Switch Mode

Chapter – 1696 & 1710

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၉၆ – ရှေးဟောင်းဘုန်းကြီး အကြွင်းအကျန်

ဤခြင်္သေ့ကြီး၏အပြုံးမှာ မရိုးသားလွန်းလှသည်။ ရွှေရောင်ခြင်္သေ့ခေါင်းမှာ အလွန်စွမ်းအားကြီးကာ ရဲရင့်လှသည်ပင်။ ရွှေရောင်လည်ဆံမွှေးမှာ ပေပေါင်းများစွာ ရှည်လျားပြီး သူ၏ပါးစပ်ထဲရှိ ဖြူဖွေးနေသည့်သွားများမှာ ဓားမြှောင်များကဲ့သို့ပင်။

ရှီဟောင် ရေထဲသို့ ရောက်သွားသည်နှင့် သူ့တစ်ကိုယ်လုံး တောင့်ခဲသွားရသည်။ အပူချိန်မှ ရေခဲအိမ်ထက်ပင် လျော့ကျနေသည်။ သူ၏အသွေးအသား အက်ကွဲလာတော့မလိုပင် ခံစားလိုက်ရသည်။

‘မကောင်းတော့ဘူး’ ဟု သူ့စိတ်ထဲ ရေရွတ်လိုက်သည်။

သို့သော်လည်း အေးစက်နေသည့်ခံစားချက် ချက်ချင်းပျောက်ကွယ်သွားကာ ကန်ရေများ ရုတ်တရက် ဆူပွက်လာသည်။ ဤသည်မှာ ချော်ရည်များထက် အဆပေါင်းမည်မျှ ပိုပူမှန်းပင်မသိတော့။ ကန်ထဲ၌ နတ်ခွန်အားများလည်း စီးဆင်းနေသည်။

ရလဒ်အနေဖြင့် ရှီဟောင် စိတ်ထဲ တုန်ယင်သွားရသလို ကြောက်လည်းကြောက်သွားရသည်။ သူ့အသားမှာ အကင်ခံနေရပြီး တစ်စစီစုတ်ဖြဲခံနေရသလိုပင်။ ဤကန်မှာ အလွန်ထူးဆန်းလှသည်။

သူ မည်သည့်ကံကောင်းမှုကိုမှ မခံစားရပဲ တစ်စစီစုတ်ဖြဲခံရလိုသာ ဖြစ်နေသည်။

အအေးမှအပူ ပြောင်းလဲမှုမှာ လျင်မြန်လွန်းလှသည်။

“မင်းတို့အားလုံး မလာနဲ့..” ရွှေရောင်ခြင်္သေ့ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လူ ၆ ယောက်၊ ၇ ယောက်ခန့် တောင်ပေါ်သို့ တက်လာသည်ကိုသူတွေ့လိုက်သည်ပင်။

တောင်ထိပ်၌ ရပ်နေလျှင်ပင် ကန်မှထွက်လာသည့်နတ်ခွန်အားများကို ခံစားနေရသည်ပင်။ ထိုအားသည် အားကောင်းသည့်အပြင် ထာဝရတာအိုဆေးရည်ကန်ကဲ့သို့ အမွေးနံ့လည်း ပျံ့လွင့်နေသည်ပင်။

ဤလူများ ခြင်္သေ့ပြောသည်ကို အရေးမစိုက်ပဲ ကန်ထဲသို့ ခုန်ဝင်လာကြလေ၏။

အား..

ကျယ်လောင်လှသည့်အော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာသည်။ သူတို့တစ်ကိုယ်လုံးနာကျင်လာပြီး ထိုနာကျင်မှုမှာ သူတို့ဝိညာဉ်ထံသို့ပင် စိမ့်ဝင်လာသည်။ သူတို့ထပ်တောင့်မခံနိုင်တော့။

ချက်ချင်းပြန်ထွက်ချင်ကြသော်လည်း သူတို့ရေထဲသို့ ပြန်ဆွဲချခံလိုက်ကြရသည်ပင်။

ဖူး..

သွေးများလွင့်စင်လာလေ၏။ သူတို့ထဲမှ တစ်‌ယောက်သည် ချက်ချင်းပင် သွေးပုံအဖြစ် အရည်ပျော်ကျသွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်။

“မဟုတ်ဘူး .. ဒါက ဘယ်လိုနေရာကြီးလဲ..” အခြားလူတစ်ယောက်အော်ဟစ်လိုက်သည်။ သူ့အသွေးအသားတိုက်စားခံရပြီးနောက် ရောင်စုံအလင်းများအဖြစ် အရည်ပျော်ကျသွားလေသည်။

“ငါ့ကိုလွှတ်..”အခြားသူများလည်း ပြင်းထန်စွာ ရုန်းကန်နေကြသည်။

သို့သော်လည်းတစ်ယောက်ပြီးတစ်ယောက် အရည်ပျော်ကျသွားကာ အချို့မှာ သူတို့၏မူလဝိညာဉ်များ အလင်းမိုးအဖြစ် ပြောင်းလဲသွားကြသည်ပင်။

လူငယ်ကျွမ်းကျင်သူ ၇ ယောက် ချက်ချင်းသေဆုံးသွားကာ သူတို့၏ခန္ဓာကိုယ်နှင့် ဝိညာဉ်များ လုံးဝရှင်းလင်းခံလိုက်ရသည်။

ဤသည်မှာ အလွန်ဆိုးရွားလှသည့်အဖြစ်အပျက်ပင်။

ဒါက ဘာကို သဘာဝကံကောင်းမှုလဲ .. ဒါက နတ်ဆိုးရေကန်ကြီးပဲ..

ဤရလဒ်မှာ ထိုကျင့်ကြံသူများ၏အမူအရာများကို ချက်ချင်းပြောင်းလဲသွားစေသည်။ အချို့လူငယ်များမှာ ဘုရင်ကလန်များမှ လာခြင်းပင်။ သို့သော်လည်း သူတို့အကျိုးမရှိပဲ သေသွားရလေပြီ။

“ခြင်္သေ့လေး .. မင်းငါ့ကို ရှင်းပြချက်တစ်ခုပေးရင် ကောင်းလိမ့်မယ်..” အောက်ဘက်မှ အကြီးအကဲ မျက်နှာပျက်နေလေပြီ။

“စီနီယာ .. သူတို့က အရမ်းလောလွန်းနေတာ .. ဒီအခွင့်အရေးက လွယ်လွယ်မရနိုင်ဘူး..” ရွှေရောင်ခြင်္သေ့ခေါင်းခါလိုက်သည်။ သူ ဤလူများကို သူတားဆီးရန်ကြိုးစားခဲ့သော်လည်း သူတို့ နားမထောင်ခဲ့ကြ။

ကန်ထဲ၌ရှိနေသည့် ရှီဟောင် နာကျင်မှုကို အံကြိတ်ထားသည်။ ထိုလူများ အရည်ပျော်သွားသည်ကိုတွေ့သည်နှင့် ဤသည်မှာ နတ်ဆိုးအသိုက်ဖြစ်ကြောင်း သူသိလိုက်လေပြီ။ သူ ထောင်ချောက်ထဲကျသွားခြင်းပင်။

ဤရေမှာ အံ့အားသင့်စရာကောင်းလှသည်။ သူ၏အသွေးအသားများကိုပင် ဖျက်ဆီးပစ်နိုင်သည်။

ထို့အပြင် သူ၏မူလဝိညာဉ်လည်း တိုက်ခိုက်ခံနေရသည်ပင်။

ရွှေရောင်ခြင်္သေ့က ဘာလို့ဘာမှမဖြစ်တာလဲ .. ရှီဟောင် ရှုပ်ထွေးသွားရသည်။

သူ၏မွေးရာပါ ပါရမီ အလွန်စွမ်းအားကြီးပြီး သူ၏အသွေးအသား သန်မာသောကြောင့်သာမဟုတ်ပါက သူလည်း ထိုလူငယ်များနောက် လိုက်သွားနေလောက်လေပြီ။

ရှီဟောင် ရုန်းကန်ချင်သော်လည်း သူ နွံအိုင်ထဲကျနေသကဲ့သို့ နည်းနည်းမှ လှုပ်၍မရသည်ကို တွေ့လိုက်ရသည်။ သူ ဤနေရာ၌ ပိတ်မိနေလေပြီ.

“ဟက် .. မင်းက ငါ့အခွင့်အရေးကို ခိုးချင်သေးတယ်ပေါ့..” ရွှေရောင်ခြင်္သေ့ အေးစက်စွာ ရယ်မောလိုက်သည်။

ဤမြင်ကွင်းကိုမြင်လိုက်သည်နှင့် ခပ်ဝေးဝေးတွင်ရှိနေသည့် လူတစ်စု ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။ ဤခြင်္သေ့သည် အတော်လေးရဲတင်းလှသည်ပင်။

“မင်း မောက်မောက်မာမာတွေ လုပ်နေတာ အံ့ဩစရာမရှိတော့ပါဘူး .. ငါ မင်းနဲ့ဒီကံကောင်းမှုကို လုအောင်လို့ မင်းတမင်သက်သက်လုပ်လိုက်တာပဲ..” ရှီဟောင် သူ့ကိုအေးစက်စွာ ကြည့်လိုက်သည်။

ဤအတောအတွင်း သူ့ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများတစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူ ကြာကြာမတောင့်ခံနိုင်တော့။ သစ်သားသေတ္တာသည် ရေထဲမြှုပ်မသွားပဲ ရေပေါ် ပေါလောပေါ်နေသည်။

“ဟား ဟား .. ငါပြောပြီးသားပဲ .. ဒီနေ့ မင်းဒီနေရာမှာ သေရမယ်လို့ .. ဒီလိုမျိုး သဘာဝကံကောင်းမှုက လူတိုင်းရနိုင်တဲ့ဟာ မဟုတ်ဘူး..” ရွှေရောင်ခြင်္သေ့ အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

ထို့အပြင် ထိုအချိန်တွင် သူမန္တန်တစ်မျိုးကို ရွတ်လိုက်သည်။ ထိုအသံမှာ အလွန် တိုးညှင်းလွန်းလှပြီး အပြင်လူများ မကြားရ။ ထိုမန္တန်ဖြင့် သူ့ခန္ဓာကိုယ် အခြေအနေကောင်းမွန်အောင် လုပ်ထားခြင်းပင်။

ယခင်က သူဤကျမ်းစာကို တီးတိုးရွတ်နေခြင်းဖြစ်သော်လည်း ယခုတော့တိုက်ရိုက်ပင် ရွတ်လာသည်။ ဤသည်မှာ ရှီဟောင်ကို လှောင်ရယ်ခြင်းဟုလည်း သတ်မှတ်၍ရသည်ပင်။

ထိုအချိန်တွင် တောင်ခြေ၌ရှိနေသည့်သူများ တောင်ထိပ်သို့ တဟုန်ထိုး ပြေးတက်လာကြသည်။ တစ်ဝက်မှာ တောင်ခြေ၌ ကျန်နေဆဲပင်။ သူတို့ အလောတကြီးမလုပ်ရဲကြ။

“ငါတို့ တာဝန်ပြီးတော့မယ် .. ငါတို့ ဒီသေတ္တာကို ပြန်ယူသွားလို့ရပြီ..” အကြီးအကဲတစ်ယောက် ပြုံး၍ ပြောလိုက်သည်။

ရှေးဟောင်းသက်ရှိကြီး နိုးမလာနိုင်ဘူးဟု သိပြီးသည့်နောက်တွင် သူတို့ စိတ်အေးသွားရသည်။ အချို့လူများ ကန်ဘေး၌ ရပ်နေကာ ကန်အလယ်ကို ကြည့်လိုက်သည်။

“ဟားဟား .. ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ .. ဒါက အိုးနဲ့လိပ်ကိုဖမ်းမိတာနဲ့မတူဘူးလား..” လူလတ်ပိုင်းအမျိုးသားတစ်ဦးမှ လှောင်ရယ်လိုက်သည်။

“ဟား ဟား .. ဟွမ် .. မင်းဘာလို့ မပြေးတော့တာလဲ .. မင်း ခေါင်းတွေဖြတ်မှာမဟုတ်ဘူးလား .. မင်းအခု အရမ်းကို နုံအပြီးတော့ သူရဲဘောကြောင်တယ်လို့ မခံစားရဘူးလား..” လူငယ်အချို့ ရဲတင်းစွာပင် လှောင်ရယ်လိုက်ကြသည်။

လူများစွာ တောင်ထိပ်သို့ ရောက်လာပြီး ရှီဟောင်အား လာကြည့်ကြလေသည်။

“ခင်ဗျားတို့သတ္တိရှိရင် ခင်ဗျားဘာလို့ ကျွန်တော့်ကို လာမဖမ်းလဲ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

သူ့ခေါင်း၌ ချွေးများစိုရွှဲနေလေပြီ။ သူ၏ခန္ဓာကိုယ်မှာ အက်ကွဲမတတ်ဖြစ်နေလေပြီ။ နာကျင်မှုများမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။ သူ၏ဝိညာဉ်လည်း တိုက်စားခံရပြီး အလင်းမိုးအဖြစ် ပြောင်းလဲသွားတော့မည်။

ဤကန်မှာ တကယ်ကိုထူးဆန်းလှသည်။ တစ်ခါတစ်ရံအေးပြီး တစ်ခါပူကျစ်နေသည်။ တစ်ခါတစ်ရံ သဘာဝဥပဒေသများထွက်ပေါ်လာပြီး တစ်ခါတစ်ရံ၌ ကျမ်းစာသံများ ကြားရပြန်သည်။

ဤနေရာသည် ဆက်တိုက်ပင်ပြောင်းလဲနေပြီး အလွန်အန္တရာယ်များလှသည်။

ကမ်းခြေ၌ရှိနေသည့် လူငယ်အချို့ စိတ်ဝင်စားလာကြသည်။ အချို့လူများ၏ နှုတ်ခမ်းထက်၌ အပြုံးများ ဖြစ်ပေါ်လာသည်။ သူတို့သည် မထိန်းချုပ်တော့ပဲ တိုက်ခိုက်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် သူတို့ ရှီဟောင်၏ပြိုင်ဘက်မဟုတ်ကြ။ သို့သော်လည်း သူသည် အခြေအနေဆိုးရွားနေသည်ပင်။ ဤကဲ့သို့သော အခြေအနေမျိုး၌ပင်လျှင် ယခုထိ ခေါင်းမငုံ့ချင်သောကြောင့် သူတို့ ရှီဟောင်အား သင်ခန်းစာပေးချင်ကြသည်ပင်။ သူတို့ ရှီဟောင်အားဤနေရာ၌ သတ်လိုက်လည်း ကိစ္စမရှိ။

ရွှီး..

အလင်းများစွာ ထွက်ပေါ်လာလေ၏။ အားလုံးမှ ကြောက်စရာကောင်းသည့်ဘိုးဘေးပညာများပင်။ သို့သော် သူတို့အားလုံးကို ထိတ်လန့်သွားစေသည်မှာ ထိုပညာများအားလုံး အကျိုးမရှိ။ ထိုနတ်အလင်းများအားလုံး စုတ်ယူခံလိုက်ရကာ ချေဖျက်ခံလိုက်ရသည်။

“ဒါက..” လူငယ်များ၏မျက်နှာများမှာ နီလိုက်စိမ်းလိုက်ဖြစ်လာသည်။ ရန်သူ သူတို့ရှေ့၌ရှိနေသော်လည်း သူတို့ သူ့ကိုဘာမှမလုပ်နိုင်။ ဤသည်မှာ ကို့ယိုးကားယားနိုင်လွန်းလှသည်။

“အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့ .. ဘာဖြစ်နေတာလဲ..” သူတို့ထဲမှတစ်ဦး မေးလိုက်သည်။

ထိုအချိန်၌ အကြီးအကဲလည်း ပေါ်လာလေပြီ။ သူ၏မျက်နှာလည်း ကြည်လင်မနေ။ အဘယ်ကြောင့်ဆိုသော် သူ၏မျိုးဆက်တစ်ယောက် ဤနေရာ၌ အရည်ပျော်သွားခဲ့သည်ပင်။

“စီနီယာ .. မလုပ်နဲ့..” ရွှေခြင်္သေ့‌ သတိပေးလိုက်သည်။

“ဘာ .. ငါတောင်ဒီကန်ကို ထိလို့မရဘူးလား..” ထိုအကြီးအကဲ အေးစက်စွာ ပြောလိုက်သည်။ သူ၏မျိုးဆက်မှာ တရားမျှတမှုမရှိပဲ သေဆုံးသွားခဲ့ရသည်ဟု ခံစားခဲ့ရသောကြောင့် သူ ဤခြင်္သေ့ကို မျက်နှာသာမပေးတော့။

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သွေးမျိုးဆက်မှာ တကယ်ကို စွမ်းအားကြီးလွန်းလှသည်။ သူတို့၏ ဘိုးဘေးများ ယနေ့ထိတိုင် အသက်ရှင်နေဆဲဟု ပြောကြသည်ပင်။ ဤအချက်ကြောငင့်သာမဟုတ်ပါက ရွှေရောင်ခြင်္သေ့ကို သူ တကယ်အပြစ်ပေးချင်မိသည်။

“ဒါက ပြန်လည်ဝင်စားခြင်းကန် .. ဒါကို လေ့ကျင့်ခြင်းကန်လို့လည်းခေါ်တယ် .. ဝင်လာတဲ့သူတွေက ကိုယ်ခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်တဲ့ နာကျင်မှုတွေကို ခံစားကြရတယ်.. ပြီးရင် ပျက်စီးသွားလိမ့်မယ်..” ရွှေရောင်ခြင်္သေ့ ရှင်းပြလိုက်သည်။

စွမ်းအားကြီးသည့် ကျင့်ကြံသူဖြစ်နေပါစေ ဤသည်မှာ အတူတူပင်။ သူတို့ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ထက် ကျော်လွန်သည့် စွမ်းအားများကို ခံစားရမည်ပင်။ သူတို့ ခုခံနိုင်စရာနည်းလမ်းမရှိ။

“အဲဒါဆိုရင် မင်းက ဘာလို့ အဆင်ပြေနေတာလဲ..” ထိုအကြီးအကဲ မှုန်မှိုင်းစွာ မေးလိုက်သည်။ ထို့အပြင် သူသည် လက်တစ်ဖက်လှမ်းကာ ကန်ရေကို အနည်းထိကြည့်လိုက်သည်။

ရွှီး..

ရလဒ်အနေဖြင့် ကန်ရေကို ထိလိုက်သည့်လက်ညှိုးသည် တစ်ဖြည်းဖြည်း တိုက်စားခံလိုက်ရသည်။ ထို့နောက် ထိုလက် ပြုတ်ကျလုနီးပါးဖြစ်သွားသည်။

အကြီးအကဲ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ဤရေကန်မှာ မည်ကဲ့သို့သော ရေကန်ဖြစ်သနည်း..

ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် အခြားသူများ ချက်ချင်းထိတ်လန့်သွားရသည်။ ဤသည်မှာ လူငယ်မျိုးဆက်ကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ထင်ခဲ့ကြတုန်းက သူတို့ တည်ငြိမ်လာခဲ့သေးသည်ပင်။

ကြည့်ရသည်မှာ ဤကန်သည် သူတို့ထင်ထားသည်ထက် ပိုကြောက်ဖို့ကောင်းသည်ထင်သည်။

“ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့သွေးမျိုးဆက်တွေအတွက် ပြင်ဆင်ထားတဲ့ဟာမို့လို့ပါ..” ရွှေရောင်ခြင်္သေ့ရှင်းပြလိုက်သည်။

“ဘာ..” လူများစွာ ထိတ်လန့်သွားရ၏။

ရှီဟောင်သည် နာကျင်မှုကို တစ်ချိန်လုံး သည်းခံနေရသည်ပင်။ သူသည် အန္တရာယ်ကျရောက်နေသော်လည်း ယခုထိ မပျက်စီးသေး။

ဤသည်မှာ ရွှေရောင်ခြင်္သေ့၏မျက်လုံးမှ ရောင်စုံနတ်အလင်းများ ထွက်ပေါ်လာစေသည်။ သူသည် ရှီဟောင်၏ ခုခံနိုင်စွမ်းကို ထိတ်လန့်နေမိသည်ပင်။

“ဒီပြန်လည်ဝင်စားခြင်းကန်ကို ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်အတွက် ချန်ထားခဲ့တာ ..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ဤနေရာသို့ ရောက်သည်နှင့် ဟိုးအဝေးကြီးကတည်းက သူ ဤပြန်လည်ဝင်စားခြင်းကန်၏ အော်ရာကို ခံစားမိနေခြင်းပင်။ ဤသည်မှာ သူ့ကလန်တွင် မှတ်တမ်းတင်ထားသည့်အတိုင်းပင်။

ယခင်က အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သည် ထာဝရဘုန်းကြီးဘုရင်တစ်ပါး၏ ဖိနှိပ်ခြင်းခံခဲ့ရကာ ဤဂိုဏ်သို့ ဝင်ရောက်ရန် ဖိအားပေးခံခဲ့ရသည်။

ထို့ကြောင့်လည်း သူတို့ ဗုဒ္ဓနည်းလမ်းများကို ကျွမ်းကျင်နေကာ ရှေးဟောင်းဘုန်းကြီးနတ်စွမ်းရည်မျိုးစုံကို ရရှိထားခြင်းပင်။ သူတို့ လျှို့ဝှက်ချက်များစွာလည်း သိထားသည်ပင်။

“ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်က ပြန်လည်ဝင်စားခြင်းကိုပြသချင်ခဲ့တယ် .. ဒါက သူတို့ရဲ့ အခမ်းနားဆုံး အောင်မြင်မှုပဲ..” ရွှေရောင်ခြင်္သေ့ ဤသတင်းကို ထိန်ချန်မထားခဲ့။

ဤဲကန် မည်ကဲ့သို့အသုံးဝင်သည်ကို သူမသိသော်လည်း ကျင့်ကြံခြင်းတွင် သုံး၍ရသည်ကိုတော့ သူသိသည်။ ဤသည်မှာ သူ့အတွက်တော့ အလွန်အကျိုးရှိသည်ပင်။

ဤသည်မှာ သူ့ကို ထောက်ပံ့ပေးနိုင်သည့် အထူးကျမ်းစာတစ်ခု ရှိမှပင်လျှင်။

တစ်ချိန်တည်းမှာပင် ထိုလူသည် ရှေးဟောင်းဘုန်းကြီး၏ တည်ဆောက်ပုံရှိနေရန်လည်း လိုအပ်သေးသည်။

ရှေးဟောင်းဘုန်းကြီးတည်ဆောက်ပုံဆိုသည်မှာ ဤမျိုးဆက်၏ပညာများ ကျင့်ကြံခြင်း၊ ဗုဒ္ဓနည်းလမ်းများကိုကျင့်ကြံခြင်းပင်။ ထိုပညာများကို ဆရာအဆင့်ကျွမ်းကျင်သွားသည်နှင့် သူတို့ ထူးဆန်းသည့်မှော်စွမ်းအားရှိသည့် ခန္ဓာကိုယ် ရရှိသွားမည်ပင်။

ပြောရမည်ဆိုလျှင် ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ ကျမ်းစာများကို အချိန်အကြာကြီး ကျင့်ကြံပြီးနောက် ရရှိလာသည့်ခန္ဓာကိုယ်ပင်။

ဤရွှေရောင်ခြင်္သေ့မှာ ဤအခြေအနေများနှင့် ကိုက်ညီနေသည်ပင်။ ထို့ကြောင့် ဤကန်ကို တွေ့လိုက်သည်နှင့် သူအလွန်စိတ်လှုပ်ရှားသွားခြင်းပင်။

“ဒီကန်က အရမ်းထူးခြားတယ် .. ငါတို့အတွက် တကယ်ပဲ အခွင့်အရေးမရှိဘူးလား..” အကြီးအကဲတစ်ဦး မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက် မည်မျှကြောက်စရာကောင်းသည်ကို သူတို့နားလည်သည်ပင်။

“ကျွန်တော် အကြီးအကဲတို့ကို ကျမ်းစာအားလုံး သင်ပေးရင်တောင် အဲဒီကျမ်းစာကို အနည်းဆုံး ဆယ်စုနှစ်တစ်ခုစာ ကျင့်ကြံရမှာ .. ခန္ဓာကိုယ်ကို ဗုဒ္ဓစွမ်းရည်ရှိအောင် လုပ်ရမယ် .. အဲဒါမှ ဒီကန်ကို ဝင်နိုင်မှာ..” ရွှေရောင်ခြင်္သေ့ ပြန်ဖြေလိုက်သည်။

“တကယ်ပဲ တစ်ခြားနည်းလမ်းမရှိဘူးလား..” လူငယ်အချို့မှာ ဤသည်ကို လက်မခံချင်သေး။

“မင်းတို့ ကောင်းကင်ကို တွန်းလှန်နိုင်လောက်အောင် စွမ်းအားကြီးရင်တော့ရတယ် .. အဲဒါမှ မင်းတို့ဒီလေ့ကျင့်မှုကို သည်းခံပြီးတော့ အသက်ရှင်နိုင်မှာ.. ဒါပေမဲ့ မင်းတို့ စမ်းရဲလို့လား .. ရှေးကတည်းက ထာဝရဘုန်းကြီးဘုရင်တစ်ပါးပဲ အောင်မြင်နိုင်ခဲ့တာ .. သူငယ်ငယ်တုန်းက ဗုဒ္ဓစွမ်းရည်တွေ ပျက်ပြယ်သွားခဲ့ဖူးတယ် … ဒါပေမဲ့ သူ ဒီကန်ထဲ ဝင်ခဲ့တာတောင် ပျက်စီးမသွားခဲ့ဘူး..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူ မျက်မှောင်ကြုတ်ကာ ရှီဟောင်အား ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူဤနေရာ၌ ရှိနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ယခုထိ အရည်ပျော်မသွားသေး။

“သူကဘာလို့ မသေသေးတာလဲ .. တစ်ခြား ထာဝရဘုန်းကြီးဘုရင်တစ်ပါး ထွက်ပေါ်လာတော့မယ်လို့တော့ ငါ့ကို မပြောနဲ့နော်..” မတ်တပ်ရပ်နေသည့် အကြီးအကဲ၏ မျက်ဝန်းမှ ကြောက်စရာကောင်းသည့်အလင်းတန်းများ တောက်ပလာသည်။

ဤသည်မှာ အားလုံး၏အာရုံကို ဆွဲဆောင်ထားသည်။ ဟွမ် ထိုနေရာ၌ ရှိနေသည်မှာ အတော်လေး ကြာနေလေပြီ။ ရွှေရောင်ခြင်္သေ့ပြောသည့်အတိုင်းဆိုလျှင် သူအရည်ပျော်သွားရတော့မည်။ သူက အဘယ်ကြောင့်အသက်ရှင်နေသေးသနည်း..

အပိုင်း ၁၆၉၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၉၇ – မဖြစ်နိုင်ခြင်း

ရွှေရောင်ခြင်္သေ့အပါအဝင် အားလုံးရှီဟောင်ကို စိုက်ကြည့်လာကြသည်။ တစ်ခုခုမှားယွင်းနေသည်ဟု သူတို့ခံစားနေကြရသည်ပင်။ အချိန်များစွာ ကုန်လွန်နေပြီဖြစ်သော်လည်း ဟွမ် အရည်ပျော်မသွားသေး။

“ဒီလူသားလည်း ဖြတ်ကျော်နိုင်လိမ့်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။

တောင်ခြေမှ လူအချို့လည်း တက်လာကြလေပြီ။ ကန်ဘေး၌ လူ ၆၀၊ ၇၀ ခန့်ရှိနေပြီး အားလုံး၏မျက်နှာထက်တွင် ထူးဆန်းသည့်အမူအရာ ဖြစ်နေသည်။ သူတို့ ဤလူငယ်လေးကို မည်မျှပင် ရန်လိုနေပါစေ ဤလူငယ်မှာ အလွန်ကြောက်စရာကောင်းသည့် ပြိုင်ဘက်ဖြစ်သည်ကိုတော့ သူတို့ဝန်ခံရမည်ပင်။

“မဖြစ်နိုင်တာ .. ထာဝရဘုန်းကြီးဘုရင်တစ်ပါးပဲရှိတာ .. တကယ်ကိုတစ်ယောက်တည်းရှိတာ .. ဘယ်သူမှ ဒီလမ်းကို မလျှောက်နိုင်ဘူး..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်စွာ ပြောလိုက်သည်။

အားလုံး ထိုလူငယ်ကိုစိုက်ကြည့်လိုက်ကြသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ့တစ်ကိုယ်လုံး အက်ကွဲကြောင်းများ ပြည့်နေသော်လည်း သူမသေသေး။ တောင့်ခံထားနိုင်ဆဲပင်။

“သူ့ခန္ဓာကိုယ်တောင် အက်ကွဲနေပြီ .. သူ အကြာကြီးတောင့်ခံနိုင်မှာမဟုတ်တော့ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဟွမ်၏ဒဏ်ရာများ တစ်ဖြည်းဖြည်းပိုဆိုးလာသည်ကို သူတို့အားလုံး မြင်နေရသည်ပင်။ ဤအတိုင်းသာဆက်ဖြစ်နေလျှင် သူသေချာပေါက် သေသွားလိမ့်မည်။

ရှီဟောင်၏ ဒဏ်ရာများမှာ ပိုဆိုးလာပြီး အရိုးများပင် မြင်နေရလေပြီ။

ဤမြင်ကွင်းကို မြင်မှဿာ ရွှေရောင်ခြင်္သေ့ သက်မချနိုင်တော့သည်။

“အဲဒီသေတ္တာ ယူခဲ့လိုက်..” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။

အောင်မြင်မှုက သူတို့လက်တစ်ကမ်းမှာပင်။ သူတို့တာဝန်ပြီးဆုံးတော့မည်။ ဟွမ် ဤနေရာ၌ ပိတ်မိနေကာ သေဆုံးတော့မည်ဖြစ်ပြီး ထိုသစ်သားသေတ္တာလည်း သူတို့လက်ထဲ ရောက်တော့မည်။

သို့သော်လည်း ဤပြန်လည်ဝင်စားခြင်းကန်မှာ ထူးခြားလှသည်။ ယခုလေးတင် စွမ်းအားကြီးသည့်ကျင့်ကြံသူတစ်ယောက် အလောတကြီး လုပ်လိုက်သောကြောင့် ဒဏ်ရာရသွားလေပြီ။ သူတို့ ထိုသေတ္တာကို မည်ကဲ့သို့ ယူကြမည်နည်း..

ရွှေရောင်ခြင်္သေ့သာ လုပ်နိုင်မည်ထင်သည်။

“စီနီယာတို့ .. ခဏလောက်တော့ စောင့်ပေးပါဦး .. ကျွန်တော် ရွှေရောင်ခန္ဓာကိုယ်ကို ပြန်ပြုပြင်နေတာက အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ .. ကျွန်တော်အချိန်နည်းနည်းလိုသေးတယ်..” ရွှေရောင်ခြင်္သေ့ ပြုံး၍ ပြောလိုက်သည်။

ဤစကားလုံးများမှာ အားလုံးကို တုန်လှုပ်သွားစေသည်။ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ ရွှေရောင်ခန္ဓာကိုယ်ဆိုသည်မှာ မည်မျှပင် ကြောက်စရာကောင်းလိုက်သည့်အောင်မြင်မှုဖြစ်သနည်း .. ဤသည်မှာ မချိုးဖျက်နိုင်သည့် ခန္ဓာကိုယ်ပင်။

ဤခန္ဓာကိုယ်ကို ရရှိသည်နှင့် အပြင်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို ဒဏ်ရာရအောင်လုပ်ရန် ခက်ခဲလိမ့်မည်။ အနည်းဆုံးတော့ အဆင့်တူသည့်သူများ သူတို့ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်။

အခု ဒီခြင်္သေ့က ပြည့်စုံတဲ့ရွှေရောင်ခန္ဓာကိုယ်ကို ရတော့မှာလား..

ရွှေရောင်ခြင်္သေ့သည် ပြစ်ချက်တစ်ခုမှမရှိသည့် ပြည့်စုံသည့် ရွှေရောင်ခန္ဓာကိုယ်အား ကျင့်ကြံခြင်းဖြစ်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။

ရှေးဟောင်းဘုန်းကြီးများထဲတွင် ရွှေရောင်ခန္ဓာကိုယ် ရရှိရန် ကျင့်ကြံခဲ့သည့်သူများစွာ ရှိခဲ့သော်လည်း ဘယ်နှယောက်ကများပြစ်ချက်ကင်းသည့်အဆင့်သို့ ရောက်ခဲ့သနည်း.. အမြဲတမ်း အနည်းငယ် အနာအဆာရှိနေခဲ့သည်ပင်။ ယခု ဤရွှေရောင်ခြင်္သေ့သည် အလွန်တည်ငြိမ်နေသည့်အပြင် ယုံကြည်ချက်ရှိသည့်အပြုံးကိုလည်း ချိတ်ဆွဲထားသောကြောင့် ဤသည်မှာ သူ ပြိုင်ဘက်ကင်းသည့်နယ်ပယ်သို့ သွားနေခြင်းဖြစ်သည်မှာ သေချာလှသည်။

မည်သို့ပင်ဖြစ်စေ ဤကန်မှာ သူ့အတွက် ပြင်ဆင်ထားခြင်းပင်။

ယခင်က ထာဝရဘုန်းကြီးဘုရင်လည်း ဤကဲ့သို့ပင်။ သူ၏ ခြောက်ကျန်းရွှေရောင်ခန္ဓာကိုယ် ထိုနေရာ၌ မလှုပ်မယှက် ရပ်နေကာ အခြားသူများအား တိုက်ခိုက်ခွင့်ပြုခဲ့သော်လည်း မည်သူမှ သူ့ကို လှုပ်ရှားအောင်မလုပ်နိုင်ခဲ့။ သူသည် တကယ်ကိုပင် စွမ်းအားကြီးခဲ့သည်။

အဟွတ်.. ရှီဟောင် သွေးအန်သွားသည်။ ယခုတစ်ခေါက်တွင်တော့ သူ၏အခြေအနေ ပို၍ဆိုးရွားလာလေပြီ။ သူ၏ပါးစပ်နှင့်နှာခေါင်းမှ သွေးများစီးကျလာသည့်အပြင် နောက်ဆုံး၌ သူ၏မျက်လုံးနှင့် နားရွက်များမှပင် သွေးများစီးကျလာသည်။

ဤသည်မှာ အလွန်ဆိုးရွားလှသည်ပင်။

ကန်ထဲမှ ရေများအလွန်အေးသွားလိုက်၊ အလွန်ပူလာလိုက်ဖြစ်နေခြင်းမှာ ပြဿနာသေးသေးလေးပင်။ ယခုအချိန်တွင် အကြီးမားဆုံးအရာမှာ ထိုတောက်ပနေသည့်ရေများတွင် နတ်ဆိုးအမျိုးအစားစွမ်းအားတစ်ခု ရှိနေခြင်းပင်။ ထိုစွမ်းအားသည် ငရုတ်ကျည်ပွေ့ကဲ့သို့ သူ့ခန္ဓာကိုယ်ကို တိုက်စားနေသည်။

ခွပ်..

သူ၏ခန္ဓာကိုယ်မှ အရိုးအက်သွားသည့်အသံကို အားလုံးရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူ၏အသွေးအသားများမှာ ပို၍ပင် ပုံပျက်လာလေပြီ။ သူ မကြာခင် ပေါက်ကွဲသွားတော့မည်။

သူ၏ဒဏ်ရာများမှာ သွေးများစီးကျလာပြီး ကန်ရေကို နီရဲသွားစေသည်။

“အဲဒီသေတ္တာကို ယူနိုင်တဲ့နည်းလမ်းမရှိဘူးဆိုတာ ငါမယုံဘူး..” ကန်ဘေး၌ရှိနေသည့်လူငယ်အချို့ လက်မခံနိုင်ဖြစ်နေကြသည်။ အသက်ကြီးသည့်မျိုးဆက်အချို့ပင် ဤသည်မှာ မဖြစ်နိုင်စရာအကြောင်းမရှိဟု ခံစားလာကြရသည်။

အချို့လူငယ်များသည် ဘိုးဘေးပညာများကို အသုံးပြုကာ လက်ကြီးများ သို့မဟုတ် ပိုက်ကွန်ကြီးများ ပြုလုပ်ကာ ကန်ထဲသို့ ပစ်လွှတ်လိုက်သည်။

သို့သော်လည်း ထိုအရာများသည် ကန်မျက်နှာပြင်ထက်သို့ ရောက်သွားသည်နှင့် လုံးဝပျက်စီးသွားရသည်။

အဘယ်ကြောင့်ဆိုသော် ကန်ရေများဆူပွက်လာကာ များပြားလှသည့်ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး စွမ်းအင်များကို ဖြိုခွဲပစ်လိုက်သည်။ ထို့နောက် ထိုစွမ်းအင်များကို ကန်ကြီးမှ စုတ်ယူသွားသည်။

ထိုလူငယ်၏မျက်နှာများမှာ ဖြူလိုက်စိမ်းလိုက်ဖြစ်နေကြသည်။ ကန်ထဲမှ ရွှေရောင်ခြင်္သေ့ ရွှေရောင်ခန္ဓာကိုယ်အား ပုံသွင်းနေသည့်အချိန်၌ သူတို့ ကန်ထဲသို့ပင် ဝင်၍မရ။ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

“စိတ်ဝင်စားစရာပဲ ..ဒါက ဒီလောက်တောင် မှော်ဆန်တာလား .. ငါစမ်းကြည့်ရအောင်..” အခြား စွမ်းအားကြီးသည့်ကျင့်ကြံသူတစ်ဦး လှုပ်ရှားလိုက်သည်။ သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ ထိပ်ဆုံး၌ ရောက်နေသည့်သူပင်။

သူ နတ်စွမ်းရည်များကို အသက်သွင်းလိုက်သည်။ သူ၏လက်ငါးချောင်းမှ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ ကန်ကြီးဘက်သို့ အုပ်မိုးလိုက်သည်။

ဝုန်း.

သို့သော်လည်း ကောင်းကင်ထက်သို့ လှိုင်းများရောက်လာကာ ထိုစွမ်းအင်လှိုင်းများကို ဖောက်ခွဲပစ်လိုက်သည်။

ထိုအကြီးအကဲ ဆွံ့အသွားရသည်။ အခြေအနေများမှာ ရှင်းလင်းနေလေပြီ။ ထိုရွှေရောင်ခြင်္သေ့ ပြောသည်မှာ အမှန်ဖြစ်လောက်သည်။ ဤကန်မှာ အလွန်ထူးဆန်းလှသည်။

ဤကန်ထဲသို့ ကျသွားသည်နှင့် သူတို့အသက်အန္တရာယ်များလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်သွားကြသည်။

စွမ်းအားအကြီးဆုံး အကြီးအကဲများပင်လျှင် ကြောက်ရွံ့သွားကြကာ မစွန့်စားရဲကြ။

“ဟမ် .. သူမသေသေးဘူးလား..” အချို့လူများ ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။

ရှီဟောင်‌ သွေးများစွာအန်သွားပြီး ပါးစပ်၊ နှာခေါင်း၊ နှားရွက်နှင့် မျက်လုံးတို့မှ သွေးများစီးကျလာသည်ကို အားလုံးတွေ့လိုက်ရသည်ပင်။ သို့သော်လည်း သူသည် ယခုအချိန်ထိ အသက်ရှင်နေသေးသည်။

“သူ့ရဲ့အသက်က တကယ်ကိုပြင်းတာပဲ .. သူ မကြာခင် သွေးပုံဖြစ်သွားတော့မယ်လို့ ထင်ထားခဲ့တာ .. သူက အခုထိကို တောင့်ခံနေနိုင်တုန်းလား..”

“ငါတို့ ဟွမ်ကို သူ့လမ်းပို့ပေးလိုက်သင့်တယ်လို့ ငါထင်တယ် .. သူ့ကို ဒီလိုမျိုးလွှတ်ပေးလိုက်တာက သူ့အတွက် လွယ်လွန်းတယ်..” လူငယ်တစ်ဦး ပြောလိုက်သည်။

“ဟုတ်တယ် .. သူ့ကို ဒီနေရာမှာ သေခိုင်းလိုက်တာက အရမ်းနှမြောစရာကောင်းတယ် .. ဒီအေတာအတွင်း ကျွန်တော်တို့ဘက်က လက်ရွေးစင်တွေ ဘယ်နှယောက်လောက်တောင် သေခဲ့ရသလဲ .. သူ့ကို ဖိနှိပ်ပြီး သတ်ပစ်ဖို့လိုအပ်တယ်..” ဤလူများ ခေါင်းညိမ့်လိုက်ကြသည်။

ဝုန်း..

တစ်ယောက်ယောက်မှ ရှီဟောင်၏မျက်ခုံးကြားသို့ လက်သီးချက်တစ်ချက် ပို့လွှတ်လိုက်သည်။

ကံမကောင်းစွာဖြင့် နတ်အလင်းများထွက်ပေါ်လာပြီး နတ်ခွန်အားအားလုံး စုတ်ယူခံလိုက်ရသည်။

ချွမ်း..

တစ်ယောက်မှ လက်နက်တစ်ခု ဖန်တီးလိုက်၏။ ဤသည်မှာ အဖိုးတန်တံဆိပ်တစ်ခုပင်။ ဤသည်မှာ နတ်အရိုးတစ်မျိုးမှ ပြုလုပ်ထားသည့် လေးတောင့်တုံးလေးပင်။ ထိုအတုံးလေးတွင် ရင်းမြစ်စွမ်းအင်အနည်းငယ် ရှိနေပြီး နတ်အလင်းလည်း လှည့်ပတ်နေသည်။

ထိုလေးထောင့်တုံးလေးသည် တောင်ငယ်လေးတစ်လုံးကဲ့သို့ ကန်ကို ဝန်းရံသွားသည်။

ရလဒ်အနေဖြင့် လှိုင်းကြီးများ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ တက်သွားကာ ထို အဖိုးတန်တံဆိပ်ကို ဝန်းရံလိုက်ကာကန်ထဲသို့ သိမ်းယူသွားလေသည်။ ထို့နောက် ထိုတံဆိပ်၏ အရိပ်အယောင်ပင် မမြင်ရတော့။

“ပျောက်သွားပြီ..” ထိုလူငယ်လေး မျက်နှာပျက်သွားရသည်။

ဤသ်ညမှာ အလွန်ရှက်စရာကောင်းလှဿည်။ သူတို့ဟွမ်ကို သတ်ချင်လျှင်ပင် သတ်၍မရ။ ကန်နားသို့ ကပ်သွားသည်နှင့် စွမ်းအားအားလုံး ပျက်စီးသွားကာ စုတ်ယူခံလိုက်ရမည်ပင်။

“ကျွန်တော် ပြီးတော့မှာပါ .. ကျွန်တော် သူ့ကို သတ်မှာကို စောင့်နေကြပါ..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

သူရရှိလိုက်သည့်အကျိုးကျေးဇူးများ များပြားလှသည်။ ဤသည်မှာ အခြားသူများကို မနာလိုဖြစ်စေသည်ပင်။ ရွှေရောင်အလင်းများမှာ မီးဖိုကြီးကဲ့သို့ တောက်ပနေကာ သူ့ကို အကြိမ်ပေါင်းများစွာ ပြုပြင်နေလေသည်။ ရင်းမြစ်စွမ်းအင်များလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

သူသည် သွေးများလဲလှယ်နေသလို အမွေးများလည်း လဲနေသည်။ သူ၏အသွေးအသားမှာ ပို၍ပင် စွမ်းအားကြီးလာသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှီဟောင်၏ ခြေလက်များပင် ပြုတ်ထွက်မတတ်ဖြစ်နေလေပြီ။

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သည် ရှီဟောင်ဘက်သို့ ကြည့်လိုက်ကာ သူ၏ရွှေရောင်မျက်ဆံများမှ နတ်အလင်းတန်းများ ထွက်ပေါ်လာသည်။ “အလကားသက်သက် ငါနဲ့ သဘာဝကံကောင်းမှုတွေ လာလုချင်မနေနဲ့ .. ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းဘေးပတ်လည်ကိုကြည့်လိုက် .. ပြန်လည်ဝင်စားခြင်းကန်က အားလုံးကို အရည်ပျော်အောင်လုပ်ပြီး သက်ရှိအားလုံးကို အဆုံးသတ်နိုင်တယ် .. မင်းက ရှေးဟောင်းဘုန်းကြီးမျိုးဆက်မဟုတ်ရင် မင်းဝင်လာတနဲ့ သေမှာပဲ..”

