Switch Mode

Chapter – 246

ကျေနပ်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၄၆ – ကျေနပ်ခြင်း

အဝေးရှိတောင်မှ နေလုံးကြီး ထွက်ပေါ်လာပြီဖြစ်သော်လည်း တောအုပ်ကြီးကို မြူတစ်လွှာ အုံ့ဆိုင်းနေဆဲပင်။ နေရောင်ကြောင့် အရာအားလုံး ရွှေရောင်တောက်ပနေသောကြောင့် မြင်နေရသည့် မြင်ကွင်းမှာ အလွန်လှပလွန်းလှသည်။

ချူဖုန်း နွေးထွေးသည့်နေရောင်ခြည်ကို ခံယူကာ အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်။ ဤသည်မှာ သူ၏ မနက်ခင်းလုပ်ငန်းဆောင်တာပင်။

သူသည် အသံမထွက်ပဲ တောအုပ်ကို ဖြတ်သန်းလာလိုက်သည်။

ဘုရင်အဆင့်ဖြစ်သွားပြီဖြစ်သော်လည်း သားရဲများမှာ သူတို့သားရဲသဘာဝအကျင့်ကို မဖျောက်နိုင်သေး။ ရစ်ငှက်သည် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း ခေါင်းက ရှေ့ရောက်ရောက်သွားနေသည်။ “ချူဖုန်းကို တကယ်ပဲ သားရိုင်းကောင်တွေ စားလိုက်တာများလား..”

“ဒီနတ်ဆိုးဘုရင်ချူက တကယ်ပဲ ဘယ်ရောက်နေတာလဲ .. ငါတို့လိုက်ရှာနေတာ ရက်ပေါင်းများစွာ ရှိနေပြီ .. ဒါက တကယ်ကို ထူးဆန်းတယ်..” သမင်လည်း မကျေမနပ်ပြောလိုက်သည်။

“ချီးပဲ .. သူက တကယ်ကို ခြေရာလက်ရာမကျန်ပဲ ပျောက်သွားတာ .. သူ့အသက်ရှူစည်းချက်ပညာကို ငါ တကယ်လိုချင်နေတာ .. သူ ဘယ်ချောင်မှာ သွားသေနေတာလဲ.. လေထဲ ပျောက်သွားသလိုကို ပျောက်သွားတာ” ရစ်ငှက်ကြီး ကျိန်ဆဲလိုက်သည်။

သူတို့စိတ်ထဲတွင်တော့ စိုးရိမ်ကြောင့်ကြနေကြသည်ပင်။ ချူဖုန်း ပြန်လာပြီး သူတို့ကို လက်စားချေမည်ကို ကြောက်နေကြသော်လည်း သူ ရှိနေသည့်နေရာကို သဲလွန်စလေးတော့ ရချင်ကြသေးသည်။

ယခုအချိန်တွင် ချူဖုန်း ဒေါသမထွက်မိ။ သူ့သားကောင်များကိုသာ ချစ်ခင်မြတ်နိုးသည့်အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။

ရစ်ငှက်မှာ လူတစ်ယောက်အရပ်ခန့်ရှိနေသည်။ သူ့ဘေး၌ ရှိနေသည့် သမင်တွင်လည်း တောက်ပသည့် ရောင်စုံအမွေးများ ရှိနေကာ သူ့ဦးချိုများလည်း ရွှေဝါရောင်တောက်ပနေသည်။ သူ့ခန္ဓာကိုယ်၌ အံ့အားသင့်စရာကောင်းလောက်သည့် အသက်ဓာတ်များလည်း ရှိနေလေ၏။

ချူဖုန်း ပါးစပ်ထောင့်မှ သွားရေသုတ်လိုက်ပြီး ထိုနှစ်ကောင်နား ချဉ်းကပ်သွားလိုက်သည်။ သူတို့နှစ်ဦးကြား မီတာတစ်ရာပင် မရှိတော့။

“သူက ဘာလို့ အသက်ရှူပညာကို ချန်ထားပြီး ရက်နည်းနည်းလောက်ကြာမှ မသေတာလဲ .. ငါတို့ အလကားတိုက်ခဲ့လိုက်ရတာလား .. ဒီသောက်လူသားကတော့ .. သူ့ကို မိအောင်ဖမ်းရမှာ..” ရစ်ငှက်ကြီး မကျေမနပ်ပြောနေဆဲပင်။

သမင်ကြီးသည် ခေါင်းခါလိုက်ကာ “ငါတို့တွေ စွမ်းအားကြီးတဲ့ အသက်ရှူစည်းချက်ပညာတစ်ခုနဲ့ လွဲချော်ခဲ့တာ တကယ်နှမြောဖို့ကောင်းတယ်”

ချူဖုန်းသည် ဝိညာဉ်တစ်ကောင်ကဲ့သို့ပင် သူတို့အနားသို့ ရောက်လာသည်။ သူတို့နောက်နားသို့ ရောက်သည်နှင့် သူ့တည်ရှိမှုဖုံးကွယ်ခြင်းကို ရပ်တန့်လိုက်သည်။

“ကျုပ်ဒီမှာ..”

ဤစကားမှာ ဘုရင်အဆင့်သက်ရှိနှစ်ဦးကို တောင့်တင်းသွားစေပြီး သူတို့ချက်ချင်းပင် နောက်လှည့်ကြည့်လာကြသည်။

သူတို့လှည့်ကြည့်လိုက်သည့်အချိန်၌ ချူဖုန်း သူတို့နောက်၌ ရပ်နေသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရသည်။ သူတို့ ယခုမှ သူ့အကြောင်း ပြောနေကြခြင်းပင်။

“မင်း .. မင်း ဘာလို့ ပေါ်လာတာလဲ..” ရစ်ငှက်ကြီး ပြောလာသည်။

“ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို လိုက်ရှာနေတာ မဟုတ်ဘူးလား..” ချူဖုန်း ဖော်ရွေစွာ ပြုံးနေသော်လည်း သူ့နှုတ်ခမ်းမှ သွားရေများ စီးကျလာကာ သူ့ပုံရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။

“မင်း .. မင်း ဘာလုပ်ချင်တာလဲ..” သမင်ကြီး ထိတ်လန့်သွားကာ မသက်မသာ ဖြစ်သွားလေသည်။

“ကျုပ်က ပြိုင်ဘက်ကင်း အသက်ရှူစည်းချက်ပညာကို လာပေးတာလေ” ချူဖုန်း ပြန်ဖြေလိုက်သည်။ သူသည် ထိုနှစ်ကောင်ကို စိုက်ကြည့်ပြီးနောက် “ဝဖြီးနေတာပဲ..” ဟု မနေနိုင်စွာ ပြောလိုက်လေသည်။

နတ်ဆိုးဘုရင်ချူနှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် ဘုရင်အဆင့်သက်ရှိနှစ်ကောင် ဦးရေပြားများထုံကျဉ်သွားလေသည်။ သူ ရောက်နေမှန်းပင် သူတို့မသိကြ။

“ဘုရင်ချူ .. ခင်ဗျား အဆင်ပြေနေတာ မြင်ရလို့ စိတ်အေးသွားပါပြီ .. တကယ်တော့ ကျွန်တော်တို့ ခင်ဗျားနဲ့ ရန်သူမဖြစ်ချင်ပါဘူး” ရစ်ငှက် ပြောလိုက်သည်။ သူ ချူဖုန်းကို စကားလုံးအချို့နှင့် နှစ်သိမ့်ကာ ထွက်ပြေးလိုခြင်းပင်။

ချူဖုန်း ရယ်မောကာ သူတို့ထံသို့ လျှောက်လာလိုက်သည်။

ချူဖုန်း လျင်မြန်စွာ ရောက်လာသည်ကို မြင်သည်နှင့် ရစ်ငှက်ကြီး ထိတ်လန့်သွားကာ ဤနေရာမှ ချက်ချင်းပင် ထွက်ပြေးသွားချင်မိသည်။

သမင်ကြီးလည်း ထို့အတူပင်။ သူတို့သည် ယခင်တစ်ခေါက်က ချူဖုန်းကို သတ်ရန်ကြိုးစားခဲ့သောကြောင့် သူတို့ ချူဖုန်းနှင့် ရန်သူဖြစ်ပြီးသားပင်။ စကားလုံးအချို့လောက်လေးဖြင့် သူ သူတို့ကို လွှတ်ပေးမည်မဟုတ်။

ဝုန်း…

ဘုရင်နှစ်ဦးသည် မတူညီသည့် အရပ်မျက်နှာနှစ်ခုသို့ အသက်လု ပြေးသွားလိုက်ကြသည်။

သို့သော် သူတို့အရှိန်မှာ ချူဖုန်းနှင့်ယှဉ်နိုင်ရန် အဝေးကြီး လိုသေးသည်။

ခွပ်..

ရစ်ငှက်ကြီး အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ထက်သို့ ပျံသန်းလိုက်သော်လည်း မီတာတစ်ရာခန့်သာ ရောက်သေးသည်၊ ချူဖုန်းသူ့လည်ပင်းကို ဖမ်းဆုတ်လိုက်ပြီး မြေပြင်ထက်သို့ ဆွဲချလိုက်လေ၏။ ထို့နောက် သူသည် ရစ်ငှက်ကိုဆွဲကာ သမင်ထံသို့ ပြေးသွားလိုက်လေ၏။

ရစ်ငှက်ကြီး ဒေါသထွက်လာသာည်။ သူသည် ဘုရင်အဆင့်သက်ရှိတစ်ဦးဖြစ်သော်လည်း တစ်ချက်တည်းဖြင့် အဖမ်းခံလိုက်ရသည်။

ဒါက ဘယ်လိုအခြေအနေမျိုးလဲ .. သူက ဘယ်လိုလုပ် ပြန်တိုက်ဖို့အခွင့်အရေးတောင်မရှိပဲ ဖမ်းခံလိုက်ရတာလဲ..

ချူဖုန်းလက်မှလွှတ်နိုင်ရန် ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်တောက်ပလာပြီး ရောင်စုံအမွေးအတောင်များကို လှုပ်ခါလိုက်သည်။ ထို့နောက် သူ့ရွှေရောင်လက်သည်းများဖြင့် ချူဖုန်းကို ကုတ်တွယ်ရန် ကြိုးစားလာသည်။

“မင်း ကောင်းကောင်းနေရင် ကောင်းလိမ့်မယ်..”

ချူဖုန်း သူ့ခေါင်းကို ရိုက်ချလိုက်သောကြောင့် သူ မူးဝေသွားရလေသည်။ ပြင်းထန်လှသည့်အားကြောင့် သူ့ဦးနှောက် တစ်စစီဖြစ်သွားတော့မလိုပင်။

ချူဖုန်း အားမထည့်ပဲ ပုံမှန်အတိုင်းသာ ရိုက်လိုက်ခြင်းဖြစ်ကြောင်း သူသိနေသည်ပင်။

ယခုတစ်ခေါက်တော့ ရစ်ငှက်ကြီး တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။ ချူဖုန်း ခွန်အား အလွန်တိုးတက်လာကြောင်း တွေ့လိုက်ရသည့်အချိန် သူ ချီးထွက်ကျလောက်အောင် ကြောက်ရွံ့သွားရသည်။ သူ ချူဖုန်း၏ပြိုင်ဘက်မဟုတ်တော့။

သမင်ကြီးမှာ အားကုန်ပြေးလေတော့သည်။ ချူဖုန်း ရစ်ငှက်ကြီးနောက် လိုက်သွားသည်ကို တွေ့လိုက်ရသည့်အချိန် သူ အတော်လေး ဝမ်းသာသွားလေ၏။ သူ နောက်တစ်နေ့ ရှင်သန်နိုင်တော့မည်ဟု ထင်နေလေ၏။

ဝုန်း…

သူ ထွက်ပြေးသည့်လမ်းတစ်လျှောက်ရှိ ကျောက်တောင်များနှင့် ဧရာမကျောက်တုံးကြီးများ ပြိုကွဲသွားရသည်။ သူ အင်အားကြီးသည့်သူများကို သွားရှာပြီး နတ်ဆိုးဘုရင်ချူကို ပြန်လာသတ်ရမည်။

“ဘာတွေလောနေတာလဲ .. အေးဆေးပေါ့..”

သမင်ကြီးသည် ရုတ်တရက် သူ့နားနား၌ ရင်းနှီးနေသည့်အသံတစ်သံကို ကြားလိုက်ရသည်။ သူ့အမွေးများ ထောင်ထသွားပြီး ခေါင်းကို တောင့်တင်းစွာ လှည့်ကြည့်လိုက်သည့်အချိန်တွင်တော့ ချူဖုန်း ရစ်ငှက်ကို လည်ပင်းမှဆွဲလာပြီး သူ့နားသို့ ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရသည်။

“ချီးပဲ..” သမင်ကြီး ကျိန်ဆဲလိုက်သည်။ ချူဖုန်းက ဆန့်ကျင်ဘက်အရပ်က ရစ်ငှက်ကြီးကို ဖမ်းလာပြီး သူ့နောက်ရောက်လာနေပြီတဲ့လား..

ခွပ်..

သူ ခေါင်းပြန်လှည့်လိုက်သည့်အချိန်တွင် သူ့ရှေ့၌ ကီလိုကရမ်ပေါင်းတစ်ထောင်ကျော်လေးသည့် ကျောက်တုံးကြီး ရှိနေသည်ကို တွေ့လိုက်ရပြီး ထိုကျောက်တုံးကြီးကို ခေါင်းဖြင့် ဝင်ဆောင့်မိလေတော့သည်။ သူ့ဦးချိုကြောင့် ကျောက်တုံးကြီး ဟက်တက်ကွဲသွားသော်လည်း သူကိုယ်တိုင်လည်း နောက်ယိုင်သွားပြီး လဲကျလုမတတ် ဖြစ်သွားသည်။

“ငါ မင်းကို အရှိန်လျော့ဖို့ ပြောသားပဲ .. မင်းမှ နားမထောင်တာ” ချူဖုန်း သူ့ကို လိုက်မှီလာပြီး သူ့ရှေ့ပိတ်ရပ်လိုက်သည်။

“နတ်ဆိုးဘုရင်ချူ .. ငါ မင်းနဲ့တိုက်မယ်..” သမင်ကြီး ဟစ်ကြွေးလိုက်ပြီးနောက် သူ့ဦးချိုသည် ဓားအလင်းတန်းကဲ့သို့ တောက်ပလာပြီး မျက်စိကျိန်းလောက်သည့်အလင်းတန်းများ ထုတ်လွှတ်လာသည်။

ချူဖုန်း လက်တစ်ဖက် ဝေ့ရမ်းလိုက်ပြီး ထိုအလင်းတန်းကို ပျက်ပြယ်စေလိုက်ကာ ခြေတစ်လှမ်းတည်းဖြင့် သမင်ကြီးရှေ့ရောက်လာပြီး သမင်ကြီးကို ပိတ်ရိုက်လိုက်လေ၏။ “မင်းလည်း ကောင်းကောင်းနေရင်ကောင်းမယ်..”

သမင်ကြီးမှာ ခေါင်းကြီးမူးနောက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူသည် ကြယ်တွေ၊ လတွေ မြင်သွားကာ အချိန်အတော်ကြာသည်အထိ ပြန်မထနိုင်ခဲ့။

သူ အလွန်ထိတ်လန့်သွားရသည်။ နတ်ဆိုးဘုရင်ချူ၏ခွန်အားမှာ ထင်ထားသည်ထက် ပိုနေသည်။ သူတို့နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းကထက် ပို အင်အားကြီးနေလောက်သည်ပင်။

တစ်ချက်တည်းဖြင့် သူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်ပင်။

ခွပ်…

ချူဖုန်း ရစ်ငှက်ကို မြေပြင်ထက်သို့ ပစ်ချလိုက်ပြီး အနီးအနားတွင် ရေသွားရှာလိုက်၏။ ခဏကြာပြီးသည့်နောက်တွင်တော့ အေးချမ်းကာ လှပလှသည့် စမ်းချောင်းတစ်ခုကို သူ တွေ့လိုက်ရသည်။

ထို့နောက်တွင်တော့ သူ ထင်းများကို စုစည်းလိုက်သည်။

“မင်း .. မင်း ဘာလုပ်နေတာလဲ..” သမင်ကြီး ထိတ်လန့်တကြား မေးလိုက်သည်။

“ဂွီ…”

ချူဖုန်း ပါးစပ်မှ သွားရေသုတ်လိုက်သည်နှင့် ဗိုက်ထဲမှလည်း အသံထွက်လာသည်။

“မင်း မင်း..” ချိုးငှက်မှာ တစ်ကိုယ်လုံး တုန်ယင်နေလေပြီ။ ချူဖုန်း ဘာလုပ်နေသည်ကိုသိရန် သိပ်မခက်။

“မလုပ်ပါနဲ့ .. ဘာလုပ်လုပ်ရတယ် အဲဒါတော့ မလုပ်ပါနဲ့..” သမင်ကြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချူဖုန်း အစားကြီးသည်ကို သူတို့အားလုံး ကြားဖူးသည်ပင်။ သူသည် အရှေ့တိုင်းကျူးကျော်တပ်များထဲမှ အရသာအရှိဆုံးစာရင်းကိုပင် ပြုလုပ်ခဲ့သေးသည်။

ဘုရင်နှစ်ကောင်သည် ထွက်ပြေးချင်ကြသော်လည်း ရိုက်ချက်များ ထပ်မံကျရောက်လာပြီး ပြိုလဲသွားကြတော့သည်။

ယခုအချိန်တွင် ချူဖုန်း ဟန်ဆောင်မနေနိုင်တော့။ ရေနှင့် ထင်းကို တွေ့သွားပြီဖြစ်သောကြောင့် သန့်ရှင်းရန်သာကျန်တော့သည်။

“င့ါကို အခြေအနေတွေ ပြောပြ .. မင်းတို့ရဲ့ ကြံရာပါတွေ ဘယ်မှာလဲ..” ချူဖုန်း သူတို့ကို စမ်းချောင်းဘေး ယူလာပြီး မေးလိုက်သည်။

“ကယ်ပါဦး .. ကျွန်တော်တို့ကို ညှာတာပေးပါ..” သားရဲနှစ်ကောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ခဏကြာပြီးနောက် တောအုပ်တစ်ခုလုံး အသားကင်နံ့များ သင်းပျံ့သွားကာ ချူဖုန်း စတင်စားသောက်လေတော့သည်။

သူ အလွန်ဆာလောင်နေပြီဖြစ်သည်။ သူ့အရပ်နီးပါးရှည်သည့် ရစ်ငှက်ပေါင်ကို အဆီထွက်လာပြီး ရွှေရောင်သန်းလာသည်အထိ ကင်လိုက်ပြီး ကိုက်စားလိုက်တော့သည်။

ထိုသို့စားနေစဉ်တွင် သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်နေပြီး သူ့မွေးညှင်းပေါက်မှ စေးကပ်ကပ်အဆီများ စီးကျလာလေ၏။ သူ၏အစာခြေစနစ်မှာ ထိတ်လန့်စရာ ကောင်းလှသည်။

သူစားနိုင်သည့်ပမာဏ များပြားလာခြင်းမဟုတ်။ သူ့အစာခြေစနစ် ပို၍အားကောင်းလာခြင်းပင်။ သူသည် ဘုရင်အဆင့်အစားအစာ၏ စွမ်းအင်အားလုံးကို အလေအလွင့်မရှိအောင် စုတ်ယူလိုက်နိုင်သည်ပင်။

ထို့နောက် ထိုစွမ်းအင်များသည့် သူ့အသွေးအသားနှင့် သွေးများထံသို့ ပျံ့နှံ့သွားကာ အညစ်အကြေးများကို သန့်စင်ပေးလာလေသည်။

တစ်ချိန်တည်းမှာပင် သူ အဆင့်တက်နေဆဲပင်။ သူသည် ဝတ်မှုန်မသုံးပဲ အဆင့်တက်ခဲ့ခြင်းဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်မှာ စွမ်းအင်များ လိုအပ်နေဆဲပင်။

သူသည် စားပြီးရင်းစားကာ အစားအစာများကို စွမ်းအင်အဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်မှ စုတ်ယူစေခဲ့သည်။

ကျန်နေသည့် ချိုးငှက်ခြေထောက်ကို ဘေးဘက်သို့ပစ်လိုက်ပြီး သမင်ကင်ကို စဖြိုလိုက်သည်။ သူ့ခန္ဓာကိုယ်မှ လိုအပ်နေသည့် စွမ်းအင်များကို ရယူရန် လိုအပ်သည်။

သူ့နှာဖျားတွင် ရွှေဝါရောင်သမင်အသား၏ရနံ့ သင်းပျံ့လာကာ သူ့အစာစားလိုစိတ် ပို၍မြင့်တက်လာသည်။ ထို့နောက် အသားကို စစားလိုက်တော့သည်။ ဘုရင်အဆင့်အသားမှာ အလွန်အရသာရှိလှသည်။ ပါးစပ်ထဲ ရောက်သွားသည်နှင့် အရည်ပျော်သွားသကဲ့သို့ပင်။

အခြားအကြောင်းရင်းမှာ ဤဘုရင်အဆင့်သက်ရှိနှစ်ယောက်ကို အခုမှ လတ်လတ်ဆတ်ဆတ်သတ်ထားခြင်းဖြစ်သောကြောင့် သူတို့စွမ်းအင်များ မပျက်ပြယ်သေး။

စားနေစဉ်အတွင်း သူ နှစ်ကြိမ်ပင် ရေချိုးလိုက်ရသည်။ သူသည် ပြင်းထန်သည့်တိုက်ပွဲကြီး တိုက်ခိုက်နေသကဲ့သို့ ချွေးပြန်နေသည်ပင်။

ချူဖုန်း စိတ်ကျေနပ်သည်အထိ စားသောက်လိုက်သည်။ အသားနံ့မှာ သူ့နှာခေါင်း၌ စွဲကျန်ရစ်နေဆဲပင်။

သမင်သားစားပြီးနောက် သူ့ခန္ဓာကိုယ် စေးကပ်ကပ်ဖြစ်လာပြီး ညစ်ပတ်နေသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ သူစားလိုက်သည့် ဘုရင်အသားမှ စွမ်းအင်များဖြင့် ရစ်သိုင်းခံနေရသည်။

“ကောင်းလိုက်တာ..”

ကျေနပ်အောင် စားပြီးသည်နှင့် ချူဖုန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့ပြဿနာကြီးတစ်ခုကို ဖြေရှင်းပြီးသွားလေပြီ။

သူ ထိုနေရာ၌ မလှုပ်မယှက်လဲနေပြီး စည်းစိမ်ခံစားနေလိုက်သည်။

အချိန်အတော်ကြာသည်အထိ အနားယူပြီး သူ့ခန္ဓာကိုယ်ထက်မှ အလင်းများ မှေးမှိန်သွားမှသာ ပြန်ထလိုက်ပြီး စမ်းချောင်းထဲသို့ ခုန်ချကာ ဆေးကြောသန့်စင်လိုက်သည်။

အချိန်အတော်ကြာမှသာ ရေထဲမှ ထွက်လာလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ပို၍အားကောင်းလာကာ ယခုအချိန်တွင် နတ်ဘုရားများကဲ့သို့ တောက်ပသည့် အရေပြားလွှာကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

ထို့နောက် သူ ကျန်းရှီသို့ ခရီးဆက်လိုက်သည်။

လမ်းတစ်လျှောက်တွင်လည်း အသီးအမျိုးမျိုးကို ပါးစပ်ထဲ ပစ်ထည့်နေသည်ပင်။ “ငါ အမြဲတမ်း ဗိုက်ဆာနေသလို ခံစားနေရတယ် .. ကုန်းမြေပေါ်က အစားအသောက်တွေ စားပြီးပြီဆိုတော့ ပင်လယ်စာ စားရမယ့်အချိန်ရောက်ပြီ”

ချူဖုန်း အဝေးမှ တောင်များကို ကြည့်လိုက်ကာ “ဒေါင်းဘုရင်က င့ါကို သတ်ချင်နေတာမလား .. ရေအောက်မျိုးနွယ်စုကလည်း သူနဲ့ပူးပေါင်းပြီးတော့ င့ါရဲ့အသက်ရှူစည်းချက်ပညာကို လုယူချင်နေတယ် .. ပြီးတော့ အဲဒီအဖွဲ့အစည်းကြီးတွေက င့ါကို လုပ်ကြံနိုင်လိမ့်မယ်လို့ ထင်နေကြတာလား .. အခု စာရင်းရှင်းဖို့အချိန်ရောက်ပြီ..”

အပိုင်း ၂၄၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset