သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၁ – စွမ်းအားကြီးသည့်သူများ စုစည်းခြင်း
“ဒီနေရာက တကယ်လှတာပဲ..”
ခပ်ဝေးဝေးတွင် မိန်းမပျိုအချို့ များပြားလှသည့် ကြာရွက်များပေါ်၌ လမ်းလျှောက်နေကြသည်။ သူတို့၏ဝတ်စုံများမှာ ရေမျက်နှာပြင်ကို ထိလုနီးပါးပင်။ သူတို့ည် ထာဝရတာအိုမိသားစုများမှာ မိန်းမပျိုလေးများကဲ့သို့ လှပလှသည်ပင်။
ကျောက်စိမ်းကန်မှာ တကယ်ကို လှပလှပြီး ကျောက်စိမ်းတုံးများကဲ့သို့ ပြာလွင်နေသည်။ သူတို့ ထိုကန်နှင့်ဝေးသေးသော်လည်း ဝိညာဉ်စွမ်းအင်တစ်မျိုးကို ခံစားနေရပြီး သန့်စင်သည့် အဖြူရောင်ထာဝရစွမ်းအင်လှိုင်းများလည်း ပျံ့လွင့်လာသည်။
ကန်ဘေးပတ်လည်တွင်ရှိသည့် ဝိညာဉ်တောင်များတွင် သလင်းကျောက်သစ်ပင်များ တစ်ပင်ပြီးတစ်ပင်ပေါက်နေသည်။ ဤသစ်ပင်များမှာ အလွန်ထူးခြားလှပြီး အနည်းငယ် ဖောက်ထွင်းမြင်နိုင်နေသည်။ သစ်ပင်ပေါ်ရှိ သင်္ကေတများကိုလည်း ရှင်းရှင်းလင်းလင်းမြင်နေရသည်ပင်။ ထို့အပြင် သစ်ပင်အရောင်များမှာလည်း မျိုးစုံကွဲနေသည်။ ခရမ်းရောင်ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့သော ခရမ်းရောင်သစ်ပင်များရှိသလို မဟူရာနီကဲ့သို့ တောက်ပနေသည့် အနီရောင်အပင်များလည်းရှိသည်။
“ဒါက တကယ်ကို အရမ်းလှတယ်..” ရှီဟောင် ရပ်တန့်လိုက်ပြီး ထိုမြင့်မြတ်မြေကို ကြည့်လိုက်သည်။
“ဒီလူက အရမ်းဝတာပဲ ဟီးဟီး..” မိန်းမပျိုလေးအချို့သည် ချောင်ယုရှင်းတို့ကိုကြည့်ကာ သူတို့ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောသွားကြလေသည်။
“ဒါက အနာဂတ်ကောင်းတဲ့လက္ခဏာပဲ ဟုတ်ပြီလား..” ဖက်တီးလေး ပြန်ပြောလိုက်သည်။
ခဏကြာပြီးနောက် ထိုမိန်းမပျိုလေးများသည် လှပညင်သာစွာဖြင့်ပင် ကျောက်စိမ်းကန်ထဲသို့ ဝင်သွားလိုက်ကြသည်။ ထို့နောက် သူတို့ အရှေ့ဘက်တွင်ရှိနေသည့် ကြီးမားလှသည့် ဝိညာဉ်တောင်ပေါ်သို့ တက်သွားကြသည်။ ထိုနေရာ၌ အဆောက်အဦးများ၊ ငွေရောင်ရေတံခွန်များ၊ စမ်းချောင်းများရှိနေသည်ပင်။
“ဒါက ဝေ့မိသားစုက နတ်သမီးလေးဖော်ပဲ..”
“သူတို့ပဲ .. ဝေ့မိသားစုက ဒဏ္ဍာရီလာ ဖီးနှစ်လေးကောင်ပဲ..”
ကျောက်စိမ်းကန်နှင့် သိပ်မဝေးသည့်နေရာတွင် ကျင့်ကြံသူအချို့ရှိနေသည်။ သူတို့အသက်မှာ သိပ်မကြီးကြသေး။ သုံးဆယ်အောက်သာရှိသေးသည်။ သူတို့သည် အချင်းချင်းဆွေးနွေးကာ ထိုနတ်သမီးလေးဖော်အကြောင်းကို ပြောနေကြလေသည်။
လူများစွာမှာ ကျောက်စိမ်းကန်ထဲသို့ဝင်ရန် အရည်အချင်းမပြည့်မီ။ သို့သော်လည်း သူတို့ ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်များကို တွေ့ချင်သည်။ ထို့ကြောင့် သူတို့ ကန်အပြင်ဘက်၌ ရောက်နေကြပြီး ဤကန်ကြီးကို အာရုံစိုက်နေကြခြင်းပင်။
ဝေ့မိသားစုမှ နတ်သမီးလေးဖော်မှာ ဂုဏ်သတင်းကြီးမားလှသည်။ တစ်စုံတစ်ယောက်မှ သူတို့မည်သူဖြစ်ကြောင်း ပြောလိုက်သည်နှင့် ချက်ချင်း အုတ်အော်သောင်းတင်းဖြစ်သွားကာ လူအများစုလည်း သူတို့အချင်းချင်း ပြောလာကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အလွန်လှပရုံသာမက သူတို့၏အရည်အချင်းများလည်း ထူးခြားလှသည်။
ဝေ့မိသားစုမှ လူသားကလန်မဟုတ်။ သူတို့သည် အင်ပါယာဂိတ်မှ သက်ရှည်မိသားစုကြီးသုံးစုထဲမှ တစ်စုဖြစ်ပြီး အပြင်လောကနှင့် ဆက်သွယ်ခြင်းမရှိ။ ကောင်းကင်ဘုံကိုးခုမှ လူများမှာ သူတို့အကြောင်း လုံးဝမသိကြပေ။
ဤမိသားစုသည် ယခုမျိုးဆက်မှ ဖီးနှစ်လေးကောင် ထွက်ပေါ်လာခဲ့သည်။ ဤအမျိုးသမီးများ စုပေါင်းတိုက်ခိုက်လိုက်လျှင် သူတို့နှင့်ရွယ်တူအားလုံးကို ရှင်းပစ်နိုင်သည်ပင်။
ရုတ်တရက် နားကွဲလောက်သည့်ဆူညံသံများ ထွက်ပေါ်လာကာ ငွေရောင်စစ်ရထားလုံးတစ်စီးရောက်လာသည်။ ရထားလုံးမှ မီးတောက်များလောင်ကျွမ်းနေသကဲ့သို့သော ငွေရောင်အလင်းများထွက်ပေါ်နေသည်။
“ဝိညာဉ်ငါးခုစစ်ရထားလုံး..” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။
ဤစစ်ရထားလုံးမှာ အလွန်ထူးခြားပြီး ကိုယ်ထည်တစ်ခုလုံးကို ငွေဖြူရောင်သတ္တုဖြင့် ပြုလုပ်ထားခြင်းပင်။ ဤရထားလုံးသည် တောက်ပနေသော်လည်း ရှေးဟောင်းအော်ရာတစ်ခုရှိနေကာ ယခင်တိုက်ပွဲမှ ဓားရာများလည်း ရှိနေသည်။
ဤရထားလုံး၏ အထူးခြားဆုံးအပိုင်းမှာ ရထားလုံးဆွဲသည့်အရာများပင်။ ဤသည်မှာ သက်ရှိသတ္တဝါများမဟုတ်။ ဤသည်မှာပျံလွှားငှက်ငါးကောင်နှင့်တူသည်။ ဤအကောင်များသည် ငွေဖြူရောင်တောက်ပနေကာ သူတို့အတောင်ပံများကို လေထဲ၌ ဖြန့်ကျက်ထားသည်။
ဤအကောင်များမှာ အရွယ်အစားမသေးလှပေ။
ဤသည်မှာ ဒဏ္ဍာရီလာ အဖိုးတန်ပစ္စည်းပင်။ ဝိညာဉ်ငါးခုစစ်ရထားလုံးမှ ငွေရောင်အလင်းများ ထွက်ပေါ်လာတိုင်း ရန်သူများ နောက်ဆုတ်သွားရသည်။ ဤပစ္စည်းမှာ ယခင်က ခမ်းနားကြီးကျယ်လှသည့် အောင်မြင်မှုများ ရရှိထားခဲ့သည်ပင်။ ဤပစ္စည်းကိုပြိုင်ဘက်ကင်းသက်ရှိတစ်ဦး ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ သူအနှစ်သက်ဆုံး သွားလာရေးယာဉ်ပင်။
“ဒါက ချီဟုန်ပဲ .. ဒီရထားလုံးကို အခု သူပိုင်သွားပြီ .. သူက ပြိုင်ဘက်ကင်းသက်ရှိရဲ့ ဂရုစိုက်မှုကို ရပြီးတော့ ဒီမျိုးဆက်ရဲ့ အမွေဆက်ခံသူဖြစ်လာတာ..”
အင်ပါယာဂိတ်တွင် ပြိုင်ဘက်ကင်းသည့်သက်ရှိအနည်းငယ်ရှိသည်။ သူတို့၏ ကျင့်ကြံဆင့်မှာ လေးနက်လှပြီး တိုင်းတာ၍မရနိုင်လောက်အောင်ပင်။ သူတို့သည် ဘိုးဘေးယဇ်ပုလ္လင်၌ အမြဲတမ်း သီးသန့်ကျင့်ကြံနေကာ ထွက်လာသည်မှာ ရှားပါးလှသည်။ သူတို့သည် မြို့၏ အမြင့်ဆုံးအဆင့် ကာကွယ်သူများပင်။
“အဲဒီပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်က ဒီရထားလုံးကို သူ့ကို လက်ဆင့်ကမ်းပေးလိုက်တာ .. ချီဟုန်က တကယ်ကို ထူးခြားတာပဲ .. အဲဒီလိုမျိုးပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်တောင် သူ့ကို အလေးထားတယ်..”
လူအချို့ အံ့အားတကြီးသက်ပြင်းချလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ငါးခုစစ်ရထားလုံး၏ ဂုဏ်သတင်းမှာ ကြီးမားလှသည်ပင်။
ငွေရောင်ငှက်ငါးကောင်မှာ ပျံလွှားငှက်နှင့်တူသော်လည်း တကယ်တော့ ဇာမဏီငှက်များပင်။ အချို့သူများလည်း ဤသည်ကို ဖီးနှစ်အစစ်ဟု မြင်နေကြသည်ပင်။ သူတို့ထံ၌ တောက်ပနေသည့်အမွေးအတောင်များ မရှိရုံသာ။ ပစ္စည်းများအား ပြုလုပ်သည့်အချိန်တွင် သူတို့၏အပြင်ပန်းပုံကိုကြည့်ခြင်းမဟုတ်ပဲ သူတို့၏ဝိညာဉ်များကိုသာ ကြည့်ခြင်းပင်။
ဤငှက်များကို ရထားကိုယ်ထည်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် အလွန်မာကျောကာ မပျက်စီးနိုင်ပေ။
ဤဝိညာဉ်ငါးခုစစ်ရထားလုံး မည်မျှကြောက်စရာကောင်းသည်ကို အားလုံးသိသည်။ သူသည် ယခင်က ရန်သူစစ်တပ်ထဲသို့ ပြေးဝင်သွားကာ ရန်သူ၏အလောင်းများတောင်လိုပုံပြီး သွေးများမြစ်ကဲ့သို့ စီးဆင်းသွားသည်အထိ သတ်ဖြတ်ခဲ့သည်။ ရန်သူများမှာ ဤရထားလုံးနာမည်ကြားသည်နှင့် ကြောက်ရွံ့သွားရသည်အထိပင်။
ဤသည်မှာ အားလုံး၏မျက်လုံးများကို နီရဲသွားစေနိုင်သည့် အင်ပါယာဂိတ်မှ အရေးအကြီးဆုံး အဖိုးတန်ပစ္စည်းဟု ပြော၍ရသည်။
ချီဟုန် .. သူသည် ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင်၏ တပည့်အစစ်မဟုတ်သော်လည်း သူ့ထံမှ လမ်းညွှန်မှုများ ရရှိခဲ့သည်။ သူ၏ကျင့်ကြံခြင်းမှာ တိုင်းတာ၍မရနိုင်လောက်အောင်ပင်။ သူမည်သူ့ကိုမှ မရှုံးနိမ့်ဖူးသေး။
“ချီဟုန် .. ပြိုင်ဘက်ကင်းသက်ရှိရဲ့ ဆက်ခံသူ .. သူသေချာပေါက်ကို အောင်မြင်မှာ … သူ့ကိုတားနိုင်တဲ့သူ ရှိမှာမဟုတ်ဘူး..”
“ဒီဝိညာဉ်ငါးခုစစ်ရထားလုံးက ကောင်းကင်ကိုတောင် ဖိနှိပ်ထားခဲ့တယ်လို့ ပြောကြတယ် … ဒါက သာမန်လက်နက်လိုမျိုး မရိုးရှင်းဘူး .. ဒီရထားလုံးကို အသက်သွင်းတာကို တစ်ခါမှမမြင်ဖူးသေးတာလေးတစ်ခုပဲ .. မသေမျိုးသက်ရှိက ချီဟုန်ကို ဒီရထားလုံး ပေးလိုက်တာဆိုတော့ ဒါက ဘာကိုဆိုလိုတာလဲ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ဝိညာဉ်ငါးခုစစ်ရထားလုံး ရောက်လာသည်နှင့် ကျောက်စိမ်းကန် ပြင်းထန်စွာတုန်ခါလာကာ ကောင်းကင်ထက်သို့ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။
ဘေးပတ်လည်ရှိဝိညာဉ်တောင်များနှင့် ကန်ထဲရှိ အဖိုးတန်သင်္ဘောများထဲတွင်ရှိနေသည့်လူများစွာ တုန်လှုပ်သွားရသည်။ အချို့သူများမှာ ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင်ကို ကြိုဆိုရန်အတွက် အပြေးအလွှားရောက်ရှိလာကြလေသည်။
ရွှီးဟူသည့်အသံနှင့်အတူ စစ်ရထားလုံးမှ ငွေရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ ကောင်းကင်တာအိုသံကဲ့သို့ ဘေးပတ်လည်ရှိလူများအားလုံး၏ မူလဝိညာဉ်ကို တုန်ခါသွားစေသည်။
“ဒီစစ်ရထားလုံးက အရမ်းကို ကြောက်စရာကောင်းတာပဲ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ငွေရောင်အလင်း မြေပြင်ပေါ်သို့ ကျသွားကာ စစ်ရထားလုံးထဲမှ ပုံရိပ်နှစ်ခု လမ်းလျှောက်ထွက်လာသည်။ သူတို့ထဲမှ တစ်ယောက်၏ပတ်လည်တွင် ငွေရောင်မီးတောက်များ ရှိနေသည်။
သူ့ထံတွင် ထူးခြားသည့်ပုံပန်းသွင်ပြင်ရှိနေသည်။ သူ၏ရွှေရောင်ဆံပင်များ ဦးခေါင်းထက်မှ ဖြာကျနေကာ သူ၏မျက်လုံးများလည်း ရွှေရောင်နေလုံးများကဲ့သို့ တောက်ပနေသည်။
သူ၏ခန္ဓာကိုယ်သည်လည်း မပျက်စီးနိုင်သည့်ရွှေရောင်ခန္ဓာကိုယ်ကဲ့သို့ ရွှေရောင်တောက်ပနေသည်။
ရွှေရောင်ခန္ဓာကိုယ်ဖြစ်သော်လည်း ငွေရောင်အလင်း ထုတ်လွှတ်နေသောကြောင့် ဤသည်မှာ မည်မျှပင် အံ့အားသင့်စရာကောင်းလိုက်သနည်း ..
အားလုံး အသက်ရှူသံများပင် အေးခဲသွားရသည်။ ချီဟုန်မှာ ဒဏ္ဍာရီများထက်ပင် ကြောက်စရာကောင်းနေသေးသည်။ သူသည် မိုးကောင်းကင်အောက်ရှိ အရာအာလုံးကို လွှမ်းမိုးနိုင်သည့် ရှေးဟောင်းထာဝရစစ်သက်ရှိမှ ပြန်လည်ဝင်စားလာသကဲ့သို့ပင်။
သူ၏ဘေးနား၌ မူလရှေးဟောင်းမြူများ ရစ်သိုင်းနေသည့် တစ်ယောက်ယောက်ရှိနေသည်။ ထိုလူ၏ ပုံရိပ်လေးကိုသာမြင်နေရပြီး သူ၏မျက်လုံးအစုံမှာ ကောင်းကင်နေကဲ့သို့ တောက်ပနေသည်။ သူမျက်တောင်ခတ်လိုက်တိုင်း နတ်အလင်းများထွက်ပေါ်လာပြီး ကောင်းကင်ကြီးကိုပင် ခွဲပစ်တော့မတတ်ပင် ကြောက်စရာကောင်းလှသည်။
“ကျင်းကျန်း..” တစ်ယောက်ယောက်မှ သူ့အား မှတ်မိသွားသည်။
ကျင်းကျန်းမှာ ကျင်းထိုက်ကျွမ် အလေးအထားဆုံး အမွေဆက်ခံသူပင်။ သူသည် လက်ရှိလောကပညာများကို ကျွမ်းကျင်ပြီး ကောင်းကင်ဘုံကိုးခု၏ ကောင်းကင်သားတော်ပင်။ သူဝိညာဉ်ငါးခုစစ်ရထားလုံးထဲမှ ထွက်လာလိမ့်မည်ဟု မည်သူမှထင်မထားကြ။ ဤသည်ကိုကြည့်ခြင်းအားဖြင့် သူနှင့် ချီဟုန် မည်မျှရင်းနှီးသည်ကို သိနိုင်သည်။
“သွားပါ..” စစ်ရထားလုံးပိုင်ရှင် ချီဟုန်မှ ပြောလိုက်သည်။
“အစ်ကိုချီ အရင်သွားပါ..” ကျင်းကျန်းပြောလိုက်သည်။
သူတို့ ကျောက်စိမ်းကန်ထဲသို့ ဝင်လာပြီးနောက် ဝိညာဉ်တောင်ပေါ်သို့ တက်သွားလိုက်ကြသည်နှင့် လူငယ်ကျွမ်းကျင်သူများစွာ သူတို့အား လာရောက်နှုတ်ဆက်လာသည်။ သူတို့သည် ချီဟုန်အား အလွန်လေးစားကြသည်ပင်။
“အစ်ကိုချီလည်း လာတာလား .. ရွှေရောင်ခန္ဓာကိုယ်ကနေ ငွေရောင်အလင်းတန်းထွက်နေတာဆိုတော့ အစ်ကို သေချာပေါက်ကို ပိုပြီးတော့ အံ့အားသင့်စရာကောင်းလာမှာ .. ပြိုင်ဘက်ကင်းသက်ရှိရဲ့ ဆက်ခံသူဖြစ်ထိုက်ပါပေတယ် .. နောင်ကျရင် အစ်ကိုက သေချာပေါက် သိုင်းပညာတာအိုရဲ့ ထိပ်ဆုံးကိုရောက်ပြီးတော့ ဒီလောကမှာပြိုင်ဘက်ကင်းဖြစ်မှာပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ချီဟုန်မှာ အလွန်တည်ငြိမ်နေပြီး မောက်မာသည့်အရိပ်အယောင်ပင်မရှိပေ။ သူသည် ယဉ်ကျေးစွာဖြင့်ပင် ပြန်လည်တုံ့ပြန်လိုက်ကာ သူ့ဘေးမှ ကျင်းကျန်းကို အခြားသူများနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒီမျိုးဆက်ရဲ့ ကောင်းကင်သားတော် ကျင်းကျန်း .. ရောင်းရင်းက ဂုဏ်သတင်းတွေထက်ကို ခန့်ညားတာပဲ .. ရောင်းရင်က ထူးခြားတဲ့နဂါးတစ်ကောင်ပဲ..” တစ်စုံတစ်ယောက်မှ ချီးကျူးလိုက်သည်။
ချီဟုန်နှင့် ကျင်းကျန်းတို့မှာ ကြယ်များဝန်းရံထားသည့် လတစ်စင်းကဲ့သို့ဖြစ်နေသည်။
“ရှိုးပွဲကြီး လုပ်နေတာပဲ..” ချောင်ယုရှင်း ပြောလိုက်သည်။
သူတို့ ကျောက်စိမ်းကန်ထဲသို့ မဝင်သေးသော်လည်း ဤကြွားဝါးမှုပြပွဲကို မြင်နေရပြီဖြစ်သည်။
ပုရွက်ဆိတ်လေးသည် နှုတ်ခမ်းများကို တွန့်ကွေးလိုက်လေ၏။ သူ ကျင်းကျန်းကို အလွန်မကျေမနပ်ဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းကျန်းသည် ဝမ်မိသားစု၏ သားမက်ဖြစ်ပြီး သူသည် ဝမ်မိသားစုကိုယ်စား ရှီဟောင်အား တိုက်ခိုက်ချင်နေသည်။
ဝိညာဉ်ငါးခုစစ်ရထားလုံးကို အသုံးပြုခြင်းမှာ တကယ်ကို ကြွားဝါနေခြင်းပင်။
“မင်းအပြုအမူကို ထိန်းဦး .. သူငါတို့ကို ရန်မစရင် လိုက်လျောညီထွေဖြစ်အောင်နေလိုက် .. အေးအေးချမ်းချမ်းလေးလာပြီး အေးအေးချမ်းချမ်းလေး ပြန်သွားရအောင်..” ရှီဟောင် ပြောလိုက်သည်။ သူဤနေရာ၌ ပြဿနာမရှာချင်။
ရန်သူစစ်တပ်ကြီး၏ ဖိအားနှင့် နယ်ခြားစပ် ကျူးကျော်ခံရနိုင်သည့်အန္တရာယ်ရှိနေသောကြောင့် သူအခြားသူများနှင့် ပြိုင်ဆိုင်လိုစိတ်မရှိ။
“ဝမ်မိသားစုက အမျိုးသမီးကရော .. သူကဘာလို့ ကျင်းကျန်းနဲ့အတူတူမရှိတာလဲ..” ဖက်တီးချောင် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူသည် ဝမ်မိသားစု၏နံပါတ်တစ် ပုလဲလုံးလေး ဝမ်ရှီးကို ရှာနေခြင်းပင်။
“ရှာမနေနဲ့ သူလာတယ်..” ရှီဟောင်ပြောလိုက်သည်။
ခပ်ဝေးဝေးမှ စစ်ရထားလုံးနှစ်စီး ဆူညံသံများဖြင့် ရောက်ရှိလာသည်။ ထိုရထားလုံးများကို ကြောက်စရာကောင်းသည့် သားရဲများစွာ ဆွဲနေခြင်းဖြစ်ပြီး သူတို့၏ခြေလှမ်းများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေနိုင်သည်။
ဆူညံသံများမှာ ကျယ်သထက်ကျယ်လာပြီး မိုးခြိမ်းသံများကဲ့သို့ အားလုံးကို ကြောက်ရွံ့လာစေသည်။
“ထော်ဂုမိသားစုရဲ့ လျှပ်စီးစစ်ရထားလုံး..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။
ဤသည်မှာ ခရမ်းရွှေရောင်စစ်ရထားလုံးနှစ်စင်းပင်။ နှစ်စီးလုံးမှာ လျှပ်စီးများကြား၌ နှစ်မြှုပ်နေကာ လျှပ်စစ်တန်းများလည်း အပြင်ဘက်သို့ ပျံ့လွင့်နေသည်။
“ထော်ဂုမိသားစုရဲ့ နဂါးအစစ် .. ထော်ဂုယုလုံ..” ပထမရထားလုံးထဲမှ လူကိုစိုက်ကြည့်ပြီး တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ထော်ဂုမိသားစုမှ အင်ပါယာဂိတ်မှ သက်ရှည်မိသားစုကြီးသုံးစုမှ တစ်စုပင်။ သူသည် ထာဝရသက်ရှိ၏မျိုးဆက်ဖြစ်ပြီး သူတို့ထဲတွင် ထာဝရသွေးအချို့စီးဆင်းနေသည်ပင်။ သူတို့မိသားစုမှာ လူဦးရေသိပ်မများသော်လည်း ဤကလန်မှာ အလွန်စွမ်းအားကြီးလှသည်။
အထူးသဖြင့် ထော်ဂုယုလုံကို ဤကလန်၏ နဂါးအစစ်ဟု သိကြသည်ပင်။ သူ၏ခွန်အားကို ကောင်းကင်ကိုတွန်းလှန်နိုင်သည်။ သူသည် အသက် ၂၀ ကျော်သာရှိသေးသော်လည်း သူ၏ကျင့်ကြံခြင်းမှာ အတိတ်နှင့်ပစ္စုပ္ပုန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်ပင်။
ထော်ဂုယုလုံသည် ပထမရထားလုံးတွင် တစ်ယောက်တည်း မတ်တပ်ရပ်နေခြင်းဖြစ်ပြီး သူ၏ခရမ်းရောင်ဆံနွယ်များလည်း လွင့်ပျံနေသည်။
လျှပ်စီးစစ်ရထားလုံးနောက်တွင် အခြားဧကရာဇ်ရထားလုံးတစ်စင်းရှိနေ၏။ ထိုရထားလုံးပေါ်၌ အမျိုးသမီးနှစ်ယောက်ရှိနေသည်။ တစ်ယောက်မှ လျှပ်စစ်အလင်းများရှိနေသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဤသည်မှာ ထော်ဂုယုလုံ၏ ညီမ ထော်ဂုလော့ယန်ပင်။ သူမသည် အလွန်ကျက်သရေရှိလှသည့်သူပင်။ သူမ၏ဘေးတွင် ဝမ်ရှီးရှိနေလေ၏။ သူမ၏ အဖြူရောင်အဝတ်အစားများလွင့်ပျံနေသည်။
“သူ ကျင်းကျန်းနဲ့တူတူမလာတာ အံ့ဩစရာမရှိတော့ပါဘူး .. ဒါက တိုက်ခိုက်မှုနှစ်မျိုးပဲ..” ချောင်ယုရှင်း သူ့ကိုယ်သူ ပြောလိုက်သည်။
ကျင်းကျန်းသည် ချီဟုန်နှင့်အတူ ဝိညာဉ်ငါးခုစစ်ရထားလုံးနှင့်လိုက်လာပြီး ဝမ်ရှီးသည် ထော်ဂုမိသားစုနှင့် လိုက်လာသည်။ သူတို့သည် မိသားစုကြီးများကို ဖမ်းနိုင်ရန်အတွက် တစ်ယောက်စီလှုပ်ရှားနေကြခြင်းပင်။ သူတို့က တစ်ခြားသက်ရှည်မိသားစုတွေကိုပါ လှေပေါ်ဆွဲတင်ချင်နေတာလား..
“ဒီလူတွေက မဟာမိတ်ဖွဲ့ချင်နေကြတာ .. ငါတို့သတိထားရမယ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး ပြောလိုက်သည်။
“ကိစ္စမရှိဘူး .. ထာဝရတရားကိုသာ ရသွားရင် ဒီလောကကြီးကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်တယ် .. နောင်မှာ ပြောင်းလဲမှုကြီးတွေ ဖြစ်လာရင် ကိုယ့်အားကိုယ်ပဲ ကိုးရမှာ .. သိုးဘယ်နှကောင်ရှိပါစေ ခြင်္သေ့တစ်ကောင်ကိုတော့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး ..” ရှီဟောင် ပြောလိုက်သည်။
ထို့နောက် ရှေးဟောင်းသားရဲတစ်ကောင်ပေါ်တွင်ထိုင်နေသည့် ကောင်းကင်ဘုရင်လေးကို တွေ့လိုက်ရသည်။ လူများစွာမှ သူ့အား နှုတ်ဆက်ခရီးဦးကြိုပြုနေကြသည်။
ထို့နောက် ရှုထော်၊ ချီဂု၊ လန်ရှင်းနှင့်အခြားသူများလည်း ရောက်လာကြသည်။ သူတို့မသိသည့် လူအချို့လည်း ရောက်လာကြသည်။ အားလုံးမှာ အင်ပါယာဂိတ်မှ လူငယ်ကျင့်ကြံသူများပင်။
အပိုင်း ၁၅၉၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၂ – အဲဒါ ဟွမ်
ရှီဟောင်နှင့် ချောင်ယုရှင်းတို့လည်း အရှေ့ဘက်သို့ လျှောက်လာခဲ့လိုက်ကာ လှေငယ်လေးတစ်စင်းပေါ်သို့ တက်လိုက်သည်။
အချို့သူများလည်း ကန်ထဲသို့ ဝင်လာကြ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အချိန်ကျလုနီးပါးရှိနေလေပြီ။
ဤအချိန်အတောအတွင်းတွင် စစ်ရထားလုံးအချို့နှင့် နတ်သားရဲများ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာကာ လူငယ်ဂျီးနီးယပ်စ်များကို ခေါ်ဆောင်လာကြသည်။
“ငါ့မှာ ထိတ်လန့်စရာကောင်းတဲ့သတင်းတစ်ခုရှိတယ် … ကန့်သတ်နယ်မြေလူတွေ ဒီကို တကယ်ရောက်လာလောက်တယ် .. အင်ပါယာဂိတ်ကို လူတွေဖြတ်သွားတာ မြင်လိုက်တဲ့သူတွေရှိတယ် .. သူတို့တွေ ဖိတ်စာရလို့ ရောက်လာတာလားမသိဘူး..”
တစ်စုံစတ်ယောက်မှ ဤသတင်းကို ဖြန့်လိုက်ကာ အားလုံးကို တုန်လှုပ်သွားစေသည်။
ကန့်သတ်နယ်မြေကလူတွေတောင် အင်ပါယာဂိတ်ကို တကယ်ရောက်လာတာလား .. ဤသည်မှာ မည်မျှပင် အံ့အားသင့်ဖို့ ကောင်းလိုက်သနည်း.. ယခင်ကတည်းက ယခုအချိန်ထိ ဤလူများကို တွေ့ဖူးသည့်သူသိပ်မရှိပေ။
ထိုအခိုက်အတန့်တွင် ဤသည်မှာ အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာသည်။
ဝုန်း..
ထိုအချိန်တွင် ကျောက်စိမ်းကန်မှ အလင်းလှိုင်းများထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တက်သွားသည်။ ကန်အလယ်မှ အစိမ်းရောင်တောက်ပသည့် ကျွန်းတစ်ခု ထွက်ပေါ်လာပြီး အလင်းအလွှာတစ်ခုလည်း ကျွန်းထဲသို့ ရေမဝင်အောင် ပြုလုပ်ထားပေးသည်။
ကျောက်စိမ်းကန်ထဲ၌ ကျွန်းတစ်ကျွန်း ရှိနေပြီး ယခုတော့ ထိုကျွန်းပေါ်လာလေပြီ။
ကျင့်ကြံသူများအတွက်တော့ ကောင်းကင်ထက်၌ရှိနေသည့်ကျွန်းဖြစ်စေ၊ ရေအောက်မှ ပုန်းကွယ်နေသည့်ကျွန်းဖြစ်စေ ဤမျှထိတ်လန့်စရာမကောင်းတော့။ သို့သော်လည်း ဤကျွန်းမှာ အနည်းငယ်ထူးခြားသည်။ ဤသည်မှာ ထာဝရသက်ရှိတစ်ယောက် နေထိုင်ခဲ့သည့်နေရာဟု ပြောကြသည်။
အဘယ်ကြောင့်ဆိုသော် ထာဝရစွမ်းအင်တန်းများမှာ ဤကျွန်းမှ ထွက်ပေါ်နေခြင်းပင်။ သာမန်သတ္တုအပိုင်းအစလေးပင်လျှင် ထာဝရသက်ရှိပြုပြင်လိုက်သည်နှင့် ရတနာအဖြစ် ပြောင်းလဲသွားသည်ဟု ပြောကြသည်။
ထာဝရသက်ရှိတစ်ယောက် ဤနေရာ၌ နေခဲ့ခြင်းဖြစ်သောကြောင့် ဘာပစ္စည်းမှမကျန်လျှင်ပင် ထာဝရတာအိုအော်ရာ လွင့်ပျံ့နေမည်ပင်။
ဂျီးနီးယပ်စ်များ စုဝေးခြင်း စတင်လေပြီ…
ကျွန်းပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်တက်သွားလိုက်ကြသည်။ ဝိညာဉ်ငါးခုရထားလုံးမှာ အားလုံး၏အာရုံကို ဆွဲဆောင်ထားသည်ပင်။ ထိုရထားလုံးကို ဝိုင်းသွားသည့်သူလူတစ်အုပ်စု ချက်ချင်းထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုရင်လေး၊ ရှုထော်၊ ထော်ဂုယုလုံနှင့် အခြားသူများလည်း လူများစွာ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်ဆိုလျှင် ပြောစရာပင်မလိုတော့။ လှပသည့်အမျိုးသမီးကျင့်ကြံသူများမှာ အမျိုးသားများထက် နာမည်ကြီးသည်ပင်။ လူငယ်သူရဲကောင်းတစ်စုမှာ စိတ်အားတက်ကြွစွာဖြင့်ပင် သူတို့အား ခေါ်နေကြလေသည်။
“လူတွေ အများကြီးပဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး ပြောလိုက်သည်။
“ဟမ် .. မင်းလား…” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးကို တွေ့သည်နှင့် ကျင့်ကြံသူတစ်ယောက်၏မျက်နှာချက်ချင်း ဖြူဖျော့သွားသည်။
ဤသည်မှာ သတင်းလာပို့သည့်သူပင်။ ဤပုရွက်ဆိတ်လေး စကားပြောသည့်ပုံ မည်မျှကြောက်စရာကောင်းသည်ကို သူမှတ်မိနေဆဲပင်။ သူသည် ထာဝရဝမ်ကိုပင် ကလေးဟု ခေါ်ခဲ့သည်ပင်။ ဤနေရာ၌ သူသာ တစ်ခုခုကို စည်းကျော်ပြီးပြောမိပါက သူသေချာပေါက် ပြဿနာတက်သွားလိမ့်မည်။
“အာ .. မင်းလည်းလာတာလား .. ကံဆိုးလိုက်တာ..” သူနောက်ဆုတ်လိုက်သည့်အချိန်တွင် ချောင်ယုရှင်းကို တွေ့လိုက်သည်။ သူ၏နဖူးထက်၌ သွေးကြောများထောင်ထနေသည်။ ထို့နောက် သူကျင့်ကြံသူသည် ချက်ချင်းပင် တစ်ဖက်လှည့်ပြီး ထွက်ပြေးသွားလေ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်သုံးရက်အကြာက သူ ဖက်တီးချောင် ရိုက်သည်ကို ခံခဲ့ရသည်ပင်။
ကျောက်စိမ်းကျွန်းမှာ အလွန်လှပလှသည်။ မြက်ပင်များမှာ ကူရှင်ကဲ့သို့ပင်။ လှပသည့်သစ်ပင်များလည်းစိမ်းစိုလန်းဆန်းနေပြီး နတ်စမ်းချောင်းများလည်းရှိသည်။ အံ့အားသင့်စရာကောင်းသည့်ဆေးပင်များလည်း ရောင်စုံအလင်းများ ထုတ်လွှတ်ကာ ဆေး၏မွှေးရနံ့မှာ နှာဖျား၌ ကျီစယ်နေသည်။
“မင်းက ဘာတွေ လောနေလို့ ငါ့ကိုတောင် ဝင်တိုက်နေတာလဲ..” လူငယ်တစ်ယောက်မှ ထို ‘သတင်းပေးသည့်သူ’ကို ဆူပူလိုက်သည်။
“တောင်းပန်ပါတယ် .. အခုလေးတင်..”
“အခုလေးတင် ဘာလဲ..”
“ဖိတ်စာမရတဲ့သူတွေလည်း ရောက်လာတယ်..” ထိုသတင်းပေးမှ ပြောလိုက်သည်။ သူသည်ပြောရင်းဖြင့် ဖက်တီးချောင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဘယ်သူလာရဲတာလဲ .. မင်းက ဒီဂုဏ်သရေရှိ တွေ့ဆုံပွဲကို နှောက်ယှက်ဖို့ ရောက်လာတာလား..”တွေ့ဆုံပွဲကို ထိန်းသိမ်းရန် တာဝန်ယူထားသည့် ဆံပင်ခရမ်းရောင်နှင့်လူငယ် ချောင်ယုရှင်းထံသို့ ခြေလှမ်းကျယ်များဖြင့် ရောက်လာသည်။ သူ့ရှေ့သို့ ရောက်သွားသည်နှင့် သူ့အား အော်ဟစ်လေသည်။ “မင်း .. အခုချက်ချင်း ထွက်သွား..”
ချောင်ယုရှင်းသည် သူ့အား မကျေမနပ်ကြည့်လိုက်ကာ “မင်းက အရိုက်ခံချင် နေတာလား .. မင်းက ဂုဏ်သရေရှိဧည့်သည်ကို ဟောင်ရဲတယ်ပေါ့ .. မင်းရဲ့ခွေးမျက်လုံးကို ဖွင့်ပြီးတော့ကြည့်လိုက် .. ဒါကဘာလဲ ..” သူသည်စကားပြောနေရင်းဖြင့် သူ၏လက်ထဲမှ ဖိတ်စာကို ဝေ့ရမ်းပြလိုက်သည်။
ထိုဆံပင်ခရမ်းရောင်နှင့်လူငယ် သတင်းပို့သူကို ကြည့်လိုက်သည်။
“ဒီလူအိုကြီးကို တောင်းပန်လိုက် .. ငါ့မှာ ဖိတ်စာမရှိတော့ရော ဘာဖြစ်လဲ .. မင်းနည်းနည်းလောက် ယဉ်ကျေးလို့မရဘူးလား .. တောင်းပန်..” ချောင်ယုရှင်း ပြောလိုက်သည်။
“သူ့မှာ ဖိတ်စာ တကယ်မရှိပါဘူး … ဒါက တစ်ခြားသူရဲ့ဟာပါ..” ထိုသတင်းပို့သည့်သူ သိပ်မဝေးသည့်နေရာမှ ပြောလိုက်သည်။
“မင်း တစ်ခြားလူရဲ့ ဖိတ်စာကို ခိုးခဲ့တာလား..” ထိုဆံပင်ခရမ်းရောင်နှင့်လူငယ်မှာ အသံမြင့်မြင့်ဖြင့် အမိန့်ပေးနေဆဲပင်။
ဘေးပတ်လည်ရှိလူများ ချက်ချင်းလှည့်ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် အသံများမှာ အတော်လေးဆူညံလာသည်ပင်။ လူများစွာ ထိတ်လန့်သွားကြ၏။ တစ်ယောက်ယောက်က ဒီမှာ ပြဿနာရှာရဲတာလား..
“ငါ ဘယ်သူ့ဟာမှ မခိုးခဲ့ဘူး .. ဒါက ငါ့သူငယ်ချင်းဟာ..” ချောင်ယုရှင်း ပြောလိုက်သည်။
“မင်းရဲ့သူငယ်ချင်းမလာရင်တောင် သူမင်းကိုလည်း ဖိတ်စာကို လက်လွှဲပေးလို့မရဘူး .. မင်းမှာ ဖိတ်စာမရှိရင် ဒီကျွန်းပေါ် တက်လို့မရဘူး..” ထိုဆံပင်ခရမ်းရောင်နှင့်လူငယ်မှာ အလွန်တင်းကြပ်နေဆဲပင်။
“အဲဒီလိုလား .. ဒါပေမဲ့ ငါမြင်တာတော့ ကျင်းကျန်းနဲ့ ဝမ်ရှီး ရောက်လာပြီးတာတောင်မှ ကျင်းမိသားစုရဲ့ ဝမ်မိသားစုက တစ်ခြားသူတွေ ရောက်လာသေးတာပဲ .. ကလန်တစ်ခုက ဖိတ်စာနှစ်ခုရတာလား..” ချောင်ယုရှင်း အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။
ကျင်းကျန်း၏ဦးလေး ကျန်းကျီဖိန်းနှင့် ဝမ်ရှီး၏ အခြားတစ်ဝမ်းကွဲတစ်ယောက်လည်း လာသည်ကို သူတွေ့ခဲ့ရသည်ပင်။
“မင်း..” ဆံပင်ခရမ်းရောင်နှင့်လူငယ် အနည်းငယ် စိတ်ရှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ သူတို့ရင်းနှီးသည့်သူများနှင့်လိုက်လာသည့်သူများ တကယ်ရှိသည်ပင်။ ထို့အပြင် ဤသည်မှာ သူတို့သာမဟုတ်။
“ဟုတ်သားပဲ … အဲဒီလူအိုကြီး အသက်က ဒီလောက်တောင်ကြီးနေပြီကို ဘာလူငယ်ဂျီးနီးယပ်စ်ပဲ .. မင်းက သူ့ကိုကျ မောင်းမထုတ်ပဲနဲ့ ဒီမှာလာပြီးတော့ ဆူဆူညံညံတွေ လုပ်နေတယ်..” ချောင်ယုရှင်း သိပ်မကြာသေးခင်က ရှီဟောင်နှင့် တိုက်ခိုက်ခဲ့သည့် ကျင်းကျီဖိန်းကို လက်ညှိုးထိုးပြလိုက်သည်။ “လက်ရှိလောကပညာမှာဆိုရင် ငါက လူငယ်မျိုးဆက်ထဲမှာ နံပါတ်နှစ်ချိတ်တဲ့သူဆိုတာ မင်းမသိဘူးလား .. ငါ့ကိုမြေမြှုပ်နိုင်မယ့်သူက နံပါတ်တစ်ပဲ ..”
သူ၏စကားပြောသည်ပုံကိုကြည့်ကာ ဆံပင်ခရမ်းရောင်နှင့်လူငယ် အေးစက်စွာ ရယ်မောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် မင်းကမကောင်းဘူး .. မင်းဝင်လို့မရဘူး .. မင်းမှာ အရည်အချင်းမရှိဘူး..”
“သူတို့က ဘာလို့ဝင်လို့ရတာလဲ..” ချောင်ယုရှင်း ဝမ်မိသားစု၊ ကျင်းမိသားစုမှလူများနှင့် ဖိတ်စာမရှိသည့် အခြားသူများကို လက်ညှိုးထိုးပြလိုက်သည်။
“မင်းက သူတို့နဲ့ ယှဉ်နိုင်လို့လား .. သူတို့က သက်ရှည်မိသားစုက ကောင်းကင်သားတော်တွေ .. သူတို့ခေါ်လာတဲ့ လူတွေက မိုးကောင်းကင်အောက်မှာ ဘုရင်ဖြစ်ဖို့ လုံလောက်တဲ့သူတွေ..”
ဤနေရာရှိ ဆူပူမှု ပို၍ကြီးမားလာသည်မှာ သိသာသည်။ ဤနေရာတိတ်ဆိတ်သွားကာ လူများစွာ လှည့်ကြည့်လာကြသည်။
“အဲဒါက .. ဖက်တီးချောင်ပဲ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ဤလူများမှာ ကောင်းကင်ဘုံကိုးခုမှလူများပင်။ သူသည် ရှီဟောင်နှင့်ရင်းနှီးသောကြောင့် ဤလူများ သူ့အား သိနေခြင်းပင်။ ယခု ဤဖက်တီးရန်စခံလိုက်ရသောကြောင့် ရှီဟောင်လည်း သေချာပေါက် ပေါ်လာလိမ့်မည်ဟု သူတို့ခံစားနေရသည်။
“ဘာအရည်အချင်းတွေ လိုအပ်လို့လဲ..” ထိုအချိန်တွင် ရှီဟောင်အနောက်ဘက်မှ လျှောက်လာကာ သူ့ရှေ့မှ ထိုဆံပင်ခရမ်းရောင်နှင့်လူငယ်လေးကို ကြည့်လိုက်သည်။
ရှုထော်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိကဲ့သို့သော သူအချို့ သူ့အားမှတ်မိနေသည်ပင်။ ဤလူများအားလုံး သူ့ဘက်သို့ကြည့်ကာခေါင်းညိမ့်ပြီးနှုတ်ဆက်လိုက်သည်။
“မင်းက ဘယ်သူလဲ..” ဆံပင်ခရမ်းရောင်နှင့်လူငယ် မေးလိုက်သည်။
သတင်းပို့သည့်ကျင့်ကြံသူ အလောတကြီး ရောက်လာကာ သူ့နားထဲသို့ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်သည်။
ဆံပင်ခရမ်းရောင်နှင့်လူငယ်မှာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားရသည်။ သူကဟွမ် .. အခု သူ ဟွမ်ကို လူကိုယ်တိုင်တွေ့နေရတယ်..
“နားလည်မှုလွဲသွားတာပါ .. အစ်ကိုရှီလာတယ်ဆိုတော့ သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်လောက်ကို ခေါ်လာလို့ရပါတယ်..” သူ၏အမူအရာမှာ ကို့ယိုးကားယားနိုင်နေသည်။
“အဲဒီလူက တကယ်ပဲ ဘယ်သူလဲ..” တစ်စုံတစ်ယောက်မှ မကျေမနပ်မေးလိုက်သည်။
ထိုအချိန်တွင် ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန် လျှောက်လာသည်။ သူသည် အဝေးမှနေ၍ပင် ပြုံးကာ “ဒါက အစ်ကိုရှီလား .. ကျုပ် အစ်ကိုရှီကို တွေ့ချင်နေတာ တော်တော်ကြာပြီ .. အခု အစ်ကိုရှီနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲ..”
အားလုံး ထိတ်လန့်သွားရသည်။ ပြိုင်ဘက်ကင်းသက်ရှိရဲ့ဆက်ခံသူ ချီဟုန်က ဒီလူကိုသူကိုယ်တိုင်နှုတ်ဆက်ပြီးတော့ ယဉ်ယဉ်ကျေးကျေးလေး ပြောနေတယ်…
အစောပိုင်း၌ လူအုပ်စုကြီး ချီဟုန်အား ဝန်းရံကာ နှုတ်ဆက်ကြခြင်းဖြစ်ပြီး ယခုသည် သူကိုယ်တိုင် အခြားသူအား အရင်နှုတ်ဆက်လိုက်ခြင်းပင်။
“ရှင်က ဟွမ်လား .. ကျွန်မတို့ လမ်းမှာတွေ့ဖူးပါတယ် .. ရှင့်ရဲ့ပုံပန်းသွင်ပြင်က အရမ်းနူးညံ့ပေမယ့် ရှင့်ရဲ့တိုက်ပွဲအောင်မြင်မှုတွေက အရမ်းကို အံ့အားသင့်ဖို့ကောင်းတာပဲ .. ကျွန်မတို့ထင်ထားတာ ရှင်က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်၊ ကျားသစ်ခေါင်းနဲ့ နားရွက်အရှည်ကြီးတွေ ရှိနေမယ်ထင်ထားတာ..” ဝေ့မိသားစုမှ ဖီးနှစ်လေးကောင် လျှောက်လာပြီး ထိုထဲမှ မိန်းမပျိုလေးတစ်ယောက် တခစ်ခစ်ရယ်မော၍ ပြောလာသည်။
အားလုံး ထိတ်လန့်သွားရသည်။ မိန်းမပျိုဂျီးနီးယပ်စ်လေးယောက်တောင်မှ ဒီလူငယ်လေးကို လာနှုတ်ဆက်ပြီးတော့ သူနဲ့သူငယ်ချင်းဖြစ်ချင်နေကြတာလား .. သူက တကယ်ပဲ ဘယ်သူလဲ..
“ဟား ဟား ဟွမ် .. စစ်ပွဲတစ်ပွဲတည်းနဲ့ နာမည်ကြီးလာတဲ့သူ .. အနီရောင်ကောင်းကင်နယ်စပ်က ဘုရင် ၁၀ ယောက်ကို သတ်ခဲ့တဲ့သူ .. မိုးကောင်းကင်အောက်က လောကကြီးကို တုန်လှုပ်စေတဲ့သူ .. နောက်ဆုံးတော့ ငါတို့တွေ့ကြပြီ..” သက်ရှည်မိသားစုမှ ထော်ဂုယုလုံ လမ်းလျှောက်လာသည်။
သူတောင်လာတယ် … ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်ပင်။
တစ်ချိန်တည်းမှာပင် ရောက်လာသည့်သူမှာ မည်သူဖြစ်မှန်း အားလုံးသိသွားကြသည်။ ထော်ဂုယုလုံမှ သူ့နာမည်အား ဟွမ်ဟု ပြောလိုက်သည်ပင်။
ရှီဟောင်အံ့အားသင့်သွားရ၏။ ဤလူများမှ သူ့အား အရင်လာနှုတ်ဆက်လိမ့်မည်ဟု သူမထင်ထားကြ။
ဝေ့မိသားစုမှ ဖီးနှစ်လေးယောက်မှာ သပ်သပ်ပင်။ သူတို့ကြားမည်သည့်အကန့်မှ မရှိ။ သို့သော်လည်း ချီဟုန်သည် သူနှင့်အတူ ကျင်းကျန်းကို ဖိတ်ခေါ်လာခဲ့ပြီး ထော်ဂုယုလုံ၏ညီမလေးမှာ ဝမ်ရှီးနှင့်အတူတူလာသည်ပင်။ ဤသည်ကို ဤနှစ်ယောက်က အဘယ်ကြောင့် သူ့အား ဤကဲ့သို့ ဆက်ဆံနေသနည်း..
ဤနေရာမှာ ချက်ချင်းဆူညံသွားကြသည်။ ကောင်းကင်ဘုံကိုးခုမှလူများ ရှီဟောင်ကိုသိသော်လည်း အင်ပါယာဂိတ်မှ လူများမှာမူ သူ့အားတစ်ခါမှ မတွေ့ဖူးပေ။
ယခု ဤလူကို သူတို့ကိုယ်တိုင်တွေ့လိုက်ရသည့်အချိန်တွင် သူတို့နားလည်သွားလေပြီ။
“ဘုရားရေ .. သူက ဟွမ်ပဲ .. ငါသူနဲ့အတူတူလာခဲ့တာ .. ငါတို့သိပ်မဝေးဘူး .. ငါ သူနဲ့ခရီးအတူတူ လာရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..”
“အစ်ကိုရှီ .. ရောင်းရင်းက တကယ်ကို အထင်ကြီးစရာကောင်းတဲ့သူပဲ .. အနီရောင်ကောင်းကင်နယ်စပ်တိုက်ပွဲမှာ ရောင်းရင်းငါတို့အတွက် အောင်မြင်မှုတွေကို ယူပေးခဲ့တယ် .. ရန်သူတွေအားလုံးကို ဒေါသထွက်အောင်လုပ်ခဲ့တယ် .. ကျုပ် ရောင်းရင်းအကြောင်းကို အမြဲတမ်းကြားဖူးတယ် ဒါပေမဲ့ တစ်ခါမှ မတွေ့ဖူးသေးဘူး .. ဒီနေ့တော့ တကယ်ကို ကံကောင်းတာပဲ..”
လူများစွာ သူ့နားသို့ ဝိုင်းအုံလာကြသည်မှာ ရေစက်တစ်စက်ပင် ဖြတ်၍မရနိုင်လောက်အောင်ပင်။ မိန်းမပျိုလေးများမှာ ရှီဟောင်အား စိုက်ကြည့်နေကြလေ၏။
အင်ပါယာဂိတ်မှာ ဤနယ်မြေ၏ ရှေ့ဆုံး၌ ရှိနေပြီး တစ်ဖက်လောကနှင့် အမြဲတမ်း တိုက်ခိုက်နေခဲ့သည်ပင်။ တစ်ဖက်လောကမှ ရန်သူများ မည်မျှကြောက်စရာကောင်းသည်ကို သူတို့အပြင် မည်သူမှ ပိုမသိနိုင်။ ဘုရင် ၁၀ ယောက်ကို ဆက်တိုက်သတ်သည်ဆိုသည်မှာ သူတို့အတွက်တော့ ဒဏ္ဍာရီတစ်ခုပင်။
ဤနေရာဆူညံသွားကာ ကျင့်ကြံသူများစွာ ဝိုင်းအုံလာကြသည်။
သို့သော် ဤသည်မှာ အားလုံးတော့မဟုတ်။ ဥပမာအားဖြင့် ကျင်းကျန်း ထိုနေရာ၌ ထိုင်နေဆဲဖြစ်သလို ဝမ်ရှီးလည်း သူ့အားတစ်ချက်လေးမှပင် မကြည့်ခဲ့။
သရဖူ ၆ ခုဘုရင် နျင်ချွမ်းနှင့် အခြားသူများလည်း ဘာမှမပြောကြပေ။
အပိုင်း ၁၅၉၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၃ – အပြစ်ပေးခံရသင့်တယ်
ဟွမ်၏တည်ရှိမှု ပေါ်သွားသည်နှင့် အုတ်အော်သောင်းတင်းဖြစ်သွားသည်။
လူငယ်များစွာ ရောက်ရှိလာပြီး အများစုမှာ အင်ပါယာဂိတ်၌ ကြီးပြင်းခဲ့ပြီး အပြင်ဘက်သို့ မသွားဖူးသည့်သူများပင်။ ထို့ကြောင့် ဤသည်မှာ သူတို့ဟွမ်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
“အစ်ကိုဟွမ် .. ရောင်းရင်းက တိုက်ပွဲတစ်ခုတည်းနဲ့ နယ်ခြားစပ်ကို တုန်လှုပ်စေခဲ့တာပဲ .. ကျုပ်တို့က အင်ပါယာဂိတ်မှာ မွေးဖွားခဲ့ပေမယ့် တစ်ချိန်လုံးကျင့်ကြံနေခဲ့တော့ တစ်ဖက်လောက နာမည်ကြီးတဲ့သူတွေနဲ့ မတိုက်ခိုက်ခဲ့ဖူးဘူး .. ဒါပေမဲ့ ရောင်းရင်းဘယ်လောက်အားကောင်းလဲဆိုတာ ကျုပ်တို့ကြားပါတယ်.. အဲဒီတိုက်ပွဲကနေပြီးတော့ ရောင်းရင်းဘယ်လောက်ထိ အံ့အားသင့်ဖို့ကောင်းလဲဆိုတာ သက်သေပြနိုင်ခဲ့တယ်.. တကယ်ကို လေးစားထိုက်ပါပေတယ်..” တစ်စုံတစ်ယောက်မှ အလွန်ရိုးသားစွာ ပြောလိုက်သည်။ သူသည် မြှောက်ပြောနေခြင်းမဟုတ်။
ရှီဟောင် ခြေထောက်မချင်လျှင်ပင် မလွယ်တော့။ နေရာတိုင်း၌ သူ့အားလူများဝိုင်းနေကြသည်။ ဤလူများထဲတွင် အမျိုးသားနှင့်အမျိုးသမီးများအားလုံး ပါဝင်သည်။ တစ်ခုတည်းသော တူညီချက်မှာ အားလုံး ငယ်ရွယ်တက်ကြွနေပြီး သူတို့၏ရွှေရောင်နှစ်များ၌ ရောက်ရှိနေကြခြင်းပင်။
အချို့လူများမှာ တိုက်ပွဲအကြောင်းအသေးစိတ်မေးနေကြကာ အချို့သူများမှာ သူနှင့် သူငယ်ချင်း ဖြစ်ချင်နေကြသည်။
“ဝိုး ဒီပုရွက်ဆိတ်က ဒဏ္ဍာရီလာ ကောင်းကင်ဦးချိုပုရွက်ဆိတ်လား .. သူ့တစ်ကိုယ်လုံးရွှေရောင်နဲ့ .. မျက်လုံးကလည်း အကြီးကြီးပဲ .. အရမ်းချစ်စရာကောင်းတာပဲ..” မိန်းမပျိုလေးအချို့ မျက်လုံးများပြူးကျယ်လာကာ ရှီဟောင်ပုခုံးပေါ်တွင်ရှိနေသည့် ပုရွက်ဆိတ်လေးအား ကြည့်လာကြသည်။
ဤသည်မှာ လူများ၏အာရုံစိုက်မှုကို ရရှိသွားကာ အားလုံး ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးကို စိုက်ကြည့်လာကြသည်။
“ဒါက အရမ်းချစ်စရာကောင်းတာပဲ .. ရွှေရောင်တောက်နေတော့ ကျားခေါင်းကျားဦးနှောက်ပုံစံလေး (အားကောင်းပြီးတော့ ဂုဏ်သိက္ခာကြီးတဲ့ပုံပေါ်နေတယ်) .. အရမ်းချစ်စရာကောင်းတယ်..” ထိုမိန်းကလေးမှ ပြောလိုက်သည်။ သူမသည် အသက် ၁၁နှစ်၊ ၁၂ နှစ်ခန့်သာရှိသေးပြီး ယခုထိ အရွယ်မရောက်သေး။ သူမ ဤနေရာသို့ ရောက်လာနိုင်ခြင်းမှာ သူမကလန်မှ အစ်ကိုကြီး သို့မဟုတ် အစ်မကြီးကြောင့် ဖြစ်လိမ့်မည်။
လူများစွာ ဆွံ့အသွားရ၏။ ဤသည်မှာ ကြောက်စရာကောင်းလောက်အောင် အားကြီးသည့် သားရဲ ၁၀ မျိုး၏ကလေးပင်။ ဤသားရဲ ဒေါသထွက်လာသည်နှင့် သူနှင့်အဆင့်တူသည့်သူပင် သူ့ကို ထိန်းရန် ခက်ခဲလိမ့်မည်။
ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးကိုယ်တိုင်လည်း သူ၏နဖူးထက်၌ အနက်ရောင်မျဉ်းများ ပေါ်လာလေပြီ။ အခြားတစ်ယောက်မှ သူ့အား ‘ချစ်စရာကောင်းသည်’ ဟု ပြောနေခြင်းမှာ သူ့ကို ဒေါသထွက်စေသည်။ သူ ထိုကလေးမလေးကို ခေါင်းခေါက်ပစ်ချင်လာသည်။ ကျားခေါင်းကျားဦးနှောက်ဟူသည့်စကားကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်နှာမှာ ပို၍ မည်းမှောင်သွားသည်။ “ကျား .. အဲဒါက ဘာကြီးလဲ .. ဒီဘုရင်ကြီးရဲ့ ဘယ်အစိတ်အပိုင်းကများ ကျားနဲ့တူနေလို့လဲ .. မင်း ငါ့ကို နဂါးနဲ့နှိုင်းယှဉ်ရင်တောင် ငါလက်ခံပေးလိုက်ဦးမယ်…”
ပန်းလေးတစ်ပွင့် ဖူးပွင့်လာသကဲ့သို့ ရယ်မောနေသည့် ထိုကလေးငယ်မှလွှဲလျှင် မည်သူမှ မရယ်ရဲကြ။
“ငါကြားတာတော့ ထာဝရရှေးဟောင်းခေတ်စစ်ပွဲမှာ တစ်ချို့ ထာဝရသက်ရှိတွေက သွေးမျိုးဆက်တစ်ခုကို ထိန်းသိမ်းဖို့ ကြိုးစားသေးတယ်တဲ့ .. ဒါပေမဲ့ သူတို့ ရှုံးနိမ့်ခဲ့တယ် .. လူတစ်ချို့ကျန်ခဲ့ပေမယ့် သူတို့အားလုံး ဒဏ်ရာရသွားတယ်..”
ထိုစဉ်က တစ်ဖက်လောကမှ လူများ ဘာကိုမှ ချန်မထားခဲ့ပဲ အားလုံးကို အမြစ်ဖြတ်ပစ်ခဲ့သည်။
ထာဝရသက်ရှိမျိုးဆက်များ ပြင်းထန်စွာ ထိခိုက်သွားခဲ့ရသည်။ အသက်ရှင်သည့်သူအချို့ရှိခဲ့သော်လည်း အားလုံးမှာ လောကကြီးထဲ၌ ပုံမှန်အတိုင်းပြန်နေ၍မရလောက်အောင် ဒဏ်ရာရသွားခဲ့ကြသည်။
နောက်ပိုင်း ဤထာဝရသက်ရှိသွေးမျိုးဆက်များကို မူလရှေးဟောင်းနယ်မြေများ၌ ချိတ်ပိတ်၍လည်းကောင်း၊ ဘိုးဘေးသွေးကြောများရှိသည့်နေရာသို့ပို့လွှတ်၍လည်းကောင်း ကုသခဲ့သော်လည်းအသုံးမဝင်ခဲ့။
သူတို့ အသက်ရှည်ရှည်ပင် မနေနိုင်ခဲ့။
“ကောင်းကင်ဦးချိုပုရွက်ဆိတ် ချန်ခဲ့တဲ့ သွေးမျိုးဆက်က အရမ်းကို သန်မာတယ် .. ဘာပြဿနာမှကို မရှိဘူး..”
အားလုံး သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
“အဲဒီတုန်းက ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ထာဝရဘုရင်တစ်ယောက်ကိုတောင်မှီတယ် .. သူက မှောင်မိုက်တဲ့ခေတ်မှာတောင် မျိုးဆက်တစ်ယောက်ကို ချန်ထားခဲ့နိုင်တယ်..”
တကယ်တမ်းတွင် အမှန်တရားမှာ သူတို့ထင်ထားသည်ထက် ပို၍ဆိုးရွားသည်ပင်။ ရှီဟောင် ယခင်က ဤပုရွက်ဆိတ်လေး မွေးဖွားသည့်နေရာသို့ သွားဖူးပြီး ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင် ချန်ရစ်ထားသသည့် ပျက်စီးသည့်တံဆိပ်ကို တွေ့ခဲ့ဖူးသည်ပင်။
ကောင်းကင်ဦးချိုပုရွက်ဆိတ်အရှင်သည် ပုရွက်ဆိတ်လေး အသက်ရှင်နိုင်ရန်အတွက် များစွာပေးဆပ်ခဲ့ရသည်ပင်။ သူတတ်နိုင်သမျှ နည်းလမ်းမျိုးစုံသုံးပြီး စောင့်ရှောက်ခဲ့သောကြောင့်သာမဟုတ်ပါက ပုရွက်ဆိတ်လေး ဘယ်လိုလုပ် အသက်ရှင်နိုင်မည်နည်း..
ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး ဟွမ်နား၌ လိုက်ပါလာခြင်းမှာ လူများစွာကို မနာလိုဖြစ်စေသည်။ ဤပုရွက်ဆိတ်သာ အရွယ်ရောက်လာလျှင် ကလန်တစ်ခုကို စောင့်ရှောက်နိုင်မည်မှာ သေချာသည်။
“ဟွမ်ရောင်းရင်းက တကယ်ကို ကံကောင်းတာပဲ .. ရောင်းရင်းနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ သားရဲတွေ၊ နတ်ငှက်တွေက နိမ့်ကျလွန်းပါတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
“ခင်ဗျားဘာပြောချင်တာလဲ..” ပုရွက်ဆိတ်လေး ဤသည်ကို မကြားချင်။ သူ၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ သူနှင့်ရှီဟောင်ကြားမှ ဆက်ဆံရေးမှာ သခင်နှင့်အစေခံ ဆက်ဆံရေးမဟုတ်။
ထိုလူမှာ သူ့စကားလွန်သွားမှန်း ချက်ချင်း သတိပြုမိသွားသည်။ ရက်စက်တဲ့သားရဲ ၁၀ မျိုးရဲ့ မျိုးိဆက်က ဘယ်လိုလုပ်တစ်ခြားသူတစ်ယောက်ရဲ့ အစေခံသားရဲဖြစ်ချင်မှာလဲ ..သူ့နောက်လိုက်နေသည့်သူများသာ ရှိလာလိမ့်မည်။
“ငါနဲ့သူက ညီအစ်ကို ဆက်ဆံရေး..” ရှီဟောင် ပြောလိုက်သည်။
“ရောင်းရင်းဟွမ်၊ လေးစားရတဲ့ ကောင်းကင်ဦးချိုပုရွက်ဆိတ်ညီလေး ဒီဘက်ကြွပါ..” ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန် ပြုံး၍ ပြောလိုက်ပြီး ဂဂျိုးဂဂျောင်နိုင်လှသည့် အခြေအနေကို ဖြေရှင်းလိုက်သည်။ သူတို့အား ဂုဏ်သရေရှိခုံ၌ ထိုင်ခိုင်းလိုက်သည်။
ဤနေရာ၏ အလယ်ပိုင်း၌ ခုံများသိပ်မရှိ။ ရှီဟောင်တို့အား ထိုနေရာသို့ ဖိတ်ကြားလိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် ချောင်ယုရှင်းလည်း ထိုနေရာသို့ ဖိတ်ခေါ်ခံလိုက်ရလေသည်။
ဖက်တီးချောင်မှာ အခြားလူများကြောင့် လူဖိခံရပြီး အရည်ထွက်လုနီးပါး ဖိခံလိုက်ရသည်ပင်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူအားလုံးမှာ ရှီဟောင်အား ဝိုင်းလာသောကြောင့် သူဂျောင်ထဲသို့ ရောက်သွားသည်ပင်။
သို့သော်လည်း ယခုတော့လုံးဝပြောင်းလဲသွားလေပြီ။ သူ ရှီဟောင်၏ ညီအစ်ကိုမှန်း သိလိုက်သည့်အချိန်တွင် အားလုံး သူ့အားနှုတ်ဆက်လာကြသည်။
ဟက်.. သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ ချီဟုန်၏ ရှီဟောင်အားကြိုဆိုမှုကို မကျေမနပ်ဖြစ်သွားသည်။
ချောင်ယုရှင်း တစ်ဖက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ကျင်းကျီဖိန်း၏ အေးစက်နေသည့်အကြည့်များကို တွေ့လိုက်ရသည်။
“သူကဘယ်သူလဲ..” ချောင်ယုရှင်း သူ့အား မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။
“ကျင်းကျန်းဦးလေး .. သူ့နာမည်က ကျင်းကျီဖိန်း .. ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ပုဂ္ဂိုလ်ပဲ..” တစ်စုံတစ်ယောက်မှ သူ့အား တီးတိုးပြောလိုက်သည်။
“လူငယ်လေး ငါဘယ်သူလဲမေးနေတာ .. မင်းက ငါ့ကို စိန်ခေါ်ချင်လို့လား..” ကျင်းကျီဖိန်း သူ့အား ရွံ့ရှာစွာ ကြည့်လာလေသည်။ ထို့နောက် ရှီဟောင်အား ကြည့်လိုက်သည့်အချိန်တွင် သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်လေသည်။
သူသည် အလွန်မောက်မာပြီးစော်ကားမော်ကားနိုင်သည်ဟု ပြော၍ရသည်။ သူသည် ရှီဟောင်တို့အုပ်စုအား ပွင့်ပွင့်လင်းလင်းပင် ဆန့်ကျင်နေလေ၏။ သူသည် တစ်ဖက်လူများ သူ့ကို တိုက်ခိုက်လာအောင် တကယ်ကို ဖိအားပေးချင်နေမိသည်။
“ဒီလူအိုကြီးက ဘယ်သူလဲ .. ဒါက လူငယ်မျိုးဆက်တွေရဲ့ ဂုဏ်သရေရှိတဲ့တွေ့ဆုံပွဲလို့ ပြောလိုက်တာမဟုတ်ဘူးလား .. ဘာလို့ ဒီလိုမျိုးလူအိုတွေက ရောပါနေတာလဲ.. တကယ်ကို မဆီလျော်လိုက်တာ..”
ချောင်ယုရှင်းပါးစပ်မှာ အလွန်ရက်စက်သည်ဟု ပြော၍ရသည်။ ကျင်းကျီဖိန်းသည် အသက်လေးဆယ်ပင်မရှိသေးပေ။ ထို့ကြောင့် သူသည် မငယ်တော့လျှင်ပင် ထိုမျှအသက်မကြီးသေး။
ဖက်တီးချောင်သည် ပါးစပ်ဟလိုက်သည်နှင့် သူ့အား လူအိုကြီးဟု တံဆိပ်တပ်တော့သည်။
“လူငယ်လေး .. မင်း..” ကျင်းကျီဖိန်း စားပွဲကိုရိုက်ကာ မတ်တပ်ရပ်လိုက်သည်။ သူ၏လက်မှာ ချောင်ယုရှင်းထံသို့ ဦးတည်သွားနေလေ၏။
အားလုံး ထိတ်လန့်သွားရသည်။ သူ ဒီမှာတိုက်ခိုက်တော့မှာလား ..
သိပ်မဝေးသည့်နေရာ၌ရှိနေသည့် ကျင်းကျန်းလည်း မတ်တပ်ရပ်လာသည်။ သို့သော် သူသည် တားဆီးမည့်ပုံမပေါ်ပေ။ သူ၏ဦးလေးတစ်ခုခုဖြစ်သွားမှာစိုးသောကြောင့် စောင့်ကြည့်နေခြင်းပင်။
ဝမ်ရှီး၏ မျက်လုံးများမှာ နောက်ဆုံးတော့ ရှီဟောင်နှင့် ပုရွက်ဆိတ်လေးထံသို့ ရောက်လာသည်။ သရဖူ ၆ ခုဘုရင်နျင်ချွမ်းနှင့် အခြားသူများလည်း ဘေးလူများအနေဖြင့် အေးစက်စွာသာ ကြည့်နေကြသည်။
“ကျင်းရောင်းရင်း .. ဒီနေရာမှာ တိုက်ခိုက်တာက မကောင်းဘူးလေ ဟုတ်တယ်မလား..” ချီဟုန် မတ်တပ်ရပ်ကာ လမ်းပိတ်ရပ်လိုက်သည်။
ဤသည်မှာ လူများစွာကို ထိတ်လန့်သွားစေသည်။ သူသည် ကျင်းကျန်းနှင့်အတူ ရောက်လာခြင်းဖြစ်သောကြောင့် ကျင်းမိသားစုနှင့် ရင်းနှီးလိမ့်မည်ဟု အားလုံးထင်နေကြခြင်းပင်။ ပထမဆုံး ထွက်လာသည့်သူမှာ သူဖြစ်နေလိမ့်မည်ဟု သူတို့မထင်ထားကြ။
ချီဟုန်မှာ အသက် ၂၀ ကျော်လေးသာရှိသေးသော်လည်း ကျင်းကျီဖိန်းမှာ ၃၀ ကျော်လေပြီ။ ထို့အပြင် သူသည် ကျင်းကျန်း၏ဦးလေးဖြစ်သည်။ သို့သော်လည်း ချီဟုန်သည် ကျင်းကျီဖိန်အား ကျင်းရောင်းရင်းဟု ခေါ်လိုက်သောကြောင့် ဤသည်မှာ သူ့အားအသက်ကြီးသည့်သူဟု မသတ်မှတ်ထားခြင်းမှာ သိသာလှသည်။
“ရောင်းရင်းကျင်း ငါတို့စုဝေးပွဲ လုပ်နေကြတာ .. တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြဖို့မဟုတ်ဘူး .. လှံကို ပြန်ဖယ်လိုက်ပါ..” ထော်ဂုမိသားစုမှ နဂါးအစစ် ထော်ဂုယုလုံလည်း သူ့အားတားဆီးလိုက်သည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။ ဒီလူငယ်ကျွမ်းကျင်သူနှစ်ယောက်က ဟွမ်တို့အုပ်စုကို ကာကွယ်ပေးနေတယ်..
“ခင်ဗျားက ကျွန်တော့်ရှေ့မှာ ကျွန်တော့်သူငယ်ချင်းကိုပစ်မှတ်ထားနေတာလား..” ရှီဟောင်လျှောက်လာကာ ကျင်းကျီဖိန်းအား မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏မျက်လုံးမှ နတ်အလင်းတန်းများ ထွက်ပေါ်လာလေ၏။
ဟွမ်လှုပ်ရှားနေပြီ .. တိုက်ပွဲတစ်ခု ဖြစ်တော့မှာလား .. အားလုံး ထိတ်လန့်သွားရသည်။
ကျင်းကျီဖိန်း မည်သူဖြစ်သည်ကို ချောင်ယုရှင်းသိသည်။ ထို့ကြောင့်သူလည်း ရှီဟောင့်အစား သူ့အား ပြင်းပြင်းထန်ထန် ပြန်ပြောနေခြင်းပင်။ ယခု တစ်ဖက်လူ သူ့အားခြိမ်းခြောက်လာမည်ကို ရှီဟောင်ခွင့်ပြုမည်မဟုတ်။
“ဟွမ် .. မင်းကိုယ်မင်း ဘာထင်နေတာလဲ .. ငါ့ရှေ့မှာတောင် ဒီလိုပုံစံမျိုး လုပ်ရဲတယ်ပေါ့..” ကျင်းကျီဖိန်း အေးစက်စွာ ပြောလိုက်သည်။
သူ ထိုကိစ္စကို တစ်ချိန်လုံး မခဲမကျေဖြစ်နေခြင်းပင်။ သူ အစကလာရန်အစီအစဉ်မရှိ။ သို့သော်လည်း ရှီဟောင်လာမည်ဟု ကြားသောကြောင့် သူရောက်လာခြင်းပင်။ မူလဝိညာဉ်ချင်း တိုက်ခိုက်သည်တွင် သူရှုံးနိမ့်ခဲ့သောကြောင့် သူဤသည်ကို မကျေမနပ်ဖြစ်နေခြင်းပင်။ သူ ရှီဟောင်နှင့် နောက်တစ်ကြိမ် တိုက်ခိုက်ပြီး သူ့အား ဖိနှိပ်ချင်သည်။
“ခင်ဗျား အရင်တစ်ခေါက်တုန်းက ရှုံးပြီးသွားပြီ .. အဲဒါကို ခင်ဗျားက ဒီလိုမျိုး ပြောရဲသေးတယ်ပေါ့..” ရှီဟောင် အခြေအနေကို ဖြေလျော့လိုက်သည်။ တစ်ဖက်လူ အော်ဟစ်လေလေ သူပို၍ တည်ငြိမ်လေပင်။
“မင်း .. မင်းတိုက်ရဲလား..” ကျင်းကျီဖိန်း အော်ဟစ်စိန်ခေါ်လိုက်သည်။
သိပ်မမေဝးသည်နေရာတွင်ရှိနေသည့် ကျင်းကျန်းအမူအရာ လေးနက်သွားကာ သူ၏ဦးလေးနားသို့ လျှောက်လာသည်။ သူသည်ဘာမှမပြောသော်လည်း သူ၏လှုပ်ရှားမှုမှာ သူမည်သူ့ဘက်မှ ရပ်တည်ကြောင်း ပြသနေခြင်းပင်။
ဝမ်ရှီးလည်း လျှောက်လာကာ သူတို့ဘက်၌ ရပ်တည်လိုက်သည်။
ကျင်းမိသားစုနဲ့ ဝမ်မိသားစုက သူတို့သဘောထားကို ပြလိုက်တာလား.. သူတို့က ရှီဟောင်နဲ့ ဆန့်ကျင်နေကြတယ် .. ဤသည်မှာ လူများစွာကို တုန်လှုပ်သွားစေသည်။
“ခင်ဗျား ရှုံးပြီးသားပဲ..” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။
“ငါတို့ တကယ်တိုက်ခိုက်ကြရင် ငါမင်းကို ငါ့လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်ပြမယ်..” ကျင်းကျီဖိန်း အေးစက်စွာ ပြောလိုက်သည်။
“ဒီကလေးက လေထွားနေဖို့ပဲသိတယ် .. သူ့ကို ကယ်လို့မရတော့ဘူးပဲ .. သူအရင်က ရှုံးဖူးတာနဲ့ပဲ အခု သူရူးသွားပြီ..” ပုရွက်ဆိတ်လေး ခေါင်းလေးတစ်ခါခါဖြင့် ပြောလိုက်သည်။
အားလုံး ဆွံ့အသွားရ၏။ ဒီပဲစေ့အရွယ် ပုရွက်ဆိတ်လေးကတစ်ခြားသူကို ကလေးလို့တောင် ခေါ်ရဲတာလား.. ဤသည်မှာ အခြားသူအား အထင်သေးရာ ရောက်လွန်းသွားလေပြီ။
“လူအိုကြီး ခင်ဗျားအရှက်ရောရှိသေးရဲ့လား .. ဒီလောက်ထိအသက်ကြီးနေပြီကို လူငယ်လေးတစ်ယောက်ကို မုန်းမုန်းတီးတီး လိုက်စိန်ခေါ်နေတယ် … ခင်ဗျား အလဲထိုးဖို့ ဘာလို့ တိုဖူးတစ်ပြားလောက် သွားမရှာလဲ..” ချောင်ယုရှင်း ပြောလိုက်သည်။ သူ၏ပါးစပ်မှာ ကောက်ကျစ်နိုင်နေဆဲပင်။
အားလုံးမှာ ရယ်ရမလား ငိုရမလားပင်မသိတော့။ ကျင်းကျီဖိန်း ချောင်ယုရှင်း၊ ပုရွက်ဆိတ်လေးတို့နှင့် တွေ့ခြင်းမှာ သူ၏ကံဆိုးမှုပင်။ တစ်ယောက်က သူ့ကိုကလေးဟုခေါ်ပြီးနှိမ့်ချကာ အခြားတစ်ယောက်မှ သူ့အား လူအိုကြီးဟုခေါ်နေ၏။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။
“စီနီယာကျင်း .. ဒီတွေ့ဆုံပွဲက ရန်ငြိုးတွေကို ဖြေရှင်းဖို့ မဟုတ်ပါဘူး .. စီနီယာကျင်း ရောင်းရင်းရှီကို မကျေနပ်ဘူးဆိုရင် နောင်ကျမှ တိုက်လို့ရပါတယ် .. ဒီမှာ ဓားထုတ်စရာလိုလို့လား..”
ဝေ့မိသားစု ဖီးနှစ်လေးကောင်ထဲမှ မိန်းမပျိုလေးတစ်ယောက် ပြောလိုက်သည်။ သူမ၏အမူအရာမှာ အနည်းငယ် အေးစက်လာသည်။
အင်ပါယာဂိတ်မှ ပြောရေးဆိုခွင့်ရှိသည့် လူငယ်အချို့တစ်ယောက်ပြီးတစ်ယောက် ရှီဟောင်ဘက်မှ ရပ်တည်လာကြသည်။
ကျင်းကျီဖိန်း မျက်လုံးများအေးစက်သွားရသည်။ သူသည် ချီဟုန်၊ ထော်ဂုယုလုံနှင့် ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်ကို ခေါင်းညိမ့်ပြလိုက်ကာ “ဒီတွေ့ဆုံပွဲက တာအိုဆွေးနွေးဖို့အတွက်ပဲ .. အဲဒီတော့ ကျုပ်က ဟွမ်နဲ့ စမ်းကြည့်ချင်တာပါ .. ဒါပေမဲ့ ဒါက အားလုံးကို ပြဿနာဖြစ်စေတယ်ဆိုတော့ ကျုပ်နောက်နေ့ကို ရွှေ့လိုက်ပါ့မယ်..”
ထိုသို့ပြောပြီးနောက် သူလှည့်ထွက်သွားလေသည်။
ခပ်ဝေးဝေးမှ သားရဲအော်သံများထွက်ပေါ်လာကာ နတ်သားရဲလေးကောင်ဆွဲသည့် စစ်ရထားလုံးတစ်ခု ကျောက်စိမ်းကန်ထဲသို့ ဝင်ရောက်လာကာ ကျင်းကျီဖိန်းရှေ့ ရပ်တန့်သွားသည်။
“ဦးလေးရှစ်က ဒီလိုမျိုး ထွက်သွားတော့မှာလား..” စစ်ရထားလုံးပေါ်မှ လူငယ်လေးတစ်ယောက် ခုန်ဆင်းလာကာ မကျေမနပ်ပြောလိုက်သည်။ သူ၏နီရဲနေသည့်နှုတ်ခမ်းများနှင့် သွားဖြူဖြူလေးများမှာ အလွန်ဆွဲဆောင်မှုရှိလှသည်။ သို့သော်လည်း ရှီဟောင်ကိုကြည့်လိုက်သည့်အချိန်တွင်တော့ သူ၏အကြည့်မှာ အညှာအတာကင်းမဲ့လှသည်။
“ဆရာ .. ကျွန်တော်တို့ ဒီလိုပုံစံမျိုး ထွက်သွားတော့မှာလား .. ကျွန်တော်တို့ အဲ့ကောင်ကို မရှင်းတော့ဘူးလား..” စစ်ရထားလုံးမှ စစ်ပွဲအစေခံတစ်ယောက်ဆင်းလာကာ ကျင်းကျီဖိန်းအား တီးတိုးပြောလိုက်သည်။
“သူက စိန်ခေါ်တာကို လက်မခံဘူး..” ကျင်းကျီဖိန်း အေးစက်စွာ ပြောလိုက်သည်။
“ဟွမ် .. မင်းက ဦးလေးရှစ်ကို ကြောက်နေတာလား .. မင်းသတ္တိရှိရင် အခုထွက်ပြီးလာတိုက်လိုက် မဟုတ်ရင် မင်းက သွေးကြောင်တဲ့ကောင်ပဲ .. အင်ပါယာဂိတ်ကနေ ထွက်သွားလိုက်..” ချောမောသည့်လူငယ်လေးမှ အော်ဟစ်လိုက်သည်။
ဤသည်မှာ အားလုံး၏အမူအရာကို ပြောင်းလဲသွားစေသည်။ ကျင်းမိသားစုမှ ဤတပည့်မှာ စည်းကျော်သွားလေပြီ။ သူသည် မိသားစုနာမည်ကို အသုံးပြုပြီး အခြားသူများအား အနိုင်ကျင့်သည့်သူမှန်း ကြည့်လိုက်သည်နှင့် သိနိုင်သည်ပင်။
“ငါတို့သွားမယ်..” ကျင်းကျီဖိန်း ပြောလိုက်သည်။ သူသည် ဤနေရာ၌ လက်လွတ်စပယ်မလုပ်ချင်သော်လည်း သူ့တပည့်ကို ဆုံးမခြင်းလည်းမရှိ။
“ဟွမ် .. မင်းက တကယ်ကို သွေးကြောင်ပြီးတော့ ရှက်စရာကောင်းတဲ့ကောင်ပဲ .. မင်းက တိုက်တောင်မတိုက်ရဲဘူး .. မင်း အင်ပါယာဂိတ်ကနေ မြန်မြန်ထွက်သွားရင်ကောင်းမယ်..” ထိုလူငယ်လေး ကျယ်လောင်စွာရယ်မောလိုက်သည်။
“တကယ်ကို ဆိုးရွားလိုက်တာ … တိုက်ခိုက်ဖို့သတ္တိတောင်မရှိဘူး..” ထိုစစ်ပွဲအစေခံပြောလိုက်သည်။
ကျင်းကျီဖိန်းသည် ဘာမှမပြောပဲ စစ်ရထားလုံးထဲသို့သာ ဝင်သွားလေသည်။
ဟား ဟား.. ထိုလူငယ်လေးသည် ပမာမခန့်ပင် ရီမောနေလေ၏။
ဝုန်း..
ရုတ်တရက် အားလုံး အသက်ရှူကြပ်စေလောက်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ ထာဝရသက်ရှိအစစ်မှ တိုက်ခိုက်လိုက်သလိုပင်။
“မင်းလက်ကိုချလိုက်..” တစ်ချိန်လုံး စကားမပြောခဲ့သည့် ကျင်းကျန်းမှ အော်ဟစ်လာကာ သူ၏တိုက်ခိုက်မှုကိုတားဆီးရန် ကြိုးစားလာသည်။
ရှီဟောင်လက်မြှောက်လိုက်ပြီး ထိုရထားလုံးဘက်သို့ ရိုက်လိုက်သည်ကို အားလုံးမြင်လိုက်ရသည်။ သူ၏ရွှေရောင်လက်ကြီးမှာ အိမ်တစ်လုံးကဲ့သို့ လေဟာနယ်ကို ပျက်စီးသွားစေသည်။
ဖူး..
“အား..” ထိုချောမောသည့်လူငယ်လေး အော်ဟစ်လိုက်ကာ အပိုင်းပိုင်းဖြစ်ပြီး သေဆုံးသွားလေ၏။ သူမသေခင်တွင် ရှီဟောင်အား ကြောက်လန့်တကြား ကြည့်သွားသေးသည်ပင်။ တစ်ဖက်လူ သူ့အား တိုက်ရိုက်တိုက်ခိုက်လာမည်ဟု သူမထင်ထာခးဲ့။
ဖူး..
တစ်ချိန်တည်းမှာပင် ထိုစစ်ပွဲအစေခံလည်း ထိုလက်ဝါးဖြင့် ရိုက်ခံလိုက်ရကာ သွေးမြူဖြစ်သွားသည်။
“ငါ အဓိပ္ပာယ်မရှိတဲ့စိန်ခေါ်မှုတွေ လုပ်နေမှာမဟုတ်ဘူး .. ဒီတိုင်းပဲ သတ်ပစ်လိုက်မှာ…” ရှီဟောင် ထူးမခြားနားပင် ပြောလိုက်သည်။
အားလုံးထိတ်လန့်သွားရ၏။ ဟွမ်က ကျင်းကျန်းနဲ့ ကျင်းကျီဖိန်းရှေ့မှာတောင် သူတို့ကလန်က တိုက်ရိုက်တပည့်ကို သတ်ရဲတာလား..
“မင်း လုပ်ရဲတယ်လား..” ကျင်းကျီဖိန်း ဒေါသတကြီးဖြင့် စစ်ရထားလုံးပေါ်မှ ခုန်ဆင်းလာသည်။
“ကျုပ်ကဘာလို့ မလုပ်ရဲရမှာလဲ.. ဒါက ဂုဏ်သရေရှိတဲ့သူတွေရဲ့တွေ့ဆုံပဲ လမ်းဘေးကလူက ဘယ်လိုလုပ် ဦးနှောက်မရှိတဲ့စကားတွေ လာပြောလို့ရမှာလဲ… ဒီအပြုအမူကိုသာ ခွင့်ပြုထားလိုက်ရင် နောက်ဘာဖြစ်လာနိုင်မလဲ .. သူတို့တွေကို အပြစ်ပေးသင့်တယ်..” ရှီဟောင်ပြောလိုက်သည်။
အပိုင်း ၁၅၉၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၄ – စိန်ခေါ်ခြင်း
“မင်းက ငါ့လူကို သတ်ရဲတယ်ပေါ့..” ကျင်းကျီဖိန်း ဆံပင်များ လွင့်ပျံလာပြီး ဝူးခနဲ လေပြင်းများလည်း တိုက်ခတ်လာသည်။
ယခုအချိန်တွင် သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ပင် ပြေးထွက်လာသည်။ သူမြေပြင်ပေါ်သို့ ဖုန်းခနဲကျသွားပြီး ဤသည်မှာ စိန်ကဲ့သို့မာကျောလှသည့် ကျောက်တုံးကိုပေါက်ကွဲသွားစေကာ ကျောက်အပိုင်းအစများ နေရာတိုင်း၌ လွင့်ပျံသွားသည်။
ရှီဟောင်သည် အားလုံးရှေ့၌ လူနှစ်ယောက်သတ်လိုက်သော်လည်း သူအမူအရာမှာ တည်ငြိမ်နေဆဲပင်။ “ခင်ဗျားကိုယ်ခင်ဗျား ထူးခြားတဲ့သူလို့ ထင်နေတာလား..”
“ဒီနေ့ ငါမင်းကို သတ်မယ်..” ကျင်းကျီဖိန်း၏အမူအရာမှာ မည်းမှောင်နေသည်။ သူ့တစ်ကိုယ်လုံးတောက်ပလာကာ သူ၏မွေးညှင်းပေါက်များမှ တောက်ပလှသည့် နတ်အလင်းတန်းထွက်ပေါ်လာ၏။ သူသည် နေလုံးကဲ့သို့ပင် တောက်ပနေသည်။
“ခင်ဗျား ကျုပ်နဲ့ တိုက်ချင်လို့ တစ်ချိန်လုံး အကြောင်းပြချက်တွေ ရှာနေတာမလား .. အခု ကျုပ်ခင်ဗျားကို အခွင့်အရေးပေးလိုက်မယ် .. ခင်ဗျား သူတော်ကောင်းယောင်ဆောင်နေတာတွေ ရပ်လိုက်လို့ရပြီ..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။
“ရပ်လိုက်..” ချီဟုန် တရှိန်ထိုးပြေးလာကာ သူတို့နှစ်ဦးကြား ရပ်လိုက်သည်။ ဤနေရာ၌ တိုက်ခိုက်ခွင့်မပြုနိုင်။
“ချီမိသားစုကညီလေး .. အထဲဝင်သွားလိုက်ပါ .. သူကို ကာကွယ်ပေးမနေနဲ့ .. ဒီနေ့ ငါဒီကြမ်းတမ်းတဲ့ကောင်ကို ခေါင်းဖြတ်ပစ်မယ်..” ကျင်းကျီဖိန်းသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ကာ ရှေ့တိုးလာသည်။
“ခင်ဗျားက ဒီကောင်းကင်အောက်က လူအားလုံးကို ဖိနှိပ်နိုင်တဲ့ တစ်မိုးအောက်တစ်ယောက်ဖွားပုံစံမျိုး ပြောနေတယ် .. တကယ်တော့ ခင်ဗျားက ချီးလောက်တောင်တန်ဖိုးမရှိဘူး .. အရင်တစ်ခေါက်တုန်းက ခင်ဗျား သွေးအန်တဲ့အထိ အရိုက်ခံလိုက်ရပြီးတော့ ခင်ဗျားရဲ့ သားရဲကိုလဲ နာနာခံခံနဲ့ ပေးလိုက်ရတာမလား .. ခင်ဗျားအခုလို မောက်မာနေတော့ရော ဘာအသုံးဝင်မှာလဲ..” ချောင်ယုရှင်းမှ လှောင်ရယ်လိုက်သည်။
“ခင်ဗျားကဘာလို့ ဒီလောက်တောင် ကြွားဝါနေတာလဲ .. ခင်ဗျား အရိုက်မခံရအောင် သတိထား..” ပုရွက်ဆိတ်လေး အေးစက်စွာ ပြောလိုက်သည်။
ယနေ့ သူတို့ ဤအဆင့်ထိ စော်ကားခံလိုက်ရသည်။ ကျင်းမိသားစု၏ နောက်မျိုးဆက်ပင် သူ့အားရန်စရဲသည်။ အစေခံကပင်လျှင် ရှီဟောင်အား အော်ဟစ်ရဲသည်။ ဤသည်မှာ လွန်လွန်းသွားလေပြီ။
ကျင်းကျီဖိန်းသည် ရှီဟောင်အား သတ်ချင်နေသောကြောင့် အစကတည်းက ပြဿနာရှာကာ သူ့အား ဆက်တိုက်စိန်ခေါ်နေခဲ့ခြင်းပင်။
ထို့ကြောင့် ကျင်းမိသားစုမှ လူငယ်မျိုးဆက်နှင့် အစေခံတစ်ယောက် ရှီဟောင်ခေါင်းပေါ်တက်နေသော်လည်း သူညှာတာမှု မပြခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် နှစ်ဘက်လုံးမှာ ရန်သူဖြစ်ရန် ကံပါလာပြီးသားဖြစ်သောကြောင့် သူဘာမှပြောစရာမရှိတော့။
“ကောင်းတယ် .. ကောင်းတယ် .. ကောင်းတယ် .. မင်းတို့အားလုံးက ဒီလိုပြောနေတယ်ဆိုမှတော့ ငါမတိုက်ရင်၊ ငါမင်းကို မဖိနှိပ်ရင် အားလုံးစိတ်ပျက်သွားလိမ့်မယ်..” ကျင်းကျီဖိန်းအော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျင်းကျန်းလည်း လျှောက်လာကာ သူ၏ဦးလေးနောက်တွင် ရပ်လိုက်သည်။ သူသည်လည်းသူ့ဦးလေးကဲ့သို့ ရှီဟောင်အား အေးစက်စွာ စိုက်ကြည့်နေသည်ပင်။
“ဟွမ် .. မင်းက ရဲတင်းလွန်းနေတာပဲ .. ငါ့ကျင်းမိသားစုကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ့်မိသားစုလို့များ ထင်နေတာလား .. ငါ့ကလန်က ညီအစ်ကိုသတ်တယ် .. ဒီသွေးကြွေးကို သွေးနဲ့ပြန်ပေးရမယ် .. မင်းအဖမ်းခံမလား ..ဒါမှမဟုတ် ငါတို့လာတိုက်ရမှာလား..” ကျင်းကျန်း၏စကားများမှာ အားပါလှသည်။
လေထုမှာ ချက်ချင်းပင် တင်းမာသွားရသည်။ ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု မထင်ထားသောကြောင့် အားလုံး တုန်လှုပ်သွားရသည်။
“ခင်ဗျားတို့ကျင်းမိသားစုမှာ ချီးတွေစုနေတာပဲ .. ပုန်းလျှိုးကွယ်လျှိုးလုပ်မနေနဲ့တော့ .. ခင်ဗျားတို့ရှီဟောင်အတွက် လာတယ်ဆိုတာ မသိတဲ့သူရှိလို့လား.. အခုမှာလာပြီး ဟိတ်ကြီးဟန်ကြီးတွေ လုပ်မနေနဲ့.. အရှက်ကိုမရှိဘူး..” ချောင်ယုရှင်း ပြောလိုက်သည်။
“ရန်သူဖြစ်ဖို့ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဘာလို့ နူးညံ့သိမ်မွေ့တဲ့ပုံ လုပ်နေတာလဲ .. ခင်ဗျားတို့အားလုံး မကျေနပ်ရင် ခင်ဗျားတို့ကလေးတွေကို လွှတ်လိုက်..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။
“ကျုပ် ဒီမှာရပ်နေယ် .. ခင်ဗျားတိုက်ချင်ရင် လာခဲ့လိုက်..” ရှီဟောင်မှာ အကြောက်တရားကင်းမဲ့နေဆဲပင်။
ကျောက်စိမ်းကျွန်းပေါ်တွင်ရှိနေသည့်သူအားလုံး တုန်ယင်သွားရသည်။ စုဝေးပွဲက အခုမှစတာ ဒီလိုမျိားဖြစ်နေပြီလား .. သူသေကိုယ်သေချတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မှာလား..
သို့သော် ဤနေရာမှ တိုက်ပွဲမဖြစ်စေချင်သည့်သူမှာ အနည်းငယ်သာရှိသည်။
ဝိညာဉ်ငါးခုစစ်နတ်ရထားလုံးပိုင်ရှင် ချီဟုန်၊ ထော်ဂုမိသားမှ နဂါးအစစ် ထော်ဂုယုလု့နှင့် ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်တို့ လျှောက်လာကာ သူတို့အား လူစုခွဲလိုက်သည်။
“ဒါက ဂုဏ်သရေရှိတဲ့တွေ့ဆုံပဲ .. အငြင်းပွားမှုလေးတစ်ခုအတွက်ကြောင့်နဲ့ ဒီလိုမျိုးအဆုံးသတ်သွားရင် မကောင်းဘူး .. ခင်ဗျားတို့နှစ်ယောက်လုံး နောက်တစ်လှမ်းစီ ဆုတ်လိုက်ပါ .. ဒီနေ့တော့ မတိုက်ကြပါနဲ့” ထော်ဂုယုလုံပြောလိုက်သည်။
“အစ်ကိုထော်ဂု .. ဒါက အစ်ကိုမှားနေတာပဲ .. အစ်ကိုက တစ်ဖက်လူဘက်ပါနေတာ..” ဝမ်ရှီးလျှောက်လာသည်။
သူမသည် ယခင်က ထော်ဂုမိသားစု၏ လျှပ်စီးစစ်ရထားလုံးတွင် စီးနင်းလိုက်ပါဖူးပြီး နှစ်ဘက်လုံးတွင် ဆက်ဆံရေးတစ်ခု ရှိပုံပေါ်သော်လည်း ယခုတော့ ထိုသို့ဟုတ်ပုံမရတော့။
“ကျုပ် အမှန်တရားကိုပြောတာ .. ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး တာအိုရောင်းရင်းတွေကို စုစည်းပြီးတော့ မလွယ်ကူဘူး .. အဲဒီတော့ ငါတို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ တာအိုအကြောင်းပဲ ဆွေးနွေးနေသင့်တယ် .. ငါတို့ကဘာလို့ တစ်ယောက်ကိုတစ်ယောက် မုန်းမုန်းတီးတီးနဲ့ သေအောင်သတ်နေကြမှာလဲ..” ထော်ဂုယုလုံ ပြောလိုက်သည်။
ဝမ်ရှီး၏မျက်နှာထက်တွင် နွေးထွေးမှုများ ပျောက်ဆုံးသွားပြီး ထူးမခြားနားသည့း အပြုံးတစ်ခုရှိနေသည်။ “ဘာပဲဖြစ်ဖြစ် ဒီလူက ဒီမှာ ကြမ်းကြမ်းတမ်းတမ်းတွေ လုပ်နေပြီးတော့ ကျင်းမိသားစုက အရေးကြီးတဲ့တပည့်တစ်ယောက်နဲ့ အစေခံတစ်ယောက်ကို သတ်ခဲ့တာက အမှန်တရားပဲ .. လူတစ်ယောက်က လက်လွတ်စပယ်နဲ့ ကြမ်းကြမ်းတမ်းတမ်းမလုပ်ရဘူးလို့ အင်ပါယာဂိတ်ရဲ့ စည်းမျဉ်းမှာပါတယ် .. ဒီအပြစ်ကို ကျူးလွန်းတဲ့သူတွေက သူတို့အသက်တွေကို ပေးဆပ်ရမယ် .. ဒါက ကလန်တစ်ခုလုံးပါ ပါလာနိုင်တယ်..”
ထိုစကားကိုကြားလိုက်သည်နှင့် အားလုံး အေးခဲသွားရသည်။ ဤအမျိုးသမီးမှာလှပလှသော်လည်း သူမသည် ဆုံးဖြတ်ချက်ပြတ်သွားလှသည်ပင်။ သူမပြောချင်သည်မှာဟွမ် ဤနေရာ၌ သေရမည်ဖြစ်ပြီး ဤသည်မှာ ကျောက်တုံးကလန်ပင် ပါဝင်လာနိုင်သည်။
အစပိုင်း၌ ဤကိစ္စကို မည်သူမှ အလေးမထား။ အဘယ်ကြောင့်ဆိုသော် ကျင်းမိသားစုမှ တပည့်များမှာ အလွန် လွန်လွန်းနေသည်ပင်။ သူသည် တိုက်ပွဲ၌ အောင်မြင်မှုများရရှိခဲ့သည့်သူကို စော်ကားခဲ့သည်။ သူတို့၏စကားလုံးများမှာ ကြမ်းတမ်းလှသည်။ သူတို့သေသွားသည့်အချိန်တွင် လူများစွာမှာ စိတ်ထဲမှ လက်ခုပ်လက်ဝါးတီးနေခဲ့ကြသည်ပင်။
သို့သော် ယခု သူတို့ပြန်စဉ်းစားကြည့်လိုက်သည့်အချိန်တွင် ဤရလဒ်မှာ အတော်လေး ပြဿနာများသည်ပင်။ ဝမ်ရှီးသည် မြို့၏စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြောလာပြီး ရှီဟောင်ကို အန္တရာယ်တွင်းထဲသို့ ပို့လိုက်သည်။
“တစ်ဖက်က တမင်သက်သက် ရန်စတာ၊ ပစ်မှတ်ထားတာ၊ စော်ကားတာ၊ စိန်ခေါ်တာဆိုရင် ရှင်းပစ်သင့်တယ်ဆိုတဲ့ စည်းမျဉ်းကို ငါမှတ်မိသွားသလိုပဲ .. ဒီအခြေအနေက အဲဒီအထဲမှာပါတယ် .. အဲဒီတော့ ဒါက ဘာပြစ်မှုမှ မမြောက်ဘူး..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်တယ် .. ဒီလိုမျိုး စည်းမျဉ်းရှိတယ်..” ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်လည်း ပြောလိုက်သည်။
“မင်းတို့အားလုံးကို သူ့ကို အရင်ရန်စနေပြီးတော့ သူအရင်စတိုက်လာအောင်လို့ သူ့ကို စကားလုံးတွေနဲ့ ဒေါသထွက်အောင်လုပ်နေတာ .. အဲဒါကြောင့်မို့လို့ သူက မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာ .. သူတို့တွေ အသတ်ခံရသင့်တယ်..” ချောင်ယုရှင်းမှာ ယဉ်ကျေးမနေပေ။
“ဒီမှာရှိတဲ့သူတွေအားလုံး သက်သေလုပ်လို့ရတယ် .. အဲဒီကလေးကြီးက ရှီဟောင်ကို ရန်စတာ..” ပုရွက်ဆိတ်လေး ကျင်းကျီဖိန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ ဤသည်မှာ ကျင်းကျီဖိန်း၏မျက်နှာကိုပို၍မည်းမှောင်သွားစေသည်။
လူအိုကြီး၊ ကလေး ယခုတော့ ကလေးကြီးပါ ဖြစ်သွားလေပြီ။
“ပြီးတော့ အဲဒီခွေးကလေးက ရှီဟောင်ကို ကလေးကြီးနဲ့တိုက်ခိုက်ဖို့ တောင်းဆိုနေတာ .. ဒီလိုလူမျိုးက သတ်ပစ်သင့်တယ် .. ငါ့အမြင်တော့ သူတို့အားလုံးက ထိုက်တန်တယ်..” ပုရွက်ဆိတ်လေး ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ရှီး၏အမူအရာ အေးစက်သွားသည်။
ကျင်းကျန်း မျက်မှောင်ကြုတ်သွားကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ကျင်းကျီဖိန်းမှာ ချက်ချင်းပင် တိုက်ခိုက်ချင်လာသည်။
“အဲဒါဆို စည်းမျဉ်းစည်းကမ်းအရဆိုရင် ဟွမ်က ကျင်းမိသားစုက အရေးကြီးတဲ့တပည့်တစ်ယောက်ကို သတ်လိုက်တယ် .. ဒါကို ရန်စတယ်လို့ သတ်မှတ်လိုက်လို့ရတယ် .. ပြီးတော့ ကျင်းမိသားစုကို တိုက်ခိုက်တယ်လို့ သတ်မှတ်လို့ရတယ် .. အဲဒီတော့ နှစ်ဘက်လုံး တိုက်ခိုက်ရမယ်..” ဝမ်ရှီး ပြောလိုက်သည်။
“ဟုတ်တယ် .. လူတွေသေသွားပြီဆိုမှတော့ တိုက်ပွဲက ဖြစ်ကိုဖြစ်ရမယ် .. အဲဒီတော့ ဆက်တိုက်ကြတာပေါ့..” ကျင်းကျီဖိန်းအေးစက်စွာ ပြောလိုက်သည်။
ထော်ဂုယုလုံ၊ ချီဟုန်နှင့် ဖီးနှစ်လေးကောင်တို့ သူတို့အားနောက်တစ်ကြိမ်တားဆီးချင်သော်လည်း ယခုတစ်ခေါက်တော့ ရှီဟောင်ကိုယ်တိုင် ရှေ့တက်လာလိုက်ကာ ကျယ်လောင်စွာ ရယ်မောပြီး စိန်ခေါ်မှုကို လက်ခံလိုက်သည်။
“ခင်ဗျားက တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ ကျုပ်က အဖော်လုပ်ပေးရတာပေါ့… လာခဲ့လိုက်..” ရှီဟောင်ပြောလိုက်သည်။
ဤနေရာတစ်ခုလုံး ချက်ချင်းဆူညံလာသည်။
သိထားရမည်မှာ ဤနှစ်ယောက်လုံးသည် သာမန်လူများမဟုတ်ကြ။ ဟွမ်အကြောင်းမှာ ပြောနေစရာပင်မလို။ ယခုအချိန်တွင် သူ့အကြောင်း မသိသည့်သူမရှိ။ ယခုအချိန်တွင် သူမည်မျှထူးခြားသည်ကို အားလုံးကြည့်ချင်နေကြသည်ပင်။
ထို့တူ ကျင်းကျီဖိန်းသည်လည်း လတ်တလောတွင်နာမည်ကြီးလာသည့် ဂျီးနီးယပ်စ်ပင်။ သူသည် အသက် ၃၀ ကျော်သာရှိသေးသော်လည်းသူသည် ကိုယ်တိုင်လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားလေပြီ။
“ကောင်းတယ် .. ငါက မင်းဆီက ဒီစကားတစ်ခွန်းကို စောင့်နေတာ .. နောက်ဆုံးတော့ ငါမင်းကို တိုက်ခိုက်ရပြီ .. ဒီနေ့ ငါမင်းကို ဖိနှိပ်ပစ်မယ်..” ကျင်းကျီဖိန်း ရယ်မော၍ ပြောလိုက်သည်။ သူသည် စိတ်ဓာတ်တက်ကြွနေလေပြီ။
“လူအိုကြီး .. ခင်ဗျား သိပ်မကြာခင်ကမှ ရှုံးထားတာကို မေ့သွားတာလား..”
“ကလေး .. အမာရွတ်တွေပျောက်သွားတော့ နာခဲ့တာကို မေ့သွားတာလား..”
ချောင်ယုရှင်းတို့ ပုရွက်ဆိတ်လေးတို့ တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်သည်။
ကျင်းကျီဖိန်းသည် အလွန်တက်ကြွနေသော်လည်း ဤစကားနှစ်ခွန်းကို ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းပင် စိတ်နောက်သွားရသည်။
“လောစရာမလိုပါဘူး .. တစ်ယောက်ပြီးတစ်ယောက်ပေါ့ .. ဟွမ်ကို ဖိနှိပ်ပြီးတာနဲ့ မင်းတို့အားလုံးနဲ့ စာရင်းရှင်းမယ်..” ကျင်းကျီဖိန်း ပြောလိုက်သည်။
တိုက်ပွဲကြီး ဖြစ်ပေါ်လာတော့မည်။ ယခုအချိန်တွင် ထော်ဂုယုလုံ၊ ချီဟုန်နှင့် အခြားသူများမှာ သူတို့ကို မတားဆီးတော့။ သူတို့ကို တိုက်ခိုက်ခွင့်ပြုထားလိုက်သည်။
“ဒီကျောက်စိမ်းရေကန်မှာ ရှေးဟောင်းထာဝရနေရာရှိတယ် .. ရှင်တို့အားလုံး ကျောက်စိမ်းကျွန်းက တာအိုစင်္ကြံပေါ်မှာ တိုက်ခိုက်လို့ရတယ် … အဲဒါဆိုရင် ဒီနေရာ ပျက်စီးမှာ မဟုတ်တော့ဘူး..” ဖီးနှစ်တစ်ကောင်မှ ပြောလိုက်သည်။
ကျောက်စိမ်းတာအိုပြိုင်ကွင်းမှာ အလွန်ကြီးမားလှပြီး အဝေးမှပင် မြင်ရသည်။ ဤသည်မှာ ခါးပြတ်နေသည့်တောင်နှင့်တူသည်။
ဤသည်မှာ ယခင်က ကောင်းကင်ထိ ထိနေသည့်တောင်ဟု ပြောကြသည်။ သို့သော်လည်း ဤတောင်ဖြတ်ချခံလိုက်ရပြီး သစ်ငုတ်တိုကဲ့သို့သာ ကျန်ရစ်တော့သည်။ ဤနေရာ၌ တစ်နှစ်ပတ်လုံး သီးသန့်ကျင့်ကြံသည့် ထာဝရသက်ရှိရှိခဲ့သည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှာ တစ်ဖြည်းဖြည်း ဝိညာဉ်စွမ်းအားများ ရှိလာသည်။
ဤသည်မှာ တောင်တစ်လုံးသာဖြစ်သော်လည်း အလွန်မာကျောကာ ဖျက်ဆီးနိုင်ရန် ခက်ခဲလှသည်။
“တစ်ယောက်တည်း လုံလောက်ပြီလား .. ခင်ဗျားကို ကူညီပေးမယ့်သူကို ဘာလို့မရှာတာလဲ..” ဤတာအိုကွင်းပြင်ပေါ်သို့ မရောက်ခင် ရှီဟောင် တည်ငြိမ်စွာ မေးလိုက်သည်။
တစ်ဖ်က်လူသည် သူ့အား ထပ်ခါတလဲလဲ ရန်စနေသောကြောင့် သူလည်း ယဉ်ကျေးနေစရာမလိုတော့။ သူတစ်ဖက်လူအား လှောင်ပြောင်လိုက်သည်။
“ခင်ဗျားတို့ ကျင်းမိသားစုနဲ့ ဝမ်မိသားစုက လက်ထပ်ခြင်းနဲ့ ပေါင်းစည်းတော့မှာဆိုတော့ ခင်ဗျားတို့မိသားစုနှစ်ခု ပေါင်းလိုက်ကြရင်ရော .. ကျုပ် ခင်ဗျားတို့သုံးယောက်လုံးကို တစ်ခါတည်းလက်ခ့ပေးမယ် .. ခင်ဗျားတို့သုံးယောက်လုံး အတူတူလာလို့ရတယ်..” ရှီဟောင်ပြောလိုက်သည်။
သူ ကျင်းကျီဖိန်း၊ ကျင်းကျန်းနှင့် ဝမ်ရှီးတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်သည်။
ကျင်းကျန်း၏အမူအရာ အေးစက်သွားသည်။ သူသည် လက်ရှိလောကပညာတွင် ရှေ့ဆုံး၌ ရောက်နေသည့်သူတစ်ဦးဖြစ်ပြီ ဤမျိုးဆက်၏ ကောင်းကင်သားတော်အဖြစ် နာမည်ကြီးနေသည့်သူပင်။ သူ့အားမည်သူက အထင်သေးရဲသနည်း..
သို့သော်လည်း ယခုအချိန်တွင် ဟွမ်သည် သူတို့ကို ပူးပေါင်းခိုင်းပြီး သူတို့အား ဤကဲ့သို့ စက်ဆုပ်ရွံရှာသည့်ပုံစံဖြင့် ကြည့်နေသေးသည်။
ဝမ်ရှီး၏ နီရဲနေသည့်နှုတ်ခမ်းတင်းတင်းစေ့သွားရသည်။
“လူငယ်လေး .. မင်းအသက်ကို ပေးလိုက်လို့ရပြီ..” ကျင်းကျီဖိန်း အေးစက်စွာ ပြောပြီး ရှီဟောင်ထံသို့ ပြေးဝင်လာလေသည်။
“လူအိုကြီး .. ကျုပ် ခင်ဗျားကို ခင်ဗျားရဲ့လမ်းဆီ ပို့ပေးမယ်..” ရှီဟောင်ပြောပြီး သူ့အားရင်ဆိုင်လိုက်သည်။
အပိုင်း ၁၅၉၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၅ – ကောင်းကင်အတိ ဒုက္ခ ပေတံ
ကျင်းကျီဖိန်း၏အကြည့်များမှာ ဓားသွားများကဲ့သို့ စူးရှနေသည်။ သူပါးစပ်ဟလိုက်သည်နှင့် လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာသည်။ သူ၏လက်ကိုလွှဲရမ်းလိုက်သည်နှင့် ရာဇီ တစ်ကောင်ထွက်ပေါ်လာသည်။ ထိုအကောင်သည် သူ၏သွေးစွန်းနေသည့် ပါးစပ်ကိုဟကာ ရှီဟောင်ထံသို့ ပြေးဝင်လာသည်။
ထို့နောက် သူ၏မျက်ခုံးကြားတောက်ပလာကာ ဓားတံဆိပ်တစ်ခု ပေါ်လာသည်။ ဤဓားသည် သွးကဲ့သို့ နီရဲနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များထုတ်လွှတ်နေသည်ပင်
ဤသည်မှာ အစသာရှိသေးသော်လည်း သူသည် ရှီဟောင်ကို တိုက်ခိုက်ရန်အတွက် အဖိုးတန်ပညာသုံးခုကို အသုံးပြုနေလေပြီ။
အားလုံး အနားမကပ်ရဲကြတော့ပဲ နောက်ဆုတ်သွားလိုက်ကြသည်။
“တာအိုစင်္ကြံပေါ်တက်ပေးပါ .. အောက်မှတိုက်လို့မရပါဘူး..” ထော်ဂုယုလုံမှ အော်ပြောလိုက်သည်။
အင်ပါယာဂိတ်မှ တပည့်များသည် ကျောက်စမ်းကျွန်းအား အလေးထားကြသည်။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ သူတို့ဘိုးဘေးများနှင့် ဆက်နွယ်နေသည့်နေရာဟု သံသယရှိသည့်နေရာပင်။
ဝုန်း..
ရှီဟောင်မှာ ရိုးရိုးရှင်းရှင်းပင်။ သူ၏လက်မှ လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ၏တံဆိပ်များ ထွက်ပေါ်လာကာ ကောင်းကင်ထက်တွင်လည်းတိမ်မည်းများ ဖြစ်ပေါ်လာသည်။
ထို့အပြင် သူသည် အပေါ်သို့တက်ကာ တံဆိပ်များကို ဆက်တိုက်ပြုလုပ်ပြီး လျှပ်စီးပညာကိုပို၍ကျယ်ပြန့်သွားအောင် လုပ်လို်ကသည်။
လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ၏ အစွမ်းမှာ မယုံကြည်နိုင်လောက်အောင်ပင်။ အထူးသဖြင့် သဘာဝအားများဖြင့်ပေါင်းစပ်လိုက်သည်နှင့် ပို၍ကြောက်စရာကောင်းလာသည်။ အမြင့်ဆုံးသို့ ရောက်သွားသည်နှင့် ဤသည်မှာ ကောင်းကင်အတိဒုက္ခနှင့် ဆက်သွားလိမ့်မည်။
ဝုန်း..
လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာကာ ကျင်းကျီဖိန်းထံသို့ ဦးတည်သွားသည်။
နှစ်ဘက်လုံးတွင် လျှပ်စီးများရှိနေသော်လည်း လျှပ်စီးများမှာမတူ။
ဝုန်း..
လျှပ်စီးများ ရောယှက်သွားကာ တောက်ပသည့်အလင်းများ ထွက်ပေါ်လာသည်။
“လူငယ်မျိုးဆက်က ဒီလိုနည်းလမ်းလေးတွေပဲ ရှိတာလား .. ငါမင်းကို နောက်ဘဝပို့ပေးမယ်..” ကျင်းကျီဖိန်း အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာကာ ယခင်ကထက် ပို၍စွမ်းအားကြီးလာသည်။
သူ၏ပါးစပ်မှ ထုတ်လိုက်သည့်လျှပ်စီးများမှာ ပို၍စွမ်းအားကြီးလာသည်။ သူ၏ညာလက်ဖြင့် ပြုလုပ်ထားသည့် ရာဇီမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလာပြီး ရှီဟောင်ကို မြိုချပစ်ရန်အတွက် ရှီဟောင်ထံသို့ ပါးစပ်ဟပြီ ပြေးလာလေသည်။ တစ်ချိန်တည်းမှာပင် နီရဲနေသည့်ဓားတံဆိပ်မှာ ပို၍ပင် အံ့အားသင့်စရာကောင်းလာသည်။ ဤသည်မှာ ထာဝရဓား တုန်ခါလာသကဲ့သို့ပင်။
ရွှီး..
ထိုတိုက်ခိုက်မှုပြီးသည့်နောက်တွင် ရှီဟောင် လေထဲသို့ တက်ကာ တာအိုစင်္ကြံပေါ်သို့ တက်သွားသည်။ သူ၏လက်မှာ သင်္ကေတများကို ဆက်တိုက်ပြုလုပ်နေဆဲပင်။
သူ လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ သူသည် နေရာအနှံ့မှ တိမ်များကို ဆင့်ခေါ်ကာ အဆုံးမရှိသည့်လျှပ်စီးများကို စုစည်းစေလိုက်ကာ ကောင်းကင်ထက်၌ မုန်တိုင်းတစ်ခုကို ပြုလုပ်လိုက်သည်။
ဤနည်းလမ်းမှာ အလွန်ကြောက်စရာကောင်းလွန်းလှသောကြောင့် အားလုံးထိတ်လန့်သွားရသသည်။
ထိုအထိုက်အတန့်တွင် စွမ်းအားကြီးသည့် လေပြင်းများ တိုက်ခတ်လာကာ ကျောက်တုံးများနှင့် သဲများလည်း နေရာအနှံ့လွင့်စင်လာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားတွင် လျှပ်စီးများစုစည်းလာပြီး မိုးခြိမ်းသံများလည်း နားကွဲမတတ်ပင်။
သူ ယခင်က အာကာသကလန်မှ နတ်ဘုရားအစစ်များကို တိုက်ခိုက်ခဲ့သည့်အချိန်တွင်လည်း သူသည် လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ၏အထူးနည်းလမ်းကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏စွမ်းအားနှင့်ပေါင်းစည်ကာ ကောင်းကင်အတိဒုက္ခကဲ့သို့သော မိုးကြိုးတစ်ခုကို ဖန်တီးခဲ့ခြင်းပင်။
ယခု သူ ထိုကဲ့သို့သော သတ်ဖြတ်သည့်နည်းလမ်းမျိုးကို အသုံးပြုနေခြင်းပင်။
ဝုန်း..
လေပြင်းများ တိုက်ခတ်နေပြီး မိုးများလည်း ရွာသွန်းနေသည်။ လျှပ်စီးများသည်လည်း ပင်လယ်တစ်စင်းကဲ့သို့ ဤလောကကြီးတစ်ခုလုံးအားလွှမ်းခြုံသွားသည်။ ဤသည်မှာ ရှီဟောင် လောကကြီးတစ်ခုလုံးကို ထိန်းချုပ်နေသကဲ့သို့ပင်။
အနီရောင်လေပွေတစ်ခု ဟစ်အော်လာပြီး ကမ္ဘာမြေကြီးကို ဝါးမြိုတော့မည်။
ကျင်းကျီဖိန်း အမူအရာ ပြောင်းလဲသွားသည်။ ယခင်က ရှီဟောင်ကို သူ၏ ကိုယ်တိုင်ခစားခြင်းကျင့်ကြံဆင့်ဖြင့် ဖိနှိပ်ပစ်လိုက်နိုင်မည်ဟု ထင်ထားခြင်းပင်။ သူ ဤကဲ့သို့သော လျှို့ဝှက်ပညာမျိုးကို သုံးလာမည်ဟု မထင်ထားခဲ့။ ဤသည်မှာ လူတစ်ယောက်၏စွမ်းအားမဟုတ်။ ဤထဲတွင် စကြာဝဠာကြီး၏ ခွန်အားလည်းပါဝင်နေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကောင်းကင်အတိဒုက္ခခံစားချက်အနည်းငယ် ရနေသည်။
ကောင်းကင်အတိဒုက္ခအစစ်ရောက်လာမည်လားဟု ကျင်းကျီဖိန်း သိချင်လာသည်။
“ဒါက နည်းနည်းကြောက်ဖို့ကောင်းတယ် .. လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကို ဒီအဆင့်ထိ သုံးနိုင်တယ် .. တစ်နေ့ သူ ကောင်းကင်အတိဒုက္ခကို သူ့စိတ်ကြိုက်ခေါ်နိုင်ရင် သူ စကြာဝဠာကြီးကို အုပ်ချုပ်သူ ဖြစ်မသွားဘူးလား…”
လူအချို့မှ တီးတိုးပြောလိုက်သည်။ ထိုအဆင့်သို့ ရောက်သည်နှင့် အတိဒုက္ခကို သူလိုချင်သလို လုပ်နိုင်လိမ့်မည်။ သူဖြတ်သွားရုံဖြင့် ရန်သူအုပ်များကို သတ်ပစ်နိုင်လိမ့်မည်။
“လျှပ်စီးဧကရာဇ်က ဒီလိုမျိုးလုပ်နိုင်တယ်လို့ ပြောကြတယ် .. သူက သတ္တဝါတွေအများကြီးကို သတ်ခဲ့တာ … ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း စစ်ပွဲထဲမှာ အသတ်ခံလိုက်ရတယ်..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
ဝုန်း..
ပြင်းထန်လှသည့် ပေါက်ကွဲသံများထွက်ပေါ်လာသည်။ ကျင်းကျီဖိန်း ပါးစပ်မှ ထွက်လာသည့် လျှပ်စီးများမှာ ရှီဟောင်၏ လျှပ်စီးပင်လယ်နှင့် ပေါင်းစည်းသွားကာ သူ၏လျှပ်စီးကို အားဖြည့်ပေးလိုက်သည်။
သူ၏ညာလက်ဖြင့် ဖန်တီးထားသည့် ရာဇီမှာမူ လျှပ်စီးပင်လယ်အောက် လွှမ်းမိုးသွားကာ လျှပ်စီးဓားသွားများအဖြစ် ပြောင်းလဲသွားသည့် မိုးရေများဖြင့် ရိုက်ချခြင်းခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံး မည်းတူးသွားကာ ဒေါသတကြီး ဟစ်ကြွေးသံများလည်း ထွက်ပေါ်လာသည်။
ဖုန်း..
ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်မှ ဖန်တီးလိုက်သည့် ရာဇီမှာ သေသည်အထိ လျှပ်စီးဖြင့် ပစ်ချခံလိုက်ရပြီး မီးသွေးတုံးအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အရိုးစာသားများအဖြစ် ပြောင်းလဲသွားကာ ပေါက်ကွဲသွားသည်။
ကျင်းကျီဖိန်း၏ မျက်ခုံးကြားရှိ သွေးကဲ့သို့ နီရဲနေသည့် ဓားမှာ ဆက်တိုက်ပင် လှုပ်ခါနေကာ ဓားအလင်းတန်းထောင်ပေါင်းများစွာကို ပြုလုပ်လာသည်။
သို့သော်လည်း ထိုဓားစွမ်းအင်များအားလုံး လျှပ်စီး၏တားဆီးခြင်းခံလိုက်ရကာ ရှေ့ဆက်မတိုးနိုင်ပဲ ပျက်ပြယ်သွားသည်။
အားလုံး အေးခဲသွားရသည်။ ဟွမ်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ .. သိထားရမည်မှာ သူသည် ကျင်းကျီဖိန်းထက် ကျင့်ကြံဆင့် တစ်ဆင့်ပင် နိမ့်နေသည်ပင်။
“လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ..” ခပ်ဝေးဝေးရှိ တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်၏။ သူ၏မျက်ဝန်းတွင် အလင်းများ တောက်ပနေသည်။
“သတ်…”
ကျင်းကျီဖိန်း အော်ဟစ်လိုက်သည်။ သူ၏မျက်ခုံးကြားမှ ဓားမှာ ချက်ချင်းပင် ပျံသန်းသွားကာ လျှပ်စီးပင်လယ်ထဲသို့ ရောက်သွားသည်နှင့် သတ်ဖြတ်သည့်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်သွားသည်။
ဤသည်မှာ ရက်စက်သည့်လက်နက်တစ်ခုဖြစ်ပြီး ကိုယ်တိုင်ခစားခြင်းနယ်ပယ်လောက် မရိုးရှင်း။
ဝုန်း..
လေဟာနယ်ပြိုကျသွားကာ လျှပ်စီးများလည်း ပျက်စီးသွားသည်။ ထို့နောက် လေဟာနယ်ထဲတွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ရွှီး..
သွေးရောင်မှော်ဓားမှ ထာဝရအလင်းကဲ့သို့ပင်။ ထိုဓားသည် ရှီဟောင်၏ခေါင်းအားဖြတ်ပစ်ချင်နေခြင်းပင်။
“လျှပ်စီးဧကရာဇ်အဖိုးတန်ပညာဖြစ်တော့ရော ဘာဖြစ်လဲ .. မင်းရဲ့ကျင့်ကြံဆင့်က မလုံလောက်သေးဘူး .. မင်းကငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..” ကျင်းကျီဖိန်း အော်ဟစ်လိုက်သည်။
သူပြေးလာသည်နှင့် သူ၏သွေးရောင်ဓားလည်း ပို၍တောက်ပလာသည်။
ချွမ်း..
ထိုအချိန်တွင် နတ်ဆိုးအသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ရှီဟောင် ထာဝရဓားကို ဆွဲထုတ်ကာ အားအပြည့်ဖြင့် လွှဲရမ်းလိုက်ပြီး ထိုသွေးရောင်နတ်ဓားကို ဖြတ်ချပစ်လိုက်သည်။
အားလုံးမြင်လိုက်ရသည်မှာ တစ်စုံတစ်ယောက် ထာဝရအဆင့်ရောက်သွားသကဲ့သို့ တောက်ပသည့်အလင်းဖြူသာ။ ထို့နောက် ဤနေရာ မှေးမှိန်သွားလေသည်။
ဤသည်မှာ ထာဝရဓားပင်။ ဓားပေါ်၌ လူသားတစ်ယောက် ထာဝရအဆင့်သို့ တက်နေသည်ပုံကို ရေးထိုးထားသည်။ အလင်းမှုန်များတောက်ပလာကာ မြူများလည်း ပျံ့လွင့်လာသည်။ ထိုအချိန်တွင် ဓားမှ ထိုသင်္ကေတ တောက်ပလာပြီး အားလုံး၏အမြင်အာရုံကို ဖုံးကွယ်လိုက်သည်။
အပြင်ဘက်တွင်လည်းလျှပ်စီးများ တောက်ပနေသောကြောင့် လူအများစုမှာ ရှင်းရှင်းလင်းလင်းမမြင်ရတော့။
ခွပ်..
ထိုသွေးရောင် နတ်ဓားမှာ မူလ ကြောက်စရာကောင်းသည့် လက်နက်ဖြစ်သော်လည်း ယခုအချိန်တွင် နှစ်ပိုင်းပြတ်သွားကာ မြေပြင်ပေါ်သို့ ကျသွားသည်။
ထာဝရဓားသည် သတ်ဖြတ်လိုသည့်အငွေ့အသက်ကို တစ်ခါမှ မထုတ်ဖူး။ သို့သော်လည်း လုံလောက်အောင်စွမ်းအားကြီးသည့်လက်နက်တစ်ခု သူ့ကို တိုက်ခိုက်လာသည်နှင့် ဤဓားသည် ထိုတိုက်ခိုက်မှုအား ပြန်လည်တုံ့ပြန်လာမည်ပင်။
“မင်း..” ကျင်းကျီဖိန်း ထိတ်လန့်သွားရသည်။ သူ၏အလွန်အရေးကြီးကာ အဖိုးတန်သည့်လက်နက်တစ်ခုမှာ ဤကဲ့သို့ ပျက်စီးသွားလေပြီ.
ရှီဟောင် ဓားပြန်သိမ်းလိုက်ပြီး အဖိုးတန်ပညာများကိုအသုံးပြုကာ လက်ဗလာ တိုက်ခိုက်လိုက်သည်။
“လျှပ်စီးတွေက ငါ့ကို ထိရောက်မှုမရှိဘူး..” ကျင်းကျီဖိန်း အေးစက်စွာ ရယ်မောပြီးနောက် ပြေးဝင်လာလေ၏။ လျှပ်စီးအတိဒုက္ခမရောက်လာသေးသည်ကို သိသောကြောင့် သူ ထိုလျှပ်စီးကို ဖြတ်သွားလိုက်သည်။
ရွှီး..
တစ်ချိန်တည်းမှာပင် ကျင်းကျီဖိန်း ရှေးဟောင်းပညာတစ်မျိုးကို အသက်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် ရွှေရောင်အလင်းလွှာတစ်လွှာ လွှမ်းခြုံသွားသည်။ ဤသည်မှာ ခံ့ညားကာ ကျက်သရေရှိလှသည်။ သူ၏လက်နှစ်ဘက်လုံး ပေါင်းစည်းလိုက်ကာ အရှေ့ဘက်သို့ တက်သွားလိုက်သည်။
“ဒါက ကျင်းမိသားစုရဲ့ ပညာ ထာဝရတာအိုမှော်တံဆိပ်ပဲ .. ” တစ်စုံတစ်ယောက်မှ ထိတ်လန့်စွာ ပြောလိုက်သည်။
ကျင်းမိသားစုတွင် ထာဝရသက်ရှိတစ်ယောက် ထွက်ပေါ်ခဲ့သောကြောင့် သူတို့မျိုးဆက်များတွင် ဘယ်လိုလုပ် ပြိုင်ဘက်ကင်းသည့်နတ်စွမ်းရည်များ မရှိပဲနေမည်နည်း.. ယခု ရှီဟောင်အား ရှင်းပစ်ရန်အတွက် သူ ထိုပညာကို အသုံးပြုနေလေပြီ။
ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် မပျက်စီးနိုင်သည့် ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ဝတ်ဆင်လိုက်သကဲ့သို့ပင်။ သူ၏လက်များကို ပေါင်းစည်းလိုက်သည့်အချိန်တွင် ထာဝရတောင်များ တိုက်သွားသကဲ့သို့ အဆုံးမရှိသည့်အလင်းများ ထွက်ပေါ်လာသည်။
ဤနေရာမှာ အလွန်တောက်ပလာကာ လျှပ်စီးများလည်း ပို၍ပျက်ပြယ်လာသည်။
ဝုန်း..
ထာဝရတာအိုမှော်တံဆိပ်မှာ လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည်။ ဤတံဆိပ်သည် ကောင်းကင်ကို ထိုးခွဲသွားကာ မူလရှေးဟောင်းမြူများ ထွက်ပေါ်လာစေသည်။ ထိုမြူများ ရှီဟောင်ကို ဝန်းရံသွားလေ၏။
“မင်းက ကျင့်ကြံဆင့်တစ်ဆင့် နိမ့်သေးတယ် .. မင်းရဲ့တာအိုလည်း လုံလောက်ဖို့ အဝေးကြီးလိုသေးတယ် .. မင်းကဘယ်လိုလုပ် ငါ့ကို ယှဉ်နိုင်မှာလဲ.. ဖိနှိပ်ပြီး သတ်မယ်..” ကျင်းကျီဖိန်း အော်ဟစ်လိုက်သည်။
သေချာပါသည်။ လျှပ်စီးများ ပျောက်ကွယ်သွားသည်နှင့် ရှီဟောင် အကာအကွယ်မဲ့သွားသည်ပင်။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း..”
ရှီဟောင် သိုဝှက်မထားတော့ပဲ ရှေးဟောင်းကောင်းကင်ပညာကို အသုံးပြုလိုက်သည်။
“အဆင့်လွန်ခန်းမရဲ့ ပညာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ဝုန်း..
ရှီဟောင် ထိုရှေးဟောင်းကောင်းကင်ပညာကို အသက်သွင်းပြီးသွားသည်နှင့် ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။ ထို့နောက် အချိန်အပိုင်းအစများ ပျံသန်းလာကာ တာအိုဂိတ်တံခါးခြောက်ခု ပွင့်လာကာ ကျင်းကျီဖိန်းအား စုတ်ယူတော့မည်။
“ငါ့အတွက် ချိုးဖျက်ပေး..”
ကျင်းကျီဖိန်း ဟစ်ကြွေးလိုက်ကာ သူလက်များကို ပေါင်းစည်းလိုက်သည်နှင့် လေထဲ၌ ထာဝရတာအိုအော်ရာ ပျံ့လွင့်လာသည်။ ဤသည်မှာ ထာဝရသက်ရှိတစ်ယောက်မှ ဖန်တီးခဲ့သည့် အဖိုးတန်ပညာဖြစ်ပြီး ယခုအချိန်တွင် သူ့နောက်၌ တကယ်ကိုပင် ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုပုံရိပ်ကြီးမှာ ကျင်းကျီဖိန်းနှင့်တူ ရှီဟောင်အား သတ်ပစ်တော့မည်။
ထို့နောက် သူ သင်္ကေတများကို ဆက်တိုက်ပြုလုပ်နေသည်။
“ဗာဂျာထာဝရကောင်းပညာ .. ကျင်းမိသားစုရဲ့ ရှေးဟောင်းကောင်းကင်ပညာ” ထော်ဂုယုလုံ သက်ပြင်းချ၍ ပြောလိုက်သည်။ သူဤပညာကို အလွန်ကြောက်ရသည်ပင်။
ကျင်းကျီဖိန်းမှာ ဂါးဒီးယန်းနတ်ဘုရားကဲ့သို့ပင်။ သူ၏ခန္ဓာကိုယ်မှာ ရွှေဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပနေပြီး သူ၏စွမ်းအားလည်း မရပ်တန့်နိုင်လောက်အောင်ပင်။ ထို့အပြင် သူ၏နောက်မှ ပုံရိပ်လည်း ပို၍ရှင်းလင်းလာသည်။ ထိုပုံရိပ်မှာ ထာဝရဗာဂျာ ပြန်လည်အသက်ဝင်လာသကဲ့သို့ပင်။
ရှေးဟောင်းကောင်းကင်ပညာနှစ်မျိုး ပေါင်းကာ ကောင်းကင်ကို လွှမ်းခြုံနိုင်လောက်သည့် စွမ်းအင်များ ထွက်ပေါ်လာသည်။
ကျင်းကျီဖိန်းနောက်တွင်ရှိနေသည့် ထာဝရဗာဂျာ ရှေ့တစ်လှမ်းတက်လာကာ အားလုံးကို လွှမ်းမိုးကြည့်လာသည်။ သူသည် တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း တံခါးများကို ဖျက်ဆီးပစ်ချင်နေ၏။ အချိန်အပိုင်းအစများ သူ့အား တိုက်ခိုက်လာသော်လည်း သူဘာမှ ဖြစ်မသွားပေ။
ဤသည်မှာ ကြောက်စရာကောင်းလှသည်။ လူအများစုမှာ ကြက်သီးများပင် ထလာရသည်။ ဒါက ထာဝရသက်ရှိရဲ့အမွေလား.. ဤနည်းလမ်းများမှာ ကြောက်စရာကောင်းလှသည်။
ဝုန်း..
ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်းဂိတ်တံခါးများ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ထာဝရဗာဂျာလည်း စွမ်းအင်လှိုင်းများအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားလေသည်။
ဤဲ့သို့သော တိုက်ခိုက်မှုများမှာ ကြောက်စရာကောင်းလှသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးပင် ပျက်စီးသွားမတတ် ပြင်းထန်စွာ တုန်ခါလာသည်။
ရှီဟောင် လွင့်ထွက်သွားကာ သွေးအန်သွားလေ၏။ သူဒဏ်ရာရသွားလေပြီ။
သို့သော်လည်း သူအားနည်းသည်ဟု မည်သူမှမထင်။ သူသည် ကိုယ်တိုင်ခစားခြင်းကျင့်ကြံဆင့်ရှိသည့် ဂျီးနီးယပ်စ်ကို အဆင့်နိမ့်သည့်ကျင့်ကြံဆင့်ဖြင့် တိုက်ခိုက်သော်လည်း သူတစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။
အခြားတစ်ဖက်တွင်ရှိနေသည့် ကျင်းကျီဖိန်းလည်း နောက်ဆုတ်သွားကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သူ၏အမူအရာမှာ ရှုပ်ထွေးနေသည်။ သူသည် ကောင်းကင်ကို တွန်းလှန်နိုင်သည့်သူဖြစ်ပြီး ခမ်းနားကြီးကျယ်မှုများဖြင့် ကြီးပြင်းလာရသည့်သူပင်။ ကျင့်ကြံဆင့်တစ်ဆင့်နှင့်တစ်ဆင့် မည်မျှကွာခြားသည်ကို သူသိသည်။ သို့သော်လည်း တစ်ဖက်လူမှာ သူ၏တိုက်ခိုက်မှုကြောင့် သေမသွား..
အထူးသဖြင့် သူသည်ကလန်၏ ရှေးဟောင်းပညာဖြစ်သည့် ထာဝရဗာဂျာကောင်းကင်ပညာကို အသုံးပြုခဲ့ခြင်းပင်။ သို့သော်လည်း သူ၏ပြိုင်ဘက်ကို မသတ်နိုင်ခဲ့။
“အဆင့်လွန်ခန်းမက တကယ်ကို ထူးဆန်းပြီး ကြောက်ဖို့ကောင်းတာပဲ .. ဒီသွေးမျိုးဆက်ရဲ့ ကောင်းကင်ပညာကာ ထာဝရဗာဂျာရှေးဟောင်းကောင်းကင်ပညာထက် ပိုပြီးတော့ စွမ်းအားကြီးတယ် .. မဟုတ်ရင် ဟွမ်က အားနည်းတဲ့သူအနေနဲ့ ဘယ်လိုလုပ် အားကြီးတဲ့သူကို တိုက်ခိုက်နိုင်မှာလဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
“မင်းမှားနေပြီ .. ဟွမ်ကိုယ်တိုင်ကိုက စွမ်းအားကြီးနေတာ .. ပြိုင်ဘက်ကင်းတာ ပညာမဟုတ်ဘူး .. လူပဲ..” အခြားတစ်ယောက်မှ ပြောလိုက်သည်။
“နောက်တစ်ခေါက်ကျရင် မမျှော်လင့်ထားတာတွေ ရှိမှာမဟုတ်တော့ဘူး .. အခု အဆုံးသတ်ဖို့အချိန်ရောက်ပြီ.. ဖိနှိပ်ပြီး သတ်မယ်..” ကျင်းကျီဖိန်း အော်ဟစ်လိုက်ကာ သူ့မိသားစု၏ အဆင့်လွန်ပညာဖြစ်သည့် ထာဝရဗာဂျာကောင်းကင်ပညာကို နောက်တစ်ကြိမ် ပြင်ဆင်လိုက်သည်။
“ခင်ဗျားပြောတာမှန်တယ် .. နောက်တစ်ခေါက်ကျရင်တော့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေ ရှိတော့မှာမဟုတ်ဘူး … ဒီကိစ္စကို အဆုံးသတ်မယ်..” ရှီဟောင်လည်း ပြောလိုက်သည်။
ကျင်းကျီဖိန်း၏ မျက်လုံးများ မှေးကျုံ့သွားသော်လည်း သူယုံကြည်ချက်ရှိနေဆဲပင်။ “ကိုယ်တိုင်ခစားခြင်းနယ်ပယ် .. အပြင်ဘက်က ရန်သူတွေမပြောနဲ့ မင်းကိုယ်မင်းတောင် ပြန်ခစားလို့ရတယ် .. ပညာအားလုံး၊ သတ္တဝါအားလုံး ပျက်စီးရမယ် .. ရန်သူဟောင်းတွေ၊ လက်ရှိလောက ရန်သူတွေအားလုံး ပျောက်ကွယ်သွားရမယ်..”
သူဟစ်ကြွေးလိုက်သည်နှင့် သူ၏အော်ရာမှာ ကောင်းကင်နှင့်မြစ်ကိုပင် ဝါးမြိုသွားသည်။ သူ ထာဝရဗာဂျာရှေးဟောင်းပညာကို အဆုံးစွန်ထိ သု့ဂလိုက်သည်။
ဝုန်း..
သို့သော်လည်း ထိုအခိုက်အတန့်တွင် မြေပြင်ဖြစ်စေ မိုးကောင်းကင်ဖြစ်စေ လျှပ်စီးများဖြင့် ဖုံးလွှမ်းသွားသည်။
ရှီဟောင် ထိုလျှပ်စီးများ၏အလယ်၌ ရပ်နေကာ ကြောက်စရာကောင်းသည့်လျှပ်စီးများဖြင့် လွှမ်းခြုံထားသည်။
“ဦးလေး .. မကောင်းတော့ဘူး .. သူက လျှပ်စီးဧကရာဇ်ရဲ့ အနက်နဲဆုံးအပိုင်းကို နားလည်ထားတယ် .. သူက ဦးလေးရဲ့ မှော်စွမ်းအားပေါ်အခြေခံပြီး ကောင်းကင်အတိဒုက္ခကို လုပ်လိုက်ပြီ .. မြန်မြန်ပြန်ဆုတ်ခဲ့တော့..”ကျင်းကျန်းအော်ဟစ်လိုက်သည်။
အားလုံး ဆွံ့အသွားရသည်။ လျှပ်စီးအတိဒုက္ခကို ဆင့်ခေါ်နိုင်တဲ့သူတကယ်ရှိတာလား..
ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ဤပညာကိုပိုင်ဆိုင်ထားသည်နှင့် ဤမိုးကောင်းကင်အောက်တွင် မည်သူကများ သူတို့နှင့် ယှဉ်နိုင်တော့မည်နည်း .. အားလုံး ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မည်။
အပိုင်း ၁၅၉၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၆ – ကောင်းကင်ဘုံအား ထိန်းချုပ်ခြင်း
လျှပ်စီးအတိဒုက္ခကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဘယ်လောက်တောင် မယုံကြည်နိုင်စရာကောင်းတဲ့ကိစ္စလဲ..
ဤသည်မှာ သဘာဝ၏စွမ်းအား၊ ကောင်းကင်၏ခွန်အားပင်ဖြစ်သည်။ ဤသည်မှာ ကျင့်ကြံသူတစ်ဦး၏ဦးခေါင်းထက်၌ သေမင်းဓားတစ်လက်ရှိနေသကဲ့သို့ပင်။ ထိုဓားကျလာသည်နှင့် သူတို့ကို ခုတ်ချသွားလိမ့်မည်။
ယခု ကောင်းကင်အတိဒုက္ခကို နှိုးဆွနေသည့်သူတစ်ဦး ပေါ်လာလေပြီ။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေနိုင်သည့် ကိစ္စကြီးတစ်ခုပင်။ ဤသည်မှာ လောကကြီးကို အုပ်ချုပ်ခွင့်ရထားခြင်းပင်။ ကောင်းကင်အပြစ်ပေးခြင်းကို ဆုတ်ကိုင်ထားသည်နှင့် ဤလောကတွင် ရှိနေသည့် သတ္တဝါအားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။
“မဖြစ်နိုင်တာ .. ငါမယုံဘူး..” ကျင်းကျီဖိန်း မှောင်မဲစွာ ပြောလိုက်သည်။ သူ တံဆိပ်များကို ပြုလုပ်လိုက်ပြီး သူ့တစ်ကိုယ်လုံးလည်း တောက်ပလာသည်။
ရှီဟောင်၏ဦးခေါင်းထက်တွင် လျှပ်စီးရေတံခွန်တစ်ခု စီးကျလာကာ ရှီဟောင်၏ပတ်လည်ကို ပို၍ထူးဆန်းသွားစေသည်။
ထို့နောက် လျှပ်စီးများသည် အဆုံးမရှိသည့် လှိုင်းလုံးများကဲ့သို့ ကောင်းကင်တစ်ခုလုံးကို တောက်ပသွားစေသည်။
ရှီဟောင်သည် ထာဝရစစ်နတ်ဘုရားတစ်ပါးကဲ့သို့ လျှပ်စီးပင်လယ်ထဲ၌ ရပ်နေသည်။
“ဒီလိုမျိုးလာလုပ်ပြနေတယ် … မင်းလိုလူမျိုးက လျှပ်စီးအတိဒုက္ခကို နားလည်မယ်လို့ထင်နေတာလား .. မင်းက အာကာသအရှင်ကို ကိုယ်စားပြုတဲ့သူလို့ ထင်နေတာလား.. သေလိုက်တော့…” ကျင်းကျီဖိန်း အော်ဟစ်လိုက်သည်။
သူ၏လက်များကို လှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မျက်နှာပြင်ရှိ ရွှေရောင်အလင်းများ ပို၍တောက်ပလာကာ ထာဝရတာအိုအော်ရာလည်း လေထဲ၌ ပျံ့လွင့်လာသည်။ ဤသည်မှာ ထာဝရဗာဂျာ ဤလောကထဲ၌ နောက်တစ်ကြိမ် ပြန်ပေါ်လာသကဲ့သို့ပင်။
“ပြန်ရှင်သန်မယ် .. ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ ဘိုးဘေးတွေရဲ့ ထာဝရသွေး .. ပြိုင်ဘက်ကင်းတဲ့ ထာဝရတာအိုမှော်တံဆိပ်ကို နှိုးဆော်ပြီးတော့ ရန်သူတွေအားလုံးကို သတ်ပေးမယ်..”
ကျင်းကျီဖိန်း၏အသံမှာ မြေအောက်လောကမှ လာသကဲ့သို့ အလွန်ထူးဆန်းလှသည်။ သူသည် ရှေးဟောင်းမန္တန်တစ်ခုကို ရွတ်ဆိုတာ သက်ရှိတစ်ကောင်ကို ဆင့်ခေါ်နေသကဲ့သို့ပင်။
ရှီဟောင် ကောင်းကင်အတိဒုက္ခအား ထိန်းချုပ်နိုင်သည်ကို မယုံဘူးဟု ပြောနေသော်လည်း သူ၏စိတ်ထဲ၌ တုန်လှုပ်နေဆဲဖြစ်ပြီး တစ်ဖက်လူအား အထင်မသေးရဲ။ ထိုအစား သူ့ကလန်၏ ကန့်သတ်ထားသည့်စွမ်းအားကို အသုံးပြုလိုက်သည်။
ဝူး..
ဂါးဒီးယန်းနတ်ဘုရားတစ်ပါး ဟစ်ကြွေးလာသည်။ သူသည် အလင်းမှုန်များစွာဖြင့် ကျင်းကျီဖိန်း၏ခန္ဓာကိုယ်နှင့် ဆက်သွယ်ထား၏။ ဤသည်မှာ ရှေးဟောင်းထာဝရသက်ရှိတစ်ယောက် သေရွာပြန်လာသကဲ့သို့ပင်။
“သွားသေလိုက်တော့..” ကျင်းကျီဖိန်း အော်ဟစ်လိုက်သည်။ သူသည် တတ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုနေခြင်းပင်။
အားလုံးမှာ အသက်ပင် အောင့်ထားမိကြသည်။ ဤတိုက်ပွဲမှာ အရေးကြီးဆုံးအပိုင်းသို့ ရောက်လာလေပြီ။
“သွား..”
ထိုအချိန်တွင် ရှီဟောင် တီးတိုးအော်ဟစ်ကာ လက်မြှောက်ပြီး လက်ညှိုးထိုးလိုက်သည်။ ဤသည်မှာ ခြိမ်းခြောက်သည့်အော်ရာမရှိသော်လည်း ဖော်ပြ၍မရနိုင်သည့် လွှမ်းမိုးမှုတစ်မျိုးရှိနေသည်။
သူလက်ညှိးထိုးလိုက်သည်နှင့် သူ၏အနောက်ဘက်မှ လျှပ်စီးလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ခွပ်..
ဤကဲ့သို့သော လျှပ်စီးမှာ ကြောက်စရာကောင်းလှပြီး အားလုံး၏ဝိညာဉ်ကိုတုန်လှုပ်သွားစေသည်။ ရောင်စုံလျှပ်စီးများစွာ ထွက်ပေါ်လာပြီး ကျင်းကျီဖိန်းအား မျက်နှာချင်းဆိုင်လာသည်။
သန့်စင်ကာ မြင့်မြတ်သည့် ရွှေရောင်မိုးကြိုး၊ အေးစက်ကာ မှုန်မှိုင်းသည့် အနက်ရောင်မိုးကြိုး၊ မြင့်မြတ်သည့်ခရမ်းရောင်လျှပ်စီး၊ ကျောချမ်းစရာကောင်းသည့် ငွေရောင်လျှပ်စီး၊ ထူးဆန်းသည့် သွေးရောင်လျှပ်စီး .. ဤလျှပ်စီးများအားလုံး ရောယှက်သွားကာ ကြောက်စရာကောင်းသည့်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
ဝုန်း..
ကျင်းကျီဖိန်း၏ မှော်တံဆိပ်များ ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ထဲတွင် ထာဝရအလင်းများ ဝေ့ဝဲလာပြီး မှုန်ဝါးသည့်နတ်ဗဟိုချက်တစ်ခုဖြစ်လာသည်။
ဤတိုက်ခိုက်မှုမှာ ကောင်းကင်ပြင်ကြီးကိုပင် ပေါက်ကွဲသွားစေသည်။
ကျင်းကျီဖိန်း၏ မှော်တံဆိပ်များမှာ တောင်တစ်လုံးကဲ့သို့ လေးလံကာ ခမ်းနားလှသည်။ ထိုတံဆိပ်များသည် ဆက်တိုက်ပင် ကြီးမားလာကာ ရှီဟောင်ထံသို့ ဦးတည်သွားသည်။
သို့သော်လည်း ရောင်စုံလျှပ်စီးမြစ်နှင့် တွေ့သည့်အချိန်တွင် အရာအားလုံး ပြောင်းလဲသွားသည်။
“အား..”
လူများစွာ အော်ဟစ်လာကြ၏။ အဘယ်ကြောင့်ဆိုသော် အလင်းများမှာ တောက်ပလွန်းသောကြောင့် သူတို့မျက်လုံးများပင် နာကျင်လာရသည်။
ခဏကြာပြီးနောက် လူငယ်ကျင့်ကြံသူအချို့၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ လျှပ်စီးအလင်းတန်းနှင့် ထာဝရတာအိုတံဆိပ်၏ အလင်းကြောင့် သူတို့မျက်လုံးများ လောင်ကျွမ်းသွားကာ ဒဏ်ရာရရှိသွားကြသည်။
“မဖြစ်နိုင်တာ..” လျှပ်စီးထဲမှ ကျင်းကျီဖိန်း တီးတိုးရေရွတ်လိုက်သည်။ လျှပ်စစ်အလင်းတန်းများကြောင့် သူ့ခန္ဓာကိုယ် လောင်ကျွှမ်းနေပြီး သူ့တစ်ကိုယ်လုံး အလွန်နာကျင်နေလေပြီ။
“အား..” ခဏကြာပြီးနောက် ကျင်းကျီဖိန်း အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏မှော်ခန္ဓာကိုယ်နှင့် ရင်ဆိုင်ရန်အတွက် အထူးပြုလုပ်ထားသည့် ကောင်းကင်အတိဒုက္ခ အစစ်ပင်။
သာမန်လျှပ်စီးမှာ ကျင့်ကြံသူများစွာ သုံးနိုင်သည့်အရာပင်။
ရှေးဟောင်းရှန်းနီ၊ လျှပ်စီးလုအန်နှင့် အခြားသတ္တဝါတို့သည် ရန်သူအားလုံးကို ဖျက်ဆီးရန်အတွက် အလွန်ထူးဆန်းနက်နဲသည့်လျှပ်စီးများ ဖန်တီးနိုင်ကြသည်။ သူတို့သည် လျှပ်စီးတာအိုနည်းလမ်းများ၌ အလွန်ကျွမ်းကျင်ကြသည်။
သို့သော်လည်း ထိုကဲ့သို့သော လျှပ်စီးမျိုးမှာ ကောင်းကင်အတိဒုက္ခနှင့် လုံးဝကွာခြာသည်။ ယခု လျှပ်စီးမှာ မယုံကြည်နိုင်လောက်အောင်ပင်။
အား..
ကျင်းကျီဖိန်းအော်ဟစ်ကာ နာကျင်မှုကို အံကြိတ်ခံလိုက်သည်။ ကောင်းကင်အတိဒုက္ခမှာ ရှောင်ပြေး၍မရပေ။ မည်မျှပင် ကြိုးစားပြေးနေပါစေ လျှပ်စီးများမှာ သင့်အား ရှာတွေ့မည်ပင်။
ဤသည်မှာ ကောင်းကင်အတိဒုက္ခနှင့် အခြား လျှပ်စီးတာအိုအဖိုးတန်ပညာများကြားမှ ကွာခြားချက်ပင်။
လျှပ်စီးများမှာ လှိုင်းတစ်ခုအသွင်ပြောင်းသွားပြီး တစ်စင်းပြီးတစ်စင်း ထိုးဆင်းလာသည်။ လျှပ်စီးများမှာ ကျင်းကျီဖိန်းထံသို့ ဆက်တိုက်ပင် ကျရောက်လာသည်။
သူ့တစ်ကိုယ်လုံး မည်းတူးနေပြီဖြစ်ပြီး မီးသွေးတုံးကဲ့သို့ ဖြစ်နေလေပြီ.
ကြည့်နေကြသည့် လူငယ်ကျင့်ကြံသူများအားလုံး စိတ်ထဲ၌ တုန်လှုပ်သွားရသည်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခအစစ်ပင်။ တစ်ယောက်ယောက်မှ ဤအဆင့်ထိရောက်အောင် လုပ်နိုင်ခြင်းမှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။
ဟွမ် မည်မျှထူးခြားသည်ကို အားလုံး နားလည်သွားလေပြီ။ သူသည် ကောင်းကင်အတိဒုက္ခကိုပင် ပိုင်ဆိုင်ထားသောကြောင့် တစ်ဖက်လောကမှအဆင့်လွန်လူငယ် ၁၀ ယောက်ကို သတ်နိုင်သည်မှာ အံ့ဩစရာမရှိတော့။
လက်ရှိလောကတွင် သာမန်လူများမှာ အတိဒုက္ခကို မဖြတ်နိုင်ကြ။ ဤသည်မှာ သူတို့မသန်မာသောကြောင့်မဟုတ်။ အတိဒုက္ခ မရောက်လာခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ထာဝရရှေးဟောင်းခေတ်မှ စစ်ပွဲပြီးသည့်နောက်တွင် ဤလောကကြီးသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအဖြစ်သို့ ပြောင်းလဲသွားကာ လျှပ်စီးအတိဒုက္ခလည်း ပျောက်ကွယ်သွားသည်။
ဤသည်မှာ ကြည့်လိုက်လျှင် ကျင့်ကြံသူများအတွက် ကောင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ ဤသည်မှာ ဆုတ်ယုတ်လာခြင်း၏ လက္ခဏာပင်။ ဤသည်မှာ သက်ရှိအားလုံး၏ ကြီးထွားမှုကို နှေးကျစေပြီး သူတို့ ရောက်သင့်သလောက် မရောက်တော့ပေ။
အခက်အခဲများကို ဖြတ်ကျော်ပြီးမှ ပို၍သန်မာလိမ့်မည်။ အတိဒုက္ခစစ်ဆေးမှုမရှိပါက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အားနည်းသွားလိမ့်မည်။
ဤလောကတွင် အတိဒုက္ခကို ဆင့်ခေါ်နိုင်သည့် နည်းလမ်းများကို ရှာဖွေရန် ကြိုးစားသည့်သူများ ရှိသည်ပင်။ ထိုသို့လုပ်သည့်နည်းလမ်းများလည်း ရှိသော်လည်း ထိုလူမှာ လုံလုံလောက်လောက်စွမ်းအားကြီးနေရန် လိုအပ်သည်။ မဟုတ်ပါက ရလဒ်များမှာ အလွန်ဆိုးရွားသွားလိမ့်မည်ပင်။ အဘယ်ကြောင့်ဆိုသော် မရှိသင့်သည့် ကောင်းကင်အတိဒုက္ခအား ဆင့်ခေါ်လိုက်သောကြောင့် ဤသည်မှာ အမျိုးအမည်မသိသည့်အရာများ၏ ဒေါသကို ဆွသလိုဖြစ်သွားကာ ကိုင်တွယ်နိုင်သည့် လျှပ်စီးထက် ပိုများလာစေနိုင်သည်။
ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် အတူတူပင်ဖြစ်သည်ဟု ပြော၍ရသည်။
ဤသည်ကို ဖြတ်ကျော်နိုင်သည့် လူများများစားစားမရှိ။
ကျင်းကျီဖိန်းသည် မျိုးဆက်တစ်ခု၏ ဂျီးနီးယပ်စ်ဖြစ်သောကြောင့် သူ အတိဒုက္ခကို ယခင်က စမ်းကြည့်ဖူးသည်ပင်။ သူ့တစ်ကိုယ်လုံး မည်းနက်သွားသော်လည်း ကံကောင်းစွာဖြင့် သူအသက်ရှင်နိုင်ခဲ့သည်။ ထို့ကြောင့် ဤသည်မှာ မည်မျှကြောက်စရာကောင်းမှန်းသူသိသည်ပင်။
အထူးသဖြင့် သူ၏ခွန်အားကြီးမားလာသည်နှင့် သူကြုံတွေ့ရမည့် လျှပ်စီးအတိဒုက္ခလည်း ပို၍ကြောက်စရာကောင်းလာလိမ့်မည်။ သူစွမ်းအားကြီးလေလေ တည်ငြိမ်စွာ ဖြတ်ကျော်ရန် ခက်ခဲလေလေပင်။
ကိုယ်တိုင်ခစားခြင်းနယ်ပယ်ပြီးလျှင် သူ လျှပ်စီးအတိဒုက္ခကို အန္တရာယ်ကင်းကင်းဖြင့် ဖြတ်ကျော်နိုင်မည့်နည်းလမ်းမရှိ။ သူ သေလိမ့်မည်။
“ဦးလေး .. ထာဝရသွေးကို မြန်မြန် အသက်သွင်းလိုက်တော့ .. တွေဝေမနေနဲ့ .. အဲဒီသွေးကို အပြည့်အဝ အသက်သွင်းလိုက်..” ကျင်းကျီအနောက်ဘက်မှ အော်ဟစ်လိုက်သည်။ သူ့ဦးလေး ဤနေရာ၌ အသတ်ခံရမည်ကို သူကြောက်မိသည်။
သို့သော်လည်း ဤသို့ပြုလုပ်သည်မှာ များစွာပေးဆပ်ရခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူအသုံးပြုရမည်မှာ ထာဝရတာအိုဘိုးဘေးများ လက်ဆင့်ကမ်းလာသည့် သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အကောင်းဆုံးသွေးစွမ်းအင်များပင်။
ထာဝရသွေးအနည်းငယ်မှာ နည်းပါးလှသော်လည်း ကောင်းကင်ကိုတွန်းလှန်နိုင်သည့် အချို့ပုဂ္ဂိုလ်များအတွက်မူ ဤသည်မှာ သူတို့အသက်ထက်ပင် အရေးကြီးသည်။
ထိုသွေးကို အသက်သွင်းလိုက်သည်နှင့် ဤသွေးများ လောင်ကျွမ်းသွားကာ အနည်းဆုံးတော့ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်မည်ပင်။
ကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် ဖျားနာမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သေမျိုးလောကနှင့် ကင်းကွာသွားပြီဖြစ်သည်။ သူတို့ဤကဲ့သို့ ဖျားနာလျှင် သူတို့ခန္ဓာကိုယ်၌ ဆိုးရွားသည့်အရာတစ်ခုခုဖြစ်နေပြီး နတ်စွမ်းအားများ အားနည်းကာ ဝိညာဉ်စွမ်းအားများ ကျဆင်းနေသောကြောင့်ပင်။ ထို့အပြင် အရိုးများ၊ အရွတ်များနှင့် အခြားအရာများလည်း ဖျက်ဆီးခံထားရလိမ့်မည်။
ထာဝရသွေးမှာ ကောင်းကင်ကိုတွန်းလှန်နိုင်သည့် အကြောင်းရင်းများထဲမှ တစ်ခုပင်။ ထိုသွေးကို ဆုံးရှုံးလိုက်ရသည်နှင့် အကျိုးဆက်မှာ ကြီးမားလှလိမ့်မည်။
“ဟွမ် .. မင်းငါ့ကို ဒေါသထွက်အောင်လုပ်တယ်..”ကျင်းကျီဖိန်း ဒဏ်ရာရနေသည့်သားရဲကဲ့သို့ အော်ဟစ်လာသည်။ သူသည် လက်မြှောက်ကာ သူ၏ရင်ဘတ်ကို ရိုက်ချလိုက်လေ၏။
ယခုတစ်ခေါက်တွင် သူ့တစ်ကိုယ်လုံးမှ ထူးဆန်းသည့် ရောင်စုံအလင်းပျောက်များ စီးဆင်းလာသည်။ ဤသည်မှာ အသက်ဝင်လာသည့် ထာဝရသွေးများပင်။
ထို့အပြင် ဤသည်မှာ ဤသွေးများကို အသုံးပြုလိုက်ရုံသာမက သူ့အသက်ကို ကယ်ရန်အတွက် ဤသွေးများကို လောင်ကျွမ်းစေလိုက်ခြင်းပင်။
ရွှီး..
ထိုအချိန်တွင် ကျင်းကျီဖိန်း၏ ခန္ဓာကိုယ်မှာ ရာပေါင်းများစွာထွက်ပေါ်လာကာ ထူးဆန်းသည့်နတ်ဝတ်စုံတစ်ခုကဲ့သို့ စုစည်းသွားပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအပ်သွားသည်။
အားလုံး ဆွံ့အသွားရသည်။ ထာဝရဗာဂျာမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူတို့ထံတွင် ဤကဲ့သို့ ထူးဆန်းသည့်နည်းလမ်းများပင် ရှိနေသည်။ ထာဝရသွေးကိုပင် ဆင့်ခေါ်ပြီး ဤပုံစံ ပြောင်း၍ရသည်။
ဝုန်း..
ထိုအချိန်တွင် ကျရောက်လာသည့် လျှပ်စီးများမှာ ထိုနတ်ဝတ်စုံဖြင့် တားဆီးခြင်းခံလိုက်ရကာ ကျင်းကျီဖိန်းခန္ဓာကိုယ်ကို မထိခိုက်နိုင်တော့။ သူ၏မည်းတူးနေသည့် ခန္ဓာကိုယ်ကို တည်ငြိမ်သွားစေသည်။
“ဟွမ် .. ငါ့ကို ယှဉ်ဖို့ မင်းဘာတွေ ထပ်ထုတ်လာဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ကျင်းကျီဖိန်း ဒေါတသကြီး အော်ဟစ်လိုက်သည်။ လျှပ်စီးများမှာ ထာဝရမီးတောက်များကဲ့သို့ သူ့အားလောင်ကျွမ်းနေသည်။
အားလုံး ထိတ်လန့်သွားရ၏။ သူ့ကိုဖုံးအုပ်ထားသည့် ထိုနတ်အဝတ်အစားများမှာ ထူးဆန်းလှသည်။ လျှပ်စီးကို ပြန်တွန်းကန်ကာ ကောင်းကင်အတိဒုက္ခအား ရပ်တန့်သွားစေသည်။ လျှပ်စီးများ သူ့အပေါ်သို့ ကျရောက်လာသော်လည်း ထိုလျှပ်စီးများ ပျက်ပြယ်သွားသည်။
ထိုအခိုက်အတန့်တွင် ကျင်းကျီဖိန်း လုံခြုံသွားလေပြီ။ ကောင်းကင်အတိဒုက္ခမှ သူ့အား မတိုက်စားနိုင်တော့။
ကောင်းကင်အတိဒုက္ခကိုတောင် တွန်းကန်နိုင်တာလား .. ဤသည်မှာ စိတ်ကူးယဉ်ဆန်လွန်းလှသည်။
“ငါ မင်းကို သတ်မယ်..” ယခုတစ်ခေါက်တွင်တော့ ကျင်းကျီဖိန်းသည် တစ်ကိုယ်လုံး မည်းတူးနေသော်လည်း သူရှီဟောင်ထံသို့ ခုန်ထွက်လာဆဲပင်။
“သတိထား..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
“မျက်နှာမလိုချင်တော့တဲ့လူ .. ကိုယ်တိုင်ခစားခြင်းနယ်ပယ်က လူအိုကြီးက လူငယ်လေးကို အနိုင်ကျင့်နေတယ် .. ဟွမ် မြန်မြန်ရှောင်..” လကျောက်စိမ်းယုန်လည်း ရောက်လာသည့် ဤမြင်ကွင်းကို မြင်လိုက်ရကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အော်ဟစ်သတိပေးသည့် အခြားသူများလည်း ရှိနေသည်ပင်။
ရှီဟောင်နှင့်ရင်းနှီးသည့်သူများမှာ ရှီဟောင်အား အလွန်စိုးရိမ်နေကြသည်ပင်။ ကျင်းကျီဖိန်းသည် ကောင်းကင်အတိဒုက္ခကိုပင် ရှောင်ရှားနိုင်ပြီး သူသည် သူ၏ထာဝရသွေးကိုပင် တောက်လောင်စေခဲ့သည်။
ဤသည်မှာ ရှီဟောင်အတွက် အလွန်အန္တရာယ်များသည်မှာ သိသာလှသည်။
ရှီဟောင် လျှပ်စီးပင်လယ်ထဲတွင် ရပ်နေပြီး သူ့တစ်ကိုယ်လုံးလည်း တောက်ပနေသည်။ ဤသည်မှာ ဤလောကထဲသို့ ထာဝရသက်ရှိအစစ် ဆင်းသက်လာသကဲ့သို့ပင်။
သူသည် နည်းနည်းလေးမှပင် ထိတ်လန့်မသွားပဲ အလွန် အေးချမ်းနေဆဲဖြစ်ပြီး ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေဆဲပင်။
“ကောင်းကင်အတိဒုက္ခဆိုတာ ဘယ်သက်ရှိမှ မလွတ်မြောက်နိုင်တဲ့အရာ … ခင်ဗျား .. အတိဒုက္ခကို လာပြီးတော့ ရင်ဆိုင် .. ခင်ဗျား မဖြတ်နိုင်ရင် သေမျိုးလောကက အဝါရောင်မြေကြီးထဲကို ပြန်သွားလိုက်..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သူလက်မြှောက်ကာ လက်ညှိုးထိုးလိုက်သည်။ ကောင်းကင်အတိဒုက္ခများ ရောက်လာကာ ကျင်းကျီဖိန်း၏ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေဆဲပင်။
ကျင်းကျီဖိန်း အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ သို့သော်လည်း သူသည် လျင်မြန်စွာပင် တည်ငြိမ်သွားကာ ဟစ်ကြွေးလိုက်သည်။ “ဒါက ငါ့အတွက် အလုပ်မဖြစ်ဘူး .. ငါ့ကိုထိခိုက်အောင် မလုပ်နိုင်ဘူး .. မင်းမှာတစ်ခြားနည်းလမ်းရှိသေးးလား ..” ထိုအချိန်တွင် သူ၏အမူအရာ အေးစက်သွားပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။ “ငါမင်းကို နောက်ဘဝ ပို့ပေးမယ်..”
“ကောင်းကင်အတိဒုက္ခကို အထင်သေးတဲ့သူတွေအားလုံးကို သေခြင်းတရားက စောင့်ကြိုနေတယ်..” ရှီဟောင် ပြောလိုက်သည်။
ဝုန်း..
ခပ်ဝေးဝေးရှိ လျှပ်စီးတိမ်တိုက် ပေါက်ကွဲသွားကာ ရှေးကျကာ ရိုးရှင်းသည့် ကန်တစ်ခု ဖြစ်ပေါ်လာသည်။ ဤကန်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ရှိနေသကဲ့သို့ ပြောင်းလဲမှုအော်ရာများ ပေါက်ကွဲထွက်နေသည်။
“လျှပ်စီးရေကန် .. ဒါပေမဲ့ ရေကန်က ခြောက်နေပြီ လျှပ်စီးအတိဒုက္ခရည် မရှိတော့ဘူး..” လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤကဲ့သို့သော ဒဏ္ဍာရီလာပစ္စည်း ပေါ်လာလေပြီ။
“သိမ်းမယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။ လျှပ်စီးရေကန် တောက်ပလာကာ စွမ်းအားလှိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ကျင်းကျီဖိန်းအား စုတ်ယူသွားလေသည်။
“အား .. မဟုတ်ဘူး..” ကျင်းကျီဖိန်း အော်ဟစ်ရုန်းကန်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် နတ်အဝတ်အစားများ ပျက်စီးပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။ သူသည် နောက်တစ်ကြိမ် လျှပ်စီးဖြင့် ပစ်ချခံလိုက်ရသည်။
ရှီဟောင် လျှပ်စီးရေကန်ဘေးသို့ ရောက်လာသည်။ သူ၏ညာလက်တွင် ဓားရှည်အဖြစ်သို့ ပြောင်းလဲသွားသည့် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် လျှပ်စီးစစ်ဓားကို ကိုင်ကာ အော်ဘက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဖူးဟူသည့်အသံနှင့်အတူ ကျင်းကျီဖိန်း ခေါင်းပြတ်သွားကာ သွေးများပန်းထွက်လာသည်။
“အိုးတစ်လုံးရှာ .. သူက လူသားမဟုတ်ရင် သူ့ကို ဆားရည်စိမ် ပစ်..” ရှီဟောင်ပြောလိုက်သည်။
အပိုင်း ၁၅၉၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၇ – ဆန့်ကျင်ဘက်
ကျင်းကျီဖိန်း ဤကဲ့သို့ ခေါင်းဖြတ်ခံလိုက်ရခြင်းမှာ အားလုံးကို ခေါင်းကိုက်သွားစေသည်။ ကောင်းကင်ကို တွန်းလှန်နိုင်သည့် ပုဂ္ဂိုလ်တစ်ယောက် ဤကဲ့သို့ ခေါင်းဖြတ်ခံလိုက်ရခြင်းမှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။
ရှီဟောင်သည် လျှပ်စီးကြောင့် အနည်းငယ်မည်းတူးနေသည့် ခေါင်းတစ်လုံးကိုကိုင်ထားသည်။ ထိုခေါင်းမှ ဆံပင်များ ရှုပ်ပွနေကာ သွေးများလည်း စီးကျနေသည်။
ဤမြင်ကွင်းမှာ လူငယ်ကျင့်ကြံသူများကို အတော်လေး ထိတ်လန့်သွားစေသည်။ ကျင်းကျီဖိန်းမှာ မည်မျှပင် ထူးခြားသည့်သူဖြစ်သနည်း .. သူသည် လတ်တလောတွင် နာမည်ကြီးနေသည့် ကျင်းမိသားစုမှ လူငယ်ကျွမ်းကျင်သူပင်။ သူသည် လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းခဲ့သော်လည်း ယနေ့တွင်တော့ ခေါင်းဖြတ်ခံလိုက်ရကာ ရှုံးသွားလေပြီ။
သို့သော်လည်း ကျင်းကျီဖိန်းခန္ဓာကိုယ်အား ချက်စားရန် ယဇ်ပုလ္လင်တစ်ခု ရှာမည်ဟု ပြောလိုက်ခြင်းမှာ သူ၏သူရဲကောင်းပုံရိပ်အား အနည်းငယ် ပျက်စီးသွားစေသည်။
အား.. ကျင်းကျန်းအော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှ အရိုးစာသားများ ထွက်ပေါ်လာသည်။ ဤသည်မှာ တာအိုပန်းပွင့်များ ထွက်ပေါ်လာသကဲ့သို့ ကြောက်စရာကောင်းလှသည်။
သူသည် အရှေ့တက်ကာ ရှီဟောင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“သူ့ကို အသေသတ်အောင် ဖိအားမပေးနဲ့ .. ဦးလေးရှစ်က အခုထိ မသေသေးဘူး..” ဝမ်ရှီး တီးတိုးပြောလိုက်သည်။
ကျင်းကျန်းမှာ သူသွားချင်သည့်နေရာတိုင်းကို အဆီးအတားမရှိသွားနိုင်သည့် ဤမျိုးဆက်၏ ကောင်းကင်သားတော်ပင်။ သို့သော်လည်း သူယခု မြင်နေရသည်မှာ တစ်စုံတစ်ယောက်မှ သူ့ဦးလေးကို ခေါင်းဖြတ်လိုက်သည့်မြင်ကွင်းပင်။
“ဟေး .. ငါ့မှာအိုးတစ်လုံးရှိတော့ .. အသားစနှပ်တော့ .. သူက အသက်ကြီးနေပြီဆိုတော့ ဒီလိုအသားမျိုးက အရမ်းရှားတယ် .. အဲဒီတော့ ငါတို့အသားကို ခွဲစားရမယ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။
ထို့နောက် ရွှီးဟူသည့်အသံနှင့်အတူ အိုးတစ်လုံး လွင့်လာသည်။
“ငါ့မှာလည်းတစ်လုံးရှိတယ် .. ဒါက ဆိုဒ်ကြီးကျောက်စိမ်းအိုး .. ကိုယ်တိုင်ခစားခြင်းနယ်ပယ်နတ်အသားကို ပြင်ဖို့အတွက် အသင့်တော်ဆုံးပဲ..” လကျောက်စိမ်းယုန်လည်း အော်ဟစ်လာကာ သူမ၏ခွန်အားဖြင့် ကျောက်အိုးကြီးတစ်လုံးကို ပစ်ပေးလိုက်လေ၏။
သူမသည် မိန်းမငယ်လေးသာဖြစ်သေးသော်လည်း သူမ၏ ပုံစံမှာ သန့်စင်ကာ အပြစ်ကင်းသည့်ပုံစံမဟုတ်။
ဤလူများကို မြင်သည်နှင့် အားလုံး ဆွံ့အသွားကြရသည်။ ကျင်းကျီဖိန်း၏ ကံဆိုးမှုအတွက် သူတို့တစ်ခဏခန့် တိတ်ဆိတ်ပေးလိုက်ကြသည်။ သူသည်ဟွမ်ကို သတ်ချင်သော်လည်း ယခုတော့ အစားအစာဖြစ် သတ်မှတ်ခံနေရလေပြီ။
“ခင်ဗျားက လူသားဟုတ်လားမဟုတ်ဘူးလား .. ခင်ဗျားကို ကြည့်ရတာ ကျုပ်ကို နည်းနည်းတော့ စိတ်ဓာတ်ကျစေတယ် .. သူ့ရဲ့မူလပုံစံဖြစ်အောင် မြင်မြန်လုပ်လိုက် .. သူက မြင်းလား လား,လားဆိုတာ ကြည့်ရအောင်..” ချောင်ယုရှင်းလည်း ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ကျင်းမိသားစုနှင့် ဝမ်မိသားစုကို အလွန်မကျေမနပ်ဖြစ်နေကြသည်ပင်။ ဤကလန်နှစ်ခုမှာ ရှီဟောင်အား ဆန့်ကျင်ကာ သူ့အား ဤနေရာ၌ သေစေချင်နေကြသည်။ ယခု သူတို့ကလန်မှ အရေးကြီးသည့်လူကို ဖမ်းမိလိုက်သောကြောင့် သူတို့ မလှောင်ရယ်ပဲနေမည်မဟုတ်။
“သေချင်နေတာလား..” ကျင်းကျန်း အော်ဟစ်လိုက်သည်။ သူ မတည်ငြိမ်ုနိင်တော့။
ယခုအချိန်တွင် သူဤလူများကို ဖိနှိပ်ကာ ရှီဟောင်နှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်မိသည်။
ဖုန်း..
ထိုအချိန်တွင် အကြီးအကဲတစ်ယောက်ပေါ်လာကာ သူ့လက်မောင်းအား ဆုတ်ကိုင်လိုက်သည်။ “မင်း တိုက်လို့မရဘူး… ဘာလို့လဲဆိုတော့ မင်းမှာ အရှုံးပွဲရှိလို့မရဘူး .. အနိုင်ပဲရှိရမယ် .. မင်း လူငယ်မျိုးဆက်မှာ နံပါတ်တစ် မသေမျိုးရွှေရောင်ခန္ဓာကိုယ်ရအောင် လုပ်ရမယ်..”
“ဦးလေးဆယ့်နှစ်..” ဝမ်ရှီး ပြောလိုက်ကာ အရိုအသေပေးလိုက်သည်။
ဤသည်မှာ ဝမ်မိသားစုမှလူပင်။ သူတို့ကလန်၏ တိုက်ရိုက်မျိုးဆက်များမှာ အလွန်ခွန်အားကြီးကြသည်ပင်။ ကျင်းကျန်းကို တားဆီးရန် သူကိုယ်တိုင် ရောက်လာခြင်းပင်။
ကလန်နှစ်ခုမှာ ရှီဟောင်အား အာရုံစိုက်ထားသည်မှာ သိသာသည်။ မဟုတ်ပါက သူဤမျှမြန်မြန် ရောက်လာစရာအကြောင်းမရှိ။
ကျင်းကျန်း၏အမူအရာမှာ မကျေမနပ်ဖြစ်သွားသည်။ “ကျွန်တော် သူ့ကို ကြောက်နေမယ်လို့ စီနီယာ ထင်နေတာလား..”
“အဖိုးတန်တဲ့လူငယ်လေး မင်းမှာ ကောင်းကင်ကိုတွန်းလှန်နိုင်တဲ့ ပါရမီတွေရှိတယ်ဆိုတာ ငါသိတယ် .. မင်းကမင်းနဲ့ရွယ်တူတွေကြားမှာ ပြိုင်ဘက်မရှိတဲ့သူပါ.. ဒါပေမဲ့ ဒီဟွမ်ကလည်း စွမ်းအားကြီးတယ် … သူ့ရဲ့ခွန်အားကို မင်းမြင်လိုက်ရမှာပါ .. သူ့မှာ ထာဝရတာအိုအော်ရာတကယ်ရှိနေတယ် .. ကျားနှစ်ကောင်တိုက်ရင် တစ်ကောင်ကတော့ ဒဏ်ရာရမှာပဲ .. မင်းသူ့ကို မင်းသေချာပေါက် နိုင်လိမ့်မယ် .. ဒါပေမဲ့ အဲဒီလိုနိုင်ဖို့အတွက် မင်းပေးဆပ်ရမယ်ဆိုရင် မတန်တော့ဘူး..” ထိုအကြီးအကဲရှင်းပြလိုက်သည်။
“အခု မတိုက်နဲ့ဦး..” ဝမ်ရှီးလည်း အကြံပေးလိုက်သည်။
ကလန်နှစ်ခုပေါင်းကာ ကျင်းကျန်းအား လူငယ်မျိုးဆက်၏ နံပါတ်တစ်ဖြစ်အောင် လုပ်ချင်နေခြင်းပင်။ သူ့နာမည်ကိုအသုံးချကာ လူငယ်မျိုးဆက်များကို အုပ်ချုပ်မည်။ ထို့နောက် ဤသည်ကို အကြောင်းပြချက်အနေဖြင့် အသုံးပြုကာ ကောင်းကင်ဘုံကိုးခုကို အမိန့်ပေးမည်ပင်။
ယခုအချိန်တွင် ကျင်းကျန်းအမှားလုပ်၍မရ။ သူရှုံး၍မရ။
ရှီဟောင် မည်ကဲ့သို့ လုပ်ပြသွားသည်ကို အားလုံးမြင်နိုင်သည်ပင်။ ဤသည်မှာ ယခင်က သူတို့ကောက်ချက်ချထားသည်ထက် ပို၍ကြောက်စရာကောင်းလွန်းနေသည်။ ကျင်းကျန်းသာ တက်သွားပါက သူမနိုင်လောက်။
“ဝါးဟားဟား .. ကလေးကြီးကျသွားတော့ အခု တကယ့်လူအိုကြီးအစစ်ရောက်လာပြီ .. ဒါက လူငယ်မျိုးဆက်တွေ့ဆုံပွဲရော ဟုတ်သေးရဲ့လား .. လူအိုတွေတောင် ပြိုင်ကြမှာလို့တော့ မပြောနဲ့နော်..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။
လေထုမှာ အစကတည်းက အလွန်တင်းမာနေသော်လည်း ဤစကားကိုကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ကြိတ်ရယ်လိုက်ကြသည်။
ဝမ်မိသားစုနှင့် ကျင်းမိသားစုမှလူများ၏ အမူအရာမှာ သိပ်မကောင်းတော့။ သူမကို အေးစက်စွာ စိုက်ကြည့်နေကြသည်။
“အဖိုးတန်တဲ့လူငယ်လေး မင်း ဒေါသထွက်စရာမလိုဘူး .. ငါတောင် ဒေါသမထွက်တာ မင်းလည်း တည်ငြိမ်နေရမယ်..” အကြီးအကဲတစ်ယောက် ပြောလိုက်သည်။
ကျင်းကျန်း၏မျက်နှာမှာ အလွန်မည်းမှောင်နေလေ၏။ “ကျွန်တော် အခု ဟွမ်ကိုတကယ်သတ်ချင်တယ် .. ကျွန်တော် ဒီလိုယုံကြည်ချက်မျိုးတောင်မရှိရင် လောကကြီးရဲ့ ပြိုင်ဘက်ကင်းနေရာကို ဘာအတွက် တိုက်ခိုက်နေရဦးမှာလဲ..”
သူ့ကလန်မှ ဦးလေး ရှီဟောင်၏ခေါင်းဖြတ်သတ်ခြင်းခံရပြီး ထိုဦးခေါင်းကို ရှီဟောင်ကိုင်ထားသည်အား မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးများ ပို၍အေးစက်လာသည်။
“မလှုပ်နဲ့ ငါသွားမယ်..” ထိုအချိန်တွင် အခြားအကြီးအကဲတစ်ဦး ထွက်ပေါ်လာသ်ည။ ဤသည်မှာ ကျင်းမိသားစုမှလူပင်။
“အဖိုးငါး..”ကျင်းကျန်း အော်ဟစ်လိုက်၏။ ဤလူမှာ သူ၏အဖိုးငါးဖြစ်သလို ကျင်းကျီဖိန်း၏စီနီယာလည်းဖြစ်သည်။ သူဤနေရာသို့ ရောက်လာပြီး သူ၏အမူအရာလည်း အလွန်မည်းမှောင်နေသည်။
“ဝါး .. ဒီနေ့ ဘာဖြစ်နေတာလဲ .. လူအိုကြီးတွေ တွေ့ဆုံပွဲစတော့မှာလား .. ဘာလို့တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာလဲ .. ဒါက ဘယ်လိုတွေ့ဆုံပွဲမျိုးလဲ .. လူအိုကြီးတွေ တိုက်ကြတော့မှာလား ..” ယုန်ဖြူလေး လှောင်ရယ်လိုက်သည်။
“ဟုတ်တယ် .. ငါတို့လည်း ပြန်သွားပြီးတော့ ငါတို့ကလန်က ဦးလေးတွေနဲ့ အဖိုးတွေကို သွားခေါ်လာရင်ရော .. သူတို့ ငါတို့ကို ထိန်းလို့ရတာပေါ့ .. အဲဒါဆိုရင် ငါတို့ ဒီလောကကြီးမှာ လျှောက်သွားလို့ရပြီ .. ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းဖြစ်ပြီ .. ငါတို့ကို ဆန့်ကျင်ရဲတဲ့သူကို အဲဒီအဖေ ဒါမှမဟုတ် အဖိုးတွေက ရှင်းလိမ့်မယ် .. အဲဒါဆိုရင် ငါတို့ ဒီလောကကြီးမှာ အဆင့်လွန်သက်ရှိအနေနဲ့ နေနိုင်ပြီ..” ချောင်ယုရှင်း ပါးစပ်မှာ ဘယ်တုန်းကမှ ကြင်နာသည့်စကားများ မထွက်ခဲ့။
“ဟား ဟား .. အဲဒါဆိုရင် မင်းတို့လည်း မင်းတို့ကလန်ကအဘွားတွေ သွားခေါ်လာခဲ့သင့်တယ် .. အဲဒါဆိုရင် လူစုံသွားတာပေါ့..” ပုရွက်ဆိတ်လေးလည်း ပါဝင်လာသည်။
ဤနေရာတွင် ရယ်သံများထွက်ပေါ်လာ၏။ မည်သူမှ မထိန်းထားနိုင်တော့။
ကျင်းကျန်း၏မျက်နှာမှာ အေးစက်လာ၏။ သူသည် ထိုရယ်နေသည့်သူများကို အေးစက်စွာပင် ကြည့်လိုက်သည်။ ဝမ်ရှီး၏ အမူအရာလည်း အေးစက်နေသည်ပင်။
အကြီးအကဲနှစ်ဦးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဤသည်မှာခွင့်မလွှတ်နိုင်စရာပင်။ သူတို့ ဤနေရာအတွက် ရောက်လာခြင်းဖြစ်သောကြောင့် သူတို့ပြန်ဆုတ်စရာ အကြောင်းမရှိ။
“စီနီယာတို့ ဒီနေ့က လူငယ်မျိုးဆက်တွေရဲ့ တွေ့ဆုံပွဲပါ .. စီနီယာတို့ကို ဖိတ်ထားတယ်လို့ မထင်ဘူး..” ဝိညာဉ်ငါးခုစစ်ရထားလုံးပိုင်ရှင် ချီဟုန်မှ ပြောလိုက်သည်။
ထော်ဂုယုလုံလည်း လျှောက်လာကာ သူ၏သဘောထားကို ပြသလာသည်။ ဤနေရာ ရှုပ်ထွေးသွားမည်ကို သူတို့မလိုလား.. မကောင်းဆိုးဝါးအိုကြီးများကို ဝင်မရှုပ်စေချင်။
“အဖိုးတန်တဲ့လူငယ်လေး .. ဒီကိစ္စကို ဆက်ပြီးတော့ လက်မခံပေးနိုင်တော့ဘူး .. ဟွမ်က မောက်မာလွန်းတယ် .. သူက ငါ့ကလန်က တပည့်ခေါင်းကို ဖြတ်ပစ်မယ် .. ဒါက အညှာအတာကင်းမဲ့နေတဲ့လုပ်ရပ်လို့ သတ်မှတ်လို့၇တယ် .. ငါတို့ ရှင်းပြချက်တစ်ခု လိုအပ်တယ်..”ကျင်းကျန်း၏ အဖိုးငါးမှ ပြောလာသည်။
“ရောင်းရင်းဟွမ် .. ရောင်းရင်း ကျင်းကျီဖိန်းကို ခွင့်လွှတ်ပြီးတော့ သူ့ကို လွှတ်ပေးလို့ရမလား..” ထော်ဂုယုလုံ သက်ညှာမှုတောင်းခံလိုက်သည်။
အားလုံး ရှီဟောင်ကို ကြည့်လိုက်ကြသည်။ လျှပ်စီးပင်လယ်မှာ ပျောက်ကွယ်မသွားသေးပေ။ ထိုနေရာတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး စွမ်းအားပါဝင်သည့် လျှပ်စီးကန်လည်း ရှိနေဆဲပင်။
လျှပ်စီးကန်ထဲတွင် မည်းတူးနေသည့် ကျင်းကျီဖိန်း၏ခန္ဓာကိုယ် ရှိနေသည်။ ထိုခန္ဓာကိုယ်မှာ လျှပ်စီးကန်ကြောင့် ပျက်စီးသွားလေပြီ.
ရှီဟောင် ဆံပင်မှ ဆွဲကိုင်ထားသည့် သူ၏ခေါင်းသာ ကျန်တော့သည်။ သူ၏မျက်နှာထက်တွင် မလိုလားမှုများ၊ ရှက်ရွံ့မှုများ ရှိနေဆဲပင်။ သူ ဤအရှုံးကို လက်မခံနိုင်။
သူ အသက်ရှင်နေဆဲပင်။ သူ၏ဦးခေါင်းရှိနေဆဲဖြစ်သောကြောင့် သူ၏မူလဝိညာဉ်ရှိနေဆဲပင်။ သို့သော်လည်း သူ၏မူလဝိညာဉ်မှာ ဦးခေါင်းခွံထဲတွင် ပိတ်မိနေပြီး ထွက်မပြေးနိုင်တော့။
တစ်ချိန်တည်းမှာပင် သိပ်မဝေးသည့် နေရာတွင် ပုရွက်ဆိတ်လေးနှင့် ယုန်ဖြူလေး ပေးလိုက်သည့် အိုးနှစ်လုံးလည်းရှိနေသည်။
“ငါ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မယ်..”ကျင်းကျီဖိန်း သူ၏ဝိညာဉ်စွမ်းအားဖြင့် အော်ဟစ်လိုက်သည်။
“ခင်ဗျားရဲ့ ခန္ဓာကိုယ်အစစ်ပုံစံကို မြန်မြန်ပြတော့..” ရှီဟောင်မှာ ယဉ်ကျေးမနေပေ။ သူ၏အော်သံကိုကြားလိုက်သည့်အချိန်တွင် သူ၏မျက်နှာကိုနှစ်ချက် ဖြတ်ရိုက်လိုက်သည်။ ရိုက်လိုက်သည့်အသံမှာ ကျယ်လောင်လှသည်။
အားလုံး ဆွံ့အသွားရ၏။
“ငါက အရမ်းကို ဒဲ့တိုးဆန်တဲ့သူ .. ငါ့ကိုသတ်ချင်နေတဲ့သူကို စကားလုံးတွေ ဖြုန်းနေမှာမဟုတ်ဘူး .. စကားလည်းမပြောချင်ဘူး .. ငါ မင်းတို့ရဲ့ခေါင်းကိုပဲ ဖြတ်ပေးလိုက်မယ်..” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။
“ငါ့ဆီမှာ ထာဝရသွေးတွေ စီးဆင်းနေတယ် .. အဲဒီသွေးက ဘယ်လိုလုပ်ငါ့ကို မကာကွယ်နိုင်တာလဲ.. ဒီလိုမဖြစ်သင့်ဘူး..” ကျင်းကျီဖိန်းမှာ သူ့ကိုယ်သူ ပြန်ပြောနေသကဲ့သို့ပင်။
“တစ်စက်ရဲ့တစ်ဝက်တောင် မရှိတာကို ခင်ဗျားက ကောင်းကင်အတိဒုက္ခကို ဆန့်ကျင်နိုင်မယ်လို့ ထင်နေတာလား.. ပြီးတော့ မျိုးဆက်ပေါင်းများစွာ ခြားသွားပြီ .. ထာဝရသက်ရှိသွေးအစစ်ရှိမရှိတောင် မသေချာတော့ဘူး..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။
ထော်ဂုယုလုံ၊ ချီဟုန်နှင့် လူအချို့ သိပ်မဝေးသည့်နေရာ၌ ရှိနေကြသည်။ သူတို့သည် ရှီဟောင်ကို ကြည့်ကာ သူ့အား သက်ညှာခွင့်တောင်းခံလိုက်ကြသည်။
“နယ်ခြားစပ်မှာ ရန်သူတွေ ငါတို့ကို ဝိုင်းထားတာ .. မြို့ထြမှာ ဘယ်ကျွမ်းကျင်သူမှ မသေသင့်ဘူး .. ဂိတ်အပြင်ထွက်ပြီးတော့ပဲ တိုက်ခိုက်သင့်တယ် .. ဒီလိုမျိုး ဖြုန်းတီးလို့မရဘူး .. ရောင်းရင်းဟွမ် .. သက်ညှာပေးလိုက်ပါ .. သူက စစ်မြေပြင်မှာ ကောင်းမှုလေးတွေ လုပ်ခိုင်းလိုက်ပါ..” ချီဟုန် ပြောလိုက်သည်။
ရှီဟောင် ကျင်းကျီဖိန်းကို ချက်ချင်းမသတ်ခြင်းမှာလည်း ဤကဲ့သို့ စဉ်းစားထားသောကြောင့်ပင်။
“ဒီကိစ္စ မပြီးသေးဘူး..” ကျင်းကျန်၏ အဖိုးငါးမှ အေးစက်စွာ ပြောလိုက်သည်။ ကျင်းကျီဖိန်း၏ ခန္ဓာကိုယ် ပျက်စီးသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူရှီဟောင်ကို အေးစက်စွာ စိုက်ကြည့်လာသည်။
“လူအိုကြီး .. ခင်ဗျားတို့အားလုံး မတော်နိုင်သေးဘူးလား .. တစ်ယောက်ကို သတ်ပြီးရင် နောက်တစ်ယောက်ရောက်လာတယ် .. ခင်ဗျားတို့အားလုံး အတူတူလာလိုက်ကြပါလား .. အဲဒါဆို ကျုပ်တစ်ခါတည်းရှင်းလိုက်လို့ရတယ်..” ရှီဟောင် ပြောလိုက်သည်။
“ရဲတင်းလိုက်တာ..” ထိုအချိန်တွင် ဝမ်ရှီးအဖိုး ပြောလိုက်၏။ ထို့အပြင် သူသည် စတင်တိုက်ခိုက်လာလေသည်။ လျှပ်စီးကဲ့သို့ လက်ကြီးတစ်ဖက် ရှီဟောင်ထံသို့ ရောက်လာသည်။
သူသည် ယခုမှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်သို့ ရောက်လာသည့်ကျင့်ကြံသူမဟုတ်။ သူ၏ခွန်အားမှာ နက်နဲလှသည်။
ရှီဟောင် အနည်းငယ်မှ ကြောက်ရွံ့သွားခြင်းမရှိ။ သူ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူနှင့်သိပ်မဝေးသည့် နေရာ၌ရှိနေသည့် လျှပ်စီးကန်တောက်ပလာကာ ထိုလက်ကြီးကို မျက်နှာချင်းဆိုင်လာသည်။
ဖျစ် ဖျစ်..
လျှပ်စီးအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုလက်ကြီး ချက်ချင်းမည်းတူးသွားသည်။ ထို့နောက် ပေါက်ကွဲသွားလေ၏။
“အား… မင်း..” ဝမ်ရှီးအဖိုး သနားစဖွယ်အော်ဟစ်လိုက်သည်။ လျှပ်စီးကန်နှင့်ပတ်သက်သည့် ကောလဟာလများမှာ အတုအယောင်မဟုတ်။ သူ၏လက်ကိုပင် ဤကဲ့သို့ ဖျက်ဆီးပစ်နိုင်သည်။
ကြည့်နေသည့်သူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။ လူအိုမျိုးဆက်ပင်လျှင် ဤကဲ့သို့သော ကြောက်စရာကောင်းသည့် လျှပ်စီးကို မတားနိုင်။
“ကြည့်ရတာတော့ ခင်ဗျားတို့အားလုံး ဒါကို လက်မခံနိုင်ကြသေးဘူးပဲ .. အဲဒါဆိုရင် ခင်ဗျားတို့အားလုံး အတူတူလာလို့ရတယ်..” ရှီဟောင် ပြောလိုက်သည်။ ရှီဟောင် လျှပ်စီးကန်အား အသက်သွင်းလိုက်ကာ ကျင်းမိသားစုအကြီးအကဲအား တိုက်ခိုက်လိုက်သည်။
ခွပ်..
ကျင်းမိသားစုအကြီးအကဲ ထိတ်လန့်ကာ အနောက်မြန်မြန်ဆုတ်သွားလေ၏။ သူ ဤသည်ကို ထိပ်တိုက် ရင်မဆိုင်ရဲ။
အားလုံး ထိတ်လန့်တကြားဖြစ်သွားရသည်။ ဟွမ်က ဒီလောက်တောင်စွမ်းအားကြီးတာလား .. နာမည်ကြီးတဲ့ အသက်ကြီးတဲ့မျိုးဆက်ကလူကိုတောင် နောက်ဆုတ်အောင် လုပ်နိုင်တယ်..
“ဒီနေ့ကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရင်ရော ..” ဖီးနှစ်လေးကောင်မှ တစ်ကောင်ပြောလိုက်သည်။
“ငါ မကန့်ကွက်ဘူး ..” ထိုသို့ပြောပြီးသည်နှင့် ရှီဟောင် ထိုခေါင်းကို ပစ်လွှတ်လိုက်သည်။ “မှတ်ထား .. ဒီခေါင်းက ကျုပ်ပိုင်တာ .. အဲဒီတော့ နာနာခံခံနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ပြီးတော့ ရန်သူနည်းနည်းလောက်ပိုသတ်လိုက် .. မဟုတ်ရင် ကျုပ်ခင်ဗျားကို လာရှာမယ်..”
“မင်း မင်း မင်း…” ကျင်းကျီဖိန်း အရှက်ရသွားကာ ချက်ချင်းပင် သတိလစ်သွားလေ၏။
သူ၏အသက်ဓာတ်မှာ အတော်လေး ဒဏ်ရာရသွားလေပြီ။ သူပြန်ကောင်းအောင် ကူညီပေးသည့် ကောင်းကင်ရတနာများသာမရှိပါက သူ၏ကျင့်ကြံဆင့်ကို ထိခိုက်သွားလောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် ထာဝရသွေးအား သူအတော်လေး လောင်ကျွမ်းစေခဲ့သည်ပင်။
“ကျွန်တော် သူ့ကိုသတ်ချင်တယ်..” အနောက်ဘက်တွင်ရှိနေသည့် ကျင်းကျန်းမှ ပြောလိုက်သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ အကြီးအကဲနှစ်ဦးလုံး သူ့အား တားဆီးလိုက်သည်။ သူ့ကို လက်လွတ်စပယ်လုပ်ခွင့်မပြု။
“ဘာမှမရှိတော့ရင် ကျေးဇူးပြုပြီး ထွက်သွားပေးကြပါ.. ကျုပ် လျှပ်စီးဧကရာဇ်အဖိုးတန်ပညာနဲ့ ပတ်သက်ပြီးတော့ အသိအမြင်တွေ အများကြီးရလိက်တယ် .. ကျုပ် အခု ကောင်းကင်အတိဒုက္ခကို ခေါ်လိုက်နိုင်တာဆိုတော့ ကျုပ် လေ့လာပြီးတော့ အတိဒုက္ခကို ရင်ဆိုင်ချင်တယ်..” ရှီဟောင်ပြောလိုက်သည်။
လျှပ်စီးဧကရာဇ်အဖိုးတန်ပညာမှာ အလွန်နက်နဲလှပြီး သူ့အား အသိအမြင်များ တိုးပွားစေသည့်အပြင် လျှပ်စီးကန်တစ်ခုလည်း ရလိုက်သည်။ ဤသည်မှာ အလွန်ထူးဆန်းကာ ထိတ်လန့်စရာကောင်းလှသည်။ ယခု သူကိုယ်တိုင် အတိဒုက္ခကို ရင်ဆိုင်တော့မည်။
ရှီဟောင် လေထဲ၌ ထိုင်ချလိုက်ကာ လျှပ်စီးကန်နှင့်ပတ်သက်သည့်အရာများ၊ ကောင်းကင်အတိဒုက္ခကို ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့် ပြဿနာများကို လေ့လာနေဆဲပင်။
ဟွမ်၏ ပြုမူပုံမှာ လူများစွာအား ဆွံ့အသွားစေသည်ပင်။
အပိုင်း ၁၅၉၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၈ – တာအိုအား လေ့လာခြင်း
ဟွမ် ..။
ဤနေရာ၌ပင် သီးသန့်ကျင့်ကြံကာ အတိဒုက္ခကို သူကိုယ်တိုင် ရင်ဆိုင်တော့မည်။
အားလုံး ထိတ်လန့်သွားရ၏။ ဒါက ဘယ်လောက်တောင် ထူးဆန်းလဲ .. သူသည် ကျင့်ကြံဆင့်မြင့်သည့် ကျင်းကျီဖိန်း၏ခေါင်းကိုဖြတ်ကာ အနိုင်ရရှိခဲ့ပြီးနောက် ယခု သူ၏ခန္ဓာကိုယ်ကိုပြုပြင်ရန်အတွက် လျှပ်စီးအတိဒုက္ခကို ရင်ဆိုင်တော့မည်။
“ဟွမ် ဖြစ်ထိုက်ပါပေတယ် .. အနီရောင်ကောင်းကင်နယ်စပ်မှာ တစ်ဖက်ရန်သူတွေကို ရှင်းပစ်ပြီးတော့ ဂုဏ်သတင်းကြီးမားခဲ့တာ .. သူ့မှာ ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေရှိနေတာ သာမန်ပဲ..”
“ဒါပေမဲ့ သူက တကယ် ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်တော့မှာလား .. သူ့ရဲ့အဆင့်နဲ့ဆိုရင် သူက ဒဏ္ဍာရီလာအတိဒုက္ခတွေကို ဆင့်ခေါ်နိုင်လောက်တယ် .. သူ့ရဲ့ခန္ဓာကိုယ်အစစ်က အချိန်မရွေးပျက်စီးသွားနိုင်တယ်..”
လူများစွာမှာ ထိတ်လန့်နေကြသလို သူ့အတွက်လည်း စိုးရိမ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤကျင့်ကြံဆင့်သို့ ရောက်သည်နှင့် ရင်ဆိုင်ရသည့် အတိဒုက္ခမှာ သေးမည်မဟုတ်။ ဤအတိဒုက္ခကု ဖြတ်ကျော်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
အထူးသဖြင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပြောင်းလဲသွားပြီဖြစ်သောကြောင့် ဤလောက၌ လျှပ်စီးအတိဒုက္ခ မရှိတော့ပေ။ မရှိသည့်အရာကို အတင်းလုပ်ယူလိုက်ပါက ပို၍စွမ်းအားကြီးသည့် အတိဒုက္ခကို ရန်စသလိုဖြစ်သွားလိမ့်မည်။ သူဤနေရာ၌ သေဆုံးနိုင်ချေ ၉၀ ရာခိုင်နှုန်းရှိသည်။
“ရှီဟောင် သတိထား .. မင်းရဲ့ အရည်အချင်းတွေက ထူးခြားတယ် .. မင်းခေါ်လိုက်တဲ့ အတိဒုက္ခက အန္တရာယ်အများဆုံး သုံးခုထဲက ဖြစ်နိုင်တယ်.. အဲဒီလိုသာဖြစ်ရင် မင်းဒါကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး..” ချောင်ယုရှင်း ပြောလိုက်သည်။
ဤသည်မှာ အမှန်တရားပင်။ စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခ ရောက်လာသည်နှင့် မြေမြှုပ်စရာမလိုပဲ သေဆုံးသွားလိမ့်မည်။
ရှီဟောင်ပြောခဲ့သလိုပင် ကောင်းကင်အတိဒုက္ခကို ရှောင်၍မရ။
“ငါသိတယ်..” ရှီဟောင် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူပစ္စည်းအချို့ထုတ်လိုက်သည်။ စတုတ္ထမြောက် ကောင်းကင်အတိဒုက္ခကို ခေါ်ရန်အတွက် သူ ထိုပစ္စည်းများကို ချောင်ယုရှင်း၊ ပုရွက်ဆိတ်လေးနှင့် အခြားသူများကိုပေးလိုက်၏။ ဤသည်မှာ ခေါင်းအဆင်တန်ဆာနှစ်ခု၊ ချောမွတ်နေသည့်ကျောက်တုံးတစ်တုံးနှင့် ကွေးနေသည့် ရွှေရောင်အလင်းလုံးလေးတစ်လုံးပင်။
ဤသည်မှာ ဘာပစ္စည်းမှန်း အခြားသူများ မသိသော်လည်း ယုန်ဖြူလေးနှင့် အခြားသူများသိကြသည်ပင်။ ဤသည်မှာ သတ္တဝါနှစ်ကောင်ပင်။
ပထမတစ်ခုမှာ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်။ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်ပစ္စည်းများစွာ စားပြီးသည့်နောက်တွင် သူအိပ်ပျော်သွားခဲ့သည်။ သူစားခဲ့သည့် မှော်ကျောက်တုံး၊ ကောင်းကင်ပြုပြင်ခြင်းကျောက်တုံးများမှာ ထိတ်လန့်စရာကောင်းသည့် ကျောက်တုံးများပင်။ ဤကျာက်တုံးများဖြင့် ထာဝရသက်ရှိများ လက်နက်များ ပြုလုပ်နိုင်သည်။ သို့သော်လည်း သူသည် ဤကျောက်တုံးများကို ဤအတိုင်းစားလိုက်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ သူနိုးနေသည့်အချိန်မှာ အကန့်အသတ်ဖြင့်သာ ရှိတော့သည်။ သူသည်တစ်ချိန်လုံး အဆင့်တက် ပြောင်းလဲနေခြင်းပင်။
ရွှေရောင်အလင်းလုံးထဲ၌ရှိနေသည်မှာ လိပ်ပြာဧကရာဇ်ပင်။
လွန်ခဲ့သည့်လေးနှစ် ထာဝရစစ်မြေပြင်၌ ရှေးဟောင်းလိပ်ပြာဧကရာဇ်အလောင်းနှင့်တွေ့ကာ ကံကောင်းမှုများ ရရှိပြီးနောက် သူမ ပိုးအိမ်အဖြစ်သို့ ပြောင်းလဲသွားကာ လှုပ်ရှားမှုမရှိတော့။
ဤနှစ်ကောင်လုံးမှာ ထူးခြားသည့်သူများပင်။
ခွပ်..
ထို့နောက် ကောင်းကင်၌ပြည့်နေသည့် လျှပ်စီးများ ပျောက်ကွယ်သွားကာ ကောင်းကင်ကြီးလည်း ကြည်လင်လာသည်။
ဟွမ်က အတိဒုက္ခကို ရင်ဆိုင်မှာမဟုတ်ဘူးလား .. လျှပ်စီးတွေက ဘာလို့ပျောက်သွားတာလဲ .. အားလုံး ထိတ်လန့်သွားရသည်။
ရှီဟောင်မျက်လုံးမှိတ်ကာ သူ့ကိုယ်သူ ပြန်စဉ်းစားလိုက်သည်နှင့် သူ၏စိတ်ထဲတွင် လျှပ်စီးကန်၏ အံ့ဩဖွယ်ရာများ ပေါ်လာသည်။ သူ၏နားလည်နိုင်စွမ်းမှာ အလွန်လေးနက်နေလေပြီ။ အရင်တုန်းက လျှပ်စီးဧကရာဇ်က ကောင်းကင်အတိဒုက္ခကို ဘယ်လိုထိန်းချုပ်ခဲ့တာလဲ..
လျှပ်စီးဧကရာဇ်၏ မှော်ခွန်အားမှာ ပြိုင်ဘက်ကင်းမဟုတ်ပဲ သူသက်ရှိများအား အပြစ်ပေးသည့်အချိန်တွင် သူသည် ဤအဆင့်သို့ ရောက်ခါစသာရှိသေးသည်ဟု ပြောကြသည်။
ဤကိစ္စကြောင့်လည်း ဤလောကမှ သတ္တဝါများ သတိထားမိသွားခြင်းဖြစ်သည်ဟု ပြောကြသည်။ အထူးသဖြင့် တစ်ဖက်လောကမှ သက်ရှိများပင်။ သူ၏စွမ်းရည်အကြောင်းသိသွားသည့်အချိန်တွင် သူတို့ ပူးပေါင်းကာ သူ့အား ရှင်းပစ်ခဲ့ကြသည်။
လျှပ်စီးဧကရာဇ်သာ အောင်မြင်ခဲ့လျှင် သူသည် ဤလောကကြီး၏အရှင်ဖြစ်ကာ ယခုအချိန်ထိ တည်ရှိနေဦးမည်ပင်။
ရုတ်တရက် ရှီဟောင်၏မျက်ခုံးရှေ့တွင် အလွန်သေးသာ မှုန်ဝါးသည့် လျှပ်စီးကန်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ တစ်လက်မအရွယ်အစားသာရှီပြီး ဖရိုဖရဲစွမ်းအင်များကို တစ်တန်းပြီးတစ်တန်း ထုတ်လွှတ်နေသည်။ ထိုကန်မှ လျှပ်စီးအလင်းတန်းမှုန်လေးလည်းလွင့်ထွက်လာကာ ရှီဟောင်၏မျက်ခုံးကြားကို တောက်ပအောင် လုပ်ပေးနေသည်။
ဒါက ဘာကြီးလဲ.. အားလုံး ထိတ်လန့်သွားရသည်။
ဒီနေရာမှာ မိုးကြိုးမရှိသလို ကောင်းကင်ကိုဖုံးလွှမ်းနေတဲ့ လျှပ်စီးလည်းမရှိဘူး .. ဒီလျှပ်စီးကန်က ဘယ်လိုလုပ် ပေါ်လာတာလဲ .. ပြီးတော့ ဒါက ဘာလို့ ဒီလောက်တောင်သေးနေတာလဲ .. ဘာဖြစ်နေတာလဲ..
“ဒီလူ အသက်ရှင်လျက် ထွက်သွားလို့မရဘူး..” ခပ်ဝေးဝေးမှ ဝမ်ရှီး၏အဖိုးသူ့ဘေးမှလူများကို တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။ ဤလူငယ် ဤမျှလုပ်နိုင်သောကြောင့် သူ ထိတ်လန့်ကြောက်ရွံ့နေလေပြီ။
“သူက တာအိုကို လေ့လာပြီးတော့ လျှပ်စီးကန်းကို ပြန်တည်ဆောက်နေတာ..” ကျင်းကျန်းအဖိုးမှ ပြောပြလိုက်သည်။
ဤသ်ညမှာ အလွန်ကြောက်စရာကောင်းသည့်ကိစ္စပင်။ ဟွမ်က တကယ်ပဲကောင်းကင်အတိဒုက္ခရဲ့ အရှင်ဖြစ်အောင် လုပ်မလို့လား .. သူက လောကကြီးရဲ့ နတ်အပြစ်ပေးခြင်းကို ထိန်းချုပ်တော့မှာလား..
“ငါတို့ သူ့ကို ဆက်လုပ်ခိုင်းလို့မရဘူး .. သူ့ကိုတား .. ငါတို့သူ့ကို အောင်မြင်ခွင့်မပေးနိုင်ဘူး .. မဟုတ်ရင် နောင်ကျရင် ပြဿနာများလိမ့်မယ် .. မင်းက ငါ့ကလန်ရဲ့ ရန်သူလုပ်မယ်လို့ ဆုံးဖြတ်ထားမှတော့ ငါတို့လည်း မင်းလမ်းကြောင်းကို ဖြတ်ပေးရတာပေါ့..” ဝမ်ရှီးအဘိုး၏မျက်လုံးမှ အေးစက်သည့်အလင်းများ ထွက်ပေါ်လာသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ၏စိတ်ကိုမြင်နိုင်သည်ပင်။ သူသည် ကိုယ်ရေးကိုယ်တာရန်ငြိုးများကို စစ်ပွဲထက် ပိုအာရုံထားနေပြီး ရှီဟောင်ကိုသတ်ရန် ဆုံးဖြတ်ချက်ချပြီးသွားလေပြီ။
“ဒါကမကောင်းဘူးလေ မဟုတ်ဘူးလား .. အားလုံးက ကြည့်နေတာ .. သမီးတို့ ဝင်နှောက်ယှက်လိုက်ရင် ဝမ်မိသားစုကကြည့်ရဆိုးသွားလိမ့်မယ်..” ဝမ်ရှီး ပြောလိုက်သည်။
“ကလေး .. ဒီလိုမျိုးကြင်နာနေဖို့မလိုဘူး .. တစ်ချို့သူတွေက သူတို့ကိုမရှင်းပစ်ရင် နောင်ကျရင် ပြဿနာတွေသယ်လာလိမ့်မယ် .. ပြီးတော့ ငါတို့မှာ နည်းလမ်းရှိတယ် .. ကလေးစိတ်ပူစရာမလိုဘူး .. ငါတို့လုပ်မှန်း ဘယ်လိုလုပ်ပေါ်မှာလဲ..” ဝမ်ရှီးအဖိုးမှ ပြောလိုက်သည်။
“သူ့ကိုသတ်ချင်ရင် ဘာလို့ ဒီလိုလုပ်ဖို့ လိုမှာလဲ .. ခဏနေ သူ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်တဲ့အချိန်ကျရင် ကျွန်တော် သူ့ကို သွားတိုက်လိုက်မယ် .. ကျွန်တော် အရင်တုန်းက မဖြတ်ဖူးတာမှ မဟုတ်တာ..” ကျင်းကျန်း အေးစက်စွာ ပြောလိုက်သည်။
သူ့ကို ကောင်းကင်သားတော်ဟုပြောခြင်းမှာ သူ ဟင်းလင်းပြင်တာအိုနယ်ပယ်၏ အတိဒုက္ခကို ဖြတ်သန်းခဲ့သောကြောင့်ပင်။ ထို့အပြင် သူသည် ဘာမှမပေးဆပ်လိုက်ရပဲ ဖြတ်သန်းနိုင်ခဲ့ခြင်းပင်။
ထိုနေ့က ဆရာနှင့်ကျောင်းသားများအားလုံး မြင်လိုက်သည်ပင်။ နောက်ဆုံးအခိုက်အတန့်တွင် သူသည် ထိုင်ချလိုက်ကာ ကျန်နေသည့်လျှပ်စီးများကို စုတ်ယူပြီး သူ၏ခန္ဓာကိုယ်ကို ပြုပြင်ခဲ့သည်။
ထိုကောင်းကင်အတိဒုက္ခကြောင့်လည်း သူဤလောက၌ နာမည်ကြီးလာခြင်းပင်။
ဤသည်မှာ သူ၏ကျင့်ကြံသည့်သမိုင်းတစ်လျှောက် အထင်ကြီးစရာအကောင်းဆုံး ကောင်းကင်အတိဒုက္ခတစ်ခုပင်။ ဤသည်မှာ ထိပ်ဆုံးသုံးခုထဲ ပါလောက်သည်။ သို့သော်လည်း သူသည် ထိုကောင်းကင်အတိဒုက္ခကို ဖြတ်သန်းနိုင်ကာ လျှပ်စီးများကို စုတ်ယူနိုင်ခဲ့သောကြောင့် မည်သူက မလန့်ပဲနေမည်နည်း..
ကျင်းကျန်း ကောင်းကင်အတိဒုက္ခကို မကြောက်။ ထို့ကြောင့်လည်း သူသည် လျှပ်စီးပင်လယ်ထဲသို့ ပြေးဝင်ကာ ရှီဟောင်၏ခေါင်းကို သွားယူချင်နေခြင်းပင်။
“သူ ဖြတ်သန်းမယ့် အတိဒုက္ခက ထိပ်ဆုံးသုံးခုထဲ ပါလားဆိုတာ ကြည့်ရအောင် မပါရင်တော့ သူ့ရဲ့အလားအာက ကျင်းမိသားစုက ကလေးကိုတောင် မယှဉ်နိုင်ဘူး .. ဘာနည်းလမ်းမှတောင် သုံးစရာမလိုလောက်ဘူး..” ကျင်းကျန်းအဖိုးမှ ပြောလိုက်သည်။
ဝုန်း..
ထိုအချိန်တွင် အပေါ်ဘက်မှ လျှပ်စီးတန်တန်းထွက်ပေါ်လာကာ မရေမတွက်နိုင်သည့် လျှပ်စစ်အလင်းတန်းများထွက်ပေါ်လာသည်။
ဤလျှပ်စီးတန်းမှာ ရှီဟောင်၏မျက်ခုံးကြားမှ ရောက်လာခြင်းပင်။ တစ်လက်မပတ်လည်လျှပ်စီးကန် ပေါက်ကွဲသွားကာ တောက်ပသည့်အလင်းတန်းများစွာ ထွက်ပေါ်လာကာ မရေမတွက်နိုင်သည့် လျှပ်စီးများလည်း ထွက်ပေါ်လာသည်။
“ဘာဖြစ်တာလဲ… ဟွမ် ပြဿနာတစ်ခုခုတက်နေတာလား..” လူများစွာ ထိတ်လန့်သွားကြသည်။ ဤသည်မှာ သူ၏မျက်ခုံးကြားကို ပစ်မှတ်ထားနေခြင်းပင်။ သူ၏နဖူးရိုးကိုသာ ဖောက်ထွက်သွားပါက အကျိုးဆက်များမှာ ဆိုးရွားလွန်းလှလိမ့်မည်။
“ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ် .. သူက ကောင်းကင်အတိဒုက္ခအရှင်ဖြစ်ချင်နေသေးတယ် .. သူပဲ ခံစားရမှာ..” လူအချို့မှာ သူတို့စိတ်ထဲ၌ ရယ်မောနေကြသည်ပင်။
ကျင်းမိသားစုနှင့် ဝမ်မိသားစုလည်း ထိုနေရာသို့ကြည့်ကာ ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
ခဏကြာပြီးနောက် လျှပ်စီးတိမ်များ လွင့်ပြယ်သွားကာ လျှပ်စစ်အလင်းလည်း ပျောက်ကွယ်သွားသည်။
ရှီဟောင် ထိုနေရာ၌ ထိုင်နေဆဲဖြစ်ပြီး ဘာမှမထိခိုက်သည်ကို အားလုံဂတွေ့လိုက်ရသည်။
ထို့အပြင် သူ၏မျက်ခုံးရှေ့သို့ လျှပ်စစ်အလင်းတန်းများ တစ်ခုပြီးတစ်ခု ရောက်ရှိလာကာ လျှပ်စီးကန်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤတံဆိပ်မှာ ထူးဆန်းလှသည်။ မူလက ချောမောခံ့ညားသည့် ရှီဟောင်သည် ယခုအချိန်တွင် ခန့်ညားထည်ဝါသည့်အော်ရာများထုတ်လွှတ်နေသည်။
“အသိအမြင်ရပြီး ရလဒ်ကောင်းမှ ဒီလိုတံဆိပ်မျိုးပေါ်လာနိုင်တာ..” ထော်ဂုယုလုံ တီးတိုးပြောလိုက်၏။ သူ၏စိတ်ထဲ၌ အတော်လေး တုန်လှုပ်နေသည်ပင်။
ဝိညာဉ်ငါးခုရထားလုံးချီဟုန်၊ ဝေ့မိသားစုမှ ဖီးနှစ်လေးကောင်၊ သရဖူ ၁၀ ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ရှီယီ၊ ရှုထော်နှင့် ကောင်းကင်ဘုရင်လေးတို့၏ အမူအရာများ လေးနက်လာကြသည်။
သူတို့ထဲတွင် မည်သူမှ ရှီဟောင်အား အထင်မသေးကြသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့မလန့်ပဲမနေနိုင်။ ဤသည်မှာ လန့်စရာကောင်းလှသည်ပင်။ အချိန်ခဏလေးအတွင်းတွင် သူသည် တာအိုကိုအလုံးစုံနားလည်သွားပြီဖြစ်ပြီး အကျိုးကျေးဇူးလည်း များပြားလှသည်။
ထို့နောက် ရှီဟောင်၏မျက်လုံးများပွင့်လာသည်။ သူ၏မျက်လုံးများမှာ အလွန်လေးနက်နေသကဲ့သို့ အလွန်လည်းတည်ငြိမ်လှသည်။ သူသည် တစ်ချက်မှမလှုပ်ပဲ ကောင်းကင်ထက်သို့သာ ကြည့်နေသည်။
သူ၏တာအိုလေ့လာခြင်းပြီးဆုံးသွားပြီး သူ၏ခန္ဓာကိုယ်ကို ပြုပြင်ရန်အတွက် လျှပ်စီးအတိဒုက္ခအား ဖြတ်သန်းတော့မည်ကို အားလုံးသိသည်။
ထိုအချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးတစ်ခုလုံး တိတ်ဆိတ်နေကာ အားလုံး တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ လူငယ်တွေ့ဆုံပွဲလည်း မေ့ခံထားလိုက်ရပြီဖြစ်ပြီး အားလုံးမှာ စင်္ကြံထက်တွင်ရှိနေသည့် လူငယ်လေးကိုသာ ကြည့်နေကြသည်။
လေထုမှာ တင်းမာနေပြီး ကောင်းကင်ထက်၌ တစ်ခုခုရှိနေသည်ကို အားလုံး အာရုံခံ၍ရသည်။
ဘယ်လို ကောင်းကင်အတိဒုက္ခမျိုးလဲ .. သက်ရှိတစ်ယောက်က သူတို့ကို ဝါးမြိုပစ်တော့မလိုမျိုး ဘာလို့ ထူးဆန်းတဲ့ခံစားချက်ကြီး ခံစားနေရတာလဲ..
“လာပြီ..” ချီဟုန် တီးတိုးပြောလိုက်၏။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ထက်မှ တစ်စုံတစ်ခု ပေါ်လာကာ လျင်မြန်စွာပင် ဆင်းသက်လာသည်။
“အဲဒါက ဘာကြီးလဲ..” လူများစွာ ဆွံ့အသွားကြရသည်။
အပေါ်ဘက်မှ ဆင်းလာသည်မှာ ခံ့ညားထည်ဝါလှသည့် အနက်ရောင်ပုံရိပ်တစ်ခုပင်။
အပိုင်း ၁၅၉၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၉၉ – ကောင်းကင်ဘုံ ကိုးခု ကမ္ဘာမြေ ၁၀ ခု အတိဒုက္ခ
ကောင်းကင်အတိဒုက္ခရောက်လာပြီလား..
သို့သော်လည်း အားလုံး အနည်းငယ် ရှုပ်ထွေးနေရသည်။
ကြီးမားကာ ကျယ်ဝန်းလှသည့် တိုက်ကြီးများတစ်တိုက်ပြီးတစ်တိုက် ကျလာနေသည်ပင်။
ဘာဖြစ်နေတာလဲ..
အားလုံးထိတ်လန့်ကာ ဆွံ့အနေကြရသည်။ သူက ကောင်းကင်အတိဒုက္ခကို ဆင့်ခေါ်တာမဟုတ်ဘူးလား .. ဘာလို့တိုက်တွေ တစ်တိုက်ပြီးတစ်တိုက်ပေါ်လာတာလဲ.. တိုက်ကြီးတစ်ခုစီတိုင်းမှာ အဆုံးအစမရှိလောက်တောင် ကြီးမားလွန်းလှသည်။
“အတိဒုက္ခက ရပ်သွားတာလား .. ဒါမှမဟုတ် သူ ကောင်းကင်အတိဒုက္ခကို အဆင့်ခေါ်ပေမယ့် မအောင်မြင်တာလား..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ဝမ်ရှီးအဘိုးပင်လျှင် ထိုတိုက်များကို စိုက်ကြည့်ကာ ထူးဆန်းသည့်အမူအရာ ဖြစ်နေသည်။ “ဘာကောင်းကင်အတိဒုက္ခမှ ကျမလာဘူး .. ဒီကောင်ဘာလုပ်နေတာလဲ .. တမင်သက်သက်ရှုပ်ထွေးအောင် လုပ်နေတာလား..”
မည်သို့ပင်ဖြစ်စေ အားလုံးမှာ အလွန်ထိတ်လန့်နေကြသည်ပင်။ ဒီတိုက်ကြီးတွေက ဘယ်ကရောက်တာလာလဲ .. ကောင်းကင်အတိဒုက္ခက ဘယ်မှာလဲ .. ဟွမ်ရဲ့စွမ်းရည်နဲ့ဆိုရင် ကောင်းကင်အတိဒုက္ခက သေချာပေါက်ကို ရောက်လာရမှာ .. ဘာလို့ဒီလိုထူးဆန်းတဲ့မြင်ကွင်းကြီး ပေါ်လာတာလဲ..
“ဟမ် .. အဲဒီတိုက်ကြီးက .. စီရင်စုသုံးထောင်နဲ့နည်းနည်းတူသလိုပဲ .. ပုံစံကတူတယ် .. အရွယ်အစားပဲ တော်တော်လေးသေးသွားတာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
နတ်ဆိုးသင်္ချိုင်းမြေ ..ဤသည်မှာ စီရင်စုသုံးထောင်နှင့် ကပ်လျက်ရှိနေသည့်နေရာတစ်ခုဖြစ်ပြီး ကမ္ဘာမြေ ၁၀ ခုထဲမှ တစ်နေရာပင်။
အားလုံးမှာ မတူညီသည့်နေရာများမှ လာခြင်းဖြစ်ပြီး အချို့ရှေးဟောင်းမိသားစုများမှာ သူတို့ထံတွင် သူတို့နယ်မြေ၏မြေပုံများပင် ရှိနေသေးသည်။
“ဒါက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုထဲက ကမ္ဘာမြေ ၁၀ ခုပဲ .. အားလုံး တစ်ထပ်တည်းတူတယ် .. ဒါတွေက ဘာလို့ ဒီမှာ ပေါ်လာတာလဲ..
တိုက်ကြီး ၁၀ တိုက်က ဘယ်လိုလုပ် ဒီမှာ ပေါ်လာတာလဲ..
အားလုံး နားမလည်နိုင်တော့။
“ဒါက တကယ်ထူးဆန်းတယ် .. ဒီကောင်ဘာလုပ်တာလဲ .. သူက ဘယ်လိုလုပ် ဒီဟာတွေကို ဆွဲခေါ်လိုက်နိုင်တာလဲ .. ဒါမှမဟုတ် ဒါက ပုံရိပ်ယောင်လား..” ကျင်းကျန်းအဖိုးလည်း အလွန်ထိတ်လန့်နေသည်ပင်။
“ဒါက ကောင်းကင်အတိဒုက္ခပဲ..” ရုတ်တရက် ကျင်းကျန်းထပြောလိုက်ပြီး သူ၏အမူအရာလည်း အလွန်လေးနက်နေသည်။
ဝမ်ရှီး၏ လှပသည့်ခန္ဓာကိုယ်လည်း တုန်ယင်နေကာ သူမသည် ကောင်းကင်ထက်သို့သာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။
တစ်ချိန်တည်းမှာပင် ဘေးပတ်လည်တွင်ရှိနေသည့်သူများလည်း ထိတ်လန့်မှုကြောင့် ဖြူလျော်လာရသည်။ သူတို့အားလုံး ထိုဘက်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြလေသည်။
ကောင်းကင်အတိဒုက္ခဆိုတာ ကောင်းကင်ကြီးကို တုန်ခါသွားစေနိုင်တဲ့ မိုးခြိမ်းသံတွေ ဆူညံနေပြီးတော့ လျှပ်စီးတွေ တောက်ပနေမှာမဟုတ်ဘူးလား.. ဘာလို့ ဘာအသံမှမကြားရဘဲ တိတ်ဆိတ်နေတာလဲ..
ထို့အပြင် ဤအရာများမှာ တိုက်ကြီးများဖြစ်ပြီး အစစ်နှင့်တူလှသည်။ တောင်များ၊ စီးဆင်းနေသည့်မြစ်များနှင့် အခြားအရာများအားလုံးကိုပင်မြင်နေရသည်။
ဒါက ဘယ်လိုလုပ် ကောင်းကင်အတိဒုက္ခဖြစ်နင်မှာလဲ..
“ဒါက သေချာပေါက်ကို ကောင်းကင်အတိဒုက္ခပဲ..” ကျင်းကျန်း တီးတိုးပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ကျင့်ကြံဆင့်နှင့်ညီသည့် ထိပ်ဆုံးသုံးခုထဲစာရင်းဝင်သည့် လျှပ်စီးအတိဒုက္ခအား ဖြတ်သန်းခဲ့သည်ပင်။
သူသည် ဤကဲ့သို့သောအော်ရာမျိုးကို အလွန်ဆတ်ဆတ်ထိမခံဖြစ်သည်ပင်။ အခြားသူများမသိသော်လည်း ဤအတိဒုက္ခမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြောက်စရာကောင်းမည်ကို သူသိသည်။ ဤသည်မှာ အသက်လုရမည့်အတိဒုက္ခပင်။
ဤကဲ့သို့သော အတိဒုက္ခမျိုးမှာ ထိပ်ဆုံးသုံးခုထဲပါမည်မှာ သံသယဖြစ်စရာပင်မလို။
သို့သော်လည်း ဤကဲ့သို့သော ကောင်းကင်အတိဒုက္ခမှာ ထူးဆန်းလွန်းလှသည်။ လျှပ်စီးများမရှိသလို မိုးခြိမ်းသံများလည်းမရှိ။ ဘာမှမရှိသကဲ့သို့ တိတ်ဆိတ်လှသည်။
“ကောင်းကင်နဲ့ကမ္ဘာမြေကြီးအားလုံးကို လျှပ်စီးနဲ့လုပ်ထားတာ .. တိုက်ကြီးရဲ့ အရောင်က အပြင်လောကနဲ့ တစ်ပုံစံတည်းပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
သို့သော်လည်း ဤသည်မှာ ဤအတိဒုက္ခ၏ ထူးဆန်းမှုကို ရှင်းပြရန် မလုံလောက်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ကြီးများမှ ထုတ်လွှတ်နေသည့်အော်ရာများအရ ဤသည်မှာ လျှပ်စီးများဖြစ်ကြောင်း လူအချို့ အာရုံခံနိုင်သည်ပင်။
“ဒါက ကြောက်စရာအကောင်းဆုံးပဲ .. သူ့မှာ အသက်ရှိနေသလိုမျိုး အတုအယောင်ကို အစစ်ဖြစ်အောင် ပြောင်းလဲသွားတာ .. ဒါက မြင်ရဖို့ခက်ခဲတဲ့ ကောင်းကင်အတိဒုက္ခပဲ..”
ဤအတိဒုက္ခမှာ ဤမျှပင် ကြောက်စရာကောင်းနေသောကြောင့် လျှပ်စီးမှာ ဘယ်လိုလုပ် သာမန်လျှပ်စီးဖြစ်မည်နည်း..
တစ်ချိန်တည်းမှာပင် နတ်ဆေးလုံးသောက်လိုက်သည့် ကျင်းကျီဖိန်း၏ခန္ဓာကိုယ်လည်းတစ်ဖြည်းဖြည်း ပြန်ကောင်းလာလေပြီ။ သူမုန်းတီးကာ ဒေါသထွက်မိသည်။ တစ်ဖက်လူသည် သူ့အား လျှပ်စီးသုံးကာ အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ထိုသူသည် ယခုအချိန်တွင် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ကောင်းကင်အတိဒုက္ခကိုပင် ဆင့်ခေါ်လိုက်သေးသည်။ ဤသည်မှာ သူ့အား အားနည်းသည်ဟု ခံစားရစေသည်ပင်။
သူ၏အခြေအနေမှာ ဆိုးရွားလှသည်။ ထာဝရသွေးများမှာ လောင်ကျွမ်းသွားသောကြောင့် ပြန်ရရန် ခက်ခဲလှသည်။ သူ၏ခေါင်းထဲတွင်လည်း သိပ်မရှိတော့။
“ဒီ အတိဒုက္ခက ဘယ်လောက်ထူးခြားလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ဝမ်ရှီးအဘိုးမှ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
တိုက်ကြီး ၁၀ တိုက် ရွေ့လျားလာကာ အားလုံးမျက်စိရှေ့သို့ ရောက်လာသည်။
“ဘုရားရေ .. အလောင်းတွေ အများကြီးပဲ..”
တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ တိုက်ကြီးများတွင် မြေပြင်များသွေးများဖြင့်နီရဲနေကာ အလောင်းများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ အစုလိုက်အပြုံလိုက် အသတ်ခံထားရသလိုပင်။
ဤသည်မှာအစုလိုက်အပြုံလိုက်ဟုပင် ပြော၍မရတော့။ အဘယ်ကြောင့်ဆိုသော် တိုက်ကြီး ၁၀ တိုက်တွင် ကြည့်လိုက်သည့်နေရာတိုင်း၌ အလောင်းများ ပြည့်နှက်နေသည်။
စစ်ပွဲက ဘယ်လောက်တောင် ပြင်းထန်ခဲ့တာလဲ..
အရင်ခေတ်က ထာဝရရှေးဟောင်းခေတ်တိုက်ပွဲရဲ့ နောက်ဆုံးနေ့ရက်တွေမှာပဲ ဒီလိုမြင်ကွင်းမျိုး ဖြစ်နိုင်လောက်မှာပါ ဟုတ်တယ်မလား..
မြေပြင်ထက်တွင် ပျက်စီးနေသည့် အလံကိုထိုးစိုက်ထားပြီး လောကတစ်ခုလုံး စစ်မီးတောက်များ ဝါးမြိုထားသည်။ သွေးများလည်း ချောင်းစီးနေလေပြီ။ အလောင်းများအားလုံးတွင် လက်နက်များ ထိုးစိုက်နေပြီး မညီမညာဖြစ်နေသည်။
ဤသည်မှာ သွေးများရွှဲနစ်နေသည့် တိုက်ကြီး ၁၀ တိုက်ပင်။
ဝုန်း..
ထိုအခိုက်အတန့်တွင် မိုးခြိမ်းသံ ထွက်ပေါ်လာ၏။ သို့သော်လည်း ဤသည်မှာတိုက်ကြီးများမှ ထွက်ပေါ်လာခြင်းမဟုတ်ပဲ ကောင်းကင်ထက်မှ ထွက်ပေါ်လာခြင်းပင်။
ထိုနေရာတွင် ကောင်းကင်ဘုံကိုးခုပေါ်လာသည်။ နေ၊ လ၊ တောတောင်နှင့်မြစ်များပါရှိသည့် ကောင်းကင်ဘုံကိုးခု ရောက်ရှိလာသည်။
“ဒါက ကောင်းကင်ဘုံကိုးခု..”
ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု အားလုံး ပေါ်လာလေပြီ။
ကမ္ဘာမြေ ၁၀ ခုတွင် အသံများတိတ်ဆိတ်နေသော်လည်း ကောင်းကင်ဘုံကိုးခုတွင် အသံများရှိနေသည်။ ထိုကောင်းကင်ဘုံများနီးကပ်လာသည်နှင့် ဆူညံသံများ ပို၍ ကျယ်လောင်လာသည်။ မိုးခြိမ်းသံများအပြင် စစ်ပွဲကြွေးကြော်သံများ လူသားပုံရိပ်များလည်း နေရာတိုင်း၌ ရှိနေသည်။
“ဒါက..”
ကောင်းကင်ဘုံကိုးခု ရောက်လာသည့်အချိန်တွင် အားလုံး အေးခဲသွားရသည်။
ကောင်းကင်ဘုံကိုးခုတွင် မရေမတွက်နိုင်သည့် သတ္တဝါများ တစ်ယောက်နှင့်တစ်ယောက်ဆုတ်ဖြဲနေကြသည်။ ဤသည်မှာ ကြောက်စရာကောင်းလှသည်။ သွေးတန်းနှင့် ဓားအလင်းတန်းများ တောက်ပနေကာ စစ်ပွဲကြွေးကြော်သံများလည်း ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။
“ငါ့ဇနီးနဲ့ ကလေးတွေကို ကာကွယ်ဖို့ သတ်..”
“ငါ့ကလန်သားတွေကို ကာကွယ်ဖို့ သတ်..”
“ငါ့တောတောင်နဲ့မြစ်တွေကို ကာကွယ်ဖို့သတ်..”
…
ဤသည်မှာ ရှေးခေတ်မှလူများ၏ ဒေါသတကြီး အော်ဟစ်သံများပင်။ ထိုအော်သံများထဲတွင် ဝမ်းနည်းမှုများ၊ စိတ်ဓာတ်ကျမှုများ ပါဝင်နေသည်ပင်။ သူတို့သည် ရန်သူများ၏ ပြိုင်ဘက်များမဟုတ်သော်လည်း ရှေ့တိုးသွားနေဆဲပင်။ အသက်များလည်း တဖြုတ်ဖြုတ် သေဆုံးသွားကြသည်။
ဒါက ထာဝရရှေးဟောင်းခေတ်စစ်ပွဲလား .. ကောင်းကင်အတိဒုက္ခမှာ ပြန်ပြလို့ရတာလား .. ဤသည်မှာ အားလုံး၏မျက်စိရှေ့တွင် ပေါ်လာခြင်းဖြစ်သောကြောင့် မည်သူက မလန့်ပဲနေမည်နည်း..
ရှေးခေတ်မှ လူများစစ်ပွဲထဲ၌ ကျသွားသည်မှာ နောင်လာနောက်သားအားလုံး သိနေသည့်အချက်ပင်။ ယခု အချိန်များ ပြောင်းပြန်စီးဆင်းနေသကဲ့သို့ သူတို့ ဤခါးသီးကာ ဆိုးရွားသည့်မြင်ကွင်းများကို ပြန်မြင်နေရလေပြီ။
“သတ်.. ငါတို့ဇနီးတွေ၊ ကလေးတွေ၊ အဖေတွေ၊ အမေတွေကို ကာကွယ်ဖို့၊ ဒီတောတောင်နဲ့မြစ်တွေကို ကာကွယ်ဖို့၊ တစ်ဖက်လောထဲကို ဝင်နိုင်ဖို့ သူတို့အားလုံးကိုသတ်..”
“နောက်ဆုံးသွေးတစ်စက် ကျန်တဲ့အထိ တိုက်ကြ.. နောင်တမရတဲ့အထိတိုက်ကြ…”
အော်သံများစွာထွက်ပေါ်လာပြီး ဤအသံများမှာ တောင်များနှင့်မြစ်များကိုပင် တုန်ခါသွားစေကာ အော်ရာမှာ လီပေါင်းတစ်သောင်းကို လွှမ်းခြုံသွားသည်။
ထိုသူများနောက်မှ မရေမတွက်နိုင်သည့်ပုံရိပ်များလိုက်ပါသွားကြကာ တစ်ဖက်လောကမှ ရန်သူများနှင့် တိုက်ခိုက်ကြသည်။ သွေးချောင်းစီးကာ အလောင်းများ ပျံ့ကြဲနေပြီး ခေါင်းပြတ်များ လွင့်ပျံနေသော်လည်း မည်သူမှ သွေးမကြောင်ကြ။
ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်တွင် လူငယ်များစွာ စိတ်လှုပ်ရှားသွားရသည်။ ဒါက အတိတ်တုန်းက ဆိုးရွားမှုလား..
သူတို့သည် မလွဲမသွေသေရမည်မှန်းသိသော်လည်း အရှုံးမပေးခဲ့။ သို့သော်လည်း ဟစ်ကြွေးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဤမြင်ကွင်းမှာ အလွန်သနားစရာကောင်းလာသည်။
ရှေးခေတ်မှလူများသည် ကူကယ်ရာမဲ့စွာ၊ စွမ်းအားမဲ့စွာဖြင့်ပင် ဤတိုက်ပွဲ၌ ကျရှုံးသွားခဲ့ကြသည်။
“ဒါက ဟွမ်ရဲ့ အတိဒုက္ခလား .. ဒါကတစ်ခုခုကို ပြောပြနေသလိုပဲ..”
အစပိုင်း ထိတ်လန့်နေပြီးနောက် လူများစွာ တီးတိုးဆွေးနွေးလာကြသည်။
“အဆင့်မဝင်တဲ့ ကောင်းကင်အတိဒုက္ခတစ်ခုရှိတယ်လို့ ငါကြားဖူးတယ် .. အဲဒီကောင်းကင်အတိဒုက္ခက အရမ်းထူးဆန်းပြီးတော့ အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လှစ်ဟပြနိုင်တယ် .. ကြောက်စရာကောင်းတဲ့ကိစ္စတွေကို ပြနိုင်တယ်တဲ့..”
ထိုစကားကိုကြားသည်နှင့် အားလုံး မျက်ဆံများ မှေးကျဉ်းသွားကြကာ ရှီဟောင်၏ ကောင်းကင်အတိဒုက္ခအား စိုက်ကြည့်လိုက်ကြသည်။ သူက ဒဏ္ဍာရီထဲမှာပဲရှိတဲ့ ထူးဆန်းတဲ့ ကောင်းကင်အတိဒုက္ခကိုတောင် ဆင့်ခေါ်နိုင်တာလား..
“ဒါက အရမ်းထူးဆန်းတယ် .. ဒီလိုမျိုး အတိဒုက္ခက အားကောင်းတာလား အားနည်းတာလား.. ကောင်းတာလား ဆိုးတာလား..” ဝမ်ရှီး၏အဘိုးပင် မသိတော့။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကောင်းကင်အတိဒုက္ခမှာ ရှားပါးလှပြီး ဤအကြောင်းနှင့်ပတ်သက်သည့်မှတ်တမ်းများလည်း ရှားပါးလှပြီး အများစုမှ မရှင်းလင်းပေ။
ဝုန်း..
ထိုအချိန်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခု တိုက်သွားကာ သူတို့ကြားတွင် လျှပ်စီးတံတားများ တစ်ခုပြီးတစ်ခု ပေါ်လာကာ အပေါ်နှင့်အောက်ကို ဆက်သွားသည်။
ရှီဟောင်မှာ ဆင့်ခေါ်ခံလိုက်ရသကဲ့သို့ တိုက်ကြီးတစ်တိုက်ထဲသို့ စုတ်ယူခံလိုက်ရသည်။
ချွမ်း..
စစ်လှံတံတစ်ခု လေထဲသို့ မြှောက်တက်လာသည်။ မြေပြင်ပေါ်တွင်ရှိနေသည့် အလောင်းတစ်လောင်း ထလာကာ သူ၏လက်ထဲတွင် လှံတံတစ်ခုကိုင်ထားသည်။ သူသည် ထိုလှံတံဖြင့် ရှီဟောင်ထံသို့ ဦးတည်၍ထိုးလိုက်သည်။ အနက်ရောင်အလင်းထွက်ပေါ်လာကာ လှံတံမှာ အနက်ရောင်လျှပ်စီးအဖြစ် ပြောင်းလဲသွားသည်။
ဖုန်း..
ရှီဟောင် လက်ညှိုးထိုးလိုက်သည်နှင့် ထိုလှံတံ ပေါက်ကွဲသွားကာ အနက်ရောင်လျှပ်စီးလည်း ထိုနေရာတွင်ပင် ပျက်ပြယ်သွားသည်။
သို့သော်လည်း ပို၍ကြောက်စရာကောင်းသည့်အရာများ ဖြစ်ပေါ်လာသည်။ ဤဘက်လောကမှ မဟုတ်သည့် တစ်ဖက်လောကမှ မရေမတွက်နိုင်သည့်အလောင်းများအားလုံး မတ်တပ်ထရပ်လာကြသည်။ သူတို့အားလုံးတွင် သွေးစီးကြောင်းများရှိနေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ရှိနေသည်။ သူတို့သည် လက်ထဲ၌ သူတို့လက်နက်များကို ကိုင်ထားပြီး ရှီဟောင်ထံသို့ ဦးတည်လာကြသည်။
လက်နက်ချင်း ထိခတ်သည့်အသံနှင့်အတူ လျှပ်စီးအလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထိပင် လျှံတက်လာသည်။
အဲဒီမှာ သတ္တဝါတွေ အများကြီးပဲ .. အဲဒီလူတွေအားလုံး ရှီဟောင်ပြိုင်ဘက်ဖြစ်လာမှာလား.. သူ အဲဒီလူတွေကို သတ်နိုင်ပါ့မလား .. အားလုံး ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
ဤအတိဒုက္ခမှာ မဆုံးနိုင်လောက်အောင်ပင်။ ဤသည်မှာ ရှီဟောင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ တွင် တစ်ယောက်တည်းတိုက်ခိုက်ရမည်ဟု နမိတ်ဖတ်နေခြင်းလား ..
အပိုင်း ၁၅၉၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၀ – ကောင်းကင်ဘုံ ကိုးခုသို့ တက်ခြင်း
အားဝူး.. ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာသည်။ ခြင်္သေ့ခန္ဓာကိုယ်နှင့် လူမျက်နှာရှိသည့် မကောင်းဆိုးဝါးတစ်ကောင် တရှိန်ထိုး ပြေးလာသည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းများထုတ်လွှတ်နေလေသည်။ သူ၏အရှိန်မှာ တဖြည်းဖြည်းမြန်လာကာ အခြားသက်ရှိများကိုပင် ကျော်တက်သွားသည်။
ဝုန်း..
နောက်ဆုံးတွင် သူသည် ရွှေရောင်လျှပ်စီးတန်းအဖြစ် ပြောင်းလဲသွားကာ လီပေါင်တစ်ထောင်ကို ကျော်သွားလိုက်သည်။ လက်ကြီးတစ်ဖက်ဖြင့် ရိုက်ချလာသည်နှင့် လေဟာနယ်ပေါက်ကွဲသွားကာ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာသည်။
ဒုန်းဟူသည့်အသံ ထွက်ပေါ်လာလေ၏။ ရှီဟောင် ဤမကောင်းဆိုးဝါးကိ လက်ဗလာဖြင့် ရင်ဆိုင်လိုက်ခြင်းဖြစ်သော်လည်း သတ္တုနှစ်ခု တိုက်မိသွားသကဲ့သို့ မီးပွားများ လွင့်ထွက်လာသည်။
“သတ်..” ရှီဟောင် အခြားသတ္တဝါများကို ရှောင်ကာ ထိုမကောင်းဆိုးဝါးအား တိုက်ခိုက်လိုက်သည်။
ဝုန်း..
ခြင်္သေ့ခေါင်းနှင့်လူမျက်နှာမကောင်းဆိုးဝါးမှာ လျင်မြန်လွန်းလှသည်။ သူတစ်ချက်ခုန်လိုက်သည်နှင့် လီပေါင်းတစ်ထောင်ကျော် ရောက်သွားသည်။ သူ့ကိုဖမ်းရန်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။
ဤသည်မှာ လျှပ်စီး၏အလျင်ပင်။
ရွှီး..
ထို့နောက် သူသည် နောက်တစ်ကြိမ် တရှိန်ထိုးပြေးလာကာ သူ၏လက်များဖြင့် ကုတ်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ဤသည်မှာ နတ်အရှင်မှ တိုက်ခိုက်နေသကဲ့သို့ တောက်ပလှသည်။
ဤအကောင်မှာ ဤနေရာ၏ ခေါင်းဆောင်မှန်း သံသယဖြစ်စရာမလိုအောင်ပင်။ သူသည် စစ်တပ်ကြီးကို အမိန့်ပေးကာ တောင်လိုပုံနေသည့်အလောင်းများပေါ် လျှောက်သွားပြီး ရှီဟောင်အားတိုက်ခိုက်နေသည်။
“သတ်..”
တစ်ချိန်တည်းမှာပင် မြေပြင်ထက်တွင်ရှိနေသည့် တစ်ဖက်လောကမှ သက်ရှိများ အော်ဟစ်လာကြသည်။ ထို ‘သတ်’ ဟူသည့်အသံမှာ လောကကြီးတစ်ခုလုံးကို ပဲ့တင်ထပ်နေလေ၏။
ခြင်္သေ့ခေါင်းနှင့်လူမျက်နှာမကောင်းဆိုးဝါးသည် ရှီဟောင်ထံသို့ ပစ်ဝင်ကာ နောက်တစ်ကြိမ် တိုက်ခိုက်လာသည်။
“သေလိုက်တော့..” ရှီဟောင် ဤအကောင်အား တစ်ချက်တည်းဖြင့်သတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏စွမ်းအားအကြီးဆုံး နည်းလမ်းများကို အသုံးပြုလိုက်သည်။ မဟုတ်ပါက နောက်လာမည့်လမ်းမှာပို၍ပင် ခက်ခဲလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အခြေအနေအရ သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုအား ဖြတ်သန်းရလိမ့်မည်။ ယခုမှာ အစသာရှိသေးသည်။
လက်သီးများတောက်ပလာကာ စွမ်းအားများကို စုစည်းလိုက်သည်။ အရိုးစာသားများထွက်ပေါ်လာပြီး သူ၏လက်သီးတွင်စုသွားသည်။ သူသည် သူ၏မွေးရာပါ အဆင့်လွန်အဖိုးတန်ပညာဖြစ်သည့် ကောင်းကင်အလင်းကို အသုံးပြုနေခြင်းပင်။
ဝုန်း..
သူ၏လက်သီးချက်ကို အသုံးပြုလိုက်သည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ လေနှင့်တိမ်များလည်း ပေါက်ကွဲထွက်သွားသည်။
ထိုအလင်းမှာ တောက်ပလွန်းနေသည်မှာ ကြည့်နေကြသည့် လူငယ်ကျင့်ကြံသူများ မျက်နှာများပင် ဖြူဖျော့သွားသည်အထိပင်။ သူတို့အလွန်ထိတ်လန့်သွားရ၏။ ဟွမ်က ဒီလောက်တောင်စွမ်းအားကြီးတာလား..
ကိုယ်တိုင်ခစားခြင်းနယ်ပယ်က ကျင့်ကြံသူ တက်သွားရင်တောင် အဲဒီလူပေါက်ကွဲသွားလောက်တယ် ဟုတ်တယ်မလား.. လက်သီးတစ်ချက်တည်းဖြင့် သူတို့သေသွားလိမ့်မည်။
ယခုအချိန်တွင် ရှီဟောင်၏ခွန်အားမှာ လုံးဝပြောင်းလဲသွားလေပြီ။ နှစ်ပေါင်းများစွာ သီးသန့်ကျင့်ကြံထားသည့်အပြင် သူ၏ခန္ဓာကိုယ်ကိုလည်း မျိုးစေ့အဖြစ် အသုံးပြုထားသောကြောင့် သူ၏ခွန်အားမှာ တရှိန်ထိုး တက်သွားလေပြီ။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်အဖိုးတန်ပညာကိုပို၍ နားလည်လာပြီဖြစ်သည်။
ဝေါင်း..
ခြင်္သေ့ခေါင်းနှင့်လူမျက်နှာမကောင်းဆိုးဝါး ဟစ်ကြွေးလိုက်ကာ ရှီဟောင်၏လက်သီးကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ၏လက်များကို လွှဲရမ်းလိုက်သည့်အပြင် ရှီဟောင်ကို ဝါးမြိုရန် သူ၏သွေးစွန်းနေသည့်ပါးစပ်ကြီးကို ဟလာသည်။
ထို့အပြင် သူ၏ပတ်ပတ်လည်တွင်ရှိနေသည့် အခြားသားရဲများလည်း သူတို့၏လက်နက်များကို မြှောက်ကာ ရှီဟောင်ကို အတူတကွ တိုက်ခိုက်လာကြသည်။
ဖုန်း..
ရှီဟောင်၏လက်သီးချက်မှာ ထိုမကောင်းဆိုးဝါးကြီး၏ လက်များကို ဖျက်ဆီးလိုက်ရုံသာမက ထိုလက်သီးဖြင့် သူ၏သွေးလွှမ်းနေသည့်ပါးစပ်ထိုးလိုက်သည်။
ဝေါင်း..
ထိုမကောင်းဆိုးဝါး ဒေါသတကြီး ဟစ်ကြွေးကာ နောက်ပြန်ဆုတ်လိုက်သော်လည်း သူ၏ခေါင်းမှ ဒဏ်ရာကို ရပ်တန့်စေနိုင်ရန် ခက်ခဲလှသည်။ နောက်ဆုံးတွင် ခွပ်ဟူသည့်အသံနှင့်အတူ သူ၏ခေါင်း တစ်စစီပေါက်ကွဲသွားသည်။
နောက်ဆုံးအချိန်တွင် ထိုမကောင်းဆိုးဝါးသည် ရွှေရောင်လျှပ်စီးတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာသည်။
မိုးခြိမ်းသံများထွက်ပေါ်လာပြီး လျှပ်စီးများထွက်ပေါ်လာသော်လည်း ထိုအရာအားလုံးမှာ ရှီဟောင်ကြောင့် ပျက်ပြယ်သွားသည်။
ဤသတ္တဝါများမှာ သူတို့၏မူလခွန်အားကို ပိုင်ဆိုင်ထားရုံသာမက သူတို့ကို လျှပ်စီးများဖြင့် ဖန်တီးထားခြင်းဖြစ်သောကြောင့် သူတို့သေဆုံးသွားသည့်အချိန်တွင် လျှပ်စီးများအဖြစ် ပြောင်းလဲသွားကြသည်။ ဤသည်မှာ ဒုတိယအကြိမ်တိုက်ခိုက်ခြင်းနှင့် အတူတူပင်။
ရွှေရောင်မကောင်းဆိုးဝါးကြီးမှာ ခေါင်းဆောင်ဟု အခေါ်ခံရလောက်အောင် သန်မာသော်လည်း နောက်ဆုံးတော့ အသတ်ခံလိုက်ရသည်ပင်။
“သတ်..” တစ်ဖက်လောကမှ သတ္တဝါများ သူတို့၏လက်နက်များကို မြှောက်ပြီး တရှိန်ထိုးပြေးလာကြသည်။
အနက်ရောင်လှံတံများ၊ တောက်ပနေသည့်အဖြူရောင်ဓားရှည်များ၊ နီရဲနေသည့်ဓားများ၊ သွေးများတစ်စက်စက်စီးကျနေသည့် စစ်ရဲဒင်းများ..
ဤသည်မှာ ထောင်ချီရှိသည့်စစ်တပ်ကြီးပင်ဖြစ်ပြီး သူတို့၏အရှိန်မှာ ပုန်း၍မရနိုင်လောက်အောင် လျင်မြန်လွန်းလှသည်။ အဘယ်ကြောင့်ဆိုသော် ဤသတ္တဝါများအားလုံးကို လျှပ်စီးများဖြင့် ဖန်တီးထားသောကြောင့်ပင်။
“သတ်…” ရှီဟောင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ သူ၏လက်ဝါးတောက်ပလာကာ လက်ထဲတွင် ရွှေရောင်လှံတံတစ်ခု ပေါ်လာ၏။ ဤသည်မှာ နတ်ခွန်အားဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်တောက်ပလှသည်။
ဖူး..
တစ်ချက်ထိုးလိုက်သည်နှင့် အလွန်သန်မာသည့်သတ္တဝါများစွာကို ထိုးဖောက်သွားသည်။
ခွပ်..
လူများစွာ ပေါက်ကွဲသွားကာ ထောင်ချီသည့်လျှပ်စီးများ ရှီဟောင်၏ခန္ဓာကိုယ်ကို လာရောက်ထိမှန်လာသည်။
“ချီတက်မယ်..” မရေမတွက်နိုင်သည့် သတ္တဝါများ အကြောက်တရားကင်းမဲ့စွာပင် အရှေ့ဘက်သို့ တက်လာကြသည်။
ရှီဟောင်မျက်ခုံးများ မြင့်တက်သွားကာ သူ၏လက်ထဲရှိ လှံတံကို စတင်ဝေ့ရမ်းလိုက်သည်။ ထိုလှံတံမှာ တစ်ဖြည်းဖြည်းကြီးမားလာပြီး တောင်တန်းတစ်ခုကဲ့သို့ပင်ဖြစ်လာသည်။ လျှပ်စီးများထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ကောင်းကင်ထိသို့ ပျံ့လွင့်သွားသည်။
ဖူး..
နေရာတိုင်း၌ သွေးများလွင့်စင်လာကာ သတ္တဝါများစွာ သနားစဖွယ်အော်ဟစ်လာသည်။ အရိုးများကျိုးသွားကာ ကြွက်သားများ ထိခိုက်သွားကြသည်။ ထို့နောက် အားလုံး ပေါက်ကွဲသွားကာ လျှပ်စီးများအဖြစ် ပြောင်းလဲသွားကြသည်။
ဤသည်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပင်။ ခြေပြတ်လက်ပြတ်များ နေရာတိုင်း၌ လွင့်ထွက်သွားကာ ကောင်းကင်တစ်ခုလုံးလည်း သွေးများဖြင့် နီရဲနေသည်။
အထူးသဖြင့် ကောင်းကင်ဘုံကိုးခုမှ ကျင့်ကြံသူများ၏ အလောင်းများကို မြင်လိုက်ရသည်နှင့် သူ၏တိုက်ခိုက်လိုစိတ်များ ပို၍ပြင်းထန်လာသည်။
ဤသည်မှာ လျှပ်စီးအတိဒုက္ခသာဖြစ်သော်လည်း သူဤသည်ကို တိုက်ပွဲအစစ်ကဲ့သို့ သဘောထားနေခြင်းပင်။ သူခေါင်းမော့ကာ ဒေါသတကြီးပင် ဟစ်ကြွေးလိုက်သည်။ သူ၏လက်ထဲတွင်ကိုင်ထားသည့်လှံတံဖြင့် ဒေါသတကြီး နေရာအနှံ့သို့ ထိုးလိုက်သည်။
ရှီဟောင် ရဲရင့်ကာ အကြောက်တရားကင်းမဲ့သော်လည်း ရန်သူစစ်တပ်ကြီးမှာ ကြီးမားလွန်းလှသည်။ သူသတ်လေလေ ပိုများလာလေလေပင်။ ရန်သူများမှာ တောတောင်နှင့်မြစ်များ၌ ပြည့်နေပြီး မျက်စိတစ်ဆုံးရန်သူများသာ။
သူ၏မျက်လုံးများ နီရဲလာသည်အထိ ရှီဟောင် သတ်ဖြတ်ခဲ့သည်။
သို့သော်လည်း သူမည်မျှပင် စွမ်းအားကြီးပါစေ သူဤမျှများပြားလှသည့် ရန်သူများကို မကိုင်တွယ်နိုင်။ သူသည် ပင်လယ်ထဲတွင် နှစ်မြှုပ်နေသကဲ့သို့ တစ်ဖက်လောကမှ တပ်သားများ၏ ဝိုင်းရံခြင်းကို ခံနေရသည်။
ဝုန်း..
ကျွမ်းကျင်သူတစ်ယောက် သေဆုံးသွားသည်နှင့် လျှပ်စီးတန်းတစ်တန်းထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကို ထိမှန်လာသည်။
“ဒါက .. ကြောက်စရာကောင်းလိုက်တာ..” ကြည့်နေကြသည့်လူငယ်များအားလုံး ထိတ်လန့်သွားရသည်။ ဤကောင်းကင်အတိဒုက္ခမှာ ဤမျှထူးဆန်းလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။
ဤသည်မှာ အသက်ရှုင်မည့် လမ်းမရှိတော့။ ယခုမှ အစသာရှိသေးသော်လည်း ဤမျှပြင်းထန်နေလေပြီ။ ကျန်သည့်နယ်မြေများကို သူမည်ကဲ့သို့ တိုက်ခိုက်မည်နည်း..
သူ ယခု ရောက်နေသည်မှာ စီရင်စုသုံးထောင်ပင်။
“ဘယ်လိုလုပ် ဒီလို ကောင်းကင်အတိဒုက္ခမျိုးရှိနေတာလဲ .. ဒါက အသက်ရှင်နိုင်ချေတောင် မရှိတော့ဘူး .. ဒါက သေလမ်းကြီးပဲ..” လူအချို့မှ သက်ပြင်းချလိုက်ကြသည်။
ဤကဲ့သို့သော ကောင်းကင်အတိဒုက္ခတွင် ဘာမျှော်လင့်ချက်မှ မတွေ့ရ။ စိတ်ပျက်ခြင်းသာရှိသည်။
ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရမည်မှာ မည်မျှပင် ကူကယ်ရာမဲ့ကာ စိတ်အားငယ်စရာကောင်းလှသနည်း..
ရှီဟောင် ဤတိုက်ကြီး၏အလယ်သို့ ဦးတည်သွားလိုက်သည်။ ထို့နောက်တွင် သူသည် သူ့တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းကာ စစ်ဝတ်စုံများ စုတ်ပြဲပြီး ဆံပင်များပင် သွေးများစိုရွှဲသည်အထိ တိုက်ခိုက်ခဲ့သည်။
“ရှေးခေတ်ကတည်းက အဆင့်တစ်ချိတ်တဲ့ အတိဒုက္ခက ဒီထက်တော့ ကြောက်စရာမကောင်းလောက်ဘူး..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ရှီဟောင်သေလိမ့်မည်ဟု သူခံစားနေရသည်။
“မင်းမှားနေပြီ .. ဒါက အရင်ကမရှိခဲ့ဖူးတဲ့ ကောင်းကင်အတိဒုက္ခလို့ သတ်မှတ်လို့ရတယ် .. ဒီကျင့်ကြံဆင့်နယ်ပယ်မှာ ဒီထက် စွမ်းအားကြီးတာ မရှိလောက်တော့ဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင် ဤတိုက်ကြီး၏ အစွန်းဘက်သို့ ဦးတည်သွားလိုက်သည်။ သူသည် ထိုအစွန်းမှ တစ်ခြားတိုက်ထံသို့ ခုန်ကူးချင်ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကြားတွင် လျှပ်စီးတံတားများရှိနေသည်။ သူအရှေ့ဘက်သို့ တစ်လှမ်းစီသွားရုံသာ တတ်နိုင်သည်။ ကြောက်စရာကောင်းသည့် ဖိအားတစ်ခု ရှိနေသောကြောင့် သူကောင်းကင်ထက်သို့ ပျံသန်းသွား၍မရ။
ဤသည်မှာ သူကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကို တစ်ခုမှ ကျော်သွားခြင်းမရှိပဲ တစ်ခုပြီးတစ်ခု ဖြတ်သွားရမည်ဟု ဆိုလိုခြင်းပင်။
သို့သော်လည်း ပထမဆုံးတိုက်ဖြစ်သည့် ဤစီရင်စုသုံးထောင်မှာပင် သူယိုင်နဲ့နေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးများ တစ်စက်စက်ကျနေသည်။
သူ၏ခန္ဓာကိုယ်တွင် ထိုးစိုက်နေသည့်လှံတံတစ်ခုရှိနေပြီး မြှားပေါင်းများစွာလည်း ရှိနေသည်။ ထို့အပြင် သူ့ပုခုံး၌ ဓားရှည်တစ်ခုလည်း ထိုးစိုက်နေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ဤလက်နက်များအားလုံးမှာ လျှပ်စီးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပေါက်ကွဲသွားနိုင်သည်။
“ငါ့အတွက် ချိုးဖျက်ပေး..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
သူ လျှပ်စီးဧကရာဇ်အဖိုးတန်ပညာကို အသက်သွင်းလိုက်ကာ ဤလက်နက်များကို တွန်းကန်ထွက်စေလိုက်သည်။ ထို့နောက် ဤလက်နက်များကို သူ့ခန္ဓာကိုယ်အပြင်ဘက်၌ ပေါက်ကွဲသွားအာင် လုပ်လိုက်သည်။
ဤသည်မှာ ကံဆိုးမှုထဲမှ ကံကောင်းမှုပင်။ ထိုလက်နက်များသာ သူ့ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲသွားပါက အကျိုးဆက်မှာ စဉ်းစားကြည့်၍ မရနိုင်လောက်အောင် ဆိုးရွားလိမ့်မည်။
နောက်ဆုံးတွင်တော့ ဘုရင်ကလန်သွေးမျိုးဆက်ပါသည့် အလွန်သန်မာသည့်ရန်သူနှင့် သူ တွေ့လိုက်ရလေပြီ။ သူသည် ဤနေရာ၏ အမြင့်ဆုံးခေါင်းဆောင်ပင်ဖြစ်ရမည်။ ထိုသတ္တဝါသည် ဟစ်ကြွေးကာ သူ့ထံသို့ တရှိန်ထိုး ပြေးလာနေသည်။
ဤသတ္တဝါမှာ ကိုယ်တိုင်ခစားခြင်းနယ်ပယ်၌ ရှိနေခြင်းပင်။ သူ၏အနီရောင်ဆံပင်များ ပြန့်ကျဲနေကာ မျက်လုံးများလည်း ကြေးနီရောင်တောက်ပနေကာ ခန္ဓာကိုယ်လည်း ကြီးမားလှသည်။ သူသည် သူ၏လက်ထဲတွင်ရှိနေသည့် နီရဲနေသည့် အရိုးတင်းပုတ်ကြီးကို လွှဲရမ်းနေလေသည်။
“ဘုရင်ကလန်က ကိုယ်တိုင်ခစားခြင်းအဆင့်သတ္တဝါပေါ်လာပြီ .. သူ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး..” လူများစွာ၏အမူအရာ ပြောင်းလဲသွားသည်။
ဒီတစ်ယောက်ကို သူဘယ်လိုရင်ဆိုင်ရမှာလဲ.. ကောင်းကင်အတိဒုက္ခမှာ ကြမ်းတမ်းလှသည်။
ရှီဟောင်သွေးပျက်မသွား။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့တောက်ပနေသည်။ သူသည် လက်ထဲ၌ လျှပ်စီးလက်နက်တစ်ခုကို ကိုင်ထားပြီး အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။
ရှီဟောင် အားကုန်တိုက်ခိုက်လိုက်သည်။ သူသည် ဤဘုရင်ကြီးနှင့် တိုက်ခိုက်နေရသည့်အပြင် ဘေးပတ်လည်မှ ရန်သူများနှင့်လည်း ရင်ဆိုင်နေရသေးသည်။
ဤသည်မှာလူများစွာကိုထိတ်လန့်သွားစေသလို သူတို့ကို အသိအမြင်များ တိုးများလာစေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အရှေ့မှ အနောက်၊ အနောက်မှအရှေ့သွားကာ ရန်သူစစ်တပ်ကြီးကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်းပင်။ ဂျုံများကို ရိတ်သိမ်းသကဲ့သို့ သူ၏ခြေထောက်အောက်၌ မရေမတွက်နိုင်သည့်အလောင်းများရှိနေသည်။ သွေးများလည်း မြစ်ကဲ့သို့ပင် စီးဆင်းနေလေပြီ။
သူ နောက်ဆုံးတော့ အောင်မြင်သွားလေပြီ။
ရှီဟောင် ထိုဘုရင်၏ဦးခေါင်းကို ဖယ်ပစ်လိုက်နိုင်လေပြီ။ သူ၏ခန္ဓာကိုယ်နေရာအနှံ့၌ လက်နက်များ ထိုးစိုက်နေသော်လည်း သူအောင်မြင်သွားလေပြီ။
“သူ အရေးအကြီးဆုံးအဆင့်ကို ဖြတ်ကျော်လိုက်နိုင်ပြီ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
ရှီဟောင်၏ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ပြင်းထန်လှပြီးတစ်ကိုယ်လုံး အပေါက်များဖြင့် ပြည့်နေလေပြီ။ နေရာအတော်များများမှာ မည်းတူးနေသည်ပင်။
သူသည် လျှပ်စီးတံတားကိုဖြတ်နေရင်းဖြင့် သူ၏ဒဏ်ရာများကို ကုသလိုက်သည်။
“သတ်…”
သို့သော်လည်း ရန်သူများမှာ များပြားလှသည်။ သူ့အား အနားယူချိန်ပင်မပေး။ သူ့ကိုမြင်သည်နှင့် ကြမ်းတမ်းစွာတိုက်ခိုက်လာကြသည်။
ရှီဟောင် နောက်ထပ်စစ်မြေပြင်တစ်ခုသို့ ရောက်သွားသည်။ ယခုအချိန်တွင် သူပြန်ဆုတ်စရာလမ်းမရှိတောံ။ ဆက်သွားရုံသာ တတ်နိုင်တော့သည်။ မဟုတ်ပါက သူ့ကိုစောင့်ကြိုနေမည်မှာ သေခြင်းတရားပင်။ သူ၏ခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားလိမ့်မည်။
ရှီဟောင် သူ၏လမ်းကို ဆက်သွားနေဆဲပင်။ လမ်းတစ်လျှောက်၌ သူအကြိမ်ပေါင်းများစွာ လဲကျသွားခဲ့သည်။ သူသေသွားပြီဟု ထင်လိုက်ကြသော်လည်း သူသည် နောက်တစ်ကြိမ် ပြန်ထလာကာ ရှေ့ဆက်သွားနေဆဲပင်။
ထိုကဲ့သို့ပင် သူ ကမ္ဘာမြေ ၁၀ ခုအား ဖြတ်ကျော်လာနိုင်ခဲ့သည်။
“ဒါက..” လူများစွာမှာ သူတို့မြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် လျှပ်စီးများသည် လက်နက်အဖြစ် ပြောင်းလဲသွားကာ ရှီဟောင်၏ခန္ဓာကိုယ်ကို ထိုးစိုက်ပြီးနောက် ပေါက်ကွဲသွားကြသည်။ သူ၏ခန္ဓာကိုယ်မှာ တစ်စစီပေါက်ကွဲထွက်တော့မတတ်ပင်။
“အောင်မြင်ပြီ .. သူ ကမ္ဘာမြေ ၁၀ ခုကို အောင်မြင်သွားပြီ … သူ ကောင်းကင်ဘုံကိုးခုကို တက်နေပြီ..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ဤသည်မှာ အားလုံးကို အသိပြန်ဝင်စေသည့် ကြွေးကြော်သံပင်။ မောပန်းကာ ဒဏ်ရာများပြည့်နှက်နေသည့် ခန္ဓာကိုယ်ကို တွေ့လိုက်ရသည့်အချိန် သူတို့အားလုံး ထိတ်လန့်သွားကြရသည်။
တစ်ချိန်လုံး မရပ်မနားတိုက်ခိုက်ပြီးနောက် ရှီဟောင် ကောင်းကင်ဘုံကိုးခုသို့ ဝင်နိုင်ခဲ့လေပြီ..
အပိုင်း ၁၆၀၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၁ – ဒဏ္ဍာရီတစ်ခု ဖန်တီးခြင်း
ရှီဟောင်၏ခန္ဓာကိုယ်မှာ ရှေ့နောက်လွှဲရမ်းနေသည်။ သူ တံတားပေါ်သို့ လျှောက်လာသည်နှင့် နေရာတိုင်း၌ လျှပ်စီးများ တောက်ပလာသည်။ သူသည် ကမ္ဘာမြေ ၁၀ ခုမှ ကောင်းကင်ဘုံကိုးခုသို့ ရောက်လာလေပြီ။
ဤသည်မှာ ခမ်းနားလှသည့် အောင်မြင်မှုကြီးပင်။ ရန်သူစစ်တပ်ကြီးမှာ အဆုံးမရှိ၊ မျက်စိတစ်ဆုံးမြင်နေရသည်။ သူသည် ရန်သူများကို ထိုးဖောက်ကာ ဤနေရာအထိ ရောက်လာနိုင်ခဲ့သည်။
သို့သော်လည်း ဤနေရာမှာ ပို၍ပင် အန္တရာယ်များလှသည်။
ဤနေရာမှာ အစောကြီးကတည်းက တိုက်ပွဲတစ်ခု ဖြစ်နေပြီးသားပင်။ ရှီဟောင် ဤထဲသို့ ဝင်သွားလိုက်ခြင်းမှာ တိုက်ပွဲထဲတွင် ဝင်ပါလိုက်ခြင်းနှင့်အတူတူပင်။ သူထိုနေရာသို့ ရောက်သွားသည်နှင့် သူ့ကို ပစ်မှတ်ထားသည့် သတ္တဝါများစွာ ပေါ်လာသည်။
သူတို့နှင့် တိုက်ခိုက်နေသည့် ပြိုင်ဘက်များကိုပင် စွန့်ပစ်ကာ ရှီဟောင်အား ရူးနှမ်းစွာ တိုက်ခိုက်လာလေသည်။
ရှေးခေတ်မှလူများမှာ အရေးနိမ့်နေပြီး သူ့ကိုကူညီနိုင်မည့်စွမ်းအားမရှိ။ မည်သူမှ သူ့ကို လာမကူညီနိုင်သောကြောင့် ရှီဟောင်၏အခြေအနေမှာ ဆိုးရွားနေလေပြီ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးခုမှ သတ္တဝါများမှာ ကမ္ဘာမြေ ၁၀ ခုမှ သတ္တဝါများထက် အနည်းငယ် ပို၍ စွမ်းအားကြီးသည်ပင်။
ရှီဟောင်လည်း သူသေကိုယ်သေ တိုက်ခိုက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့။ အခုအချိန်မှတော့ ဘယ်လိုလုပ် နောက်ပြန်လှည့်လို့ရတော့မှာလဲ … သူနောက်ပြန်ဆုတ်လျှင်ပင် လျှပ်စီးအတိဒုက္ခမှာ ပျောက်ကွယ်သွားမည်မဟုတ်။ သူအောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်မလား ဒါမှမဟုတ် သေသွားမလား ဒါပဲရှိတယ်..
ထို့အပြင် ဤကဲ့သို့သော အတိဒုက္ခမှာ အပြင်လူများ ကူညီနိုင်သည့်အတိဒုက္ခမဟုတ်။
“ငါတို့ ဇနီးတွေ၊ ကလေးတွေနဲ့ အကြီးအကဲတွေကို ကာကွယ်ကြ.. သေလိုက်ကြတော့..”
“ငါ့ရဲ့တောတောင်နဲ့မြစ်တွေကို ကာကွယ်ကြ .. ငါ့ရဲ့သွေးတွေ ကုန်သွားရင်တောင် မင်းတို့ကို ဆွဲချသွားမှာ..”
ရှေးခေတ်မှ လူများ ဟစ်ကြွေးကာ တရှိန်ထိုး ပြေးသွားကြသည်။ အားလုံးမှာ သူတို့ခေါင်းများပြတ်ကျသွားလျှင်ပင် သူတို့၏ခန္ဓာကိုယ်များမှာ ကောင်းကင်လှံတံများ၊ သူတို့လက်ထဲတွင်ရှိနေသည့် လက်နက်များဖြင့် တိုက်ခိုက်နေကြဆဲပင်။
ရှီဟောင်လည်း ထိုခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“လာခဲ့ .. မိစ္ဆာကောင်တွေ .. ဒီနေ့ ငါမကျေနပ်မချင်း မင်းတို့ကို သတ်ပစ်မယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ လျှပ်စီးအတိဒုက္ခလား ထာဝရရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသည့်အိပ်မက်လား သူသေချာမသိတော့။ သူအားကုန်ထုတ်ကာ တိုက်ခိုက်လိုက်သည်။
ချွမ်း..
ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ဘုရင်တစ်ယောက် သူ့ထံသို့ ပြေးဝင်လာသည်။ သူ၏လက်ထဲတွင် ကောင်းကင်ရဲဒင်းကို ကိုင်ထားပြီး သားရဲကြီးတစ်ကောင်ပေါ်၌ ထိုင်နေခြင်းပင်။
ထိုသားရဲမှာ နတ်ဆိုးတောင်တစ်လုံးကဲ့သို့ ကြီးမားလှသည်။ သူသည် ထိုလူကို သယ်ဆောင်ထားပြီး ပြေးလာရင်းဖြင့် ဟစ်ကြွေးနေသည်။ သူလေဟာနယ်ထဲ၌ ခြေချလိုက်သည်နှင့် ဆူညံသံများ ထွက်ပေါ်လာကာ ဘေးပတ်လည်မှ သတ္တဝါများလည်း သူ့အား ဘေးဖယ်ပေးကြသည်။
“မင်းကို ငါပိုင်တယ် .. မင်းကို အစေခံအဖြစ်နဲ့ ခေါ်သွားမယ်..” ဘုရင်ကလန်မှ ငွေရောင်ချပ်ဝတ်တန်ဆာနှင့်လူမှ ပြောလိုက်သည်။ သူသည် ကိုယ်တိုင်ခစားခြင်းနယ်ပယ်၌ ရောက်နေသည်ပင်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေ၏။ ဤသည်မှာ တိုက်ပွဲအစစ်ကဲ့သို့ သူရှီဟောင်နှင့် စကားပြောနေခြင်းပင်။ ဤနေရာ၌ရှိနေသည့် လျှပ်စီးသတ္တဝါများမှာ ကမ္ဘာမြေ ၁၀ ခုမှ သတ္တဝါများထက် ကြောက်စရာကောင်းကာ ထူးဆန်းလှသည်။
“ဘုရင်လူမျိုးစုက ဘာများ ထူးခြားနေလို့လဲ .. ငါအရင်က မသတ်ဖူးတာလည်း မဟုတ်ဘူး..” ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ချွမ်းဟူသည့်အသံနှင့်အတူ သူ့လက်ထဲ၌ ဓားတစ်လက်ပေါ်လာသည်။ ထိုဓားမှာ ထူထဲကာ စွမ်းအားကြီးလှသည်။ ဓားသွားသည်လည်း နှင်းကဲ့သို့့ ဖြူဖွေးနေသည်။
ဤသည်မှာ လျှပ်စီးဖြင့် ဖန်တီးထားခြင်းပင်။
“အဲဒါဆိုရင်လည်း သွားသေလိုက်တော့..” ထိုငွေရောင်ချပ်ဝတ်တန်ဆာဘုရင်အော်ဟစ်ကာ သူ၏သားရဲကို ထိန်းချုပ်လိုက်သည်။ ထိုသားရဲ ရှီဟောင်၏ခန္ဓာကိုယ်ပေါ်သို့ တက်နင်းလာပြီး သူလက်ထဲတွင်ရှိနေသည့် ကောင်းကင်ရဲဒင်းကိုလည်း လွှဲရမ်းလိုက်လေသည်။
ရှီဟောင်ဟစ်ကြွေးလိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် ဓားရှည်မှာ နတ်အလင်းတောက်ပလာပြီး ထိုရဲဒင်းကို ရင်ဆိုင်လိုက်သည်။
ဒုန်း..
လက်နက်နှစ်ခု ထိသွားသည့်အသံမှာ နားစည်ကွဲလောက်သည်။ ကြောက်စရာကောင်းသည့်အလင်းတန်းများမှာ ကြယ်များပေါက်ကွဲသွားသလို ထွက်ပေါ်လာကာ ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။
“မင်း သေလို့ရပြီ..” ထိုငွေရောင်ချပ်ဝတ်တန်ဆာဘုရင် ဟစ်ကြွေးလိုက်သည်။ သူထံတွင် ကိုယ်ပိုင်အသိစိတ်ရှိနေသကဲ့သို့ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကောင်းကင်ထက်သို့ လွှမ်းမိုးသွားသည်။
“သတ်..” ရှီဟောင်လည်း ဟစ်ကြွေးကာ ပြင်းထန်စွာ တိုက်ခိုက်လာသည်။
ဤလူမှာ လူများစွာကို ဦးဆောင်နေသည့် တပ်မှူးပင်။ သူ၏ခွန်အားမှာ ကြီးမားလှပြီး သတ္တိလည်း ပြိုင်ဘက်ကင်းပင်။
ရှီဟောင် နည်းလမ်းပေါင်းစုံသုံးပြီး သူနှင့် အချက်ရေ တစ်ထောင်ကျော်တိုက်ခိုက်နေသော်လည်း ယခုအထိ အနိုင်အရှုံးမသဲကွဲသေး။
“အဲဒီလူသားက ဘယ်သူလဲ .. သူက ဘယ်ကနေ ရောက်လာတာလဲ .. သူကဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ .. သူက ဘယ်လိုလုပ် ဟင်းလင်းပြင်တာအိုနယ်ပယ်စွမ်းအားနဲ့ ကိုယ်တိုင်ခစားခြင်းနယ်ပယ်ဘုရင်ကို ရင်ဆိုင်နိုင်တာလဲ..”
“ဒါက ကိုယ်တိုင်ခစားခြင်းနယ်ပယ်ကို ရောက်နေတဲ့ သွေးသန့်ဘုရင်လူမျိုးစု .. တစ်ခြားသွေးတွေနဲ့ ရောနေတဲ့ ဘုရင်လူမျိုးစုအခွဲလေး မဟုတ်ဘူး .. အဲဒါတောင်မှ အဲဒီလူက သူ့ကို တားဆီးနိုင်တယ်…”
လျှပ်စီးများကြားတွင်ရှိနေသည့် အချို့သတ္တဝါများထံမှ အသံများ ထွက်လာသောကြောင့် ရှီဟောင် သံသယဝင်လာသည်။ သူ လျှပ်စီးအတိဒုက္ခအား ရင်ဆိုင်နေခြင်းလား သို့မဟုတ် အချိန်နှင့်လေဟာနယ် ဖရိုဖရဲဖြစ်သွားကာ သူ စစ်မြေပြင်၏နောက်ဆုံးနေ့ရက်သို့ ရောက်လာခြင်းလား..
သို့သော်လည်း သူသံသယဝင်နေချိန်မရှိ။ သူအဆုံးထိ တိုက်ခိုက်ရုံသာရှိသည်။
“အဆုံးသတ်မယ်..” သားရဲပေါ်တွင်ရှိနေသည့် ငွေရောင်ချပ်ဝတ်တန်ဆာမှ ဟစ်ကြွေးလိုက်ကာ သူ၏ဘိုးဘေးပညာတစ်ခုကို အသုံးပြုလိုက်သည်။ ထို့နောက် ကောင်းကင်နှင့်ကမ္ဘာမြေကြီး ဆက်သွားကာ ဤနေရာတစ်ခုလုံး ငွေရောင်အလင်းတောက်ပလာသည်။ သတ္တဝါများမှာ ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏အသွေးအသားများလည်းငွေရောင်အခဲအဖြစ်သို့ ပြောင်းလဲသွားကာ မလှုပ်ရှားနိုင်တော့သည်ကို တွေ့လိုက်ရသည်။
အနီးအနားတွင်ရှိနေသည့် သတ္တဝါများအားလုံး သတ္တုရုပ်များဖြစ်သွားကာ သူတို့၏အသက်ဓာတ်များကို ထိန်းသိမ်းထားလိုက်လေသည်။ သို့သော် တစ်ဖက်လောကမှ သတ္တဝါများ ဘာမှမဖြစ်။
ရှီဟောင် တစ်ကိုယ်လုံး တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။ ငွေရောင်အလင်းတန်း တောက်ပလာကာ သူ့ခန္ဓာကိုယ်လည်း သတ္တုအဖြစ်သို့ ပြောင်းလဲလုနီးပါးပင်။
“ငါ့အတွက် ချိုးဖျက်ပေး..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို နတ်အလင်းဖြင့် လွှမ်းခြုံစေလိုက်သည်။
ဝုန်း..
ငွေရောင်အလင်းတန်းများလောင်ကျွမ်းလာကာ ပေါက်ကွဲသွားသည်။ သူ့ကို မတိုက်စားနိုင်တော့။
“သတ်..”
ရှီဟောင် ဟစ်ကြွေးလိုက်ကာ သူ၏လက်ထဲရှိ ဓားရှည်မှာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားသည်။ သူသည် အဖိုးတန်ပညာမျိုးစုံကို ပေါင်းလိုက်ခြင်းပင်။
ရွှီး..
သွေးအလင်းတန်းများထွက်ပေါ်လာလေ၏။
“သတ်..” ငွေရောင်ချပ်ဝတ်တန်ဆာအော်ဟစ်လိုက်သည်။ သားရဲနှင့်လူမှာ တစ်သားတည်းဖြစ်သွားသ်ည။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ သူလည်း သတ်ဖြတ်သည့်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။
ရွှီး..
ထိတောက်ပနေသည့်ဓားရှည်မှာ စွမ်းအားကြီးလှသည်။ ထိုဓားသည် ထိုသားရဲ၏ဘိုးဘေးပညာကို ဖြတ်သွားကာ သူ၏ခန္ဓာကိုယ်ကို ဖြတ်သွားသည်။ ထိုသားရဲ ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီးနောက် နာကျင်သည့်အသံထွက်ပေါ်လာ၏။ သွေးများလည်း ဖူးကနဲ ထွက်လာလေသည်။
စစ်သားရဲကြီးမှာ ဒေါသတကြီး ဟစ်ကြွေးနေသော်လည်း ဘာမှမသုံးမဝင်တော့။ သူ့တစ်ကိုယ်လုံး ဖြတ်ခံလိုက်ရကာ အလောင်းနှစ်ပိုင်းအဖြစ် ပြောင်းလဲသွားသည်။
ဒုန်း..
တစ်ချိန်တည်းမှာပင် ရှီဟောင်လက်ထဲ၌ ရှိနေသည့် အဖြူရောင်ဓားရှည်သည် ကောင်းကင်ရဲဒင်းကိုလည်း ဖြတ်သွားလေ၏။ ရှီဟောင်သည် မူလရှေးဟောင်းမှတ်တမ်း၊ မပျက်စီးနိုင်သည့်ကျမ်းစာများကို အသုံးပြုထားခြင်းပင်။
ခွပ်..
ရဲဒင်းကြီး ပျက်စီးသွားသော်လည်း ဓားရှည်၏ စွမ်းအားမှာ လျှော့မသွား။ ဖူးဟူသည့်အသံနှင့်အတူ ထိုလူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် နတ်အလင်းကို ထိုးဖောက်သွားကာ သူ၏နဖူးကို ထိုးစိုက်လိုက်သည်။
ချက်ချင်းပင် သွေးများပန်းထွက်လာသည်။ ထိုလူ၏ မျက်ခုံးကြား အက်ကွဲလာပြီးနောက် အက်ကွဲကြောင်းသည် ခန္ဓာကိုယ်အောက်ဘက်သို့ ဆင်းသွားကာ သူ့တစ်ကိုယ်လုံး နှစ်ပိုင်းဖြစ်သွားလေ၏။ ထို့နောက် ထိုလူ ပေါက်ကွဲသွားလေသည်။
ဤသည်မှာ ရှီဟောင်၏ တစ်ချက်တိုက်ခိုက်မှုသာ။ ဤသည်မှာ တပ်မှူးနှင့် သားရဲကို နှစ်ပိုင်းပြတ်သွားစေပြီး ထိုနေရာ၌ သေဆုံးသွားစေသည်။
ဝုန်း..
လျှပ်စီးတစ်သောင်းမှာ ရှီဟောင်ကို မည်းတူးသွားစေသည်။ သူ၏အသွေးအသား အက်ကွဲသွားကာ သွေးများစီးကျလာသည်။ ထိုငွေရောင်ချပ်ဝတ်တန်ဆာဘုရင်အဖြစ်မှ ပြောင်းလဲသွားသည့် လျှပ်စီးများမှ ဖြစ်ပေါ်လာသည့်ဒဏ်ရာများမှာ မသေးလှ။
ထိုတိုက်ပွဲပြီးသည့်နောက် ရှီဟောင် အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။
သူဖြတ်လာသည့်လမ်းတွင် သွေးများ ပြည့်နှက်နေပြီး သွေးလွှမ်းသည့်တိုက်ပွဲများနှင့် ပြည့်နှက်နေသည်။ သူသည် မရပ်မနားဖြင့်ပင် အရှေ့ဘက်သို့ ဆက်လာခဲ့လိုက်သည်။
ရှီဟောင်နေရာပေါင်းများစွာကိုဖြတ်ကျော်လာခဲ့ရသသည်။ ရွာများ၊ မြို့ကြီးများအားလုံးတွင် စစ်ပွဲများဖြစ်နေပြီး လောကကြီးတစ်ခုလုံးလည်း စစ်ပွဲမီးတောက်များဖြင့် လွှမ်းခြုံထားသည်။
“ရပ်လိုက် .. ငါ့ကိုလွှတ် .. ငါ့ကိုလွှတ်..”
ခပ်ဝေးဝေးရှိ ရွာငယ်လေးတစ်ခုတွင် လူငယ်တစ်ယောက် ရုန်းကန်နေသည်။ သူ့ကို တစ်ဖက်လောကမှ ကျင့်ကြံသူတစ်ယောက်မှ ကိုင်မြှောက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။ ထိုလူငယ်လေးသည် ထိုပုံစံဖြင့်ပင် သေဆုံးသွားရလေ၏။
“ကျွန်မ ရှင့်ကိုသတ်မယ်..” ရွာသူလေးတစ်ယောက်၏ မျက်လုံးများ နီရဲနေကာ သူမသည် ငိုရင်းဖြင့် ပြေးလာလေ၏။
ဖူး..
အေးစက်သည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုသတ္တဝါ၏အမူအရာမှာ အလွန်အေးစက်လှသည်။ သူသည် ခံစားချက်နည်းနည်းလေးပင် မရှိပဲ ထိုအမျိုးသမီး၏ ဦးခေါင်းကို ဖြတ်ပစ်လိုက်သည်။
“အမေ…” မိန်းကလေးငယ်လေးတစ်ယောက် အော်ဟစ်လိုက်သည်။ သူမသည် ကြောက်ရွံ့နေသောကြောင့် ငိုရန်ပင် မေ့နေလေပြီ. သူမ၏မျက်လုံးများ ပြူးကျယ်နေကာ အကြောက်တရားများ ပြည့်နှက်နေသည်။
ထိုသတ္တဝါကြီးသည် ခြေထောက်စောင့်ချလိုက်ကာ ထိုကလေးငယ်ကို သွေးအိုင်အဖြစ် ပြောင်းလဲလိုက်သည်။
“ရိုင်းစိုင်းတဲ့ကောင် .. မင်းအသက်ကို ပေးလိုက်တော့…” အကြီးအကဲတစ်ယောက်နီရဲနေသည့်မျက်လုံးများဖြင့် ကျယ်လောင်စွာ အော်ဟစ်လာသည်။ သူသည်ဓားကို လွှဲရမ်းကာ အရှေ့ဘက်သို့ တရှိန်ထိုးပြေးလာသည်။
ဒုန်း..
ဓားရှည်ကျိုးသွားကာ ထိုလူအိုကြီးလည်း သွေးအန်သွားသည်။ ထို့နောက် ထိုသတ္တဝါသည် လူအိုကြီး၏လည်ပင်းကို လိမ်ချိုးကာ သူ့ဘဝကို အဆုံးသတ်လိုက်လေသည်။
ရှီဟောင် ခပ်ဝေးဝေးမှနေ၍ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်ပင်။ သူ၏မျက်လုံးများ အက်ကွဲတော့မတတ်ပင်။
တစ်ချိန်တည်းမှာပင် ဤကောင်းကင်အတိဒုက္ခမှာ အဘယ်ကြောင့် ဤမျှအသက်ဝင်နေသည်ကို သူနားမလည်နိုင်ဖြစ်လာသည်။ ဤသည်မှာ တကယ်ဖြစ်နေသကဲ့သို့ပင်။
ဤသည်မှာ ယခင်ခေတ်မှ တိုက်ပွဲမြင်ကွင်းများ ဖြစ်လိမ့်မည်ဟု သူထင်မိသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုမှ သက်ရှိများအားလုံး စစ်ပွဲ၌ မြေမြှုပ်ခံလိုက်ရသည်ပင်။
ဤရွာအပြင် ဤထက်ပိုဝေးသည့်နေရာများ၌လည်း မီးလောင်ကျွမ်းနေကာ ငိုကြွေးသံများမှာ နေရာအနှံ့မှ ထွက်ပေါ်နေသည်ပင်။
ရှီဟောင် အရှေ့ဘက်သို့ လျှောက်သွားပြီး ဒေါသတကြီးတိုက်ခိုက်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် စစ်ဓားဖြင့် ထိုလူသတ်သမားကြီး၏ ခေါင်းကိုဖြတ်လိုက်သည်။ ထိုဓားချက်ကြောင့် ထိုလူမှာ ချက်ချင်းပင် ပေါက်ကွဲသွားသည်။
ရှီဟောင်သည် နတ်ဆိုးနတ်ဘုရားအဖြစ် ပြောင်းလဲသွားကာ ဤနေရာ၌ ရူးနှမ်းစွာ တိုက်ခိုက်နေသည်။ ဓားချက်တစ်ချက် ရန်သူတစ်ယောက်နှုန်းဖြင့် ရန်သူ ရာပေါင်းများစွာကို ရှင်းပစ်လိုက်သည်။
ဤသည်မှာ သွေးများပြည့်နေသည့်လောကကြီးပင်။ နေရာတိုင်း၌ ငိုကြွေးသံများ သတ်ဖြတ်သည့်အသံများဖြင့် ပြည့်နှက်နေသည်။ ရှီဟောင် ဤနေရာများကို မကြည့်နိုင်တော့။
နောက်ဆုံးတွင် သူ ဤအရာများကို မကြည့်တော့ပဲ ကန္တာရထိသို့ ပြေးလာလိုက်သည်။
ဤသည်မှာ လျှပ်စီးအတိဒုက္ခသာ။ ထို့ကြောင့် သူတိုက်ခိုက်နေလျှင်ပင် သမိုင်းကို မပြောင်းလဲနိုင်တော့။
“တစ်ခုခုတော့မှားနေပြီ .. ငါ အခုလေးတင် မြင်လိုက်ရတဲ့မြို့က ဘာလို့ လက်ရှိလောကက မြိုနဲ့ တူနေတာလဲ.. မဟုတ်မှ..” ရှီဟောင် အေးစက်သွားရသည်။
ဒါက အရင်တုန်းက ဖြစ်ခဲ့တာမဟုတ်ဘူးလား.. ဒါမှမဟုတ် ဒါက ဒီလောကမှာ ဖြစ်လာမယ့်အဖြစ်အပျက်လား..
“သတ်..” ရှီဟောင် ဒေါတသကြီး ဟစ်ကြွေးလိုက်ကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။
ဤကန္တရာတွင်လည်း တစ်ဖက်လောကမှ သတ္တဝါများစွာရှိနေသည်။ ဥပမာအားဖြင့် ယခုအချိန်တွင် ငွေရောင်ကင်းခြေများ ထောင်ပေါင်းများစွာရှိနေသည်။ ကင်းခြေများအားလုံးတွင် ငွေရောင်အတောင်ပံများပါရှိသည်။
ရှီဟောင် အခက်တွေ့နေရလေပြီ။ ကင်းခြေများ,များမှာ သုံးပေထက်ပိုရှည်ကြသည်။ အားလုံးသည် ပါးစပ်မှ လျှပ်စီးများကို ထွေးထုတ်ကာ သူ့အား တိုက်ခိုက်လာကြသည်။
ထို့အပြင် ဤကင်းခြေများ,များမှာ မြှားကဲ့သို့ အလွန်မာကျောလှသည်။ သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရှိနေလေပြီ။
အဘယ်ကြောင့်ဆိုသော် ကင်းခြေများ,များမှာ တစ်သန်းကျော်လောက်ပင်ရှိလောက်သည်။ အကောင်များအားလုံး သူ့အား ဝိုင်းရံထားသောကြောင့် သူမခုခံနိုင်တော့။ ဤသည်မှာ သူ့အား စိတ်ရောကိုယ်ပါ ပင်ပန်းစေသည်။
နောက်ဆုံးတွင်တော့ သူ၏ မောပန်းနေသည့်ခန္ဓာကိုယ်ကို တရွတ်ဆွဲကာ ထိုနေရာမှ ထွက်လာပြီးနောက်တစ်ဆင့်သို့ ဝင်နိုင်ခဲ့သည်။
ဤလမ်းမှာ ခက်ခဲလွန်းလှသည်။ သူသည် အကြိမ်ပေါင်းများစွာ သေမလိုဖြစ်ခဲ့ရသည်ပင်။
အချိန်များ ရွေ့လျားနေဆဲပင်။ ကောင်းကင်အတိဒုက္ခအပြင်ဘက်တွင်ရှိနေသည့်သူများမှာ ဒဏ္ဍာရီလာ စစ်ပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ အသက်အောင့်ထားကြမိသည်အထိပင်။ လူတစ်ယောက်က ဒီအဆင့်ထိတောင် ရောက်နိုင်တာလား .. သူက ကောင်းကင်ဘုံခြောက်ခုကို ဆက်တိုက်သွားပြီ..
လူများစွာအမြင်တွင် ရှီဟောင်သည် အစောကြီးကတည်းက သေသင့်နေလေပြီ။ သို့သော်လည်း သူသည် ရုန်းကန်ကာအရှေ့ဆက်တက်နိုင်ဆဲပင်။
သူ၏ခန္ဓာကိုယ်တွင် ဓားရာများပြည့်နေပြီး အချို့နေရာများတွင် အရိုးဖြူကိုပင် မြင်နေရကာ တစ်ကိုယ်လုံးလည်း မည်းတူးနေလေပြီ။ သို့သော်လည်း သူအရှုံးမပေးသေး။
“၇ ခုမြောက် ကောင်းကင်ဘုံ..”
“၈ ခုမြောက် ကောင်းကင်ဘုံ..”
…
အားလုံး ရေတွက်နေကြသည်။ သူသည် သူ၏သေဆုံးနေသည့်ခန္ဓာကိုယ်ကြီးကို ဆွဲကာ နောက်ဆုံးကောင်းကင်ဘုံသို့ ရောက်လာလေပြီ။
“သူဝင်သွားပြီ.. သူ ကိုးခုမြောက်ကောင်းကင်ဘုံကိုးဝင်သွားပြီ..”
“ဟွမ် .. သူက ဒဏ္ဍာရီထဲက ဒဏ္ဍာရီတစ်ခုကို ဖန်တီးတော့မှာလား.. သူ ဒီကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်နိုင်တော့မှာလား..”
“ဒီလိုမျိုးအတိဒုက္ခက ဒီကျင့်ကြံဆင့်နယ်ပယ်က ကောင်းကင်အတိဒုက္ခအားလုံးထက်သာတယ် .. ဒါပေမဲ့ သူအောင်မြင်တော့မယ်..”
“ဒါက လုံးဝကို မဖြစ်ဖူးတဲ့အရာပဲ .. ဘယ်သူမှ ဒီလိုမျိုး မအောင်မြင်ဖူးဘူး..”
လူငယ်များစွာမှာ တိုက်ပွဲကို ကြည့်နေရင်းဖြင့်ပင် သူတို့ကိုယ်တိုင် တိုက်ခိုက်နေရသကဲ့သို့ ခံစားလာရသည်။ သူတို့ မအော်ဟစ်ပဲ မနေနိုင်တော့။
“ဒီအတိဒုက္ခကို ဖြတ်ပြီးသွားရင် ဟွမ်က အကျိုးကျေးဇူးတွေ အများကြီးရမှာပဲ..” လူအချို့မှာ ဟွမ်မည်ကဲ့သို့သော ကံကောင်းမှုမျိုးရရှိမည်ကို သိချင်လာကြသည်။
“ဟွမ်ကအခု ပြိုုင်ဘက်ကင်းတဲ့အံ့ဩဖွယ်ဖြစ်ရပ်တစ်ခုကို လုပ်နေတာပဲ..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
အပိုင်း ၁၆၀၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၂ – ကောင်းကင်၏နောက်ဆုံးအလွှာ
ရှီဟောင် အလွန်ပင်ပန်းနေလေပြီ။ နတ်ရွှေကဲ့သို့မာကျောလှသည့် သူ၏ခန္ဓာကိုယ်ပင်လျှင် အလွန်စုတ်ပြတ်နေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံးသွေးများစိုရွှဲနေပြီး အချို့နေရာများတွင် အရိုးများပင် ပေါ်နေလေပြီ။
ထို့အပြင် သူ့ခန္ဓာကိုယ်၌ မိုးကြိုုးပစ်ခံရသည့်အရာများစွာလည်းရှိနေသည်။ သူ၏ရင်ဘတ်တွင် အနောက်ဘက်ထိ ထုတ်ချင်းပေါက်နေသည့် အပေါက်တစ်ပေါက်ရှိနေပြီး ထိုအပေါက်မှ လျှပ်စစ်တန်းများပင် ထွက်နေသည်။
ဤသည်မှာ အလွန်ဆိုးရွားလှသည်။ သူသည် ကောင်းကင်ဘုံရှစ်ခုအား တရစပ် ဖြတ်သန်းခဲ့သောကြောင့် များစွာ ပေးဆပ်ခဲ့ရသည်ပင်။ လမ်းတစ်လျှောက်၌ ရန်သူများစွာကို ရင်ဆိုင်ခဲ့ရပြီး ထိုရန်သူအားလုံးမှာလည်း အလွန်စွမ်းအားကြီးသည့်သူများပင်။
လူတစ်ယောက်မည်မျှပင် စွမ်းအားကြီးနေပါစေ ကောင်းကင်ဘုံရှိ ရန်သူအားလုံးကို ရှင်းပစ်ရန်တော့ ခက်ခဲနေဆဲပင်။ နေရာတိုင်း၌ ပြိုင်ဘက်များရှိနေပြီး သတ်ဖြတ်မှုများလည်း မဆုံးနိုင်လောက်အောင်ပင်။ ယခု သူတစ်ယောက်တည်း ရန်သူများကို တိုက်ခိုက်နေရသည်မပြောနှင့် ပုရွက်ဆိတ်များ များလာပါက ဆင်ကိုပင် ကိုက်သတ်နိုင်သည်။
လျှပ်စီးအလင်းတန်းတောက်ပလာကာ တံတားပြန်လည်ပျောက်ကွယ်သွားသည်။ ရှီဟောင် ကိုးခုမြောက် ကောင်းကင်ဘုံ၌ ရပ်နေလေပြီ။ သူသည် ပြိုကွဲလုနီးပါးပင်ဖြစ်နေသည်။ သူဆက်တိုက်နိုင်မလား မတိုက်နိုင်ဘူးလားသူမသိတော့။
ခပ်ဝေးဝေးတွင် မှော်ပစ္စည်းများ တစ်ခုပြီးတစ်ခု ကောင်းကင်ထက်သို့ တက်သွားကာ ကြယ်များပေါက်ကွဲသွားသကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။
“ဒီလောကကြီး ပျက်စီးလိမ့်မယ် .. ပြီးတော့ ပျက်စီးမယ့်နေ့က ဒီနေ့ပဲ..” သတ္တဝါတစ်ကောင်မှ ဟစ်ကြွေးလိုက်သည်။ သူ၏စွမ်းအင်လှိုင်းမှာ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။
ထို့နောက် ကောင်းကင်ထက်၌ ရွေ့လျားနေသည့် လက်မဲကြီးတစ်ဖက်ကို တွေ့လိုက်ရသည်။ ထိုလက်ကြီးသည် ကောင်းကင်တစ်ခုလုံးကို အုပ်မိုးသွားကာ အဖိုးတန်ပစ္စည်းများသာမက လ၊ ကြယ်များနှင့် ထိုလက်ဝါးထဲသို့ ဝင်သွားသည့်အရာအားလုံး ပျက်စီးသွားသည်။
ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။
ရှီဟောင် ထိုမြင်ကွင်းကို ကြည့်ပြီး သူ၏မျက်ဆံများပင် ကျုံ့သွားရသည်။
ကောင်းကင်အတိဒုက္ခအပြင်ဘက်တွင်ရှိနေသည့် လူငယ်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် အားလုံး အေးခဲသွားရသည်။ ဤသည်မှာ အားလုံးထင်ထားသည်ထက် ကျော်လွန်နေလေပြီ။ ဤသည်မှာ မသေမျိုးသက်ရှိ၏ စွမ်းအားပင်။
ဤကောင်းကင်အတိဒုက္ခမှာ တကယ်ကို ထူးဆန်းလှသည်။ ဒီလိုကပ်ဆိုးမျိုးကို ဘယ်သူက ဖြတ်ကျော်နိုင်မှာလဲ..
ဟွမ်က ဒီလိုကပ်ဆိုးမျိုးကို ရင်ဆိုင်ရမှာလား..
ယခုအချိန်တွင် အခြားသူများမပြောနှင့် ကျင်းကျန်၏အဘိုးပင် ရှီဟောင်ကိုသနားလာသည်။ “အဲဒီလိုစွမ်းအားမျိုးနဲ့သာ ရင်ဆိုင်ရလို့ကတော့ အလောင်းတောင်မရှိပဲ သေသွားမှာ..”
“အဲဒီလူငယ်လေးက သူ့ကိုယ်သူအမှားအယွင်းမရှိနိုင်ဘူးထင်နေတယ် .. ကောင်းကင်အတိဒုက္ခကို ဘယ်လိုလုပ် ဒီလောက်လွယ်မှာလဲ.. အတိဒုက္ခကို ဆက်တိုက်ဆင့်ခေါ်နေတာ ဒါက မထိမခိုက်ပဲနဲ့ ဖြတ်ကျော်နိုင်တဲ့အရာမဟုတ်ဘူး .. ပြိုင်ဘက်ကင်းတဲ့ ဂျီးနီးယပ်စ်တောင် ကျရှုံးနိုင်ချေရှိတယ်..” ဝမ်ရှီးအဘိုးမှ အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။
“ကောင်းကင်အတိဒုက္ခဆိုတာ လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်နယ်ပယ်နဲ့ ကိုက်ညီသင့်တာ..” သရဖူ ၁၀ ခုဘုရင်သည် ခပ်ဝေးဝေးမှနေ၍ လျှပ်စီးအလင်းတန်းများကို ကြည့်လိုက်ကာ သူ့ကိုယ်သူ ပြောလိုက်သည်။
လူတစ်ယောက်မှ ကိုယ်တိုင်ဆင့်ခေါ်လိုက်သည်ဆိုလျှင်ပင် ဤမျှ ရူးလောက်စရာမကောင်းသင့်။ တစ်ခဏအတွင်း ကျင့်ကြံဆင့်နယ်ပယ်များစွာကို ဖြတ်ကျော်နိုင်သည်ဆိုပါက ဘဝကြီးတွင် ဘာလုပ်တော့မည်နည်း..
ကောင်းကင်အတိဒုက္ခဆိုသည်မှာ ဖျက်ဆီးခြင်းဖြစ်သလို စစ်ဆေးမှုတစ်မျိုးလည်းဖြစ်သည်။ ဤသည်မှာ ဘဝအသစ်တစ်ခုရနိုင်သည့် မျှော်လင့်ချက်လည်းဖြစ်သည်။
ကောင်းကင်အတိဒုက္ခကိုသာ ဖြတ်ကျော်နိုင်ပါက ပြန်လည်မွေးဖွားခြင်းနှင့်ညီမျှသည့် အကျိုးကျေးဇူးများ ရရှိမည်ပင်။
“မသေမျိုးသက်ရှိ တိုက်ခိုက်မှာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
အထက် ကောင်းကင်ဘုံကိုးခုတွင် ဓားအလင်းတန်းများ တောက်ပနေသည်။ ဤနေရာ၌ သက်ရှိများပိုများနေပြီး လောကကြီးတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ အလောင်းများလည်း ပျံ့ကြဲနေသည်။
သို့သော် မထင်မှတ်ထားသည်မှာ ရှီဟောင်ရောက်လာသည့်အချိန်တွင် သူ့ထံသို့ တရှိန်ထိုးလာသည့် သတ္တဝါမရှိပဲ ဤနေရာမှာ အလွန်ငြိမ်းချမ်းနေသည်။
ခပ်ဝေးဝေးတွင် စစ်ပွဲကြွေးကြော်သံများ ကောင်းကင်ထက်သို့ တက်သွားပြီး ဓားစွမ်းအင်များ ရောယှက်နေသည်။ ထိုနေရာတွင် ထိပ်ဆုံးရောက်နေသည့် ကျွမ်းကျင်သူများ၏ တိုက်ပွဲတစ်ခု ရှိနေသည်။
ဝုန်း..
ကောင်းကင်ကြီးကို ပြောင်းပြန်လှန်နိုင်သည့် တံဆိပ်တစ်ခု ကျရောက်လာသည်။ ထိုတံဆိပ်မှာ ကျောက်စိမ်းကဲ့သို့ နူးညံ့ကာ တောက်ပနေသည်။ ထိုတံဆိပ်သည် တစ်ဖြည်းဖြည်းကြီးမားလာကာ လီပေါင်း ထောင်ပေါင်းများစွာကို အုပ်မိုးသွားလေ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်သူများမှာ ခန္ဓာကိုယ်များပင် အေးခဲသွဦးရသည်။
ထို့နောက် ငွေရောင်လှံတံတစ်ခု ပျံသန်းလာကာ ကောင်းကင်ဘုံကိုးခုဘက်မှ အလွန်စွမ်းအားကြီးသည့် သတ္တဝါတစ်ကောင်ကို ထိုးဖောက်သွားသည်။ ထိုသတ္တဝါကို ထိုးဖောက်ပြီးသွားသော်လည်း ငွေရောင်လှံတံ၏အရှိန်မှာ အနည်းငယ်မျှပင် ပျက်ပြယ်မသွား။ ကြယ်တစ်လုံးကို ထိုးဖောက်ပြီးသွားတော့မှသာ ရပ်တန့်သွားသည်။ ထိုကြယ်လည်း ပေါက်ကွဲသွားလေ၏။
ကောင်းကင်ဘုံကိုးခုဘက်မှ ကျွမ်းကျင်သူသည် မူလက အလွန်အားကောင်းသော်လည်း ထိုကြယ်ကြီး ပေါက်ကွဲသွားသည်နှင့် သူလည်း လောင်ကျွမ်းသွားကာ အသတ်ခံလိုက်ရလေသည်။
ရှီဟောင် သက်ပြင်းချလိုက်သည်။ ကောင်းကင်အတိဒုက္ခမှာ သူနှင့် ကိုက်ညီသင့်သည်ဟု သူလည်းတွေးမိသည်။ ကျင့်ကြံဆင့်တစ်ဆင့်မြင့်လျှင်ပင် ကိစ္စမရှိ။ ပေါ်လာသည့် သတ္တဝါများမှာ သိပ်မကြမ်းလောက်။ ခပ်ဝေးဝေး၌ အဆင့်လွန်ပုဂ္ဂိုလ်များ တိုက်ခိုက်နေကြသည်ကို သူမြင်သော်လည်း ဤသည်မှာ သူနှင့် ဝေးနေသေးသောကြောင့် သူ့ကို မထိခိုက်သင့်။ သို့သော်လည်း ယခုအချိန်တွင် ဤနေရာ၌ အန္တရာယ်များသည့်သူများရှိနေသောကြောင့် သူ ထိုသူများနှင့် မတွေ့ရမှသာ ထူးဆန်းနေလိမ့်မည်။
ဒါက တကယ် သေမယ့်လမ်းလား..
သူ တိတ်တဆိတ်ဖြင့်ပင် အရာအားလုံးကို ကြည့်လိုက်သည်။ သူ့ကို လာတိုက်ခိုက်သည့် သတ္တဝါများ မရှိသေးသည်ကိုတွေ့လိုက်ရသည့်အချိန်တွင် သူထိုင်ချကာ သူ့ဒဏ်ရာများကို ကုသရန် ဆုံးဖြတ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏အခြေအနေမှာ အတော်လေးဆိုးရွားနေသည်ပင်။ ခန္ဓာကိုယ်ကြီး စုတ်ပြတ်နေပြီး အချို့အရိုးများ ကျိုးနေလေပြီ။
ရှီဟောင်၏ပတ်လည်တွင် မှုန်ဝါးသည့်အလင်းများ ထွက်ပေါ်လာကာ လျှပ်စီးမှ စွမ်းအင်များကို စုတ်ယူပြီး သူ့ခန္ဓာကိုယ်ကိုပြုပြင်လိုက်သည်။
အကျိုးသက်ရောက်မှုများမှာ အလွန်ကောင်းမွန်လှသည်။
ရှီဟောင် မလန့်ပဲ မနေနိုင်တော့။ ဤနောက်ဆုံးကောင်းကင်ဘုံ၏ လျှပ်စီးအတိဒုက္ခတွင် ပုံမှန်မဟုတ်သည့်အရာများ ပါဝင်နေသည်။ လျှပ်စီးများမှ ပျက်စီးခြင်းကို ကိုယ်စားပြုသော်လည်း ဤလျှပ်စီးများတွင် အသက်ဓာတ်များ ပါဝင်နေသည်။
ဤသည်မှာ အလွန်အကျိုးများလှသည်။ ရှီဟောင်၏ခန္ဓာကိုယ်မှာ ထိုကဲ့သို့ အသက်စွမ်းအင်များဖြင့် ဝန်းရံခံလိုက်ရကာ ပျက်စီးနေသည့်လောကကြီးတွင် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ် တောက်ပလာကာ တစ်ဖြည်းဖြည်း ပြန်ပြည့်လာသည်။
သူ၏ခန္ဓာကိုယ်ထဲ၌ အရိုးများလည်း တဂျွတ်ဂျွတ်အသံမြည်ကာ ပြန်ဆက်သွားသည်။
ရွှီး..
ရှီဟောင်မျက်လုံးဖွင့်လိုက်သည်။ သူသည် ထိုင်လျက်ဖြင့်ပင် ကျန်းရာပေါင်းများစွာသို့ ရွေ့လိုက်ကာ သေခြင်းတရားကို ရှောင်ရှားလိုက်သည်။
အေးစက်သည့်အလင်းများ တောက်ပနေသည့် ရွှေရောင်နတ်ဓားတစ်လက် .. ထိုဓားကို သတ္တဝါတစ်ကောင်မှ ကိုင်ထားသည်။ ထိုဓားကို လွှဲရမ်းလိုက်သည်နှင့် သူခေါင်းပြတ်မလိုပင် ဖြစ်သွားသည်။
အန္တရာယ်ရောက်လာလေပြီ။ ကောင်းကင်ဘုံကိုးခုတွင် သူ့ကို အရင်ဆုံး အားဖြည့်ခွင့်ပေးထားသည်။ သူ၏တိုက်ခိုက်နိုင်စွမ်း ပြန်ပြည့်လာသည်နှင့် ရန်သူများ ချက်ချင်းပေါ်လာသည်။
“သူ့မှာ အသက်ရှင်နိုင်မယ့် အခွင့်အရေးရှိသေးတယ် .. သူ လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာပဲရှိတယ် ..” ကောင်းကင်အတိဒုက္ခ အပြင်ဘက်ရှိ တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ရှီဟောင် စွမ်းအင်များ ပြန်ပြည့်လာပြီဖြစ်သောကြောင့် သူ့ထံတွင် မျှော်လင့်ချက်ရှိသေးမှန်း အားလုံး သိလိုက်ရလေပြီ။
“လူသားတွေ .. စိတ်ရှုပ်စရာကောင်းတဲ့မျိုးနွယ်စု .. အရမ်းကို အားနည်းပေမယ့် သူတို့သန်မာရင်လည်း တော်တော်လေး ထူးဆန်းတယ် .. မင်းအသက်ကို ပေးလိုက်တော့..” ထိုသတ္တဝါမှ ဟစ်ကြွေးလိုက်သည်။
တိုက်ပွဲကြီးနောက်တစ်ကြိမ် ဖြစ်ပေါ်လာသည်။ ထို့အပြင် ဤနေရာ၌ ဖြစ်နေသည့် အဖြစ်အပျက်သည် နယ်မြေတစ်ခုလုံးကို လှုပ်နိုးသွားစေပြီး သူ့ထံသို့ ပြေးလာသည့် ရန်သူမည်မျှရှိမှန်းပင် မသိတော့။ ဓားစွမ်းအင်များမှာလည်းပင်လယ်တစ်စင်းကဲ့သို့ပင်။ ဓားအလင်းတန်းများလည်း ကောင်းကင်ထက်သို့ တက်သွားသည်။
“သတ်..”
ရှီဟောင် ဟစ်ကြွေးလိုက်၏။ သူ့ထံတွင် ရွေးချယ်စရာမရှိ။ သူအသက်ရှင်နိုင်ရန် တိုက်ခိုက်ရမည်ပင်။
ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ ရှုပ်ပွလာ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်တရစပ် သတ်ပစ်နေသောကြောင့်ပင်။ စွမ်းအားကြီးသည့် ခေါင်းဆောင်အချို့ကို အရင်ရှင်းပစ်ပြီးနောက် သူ စစ်တပ်ကြီးနှင့် တိုက်ခိုက်လိုက်သည်။
သူဓားရှည်တစ်လက်ကို ကိုင်ထားကာ သူသွားသည့်နေရာတိုင်း၌ ခေါင်းများပြတ်ထွက်လာသည်။ အလယ်မှ နှစ်ပိုင်းပြတ်သွားသည့်အလောင်းများရှိသလို ခါးမှနှစ်ပိုင်းပြတ်သွားသည့်အလောင်းများလည်းရှိသည်။
ဝုန်း..
လျှပ်စီးတန်းများ တစ်တန်းပြီးတစ်တန်း ပေါက်ကွဲလာသည်။
ဤသတ္တဝါများသည် ကျသွားသည်နှင့် လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကာ ပေါက်ကွဲသွားကြသည်ပင်။
ရွှီး..
မသေမျိုးအလင်းတန်းပေါင်းများစွာ ရုတ်တရက် ကောင်းကင်ကို ဖြတ်သွားသည်။ ဤသည်မှာ အလွန်ထူးဆန်းသလို အလွန်လည်း ကြောက်စရာကောင်းလှသည်။
ရှီဟောင် ခန္ဓာကိုယ်တောင့်ခဲသွားရသည်။ သူ့ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် စွမ်းအားကြီးသည့်ပုဂ္ဂိုလ်များစွာ အာကာသအတွင်းပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
“မုန်းစရာကောင်းလိုက်တာ .. သူ အခွင့်အရေးတစ်ခု ပေးခံလိုက်ရတာပဲ .. သူရဲ့ကျင့်ကြံဆင့်နဲ့ ကိုက်ညီတဲ့ ကောင်းကင်အတိဒုက္ခပဲ ရောက်လာတာ..” ဝမ်ရှီးအဘိုးမှ ပြောလိုက်သည်။
“ကောင်းလိုက်တာ..” ပုရွက်ဆိတ်လေး၊ ချောင်ယုရှင်းနှင့် အခြားသူများမှာ ယခုမှသာ သက်မချနိုင်တော့သည်။
သို့သော်လည်းယခုမှာ စိတ်အေးလက်အေး နေရမည့်အချိန်မဟုတ်သေး။ အန္တရာယ်အစစ်လာ လာနေဆဲပင်။
မြင်ကွင်း ပြောင်းလဲသွားသည်။ စစ်တပ်ကြီး ကွဲသွားကာ သတ္တဝါများစွာ ထွက်လာသည်။ သူတို့တစ်ယောက်စီတိုင်းမှာ ငွေရောင်စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်သူရဲကောင်းဆန်လှသည်။
ထို့အပြင် စစ်သားများစွာ ပေါ်လာကာ ရှီဟောင်ကို ဝန်းရံတိုက်ခိုက်လာကြသည်။
ယခုအချိန်တွင် ကောင်းကင်ဘုံကိုးခုမှ သတ္တဝါများလည်း နောက်ဆုတ်ခြင်းမရှိပဲ တရှိန်ထိုးပြေးလာကြသည်။
ဖူး..
သို့သော်လည်း ရန်သူ့တပ်၏ရှေ့ဆုံး၌ရှိနေသည့် သတ္တဝါများမှာ စွမ်းအားကြီးလှသည်။ သူတို့ထဲမှတစ်ယောက် သူ၏ရဲဒင်းကို လွှဲရမ်းလိုက်သည်နှင့် ဓားကိုင်ကာ တရှိန်ထိုးပြေးလာသည့် လူလတ်ပိုင်းအမျိုးသားတစ်ယောက် ထိုရဲဒင်းကြောင့် လွင့်ထွက်သွားရသည်။
“လူငယ်လေး .. မင်းရဲ့အလားအလာက အရမ်းကောင်းတာကို ငါမြင်တယ် .. မင်းအခု ထွက်သွားသင့်တယ် .. ကောင်းကင်ဘုံကိုးခုအတွက် လောင်စာနည်းနည်းချန်ထားလိုက်..” ထိုလူလတ်ပိုင်းအမျိုးသား မသေခင်တွင် ရှီဟောင်အား ကြည့်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် ထိုလူ ပေါက်ကွဲသွားသည်။
“ခင်ဗျား..” ရှီဟောင် မျက်ခုံးများ ဖြောင့်တန်းသွားရသည်။
“မြန်မြန်သွား .. ငါတို့ မျှော်လင့်ချက်တစ်ချို့ ချန်ထားဖို့လိုတယ် .. မင်း ကမ္ဘာမြေ ၁၀ ခုကနေ တိုက်ခိုက်ပြီးတက်လာတာ ငါမြင်တယ် .. ငါတို့ မျိုးဆက်မပြတ်အောင်လို့ ဒီလိုမျိုး အလားအလာမျိုးကို ချန်ထားရမယ် .. အသက်ဆက်ရှင်နိုင်တဲ့သူတစ်ချို့ ရှိမှရမယ်..” အခြားအကြီးအကဲတစ်ယောက်မှ အော်ဟစ်လိုက်သည်။ သူသည် လူများကို ဦးဆောင်ကာ တရှိန်ထိုးပြေးလာသော်လည်း အဆုံးသတ်တွင် ဤလူများမှာ ရန်သူ၏ပြိုုင်ဘက်များမဟုတ်ခဲ့။
ဖူးဟူသည့်အသံနှင့်အတူ ခေါင်းများစွာ ပြုတ်ကျလာသည်။
“မုထော်ဘုရင် .. ငါမင်းကိုရအောင်တိုက်မယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်ကာ သူ၏လက်ထဲတွင် ရှိနေသည့် လှံတံဖြင့် ထိုးလိုက်သည်။
ဖူး..
သို့သော်လည်း ရလဒ်မှာ အတူတူပင်။ ထိုလူမှာ ထိုနေရာ၌ပင် သေဆုံးသွားသည်။
ဤသည်မှာ အစစ်အမှန်ဆန်လွန်းလှသလို ပုံရိပ်ယောင်နှင့်လည်း တူနေသည်။ ဤသည်မှာ ကောင်းကင်အတိဒုက္ခမှန်း သူသိသော်လည်း သူ၏ခံစားချက်များ ပြင်းထန်လာသည်ပင်။
“ခင်ဗျားတို့အားလုံး သွားသေလိုက်တော့..” ရှီဟောင် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ သူ့နားတွင်ရှိနေသည့် ရန်သူများကိုသတ်ကာ ထိုငွေရောင်ဝတ်စုံဝတ်ဆင်ထားသည့် ဘုရင်များထံသို့ သူပြေးသွားလိုက်သည်။
ဝုန်း..
ရှီဟောင်အနောက်ဘက်တွင် ခွန်ပန်အတောင်ပံများ ထွက်ပေါ်လာ၏။ ထိုအတောင်ပံများ လှုပ်ခတ်လိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအင်များ ဝေ့ဝဲလာသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ဓားရှည်ဖြင့်လည်း မညှာမတာ တိုက်ခိုက်နေသည်ပင်။
ဤသည်မှာ သူ့အား သွေးများဆူပွက်လာစေသည့် တိုက်ပွဲကြီးပင်။
ဒုန်း..
ခွန်ပန်အတောင်ပံများကို လှုပ်ခတ်ကာ သူ၏စွမ်းအားကိုပြသလိုက်သည်။ သူ ထိုရဲဒင်းကို လွင့်ထွက်သွားစေလိုက်ကာ ထိုမုထော်ဘုရင်ခေါင်းကို ဖြတ်လိုက်သည်။ စွမ်းအားကြီးသည့် ဘုရင်လူမျိုးစုမှ ကျင့်ကြံသူတစ်ယောက် အသတ်ခံလိုက်ရလေပြီ။
သူသည် ဝံပုလွေအုပ်ထဲသို့ တိုးဝင်သွားသည့် ရွှေရောင်ခြင်္သေ့ကြီး ကဲ့သို့ပင်။ သူသတ်ဖြတ်ရင်းဖြင့် စစ်မြေပြင်အလယ်သို့ ရောက်သွားသည်။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်း တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကာ ရွှေရောင်လမ်းကြောင်းတစ်ခု ဖြစ်သွားသည်။
ဝုန်း..
ရှီဟောင်သည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသည့်အပြင် အဝိုင်းခံထားရသည်။
ထိုအချိန်တွင် စစ်တပ်ကြီးသည် တိုက်ခိုက်ခြင်းမရှိပဲ လုံးဝနောက်ဆုတ်သွားကြသည်။ သို့သော်လည်း ရွှေရောင်လမ်းကြောင်းမှ လမ်းလျှောက်ထွက်လာသည့် လူများပေါ်လာသည်။
ရွှေရောင်လမ်းကြောင်းများမှာ သိပ်မများပေ။ သူတို့သည် နေရာအနှံ့မှ ရောက်လာခြင်းဖြစ်သလို သူတို့ကလန်များလည်း မတူကြ။
ရွှေရောင်လမ်းကြောင်းတစ်ခုစီတိုင်းတွင် သက်ရှိတစ်ယောက်စီရှီနေသည်။ သူတို့အားလုံးမှာ အလွန်ငယ်သော်လည်း အလွန်ကြောက်စရာကောင်းလှသည်။ သူတို့ပုံပန်းသွင်ပြင်တွင် ပုံမှန်မဟုတ်သည့်ဖြစ်စဉ်များရှိနေသည်။
အချို့သူများမှာ ဖရိုဖရဲစွမ်းအင်ဖြင့် ရစ်ပတ်ထားကာ အချို့သူများ၏ခန္ဓာကိုယ်များမှာ နေမင်းကဲ့သို့ တောက်ပနေသည်။ အချို့သူများတွင် ထာဝရစွမ်းအင်များရှိနေသည်။ အချို့သူများမှာ သူတို့၏မျက်ခုံးများတွင် ကောင်းကင်စာသားတံဆိပ်များ ရေးထိုးထားလေသည်။
“ဒီလူတွေက ဘယ်သူလဲ..” ကောင်းကင်အတိဒုက္ခအပြင်ဘက်မှ လူငယ်များထိတ်လန့်သွားရသည်။
ရောက်လာသည့်သူအားလုံးမှာ ငယ်သော်လည်း သူတို့သည် ဘုရင်လူမျိုးစုများထက်ပင် အားကောင်းလှသည်။
ထို့ကြောင့် အများစုမှာ အဖြေကို ခန့်မှန်းမိပြီးသားပင်။ ဤလူများမှာ ရှေးဟောင်းကုန်းမြေများတွင် သီးသန့်ကျင့်ကြံကာ လောကကြီးမှ အတော်ကြာပျောက်နေခဲ့သည့် ဧကရာဇ်ကလန်များပင် ဖြစ်လိမ့်မည်။
အပိုင်း ၁၆၀၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၃ – ဧကရာဇ်ကလန်
ဧကရာဇ်ကလန်မှာ လူသားလောက၏ ဧကရာဇ်လူမျိုးစုများမဟုတ်သလို ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှ ထာဝရတရားရရှိရန် ကြိုးစားနေကြသည့် ဧကရာဇ်လူမျိုးစုလည်းမဟုတ်။
ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုတွင် အဆင့်လွန်သက်ရှိမိသားစုများနှင့် ရှေးခေတ်ကတည်းက ပြိုင်ဘက်ကင်းခဲ့သည့်မျိုးဆက်များရှိသည်။ ဤကလန်များကို ဧကရာဇ်ကလန်ဟု ခေါ်ကြသည်။
မိသားစုတွင် ထာဝရသက်ရှိရှိခဲ့ဖူးသည့်သူများကိုမူ သက်ရှည်မိသားစုများဟု ခေါ်ကြသည်။
ထို့ကြောင့် ဧကရာဇ်ကလန်ဆိုသည်မှာ ကောင်းကင်ဘုံကိုးခု၌ သုံးနေကျစကားလုံးမဟုတ်ပဲ ကမ္ဘာမြေ ၁၀ခုတွင် သုံးသည့်စကားလုံးဖြစ်သည်။ ဤသည်မှာ သေမျိုးလောကမှ ဧကရာဇ်များကို ဆိုလိုခြင်းပင်။
သို့သော်လည်း တစ်ဖက်လောကမှ ဧကရာဇ်ကလန်များမှာမူ ထိုသို့မဟုတ်။ သူတို့သည် မသေမျိုးဟူသည့် ဂုဏ်ပုဒ်အပေါ် အခြေခံထားခြင်းပင်။
ဥပမာ အန်းလန်နှင့် ရှုထော်တို့မှာ ယခင်ခေတ်ကတည်းက ရှိနေခဲ့သည့် နာမည်များပင်။ သို့သော်လည်း သူတို့သည် ယခုအချိန်ထိ အသက်ရှင်နေဆဲဖြစ်ကာ အလွန်စွမ်းအားကြီးလှသည်ပင်။ သူတို့မိသားစုများကို ဧကရာဇ်ကလန်ဟု ချီးကျူးကြသည်ပင်။
အမှန်တကယ်တွင် ထာဝရရှေးဟောင်းခေတ်၌ ဤလောကတွင် ထာဝရဘုရင်များ ရှိခဲ့သည်။ သူတို့သည် ပြိုင်ဘက်ကင်းသည့် ခွန်အားရှိသော သတ္တဝါများပင်။
သို့သော် တစ်ဖက်လောကမှ အန်းလန်၊ ရှုထော်နှင့်အခြားသူများ စစ်တပ်ကြီးများကို ဦးဆောင်ကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများကို အဆုံးစွန်ထိ အနိုင်ယူခဲ့ကြသည်။ထို့ကြောင့်ပင် ထာဝရဘုရင်များထက်မြင့်သည့် ဧကရာဇ်ကလန်ဟု ခေါ်ကြခြင်းပင်။
ဧကရာဇ်ကလန်မှ ‘ဧကရာဇ်’မှာ ထာဝရဘုရင်မှ ‘ဘုရင်’နှင့် ဆန့်ကျင်ဘက် အဓိပ္ပာယ်ရှိသည်ပင်။
ပြောရမည်ဆိုလျှင် ဤလူများမှာ မသေမျိုးဧကရာဇ်များပင်။
ဤလောကတွင် ရှေးဟောင်းမျိုးဆက်များ၊ မရေမတွက်နိုင်သည့်ထူးဆန်းမှုများ၊ ရှေးဟောင်းသင်္ချိုင်းမြေများစွာရှိနေသကဲ့သို့ တစ်ဖက်လောကတွင်လည်း ရှိနေသည်ပင်။
ဤသင်္ချိုင်းမြေမှာ အန်းလန်၊ ရှုထော်နှင့် ဟဲဝူရှန်း၏ဆရာထက်ပင် ရှေးကျကာ သူတို့ပင် မည်သည့်ခေတ်မှ အပျက်အစီးမှန်း မသိနိုင်ဟု ပြောကြသည်။
သူတို့၏တွေ့ရှိချက်အရဆိုလျှင် သူတို့သိထားသည့် နယ်ပယ်ထက် ပိုမြင့်သည့် လမ်းကြောင်းများရှိနေပြီး ထိုအဆင့်ထိရောက်သည့်သတ္တဝါများလည်း ရှိခဲ့ဖူးသည်ပင်။
ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းသနည်း..
သူတို့က ထိပ်ဆုံးရောက်နေပြီးတော့ နယ်ပယ်အားလုံးမှာ ပြိုင်ဘက်ကင်းနေပြီလေ .. အဲဒါတောင်မှ ပိုမြင့်တဲ့နယ်ပယ်ကို ထပ်တက်လို့ရသေးတာလား..
သူတို့ သေချာလေ့လာခဲ့ကြသော်လည်း သူတို့မသေချာလှ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော သက်ရှိမျိုးမှာ မရှိနိုင်တော့။
ထို့အပြင် ဤကဲ့သို့သော သက်ရှိများ ရှိနေသည်ဆိုလျှင် သူတို့အဘယ်ကြောင့် မမြင်ရသနည်း.. သူတို့လုံးဝပျောက်ကွယ်သွားပြီဖြစ်ပြီး သူတို့နေထိုင်သည့်နေရာများလည်း သင်္ချိုင်းများ ဖြစ်သွားလေပြီ။
အန်းလန်၊ ရှုထော်နှင့် အခြားသူများ မည်ကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ချလိုက်ကြသည်ကို မည်သူမှမသိ။ နောက်ပိုင်းမျိုးဆက်များ ပြောကြသည်မှာ သင်္ချိုင်းမြေမှ သဲလွန်စများအကြောင်းပြောမည်ဆိုလျှင် ဧကရာဇ်များထဲတွင် မသေမျိုးများရှိနေသည်ဟုပင်။
ဤနှစ်များတွင် အန်းလန်နှင့်ရှုထော်တို့ ဘာကို သုတေသနလုပ်နေကြသည်ကို မည်သူမှ မသိကြ။ သူတို့သဲလွန်စအသစ်များတွေ့သလား.. သက်သေတွေ့သလား မည်သူမှ မသိကြ။
အနည်းဆုံတော့ ကောင်းကင်ဘုံကိုးခုမှ လူများ ဤအကြောင်းကို မသိရ။
“ဧကရာဇ်ကလန်ဆိုတာ အန်းလန်၊ ရှုထော်တို့ရဲ့ မျိုးဆက်လား .. သူတို့တွေက ပြိုင်ဘက်ကင်းတယ် .. သူတို့ထဲကတစ်ယောက်ပေါ်လာတာနဲ့ သူတို့နဲ့ရွယ်တူထဲက ဘယ်သူမှ သူတို့ကို မယှဉ်နိုင်ဘူး..”
အချို့လူများမှ တီးတိုးပြောလိုက်သည်။ ယခုအချိန်တွင် ချောင်ယုရှင်း၊ ပုရွက်ဆိတ်လေး၊ ယုန်ဖြူလေးနှင့် အခြားသူများ၏အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့ ရှီဟောင်အတွက် အလွန်စိုးရိမ်လာသည်။
“မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုခုမဖြစ်ရင်တော့ ဟွမ် သေချာပေါက် သေမှာ .. သူအသက်ရှင်ဖို့ အခွင့်အရေးနည်းနည်းမှ မရှိဘူး..” ကျင်းကျန်းအဘိုး ပြောလိုက်သည်။ သူသည် သက်ရှည်မိသားစုဝင်တစ်ယောက်ဖြစ်သော်လည်း ဧကရာဇ်ကလန်များနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သူမျက်နှာပျက်သွားရသည်။
အဆင့်တူသည့်တိုက်ပွဲများတွင် ဧကရာဇ်ကလန်များသည် ပြိုင်ဘက်ကင်းပြီး မည်သည့်အချိန်တုန်းကမှ မရှုံးဖူးပေ။
ယခုအချိန်တွင် နေရာအနှံ့မှ သတ္တဝါများစွာ တစ်ချိန်တည်းပေါ်လာလေပြီ။ ရှီဟောင်၏အသက်ရှင်နိုင်ချေ မည်မျှရှိနိုင်မည်နည်း..
ရှီဟောင် ဧကရာဇ်ကလန်များမှာ လူငယ်ပေါင်းများစွာကို တစ်ယောက်တည်းရင်ဆိုင်နိုင်လိမ့်မည်ဟု မည်သူမှ မယုံကြည်ကြ။
“ကြည့်ရတာ ငါတို့ ဝင်နှောက်ယှက်ဖို့မလိုဘူးထင်တယ် .. သူက သေချာပေါက် သေမှာပဲ .. ပြီးတော့ တစ်ဖက်လောကက ဒဏ္ဍာရီလာ ဧကရာဇ်ကလန်တွေက ဘယ်လောက် ထူးခြားလဲဆိုတာ ငါ့တို့ကြည့်ရတော့မယ်..” ဝမ်ရှီးအဖိုးမှ နှာခေါင်းရှုံ့လိုက်သည်။
စစ်တပ်များမှာ ရှီဟောင်နားမှ ဆုတ်ခွာသွားပြီဖြစ်ပြီး ရွှေရောင်လမ်းကြောင်းများသာ သူ့ဘေးနားပတ်လည်ရောက်လာသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ..” ရှီဟောင် သူတို့အား စိုက်ကြည့်လိုက်သည်။ သူ ဤဒဏ္ဍာရီလာကလန်များကို တွေ့ရလိမ့်မည်ဟု သူခံစားမိပြီးသားပင်။
ဝုန်း..
သူတို့ထဲမှ လူငယ်တစ်ယောက် လက်သီးမြှောက်လိုက်ကာ ကောင်းကင်ကို ထိုးခွဲလိုက်သည်။ လေဟာနယ်ထဲ၌ ကြောက်စရာကောင်းသည့်အလင်းများ ထိုးဖောက်သွားလေ၏။
ဖုန်း..
ရှီဟောင် လက်သီးတစ်ချက် ဝေ့ရမ်းလိုက်သည်နှင့် လျှပ်စီးတစ်တန်းထွက်ပေါ်လာကာ ထိုအလင်းတန်းနှင့် တိုက်သွားသည်။ သူတို့နှစ်ဦးကြားတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်ပင်။
ဤသည်မှာ အစသာရှိသေးသည်။ ထိုဧကရာဇ်လူမျိုးစုမှလူမှာ သူ၏စွမ်းအားအကုန်ကို မသုံးသေး။
ဘေးဘက်မှ ကြည့်နေကြသည့် လူငယ်ကျွမ်းကျင်သူများအားလုံး အမူအရာ ပြောင်းလဲသွားကြသည်။ သူတို့ ကြည့်နေရုံသာဖြစ်သော်လည်း ဤလူများမှာ အလွန်ကြောက်စရာကောင်းကြောင်း သိနိုင်သည်ပင်။
ကံကောင်းသည်မျာ ဧကရာဇ်ကလန်များမှာ အရေအတွက်အနည်းငယ်သာရှိသည်ပင်။
သို့သော်လည်း သူတို့သွေးမျိုးဆက်များမှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည်။ သူတို့အခြားလူမျိုးစုများနှင့် လက်ထပ်လျှင် မျိုးဆက်ရနိုင်ရန် ခက်ခဲသော်လည်း ကလေးမွေးလာသည်နှင့် ထိုကလေးမှာ သူတို့သွေးမျိုးဆက်ဖြစ်မည်ပင်။
ဧကရာဇ်ကလန်တိုင်းတွင် ကလန်သားအနည်းငယ်သာရှိပြီး သူတို့လောကကြီးထဲသို့ ထွက်လာလေ့မရှိ။ အားလုံးမှာ ရှေးအကျဆုံးနေရာများ၌သာ နေထိုင်ကြပြီး လောကကြီးနှင့် အဆက်အသွယ်ဖြတ်ထားလေသည်။
ဤနှစ်များတွင် ကောင်းကင်ဘုံကိုးခုမှဖြစ်စေ တစ်ဖက်လောကမှ ဖြစ်စေ အားလုံးမှာ သူတို့ဤလောကမှ ထွက်မလာရန် ဆုတောင်းနေကြသည်။
ကောင်းကင်ဘုံကိုးခုမှ လူများ ဤကဲ့သို့ ဆုတောင်းရခြင်းမှာ တစ်ဖက်လူများကို ကြောက်ရွံ့သောကြောင့်ပင်။
တစ်ဖက်လောကမှ လူများမှာမူ သူတို့ထံ၌ ရှုပ်ထွေးသည့်ခံစားချက်များ ရှိနေသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ကလန်များမှ လူတစ်ယောက်ပေါ်လာသည်နှင့် ထိုခေတ်မှာ ထိုလူလက်ထဲသို့ ကျသွားမည်ပင်။ မည်သူမှ သူနှင့်ယှဉ်ပြိုင်နိုင်မည်မဟုတ်။
အဆင့်လွန်သက်ရှိနေရာအတွက် ယှဉ်ပြိုင်ခြင်း၊ မသေမျိုးတာအိုအောင်မြင်မှုတွင် မည်သူကများ သူတို့နှင့် ယှဉ်နိုင်မည်နည်း..
“လာခဲ့ ဧကရာဇ်ကလန် .. မင်းတို့မှာ ဘယ်လိုစွမ်းရည်မျိုးတွေရှိနေလဲ ကြည့်ရအောင်..” ရှီဟောင် တီးတိုးရေရွတ်လိုက်သည်။ ယခုအချိန်တွင် အခြေအနေမှာ အလွန်ဆိုးရွားနေသည်။ ဤသည်မှာ ဧကရာဇ်ကလန်တစ်ခုတည်းမဟုတ်။ သူ့အား ဝိုင်းထားသည့်သူများစွာ ရှိနေသည်။
“ဒါ မတရားဘူး .. ဘယ်လို ကောင်းကင်အတိဒုက္ခမျိုးက ဒီလောက်ထိ ရက်စက်မှာလဲ .. ဘာလို့ သူ့ကို လူတစ်စုနဲ့ တစ်ယောက် ချခိုင်းနေတာလဲ..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
သို့သော်လည်း ကောင်းကင်အတိဒုက္ခမှာ ခံစားချက်မရှိသည့်အရာပင်။ ဤသို့အော်ဟစ်နေလည်း အသုံးဝင်မည်မဟုတ်။
“ဟား ဟား .. ငါဒါကို မျှော်လင့်နေပြီ .. ဟွမ် ဘယ်လိုအဆုံးသတ်မျိုးနဲ့ တွေ့ရမှာလဲ..” ဝမ်ရှီးအဘိုး ပြောလိုက်သည်။ သို့သော်လည်း ဤသည်မှာ သူ့ဘေးနားမှလူများ ကြားရုံလောက်သာ။ သူ လူထုဒေါသကို မဆွဲရသေး။
အားလုံး ဂရုတစိုက် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲမှ ရေရှည်သက်ရောက်မှုများ ရှိလာနိုင်သည်။ ဧကရာဇ်ကလန်များ မည်မျှကြောက်စရာကောင်းသည်ကို သူတို့မြင်ရတော့မည်။
“သတ်..”
နောက်ဆုံးတွင် ဧကရာဇ်ကလန်မှ လူငယ်တစ်ယောက်လှုပ်ရှားလာ၏။ ဤသည်မှာ အမျိုးသမီးတစ်ဦးပင်။ သူမသည် အမျိုးသားများထက်ပင် ခေါင်းတစ်လုံးပိုရှည်နေကာ သူမ၏ခြေလှမ်းများမှာ ယိမ်းနွဲ့နေသည့် ကြာပန်းများကဲ့သို့ပင်။ သူမ ရှီဟောင်၏မျက်ခုံးကြားသို့ လက်ညှိုးထိုးလိုက်သည်။
ဝုန်း..
သူမ၏လက်ချောင်းမှ ရွှေရောင်အလင်းနှင့်အတူ ရောင်စုံနတ်အလင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ ဤနေရာ၌ မသေမျိုးအော်ရာ ထွက်ပေါ်လာသကဲ့သို့ ကြောက်စရာကောင်းလှသည်။
သူမ၏ လက်တစ်ခုလုံး ရွှေရောင်ပြောင်းလဲသွားကာ ရွှေရောင်အလင်းများ ထိုလက်ညှိုးထိပ်သို့ စုစည်းသွားသည်။ စွမ်းအားအကြီးဆုံး နတ်အလင်းတန်းတစ်ခု ရှီဟောင်ထံသို့ ထိုးထောက်သွားလေသည်။
ထိုအချိန်တွင် သူမတစ်ကိုယ်ုလံးအား မူလဖရိုဖရဲစွမ်းအင်များ ရစ်သိုင်းသွားလေသည်။
ဤသည်မှာ ဧကရာဇ်ကလန်ပင်။ သူတို့လှုပ်ရှားလိုက်သည်နှင့် တစ်လောကလုံး ထိတ်လန့်သွားလိမ့်မည်။
“ဒါက .. အန်းလန်ရဲ့လှံတံ..” လူများစွာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး၏လက် တောက်ပလာသည့်အချိန်တွင် ရွှေရောင်တောက်ပနေသည့် လှံတံနှင့်တူသည့် ပုံသဏ္ဌာန်တစ်ခုအား တွေ့လိုက်ရသည်။
လောကကြီး ချက်ချင်း ပြိုကွဲသွားသည်။ ဤလက်ညှိုးတွင် အန်းလန်လှံတံနတ်ခွန်အားပါဝင်နေသည်။
အန်းလန်မျိုးဆက်တိုင်းမှာ သူ၏နတ်ခွန်အားကို အလိုအလျောက်ပိုင်ဆိုင်ရသည်ဟု ပြောကြသည်။ ဥပမာအားဖြင့် အန်းလန်၏ညာလက်မှာ ကလန်သားများ၏ လက်မောင်းများတွင် တံဆိပ်အချို့ ရိုက်နှိပ်နိုင်သည်။
“ပြန်လည်မွေးဖွားခြင်း..”
ရှီဟောင်အော်ဟစ်လိုက်ကာ သူ၏ကိုယ်ပိုင် အဆင့်လွန်အဖိုးတန်ပညာအား အသက်သွင်းလိုက်သည်။ ဤသည်မှာ အချိန်စွမ်းအားပါဝင်နေပြီး အလွန်စွမ်းအားကြီးလှသည်။
သူ၏ပြန်လည်ဝင်စားခြင်းလက်သီးမှာ အလွန်စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းသည့် နတ်ခွန်အားများပါဝင်နေသည်။ အချိန်အပိုင်းအများလည်း နေရာအနှံ့ပျံ့ကြဲနေကာ သူ့အရှေ့ရှိ အရာအားလုံးကို ဝါးမြိုလိုက်သည်။
ဒုန်း..
ပြန်လည်ဝင်စားခြင်းလက်သီးနှင့် ထိုရွှေရောင်နတ်အလင်းတန်းတို့ ထိခတ်သွားသည်။
ဤသည်မှာ ရွှေရောင်လှံတံတစ်ခုပင်ဖြစ်သည်။ သို့သော်လည်းအချိန်စွမ်းအားဖြင့် ရစ်ပတ်ခံလိုက်ရသည်နှင့် ရွှေရောင်အလင်းတန်းမှာ အနည်းငယ် မှေးမှိန်သွားသည်။
ချွမ်း..
ရွှေရောင်လှံတံတုန်ခါသွားကာ အချိန်စွမ်းအားကြောင့် ဖြစ်လာသည့် သံကြေးတစ်လွှာကို ခါချလိုက်၏။ ထို့နောက် နောက်တစ်ကြိမ် ပြန်လည်တောက်ပလာသည်။
ဒုန်း..
ရှီဟောင် နောက်ထပ်လက်သီးတစ်ချက်ကို ချက်ချင်းပို့လွှတ်လိုက်၏။
အားလုံး ထိတ်လန့်သွားရသည်။
ထို့အပြင် ထိုအချိန်၌ အခြားရွှေရောင်လမ်းကြောင်းများမှ ပုံရိပ်များလည်း လှုပ်ရှားလာကြသည်။ သူတို့သည် အရှေ့ဘက်သို့ လျှောက်လာကာ သူတို့လက်များကို မြှောက်ပြီး ဟွမ်ကိုတိုက်ခိုက်ရန် သူတို့ဘိုးဘေးပညာများကို အသုံးပြုလိုက်သည်။
အပိုင်း ၁၆၀၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၄ – စိတ်ပျက်အားငယ်ခြင်း
ဧကရာဇ်ကလန်များ တိုက်ခိုက်လျှင် မည်သူက သူတို့ကို ရင်ဆိုင်ရဲမည်နည်း..
သူတို့သည် ရွှေရောင်လမ်းကြောင်းများ၌ ရပ်နေကြကာ သူတို့လှုပ်ရှားမှုများမှာ ထိုမျှ မမြန်သော်လည်း သူတို့အတူတကွ လှုပ်ရှားလိုက်ကြခြင်းပင်။ သူတို့အားလုံး ရှီဟောင်အား သတ်ပစ်ချင်နေကြသည်။
ဤသည်မှာ အလွန်အရေးကြီးသည့် ကိစ္စတစ်ခုပင်။ ရှေးခေတ်ကတည်းက သူတို့အုပ်စု တိုက်သည့်သူမပြောနှင့် သူတို့ထဲမှ တစ်ယောက်ကိုပင် နိုင်အောင်တိုက်နိုင်သည့်သူမှာ အလွန်ရှားပါးလှသည်။
ဧကရာဇ်ကလန်တစ်ခု ပေါ်လာသည်နှင့် လောကတစ်ခုလုံး ဦးညွှတ်ကြလိမ့်မည်။
သူတို့သည် ပြိုင်ဘက်ကင်းသည့် သင်္ကေတများ၊ သက်ရှိဒဏ္ဍာရီများဖြစ်ပြီး ဘယ်တုန်းကမှ ပြိုင်ဘက်မရှိခဲ့ကြ။ သူတို့အချင်းချင်းပြန်တိုက်ခြင်းမဟုတ်လျှင် သူတို့ဘယ်လိုလုပ် ရန်သူများကို မရှင်းနိုင်ပဲ နေမည်နည်း..
“ဟက် ဟက် .. ဟွမ် .. မင်းသာ ဒါကို ဖြတ်ကျော်နိုင်ရင် မင်းကို ကောင်းကင်ကိုဆန့်ကျင်နိုင်တယ်လို့ သတ်မှတ်လို့ရတယ် .. ငါမင်းကို လေးစားပေးမယ်..” ဝမ်ရှီးအဘိုး ရယ်မောလိုက်သည်။ ထိုအပြုံးမှာ အနည်းငယ် အေးစက်နေပြီး ရိုးသားမှုရှိမနေပေ။ ရှီဟောင်သေတော့မည်ဟု သူခံစားနေရသည်။
ချွမ်း..
ရွှေရောင်လှံတံမှာ တောက်ပလွန်းလှပြီး လှံဖျားလည်းထက်ရှလှသည်။ ထိုလှံတံမှ အဆုံးမရှိသည့်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ တက်သွားသည်။ ဤသည်မှာ လောကကြီးကို တုန်လှုပ်သွားစေပြီး သတ်ဖြတ်လိုသည့်စွမ်းအင်များလည်းတုန်လှုပ်စရာကောင်းလှသည်။
ထိုလှံတံသည် အချိန်အပိုင်းအစများကို ဖြတ်ကျော်ကာ ရှီဟောင်၏မျက်ခုံးကြားသို့ ဦးတည်လာသည်။
ရှီဟောင်၏မျက်လုံးမှ အေးစက်သည့် လျှပ်စီးများထွက်ပေါ်လာသည်။ ရှီဟောင် လက်သီးချက် တစ်ချက်ပြီးတစ်ချက် ပစ်သွင်းလိုက်သည်။ ထိုလက်သီးချက်များအောက် သတ္တုအပိုင်းအစများ ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်။
ရွှေရောင်လှံတံမှ သံကြေးရာများ ကွာကျလာကာ လှံတံပင်ပျက်စီးသွားသည်အထိပင်။ သို့သော်လည်း တစ်ချက်ရိုက်လိုက်မိတိုင်း ထိုလှံတံမှာ ပြန်မွေးဖွားလာသကဲ့သို့ နောက်တစ်ကြိမ်တောက်ပလာသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။ ဤရွှေရောင်လှံတံကို ဖျက်ဆီးရန် မဖြစ်နိုင်သလိုပင်။ လှံတံမှာ ပျက်စီးသွားသော်လည်း နောက်တစ်ကြိန် ပြန်လည်ပေါင်းစည်းကာ ကောင်းမွန်သွားပြီး သတ်ဖြတ်လိုသည့်စွမ်းအင်များထုတ်လွှတ်လာသည်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အစကတည်းက ထိတွေ့ကိုင်တွယ်၍ရသည့်လှံတံမဟုတ်ပဲ အန်းလန်ကလန်၏လက်မောင်းမှ တံဆိပ်တစ်ခုသာ။ ဤလက်နက်ဖြင့် ကောင်းကင်အောက်တွင်ရှိနေသည့် ရန်သူအားလုံးကို သတ်ပစ်ခဲ့သည်ပင်။
အချိန်များစွာကုန်ဆုံးသွားပြီဖြစ်သော်လည်း ဤလှံတံ၏စွမ်းအားမှာ မပျက်ပြယ်သွားသေး။ သူတို့၏ တိုက်ရိုက်မျိုးဆက်မှာ ပြိုင်ဘက်ကင်းသည့်ခွန်အားကို ပိုင်ဆိုင်နေဆဲပင်။
ဧကရာဇ်ကလန်တစ်ခုပင် ဤမျှကြောက်စရာကောင်းနေပြီဖြစ်သည်။ ဤအုပ်စုကြီးအား သူမည်ကဲ့သို့ အနိုင်တိုက်ရမည်နည်း..
“မကောင်းတော့ဘူး..” ချောင်ယုရှင်း လေးလံစွာ ပြောလိုက်သည်။ ဤကဲ့သို့သော အခြေအနေအရဆိုလျှင်တော့ ရှီဟောင်အဆုံးထိ တောင့်ခံနိုင်လျှင်ပင် အခြားတစ်ယောက်မှ သူ့အားသတ်သွားမည်ပင်။
“ထာဝရတရားကို ပျက်ပြယ်စေ..” ထိုအမျိုးသမီး ပြောလိုက်သည်နှင့် သူမပါးစပ်မှ အဖြူရောင်မြူများ လွင့်စင်ထွက်လာကာ ရွှေရောင်လှံတံကို ပို၍တောက်ပလာအောင် လုပ်လိုက်သည်။
ဒီရိုက်ချက်က ရှီဟောင်ရဲ့ ပြန်လည်ဝင်စားခြင်းခံစစ်ကို ထိုးဖောက်သွားမှာလား.. လူများမှာ သူတို့နှလုံး လည်ချောင်းအထိပင် တက်လာပြီဟု ခံစားလိုက်ကြရသည်။
ဒုန်း..
ထိုအချိန်တွင် ရှီဟောင်ထံမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ ထာဝရဗုံကြီးအား တီးခတ်လိုက်သကဲ့သို့ လေဟာနယ်ပင် တုန်ခါသွားရသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ သွေးနှင့်တူသလို ထာဝရစွမ်းအင်နှင့်လည်းတူနေသည့် အလင်းတန်းများတစ်တန်းပြီးတစ်တန်း တောက်ပလာသည်။
ထူးဆန်းသည့်ပုံသဏ္ဌာန်များဖြစ်ပေါ်လာကာ ပြန်လည်ဝင်စားခြင်းအရိုးစာသားများနှင့် ပေါင်းစည်းသွားကာ သူ့ကိုပို၍ သန်မာလာအောင် လုပ်လိုက်သည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်အရာပင်။ ရှီဟောင်၏အော်ရာ ရုတ်တရက် ပေါက်ကွဲထွက်လာကာ သူသည် အဆပေါင်းများစွာ ပို၍စွမ်းအားကြီးလာသည်။
ဤသည်မှာ သူ၏တတိယမြောက် အဆင့်လွန်ပညာပင်။ ဤပညာမှာ တစ်ချိန်လုံး ပြောင်းလဲနေဆဲပင်။
ဤအဖိုးတန်ပညာ စစချင်းပေါ်လာသည့်အချိန်တွင် အလွန်မှုန်ဝါးနေပြီး သူ့ကိုမည်သည့်နေရာတွင် သုံးရမည်ကိုလည်းမသိ။ ယခုမှ တစ်ဖြည်းဖြည်းကြည်လင်လာခြင်းပင်။ ဤပညာသည် အခြားစွမ်းရည်များကို ပံ့ပိုးပေးနိုင်ပြီး အဖိုးတန်ပညာများကို ပို၍ စွမ်းအားကြီးလာစေသည်။
ရလဒ်အနေဖြင့် သူ၏ပြန်လည်ဝင်စားခြင်းနတ်စွမ်းရည်မှာ အချိန်မြစ်တစ်ခု စီးဆင်းလာသကဲ့သို့ ဤနေရာကိ ပိတ်လှောင်ထားလိုက်သည်။
ဒုန်း..
နောက်ဆုံးတွင်တော့ ရှီဟောင်၏ ဤလက်သီးချက်အောက်တွင် ထိုလှံတံ နှစ်ပိုင်းကျိုးသွားကာ ပြန်မပေါင်းနိုင်တော့။
“အန်းလန် လောကရှင်းလင်းခြင်းပညာ..” သို့သော်လည်း ထိုအမျိုးသမီးသည် ကြောက်ရွံ့ခြင်းမရှိ။ သူမ အော်ဟစ်လိုက်ကာ အခြား ပြိုင်ဘက်ကင်းသည့်ဘိုးဘေးပညာတစ်ခုကို အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့အနား၌ လက်နက်များစွာ ပေါ်လာသည်။ အခြားဧကရာဇ်လူမျိုးစုများလည်း သူ့အားတိုက်ခိုက်လာခြင်းပင်။
ဤအရာအားလုံးမှာ မျက်တောင်တစ်မှိတ်စာအတွင်းဖြစ်သွားခြင်းပင်။
ဝုန်း..
ရှီဟောင် အပေါ်တက်ပြီး ထိုလက်နက်များပေါ်သို့ ရပ်လိုက်သည်။
“သတ်..”
အောက်ဘက်မှလူများ သူတို့လက်နက်များဖြင့် တိုက်ခိုက်လာကြသည်။အချို့သူများမှာ စစ်လှံတံများကိုင်ထားပြီး အခြားသူများမှာ ရဲဒင်းများကိုင်ထားသည်။ အချို့သူမှာ သွေးတစ်စက်စက်ကျနေသည့် နတ်ဓားကို ကိုင်ထားပြီး အခြားသူများမှာ သူတို့ခေါင်းပေါ်၌ နတ်မီးဖိုများရှိနေသည်ပင်။
ထိုအခိုက်အတန့်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ကောင်းကင်ထက်သို့ စီးဆင်းလာသည်။
ယခုမှသာ ဤသည်မှာ ခန္ဓာကိုယ်အစစ်မဟုတ်ပဲ ကောင်းကင်အတိဒုက္ခဖြစ်ကြောင်း ခံစားမိတော့သည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်လူမျိုးစုများဆိုလျှင် ဤကဲ့သို့ ပေါင်းစည်းကာ တိုက်ခိုက်ကြမည်မဟုတ်။ သူတို့တစ်ယောက်စီတိုင်းမှာ လွှမ်းမိုးနိုင်စွမ်းရှိကာ မာနကြီးသည့်သူများပင်။
သို့သော်လည်း ဤကဲ့သို့ စုပေါင်းတိုက်ခိုက်နေသောကြောင့် အခြေအနေမှာ မည်မျှကြောက်စရာကောင်း သိနိုင်သည်။
“မင်း လုပ်နိုင်တယ်..” ယုန်ဖြူလေး အားပေးလိုက်သည်။
“သောက်ချီးအတိဒုက္ခ .. ပြိုင်ဘက်တစ်ယောက်တည်းဆိုရင် ထားပါတော့ .. ဒါပေမဲ့ ဧကရာဇ်ကလန်တစ်အုပ်စု ပေါ်လာတယ် .. သူတို့ကို ဘာနဲ့ရင်ဆိုင်ရမှာလဲ..” ပုရွက်ဆိတ်လေး ကျိန်ဆဲလိုက်သည်။
“တာအိုခြောက်ခု ပြန်လည်ဝင်စားခြင်း..” စစ်မြေပြင်အလယ်တွင်ရှိနေသည့် ရှီဟောင် ဟစ်ကြွေးကာ သူ၏ရှေးဟောင်းကောင်းကင်ပညာကိ အသုံးပြုလိုက်သည်။ လက်ပုံစံခြောက်ခုမှာ အထက်ကောင်းကင်နှင့် အောက်ကမ္ဘာမြေကို လှုပ်ခါသွားစေသည်။
ဝုန်း..
ဤနေရာတစ်ခုလုံး အလင်းများ ဖုံးလွှမ်းသွားသည်။ လက်နက်အားလုံး အပေါ်မြှောက်တက်လာကာ နတ်ခွန်အားများ စီးဆင်းသွားသည်။ တာအိုသင်္ကေတများလည်း သိပ်သည်းစွာ ထွက်ပေါ်လာသည်။
ဖူး..
ထိုအချိန်တွင် ရှီဟောင် ဒဏ်ရာရသွားသည်။ စစ်လှံတံတစ်ခု သူ၏နံရိုးကို ထိုးဖောက်သွားပြီး သူ၏ရင်ဘတ်ကို နတ်ဓားတစ်လက်စိုက်ဝင်သွားကာ သူ၏ပုခုံးထက်၌ ရဲဒင်းတစ်လက် ရှိနေသည်။
“ရှီဟောင်..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။
“အသက်ရှင်အောင်လုပ်..” ပုရွက်ဆိတ်လေးလည်း အော်ဟစ်လိုက်သည်။
“ဒါ မတရားဘူး..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။ သို့သော်လည်း ကောင်းကင်အတိဒုက္ခမှ ဘာမှပြန်ပြောမည်မဟုတ်။ ဤသည်မှာ တကယ်ကို ရက်စက်လှသည်။
ကျင်းကျန်းအဘိုး ပြုံးကာ ခေါင်းညိမ့်လိုက်သည်။ သူ စိတ်ပူစရာမလိုတော့သည်ကို သူသိသည်။ သို့သော်လည်း သူ့စိတ်ထဲ၌ အနည်းငယ် မသက်မသာဖြစ်နေဆဲပင်။ သူတို့ နောင်ကျ တစ်ဖက်လောကက ဧကရာဇ်ကလန်ရဲ့ ရင်ဆိုင်ရရင် ဘယ်လိုတိုက်ရမလဲ.. သူတို့သာ အုပ်စုလိုက်တိုက်ခိုက်လျှင် အလွန်ခက်ခဲလိမ့်မည်။ ကျင်းမိသားစုတွင် ချီလင်းကလေးတစ်ယောက်သာ ရှိသည်။
ဒုန်း..
ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာကာ ရှီဟောင်တစ်ကိုယ်လုံး တောက်ပလာသည်။ သူခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်။ သူ၏ဆံပင်မှာ ရေတံခွန်ကဲ့သို့ ဖြောင့်စင်းနေပြီး သူ၏ခန္ဓာကိုယ်မှာ စွမ်းအားကြီးသည့် နတ်အလင်းတန်းထွက်ပေါ်လာသည်။
ဝုန်း..
ထိုအချိန်တွင် သူ၏ကိုယ်ပိုင်အဖိုးတန်အဆင့်လွန်ပညာသုံးမျိုးလုံး ပေါ်လာသည်။ ကောင်းကင်ကပ်ဆိုးအလင်း၊ ပြန်လည်ဝင်စားခြင်းနှင့် နတ်မီးတောက်များကဲ့သို့ အခြားပညာများကို အားဖြည့်နိုင်သည့် တတိယပညာများမှာ သူ၏ခန္ဓာကိုယ် တစ်လက်မစီတိုင်းမှ ထွက်ပေါ်လာသည်။
ချွမ်း..
သူရုန်းကန်ကာ ကောင်းကင်ထက်သို့ တက်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ထိုးစိုက်နေသည့် စစ်လှံတံများ၊ ရဲဒင်းများ၊ နတ်ဓားများနှင့် အခြားအရာအားလုံး ဆွဲနှုတ်ခဲလိူင်*စာ်?
တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မှ သွေးမြှားများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာသည်။
“သတ်..”
ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူလက်သီးတံဆိပ်များ ပြုလုပ်ကာ အောက်ဘက်သို့ ထိုးဆင်းသွားလိုက်သည်။ သူ ဤဧကရာဇ်ကလန်များကို တစ်ယောက်တည်း တိုက်ခိုက်လိုက်သည်။
သူ၏လက်သီးတံဆိပ်မှ ကြောက်စရာကောင်းသည့် နတ်အလင်းတန်းများတစ်တန်းပြီးတစ်တန်း ထွက်လာသည်ကို အားလုံးမြင်ရမည်ပင်။
“ဖိနှိပ်ပစ်..”
ဧကရာဇ်ကလန်မှ လူငယ်တစ်ယောက် အေးစက်စွာ အော်ဟစ်လိုက်ကာ ကောင်းကင်ထက်သို့ တက်သွားသည်။
ဤသည်မှာ သူတစ်ယောက်တည်းမဟုတ်။ အခြားသူများ၏တိုက်ခိုက်မှုများလည်း သူ့ထံသို့ တစ်ခုပြီးတစ်ခု ရောက်လာသည်။
ဤသည်မှာ ထာဝရလူသားတစ်စု တိုက်ခိုက်နေသကဲ့သို့ ကြောက်စရာကောင်းလှသည်။ ငါတို့သာ သူ့နေရာမှဆိုရင် ဒီလိုမျိုးလုပ်နိုင်ပါ့မလား .. ဤသည်မှာ ကျင့်ကြံသူအားလုံး ကိုယ့်ကိုကိုယ်မေးနေသည့် မေးခွန်းပင်။
အဖြေမှာ အားလုံး၏ မျက်နှာကို ဖြူဖျော့သွားစေသည်ပင်။
ဖုန်း..
ရှီဟောင် လွင့်ထွက်သွားကာ သွေးများအန်ထွက်လာသည်။ အလင်းမျိုးစုံကြောင့် သူ၏အသွေးအသားများ ပျက်စီးသွားကာ သူ၏စစ်ဝတ်စုံတွင်လည်း သွေးများစိုရွှဲနေသည်။ သူသည် အတော်ဝေးဝေးသို့ လွင့်ထွက်သွားခြင်းပင်။
သူဤလောကကြီး၌ ပေါ်လာကတည်းက ဤကဲ့သို့ ခံစားဖူးသည်မှာ အကြိမ်အနည်းငယ်သာရှိသည်။ သူ့တစ်ကိုယ်လုံး တစ်စစီဖြစ်လုနီးပါးပင်။ ထိုရှေးဟောင်းနည်းလမ်းများမှာ အလွန်ကြောက်စရာကောင်းလှသည်။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး တိတ်ဆိတ်သွားကာ လူများစွာ သူ့အား တိတ်တဆိတ် ကြည့်လာကြသည်။ ဤသည်မှာ သူ့အားအထင်သေးခြင်းမဟုတ် အေးစက်စွာရယ်မောခြင်း၊ လှောင်ရယ်ခြင်းလည်းမဟုတ်။ ထိတ်လန့်စွာ ကြည့်နေခြင်းပင်။
ဤသည်မှာ ဧကရာဇ်လူမျိုးစုမှ လူများအသုံးပြုနေသည့် အန်းလန်၊ ရှုထော်၏ ဘိုးဘေးပညာများပင်။ အခြားလူငယ်တစ်ယောက်သာ တက်သွားပါက သူတို့အပိုင်းပိုင်းဖြစ်သွားလောက်လေပြီ။
ရှီဟောင်သည် ဘိုးဘေးပညာပေါင်းများစွာနှင့် တိုက်ခိုက်ခဲ့သော်လည်း သူမသေခဲ့။ ဤအောင်မြင်မှုမှာ အတိတ်နှင့်ပုစ္စုပ္ပန်နှစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်ပင်။
“ငါ မင်းကို သေအောင်လုပ်ပစ်မယ်..”
ဧကရာဇ်လူမျိုးစုမှ လူငယ်တစ်ယောက်ထွက်လာသည်။ သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ကာ အတော်လေး ရှည်လျားသွယ်လျကာ သူ၏အသံမှာလည်း အလွန်အေးစက်နေသည်။
လူတစ်ယောက်တည်း လှုပ်ရှားလာခြင်းမဟုတ်။ အခြားသူများလည်း တိုက်ခိုက်လာကြသည်။ လက်နက်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ထပ်မံထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား တုန်လှုပ်သွားစေသည်။
ရှီဟောင်ခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်။ သူဤသည်ကို တကယ်လက်မခံနိုင်။ သူက ဘယ်လိုလုပ် ဒီမှာရှုံးရမှာလဲ .. သူက ဘာလို့ ဒီမှာ သေရမှာလဲ .. သူအနိုင်ရချင်သည်။ သူ၏လမ်းကြောင်းတွင် လာရပ်သည့်သူများမှာ ဧကရာဇ်လူမျိုးစုများမှဖြစ်လျှင်ပင် သူအားလုံးကို ဖိနှိပ်ပစ်မည်။
သူ၏မျက်ခုံးကြား၌ တောက်ပလာကာ ဝုန်းဟူသည့်ဆူညံသံနှင့်အတူ လျှပ်စီးကန်တံဆိပ်ပေါ်လာသည်။ ထို့နောက် ထိုတံဆိပ်ကြီးမားလာကာ သူ၏ဦးခေါင်းထိပ်သို့ ပြေးတက်သွားကာ ထူးဆန်းသည့်ကန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကန်မှ လျှပ်စီးများ ထွက်ပေါ်လာသည်။
သူ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နေတဲ့အချိန်မှာ လျှပ်စီးကန်ကို သုံးနိုင်တယ်..
ဤသည်မှာ လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ၏ အထူးဆန်းဆုံး အပိုင်းပင်။
ဝုန်း..
လျှပ်စီးဒုက္ခမှ အတိဒုက္ခကျရောက်လာကာ အားလုံးသတ်ခံလိုက်ရသည်။
သို့သော်လည်း ရန်သူများမှာ များပြားလှသည်။ နောက်ဆုံးတွင် ရှီဟောင် သွေးအန်ကာ လွင့်ထွက်သွားပြီး သူ့အသက်ဆုံးရှုံးလုနီးပါးပင်ဖြစ်ခဲ့သည်။
“မင်းဘာနဲ့ယှဉ်ပြိုင်ဦးမလဲ .. မင်းမှာ ဘာနည်းလမ်းတွေရှိသေးလဲ..” ကျင်းကျန်းအဖိုးသည် ရလဒ်ကို ထိုင်ကြည့်ကာ ဆက်တိုက်ပင် နှာခေါင်းရှုံ့လိုက်သည်။
ဤသည်မှာ စိတ်ပျက်အားလျော့စရာကောင်းသည့်အခြေအနေပင်။ ဤသည်မှာစွမ်းအားအကြီးဆုံး ဧကရာဇ်ကလန်မှ လူများပင်။ ထို့အပြင် တစ်ယောက်၊နှစ်ယောက်မဟုတ်ပဲ အုပ်စုလိုက်ကြီးပင်။ သူတို့အတူတကွ ပေါင်းတိုက်နေခြင်းဖြစ်သောကြောင့် ကျင့်ကြံဆင့်တူသည့်သူများထဲတွင် မည်သူကများ သူတို့ကို တားနိုင်မည်နည်း..
“အနိုင်ရဖို့မလိုဘူး .. အသက်ရှင်နေဖို့ပဲ .. နင်တောင့်ခံထားနိုင်ရင် အနိုင်ရတာနဲ့အတူတူပဲ..” ယုန်ဖြူလေး မျက်ရည်များဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရှီဟောင်ကြုံတွေ့ဖူးသမျှ စစ်ဆေးမှုထဲတွင် အခက်ခဲဆုံး စစ်ဆေးမှုဖြစ်သည်ကို သူမသိနေသည်ပင်။ လျှပ်စီးဧကရာဇ်ပြီးသွားလျှင် သူတို့ရှီဟောင်ကို ထပ်မမြင်ရတော့တာလည်း ဖြစ်နိုင်သည်။
ဤကောင်းကင်အတိဒုက္ခမှာ ကြောက်စရာကောင်းလွန်းလှပြီး သမိုင်းတစ်လျှောက် ကောင်းကင်အတိဒုက္ခအားလုံးထက် ပို၍ခက်ခဲသည်။ သူ၏ကျင့်ကြံဆင့်အတွက်ဆိုလျှင် ဤသည်မှာ သမိုင်းတစ်လျှောက် စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခဟု သတ်မှတ်၍ရသည်။
“ငါက .. အသန်မာဆုံးပဲ..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူအရှုံးမပေး။ ကြည့်နေကြသည့်သူများကဲ့သို့ သူစိတ်ပျက်အားလျော့ခြင်းမရှိ။ သူရုန်းကန်နေဆဲပင်။
ဝုန်း..
ဧကရာဇ်အလင်းတန်းများ တစ်တန်းပြီးတစ်တန်း ပေါ်လာကာ သူ့အသွေးအသားကို ထိုးဖောက်သွားသည်။ သူ့ခန္ဓာကိုယ်၌ အပေါက်များ တစ်ပေါက်ပြီးတစ်ပေါက်ပေါ်လာကာ သွေးများပန်းထွက်လာသည်။
သို့သော်လည်း ထိုအချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်၌ မှော်ဆန်သည့်ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ ရွှေရောင်တောက်ပနေပြီး အခြားတစ်ခြမ်းမှာ ချောက်နက်ကြီးကဲ့သို့ မည်းနက်နေသည်။ ဤသည်မှာ ထူးဆန်းလှသည်။
သူခေါင်းမော့ကာ ဟစ်ကြွေးလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
အပိုင်း ၁၆၀၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၆၀၅ – ကိုယ့်လမ်းကိုယ်လျှောက်ခြင်း
လူငယ်လေးတစ်ယောက် တိုက်ခိုက်လာသည်နှင့် ပြိုင်ဘက်ကင်းသည့်ရှေးဟောင်းပညာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာည်။
သူ ချောက်နက်ကြီးထဲမှ ထွက်လာသကဲ့သို့ သူ့ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းမှာ ရွှေကဲ့သို့တောက်ပနေပြီး သတ္တုကဲ့သို့ တချွင်ချွင်အသံများ ထွက်နေကာ နေကဲ့သို့ တောက်ပနေသည်။
သူ၏ညာဘက်တွင်မူ အလင်းအားလုံးကို ဝါးမြိုပစ်လိုက်နိုင်သည့် ချောက်နက်ကြီးကဲ့သို့ မည်းနက်နေ၏။
သူ၏ဆံပင်များလည်း ဤကဲ့သို့ပင်။ တစ်ခြမ်းမှာ ရွှေရောင်တောက်ပနေပြီး တစ်ခြမ်းမှာ နတ်ဆိုးကဲ့သို့ မည်းနက်နေသည်။
ဤသည်မှာ အလွန်ထိတ်လန့်စရာကောင်းလှသည့် ပြောင်းလဲမှုကြီးပင်။ သူဤမျှထိ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ အရေးကြီးသည့်အခြေအနေသို့ ရောက်သွားပြီး ဤကဲ့သို့ ပြောင်းလဲရန် ဖိအားပေးခံလိုက်ရခြင်းပင်။
ဤသည်မှာ အဆုံးစွန်ထိ ဖိနှိပ်ခံရပြီးနောက် ပေါက်ကွဲလာသည့်အခြေအနေဟုလည်း ပြော၍ရသည်။ သူ့နောက်တွင် သတ္တဝါတစ်ကောင် ထွက်ပေါ်လာပြီး သူနှင့်အတူ ဟစ်ကြွေးလာသည်။
ယင်နှင့်ယန်မှာ ဆန့်ကျင်ဘက်စွမ်းရည်နှစ်ခုဖြစ်သော်လည်း ခန္ဓာကိုယ်တစ်ခုတည်း၌ တစ်ပြိုင်နက်တည်းပေါ်လာသည့်အချိန်တွင်မူ ရှီဟောင်၏တိုက်ခိုက်နိုင်စွမ်းကို ပို၍တိုးမြှင့်ပေးသွားသည်ပင်။
ဤသည်မှာ အဖိုးတန်ပညာတစ်ခု အဆုံးစွန်ထိ ရောက်ပြီးနောက် ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုပင်။
ဥပမာအားဖြင့် ရှီဟောင်သည် ကျင်းကျီဖိန်းနှင့်တိုက်ခိုက်စဉ်က လျှပ်စီးဧကရာဇ်အဖိုးတန်ပညာ၏ အဓိပ္ပာယ်အစစ်ကို နားလည်သွားသည်။ သူ လျှပ်စီးကန်ကို ရသွားကာ သူ၏စွမ်းအားအဆပေါင်းများစွာ တိုးတက်လာသည်။
ယခု ခွန်ပန်ပညာပြောင်းလဲနေလေပြီ။ သူ၏အဓိပ္ပာယ်အစစ်ကို ရှီဟောင်နားလည်သွားပြီဖြစ်သည်။
သူ့နောက်တွင် နတ်ပန်တစ်ကောင် သူ၏အတောင်ပံများကို လှုပ်ခတ်ကာ ကောင်းကင်ထက်သို့ တက်သွားကာ အမှောင်ထဲ၌ ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ထက်၌ ရွှေရောင်သင်္ကေတများ သိပ်သည်းနေကာ ရွှေရောင်နှင့်အနက်ရောင်အလင်းများရောယှက်နေသည်။
ဝုန်း..
ရှီဟောင် ဟစ်ကြွေးကာ သူ၏လက်သီးတံဆိပ်များကို ပစ်လွှတ်လိုက်သည်။ သူ ယင်နှင့်ယန်၏ နတ်ခွန်အားကို အသုံးပြုလိုက်ခြင်းပင်။
သူ ဧကရာဇ်လူမျိုးစုများကိုတိုက်ခိုက်ကာ သူ့ဘေးပတ်လည်၌ရှိနေသည့် ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်ခဲ့သည်။
သို့သော် ရန်သူများမှာ များပြားလွန်းလှသောကြောင့် စွမ်းအားများမှာ ကြယ်များကဲ့သို့ သူ့ထံသို့ ကျရောက်လာသည်။ သူကဲ့သို့ မပျက်စီးနိုင်သည့်ရွှေရောင်ခန္ဓာကိုယ်ဖြစ်လုနီးပါး ဖြစ်နေသည့်ခန္ဓာကိုယ်ပင် အက်ကွဲကြောင်းများ ပေါ်လာသည်။
‘မလုံလောက်သေးဘူး .. လူတစ်ယောက်က ဘယ်လိုလုပ် ဧကရာဇ်လူမျိုးစုတွေနဲ့ ယှဉ်နိုင်မှာလဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။
ရှီဟောင်၏ခန္ဓာကိုယ်မှ သွေးများစီးကျလာသည်။
သူကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်နှင့် သူ့ပါးစပ်မှ ပါးစပ်အပြည့်သွေးစွမ်းအင်များ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်နှင့်အနက်ရောင်အလင်းများ ထွက်ပေါ်လာသည်။ ထိုစွမ်းအင်များ ပေါင်းစည်းသွားသည့်အချိန်တွင် ယင်ယန်သင်္ကေတတစ်ခု ဖြစ်ပေါ်လာကာ အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားသည်။
ထို သင်္ကေတမှာ ရန်သူများနှင့် မျက်နှာချင်းဆိုင်သွားလေ၏။ ဤသည်မှာ ခွန်ပန်ပညာကို အမြင့်ဆုံးအဆင့်ထိရောက်အောင် လုပ်ထားခြင်းပင်။ သူသည် ဤနေရာ၌ အသိအမြင်တစ်ခု ရလာသည်ပင်။
ဖုန်း..
ဤနေရာ၌ လောကကြီးကို တုန်လှုပ်စေနိုင်သည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ယင်နှင့်ယန် ပေါက်ကွဲသွားသည့်အချိန်တွင် စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင်ပင်။
ဝုန်း..
ရှီဟောင် လွင့်ထွက်သွားကာ သွေးအန်နေဆဲပင်။ သူ၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေပြီဖြစ်ပြီး လဲကျလုနီးပါးပင်။ သို့သော်လည်း သူမသေသေး။
မည်သူမှ သူ့ကို မရယ်ကြ။ ဧကရာဇ်လူမျိုးစုများ လက်တွဲကာ တိုက်ခိုက်သည်နှင့် သူသေချာပေါက် သေလိမ့်မည်ဟု အားလုံးထင်နေကြခြင်းပင်။ သို့သော်လည်း သူယခုထိ မသေသေး။
ဤသည်မှာ အခြားသူများအား ထိတ်လန့်သွားစေရန် လုံလောက်သည်။
လျှပ်စီးဧကရာဇ်နှင့် ခွန်ပန်ပညာ၏ အနှစ်သာရအစစ်အမှန်ကို ရှီဟောင်ရသွားလေပြီ။ သူသာ အသက်ရှင်နိုင်ခဲ့လျှင် တစ်ခဏခန့် တည်တည်ငြိမ်ငြိမ်လေ့လာလိုက်သည်နှင့် သူမယုံကြည်နိုင်လောက်အောင် အကျိုးများလိမ့်မည်။
ကံမကောင်းစွာဖြင့် သူသည် လူသားတစ်ယောက်ပင်။ သူ အနှစ်သာရအစစ်ကို ရသွားလျှင် ဧကရာဇ်အုပ်စုကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည်မဟုတ်။ အဆုံး၌ သူသေသွားမည်ပင်။
“ရှင့်မှာ ဘာနည်းလမ်းရှိသေးလဲ .. မရှိတော့ရင် ဒီမှာ သေလိုက်တော့..” ဧကရာဇ်ကလန်မှ အမျိုးသမီးတစ်ယောက် အေးစက်စွာ ပြောလိုက်သည်။ သူမ၏ ကျက်သရေရှိသည့်ခန္ဓာကိုယ် လှုပ်ရှားလာကာ စတင်တိုက်ခိုက်လာလေသည်။
ရှီဟောင်သည် ယခင်ကကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းမလုပ်တော့ပဲ တည်ငြိမ်နေသည်။
ထိုအချိန်တွင် သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းဖျော့လေး ထွက်ပေါ်လာသည်။ သူ့အနောက်တွင် မိုးမခသစ်ပင်တစ်ပင်ပေါ်လာပြီး လေဟာနယ်၌ အမြစ်တွယ်လာသည်။ သူ၏အကိုင်းအခက်များမှာ ကျောက်စိမ်းများကဲ့သို့ပင်။
“သတ်..”
ရှီဟောင် အော်ဟစ်လိုက်သည်နှင့် မိုးမခသစ်ကိုင်းများမှာ ရွှေရောင်အဖြစ်ပြောင်းလဲသွာသည်။ သူလက်သီးထိုးလိုက်သည်နှင့် မိုးခသစ်ကိုင်းတစ်သောင်း အရှေ့သို့ တရှိန်ထိုး ထွက်လာကြသည်။
ဝုန်း..
ဤမိုးခသစ်ပင် တိတ်တဆိတ်ပင် လှုပ်ရှားလာကာ စကြာဝဠာကြီးကို ထိုးဖောက်သွားသည်။ သူ၏သစ်ကိုင်းများမှာ ဧကရာဇ်လူမျိုးစုမှ တစ်ယောက်စီတိုင်းထံသို့ ဦးတည်သွားသည်။
ထို့အပြင် ဧကရာဇ်ကလန်များ၏ ဖိနှပ်မှုကြောင့် ဤသစ်ပင်၏အော်ရာ ပို၍များပြားလာကာ အထွဋ်အထိပ်သို့ ရောက်ရှိလာသည်။ ထို့နောက် သူထုတ်လွှတ်သည့်စွမ်းအားတွင် မဆုံးနိုင်သည့် မူလစွမ်းအင်များ ပါဝင်လာသည်။
ဝုန်း..
စကြာဝဠာကြီး တုန်ခါလာသည်။ ထိုအချိန်တွင် မြူများသည် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားကာ မယုံကြည်နိုင်လောက်သည့် ဖရိုဖရဲစွမ်းအင်များဖြင့် ရှီဟောင်အား ရစ်ပတ်လာသည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီး မူလနယ်မြေ၌ရှိနေသည့် မိုးမခသစ်ပင်သည် အဆင့်တက်သွားကာ သူ၏မူလဇစ်မြစ်ပုံစံသို့ ပြန်ရောက်သွားသည်။ မိုးမခနတ်ဘုရား၏ ထူးခြားဆန်းကြယ်မှုအချို့ကိုလည်း သူမြင်နေရလေပြီ။
ပြောရမည်ဆိုလျှင် ရှီဟောင် ဤအဖိုးတန်ပညာ၏ အနှစ်သာရအစစ်ကို မြင်လိုက်ရကာ သူ၏အဓိပ္ပာယ်အစစ်ကို သိသွားပြီဖြစ်သည်။
သူသည် အသက်လုကာ တိုက်ခိုက်နေရင်းဖြင့်ပင် တစ်နေ့ တစ်ချိန်တည်းမှာပင် အဖိုးတန်ပညာသုံးခု၏ အနှစ်သာရအစစ်အမှန်ကို သိလိုက်ရသည်။
ဝုန်း..
သူ ဤဧကရာဇ်လူမျိုးစုများနှင့် တိုက်ခိုက်နေသည့်အချိန်တွင် သူနှင့်အတူ မူလရင်းမြစ်စွမ်းအင်များလည်း ထွက်ပေါ်လာသည်။
ဤနေရာမှာ အလွန်တောက်ပလာသည်။ သို့သော်လည်း ရှီဟောင် သူ့ရန်သူများကို အနိုင်မယူနိုင်သေး။ သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားကာ သွေးအန်လာသည်။ သူ့ခန္ဓာကိုယ်မှာ တစ်စစီဖြစ်တော့မတတ်ပင်။
သူ နောက်တစ်ချက်ကို ကျော်ဖြတ်လိုက်နိုင်ပြီ…
ခပ်ဝေးဝေးတွင်ရှိနေသည့်သူအားလုံး ထိတ်လန့်သွားရသည်။
“မိုးမခနတ်ဘုရား .. အဲဒီသက်ရှိလား .. မင်းက သူ့အမွေရထားတာလား..” ဧကရာဇ်လူငယ်တစ်ယောက်မှ ပြောလိုက်သည်။ သူ့ကို ကောင်းကင်အတိဒုက္ခမှ ဖန်တီးထားခြင်းဖြစ်သော်လည်း သူ့မျက်နှာထက်တွင် ထိတ်လန့်သည့်အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ဖက်လောက၌ မိုးမခနတ်ဘုရား အလွန်နာမည်ကျော်ကြားသည်မှာ သေချာသည်။
ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများပင် ဤအကြောင်းမသိလောက်။
မည်သို့ပင်ဖြစ်စေ ယခင်ခေတ်က ကျွမ်းကျင်သူအားလုံး ရှင်းလင်းခံရကာ လျှို့ဝှက်ချက်များစွာလည်း မြေမြှုပ်ခံလိုက်ရသည်။ တစ်ဖက်လောကမှ လူများ ပြောသလောက်ပင် သူတို့မသိ။
“နောက်ဆုံးတော့ ဒါက ငါ့ကိုယ်ပိုင်ပညာမဟုတ်သေးဘူး .. ငါထွင်ခဲ့တဲ့လမ်းမဟုတ်ဘူး..” ရှီဟောင်သက်ပြင်းချ၍ ပြောလိုက်သည်။
ဤနည်းလမ်းများ၏ အဓိပ္ပာယ်အစစ်အမှန်ကိုသိသွားလျှင် ဤသည်မှာ ပြိုင်ဘက်ကင်းသည့် နတ်စွမ်းရည်များဖြစ်သွားပြီဟု ပြော၍ရသည်။ သို့သော်လည်း ဤပညာများကိုသုံးကာ ဧကရာဇ်လူမျိုးစု အုပ်စုလိုက်ကြီးကို တိုက်ခိုက်ရန်မူ မလုံလောက်သေး။
“ငါ့မှာဘာကျန်သေးလဲ..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ဤလူများ သူတို့ရွှေရောင်လမ်းကြောင်းများမှ လျှောက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူသက်ပြင်းချလိုက်သည်။ သူ တကယ်ပဲ ဒီမှာ ကျရှုံးတော့မှာလား.. ဤသည်မှာ လက်ခံနိုင်ရန် ခက်ခဲလှသည်။
“သတ်..” သူ၏လက်ဝါးများ တောက်ပလာသည်။ သူသေရမည်ဆိုလျှင် သူဤနေရာ၌ သေသည်အထိ တိုက်သွားမည်ပင်။
သူ မူလရှေးဟောင်းမှတ်တမ်းနှင့်အတူ မပျက်စီးနိုင်သည့်ကျမ်းစာကို အသက်သွင်းကာ ဧကရာဇ်လူမျိုးစုများအား ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဖုန်း..
ဖူး..
ဆူညံသံများမှာ နားစည်ကွဲလောက်သည်။ ရှီဟောင်မည်မျှပင် သန်မာပါစေ ပြိုင်ဘက်ကင်းသည့်သက်ရှိများ၏ ပြိုင်ဘက်ကင်းသည့်ရှေးဟောင်းပညာများနှင့် ရင်ဆိုင်ရသည့်အချိန်တွင်တော့ သူတစ်ယောက်တည်းဖြင့် မလုံလောက်တော့။ သူခန္ဓာကိုယ် ကျိုးပဲ့လာပြီး သွေးများလည်း လွင့်စင်လာသည်။
ပြင်းထန်သည့် တိုက်ခိုက်မှုတွင် သူ့ခန္ဓာကိုယ်ပေါက်ကွဲသွားကာ သူ့ခေါင်းမှာ ခပ်ဝေးဝေးသို့ လွင့်စင်သွားသည်။
ရွှီး..
မိုးမခသစ်ကိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ်ကို ရစ်ပတ်လာသည်။ သူ၏ခန္ဓာကိုယ်ကို ပြန်ဆက်ရန် မိုးမခနတ်ဘုရားပညာကို အသုံးပြုပြီး သူ့ဒဏ်ရာများကို ကုသလိုက်သည်။
ဤသည်မှာ အလွန်ဆိုးရွားလှသည့် မြင်ကွင်းပင်။ ဤအဆင့်ထိသို့ ရောက်ရန်မှာ ယခင်က မဖြစ်ဖူးသည့်အရာပင်။
“မင်းမှာဘာနည်းလမ်းတွေ ရှိသေးလဲ..” ဧကရာဇ်လူငယ်တစ်ယောက်မေးလိုက်သည်။ သူတို့ နောက်ဆုံးရိုက်ချက်ဖြင့် တိုက်ခိုက်ကြတော့မည်။
“ငါ့မှာ ငါ့ကိုယ်ပိုင်လမ်းကြောင်း၊ ကိုယ်ပိုင်နည်းလမ်းရှိတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ သူမတ်တပ်ထရပ်လိုက်၏။ သူ့တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေပြီး သူ၏ဆံပင်ပင် သွေးများစိုရွှဲနေသည်။
သူ့ထံတွင် ဒဏ်ရာများစွာရှိနေပြီး ယခုအချိန်တွင် သူသည် အက်ကွဲနေသည့်အိုးတစ်လုံးကဲ့သို့ ဖြစ်နေလေပြီ။ သူ့ကိုထိလိုက်သည်နှင့် တစ်စစီဖြစ်သွားမည်ပင်။
နောက်ဆုံးတိုက်ခိုက်မှု..
လူများစွာ စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။ ဟွမ် ဤအဆင့်ထိရောက်ရန်မှာ မလွယ်ကူပေ။ သူဆက်သွားရန် တကယ်ကို ခက်ခဲလှသည်။ သူဤနေရာ၌ ကျရှုံးရန် ကံပါလာပြီးသားပင်။
“ငါ့လမ်းကြောင်း၊ ငါ့နည်းလမ်းက နည်းနည်းလိုသေးတယ် .. ငါ အဲဒီအဆင့်ကို မရောက်သေးဘူး ဒါပေမဲ့ ငါစမ်းကြည့်ရမယ်..” ရှီဟောင်၏မျက်လုံးများမှာ မီးတုတ်များကဲ့သို့ နောက်တစ်ကြိမ် တောက်ပလာသည်။
ယခင်က သူလမ်းကြောင်းတစ်ခု စတင်ခဲ့ပြီးသားပင်။ သူ၏ကောင်းကင်လမ်းကြောင်းကို ခန္ဓာကိုယ်ထဲ၌ သိပ်သည်းစေလိုက်ပြီး သူ၏ဗိုက်တွင် အမှတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ထိုကောင်းကင်လမ်းကြောင်းကို ပေါက်ကွဲစေလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးများမှ စွမ်းအားများဖြင့် အားဖြည့်လိုက်သည်။
သို့သော်လည်း ဤသည်မှာ အကြမ်းထည်သာရှိသေးသည်။ လုံလောက်အောင် အသေးစိတ်မကျသေး။ သို့သော်လည်း ယခုအချိန်တွင် ဤအခြေအနေထိရောက်အောင် ဖိအားပေးခံနေရပြီဖြစ်သောကြောင့် သူစမ်းကြည့်ရမည်။
“အခုက ဘယ်အချိန်မို့လို့လဲ .. မင်းက မင်းရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်ချင်သေးတာလား .. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ .. မင်းကိုယ်မင်း ထာဝရဘုရင်တစ်ယောက် ပြန်ဝင်စားတယ်လို့ ထင်နေတာလား..
ခပ်ဝေးဝေးမှ ဝမ်ရှီးအဘိုးမှာ သူ့ကိုယ်သူ မထိန်းထားနိုင်တော့ပဲ သူ့အား စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ သူ၏အသံမှာ တိုးသော်လည်း ကြားလိုက်ရသည့်လူအချိုု့ရှိသေးသည်ပင်။ သူတို့အားလုံး သူ့အား ဒေါသတကြီး စိုက်ကြည့်လာကြလေ၏။
“လက်ရှိလောကပညာတွေ၊ ထာဝရရှေးဟောင်းပညာတွေ၊ ငါ့ရဲ့အကြမ်းထည်ပညာ .. အားလုံးပေါင်းစည်းမယ်..” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
သူ့ထံ၌ ကိုယ်ပိုင်လမ်းကြောင်းရှိပြီးသားပင်။ ယခုအချိန်တွင် မြူများ တစ်ဖြည်းဖြည်းရှင်းလာကာ အချို့အရာများကို သူရှင်းရှင်းလင်းလင်းမြင်လာနိုင်သည်။
ဤနှစ်များတွင် သူသည် သူ့ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံံးပြုကာ သူ့ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ချက်များကို ရှာဖွေခဲ့ခြင်းပင်။ သူ ဂိတ်တံခါးများကို တစ်ခုပြီးတစ်ခု တွေ့ရှိခဲ့ရသည်။ ထိုဂိတ်တံခါးများမှာသူ၏အသွေးအသား၊ သူ၏အရိုးများထဲ၌ ရှိနေခြင်းပင်။
သူရဲ့ခန္ဓာကိုယ်တစ်လက်မစီတိုင်းမှာ အဖိုးတန်သတ္တုသိုက်ကြီးရှိနေတာကို သူက ဘာလို့ အရိုးစာသားများနဲ့ အခြားဟာတွေကို လေ့လာတော့မလဲ.. သူက ဘာလို့ သူရဲ့ခန္ဓာကိုယ်ကို မလေ့လာတာလဲ.. ဤသည်မှာ သူကြိုးစားကြည့်ချင်နေသည့်နည်းလမ်းပင်။
သူ အချိန်များစွာ ဆန်းစစ်ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးများ ပို၍များပြားလာသည်ကို သူတွေ့လိုက်ရသည်။ ဤသည်မှာ သူလာလေ့လာမည်ကို စောင့်နေသည့် စွမ်းအားများ ရှိနေသကဲ့သို့ပင်။
ဝုန်း..
ထိုအချိန်တွင် ရှီဟောင် လှုပ်ရှားလိုက်သည်။ သူ၏ကောင်းကင်လမ်းကြောင်းပေါ်လာကာ နတ်စက်ကွင်းတစ်ခုကဲ့သို့ သူ့ကို ဝန်းရံသွားသည်။
ဤသည်မှာ ကောင်းကင်ဘုံကိုးခုမှလူများအား ထိတ်လန့်သွားစေသည်။ ဤသည်မှာ လက်ရှိလောကပညာများ၏ ထူးကဲသောအရာပင်။ ကောင်းကင်လမ်းကြောင်း ၁၀ ခုကို တစ်ခုအဖြစ် ပေါင်းစည်းလိုက်နိုင်သည့် ပထမဆုံးသူမှာ ရှီဟောင်ဖြစ်သည်ဟု ပြောကြသည်။ ယခု သူတို့မျက်စိဖြင့် မြင်လိုက်ရလေပြီ။
တစ်ဖက်လောကမှ ဧကရာဇ်လူမျိုးစုများလည်း ထိတ်လန့်သွားကြသည်။ သူတို့အားလုံး သူ့အား စိုက်ကြည့်ကာ တံဆိပ်များ ပြုလုပ်လာကြသည်။
သို့သော်လည်း သူတို့မထင်ထားသည်မှာ ထိုကောင်းကင်လမ်းကြောင်းသည် ခုခံရန် မကြိုးစားပဲ သူ၏ဗိုက်ထဲသို့ ကျုံ့သွားလေသည်။ အမှတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ထိုကောင်းကင်လမ်းကြောင်းမှာ ပေါက်ကွဲရန် အဆင်သင့်ဖြစ်နေလေပြီ။
ဤသည်မှာ သူယခင်က စမ်းသပ်သည်နှင့်မတူ။ တစ်ချက်မှားသွားသည်နှင့် သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး ပေါက်ကွဲသွားလိမ့်မည်။
“ခွန်ပန်ပညာ..” ရှီဟောင်ဟစ်ကြွေးလိုက်သည်။
ယင်နှင့်ယန်ပေါ်လာကာ ရောယှက်သွားပြီးနောက် ယင်ယန်သင်္ကေတဖြစ်လာသည်။
“လျှပ်စီးဧကရာဇ်ပညာ..”
လျှပ်စီးအတိဒုက္ခ ပေါ်လာသည်။ ဤသည်မှာလျှပ်စီးကန်တစ်ခုပင်။ ဤသည်မှာ ပျက်စီးခြင်းကို ကိုယ်စားပြုခြင်းဖြစ်သော်လည်း ထိုကန်ထဲတွင် လျှပ်စီးအတိဒုက္ခရည်ရှိနေသောကြောင့် ဘဝသစ်တစ်ခုကိုလည်း ပေးနေသည်။
ဖုန်း..
လျှပ်စီးကန် ကျုံ့သွားကာ အမှတ်တစ်မှတ်ဖြစ်သွားသည်။ ထိုအမှတ်လေး ယင်ယန်သင်္ကေတထဲသို့ ဝင်သွားသည်နှင့် လျှပ်စီးအတိဒုက္ခရည်များ ထွက်လာသည်။
“မိုးမခနတ်ဘုရားပညာ…”
ရှီဟောင်ဟစ်ကြွေးလိုက်သည်။ သူ့ပါးစပ်ထဲမှ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာပြီး မိုးမခသစ်ကိုင်းနှင့်တူသည့် တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ထိုအရာသည် ယင်ယန်သင်္ကေတထဲသို့ ဝင်သွားကာ ယင်နှင့်ယန်ကို ခွဲထားပေးသည့်မျဉ်းကြောင်းဖြစ်သွားသည်။
ရွှီး..
ထို့နောက် ထိုသင်္ကေတသည် သူ၏ဝမ်းဗိုက်ထဲသို့ ကျုံ့ဝင်သွားကာ သူ၏ကောင်းကင်လမ်းကြောင်းနှင့် ပေါင်းစည်းသွားသည်။
ဤသည်မှာ သူတစ်စစီမပေါက်ကွဲသွားအောင် ကာကွယ်ရန်အတွက်ပင်။
သို့သော်လည်း ဤသည်မှာ မလုံလောက်သေး။
ရှီဟောင် အော်ဟစ်လိုက်ကာ သူ၏ထာဝရစွမ်းအင်သုံးကြောင်းကို ပြောင်းရွှေ့လိုက်ပြီး ထာဝရရှေးဟောင်းကျမ်းစာကို အသက်သွင်းလိုက်သည်။ ဤသည်ကို သူ၏ဝမ်းဗိုက်အနားတွင်ရှိနေသည့် ဂိတ်များကို ကာကွယ်ရန်ပို့ထားလိုက်သည်။
ထာဝရရှေးဟောင်းပညာ၊ လက်ရှိလောကပညာအားလုံးကို သူအသုံးပြုပြီးသွားလေသည်။ ထို့နောက် သူခေါင်းမော့ကာဟစ်ကြွေးလိုက်သည်။ “ငါ့လမ်းကြောင်း .. ငါ့ကိုယ်ပိုင်ပညာကို ဖွင့်မယ်..”
သူ ဤနေရာကို ဖောက်ခွဲပစ်မည်။ သူ၏ဂိတ်တံခါးအားလုံးကို ဖွင့်လှစ်လိုက်သည်။ “ပထမခြေလှမ်း .. ငါဒါကို ပြန်လည်ဝင်စားခြင်းပင်လယ်လို့ခေါ်မယ်..” ရှီဟောင်၏အသံမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် ပဲ့တင်ထပ်နေလေ၏။
အပိုင်း ၁၆၀၅ ပြီး၏။