ရှီဟောင်သူ့အား အရေးစိုက်မနေ။ သူ၏အသွေးအသားနှင့်ဝိညာဉ်များ တစ်စစီဖြစ်တော့မည်ဆိုသော်လည် သူအရှုံးမပေးသေး။

သူ ရွှေရောင်ခြင်္သေ့စကားများကိုမယုံ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ကြွက် ဤကန်ထဲသို့ ဝင်သွားသည်ကို သူမြင်ခဲ့သည်။ ထိုကြွက် အရည်ပျော်မသွားခဲ့။

ရှီဟောင်သည် ထိုသစ်သားသေတ္တာကို တင်းကြပ်စွာ ဆုတ်ကိုင်ထားဆဲပင်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် သွေးစီးတန်းနှစ်ခု ထွက်ပေါ်လာသည်။

သူရွှေရောင်ခြင်္သေ့ကို လှည့်ကြည့်လိုက်သည့်အချိန်တွင် ထင်ထားသည့်အတိုင်း တစ်ဖက်လူသည် ရွှေရောင်ခန္ဓာကိုယ်ကို ထွင်းထုနေခြင်းဖြစ်ပြီး အရေးကြီးသည့်အချိန်သို့ ရောက်နေလေပြီ။

“မင်း စကားများလွန်းတယ်..”

ရှီဟောင် ပြောလိုက်၏။ သူ ဤကန်ကြီး၏ ကန့်သတ်ချက်ကို ချိုးဖောက်ရန် တတ်နိုင်သမျှ ကြိုးစားလိုက်ကာ ထိုရွှေရောင်ခြင်္သေ့ကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

ဝုန်း..

ကောင်းကင်ထက်သို့ လှိုင်းလုံးကြီးများ တက်လာသည်။ ရင်းမြစ်စွမ်းအင်များသည် အချက်ပြ မီးခိုးကဲ့သို့ ကောင်းကင်ထက်သို့ တက်သွားသည်။ ထိုကဲ့သို့ မီးခိုးတန်း ထောင်ပေါင်းများစွာရှိနေပြီး ဤနေရာမှာ အလွန်ကြောက်စရာကောင်းလာသည်။

ရှီဟောင် လက်တစ်ဖက်ကို ခက်ခက်ခဲခဲမြှောက်လိုက်ကာ ထိုရွှေရောင်ခြင်္သေ့ရှိနေသည့်ဘက်သို့ ရိုက်ချလိုက်သည်။

“ဒီလောက်အကြာကြီး ကန့်သတ်ခံထားရတော့ မင်းရဲ့ အသက်ဓာတ်တွေအားလုံး ကုန်သွားသင့်ပြီ .. အဲဒါကို မင်းက လှုပ်ရှားနိုင်သေးတာလား .. မင်းက တကယ်ကို တော်တော်လေး အထင်ကြီးဖို့ကောင်းတာပဲ..” ရွှေရောင်ခြင်္သေ့ အလွန်ထိတ်လန့်နေလေသည်။

ဝေါင်း..

သူ ဟစ်ကြွေးလိုက်ကာ ရှီဟောင်ကို အရင်တိုက်ခိုက်လိုက်သည်။ သူ ရွှေရောင်ခန္ဓာကိုယ်ကို ပြုလုပ်နေခြင်းဖြစ်သောကြောင့် ပြင်းထန်သည့်လှုပ်ရှားမှုများ လုပ်၍မရသော်လည်း သူ့ကိုယ်သူတောင့်မထားနိုင်။

ဗွမ်း..

ရုတ်တရက် ရေပေါ်ပေါ်နေသည့် ရှီဟောင်၏ခန္ဓာကိုယ်လည်း နှစ်မြှုပ်သွားသည်။ သူ့တစ်ကိုယ်လုံး ရေအောက်ရောက်သွားကာ ခြင်္သေ့၏ အသံလှိုင်းတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

ကန်အပြင်ဘက်မှလူများ၏ တိုက်ခိုက်မှုများကို ကန်ကြီးမှ ချေဖျက်လိုက်သော်လည်း ဤခြင်္သေ့မှာ ထူးခြားလှသည်။ ဤနေရာ၌ သူအသာစီးရနေသောကြောင့် ရှီဟောင်သူ့ကို သတိထားနေသည်ပင်။

“ဟွမ်က ဘာလို့ အခုထိ မသေသေးတာလဲ .. သူက စတောင်တိုက်လိုက်သေးတယ် .. ကြည့်လိုက် .. သူကန်ထဲမှာ လှုပ်ရှားနေတယ်..”

ဟွမ် ငါးတစ်ကောင်ကဲ့သို့ ကူးခတ်ကာ ရွှေရောင်ခြင်္သေ့ရှိနေသည့်နေရာသို့ တရှိန်ထိုး သွားနေကြောင်း အားလုံးတွေ့လိုက်ရသည်။ သို့သော် သူ့နောက်၌ သွေးတန်းကြီး ကျန်ခဲ့သည်ပင်။

“ဟား ဟား .. ဒီမြင်ကွင်းက တော်တော်လေး ရယ်စရာကောင်းတာပဲ .. မင်း ကြိုက်သလောက် ရုန်းကန်လိုက်စမ်းပါ .. မင်းဘယ်လောက် ကြိုးစားကြိုးစား နောက်ဆုံးမှာ မင်းအသတ်ခံရမှာပဲ..” ရွှေရောင်ခြင်္သေ့ ရယ်မောလိုက်သည်။ သူ စိုးရိမ်နေခြင်းမရှိ။ “မင်းကို ဒီလိုမျိုးသတ်ရတာက ရေနှစ်နေတဲ့ခွေးကို သတ်ရတာနဲ့ တူနေမလားမသိဘူး..”

ဤသည်မှာ စော်ကားနေခြင်းပင်။ သူသည် ဤစကားများကို တည်ငြိမ်စွာ ပြောနေရင်းဖြင့်ပင် သူ၏ရွှေရောင်လက်ကြီးကို မြှောက်လိုက်ကာ ကန်ရေပြင်ထက်သို့ ဖိနှိပ်လိုက်သည်။

“သတိလက်လွတ်မနေနဲ့ .. သူ့ကို မြန်မြန်ရှင်းပစ်လိုက်တော့ .. သူသာ ဒုတိယမြောက် ထာဝရဘုန်းကြီးဘုရင်ဖြစ်လာရင် အရမ်းပြဿနာများသွားလိမ့်မယ်..” ကန်ဘောင်ပေါ်မှ အကြီးအကဲ လေးနက်စွာ ပြောလိုက်သည်။

အပိုင်း ၁၆၉၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၉၈ – ရှေးဟောင်းရေကန် ဇစ်မြစ်

ဤသည်မှာ တစ်ဖက်လူများ စိုးရိမ်နေသည့်အချက်ပင်။ ရှီဟောင်ကို စောစောရှင်းပစ်နိုင်လေ ပိုကောင်းလေဟု သူတို့ခံစားရသည်။

“သူ့ကို ဒီကိုပစ်လိုက်..” လူငယ်တစ်ဦးမှ အော်ဟစ်လိုက်သည်။ သူနှုတ်ခမ်းသပ်လိုက်ကာ ဖြူဖွေးနေသည့်သွားများကို လှစ်ဟပြလာသည်။ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ပြင်းထန်လွန်းလှသည်။

“ဟုတ်တယ် .. သူ့ကို ဒီတိုင်းသေခိုင်းလိုက်လို့ ဘယ်ဖြစ်မလဲ … ငါတို့ဘက်က လက်ရွေးစင်တွေကိုအလကားသက်သက် အသေမခံခိုင်းနိုင်ဘူး .. သူ့ကို သူတို့အုတ်ဂူရှေ့ခေါ်သွားပြီးတော့ ဒူးထောက်ပြီး သူ့အပြစ်တွေအတွက် တောင်းပန်ခိုင်းရမယ်..” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်သည်။

လူငယ်လေးများမှာ ဆူညံစွာ အော်ဟစ်နေကြပြီး သူတို့၏အမူအရာများလည်း အေးစက်နေကြသည်။

“သူ့ကို ဒီကိုပစ်လိုက်..” အကြီးအကဲလည်း ခေါင်းညိမ့်လိုက်သည်။ ရှီဟောင်ကို သတ်လိုက်ခြင်းထက် ဖမ်းဆီးခြင်းက ပိုကောင်းသည်ဟု သူခံစားရသည်။ သူတို့ သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ချက်များ ပိုသိနိုင်သည်။

ကန်ထဲတွင် ရွှေရောင်ခြင်္သေ့၏ လက်သည်းကြီးကျရောက်လာသည်။ ရွှေရောင်အလင်းများမှာ အလွန်တောက်နေပြီးကန်ကြီးတစ်ခုလုံး တုန်ခါသွားသည်။

သူသည် လက်ရှိတွင် ပြောင်းလဲနေဆဲဖြစ်သောကြောင့် သူ၏လှုပ်ရှားမှုများတွင် ကန့်သတ်ချက်များရှိနေဆဲပင်။ သို့သော်လည်း သူသည် သာမန်လူများထက်တော့ ပို၍အားကောင်းနေဆဲပင်။

ရေအောက်တွင်ရှိနေသည့် ရှီဟောင်သည် သူ့တစ်ကိုယ်လုံး အက်ကွဲနေသကဲ့သို့ ခံစားနေရသည်။

သူ၏ဒွါရ ၇ ပေါက်မှ သွေးများစီးကျနေသော်လည်း သူ၏ခန္ဓာကိုယ် တောက်ပနေဆဲပင်။ ဥက္ကာခဲတစ်ခု ကြွေကျလာသကဲ့သို့ သူ ခြင်္သေ့ကြီး သေလောက်သည့်ရိုက်ချက်ဖြင့် ရိုက်ချတော့မည်။

ဝုန်း..

ကံမကောင်းစွာဖြင့် သူ၏ဒဏ်ရာများမှာ ပြင်းထန်လှသည်။ သူ၏အသက်ဓာတ်ကုန်ဆုံးမှုလည်း များပြားနေလေပြီ။ ကန်ရေ၏ဖိနှိပ်မှုကြောင့် သူ၏အကောင်းဆုံးစွမ်းအားကို မပြသနိုင်တော့။

ရလဒ်မှာ သိသာလှသည်ပင်။ လက်ကြီးရောက်လာသည်နှင့် သူဒဏ်ရာပြင်းထန်စွာ ရှိသွားသည်။

ရွှေရောင်ခြင်္သေ့မှာ ကြီးမားလှပြီး သူ၏လက်သည်းများမှာ ရွှေရောင်ချိတ်ကောက်များကဲ့သို့ပင်။ လက်သည်းတစ်ချောင်း ရှီဟောင်၏ခန္ဓာကိုယ်ကို ပွတ်တိုက်မိသွားကာ သူ့အသားကို ဖောက်ထွက်သွားသည်။ ဒဏ်ရာမှာ သူ့အရိုးများပင် မြင်နေရပြီဖြစ်ပြီး သူ၏ကိုယ်တွင်းအင်္ဂါများပင် လွင့်ထွက်လုနီးပါးပင်။

“စိတ်ဝင်စားစရာပဲ .. မင်းက ကန်ထဲမှာ လှုပ်ရှားနေနိုင်သေးတာလား .. မင်းရဲ့အားက ကန်ရေကြောင့် မကုန်သေးဘူးလား..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ဖူး..

ထိုအချိန်တွင် ရှီဟောင်၏ပုခုံးမှ သွေးတစ်တန်း ပန်းထွက်လာသည်။ သူ၏ညာဘက်လက်တစ်ခုလုံး ပြုတ်ထွက်လုနီးပါးဖြစ်နေလေပြီ။

ထို့နောက် သူ့ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ သူ၏ညာခြေထောက် တုန်ယင်လာသည်။ ထို့နောက် သူ့ခြေထောက် အပိုင်းပိုင်းဖြစ်သွားလေသည်။

အခြေအနေမှာ ဆိုးသထက် ဆိုးလာလေပြီ။ ရွှေရောင်ခြင်္သေ့ လှုပ်ရှားစရာပင်မလိုတော့။ ရှီဟောင် သူ့အလိုလို ပျက်စီးနေလေပြီ။

ဖူး..

ထို့နောက် ရှီဟောင်၏ရင်ဘတ်တွင် အပေါက်တစ်ခုဖြစ်လာသည်။ သူ၏ရင်ဘတ်ရိုးကျိုးသွားကာ ကန်ရေများ သူ့ရင်ဘတ်ထဲသို့ ဒလဟောဝင်သွားသည်။ သူ၏အတွင်းအင်္ဂါများ ပျက်စီးသွားသည်ကို အားလုံးမြင်နေရသည်ပင်။

“ဟား ဟား .. သူ့ရဲ့နောက်ဆုံးအဆင့်ကို ရောက်နေပြီ.. ကြည့်ရတာ ငါလက်လေးနည်းနည်းလောက်လှည့်လိုက်တာနဲ့ မင်းခေါင်းကို ချိုးပစ်လို့ရပြီထင်တယ်..” ရွှေရောင်ခြင်္သေ့ပြုံး၍ ပြောလိုက်သည်။

ကန်ဘောင်ပေါ်တွင်ရှိနေသည့် လူငယ်များ မနာလိုဖြစ်လာကြသည်။ ဟွမ်က ရွှေရောင်ခြင်္သေ့လက်ထဲမှာ သေတော့မှာလား .. ဤသည်မှာ မည်မျှပင် ခမ်းနားသည့်အောင်မြင်မှုဖြစ်သနည်း .. ခမ်းနားကြီးကျယ်ခဲ့သည့်ဟွမ် သေတော့မည်။

အသက်ကြီးသည့်မျိုးဆက်များပင် ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက် ထိုရွှေရောင်ခြင်္သေ့၏ လုပ်ဆောင်နိုင်စွမ်းမှာ ကြီးမားလှသည်။ ထိုသစ်သားသေတ္တာကိုလည်း သူပြန်ယူနိုင်ခဲ့သည်ဟု ပြော၍ရသည်ပင်။

ဟွမ် သေဆုံးသွားသည်နှင့် ရွှေရောင်ခြင်္သေ့လုပ်ရမည်မှာ ထိုသေတ္တာလေးကို ယူရန်ပင်။

“အမ်..”

ရှီဟောင်သည် ပြိုကွဲခါနီးဖြစ်နေသော်လည်း ရုတ်တရက် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလာရသည်။ အဘယ်ကြောင့်ဆိုသော် သူဒဏ်ရာများရရှိထားသော်လည်း သူမခုခံနိုင်လောက်သည်အထိ မဟုတ်သေး။ ထိုနေရာ၌ ထူးဆန်းသည့်အသက်ဓာတ်များ ထုတ်လွှတ်နေသည့် အလွန်သေးငယ်သည့် အလင်းလုံးလေးတစ်လုံး ရှိနေသည်။

ထို့အပြင် ဤကဲ့သို့သော ခုခံမှုကြောင့် သူ့ခန္ဓာကိုယ်မှ မှော်စွမ်းအားအနည်းငယ်ကို ရွှေ့ပြောင်း၍ရလာသလို သူ၏လှုပ်ရှားမှုလည်း အနည်းငယ်ပို၍ မြန်ဆန်လာသည်။

သူ မိုးမခနတ်ဘုရားပညာကိုအသုံးပြုကာ သူ၏ဒဏ်ရာများကို ကုသလိုက်သည်။ သူ၏ခြေ၊ လက်၊ ရင်ဘတ်နှင့် အခြားအစိတ်အပိုင်းများ ပြန်ကောင်းလာရန် မျှော်လင့်မိသည်။

ကံမကောင်းစွာဖြင် ထိုအသက်ဓာတ်လှိုင်းမှာ အားနည်းလှကာ ကုသနိုင်ရန် ခက်ခဲလှသည်။ ထို့အပြင် ကန်မှဖြစ်လာသည့် ဒဏ်ရာများမှာ ပို၍ပြင်းထန်သောကြောင့် အကျဉ်းချုပ်ရလျှင် သူ၏အခြေအနေမှာ ဆိုးရွားလာနေဆဲပင်။

“ဟမ်..” ရွှေရောင်ခြင်္သေ့ တစ်ခုခုကို သတိထားမိသွားကာ လျင်မြန်စွာ လှုပ်ရှားလာသည်။ သူလည်း အနည်းငယ် စိုးရိမ်လာမိသည်ပင်။

သူ့အမြင်တွင် ဟွမ်ကို သာမန်အတိုင်းဆုံးဖြတ်၍မရ။ သူသာ အောင်မြင်သွားပြီး ဒုတိယထာဝရဘုန်းကြီးဘုရင်ဖြစ်လာလျှင် ဤသည်မှာ သေချာပေါက် သူ့အတွက် အန္တရာယ်များမည်ပင်။

သူ မအောင်မြင်သွားခင် သူရွှေရောင်ခန္ဓာကိုယ် ရရှိသွားလျှင်ပင် သူ့အတွက် မကောင်းသေး။

ဝုန်း..

ရွှေရောင်ခြင်္သေ့ သူ၏ လက်ကြီးများဖြင့် ရိုက်ချလာသည်။ ထို့အပြင် သူသည် ထိုသစ်သားသေတ္တာကိုပင် လုယူရန် လှုပ်ရှားလိုက်သည်။

ရှီဟောင် ထိုလက်များကို ထိပ်တိုက်မရင်ဆိုင်။ သူ၏ပြောင်းလဲမှုများ တစ်ဖြည်းဖြည်း အကောင်းဘက်သို့ ဦးတည်လာသောကြောင့် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ သူ့ကိုယ်သူ ကာကွယ်ရန်၊ အသက်ရှင်နိုင်ရန်ပင်။ သူဤနေရာ၌ ကျသွား၍မဖြစ်။

သူ အပြင်ဘက်သို့ ရွှေ့သွားလိုက်သည်။ ဤရွှံ့နွံကဲ့သို့သော ရေကန်မှာ သူ့ကို အပြည့်အဝ ကန့်သတ်မထားနိုင်။ သူလျင်မြန်စွာ လှုပ်ရှားနိုင်နေဆဲပင်။

သို့သော်လည်း ရွှေရောင်ခြင်္သေ့သည် ဤနေရာ၌ အသာစီးရနေသည့်သူပင်။ ဤကန်၏ ကန့်သတ်ချက်များမှာ သူ့အပေါ် နည်းပါးလှသည်ပင်။ ရွှေရောင်လက်သည်းတစ်ချောင်း သူ့မျက်ခုံးကြားကို ထိုးဖောက်ခုနီးပါးဖြစ်သွားသည်။

“သူ့ကိုသတ်..” အကြီးအကဲအချို့၏အမူအရာများလည်း ပြောင်းလဲလာကြသည်။ သူတို့ ဟွမ်ကို မဖမ်းလိုတော့။

“ကောင်းတယ် .. ဒီကို ဒီလိုမျိုးသတ်ရတာလည်း အရသာရှိမှာပါ..” ရွှေရောင်ခြင်္သေ့ အေးစက်စွာ ပြောလိုက်သည်။

သူအနည်းငယ်လှုပ်ရှားကာ ရှေ့သို့တက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရွှေရောင်ခန္ဓာကိုယ် သွန်းလုပ်ခြင်းမှာ ပြီးဆုံးတော့မည်ဖြစ်သဖြင့် သူဘာကိုမှ စိုးရိမ်နေစရာမလိုတော့။

နတ်ခွန်အားများ ချက်ချင်းထွက်ပေါ်လာကာ စွမ်းအင်များလည်းကြွတက်လာ၏။ နတ်ချိန်းကြိုးများလည်း နေရာတိုင်း၌ သိပ်သည်းစွာ ဖုံးလွှမ်းလာသည်။

ရှီဟောင် သက်ပြင်းချလိုက်၏။ ယနေ့တော့ သူတကယ်ကို သေမင်းထံသို့ ခေါင်းတိုးဝင်ခဲ့သည်ပင်။ ကန်ပေါင်ပေါ်တွင် သူ့ကို သားကောင်ကို စောင့်ကြည့်နေသည့် ကျားများကဲ့သို့ စိုက်ကြည့်နေသည့်သူတစ်စု ရှိနေသည်။ ထိုလူအများစုမှာ စွမ်းအားကြီးသည့်သူများပင်။ သူ ကုန်းပေါ်သို့ တက်သွား၍မရ။

သို့သော်လည်း ဤရေမှာ ထူးဆန်းလှသည်။ သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်တော့မည်။ ထို့အပြင် သူ့ကို အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့လည်း တိုက်ခိုက်နေသေးသည်။

နောက်ဆုံးတွင် ရှီဟောင် အံကြိတ်ကာ သစ်သားသေတ္တာကိုသယ်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ကန်အောက်ခြေသို့ ကူးသွားလိုက်သည်။ သူသေသေရှင်ရှင် ဤလူများလက်ထဲတော့ မရောက်ချင်။

“မင်းက ဘယ်သွားချင်နေတာလဲ..” ရွှေရောင်ခြင်္သေ့ အမူအရာ ပြောင်းလဲသွားကာ သူ့နောက်လိုက်သွားလေသည်။

သို့သော်လည်း ရှီဟောင်သည် ပြတ်သွားစွာဖြင့် အလွန်လျင်မြန်စွာပင် ကူးခတ်သွားလိုက်သည်။ သူသေရမည်ဆိုလျှင်ပင် တစ်ခြားလူသတ်သည်ကို သတ်၍ အသေမခံနိုင်။

ထိုသို့ကူးနေစဉ် သူ၏လက်များ၊ အတွင်းအင်္ဂါများနှင့် အခြားအရာများအားလုံး ပျက်စီးသွားသည်။ နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ပုံပျက်လာကာ သူ၏ဦးခေါင်းခွံပင် ကွဲအက်လာသည်။

သူ၏အသွေးအသား မည်မျှစွမ်းအားကြီးသည်ကို သိထားရမည်ပင်။ သို့သော်လည်း ယခုတော့ ကြွေထည်ကဲ့သို့ အက်ကွဲလာသည်။

ဤကန်မှာ ကြောက်စရာကောင်းလှသည်။

ရွှေရောင်ခြင်္သေ့သည် အတော်ဝေးဝေးထိ လိုက်လာသေးသော်လည်း သူ၏အမူအရာ လုံးဝပြောင်းလဲသွားသည်။ ထို့နောက် သူဆက်လိုက်မသွားတော့။ အဘယ်ကြောင့်ဆိုသော် သူ ရွှေရောင်ခန္ဓာကိုယ်ရအောင်လုပ်နေသည်ပင်။ သူသာ ဆက်သွားလျှင် သူ၏တာအိုအသီးအပွင့် ပျက်စီးသွားလိမ့်မည်။

ပြောင်းလဲမှု မပြီးသေးခင်မှာပင် ရွှေရောင်ခန္ဓာကိုယ်ဟုခေါ်သည့်အရာ ပျက်စီးသွားလိမ့်မည်။

သူ၏မျက်လုံးမှ အေးစက်သည့်အလင်းများ တောက်ပလာသည်။ ထိုပုံရိပ် ရေထဲတစ်ဖြည်းဖြည်း နှစ်သွားသည့်အပြင် သူ၏ခန္ဓာကိုယ်လည်း တစ်စစီဖြစ်လာသည်ကို မြင်လိုက်ရသည့်အချိန်မှ သူစိတ်သက်သာရာရသွားတော့သည်။

ကန်အောက်ခြေမှ မည်ကဲ့သို့သော နေရာဖြစ်ကြောင်း မည်သူမှ မသိ။ ဤသည်မှာ အပေါ်ဘက်ပိုင်းထက်ပင် ပို၍ ကြောက်စရာကောင်းသေးသည်။

ရွှေရောင်ခြင်္သေ့ ကန်မျက်နှာပြင်ထက်သို့ ပြန်ပေါ်လာသည်။ သူ၏အမူအရာမှာ အလွန်မှုန်မှိုင်းနေသည်ပင်။

ကန်ဘောင်ပေါ်တွင်ရှိနေသည့် တစ်ဖက်လောကမှ ကျင့်ကြံသူများ ထိတ်လန့်သွားရသည်။ အဲဒီသစ်သားသေတ္တာကို ဘာလို့ပြန်မယူလာတာလဲ..

“ဟွမ် ဘယ်မှာလဲ … သူသေသွားပြီလား .. သေတ္တာဘယ်မှာလဲ..” အကြီးအကဲတစ်ယောက် အလောတကြီး မေးလိုက်သည်။

သစ်သားသေတ္တာမှာ အဓိကပြဿနာကြီးပင်။ ထိုသေတ္တာကို ဆုံးရှုံး၍မရ။

“စိတ်မပူပါနဲ့ .. သူသေသွားပြီ … သူအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး .. ကျွန်တော့်ခန္ဓာကိုယ်ကို ပြုပြင်ပြီးသွားရင် ကျွန်တော် ကန်အောက်ခြေကိုသွားဖို့ ကြိုးစားပြီး သေတ္တာကို ယူလိုက်မယ်..” ရွှေရောင်ခြင်္သေ့ ပြန်ဖြေလိုက်သည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သူက ကန်အောက်ခြေကို သွားဖို့ ကြိုးစားမယ်လို့ ပြောလိုက်တာလား .. ကန်အောက်ခြေက အရမ်းကြောက်ဖို့ကောင်းလို့လား..

“ကန်အောက်ခြေက အရမ်းလန့်ဖို့ကောင်းတယ် .. အားလုံးထင်ထားတာထက် ပိုပြီးတော့ ထူးခြားတယ်..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

“ကန်ကြီးက ဘယ်လိုဖြစ်လာတာလဲ .. ကန်အောက်ခြေမှာ ဘာတွေ ရှိနေတာလဲ..” ကျင့်ကြံသူတစ်ယောက်မေးလိုက်သည်။

“ဒီကန်ကို ဗုဒ္ဓက လုပ်ခဲ့တာ .. ဒီထဲမှာ ထူးခြားတဲ့ကောင်းကင်နဲ့ကမ္ဘာမြေကြီး အမိန့်တွေကို သိမ်းဆည်းထားတာ .. ဒီရေက အရမ်းကြောက်စရာကောင်းတယ်လို့ ထင်နေကြပေမယ့် တကယ်တမ်းက ဒါက ပြိုင်ဘက်ကင်းတဲ့ဆေးရည်၊ နတ်ဆေးရည်ပဲ..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

“နတ်ဆေးရည်ဟုတ်လား..” ကမ်းခြေ၌ရှိနေသည့်သူများ နားမလည်နိုင်ဖြစ်သွားကြသည်။ ဒီရေက သူတို့ခန္ဓာကိုယ်ကို တိုက်စားနေကာ သူတို့အနားတောင်ကပ်လို့မရဘူး .. ဒီရေမှာ ဘာမြင့်မြတ်မှုမှ မရှိဘူး..

“ပြောကြတာတော့ မျိုးဆက်ပေါင်းများစွာက ဘုန်းကြီးတွေ တရားထိုင်ရင်းသေသွားရင် သူတို့ပိုင်ဆိုင်မှုကို ဒီကန်ထဲ မြှုပ်ပစ်ကြတာ .. ရှေးဟောင်းဗုဒ္ဓတွေ သေသွားရင်လည်း သူတို့အရိုးကို ပြန်လည်ဝင်စားခြင်းကန်ထဲ မြှုပ်ခဲ့ကြတယ် .. အဲဒါကနေ ဒါက နတ်အရည်ဖြစ်လာတာ..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

ဤသည်မှာ အားလုံးကို ကြောက်ရွံ့သွားစေသည်။ ဒီကန်ထဲက ရေတွေက ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်တွေ သေပြီးတဲ့နောက်ဖြစ်လာတဲ့ရေတွေလား..

ဤကဲ့သို့သော ကန်ထဲ၌ စိမ်ရန်မှာ စဉ်းစားကြည့်လိုက်ရုံဖြင့် ကြက်သီးထလာသည်။

“အားလုံး အတွေးလွန်နေပါပြီ .. ထာဝရဘုန်းကြီးတွေဆိုတော့ သူတို့ခန္ဓာကိုယ်မှာ ဘယ်လိုလုပ် မသန့်စင်မှုတွေ ရှိနေမှာလဲ .. သူတို့ခန္ဓာကိုယ်မှာ နတ်အော်ရာတွေ ပြည့်နှက်နေတယ် .. သူတို့ရဲ့အသွေးအသားနဲ့သွေးတွေက အစောကတည်းက သန့်စင်သွားပြီ .. သူတို့တွေက အသက်ရှည်ခြင်းကို မရခဲ့ပေမယ့် ဒီကန်ထဲကို ဝင်ပြီးတာနဲ့ သူတို့ခန္ဓာကိုယ် သန့်စင်သွားပြီ .. သူတို့အရိုးတွေကို ဒီမှာ မြှုပ်ထားတယ်လို့ ပြောရမယ့်အစား သူတို့ရဲ့နတ်ခွန်အားတွေကို ဒီမှာစုထားတာလို့ပြောရင် ပိုမှန်လိမ့်မယ်..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

“ဟွမ် အဲဒီအောက်ကို ဆင်းသွားတာ .. သူအသက်ရှင်ပြီးတော့ အကျိုးကျေးဇူးတွေ ရသွားရင်ရော..” တစ်စုံတစ်ယောက်မှ အလောတကြီးမေးလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ကန်အောက်ခြေက ပိုပြီးတော့တောင် အန္တရာယ်များတယ် .. ဝင်သွားလိုက်တာနဲ့ အသွေးအသားတွေ ပေါက်ကွဲသွားပြီးတော့ မူလဝိညာဉ်လည်း အလင်းမိုးအဖြစ် ပြောင်းသွားလိမ့်မယ်…” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

“ဘာလို့လဲ..”

“ကန်အောက်ခြေက မတူဘူး .. ပြောကြတာက အရမ်းစွမ်းအားကြီးတဲ့ တစ်ချို့ရှေးဟောင်းဘုန်းကြီးတွေက အကုန်လုံး အရည်ပျော်မသွားဘူး .. သူတို့ရဲ့ခန္ဓာကိုယ်က ရှိနေတုန်းပဲ .. အဲဒီခန္ဓာကိုယ်က ကန်အောက်မှာ စုသွားတာ .. ဟွမ် အောက်ဆင်းသွားရင် သူက အဲဒီလိုဖိအားမျိုးကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ … သူ့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ်..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

အပိုင်း ၁၆၉၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၉၉ – အသစ်တစ်ခုရလာရန် အဟောင်းကို စွန့်ပယ်ခြင်း

ဤစကားကို ကြားလိုက်ရသည်နှင့် ကန်ဘောင်ပေါ်မှလူများ ထိတ်လန့်သွားကြသည်။ ဒီကန်မှာ ဒီလိုသမိုင်းကြောင်းကြီး ရှိနေတာလား..

ဗုဒ္ဓများကို မြေမြှုပ်ရာသင်္ချိုင်း၊ ထာဝရဘုန်းကြီးများ၏ အရိုးများတည်ရှိရာနေရာ.. ဤသည်မှာ အားလုံးကို ကျောချမ်းသွားစေသည်ပင်။

အထူးသဖြင့် ရှေးဟောင်းဘုန်းကြီး သွေးမျိုးဆက်မှ ဆက်ခံသူများအတွက်တော့ ဤနေရာမှာ ထူးခြားကာ မြင့်မြတ်သည့်နေရာပင်။

“ဒါက နတ်အဖိုးတန်ရည်တွေလား..” လူငယ်တစ်ယောက် လဲကျလုနီးပါးပင်။

ဤနေရာ၌ လျှို့ဝှက်ချက်များရှိကြောင်း အချို့သူများ ယုံကြည်နေကြသည်ပင်။ ဤနေရာမှာ ပြန်လည်ဝင်စားခြင်းကို ဖန်တီးနိုင်ပြီး ပြန်လည်မွေးဖွားရာနေရာတစ်ခု ဖြစ်လာသောကြောင့် ဤကန်ထူးခြားမည်မှာ သေချာသည်။

သို့သော်လည်း မည်သူကများ ဤသည်ကို စစ်ဆေးရဲမည်နည်း..

မည်သူမှ ကန်ထဲသို့ မဝင်နိုင်ကြ။ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့များအတွက်ပင် ခက်ခဲလှသည်။ ဤသည်ကို စကားလုံးများဖြင့် ဖော်ပြရုံသာ တတ်နိုင်သည်။

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ဘာမှမပြောတော့။ သူ့မျက်လုံးများကို ပိတ်ထားလေပြီ။ သူသည်ပြိုင်ဘက်ကင်းသည့်ရွှေရောင်ခန္ဓာကိုယ် ရအောင်လုပ်နေပြီး ဒဏ္ဍာရီလာဘုန်းကြီးကျွမ်းကျင်သူဖြစ်အောင် လုပ်နေခြင်းပင်။

သူတို့မိသားစုသည ယခင်က ဘုန်းကြီးသွေးမျိုးဆက်နောက်လိုက်ခဲ့ဖူးသောကြောင့် ဤမျိုးဆက်အကြောင်းကို သူတို့သိကြသည်ပင်။

ကန်ဘောင်ပေါ်မှ ကျင့်ကြံသူအချို့လည်း ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်များ၏ တိုက်ပွဲအောင်မြင်မှုများအကြောင်း ပြောနေကြသည်။

“ဒီဘုန်းကြီးတွေက တကယ်ကို အထင်ကြီးဖို့ကောင်းတယ် .. အရင်တုန်းက ငါတို့လောကဘက်က ကျွမ်းကျင်သူတွေ ကောင်းကင်ဘုံကိုးခုကို အနိုင်ရသွားတော့ အခြေအနေတွေ ငြိမ်းချမ်းသွားပြီလို့ သူတို့ထင်ခဲ့တာ .. ဒါပေမဲ့ ဘုန်းကြီးအိုတွေ နည်းနည်းလောက်ရှိနေတဲ့ လှိုဏ်ဂူလေးထဲကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. နောက်ဆုံးတော့ ငါတို့ဘက်က စစ်တပ်ကြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တာ..”

“ဟုတ်တယ် … အရင်တုန်း အသက်မကြီးသေးတဲ့ ဘုန်းကြီးငယ်လေးတစ်ပါးတောင် ငါတို့ဘက်က စစ်တပ်ကြီးကို ရှင်းပစ်ခဲ့တာလို့ ငါလည်းကြားဖူးတယ်..”

ဤသွေးမျိုးဆက်နှင့် ပတ်သက်သည့်ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။

“ခြင်္သေ့လေး .. မင်းကန်အောက်ခြေထိသွားပြီး အဲဒီသေတ္တာကို ယူနိုင်တယ်ဆိုတာ သေချာလို့လား..” ကျင့်ကြံသူကြီးတစ်ယောက် မေးလိုက်သည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် .. ဘာပြဿမှာ မရှိလောက်ပါဘူး..” ရွှေရောင်ခြင်္သေ့ ပြန်ပြောလိုက်သည်။

သူလည်း တစ်ရာရာခိုင်နှုန်းမသေချာ။ အဘယ်ကြောင့်ဆိုသော် ဒဏ္ဍာရီများသား မှန်ကန်ပါက ထိုနေရာမှာ အလွန်ထူးခြားလှပြီး ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်များ၏ အကြွင်းအကျန်များ ရှိနေမည်ပင်။

ဒဏ္ဍာရီအရဆိုလျှင် ဤနေရာ၌ ထာဝရဘုန်းကြီးဘုရင်ထက် ပိုရှေးကျသည့်သူများပင် ရှိသည်ဟု ပြောကြသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရဘုန်းကြီးဘုရင်ပေါ်လာသည့်အချိန်က ဤလောက၌ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက် ရှိနေပြီးသားပင်။

ကန်ဘောင်ပေါ်မှ လူအားလုံး စိုးရိမ်လာကြသလို ထိုသေတ္တာမရမည်ကိုလည်း ကြောက်ရွံ့လာကြသည်။

သူတို့ ကောင်းကင်မျက်လုံးများ ဖွင့်ရန်ကြိုးစားသော်လည်း သူတို့ကန်ရေပြင်ကို ဖောက်ထွင်းမမြင်နိုင်။

နတ်စိတ်ဝိညာဉ်နှင့် အခြားပုံစံများဆိုလျှင် ချဉ်းကပ်၍ပင်မရ။ ကန်၏ဝါးမြိုခြင်းကို ခံလိုက်ရသည်ပင်။

လှိုင်းလုံးများအောက်တွင် ရှီဟောင်၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ တကယ် ပြိုကျသွားလေပြီ။ သူ၏မူလဝိညာဉ်ပင်လျှင် အလင်းလုံးလေးအဖြစ် ပြောင်းလဲသွားကာ သူ၏ဦးခေါင်းခွံထဲမှ ထွက်ခွာသွားတော့မည်။

ဤသည်မှာ အလွန်ပြင်းထန်သည့်ဒဏ်ရာဖြစ်ပြီး သူဤနေရာ၌ သေဆုံးသွားနိုင်သည်။

ထိုအခိုက်အတန့် သူ အလွန်ထိတ်လန့်စရာကောင်းသည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ ဒီကန်ရေက မရေမတွက်နိုင်တဲ့ကျွမ်းကျင်သူတွေကို ဖျက်ဆီးပြီးတော့ ဖြစ်လာတဲ့ရေတွေလား..

ထိုသို့သာဆိုလျှင် တကယ်ကို ကြောက်စရာကောင်းလှမည်ပင်။

သူ၏နဖူးရိုးအက်ကွဲလာကာ ကန်ရေများဝင်ရောက်လာပြီး သူ၏မူလဝိညာဉ်ကို ပြင်းထန်သည့်ဒဏ်ရာများဖြစ်အောင် လုပ်နေသည်။

ဤအတိုင်းသာဆက်သွားလျှင် သူလည်း ထိုလူငယ်ကျင့်ကြံသူများနောက် လိုက်သွားရတော့မည်။

သူ၏ခန္ဓာကိုယ်ထဲတွင် ဤကန်ရေမှ စွမ်းအားလှိုင်းများကို ခုခံနေသည့် ထူးဆန်းသည့်အသက်စုလေးတစ်ခု ရှိနေသည်။ သို့သော် ထိုအသက်စုသည် လုံလောက်အောင်စွမ်းအားမကြီးသောကြောင့် သူ့ကို ဤအခြေအနေမှ မဆွဲထုတ်နိုင်။

“ငါ့အတွက် စုစည်းပေး..” ရှီဟောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ပျက်စီးနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို မိုးမခနတ်ဘုရား၏ ပညာဖြင့် ပြန်ဆက်ထားလိုက်သည်။

“အဆင့်တက်မယ် .. အခုက အဆင့်တက်ဖို့အချိန်ပဲ..” ရှီဟောင် တီးတိုးပြောလိုက်သည်။

သူ၏ခန္ဓာကိုယ်ကို ပြန်ဆက်ပြီးသွားသည်နှင့် သူ အဆင့်တက်သည့်အမှတ်ကို တိုက်ခိုက်လိုက်သည်။ ဤနေရာမှာ အလွန်အေးချမ်းလှသောကြောင့် သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ အဆင့်တက်ချင်သည်။

ဝုန်း..

သူ့ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသည့် နတ်အလင်းများ ထွက်ပေါ်လာသည်။

ဤသည်မှာ သူ့ခန္ဓာကိုယ်ထဲ၌ ပွင့်လာသည့် ဂိတ်တံခါးများပင်။ ထိုဂိတ်တံခါးများသည် စွမ်းအားကြီးသည့် အသက်ဓာတ်များ ထုတ်လွှတ်ကာ သူ့ခန္ဓာကိုယ်ကို ကုသပေးပြီး သူ၏မူလဝိညာဉ်ကိုလည်း ပြန်လည်ထိန်းသိမ်းပေးသည်။

သို့သော်လည်း ဤဂိတ်များပေါ်လာသောကြောင့် ရှီဟောင်၏အခြေအနေ ပိုမိုဆိုးရွားလာသည်။

ကန်အောက်ခြေ၌ ရွှေရောင်စွမ်းအားများ ထွက်ပေါ်လာပြီး ရှီဟောင်ကို တိုက်စားလာသည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းစုတ်ဖြဲလိုက်သည်ထက်ပိုဆိုးသည်။

သိထားရမည်မှာ နတ်ဆေးတောင်တန်း၌ သူတာအိုဒဏ်ရာများ ရရှိခဲ့ပြီး ယခု ဤနေရာ၌ သူထပ်ခါတလဲလဲ ဖိနှိပ်ခံခဲ့ရသောကြောင့် သူ၏ဒဏ်ရာများ ပိုဆိုးလာသည်ပင်။

“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ..” ရှီဟောင် ထိတ်လန့်သွားရသည်။ သူ အဆင့်တက်ရန် ကြိုးစားနေချိန် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုး ကြုံတွေ့လိုက်ရခြင်းပင်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ် ပြိုကွဲသွားကာ မူလဝိညာဉ်လည်း သူ၏ ဦးခေါင်းခွံမှ ထွက်ခွာသွားသည်။ ထိုဝိညာဉ်သည် တောက်ပနေသော်လည်း ထိုရွှေရောင်စွမ်းအားလှိုင်း၏ တိုက်စားခြင်း ခံနေရသည်။

ယခုအချိန်တွင်တော့ သူ သွေးပုံအဖြစ် ပြောင်းလဲသွားကာ ကန်အောက်ခြေသို့ ဆွဲချခံလိုက်ရလေပြီ။

ဤနေရာရှိ ကန်ရေမှာ ပို၍သိပ်သည်းလာပြီး မယုံကြည်နိုင်လောက်သည့် စွမ်းအားများ ပါဝင်နေသည်။

ကန်အောက်ခြေ၌ အရိုးများ ရှိနေပြီး တစ်ပုံနှင့်တစ်ပုံ ဆက်နေသည်ပင်။

ကန်ရေမျက်နှာပြင်သည် မြင့်မြတ်ပုံပေါ်ကာ တောက်ပသည့်အလင်းများထုတ်လွှတ်နေသည်။ သို့သော်လည်း ကန်အောက်ခြေမှာမူ ကြောက်စရာကောင်းလှသည်။ နေရာတိုင်း၌ ပျက်စီးနေသည့်အရိုးများ ရှိနေသည်။

ဒါကဘယ်လိုမြင်ကွင်းမျိုးကြီးလဲ..

ဒါက ရွှေရောင်ခြင်္သေ့ပြောတဲ့ ရှေးဟောင်းဘုန်းကြီးတွေရဲ့ နောက်ဆုံးနေရာလား ..

ရှီဟောင်အတော်လေး တုန်လှုပ်သွားရသည်။ ထို့အပြင် ယခုအချိန်မှာ သူ့ဘဝ၏ အန္တရာယ်အများဆုံးအချိန်ပင်။ ရွှေရောင်အလင်းများမှာ ထိုအရိုးမှ ထုတ်လွှတ်နေခြင်းဖြစ်ပြီး သူ့ကို လုံးဝပြုပြင်ချင်နေသည်။

ဝုန်း..

အထူးသဖြင့် အရိုးပုံများ၏ ထိပ်၌ရှိနေသည့် အရိုးအချို့မှာ အစကတည်းကရွှေရောင်ပင်။ ထိုအလင်းမှာ အလွန်နူးညံ့လှပြီး သူ့အားဝန်းရံလာသည်။

ယခုအချိန်တွင် သူ၏အခြေအနေ အလွန်ဆိုးရွားလှသည်။ သူသည် လူသားပုံစံပင်မရှိတော့ပဲ အသွေးအသားနှင့် အရိုးပုံကြီး ဖြစ်နေလေပြီ။ သူ ဤအတိုင်းသာ ကန့်သတ်ခံထားရလျှင် အလွန်အန္တရာယ်များလိမ့်မည်။

ဤအလင်းများသည် ရွှေရောင်မီးဖိုကဲ့သို့ လောင်ကျွမ်းလာပြီး သူ့အား လောင်ကျွမ်းနေစေသည်။ ရှီဟောင်၏မူလဝိညာဉ်လည်း ပြိုကွဲသွားကာ သူ့ခန္ဓာကိုယ်ကဲ့သို့ တစ်ခုတည်းမရှိနိုင်တော့။

“ငါတကယ် ဒီနေရာမှာ သေရတော့မှာလား..” ရှီဟောင် မကျေနပ်။

သူ လက်မခံနိုင်။ သူရုန်းကန်နေဆဲပင်။ သူ၏အဆင့်တက်ခြင်းကတော့ ယာယီရပ်တန့်သွားလေပြီ။

ဝုန်း..

ရှီဟောင်၏ အသွေးအသား ပေါက်ကွဲသွားကာ သွေးမြူဖြစ်သွားသည်။ သူ၏အရိုးများပင်လျှင် သဲကဲ့သို့သော အမှုန်များဖြစ်သွားသည်။

သူ၏မူလဝိညာဉ်ပင်လျှင် အပိုင်းအစများအဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့ ပျံ့ကြဲသွားသည်။

သို့သော်လည်း ရှီဟောင် သူမသေစေရန်အတွက် နည်းလမ်းပေါင်းစုံသုံးကာ ကြိုးစားရုန်းကန်နေဆဲပင်။

ထိုအချိန် အဖိုးတန်ပညာပေါင်းစုံ ပေါ်လာပြီး သင်္ကေတပေါင်းစုံလည်း ထွက်ပေါ်လာသည်။ သူ စဉ်းစား၍ရသည့်နည်းလမ်းမှန်သမျှ အသုံးပြုလိုက်ခြင်းပင်။

ထိုအချိန် ထူးဆန်းသည့်ကျမ်းစာသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ မပျက်စီးနိုင်သည့်ကျမ်းစာမှန်း သူသိသည်။ ထိုကျမ်းစာသည် သင်္ကေတများအဖြစ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားကာ သူ၏ပျက်စီးနေသည့် အသွေးအသားများနှင့် ပေါင်းစည်းသွားသည်။

ဤသည်မှာ ရွှံ့ရုပ်လုပ်နေသကဲ့သို့ပင်။

မပျက်စီးနိုင်သည့်ကျမ်းစာမှာ အစကတည်းက အသွေးအသားကို ကျင့်ကြံသည့် စွမ်းအားကြီးသည့်ပညာပင်။

အကြိမ်ပေါင်း ထောင်ပေါင်း၊ သောင်းပေါင်းများစွာ ပြုပြင်ပြီးနောက် အသွေးအသားများ စတင်ထွက်ပေါ်လာကာ နောက်ဆုံး ခန္ဓာကိုယ်တစ်ခု ပုံပေါ်လာသည်။

သူ၏အရိုးများလည်း ကြီးထွားလာပြီး နောက်တစ်ကြိမ် ပြန်ဆက်သွားသည်။

သူ၏အသွေးအသားများ ပြန်လည်ဖြစ်တည်လာသော်လည်း သူ၏မူလဝိညာဉ်မှာမူ ထိုမျှကံမကောင်း။ အပိုင်းပိုင်းအစစ ဖြစ်နေဆဲပင်။

အပျက်စီးနိုင်သည့်ကျမ်းစာသည် ပြိုင်ဘက်ကင်းသည့်ပညာတစ်ခုဖြစ်ပြီး ယခင်က စွမ်းအားအကြီးဆုံး ထိပ်တန်းရှေးဟောင်းကျမ်းစာသုံးခုထဲမှ တစ်ခုပင်။ ကံမကောင်းစွာဖြင့် ဤပညာသည် အသွေးအသားများကိုသာ ပြုပြင်နိုင်ပြီး မူလဝိညာဉ်များကို မပြုပြင်နိုင်။

ဝုန်း..

ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏မူလဝိညာဉ်အလင်းသည် သူ၏ခန္ဓာကိုယ်ထံသို့ ပြန်သွားနိုင်ရန်အတွက် တတ်နိုင်သမျှ ကြိုးစားနေသည်။ ထိုအပိုင်းအစများသည့် သူ၏ဦးခေါင်းခွံထံသို့ ပြန်သွားနေသော်လည်း နောက်ဆုံးတွင် ရွှေရောင်ဦးခေါင်းခွံများမှ သူ၏မူလဝိညာဉ်အလင်းများကို စုတ်ယူလာသည်။ သူကြိုက်သလို လုပ်၍မရတော့။

ကန်အောက်ခြေ၌ နတ်အရိုးအပိုင်းအစများစွာရှိနေပြီး ရွှေရောင်အရိုးများမှာ ပို၍ထူးဆန်းသည်။ သူသည် ရှီဟောင်၏ မူလဝိညာဉ်ကိုပင် စုတ်ယူနိုင်သည်။

ဖူး..

နောက်ဆုံးတွင် ထိုမူလဝိညာဉ်အပိုင်းအစများ တောက်ပလာပြီး သူ၏ရင်ဘတ်ထဲသို့ တရှိန်ထိုး ပြေးဝင်သွားကာ သူ၏အတွင်းအင်္ဂါများနှင့် ပေါင်းစည်းသွားသည်။ သူတို့ ပြန်ထွက်မလာချင်တော့။

“အသွေးအသားကို ပြန်တည်ဆောက်တယ် .. မူလဝိညာဉ်ကိုပြန်တည်ဆောက်တယ်..” ရှီဟောင် တီးတိုးပြောလိုက်သည်။

သူ ဤနေရာ၌ အဆင့်တက်ကာ ပြောင်းလဲရန် မျှော်လင့်မိသည်။ မပျက်စီးနိုင်သည့်ကျမ်းစာ အသက်ဝင်လာကာ သူ့၏ဒဏ်ရာရရှိထားသည့် ခန္ဓာကိုယ်ကို ကုသကာ စွမ်းအားများ စုစသည်းနေသည်။

ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်၌ ထူးဆန်သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏အတွင်းအင်္ဂါများတွင် ထူးဆန်းသည့်နန်းတော်တစ်ခု ဖြစ်ပေါ်လာပြီး သူ၏မူလဝိညာဉ်အပိုင်းအစများကို မြှုပ်နှံလိုက်လေ၏။
အပိုင်း ၁၆၉၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၀ – မပျက်စီးနိုင်သည့် ခန္ဓာကိုယ်

သူ၏အသွေးအသား ပြန်လည်တည်ဆောက်လာသည်။ ရေ၏ ကြောက်စရာကောင်းသည့်စွမ်းအားနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ရှီဟောင်၏ မပျက်စီးနိုင်သည့်ကျမ်းစာမှာ အတော်လေး အသုံးဝင်လှသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာသည့် မူလဝိညာဉ်များသည် သူ၏အတွင်းအင်္ဂါများနှင့်ပေါင်းစည်းသွားလေ၏။

သူ၏ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းအင်္ဂါငါးမျိုး တောက်ပလာကာ နန်းတော်ငါးခု ဖြစ်လာပြီး သူ၏မူလဝိညာဉ်ကို ကာကွယ်ပေးလာသည်။

အဘယ်ကြောင့်ဆိုသော် အပြင်ဘက်မှ တိုက်စားနေသည့်စွမ်းအားရှိနေဆဲဖြစ်ပြီး သူ၏အသွေးအသားနှင့် မူလဝိညာဉ်ကို ထိခိုက်နေစေဆဲပင်။

သူ၏အသွေးအသားကို မပျက်စီးနိုင်သည့်ကျမ်းစာမှ ကာကွယ်ပေးထားသည်။ သူ၏အသွေးအသားများ၌ ထူးဆန်းသည့်သင်္ကေတများ ဖြစ်ပေါ်လာကာ နောက်တစ်ကြိမ် ပေါက်ကွဲမသွားအောင် လုပ်ပေးနေသည်။ သို့သော် သူ၏မူလဝိညာဉ်မှာ ကျမ်းစာ၏ ကာကွယ်ခြင်းကို မရရှိသောကြောင့် အလွန်အားနည်းနေသေးသည်။

နောက်ဆုံးတွင် သူ၏အတွင်းအင်္ဂါများ နန်းတော်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မူလဝိညာဉ်ကို ကာကွယ်ပေးလာသည်။

ဤသည်မှာ ဆန်းကြယ်မှုတစ်မျိုးပင်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှီဟောင် ရှားရှားပါးပါး အေးချမ်းနေသည်။ သူ စိတ်တည်ငြိမ်နေကာ ဘာကိုမှမကြောက်သလို ဘာကိုမှလည်း မစိုးရိမ်။ ထိုအစား သူ့ခန္ဓာကိုယ်၌ ဖြစ်ပျက်နေသည့် ပြောင်းလဲမှုအားလုံးကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်။

ကျင့်ကြံခြင်းလောက၌ ဆိုရိုးတစ်ခုရှိသည်။ သက်ရှိများသည် သူတို့၏မူလအသက်များအပြင် လောက၏ ဒြပ်စင်ငါးခုကို ကိုယ်စားပြုသည့် အသက်ငါးချောင်း ထပ်ရှိသေးသည်ဟု ပြောကြသည်။ သို့သော်လည်း ထိုအသက်ငါးချောင်ကို တကယ်ရရှိရန် ခက်ခဲလှသည်။

သာမန်အားဖြင့် သက်ရှိတစ်ယောက် အသတ်ခံရလိုက်သည်နှင့် မည်သည့်ထူးဆန်းမှုမှ ဖြစ်မလာပဲ သေသွားမည်ပင်။

အထူးအခြေအနေများ၌သာ လုံးဝသေဆုံးသွားပြီးနောက် အသက်ပြန်ရှင်လာနိုင်သည်ပင်။ ဝိညာဉ်ဖျက်ဆီးခံရလျှင်ပင် ပြန်ရှင်လာလိမ့်မည်။

ဤသည်မှာ အားလုံးဆွေးနွေးနေကြသည့် အသက်ငါးချောင်း ပြဿနာပင်။

ဥပမာအားဖြင့် ဒုတိယဘဝဖြင့် နေသည်ဆိုသည်မှာ အသက်ငါးချောင်းထဲမှ တစ်သက်ယူလိုက်ခြင်းပင်။ သူတို့ ငယ်ရွယ်နုပျိုမှုများ ပြန်လည်ရရှိပြီး ဘဝအသစ်တစ်ခု စတင်နိုင်သည်ပင်။

စုစုပေါင်း အသက်ခြောက်ချောင်းရှိသောကြောင့် ဤသည်မှာ မျိုးဆက်ခြောက်ဆက်အထိ အသက်ရှင်နိုင်သည်ဟု ဆိုလိုသည်ပင်။

ထို့ကြောင့်ပင် ယခင်ခေတ်၌ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းကို ဖန်တီးချင်သည့်သူများ ရှိခဲ့ခြင်းပင်။ သူတို့ ဤလျှို့ဝှက်ချက်ကို လေ့လာချင်ကြသည်။

ဤကဲ့သို့သော လျှို့ဝှက်ချက်မှာ သေချာပေါက် အလွန်ရှုပ်ထွေးမည်ပင်။ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းကို ရှေ့ဆုံးမှ လျှောက်လှမ်းခဲ့သည့်သူမှာ တာအိုခြောက်ခုပြန်လည်ဝင်စားခြင်းထာဝရဘုရင်ဟုခေါ်သည့် ရှေးဟောင်းဘုန်းကြီး သွေးမျိုးဆက်ပင်။

ယခု ရှီဟောင် သူ၏ခန္ဓာကိုယ်၌ ဖြစ်ပျက်နေသည့်အရာများကို မြင်လိုက်ရပြီး သူ အတွေးတစ်ချို့ ရသွားသည်ပင်။ အသက်ငါးချောင်းကို မတူညီသည့်ရှု့ထောင့်မှ နားလည်သွားသည်ပင်။

“ကိုယ်တွင်းအင်္ဂါငါးခုက ဂိတ်ငါးခုပွင့်လာပြီး တစ်ခုစီက အသက်နဲ့ဆက်စပ်နေတယ်..” သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်မှုအချို့ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရခြင်းမှာ ထိုအသက်ငါးချောင်းကို ကိုယ်တိုင်ရသွားပြီဟု ဆိုလိုခြင်းမဟုတ်။ သူ အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံးအရာတစ်ချို့ကိုသာ မြင်ခဲ့ရခြင်းပင်။

ဤသည်မှာ ယခင်က ကျင့်ကြံခြင်းလမ်းစဉ်များနှင့်တော့ မတူညီပေ။

သူ ယနေ့ရရှိခဲ့သည့်အောင်မြင်မှုများမှာ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခဲ့ခြင်းနှင့် ဆက်စပ်နေသည်ပင်။ သူ ခန္ဓာကိုယ်အတွင်းရှိ ဂိတ်တံခါးများကို ဆက်တိုက်ဖွင့်ခဲ့သောကြောင့် ယနေ့ ဤအရာများကို မြင်နိုင်ခြင်းပင်။

သူ၏မူလဝိညာဉ်သည် ထိုနန်းတော်ငါးခုအတွင်း၌ ကာကွယ်ခံထားရကာ တစ်ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာသည်။

ပြောရမည်ဆိုလျှင် သူ၏မူလဝိညာဉ်သည် ငါးပိုင်းအဖြစ်ကွဲနေပြီး နတ်ဘုရားငါးပါးကဲ့သို့ နန်းတော်များထဲ၌ ကျင့်ကြံနေခြင်းပင်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်တွင် ရှီဟောင်၏ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်းပြီးစီးသွားပြီး သူ၏မူလဝိညာဉ်လည်း တစ်ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာလေပြီ။

သူ၏မူလဝိညာဉ်များ နန်းတော်ထဲမှ ထွက်လာကာတစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီးနောက် သူ၏ဦးခေါင်းထဲသို့ ဝင်ရောက်သွားသည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အသစ်မှာ အလွန်စွမ်းအားကြီးလှပြီး မြစ်ရေ၏ တိုက်စားမှုအား ယာယီတားဆီးနိုင်သည်ကို တွေ့လိုက်ရသည်။

“ဟမ်..”

သူ၏မူလဝိညာဉ် ဦးခေါင်းထဲသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သော်လည်း ထိုနန်းတော်ငါးခု ရှိနေသေးသည့်အပြင် မထင်ရှားသည့်ကျမ်းစာသံများကိုလည်း ထုတ်လွှတ်နေသေးသည်။

ဒါက ဘာကြီးလဲ .. သူ အလွန်ထိတ်လန့်သွားခဲ့ရသည်။

သူ့ရဲ့ မူလဝိညာဉ်က အဲဒီမှာမှ မရှိတော့တာ .. ဘယ်သူက ကျမ်းစာတွေကို ရွတ်ဖတ်နေတာလဲ..

ကျမ်းစာသံမှာ အလွန်ဝေဝါးနေသည်။ ဤသည်မှာ မိုးကုပ်စက်ဝန်းအစွန်းမှ ထွက်လာသကဲ့သို့ပင်။

ရှီဟောင် ထိုအသံများကို သေချာနားထောင်နေသော်လည်း နားမလည်နိုင်။

ရွှီး..

ထို့နောက် ပို၍ထူးဆန်းသည့်အဖြစ်အပျက်များ ဖြစ်ပျက်လာသည်။ ထာဝရစွမ်းအင်ရှိသည့် မှုန်ဝါးဝါးပုံရိပ်တစ်ခု ကိုယ်တွင်းအင်္ဂါငါးခုကြား၌ ပေါ်လာသည်။

ထိုမှုန်ဝါးဝါးပုံရိပ်လေးသည် နန်းတော်ငါးခုထဲသို့ ဝင်မသွားပဲ ထိုကြား နေရာလွတ်၌ ထိုင်နေခြင်းပင်။ သူသည် ထိုအသံကို သေချာနားထောင်ပြီး အသိအမြင်များ တိုးပွားနေသကဲ့သို့ မလှုပ်မယှက်ပင် ထိုင်နားထောင်နေသည်။

ဤမှုန်ဝါးဝါးပုံရိပ်လေးကို ရှီဟောင် ချက်ချင်းမှတ်မိသွား၏။ ဤသည်မှာ သူ၏တာအိုပန်းပွင့်များမှဖြစ်လာသည့် သက်ရှိများထဲမှ တစ်ဦးပင်။

“သူပဲ .. အတိတ်မှာနေတဲ့တစ်ယောက်..” ရှီဟောင် ထိတ်လန့်သွားရသည်။

ထိုသက်ရှိသည် ယခင်က သူ့အစား ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်ကို ခံပေးခဲ့ပြီး သေမလိုဖြစ်ခဲ့သည်ပင်။ ပြန်လည်ဝင်စားခြင်းတံဆိပ်တစ်ခု သူ့ကို ရစ်ပတ်ထားသောကြောင့် သူပျက်ပြယ်မသွားခြင်းပင်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်တွင် ထိုပုံရိပ်ပျောက်ကွယ်သွားသည်။

ထို့နောက် အခြားပုံရိပ်တစ်ခု ထပ်ထွက်လာသည်။ ဤသည်မှာ မူလစွမ်းအင်များဖြင့် ရစ်ပတ်ထားသည့် သူ၏တာအိုပန်းပွင့်မှ ဖြစ်လာသည့် အခြားသူတစ်ယောက်ပင်။

ဒီပုံရိပ်နှစ်ခုက တစ်ခုပြီးတစ်ခု ဒီနေရာမှာ ပေါ်လာတာ ကျမ်းစာသံနားထောင်ဖို့လား .. ဒါမှမဟုတ် တစ်ခြားတစ်ခုခုလုပ်ဖို့လား .. ရှီဟောင် သံသယဝင်လာရသည်။

သူ ဤပုံရိပ်များကို သေချာလေ့လာနေလိုက်သည်။ ယနေ့ သူမြင်ခဲ့ရသည့်အရာအားလုံးမှာ ထူးဆန်းရုံသာမက နောင်အနာဂတ်တွင်ဖြစ်လာမည့် ကိစ္စများစွာနှင့်လည်း ဆက်စပ်နေလိမ့်မည်ဟု ရှီဟောင် ခံစားနေရသည်။ ဤနန်းတော်ငါးခုတွင် လျှိုု့ဝှက်ချက်ကြီးများရှိနေပြီး မယုံကြည်နိုင်လောက်သည့်စွမ်းအားများ ရှိနေသည်ပင်။

ယခု သူ ဤအကြောင်းကို များများစားစားတွေးရန် အချိန်မရှိသေး။ သူ ကန်အောက်ခြေသို့ နှစ်မြှုပ်နေပြီဖြစ်ပြီး အရိုးပုံပေါ်တွင် ထိုင်နေလေပြီ။

“ငါ့ရဲ့ မူလဝိညာဉ်က စွမ်းအားကြီးပေမယ့် သူ့ကို ကျင့်ကြံလို့မရတာ နှမြောစရာကောင်းလိုက်တာ .. မပျက်စီးနိုင်တဲ့ကျမ်းစာလိုမျိုး မူလဝိညာဉ်ကိုကျင့်ကြံနိုင်တဲ့ ကျမ်းစာရှိရင် ဒါကမယှဉ်နိုင်လောက်အောင် ဖြစ်သွားမှာပဲ..” ရှီဟောင် ဝမ်းနည်းမိသည်။

သို့သော် ဤသည်မှာ မဖြစ်နိုင်မှန်း သူသိသည်ပင်။ စွမ်းအားကြီးသည့် ကျမ်းစာအကုန်လုံး ဘယ်လိုလုပ် သူ့လက်ထဲသို့ ရောက်မည်နည်း..

သူ၏အသွေးအသားမှာ ဤကန်ရေကို တစ်ဖြည်းဖြည်း ခုခံလာနိုင်သည်။ သူ၏ မူလဝိညာဉ်ကို ကာကွယ်ပေးနေရုံသာမက သူ ကြောက်စရာမလိုပဲ ရွေ့လျားသွားလာနိုင်လေပြီ။

ယခုတစ်ခေါက်တွင် သူ၏အသွေးအသားများ တစ်စစီပေါက်ကွဲသွားကာ မပျက်စီးနိုင်သည့်ကျမ်းစာဖြင့် အသွေးအသားများကို ပြန်လည်တည်ဆောက်ထားသောကြောင့် ဤသည်မှာ ပြန်လည်မွေးဖွားသည်နှင့်အတူတူပင်။

“ငါ့ရဲ့ကိုယ်ပိုင်ကျမ်းစာကို ဘယ်အချိန် ဖန်တီးနိုင်မလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဤသည်မှာ အဝေးကြီးလိုသေးမှန်း သူသိသည်ပင်။ ဤလောကကြီး၌ရှိနေသည့် ပညာများပေါင်းစွာကို ကျွမ်းကျင်နေမှသာ သူဖန်တီးသည့်ပညာလည်းကောင်းမွန်လိမ့်မည်။

ရှီဟောင် အပေါ်သို့ ပြန်မတက်ပဲ ဤနေရာ၌သာ စဉ်းစားနေလိုက်သည်။ သူ ဤနေရာ၌ရှိနေသည့် စွမ်းအားများကို စုတ်ယူခြင်းမဟုတ်ပဲ သူ၏ဂိတ်တံခါးများမှ ထွက်လာသည့်စွမ်းအားများကိုသာ အသုံးပြုနေခြင်းပင်။

သူ ပြန်လည်ဝင်စားခြင်းကန်နှင့် မျှခြေဖြစ်သွားပြီဆိုသော်လည်း သူ ဤကန်ထဲရှိ နတ်ဆေးရည်များကို ရွှေရောင်ခြင်္သေ့ကဲ့သို့ မစုတ်ယူရဲ။

ဤနေရာမှာ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များစွာ သေဆုံးခဲ့သည့်နေရာပင်။ ဤကန်မှာ သူတို့၏အသွေးအသားများမှ ဖြစ်ပေါ်လာသည့်ကန်ဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ အလောတကြီး မစုတ်ယူရဲ။

သူ ဤကဲ့သို့သော စွမ်းအားမျိုးကို မပြုပြင်ချင်။ ဤသည်မှာ မသင့်တော်ဘူးဟု သူခံစားရသည်။

သူ့အမြင်တွင် ဤသည်မှာ သင်္ချိုင်းမြေပင်။ ဤကဲ့သို့သော စွမ်းအားမျိုးကို စုတ်ယူခြင်းမှာ ရှေးဟောင်းဘုန်းကြီးများကို မလေးစားခြင်းဖြစ်သကဲ့သို့ သူ့ကိုယ်သူ မလေးစားရာလည်းရောက်သည်။

“ငါ့ရဲ့ကိုယ်ပိုင် ဂိတ်တံခါးတွေ ဖွင့်ပြီးတော့ အဆုံးမရှိတဲ့စွမ်းအင်တွေ ထုတ်လွှတ်နိုင်ပြီး မပျက်စီးနိုင်တဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နိုင်ပြီဆိုတော့ ဒီလိုမျိုး အလောင်းနတ်ဆေးရည်တွေကို စုတ်ယူစရာမလိုတော့ဘူး ..

ရှီဟောင် ဤနေရာကို လေ့ကျင့်သည့်နေရာဟုသာ သတ်မှတ်ထားပြီး ဆေးမီးဖိုကဲ့သို့ သတ်မှတ်ထားခြင်းမဟုတ်။

အမှန်တကယ်တွင် ဤသည်မှာ ရှေးဟောင်းဘုန်းကြီးများ သင်ကြားခဲ့သည်နှင့် ကွက်တိကျသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤနေရာကို ပြန်လည်ဝင်စားခြင်းကန်ဟုခေါ်သလို လေ့ကျင့်ခြင်းကန်ဟုလည်း ခေါ်ကြောင်း ရွှေရောင်ခြင်္သေ့ ပြောခဲ့သည်ပင်။

ဤကန်ကို ဆေးကန်ဟု တစ်ခါမှ မခေါ်ဖူးခဲ့။

“လေ့ကျင့်ရေးကန် .. ဒီလို လေ့ကျင့်ရေးနည်းလမ်းတစ်မျိုးတည်းရှိတာလား .. အခု ငါဖြတ်ကျော်နိုင်ပြီဆိုတော့ ငါအောင်သွားပြီလား..” ရှီဟောင် သက်မချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ် ယခင်ကထက် ပို၍စွမ်းအားကြီးလာသည်ကို သူခံစား၍ရသည်ပင်။

ခွပ်..

ရုတ်တရက် သူထိတ်လန့်သွားရ၏။ အသံမှာ သက်ရှိတစ်မျိုးမျိုးမှ ထွက်လာချင်နေသကဲ့သို့ ကန်အောက်ခြေမှ လာခြင်းပင်။ ဤသည်မှာ သူ့ဦးရေပြားကိုပင် ထုံကျဉ်သွားစေသည်။

ထို့နောက် အရိုးပေါင်းစုံ မြှောက်တက်လာသည်။ ထိုနေရာ၌ ခေါင်းသာမရှိသည့် အရိုးစုတစ်ခုရှိနေသည်။

ရွှေရောင်အလင်းတောက်ပလာကာ ရှီဟောင်၏ မူလဝိညာဉ်ကို လိုချင်နေခဲ့သည့် ရွှေရောင်ဦးခေါင်းခွံ ပြန်ပေါ်လာပြီး ထိုအရိုးစု၏ လည်ပင်းပေါ်သို့ ကျဆင်းသွားကာ ပြန်လည်ပေါင်းစည်းသွားလေသည်။

ရှီဟောင်၏ ထိတ်လန့်သည့်အကြည့်များအောက်မှာပင် ထိုရွှေရောင်အရိုးစု သူ၏လက်ကို ဝေ့ရမ်းကာ ရှီဟောင်ကို ရိုက်ချလိုက်သည်။

“အမ်..” သူ တကယ်ကို တိုက်ခိုက်ခံလိုက်ရခြင်းပင်။ တစ်ဖက်လူ၏ စွမ်းအားမှာ ကြီးမားလွန်းလှသောကြောင့် သူရှောင်တိမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်။

ဖူး..

ရှီဟောင် သွေးများစွာ အန်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်အထိ ရိုက်ခံလိုက်ရသည်။

ကန်ဘောင်ပေါ်တွင်ရှိနေသည့် လူအုပ်စုမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ အချိန်ကုန်တာ အရမ်းကြာနေသည်ဟု သူတို့ခံစားနေရသည်။

“ခြင်္သေ့လေး .. မင်းရဲ့ ရွှေရောင်ခန္ဓာကိုယ်ကို ထွင်းထုတာက မပြီးသေးဘူလား..” အကြီးအကဲတစ်ယောက် စိတ်မရှည်စွာ မေးလိုက်သည်။

“ပြီးတော့မယ် .. ကျွန်တော့်ရဲ့ ပြိုင်ဘက်ကင်းတဲ့ရွှေရောင်ခန္ဓာကိုယ် မကြာခင်ရတော့မယ်..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“စီနီယာတို့ စိတ်မပူပါနဲ့ .. ခဏနေကျရင် ကျွန်တော် အောက်ဆင်းပြီး သေတ္တာ သွားယူလိုက်ပါ့မယ်..” သူ ထပ်ပြောလိုက်သည်။

“မင်းလုပ်နိုင်တာသေချာလို့လား..” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“သေချာတယ် .. ကျွန်တော့်ရဲ့ ရွှေရောင်ခန္ဓာကိုယ် တည်ဆောက်တာက ထူးခြားတယ်လို့ ခံစားနေရတယ် .. ခဏနေရင် ကျွန်တော် ကန်အောက်ကိုသွားပြီးတော့ ရှေးဟောင်းဗုဒ္ဓရဲ့ ရိုက်ချက် ၁၈ ချက် စစ်ဆေးမှုကို တောင့်ခံပြီးတော့ ကျွန်တော့်ရဲ့ရွှေရောင်ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင်လုပ်မယ် .. ပြီးရင် ကျွန်တော် သေတ္တာကို တစ်ခါတည်း သယ်လာလိုက်မယ်..” ရွှေရောင်ခြင်္သေ့ ပြန်ဖြေလိုက်သည်။

အပိုင်း ၁၇၀၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၁ – ရှေးဟောင်းဗုဒ္ဓ၏ ရိုက်ချက် ၁၈ ချက်

ဤစကားများပြောပြီးသွားသည်နှင့် ရွှေရောင်ခြင်္သေ့ ဘာမှထပ်မပြောတော့။ သူ၏ရွှေရောင်ခန္ဓာကိုယ် ပြုလုပ်ခြင်းကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ သူသည် သားရဲပုံစံဖြစ်သော်လည်း ယခု ကန်ထဲ၌ ထိုင်နေသည်ပင်။

သူသည် နေလုံးကြီးကဲ့သို့ ရွှေရောင်အလင်းများတောက်ပနေသည်။ သူ့ခေါင်းနောက်ဘက်တွင် ဗုဒ္ဓစွမ်းအင်များ ထွက်ပေါ်နေကာ ထူးဆန်းသည့်အလင်းကွင်းတစ်ခု ဖြစ်နေသည်။ ထို့အပြင် တိုးညှင်းသည့်ရွတ်ဖတ်သံများလည်း ထွက်ပေါ်လာသည်ပင်။

“ဒီခြင်္သေ့လေးက မရိုးရှင်းဘူး .. ဉာဏ်အလင်းပွင့်သွားပြီး အလားအလာရှိတဲ့ စီနီယာဘုန်းကြီးတွေမှသာ ဗုဒ္ဓအော်ရာပုံရိပ်ကို လုပ်နိုင်ပြီး သူတို့နားမှာ ဗုဒ္ဓရွတ်ဖတ်သံတွေ ဝန်းရံနေတာလို့ ငါကြားဖူးတယ် ..သူက ဒါကိုတောင် လုပ်နိုင်သွားပြီ..” အကြီးအကဲတစ်ယောက် သက်ပြင်းချ၍ ပြောလိုက်သည်။

ရွှေရောင်ခြင်္သေ့ သူ၏ပြိုင်ဘက်ကင်းသည့်မှော်ခန္ဓာကိုယ်ကို ထွင်းထုနေသည်။ အမြင့်ဆုံးအဆင့်သို့ ရောက်သည်နှင့် သူကန်အောက်ခြေသို့ သွားကာ ရှေးဟောင်းဗုဒ္ဓရိုက်ချက် ၁၈ ချက်ကို သွားရောက်ခံယူကာ ဤခန္ဓာကိုယ်ကိုပြည့်စုံအောင်လုပ်မည်။

ကန်အောက်ခြေတွင်..

လှိုင်းများ ထွက်ပေါ်လာပြီး ရွှေရောင်အလင်းများလည်း အဆုံးမရှိနိုင်လောက်အောင်ပင်။

အရာအားလုံးကို ထိုရွှေရောင်အရိုးစု ပြုလုပ်နေခြင်းပင်။

ထိုအရိုးစုသည် အရိုးပုံပေါ်၌ ထိုင်နေကာ တောက်ပသည့်အလင်းလုံးတစ်လုံး ထုတ်လွှတ်နေသည်။ ဤသည်မှာ ထာဝရဘုန်းကြီးတစ်ပါး လောက၌ ပြန်လည်မွေးဖွားလာသကဲ့သို့ ဗုဒ္ဓကျမ်းစာရွတ်သံများ ထွက်ပေါ်လာကာ နတ်အလင်းများလည်း လောကတစ်ခုလုံးကို လင်းထိန်သွားသည်။

ထိုအလင်းမှာငြိမ်းချမ်းသော်လည်း ရှီဟောင်အတွက်တော့ ကြောက်စရာကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် ထိုရွှေရောင်အရိုးစုသည် ထိုနေရာ၌ ထိုင်နေလျက်ဖြင့် သူ့အား ပိတ်ထားသည်။ သူ၏လက်တစ်ဖက်မှာ အလွန်လေးလံလှသည်။

ထိုရွှေရောင်လက်မှာ မှော်ပစ္စည်းများထက် အဆပေါင်းမည်မျှ စွမ်းအားကြီးမှန်းပင်မသိ။ ထိုလက်ဖြင့် ရိုက်ခံလိုက်ရသည်နှင့် သူ၏မပျက်စီးနိုင်သည့်ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

အက်ကွဲကြောင်းများမှာ သွေးများစီးကျလာပြီး သူ့တစ်ကိုယ်လုံး သွေးများနီရဲနေလေပြီ.

ဤသည်မှာ တတိယရိုက်ချက်သာရှိသေးသော်လည်း သူလဲကျတော့မတတ်ပင်။

ဤသည်မှာ သူလုံလောက်အောင် စွမ်းအားမကြီးသောကြောင့်မဟုတ်သလို မပျက်စီးနိုင်သည့်ကျမ်းစာ အပြင်ပန်းသာ ကောင်းသောကြောင့်လည်းမဟုတ်။ ဤရွှေရောင်အရိုးစုမှာ အလွန်ကြောက်စရာကောင်းနေသောကြောင့်သာ။ သူသာ အသက်ရှင်နေလျှင် သူ၏ကျင့်ကြံဆင့်မှာ တိုင်းတာ၍မရနိုင်လောက်အောင်ပင်ဖြစ်လိမ့်မည်။

သူသေသွားပြီဖြစ်သော်လည်း ဤရွှေရောင်အရိုးစုထဲ၌ရှိနေသည့် စွမ်းအားအကြွင်းအကျန်များမှာ ဟင်းလင်းပြင်တာအိုနယ်ပယ်ကျင့်ကြံသူများကို အလွယ်တကူ သတ်ပစ်ရန် လုံလောက်သည်။

ဤရွှေရောင်အရိုးစု သေအောင် ရိုက်သတ်နေခြင်းမဟုတ်သည်မှာ သိသာသည်။ မဟုတ်ပါက သူ ပို၍အခြေအနေဆိုးသွားလိမ့်မည်။

သုံးချက်ရိုက်ပြီးနောက် ထိုလက်ရိုးများ ရပ်တန့်သွားသည်။

အမ်..

သူ ထိတ်လန့်သွားသော်လည်း များများစားစားမတွေးရဲ။ သူ၏ဒဏ်ရာများကိုသာ အလျင်အမြန်ကုသလိုက်သည်။ ထိုသို့ကုသနေစဉ် သူ့ကိုယ်သူ လေ့လာကြည့်လိုက်သည့်အချိန် ပြဿနာအချို့ကို တွေ့လိုက်ရသည်။

ထိုလက်ဝါးရိုက်လိုက်သည့်နေရာများမှာ သူ၏အားအနည်းဆုံးနေရာများပင်။

သူ စိတ်ထဲထိတ်လန့်သွားကာ တစ်ခုခုကို စဉ်းစားမိသွားသည်။ ဒီရွှေရောင်အရိုးစုက ထူးခြားတာလား .. သူက သူ့ကို ကျင့်ကြံခြင်းမှာ ကူညီပြီးတော့ နောက်တစ်ဆင့်တက်အောင် လုပ်ပေးနေတာလား..

ခဏကြာပြီးနောက် ရှီဟောင် စွမ်းအားအကြီးဆုံးနည်းလမ်းများကို အသုံးပြုကာ ပြန်လည်ကောင်းမွန်အောင် လုပ်လိုက်ကာ ထိုနေရာများကို မှတ်ဉာဏ်ထဲစွဲနေအောင် မှတ်ထားလိုက်သည်။ ထို့အပြင် သူချက်ချင်း ကျင့်ကြံလိုက်သည်။

သူ မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းကာ ထိုနေရာများကို ပြုပြင်လိုက်သည်။ တောက်ပသည့်အလင်းများထွက်ပေါ်လာကာ ထိုနေရာများကို ချက်ချင်း သိပ်သည်းစေလိုက်သည်။

ဤသည်မှာ မပျက်စီးနိုင်သည့်ကျမ်းစာ၏ အကျိုးသက်ရောက်မှုကြောင့်မဟုတ်ပဲ ထိုရွှေရောင်အရိုးစု၏ ရိုက်ချက်များနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူယုံကြည်သည်။

ဖုန်း..

ထိုအချိန်တွင် ရွှေရောင်အလင်းထွက်ပေါ်လာကာ ထိုရွှေရောင်လက်ရိုး မြှောက်တက်လာကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။ ထိုလက်သည် ပို၍ပင် အားပြင်းလာသည်။

ရိုက်သံတစ်သံ ထပ်မံ ထွက်ပေါ်လာသည်။

သေချာပါသည်။ ရှီဟောင် နောက်တစ်ကြိမ် သွေးအန်ကာ ပြင်းထန်သည့်ဒဏ်ရာများ ရရှိလာသည်။ ယခုတစ်ခေါက်မှာ ပိုပင်ဆိုးသေးသည်။

သို့သော်လည်း သူမကြောက်သည့်အပြင် ရလဒ်ကိုပင် မျှော်လင့်နေမိသေးသည်။ ဤရိုက်ချက်များမှ သူ၏အားနည်းသည့်နေရာများကို ရှာတွေ့လိမ့်မည်ဟု သူမျှော်လင့်သည်။

သုံးချက် ရိုက်ခံရပြီးနောက် ရှီဟောင်၏ အရိုးအတော်များများ ကျိုးသွားပြီး အက်ကွဲကြောင်းများ သိပ်သည်းစွာ ဖုံးအုပ်လာသည်။

သုံးချက်ရိုက်ပြီးနောက် ထိုရွှေရောင်အရိုးစု၏ လှုပ်ရှားမှုများ ထပ်မံရပ်တန့်သွားသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ သူ့ရဲ့ခန္ဓာကိုယ်မှာ ပြစ်ချက်တွေ အများကြီးရှိနေလို့လား .. ဒီလိုလည်းမဟုတ်လောက်ပါဘူး ..

သူသေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ထိုနေရာများ၌ ပြစ်ချက်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့ဘာသာသူသာရှာလျှင် ကောင်းကင်မျက်လုံးဖြင့်ပင် ရှာနိုင်မည်မဟုတ်။

“ဒီလောကကြီးမှာ ဘယ်ဟာကများ ပြစ်ချက်ကင်းလို့လဲ .. ဘယ်ဟာကများ ပြည့်စုံလို့လဲ .. သေချာရှာလိုက်ရင် ပြစ်ချက်တွေ ရှိလာမှာပဲ .. ဒီရွှေရောင်အရိုးစုရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ငါ့ကျင့်ကြံဆင့်ရဲ့ အားနည်းချက်တွေကို ရှာဖို့က သိပ်ခက်ခဲမှာ မဟုတ်ဘူး..”

ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ မျက်မှောင်ကြုတ်မနေတော့ပဲ လေ့လာခြင်းပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

မပျက်စီးနိုင်သည့်ကျမ်းစာ တောက်ပလာပြီး ဆူညံသံများလည်း ထွက်ပေါ်လာသည်ပင်။

ထို့နောက် ရွှေရောင်အရိုးစုကြီး နောက်တစ်ကြိမ်လှုပ်ရှားလာကာ နောက်ထပ်သုံးချက် ရိုက်လာသည်။ ရှီဟောင်ထင်ထားသည့်အတိုင်း သူ၏ပြစ်ချက်များကို ထောက်ပြလိုက်ခြင်းပင်။ ယခုတစ်ခေါက်တွင် အားနည်းချက်များကို ရှာဖွေရန် ခက်ခဲသောကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးများကို တိုက်ခိုက်လာသည်။

ဂိတ်တံခါးမှ ကြည်လင်သည့်အလင်းများစွာ ထွက်ပေါ်လာပြီး စွမ်းအားကြီးသည့်အော်ရာတစ်ခုလည်း ထွက်ပေါ်လာသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဤသည်မှာ သူ၏ကျင့်ကြံခြင်းအား တကယ် ကူညီပေးနေခြင်းပင်။

ရွှေရောင်အရိုးစုတွင် အသိစိတ်မရှိတော့။ သူ့ထံတွင် အလိုအလျောက်မသိစိတ်သာရှိတော့သည်။

ရွှေရောင်အရိုးစုသည် ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ ဂိတ်တံခါးများ ပို၍ ကျယ်လောင်အောင် မွှေနှောက်နေခြင်းပင်။

သို့သော်လည်း ဤအရိုးစုကဲ့သို့ စွမ်းအားကြီးသည့်သူ၊ ယခင်က ဗုဒ္ဓဟု ခေါ်ခဲ့သည့် ထာဝရဘုန်းကြီးပင်လျှင် အရာအားလုံး၌ ဝင်ပါ၍မရ။

နောက်ဆုံးတွင် ထို’ဂိတ်တံခါးများ’ တည်ငြိမ်သွားသည်။ ထိုဂိတ်တံခါးများကို အကျိုးသက်ရောက်မှုမရှိလိုက်ပေ။ သူတို့သည် ရှေးဟောင်းလှိုဏ်ဂူများကဲ့သို့ လျှို့ဝှက်ခွန်အားများသည် မနှေးမမြန်ဖြင့်သာ ထွက်ပေါ်လာသည်။

နောက်တစ်ချက်တွင် ထိုလက်အရိုးသည် ရှီဟောင်ကို ဆုတ်ကိုင်ကာ ရွှံ့စေးနယ်သကဲ့သို့ပင် ပြင်းထန်စွာ ဖိနှိပ်လာသည်။ သူအော်ဟစ်မိမတတ်ပင်။

ရွှေရောင်အလင်းများတောက်ပလာကာ သူ့ခန္ဓာကိုယ်များ စုတ်ပြတ်သွားသည်အထိ ရှီဟောင် ဖိနှိပ်ခံလိုက်ရသည်။

သို့သော် ခဏကြာပြီးနောက် သူပြန်လည်ကောင်းမွန်သွားသည်။

ထိုအချိန်မှစကာ ရွှေရောင်အရိုးစုသည် သုံးချက်စီမရိုက်တော့ပဲ တစ်ခါလျှင် တစ်ကြိမ်သာ ဖိနှိပ်တော့သည်။ ထို့နောက် သူ့အား ပြင်ဆင်ချိန် ထပ်ပေးသည်ပင်။

သူ့ထံ၌ ပြစ်ချက်များ မရှတော့သော်လည်း ထိုလက်သည် သူဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်အထိ သူ့အား ဖိချေနေဆဲပင်။

“မကောင်းတော့ဘူး..”

အခြေအနေသိပ်မကောင်းတော့ဘူးဟု ရှီဟောင်ခံစားနေရသည်။ ထိုလက်အရိုးသည် သူ၏မူလဝိညာဉ်ကို ဖယ်ရှားလိုက်ကာ အနည်းငယ် ပုတ်လိုက်သည်။ ဤသည်မှာ အလွန်ဆိုးရွားလှပြီး ပြင်းထန်လှသည့် ပြဿနာများ ဖြစ်ပေါ်လာလိမ့်မည်။

သို့သော်လည်း ဤသည်မှာ သူအတွေးလွန်နေခြင်းပင်။ သူ၏လက်ရှိအဆင့်တွင် သူ၏မူလဝိညာဉ်မှာ အလွန်စွမ်းအားကြီးနေပြီဖြစ်ပြီး သူနှင့်ရွယ်တူများထက် ကျော်လွန်သွားပြီဖြစ်သည်။ သူအသက်အန္တရာယ်မရှိ။

ထိုလက်အရိုးသည် သူ၏မူလဝိညာဉ်အား လေ့ကျင့်ပေးနေခြင်းပင်။

သူ၏မူလဝိညာဉ်အနည်းငယ် ကျုံ့သွားသော်လည်း ပို၍သန့်စင်လာသည်။ အကျဉ်းချုပ်လိုက်ရလျှင် သူ၏ခွန်အား လျော့မသွားပဲ ပို၍တိုးလာသည်ပင်။

ထိုလက်အရိုးသည် သူ၏မူလဝိညာဉ်မှ ဖယ်ခွာသွားသည်နှင့် သူ၏ခန္ဓာကိုယ်ကို ရိုက်ချကာ တာအိုပန်းပွင့်တစ်ပွင့် ထွက်လာအောင်လုပ်လိုက်သည်။ ထိုပန်းပွင့်ထဲ၌ လူလေးတစ်ယောက်ပေါ်လာသည်။

ဤသည်မှာ အတိတ်၌နေထိုင်သည်ဟု ထင်ရသည့်ပုံရိပ်လေးပင်။

ဤပုံရိပ်လေး၏ ခန္ဓာကိုယ်၌ ပြန်လည်ဝင်စားခြင်းတံဆိပ် ရစ်ပတ်ထားသည်။ သူရှီဟောင်အစား ထာဝရသတ်ဖြတ်ခြင်းခေါင်းဖြတ်စက်အား ဝင်ခံပေးလိုက်ကတည်းက ဤသင်္ကေတမှ မလွတ်မြောက်နိုင်သေး။

ယခု ရွှေရောင်လက်မှ သူ၏ခန္ဓာကိုယ်ကို ထိလိုက်သည့်အချိန်တွင် အံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ကျမ်းစာသံများနှင့်အတူ တီးတိုးအော်သံတစ်ခုကို ရှီဟောင် ကြားလိုက်ရသည်။ ထို့အပြင် ဖရိုဖရဲအလင်းများနှင့် ထာဝရအလင်းများလည်း ထွက်ပေါ်လာသည်။

ဖြန်း..

ထိုရွှေရောင်လက် ပုံရိပ်လေးအား ရိုက်လိုက်သည်နှင့် ပြန်လည်ဝင်စားခြင်းတံဆိပ်ကွာကျသွားကာ သူ့လက်၌ ပြန်ပေါ်လာသည်။

သူ့ထံ၌ ပြန်လည်ဝင်စားခြင်း သင်္ကေတငါးခုရှိနေသည်ပင်။ ယခု ဤသင်္ကေတများအားလုံး သူ့လက်၌ ပြန်ပေါ်လာလေပြီ။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ် တုန်ယင်လာသည်ကို ရှီဟောင်ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပို၍သက်တောင့်သက်သာဖြစ်လာသည်။

ဤသည်မှာ သူအမှောင်ထုအကျဉ်းထောင်ထဲ၌ အချိန်အကြာကြီး ဖမ်းခံထားရပြီး ပြန်လွတ်လာကာ ယခုမှ နေရောင်အား ထိတွေ့လိုက်ရသကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံး ပေါ့ပါးလွတ်လပ်နေသည်။

သူ့တစ်ကိုယ်လုံး ယခင်ကထက် တာအိုများနှင့် ပို၍တုံ့ပြန်လာသည်ကို သူတွေ့လိုက်ရသည်။ သူသည် ကျင့်ကြံရန်အတွက် ပိုသင့်တော်လာသည်။

“အခု အချုပ်အနှောင်ကနေ လွတ်သွားပြီ .. ငါ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကို အပူအပင်ကင်းကင်းနဲ့ တက်နိုင်ပြီ..”

ရှီဟောင် နောက်ဆုံးတော့ နားလည်သွားလေပြီ။ ယခင်က သူအဆင့်တက်ချင်သော်လည်း သူ၏မသိစိတ်မှ တားဆီးနေသည်။ သူ့ကိုယ်သူ ပို၍ထူးချွန်အောင်လုပ်ရဦးမည်ဟု သူခံစားနေရသည်။ ဤသည်မှာ သူ့ထံ၌ ပြစ်ချက်များရှိနေသောကြောင့်ပင်။ ယခုတော့ ထိုပြစ်ချက်များ ပြင်ဆင်ပြီးသွားလေပြီ။

ထိုရွှေရောင်အရိုးစုသည် ရှီဟောင်၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို တစ်လှည့်စီ လေ့ကျင့်ပေးနေသည်။

နောက်ဆုံး သူ့ထံ၌ ပြစ်ချက်များမရှိတော့လျှင်ပင် ထိုလက်သူ့အားအလွတ်မပေးသေး။ သူ့ကို ရိုက်နေဆဲပင်။ သူတစ်ချက်ရိုက်လိုက်တိုင်း ရှီဟောင် သွေးများစွာ အန်ထွက်လာသည်ပင်။

ရှီဟောင် ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ၁၈ ချက် ရိုက်သွားသည်ပင်။

“အခု ငါသွားဖို့အချိန်ရောက်ပြီ .. ငါ့ရဲ့ရွှေရောင်ခန္ဓာကိုယ်ကို ကျင့်ကြံလို့ပြီးသွားပြီ .. အခု ရှေးဟောင်းဘုန်းကြီးရဲ့ ရိုက်ချက် ၁၈ ချက်ကို ခံရမယ့်အချိန်ပဲ ..” ကန်မျက်နှာပြင်ထက်မှ ရွှေရောင်ခြင်္သေ့ မျက်လုံးများ ပွင့်လာသည်။
အပိုင်း ၁၇၀၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၂ – ချိုးဖျက်၍မရနိုင်သည့်ရွှေရောင်ခန္ဓာကိုယ်

သူ အလွန်စွမ်းအားကြီးနေသည်ဟု ရွှေရောင်ခြင်္သေ့ ခံစားနေရသည်။ သူ တစ်ခါမှ ဤကဲ့သို့ သက်တောင့်သက်သာ မခံစားဖူးခဲ့။ သူတစ်ခါမှ ဤကဲ့သို့သော ပေါ့ပါးလွတ်လပ်မှုမျိုးကို မခံစားဖူးခဲ့။

ယခုအချိန်တွင် သူတည်ငြိမ်ကာ ယုံကြည်ချက်ပြည့်ဝနေသည်။ အဘယ်ကြောင့်ဆိုသော် သူတကယ်အောင်မြင်သွားခဲ့လေပြီ။ သူ ရွှေရောင်ခန္ဓာကိုယ်ကို အောင်မြင်စွာ ထွင်းထုနိုင်ခဲ့လေပြီ။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့်စစ်ခန္ဓာကိုယ်တစ်ခု ရလာတော့မည်ဟု ဆိုလိုခြင်းပင်။

မမျှော်လင့်ထားသည့်အဖြစ်အပျက်များသာ မဖြစ်ပါက ဗုဒ္ဓ၏ ရိုက်ချက် ၁၈ ချက်ကို ခံယူပြီးသည်နှင့် သူနှင့်မျိုးဆက်တူသည့်သူအားလုံးကို သူ အပေါ်စီးမှ ကြည့်နိုင်လေပြီ။

“မင်း အောင်မြင်သွားတာလား…” အကြီးအကဲတစ်ဦး စိတ်လှုပ်ရှားသွားရသည်။ ဤခြင်္သေ့လေးမှာ သူတို့မျက်စိရှေ့၌ပင် ပြောင်းလဲသွားခဲ့သည်ပင်။

“ကျွန်တော် ကံကောင်းသွားတာပါ..” ရွှေရောင်ခြင်္သေ့လေး ခေါင်းညိမ့်လိုက်သည်။

“ကြည့်ရတာ အခု ဧကရာဇ်ကလန်က လူတွေနဲ့ ယှဉ်လို့ရပြီထင်တယ်..” တစ်စုံတစ်ယောက်မှ မှတ်ချက်ပေးလိုက်သည်။

“သူ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ် ရသွားရင်တောင် မဖြစ်နိုင်သေးဘူး .. ဧကရာဇ်ကလန်က သခင်လေးကို လိုက်မှီဖို့က အဲဒီလောက်မလွယ်ဘူး..” မယုံကြည့်သည့်သူများမှ ပြန်ပြောလိုက်သည်။

“မင်းကန်အောက်ခြေကို သွားတော့မှာလား .. မင်းယုံကြည်ချက်ရှိလား..” အကြီးအကဲတစ်ဦး မေးလိုက်သည်။

“ကျွန်တော် ရိုက်ချက် ၁၈ ချက် စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ဖို့ ၆၀၊ ၇၀ ရာခိုင်နှုန်းလောက်ထိ ယုံကြည်ချက်ရှိတယ် ..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။

“မင်းက တစ်ရာရာခိုင်နှုန်း မသေချာဘူးလား..” အကြီးအကဲတစ်ယောက် စိုးရိမ်စွာမေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင်ခြင်္သေ့ အောက်ဆင်းသွားသည်နှင့် ပြန်မတက်လာနိုင်ချေ ရှိနေသည်ပင်။

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့၏ စွမ်းအားကြီးသည့်အစွမ်းအစများကို သူတို့အားလုံးမြင်နေရသည်ပင်။ သူသာ ဤအတိုင်းသေသွားလျှင် နှမြောစရာကောင်းလိမ့်မည်။ ထို့အပြင် ပို၍အရေးကြီးသည်မှာ မည်သူက သေတ္တာကို သွားယူတော့မည်နည်း..

“ဗုဒ္ဓရဲ့ ရိုက်ချက် ၁၈ ချက်က ပြင်းထန်တဲ့စစ်ဆေးမှုပဲ .. သူက ပြစ်ချက်တွေကို ရှာပေးနိုင်တယ် .. ရိုက်ချက်တစ်ချက်တည်းနဲ့ သေသွားနိုင်တယ် .. သာမန်လူသာဆိုရင် တစ်ချက်တည်းနဲ့ သူတို့ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလိမ့်မယ်..” ရွှေရောင်ခြင်္သေ့ ပြောလိုက်သည်။ ရွှေရောင်ခန္ဓာကိုယ်ကို ရရှိသွားသောကြောင့်သာ သူအောက်ဆင်းရဲခြင်းပင်။

“ကျွန်တော် ရွှေရောင်ခန္ဓာကိုယ်ရသွားပြီဆိုတော့ ပုံမှန်အတိုင်းဆိုရင် ပြစ်ချက်တွေကို လျစ်လျူရှုလိုက်လို့ရတယ် .. ဒါပေမဲ့ အဲဒီစစ်ဆေးမှုက ဖော်ထုတ်ဦးမှာ .. အဲဒါကြောင့်မို့လို့ ၆၀-၇၀ ရာခိုင်နှုန်းလောက် သေချာတယ်လို့ ပြောတာပါ..” သူထပ်ရှင်းပြလိုက်သည်။

ဤသည်မှာ အားလုံးကို အေးခဲသွားစေသည်။ ရွှေရောင်ခြင်္သေ့၏ ပြောင်းလဲမှုမှာ သူတို့မျက်စိရှေ့၌ မြင်လိုက်ရသည့်အရာပင်။ သူ၏အမွေးများပင် ကျွတ်ထွက်လာပြီး အသစ်ထွက်လာသည်။ သူ၏အရိုးများလည်း ပြန်လည်တည်ဆောက်ထားခြင်းပင်။ ဤသည်မှာ အားလုံးအထက်၌ ရှိနေသည်ဟု ပြော၍ရနေပြီဖြစ်သော်လည်း သူ့ တစ်ရာရာခိုင်နှုန်း မသေချာသေး။ ဤသည်မှာ သူတို့အားလုံးကို တုန်လှုပ်သွားစေသည်ပင်။

ကန်အောက်ခြေ၌ ရှီဟောင် အလွန်သက်တောင့်သက်သာဖြစ်နေသည်။ သူ့တစ်ကိုယ်လုံး မီးဖိုကြီးဘေးနား၌ နေနေရသကဲ့သို့ နွေးနေသည်။

ထိုအရိုးစုမှာ ညှိုးခြောက်နေသည့်အရိုးများကြားထဲသို့ ပြန်ဝင်သွားလေပြီ။

“ဒီခရီးက ပြည့်စုံသွားပြီ .. ငါအကျိုးကျေးဇူးအများကြီး ရလိုက်တယ်..” ရှီဟော် သူ့ကိုယ်သူ ပြောလိုက်သည်။

သူ ခွန်အားတိုးလာရုံသာမက တာအိုပန်းပွင့်ထဲမှ ထိုသတ္တဝါကို လွှတ်လိုက်နိုင်ခြင်းမှာ သူ့ကိုပို၍ ကျေနပ်စေသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ အနှောင်အဖွဲ့ ကင်းလွတ်သွားပြီး ကျင့်ကြံရန်အတွက် ပို၍သင့်တော်လာလေပြီ။

“ဟမ် .. အဲဒီခြင်္သေ့ ငါ့ကိုသတ်ဖို့အတွက် ဆင်းလာတာလား..” လှိုင်းထလာပြီး ပုံရိပ်တစ်ခု ဆင်းလာသည်ကို တွေ့လိုက်ရသောကြောင့် ရှီဟောင်၏ မျက်ဝန်းမှ အလင်းများ တောက်ပလာသည်။

သေချာပါသည်။ ဤသည်မှာ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ပင်။

ရွှေရောင်ခြင်္သေ့သည် အလွန်ယုံကြည်ချက်ရှိနေပြီး သူ့စိတ်ထဲ၌ အပျော်လွန်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ အံ့အားသင့်စရာကောင်းလှသည့် လေ့ကျင့်ခြင်းကို ပြုလုပ်လိုသည်။ ဤသည်ကိုသာ အောင်မြင်သွားသည်နှင့် သူလောကကြီးကို အပေါ်စီးမှ ကြည့်နိုင်လိမ့်မည်။

ထိုအချိန်ကျလျှင် သူ မည်သူ့ကိုမှ ကြောက်စရာမလိုတော့။

“ငါ သေချာပေါက် အောင်မြင်ရမယ် .. ဘယ်သူမှ ငါ့ကို တားလို့ရမှာမဟုတ်ဘူး..” သူပြောလိုက်သည်။

“ငါ ဟွမ်ကို ကိုယ်တိုင်မသတ်လိုက်နိုင်တာတော့ နှမြောစရာကောင်းတယ် .. သူ့ခန္ဓာကိုယ်က အရည်ပျော်ကျသွားလောက်ပြီ … အရိုးတောင် ကျန်တော့မှာမဟုတ်ဘူး … သူ့ခေါင်းကို ဖြတ်လိုက်ရရင်ပိုကောင်းမှာ…” ရွှေရောင်ခြင်္သေ့ အနည်းငယ် ဝမ်းနည်းသွားရသည်။

ယနေ့ သူအောင်မြင်မှုများ ရရှိခဲ့သော်လည်း တစ်ဖက်လူသည် သူခေါင်းမဖြတ်ခင်ကတည်းက သေသွားလေပြီ။

“မင်းက ငါ့ကို ခမ်းနားကြီးကျယ်တဲ့တိုက်ပွဲအောင်မြင်မှုတစ်ခု ထပ်မပေးနိုင်တော့ဘူးပေါ့ .. ဒါက တကယ်ကို ဝမ်းနည်းဖို့ ကောင်းတာပဲ..” ရွှေရောင်ခြင်္သေ့ ခေါင်းခါလိုက်သည်။

ထိုမှုန်ဝါးဝါးပုံရိပ် ချဉ်းကပ်လာသည်ကိုကြည့်ပြီး ရှီဟောင် ထူးဆန်းသည့်အမူအရာ ဖြစ်လာသည်။ သူ ချက်ချင်းမတိုက်ခိုက်သေးပဲ ထိုနေရာ၌သာ ရပ်နေလိုက်သည်။

“ဘယ်သူလဲ..”

ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရသည်။ အရိုးပုံများကြားထဲ၌ အသွေးအသားနှင့်သက်ရှိတစ်ယောက်ရှိနေသောကြောင့် သူချက်ချင်း ထိတ်လန့်သွားရသည်။

“မင်းလား .. မင်းက အသက်ရှင်နေတုန်းလား..” သိပ်မဝေးသည့်နေရာ၌ တည်ငြိမ်စွာ ရပ်နေသည့်ရှီဟောင်အား တွေ့လိုက်ရသောကြောင့် သူ မယုံမကြည်နိုင်ဖြစ်သွားသည်။

ရှီဟောင် အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကန်ထဲသို့ ကျသွားသည်ကို သူကိုယ်တိုင်မြင်ခဲ့ရခြင်းပင်။ ဟွမ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ရှင်းခံလိုက်ရပြီဟု သူထင်ထားသည်ပင်။

သို့သော် ယခုတော့ ဟွမ်က ကန်အောက်ခြေ၌ ရပ်နေသည်။

“မင်း ငါ့ခေါင်းဖြတ်ချင်နေတာမလား .. ငါမင်းကို အခွင့်အရေးပေးချင်လို့ ငါဒီမှာစောင့်နေတာ..” ရှီဟောင်တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော် ဤသည်မှာ ရွှေရောင်ခြင်္သေ့ကို ကြက်သီးထသွားစေသည်။ သိထားရမည်မှာ ရှီဟောင်၏ခန္ဓာကိုယ်သည် တစ်စစီဖြစ်သွားခြင်းပင်။ သို့သော်လည်း ယခုတော့ ယခင်အတိုင်း အကောင်းအတိုင်းရှိနေဆဲဖြစ်ပြီး သူသည် ကန်ရေ၏ ဖိအားကိုပင် ခုခံနိုင်နေသည်။

ဤတစ်ချက်တည်းဖြင့် ကိစ္စများစွာကို ရှင်းပြပြီးသားပင်။ ရှီဟောင်သည်ကန်ရေကို ခုခံနိုင်သွားလေပြီ။

ဒါက ဘာကိုဆိုလိုချင်တာလဲ .. ဤသည်မှာ ဒုတိယထာဝရဘုန်းကြီးဘုရင် ပေါ်ထွက်လာပြီဟု ဆိုလိုခြင်းပင်။

“အခု နောက်တစ်ယောက်ပေါ်လာပြီ..” ရွှေရောင်ခြင်္သေ့၏ခြေလှမ်းများ နောက်ဆုတ်သွားရသည်။ သူ ယုံကြည်ချက်ရှိသော်လည်း ဤရန်သူမှာ မည်မျှအန္တရာယ်များကြောင်း သူနားလည်သည်ပင်။

တစ်ခုခုကို ရှာတွေ့ရန်မျှော်လင့်ချက်ဖြင့် သူ ဘေးပတ်လည်ကို ကြည့်လိုက်သည်။

“မင်း အဲဒီရွှေရောင်အရိုးစုကို ရှာနေတာလား .. သူ ပျက်ပြယ်သွားပြီ .. သူမင်းကို ရိုက်ပြီး ပြိုင်ဘက်ကင်းတဲ့ရွှေရောင်ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးဖို့ မျှော်လင့်နေတာလား..” ရှီဟောင် ရယ်မောလိုက်သည်။

ရှီဟောင် ဤလူမျိုးစုက နည်းနည်းမှ အကောင်းမမြင်နိုင်။ ယခင် သူတို့ ကောင်းကင်ဘုံကိုးခုကို သစ္စာဖောက်ကာ ကိုယ့်လူကိုယ်ပြန်သတ်ခဲ့သည်။ ဤအပြစ်များကို မခွင့်လွှတ်နိုင်။

ထို့အပြင် ဤရွှေရောင်ခြင်္သေ့သည် အစောပိုင်း၌သူ့ကိုပစ်မှတ်ထားကာ သေအောင်လုပ်ခဲ့သေးသည်။ ထို့ကြောင့် ရှီဟောင် ဒေါသထွက်နေပြီး သူ့အား ချက်ချင်းပင် သတ်ပစ်ချင်မိသည်။

“မင်း ငါ့ရဲ့ သဘာဝကံကောင်းမှုကို လုယူလိုက်တာလား..” ရွှေရောင်ခြင်္သေ့ ဒေါသထွက်သွားရသည်။ တစ်ဖက်လူ၏ စကားများကို ကြားလိုက်ရကတည်းက ဟွမ် ရှေးဟောင်းဘုန်းကြီး၏ ရိုက်ချက် ၁၈ ချက် လေ့ကျင့်မှုကို ရရှိပြီးသွားပြီဖြစ်ကြောင်း သူသိလိုက်သည်။

အချိန်တစ်ခုကြာသည်အထိ ထိုလေ့ကျင့်မှု ပြန်ပေါ်လာမည်မဟုတ်တော့။ ဟွမ် သူ့ထက် ခြေတစ်လှမ်းစောသွားလေပြီ။

“စိတ်မပူပါနဲ့ .. ရွှေရောင်အရိုးစုကြီး မရှိတော့ရင်တောင် သူ့ရဲ့ရိုက်ချက်တွေက ဘယ်လိုမျိုးလဲဆိုတာ ငါမှတ်မိပါသေးတယ် .. ငါမင်းကို ကူညီပေးမယ်..” ရှီဟောင် ပြုံး၍ပြောလိုက်သည်။ ထို့နောက် သူ ရွှေရောင်ခြင်္သေ့ထံသို့ တရှိန်ထိုး ပြေးသွားလိုက်လေသည်။

ဝုန်း..

ဤနေရာ ချက်ချင်းပေါက်ကွဲထွက်လာကာ နတ်ခွန်အားများလည်း စီးဆင်းလာသည်။

“ဟမ် .. ဘာဖြစ်တာလဲ .. ကန်အောက်ခြေက လှုပ်ရှားမှုက နည်းနည်းကြီးနေသလိုပဲ တိုက်ပွဲဖြစ်နေတာများလား..” ကန်ဘောင်ပေါ်မှ လူအချို့ ထိတ်လန့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ဤကန်မှာ ထူးခြားလှသည်။ နှောက်ယှက်မှုများ ကြုံရလျှင်ပင် ကန်ရေမှာ တည်ငြိမ်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှေးဟောင်းဘုန်းကြီးများ၏ သွေးနှင့် အခြားအစိတ်အပိုင်းများဖြင့် ဖန်တီးထားခြင်းဖြစ်သောကြောင့် အားလုံးကို ဖိနှိပ်နိုင်သည်။

သို့သော် ယခုတော့ ဖရိုဖရဲဖြစ်နေလေပြီ။

“ခြင်္သေ့လေး ပြဿနာတွေ့နေတာများလား .. သူ ရှေးဟောင်းဗုဒ္ဓရဲ့ ရိုက်ချက် ၁၈ ချက်ကို မခံနိုင်တာများလား..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ဝုန်း..

လှိုင်းများထလာပြီး ထာဝရမြူများ ပျံ့လွင့်လာသည်။ သွေးများဖုံးလွှမ်းနေသည့် ရွှေရောင်ခြင်္သေ့ အပေါ်ဘက်သို့ ပြန်တက်လာသည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ကြောက်စရာကောင်းသည့် အပေါက်များဖြင့် ပြည့်နှက်နေသည်။ ဤအပေါက်များမှာ တစ်ယောက်ယောက်၏ လက်သီးချက်ကြောင့် ဖြစ်လာခြင်းပင်။

“ဟမ် .. မင်းဘာဖြစ်ခဲ့တာလဲ..” ကန်ဘောင်ပေါ်၌ အကြီးအကဲအချို့ ထိတ်လန့်သွားရသည်။

ရွှေရောင်ခြင်္သေ့သည် ဒေါသထွက်ကာ ကန်ဘောင်ပေါ်သို့ ပြေးထက်နိုင်ရန် ရုန်းကန်နေသည်။ သို့သော် သူ့ခြေထောက်ကို လက်တစ်ဖက်မှ ဆုတ်ကိုင်လိုက်ပြီး ကန်ထဲသို့ ပြန်ဆွဲချလိုက်သည်။

အားလုံး ထိတ်လန့်သွားရသည်။ ကန်အောက်မှာ ဘာလို့ နောက်တစ်ယောက် ရှိနေတာလဲ .. အဲဒါ ဘယ်သူ့လက်လဲ .. အချို့လူများမှာ ဦးရေပြားများပင် ထုံကျဉ်လာသည်။

“အဲဒါက ဟွမ်လို့တော့ ငါ့ကို မပြောနဲ့နော် .. သူ မသေသေးဘူးလား .. သူ့ရဲ့အသွေးအသားက သွေးတွေက စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီမဟုတ်ဘူးလား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ဝုန်း..

ရွှေရောင်ခြင်္သေ့ နောက်တစ်ကြိမ် ပြေးတက်လာသည်။ ယခုတစ်ခေါက်ကတော့ ပိုဆိုးသည်။ သူ၏ခန္ဓာကိုယ်မှာ စုတ်ပြဲလုနီးပါးပင်။

ထို့နောက် လူငယ်လေးတစ်ယောက်ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်။ လက်တစ်ဖက်မှ ထိုရွှေရောင်ခြင်္သေ့ကို နောက်တစ်ကြိမ် ကန်အောက်ခြေသို့ ဆွဲသွားသည်။

“ဘာ .. အဲဒါ တကယ် ဟွမ်ပဲ..”

“ဘုရားရေ .. သူ အသက်ရှင်နေတုန်းပဲ .. သူ ဒုတိယမြောက် ထာဝရဘုန်းကြီးဘုရင်ဖြစ်သွားပြီလို့တော့ မပြောနဲ့နော်”

အပိုင်း ၁၇၀၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၃ – ပေါင်းမလား ကင်မလား

“တကယ်ဟွမ်ပဲ..”

ဟွမ် အသက်ရှင်နေလိမ့်မည်ဟု မည်သူမှ မထင်ထားကြ .. ဒီလောက်တောင် အချိန်တွေကြာနေပြီ … သူက ကန်ထဲက နတ်ဆေးရည်တွေထဲ အရည်မပျော်ကျသေးဘူးလား..

ဤသည်မှာ အပြင်မှလူများ၏ ခန့်မှန်းချက်များပင်။ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ပြောစကားအရဆိုလျှင် ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်များ၏ သင်္ချိုင်းမြေပင်။

ဘုန်းကြီးသွေးမျိုးဆက်၏ ကျမ်းစာများကို ကျင့်ကြံသည့်သူများသာ ဤနေရာ၌ အသက်ရှင်နိုင်လိမ့်မည်။ မဟုတ်ပါက အားလုံးသေလိမ့်မည်ပင်။

သို့သော်လည်း ရလဒ်မှာ ဤကဲ့သို့ဖြစ်မနေ။ ဟွမ်အသက်ရှင်နေဆဲပင်။

“သမိုင်းမှာ ဒီလိုမျိုးအောင်မြင်ခဲ့တာ တစ်ယောက်ပဲ ရှိခဲ့တယ် .. အဲဒါက သူ့ရဲ့ ဗုဒ္ဓစွမ်းရည်တွေကို ဖယ်ထားတဲ့ ထာဝရဘုန်းကြီးဘုရင်ပဲ..”

“ဟွမ်ရဲ့ ပါရမီတွေက အရမ်း ကြောက်စရာကောင်းနေတာများလား..”

လူအချို့၏အမူအရာ ပြောင်းလဲသွားသည်။ ဤသည်မှာ အလွန်တုန်လှုပ်စရာကောင်းသည့်သတင်းပင်။ ဤသတင်းသာ ပြန့်သွားလျှင် ကလန်ကြီးများစွာ ထိတ်လန့်သွားကြလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အံ့အားသင့်စရာကောင်းလောက်သည့် ကိုယ်ရည်ကိုယ်သွေးပင်။

ထာဝရဘုန်းကြီးဘုရင်ဆိုသည်မှာ မည်သူနည်း..ဤသည်မှာ အန်းလန်၊ ရှုထော်တို့နှင့် ယှဉ်နိုင်သည့် ထာဝရဘုရင်တစ်ပါးပင်။

ဟွမ်ဆီမှာ ဒီလိုစွမ်းရည်မျိုးရှိနေတယ် .. သူ့ရဲ့အောင်မြင်မှုက ဘုန်းကြီးဘုရင်တစ်ပါးနဲ့ညီနေတယ် .. ဤသည်မှာ သူ၏အရည်အချင်းများကို သက်သေပြလိုက်ခြင်းပင်။

သိထားရမည်မှာ ဤလောက၌ ဂျီးနီးယပ်စ်များ မရှားပါးလှ။ မျိုးဆက်တစ်ခုစီတိုင်း၌ သူရဲကောင်းဟုခေါ်သည့်သူများစွာ ထွက်ပေါ်ခဲ့သည်။ သို့သော် ဘယ်နှယောက်လောက်ကများ မသေမျိုးဘုရင်များ ဖြစ်လာကြသနည်း..

မည်ကဲ့သို့သော ဂျီးနီးယပ်စ်မျိုးက ထာဝရဘုရင်အဆင့်ပုဂ္ဂိုလ်ဖြစ်လာမည်ကို သေချာပေါက် ပြောနိုင်ရန် ခက်ခဲလှသည်။

လူငယ်မျိုးဆက်အဆင့်များဖြစ်စေ အသက်ကြီးသည့်မျိုးဆက်များ၏ အမှတ်စဉ်များဖြစ်စေ၊ ဤအဆင့်များကို ကိုးကား၍ ထာဝရဘုရင်တစ်ယောက် ဖြစ်မဖြစ်ကို မဆုံးဖြတ်နိုင်။

ခေတ်တစ်ခုစီတိုင်း၏ နံပါတ်တစ်ပင် ဘုရင်မပြောနှင့် သက်ရှည်သက်ရှိပင် ဖြစ်မသွားကြ။

တစ်ဖက်လောကမှာ အလွန်ကျယ်ပြောလှသော်လည်း ခေတ်တစ်ခေတ်တွင် ထာဝရဘုရင်လမ်းကို အောင်မြင်စွာ လျှောက်လမ်းနိုင်သည့်လူ တစ်ဦး၊ နှစ်ဦးပင် မရှိ။ ဤသည်မှာ တကယ်ကို ခက်ခဲလှသည်။

ဧကရာဇ်၏ နောက်ခံမှာ မည်မျှပင် စွမ်းအားကြီးလှသနည်း .. သူတို့ကလန်တွင် စွမ်းအားကြီးသည့်သူများ ရှိနှင့်နေပြီးသားပင်ဖြစ်သော်လည်း သူတို့ကလန်၏ ဆက်ခံသူများကို သူတို့မမွေးထုတ်နိုင်ခဲ့ကြ။

အန်းလန်နှင့်ရှုထော်တို့၏ နောင်လာနောက်သားများထဲတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် ပါရမီရှိသည့်သူများ ရှိသော်လည်း သူတို့ ထာဝရဘုရင်များ ဖြစ်မလာခဲ့ကြ။

ဤကန်၌ ကိုးကား၍ရသည့် သဲလွန်စအချို့ရှိနေသည်ပင်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်များသည် ဤအကြောင်းကို သေချာလေ့လာခဲ့ကြခြင်းဖြစ်ပြီး ဤကန်သည် သူတို့၏ အလားအလာများကို စမ်းသပ်နိုင်သည်ဟုလည်း ပြောကြသည်။ တစ်ယောက်ယောက် ဤကန်ကို ဖြတ်ကျော်နိုင်သည်နှင့် သူတို့ ထာဝရဘုရင်ဖြစ်လာလိမ့်မည်ဟု စီနီယာဘုန်းကြီးတစ်ပါး ပြောခဲ့ဖူးသည်။

နောက်ပိုင်းတွင် ၆ ကျန်းခန္ဓာကိုယ်ကျင့်ကြံသည့် ဘုန်းကြီးငယ်လေးတစ်ပါး သူ၏ဗုဒ္ဓစွမ်းအားများကို ပျက်ပြယ်စေလိုက်ပြီး ဤကန်ကိုအသုံးပြုကာ သူ့ခန္ဓာကိုယ်ကိုပြုပြင်လိုက်သည်။ နောက်ဆုံး၌ သူအသက်ရှင်ခဲ့သည်။

ထို ဘုန်းကြီးငယ်လေးသည် ထာဝရဘုန်းကြီးဘုရင်တစ်ပါးဖြစ်လာသောကြောင့် ဤသည်မှာ ဥပမာကောင်းတစ်ခုပင်။

ဤပြန်လည်မွေးဖွားခြင်းကန်သည် တိကျစွာခန့်မှန်းနိုင်သောကြောင့် အကြီးအကဲအချို့ အငြိမ်မနေနိုင်ကြတော့။

“ငါတို့ သူ့ကို သတ်ရမယ် .. သူ့ကို အရွယ်ရောက်ခွင့် ပေးလို့မရဘူး..” တာအိုဆရာတစ်ယောက် ပြောလိုက်သည်။ သူသည် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ စွမ်းအားကြီးလှသည်။

ဤသည်မှာ ယခုမှ ဤနေရာသို့ရောက်လာသည့် အကြီးအကဲပင်။ သူ၏တည်ရှိမှုပင်လျှင်စွမ်းအားကြီးလှသည်။

သူသည် ယခုမှ ဤနေရာသို့ တရှိန်ထိုးရောက်လာပြီး အားလုံးဆွေးနွေးနေကြသည့်ကိစ္စကို သူကိုယ်တိုင်ကြားလိုက်ခြင်းပင်။ ဤနေရာမှာ ပြန်လည်ဝင်စားခြင်းကန်ဖြစ်သည်ဆိုသည်နှင့် မည်ကဲ့သို့သောနေရာဖြစ်ကြောင်း သူနားလည်သွားလေပြီ။

ဤလူများမှာ အစက ဘာမှမသိကြ။ ရွှေရောင်ခြင်္သေ့ ပြောပြမှသာ အနည်းငယ် သိကြခြင်းပင်။

သို့သော် ဤအကြီးအကဲမှာ ဧကရာဇ်ကလန်တစ်ခုမှ လာခြင်းပင်။ သူသည် အကြောင်းပြချက်တစ်ချို့ကြောင့် သွေးဝေးသည့် ဆွေမျိုးသာဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူ ထိုနေရာ၌ နေနိုင်ဆဲပင်။

သူလျှို့ဝှက်ချက်များစွာ သိထားသည်။ သူတို့အကြောင်းပြောလိုက်သည်နှင့် ဤနေရာ၌ရှိနေသည့်လူအုပ်ကြီး ထိတ်လန့်သွားရသည်။

“နောင်ကျရင် သူ ထာဝရဘုရင်လမ်းပေါ် ရောက်သွားနိုင်ချေ အများကြီးရှိတယ်လို့ ပြောချင်တာလား .. မဖြစ်ဘူး .. ဘာပဲဖြစ်ဖြစ် သူ့ကို ရှင်းပစ်ရမယ်..”

ဤစကားကိုကြားသည်နှင့် အခြားသူများလည်း တုန်လှုပ်သွားရသည်။

ထာဝရဘုရင်များ မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ထက် မည်သူမှ ပိုမသိနိုင်။ ဤလူများကို ထိပ်တိုက်ရင်ဆိုင်၍မရ။ သူ့ထံ၌ လောကကြီးကို တုန်လှုပ်စေနိုင်သည့်ခွန်အားများ ပိုင်ဆိုင်ထားသည်ပင်။

သိထားရမည်မှာ ယခင်က သူတို့ထံတွင် အန်းလန်နှင့်ရှုထော်တို့သာ ရှိသည်မဟုတ်။ ခေတ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ပြိုင်ဘက်ကင်းသည့် သက်ရှိများမှာ အလွန်ပင် ကြောက်စရာကောင်းခဲ့ကြသည်။

သို့သော် ကောင်းကင်ဘုံကိုးခုနှင့် ရင်ဆိုင်သည့်အချိန်တွင် တစ်ဖက်လောက၌လည်း ထာဝရဘုရင်များရှိနေသည်။ နောက်ဆုံး၌ ထိုလူများသည် သူတို့ဘက်မှ စွမ်းအားကြီးသည့်ဘိုးဘေးအချို့ကို သူတို့နှင့်အတူ ဆွဲချသွားခဲ့သည်ပင်။

ရှီဟောင်သာ ထာဝရဘုရင်တစ်ပါးဖြစ်လာလျှင် သူ ရှေးဟောင်းဘိုးဘေးတစ်ယောက်ကို ဆွဲချသွားလိမ့်မည်ဟု ဆိုလိုခြင်းပင်။ ဤကဲ့သို့အဖြစ်မခံနိုင်။

ယခင်က ဟွမ်ကို လူအချို့ အလေးထားခဲ့ကြသည်။ အထူးသဖြင့် လူငယ်မျိုးဆက်များပင်။ သူတို့သည် ဟွမ်အား ရန်သူကြီးအဖြစ်သတ်မှတ်ထားကာ သူ့အားရှင်းပစ်ချင်ကြသည်။

သို့သော် အသက်ကြီးသည့်မျိုးဆက်များတော့ သိပ်ဂရုမစိုက်ခဲ့။ အဘယ်ကြောင့်ဆိုသော် ဂျီးနီးယပ်စ်များစွာကို သူတို့မြင်ဖူးသည်။ သမိုင်းမြစ်ကြောင်းမှာ ရှည်လျားလှပြီး မျိုးဆက်တိုင်း၌ ထူးချွန်သည့်သူများစွာ ထွက်ပေါ်လာခဲ့သည်ပင်။

သို့သော် ယခုတော့ မတူတော့။ ဤနေရာမှာ တိကျသည့်ဟောကိန်းများ ထုတ်ပေးနိုင်သည့် နေရာဖြစ်ကြောင်း ငွေရောင်ဝတ်စုံနှင့် အကြီးအကဲထံမှ သိရပြီးနောက် အားလုံး ငြိမ်ငြိမ်မနေနိုင်တော့။

“ဒီမျိုးဆက်ရဲ့ တစ်ဦးတည်းသော ထူးခြားတဲ့သူက ထာဝရဘုရင်ဖြစ်လာလိမ့်မယ် .. သူ့ကိုသတ်..” စွမ်းအားကြီးသည့် အခြားအကြီးအကဲတစ်ယောက် အော်ဟစ်လိုက်သည်။

ဤသည်မှာ သူ့ကို သတ်ကိုသတ်ရမည်ဟု အမိန့်ပေးလိုက်ခြင်းပင်။ ကျရှုံးခြင်းကို ခွင့်မပြုနိုင်။ သူတို့ဟွမ်ကို သတ်ရမည်။ သူ့ကို အသက်ဆက်ရှင်ခွင့်မပေးနိုင်။

မဟုတ်ပါက နောင်တွင် မယုံကြည်နိုင်သည့်ကပ်ဆိုးများ ဖြစ်လာနိုင်သည်။

မသေမျိုးဘုရင်တစ်ယောက်ကိုသတ်မယ်ဟုတ်လား .. ဘယ်လိုဟာသမျိုးလဲ … သူ့ကို အရွယ်ရောက်ခွင့်ပေးလို့မရဘူး..

အချို့လူများအမြင်တွင် ဟွမ်ကို သတ်ရမည့်ကိစ္စမှာ သေတ္တာကိုရအောင်ယူရမည့်ကိစ္စနှင့်အတူတူပင်။ သူ့ကိစ္စက ပို၍ပင် ကြီးနိုင်သည်။

သို့သော်လည်း ဤနေရာမှာ ထူးဆန်းလှသည်။ သူတို့အစွမ်းအစရှိလည်း ဘာမှလုပ်၍မရ။ သူတို့ ကန်ထဲသို့ မသွားနိုင်။

“အခြေအနေမကောင်းတော့ဘူး .. ငါတို့ဘာမှလုပ်နိုင်ပဲ သူ့ကိုကြည့်နေရုံပဲ တတ်နိုင်တော့မှာလား.. သေတ္တာက ရေထဲမှာ ရှိနေတုန်းပဲ..” အချို့လူများစိုးရိမ်လာကြသည်။

ဝုန်း..

ကန်ရေပြင်လှုပ်ခတ်လာသည်။ ရွှေရောင်ခြင်္သေ့ ဟစ်ကြွေးကာ ကန်အောက်ခြေမှ ပြေးထွက်လာသည်။

သို့သော် သူမည်မျှ ရုန်းကန်နေရသည်ကို အားလုံးတွေ့လိုက်ရသည်။ သူ ဟွမ်နှင့် မယှဉ်နိုင်တော့။

ယခုအချိန်တွင် ရွှေရောင်ခြင်္သေ့မှာ တကယ်ကို ဆိုးရွားနေသည်။ သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေကာ အမွေးများလည်း ကျွတ်ထွက်နေသည်။ သူ၏ဒဏ်ရာများမှာ အချို့နေရာများ၌ အရိုးများပင် မြင်နေရလေပြီ။

ဖူး..

ရေနက်ထဲမှ တောက်ပနေသည့် လက်တစ်စုံပေါ်လာကာ ရွှေရောင်ခန္ဓာကိုယ်၏ ခန္ဓာကိုယ်ကို စုတ်ဖြဲလိုက်သည်မှာ နှစ်ပိုင်းပြတ်လုနီးပါးပင်။

ဝေါင်း..

ရွှေရောင်ခြင်္သေ့ ဟစ်ကြွေးလိုက်ကာ သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ ကျမ်းစာရွတ်သံထွက်ပေါ်လာပြီး ဗုဒ္ဓအလင်းများလည်း တောက်ပလာသည်။ သူ၏ဒဏ်ရာများကို သူကုသနေခြင်းပင်။

ကွဲသွားသည့်ခန္ဓာကိုယ် ပြန်ပြင်ပြီးသွားလေပြီ။

သို့သော်လည်း ဤကဲ့သို့ဖြစ်နေသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေလေပြီ. သူ ထပ်ခါတလဲလဲရုန်းကန်ပြီး သူ၏အမြုတေကို လောင်ကျွမ်းစေကာ သူ့ခန္ဓာကိုယ်ကို ပြုပြင်နေသောကြောင့်သာမဟုတ်ပါက သူအစောကြီးကတည်းက အပိုင်းပိုင်းဖြစ်အောင် ဆွဲဆုတ်ခံနေရလောက်လေပြီ။

ဤသည်မှာ ကန်ဘောင်ပေါ်တွင်ရှိနေသည့်သူအားလုံးကို အမူအရာများ ပြောင်းလဲသွားစေ၏။ အထူးသဖြင့် လူငယ်မျိုးဆက်များပင်။ သူတို့မျက်နှာဖြူဖျော့နေပြီး အလွန်ထိတ်လန့်နေကြလေပြီ။

ရွှေရောင်ခြင်္သေ့ဆိုသည်မှာ မည်ကဲ့သို့သော သူဖြစ်သနည်း .. သူသည် အစကတည်းက လူငယ်မျိုးဆက်များကြား၌ နာမည်ကြီးသည့်သူပင်။ ဧကရာဇ်ကလန်များမှလွဲလျှင် မည်သူကများ သူ့အား ဖိနှိပ်နိုင်မည်နည်း..

သို့သော် ယခုတော့ သူ ဤအခြေအနေသို့ ရောက်သွားလေပြီ။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။

အထူးသဖြင့် သူသည် ယခုလေးတင်မှ သဘာဝကံကောင်းမှုကြီးအား ရရှိထားသည်ပင်။ သူသည် အားလုံးရှေ့၌ပင် ရွှေရောင်ခန္ဓာကိုယ်ကြီး ရရှိခဲ့သည်။

သူသာ ကန်အောက်ခြေ၌ ပြီးပြည့်စုံကာ ပြစ်ချက်ကင်းသည့် ရွှေရောင်ခန္ဓာကိုယ်ကို ရရှိသွားပါက သူ လူငယ်မျိုးဆက်များအားလုံးကို လွှမ်းမိုးနိုင်လိမ့်မည်ဟု လူအချို့ ထင်နေကြသည်ပင်။

ထိုအချိန်ကျလျှင် သူဧကရာဇ်ကလန်များကိုပင် စိန်ခေါ်နိုင်လိမ့်မည်။

သို့သော် ယခုတော့ သူ၏ တစ်ယောက်ယောက်၏ စုတ်ဖြဲခြင်းကို ခံရပြီး အရိုးများလည်း ဆွဲထုတ်ခံရတော့မည်။

ဤသည်မှာ မည်မျှပင် နှမြောစရာကောင်းလိုက်သနည်း.. သူ ယခုမှ ထိပ်ဆုံးသို့ရောက်သော်လည်း ယခုတော့ မြေပေါ်သို့ ပစ်ချခံလိုက်ရလေပြီ။

ရွှေရောင်ခြင်္သေ့မှာ တကယ်ကိုပင် ဝမ်းနည်းပူဆွေးကာ ဒေါသထွက်နေသည်ပင်။ သူ၏ပြစ်ချက်များကို ဖယ်ရှားပြီး ပြီးပြည့်စုံသည့် ရွှေရောင်ခန္ဓာကိုယ်ရရန်‌ ခြေတစ်လှမ်းသာလိုတော့သည်။ သို့သော် အခြားတစ်ယောက်မှ သူ၏အခွင့်အရေးကို လုယူသွားပြီး သူ့ထက်အရင် ရိုက်ချက် ၁၈ ချက်ကို ခံယူသွားလေပြီ။

သူသည် ကောင်းကင်မှ ငရဲပြည်သို့ ကျသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ ဤထက်ဆိုးရွားသည့်အရာမရှိနိုင်တော့။

ယခင် ဟွမ် အားနည်းနေစဉ်က သူသာလှုပ်ရှားလိုက်လျှင် တစ်ဖက်လူကို သူသတ်ပစ်နိုင်သည်။ သို့သော် ယခုတော့ အခြေအနေများမှာ ပြောင်းပြန်ဖြစ်သွားလေပြီ။

“အား .. ငါ့ဒါကို လက်မခံနိုင်ဘူး..” ရွှေရောင်ခြင်္သေ့ ဟစ်ကြွေးလိုက်သည်။

“မင်းလက်မခံနိုင်တော့ရော ဘာလုပ်ရမှာလဲ.. အရင်က မင်းတို့ကလန် ဘက်ပြောင်းသွားပြီးတော့ ကောင်းကင်ဘုံကိုးခုက မရေမတွက်နိုင်တဲ့ သက်ရှိတွေကို သတ်ကတည်းက တစ်နေ့ ဒီနေရလဒ်မျိုးရလာလိမ့်မယ်ဆိုတာ မင်းတို့စဉ်းစားထားသင့်တယ်..” ရှီဟောင်ပြောလိုက်သည်။

“စဉ်းစားကြည့်ရအောင် .. ငါမင်းကို ချက်စားရင်ကောင်းမလား .. ကင်စားရင်ကောင်းမလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူသည် ကန်ဘောင်ပေါ်မှလူများကို လုံးဝလျစ်လျူရှုထားကာ သူတို့စိတ်တိုအောင်လုပ်ထားလိုက်သည်။

အပိုင်း ၁၇၀၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၄ – အံ့အားသင့်စရာကောင်းသည့် အခြေအနေများ

ရွှေရောင်ခြင်္သေ့ ကြက်သီးထလာသည်။ ဟွမ်က သူ့ကို တကယ်စားချင်နေတာလား..

သူအနည်းငယ် ကြောက်လာသည်။ သူကဲ့သို့ ဘုရင်ကလန်များစွာထက်သာလွန်ပြီး ဧကရာဇ်ကလန်များနှင့်ယှဉ်လျှင် ဒုတိယအဆင့်၌ရှိနေသည့်သူက အစားအစာအဖြစ်သာ သတ်မှတ်ခံလိုက်ရလျှင် တကယ်ကို ဟာသဖြစ်သွားလိမ့်မည်။

“မင်း..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်ကာ‌ ဒေါသထွက်လာသည်။ စားခံရခြင်းမှာ သေခြင်းထက် လက်ခံရခက်ခဲသည့်ရလဒ်ပင်။

ခွပ်..

အရိုးကျိုးသံ ထွက်ပေါ်လာပြီး သူ့အမြီးမှ အလွန်ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ရွှေရောင်တောက်ပနေသည့်အမြီးမှာ ရှီဟောင်ကြောင့်ကျိုးသွားလေပြီ။ ဤသည်မှာ သူ့အတွက်တော့ အရှက်ကွဲမှုကြီးပင်။

ဤသည်မှာ တကယ်ကို ရှက်စရာကောင်းလှသည်။ ဟွမ်သည် တကယ်ကို မကောင်းဆိုးဝါးပင်။ သူ ဟွမ်၏ပြိုင်ဘက်မဟုတ်။

ရေအောက်၌ သူပြင်းထန်စွာတိုက်ခိုက်ခဲ့သော်လည်း ဟွမ်၏ခန္ဓာကိုယ်မှာ မာကျောလှပြီး မည်သည့်အရာကမှ သူ့ကိုထိခိုက်အောင်မလုပ်နိုင်။

ယခုမှ ရွှေရောင်ခန္ဓာကိုယ်ရရှိခဲ့သည့် ရွှေရောင်ခြင်္သေ့အတွက်တော့ ဤသည်မှာ စိတ်ဒဏ်ရာကြီးပင်။

ဗွမ်း..

ရေစက်များ လွင့်စင်သွားကာ ရှီဟောင်ရေမျက်နှာပြင်ထက်သို့ ပြန်ပေါ်လာသည်။ သူသည် ကြီးမားလှသည့် ရွှေရောင်ခြင်္သေ့ကြီးကိုသယ်ကာ အားလုံးနှင့် မျက်နှာချင်းဆိုင်၌ ရပ်နေခြင်းပင်။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့ အေးစက်လှပြီး တစ်ဖက်လောကမှ လူငယ်မျိုးဆက်များထက်သာလွန်သည့် ရွှေရောင်ခြင်္သေ့ကို ခွေးသေတစ်ကောင်ကဲ့သို့ပင် ကိုင်ထားသည်။

ဤသည်မှာလူငယ်လေးများ၏ မျက်နှာများကို ဖြူဖျော့သွားစေသည်။ ဟွမ်၏ ခွန်အားမှာ သူတို့ရင်ဆိုင်နိုင်သည်ထက် ပိုနေပြီဖြစ်ပြီး အသက်ကြီးသည့်သူများ တိုက်မှသာ ရတော့မည်။

“ဟွမ် .. မင်းဘယ်လိုအဆုံးသတ်မျိုးကြုံရမလဲဆိုတာ မင်းသိလား..” အကြီးအကဲတစ်ဦး အော်ဟစ်လိုက်သည်။

“အရှက်မရှိတဲ့လူအိုကြီး .. ကျုပ်ကို လာပြီးတော့ မခြိမ်းခြောက်ရင် ပိုကောင်းလိမ့်မယ်..” ရှီဟောင်၏စကားလုံးများလည်း ပြင်းထန်လှသည်ပင်။ သူသည် တစ်ချိန်လုံး တစ်ဖက်လောကမှ စစ်တပ်များ၏ လိုက်ဖမ်းခြင်းကို ခံနေရခြင်းပင်။ ဤကိစ္စဆိုးရွားသည့်ကိစ္စ ရှိနိုင်ပါ့မလား..

သူတို့သည် တစ်ဖက်မှမသေမချင်း မရပ်တန့်နိုင်သည့် ဆက်ဆံရေးသို့ ရောက်ရှိသွားလေပြီ။ သူတို့ ပြန်ဆုတ်စရာလမ်းမရှိတော့သဖြင့် တစ်ဖက်လူ၏ သဘောထားကို ဘာကြောင့်များ စဉ်းစားတော့မည်နည်း..

ယခု သူဤနေရာ၌ မပျက်စီးနိုင်သည့်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့ပြီး ဤသည်မှာ ဤလူများကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်သည့် ပထမဆုံးအကြိမ်ပင်။ သူ့ကို အားလုံးဝိုင်းထားသော်လည်း သူယုံကြည်ချက်အပြည့်ရှိသည်ပင်။

“မင်းက သေချင်နေတာပဲ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“ခဏ..” ငွေရောင်ဝတ်စုံနှင့် အကြီးအကဲ လက်မြှောက်လိုက်ကာ အခြားသူများကို တားဆီးလိုက်သည်။ ထို့နောက် သူသည် ရှီဟောင်အား ကြည့်ပြီးနောက် အပြုံးဖျော့လေး ပြုံးလိုက်ကာ “မင်းရဲ့ ပါရမီတွေနဲ့ အောင်မြင်မှုတွေကို အားလုံးမြင်နေရတာပဲ .. မင်းကို မလေးစားပဲ မနေနိုင်ဘူး..”

ရှီဟောင်သူ့အား တည်ငြိမ်စွာကြည့်လိုက်သည်။

“လူငယ်လေး .. မင်း အင်ပါယာဂိတ်ထဲမှာ ပိတ်မိနေတာ နှမြောစရာပဲ .. မင်း ဘယ်တော့မှာ ထာဝရတာအိုကို ကျင့်ကြံနိုင်မှာမဟုတ်ဘူး.. အဲဒီနေရာက ပတ်ဝန်းကျင်က အရမ်းဆိုးတယ် .. မင်းကို ထာဝရတရားရဖို့ ခွင့်ပြုမျာမဟုတ်ဘူး..” ငွေရောင်ဝတ်စုံနှင့် အကြီးအကဲပြောလိုက်သည်။

“ခင်ဗျားဘာပြောချင်တာလဲ .. ခင်ဗျားပြောချင်တာကို ဒဲ့ပြောလိုက်..” ရှီဟောင်၏နှုတ်ခမ်းထောင့်၌ လှောင်ပြုံးလေးတစ်ခု ရှိနေသည်ပင်။

“မင်းရဲ့ စွမ်းရည်နဲ့ ကောင်းကင်ဘုံကိုးခုမှာ နေနေတာက နွံနှစ်နေတဲ့ပတ္တမြားလိုပဲဖြစ်နေမှာ .. မင်းငါတို့ဘက်ပြောင်းလာရင် မင်းရဲ့ဘဝကြီးက တောက်ပလာပြီးတော့ သမိုင်းမှာလည်း မင်းနာမည်ထားခဲ့နိုင်မှာ..” ငွေရောင်ဝတ်စုံနှင့် အကြီးအကဲ တကယ်ကြီးကို ဤကဲ့သို့ ပြောလိုက်လေသည်။

“ခင်ဗျားက အတွေးလွန်နေတာပဲ..” ရှီ‌ဟောင် အေးစက်စွာပြောလိုက်သည်။ သူက ဘယ်လိုလုပ် အကြောက်တရားကင်းမဲ့သည့်သွေးမျိုးဆက်ကဲ့သို့ သစ္စာဖောက်ရမည်နည်း..

“လောကကြီးကို အမြင်ကျယ်ကျယ်နဲ့ကြည့်နိုင်မှ ပညာရှိတယ်လို့ခေါ်တယ် .. ဉာဏ်ကောင်းမှုက ကံကောင်းမှုကို ရှာဖွေပြီးတော့ ကပ်ဆိုးတွေကို ရှောင်ရှားပေးမှာပဲ .. နောင်ကျရင် အင်ပါယာဂိတ်က ပျက်စီးသွားမှာ .. ခုခံတဲ့သူတွေအားလုံး သေရမှာ .. အဲဒါ ဘယ်လိုအခြေအနေမျိုးဖြစ်လာမလဲဆိုတာ မင်းနားလည်သင့်တယ်..” ငွေရောင်ဝတ်စုံနှင့် အကြီးအကဲ ပြောလိုက်သည်။

သူ ရှီဟောင်ကိုကြည့်ပြီးနောက် ဆက်ပြောလိုက်သည်။ “မင်းတို့ဘက်ပြောင်းလာပြီးတော့ သွေးသစ္စာကျိန်ပေးမယ်ဆိုရင် မင်းရဲ့ အောင်မြင်မှုတွေက အကန့်အသတ်မရှိလောက်အောင်ကို ဖြစ်လာမှာ .. တစ်နေ့ကျရင် မင်း ဘုရင်တစ်ပါးဖြစ်လာပြီး ဘိုးဘေးတစ်ယောက် ဖြစ်လာမှာ … ပြီးတော့ မင်းရဲ့လက်ရှိအင်အားက မလုံလောက်ဘူးဆိုပေမယ့် မင်း ငါတို့ဘက်ကို လာတာနဲ့ မင်းကို စွမ်းအားကြီးတဲ့ကလန်တစ်ခု တည်ထောင်ခွင့်ပေးမယ် .. မင်းတစ်ယောက်တည်းနဲ့ပဲဆိုင်တဲ့ကလန် .. အဲဒီကလန်က သာမန်ဘုရင်လူမျိုးစုတွေထက်ကို သာလွန်ပြီးတော့ ဧကရာဇ်ကလန်တွေရှေ့မှာလည်း ဦးညွတ်စရာမလိုဘူး..”

အကြီးအကဲပြောလိုက်သည့်အခြေအနေများမှာ မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သိနေသောကြောင့် သူတို့ တုန်လှုပ်သွားကြရသည်။

ဟွမ်ကအခု ကျင့်ကြံဆင့်ဘယ်လောက် ရှိသေးလို့လဲ .. သူ့ကို ဒီလိုမျိုးအဆင့်အတန်းတောင် ပေးနေတာလား..

သမိုင်းကြောင်းတွင် ဂုကလန်၊ သွေးဖီးနှစ်ကလန်နှင့် အခြားထူးခြားသည့်ကလန်များသာ ဤကဲ့သို့သောအခွင့်အရေးရရှိခဲ့သည်။

အသက် ၂၀ ကျော်ပဲရှိသေးတဲ့ လူငယ်လေးတစ်ယောက်ကို ဒီလိုမျိုးရာထူးအမြင့်ကြီးပေးနေတယ် .. ဤသည်မှာ သူတို့စဉ်းစားထားသည်ထက် ပိုသွားလေပြီ.

“ခင်ဗျားတို့အားလုံးက ကိုယ့်ကိုကိုယ် ဘယ်သူလို့ ထင်နေတာလဲ .. ခင်ဗျားတို့က အန်းလန်နဲ့ရှုထော်လို့ ထင်နေတာလား .. ဒီလိုမျိုး ရာထူးတွေ ပေးနေရအောင် ခင်ဗျားတို့မှာ ဘာအရည်အချင်းရှိလို့လဲ..” ရှီဟောင် လှောင်ပြောင်လိုက်သည်။

ငွေရောင်ဝတ်စုံနှင့် အကြီးအကဲသည် အစက ရှီဟောင်ကို ရှင်းပစ်ရန် ဆုံးဖြတ်ချက်ချထားသော်လည်း ယခု သူ၏သဘောထားကို တွေ့လိုက်ရသည့်အချိန် အခြားသူများ ထိတ်လန့်သွားရသည်။ “မင်း ငါတို့ကို မေးခွန်းထုတ်လို့ရပါတယ် .. ဒါပေမဲ့ ငါပြောတာတွေအားလုံးက အမှန်ပဲ .. ငါမင်းကို သက်သေပြပေးနိုင်တယ် .. ဘာလို့လဲဆိုတော့ ငါက ဧကရာဇ်ကလန်ကလာတာ .. ငါ့ရဲ့သွေးမျိုးဆက်က အားနည်းနေပြီဆိုပေမယ့် ရှေးဟောင်းဘိုးဘေးကို အမိန့်စာတစ်စောင်ထုတ်ပေးဖို့ တောင်းဆိုလို့ရသေးတယ်..” သူ လေးနက်စွာ ပြောလိုက်သည်။

ဤစကားကိုကြားလိုက်ရသည်နှင့် အားလုံးထိတ်လန့်သွားရသည်။ သူက စကားအဖြစ်ပဲပြောတာမဟုတ်ပဲနဲ့ တကယ်ပြောနေတာလား..

“ကျုပ်ကြားတာတော့ ဧကရာဇ်ကလန်သွေးမျိုးဆက်တွေက အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတယ် .. မျိုးဆက်တွေ ဖန်တီးဖို့ ခက်ခဲတော့ လူအရေအတွက်နည်းတယ် .. ဒါပေမဲ့ သူတို့ ဘယ်လူမျိုးစုကိုပဲ လက်ထပ်ပါစေ အဲဒီလူမျိုးစုမှာ နောင်လာနောက်သားတွေရှိတာနဲ့ ဧကရာဇ်ကလန်ရဲ့ သွေးမျိုးဆက်ကို ဆက်ခံရမှာပဲ .. ခင်ဗျားကဘာလို့ သွေးဝေးနေတာလဲ..” ရှီဟောင် မေးလိုက်သည်။

သူသည် အဓိကအချက်ကို ထောက်ပြလိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ယခင်က သူ သွေးဝေးသည့်အခွဲမိသားစုမှ တစ်စုံတစ်ယောက်နှင့်တိုက်ခိုက်ဖူးသည်ပင်။ ဤသည်မှာ သူ နောက်ပိုင်းသိရသည့် ‘သွေးမျိုးဆက်သီအိုရီ’ နှင့် မကိုက်တော့။

အကြီးအကဲ၏မျက်နှာမှာ စိမ်းရာမှ နီလာပြီး အလွန်ရုပ်ဆိုးလာသည်။

“လူငယ်လေး .. ဒါ မင်းငါ့ကို လှောင်ပြောင်လိုက်တာလို့ သတ်မှတ်လိုက်လို့ရတယ်နော် .. ငါက ရိုးရိုးသားသားနဲ့ မင်းကို ငါ့ဘေးနား ဖိတ်ခေါ်လိုက်ပေမယ့် မင်းက ကျေးဇူးတင်ရကောင်းမှန်းမသိဘူး .. အကောင်းအဆိုးကိုတောင် မခွဲခြားတတ်ဘူး .. ပြီးတော့ မင်းသာလိုချင်ရင် ငါအခုချက်ချင်း ဧကရာဇ်ကလန်မှော်အမိန့်စာကို သွားယူလိုက်လို့ရတယ် .. မင်းကို ထိပ်တန်းအဆင့်ကလန်ကြီး ပေးပြီး ဘယ် ဧကရာဇ်ကလန်ရှေ့မှာမှ ဦးညွှတ်စရာမလိုတဲ့သူဖြစ်ကြောင်း ကြေငြာပေးတဲ့အမိန့်စာပေါ့..”

“မလိုဘူး .. ကျုပ်စိတ်မဝင်စားဘူး .. ခင်ဗျားက လူတိုင်းကို သတ္တိမရှိပဲ ဒူးတွေပျော့ခွေနေတဲ့ အကြောက်တရားကင်းမဲ့တဲ့ခြင်္သေ့သွေးမျိုးဆက်လို့ ထင်နေတာလား.. ခင်ဗျား ကျုပ်ကို ဦးညွှတ်ခိုင်းစေချင်နေတာဆိုရင်တော့ မဖြစ်နိုင်ဘူး .. နောင် ကျုပ်တို့စစ်မြေပြင်မှာ တွေ့တဲ့အချိန်ကျရင် ကျုပ် ခင်ဗျားတို့ရဲ့ ရှေးဟောင်းဘိုးဘေးတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပြမယ်..” ရှီ‌ဟောင် ခိုင်မာစွာ ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ ဤလူငယ်လေးမှာ ရူးသွပ်လွန်းလှသည်။ သူသည် သက်ရှည်လူသားမဖြစ်သေးသည့် လူသားတစ်ယောက်သာဖြစ်သော်လည်း သူက အန်းလန်နှင့် အခြားသူများကို သတ်ချင်နေသည်လား .. သူ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသွားလေပြီ။

ရှီဟောင် ဤလူများကို အာရုံမစိုက်ပဲ သူ့လက်ထဲမှ ရွှေရောင်ခြင်္သေ့ကို ခေါင်းငုံ့ကြည့်လိုက်သည်။ “ခြင်္သေ့ခေါင်းနှပ်လား .. ဒါက နာမည်မဟုတ်သေးဘူး.. ဟင်းပွဲဖြစ်သွားပြီ .. ၇၀ ရာခိုင်နှုန်းလောက်ထိ ကျက်အောင်ခက်ထားတဲ့ ခြင်္သေ့နံရိုးအိုးကပ်ကြော် .. သူ့အရသာက မဆိုးလောက်ဘူး..”

ရွှေရောင်ခြင်္သေ့မှာ ချက်ချင်းပင် အရှက်ခွဲခံလိုက်ရ၏။ ဤသည်မှာ ရှက်စရာကောင်းလှသည်ပင်။

သူ၏မျက်ဝန်း၌ အေးစက်သည့်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် နောက်ဆုံးတစ်ချက်ချရန်အတွက် စွမ်းအားများစုစည်းနေခဲ့ခြင်းပင်။

သူသည် ဟင်းလင်းပြင်တာအိုနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်နေခဲ့သည်မှာ အတော်ကြာနေပြီဖြစ်ပြီး ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။ သို့သော်လည်း ရွှေရောင်ခန္ဓာကိုယ် ရရှိရန်အတွက် သူ့ကိုယ်သူ ဖိနှိပ်ထားခဲ့ခြင်းပင်။ နောက်တစ်ဆင့်တက်ရန်အတွက် ရှေးဟောင်းဗုဒ္ဓ၏ ရိုက်ချက် ၁၈ ချက်ကိုခံယူကာ သူ၏အုတ်မြစ် ပို၍ခိုင်ခံ့အောင် လုပ်ချင်သေးသည်။

ယခု ဤအဆင့်ထိရောက်အောင် ဖိနှိပ်ခံထားရသောကြောင့် သူက ဘယ်လိုလုပ် အခြားအရာများကို စဉ်းစားနိုင်တော့မည်နည်း..

ဝုန်း..

ရွှေရောင်ခြင်္သေ့ကြီးထံမှ ရုတ်တရက် စွမ်းအားများပေါက်ကွဲထွက်လာပြီး သူ၏ရွှေရောင်အမွေးများလည်း ထောင်ထနေသည်။ ဤသည်မှာ အကြီးအကဲအချို့ကိုပင် ထိတ်လန့်သွားစေသည်။ ဤသည်မှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်တွင် ရှားပါးသည့်တိုက်ခိုက်ရည်ပင်။ အခြားလူမျိုးစုများထက် သာလွန်နေသည်ပင်။

“မင်း နုံနုံအအနဲ့ သွေးကြောင်သလို လုပ်နေခဲ့တာအားလုံးက ဒီအချိန်အတွက်လား..” ထင်မထားသည်မှာ ရှီဟောင်သည် ဤသည်ကို စိတ်ထဲမထားပဲ တည်ငြိမ်နေသေးသည်။

ထိုအချိန်တွင် သူလက်တစ်ဖက်သာ မြှောက်လိုက်သည်။ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသည့်လက်မှ ရွှေရောင်အလင်းဖျော့လေး ထွက်ပေါ်လာသည်။ ထိုလက်ဝါးဖြင့် ရိုက်ချလိုက်သည်နှင့် ရွှေရောင်ခြင်္သေ့ ထုတ်လွှတ်ခဲ့သည့် စွမ်းအားကြီးသည့်အော်ရာအားလုံး ပျက်ပြယ်သွားသည်။

လက်ဝါးတစ်ချက်တည်းဖြင့် ကိုယ်တိုင်ခစာခြင်းနယ်ပယ်သို့ ချိုးဖောက်နေသည့် ရွှေရောင်ခြင်္သေ့ သူ၏မူလပုံစံသို့ ပြန်ပို့ခံလိုက်ရသည်။ သူသွေးများစွာအန်ထွက်သွားကာ ခန္ဓာကိုယ်၌ အက်ကွဲကြောင်းများ ပေါ်လာသည်။

“မင်း..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤဟွမ်မှာ စွမ်းအားကြီးလွန်းလှသည်။ သူတတ်နိုင်သမျှ အားလုံး လုပ်ခဲ့ခြင်းပင်။ သူသည် ကျင့်ကြံဆင့်ကိုပင် တစ်ဆင့်တက်ပြီး လျှပ်တစ်ပြက်တိုက်ခိုက်လိုက်သော်လည်း ဤသည်မှာ မလုံလောက်သေး။

ကန်ဘောင်ပေါ်မှလူများအားလုံး ထိတ်လန့်သွားရ၏။ အထူးသဖြင့် လူငယ်လေးများပင်။ သူတို့ ပြောစရာစကားလုံးပင်မရှိတော့။

“ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် .. မင်းကို ထပ်ကြိုးစားခွင့်ပေးမယ်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း..” ရွှေရောင်ခြင်္သေ့ ရှက်ရွံ့ကာ ဒေါသထွက်သွားရသည်။ လူငယ်မျိုးဆက်တွင် သူ ခေါင်းပင်မဖော်နိုင်လောက်အောင် ဖိနှိပ်နိုင်သည့်သူရှိလိမ့်မည်ဟု သူမထင်ထားခဲ့။

ဝေါင်း..

ထိုဟိန်းသံမှာ သူ၏ဒေါသကို ကိုယ်စားပြုသည်ပင်။ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ကြီးပင် လှုပ်ခတ်သွားသည်။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ယာယီအားဖြင့် ရောက်ရှိသွားလေပြီ။

သူ အလွန်စွမ်းအားကြီးပြီး ရှီဟောင်ကို ဆွဲစုတ်နိုင်တော့မည်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် သူတစ်ဖက်လူထံမှ ပြင်းထန်သည့်ရိုက်ချက်တစ်ခုသာ ရလိုက်သည်။ သူ၏စွမ်းအားကြီးသည့်ခွန်အားများအားလုံး လက်ဝါးတစ်ချက်တည်းဖြင့် ပျက်ပြယ်သွားသည်ပင်။

ရန်သူ သူ့အားအခွင့်အရေး ပေးခဲ့သော်လည်း သူသည် ထိုလူ၏ပြိုင်ဘက်မဟုတ်သေး။ ဤခံစားချက်မှာ တကယ်ကို ဆိုးရွားလှသည်။

သူက ဒီလောက်တောင်စွမ်းအားကြီးတာလား .. ပြိုင်ဘက်ကင်းတဲ့ရှေးဟောင်းကလန်ကိုတောင် သာမန်သက်ရှိလို သဘောထားနေတယ်..

“ဟူး..”

ရှီဟောင် သက်ပြင်းချလိုက်သည်။ ရွှေရောင်ခြင်္သေ့ကို မြင်လိုက်ရသည့်အချိန် သူ၏သူငယ်ချင်းဟောင်းကို သတိရမိသွားသည်။ ဤသည်မှာ သူငယ်စဉ်က သူနှင့် သွေးသောက်ညီအစ်ကိုဖြစ်ခဲ့သည့် အဆင့်နိမ့်နယ်မြေမှ ခေါင်းကိုးလုံးရွှေရောင်ခြင်္သေ့ပင်။

သူငယ်ရွယ်စဉ်က အခြားသူများကို ရယ်ရမလိုငိုရမလိုဖြစ်စေသည့် ကိစ္စများစွာလုပ်ခဲ့သည်။ သူ အဆင့်နိမ့်နယ်မြေမှ ထွက်ခွာလာသည်မှာ ဘယ်နှနှစ်ပင် ရှိနေပြီဖြစ်သနည်း.. ယခုအချိန်တွင် သူတကယ်ကို ပြန်ချင်လှသည်။ သူ ကျောက်တုံးကျေးရွာကိုလွမ်းသည်။ သူငယ်ချင်းဟောင်းများကိုလွမ်းသည်။

“ငါ မင်းကို ကင်လည်းမကင်ဘူး .. ပေါင်းလည်းမပေါင်းတော့ဘူး..” ရှီဟောင်ပြောလိုက်သည်။ ဤသည်မှာ သူ့အားညှာတာနေခြင်းမဟုတ်။ သူ့ထံ၌ အခြားအစီအစဉ်များ ရှိနေသောကြောင့်ပင်။ သူ ခေါင်းကိုးလုံးရွှေရောင်ခြင်္သေ့ လုပ်ချင်သောကြောင့်ပင်။

ထို့နောက် သူသည် ကန်ဘောင်ပေါ်မှ အားလုံးကို ကြည့်လိုက်ကာ “ကျုပ်တို့ အချိန်တွေ တော်တော် ဖြုန်းတီးပြီးသွားပြီ .. ဒီမှာပဲ စာရင်းရှင်းကြတာပေါ့..”

“မင်းက တစ်ယောက်တည်းဖြစ်နေတာတောင်မှ အရှက်မရှိ ပြောရဲသေးတယ်ပေါ့..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“ကြည့်ရတာ လူတစ်ချို့ရောက်နေပြီထင်တယ် .. ငါ့ကို လိုက်ဖမ်းတဲ့ လူ ၇၀ ရာခိုင်နှုန်းလောက် ဒီကိုရောက်နေတာဆိုတော့ ကျုပ်ခင်ဗျားတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်လိုက်ရင် အရမ်းကို ပျော်စရာကောင်းသွားမှာ..” ရှီဟောင် ပြောလိုက်သည်။

“ရဲတင်းလိုက်တာ..” ငွေရောင်ဝတ်စုံနှင့် အကြီးအကဲ မျက်နှာပျက်သွားရ၏။ သူ၏သိမ်းသွင်းခြင်း အလုပ်မလုပ်သောကြောင့် သူမျက်နှာထားနေစရာမလိုတော့။

“ရဲတင်းတယ်ဟုတ်လား .. ငါ့ဖင်ကိုပဲ ရဲတင်းနေလိုက်..” ရှီဟောင်လည်းယဉ်ကျေးနေခြင်းမရှိ။

“မင်းက နို့နံ့မစင်သေးတဲ့ကလေးသာသာပဲ .. မင်းရဲ့ပါရမီတွေက သိပ်မဆိုးပေမယ့် မင်းရင့်ကျက်ဖို့လိုသေးတယ် .. မင်း ပြန်လည်ဝင်စားခြင်းကန်ထဲမှာ ရှိနေလို့ .. မဟုတ်ရင် အစောကြီးကတည်းက မင်းကို သတ်ပစ်လိုက်ပြီ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“အဝါရောင်မြစ်မှာ မျောလွင့်နေတဲ့ဝိညာဉ်တွေ အများကြီးရှိတယ် .. အားလုံးပဲ ခင်ဗျားတို့ရဲ့ ခရီးလမ်း ချောမွေ့နေဖို့ မျှော်လင့်တယ်…” ရှီဟောင် အေးဆေးပင် ပြောလိုက်သည်။

“မကောင်းတော့ဘူး .. မြန်မြန်နောက်ဆုတ်..” ငွေရောင်ဝတ်စုံနှင့် အကြီးအကဲနှင့် အခြားသူများ တစ်ခုခုကို အာရုံခံမိသွားကာ သူတို့မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။ သူတို့သည် အော်ဟစ်ကာ အဝေးသို့ ပျံသန်းသွားလိုက်ကြသည်။

အပိုင်း ၁၇၀၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၅ – အကြင်နာတရားကင်းမဲ့သော

ရှီဟောင် ဘာလုပ်ချင်နေသည်ကို လူအချို့ ခန့်မှန်းမိသွားသည်ပင်။ သူ ဤမျှရူးသွပ်လိမ့်မည်ဟု သူမထင်ထားခဲ့။ ကြောက်လွန်းသောကြောင့် သူတို့ဆံပင်မွေးများပင် ထောင်ထလာသည်။

“ပြေး .. နောက်ပြန်လှည့်မကြည့်နဲ့ .. တတ်နိုင်သမျှ ဝေးဝေးပြေး..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဤသည်မှာ ကျောက်တောင်ပေါ်မှ လူများကို သတိပေးလိုက်ခြင်းသာမက ခပ်ဝေးဝေး၌ ပုန်းနေသည့် ကျင့်ကြံသူများကို သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

သို့သော် သူတို့အချိန်လောက်ပါ့မလား .. အချို့လူများ ထိတ်လန့်လာကြသည်။

ရှီဟောင်ခေါင်းမော့လိုက်ကာ ထိုရှေးဟောင်းသားရဲ ရှိနေသည့်နေရာသို့ ကြည့်လိုက်သည်။ သူသည် ထိုအကောင်အားစိုက်ကြည့်လိုက်ာ ထူးဆန်းသည့်နတ်အလင်းတန်းတစ်မျိုး ထုတ်လွှတ်လိုက်သည်။

ကျောက်တောင်၏ အခြားတစ်ဖက်၌ ကျောက်တိုင်တစ်ခုရှိ‌နေသည်။ ထိုကျောက်တိုင်တွင် ‘မိုးကောင်းကင်အောက်နံပါတ်နှစ်’ ဟူသည့်စကားလုံးကို ထွင်းထုထားပြီး ထူထဲလှသည့် သံကြိုးဖြင့် ရစ်ပတ်ထားသည်။ သံကြိုး၏ အခြားအစွန်းတစ်ဖက်မှာ ကောင်းကင်ထက်၌ ရှိနေသည်ပင်။

ထိုနေရာ၌ ရှေးဟောင်းသားရဲတစ်ကောင်ကို ချုပ်နှောင်ထားသည်ပင်။ ဤသည်မှာ ယခင်က ပြိုင်ဘက်ကင်းသည့် ရှေးဟောင်းသားရဲဖြစ်ပြီး မည်သူမှ သူ့အား စိုက်မကြည့်ရဲကြ။ သူ့အား စိုက်ကြည့်လိုက်သည်နှင့် ဝိညာဉ်ပင်ပြိုကွဲသွားလိမ့်မည်။

သို့သော် ယခုတော့ ရှီဟောင် ပါးစပ်ဟကာ ဤနေရာ၌ တကယ်ဟစ်ကြွေးတော့မည်။ ဤရှေးဟောင်းသားရဲကြီး နိုးထစေရန်အတွက် ကောင်းကင်ပညာအသံကို အသုံးပြုတော့မည်။

ဤသည်မှာရူးသွပ်လွန်းလှပြီး အားလုံးထင်ထားသည်ထက် သာလွန်နေသည်။

အဘယ်ကြောင့်ဆိုသော် သူသေချင်လျှင်ပင် ဤကဲ့သို့မလုပ်သင့်။ သူ အလောင်းပင်မရှိပဲ သေသွားရလိမ့်မည်။ ဤရှေးဟောင်းသားရဲကြီး ပြန်နိုးလာသည်နှင့် ကောင်းကင်ကြီးပြိုကျသွားကာ ကမ္ဘာမြေကြီး ချိုင့်ဝင်သွားလိမ့်မည်။ ဤကဲ့သို့သော စွမ်းအင်လှိုင်းအောက် အသက်ရှင်နိုင်သည့်သူမရှိ။

“ဟွမ်က အရူးပဲ .. သူရူးနေပြီ..”

“သူ အသက်မရှင်ချင်တော့ဘူးလား .. သူ့ကိုကြည့်ရတာ စိတ်လွတ်နေတဲ့ပုံလည်းမပေါ်ပါဘူး .. သူကဘာလို့ ငါတို့ကို သူနဲ့အတူတူ ဆွဲချချင်နေတာလဲ..” တစ်စုံတစ်ယောက်မှ ဆူပူလိုက်သည်။

အထူးသဖြင့် ငွေရောင်ဝတ်စုံနှင့်အကြီးအကဲပင်။ သူသည် အမြဲတမ်း သတိကြီးကြီးထားနေပြီး ယခင်က တောင်ပေါ်သို့ မတက်ခဲ့။ ရှီဟောင် ကန်အောက်ခြေသို့ ရောက်သွားပြီဟု အတည်ပြုပြီမှ သူတက်လာခြင်းပင်။ သို့သော်လည်း သူ လှည့်စားခံလိုက်ရသည်ပင်။

အမှန်တကယ်တွင် တောင်ခြေ၌သာ နေနေသည့်အုပ်စုတစ်စုရှိသည်။

ရွှေရောင်ခြင်္သေ့မှ အရာအားလုံးကို ချုပ်ကိုင်နိုင်ပြီဖြစ်ပြီး ဟွမ်၏အလောင်းလည်းကန်အောက်ခြေသို့ ရောက်သွားပြီဟူသည့် သတင်းများ ပျံ့လွင့်လာသောကြောင့် သူတို့ ဤနေရာသို့ အလောတကြီး ရောက်လာကြခြင်းပင်။

ဝုန်း..

ရှီဟောင် ကြောက်စရာကောင်းသည့် အသံလှိုင်းများကို အရှေ့ဘက်ရှိ တောင်သို့ ပစ်လွှတ်လိုက်သည်။ သူ ထိုအကောင်ကို တိုက်ရိုက်မတိုက်ခိုက်ရဲ။ သို့သော်လည်း ဤအသံလှိုင်းမှာ ရှေးဟောင်းသားရဲကြီး၏ အိပ်စက်မှုကို နှောက်ယှက်နိုင်သည်ပင်။

“ဟွမ် .. ဒီလိုမလုပ်နဲ့ .. မဟုတ်ရင် မင်းလည်းသေသွားလိမ့်မယ်..” အချို့လူများ၏မျက်နှာများမှာ နှင်းကဲ့သို့ ဖြူဆုတ်နေလေပြီ။

အဘယ်ကြောင့်ဆိုသော် ဟွမ်ကို ဆွဲဆောင်နိုင်ခြင်းမှာ သူတို့ကိုယ်သူတို့ကယ်တင်သည်နှင့်အတူတူပင်။

သို့သော် ယခုမှ သူဘယ်လိုလုပ် ရပ်တန့်မည်နည်း.. သွေးစွမ်းအင်များ ကောင်းကင်ထက်သို့ တက်သွားကာ သူ၏ဆံပင်ရှည်များလည်း လှုပ်ရှားကခုန်နကြေသည်။ သူ၏ဟစ်ကြွေးသံမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါသွားစေသည်ပင်။

အားလုံး သွေးပျက်သွားရ၏။ သူတို့ သူ့ကို မရပ်တန့်နိုင်။

“မုန်းစရာကောင်းလိုက် .. ခြင်္သေ့လေး .. မင်းက ငါတို့အားလုံးကို လမ်းလွဲအောင်လုပ်လိုက်တာပဲ .. ချီးပဲ..” အချို့သူများ ရွှေရောင်ခြင်္သေ့ကို ဒေါသထွက်လာကြသည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင်ခြင်္သေ့လေးမှာ မောက်မာလွန်းလှပြီး သူအရာအားလုံးကို ဆုတ်ကိုင်ထားနိုင်သည်ဟု ယုံကြည်နေသည်။ ဤသည်မှာ နောက်တစ်စုကို တောင်ပေါ်သို့ တက်စေခဲ့သည့် အကြောင်းရင်းပင်။

သူတို့အသက်ကို အလွန်တန်ဖိုးထားသည့် အကြီးအကဲများအတွက် ဤသည်မှာ လှည့်စားခံလိုက်ရခြင်းပင်။

ရှီဟောင်၏အသံလှိုင်းတွင် လျှပ်စီးများပါဝင်နေသည်အထိပင်။

ကောင်းကင်ထက်၌ တောက်ပသည့် လျှပ်စီးတန်းများ တစ်ခုနှင့်တစ်ခု ဆက်နေပြီး ထိုလျှပ်စီးများမှာ အလွန်ထူထဲလှသည်။

ဤစွမ်းအင်လှိုင်းမှာ ပြင်းထန်လှပြီး ဆူညံပေါက်ကွဲနေသည်ပင်။ ထိုအသံသည် ရှီဟောင်အနား ထွက်ပေါ်လာခြင်းမဟုတ်ပဲ ထို ‘မိုးကောင်းကင်အောက် နံပါတ်နှစ်’ ကျောက်တိုင်နားမှ ထွက်ပေါ်လာခြင်းပင်။

တစ်ချိန်တည်းမှာပင် သူ နတ်စွမ်းရည်များကိုလည်း အသုံးပြုလိုက်သည်ပင်။ တောင်များမှာ ပြိုကွဲတော့မတတ်ပင် တုန်ခါသွားကြသည်။

ထိုကျောက်တိုင်မှ ဆူညံသံများဖြင့် လှုပ်ခါလာသော်လည်း သူလဲကျသွားမည်မဟုတ်။ ထိုကျောက်တိုင်မှ ထူးဆန်းသည့် သင်္ကေတများထွက်ပေါ်လာကာ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာသည်။ ဆူညံသံများမှာ နားကွဲလောက်မတတ်ပင်။ ထွက်ပြေးနေသည့်သူများမှာ ဝိညာဉ်များ တုန်ခါလောက်အောင်အထိ ကြောက်ရွံ့သွားကြသည်။

ချိန်းကြိုးများ လှုပ်ရှားလာပြီး သူတို့ ဤဆိုးရွာသည့်အခြေအနေမှ လွတ်မြောက်နိုင်ရန် လမ်းမရှိတော့။ အရာအားလုံးမှာ ဆိုးရွားသည့်အဆုံးသတ်ထံသို့ ဦးတည်နေလေပြီ။

“အား .. ငါ ဒီမှာ မသေချင်ဘူး..”လူငယ်လေးများထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ထိုနေရာ၌ ဖရိုဖရဲစွမ်းအင် ပျံ့လွင့်လာကာ ရှေးဟောင်းသားရဲကြီး သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလာသည်။ သူ၏မျက်ခွံမှာ နံရံတစ်ခုကဲ့သို့ တစ်ဖြည်းဖြည်းလှုပ်ရှားလာသည်။

ထိုအချိန်တွင် ပြိုင်ဘက်ကင်းသည့်အော်ရာတစ်ခု ကောင်းကင်နှင့်ကမ္ဘာကြီးကို လွှမ်းခြုံလာသည်။

ဤသည်မှာ နိုးထလာခြင်း အစသာရှိသေးသော်လည်း အချို့ကျွမ်းကျင်သူများ မတောင့်ခံနိုင်တော့။

အား…

အချို့လူငယ်ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာဖြစ်လာသည်။

ဖူး…

သူတို့ထဲမှတစ်ယောက် သွေးအန်သွားကာ သူ၏အတွင်းအင်္ဂါအစိတ်အပိုင်များ လွင့်ထွက်လာသည်။ ဖိအားကြောင့် သူ့ခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲသွားလေပြီ။

ဖောင်း..

အခြားလူတစ်ယောက်မှာ သူ၏နဖူးရိုးတောက်ပလာကာ သူ၏မျက်ခုံးကြားမှ သွေးများစီးကျလာသည်။ သူ၏မူလဝိညာဉ် အပြင်ဘက်သို့ ရုန်းကန်ထွက်လာသည်နှင့် ရောင်စုံအလင်းအဖြစ် ပြောင်းလဲသွားကာ အလင်းမိုးကဲ့သို့ ပျက်ပြယ်သွားသည်။

သူတို့ ဤဖိအားကို ခုခံနိုင်စွမ်းမရှိ။

“ပြေး..” အကြီးအကဲအချို့ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယခုပင် ဤမျှကြောက်စရာကောင်းနေလျှင် သားရဲကြီး မျက်လုံးပွင့်လာသည်နှင့် မည်မျှကြောက်စရာကောင်းမည်နည်း..

ယနေ့ သူတို့အသက်ရှင်နိုင်ချေမရှိတော့။

ထို့အပြင် ဤနေရာ၌ သူတို့ကောင်းကင်ကို ဆုတ်ဖြဲပြီး ထွက်မသွားနိုင်။ အဘယ်ကြောင့်ဆိုသော် ဤနေရာကိုကာကွယ်ထားသည့် စွမ်းအားအကြီးဆုံး သဘာဝဥပဒေသရှိနေသောကြောင့် လေဟာနယ်ဂိတ်တံခါးများ ဖန်တီး၍မရ။

“ရွှေရောင်ခြင်္သေ့ .. မင်းငါတို့ကို လှည့်စားတယ်..” နောက်ဆုံးတွင်တော့ အကြီးအကဲအချို့ မကျေမနပ် အော်ဟစ်လိုက်သည်။

အစက သူတို့၏ ပြိုင်ဘက်မှာ ဟွမ်ပင်။ သို့သော် အချို့လူများအမြင်တွင်တော့ ဤအရာအားလုံးကို ဖြစ်လာစေသည့်သူမှာ ရွှေရောင်ခြင်္သေ့ပင်။

“ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ .. ငါတို့ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမှာ..”

“ဟွမ်က ရူးနေပြီ..” အများစုမှာ အံကြိတ်ကာ ရှီဟောင်ကို ခါးသီးစွာ မုန်းတီးနေကြသည်ပင်။ သူတို့ သူ့အား အရှင်လတ်လတ်ပင် အရေခွံဆုတ်ချင်လာသည်။ သူသည် သူ့အသက်ကိုပင် ဂရုမစိုက်တော့။

“သူ မရူးဘူး … သူ့မှာ အသက်ရှင်နိုင်မယ့်နည်းလမ်းရှိတယ် ..” ထိုအချိန် တစ်စုံတစ်ယောက်မှ ရုတ်တရက်ပြောလိုက်သည်။

သူတို့အားလုံး ဖိအားကြီးကို ခုခံကာ သူတို့လာခဲ့သည့်နေရာသို့ ပြန်လာခဲ့ကြသည်။

ထိုလူများထဲတွင် ငွေရောင်ဝတ်စုံနှင့်အကြီးအကဲလည်းပါဝင်သည်ပင်။ ဤသည်မှာ စွမ်းအားကြီးသည့် ပုဂ္ဂိုလ်များအုပ်စုပင်။ သူတို့အားလုံးထံ၌ အံ့အားသင့်စရာကောင်းလောက်သည့် ခွန်အားများရှိကာ အားလုံးမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းအလယ်ဆင့်ထက်မနိမ့်။

ဝုန်း..

လေးပတ်လည်မှ လေဟာနယ်ကြီး ပေါက်ကွဲထွက်လာသည်။ အနက်ရောင် လေဟာနယ်ဂိတ်တံခါးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ဤဂိတ်တံခါးများမှာ အနက်ရောင်ကောင်းကင်ဓားသွားများနှင့်ပိုတူနေသည်။

ဤသည်မှာ နဂါးအစစ် နိုးထလာသောကြောင့်ပင်။

ကျင့်ကြံသူများ လေဟာနယ်ဂိတ်တံခါးပေါက်များကို မဖွင့်နိုင်သော်လည်း နဂါးအစစ်ကတော့ လုပ်နိုင်သည်ပင်။ ဤသည်မှာ သူတမင်သက်သက်လုပ်လိုက်ခြင်းမဟုတ်ပဲ အော်ရာများကြောင် သူ့အလိုလိုဖြစ်လာခြင်းပင်။

ဖူး..

ဤ အနက်ရောင်စွမ်းအင်လှိုင်းမှာ ပြင်းထန်လှသည်။ တစ်ခဏအတွင်းမှာပင် လူငယ်ကျင့်ကြံသူ ၉၀ ရာခိုင်နှုန်းခန့် ရှင်းပစ်ခံလိုက်ရသည်။ သူတို့ ပေါက်ကွဲသွားကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး အဆုံးသတ်သွားသည်။ ဘာကိုမှ မကျန်တော့။

ဤနေရာ၏ အဝေး၌သာ‌ နေနေသည့်လူငယ်အချို့ကတော့ ချက်ချင်းထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သူတို့ အသက်ရှင်နိုင်ခဲ့သော်လည်း ပြင်းထန်လှသည့် ဒဏ်ရာများ ရရှိခဲ့သည်ပင်။

အချို့အကြီးအကဲများမှာ သေရန်နီးကပ်လာလေပြီ။

“ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းနဂါးလူမျိုးစု စီနီယာ .. ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ .. ဒီရက်စက်တဲ့လူအုပ်စုကို သတ်ပေးပါ..” အနောက်ဘက်မှ ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူနှင့်အတူ ရွှေရောင်ခြင်္သေ့ကို ဆွဲခေါ်ပြီး ကန်အောက်ခြေသို့ ပြန်သွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူမကြည့်လျှင်ပင် ဤလူများ၏အဆုံးသတ်ကို သူသိပြီးသားပင်။

ကန်အောက်ခြေသို့ သွားသည်ဆိုသည်မှာလည်း သူအသက်ရှင်နိုင်အောင်ပင်။ သူသာ နည်းနည်းလေး နောက်ကျသွားလျှင် သူလည်း သေသွားလိမ့်မည်။

ရွှေရောင်ခြင်္သေ့၏ မျက်နှာထက်၌ နောင်တတရားများ ကြီးစိုးနေသည်။ သူ၏ခန္ဓာကိုယ်တောင့်ခဲနေကာ သူ၏ရွှေရောင်မျက်ဆံတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ ယခုအချိန်တွင် သူသည် သစ်သားစတစ်ခုကဲ့သို့ပင် ဆွဲခေါ်ခံသွားရသည်ပင်။

ဤကဲ့သို့သော အဆုံးသတ်မျိုးဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့။ ဤပွဲ၌ ပါဝင်ခဲ့သည့်သူများအားလုံး ရှင်းခံလိုက်ရကာ မည်သူမှ အသက်မရှင်ခဲ့။

ဟွမ်မှာ တကယ်ကို ရက်စက်လှသည်။

သို့သော်လည်း သူ့ကိုယ်သူ အပြစ်တင်ရမည်ပင်။ သူ ယုံကြည်ချက်လွန်ကဲပြီး ဟွမ် ကန်အောက်ခြေ၌ နှစ်မြှုပ်သေဆုံးသွားပြီဟု မယုံကြည်ခဲ့ပါက တောင်ပေါ်သို့ နောက်ထပ်လူတစ်စု ထပ်တက်စရာအကြောင်းမရှိ။

ပြောရမည်ဆိုလျှင် အားလုံးကို အန္တရာယ်တွင်းထဲသို့ ဆွဲခေါ်ခဲ့သည့်သူမှာ သူပင်ဖြစ်သည်။

“ဟွမ် .. ငါမင်းကို သေအောင်သတ်မယ်..” ရွှေရောင်ခြင်္သေ့ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။

“မင်း သေချင်နေတာလား .. အဲဒီလောက်မလွယ်ဘူး .. အခုတော့ ဘေးဘက်မှာ ခဏနေလိုက်ဦး..” ရှီဟောင်သူ့ကို သိပ်ပြီးဂရုစိုက်မနေ။ လက်ဝါးရိုက်ချက်တစ်ချက် ကျရောက်လာကာ သူ့ခန္ဓာကိုယ်ထဲမှ အရိုးအားလုံး ကျိုးသွားသည်။ ရွှေရောင်ခြင်္သေ့ကဲ့သို့စွမ်းအားကြီးသည့်သူပင် ဘာမှမလုပ်နိုင်။ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

“မင်း ဘာလုပ်ချင်တာလဲ..” ရွှေရောင်ခြင်္သေ့မျက်လုံးထဲမှ အေးစက်သည့်အလင်းတန်းများ ထွက်ပေါ်လာသည်။

“မင်းကို စီးတော်ယာဉ်လုပ်မလို့ .. နောင်ကျရင် စစ်မြေပြင်မှာ မင်းကိုစီးပြီး တစ်ဖက်လောက လူတွေကိုတိုက်မယ်..” ရှီဟောင်ပြောလိုက်သည်။

ဤသည်မှာသူ့အား ညှာတာလိုက်ခြင်းမဟုတ်သလို သူ့ကို တကယ် စီးတော်ယာဉ်လုပ်ချင်နေသောကြောင့်လည်းမဟုတ်။ သို့သော် သူ့အား ကျွန်လုပ်လိုခြင်းပင်။ သူ ဤရွှေရောင်ခြင်္သေ့ကို အသက်ရှင်လျက်ထားပြီး တစ်ဖက်လောကကဲ့သို့ လုပ်မည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင်ခြင်္သေ့သွေးမျိုးဆက်မှာ ယခင်က ကောင်းကင်ဘုံကိုးခုမှဖြစ်ပြီး နောက်ပိုင်း သစ္စာဖောက်သွားကာ တစ်ဖက်လောကမှ စစ်တပ်ကြီးကို ဖိတ်ခေါ်ခဲ့ကာ ကိုယ့်လူကိုယ်ပြန်တိုက်ခိုက်ခဲ့သည်ကို အားလုံးသိသည်။

ယခု ရှီဟောင် ဥပမာအနေဖြင့် အပြစ်ပေးလိုက်ခြင်းပင်။ အခြားသူများ သူ ဤရွှေရောင်ခြင်္သေ့ကိုစီးပြီး စစ်မြေပြင်သို့ ထွက်သွားသည်ကို မြင်လိုက်သည်နှင့် အကျိုးသက်ရောက်မှုမှာ အလွန်ကြီးမားသွားလိမ့်မည်။

ဗွမ်း…

ဗွမ်း..

ကန်ထဲ၌ ရေလှိုင်းများ ထွက်ပေါ်လာကာ လူများစွာကန်ထဲသို့ ခုန်ချလာကြသည်။

ဤသည်မှာ ထိုစွမ်းအားကြီးသည့်ပုဂ္ဂိုလ်အုပ်စုပင်။ အရေးအကြီးဆုံးအချိန်တွင် သူတို့နောက်လှည့်ကာ ဤကန်ထဲသို့ ခုန်ချလိုက်ကြခြင်းပင်။

“ဟား ဟား … သူတို့လာပြီ.. ဖက်ထုပ်တွေ အိုးထဲရောက်လာပြီ .. အခု သူတို့ကို သိမ်းဖို့အချိန်ပဲ.” ရှီဟောင် ရယ်မောနေသော်လည်းသူ့အပြုံးမှာ အနည်းငယ် အေးစက်နေသည်။

ထို့အပြင် အပြင်ဘက်၌ ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရောင်ကင်းမဲ့သွားကာ ပျက်စီးမလိုဖြစ်နေလေပြီ။

အပိုင်း ၁၇၀၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၆ – လောကကြီးကို ပျက်စီးစေသည့်ဟစ်ကြွေးသံ

ဖက်ထုပ်တွေ ဟုတ်လား .. ရွှေရောင်ခြင်္သေ့ ဤသည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်ပင်။ သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း သူ၏အာရုံများမှာ စူးရှနေဆဲပင်။

ကန်ထဲသို့ ဆင်းလာသည့် အကြီးအကဲများပို၍ပင် ဝမ်းနည်းသွားမည်ကို သူသိသည်။ သူတို့သည် ဖက်ထုပ်အဖြစ် ဆက်ဆံခံနေရသည်။

အပြင်ဘက်၌ လောကကြီးဖရိုဖရဲဖြစ်နေသည်။ အနက်ရောင်အက်ကွဲကြောင်းများမှာ အနက်ရောင်ဓားသွားကဲ့သို့ အကြောင်းရေ ထောင်ပေါင်းများစွာ စုစည်းနေကာ ဤလောကရှိ သက်ရှိအားလုံးကို ရှင်းပစ်လိုက်သည်။ တစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့။

ဤအုပ်စု ကန်ထဲသို့ ခုန်ချလိုက်သည်နှင့် လောကကြီးပျက်စီးသွားကာ တောတောင်နှင့်မြစ်များ အရောင်အဆင်းကင်းမဲ့သွားသည်။

နံပါတ်တစ်နေရာအတွက် တိုက်ခိုက်ခဲ့သည့် နဂါးအစစ် အသက်ဝင်လာလေပြီ။ သံကြိုးမှ ထွက်ပေါ်လာသည့်အသံများမှာ ကောင်းကင်သားရဲတောအုပ်တစ်ခုလုံးကို ဆူညံသွားစေသည်။

ထိုသက်ရှိကြီး မျက်လုံးပွင့်လာသည်နှင့် ကန်ထဲသို့ မဝင်ခဲ့သည့်သူများအားလုံး ရှင်းလင်းခံလိုက်ရသည်။ အသက်လုပြေးနေသည့် ကျွမ်းကျင်သူများအားလုံး ပေါက်ကွဲသွားကြသည်။

အရင်ဆုံးထွက်ပြေးသွားသည့်အုပ်စုလည်း သူတို့၏ခန္ဓာကိုယ်များ အက်ကွဲလာကာ ဒဏ်ရာများမှာ သေမတတ်ပင်ပြင်းထန်နေသည်။

ကန်ထဲသို့ ခုန်ချလာသည့်သူများမှာ အတော်လေး ရဲတင်းကြပြီး သူတို့၏ခွန်အားလည်း ကြီးမားလှသည်။ သို့သော်လည်း သူတို့၏အဆုံးသတ်မှာ အလွန်ဆိုးရွားနေမည်ပင်။

အဝေးဆုံးသို့ ထွက်ပြေးသွားနိုင်သည့်သူများလည်း စီနီယာများပင်။

ဤအုပ်စုနှစ်ခုကြားရှိ ကျင့်ကြံသူများမှာ အဆိုးရွားဆုံးပင်။ သူတို့၏ ခွန်အားမှာ သိပ်မမြင့်သလို သိပ်လည်းမနိမ့်။ သူတို့၏မျက်နှာများ ဖြူဖျော့နေကာ ခန္ဓာကိုယ်ထက်၌ အက်ကွဲကြောင်းများပေါ်လာသည်။

တောင်တန်းများတွင် သံကြိုးရိုက်သံများမှာ အတော်ဝေးဝေးထိ ပျံ့လွင့်နေသည်။ ဤအသံမှာ သူတို့ကို ပို၍ပင် ထိတ်လန့်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ထိုသံကြိုးသံများမှာ သူတို့အတွက်တော့ ငရဲအော်သံများကဲ့သို့ပင်။

ဝုန်း..

ကောင်းကင်ကို တုန်ခါစေသည့် ဆူညံသံတစ်သံ ထွက်ပေါ်လာ၏။ နဂါးကြီး အပြည့်အဝ နိုးထလာပြီဖြစ်ကြောင်း အားလုံး နားလည်သွားသွားရသည်။

ထိုသတ္တဝါကြီး မျက်လုံးပွင့်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို မူလဖရိုဖရဲမြူများ ဝန်းရံသွားကာ ထာဝရတာအိုအလင်းတန်းများလည်း လွှမ်းခြုံသွားသည်။

သာမန်အတိုင်း နိုးထလာခြင်းဖြစ်သော်လည်း ဤလောကရှိ အခြားသတ္တဝါများ မတောင့်ခံနိုင်တော့။ သူတို့ခန္ဓာကိုယ်‌ ပေါက်ကွဲမလိုပင် ဖြစ်နေလေပြီ။

ဤသည်မှာသူ အိပ်ပျော်နေစဉ်အချိန်နှင့် အလွန်ကွာခြားလှသည်ပင်။

“အား .. မဟုတ်ဘူး..”

ကျွမ်းကျင်သူများ၏ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဤသည်မှာ သူတို့လုပ်နိုင်သမျှ အကုန်ပင်။ ထို့နောက် သူတို့တစ်စစီဖြစ်သွားလေ၏။

အစောပိုင်း၌ ကံကောင်းစွာဖြင့် အသက်ရှင်သွားသည့်လူငယ်လေးများမှာ ယခုအချိန်တွင် အော်သံတစ်သံပင် မထွက်နိုင်တော့။ သူတို့သည် သွေးပုံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် မီးခိုးကဲ့သို့ လေထဲ၌ ပျောက်ကွယ်သွားသည်။

လူငယ်များအားလုံး ရှင်းခံလိုက်ရလေပြီ။

“မဟုတ်ဘူး .. ငါ့ကိုအခွင့်အရေးတစ်ခုပေးဦး..” တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။ သူအပြင်ဘက်သို့ လက်ဆန်းတန်းလိုက်သော်လည်း အော်ရာလှိုင်းတစ်ခု သူ့ကို ဖြတ်ပြေးသွားကာ တစ်စစီဖြစ်သွားလေသည်။

“ဒါက ဘယ်လိုလုပ် ဒီလောက်တောင် အားပြင်းနေတာလဲ .. ငါ အဲဒီနေရာက ထွက်လာပြီးသွားပြီလေ .. ကောင်းကင်ကြီးက ငါ့ကို သေစေချင်နေတာလား..” အကြီးအကဲတစ်‌ယောက် မကျေမနပ် အော်ဟစ်လိုက်သည်။ သူ၏ထွက်ပြေးသည့်နည်းလမ်းများမှာ အလွန်စွမ်းအားကြီးလှသည်ပင်။ ထိုနေရာမှ ထွက်လာပြီးနောက် သူ ခပ်ဝေးဝေးရှိ ရှေးဟောင်းတောအုပ်ထဲသို့ ပြေးဝင်ခဲ့သည်။ သို့သော်လည်း သူ့ကို အလင်းတန်းတစ်ခု ဖောက်ဝင်သွားကာ သူ၏အသွေးအသားနှင့် အရိုးများကို ဖျက်ဆီးသွားဆဲပင်။

ဤသည်မှာ ရှေးဟောင်းသားရဲကြီး မျက်လုံးပွင့်လာပြီးနောက် ထွက်ပေါ်လာသည့် အလင်းတန်းပင်။ သူ ဤအတိုင်းကြည့်လိုက်ခြင်းဖြစ်သော်လည်း ထိုအကြည့်၌ တိုက်ပွဲအငွေ့အသက်များပါဝင်နေသည်။ ထို့ကြောင့် ထိုလူ အသတ်ခံလိုက်ရခြင်းပင်။

ရှေးဟောင်းသားရဲသည် ယခင်က ကြောက်စရာကောင်းသည့် တိုက်ပွဲကြီးတစ်ပွဲတိုက်ကာ ဤနေရာ၌ ပိတ်ခံထားရသည်ပင်။ သူနှစ်ပေါင်းများစွာ အိပ်ပျော်သွားခဲ့သော်လည်း သူ့ထံ၌ ယခင်က သတ်ဖြတ်လိုသည့်အငွေ့အသက်များ ရှိနေဆဲပင်။ ထို့ကြောင့် သူမျက်လုံးဖွင့်လိုက်သည်နှင့် အဝေးဆုံးသို့ ရောက်နေသည့်သူများ ချက်ချင်းသေဆုံးသွားကြခြင်းပင်။

ဤသည်မှာ ဆိုးရွားလှသည့်ရလဒ်ပင်။

ဖူး ဖူး ဖူး..

ပြန်လည်ဝင်စားခြင်းကန်နှင့် အဝေးဆုံးသို့ ရောက်နေသည့် ကျွမ်းကျင်သူအုပ်စုကြားတွင်ရှိနေသည့် အခြားသူများအားလုံးမှာ ပျောက်ကွယ်သွားရန် ကံပါလာပြီးသားပင်။

ထိုအခိုက်အတန့်တွင် သူတို့မျက်လုံးများ အေးခဲသွားကာ အများစုကို ထိုစွမ်းအင်လှိုင်းများ ဖြတ်ပြေးသွားသည်။ သူတို့တစ်ယောက်ပြီးတစ်ပေါက် ပျက်စီးသွားကာ မူလဝိညာဉ်များလည်း ပေါက်ကွဲသွားကြသည်။

တောအုပ်အထက်၌ သွေးမိုးများ ရွာသွန်းကျလာကာ တောအုပ်တစ်ခုလုံး နီရဲနေလေပြီ.

ဤနေရာသို့ ရောက်လာသည့် ကျွမ်းကျင်သူများမှာ ရှီဟောင် ထင်ထားသည်ထက် ပိုများမည်မှာ သေချာသည်။ တစ်ချိန်တည်းမှာပင် သေဆုံးသည့်အရေအတွက်မှာ နတ်ဆိုးတစ်ပါး၏အောင်မြင်မှုနှင့် ညီမျှနေလေပြီ။

ရှေးဟောင်းသားရဲကြီးမျက်လုံးဖွင့်လိုက်သည်နှင့် ကျင့်ကြံသူပေါင်း မည်မျှပင် ပေါက်ကွဲသွားမှန်းမသိတော့။

ယခုအချိန်တွင် အဝေးဆုံးသို့ လွတ်မြောက်သွားသည့် ကျင့်ကြံသူများပင် ကြောက်ရွံ့သောကြောင့် တုန်ယင်နေလေပြီ။ သူတို့သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ကြာကြာတောင့်ခံနိုင်မည်မဟုတ်ပေ။

ဤလူများမှာ အလွန်စွမ်းအားကြီးသည့် ကျင့်ကြံသူများပင်။ သူတို့အားလုံး ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်နေလေပြီ။ သူတို့ ဤမျှဝေးဝေးထိ ထွက်ပြေးလာနိုင်မှာ သူတို့သည် အစကတည်းက တောင်ပေါ်သို့ မတက်ခဲ့သလို သူတို့၏ကျင့်ကြံဆင့်လည်း အလွန်မြင့်သောကြောင့်ပင်။

သို့သော် သူတို့ လီပေါင်း ထောင်ပေါင်းများစွာသို့ ရောက်ပြီးသွားသော်လည်း သူတို့သက်မမချနိုင်သေး။ သူတို့ကို ဖိစီးနေသည့် ဖိအားရှိနေဆဲပင်။

သူတို့ခန္ဓာကိုယ်များ အက်ကွဲလာကာ သွေးများအန်ထွက်လာသည်။ သူတို့ဦးခေါင်းခွံလည်း တစ်ဖြည်းဖြည်းအက်ကွဲလာကာ မူလဝိညာဉ်လည်း ကောင်းကင်ဓားသွားဖြင့် ခုတ်ခံရသကဲ့သို့ အပိုင်းများစွာအဖြစ် ပျံ့ကြဲသွားသည်။

“မဟုတ်ဘူး..”

နောက်ဆုံးတွင်တော့ အဝေးဆုံးသို့ ထွက်ပြေးနိုင်ခဲ့သည့် စွမ်းအားအကြီးဆုံးအုပ်စုထံမှ အော်ဟစ်သံများထွက်ပေါ်လာသည်။

ဖူး..

အချို့လူများ ပေါက်ကွဲနေဆဲပင်။ အသွေးအသားနှင့် သွေးများ နေရာအနှံ့ လွင့်ပျံသွားသည်။

ဝုန်း..

မြစ်ကြီးအချို့ပင် ခမ်းခြောက်သွားလေသည်။

ဝုန်း…

အချို့တောင်ကြောများ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

သွေးစွမ်းအင်များ ကျရောက်လာသည်နှင့် ဤနေရာမှာ နတ်ဆိုးမြေအဖြစ်သို့ ပြောင်းလဲသွားကာ နေရာအတော်များများ ပျက်စီးသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤကျင့်ကြံသူအုပ်စုမှာ အလွန်စွမ်းအားကြီးလှပြီး သူတို့၏ သွေးစွမ်းအင်များတွင် မယုံကြည်နိုင်လောက်သည့်စွမ်းအားများ ပါဝင်သည်ပင်။

သို့သော် ဤမျှစွမ်းအားကြီးသည့်သူများပင် ရှေးဟောင်းသားရဲနိုးထလာသောကြောင့် တစ်ယောက်ပြီးတစ်ယောက် ပျက်စီးသွားကြလေသည်။

ထို့နောက် ထိုသွေးစွမ်းအင်များသည် လေထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ထိုအကြီးအကဲများမှာ သူတို့သေဆုံးပြီးနောက် ဘာမှ မချန်ထားနိုင်ပဲ ပြာမှုန့်များ၊ မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဤဆိုးရွားလှသည့်မြင်ကွင်းမှာ အားလုံးကို အတော်လေး ထိတ်လန့်သွားစေသည်။ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူအချို့သာ အပြင်ဘက်ဆုံးနယ်မြေသို့ ရောက်သွားကာ ဤကပ်ဆိုးမှ လွတ်မြောက်သွားသည်ပင်။

သူတို့ ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ဤကဲ့သို့သော ကျင့်ကြံသူများနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူတို့ကို ခုခံရန်မပြောနှင့် သူတို့မည်မျှစွမ်းအားကြီးသည်ပင် မမှန်းဆနိုင်။ ဤသည်မှာ ပုရွက်ဆိတ်မှ ကောင်းကင်နေမင်းကြီးအား ကြည့်နေသကဲ့သို့ပင်။

ထိုရှေးဟောင်းသားရဲကြီး တိုက်ခိုက်ခြင်းမရှိ။ သူ ထုတ်လွှတ်သည့် အော်ရာလှိုင်းကြောင့် ဤကဲ့သို့ဖြစ်နေခြင်းပင်။ သူသာတိုက်ခိုက်လိုက်လျှင် မည်ကဲ့သို့သော မြင်ကွင်းမျိုးဖြစ်လာမည်နည်း..

ဖူး ..

ဖူး…

အဝေးဆုံးသို့ ထွက်ပြေးသွားနိုင်သည့်သူအချို့မှာ တစ်ယောက်ပြီးတစ်ယောက် စတင်ပေါက်ကွဲလာသည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူအချို့ပင် သွေးများစွာ ဆုံးရှုံးသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် လဲကျသွားလေသည်။

နောက်ဆုံး၌ တစ်ယောက်၊ နှစ်ယောက်သာ ကျန်တော့သည်။

“ငါ လက်မခံနိုင်ဘူ .. ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ..” ကျန်ခဲ့သည့်သူများတွင်လည်း အက်ကွဲကြောင်းများ အပြည့်ပင်။

တစ်ချိန်တည်းမှာပင် ကောင်းကင်သားရဲတောအုပ်ပတ်ဝန်းကျင်၌ ကျယ်လောင်လှသည့် ဟစ်ကြွေးသံများ ထွက်ပေါ်လာသည်။ တပ်ကူအနေဖြင့် ရောက်လာသည့် ထူးခြားသူသည့်သူများ ရှိနေသည်ပင်။

“ဘာဖြစ်ခဲ့တာလဲ .. ဘာလို့ ဒီလိုသတိပေးမှုမျိုး ရှိနေတာလဲ..” တောင်ကြော၌ တစ်စုံတစ်ယောက် မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်သားရဲတောအုပ်အစပ်နားမှ ကျင့်ကြံသူများသည် ကောင်းကင်ထက်၌ သွေးရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကို မြင်နေရသည်ပင်။ ဤသည်မှာ ကိုယ့်ကိုကိုယ်စတေးကာ သတိပေးခြင်းမျိုးနှင့်တူသည်။

“အဲဒီမှာ အသက်ဝင်လာတဲ့ ရှေးဟောင်းသားရဲကြီးတစ်ကောင်ရှိတယ် .. ငါတို့အားလုံးနီးပါး အရှင်းခံလိုက်ရပြီ..” ထွက်ပြေးလွတ်မြောက်လာနိုင်သည့်သူအချို့ ဟစ်ကြွေးလိုက်၏။ သူတို့၏မျက်နှာထက်၌ သွေးမျက်ရည်စီးကြောင်းများ ရှိနေသည်။

“စိတ်မပူနဲ့ .. ငါတို့လာပြီ..”

ဤနေရာသို့ ချဉ်းကပ်လာသည့်သူအချို့ တကယ်ရှိနေသည်ပင်။

“ငါတို့ မသေမျိုးသက်ရှိရဲ့ သွေးကို တောင်းချင်တယ်..”

“အဆီးအတားကို ဖယ်ဖို့ ပြိုင်ဘက်ကင်းဥပဒေသအမိန့်စာတစ်စောင် ရေးလိုက်..”

တောင်အတွင်းရှိ အချို့လူများ အော်ဟစ်လိုက်ကြသည်။ သူတို့သည် ထူးဆန်းသည့်ရှေးဟောင်းဗူးလေးတစ်ခုအတွင်း၌ ရှိနေသည့် တောက်ပနေသည့် သွေးများကို ‌တောက်ပနေသည့် မှော်အမိန့်စာတစ်ခုထံသို့ ရွှေ့ပြောင်းလိုက်သည်။ တောက်ပသည့်အလင်းများ ချက်ချင်းထွက်ပေါ်လာကာ ကောင်းကင်ကြီးကို စုတ်ဖြဲသွားသည်။

ဝေါင်း..

ထို့နောက် ကောင်းကင်သားရဲတောအုပ် အတွင်းနက်ပိုင်းမှ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက်တွင် ပြိုင်ဘက်ကင်းမှော်အမိန့်စာ ချက်ချင်းပျက်စီးသွားသလို မသေးမျိုးသွေးဟုခေါ်သည့်သွေးလည်း လျင်မြန်စွာ လောင်ကျွမ်းသွားသည်။ လေဟာနယ်ပင် အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားသည်ပင်။

ဝုန်း..

ဤနေရာ၌ ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး ပျက်စီးသွားသည်။

ထွက်ပြေးလာနိုင်သည့်သူအချို့နှင့် သူတို့ကူညီနိုင်သည်ဟု ယုံကြည်နေကြသည့် စွမ်းအားကြီးသည့်ကျင့်ကြံသူများမှာ ချက်ချင်းပင် သွေးမြူအဖြစ်ပြောင်းလဲသွားကာ ပြာမှုန့်များဖြစ်သွားလေ၏။

ရှေးဟောင်းသားရဲကြီးထံမှ ဟိန်းသံတစ်သံမှာ တောအုပ်ကြီးတစ်ခုလုံးကို ရှင်းလင်းပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကြယ်များလည်း တစ်လုံးပြီးတစ်လုံး ကြွေကျလာကာ ပေါက်ကွဲသွားလေသည်။

မူလဖရိုဖရဲမြူများ ထွက်ပေါ်လာပြီး ဤတောင်ကြောတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

ဤသည်မှာ ပြိုင်ဘက်ကင်းသည့်နတ်ခွန်အားပင်။ ဤဟိန်းသံအောက်တွင် လောကကြီးတစ်ခုလုံးကို သန့်စင်ဆေးကြောလိုက်သကဲ့သို့ သက်ရှိအားလုံး ပျောက်ကွယ်သွားလေသည်။

အပိုင်း ၁၇၀၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၇ – မင်းတို့အားလုံး အားနည်းလွန်းတယ်

ဟိန်းသံတစ်သံအောက်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားသည်။

ရှေးဟောင်းသားရဲကြီး အသက်ဝင်လာပြီးနောက် ဟစ်ကြွေးလိုက်သည့် အော်ဟစ်သံမှာ ယခင်တစ်ခေါက်ကနှင့်မတူ။ ယခုတစ်ခေါက်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

တောင်ရှေ့ရှိ နေရာမှာ ထယ်ထိုးထားကဲ့သို့ပင်။ ထို့အပြင် ဤသည်မှာ သာမန်တောင်ကြားမဟုတ်။ တောင်တစ်ခုလုံး ပျက်စီးခြင်းပင်။ လီပေါင်းမည်မျှရှည်မှန်းပင် မသိရသည့် တောင်ကြားမှာ ယခုတော့ လုံးဝပျက်စီးသွားလေပြီ။

အပင်များအားလုံး ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ ကျန်းပေါင်း ထောင်ပေါင်းများစွာမြင့်သည့်တောင်များမှာ သဲမှုန်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအော်ရာလှိုင်းဖြတ်သွားသည်နှင့် ဤနေရာမှာ မီးခိုးမှုန်များကဲ့သို့ ဖြစ်သွားသည်။

မူလက ရှေးဟောင်းအပင်များဖြင့် ခမ်းနားနေခဲ့သည့်တောအုပ်မှာ ယခုတော့ လွင်ပြင်တီးခေါင်ဖြစ်သွားလေပြီ။ စိမ်းစိုနေသည့်မြင်ကွင်းမရှိတော့။

ထောင်ပေါင်းများစွာသော တောင်တန်းများအားလုံး ပျက်စီးသွားသည်မှာ တောင်တစ်တောင်ပင် မကျန်တော့။

အခြားတစ်ယောက်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်ပါက ဤနေရာ၌ မိုးထိုးနေသည့် ရှေးဟောင်းသစ်ပင်များရှိခဲ့ကြောင်း သူတို့သိကြမည်မဟုတ်တော့။

မြေပြင်ထက်၌ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ အားလုံးမှာ မည်းနက်နေပြီး အလွန်ထူထဲလှသည်။ အက်ကွဲကြောင်းအဝမျာ အရွယ်အစားမျိုးစုံပင်။ အချို့အက်ကွဲကြောင်းများမှာ ကျန်းပေါင်း ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းလှသည်ပင်။

ဤနေရာမှာ လုံးဝကို ပျက်စီးသွားလေပြီ။

ဤသည်မှာ ကြောက်စရာအကောင်းဆုံးမဟုတ်သေး။ အသံလှိုင်းများ ပျံ့လွင့်လာသည်နှင့် ထိုနေရာရှိ မြေကြီးများချိုင့်ဝင်သွားသည်ပင်။ နီဲရဲနေသည့် အရာများကိုပင် မြင်နေရသည်။

ချော်ရည်များ ထွက်ပေါ်လာပြီး ထိုတောင်ကြားနှင့် မြေပြင်ပေါ်ရှိ ချိုင့်များထက်၌ ပြည့်နှက်သွားသည်။ ဤသည်မှာ အနီရောင်ပင်လယ်ပြင်ကြီးဖြစ်လာသည်။

ချော်ရည်ပင်လယ်ကြီးမှာ အလွန်ပူပြင်းလှပြီး ကောင်းကင်သားရဲတောအုပ်ကို အတော်လေး ပြောင်းလဲသွားစေသည်။ ယခုတော့ ယခင်က တောအုပ်ပုံစံကိုပင် မမှတ်မိနိုင်တော့။

ထို့အပြင် ကောင်းကင်ထက်မှ ကြွေကျလာသည့်ကြယ်များလည်း ရှိသေးသည်။ ထိုကြယ်များ အနီရောင်ချော်ရည်ထဲသို့ ပြုတ်ကျသွားသည်နှင့် နီရဲနေသည့်ချော်ရည်ပင်လယ်မှ ကောင်းကင်ထိမြင့်သည့် ချော်ရည်လှိုင်းများ ထွက်ပေါ်လာသည်။

ဤမြင်ကွင်းမှာ ကမ္ဘာကြီးအဆုံးသတ်သည့်မြင်ကွင်းနှင့် တူနေသည်ပင်။

“ဘာဖြစ်တာလဲ..” ကောင်းကင်သားရဲတောအုပ်အပြင်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဤနေရာကို စောင့်ကြည့်နေသည့် စစ်တပ်ကြီးတစ်တပ်ရှိနေသည်ပင်။ ပြင်းထန်လှသည့် စွမ်းအားလှိုင်းကို သူတို့ခံစားနေရပြီး ကောင်းကင်ထက်မှ ကြယ်များကြွေကျနေသည်ကို တွေ့လိုက်ရသည်ပင်။ အရှေ့ဘက်ရှိတောင်တန်းတွင် အနီရောင်အလင်းများဖြင့် ပြည့်နှက်နေသည်။

“ဒါက လောကကြီးအဆုံးသတ်တာနဲ့ အတူတူပဲ .. ဒါတွေအားလုံးကို အဲဒီဒဏ္ဍာရီလာရှေးဟောင်းသားရဲကြောင့် ဖြစ်လာတာလား..” ကျောက်တုံးကြီးပေါ်၌ ရှိနေသည့် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ အမြင့်ဆုံးအဆင့်၌ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေလိုက်သည်။

လောင်ကျွမ်းမသွားသည့် တောအုပ် လီပေါင်း တစ်သောင်းကျော်လောက် ကျန်သေးသည်။ ထို ‘သီးသန့်နယ်မြေ’ လေးသာ ကျန်ခဲ့ခြင်းပင်။

“ကောင်းကင်သားရဲတောအုပ်ကို ရှေးကျတဲ့ ထာဝရအစီအရင်တစ်ခု ကာကွယ်ထားလို့သာ .. မဟုတ်ရင် ငါတို့လည်း အန္တရာယ်များလောက်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

နောက်ဆုံးကျန်နေသည့်နေရာမှာ ထိုအစီအရင်အားအပြင်ဆုံးနေရာပင်။ ဤနေရာသာ ပျက်စီးသွားလျှင် အပြင်လောကလည်း ကပ်ဆိုးကြီးတစ်ခု ကျရောက်သွားလိမ့်မည်။

ထိုကျန်နေသည့် ကျောက်တောင်ထိပ်တွင် ပြန်လည်ဝင်စားခြင်းကန်ရှိနေသည်။

သိပ်မကြာခင်က ဤကန်မှ လှိုင်းလုံးများ ကောင်းကင်ထက်ထိ ရောက်လာပြီး နတ်အရည်များလည်းကြွတက်လာသည်ပင်။ ကြီးမားလှသည့် လှိုင်းများမှာ တောင်များကြားသို့ ပျံ့နှံ့သွားလေ၏။

ယခုအချိန်တွင် ထိုအရည်များအားလုံး ဤကန်ဆီသို့ ပြန်လည်စီးဆင်းလာကြလေပြီ။

သားရဲဟစ်ကြွေးသံ အဆုံးသတ်သွားသော်လည်း ဤကန်မှာ မငြိမ်သက်သေး။ လှုပ်ခတ်နေဆဲပင်။

ကန်အောက်ခြေ၌ရှိနေသည့် ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသို့ဖြစ်လာမည်မှန်း သူတွေးထားပြီးသားဖြစ်သော်လည်း သူအတော်လေး တုန်လှုပ်သွားဆဲပင်။

‌ရွှေရောင်ခြင်္သေ့မှာ ပို၍တုန်လှုပ်နေသည်ပင်။ ဤသည်မှာ ဝိညာဉ်အဆင့် ဖိနှိပ်ရုံသာမက သူတောင့်မခံနိုင်သည့် နတ်ခွန်အားလှိုင်းတစ်ခုလည်း ရှိနေသည်ပင်။

ရွှေရောင်ခြင်္သေ့သည် ယခင်က ကန်အောက်ခြေ၌ တစ်ခါပေါက်ကွဲခဲ့သော်လည်း သူ့ထံ၌ ရှေးဟောင်းဘုန်းကြီး၏ သွေးမျိုးဆက်ရှိနေသောကြောင့် သူ နတ်ရည်များ၏ ထောက်ပံ့မှုကို ရရှိကာ အသက်ရှင်နိုင်ခဲ့သည်။

ရှီဟောင်အတွက်မူ သူသည် မီးနှင့်ကစားပြီး လောင်ကျွမ်းနေလေပြီ။

သူကန်အောက်ခြေ၌ ပုန်းနေသော်လည်း သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲလုနီးပါးပင်။ ရှေးဟောင်းသားရဲကြီး ဟစ်ကြွေးလိုက်သည့်စွမ်းအားမှာ စွမ်းအားကြီးလှသည်ပင်။

ထိုအခိုက်အတန့်တွင် သူတော့ပြီးပြီဟု တွေးလိုက်မိသည်။

သို့သော်လည်း သူမျှော်လင့်ထားသည့်အရာ ဖြစ်ပေါ်လာလေပြီ။

ဤသည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ သင်္ချိုင်းမြေဖြစ်သောကြောင့် စီနီယာဘုန်းကြီးများ၏ စွမ်းအားများရှိနေပြီး ထာဝရဘုန်းကြီး၏ အရိုးစုများပင် ရှိနေသည်။

အရေးအကြီးဆုံးအချိန်တွင် ကန်အောက်ခြေရှိ ခြောက်သွေ့နေသည့်အရိုးစုများ လှုပ်ရှားလာကာ လူသားပုံစံအရိုးစုများ ပြန်ဖြစ်သွားသည်။ သူတို့သည် ထိုနေရာ၌ ထိုင်နေကြကာ ကျမ်းစာများ ရွတ်ဖတ်နေကြသည်။

သူတို့ ကန်အောက်ခြေကို ကာကွယ်ပေးနေကြသည်ပင်။ ဖျက်ဆီးခြင်းစွမ်းအင်များ ရောက်လာသည့်အချိန်တွင် ရွှေရောင်အရိုးစုဦးဆောင်ကာ ရှေးဟောင်းဘုန်းကြီးအရိုးများ တောက်ပလာပြီး ထိုအော်ရာကို ရပ်တန့်စေကာ ဤနေရာကို ကာကွယ်ပေးလိုက်သည်။

မဟုတ်ပါက ရှီဟောင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ သေချာပေါက် ရှင်းခံလိုက်ရလေပြီ။

ဤနေရာမှာ ထူးခြားသည့်နေရာဖြစ်ကြောင်း သူအစောကြီးကတည်းက သိပြီးသားပင်။ အဘယ်ကြောင့်ဆိုသော် ပြန်လည်ဝင်စားခြင်းကန်ဟူသည့်စကားလုံးမှာ ခမ်းနားလှသည်ပင်။ ဤကဲ့သို့သော နာမည်မျိုးကို လျှောက်ပေးနေစရာအကြောင်းမရှိ။

အထူးသဖြင့် ထာဝရဘုရင်တစ်ပါး ထွက်ပေါ်ခဲ့ဖူးသည့် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်မှာ ဘယ်လိုလုပ် သာမန်ဖြစ်မည်နည်း..

တစ်ချိန်တည်းမှာပင် ကျောက်တောင်ပေါ်၌ ကျောက်တိုင်နှစ်ခုရှိသည်ကို ရှီဟောင်တွေ့လိုက်သည်။ တစ်ခုမှာ ‘မိုးကောင်းကင်အောက်နံပါတ်နှစ်’ ဟူသည့်စကားလုံးများ ရေးထိုးထားပြီး အခြားတစ်ခုတွင် ‘ပြန်လည်ဝင်စားခြင်းကန်’ ဟု ရေးထားသည်ပင်။

ဤကျောက်တိုင်နှစ်ခုမှာ ဆက်စပ်မှုရှိလိမ့်မည်ဟု သူခံစားရသည်။ ထိုရှေးဟောင်းသားရဲကြီး ဤနေရာ၌ ပိတ်မိနေခြင်းမှာ ရှေးဟောင်းဘုန်းကြီးများကြောင့်လည်း ဖြစ်နိုင်သည်။

သူ၏ဒဏ်ရာများကို ကုသဖို့အတွက်လား .. သူ့ကိုတကယ် အကျဉ်းချထားခြင်းလားတော့ မသိနိုင်။

သူ့အမြင်တွင် ပြန်လည်မွေးဖွားခြင်းကန်မှာ မိုးကောင်းကင်အောက် နံပါတ်နှစ်ထက်တော့ အားမနည်းနိုင်။

ထို့ကြောင့် ရှီဟောင် အလောင်းအစားလုပ်ခဲ့ခြင်းပင်။

သူသာ ဤကဲ့သို့ အလောင်းအစားမလုပ်ပါက သူ ပြန်လည်ဝင်စားခြင်းကန်၌ ထာဝရပိတ်မိသွားလိမ့်မည်။ တစ်ဖက်လောကမှ မကုန်ခမ်းနိုင်သည့် ကျွမ်းကျင်သူများ ရောက်လာပြီး သူ့အား တိုက်ခိုက်ကြလိမ့်မည်။ ထို့ကြောင့် သူ အရင်တိုက်ခိုက်ရုံသာ တတ်နိုင်တော့သည်။

ယခုတစ်ကြိမ်တွင်တော့ သူနိုင်သွားလေပြီ။ တစ်ဖက်လောကမှာ တစ်ကြိမ်တည်းဖြင့် များစွာဆုံးရှုံးသွားရသည်ပင်။ သူတို့ ကျွမ်းကျင်သူ ဘယ်နှယောက်‌ သေသွားမှန်းပင်မသိတော့။

အနည်းဆုံးတော့ သူသိသလောက်ဆိုလျှင် အယောက် ၇၀-၈၀ ခန့်တော့ရှိမည်ပင်။ ဤလူများထဲတွင် တောအုပ်ထဲ၌ ပုန်းနေသည့်သူများ မပါသေး။

“ဂုကလန်နဲ့ ဧကရာဇ်ကလန်ကသခင်လေးက တောင်ပေါ်ကို မတက်ခဲ့ဘူး .. သူတို့ ဒီနယ်မြေထဲမှာ ရှိနေတုန်းပဲလား … သူတို့သေသွားပြီလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဘေးဘက်တွင်ရှိနေသည့် ရွှေရောင်ခြင်္သေ့ ဆွံ့အသွားရ၏။ ယခင်က သူ ကြောက်ရွံ့သောကြောင့် တုန်ယင်နေသော်လည်း ယခုအချိန်တွင်တော့ သစ်ပင်သေကြီးကဲ့သို့ ငြိမ်သက်နေသည်။ ဤသည်မှာ သူ၏စိတ်အား ရိုက်ချိုးပစ်လိုက်သည်ပင်။ သူသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားချင်စိတ်ပင် ဖြစ်လာမိသည်အထိပင်။

ယနေ့ကြုံတွေ့ခဲ့ရသည့်အရာများမှာ သူ့စိတ်ထဲ၌ အရိပ်မည်းကြီး ဖြစ်နေမည်ဖြစ်ပြီး သူ့တစ်သက်လုံး ဖယ်ရှားပစ်နိုင်မည်မဟုတ်တော့။

“ငါက အပြစ်သားတစ်ယောက်ပဲ..” ရွှေရောင်ခြင်္သေ့ အော်ဟစ်ကာ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။

ဤစကားကိုကြားသည်နှင့် ရှီဟောင် ချက်ချင်း စိုက်ကြည့်လာသည်။ ထို့နောက် လက်မြှောက်ကာ သူ့မျက်နှာကို ရိုက်ချပစ်လိုက်လေ၏။

“မင်းလုပ်ရဲတယ်..” ရွှေရောင်ခြင်္သေ့ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

မျက်နှာကို ရုတ်တရက် ရိုက်ခံလိုက်ရသောကြောင့် သူအသိစိတ်လွတ်သွားရသည်။ သူ့ကို အကျဉ်းသားအဖြစ် ဖမ်းထားသည်ကိုပင် သူမေ့သွားရ၏။ ထို့အပြင် ယခင်က မည်သူကများ သူ့အား ထိရဲသနည်း.. သူသည် ခြင်္သေ့ဘုရင်အစစ်ပင်။

“မင်းတို့လူမျိုးစုက ကောင်းကင်ဘုံကိုးခုကို သစ္စာဖောက်ခဲ့တယ် .. မင်းတို့က ငါတို့ရှေးဟောင်းလူမျိုးစုတွေ အများကြီးကို သတ်ခဲ့တာတောင်မှ မင်းက အပြစ်ရှိစိတ်မခံစားခဲ့ရဘူး .. အခု လူသတ်သမားနည်းနည်းလောက် သတ်လိုက်တာကို မင်းက ဝမ်းနည်းနေတယ်ဟုတ်လား..” ရှီဟောင်၏အမူအရာမှာ အေးစက်သထက် အေးစက်လာသည်။

“ငါရိုက်နေတဲ့သူက မင်း .. ငါတို့ကိစ္စ မပြီးပြတ်သေးဘူး ..” ရှီဟောင်သူ့ကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။ ဤတစ်ချက်မှာ ပို၍ပင် အသံကျယ်သေးသည်။ ခြင်္သေ့ကြီး တစ်ပတ်လည်သွားကာ မြေပြင်ပေါ်သို့ကျသွားသည်အထိ သူရိုက်လိုက်လေ၏။

ဖုန်း..

ထို့အပြင် ရှီဟောင် သူ့ခေါင်းကိုလည်းတက်နင်းလိုက်ကာ သွေးများစီးကျလာစေသည်။ ထိုသွေးများမှာ ကန်ရေနှင့် ရောနှောသွားသည်ပင်။

“ရှေးကလူတွေ အများကြီးသေသွားခဲ့ရတာကို မင်းက ဝမ်းမနည်းဘူး .. အခု ခွေးသူတောင်းစားတွေ နည်းနည်းလောက်‌ သေသွားတာကို မင်းက ဝမ်းနည်းနေတယ်ဟုတ်လား .. ငါမင်းကို ချီးထွက်အောင် ရိုက်ပစ်မယ်..” ရှီဟောင် သူ့ခေါင်းပေါ်သို့ ဆက်တိုက် နင်းချေလိုက်သည်။

သနားစရာကောင်းသည့် ရွှေရောင်ခြင်္သေ့မှာ တစ်စစီ ကျိုးပျက်လုမတတ်ပင်။

ရှီဟောင် အပေါ်ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် အလင်းအချို့နှင့်အတူ ပျက်စီးနေသည့် ခြေလက်နှင့်ခန္ဓာကိုယ်အချို့ကိုလည်း တွေ့လိုက်ရသည်။

ရှေးဟောင်းသားရဲကြီး နောက်တစ်ကြိမ် ဟစ်ကြွေးလာမည်စိုးသောကြောင့် သူချက်ချင်း တက်မသွားရဲသေး။

သားရဲကြီး နိုးထလာပြီးနောက် သူထုတ်လွှတ်လိုက်သည့် အသံလှိုင်းမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ထုတ်လွှတ်ခဲ့သည့်အသံထက် ပို၍စွမ်းအားကြီးသည်ကို သူသတိထားမိသွားသည်။ သူသာ နည်းနည်းလေး သတိလွတ်သွားလျှင် သူကိုယ်တိုင်လည်း ကံဆိုးသွားလိမ့်မည်။

အဓိကအကြောင်းရင်းမှာ ရှေးဟောင်းနဂါးအစစ်၏ အသိစိတ်မှာ မကြည်လင်သေး။ မဟုတ်ပါက သူဤကဲ့သို့ ဟစ်ကြွေးမည်မဟုတ်။

“ခင်ဗျားတို့အားလုံးက အရမ်းအားနည်းတာပဲ .. ကျုပ်တို့အခုမှ စတာကို ခင်ဗျားတို့လူ တစ်ဝက်ကျော်လောက်က သေသွားပြီ .. လာခဲ့ … ခင်ဗျားတို့အားလုံး ကျုပ်နောက်လိုက်ခဲ့တာပိုကောင်းလိမ့်မယ်..” ရှီဟောင် ခေါင်းမော့ကာ အပေါ်ဘက်သို့ အော်ဟစ်လိုက်သည်။

ထိုနေရာ၌ ပျက်စီးနေသည့်ခန္ဓာကိုယ်အချို့နှင့်အတူ ပျက်စီးနေသည့်မူလဝိညာဉ်မှ ထွက်လာသည့်အလင်းအချို့လည်း ရှိနေသည်ပင်။ ထိုသူများအားလုံး ဒေါသထွက်သောကြောင့် တုန်ယင်လာကြလေသည်။ ဤကဲ့သို့သောအခြေအနေများဖြစ်နေသော်လည်း ထိုကောင်က သူတို့အား ဤကဲ့သို့ လှောင်ရယ်ရဲသေးသည်။ ဤသည်မှာ ရှက်စရာကောင်းသလို မုန်းစရာလည်းကောင်းလှသည်။

သူတို့ကန်ထဲကျလာကတည်းက ရှီဟောင် အပေါ်ပြေးတက်ကာ သူတို့ကို ဖမ်းရန် စီစဉ်ထားသည်ပင်။ သို့သော်လည်း ထိုနဂါးအစစ် ဟစ်ကြွေးလိုက်သည့်အချိန်တွင် စွမ်းအားမှာ သူထင်ထားသည်ထက် ပိုအားပြင်းနေသောကြောင့် သူ ကန်အောက်ခြေသို့ ပြန်ပြေးလာရုံသာ တတ်နိုင်သည်။

ဤကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူများမှာ အဆင့်မြင့်ကာ ခွန်အားကြီးသည့်သူများပင်။ သို့သော် သူတို့ကန်ထဲသို့ ရောက်သွားသည်နှင့် အရာအားလုံး ပြောင်းလဲသွားသည်။ အချို့လူများမှာ ထိုနေရာ၌ပင် ပေါက်ကွဲသွားကြပြီး သူတို့၏ အသွေးအသားများမှာ ရင်းမြစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ကန်ရေအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ အရိုးများပင် ရောင်စုံအလင်းများအဖြစ် ပြောင်းလဲသွားကာ ပျော်ဝင်သွားလေသည်။

တစ်ဝက်ကျောက်လောက် ထိုကဲ့သို့ သေသွားခြင်းပင်။’

အဘယ်ကြောင့်ဆိုသော် ဤကန်မှာ အလွန်ကြောက်စရာကောင်းလှသည်။ လူတစ်ယောက် မည်မျှပင် စွမ်းအားကြီးနေပါစေ၊ သူတို့ကျင့်ကြံဆင့် မည်မျှနက်နဲနေပါစေ ဤနေရာသို့ ဝင်လာသည်နှင့် ဖိနှိပ်ခံရမည်ပင်။

ဤသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်၏ အလားအလာကို စစ်ဆေးခြင်းဖြစ်သောကြောင့် ထိုလူ၏ ကျင့်ကြံဆင့်ထက်မြင့်သည့် စွမ်းအားဖြင့် ဖိနှိပ်လာမည်ပင်။

ထို့ကြောင့်ပင် အချို့လူများ၏ ခန္ဓာနှင့်ဝိညာဉ် ချက်ချင်းရှင်းခံလိုက်ရခြင်းပင်။

သို့သော် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ် ကျင့်ကြံသူများအားလုံးမှာ ထူးခြားသည့်သူများပင်။ ထို့ကြောင့် အချို့သူများမှာ တိုက်စားမှုကို တောင့်ခံနိုင်နေသည်ပင်။

သို့သော် အသက်ရှင်နေသေးသည့်သူ အများစုမှာ ခန္ဓာကိုယ်များမရှိတော့။ အချို့ဆိုလျှင် ခေါင်းတစ်လုံးသာ ကျန်တော့သည်။

အချို့ကျင့်ကြံသူများမှာ သူတို့၏ အသွေးအသားများအားလုံး ပျော်ဝင်သွားကာ မူလဝိညာဉ်သာ ရုန်းကန်နေတော့သည်။ သို့သော် သူတို့လည်း သူတို့ မတောင့်ခံနိုင်တော့ပဲ အလင်းမိုးအဖြစ် ပြောင်းလဲသွားတော့မည်။

အချို့သူများမှာ အတော်လေး အခြေအနေကောင်းနေသေးသည်။

“ခင်ဗျားတို့အားလုံးက အရမ်းကို အားနည်းနေတာပဲ..” ရှီဟောင် ထိုနေရာ၌ ရပ်လိုက်ပြီး ဤလူများကို မကျေမနပ်ကြည့်လိုက်သည်။ “အစောပိုင်းက ခင်ဗျားတို့တွေ ရဲရဲရင့်ရင့်နဲ့ ကျုပ်နောက်လိုက်ဖမ်းနေကြတာမဟုတ်ဘူးလား … ခင်ဗျားတို့အားလုံး အခုဘာလို့ နေမကောင်းတဲ့ကြက်တွေလို ဖြစ်နေတာလဲ .. ခင်ဗျားတို့အားလုံးက အမှိုက်လိုမျိုး အားနည်းနေကြတာ..” ရှီဟောင် သူတို့ကို လှောင်ပြောင်လိုက်သည်။

အပေါ်ဘက်မှ လူများမှာ ဒေါသထွက်လွန်းသောကြောင့် ရင်ဘတ်များပင် တင်းကြပ်လာသည်။ ဤခွေးကောင်လေးသည် သူတို့အခြေအနေကို သိနေသောကြောင့် သူတို့ကို လှောင်ပြောင်နေခြင်းပင်။ ဤသည်မှာ တကယ်ကို စိတ်တိုစရာကောင်းလှသည်။

သူတို့မှာ ပြန်တုံ့ပြန်ဖို့ခွန်အားရှိလား .. မရှိပေ။

သူတို့ တိုက်ခိုက်ဖို့မပြောနှင့် အသက်ရှင်ရန်ပင် ခက်ခဲနေလေပြီ။

“ခင်ဗျားတို့ အဲဒီမှာနေတာ မလုံခြုံဘူး .. အဲဒီသားရဲကြီး နောက်တစ်ခေါက် ထပ်ဟစ်ကြွေးလာနိုင်တယ် .. ခင်ဗျားတို့အားလုံး ပေါက်ကွဲသွားလိမ့်မယ် .. ခင်ဗျားတို့ ဒီအောက်ဆင်းလာရင် ပိုကောင်းလိမ့်မယ်..” ရှီဟောင် စိတ်ဝင်စားစွာ ခေါ်လိုက်သည်။

ထို့အပြင် သူသည် သူ့စကားအတိုင်း ဤလူများကို အောက်ဘက်သို့ ဆွဲချလိုက်လေ၏။

ဖူး..

ခန္ဓာကိုယ်အခြေအနေဆိုးရွားနေသည့်သူများမှာ ချက်ချင်းပင် အပိုင်းပိုင်းဖြစ်သွားကာ ရောင်စုံအလင်းများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် နတ်ရည်ဖြစ်လာကာ ကန်ရေနှင့် တစ်သားတည်းဖြစ်သွားသည်။

ရှီဟောင် အပေါ်ဘက်သို့ ကြည့်လိုက်ကာ “ဟမ် .. ခင်ဗျားက ကြက်တစ်ကောင်လား .. အဲဒီမှာ မြွေတစ်ကောင် .. ဝိုး .. ငါ ဆိတ်တစ်ကောင်လည်းတွေ့တယ် .. သူတို့အားလုံးက အရသာရှိမှာ .. ဒီအဆင့်ထိရောက်အောင် ကျင့်ကြံထားတာဆိုတော့ သူတို့တွေက သေချာပေါက် အရည်အသွေးမြင့်တဲ့ပစ္စည်းတွေပဲ .. ငါ့ဘဝမှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်က အသားကို မစားဖူးသေးဘူး..” ရှီဟောင် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် လက်ညှိုးထိုးကာ အကဲဖြတ်လိုက်သည်။ “ခင်ဗျားတို့အားလုံး တောင့်ခံထားရမယ် .. ဒါကိုဖြတ်ကျော်နိုင်ရင် ခမ်းနားကြီးကျယ်မှုတွေ ရလာမှာ .. ခင်ဗျားတို့အားလုံး အသက်ရှင်ချင်ရင် တောင့်ခံမှရမယ် .. နောင်ကျရင် ကျုပ်ဝက်ခြံလုပ်ပြီး ခင်ဗျားတို့အားလုံးကို မွေးထားမယ်..” သူ ဆက်ပြောလိုက်သည်။

“@#$%…” တစ်ဖက်လောကမှ ကျင့်ကြံသူများမှာ စိတ်တိုလွန်းသောကြောင့် သူတို့အဆုတ်များပင် နာကျင်လာသည်။ သူတို့၏ ဒွါရ ၇ ပေါက်မှ မီးခိုးများပင် ထွက်လာသည်။ သို့သော် သူတို့ ရှီဟောင်ကို ဘာမှမလုပ်နိုင်။

“အမ် .. ခဏနေဦး ..” ရုတ်တရက် ရှီဟောင်၏အပြုံးများ ပျောက်ကွယ်သွားကာ သူ့မျက်နှာလည်း ပျက်သွားသည်။ သူသည် ပျက်စီးနေသည့် ခန္ဓာကိုယ်တစ်ခုကို ကြည့်လိုက်ကာ “အရှက်မရှိတဲ့ကလန်လည်း ပါလာတာလား .. ကျုပ် ခင်ဗျားနဲ့ မရှင်းရသေးတဲ့အကြွေးတစ်ခု ရှိသေးတယ်..”

ဤလူများမှာ အင်ပါယာဂိတ်မှ လူများဖြစ်ကြောင်း သူမှတ်မိသည်။ သိပ်မကြာသေးခင်က သူတို့သည်သူ့အား ကယ်ချင်ယောင်ဆောင်ပြီး နောက်ကျောဓားဖြင့် ထိုးခဲ့သည်ပင်။
အပိုင်း ၁၇၀၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၈ – အားလုံးသေဆုံးသွားခြင်း

“လူအိုကြီး ခင်ဗျားက တော်တော်အသက်ပြင်းတာပဲ .. အခုထိ မသေသေးဘူးပေါ့..” ရှီဟောင်၏မျက်လုံးမှ အေးစက်သည့်အလင်းများ ထွက်ပေါ်လာသည်။ သူ တရှိန်ထိုးပြေးသွားကာ ထိုပျက်စီးနေသည့် ခန္ဓာကိုယ်ကို တစ်ချက်တည်းဖြင့် ဆုတ်ကိုင်လိုက်သည်။

ဤကျွမ်းကျင်သူမှာ လူသားပုံစံပင် မပေါ်တော့။ သူ၏ခြေလက်များ ကျိုးပျက်နေပြီး ဦးခေါင်းခွံလည်း အက်ကွဲနေကာ သူ၏ဝမ်းဗိုက်အောက်ပိုင်းတွင် ဘာမှမရှိတော့။

သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသာ ရှိတော့သည်။

သိပ်မကြာသေးခင်က ဤလူများ သူ့အား စစ်ရထားလုံးထဲသို့ ခေါ်သွားပြီးနောက် သူ ကိုယ်တိုင်လွတ်မြောက်ခြင်းကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်ရန် အခွင့်အရေး ရှာဖွေခဲ့သည်။ နောက်ပိုင်း သူတို့အစီအစဉ်များ ပေါ်သွားသည့်အချိန်တွင် ဤအုပ်စု ရန်လိုလာကြကာ ကျင့်ကြံသူများစွာ သူ့နောက်သို့ ပြေးလိုက်လာကြသည်။

ဤလူများသည် တစ်ဖက်လောကမှ ကျင့်ကြံသူများနှင့် အတူတူပူးပေါင်းနေခဲ့ခြင်းပင်။ သူတို့သည် နည်းနည်းလေးမှပင်စိတ်ထဲ စနိုးစနောင့်မဖြစ်ခဲ့ကြ။

နောက်ဆုံးတွင် ဤလူများလည်း ကံမကောင်းခဲ့ကြ။ ရှီဟောင် ရှေးဟောင်းနဂါးကြီးကို လှုပ်နိုးကာ ကပ်ဆိုးကြီးတစ်ခု ဖန်တီးခဲ့သည်။ ဤကလန်မှ လူငယ်မျိုးဆက်များအားလုံး သေဆုံးသွားပြီဖြစ်ပြီး အသက်ကြီးသည့်ပုဂ္ဂိုလ်များသာ ကန်ထဲသို့ ပြေးဝင်ခဲ့သည်ပင်။

“ဒီစစ်ရထားလုံးက နှမြောစရာပဲ..” ရှီဟောင် ဘေးပတ်လည်အား ကြည့်လိုက်သည့်အချိန်တွင် ထိုလူဘေး၌ ပျက်စီးနေသည့် စစ်ရထားလုံးတစ်စီး ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤရထားလုံးကြောင့်သာမဟုတ်လျှင် ဤလူအစောကြီးကတည်းက သေနေလောက်လေပြီ။

ထိုစစ်ရထားလုံးလည်း ကန်ရေ၏ တိုက်စားခြင်းခံနေရသည်။ သူလည်း သေချာပေါက် ပျက်စီးသွားမည်ပင်။

သူ့အမြင်တွင် ဤကလန်မှ လာသည့်သူများမှာ အတော်လေး သန်မာလှသည်။ သို့သော်လည်း သူတို့ တစ်ဖက်လောကမှ ကျင့်ကြံသူများကို မယှဉ်နိုင်။ တစ်ဖက်လောကမှ ကျင့်ကြံသူများပင် ၉၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့သောကြောင့် ဤလူလည်း အသက်ရှင်မနေသင့်။ သူအသက်ရှင်နေရခြင်းမှာ ဤစစ်ရထားလုံးကြောင့်ပင်။

“ပြော .. ခင်ဗျား ဘယ်ကလန်ကလဲ..” ရှီဟောင်မေးလိုက်သည်။ ဤသည်မှာ သူအသိချင်ဆုံးအရာပင်။

သူ့ထံ၌ သံသယများရှိနေသော်လည်း သူအတည်ပြုချက် လိုချင်သေးသည်။

“မင်း..” ဤအကြီးအကဲမှာ အလွန်အားကောင်းခဲ့သော်လည်း ယခုတော့ အချိန်မရွေးလဲကျသွားနိုင်လောက်အောင် အားနည်းနေလေပြီ။

“စိတ်မပူပါနဲ့ .. ခင်ဗျား လိမ်လိမ်မာမာနဲ့စကားနားထောင်ရင် ကျုပ် ခင်ဗျားကို ကာကွယ်ပေးမယ် .. ခင်ဗျားကို ကန်ဘေးမှာ မသေခိုင်းပါဘူး..” ရှီဟောင် ပြုံးလိုက်သည်။

သူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ် ပျက်စီးနေသော်လည်း သူ ကြက်သီးထလာသေးသည်။ ဒီသောက်ဟွမ်က သူ့ကို လှောင်ပြောင်ရဲတယ်..

ဤသည်မှာ လူငယ်မျိုးဆက်တစ်ဦးသာ ဖြစ်သောကြောင့် သူ့အမြင်တွင်တော့ ဤသည်မှာ ကလေးစုတ်လေးသာသာပင်။ သူသည် ယခင်က လမ်းဘေးခွေးကဲ့သို့ နေရာတိုင်း၌ ထွက်ပြေးနေခဲ့ရသည်ပင်။

“လူငယ်လေး .. မင်းလွန်မလာနဲ့..” သူ အော်ဟစ်လိုက်သည်။

“လေကြီးမိုးကြီးတွေ ပြောနေသေးတယ် .. ခင်ဗျား နှိပ်စက်ခံချင်နေတာလား..” ရှီဟောင် ထိုလူ၏လည်ပင်းကိုဆုတ်ကိုင်လိုက်သည်။

ဖုန်း..

ရှီဟောင် ရွှေရောင်ခြင်္သေ့ကို ဆွဲလိုက်ပြီး လက်ရိုက်တုတ်ကဲ့သို့ ထိုအကြီးအကဲအား ရိုက်နှက်လိုက်သည်။

ဖူးဟူသည့်အသံနှင့်အတူ ထိုအကြီးအကဲ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး ခေါင်းတစ်လုံးသာ ကျန်တော့သည်။

ထိုရိုက်ချက်ကြောင့် ညည်းတွားသံနှစ်သံ ထွက်ပေါ်လာသည်။ တစ်သံမှာ အကြီးအကဲထံမှ ထွက်လာခြင်းဖြစ်ပြီး တစ်သံမှာ ရွှေရောင်ခြင်္သေ့ထံမှပင်။ ဤသည်မှာ သူ့အား အဆုံးစွန်ထိ ဒေါသထွက်သွားစေသည်ပင်။

ရှီဟောင်က သူ့ကို ဘာလို့သဘောထားနေတာလဲ .. သစ်သားတုတ်လား၊ လက်နက်တစ်ခုလား၊ အရေးမပါတဲ့မြက်ပင်လား..

ရွှေရောင်ခြင်္သေ့မှာ ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေပြီ။

“ပြောစမ်းပါ .. ခင်ဗျား ဘယ်ကလန်က လာတာလဲ .. ကျုပ် စိတ်မရှည်မှန်းခင်ဗျားသိပါတယ် .. အထူးသဖြင့် ခင်ဗျားတို့တွေ လိုက်ဖမ်းတာကို အချိန်အကြာကြီး ခံနေခဲ့ရတော့ ကျုပ်စိတ်အခြေအနေက ကောင်းမနေဘူး.. ခင်ဗျားမပြောရင် ခင်ဗျားအဆုံးသတ်က အရမ်းဆိုးရွားလိမ့်မယ်ဆိုတာ ခင်ဗျားသိသင့်တယ်..” ရှီဟောင်ပြောလိုက်သည်။

“မင်းဆန့်ကျင်ခဲ့တဲ့ကလန်တွေ .. မင်းနဲ့အတူတူ ယှဉ်တွဲပြီး ရှိမနေနိုင်တဲ့ကလန်တွေ .. မင်းကိုယ်မင်းမသိဘူးလား..” ထိုခေါင်းမှ မုန်းတီးစွာ ပြောလိုက်သည်။

ဤစကားလုံးများကို ကြားသည်နှင့် ရှီဟောင်၏မျက်လုံးများ မှေးကျဉ်းသွားသည်။ အခြေအနေများမှာ အနည်းငယ် ရှုပ်ထွေးနေသည်ဟု သူခံစားလိုက်ရသည်။

တကယ်ပဲ ဝမ်မိသားစု ဒါမှမဟုတ် ကျင်းမိသားကလား .. ဤသက်ရှည်မိသားစုနှစ်စုမှာ သူ၏ရန်သူများပင်။

ဒါပေမဲ့ ဒီလူက ဘာလို့ တည့်တည့်ပြောလိုက်တာလဲ..

ဒါမှမဟုတ် ဒီလူက သူ့ကိုလမ်းလွဲအောင်လုပ်ချင်နေတာလား.. အခြားသက်ရှည်မိသားစုများလည်းပါနေသည်ဆိုပါက အခြေအနေမှာ ပို၍ပင် ရှုပ်ထွေးကာ ကြောက်စရာကောင်းသွားလိမ့်မည်။

ရှီဟောင် ဘာမှမပြောပဲ လျှပ်စီးအလျင်ဖြင့် လှုပ်ရှားလိုက်သည်။ သူ ထိုခေါင်းကို ဖမ်းဆုတ်လိုက်ပြီး သူ၏အသိစိတ်ပင်လယ်ထဲသို့ ရှာဖွေရန် ကြိုးစားလိုက်၏။ သူအမှန်တရားကိုသိချင်သည်။

ယခင်ကသာဆိုလျှင် သူဤကဲ့သို့လုပ်နိုင်မည်မဟုတ်။ ဤသည်မှာ ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်ပြီး သူ၏မူလဝိညာဉ်မှာ နေတစ်စင်းကဲ့သို့ တောက်ပနေသည်။ ထိုဝိညာဉ်သည် အဆင့်နိမ့်သည့် ကျင့်ကြံသူများကို လောင်ကျွမ်းသွားစေနိုင်သည်ပင်။

သို့သော် ယခု ရှီဟောင်၏ကျင့်ကြံဆင့် အတော်လေး တိုးတက်လာသည့်အပြင် တစ်ဖက်လူ၏ ခွန်အားမှာ အတော်လေး လျော့ကျနေပြီဖြစ်သည်။ ယခု ရှီဟောင် သူလုပ်ချင်လို လုပ်၍ရနေလေပြီ။

“မဟုတ်ဘူး..” ထိုအကြီးအကဲသည် သူ တတ်နိုင်သမျှ ခုခံလာသည်။

ခဏကြာပြီးနောက် ရှီဟောင် နောက်ပြန်ဆုတ်လိုက်ပြီး အရိပ်တစ်ခုကဲ့သို့ ကန်အောက်ခြေသို့ ပြန်လည်ရောက်ရှိလာသည်။

ဖုန်း..

ထိုအကြီးအကဲ၏ ဦးခေါင်း ပေါက်ကွဲသွားကာ ဘေးပတ်လည်မှလူများကိုပင် ထိခိုက်သွားသည်။ အလယ်၌ ကန်ရေများခြားနေသော်လည်း သူနှင့်အတူ လူသုံးယောက် သေသွားသည်ပင်။

“သူ့ရဲ့ခေါင်းထဲမှာ ကြောက်စရာကောင်းတဲ့ တံဆိပ်တစ်ခုရှိနေတယ် .. အဲဒီတံဆိပ်ကို ထိလိုက်တာနဲ့ ချက်ချင်းပေါက်ကွဲသွားမှာ .. ဒါကသေချာပေါက် သက်ရှည်မိသားစုရဲ့ နည်းလမ်းပဲ..” ရှီဟောင်၏အမူအရာ ရုပ်ဆိုးလာသည်။

ကိုယ်တိုင်လွတ်မြောက်ခြင်းကျင့်ကြံသူပင် ဤကဲ့သို့သော တံဆိပ်မျိုးရှိနေသောကြောင့် သက်ရှည်မိသားစုအချို့မှလွဲလျှင် မည်သူကများ ဤမျှပြတ်သားမည်နည်း..

“အမ် .. အပေါ်ဘက်က ငြိမ်သွားပြီလား..” ရှီဟောင် ရေရွတ်လိုက်သည်။ သူပြောသည်မှာ နဂါးအစစ်ကြီးပင်။

ရွှီး..

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦးလည်းလှုပ်ရှားသွားသည်။ သူသည် ကန်ထဲမှ တရှိန်ထိုးပြေးသွားလေ၏။ သူဤအခွင့်အရေးကို အသုံးချကာ ထွက်ပြေးချင်နေသည်ပင်။

ကန်ထဲ၌ သူတို့ခန္ဓာကိုယ်ပျက်စီးနေသည်။ သူတို့ အသက်ရှင်ချင်သောကြောင့်သာမဟုတ်ပါက သူတို့ အဘယ်ကြောင့် ဤကန်ထဲသို့ ပြေးဝင်လာမည်နည်း..

အပြင်ဘက်ရှိ အခြားကျင့်ကြံသူများအားလုံးသေဆုံးသွားလောက်လေပြီ။ သူတို့ အခြေအနေများ ဆိုးရွားနေသော်လည်း နောက်ဆုံးတော့ သူတို့အသက်ရှုင်နိုင်ခဲ့သည်ပင်။

ဝုန်း..

တစ်စုံတစ်ယောက် မျက်နှာပြင်ထက်မှ ခုန်ထွက်သွားကာ သူ၏ပျက်စ်ီးနေသည့် ခန္ဓာကိုယ်ဖြင့် လှုပ်ရှားနေသည်။ ယခုအချိန်တွင် သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသောကြောင့် ဟွမ်နှင့်ကိစ္စများရှင်းရန် အချိန်မဟုတ်သေး။

ရှီဟောင်အေးစက်စွာပြုံးလိုက်သည်။ သူ အပြင်လောကအကြောင်းပြောလိုက်ခြင်းမှာ တစ်စုံတစ်ယောက်မှ လမ်းပြရန်အတွက်ပင်။

သူ၏ရည်ရွယ်ချက်ကို သူတို့နားလည်သော်လည်း သူနှင့်အတူ လိုက်လုပ်ပေးရန်အပြင် မရှိတော့။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဟွမ်မှာ မကောင်းဆိုးဝါးမိစ္ဆာကြီးနှင့်တူနေသည်။ သူတို့သာ မလှုပ်ရှားလျှင် နောက်ထပ် ခုတ်ခံရမည့်သူမှာ သူတို့ဖြစ်သွားလိမ့်မည်။

ဖူး..

ကန်ပေါ်သို့ ပြေးတက်သွားသည့်သူတစ်ယောက် ထိုရှေးဟောင်းသားရဲကြီး၏ အော်ရာကြောင့် ပျက်စီးသွားခြင်းမဟုတ်ပဲ ရှီဟောင်၏ဓားစွမ်းအင်ဖြင့် သူ့ခေါင်းကို ထိုးဖောက်ခံရခြင်းပင်။ သူ၏ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားပြီး မူလဝိညာဉ်လည်း ပျက်စီးသွားလေပြီ။

“ပြေး..”

ထိုစကားသံကို အော်ဟစ်ပြီးနောက် အသက်ရှင်နေသည့် အကြီးအကဲများ ရှက်ရွံ့သွားရသည်။ သူတို့သည် အသက် ၂၀ ကျော်သာရှိသေးသည့်ကောင်ကြောင့် ပုံပျက်ပန်းပျက် ထွက်ပြေးနေရသည်။

“မသွားနဲ့ .. ငါ့ရဲ့ကြက်ကလေး၊ သိုးကလေး၊ ဘဲကလေး၊ နွားကလေးတွေ .. မင်းတို့အားလုံး မပြေးနဲ့..” ရှီဟောင် သူတို့အနောက်မှ အော်ဟစ်လိုက်သည့်အပြင် လှုပ်ရှားလိုက်သည်။

အရှေ့ဘက်၌ရှိနေသည့်အကြီးအကဲများမှာ ဒေါသထွက်ကာ အံကြိတ်ရလွန်းသောကြောင့် သွားဖုံးများပင် နာကျင်လာလေပြီ။

ဖူး…

ရှီဟောင် ညှာတာမှုမရှိ။ တောက်ပသည့် ဓားစွမ်းအင်လှိုင်းတစ်ခု တရှိန်ထိုး ထွက်လာကာ တစ်ယောက်၏ခါးကို ဖြတ်သွားသည်။ ထို့နောက် အခြား လှိုင်းတစ်ခု ထွက်လာကာ သူ့ဦးခေါင်းခွံကို ဖောက်ထွက်ပြီး သူ့မူလဝိညာဉ်ကို သတ်ပစ်လိုက်လေ၏။

ထို့နောက် လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာကာ ခြေလက်လေးဘက်မရှိတော့သည့် အကြီးအကဲတစ်ယောက်ကို ထိမှန်သွားသည်။ သူ့ခန္ဓာကိုယ် မည်းတူးသွားပြီး သူ၏မူလဝိညာဉ်လည်း ထိုနေရာ၌ပင် ခြောက်သွေ့ကာ ပျက်ပြယ်သွားသည်။

ရွှီး..

ရှီဟောင် လေးညှို့မှ ထွက်လာသည့် နတ်မြှားတစ်စင်းကဲ့သို့ ကန်မျက်နှာပြင်ထက်သို့ ရောက်ရှိလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ နတ်အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

တဖူးဖူးအသံများအောက်တွင် သွေးအလင်းတန်းများ ထွက်‌ပေါ်လာလေ၏။ ကျန်နေသေးသည့်သူများအားလုံး ခန္ဓာကိုယ်များ ဖောက်ခံလိုက်ရကာ သွေးများ နေရာအနှံ့သို့ လွင့်စင်သွားသည်။

ထိုတစ်ခဏတွင် သူတို့အားလုံး သေသွားလေပြီ။

ကန်ထဲသို့ ခုန်ဝင်ခဲ့သည့် ဒါဇင်အနည်းငယ်ခန့်မှာ နောက်ဆုံးတွင်တော့ မည်သူမှ အသက်မရှင်တော့။ အားလုံးသေဆုံးသွားကြလေပြီ။

ထိုလူများထဲတွင် အလွန်ခွန်အားကြီးသည့် ငွေရောင်ဝတ်စုံနှင့်အကြီးအကဲလည်း ပါဝင်သည်ပင်။ သူကန်ထဲသို့ ကျသွားသည်နှင့် သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ် ချက်ချင်း အရည်ပျော်သွားသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင် ကောင်းကင်မျက်လုံးဖွင့်ကာ တောင်တစ်ဖက်ခြမ်းမှ မြင်ကွင်းကို ကြည့်လိုက်သည်။ ထိုနဂါးသည် မျက်လုံးများ မှိတ်နေပြီဖြစ်ပြီး ရင်းမြစ်စွမ်းအင်အားလုံးလည်း ထိုနေရာဘက်သို့ တရှိန်ထိုး ဦးတည်သွားနေသည်။

အဝေးမှ မြင်ကွင်းကို ကြည့်ပြီး ရှီဟောင် ဆွံ့အသွားရသည်။ ကောင်းကင်သားရဲတောင်တစ်ဝက်ကျော်တောင် ပျက်စီးသွားတာလား.. စိမ်းစိုနေတဲ့မြင်ကွင်းပျောက်သွားပြီး အနီရောင်ချော်ရည်တွေပဲ ရှိတော့တယ်..

ယခုအချိန်တွင် ထို ပျက်စီးနေသည်တောင်တန်းမှ ထွက်လာသည့် သွေးရောင်မြူ၊ အစိမ်းရောင်အသက်အော်ရာတို့အားလုံး ထိုရှေးဟောင်းသားရဲကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ရှီ‌ဟောင် ကန်ထဲသို့ မြန်မြန်ပြန်ဝင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူဤနေရာ၌ နည်းနည်းကြာကြာလေး ထပ်နေသည်နှင့် သူလည်း စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ထိုရှေးဟောင်းသားရဲကြီး၏ ခန္ဓာကိုယ်ထဲသို့ စုတ်ယူခံလိုက်ရမည်ဟု ခံစားနေရသည်။

“ဟမ်…”

ရုတ်တရက် လှိုင်းလုံးကြီးများ ထွက်ပေါ်လာသကဲ့သို့ ကန်ရေများ စီးဆင်းလာသည်။ ရှီ‌ဟောင် အလွန်ထိတ်လန့်သွားရသည်။ ကန်ရေမျက်နှာပြင်သို့ ပြန်ရောက်မှသာ သူဘေးပတ်လည်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

“ဒါက..”

ရှေးဟောင်းသက်ရှိတောက်ပလာကာ သူ့တစ်ကိုယ်လုံးမှ ရင်းမြစ်စွမ်းအင်များ ထုတ်လွှတ်လာကာ သူ့အရှေ့ရှိအရာအားလုံးကို လွှမ်းခြုံသွားသည်။ ရှီဟောင်၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင်ပင် ချော်ရည်များ နောက်ပြန်ဆုတ်သွားကာ တောင်တန်းကြီးများ မြေပြင်မှ ထွက်လာသည်။ ထို့နောက် ထိုနေရာတွင် အပင်များ လျင်မြန်စွာ ပေါက်လာကြသည်။

ဤကဲ့သို့သော မြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှသည်။ ဤနေရာသည် ယခင်ကပုံစံအတိုင်း လျင်မြန်စွာ ကြီးထွားလာနေလေပြီ။

ဤသည်မှာ ကောင်းကင်ကြီးပြိုကျသွားကာ နှင့်ကမ္ဘာမြေကြီး အက်ကွဲသွားခြင်းမဟုတ်သော်လည်း ရှီဟောင် ပို၍တုန်လှုပ်နေသည်။ သူ့ကို အသက်စွမ်းအင်တစ်ိခုမှ အားဖြည့်လာပြီး သူအကျိုးကျေးဇူး များစွာ ရရှိသွားသည်ပင်။

“ပျက်စီးခြင်းနဲ့ရှင်သန်ခြင်း စက်ဝန်း..” ရှီဟောင် ထိုမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေလိုက်သည်။

အပိုင်း ၁၇၀၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၀၉ – ကောင်းကင်၏အလိုဆန္ဒအား တိုက်ခိုက်ခြင်း

သူသည် မထင်မှတ်ပဲ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည့်အပြင် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်လုနီးပါးပင်။

သူ အချိန်မရွေး အဆင့်တက်နိုင်ပြီဖြစ်သောကြောင့် အချိန်ကောင်းတစ်ခုကို စောင့်ဆိုင်းနေခြင်းပင်။ အထူးသဖြင့် ရှေးဟောင်းဘုန်းကြီး၏ ရိုက်ချက် ၁၈ ချက်ကို ခံယူပြီးနောက် သူအတော်လေးပြည့်စုံသွားပြီဖြစသ်ည်။

သူ၏အုတ်မြစ်ခိုင်သွားပြီဖြစ်သောကြောင့် သူအဆင့်တက်ချင်သည်နှင့် ချက်ချင်းတက်နိုင်သည်ပင်။

သူ ယခင်က တွေဝေနေခဲ့ခြင်းမှာ သူဉာဏ်အလင်းပွင့်နေသည့်အချိန် နောက်ယှက်ခံရကာ သူ၏အခွင့်အရေးကို ဖျက်ဆီးသလို ဖြစ်သွားမည်စိုးသောကြောင့်ပင်။

ယခု ရှီဟောင် သူ့ကိုယ်သူပင် မေ့သွားကာ ဘာခံစားချက်မှ မရှိတော့။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းမြင်ကွင်းများ သူ့မျက်စိရှေ့၌ ဖြစ်ပေါ်နေသည်။ ဤသည်မှာ ပြန်လည်မွေးဖွားခြင်းပင်။ ဤသည်မှာ သူ့မျက်စိရှေ့၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းပင်လယ်ရှိနေသလို ကြည်လင်တောက်ပနေသည်။

ထိုရှေးဟောင်းနဂါးအစစ်ထံမှ ရင်းမြစ်စွမ်းအင်များ ထွက်ပေါ်နေပြီး ပျက်စီးနေသည့်မြေကို အလင်းများ တောက်ပလာစေသည်။ အပင်များအားလုံး ချက်ချင်းပြန်ရှင်လာကာ မြေပြင်ထက်မှ တောင်တန်းများလည်း ထွက်ပေါ်လာသည်။

ရှီဟောင် တာအိုကို လေ့လာနေလေပြီ။ ဒါက အသွေးအသားရဲ့အချုပ်အနှောင်ကို ဖယ်ရှားတာလား .. ဒါမှမဟုတ် စိတ်ရဲ့အချုပ်အနှောင်ကို ဖယ်ရှားတာလား .. ဒါမှမဟုတ် သူ့စိတ်ထဲမှာရှိတဲ့ အယူအဆတွေကို ပြန်ပြင်ပေးတာလား.. ယခုအချိန်၌ အလွန်ရှုပ်ထွေးနေပြီး ပြောရန်ခက်လှသည်။

ကန်ထဲတွင်ရှိနေသည့် ရွှေရောင်ခြင်္သေ့ ရှီဟောင်အား စိုက်ကြည့်ကာ သူ့မျက်ဝန်း၌ ရက်စက်သည့်အလင်းတန်းများ ဖြတ်ပြေးသွားသည်။ သူ တိုက်ခိုက်လိုက်ချင်သော်လည်း ထိန်းချုပ်ထားရသည်။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ၌ အရိပ်မည်းကြီးတစ်ခု စွဲထင်နေသည်ပင်။ သူရှီဟောင်နှင့်တွေ့သည့်အချိန်တိုင်း ကောင်းမွန်သည့်အရာများဖြစ်မလာ။ အကြိမ်တိုင်း သူသာ ဆိုးဆိုးရွားရွား ခံစားခဲ့ရသောကြောင့် ယခုအချိန်တွင် ရှီဟောင်အား စမ်းသပ်ရန် သူကြောက်ရွံ့နေလေပြီ။

ထို့ကြောင့် သူလက်လွတ်စပယ် မလုပ်ရဲခြင်းပင်။

“သူ လျှောက်လုပ်နေတာမဟုတ်ဘူး … သူတကယ် အသိအမြင်တွေ ရနေတာ .. မရဘူး .. ငါလှုပ်ရှားပြီးတော့ သူ့အခွင့်အရေးကို တစ်ချက်တည်းနဲ့ ရိုက်ချပစ်ရမယ် … သူ့ကို ကောင်းကင်ကနေ ငရဲထိ ထိုးဆင်းသွားအောင် လုပ်ရမယ်..” ရွှေရောင်ခြင်္သေ့ အံကြိတ်လိုက်ကာ ဆုံးဖြတ်ချက်ချလိုက်ည်။

သို့သော် ရှီဟောင်၏ရိုက်ချက်များကြောင့် သူအလွန်အားနည်းနေပြီဖြစ်သောကြောင့် ထိုရိုက်ချက်သည် ရှီဟောင်အား မသတ်နိုင်ပဲ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားမည်ကို စိုးရိမ်မိသည်။

“သူ့ရဲ့အရေးအကြီးဆုံး အချိန်ကိုစောင့်လိုက်မယ် … အဲဒီအချိန်ကျမှ သူ့ကိုတိုက်မယ်..” ရွှေရောင်ခြင်္သေ့ ရှီဟောင်အား ချောင်းတိုက်ရန် စီစဉ်နေလေသည်။

ယခုအချိန်တွင် ရှီဟောင်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားတွင် လူးလားခေါက်ပြန်သွားနေပြီး နက်နဲသည့်တာအိုလမ်းကြောင်းကို အာရုံခံနေသည်ပင်။

ဝုန်း..

ဘုန်းတော်ကြီးအလင်းကဲ့သို့ သူ၏ခန္ဓာကိုယ်တောက်ပလာသည်။ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းမှာ လောကကြီးအပေါ်တွင် မမှီခိုပဲ ကိုယ်တွင်း၌ ဂိတ်တံခါးများ ဖွင့်ခြင်းပင်။

ရှီဟောင်၏ ပုံပန်းသွင်ပြင်မှာ ခံ့ညားလှသည်။ နတ်အလင်းကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်မှာ ထာတရဘုန်းကြီးတစ်ပါး ပြန်လည်ဝင်စားလာသကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်ထက်၌ နတ်ချိန်းကြိုးများ တစ်လွှာပြီးတစ်လွှာပေါ်လာသည်။ ဤသည်မှာ အချုပ်အနှောင်တစ်မျိုးပင်။

ချွမ်း..

ရှီဟောင်၏မျက်လုံးမှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်မှ ဓားအလင်းတန်းထွက်ပေါ်လာကာ ထိုအချုပ်အနှောင်များကို ထိုးဖောက်ပစ်လိုက်သည်။

“ဘာလို့ ဒီလောက်တောင် မြန်နေတာလဲ..” ရွှေရောင်ခြင်္သေ့ ထိတ်လန့်သွားရ၏။ သူ မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏ မူလဝိညာဉ်တွင် အချုပ်အနှောင်များ ပေါ်လာတော့မည်ပင်။

ထိုအချိန်၌ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

“လာပြီ..” ရွှေရောင်ခြင်္သေ့၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ သူအကောင်းဆုံးအခြေအနေနှင့် လွဲချော်သွားမည်ကို စိုးရိမ်မိသည်။

ယခုအချိန်တွင် ရှီဟောင် အလွန်အံ့အားသင့်စရာကောင်းသည့်အခြေအနေ၌ ရောက်နေသည်။ သူသည်သူ့ခန္ဓာကိုယ်ကိုသူ ပြန်လေ့လာနေသည်။ သူသည် အမူအရာကင်းမဲ့စွာဖြင့်ပင် အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေသည်။

သူ၏မူလဝိညာဉ်သည် သူ၏ဦးခေါင်းခွံထဲ၌ ရှိနေသော်လည်း သူ့ဘေးပတ်လည်မှ အရာအားလုံးကို သူအာရုံခံနိုင်သည်။

ဤသည်မှာ ကိုယ်တိုင်ကမ္ဘာကြီးတစ်ခု ဖြစ်နေသကဲ့သို့ပင်။ ဤခံစားချက်မှာ ထူးဆန်းလှသည်ပင်။

ရွှေရောင်ခြင်္သေ့ သူ့အား အန္တရာယ်ပေးချင်နေသည်ကို သူ့တွေ့နေသည်အထိပင်။ သို့သော် သူ ဒေါသမထွက်သလို သတ်ဖြတ်လိုသည့်အငွေ့အသက်ကိုလည်း မခံစားရ။ ရွှေရောင်ခြင်္သေ့ကို အေးစက်စွာသာ ကြည့်နေလေ၏။

ယခုအချိန်တွင် ရွှေရောင်ခြင်္သေ့နှင့် သူ၏အသွေးအသားများ မျှချေညီနေသည်ဟု ခံစားရကာ သူ့ကို မနှောက်ယှက်ချင်တော့။ မည်သည့်ခံစားချက်မှလည်း မရှိတော့။

ဤသည်မှာ ထူးဆန်းလွန်းလှသည်။

ဝုန်း..

ရုတ်တရက် သူ့ခန္ဓာကိုယ် အတွင်းနက်ပိုင်းမှ ဒေါသတကြီး ဟစ်ကြွေးသံ ထွက်ပေါ်လာကာ ထိုအချုပ်အနှောင်များကို ထူးမခြားနားစွာပင် ဖျက်ဆီးပစ်လိုက်သည်။

“ဟုတ်တယ် .. အဲဒီတော့ ဒီလိုမျိုးပေါ့…” ရှီဟောင် ဉာဏ်အလင်းပွင့်သွားသည်။ သက်ရှိအားလုံးကို အပေါ်စီးမျကြည့်ခြင်း၊ အားလုံးအထက်၌ ရှိနေခြင်းဆိုသည်မှာ ရုန်းထွက်ရမည့်အချုပ်အနှောင်တစ်ခုပင်။

ထိုအခိုက်အတန့်တွင် သူသည် ဤလောက၏ တာအိုနှင့် သဟဇာတဖြစ်သွားကာ တာအို၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ သူကိုယ်တိုင်ပင်ပျောက်သွားသလိုပင်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ဤအတိုင်းသာဆက်သွားလျှင် ရှီဟောင် တာအိုနှင့် ရောနှောပေါင်းစပ်သွားကာ သူ၏ကိုယ်ပိုင်အသိအမြင်များပင် ပျောက်ကွယ်သွားလိမ့်မည်။ သူ တာအိုရှေ့၌ ဦးညွှတ်နေလိမ့်မည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်ကိုမျိုးစေ့အဖြစ် သုံးခြင်းလမ်းကြောင်းနှင့် ဆန့်ကျင်နေသည်ပင်။

သူလျှောက်သည့်လမ်းမှာ ထူးခြားလှသောကြောင့် သူဤကဲ့သို့သော အရာများ ကြုံတွေ့နေရခြင်းလည်းဖြစ်နိုင်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တာအိုများပင် ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ပေါ်၌ အသုံးပြုလာသည်။

ရှီဟောင် ချွေးစေးများ ပြန်လာရသည်။ သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ လွယ်လွယ်ကူကူဝင်ရောက်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ ယခုလေးတင် သူ၏တာအိုလမ်းကြောင်း ဖြတ်ချခံရတော့မလိုပင်။

ယခု သူ ထို ခံစားချက်ကင်းမဲ့သည့်အခြေအနေမှ ရုန်းထွက်လာနိုင်လေပြီ။

သို့သော်လည်း သူ၏မူလဝိညာဉ်ထက်၌ နတ်ချိန်းကြိုးများ ရှိနေဆဲပင်။ ဤသည်မှာ ထိုဝိညာဉ်ကို ဖျက်ဆီးပစ်ချင်နေသကဲ့သို့ပင်။

သို့သော် ဤချိန်းကြိုးများမှာ အပေါ်ယံသာ။ အတွင်းနက်ပိုင်းထိမဟုတ်။ ‘ကောင်းကင်၏အလိုဆန္ဒကို’ ကို ချိုးဖောက်ပြီးသွားပြီဖြစ်သောကြောင့် သူ ထိုချိန်းကြိုးများကို ဖယ်ပစ်နိုင်မည်ပင်။

ထို့ကြောင့် ရွှေရောင်ခြင်္သေ့ သူ့လက်မြှောက်လာသည်ကို တွေ့လိုက်ရသည့်အချိန်၌ သူသည် ခံစားချက်ကင်းမဲ့စွာဖြင့်ပင် လက်ဝါးတစ်ချက် ရိုက်ထည့်လိုက်သည်။

ဖြန်း..

အား..

ရှင်းလင်းလှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ရွှေရောင်ခြင်္သေ့ သနားစဖွယ် အော်ဟစ်လိုက်လေ၏။ သူ၏အရိုးများ ကျိုးသွားပြီဖြစ်ပြီး တစ်ကိုယ်လုံးမှ သွေးများစီးကျလာသည်။

“ငါ့ကို ထိခိုက်အောင်လုပ်တဲ့ ဘယ်အပြုအမူမဆို မင်းသေသွားလိမ့်မယ်ဆိုတာ မင်းမသိဘူးလား..” ရှီဟောင ်အေးစက်စွာ ပြောလိုက်သည်။ “ဒီရိုက်ချက်က မင်းကို ကယ်ဖို့ပဲ..”

ရွှေရောင်ခြင်္သေ့သည် သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့်စွမ်းအားကို ခုခံနေကာ သူ့ခန္ဓာကိုယ်ကြီးပျက်စီးမသွားအောင် ရုန်းကန်နေရသည်။ ဤစကားများကို ကြားလိုက်ရသည်နှင့် သူ၏ရွှေရောင်မျက်စံများ ‌မှေးကျဉ်းသွားကာ အလွန်ဒေါသထွက်သွားရသည်။

သို့သော် တကယ်လည်း ဤသို့ဖြစ်နေသည်ကို သူခံစားမိသည်ပင်။ ယခင်က ရှီဟောင်လုပ်ထားသည့် အဆီးအတားတစ်မျိုးရှိနေသည်ပင်။ ရှီဟောင်၏ လက်ဝါးရိုက်ချက်ကြောင့်သာမဟုတ်ပါက သူ ထိုအဆီးအတား၏ တန်ပြန်သက်ရောက်ခြင်းခံရကာ အစောကြီးကတည်းက သေသွားလောက်လေပြီ။

“ကျွန်တစ်ယောက်ဖြစ်လာပြီဆိုတော့ မင်းရဲ့စီးတော်ယာဉ်တာဝန်ကို ကျေအောင်လုပ် .. နောင်ကျရင် ငါမင်းကို စီးပြီး စစ်မြေပြင်မှာ သွားတိုက်မယ် .. ဒါက မင်းရဲ့ဘဝပဲ ..မဟုတ်ရင် မင်းရဲ့ခန္ဓာနဲ့ဝိညာဉ် ဖျက်ဆီးခံရမယ်..” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။

ထို့နောက် သူ့အား အရေးမလုပ်တော့ပဲ သူ၏တာအိုလေ့လာခြင်းတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။

ရွှေရောင်ခြင်္သေ့၏ အမူအရာမှာ ရုပ်ဆိုးလာသည်။ သူ၏ထူထဲလှသော လည်ဆံမွေးသည် တောက်လောင်နေသည့်မီးတောက်တစ်ခုကဲ့သို့ လှုပ်ရှားနေသည်။ သို့သော်လည်း သူ၏ဒေါသကို မြိုချရုံသာတတ်နိုင်သည်။ သူ ဤကဲ့သို့ ပုံဆိုးပန်းဆိုးဖြင့် မသေချင်။ သူ လက်စားချေချင်သေးသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ တုန်လှုပ်သွားရသည်။ ဟွမ်သည် တကယ်ကို လူထူးဆန်းပင်။ သူသည် ဤကဲ့သို့သောနေရာမျိုး၌ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ တက်လှမ်းကာ တာအိုများကို လေ့လာနေသည်။ သို့သော်လည်း သူသည် အထိအခိုက်မရှိပေ။

ရွှီး..

ထိုအခိုက်အတန့်တွင် သူ့ကို တုန်လှုပ်စေသည့်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ရှီဟောင်၏ဦးခေါင်းထက်မှ ကြည်လင်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပြိုင်ဘက်ကင်းသည့်တာအိုအော်ရာကို ထိုးဖောက်သွားကာ ကောင်းကင်ကို ဖောက်ထွက်သွားသည်။

“ကောင်းကင်ဆန္ဒကို ခစားတယ် .. ကောင်းကင်ရဲ့ ထောက်ခံမှုကို တိုက်ခိုက်နေတာလား..” ရွှေရောင်ခြင်္သေ့ တုန်လှုပ်သွားကာ သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဤကဲ့သို့သော ဒဏ္ဍာရီမျိုးကို သူယခင်က ကြားဖူးသော်လည်း ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ယခင်ကတည်းက ယခုအချိန်ထိ ဤကဲ့သို့သောအရာများကို ကြုံဖူးသည့်သူ တစ်ဦးတစ်ယောက်ကိုမှ သူမသိ။ မည်သူမှဤအဆင့်ထိ မရောက်ဖူးခဲ့။

“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးပြီးတော့ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကို တက်ပြီး ကောင်းကင်ရဲ့အလိုဆန္ဒကို ရင်ဆိုင်တာလား..” ရွှေရောင်ခြင်္သေ့၏ ဦးရေပြားများပင် ထုံကျဉ်လာသည်။

သူ၏ဘိုးဘေးများ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု၌ ရှိနေစဉ်က ခန္ဓာကိုယ်ကို မျိုုးစေ့အဖြစ်အသုံးပြုသည့် ကျွမ်းကျင်သူများ ရှိခဲ့သည်ပင်။ သို့သော် သူတို့အားလုံး ကျရှုံးခဲ့ကာမည်သူမှ ဤအဆင့်ထိ မရောက်ခဲ့။

ဝုန်း..

ရှီဟောင် ရပ်နေသည့်နေရာ၌ လျှပ်စီးများတောက်ပလာကာ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားသည်။ ကောင်းကင်ထက်မှ ဓားအလင်းတန်းများ ဆင်းသက်လာပြီး ရှီဟောင်ရှိနေသည့်နေရာ၌ ဓားစွမ်းအင်များ ထွက်ပေါ်လာသည်။

ကောင်းကင်ဆန္ဒရဲ့ဓားသွားတွေက သူ့ကို ချိုးဖျက်ချင်နေတယ်..

သူ့ခန္ဓာကိုယ်၏စိတ်ဆန္ဒလည်း ကောင်းကင်၏စိတ်ဆန္ဒအား ထိုးဖောက်သွားမည်ပင်။

“ငါနားလည်ပြီ .. ကိုယ်တိုင်ခစားခြင်းဆိုတာက ဖြစ်စဉ်တစ်ခုပဲ .. အခုမှအစပဲရှိသေးတယ် .. နောက်ဘာဖြစ်လာမှာလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ကိုဖုံးလွှမ်းနေသည့် ဓားစွမ်းအင်နှင့် အဆုံးမရှိသည့် လျှပ်စီးများ ပျောက်ကွယ်သွားလေသည်။ အားလုံးမှာ ရွှေရောင်ခြင်္သေ့၏ အံ့အားသင့်နေသည့်မျက်ဝန်းများအောက်၌ ချက်ချင်းအဆုံးသတ်သွားခြင်းပင်။

ဤကဲ့သို့ အချိန်အတော်ကြာသည်အထိ ဖြစ်လိမ့်မည်ဟု သူတွေးထားခြင်းပင်။

သို့သော်လည်းယခုတော့ သူထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ရှီဟောင်ပြောသလိုပင်။ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်အသုံးပြုခြင်းမှာ သေချာပေါက် အလွန်ခက်ခဲလိမ့်မည်။ ယခုမှ အစသာရှိသေးသည်။ သူ၏ကျင့်ကြံဆင့်တက်လာသည်နှင့် ပို၍ခက်ခဲသည့်အရာများ သူ့အား စောင့်ကြိုနေမည်ပင်။

ဤအရာများမှာ ယခုမှ လက္ခဏာပြသခြင်းများပင်။

အပိုင်း ၁၇၀၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၇၁၀ – ပြန်လည်ဝင်စားခြင်း မြေ

ဝုန်း…

မီးပွားများ နေရာအနှံ့ လွင့်စင်လာပြီး နေရာအနှံ့မှ မူလဖရိုဖရဲမြူများလည်း ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ ထာဝရစွမ်းအင်များ ထွက်ပေါ်လာသလို တာအိုပန်းပွင့်များလည်း ဖူးပွင့်လာသည်။ ယခုအချိန်တွင် ရှီဟောင်သည် ဗုဒ္ဓကဲ့သို့ တောက်ပနေသည်။

သူ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ တရားဝင် ရောက်ရှိသွားလေပြီ။ ထို့အပြင် သူသည် အရာအားလုံးကို ကျစ်လျစ်စွာ ပြုလုပ်လိုက်နိုင်ပြီဖြစ်ပြီး အချိန်မရွေး နောက်တစ်ဆင့် တက်နိုင်ပြီဖြစ်သည်။

သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားကြီးရစ်ပတ်နေကာ သူအရာအားလုံးကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

“ဒါက နေရာကောင်းပဲ .. ရန်သူတွေငါ့ကိုဘယ်လောက်ပဲ ဝိုင်းနေနေ ငါ ပြန်လည်ဝင်စားခြင်းကန်ထဲမှာ သီးသန့်ကျင့်ကြံပြီးတော့ ဒီမှာ အဆင့်တက်လို့ရတယ်..” ရီူဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ကြောင်အနေသည့် ရွှေရောင်ခြင်္သေ့ကို သူကန်အောက်ခြေသို့ ခေါ်လာာလိုက်သည်။ သူ့ကို ဤနေရာ၌ ချောင်ပိတ်ဖမ်းခဲ့သည့် ကျင့်ကြံသူများအားလုံးကို ရှင်းပစ်ပြီးသွားပြီဖြစ်သောကြောင့် သူဤနေရာ၌ ရှိနေသည်ကို မည်သူမှ မသိတော့။ ယခုအချိန်မှာ သီးသန့်ကျင့်ကြံရန် အချိန်ကောင်းပင်။

ယခုတစ်ခေါက် သူကန်အောက်ခြေသို့ ရောက်သည့်အချိန်တွင် ထူးဆန်းသည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူ အသံတစ်မျိုးမျိုးကို ရေးရေးလေး ကြားနေရသည်။

“ပြန်လည်ဝင်စားခြင်းစမယ် .. တာအိုဂိတ်တွေကို ကျယ်ကျယ်ဖွင့်ထားမယ်..” ဤသည်မှာ နားကြားမှားခြင်းမဟုတ်။ တစ်စုံတစ်ယောက်မှ အဆင့်လွန်အမိန့်စာတစ်ခုအား ဖတ်နေသကဲ့သို့ ခမ်းနားလှသည့်အသံတစ်သံ ပျံ့လွင့်လာသည်ပင်။

အဲဒီအသံ ဘယ်ကလာတာလဲ… အစပိုင်းတွင် ဤအသံမှာအလွန်တိုးညှင်းသော်လည်း တစ်ဖြည်းဖြည်းဖြင့် ကျယ်လောင်လာသည်။

ပြန်လည်ဝင်စားခြင်းကန်ထဲမှာ နောက်ထပ်ကမ္ဘာတစ်ခု ရှိနေတာလား.. ရှီဟောင် ကန်အောက်ခြေ၌ရပ်ပြီး အလွန်ထိတ်လန့်နေမိသည်။

ရွှေရောင်ခြင်္သေ့မှာ လုံးဝ စိတ်ပျံ့လွင့်နေလေပြီ။ သူ၏လက်ရှိခွန်အားမှာ ကန်အောက်ခြေသို့သွားရန် မလုံလောက်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ဖြစ်သော်လည်း ယခုအချိန်တွင် သူ၏ဒဏ်ရာများမှာ အလွန်ပြင်းထန်နေသည်ပင်။

သူ မသေစေရန် ရှီဟောင် အလင်းပြင်တစ်ခု ပြုလုပ်လိုက်သည်။

“မြေအောက်ကလာတာ..”

အသံမှာ ကန်အောက်ခြေရှိ အရိုးပုံများအောက်မှ ထွက်လာသည်မှာ သေချာသည်။

ဤသည်မှာ သူ့ကို အနည်းငယ် တွေဝေသွားစေသည်။ ကန်အောက်ခြေရှိ အရိုးများမှာ ဘုန်းကြီးများ၏ အရိုးများပင်။ သူဤအရိုးများကို ဘေးဘက်သို့ ဖယ်ပစ်လိုက်ရမည်လား..

နောက်ဆုံးတွင်တော့ ရှီဟောင် လှုပ်ရှားလိုက်သည်။ ဤဘုန်းကြီးအရိုး၏ ရိုက်ချက် ၁၈ ချက်ကို ခံပြီးသည့်နောက် ဤအရိုးများ သူ့ကို သိပ်ပြီး စိတ်ဖိအားမပေးနိုင်တော့။

ရွှေရောင်ခြင်္သေ့လည်း ဘုန်းကြီးအရိုးများကို ဖယ်ရှားနေရသည်။

သူ ကျန်းတစ်ရာကျော် တူးပြီးသွားသော်လည်း ဘုန်းကြီးအရိုးများ များစွာ ထပ်ရှိနေသေးသည်ကို ရှီဟောင် ထိတ်လန့်စွာ တွေ့လိုက်ရသည်။ ဤသည်မှာ သူ့စိတ်ကို အနည်းငယ်ပင် ထုံကျဉ်သွားစေသည်။

နောက်ဆုံး သူတို့ ၁၀၈ ကျန်း တူးပြီးသွားသည့်အချိန်မှ အောက်ခြေသို့ ရောက်လာသည်။

အောက်ဘက်၌ ကျောက်လှိုဏ်ဂူတစ်ခု ရှိနေသည်။ အချို့ရှေးဟောင်းလှိုဏ်ဂူများမှာ ပျားအုံကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်ပင်။

ရှပ် ရှပ် ရှပ်..

ရုတ်တရက် မြေအောက်၌ ခြေသံများ ထွက်ပေါ်လာသည်။

ဤအသံများမှာ ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်သောကြောင့် ရှီဟောင်၏စိတ်ကို တင်းကြပ်သွားစေသည်။ ဒီလှိုဏ်ဂူမှာ ကန်ရေတွေလည်း ရှိနေတာကို ဘာလို့ ဒီလိုမျိုးထူးဆန်းတဲ့အသံတွေ ရှိနေတာလဲ..

ရွှေရောင်ခြင်္သေ့မှာ အလွန်စိတ်လှုပ်ရှားနေလေပြီ။ ဒီမြေအောက်လှိုဏ်ဂူမှာ တစ်ခြားသက်ရှိတွေ ရှိနေတာလား..

ချွမ်း..

ဤသည်မှာ သံကြိုးများနှင့် ခြေချင်းဝတ်အသံများပင်။ ဤအသံမှာ မြေအောက်အတွင်းနက်ပိုင်းမှ ထွက်ပေါ်လာသကဲ့သို့ အလွန်ကြောက်စရာကောင်းလှသည်။

ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နေတာလဲ .. ဤလှိုဏ်ဂူမှာ မြေအောက်လောကနှင့် ဆက်သွယ်ထားသကဲ့သို့ပင်။ ကန့်သတ်ခံထားရသည့် ကြောက်စရာသတ္တဝါတစ်ကောင် တစ်လှမ်းချင်းလျှောက်လာကာ ပေါ်လာတော့မည်။

“အရှေ့မှာလာနေပြီး လမ်းပြ..” ရှီဟောင် ရွှေရောင်ခြင်္သေ့ကို တွန်းလိုက်ကာ မြေအောက်လှိုဏ်ဂူ၏အတွင်းနက်ပိုင်းသို့ သွားခိုင်းလိုက်သည်။

ဤနေရာ၌ မြေအောက်လှိုဏ်ဂူများစွာ ရှိနေပြီး အားလုံးမှာတစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။

ရုတ်တရက် ရွှေရောင်ခြင်္သေ့၏ အမွေးများအားလုံး ထောင်ထသွားသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းသည့်အရာတစ်ခုခုကို ကြုံတွေ့လိုက်ရသကဲ့သို့ပင်။

ခဏကြာပြီးနောက် ရှီဟောင် မြေအောက်လှိုဏ်ဂူ၏ တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရလေပြီ။ မှုန်မှိုင်းနေသည့် မြေအောက်လှိုဏ်ဂူထဲတွင် ဝိညာဉ်ကင်းမဲ့ကာ အသက်ဓာတ်ကင်းမဲ့နေသည့် တပ်သားတစ်စုရှိသည်။ သူတို့ခန္ဓာကိုယ်တွင် သံကြိုးများရှိနေသည်။ သူတို့လှုပ်ရှားလိုက်တိုင်း သံကြိုးသံများ ထွက်ပေါ်လာသည်ပင်။

“ရှေးဟောင်းအလောင်းတွေလား .. ဒါမှမဟုတ် ယင်စစ်သားတွေလား..” ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။

ဒါမှမဟုတ် ဒါတွေက မသေသေးတဲ့စစ်သူရဲတွေလား .. သူတို့ သင်္ချိုင်းမြေထဲ ရောက်လာတာလား..

အမှောင်ထုထဲ၌ သံကြိုးအသံများမှာ နားကွဲမတတ်ပင်။ ချိန်ကြိုးများတွင် ရွှေရောင်အလင်းအနည်းငယ် ရှိနေသည်။ သူတို့သည် မြေအောက်လောကမှ လူသေများ ဖြတ်သန်းသွားနေသကဲ့သို့ပင်။

ဤသည်မှာ ထူးဆန်းလွန်းလှသည်။

ရှီဟောင် သတိကြီးကြီးဖြင့် သေချာစောင့်ကြည့်နေလိုက်သည်။ ကံမကောင်းစွာဖြင့် မြေအောက်လှိုဏ်ဂူမှာ ထိုမျှသိပ်မမြင်ရ။ တပ်သားများမှာ ခပ်ဝေးဝေးသို့ ပျောက်ကွယ်သွားသည်။

“သူတို့နောက်လိုက်..”

တစ်ခဏခန့်တိတ်ဆိတ်နေပြီးနောက် ရှီဟောင်ပြောလိုက်သည်။ သူ ရွှေရောင်ခြင်္သေ့ကို အရှေ့မှ သွားခိုင်းလိုက်သည်။

“မင်း .. ရူးနေတာလား..” ရွှေရောင်ခြင်္သေ့ မကျေနပ်။ သူ့အမြင်တွင် ဤနေရာမှာ ရက်စက်လွန်းလှသည်။ ဤနေရာမှာ သင်္ချိုင်းနယ်မြေနှင့် ဆက်နေသည်မဟုတ်လျှင် မြေအောက်လောကနှင့် ဆက်နေလောက်သည်။ သူတို့နောက်လိုက်သွားသည်မှာ သူတို့ ကိုယ့်သေတွင်းကိုယ်ရှာခြင်းနှင့်အတူတူပင်။

ရှီဟောင် သူ့ကို အေးစက်စွာ ကြည့်လာသောကြောင့် သူ့ကိုယ်သူ အားတင်းကာ သွားရုံအပြင် မတတ်နိုင်တော့။ အဘယ်ကြောင့်ဆိုသော် သူမသေချင်သေး။ ဤကဲ့သို့ ပုံဆိုးပန်းဆိုးဖြင့် မသေချင်။

တစ်နာရီကြာပြီးနောက် ရွှေရောင်ခြင်္သေ့၏ အမူအရာမှာ ထိတ်လန့်သည့်ပုံစံမှ ထုံကျဉ်နေသည့်ပုံစံသို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူငရဲသို့ ရောက်သွားသကဲ့သို့ များပြားလှသည့်တပ်သားများ ‌လှည့်ပတ်သွားလာနေသည်ကို တွေ့လိုက်ရသည်ပင်။

ထိုသက်ရှိများအားလုံးတွင် သံကြိုးများရှိနေပြီး သူတို့သည် တူညီသည့်နေရာတစ်ခုသို့ ဦးတည်သွားနေကြသည်။

“ဒါက ယင်စစ်သားနယ်မြေလား..” ရွှေရောင်ခြင်္သေ့ အလွန်ကြောက်ရွံ့လာသည်။

ရှီဟောင် ဘာမှမပြောပဲ သူ့နောက်မှ လိုက်လာသည်။ လမ်းတစ်လျှောက်၌ သူတို့ တပ်သားအချို့အနားကိုပင် လှည့်ပတ်သွားလာခဲ့ကြသေးသည်။

“အမ်..” ခဏကြာပြီးနောက် သူထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် အလွန်ကြီးမားကာ အနည်းငယ်ရင်းနီးနေသည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို တွေ့လိုက်ရသောကြောင့်ပင်။

ဤသည်မှာ ကောင်းကင်သားရဲတောအုပ်၌ တွေ့ခဲ့သည့် ကောင်းကင်သားရဲကြီးပင်။ သူက ဘာလို့ ဒီကိုရောက်နေတာလဲ..

“အရှင်ယင်ထော်လား..” ထိုအချိန်တွင် ရွှေရောင်ခြင်္သေ့ မယုံမကြည်နိုင်ဖြစ်နေကာ အကြီးအကဲတစ်ဦးကို စိုက်ကြည့်နေလေ၏။

ဤလူများထဲမှ တစ်ယောက်ကို ရှီဟောင်မှတ်မိသည်။ ဤသည်မှာ ရှီဟောင်ကို လိုက်ဖမ်းခဲ့သည့် အကြီးအကဲများထဲမှ တစ်ယောက်ပင်။ ယခုအချိန်တွင် သူသည် ယင်စစ်သားအုပ်စုထဲ၌ ရပ်နေပြီး အသက်ကင်းမဲ့စွာဖြင့်ပင် အရှေ့ဘက်သို့ လျှောက်သွားနေသည်။

အနည်းငယ် ထူးဆန်းနေသည်ဟု ရှီဟောင်ခံစားရသည်။ သူအရှေ့သို့ ကြည့်လိုက်သည့်အချိန်တွင် ထိုလူကို သူမှတ်မိသွားသည်။ ထို ယင်းထော်ဟုခေါ်သည့်သူမှာ သူ့ကို သတ်ရန် ကြိုးစားခဲ့သည့်သူပင်။ သူက ဘယ်လိုလုပ် ဤနေရာ၌ ရောက်နေသနည်း..

ပုံမှန်အတိုင်းဆိုလျှင် ထိုရှေးဟောင်းသားရဲကြီး ဟစ်ကြွေးလိုက်ပြီးနောက် ဤနေရာရှိ သက်ရှိအားလုံး ပေါက်ကွဲသွားမည်ဖြစ်သည်။ သူတို့အသက်ရှင်နေစရာ အကြောင်းမရှိ။ သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးသွားလေပြီ။

ကန်ထဲသို့ ခုန်ဝင်လာခဲ့သည့် လူအချို့မှာ ကံကောင်း၍ အသက်ရှင်နိုင်သွားသော်လည်း ရှီဟောင် ထိုလူများအားလုံးကို သတ်ပစ်လိုက်ပြီဖြစ်ပြီး သူတို့အလောင်းပင်မကျန်တော့။

“ဒါက တကယ်ကို ထူးဆန်းတယ်..” ရှီဟောင် ရှုပ်ထွေးသွားရသည်။

ဆက်လျှောက်သွားသည်နှင့် သူတို့မှတ်မိသည့်လူများ ပိုများလာသလို ကောင်းကင်သားရဲများလည်း ပိုများလာသည်။ အားလုံးမှာ ဤရှေးဟောင်းသစ်တော၌ နေထိုင်ကြသည့် သားရဲများပင်။

မြေအောက်လှိုဏ်ဂူကြီး၏ အဆုံး၌ ရှီဟောင် ကျောက်တံခါးများကို မြင်လိုက်ရသည်။ တံခါးများမှာ သိပ်မများသလို နည်းလည်းမနည်း။ စုစုပေါင်း ၆ ခုရှိသည်ပင်။

ဤနေရာ၌ရှိနေသည့် တပ်သားများမှာ တစ်ခုခုကို စောင့်ဆိုင်းနေကြသကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။

ထိုအခိုက်အတန့်တွင် သူကြားခဲ့ရသည့်အသံကို ရှီဟောင် ပြန်စဉ်းစားမိသွားသည်။ ‘ပြန်လည်ဝင်စားခြင်းမြေ .. တာအိုဂိတ်တံခါးတွေ ပွင့်လာပြီ..’

အဲဒါက ဒီနေရာလို့်တော့ မပြောနဲ့နော် .. ဒါက အဲဒီအသံ ရည်ညွှန်းတဲ့နေရာလား…

သူဖြစ်စေ ရွှေရောင်ခြင်္သေ့ဖြစ်စေ နှစ်ဦးလုံး ထိတ်လန့်သည့်အမူအရာများ ဖြစ်လာကြသည်။ ဒါက ပြန်လည်ဝင်စားခြင်းလား .. အဲဒီသေသွားတဲ့သူတွေက နောက်ဘဝကိုပို့ခံရတော့မှာလား..

ရုတ်တရက် ရှီဟောင်၏အမူအရာများ တောင့်တင်းသွားသည်။ ကျောက်တံခါးရှေ့၌ သူရင်းနှီးနေသည့် သတ္တဝါတစ်ကောင်ကို ထပ်တွေ့လိုက်ရ၏။ ဤသည်မှာ သူ ကောင်းကင်သားရဲတောအုပ်ထဲသို့ ရောက်လာပြီးနောက် သူ့ကို ပထမဆုံးလိုက်ဖမ်းခဲ့သည့် ကောင်းကင်ကြွက်ပင်။

ထိုကောင်းကင်သားရဲကို သစ်ကိုင်းခြောက်တစ်ခုမှ ထိုးဖောက်သွားသည်ကို သူသေချာမှတ်မိနေသေးသည်။ နောက်ဆုံးတွင် ထိုကြွက်ကြီးသည် မန္တန်တစ်ခုကို ရေရွတ်လိုက်ပြီးနောက် ပြန်လည်ဝင်စားခြင်းကန်ထဲသို့ ခုန်ဆင်းလိုက်သည်ပင်။

“သူက .. ဒီနေရာကို လာတာလား…”

ဒီသတ္တဝါတွေ ဘယ်လိုလုပ် ဒီနေရာကို လာတာလဲ.. ရှီဟောင်တို့သည် ဘုန်းကြီးအရိုးများထက်၌ အမြဲတမ်းရှိနေခြင်းဖြစ်သော်လည်း ဤသတ္တဝါများမှာ သူနှင့် ရွှေရောင်ခြင်္သေ့တို့ကို‌ ရှောင်ရှားကာ မြေအောက်လှိုဏ်ဂူထဲသို့ တိုက်ရိုက်ဝင်လာသည်ပင်။

“ရှေးဟောင်းသားရဲကြီး ဟစ်ကြွေးပြီးတော့ ကောင်းကင်သားရဲတောအုပ်တစ်ဝက်ကျော် ပျက်စီးသွားတဲ့အချိန်တုန်းက ကောင်းကင်သားရဲတွေနဲ့ ကျင့်ကြံသူတစ်ချို့က ပြန်လည်ဝင်စားဖို့အတွက် ဒီနေရာကို အတင်းအကြပ်ပို့ခံလိုက်တာလို့တော့ မပြောနဲ့နော်..”

ဤသည်မှာ လက်မခံနိုင်ချင်စရာ ကောင်းလှသည်။

ရှီဟောင် ကောင်းကင်ကြွက်၏ စကားများကို ပြန်စဉ်းစားမိသွားသည်။ သူ ပြန်လည်ဝင်စားခြင်းကန်သို့ ပို့ခံလိုက်ရပြီးနောက် သူဦးညွတ်လိုက်ရကာ သူ့အသိစိတ်များ ဆုံးရှုံးသွားပြီဖြစ်သည်။

ကောင်းကင်သားရဲတောအုပ်၌ရှိနေသည့် သက်ရှိများအားလုံး သူတို့အသိစိတ်များ ဆုံးရှုံးနေကြကြောင်း ကောင်းကင်ကြွက်သူ့အား ပြောဖူးသည်ပင်။

“ဒါက ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်က ဖန်တီးထားတဲ့ ပြန်လည်ဝင်စားခြင်းလား..” ရှီဟောင် သံသယဝင်လာသလို တစ်ချိန်တည်းမှာပင် သူတစ်ကိုယ်လုံး ကြက်သီးထသွားရသည်။ သူ ထိုသူများကို အလွန်လည်း လေးစားသွားရသည်။

သတ္တဝါအများစုမှာ ခန္ဓာကိုယ်ပင် မရှိတော့အောင်အထိ သေဆုံးသွားခဲ့ခြင်းပင်။ သို့သော်လည်း သူတို့ ဤနေရာ၌ ပြန်ပေါ်လာကာ ပြန်လည်ဝင်စားခြင်းကို စောင့်နေကြသည်။

“ကောင်းကင်သားရဲတောအုပ်တစ်ခုလုံးက စမ်းသပ်ကွင်းများလား..”

သားရဲကြီး၏ ဟစ်ကြွေးသံကြောင့် သေဆုံးခဲ့ရသည့် သက်ရှိများအားလုံး ဤနေရာသို့ ရောက်လာပြီး ကူးပြောင်းခြင်းကို လုပ်ဆောင်နေခြင်းများလားဟု ရှီဟောင်သံသယဝင်လာသည်။

သို့သော် ထိုကူးပြောင်းခြင်းဆိုသည်မှာ အသက်ပြန်ဝင်လာသည်ဟု ဆိုလိုခြင်းမဟုတ်။ သူတို့၏အသွေးအသားများသာ ပြန်ပေါ်လာပြီး အသိစိတ်များကတော့ မှုန်ဝါးနေမည်ပင်။ သူတို့သည် အမိန့်ပေးသမျှကို လုပ်သည့် ကျွန်စစ်သားများနှင့် ပိုတူနေသည်။

“တာအိုဂိတ်တွေ ပွင့်လာပြီ..” ခမ်းနားလှသည့်အသံ ထပ်မံထွက်ပေါ်လာသည်။

ဝုန်း..

ကျောက်တံခါးကြီးခြောက်ခု ပွင့်လာကာ မူလဖရိုဖရဲမြူများလည်း ထွက်ပေါ်လာသည်။

ထိုယင်စစ်သားများသည် အုပ်စုခြောက်ခု ခွဲကာ ကျောက်တံခါးခြောက်ခုထံသို့ ဦးတည်သွားလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ထိုကျောက်တံခါးများမှ တောက်ပသည့်အလင်းများ ထုတ်လွှတ်နေကာ ကျမ်းစာသံများလည်း ကြားနေရသည်။ သူတို့ ဤလူများကို နောက်ဘဝသို့ ပို့ဆောင်ပေးတော့မည်။

“ဒါက တကယ်ကို ထူးဆန်းတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဒါက ရှေးဟောင်းဘုန်းကြီးတွေရဲ့ ပညာလား..

“ဟမ်..” ရုတ်တရက် သူ့ကိုအာရုံကို တံခါးခြောက်ခုကြားရှိ သင်္ကေတမှ ဆွဲဆောင်သွားသည်။

ဤသည်မှာ ကျမ်းစာများဖြစ်သကဲ့သို့ ရှုပ်ထွေးသည့်ပုံသဏ္ဌာန်အချို့လည်း ဟုတ်သည်။ ထိုသင်္ကေတများမှာ အလွန်ထူးခြားလှသည်။ ဤသည်မှာ တကယ်တော့ ပြိုင်ဘက်ကင်းသည့်နတ်စွမ်းရည်တစ်မျိုးကို မှတ်တမ်းတင်ထားခြင်းပင်။

“ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ အမွေလား..” ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။

ဤသည်မှာ သာမန်ကျမ်းစာတစ်ခုမဟုတ်။ စာများမှာ ကျောက်နံရံအပြည့် ထွင်းထုထားခြင်းဖြစ်ပြီး အံ့အားသင့်စရာကောင်းသည့်တာအိုအော်ရာတစ်ခုလည်း ထုတ်လွှတ်နေသည်။

ရွှေရောင်ခြင်္သေ့လည်း အလွန်ထိတ်လန့်နေသည်ပင်။ ထို့နောက် ကျမ်းစာအချို့ကို စိုက်ကြည့်လိုက်သည့်အချိန်တွင် သူနှစ်မြောသွားကာ ရုန်းမထွက်နိုင်တော့။

သို့သော် ဤကျမ်းစာများမှာ မပြည့်စုံသေး။ အများစုမှာ ပျက်စီးနေသည်ပင်။ အများဆုံး တစ်ဝက်ကျော်သာ မှတ်တမ်းတင်ထားသည်ပင်။

ရှီဟောင်လည်း ကျောက်နံရံများကို အာရုံစိုက်လိုက်ပြီး ထိုစာများကို မှတ်မိအောင်လုပ်လိုက်သည်။ ထိုစာများတွင် ပုံသဏ္ဌာန်ရှစ်ခုပါဝင်နေပြီး ထိုသဏ္ဌာန်ရှစ်ခုသည် ထူးဆန်းသည့်မှော်တံဆိပ်တစ်ခုအဖြစ် ဖွဲ့စည်းထားသည်ပင်။

အခြားရှင်းပြချက်များ မရှိတော့။ ထိုပုံသဏ္ဌာန်ရှစ်ခုသာရှိသည်။

ထိုပုံသဏ္ဌာန်များမှာ ပြည့်စုံသော်လည်း အရေးအကြီးဆုံးဖြစ်သည့် ထိုသဏ္ဌာန်များကို အသက်သွင်းရမည့်ကျမ်းစာမပါ။

ဤပုံသဏ္ဌာန်ရှစ်ခုတွင် ရှေးဟောင်းဗုဒ္ဓရိုက်ချက် ၁၈ ချက်၏ နက်နဲသည့်အဓိပ္ပာယ်များ ပါဝင်နေလိမ့်မည်ဟု သူသံသယဝင်မိသည်။

ရှေးဟောင်းဗုဒ္ဓ၏ ရိုက်ချက် ၁၈ ချက်ကို သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသောကြောင့် ဤသည်မှာ အဖိုးမဖြတ်နိုင်သည့်အရာဖြစ်ကြောင်း သူသိသည်ပင်။

ထို ရှေးဟောင်းဗုဒ္ဓ၏ ရိုက်ချက် ၁၈ ချက်မှာ အလွန်ကြောက်စရာကောင်းသည့် တိုက်ခိုက်သည့်နည်းလမ်းတစ်ခုဖြစ်မည်မှန်း သူနားလည်သည်။ ဤသည်မှာ လူတစ်ယောက်၏ အားနည်းချက်ကို ပို၍ကြီးမားလာအောင် လုပ်နိုင်သောကြောင့် မည်မျှပင် ကြောက်စရာကောင်းလိုက်သနည်း..

သူ၏မူလပုံသဏ္ဌာန်မှာ ဤနေရာ၌ ရှိနေလေပြီ။ သူသာ ဤပုံသဏ္ဌာန်များကို နားလည်နိုင်လျှင် သူ အလွန်အံ့အားသင့်စရာကောင်းသည့် တိုက်ခိုက်ရေးပညာတစ်ခုကို ပိုင်ဆိုင်သွားလိမ့်မည်။

ရွှီး..

ထိုအချိန်တွင် ကျောက်တံခါးခြောက်ခုလုံးအပြင် ကျောက်နံရံပေါ်၌ ထွင်းထားသည့် ပုံသဏ္ဌာန်များ ကျမ်းစာများအားလုံး တောက်ပလာသည်။ ဤသည်မှာ ရှီဟောင်နှင့် ရွှေရောင်ခြင်္သေ့ကိုပင် အကျိုးသက်ရောက်လာသည်။

ထို့နောက် သူတို့လည်း ကျောက်တံခါးတစ်ခုအတွင်းသို့ ကျရောက်သွားသည်။

သူတို့ နောက်ဘဝကို ရောက်သွားတော့မှာလား..

သူတို့နှစ်ဦးလုံး ကြောက်ရွံ့နေကြသော်လည်း ရုန်းမထွက်နိုင်ဖြစ်နေကြသည်။ သူတို့အတော်ဝေးဝေးသို့ ရောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

အပိုင်း ၁၇၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset