Switch Mode

Chapter – 1666 & 1680

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၆၆ – မသေမျိုးဘုရင်များ ဆင်းသက်ခြင်း

ရှီဟောင်မပြောနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့နှင့် ဂုကလန်အမွေဆက်ခံသူပင် တုန်လှုပ်သွားကာ မျက်နှာများဖြူဖျော့လာသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

အန်းလန်၊ ရှုထော် .. ဒီပြိုင်ဘက်ကင်းကျွမ်းကျင်သူ နှစ်ယောက်လာမှာလား .. ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..

ဤလူများမှာ မသေမျိုးဘုရင်များပင်။ သူတို့နယ်ခြားစပ်ကို ဖြတ်ကျော်နိုင်ရန် ခက်ခဲလိမ့်မည်။ သူတို့ ကောင်းကင်ချောက်နက်ကြီး၏ တားဆီးခြင်းကို ခံရလိမ့်မည်။

“အမ်.. ” ရှီဟောင် ထူးဆန်းသည့်အမူအရာ ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကလန်မှသခင်လေး ဤစာလုံးများကို အော်ဟစ်လိုက်သော်လည်း ဘာထူးခြားမှုမှ ဖြစ်မလာပေ။

အရှေ့ဘက်တွင် အနက်ရောင်စွမ်းအင်များ တက်လိုက်ကျလိုက်ဖြစ်နေဆဲဖြစ်သော်လည်း ဖရိုဖရဲမဖြစ်တော့။ သို့သော်လည်း ဤသည်မှာ ပို၍ပင် မသက်မသာဖြစ်စေသည်ပင်။

ပြောရမည်ဆိုလျှင် ဤနေရာမှာ အတော်လေး တည်ငြိမ်နေပြီး မသေမျိုးသက်ရှိများလည်း ပေါ်လာခြင်းမရှိ။

“တာအိုရောင်းရင်း ..ဒါက..” ရွှေရောင်ခြင်္သေ့လည်းသံသယဖြစ်လာပြီး မေးလိုက်သည်။

“မင်း မသေမျိးသက်ရှိအရှင်နှစ်ယောက်ကို ခေါ်နိုင်တယ်ဆိုတာ သေချာလို့လား..” ဂုကလန်၏အမွေဆက်ခံသူမှ မေးလိုက်သည်။သူသည် အလွန်မောက်မာကာ သူသည် ဘယ်တုန်းကမှ ဧကရာဇ်ကလန်ထက် မနိမ့်ကျဟု ယုံကြည်နေသည့်သူပင်။

သူတို့သည် တကယ်လည်း စွမ်းအားကြီးကြသည်ပင်။ သူတို့သည် ယခင်က နဂါးအစစ်များနှင့် စိန်ခေါ်ခဲ့ပြီး နံပါတ်တစ်နေရာ လုယူရန် ကြိုးစားခဲ့ဖူးသည်။

နဂါးအစစ်မှာ အခြားသူများက ထာဝရဘုရင်များအဖြစ် သတ်မှတ်ထားသည့်သူပင်။ သူတို့အသက်နောက်ပိုင်းသို့ ရောက်သည်နှင့် ပြိုင်ဘက်ကင်းသည့် ထာဝရတာအိုသက်ရှိများအဖြစ် ပြောင်းလဲသွားခြင်းပင်။

“ခဏလောက်စောင့်ပါဦး..” ဧကရာဇ်ကလန်သခင်လေး ကောင်းကင်ကို မော့ကြည့်၍ ပြောလိုက်သည်။ ထို့နောက် သူသည် အလွန်ရှည်လျားကာ ရှေးကျသည့်နာမည်တစ်ခုကို ရွတ်ဆိုလိုက်သည်။

ထိုစာလုံးများတွင် အန်းလန်နှင့်ရှုထော်၏ အဓိကစာလုံးများ ပါဝင်သည်ပင်။

သူ ဘာလုပ်ချင်နေသည်ကို သိသောကြောင့် ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားရသည်။ သူသည် သူတို့၏နာမည်အစစ်များကို ရွတ်ဆိုနေခြင်းပင်။ သူတို့၏မျိုးရိုးနာမည်နှင့် အခြားနာမည်များအားလုံးကို ရွတ်နေခြင်းပင်။

အန်းလန်နှင့်ရှုထော်ဆိုသည်မှာ သူတို့၏ ရိုးရှင်းသည့်နာမည်ပင်။ သူတို့ထံ၌ အလွန်ရှည်လျားသည့် မျိုးရိုးနာမည်နှင့် အခြားနာမည်များရှိသေးသည်။ ဤနာမည်များအားလုံးကို ပေါင်းလိုက်ပါက စာလုံး ရာပေါင်းများစွာ ဖြစ်သွားမည်ပင်။

ကောင်းကင်ချောက်နက်ကြီး ရှိနေသောကြောင့် သူတို့ခန္ဓာကိုယ်အစစ် ဤနေရာသို့ မဖြတ်လာနိုင်။ သူတို့နာမည်အစစ်ကိုခေါ်လျှင်ပင် ခန္ဓာကိုယ်အစစ် ရောက်လာနိုင်မည်မဟုတ်။

သူ ယခင်က မလိုအပ်ပဲ စိုးရိမ်နေခဲ့ခြင်းပင်။

“ငါက ဘာမှမဟုတ်ပဲ စိုးရိမ်နေတာပဲ .. အန်းလန်နဲ့ရှုထော် .. အဲဒီနှစ်ကောင်ကို ဒီမှာ ကန့်သတ်ထားတယ် .. သူတို့ ကောင်းကင်ကို မဆန့်ကျင်နိုင်သေးဘူး..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဝုန်း..

ရုတ်တရက် အလင်းတောက်ပလာကာ မှုန်ဝါးသည်ပုံရိပ်တစ်ခု ပေါ်လာသည်။

ထိုကဲ့သို့သော အော်ရာမှာ ကြောက်စရာကောင်းလှပြီး အားလုံးကို တုန်လှုပ်သွားစေနိုင်သည်။ ထိုအခိုက်အတန့်တွင် နတ်ဆေးတောင်တန်း၊ ကောင်းကင်သားရဲသစ်တောနှင့် ရှေးဟောင်းသင်္ချိုင်းတို့၏ အလယ်၌ရှိနေသည့် ဤနေရာမှာ တုန်ခါလာကာ ငလျင်လှိုင်းများလည်း ပျံ့နှံ့သွားသည်။

“သူတို့တွေကို ဆင့်ခေါ်လိုက်နိုင်တာလား..” ရှီဟောင် ထိတ်လန့်သွားရ၏။

အနီးဆုံးတွင်ရှိနေသည့် ဂုကလန်အမွေဆက်ခံသူနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တို ပြင်းထန်စွာ တုန်ယင်လာကာ သူတို့ခန္ဓာကိုယ်မှာ တစ်စစီအက်ကွဲမတတ်ပင်။ သူတို့ ဤကဲ့သို့သော ခွန်အားမျိုးကို မခုခံနိုင်သောကြောင့် သူတို့ ဒူးထောက်ချမတတ်ဖြစ်နေလေပြီ။

ခွပ်..

ကံမကောင်းစွာဖြင့် ဤမှုန်ဝါးနေသည့်ပုံရိပ်မှာ မတည်ငြိမ်ပဲ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ဧကရာဇ်ကလန်သခင်လေး ဆွံ့အသွားရသည်။ အောင်မြင်လိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း နောက်ဆုံးအချိန်တွင် ကျရှုံးသွားခဲ့ရသည်။

သိထားရမည်မျှာ သူတို့ဤနေရာသို့မလာခင် နည်းလမ်းများစွာ ပြင်ဆင်ထားခဲ့ကြသည်ပင်။ သူ ပြိုင်ဘက်ကင်းသည့်ဘုရင်နှစ်ပါးနှင့်ပင် စကားပြောခွင့်ရခဲ့သည်။ ဤသည်မှာ နှစ်ပေါင်းများစွာကြာလျှင်ပင် မည်သူမှ မရနိုင်သည့် ဂုဏ်ကျက်သရေပင်။

ရှုထော်နှင့် အန်းလန်တို့မှာ အလွန်အဆင့်မြင့်သည့်သူများဖြစ်ပြီး လူငယ်မျိုးဆက်များ မပြောနှင့် မသေမျိုးသက်ရှိများပင် သူတို့နှင့်တွေ့ရန် မလွယ်ကူပေ။

ထိုနှစ်ဦးသည် ဤဧကရာဇ်ကလန်သခင်လေးကို လျှို့ဝှက်ပစ္စည်းမျိုးစုံ ပြုလုပ်ပေးခဲ့သည်မှာ ယနေ့အတွက်ပင်။

“နှမြောစရာပဲ … ငါတို့ ဆန်းကြယ်မှုကို မဖန်တီးနိုင်တော့ဘူး .. ငါတို့ ဒီသစ်သားသေတ္တာကို ယူနိုင်ပြီးတော့ ငါတို့စိတ်ကို ကြီးစိုးနေတဲ့အရိပ်မည်းကြီးကို ရှင်းပစ်ပြီး အထဲမှာဘာပါလဲဆိုတာ သိနိုင်လိမ့်မယ်လို့ ထင်ထားတာ.” ရွှေရောင်ခြင်္သေ့ အလွန်ဝမ်းနည်းစွာ ပြောလိုက်သည်။

“ဒါကို လက်ခံနိုင်ဖို့ တကယ်ခက်ခဲတယ် .. ငါတို့ဒီအဆင့်တောင် ရောက်နေပြီ .. ငါတို့ ဆိုးယုတ်တဲ့မြေကို အသက်သွင်းပြီး ရှေးဟောင်းအုတ်ဂူပေါ်လာအောင် လုပ်နိုင်ခဲ့တယ် .. အခု သစ်သားသေတ္တာကိုတောင် မြင်နိုင်နေပြီ ဒါပေမဲ့ မအောင်မြင်သေးဘူး..” ဂုကလန်ကျွမ်းကျင်သူမှ သက်ပြင်းချလိုက်သည်။

“ငါတို့ မရှုံးသေးဘူး..” ဧကရာဇ်ကလန်သခင်လေး သူ၏ဝမ်းနည်းနေသည့်အမူအရာကို ရုတ်သိမ်းလိုက်ကာ သူ၏မျက်လုံးထဲမှ အကြည့်များပို၍ခိုင်မာလာသည်။

ယခုတစ်ခေါက်တွင်တော့ သူဘာမှသိပ်မပြောတော့။ သူ ယခင်ကထက် ပို၍လေးနက်လာကာ သူ၏လက်ချောင်းများပင် အနည်းငယ် တုန်ယင်လာသည်။

သူ ခရမ်းရောင်ရှိသည့် အစီအရင်ဗဟိုချက်တစ်ခုကိုထုတ်လိုက်သည်။ ထိုအရာလေးမှာ သုံးပေခန့်သာမြင့်သည်။

ဤသည်ကို အရိုးဖြင့် ပြုလုပ်ထားခြင်းပင်။ ထိုအရိုးတွင် အလွန်စွမ်းအားကြီးသည့်အော်ရာနှင့် စွမ်းအား ရှိနေသည်။ ဤသည်မှာ အချိန်မရွေး အသက်ဝင်လာနိုင်သည့် သားရဲကြီးတစ်ကောင် အိပ်စက်နေသကဲ့သို့ပင်။

“ဒါက ဘာကြီးလဲ..” ရွှေရောင်ခြင်္သေ့မေးလိုက်၏။

“ဆင့်ခေါ်တဲ့စင်မြင့်တစ်မျိုး..” ဧကရာဇ်ကလန်သခင်လေး ပြန်ဖြေလိုက်သည်။

ထို့နောက် သူ အစီအရင်အဆောင်မျိုးစုံကို ထုတ်လိုက်ကာ ထိုအရိုးပေါ်သို့ တင်ထားလိုက်သည်။

ထို့နောက် သူ တောက်ပနေသည့်အရိုးအပိုင်းအစလေးများ တစ်ခုပြီးတစ်ခု ဆွဲထုတ်လာသည်။ ထိုအရိုးများသည် သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး တချွင်ချွင်အသံများ ထုတ်လွှတ်နေသည်။ ဤသည်မှာ ကျမ်းစာများကို ကျယ်လောင်စွာ ရွတ်ဖတ်နေသကဲ့သို့ပင်။

ဤပြောင်းလဲမှုများမှာ အားလုံးကို ဆွံ့အသွားစေသည်။

ဝုန်း..

ထို့နောက် ရွှေရောင်ခြင်္သေ့နှင့် ဂုကလန်ကျွမ်းကျင်သူတို့မှာ မတောင့်ခံနိုင်တော့ပဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

ဧကရာဇ်ကလန်သခင်လေးသည်လည်း နောက်ဆုံးအရိုးအပိုင်းအစကို အသက်သွင်းပြီးသည်နှင့် ထိုကဲ့သို့ ဖြစ်သွားသည်ပင်။ သူ ထိုဖိအားကို မခုခံနိုင်တော့။

စွမ်းအားတစ်မျိုးပေါ်လာကာ ဤယဇ်ပုလ္လင်နှင့် ဆက်သွယ်ရန် ကြိုးစားလာသည်။

ရလဒ်အနေဖြင့် တစ်ဖက်လောကမှ အလွန်ရှေးကျကာ ခေါင်းတီသည့်နေရာတွင် မသေမျိုးအလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။

“ဘာလဲ .. ရှေးခေတ်ဘိုးဘေးတွေ ပြန်ပြီးအသက်ရှင်လာတာလား..”

လီပေါင်း ထောင်ပေါင်းများစွာ၊ သန်းပေါင်းများစွာ ဝေးသည့်နေရာ၌ရှိနေသည့် ဤသက်ရှိများနှင့် သွေးမျိုးဆက် ဆက်စပ်မှုရှိသည့် ကလန်သားများအားလုံးထိတ်လန့်သွားကြရသည်။

ထို့နောက် ဤကလန်ရှိ သတ္တဝါများအားလုံး တစ်ခုခုကို အာရုံခံမိသွားကာ ဤအရပ်ဘက်သို့ ဒူးထောက်ဦးညွှတ်လျက် ဆုတောင်းကန်တော့လာကြသည်။

သင်္ချိုင်းမြေ မြင့်မြတ်နယ်မြေရှိ ရွှေရောင်ခြင်္သေ့၊ ဂုကလန်အမွေဆက်ခံသူနှင့် ဧကရာဇ်ကလန်သခင်လေးတို့မှာ ပို၍ပင် မသက်မသာခံစားနေကြရသည်။ သူတို့အရိုးများပင် တုန်ခါလာသည်။

“မကောင်းတော့ဘူး .. ငါတို့ ဒီယဇ်ပုလ္လင်ကို အနက်ရောင်ပင်လယ်ထဲ မြန်မြန်တွန်းပို့ရမယ် .. မဟုတ်ရင် ငါတို့လည်းသေလိမ့်မယ်..”

ဂုကလန်အမွေဆက်ခံသူမှ အော်ဟစ်လိုက်သည်။

“ကောင်းပြီလေ..”

လူငယ်ကျွမ်းကျင်သူသုံးယောက် ထိုယဇ်ပုလ္လင်ကို အားကုန်တွန်းလိုက်ကြသည်။ ထိုသုံးပေမြင့်သည့် အရိုးယဇ်ပုလ္လင် မြင့်မြတ်မြေမှ ထွက်ခွာကာ ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။

ပလုံဟူသည့်အသံနှင့်အတူ ရေပွက်များ ထွက်ပေါ်လာကာ အနက်ရောင်စွမ်းအင်များ ကောင်းကင်ကို လျှံတက်သွားသည်။

ဤအရိုးယဇ်ပုလ္လင်မှာ စွမ်းအင်ပင်လယ်ကို များစွာ ပြောင်းလဲသွားစေမှန်း သိသာလှသည်။ ထိုယဇ်ပုလ္လင်သည် ဤနေရာကို နောက်တစ်ကြိမ် ဖရိုဖရဲဖြစ်အောင် လုပ်နေလေပြီ။

သို့သော် ယခုတစ်ခေါက်တွင်တော့ ဤယဇ်ပုလ္လင်ပျက်စီးမသွား။ ထိုအစား ပင်လယ်ထဲ၌ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

အဝေးတွင်ရှိနေသည့် ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ တစ်ခုခုဖြစ်တော့မည်မှန်းသူသိသော်လည်း သူ ဤသည်ကို ရပ်တန့်နိုင်မည့်နည်းလမ်းမရှိ။

အရိုးယဇ်ပုလ္လင် ပင်လယ်ထဲသို့ ရောက်သွားသည်နှင့် ဂုကလန်အမွေဆက်ခံသူ၊ ရွှေရောင်ခြင်္သေ့နှင့် ဧကရာဇ်ကလန်သခင်လေးတို့အားလုံး သက်မချလိုက်ကြကာ မြေပြင်ပေါ်မှ ပြန်ရပ်လိုက်ကြသည်။

ဤမြင့်မြတ်မြေကို ကာကွယ်နေသည့် လျှို့ဝှက်စွမ်းအားတစ်ခုရှိနေပြီး ထိုအနက်ရောင်စွမ်းအင်ဖြစ်စေ အရိုးယဇ်ပုလ္လင်ဖြစ်စေ မည်သည့်အရာကမှ ဤနေရာကို ပျက်စီးသွားအောင် မလုပ်နိုင်ပေ။

ခွပ်..

အနက်ရောင်ပင်လယ်ထဲရှိ အရိုးယဇ်ပုလ္လင် အက်ကွဲလာကာ သွေးစီးကြောင်းများ စီးကျလာသည်။ ထိုသွေးစီးကြောင်းများမှာ ရောင်စုံအလင်းများ တောက်ပနေကာ တည့်တည့်ပင် ကြည့်၍မရ။

“ဒါက ဘယ်လိုသွေးမျိုးလဲ..” ရွှေရောင်ခြင်္သေ့ ကြောက်ရွံ့သွားရသည်။

“ရှုထော်သွေး..” ဧကရာဇ်ကလန်သခင်လေး ပြန်ဖြေလိုက်သည်။

ထိုအရိုးယဇ်ပုလ္လင်ထဲ၌ ရှုထော်၏ သွေးအနည်းငယ် ရှိနေသည်ပင်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် သွေးအစစ်ဖြစ်ပြီး နှိုင်းယှဉ်၍မရနိုင်သည့်စွမ်းအားကို ကိုယ်စားပြုသည်ပင်။

စကားပြောနေရင်းဖြင့်ပင် ဧကရာဇ်ကလန်သခင်လေး အခြားပစ္စည်းတစ်ခုကိုထုတ်လိုက်၏။ ဤသည်မှာ သားရဲအရေပြားပင်။ ထိုအရေပြားပေါ်ရှိ စာလုံးများမှာ ခွဲခြား၍ပင် မရနိုင်တော့။

ထိုသားရဲအရေပြား အနက်ရောင်ပင်လယ်ထဲသို့ လွင့်ပျံသွားကာ အရိုးယဇ်ပုလ္လင်ပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် ဝုန်းဟူသည့်အသံနှင့်အတူ ထိုအရေပြား သူ့အလိုလိုလောင်ကျွမ်းသွားသည်။

ဤသည်မှာ မသေမျိုးဘုရင်များကို ဆင့်ခေါ်သည့်တာအိုစာလုံးများပင်။ ယခုအချိန်တွင် ရှုထော်၏ နာမည်အစစ်ကို ထပ်ခါတလဲလဲခေါ်နေသည့် အသံများ ဆူညံစွာပင် ထွက်ပေါ်လာသည်။

“ဆင့်ခေါ်ခြင်းကျမ်းစာအစစ် .. ဒါက မသေမျိုးဘုရင်ကိုယ်တိုင် ရေးထားတဲ့ ဆင့်ခေါ်ခြင်းကျမ်းစာလား..” ဂုကလန်ကျွမ်းကျင်သူ၏ အမူအရာအတော်လေး ပြောင်းလဲသွားသည်။

“အောင်မြင်မလား .. မအောင်မြင်ဘူးလားဆိုတာက ဒီပေါ်မူတည်မှာပဲ .. အရှင်နှစ်ယောက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားပြီး မရေမတွက်နိုင်တဲ့ ကောင်းကင်ပစ္စည်းတွေ သုံးထားရပေမယ့် သူတို့ ကောင်းကင်ချောက်နက်ကို ခဏပဲ ဖြတ်နိုင်တာ..” ဧကရာဇ်ကလန်သခင်လေး ပြောလိုက်သည်။

ဝုန်းဟူသည့်အသံနှင့်အတူ ထိုအရိုးယဇ်ပုလ္လင်တောက်ပလာပြီး သူ၏ဘေးပတ်လည်ရှိ လေထုများ ပျက်စီးသွားသည်။ ထို့အပြင် ထိုယဇ်ပုလ္လင် လျင်မြန်စွာပင် မှေးမှိန်သွားကာ ကောင်းကင်နှင့်မြေကြီးလည်း မည်းနက်သွားရသည်။

ထို့နောက် ထိုယဇ်ပုလ္လင်သည် ပင်လယ်ထဲမှနေ၍ ကောင်းကင်ထက်သို့ တက်သွားကာ ကောင်းကင်တစ်ခုလုံးကို စုတ်ဖြဲပစ်လိုက်ကာ ဂိတ်တစ်ခုကို ဖွင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြင်းထန်စွာ တုန်ခါလာကာ လောကကြီးပင် ပြောင်းပြန်လှန်တော့မတတ်ပင်။

ထိုကဲ့သို့သော စွမ်းအားမှာ ကြောက်စရာကောင်းလွန်းလှသည်ပင်။ ထိုမည်းနက်နေသည့် ကောင်းကင်မှ လက်ကြီးတစ်ဖက် တစ်ဖြည်းဖြည်းပေါ်လာသည်ကို အားလုံးမြင်လိုက်ရမည်ပင်။

ဤသည်မှာ ခန္ဓာကိုယ်အစစ်မဟုတ်သော်လည်း ခန္ဓာကိုယ်အစစ်ထက်ပင် ပိုကောင်းနေသေးသည်။ သူသည်လည်း ခန္ဓာကိုယ်အစစ်ကဲ့သို့ စွမ်းအားကြီးကာ ပြိုင်ဘက်ကင်းသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤအခိုက်အတန့်အတွက်နှင့် မသေမျိုးဘုရင်များသည် နှစ်ပေါင်းမည်မျှမှန်းမသိလောက်အောင် ပြင်ဆင်ခဲ့ကြသည်။ ဤသည်မှာ သူ၏စွမ်းအားအကြီးဆုံး မှော်ပုံရိပ်ယောင်ပင်။

မြင့်မြတ်မြေ၏ အကာအကွယ်ကြောင့်သာမဟုတ်ပါက သူတို့အားလုံး သေနေလောက်လေပြီ။ လက်ကြီးရောက်လာသည်နှင့် ထိုအော်ရာကြောင့် နေ၊ လ၊ တောင်များနှင့် မြစ်များပင် ပျက်စီးသွားသည်။

ထိုလက် လေထဲ၌ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာသည်ကို အားလုံးမြင်ရမည်ပင်။ ထို့အပြ်င ထိုလက်ကြီး အနက်ရောင်ပင်လယ်ထဲသို့ လှမ်းလိုက်သည်နှင့် ကောင်းကင်ထက်မှ မရေမတွက်နိုင်သည့် ကြယ်များစွာ ကြွေကျလာပြီး လေဟာနယ်ထဲ၌ပင် ပေါက်ကွဲသွားသည်။

ထိုလက်ကြီး သစ်သားသေတ္တာနားသို့ ရောက်လာသည်နှင့် ကြယ်များမှာ ရေတံခွန်စီးကျသကဲ့သို့ပင် ကြွေကျလာသည်။

ဒါက ဘယ်လိုစွမ်းအားမျိုးလဲ ..

ထိုလက်တစ်ဖက် မြှောက်လိုက်သည်နှင့် ကြယ်ကောင်းကင်ကြီး ပျက်ဆီးသွားသည်ပင်။

“ဒါက ဘိုးဘေးရှုထော်ရဲ့စွမ်းအားလား .. သူက အရမ်းစွမ်းအားကြီးတာပဲ .. သူနဲ့ ဘယ်သူပဲတွေ့တွေ့ အဲဒီလူတွေအကုန်လုံး ပေါက်ကွဲသွားမှာပဲ..” ရွှေရောင်ခြင်္သေ့ ကြောက်လန့်တကြား ပြောလိုက်သည်။

သူတို့သည် သင်္ချိုင်းမြေ၏ မြင့်မြတ်မြေ၌ ရပ်နေသောကြောင့်သာ။ မဟုတ်ပါက သူတို့အဆပေါင်းများစွာ ပို၍သန်မာနေလျှင်ပင် သူတို့ခန္ဓာကိုယ်နှင့် ဝိညာဉ်များ ပျက်စီးသွားလိမ့်မည်။

“သူအောင်မြင်သွားပြီ..” ဧကရာဇ်ကလန်သခင်လေး ဝမ်းသာစွာ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလက်ကြီး သစ်သားသေတ္တာကို ဆုတ်ကိုင်တော့မည်။

ထိုသေတ္တာထဲ၌ ဘာရှိနေသည်ကို သူတကယ်သိချင်လှသည်။

ဝုန်း..

ရုတ်တရက် ကြောက်စရာကောင်းသည့် တုန်ခါမှုကြီး ပျံ့လွင့်လာသည်။ ခပ်ဝေးဝေးမှ ပို၍ပင် ကြောက်စရာကောင်းသည့် အော်ရာလှိုင်းတစ်ခုလည်း ပျံ့လွင့်လာလေ၏။

ဤသည်မှာ ဘီလူးကြီးတစ်ကောင် အသက်ဝင်လာသကဲ့သို့ပင်။

“ရှေးဟောင်းသင်္ချိုင်းမြေ..” ဂုကလန်မှ လူငယ်လေး ဖြူဖျော့သွားလေ၏။

သူပြောသည့် သင်္ချိုင်းမြေဆိုသည်မှာ သူတို့မျက်စိရှေ့၌ မြင်နေရသည့် သင်္ချိုင်းမြေမဟုတ်။ အန်းလန်နှင့်ရှုထော်တို့ ယခင်က တူးဖော်ခဲ့သည့် သင်္ချိုင်းမြေတိုင်းပြည်ပင်။

“ရှေးဟောင်းသင်္ချိုင်းမြေက တစ်ခုခု ထွက်လာတော့မယ်..” ဧကရာဇ်ကလန်သခင်လေး အလွန်ထိတ်လန့်သွားရသည်။

ရှေးဟောင်းသင်္ချိုင်းမြေတောင် နှောက်ယှက်ခံလိုက်ရပြီး သတ္တဝါတွေ ထွက်လာတော့မယ် .. သူတို့တွေ ပြိုင်ဘက်ကင်းတဲ့ရှုထော်ကို ဆန့်ကျင်ကြတော့မှာလား..

အပိုင်း ၁၆၆၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၆၇ – စွမ်းအားကြီးသူများ တိုက်ခိုက်ကြခြင်း

ထိုနေရာမှာ ဤနေရာနှင့် လီပေါင်း ထောင်ပေါင်းများစွာ ဝေးကွာလှသည်။
ဤနေရာနှင့် ဆက်စပ်နေသည့်တစ်ခုတည်းသောအရာမှာ မြေအောက်မှ သင်္ချိုင်းကြောကြီးပင်။

ယခုအချိန်တွင် ရှေးဟောင်းသင်္ချိုင်းမြေ ထိတ်လန့်သွားကာ နိုးထလာသည့် သက်ရှိများ ရှိနေသည်ပင်။

ဤသည်မှာ ဤနေရာနှင့် အနီးဆုံးဖြစ်နေသည့် ရှေးဟောင်းအုတ်ဂူမှ မသေသေးသည့်စစ်သူရဲတစ်ဦး နိုးထလာကာ အရင်ဆုံး တုံ့ပြန်လိုက်ခြင်းပင်။

အနက်ရောင်ပင်လယ်ထဲရှိ ရှုထော်၏ ပုံရိပ်ယောင်ဖြစ်သည့် ထိုလက်ကြီး လျင်မြန်စွာ လှုပ်ရှားလာသည်။ အဘယ်ကြောင့်ဆိုသော် သူလည်းအန္တရာယ်အငွေ့အသက်ကို ခံစားမိသောကြောင့် သူ ထိုသစ်သားသေတ္တာကို အရင်ယူလိုခြင်းပင်။

သူ၏လက်ပတ်လည်တွင် များပြားလှသည့်အပင်များ ထွက်ပေါ်လာသည်။ ထိုအပင်များမှာ အလွန် ကြီးမားလှကာ ထိုအပင်များ လှုပ်ရှားလိုက်သည်နှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ မူလဖရိုဖရဲစွမ်းအင်လည်း ထွက်ပေါ်လာ၏။ ဤသည်မှာ အလွန် ကြောက်စရာကောင်းလှသည်။

ရွှီး..

သို့သော်လည်း ကိစ္စများမှာ ရှုထော်ဖြစ်ချင်သည့်အတိုင်း ဖြစ်မလာခဲ့။ ကောင်းကင်ထက်သို့ တက်လာသည့် နတ်အလင်းတန်းများ ရှိနေကာ ထိုလက်ကြီး သေတ္တာကို မယူနိုင်ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် အနီရောင်အလင်းများသည် နတ်ဓားများအဖြစ် ပြောင်းလဲသွားကာ ထိုသေတ္တာအား ကာကွယ်ပေးနေသည်ပင်။

ရှုထော်ကဲ့သို့ စွမ်းအားကြီးသည့်သူ၏လက်ပင် နောက်ဆုတ်သွားရသည်အထိ ထိုဓားစွမ်းအင်များမှာ စွမ်းအားကြီးလှသည်။

ဝုန်း..

ထိုလက်ကြီး ဒဏ်ရာမရသွား။ ထိုလက်ကြီးသည် သစ်သားသေတ္တာအား တစ်ဖက်လောကသို့ ယူသွားရန် နောက်တစ်ကြိမ် ကြိုးစားလာသည်။

ဘေးပတ်လည်၌ ဖရိုဖရဲစွမ်းအင်များ သိပ်သည်းစွာ ထွက်ပေါ်လာလေ၏။ ကြီးမားလှသည့် ကြယ်များပင် ဤစွမ်းအားကို မခုခံနိုင်ပဲ ပေါက်ကွဲသွားကြသည်။

ဤသည်မှာ လောကကြီး ပျက်စီးနေသကဲ့သို့ပင်။

သို့သော်လည်း အနက်ရောင်စွမ်းအင်ပင်လယ်တွင် အလွန်စွမ်းအားကြီးလှသည့် စွမ်းအင်လှိုင်းတစ်ခု ရှိနေသည်။

“အဲဒါက အဲဒီအနီရောင်အုတ်ဂူထဲက လာတာ..” ရွှေရောင်ခြင်္သေ့ တီးတိုးပြောလိုက်သည်။

ထိုအုတ်ဂူကြီးသည် ပြိုကျနေပြီဖြစ်သော်လည်း အံ့အားသင့်စရာကောင်းသည့်စွမ်းအင်များကို ထုတ်လွှတ်နေနိုင်ဆဲပင်။

ဤသည်မှာ ထိတ်လန့်စရာကောင်းလှသည်ပင်။ ဒါက ရှေးဟောင်းအုတ်ဂူတစ်ခုပဲ မဟုတ်ဘူးလား .. ဘယ်သူက ဒါကို ဆောက်ခဲ့တာလဲ .. အထဲဘက်မှာ ပျက်စီးနေတဲ့ သစ်သားသေတ္တာပဲရှိတာကို ဘာလို့ ဒီလိုစွမ်းအားမျိုးရှိနေတာလဲ..

အဝေးမှနေ၍ ရှီဟောင်အားလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသည်ပင်။ ထိုပျက်စီးနေသည့် အနီရင့်ရောင်အုတ်ဂူကြီးမှာ ရှုထော်၏လက်ကို တကယ်တားဆီးလိုက်နိုင်သည်ပင်။

ယခုတစ်ခေါက်တွင်တော့ ရှုထော် ဒေါသထွက်လာသည့်ပုံပင်။

ဝုန်း..

ကောင်းကင်ထက်တွင် အုတ်ဂူမှ ထွက်လာသည့် အနီရောင်မြူများ ပြည့်နှက်သွားကာ ထိုလက်ကို ဖုံးအုပ်သွားသည်။

သို့သော် ယခုတစ်ခေါက်တွင်တော့ ထိုလက်သည် သစ်သားသေတ္တာယူရန်သာ ဦးတည်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ အချိန်သိပ်မရှိတော့သလို တစ်ဖက်လူ၏ စွမ်းအားလှိုင်းမှာ ပို၍ပြင်းထန်လာသည်။ သင်္ချိုင်းမြေမှသက်ရှိ ဤနေရာသို့ ရောက်လာတော့မည်။

ဖူး ဟူသည့်အသံနှင့်အတူ ထိုလက်ကြီး အနီရောင်မြူကို ထိုးဖောက်ကာ အောက်ဘက်သို့ ဆင်းသွားလိုက်သည်။ ထိုမြူများ ပျက်ပြယ်သွားသလို လက်ကြီးနှင့်အတူ ကျဆင်းလာသည့်ကြယ်များလည်း ပေါက်ကွဲသွားသည်ပင်။

“ဒါက ပြိုင်ဘက်ကင်းတဲ့သက်ရှိ ချန်ရစ်ထားခဲ့တဲ့ အလောင်းမြူလား..” ဧကရာဇ်ကလန်မှသခင်လေး အလွန်ထိတ်လန့်သွားရသည်။

သူသည် ဧကရာဇ်ကလန်မှ လာခြင်းဖြစ်သောကြောင့် အခြားသူများမသိသည့်အရာများကို သူသိသည်ပင်။ ယခင်က အလောင်းမှ မသေမျိုးသက်ရှိများကိုပင် သတ်နိုင်ကာ မသေမျိုးဘုရင်များကို ဒဏ်ရာရအောင်လုပ်နိုင်သည့် မြူများကို ထုတ်လွှတ်နိုင်သည့် ပြိုင်ဘက်ကင်းသက်ရှိများရှိသည်ဟု သူကြားဖူးသည်။

ဤရှေးဟောင်းအုတ်ဂူတွင် ကြီးမားလှသည့်နောက်ခံရှိနေမည်ပင်။

ဤအုတ်ဂူထဲ၌ အလောင်းမရှိသော်လည်း ဤကဲ့သို့သော အနီရောင်မြူရှိနေခြင်းမှာ ဤနေရာ၌ ယခင်က ပြိုင်ဘက်ကင်းသည့်သက်ရှိတစ်ယောက်ကို မြှုပ်နှံခဲ့ဖူးကြောင်း သက်သေပြနေခြင်းပင်။

“ဒီ ပျက်စီးနေတဲ့ သစ်သာသေတ္တာကို မြှုပ်ဖို့အတွက် အဲဒီပြိုင်ဘက်ကင်းတဲ့သက်ရှိရဲ့အလောင်းကို တစ်ခြားတစ်ယောက်က ရွှေ့လိုက်တာထင်တယ်..” ဂုကလန် အမွေဆက်ခံသူမှ ပြောလိုက်သည်။

“တစ်ခြားသူရဲ့အိမ်ကို လုတာလား..” ရွှေရောင်ခြင်္သေ့ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

အဝေးတွင်ရှိနေသည့် ရှီဟောင် အရာအားလုံးကို မြင်နေ၊ ကြားနေရပြီး သူလည်း တုန်လှုပ်သွားရသည်ပင်။ တကယ် ဒီလိုမျိုးဖြစ်နေတာလား .. ထိုသို့သာဆိုလျှင် ပို၍ ကြောက်စရာကောင်းမည်ပင်။ ဒီသစ်သားသေတ္တာထဲမှာ တကယ်ပဲ ဘာရှိနေတာလဲ.. သူ့မှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ..

“ဒီအနီရင့်ရောင်အုတ်ဂူမှာ ပြိုင်ဘက်ကင်းတဲ့သက်ရှိတစ်ယောက်ကို မြှုပ်နှံခဲ့လိမ့်မယ်လို့ ငါခံစားနေရတယ် .. ဒါပေမဲ့ သူ့ကို တစ်ယောက်ယောက်ကတူးပြီး ဘေးဖယ်ပစ်လိုက်တာ .. ပြီးတော့မှ ဒီသစ်သားသေတ္တာကို ဒီမှာလာဖွက်ထားတာ..” ဂုကလန်မှ အမွေဆက်ခံသူ ပြောလိုက်သည်။

ဝုန်း..

ကောင်းကင်ကြီးပြိုကျကာ ကမ္ဘာမြေကြီး ပျက်စီးသွားသည်။ အနက်ရောင်စွမ်းအင်ပင်လယ်မှ ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းများ ထုတ်လွှတ်နေသည်။

ထိုမြူများမှာ ရှုထော်လက်ကို မတားဆီးနိုင်။ ထိုလက်သည် မြူကို ဖြတ်ကျော်ကာ သစ်သားသေတ္တာကို ဆုတ်ကိုင်လိုက်လေ၏။

အုတ်ဂူ၏စွမ်းအားမှာ ရှုထော်လက်ကို ပုန်ကန်ရန် မလုံလောက်သေး။

“နှမြောစရာပဲ..”

ရှီဟောင် ဝမ်းနည်းစွာ ပြောလိုက်သည်။ ထိုသစ်သားသေတ္တာကို ရှုထော်ရသွားလေပြီ။

ထိုသစ်သားသေတ္တာတွင် မည်သည့်သင်္ကေတမှမရှိသကဲ့သို့ ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများလည်းမရှိ။ ခုခံမှုမရှိပဲ ဤအတိုင်း ပါသွားသည်မှာ အနည်းငယ် အံ့အားသင့်စရာကောင်းလှသည်ပင်။

“ဘိုးဘေး .. သတိထားပါ..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့မှ ရှုထော်အား သတိပေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သင်္ချိုင်းမြေမှ ပင်လယ်လှိုင်းကဲ့သို့သောစွမ်းအင်လှိုင်း ပျံ့လွင့်လာသည့်အပြင် အနက်ရောင်မြူများလည်း ထွက်ပေါ်လာကာ ရှုထော်လက်ကို ဖုံးအုပ်သွားတော့မည်။

ရှီဟောင်အလွန်ဝမ်းနည်းမိသည်။ သူ ဤလူမျိုးစုကို အလွန်မုန်းတီးလှသည်။ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့သည် မူလက ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူမျိုးစုဖြစ်သော်လည်း သူသည် သစ္စာမရှိခဲ့။ သိပ်မကြာသေးခင်က သူသည် စစ်သားဟောင်းများ၏ ခန္ဓာကိုယ်ဖြင့် ပြုလုပ်ထားသည့် ရုပ်သေးရုပ်များကို အနက်ရောင်ပင်လယ်ထဲသို့ ဝင်စေခဲ့ပြီး ထိုစစ်သားများကို ကျွန်ကဲ့သို့ ဆက်ဆံခဲ့သည်။ ယခု သူသည် တစ်ဖက်လောကမှ မသေမျိုးဘုရင်ကို ဘိုးဘေးဟု ခေါ်နေပြီး သူ အချစ်ရဆုံးသူကို လေးစားသကဲ့သို့ လေးစားပြနေသည်။

ရှီဟောင် သူ့ခေါင်းကို ချက်ချင်းပင် ဖြတ်ချင်မိသွားသည်။

“သစ္စာဖောက်..” အခွင့်ရလျှင် သူ့ခေါင်းကိုဖြတ်ရန် ရှီဟောင် ဆုံးဖြတ်လိုက်သည်။

ဝုန်း..

မိုးခြိမ်းသံကဲ့သို့ ထိုအနက်ရောင်မြူများ ရောက်ရှိလာသည်။ ရှုထော်လက်ကို လွှမ်းခြုံပြီးသွားသည်နှင့် ကြောက်စရာကောင်းသည့် အနက်ရောင်အလင်းများ ထုတ်လွှတ်လာသည်။ ဤသည်မှာ ရှုထော်လက်ကို ပြာကျအောင် မီးရှို့ပစ်ချင်နေသကဲ့သို့ပင်။

ဤနေရာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ရွှီး..

တစ်ချိန်တည်းမှာပင် သင်္ချိုင်းမြေထဲသို့ သက်ရှိတစ်ယောက် တကယ်ရောက်လာသည်ပင်။

ဤသည်မှာ ရေထဲ၌ အချိန်အကြာကြီးစိမ်ထားသကဲ့သို့ ဖြူဆုတ်နေသည့်လက်တစ်ဖက်ပင်။ ထိုလက်သည် ကြီးမားလှပြီး ကောင်းကင်နှင့်မြေကြီးကိုပင် အုပ်မိုးသွားလေ၏။

ဝုန်း..

ရှုထော်လက်တောက်ပလာကာ ထူးဆန်းသည့်ဘိုးဘေးပညာများစွာဖြင့် ခုခံလာသည်။ ထို့အပြင် သူသည် ထိုသစ်သားသေတ္တာကို ဆုတ်ကိုင်ကာ လေဟာနယ်အက်ကွဲကြောင်းသို့ လျင်မြန်စွာ ပြေးထွက်သွားသည်။ သူ ဤနေရာမှ ထွက်သွားချင်သည်။ သူ မတိုက်ခိုက်ချင်သေး။

အဘယ်ကြောင့်ဆိုသော် သူ ဤသစ်သားသေတ္တာအတွက်လာခြင်းပင်။ သူ့ထံတွင် အချိန်သိပ်မရှိတော့။ လက်ထဲ၌ သစ်သားသေတ္တာလည်း ရနေပြီဖြစ်သောကြောင့် သူမြန်မြန်ပြန်သွားရမည်။

သို့သော်လည်း ဤမသေသေးသည့်စစ်သူရဲမှာ အထင်ကြီးစရာကောင်းလွန်းလှသည်။ သူ၏လက်ကျရောက်လာသည်နှင့် ရှုထော်ပြန်မည့်လမ်းပိတ်သွားလေသည်။

ရှုထော်၏ခန္ဓာကိုယ် ဖြတ်မလာနိုင်သော်လည်း သူ၏လက်တစ်ဖက်ပင်လျှင် အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ ယခုအချိန်တွင် သူဒေါသထွက်လာကာ သတ်ဖြတ်လိုသည့်စွမ်းအင်များ စီးဆင်းလာလေ၏။

ဖုန်း..

ရှုထော် သစ်သားသေတ္တာကို ကာကွယ်ကာ သူ့လက်ဖြင့် ထိုဖြူလျောနေသည့်လက်ကြီးကို ရိုက်ချလိုက်သည်။

နားကွဲလောက်သည့်အသံများ ချက်ချင်းပင် ထွက်ပေါ်လာလေ၏။

ထိုနေရာတွင် အနက်ရောင်စွမ်းအင်ပင်လယ်အပြင် မူလရှေးဟောင်းစွမ်းအင်သာရှိသည်။ ဤနှစ်ယောက်၏ရိုက်ချက်မှာ အရာအားလုံးကို ရှင်းလင်းပစ်လိုက်သည်ပင်။

ထို့နောက် မသေမျိုးအလင်းများတောက်ပလာကာ မသေသေးသည့်စစ်သူရဲအော်ရာထွက်ပေါ်လာ၏။ သူတို့နှစ်ဦး ပြင်းထန်စွာပင်စတင်တိုက်ခိုက်ကြသည်။

“အချိန်သိပ်မကျန်တော့ဘူး .. အရှင်ရှုထော် အခုမပြန်ရင် အချိန်လောက်တော့မှာမဟုတ်ဘူး..” ဂုကလန်အမွေဆက်ခံသူမှ ပြောလိုက်သည်။

သို့သော်လည်း ထိုဖြူလျော်နေသည့်လက်မှာ စွမ်းအားကြီးလှကာ ရှုထော်ပြန်မည့်လမ်းကို ဆက်တိုက်ပင် ပိတ်ပစ်လေ၏။

“သူ သစ်သားသေတ္တာအတွက်လာတာမဟုတ်ဘူး .. သူ အဲဒီသေတ္တာကို ဂရုမစိုက်ဘူး .. အရှင်ရှုထော်ကို တားဆီးဖို့အတွက်ပဲ သူရောက်လာတာလား..” ဧကရာဇ်ကလန်မှ သခင်လေး ရှုပ်ထွေးသွားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုဖြူလျော်နေသည့်လက်သည် ရှုထော်ကိုသာ ဆက်တိုက်တိုက်ခိုက်နေသည်။ သူသည် တစ်ဖက်လူကို ဤသစ်သားသေတ္တာအား ဖျက်ဆီးပစ်လိုက်စေချင်နေသည့်ပုံပင်။

ထို့အပြင် ထိုသစ်သားသေတ္တာကိုလည်း အကြိမ်ကြိမ် ရိုက်ခဲ့သေးသည်ပင်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သို့သော်လည်း ထိုသစ်သားသေတ္တာ ပျက်စီးမသွား။ သူ့ပုံစံကိုကြည့်ရသည်မှာ ဆွေးမြေ့နေသည့်ပုံပေါ်သော်လည်း လုံးဝမပျက်စီးသေး။

“မကောင်းတော့ဘူး .. ပြန်မယ့်လမ်းက အန္တရာယ်ရှိနေပြီ..” ရွှေရောင်ခြင်္သေ့ စိုးရိမ်လာသည်။

သူတို့ ဒီခရီးက ရှုံးနိမ့်တော့မှာလား..

အချိန်စေ့သွားပြီဖြစ်သောကြောင့် ရှုထော်လက် မှုန်ဝါးလာသည်ကို အားလုံးမြင်လိုက်ရသည်။

ချွမ်း..

အရိုးယဇ်ပုလ္လင် ရုတ်တရက် တောက်ပလာကာ မျက်နှာပြင်ထက်၌ အက်ကွဲကြောင်းများ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

အခြား ရှေးဟောင်းသွေးတစ်မျိုး ပေါ်လာကာ လျင်မြန်စွာပင် ပျံ့နှံ့လာသည်။ ထို့အပြင် အရိုးယဇ်ပုလ္လင်တစ်ခုလုံး လောင်ကျွမ်းလာကာ ကျမ်းစာရွတ်ဖတ်သံများလည်း နားကွဲမတတ် ထွက်ပေါ်လာသည်။

ရွှေရောင်လှံတံတစ်ချောင်းပေါ်လာပြီ..

အန်းလန်၏လှံတံ ပေါ်လာလေပြီ..

ဤသည်မှာ လှံတံအစစ်မဟုတ်။ စွမ်းအားမှ ဖြစ်ပေါ်လာသည့်လှံတံပင်။

တစ်ချိန်တည်းမှာပင် လေဟာနယ်ဆက်သွားကာ လက်ကြီးတစ်ဖက် ထိုလှံတံအား ဆုတ်ကိုင်လာသည်။

“အရှင်အန်းလန်ပေါ်လာပြီ..” ရွှေရောင်ခြင်္သေ့ ဝမ်းသာစွာ အော်ဟစ်လိုက်သည်။

အန်းလန်၏လက်ကြီးမှာ သူ၏လက်နက်နှင့်အတူ တစ်ပြိုင်နက်တည်းပေါ်လာခြင်းပင်။

ဖူးဟူသည့်အသံနှင့်အတူ သူ၏တိုက်ခိုက်မှုမှာ တိကျပြတ်သားလှသည်။ အန်းလန်၏ရွှေရောင်လှံတံသည် ဖြူလျော်နေသည့်လက်ကြီးကို လေထဲ၌ပင် ထိုးစိုက်လိုက်လေ၏။

အပိုင်း ၁၆၆၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၆၈ – သင်္ချိုင်းဘုရင်

အန်းလန်လည်း ပေါ်လာလေပြီ။ သူသည် ရွှေရောင်လှံတံကိုကိုင်ထားကာ သင်္ချိုင်းမြေမှ လက်ဖြူကြီးအား ထိုးစိုက်ထားလေသည်။

ဤရုတ်တရက်ပြောင်းလဲမှုမှာ အလွန်ထိတ်လန့်စရာကောင်းလွန်းလှသလို အားလုံးထင်ထားသည်ထက် ကျော်လွန်နေသည်ပင်။ သူတို့မပြောနှင့် သင်္ချိုင်းမြေမှ သက်ရှိပင် ဆွံ့အသွားရ၏။ သူ ဤသည်ကို မမျှော်လင့်ထားသောကြောင့် ဤတိုက်ခိုက်မှုကို မရှောင်ရှားနိုင်တော့။

ထိုရွှေရောင်လှံတံမှာ တောက်ပလွန်းလှပြီး လှံထိပ်သည် ထိုလက်ဖြူအား ထိုးဖောက်နေသည်။ ထိုလက်မှ သွေးမည်းများ စီးကျလာကာ ကြောက်စရာကောင်းသည့်အလင်းလှိုင်းများလည်း ထွက်ပေါ်လာလေ၏။

ဝုန်း..

ဖြူလျော်နေသည့် ထိုလက်သည် လှံတံကို ခါထုတ်လိုက်လေသည်။ အန်းလန်မည်မျှပင် ကြိုးစားနေပါစေ ထိုလက်ကြီး ရုန်းထွက်သွားနိုင်သည်ပင်။

ထို့အပြင် သင်္ချိုင်းမြေအတွင်းပိုင်းမှ လောကကြီးကို တုန်လှုပ်စေနိုင်သည့်ဟစ်ကြွေးသံကြီး ထွက်ပေါ်လာသည်။ ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး နယ်ခြားစပ်ကိုပင် တုန်ခါသွားစေသည်။ ထို့နောက် အလောင်းစွမ်းအင်များ စီးဆင်းလာကာ သေဆုံးခြင်းမြူများလည်း ပျံ့လွင့်လာသည်။

ဤနေရာသည် ချက်ချင်းပင် မြေအောက်ကဲ့သို့ အလွန်အေးစက်မှုန်မှိုင်းလာသည်။ ဝိညာဉ်ပင်လျှင် အေးခဲသွားမတတ်ပင်။

မြင့်မြတ်မြေ တောက်ပလာကာ အနက်ရောင်ပင်လယ်၏ စွမ်းအားကို ကန့်သတ်ရန် စွမ်းအင်လှိုင်းများထုတ်လွှတ်လာသည်။

ထိုလက်ဖြူကြီးသည် ရှုထော်၏မှုန်ဝါးနေသည့် လက်ကြီးကို အရေးမလုပ်တော့ပဲ ရွှေရောင်လှံတံကို ဆုတ်ကိုင်လိုက်လေသည်။

“ဒါက ဘာကြီးလဲ .. သူက သင်္ချိုင်းမြေဘုရင်များလား..” ဂုကလန်၏အမွေဆက်ခံသူမျက်ဝန်းမှ အလင်းများတောက်ပလာသည်။

သူ၏ဝိညာဉ် တုန်ခါနေလေပြီ။ မြင့်မြတ်မြေ၏ ကာကွယ်မှုအောက်၌ ရှိနေသော်လည်း သူ၏ဝိညာဉ်မှာ ပြိုကွဲလုမတတ်ဖြစ်နေလေပြီ။

သူအနည်းငယ် ကြောက်ရွံ့လာလေပြီ။

ထိုလက်ကြီးသည် အန်းလန်၏ လှံတံကြောင့် ဒဏ်ရာရထားသော်လည်း ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် ထိုလှံတံမှ ရုန်းထွက်လိုက်ကာ ပြန်လည်တိုက်ခိုက်နေလေပြီ။

ရှီဟောင်စိတ်မတည်ငြိမ်နိုင်တော့။ မသေသေးသည့်အမျိုးသမီးစစ်သူရဲပြောသည်ကို သူကြားဖူးသည်။ ရှေးဟောင်းသင်္ချိုင်းမြေ၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များမှာ မြင့်မြတ်ကာ သူတို့ထံတွင် သိပ်သည်းသည့် သေဆုံးခြင်းစွမ်းအင်များ မရှိတော့။ သူတို့၏မျိုးဆက်များကို မသေသေးသည့်ရွှေရောင်စစ်သူရဲဟု ခေါ်ကြသည်ပင်။

သို့သော်လည်း ထိုကဲ့သို့ မြင့်မြတ်သည့်ပုံမပေါ်သည့် ပြိုင်ဘက်ကင်း မသေသေးသည့်စစ်သူရဲအချို့လည်းရှိသည်ပင်။ သူတို့ကို သေဆုံးခြင်းမြူများ ဝန်းရံနေဆဲဖြစ်ပြီး ဆိုးယုတ်သည့်မြေ၌ နေထိုင်ကြသည်ပင်။

ဤမသေသေးသည့်စစ်သူရဲမှာ ဒုတိယတစ်မျိုး၌ ပါဝင်မည်မှာသေချာသည်။ သူသည်ကျင့်ကြံဆင့်မြင့်ကာ ကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းသော်လည်း သူ့ကို လွှမ်းခြုံနေသည့် အနက်ရောင်မြူများ ရှိနေဆဲပင်။

ဝုန်း..

အပြင်းထန်ဆုံးတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေပြီ. တိုက်ပွဲဖြစ်ချိန်တိုတောင်းသော်လည်း လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းလှသည်။

အချိန်နှင့်လေဟာနယ်လည်း ဖရိုဖရဲဖြစ်လာသည်။ အချိန်မြစ်ကိုပင် မြင်နေရပြီဖြစ်သည်။ တိုက်ပွဲတစ်ပွဲတည်းနဲ့ ရှေးဟောင်းအချိန်မြစ်ပေါ်လာတယ် .. ဒီတိုက်ပွဲက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲ..

ရှုထော် ဆက်လက်မတိုက်ခိုက်တော့။ ဤသည်မှာ သူစွမ်းအားမကြီးသောကြောင့်မဟုတ်။ သူအချိန်စေ့သွားလေပြီ။ ထိုလက်သည် သစ်သားသေတ္တာကို ဆုတ်ကိုင်ထားတာ လျင်မြန်စွာ ပြန်ဆုတ်နေသည်။ သူတစ်ဖက်လောကသို့ ပြန်သွားတော့မည်။

ဤသည်မှာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်း၏ ပုံရိပ်ယောင်သာဖြစ်သော်လည်း ဤမျှကြောက်စရာကောင်းနေလေပြီ။ သူ၏ခန္ဓာကိုယ်အစစ်သာပေါ်လာပါက မည်မျှကြောက်စရာကောင်းမည်ကို စဉ်းစားကြည့်နိုင်သည်။

ဝုန်း..

ခပ်ဝေးဝေးမှ အော်ဟစ်သံများထွက်ပေါ်လာကာ ကြီးမားလှသည့်သက်ရှိတစ်ယောက် ထွက်ပေါ်လာသည်။ သူပေါ်မလာခင်တွင်ပင် သူ့ပါးစပ်ကိုဟကာ အနက်ရောင်စွမ်းအင်တန်းတစ်တန်း ပစ်လွှတ်လာသည်။ အရာအားလုံး ပျက်စီးသွားပြီးနောက် အသက်သင်္ကေတများ ပြန်ပေါ်လာလေ၏။ ဤမြင်ကွင်းမှာ အလွန်ထိတ်လန့်စရာကောင်းလှသည်ပင်။

မသေသေးသည့်စစ်သူရဲသည် လောကကြီးပျက်စီးသွားပြီးနောက် သက်ရှိများပြန်လည်ရောက်ရှိလာခြင်းကို ပြသလိုက်ခြင်းပင်။

ဤသည်မှာ လျှို့ဝှက်နက်နဲမှု၏ တစ်စိတ်တစ်ပိုင်းသာရှိသေးသည်။ ဤပြိုင်ဘက်ကင်းသည့် တာအိုဥပဒေသမှာ မပြည့်စုံသေး။

ဖုန်း..

လေဟာနယ်စုတ်ပြဲသွားကာ အနက်ရောင်စွမ်းအင်ပင်လယ်ထဲ၌ရှိနေသည့် ခရမ်းရောင်အရိုးယဇ်ပုလ္လင် တစ်စစီဖြစ်သွားသည်။

ရှုထော်၏လက် ချက်ချင်းမှေးမှိန်သွားသည်။ သူအချိန်စေ့နေသည်ဖြစ်သည့်အပြင် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကိုပါ ခံလိုက်ရသောကြောင့် သူ၏ပုံစံကို မထိန်းသိမ်းနိုင်တော့။ သူလုံးဝပျောက်ကွယ်သွားတော့မည်။

“မင်း..” ပထမဆုံးအကြိမ်အဖြစ်ရှုထော်ထံမှ အသံထွက်လာသည်။ သူသက်ပြင်းချလိုက်သည်။ သူထံတွင် ရွေးချယ်စရာမရှိသလို တိုက်ခိုက်ရန်လည်းအချိန်မရတော့။

ဖုန်း…

ထိုပျက်စီးနေသည့် သစ်သားသေတ္တာ အနက်ရောင်စွမ်းအင်ပင်လယ်ထဲသို့ ပြန်ကျလာသည်။ ထိုသေတ္တာသည် သိပ်မလေးသော်လည်း လှိုင်းများ ဖြစ်ပေါ်လာသေးသည်ပင်။

ချွမ်း ချွမ်း ချွမ်း…

လေဟာနယ်ထဲ၌ ဆူညံသံများမှာ နားစည်ကွဲလုမတတ်ပင်။ အန်းလန်သည် ထိုဖြူလျော်နေသည့်လက်နှင့် ဆက်တိုက်ပင်တိုက်ခိုက်နေကာ မီးပွားများလည်း နေရာအနှံ့လွင့်စင်လာသည်။ တာအိုဥပဒေသများလည်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်ပင်။ နတ်ချိန်းကြိုးများလည်း ရေတံခွန်ကဲ့သို့ စီးကျလာသည်။

ကောင်းကင်ကြီး မှေးမှိန်သွားကာ ကြယ်များလည်း ချိန်ကြိုးများဖြင့် ဖောက်ခံရပြီး လျင်မြန်စွာပေါက်ကွဲသွားသည်ကို မြင်ရမည်ပင်။

ခပ်ဝေးဝေးမှ ထိုသက်ရှိ နီးကပ်လာလေပြီ။ သို့သော်လည်း မည်သူမှ ရှင်းရှင်းလင်းလင်းမမြင်ရ။ အဘယ်ကြောင့်ဆိုသော် မြူများ ပို၍ သိပ်သည်းလာကာ ကောင်းကင်မျက်လုံးများဖြင့်ပင် မမြင်ရပေ။

နီးကပ်လာပြီဆိုသော်လည်း လီပေါင်း ထောင်ပေါင်းများစွာ ဝေးကွာနေနဆဲပင်။ သူ၏အရွယ်အစား ကြီးမားလွန်းသောကြောင့် သူတို့မြင်နေရခြင်းပင်။

သူသည် အဝေးကြီးမှ တိုက်ခိုက်နေခြင်းပင်။

ဝုန်း..

လေထဲ၌ လက်တစ်စုံ လှုပ်ရှားသွားကာ ကောင်းကင်ကြီးကို ပြိုကျသွားစေသည်။

ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲ..

ရှီဟောင်ဖြစ်စေ၊ တစ်ဖက်လောကမှ လူငယ်ကျွမ်းကျင်သူ သုံးဦးဖြစ်စေ အားလုံးထိတ်လန့်သွားကြကာ ဝိညာဉ်များပင် တုန်လှုပ်သွားကြသည်။ သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြ၏။

သူ့ခန္ဓာကိုယ်သည် အချိန်မြစ်ရှည်ကြီးအား ဖြတ်သန်းလာလေ၏။

ဤသည်မှာ သူသည် တစ်လျှောက်လုံး ပြိုင်ဘက်ကင်းခဲ့သည်ဟု သက်သေပြနေခြင်းလား..

ဤသည်မှာ ခေတ်ပေါင်းများစွာ အိပ်မောကျနေခဲ့သည့် သင်္ချိုင်းဘုရင်ဖြစ်ကြောင်း သံသယဖြစ်စရာပင်မလိုတော့။ သူ ဤလောကကြီး၌ ပေါ်လာသည်နှင့် ပြိုင်ဘက်ကင်းသည့်အော်ရာကို ချက်ချင်းပိုင်ဆိုင်ရမည်ပင်။

“ငါ့ခန္ဓာကိုယ်အစစ် ဖြတ်မလာနိုင်တာကို မင်းအခွင့်ကောင်းယူနေတာလား..” အန်းလန် အလွန်အေးစက်စွာပြောလိုက်သည်။ သူသည် လှံတံကိုကိုင်ထားသည့်လက်ကြီးဖြစ်နေဆဲပင်။ ထို့အပြင် သူသည် အနီးအနားတွင်ရှိနေသည့် သစ်သားသေတ္တာကိုလည်း စောင့်ကြပ်နေသည်။

ဝုန်း..

ထို့နောက် မူလအော်ရာလှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ဤသည်မှာ သက်ရှိတစ်ယောက်၏အော်ရာနှင့်မတူပဲ သမိုင်း၏တစ်စိတ်တစ်ပိုင်း ပြန်ပေါ်လာသကဲ့သို့ပင်။

ထိုသက်ရှိ၏ လက်နှစ်ဘက်လုံး လှုပ်ရှားလာကာ ဖော်ပြ၍မရနိုင်လောက်သည့် မှော်တံဆိပ်တစ်ခု ပြုလုပ်လာကာ အန်းလန်ထံသို့ ပစ်လွှတ်လိုက်သည်။

ချွမ်း..

အန်းလန်လက်ထဲတွင်ရှိနေသည့် ရွှေရောင်လှံရှည်ကြီးဖြင့် ထိုတံဆိပ်အား ထိုးနှက်လိုက်လေသည်။

ဝုန်း..

ထို့အပြင် ထိုအချိန်တွင် ကြီးမားလှသည့်သက်ရှိကြီးနောက်မှ လက်ကြီးတစ်ဖက် ရုတ်တရက်ရောက်ရှိလာကာ သူ့အား အရှိန်ပြင်းစွာ ရိုက်ထည့်လိုက်လေသည်။

ရှုထော်လက်က ပျောက်သွားပြီလေ .. သူက ဘယ်လိုလုပ် ပြန်ပေါ်လာပြီးတော့မသေသေးသည့်စစ်သူရဲဘုရင်ကို တိုက်ခိုက်နိုင်တာလဲ..

ဖုန်း..

ထိုသက်ရှိသည် လက်ဝါးရိုက်ချက်ကြောင့် နောက်ယိုင်သွားရသည်။ ထို့နောက် ရုတ်တရက်နောက်လှည့်လိုက်ကာ လက်ညှိုးထိုးလိုက်ပြီး ထိုနေရာသို့လိုက်သွားလိုက်လေသည်။

“ဘုရားရေ..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ကြောက်ရွံ့လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူနားလည်သွားလေပြီ။ ရှုထော်သည် အချိန်တံဆိပ်တစ်ခုအား ထားခဲ့လိုက်ခြင်းပင်။

သို့သော်လည်း ဤသည်မှာ တစ်ခဏခန့်သာ အာရုံလွဲလိုက်နိုင်သည်ပင်။ တစ်ချက်ရိုက်ပြီးသည်နှင့် ထိုလက်ပျောက်ကွယ်သွားလေသည်။

ဤသည်မှာ သူ၏ခန္ဓာကိုယ်အစစ်မဟုတ်သောကြောင့် သူ၏နည်းလမ်းများမည်မျှပင် ကောင်းမွန်နေပါစေ သူ့ထံ၌ အကျိုးအများဆုံး သတ်ဖြတ်ခြင်းပညာများရှိမနေပေ။

တစ်ချိန်တည်းမှာပင် တချွမ်ချွမ်အသံများထွက်ပေါ်လာသည်။ သင်္ချိုင်းဘုရင်၏ ပြိုင်ဘက်ကင်းသည့် မှော်တံဆိပ် ရွှေရောင်လှံတံနှင့် ထိမိသွားကာ ဤနေရာတစ်ခုလုံး မှုန်ဝါးလာသည်။

“နှမြောစရာပဲ .. အရှင်အန်းလန်လည်းအချိန်ကုန်တော့မယ် .. သူ တိုက်ပွဲတစ်ခု မတိုက်နိုင်တော့ဘူး..” ဧကရာဇ်ကလန်သခင်လေးမှ သက်ပြင်းချ၍ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ဤလူငယ်ကျွမ်းကျင်သူသုံးဦးလုံး အေးခဲသွားရသည်။ အန်းလန်သာ ပျောက်ကွယ်သွားပါက ဤသည်မှာ သူတို့မစ်ရှင် ကျရှုံးသွားမည်ပင်။ ထို့အပြင် သူတို့လည်း ဤနေရာ၌ သေဆုံးသွားနိုင်သည်။

ကံကောင်းသည်မှာ အန်းလန်လက်နှင့် ရွှေရောင်လှံတံ အရောင်မှေးမှိန်သွားသော်လည်း ထိုသက်ရှိသည် ဤနေရာသို့ ချဉ်းကပ်လာခြင်းမရှိပဲ အဝေး၌ ရပ်နေဆဲပင်။

ခပ်ဝေးဝေးတွင် မထင်ရှားသည့်ဝဲကတော့လေးတစ်ခု ရှိနေသည်ကို အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့၊ ဂုကလန်အမွေဆက်ခံသူနှင့် ဧကရာဇ်ကလန်မှသခင်လေးတို့ တစ်ယောက်မှ သတိမထားမိကြ။

ရှီဟောင်သည် စစ်မြေပြင်နှင့် အဝေး၌ ရှိနေသောကြောင့် ဤသည်ကို ချက်ချင်းသတိပြုမိသည်ပင်။

“ကောင်းကင်ချောက်နက်..” သူအလွန်ထိတ်လန့်သွားရသည်။ ဤသည်မှာ ကောင်းကင်ချောက်နက်ပင်။ ဤသည်မှာ သင်္ချိုင်းဘုရင်အား ခြိမ်းခြောက်နိုင်သလို အန်းလန်နှင့်ရှုထော်တို့ တကယ်ပေါ်လာမည်ကို တားဆီးနိုင်လိမ့်မည်။

ဒုန်း..

သစ်သားသေတ္တာ အနက်ရောင်စွမ်းအင်ပင်လယ်ထဲသို့ ပြန်ကျသွားသည်။

ဝုန်း..

သင်္ချိုင်းဘုရင် အော်ဟစ်ကာ မှော်တံဆိပ်တစ်ခု ပစ်လွှတ်လိုက်သည်။ အချိန်ကုန်သွားပြီဖြစ်သောကြောင့် အန်းလန်နှင့် သူ၏လှံတံတို့ လုံးဝပျောက်ကွယ်သွားလေပြီ။

ကောင်းကင်ထက်တွင် ကြီးမားလှသည့် ဝဲကတော့ကြီး လှုပ်ရှားလာကာ နယ်ခြားစပ်ကို ဖုံးအုပ်လာသည်။

သင်္ချိုင်းဘုရင် ဖြတ်သန်းမလာခဲ့။ သူသည် အရှေ့ဘက်၌ တစ်ခဏခန့် ရပ်နေပြီးနောက် တစ်လှမ်းချင်းထွက်သွားလေသည်။ သူသည် တစ်ဖြည်းဖြည်းကျုံ့သွားကာ နောက်ဆုံးတွင် ရှေးဟောင်းသင်္ချိုင်းမြေထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

“ဒါက..” ရှီဟောင် အေးစက်သွားရသည်။ ထိုမသေသေးသည့်မြေအောက်ကြောမှာ နယ်ခြားစပ်ထဲ၌ ရှိနေသည်ပင်။ တစ်ဖက်လောက နယ်မြေထဲ၌ ရှိနေခြင်းမဟုတ်။

ထိုမြေကြောအခွဲ၌ မသေသေးသည့်စစ်သူရဲဘုရင် နေထိုင်ခြင်းပင်။

ဤသည်မှာ ကောင်းမွန်သည့်ကိစ္စမဟုတ်။ သူစိတ်ရူးဖောက်ပြီး အင်ပါယာဂိတ်အား မတိုက်ခိုက်ဘူးဟု မပြောနိုင်ပေ။

သူစိတ်အေးရသည်မှာ ထိုမြေကြောသည် နယ်ခြားစပ်၌ ရှိနေသော်လည်း ကောင်းကင်ချောက်နက်မှ သူ့အားဆန့်ကျင်နေသေးသည်ပင်။

ကောင်းကင်ချောက်နက်တည်ငြိမ်သွားကာ လျှို့ဝှက်ခွန်အားများ ထွက်ပေါ်လာခြင်းမရှိတော့။

ထိုသင်္ချိုင်းဘုရင်ပျောက်သွားကာ ပြန်ပေါ်မလာတော့။ ထို့အပြင် သူ ထိုသစ်သားသေတ္တာကိုလည်း ပြန်လာမကောက်ပေ။

သူက သေတ္တာအတွက်လာတာမဟုတ်ဘူးလား .. သူက သူ့နားမှာ ရှုထော်နဲ့ အန်းလန်ပေါ်လာတာကိုမကြိုက်လို့ သူတို့ကို လာတိုက်တာလား..

မည်သူမှ ဘာမှမပြောနိုင်။ ကျွမ်းကျင်သူသုံးယောက်လုံး ထိုအနက်ရောင်စွမ်းအင်ပင်လယ်ကိုသာ ကြည့်လိုက်ကြသည်။

ရှီဟောင်လည်း ထိုနေရာကို စိုက်ကြည့်ကာ စိတ်မရှည်စွာပင် စောင့်နေလိုက်သည်။ နောက်ဆုံးအချိန်တွင် မသေသေးသည့်ဘုရင်ဘာမှမပြောပဲ ပြန်လှည့်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။

ရှီဟောင် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ကာ မြင့်မြတ်မြေအစွန်း၌ ရပ်လိုက်သည်။ သူသည် ယခုအချိန်၌ အနက်ရောင်စွမ်းအင်ပင်လယ်အပြင်ဘက်နားလေးသို့ ရောက်နေလေပြီ။

ဤနေရာ၌ရှိနေသည်မှာ သူတစ်ယောက်တည်းမဟုတ်။ အနက်ရောင်ပင်လယ်ကြီး နောက်ဆုတ်သွားသည်ကို အခြားသုံးယောက်လည်း မြင်နေရသည်ပင်။

သို့သော် ထိုသစ်သားသေတ္တာမှာ ထိုနေရာ၌သာ ရှိနေသေးသည်။

အပိုင်း ၁၆၆၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၆၉ – တိုက်ခိုက်မှု

ပျက်စီးနေသည့်သစ်သားသေတ္တာမှာ ရွှေရောင်အလင်းဖျော့လေး ထုတ်လွှတ်နေပြီး အလွန်ထူးဆန်းသည့်ခံစားချက်များ ပေးနေသည်ပင်။

ထိုသေတ္တာသည် အနီရင့်ရောင်မြေပြင်ပေါ်၌ ထိုအတိုင်းရှိနေပြီး မည်သည့်စွမ်းအင်မှ ထုတ်လွှတ်ခြင်းမရှိ။

ကြောက်စရာကောင်းသည့် အနက်ရောင်စွမ်းအင်ပင်လယ် ပြန်ဆုတ်သွားပြီဖြစ်ပြီး ဆိုးယုတ်သည့်မြေမှာ အလွန်တည်ငြိမ်နေသည်။ သင်္ချိုင်းဘုရင်၊ ရှုထော်နှင့် အန်းလန်တို့လည်း ထွက်သွားပြီဖြစ်သည်။ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်ထားမည်မဟုတ်ပေ။

ဤနေရာသည် ငြိမ်းချမ်းနေပြီး တစ်ဖက်လောကမှ မသေမျိုးဘုရင်များ မျက်စိကျနေသည့်အရာမှာ လက်ရှိတွင် ပိုင်ရှင်မဲ့ပစ္စည်းဖြစ်နေလေပြီ။

ယခုအချိန်တွင် ရှီဟောင်ဖြစ်စေ တစ်ဖက်လောကမှလူများဖြစ်စေ အားလုံးမှာ ထိုသေတ္တာကို ချက်ချင်း ကောက်ယူပစ်လိုက်ချင်နေကြသည်ပင်။

သို့သော်လည်း အန်းလန်နှင့်ရှုထော်တို့ပင် ရှုံးနိမ့်ခဲ့သောကြောင့် သူတို့အောင်မြင်နိုင်ပါ့မလား..

ရှေးဟောင်းမြေတိတ်ဆိတ်နေကာ အလွန်တည်ငြိမ်နေပြီး ထိုပျက်စီးနေသည့်သစ်သားသေတ္တာလည်း မည်သည့်အန္တရာယ်အော်ရာမှ ထုတ်လွှတ်ခြင်းမရှိသော်လည်း သူတို့အနည်းငယ် စိုးရိမ်နေဆဲပင်။ လက်လွတ်စပယ်မလုပ်ရဲကြ။

အန်းလန်၊ ရှုထော်နှင့် အခြားပြိုင်ဘက်ကင်းသည့်သက်ရှိများပင် ရှုံးနိမ့်သွားခဲ့သည်ကို လူငယ်လေးအချို့ ယူ၍ရသွားသည်ဆိုလျှင် သိပ်မဖြစ်နိုင်တော့။

ထို့ကြောင့် သူတို့လက်တစ်ကမ်းအလို၌ ရှိနေသော်လည်း မည်သူမှ မလှုပ်ရှားရဲခြင်းပင်။ သူသည် ရပ်၍သာကြည့်နေကြသည်။

လိုချင်လွန်းလှသောကြောင့် သူတို့မျက်လုံးများ တောက်ပနေကြလေပြီ။

ရှီဟောင်လည်းထို့အတူပင်။ သူ့စိတ်ထဲ ကြောက်ရွံ့နေမိပြီး‌ တွေဝေနေမိသည်။ မည်သို့ပင်ဖြစ်စေ ဤပစ္စည်းမှာ အနီရင့်ရောင်အခေါင်းကြီးထဲ၌ ရှိနေခဲ့သည်မှာ တစ်ခေတ်၊ နှစ်ခေတ်ခန့် ရှိနေပြီဖြစ်သည်။ ဤသေတ္တာ၌ ထူးဆန်းသည့်အရာရှိမရှိကို ဘုရားသာ သိလိမ့်မည်။

သူတို့ဒီသေတ္တာကိုယူပြီးတော့မှ ထူးဆန်းတဲ့ စွမ်းအင်လှိုင်းတွေ ထွက်လာရင်ရော .. သူတို့အသားပုံကြီးဖြစ်သွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှုထော်ပင်လျှင် ရယူရန် ကြိုးစားနေသောပစ္စည်းဖြစ်သောကြောင့် သူ့ထံတွင် စွမ်းအားရှိနေပါက သေချာပေါက် စွမ်းအားကြီးသည့် စွမ်းအားဖြစ်မည်ပင်။

“မင်းက ဘယ်ကလန်ကလဲ..” ဧကရာဇ်ကလန်သခင်လေးမှ ရုတ်တရက် ပြောလာသည်။ ထို့နောက် သူသည် ခေါင်းညိမ့်လိုက်ကာ “မဆိုးဘူး .. မင်းက အန္တရာယ်များတဲ့အခြေအနေကနေတောင် ထွက်ပြေးနိုင်တယ် ..”

အနက်ရောင်လှိုင်းများ ထွက်လာသည့်အချိန်က သူတို့အတူတူ ထွက်ပြေးလာသည်ကို ဆိုလိုခြင်းပင်။

ဤစကားကိုကြားသည်နှင့် ဂုကလန်အမွေဆက်ခံသူနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တို့လည်း ခေါင်းညိမ့်လိုက်ကြသည်။ ရှီဟောင်နှင့် မျက်နှာချင်းဆိုင်သည့်အချိန်တွင် သူတို့သည် မောက်မာမနေပေ။ သူတို့အသံမှာ အလယ်အလတ်လောက်ပင်။

ထို့နောက် သူတို့ သံလွင်အခက်တစ်ခုအား ကမ်းပေးလာကာ ရှီဟောင်အား ထိုသေတ္တာကို ယူရန် ပြောလိုက်သည်။

ရှီဟောင် တွေဝေမိသွားသည်။ သူဤကဲ့သို့ မလုပ်ချင်သော်လည်း ဧကရာဇ်ကလန်၏ ခွန်အားကြီးရှိနေသောကြောင့် သူလုပ်ရဦးမည်ပင်။

သူ လူသားအရိုးစုဖြစ်နေသော်လည်း ဤသည်မှာ သိပ်မထူးဆန်းပေ။ အဘယ်ကြောင့်ဆိုသော် စွမ်းအားကြီးသည့် သတ္တဝါအများစုမှာ လူသားပုံစံဖြစ်လာကြသည်ပင်။ ဥပမာအားဖြင့် ဧကရာဇ်ကလန်သခင်လေးပင်။

ထို့အပြင် တစ်ဖက်လောက၌ လူသားများလည်း ရှိသည်ပင်။ သတ္တဝါအများစုမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှလူများနှင့် တူနေသည်ပင်။

ရှီဟောင် သူ့ကိုယ်သူ အားတင်းနေသည့်ပုံစံလုပ်လိုက်သည်။ သူ့စိတ်ထဲတွင်တော့ မည်သူ့ကို အရင်သတ်ရမလဲဟု တွေးနေခြင်းပင်။

သူ့အဆင့်နှင့်ဆိုလျှင် တစ်ဖက်လူ သတိလက်လွတ်ဖြစ်နေပါက သူတို့အနားသို့ နီးကပ်သွားသည်နှင့် တစ်ချက်တည်း ရှင်းပစ်၍ရလောက်သည်။

တရားနည်းလမ်းကျကျပြောမည်ဆိုလျှင် သူ ဧကရာဇ်ကလန်သခင်လေးကို အရင်သတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ ကြောက်စရာအကောင်းဆုံးပင်။ သို့သော် ဂုကလန်၏ အမွေဆက်ခံသူသည်လည်း ဧကရာဇ်ကလန်သခင်လေးထက် နိမ့်ကျမည်မဟုတ်ဟု သူခံစားနေရသည်။

“သူတို့နှစ်ယောက်လုံးကို သတ်ဖို့မဖြစ်နိုင်ဘူးလား..” ရှီဟောင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ့အဆင့်ကျွမ်းကျင်သူအတွက် ဤအကွာအဝေးမှာ တိုက်ခိုက်ရန် လုံလောက်လေပြီ။

ဝုန်း..

ရှီဟောင် ဧကရာဇ်ကလန်သခင်လေးနှင့် ဂုကလန်အမွေဆက်ခံသူ နှစ်ဦးလုံးကို သတ်ရန် ပြင်ဆင်လိုက်သည်။ သူ၏ဘယ်ဘက်လက်တွင် တာအိုကိုးခုပြန်လည်ဝင်စားခြင်းကောင်းကင်ပညာရှိနေပြီး ညာဘက်လက်တွင် မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းထားသည်။

ထို့အပြင် သူ၏အခြားနတ်စွမ်းရည်များ၏ သဘာဝဥပဒေနှင့် အခြားအရာများကိုလည်း ထုတ်လွှတ်လိုက်သည်။ သူ မှော်စွမ်းအားခုခံနိုင်ခြင်းလျှို့ဝှက်ပညာကိုပင် အသုံးပြုထားသည်ပင်။

ဤအရာအားလုံးမှာ ဤနှစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ရန်အတွက်ပင်။

သို့သော် သူထိတ်လန့်သွားရသည်မှာ တစ်ဖက်လောကမှ ကျွမ်းကျင်သူသုံးယောက်လည်း တစ်ချိန်တည်း တိုက်ခိုက်လာကြသည်ပင်။ သူတို့၏ ဘိုးဘေးပညာများ တောက်ပလာကာ မှော်စွမ်းအားများလည်း ထွက်ပေါ်လာ၏။

အမှန်တကယ်တွင် ယခုအချိန်၌ တစ်ဖက်လောကမှကျွမ်းကျင်သူသုံးယောက်သည် ရှီဟောင်ထက် ပို၍ထိတ်လန့်နေကြသည်ပင်။

ဤလူသားအရိုးစုမှာ သိပ်ပုံမှန်မဟုတ်ဟု သူတို့သံသယဝင်ခဲ့ကြသည်။ သူတို့ရှီဟောင်ကို စကားပြောလိုက်ခြင်းမှာ သူ သတိလျော့သွားအောင်လုပ်ပြီး သူ့အား သတ်ရန်ပင်။

ရှီဟောင်လည်း သူတို့ကို တိုက်ခိုက်ရန် ပြင်ဆင်ထားလိမ့်မည်ဟု သူတို့မထင်ထားခဲ့။

ရလဒ်အနေဖြင့် သူတို့နှစ်ဘက်လုံး တိုက်ခိုက်မိသွားကြသည်ပင်။

သို့သော် ရှီဟောင် မစိုးရိမ်။ အဘယ်ကြောင့်ဆိုသော် သူမှော်စွမ်းအားခုခံနိုင်ခြင်းကို အသုံးပြုထားသည်ပင်။

ဝုန်း..

သူ့ကို ထိတ်လန့်သွားစေသည်မှာ ယခုတစ်ခေါက်တွင် မှော်စွမ်းအားခုခံနိုင်ခြင်း အ ကျိုးသက်ရောက်ခြင်းမရှိတော့။

ဧကရာဇ်ကလန်သခင်လေးထံတွင်ရှိနေသည့် အနက်ရောင်ကျောက်တုံးလည်ဆွဲလေး တောက်ပလာကာ ထိုစွမ်းရည်ကို ပယ်ဖျက်ပစ်လိုက်သည်ပင်။

“ဟမ် .. ငါ့ဘက်က ပညာလား .. ဒါက ရှေးခေတ်ဧကရာဇ်ကလန်တစ်ခုကပိုင်တာ .. အခု အင်ပါယာဂိတ်ကလူက ဒီပညာကို ရထားတာလား..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ထိတ်လန့်သွားရသည်။

တစ်ဖက်လောကမှ ကျင့်ကြံသူသုံးဦးလုံး မျက်ဆံများ ကျုံ့ဝင်လာကြသည်။ ဤစွမ်းရည်ပေါ်လာခြင်းမှာ သူတို့ကို အလွန်ထိတ်လန့်သွားစေသည်ပင်။

“ကိုယ့်ဘိုးဘေးကို ခြေရာခံတဲ့ကောင် .. မင်းဘယ်ကနေ လာတာလဲဆိုတာ မင်းမေ့သွားပြီလား .. မင်းက တစ်ဖက်လောကကို မင်းရဲ့ဘိုးဘေးမြေလို့ ထင်နေတာလား..” ရှီဟောင်ဆူပူလိုက်သည်။ သူ ဤလူကို သေအောင်ရိုက်ချင်မိသည်။

သူ၏အဖိုးတန်ပညာများနှင့်အခြားအရာများမှာ ထိုခြင်္သေ့ပေါ်သို့ အနည်းငယ်ပို၍ ဦးတည်သွားသည်။

“သေချင်နေတာလား .. မင်းက ဟွမ်ပဲ..” ခြင်္သေ့ကြီး၏ အသံမှာ ကျောချမ်းစရာကောင်းလာပြီး မျက်ဆံများလည်း‌ အေးစက်လာသည်။ “ငါ့ကလန်က ကောင်းကင်ဘုံကိုးခုကနေ အစောကြီးကတည်းက ထွက်လာပြီသား .. ငါတို့က ပိုပြီးကျယ်ပြောတဲ့လောကကြီးကို ရောက်လာတာ .. လောကကြီးမှာ ကိုယ်ကြိုက်တဲ့နေရာကို ကိုယ့်အိမ်လုပ်လို့ရတယ်.. မင်းလိုမျိုးအရှုံးသမားမျိုးဆက်က ဒါကို နားလည်မှာမဟုတ်ဘူး .. မင်းက အသတ်ခံရဖို့ ကံပါလာပြီးသား..”

ဝုန်း..

ထိုအချိန်တွင် နှစ်ဘက်လုံးမှ နတ်အလင်းများ ထွက်ပေါ်လာသည်။ ရှီဟောင်၏နတ်စွမ်းရည်သည် တစ်ဖက်လူ၏ ဘိုးဘေးပညာများနှင့် ထိခတ်သွားကာ ဤနေရာတစ်ခုလုံး အလွန်လင်းထိန်သွားသည်။

ကျွမ်းကျင်သူ သုံးဦးမှာ ရှီဟောင်တို့သုံးဦးအား ဘက်ပေါင်းစုံမှ တိုက်နေကြသည်ပင်။

“သူ့ရဲ့ မှော်စွမ်းအားခုခံနိုင်စွမ်းကိုစိတ်ပူစရာမလိုဘူး .. ငါဒါကို ချေဖျက်နိုင်တယ်..” ဧကရာဇ်ကလန်သခင်လေးမှ ပြောလိုက်သည်။ အစောပိုင်၌ သူထိတ်လန့်နေခဲ့သော်လည်း လျင်မြန်စွာပင် စိတ်အေးသွားလေပြီ။

အမှန်တကယ်တွင် ဂုကလန်အမွေဆက်ခံသူနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တို့လည်း သူတို့စိတ်ကို ပြန်ထိန်းလိုက်နိုင်ပြီဖြစ်သည်။ သူတို့ ဤကဲ့သို့သော စွမ်းရည်မျိုးကို ကြောက်ရွံ့သော်လည်း ဤမျှကြောက်ရွံ့နေခြင်းမဟုတ်။

တစ်ဖက်တွင် ဤကဲ့သို့သော ပြိုင်ဘက်ကင်းသည့်စွမ်းရည်မျိုးရှိနေသောကြောင့် တစ်ဖက်လောကမှ ဧကရာဇ်ကလန်လည်း ဤပညာကို ချေဖျက်နိုင်သည့်နည်းလမ်းများအား ရှာဖွေကြမည်ပင်။

သူ့ရှေ့တွင်ရှိနေသည့် ဧကရာဇ်ကလန်သခင်လေးထံ၌ရှိနေသည့် အနက်ရောင်ဆွဲသီးလေးမှာ အကောင်းဆုံးသက်သေပင်။ ဤဿည်မှာ သူ့ကလန်၏ ဘိုးဘေးကျွမ်းကျင်သူများ ပြုလုပ်ခဲ့သည့် မှော်စွမ်းအားခုခံနိုင်စွမ်းကို ချေဖျက်ပေးနိုင်သည့် မှော်ပစ္စည်းပင်။

ဂုလကန်မှ ကျွမ်းကျင်သူများနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တို့လည်း လေ့လာခဲ့ကြသောကြောင့် သူတို့ထံတွင် ဤစွမ်းရည်ကို ရင်ဆိုင်ရန် နည်းလမ်းအချို့ရှိနေသည်ပင်။

မည်သည့်စွမ်းရည်မှ ပြီးပြည့်စုံသည်မရှိ။ မဟုတ်ပါက မှော်စွမ်းအားခုခံနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်ကလန်မှာ ဤကောင်းကင်အောက်၌ ပြိုင်ဘက်ကင်းဖြစ်နေလောက်လေပြီ။

ခွပ်..

လျှပ်စီးတောက်ပလာကာ မိုးခြိမ်းသံများ ဆူညံလာပြီး အမှိုက်များလည်း နေရာတိုင်း၌ လွင့်စင်လာသည်။ ဤနေရာ၌ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားကာ မူလဖရိုဖရဲအလင်းများလည်း ပေါ်လာကာ လေထဲ၌ ထာဝရအလင်းများ ပြည့်နှက်သွားသည်။

ရုတ်တရက် တိုက်ခိုက်မှုကျရှုံးခဲ့သော်လည်း ရှီဟောင် သူတို့နှင့် ထိပ်တိုက်ရင်မဆိုင်။ သူသည် အစကတည်းက အကောင်းဆုံးနေရာ၌ နေရာယူပြီးသွားလေပြီ.

ဤကျွမ်းကျင်သူ သုံးဦးလည်း အလွန်ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ ယခုမှ အစသာရှိသေးသော်လည်း ကောင်းကင်ကြီး အက်ကွဲလာကာ ရှေးဟောင်းမြေပင် ချိုင့်ဝင်တော့မည်။

ရွှီး..

သူ၏လက်ညှိုးမှ နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် တစ်ဖက်လောမှ ကျင့်ကြံသူသုံးဦးအား ဦးတည်နေခြင်းမဟုတ်ပဲ ဆိုးယုတ်သည့်မြေထံသို့ ဦးတည်နေခြင်းပင်။

ဤသည်မှာ ထိုကျင့်ကြံသူသုံးဦး၏အမူအရာကို ပြောင်းလဲသွားစေ၏။ ရှီဟောင် ဘာလုပ်ချင်နေသည်ကို သူတို့သိသည်ပင်။

ဒုန်း..

ထိုအလင်းတန်းသည် သေတ္တာကို ထိမှန်သွားကာ သေတ္တာကြီး လွင့်ထွက်သွားလေ၏။

ဆိုးယုတ်သည့်မြေတွင် မမျှော်လင့်ထားသည့်အဖြစ်အပျက်များ ဖြစ်မလာ။ ထိုသစ်သားသေတ္တာမှ ထူးဆန်းသည့်စွမ်းအားများ ထွက်မလာသလို အနက်ရောင်စွမ်းအင်ပင်လယ်ကြီးလည်း ပေါ်မလာခဲ့။

ဒါကို ယူလို့ရတယ်လား .. အခြားသုံးယောက်၏မျက်လုံးများလည်း ဓားသွားကဲ့သို့ စူးရှလာသည်။

ထိုအခိုက်အတန့်တွင် သူတို့သုံးဦးလည်း လက်လှမ်းကာ သေတ္တာအား စမ်းသပ်ကြည့်လိုက်ကြသည်။

သေချာပါသည်။ ထိုသေတ္တာလွင့်ထွက်သွားကာ နားကွဲလောက်သည့်ဆူညံသံများ ထွက်ပေါ်လာသည်။ ဤသေတ္တာသည် တည်ငြိမ်နေဆဲဖြစ်ကာ စွမ်းအားများ သိပ်ထွက်မလာ။

အန္တရာယ်မရှိဘူး .. သေတ္တာကိုယူလို့ရတယ်..

ယခုအချိန်တွင် ပုံရိပ်လေးခုမှာ လျှပ်စီးများကဲ့သို့ တရှိန်ထိုး ပြေးထွက်လာကြသည်။ သူတို့အားလုံး ဤသေတ္တာကို ယူချင်ကြသည်ပင်။

ဘာတိုက်ပွဲလဲ … ယခုအချိန်တွင် ဤသေတ္တာလောက်ဘာမှအရေးမကြီးတော့။

အပိုင်း ၁၆၆၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၀ – ရူးသွပ်နေသော ထာဝရဆေးပင်

ဝုန်း..

လေဟာနယ်တွင် နတ်အလင်းထွက်ပေါ်လာပြီး ကောင်းကင်ကြီး အက်ကွဲသွားသ်ည။

လျှပ်စီးအလင်းတန်းလေးခုမှာ ရောယှက်နေသည်။ သေချာကြည့်မည်ဆိုပါက ဤသည်မှာ လူလေးယောက် တိုက်ခိုက်နေခြင်းပင်။ ရှီဟောင်တစ်ယောက်တည်း သူတို့ကို တိုက်ခိုက်နေရခြင်းမဟုတ်။ သူတို့အချင်းချင်းလည်း တိုက်ခိုက်နေကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ဤသေတ္တာအား လိုချင်နေကြသည်ပင်။

ဧကရာဇ်ကလန်သခင်လေး၊ အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့နှင့် ဂုကလန်အမွေဆက်ခံသူတို့သည် အတူတကွ ရောက်လာခဲ့ကြပြီးပူးပေါင်းခဲ့ကြသော်လည်း ယခုအချိန်တွင် တိုက်ခိုက်နေကြလေပြီ။

ဤသစ်သားသေတ္တာမှာ အရေးကြီးလှသည်ပင်။ သူတို့သာ ဤသေတ္တာကို ဖွင့်နိုင်လျှင် အထဲဘက်၌ သူတို့တစ်ဘဝလုံးကို ပြောင်းလဲစေနိုင်သည့် ကံကောင်းမှုများ ပါလျှင်ပါနေလောက်သည်ပင်။

မဟုတ်ပါက အန်းလန်နှင့်ရှုထော်တို့ အဘယ်ကြောင့် နှစ်ပေါင်းများစွာ ကြံစည်နေမည်နည်း..

ယခင်က သူတို့ ဤပစ္စည်းကို ရမရမသိခဲ့ကြသောကြောင့် သူတို့အတူတကွ တိုက်ခိုက်ခဲ့ကာ အတူတကွ နောက်ပြန်ဆုတ်ခဲ့သည်။ သို့သော် ယခုတော့ အခွင့်အရေးက သူတို့မျက်စိရှေ့ ရောက်နေလေပြီ။

ထို့ကြောင့် သူတို့ ရှီဟောင်နှင့် တိုက်ခိုက်နေရင်းဖြင့်ပင် တစ်ယောက်နှင့်တစ်ယောက်လည်း တိုက်ခိုက်နေကြသည်။ သေတ္တာကို အခြားသူများထက် သူတို့အရင်လိုချင်နေကြသည်ပင်။

ဤမြင်ကွင်းမှာ တကယ်ကို ထူးဆန်းလှသည်။ ရှီဟောင်မှာ အားလုံး၏ ပထမဆုံးပစ်မှတ်ပင်။ သို့သော် သူတို့သုံးဦးကြားတွင်လည်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ကာ ရှေးဟောင်းပညာများဖြင့် တိုက်ခိုက်နေကြသည်။

ဖုန်း..

သူတို့ တိုက်ခိုက်နေကြသော်လည်း သတ်ဖြတ်သည့်ပညာများအသုံးမပြကြသေး။ ဤပညာများကိုအသုံးပြုလိုလျှင် ပြင်ဆင်ရန် လိုအပ်သည်ပင်။ သူတို့တစ်ကိုယ်လုံးမှ အသက်စွမ်းအင်နှင့် မှော်စွမ်းအားများအား စုစည်းရမည်ပင်။

သူတို့ ယခု ယှဉ်ပြိုင်နေကြသည်မှာ အရှိန်ပင်။ သူတို့ အရှေ့ဘက်သို့ ဦးတည်သွားသည်ဖြစ်စေ တိုက်ခိုက်ကြသည်ဖြစ်စေ သူတို့အရှိန်မှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။

ရှီဟောင် ဟစ်ကြွေးလိုက်ကာ အကြောက်တရားကင်းမဲ့သည့် ခြင်္သေ့၏ တိုက်ခိုက်မှုကို သည်းခံလိုက်သည်။ ထို့နောက်သူ၏အရှိန်ကိုး အသုံးပြုကာ သစ်သားသေတ္တာထံသို့ ဦးတည်သွားလိုက်သည်။

ဝုန်း..

သို့သော် သူ့နောက်မှ နတ်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ရောက်ရှိလာသည်။ ဧကရာဇ်ကလန်လူငယ်လေးသည် ဤနေရာကို ဖောက်ခွဲပစ်ကာ သစ်သားသေတ္တာ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

ရွှီး..

ဧကရာဇ်ကလန်သခင်လေး၏ အရှိန်မှာ မြန်လွန်းလှသည်။ သူသည် နတ်တောက်ပနေသည့် လျှပ်စစ်တန်းများဖြင့် သစ်သားသေတ္တာထံသို့ ဦးတည်သွားလိုက်သည်။

သို့သော် ထိုအချိန်တွင် ဂုကလန်အမွေဆက်ခံသူလည်း လှုပ်ရှားလိုက်သည်။ သူ၏လက်တစ်ဖက်တွင် အချိန်အပိုင်းအစများ တောက်ပနေပြီး အခြားတစ်ဖက်တွင် အချိန်စွမ်းအားများ ထွက်ပေါ်လာ၏။ သူသည် ထိုသစ်သားသေတ္တာကို တိုက်ရိုက်ပင် ကန့်သတ်လိုက်သည်။

ဝေါင်း..

ခြင်္သေ့ကြီးသည် သူ၏နတ်စွမ်းရည်ကို အသုံးပြုကာ လောကကြီးကို တုန်ခါစေလိုက်သည်။ ဤခြင်္သေ့ဟိန်းသံသည် တောင်များနှင့် မြစ်များကိုပင် တုန်ခါစေကာ လေဟာနယ်ကိုပျက်စီးသွားစေသည်။

ခြင်္သေ့ဟိန်းသံသည် လေဟာနယ်ကို ယာယီပျက်စီးသွားစေကာ သစ်သားသေတ္တာအား အချုပ်အနှောင်မှ လွတ်မြောက်စေလိုက်သည်။

ရှီဟောင်သက်ပြင်းမချပဲ မနေနိုင်တော့။ ဤခြင်္သေ့မှာ သူ၏အခြားညီအစ်ကိုများထက် စွမ်းအားကြီးလွန်းလှသည်။ သူသည် တကယ်ကို သူ့ဘိုးဘေး၏ ခြေရာကိုနင်းနိုင်ခြင်းပင်။ တူညီသည့်နတ်စွမ်းရည်ဖြစ်သော်လည်း စွမ်းအားမှာ လုံးဝကွာခြားနေသည်ပင်။

ဖုန်း..

ကျွမ်းကျင်သူသုံးဦး၏ တိုက်ခိုက်မှုကို အံကြိတ်ခံကာ ရှီဟောင် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။ ဤနေရာတွင် အလင်းတန်းများ အလွန်တောက်ပနေပြီး သူ့အား ဖုံးအုပ်သွားလေ၏။

ကျွမ်းကျင်သူသုံးဦးမှာ တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေကြသော်လည်း သူတို့၏အာရုံမှာ ရှီဟောင်ထံ၌သာ ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ သူသည် အင်ပါယာဂိတ်မှ လာခြင်းဖြစ်သောကြောင့် သူတို့၏ အဓိကရန်သူပင်။

ရွှီး..

နတ်အလင်းများ ကောင်းကင်ထက်သို့ တက်သွားသည်။ ရှီဟောင် လေထဲသို့တက်ကာ သူတို့၏တိုက်ခိုက်မှုများကို ရှောင်ရှားလိုက်သည်။ သူလက်မြှောက်လိုက်သည်နှင့် ရွှေရောင်မိုးမခသစ်ကိုင်းများ တစ်ခုပြီးတစ်ခု ထွက်လာကာ နတ်ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားပြီး ထိုသစ်သားသေတ္တာကို လုယူရန် ကြိုးစားလိုက်သည်။

“ဟွမ် .. တစ်ခြားသူတွေ မင်းကို ကြောက်ရင်ကြောက်လိမ့်မယ် .. ဒါပေမဲ့ ငါမကြောက်ဘူး .. ငါမင်းကို အစောကြီးကတည်းက သတ်ချင်နေတာ..” ခြင်္သေ့ကြီး ဟစ်ကြွေးလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပလာသည်ပင်။ ယခုအချိန်တွင် သူ့ထံ၌ အသွေးအသားများမရှိသော်လည်း သူ့ထံတွင် ပုံမှန်မဟုတ်သည့် ကြောက်စရာကောင်းသည့် အသွင်အပြင်ရှိနေသည်ပင်။

သူ့နောက်တွင် တောင်ကြီးတစ်လုံးကဲ့သို့ မိုးထိုးနေသည့် ခြင်္သေ့ကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ့အရိုးများ၌ ထွင်းထုထားသည့် ဘိုးဘေးတံဆိပ်ပင်။

ယခုအချိန်တွင် ထိုရှေးဟောင်းခြင်္သေ့ကြီး၏ လည်ဆံမွေးများမှာ ရွှေရောင်မီးတောက်များထက်ပင် ပို၍တောက်ပနေသည်။ သူ့တစ်ကိုယ်လုံးမှ စွမ်းအားများ ထုတ်လွှတ်နေကာ ထိုရွှေရောင်အရိုးစုနှင့် တစ်ဖြည်းဖြည်းချင်း ပေါင်းစပ်လာသည်။ ဤသည်မှာ ယခင်ခေတ်မှ ခြင်္သေ့ကြီးတစ်ကောင် ဤလောက၌ ပေါ်လာသကဲ့သို့ပင်။

ဝုန်း..

သူ့လက်များဖြင့် ရိုက်ချလိုက်သည်နှင့် ကောင်းကင်ကြီး စုတ်ပြဲသွားသည်။ သူ၏ပုံစံမှာ ကြီးမားလှပြီး သူ၏နတ်စွမ်းအားလည်း လောကကြီးကို တုန်လှုပ်စေနိုင်သည်။

ရှီဟောင် အလွန်တည်ငြိမ်နေဆဲပင်။ သူ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည့်အပြင် အေးစက်စွာလည်း ပြောလိုက်သေးသည်။ “သစ္စာဖောက်လူမျိုးစုက ရဲစွမ်းသတ္တိအကြောင်းကို ပြောရဲသေးတယ်ပေါ့ .. မင်းတို့ကလန်က အစောကြီးကတည်းက တစ်ဖက်လောကကို ဦးညွှတ်နေခဲ့တာ..”

ဤရိုက်ချက်ကြောင့် ကောင်းကင်လေပြင်းများ တိုက်ခတ်လာကာ လောကကြီးတစ်ခုလုံး ရောင်စုံအလင်းများ ပြည့်နှက်သွားသည်။

ဝုန်း.. သူတို့နှစ်ဦး တိုက်ခိုက်၍မပြီးသေးခင်မှာပင် ဂုကလန်အမွေဆက်ခံသူမှ လှုပ်ရှားလာသည်။ သူ၏လက်နှစ်ဘက်ထဲ၌ လှံရှည်များ ပေါ်လာသည်။ “ဟွမ် .. မင်း ဘုရင်ကလန်တစ်ချို့ကို အနိုင်ယူနိုင်တာနဲ့ပဲ မင်းကိုယ်မင်း ဒီမိုးကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား .. ရော့ .. ဒါယူလိုက်..” သူအေးစက်စွာ ပြောလိုက်သည်။

ဂုကလန်မှာ တကယ်ကို ကြောက်စရာကောင်းသည်ဟု ပြော၍ရသည်။ ရှီဟောင်အမြင်တွင် ဤသည်မှာ သူ့အတွက် ခြိမ်းခြောက်မှုကြီးပင်။

အဘယ်ကြောင့်ဆိုသော် လှံရှည်နှစ်ခုမှာ နတ်ဥပဒေသများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး နှစ်ခုလုံးတွင် အလွန်ကြောက်စရာကောင်းသည့်အော်ရာများရှိနေသည်။

လှံတံတစ်ခုမှာ အချိန်လှံတံပင်။

သူ့ထံတွင် အချိန်စွမ်းအားရှိနေ၏။ ထိုလှံ ထိုးဖောက်လာသည်နှင့် အချိန်များ ဖရိုဖရဲဖြစ်သွားကာ ရပ်တန့်သွားသလိုပင်။ ဤနေရာတွင်ရှိနေသည့် အရာအားလုံး ရပ်တန့်သွားသည့်အတိုင်းပင်။

နောက်လှံတံတစ်ခုမှာ လေဟာနယ်လှံတံပင်။ သူ့ထံ၌ လေဟာနယ်စွမ်းအားရှိနေသည်။ သူ့လမ်းကြောင်းတွင် ပိတ်ဆို့နေသည့်အရာအားလုံးကို ထိုးဖောက်သွားနိုင်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားရှိနေသည်ပင်။

ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။ အချိန်နှင့်လေဟာနယ်လှံတံမှာ သူတို့အဆင့်မှ အခြားသူများအားလုံးကို ထိတ်လန့်သွားစေသည်။

ချွမ်း..

ရှီဟောင် တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းကို အသုံးပြုလိုက်သည်။ တွင်းနက်ခြောက်ခုပေါ်လာာ ထိုလှံတံနှစ်ခုကို ဝါးမြိုသွားလေသည်။

ဝုန်း…

အခြားတစ်ဖက်မှ ကောင်းကင်နှင့်မြေကြီးကို ထိတ်လန့်သွားစေနိုင်သည့် စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်လာသည်။ ဧကရာဇ်ကလန်သခင်လေး လက်နက်တစ်ခုကို ပြုလုပ်ကာ တိုက်ခိုက်လိုက်ခြင်းပင်။

ဤသည်မှာ ဓားရှည်တစ်လက်ပင်။ ဤဓားမှာ အလွန်ရှည်လျားလှပြီး သူ၏စွမ်းအားမှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ရှိ သက်ရှိများအားလုံးကို စိတ်ပျက်သွားစေနိုင်လောက်အောင် စွမ်းအားကြီးလှသည်။

နောက်ဆုံးတော့ ဧကရာဇ်ကလန်သခင်လေး သူ၏စွမ်းအားများကိုပြသလာလေပြီ။ သူ ရှီဟောင်အား အရင်ဆုံး ရှင်းပစ်ချင်နေခြင်းပင်။ ဓားစွမ်းအင်များ ထွက်ပေါ်လာကာ လီပေါင်း ဘယ်နှထောင်လောက်‌ရောက်သွားမှန်းပင်မသိ။

ဂုကလန်အမွေဆက်ခံသူနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တို့ပင် အလွန်ကြောက်ရွံ့သွားရသည်။ ဧကရာဇ်ကလန်မှ သခင်လေးမှာ သူတို့ကိုလည်း တိုက်ခိုက်ချင်နေသလားဟု သူတို့သံသယဝင်လာရသည်။

ဓားစွမ်းအင်သည် လောကကြီးကို ဖြတ်သန်းသွားသော်လည်း ကံကောင်းစွာဖြင့် ရှီဟောင်ထံသို့သာ ဦးတည်သွားခြင်းပင်။

ချွမ်း..

ရှီဟောင် သူ၏ထာဝရဓားကို ဆွဲထုတ်ကာ ထိုဓားရှည်ကို တိုက်ခိုက်လိုက်သည်။

တိုက်ပွဲမှ လွင့်စင်လာသည့် စွမ်းအင်လှိုင်းများကြောင့် ခပ်ဝေးဝေးတွင်ရှိနေသည့် သစ်သားသေတ္တာမှာ ဆက်တိုက်ပင် လိမ့်ထွက်နေသည်။

ကျွမ်းကျင်သူလေးယောက်မှာ အားကုန်ထုတ်သုံးရန် ဆုံးဖြတ်ထားပြီးသားပင်။

ရှီဟောင်မှာ တစ်ယောက်တည်းဖြစ်နေသောကြောင့် အခြားသူများ သူ့အား ဝိုင်းတိုက်နေကြမည်မှာ သံသယဖြစ်စရာပင်မလို။

“ငါ့လမ်းထဲ ဝင်မပါနဲ့ .. ငါသူ့ကို သတ်မယ်..” ဧကရာဇ်ကလန်လူငယ်လေးမှ အေးစက်စွာ ပြောလိုက်သည်။

“အရှက်မရှိ လျှောက်ပြောမနေနဲ့ .. ငါမင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်..” ရှီဟောင် အေးစက်စွာ ပြန်ပြောလိုက်သည်။

ဝုန်း..

သူ၏ဓားကို လွှဲရမ်းလိုက်သည့်အပြင် လက်သီးတစ်ချက်လည်းပစ်လွှတ်လိုက်သည်။ မပျက်စီးနိုင်သည့်ကျမ်းစာလည်း တောက်ပလာကာ ကောင်းကင်ကို တုန်ခါသွားစေသည်။

ရှီဟောင် ထိုလူများကြားထဲမှ ဖောက်ထွက်လိုက်ကာ သစ်သားသေတ္တာနောက်သို့ လိုက်,လိုက်သည်။ မထင်မှတ်ထားသည့်အရာတစ်ခုခုဖြစ်လာမည်ကို သူတကယ်ကြောက်မိသည်။ အခြားသတ္တဝါများပေါ်လာပြီး သူ့သစ်သားသေတ္တာကို လုသွားပါက ပိုပြီး ပြဿနာကြီးသွားလိမ့်မည်။

ဤသည်မှာ မဖြစ်နိုင်သည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် မြေအောက်၌ သင်္ချိုင်းမြေကြောရှိနေသောကြောင့် အိပ်ပျော်နေသည့် မသေသေးသည့်စစ်သူရဲများ နိုးလာနိုင်သည်။

အနည်းဆုံးတော့ မြင့်မြတ်မြေတွင် မသေသေးသည့်အမျိုးသမီးစစ်သူရဲတစ်ယောက်ရှိနေသည်ပင်။ သို့သော်လည်း အကြောင်းပြချက်တစ်ချို့ကြောင့် သူမ ပေါ်မလာတော့ပေ။

“သတ်..”

အနောက်ဘက်တွင်ရှိနေသည့် ကျွမ်းကျင်သူသုံးယောက် တရှိန်ထိုးပြေးလာကြသည်။ မြေကြီးထဲမှ နတ်အလင်းတန်း ထောင်ပေါင်းများစွာကို ထွက်လာကာ ထိုသစ်သားသေတ္တာကို လွင့်ထွက်သွားစေလေသည်။

ထို့အပြင် သူတို့သုံးယောက် နားလည်မှုယူလိုက်ကာ ရှီဟောင်ကို အရင်ဆုံးရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးမှသာ သစ်သားသေတ္တာအတွက် ယှဉ်ပြိုင်ကြမည်။

သစ်သားသေတ္တာ မြေပြင်မျက်နှာပြင်ပေါ်သို့ ရောက်သွားသည့်အချိန်တွင်တော့ ငြိမ်သက်သွားလေသည်။ သစ်သားသေတ္တာမှာ စစ်မြေပြင်နှင့်အတော်ဝေးဝေးသို့ ရောက်သွားလေပြီ။

အမ်..

“မကောင်းတော့ဘူး..”

တစ်ခဏကြာပြီးနောက် အားလုံးထံမှ အော်သံများ ထွက်လာကာ သူတို့အားလုံး ရှီဟောင်ကို သတ်ရန်ပင် စိတ်မဝင်စားတော့ပဲ ထိုသစ်သားသေတ္တာထံသို့ ပြေးသွားလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် သစ်သားသေတ္တာ စတင်လှုပ်ရှားလာသည့်အပြင် အလွန်လျင်မြန်သည့်အရှိန်ဖြင့် သွားနေသောကြောင့်ပင်။

ကျွမ်းကျင်သူ လေးယောက်လုံး ထိုသေတ္တာနောက်သို့ ပြေးလိုက်သွားကြသည်။

သေတ္တာက ဘယ်လိုလုပ် သူ့ဘာသာသူ ပြေးနေတာလဲ..

ခဏကြာပြီးသည့်နောက် ဘာဖြစ်နေသည်ကို သူတို့သိသွားလေပြီ။ ဤသည်မှာ သတ္တဝါတစ်ကောင်မှ ထိုသေတ္တာအား ဆွဲသွားခြင်းပင်။

သူတို့လေးယောက်‌ ကောင်းကင်မျက်လုံးများကို ဖွင့်ကြည့်ပြီးနောက် ထိတ်လန့်သွားရသည်။

ရှီဟောင် အနည်းငယ်ပင် ဆွံ့အသွားရ၏။ လုယူသွားသည့်သူမှာ ထိုထာဝရဆေးပင်ပင်။

သူလည်း ဝင်လုနေခြင်းပင်။

သူ့ကို တွေ့သွားသည်နှင့် ထိုသစ်ပင်သည် ပုန်းမနေတော့ပဲ သူ၏အကိုင်းများဖြင့် သေတ္တာကြီးကို ရစ်ပစ်ကာ အလွန်လျင်မြန်သည့်အရှိန်ဖြင့် ပြေးသွားလေသည်။

ယခုအချိန်တွင် အနက်ရောင်စွမ်းအင်ပင်လယ်ကြီး မရှိတော့သဖြင့် ဤနေရာကိုကန့်သတ်ထားသည့်အရာ မရှိတော့။ ဤထာဝရဆေးပင်သည် ကောင်းကင်ထက်သို့ ပျံသန်းနိုင်သလို မြေကြီးထဲလည်း ငုပ်လျှိုးသွားနိုင်သည်။

ရွှီး..

သူ လေဟာနယ်ထဲမှ ပျောက်ကွယ်သွားသည်။

“မင်း ထွက်ပြေးလို့မရဘူး..” ဂုကလန်အမွေဆက်ခံသူ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် လေဟာနယ်လှံတံသည် လေဟာနယ်ကို ထိုးဖောက်သွားကာ ထိုထာဝရဆေးပင်အား လမ်းပိတ်လိုက်သည်။

ရွှီးဟူသည့်အသံနှင့်အတူ သူမြေအောက်ထဲသို့ ပြေးဝင်သွားသည်။ ဤသည်မှာ မြင့်မြတ်မြေနှင့် ဆိုးယုတ်သည့်မြေဖြစ်သောကြောင့် မြေအောက်အလွှာ၌ ဘာရှိနေမည်ကို ဘုရားသာသိလိမ့်မည်။

“မင်းထွက်ပြေးလို့မရဘူး..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ဒီဆေးပင်တောင်မှ သူနဲ့ယှဉ်ရဲနေတယ် .. ရှီဟောင် ဤသစ်သားသေတ္တာကို ပို၍စိတ်ဝင်စားလာရသည်။ တစ်ချိန်တည်းမှာပင် သူစဉ်းစားမိသည်မှာ ဤသက်ရှည်ဆေးပင် သူ့အား ဆိုးယုတ်သည့်မြေသို့ ခေါ်သွားခြင်းမှာ သူ့အားသတ်ချင်သောကြောင့် ဟုတ်ရဲ့လား.. မဟုတ်မှ သူ့ရဲ့စွမ်းအားကို အသုံးချပြီးတော့ ဒီသစ်သားသေတ္တာကို လိုချင်နေတာကြောင့်များလား..

ရွှီး…

ရှီဟောင် သူ၏လုံခြုံရေးကိုပင် ဂရုမစိုက်တော့ပဲ မြေအောက်ထဲသို့ လိုက်ဝင်သွားလိုက်သည်။

ဤသစ်ပင်နှင့်မျက်ချေပြတ်သွားမည်ကို သူမကြောက်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ဤသက်ရှည်ပင်မှ ရထားသည့် သစ်ရွက်တစ်ရွက်ရှိနေသည်ပင်။ ထိုသစ်ရွက်တွင် အားကောင်းလှသည့်တံဆိပ်အော်ရာတစ်ခု ရှိနေသည်ပင်။

ရှီဟောင် ထိုအော်ရာနောက်လိုက်ကာ ထိုသစ်ပင်နောက်သို့ လိုက်သွားလိုက်သည်။

အနောက်ဘက်တွင်ရှိနေသည့် ကျွမ်းကျင်သူ သုံးဦး မျက်မှောင်ကြုတ်လိုက်ကြသည်။ ကိစ္စများမှာ အနည်းငယ် ပြဿနာများနေပြီဟု သူတို့ခံစားလိုက်ရကာ ထိုသစ်သားသေတ္တာအားဆုံးရှုံးရမည်ကို ကြောက်မိသည်။

ထိုသစ်သားသေတ္တာ ရှီဟောင် လက်ထဲရောက်သွားမည်ကို သူတို့စိုးရိမ်နေကြသည်ပင်။

မြေအောက်တွင် ထိုထာဝရဆေးပင်မှာ အလွန်လျင်မြန်စွာ ပြေးနေဆဲပင်။

ဤဆေးပင်က တကယ်ကို ရူးနေသည်ပင်။ သူသည် သက်ရှည်ဆေးပင်တစ်ပင်သာဖြစ်သော်လည်း ရှီဟောင်နှင့် သစ်သားသေတ္တာကို လာပြိုင်လုနေသေးသည်။

အပိုင်း ၁၆၇၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၁ – မြေအောက်စံအိမ်ထဲသို့ မတော်တဆရောက်သွားခြင်း

ရှီဟောင် အနည်းငယ် စိတ်ရှုပ်ထွေးနေရသလို အနည်းငယ်လည်း စိတ်တိုနေရသည်။ ဤထာဝရဆေးပင်တစ်ပင်လေးက သူနှင့် သစ်သားသေတ္တာကို လာလုချင်နေသေးသည်။

သူက ဒီသေတ္တာအကြောင်း တစ်ခုခုသိနေလို့ ရှီဟောင်ကို ဆိုးယုတ်တဲ့မြေကြီးထဲ လှည့်ခေါ်သွားပြီး အခုမှ သူ့ရဲ့ သဘာဝကံကောင်းမှုကြီးကို လာလုနေတာလား..

“မင်း သေတ္တာကို မထားခဲ့ရင် ငါမင်းကို ဖမ်းမိတာနဲ့ မင်းကို ချက်စားပစ်မှာ..” ရှီဟောင် ခြိမ်းခြောက်လိုက်သည်။

ဤသက်ရှည်သစ်ပင်မှာ အလွန်လျင်မြန်လှသည်။

ထိုခြိမ်းခြောက်စကားကို ကြားလိုက်ရသည့်အချိန်တွင် သူပို၍ လျင်မြန်လာ၏။ သူ ကြောက်သွားသည်မှာ သေချာသည်။

ရှီဟောင် လျှပ်စီးတာအိုသင်္ကေတများ ထုတ်လွှတ်လိုက်သည်နှင့် လျှပ်စီးများတစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ မြေကြီးကို ဖောက်ဝင်လာသည်။ ကံမကောင်းစွာဖြင့် ဤဆေးပင်သည် အလွန်လျင်မြန်သည့်အပြင် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်လုပ်နေသောကြောင့် ထိုလျှပ်စီးအားလုံးကို ရှောင်လိုက်နိုင်သည်။

ဝုန်း..

ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ ရိုက်ချလိုက်သည်နှင့် ဤကမ္ဘာမြေလွှာကြီး ပေါက်ကွဲသွားသည်။ တောက်ပသည့်အလင်းများ ထွက်ပေါ်လာကာ ဤနေရာပင် ချိုင့်ဝင်သွားကာ ပြင်းထန်လှသည့်ငလျင် ဖြစ်ပေါ်သွားသည်။

ထိုအခိုက်အတန့်တွင် မြေပေါ်ရှိ တောင်တန်းများ ပြိုကျသွားမှာ အမှိုက်များနှင့် ဖုန်မှုန့်များ ကောင်းကင်ထက်သို့ ပျံဝဲကုန်သည်။

ဤသက်ရှည်ဆေးပင်မှာ ပို၍ပင် မြန်လာသည်။ သူ၏တိုက်ခိုက်နိုင်စွမ်း မကောင်းသော်လည်း ထွက်ပြေးသည့်နေရာတွင်တော့ ဆရာကျသည်ပင်။ ထို့အပြင် သူ မှော်အစီအရင်မျိုးစုံကိုလည်း ချိုးဖောက်နိုင်သည်ပင်။

“မင်းဘယ်သွားချင်နေတာလဲ..” ရှီဟောာင် အံကြိတ်၍ ပြောလိုက်သည်။ ဤဆေးပင်မှာ ကောက်ကျစ်လွန်းလှသည်ပင်။ သူ၏အော်ရာကို ပိတ်ထားသောကြောင့်သာမဟုတ်ပါက သူဤအပင်ကို မျက်ခြေပြတ်သွားလောက်လေပြီ။

“အဲဒီမှာ..” ကောင်းကင်ထက်တွင် ဧကရာဇ်ကလန်သခင်လေး၊ ဂုကလန်အမွေဆက်ခံသူနှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့တို့လိုက်လာကြသည်။ တောင်တန်းများပြိုကျပြီး မီးခိုးမှုန်များ ကောင်းကင်ထက်သို့ တက်လာသည်ကို သူတို့တွေ့လိုက်ရခြင်းပင်။

ရွှီး..

တောင်ထိပ်တစ်လုံးလောက်ပင် ထူထဲလှသည့် အလင်းတန်းသုံးတန်း တရှိန်ထိုးပြေးလာကြလေသည်။ သူတို့ မြေကြီးကို ဖောက်ဝင်သွားကြကာ ဤနေရာ တုန်ခါသွားအောင် လုပ်လိုက်ကြသည်။

အလင်းတန်းများ မြေကြီးထဲသို့ ဝင်သွားသည်နှင့် ကြောက်စရာကောင်းသည့် ချောက်နက်ကြီးတစ်ခုဖြစ်သွားသည်။

ရှီဟောင် အရိုက်ခံရလုနီးပါးဖြစ်သွားသည်။ သူ ဤသက်ရှည်ဆေးပင်နောက်လိုက်ချင်သော်လည်း ယခုအချိန်တွင် သူ ဤကျွမ်းကျင်သူသုံးယောက်နှင့် ရင်ဆိုင်ရတော့မည်။

ထို့အပြင် သူတို့ဝင်ရောက်နှောက်ယှက်လိုက်သောကြောင့် သက်ရှည်ဆေးပင်လည်း‌ ပျောက်သွားလေသည်။

“ထွက်သွားစမ်း..”

ရှီဟောင် မြေပြင်ထက်သို့ ပြန်ထွက်လာလိုက်ပြီး ဒေါသတကြီးဖြင့်ပင် လက်သီးများတစ်လုံးပြီးတစ်လုံးပစ်လွှတ်လိုက်သည်။ ကောင်းကင်ကြီးတွင် အက်ကြောင်းများစွာ ထွက်ပေါ်လာကာ ချက်ချင်း ပြိုကွဲသွားသည်။

ကျွမ်းကျင်သူ သုံးဦးလုံး ရှောင်ရှားလိုက်နိုင်ကြသည်ပင်။ သူတို့ ယခုအချိန်တွင် သူနှင့် မတိုက်ခိုက်ချင်။ ထာဝရဆေးကိုဖမ်းရန်မှာ အရေးအကြီးဆုံးပင်။

“လေဟာနယ်လှိုင်း..” ဂုကလန်ကျွမ်းကျင်သူ အော်ဟစ်လိုက်ကာ လျှို့ဝှက်ပညာတစ်ခုကို အသုံးပြုလိုက်သည်။ သူ့အနားတွင်ရှိနေသည့် လေဟာနယ်များ ချက်ချင်းပင် တုံ့ပြန်လာသည်။ နတ်အလင်းများ လှိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

“ဟိုမှာ..” သူအော်ဟစ်ကာ တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။

ဂုကလန်တွင် လောကကြီး၏ လေဟာနယ်ကို အလွန်အာရုံခံနိုင်သည့် လေဟာနယ်တာအိုတစ်မျိုး ပိုင်ဆိုင်ထားသည်ပင်။ သူယခုလေးတင် ဤမွေးရာပါ လျှို့ဝှက်ပညာအားအသုံးပြုကာ သက်ရှည်ဆေးပင်၏တည်နေရာကို ရှာလိုက်ခြင်းပင်။

ရှီဟောင်လည်း သူတို့ထက် နောက်မကျစေပဲ ပြေးသွားလိုက်သည်။ သူ့ထံတွင် ဤဆေးပင်၏ သစ်ရွက်တစ်ရွက်ရှိနေသောကြောင့် ဤအပင် ထိုနေရာ၌ရှိနေမှန်း သူအာရုံခံနိုင်သည်ပင်။

ဝုန်း..

ရှီဟောင် ယဉ်ကျေးမနေတော့ပဲ ထိုသုံးဦးကို အရင်တိုက်ခိုက်လိုက်သည်။ သူတို့ထံသို့ လျှပ်စီးတစ်တန်း ပို့လွှတ်လိုက်သည်။ ထိုလျှပ်စီးမှာ သာမန်မဟုတ်။ သူ့ထံ၌ လျှပ်စီးကန်တံဆိပ်များ ပါဝင်နေသည်။

ဤနေရာ၌ ကောင်းကင်အတိဒုက္ခ ပေါ်လာလုနီးပါးပင်။

အဓိကအကြောင်းရင်းမှာ သူ့ထံတွင် ပြင်ဆင်ရန်အချိန်လုံလုံလောက်လောက် မရသောကြောင့် သူ စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခကို မဆင့်ခေါ်နိုင်သေး။

ထိုသို့ဆိုသော်လည်း အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ထိတ်လန့်သွားရဆဲပင်။ သူ ရှီဟောင်ကို စိုက်ကြည့်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ့အား အင်ပါယာဂိတ်အပြင်ဘက် ရောက်နေတုန်း သတ်ပစ်ရမည်ဟု သူဆုံးဖြတ်လိုက်သည်။

သူတို့ သက်ရှည်ဆေးပင်နောက်လိုက်နေရင်းဖြင့်ပင် တိုက်ခိုက်နေကြသည်။ ခဏကြာပြီးနောက် သူတို့ လမ်းခွဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်ထံတွင် သစ်ရွက်မှ ဆက်သွယ်ချက်ရှိနေသောကြောင့် သူမြေအောက်ထဲသို့ တစ်ယောက်တည်းဝင်သွားကာ ထို’သူခိုး’ နောက် လိုက်သွားလိုက်သည်။

ထိုသစ်ပင်လေးသည် သစ်သားသေတ္တာကို သယ်ကာ သူ့မျက်စိရှေ့မှ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

သူ၏အရှိန်မှာ အလွန်လျင်မြန်သည်ဟု ပြော၍ရသည်။ တစ်ဖက်လောကမှ ကျွမ်းကျင်သူသုံးယောက်ဖြစ်စေ ရှီဟောင်ဖြစ်စေ အားလုံးနောက်ကောက်ကျန်ခဲ့ကြသည်ပင်။

ဝုန်း..

ထာဝရဆေးပင်သည် ရုတ်တရက် မြေကြီးထဲမှ ထွက်ကာ ကောင်းကင်ထက်သို့ ပြေးဝင်သွားသည်။ လေဟာနယ်ထဲ ပျံသန်းသည့်အချိန်တွင်လည်း သူ၏အရှိန်မှာ အံ့အားသင့်စရာကောင်းလှသည်ပင်။

ရှီဟောင်လည်း သူ့နောက်မှ လိုက်လာလိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိအရိုးများမှ ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။ ထို့နောက် သူ့အသွေးအသားနှင့် သူ့အရိုးများ ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်ဖက်လောကမှ လူငယ်သုံးဦးလည်း ထို့အတူပင်။ သူတို့အသွေးအသားနှင့်သွေးများ ပြန်ပေါ်လာသည်။

သူတို့နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူတို့ ထိုမြင့်မြတ်မြေ၊ ဆိုးယုတ်သည့်မြေနှင့် အတော်လေး ဝေးကွာနေပြီကို တွေ့လိုက်ရသည်။

“မသေသေးတဲ့အမျိုးသမီးစစ်သူရဲ ထွက်သွားပြီလား..” ရှီဟောင် မြင့်မြတ်မြေဘက်သို့ ကြည့်လိုက်သည်။ သူသည် ထိုလိပ်ပြာပြန်ဝင်စားခြင်းဆိုသည့်အရာကို မယုံကြည်ခဲ့။ သူ အခြားသူတစ်ယောက်၏ အိပ်မက်ထဲ၌ နေထိုင်ခြင်းဖြစ်သည် ဆိုသည်ကို သူမယုံကြည်။

ကံမကောင်းစွာဖြင့် သူ မသေသေးတဲ့အမျိုးသမီးစစ်သူရဲကို မတွေ့တော့။

အမှန်တကယ်တွင် ဆိုးယုတ်သည့်မြေထဲ၌ အရိုးစုသုံးခုကို တွေ့ကတည်းက ဤသည်မှာ ရှေးဟောင်းမြေနှင့်ပတ်သက်နေပြီး လိပ်ပြာပြန်ဝင်စားခြင်းမဟုတ်ကြောင်း သူသိလိုက်သည်ပင်။

“ဟွမ် .. မင်းအသက်ကို လက်လွှတ်လိုက်တော့..”

အသွေးအသားနှင့်သွေးများ ပြန်ပေါ်လာသည်နှင့် အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ ပို၍ တောက်ပလာသည်။ သူ၏ ရွှေရောင်လည်ဆံမွေးများမှာ မြေပြင်ကိုပင် ထိနေပြီး သူ၏ရွှေရောင်ခန္ဓာကိုယ်ကြီးသည်လည်း နေလုံးတစ်လုံးကဲ့သို့ တောက်ပနေသည်။

သူ၏အသံတွင် စွမ်းအားကြီးလှသည့် ပေါက်ကွဲစွမ်းအားများ ပါဝင်နေသည်ပင်။ သူသာ အနည်းငယ် ပို၍စွမ်းအားကြီးလိုက်သည်နှင့် သူ နေ၊ လနှင့်ကြယ်များကိုပင်‌ ကြွေကျအောင်လုပ်နိုင်လိမ့်မည်။

“မင်းက ငါ့ကို ဒီလောက်တောင် မုန်းတီးနေတာလား..” ရှီဟောင်သူ့အား ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည့် ထာဝရဆေးပင်ကို ကြည့်လိုက်သည်။

“အချိန်မရှိတာ နှမြောစရာပဲ .. မဟုတ်ရင် ငါမင်းတို့ သစ္စာဖောက်ကလန်တစ်ခုလုံးကို ရှင်းပစ်မှာ..” ရှီဟောင် ထိုအပင်နောက်သို့ ထပ်လိုက်,လိုက်သည်။

“မင်းကိုသတ်ဖို့အတွက် ဘာအကြောင်းပြချက်မှမလိုဘူး..” အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့ အေးစက်စွာ ပြောလိုက်သည်။ ဝုန်း ဟူသည့်အသံနှင့်အတူ သူ၏ရွှေရောင်လက်ကြီးဖြင့် ရိုက်ချလာလေ၏။

အကြောက်တရားကင်းမဲ့သည့်ခြင်္သေ့၏ စွမ်းအားမှာ အခြားသူများ နားလည်သဘောပေါက်နိုင်သည့်အရာမဟုတ်။

သူ အသုံးပြုလိုက်သည်မှာ ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်၏ ‘လက်ဝါးအတွင်းမှလောက’ပင်။ ဤသည်မှာ လောကကြီးတစ်ခုကို ဖြစ်စေပြီး ရှီဟောင်အား ပိတ်လှောင်ထားချင်နေခြင်းပင်။

“ငါမင်းကို ပြောဖို့မေ့သွားတယ် .. အစောတုန်းက ဆိုးယုတ်တဲ့မြေမှာ ငါ ရွှေရောင်ခြင်္သေ့သုံးကောင်ကို သတ်ခဲ့တယ် .. ငါအချိန်ရရင် မင်းအလှည့်ပဲ..” ရှီဟောင် ပြောလိုက်သည်။ သူ၏လက်ထဲရှိ ဓားတောက်ပလာကာ လက်ဝါးအတွင်းမှလောက မပိတ်ခင်မှာပင် သူ စကြာဝဠာကြီးကို ထိုးဖောက်ကာ တရှိန်ထိုး ပြေးထွက်သွားလိုက်သည်။

ဝုန်း..

ဂုကလန်ကျွမ်းကျင်သူ လှုပ်ရှာလိုက်သည်။ သူ၏အချိန်လှံတံ ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်လာကာ ရှီဟောင်၏ ကျောနောက်ပိုင်းကို ဦးတည်လာသည်။

ဒုန်း..

ရှီဟောင် နောက်လှည့်မကြည့်။ သူ၏ဓားမျက်နှာပြင်တွင် မပျက်စီးနိုင်သည့်ကျမ်းစာ ထွက်ပေါ်လာသည်။ ထိုဓားကို လှည့်လိုက်သည်နှင့် ထိုအံ့အားသင့်စရာကောင်းသည့်လှံတံ ဖြတ်ခံလိုက်ရသည်။

“ငါ သေတ္တာကို ရပြီးတာနဲ့ မင်းတို့အားလုံးနဲ့ စာရင်းရှင်းမယ်..” ထိုသို့ပြောပြီးနောက် ရှီဟောင် ထိုသစ်ပင်နောက်သို့ နောက်တစ်ခေါက် ထပ်လိုက်သွားလိုက်သည်။

ရုတ်တရက် အအေးလှိုင်းတစ်ခုပျံ့လွင့်လာကာ ဤနေရာတစ်ခုလုံး အလွန်ငြိမ်သက်ကာ အေးစက်သွားရသည်။ မြေပြင်ထက်၌ အပင်များစွာရှိနေပြီး အပင်များမှာ အတော်လေးမြင့်မားလှသည်။ သို့သော်လည်း ဤအပင်များမှာ ကြောက်ရွံ့နေကြသကဲ့သို့ လှုပ်ရှားခြင်းမရှိ။

ရှီဟောင် ထိုအပင်နောက်သို့ မရပ်မနားပင် ပြေးလိုက်သွားကာ ထိုနယ်မြေထဲသို့ ဝင်သွားလိုက်သည်။

ယခုအချိန်တွင် သက်ရှည်ဆေးပင်၏အရှိန် အနည်းငယ် လျော့သွားလေပြီ။ အဘယ်ကြောင်ဆိုသော် ဆက်တိုက်ပြေးနေရသောကြောင့် သူမောလာလေပြီ။

သူ မည်သည့်နေရာပြေးပြေး ဤလူ သူ့ကို လိုက်မှီနေသည်။ ဤသည်မှာ သူ့ကို အနည်းငယ် ကူကယ်ရာမဲ့သွားစေသည်။

ရွှီး..

သူမြေကြီးထဲသို့ ထပ်ဝင်သွားကာ ထိုအေးစက်နေသည့်နေရာသို့ ဝင်သွားလိုက်သည်။

ရှီဟောင်လည်း တွေဝေမနေပဲ လိုက်ဝင်သွားလိုက်သည်။ သူ ထိုတိတ်ဆိတ်နေသည့်ရှေးဟောင်းမြေထဲသို့ ချက်ချင်း ရောက်သွားကာ ထိုဆေးပင်နောက်သို့ ဆက်လိုက်သွားလိုက်သည်။

ရုတ်တရက်တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားလိုက်ရသည်။ ဤနေရာရှိ မှုန်မှိုင်းမှုမှာ သူ့ကိုကြက်သီးများပင် ထလာစေပြီး သူ့ဝိညာဉ်ပင် အေးခဲတော့မတတ်ပင်။

ဖုန်း..

ထာဝရဆေးပင်သည် လူတစ်ယောက်ကဲ့သို့ ယိုင်နဲ့သွားကာ လဲကျလုမတတ်ဖြစ်သွားသည်။ ထို့နောက် သူ့လမ်းတွင်ရှိနေသည့် အဆီးအတားကို ဖြတ်ကျော်ကာ ထပ်ပြေးသွားလိုက်သည်။

ရှီဟောင် ဤနေရာကိုဖြတ်သွားလိုက်သည်နှင့် အမှောင်ထဲမှ ဖြူလျော်နေသည့် လက်တစ်ဖက် ထွက်ပေါ်လာကာ သူ့လက်မောင်းကို ဖမ်းဆုတ်လာသည်။ ထိုကဲ့သို့သော အေးစက်မှုမှာ အရိုးများကိုပင် ခဲသွားစေနိုင်လောက်သည်။

ဤနေရာ၌ အခေါင်းတစ်ခုရှိနေသည်ပင်။

ရှီဟောင် ကြက်သီးမွေးညှင်းများပင် ထသွားရသည်။ သူ ဤကဲ့သို့သော ထူးဆန်းသည့်အရာမျိုးနှင့် တွေ့ကြုံရလိမ့်မည်ဟု သူမထင်ထားခဲ့။ ကံကောင်းစွာဖြင့် သူ့တုံ့ပြန်မှုများ လျင်မြန်နေသည်ပင်။ သူ့လက်မောင်းနှင့်ထိမိသွားသော်လည်း သူ့လက်မောင်းကို မဖမ်းဆုတ်လိုက်နိုင်။

မသေသေးတဲ့စစ်သူရဲ..

ဤနေရာ အေးစက်မှုန်မှိုင်းနေသည်မှာ အံ့ဩစရာမရှိတော့။ သူ သင်္ချိုင်းမြေအခွဲတစ်ခုထဲသို့ ဝင်မိသွားခြင်းပင်။

ဝေါင်း..

ဟိန်းသံတစ်သံ ထွက်ပေါ်လာကာ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။ အနောက်ဘက်တွင်ရှိနေသည့် အခေါင်းကြီးပွင့်လာကာ ကြောက်စရာကောင်းသည့် သတ္တဝါတစ်ကောင် ထွက်လာပြီး ရှီဟောင်နောက် ပြေးလိုက်လာသည်။

နှစ်ပေါင်းများစွာ အိပ်ပျော်နေသည့် မသေသေးသည့်စစ်သူရဲ နိုးထလာကာ သူ့ကို အမဲလိုက်ရန်အတွက် အခေါင်းထဲမှ ထွက်လာလေပြီ။

ကံကောင်းသွားသည်မှာ မသေသေးသည့်စစ်သူရဲသည် သူ့ထက်ကျင့်ကြံဆင့်မြင့်သော်လည်း ဤနေရာကို ပိတ်ထားရလောက်အောင် စွမ်းအားမကြီးသေး။

ရှီဟောင် သူနှင့်တိုက်မည့်စိတ်ကူးမရှိသောကြောင့် တစ်ဖက်လှည့်ကာ ထွက်ပြေးသွားလိုက်သည်။

“မသေသေးတဲ့စစ်သူရဲ တစ်ယောက်ပဲ ရှိမှာပါ ဟုတ်တယ်မလား..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူသာ မသေသေးသည့်စစ်သူရဲအုပ်လိုက်ကြီးနှင့် တွေ့သွားပါက ပြဿနာများသွားလိမ့်မည်။

သို့သော်လည်း ဤနေရာရှိ သတ္တဝါများမှာ အိပ်ရသည်ကို နှစ်ခြိုက်ကြသောကြောင့် သူသာ နည်းနည်းလောက်ပိုသတိထားလိုက်လျှင် ပြဿနာမရှိလောက်တော့။

ထာဝရဆေးပင်မှာ အသက်လု၍ ပြေးနေလေပြီ။ မသေသေးသည့်စစ်သူရဲပေါ်လာခြင်းမှာ သူ့အား ထိတ်လန့်သွားစေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူလည်း ထိုမသေသေးသည့်စစ်သူရဲ အဖမ်းခံရလုနီးပါး ဖြစ်သွားသည်ပင်။

သူသည် ရှေးဟောင်းသင်္ချိုင်းမြေ၏ အတွင်းပိုင်းမှ လာခြင်းဖြစ်သောကြောင့် ဤကဲ့သို့သော သက်ရှိများလက်ထဲသို့ နောက်တစ်ခေါက် ထပ်မရောက်ချင်တော့။

သင်္ချိုင်းဘုရင်တစ်ပါး အခေါင်းလုပ်ရန်အတွက် သူ့ပင်စည်အား ဆုံးရှုံးခဲ့ရသည်ပင်။

ရုတ်တရက် ရှီဟောင် စိတ်ထဲ တုန်ယင်သွားရသည်။ အဘယ်ကြောင့်ဆို‌သော် ဤနေရာ၌ မြေအောက်အော်ရာမှာ ပို၍ ရက်စက်လာသည့်အပြင် အပူချိန်လည်း ပို၍အေးစက်လာသည်။

အား…

ရုတ်တရက် ဆေးပင်ထံမှ ငယ်သံပါအောင်အော်သည့်အသံ ထွက်ပေါ်လာသည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဒီကောင် ဘာတွေ့လိုက်ရတာလဲ .. သူ နောက်ပြန်ဆုတ်ချင်သော်လည်း ဤကဲ့သို့ အရှုံးမပေးချင်သေး။ ထို့ကြောင့် သူ အားတင်းကာ အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။

ထာဝရဆေးပင်သည် လာရာလမ်းအတိုင်း လှည့်ပြေးချင်သော်လည်း ရှီဟောင်နှင့်တွေ့သွားလေသည်။ သူသည် ရွေးချယ်စရာမရှိတော့ပဲ အရှေ့ဘက်သို့ ဆက်ပြေးသွားလိုက်သည်။

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ သူတို့ ထူးဆန်းသည့်ကျောက်နံရံများ ဝန်းရံနေသည့် နေရာတစ်ခုသို့ ရောက်လာခြင်းပင်။ ထာဝရဆေးပင် ဤနံရံများကို ဖြတ်ကျော်မသွားနိုင်ပဲ ဖြစ်နေသည်ပင်။

အချိန်မည်မျှကြာသွားမှန်းမသိသည့်အချိန်မှ အရှေ့ဘက်ရှိ နေရာတစ်ခုမှ ရုတ်တရက်ပွင့်လာသည်။

ထာဝရဆေးပင် ထိုထဲသို့ တရှိန်ထိုး ပြေးဝင်သွားသည့်အပြင် ထိတ်လန့်တကြားလည်း အော်ဟစ်လိုက်သေးသည်။

ခဏကြာပြီးနောက် ရှီဟောင်လည်း ထိုထူးဆန်းသည့်နေရာထဲသို့ ဝင်သွားလိုက်သည်။

ထို့နောက် သူ ချက်ချင်းပင် ဆွံ့အသွားရသည်။ သူမြေအောက်ကနေ ထွက်ပြီး အပေါ်ဘက်ကို ပြန်ရောက်သွားတာလား.. သို့သော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားနေရဆဲပင်။ ဤသည်မှာ မြေအောက်အတွင်းပိုင်းဖြစ်သော်လည်း အံ့အားသင့်စရာကောင်းသည့် ရှေးဟောင်းမြေတစ်ခုကို သူမြင်လိုက်ရသည်။

နေရာတိုင်း၌ ပုံရိပ်များရှိနေကာ မြေပြင်ပေါ်၌ ထူးဆန်းသည့်ပစ္စည်းအချို့လည်း ရှိနေသည်။ ထိုသက်ရှိများမှာ ဤပစ္စည်းများကို ဖလှယ်ကာ ရောင်းချနေခြင်းပင်။

ရှီဟောင် ဆွံအသွားရ၏။ ဒါက ဘယ်လိုနေရာမျိုးလဲ..

ဒါက တကယ်ပဲ ရွာဈေးလား..

တစ်ခုခုတော့မှားနေတယ် .. သူတို့မြေအောက် အတွင်းပိုင်းမှာ ရှိနေတာလေ..

ခဏကြာပြီးနောက် သူနားလည်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ ဤသည်မှာ မသေသေးသည့်စစ်သူရဲများပိုင်ဆိုင်သည့် ဈေးများထဲမှတစ်ခုပင်။

ထို့အပြင် သေဆုံးခြင်းစွမ်းအင်မရှိပဲ အလွန်ငြိမ်းချမ်းနေသည့် မသေသေးသည့်စစ်သူရဲအချို့ကိုလည်း သူတွေ့လိုက်ရသည်။ ဤလူများမှာ ပုံမှန်သက်ရှိများကဲ့သို့ပင်။ ဤသည်မှာ မသေသေးသည့်ရွှေရောင်စ‌စ်သူရဲများဖြစ်မည်ဟု သူချက်ချင်းသိလိုက်ရသည်။

အပိုင်း ၁၆၇၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၂ – ရိုးသားသော ပူးပေါင်းမှု

သူ မသေသေးတဲ့စစ်သူရဲအသိုက်ထဲ ရောက်လာတာလား .. ရှီဟောင် အလွန်ထိတ်လန့်သွားရသည်။ သူ ဤကဲ့သို့သော အန္တရာယ်များသည့်နေရာသို့ ထူးဆန်စွာ ရောက်ရှိလာလေပြီ။ ဤနေရာမှာ သေချာပေါက် နေရာကောင်းတစ်ခုမဟုတ်။ တစ်ချက်မှားသွားသည်နှင့် သူဤနေရာ၌ သေဆုံးသွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲများမှာ ထူးဆန်းလှပြီး သူတို့လူမျိုးစုနှင့်ကွာခြားလှသည်ပင်။ ပို၍ဆိုးသည်မှာ ဤလူများသည် သူတို့နှောက်ယှက်ခံလိုက်ရသည်နှင့် သူတို့အခေါင်းဖွင့်လိုက်သည့်သူများမှာ ဆိုးရွားစွာ သေဆုံးသွားရမည်ပင်။ သူတို့ထွက်ပြေးလွတ်မြောက်သွားလျှင်ပင် အဆုံးသတ်ကောင်းမည်မဟုတ်။

ယခု ဤနေရာ၌ မသေသေးသည့်စစ်သူရဲ တစ်ယောက်၊ နှစ်ယောက်ပင်မကရှိနေသည်ပင်။

ရှီဟောင် ဦးရေပြားများ ထုံကျဉ်လာကာ ထိုနေရာ၌ အမူအရာမဲ့စွာပင် ရပ်နေလိုက်သည်။

ထိုထာဝရဆေးပင်လည်း ငေးကြောင်နေသည်ပင်။ သူ ရှေးအကျဆုံးသင်္ချိုင်းမြေမှ ထွက်လာနိုင်သော်လည်း ယခုတော့ ‘ဝံပုလွေအုပ်’ ထဲသို့ ရောက်သွားလေပီဲ။

မသေသေးသည့်စစ်သူရဲတစ်စု ရှီဟောင်ကို စိုက်ကြည့်ပြီးနောက် ထာဝရဆေးပင်ကို ကြည့်လာသည်။ သူတို့၏မျက်လုံးများမှာ အေးစက်နက်ရှိုင်းနေပြီး အလွန်အသက်မဲ့နေသည်။

ဤသည်မှာ သူတို့အရေပြား ထိုးဖောက်ခံလိုက်ရသကဲ့သို့ နာကျင်လှသည်ပင်။

ရှီဟောင် မသက်မသာခံစားလိုက်ရသည်။ သူတို့ထံသို့ လျှောက်လာနေသည့် မသေသေးသည့်စစ်သူရဲတစ်ယောက်ရှိနေပြီဖြစ်သောကြောင့် သူနောက်ပြန်ဆုတ်၍မရတော့။ ထို့အပြင် ထိုသက်ရှိမှာ သာမန်သက်ရှိမဟုတ်။ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိနေကာ တစ်ကိုယ်လုံး မည်းနက်နေသည့်သူပင်။ သူ့ထံမှ အနက်ရောင်အလင်းများ တောက်ပနေကာ သေဆုံးခြင်းအော်ရာလည်း ပျံ့လွင့်လာသည်။

ဤမသေသေးသည့်စစ်သူရဲသည် အနည်းဆုံးတော့ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၌ ရှိမည်ပင်။

ရှီဟောင် သူ့ကိုယ်သူ အားတင်းကာ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။ သူ့အတွက် နေရာကောင်းတစ်ခု ရွေးလိုက်သည့်အပြင် သူ့ထံသို့လာနေသည့်အခြားသူများ ရှိမရှိကိုလည်း စစ်ဆေးကြည့်လိုက်သည်။

ဤသည်မှာ ဟင်းလင်းပြင်ဈေးတစ်ခုဖြစ်ပြီး မသေသေးသည့်စစ်သူရဲများ ဝင်ထွက်သွားလာနေကြသည်။ အချို့သူများမှာ ဆိုင်ခန်းများရှိနေပြီး ထူးဆန်းသည့်ရှေးဟောင်းပစ္စည်းများအား ရောင်းချနေကြသည်။

“အာ ဒီ လာ သော် အ..”

အရှေ့ဘက်မှ လူတစ်ယောက် ထာဝရဆေးပင်ကို လက်ညှိုးထိုး ပြောပြီးနောက် ရှီဟောင်အား ကြည့်လာသည်။

ဒါက ဘာအဓိပ္ပာယ်လဲ .. ရှီဟောင် နားမလည်..

သူ ခေါင်းကိုက်လာရ၏။

သူ ခပ်ဝေးဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် သူ့ကဲ့သို့ သေဆုံးခြင်းစွမ်းအင်မရှိသည့်သူအချို့ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူတို့သည် သာမန်မဟုတ်။ သူရဲကောင်းဆန်သည့် သွင်ပြင်ကို ပိုင်ဆိုင်ထားကြသည်။ ဤလူများမှာ မသေသေးသည့်ရွှေရောင်စစ်သူရဲများပင်။

ရှီဟောင် မျက်လုံးများ တောက်ပလာကာ သူ မသေသေးသည့်ရွှေရောင်စစ်သူရဲအဖြစ် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူ ချက်ချင်းပင် ဘေးပတ်လည်ကို အေးစက်စွာ ကြည့်လိုက်သည်။

ထို့နောက် သူ ထာဝရဆေးပင်ကို လက်ညှိုးထိုးလိုက်ကာ သူ့ထံလာရန် လုပ်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် သူအသံပို့လွှတ်လိုက်သည်။ “မင်း အုတ်ဂူထဲမှာ နောက်တစ်ခေါက် အစိုက်မခံချင်ရင် မင်း ငါ့ဘေးလာလိုက်တာ အကောင်းဆုံးဆုံးပဲ .. ငါနဲ့ နီးနီးကပ်ကပ်နေ..”

သက်ရှည်ဆေးပင်များတွင် သူတို့ကိုယ်ပိုင် အသိဉာဏ်များရှိပြီးစကားပြောနိုင်ကြသည်ပင်။ သူ ယခင်က ‘ထာဝရသက်ရှိကို သယ်ဆောင်ထားသည့်လိပ်ဖြူ’ နှင့် စကားပြောဖူးသည်ပင်။

“မင်းက ငါ့ထက်တောင် ပိုပြီးတော့အန္တရာယ်များတာတောင်မှ အရှက်မရှိ လျှောက်ပြောနေရဲသေးတာလား..” အနည်းငယ် တည်ငြိမ်သွားသည့်အချိန် သူ အသံပို့လွှတ်လိုက်သည်။

“ငါတို့ ပူးပေါင်းကြမယ် .. ဒါက မင်း မသေသေးသည့်စစ်သူရဲလက်ထဲရောက်သွားပြီး အုတ်ဂူထဲမှာ အစိုက်မခံရအောင် ကာကွယ်ပေးလိမ့်မယ် .. ငါ မသေသေးသည့်ရွှေရောင်စစ်သူရဲအဖြစ် ဟန်ဆောင်မယ် …မင်းက ငါ့ကိုကူညီပေး..” ရှီဟောင် မြန်မြန်ပြောလိုက်သည်။

ထာဝရဆေးပင် အလွန်ထိတ်လန့်သွားရသည်။ သူတစ်ခဏခန့် တွေဝေနေပြီးနောက် ရှီဟောင်ထံသို့ ပျံသန်းလာလိုက်သည်။ ဤလူသားမှာ အတော်လေး ရဲတင်းလှပြီး သူ၏နည်းလမ်းမှာ အလုပ်ဖြစ်လိမ့်မည်ဟု သူခံစားနေရသည်။

“မင်း ကိုယ့်အလုပ်ကိုကိုယ်လုပ်ရင် အကောင်းဆုံးပဲ .. မင်းငါ့ကို အန္တရာယ်ပေးဖို့ကြိုးစားရင် ငါမင်းကို ဖော်ထုတ်ပစ်မှာ .. အဲဒီအချိန်ကျရင် မင်း ကောင်းကောင်းတောင် အမြှုပ်မခံရပဲနဲ့ သေသွားမှာ..” ဆေးပင်အိုကြီး သတိပေးလိုက်သည်။

ရှီဟောင် သူ့ကို စားပစ်မည်စိုးသောကြောင့် သူ စိတ်မအေးနိုင်ဖြစ်နေရသည်။ မည်သို့ပင်ဖြစ်စေ သူသည် သတ္တဝါများအားလုံး လိုချင်နေသည့် သက်ရှည်ဆေးပင်တစ်ပင်ပင်။

“စိတ်လျော့ .. အခု ငါတို့နှစ်ယောက်လုံး အန္တရာယ်များနေတာ..” ရှီဟောင် သူ စိတ်တည်ငြိမ်သွားအောင် လုပ်လိုက်သည်။

လူတစ်ယောက်နှင့်ဆေးတစ်ပင် ပူးပေါင်းလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း.. အထူးသဖြင့် ဆေးပင်မှာထာဝရဆေးပင်ဖြစ်နေသည်ပင်။

အစောပိုင်း၌ ဤနှစ်ယောက်မှာ မီးနှင့်ရေပင်။

“မင်းသိထားရမှာက မင်းဖော်ခံရတာနဲ့ ငါက အများဆုံးမှ မသေသေးသည့်စစ်သူရဲတစ်ယောက် ဖမ်းခေါ်သွားတာခံရပြီး သူ့အခေါင်းဖြစ်ရုံပဲ .. မင်းကတော့ တစ်စစီဖြစ်သွားမှာ .. မဟုတ်ဘူး .. မင်း သင်္ချိုင်းကျွန်အဖြစ် ပြောင်းခံလိုက်ရပြီးတော့ ရှင်တာထက်သေတာက ပိုကောင်းတဲ့ဘဝမျိုး ရောက်သွားမှာ..”

ဆေးပင်လေးသည် ရှီဟောင်သူ့အား ထိခိုက်အောင်လုပ်လိုက်လျှင် ဖြစ်လာမည့်အကျိုးဆက်များကို ရှီဟောင်နားလည်အောင် ကြိုးစားရှင်းပြနေလေသည်။

“စိတ်လျော့ပါ.. အချိန်မရှိတော့ဘူး .. သူတို့ကို မြန်မြန်စကားပြန်ပြောလိုက် .. မဟုတ်ရင်လည်း ငါ့ကို ရှေးဟောင်းသင်္ချိုင်းဘာသာစကားသင်ပေး .. ငါ့ကို မသေသေးသည့်ရွှေရောင်စစ်သူရဲနဲ့ပိုတူတောင် လုပ်ပေး..”

ဤဆေးပင်အိုကြီးသည့် ရှေးဟောင်းမြေ၌ အချိန်ကြာမြင့်စွာ နေခဲ့သောကြောင့် သင်္ချိုင်းဘာသာစကားကို တတ်လိမ့်မည်ဟု သူယုံကြည်သည်။ ထို့အပြင် သူ မသေသေးသည့်ရွှေရောင်စစ်သူရဲအကြောင်းကို သာမန်လူများထက် ပိုသိလိမ့်မည်ပင်။

“မို ဆဲလ် နီး ဂါ လော့..”

ဆေးပင်ကြီး သူနှင့်ပူးပေါင်းပေးလိုက်သည်ပင်။ သူ၏အမြစ်နှင့် နူးညံ့သည့်သစ်ကိုင်းများမှာ တစ်ပေပင်မရှိတော့။ သူ ရှီဟောင်၏ပုခုံးပေါ်သို့ တက်လိုက်ကာ ချက်ချင်း စကားတစ်ခွန်းပြောလိုက်၏။

သို့သော်လည်း သူသည် ထိုသေတ္တာကိုတော့ ဆုတ်ကိုင်ထားဆဲပင်။

“ဂါ ဂု မီ မု..” ခပ်ဝေးဝေးမှ မသေသေးသည့်စစ်သူရဲတစ်ယောက်လျှောက်လာသည်။ သူ၏အပြုံးမှာ အလွန်တောက်ပလှသည်ပင်။ သူသည် အသက် သုံးဆယ်အောက်သာ ရှိသေးသော်လည်း သူ၏ခွန်အားမှာ ကြောက်စရာကောင်းလှသည်။

သူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်၏ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည့်အပြင် သူသည် မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက်ပင်။

သူ၏ရွှေရောင်ဆံပင်ရှည်များမှာ အလွန်တောက်ပလှပြီး သူ၏ရင်ဘတ်ရှေ့နှင့် နောက်ကျောတွင် ရွှေရောင်မြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့ပင်။

ဆေးပင်ကြီးသည် ဤမသေသေးသည့်ရွှေရောင်စစ်သူရဲနှင့် စကားပြောနေလေ၏။ သူစကားပြောသည့်အရှိန်မှာ အလွန်လျင်မြန်လှသည်။

“ဒါက တကယ်ထူးဆန်းတယ် .. မသေသေးသည့်ရွှေရောင်စစ်သူရဲက ရှေးအကျဆုံးသင်္ချိုင်းမြေမှာတောင် နည်းနည်းလေးပဲရှိတာ .. အရေးကြီးတဲ့ပွဲတွေမရှိရင် ဒီလောက်အများကြီး စုနေမှာမဟုတ်ဘူး..”

သက်ရှည်ဆေးပင်သည် မသေသေးသည့်ရွှေရောင်စစ်သူရဲနှင့်စကားပြောနေရင်းဖြင့်ပင် ရှီဟောာင်ထံသို့ အသံပို့လွှတ်လိုက်သည်။ သူ တကယ်ကို ရှုပ်ထွေးနေခြင်းပင်။

ဤသည်မှာ တကယ်ကို ထူးဆန်းလှသည်။ မသေသေးသည့်ရွှေရောင်စစ်သူရဲမှာ အရေအတွက်နည်းပါးလှသည်ပင်။ သူတို့သည် စွမ်းအားအကြီးဆုံး သွေးမျိုးဆက် မသေသေးသည့်စစ်သူရဲများ၏ မျိုးဆက်များပင်။ ပုံမှန်အားဖြင့် သူတို့အများကြီး ပေါ်လာလေ့မရှိ။

ယခုတော့ ဤနေရာ၌ အနည်းဆုံး ဒါဇင်ပေါင်းများစွာ ရှိနေမည်ပင်။

ထိုထဲတွင် အမျိုးသားရော အမျိုးသမီးများပါ ပါဝင်နေပြီး သူတို့အားလုံးကို ထာဝရမြူများ ရစ်ဆိုင်းနေကြသည်။ ဤသည်မှာ ဤသင်္ချိုင်းမြေသို့ စွမ်းအားအကြီးဆုံး နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ပင်။

“မင်းတစ်ယောက်တည်း မပြောနဲ့ … ငါ့ကိုလည်း ရှေးဟောင်းသင်္ချိုင်းစကား နည်းနည်းလောက် မြန်မြန်သင်ပေး.. တစ်ကြောင်းစီသင်ပေး .. ငါ သူတို့နဲ့ ငါကိုယ်တိုင်စကားပြောရမယ် မဟုတ်ရင် ငါတို့ဟန်ဆောင်ထားတာ ပေါ်သွားလိမ့်မယ်..” ရှီဟောင် ပြောလိုက်သည်။

သူတို့အနားတွင် မသေသေးသည့်စစ်သူရဲများစွာရှိနေသောကြောင့် ဤသည်မှာ အန္တရာယ်များလွန်းလှသည်။

သူ့ဘက်တွင် သက်ရှည်ဓားရှိနေလျှင်ပင် ဤဓားကိုထုတ်လိုက်သည်နှင့် သူပို၍ပင် အန္တရာယ်များသွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ စွမ်းအားကြီးသည့်မသေသေးသည့်စစ်သူရဲများ၏ လောဘကို သွားဆွသလိုဖြစ်သွားပြီး သူတို့ ဤဓားကို လုယူကြလိမ့်မည်။

ဆေးပင်အိုကြီးသည့် မကျေနပ်သော်လည်း သူ့အားတစ်ကြောင်းစီပင် သင်ပေးနေသည်။ ရှီဟောင်အား မသေသေးသည့်ရွှေရောင်စစ်သူရဲနှင့် စကားပြောခွင့်ပေးလိုက်သည်။

ဘာသာစကားမှာ ထူးဆန်းပြီး အသံထွက်မှာ တစ်မျိုးကြီးဖြစ်နေကာ နားလည်ရန်ခက်ခဲသော်လည်း ယခုတော့ ရှီဟောင် သူ့ရှေ့တွင်ရှိနေသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲနှင့် ကောင်းကောင်း ဆက်သွယ်နိုင်နေသည်။

“တာအိုရောင်းရင်းက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ .. သက်ရှည်ဆေးပင်တစ်ပင်တောင် ယူလာနိုင်တယ် .. သင်္ချိုင်းချောက်နက်ကို လေ့လာတာနဲ့ ရောင်းရင်း သေချာပေါက် အကျိုးများလိမ့်မယ်လို့ကျုပ်ယုံကြည်တယ်..” ထိုအလွန်တောက်ပနေသည့် ရွှေရောင်ဆံနွယ်နှင့် လူငယ်မှ ပြောလိုက်သည်။

သူ၏ အပြုံးမှာ နွေးထွေးလှပြီး သူသည် ဖော်ရွေစွာပင် စကားပြောနေလေ၏။

ရှီဟောင် ဆွံ့အသွားရသည်။ ဤသည်မှာ မသေသေးသည့်စစ်သူရဲပင် .. သူနားလည်ထားသည်မှာ မသေသေးသည့်စစ်သူရဲဆိုသည်မှာ မိစ္ဆာများထဲမှ မိစ္ဆာများဖြစ်ပင်။ သို့သော်လည်း ယခုတော့တစ်ဖက်လူမှာ သူ့ထက်ပင်ပို၍ သန့်စင်မြင့်မြတ်နေသေးသည်။

သူ၏အမြင်ကို ပြောင်းရတော့မည်ဟု ရှီဟောင်ခံစားနေရသည်။ မသေသေးသည့်စစ်သူရဲများကို သရဲများအဖြစ် မမြင်ပဲ ထူးဆန်းသည့်လူမျိုးစုတစ်ခုအဖြစ်သာ မြင်ရတော့မည်။ သူတို့အား ထာဝရနတ်ဆိုးမျိုးဆက်ဟု ခေါ်လျှင် ကွက်တိပင်။

တစ်ချိန်တည်းမှာပင် ရှီဟောင် စိတ်လှုပ်ရှားနေမိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ သင်္ချိုင်းချောက်နက်အကြောင်း ပြောလိုက်သည်ပင်။ အဲဒါက ဘယ်လိုနေရာမျိုးလဲ .. သူ အဲဒီနေရာကို ထာဝရဆေးပင်ကိုခေါ်သွားရင် ဘာအကျိုးကျေးဇူးတွေ ရလာမှာလဲ..

ဤဆေးပင် သူ့အား သင်္ချိုင်းဘာသာစကား မသင်ပေးချင်သည်မှာ မထူးဆန်းတော့။ ကြည့်ရသည်မှာ ဤနေရာ၌ လျှို့ဝှက်ချက်များ ရှိနေသည်ထင်သည်။

ရှီဟောင် ထိုလူကို သေချာစကားပြန်ပြောလိုက်ပြီး သက်ရှည်ဆေးပင်ကိုလည်း ခြိမ်းခြောက်လိုက်သည်။ သူ့အားသင်္ချုင်းချောက်နက်အကြောင်း ရှင်းပြခိုင်းပြီး ထိုနေရာသို့သွားလျှင် မည်ကဲ့သို့သော အကျိုးကျေးဇူးများရနိုင်သည်ကိုလည်း ရှင်းပြခိုင်းလိုက်သည်။

“မင်း လက်လျော့လိုက်ရင် အကောင်းဆုံးပဲ .. မင်း အဲဒီအကြောင်း စဉ်းတောင်မစဉ်းစားနဲ့..” ဆေးပင်ကြီး အလွန်စိတ်ပျက်စွာ ပြောလိုက်သည်။

သင်္ချိုင်းချောက်နက်ဆိုသည်မှာ သက်ရှည်ဆေးပင်များအတွက် မကောင်းသည့်နေရာတစ်ခုမှန်း ရှီဟောင် ချက်ချင်း သိလိုက်ရသည်ပင်။ သူက ပိုပြီးတော့တောင် မသွားချင်သေး..

“မင်း ငါနဲ့မပူးပေါင်းရင် ငါတို့ မကြာခင် ပေါ်သွားလိမ့်မယ် .. ငါ သူနဲ့ ဒီအကြောင်းတွေ ပြောလို့မရတော့ဘူး .. ငါသူနဲ့ဝင်ရောလို့မရတော့ဘူး..” ရှီဟောင် သတိပေးလိုက်သည်။

“ငါတို့ အရင်ဆုံး ရှင်းအောင် လုပ်ထားရအောင် .. ငါတို့ အပြင်ထွက်တာနဲ့ ငါတို့နှစ်ယောက် ကိုယ်ကြိုက်တဲ့နေရာ သွားလို့ရတယ် .. ပြောချင်တာက ငါသွားချင်တဲ့နေရာ သွားလို့ရတယ် .. မင်း ငါ့ကို ထိန်းချုပ်လို့မရဘူး .. မဟုတ်ရင် ငါးသေမလား ပိုက်ကွန်ပေါက်မလား တစ်ခုခုဖြစ်သွားလိမ့်မယ်..” သက်ရှည်ဆေးပင် ပြောလိုက်သည်။

ရှီဟောင်ဆွံ့အသွားရသော်လည်း ခဏကြာပြီးနောက် သူနားလည်လိုက်သည်။ သူပြောသည့် ‘အပြင်ထွက်သည်’ ဆိုသည်မှာ သင်္ချိုင်းချောက်နက်သို့ သွားခြင်းပင်။

သူ သင်္ချိုင်းကလန်အချို့၏ လျှို့ဝှက်နယ်မြေသို့ တကယ်ကို မသွားချင်ပေ။

“စိတ်မပူနဲ့.. ငါ အဲဒီသင်္ချိုင်းချောက်နက်လို့ခေါ်တဲ့နေရာကို စိတ်မဝင်စားဘူး .. ဖြစ်နိုင်ရင် အခုတောင်ထွက်သွားလိုက်ချင်သေးတယ်..” ရှီဟောင် နှစ်သိမ့်လိုက်သည်။

သဘောတူညီချက်ရပြီးနောက် လူတစ်ယောက်နှင့် ဆေးပင်တစ်ပင် ရိုးသားစွာ ပူးပေါင်းလိုက်ကြသည်။

ဤနေရာသည် ထူးခြားလှပြီး ရှေးကျကာ ထူးဆန်းသည့် အနက်ရောင်ချောက်နက်ကြီးနှင့် ဆက်နေသည်ပင်။ မသေသေးသည့်စစ်သူရဲများအတွက်ပင် ထိုနေရာမှာ နက်နဲလွန်းလှသည့်နေရာပင်။

နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သည့် မသေသေးသည့်စစ်သူရဲများပင် ထိုနေရာကို နားမလည်သေး။

ဤအကြောင်း ကြားလိုက်ရသည်နှင့် ရှီဟောင် ထိတ်လန့်သွားရသည်။ သူ့အမြင်တွင် မသေသေးသည့်စစ်သူရဲများမှာ ထူးဆန်းကာ နားမလည်နိုင်သည့်သူများပင်။

သို့သော်လည်း ယခုတော့ ဤနေရာမှာ သူတို့ပင် ခြေချရန် ခက်ခဲသည့်နေရာဖြစ်ကြောင်း သူသိလိုက်ရ၏။ ဤသည်မှာ မယုံကြည်နိုင်စရာပင်။

“သင်္ချိုင်းဘုရင်က ပိုသိလောက်တယ် .. ဒါပေမဲ့ သူ ဒီအကြောင်း တစ်ခါမှ မပြောဘူး..” ဆေးပင်အိုကြီး ပြောလိုက်သည်။

ယနေ့မှာ သင်္ချိုင်းချောက်နက် နောက်တစ်ကြိမ် ပြန်ပွင့်မည့်နေ့ပင်။ မသေသေးသည့်ရွှေရောင်စစ်သူရဲအချို့မှာ သဘာဝကံကောင်းမှုများအတွက် ဤနေရာသို့ ရောက်နေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းချောက်နက်ပွင့်လာသည်နှင့် ကောင်းကင်ရတနာများနှင့် အခြားအရာများ ပေါ်လာနိုင်သည်ပင်။ ကံကောင်းသည့်သူများ ထိုပစ္စည်းရလိမ့်မည်ပင်။

အပိုင်း ၁၆၇၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၃ – မသေသေးသည့် ရွှေရောင်စစ်သူရဲ

ဈေးပေါ်လာခြင်းမှာ ဤသင်္ချိုင်းချောက်နက်ကြောင့်ပင်။

သင်္ချိုင်းချောက်နက်ပွင့်လာသည်နှင့် ဤနေရာ စည်ကားလာသည်။ နေရာမျိုးစုံမှ ထူးခြားသည့် မသေသေးသည့်စစ်သူရဲများလည်း ဤနေရာ၌ စုဝေးလာကြသည်။

ဤနေရာမှာ သူတို့လိုအပ်သည့်အရာများကို လဲလှယ်သည့်နေရာဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် သူတို့ယာယီနားသည့်နေရာလည်းဖြစ်လာသည်။

အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းချောက်နက်သို့သွားလျှင် သူတို့ပစ္စည်းမျိုးစုံ ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့ကြောင့် အချို့ မသေသေးသည့်စစ်သူရဲများသည် သင်္ချိုင်းချောက်နက်ထဲသို့ မဝင်ကြသော်လည်း ရှေးဟောင်းပစ္စည်းများရောင်းရန်အတွက် ဤနေရာသို့ လာကြသည်။

ဤအကြောင်းကြားလိုက်သည်နှင့် ရှီဟောင် ဆွံ့အသွားရသည်။ သူ့အမြင်တွင် မသေသေးသည့်စစ်သူရဲမှာ သိုသိုသိပ်သိပ်နေပြီး နှစ်ပေါင်းများစွာ အိပ်နေကြသည့်သူများပင်။

သို့သော်လည်း ယခုတော့ သူ့အတွေးများကို ပြောင်းပြန်လှန်ပစ်လိုက်သည့် ဈေးတစ်ခု ပေါ်လာလေပြီ။

သေချာစဉ်းစားကြည့်ပြီးနောက် သူစိတ်သက်သာရာရသွားသည်။ မသေသေးသည့်စစ်သူရဲများမှာ အသိဉာဏ်ရလာသည့်အလောင်းများမဟုတ်ပဲ မွေးကတည်းက အသိဉာဏ်ရှိသည့်လူမျိုးစုတစ်ခုဖြစ်ကြောင်း မသေသေးသည့်အမျိုးသမီးစစ်သူရဲ သူ့အားပြောပြဖူးသည်ပင်။

ထိုသို့သာဆိုလျှင် သူတို့အချင်းချင်း ဆက်သွယ်ကြမည်ပင်။ သူတို့သည် နှစ်ပေါင်းများစွာ အိပ်စက်နေကြကာ လောကကြီး၌ ပေါ်လာခဲသော်လည်း သူတို့အလဲအလှယ်လုပ်သည့်အချိန်တစ်ချို့တော့ ရှိသည်ပင်။

မသေသေးသည့်စစ်သူရဲများ တစ်ခါခွဲခွာသွားကြသည်နှင့် နောက်တစ်ကြိမ် ပြန်တွေ့ဆုံရန် မျိုးဆက်ပေါင်းများစွာ ကြာသွားနိုင်သလို ထာဝရခွဲခွာသွားခြင်းလည်း ဖြစ်နိုင်သည်ပင်။

“သင်္ချိုင်းချောက်နက် ဘယ်အချိန်ပွင့်မှာလဲ..” ရှီဟောင် ထာဝရဆေးပင်အား တိတ်တဆိတ်မေးလိုက်သည်။ သူတို့ဟန်ဆောင်ထားတာ ပေါ်သွားမည်စိုးသောကြောင့် သူမသေသေးသည့်ရွှေရောင်စစ်သူရဲကို မမေးရဲ။

“ပုံမှန်အတိုင်းဆိုရင်တော့ နောက် ရက်နည်းနည်းလောက် နေရင် ပွင့်လောက်တယ်..” သက်ရှည်ဆေးပင် မကျေမနပ်ပြောလိုက်သည်။

ရှီဟောင် ခေါင်းညိမ့်လိုက်၏။ ဤသည်မှာ အချိန်အတိအကျမရှိမှန်း သူသိလိုက်ရသည်။ သူတစ်ဖက်လှည့်ကာ သူအချိန်အတိအကျသိမသိ ထိုမသေသေးသည့်စစ်သူရဲအားမေးလိုက်သည်။

“ငါတို့မကြာခင် သွားကြတော့မှာ .. ရှေးဟောင်းမသေသေးတဲ့စစ်သူရဲပြောတာတော့ ဒီနေ့ပွင့်လိမ့်မယ်တဲ့ .. ဘာပဲဖြစ်ဖြစ် အခုပွင့်ရင်တောင် သိပ်ပြီးတော့ မနှောက်ယှက်နိုင်ပါဘူး..” မသေသေးသည့်ရွှေရောင်စစ်သူရဲ ပြောလိုက်သည်။

သူ့နာမည်မှာ စန်းကျန်းပင်။ ဤနတ်ဘုရားနှင့်တူသည့် အမျိုးသားတွင် အလွန်ထူးခြားသည့်နောက်ခံရှိနေမည်မှာ သေချာသည်။ အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲများစွာ သူ့အား တလေးတစား ဆက်ဆံနေရသည်ပင်။

“သူက .. မသေသေးတဲ့ဘုရင်ရဲ့မျိုးဆက်ဖြစ်လောက်တယ်..” သက်ရှည်သစ်ပင်ထိတ်လန့်သွားရသည်။ ဤလူမှာ မရိုးရှင်းကြောင်း၊ သူပို၍သတိထားရမည်ဖြစ်ကြောင်း ရှီဟောင်အား သတိပေးလိုက်သည်။

“အစ်ကို စန်းကျန်း .. ရှင့်ရဲ့ ဒီသူငယ်ချင်းအသစ်ကို ကျွန်မနဲ့ မမိတ်ဆက်ပေးတော့ဘူးလား..” ထိုအချိန်တွင် အမျိုးသမီးတစ်ဦး လျှောက်လာ၏။ သူလည်း လူသားပုံစံပင်။ သူမ၏လှုပ်ရှားမှုများမှာ ကျက်သရေရှိလှသည်။

ဤနေရာ၌ မသေသေးသည့်စစ်သူရဲ အတော်များများရှိနေသော်လည်း အားလုံး လူသားပုံစံမဟုတ်။ အများစုမှာ သားရဲကြီးများဖြစ်ကြပြီး အချို့မှာ မိစ္ဆာငှက်နှင့် အခြားပုံစံများပင်။

ဤအမျိုးသမီး၏ အသားရေမှာ တောက်ပနေပြီး မျက်လုံးများလည်း စကားပြောနိုင်သကဲ့သို့ အသက်ဝင်လှသည်။ သူမထံတွင် မီးတောက်ကဲ့သို့ နီရဲနေသည့်ဆံပင်များရှိနေသည်။ သူမ၏ နှုတ်ခမ်းများလည်း နီရဲနေကာ အလွန်ဆွဲဆောင်မှုရှိလှသည်။

သူမသည် သန့်စင်သည့်ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်ပင်။ သူမသည် ချစ်စရာကောင်းသည့်ပုံဖြစ်သော်လည်း သူမ၏ ချပ်ဝတ်တန်ဆာမှာ သူမအား သူရဲကောင်းဆန်သည့်အငွေ့အသက်များ ထုတ်လွှတ်ပေးနေသည်ပင်။

သူ မသေသေးသည့်စစ်သူရဲအုပ်စုထဲသို့ ရောက်လာသည်မှာ သေချာရဲ့လားဟု ရှီဟောင် သံသယဝင်လာရ၏။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီး၏ နီရဲနေသည်နှုတ်ခမ်းမှာ ဆွဲဆောင်မှုရှိလှသည်ပင်။

သူမကို မြေအောက်လောက၊ အခေါင်း ကဲ့သို့သောအရာများနှင့် ဆက်စပ်နိုင်ရန် ခက်ခဲလှသည်ပင်။

“ဒီတာအိုရောင်းရင်းက ဟွမ်တဲ့..” မသေသေးသည့်ရွှေရောင်စစ်သူရဲ စန်းကျန်း မိတ်ဆက်လိုက်သည်။

သူ ပေါက်ကြားသွားမည်ကို ရှီဟောင်မစိုးရိမ်မိ။ အဘယ်ကြောင့်ဆိုသော် ဟွမ်ကို ရှေးဟောင်းသင်္ချိုင်းဘာသာစကားဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ ရိုးရှင်းကာ သာမန်ဆန်သည့်နာမည်တစ်ခုပင်။

“အစ်ကိုဟွမ် .. တွေ့ရတာ ဝမ်းသာပါတယ် .. ကျွန်မက ရှန်းမင်ပါ..” နီရဲနေသည့်နှုတ်ခမ်းနှင့် နှစ်လိုဖွယ်ပြုံးနေသည့်အမျိုးသမီး အရှေ့လျှောက်လာကာ သူ့အားနှုတ်ဆက်လိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ သူ ယနေ့တော့ တကယ်ကို ထိတ်လန့်နေရသည်ပင်။ သူအခြားသူများကို ပြောပြလျှင် မည်သူက ယုံမည်နည်း.. သင်္ချိုင်းဘုရင်များမှာ အသက်ဝင်နေကြပြီး အပြင်လောကမှ သက်ရှိများထက်ပင် ပို၍အံ့အားသင့်စရာကောင်းနေသည်ပင်။

“အစ်ကိုဟွမ်က သက်ရှည်ဆေးပင်တစ်ပင် ယူလာနိုင်တာ တကယ် အံ့ဩဖို့ကောင်းတာပဲ .. ဒီဘက်ကတော့ ဆေးပင်တစ်ပင်ပဲယူလာနိုင်တာ..” ရှန်းမင် ပြုံး၍ ပြောလိုက်သည်။ သူမအလှမှာ တိုင်းပြည်များကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လောက်သည်။

သူ ထိတ်လန့်သင့်လား တုန်လှုပ်နေသင့်သလားတောင် သူမသိတော့။ ဤသည်မှာ နတ်သက်ရှိတ်စမျိုးဖြစ်ကြောင် သူ့ကိုယ်သူ ထပ်ခါတလဲလဲ ပြောနေရသည်။ သူတို့ မြေအောက်အခေါင်းများ၌ နေရသည်ကို နှစ်ခြိုက်သော်လည်း ဤသည်မှာ သူတို့လူမျိုးစု နေထိုင်သည့်ပုံစံပင်။ သူအခြားအတွေးများ တွေးနေစရာမလို။

ဤခံစားချက်ကို ကျော်လွန်နိုင်သည်နှင့် သူမကို မျက်နှာချင်းဆိုင်လိုက်သည့်အချိန်တွင် ထူးဆန်းသည့်ခံစားချက်များ မခံစားရတော့။

သူ ဤလူများနှင့် စကားပြောနေရင်းဖြင့်ပင် သင်္ချိုင်းချောက်နက်ထဲသို့ သက်ရှည်ဆေးပင်တစ်ပင် ယူသွားလျှင် ဘာဖြစ်နိုင်သည်ကို ထာဝရဆေးပင်အား မေးလိုက်သည်။

“သက်ရှည်ဆေးပင်တွေက သင်္ချိုင်းနယ်မြေတွေထဲကို ဝင်နိုင်ပြီးတော့ ‘ကောင်းကင်ရတနာတွေ’၊ ‘မြှုပ်ထားတဲ့ပစ္စည်းတွေ’ ယူလာနိုင်တယ်” ထာဝရဆေးပင် သူ့အား တွန့်ဆုတ်စွာ ပြောပြလိုက်သည်။ ဤပူးပေါင်းမှုကြောင့်သာမဟုတ်ပါက သူ့ကို ဘာမှပြောပြမည်မဟုတ်။

ရှီဟောင် ထိတ်လန့်သွားသလို အော်လည်း အော်ရယ်ချင်မိသည်။ ရွေးချယ်စရာမရှိလျှင် သူအကောင်းဆုံးလုပ်ရမည်ဖြစ်ကြောင်း ထိုဆေးပင်အား ပြောလိုက်သည်။ ထွက်ပြေးဖို့အတွက်ဆိုလျှင်ပင် သံသယအဝင်မခံရအောင် သူ သင်္ချိုင်းရတနာအချို့ ယူလာရမည်ဟု ပြောလိုက်သည်။

“ဒီနေရာက နေရာကောင်းမဟုတ်ဘူး .. ဝင်သွားတဲ့ သက်ရှည်ဆေးပင်တောင် ထိခိုက်နိုင်တယ် .. ဒီကိစ္စကို လက်လွတ်လိုက်ပါတော့ .. ငါ ဒီချောက်နက်အတွက်နဲ့ ငါ့အသက်ကို စွန့်စားမှာမဟုတ်ဘူး..” ဆေးပင်အိုကြီး ဒေါတသကြီး ပြောလိုက်သည်။

ရှီဟောင် ထိုမသေသေးသည့်အမျိုးသမီးစစ်သူရဲ ရှန်းမင်နှင့်စကား ဆက်ပြောနေလိုက်သည်။ သူတို့ယူလာသည့်အပင်လည်း သက်ရှည်ဆေးပင်တစ်ပင်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုအပင်တွင် တောက်ပသည့်အလင်းများ ထွက်ပေါ်နေကာ မွှေးရနံ့လည်း သင်းပျံ့နေသည်။

အဝေးမှပင် ထာဝရတာအိုအော်ရာကို ခံစား၍ရသည်ပင်။ ထိုအပင်ပတ်လည်တွင် နတ်စက်ကွင်းကိုးခုရှိနေသည်။ ထိုအကွင်းများမှာ တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိနေသောကြောင့် ရောင်ခြည်တောက်စက်ဝန်းနှင့်တူနေသည်။

ဤသည်မှာ ခရမ်းရောင်စွမ်းအင်များ ထွက်ပေါ်နေသည့် ခရမ်းရောင်ဆေးပင်ပင်။ ဤသည်မှာ တာအိုဆရာတစ်ယောက်ထိုင်နေပြီး ကျမ်းစာများကို ရွတ်ဖတ်နေသကဲ့သို့ပင်။

ရှီဟောင် အလွန်ထိတ်လန့်သွားရ၏။ ဤဆေးပင်မှာလူသားပုံစံပင်။ သူ့ပုံစံကိုကြည့်ရသည်မှာ သူလည်း ယခင်က ရိတ်သိမ်းခံထားရသည့်ပုံပင်။ အပြည့်ပြန်မပေါက်သေး။

သူ့ ပါးစပ်ထဲ တံတွေးများ ပြည့်သွားရသည်။ သူ ဤဆေးပင်ကို တကယ်ခိုးယူချင်မိသည်။

တစ်နေ့တည်းတွင် ထာဝရဆေးပင်နှစ်ပင် တွေ့လိုက်ရသောကြောင့် ရှီဟောင် သူအိပ်မက်မက်နေသလားဟုပင် ထင်မိသွားသည်။ သူသာ ဤအပင်နှစ်ပင်လုံးကို ယူသွားနိုင်လျှင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံးတုန်လှုပ်သွားလိမ့်မည်။

“ဒါက ကြက်မွေးတဲ့ကောင် ပိုင်တဲ့ ဆေးပင်နေမှာ..” သူ့ပုခုံးပေါ်မှ ဆေးပင်အိုကြီး တိတ်တဆိတ် ပြောလိုက်သည်။

ရှီဟောင် ပထမတော့ထိတ်လန့်သွားသော်လည်း ခဏနေပြီးနောက် သူဘာကိုဆိုလိုချင်သည်ကို နားလည်သွားရသည်။

ကြက်မွေးသည့်သူဆိုသည်မှာ ရှေးဟောင်းသင်္ချိုင်းမြေ အနက်ပိုင်းမှ စွမ်းအားကြီးသည့်ပုဂ္ဂိုလ်ကို ရည်ညွှန်းခြင်းပင်။ ပြန်လည်မွေးဖွားခြင်းတွင် ရှုံးနိမ့်ခဲ့သည့် ဖီးနှစ်အစစ်တစ်ကောင်ကို တွေ့ခဲ့ပြီး သူ ထိုဖီးနှစ်အား ကယ်တင်ခဲ့သည်ဟူသော ကောလဟာလများရှိနေသည်ပင်။

ယခု သူအမွေးများ မရှိတော့။ အုတ်ဂူထဲ၌ နှစ်ပေါင်းများစွာ မြှုပ်နှံခံရပြီးနောက် သူအသိဉာဏ်ပြန်ရလာသည်။ သူသည် တကယ်ပင် ကြက်တစ်ကောင်နှင့်တူလှသည်။ သူ ထိုကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်၏ ဝင်ပေါက်၌ လှည့်ပတ်သွားလာတတ်သည်ပင်။

ရှန်းမင်၏ ဇစ်မြစ်မှာ အတော်လေး ကြောက်စရာကောင်းမည်မှာသေချာသည်။ မဟုတ်ပါက သူဘယ်လိုလုပ် ဤဆေးပင်အားငှားလာနိုင်မည်နည်း..

မသေသေးသည့်ရွှေရောင်စစ်သူရဲများ အုပ်စုများစွာ ကွဲနေသော်လည်း စန်းကျန်းနှင့် ရှန်းမင်တို့၏ ဦးဆောင်မှုအောက်တွင် အခြားသူများသည် သူတို့ထက်စွမ်းအားကြီးလျှင်ပင် သူတို့အား လေးစားစွာ ဆက်ဆံရသည်ပင်။

“ညီအစ်ကိုစွမ် .. မင်းမှာ လဲစရာပစ္စည်းတစ်ခုခုရှိလား .. မင်းလိုတာရှိလား တစ်ချက်လောက်ကြည့်လိုက် .. ငါတို့ ခဏနေရင် ထွက်တော့မှာ.” စန်းကျန်းပြောလိုက်သည်။

“နားလည်ပါပြီ..” ရှီဟောင်ခေါင်းညိမ့်လိုက်ကာ မြေပြင်ပေါ်၌ ရှိနေသည့်ပစ္စည်းများကို လေ့လာသည်ပုံစံ ဟန်ဆောင်လိုက်သည်။ အမှန်တကယ်တွင် ဤပစ္စည်းများမှာ ရှေးကျလှသောကြောင့် ဘာပစ္စည်းဖြစ်မှန်း သူမသိ။

သို့သော်လည်း သူကြည့်ရမည်ပင်။

အဲဒါကဘာကြီးလဲ .. သွေးခြောက်လား .. ထိုပစ္စည်းကို ခရမ်းရွှေရောင်အခေါင်းသစ်သားပေါ်၌ ဂရုတစိုက်တင်ထားခြင်းပင်။ သူ့ကို ကြည့်ရသည်မှာ အလွန်အဖိုးတန်သည့်ပုံပင်။

“မင်း ဒီပစ္စည်းတွေကိုသိလား .. ငါတစ်ခုလောက် ယူရမလား..” ရှီဟောင် ဆေးပင်အိုအား မေးလိုက်သည်။

“ဒါတွေအားလုံးက အရမ်းအဖိုးတန်တဲ့ပစ္စည်းတွေ .. တစ်ချို့ပစ္စည်းတွေက သင်္ချိုင်းမြေမှာ မြင်ရခဲ့တဲ့ ရတနာတွေ .. မင်းမှာ လဲစရာဘာမှမရှိဘူး .. မင်းဒီပစ္စည်းတွေကို လဲနိုင်မှာမဟုတ်ဘူး..” သစ်ပင်အိုကြီး ပြောလိုက်သည်။

ရှီဟောင် ဤသည်ကို မယုံကြည်။ သူ အစောပိုင်းက ကြည့်ခဲ့သည့်သွေးခြောက်ကို ပြန်ကြည့်လိုက်သ်ည။ ထိုသွေးမှာ နက်မှောင်နေကာ ထိုမျှခမ်းနားသည့်ပုံလည်းမပေါ်။

“အဲဒါက ပြိုင်ဘက်ကင်းတဲ့သက်ရှိတစ်ယောက်ရဲ့သွေး .. ဒီသွေးက ခြောက်နေပြီးတော့ အသက်မရှိတော့ဘူးလို့ မထင်လိုက်နဲ့ .. ဒါက သင်္ချိုင်းမြေမှာ အရမ်းအသုံးဝင်တယ် .. မင်းမှာ လဲစရာတစ်ခုခုရှိရင် မြန်မြန်လဲလိုက်သင့်တယ်..” သက်ရှည်ဆေးပင် ပြောလိုက်သည်။

ရှီဟောင် အနည်းငယ် တွေဝေသွားရ၏။ ဤသွေး ထူးခြားသည်ကို သူမတွေ့ရ။ ဒါက မသေသေးသည့်စစ်သူရဲတွေအတွက်ပဲ အသုံးဝင်တာထင်တယ်…

ထို့နောက် သူအခြားရှေးဟောင်းပစ္စည်းများကို ကြည့်လိုက်သည်။ ဥပမာအားဖြင့် ညှိုးခြောက်နေသည့်သစ်ကိုင်းခြောက်၊ ပျက်စီးနေသည့်အရိုးတူ၊ ပျက်စီးနေသည့်အခေါင်းသစ်သားနှင့် အခြားအရာများပင်။ ထိုပစ္စည်းများတွင် နတ်အော်ရာနည်းနည်းလေးမှမရ။

“ဟေ့ကောင် .. ဒါတွေကို အထင်မသေးနဲ့ .. ဥပမာအားဖြင့် .. ပျက်စီးနေတဲ့အခေါင်းသစ်သားကနေ စရအောင် … ဒါက ပျက်စီးနေပေမယ့် သက်ရှည်သစ်ပင်ရဲ့အစိတ်အပိုင်းပဲ .. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ့ရဲ့ ဝိညာဉ်စွမ်းအားက အရမ်းကြောက်စရာကောင်းခဲ့တယ်..” ဆေးပင်အိုကြီး ပြောလိုက်၏။

ဤသည်ကို ကြားသည်နှင့် ရှီဟောင် ထိတ်လန့်သွားရသည်။ သူ ဤပစ္စည်းများကို အထင်သေးမိသွားပြီဟု သူခံစားလိုက်ရသည်။

ထို့နောက် သူ့မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ ဤဈေးတွင် ပစ္စည်းကောင်းအချို့ ရှိနေလောက်သည်။

“ဒါတွေက သင်္ချိုင်းချောက်နက်ထဲဝင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ .. အဲဒီတော့ ဒါတွေက သာမန်မဟုတ်ဘူး .. တစ်ချို့တွေက သင်္ချိုင်းက ရှားပါးတဲ့ရတနာတွေ..” ဆေးပင်အိုကြီး သူ့အားသတိပေးလိုက်သည်။

“အဲဒါဆိုရင် ငါနည်းနည်းလောက် လဲပြီးတော့ အပြင်လောကကို ယူသွားသင့်တယ် .. သူတို့တွေက လောကကြီးကို တုန်လှုပ်စေနိုင်တဲ့ ကောင်းကင်ရတနာတွေ ဖြစ်လာနိုင်တာပဲလေ..” ရှီဟောင် သူ့ကိုယ်သူ ပြောကာ ဤကဲ့သို့ ဆုံးဖြတ်လိုက်သည်။

အပိုင်း ၁၆၇၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၄ – သင်္ချိုင်းရတနာ

“ဒီပစ္စည်းနဲ့လဲဖို့ မင်းမှာ ဘာရှိလို့လဲ..” ထာဝရဆေးပင် သူ့အား အထင်သေးလိုက်သည်ပင်။ ရှီဟောင်ထံတွင် ဤပစ္စည်းနှင့်လဲရလောက်အောင် ဘာမှမရှိဘူးဟု သူခံစားရသည်။

“သက်ရှည်ဆေးပင်အရွက်ဆိုရင်ရော သူတို့လိုချင်လောက်လား..” ရှီဟောင်မေးလိုက်၏။

ဆေးပင်အိုကြီး ချက်ချင်းပင် စိုးရိမ်သွားကာ “မင်းကငါ့ကို မျက်စိကျရဲတယ်လား .. ငါမင်းကို ဖော်ပစ်မယ်..”

“ထာဝရဆေးပင်အရွက်က မင်းတစ်ယောက်တည်းဆီမှာပဲရှိတယ်လို့ ထင်နေတာလား.. ငါ့မှာလည်းရှိတယ်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းမှာလည်းရှိတာလား..” ဆေးပင်အိုကြီး ဆွံ့အသွားရသည်။

ရှီဟောင် သူ့လက်သီးဆုတ်ကို ဖြည်လိုက်သည့်အချိန်တွင် တောက်ပနေသည့်သစ်ရွက်တစ်ရွက် ထွက်ပေါ်လာသည်။ ထိုသစ်ရွက်တွင် စွမ်းအင်များ ရစ်ပတ်နေပြီး အမွှေးနံ့သည်လည်း စိတ်နှလုံးကိုပင် ထိုးဖောက်သွားနိုင်သည်။

“ငါ .. မင်းကို သတ်ချင်တယ်..” ထိုသစ်ပင်အိုကြီးတွင် မျက်နှာရှိပါက သူ၏မျက်နှာ သေချာပေါက် မည်းတူးနေလောက်လေပြီ။ ထိုသစ်ရွက်မှာ ယခင်က ရှီဟောင် သူထံမှရသွားသည့် သူ့သစ်ရွက်ပင်။

ဤသစ်ရွက်ကြောင့်လည်း ရှီဟောင်သူ၏အော်ရာတံဆိပ်ကို ပိတ်လှောင်ကာ သူ့နောက် လိုက်လာနိုင်ခြင်းပင်။

“မျက်စိကျနေတဲ့ ပစ္စည်းတစ်ခုခုများရှိလား တာအိုရောင်းရင်း..” စန်းကျန်း လျှောက်လာသည်။

“ကျွန်တော် ရှာနေတုန်းပါပဲ..” ရှီဟောင် သက်ရှည်ဆေးပင်နှင့် ဆက်သွယ်လိုက်သည်။

“ဒီပစ္စည်းတွေနဲ့လဲဖို့ ငါ့မှာ တစ်ခုခုရှိတယ်လို့ မင်းထင်လား..” ရှီဟောင်သက်ရှည်ဆေးပင်ကို မေးလိုက်သည်။ ထို့နောက် ပစ္စည်းအချို့ကို သူ၏နတ်စိတ်ဝိညာဉ်ဖြင့် ရှင်းပြလိုက်သည်။

“ဒီပစ္စည်းတွေအားလုံးက မှော်ပစ္စည်းတွေ .. သူတို့တွေက မသေသေးတဲ့ပစ္စည်းတွေနဲ့ မယှဉ်နိုင်ဘူး .. အရမ်းကွာခြားတယ်..” ဆေးပင်အိုကြီး ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ သူ သူ၏လက်နက်အချို့ကိုပြသခဲ့ခြင်းပင်။ သို့သော်လည်း နောက်ဆုံးတော့ ထာဝရဆေးပင်မှ ဤကဲ့သို့ ပြောခဲ့သည်။ မသေသေးသည့်စစ်သူရဲတွေရဲ့လက်နက်က မြေပေါ်ကသတ္တဝါတွေရဲ့ မှော်ပစ္စည်းတွေထက် အများကြီးသာတာလား..

သူပေါ်သွားမည်စိုးသောကြောင့် ရှီဟောင် အချို့ပစ္စည်းများကို မပြတော့။ ဥပမာအားဖြင့် ထာဝရဓားပင်။

သို့သော် သူပစ္စည်းအချို့ကို တကယ်လဲချင်မိသည်။ သူ ဘာနှင့်လဲရမည်နည်း..

ခဏကြာပြီးနောက် သူ တောက်ပနေသည့် သဲတစ်ဆုပ်ကို ထုတ်လာလေ၏။ သူ ဤသဲကို ထုတ်ပြလိုက်လျှင်ပင် သံသယဝင်ခံရမည်မဟုတ်သည်ကို သူသိသည်။

ဤသည်မှာ အလုံးစုံသက်ရှိမြေကြီးပင်။

နတ်ဆေးတောင်တန်းတွင် မသေသေးသည့်အမျိုးသမီးစစ်သူရဲနှင့်တွေ့စဉ်က ဤသဲကို မြင်ပြီး သူမမျက်လုံးများ တောက်ပလာခဲ့သည်ပင်။

“ဒီပစ္စည်းက .. ငါ့ကိုပေး..” ထာဝရဆေးပင်၌သာ မျက်လုံးများ ရှိနေမည်ဆိုပါက သူ၏မျက်လုံးများ နီရဲနေလောက်လေပြီ။

အလုံးစုံသက်ရှိမြေကြီးဆိုသည်မှာ သင်္ချိုင်းမြေ၏ အကောင်းဆုံးရတနာများထဲမှတစ်ခု ဖြစ်သည်ဟု မသေသေးသည့်အမျိုးသမီးစစ်သူရဲ ပြောဖူးသည်။ ဤသည်မှာသင်္ချိုင်းမြေမှ လာခြင်းဖြစ်ပြီး သာမန်လူများ ဤသဲကို ရဖို့မပြောနှင့် ကိုယ်တိုင်ပင် မမြင်ဖူးကြ။

“ဒီပစ္စည်းကိုသုံးပြီး လဲလို့ရလောက်လား..” ရှီဟောင်မေးလိုက်သည်။

“ရတာပေါ့ .. ဒါက သင်္ချိုင်းဘုရင်တွေ ပိုင်တဲ့ဟာပဲ..” ဆေးပင်ကြီး ပြန်ပြောလိုက်သည်။ သူကဲ့သို့သောအပင်ကို အလုံးစုံသက်ရှိမြေကြီးထဲ၌သာစိုက်ပျိုးလိုက်ပါက သူ လျင်မြန်စွာ ကြီးထွားလာမည်ဖြစ်ပြီး အကျိုးကျေးဇူးများ များပြားမည်ပင်။

အလုံးစုံသက်ရှိမြေကြီးမှာ သူထင်ထားသည်ထက် ပို၍အဖိုးတန်နေကြောင်း ရှီဟောင်တွေ့လိုက်ရသည်။ လက်တစ်ဆုပ်စာနဲ့ အဲဒီသွေးခြောက်ကို လဲလို့ရတယ်လား..

“ငါတို့ ကံကောင်းတာပဲ.. ဒီသွေးမှာ အသက်ဓာတ်မရှိဘူးလို့ မထင်လိုက်နဲ့ .. သူက အရမ်းကို အသုံးဝင်တယ် .. ဒီဈေးသည်က အပြင်ဘက်လောကကို တစ်ခါမှ မမြင်ဖူးသေးဘူး .. အဲဒီတော့ သင်္ချိုင်းဘုရင်တွေပိုင်တဲ့ ဒီမြေကြီးကို မြင်တာနဲ့ သူမစဉ်းစားနိုင်တော့ပဲ မင်းနဲ့လဲလှယ်ဖို့အတွက် သူအားလုံးလုပ်လိမ့်မယ်..” ဆေးပင်အိုကြီး ပြောလိုက်သည်။

သူ့အမြင်တွင် ဤသွေးခဲမှာ ဤလက်တစ်ဆုပ်စာ အလုံးစုံသက်ရှိမြေကြီးထက်ပို၍ အဖိုးတန်သည်ပင်။

မသေသေးသည့်ရွှေရောင်စစ်သူရဲများပင် ဤအနက်ရောင်သွေး၏ တန်ဖိုးအစစ်ကို မသိကြ။ ရှီဟောင် အတော်လေးကံကောင်းသွားသည်ဟု ပြော၍ရသည်ပင်။

ရှီဟောင် အလုံးစုံသက်ရှိမြေကြီး ထုတ်လာသည်ကို မြင်သည်နှင့် သိပ်မဝေးသည့်နေရာ၌ရှိနေသည့် မသေသေးသည့်စစ်သူရဲများထံမှ ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။ အနည်းငယ် သံသယဝင်နေဆဲဖြစ်သည့်သူများမှာ ယခုတော့ စိတ်သက်သာရာရသွားကြလေပြီ။

အပြင်လူမှာ ဘယ်လိုလုပ် ဒီလိုပစ္စည်းရှိနိုင်မှာလဲ .. သင်္ချိုင်းဘုရင်တွေပဲ ဒါကို ပိုင်ဆိုင်နိုင်တာ..

သူတို့အမြင်တွင် ရှီဟောင်မှာ သင်္ချိုင်းဘုရင်မိသားစုမှလာသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲအစစ်ပင်။ သူ၏အဆင့်အတန်းနှင့် နောက်ခံမှာ အလွန်ကြောက်စရာကောင်းပြီး စန်းကျန်း၊ ရှန်းမင်တို့နှင့်ပင် ယှဉ်၍ရလောက်သည်။

သူတို့အမူအရာကို ကြည့်ခြင်းအားဖြင့် ဤမသေသေးသည့်စစ်သူရဲများ သူ့အပေါ် အမြင်ရှင်းသွားပြီဆိုသည်ကို ရှီဟောင်သိသည်။

“ဒီကျောက်တုံးလေး မဆိုးဘူး .. မင်း သင်္ချိုင်းချောက်နက်ထဲကိုဝင်ရင် ဒါက အသုံးဝင်လိမ့်မယ်..” ဆေးပင်အိုကြီးကျောက်တုံးတစ်တုံးကို လက်ညှိုးထိုး၍ ရှီဟောင်အား အကြံပေးလိုက်သည်။

ကော်ဇောပေါ်တွင် အမှိုက်တစ်ချို့ဖုံးနေသည့် သာမန်ကျောက်တုံးလေးတစ်တုံးရှိနေသည်။ ကျောက်တုံးသည် အညိုရောင်ဖြစ်ပြီး ထိုမျှ ထူးခြားမနေပေ။

သို့သော်လည်း သူ့ထံ၌ အစင်း‌ကြောင်းများရှိနေပြီး သေချာကြည့်မည်ဆိုပါက မျက်နှာပြင်၌ ဒေါသထွက်နေသည့်ဝိညာဉ်မျက်နှာအချို့ကို မြင်ရလိမ့်မည်။ စုစုပေါင်းငါးခုရှိနေသည်ပင်။

“ဒီကျောက်တုံးက ဘယ်မှာအဖိုးတန်တာလဲ..” ရှီဟောင် ဤကျောက်တုံး၏ ထူးခြားမှုကို ရှာမတွေ့။

ထိုသွေးပုံမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်၏ သွေးဖြစ်လိမ့်မည်ဟူသည့် သမိုင်းကြောင်းရှိသေးသည်။ သို့သော် ဤကျောက်တုံးတွင်တော့ ထိုမျက်နှာများအပြင် ဘာများထူးခြားနေသနည်း..

ရှီဟောင် ထိုကျောက်တုံးကို ကောက်ကိုင်ကာ သေချာလေ့လာလိုက်သော်လည်း ဘာထူးခြားမှုမှမတွေ့။

“သင်္ချိုင်းမြေက မဟုတ်တဲ့သူတွေ နားလည်မှာမဟုတ်ဘူး .. ဒါက သင်္ချိုင်းကျောက်တုံး .. သူ့မှာ ထူးဆန်းတဲ့စွမ်းအားတွေရှိတယ် .. မျက်နှာငါးခုပါတဲ့သင်္ချိုင်းကျောက်တုံးက မဆိုးဘူး .. ဒါပေမဲ့ သူက သင်္ချိုင်းရတနာဖြစ်ဖို့တော့ အဝေးကြီးလိုသေးတယ်..” ထာဝရဆေးပင် ပြောလိုက်သည်။

“အဲဒါဆိုရင် မင်းကဘာလို့ ငါ့ကို လဲခိုင်းနေသေးတာလဲ .. ငါ့မှာ အလုံးစုံသက်ရှိမြေကြီး အများကြီးရှိတယ် ထင်နေတာလား..” ရှီဟောင် မကျေမနပ်ပြောလိုက်သည်။

အမှန်တကယ်တော့ သူ့ထံ၌ အလုံးစုံသက်ရှိမြေကြီး အတော်များများရှိသည်။ တစ်ဆုပ်၊ နှစ်ဆုပ်လောက် လျော့သွားလည်း ဘာမှထူးခြားသွားမည်မဟုတ်။

“ဒါက တစ်ခြားသူတွေအမြင်မှာ မျက်နှာငါးခုသင်္ချိုင်းကျောက်တုံးပဲ .. ဒါပေမဲ့ တကယ်တမ်းက သူ့မှာ မျက်နှာကိုးခုရှိတာ .. သူ့ကို သင်္ချိုင်းရတနာလို့သတ်မှတ်လို့ရတယ် .. သူက တန်ဖိုးကို မဖြတ်နိုင်တာ..” ဆေးပင် သတိပေးလိုက်သည်။

ရှီဟောင် အနည်းငယ် မူးနောက်လာရသည်။ ဘာ ဝိညာဉ်မျက်နှာကျောက်တုံးလဲ .. ဤပစ္စည်းအား မည်ကဲ့သို့ အသုံးပြုရမည်ကို သူမသိ။ ဒီလိုမျိုးပစ္စည်းကို မျက်နှာအရေအတွက်နဲ့ ခွဲခြားတာလား..

သူ ထိုကျောက်တုံးကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဘာထူးခြားမှမတွေ့။

“ဒီပစ္စည်းကို ရှားပါးတဲ့ရတနာလို့ သတ်မှတ်လို့ရတယ်လား..” သူတကယ်ကို သံသယဖြစ်မိသည်။ ဆေးပင်အိုကြီးက ဒီလောက်သဘောကောင်းပြီး သူ့ကို ရတနာတွေ ကူရှာပေးပါ့မလား..

“မင်း သင်္ချိုင်းချောက်နက်ကို ဆင်းတဲ့အချိန် မင်းမှာသင့်တော်တဲ့ သင်္ချိုင်းပစ္စည်းမရှိရင် မင်းသေသွားမှာ စိုးရတယ် .. အခု မင်း သင်္ချိုင်းရတနာနှစ်ခုရသွားပြီဆိုတော့ မင်းကို အားလုံး ကြောက်နေကြဖို့ လုံလောက်သွားပြီ..” ထာဝရဆေးပင် ပြောလိုက်သည်။

“ဝိုး .. ရောင်းရင်းဟွမ် .. ရှင့်လက်ထဲမှာရှိတဲ့ အဲဒီသင်္ချိုင်းကျောက်တုံးလေးကို တစ်ချက်လောက်ပြလို့ရမလား..” ထိုအချိန်တွင် ရှန်းမင် လျှောက်လာကာ သူမ၏ နီရဲနေသည်ဆံပင်များလည်း လေထဲ၌ ကခုန်နေသည်ပင်။

“မြန်မြန် .. ဈေးသည်ကို အလုံးစုံသက်ရှိမြေကြီးနည်းနည်းပေးပြီး ယူလိုက်တော့ .. အဲဒီအမျိုးသမီးဘေးနားမှာရှိတဲ့ သက်ရှည်ဆေးပင်လည်း ငါ့လိုမျိုးပဲ ဒီပစ္စည်းကိုသိနေတယ်..” ဆေးပင်အိုကြီး လော်ဆော်လိုက်သည်။

သေချာပါသည်။ ရှန်းမင်ဘေးနားမှ လိုက်ပါလာသည့် ခရမ်းရောင်သက်ရှည်ဆေးပင်တွင် ခရမ်းရောင်အလင်းများ ထွက်ပေါ်နေကာ ထိုအပင်ပေါ်၌ တာအိုဆရာတစ်ယောက်ထိုင်နေသည်။ သူ့ကို အလင်းလွှာကိုးလွှာဝန်းရံထားသည်ပင်။

ရှီဟောင် ပြုံးလိုက်ကာ ဈေးသည်ကို အလုံးစုံသက်ရှိမြေကြီးအချို့ပေးလိုက်ကာ ထိုပစ္စည်းကို အောင်မြင်စွာ လဲလှယ်လိုက်သည်။ ထို့နောက် ထိုကျောက်တုံးကို ရှန်းမင်လေ့လာရန်အတွက်‌ ပေးလိုက်သည်။

ရှန်းမင်၏ လှပသည့်မျက်လုံးများ ကျဉ်းမြောင်းသွားကာ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူမ သက်ပြင်းချလိုက်ကာ “ကြည့်ရတာ တာအိုရောင်းရင်းရဲ့ကံက မဆိုးဘူးထင်တယ် .. ဒါက ဒဏ္ဍာရီလာ မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံးပဲ .. ဒီကျောက်တုံးက ဒီမှာ ပေါ်လာတယ်ပေါ့ … ကျွန်မ တကယ်ကို ဂရုမစိုက်ပဲ ကျော်သွားမိတာပဲ..”

သူမ ရှားပါးသည့်ရတနာတစ်ခုကို လွဲချော်သွားကြောင်း ဝန်ခံလိုက်သည်မှာ ရှီဟောင်အား ထိတ်လန့်သွားစေသည်။ ဒီဆေးပင်အိုကြီးပြောတာက အမှန်တွေလား..

“ဘာ .. မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံး ပေါ်လာတယ်ဟုတ်လား..” အခြားသူများလည်း ထိတ်လန့်သွားရ၏။ ထိုမသေသေးသည့်ရွှေရောင်စစ်သူရဲများပင် ထိုကျောက်တုံးအား လာကြည့်ကြသည်။

ရှီဟောင်၏မျက်နှာထက်၌ အပြုံးတစ်ခုရှိနေကာ အလွန်တည်ငြိမ်ပုံပေါ်နေသော်လည်း သူ့စိတ်ထဲ၌ လုံးဝကြေကွဲနေရသည်။ သူ ဤကျောက်တုံးကို လုံးဝနားမလည်နိုင်။ ဒီကျောက်တုံးက ဘယ်လိုမျိုးအသုံးဝင်လို့လဲ..

ကိစ္စမရှိပါဘူး .. အဆိုးဆုံးတော့ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးကို ကျွေးလို့ရတာပေါ့..

“သွားကြစို့ .. ငါတို့ သင်္ချိုင်းချောက်နက်ဆီကိုသွားသင့်ပြီ..” စန်းကျန်း လျှောက်လာသည်။

“ငါတို့ ထွက်သွားဖို့အချိန်ကျပြီ..” ရှန်းမင်လည်း ခေါင်းညိမ့်လိုက်သည်။

“ဒီမှာတစ်ခြားရတနာတွေရှိသေးလား..” ရှီဟောင် သက်ရှည်ဆေးပင်အားတိတ်တဆိတ်မေးလိုက်သည်။

“အဲဒီပျက်စီးနေတဲ့အခေါင်းသစ်သားလည်း မဆိုးဘူး..” ဆေးပင်အိုကြီး ပြောလိုက်သည်။

“အဲဒါဆိုရင် .. ထားလိုက်တော့..” ရှီဟောင်ပြောလိုက်သည်။

လူတစ်စု ထွက်ခွာသွားကာ အချို့လူများမှာ ထိုနေရာ၌ ကျန်ခဲ့ကြသည်။ သူတို့သည် အစကတည်းက သင်္ချိုင်းချောက်နက်သို့ သွားရန် အစီအစဉ်မရှိ။ သူတို့ ပစ္စည်းများလဲလှယ်ရန်အတွက်သာ ဤနေရာ၌ ရောက်လာခြင်းပင်။

သင်္ချိုင်းချောက်နက်ဟုခေါ်သည့်နေရာမှာ သိပ်မဝေး။ အလွန်နီးသည်ဟုပင် ပြော၍ရသည်။

လီငါးရာပင်မရှိ။ ဤအကွာအဝေးမှာ သူတို့အဆင့် ကျင့်ကြံသူများအတွက်တော့ အလွန်နီးသည်ဟု‌ ပြော၍ရသည်။

ဤနေရာ၏ မြေအောက်တွင် ထိုနေရာသို့ ဦးတည်သွားသည့် လှိုဏ်ခေါင်းတစ်ခုရှိနေသည်။ ခဏကြာပြီးနောက် သူတို့ ထိုနေရာသို့ ဦးတည်သွားကြလေပြီ။

သူတို့မြေအောက်၌ ရောက်နေခြင်းဖြစ်သော်လည်း ထိုနေရာမှာ အလွန်လှပလှသည်။ ချောက်နက်ကြီးအပြင် မူလဖရိုဖရဲမြူများထွက်ပေါ်နေသည်။ ဤသည်မှာ သူတို့ လောကကြီး၏အဆူံးသတ်သို့ ရောက်နေသကဲ့သို့ပင်။

အရှေ့ဘက်၌ ကြီးမားလှသည့်‌ ချောက်နက်ကြီးတစ်ခုရှိနေသည်။ ထိုချောက်နက်ကြီးမှာ အလွန်ကြီးမားလှပြီး ဤနေရာသို့ ရောက်သည်နှင့် အသက်ရှူကြပ်စေသည့်ဖိအားကိုစတင်ခံစားလိုက်ရသည်။ သူ၏ဝိညာဉ် သူ့ခန္ဓာကိုယ်မှ ထွက်ခွာကာ ထိုချောက်နက်ကြီးထဲ ဝင်သွားတော့မလိုပင် ခံစားနေရသည်။

“စတော့မယ် .. သတိထား .. အဲဒီကထွက်လာတဲ့ သင်္ချိုင်းပစ္စည်းနဲ့တစ်ခြားပစ္စည်းတွေအားလုံးက အရမ်းကို ကြောက်စရာကောင်းလိမ့်မယ်..” စန်းကျန်း သတိပေးလိုက်သည်။

အားလုံး ရပ်တန့်လိုက်ကြကာ သေချာစောင့်ကြည့်နေလိုက်သည်။

“မင်းက ဘာလို့ သင်္ချိုင်းချောက်နက်ထဲ ဝင်လို့ရတာလဲ..” ရှီဟောင် သက်ရှည်ပင်အား တိတ်တဆိတ်မေးလိုက်သည်။ ထာဝရဆေးပင်များတွင် တိုက်ခိုက်နိုင်စွမ်းမရှိသောကြောင့် သူက ဘယ်လိုလုပ် ကြောက်စရာကောင်းသည့် သင်္ချိုင်းချောက်နက်ထဲသို့ ဝင်နိုင်သနည်း..

ဤရှေးဟောင်းမြေမှာ အလွန်ကြောက်စရာကောင်းလိမ့်မည်မှန်း သူခံစား၍ရသည်ပင်။

“သက်ရှည်ယာယီစက်ဝန်းထာဝရဆေးတွေ ထုတ်နိုင်တယ် … ထားလိုက်ပါတော့ .. ငါဒီအကြောင်းပြောရင်တောင် မင်းနားလည်မှာမဟုတ်ဘူး..” သူ ရှီဟောင်အား အထင်သေးလိုက်သည်။

ရှီဟောင်တကယ်ကိ ဆွံ့သွားရ၏။ ဤသစ်ပင်သည် သူ့အားထပ်ခါတလဲလဲပင် အထင်သေးနေသည်။ သူသည်အံကြိတ်လိုက်ကာ “နောင်ကျရင် မင်းကို ကင်စားရမလား၊ ချက်စားရမလားဆိုတာကို ငါတကယ်စဉ်းစားနေတာ..”

“မင်း .. ငါ့ကို မျက်စိကျရဲတယ်လား..” ဆေးပင်အိုကြီးတုန်လှုပ်သွားရသည်။

“ဟုတ်သားပဲ .. မင်းငါ့ကို အဲဒီသစ်သားသေတ္တာလေး ပေးထားသင့်တယ်လို့ ငါထင်တယ် .. ခဏနေကျရင် မင်း သင်္ချိုင်းချောက်နက်ထဲ သွားတော့မှာဆိုတော့ ဒီပစ္စည်းပျောက်သွားရင်မကောင်းဘူး..” ရှီဟောင်သည် စကားပြောနေရင်းဖြင့်ပင် ထိုအပင်လက်ထဲမှ သစ်သားသေတ္တာအား လုယူလိုက်သည်။

ဆေးပင်အိုကြီးမှာ အလွန်မကျေမနပ်ဖြစ်သွားပြီး တုံ့ပြန်ချင်သော်လည်း သူခုခံနိုင်သည့်ခွန်အားမရှိ။ ထို့အပြင် ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းထားခြင်းဖြစ်သောကြောင့် သူသာ ဆန့်ကျင်လိုက်လျှင် ထူးဆန်းသွားလိမ့်မည်။

“ဒီသေတ္တာက မင်းကိုင်ထားရင်တောင် မင်းနားလည်နိုင်မှာမဟုတ်ဘူး .. ငါ့လက်ထဲမှာမှ အသုံးဝင်မှာ..” သူ မကျေမနပ်ပြောလိုက်သည်။

“အဲဒါဆိုရင်လည်း ငါတို့ သင်္ချိုင်းချောက်နက်က ပြန်လာမှ အတူတူလေ့လာကြတာပေါ့..” ရှီဟောင် သူ့စကားကိုငြင်းလိုက်သည်။ ဤသေတ္တာမှာ သူ၏အဓိကရည်ရွယ်ချက်ပင်။ ယခုတော့ သူရသွားလေပြီ။

အပိုင်း ၁၆၇၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၅ – ရှုပ်ထွေးမှု

ဤသေတ္တာသည် သိပ်မလေးသော်လည်း အရမ်းလည်းပေါ့မနေပေ။ အထဲဘက်၌ ဘာရှိနေမှန်းသူမစဉ်းစားတတ်တော့။ သူ သေတ္တာကို ခါကြည့်သော်လည်း ဘာသံမှမကြားရ။

ဤသေတ္တာသည် ပျက်စီးတော့မတတ် အလွန်အိုဟောင်းနေပြီဖြစ်သော်လည်း ရွှေရောင်အနည်းငယ် တောက်ပနေဆဲပင်။

နောက်ဆုံးတော့ သူဤသေတ္တာကို ရသွားလေပြီ။ သူ့စိတ်ထဲ၌ အတော်လေးပျော်ရွှင်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူ ဤသေတ္တာအတွက် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပြီး ယခုတော့ သက်ရှည်သစ်ပင် လက်ထဲမှ လုယူလိုက်နိုင်လေပြီ။

ဤပစ္စည်းမှာ အန်းလန်နှင့်ရှုထော်တို့ မျက်စိကျနေသည့်ပစ္စည်းပင်။ သူတို့လူများစွာ လွှတ်ခဲ့သော်လည်း အားလုံးကျရှုံးခဲ့သည်ပင်။ ယခုတော့ သူ့လက်ထဲ ရောက်လာလေပြီ။

“ငါဘာလို့ ဖွင့်လို့မရတာလဲ..”အချိန်အတော်ကြာ လေ့လာပြီးသွားသော်လည်း ဤသေတ္တာမှာ အလွန်ထူးဆန်းလှပြီး တင်းကြပ်စွာ ပိတ်ထားသည်ကို သူတွေ့လိုက်ရသည်။

ဤသေတ္တာတွင် အဖုံးမရှိသလို သော့လည်းမရှိ။ သေချာကြည့်လိုက်မည့်ဆိုလျှင် ထိုသေတ္တာပေါ်၌ ရှေးဟောင်းသင်္ကေတအချို့အား ရေးထိုးထားသည်ကို တွေ့ရမည်ပင်။

ရွှေရောင်အလင်းဖျော့လေးမှာ ထိုသင်္ကေတများမှ ထွက်လာခြင်းပင်။ ဤသည်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ သက်ရှိများ နောင်လာနောက်သားများအား သတင်းအချက်အလက်များ လက်ဆင့်ကမ်းပေးခဲ့သလိုပင် ထူးဆန်းသည့်ခံစားချက်များ ခံစားရသည်ပင်။

ရှီဟောင် သူ၏နတ်စိတ်ဝိညာဉ်ဖြင့် အထဲဝင်ကြည့်ရန် ကြိုးစားလိုက်သော်လည်း သူ၏အမြင်အာရုံများ ပိတ်ခံလိုက်ရသည်။

သူ၏ညာလက်တွင် မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းကာ အားထည့်ကြည့်သော်လည်း ဤပျက်စီးနေသည့်သစ်သားသေတ္တာမှာ နည်းနည်းလေးမှပင် အရာမယွင်း။ အလွန်မာကျောနေဆဲပင်။

ရှီဟောင် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးစွမ်းအင်ကို အသက်သွင်းလိုက်ကာ သူ၏ခွန်အားများကို လက်ဝါးနှင့် လက်ချောင်းများထံသို့ ပို့လွှတ်လိုက်သည်။ သို့သော်လည်း သူ ဤသစ်သားသေတ္တာကို ထိခိုက်အောင် မလုပ်နိုင်သေး။ သူ့ထံမှ ရွှေရောင်အလင်းတန်း ထွက်ပေါ်နေဆဲပင်။

ဒါက ပျက်စီးတော့မှာပဲကို ဘာလို့ဒီလောက်တောင် မာကျောနေတာလဲ.

ရှီဟောင်၏မျက်လုံးများမှာ လှံတံများကဲ့သို့ စူးရှနေသည်။ ဒီသေတ္တာကို ဖွင့်နိုင်မယ့်နည်းလမ်းမရှိဘူးလား .. ရှီဟောင် ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေသည်။

“မင်းစွမ်းအင်တွေကို ဖြုန်းတီးမနေနဲ့ .. ပျက်စီးဖို့ ဒီလောက်လွယ်နေရင် အခေါင်းထဲမှာ ကတည်းက ပျက်စီးသွားလောက်ပြီ .. မင်းဖွင့်မှာကို ဘာလို့စောင့်နေမှာလဲ..” ဆေးပင်အိုကြီးမှာ သူ၏ကံဆိုးမှုကို ပျော်နေသည်ပင်။

ထာဝရဆေးပင်တစ်ပင်အနေဖြင့် သူ ဤသေတ္တာကို ရရှိရန် မလွယ်ကူခဲ့။ ယခု ဤသေတ္တာအား ဆုံးရှုံးလိုက်ရသည့်အချိန်၌ သူဒေါသထွက်သွားသည်ပင်။

“မင်း ဘယ်လိုထူးဆန်းမှုမျိုးကို သိထားသေးတာလဲ .. ငါ့ကို မြန်မြန်ပြောပြ .. မင်းတစ်ယောက်တည်း သိနေတာမကောင်းဘူးလေ..” ရှီဟောင် အရှက်တရားကင်းမဲ့စွာပင်ပြောလိုက်သည်။

“မင်းလောက် အရေထူတဲ့လူသားမျိုးကို ငါတစ်ခါမှ မတွေ့ဖူးဘူး..” ထာဝရဆေးပင် ဒေါသထွက်လာသည်။ သူသေအောင်အရိုက်ခံရလျှင်ပင် သူပြောမည်မဟုတ်။

ရှီဟောင်ဘာမှပြန်မပြောတော့။ ယခုအချိန်တွင် သူဘာမှ မစဉ်းစားနိုင်တော့သဖြင့် ဤသေတ္တာကို အရင်သိမ်းထားလိုက်တာ ပိုကောင်းမည်ပင်။ ဤနေရာမှ ထွက်သွားမှ ဤသေတ္တာအား ဖြေရှင်းမည့်နည်းလမ်း ရှာကြည့်ရမည်။

သို့သော် သူ့အား ထိတ်လန့်သွားစေသည်မှာ သူမည်မျှပင် ကြိုးစားနေပါစေ ဤသေတ္တာကို မသိမ်းဆည်းနိုင်ဖြစ်နေသည်။ သူ့ကို အကွာအဝေးမှော်ပစ္စည်းထဲသို့ ထည့်၍မရသလို သူ့ခန္ဓာကိုယ်နှင့်ပေါင်းစည်းလိုက်၍လည်းမရ။

ဤသည်မှာ ထူးဆန်းလွန်းလှသည်။ မှော်စွမ်းအားများ၊ နတ်စွမ်းရည်များနှင့် အခြားအရာများလည်း သူ့အပေါ်၌ အကျိုးသက်ရောက်မှုမရှိ။

“ဒီပစ္စည်းက တကယ်ကို ထူးဆန်းတာပဲ..” ရှီဟောင်၏မျက်ဝန်း၌ အလင်းတန်းများ တောက်ပလာကာ သူဤသေတ္တာကို ပို၍ဖွင့်ချင်လာသည်။

သူ အခြားနည်းလမ်းများ မစမ်းကြည့်တော့ပဲ သူ့လက်ထဲ၌ ဤကဲ့သို့သာကိုင်ထားလိုက်တော့သည်။

“ရောင်းရင်းဟွမ် .. အဲဒါက ဘာကြီးလဲ .. ရောင်းရင်းကိုကြည့်ရတာ ဒါကိုကြည့်ပြီး အတွေးတွေ လွင့်မျောနေတဲ့ပုံပဲ .. ဒီပစ္စည်းမှာ ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ..” ရှန်းမင်လျှောက်လာသည်။ သူ၏နီရဲနေသည့်နှုတ်ခမ်းများ အပေါ်ဘက်သို့ အနည်းငယ်ကွေးတက်နေကာ သူမ၏တောက်ပနေသည့်မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေသည်။

“ဘာမှမဟုတ်ပါဘူး … တစ်ချို့ကိစ္စလေးတွေ တွေးနေတာပါ..” ရှီဟောင် အလွန်တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

သူ ထာဝရဆေးပင်နှင့် တိတ်တဆိတ် စကားပြောနေခြင်းဖြစ်သောကြောင့် သူ့ပုံစံမှာ စိတ်လွတ်နေသည့်ပုံဖြစ်သွားသည်။

“ကျွန်မ တစ်ချက်လောက်ကြည့်လို့ရမလား .. ဒီသေတ္တာကို တော်တော်လေး ဟောင်းနေပြီဆိုပေမယ့် ဒီ သေတ္တာပေါ်မှာရှိနေတဲ့ သင်္တေကတွေက ထူးဆန်းတဲ့ တာအိုလေ့လာတဲ့ခံစားချက်တွေ ပေးနေတယ်..” ရှန်းမင်ပြောလိုက်သည်။

ရှီဟောင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ ဒီသေတ္တာကို လက်ထဲမှာ ကိုင်ထားတာတောင် ဘာတာအိုလေ့လာတဲ့ခံစားချက်မှ မခံစားရဘူး .. ရှန်းမင်က တစ်ချက်လေးကြည့်လိုက်ရုံနဲ့ တာအိုကိုနားလည်သွားတာလား .. ဒါက လုံးဝကို အဓိပွာယ်မရှိတာ…

တစ်ဖက်လူမှာ ဤသေတ္တာအား စိတ်ဝင်စားပြီး လေ့လာချင်နေသည်ကို သူသိသည်။

ရှီဟောင် ငြင်းဆန်မနေပဲ ရက်ရောစွာပင် ထိုသေတ္တာအား လက်ကမ်းပေးလိုက်သည်။

“ဝိုး .. ဒါက တော်တော်လေးကို သက်တောင့်သက်သာဖြစ်တာပဲ .. ဒီသင်္ကေတတွေကို ထိနေတဲ့အချိန်ဆိုရင် ငါကောင်းကင်ထက်ကို တက်တော့မယ်လို့တောင် ခံစားနေရတယ်..” ရှန်းမင်၏ လှပသည့်မျက်ဝန်းများကျဉ်းမြောင်းလာသည်။ သူမ၏ နူးညံ့သည့်လက်ချောင်းများသည် သေတ္တာကို ဆက်တိုက်ပင် ပွတ်သပ်နေလေသည်။

သူမခန္ဓာကိုယ်တွင် ရောင်စုံနတ်အလင်း စီးဆင်းလာပြီး ရင်းမြစ်စွမ်းအင်များလည်း လေထဲ ပျံ့လွင့်လာသည်။

သူမ တမင်သက်သက်လုပ်နေခြင်းလား သို့မဟုတ် သူမ တကယ် တာအိုကိုခံစားရခြင်းလား သူမသိ။ ဒီလိုမျိုးလုပ်စရာလိုလို့လား .. မလိုဘူးဟု သူထင်သည်။ သို့သော် ရှန်းမင်အဘယ်ကြောင့် ဤကဲ့သို့ လုပ်နေသနည်း .. သူမ တာအိုလေ့လာခြင်းကို တကယ်ခံစားမိနေသောကြောင့်လား..

အခြား သေသေးသည့်ရွှေရောင်စစ်သူရဲများ ဆွံ့အသွားရသည်။ စန်းကျန်းလျှောက်လာကာ ခေါင်းညိမ့်ပြလိုက်လေ၏။ ဤသတ္တာ ထူးခြားသည်ကို သူလည်းခံစားရသည်ပင်။

“ဒါက ထူးဆန်းတယ် .. ဒီသေတ္တာပေါ်က သင်္ကေတတွေက ကျွန်မကို တော်တော်လေး ဆွဲဆောင်နိုင်တယ် .. ဒါပေမဲ့ သေချာအာရုံခံကြည့်လိုက်တော့ ဒီသေတ္တာကို စက်ဆုပ်တဲ့ခံစားချက်တွေ ခံစားလာရတယ်..” ရှန်းမင် သူမကိုယ်သူမ ပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်အား စိတ်လှုပ်ရှားသွားစေသည်။ ဒီသေတ္တာက ရှေးခေတ်မသေသေးတဲ့စစ်သူရဲတွေနဲ့ ပတ်သက်မှုရှိနေတာလား..

ဤသည်မှာ သင်္ချိုင်းမြေ၏ မြင့်မြတ်မြေမှမဟုတ်ပဲ ဆိုးယုတ်သည့်မြေမှ ရလာသည့်ပစ္စည်းပင်။

ထို့အပြင် ထိုထူးဆန်းသည့်သင်္ချိုင်းဘုရင်သည် ဤသေတ္တာနောက်သို့ မလိုက်ပဲ အန်းလန်နှင့်ရှုထော်ကိုသာ အာရုံစိုက် တိုက်ခိုက်ခဲ့ခြင်းပင်။

“ငါ တစ်ချက်လောက် ကြည့်လို့ရမလား..” စန်းကျန်းမေးလိုက်သည်။

အခြား မသေသေးသည့်ရွှေရောင်စစ်သူရဲလည်း ရောက်လာကြကာ ရှန်းမင်ဘေး၌ရှိနေသည့် သက်ရှည်ဆေးပင်လည်း ချဉ်းကပ်လာကာ ဤသေတ္တာကို ကြည့်လာသည်။

ဤသည်မှာ ရှီဟောင်ကို စိတ်ထဲ၌ တုန်လှုပ်သွားစေသည်ပင်။ ထိုဆေးပင် တစ်ခုခုသိသွားမည်ကို သူစိုးရိမ်မိသည်။

အဘယ်ကြောင့်ဆိုသော် ထာဝရဆေးပင်များသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ကြခြင်းဖြစ်ပြီး သူတို့၏အတွေ့အကြုံနှင့် ဗဟုသုတများမှာ ကျယ်ပြန့်လှသည်ပင်။ သူတို့သည် သက်ရှိစာကြည့်တိုက်ကြီးပင်။

ထို့အပြင် သူ့ဘေးမှ ထာဝရဆေးပင်ပင် ဤသေတ္တာအကြောင်းသိပြီး ဤမျှအလေးထားနေသောကြောင့် အခြားတစ်ဖက်မှ ဆေးပင်လည်း ဤသေတ္တာအကြောင်း သိနေနိုင်သည်ပင်။

ရှီဟောင် သူ့ပုခုံးပေါ်တွင်ရှိနေသည့် ဆေးပင်အိုကြီးထံသို့ အသံပို့လွှတ်လိုက်သည်။

“စိတ်လျော့ .. သူ ဒီသေတ္တာအကြောင်းမသိဘူး..” သက်ရှည်ဆေးပင်မှာ တည်ငြိမ်နေဆဲပင်။

“ဘာလို့လဲ..”

“အနီရင့်ရောင်အုတ်ဂူကြီး ပွင့်မလာခင်က အဲဒီထဲမှာ ဒီသစ်သားသေတ္တာရှိမှန်း ငါတောင်မသိဘူး..” သူ ပြန်ဖြေလိုက်သည်။

“ဒါက ဘာပစ္စည်းမှန်းမသိတာတောင်မှ ငါနဲ့ ပြိုင်လုနေသေးတာလား..” ရှီဟောင် ဒေါသထွက်လာရသည်။ ဤဆေးပင်အိုကြီးမှာ တကယ်ကို မရိုးသားပေ။

“သူ့ပုံသဏ္ဌာန်ကို မသိပေမယ့် အထဲဘက်ကပစ္စည်းက အရမ်းအရေးကြီးတာကိုတော့ ငါသိတယ်..” သက်ရှည်ဆေးပင်သည် အခြားအရာတစ်ခုခုကို ပြောချင်နေသော်လည်း ပါးစပ်ပြန်ပိတ်သွားလေ၏။

သေချာပါသည်။ ထိုဆေးပင်သည် သေတ္တာအနားသို့ ကပ်လာသော်လည်း ဘာအပြုအမူမှ မပြ။

စန်းကျန်း ထိုသေတ္တာကို လက်ထဲ၌ ကိုင်ကြည့်လိုက်ပြီး သူ၏အမူအရာမှာ ရှန်းင်၏အမူအရာနှင့်အတူတူပင်။ သေတ္တာပေါ်ရှိ ထိုသင်္ကေတများအား အလွန်ထိတ်လန့်နေသည်ပင်။ သူ တာအိုကိုလေ့လာချင်သော်လည်း ထိုသစ်သားသေတ္တာကို သိပ်မနှစ်မြို့။

“ဒါက မသေသေးတဲ့စစ်သူရဲတွေနဲ့ တစ်ခုခုပတ်သက်နေတယ်..” ယခုတော့ ရှီဟောင် သေချာသွားလေပြီ။

သို့သော်လည်း သူ ထိုမျှသိပ်မသေချာ။ ဒါက သင်္ချိုင်းမြေက ပစ္စည်းလား.. ဤသေတ္တာပေါ်၌ ထွင်းထားသည့်သင်္ကေတများမှာ သင်္ချိုင်းနယ်ပယ်မှ သက်ရှိထွင်းထားသည်ဟုတော့ ပြော၍ရသည်ပင်။

“ဒီထဲမှာ တစ်ခုခု ပိတ်ထားတာလို့တော့ မပြောနဲ့နော်..” ရှီဟောင် စဉ်းစားကြည့်လိုက်သည်။ အန်းလန်နှင့်ရှထော်တို့မှာ ကျင့်ကြံဆင့်ပိုမြင့်သည့်သက်ရှိအားအမြဲတမ်း ရှာဖွေနေခဲ့ကြသည်ပင်။ ဒီသေတ္တာက အဲဒီကိစ္စနဲ့ ဆက်စပ်နေတာလား..

ဤသေတ္တာကို မသေသေးသည့်စစ်သူရဲ လုပ်ထားခြင်းဖြစ်ပြီး အထဲဘက်၌ တစ်စုံတစ်ခုကို ချိတ်ပိတ်ထားသည်ဆိုပါက ဤအချက်သည် မသေသေးသည့်ရွှေရောင်စစ်သူရဲနှစ်ယောက် ဤသေတ္တာပေါ်ရှိ သင်္ကေတများအားအဘယ်ကြောင့် နှစ်ခြိုက်နေသည်ကို ရှင်းပြနိုင်သွားလေပြီ။

သူတို့မုန်းနေသည့်အရာမှာ သေတ္တာထဲမှအရာဖြစ်နိုင်သည်။

“တာအိုရောင်းရင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. ဒီလိုမျိုးရတနာတောင် ပိုင်ဆိုင်ထားတယ်..” စန်းကျန်း သက်ပြင်းချ၍ ပြောလိုက်၏။ သူမနာလိုဖြစ်နေသည်မှာ သိသာလှသည်ပင်။

ရှီဟောင် ပြုံးလိုက်သော်လည်း ဘာမှမပြောလိုက်။ အဘယ်ကြောင့်ဆိုသော် သူဘာပြောရမလဲ တကယ်မသိတော့။ အကယ်၍သူ့ကို ဤသေတ္တာ၏လျှို့ဝှက်ချက်အား မေးလာလျှင် သူ ရှင်းပြနိုင်ရန် ခက်ခဲလိမ့်မည်။

သို့သော် ဤလူများ ထပ်မမေးကြတော့။ အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲတိုင်း၌ သူတို့ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေသည်ပင်။

တစ်ချိန်တည်းမှာပင် သူတို့ ရှီဟောင်အား အနည်းငယ် ကြောက်ရွံ့နေမိသည်။ သူသည် သင်္ချိုင်းဘုရင်တစ်ချို့၏ မျိုးဆက်ဖြစ်လိမ့်မည်ဟု သူတို့ခံစားနေရသည်ပင်။

“မသေမျိုးပစ္စည်းတွေကို ဖမ်းဖို့ ပြင်ဆင်ရအောင်..” ထိုအချိန်တွင် သင်္ချိုင်းချောက်နက်မှ ပြောင်းလဲမှုများဖြစ်လာပြီဖြစ်ကြောင်း တစ်စုံတစ်ယောက်မှ အသိပေးလိုက်သည်။

သေချာပါသည်။ ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာပြီး မြူများလည်း ပျံ့လွင့်လာသည်။ ထူးဆန်းသည့်စွမ်းအားလှိုင်းများလည်း ထွက်ပေါ်လာခဲ့သည်ပင်။

“သင်္ချိုင်းချောက်နက် ပွင့်လာပြီ .. အားလုံးသတိထားကြ..” တစ်ယောက်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဤသည်မှာ အရေးကြီးကိစ္စဖြစ်မည်ထင်သည်။ အားလုံး သင်္ချိုင်းပစ္စည်းများကို ထုတ်လာပြီး အသင့်စောင့်နေကြလေ၏။

ဝုန်း..

ချောက်နက်ကြီးမှာ အလွန်ကျယ်ပြောလှပြီး လောကကြီးအစွန်းနှင့်ပင် ချိတ်ဆက်ထားနေသလိုပင်။ ချောက်နက်ကြီးမှ နားကွဲလောက်သည့်ဆူညံသံများ ထွက်ပေါ်လာပြီး ရောင်စုံအလင်းများလည်း ထွက်ပေါ်လာသည်။

ဤသည်မှာ အလွန်ခမ်းနားလှ၏။ ရှေးဟောင်းနယ်ပယ်တစ်ခု ပွင့်လာသလိုပင်။

ဤသည်မှာ သင်္ချိုင်းချောက်နက်ဖြစ်သောကြောင့် မြေအောက်မြူကဲ့သို့သောအရာများ ရှိနေသင့်သော်လည်း အဘယ်ကြောင့် ဤမျှတောက်ပနေသနည်း.. ဤသည်မှာ အလွန်ထူးဆန်းလှသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင် ဤနေရာသို့ လာသည့်လမ်းတစ်လျှောက်တွင် အခြားသူများ ဆွေးနွေးကြသည်ကို သူကြားဖူးသည်။ ဤနေရာရှိ အနက်ရောင်မြူများမှာ အလွန်ကြောက်စရာကောင်းလှပြီး လက်လွတ်စပယ်ဝင်သွားလျှင် မသေသေးသည့်စစ်သူရဲများပင် တောင်ခံနိုင်မည်မဟုတ်ဟု ပြောကြသည်။

သို့သော်လည်း ယခုမြင်ကွင်းမှာ သူထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်။ ဤနေရာမှ များပြားလှသည့်အသက်ဓာတ်များ ထွက်ပေါ်လာသလို လျှို့ဝှက်သောစွမ်းအင်လှိုင်းတစ်မျိုးလည်း ထုတ်လွှတ်လာသည်။

ယခုအချိန်တွင် အားလုံး စိတ်ထဲ၌ သတိကြီးကြီးဖြစ်နေကြသည်ပင်။

“ဟမ် .. အရင်တစ်ခေါက်တွေနဲ့မတူတော့ဘူး .. ငါတို့ အံ့ဩစရာကောင်းတာ မြင်ရတော့မယ် .. ဒီအလင်းတန်းက အရင်တုန်းက ပေါ်မလာဖူးဘူး .. ပြိုင်ဘက်ကင်းတဲ့ ကောင်းကင်သားတော် မွေးဖွားလာတော့မယ် .. ငါ့ရဲ့သင်္ချိုင်းနယ်မြေမှာ သင်္ချိုင်းဘုရင်အသစ် ပေါ်လာတော့မယ်ထင်တယ်..” တစ်စုံတစ်ယောက်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည်နှင့် ရှီဟောင်စိတ်ထဲ လှုပ်ခတ်သွားရသည်။ တစ်ချို့သင်္ချိုင်းဘုရင်တွေက သင်္ချိုင်းမြေက သက်ရှိတွေမဟုတ်ပဲ ဒီနေရာကနေ လာတာလား..

အပိုင်း ၁၆၇၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၆ – အမှောင်ထုထံသို့ ပြန်ရောက်သွားခြင်း

ဘာဖြစ်နေတာလဲ.. ရှီဟောင် အတော်လေား တုန်လှုပ်သွားရသည်။

ထို မသေသေးသည့်ရွှေရောင်စစ်သူရဲ၏စကားများမှာ သူ့အား ဆွံ့အသွားစေသည်။ သူ ဤစကားကို လျစ်လျူမရှုနိုင်။

ယခင်က သူ မသေသေးသည့်စစ်သူရဲများအကြောင်း မသိခဲ့သော်လည်း ယနေ့တော့ သူ သူတို့၏လျှို့ဝှက်ချက်များကို ဆက်တိုက်သိနေရသည်။ သူတည်ငြိမ်နိုင်ရန် ခက်ခဲနေသည်။

“မင်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ .. သင်္ချိုင်းဘုရင်က ဘယ်လိုလုပ် ဒီနေရာမှာ မွေးဖွားလာမှာလဲ..” စန်းကျန်း ဆူပူလိုက်သည်။ သူ၏အမူအရာမှာ အလွန်လေးနက်နေသည်ပင်။

“ရှင်မသိရင် လျှောက်မပြောနဲ့ .. ဒါက သင်္ချိုင်းဘုရင်တွေက မရိုမသေလုပ်လိုက်တာနဲ့အတူတူပဲ .. ရှင့်ကိုယ်ရှင် မထိန်းနိုင်ရင် ရှင့်အတွေးတစ်ခုတည်းနဲ့ ရှင့်ကလန်တစ်ခုလုံး ရှင်းခံရလိမ့်မယ်..” ရှန်းမင်လည်း ဆူပူလိုက်သည်။

ထို မသေသေးသည့်စစ်သူရဲသည် ချက်ချင်ပင် ဖြူဖျော့သွားကာ ပါးစပ်ပိတ်သွားလေ၏။ သူထပ်မပြောရဲတော့။

သူသည် အလွန်စွမ်းအားကြီးကာ ရှေးကျသည့်မိသားစုမှလာသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲဖြစ်သော်လည်း ပြိုင်ဘက်ကင်းသည့် သင်္ချိုင်းဘုရင်ရှေ့တွင်မူ သူက ဘာမှမဟုတ်တော့။

အခြား မသေသေးသည့်ရွှေရောင်စစ်သူရဲများလည်း စိတ်ထဲတုန်ယင်သွားကာ ဘာမှလျှောက်မပြောရဲကြတော့။ အဘယ်ကြောင့်ဆိုသော် ရှန်းမင်နှင့် စန်းကျန်းတို့မှာ သင်္ချိုင်းဘုရင်တို့၏ မျိုးဆက်များပင်။ သူတို့ ဤကဲ့သို့ ပြောနေသောကြောင့် သင်္ချိုင်းဘုရင်၏ ဇစ်မြစ်မှာ မေးခွန်းထုတ်၍မရနိုင်သည့်အရာမှန်း သိသာလှသည်ပင်။

“ငါ မင်းတို့အားလုံးကို ပြောပြရရင်လည်း ကိစ္စမရှိဘူး .. ဒီနေရာက အသက်ဓာတ်က မသေသေးတဲ့စစ်သူရဲတွေအတွက် ကောင်းချီးလား ကပ်ဆိုးလား မသေချာဘူး..” ရှန်းမင် လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အရင်တုန်းက ဒီနေရာမှာ အသက်တစ်ခု ဖြစ်ပေါ်လာတဲ့အကြောင်းကြားဖူးတယ်..” မိန်းကလေးငယ်လေးတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ သူမသည် အသက် ၁၀ နှစ်ကျော်လောက်သာ ရှိသေးပြီး ရှန်းမင်နှင့် စန်းကျန်းတို့ကို မကြောက်။

“ချောက်နက်ကနေ ပြိုင်ဘက်ကင်းတဲ့သက်ရှိတွေ ဖြစ်ပေါ်လာခဲ့ဖူးတယ် .. ဒါပေမဲ့ သူတို့က သင်္ချိုင်းဘုရင်ဟုတ်မဟုတ်ဆိုတဲ့ကိစ္စက မင်းတို့အားလုံး မစဉ်းစားသင့်တဲ့ကိစ္စ .. မင်းတို့နားမလည်ရင် မင်းတို့ပြန်ရောက်တဲ့အချိန်ကျ မင်းတို့မိသားစုက ဘိုးဘေးတွေကိုမေးလိုက်..” ရှန်းမင် ပြောလိုက်သည်။

ရှီဟောင် ဘာမှမပြောပဲ သူတို့ပြောသည်ကိုသာ သေချာနားထောင်နေလိုက်သည်။ ဤကိစ္စများမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။

ကြည့်ရသည်မှာ ဤနေရာမှာ တကယ်ထူးခြားသည်ထင်သည်။

ဝုန်း..

ချောက်နက်ကြီးမှ အလင်းမျိုးစုံ ထွက်ပေါ်လာပြီး ရင်းမြစ်စွမ်းအင်အနည်းငယ်လည်း ပျံ့လွင့်လာသည်။

ယခုအချိန်တွင် ရှီဟောင်တစ်ယောက်တည်း ထိတ်လန့်နေရသည်မဟုတ်။ ထိုမသေသေးသည့်စစ်သူရဲများပင် ဆွံ့အနေကြကာ ထိုနေရာကို စိုက်ကြည့်နေကြသည်။ အလင်းတန်းများမှာ တောက်ပလွန်းလှသောကြောင့် နေများတစ်စင်းပြီးတစ်စင်း တက်လာသလိုပင်။

ဤကြီးမားလှသည့် သင်္ချိုင်းချောက်နက်ကြီးမှာ မှောင်မည်းမနေတော့ပဲ အနည်းငယ် တောက်ပလာသည်။

“ဒါက ထာဝရအလင်းလား..” ရှီဟောင် မျက်လုံးများ‌မှေးကျဉ်းသွားရ၏။ ဤနေရာမှာ အလွန်ထူးဆန်းလှသည်။ မသေသေးတဲ့စစ်သူရဲရဲ့ မြေအောက်နယ်မြေမှာ ဘာလို့ ထာဝရတာအိုအော်ရာ ပေါ်လာတာလဲ..

ဤကဲ့သို့သော အလင်းမျိုးမှာ အလွန်ကျက်သရေရှိလှပြီး သန့်စင်သည့်မြေများထက်ပင် သာလွန်နေသည်။

“အဲဒီထဲကနေ သက်ရှိတစ်ယောက် တကယ်ထွက်လာတော့မယ်..” မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက်၏ အသံမှာ တုန်ခါနေသည်ပင်။ သူမြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာ၌ သက်ရှိတစ်ယောက်ပေါ်လာသည်နှင့် ဤသည်မှာ အချိန်များစွာကြာသည်အထိ အကျိုးသက်ရောက်မှုရှိနေသည့် ကိစ္စကြီးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ကောလဟာလများရှိနေသည်ပင်။

ခွပ်..

ရုတ်တရက် ကောင်းကင်ကြီး ပျက်စီးသွားသည်။

ချောက်နက်ကြီးမှ ထွက်လာသည့်အလင်းတန်းများမှာ တောက်ပလွန်းလှသောကြောင့် မူလဖရိုဖရဲမြူများကိုပင် ပျက်ပြယ်သွားစေသည်။ ဤအလင်းတန်းအားလုံးမှာ ထာဝရအလင်းတန်းများဖြစ်ပြီး ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

ထိုအလင်းတန်းများကြောင့် ဘေးပတ်လည်ရှိ လေဟာနယ်များပျက်စီးသွားရသည်။

ထို့နောက် အလွန်ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ပျံ့လွင့်လာကာ မသေသေးသည့်ရွှေရောင်စစ်သူရဲများအားလုံး ဆွံ့အသွားရ၏။ သူတို့ ထူးခြားဆန်းကြယ်မှုတစ်ခုကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလေပြီ။

ချောက်နက်ကြီးအောက်တွင် ရှေးဟောင်းနယ်မြေတစ်ခု ဖြစ်တည်လာသကဲ့သို့ များပြားလှသည့်အသက်ဓာတ်များ ထွက်ပေါ်လာသည်။ ထိုနေရာတွင် သတ္တဝါများ တိုက်ခိုက်နေကြပြီး ထွက်ပြေးလွတ်မြောက်ချင်နေကြသည်။

ဝုန်း..

လောကကြီးကို တုန်လှုပ်စေနိုင်လောက်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ ချောက်နက်ကြီးတွင် ဤနေရာနှင့် ချိတ်ဆက်နေသည့် တံခါးတစ်ချပ်ပေါ်လာသည်။ ထာဝရအလင်းထွက်ပေါ်လာပြီးနောက် ထိုနေရာ တစ်ဖြည်းဖြည်းချင်းမှေးမှိန်သွားသည်။

ရင်းနှီးနေသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသောကြောင့် ရှီဟောင်ထိတ်လန့်သွားရသည်။ သူ၏ ကောင်းကင်မျက်လုံးကိုဖွင့်ကာ ထိုနေရာသို့ စိုက်ကြည့်လိုက်သည်။

သင်္ချိုင်းချောက်နက်လေဟာနယ် အက်ကွဲလာပြီးနောက် သူ အနက်ရောင်လေဟာနယ်ကိုမြင်လိုက်ရပြီး မှုန်ဝါးနေသည့်လှောင်အိမ်များကို မြင်လိုက်ရသည်။

ရွှီး..

ကံမကောင်းစွာဖြင့် သူသေချာမကြည့်ရသေးခင်မှာပင် အလင်းတန်းတစ်ခု တရှိန်ထိုး ပြေးထွက်လာသည်။ ထိုနေရာမှ ရုန်းထွက်လာသည့် သတ္တဝါတစ်ကောင် တကယ်ရှိနေသည်ပင်။

“ပြိုင်ဘက်ကင်းတဲ့သက်ရှိကြီး ဆင်းသက်လာတော့မယ်..” မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက် အော်ဟစ်လိုက်သည်။

“အမ် .. အဲဒါက မူလဝိညာဉ်..” စန်းကျန်း၏အမူအရာလည်း ညှို့မှိုင်းသွားသည်။

ဤသည်မှာ မူလဝိညာဉ်တစ်ခုပင်။ သို့သော်လည်း ထိုဝိညာဉ်သည် နေလုံးကြီးကဲ့သို့ အားကောင်းလှသည်။ သူသည် မီးတောက်တစ်ခုကဲ့သို့ ပြင်းထန်စွာ လောင်ကျွမ်းနေသည်ပင်။

သူသည် ထွက်ပြေးလွတ်မြောက်နိုင်ရန် သူ့ကိုယ်သူ လောင်ကျွမ်းစေလိုက်ကာ စွမ်းအားများထုတ်လွှတ်လိုက်ခြင်းပင်။

“အဲဒါ အဲဒီနေရာပဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်ပြီးနောက် တုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုခံစားချက်မှာ မမှားနိုင်။ သူ ဤနေရာကို ယခင်က ရောက်ဖူးသည်။

အနက်ရောင်အကျဉ်းထောင်..

ရှီဟောင် ထာဝရစွမ်းအင်ကို ကျင့်ကြံစဉ်က သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှာ ဖျက်ဆီးခံရမလိုဖြစ်ခဲ့သည်။ အခြားတစ်ခေါက်တွင် သူ၏မူလဝိညာဉ် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားကာ ထိုအနက်ရောင်လေဟာနယ်ထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုနေရာတွင် အနက်ရောင်အကျဉ်းထောင်များစွာကို သူမြင်ခဲ့ရသည်။ သူကိုယ်တိုင်ပင်လျှင် ထိုနေရာ၌ ပိတ်မိဖူးသည်။

ရှေးဟောင်းမြင့်မြတ်သားတော် သူ့အားတိုက်ခိုက်ပြီး ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခု ကျမ်းစာကို ရွတ်ဖတ်ပြီး သူ့ဝိညာဉ်အား ပြန်ဆင့်ခေါ်ခဲ့သောကြောင့်သာ။ မဟုတ်ပါက သူ ထိုအချိန်က အန္တရာယ်များလောက်သည်။

ဤသည်မှာ အံ့အားသင့်စရာကောင်းသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ပြီး ထိုနေရာသို့ သွားခဲ့သည်မှာ အစစ်အမှန်လား အတုအယောင်လားပင် ရှီဟောင်မသိတော့။

သူ၏မူလဝိညာဉ် ထိုအနက်ရောင်အကျဉ်းထောင်မှ ပြန်လာခြင်းဖြစ်ကြောင်း သူသေချာသွားလေပြီ။ သက်ရှိတစ်‌ယောက် လွတ်သွားလေပြီ။

အမှန်တကယ်တွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူမြင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်။ စီရင်စုသုံးထောင်၌ နျင်ချွမ်း၊ သရဖူ ၁၀ ခုဘုရင်တို့နှင့် တိုက်ခိုက်ခဲ့စဉ်က ထာဝရရှေးဟောင်းခေတ်အကြွင်းအကျန်မှ ဤကဲ့သို့သောအဖြစ်အပျက်မျိုးမြင်ဖူးသည်ပင်။

ထိုအချိန်က လေဟာနယ်ပွင့်ထွက်သွားကာ မူလဝိညာဉ်အလင်းတန်းတစ်ခု လွတ်မြောက်ခဲ့သည်။ ထိုဝိညာဉ်တစ်ခုလုံးလောင်ကျွမ်းနေကာ နောက်ဆုံးတွင်တော့ သူသည် အလွန်ထူးဆန်းသည့် ရှေးဟောင်းနန်းတော်ဖြစ်သည့် ‘လမ်းညွှန်မှု’ နန်းတော်ထဲသို့ ပြေးဝင်သွားခဲ့သည်ပင်။

ရှီဟောင် စိတ်လှုပ်ရှားစွာဖြင့်ပင် ထို သင်္ချိုင်းချောက်နက်ကို စိုက်ကြည့်လိုက်သည်။

သူ အမှောင်ထုထဲ၌ ပိတ်မိနေစဉ်က ရှေးဟောင်းအချိန်မြစ်တစ်စင်းကို မြင်ခဲ့ပြီး ထိုမြစ်ကြောင်းတစ်လျှောက် အနက်ရောင်လှောင်အိမ်များလည်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေကြသည်။

ယနေ့ သူရင်းနှီးနေသည့်အော်ရာကို ထပ်ရလိုက်လေပြီ။

ဤသက်ရှိသည် အလွန်စွမ်းအားကြီးသော်လည်း သူထွက်ပြေးလွတ်မြောက်နိုင်ရန်အတွက် သူ့ကိုယ်သူ လောင်ကျွမ်းစေလိုက်ရသည်ပင်။

သူ အမှောင်ထုကို ဖြတ်ကျော်ကာ ချောက်နက်ကြီးထဲမှ တရှိန်ထိုး ပြေးထွက်လာလေသည်။

အချို့ မသေသေးသည့်ရွှေရောင်စစ်သူရဲများမှာ ချက်ချင်းပင် ဒူးထောက်ဦးညွှတ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုဒဏ္ဍာရီများကို ယုံကြည်ကြပြီး ဤသက်ရှိကို ကြိုဆိုချင်ကြသည်။

သို့သော် ဝမ်းနည်းစရာကောင်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုစွမ်းအားကြီးသည့် မူလဝိညာဉ်သည် လျင်မြန်စွာပင် အရောင်မှိန်သွားပြီး တောက်ပသည့်အလင်းများစွာအဖြစ် ကွဲထွက်သွားသည်။ သူ၏မူလဝိညာဉ် ပေါက်ကွဲသွားလေပြီ။

ဖူး..

နောက်ဆုံးတွင်တော့ ကောင်းကင်နှင့် ကမ္ဘာမြေကြီး မှေးမှိန်သွားကာ ထိုမူလဝိညာဉ်လည်း မလောင်ကျွမ်းနိုင်တော့။ သူ ရုန်းကန်နေသော်လည်း ပျက်စီးခြင်းသို့သာ ဦးတည်သွားနေသည်ပင်။

လျှို့ဝှက်ချက်များစွာ ရှိနေသည်ဟု ရှီဟောင်ခံဏားလိုက်ရသည်။ သူ အမှန်တရားကို ရှင်းရှင်းလင်းလင်းမမြင်နိုင်။ တစ်ချိန်တည်းမှာပင် ကိစ္စများစွာကို သူဆက်စပ်တွေးမိသွားသည်။

အမှောင်ထုနယ်မြေက သင်္ချိုင်းချောက်နက်နဲ့ ဘယ်လိုဆက်စပ်မှုမျိုး ရှိနေတာလဲ..

အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲများ၏ ဒဏ္ဍာရီအရဆိုလျှင် ဤကဲ့သို့ သက်ရှိတစ်ယောက်ပေါ်လာသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့။

ထို့အပြင် ဤနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်ပြီးနောက် ရှေးဟောင်းသင်္ချိုင်းနယ်မြေထဲသို့ ဦးတည်သွားသည့်သူများလည်း ရှိသည်။ ဤလူများမှာ သင်္ချိုင်းဘုရင်များနှင့်ပင် ယှဉ်နိုင်သည်ဟု ပြောကြသည်။

မဟုတ်ပါက မသေသေးသည့်စစ်သူရဲတစ်ယောက် မွေးဖွားသည်ဟူသည့်ဒဏ္ဍာရီကို ယုံကြည်နေသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲများ အဘယ်ကြောင့် ရှိနေမည်နည်း..

“အာ မီ ဂု ဒါ မို…”

ထိုအချိန်တွင် မြေအောက်လောက အနက်ပိုင်းမှထွက်လာသကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အလွန်အသက်ကြီးနေပြီဖြစ်ပြီး မှုန်ဝါးနေသည်ပင်။

ထိုအသံထွက်ပေါ်လာသည်နှင့် ထိုမူလဝိညာဉ်ထံမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုမူလဝိညာဉ်သည် အလွန်မှုန်ဝါးနေပြီး စွမ်းအင်အနည်းငယ်သာ ကျန်တော့သော်လည်း ပြန်တုံ့ပြန်သေးသည်ပင်။

အလင်းမှုန်လေးများမှာ အဝတ်စကဲ့သို့ ထိုအသံရှိနေသည့်နေရာသို့ လွင့်မျောသွားသည်။

ထိုအလင်းသည် သူ့ကိုယ်တိုင်လှုပ်ရှားနေခြင်းမဟုတ်ပဲ တစ်စုံတစ်ခု၏ ဦးဆောင်မှုနောက် လိုက်သွားနေခြင်းပင်။

“ဒီစကားလုံးတွေက ဘာအဓိပ္ပာယ်လဲ..” ရှီဟောင် သက်ရှည်သစ်ပင်ကိုမေးလိုက်သည်။

“မသိဘူး..” သစ်ပင်အိုကြီး ခေါင်းခါလိုက်သည်။

ထို့အပြင် ရှန်းမင်၊ စန်းကျန်းနှင့်အခြား မသေသေးသည့်ရွှေရောင်စစ်သူရဲများလည်း ရှုပ်ထွေးနေကြသည်ကို ရှီဟောင်သတိပြုမိသွားသည်။ သူတို့လည်း ဤစကားလုံးအဓိပ္ပာယ်ကို မသိကြ။

ထိုအသံမှာ မြေအောက်မှ လာသည့်အသံမှန်းတော့ သေချာသည်ပင်။

ထိုရှေးကျသည့်အသံမှာ ဆက်တိုက်ပင် ထွက်ပေါ်လာလေ၏။ ဤသည်မှာ ကျန်နေသေးသည့်ဝိညာဉ်အလင်းအား ဆင့်ခေါ်နေသကဲ့သို့ပင်။

ထိုမူလဝိညာဉ် ဖျက်ဆီးခံလိုက်ရပြီဆိုသည်မှာ သေချာသည်‌။ ကျန်နေသေးသည့် အလင်းပျောက်များမှာ မှတ်ဉာဏ်အစိတ်အပိုင်းအချို့ကိုသာ ပြသနိုင်တော့သည်။ သူတို့ကို လိုချင်နေတဲ့ စွမ်းအားကြီးတဲ့သက်ရှိရှိနေတာလား..

“အနက်ရောင်အကျဉ်းထောင်က လွတ်သွားတဲ့မကောင်းဆိုးဝါးကြီးက ဝိညာဉ်ဆင့်ခေါ်နေတာလို့တော့ မပြောနဲ့နော်…” ရှီဟောင် ရုတ်တရက် စဉ်းစားမိသွားသည်။

သူ ခေါင်းကိုက်လာရသည်။ ရှေးဟောင်းသင်္ချိုင်းမြေအထဲဘက်မှာ ဘာရှိနေတာလဲ .. ဤသည်မှာ ထူးဆန်းလှသလို လူတစ်ယောက်ကို ထိတ်လန့်ကြောက်ရွံ့အောင်လည်း လုပ်နိုင်သည်ပင်။

အပိုင်း ၁၆၇၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၇ – ရှေးဟောင်းပစ္စည်း

ရွှေရောင်အလင်းပျောက်ကွယ်သွားလေပြီ။ ဆင့်‌ခေါ်သည့် ကျမ်းစာသံများလည်း ခပ်ဝေးဝေးသို့ လွင့်ပါးသွားလေပြီ။

ထိုအသံသည် သင်္ချိုင်းမြေအောက်ကြောမှ အနက်ဆုံးရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်သွားလေသည်။

ဤနေရာမှာ ပြန်လည်တည်ငြိမ်သွားပြီး အချိန်အတော်ကြာသည်အထိ ဘာအသံမှ ထွက်မလာတော့။ မည်သူမှစကားမပြောနိုင်တော့။ ယခုအဖြစ်အပျက်များမှာ အလွန်ထူးဆန်းလှသည်ဟု ခံစားလိုက်ကြရသည်။ သက်ရှိတစ်ယောက်၊ အလွန်စွမ်းအားကြီးသည့် မူလဝိညာဉ်တစ်ခု တရှိန်ထိုး‌ ပြေးထွက်လာခဲ့သည်ပင်။

“သူ့ရဲ့ခန္ဓာကိုယ်က ဘယ်မှာလဲ .. သူဘယ်ခေတ်တုန်းက သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးသွားတာလဲ .. သူက ဘယ်ကနေ ရောက်လာတာလဲ..” နောက်ဆုံးတော့ မသေသေးသည့်ရွှေရောင်စစ်သူရဲ တုန်ယင်စွာ မေးလာသည်။

သင်္ချိုင်းချောက်နက်ကြီးမှာ အန္တရာယ်များသည့်နေရာဖြစ်ပြီး သေချာပေါက် အသက်ရှင်နေသည့်သူမရှိသည့်နေရာဟု အားလုံးယုံကြည်နေကြသည်ပင်။ မျိုးဆက်ပေါင်းများစွာ တိတ်ဆိတ်နေပြီးသည့်နောက်တွင်မှ မူလဝိညာဉ်တစ်ခု ရုန်းကန်လွတ်မြောက်လာသည်။

ဤသည်မှာ အားလုံးကို ကျောချမ်းသွားစေသည်ပင်။

“တစ်ချို့ကောလဟာလတွေက အတုတွေ မဟုတ်လောက်ဘူး .. ဒီနေရာက အရမ်းထူးဆန်းတယ် .. သူက သင်္ချိုင်းဘုရင်တွေရဲ့ မွေးဖွားမှုနဲ့ ဆက်စပ်နေလောက်တယ်..” မသေသေးသည့်ရွှေရောင်စစ်သူရဲ တစ်ယောက် တီးတိုးပြောလိုက်သည််။

အမှန်တကယ်၌ ထိတ်လန့်မှုကို တိုင်းတာမည်ဆိုလျှင် မည်သူမှ ရှီဟောင်လောက် ထိတ်လန့်မနေနိုင်။ ထိုမူလဝိညာဉ် မည်သည့်နေရာက ရောက်ရှိလာသည်ကို ဤနေရာတွင်ရှိနေသည့်သူအားလုံးထက် သူပိုသိသည်။

အနက်ရောင်အကျဉ်းထောင် .. ဤရှေးဟောင်းစာလုံးမှာ ဖုန်တက်နေပြီဖြစ်ပြီး ယနေ့တွင်မှ ပြန်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း .. ထို့အပြင် ထိုနေရာမှ သက်ရှိတစ်ယောက် ထွက်ပြေးလွတ်မြောက်လာသေးသည်။

ထိုနေရာသည် မည်ကဲ့သို့သော နေရာဖြစ်သနည်း.. ရှေးဟောင်းအချိန်မြစ်ကြီးတစ်လျှောက် အကျဉ်းထောင်များ တစ်ခုပြီးတစ်ခု ပေါ်လာသည့်နေရာပင်။ သို့သော် ထိုအကျဉ်းထောင်များ မည်ကဲ့သို့ ဖြစ်တည်လာသနည်း..

“ဒီလိုမျိုးထူးဆန်းတဲ့ဟာတွေကို ငါအမုန်းဆုံးပဲ..” ရှီဟောင်ပုခုံးထက်၌ ရှိနေသည့် ထာဝရဆေးပင်မှ ပြောလိုက်သည်။

သင်္ချိုင်းချောက်နက်ကြီးသည် မှောင်မည်းနေပြီး ယာယီအေးချမ်းသွားလေပြီ။

ယခုအချိန်တွင် ရတနာရှာရန် မည်သူမှ ဤအထဲသို့ မဆင်းချင်သကဲ့သို့ မည်သူမှ ဘာမှမပြောကြ။ သူတို့အားလုံး စိတ်လွတ်နေကြသည်။

ရုတ်တရက် ချောက်နက်ကြီးမှ လှိုင်းများ ထပ်မံထွက်ပေါ်လာကာ ရောင်စုံအလင်းများ တောက်ပလာပြန်သည်။

“တစ်ခြား မူလဝိညာဉ်တစ်ခုလည်း ထပ်ထွက်လာမှာလို့ ငါ့ကို မပြောနဲ့နော်..”

တိတ်ဆိတ်မှု ပြိုကွဲသွားလေပြီ။

“မဟုတ်ဘူး .. ဒီတစ်ခေါက်က ထွက်လာသင့်တဲ့စွမ်းအင်လှိုင်းပဲ .. သင်္ချိုင်းရတနာ ပေါ်လာတော့မယ်..” ရှန်းမင် ပြောလိုက်သည်။ ထို့အပြင် သူမ ထိုချောက်နက်ကြီးထံသို့ ဦးဆုံး လျှောက်သွားလိုက်သည်။

ဤသည်ကို မြင်သည်နှင့် အခြားသူများလည်း လျင်မြန်စွာ လှုပ်ရှားလာကြသည်။ သူတို့သည် အခွင့်အရေးကောင်းများနှင့် သဘာဝကံကောင်းမှုများအတွက် ရောက်လာခြင်းဖြစ်သောကြောင့် သူတို့ အခြားသူများထက် နောက်ကောက်ကျမနေနိုင်။

“ရောင်းရင်းဟွမ် သွားပါ..” စန်းကျန်း ရှီဟောင်နှင့်အတူ သွားလိုက်သည်။ သူတို့ ချောက်နက်ကြီးအစွန်း၌ရပ်နေကာ မူလဖရိုဖရဲမြူထဲသို့ ငုံ့ကြည့်လိုက်ကြသည်။

အားလုံး ကောင်းကင်မျက်လုံးများ ဖွင့်ထားကာ ချောက်နက်ကြီးထဲသို့ ငုံ့ကြည့်လိုက်ကြသည်။

စွမ်းအင်လှိုင်းများမှာ ပို၍တောက်ပလာပြီး နွေဦးလေပြေလေးများကဲ့သို့ နူးညံ့လာသည်။

“ဝိုး .. ငါ သင်္ချိုင်းရတနာတစ်ခုလောက်ရဖို့ မျှော်လင့်တယ် .. အချိန်ကျရင် ငါတို့ အဲဒီပစ္စည်းကို အပြင်လောကယူသွားပြီး ကိုယ့်ကိုကိုယ် သန်မာလာအောင် လုပ်လို့ရတယ်..” စန်းကျန်း သူ့ကိုယ်သူ ပြောလိုက်သည်။

အခြား မသေသေးသည့်ရွှေရောင်စစ်သူရဲများ ဘာအမူအရာမှ မပြကြသော်လည်း ရှီဟောင် စိတ်ထဲ တုန်လှုပ်သွားကြသည်။ မသေသေးတဲ့စစ်သူရဲတွေက အပြင်လောကကို ထွက်တော့မှာလား ..

သူ နားလည်မှုလွဲနေတာလား .. မြေအောက်လောကသက်ရှိတွေက အမြဲတမ်း အိပ်နေရတာကို ကြိုက်ကြတာ မဟုတ်ဘူးလား..

ထို့နောက် အခြားမသေသေးသည့်စစ်သူရဲ တစ်ယောက်ပြောလိုက်သည့်စကားကြောင့် သူအထင်မှားနေခြင်းမဟုတ်ကြောင်း ရှီဟောင်သိလိုက်ရသည်။

“မြို့ကြီးထဲကို ဝင်မှာလား .. ဒါမှမဟုတ် အဲဒီဂိတ်အပြင်ဘက်ပဲလား..”

“ငါတို့ နောက်မှ ဆုံးဖြတ်ကြတာပေါ့ .. နှစ်ပေါင်းများစွာ အိပ်ပျော်နေတော့ အဲဒီနေရာတွေ အတော်လေး အသက်ဝင်နေလောက်ပြီ..” စန်းကျန်းပြောလိုက်သည်။

ဤသည်မှာ ရှီဟောင်ကို မတည်မငြိမ်ဖြစ်စေသည်။ မသေသေးတဲ့စစ်သူရဲတွေက ငြိမ်ငြိမ်လေးနေရတာကို ကြိုက်တာမဟုတ်ဘူးလား .. သူတို့တွေ အပြင်ထွက်ပြီး ဝင်ပါကြတော့မှာလား.. ဤသည်မှာ သူ့ကို မယုံကြည်နိုင်အောင်ဖြစ်သွားစေသည်ပင်။

သူတို့ပြောသည့်မြေကြီးဆိုသည်မှာ အင်ပါယာဂိတ်ကိုဆိုလိုပြီး ဂိတ်အပြင်ဘက်ဆိုသည်မှာ တစ်ဖက်လောကကို ဆိုလိုခြင်းပင်။

“အား .. သင်္ချိုင်းဘုရင်တွေ ဘာစဉ်းစားနေလဲဆိုတာမသိတာ နှမြောစရာပဲ .. သူတို့ အိပ်နေတာ နှစ်တွေ တော်တော်ကြာနေပြီ .. သူတို့ ရှေးဟောင်းသင်္ချိုင်းမြေကနေ တစ်ခါမှ ထွက်မလာခဲ့ကြဘူး .. မဟုတ်ရင် သင်္ချိုင်းမြေကြီးက ဒီထက်ပိုပြီး ကျယ်ပြန့်နေမှာ..”

မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက် ပြောလိုက်သည်စကားမှာ ရှီဟောင်ကို ထူးဆန်းသည့်ခံစားချက်များ ခံစားရစေသည်။ သင်္ချိုင်းဘုရင်ဖြတ်သွားတဲ့နေရာတိုင်းက သင်္ချိုင်းမြေ ဖြစ်သွားမှာလား .. ဤဖြစ်နိုင်ချေကို စဉ်းစားကြည့်လိုက်သည်နှင့် သူကျောချမ်းသွားရသည်။

“မဖြစ်နိုင်လောက်ပါဘူး ဟုတ်တယ်မလား .. နောင်ကျရင် ဖရိုဖရဲကြီးဖြစ်ဦးမှာလေ..” ရှီဟောင် ကြောက်ရွံ့လာမိသည်။ အဘယ်ကြောင့်ဆိုသော် ဒီအတိုင်း လျှောက်စဉ်းစားမိလျှင်ပင် သူ့အနာဂတ်ကြီး မှောင်မိုက်သွားသည်ဟု သူခံစားလိုက်ရသည်။

တစ်ဖက်လောက၏ ကျူးကျော်မှုပင်လျှင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုအား ရှင်းပစ်နိုင်နေပြီဖြစ်သည်။ သင်္ချိုင်းမြေကြီးသာ အသက်ဝင်လာပါက မည်ကဲ့သို့ဖြစ်လာမည်ကို သူစဉ်းပင်မစဉ်းစားရဲတော့။

ဖက်တီးတာအိုဆရာနှင့် သူ့တပည့်တို့ ပြောနေကြသည့်အကြောင်းအရာများကို ပြန်စဉ်းစားကြည့်မိသည်။ အားလုံးက တစ်ဆင့်ချင်းဖြစ်လာမှာလား .. အချိန်ကျလာလျှင် သူတို့ရင်ဆိုင်ရမည့်အရာမှာ မယုံကြည်နိုင်စရာကောင်းသည့်အရာ ဖြစ်လောက်မည်။

“ငါတို့ မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ချို့ကလွဲရင် တစ်ခြား ကလန်သားတွေ အဲဒီနေရာ ဝင်လို့မရဘူး .. သူတို့ကို သေချာပေါက် သိသွားမှာ..” ရှန်းမင် ပြောလိုက်သည်။

ဤသည်မှာ အမှန်တရားပင်။ မသေသေးသည့်ရွှေရောင်စစ်သူရဲများမှာ အပြင်လောကမှ သက်ရှိများနှင့် ဘာမှမကွာခြား။ သူတို့က ပို၍ပင် သန့်စင်မြင့်မြတ်နေသေးသည်။

“လာတော့မယ် .. သတိထား..” တစ်စုံတစ်ဦးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ချောက်နက်ကြီးထဲမှ ရောင်စုံအလင်းများ ထွက်ပေါ်လာ၏။ မသေသေးသည့်ရွှေရောင်စစ်သူရဲများအားလုံး သူတို့၏ကိုယ်ပိုင်နည်းလမ်းများသုံးကာ ထိုပစ္စည်းကိုဖမ်းရန် ပြင်ဆင်လိုက်ကြသည်။

“မင်း လှုပ်ရှားဖို့အချိန်ရောက်ပြီ..” ရှီဟောင် ဆေးပင်အိုကြီးကို ပြောလိုက်သည်။

ဆေးပင်အိုကြီးတွင် လှန်ပြစရာမျက်လုံးမရှိသည်မှာ သနားစရာပင်။ မဟုတ်ပါက သူ့အား စိုက်ကြည့်နေလောက်လေပြီ။

“လျှောက်ပြောမနေနဲ့… ငါတို့ကို သတိမထားမိအောင် သတိထား .. အခုက ငါသွားဖို့အချိန်မဟုတ်သေးဘူး .. မင်းပေါ်ပဲ မူတည်တာ .. လက်လွတ်စပယ်လုပ်လိုက်ရင် ငါပျက်စီးသွားလိမ့်မယ်..” ဆေးပင်အိုကြီး ပြောလိုက်သည်။

ရှီဟောင် အနည်းငယ် ရှက်သွားရ၏။ ဤနေရာနှင့်ပတ်သက်ပြီး သူတကယ်ကို ဘာမှမသိ။

သူ မျက်နှာကိုးခု သင်္ချိုင်းကျောက်တုံးကို ချက်ချင်းထုတ်လိုက်၏။ ဤသည်မှာ သစ်ပင်အိုကြီး ပြောသည့်အတိုင်း လိုက်လုပ်ခြင်းပင်။ ချောက်နက်မှ ရောင်စုံအလင်းတန်းများမှာ သူ့ထံသို့ ဦးတည်ရောက်ရှိလာလေသည်။

“သင်္ချိုင်းလက်နက်..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံးမှာ အလွန်အသုံးဝင်လှသည်။ သူ့ထံ၌ မှော်စွမ်းအားတစ်မျိုးရှိနေသကဲ့သို့ ဤကဲ့သို့လက်နက်မျိုးကို ချက်ချင်းဆွဲခေါ်လိုက်လေပြီ။

သို့သော်လည်း မဆုံးနိုင်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေဆဲပင်။ ထိုသင်္ချိုင်းပစ္စည်းများတွင် အေးစက်သည့်စွမ်းအင်များ ပြည့်နှက်နေပြီး အေးစက်သည့်အလင်းတန်းများလည်း ရှိနေသည်။ အချို့လက်နက်များမှာ အလွန်ရှေးကျလှသည်ကို အားလုံးမြင်နိုင်သည်ပင်။

အချို့ပစ္စည်းများမှာသံကြေးတက်နေပြီး အချို့ပစ္စည်းမှာ အက်ကွဲနေသည်။ အချို့ပစ္စည်းများမှာ အလွန်ပျက်စီးနေလေပြီ။ သို့သော် ထိုပစ္စည်းများအားလုံး တောက်ပနေပြီး မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံးထံသို့ ဦးတည်ပျံသန်းသွားကြလေသည်။

ထိုအခိုက်အတန့်တွင် ရှန်းမင်ပင် သက်ပြင်းမချပဲ မနေနိုင်တော့။ “သင်္ချိုင်းရတနာ မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံး ဖြစ်ထိုက်ပါပေတယ် .. ဒီသင်္ချိုင်းလက်နက်ကိုတောင် ဆင့်ခေါ်နိုင်တယ်”

ရှီဟောင် ဆွံ့အသွားရ၏။ ဤကျောက်တုံးမှာ သူထင်ထားသည်ထက်ပင်ပို၍ အဖိုးတန်သေးသည်။

သို့သော် ဤလက်နက်များနှင့်အတူ အန္တရာယ်များလည်း ရောက်လာသည်ပင်။ တစ်ချက်မှားသွားသည်နှင့် သူအပိုင်းပိုင်းဖြစ်အောင် အခုတ်ခံလိုက်ရလိမ့်မည်။

သူ ထိုသွေးခြောက်ကို ထုတ်လိုက်သည်။ ထိုသွေးသည် ကျောက်တုံးကဲ့သို့ မာကျောလှကာ မည်သည့်စွမ်းအင်လှိုင်းမှ မရှိ။ သူ့ထံတွင်စွမ်းအားကြီးသည့် မှော်ခွန်အားလည်းမရှိ။

သို့သော်လည်း အားလုံးကို အံ့အားသင့်သွားစေသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ ပျံသန်းလာသည့်လက်နက်အချို့ သင်္ချိုင်းချောက်နက်ထဲသို့ ပြန်ကျသွားကာ တခွပ်ခွပ်အသံများထွက်ပေါ်လာ၏။ အက်ကွဲကြောင်းမှာ ပိုကြီးလာသလိုပင်။

မည်သည့်လက်နက်မှ ရောက်မလာတော့။ ထိုလက်နက်များမှာ ပျံပြေးသွားသည့်လက်နက်က ပျံပြေးသွားသလို တစ်ချို့ကလည်း ချောက်နက်ထဲသို့ကျသွားသည်။

ရှီဟောင်၏ ထိတ်လန့်နေသည့်ပုံစံကို မြင်သည့်အချိန်တွင် ထာဝရဆေးပင် တည်ငြိမ်စွာပင် ပြောလိုက်သည်။ “သင်္ချိုင်းရတနာတွေက ဘယ်လိုလုပ် ရိုးရှင်းမှာလဲ..”

ရှီဟောင်၏မျက်နှာ မဲမှောင်လာရသည်။ “ပြေးထွက်လာတဲ့ သင်္ချိုင်းလက်နက်တွေအားလုံး လွတ်သွားပြီဆိုတာ မင်းသိလား .. ဒီသွေးကြောင့် ငါဘာမှမရလိုက်တော့ဘူး ..”

“ကိစ္စမရှိဘူး .. ဒီသင်္ချိုင်းရတနာနှစ်ခုပေါ်လာတာနဲ့ .. အထူးသဖြင့် ဒီသွေးရဲ့ ထူးဆန်းတဲ့ခွန်အားပေါ်လာတာနဲ့ ဒီပစ္စည်းလေးတွေက လှည့်ကွက်လေးတွေပဲ .. ဒီလက်နက်တွေကို ဘေးဖယ်ထားလိုက်တော့ လက်နက်အစစ်လာရင် အဲဒါက‌ သေချာပေါက် သင်္ချိုင်းရတနာပဲဖြစ်လိမ့်မယ် .. အဲဒီလက်နက်က ပိုကောင်းမှာ..” ထာဝရဆေးပင် ပြောလိုက်သည်။

သင်္ချိုင်းရတနာများမှာ ရှားပါးလှပြီး အားလုံးမှာ အဖိုးမဖြတ်နိုင်သည့်ပစ္စည်းများးပင်။

ဘေးပတ်လည်တွင်ရှိနေသည့် လူအုပ်ကြီးလည်း မျက်နှာများ မဲမှောင်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထံသို့ ဦးတည်လာနေသည့် လက်နက်မျာလးည်း လမ်းကြောင်းပြောင်းသွားကြသည်ပင်။ လက်နက်အားလုံး ချောက်နက်ကြီးထဲသို့ ပြန်ဝင်သွားကြသည်ပင်။

“ရောင်းရင်းဟွမ် .. ဒီလိုလုပ်ဖို့ မဖြစ်ဘူးဘေ .. စွမ်အားအကြီးဆုံးသင်္ချိုင်းရတနာမဟုတ်ရင် တစ်ခြားပစ္စည်းတွေ လာရဲမှာမဟုတ်ဘူး .. ကျွန်တော်တို့ ပစ္စည်းတွေရဖို့ခက်လိမ့်မယ်..” မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက်ပြောလိုက်သည်။

“ရောင်းရင်းဟွမ် .. အဲဒီပစ္စည်းကို အခုခဏသိမ်းထားလိုက်ပါ .. ခဏနေ ကျွန်တော်တို့ ချောက်နက်ကြီးအတွင်းပိုင်းမှာရှိတဲ့ သင်္ချိုင်းနန်းတော်ထဲ ဝင်တဲ့အချိန်ကျရင် ကျွန်တော်တို့ အဲဒီရတနာနှစ်ခုကို သုံးလို့ရတယ်..” စန်းကျန်းပြောလိုက်သည်။

သူတို့ချောက်နက်ကြီးရဲ့ အတွင်းပိုင်းထဲထိသွားမှာလား .. ရှီဟောင် ချက်ချင်းထိတ်လန့်သွားရ၏။ ဤသည်မှာ သူနားလည်ထားသည်နှင့်မတူတော့။ အဲဒီနေရာမှာ နန်းတော်တစ်ခုရှိနေတာလား .. သူ့မှာ ဘယ်လိုသမိုင်းကြောင်းမျိးရှိနေတာလဲ..

“မင်းတို့အားလုံး ဒဏ္ဍာရီလာနန်းတော်ထဲကို ဝင်ကြမှာလား..” အခြားသူများလည်း ထိတ်လန့်သွားကြ၏။ သူတို့ ထိုနေရာအား အလွန်ကြောက်ရွံကြသည်ပင်။

“နှစ်ပေါင်းများစွာ ကုန်သွားတာတောင်မှ အဲဒီထဲကို ဝင်ရဲတဲ့သူ သိပ်မရှိဘူး .. အဲဒါက အရမ်းအန္တရာယ်များတယ်..” မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက်လည်း ဤကဲ့သို့ ပြောလိုက်သည်။

“ကိစ္စမရှိဘူး .. ငါတို့မှာ ထာဝရဆေးပင်နှစ်ပင်ရှိတယ် .. ပြီးတော့ ငါတို့ရဲ့ သင်္ချိုင်းရတနာတွေနဲ့ဆိုတော့ စွန့်စားကြည့်ဖို့တန်ပါတယ်..” ရှန်းမင် ပြောလိုက်၏။ သူမလည်း ထိုထဲသို့ ဝင်ချင်သည်။

“ကောင်းပြီလေ..” ရှီဟောင် ခေါင်းညိမ့်ကာ ထိုရတနာနှစ်ခုကို ပြန်သိမ်းထားလိုက်သည်။

ရှန်းမင်မျာ အလွန်မနာလိုဖြစ်နေလေ၏။ ဤပစ္စည်းနှစ်ခုလုံးမှာ ဈေးမှ တွေ့ခဲ့ခြင်းပင်။ သူမ ဤပစ္စည်းနှစ်ခုကို မတွေ့ခဲ့သောကြောင့် သူမအလွန်နောင်တရနေလေပြီ။

“ရောင်းရင်းဟွမ် .. ရောင်းရင်းမှာ တစ်ခြား သင်္ချိုင်းပစ္စည်းတွေ ရှိသေးလား..” စန်းကျန်း ထူးဆန်းသည့်အမူအရာဖြင့် မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုသင်္ချိုင်းရတနာနှစ်ခုကို သိမ်းပြီးသွားသည်နှင့် ရှီဟောင် အခြားမည်သည့်မှော်ပစ္စည်းကိုမှ မကိုင်ထားတော့ပေ။

သိထားရမည်မှာ ဤနေရာမှာ အလွန်အန္တရာယ်များလှသည်။ ရှန်းမင်ဖြစ်စေ၊ စန်းကျန်းဖြစ်စေ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် စွမ်းအားကြီးသည့် သင်္ချိုင်းပစ္စည်းများ ထုတ်လာကြသည်ပင်။

ဤမေးခွန်းမှာ ရှီဟောင်အားခေါင်းကိုက်စေသည်။ သူ့ထံ၌ ဘယ်လိုလုပ် အခြားသင်္ချိုင်းပစ္စည်းရှိမည်နည်း.. သူ ထာဝရဓားကို ထုတ်ရတော့မှာလား..

“မြန်မြန်ကြည့် .. ဒီလက်နက်တွေထဲမှာ ဘယ်လက်နက်က သူတို့အတွေးတွေကို ရှင်းပေးနိုင်မလဲ..” ရှီဟောင် ထာဝရဆေးပင်ထံသို့ အသံပို့လွှတ်လိုက်သည်။

“တစ်ခုမှ သုံးလို့မရဘူး .. ဒီပစ္စည်းတွေက သင်္ချိုင်းပစ္စည်းနဲ့ နည်းနည်းလေးမှတောင်မဆက်စပ်ဘူး..” သစ်ပင်အိုကြီး အားလုံးကို ငြင်းလိုက်သည်။

“ဒါဆိုရင်ရော ..” ရှီဟောင် သူ မသုံးသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့် ရှေးဟောင်းပစ္စည်းတစ်ခုကို ရုတ်တရက် တွေ့လိုက်သည်။

ထာဝရဆေးပင် ဆွံ့အသွားရ၏။ သူပစ္စည်းအစစ်ကို မတွေ့ရသေး။ ရှီဟောင်ပြသည့် တံဆိပ်မှ ကောက်ချက်ချရမည်ဆိုလျှင် ဤပစ္စည်းမှာ အထင်ကြီးစရာကောင်းသည့်ပစ္စည်းပင်။

“ဒါပဲ .. ဒီပစ္စည်းက အထင်ကြီးစရာကောင်းတဲ့ ရှေးဟောင်းသင်္ချိုင်းပစ္စည်းပဲ..” သစ်ပင်အိုကြီး ပြောလိုက်သည်။

ရှီဟောင်စိတ်ထဲ တုန်လှုပ်သွားရသည်။ ဤပစ္စည်းမှာ သာမန်ပစ္စည်းမဟုတ်သောကြောင့် သူအတွေးများသွားရသည်။ သူဤပစ္စည်းကို တစ်ခါမှ မသုံးရသေး။

ယခုတော့ သူတွေဝေနေခြင်းမရှိပဲ ထိုပစ္စည်းကို ဆွဲထုတ်လိုက်သည်။ ဤနေရာတစ်ခုလုံးမဲမှောင်သွားပြီးနောက် အနက်ရောင်အလင်းမှုန်များထုတ်လွှတ်လာသည်။ ထိုအလင်းမှုန်နှင့်အတူ ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာသည်။

ဤရှေးဟောင်းပစ္စည်းပေါ်လာသည်နှင့် အားလုံး ထိတ်လန့်သွားကြရသလို မနာလိုလည်းဖြစ်လာကြသည်။

ဤသည်မှာ အလွန်သေးငယ်ပြီး လက်သီးအရွယ်အစားသာရှိသည့် မည်းနက်နေသည့်အိုးလေးတစ်လုံးပင်။ ဤအိုး၏ ရိုးရှင်းကာ ရှေးကျသည့်အသွင်အပြင်တွင် ထူးဆန်းသည့်အော်ရာတစ်ခု ကိန်းဝပ်နေသည်။

အိုးမျက်နှာပြင်တွင် အက်ကွဲကြောင်းများ ဖုံးအုပ်နေသည်။ ဤသည်မှာ အိုးကို တစ်စစီကွဲအောင်လုပ်ထားပြီး ပြန်ဆက်ထားသလိုပင်။ ဤအိုးတွင် မူလဖရိုဖရဲမြူများရှိနေပြီး အလွန်ရှေးကျလှသည်။

အခြားအရာများ မပြောနှင့်။ ဤအိုးကို ပြုလုပ်ထားသည့်ပစ္စည်းပင်လျှင် လူတစ်ယောက်အား ထိတ်လန့်သွားစေရန် လုံလောက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအိုးကို အမှောင်ထုထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းပင်။

ဤအိုးကို ရကတည်းက ရှီဟောင်တစ်ခါမှ မသုံးသေး။ အဘယ်ကြောင့်ဆိုသော် ဤမှော်ပစ္စည်းနှင့်ပတ်သက်ပြီး သူမသက်မသာခံစားရသည်။ ဤအိုးမှာ အလွန်ရက်စက်ကြမ်းကြုတ်သည်ဟု သူခံစားနေရသည်ပင်။

သူ ဤအိုးကို ထာဝရဓားဖြင့် ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ဖူးသည်အထိပင်။ မည်သို့ပင်ဖြစ်စေ ထိုဓားသည် ထာဝရရွှေကို စုတ်ယူနိုင်သည်ပင်။

“ပစ္စည်းကောင်းပဲ .. ဒါက သေချာပေါက်ကို အဆင့်လွန်ရတနာဖြစ်ခဲ့မှာ … သူ ပျက်စီးနေတာ နှမြောစရာပဲ .. သူ့မှာ အက်ကွဲကြောင်းတွေ ပြည့်နေတာ .. ဒီအိုးက ဘယ်လိုတိုက်ပွဲကိုများ ကြုံခဲ့ရတာလဲ..”

“သူက အရင်က ထာဝရသက်ရှိတစ်ယောက်ကို မြေမြှုပ်ပစ်နိုင်ခဲ့တယ်ထင်တယ်..”

ဤအိုးပါ်လာသည်နှင့် မသေသေးသည့်ရွှေရောင်စစ်သူရဲများ သက်ပြင်းချကာ ချီးကျူးလာကြသည်။

ဤသည်မှာ ကြောက်စရာကောင်းလောက်သည့်နောက်ခံရှိနေသည့် ရှေးဟောင်းသင်္ချိုင်းပစ္စည်းဖြစ်လိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ ဤပစ္စည်းမှ ထုတ်လွှတ်နေသည့် မသေဆုံးသည့်လက်နက်အော်ရာမှာ ပြင်းထန်လှပြီး သူတို့အားလုံး၏ ခန္ဓာကိုယ်ကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။ ဤသည်မှာ သူတို့ကောင်းကင်ထက်သို့ တက်တော့မလိုပင်။

ဒါက သင်္ချိုင်းပစ္စည်းလား .. ရှီဟောင် တည်ငြိမ်နိုင်ရန် ခက်ခဲနေလေပြီ။ အချို့ကိစ္စများကို ပြန်စဉ်းစားမိသည်နှင့် သူစိတ်လှုပ်ရှားလာရသည်။ ကိစ္စများမှာသူထင်ထားသည်ထက် ပို၍ရှုပ်ထွေးကာ ကြောက်စရာကောင်းနေသည်ပင်။

အပိုင်း ၁၆၇၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၈ – အခွင့်အရေး

သင်္ချိုင်းပစ္စည်း..

ဒီပစ္စည်းမှာ ဒီလိုသမိုင်းမျိုး ရှိနေတာလား..

အတိတ်မှ အဖြစ်အပျက်များကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် ရှီဟောင် စိတ်အေးအောင်လုပ်ရန် ခက်ခဲသွားသည်။

ဤလက်သီးအရွယ်အစားအိုးလေးမှာ အနက်ရောင်နတ်သားတော်ကိုသတ်ပြီး ရရှိခဲ့ခြင်းပင်။

စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များ၏ တိုက်ပွဲတွင် သူတို့ ထာဝရရှေးဟောင်းခေတ်အကြွင်းအကျန်မြေထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။ ထိုနေရာ၌ ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး မရေမတွက်နိုင်သည့်တိုက်ပွဲများလည်း ဖြစ်ပျက်ခဲ့သည်။ ရှီဟောင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် အကြိမ်ပေါင်းများစွာ သေမလိုဖြစ်ခဲ့သည်ပင်။ သူကျွင်းသောက်၊ ပျက်စီးနေသည်နတ်သားတော်၊ ထာဝရနန်းတော်ဆက်ခံသူ၊ ရှေးဟောင်းမြင့်မြတ်သားတော်၊ သရဖူ ၆ ခုဘုရင်၊ အနက်ရောင်နတ်သားတော်နှင့် အခြားသူများအား ရင်ဆိုင်ခဲ့ကြရသည်။

သူ ယနေ့ ရရှိနေသည့် အောင်မြင်မှုများမှာ ထိုတိုက်ပွဲများကြောင့်ပင်။ သူသည် ရန်သူများစွာကို ရင်ဆိုင်ခဲ့ရကာ အဆုံးစွန်ထိ အဆင့်မြင့်တက်ခဲ့သည်ပင်။

အနက်ရောင်နတ်သားတော်မှာ စီရင်စုသုံးထောင်၏ အလွန်ထူးဆန်းသည့် မြေအောက်လောကမှ လာခြင်းပင်။ သူသည် သေချာပေါက် ရိုးရှင်းသည့်သူမဟုတ်။ အဘယ်ကြောင့်ဆိုသော် သူသည် သမိုင်းမတင်မှီခေတ်မှ ရှေးဟောင်းအလောင်းတစ်ခု အသိဉာဏ်ရလာခြင်းဖြစ်သည်ဟု ပြောကြသည်ပင်။

သူ၏ခန္ဓာကိုယ်မှာ အလွန်စွမ်းအားကြီးလှသည်။ သူဒဏ်ရာများရရှိခဲ့သော်လည်း ထိုဒဏ်ရာများမှာ ချက်ချင်းပင် ပြန်ကောင်းသွားသည်။ ဤသည်မှာ မသေမျိုးခန္ဓာကိုယ်နှင့်အတူတူပင်။

ယခု ရှီဟောင် ကိစ္စများစွာကို ဆက်စပ်မိသွား၏။

“အနက်ရောင်နတ်သားတော် .. သူက မသေသေးတဲ့စစ်သူရဲများလား..” ရှီဟောင် သံသယဝင်မိသွား၏။ မဟုတ်ပါက သူ့ထံတွင် ဘယ်လိုလုပ် ဤကဲ့သို့သော အိုးမျိုးရှိနေမည်နည်း..

“သူက မသေသေးတဲ့စစ်သူရဲ ပြန်မွေးဖွားလာတဲ့ရလဒ်ဖြစ်မယ်ထင်တယ်..” အချို့အကြောင်းအရာများကို ထပ်စဉ်းစားပြီးနောက် သူဤကဲ့သို့ ကောက်ချက်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မသေသေးသည့်စစ်သူရဲများတွင် မိဘများရှိကြသည်ပင်။

သို့သော် အနက်ရောင်နတ်သားတော်မှာ မြေအောက်၌ နှစ်ပေါင်းများစွာ မြှုပ်နှံခံခဲ့ရသောကြောင့် အသိဉာဏ် ရလာခဲ့ခြင်းပင်။

ဤကျွမ်းကျင်သူနှစ်မျိုးမှာလုံးဝကွဲပြားနေသည်ပင်။

အနက်ရောင်နတ်သားတော်တွင် အလွန်ထိတ်လန့်စရာကောင်းလောက်သည့် အတိတ်ရှိနေသည်ဟု သူခံစားရသည်။ အဘယ်ကြောင့်ဆိုသော သူတို့ တိုက်ခိုက်စဉ်က သူ၏ခန္ဓာကိုယ်တစ်ခုတည်းဖြင့် ရှီဟောင် အတော်လေးဖိအားများခဲ့သည်ပင်။

ထိုတိုက်ပွဲတွင် အနက်ရောင်နတ်သားတော်သည် သူ၏ဝိညာဉ်ကိုပင် အသုံးမပြု။ သူ၏ခန္ဓာကိုယ်၌ နတ်စွမ်းရည်ပေါင်း ၉၉ မျိုးရှိနေသည်ပင်။

ဤသည်မှာတကယ်ကို ကြောက်စရာကောင်းလှသည်။ ဤမျှငယ်ရွယ်သည့်ကျွမ်းကျင်သူတစ်ယောက်မှာ ဤမျှများပြားလှသည့်အဖိုးတန်ပညာများကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မည်နည်း..

ဤသည်မှာ သူ့ခန္ဓာကိုယ်တွင်ရှိနေခဲ့သည့် အသိစိတ်နှင့် တံဆိပ်များဖြစ်သည်ဟု ပြောကြသည်။ သူ၏အသွေးအသား၌ နတ်စွမ်းရည်များ ပါဝင်နေသည်ပင်။

တိုက်ပွဲ၌ ရှီဟောင် အနက်ရောင်နတ်သားတော်အား သတ်နိုင်ခဲ့ခြင်းမှာ တစ်ဖက်လူ၏ မူလဝိညာဉ် အားနည်းနေသောကြောင့်ပင်။

နောက်ဆုံးတွင် ထာဝရဆေးခင်းပေါ်လာကာ သူ၏ခန္ဓာကိုယ်သည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ကျသွားပြီး အစရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်ပင်။

အနက်ရောင်နတ်သားတော်၏ မူလဝိညာဉ်မှာ နောက်မှဖြစ်တည်လာခြင်းဖြစ်ပြီး ပထမတစ်ခုလောက် အားမကောင်း။

သူ၏မူလဝိညာဉ် ဘာမှလုပ်မသွား။ သူ၏ခန္ဓာကိုယ်သာ တိုက်ခိုက်သွားခြင်းပင်။

ပို၍ကြောက်စရာကောင်းသည်မှာ ခန္ဓာကိုယ်ထဲ၌ ရှိနေသည့် လျှိ့ဝှက်ပညာ ၉၉ မျိုးကို မူလဝိညာဉ်လည်း အသွေးအသားမှတစ်ဆင့် အမွေဆက်ခံနိုင်သည်ပင်။ သူ၏မူလဝိညာဉ် တစ်ဖြည်းဖြည်း အရွယ်ရောက်လာကာ ကြောက်စရာကောင်းသည့်စွမ်းအား ပိုင်ဆိုင်လာနိုင်သည်။

အနက်ရောင်နတ်သားတော် နောက်ဆုံးအသုံးပြုခဲ့သည့်ပညာကို ရှီဟောင် မှတ်မိနေသေးသည်။ ဤသည်မှာ စီရင်စု သုံးထောင်လုံးကို တုန်လှုပ်စေခဲ့သည့် ‘သင်္ချိုင်းသုံးခုလျှို့ဝှက်ပညာ’ပင်။

သင်္ချိုင်းသုံးခုလျှို့ဝှက်ပညာမှာ ကောင်းကင်၊ မြေကြီးနှင့် ဘဝကိုပင် မြေမြှုပ်ပစ်နိုင်သည်ဟု ပြောကြသည်။

ဤကိစ္စများကို ပြန်စဉ်းစားကြည့်သည့်အချိန်တွင် ဤသည်မှာ မသေသေးသည့်စစ်သူရဲများ၏ ပြိုင်ဘက်ကင်းပညာဖြစ်လိမ့်မည်ဟု သူယုံကြည်လာသည်။ သင်္ချိုင်းသုံးခုလျှို့ဝှက်ပညာဟူသည့်နာမည်မှာ မသေသေးသည့်စစ်သူရဲ၏ ပုံစံနှင့် ကိုက်ညီလှသည်။

ရှီဟောင် ဘယ်လိုလုပ် တည်ငြိမ်နိုင်တော့မည်နည်း.. သူ ကိစ္စများစွာကို ချက်ချင်းတွေးမိသွားသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် လှည့်လည်သွားလာနေသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲများရှိသည်။

တစ်ချိန်တည်းမှာပင် စီရင်စုသုံးထောင်၌ အကောင်းဆုံးမျိုးဆက်တစ်ခုဖြစ်သည့် မြေအောက်လောကကိုလည်း သူစဉ်းစားမိသွားသည်။

ယင်ကမ္ဘာလောကဟု သတ်မှတ်ထားသည့် ထိုနေရာမှာ သင်္ချိုင်းမြေနှင့်ဆက်စပ်မှုရှိနေလောက်သည်။

နှစ်များစွာ ကြာသွားပြီဖြစ်သောကြောင့် သူတို့ကြားမှ ဆက်ဆံရေးမှာ မှုန်ဝါးနေလောက်လေပြီ။ သူတို့အချင်းချင်း အဆက်အသွယ်မရှိတော့သည်လည်း ဖြစ်နိုင်သည်။

သို့သော် မည်သူက တရားသေပြောနိုင်မည်နည်း .. မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ယောက် ပြန်ပေါ်လာသည်နှင့် သူတို့မြေအောက်လောကသို့သွားကာ ပူးပေါင်းကြမည်လား .. သူတို့ စွမ်းအားတစ်ခုတည်း ဖြစ်လာကြမည်လား..

သိထားရမည်မှာ မြေအောက်လောက၏ ပတ်ဝန်းကျင်အခြေအနေမှာ သင်္ချိုင်းမြေနှင့်ဆင်တူလှသည်။

သို့သော်လည်း ထိုနေရာသည် သင်္ချိုင်းမြေထက်တော့ အလွန်နိမ့်ကျနေသည်ပင်။

ထို့အပြင် ဤနေရာနှစ်ခုကြားမှ အကြီးမားဆုံး ကွာခြားချက်မှာ သင်္ချိုင်းမြေတွင် မသေသေးသည့်စစ်သူရဲများ မွေးဖွားကြပြီး မြေအောက်လောကတွင်မူ ကျင့်ကြံသူအများစုမှာ အသိဉာဏ်ရလာသည့် အလောင်းများပင်။

“ဒီအိုးလေးက ထာဝရသက်ရှိတစ်ယောက်ကို မြေမြှုပ်ဖူးလိမ့်မယ် .. ဒါမှမဟုတ် မသေမျိုးသက်ရှိတစ်ယောက်ကို သတ်ဖူးလိမ့်မယ် .. သူ့မှာ အဲဒီလိုမျိုးအော်ရာရနေတယ်..” စန်းကျန်း ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ စန်းကျန်းကိုကြည့်ပြီး သူ့နာမည်ကို စဉ်းစားမိသွားသည့်အချိန်တွင် ဤကလန်နှင့် သင်္ချိုင်းသုံးခုလျှို့ဝှက်ပညာကြားတွင် ဆက်နွှယ်ချက်တစ်ခုခု ရှိရမည်ကို သူခံစားလိုက်ရသည်။
[AN: စန်း= သုံး, ကျန်း=သိမ်းဆည်း/ဖုံးကွယ်/သိုဝှက်]

အနက်ရောင်နတ်သားတော်ရဲ့ လျှို့ဝှက်ပညာက သူ့ကလန်နဲ့ ဆက်စပ်နေတာလား ..ဒါမှမဟုတ် ဒီနာမည်မှာ သင်္ချိုင်းဘုရင်နာမည်ပါနေတာလား…

အနက်ရောင်ထာဝရရွှေကို အိုးလေးအဖြစ် ပြုလုပ်ထားပြီး ဤပစ္စည်းလေးမှာ မသေသေးသည့်ရွှေရောင်စစ်သူရဲများကို မနာလိုဖြစ်စေသည်။

ရှီဟောင် အာရုံမခံနိုင်သော်လည်း ဤအိုးတွင် ကျင့်ကြံခြင်းအတွက် အလွန်အသုံးဝင်သည့် ပြင်းထန်လှသည့် သင်္ချိုင်းရတနာအော်ရာအား ထုတ်လွှတ်နေသည်ကို ဤမသေသေးသည့်စစ်သူရဲများ အာရုံခံနိုင်သည်ပင်။ သူတို့အမြင်တွင် ဤပစ္စည်းကိုသာ သူတို့အသွေးအသားနှင့်ပေါင်းစည်းလိုက်နိုင်ပါက သူတို့၏ကျင့်ကြံဆင့် အလွန်ပင် တိုးတက်သွားလိမ့်မည်။

“ရောင်းရင်းဟွမ်က ဒီခရီးအတွက် တော်တော်လေးကို ရင်းနှီးထားတာပဲ .. ငါတို့ ရောင်းရင်းကို မလေးစားပဲမနေနိုင်တော့ဘူး .. ရောင်းရင်းမှာ ဒီလိုမျိုး သင်္ချိုင်းရတနာတောင်ရှိနေတယ်..” ရှန်းမင် သက်ပြင်းချ၍ ပြောလိုက်သည်။

သင်္ချိုင်းရတနာဟု သတ်မှတ်၍ရသည့်ပစ္စည်းများမှာ ရှားပါးလှသည်။ ဤအိုးလေးမှာ သင်္ချိုင်းရတနာတစ်ခုဖြစ်ရန် ထိုက်တန်သည်။

ထို့နောက် အောက်ဘက်မှ အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။ လက်နက်များ၊ သင်္ချိုင်းကျောက်တုံးများနှင့် ခြောက်သွေ့နေသည့်အရိုးများ ပါဝင်သည်ပင်။ မည်သည့်ပစ္စည်းဖြစ်ပါစေ မသေသေးသည့်ရွှေရောင်စစ်သူရဲများ ထိုပစ္စည်းများယူရန် ကြိုးစားလိုက်သည်။

“အဲဒါကို မြန်မြန်ဖမ်းလိုက်..” ထာဝရဆေးပင် အော်ဟစ်လိုက်၏။

မြေအောက်မှ ရွှေရောင်အလင်း လွင့်ပျံလာသည်။ ထိုအလင်းနှင့်အတူ အသက်ဓာတ်လည်း ပါဝင်နေသည်ပင်။

ဆေးပင်အိုကြီးသာမက အခြားသူများလည်း မျက်လုံးများတောက်ပလာသည်။

အခြားသက်ရှည်ဆေးပင်တစ်ပင်လည်း ရှန်းမင်နှင့်စကားပြောကာ သူ့အား ထိုအရာကို ယူခိုင်းနေသည်။

“အဖိုးအတန်ဆုံး သင်္ချိုင်းမြေထဲက တစ်ခုပဲ .. ဒါကို သင်္ချိုင်းဘုရင်တစ်ယောက်ပိုင်တာ..” စန်းကျန်းပြောပြလိုက်သည်။

ဤသည်မှာ တောက်ပနေသည့်ငွေရောင်သဲပွင့်များပင်။ ဤသဲပွင့်များမှာ တောက်ပသည့်အပြင် ကြည်လင်သန့်ရှင်းနေသည်။

ထာဝရဆေးပင်များ ဤသဲများကို လိုချင်မည်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့သာ ဤမြေကြီးထဲ၌ အမြစ်တွယ်ရပါက သူတို့ အကျိုးကျေးဇူးများစွာ ရရှိမည်ပင်။

သင်္ချိုင်းမြေ အတွင်းပိုင်းတွင် သက်ရှည်ဆေးပင်အချို့ရှိသည်ဟု ပြောကြသည်။ ထိုအပင်များ သင်္ချိုင်းမြေထဲ၌ နေရခြင်းမှာ ပြိုင်ဘက်ကင်းသည့် သင်္ချိုင်းမြေကြောင့်ပင်။

“မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံးကိုသုံးလိုက်..” သက်ရှည်သစ်ပင် အသံပို့လွှတ်လိုက်သည်။

ရှီဟောင် တွေဝေမနေပဲ ထိုကျောက်တုံးကို ထုတ်လိုက်သည်။

ရွှီးဟူသည့်အသံနှင့်အတူ ငွေရောင်သဲပွင့်များ သူ့ထံသို့ ဦးတည်လာကြသည်။

ရှီဟောင် အမှောင်ထုထာဝရရွှေအိုးကို ဖွင့်ကာ ထိုသဲများကို စုတ်ယူလိုက်သည်။

သူ၏ကိုယ်ပိုင်ပညာများကို အသုံးပြု၍မရ။ အဘယ်ကြောင့်ဆိုသော် ထိုပညာများမှာ သင်္ချိုင်းပညာများနှင့် အနည်းငယ် ကွဲပြားနေသည်ပင်။

“ရောင်းရင်းဟွမ် … ဒီလိုမလုပ်ပါနဲ့ .. ရောင်းရင်းက အားလုံးကို ယူနေတာပဲ..” ရှန်းမင် ပြောလိုက်သည်။ ရှီဟောင် နည်းနည်းလောက်မျှပေးရန် တောင်းလိုက်သည်။

သဲများမှာ သိပ်မရှိ။ နှစ်ပေပတ်လည်လောက်သာရှိသည်။ တစ်ဝက်ကျော်ခန့်ကို ရှီဟောင်ယူပြီးသွားလေပြီ။

ဤကဲ့သို့သော မြေကြီးမှာ အလွန်အဖိုးတန်သည်။ မသေသေးသည့်စစ်သူရဲများ ဤမြေကြီးထဲ၌ ကိုယ့်ကိုကိုယ်မြှုပ်လိုက်ပါက သူတို့၏ကျင့်ကြံဆင့် ၁၀ ဆ ခန့် မြန်မြန်တက်လာလိမ့်မည်။

သူတို့အတွက်တော့ ဤသည်မှာ အဆင့်လွန်ရတနာပင်။

တစ်ဝက်ကျော်ယူပြီးနောက် ရှီဟောင် အိုးအဖုံးကိုပိတ်လိုက်သည်။ ဤမြေကြီးမှာ အပင်များကို စိုက်ရာတွင်သုံးရခြင်းဖြစ်သောကြောင့် ယခုအချိန်တွင် သူ့အတွက် သိပ်မသုံးမဝင်သေး။

“အဲဒါ ငါ့ကိုပေး..” သက်ရှည်ဆေးပင်တီးတိုးပြောလိုက်သည်။

“မင်း ငါ့နောက်လိုက်လာရင် ဒီတစ်ပေပတ်လည်လောက်ရှိတဲ့ ငွေရောင်သဲမပြောနဲ့ တစ်ကျန်းပတ်လည်ရှိတဲ့ အလုံးစုံသက်ရှိမြေကြီးထဲတောင် မင်း အမြစ်တွယ်လို့ရတယ်..” ရှီဟောင် အသံပို့လွှတ်လိုက်သည်။

“မင်းမှာ .. အဲဒီမြေကြီး တစ်ကျန်းတောင်ရှိတာလား..” သက်ရှည်ဆေးပင် သူ့အားမယုံကြည်။

“နှမြောစရာကောင်းတာပဲ တစ်ကျန်းက သိပ်မများသေးဘူးမလား.. ‘ထာဝရသက်ရှိကိုသယ်ထားတဲ့လိပ်ဖြူ’က ဒီလိုမြေကြီးမျိုးကျန်းပေါင်းများစွာ ပိုင်တယ်..” ရှီဟောင်ပြောလိုက်သည်။

“ငါ သင်္ချိုင်းနယ်မြေကထွက်ပြီးတော့ အပြင်လောကထဲရောက်သွားရင် ဒီလိုမြေကြီးမျိုးကို ဘယ်မှာသွားရှာရမလဲ .. မင်းပြောတဲ့လိပ်ဖြူကို ငါသိတယ် .. အရှက်မရှိတဲ့ကောင်..” သစ်ပင်အိုကြီး ပြောလိုက်သည်။

ရှီဟောင် ဆွံ့အသွားရ၏။ ထာဝရဆေးပင်တွေက တစ်ပင်နဲ့တစ်ပင် သိကြတာလား.. သူတို့မှာ လျှို့ဝှက်ချက်မျိုးစုံ ရှိနေတာများလား..

ရွှီး..

အောက်ဘက်မှ လှိုင်းများနှင့်အတူ မြေကြီးများ၊ ကျောက်တုံးများနှင့် ဖရိုဖရဲမြူများ ပျံ့လွင့်လာ၏။ မြေအောက်မှ ကျောက်တိုင်များစွာ လွင့်တက်လာပြီး ကျောက်တိုင်အားလုံးမှာ အလွန်ပျက်စီးနေပြီဖြစ်သလို အလွန်လည်းရှေးကျလှသည်။

“သင်္ချိုင်းချောက်နက်ရဲ့ စွမ်းအင်လှိုင်းတွေက ပိုပြီးတော့ပြင်းထန်လာပြီ .. မြေအောက်အနက်ပိုင်းက ကျောက်တိုင်တစ်ချို့လည်းပေါ်လာပြီ .. ဒီအခွင့်အရေးကို မြန်မြန်ယူကြ .. သူတို့မှာ ပြိုင်ဘက်ကင်းတဲ့ပညာတွေ ပါလာနိုင်တယ်..” မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ဦးမှ အားလုံးကို နှိုးဆော်လိုက်သည်။

“ဒီ ကျောက်တိုင်တွေက အကြီးကြီးတွေပဲ..” ရှီဟောင် အနည်းငယ် ထိတ်လန့်သွားရသည်။

အနားကပ်လာသည်နှင့် ထိုကျောက်တိုင်များမှာ အလွန်ကြီးမားလှပြီး တစ်ခုစီမှာ တောင်တစ်တောင်ကဲ့သို့ပင် ကြီးမားကြောင်း တွေ့လိုက်ရသည်။

နေရာတိုင်းတွင် ကျောက်တုံးများ၊ ဖုန်မှုန့်များ လွင့်ပျံနေသည်ကို တွေ့ရမည်ပင်။

တူညီသည့်အချက်မှာ ဤကျောက်တိုင်တွင် သင်္ချိုင်းစာများရှိနေသည်။ ဤစာများမှာ အံ့အားသင့်ဖွယ်ကောင်းသည့်ပညာများကို မှတ်တမ်းတင်ထားခြင်းပင်။

ယခင်ခေတ်၌ မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ဦး ဤနေရာမှ ပြိုင်ဘက်ကင်းသည့် ကျမ်းစာကို ရရှိကာ သင်္ချိုင်းဘုရင်ဖြစ်သွားသည်ဟူသော ကောလဟာလများရှိခဲ့သည်ပင်။

“မြန်မြန် .. ငါ့ကို ဘာသာပြန်ပေး..” ရှီဟောင် ထာဝရဆေးပင်အား အကူအညီတောင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမျက်လုံးများ ပြာနေပြီး သင်္ချိုင်းစာတစ်ခုကိုမှ မမှတ်မိတော့။

ထို့အပြင် သူ ကြေးကျောက်တိုင်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုကျောက်တိုင်မျက်နှာပြင်ထက်၌ ရှိနေသည့် သင်္ကေတများမှာ တာအိုအဓိပ္ပာယ်များရှိနေသည်ဟု သူခံစားရသည်။ သူကဲ့သို့သော လူသားကိုပင် တုံ့ပြန်စေနိုင်သည်ပင်။

အပိုင်း ၁၆၇၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၇၉ – ဇစ်မြစ်မြေ

“မင်းလိုလူသားက သင်္ချိုင်းပညာသင်ပြီးတော့ ဘာလုပ်မှာလဲ .. မင်း ဒီပညာတွေ ကျင့်ကြံလို့မရဘူး .. အထူးသဖြင့် ဒီနည်းလမ်း.. ဒီပညာက အရမ်းစွမ်းအားကြီးပေမယ့် မင်းနဲ့ဘာမှမဆိုင်ဘူး..” ထာဝရဆေးပင် ရှီဟောင်အား လှောင်ပြောင်လိုက်သည်။

သို့သော်လည်း ဤကြေးကျောက်တိုင်ကြီးသည် ရှီဟောင်ရှေ့၌ ရပ်နေသောကြောင့် ထာဝရဆေးပင်ပြောသည့်စကားလေးနှင့် သူကအဘယ်ကြောင့် လက်လွတ်ရမည်နည်း.. သူ ထိုဆေးပင်ကို ဆူပူလိုက်ကာ သူ့အား ရှင်းပြရန် ထပ်ပြောလိုက်သည်။

ထို့နောက် သူ ဤကျမ်းစာကို မှတ်မိအောင် လုပ်လိုက်သည်။ သူဤစာလုံးများကို မသိသော်လည်း သူ့စိတ်ထဲစွဲနေအောင်လုပ်လိုက်သည်။

“ငါမင်းကိုပြောလိုက်မယ် .. ဒီကျမ်းစာတွေက မင်းအတွက် အသုံးမဝင်ဘူး .. ဒီပညာတွေ ကျင့်ကြံဖို့အတွက် ဘာလိုအပ်ချက်တွေရှိလဲ မင်းသိလား .. မင်းက မသေသေးတဲ့စစ်သူရဲဖြစ်ရမယ် .. ပြီးတော့ မင်းက အရှားပါးဆုံးသင်္ချိုင်းမြေထဲမှာ အနည်းဆုံး နှစ်တစ်သောင်း မြှုပ်နေရမယ် .. မင်း မသေမရှင်အခြေအနေရောက်မှ ဒီလိုကျင့်ကြံခြင်းမျိုးက ထွက်လာတဲ့စွမ်းအားကို မင်းခံစားလို့ရမှာ..” ဆေးပင်အိုကြီး ပြောလိုက်သည်။

ဤစကားများကို ကြားလိုက်ရသည်နှင့် ရှီဟောင်သက်ပြင်းချလိုက်ရသည်။ သူ မသေသေးသည့်စစ်သူရဲမဟုတ်သည့်အချက်ကို ထည့်မစဉ်းစားပင်လျှင် သူက ဘယ်လိုလုပ် နှစ်တစ်သောင်းစောင့်နိုင်မည်နည်း..

သူ့အတွက်တော့ ဆယ်စုနှစ်၊ ရာစုနှစ်များပင် အလွန်ရှည်ကြာနေပြီဖြစ်သည်။ သူအချိန်တိုအတွင်း အဆင့်မြန်မြန်တက်ရန် လိုအပ်သည်။

ဘေးပတ်လည်တွင်ရှိနေသည့် မသေသေးသည့်ရွှေရောင်စစ်သူရဲများအားလုံး မျက်လုံးများနီရဲလာကာ ဤကျောက်တိုင်ကျမ်းစာများကို လေ့လာနိုင်ရန် ကြိုးစားလိုက်ကြသည်။

မသေသေးသည့်ရွှေရောင်စစ်သူရဲတိုင်း ဤကျောက်တိုင်ကျမ်းစာများကို ရနိုင်သည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဤကျောက်တိုင်များကို ထူးဆန်းသည့်စွမ်းအား ဖုံးအုပ်နေကာ ကျောက်တိုင်ပေါ်မှ စာလုံးများကို ရှင်းရှင်းလင်းလင်းမမြင်ရ။ အချို့စာလုံးများမှာ ခွဲခြား၍ပင်မရ။

ရှီဟောင် ဤကြေးကျောက်တိုင်ကို မြင်ရခြင်းမှာ မျက်နှာကိုးခုသင်္ချိုင်းကျောက်တုံးကြောင့်ပင်။

သို့သော် သူ ရတနာတောင်ကြီးတွေ့နေရသော်လည်း သူသုံး၍မရ။ ဤသည်မှာ မတရားဘူးဟု ရှီဟောင်ခံစားနေရသည်။ ဤနေရာ၌ ကျောက်တိုင်များစွာရှိနေသည်။ ဤကျောက်တိုင်များထဲတွင် သင်္ချိုင်းဘုရင်အဆင့်ကျမ်းစာများလည်း ပါဝင်မည်ပင်။

ကြေးကျောက်တိုင်မှ စာများကို တိတ်တဆိတ်ဖတ်ပြီးနောက် ရှီဟောင် ထိုနေရာ၌သာ ရပ်နေလိုက်သည်။

ဝုန်း..

ရုတ်တရက် အောက်ဘက်မှ စွမ်းအားလှိုင်းကြီးတစ်ခု ပျံ့လွင့်လာကာ မူလဖရိုဖရဲမြူများကို ဝါးမြိုပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏စွမ်းအင်များကို စုတ်ယူသွားသည်။

ဤသည်မှာ ပင်လယ် အလယ်၌ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသကဲ့ အလွန်ကြောက်စရာကောင်းလှသည်။

“အား မဟုတ်ဘူး..” မသေသေးသည့်ရွှေရောင်စစ်သူရဲတစ်ဦး အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ချောက်ကမ်းပါးအစွန်းမှနေ၍ ထိုဝဲကတော့ထဲသို့ စုတ်ယူခံလိုက်ရသောကြောင့်ပင်။ ဖူးဟူသည့်အသံနှင့်အတူ သူ သွေးပုံအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ထို့အပြင် ကြီးမားလှသည့်ကျောက်တိုင်များအားလုံးလည်း ထိုထူးဆန်းသည့်စွမ်းအား၏ စုတ်ယူခြင်းခံလိုက်ရသည်။

“ငါ့ကိုကယ်ပါ..” အခြား မသေသေးသည့်ရွှေရောင်စစ်သူရဲများလည်း အော်ဟစ်လိုက်ကြ၏။

သူတို့ခန္ဓာကိုယ် မည်မျှပင် တောက်ပနေပါစေ၊ သူတို့အတတ်နိုင်ဆုံးခုခံနေကြသော်လည်း သူတို့ပျက်စီးရမည့်ကံတရားကို ရှောင်လွဲနိုင်ခြင်းမရှိ။ သူတို့ ထိုကြီးမားလှသည့်ဝဲကတော့၏ သတ်ဖြတ်ခြင်း ခံလိုက်ရကာ သွေးမြူအဖြစ် ပြောင်းလဲသွားသည်။

ဤပြောင်းလဲမှုမှာ ရုတ်တရက်ဆန်လွန်းလှသည်။ ဤနေရာမှာ အလွန်ငြိမ်းချမ်းနေပြီး အားလုံး ကျမ်းစာများကို လေ့လာနေခဲ့ကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် မသေသေးသည့်ရွှေရောင်စစ်သူရဲများစွာ သေဆုံးသွားလေပြီ။

“တက်မယ်..”

စန်းကျန်းအော်ဟစ်လိုက်၏။ သူလည်း ကျသွားသည်ပင်။ သို့သော်လည်း သူ့ထံ၌ တိုင်းတာ၍မရနိုင်လောက်အောင် စွမ်းအားကြီးသည့် သင်္ချိုင်းပစ္စည်းတစ်ခု ရှိနေသည်ပင်။ ထိုပစ္စည်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝဲကတော့လှိုင်းများကို ထိုးဖောက်သွားသောကြောင့် သူအပေါ်ဘက်သို့ ပြန်တက်၍ရခဲ့သည်။

သို့သော်လည်း သူ့မျက်နှာ ဖြူဖျော့နေလေပြီ။ ဤသည်မှာ တကယ်ကို အန္တရာယ်များလွန်းလှသည်။ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး အဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့သည်ပင်။

ဖူး..

သိပ်မဝေးသည့်နေရာ၌ ရွှေရောင်သွေးမျိုးဆက်မဟုတ်သော်လည်း စန်းကျန်းနှင့် ရှန်းမင်တို့ထက်ပင် ပို၍စွမ်းအားကြီးသည့် မသေသေးသည့်စစ်သူရဲတစ်ယောက်သည်လည်း ထိုကပ်ဆိုးမှ မလွတ်မြောက်နိုင်တော့။

ထိုဝဲကတော့သည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင်ပြန်ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ချိုင်းချောက်နက်ကြီး ပြန်လည်ငြိမ်းချမ်းသွားသည်။

စွမ်းအားကြီးသည့် မသေသေးသည့်စစ်သူရဲ ၁၀ ယောက်ကျော်သေဆုံးသွားလေပြီ။

“ဒီနေရာက တကယ်ကို ကြောက်စရာကောင်းတာပဲ .. ငါအခုမှ ရွှေရောင်ကျောက်တိုင်နဲ့ထိတွေ့လို့ရတာ … သူက နှစ်မြှုပ်သွားပြီ..”

“မင်း အသက်ရှင်နေတာပဲကံကောင်းနေပြီ..”

ဤနေရာမှာ ဆူညံပွက်လောရိုက်လာ၏။ အချို့လူများမှာ ကျောက်တိုင်များပျောက်သွားသည်ကို မကျေမနပ်ဖြစ်နေကြပြီး အချို့လူများမှာ သူတို့အသက်ရှင်နေသေးသည်ကို ဝမ်းသာနေကြသည်။

“အဲဒါ အဲဒီဂူ ပွင့်လာတာ .. အဲဒီဂူက ငါတို့ရဲ့ ကံကောင်းမှုတွေကို လုယူသွားတာ ..” အချို့လူများ ဒေါသတကြီး ပြောလိုက်သည်။

ပုံမှန်အားဖြင့် ကျောက်တိုင်များနှင့် သင်္ချိုင်းပစ္စည်းများ ပေါ်လာလျှင် အချိန်အတော်ကြာသည်ပင်။ သို့သော်လည်း ယခုတစ်ခေါက်တော့ အတော်လေး တိုတောင်းလှသည်ပင်။

“ဝိုး .. ရှန်းမင် .. မင်း သက်ရှည်ဆေးပင်ကို လွှတ်လိုက်လို့ရတယ် .. သူ ကံကောင်းမှုတစ်ချို့ယူလာမှာကို ငါတို့ စောင့်နေမယ်..” စန်းကျန်းမေးလိုက်သည်။

တစ်ချိန်တည်းမှာပင် လူအချို့ ရှီဟောင်ကို ကြည့်လာကြလေသည်။

“မင်းလည်း သွားဖို့အချိန်ရောက်ပြီ..” ရှီဟောင်ပြောလိုက်သည်။

ရှန်းမင်၏ ဆေးပင်အပါအဝင် ထာဝရဆေးပင်နှစ်ပင်လုံး မသွားချင်ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် အောက်ဘက်သို့ ဆင်းသွားသည်နှင့် မသေသေးသည့်စစ်သူရဲတစ်ယောက်ပင် ခုခံနိုင်ရန်ခက်ခဲလှသည့် သေဆုံးခြင်းအလင်းတန်းတစ်မျိုးကို သူတို့ရင်ဆိုင်ရမည်ပင်။

ထာဝရဆေးပင်များသည် အချိန်ကိုခုခံနိုင်ကာ ကောင်းကင်နှင့်မြေကြီးနှင့်အတူ ယှဉ်တွဲတည်ရှိနေသောကြောင့် သူတို့ထဲ၌ရှိနေသည့် သက်ရှည်အချိန်စက်ကွင်းမှာ ထိုကဲ့သို့သောအလင်းတန်းအား ကျော်လွှားနိုင်သည်ပင်။

သူတို့ ထိုကဲ့သို့သော အလင်းတန်းကို ကျော်လွှားနိုင်သည်ဆိုသော်လည်း သင့်တင့်လျောက်ပတ်သည့် တန်ဖိုး ပြန်ပေးဆပ်ရသည်ပင်။

ရှန်းမင်၏ ဆေးပင် ခုန်ဆင်းသွားသည်။ ထိုဆေးပင်တွင် ခရမ်းရောင်အလင်းတန်းများရှိနေပြီး ကိုးလွှာအလင်းတန်းကို ထုတ်လွှတ်နေသည်။

သူ စဝင်ဝင်ချင်းတွင် တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသော်လည်း သူအထဲဘက်ရောက်သွားသည်နှင့် အလင်းတန်းမှာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ဤချောက်ကြီးမည်မျှနက်သည်ကို စဉ်းစားကြည့်နိုင်သည်ပင်။

“မင်းလည်းသွားသင့်တယ် .. မဟုတ်ရင် ငါတို့နှစ်ယောက် ပေါ်သွားလိမ့်မယ်..” ရှီဟောင် ပြောလိုက်သည်။

ထိုသက်ရှည်ဆေးပင်သည် မသွားချင်လည်း သွားလိုက်ရသည်ပင်။

ရုတ်တရက် အော်ဘက်မှ စူးရှသည့်အော်သံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ ရှန်းမင်၏ ထာဝရဆေးပင်မှ ထွက်လာခြင်းပင်။ မကောင်းတာတစ်ခုခုဖြစ်နေသည်မှာ သေချာသည်။

“အား..” အလင်းလုံးတစ်လုံး ပျံသန်းလာကာ ရှီဟောင်ပုခုံးပေါ်သို့ ရောက်လာ၏။ ဤသည်မှာ သက်ရှည်ဆေးပင်ပင်။ သူ ယခုလေးတင်မှ ဆင်းသွားခြင်းဖြစ်သော်လည်း ချက်ချင်းပြန်တက်လာလေပြီ။

“ဘာဖြစ်တာလဲ..” မသေသေးသည့်ရွှေရောင်စစ်သူရဲများအားလုံး သူ့ကို ထိတ်လန့်စွာ ကြည့်လာကြသည်။

“အောက်ဘက်က သူငယ်ချင်းရဲ့အော်သံ ကြားလိုက်ရပြီး ကြောက်သွားလို့ .. အဲဒါကြောင့်..” သက်ရှည်သစ်ပင်ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ သူတို့ တစ်ခုခု ကြုံတွေ့ခဲ့ရခြင်းဖြစ်လိမ့်မည်ဟု အားလုံးထင်ထားကြသော်လည်း လက်စသပ်တော့ ဤသစ်ပင် အသည်းငယ်နေခြင်းသာ။

ထို့နောက် ခရမ်းရောင်အလင်းလုံးတက်လာ၏။ သူ၏အလင်းကွင်းကိုးခုမှာ မှေးမှိန်နေလေပြီ။ ဤဆေးပင်ပေါ်၌ ထိုင်နေသည့်တာအိုပုံရိပ်မှာ လက်တစ်ဖက်မရှိတော့။

ထိုအခိုက်အတန့်တွင် အမွှေးနံ့များ ပျံ့လွင့်နေသည်။ ရှီဟောင် ထိုဆေးပင်ကို ချက်ချင်းပင် သွားဖမ်းလိုက်ချင်သည်ပင်။

“မင်းဘာဖြစ်ခဲ့တာလဲ..”

ရှန်းမင်မေးလိုက်သည်။ ထို့အပြင် သူမ အဖိုးအတန်ဆုံးသင်္ချိုင်းဘုရင်မြေကြီးဖြစ်သည့် ငွေရောင်သဲကိုထုတ်လိုက်ကာ ထိုဆေးပင်ကိုစိုက်ပေးလိုက်သည်။

“ရောင်စုံအလင်းထွက်နေတဲ့ ရှေးဟောင်းအုတ်ဂူတစ်ခုရှိတယ် .. အဲဒီဂူက ကျုပ်ကို ဆွဲစုတ်လိုက်တာ..” ထိုဆေးပင် ပြန်ပြောလိုက်သည်။

“အမ် .. ထူးဆန်းတာတစ်ခုခု တကယ်ရှိနေတာပဲ .. အဲဒီရှေးဟောင်းဂူရဲ့ စွမ်းအင်လှိုင်းက ဘာလို့အဲဒီလောက်တောင် ပြင်းနေတာလဲ.. ဒီလိုမျိုးမဖြစ်သင့်ဘူး..” စန်းကျန်းမျက်မှောင်ကြုတ်လိုက်သည်။

“သွားကြစို့ .. သဘာဝကံကောင်းမှုတွေ သိပ်မကျန်တော့ဘူး .. ငါတို့ပြန်သွားသင့်ပြီ..” အချို့ မသေသေးသည့်ရွှေရောင်စစ်သူရဲများ သက်ပြင်းချ၍ ပြောလိုက်ည်။

အခြားသူများလည်း ခေါင်းညိမ့်လိုက်ကြသည်ပင်။

ရှီဟောင် ဤနေရာမှ တတ်နိုင်သမျှ စောစောထွက်သွားချင်နေလေပြီ။ ဤလူများနှင့် ကြာကြာရောနေပါက သူပေါ်သွားလိမ့်မည်။

“ရောင်းရင်းဟွမ် .. မင်းဘယ်လိုလုပ် မေ့နေတာလဲ.. ငါတို့ ပူးပေါင်းပြီးတော့ ရှေးဟောင်းဂူထဲ ဝင်ရဦးမယ်လေ .. အောက်ဘက်မျာ ပြိုင်ဘက်ကင်းတဲ့ကံကောင်းမှုတွေ ရှိနေတဲ့ လျှို့ဝှက်နန်းတော်ရှိတယ်လို့ ပြောကြတယ်…” ရှန်းမင်ပြောလိုက်သည်။

“ဒါက .. အန္တရာယ်များလွန်းတယ် .. အရင်ကတည်းက အခုအချိန်ထိ ဝင်သွားတဲ့သူတွေ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာဖူးဘူး..”

“ဒီတစ်ခေါက် ငါတို့လုံလုံလောက်လောက်ပြင်ဆင်ပြီးသွားပြီ .. ငါတို့အားလုံးမှာ ခုခံနိုင်တဲ့ သင်္ချိုင်းရတနာတွေရှိတယ် .. ငါတို့ အဲဒီရှေးဟောင်းနန်းတော်ထဲကို ဝင်လို့ရတယ်..” စန်းကျန်းပြောလိုက်သည်။

“အဲဒီနန်းတော်မှာ သင်္ချိုင်းဘုရင်နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေ ရှိတယ်..” ရှန်းမင် ရှီဟောင်ထံသို့ အသံပို့လွှတ်လိုက်သည်။

ဤသည်မှာ သူ့အား တုန်လှုပ်သွားစေသည်။ သင်္ချိုင်းဘုရင်ဟုခေါ်သည့်သူများမှာ အန်းလန်၊ ရှုထော်တို့နှင့် အဆင့်အတူတူလောက်ပင်။ သူတို့သည် ဤလောက၏ ထိပ်ဆုံးအဆင့်စွမ်းအားများကို ကိုယ်စားပြုသည်ပင်။

ချောက်နက်ထဲက ရှေးဟောင်းဂူမှာ ဒီအဆင့်လျှို့ဝှက်ချက်တွေ ရှိနေတာလား..

ကျင့်ကြံခြင်းများမှာ ဆက်စပ်နေသည်ဟု သူခိုင်မာစွာ ယုံကြည်ထားသည်။ မတူညီသည့်လူမျိုးစု၊ မတူညီသည့် ကျင့်ကြံစနစ်ဖြစ်နေပါစေ ကိုးကား၍ရနိုင်သည့်တူညီမှုများတော့ ရှိမည်ပင်။

ထို့ကြောင့် သူစိတ်လှုပ်ရှားသွားရခြင်းပင်။

“စိတ်လျော့ .. ငါတို့လည်း မသေချင်ဘူး .. ငါတို့အသက်ကို အလကာ မလွှင့်ပစ်ပါဘူး..” စန်းကျန်း ပြောလိုက်သည်။ ရှီဟောင် သူတို့နှင့်ပူးပေါင်းရန် လိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ သင်္ချိုင်းရတနာ အနည်းဆုံး ၃ ခုရှိနေသည်။ ဤပစ္စည်းများမှာ သင်္ချိုင်းမြေတွင် အလွန်အဖိုးတန်ပြီး သူတို့အား အန္တရာယ်များမှ ကာကွယ်ပေးနိုင်လိမ့်မည်။

“ငါတို့သင်္ချိုင်းရတနာတွေအားလုံးက ထူးခြားတယ် .. ဒီပစ္စည်းတွေအားလုံးပေါင်းလိုက်ရင် ငါတို့ကို ကာကွယ်ပေးနိုင်မှာပဲ..” ရှန်းမင် ပြောလိုက်၏။

နောက်ဆုံးတွင်တော့ ရှီဟောင် သူတို့နောက်လိုက်သွားရန် သဘောတူလိုက်သည်။

“မင်းတို့အားလုံးက .. ကိုယ့်အသက်ကိုကိုယ် လွှင့်ပစ်နေကြတာပဲ .. လက်လွတ်စပယ်မလုပ်ကြနဲ့..”

“ဒါက အန္တရာယ်များလွန်းတယ် .. မင်းတို့ဒီလိုမျိုးလုပ်နေရင် ဘယ်သူမှ ပြန်လာနိုင်မှာမဟုတ်ဘူး .. မင်းတို့သေချာစဉ်းစားကြဦး..”

အခြားမသေသေးသည့်ရွှေရောင်စစ်သူရဲများ သူတို့အား ထိတ်လန့်တကြားဖြင့်ပင် အကြံပေးလာကြသည်။

ဤအောက်ထဲသို့ မဆင်းဖူးသည့်သူများ မရှိသည်မဟုတ်။ အားလုံး ဆိုးရွားစွာ သေဆုံးသွားခဲ့ကြခြင်းပင်။

“ငါတို့ ဘယ်အချိန်ရှေ့ဆက်တိုးရပြီး ဘယ်အချိန်မှာ ရပ်တန့်ရမလဲဆိုတာ သိပါတယ်..” စန်းကျန်းပြောလိုက်သည်။

ထို့နောက် သူတို့ အောက်ဆင်းလိုက်ကြသည်။ သူတို့သုံးဦးနှင့် ဆေးပင်နှစ်ပင် ချောက်နက်ထဲသို့ ခုန်ချသွားသောကြောင့်င မသေသေးသည့်ရွှေရောင်စစ်သူရဲအားလုံး ထိတ်လန့်သွားရသည်။ သူတို့သည် မျက်နှာပြင်ထက်၌သာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။

ရှီဟောင်တို့အုပ်စုမှာ လျင်မြန်လွန်းလှသည်။ သူတို့သည် တစ်ခဏလေးအတွင်းမှာပင် ကျန်းပေါင်း ထောင်ပေါင်းများစွာသို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော်လည်း သူတို့အောက်ခြေသို့ရောက်ရန် အဝေးကြီးလိုသေးသည်။ ဤချောက်ကြီးမှာ မည်မျှပင် နက်သနည်း..

သေချာပါသည်။ စွမ်းအားကြီးသည့် စုတ်ယူသည့်စွမ်းအားတစ်ခုပေါ်လာကာ သူတို့အား စုတ်ဖြဲလာသည်။

ဒုန်း..

ရှီဟောင် အနက်ရောင်အိုးကြီးကိုကြီးလာအောင်လုပ်ပြီး သူတို့အုပ်စုကို ဝန်းရံလိုက်သည်။

ထို့နောက် ထိုအရှိန်ဖြင့်ပင် သူတို့ အချိန်အတော်ကြာသည်အထိ အောက်ဘက်သို့ ဆက်ဆင်းသွားလိုက်သည်။

ထို့နောက် သူတို့အောက်၌ အလင်းလုံးတစ်ခု ပေါ်လာလေသည်။ စွမ်းအားကြီးသည့် စုတ်ယူခြင်းစွမ်းအားမှာ ထိုအလင်းလုံးမှ လာခြင်းပင်။

ရှေးဟောင်းဂူမှာ ချောက်နက်ကြီး နံရံ၌ ရှိနေခြင်းဖြစ်သည်။ အောက်ခြေ၌ရှိနေခြင်းမဟုတ်။

“ဒီဂူပဲ..” စန်းကျန်းပြောလိုက်သည်။

“အထဲသွားရအောင်..” ရှန်းမင်မှာ သတ္တိရှိလှသည်။ သူသည် အားလုံးကို ဦးဆောင်၍ ဝင်သွားလိုက်လေ၏။ သူမ၏ခန္ဓာကိုယ်၌ ထူးခြားသည့်ချပ်ဝတ်တန်ဆာတစ်ခု ပေါ်လာကာ တောက်ပသည့်အလင်းများထုတ်လွှတ်လာသည်။

တစ်ချိန်တည်းမှာပင် စန်းကျန်းလည်း ခေါင်းလောင်းတစ်ခု ထုတ်လိုက်ပြီး သူ့အပေါ်၌ အုပ်မိုးစေလိုက်ကာ ထိုစွမ်းအားကြီးသည့် စုတ်အားကို ခုခံလိုက်သည်။

ဤသည်ကို မြင်သည်နှင့် ရှီဟောင်လည်း အနက်ရောင်ထာဝရရွှေအိုးကို ကြီးအောင်လုပ်လိုက်ပြီး သူနှင့် ဆေးပင်နှစ်ပင်ကို အုပ်မိုးလိုက်သည်။

“ငါတို့ ဝင်မယ်..” စန်းကျန်း အော်ဟစ်လိုက်၏။

ရွှီး..

သူတို့သုံးဦး အထဲဘက်သို့ တရှိန်ထိုးပြေးဝင်သွားလိုက်သည်။

ဝုန်း..

ကြောက်စရာကောင်းသည့်အလင်းများ ပေါ်လာလေ၏။ ဤသည်မှာ သေဆုံးခြင်းအလင်းပင်။ ဤအလင်းသာ သက်ရှိတစ်ယောက်အပေါ်၌ ထွန်းလင်းနေပါက ထိုသူ၏ဝိညာဉ် လွင့်ပြယ်သွားလိမ့်မည်။

ထိုအခိုက်အတန့်တွင် စန်းကျန်းဟစ်ကြွေးလိုက်ကာ ရှန်းမင် အော်ဟစ်လာသည်။ ရှီဟောင်၏မျက်စိရှေ့မှ အရာအားလုံး အနက်ရောင်ဖြစ်သွားရသည်။ သင်္ချိုင်းရတနာများ သူတို့ကို ကာကွယ်နေသော်လည်း သူတို့သုံးဦးလုံး ကပ်ဆိုးမှ မလွတ်မြောက်နိုင်ခဲ့။

အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်မှသာ ရှီဟောင်၏မျက်လုံးများ ပွင့်လာသည်။ သူ့ခန္ဓာကိုယ် စုတ်ပြတ်နေပြီး အပေါက်များဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ယခုအချိန်တွင် သူ ပြန်လည်ကုသနေပြီဖြစ်ပြီး များပြားလှသည့်အသက်ဓာတ်ကို ခံစားနေရသည်။

“မင်းငါ့ကို အသက်တစ်ချောင်း အကြွေးတင်နေပြီနော် မှတ်ထား..” ဆေးပင်အိုကြီး အားနည်းစွာ ပြောလိုက်သည်။ သူလည်း အရောင်မှိန်နေပြီဖြစ်သည်။

ရှန်းမင်နှင့် စန်းကျန်းတို့နှစ်ယောက်လုံး သတိလစ်နေဆဲပင်။ သူတို့နှစ်ဦးလုံး ခန္ဓာကိုယ်များ စုတ်ပြတ်နေသော်လည်း သေတော့မသေလောက်သေး။

အခြား ထာဝရဆေးပင်တစ်ပင်လည်း သတိလစ်နေသည်ပင်။

“မင်းငါ့ကို ထာဝရဆေးရည်တိုက်လိုက်တာလား..” ရှီဟောင်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ပါးစပ်ထဲမှ အသက်ဓာတ်ထွက်နေသည့် အမွှေးနံ့လေး ရှိနေဆဲပင်။

“မင်းနားလည်ရင် ပြီးတာပါပဲ..” သက်ရှည်ဆေးပင် ဂုဏ်ယူစွာ ပြောလိုက်သည်။

“ဒီလိုမျိုးအမွှေးနံ့က မင်းရဲ့ မကိုက်ပါဘူး .. ဒါက..” ရှီဟောင် တစ်ခြားဆေးပင်ကို မကြည့်ပဲမနေနိုင်တော့။

“ဒါပေါ့ .. ငါ့ဟာမဟုတ်ဘူး .. မင်းကငါ့ကို လအများမှတ်နေလား .. မင်းအတွက်နဲ့ဘာလို့ ငါ့ကိုယ်ငါ စတေးရမှာလဲ..” ဆေးပင်အိုကြီးမှာလုံးဝပင် အရှက်မရှိတော့။

ရှီဟောင် ဆွံ့အသွားရသည်။ ဒါက မင်းဆေးရည်မဟုတ်တာကို မင်းက ဘာလို့ ဂုဏ်ယူနေတဲ့ပုံ ပေါက်နေတာလဲ..

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤဆေးပင်အိုကြီး သူ့အား ကယ်ခဲ့ခြင်းဖြစ်သောကြောင့် သူပြန်လုပ်၍မကောင်း။ ထိုအစား သူ့မျက်လုံးများ တောက်ပလာကာ “မင်း ငါ့ကို ထာဝရဆေးရည် နောက်ထပ်နည်းနည်းလောက် ထပ်ယူပေးရင်ရော..”

“အဲဒီမှာရပ်လိုက် .. ဒီအကြောင်းကို စဉ်းတောင်မစဉ်းစားနဲ့ .. ငါစွန့်စားပြီးတော့ မင်းသောက်ဖို့ တစ်စက်ယူလိုက်တာ .. ဒါတောင် တော်တော်လွန်နေပြီ .. မင်း နောက်တစ်စက်ခိုးလိုက်ရင် အဲဒီထာဝရဆေးပင် သတိထားမိသွားလိမ့်မယ် .. အဲဒီအချိန်ကျရင် သူငါ့ကို သေတဲ့အထိ တိုက်ခိုက်နေလိမ့်မယ်..” ဆေးပင်အိုကြီး ပြောလိုက်သည်။

ရှီဟောင် သူ့အား မကျေမနပ်ကြည့်လိုက်သည်။ ဤဆေးပင်အိုကြီးမှာ တကယ်ကို ရိုးသားမှုမရှိ။ သူ့ဆေးရည်ကို သုံးရမည့်အစား သူများ ဆေးရည်ကို သွားခိုးနေသည်။

“သူတို့အခြေအနေဘယ်လိုလဲ..” ရှီဟောင် စန်းကျန်းနှင့် ရှန်းမင်ကို ကြည့်ကာ ဆေးပင်အိုကြီးကို မေးလိုက်သည်။

“သူတို့မသေဘူး .. သူတို့ဆီမှာ ထူးခြားတဲ့ သင်္ချိုင်းအဆောင်တွေရှိတယ် .. အဲဒါတွေက ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့အဆောင်တွေ .. သူတို့တွေက မင်းထက် ဒီဂူကနေ အသက်ရှင်လျက်ပြန်နိုင်ချေ ပိုများတယ်..” ဆေးပင်အိုကြီး ပြောလိုက်၏။

သေချာပါသည်။ ခဏကြာပြီးနောက် စန်းကျန်းနှင့် ရှန်းမင်တို့ သတိပြန်လည်လာကြသည်။ ထို့အပြင် သူတို့ဒဏ်ရာများကိုပင် လျင်မြန်စွာ ကုသလိုက်ကြသည်။

သူတို့ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် သင်္ချိုင်းအဆောင်များတွင် ထူးဆန်းကာ တိုင်းတာ၍ မရနိုင်လောက်သည့် စွမ်းအားများရှိနေသည်။

“သွားကြစို့ .. ရှေ့ဆက်သွားရအောင်..” စန်းကျန်း ပြောလိုက်သည်။ သူနှင့် ရှန်းမင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ထူးဆန်းသည့်အမူအရာများ ဖြစ်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင် သူတို့ထက် စောစောနိုးလာခြင်းမှာ သူတို့အား ထိတ်လန့်သွားစေသည်ပင်။

ဤသင်္ချိုင်းဂူကြီးမှာ အလွန်ကြီးမားလှသလို အလွန်နက်ရှိုင်းလှသည်။

သူတို့ တစ်လှမ်းချင်းပင် လျှောက်လာကြ၏။ သူတို့လျှောက်လာသည်မှာ လီတစ်ရာကျော်ပင် ရှိနေလေပြီ။ ဒီရှေးဟောင်းဂူကြီးက ဒီလောက်တောင် ကြီးတာလား .. ကံကောင်းသည်မှာ သေဆုံးခြင်းအလင်းပေါ်မလာတော့သဖြင့် သူတို့ ဒဏ်ရာမရတော့။

အချိန်ခဏကြာပြီးနောက် အရှေ့ဘက်မှ နူးညံ့သည့်အလင်းတန်းတစ်ခု ပျံ့လွင့်လာသည်။

“ငါတို့ရောက်ပြီ .. ငါတို့ .. နောက်ဆုံးတော့ ဒီနေရာကို တွေ့သွားပြီ..” ရှန်းမင် စိတ်လှုပ်ရှားစွာဖြင့်ပင် အော်ဟစ်လိုက်သည်။ သူမသည် သူမပုံပန်းသွင်ပြင်ကိုပင် ဂရုမစိုက်တော့။

“ဟုတ်တယ် .. ဒါက အဲဒီရှေးဟောင်းနန်းတော်ပဲ .. ငါတို့တွေ့ပြီ..” စန်းကျန်းလည်း စိတ်လှုပ်ရှားနေကာ သူ့အသံလည်း အနည်းငယ် တုန်ယင်နေသည်။

ရှီဟောင်လည်း ထိုနန်းတော်အားမြင်လိုက်သည်ပင်။ ဤနန်းတော်မှာ အလွန်တောက်ပနေသည်ပင်။

သူတို့ ထိုနေရာသို့ ရောက်လုနီးပါးပင်။

သူတို့ ထိုနန်းတော်ထံသို့ တရှိန်ထိုးပြေးသွားလိုက်ကြသည်။ သူတို့ စွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရ၏။ သူတို့ ချိုးဖျက်သွားသင့်လား..

“မင်းတို့ ခံစားမိလား .. ဒါက ဇစ်မြစ်စွမ်းအင်ပဲ…” စန်းကျန်း၏အသံမှာ တုန်ယင်နေသည်။

“ဟုတ်တယ် .. ငါခံစားလို့ရတယ် .. အဲဒါတွေက ဇစ်မြစ်စွမ်းအင်လှိုင်းတွေ .. ပြိုင်ဘက်ကင်းတဲ့အော်ရာတွေ..” ရှန်းမင်၏ လှပသည့်မျက်ဝန်းများလည်း ထိတ်လန့်မှု၊ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဒါက ဇစ်မြစ်နယ်မြေလား .. သူတကယ်ကို နားမလည်တော့။

“ဒီနေရာက တကယ်ကို ထူးခြားတယ် .. ဒါက ဇစ်မြစ်မြေနဲ့ တကယ်တူတယ်..” သက်ရှည်သစ်ပင် ရှီဟောင်အား တီးတိုးပြောလိုက်သည်။

အပိုင်း ၁၆၇၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၈၀ – နန်းတော်ထဲသို့ ဝင်ရောက်ခြင်း

“ဇစ်မြစ်နယ်မြေဟုတ်လား ..” ရှီဟောင် နားမလည်တော့။ ဒီနေရာကနေ ဘာထွက်လာလဲ..

သို့သော် သူ စန်းကျန်းနှင့် ရှန်းမင်ကို မေး၍မရ။ သူ ဤသက်ရှည်သစ်ပင်နှင့် တီးတိုးပြောရုံသာ တတ်နိုင်သည်။

“ဒါက မသေသေးတဲ့စစ်သူရဲတွေရဲ့ ဇစ်မြစ်နဲ့ဆိုင်တာ .. သူတို့ရဲ့ ဇစ်မြစ်က အရမ်းရှုပ်ထွေးတယ်လို့ ပြောကြတယ် .. ပြီးတော့ အရမ်းလည်း ထိတ်လန့်ဖို့ကောင်းတယ်တဲ့..” ထာဝရဆေးပင် အသံပို့လွှတ်လိုက်သည်။

ဤသည်မှာ ရှီဟောင်ကို ထိတ်လန့်သွားစေသည်။ မသေသေးတဲ့စစ်သူရဲတွေရဲ့ မွေးဖွားမှု၊ ဇစ်မြစ်နဲ့ဆိုင်တဲ့ တစ်ခြားကောလဟာလတွေ ရှိသေးတာလား … သူတို့က တစ်ခြားကလန်တွေနဲ့ဘာကွာခြားတာလဲ..

“ငါတို့ ဝင်သွားရမယ် .. ငါတို့အောင်မြင်ရင် နောင်ကျ ငါတို့ သင်္ချိုင်းဘုရင်ဖြစ်လာနိုင်တယ် .. ငါတို့ စွမ်းအားအကြီးဆုံးသက်ရှိတွေ ဖြစ်လာနိုင်တယ်..” ရှန်းမင် အလွန်စိတ်လှုပ်ရှားနေသည်။

စန်းကျန်းလည်း စိတ်လှုပ်ရှားနေသည်ပင်။ သူ၏ရွှေရောင်ဆံပင်ရှည်များ တောက်ပနေကာ လက်သီးကို တင်းကြပ်စွာ ဆုတ်ထားကာ တီးတိုးဟစ်ကြွေးလိုက်သည်။

“အထဲဝင်ဖို့ အတူတူ ပူးပေါင်းရအောင်..” စန်းကျန်းပြောလိုက်သည်။

ဤရှေးဟောင်းနန်းတော်ကြီးမှာ အလွန်ကြီးမားလှသည်။ ထူထဲလှသည့် တိုင်လုံးများစွာ မိုးထိုးနေသည်။ ဤတိုင်လုံးများမှာ အဖြူဖျော့ရောင်ဖြစ်ပြီး ခံ့ညားသည့်ခံစားချက်များ ပေးနေသည်ပင်။ ဤတိုင်လုံးများ၏ အချိန်၏တိုက်စားမှုများပင် ရှိနေသည်။

ဤနန်းတော် ဤနေရာ၌ ရှိနေသည်မှာ အနည်းဆုံး တစ်ခေတ်၊ နှစ်ခေတ်တော့ ရှိနေလေပြီ။ သို့သော် ဘယ်တုန်းကမှ ပြိုကျမသွားခဲ့။ ဤအရာဖြင့်ပင် ကိစ္စများစွာ ရှင်းပြရန် လုံလောက်လေပြီ။

တိုင်လုံးများမှာ ကျောက်တုံးကြီးများကို ထပ်ထားခြင်းပင်။ အချိန်၏တိုက်စားမှုကြောင့် ကျောက်တုံးများမှာ အရောင်အဆင်းကင်းမဲ့နေပြီဖြစ်သည်။ သို့သော်လည်း သူတို့သည် အလွန်မာကျောနေဆဲပင်။

ကျောက်တုံးများ မတောက်ပနေသော်လည်း နန်းတော်တစ်ခုလုံးတွင် တောက်ပသည့်အလင်းတန်းများ ထုန်လွှတ်နေဆဲပင်။ အလင်းများမှာ ကျောက်တုံးများကိုမထိ။ နန်းတော်မျက်နှာပြင်ကိုသာ ဝန်းရံနေခြင်းပင်။

ဤသည်မှာ ရိုးရှင်းကာ ရှေးကျလှသည့် နန်းတော်ကြီးပင်။

“နန်းတော်ထဲက ဝင်လို့ရလို့လား..” ရှီဟောင်မေးလိုက်သည်။

ယခုအချိန်တွင် သူတို့နန်းတော်ကြီးရှေ့သို့ ရောက်လာလေပြီ။ ထိုအလင်းသည် မည်သူ့ကိုမှ ဒဏ်ရာရအောင်မလုပ်သော်လည်း သူတို့ဆက်မသွားနိုင်အောင် ဟန့်တားနေသည်။

နန်းတော်ရှေ့တွင်ရှိနေသည့် ကျောက်လှေကားကြီးမှာ ဖုန်တက်နေသည်။ အဖြူရောင်၊ ရွှေရောင်နှင့် အနက်ရောင်ဖုန်များပင်ရှိနေသည်။ ထိုဖုန်များအားလုံးတွင် ယင်စွမ်းအင်များ ရှိနေသည်။

ဤသည်မှာ မူလက မြင့်မြတ်မြေဖြစ်သော်လည်း ယခုတော့ ထူးဆန်းသည့်နန်းတော်ဖြစ်နေလေပြီ။

“စွမ်းအားကြီးတဲ့သူတွေရဲ့ ပြာမှုန့်တွေ..” စန်းကျန်း ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူဤနေရာသို့ မလာခင်ကတည်းက အများကြီးလေ့လာခဲ့သည်ပင်။ ရှေးဟောင်းအရိုးစာအုပ်များစွာကို ဖတ်ထားသောကြောင့် ဤနေရာ၏ ထူးဆန်းမှုအနည်းငယ်ကို သိထားသည်ပင်။

ရှီဟောင် ဆွံ့အသွားရ၏။ ဤနေရာမှာ အလွန်အန္တရာယ်များလှသည်ပင်။

“အရင်တုန်းကတည်းက ဒီနေရာထိကို ရောက်လာတဲ့ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတာပဲ..” ရှီဟောင်သက်ပြင်းချ၍ ပြောလိုက်သည်။

“စီနီယာတွေက တကယ်ကို လေးစားဖို့ကောင်းတယ် .. လျှို့ဝှက်ချက်တွေ ရှာဖို့အတွက် သူတို့အသက်ကိုတောင်မှ မနှမြောခဲ့ကြဘူး..” ရှန်းမင်ပြောလိုက်သည်။

“ကျွန်မတို့စွန့်စားရမှာပဲ .. ကျွန်မတို့ဝင်နိုင်ရင် ဘယ်သူပြောနိုင်မလဲ ကျွန်မတို့ သင်္ချိုင်းဘုရင်သုံးပါး ဖြစ်လာနိုင်တာပဲ .. ငါတို့ သင်္ချိုင်းနယ်မြေရဲ့ စွမ်းအားရှင်သုံးယောက်ဖြစ်လာနိုင်တယ် .. ရှင်တို့ ဝင်ရဲလား..” လှပကာ ကျက်သရေရှိလှသည့် ရှန်းမင်ပင်လျှင် ယခုအချိန်တွင် စကားလုံးများ ပြင်းထန်နေသည်ပင်။ သူမ အခုချက်ချင်းပြေးဝင်သွားချင်နေသည့်ပုံပင်။

“ငါတို့ စွန့်စားမှာပေါ့ .. ငါတို့ နည်းလမ်းအားလုံး သုံးကြမယ်..” စန်းကျန်း ခေါင်းညိမ့်လိုက်သည်။

ရှီဟောင် တကယ့် တကယ်ကို မသွားချင်။ အန္တရာယ်မရှိလျှင်တော့ သူလေ့လာချင်သည်။

သို့သော် ဤနေရာမှာ အလွန်အန္တရာယ်များလှသည်။ ထို့အပြင် ဤသည်မှာ မသေသေးသည့်စစ်သူရဲများနှင့်သက်ဆိုင်သည့်နေရာပင်။ သူ့အတွက် ဘာအကျိုးမှ ရှိမည်မဟုတ်။ သူမဝင်ချင်။

“ငါတို့ ပြန်စဉ်းစားကြည့်ရအောင်ပါ..” ဆေးပင်လည်း သူကဲ့သို့ပင်။ မဝင်ချင်။

“အဲဒါဆို ကျွန်မအရင်သွားမယ်..” ရှန်းမင် ပြောလိုက်သည်။ သူမချက်ချင်း အရှေ့ဘက်သို့ လျှောက်သွားကာ သူမကို ချပ်ဝတ်တန်ဆာအလင်းတစ်လွှာ ရစ်သိုင်းသွားသည်။ ထို့အပြင် ထူးဆန်းသည့်ဆွဲသီးတစ်ခုလည်း သူမနဖူးပေါ်၌ တွဲလောင်ကျနေသည်။

ရွှီး..

ထိုအခိုက်အတန့်တွင် ရှေးဟောင်းနန်းတော်၏တံခါးများ တောက်ပလာကာ လှေကားများလည်း ရောင်စုံအလင်းများ တောက်ပလာသည်။ ထိုအလင်းများသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်ပင်။ ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် ကြောက်စရာကောင်းလှသည်။

“အား..” ရှန်းမင်၏ အော်သံထွက်ပေါ်လာသည်။

ခွပ်..

သူမ နဖူးထက်ရှိ ဆွဲသီး ချက်ချင်း အက်ကွဲသွားသည်။ သို့သော်လည်း သင်္ကေတများ ထွက်ပေါ်လာကာ သူမခန္ဓာကိုယ်ကို လွှမ်းခြုံကာ သူမကို ကာကွယ်ပေးလိုက်သည်။

“ဘာ .. အဲဒါက သင်္ချိုင်းဘုရင်ရဲ့အော်ရာပဲ..” သက်ရှည်ဆေးပင် ထိတ်လန့်သွားရသည်။

ထိုလည်ဆွဲမှာ သာမန်မဟုတ်။ သင်္ချိုင်းဘုရင်တစ်ပါး၏ စွမ်းအားပုန်းကွယ်နေသည်ပင်။ ထိုဆွဲသီးသည် ယခုအချိန်တွင်တော့ ထူးဆန်းသည့်သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ရှန်းမင်ကို ကာကွယ်ပေးနေသည်။

သူမ ယိုင်နဲ့နေသော်လည်း ထိုရှေးဟောင်းနန်းတော်ထဲသို့ တရှိန်ထိုး ပြေးဝင်သွားလိုက်သည်။

ထိုအချိန်တွင် တစ်ခုခုမှားယွင်းနေသည်ဟု ရှီဟောင်ခံစားလိုက်ရသည်။ ဤနေရာရှိ စွမ်းအင်လှိုင်းများမှာ ပြင်းထန်လွန်းလှသည်။ ဤသည်မှာ ဤ‌ရှေးဟောင်းနန်းတော်ကြီးတစ်ခုလုံးမှာ အသက်ဝင်လာသည့် မကောင်းဆိုးဝါးကြီးကဲ့သို့ပင်။

“ငါလည်းသွားမယ်..” စန်းကျန်း တစ်ဖက်လှည့်ကာ ရှီဟောင်အား ပြုံးပြလာသည်။ သူ၏အပြုံးမှာ အလွန်နူးညံ့သော်လည်း အနည်းငယ် ထူးဆန်းနေသည်။

သူတို့က ပြုံးနေနိုင်သေးတာလား..

စန်းကျန်းက ပို၍ ဒဲ့တိုးဆန်သည်။ သူ မှော်အမိန့်စာတစ်ခုကို ထုတ်လိုက်သည်။ ထိုအမိန့်စာမှ ထုတ်လွှတ်သည့်အော်ရာမှာ မယုံကြည်နိုင်လောက်အောင်ပင်။ ထိုအမိန့်စာမှ သင်္ကေတပေါင်း တစ်သောင်းထွက်လာကာ ဓားများကဲ့သို့ တချွမ်းချွမ်းအသံများ ထွက်ပေါ်လာသည်။

“သင်္ချိုင်းဘုရင်အမိန့်စာ..” သက်ရှည်ဆေးပင် ထိတ်လန့်သွားရသည်။ ထို့အပြင် ဤသည်မှာ ထိုသင်္ချိုင်းဘုရင်မှ လေးနက်စွာရေးထွင်းထားသည့် တာအိုမှော်အမိန့်စာဖြစ်လိမ့်မည်ဟု သူယုံကြည်သည်။

ဝုန်း..

စင်္ကြံပေါ်တွင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ စန်းကျန်းသည် သူ၏ခန္ဓာကိုယ်တုန်ယင်သွားကာ သွေးများစီးကျလာသော်လည်း သူအောင်မြင်စွာ ဝင်နိုင်ခဲ့သည်ပင်။

“သူတို့နှစ်ယောက်လုံးက ပြင်ဆင်မှုတွေ လုပ်ထားတာ .. သူတို့မှာ သူတို့ကို ထောက်ပံ့ပေးမယ့် သင်္ချိုင်းဘုရင်တွေရဲ့စွမ်းအားတွေရှိတယ်..” သက်ရှည်သစ်ပင်ပြောလိုက်သည်။

ရှီဟောင် လှည့်ထွက်သွားလိုက်သည်။ သူဤထဲမဝင်ချင်။ ဤနှစ်ယောက်လုံးထံတွင် သင်္ချိုင်းဘုရင်၏ လျှို့ဝှက်ရတနာများရှိသည်။ သူသာ အလောတကြီးဝင်သွားလိုက်လျှင် သူသေချာပေါက် သေသွားလိမ့်မည်ပင်။

သို့သော် ကိစ္စများမှာ သူထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

ရှေးဟောင်းနန်းတော်မှ စွမ်းအင်လှိုင်းများ ပို၍ပြင်းထန်လာသည်။ လှေကားမှ များပြားလှစွာသောအလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းများ လှည့်ပတ်လာကာ ရွှေရောင်ဝဲကတော့တစ်ခုဖြစ်လာလေ၏။

“မကောင်းတော့ဘူး..”

ရှီဟောင်အော်ဟစ်လိုက်သည်။ သူတတ်နိုင်သမျှ ခုခံနေသော်လည်း သူ့ကို ထိုရွှေရောင်ဝဲကတော့ကြီး ဝန်းရံသွားကာ စုတ်ယူသွားလေ၏။

သူအထဲဘက်ရောက်သွားလျှင် သူသေချာပေါက် သေသွားလိမ့်မည်။ သူ့ထံတွင် သင်္ချိုင်းဘုရင်များပေးထားသည့် မှော်ပစ္စည်းမရှိ။

ရှန်းမင်နှင့် စန်းကျန်းတို့၏အပြုံးများ အဘယ်ကြောင့် ထူးဆန်းနေသည်ကို သူ နားလည်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူ ဝင်ကိုဝင်ရမည်ဖြစ်ကြောင်း ဤနှစ်ယောက် သိထားပြီးသားပင်။

ဤနန်းတော်တွင် ထူးဆန်းမှုအချို့ရှိနေသည်။ ဤသည်ကို သူမသိသော်လည်း ထိုနှစ်ယောက်သိသည်ပင်။

ဒုန်း..

ရှီဟောင် အမှောင်ထုထာဝရရွှေအိုးကို ချက်ချင်းထုတ်ကာ ကြီးအောင်လုပ်လိုက်သည်။ ရှီဟောင် ထာဝရဆေးပင်ကို သူနှင့်အတူခေါ်ကာ ထိုအိုးထဲသို့ ဝင်ပြီး အဖုံးပိတ်လိုက်သည်။

ထို့အပြင် သူ ဝိညာဉ်တစ်သောင်းသင်္ကေတနှင့် ထာဝရဓားကိုလည်း ထုတ်ထားလိုက်သည်။

ဒုန်း..

ကျယ်လောင်လှသည့် ဆူညံသံများကို ကြားလိုက်ရသည်။ ရောင်စုံအလင်းများသည့် ထာဝရရွှေအိုးကို ဆက်တိုက်ပင် လှုပ်ရမ်းနေသည်ပင်။ ရှီဟောင် ကမ္ဘာကြီး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုရွှေရောင်ဝဲကတော့သည် အိုးကို ဖျက်ဆီးပစ်ချင်နေလေပြီ။

ထာဝရရွှေအိုးမှာ မတောင့်ခံနိုင်တော့။ မည်သို့ပင်ဖြစ်စေ ဤအိုးသည် အစကတည်းက အက်ကွဲနေပြီးသားပင်။

အက်ကွဲကြောင်းများမှ တောက်ပသည့်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ဝင်ရောက်လာချင်နေသည်ကို ရှီဟောင် တွေ့လိုက်ရသည်။

သူ၏အဖိုးတန်ပညာအားလုံးကို အသုံးပြုကာ သူအားကုန်ခုခံလိုက်သည်။

သို့သော် ဤသည်မှာ အသုံးမဝင်။ ဤသည်မှာ အဆင့်တူသည့်စွမ်းအားမဟုတ်။ ထိုအလင်းတန်းများနှင့် ထိတွေ့သွားသည်နှင့် သူ့ခန္ဓာကိုယ်ရှိအရိုးများမှ အသံထွက်လာကာ အရိုးပေါင်းများစွာ ကျိုးသွားသည်။

ထို့အပြင် သူ၏အသွေးအသားလည်း ပေါက်ကွဲလုနီးပါးပင်။

သူ ထာဝရဓားကို လွှဲရမ်းလိုက်သလို ဝိညာဉ်တစ်သောင်းသင်္ကေတဖြင့် ခုခံလိုက်သည်။

သို့သော်လည်း ဤအလင်းတန်းများမှာ နေရာတိုင်း၌ ရှိနေသောကြောင့် ဝိညာဉ်တစ်သောင်းသင်္ကေတမှာ အစပိုင်းတွင် အသုံးမဝင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မျက်နှာချင်းဆိုင်တိုက်ခိုက်ခြင်းမဟုတ်ပဲ နေရာပေါင်းစုံမှ လာနေခြင်းပင်။

ဝုန်း..

ထိုအချိန်တွင် ထာဝရဓား တုန်ယင်လာကာ အဆင့်တက်သည့်အလင်းများ ထွက်ပေါ်လာပြီး ရောင်စုံအလင်းများကို တွန်းကန်လိုက်သည်။

သို့သော်လည်းဤသည်မှာ ပို၍ကြောက်စရာကောင်းသည့်တိုက်ခိုက်မှုများကို ရန်စလိုက်သလိုဖြစ်သွားသည်။ ထိုအလင်းသည် ရေလှိုင်းကဲ့သို့ ပြောင်းလဲသွားကာ ပို၍စွမ်းအားကြီးလာသည်။

ဝူး..

လေပြင်များ တိုက်ခတ်လာသည်။ ထာဝရဓားသည် သူ့အလိုလိုမျောနေပြီးနောက် အဆင့်တက်ခြင်းအလင်းအပြင် အခြား ပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း ပေါ်လာသည်။

အပေါ်ဘက်တွင် ထာဝရတရားအဆင့်သို့ တက်နေသည့် လူသားပုံစံသက်ရှိရှိနေသည်။ အလင်းမိုးများ ရွာသွန်းနေကာ ကောင်းကင်တစ်ခုလုံး တောက်ပနေသည်။ တောက်ပလွန်းသောကြောင့် မျက်လုံးပင် မပွင့်နိုင်လောက်အောင်ပင်။

အောက်ဘက်တွင် ရှေးဟောင်းသင်္ချိုင်းနယ်မြေများရှိသည်။ မရေမတွက်နိုင်သည့် နီရဲနေသည့် အုတ်ဂူများလည်း ရှိနေသည်ပင်။

သွေးရောင်ညနေဆည်းဆာအောက်တွင် ကြေးအခေါင်းတစ်ခုပေါ်၌ ထိုင်နေသည့် လူသားသက်ရှိတစ်ယောက်ရှိနေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်အထီးကျန်ဆန်သည့်ပုံပင်။

သွေးများသည် စမ်းချောင်းတစ်ခုအဖြစ်သို့ စီးဆင်းသွားကာ သင်္ချိုင်းမြေများကို တစ်ခုပြီးတစ်ခု ဖြတ်သန်းစီးဆင်းသွားလေ၏။

ရှေးဟောင်းသင်္ချိုင်းမြေတစ်ခုလုံး သွေးများ ရွှဲနစ်နေသည်။ ထိုကြေးအခေါင်းရှိနေသည့်နေရာသာ သွေးများရောက်မလာပဲ အေးချမ်းနေသည်။ ထိုအခေါင်းပေါ်မှ လူသားသက်ရှိသည် ညနေခင်းဆည်းဆာကို ငေးမောနေလ၏။

ဤသည်မှာ ဤမြင်ကွင်းပေါ်လာသည့် ဒုတိယအကြိမ်မြောက်ပင်။

ယခုအချိန်တွင် ထိုရွှေ‌ရောင်အခေါင်းပင် သွေးများဖြစ်သွားပြီး ထာဝရဓားလည်း ထိုကြေးအခေါင်းဖြစ်လာသည်ဟု ရှီဟောင် ထင်ယောင်ထင်မှားဖြစ်လာသည်။

သူ ထိုဓားကို ဆုတ်ကိုင်လိုက်မှာ သူ့ကိုယ်သူ ကာကွယ်လိုက်နိုင်သည်ပင်။

ဤသည်မှာ အလွန်ထူးဆန်းသည့်ပြောင်းလဲမှုကြီးပင်။ ထို့နောက် အရာအားလုံးပျောက်ကွယ်သွားသကဲ့သို့ မည်သည့်ထာဝရအဆင့်တက်ခြင်းမှမရှိတော့သလို သိပ်သည်းလှသည့် ဖျက်ဆီးခြင်းအလင်းများလည်း မရှိတော့။

ထိုကြေးအခေါင်းသာ သွေးပင်လယ်ထဲ၌ ရှိနေသည်။

ဝုန်း..

အချိန်မည်မျှကြာသွားမှန်း မသိသည့်အချိန်တွင် အရာအားလုံးတုန်ခါလာကာ အားလုံး ပျောက်ကွယ်သွားသည်။ ရောင်စုံအလင်းဖြစ်စေ၊ အဆင့်တက်ခြင်းအလင်းမိုးဖြစ်စေ၊ ရှေးဟောင်းသင်္ချိုင်းမြေနှင့်သွေးအုတ်ဂူများဖြစ်စေ အားလုံးပျောက်ကွယ်သွားသည်။

အိုးထဲတွင်ထိုင်ကာ ထာဝရဓားကိုင်ထားသည့် ရှီဟောင်သာ ရှိတော့သည်။

သူ အတားအဆီးကို ဖြတ်ကျော်ပြီး ရှေးဟောင်းနန်းတော်ထဲသို့ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ရှီဟောင်သိလိုက်သည်။

ရှီဟောင် ဓားကို မြန်မြန်သိမ်းလိုက်သည်။ ထို့နောက် အိုးအဖုံးကို ဖွင့်ကာ အပြင်ဘက်သို့ လျှောက်လာလိုက်သည်။ ထာဝရရွှေအိုးသည် လက်သီးအရွယ်အစားအဖြစ်သို့ ပြန်ပြောင်းသွားကာ သူ့လက်ထဲ၌ ပေါ်လာသည်။

စန်းကျန်းနှင့် ရှန်းမင်တို့ ထိတ်လန့်သွားမည်မှာ သေချာသည်။ ရှီဟောင်လည်း ဝင်လာနိုင်လိမ့်မည်ဟု သူတို့မထင်ထားကြ။

“ရောင်းရင်းဟွမ်က တကယ်ကို အထင်ကြီးစရာကောင်းတာပဲ..” စန်းကျန်းပြောလိုက်သည်။

ရှီဟောင် ဘာမှမပြောပဲ အရှေ့ဘက်သို့သာစိုက်ကြည့်နေလိုက်သည်။

အမှန်တကယ်တွင် စန်းကျန်းနှင့် ရှန်းမင်တို့လည်း သူတို့အာရုံကို နန်းတော်အလယ်တွင်ရှိနေသည့်ပစ္စည်းထံသို့ ပို့ထားလိုက်တော့သည်။

ဤပစ္စည်းမှာ အော်ရာအရင်းအမြစ်ပင်။

ယခုအချိန်တွင် ထိုပစ္စည်းမှ တောက်ပသည့်အလင်းများ စီးဆင်းနေသည်။ တောက်ပသည့်နတ်အလင်းများမှာ ဆက်တိုက်ပင် ပြောင်းလဲနေသည်ပင်။

“ဇစ်မြစ်လား..” ရှီဟောင်မေးလိုက်သည်။ သူ ဤပစ္စည်းကိုယ်ထည်ကို သေချာကြည့်ချင်မိသည်။

စန်းကျန်းနှင့် ရှန်းမင်တို့မှာပို၍ပင် မသက်မသာခံစားနေကြရသည်။ သူတို့ ဤပစ္စည်းနှင့် ပေါင်းစည်းကာ သင်္ချိုင်းဘုရင်များ ဖြစ်လိုကြသည်။

အပိုင်း ၁၆၈၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset