင့်လွန်သက်ရှိ သူ၏ကပ်ဘေးမှ လွတ်မြောက်အောင် ကူညီပေးလိုက်သည်။

ဤအရာများအပြင် ကြီးမားကာ လေးလံလှသည့် ဝံပုလွေသွားတင်းပုတ်တစ်ခုလည်း ပေါ်လာလေ၏။ အခြားလူတစ်ယောက် ထိုတင်းပုတ်ကို ပစ်လွှတ်လိုက်သည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

သို့သော်လည်း မုန့်ထျန်းကျန်းသည် ထိုလှံတံကိုပင် ဆွဲထုတ်ခြင်းမရှိပဲ ထိုလူ၏အသက်ကိုအဆုံးသတ်ရန် ထိုလူရှိနေသည့်နေရာသို့သာ တရှိန်ထိုးသွားလိုက်သည်။

ထိုလူ၏ မျက်ဆံများ ကျုံ့သွားရသည်။ သူ စစ်လှံတံကိုစွန့်ပစ်လိုက်သော်လည်း ဤကပ်ဆိုးမှ လွတ်မြောက်ရန် ခက်ခဲနေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူသည် သူ့နောက်သို့ ဒေါတသကြီးပင် လိုက်နေသည်ပင်။

သို့သော် ကံကောင်းစွာဖြင့် ဓားနှင့် သူ့နဖူးမှာ အတော်လေး ဝေးကွာနေသည်ပင်။ ထိုဓား သူ့နဖူးကို မထိုးဖောက်နိုင်သေး။ မဟုတ်ပါက သူလည်း ဟန်မင်နောက် လိုက်သွားရလောက်လေပြီ။

အလွန်အန္တရာယ်များနေသော်လည်း မုန့်ထျန်းကျန်းမှာ ရဲရင့်လှသည်။ သူသည် ထိုနဖူးရိုးကိုသာ ပစ်မှတ်ထားနေဆဲပင်။ ဓားမှ နတ်အလင်းထွက်ပေါ်လာကာ ပြင်းထန်စွာ ထိုးနှက်လာသည်။

အနောက်ဘက်တွင်ရှိနေသည့် သုံးဦးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဟန်မင်သေဆုံးသွားပြီဖြစ်ပြီး ယခု ယီဂုလည်း အန္တရာယ်များနေလေပြီ။ အခြား မတော်တဆမှုတစ်ခုသာ ထပ်ဖြစ်သွားပါက တကယ်ကို မယုံကြည်နိုင်စရာကောင်းသွားလိမ့်မည်။

အဆင့်လွန်သက်ရှိ ငါးဦးတိုက်ခိုက်ပြီး နှစ်ဦး သေဆုံးသွားသည်ဆိုလျှင် ဤသည်မှာ အလွန်ရှက်စရကောင်းလိမ့်မည်။

သို့သော် မုန့်ထျန်းကျန်း အလွန်အားကောင်းလှသည်ကိုတော့ သူတို့ဝန်ခံရမည်။ ထို့အပြင် အလွန်လည်းပြတ်သားလှသည်။ အနက်ရောင်လှံတံ သူ၏ရင်ဘတ်ကို ထိုးဖောက်နေသော်လည်း သူသည် ရဲရင့်စွာဖြင့်ပင် ဆက်လက် တိုက်ခိုက်နေဆဲပင်။

ဤသည်မှာ သေသည်အထိ တိုက်ခိုက်ရဲသည့်သူပင်။

“သတ်..” ယီဂု ဟစ်ကြွေးလိုက်၏။ သူ စစ်လှံတံကို အသုံးပြုချင်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏မှော်ပစ္စည်းပင်။ ထိုလှံတံကိုသုံးပြီး အကြီးအကဲအရှင်၏ ခန္ဓာကိုယ်ကို ဆွဲစုတ်ပစ်ချျင်သည်။

သို့သော်လည်း မီးဖိုတစ်ခုကဲ့သို့ မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်ပတ်လည်၌ နတ်အလင်းများ ထွက်ပေါ်လာကာ သူ့ကိုအပြင်လောကနှင့် ကန့်သတ်လိုက်သည်။ ထိုအနက်ရောင်စစ်လှံတံမှာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့။

“သတ်..”

အကြီးအကဲအရှင် အော်ဟစ်လိုက်သည်။ ဓားစွမ်အင်မှာ တံလျှပ်တစ်ထောင်ထွက်ပေါ်လာသည်။ နတ်အလင်းတန်းများလည်း ကောင်းကင်ကို ထိုးဖောက်သွားနေသည်ပင်။

ဝုန်း..

အနောက်ဘက်မှ တံဆိပ်၊ ဆေးလုံးမီးဖိုနှင့် ဝံပုလွေသွားတင်းပုတ်တို့ တရှိန်ထိုး ရောက်လာကာ မုန့်ထျန်းကျန်းအား ပြင်းထန်စွာ တိုက်ခိုက်လာသည်။

သူသည် ထိုပစ္စည်းများကို ရှောင်လည်းရှောင်သလို အဖိုးတန်ပညာများဖြင့်လည်း ရင်ဆိုင်လိုက်သည်။ ထိုပစ္စည်းများနှင့် ရင်ဆိုင်နေရသော်လည်း သူ ယီဂုနောက်သို့ ဆက်လိုက်နေဆဲပင်။

“ဒီတစ်ခေါက်လည်း မင်းလုပ်နိုင်ဦးမယ်လို့ ထင်နေတာလား .. မင်း ပြန်ပေးဆပ်ဖို့အချိန်ရောက်ပြီ .. သွားသေလိုက်တော့..” အနောက်ဘက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဟန်မင်အသတ်ခံလိုက်ရခြင်းမှာ မုန့်ထျန်းကျန်းသည် ပြင်းထန်သည့်ဒဏ်ရာများရရှိသည်ကို ဂရုမစိုက်ပဲ အစွမ်းကုန် ကြိုးစားခဲ့သောကြောင့်ပင်။ ယခု သူလုပ်နေသည့်ပုံစံကို မြင်လိုက်ရသည့်အချိန်တွင် သူ ဂုယီကို ရှင်းပစ်ရန် ကြိုးစားနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့ သူ့ကိုတားဆီးနိုင်ရန်အတွက် အရာအားလုံး လုပ်နေသည်ပင်။

ဤသည်မှာ ထူးဆန်းသည့်မြင်ကွင်းပင်။ အကြီးအကဲအရှင် ယီဂုနောက်လိုက်ပြီး အခြားသုံးယောက်မှာ သူ့နောက်လိုက်နေသည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီးကြား၌ အဖိုးတန်ပညာများ ထွက်ပေါ်လာကာ လက်နက်ချင်းထိခတ်သည့်အသံလည်း ဆူညံနေသည်။ သူတို့ဖြတ်သွားသည့်နေရာမှ ကြယ်အချို့ပင် ပျက်စီးသွားရသည်။

အားလုံးမှာ အသက်လုကာ တိုက်ခိုက်နေကြသောကြောင့် တိုက်ပွဲမှာ ပြင်းထန်လှသည်။

အထူးသဖြင့် အကြီးအကဲအရှင်ပင်။ သူ့ရင်ဘတ်ကို အနက်ရောင်စစ်လှံတံ ထိုးစိုက်ထားသောကြောင့် ထိုနေရာမှာ သွေးများတစ်စက်စက်ကျနေကာ ရွှေရောင်ချပ်ဝတ်တန်ဆာပင် နီရဲသွားလေပြီ။

သို့သော်လည်း မုန့်ထျန်းကျန်း ဒဏ်ရာရထားပြီး အရှုံးပေးတော့မည်ဟု ထင်လိုက်ကြသည့်အချိန်တွင် ထိုစစ်လှံတံ ရုတ်တရက်တောက်ပလာကာ သူ့ကျောဘက်မှ ထွက်သွားသည်။

ထိုလှံတံသည် ကောင်းကင်ကိုထိုးဖောက်သွားလေ၏။ ဘေးပတ်လည်ရှိ ကြယ်များပင် လွှဲရမ်းသွားကာ စကြာဝဠာကြီးပင် ပြိုကျသွားတော့မတတ်ပင်။

ဤအဖြစ်အပျက်မှာ အလွန်ရုတ်တရက်ဆန်လှသည်။ အကြီးအကဲအရှင်၏ သွေးစွမ်းအင်ပါသည့် လှံတံသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး အဆင့်လွန်သက်ရှိတစ်ဦး၏ ရင်ဘတ်ကို ထိုးဖောက်သွားလေ၏။

အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသောကြောင့် ထိုလူ ကြောင်အနေလေ၏။ ထိုလှံတံတွင် စွမ်းအားကြီးသည့်သင်္ကေတများပါဝင်နေလေ၏။ မပျက်စီးသည့်ကျမ်းစာမှ သင်္ကေတများ တောက်ပနေသည်ပင်။

မုန့်ထျန်းကျန်းမှာ ယီဂုနောက်သို့ အားကုန်လိုက်နေသောကြောင့် သူ တစ်ဖက်လှည့်ကာ ပစ်မှတ်ပြောင်းလိမ့်မည်ဟု ဤလူများ ထင်မထားကြ။

ဝေါင်း..

ဒဏ်ရာရသွားသည့် ခုံးထော်အဆင့်လွန်သက်ရှိ ဒေါတသကြီး အော်ဟစ်လိုက်သည်။ သူ ထိုလှံတံကို ဖယ်ရှားလိုက်သည်နှင့် သူ့ရင်ဘတ်မှ သွေးများစီးကျလာသည်။ ထို့နောက် သွေးစွမ်းအင်ထွက်ပေါ်လာကာ သူ၏ဒဏ်ရာကို လျင်မြန်စွာ ကုသလိုက်သည်။

“ကျုပ်ကို ဒဏ်ရာရအောင်လုပ်လိုက်တာနဲ့ တစ်ခုခုပြောင်းလဲသွားလိမ့်မယ်လို့ ထင်နေတာလား.. ကျုပ်တို့တွေက အဆင့်လွန်သက်ရှိတွေ .. ကျုပ်တို့ကို ဒီလောကကြီးမှာ မြှုပ်နှံပစ်လိုက်ဖို့ ခက်ခဲတယ် .. ခင်ဗျား ကျုပ်ကိုသတ်ချင်ရင် ခင်ဗျားရဲ့ စွမ်းရည်လေးတွေ နည်းနည်းပြဖို့လိုတယ်..”

“ခင်ဗျား ပြောတာမှန်တယ် .. အဆင့်လွန်သက်ရှိတွေကြားက တိုက်ပွဲတစ်ခုက စွမ်းရည်အစစ်တွေ ပြဖို့လိုတယ်..” အကြီးအကဲအရှင် တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက် သူ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုလူနှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

အလိုက်ခံနေရသည့် ယီဂု ရပ်တန့်သွားကာ သူ၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ်ကို မြန်မြန်ပြန်ပြင်လိုက်သည်။ သူ၏မျက်ခုံးကြား တောက်ပလာကာ သူ၏ဒဏ်ရာရနေသည့် မူလဝိညာဉ်ကို ကုသလိုက်သည်။

“အား..” ခုံးထော် ရုတ်တရက်အော်ဟစ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်လှံတံဖြင့် ထိုးခံလိုက်ရသည့် သူ၏ရင်ဘတ်မှ ဒဏ်ရာပျောက်ကင်းသွားပြီဖြစ်သော်လည်း ထိုနေရာ၌ လောင်ကျွမ်းနေသည့်အလင်းလုံးတစ်လုံး ရှိနေသည်ပင်။

“ဒါက ဘာကြီးလဲ .. မင်းရဲ့မူလဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲ ဝင်လာတာလား..” သူ မြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေလေ၏။

အဘယ်ကြောင့်ဆိုသော် မုန့်ထျန်းကျန်းသည် သူနှင့်ပြင်းထန်စွာ တိုက်ခိုက်နေသည်ပင်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ထဲ၌ ဘယ်လိုလုပ် အလင်းလုံးတစ်လုံးရှိနေသနည်း.. ဤသည်မှာ မူလဝိညာဉ်နှင့်တူကာ သူ၏အသွေးအသားကို ထိန်းချုပ်ချင်နေသည်။

“ခင်ဗျားတို့အားလုံးက မပျက်စီးနိုင်တဲ့ကျမ်းစာကိုပဲ မြင်နေကြတာ .. ငါပိုပြီးကျွမ်းကျင်တဲ့ နတ်စွမ်းရည်တွေကို လုံးဝသတိမထားမိကြဘူး..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။

“ယင်ယန်ပညာ..” အဆင့်လွန်သက်ရှိတစ်ဦး၏အမူအရာ ပြောင်းလဲသွားသည်။

ဤသည်မှာ တိုင်းတာ၍မရနိုင်လောက်သည့်စွမ်အားများ ပိုင်ဆိုင်ထားသည့် ထူးဆန်းသည့်ရှေးဟောင်းကောင်းကင်ပညာပင်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှာ ယင်နှင့်ယန်ဖြင့် ဖန်တီးထားခြင်းပင်။ ဤရှေးဟောင်းကောင်းကင်ပညာသည် သူ့နာမည်အတိုင်း ယင်နှင့်ယန်ကို အသုံးပြုခြင်းဖြစ်သောကြောင့် ဤသည်မှာ အလွန်စွမ်းအားကြီးသည်ပင်။

ဤသည်မှာ ယင်နှင့်ယန်စွမ်းအင်များကို ကျင့်ကြံနိုင်ရုံတင်မက မူလဝိညာဉ်ကိုလည်း ယာယီအားဖြင့်င နှစ်ပိုင်းခွဲနိုင်ကာ ဝိညာဉ်နှစ်ခု ဖြစ်စေနိုင်သည်ပင်။

ထို့အပြင် သွေးစွမ်းအင်ကိုလည်း နှစ်ခုခွဲနိုင်ပြီး ခန္ဓာကိုယ်နှစ်ခု ဖန်တီးနိုင်သည်ပင်။

အကြီးအကဲအရှင်၏ သွေးစွမ်းအင်များရှိနေသည့် ထိုအနက်ရောင်လှံတံထဲ၌ မူလဝိညာဉ်တစ်ခု ပုန်းအောင်းနေခြင်းပင်။ ထိုလှံတံ ခုံးထော်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခြင်းမှာ လေးနက်သည့်အဓိပ္ပာယ်များရှိနေသည်ပင်။ ယခု ထိုဝိညာဉ် အစွမ်းပြလာလေပြီ။

ဝုန်း..

ခုံးထော်၏ ခန္ဓာကိုယ်ထဲတွင် တောက်ပသည့် သွေးအလင်းလုံးလေးတစ်ခု တောက်ပလာကာ သူ၏မူလဝိညာဉ်ကို ရစ်သိုင်းလာသည်။ ထို့နောက် ထိုစွမ်းအင်လုံး လျင်မြန်စွာပင် ကြီးမားလာလေ၏။

ဤသည်မှာ ခုံးထော်၏ ခန္ဓာကိုယ်ထဲ၌ စစ်နတ်ဘုရားတစ်ပါး ရုန်းထွက်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။

“မူလဝိညာဉ် အစုတ်အပြတ်တစ်ဝက်လောက်လေးကများ ငါ့ခန္ဓာကိုယ်ထဲကို ဝင်ရဲတယ်ပေါ့ .. ဒီနေ့ ငါမင်းကို လုံးဝပြုပြင်ပစ်မယ်…” ခုံးထော် တည်ငြိမ်သွားသည်။ သူ့တစ်ကိုယ်လုံး တောက်ပလာကာ သွေးစွမ်းအင်များလည်း ဖရိုဖရဲဖြစ်လာသည်။ သူ အကြီးအကဲအရှင်၏ မူလဝိညာဉ်ကို ပြုပြင်ရန် ကြိုးစားလိုက်သည်။

အခြားသုံးယောက်လည်း တိုက်ခိုက်လာကြသည်။

ခုံးထော်၏ ခန္ဓာကိုယ်ထဲ၌ အသက်ဝင်လာသည့် စစ်နတ်ဘုရား ရုန်းထွက်ရန် ကြိုးစားနေသည်ကို အားလုံးတွေ့လိုက်ရသည်။

ခုံးထော်၏ ခန္ဓာကိုယ်မှာ ပြိုင်ဘက်ကင်းသည့်နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ထိုအလင်းကို ဖိနှိပ်လိုက်ကာ ထိုသွေးစွမ်းအင်လုံးနှင့် မူလဝိညာဉ်ကို သေးသထက်သေးအောင် လုပ်လိုက်သည်။

“ကောင်းကင်ခုတ်ပုဆိန်..”

မုန့်ထျန်းကျန်းအော်ဟစ်ကာ ခုံးထော်အား တိုက်ခိုက်လိုက်သည်။

ခုံးထော်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။ ထိုမူလဝိညာဉ်တောက်ပလာကာ ထိုသွေးစွမ်းအင်လည်း စစ်ပွဲပုဆိန်အဖြစ်သို့ ပြောင်းလဲသွားသည်။ မူလဝိညာဉ်ပုံရိပ်လေးသည် ထိုစစ်ပွဲပုဆိန်ကိုကိုင်ကာ လွှဲရမ်းတိုက်ခိုက်နေလေ၏။

“မကောင်းတော့ဘူး..” အခြားသူများ၏အမူအရာများ ပြောင်းလဲသွားသည်။ ကောင်းကင်ခုတ်ပုဆိန်ဆိုသည်မှာ ယခင်က ထိပ်တန်းအဆင့်ဝင် ထာဝရတာအိုလျှို့ဝှက်ပညာပင်။ ထိုပညာသည် လူတစ်ယောက်၏ သွေးစွမ်းအင်ကို ပုဆိန်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ထိုပုဆိန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအသစ်ကိုပင် ဖွင့်လှစ်နိုင်သည်ဟု ပြောကြသည်။

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ မုန့်ထျန်းကျန်းထံမှ ခွဲထွက်လာသည့် မူလဝိညာဉ်၌ သွေးစွမ်းအင်ပါလာခြင်းမှာ ရန်သူ၏ခန္ဓာကိုယ်ထဲမှ တိုက်ခိုက်ရန်ပင်။

ဖူး..

ခုံးထော်ခန္ဓာကိုယ် စုတ်ဖြဲခံလိုက်ရကာ သူမူလဝိညာဉ်ပင် နှစ်ပိုင်းကွဲသွားသည်။

ဝုန်း..

မုန့်ထျန်းကျန်း၏ ခန္ဓာကိုယ်အစစ် ရောက်လာသည်။ သူ၏လက်ထဲရှိ ထာဝရဓားကို လွှဲရမ်းကာ အဆုံးမရှိသည့် ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ အချိန်နှင့်အမျှ ကြယ်များလည်း ချွေချခံနေရကာ ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။

သနားစရာကောင်းသည့် ခုံးထော်မှာ ထိုကဲ့သို့ပင် ရှင်းလင်းခံလိုက်ရသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ သွေးမိုးရွာသွန်းကျလာပြီး မရေမတွက်နိုင်သည့် အရိုးစုများလည်း ပြုတ်ကျလာသည်။ အဆင့်လွန်သက်ရှိ၏သေဆုံးမှုကြောင့် ဖြစ်လာသည့် ပုံမှန်မဟုတ်သည့်မြင်ကွင်းများ နောက်တစ်ကြိမ် ဖြစ်ပေါ်လာ၏။

ယခုတစ်ခေါက်တွင်တော့ ကျန်ရှိနေသေးသည့် အဆင့်လွန်သက်ရှိသုံးဦး၏ အမူအရာများ ပြောင်းလဲသွားသည်။ မုန့်ထျန်းကျန်းတစ်ယောက်တည်းဖြင့် အဆင့်လွန်သက်ရှိနှစ်ယောက် သေသွားလေပြီ။

ယခု လူသုံးယောက်သာ ကျန်တော့သည်။ တစ်ဖက်လူက သူတို့ကို ဆက် သတ်ချင်နေသေးတာလား..

မုန့်ထျန်းကျန်း ဟစ်ကြွေးလိုက်သည်။ ထိုမူလဝိညာဉ်နှင့်သွေးစွမ်းအင် ပြန်ရောက်ရှိလာကာ သူ၏မူလဝိညာဉ်တစ်ခုတည်းဖြစ်သွားလေပြီ။ ကြီးမားလှသည့်ပုဆိန်ကြီးကတော့ သူ၏ခန္ဓာကိုယ်အပြင်ဘက်၌ ရှိနေသည်ပင်။

ဤပုဆိန်မှာ သူ၏ခန္ဓာကိုယ်ရှိ သွေးစွမ်းအင်ဖြင့် ပြုလုပ်ထားခြင်းပင်။

“ကောင်းကင်ခုတ်ပုဆိန်..”

ဤလျှို့ဝှက်ပညာမှာ ကြောက်စရာကောင်းသည်ထက် ပိုသွားလေပြီ။ ယခင်ခေတ်၌ ပြိုင်ဘက်ကင်းသည့်သက်ရှိများသည် ဤပညာဖြင့် တစ်ဖက်လောကမှ ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်များကို ဖြုတ်ချခဲ့သည်ပင်။

“မုန့်ထျန်းကျန်း .. မင်း စကြာဝဠာကြီးကို ပြောင်းလဲပြီး ငါတို့ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား..”

“သတ်..”

တိုက်ပွဲမှာ ပို၍ပြင်းထန်လာသည်။ အားလုံးသည် ကိုယ့်ဘေးကင်းရေးကိုပင် ဂရုစိုက်တော့ပဲ ပြတ်သားစွာ တိုက်ခိုက်လာကြသည်။

ဖူး..

သွေးအလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ တက်လာကာ အာကာသအပြင်ဘက်၌ သွေးများနီရဲသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် မုန့်ထျန်းကျန်းသည် ထာဝရဓားကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ခုတ်ပုဆိန်ကိုသာ လက်ထဲ၌ ကိုင်ထားကာ ယီဂု၏ ခန္ဓာကိုယ်တစ်ခြမ်းကို ဖယ်ရှားပစ်လိုက်သည်။

“အမ်…” အကြီးအကဲအရှင် ရုတ်တရက် ထိတ်လန့်သွားကာ နေရာတစ်ခုသို့ ကြည့်လိုက်သည်။

ထို့နောက် သူရပ်တန့်သွားကာ လျင်မြန်စွာ နောက်ဆုတ်သွားလိုက်၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်သားရဲတောအုပ်ဘက်မှ ပုံရိပ်များစွာ ရုတ်တရက်ထွက်ပေါ်လာပြီး တရှိန်ထိုးပြေးလာနေကြသည်ပင်။ ကြောက်စရာကောင်းသည့်တပ်ကူများ ရောက်ရှိလာလေပြီ.

မုန့်ထျန်းကျန်း ဤနေရာ၌ ဆက်မနေတော့ပဲ အင်ပါယာဂိတ်ရှိနေသည့်ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

တစ်ချိန်တည်းမှာပင် နယ်မြေဆယ်ခုသင်္ကေတ၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီးရှုံ့အိတ်နှင့် အခြားပစ္စည်းများလည်း အချိန်တစ်ခုထိ တိုက်ခိုက်ပြီးနောက် ပြန်ကွဲသွားလေပြီ။

ရွှီး ရွှီး ရွှီး..

နားကွဲလောက်သည့်အသံများထွက်ပေါ်လာလေ၏။ ထာဝရပစ္စည်းများသည် နေရာအနှံ့သို့ ဦးတည်သွားကြကာ သူတို့ကို အသက်သွင်းခဲ့သည့်သူများထံသို့ ပြေးသွားလိုက်ကြသည်။

ခမ်းနားလှသည့် အင်ပါယာဂိတ်မှာ ကောင်းကင်နှင့်မြေကြီးကြား၌ ထိုးထောင်နေသည်ပင်။

အကြီးအကဲအရှင်သည် ရှီဟောင်ကို သူနှင့်အတူခေါ်ကာ အင်ပါယာဂိတ်ထံသို့ အရှိန်တင်သွားလိုက်သည်။ သူတို့ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့လေပြီ.

ရှီဟောင် ထိတ်လန့်သွားရ၏။ အကြီးအကဲအရှင်သည် အဆင့်လွန်သက်ရှိများကို ဆက်တိုက်သတ်ခဲ့ခြင်းပင်။ ကြောက်စရာကောင်းသည့်တပ်ကူများ ရောက်လာသောကြောင့်သာမဟုတ်ပါက သူ၏အောင်မြင်မှုများမှာ ဤထက်ပင် ပို၍ ခမ်းနားလိမ့်မည်။

အပိုင်း ၁၇၂၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၂၅ – ပြန်ရောက်လာခြင်း

အင်ပါယာဂိတ်မှာ သူတို့အရှေ့၌ ရှိနေလေပြီ။

ဤဂိတ်ကြီးမှာ မရေမတွက်နိုင်သည့်ကြယ်များဖြင့် ပြုလုပ်ထားခြင်းပင်။ ရိုးရှင်းကာ ရှေးကျသော်လည်း ခမ်းနားကာ ဖိနှိပ်သည့်ခံစားချက်များ ပေးနေသည်ပင်။

မုန့်ထျန်းကျန်း၏ပုံရိပ်မှာ ရှည်လျားသွယ်လျနေ၏။ သူ၏ရွှေရောင်ချပ်ဝတ်တန်ဆာစုတ်ပြတ်နေကာ အနီရင့်ရောင်သွေးစီးကြောင်းများရှိနေ၏။ သူ၏မည်းနက်နေသည့် ဆံပင်များမှာ ခါးထိပင် ရှည်လျားနေသည်။ သူ ထိုအင်ပါယာဂိတ်ရှေ့၌ ရပ်နေခြင်းပင်။

“အကြီးအကဲအရှင် .. ဘာမှမဖြစ်ပါဘူး .. ဟုတ်တယ်မလား..” ရှီဟောင်မေးလိုက်၏။ သူအလွန်စိုးရိမ်နေမိသည်။ အကြီးအကဲအရှင်သည် တစ်ယောက်တည်းဖြင့် အဆင့်လွန်သက်ရှိနှစ်ဦးအား သတ်ခဲ့ခြင်းပင်။

ကောင်းကင်သားရဲတောအုပ်မှ စွမ်းအားကြီးသည့် တပ်ကူများ ရောက်လာသောကြောင့်သာမဟုတ်ပါက သူ တတိယမြောက်အဆင့်လွန်သက်ရှိကို သတ်ပြီးသွားလောက်လေပြီ။ သူမ ထွက်မလာခင်ကတည်းက ထိုလူကို နှစ်ပိုင်းဖြတ်ပြီးသားပင်။

ဤသည်မှာ မည်မျှပင် တုန်လှုပ်စရာကောင်းသည့် အောင်မြင်မှုဖြစ်သနည်း.. ဤသတင်းသာ ပျံ့သွားပါက မိုးကောင်းကင်အောက်ရှိ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

ဤသည်မှာ ဤခေတ်၏ ထိတ်လန့်စရာအကောင်းဆုံးတိုက်ပွဲတစ်ခုလည်း ဖြစ်သွားနိုင်သည်။

အကြီးအကဲအရှင် ဘာမှမပြောပဲ ခေါင်းသာယမ်းပြသည်။ သူ၏လက်ဝါးထဲ၌ လက်သီးတစ်လုံးစာလောက်အမြင့်ရှိသည့် အလွန်သေးငယ်လှသည့် ယဇ်ပုလ္လင်တစ်ခု ပေါ်လာသည်။ ထိုယဇ်ပုလ္လင်မှ အလင်းများထွက်ပေါ်လာပြီနောက် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

ရွှီး..

ထို့နောက် ရှီဟောင်နှင့် မုန့်ထျန်းကျန်းတို့ သူတို့၏မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူတို့ ထိုလမ်းကြောင်းထဲသို့ ဝင်လိုက်ပြီး ဧကရာဇ်မြို့ထဲသို့ ဝင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ကန္တာရ၌ရှိနေသည့် ပုဂ္ဂိုလ်တစ်ချို့ထံမှ လောကကြီးကို တုန်ခါသွားစေသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့ ကန္တာရတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်လေ၏။

ကန္တာရအောက်၌ ယခင်က သေဆုံးသွားသည့် သက်ရှိများ၏ မရေမတွက်နိုင်သည့် အရိုးစုများကို မြင်ရမည်ပင်။

အင်ပါယာဂိတ်ရှေ့၌ ပုံရိပ်များစွာ ရှိနေသည်။ သူတို့အားလုံး၏အမူအရာများ အေးစက်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထုတ်လွှတ်နေသည်ပင်။ သို့သော်လည်း သူတို့ဘာမှမလုပ်နိုင်တော့။ သူတို့ မြို့ထဲသို့ ဝင်၍မရ။

ထို့အပြင် ပိုဝေးသည့်နေရာ၌ ပုံရိပ်အချို့ထပ်ရှိနေသည်။ သူတို့၏အော်ရာများမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူတို့ထုတ်လွှတ်သည့်သွေးစွမ်းအင်မှာ နေနှင့်လကိုပင် ဖုံးလွှမ်းသွာသည်။

တစ်ဖက်လောကမှ အဆင့်လွန်သက်ရှိများ လိုက်လာကြသော်လည်း ဤနေရာသို့ ရောက်သည်နှင့် သူတို့ဝမ်းနည်းမှုများကို သိမ်းဆည်းထားလိုက်ရန်သာ တတ်နိုင်တော့သည်။ သူတို့ မြို့ထဲဝင်၍မရ။

“ငါတို့ဘက်က မင်းတို့တံခါးကို လာခေါက်မယ့်အချိန်က သိပ်မကြာတော့ပါဘူး .. ဒီရှေးဟောင်းမြို့ကို လုံးဝဖွင့်ဝင်ပစ်မယ်..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် မြို့ထဲ၌ အလင်းတစ်ခု တောက်ပလာသည်။ ဤသည်မှာ အလွန်ကျယ်ဝန်းသည့် ပြည်သူ့ရင်ပြင်ဖြစ်ပြီး စစ်တပ်ကြီးများ စခန်းချထားကြသည်ပင်။

“ဟမ် .. တစ်ယောက်ယောက် လေဟာနယ်ကို ဖောက်ပြီး လမ်းကြောင်းကတစ်ဆင့် မြို့ထဲကို ဝင်လာတယ်..”

“ဟွမ်ကို သွားရှာတဲ့တပ်ဖွဲ့တွေ ပြန်လာတာပဲဖြစ်မယ် .. တကယ်ကို ဝမ်းနည်းဖို့ကောင်းတာပဲ .. ကောင်းကင်သားရဲတောအုပ်က ဝိုင်းခံထားရတော့ ဘယ်သူမှ ဝင်လို့မရဘူး..”

“ဟွမ်က တကယ်ကို ကံဆိုးတာပဲ .. ဆိုးဆိုးရွားရွားသေသွားရတာ .. သူ အဲဒီမှာ ပိတ်မိနေတော့ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး..”

လူအချို့ သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။ နယ်ခြားစပ်အပြင်ဘက်၌ ဖြစ်ပျက်ခဲ့သည့်သတင်းများ ပြန်ရောက်လာသည်မှာ သေချာသည်။

ကောင်းကင်သားရဲတောအုပ်အပြင်ဘက်၌ တစ်ဖက်လောကမှ စစ်တပ်ကြီး စောင့်ကြပ်နေကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထက်သို့ လွှမ်းခြုံသွားသည်။ အင်ပါယာဂိတ်မှ လူများမှာ ဤအကြောင်းကို အစောကြီးကတည်းက ကြားထားပြီးသားဖြစ်ပြီး တစ်ချိန်လုံး အာရုံစိုက်နေခဲ့ကြသည်ပင်။

ထိုနေရာမှာ အန္တရာယ်များသည့်နေရာပင်။ တပ်သားပေါင်းများစွာကိုပို့လွှတ်လိုက်သော်လည်း အကြီးအကဲအရှင် သူတို့ကို ပြန်လှည့်ပြန်ခိုင်းခဲ့သည်ပင်။

အတင်းသွားခဲ့သည့် သူအချို့ရှိသော်လည်း နောက်ဆုံးတွင် သူတို့လည်း ပြန်လာခဲ့ကြသည်။ ကောင်းကင်သားရဲတောအုပ်ကို ဝန်းရံထားသည့် လက်နက်ကိုင်စစ်တပ်ကြီးကို တွေ့လိုက်ရသည့်အချိန် သူတို့သက်ပြင်းချ၍ရုံသာ တတ်နိုင်တော့သည်။

“စီနီယာ မုန့်ထျန်းကျန်း အောင်မြင်နိုင်မလား..” အချို့လူများ မျှော်လင့်တကြီး ပြောလိုက်ကြသည်။

နယ်ခြားစပ်အပြင်ဘက်၌ ဟွမ် သစ်သားသေတ္တာရခဲ့ကြောင်း လူအတော်များများ သိသွားပြီဖြစ်သည်။

“ဟွမ် တစ်ဖက်လောကက ရန်သူတွေကို ဆက်တိုက်သတ်ခဲ့တာလို့ ငါကြားတယ် .. သူက မရပ်မနားကို သတ်နေခဲ့တာတဲ့.. အရမ်းအံ့ဩဖို့ ကောင်းတာပဲ..”

အချို့ လျှို့ဝှက်သတင်းများ ရောက်လာသည်နှင့် အုတ်အော်သောင်းတင်းဖြစ်သွားသည်။

တစ်ဖက်လောကမှ ဟွမ်အား အမဲလိုက်ရင်း လူငယ်ကျွမ်းကျင်သူအချို့သေသွားသည်။ ဤသည်မှာ သွေးဆူလွယ်သည့်လူငယ်များကို စိတ်လှုပ်ရှားသွားစေသည်ပင်။

“သူတို့လာပြီ .. ဒီမှာပေါ်လာပြီ..”

အားလုံး ပြည်သူ့ရင်ပြင်ဘက်သို့ ကြည့်လိုက်ကြ၏။ ထိုနေရာ၌ ကြီးမားလှသည့်ယဇ်ပုလ္လင်တစ်ခု ရှိနေသည်ပင်။

မြို့ထဲသို့ ဝင်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ အစီအရင်ဖြင့် သေချာစစ်ဆေးခံရမည်ပင်။ အင်ပါယာဂိတ်၏ လုံခြုံရေးအတွက် အသက်တံဆိပ်များကိုပင် စစ်ဆေးရသည်။

ထို့ကြောင့် လူအုပ်စုလိုက်ကြီး ဖြတ်သွားသည်ဖြစ်စေ၊ တစ်ယောက်၊နှစ်ယောက်တည်း ဖြတ်သွားသည်ဖြစ်စေ အချိန်ကြာသည်ပင်။

“ဘုရားရေ .. အဲဒါ စီနီယာမုန့်..”

“အား .. ငါမျက်စိအမြင်မှားတာမဟုတ်ဘူးမလား .. ငါ ဘယ်သူ့ကို မြင်နေရတာလဲ .. ဟွမ် .. ပြန်လာပြီ..”

ပြည်သူ့ရင်ဘတ်ပတ်လည်ရှိ လူတစ်စု ထိတ်လန့်တကြား အော်ဟစ်နေကြကာ သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။

စုတ်ပြတ်နေသည့် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ရှည်လျားဖြောင့်တန်းသည် ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏ဆံပင်များ၌ပင် သွေးများစိုရွှဲနေလေ၏။ သူသည် ဟွမ်ကိုခေါ်ကာ ဧကရာဇ်မြို့ထဲသို့ ပြန်လာခဲ့သည်ပင်။ သူ ယဇ်ပုလ္လင်ပေါ်၌ ရပ်နေသည်မှာ စစ်နတ်ဘုရားတစ်ပါး ပြန်ရောက်လာသကဲ့သို့ပင်။

လူအချို့မှာ သူတို့မျက်လုံးများကို ပွတ်သပ်ကာ သူတို့မြင်နေရသည့်မြင်ကွင်းကို အတည်ပြုနေလေသည်။ ထို့နောက် ကြွေးကြော်သံများ ထွက်ပေါ်လာလေ၏။

“စီနီယာမုန့်ရဲ့ နတ်ခွန်အားက ပြိုင်ဘက်ကင်းပဲ .. သူက ဟွမ်ကိုတောင် သူနဲ့အတူတူ ပြန်ခေါ်လာနိုင်တယ်..”

“ဘုရားရေ .. သူ့ရဲ့သူရဲကောင်းဆန်မှုက နှိုင်းယှဉ်လို့မရနိုင်လောက်အောင်ပဲ..”

“ကောင်းကင်သားရဲတောအုပ်ကို စစ်တပ်ကြီး ဝိုင်းထားပြီးတော့ အဆင့်လွန်သက်ရှိတွေအများကြီး စောင့်ကြည့်နေတာ .. ဒါပေမဲ့ ဘယ်သူမှ စီနီယာမုန့်ကို မတားနိုင်ခဲ့ဘူး..”

မုန့်ထျန်းကျန်း အလွန်ကြောက်စရာကောင်းသည့် တိုက်ပွဲတစ်ခု ကြုံတွေ့ခဲ့ရသည်ကို အားလုံးသိသည်။ မဟုတ်ပါက သူအဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေမည်နည်း..

ထိုတိုက်ပွဲမှာ အဆင့်လွန်သက်ရှိအဆင့် တိုက်ပွဲဖြစ်မည်ဖြစ်ကြောင်း ခဏလေးတွေးကြည့်ရုံဖြင့်ပင် သိနိုင်သည်။ ထိုတိုက်ပွဲမှာ မည်မျှပင် ပြင်းထန်ကာ ခါးသီးမည်နည်း..

အဆင့်လွန်သက်ရှိများနှင့်တိုက်ခိုက်ပြီး အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာ အခမ်းနားဆုံးအောင်မြင်မှုပင်။

“ငါ သတင်းသွားပို့လိုက်ဦးမယ်…”

ခဏကြာပြီးနောက် သတင်းများ ပျံ့နှံ့သွားသည်။ သို့သော် ဤသည်မှာ မုန့်ထျန်းကျန်း၏အရှိန်လောက်မမြန်။ သူ၏ခြေထောက်အောက်၌ ရွှေရောင်လမ်းကြောင်းတစ်ခု ပေါ်လာကာ ရှီဟောင်အား ဤနေရာမှ ခေါ်ထုတ်သွားကာ အင်ပါယာဂိတ်အတွင်းပိုင်းသို့ ခေါ်သွားလိုက်သည်။

“ဒါက အံ့ဩစရာပဲ .. ဟွမ် ပြန်လာပြီ .. နယ်ခြားစပ်က အန္တရာယ်များတဲ့နေရာတွေမှာ မရှုံးနိမ့်ခဲ့ဘူး..”

ဤသတင်းမှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်ပင်။ အင်ပါယာဂိတ်တစ်ခုလုံး လှုပ်ခါသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဟွမ် အပြင်ဘက်၌ သေသွားပြီဟု အားလုံးထင်နေကြခြင်းပင်။ သူပြန်လာနိုင်လိမ့်မည်ဟု မထင်ထားကြ။

သို့သော် မုန့်ထျန်းကျန်းသည် အားလုံးကို ပြောင်းပြန်လှန်ကာ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည်။

အင်ပါယာဂိတ်မှာ မြို့ကြီးတစ်မြို့ဖြစ်သော်လည်း သတင်းများ ပျံ့သွားသည်နှင့် မြို့တစ်ခုလုံး ပေါက်ကွဲသွားမတတ်ပင်။

အဘယ်ကြောင့်ဆိုသော် ဟွမ် အဆင့်လွန်ရတနာတစ်ခု ရလာခဲ့သည်ပင်။

“သစ်သားသေတ္တာကို ပြန်ယူလာခဲ့လား..” လူများစွာ ဤကိစ္စကိုအာရုံစိုက်နေကြလေ၏။ အထူးသဖြင့် စွမ်းအားကြီးသည့်သူများပင်။

အားလုံးမှာ မုန့်ထျန်းကျန်း၏ခွန်အားကိုလည်း ထိတ်လန့်နေကြသည်ပင်။ သူ့ရဲ့ နတ်စွမ်းရည်တွေက ဘယ်လောက်တောင် ကောင်းတာလဲ .. လူတစ်ယောက်တည်းနဲ့ တစ်ဖက်လောက အဆုံးမရှိတဲ့စစ်တပ်ကြီးကိုရင်ဆိုင်ပြီး သူ့တပည့်ကို ကယ်လာနိုင်ခဲ့တာ..

“စီနီယာမုန့်က တကယ်ကို ပြိုင်ဘက်ကင်းတာပဲ .. ပတ်ဝန်းကျင်သာ မပြောင်းရင် သူ အစောကြီးကတည်းက ထာဝရတရားကို ရနေလောက်လေပြီ..”

“ဟွမ် ဘယ်မှာလဲ .. ငါတို့ သူနဲ့တွေ့ရမယ် .. ပြီးတော့ စီနီယာမုန့်နဲ့လည်း တွေ့ရမယ်..”

လူများစွာ အော်ဟစ်ကာ အလွန်စိတ်လှုပ်ရှားနေကြသည်။ နယ်ခြားစပ်အပြင်ဘက်၌ ဘာဖြစ်ခဲ့သည်ကို သူတို့သိချင်သည်။

ရွှေရောင်လမ်းကြောင်းတစ်ခု ဧကရာဇ်မြို့ကို ဖြတ်သွားသည်။ ထိုလမ်းကြောင်းမှာ လီပေါင်းမည်မျှ ရှည်လျားမှန်းပင်မသိရ။ လမ်းတစ်လျှောက်၌ အကြီးအကဲအရှင်သည် ရုတ်တရက်ပင် ရှီဟောင်နှင့်အတူ ခုန်ဆင်းလိုက်လေ၏။

“အား .. စီနီယာမုန့်ပဲ..”

သူတို့ကိုမြင်သည်နှင့် လူတစ်စုသည် ချက်ချင်းပင် တရှိန်ထိုးပြေးသွားကာ သူတို့အား လေးလေးစားစားနှုတ်ဆက်လိုက်သည်။

လက်ရှိအကြီးအကဲအရှင်မှာ သေချာပေါက် ထာဝရစစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

“အကြီးအကဲအရှင်ကို အခု အနှောက်အယှက်မပေးကြပါနဲ့ဦး .. သူ အဆင့်လွန်သက်ရှိတွေအများကြီးနဲ့ တိုက်ခဲ့ရတာ .. သူ့ဒဏ်ရာတွေကိုကုသဖို့လိုနေတယ်..” ရှီဟောင် အလွန်စိုးရိမ်စွာ ပြောလိုက်သည်။

“ဘာ..” အခြားသူများ ထိတ်လန့်သွားရသည်။ သူက အဆင့်လွန်သက်ရှိအများကြီးနဲ့တစ်ယောက်တည်း တိုက်ခဲ့တာလား.. ဒါက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ..

“ရလဒ်က ဘယ်လိုလဲ..” အကြီးအကဲအရှင် ဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသော်လည်း လူများစွာမှာ စိုးရိမ်နေဆဲပင်။

“အကြီးအကဲအရှင်က အဆင့်လွန်သက်ရှိနှစ်ယောက်ကို ဆက်တိုက်သတ်လိုက်ပြီး နောက်တစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်လိုက်နိုင်တယ် .. တစ်ဖက်လောကက လူတွေ ပိုများလာတာကြောင့်သာမဟုတ်ရင် အကြီးအကဲအရှင်ရဲ့ အောင်မြင်မှုတွေက ပိုပြီးတော့ ခမ်းနားမှာ..” ရှီဟောင် ပြောလိုက်သည်။

ဝုန်း..

ဤနေရာ လုံးဝ ပေါက်ကွဲထွက်သွားသည်။

လူများမှာ သူတို့သွေးဆူပွက်နေသလိုပင် ခံစားလိုက်ရသည်။ ငယ်ရွယ်ကာ သူရဲကောင်းဆန်သည့် အကြီးအကဲအရှင်ကိုကြည့်ပြီး သူတို့မျက်လုံးများ ပြင်းထန်စွာ လောင်ကျွမ်းလာသည်။

“ငါ့အင်ပါယာဂိတ်ရဲ့ နတ်ခွန်အားတွေကို တိုးမြှင့်ပေးခဲ့တာပဲ .. စီနီယာမုန့်က ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့ သူရဲကောင်းပဲ..”

လူအချို့ ဟစ်ကြွေးလိုက်သည်။

“ငါ့နောက်လိုက်ခဲ့..” မုန့်ထျန်းကျန်း ရှီဟောင်ကို ပြောလိုက်သည်။

အရှေ့ဘက်တွင် ဖရိုဖရဲစွမ်းအင်များ ထွက်နေသည့် တောင်ကြောတစ်ခုရှိနေ၏။ အကြီးအကဲအရှင် ရှီဟောင်ကိုခေါ်ကာ တောအုပ်ထဲသို့ ဝင်သွားလိုက်သည်။ ထိုနေရာ၌ အလွန်ကြီးမားလှသည့် ရှေးဟောင်းနန်းတော်ကြီးတစ်ခု ရှိနေသည်။

ဤနေရာမှာ အကြီးအကဲအရှင် သီးသန့်ကျင့်ကြံတတ်သည့် နေရာများထဲမှ တစ်ခုပင်။

အခြားသူများ ရပ်တန့်လိုက်ရသည်။ သူတို့ဝင်၍မရ။

“စီနီယာ .. စီနီယာ ဘယ်လိုနေလဲ..” အကြီးအကဲအရှင်တစ်ခုခုဖြစ်သွားမည်ကို ရှီဟောင် ပို၍ စိုးရိမ်လာသည်။

ထိုသို့ပြောပြီးသည်နှင့် သူ ကျောက်စိမ်းပုလင်းလေးတစ်ခုကို အမြန်ထုတ်လိုက်သည်။ ထိုထဲ၌ မွှေးပျံ့သည့်ရနံ့ထုတ်လွှတ်နေသည့် သစ်ရွက်လေးတစ်ရွက်ရှိနေသည်။ ဤသည်မှာ သူရခဲ့သည့် ထာဝရဆေးရွက်ပင်။

အကြီးအကဲအရှင်ခေါင်းခါကာ ထိုပစ္စည်းကို ငြင်းလိုက်သည်။ ကြွေပန်းအိုးအကွဲကဲ့သို့ သူ၏ခန္ဓာကိုယ်ထက်၌ အက်ကွဲကြောင်းများစွာ ရှိနေသည်။ ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

“နှမြောစရာပဲ .. ရခါနီးနေပြီကို..” အကြီးအကဲအရှင် ခေါင်းခါကာ သက်ပြင်းချလိုက်၏။

ရှီဟောင် စိတ်လေးလံသွားရသည်။

“မင်းစိတ်ပူစရာမလိုပါဘူး .. ငါအဆင်ပြေတယ် .. ငါနည်းနည်းပဲ နောင်တရတာပါ .. အဲဒီတိုက်ခိုက်တဲ့နည်းလမ်းနဲ့ လေ့ကျင့်ရေးတွေ နည်းနည်းလောက်ကောင်းရင် ဒါက အခွင့်ကောင်းဖြစ်မှာ..” အကြီးအကဲအရှင် ပြောလိုက်သည်။

ထို့နောက် သူကျင့်ကြံသည့်ရှေးဟောင်းနည်းလမ်းမှာ အလွန်ထူးခြားကြောင်း ရှီဟောင်အား ပြောပြလိုက်သည်။

“ငါ အရင်တုန်းက ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးခဲ့တယ် .. ဒါပေမဲ့ မထင်မှတ်ထားတဲ့ကိစ္စတစ်ခုဖြစ်ပြီး သေမလိုဖြစ်ခဲ့တယ် .. နောက်ပိုင်းကျတော့ ပြာပုံထဲကနေ ပြန်မွေးဖွားနိုင်ခဲ့တယ်.. ဒီတစ်ခေါက် ဒီအခွင့်အရေးကို အသုံးပြုပြီး ငါ့ခန္ဓာကိုယ်ကို ပြုပြင်ချင်ခဲ့တာ .. ဒါပေမဲ့ အားက မလုံလောက်သေးဘူး..”

အကြီးအကဲအရှင်၏ စကားများမှာ ရှီဟောင်ကို ဆွံ့အကာ ထိတ်လန့်သွားစေသည်။

အကြီးအကဲအရှင်၏ ကျင့်ကြံခြင်းမှာ အရေးကြီးသည့်အချိန်ကို ရောက်နေပြီဖြစ်ပြီး ထိုသူများနှင့် တမင်သက်သက် တိုက်ခိုက်ခဲ့ခြင်းပင်။ ထိုအဆင့်လွန်သက်ရှိများကို အသုံးချကာ သူ၏ခန္ဓာကိုယ်ကို လေ့ကျင့်ကာ အရေးပါသည့်ပြောင်းလဲမှုတစ်ခုကိုလုပ်ချင်သောကြောင့်ပင်။

ဤသည်မှာ အလွန်အန္တရာယ်များလှသည်ပင်။

အဘယ်ကြောင့်ဆိုသော် ရန်သူ၏လှုပ်ရှားမှုတိုင်းမှာ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည်ပင်။

အကြီးအကဲအရှင်မှာ ထိုတိုက်ပွဲ၌ တိုက်ခိုက်ခဲ့သည်ထက် ပို၍စွမ်းအားကြီးလိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။

“လေ့ကျင့်ခြင်းက မျှော်လင့်ထားတဲ့အတိုင်း မပြည့်စုံခဲ့ဘူး .. ငါ သီးသန့်ကျင့်ကြံပြီးတော့ ကန့်သတ်ချက်ကို ချိုးဖောက်ချင်တယ်..” အကြီးအကဲအရှင် ပြောလိုက်၏။

ထိုသို့ပြောလိုက်သည်နှင့် လက်မြှောက်လိုက်ကာ သူ၏လက်ဝါးတောက်ပလာအောင်လုပ်လိုက်သည်။ ထို့နောက် လက်ဝါးပေါ်၌ သစ်သားသေတ္တာပေါ်လာလေ၏။

ယခင်က သူ၏မှော်ခွန်အားကို အသုံးပြုကာ ထိုသေတ္တာ၏အော်ရာကိုဖုံးကွယ်ထားခြင်းပင်။ ယခု သူ့လက်ထဲကိုင်ကာ သေချာလေ့လာလိုက်သည်။

နောက်ဆုံးတွင် အကြီးအကဲအရှင် သက်ပြင်းချလိုက်၏။ သူလည်း ဘာမှရှာမတွေ့။ အစောပိုင်း တိုက်ခိုက်ကတည်းက သူသေချာကြည့်ခဲ့သည်ပင်။

အကြီးအကဲအရှင် သေတ္တာကို ရှီဟောင်ထံသို့ ပြန်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ ဤသေတ္တာကို ဖွင့်နိုင်မည့်နည်းလမ်းမရှိ။

“ဒီတစ်ခေါက် မင်းရန်သူတွေ အများကြီးကို သတ်ခဲ့တယ် .. တစ်ဖက်လောကကို အများကြီးဆုံးရှုံးနစ်နာသွားအောင်လုပ်နိုင်ခဲ့တယ် .. ဘာဖြစ်ခဲ့တယ်ဆိုတာ အားလုံးကို ပြောပြလိုက် .. ဒီတစ်ခေါက် မင်းလုပ်ခဲ့တာ တော်တော်လေးကောင်းတယ် .. အင်ပါယာဂိတ်ထဲက ကျောက်တုံးကလန် သူတို့အပြစ်တွေကနေ လွတ်မြောက်နိုင်လောက်တယ်..” အကြီးအကဲအရှင် သတိပေးလိုက်သည်။

ရှီဟောင် လေးစားစွာ ဦးညွှတ်လိုက်၏။ သူ အကြီးအကဲအရှင်အား တကယ်ကို လေးစားသည်ပင်။ အကြီးအကဲအရှင်သာ မလှုပ်ရှားခဲ့လျှင် သူ သေချာပေါက် အသက်ရှင်လျက် ပြန်လာနိုင်မည်မဟုတ်။

“အဲဒါဆိုသွားတော့..” အကြီးအကဲအရှင် မျက်လုံးမှိတ်လိုက်၏။ သူ သီးသန့်ကျင့်ကြံချင်သည်။ ပထမအကြောင်းရင်းမှာ သူ ပြောင်းလဲမှုကြီး လုပ်ချင်သည်။ ဒုတိယအကြောင်းရင်းမှာ သူ၏ဒဏ်ရာများမှာ တကယ်ကို ပြင်းထန်လွန်းလှသောကြောင့်ပင်။

အပိုင်း ၁၇၂၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset