Switch Mode

Chapter – 1516 & 1530

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၆ – စိတ်ပျက်ခြင်း

သမိုင်း၏ ကြောက်စရာအကောင်းဆုံး အချိန်ကာလ ရောက်လာလေပြီ။

ဤအံ့အားသင့်စရာကောင်းသည့် ပြောင်းလဲမှုများအကြောင်း စဉ်းစားမိသွားသည့်အချိန်တွင် အားလုံး တုန်လှုပ်သွားရသည်။ ဤသည်မှာ ရုတ်တရက်ဆန်လွန်းလှသောကြောင့် မည်သူမှ စိတ်မပြင်ဆင်ရသေးပေ။

တစ်ဖက်လောကမှ ကြောက်စရာကောင်းသည့်ပြိုင်ဘက်များ၏ ရက်စက်မှုများ၊ အညှာအတာမဲ့မှုများနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာ ရှိနေသည်ပင်။

ထို့အပြင် ယခင် ခန့်မှန်းချက်အရဆိုရင် ဤခေတ်တိုက်ပွဲမှာ ယခင်ကထက်ပိုပြင်းထန်မည်ဖြစ်ပြီး စကြာဝဠာတစ်ခုလုံး ပြောင်းပြန်လှန်သွားလောက်သည်အထိပင်။

“ဒါက ရုတ်တရက်ဆန်လွန်းအားကြီးတယ် .. ကပ်ဆိုးကြီးက ဘာလို့ ဒီလိုမျိုးကြီး ပေါ်လာတာလဲ .. ငါ ကိုယ့်ကိုကိုယ်တောင် မပြင်ဆင်ရသေးဘူး..” လူငယ်တစ်ယောက် အော်ဟစ်လိုက်သည်။

လူများစွာလည်း စိတ်ထဲ၌ တုန်လှုပ်နေသည်ပင်။ မည်သူက ပြင်ဆင်ပြီးသနည်း.. မည်သူမှ မပြင်ဆင်ရသေး။ သူတို့ နောက်ကျမှ ရောက်လာပါစေဟု ဆုတောင်းနေကြသည်ပင်။ နောက်ကျလေ ကောင်းလေပင်။

အကြီးအကဲအရှင်၊ အလေးအမြတ်ကျောင်းမှ သက်ရှိရုပ်ကြွင်းနှင့် ထာဝရကျောင်းမှ လူအိုကြီးအချို့ပင်လျှင် အမူအရာများ ပြောင်းလဲသွားသည်။ သူတို့လည်း အလွန်ထိတ်လန့်နေကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤလူများသည် ယခင်က ကပ်ဆိုးကြီးရောက်လာမည့်အချိန်အား ဆွေးနွေးနေခဲ့ကြသေးသည်ပင်။ အမှောင်နေ့စွဲများမှာ အနည်းဆုံး နောက်ထပ် နှစ်ထောင်ပေါင်းအနည်းငယ်ခန့် ကြာလိမ့်ဦးမည်ပင် ထင်ထားကြသည်ပင်။

“ဒါက မြန်လွန်းအားကြီးတယ် .. သူတို့တွေ ဘယ်လိုလုပ် ဖြတ်လာနိုင်တာလဲ.. မထိုးဖောက်နိုင်တဲ့ဂိတ်က အရမ်းမာကျောတာ .. သူ့ကို ထာဝရတာအိုအသွေးအသားနဲ့ လုပ်ထားတာ .. အဲဒါကြီးပျက်စီးသွားတယ်ဆိုတာ မဖြစ်နိုင်တာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

“ထတော့ .. ခေါင်းထဲ ရှုပ်ထွေးမနေနဲ့တော့ .. ငါတို့ကို အသေးစိတ်အားလုံးပြောပြ..” အကြီးအကဲအရှင် ထိုလူ၏ မျက်ခုံးကြားကို လက်ညှိုးထိုး၍ မှော်ခွန်အားမှတစ်ဆင့် ဤလူ၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။

ထိုလူ၏ဒဏ်ရာများမှာ ပြင်းထန်လှသည်။ ကြေးသင်္ဘောကြီးကဲ့သို့ သူ၏ခန္ဓာကိုယ်လည်း တစ်ဝက်သာ ရှိတော့သည်ပင်။

ထို့အပြင် သူ၏မူလဝိညာဉ်လည်း အက်ကွဲနေပြီဖြစ်သည်။

“စီနီယာမုန့် .. အဲဒါက အရမ်းရက်စက်လွန်းတယ် .. နယ်ခြားစပ်က ငရဲအဖြစ်ပြောင်းသွားတာ .. လူဘယ်နှယောက်သေသွားမှန်းကို မသိဘူး … မရေမတွက်နိုင်အောင်ပဲ … မကြည့်နိုင်လောက်အောင်ကို ဆိုးရွားလွန်းတယ်..” ထိုလူ မျက်ရည်များ စီးကျလာ၏။

သူသည်တကယ်ကို ဝမ်းနည်းပူဆွေးနေရခြင်းပင်။ သူ၏ညီအစ်ကိုများ၊ သူချစ်ရသည့်သူများ၊ သူ့သူငယ်ချင်းများ၊ သူနှင့်ရင်းနှီးသည့်သူများ အားလုံး ချက်ချင်း အသတ်ခံလိုက်ရသည်။ နည်းနည်းလေးမှ ခုခံချိန်ပင် မရလိုက်။

ဤစကားကြားသည်နှင့် လူများစွာ ကြက်သီးထလာသည်။

“မင်းက အနီရောင်ကောင်းကင်ကနေ လာတာလို့ ပြောလိုက်တာလား..” အကြီးအကဲအရှင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ယခုအချိန်ထိ တည်ငြိမ်နေသေးသည်ပင်။

“ဟုတ်ပါတယ် .. အနီရောင်ကောင်းကင်က မာကျောပြီးတော့ မပျက်စီးနိုင်တဲ့ ရှေးဟောင်းမြို့ကြီးပါ … အရင်က တစ်ခါမှ ဒီလိုမျိုးမဖြစ်ဖူးဘူး .. အခြေအနေ အရမ်းဆိုးနေတယ် .. အဲဒီနေရာက တစ္ဆေနယ်မြေဖြစ်သွားပြီ..” ထိုလူ၏ ခန္ဓာကိုယ်မှ သွေးများစီးကျနေဆဲပင်။

ထိုအချိန်တွင် ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက် ခရမ်းရွှေရောင် နတ်ဆေးလုံးတစ်လုံး ထုတ်လိုက်ကာ သူ့အားကျွေးလိုက်သည်။ ထိုလူပတ်လည်တွင် တောက်ပလာကာ နတ်ခွန်အားများ ထွက်ပေါ်လာသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းမှ တဂျွတ်ဂျွတ်အရိုးသံများ ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ လျင်မြန်စွာပင် ပြန်လည်ကြီးထွားလာသည်။

ဤသည်မှာ ဒဏ်ရာများကို အချိန်တိုအတွင်း ပျောက်ကင်းသွားစေနိုင်သည့် နတ်ဆေးလုံးပင်။

“စီနီယာကို ကျေးဇူးတင်ပါတယ်..” ထိုလူ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ သူ၏ကျင့်ကြံဆင့်နှင့်ဆိုလျှင်လည်း ဤဒဏ်ရာကြောင့် ပျက်စီးသွားမည်မဟုတ်ပေ။ အချိန်ယူကာ နားလိုက်သည်နှင့် သူ၏ပျက်စီးသွားသည့်ခြေထောက်များ ပြန်ထွက်လာမည်ပင်။

ယခုအချိန်တွင်တော့ သူမောပန်းမှုနှင့် ဝမ်းနည်းမှုသာ ခံစားနေရသည်။

“အနီရောင်ကောင်းကင်က ထာဝရသက်ရှိတွေရဲ့ အရိုးနဲ့ လုပ်ထားတာ မဟုတ်ဘူးလား … အဲဒီလမ်းက ဖွင့်လို့မရနိုင်လောက်ဘူး .. အဲဒီတော့ သူတို့ဘယ်လိုဝင်လာကြတာလဲ..”

အကြီးအကဲအားလုံး မျက်မှောင်ကြုံ့လိုက်ပြီး သူတို့၏အမူအရာများလည်း မည်းမှောင်လာသည်။ ဤသည်သာ အမှန်ဆိုလျှင် အခြေအနေမှာ အလွန်ဆိုးရွားနေလေပြီ။

သူတို့အမြင်တွင် တစ်ဖက်လောကမှ သတ္တဝါများ ဝင်လာမည်ဆိုလျှင် နယ်ခြားစပ်မှသာ ဝင်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ မတည်ငြိမ်ဆုံးနေရာပင်။

ထိုနေရာသို့သွားကာ ထိုရှေးဟောင်းမြို့ကို ကာကွယ်ပေးနေသည့် စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူမှား ဘယ်နှယောက်ရှိနေပြီမှန်းပင် မသိတော့။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် စီရင်စုသုံးထောင်မှ နယ်ခြားစပ်သာ အားအပျော့ဆုံးနေရာပင်။ တစ်ဖက်လောကမှ လူများမှာ မကျူးကျော်လာနိုင်သေးသော်လည်း ဤဘက်ကို ပြဿနာများစွာ ပေးနေဆဲပင်။

ထို့ကြောင့်ပင် မျိုးဆက်တစ်ဆက်၏ အထင်ကြီးစရာကောင်းသည့်ပုဂ္ဂိုလ်များသည် သူတို့ဘဝသက်တမ်းသိပ်မကျန်တော့ပါက ထိုနေရာသို့ သွားကာ သူတို့၏နောက်ဆုံးခွန်အားကို အသုံးပြုကာ နောက်ဆုံးတိုက်ပွဲ ဆင်နွှဲကြသည်ပင်။

“အနီရောင်ကောင်းကင်မှာ ပြောင်းလဲမှုတွေဖြစ်သွားတာဆိုရင် ပိုပြီးတော့ ဒုက္ခများတော့မှာ .. ဒါက တစ်ခြားလမ်းကြောင်းတွေလည်း မလုံခြုံတော့ဘူးလို့ ဆိုလိုတာပဲ .. ဘာလို့လဲဆိုတော့ တစ်ခြားလမ်းကြောင်းတွေကလည်း ဒီအနီရောင်ကောင်းကင်နဲ့ အဆင့်အတူတူပဲ..” အကြီးအကဲအရှင် သက်ပြင်းချ၍ ပြောလိုက်သည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. မျိုးဆက်ပေါင်းများစွာရဲ့ အေးချမ်းမှုက ဒီမှာပဲ အဆုံးသတ်သွားပြီလား..

“ဘိုးဘေးနဂါးဦးချိုကို တောင်းပြီးတော့ မြန်မြန်မှုတ်လိုက် .. ကောင်းကင်ဘုံကိုးခုက ကလန်ကြီးတွေအားလုံးကို အနီရောင်ကောင်းကင်ကို လာကူပေးဖို့ပြောလိုက်..” အကြီးအကဲအရှင် အမိန့်ပေးလိုက်သည်။

အားလုံး တုန်ယင်သွားရသည်။ သူတို့ အခုလေးတင် ဒီလူပြောတာကို နားထောင်နေတာ .. အခု သူတို့ကိုယ်တိုင် စစ်ပွဲထဲ ဝင်ရတော့မှာလား..

တစ်နေ့ ဤကဲ့သို့ဖြစ်လာမည်ကို သိသော်လည်း တကယ် ရောက်လာသည့်အချိန်တွင်မူ ဖြစ်နိုင်ချေများစွာကို တွေးမိပြီးနောက် အားလုံး နှလုံးခုန်နှုန်းများ လျင်မြန်လာကြသည်။ အချို့သူများမှာ ကြောက်ရွံ့သောကြောင့် ခန္ဓာကိုယ်ပင် တုန်လှုပ်နေလေပြီ။

“ငါတို့ကို အားလုံးပြောပြ .. အနီရောင်ကောင်းကင်က ဘာလို့ပွင့်သွားတာလဲ .. အရင်က ဘယ်လိုလက္ခဏာမျိုး ရှိခဲ့သေးလဲ..” အလေးအမြတ်ကျောင်းမှ လူအိုကြီးတစ်ယောက် မေးလိုက်သည်။

“အဲဒီအချိန်တုန်းက မြို့ထဲမှာ ထူးခြားတာ ဘာမှမရှိဘူး .. ဒါပေမဲ့ မနက်စောစော နေရောင်ခြည်ကျလာတဲ့အချိန်မှာ မြို့ကြီးက ရုတ်တရက် တဒုန်းဒုန်းမြည်လာပြီးတော့ အက်ကွဲသွားတာ .. ပြီးတော့ တစ်စစီပေါက်ကွဲသွားတာ..”

ထိုလူလတ်ပိုင်းအမျိုးသားသည် ဖြစ်ပျက်ခဲ့သည့် ကြောက်စရာကောင်းသည့် မြင်ကွင်းကို သေချာပြောပြနေသည်ပင်။

ရှေးခေတ်မှ လူများ၏ အသွေးအသားနှင့်ပြုလုပ်ထားသည့် ရှေးဟောင်းမြို့ကြီး ပြိုကျသွားသည့်အချိန်တွင် ကြောက်စရာကောင်းသည့် ‘အိုးတစ်လုံး’ ပျံသန်းလာသည်ကို အားလုံးတွေ့လိုက်ရသည်။ ထာဝရသက်ရှိများ၏ အရိုးများဖြင့် ပြလုပ်ထားသည့် ထိုမြို့ကြီးပင် ထိုအိုး၏စွမ်းအားကို မခုခံနိုင်ခဲ့။

ထိုစကားကို ကြားသည်နှင့် ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ သူတစ်ခုခုကို စဉ်းစားမိသွားကာ သူ့ပုခုံးပေါ်တွင်ရှိနေသည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်အား ကြည့်လိုက်သည်။

“အဲဒါက .. ထာဝရအရည်ပျော်ခြင်းအိုးများလား..” ပုရွက်ဆိတ်လေး တုန်ယင်လာသည်။

သိပ်မကြာသေးမီက သူတို့ ထိုအိုးကို မပျက်စီးနိုင်သည့်တောင်၌ တွေ့ခဲ့ကြသည်ပင်။ ထိုအိုးသည် စွမ်းအားအကြီးဆုံးသက်ရှိများ၏ သွေးစွမ်းအင်များအား စုတ်ယူနေသည်ပင်။

ဤအိုးမှာ ထာဝရသက်ရှိများကို သတ်ရန်အတွက် လုပ်ထားသည့်အိုးဟု ပြောကြသည်။

ဤအိုးကို တစ်ဖက်လောကရှိ မယုံကြည်နိုင်စရာကောင်းလောက်သည့် သက်ရှိတစ်ယောက် ပိုင်ဆိုင်သည်ဟု ပြောကြသည်။ သို့သော်လည်း ထိုလူသည် နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီဖြစ်သောကြောင့် သေဆုံးသွားပြီဟု ပြောကြသည်။

ယခင်ခေတ်၌ ထိုအိုးပေါ်မလာခဲ့သောကြောင့် ထိုအိုးကို ထိုလူနှင့်အတူ မြှုပ်နှံလိုက်ပြီဟု ပြောကြသည်။

ရှီဟောင်နှင့် ပုရွက်ဆိတ်လေးသာ ဤစကားကို မယုံကြည်ကြခြင်းပင်။ သူတို့ မပျက်စီးနိုင်သည့်တောင်သို့ သွားစဉ်က အမှန်တရားအချို့အား သိခဲ့ရသည်။ ခေတ်ကြီးအဆုံးသတ်သွားစဉ်က ဟဲဝူရှန်းသည် ထိုအိုးနှင့်အတူ စစ်မြေပြင်သို့ ရောက်လာပြီး သွေးစွမ်းအင်များအား စုဆောင်းခဲ့သည်ပင်။

“ဝူး..” ဦးချိုမှုတ်သံ ကြားရသည့်အချိန်မှ ရှီဟောင်၏အတွေးများ ပြတ်တောက်သွားသည်။

ဤဦးချိုသံမှာ မိုးခြိမ်းသံကဲ့သို့ ဤနေရာကို ပဲ့တင်ထပ်သွားသည်။ ထို့နောက် နယ်ခြားနံရံကို ဖြတ်ကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုလုံးတွင် ပျံ့နှံ့သွားသည်။

ဤသည်မှာ နဂါးအစစ်၏ ဦးချိုကို ပြုပြင်ထားခြင်းပင်။ စွမ်းအားကြီးသည့်သူများစွာမှ အသုံးပြုပြီးသွားသည့်အချိန်တွင် ဤဦးချို၌ ဝိညာဉ်စွမ်းအား ရရှိလာသည်ပင်။ သူ၏အသံမှာ ကျယ်လောင်ရှည်လျားလှပြီး နယ်ခြားနံရံများကို ဖြတ်ကျော်ကာ စွမ်းအားကြီးသည့်မိသားစုများအား ဆင့်ခေါ်နိုင်သည်ပင်။

သူတို့အချိန်ဖြုန်း၍မရ။ ကလန်ကြီးများကို ဆက်သွယ်ကာ စစ်ပွဲအတွက် ပြင်ဆင်ခိုင်းရမည်။

ပုံမှန်အားဖြင့် နဂါးဦးချိုကို မမှုတ်ပေ။ သမိုင်းတစ်လျှောက်လုံးတွင် တစ်ကြိမ်၊ နှစ်ကြိမ်သာ အသုံးပြုဖူးသေးသည်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွသ် အန္တရာယ်ကြီး ကျရောက်လာသည့်အချိန်မှ အသုံးပြုခြင်းပင်။

ဤဦးချိုသံ ထွက်လာသည်နှင့် ဤသည်မှာ အမှောင်နေ့ရက် ရောက်လာပြီဟု ဆိုလိုခြင်းပင်။

နဂါးဦးချိုမှာ အစကတည်းက ရှာတွေ့နိုင်ရန် ခက်ခဲသည့် အဖိုးတန်ရတနာပင်။ ဤဦးချိုကို ခရာအဖြစ် ပြောင်းလဲပြီးသည့်နောက်တွင် သူ၏စွမ်းအားမှာ မယုံကြည်နိုင်လောက်အောင်ပင်။ သို့သော်လည်း ဤခရာသံမှာ ဝိညာဉ်များကို ထိခိုက်ခြင်းမရှိ။ သူသည် သွေးစွမ်းအင်များ ကြွတက်သွားအောင် မလုပ်သကဲ့သို့ ပေါက်ကွဲသွားမည်ကိုလည်း စိုးရိမ်စရာမလို။

“မထိုးဖောက်နိုင်တဲ့ လမ်းကြောင်း ပျက်သွားပြီ .. အဲဒီလမ်းကြောင်းကို စောင့်နေတဲ့လူ ၉၀ ရာခိုင်နှုန်းလောက် သေသွားပြီ..” ထိုလူမှ ဆက်ပြောလိုက်သည်။

ထာဝရအရည်ပျော်ခြင်းအိုး ပေါ်လာသည်နှင့် လမ်းကြောင်းတွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး အသားပုံများဖြစ်သွားကာ သူတို့၏သွေးစွမ်းအင်များကို ထိုအိုးမှ စုတ်ယူလိုက်သည်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်မြင်ကွင်းပင်။ မည်သူက နတ်ဆိုးခွန်အားကို ခုခံနိုင်မည်နည်း..

သို့သော် ထိုအိုးသည် အပျက်အစီးအပေါ်တွင်သာ ရပ်နေပြီး အရှေ့တက်မလာခဲ့။ နောက်ဆုံးတွင် ပြန်ဆုတ်သွားကာ တစ်ဖက်လောကသို့ ပြန်ဝင်သွားသည်ပင်။

ထို့နောက် ထိုလမ်းကြောင်းမှ လက်မဲကြီးတစ်ဖက် ထွက်လာကာ နယ်စပ်ကို အုပ်မိုးလိုက်ပြီး အသက်အားလုံးကို ခြွေလိုက်သည်။

အမျိုးသား၊ အမျိုးသမီး၊ လူအို၊ လူငယ်၊ ကျင့်ကြံဆင့် မြင့်သည့်သူဖြစ်စေ နိမ့်သည့်သူဖြစ်စေ ထိုလက်အောက်တွင် အားလုံးအသားပုံကြီး ဖြစ်သွားသည်။ မြို့ထဲ၌ မရှိသည့်သူများလည်း သေဆုံးသွားသည်ပင်။

“ပြီးတော့ စတေးတဲ့ အခမ်းအနားလိုမျိုးတစ်ခုလည်း ရှိခဲ့သေးတယ် .. သူက ကျုပ်တို့ဘက်က လူတွေရဲ့သွေးတွေကိုသုံးပြီးတော့ မာကျောတဲ့လမ်းကြောင်းကို ဖွင့်ခဲ့တာ..” ထိုလူ အံကြိတ်နေကာ မျက်လုံးများလည်း နီရဲနေသည်။

သူတို့သည် စစ်ပွဲထဲမှ သေဆုံးသွားခြင်းမဟုတ်ပဲ အသက်များ ခြွေချခံလိုက်ရခြင်းပင်။

“အားလုံးသေသွားပြီ .. အသက်ငယ်ငယ်လေးရှိသေးတဲ့ ကလေးတွေလည်း သေသွားတာ .. သေသွားပေမယ့် သူတို့မျက်လုံးတွေကို မပိတ်နိုင်ခဲ့ဘူး .. ကျုပ်ဒါကို လက်မခံနိုင်ဘူး..” ထိုလူ အော်ဟစ်လိုက်သည်။ သူ၏မြစ်များပင် ဆိုးဆိုးရွားရွားသေဆုံးခဲ့ရသည်ပင်။

ထိုအချိန်က သူအလွန်ဝေးသည့်နေရာတစ်ခု၌ ရှိနေခြင်းပင်။ သူအလောတကြီးပြေးလာသည့်အချိန်တွင် ထိုလက်ကြောင့်ဖြစ်လာသည့် လေပြင်းများ တိုက်ခိုက်လာကာ သူ၏ခန္ဓာကိုယ်နှင့် ဤသင်္ဘောကြီး တစ်ဝက်ပျက်စီးသွားအောင် လုပ်လိုက်ခြင်းပင်။

ထိုစကားကို ကြားလိုက်ရသည်နှင့် အားလုံး‌ ခေါင်းစခြေဆုံး ကြက်သီးထသွားရသည်။ ဤလူမှာ အလွန်စွမ်းအားကြီးလှပြီး အဆင့်လွန်သက်ရှိဖြစ်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သည်။ သို့သော်လည်း သူပင်လျှင် မခုခံနိုင်ပဲ သေမလိုဖြစ်ခဲ့သည်ပင်။

ခပ်ဝေးဝေးမှ တိုက်ခတ်လာသည့်လေပင် ဤမျှကြောက်စရာကောင်းနေသည်။ ရန်သူ၏ ထိုလက်ကြီးဖြင့်သာ ဖိချေခံလိုက်ရလျှင် မည်ကဲ့သို့သော စွမ်းအားက ခုခံနိုင်မည်နည်း..

ထိုလူပြောပုံအရဆိုလျှင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှာ မကြာခင် အဆုံးသတ်သွားတော့မည်။ အဘယ်ကြောင့်ဆိုသော် မည်သူမှ ထိုကဲ့သို့သော စွမ်းအားမျိုးကို ခုခံနိုင်မည်မဟုတ်။

ဤသည်မှာ မသေမျိုးသက်ရှိတစ်ယောက် တိုက်ခိုက်ခြင်းဖြစ်လိမ့်မည်ဟု အများစု သံသယဝင်နေကြသည်။ ဤကဲ့သို့သော လူမျိုးကို မည်သူက ရင်ဆိုင်မနိုင်မည်နည်း.. ဤလောကတွင် ထိုကဲ့သို့သော သက်ရှိမျိုးမရှိ။

“သူ မင်းနောက်ကို မလိုက်လာဘူးလား..” ထာဝရကျောင်းမှ သက်ရှိရုပ်ကြွင်းမှ မေးလိုက်သည်။

“ဘာကြောင့်လဲတော့မသိပေမယ့် အဲဒီလက်ကြီးက နောက်ပြန်ဆုတ်သွားတာ .. ဒီဘက်ကို ဖြတ်မလာဘူး..” ထိုလူ၏မျက်ဝန်းမှ မျက်ရည်ပူများ စီးဆင်းနေသည်ပင်။

သူ ထိုလက်ကြီးနှင့် ထာဝရအရည်ဖျော်ခြင်းအိုးကို မယှဉ်နိုင်မှန်းသိသောကြောင့် သူသည် သတင်းဖြန့်ရန်အတွက် အလောတကြီး ထွက်လာခဲ့ခြင်းပင်။

သို့သော်လည်း ထိုလက်ကြီးကြောင့် ရွှေ့ပြောင်းသည့်စင်္ကြံများ ပျက်စီးသွားကာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုကြားရှိ နယ်ခြားနံရံများကို မဖြတ်ကျော်နိုင်ခဲ့။ ထို့ကြောင့် သူဤနေရာကိုရောက်ရန် အချိန်ကြာနေခြင်းပင်။

“မင်းတို့ အားလုံး ကြောက်နေပြီလား…” အကြီးအကဲအရှင် အားလုံးကိုကြည့်ပြီး မေးလိုက်သည်။

ယခုအချိန်တွင်တော့ မလန့်သည့်သူ ရှိမည်မဟုတ်။ ဤလောကတွင် သက်ရှည်သက်ရှိမရှိသလို၊ ထာဝရသက်ရှိအစစ်လည်းမရှိ။ ထို့ကြောင့် ဤမသေမျိုးများကို ရင်ဆိုင်ရန်အတွက် သူတို့ဘာထုတ်သုံးရမည်နည်း..

ဤသည်မှာ ရှိခိုးကောင်မှ ရထားလုံးအား ရပ်တန့်ရန် ကြိုးစားနေသကဲ့သို့ပင်။

ယခုအချိန်တွင် အားလုံး တိတ်ဆိတ်နေကြကာ ကောင်းကင်ကြီးပင် မှောင်မဲနေသည်ဟု ခံစားကြရသည်။ အားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်ပင်။ သူတို့ အသက်ရှင်နိုင်စရာ လမ်းမမြင်။

“ငါအားလုံးကို ပြောမယ် .. မင်းတို့ ကြောက်စရာမလိုဘူး .. အဲဒီဘက်ကလူတွေ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ငါတို့ သူတို့ကို ပြန်တိုက်ထုတ်နိုင်ခဲ့တယ်..” အကြီးအကဲအရှင်မှ အော်ပြောလိုက်သည်။

“သူတို့ ငါတို့လောကကြီးထဲ ဝင်လာပြီးမှ ဘာလို့ ပြန်ဆုတ်သွားလဲသိလား .. ဘာလို့လဲဆိုတော့ ဒီမှာ စွမ်းအားတစ်ခု ရှိနေလို့.. ဒီခေတ်က စိတ်ပျက်စရာမလိုဘူး … ဘာလို့လဲဆိုတော့ သူတို့ နောက်တစ်ခေါက် ပြန်ဆုတ်သွားကြရဦးမှာပဲ .. သူတို့ ဒီလောကကြီးထဲမှာ ခြေချနိုင်မှာမဟုတ်ဘူး..”

သူသည် အားလုံး၏ ယုံကြည်ချက်ကို ပြန်မြှင့်တင်ပေးလိုက်သည်။

“ဝူး..” နဂါးဦးချိုခရာသံ နောက်တစ်ကြိမ် ထွက်ပေါ်လာကာ ဤနေရာတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။ ခရာသံကြောင့် တောတောင်များ လှုပ်ခါလာကာ အားလုံးလည်း စိတ်ဓာတ်တက်ကြွလာသည်။

အဘယ်ကြောင့်ဆိုသော် ဤခရာသံမှာ အားလုံး၏ တိုက်ခိုက်လိုသည့်ဝိညာဉ်များကို နှိုးဆွလိုက်သည်ပင်။

အပိုင်း ၁၅၁၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၇ – တပ်သားများ ဆင့်ခေါ်ခြင်း

နဂါးဦးချိုခရာသံမှာ အားလုံး၏ သတ္တိနှင့် တိုက်ခိုက်သည့်ဝိညာဉ်ကို နှိုးဆွပေးလိုက်သလိုပင်။

“ဘာမှကြောက်စရာမရှိဘူး .. အဆိုးဆုံးက သေရုံပဲ .. အဲဒီဘက်က သတ္တဝါတွေကရော မသေတတ်ဘူးလား .. ငါတို့ အသက်အတွက်အသက်၊ သွေးအတွက်သွေး လဲလှယ်ပြီးတော့ သူတို့ကို အဆုံးထိ တိုက်ထုတ်မယ်..”

“ငါတို့ဘက်ကို ထပ်ခါတလဲလဲ အနိုင်ကျင့်နေတာ .. သူတို့က ဒီဘက်မှာ ဘယ်သူမှမရှိဘူးလို့ ထင်နေတာလား .. ဒီလိုမျိုးရဲရဲတင်းတင်း ကျူးကျော်လာပြီး တိုက်ခိုက်နေရအောင် သူတို့က ငါ့တို့ကို ဝက်များ ထင်နေတာလား.. ငါတို့ အဆုံးထိ တိုက်ခိုက်ကြမယ်..”

ကြွေးကြော်သံများစွာ ထွက်ပေါ်လာပြီး လူအချို့ လက်သီးများကို ဆုပ်ထားကြသည်။ သူတို့ဆံပင်များလည်း ပျံ့လွင့်နေကြသသည်။

“အကြီးအကဲအရှင် .. ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြပေးပါ .. အဲဒီအချိန်တုန်းက တစ်ဖက်က ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို ပြန်တိုက်ထုတ်လိုက်နိုင်တဲ့ စွမ်းအားမျိုးက ဘယ်လိုစွမ်းအားမျိုးလဲ .. သူတို့ဘက်မှာ အရမ်းစွမ်းအားကြီးတဲ့ မသေမျိုးသက်ရှိရှိပေမယ့် ကျွန်တော်တို့ဘက်က ထာဝရသက်ရှိတွေက စစ်ပွဲထဲမှာ အသတ်ခံလိုက်ရပြီ..”

သံသယရှိနေသည့် သူအချို့ရှိနေဆဲပင်။ သူတို့သည် အကြီးအကဲအရှင်အား ယခင်စစ်ပွဲမှ လျှို့ဝှက်ချက်အကြောင်း မေးလာသည်။

အမှန်တကယ်တွင် ဤသည်မှာ အားလုံးသိနေသည့်အမှန်တရားပင်။ ယခင်က တစ်ဖက်လောကမှ အနိုင်ရခဲ့ပြီး ဤလောက၏ စွမ်းအားကြီးသည့်သူ အကုန်လုံးနီးပါး အသတ်ခံခဲ့ရသည်။ ကောင်းကင်ဦးချိုပုရွက်ဆိတ်၊ နဂါးအစစ်၊ ခွန်ပန်နှင့် အခြား စွမ်းအားကြီးသည့် သားရဲကြီးများ ရှုံးနိမ့်ခဲ့သည့်။ အဆုံးမရှိခြင်းထာဝရဘုရင်နှင့် ပြန်လည်ဝင်စားခြင်းထာဝရဘုရင်လည်း စစ်ပွဲထဲ၌ သေဆုံးခဲ့ကြရသည်ပင်။

သို့သော်လည်း တစ်ဖက်မှ သတ္တဝါများသည် ဤနေရာ၌ အချိန်တစ်ခု နေပြီးသည့်နောက် အကြောင်းပြချက်တစ်ချို့ကြောင့် တိတ်တိတ်လေး ပြန်ဆုတ်သွားကြသည်ပင်။

ဤသည်မှာ အားလုံးအား အတော်လေး ရှုပ်ထွေးစေခဲ့သည့် ကိစ္စကြီးတစ်ခုပင်။ ဘာဖြစ်သွားမှန်း မည်သူမှ မသိလိုက်ကြ။

အကြီးအကဲအရှင် အားလုံးကို ကြည့်လိုက်သည်။ “ကမ္ဘာကြီးက မျှခြေညီနေတာ .. စွမ်းအားတွေထွက်လာဖို့က အခြေအနေတွေ ကိုက်ညီဖို့လိုတယ် .. တစ်ဖက်လောကက လူတွေအားလုံး အဆုံးကျရင် သေသွားမှာပဲ .. ဘယ်လိုကျွမ်းကျင်သူက တိုက်ခိုက်မလဲဆိုတာတော့ အဲဒီအချိန်ကျရင် သိလိမ့်မယ် .. မင်းတို့စိတ်ပူစရာမလိုဘူး..”

“တစ်ဖက်လောကက သတ္တဝါတွေက အဆုံးမှာ ရှုံးနိမ့်သွားလိမ့်မယ်..” အလေးအမြတ်ကျောင်းမှ အကြီးအကဲတစ်ယောက်လည်း အော်ဟစ်လိုက်သည်။

ထို့နောက် အားလုံး စိတ်ဓာတ်ပြန်လည် တက်ကြွလာကြသည်။

သို့သော်လည်း ရှီဟောင်၏မျက်လုံးများ‌ မှေးကျဉ်းသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အကြီးအကဲအရှင်နားတွင်ရှိနေသည်ပင်။ အကြီးအကဲအရှင် ဤစကားများကို ပြောနေသည့်အချိန်တွင် သူ၏နှုတ်ခမ်းထောင့်များအနည်းငယ် တုန်ယင်နေကာ အားတင်းပြီး ပြောနေရသည်ပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင် စိတ်လေးလံသွားရသည်။ အကြီးအကဲအရှင်သည် အားလုံး ယုံကြည်ချက် တိုးလာစေရန် ဤစကားများ ပြောနေခြင်းပင်။ အမှန်တရားမှာ ဤမျှ မပြည့်စုံလောက်။

သိထားရမည်မှာ ထာဝရရှေးဟောင်းခေတ် နောက်ဆုံးအချိန်၌ စွမ်းအားအကြီးဆုံးသူများပင် စစ်ပွဲထဲ၌ သေဆုံးသွားခဲ့ရသည်။ တစ်ဖက်လောကမှ သတ္တဝါများကို တားဆီးသည့်သူ ပေါ်မလာခဲ့။

ပြောရမည်ဆိုလျှင် ထိုကဲ့သို့ တားဆီးသည့်သူ ပေါ်လာသည်ဆိုလျှင်ပင် သူတို့ ဤလောကကြီး တိတ်ဆိတ်သွားသည့်အချိန်ထိ စောင့်နေပြီမှ တစ်ဖက်မှလူများကို တိုက်ခိုက်မည်ပင်။

အဲဒီအချိန်ကျရင် ဘာအဓိပ္ပာယ်ရှိဦးမှာလဲ .. လောကကြီးတွင် အရိုးစုများသာ ကျန်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိတော့။ ဤသည်မှာ လောကကြီးကို သန့်စင်လိုက်သည်နှင့် အတူတူပင်။

ဤသည်မှာ မည်မျှပင် ရက်စက်လှသနည်း.. စွမ်းအားကြီးသည့်ထိုသူများ ဘာကြောင့် စောစောမထွက်လာသနည်း..

ဤကိစ္စတွင် လျှို့ဝှက်ချက်များ ရှိနေမည်ပင်။ အမှန်တရားမှာ အလွန်ကြောက်စရာကောင်းလောက်သည်။ ထို့ကြောင့်ပင် အကြီးအကဲအရှင်သည် ရှင်းရှင်းလင်းလင်းမပြောပဲ တစ်ဝက်သာ ပြောထားခြင်းပင်။

“သမိုင်းရဲ့ အမှောင်ဆုံးနေ့စွဲ..” ရှီဟောင်၏စိတ်ထဲ၌ ဤစာသား ပေါ်လာသည်။

ရှီဟောင် ကိစ္စများစွာ တွေးနေမိသည်။ ဒီလောကကြီးရဲ့ တိုက်ပွဲကြီးကို ဝင်နှောက်ယှက်နိုင်တဲ့သူတွေက ဂြိုလ်သားတွေလား … ဒါမှမဟုတ် ရန်သူတွေလား .. ပြောဖို့ခက်တယ်..

သူတို့သာ ရန်သူဆိုပါက ပို၍ကြောက်စရာကောင်းသွားလေပြီ။

သူတို့က ဘယ်လိုသတ္တဝါတွေလဲ .. ရှီဟောင် အနည်းနှင့်အများတော့ သံသယရှိနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်သုံးနှစ် သူတစ်ဖက်လောကသို့ ရောက်သွားသည့်အချိန်တွင် သူအတော်လေး အသိအမြင်ရခဲ့သည်ပင်။

ဝူး..

အပေါ်ဘက်မှ ခရာသံကြားရကာ အလွန်ကြီးမားသည့် အရိုးဖြူစစ်သင်္ဘောတစ်စင်း ကောင်းကင်နတ်ဘုရားကျောင်းနားသို့ ကပ်လာသည်။

“ဘယ်သူလဲ..”

“အရိုးဖြူတောင်ကလန်က ကလန်အရှင်ဦးဆောင်ပြီးတော့ ကလန်က အကောင်းဆုံးကျွမ်းကျင်သူတွေကို ခေါ်လာတာပါ .. ဘိုးဘေးနဂါးဦးချိုခရာအသံကြောင့် လာခဲ့တာပါ..” တစ်စုံတစ်ယောက်မှ ပြန်ဖြေလိုက်သည်။

အလွန်စွမ်းအားကြီးသည့်ကလန်တစ်ခု ရောက်လာလေပြီ။ အရိုးဖြူတောင်မှာ လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပြီး အပြင်လူများ ဝင်ရောက်နိုင်ရန် ခက်ခဲလှသည်။ ထိုနေရာတစ်ခုလုံး အရိုးဖြူများ ဖုံးလွှမ်းနေကာ ထိုနေရာရှိ သတ္တဝါများအားလုံးကို အရိုးဝိညာဉ်ဖြင့် ဖန်တီးထားခြင်းဖြစ်သည်ဟုပင် ပြောကြသည်။

ရွှီး..

အာကာသအပြင်ဘက်မှ ဥက္ကာခဲတစ်လုံး လွင့်စင်လာသည်။ သူ့နောက်တွင် အလင်းတန်းရှည်ကြီး ကျန်ခဲ့သည်ပင်။ ထိုကြယ်ကြီးသည် ကောင်းကင်နတ်ဘုရားကျောင်းအပေါ်ဘက်၌ ပေါ်လာလေ၏။

ဤသည်မှာ ကြယ်ဖြင့် ဖန်တီးထားသည့် စစ်သင်္ဘောကြီးပင်။ သင်္ဘောရပ်တန့်သွားသည့်အချိန်တွင် သင်္ဘောကြီးမှာ ရိုးရှင်းကာ ရှေးကျလှသည်။ သူ၏မီးခိုးရောင်ကျောက်တုံးကိုယ်ထည်မှာ မာကျောလှသည်။

“သစ်ခွကန်က ကျွမ်းကျင်သူအားလုံး ရောက်လာပြီ..”

ဝူး..

လေပြင်းများ တိုက်ခတ်လာကာ ခရမ်းရောင်သင်္ဘောကြီးတစ်စင်း နယ်ခြားနံရံကို ကျော်ဖြတ်ကာ ရောက်ရှိလာသည်။ ဤသင်္ဘောကြီးမျာ ကြယ်ထက်ပင် ကြီးသေးသည်။

“ဒါက .. သက်ရှည်အင်ပါယာတရားရုံးက ရှုမိသားစုကလူတွေ ရောက်လာပြီ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ ဤသည်မှာ မင်းသမီးယောင်ယွဲ့၏ကလန်ပင်။ လှေထိပ်ပိုင်းတွင် အရောင်တူညီသည့်အဝတ်အစားများ ဝတ်ဆင်ထားသည့် အကြီးအကဲများရှိနေပြီး လူပေါင်း တစ်ထောင်ကျော်ပါရှိသည်ပင်။

“ဘိုးဘေးတွေ အကုန်လုံး လာတာလား..” မင်းသမီးယောင်ယွဲ့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထို့နောက် ပျံသန်းရေးမှော်ပစ္စည်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ သက်ရှည်မိသားစုများ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ အားလုံးမှ ထိတ်တန့်အဆင့်ဖြစ်ကြသောကြောင့် ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

ကပ်ဆိုးကြီးရောက်လာသောကြောင့် ကလန်အားလုံး သူတို့၏အင်အားများဖြင့် ရောက်လာကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် အနီရောင်ကောင်းကင်ကြီးပျက်စီးသွားသည်နှင့် မည်သည့်ကလန်က လွတ်မြောက်နိုင်မည်နည်း..

ခဏကြာပြီးသည့်နောက်တွင် ကောင်းကင်ကြီးတစ်ခုလုံး၌ စစ်သင်္ဘောများ ပြည့်နှက်သွားသည်။ ကောင်းကင်ဘုံကိုးခုတွင် စွမ်းအားကြီးသည့် ကလန်များစွာ ရှိသည်ပင်။ နဂါးဦးချိုခရာသံကြားသည်နှင့် သူတို့အားလုံး တုန်လှုပ်သွားကာ သူတို့ကျွမ်းကျင်သူများကို လျင်မြန်စွာ စုစည်းပြီး အလောတကြီး ရောက်လာခြင်းပင်။

“သွားမယ် .. ငါတို့ အနီရောင်ကောင်းကင်ကို ချက်ချင်းသွားကြမယ် .. အချိန်ဖြုန်းနေလို့ မဖြစ်ဘူး .. နောက်မှရောက်လာတဲ့သူတွေကို အနီရောင်ကောင်းကင်ကို လာခိုင်းလိုက် .. ငါတို့အရင်သွားနှင့်မယ်..” အကြီးအကဲအရှင် အော်ဟစ်လိုက်သည်။

အနီရောင်ကောင်းကင် မည်သည့်အခြေအနေဖြစ်နေပြီလဲ မည်သူမှ မသိကြသေး .. ရန်သူ၏လက်ထဲတွင် လုံးဝကျသွားလေပြီလား..

သို့သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့ မြန်မြန်သွားရမည်ပင်။ သူတို့ စစ်တိုက်ရမည်ဆိုလျှင်လည်း တိုက်လိုက်မည်။ နယ်စပ်ကို အားကောင်းအောင်လုပ်ပြီး အခြား ခံစစ်များ လုပ်ထားရမည်ဆိုပါက လုပ်မည်။ မည်သို့ပင်ဖြစ်စေ အချိန်သိပ်မရ။

“အကြီးအကဲအရှင် ကျွန်တော်လည်း လိုက်ချင်တယ်..” ရှီဟောင် ပြောလိုက်၏။ သူလည်း ထိုနေရာသို့ သွားကြည့်ချင်သည်။

“မင်းလိုမျိုးကလေးမျိုးက အဲဒီမှာ ဘာသွားလုပ်နိုင်မှာလဲ .. ဒီလိုမျိုးတိုက်ပွဲမှာ မင်းဘာမှမလုပ်နိုင်ဘူး..” ထာဝရကျောင်းအကြီးအကဲတစ်ယောက်မှ ဆူပူလိုက်သည်။

“ကျွန်တော် နေခဲ့တော့ရော ဘာလုပ်ရမှာလဲ .. ကျွန်တော် ရင့်ကျက်လာဖို့ အချိန်ရတော့လို့လား .. သမိုင်းရဲ့အမှောင်ဆုံးနေ့ရက်တွေမျာ ကျင့်ကြံဖို့ အချိန်ရှိသေးလို့လား..” ရှီဟောင်ပြောလိုက်သည်။

သူ အတော်လေး ကူကယ်ရာမဲ့စွာ ခံစားနေရသည်ပင်။ ဤတိုက်ပွဲ ရောက်လာသည်မှာ စောလွန်းလှသည်။ သူ့အား အရွယ်ရောက်ဖို့ အချိန်ပင် မပေးတော့။

ယခုအချိန်တွင် အခြားအဆင့်လွန်လူငယ်များလည်း အလွန်နောင်တရနေကြသည်ပင်။ သူတို့ မည်သူမှ ကောင်းမွန်စွာ မကြီးပြင်းသေးပေ။

“မင်းတို့အားလုံး လိမ်လိမ်မာမာနဲ့ ပြန်သွားပြီးတော့ ကျင့်ကြံကြ .. အခုက မင်းတို့အလှည့်မရောက်သေးဘူး .. စစ်ပွဲကြီးက နှစ်ပေါင်းများစွာ ကြာနိုင်တယ် .. ငါတို့ တိုက်ပွဲထဲမှ သေဆုံးသွားတဲ့အချိန် ဒါမှမဟုတ် အကြီးအကဲတွေ တရားထိုင်ပြီး သေဆုံးသွားတဲ့အချိန်ကျမှ မင်းတို့ထွက်လာလည်း နောက်မကျသေးဘူး…” အလေးအမြတ်ကျောင်းမှ အကြီးအကဲတစ်ယောက် အော်ဟစ်လိုက်သည်။

လူငယ်များအားလုံး စိတ်လှုပ်ရှားသွားရသည်။ သို့သော် သူတို့ စွမ်းအားမဲ့သလိုလည်း ခံစားနေရသည်ပင်။ သူတို့အချိန်မှားမွေးလာသည့်အတွက်လည်း မုန်းမိသည်။ ယခုအချိန်သည် သူတို့ဘဝ၏ အထွဋ်အထိပ်သို့ မရောက်သေး..

“ငါတို့က ဘာမှအသုံးမဝင်တဲ့ ဂျီးနီးယပ်စ်ပဲ .. ရန်သူကိုတောင် မသတ်နိုင်ဘူး .. ဘာမှအသုံးမဝင်ဘူး..” အဆင့်လွန်လူငယ်တစ်ယောက် သက်ပြင်းရှည်ကြီးချပြီး ပြောလိုက်သည်။

“မင်းတို့အားလုံး ဘာတွေလောနေကြတာလဲ.. မင်းတို့တိုက်ဖို့အတွက် အချိန်ရောက်လာမှာပဲ..” အကြီးအကဲအရှင် ပြောလိုက်သည်။ ထို့နောက် သူသည် လူငယ်အားလုံးကိုကြည့်ကာ “ငါတို့လူအိုကြီးတွေက မင်းတို့တွေကိုပဲ မျှော်လင့်ထားတာလို့ ထင်နေတာလား .. ငါမင်းတို့ကို‌ ပြောလိုက်မယ် .. မျိုးဆက်တိုင်းမှာ ဂျီးနီးယပ်စ်တွေရှိတယ် .. သမိုင်းက အံ့အားသင့်စရာကောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေအများကြီး အသက်ရှင်နေတုန်းပဲ .. ကျန်းမာနေတုန်းပဲ .. မင်းတို့အားလုံး စိတ်ပူစရာမလိုဘူး .. မင်းတို့အားလုံး သီးသန့်ကျင့်ကြံကြပြီးတော့ စွမ်းအားကြီးအောင် လုပ်ကြ..”

အကြီးအကဲအရှင် အော်ဟစ်လိုက်သည်။ သူတို့ မစိုးရိမ်စေရန်အတွက် အလွန်ထိတ်လန့်စရာကောင်းသည့် သတင်းတစ်ခုကိုလည်း ထုတ်ပြောလိုက်သည်ပင်။

ဤလောကတွင် ဂျီးနီးယပ်စ်များစွာ ပေါ်ထွန်းလာခဲ့သည်ပင်။ အချို့မှာ သာမန်ပြန်ဖြစ်သွားပြီး၊ အချို့မှာ အသက်ကြီးသွားသည်။ အချို့မှာ မည်သည့်နေရာသို့ ရောက်နေမှန်းမသိရ။

အကြီးအကဲအရှင်၏စကားကိုကြားသည်နှင့် အားလုံး တုန်လှုပ်သွားရသည်။ ထိုဂျီးနီးယပ်စ်များမှာ အမြဲတမ်းရှေ့ရောက်နေသည်ပင်။ အတိတ်မှ အဆင့်လွန်လူငယ်များအားလုံး အရွယ်ရောက်လာပြီဖြစ်သောကြောင့် ဤသည်မှာ ထိုလူများ ထွက်ဖို့အချိန်ပင်။

“ငါတို့ တိုက်ခိုက်တာကိုစောင့်နေ .. မင်းတို့အားလုံး အေးအေးဆးဆေးပဲ ကျင့်ကြံနေသင့်တယ်..”

ထိုအချိန်တွင် ကြီးမားလှသည့်စစ်သင်္ဘောအနည်းငယ် ရောက်ရှိလာသည်။ ထိုသင်္ဘောများထက်တွင် လူလတ်ပိုင်းမှ အကြီးအကဲများထိ အရွယ်ပေါင်းစုံ ပါသည်ပင်။

“အခု ငါတို့တိုက်တာကို ကြည့်ထားကြ .. ငါတို့ အဆင့်လွန်သက်ရှိအိုကြီးတွေ သူတို့ကို အရင်တိုက်ပါရစေ .. မင်းတို့အားလုံးက ဘာမှမတွေးပဲနဲ့ အဆင့်တက်ဖို့ကိုပဲ ကြိုးစားကြ..” ဤလူများ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

အချို့ လူငယ်ကျွမ်းကျင်သူများမှာ မျက်ရည်ပူများ စီးကျလာရသည်။

သူတို့သည် ပျောက်ကွယ်သွားခဲ့ကြသည့် ကောင်းကင်သားတော်များပင်။ ယခုတော့ သူတို့ ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာကာ စစ်ပွဲထဲ၌ ပါဝင်တော့မည်။ သူတို့ အနီရောင်ကောင်းကင်တိုက်ပွဲ၌ ကျရှုံးသွားနိုင်ပြီး ဤခွဲခွာမှုမှာ ထာဝရဖြစ်သွားနိုင်သည်ပင်။

“ကျွန်တော်တို့ ဝေးဝေးကနေ ကြည့်ချင်တယ်..” ထိုအချိန်တွင် လန်ရှင်း၊ မင်းသမီးယောင်ယွဲ့နှင့် အခြားသူများလည်း ပြောလာကြသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် မိန်းမငယ်လေးများပင်ဖြစ်သော်လည်း သူတို့မျက်လုံးများမှ မျက်ရည်များ စီးကျနေလေပြီ။

အမျိုးသမီးများမှာ အမျိုးသားများထက် အနည်းငယ်ပို၍ နူးညံ့သည်ပင်။ အတိတ်မှ အဆင့်လွန်လူငယ်၊ ယခု အကြီးအကဲများ ထွက်လာသည်နှင့် သူတို့သွေးများ စစ်မြေပြင်၌ လွှမ်းမိုးသွားပြီး ဘယ်တော့မှ ပြန်မလာနိုင်မည်ကို သူတို့သိနေကြသည်ပင်။

“ဒါလည်း ကောင်းတာပဲ .. သူတို့ကို ခေါ်ခဲ့လိုက် .. တစ်ဖက်လောကက သတ္တဝါတွေ ဘယ်လိုပုံစံရှိလဲ၊ တိုက်ပွဲကြီးက ဘယ်လောက်ရက်စက်လဲဆိုတာ သူတို့ကိုပြလိုက် .. သူတို့စီနီယာတွေ ဘယ်လိုမျိုးတိုက်ခိုက်ကြသလဲဆိုတာကိုပြလိုက် .. အဲဒါဆိုရင် နောင်ကျရင် သူတို့ငါတို့အတွက် လက်စားချေပေးနိုင်တာပေါ့..”

ထိုအချိန်တွင် ထာဝရကျောင်းမှ အကြီးအကဲလည်း ခေါင်းညိမ့်ကာ ထောက်ခံကြောင်း ပြလိုက်သည်။ သို့သော်လည်း သူတို့ ပြင်ဆင်မှုများ လိုအပ်သည်ပင်။ လူငယ်လေးများကို အချိန်မရွေး ပြန်ပို့ရန်အတွက် သူတို့ အစီအရင်တစ်ခု လုပ်ထားရန် လိုအပ်သည်။

“ရွက်လွင့်မယ်..” အကြီးအကဲအရှင် ဟစ်ကြွေးလိုက်သည်။

နဂါးဦးချိုခရာသံ နောက်တစ်ကြိမ် ထပ်ထွက်ပေါ်လာကာ သင်္ဘောကြီးများ တစ်စင်းပြီးတစ်စင်း ထွက်ခွာသွားကြသည်။

အပိုင်း ၁၅၁၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၈ – အနီရောင်ကောင်းကင်

စစ်သင်္ဘောများမှာ တိမ်တိုက်များကဲ့သို့ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

စစ်သင်္ဘောများမှာ ထောင်ဂဏန်းမှ သောင်းဂဏန်းထိရှိပြီး ကြယ်မှ တောင်များလောက်ထိ အရွယ်အစားမျိုးစုံရှိသည်။ နေကိုပင် မမြင်ရတော့ပဲ လမိုက်ညကဲ့သို့ ဖြစ်နေလေပြီ။

နဂါးဦးချိုခရာသံအောက်တွင် သင်္ဘောအားလုံး ကောင်းကင်ကိုဖြတ်သန်းကာ လှုပ်ရှားလာကြသည်။

ကောင်းကင်နတ်ဘုရားကျောင်း၏အတွင်းပိုင်းတွင် မရေမတွက်နိုင်သည့် သင်္ကေတများ ထွင်းထားသည့် ကျောက်တုံးစင်္ကြံကြီးတစ်ခု ရှိနေသည်။ ထိုစင်္ကြံမှ တောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်ပင်။ ထိုစင်္ကြံမှ ကြီးမားလှသည့် ဥမင်လှိုဏ်ခေါင်းတစ်ခု ပွင့်လာလေ၏။

ဝူး..

လေပြင်းများ တိုက်ခတ်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲသွားသည်။ စစ်သင်္ဘောများစွာ ထိုဥမင်လှိုဏ်ခေါင်းထဲသို့ ဝင်သွားကြကာ အနီရောင်ကောင်းကင်ထံသို့ ဦးတည်သွားကြသည်။

ဤသည်မှာ သာမန်ဂိတ်တံခါးတစ်ခုမဟုတ်။ ဤသည်မှာ ကောင်းကင်ကြီးကို ကွေးထားသကဲ့သို့ ကြီးမားလွန်းလှသည်ပင်။

အနီရောင်ကောင်းကင်သို့ သွားရန်အတွက် သူတို့ နယ်ခြားနံရ့တ်စခု ဖြတ်ရမည်။ ကောင်းကင်နတ်ဘုရားတွင် ‘ကောင်းကင်လမ်းကြောင်း’ကို ဖွင့်နိုင်သည့် ဤကဲ့သို့သော ယဇ်ပုလ္လင်မျိုးရှိနေသောကြောင့် သူတို့ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် လွတ်လပ်စွာသွားလာနိုင်သည်ပင်။

မဟုတ်ပါက အနီရောင်ကောင်းကင်ကို သွားရန် ကိုယ့်အားကိုယ်ကိုးရမည်ဆိုပါက ဤလောကတွင် ထိုကဲ့သို့ လုပ်နိုင်သည့်သူ သိပ်မရှိ။ အချိန်များစွာလည်း လိုအပ်လိမ့်မည်။

“သတ်တယ် .. တစ်ဖက်လောကက ရက်စက်တဲ့သတ္တဝါတွေကို တားဆီးမယ်..”

တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ထို့နောက် ရှေးဟောင်းသင်္ဘောတစ်စင်း တောက်ပလာကာ အလင်းတန်းများ ထွက်ပေါ်လာပြီး တိုက်ပွဲအငွေ့အသက်များလည်း ပျံ့လွင့်လာသည်။

“သတ်မယ် .. ရန်သူတွေကို တားဆီးမယ် .. ငါတို့ရဲ့ တောတောင်တွေ၊ မြစ်တွေကို စောင့်ကြပ်မယ် .. ငါတို့နယ်မြေတွေကို ခုခံမယ် .. ငါတို့မိန်းမတွေ၊ ကလေးတွေ၊ အကြီးအကဲတွေကို ကာကွယ်မယ်..”

စစ်သင်္ဘောများ လမ်းကြောင်းထဲသို့ တစ်စင်းပြီးတစ်စင်း ဝင်သွားကြသည်။

ရှီဟောင်နှင့် အခြားသူများမှာ တိတ်တဆိတ်ပင် ကြည့်နေကြသည်။ အချို့မိန်းမပျိုလေးများမှာမူ မျက်ဝန်းများ စိုစွတ်နေသည်ပင်။

တစ်ဖက်လောကမှလူများနှင့်တွေ့သည်နှင့် လူအများအပြားသေရမည်ကို အားလုံးသိနေသည်ပင်။

“ငါတို့သွားကြမယ်..” အလေးအမြတ်ကျောင်းမှ အကြီးအကဲသည် သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ကာ ထိုလမ်းကြောင်းထဲသို့ ဝင်ရောက်သွားသည်။ သူသည် စစ်သင်္ဘောများနှင့် သွားခြင်းမဟုတ်ပဲ သူ့ဘာသာသူသွားခြင်းပင်။

ရှီဟောင်တို့သင်္ဘောမှာ အလွန်မာကျောလှပြီး အနည်းငယ် အနီရောင်သန်းနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သင်္ဘောကိုယ်ထည်တွင် ပြိုင်ဘက်ကင်းသည့် ရတနာဖြစ်သည့် အနီရောင်သွေးထာဝရရွှေ ရောထားသောကြောင့်ပင်။

ဤသည်မှာ သက်ရှည်မိသားစု၏ အဖိုးတန်သင်္ဘောပင်။ သင်္ဘောမှာ သိပ်မကြီးပေ။ ကြယ်သင်္ဘောများ၊ စစ်သင်္ဘောများနှင့် မယှဉ်နိုင်သော်လည်း လူထောင်ပေါင်းများစွာ သယ်နိုင်သည်ပင်။

ဤသင်္ဘော၏ တန်ဖိုးကို မေးခွန်းထုတ်စရာမလို။ သူသည် အာကာသကို ထိုးဖောက်ကာ လျင်မြန်စွာ ဦးတည်ချက်ပြောင်းနိုင်သည်ပင်။ သူသည် စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကိုပင် ခုခံနိုင်သည်။

ဤသည်မှာ ဤလောကတွင် ရှားပါးလှသည့် ရတနာပင်။

လူငယ်ဂျီးနီးယပ်စ်များကို ကာကွယ်ရန်အတွက် သူတို့အား ဤသင်္ဘောစီးခိုင်းခြင်းပင်။ လိုအပ်သည်နှင့် အန္တရာယ်များသည့်အခြေအနေမှ အချိန်မရွေး ရှောင်ထွက်သွားနိုင်သည်ပင်။

လမ်းကြောင်းထဲသို့ ဤသင်္ဘောနောက်ဆုံးဝင်သွားသည်။

ဝုန်း..

နောက်ဆုံးတွင်တော့ စစ်သင်္ဘောအားလုံး လမ်းကြောင်းထဲ၌ လှုပ်ရှားသွားပြီး အခြားလောကတစ်ခုသို့ ဝင်ရောက်သွားလေပြီ။

အနီရောင်ကောင်းကင်..

အားလုံး ဤရှေးဟောင်းမြေသို့ ရောက်လာလေပြီ။

ဤနေရာနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာရှိနေပြီး ထူးဆန်းမှုများ ပြည့်နေသည့်နေရာပင်။

သို့သော် ယခုအချိန်တွင်တော့ ဤအရာများမှာ အရေးမကြီးတော့။ တစ်ဖက်လောက ကျူးကျော်လာသည်ထက် မည်သည့်အရာကများ အရေးကြီးမည်နည်း..

“မူလရှေးဟောင်းလောကက နယ်မြေအများကြီးအဖြစ် ကွဲသွားတာ .. ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုက အရင်တုန်းက ရှေးဟောင်းမြေတစ်ခုတည်းပဲ .. နောက်ပိုင်း ထာဝရရှေးဟောင်းခေတ်က စစ်ပွဲမှာ အားလုံး တစ်စစီဖြစ်သွားတာ .. တစ်ချို့ ရှေးဟောင်းနယ်မြေတွေက လုံးဝကို ပျောက်သွားပြီးတော့ ဒီကောင်းကင်ဘုံကိုးခုနဲ့ကမ္ဘာမြေ ၁၀ ခုပဲကျန်ခဲ့တော့တာ” အကြီးအကဲအရှင် ပြောလိုက်သည်။

ထို့နောက် သူသည် အသံမြင့်လိုက်ကာ “အနီရောင်ကောင်းကင်ကို အရင်တုန်းက ခွဲခွာမှုကိုမုန်းတီးခြင်းကောင်းကင်လို့ခေါ်တယ် .. အဲဒီတော့ နာမည်ကြားရုံနဲ့တင်ကို ဒီနေရာမှာ ဝမ်းနည်းမှုတွေ၊ နောင်တတွေ ဘယ်လောက်တောင်ရှိနေမလဲဆိုတာ အများကြီး ပြောပြစရာတောင်မလိုတော့ပါဘူး..”

“အနီရောင်ကောင်းကင်ကို ခွဲခွာမှုမုန်းတီးခြင်းကောင်းကင်လို့ခေါ်တယ် .. ဒါက ရှေးခေတ်သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ဟာ .. ဘာလို့လဲဆိုတော့ ထာဝရသက်ရှိအစစ်တွေရဲ့ အမုန်းတရားတွေ၊ နောင်တတရားတွေက ဖြေဖျောက်ဖို့ ခက်ခဲတဘ် .. နောက်ပိုင်းမျိုးဆက်တွေက ဒီနယ်မြေကို ကာကွယ်ဖို့အတွက် သူတို့အရိုးတွေကို စုပုံပြီးတော့ မထိုးဖောက်နိုင်တဲ့လမ်းကြောင်းတစ်ခုကို လုပ်ခဲ့တာ” အလေးအမြတ်ကျောင်း အကြီးအကဲတစ်ယောက်မှ‌ ပြောလိုက်သည်။

အနီရောင်ကောင်းကင်မှာ အလွန်ကျယ်ပြောလှသည်။ သူတို့ဤနေရာသို့ ဝင်လာသည်နှင့် အဆုံးမရှိသည့်တောင်များ၊ မြစ်များကို မြင်တွေ့လို်ကရသည်။ သူတို့သည် နယ်စပ်ဘက်သို့သာ တိုက်ရိုက်လာလိုက်ကြသည်။

“ထာဝရသက်ရှိတွေ စစ်ပွဲမှာ အသတ်ခ့ခဲ့ရတယ် .. နောက်ဆုံးခေတ်က စွမ်းအားအကြီးဆုံး လူတစ်စု သေဆုံးခဲ့ရတယ် .. ဒါကတောင်မှ အရမ်းကို ဝမ်းနည်းစရာကောင်းနေပြီ .. ဒီနေ့ သူတို့အရိုးတွေနဲ့လုပ်ထားတဲ့မြို့တောင်မှ တိုက်ခိုက်ခံလိုက်ရပြန်တယ် .. ဒါက ငါတို့ကို အရှက်ခွဲတာပဲ .. ငါတို့ သူတို့ကို တားဆီးရမယ်..” ထာဝရကျောင်းအကြီးအကဲများမှ ဟစ်ကြွေးလိုက်သည်။

ထွက်လာကြသည့်သူများမှာ လက်ရှိလောက၏ စွမ်းအားအကြီးဆုံးကလန်များဖြစ်ပြီး လာသည့်သူများမှာလည်း ကျွမ်းကျင်သူများပင်။ သင်္ဘောများမှာ အလွန်လျင်မြန်လှကာ တံလျှပ်ကဲ့သို့ပင် သွားနေသည်။

နယ်စပ်များမှာ အလွန်ဝေးသော်လည်း နတ်သင်္ဘောများ၏ အရှိန်အောက်တွင် သူတို့လျင်မြန်စွာ ရောက်လာသည်ပင်။

စစ်မြေပြင်သို့ သွားနေရခြင်းဖြစ်သောကြောင့် အားလုံး စိတ်လှုပ်ရှားနေကြသည်ပင်။

“ငါတို့ ရောက်ပြီ .. သတိထား..”

“တိုက်ပွဲအတွက် ပြင်ဆင် .. ရှေးသင်္ဘောတွေအားလုံး တိုက်ခိုက်မှုအစီအရင်တွေ စလုပ်တော့..”

စစ်သင်္ဘောများအားလုံး တစ်စီးပြီးတစ်စီး တောက်ပလာကာ နတ်ခွန်အားများ ထွက်ပေါ်လာသည်။ သက်ဆိုင်ရာကလန်၏ စွမ်းအားအကြီးဆုံး သင်္ကေတများ တောက်ပလာသည်။

အနီရောင်ကောင်းကင်၏ နယ်စပ်မှာ သူတို့မျက်စိရှေ့တွင်ရှိနေလေပြီ။

ဤသည်မှာ ထူးဆန်းသည့်ရှေးဟောင်းနယ်မြေပင်။ ကြယ်များကောင်းကင်ထက်၌ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်။ ကြယ်များမှာ အလွန်နီးကပ်နေပြီး ခေါင်းပေါ်၌ ရှိနေသကဲ့သို့ပင်။

ဤသည်မှာ လောကကြီး၏ အဆုံး၊ ဤနယ်မြေ၏အစွန်းဟုပင် ပြော၍ရသည်။

ထို့နောက် အချို့ကြယ်များ ကြွေကျနေသည်ကို တွေ့လိုက်ရသည်။

အမ်..

လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် အချို့လူများမှာ ဤနေရာသို့ ပထမဆုံး ရောက်ဖူးခြင်းပင်။ သူတို့ဘဝတွင် ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးသေး။

အောက်ဘက်တွင် တောင်အချို့ရှိနေသကဲ့သို့ အချို့တောင်ထိပ်များမှာ တိမ်နှင့်ပင် ထိနေလေပြီ။ တောင်မျက်နှာပြင်တွင် သိပ်မကြီးသည့်ကြယ်အချို့ တွဲကျနေဆဲပင်။

အချို့တောင်များမှာ ဖရိုဖရဲစွမ်းအင် ဝန်းရံထားပြီး နေများလည်း မညီမညာရှိနေသည်အထိပင်။

ဤနေရာမှာ ထာဝရမိသားစုမှ ကောလဟာလများကဲ့သို့ပင် လူတစ်ယောက်အား အစစ်အမှန်မဟုတ်သည့်ခံစားချက်များ ပေးစွမ်းနိုင်သည်ပင်။ ဤနေရာတွင် ကြယ်များစွာရှိနေသည်။ အချို့မှာ ပေါလောမျောနေပြီး အချို့မှာ မြေပြင်ပေါ်၌ ရှိနေသည်။

ဤသည်မှာ ပုံရိပ်ယောင်မဟုတ်။ အာကာသအပိုင်းအစအချို့သည် တောင်များဖြစ်လာကာ လောကကြီးပွင့်လာသည့်အချိန်က ထွက်လာသည့် ဖရိုဖရဲစွမ်းအင်များကို စုတ်ယူထားခြင်းပင်။

“နဂါးအစစ်သားရဲတွင်း..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။

တောင်ကြီးတစ်လုံးရှေ့၌ ကျောက်တိုင်တစ်ခုရှိနေသည်။ ထိုနေရာ၌ တွင်းတစ်တွင်းလည်း ရှိနေသည်ပင်။ ထိုကျောက်တိုင်ပေါ်တွင် ‘နဂါးအစစ်သားရဲတွင်း’ ဟူသည့် ရှေးဟောင်းစာလုံးကိုလည်း ရေးထွင်းထားကာ နဂါးစွမ်းအင်များလည်း ပျံ့လွင့်နေသည်။

“ဒါက အရင်တုန်းက နဂါးအစစ် နေခဲ့တဲ့နေရာပဲ .. သူ့ရဲ့သားရဲတွင်းကို ကြယ်နဲ့ဆောက်ထားတာ .. ဖရိုဖရဲစွမ်းအင်တွေသုံးပြီးတော့ နဂါးဥတွေ ဥခဲ့တာ .. ဒါပေမဲ့ အခုတော့ ဒါက စွန့်ပစ်ခံလိုက်ရပြီ .. နဂါးစွမ်းအင်တွေကလည်း သတိမထားမိလောက်အောင်ကို ကျဲသွားပြီ..” တစ်စုံတစ်ယောက်မှ ရှင်းပြလိုက်သည်။

ထို့နောက် ယခုထိ တောက်ပနေဆဲဖြစ်သည့် ရွှေရောင်ကျီးကန်းကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူထုတ်လွှတ်သည့်အပူမှာ တောင်များကိုပင် ချော်ရည်ပင်လယ်ဖြစ်သွားစေသည်ပင်။

ဤသည်မှာ အနီရောင်ကောင်းကင်၏ နယ်စပ်နေရာပင်။ ထူးဆန်းသည့် ရှေးသတ္တဝါပေါင်းစုံ ဤနေရာ၌ ရှိနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာမှာ ယခင်က မည်မျှပင် ခမ်းနားခဲ့သည်ကို သိနိုင်သည်။

ဤနေရာမှာ မူလနယ်မြေနှင့်လည်း နီးစပ်နေသည်ပင်။ ဤနေရာတွင် ကမ္ဘာဦးမှ သတ္တဝါအကြွင်းအကျန်များရှိနေသကဲ့သို့ အလွန်ရှားပါးသည့်မျိုးစိတ်မျိုးစုံလည်း ရှိသည်ပင်။

ယခင်က ဤနေရာမှာ ကျင့်ကြံရန်အတွက် မြင့်မြတ်သည့်နေရာဟု သတ်မှတ်၍ရသည်ပင်။ သို့သော်လည်း ဤနေရာသည် ဖျက်ဆီးခံလိုက်ရကာ သိပ်အသုံးမဝင်တော့။

“စစ်ပွဲအတွက် ပြင်ဆင်မယ်..” အကြီးအကဲအရှင် ဟစ်ကြွေးလိုက်သည်။

သူတို့ ယခု နောက်ဆုံးဦးတည်ရာနေရာသို့ ရောက်လာလေပြီ။

သူတို့ ယခုမှ ဤနားသို့ ရောက်လာခြင်းဖြစ်သော်လည်း သွေးညှီနံ့ကို ဤနေရာမှပင် ရနေလေပြီ.

အရှေ့ဘက်သို့ ကြည့်လိုက်လျှင် ပျက်စ်ီးနေသည့်မြို့များကို တစ်မြို့ပြီးတစ်မြို့ တွေ့လိုက်ရသည်။ ပျက်စီးနေသည့် မြို့ရိုးများ၊ အဆောက်အဦးများ နေရာတိုင်း၌ ရှိနေပြီး မြေပြင်ထက်၌မူ အကောင်းတိုင်းရှိနေသည့် အလောင်းတစ်လောင်းမှမရှိ။ အားလုံးမှာ အပိုင်းပိုင်းဖြစ်နေသည်။

ဤသည်မှာ ဆိုးရွားလွန်းလှသည်။ အသက်ရှင်နေသည့်သူ တစ်ယောက်မှ ရှိပုံမပေါ်တော့။ သိထားရမည်မှာ ဤနေရာတွင် နေထိုင်သည့် သာမန်လူများ များစွာ ရှိသည်ပင်။

ဤနယ်စပ်မှာ ဆက်တိုက်ပင် တိုးတက်ဖွံ့ဖြိုးနေခဲ့သည့် နေရာပင်။

“ဒီနေရာမှာ လူဘယ်နှယောက်တောင် ရှိတာလဲ .. အနည်းဆုံး ၁၀ သန်းလောက်တော့ ရှိမှာပဲ .. အခုတော့ သူတို့အားလုံး ဆိုးဆိုးရွားရွားသေသွားကြပြီ .. တစ်ယောက်မှ အသက်မရှင်တော့ဘူး..” တစ်စုံတစ်ယောက်မှ ဝမ်းနည်းဖွယ် ပြောလိုက်သည်။

အရှေ့ဆက်သွားသည်နှင့် မြို့အပျက်အစီးများကို ပိုမြင်လာရသည်။ အားလုံးမှာ လက်ကြီးတစ်ဖက်ကြောင့် တစ်ရက်တည်း၌ ပျက်စီးခဲ့ရခြင်းပင်။

မြို့အများစုမှ ပြင်းထန်လှသည့် လေများကြောင့် ပျက်စီးသွားကာ ကျွမ်းကျင်သူများစွာနှင့် သာမန်လူများစွာ၏ အသက်ကို နှုတ်ယူသွားခြင်းပင်။

လမ်းတစ်လျှောက်တွင် တွေ့ရသည့်လူအရေအတွက်အရဆိုလျှင် ဤနေရာ၌ နေထိုင်သည့်သူ စုစုပေါင်း သန်းရာချီ၍ ရှိလိမ့်မည်။

သို့သော် အသက်ရှင်ကျန်ရစ်သူမရှိတော့။ သူတို့ကြားနေရသည့် ဟစ်ကြွေးသံများမှာ မကျေနပ်သည့်ဝိညာဉ်များ အော်ဟစ်နေကြခြင်းပင်။

တစ္ဆေစွမ်းအင်များလည်း ကောင်းကင်ထက်သို့ လွင့်ပျံ့နေသည်။ ဤနေရာမှာ ကမ္ဘာမြေမှ ငရဲကဲ့သို့ပင်။

အရှေ့ဆုံးတွင် အနက်ရောင်စွမ်းအင်များ ထွက်ပေါ်နေပြီး ကောင်းကင်ကြီးကို စုတ်ဖြဲနေသည့် ကြောက်စရာကောင်းသည့်စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည်။ အနီရောင်ကောင်းကင်၏ မထိုးဖောက်နိုင်သည့်လမ်းကြောင်းမှာ ထိုနေရာ၌ ရှိနေခြင်းပင်။

တစ်ဖက်လောကမှ သက်ရှိများ ထိုနေရာမှ လာခြင်းဖြစ်သည်။

ထိုနေရာမှ ထွက်ပေါ်လာသည့် အော်သံလေးကြောင့် လွင်ပြင်များ၊ တောင်များ၊ ချောက်ကမ်းပါးများအားလုံး တုန်ခါနေသည်။ ထိုအသံမှာ သိပ်မကျယ်သော်လည်း လောကကြီးတစ်ခုလုံး ပျက်စီးသွားအောင် လုပ်နိုင်သည်။

“နိမ့်ကျတဲ့အစေခံတွေ .. မင်းတို့အားလုံး ရောက်လာပြီလား .. ဒီလောကကြီးက မကြာခင်မှာ မသေမျိုးသက်ရှိတွေ လက်ထဲရောက်တော့မှာ..” ထိုနေရာမှ ထွက်လာသည့်အသံမှာ အလွန်ကြက်သီးထစရာ ကောင်းသည်ပင်။

“သတ်..” အလေးအမြတ်ကျောင်းမှ လူအိုကြီး ဟစ်ကြွေးလိုက်သည်။

အားလုံး၏မျက်လုံးများ နီရဲလာသည်။ လမ်းတစ်လျှောက်တွင် သေဆုံးနေသည့်သူများစွာကို တွေ့ခဲ့ရပြီးဖြစ်သည်။ ယခု သူတို့လက်စားချေရမည့်အချိန်ပင်။

အပိုင်း ၁၅၁၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၁၉ – ထိပ်တိုက်ရင်ဆိုင်ခြင်း

ရှေးမှလူများ၏အရိုးများဖြင့် တည်ဆောက်ထားသည့် မြို့ကြီး ပျက်စီးသွားပြီး မရေမတွက်နိုင်သည့် အသက်များလည်း စတေးခံလိုက်ရသည်။ အနီရောင်ကောင်းကင်၏ လီပေါင်းတစ်သိန်းပတ်လည်မှာ အပျက်အစီးများဖစ်သွားလေပြီ။ ဤသည်မှာ မည်မျှပင် ရက်စက်လှသနည်း..

ထို့ကြောင့်ပင် ဤနေရာသို့ အလောတကြီး ရောက်လာကြသည့် သူများအားလုံး ဒေါသထွက်လာကာ ရင်ဘတ်များပင် နိမ့်လိုက်မြင့်လိုက်ဖြစ်သွားကြသည်။

‘သတ်’ ဟူသည့်စကားလုံးမှာ အားလုံး ခံစားနေရသည့်ခံစားချက်ပင်။ ယခုအချိန်တွင် ရှေးဟောင်းစစ်သင်္ဘောများစွာ ရောက်ရှိလာပြီး တစ်စင်းစီတိုင်းမှ သင်္ကေတကြီးများ ထွက်ပေါ်နေသည်။

ဤသည်မှာ ကလန်အားလုံး၏သင်္ကေတများပင်။ သူတို့ ဤသင်္ကေတများကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကာ အပျက်အစီးကို တိုက်ခိုက်လိုက်ကြသည်။ သူတို့ ရန်သူအား ရှင်းလင်းပစ်ချင်သည်။

ဤသည်မှာ မယုံကြည်နိုင်လောက်သည့် အဆင့်ထိရောက်နေသည့် တစ်ဖက်လောကမှ သတ္တဝါများဖြစ်ကြောင်း သိသော်လည်း ယခုအချိန်တွင် မည်သူမှ အရှုံးမပေးချင်ကြ။ သူတို့အဆုံးထိ တိုက်ခိုက်သွားမည်။

ဝုန်..

မီးတောက်များထွက်ပေါ်လာကာ နတ်အလင်းများ လျှံတက်လာပြီး သတ်ဖြတ်လိုသည့်စွမ်းအင်လည်း ကောင်းကင်ထိပင် စီးဆင်းသွားသည်။ ကလန်များမှ သင်္ကေတများကို ပေါင်းစည်းလိုက်သည့်အချိန်တွင် ပြိုင်ဘက်ကင်းသည့်ကျမ်းစာများ ဖြစ်ပေါ်လာသည်။

ဤစွမ်းအားလှိုင်းမှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။

ကလန်ပေါင်းတစ်သောင်း၏သင်္ကေတများအား စုပေါင်းလိုက်လျှင် ဤမျှစွမ်းအားကြီးလိမ့်မည်ဟု မည်သူမှ မသိထားကြ။

အကြီးအကဲအရှင်၊ အလေးအမြတ်ကျောင်း၊ ထာဝရကျောင်းနှင့် သက်ရှည်မိသားစုမှ သက်ရှိရုပ်ကြွင်းအဆင့်ပုဂ္ဂိုလ်များသာ ဤအကြောင်းအနည်းငယ် သိကြသည်ပင်။ သူတို့ ဤအကြောင်းကို ရှေးစာအုပ်များတွင် အနည်းငယ် တွေ့ဖူးသည်ပင်။

“ကောင်းတယ် .. ဒီလိုမျိုးပဲဖြစ်သင့်တာ..” အကြီးအကဲတစ်ယောက်‌ အော်ဟစ်လိုက်သည်။

ကလန်ပေါင်းစုံ၏ သင်္ကေတများမှ ပြိုင်ဘက်ကင်းသည့်စွမ်းအားများ ထွက်ပေါ်လာကာ အပျက်အစီးများကို တိုက်စားသွားသည်။ ဤသည်မှာ လောကကြီးအသစ်တစ်ခု ပြန်တည်ဆောက်နေသကဲ့သို့ပင်။

ခွပ်..

လေဟာနယ်ပေါက်ကွဲသွားကာ အနက်ရောင်လျှပ်စီးတန်းများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ နယ်စပ်နယ်နမိတ် ပို၍ကျယ်ပြန့်လာသည်။

ဤကဲ့သို့သော မြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ ပြန်လည်ဝင်စားခြင်းလေဟာနယ်ပုံရိပ်များပင် ထွက်ပေါ်လာသောကြောင့် အားလုံး မယုံကြည်နိုင်ဖြစ်သွားကြသည်။

“ဒီသင်္ကေတတွေက ဒီလောက်တောင်စွမ်းအားကြီးတာလား .. ကလန်အားလုံးက သင်္ကေတတွေက တစ်ခုနဲ့တစ်ခု တုံ့ပြန်မှုတွေရှိနေတယ် .. သင်္ကေတတွေကို ပေါင်းလိုက်တဲ့အချိန်ကျရင် ဒီလိုမျိုး ပြိုင်ဘက်ကင်းတဲ့ နတ်ခွန်အားတွေ ထွက်လာတာပဲ” တစ်စုံတစ်ယောက်မှ အံ့အားသင့်စွာ ပြောလိုက်သည်။

“အရမ်းကြောက်စရာကောင်းတယ် .. ဒါက အကောင်းဆုံးပဲ .. တစ်ဖက်လောကက ရန်သူတွေကို ဖိနှိပ်ပြီးတော့သတ်ပစ်.” လူအချို့ စိတ်လှုပ်ရှားစွာ ဟစ်ကြွေးလိုက်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားကာ ကြယ်များလည်း တုန်ခါလာသည်။

အားလုံး မျှော်လင့်တကြီးဖြစ်နေသည့်အချိန်တွင် ထိုအနက်ရောင်လှိုဏ်ခေါင်းမှ အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“နိမ့်ကျတဲ့သူက နိမ့်ကျဦးမှာပဲ . မင်းတို့ဘယ်လောက်ပဲ ကြိုးစားနေပါစေ .. မင်းတို့ဘယ်လောက်ပဲ ရုန်းကန်နေပါစေ .. မင်းတို့ဘာမှပြောင်းလဲနိုင်မှာမဟုတ်ဘူး .. အားနည်းလွန်းတယ်”

ထိုအသံမှာ အလွန်အေးစက်လှသည်။ အသံမှာ သိပ်မကျယ်လှသော်လည်း အားလုံး၏စိတ်ကို တိုက်ခိုက်သွားသည်ပင်။

အားလုံး၏ ထိတ်လန့်နေသည့်မျက်ဝန်းများအောက်မှာပင် ထိုအပျက်အစီးများထဲမှ လက်ကြီးတစ်ဖက် ထွက်လာသည်။ ထိုလက်သည် မင်ကဲ့သို့ မည်းနက်နေပြီး အကြေးခွံများရှိနေသည်။ ထိုလက်ကြီးသည် ဖိနှိပ်လာသည့် သင်္ကေတများကို ရင်ဆိုင်နေလေ၏။

ဖူး..

ဤသည်မှာ လက်တစ်ဖက်တည်းဖြစ်သော်လည်း သင်္ကေတပေါင်း တစ်သောင်းကျော်ကိုပျက်စီးသွားစေသည်။

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ကလန်အားလုံး၏ပေါင်းစည်းမှုဖြင့် အသက်သွင်းထားသည့် သတ်ဖြတ်ခြင်းအစီအရင်များပင်လျှင် ဤလက်ကြီးကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

ပို၍ကြောက်စရာကောင်းသည်မှာ သူတို့၏စုပေါင်းတိုက်ခိုက်မှုမှာ ဤလက်ကြီးကြောင့် လွင့်စင်သွားသည်။ ဒါက ဘယ်လိုစွမ်းအားမျိုးလဲ .. အားလုံး ထိတ်လန့်သွားရသည်။

အခု သူတို့ ဘယ်လိုတိုက်ရတော့မှာလဲ..

သူတို့ ဒီလိုမျိုးရန်သူကို ဘယ်လိုမျိုး ရင်ဆိုင်ရမှာလဲ..

ထိုလက်ကြီးသည် သင်္ကေတများကို စုတ်ပြတ်သွားစေရုံသာမက ကောင်းကင်ထက်တွင်ရှိနေသည့် လအနည်းငယ်ကိုပင် ပေါက်ကွဲသွားစေပြီး မြေပြင်ထက်သို့ တစ်စင်းပြီးတစ်စင်း ကျလာသည်။

ယခုအချိန်တွင် အားလုံး ဆွံ့အနေကြပြီး ဤအမှန်တရားကို လက်မခံနိုင်ဖြစ်နေကြသည်။ သူတို့ မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

လူအများစုမှ ဖြူဖျော့နေလေပြီ။ သူတို့၏ တက်ကြွနေသည့်စိတ်ဓာတ်များလည်း ဤလက်ကြီးကြောင့် လုံးဝပျက်စီးသွားလေပြီ.

ဤကဲ့သို့သော သက်ရှိမျိုးကို သူတို့ဘယ်လိုတိုက်ခိုက်ကြမည်နည်း..

ယခုအချိန်တွင် ကလန်အားလုံးမှ ကျွမ်းကျင်သူများစွာ ရောက်နေသော်လည်း သူတို့လူဘယ်လောက်များများ အသုံးမဝင်ပေ။

တစ်ဖက်လူနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူတို့စွမ်းအားမှာ အားနည်းလွန်းလှသည်။

ဤရိုက်ချက်မှာ အတော်လေး ပြင်းထန်လှပြီး သူတို့မျှော်လင့်ချက်အားလုံးလည်း ဖုန်မှုန့်လေးများဖြစ်သွားလေပြီ။

သူတို့ဘယ်လိုတိုက်ရတော့မှာလဲ .. သူတို့ ဆက်တိုက်ရဦးမှာလား .. ဤအတိုင်းသာ ဆက်တိုက်နေလျှင် သူတို့ဘာအကျိုးမှမရှိပဲ သေဆုံးသွားလိမ့်မည်။ ဤသည်မှာ တစ်ဖက်သက် လူသတ်ပွဲကြီးပင်။

ဤနေရာ တိတ်ဆိတ်သွားကာ မည်သူမှ ဘာမှမပြောတော့။

လေထုမှာ အလွန်ကြောက်စရာကောင်းနေသည်။

“တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ .. မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပိုဆိုးလာတယ် .. မင်းတို့အားလုံးက အားနည်းလွန်းတယ် .. တစ်ချက်လေးတောင် မခံနိုင်ဘူး .. ထာဝရရှေးဟောင်းခေတ်က သတ္တဝါတွေနဲ့တောင် ယှဉ်လို့မရဘူး..” အပျက်အစီးထဲမှ ဤအသံကြီး ထွက်ပေါ်လာသည်။

ထိုအသံမှာ တည်ငြိမ်အေးစက်နေသောကြောင့် သူတို့ကြားမှ ကွာခြားချက်ကြီးကို ပို၍ကြီးမားသွားစေသည်။

မည်သူမှ ပြန်မပြောကြ။ သူတို့စိတ်ထဲတွင် မုန်းတီးမှုများနှင့် ဒေါသတရားများရှိနေသော်လည်း သူတို့ထံတွင် ပြန်လည်ခုခံရန် အင်အားမရှိ။

“အရင်ခေတ်က လူတွေက မင်းတို့ဘိုးဘေးဖြစ်မှာပေါ့ ဟုတ်တယ်မလား .. သူတို့က သူတို့ကိုယ်သူတို့ သန်မာတယ်လို့ထင်နေကြပြီးတော့ အညံ့မခံချင်ခဲ့ကြဘူး .. အဆုံးထိ တိုက်ခိုက်ချင်ခဲ့ကြတာ .. ဒါပေမဲ့ ဘယ်လိုရလဒ်မျိုးရသွားလဲ .. သူတို့အားလုံး အရှင်းခံလိုက်ရသည်။ ထာဝရသက်ရှိလို့ခေါ်တဲ့သူတွေ၊ ပြိုင်ဘက်ကင်းကျွမ်းကျင်သူလို့ခေါ်တဲ့သူတွေ သူတို့အားလုံး ငါတို့ခြေထောက်အောက် ရောက်သွားတာပဲမလား .. သူတို့အလောင်းတွေ နေရာတိုင်းမှာပျံ့ကြဲသွားတာပဲ မဟုတ်ဘူးလား .. ငါတို့တွေကို ဖိအားပေးလာအောင် လုပ်လို့ ဒီလိုမျိုးဖြစ်သွားတာ .. မင်းတို့က သူတို့ရဲ့မျိုးဆက်တွေဆိုတော့ သူတို့သွေးတွေ စီးဆင်းနေမှာပဲ .. မင်းတို့အားလုံးက ရက်စက်တဲ့အမှန်တရားကို မတွေ့မချင်း လက်ခံဖို့ ငြင်းနေကြတယ် .. ငါတို့ နောက်တစ်ခေါက် ထပ်လာတာတောင်မှ မင်းတို့က ငါတို့ကို စိန်ခေါ်ရဲတယ်ပေါ့ .. မင်းတို့အားလုံးက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာခြားချက်ကို မသိဘူးလား..”

အခြားတစ်ဖက်မှာ သူ၏စကားလုံးများကိုပင် မစဉ်းစားတော့။ ဤသည်မှာ အရှက်ကွဲခြင်းတစ်မျိုးပင်။ သို့သော်လည်း ဤသည်မှာ အမှန်တရားတစ်ခုပင်။

ထို့အပြင် သေခြင်းနှင့်ရှင်ခြင်းကြား ကွာခြားချက်မသိဘူးဆိုသည်မှာ ဤလောကရှိ သတ္တဝါအားလုံးကို အထင်သေးရှုံ့ချသည့် စကားလုံးပင်။

ဤသည်မှာ ရန်သူတစ်ယောက်တည်းဖြစ်သော်လည်း သူတို့စိတ်ဓာတ်ကို ရိုက်ချိုးသွားလေပြီ။

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ထိုသတ္တဝါသည် သူ၏ခွန်အားတစ်ခုတည်းဖြင့် သူတို့အား ခြိမ်းခြောက်နေခြင်းပင်။ သူသည်တစ်ဖက်လောကမှ သတ္တဝါများ ရပ်တန့်မည်မဟုတ်ကြောင်း ပြောပြသွားခြင်းပင်။

သူတို့ ဘယ်လိုတုံ့ပြန်ရမည်နည်း .. သူတို့မည်ကဲ့သို့ ခုခံရမည်နည်း..

အားလုံးမှာ ဒေါသတကြီး အော်ဟစ်ချင်နေကြသော်လည်း ထိုသို့လုပ်လျှင်လည်း ဘာအဓိပ္ပာယ်မှရှိမည်မဟုတ်။

အဘယ်ကြောင့်ဆိုသော် သူတို့အော်ဟစ်ရုံသာ တတ်နိုင်ပြီး ပြန်မတိုက်ရဲလျှင် ဤသည်မှာ ဟာသတစ်ခုသာ ဖြစ်သွားမည်ပင်။

ယခုအချိန်တွင် အားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေသည်ပင်။ အားလုံးတိတ်ဆိတ်နေကာ သူတို့ယုံကြည်ချက်များလည်း မခိုင်မာတော့။

“မင်းတို စိတ်လျော့ကြ…”

ထိုအချိန်တွင် အားလုံး၏နားထြတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီး အားလုံးကို လှုပ်နှိုးသွားသည်။

ဤသည်မှာ အကြီးအကဲအရှင် အော်ဟစ်လိုက်ခြင်းပင်။ သူ၏အမူအရာမှာ လေးနက်နေသည်။ “ဘာစိတ်ပျက်စရာရှိလို့လဲ .. ငါတို့အခုမှ စတိုက်ကြတာ ဘာလို့ စိတ်ပျက်နေကြမှာလဲ .. ငါတို့ အခုရင်ဆိုင်နေရတာ ဘယ်သူလဲဆိုတာသိရင် မင်းတို့ ခံစားချက်တွေ ဆိုးရွားတော့မှာမဟုတ်ဘူး .. သူက မသေမျိုးသက်ရှိ၊ အရင်ခေတ်ကတည်းက အသက်ရှင်လာတဲ့သူ၊ အရင်ခေတ်က စစ်ပွဲမှာပါခဲ့တဲ့လူတစ်ယောက်..”

အကြီးအကဲအရှင်၏ စကားလုံးများမှာ လှိုင်းကြီးများကဲ့သို့ လောကကြီးကို ဖြန့်ကျက်သွားကာ အားလုံးကို နိုးထလာစေသည်။

“အခုမှ စတိုက်တုန်းပဲရှိသေးတယ် မသေမျိုးသက်ရှိတွေ စတိုက်လာပြီးတော့ ငါတို့ကို သတ္တိမရှိတော့အောင်လုပ်နေတယ် .. ဒါက ဘာကိုဆိုလိုချင်တာလဲသိလား .. ဒါက သူတို့ယုံကြည်ချက်မရှိဘူးလို့ ဆိုလိုတာပဲ .. သူတို့ အဲဒီလောက်မသေချာလို့ ဒီလိုမျိုးလုပ်နေတာ..” အကြီးအကဲအရှင် ဟစ်ကြွေးလိုက်သည်။

အလေးအမြတ်ကျောင်း၊ ထာဝရကျောင်းနှင့် သက်ရှည်မိသားစုမှ အကြီးအကဲအချို့ သူပြောသည်ကို ထောက်ခံလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် အခြားသူများလည်း ပြောလာကြသည်။

“ဟုတ်တယ် .. ငါတို့အရင်က ခန့်မှန်းထားသလိုပဲ .. သူတို့က နယ်ခြားစည်းကို ဘယ်လိုလုပ် လွယ်လွယ်ကူကူလေး ချိုးဖောက်နိုင်မှာလဲ .. အဲဒီလိုမျိုးသာလုပ်နိုင်ရင် ဒီမသေမျိုးသက်ရှိတွေက ဘာလို့ အချိန်အကုန်ခံနေမှာလဲ .. သူတို့ အစောကြီးကတည်းက အစုလိုက်အပြုံလိုက်သတ်နေလောက်ပြီ”

“ဟုတ်တယ် .. ငါတို့ကလန်အားလုံးရဲ့ သင်္ကေတေနဲ့စုပေါင်းတိုက်တုန်းက အရင်ခေတ်က လူတစ်ယောက်ကိုတောင် မရှုံးပဲနဲ့ သရေကျအောင် တိုက်နိုင်ခဲ့တယ်..”

အကြီးအကဲများစွာ ကျယ်လောင်စွာ ပြောလိုက်ကြသည်။

အားလုံးမှာ အစက ဆွံ့အနေကြေသော်လည်း သူတို့ စဉ်းစားလာမိကြသည်ပင်။

“နိမ့်ကျတဲ့သတ္တဝါတွေ .. မင်းတို့က စိတ်ဓာတ်တက်ကြွလာအောင် လုပ်နေကြတာလား .. ဒါက တော်တော်လေး အပျင်းပြေအောင် လုပ်ပေးနိုင်တာပဲ” အပျက်အစီးများကြားမှ အေးစက်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။

“တကယ်လည်း မင်းတို့ယုံကြည်ချက်မရှိလို့လေ .. မင်းတို့တွေ ဖြတ်လာဦးမှာမဟုတ်ဘူး .. အဲဒါကြောင့်မို့လို့ ပွဲစကတည်းက ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ကိုပို့ပြီးတော့ ငါတို့ကို ခြိမ်းခြောက်ခိုင်းလိုက်တာလေ..” အကြီးအကဲအရှင် ပြောလိုက်သည်။

“ပြီးတော့ မင်းတို့ အကွာအဝေးတစ်ခုပဲ လာလို့ရသေးတာ .. မင်းတို့ကို ဒီလောကရဲ့ သဘာဝဥပဒေသက ငြင်းဆန်ပြီးတော့ ဖိနှိပ်နေတုန်းပဲ .. အချိန်ကြာလာနဲ့ မင်းခံစားနေရတဲ့ အကျိုးသက်ရောက်မှုတွေက တစ်ဖြည်းဖြည်းနဲ့ ပိုများလာမှာ .. အဲဒါကြောင့် မင်းက မသေမျိုးဖြစ်နေပေမယ့် ငါတို့လောကကြီးကို ဖျက်ဆီးပစ်လို့ရမှာမဟုတ်ဘူး..” အကြီးအကဲအရှင် ပြောလိုက်သည်။

“ဟာသပဲ .. မင်းက ဒီလိုမျိုး ယုံကြည်နေတယ်ဆိုတော့ မင်းကို စသတ်ရတာပေါ့..” အပျက်အစီးထဲမှ အသံမှာ ပို၍အေးစက်လာသည်။ ထို့နောက် စွမ်းအားများ ရုတ်တရက်ထွက်ပေါ်လာကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးပင် တုန်ခါလာသည်။ စစ်သင်္ဘောများလည်း ပေါက်ကွဲတော့မတတ် တုန်ခါလာသည်။

ထိုအနက်ရောင်လက်ကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာကာ အကြီးအကဲအရှင်ထံသို့ ဦးတည်လာသည်။

“အားလုံး သေချာကြည့်ထား .. မသေမျိုးသက်ရှိလို့ခေါ်တဲ့သူတွေ၊ အရင်ခေတ်က ထိပ်ဆုံးကလူတွေဆိုတာ ဒီထက်မပိုဘူး..” အကြီးအကဲအရှင်ဟစ်ကြွေးလိုက်သည်။ ထို့နောက် သူသည် ထိုလက်ကို မရှောင်ပဲ ထိပ်တိုက်ရင်ဆိုင်လိုက်လေ၏။ သူသည် အခြားသူများ စိတ်ဓာတ်တက်ကြွလာစေရန်အတွက် သူ့ကိုယ်သူ ဥပမာအဖြစ် သုံးလိုက်ခြင်းပင်။

အပိုင်း ၁၅၁၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၀ – မသေမျိုးအား စိန်ခေါ်ခြင်း

“အကြီးအကဲအရှင်..”

လူများစွာ အော်ဟစ်လိုက်ကြသည်။

ဤသည်မှာ အန္တရာယ်များလွန်းလှပြီး ကိုယ့်အသက်ကိုကိုယ် စတေးလိုက်သည်နှင့် တူနေသည်ပင်။

ထိုသတ္တဝါမည်မျှ ခွန်အားကြီးသည်ကို အားလုံးမြင်လိုက်ရသည်ပင်။ ကလန်အားလုံး ပူးပေါင်းခဲ့သော်လည်း သူ့ကို ဘာမှမလုပ်နိုင်ခဲ့။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းလိုက်သနည်း .. ဤသည်ကိုပြိုင်ဘက်ကင်းသည့် နတ်ခွန်အားဟု သတ်မှတ်၍ရသည်ပင်။

အကြီးအကဲအရှင် အလွန်အင်အားကြီးသည်ကို အားလုံးသိသည်။ သို့သော်လည်း မသေမျိုးသက်ရှိနှင့်ယှဉ်လျှင် သူအားနည်းနေသေးသည်ပင်။ သူသည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်။

“အကြီးအကဲအရှင် ရပ်လိုက်ပါ..” ရှီဟောင် အော်ဟစ်လိုက်သည်။ သူချက်ချင်းပင် ပြေးသွားလိုက်ချင်သည်။

ကောင်းကင်နတ်ဘုရားကျောင်းမှလူများ၏ မျက်နှာဖြူဖျော့သွားကြသည်။ အကြီးအကဲအရှင် ထိုနေရာတွင်ပင် ရှုံးနိမ့်သွားမည်ကို ကြောက်နေကြသည်ပင်။

ထိုအချိန်တွင် အပျက်အစီးအောက်ရှိ ချောက်နက်ကြီးထဲမှ အနက်ရောင်လက်တစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်ကြီးသည် သူ၏လမ်းကြောင်းတွင်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်သွားလေ၏။

လေဟာနယ်ကြီး ပေါက်ကွဲသွားကာ လှည့်ပတ်နေသည့်ကြယ်များကြွေကျလာပြီး လများလည်း ပေါက်ကွဲသွားသည်။ ကမ္ဘာမြေကြီးတွင်ရှိနေသည့် မြစ်များပင် ခမ်းခြောက်သွားသည်။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။

မူလတွင် ကောင်းကင်၌ သွေးလ ၁၈ စင်းရှိသော်လည်း ယခုတော့ ၂ စင်းသာ ကျန်တော့သည်။ ကျန်သည့်လများကို ထိုလက်ကြီးမှ ဖမ်းဆုတ်ပစ်လိုက်လေပြီ။

ဤသည်မှာ လောကကြီးအား ဖျက်ဆီးပစ်နေခြင်းပင်။

ကောင်းကင်အောက်ရှိ အရာအားလုံး ငြိမ်းသတ်သွားကာ ဖရိုဖရဲစွမ်းအင်များလည်း ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။

အကြီးအကဲအရှင်မှာ မီးထဲတိုးသည့် ပိုးဖလံနှင့် တူနေသည်။

သူ၏ခန္ဓာကိုယ် တောက်ပနေပြီး သဘာဝဥပဒေသများ ရောယှက်နေသော်လည်း ထိုလက်ကြီးနှင့်ယှဉ်လျှင် သူသည် ပိုးစုန်းကြူးကဲ့သို့ပင်။

“နိမ့်ကျတဲ့သူက အမြဲတမ်း သနားစရာကောင်းတယ် .. မင်းကို သတ်ရတာက အဓိပ္ပာယ်မရှိတဲ့အလုပ်ပဲ .. ဒါက ဖုန်ခါလိုက်သလိုပဲ” ထိုအသံမှာ တည်ငြိမ်နေဆဲပင်။ သူသည် ဤလောကကြီးအား အလေးမထားသည့်ပုံစံမျိုးပင်။

ထိုလက်ကြီးတောက်ပလာကာ အနက်ရောင်လှိုင်းများ ထုတ်လွှတ်လာပြီး အကြီးအကဲအရှင်အား ချက်ချင်းဖုံးအုပ်သွားသည်။ ထို့နောက် သူသည် လက်သီးဆုတ်လိုက်ကာ အကြီးအကဲအရှင်အား သတ်ရန် ကြိုးစားလိုက်သည်။

“အကြီးအကဲအရှင်..” ရှီဟောင် အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများလည်း နီရဲလာသည်။ သူ၏ဆံပင်များပင် ထောင်ထနေပြီဖြစ်သည်။ မျိုးဆက်တစ်ခုရဲ့ ထူးခြားတဲ့ပါရမီရှင်က ဒီလိုပုံစံနဲ့ ကျသွားတော့မှာလား..

ဝူး..

ရုတ်တရက် ကောင်းကင်ကိုကွဲထွက်သွားစေသည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။ အနီရောင်ကောင်းကင်ပင် တုန်ခါလာလေ၏။

“ဘိုးဘေး နဂါးဦးချိုခရာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဤဦးချိုမှာ မီးခိုးရောင်ကျောက်တုံးမှ ထွင်းထုထားသကဲ့သို့ ရိုးရှင်းလှသည်။ ထိုခရာသည် အနက်ရောင်လက်ကြားတွင် ရုတ်တရက်ပေါ်လာပြီး ကောင်းကင်ကြီးကို တုန်ခါစေသည့်အသံများ ထုတ်လွှတ်လာသည်။

ခရာထိပ်ဖျားမှာ အလွန်ထက်ရှလှသည်။ ရွှေရောင်အလင်းရှိမနေသော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ အာကာသကိုပင် ထိုးခွဲသွားနိုင်ကြောင်း သိနိုင်သည်ပင်။

အမ်..

ထိုအနက်ရောင်လက်ကြီး ပိတ်သွားသည်နှင့် ထိုလက်ပိုင်ရှင်ထံမှ ညည်းတွားသံလေး ထွက်ပေါ်လာသည်။

ဘိုးဘေးနဂါးဦးချိုခရာ တောက်ပလာသည်။ ထို့နောက် ဖောက်ထွင်းမြင်နိုင်လောက်သည်အထိ ကြည်လင်တောက်ပလာသည်။ သဘာဝဥပဒေသများလည်း ချက်ချင်း ထွက်ပေါ်လာကာ အခြားလက်နက်များထက် ကြောက်စရာကောင်းလာည်။

ဖူး.. ထိုအနက်ရောင်လက်ကြီးထံမှ သွေးနက်များ လွင့်စင်လာသည်။

“အင်းဆက်ပိုးကောင်ကများ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့..” ထိုသတ္တဝါကြီး ဟစ်ကြွေးလိုက်သည်။ မထင်မှတ်ပဲ ပြန်တိုက်ခိုက်ခံလိုက်ရသောကြောင့် သူဒေါသထွက်လာကာ သူ၏အသံမှာ ကောင်းကင်ကိုပင် ထိုးဖောက်သွားလေသည်။

ဝုန်း..

နဂါးဦးချိုခရာ အရွယ်အစားကြီးမားလာသည်။ အကြီးအကဲအရှင်၏ ဆံပင်များပင် လွင့်ပျံနေပြီဖြစ်သည်။ သူသည် နဂါးဦးချိုခရာအား အသက်သွင်းကာ သူ့အာရုံအားလုံးကို ဤဦးချိုပေါ်၌သာ ထားလိုက်သည်။

ဤသည်မှာ နဂါး၏ အမာကျောဆုံးနေရာဖြစ်ကာ စွမ်းအားအကြီးဆုံးလက်နက်ပင်။ ထိုဦးချို လျင်မြန်စွာ ပြောင်းလဲသွားပြီး နဂါးတစ်ကောင်ကိုပင် ရေးရေးလေး မြင်လာရသည်။ ထိုနဂါးသည် အာကာသ၌ လှည့်ပတ်သွားနေပြီး သူ၏ဦးခေါင်းထက်တွင် ထာဝရဦးချိုများ ရှိနေသည်။ ထိုနဂါးသည် ထိုလက်ကြီးထံသို့ တရှိန်ထိုး ပြေးလာနေသည်။

“ဒါက .. ဒီပစ္စည်းပဲ .. အဆင့်လွန်ရတနာ .. ဘိုးဘေးနဂါးရဲ့ လက်နက်…” ထိုသတ္တဝါကြီး စိတ်လှုပ်ရှားသွားကာ ထိတ်လန့်သည့်အမူအရာ ဖြစ်ပေါ်လာသည်။

ဖုန်း..

ကောင်းကင်နှင့်မြေကြီး အက်ကွဲသွားကာ မူလဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာသည်။

ဝူး..

လေပြင်းများလည်း တိုက်ခတ်လာသည်။ ဤသည်မှာ စွမ်းအင်ကြောင့် ဖြစ်လာခြင်းပင်။ အာကာသအပြင်ဘက်သို့ လေများတိုက်ခတ်လာကာ ကြယ်များပင် ထိုလေပြင်းများကို တောင့်မခံနိုင်ပဲ တစ်လုံးပြီးတစ်လုံး ကြွေကျသွားသည်။

အချို့ကြယ်များမှာ လေထဲ၌ ပေါက်ကွဲသွားကာ တောက်ပသည့်အလင်းများအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ အလွန်ခမ်းနားလှသည့် မြင်ကွင်းပင်။

“နဂါးအစစ် .. အရင်တိုက်ပွဲမှာတုန်းက မင်းကျသွားပြီ .. အခု မင်းက ဘယ်လိုစွမ်းရည်မျိုး ပြနိုင်မှာလဲ .. သေလိုက်တော့..” တစ်ဖက်လောကမှ သက်ရှိ ဟစ်ကြွေးလိုက်ပြီးနောက် သူ၏လက်ကြီးမှာ လက်သီးဖြစ်လာကာ နဂါးဦးချိုခရာထံသို့ ဦးတည်သွားလေ၏။

ဂါး.. ကောင်းကင်ဘုံကိုးခုတွင် နဂါးအော်သံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ ကမ္ဘာကြီး ပွင့်လာသည့်အချိန်က ထွက်ပေါ်လာခဲ့သည့် ပထမဆုံးတာအိုအသံကဲ့သို့ပင်။

နဂါးကြီးမှာ ခမ်းနားလှသည်။ သူ၏ဦးချိုသည် ကောင်းကင်ကြီးကို ထိုးဖောက်ကာ ထိုလက်သီးထံသို့ ဦးတည်လာသည်။

လောကကြီးကို တုန်လှုပ်စေနိုင်သည့် ထိခတ်မှုကြီး ဖြစ်ပေါ်ပေါ်လာသည်။

နောက်ဆုံးတွင် မီးခိုးရောင်မြူများ ရှင်းလင်းသွားကာ ညည်းညူသံလေးသာ ထွက်ပေါ်လာသည်။ အနက်ရောင်သွေးများ မိုးရွာသကဲ့သို့ စီးကျလာသည်ကို နောက်တစ်ကြိမ် တွေ့လိုက်ရသောကြောင့် အားလုံး အံ့အားသင့်သွားရသည်။ ထိုသွေးများသည် မြေပြင်ပေါ်သို့ ကျသွားသည်နှင့် သက်ရှိအားလုံးကို တိုက်စားသွားလေသည်။

ထိုလက်သီး သွေးများစိုရွှဲနေပြီး အချို့နေရာတွင် လက်ချောင်းအရိုးများပင် မြင်နေရသည်ကို အားလုံးတွေ့လိုက်ရသည်။

“မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့ .. စက်ဆုပ်စရာကောင်းတဲ့ ပုရွက်ဆိတ် .. ငါမင်းကို အရင်သတ်မယ်..” ထိုထိပ်တန်းသက်ရှိကြီး၏ စကားလုံးများ အေးစက်လာသည်။ ထိုလက်ကြီးသည် ကောင်းကင်ထက်သို့ ရောက်သွားကာ ဘိုးဘေးနဂါးဦးချိုခရာကို ရှောင်လိုက်ပြီး အကြီးအကဲအရှင်ထံသို့ ဦးတည်သွားသည်။

သူလက်လှည့်လိုက်သည်နှင့် ကောင်းကင်ကြီး ပျက်စီးသွားကာ တွင်းနက်ကြီးသာကျန်ခဲ့တော့သည်။

ဤသည်မှာ ကြောက်စရာကောင်းလှသည်။ ဒီသတ္တဝါက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. ဤသည်မှာ တိုင်းတာ၍ မရလောက်အောင်ပင်။ အားလုံး ကြောက်ရွံ့စွာဖြင့်ပင် ခပ်ဝေးဝေးမှ ကြည့်နေကြသည်။

အားလုံးမှာ သူတို့နှလုံးကို ညစ်ထားသလို ခံစားနေရသည်။ သူတို့ အကြီးအကဲအရှင်ကို မသေစေချင်။ သူသည် နဂါးဦးချိုခရာကို အသုံးပြုကာ တစ်ဖက်လူကို ခုခံထားနိုင်ခြင်းပင်။ အားလုံး အော်ဟစ်ကြကာ သူရန်သူကိုတားဆီးနိုင်ရန် မျှော်လင့်နေကြသည်။

ဤသည်မှာ ပထမဆုံး တိုက်ပွဲအစစ်ဖြစ်သောကြောင့် မည်သည့်ဘက်မှ မရှုံးချင်ကြ။ သူတို့သာ တစ်ဖက်လူကို တားဆီးနိုင်လျှင် သူတို့ အားလုံး၏စိတ်ဓာတ်တက်ကြွလာအောင် လုပ်ပေးနိုင်မည်ပင်။ မဟုတ်ပါက သူတို့မျှော်လင့်ချက် ရေးရေးလေးပင် ရှိမည်မဟုတ်။

ရွှီး..

ပန်းချီကားချပ်တစ်ခု ပြန့်သွားကာ ကောင်းကင်ကြီးကို တောက်ပသွားစေပြီး ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထုတ်လွှတ်နေသည်ပင်။ ဤသည်မှာ ထာဝရဘုရင်တစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

နယ်မြေ ၁၀ ခု သင်္ကေတ..

အကြီးအကဲအရှင် ဤအဆင့်လွန်ရတနာအား အသုံးပြုလိုက်ခြင်းပင်။ ဤပန်းချီကားချပ်သည် စစ်ချပ်ဝတ်ဆာနှင့်တူသလို ဒိုင်းကာတစ်ခုကဲ့သို့လည်း သူ့ရှေ့၌ ကာကွယ်ပေးထားသည်ပင်။

ဖုန်း..

အနက်ရောင်လက်ကြီး ရိုက်ချတော့မည့်အချိန်တွင် နယ်မြေ ၁၀ ခု သင်္ကေတမှ မီးတောက်နှင့်တူသည့် အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုလူကို တားဆီးလိုက်သည်။

ဂါး .. နဂါးဦးချိုသည် သက်တံ့ရောင်အလင်းတန်းတစ်တန်းကဲ့သို့ ပြောင်းလဲသွားကာ ထိုအနက်ရောင်လက်ကြီးကို ထိုးဖောက်လာသည်။ လေဟာနယ်ထဲ၌ သွေးများ နောက်တစ်ကြိမ် လွင့်စင်လာသည်။

“ကောင်းတယ်..”

အလေးအမြတ်ကျောင်းမှ အကြီးအကဲတစ်ယောက် ဟစ်ကြွေးလိုက်သည်။

“အကောင်းဆုံး ရိုက်ချက်ပဲ..” အခြားအကြီးအကဲများလည်း အော်ဟစ်လိုက်ကြသည်။

ထို့နောက် အခြားကလန်များလည်း ဟစ်ကြွေးလိုက်ကြသည်ပင်။

သူတို့သည် ယခင်က ညှို့မှိုင်းကာ စိတ်ပျက်နေခြင်းဖြစ်သော်လည်း ထိုမသေမျိုသက်ရှိဒဏ်ရာရသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့ စိတ်လှုပ်ရှားသွားကြမည်ပင်။

“အကြီးအကဲအရှင် .. သူ့ကိုသတ်လိုက်..”

“အကြီးအကဲအရှင်ရဲ့ နတ်ခွန်အားက ပြိုင်ဘက်ကင်းတယ်..”

လူငယ်အချို့လည်း အော်ဟစ်လာကြသည်။

ရွှီး..

ထာဝရရောင်စုံအလင်းများ ထွက်ပေါ်လာကာ နယ်မြေ ၁၀ ခုသင်္ကေတသည် အကြီးအကဲအရှင်အား ကာကွယ်ပေးကာ လျင်မြန်စွာ ပြန်ခေါ်လာခဲ့သည်ပင်။ ထို့နောက် သူ ကောင်းကင်၌ ရပ်တန့်လိုက်ကာ သူ့ရှေ့မှ လက်ကြီးနှင့် ရင်ဆိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် နဂါးဦးချိုခရာလည်း တဝူးဝူးအသံများ ထွက်ပေါ်လာကာ အကြီးအကဲအရှင်၏ လက်ထဲ၌ ပြန်ပေါ်လာသည်။ သူသည် အချိန်မရွေးတိုက်ခိုက်ရန် အသင့်ပင်။

“မရေးမပါတဲ့ပိုးကောင်လေးက နဂါးဦးချိုခရာကို အားကိုးပြီးတော့ ငါ့ကိုလာတိုက်နေတယ် .. နယ်မြေ ၁၀ ခု သင်္ကေတကိုသုံးပြီးတော့ ကိုယ့်ကိုကိုယ် ကာကွယ်နေတယ် .. ဒါက မင်းရဲ့အသက်ကို ယာယီပဲ ကာကွယ်နိုင်မှာ .. မင်းဘိုးဘေးရဲ့လက်နက်တွေကိုအားကိုးပြီးတော့ မင်းက ဘယ်လောက်ကြာကြာထိများ အသက်ရှင်နိုင်မှာလဲ..” ထိုအသံမှာ အလွန်တည်ငြိမ်နေသော်လည်း ယခင်ကထက်ပင် အေးစက်လာသည်။

အားလုံး စိတ်လေးလံသွားရသည်။ ဤသည်မှာ အမှန်တရားပင်။ သူတို့၏ ခွန်အားအစစ်ကိုသာ အသုံးပြုပါက ဤလောကတွင် မသေမျိုးသက်ရှိနှင့် ရင်ဆိုင်နိုင်မည့်သူ ရှားပါးလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဤလောကတွင် ထာဝရသက်ရှိအစစ်မရှိတော့။

“မင်းက ဘာမှမဖြစ်သလိုမျိုး တည်ငြိမ်ပြနေသေးတယ် .. တကယ်တမ်းတော့ မင်းငါ့ကို ချက်ချင်းသတ်ပစ်ချင်နေတာမလား .. သနားစရာပဲ မင်းငါ့ကို မသတ်နိုင်ဘူး..” အကြီးအကဲအရှင် နည်းနည်းမှပင် မရှက်မိ။ အဆင့်လွန်ရတနာနှစ်ခုကို အသုံးပြုနေသောကြောင့် သူဒဏ်ရာမရသည့်အပြင် ဆက်လက်တိုက်ခိုက်နိုင်သေးသည်။

“အရင်ခေတ်က စွမ်းအားကြီးတဲ့ မသေမျိုးသက်ရှိကို ရင်ဆိုင်ရတာကို ငါက အဆင့်တူတဲ့လက်နက်ကို သုံးလို့မရဘူးလို့တော့ ငါ့ကိုမပြောနဲ့နော်..” အကြီးအကဲအရှင် ဖြည်းညှင်းစွာပင် ပြောလိုက်သည်။

“ဒီလောကကြီးမှာ ပြဿနာရှိနေပြီးတော့ မမျှော်ထားတဲ့ ပြောင်းလဲမှု ဖြစ်သွားပြီးတော့ ငါတို့ကို အဲဒီနောက်ဆုံးအဆင့်မတက်နိုင်အောင် တားဆီးနေတာကြောင့်သာမဟုတ်ရင် မင်းတို့ ဘယ်လိုလုပ် လွယ်လွယ်ကူကူဝင်လာလို့ ရမှာလဲ .. ငါတို့ကိုသာ ထာဝရတရားရနိုင်တဲ့ ပတ်ဝန်းကျင်ပေးထားရင် ငါ နှစ်တစ်ရာပဲလိုတယ် .. မဟုတ်ဘူး .. ၁၀ နှစ်ပဲလိုတယ် .. အဲဒါဆိုရင် မင်းကိုသတ်ဖို့လုံလောက်တယ်..” အကြီးအကဲအရှင် ဟစ်ကြွေးလိုက်သည်။

ဤစကားကိုကြားလိုက်သည်နှင့် အားလုံး ထိတ်လန့်တကြား ဖြစ်သွားရသည်။ အကြီးအကဲအရှင်က အခု ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ..

“ငါ့ကိုသတ်မယ်ဟုတ်လား ..” ထိုသတ္တဝါ ရယ်မောလိုက်ကာ သူ၏အော်ရာမှာ ပို၍အေးစက်လာသည်။

“ဟုတ်တယ် မင်းကိုသတ်မှာ .. ငါ့ကို ပြည့်စုံတဲ့လောကကြီးနဲ့ ထာဝရတရားကိုခွင့်ပြုတဲ့ပတ်ဝန်းကျင်သာပေးလိုက် … ငါအချိန် ၁၀ နှစ်ပဲ လိုမှာ .. အဲဒီအချိန်ကျရင် ငါလက်တစ်ဖက်တည်းမြှောက်လိုက်ရုံနဲ့ မင်းကို ဖိနှိပ်ပြီး သတ်ပစ်လိုက်လို့ရတယ်..” အကြီးအကဲအရှင်၏မျက်ဝန်းထဲတွင် စွမ်းအားကြီးသည့်မီးတောက်များ တောက်လောင်နေသည်။

သူ၏အရည်အချင်းများ မလုံလောက်သောကြောင့်မဟုတ်။ သူသည် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သက်ရှည်နယ်ပယ်ထဲသို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုအပ်တော့သည်။ သို့သော် ဤလောက၏ ပတ်ဝန်းကျင် အလွန်ပြောင်းလဲသွားကာ ထာဝရတရားကို ခွင့်မပြုတော့။

ယခုခေတ်သာ ထာဝရရှေးဟောင်းခေတ်ဆိုပါက သူ ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်လောက်လေပြီ။

“တော်တော်ကို သတ္တိရှိတဲ့ စကားတွေပဲ .. ငါ့ရှေ့မှာ ဘယ်သူမှ ဒီလိုမျိုး မပြောရဲခဲ့ဘူး..” မသေမျိုးသက်ရှိ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။

“ဒီစွမ်းအားက မင်းကို သတ်ဖို့လုံလောက်ကြောင်း ငါ ထာဝရတာအိုလက်နက်တွေသုံးပြီးတော့ သက်သေပြပြီးပြီပဲ .. ငါသာ ထာဝရတာအိုထဲ ရောက်သွားရင် မင်းက ဘာမှမဟုတ်တော့ဘူး..” အကြီးအကဲအရှင်၏ ဆံပင်များ လွင့်ပျံနေသည်ပင်။

ယခုအချိန်တွင် သူလုံးဝရူးသွပ်သွားလေပြီ။ ဤသည်မှာ မောက်မာမှုတစ်မျိုးဖြစ်သကဲ့သို့ ယုံကြည်ချက်တစ်မျိုးလည်း ဖြစ်သည်။ ဤလောကကြီးပြောင်းလဲသွားသောကြောင့်သာ သူထာဝရတရား မရနိုင်ခြင်းပင်။

မဟုတ်ပါက သူ၏စွမ်းရည်နှင့်ဆိုလျှင် သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တုန်လှုပ်စေသည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဖြစ်လောက်လေပြီ။

“မင်းတို့တွေ သက်ရှည်နယ်ပယ်ထဲ မရောက်ရင် ထာဝရသက်ရှိအစစ် ဖြစ်မလာနိုင်ဘူး .. အဲဒါဆိုရင် မင်းတို့ ပုရွက်ဆိတ်အဖြစ် ဆက်ရှိနေဦးမှာပဲ .. မင်းဘာပြောပြော အသုံးမဝင်ဘူး..” ထိုလက်ပိုင်ရှင်မှ အေးစက်စွာ ပြောလိုက်သည်။

“အခု ထာဝရတရားကို မရနိုင်ဘူးဆိုပေမယ့် နောင်ကျရင်လည်း ဒီလိုမျိုးပဲဖြစ်နေလိမ့်မယ်လို့ ဆိုလိုတာမှ မဟုတ်တာ..” အကြီးအကဲအရှင် သက်ပြင်းလေးချလိုက်သည်။ ထို့နောက် သူသည် အားလုံးဘက်လှည့်ကာ အသံပို့လွှတ်လိုက်သ်ည။ “မင်းတို့အားလုံးမြင်လား .. တစ်ဖက်လောကက ထိပ်ဆုံးအဆင့်သက်ရှိက ဒီထက်မပိုဘူး .. ငါ့ရဲ့ သက်ရှည်သက်ရှိတစ်ဝက်ကျင့်ကြံဆင့်နဲ့တောင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် .. သူ့ကိုသွေးထွက်အောင် လုပ်နိုင်တယ် .. ဒီမျိုးဆက်မှာ ထာဝရတရားကို မရနိုင်ဘူးဆိုပေမယ့် မင်းတို့ကတော့ မတူဘူး .. အချိန်ရှိသေးတယ် .. နောင်ကျရင် ပတ်ဝန်းကျင် ထပ်ပြောင်းသွားပြီးတော့ မင်းတို့ ထာဝရတာအိုနယ်ပယ်ထဲ ရောက်သွားနိုင်တယ် .. အဲဒီအချိန်ကျရင် မင်းတို့ သူတို့ကို သတ်နိုင်လိမ့်မယ်..”

“ကျွန်တော်တို့ တိုးတက်လာအောင်လုပ်ပြီးတော့ တစ်ဖက်လောကက ရန်သူတွေကို သတ်ပစ်မယ်..” လူများစွာ ဟစ်ကြွေးလိုက်ကြသည်။

“ဟာသပဲ .. ဒါ ထာဝရရှေးဟောင်းခေတ်ဆိုရင်တောင် လူဘယ်နှယောက်များ ထာဝရတရားကို ရနိုင်မှာလဲ .. ပတ်ဝန်းကျင်က အရင်အတိုင်းပြန်ဖြစ်သွားရင်တောင် လူအများကြီး အောင်မြင်နိုင်မှာမို့လို့လား .. မင်းတို့မပြောနဲ့ ရှေးခေတ်က ထာဝရတရားရခဲ့တဲ့သူတွေတောင် စစ်ပွဲမှာ သေသွားတာပဲမလား .. ပြီဂတော့ မင်းတို့မှာ အခွင့်အရေးရှိသေးတယ်လို့ ထင်နေတာလား .. ဒီလိုမျိုး ပုန်ကန်ရဲမှတော့ မင်းတို့အားလုံးကို သတ်ပစ်ပြီးတော့ မင်းတို့ မျိုးဆက်တွေကို မျိုးတုန်းပစ်မယ်..” ထိုသက်ရှိ အေးစက်စွာ ပြောလိုက်သည်။

“မင်း ငါ့တို့ကို ခြိမ်းခြောက်နေတာလား .. ဒါပေမဲ့ မင်း လာရောလာနိုင်လို့လား .. မင်းတို့ အနီရောင်ကောင်းကင်ကို တိုက်ခိုက်ရတဲ့ အကြောင်းပြချက် ရှိမှာပဲ .. မင်းတို့ တစ်ခုခုကို ကြံစည်နေတာ .. မင်းတို့ ဖြတ်မလာနိုင်သေးဘူး .. နယ်ခြားနံရံ စုတ်ပြဲသွားပြီးတော့ လောကနှစ်ခု နည်းနည်းလေး ချိတ်ဆက်သွားရင် ပတ်ဝန်းကျင်ကြီး ပြောင်းလဲလာလိမ့်မယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။

အပိုင်း ၁၅၂၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၁ – ဘယ်သူတိုက်မလဲ

“ဟာသပဲ .. မင်းတို့အားလုံးက သည်းမခံနိုင်လောက်အောင်ကို မာနကြီးနေကြတာပဲ .. ထာဝရတရားရနိုင်တဲ့ ပတ်ဝန်းကျင်ရလာရင်တောင် မင်းတို့အားလုံး အားနည်းပြီး နိမ့်ကျနေဦးမှာပဲ .. မင်းက ဘယ်လိုလုပ် ငါတို့ကို ယှဉ်နိုင်မှာလဲ..” ထိုလက်ပိုင်ရှင် အေးစက်စွာ ပြောလိုက်သည်။ သူသည် ပေါ်လာခြင်းမရှိပဲ ထိုလက်တစ်ဖက်သာ ဖြတ်သန်းလာခြင်းပင်။

ဤသည်မှာ အကြီးအကဲအရှင် ပြောသည့်ကိစ္စကြောင့်ဖြစ်မည်ကို အားလုံးသိလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အစစ် ဖြတ်မလာနိုင်သေး။ ပြင်းထန်စွာ တားဆီးခံထားရသေးသည်။ မဟုတ်ပါက သူဘယ်လိုလုပ် မဖြတ်လာပဲနေမည်နည်း..

ထို့ကြောင့် သူတို့အနည်းငယ် စိတ်အေးသွားရသည်။ အဆိုးဆုံးအခြေအနေ မရောက်သေး။

“သူ့ခန္ဓာကိုယ်အစစ် ဖြတ်မလာနိုင်တဲ့အပြင် ကန့်လည်းကန့်သတ်ခံထားရလောက်တယ် .. ငါတို့လောကရဲ့ သဘာဝဥပဒေသက သူ့ကို ထိန်းချုပ်ထားမှာ .. အဲဒါကြောင့်စိတ်ပူစရာမလိုဘူး..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက်‌ အားလုံးပိုတက်ကြွလာအောင် ပြောလိုက်သည်။ ထို့အပြင် လောကနှစ်ခု အနည်းငယ် ချိတ်ဆက်သွားသည်နှင့် ဤလောကကြီး၏ ပတ်ဝန်းကျင် တစ်ဖြည်းဖြည်းချင်း ပြောင်းလဲလာလိမ့်မည်။

ဤသည်မှာ ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည့်အရာပင်။ လူအများစု မသိကြသေးခြင်းသာ။

အားလုံးခန့်မှန်းချက်အရဆိုလျှင် တစ်ဖက်လောကမှ သက်ရှိများ ဤလောကဘက်တွင် တစ်ခုခုလုပ်ထားလိမ့်မည်။ သို့သော်လည်း နောက်ဆုံးတော့ ထိုအရာပျက်စီးသွားသည်ပင်။

“မင်းတို့ ဒီကို လက်မခံနိုင်ဖြစ်နေရင် ငါ မသေမျိုးနယ်ပယ်ထဲ မရောက်သေးတဲ့ လူငယ်တစ်ချို့ကို ပို့လိုက်မယ်လေ .. မင်းတို့အားလုံး သူတို့ကို တိုက်ကြပြီး ဘယ်သူက ပိုအားကောင်းတယ် .. ဘယ်သူက အားနည်းတယ်ဆိုတာ ကြည့်လိုက်ကြပေါ့..” ထိုလက်ပိုင်ရှင်၏စကားမှာ အားလုံးကို ထိတ်လန့်သွားစေသည်။

“ဒါက ငါ့ယူဆချက်ကို ပိုပြီးတော့ သက်သေပြလိုက်တာပဲ .. အချိန်ကြာလာတာနဲ့အမျှ မင်းတို့ ဒီဘက်မှာ နေဖို့ ပိုခက်လာတယ် .. အဲဒါကြောင့်မို့လို့ မင်းပြန်ဆုတ်ချင်နေတာ .. မင်းထပ်ပြီးတော့ တောင့်မခံနိုင်တော့ဘူးလေ .. ဟုတ်တယ်မလား..”

“မင်းဘာပြောတာလဲ..” ထိုလက်ပိုင်ရှင်၏အသံမှာ အေးစက်နေသည်။ “အသက်ရှည်ခြင်းကို မရသေးတဲ့ အရွယ်တူတွေဆိုရင်တောင်မှ မင်းတို့ကို ဖိနှိပ်နိုင်တယ်ဆိုတာ မင်းတို့ကို နားလည်စေချင်ရုံလေးပါ..”

ထိုသို့ပြောပြီးသည်နှင့် ထိုအနက်ရောင်လက်ကြီးသည် ချောက်နက်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဤသည်မှာ အားလုံးကို အံ့အားသင့်သွားစေသည်။ အထူးသဖြင့် သက်ရှည်မိသားစုများ၊ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ ကျွမ်းကျင်သူများပင်။ အကြီးအကဲအရှင်၏ ယူဆချက်များ မှန်သည်ဟု သူတို့ယုံကြည့်သွားကြသည်။

ယခုအချိန်သည် လောကနှစ်ခုကြားမှ လမ်းကြောင်း တကယ်ပွင့်မည့်အချိန်မဟုတ်လောက်သေး။ အထူးသဖြင့် တစ်ဖက်လောကမှ မသေမျိုးသက်ရှိများကို တွန်းကန်နေသည့် ဤနေရာတွင်ပင်။ ရန်သူများမှာ လောကကြီး၏ စွမ်းအားကြီး၏ တွန်းကန်အားကို ခံစားနေရသည်ပင်။

“အနီရောင်ကောင်းကင်မှာ ဘယ်လိုဇာတ်လမ်းမျိုးရှိနေလဲဆိုတာ မြန်မြန်စုံစမ်း .. ဒီမှာ ဘာ စစ်ပွဲမှတ်တမ်းတွေ ရှိနေတာလဲ .. သံသယရှိတဲ့အချက်တွေ အကုန်ရှာ .. ဒီနေရာက နည်းနည်းထူးဆန်းတယ် .. သူတို့အလောတကြီး ရောက်လာပြီးတော့ ငါတို့ကို ခြိမ်းခြောက်ချင်နေတာ .. ဒီမှာ သေချာပေါက် အရမ်းအရမ်းကြီးတဲ့ အကြောင်းပြချက်နဲ့ ထူးဆန်းမှုတွေ ရှိလိမ့်မယ်..” အကြီးအကဲအရှင် ပြောလိုကသ်ည်။

ဤကဲ့သို့ တွေးမိနေသည်မှာ သူတစ်ယောက်တည်းမဟုတ်။ ထာဝရကျောင်း၊ သက်ရှည်မိသားစုများနှင့် အလေးအမြတ်ကျောင်းမှ လူများလည်း ဤကဲ့သို့ တွေးနေကြသည်ပင်။

ရှေးဟောင်းစာအုပ်များကို ရှာဖွေရန်အတွက် လူအချို့အား တာဝန်ပေးလိုက်ကာ ချက်ချင်းထွက်သွားလိုက်သည်။

ဝုန်း..

ထိုအချိန်တွင် ထိုအနက်ရောင်ချောက်နက်ကြီးမှ လှုပ်ရှားလာကာ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်များစွာ ထွက်ပေါ်လာလေ၏။

သူတို့သည် ပျက်စီးသွားသည့် ကောင်းကင်၌ ရပ်နေကြလေ၏။ သူတို့သည် စွမ်းအားအကြီးဆုံး နတ်ဆိုးနတ်ဘုရားများကဲ့သို့ပင်။

“သူတို့လာပြီ .. တစ်ဖက်လောကက သတ္တဝါတွေ ငါတို့လောကထဲ အောင်အောင်မြင်မြင်ရောက်လာနိုင်ပြီ..” လူငယ်တစ်ယောက် အော်ဟစ်လိုက်သည်။

“ခွေးသားတွေ .. ငါတို့သူတို့ကို အစွမ်းကုန်တိုက်မှာ .. သူတို့အားလုံးကို ရှင်းပစ်လိုက်..” လူငယ်အချို့ ကြောက်ရွံ့ခြင်းမရှိပဲ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။

အခြားတစ်ဖက်တွင် သတ်ဖြတ်လိုသည့်စွမ်းအင်များမှာ ရေလှိုင်းတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားသည်။ ဤသည်မှာ လူအများစု၏ ဝိညာဉ်ကို မငြိမ်မသက်ဖြစ်စေကာ သူတို့လဲကျလုမတတ်ပင်။

ဤလူအုပ်စုမှာ စွမ်းအားကြီးလှသည်။ သူတို့အတူတကွ ရပ်လိုက်သည့်အချိန်တွင် ကြောက်စရာကောင်းသည့် နယ်ပယ်တစ်ခုဖြစ်လာသည်။

အလေးအမြတ်ကျောင်း၊ ထာဝရကျောင်းနှင့် သက်ရှည်မိသားစုမှ ကျွမ်းကျင်သူများသည် နှာခေါင်းရှုံ့လိုက်ကာ ထိုနယ်ပယ်ကို ခုခံရန်အတွက် နတ်ခွန်အားများကို ထုတ်လွှတ်လိုက်သည်။

ဤသည်မှာ နတ်ဆိုးဘုရင်အုပ်စုပင်။

“မင်းတို့အားလုံး မကျေနပ်ဘူးလား .. ဒါက မင်းတို့အားလုံးနဲ့ တိုက်ခိုက်နိုင်တဲ့ ငါ့လောကက လူငယ်မျိုးဆက်တွေပဲ .. ဘယ်လောက်ကွာခြားမှုရှိတယ်ဆိုတာ မင်းတို့ကြည့်ကြည့်လိုက်ပေါ့..” ချောက်နက်ကြီးထဲမှ ခံ့ညားသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုလူများ လမ်းလျှောက်လာသော်လည်း အနက်ရောင်မြူများ ပျောက်ကွယ်မသွားပေ။ သူတို့ခန္ဓာကိုယ်ကို မမြင်ရပဲ အရိပ်နက်များသာ မြင်ရသည်။

“ဘယ်သူတိုက်ခိုက်ရဲလဲ..” အနက်ရောင်အရိပ်ထဲမှ သတ္တဝါများမှ ပြောလိုက်သည်။

“မင်းတို့ရဲ့ ဘိုးဘေးတွေတောင် ရှုံးနိမ့်သွားတာ .. သူတို့ချန်ထားခဲ့တဲ့ မျိုးဆက်တွေက ပိုပြီးတော့တောင် မြင်မကောင်းရှုမကောင်းဖြစ်လာတာပဲ .. မင်းတို့တွေ ငါတို့ကို စိန်ခေါ်ရဲလား..” အနက်ရောင်မြူထဲမှ သတ္တဝါများသသည် သူတို့အား မျက်လုံးထဲပင် မထည့်ထားပေ။

ဤလောကမှလူများ မျက်မှောင်ကြုတ်သွားကြ၏။ အထူးသဖြင့် တိုက်သင့်မတိုက်သင့် ဆွေးနွေးနေကြသည့် သက်ရှည်မိသားစုမှလူများပင်။ သူတို့ ဒီမှာ တစ်ဖက်လောကကလူကိုစိန်ခေါ်သင့်လား..

သူတို့စိန်ခေါ်သင့်တယ်..

ခဏကြာပြီးသည့်နောက်တွင် သူတို့ သဘောတူညီချက်တစ်ခု လုပ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကမှလူများ မည်မျှစွမ်းအားကြီးသည်ကို သူတို့သိချင်နြေသည်ပင်။ သူတို့ လူလွတ်ပြီး တိုက်ခိုက်ခိုင်းရမည်။

“အကျဉ်းသားမျိုးဆက်တွေ .. မင်းတို့ဘိုးဘေးက ငါတို့ခြေထောက်အောက်ကို တွားသွားပြီး ဝင်လာခဲ့တာ .. ဒါပေမဲ့ မင်းတို့အားလုံးက အခုတိုက်တော့မှာလား .. ငါ့ရဲ့ကျင့်ကြံဆင့်က သာမန်ပဲ .. ဒါပေမဲ့ ဒါက မင်းတို့အားလုံးကို ဖိနှိပ်ပစ်ဖို့ လုံလောက်တယ် .. ဘယ်သူ ငါ့ကို စိန်ခေါ်ရဲလဲ..” ထိုအချိန်တွင် ချောက်နက်ကြီးထဲမှ အရပ်ရှည်ကာ ကြီးမားလှသည့် သက်ရှိတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ သူသည်သားရဲကဲ့သို့ မြေပြင်ပေါ်၌ ခြေထောက်လေးဖက်ရှိနေသည်ပင်။

သို့သော် ထိုအနက်ရောင်မြူများမှာ ထူးခြားလှပြီး သူတို့၏ခန္ဓာကိုယ်အစစ်ကို မမြင်နိုင်အောင် ဖုံးကွယ်ထားသည်။ ဤသည်မှာ ခြင်္သေ့လား ကျားလား မသိနိုင်။

“မင်းရဲ့ကျင့်ကြံဆင့်က သာမန်ပဲဆိုရင် ထွက်သွားလိုက်တော့ .. ငါတို့နဲ့တိုက်ဖို့ ကျွမ်းကျင်သူတစ်ယောက်ပို့လိုက်..” အလေးအမြတ်ကျောင်းမှ ဒေါသတကြီးသည့် လူအိုကြီးတစ်ယောက်‌ ပြောလိုက်သည်။

“ခင်ဗျားရဲ့ကလန် ပျောက်သွားချင်တာလား..” ထိုအနက်ရောင်ပုံရိပ်၏ နတ်စိတ်ဝိညာဉ်မှာ လေးနက်ကာ အေးစက်လှသည်။ ထိုစကားများကြောင့် သူဒေါသထွက်သွားသည်ပင်။

“မင်းတစ်ယောက်တည်းနဲ့ ဒီလိုကိစ္စမျိုးလုပ်ဖို့ မလုံလောက်ဘူး..” အလေးအမြတ်ကျောင်းမှ အကြီးအကဲ နှာခေါင်းရှုံ့လိုက်သည်။ “မင်းတို့တွေ တိုက်ချင်တယ်ဆိုရင်လည်း အစွမ်းအစရှိတဲ့သူတွေကို ထွက်လာခိုင်းလိုက် .. အဲဒါမှ မင်းတို့ရှုံးရင် ဖြေရှင်းချက်တွေ ပေးမနေရတော့မှာ..”

“ကောင်းပြီလေ .. အဲဒါဆိုရင်လည်း ငါတို့ လူတစ်ချို့လဲလိုက်မယ် .. မင်းတို့တွေ တကယ့်စစ်မြေပြင်မှာ တိုက်ခိုက်လို့ရတယ်..” ချောက်နက်ကြီးထဲမှ ခံ့ညားသည့်အသံ ထွက်ပေါ်လာသည်။

ထို့နောက် မြူထွက်လာကာ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။ ထိုသူအားလုံးတွင် အလွန်ကြောက်စရာကောင်းလှသည့် အသက်စွမ်းအင်များ ရှိနေသည်ပင်။ ဤသည်မှာ ယခင်က အုပ်စုထက် အနည်းငယ်ပို၍ ကြောက်စရာကောင်းသည်ပင်။

“နှိုင်းယှဉ်ကြတော့မယ်ဆိုတော့ ငါတို့ မျှမျှတတလုပ်ကြတာပေါ့ .. ငါနှစ်တစ်သန်း ကျင့်ကြံပြီးသွားပြီ .. ဘယ်သူငါနဲ့ တိုက်မလဲ..” ချောက်နက်ကြီးထဲမှ ပုံရိပ်တစ်ခု လမ်းလျှောက်ထွက်လာသည်။

ဤသက်ရှိမှာ အလွန်ကြောက်စရာကောင်းကြောင်း အားလုံး ခံစားမိသည်ပင်။

“ဆရာ .. ကျွန်တော် တိုက်ပါရစေ..” သေးသွယ်နှင့်မျက်နှာလူ လျှောက်လာသည်။ သူ၏မီးခိုးရောင်ဆံပင်များမှာ ပုခုံးထက်သို့ ဖြန့်ကျနေသည်ပင်။ သူသည် အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင်အား လေးလေးစားစားပြောနေခြင်းပင်။

အများစုမှာ ဤလူကို မသိကြသောကြောင့် အံ့အားသင့်နေကြသည်။

သို့သော်လည်း ကလန်ကြီးများမှ လူများမှာမူ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လာကြသည်။

“သူ … သူက အသက်ရှင်နေသေးတာလား .. ဒါ အဲဒီတုန်းကလူမလား .. သူ့ရဲ့သွေးစွမ်းအင်က ကောင်းကင်ဘုံကိုးခုကို တုန်လှုပ်စေနိုင်တယ်လေ .. သူက လွန်ခဲ့တဲ့နှစ်တစ်သန်းတုန်းက အလေးအမြတ်ကျောင်းမှ နံပါတ်တစ်လား၊ နှစ်လား မသိဘူးလေ..”

“ဘာ .. သူက ရှန်းဖုန်းလား .. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက သူရူးသွားပြီးတော့ တရားထိုင်ရင်းသေသွားပြီဆို..”

ရှေးဟောင်းမိသားစုမှလူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ဤသည်မှာ လွန်ခဲ့သည့်နှစ်တစ်သန်းမှ မျိုးဆက်ပင်။ သူသည် အတိတ်မှ အဆင့်လွန်မျိုးစေ့ဟု နာမည်ကြီးသည့်သူပင်။

ထို့အပြင် သူသည် အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင်၏ တပည့်ရင်းပင်။ သူ့မျိုးဆက်တွင် သူလူများစွာကို အနိုင်ယူနိုင်ခဲ့ပြီး သူနှင့်ယှဉ်နိုင်သည့်သူ တစ်ယောက်၊ နှစ်ယောက်သာ ရှိခဲ့သည်။

အမှန်တကယ်တွင် လူအချို့မှာ ရှင်းဖုန်းအား မသွားစေချင်ကြ။ သို့သော်လည်း သူထွက်လာပြီဖြစ်သောကြောင့် သူ့ကိုဆန့်ကျင်၍မကောင်းတော့။

ဖုန်းရှင်းထွက်လာခဲ့သည်။ သူသည် အနည်းငယ် အရပ်ပုသော်လည်း သူ၏သွေးစွမ်းအင်မှာ စွမ်းအားကြီးလွန်းလှ၏။ သူ့ဘေးပတ်လည်တွင် သွေးရောင်ကြယ်များ ရစ်ပတ်ထားသကဲ့သို့ပင်။

ကြောက်စရာကောင်းသည့် စွမ်းအားလှိုင်းများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

“သူက အလေးအမြတ်ကျောင်းက အကြီးအကဲအရှင်ရဲ့ တပည့်ရင်းပဲ ..သူက နှိုင်းယှဉ်လို့မရလောက်အောင်ကို စွမ်းအားကြီးတယ် .. လွန်ခဲ့တဲ့နှစ်တစ်သန်းက မျိုးဆက်ကိုကိုယ်စားပြုလို့ရတယ်..” လူများစွာ ခေါင်းညိမ့်လိုက်သည်။ ဤသည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်။

အခြားတစ်ဖက်တွင်ရှိနေသည့်‌ ချောက်နက်ကြီးထဲမှ သက်ရှိလည်း ထွက်လာသည်။

သူသည် မသေမျိုးသက်ရှိမဟုတ်သေး။ ပြောရမည်ဆိုလျှင် သူ၏ကျင့်ကြံဆင့်မှာ ဤလောကမှ ကန့်သတ်လောက်အောင်ထိ မလုံလောက်သေး။ အနည်းဆုံးတော့ ထိုချောက်နက်ကြီးရှေ့တွင် သူဤလောက၏ သဘာဝဥပဒေသများကို ခံစားရမည်မဟုတ်။ ထိုနေရာမှာ လက်ရှိတွင် သူတို့လောကဘက်ခြမ်းဖြစ်နေသည်ပင်။

“ငါ့နာမည်က ရှင်းဖုန်း .. လာခဲ့လိုက်..” ဖုန်းရှင်း ပြောလိုက်သည်။

“မင်းဘယ်သူလဲဆိုတာ ငါစိတ်မဝင်စားဘူး … ငါက မင်းကိုသတ်ဖို့ပဲလာတာ..” တစ်ဖက်မှသက်ရှိပြောလိုက်သည်။ သူသည် လူသားပုံစံဖြစ်သော်လည်း သူ၏နဖူးတွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိနေသည်ပင်။ ဒေါင်လိုက်မျက်လုံး စုစုပေါင်းကိုးလုံးရှိနေသည်ပင်။

ဤဘက်တွင်ရှိနေသည့်သူအားလုံး ထိတ်လန့်သွားရသည်။ ဒီလူက မောက်မာတာလား .. ဒါမှမဟုတ် သူတို့ကို စော်ကားတာလား ..

“သတ်..” ရှင်းဖုန်း သူ၏ အကောင်းဆုံးခွန်အားကို အသုံးပြုလိုက်သည်။ သွေးစွမ်းအင်များမှာ သက်တံ့တစ်ခုကဲ့သို့ သူ၏ဦးခေါင်းမှ ထွက်ပေါ်လာသည်။

ကျွမ်းကျင်သူနှစ်ယောက် အတူတကွ ရပ်လိုက်သည့်အချိန်တွင် ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည်ပင်။

ဓားစွမ်းအင်များ ထွက်ပေါ်လာကာ ကြယ်များကို ခြွေချပစ်လေသည်။

သို့သော် အချက်တစ်ရာ တိုက်ပြီးသည့်နောက်တွင် ညည်းတွားသံတစ်သံ ထွက်ပေါ်လာကာ သွေးများပန်းထွက်လာသည်။ ဖုန်းရှင်း နောက်ဆုတ်လိုက်သည်။

သူ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားလေပြီ။

“ဒီထက် မပိုဘူးပဲ..” ထိုသက်ရှိ အရှေ့လျှောက်လာကာ ဆက်လက်တိုက်ခိုက်ကြလေ၏။

“အား..” ရှန်းဖုန်း ဟစ်ကြွေးလိုက်သည်။ သူ၏ပျက်စီးသွားသည့်လက် ပြန်ထွက်လာပြီဖြစ်သည်။

ဖူး..

အခြား အချက်ငါးဆယ် တိုက်ခိုက်ပြီးသည့်နောက်တွင် ရှင်းဖုန်း၏မျက်လုံးတွင် ဝိညာဉ်ကင်းမဲ့သွားကာ သူ၏ဒွါရ ၇ ပေါက်မှ သွေးများစီးကျလာသည်။ သူစကားမပြောနိုင်တော့။ သူ၏မျက်ခုံးကြားသည် တစ်ဖက်လူ၏ လက်သီးချက်တစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရကာ သူ၏မူလဝိညာဉ်လည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည်။

“ရှင်းဖုန်း..” အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ပါးစပ်ထဲမှ ပါးစပ်အပြည့် သွေးအန်သွားလေပြီ။

အားလုံး ထိတ်လန့်သွားရသည်။ ဤသည်မှာ လွန်ခဲ့သည့်နှစ်တစ်သန်းက ထိပ်ဆုံး ၃ ယောက်ထဲတွင် ပါခဲ့သည့် အဆင့်လွန်သက်ရှိပင်။ သို့သော် ယခုတော့ သူသည် တစ်ဖက်လူ၏ သတ်ခြင်းကို ခံလိုက်ရလေပြီ။

“ဝိုး .. ငါ ငါ့လောကက ပညာတွေတောင် မသုံးရသေးဘူး .. မင်းတို့လောကက ပညာတွေပဲ သုံးရသေးတာ..” ထိုသက်ရှိပြောလိုက်သည်။ ထို့နောက် သူသည် ရှင်းဖုန်းအလောင်းကို ဘေးဘက်သို့ လွှတ်ပစ်လိုက်ပြီး သူ့ဘက်သို့ ပြန်သွားလိုက်သည်။

မျိုးဆက်တစ်ခုကို လွှမ်းမိုးနိုင်တဲ့သူဖြစ်တဲ့ ရှင်းဖုန်းက ဒီလိုပုံစံနဲ့ သေသွားတာလား .. အားလုံးမှာ သူတို့မြင်လိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေကြသည်။

ဤကဲ့သို့သော အဆုံးအဖြတ်တိုက်ပွဲမျိုးတွင် မည်သူမှ ဝင်မနှောက်ယှက်ရဘူးဟု သဘောတူထားသောကြောင့်သာ။ မဟုတ်ပါက အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင် တိုက်ခိုက်ပြီးနေပြီဖြစ်သည်။ ဤသည်မှာ သူ၏တပည့်ရင်းဖြစ်သောကြောင့် သူ့အား အလွန်ဝမ်းနည်းပူ‌ဆွေးစေသည်ပင်။

အခြားသူများလည်း လက်ခံနိုင်ရန် ခက်ခဲနေသည်ပင်။

“မင်း ဘယ်သူလဲ .. တစ်ဖက်လောကမှာ မင်းက ဘယ်အဆင့်ရှိတာလဲ…” အလေးအမြတ်ကျောင်းမှ လူတစ်ယောက်မေးလိုက်ခြင်းပင်။ သူ၏မျက်လုံးများ နီရဲနေလေသည်။

“ငါ့နာမည်က တိထော် .. လွန်ခဲ့တဲ့နှစ်တစ်သန်းက ငါ့ရွယ်တူတွေထဲမှာတော့ ငါက အဆင့် ၁၉ ပဲရှိတာ..” ထိုသို့ပြောပြီးသည်နောက် သူ ချောက်နက်ကြီးဘက်သို့ လှည့်သွားသည်။

ယခုအချိန်တွင် ဤနေရာမှာ လုံးဝတိတ်ဆိတ်သွားသည်။ သူတို့ ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်။ အဆင့် ၁၉ ရှိသည့်သူတစ်ယောက်သည် သူတို့လောကမှ အဆင့်သုံးထဲဝင်သည့် ကျွမ်းကျင်သူကို သတ်သွားသည်။ ဤသည်မှာ မည်မျှပင် ကြောက်စရာကောင်းလိုက်သနည်း..

ထိုအချိန်တွင် ချောက်နက်ကြီးထဲမှ အခြားတစ်ယောက်ထွက်လာကာ “ငါ နှစ်ငါးသိန်းကျင့်ကြံခဲ့တာ .. ဘယ်သူ ငါနဲ့တိုက်မလဲ..”

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုဘက်မှ လူတစ်‌ယောက်လည်း အော်ဟစ်လာသည်ပင်။ “ငါ နှစ် ၂၀ ကျင့်ကြံခဲ့တာ .. ဘယ်သူ ငါနဲ့ တိုက်ရဲလဲ..”
အပိုင်း ၁၅၂၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၂ – ချူးရှန်းဟဲ

အသံနှစ်သံ တစ်ချိန်တည်း ထွက်ပေါ်လာသည်။

ချောက်နက်ကြီးထဲမှ သက်ရှိကြီးထွက်လာသည်နှင့် မြေပြင်ကြီး အနည်းငယ် တုန်ခါသွားသည်။ ထိုသူကို အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် သွေးရောင်အလင်းဖျော့လေးတစ်ခုသည် ကွင်းတစ်ခုကဲ့သို့ဖြစ်ပြီး သူ့အား ရစ်ပတ်ထားသည်ပင်။

ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။ ဤသည်မှာ နတ်သွေးကွင်းဖြစ်သောကြောင့် ဤသည်မှာ သူမရေမတွက်နိုင်သည့် သက်ရှိများကို သတ်ထားသည်ဟု ဆိုလိုခြင်းပင်။

ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုဘက်တွင်ရှိနေသည့်လူများသည် အသံလာရာသို့ ကြည့်လိုက်ကြသ်ည။ ဤသည်မှာ ထာဝရရွှေရှေးဟောင်းသင်္ဘောပေါ်မှ ထွက်လာခြင်းပင်။ ထိုသင်္ဘောပေါ်တွင် လူငယ်အားလုံးရှိနေသည်ပင်။

လူအချို့ ရှီဟောင်အား ကြည့်လိုက်ကြသည်။ သို့သော် ပြောလိုက်သည့်သူမှာ သူမဟုတ်။

တစ်ဖက်လောကမှ နတ်ဆိုးနတ်ဘုရားနှင့်တူသည့် သက်ရှိများလည်း ဤနေရာသို့ ကြည့်လာကြသည်။

“မင်းတို့အားလုံး ဘာကြည့်နေကြတာလဲ .. မင်းတို့မျက်စိတွေ စွေကုန်ပြီလား .. ဒီဘုရင်ကြီးက ဒီမှာ..” မိုးခြိမ်းသံနှင့်တူသည့် အသံမှာ ရှီဟောင်၏ပါးစပ်မှ ထွက်လာခြင်းမဟုတ်။ ရှီဟောင်၏ပုခုံးပေါ်မှ လာခြင်းဖြစ်သည်။

နောက်ဆုံးတော့အားလုံး နားလည်သွားလေပြီ။

လူများစွာမှာ သူတို့ကောင်းကင်မျက်လုံးကို ဖွင့်ပြီး သေချာကြည့်ရုံသာ တတ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် ပါးစပ်ဟပြီး ပြောနေသည့်သတ္တဝါလေးမှာ သေးငယ်လှသည်။

အော်ဟစ်လိုက်သည့်သူမှာ ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးပင်။

သူသည် တစ်ဖက်လောကမှလူကို အရိုးထဲထိတိုင်‌အောင် မုန်းတီးနေသည်ပင်။ သူ၏အဖေ၊ အမေနှင့် မောင်နှမများအားလုံး ဟဲဝမ်ရှန်းတစ်ယောက်တည်းကြောင့် သေဆုံးခဲ့ကြရခြင်းပင်။

ချောက်နက်ကြီးရှေ့တွင်ရှိနေသည့် ထိုသတ္တဝါများ အေးခဲသွားရသည်။ “ကောင်းကင်ဦးချိုပုရွက်ဆတ်လူမျိုးစုက မျိုးမတုန်းသေးဘူးလား..” သူတို့ထဲမှ တစ်ယောက် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“ငါ့ရဲ့ ကောင်းကင်ဦးချိုပုရွက်ဆိတ်လူမျိုးစုက ရှေးကတည်းက ရှိလာခဲ့တာ .. ဘယ်လိုလုပ် မျိုးတုန်းနိုင်မှာလဲ .. ငါ မင်းတို့ဘက်ရောက်လာမယ့်အချိန်ကိုသာ စောင့်နေလိုက် .. မင်းတို့ခေါင်းကို မဖြတ်ခင် လည်ပင်းကို‌သေချာရေဆေးထားလိုက်..” ပုရွက်ဆိတ်လေး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒီဘက်မှာ ဘယ်သူမှ မရှိတော့ဘူးလား .. အရွယ်မရောက်သေးတဲ့ပိုးကောင်လေးကိုတောင် လာတိုက်ခိုင်းတာလား..” ချောက်နက်ကြီးဘက်မှ တစ်စုံတစ်ယောက်‌ အေးစက်စွာ ပြောလိုက်သည်။

ဤလူများမှာ အကြင်နာတရားကင်းမဲ့သည့်သူများပင်။ သူတို့စကားပြောလိုက်သည့်အချိန်တိုင်း တစ်ဖက်လူ မသက်မသာခံစားရအောင် ပြောနေကြသည်ပင်။ သူတို့ အောင်မြင်ထားသောကြောင့် သူတို့ကို ပြန်ပြောရန် ခက်ခဲနေသည်ပင်။

“အဓိပ္ပာယ်မရှိတာ .. ဒီဘုရင်ကြီးကျင့်ကြံလာတာ နှစ် ၂၀ ရှိပြီ .. အနည်းဆုံးတော့ ၁၈ နှစ်၊ ဒါမှမဟုတ် ၁၇ နှစ် ရှိပြီ .. ဘယ်သူငါနဲ့တိုက်ရဲလဲ..” ကောင်းကင်ဦးချိုပုရွက်ဆိတ် ဆူညံစွာပင် အော်ဟစ်လိုက်၏။’

အားလုံး ဆွံ့အသွားရသည်။ သူ့ရဲ့ကျင့်ကြံတဲ့အသက်ကိုတောင် လျှော့ပြောနေတာဆိုတော့ ဒီပုရွက်ဆိတ်က ယုံလို့ရရဲ့လား..

“ပြဿနာမရှာနဲ့..” အကြီးအကဲမှ တိတ်ဆိတ်ပြောလိုက်ပြီး သူ့အား စကားထပ်ပြောခွင့်မပေးတော့။

ပုရွက်ဆိတ်လေး၏ ရန်သူကို တိုက်ခိုက်ကာ အနိုင်ယူချင်သည့် ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း သူယခုထိ အရွယ်မရောက်သေး။ သူ့ကို လူငယ်မျိုးဆက်ဟုပင် သတ်မှတ်၍မရသေး။

“ဒါပေမဲ့ ကျွန်တော် တိုက်ချင်တယ်..” ပုရွက်ဆိတ်လေး အလွန်ခေါင်းမာနေသည်။

“မင်းတိုက်ချင်ရင် မင်းတိုက်ရမယ့်အချိန် ရောက်လာလိမ့်မယ် .. အခုက မင်းအတွက် မဟုတ်သေးဘူး .. မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျွမ်းကျင်သူတွေ ထွက်ပေါ်လာတယ်ဆိုတာ မင်းလည်း မြင်နေတာပဲ .. တစ်နေ့ကျရင်တော့ သေချာပေါက် မင်းအလှည့်ရောက်လာလိမ့်မယ်..” အကြီးအကဲအရှင် ပြောလိုက်သည်။

စစ်သင်္ဘောပေါ်တွင်ရှိနေသည့် အဆင့်လွန်လူငယ်အားလုံး တုန်လှုပ်သွားရသည်။ သူတို့အားလုံး လက်သီးများကို ဆုတ်လိုက်ပြီး တစ်ဖက်ရှိ အနက်ရောင်မြူများကို ကြည့်လိုက်သည်။

“ဘယ်သူ ငါနဲ့ တိုက်ရဲလဲ..” အမှောင်ထုထဲတွင်ရှိနေသည့် ထိုသတ္တဝါမှ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

နာမည်ကြီးသည့် ရန်သူဟောင်းထွက်လာသောကြောင့် သူတို့ ပုရွက်ဆိတ်လေးကို ထွက်ခိုင်းစရာအကြောင်းမရှိ။ တစ်ခဏမျှ ဆူဆူပူပူဖြစ်သွားအောင် လုပ်လိုက်နိုင်သော်လည်း ဤသည်မှာ အဓိပ္ပာယ်မဲ့နေဆဲပင်။

“ငါ မင်းနဲ့တိုက်မယ်..”

ထိုအချိန်တွင် ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက် လျှောက်လာသည်။ သူ၏အသားအရေမှ အဝါရောင်ဖြစ်ပြီး သူ၏ဆံပင်များမှာ မီးခိုးရောင်ပင်။ သူ၏ခန္ဓာကိုယ်‌ ခြောက်သွေ့နေပြီဖြစ်ပြီး သူသည် တစ်လှမ်းချင်းပင် လျှောက်လာလေ၏။

သူတို့ ပြေးစရာမြေမရှိသလို ဤတိုက်ပွဲကို ရှောင်လွှဲ၍မရ။ တစ်ဖက်လောကမှ လူများထွက်လာပြီဖြစ်သောကြောင့် သူတို့ဘက်ကသာ ထွက်မလာလျှင် ဤသည်မှာ သူတို့ယုံကြည်ချက်ကို အတော်လေး ထိခိုက်သွားမည်ပင်။

ဒီလူက ဘယ်သူလဲ .. လူများစွာ သူ့ဘက်သို့ ကြည့်လိုက်သည်။

သူ့ထံတွင် ထူးခြားသည့်အော်ရာမရှိ။ သူသည် သာမန်သေမျိုးလောကမှ ဖျားနာနေသည့် လူအိုကြီးနှင့်တူနေသည်။

လူများစွာမှာ သူမည်သူဖြစ်သည်ကို ခန့်မှန်းနေကြသည်ပင်။

“ချူးရှန်းဟဲ..”

သူ့ကို တစ်ယောက်မှ မမှတ်မိစရာအကြောင်းမရှိ။ အချို့လူများမှာ သူ့ကိုမှတ်မိသွားကာ စိတ်လှုပ်ရှားလာကြသည်။

“ချူးရှန်းဟဲ … သူက ဘယ်သူလဲ .. ဘာလို့ သူ့နာမည်ကို တော်တော်လေး ရင်းနှီးတယ်လို့ ခံစားနေရတာလဲ .. ဒါပေမဲ့ ငါမမှတ်မိနိုင်ဘူးဖြစ်နေတယ်..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ဤလူမှာ သေချာပေါက် ထူးခြားသည့်သူပင်။ သို့သော်လည်း သူ၏ဂုဏ်သတင်းမှာ သိပ်မကြီးပဲ လူများစွာလည်း သူဘယ်လိုအောင်မြင်ခဲ့သည်ကို မမှတ်မိနိုင်ဖြစ်နေသည်။

“ချူးရှန်းဟဲဆိုတာ တောတောင်နဲ့မြစ်တွေကို ဝါးမြိုနိုင်တဲ့အော်ရာရှိတဲ့သူ၊ အရှင်သခင်တစ်ယောက်ရဲ့ ခွန်အားရှိတဲ့သူ .. တစ်ခြားသူတစ်ယောက်နဲ့တွဲပြီးတော့ သူ့ကို ပြိုင်ဘက်ကင်းတဲ့စုံတွဲလို့ ပြောကြတဲ့သူ..”

“ငါမှတ်မိပြီ .. ကောင်းကင်ထက်က နေလုံးကြီးနဲ့တူတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့သူ .. ဒါပေမဲ့ သူပေါ်လာတဲ့အချိန်က အရမ်းကို တိုတောင်းလွန်းတယ် .. ကောင်းကင်ပေါ်ကို ဥက္ကာခဲဖြတ်ပျံသွားသလို မြန်မြန်ပျောက်သွားခဲ့တာ..”

ဤစကားသံများ ကြားလိုက်ရသည်နှင့် အားလုံး ချူးရှန်းဟဲ၏ နောက်ခံကို မှတ်မိသွားကြသည်။

သူသည် ထာဝရကျောင်းမှ ပျိုးထောင်ခဲ့သည့် ထူးချွန်သည့်သူရဲကောင်းတစ်ဦးပင်။ သူသည် ထိုခေတ်၌ တောက်ပခဲ့သည့်သူပင်။ သို့သော်လည်း နောက်ပိုင်းတွင် ကိစ္စအချို့ဖြစ်ပျက်ခဲ့ပြီး တုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုများ ဖြစ်ခဲ့သည်ပင်။

အမှန်တကယ်တွင် ဤကိစ္စ၌ ချူးရှန်းဟဲသာမက အခြားလူငယ်ဘုရင်အချို့လည်း ပါဝင်သည်ပင်။

ထိုနှစ်က ချူးရှန်းဟဲနှင့် အခြားသူ ၇ ယောက်တို့သည် ထာဝရဘုရင်တစ်ယောက် ကျန်ရစ်ခဲ့သည့် လက်နက်ကို ရှာဖွေရန်အတွက် အလွန်အန္တရာယ်များသည့် ကန့်သတ်နေရာတစ်ခုသို့ သွားခဲ့ကြသည်။ ဤလူများမှာ အလွန်နုံအကာ အပြစ်ကင်းလှပြီး ကျားကိုမကြောက်သည့်နွားပေါက်လေးများကဲ့သို့ ဖြစ်ခဲ့သည်ပင်။

သူတို့ထွက်သွားသည်နှင့် ဤသည်မှာ သူတို့အတွက် သေကွဲဖြစ်သွားသည်ပင်။ ချူးရှန်းဟဲတစ်ယောက်သာ အသက်ရှင်လျက် ပြန်လာနိုင်ပြီး အခြားသူများ ရှင်းလင်းခံလိုက်ရသည်။

ထို့အပြင် ချူးရှန်းဟဲလည်း နေမကောင်းဖြစ်သွားကာ ယခင်က သူ၏လွှမ်းမိုးမှုများလည်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူပျောက်ကွယ်သွားခဲ့သည်။

သူရခဲ့သည့် စိတ်ဒဏ်ရာမှာ အတော်လေး ကြီးမားလှသောကြောင့် သူ၏ယှဉ်ပြိုင်လိုသည့်စိတ်များလည်း ပျောက်ဆုံးသွားသည်။ သူ၏ရဲဘော်ရဲဘက်များ သေဆုံးသွားခြင်းမှာ သူ့အား ရူးသွပ်သွားစေခဲ့သည်ပင်။

ထို ၇ ယောက်လုံးမှာ ထိုမျိုးဆက်မှ စွမ်းအားအကြီးဆုံးသူများဖြစ်ပြီး ထိုထဲမှ တစ်ယောက်မှာ သူနှင့်ယှဉ်နိုင်ပြီး သူတို့နှစ်ဦးကို ပြိုင်ဘက်ကင်းစုံတွဲဟု ပြောကြသည်ပင်။

သူသည် လွန်ခဲ့သည့် နှစ်ငါးသိန်းက ဤကဲ့သို့ ထူးချွန်ခဲ့သည့်သူပင်။ အချိန်အကြာကြီး မေ့လျော့ခံနေရသည့် ချူးရှန်းဟဲသည် သတ္တိရှိရှိဖြင့်ပင် ရှေ့တိုးလာနေလေ၏။

“ရှန်းဟဲ .. မင်းခန္ဓာကိုယ်မှာ ပြဿနာတွေ ရှိနေတယ် .. ဒါက ဘယ်တော့မှာ ပျောက်မှာမဟုတ်ဘူး..” ထာဝရကျောင်းမှ အကြီးအကဲ စိုးရိမ်စွာ ပြောလိုက်သည်။

“ကျွန်တော် တိုက်နိုင်ပါတယ်..” ချူးရှန်းဟဲ ပြောလိုက်သည်။

သို့သော်လည်း နတ်ခွန်အားကို အသက်သွင်းလိုက်ကာ သူ့ခန္ဓာကိုယ် တောက်ပလာသည်နှင့် သူ၏အဝါရောင်မျက်နှာရှိ နှုတ်ခမ်းထောင့်တွင် သွေးစီးကျလာသည်။

အားလုံး စိတ်လေးလံသွားရသည်။ သူက တိုက်တောင်မတိုက်သေးဘူး ဒဏ်ရာက ပေါ်လာပြီ .. သူဘယ်လိုတိုက်မှာလဲ..

“ရှန်းဟဲ .. မသွားနဲ့ .. မင်းရဲ့အခြေအနေက မကောင်းဘူး .. မင်းဒဏ်ရာတွေက မကောင်းသေးဘူး..” ထာဝရကျောင်းမှ အကြီးအကဲအရှင် သူ့အား တားဆီးလိုက်သည်။

ဘယ်လိုဒဏ်ရာမျိုးမို့လို့ နှစ်ငါးသိန်းကြာတာတောင် မပျောက်သေးတာလဲ .. ထာဝရကျောင်းက စွမ်းအားကြီးတဲ့ အကြီးအကဲတွေတောင်မှ သူ့ဒဏ်ရာကို ကုသပေးမယ့် နည်းလမ်းမရှိဘူးလား .. ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

“ရတယ် .. ကျွန်တော်တိုက်နိုင်တယ် .. ဒီဖျားနာမှုက ကျွန်တော်နဲ့တစ်ချိန်လုံး ရှိနေတာ .. ဒါက ကျွန်တော့်ကို သွေးပေးတဲ့ကျောက်တုံးလိုတောင် ဖြစ်နေပြီ .. ဒါက ဒီစစ်ပွဲကို ထိခိုက်စေမှာမဟုတ်ဘူး..” ချူးရှန်းဟဲ ဆက်သွားနေဆဲပင်။

“ငါနားလည်ပြီ .. ဒါက ကောင်းကင်ဘုံကိုးခုက ကန့်သတ်နယ်မြေမှာ ရှိတဲ့ ဖျားနာမှု .. သူတို့တွေ အနက်ရောင်နဲ့အဖြူရောင် သေခြင်းနဲ့ရှင်ခြင်းအလင်း နှစ်မျိုးလုံးနဲ့ ရိုက်ခတ်ခံလိုက်ရတာလို့ ငါကြားဖူးတယ် .. သူပဲ အသက်ရှင်လျက် ထွက်လာနိုင်တာ..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

အားလုံး သက်ပြင်းချလိုက်ကြသည်။ ချူးရှန်းဟဲ တိုက်ခိုက်ရန် ရွေးချယ်ရခြင်းမှာ သူအလွန်ခေါင်းမာသောကြောင့်မဟုတ်ပေ။ အခြားသူများထွက်လာပါက သူတို့ အရှုံးကြီးရှုံးလောက်သည်။

မည်သို့ပင်ဖြစ်စေ သူသည် မျိုးဆက်တစ်ခု၏ နံပါတ်တစ် ဖြစ်ခဲ့သည်ပင်။ သူ၏ခန္ဓာကိုယ်၌ ပြဿနာရှိနေသော်လည်း သူ၏ကျင့်ကြံခြင်းကို မရပ်တန့်ခဲ့ပေ။ ထို့ကြောင့် သူနိုင်နိုင်ချေ ပိုများသည်။

ရွေးစရာမရှိသောကြောင့်သာ သူ တိုက်ခိုက်ရန် ရွေးချယ်လိုက်ရခြင်းပင်။

အခြားတစ်ဖက်ရှိ ချောက်နက်ကြီးထဲမှ ထိုသက်ရှိ လမ်းလျှောက်လာသည်။ သူ၏ခြေသံမှာ လေးလံလွန်းလှသောကြောင့် ဤသည်မှာ အားလုံး၏ နှလုံးထဲ လျှောက်နေသကဲ့သို့ပင်။

အား..

တစ်စုံတစ်ယောက်သည် မတောင့်ခံနိုင်တော့ပဲ နာကျင်စွာ အော်ဟစ်လိုက်သည်။ ဤခြေသံများမှာ ကြောက်စရာကောင်းလှသည်။ သူတို့ ရင်ဘတ်နင်းခံရပြီး နှလုံးကို‌ ချေခံနေရသကဲ့သို့ပင်။ နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။

အချို့သူများမှာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာလေ၏။

ဝူး..

ချူးရှန်းဟဲ လျှောက်လာကာ သူ၏အင်္ကျီလက် ဝေ့ရမ်းလိုက်သည်နှင့် လေပြင်းများ တိုက်ခတ်လာပြီး ဤနေရာကို လွှမ်းခြုံသွားကာ ထိုခြေသံများကို ဖြတ်တောက်လိုက်သည်။

“သွေးစီးကျနေတဲ့ နတ်စက်ကွင်း..” ချူးရှန်းဟဲ တစ်ဖက်သတ္တဝါကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ခန္ဓာကိုယ်ကို မြူများအုံ့ဆိုင်းနေသည့်အပြင် သွေးရောင်အလင်းမှ ဖြစ်ပေါ်လာသည့် နတ်စက်ကွင်းတစ်ခုလည်း ရှိနေသည်။

ဤသည်မှာ သူ မရေမတွက်နိုင်သည့် သက်ရှိများကိုသတ်ပြီးနောက် ထိုသက်ရှိများ၏ သွေးစွမ်းအင်များကို စုစည်းခြင်းမှ ဖြစ်ပေါ်လာသည့် စက်ကွင်းပင်။

“လာခဲ့..” ထိုသက်ရှိ ပြောလိုက်၏။ သူသည် လူသားခန္ဓာကိုယ်ဖြင့်ပင်။

ဝုန်း..

တိုက်ပွဲမှာ ထိုကဲ့သို့ပင် စတင်သွားလေ၏။ သူတို့တိုက်ခိုက်ကြသည်နှင့် အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းများ ဖြစ်ပေါ်လာသည်။

သူတို့လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှသောကြောင့် သူတို့ တိုက်ခိုက်ကြသည်ကို လူအတော်များများ ရှင်းရှင်းလင်းလင်း မမြင်ရ။ ကောင်းကင်ထက်၌ အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကိုသာ တွေ့ရသည်။

ဤသည်မှာ ပြင်းထန်လွန်းလှသည်ပင်။ ကျွမ်းကျင်သူနှစ်ယောက်သည် နေနှင့်လ အရောင်မှိန်သွားသည်အထိပင် တိုက်ခိုက်နေကြလေ၏။

ခွပ်..

အနက်ရောင်လျှပ်စီးများ ပေါ်လာကာ မိုးများလည်း ရွာသွန်းကျလာပြီး လောကကြီးတစ်ခုလုံးကို နီရဲသွားစေ၏။

ဤသည်မှာ သွေးမိုးပင်။ ဤသည်မှာ ပုံမှန်မြင်ကွင်းတစ်ခုမဟုတ်။ ကောင်းကင်ကြီးငိုနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး တိုက်ခိုက်ကြသည်မှာ ပြင်းထန်လွန်းလှသောကြောင့် ဤနေရာတွင် သေဆုံးခဲ့ရသည့် ရှေးဟောင်ဝိညာဉ်များနှင့် သူရဲကောင်းဝိညာဉ်များကို ထိတ်လန့်သွားစေသည်။ အလကားသေဆုံးသွားခဲ့ရသည့် ထိုကျွမ်းကျင်သူများ၏ ဝိညာဉ်များလည်း သူတို့နှင့်အတူ ငိုကြွေးလာကြသည်ပင်။

ပြိုင်ဘက်ကင်းသည့် သူရဲကောင်းများမှလွဲလျှင် ဤကဲ့သို့သောမြင်ကွင်းမျိုးကို အတော်များများ မမြင်ဖူးကြ။

ချူးရှန်းဟဲနှင့် သူ၏ပြိုင်ဘက်မှာ ထူးခြားလှသည်မှာ သေချာ၏။

၁၀၀၊ ၁၅၀ …

တိုက်ပွဲမှာ ပို၍ ပြင်းထန်လာပြီး အချက် ၂၀၀ ရောက်လုနီးပါးဖြစ်လာလေပြီ။ နတ်စွမ်းရည်မျိုးးစုံ ပေါ်လာပြီး သူတို့နှစ်ဦး သူသေကိုယ်သေ တိုက်ခိုက်နေကြသည်ပင်။

“အဟွတ်..” ချူးရှန်းဟဲ သွေးအန်သွားကာ သူ့မျက်နှာ ပို၍ ဝါဝင်းလာသည်။

“အဆုံးသတ်ကြတာပေါ့..” တစ်ဖက်သက်ရှိ‌ အော်ဟစ်လိုက်သည်။ သူ့ကို ပတ်ထားသည့် သွေးစက်ကွင်းသည် လက်နက်တစ်ခုဖြစ်သွားကာ ချူးရှန်းဟဲထံသို့ ဦးတည်လာသည်။

ဤသည်ကို ရှောင်ရန်မှာ မဖြစ်နိုင်ပေ။ ရွှီးဟူသည့်အသံနှင့်အတူ ထိုစက်ကွင်းသည် ချူးရှန်းဟဲအား ရစ်ပတ်သွားပြီး သူ့ခန္ဓာကိုယ်အား တစ်စစီဖြစ်အောင် လုပ်တော့မည်။

“ဒီ သွေးရောင်နတ်စက်ကွင်းကို ဘာလို့ ရှောင်လို့မရတာလဲ..” အနောက်ဘက်မှ လူများ ထိတ်လန့်တကြား အော်ဟစ်လာကြသည်။ နောက်ထပ် အဆင့်လွန်သက်ရှိတစ်ယောက် သေတော့မှာလား..

ရှင်းဖုန်း သေဆုံးသွားခြင်းမှာ သူတို့ယုံကြည်ချက်အား အတော်လေး ရိုက်ခတ်သွားသည်ပင်။ ချူးရှန်းဟဲလည်း‌ သေသွားပါက ဤသည်မှာ ပို၍ဆိုးလာသည်မှာ သံသယဖြစ်စရာမလို။ လွန်ခဲ့သည့် နှစ်ငါးသိန်းမှ နံပါတ်တစ် ပုဂ္ဂိုလ်ပင် ပြိုင်ဘက်မဟုတ်ဘူးဆိုပါက ဤသည်မှာ ပို၍ခါးသီးသွားလိမ့်မည်။

ချူးရှန်းဟဲ ခန္ဓာကိုယ် တောင့်တင်းသွားကာ တိုက်ခိုက်ရန် ခက်ခဲသွားသည်။ ထို့အပြင် သူ၏နှုတ်ခမ်းထောင့်မှ သွေးများပို၍စီးကျလာသည်။

တစ်ဖက်မှ သက်ရှိ အော်ဟစ်ကာ လေထဲသို့ ခုန်တက်လာသည်။ သူ၏လက်တစ်ဖက်မှာ ချူးရှန်းဟဲ၏ ဦးခေါင်းထံသို့ ဦးတည်နေသည်ပင်။ ထိုရိုက်ချက်သာ ကျရောက်သွားပါက ချူးရှန်းဟဲ၏ မူလဝိညာဉ်သေချာပေါက် ပျက်စီးသွားမည်ပင်။

ရွှီး..

ထိုအချိန်တွင် ချူးရှန်းဟဲ၏ အဝါရောင်ခန္ဓာကိုယ် ပြောင်းလဲသွားကာ အဖြူနှင့်အနက်အလင်းနှစ်မျိုး ထုတ်လွှတ်လာသည်။ ရွှမ်းဟူသည့်အသံနှင့်အတူ သွေးရောင်နတ်စက်ကွင်း ပျက်စီးသွားကာ သူ၏ပြိုင်ဘက်ကို ရင်ဆိုင်လာလေ၏။

ဖူးဟူသည့်အသံနှင့်တူ သွေးများလွင့်စင်ထွက်လာသည်။ ထိုသက်ရှိသည် ဒေါသတကြီး ဟစ်ကြွေးပြီးနောက် ကြောက်ရွံ့စွာဖြင့်ပင် နောက်ပြန်ဆုတ်သွားသည်။

သို့သော်လည်း ဤသည်မှာ နောက်ကျသွားလလေပြီ။ အဖြူနှင့်အနက်ရောင်အလင်းများ သူ့ခန္ဓာကိုယ်ကို ထိုးခွဲသွားသည်။ သူ၏မျက်ခုံးကြားမှစကာ တစ်ကိုယ်လုံး အက်ကွဲသွားကာ အပိုင်းပိုင်းအစစဖြစ်သွားလေ၏။

“အဲဒါက ဘာကြီးလဲ..” လူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချူးရှန်းဟဲ အခြေအနေကို ဤကဲ့သို့ ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု မထင်ထားခဲ့။ ဤသည်မှာ မမျှော်လင့်ထားသည့် ပြောင်းလဲမှုပင်။

ထို့နောက်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှလူများ ချက်ချင်းဟစ်ကြွေးလာကြကာ ဤနေရာတစ်ခုလုံး ဆူညံသွားသည်။ ဤအောင်မြင်မှုကို လွယ်လွယ်ကူကူရရှိခဲ့ခြင်းမဟုတ်။

ဖူး..

ချူးရှန်းဟဲ သွေးများစွာ အန်သွားကာ သူ၏ခန္ဓာကိုယ်မှာ အဝါရောင်စက္ကူကဲ့သို့ အရောင်အဆင်းကင်းမဲ့သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်သွားကာ သူ့ခန္ဓာကိုယ်အနောက်ဘက်သို့ ယိုင်သွားသည်။

ကြွေးကြော်နေသည့်အသံများ ချက်ချင်းရပ်တန့်သွားကာ ထာဝရကျောင်းမှလူများ သူ့ထံသို့ ရောက်လာကာ သူ့အား ကူညီပေးလာသည်။

“စိတ်ဝင်စားစရာပဲ .. ဒီလောကက တစ်ချို့ကန့်သတ်နယ်မြေမှာ အဖြူနဲ့အမဲ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းစွမ်းအင်ရှိနေတယ် .. ဒီစွမ်းအင်ကို သူ့ကို ဖျက်ဆီးမသွားပဲနဲ့ သူက ဒီစွမ်းအင်ကို ခန္ဓာကိုယ်ထဲမှာ ထည့်မွေးထားတာလား..”

ချောက်နက်ကြီးထဲမှ အသံထွက်ပေါ်လာသည်။ ဤသည်မှာ ဤတိုက်ပွဲကို မှတ်ချက်ပေးသည်နှင့်တူသကဲ့သို့ သက်ပြင်းချနေသည်နှင့်လည်း တူသည်။

ထိုလူပင်လျှင် ကန့်သတ်ထားတာ ထူးခြားသည်ဟု ပြောနေသောကြောင့် ဤသည်မှာ မည်မျှထူးခြားသည်ကို စဉ်းစားကြည့်နိုင်သည်။

“ရှန်းဟဲက ဒီတစ်လျှောက်လုံး ရှင်သန်ခြင်းနဲ့သေဆုံးခြင်းစွမ်းအင်ကို ပြုပြင်ဖို့ ကြိုးစားခဲ့တာ .. သူက ဒါကို လက်နက်အဖြစ် သုံးချင်ခဲ့တာ .. သူအနားယူလို့ရအောင် သူ့ကို မြန်မြန်ခေါ်လာခဲ့ကြ..” ထာဝရကျောင်းမှ အကြီးအကဲအရှင် ပြောလိုက်သည်။

“နည်းနည်းတော့ မထင်ထားဘူး .. သူ့အသက်အရွယ်တုန်းက နံပါတ် ၁၁ ချိတ်ခဲ့တဲ့ ငါ့နယ်မြေက ကျင့်ကြံသူတစ်ယောက်က ဒီအတိုင်း အသတ်ခံလိုက်ရတယ်..” အနက်ရောင်ချောက်နက်ကြီးထဲမှ ထိုလူ သက်ပြင်းချလိုက်သည်။

ထိုစကားသံ ကြားသည်နှင့် ထာဝရကျောင်း၊ အလေးအမြတ်ကျောင်းနှင့် သက်ရှည်မိသားစုမှ စွမ်းအားကြီးသူများ၏ အမူအရာများ အေးခဲသွားရသည်။

ချူးရှန်းဟဲမှာ ဤလောက၏ နံပါတ်တစ် ကျွမ်းကျင်သူပင်။ သို့သော်လည်း သူသည် တစ်ဖက်လောကမှ နံပါတ် ၁၁ ကိုသာ အနိုင်ယူနိုင်ခဲ့သည်။

သူ နိုင်သွားသော်လည်း သူတို့သည် မပျော်ရွှင်ရပဲ ပို၍ပင် လေးလံသွားရသည်။

ထိုအချိန်တွင် ချောက်နက်ကြီးထဲမှ စွမ်းအားကြီးသည့် အော်ရာတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အမှောင်ထုထဲမှ သက်ရှိသုံးယောက် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။

တစ်ယောက်မှ လူကြီး၊ တစ်ယောက်မှာ လူလတ်ပိုင်းနှင့် တစ်ယောက်မှ လူငယ်ဘုရင်လေးပင်။

“တစ်ခေါက် တစ်ပွဲစီ တိုက်နေရတာ စိတ်လှုပ်ရှားဖို့မကောင်းဘူး .. ငါတို့ တစ်ခါတည်းနဲ့ သုံးပွဲ တိုက်ရင်ရော… တိုက်ပွဲအဖြေ မြန်မြန်ထွက်လာတာပေါ့..” ထိုအကြီးအကဲ ပြောလိုက်သည်။

ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ကျင့်ကြံသူများကို အထင်သေးလိုက်ခြင်းပင်။ ချူးရှန်းဟဲ အနိုင်ရသွားသော်လည်း သူတို့ ဤသည်ကို စိတ်ထဲမထားကြောင်း ပြသလိုက်ခြင်းပင်။

ထို့အပြင် ဤသုံးယောက်မှာ မျိုးဆက်သုံးဆက်ကို ကိုယ်စားပြုနေခြင်းပင်။ သူတို့အဆင့်မှာ သူတို့မျိုးဆက်တွင် အလွန်မြင့်မည်ပင်။ အနည်းဆုံးတော့ အဆင့် ၁၁ အထက်တွင်သာ ရှိလိမ့်မည်။

“ကောင်းပြီလေ .. ဒီဘုရင်ကြီးက အစကတည်းက စောင့်နေရတာကို စိတ်မရှည်တာ..” ပုရွက်ဆိတ်လေး ဟစ်ကြွေးလိုက်ကာ ရှီဟောင်၏ပုခုံးပေါ်မှ ဆင်းလာလေသည်။
အပိုင်း ၁၅၂၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၃ – အရှုံး

“လွှတ်..” ကောင်းကင်ဦးချိုပုရွက်ဆိတ်လေး သူ၏ခွန်အားလွန်သွေးကို အသုံးပြုသော်လည်း မလွတ်မြောက်နိုင်ဖြစ်နေသည်။

ရှီဟောင် ခေါင်းခါလိုက်ကာ သူ့အား လွတ်မပေး။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အချိန်မရွေး သေသွားနိုင်သည်ပင်။ ဤပုရွက်ဆိတ်လေးမှာ အရွယ်မရောက်သေးသောကြောင့် သူ အသက်စွန့်ပြီး တိုက်ခိုက်ရန် မသင့်တော်သေး။ တိုက်ရမည်ဆိုလျှင် ပထမဆုံးတိုက်ရမည့်သူမှာ သူပင်ဖြစ်လိမ့်မည်။

တစ်ဖက်မှ ပေါ်လာသည့် သက်ရှိသုံးယောက်လုံး ကြောက်စရာကောင်းလှသည်။ လူအိုကြီးမှာ လူသားပုံစံဖြစ်သော်လည်း လက်ရှစ်ဖက်ရှိနေသည်။ သူ၏ခန္ဓာကိုယ်မှာ အလယ်အလတ်သာဖြစ်ပြီး သူ၏မျက်နှာထက်တွင် အကြေးခွံများရှိနေသည်။

သူ့ကို အနက်ရောင်မြူများ ဝန့်ရံထားကာ ထူးဆန်းပြီး စွမ်းအားကြီးသည့်ပုံပေါ်နေသည်။ သူလမ်းလျှောက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီး တုန်ခါလာကာ သွေးစွမ်းအင်များလည်း ပင်လယ်တစ်စင်းကဲ့သို့ ထွက်ပေါ်လာသည်။

သူ မျက်တောင်ခတ်လိုက်တိုင်း လျှပ်စီးတန်းများ ထွက်ပေါ်လာသည်။ “ငါ နှစ် နှစ်သန်း ကျင့်ကြံထားတာ .. ငါရဲ့ ပညာတွေကို မင်းတို့နဲ့ ဆန်းစစ်ဖို့ စိတ်ဝင်စားတယ်..” ထိုသူမှ ပြောလိုက်သည်။

သူ့ဘေးတွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်နေသည်။ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ ရဲတင်းကာ စွမ်းအားကြီးပြီး အရပ်ရှည်သည်ပင်။ သူ့ခေါင်းတွင် ဆံပင်တစ်ပင်မှမရှိပဲ အလွန်ချွန်ထက်လှသည့် အရိုးဆူးချွန်များသာ ပေါက်နေသည်။

ဤသက်ရှိထံတွင်စွမ်းအားအကြီးဆုံး အော်ရာလှိုင်းတစ်ခုရှိနေပြီး ယခုအချိန်တွင် သူ၏ရွှေရောင်နှစ်အပိုင်းအခြားကို ရောက်နေသည်ပင်။ သူသည် ဘေးဘက်တွင်ရှိနေသည့် လူအိုကြီးထက် အားမနည်းပေ။

“ငါ နှစ်ငါးသောင်း ကျင့်ကြံထားတာ .. ဘယ်သူ ငါနဲ့တိုက်ခိုက်မလဲ..” ထိုသူ ပြောလာသည်။

ထို့နောက် လူငယ်လေးတစ်ယောက် လမ်းလျှောက်လာသည်။ သူ၏လှုပ်ရှားမှုများမှာ ကျားနှင့်နဂါးများကဲ့သို့ စွမ်းအားကြီးလှသည်။ သူသည် အလွန်ချောမောခန့်ညားလှပြီး သူ၏ခန္ဓာကိုယ်တွင် ထာဝရစွမ်းအင်ရှိနေသည်။

သူ့ခေါင်းပေါ်တွင် တာအိုပန်းပွင့်သုံးပွင့် ဖူးပွင့်နေသည်။ ထိုပန်းပွင့်များမှ ထာဝရစွမ်းအင်များ ဆင်းသက်လာကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူ၏ဦးခေါင်းထက်မှ ပြန်ထွက်လာကာ တာအိုပန်းပွင့်ထဲသို့ ပြန်ဝင်သွားလေ၏။ ဤကဲ့သို့ သံသရာလည်ကာ သူ့ခန္ဓာကိုယ်အား အားဖြည့်ပေးနေသည်ပင်။

အမ်..

အားလုံး ထိတ်လန့်သွားရ၏။ ဤလူငယ်လေးမှာ သူ၏မျက်ခုံးကြား၌ မှန်ကူကွက်ပုံအကြေးခွံများရှိနေသည်မှ လွှဲလျှင် သူသည် လူသားပုံစံနှင့် အတော်လေး တူလှသည်ပင်။ ထို့အပြင် သူသည် ထာဝရရှေးဟောင်းပညာများကို ကျင့်ကြံထားခြင်းဖြစ်ပြီး သူ့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းမှ ဖြစ်ပေါ်လာသည့် ထာဝရတာအိုပန်းပွင့်သုံးပွင့်လည်း ရှိနေသည်။

ဤလူမှာ အလွန်စွမ်းအားကြီးကာ ကြောက်စရာကောင်းလှသည်ပင်။

“ငါက ၂၅ နှစ် ကျင့်ကြံထားတာ .. ငါ့ကို အနိုင်ယူမယ့်သူကို ရှာနေတာ..” ထိုလူငယ်လေး ပြောလိုက်၏။ သူသည် နတ်စိတ်ဝိညာဉ်ကို အသုံးပြုလိုက်ခြင်းမဟုတ်ပဲ ရှေးဟောင်းဘာသာစကားတစ်ခုကို အသုံးပြုလိုက်ခြင်းပင်။

ဤသည်မှာ ထာဝရရှေးဟောင်းဘာသာစကားတစ်မျိုးပင်။

လူများစွာ ဆွံ့အသွားရ၏။ ဤလူမှာ နယ်ခြားစပ်တစ်ဖက်မှလာသည့် သူဖြစ်မှန်း ရှီဟောင် ချက်ချင်းသိသွားရသည်။ ဤသည်မှာ သူဖမ်းထားသည့် မိုတောင်နှင့် အတူတူပင်ဖြစ်သည်။

သို့သော် ဤလူမှာ ပို၍သန်မာနေသည်။

လူကြီး၊ လူလတ်၊ လူငယ် သုံးယောက်မှာ မျိုးဆက်သုံးခုကို ကိုယ်စားပြုနေသည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများလည်းမတည်ငြိမ်နိုင်ကြတော့။ သူတို့တိုက်ခိုက်ချင်ကြောင်း ပြောလာကြသည်။

“ငါ နှစ်ပေါင်း နှစ်သိန်း ကျင့်ကြံထားတာ .. ငါတိုက်ခိုက်ချင်တယ်..”

ပထမဆုံး အကြီးအကဲအချို့ တစ်ချိန်တည်း ထွက်လာကြသည်။

ထို့အပြင် နှစ်ပေါင်း ငါးသောင်းကျင့်ကြံထားသည့် သူများစွာလည်း တိုက်ခိုက်ချင်နေကြသည်။

လူငယ်မျိုးဆက်များမှ အများဆုံး ထွက်လာသည်ပင်။ ထိုစစ်သင်္ဘောပေါ်တွင် အနီရောင်အလင်းများ တောက်ပနေကာ အဆင့်လွန်လူငယ်တစ်စု လှုပ်ရှားသွားကြသည်။

“ငါပဲ တိုက်လိုက်ပါ့မယ်..” ဆံပင်နီနှင့် အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။ သူ၏ဆံပင်များမှာ အနည်းငယ်ကောက်နေပြီး မီးတောက်တစ်ခုကဲ့သို့ နီရဲနေသည်။

သူသည် သက်ရှည်မိသားစုတစ်စု လာခြင်းပင်။ ထိုအခိုက်အတန့်တွင် အခြား အကြီးအကဲအချို့ ခေါင်းညိမ့်ကာ သူ့အား အသိအမှတ်ပြုလိုက်သည်။

“ဆံပင်နီနတ်ဘုရင် .. သူက အားကောင်းတယ်..”

အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင်ပင် ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။ တစ်ချိန်တည်းမှာပင် ဤအကြီးအကဲအရှင် အလွန်ဝမ်းနည်းပူဆွေးနေရသည်ပင်။ သူသည် သူ့တပည့်၏ အလောင်းကို ပြန်သယ်လာသည်ပင်။ သို့သော်လည်း ဝိညာဉ်လမ်းပြခြင်းကြာပန်းဖြင့်ပင် သူ၏မူလဝိညာဉ်ကို ပြန်မပြုပြင်နိုင်တော့။

ရှင်းဖုန်းသည် နှစ်တစ်သန်းကျင့်ကြံခဲ့သည့်သူဖြစ်ပြီး ပထမဆုံး တိုက်ခိုက်ခဲ့သည့်သူပင်။ သို့သော်လည်း သူသည် လက်သီးချက်တစ်ချက်ကြောင့် ပျက်စီးသွားကာ သူ၏မူဝိညာဉ်လည်း ပြာမှုန့်အဖြစ် ပြောင်းသွားပြီး သေဆုံးသွားခဲ့ရသည်။

နတ်ဆေးများ မည်မျှပင်စွမ်းအားကြီးနေပါစေ လူတစ်ယောက်ကို ကယ်တင်ရန်အတွက် မူလဝိညာဉ်အပိုင်းအစလေးတစ်ခုတော့ ရှိရမည်ပင်။ ရှင်းဖုန်းမှာမူ မူလဝိညာဉ်တစ်ပိုင်းတစ်စလေးပင် မရှိပဲ လုံးဝသေဆုံးသွားခြင်းပင်။

“ဆံနီနတ်ဘုရင် .. သူက ကောင်းကင်လောင်ကျွမ်းခြင်းပညာကို ကျင့်ကြံထားတာ .. သူက မိစ္ဆာတွေအားလုံးကို မီးလောင်တိုက် သွင်းပစ်နိုင်တယ် .. ဒီပညာက ထာဝရရှေးဟောင်းခေတ်မှာတုန်းက ရန်သူတွေအများကြီးကို သတ်နိုင်ခဲ့တယ်..”

“ဆံနီနတ်ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်က သူ့နာမည်ရင်းထက်တောင် နာမည်ကြီးသေးတယ် .. သူ့နာမည်ရင်းကို သိတဲ့သူ သိပ်မရှိတော့ဘူး .. လွန်ခဲ့တဲ့ နှစ် နှစ်သောင်းတုန်းက သူက သူနဲ့သက်တူရွယ်တူတွေအားလုံးကို အနိုင်ယူပြီးတော့ ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ..”

လူအချို့ သူတို့အချင်းချင်း ဆွေးနွေးနေကြသည်ပင်။ ဆံနီနတ်ဘုရင် မည်သူဖြစ်သည်ကို သိလိုက်ရသည့်အချိန်တွင် သူတို့စိတ်အေးသွားရသည်။

“နည်းနည်းထူးဆန်းတယ် .. ငါဘာလို့ ရင်းနှီးတဲ့အော်ရာ ရနေတာလဲ..” တစ်ဖက်လောကမှ လက်ရှစ်ဘက်နှင့်လူအိုကြီး ဆံနီနတ်ဘုရင်အား စိုက်ကြည့်လာလေသည်။

“မင်းတို့အားလုံး နောက်ဆုတ်နေလိုက် .. ဘေးဘက်ကနေပဲကြည့်..” လက်ရှစ်ဘက်လူအိုကြီးမှ ပြောလိုက်သည်။ သူ ထူးဆန်းသည့်ခံစားချက်ရနေသောကြောင့် လူလတ်ပိုင်းနှင့် လူငယ်လေးကို မတိုက်ခိုင်းသေးပဲ ဘေးဘက်မှနေ၍သာ ကြည့်စေလိုက်သည်။

တိုက်ပွဲ စတင်လေပြီ။ ဆံနီနတ်ဘုရင် လျှောက်လာကာ လက်ရှစ်ဘက်လူအိုကြီးအား တိုက်ရိုက်ပင် တိုက်ခိုက်လိုက်သည်။

ဝုန်း..

မီးတောက်များ ကောင်းကင်ထက်သို့ တက်သွားကာ ကောင်းကင်ဘုံကိုးခုကို လောင်ကျွမ်းသွားစေသည်။

ဆံနီနတ်ဘုရင်သည် စတင်တိုက်ခိုက်သည်နှင့် ရှေးဟောင်းကောင်းကင်ပညာအား အသုံးပြုလိုက်သည်။

သို့သော်လည်း လက်ရှစ်ဘက်လူအိုကြီးမှာ ထင်ထားသည်ထက်ပင် ကြောက်စရာကောင်းလှသည်။ သူ၏လက်ရှစ်ဘက်လုံးမှ မတူညီသည့် တံဆိပ်များပြုလုပ်လာပြီး ထိုကောင်းကင်ကြီးအား လောင်ကျွမ်းနေသည့်မီးတောက်များအား ခုခံထားနိုင်လေသည်။

အနီရောင်မီးတောက်များ ရွှေရောင်ဖြစ်လာကာ အထက်ကောင်းကင်နှင့် အောက်မြေကြီးကို ဝါးမြိုသွားသည်။ အာကာသအပြင်ဘက်တွင်ရှိနေသည့် ကြယ်များပင် ချော်ရည်အဖြစ် လောင်ကျွမ်းသွားသည်။

လေဟာနယ်ထဲတွင် ပူပြင်းလှသည့် အပူချိန်ရှိနေသည်ပင်။

သူတို့ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ သူတို့ အချက် သုံးရာ တိုက်ခိုက်ပြီးသွားသည့်အချိန်တွင် ကောင်းကင်လောင်ကျွမ်းခြင်းပညာ၏ မီးတောက်များ အရောင်မှိန်လာသည်။ ဖရိုဖရဲအလင်း ထွက်ပေါ်လာပြီး ထိုနေရာ၌ လောင်ကျွမ်းနေလေ၏။

အားလုံး အေးခဲသွားရသည်။ ဆံနီနတ်ဘုရင်မှာ တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ သူကျင့်ကြံသည့်မီးတောက်များမှာ မူလစွမ်းအင်နှင့်ပင် ပေါင်းစပ်နိုင်သည်။ သူသာ ဖရိုဖရဲမီးတောက်များအဖြစ် ပြောင်းနိုင်သွားလျှင် သူပြိုင်ဘက်ကင်း အစစ် ဖြစ်သွားလိမ့်မည်။

ထိုအဆင့်သာ ရောက်သည်နှင့် သူ သက်ရှည်နယ်ပယ်ကို ကျော်ကာ ထာဝရအဆင့်သို့ ရောက်သွားလိမ့်မည်။

“လုံလောက်‌အောင် မသန်မာသေးဘူး .. အရင်ခေတ်တုန်းက ဒီရှေးဟောင်းပညာကို ကျင့်ကြံခဲ့တဲ့သူက ထာဝရတာအိုသင်္ကေတတွေကို အတွင်းမီးတောက်ဖြစ်အောင် ပြောင်းလဲနိုင်ပြီးတော့ မူလစွမ်းအင်ကိုလည်း မီးတောက်ဖြစ်အောင် လုပ်နိုင်တယ်တဲ့ .. အဲဒီမီးတောက်တွေက တစ်ခုနဲ့တစ်ခု စည်းချက်ကျပြီးတော့ မသေမျိုးသက်ရှိတွေကိုတောင် လောင်ကျွမ်းစေနိုင်တယ်တဲ့..” လက်ရှစ်ဘက်လူအိုကြီးမှ မှတ်ချက်ပေးလိုက်သည်။

အားလုံး ထိတ်လန့်သွားရ၏။ သူက ဘယ်လောက်တောင် အားကောင်းတာလဲ .. ကောင်းကင်လောင်ကျွမ်းခြင်းပညာတောင်မှ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလား .. ထို့အပြင် ဤကဲ့သို့ မှတ်ချက်ပေးရလောက်အောင်ထိ သူစိတ်အေးလက်အေး ဖြစ်နေသေးသည်။

ဆံနီနတ်ဘုရင် ဒေါသထွက်သွားရသည်။ သူ ဟစ်ကြွေးလိုက်ကာ သူ့တစ်ကိုယ်လုံးမှ စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ဤသည်မှာ မီးတောက်များကို‌ အားဖြည့်ပေးနိုင်သည့် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ထူးဆန်းသည့်စွမ်းအားပင်။

“အမ် .. မာကျူရီလိုမျိုး ချွေးတွေလား..” လက်ရှစ်ဘက်လူအိုကြီး မျက်မှောင်ကြုတ်သွားသည်။ သူအားကုန်သုံးကာ တိုက်ခိုက်လိုက်၏။ မဟုတ်ပါက သူဤနေရာ၌ ကျရှုံးသွားလိမ့်မည်။

သူပြောသည်မှာမှန်သည်။ ဆံနီနတ်ဘုရင်၏ ချွေးများမှာ မာကျူရီကဲ့သို့ ဖြူဖွေးနေပြီး စွမ်းအားကြီးသည့် စွမ်းအားလှိုင်းတစ်ခုလည်း ရှိနေသည်ပင်။

ဖုန်း..

သို့သော်လည်း ဆံနီနတ်ဘုရင် ဒဏ်ရာရသွားဆဲပင်။ မှော်တံဆိပ်တစ်ခု သူ့ပုခုံးကိုထိသွားပြီး သူ့ပါးစပ်မှ သွေးအန်လာသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူတွင် လက်ရှစ်ဘက်ရှိနေသည်ပင်။

“သွေးပါတဲ့မာကျူရီ..” လက်ရှစ်ဘက်လူအိုကြီး ထိတ်လန့်သွားရသည်။

ဆံနီနတ်ဘုရင် အားကုန်သုံးနေသည်ကို သူတွေ့လိုက်ရသည်။ သူ၏ချွေးများမှာ မာကျူရီကဲ့သို့ပင်။ အနီရောင်သွေးတွင် ငွေဖြူရောင်အမျှင်တန်းများ ရှိနေသည်ပင်။

“မင်းက ငါ့လောကကစွမ်းအားကြီးတဲ့ကလန်ရဲ့ မျိုးဆက်ပဲ..” လက်ရှစ်ဘက်လူအိုကြီး ပြောလိုက်သည်။

“ခင်ဗျား ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ..” ဆံနီနတ်ဘုရင် အော်ဟစ်လိုက်သည်။

“မင်းရဲ့ ကျင့်ကြံဆင့်က သာမန်မဟုတ်ဘူး .. ပြီးတော့ မင်းမှာ ငါတို့လောကက စွမ်းအားကြီးတဲ့ကလန်ရဲ့ သွေးမျိုးဆက်ရှိနေတယ် .. မှားယွင်းတဲ့ရွေးချယ်မှုမလုပ်နဲ့တော့..” လက်ရှစ်ဘက်လူအိုကြီး ပြောလိုက်သည်။ ယခင်က ရင်းနှီးသည့်အော်ရာတစ်ခုကို သူအာရုံခံမိနေခြင်းဖြစ်ပြီး ယခုတော့ ဆံနီနတ်ဘုရင်မှာ သူတို့ဘက်မှ မျိုးဆက်တစ်ယောက်ဖြစ်ကြောင်း‌ သေချာသွားလေပြီ။

“ထွက်သွားစမ်း..” ဆံနီနတ်ဘုရင် ဒဲ့တိုးပင် ငြင်းဆန်လိုက်သည်။

“ဒီလိုဆိုမှတော့ မင်းလမ်းမင်းသွားတော့ .. မင်းက စွမ်းအားကြီးတဲ့ကလန်က မျိုးဆက်ဖြစ်ပေမယ့် မင်းရဲ့ဘိုးဘေးတွေကို သစ္စာဖောက်ပြီးတော့ အခုထိ လမ်းမှားကို ဆက်သွားချင်နေတုန်းပဲဆိုတော့ မင်းသေသွားလည်း နှမြောစရာမရှိဘူး..” လက်ရှစ်ဘက်လူအိုကြီးမှ ပြောလိုက်သည်။ သူ ဆံနီနတ်ဘုရင်နှင့် အချက်လေးရာ တိုက်ပြီးသွားပြီဖြစ်သည်။

“မကောင်းတော့ဘူး .. ဆံနီ .. ပြန်လာခဲ့..” သက်ရှည်မိသားစုတစ်ခုမှ သက်ရှိရုပ်ကြွင်းအဆင့် ပုဂ္ဂိုလ်မှ ပြောလိုက်သည်။

သို့သော်လည်း ဤသည်မှာ နောက်ကျသွားလေပြီ။ သူတို့ပျိုးထောင်ခဲ့သည့်၊ လွန်ခဲ့သည့် နှစ်,နှစ်သိန်းက နံပါတ် တစ် သို့မဟုတ် နှစ်ဖြစ်ခဲ့သည့်သူမှာ ပြင်းထန်သည့်ရိုက်ချက်ကို ခံစားလိုက်ရလေပြီ။

ထို လက်ရှစ်ဘက်လူအိုကြီးမှာ ကြောက်စရာကောင်းလှသည်။ ထိုရိုက်ချက် ရှစ်ချက်ကြောင့် အာကာသအပြင်ဘက်မှ ကြယ်မျာပင် ပျက်စီးသွားသည်။

ထိုအချိန်တွင် ဖူးဟူသည့်အသံနှင့်အတူ သူ၏လက်တစ်ဖက် ဆံနီနတ်ဘုရင်၏ ရင်ဘတ်ကို ထိုးဖောက်သွားကာ သူ့နှလုံးကို ဖျက်ဆီးလိုက်သည်။

အား..

ဆံနီနတ်ဘုရင် ဒေါသတကြီး ဟစ်ကြွေးလိုက်ကာ သူ့ခန္ဓာကိုယ်မှ နတ်မီးတောက်များ ထွက်ပေါ်လာကာ ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။

ဖူး..

နောက်လက်တစ်ဖက် ကျရောက်လာကာ ဆံနီနတ်ဘုရင်၏ လည်ပင်းကို လိမ်ချိုးလိုက်လေ၏။

“မင်းလမ်းမင်းသွားတော့..” နောက်ဆုံးအော်ဟစ်သံနှင့်အတူ လက်ရှစ်ဘက်လူအိုကြီးသည် လက်သီးတံဆိပ်တစ်ခု ပြုလုပ်ကာ ဆံနီနတ်ဘုရင်၏ဦးခေါင်းအား လက်သီးတစ်ချက်တည်းဖြင့် ထိုးလိုက်ပြီး သူ့ဘဝအားအဆုံးသတ်လိုက်လေသည်။

ငါးရာမြောက် တိုက်ကွက်တွင် တိုက်ခိုက်မှုကြီး အဆုံးသတ်သွားလေပြီ။

“မင်းက ငါ့လောက မျိုးဆက်ဖြစ်ပေမယ့် မင်း ကိုယ့်အပြစ်ကိုကိုယ် နောင်တမရရင် ငါမင်းကို ဖြတ်ချပစ်မှာပဲ..” လက်ရှစ်ဘက်လူအိုကြီး ပြင်းထန်စွာပင် ပြောလိုက်သည်။

“ဆံနီ..” သူ့နောက်မှ လူအချို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

“သူက ဘယ်လိုလုပ် ရှုံးသွားတာလဲ .. ကောင်းကင်လောင်ကျွမ်းခြင်းပညာကို ကျင့်ကြံပြီးသွားတော့ သူတစ်ဖက်လောကက ကျင့်ကြံသူတွေကို နိုင်သင့်တယ် .. သူက ဘာလို့ ရှုံးသွားတာလဲ..”

ဆံနီနတ်ဘုရင်မှာ လွန်ခဲ့သည့် နှစ်,နှစ်သိန်းတွင် နံပါတ်တစ် သို့မဟုတ် နံပါတ်နှစ်ဖြစ်ခဲ့သည့်သူပင်။ ထို့အပြင် ဤနှစ်များအတွင်းတွင်လည်း ကျင့်ကြံခဲ့သောကြောင့် သူ၏ကျင့်ကြံဆင့်မှာ မယုံကြည်နိုင်လောက်သည့်အဆင့်သို့ ရောက်နေလောက်လေပြီ။ သို့သော်လည်း စစ်ပွဲ၌ သူအသတ်ခံလိုက်ရလေပြီ။

ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှ လူများအတွက်တော့ ဤသည်မှာ အလွန်ကြီးမားသည့် ရိုက်ချက်ပင်။

“ခင်ဗျား ဘယ်သူလဲ .. ခင်ဗျားနာမည်ပြော..” ဆံနီနတ်ဘုရင်၏ တပည့်နှင့် အလေးအမြတ်ကျောင်းမှလူများ အော်ဟစ်လိုက်သည်။

“မင်းတို့အားလုံး ငါ့ကို လက်ရှစ်ဖက်အရှင်လို့ ခေါ်လို့ရတယ် .. လွန်ခဲ့တဲ့ နှစ်,နှစ်သိန်းတုန်းကတော့ ငါက အဆင့် ၁၀ပဲ..” သူအေးစက်စွာ ပြောပြီးနောက် နောက်ပြန်ဆုတ်သွားလေသည်။

“ဘယ်သူ အသက်ပေးချင်လဲ..” ခေါင်းတွင် ဆံပင်မရှိသည့် လူလတ်ပိုင်းအမျိုးသားမှ ပြောလိုက်သည်။

ဝုန်း..

တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာကာ နှစ်ဘက်လုံး ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။

သို့သော်လည်း ဤတိုက်ပွဲမှာ လျင်မြန်စွာပင် အဆုံးသတ်သွားသည်။ အချက်ရေ ၈၀ ခန့် တိုက်ခိုက်ပြီးသည်နှင့် နှစ်ပေါင်း ငါးသောင်းကျင့်ကြံခဲ့သည့်သူ၏ မျက်ခုံးကို တစ်ဖက်လောကမှကျင့်ကြံသူ ထိုးဖောက်ပစ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ လက်သီးတစ်ချက်ကြောင့် ဖောက်ခွဲခံလိုက်ရပြီး သွေးမိုးဖြစ်သွားလေ၏။

ဤအဆုံးသတ်မှာလူများစွာကို အော်ဟစ်သွားစေသည်အထိပင်။ မျိုးဆက်တစ်ခု၏ ကျွမ်းကျင်သူတစ်ယောက် ဤကဲ့သို့‌သေဆုံးသွားခြင်းမှာ ဆိုးရွားလွန်းလှသည်။

ကွာခြားချက်မှာ ကြီးမားလွန်းလှသည်ပင်။

ယခု ပွဲလေးပွဲတွင် ချူးရှန်းဟဲသာ နိုင်သေးသည်။ သို့သော်လည်း သူသည် လွန်ခဲ့သည့် နှစ်ငါးသိန်းတွင် နံပါတ်တစ်ဖြစ်ခဲ့သည့် ကျွမ်းကျင်သူပင်။ သို့သော်လည်း သူအနိုင်ယူလိုက်သည်မှာ နံပါတ် ၁၁ အဆင့်ရှိကျွမ်းကျင်သူပင်။

တစ်ဖက်လောကမှ အဆင့်နည်းနည်းမြင့်သည့်သူ လွှတ်လိုက်ပါက မည်ကဲ့သို့သော ရလဒ်မျိုးဖြစ်လာမည်နည်း.. ချူးရှန်းဟဲ ရှုံးသွားနိုင်သည်ပင်။

ယခုအချိန်တွင် လေထုမှာ အတော်လေး တင်းမာနေလေပြီ။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများမှာ အလွန်စိတ်ပျက်နေကြလေပြီ။ ဤတိုက်ပွဲများမှာ ပြဿနာများစွာကို မီးမောင်းထိုးပြနေသည်ပင်။

“မင်းတို့အားလုံးက တကယ်ကို အားနည်းတာပဲ .. တစ်ချက်တောင် မခံနိုင်ဘူး .. ဘယ်သူငါနဲ့ တိုက်မလဲ .. ဘယ်သူ အသက်စွန့်ရဲလဲ..” တစ်ဖက်လောက လူငယ်လေးမှ အထင်သေးနိမ့်ချစွာ ပြောလာသည်။

“သောက်ခွေးကောင် .. ဒီဘုရင်ကြီးက မင်းကို အဆုံးသတ်ပေးမယ် .. ငါက မင်းကို ဒီလိုမျိုး မောက်မာခွင့်ပေးထားမယ်လို့ထင်နေတာလား..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။ သူသည် တစ်ဖက်လောကမှ သက်ရှိများကို အလွန်မုန်းတီးနေသည်ပင်။

ဝုန်း..

ရှီဟောင် သူ့အား ဆွဲထားကာ သူထွက်သွားလိုက်သည်။

“မဟုတ်ဘူး .. ငါသွားမယ်..” ပုရွက်ဆိတ်လေး အော်ဟစ်လိုက်သည်။

ရွှီး..

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အခြားလူတစ်ယောက်လည်း ပြေးထွက်သွားသည်။

“ငါ သူနဲ့တိုက်မယ်..” ဤသည်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်ပင်။ သူသည် သိပ်မကြာသေးမီက ရှီဟောင်အား ရှုံးနိမ့်ထားသောကြောင့် သူ့ယုံကြည်ချက် ပြန်တိုးလာစေမည့် တိုက်ပွဲတစ်ပွဲ လိုအပ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ့တာအိုနှလုံးသားတွင် ပြစ်ချက်များရှိသွားပြီဖြစ်သည်။ တစ်ဖက်လောကမှ ကျွမ်းကျင်သူအား အနိုင်ယူကာ သူ့နှလုံသားကိုသူ လွတ်မြောက်စေချင်သည်။

“ငါသွားမယ်..” ထိုအချိန်တွင် ချီဂုလည်း ထွက်လာသည်။ သူသည် အလေးအမြတ်ကျောင်း၏ အဆင့်လွန်လူငယ်ပင်။ သူ့ကလန်မှ အကြီးအကဲအရှင်၏ တပည့်အတွက် သူလက်စားချေချင်သည်။ ထို့အပြင် အလေးအမြတ်ကျောင်း၏ အရှက်ရမှုကို ဆေးကြောပစ်ချင်သည်။

“ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့..” တစ်ဖက်မှ လူငယ်လေး ခရမ်းနေကောင်းကင်ဘုရင်ကို စိုက်ကြည့်ပြီး ပြောလိုက်၏။ သူအလွန်ထိတ်လန့်နေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုခရမ်းရောင်စွမ်းအင်မြူမှာ ပြိုင်ဘက်ကင်းမျိုးစေ့ပင်။ ယခုတော့ ဤလောက၌ ပေါ်လာလေပြီ။

“ဟမ် .. ယင်ယန်မျိုးစေ့၊ လောကသစ်ပင်အပင်ပေါက်မျိုးစေ့တွေလည်း ရှိတယ်..” ထို့နောက် သူ အနီရောင်စစ်သင်္ဘောပေါ်တွင်ရှိနေသည့် အဆင့်လွန်လူငယ်အုပ်စုကို ကြည့်ကာ ပြောလိုက်သည်။ သူ၏နဖူးထက်တွင်ရှိနေသည့် မှန်ကူကွက်အကြေးခွံ ပွင့်လာကာ ကြောက်စရာကောင်းသည့်တံဆိပ်တစ်ခု ထွက်ပေါ်လာကာ မျက်စိကန်းစေလောက်သည့် အလင်းထုတ်လွှတ်လာသည်။ သူတစ်ချက်ကြည့်လိုက်ရုံဖြင့် အားလုံး ဖုံးကွယ်ထားသည်ကို မြင်နိုင်သည်ပင်။

“ဘာ .. ဒီမျိုးစေတွေ ရှိနေသေးတာလား .. ငါကြည့်ကြည့်မယ်..”

“နောက်ဆုတ် .. ငါတိုက်ခိုက်မယ်..”

ထိုအချိန်တွင် ချောက်နက်ကြီး၏ဘေး၌ အခြား အဆင့်လွန်လူငယ်များ ခြေလှမ်းကြဲကြီးဖြင့် လျှောက်လာကြသည်။ ထွက်လာသည့်တစ်ယောက်စီတိုင်းမှာ တစ်ယောက်ထက်တစ်ယောက် ပို၍ ကြောက်စရာကောင်းလာသည်ပင်။

သူတို့အားလုံး လန်ရှင်း၊ သရဖူ ၁၀ ခုဘုရင်၊ ရှုထော်နှင့် အခြားသူများကို သူတို့သားကောင်ကဲ့သို့ ကြည့်နေကြသည်ပင်။

“မင်းတို့အားလုံး တိုက်ရဲလား မတိုက်ရဲဘူးလား .. အနိုင်အရှုံးသတ်မှတ်ဖို့ လာခဲ့လိုက်..”

တစ်ဖက်မှ အဆင့်လွန်လူငယ် ၁၀ ယောက်ကျော်ထွက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။ သူတို့အားလုံးမှာ အရသာရှိသည့် သားကောင်ကို တွေ့လိုက်ရသကဲ့သို့ မျက်လုံးများလည်း တောက်ပနေသည်ပင်။

အပိုင်း ၁၅၂၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၄ – ဘုရင်အုပ်စု

ချောက်နက်ကြီးဘေးတွင် နတ်ဆိုးနတ်ဘုရားပုံစံ ပုံရိပ်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အားလုံးကို ဖိအားပေးနေသည်ပင်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုမှ လူများမှာ တင်းကြပ်သည့်ခံစားချက်များ ခံစားနေရသည်ပင်။

ယခုအချိန်တွင် ပုံစံမတူ လူမျိုးစုမတူသည့် နတ်ဆိုးနတ်ဘုရားလူငယ် ၁၀ ယောက်ကျော် ထွက်လာကြသည်။ သူတို့ခြေလှမ်းလှမ်းလိုက်တိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။ သူတို့၏မျက်လုံးများမှာ အမဲလိုက်မည့်သူကဲ့သို့ တစ်ဖက်ကို တောက်ပစွာ ကြည့်နေကြလေ၏။

သူတို့သည် ပင်လယ်ထဲ၌ သွေးနံ့ရသွားသည့် ငါးမန်းများကဲ့သို့ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုမှလူများ ထိတ်လန့်ကာ ဒေါသထွက်သွားရသည်။ ဤကဲ့သို့သော အပြုအမူမှာ စော်ကားမော်ကားနိုင်လွန်းလှသည်။ ဤသည်မှာ ဤဘက်မှ ကျင့်ကြံသူများကို အထင်သေးလိုက်ခြင်းပင်။ သူတို့က ဒီဘက်က လူတွေကို ဘာမှတ်နေတာလဲ..

“ဒါကို ဘယ်လိုလုပ်သည်းခံရမှာလဲ..” လူငယ်များမပြောနှင့် လူလတ်ပိုင်းကျင့်ကြံသူအချို့ပင် ဒေါသထွက်လာကြလေ၏။ တစ်ဖက်လောကမှ ကျင့်ကြံသူများမှာ မောက်မာလှသည်။ သူတို့သည် ဤလောကမှလူများကို သူတို့ပြိုင်ဘက်ဟု သတ်မှတ်ထားသည်မဟုတ်။

“ဘယ်သူငါနဲ့တိုက်မလဲ..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခု အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှီဟောင်ထက်အရင် ဤနေရာသို့ ရောက်လာခြင်းဖြစ်သောကြောင့် သူပထမဆုံး စတိုက်ရမည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခု၏ အရည်အချင်းများမှာ သေချာပေါက် ထိပ်ဆုံး၌ရှိနေသည်ပင်။ သူ၏ပါရမီများမှာ ထူးခြားလှသည်။ သို့သော်လည်း လတ်တလောတွင် သူတစ်ပွဲ ရှုံးနိမ့်ထားသောကြောင့် သူ့စိတ်ထဲမှ အရိပ်မည်းကြီးကို ဖယ်ရှားပစ်ကာ သူ့ယုံကြည်မှု ပြန်ရအောင် လုပ်ချင်သည်။

တစ်ဖက်လောမှ တစ်ဒါဇင်ကျော်ရှိသည့် ကျွမ်းကျင်သူများမှာ လေပြင်းမုန်တိုင်းကဲ့သို့ တရှိန်ထိုး ပြေးလာကြသောကြောင့် ကျောက်တုံးကြီးများ လေထဲ၌ လွင့်ပျံလာသည်။ အချို့ကျောက်တုံးများမှာ ဂျင်ပေါင်း ရာချီလေးလံသည်ပင်။

ထိုလူအုပ်ထဲတွင် အမျိုးသား၊ အမျိုးသမီး၊ ဆွဲဆောင်မှုရှိသူနှင့် ရုပ်ဆိုးသည့်သူ အားလုံးပါဝင်သည်။ သို့သော် တူညီသည့်အချက်မှာ သူတို့၏ အသက်စွမ်းအင်များ သိပ်သည်းလှပြီး သူတို့၏နဖူးရိုးမှ မြင့်မြတ်သည့်အလင်းများ ထွက်ပေါ်နေသည်ပင်။ ဤသည်မှာ စွမ်းအားကြီးသည့်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

အချို့သတ္တဝါများ ကျယ်လောင်စွာ ရယ်မောနေကြပြီး အချို့မှာ တည်ငြိမ်နေကာ အချို့မှာ ထူးမခြားနားပင်။

“ဟားဟား … ငါစမ်းကြည့်ရအောင်..” ငွေရောင်အလင်းထွက်နေသည့် သက်ရှိတစ်ယောက်မှ ထွက်လာသည်။ သူသည် လူသားခန္ဓာကိုယ်နှင့်မြွေခေါင်းရှိပြီး နတ်အတောင်ပံများလည်းကာ မြွေအမြီးလည်းရှိနေသည်။

“မြွေယာ့ခ်ရှာ..” ဤသတ္တဝါကိုမှတ်မိသည့် တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်ကာ သူချက်ချင်းပင် ခေါင်းကိုက်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ဤမျိုးစိတ်မှာ သန်မာလွန်းလှပြီး တစ်ဖက်လောက၏ ဘုရင်လူမျိုးစုများထဲမှ တစ်ခုပင်။ ဤမြွေယာ့ခ်ရှာ လူငယ်လေး အဆင့်ဘယ်လောက်ရှိမှန်းပင် မသိရ။

“မဟုတ်ဘူး .. ငါသွားမယ် .. ငါ အရင်ဆုံးရောက်လာတာ..” စစ်မြေပြင်သို့ ရောက်နှင့်နေသည့် လူငယ်လေးမှ ပြောလိုက်သည်။

ဤလူငယ်များ၏ ခန္ဓာကိုယ်ထဲရှိ မျိုးစေ့များကို တွေ့ပြီး လူငယ်အုပ်စု အလန့်တကြား ရောက်လာအောင် လုပ်လိုက်သည့်သူမှာ ဤလူပင်။

“ဟားဟား..” ခေါင်းလောင်းသံကဲ့သို့ သာယာလှသည့် ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ရွှေရောင်ဆံပင်ရှည်နှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက် လျှောက်လာသည်။ သူမဆံပင်မှာ ရွှေဖြင့်လုပ်ထားသကဲ့သို့ တောက်ပလှသည်။

သူမ၏ပတ်လည်တွင် ရွှေရောင်စွမ်းအင်များ ထွက်ပေါ်နေကာ သူမခန္ဓာကိုယ်ပတ်လည်တွင် စက်ကွင်းတစ်ခု ဖြစ်နေသည်။

သူမသည် လူသားနှင့်တူသော်လည်း သူမဦးခေါင်းထက်တွင် တောက်ပသည့်နတ်အလင်းထုတ်လွှတ်နေသည့် ဦးချိုနှစ်ခု ရှိနေသည်။ ထို့အပြင် သူမ အနောက်ဘက်တွင် အလွန်ရှည်လျားလှသည့် ရွှေရောင်အမွေးများရှိသည့် အမြှီးတစ်ခုလည်းရှိနေသည်။

“အစ်ကိုကြီးတို့ .. ဒီညီမလေးကို အရင်စမ်းခွင့်‌ပေးပါ .. ညီမလေး လေ့လာဖို့အတွက် ပြည့်စုံတဲ့မျိုးစေ့တစ်စေ့ လိုနေတာ..” သူမ ပြုံး၍ ပြောလိုက်သည်။

“ရွှေရောင်နတ်ဆိုးငှက်..” အလေးအမြတ်ကျောင်းမှ အကြီးအကဲတစ်ယောက် လေးနက်သည့်အမူအရာဖြစ်သွားသည်။ သူ့အနားတွင်ရှိနေသည့်သူများလည်း ဤစကားကိုကြားသည်နှင့် အမူအရာများ ပြောင်းလဲသွားလေသည်။

ထာဝရရှေးဟောင်းခေတ်မှ ဤလူမျိုးစုထားခဲ့သည့် ဒဏ္ဍာရီများစွာရှိနေသည်ပင်။ ဤကလန်မှ ငှက်များ၏ အော်သံများမှာ ငရဲသံကဲ့သို့ပင်။ မဟုတ်ပါက အဘယ်ကြောင့် နတ်ဆိုးငှက်ဟု‌ ခေါ်မည်နည်း.. သူအော်ဟစ်လိုက်သည်နှင့် အဖိုးတန်ပညာများကို ခြေဖျက်နိုင်ပြီး လူတစ်ယောက်၏ မူလဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်ပင်။

ဤမျိုးစိတ်မှာ အလွန်ရှားပါးလေပြီ။ ယခင်က အဆုံးမရှိခြင်းထာဝရဘုရင်သည် သူနှင့်ခေါင်းလောင်းနှင့်အတူ တစ်ဖက်လောကသို့ ဝင်ရောက်ကာ ထိုကလန်တစ်ခုလုံးကို သုတ်သင်ခဲ့သည်ဟုသော ကောလဟာလများ ရှိနေသည်ပင်။

သို့သော် ကြည့်ရသည်မှာ ပိုက်ကွန်ထဲမှ လွတ်သွားသည့်ငါးများ ရှိနေသည်ထင်သည်။ ထို့အပြင် ထိုသူများအရွယ်ရောက်လာပြီဖြစ်ပြီး ပိုများလာပြီဖြစ်သည်။ သူတို့သည် ယခင်ကကဲ့သို့ စွမ်းအားကြီးသည့်ကလန် ဖြစ်လာလေပြီ။

“ငါကတော့ ငါသွားသင့်တယ်လို့ ထင်တာပဲ..” ထိုအချိန်တွင် သားရဲတစ်ကောင် လျှောက်လာသည်။ မြေပြင်ထက်သို့ ခြေထောက် ၆ ချောင်း ရောက်လာသည်ပင်။

သူ၏ခြေထောက်များမှာ တိုင်လုံးကဲ့သို့ ကြီးမားလှပြီး ချီလင်းအကြေးခွံများ ဖုံးအုပ်နေသည်။ ထို့အပြင် အနောက်ဘက်၌ မိကျောင်းအမြီးလည်းရှိသေးသည်ပင်။

သူ့ဘေးပတ်လည်ရှိ လေဟာနယ်များ ချိုင့်ဝင်သွားကာ သူနှင့်အတူ ရွေ့လျားလာလေ၏။ ဤသည်မှာ လေဟာနယ်သားရဲဘုရင်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုတွင်လည်း လေဟာနယ်သားရဲများရှိသော်လည်း အလွန်ရှားပါးသည်။ အမှန်တကယ်တွင် သူတို့အားလုံးမှာ တစ်ဖက်လောကမှ လေဟာနယ်သားရဲဘုရင်၏ မျိုးဆက်များပင်။

ဤသားရဲ၏ ပုံစံအမှန်မှာမည်မျှပင် ကြောက်စရာကောင်းသည်ကို သိနိုင်သည်။

လွန်ခဲ့သည့်သုံးနှစ်က ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်းမှလူများနှင့် ထာဝရစစ်မြေပြင်သို့ သွားစဉ်က လေဟာနယ်သားရဲဘုရင်တစ်ကောင်အား သတ်ခဲ့သေးသည်ပင်။ ထို့အပြင် ထိုနေရာ၌ သူမိုတောင်ကို ရခဲ့ခြင်းပင်။

သို့သော် ဤတစ်ကောင်ကတော့ ထိုအကောင်ထက် ပို၍သန်မာသည်ပင်။

“ခွင့်မလွှတ်နိုင်ဘူး .. မင်းတို့အားလုံး ငါ့ဆီလာလို့ရတယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဟစ်ကြွေးလိုက်သည်။ သူတို့က သူ့ကို ဘာလို့ သတ်မှတ်နေတာလဲ .. သူ့ကို စဉ်းနီတုံးပေါ်က အသားတုံးများ ထင်နေတာလား ..

“ဟားဟား..” သက်ရှိအချို့ ရယ်မောလိုက်ကာ အရင်ဆုံးတိုက်ခိုက်နိုင်ရန်အတွက် တရှိန်ထိုးပြေးလာကြလေ၏။

“မင်းတို့အားလုံး အုပ်စုဖွဲ့ပြီး တိုက်မလို့လား..” အနောက်ဘက်တွင်ရှိနေသည့် ချီဂု၊ ရှုထော်၊ လုဟုန်၊ လန်ရှင်းနှင့် အခြားသူများလည်း တရှိန်ထိုး ရောက်လာကြသည်။

ရှီဟောင်လည်း ထိုလူအုပ်စုထဲ၌ ရှိနေသည်ပင်။ သူသည် တစ်ဖက်အဖွဲ့အား အေးစက်စွာ စိုက်ကြည့်ပြီး သူတို့အား လေ့လာနေလိုက်သည်။ သူသက်ပြင်းမချပဲ မနေနိုင်တော့။ တစ်ဖက်မှ လူငယ်ကျင့်ကြံသူများမှာ စွမ်းအားကြီးလွန်းလှသည်။

မတူညီသည့် ဥပဒေသများ၊ တာအိုများနှင့် လမ်းကြောင်းများမှာ အလွန်ကြောက်စရာကောင်းသည့် လူငယ်ဘုရင်အုပ်စုကို ဖန်တီးပေးလိုက်သည်ပင်။

“ဒီအမျိုးသမီးရဲ့ အသက်အော်ရာက တော်တော်လေးပြင်းတယ် .. သူ့မှာ ထူးခြားတဲ့မျိုးစေ့ရှိတယ် .. ညီမ အဲဒါယူမယ်..” မြွေယာ့ခ်ရှာ လုဟုန်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

လုဟုသည် သက်ရှည်မိသားစုမှ လာခြင်းဖြစ်ပြီး ထူးဆန်းသည့်မျိုးစေ့တစ်စေ့အား ရထားသည်ပင်။ သူမခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အသက်စွမ်းအင်များမှာ အခြားသူများထက် များပြားသည်ပင်။ သူမကို အသက်နတ်ဘုရားမဟုလည်း ခေါ်ကြသည်။ သူမ နောင်တစ်ချိန်၌ ထာဝရသက်ရှိဖြစ်လာလိမ့်မည်ဟု မကောင်းဆိုးဝါးအိုအချို့ ယုံကြည်ထားကြသည်ပင်။

ရွှီး..

ရွှေရောင်နတ်ဆိုးငှက်လှုပ်ရှားလာသည်။ ယခုအချိန်တွင် သူမ လူသားပုံစံနှင့်ဖြစ်သည်။ သူမသည် လန်ရှင်းထံသို့ ဦးတည်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် လန်ရှင်းထံ၌လည်း ကောင်းကင်မျိုးစေ့ဟုခေါ်သည့် ပြိုင်ဘက်ကင်းသည့်ရှေးဟောင်းမျိုးစေ့ ရှိနေသည်ပင်။ ထိုမျိုးစေ့သည် အလွန်အားကောင်းလှကာ ထာဝရရှေးဟောင်းခေတ်၌ ကောလဟာလများစွာ ရှိခဲ့သည်ပင်။

ဤပုံစံဖြင့်ပင် တိုက်ပွဲတစ်ခု စတင်ခဲ့သည်။ ရွှေရောင်နတ်ဆိုးငှက်သည် စွမ်းအားများကို စုစည်းကာ အချိန်မရွေး အော်လိုက်ရန် အဆင်သင့်ဖြစ်နေလေပြီ။

“သတိထား .. သူ့ကို နတ်ဆိုးအော်သံ လုပ်ခွင့်မပေးနဲ့..” အနောက်ဘက်ရှိ လန်ရှင်းမိသားစုများမှ စိုးရိမ်တကြီး ပြောလိုက်ကြသည်။

“ဟားဟား .. အဲဒါဆိုရင် ငါလည်း ယဉ်ကျေးမနေတော့ဘူး..” လေဟာနယ်သားရဲအရှင် ဟစ်ကြွေးကာ သရဖူ ၁၀ ခုဘုရင်ထံသို့ ခုန်အုပ်လာသည်။ သူခုန်လိုက်သည်နှင့် တောင်များလှုပ်ခါသွားကာ ငလျင်လှုပ်ခတ်လာသည်။

ထို့နောက် သူ ပျောက်ကွယ်သွားလေ၏။ သူသည် မြေပြင်ပေါ်၌ သွားနေသကဲ့သို့ လေဟာနယ်ထဲ၌ သွားလာနေခြင်းပင်။

ဝုန်း…

သရဖူ ၁၀ ခုဘုရင်မှာ အလွန်တည်ငြိမ်နေသည်။ သူ နဂါးလက်သီးကို လွှဲရမ်းလိုက်သည်နှင့် မိုးကောင်းကင်ကြီး ချက်ချင်းပြိုကျသွားသည်။

“မင်းတို့အားလုံး အရမ်းလွန်သွားပြီ .. မင်းတို့တွေကို ငါ့သားကောင်ကို တိုက်ခွင့်မပေးဘူး..” မျက်ခုံးကြား၌ အကြေးခွံရှိသည့် လူငယ်လေး အော်ဟစ်ကာ ခရမ်းရောင်နေကောင်းကင်ဘုရင်ထံသို့ တရှိန်ထိုး ပြေးသွားလေ၏။

“ဒီရန်သူကငါ့ဟာ..” သားရဲကြီးတစ်ကောင် ဟစ်ကြွေးလိုက်သည်။ ကောင်းကင်ကြီးအက်ကွဲသွားကာ အနက်ရောင်နတ်ဆိုးတောင်ကြီးတစ်လုံး ကျလာသကဲ့သို့ပင်။ သူသည် ထာဝရကျောင်းမှ ပြိုင်ဘက်ကင်းလူငယ်ကျွမ်းကျင်သူဖြစ်သည့် ကောင်းကင်ဘုရင်လေးထံသို့ ဦးတည်သွားလေသည်။

“အဲဒါဆိုရင် ငါဒီလူကို ရှင်းလိုက်မယ်..” ငွေရောင်ဆံပင်နှင့်အမျိုးသမီးမှ ပြောလိုက်သည်။ သူမ၏မျက်ဝန်းမှ ငွေရောင်အလင်းတန်းနှစ်ခု ထုတ်လွှတ်နေသည်ပင်။ သူအရှေ့ဘက် လျှောက်လာပြီး ရှုထော်ကို ဖိနိပ်လာသည်။

ရှုထော်၏ ခန္ဓာကိုယ်မှ ထာဝရတာအိုစွမ်းအင်များ ထွက်နေသောကြောင့် ဤလူ သာမန်မဟုတ်ကြောင်း သူမသိသည်ပင်။

“ငါထင်ထားသလိုပဲ .. ဒါက ရှေးဟောင်းဘုန်းကြီးသွေးမျိုးဆက်ရဲ့ အမွေဆက်ခံသူဖြစ်နေတယ် .. သူ့မှာ ထာဝရပြာမှုန့်တွေ ရှိနေတယ် .. ဟီးဟီး ငါတော့ ကံကောင်းတာပဲ .. အရှားပါးဆုံးဆေးကို ရတော့မယ်..”

ဤနေရာ ဖရိုဖရဲဖြစ်လာသည်။ တစ်ဖက်လောကမှ လူငယ်ကျင့်ကြံသူ ၁၀ ယောက်ကျော်မှာ‌ သွေးကိုတွေ့လိုက်သည့် ဝံပုလွေများကဲ့သို့ ပြေးလာကြလေ၏။ သူတို့အားလုံးသည် ပြိုင်ဘက်ကို ရှာလိုက်ကာ ပြိုင်ဘက်ကို ခုန်အုပ်လိုက်ကြလေသည်။

ခဏကြာပြီးသည့်နောက်တွင် ရှီယီ၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ချီဂု၊ သရဖူ ၆ ခုဘုရင်နျင်ချွမ်းနှင့် အခြားသူများလည်း ပစ်မှတ်ထားခံလိုက်ရသည်။

ရှီဟောင်လည်း ထို့အတူပင်။ အမျိုးအမည်မသိသည့်ကလန်မှ လူငယ်ကျင့်ကြံသူတစ်ယောက် သူ့ထံသို့ ခုန်ထွက်လာကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ချက်ချင်းပင် ဒီရေလှိုင်းတစ်ခုကဲ့သို့ ပျံ့လွင့်လာသည်။

ဤသတ္တဝါ၏ ခန္ဓာကိုယ်မှာ ကင်းခြေများကဲ့သို့ အဆစ်နှင့်ဖြစ်သည်။ သူသည် မီတာတစ်ရာရှည်ကာ မြင်လိုက်ရသည့်သူများကို ထိတ်လန့်သွားစေသည်။ သို့သော်လည်း သူ၏ဝမ်းဗိုက်နားတွင် ခြေထောက်နှစ်ချောင်းရှိနေသောကြောင့် သူမတ်တပ်ရပ်နိုင်သည်ပင်။

ထို့အပြင် သူ့ထံတွင် ရှိခိုးကောင်ကဲ့သို့သော လက်သည်းရှည်များလည်း ရှိနေသည်။ ထိုလက်များမှာ ဓားဖြူနှစ်ချောင်းကဲ့သို့ပင်။

အတိုချုံးရမည်ဆိုလျှင် ဤသည်မှာ လူသားခန္ဓာကိုယ်နှင့် ရှိခိုးကောင်လက်ရှိသည့် ကင်းခြေများပင်။ သူ့ထံတွင်ရွှေရောင်အရင့် တောက်ပနေပြီး သူ့ခန္ဓာကိုယ်မှာ မည်မျှပင် မာကျောသည်မသိ တချွမ်ချွမ်အသံများ ထွက်နေသည်ပင်။

သို့သော်လည်း သူသည် ရှီဟောင်ပစ်မှတ်ထားခြင်းမဟုတ်ပဲ ရှီဟောင်ပုခုံးပေါ်၌ ရှိနေသည့် ကောင်းကင်ဦးချိုပုရွက်ဆိတ်လေးကို ပစ်မှတ်ထားခြင်းပင်။

“ပြည့်စုံတဲ့မျိုးစေ့တစ်စေ့တောင်မရှိတဲ့လူသားက ဘယ်လိုလုပ် ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့ အဖိုးတန်သွေးမျိုးဆက်ကို ယှဉ်နိုင်မှာလဲ.. ဒါကမှ ငါ့ရဲ့ပစ်မှတ်အစစ်ပဲ..” သူ မသဲမကွဲပြောလိုက်သည်။

ရှီဟောင် တစ်ခဏခန့် ဆွံ့အသွားပြီးနောက် သူနားလည်သွားရသည်။ တစ်ဖက်လူထံတွင် ရှေးဟောင်းမျိုးစေ့ကို စမ်းသပ်နိုင်သည့် အထူးနည်းလမ်းများရှိနေသည်။

ပြောရမည်ဆိုလျှင် ထာဝရရှေးဟောင်းခေတ်၌ ပြည့်စုံသည့်မျိုးစေ့ရှိသူများသည် တစ်ဖက်လောကအား အနည်းငယ် ထိခိုက်စေခဲ့သည်ပင်။ ထို့ကြောင့်လည်း သူတို့ ဤတာအိုကို သေချာလေ့လာခဲ့ကာ သူတို့ရှာတွေ့ခဲ့သည်များကို သူတို့မျိုးဆက်အား လက်ဆင့်ကမ်းပေးခဲ့ခြင်းပင်။

ဤသည်ကို တွေးမိသွားသည်မှာ ရှီဟောင်တစ်ယောက်တည်း မဟုတ်။ အခြားသူများလည်း တွေးမိသွားကာ စိတ်လေးလံသွားရသည်။

ဤသည်မှာ တစ်ဖက်လောမှ သက်ရှိများ သေချာလေ့လာထားသည်မှာ သေချာသည်။ မဟုတ်ပါက သူတို့ အဖိုးတန်မျိုးစေ့များကို အဘယ်ကြောင့် ဤမျှမြန်မြန်ဆန်ဆန်ရှာတွေ့မည်နည်း..

ထို့အပြင် ဤသည်မှာ ဤရှေးဟောင်းမျိုးစေ့များကို ရင်ဆိုင်ရန်အတွက် သူတို့ နည်းလမ်းများ ပြင်ဆင်ပြီးသွားပြီဟု ဆိုလိုခြင်းပင်။

ထိုအကြောင်းစဉ်းစားမိသည်နှင့် အားလုံး ချွေးပြန်သွားရသည်။ ဤသည်မျာ မဖြစ်နိုင်သည့်ကိစ္စမဟုတ်။ အတော်လေး ဖြစ်နိုင်သည်ပင်။ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး အချို့လူများမှာ အန္တရာယ်ကို အာရုံခံမိကြသည်ပင်။

“အခြေအနေ မကောင်းတော့ဘူး ..” အနောက်ဘက်တွင်ရှိနေသည့် အသက်ကြီးသည့်မျိုးဆက်များမှာ အတွေ့အကြုံများစွာ ရှိသောကြောင့် အခြေအနေများကို လူငယ်များထက် ရှင်းရှင်းလင်းမြင်နိုင်သည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ အဆင့်လွန်လူငယ်များကို တွေ့လိုက်ရသည့်အချိန်တွင် တစ်ဖက်လောကမှ လူငယ်ကျွမ်းကျင်သူများ အဘယ်ကြောင့် ဤမျှစိတ်လှုပ်ရှားနေသည်ကို သူတို့သိသွားလေပြီ။

“ဘယ်သူ ငါနဲ့တိုက်ရဲလဲ .. ဒီကို လေးဖက်ထောက်လာခဲ့လိုက် .. ငါ မင်းတို့အားလုံးကို သတ်ပေးမယ်..”
ရှီဟောင် ဟစ်ကြွေးလိုက်၏။ အခြေအနေမကောင်းသည်ကို စဉ်းစားမိသောကြောင့် သူ ချက်ချင်းတိုက်ခိုက်လိုက်သည်။

ထို့အပြင် သူသည် လူတစ်ယောက်တည်းကို တိုက်ခိုက်ခြင်း မဟုတ်။ အဖိုးတန်ပညာ ၁၀ ခုကျော် ထုတ်လွှတ်ကာ တစ်ဖက်လောကမှ ကျင့်ကြံသူများအားလုံးကို တိုက်ခိုက်လိုက်ခြင်းပင်။ ဤသည်မှာ အုပ်စုလိုက်တိုက်ပွဲဖြစ်သွားကာ အားလုံးကို စိန်ခေါ်သလို ဖြစ်သွားသည်။

အပိုင်း ၁၅၂၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၅ – ယခင်မျိုးဆက်၏ ပြင်းထန်လှသည့်တိုက်ပွဲ

ရှီဟောင်တိုက်ခိုက်လိုက်သည်။ အဖိုးတန်ပညာများ ချက်ချင်းထွက်ပေါ်လာကာ တစ်ဖက်တွင်ရှိနေသည့် ဘုရင်များကို တိုက်ခိုက်လာသည်။

ဓားအလင်းများ ရုတ်တရက်ထွက်ပေါ်လာပြီး နတ်ဦးချိုများလည်း ကောင်းကင်ကိုထိုးဖောက်လာသည်။ သားရဲခြေထောက်များလည်း မြေပြင်ထက်သို့ ကျရောက်လာသည်။ ဤနေရာမှာ ချက်ချင်းပင် အော်သံများ ပြည့်နှက်သွားသည်။ တစ်ဖက်လောမှ ဘုရင်များလည်း သူ၏တိုက်ခိုက်မှုအား ပြန်လည်တုံ့ပြန်လာသည်ပင်။

အားလုံး ဆွံ့အသွားရ၏။ လူတစ်ယောက်က ဒီဘုရင်တွေအားလုံးကို တစ်ယောက်တည်း စိန်ခေါ်ရဲတာလား .. ဒီလူက အသက်ရှင်နေရတာ ပင်ပန်းနေလို့လား ..

ရှီဟောင် ဤသို့လုပ်ရသည်မှာ သူတို့၏ ရန်လိုမှုများကို အာရုံဆွဲယူလိုက်ကာ သူ့ဘက်မှလူများ တည်ငြိမ်သွားပြီး ဤအခြေအနေကို သေချာတွေးကာ နောက်ပြန်ဆုတ်ရန် အချိန်ရရန်ပင်။

အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေမှာ ပြင်းထန်လှသည်။ တစ်ဖက်လူမှာ ရှေးဟောင်းမျိုးစေ့အကြောင်း များစွာသိထားသောကြောင့် သူတို့ထံ၌ ဝှက်ဖဲများရှိနေမည်ပင်။

ဝုန်း..

လောကကြီးကို တုန်လှုပ်စေနိုင်သည့် အသံထွက်ပေါ်လာကာ စွမ်းအားအကြီးဆုံး အဖိုးတန်ပညာ ၁၀ ခု ရှီဟောင်ထံသို့ ဒေါသတကြီး ဦးတည်လာသည်။ ဤသည်မှာ ဘုရင်များ၏ နတ်စွမ်းရည်များပင်။

ရွှီး..

ရှီဟောင်လျှပ်စီးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏မူလနေရာမှ ပျောက်ကွယ်သွားသည်။ သူကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် ဤဘုရင်များကို တကယ်ရင်မဆိုင်ရဲပေ။

“ရှင်က ကျွန်မကို ရန်စရဲတာလား .. ရှင်က သေခြင်းနဲ့ရှင်ခြင်းက ကွာခြားချက်ကို နားမလည်ဘူးပဲ..” မြွေယာ့ခ်ရှာမှ အေးစက်စွာ ပြောလိုက်သည်။

ဂါး.. လေဟာနယ်သားရဲသည် ဟစ်ကြွေးကာ ရှီဟောင်ကို ဆက်လက်တိုက်ခိုက်နေသည်။

ခရမ်းရောင်နေကောင်းကင်၊ လန်ရှင်း၊ ရှုထော်နှင့် အခြားသူများအားလုံး ထိတ်လန့်သွားရသည်။ ရှီဟောင် ဤကဲ့သို့ လုပ်ရဲလိမ့်မည်ဟု သူမထင်ထားခဲ့။ တစ်ချိန်တည်းမှာပင် သူ သူတို့ကိုကူညီရန် ကြိုးစားနေကြောင်းလည်း သူတို့ခန့်မှန်းမိသွားသည်။

အဘယ်ကြောင့်ဆိုသော် အခြေအနေသိပ်မဟန်ကြောင်း သူတို့ ခံစားမိလိုက်သည်ပင်။ တစ်ဖက်လောကမှလူများသည် ရှေးဟောင်းမျိုးစေ့အကြောင်း နက်နဲစွာ နားလည်ထားပြီး သူတို့ခန္ဓာကိုယ်အတွင်းပိုင်း၌ ဖုံးကွယ်ထားသည့် မျိုးစေ့များကိုပင် ခွဲခြားနိုင်သည်။

“ရပ်လိုက်..”

ထိုအချိန်တွင် အနောက်ဘက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူကြီးမျိုးဆက်များ အော်ဟစ်လိုက်ကာ စစ်ပွဲအား ရပ်တန့်စေလိုက်ခြင်းပင်။ ရှီဟောင် ဤဘုရင်များ၏ တိုက်ခိုက်မှုအောက်၌ ကျရှုံးသွားမည်ကို သူတို့စိုးရိမ်ကြသည်။ သူတို့ သူ့ကို အသေခံ၍မဖြစ်။

“ကျွန်မတို့ကို လာရန်စရဲမှတော့ သူ ပြန်ပေးဆပ်ရမယ်..” ရွှေရောင်နတ်ဆိုးငှက် အော်ဟစ်လိုက်သည်။ သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း သူမ၏ရွှေရောင်ဆံပင်များ ဖြန့်ကျဲနေကာ သူမ၏လှပသည့်မျက်လုံးတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်နေသည်။

“မင်း မလွတ်နိုင်ဘူး..” မျက်ခုံးကြားတွင် အကြေးခွံရှိသည့် လူငယ်လေးလည်း ရှီဟောင်ထံသို့ ဒေါသတကြီး ပြေးလာသည်။

လူငယ် ၁၀ ယောက်ကျော်မှာ သူတို့လှုပ်ရှားမှုများကို ရပ်တန့်မည့်ပုံမပေါ်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့မည်မျှမောက်မာသည်ကို သိနိုင်သည်။ သူတို့သည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ အကြီးအကဲများ၏ အော်သံများကို နည်းနည်းလေးမှ အရေးမထားပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အကြီးအကဲများ သူတို့အား ကာကွယ်လိမ့်မည်ဟု ယုံကြည်ထားကြသောကြောင့်ပင်။

“လာခဲ့ .. ငါမကျေမနပ်မချင်း မင်းတို့ကိုသတ်မယ် .. အဲဒီစီနီယာတွေအတွက် လက်စားချေမယ်..” ရှီဟောင်မျက်လုံးထဲမှ အလင်းမှာ လျှပ်စီးကဲ့သို့ပင်။ သူတို့ထဲမှ တစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး ထိုတစ်ယောက်အား အရင်အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။

သိပ်မကြာသေးခင်က ရှင်းဖုန်း၊ ဆံနီနတ်ဘုရင်နှင့် အခြားစီနီယာများ အသတ်ခံခဲ့ရပြီး သူတို့ဘက်မှ စိတ်ဓာတ်ခွန်အားကို အတော်လေး ရိုက်ချခံလိုက်ရသည်ပင်။ ရှီဟောင် ဤလူများကို သူကျေနပ်သည်အထိ အနိုင်ယူပြီး ညှိုမှိုင်းမှုများနှင့် ဖိအားများကို ဖယ်ရှားပစ်ရန် မျှော်လင့်ထားသည်။

လေပြင်းများ တိုက်ခတ်လာသည်။ ရှုထော်၊ ရှီယီ၊ ချီဂုနှင့် အခြားသူများလည်း ရှီဟောင်ကို ကူညီကာ တိုက်ခိုက်လာကြသည်။ သူတစ်ယောက်တည်း တိုက်ခိုက်နေသည်ကို သူမကြည့်နိုင်။ မည်သူမှ ဘုရင်အုပ်စုကို တစ်ယောက်တည်း တိုက်ခိုက်နိုင်မည်မဟုတ်။

ဖုန်း..

ကမ္ဘာမြေကြီး တုန်ခါသွားကာ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ပေါ်လာသည်။ အကြီးအကဲအရှင် တိုက်ပွဲအလယ်၌ ရုတ်တရက်ပေါ်လာကာ နှစ်ဘက်မှ လူငယ်များကိုခွဲလိုက်သည်။

“ခင်ဗျား နှောက်ယှက်မလို့လား..”

ဤကဲ့သို့သော သက်ရှိမျိုးနှင့်ရင်ဆိုင်ရသော်လည်း လူငယ်ဘုရင်များ ကြောက်မသွားကြပေ။ မြွေယာ့ခ်ရှာနှင့် အခြားသူများ အော်ဟစ်လိုက်ကြပြီး သူတို့တိုက်ခိုက်မှုကို မရပ်တန့်သည့်သူများပင် ရှိနေသေးသည်။

အကြီးအကဲအရှင် မလှုပ်မယှက် ရပ်နေဆဲပင်။ သူ့ခန္ဓာကိုယ်မှ အဖိုးတန်အလင်းလုံးတစ်ခု ထွက်ပေါ်လာကာ သူတို့၏တိုက်ခိုက်မှုများကို ခြေဖျက်လိုက်ကာ ဤနေရာကို ကာကွယ်ထားလိုက်သည်။ မြွေယာ့ခ်ရှာနှင့် အခြားသူများ ချက်ချင်း လွင့်ထွက်သွားကြလေသည်။

“ခင်ဗျားက အားနည်းတဲ့သူကို အနိုင်ကျင့်ချင်တာလား..”

အခြားတစ်ဖက်မှာ ချက်ချင်းမှောင်မဲသွားကာ မှုန်ဝါးနေသည်ပုံရိပ်သုံးခု ပေါ်လာလေ၏။ ထိုပုံရိပ်များ မည်ကဲ့သို့ လှုပ်ရှားလိုက်မှန်း မည်သူမှ မသိကြ။ သူတို့သည် ထိုနေရာ၌ ရပ်ကာ အကြီးအကဲအရှင်အား တားဆီးနေလေပြီ။

“ငါသာ အနိုင်ကျင့်ချင်ရင် သူတို့အစောကြီးကတည်းက ပျောက်သွားလောက်ပြီ..” အကြီးအကဲအရှင် ပြောလိုက်သည်။

“ကျုပ်တို့ဒီမှာရှိနေတာကို ခင်ဗျားရဲ့ ရည်မှန်းချက် အောင်မြင်နိုင်မယ်လို့ ထင်နေတာလား..” ပုံရိပ်သုံးခုထဲရှိတစ်ခုမှ ပြောလိုက်သည်။

“အခု မျိုးဆက်တစ်ဆက်စီက တစ်ယောက်စီပဲ တိုက်ခဲ့ကြတာ .. လူငယ်မျိုးဆက်တွေလည်း ဒီလိုဖြေရှင်းလိမ့်မယ်လို့ ယုံကြည်တယ်” အကြီးအကဲအရှင် ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လောကတွင် ရှေးဟောင်းမျိုးစေ့များနှင့် ရင်ဆိုင်ရန် နည်းလမ်းရှိနေမည်ကို သူစိုးရိမ်မိသောကြောင့်ပင်။ သူတို့၏အနာဂတ်လက်ရွေးစင်များ ထိခိုက်သွားမည်ကို သူကြောက်သည်။

“တာအိုရောင်းရင်း ကြောက်နေတာလား .. ကျုပ်အမြင်တော့ ဒီလူငယ်လေးတွေအားလုံးလည်း တိုက်ခိုက်ချင်နေကြတာပဲ … သူတို့ကို ဒီလိုမျိုးကာကွယ်ပေးနေတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူး .. ဖန်လုံအိမ်ထဲကနေ ဘယ်လိုကျွမ်းကျင်သူမျိုး ထွက်လာမှာလဲ .. ကျုပ်လောကက ဂျီးနီးယပ်စ်တွေအားလုံးက အရိုးတောင်တွေ သွေးပင်လယ်တွေထဲကနေ ထွက်လာတဲ့သူတွေချည်းပဲ .. ရောင်းရင်း သူတို့ကို ဒီလိုမျိုးတားလိုက်ရင်တောင် သူတို့ နောက်ဆုတ်ချင်မှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ် .. ဒါမှမဟုတ် သူတို့တွေက သူတို့တစ်ခြားသူတွေထက် နိမ့်ကျတာကို ဝန်မခံနိုင်ဖြစ်နေကြတာလား .. သူတို့ ဒီလောက်ကြောက်တတ်နေရင် သူတို့မှာ ဘယ်လိုတာအိုနှလုံးသားမျိုး ရှိနေမှာလဲ..” ထိုပုံရိပ်သည် ရုပ်တုတစ်ခုကဲ့သို့ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

သူ၏အသံမှာ သိပ်မကျယ်သလို ထိုမျှအားမပြင်းသော်လည်း အားလုံး၏စိတ်ထဲသို့ ထိုးဖောက်လာသည်။ အထူးသဖြင့် လူငယ်မျိုးဆက်များအားလုံး လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုတ်လိုက်ကြသည်။

“တစ်ဖက်ကလူတွေ မင်းတို့အားလုံး ကြောက်နေကြတာလား.. မင်းတို့အသတ်ခံရမှာ ကြောက်နေရင်လည်း မြန်မြန်ပြေးပြီးတော့ မင်းတို့မိဘတွေနောက် ဝင်ပုန်းနေလိုက် .. ငါတို့ရှေ့ ဘယ်တော့မှ ပေါ်မလာခဲ့နဲ့ .. ဟား ဟား ဟား..”

“ငါတို့ ဖြတ်လာပြီးတော့ စစ်ပွဲကြီး စလာရင် မင်းတို့က ဘယ်နေရာကို သွားပြေးပုန်းကြမှာလဲ.. သွေးကြောင်တဲ့လူတွေ .. တိုက်ပွဲတိုက်ရဲတဲ့သတ္တိတောင်မရှိဘူး..”

တစ်ဒါဇင်ကျော်ရှိသည့် တစ်ဖက်လောကမှ လူငယ်ကျွမ်းကျင်သူများ ဤဖက်မှလူများကို‌ လှောင်ပြောင်လာကြသည်။

အထူးသဖြင့် ပြောနေကြသည့်သူများမှာ မိန်းကလေးများပင်။ ဤသည်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် အခြားသူများအား ဒေါသထွက်သွားစေသည်ပင်။ သူတို့ကို အလွန်အထင်သေးလွန်းသွားလေပြီ။

တစ်ဖက်လူမှ သူတို့အား တမင်သက်သက်ဆွနေခြင်းဖြစ်ကြောင်း အားလုံးသိနေသော်လည်း ဒေါသထွက်နေသေးသည်ပင်။

တစ်ချိန်တည်းမှာကင် ချီဂု၊ လန်ရှင်း၊ ရှုထော်နှင့် အခြားသူများလည်း ဘာပဲဖြစ်ဖြစ် သူတို့တိုက်ခိုက်ရမည်ဟု ခံစားလိုက်ရသည်။ တစ်ဖက်လူမှ ပြည့်စုံသည့်ရှေးဟောင်းမျိုးစေ့အကြောင်း သိနေလျှင်ပင် သူတို့နောက်ပြန်မဆုတ်နိုင်။

ထွက်ပြေးခြင်းမှာ အဖြေတစ်ခုမဟုတ်။ သူတို့ တစ်ဖက်လူအား အနှေးနှင့်အမြန် ရင်ဆိုင်ရမည်ပင်။ စောင့်နေမည့်အစား ယနေ့ပင် တိုက်လိုက်မည်။ ခေတ်တစ်ခေတ် ကုန်ဆုံးသွားပြီးနောက် တစ်ဖက်လောကမှ လူငယ်မျိုးဆက်များ မည်မျှ စွမ်းအားကြီးသည်ကို သူတို့သိချင်သည်။

“တိုက်မယ်..”

ဤသည်မှာ လူတစ်ယောက်တည်း အော်လိုက်ခြင်းမဟုတ်။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူငယ်မျိုးဆက်အုပ်စု အော်လိုက်ခြင်းပင်။ သူတို့နောက်ပြန်မဆုတ်ချင်၊ ထွက်မပြေးချင်။ ဤသည်မှာ သူတို့ချလိုက်သည့်ဆုံးဖြတ်ချက်ပင်။

သူတို့ အနှေးနှင့်အမြန် မျက်နှာချင်းဆိုင်ရမည်ဖြစ်သောကြောင့် ယခုကတည်းက ကိစ္စတွေကို ဖြေရှင်းလိုက်မည်။

မဟုတ်ပါက သူတို့ထံ၌ ပြည့်စုံသည့်မျိုးစေ့ရှိလည်း ဘာလုပ်ရမည်နည်း .. သူတို့ မတိုက်ရဲပါက သူတို့၏ အဆင့်လွန်လူငယ်ဆိုသည့် ဂုဏ်ပုဒ်မှာ အလကားသက်သက်ဖြစ်သွားမည်။ ထိုသို့ဆိုလျှင် သူတို့ ရှေးဟောင်းမျိုးစေ့မရှိသည်က ပိုကောင်းလိမ့်မည်။

“ငါသွားမယ်..”

ထိုအချိန်တွင် ရှီဟောင် အားလုံးရှေ့သို့ ထွက်လာလိုက်သည်။ သူ့ထံတွင် ရှေးဟောင်းမျိုးစေ့မရှိသောကြောင့် သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ကြိုက်သလောက် သတ်၍ရသည်။

“ငါလည်း တိုက်နိုင်တယ်..” ချီဂုလည်း လျှောက်လာသည်။

“ဝိုး..” တစ်ဖက်တွင်ရှိနေသည့် ကျွမ်းကျင်သူသုံးယောက် ထိတ်လန့်သည့်ပုံစံများ ဖြစ်သွားကြသည်။ သူတို့သည် ရှီဟောင်အား ကြည့်လိုက်ကာ “စွမ်းရည်နည်းနည်းလောက် ရှိသားပဲ..”

“ကျွန်မအရင်သွားမယ် .. ကျွန်မသူတို့အားလုံးကို သတ်ပစ်မယ်..” မြွေယာ့ခ်ရှာ ထွက်လာသည်။

“ဒီလိုဆိုရင်ရော .. ငါတို့ ထာဝရလိပ်ခွံကိုသုံးပြီးတော့ ပြိုင်ဘက်ကို သတ်မှတ်မယ်..” တစ်ဖက်လောကမှ ရှေးဟောင်းပုဂ္ဂိုလ်တစ်ယောက် လျှောက်လာပြီး ပြောလိုက်သည်။

“လောကနှစ်ခုက ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်တွေ တိုက်ခိုက်ကြတဲ့ အဲဒီနှစ်တုန်းက လိုမျိုးလား..” အကြီးအကဲအရှင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားကာ သူ့ခံစားချက်များကို ဖိနှိပ်လိုက်သည်။

အကြီးအကဲအရှင်ပင်လျှင် ဤကဲ့သို့ဖြစ်သွားသောကြောင့် ထိုအဖြစ်အပျက် မည်မျှစိတ်လှုပ်ရှားစရာကောင်းခဲ့သည်ကို သိနိုင်သည်။

ယခင်တုန်းက ထိုတိုက်ပွဲမှာ အလွန်ဆိုးရွားခဲ့သည်။ စစ်တပ်နှစ်ခုလုံး မျက်နှာချင်းဆိုင်သည့်အချိန်တွင် ထာဝရလိပ်ခွံကို အသုံးပြုကာ ပြိုင်ဘက်များကို ရွေးချယ်ခဲ့သည်။ ထာဝရဘုရင်များသည် တစ်ဖက်လောကမှ စွမ်းအားအကြီးဆုံးသူများနှင့် တိုက်ခိုက်ခဲ့ရသည်ပင်။ ကောင်းကင်ကြီး သွေးရောင်လွှမ်းသည်အထိ တိုက်ခိုက်ခဲ့ကြကာ စစ်မြေပြင်၌ အသက်ဆုံးရှုံးခဲ့ကြရသည်ပင်။

“ဟုတ်တယ် .. နှစ်ဘက်လုံးက လူငယ်ကျင့်ကြံသူတွေအားလုံးက တိုက်ခိုက်ချင်နေမှတော့ ငါတို့က သူတို့အတွက် ပြိုင်ဘက်တွေကို ဘယ်လိုရွေးပေးရမှာလဲ .. ငါတို့ ထာဝရလိပ်ခွံကို သုံးပြီးတော့ ဆုံးဖြတ်ကြမယ်..”

ဤစကားကြားလိုက်ရသည့်အချိန်တွင် အကြီးအကဲအရှင်နှင့် အခြားသူများ တိတ်ဆိတ်သွားကြသည်။ တစ်ဖက်လူမှာ သူတို့ကို ယခင်က ဆိုးရွားလွန်းလှသည့် စစ်ပွဲကို သတိပေးရန်အတွက် ထာဝရလိပ်ခွံကို တမင်သက်သက်ယူလာကြခြင်းပင်။

ထိုတိုက်ပွဲမှ ထာဝရဘုရင်များ၏ အလောင်းများကို အောင်လံဖြင့် ပတ်ချည်ခဲ့ကြရခြင်းပင်။

လူငယ်လေးတွေပဲ တိုက်ခိုက်ကြတာကို ဘာလို့ ဒီလိုမျိုး လုပ်ဖို့လိုအပ်မှာလဲ .. ဤသည်မှာ တစ်ဖက်လောကမှ တမင်သက်သက် သူတို့အနာလာဆွသည်မှာ သိသာလှသည်ပင်။

“ဘာခဲ့လေ … ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ..” ထာဝရကျောင်းမှ ကောင်းကင်ဘုရင်လေး အော်ဟစ်လိုက်သည်။

“သေတဲ့အထိ တိုက်မယ်..” အလေးအမြတ်ကျောင်းမှ တစ်စုံတစ်ဦးလည်း အော်ဟစ်လိုက်ကြသည်။

“ငါတို့ စီနီယာတွေအတွက် လက်စားချေပေးပြီး သူတို့ရဲ့အမုန်းတရားကို ရှင်းလင်းပေးမယ်..” သက်ရှည်မိသားစုမှ လူငယ်များ၏ မျက်လုံးများ နီရဲနေလေပြီ။

ယခင်က ထိပ်ဆုံးမှလူများ တိုက်ခိုက်ကြသည့် တိုက်ပွဲတွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ရှုံးနိမ့်သွားခဲ့ရသည်။

ထိုတိုက်ပွဲကြောင့်လည်း လောကကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်ပင်။

ဤသမိုင်းကြောင်း သိသွားသည့်သူတိုင်းမှာ ဝမ်းမနည်းပဲ မနေနိုင်။ သူတို့အားလုံး ဒေါသထွက်လာကြကာ သူတို့ဘိုးဘေးအတွက် လက်စားချေချင်လာကြသည်ပင်။

တစ်ဖက်လောကမှ ပုံရိပ်သုံးခုမှာ သက်ရှိရုပ်ကြွင်းကဲ့သို့ အမှောင်ထုထဲ၌ မလှုပ်မယှက်ရပ်နေဆဲပင်။

သူတို့ ဤစကားများကို လျှောက်ပြောလိုက်ခြင်းမဟုတ်။ သူတို့စကား၏ အတိမ်အနက်ကို သူတို့သိသည်ပင်။ ထာဝရလိပ်ခွံဖြင့် ပြိုင်ဘက်ကို ရွေးချယ်မည်ဟု ပြောလိုက်ခြင်းမှာ တစ်ဖက်လူအတွက် တောင်ကြီးပိသွားသကဲ့သို့ လေးလံသွားစေမည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ အကြီးအကဲများမှာ ဤသည်ကို ရပ်တန့်ချင်သော်လည်း သူတို့စိတ်ထဲ၌လည်း မီးတောက်များ ထွက်ပေါ်နေသည်ပင်။ ထို့အပြင် သူတို့ကို တားဆီးလိုက်ပါက သူတို့၏ယုံကြည်ချက်ကို ရိုက်ချိုးသလို ဖြစ်သွားလိမ့်မည်။

“ထားလိုက်တော့ .. သူတို့က ဒီစစ်ဆေးမှုလေးကိုတောင် မဖြတ်ကျော်နိုင်ရင် နောင်အနာဂတ်အကြောင်း ဘာလို့ ပြောနေဦးမှာလဲ .. သူတို့တွေရဲ့ ပြည့်စုံတဲ့မျိုးစေ့ကို သေချာလေ့လာထားတယ်ဆိုရင် ငါတို့သူတို့ကို ကာကွယ်ပေးရင်လည်း အလကားပဲ .. အဲဒီအစား သူတို့ကို တိုက်ခိုက်လိုက်တာက ပိုကောင်းဦးမယ်..” ထာဝရကျောင်းမှ အကြီးအကဲအရှင် ပြောလိုက်သည်။

အကြီးအကဲအရှင် မုန့်ထျန်းကျန်းလည်း ခေါင်းညိမ့်လိုက်သည်။ သက်ရှည်မိသားစုအရှင်အချို့လည်း တိတ်ဆိတ်နေကာ သူတို့သဘောတူကြောင်း ခေါင်းညိမ့်ပြလေ၏။

ဖြစ်လာရမယ့်ကိစ္စတွေက ဖြစ်လာမှာပဲ .. သူတို့၏ ပြည့်စုံသည့်ရှေးဟောင်းမျိုးစေ့သာ ယခင်က တောက်ပမှုများမရှိတော့ပါက သူတို့မည်မျှတန်ဖိုးထားနေပါစေ၊ သူတို့မည်မျှကာကွယ်နေပါစေ အသုံးဝင်မည်မဟုတ်။

“ကောင်းတယ် .. မင်းတို့အားလုံး သဘောတူသွားပြီဆိုတော့ တိုက်ပွဲအတွက် ပြင်ဆင်ကြတာပေါ့..” အမှောင်ထုထဲရှိ ရှေးဟောင်းပုံရိပ်တစ်ခုမှ ပြောလိုက်သည်။

“ဟားဟား .. ငါက အစောကြီးကတည်းက အဲဒါတွေကိုယူဖို့ လက်ယားနေတာ..” တစ်ဖက်လောကမှ လူငယ်ဘုရင်များ ပြောလိုက်သည်။ သူတို့ အလွန်စိတ်လှုပ်ရှားနေကြသည်ပင်။

“ငါတို့ ဘိုးဘေးတွေလိုမျိုး ပြိုင်ဘက်ကင်းကျွမ်းကျင်သူလို့ ခေါ်တဲ့သူတွေကို ရှင်းပစ်ကြတာပေါ့ .. သူတို့အားလုံးကို ရှင်းပစ်မယ်..” အခြားလူတစ်ယောက်မှ အော်ဟစ်လိုက်၏။

ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများ၏ဒေါသကို ဆွလိုက်ခြင်းပင်။ သူတို့ဒဏ်ရာများ နောက်တစ်ခေါက် အဆွခံလိုက်ရကာ အလွန်နာကျင်သွားရသည်။

“မင်းတို့အားလုံးက မင်းတို့ကလန်ရဲ့ ကံကြမ္မာကို လောင်းကြေးထပ်နေတာပဲ .. လောကကြီးရဲ့ ကံကြမ္မာကို အလောင်းအစားလုပ်နေတာ..” အကြီးအကဲအရှင် မုန့်ထျန်းကျန်း တစ်ဖက်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဝိုး .. လူငယ်မျိုးဆက်တွေကြားက တိုက်ပွဲက အဲဒီအဆင့်လောက်ထိ မရောက်သေးပါဘူး .. ဒါပေမဲ့ အနိုင်အရှုံးက တစ်ချို့ကိစ္စတွေကို ရှင်းပြပေးနိုင်မှာပေါ့ .. ကလန်ရဲ့ကံတရားနဲ့ လောကကြီးရဲ့ကံတရားကို နည်းနည်းလောက်တော့ ပြောင်းလဲရင်ပြောင်းလဲစေမှာပေါ့..” တစ်ဖက်လောကရှိ ရှေးဟောင်းပုံရိပ်မှ ပြောလိုက်သည်။

“ဒါပေမဲ့ ကံတရားက ငါတို့ဘက်မှာပဲ .. ငါတို့လောကက ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတွေ လှုပ်ရှားလိုက်ရင် မင်းတို့လောကက ထူးခြားတဲ့သူတွေအကုန်လုံး ကြွေလွင့်သွားမှာပဲ .. အခု မင်းတို့ဘိုးဘေးတွေ တိုက်ခဲ့တဲ့အတိုင်း ငါတို့ ပြန်သွားကြမှာ .. အခုလည်း ငါတို့ပဲ နိုင်ဦးမှာပဲ .. မင်းတို့ နောက်မျိုးဆက်ရဲ့ မျှော်လင့်ချက်တွေ ဒီမှာ အဆုံးသတ်သွားပြီ..”

“ခင်ဗျား..” ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူအားလုံး ဒေါသထွက်သွားရသည်။ သူတို့အနာဟောင်းကို ထပ်ခါထပ်ခါ ထိုးဆွခံနေရသည်မှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။

“ဒီတစ်ခေါက်တော့ မင်းတို့လောင်းကြေးစားကြေးက များသွားပြီ..” အကြီးအကဲအရှင် မုန့်ထျန်းကျန်း လေးနက်စွာ ပြောလိုက်သည်။

သူတစ်ဖက်လှည့်ကာ ရှီဟောင်ကို တစ်ချက်ကြည့်လိုက်ည်။ အခြားသူများ သတိမထားမိသော်လည်း ရှီဟောင် ကတော့ ခံစားမိလိုက်သည်ပင်။ သူသည် ရှီဟောင်အား အလွန်ယုံကြည်နေပြီး သူ တစ်ဖက်လူအား တားဆီးကာ အောင်ပွဲယူရန် မျှော်လင့်ထားသည်ပင်။

ရှီဟောင် ထိတ်လန့်သွားရ၏။ အကြီးအကဲအရှင်သည် ပုံမှန်အားဖြင့် အလွန်တည်ငြိမ်သည့်သူဖြစ်သော်လည်း ယခုအချိန်တွင် သူ့မျက်လုံးထဲ၌ ခံစားချက်များ လေးနက်လှသည်။

သူတို့နိုင်ရမယ်..

သူတို့နိုင်ရမယ် .. ရှုံးလို့မရဘူး..

ယခုအချိန်တွင် လူငယ်မျိုးဆက်များ၏ တိုက်ပွဲမှာ ထာဝရရှေးဟောင်းခေတ်မှ နောက်ဆုံးနေ့ရက်များနှင့် အနည်းငယ် ချိတ်ဆက်နေသည်ကို အားလုံးသိသွားလေပြီ။

ခံစားချက်မှာ လေးလံလှပြီး ဖိအားလည်းများလွန်းလှသည်။ သူတို့ အသက်ရှူရပင် ခက်ခဲလာသည်။

“စကြစို့..” တစ်ဖက်လောက ရှေးဟောင်းပုံရိပ်မှ အော်ဟစ်လိုက်သည်။

အပိုင်း ၁၅၂၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၆ – လောင်ကျွမ်းလာသော ဒေါသတရား

“ငါ မစောင့်နိုင်တော့ဘူး .. ငါတို့ အစောကြီးကတည်းက စသင့်တာ .. ဒီစစ်ပွဲက ငါတို့ဘက်က ကောင်းကင်ခွန်အားတွေကို တိုးမြှင့်ပေးမှာပဲ .. ငါတို့ဘိုးဘေးတွေ လုပ်ခဲ့သလိုမျိုး ထာဝရအစစ်လို့ခေါ်တဲ့သူတွေကို သူတို့ခြေထောက်အောက် ရောက်သွားအောင် သတ်ခဲ့သလိုမျိုး လုပ်ပြမယ်..”

မြွေယာ့ခ်ရှာမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ယခင်က စစ်ပွဲအကြောင်းပြောလိုက်သည့်အချိန်တွင် တစ်ဖက်လောကမှ လူငယ်ဘုရင်များအားလုံး အလွန်ဂုဏ်ယူနေကြသည်ပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ထိုစစ်ပွဲ၌ အနိုင်ရခဲ့ပြီး ဤဘက်မှ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်များအား သတ်ပစ်နိုင်ခဲ့သည်ပင်။

“ဘိုးဘေးအရှင်တွေ တိုက်ခိုက်တာနဲ့ ထာဝရဘုရင်လို့ခေါ်တဲ့သူတွေတောင် အလောင်းတွေဖြစ်သွားတာပဲ..”

“ထာဝရဖိနှိပ်ခြင်းကျောက်တိုင်က ငါတို့လောကက နီရဲတဲ့သွေးတွေ စိုရွှဲနေတာ မြင်လိုက်ပြီး ငါ့သွေးတွေ ဆူပွက်လာတယ် .. ဘိုးဘေးတွေက ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ .. ဒီလောကကလူတွေ မခုခံနိုင်ပဲ သူတို့ခြေထောက်အောက် ပြားပြားဝပ်သွားတဲ့အထိ တိုက်ခိုက်ခဲ့တာ .. ငါ အချိန်မှားမွေးခဲ့တာလို့ ခံစားလိုက်ရတယ် .. ငါက အဲဒီစစ်ပွဲနဲ့ ကံမပါလိုက်ဘူး..”

ဤလူများမှာ အတိတ်ကို ပြန်ပြောရသည်ကို အလွန်နှစ်သက်နေကြပြီး သူတို့အရိုးထဲမှ တိုက်ပွဲအငွေ့အသက်တစ်မျိုး ထွက်ပေါ်နေသည်ပင်။

ဤလူငယ်ကျင့်ကြံသူများမှာ အလွန်ရန်လိုကြသည်။ သူတို့၏မျက်လုံးများမှ နေမင်းလေးကဲ့သို့ တောက်ပနေပြီး ယုံကြည်ချက်များ ပြည့်နေသည်။ သူတို့ အခြားတစ်ဖက်မှ လူငယ်များကို ချက်ချင်းသတ်ပစ်ချင်နေလေပြီ။

“ဘယ်သူတိုက်ချင်လဲ..” အမှောင်ထုထဲရှိ ရှေးဟောင်းပုံရိပ်မှ သူတို့ဘက်မှ လူငယ်များကို မေးလိုက်သည်။

“ကျွန်တော်..”

“ကျွန်တော်တိုက်မယ်..”

ဤလူငယ်လေးများသာမက ချောက်နက်ကြီးထဲမျ အခြား ၇ ယောက်၊ ၈ ယောက်ခန့် ထပ်ထွက်လာသည်။ ယခုအချိန်တွင်တော့ လူငယ်ကျွမ်းကျင်သူ အယောက် ၂၀ ကျော်သွားလေပြီ။

“မင်းတို့ထဲက ဘယ်သူတိုက်ချင်လဲ..” အလေးအမြတ်ကျောင်းမှ အကြီးအကဲအရှင် သူ့ဘက်မှ လူများကို မေးလိုက်သည်။

သူတို့နှစ်ဘက်မှ လူအရေအတွက်မှာ အစက အတူတူပင်။ သို့သော် ယခုတော့ တစ်ဖက်မှ သက်ရှိအချို့ထပ်ပေါ်လာသည်။

“ခင်ဗျားတို့ လူနည်းနည်းတိုးသင့်တယ် .. တိုက်ချင်တဲ့သူက အနည်းဆုံး အယောက် ၂၀ လိုအပ်တယ်..” အခြားတစ်ဖက်ရှိ တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“မလိုဘူး .. ငါတို့ ငါးပွဲနဲ့ဆုံးဖြတ်မယ် .. လူအများကြီး ဝင်ပါစရာမလိုဘူး..” ထာဝရကျောင်း အကြီးအကဲမှ ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်မှ ဆုံးရှုံးမှုကြီးမားမည်ကို သူ စိုးရိမ်နေသောကြောင့်ပင်။

ဤလူငယ်မျိုးဆက်များမှာ သူတို့၏ မျှော်လင့်ချက်ပင်။ အချို့သူများမှာ ပြည့်စုံသည့်မျိုးစေ့များနှင့် ပေါင်းစည်းထားပြီး သူတို့အား သေချာစောင့်ရှောက်ထားသည်ပင်။ နတ်ဆေးပင်များ၊ ကျမ်းစာများ ဘယ်နှခုသုံးထားရမှန်းပင် မသိတော့။ သူတို့သာ တိုက်ပွဲတစ်ခုတည်း၌ ကျရှုံးသွားပါက အလွန်နှမြောစရာ ကောင်းလိမ့်မည်။

“သူတို့ရှုံးသွားရင် သူတို့ကို အသက်ရှင်လျက်ထားပြီးတော့ ဘာလုပ်ရမှာလဲ..” အခြားတစ်ဖက်ရှိ ရှေးဟောင်းပုံရိပ်မှ ပြောလိုက်သည်။

“တစ်ဖက်ဆီက ၁၀ ယောက်စီလွှတ်မယ် .. အားလုံး သူသေကိုယ်သေ တိုက်ကြမယ်..” တစ်ဖက်လောကရှိ အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

“မင်းတို့အားလုံး ကြောက်နေရင် အခုကတည်းက ခွင့်လွှတ်ဖို့ တောင်းပန်လေ .. ဟား ဟား .. ဒူးထောက်ပြီးတော့ တောင်းပန်လိုက်..” တစ်ဖက်လောကမှ လူငယ်ကျွမ်းကျင်သူတစ်ယောက် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

“အကြီးအကဲအရှင် ကျွန်တော်တို့တိုက်မယ်..” သူတို့ လှောင်ပြောင်ခံရသည်ထက် အသေသာခံလိုက်မည်။

“ကောင်းပြီ..”

ပြည့်စုံသည့်မျိုးစေ့ရှိသူများ လျှောက်လာကြသော်လည်း သူတို့အရေအတွက်မှာ ထိုမျှမများပေ။ ထို့နောက် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့် လူငယ်ဂျီးနီးယပ်စ်များလည်း လျှောက်လာကြသည်။

ယခုအချိန်တွင် လေထုမှာ အလွန်တင်းမာနေလေပြီ။

ဤနေရာ တစ်ခဏခန့် တိတ်ဆိတ်သွားသည်။ နှစ်ဖက်လုံးမှ ကျင့်ကြံသူများ စကားမပြောကြတော့..

အားလုံး သွေးလွှမ်းမည့်တိုက်ပွဲကို စောင့်နေကြသည်။

ဒုန်း..

ရုတ်တရက် အမှောင်ထုထဲ၌ လိပ်ခွံအပိုင်းအစများစွာ ထွက်ပေါ်လာသည်။ ထိုလိပ်ခွံများမျာ ကျောက်စိမ်းကဲ့သို့ နူးညံ့နေကာ အလင်းများတောက်ပနေသည်။

“ထာဝရလိပ်ခွံအပိုင်းအစ..” သက်ရှည်မိသားစုမှ လူအချို့အော်ဟစ်လိုက်ကြသည်။

ဤသည်မှာ ယခင်က ချပ်ဝတ်တန်ဆာအဖြစ် အသုံးပြုသည့် ထာဝရလိပ်ခွံအပိုင်းအစများပင်။ ဤပစ္စည်းကို ဂမ္ဘီရပညာတွင်သုံးပြီး အနာဂတ်ကိုကြည့်နိုင်သည်။ သို့သော်လည်း ဤချပ်ဝတ်တန်ဆာမှာ ယခင်က စစ်ပွဲ၌ ပျက်စီးခဲ့ရသည်။

သို့သော် နောက်ပိုင်းတွင်တော့ ဤသည်မှာ အနာဂတ်ကို မခန့်မှန်းနိုင်တော့။

ယခင်က ပြိုင်ပွဲတွင် ဤကဲ့သို့သော လိပ်ခွံအပိုင်းအစများ ပြိုင်ဘက်ကို ရွေးချယ်ခဲ့ခြင်းပင်။

ဤသည်မှာ ကျပန်းရွေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြသော်လည်း သူ့ထံတွင် အချို့အကြောင်းတရားများရှိသည်ဟုလည်း ယုံကြည်ကြသည်ပင်။ ဤသည်မှာ လောကနှစ်ခု၏ အနာဂတ်နှင့် ဆက်စပ်နေသည်ပင်။

ရွှီး..

ရောင်စုံအလင်းထွက်ပေါ်လာကာ လိပ်ခွံတစ်ခုမှာ တစ်ဖက်လောကမှ ငွေရောင်အလင်းနှင့် လူငယ်ကျွမ်းကျင်သူတစ်ယောက်ရှေ့သို့ ရောက်သွားသည်။

“ဟား ဟား ဟား ..” မြွေယာ့ခ်ရှာ လျှောက်လာသည်။ သူ၏ငွေရောင်မြွေခေါင်းကို မော့ထားပြီး ခက်ရင်းကဲ့သို့သော မြွေလျှာကိုလည်း ထုတ်လိုက်သည်။ သူသည် အရိုင်းဆန်စွာဖြင့် ကျယ်လောင်စွာပင် ရယ်မောနေသည်။

“ကံကောင်းလိုက်တာ .. ငါက ပထမဆုံးတိုက်ရမယ့်သူပဲ .. ဘယ်သူက ငါ့ပြိုင်ဘက်လဲ .. အခု ငါ့ခြေထောက်အောက်ကို မှောက်လျက်လာလိုက်တော့..” သူ၏မျက်လုံးများမှာ အေးစက်နေပြီး ခြေလှမ်းကျယ်ကြီးဖြင့်ပင် လျှောက်လာလိုက်သည်။

သူ့ထံတွင် လူသားကိုယ်ထည်၊ လူသားခြေထောက်၊ လူသားလက်၊ မြွေခေါင်း၊ မြွေအမြီးနှင့် ငွေဖြူရောင်ယာ့ခ်ရှာအတောင်ပံတစ်စုံ ရှိနေသည်ပင်။

အခြားတစ်ဖက်မှ လူများ စိတ်ဓာတ်ကျသွားရသည်။

ရွှမ်ခွန်..

သူသည် ယခင်က ကောင်းကင်နတ်ဘုရားကျောင်းတပည့်ပင်။ သူသည် လုထော်၊ ဝမ်ရှီး၊ မင်းသမီးယောင်ယွဲ့တို့နှင့် ယှဉ်နိုင်ပြီး ထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူပင်။

သို့သော် နှမြောစရာကောင်းသည်မှာ ထာဝရကျောင်းသို့ ဝင်သွားပြီးသည့်နောက်တွင် သူပြည့်စုံသည့် ထာဝရမျိုးစေ့ကို မရနိုင်ခဲ့။ ထို့ကြောင့် သီအိုရီအရဆိုလျှင် သူသည် ရှုထော်၊ လန်ရှင်း၊ ကောင်းကင်ဘုရင်လေးတို့ထက် အားနည်းသည်ပင်။

ထို့ကြောင့်ပင် အားလုံး ညှို့မှိုင်းသွားရခြင်းပင်။ သူတို့ ဘာပြောရမှန်းပင် မသိတော့။

ရွှမ်ခွန် သက်ပြင်းချလိုက်ကာ သူ့ရှေ့မှ လိပ်ခွံကို ကြည့်လိုက်သည်။ သူသည် တစ်ခဏခန့် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရယ်မောလိုက်ကာ “တာအိုရောင်းရင်းတို့ ဘာလို့ဒီလိုမျိုးလုပ်နေကြတာလဲ .. ငါ့ကို အားပေးဦး .. ငါရန်သူကို သတ်မယ်..”

“ရွှမ်ခွန် .. မင်းသေချာပေါက် နိုင်မှာ..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“သေချာပေါက်နိုင်မှာ…” လူများစွာ အော်ဟစ်ကာ သူ့အား အားပေးလိုက်သည်။

“ကောင်းတယ် .. ငါသွားတော့မယ်..” ရွှမ်ခွန် ခြေလှမ်းကျယ်များဖြင့် သွားလိုက်သည်။ သူ၏ ခြေလှမ်းတစ်လှမ်းတိုင်း သူ၏အော်ရာတိုးလာသည်ပင်။

ထို့နောက် သူစစ်မြေပြင်ထဲသို့ ဝင်သွားသည်နှင့် သူ၏ဦးခေါင်းထက်မှ တာအိုပန်းပွင့်သုံးပွင့် ဖူးပွင့်လာသည်။ ထာဝရတာအိုမြူများလည်း ကျဆင်းလာပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သူ့ဘေးပတ်လည်၌ ကြယ်များပေါ်လာပြီး ရွှေရောင်ကြာပွင့်များလည်း တစ်ပွင့်ပြီးတစ်ပွင့်ပေါ်လာသည်။

ဤသည်မှာထာဝရစွမ်းအင်သုံးကြောင်း ကျင့်ကြံထားသည့်သူ၊ တာအိုကို လေ့လာနေသည့်သူ၊ ကြီးမြတ်သည့်တာအိုနှင့် နီးကပ်နေသည့်သူပင်။ ဤသည်မှာ သူအသိဉာဏ်တိုးလာပြီးနောက် ပေါ်လာသည့် ပုံမှန်မဟုတ်သည့်မြင်ကွင်းများပင်။

ယခုအချိန်တွင် ရွှမ်ခွန် တာအိုကို နားလည်သွားပြီဖြစ်သည်။

“ရှင်က မလုံလောက်ဘူး .. တစ်ခြားလူတစ်ယောက်လဲလိုက်..” မြွေယာ့ခ်ရှာ အလွန်ပြင်းထန်စွာ ပြောလိုက်သည်။ ရွှမ်ခွန်၏ စွမ်းအားအကြီးဆုံး ပုံစံတွေ့လိုက်ရသော်လည်း သူမ ဤကဲ့သို့ ပြောလိုက်လေသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ လူများ ဒေါသထွက်သွားရ၏။ ဤသည်မှာ အနိုင်ကျင့်နေခြင်းပင်။

“ရှင့်မှာ ပြည့်စုံတဲ့မျိုးစေ့မရှိဘူး .. ရှင်က ကျွန်မလိုချင်တဲ့သားကောင်မဟုတ်ဘူး..” မြွေယာ့ခ်ရှာ ဟစ်ကြွေးလိုက်သည်။

ပြည့်စုံသည့်မျိုးဆက်မှာ သူ့အတွက် အလွန်အရေးကြီးသည်မှာ သေချာသည်။ ဤသည်မှာ သူမကို စိတ်တိုကာ စိတ်ပျက်သွားစေသည်ပင်။ သူမ ပထမဆုံးတိုက်ရသည့်သူဖြစ်သော်လည်း သူမသတ်ချင်သည့် သူနှင့် မတွေ့ရ။

“အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့ .. သေလိုက်တော့..” ရွှမ်ခွန် တိုက်ခိုက်လိုက်သည်။ သူ၏ထာဝရစွမ်းအင်သုံးကြောင်းမှာ နတ်ဓားသုံးလက်အဖြစ် ပြောင်းလဲသွားသည်။

ချွမ်း..

မြွေယာ့ခ်ရှာ၏ မျက်လုံးများ အေးစက်သွားသည်။ မီးခိုးရောင်မြူများရှိနေသည့် သူမ၏ အမြီးရှည်ကြီးကို ရုတ်တရက်လှုပ်ရမ်းလိုက်ကာ လေဟာနယ် ပျက်စီးသွားအောင် လုပ်လိုက်သည်။ ထိုအမြီးသည် နတ်ဓားနှင့် ထိမိသွားကာ မီးပွားများ နေရာအနှံ့ လွင်စင်သွားသည်။

အားလုံးဆွံ့အသွားရသည်။ မြွေယာ့ခ်ရှာ၏ အပြုအမူမှာ မထီတရီဖြစ်နေသော်လည်း သူမ တကယ်ပင် ကြောက်စရကောင်းလှသည်ပင်။ သူက ထာဝရစွမ်းအင်နဲ့လုပ်ထားတဲ့ ဓားသုံးချောင်းကိုတောင် ရင်ဆိုင်နိုင်တာလား..

“မဟုတ်သေးဘူး .. ဒီမီးခိုးရောင်မြူက နည်းနည်း ထူးခြားတယ် .. ဒါက ထာဝရစွမ်းအင်နဲ့ယှဉ်နိုင်တယ် .. သူ့ခန္ဓာကိုယ်ကို မယုံကြည်နိုင်လောက်တဲ့အဆင့်ထိ မာကျောစေတယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

တိုက်ပွဲမှာ ထိုကဲ့သို့ပင်စတင်ခဲ့သည်။ ရွှမ်ခွန်သည် သူ၏အဖိုးတန်ပညာအားလုံးကို ထုတ်သုံးကာ မြွေယာ့ခ်ရှာကို တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ခဏကြာပြီးသည့်နောက် အားလုံး၏နှလုံးသားလေး လေးလံသွားရသည်။ ရွှမ်ခွန်မှာ သူမ၏ ပြိုင်ဘက်မဟုတ်သည်ကို အားလုံးသိနိုင်သည်ပင်။ အဘယ်ကြောင့်ဆိုသော် မြွေယာ့ခ်ရှာသည် တည်ငြိမ်လွန်းနေပြီး သူမ၏ခန္ဓာကိုယ်မှာ မာကျောလွန်းလှသည်။ သူမ၏ မြွေအမြီးဖြင့် အဖိုးတန်ပညာ၏သင်္ကေတအားလုံးကို ချိုးဖျက်လို်ကသည်။ သူ၏လက်ဖြင့် နတ်စွမ်းရည်မျိုးစုံကို ပျက်ပြယ်စေသည်။

သူမ၏ ခန္ဓာကိုယ်မှာ အလွန်စွမ်းအားကြီးသောကြောင့် သူမ စွမ်းအင်သိပ်မသုံးရ။ ရွှမ်ခွန် မှော်တံဆိပ်များဖြင့် သူမခန္ဓာကိုယ်အား အကြိမ်ပေါင်းများစွာ ရိုက်နေသော်လည်း မီးပွားများသာ လွင့်ထွက်လာသည်။ သူမ ဘာမှမဖြစ်သွား။

ဆန့်ကျင်ဘက်အနေဖြင့် မြွေယာ့ခ်ရှာ လက်ရမ်းလိုက်သည်နှင့် ရွှမ်ခွန်သွေးအန်လာသည်။ သူတို့နှစ်ဦးကြားမှ ကွာဟချက်မှာ ကြီးမားလှသည်။

အချက်ရေ ၁၀၀ ကျော်လာသည့်အချိန်တွင် မြွေယာ့ခ်ရှာ၏ မျက်လုံးများအေးစက်လာသည်။ သူမ အနောက်ဘက်ရှိ ငွေ‌ရောင်အတောင်ပံ တောက်ပလာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို သင်္ကေတများဖုံးလွှမ်းသွားသည်။ လေဟာနယ်လည်း ချက်ချင်းပင် ပျက်စီးသွးသည်။

ဤသည်မှာ စွမ်းအားကြီးသည့် တိုက်ခိုက်မှုပင်။ ပုံမှန်မဟုတ်သည့် မြင်ကွင်းများစွာ ထွက်ပေါ်လာသည်။

ဤသည်မှာ မြွေယာ့ခ်ရှာ၏ ပညာပင်။သူသည် နက်နဲသည့်အဆင့်ထိ ကျင့်ကြံထားသောကြောင့် သူမ အတောင်ပံများကို လှုပ်ရှားလိုက်သည်နှင့် ကြယ်များကြွေကျလာသည်။

ရွှမ်ခွန် အန္တရာယ်များနေလေပြီ. သူ ဤတိုက်ခိုက်မှုကို မတားဆီးနိုင်။ ဆက်တိုက်ပင် နောက်ဆုတ်နေရသည်။ သို့သော်လည်း သူဤတိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ပင်။

ငွေရောင်အတောင်ပံများ နောက်တစ်ကြိမ် လှုပ်ခတ်လာသည့်အချိန်တွင် ငွေရောင်အလင်းတန်းထွက်ပေါ်လာပြီး စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ရွှမ်ခွန်လည်း ဖုံးအုပ်ခံလိုက်ရကာ ဘာကိုမှ မမြင်ရတော့။

“ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..” မြွေယာ့ခ်ရှာ အေးစက်စွာ ပြောလိုက်သည်။

“အား..” စူးရှလှသည့်အော်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် စစ်မြေပြင် တစ်ဖြည်းဖြည်းတည်ငြိမ်သွားကာ ငွေရောင်အလင်းလည်း ပျောက်ကွယ်သွားသည်။

မည်သည့်မှော်ဆန်မှုမှ ဖြစ်မလာခဲ့။ ရွှမ်ခွန်ရှုံးနိမ့်သွားသည့်အပြင် အသတ်ခံလိုက်ရသည်။

မြွေယာ့ခ်ရှာ၏ အတောင်ပံတစ်စုံ လှုပ်ခတ်လာပြီး ရွှမ်ခွန်မလှုပ်ရှားနိုင်အောင် သူ၏ခန္ဓာကိုယ်ကို ပိတ်ထားလိုက်သည်။ ထို့နောက် သူ၏မြွေအမြီးသည် လှံတံတစ်ခုကဲ့သို့ သူ၏ဗိုက်ကို ထိုးဖောက်သွားကာ သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအင်များကို စုတ်ယူလိုက်သည်။

“မဟုတ်ဘူး..”

အနောက်ဘက်မှ လူများ အော်ဟစ်လိုက်သည်။

ရွှမ်ခွန်၏ မျက်လုံးများ အရောင်မှိန်လာသည်။ သူ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ဘာမှမပြောနိုင်တော့။ သူ၏အသက်ဓာတ် တစ်ဖြည်းဖြည်း ကုန်ဆုံးလာလေပြီ။

ထိုငွေရောင်အမြီးသည် သူ၏နှလုံးကို ထိုးဖောက်သွားရုံသာမက သူ၏အရိုးများကိုလည်း ထိုးဖောက်သွားကာ သူ၏မူလဝိညာဉ်ကိုလည်း တိုက်စားသွားသည်။

ဖူး..

နောက်ဆုံးတွင် ရွှမ်ခွန်၏ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး အဆုံးသတ်သွားသည်။

သို့သော်လည်း သူ့မျက်လုံးမပိတ်သွားခင်က ဖြစ်ပေါ်ခဲ့သည့် မှိန်ဖျော့သည့်အမူအရာကိုတော့ မည်သူမှ မေ့နိုင်မည်မဟုတ်တော့။ သူသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်သို့ လှည့်ကြည့်ကာ တစ်ခုခု ပြောချင်ခဲ့သည်ပင်။ သူ သူတို့ကို နှုတ်ဆက်ချင်ခဲ့တာလား..

သူ ဤကဲ့သို့ပင် သေဆုံးသွားလေပြီ။

“အရင်တိုက်ပွဲတုန်းက စည်းမျဉ်းအရ ကျွန်မက အနိုင်ရတဲ့သူဆိုတော့ ကျွန်မ စစ်မြေပြင်မှ ထပ်နေလို့ရတယ်.. ကျွန်မ ဆက်တိုက်ချင်တယ်..” မြွေယာ့ခ်ရှာ သူ၏ဖြူဖွေးနေသည့် သွားများကို လှစ်ဟ၍ ပြောလိုက်သည်။

“ဒီသတ္တဝါက အားနည်းလွန်းတယ် .. သူ့မှာ ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းတဲ့အဖိုးတန်မျိုးစေ့တောင် မရှိဘူး .. တကယ် မတန်လိုက်တာ .. နောက်လာမယ့်လူက ကျွန်မကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်..” သူအေးစက်စွာ ပြောလိုက်သည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှ အားလုံး ဒေါသထွက်သွားရ၏။ အထူးသဖြင့် ရွှမ်ခွန်ကိုသိသည့်သူများပင်။ သူတို့ဆံပင်များ ထောင်ထသွားကာ သွေးများဆူပွက်လာသည်။

“ရွှမ်ခွန်..” လူများစွာ ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသည်။

ထာဝရလိပ်ခွံတောက်ပလာပြီး မြွေယာ့ခ်ရှာအတွက် အခြားပြိုင်ဘက်တစ်ယောက် ရှာတော့မည့်အချိန်တွင် ရှီဟောင် အရှေ့ထွက်လာကာ ဟစ်ကြွေးလိုက်သည်။ “ခဏ..”

သူသည် အရှေ့တက်လာကာ “ဒီလိုမျိုး ပြိုင်ဘက်တွေကို ရွေးချယ်နေစရာမလိုဘူး .. ငါတိုက်မယ် .. ငါမင်းတို့နဲ့ သုံးယောက်တစ်ယောက်တိုက်မယ် .. မင်းတို့ကြောက်နေသေးရင်လည်း ငါ ၁၀ ယောက်လုံးနဲ့တစ်ခါတည်းတိုက်မယ်.. ဘာလို့ ၁၀ ပွဲတိုက်နေဦးမှာလဲ..”

အပိုင်း ၁၅၂၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၇ – ရက်စက်လှသည့် ရုန်းကန်မှု

ရှီဟောင်တကယ်ကို မနေနိုင်တော့။ ယခင်ကတော့တစ်မျိုးပင်။ အဘယ်ကြောင့်ဆိုသော် ရှင်းဖုန်း၊ ဆံနီနတ်ဘုရင်နှင့် အခြားသူများမှာစီနီယာများဖြစ်သောကြောင့် သူဘာမှမတတ်နိုင်ခဲ့။ ယခုတော့ သူနှင့်ရွယ်တူများ တိုက်ခိုက်နေလေပြီ။ သူဘယ်လိုလုပ် ငြိမ်ငြိမ်ထိုင်နေနိုင်မည်နည်း.. သူချက်ချင်းတိုက်ခိုက်လိုက်ချင်သည်။

“စည်းကမ်းမရှိပဲနဲ့ အမိန့်ကို ဘယ်လိုထိန်းထားမှာလဲ..” အခြားတစ်ဖက်မှ အော်သံတစ်ခု ထွက်လာ၏။ ဤသည်မှာ ကောင်းကင်ဗုံတီးခတ်လိုက်သကဲ့သို့ ရှီဟောင်၏ဝိညာဉ်ကို ပေါက်ကွဲထွက်မတတ် ဖြစ်သွားစေသည်။

ထိုအချိန်တွင် အကြီးအကဲအရှင်မုန့်ထျန်းကျန်း သူ၏အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ကာ လေဟာနယ်ထဲမှ စွမ်းအင်လှိုင်းများကို တားဆီးလိုက်သည်။

“မင်းက ငါ့တပည့်ကို သတ်ချင်နေတာလား .. မင်းက မင်းရဲ့လူငယ်မျိုးဆက်အကုန်လုံးကို ငါ သတ်ပစ်အောင်လို့ ဖိအားပေးနေတာလား..” အကြီးအကဲအရှင် အေးစက်စွာ ပြောလိုက်သည်။

“မင်းအဲဒီလိုမျိုး မလုပ်နိုင်ပါဘူး .. ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေက သတ်မှတ်ပြီးသားဆိုတာ သူ့ကို သတိပေးချင်ရုံတင်ပါ .. ဘယ်သူမှ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲလို့မရဘူး..” အခြားတစ်ဖက် သက်ရှိရုပ်ကြွင်းထဲရှိ အလယ်တစ်ယောက်မှ ပြောလိုက်သည်။

ရှီဟောင် ဘာမှမဖြစ်သွား။ သူ၏မူလဝိညာဉ်မှာ အလွန်စွမ်းအားကြီးသောကြောင့် အနည်းငယ် မတည်မငြိမ်သာဖြစ်သွားသည်။ ထို့အပြင် အကြီးအကဲအရှင်မှ သူ့အား ချေဖျက်ပေးလိုက်သည်ပင်။ သူ၏မျက်လုံးမှ လျှပ်စီးကဲ့သို့သော နတ်အလင်းများ ထွက်ပေါ်လာသည်။ “ဒါက ငါတောင်းဆိုတာ .. မင်းလက်ခံရဲလား လက်မခံရဲဘူးလား..”

သူ မြွေယာ့ခ်ရှာနှင့် သူမအောက်မှ လူငယ်သက်ရှိများကို စိုက်ကြည့်လိုက်သည်။

“ရှင့်ကိုယ်ရှင် ထူးခြားတဲ့သူလို့ ထင်နေတာလား .. ကျွန်မလိုချင်တဲ့ မျိုးစေ့မရှိပဲနဲ့ ကျွန်မကဘာလို့ ရှင့်ကို အခွင့်အရေးပေးရမှာလဲ .. ထွက်သွားလိုက်စမ်း..” မြွေယာ့ခ်ရှာ အေးစက်စွာ ပြောလိုက်သည်။

“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ .. အရင်တုန်းက အဆုံ့းမရှိခြင်းထာဝရဘုရင်လို့ ထင်နေတာလား .. မင်းက ငါ့တို့ ကလန်က ဘုရင်တွေကို သတ်နိုင်မယ်လို့ ထင်နေတာလား..”

“ဟာသပဲ .. ငါတို့ကို တိုက်ဖို့ မင်းမှာ ဘယ်ကသတ္တိတွေရှိတာလာလဲ .. မင်းမှာ ပြည့်စုံတဲ့မျိုးစေ့မရှိရင် မြန်မြန် ထွက်သွားလိုက်တော့..”

အချို့လူများမှာ သူ့အား ရယ်မောနေကြကာ အချို့လူများမှာ သူ့အား အလေးမထား၊ အချို့သူများမှာ အေးစက်စွာပင် ကြိမ်းမောင်းနေလေ၏။ အချို့သူများမှာ ခေါင်းမော့ကာ သူ့အား လျစ်လျူရှုလိုက်လေသည်။

“စည်းမျဉ်းကစည်းမျဉ်းပဲ .. မင်းမှာ စည်းမျဉ်းကို ဖျက်နိုင်တဲ့အစွမ်းအစမရှိရင် မြန်မြန်နောက်ဆုတ်လိုက် .. မဟုတ်ရင် ငါမင်းကို သတ်လိုက်တဲ့အတွက် အပြစ်မတင်နဲ့…” တစ်ဖက်လောက အကြီးအကဲမှ ပြောလိုက်သည်။

အကြီးအကဲအရှင် မုန့်ထျန်းကျန်း စိတ်ထဲမှ သက်ပြင်းချလိုက်ကာ ရှီဟောင်အား ပြန်လှည့်လာရန် ပြောလိုက်သည်။ စည်းမျဉ်း သတ်မှတ်ပြီးသွားပြီဖြစ်သောကြောင့် ယခုအချိန်တွင် ပြောင်းလဲရန် နောက်ကျလွန်းသွားလေပြီ။

“ရွှမ်ခွန်..”

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများစွာ အော်ဟစ်လိုက်ကြသည်။ အထူးသဖြင့် ယခင်က ကောင်းကင်နတ်ဘုရားကျောင်းတွင် ကျင့်ကြံသည့်သူများပင်။ မျိုးဆက်တစ်ခု၏ ဂျီးနီးယပ်စ်မှာ ယခုကဲ့သို့ တိတ်တဆိတ်ပင် ထွက်သွားလေပြီ။

“မုန်းစရာကောင်းလိုက်တာ..” လူများစွာ အံကြိတ်လိုက်ကြသည်။ ရွှမ်ခွန် အသတ်ခံလိုက်ရသော်လည်း တစ်ဖက်လူမှာ သူ့အား အထင်သေးရှုံ့ချနေဆဲပြီး ဆူညံစွာ အော်ဟစ်နေသေးသည်။ သူတို့ချက်ချင်းသွားတိုက်လိုက်ချင်သည်။

သို့သော်လည်း ဟွမ်ပင် ငြင်းခံလိုက်ရသောကြောင့် ထာဝရလိပ်ခွံအပိုင်းအစများ ပြိုင်ဘက်ရွေးချယ်မည့်အချိန်ကိုသာ စောင့်ရမည်ပင်။

ရှီဟောင် စိတ်ထဲ၌ မကျေမနပ်ခံစားနေရသည်။ သူ၏တိုက်ပွဲအငွေ့အသက်များ ထွက်ပေါ်လာပြီဖြစ်ပြီး သူချက်ချင်းပင် သွား တိုက်လိုက်ချင်သည်။ ထာဝရလိပ်ခွံအပိုင်းအစများ ရွေးချယ်သည့်သူမှာ သူဖြစ်ဖို့ ဆုတောင်းလိုက်၏။

သို့သော်လည်း သူစိတ်ပျက်သွားခဲ့ရသည်။ လိပ်ခွံတစ်ခုမှာ လုဟုန်ရှေ့၌ ရပ်တန့်သွားသည်။

တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် လုဟုန် လျှောက်လာလိုက်သည်။ အားလုံး၏အကြည့်မှာ သူမထံ၌ ရောက်နေသည်ပင်။

“လုဟုန် .. သတိထားနော်..”

“မင်း သေချာပေါက် နိုင်မှာ .. အဲဒီမြွေယာ့ခ်ရှာကို သတ်လိုက်..”

အနောက်ဘက်မှ လူတစ်စု အော်ဟစ်နေကြ၏။ လုဟုန်အနိုင်ရရန် သူတို့တကယ် မျှော်လင့်နေသည်ပင်။

လုဟုန်သည် သက်ရှည်မိသားစုလာခြင်းဖြစ်ပြီး သူမခန္ဓာကိုယ်တွင် အားလုံးထက်များပြားလှသည့် အသက်စွမ်းအင်များ ရှိနေသည်ပင်။ သူမဖြတ်သွားသည်နှင့် ခြောက်သွေ့နေသည့် အပင်များ အဖူးများထွက်ပေါ်လာပြီး သဲကန္တရလည်း စိမ်းစိုလာသည်။

သူမသာ ကောင်းမွန်သည့်ခေတ်တစ်ခု၌ ကြီးပြင်းလာပါက သူမ အသက်နတ်ဘုရားမပင် ဖြစ်လာလိမ့်မည်ဟု ပြောကြသည်ပင်။ သူမ ထာဝရသက်ရှိပင် ဖြစ်သွားနိုင်သည်။

“ကလေး .. သတိထား..” လုမိသားစုမှ အကြီးအကဲအချို့ အော်ဟစ်လိုက်ကာ သူတို့ချွေးစေးများကို သုတ်လိုက်သည်။

ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ ကျင့်ကြံသူများ၏ ပညာဖလှယ်ပွဲမဟုတ်ပဲ အသက်လုပွဲကြီးပင်။ ပွဲစကတည်းက လူများသေနေပြီး ယှဉ်ပြိုင်ပွဲမှာ ကြောက်စရာကောင်းလှသည်။

လုဟုန်မှာ အလွန်လှပသည့်သူပင်။ သူမလမ်းလျှောက်လိုက်တိုင်း သူမပုံရိပ်မှာ ကျက်သရေရှိလှပြီး သူမ၏ အစိမ်းရောင်ဆံပင်များလည်း မျောလွင့်နေသည်။

“သူ့ထဲက အဖိုးတန်မျိုးစေ့ကို ငါအာရုံခံလို့ရတယ်..” မြွေယာ့ခ်ရှာ၏မျက်လုံးများ တောက်ပလာပြီး အမြီးဖြင့် မြေကြီးကို ဆက်တိုက် ရိုက်ခတ်နေသည်။

“ပြန်လာခဲ့..” ထိုအချိန်တွင် ရှေးဟောင်းပုံရိပ်တစ်ခုမှ အသံပို့လွှတ်ကာ မြွေယာ့ခ်ရှာကို ပြန်လာခိုင်းလိုက်သည်။

“ဘာလို့လဲ .. ကျွန်မသူနဲ့ တိုက်ချင်တယ် .. သူက ကျွန်မရဲ့သားကောင်ပဲ..” မြွေယာ့ခ်ရှာ ဤသည်ကို လက်မခံချင်ပဲ အော်ဟစ်နေလေ၏။

“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား..” ထိုရှေးဟောင်းပုံရိပ် အေးစက်စွာ ပြောလိုက်သည်။

“မလုပ်ရဲပါဘူး..” မြွေယာ့ခ်ရှာ တုန်ယင်လာကာ ချွေးစေးများထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဘက်၌ သူအဆင့်နှ့င်သူရှိနေပြီး သူမ ဤကဲ့သို့သော ရှေးဟောင်းသက်ရှိကို ရန်မစရဲ။

“မင်းက အနိုင်ရတဲ့သူဆိုတော့ နောက်တစ်ခေါက် ထပ်တိုက်ဖို့ အခွင့်အရေးရှိသေးတယ် .. ရန်သူက ဘယ်လိုလဲဆိုတာ တစ်ခြားသူတွေကို ခံစားခိုင်းလိုက်ဦး .. သူတို့ကို တိုက်ခွင့်ပေးလိုက်ဦး..” ထိုအကြီးအကဲပြောလိုက်သည်။

ဤသည်မှာ သူတို့လူများကို လေ့ကျင့်ပေးနေခြင်းပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်ရှိလူများ၏အမူအရာများ ရုပ်ဆိုးသွားရသည်။ သို့သော်လည်း သူတို့ဘာမှပြန်မပြောနိုင်။ ယခုအချိန်တွင် သူတို့ဆုံးရှုံးမှုများနေလေပြီ။

မြွေယာ့ခ်ရှာ ပြန်သွားသည်နှင့် ထာဝရလိပ်ခွံအပိုင်းအစများ တောက်ပလာကာ အပိုင်းအစတစ်ခုသည် လူငယ်ဘုရင်များထဲမှ တစ်ယောက်ရှေ့သို့ ရောက်သွားသည်။

“ငါပဲ .. သူငါ့ကို ရွေးချယ်လိုက်တာ .. ကံကောင်းတာပဲ..” ရွှေရောင်ဆံပင်နှင့်အမျိုးသမီး ဆက်တိုက်ပင် ရယ်မောလိုက်သည်။ သူမလှုပ်ရှားလိုက်သည်နှင့် သူမအနောက်မှ ရွှေရောင်အမြီးရှည်ကြီး တောက်ပွားသည်။ ဤသည်မှာ ဒေါင်းတစ်ကောင် သူ၏အမြီးများကို ဖြန့်ကျက်လိုက်သကဲ့သို့ပင်။

ရွှေရောင်နတ်ဆိုးငှက်..

ထာဝရလိပ်ခွံအပိုင်းအစများ သူမအား ရွေးချယ်လိုက်ခြင်းပင်။

“ငါက ဘာလို့ ကံမကောင်းရတာလဲ .. ဘာလို့ ငါမဟုတ်ရတာလဲ..”

“နှမြောစရာကောင်းလိုက်တာ .. ဒဏ္ဍာရီလာထာဝရမျိုးစေ့က ငါနဲ့ကံမပါဘူးပဲ..”

အခြားဘုရင်များ မကျေမနပ်ပြောလိုက်ကြသည်။

ဤစကားလုံများမှာ ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှ ကျင့်ကြံသူများကို ဒေါသထွက်စေသည့် စကားလုံးများပင်။

လုဟုန် စစ်မြေပြင်ထဲသို့ ဝင်သွားပြီဖြစ်သည်။ အနောက်ဘက်တွင်ရှိနေသည့် လုမိသားစုမှလူများမှာ သူတို့နှလုံးများ လည်ချောင်းထိပင် ရောက်နေပြီဟု ခံစားရသည်။ သူမ၏ပြိုင်ဘက်မှာ ရွှေရောင်နတ်ဆိုးငှက်ဖြစ်လိမ့်မည်ဟု သူတို့မထင်ထားကြ။

“ရှင် အသက်မျိုးစေ့ပေးလိုက်ရင် ကျွန်မ ရှင့်အသက်ကို ချမ်းသာပေးလိုက်မယ်..” ရွှေရောင်နတ်ဆိုးငှက်မှာ အလွန်ဒဲ့တိုးဆန်လှသည်ပင်။ ယခုအချိန်တွင် သူမသည် လူသားပုံစံဖြင့်ပင်။

“အရင်တုန်းက အဆုံးမရှိတဲ့ထာဝရဘုရင်က ရှင်တို့ကလန်တစ်ခုလုံးကို ရှင်းပစ်ခဲ့တာ .. ပိုက်ကွန်ထဲကနေ လွတ်သွားတဲ့ငါးရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..” လုဟုန်လည်း တိုက်ရိုက်ပင် ပြောလိုက်သည်။

“ရဲတင်းလိုက်တာ .. ရှင်က အရင်တုန်းက အဖြစ်အပျက်တွေကို ပြန်ပြောရဲတယ်ပေါ့..” ရွှေရောင်နတ်ဆိုးငှက် ဒေါသထွက်သွားကာ သူမ၏ ရှည်လျားသွယ်လျသည့် ပုံရိပ် လှုပ်ရှားလာသည်။ သူမသည် ခြေတစ်လှမ်းတည်းဖြင့် လုဟုန်ထံသို့ တရှိန်ထိုး ပြေးလာလေသည်။

ရွှေရောင်နတ်ဆိုးငှက်မှာ ယခင်က ရှင်းလင်းခံလိုက်ရသည်ပင်။ ဤလူမျိုးစုမှာ အန္တရာယ်များလွန်းသည်ဟု ခံစားရသောကြောင့် အဆုံးမရှိသည့်ထာဝရဘုရင်သည် သူ၏ထာဝရခေါင်းလောင်းနှင့်အတူ တစ်ဖက်လောကသို့သွားကာ သူတို့ကလန်၏ ဘိုးဘေးမြေကို အမှိုက်ပုံဖြစ်သွားအောင် တစ်ယောက်တည်း လုပ်ခဲ့ခြင်းပင်။

ဝုန်း..

တိုက်ပွဲကြီးတစ်ခု စတင်လာလေပြီ။ နှစ်ဘက်လုံးမှာ ကိုယ့်လုံခြုံရေးကိုပင် အလေးမထားပဲ ရှိသမျှသုံးကာ တိုက်ခိုက်နေသောကြောင့် တိုက်ပွဲမှာ ပြင်းထန်လှသည်။

လေထဲ၌ ထာဝရစွမ်းအင်ပျံ့လွင့်လာကာ အသက်စွမ်းအင်လည်း ထွက်ပေါ်လာသည်။ နတ်နွယ်ပင်များစွာ လေဟာနယ်ထဲ၌ အမြစ်တွယ်ကာ ကောင်းကင်ထက်သို့ တက်သွားသည်။ အဖိုးတန်အလင်းများလည်း ဤနေရာတစ်ခုလုံး၌ ထိန်လင်းနေသည်ပင်။

နွယ်ပင်များ၊ အပင်များနှင့် အခြားအရာများအားလုံး လျင်မြန်စွာ ကြီးထွားလာကာ ရွှေရောင်နတ်ဆိုးငှက်ထံသို့ ဦးတည်သွားနေသည်။ အစိမ်းရောင်အသက်ပင်လယ်ပင် ပေါ်လာကာ ရွှေရောင်နတ်ဆိုးငှက်ကို ချိတ်ပိတ်ထားလေသည်။

ဂီး..

ထိုအချိန်တွင် အော်သံတစ်သံ ထွက်ပေါ်လာပြီး လုဟုန်၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။ သူမ သွေးအန်လာကာ သူမ၏ မူလဝိညာဉ်လည်း အရောင်မှိန်သွားသည်။

ထိုအသံမှာ နားစည်ကွဲလောက်ပြီး နားထောင်ရသည်မှာ အလွန်မသာမယာဖြစ်နေသည်ပင်။ ရွှေရောင်နတ်ဆိုးငှက်မှာ နောက်ဆုံးတော့ သူ၏ကိုယ်ပိုင်နတ်စွမ်းရည်အား အသုံးပြုလာလေပြီ။

ထိုအသံတစ်ခုတည်းဖြင့် အဖိုးတန်ပညာများကို ရပ်တန့်သွားစေနိုင်ပြီး ဝိညာဉ်များအား ဒဏ်ရာရစေနိုင်သည်ပင်။

သူမ တစ်ချက်အော်လိုက်သည်နှင့် သူမပတ်လည်တွင်ရှိနေသည့်သူများအားလုံး ထိခိုက်သွားမည်ပင်။ စစ်မြေပြင်တစ်ခုလုံး သူမ၏တိုက်ခိုက်မှုအတွင်း ကျရောက်သွားမည်ပင်။

“လုဟုန်..”

အနောက်ဘက်မှ လူများ အော်ဟစ်လို်ကကြ၏။ လုမိသားစုများမှာ ပို၍ တုန်ယင်နေကြသည်ပင်။ သူတို့ချက်ချင်းပြေးသွားကူချင်မိသည်။ သို့သော်လည်း တစ်ဖက်လောကမှ စောင့်ကြည့်နေသည့် ရှေးဟောင်းသက်ရှိများရှိနေသောကြောင့် မည်သူက လက်လွတ်စပယ်လုပ်ရဲမည်နည်း.. ထိုသို့လုပ်ရန် ကြိုးစားသည့်သူတိုင်း အသတ်ခံရလိမ့်မည်။

လုဟုန်ခန္ဓာကိုယ် လွှဲရမ်းသွားကာ သူမ၏ မူလဝိညာဉ်တောက်ပလာသည်။ သူမ၏အားသာချက်မှာ သူမ၏အသက်ဓာတ် အားကောင်းခြင်းပင်။ ထို့ကြောင့် ပထမရိုက်ချက်ဖြင့် သူမ မသေသွားခြင်းပင်။ ထို့အပြင် သူမ ပြင်းထန်စွာပင် ပြန်လည်တုံ့ပြန်လာသည်။

“နှမြောစရာပဲ .. လုဟုန်ရဲ့အသက်ဓာတ်က တကယ်အားကောင်းတယ် .. ဒါပေမဲ့ ဒါက စစ်ပွဲအတွက် မသင့်တော်ဘူး..” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ပြောရမည်ဆိုလျှင် သူမသည် ရွှမ်ခွန်အထက်တွင်ရှိနေသည်ပင်။ သို့သော်လည်း သူမ၏ တိုက်ရည်ခိုက်ရည်မှာ သူမ ပြိုင်ဘက်ကင်းဖြစ်စေရန် မလုံလောက်သေး။

အသက်မျိုးစေ့မှာ အလွန်အသုံးဝင်မှန်း အားလုံးသိကြသည်ပင်။ သို့သော်လည်း အချိန်အများစုတွင် ဤမျိုးစေ့ကို အခြားသူများအား ကယ်ရန်အတွက်သာ အသုံးပြုကြသည်ပင်။ ဤသည်မှာ စစ်ပွဲတွင် ကိုယ့်အဖွဲ့သားများအား ကူညီရန် သင့်တော်သည်။

လုဟုန်မှာ အလွန်အရေးပါသည်။ နောင်ကျလျှင် သူမ အလွန်အသုံးဝင်လာနိုင်သည်။

တိုက်ပွဲ ဆက်လက် တိုက်ခိုက်နေဆဲပင်။ ရွှေရောင်နတ်ဆိုးငှက် ထိုကဲ့သို့သော အသံမျိုး ဆက်တိုက်အသုံးမပြုနိုင်သည်မှာ သေချာသည်။ သူမ စွမ်းအားများစွာ သုံးရလိမ့်မည်။ ထို့ကြောင့်ပင် ထိုအော်သံကို အသုံးပြုပြီးသည်နှင့် အခြားနည်းလမ်းများဖြင့် တိုက်ခိုက်နေခြင်းပင်။

ဂီး..

သုံးရာမြောက်တိုက်ကွက်တွင် ရွှေရောင်နတ်ဆိုးငှက် နတ်ဆိုးအသံကို နောက်တစ်ကြိမ် အသုံးပြုလာသည်။ လုဟုန် သွေးအန်သွားကာ သူမျက်ခုံးကြား အက်ကွဲသွားကာ သွေးစီးကျလာသည်။

လုဟုန် ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေပြီ။

သို့သော်လည်း သူမ ဤအသံလှိုင်းကို ဖြတ်ကျော်နိုင်ဆဲပင်။

ဖူး..

သို့သော်လည်း လုဟုန်၏ ဒဏ်ရာများမှာ ပြင်းထန်လှသောကြောင့် ရွှေရောင်နတ်ဆိုးငှက်၏ ပြင်းထန်လှသည့် တိုက်ခိုက်မှုအောက်တွင် သူမ ဆက်တိုက် သွေးအန်နေသည်။

အချက် ခြောက်ရာမြောက်တွင် လုဟုန်၏အခြေအနေ တစ်ဖြည်းဖြည်းပိုကောင်းလာသည်။ သူမ အပြည့်အဝပြန်ကောင်းတော့မည့်အချိန်တွင် ဂီးဟူသည့်အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

လုဟုန်သည် သူမကိုယ်သူ နတ်အလင်း၊ သင်္ကေတများဖြင့် ကာကွယ်ပြီးသွားသော်လည်း သူမ ထိုအသံကို မရပ်တန့်နိုင်ခဲ့။ နတ်ဆိုးအသံလှိုင်းမှာ သူမဦးခေါင်းခွံကို အက်ကွဲသွားစေပြီး သူမထိုနေရာ၌ အသက်ဆုံးရှုံးရလုနီးပါးဖြစ်သွားသည်။

“ရှင့်ကို မသတ်နိုင်ဘူးဆိုတာ မယုံဘူး..” ယခုအချိန်တွင် ရွှေရောင်နတ်ဆိုးငှက် အနည်းငယ် အားကုန်နေပြီဖြစ်သည်။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးတွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့။

ကံဆိုးစွာဖြင့် လုဟုန်ထံတွင် သတ်ဖြတ်နိုင်သည့် ပညာများရှိမနေသောကြောင့် သူမ အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် ခက်ခဲနေသည်။

ဂီး..

အချက်ကိုးရာမြောက်တွင် ရွှေရောင်နတ်ဆိုးငှက်သည် ရုတ်တရက်ပင် အတောက်ဆုံးအလင်းများ ထုတ်လွှတ်လာသည်။ သူသည် သူ၏မူလပုံစံသို့ ပြောင်းလဲလိုက်ကာ တစ်ပေခန့်ရှည်သည့် ရွှေရောင်နတ်ဆိုးငှက်ဖြစ်သွားသည်။ ထို့နောက် ယခင်ကထက် ပို၍စွမ်းအားကြီးသည့် နတ်ဆိုးအသံ ထုတ်လွှတ်လိုက်သည်။

ဖူး..

ယခုတစ်ခေါက်တွင်တော့ ဆန်းကြယ်မှုများ ဖြစ်မလာတော့ပဲ နတ်ဆိုးအသံလှိုင်းမှာ လုဟုန်၏မျက်ခုံးကြားသို့ ထိုးဖောက်သွားသည်။

ထို့အပြင် ရွှေရောင်အမွေးအတောင် တစ်ရာကျော် ထွက်လာကာ လုဟုန်၏ ခန္ဓာကိုယ်ကို ထိုးစိုက်သွားလေ၏။ သူမ အေးစက်သည့် စစ်မြေပြင်ပေါ်သို့ ကျသွားကာ သွေးများစီးကျလာသည်။

“အား..” အနောက်ဘက်မှ လူများ အော်ဟစ်လိုက်ကြသည်။ လုမိသားစုမှလူများ ရူးတော့မတတ်ပင်။

တိုက်ပွဲမှာ ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။

ရွှီး..

သွေးရောင်အလင်းလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင်နတ်ဆိုးငှက်သည် မောပန်းနေသော်လည်း ချက်ချင်းလှုပ်ရှားလိုက်သည်။ သူမသည် လုဟုန်ခန္ဓာကိုယ်မှ ပြည့်စုံသည့်မျိုးစေ့ကို ထုတ်ယူလိုက်သည်။

ထိုမျိုးစေ့မှာ ထွက်ပြေးချင်နေသော်လည်း မန္တန်ဖတ်လိုက်ပြီးနောက် တစ်ဖြည်းဖြည်း ငြိမ်သက်သွားသည်။

ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုဘက်မှလူများအားလုံး တုန်လှုပ်သွားရသည်။ တစ်ဖက်လောကတွင် သူတို့ကို ရင်ဆိုင်မည့် နည်းလမ်းများရှိနေပြီးသားပင်။ သူတို့ ပြည့်စုံသည့်မျိုးစေ့များကို လေ့လာထားသည်မှာ အလွန်ထိတ်လန့်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်နေလေပြီ။

ခပ်ဝေးဝေးတွင်ရှိနေသည့် ထာဝရလိပ်ခွံတောက်ပလာကာ ကြည်လင်သည့်အလင်းလုံး ထုတ်လွှတ်လာသည်။

ရွှေရောင်နတ်ဆိုးငှက် ထိတ်လန့်သွားကာ မျက်နှာဖြူဖျော့သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမနှင့်သက်ဆိုင်သည့် ထာဝရလိပ်ခွံအပိုင်းအစပေါ်တွင် သွေးများစီးကျနေသကဲ့သို့ သွေးနီရောင်လှောင်အိပ်တစ်ခု ပေါ်လာ၏။ ထိုအပိုင်းအစပေါ်တွင် စာလုံးများလည်း ရှိနေသေးသည်။

“ဘယ်သူလဲ .. ရှီမျိုးရိုးနာမည်နဲ့လူက ဘယ်သူလဲ..” သူမကျယ်လောင်စွာ အော်ဟစ်ရင်း သူမအသံမှာ တုန်ခါနေသည်ပင်။

“သေဆုံးခြင်းသင်္ကေတ .. သေဆုံးခြင်းအခြေအနေ..” အနောက်ဘက်တွင်ရှိနေသည့် သက်ရှိရုပ်ကြွင်းသုံးယောက် ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော အခြေအနေမျိုးဖြစ်လာလိမ့်မည်ဟု သူတို့မထင်ထားကြ။ “ပြန်လာခဲ့ .. နောက်ဆုတ်ခဲ့တော့..” သူတို့ထဲမှ တစ်ယောက် အော်ဟစ်လိုက်သည်။

“ငါက မျိုးရိုးနာမည်ရှီပဲ..” ခပ်ဝေးဝေးတွင်ရှိနေသည့် ရှီဟောင်မှ ပြောလိုက်သည်။ သူသည် သားရဲတစ်ကောင်ကဲ့သို့ ဟစ်ကြွေးနေပြီး ဒေါသကြောင့် သူ၏ဆံပင်များလည်း မျောလွင့်နေသည်။ အခု သူ့အလှည့်ရောက်ပြီလား..
အပိုင်း ၁၅၂၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၈ – ဆက်တိုက်သေဆုံးခြင်း

“ကလေး..” လုမိသားစုမှ လူများ ဝမ်းနည်းစွာ မြည်ကြွေးလိုက်ကာ လုဟုန်၏ သွေးများစိုရွှဲနေသည့်ခန္ဓာကိုယ်ကို ပြန်သယ်လာကြသည်။ မူလက အသက်ဓာတ်များပြည့်ဝနေသည့် ခန္ဓာကိုယ်တွင် အသက်ဓာတ်များ မရှိတော့။

ရှီဟောင် ချက်ချင်းတက်သွားပြီး မြွေယာ့ခ်ရှာနှင့် ရွှေရောင်နတ်ဆိုးငှက် နှစ်ယောက်ကို သတ်ပစ်လိုက်ချင်ငသည်။

ရွှေရောင်နတ်ဆိုးငှက်သည် လူသားပုံစံ ပြောင်းသွားပြီဖြစ်ပြီး သူမမျက်နှာမှာ သွေးရောင်မရှိပဲ ဖြူဖျော့နေလေပြီ။ သူမ လျင်မြန်စွာပင် နောက်ပြန်ဆုတ်သွားသည်။

သူမနှင့်သက်ဆိုင်သည့် ထာဝရလိပ်ခွံတွင် သွေးရောင်ပေါ်လာခြင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။

ယခုအချိန်တွင် ရှီဟောင် တစ်ယောက်တည်း လျှောက်လာခြင်းမဟုတ်။ ဘေးဘက်၌ အခြားတစ်ယောက်ပါသေးသည်။ ဤသည်မှာ ရှီယီပင်။ ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်ပင်။

မျိုးရိုးနာမည်ရှီ ရှိသည့်သူမှာ ရှီဟောင်တစ်ယောက်တည်းမဟုတ်။ ရှီယီရှိသေးသည်။ နှစ်ထပ်မျက်လုံးဟုခေါ်သည့် သူ့ထံတွင်လည်း ပြိုင်ဘက်ကင်းသည့်ဒဏ္ဍာရီရှိသည်ပင်။

ဤနှစ်များတွင် ရှီယီ အလွန်သိုသိုသိပ်သိပ်သာ နေခဲ့သောကြောင့် သူ့ကျင့်ကြံဆင့်မည်သည့်အဆင့်သို့ ရောက်သွားပြီမှန်း မည်သူမှ မသိကြ။ အဘယ်ကြောင့်ဆိုသော် သူတိုက်ခိုက်သည်မှာ ရှားပါးလှသည်ပင်။ ရုတ်တရက် အခြားလူတစ်ယောက်လည်း ထွက်လာသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။

ဤသည်မှာ ချင်းဟောင်ပင်။ ထာဝရလိပ်ခွံအပိုင်းအစမှ သူ့အား ရွေးမလားလို့ သူလာကြည့်ခြင်းပင်။

လူများစွာ ထိတ်လန့်သွားရ၏။ စီရင်စုသုံးထောင်မှ လာသည့်သူများမှာ နားလည်သွားလေပြီ။ မျိုးရိုးနာမည်ရှီ ရှိသည့်သူမှာ ရှီဟောင်နှင့် ရှီယီ နှစ်ယောက်တည်းမဟုတ်။ နောက်တစ်ယောက်ရှိသေးသည်။

ချင်းဟောင်မှာ ရှီဟောင်၏ သွေးရင်းညီလေးပင်ဖြစ်ပြီး ထာဝရကျောင်းမျ အကြီးအကဲတစ်ယောက်၏ အလေးပေးခြင်းခံနေရသည့်သူပင်။

သို့သော်လည်း ဖိအားမှာ များလွန်းသောကြောင့် ဤကဲ့သို့သော ကိစ္စမျိုးကို သူ့အစ်ကိုရှီဟောင်နှင့် မဆွေးနွေးရဲ။ သူ ခပ်ဝေးဝေးမှနေ၍သာ ရှီဟောင်ကို ခေါင်းညိမ့်ပြလိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် ထာဝရလိပ်ခွံအပိုင်းအစ တောက်ပလာကာ မူလရှေးဟောင်းမြူများ ထွက်ပေါ်လာသည်။ အရှေ့ဘက်၌ အရာအားလုံး မှုန်မှိုင်းသွားလေပြီ။

“ဒီလိုမျိုး ဖြစ်တာရှားတယ် .. လိပ်ခွံအပိုင်းအစက သွေးရောင်လွှမ်းနေတယ် .. ဒါက ပျက်စီးခြင်း၊ သေဆုံးခြင်း၊ ကပ်ဆိုးတွေကို နမိတ်ပြတာပဲ .. မျှော်လင့်ချက်မရှိတော့တဲ့အခြေအနေ ဖြစ်လာလိမ့်မယ်..” ချောက်နက်ကြီးဘေးတွင်ရှိနေသည့် ရှေးဟောင်းသက်ရှိတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

ထာဝရလိပ်ခွံအပိုင်းအစများသည် ယခင်က ဂမ္ဘီရပညာတွင်အသုံးပြုသည့် ပြိုင်ဘက်ကင်းရတနာပင်။ ဤပစ္စည်းသည် လောကကြီး၏ ခေတ်ရေစီးကြောင်းကို ပြောပြနိုင်ပြီး လူများ၏ကံတရားကိုလည်း ပြောပြနိုင်သည်။ စစ်ပွဲထဲ၌ ဤပစ္စည်းပျက်စီးသွားခဲ့ကာ သူ၏အစွမ်းများလည်း အတော်လေး လျော့ကျသွားသည်။

သို့သော် သူသည် တစ်ခါတစ်ရံ သူ့အလိုလိုတောက်ပလာပြီး စာလုံးများ ပေါ်လာသည်ပင်။

ရွှေရောင်နတ်ဆိုးငှက်၏ အရိုးအပိုင်းအစတွင် သွေးရောင်ပေါ်လာသောကြောင့် ထိုဘက်မှ အကြီးအကဲများ၏ အမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ အခြေအနေများဆိုးရွားတော့မည်ကို သူတို့သိသည်။

ရှေးဟောင်းအကြီးအကဲများ ပြန်ခေါ်လိုက်သည်နှင့် ထိုဆံပင်ရွှေရောင်နှင့် အမျိုးသမီးသည် အလွန်လျင်မြန်စွာပင် ပြန်ဆုတ်လာလေ၏။ သူမ သေဆုံးသွားမည်စိုးသောကြောင့် စစ်မြေပြင်၌ တစ်စက္ကန့်ပင် မနေရဲတော့။

တစ်ဖက်လောကမှ လူငယ်ဘုရင်များ ဆွံ့အသွားကာ အနည်းငယ် ရှုပ်ထွေးသွားကြသည်။ ထာဝရလိပ်ခွံအပိုင်းအစက တကယ်မှန်လို့လား..

အဘယ်ကြောင့်ဆိုသော် ရွှေရောင်နတ်ဆိုးငှက်သည် သူတို့မျိုးဆက်တွင် ပြိုင်ဘက်ကင်းသည်ဟု ပြော၍မရသော်လည်း သူမသည် သေချာပေါက် အားနည်းသည့်သူမဟုတ်။ အတော်လေး သန်မာသည့်သူပင်။ သူပြန်မပြေးလာရင် သူ့မှာ တကယ် အသက်အန္တရာယ်ရှိမှာလား..

သူမ နောက်ပြန်ဆုတ်လာသည်နှင့် ထိုနေရာ ဖရိုဖရဲဖြစ်လာကာ မူလမြူများ စွမ်းအားကြီးစွာ ထွက်ပေါ်လာသည်။ သူမနှင့်သက်ဆိုင်သည့် အပိုင်းအစပေါ်မှ သွေးရောင်တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်။

“အမ် .. မရိုးရှင်းဘူးပဲ.. အခွံအပိုင်းအစက မနီတော့ဘူး .. ဒီတိုင်းပဲ ပျောက်သွားတာလား .. ဒါက နည်းနည်းထူးဆန်းတယ် .. ဒါက အနာဂတ်ကို မခန့်မှန်းနိုင်လောက်ပါဘူး .. ဟုတ်တယ်မလား .. ဒါမှမဟုတ် ဒီလူက ရွှေရောင်နတ်ဆိုးငှက်ကလန်တစ်ခုလုံးနဲ့ ကံစပ်နေတယ်လို့ ပြောချင်တာလား..” ရှေးဟောင်းသက်ရှိတစ်ယောက်မှ ပြောလိုက်သည်။

ရွှီး..

ထိုအချိန်တွင် လိပ်ခွံသည် မူလရှေးဟောင်းမြေမှ ထွက်လာကာ ရှီဟောင်ထံသို့ တရှိန်ထိုးလာသည်။ သို့သော်လည်း တစ်ခဏခန့် တွေဝေနေပြီးသည့်နောက်တွင် ရှီယီရှေ့သို့ ပျံသန်းသွားလေ၏။

“ဟမ် .. သူလား..” အားလုံး အံ့အားသင့်သွားရ၏။

သို့သော်လည်း ထိုအခွံသည် ရပ်တန့်မသွားပဲ ချင်းဟောင်းဦးခေါင်းထက်သို့ ပျံသန်းသွားသည်။

လူများစွာ ဆွံ့အသွားရ၏။ သူ ဘယ်သူ့ကိုရွေးမှာလဲ..

ရွှီး..

ထို့နောက် ထာဝရလိပ်ခွံသည် အလေးအမြတ်ကျောင်းမှ တပည့်တစ်ယောက်ရှေ့၌ ရပ်တန့်သွားလေသည်။ ထပ်မံပျံသန်းသွားခြင်းမရှိပဲ သူ့ကိုသာ ရွေးချယ်လိုက်လေ၏။

ဤရလဒ်မှာ အားလုံးထင်ထားသည်ထက် ပိုသည်ပင်။ ဤသည်မှာ ရှီသုံးယောက်လုံးနှင့် မသက်ဆိုင်သည့် အခြားသူတစ်ဦးပင်။

“နည်းနည်းလေး ထူးဆန်းနေတယ်..” ရှေးဟောင်းသက်ရှိ သူ့ကိုယ်သူ ပြောလိုက်သည်။ ဤကဲ့သို့သော ရလဒ်မျိုး မြင်ရလိမ့်မည်ဟု သူမထင်ထားမိ။

“ဒီလူက အရမ်းစွမ်းအားကြီးတာများလား..” တစ်ဖက်လောကမှ လူငယ်ဘုရင်များ မျက်မှောင်ကြုတ်သွားသည်။

ထာဝရကျောင်း၊ အလေးအမြတ်ကျောင်းနှင့် သက်ရှည်မိသားစုမှ မကောင်းဆိုးဝါးအိုကြီးများနှင့် အခြားသူများလည်း မျက်မှောင်ကြုတ်သွားရသည်။ ဘယ်လိုစဉ်းစားရမလဲပင် မသိတော့။

ယခုအချိန်တွင် ထာဝရလိပ်ခွံ တောက်ပလာကာ တစ်ဖက်လောကမှ လူငယ်တစ်ဦးအား ရွေးချယ်လိုက်၏။ ဤသည်မှာ ဆံပင်ငွေရောင်နှင့် အမျိုးသမီးတစ်ဦးပင်။ သူမ၏မျက်ဆံများပင် ငွေရောင်ဖြစ်နေ၏။ သူမသည် အရပ်ရှည်လှကာ ငွေရောင်ကြာပန်းကဲ့သို့ပင် ယိမ်းယိုင်နေသည်။ သူမလှပသော်လည်း ယခုအချိန်တွင် သူမကို လှလိုက်တာဟု တွေးမိသည့်သူမရှိ။ အဘယ်ကြောင့်ဆိုသော် သူမအကြည့်များမှာ ပြင်းထန်လွန်းလှသည်။

“တိုက်..”

အလေးအမြတ်ကျောင်းမှ တပည့် စတိုက်လိုက်သည်။ သူသည် ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်သော်လည်း လျှောက်သွားလေ့မရှိသောကြောင့် သူ၏ဂုဏ်သတင်းမကြီးမား။ သူသည် အလွန်သန်မာလှပြီး ချီဂုထက်တော့ အားနည်းမည်မဟုတ်။

သို့သော်လည်း နှမြောစရာကောင်းသည်မှာ ငွေရောင်ဆံပင်နှင့်အမျိုးသမီးမှာ အားကောင်းလွန်းလှသည်။ သူမသည် ရွှေရောင်နတ်ဆိုးငှက်ထက်ပင် ကြောက်စရာကောင်းနေသေးသည်။

အချက်တစ်ရာခန့်တွင် အလေးအမြတ်ကျောင်းမှ ဂျီးနီးယပ်စ်သည် သူသင်ဖူးခဲ့သည့် အရာအားလုံးကို အသုံးပြုကာ သူ၏အသက်စွမ်းအင်ကိုလည်း အသက်သွင်းခဲ့၏။ သို့သော်လည်း .. သူရှုံးနိမ့်သွားဆဲပင်။

ငွေရောင်ဆံပင်နှင့်အမျိုးသမီး၏ပုံရိပ်မှာ ကျက်သရေရှိလှပြီး သူမ၏လှုပ်ရှားမှုများမှာ လှပလှသည်။ သူမ ခြေတစ်လှမ်းလှမ်းတိုင်း ကြာပွင့်တစ်ပွင့် ပွင့်လာသည်ပင်။ သူမအောက်တွင် တာအိုအလင်းတောက်ပလာပြီး သူမ၏ ငွေရောင်ဆံပင်ရှည်များလည်း လှုပ်ရှားနေသည်။

သူမ၏ညာလက်ကို ဆန့်တန်းလိုက်သည်နှင့် သွေးတန်းတစ်တန်း ထွက်ပေါ်လာသည်။ အလေးအမြတ်ကျောင်း၏ ဂျီးနီးယပ်စ် မျက်လုံးများ ပြူးကျယ်လာပြီး အမူအရာများ ကင်းမဲ့သွားသည်။ သူ၏နဖူးရိုးတွင် အပေါက်တစ်ပေါက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်လည်း မြေပြင်ထက်သို့ လဲကျသွားသည်။

ထိုအမျိုးသမီး ချက်ချင်းပင် လှည့်ထွက်သွားလေ၏။

“အားနည်းလိုက်တာ .. ဒီလိုလူမျိုးကိုတောင်မှ အဆင့်လွန်လူငယ်လို့ခေါ်တာလား .. အရမ်းရယ်ရတာပဲ..” သူမ ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှ လူငယ်များကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားလေ၏။

အားလုံး လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်သည်။ သူတို့ဘက်မှ လူများသေဆုံးသွားသောကြောင့် အစကတည်းက ဝမ်းနည်းနာကျင်နေရသော်လည်း တစ်ဖက်လူမှ သူတို့အား ဤကဲ့သို့ လှောင်ပြောင်နေသေးသည်။

“မင်းဘယ်သူလဲ..” တစ်စုံတစ်ယောက်မှ မနေနိုင်ပဲ အော်ဟစ်လိုက်သည်။

“ယင်လင်း.. ရှေးဟောင်းတောင်က ငွေရောင်ဘုရင်ကလန်က .. ရှင်တို့ဒါကိုလက်မခံနိုင်ဘူးလား..” ငွေရောင်ဆံပင်နှင့် အမျိုးသမီး မောက်မာစွာ ပြောလိုက်သည်။

သူမ စကားကိုကြားသည်နှင့် ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှ အကြီးအကဲအချို့ စိတ်ထဲတုန်လှုပ်သွားရသည်။ ဤကလန်မှာ တစ်ဖက်လူကို သတ္တုရည်ဖြစ်သွားအောင် ပြောင်းလဲနိုင်သည့်ကလန်ပင်။

သို့သော် ယင်လင်းဟုခေါ်သည့် ဤအမျိုးသမီးမှ ဤစွမ်းရည်ကိုပင် သုံးမသွားပေ။

ဤတိုက်ပဲတွင် ကောင်းကင်ဘုံကိုးခုနှင့်ကမ္ဘာမြေ ၁၀ ခုမှလူများ ပို၍ စိတ်လေးလံလာသည်။ သူတို့သုံးပွဲတိုက်ပြီး လူငယ်သူရဲကောင်းသုံးယောက် ဆက်တိုက်သေဆုံးသွားလေပြီ။ သို့သော်လည်း သူတို့တစ်ပွဲမှ မနိုင်သေး။ ဤရလဒ်မှာ ရက်စက်လွန်းလှသည်။

ခဏကြာပြီးနောက် ထာဝရလိပ်ခွံတောက်ပလာကာ စတုတ္ထမြောက်လူကို ရွေးချယ်လိုက်သည်။

“သူပဲ..”

တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။ ယခုတစ်ခေါက်တွင်တော့ လိပ်ခွံသည် ခရမ်းရောင်နေကောင်းကင်ဘုရင်ရှေ့၌ ရပ်တန့်သွားခြင်းပင်။ သူသည် ရှီဟောင်ကို မရှုံးနိမ့်မီက အရှုံးမရှိသည့်ဒဏ္ဍာရီရှိခဲ့သည့်သူပင်။ သူမွေးလာကတည်းက ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ဖြစ်ပေါ်ခဲ့ပြီး သူ့မိခင်၏ဝမ်းဗိုက်နားတွင် ခရမ်းရောင်အလင်းများ တောက်ပခဲ့သည်ပင်။

သိပ်မဝေးသည့် ချောက်နက်ကြီးမှ တခွပ်ခွပ်အသံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင်ရှိနေသည့် ကျောက်တုံးများအားလုံး အက်ကွဲကာ ပျောက်ကွယ်သွားသည်။

ဤသည်မှာ ထူးဆန်းသည့်သတ္တဝါပင်။ သူ၏ခန္ဓာကိုယ်မှာ ကင်းခြေများခန္ဓာကိုယ်ဖြစ်ပြီး ရွှေရောင်တောက်ပနေကာ အေးစက်မာကျောလှသည်။ သူ၏ခြေထောက်တစ်ရာကျော်ဖြတ်လာသည့်နေရာတိုင်း၌ ကျောက်တုံးကြီးများနှင့် အခြားအရာများအားလုံး ပျက်စီးသွားသည်။

သို့သော်လည်း သူ့ထံတွင် လူသားခြေထောက်တစ်စုံလည်းရှိနေပြီး ထိုခြေထောက်ဖြင့် လမ်းလျှောက်နေခြင်းပင်။ ကင်းခြေများခန္ဓာကိုယ်မှာ အမြီးကဲ့သို့ သူ့နောက်မှ လိုက်ပါလာခြင်းပင်။

ထို့အပြင် သူ့ထံ၌ ဓားခုတ်ကောင်လက်တစ်စုံလည်းရှိနေသည်။ ဤလက်များမှာ ဓားရှည်နှစ်လက်ကဲ့သို့ ထက်ရှလှပြီး အေးစက်သည့်အလင်းတန်း ထုတ်လွှတ်နေသည်။

ဤမကောင်းဆိုးဝါးကြီးမှာ သာမန်သတ္တဝါမဟုတ်။ သေချာပေါက် စွမ်းအားကြီးလိမ့်မည်။

ဝုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင် လှုပ်ရှားလိုက်သည်။ သူသည် ဘာမှမပြောတော့ပဲ ခရမ်းရောင်စွမ်းအင်များထုတ်လွှတ်ကာ သူ၏နတ်စွမ်းရည်များဖြင့် တိုက်ခိုက်လိုက်သည်။

ချွမ်း ချွမ်း…

ထိုကြောက်စရာကောင်းသည့်သက်ရှိကြီး၏ ခန္ဓာကိုယ်ကြီးမှာ တစ်ခုနှင့်တစ်ခု ဆက်နေသည်ပင်။ ယခုအချိန်တွင် ဓားလင်းတန်းကဲ့သို့သော ရွှေရောင်အလင်းများ ထုတ်လွှတ်နေသည်။ ကင်းခြေများခြေထောက်များလည်း လှုပ်ရှားနေကာ ကြောက်စရာကောင်းသည့် နတ်အလင်းတန်းထုတ်လွှတ်နေ၏။

သူ ကောင်းကင်ထက်သို့ ခုန်တက်လိုက်ကာ ခရမ်းရောင်နေကောင်းကင်ဘုရင်ကို တိုက်ခိုက်လိုက်သည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် သက်ရှည်မိသားစုများ၏ အမူအရာများ လေးနက်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဤသတ္တဝါအား မှတ်မိသည်ပင်။ ဤသည်မှာ ကြောက်စရာကောင်းလှသည့် ဓားခုတ်ကောင်ကင်းခြေများပင်။

ဤသည်မှာ တစ်ဖက်လောက၏ သွေးအေးဘုရင်လူမျိုးစုဖြစ်ပြီး သူတို့ကလန်၏ သတ်ဖြတ်သည့်နည်းလမ်များမှာ ကြောက်စရာကောင်းလှသည်။ သူသည် ငရဲမှလာသည့် ဘုရင်တစ်ပါးကဲ့သို့ပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင်သည် စါမ်းအားကြီးသည့် အဖိုးတန်ပညာများအသုံးပြုလိုက်သော်လည်း သူ၏ပထမရိုက်ချက်မှာ ချေဖျက်ခံလိုက်ရသည်။ ထိုဓားခုတ်ကောင်ကင်းခြေများ၏ ခန္ဓာကိုယ်တွင် စွမ်းအားကြီးသည့် တာအိုသင်္ကေတများရှိနေပြီး တချွမ်းချွမ်းအသံများ ထွက်ပေါ်နေသည်။

အားလုံး ထိတ်လန့်သွားရ၏။ ဤကလန်မှ ကြောက်စရာကောင်းလှသည်။

ကင်းခြေများမှာ လျှပ်စီးကဲ့သို့ လျင်မြန်လွန်းလှသည်။ သူသည် ချက်ချင်းပင် ခရမ်းရောင်နေကောင်းကင်ဘုရင်ရှေ့သို့ ရောက်လာသည်။ သူ၏ကင်းခြေများလက်များကို မြှောက်လိုက်သည်နှင့် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။

ရွှီးဟူသည့်အသံနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံး သူ၏ဓားသွားကြောင့် ဟက်တက်ခွဲခံလိုက်ရသည်။ အဖြူရောင်ဓားအလင်းတန်းများသာ တောက်နေပြီး ထိုအလင်းတန်းများ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

ဤသည်မှာ ကြောက်စရာကောင်းလှသည်ပင်။ လူငယ်မျိုးဆက်များအားလုံး အမူအရာများ ပျက်ယွင်သွားရသည်။ ဤဓားခုတ်ကောင်ကင်းခြေများမှာ စွမ်းအားအကြီးဆုံး ဘုရင်အဆင့်သတ္တဝါဖြစ်ထိုက်သည်ပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင် စိတ်လေးလံသွားရ၏။ သူသည် အရှေ့ဘက်နတ်စွမ်းရည်မှ ခရမ်းရောင်စွမ်းအင်ကို အသုံးပြုသည့်အပြင် ပြည့်စုံသည့်ရှေးဟောင်းမျိုးစေ့ကိုလည်း အသုံးပြုလိုက်သည်။

ဒုန်း..

ထိုဓားချက် ကျရောက်လာပြီး နားကွဲလောက်သည့် ဆူညံသံများ ထွက်ပေါ်လာသည်။ ခရမ်းရောင်စွမ်းအင်မြူ အနည်းငယ်သာ စုစည်းရသေးသော်လည်း ဤသည်မှာပင် လုံလောက်အောင် အားကောင်းနေလေပြီ။

သို့သော်လည်း ဓားချက်ကျရောက်လာသည်နှင့် ခရမ်းရောင်စွမ်းအင်အချို့ လွင့်ပြယ်သွားကာ မျိုးစေ့လည်း မတည်မငြိမ်ဖြစ်လာသည်။

“သတ်..”

ခရမ်းရောင်နေကောင်းကင်ဘုရင် ဒေါသထွက်ကာ သူ၏မျက်လုံးများ နီရဲလာသည်။ သူတို့ ထပ်ရှုံးလို့မရတော့ဘူး .. သူအစက ဤတိုက်ပွဲကို အသုံးပြုကာ သူ၏ပြိုင်ဘက်ကင်းသည့်နာမည်ကို ပြန်ယူလိုခြင်းဖြစ်သော်လည်း မဖြစ်နိုင်တော့သည်ကို သူသိလိုက်ရသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင် သူ့ဘဝတွင် ဤမျှခက်ခက်ခဲခဲ မတိုက်ဖူး။

ယခုတစ်ခေါက်တွင်တော့ သူ စွမ်းအားများစုစည်းကာ တရှိန်ထိုးပြေးသွားလိုက်သည်။ ထို့အပြင် သူ၏ဝိညာဉ်ကိုလည်း ထိပ်ဆုံးထိရောက်အောင် ပြင်ဆင်သွားလိုက်သည်။

သူ၏နဖူးရိုးမှာ အလွန်တောက်ပနေပြီး အဖြူရောင်မီးတောက်တစ်ခု တောက်လောင်နေသည်ကို တွေ့ရမည်ပင်။ ဤသည်မှာ သူ၏ဝိညာဉ်အလင်းပင်။

သူ၏ခန္ဓာကိုယ်မှာမူ အနည်းငယ် တုန်ယင်နေသည်။

ဤတိုက်ခိုက်မှုမှာ ကောင်းကင်ကြီးနှင့်မြေကြီးကို တုန်လှုပ်သွားစေသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ရှိသမျှအားလုံးသုံးကာ တိုက်ခိုက်နေပြီး သူ၏ဆံပင်များပင် ဖရိုဖရဲဖြစ်နေလေပြီ။ သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ထွက်ပေါ်လာလေ၏။

သို့သော်လည်း ဤဓားခုတ်ကောင်ကင်းခြေများမှာ သန်မာလွန်းလှသည်။

သူ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့အား အသုံးပြုလိုက်သော်လည်း တစ်ဖက်လူ၏တာအိုမှာ ထိုစွမ်းအင်ကို ထိုးဖောက်သွားနိုင်သည်ပင်။ သူ ရှေးဟောင်းမန္တန်တစ်မျိုးကို ရွတ်ဖတ်လိုက်ကာ ပြိုင်ဘက်ကင်းသည့်မျိုးစေ့၏ စွမ်းအားကို နှောက်ယှက်လိုက်သည်။

ဤသည်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် အဆင့်လွန်မျိုးစေ့ကြား ဆက်သွယ်မှု ပြတ်တောက်သွားတော့မတတ်ပင် ဖြစ်သွားသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုမှလူများ၏ အမူအရာများပြောင်းလဲသွားသည်။ သူတို့ပြဿနာကြီးကြီး ကြုံတွေ့နေရပြီဟု ခံစားလိုက်ရသည်။ တစ်ဖက်လူသည် ရှေးဟောင်းမျိုးစေ့များနှင့် ရင်ဆိုင်ရန်အတွက် နည်းလမ်းအချို့ကို သေချာလေ့လာထားသည်ပင်။

၈၀၀ မြောက်တိုက်ကွက်တွင် ဓားခုတ်ကောင်ကင်းခြေများသည် ပါးစပ်ဟကာ အနက်ရောင်အလင်းများ ထုတ်လွှတ်လာသည်။ ဤသည်မှာ သူ၏ကိုယ်ပိုင်လျှို့ဝှက်ပညာပင်။ ဤအလင်းသည် အရာအားလုံးကို တိုက်စားသွားလေ၏။ လေဟာနယ် ပျက်စီးသွားကာ အချိန်ပင် မတည်မငြိမ်ဖြစ်လာသည်။

“မကောင်းတော့ဘူး..” ရှုထော်နှင့် အခြားသူများ ပြောလိုက်ကြသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင် ဖိနှိပ်ခံရတော့မယ်..

တစ်ချိန်တည်းမှာပင် ဓားခုတ်ကောင်ကင်းခြေများသည် သူ၏နတ်စိတ်ဝိညာဉ်မှ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေကာ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့၏ စွမ်းအားကို နှောက်ယှက်လိုက်သည်။

ဖူး..

ထို့နောက် တောက်ပသည့်ဓားအလင်းတန်း တောက်ပလာကာ ကောင်းကင်ကိုဖြတ်သွားသည်။ ထိုတိုက်ခိုက်မှုကြောင့် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ပြတ်ထွက်သွားပြီး သွေးများပန်းထွက်လာသည်။

ဖုန်း..

ဓားခုတ်ကောင်ကင်းခြေများ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ အဖိုးတန်မျိုးစေ့ကို လုယူလိုက်သည်။

ရွှီး..

အဖြူရောင်ဓားအလင်းတန်းများ ထပ်မံပေါ်ထွက်လာကာ ခရမ်းရောင်နေကောင်းကင်ဘုရင်အား အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေ၏။

စစ်မြေပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်မှလည်း တိတ်ဆိတ်သွားကာ မျက်လုံးများသည်လည်း ကျွတ်ကျတော့မတတ် ပြူးကျယ်လာကြသည်။ သို့သော်လည်း သူတို့ဘာလုပ်နိုင်မည်နည်း .. သူတို့ရှုံးနိမ့်သွားကာ လူငယ်ဘုရင်တစ်ယောက် ကျရှုံးသွားလေပြီ။
အပိုင်း ၁၅၂၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၂၉ – ရှီဟောင်၏ဒေါသ

လူများစွာမှာ ရူးတော့မတတ်ဖြစ်နေသော်လည်း သူတို့အော်ဟစ်ပစ်နိုင်ရန် ခက်ခဲနေသည်။ သူတို့ လေးပွဲဆက်တိုက် ရှုံးသွားပြီး စစ်မြေပြင်ထက်၌ လူငယ်ဘုရင်လေးယောက် အလောင်းများ လဲနေကာ သွေးအိုင်ဖြစ်နေလေပြီ။

သူတို့လက်မခံနိုင်သော်လည်း ဤသည်မှာ အမှန်တရားပင်။

ထာဝရရှေးဟောင်းခေတ်မှလူများ မည်ကဲ့သို့ ခံစားရမည်ကို သူတို့ယခုအချိန်မှ နားလည်တော့သည်။ ဤကဲ့သို့သော စစ်ပွဲမှာ လူများမှာပူဆွေး ဝမ်းနည်းစေသည်ပင်။

အများစုမှ သူတို့ မျှော်လင့်ချက်အားလုံး ဖုန်မှုန့်ဖြစ်သွားပြီဟု ခံစားလိုက်ရသည်အထိပင်။ သူတို့ရှေ့တွင် အမှောင်ထုကြီးသာ ရှိတော့သည်။

ပြိုင်ဘက်ကင်းရှေးဟောင်းမျိုးစေ့ရှိနေသည့် သူများပင် ဤကဲ့သို့ ရှုံးနိမ့်နေလျှင် သူတို့ထံ၌ ဘာမျှော်လင့်ချက်ရှိတော့မည်နည်း.. သူတို့ဒေါသထွက်ကာ ဝမ်းနည်းနေပင်လျှင် သူတို့ဘာအလင်းမှ မမြင်ရ။

ဤတိုက်ပွဲများမှ အားလုံးသဲလွန်စအချို့ တွေ့ခဲ့ရသည်။ တစ်ဖက်လောကမှ တကယ်ကိုပင် စွမ်းအားကြီးလှသည်။ ရှေးခေတ်သက်ရှိများဖြစ်စေ၊ လက်ရှိလောက လူငယ်ဘုရင်များဖြစ်စေ အားလုံးမှာ အနိုင်မယူနိုင်သည့် နတ်ဆိုးနတ်ဘုရားများကဲ့သို့ပင်။

ရှီဟောင် ယခင်က ဒေါသထွက်ကာ မုန်းတီးနေသော်လည်း ယခုအချိန်တွင်တော့ သူ၏အမူအရာမှာ အေးစက်နေပြီး စကားတစ်ခွန်းမှ မပြောတော့။ စစ်မြေပြင်ကိုသာ အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူတို့ ဘယ်လိုတိုက်ရတော့မှာလဲ .. သူ တစ်ဖက်လောကမှ လူငယ်ဘုရင်များကို မကြောက်သော်လည်း သူနိုင်သွားလျှင် အများကြီးတိုက်ရဦးမည်ပင်။

တစ်ဖက်လောကမှာ ပြိုင်ဘက်ကင်းရှေးဟောင်းမျိုးစေ့များ၏ ပြစ်ချက်များကို ရှာတွေ့သွားပြီဖြစ်ပြီး ထိုမျိုးစေ့များနှင့် ရင်ဆိုင်နိုင်မည့်နည်းလမ်းများကို ရှာဖွေပြီးသားပင်။ ဤအကျိုးဆက်မှာ သူတို့အတွက် အလွန်ဆိုးရွားလိမ့်မည်ပင်။

နောင်ကျလျှင် သူ့ဘက်မှ တိုက်နိုင်မည့်လူများများစားစားရှိမည်မဟုတ်လောက်ပေ။

ရှီဟောင် စိတ်အေးခဲသွားရသည်။ သူတစ်နေ့ အရွယ်ရောက်လာပြီး တစ်ဖက်မှ မရေမတွက်နိုင်သည့်သူများနှင့် ရင်ဆိုင်ရလျှင်ပင် သူ့ကို ကူညီနိုင်သည့် ရဲဘော်ရဲဘက်အနည်းငယ်သာ ရှိလိမ့်မည်။

လူတစ်ယောက်တည်းနဲ့တစ်ဖက်လောကကို ဘယ်လိုရင်ဆိုင်နိုင်မှာလဲ .. မဖြစ်နိုင်တာ..

“အားနည်းလွန်းတယ်..” ဓားခုတ်ကောင်ကင်းခြေများ မြေပြင်ပေါ်ရှိ အလောင်းကိုကြည့်ပြီး ပြောလိုက်သည့် စကားလုံးကြောင့် တိတ်ဆိတ်နေမှုကြီး ပြိုကွဲသွားသည်။

“မဟုတ်ဘူး..” ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ကလန်သားများနှင့်အတူ ထာဝရကျောင်းမှ အကြီးအကဲများ အော်ဟစ်လိုက်ကြသည်။ သူတို့ ဤမြင်ကွင်းကို သည်းမခံနိုင်။ လူများစွာ ဝမ်းနည်းစွာ ငိုကြွေးလာကြသည်။

“သခင်..” သူ၏နောက်လိုက် အော်ဟစ်လိုက်သည်။ သူ၏အဆုတ်များ ပေါက်ကွဲပြီး နှလုံးလည်း တစ်စစီဖြစ်တော့မတတ် ခံစားနေရသည်။

“ကံတရားက ငါတို့ဘက်မှာ ရှိနေတာ..” တစ်ဖက်လောက ရှေးဟောင်းသက်ရှိမှ ပြောလိုက်သည်။

ဓားခုတ်ကောင်ကင်းခြေများ တစ်ဖက်သို့ လှည့်လိုက်သည့်အချိန်တွင် ထိုထာဝရလိပ်ခွံမှာ ရုတ်တရက်ပင် ရောင်စုံအလင်းတောက်ပလာသည်။

“ထူးခြားတဲ့သင်္ကေတ..” တစ်ဖက်မှ ရှေးဟောင်းသက်ရှိမှ ထိတ်လန့်ပျော်ရွင်စွာ အော်ဟစ်လိုက်သည်။

“နောက်လာမယ့် ပြိုင်ဘက်က မင်းရဲ့တာအိုကံတရားကို လေးနက်အောင် လုပ်ပေးလိမ့်မယ်.. ဒါက ရှားပါးတဲ့အဖြစ်အပျက်ပဲ..” ရှေးဟောင်းသက်ရှိမှ ပြောလိုက်သည်။

သူတို့ဘက်မှ လူများထိတ်လန့်သွားကြ၏။ ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု မထင်ထားကြ။

ရွှေရောင်နတ်ဆိုးငှက်ကဲ့သို့ သူနှင့်သက်ဆိုင်သည့် လိပ်ခွံမှ ပြောင်းလဲလာခြင်းပင်။ သို့သော်လည်း ယခုတစ်ခေါက်ကတော့ ကောင်းမွန်သည့်အရာပင်။

ရွှီး..

“ငါ ဒါကို မင်းအတွက် အရင်သိမ်းပေးထားမယ်…” ချောက်နက်ကြီးဘေးတွင်ရှိနေသည့် ရှေးဟောင်းသက်ရှိမှ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့အား သိမ်းယူလိုက်သည်။ ထို့အပြင်သူသည် ဓားခုတ်ကောင်ကင်းခြေများအား စစ်မြေပြင်ထက်၌ ဆက်နေစေလိုက်သည်။

“ကံတရားက ငါ့ဘက်မှာရှိနေတာဆိုတော့ ဘယ်သူလာပြီးတော့ အသေခံချင်လဲ..” ဓားခုတ်ကောင်ကင်းခြေများ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ လူငယ်ဂျီးနီးယပ်စ်များကို မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်။

သူနှင့်သက်ဆိုင်သည့် လိပ်ခွံအပိုင်းအစသည် အလွန်တောက်ပသည့်အလင်းများထုတ်လွှတ်နေသည်ပင်။

တစ်ဖက်လောကမှ လူငယ်ဘုရင်များအားလုံး မနာလိုဖြစ်သွားကြသည်။ သူတို့ ဓားခုတ်ကောင်ကင်းခြေများ နေရာယူလိုက်ချင်နေကြသည်။

သို့သော်လည်း သူတို့ လက်လွတ်စပယ်မလုပ်ရဲကြ။ ရှေးဟောင်းဘိုးဘေးများ ပြောထားပြီးသားဖြစ်သောကြောင့် မည်သူမှ မလျှောက်သွားရဲကြ။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုဘက်တွင်မူ ဝမ်းနည်းမှုများသာ ပြည့်နှက်နေသည်။ တောက်ပသည့်အလင်းများမှာ ရန်သူဘက်မှ တောက်ပလာခြင်းဖြစ်သောကြောင့် အားလုံး စိတ်လေးလံသွားရသည်။ အချို့သူများမှာ သတ္တိမရှိကြတော့။

ငိုကြွေးသံများနှင့်အတူ လူတစ်စု ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ပျက်စီးနေသည့် ခန္ဓာကိုယ်ကို ပြန်သယ်သွားကြကာ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန်ဆက်ရန် ကြိုးစားလိုက်သည်။

သူက ဒီလိုမျိုးပဲ သေသွားတာလား .. ကလန်မှ လူများမပြောနှင့် အပြင်မှလူများပင် မယုံကြည်နိုင်ဖြစ်နေကြသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်ဆိုသည်မှာ သူမွေးလာစဉ်က ခရမ်းရောင်နေ ထွက်လာခဲ့သည်ပင်။

“ကလေး.. မင်းက အနိုင်အရှုံးကို အရမ်းဂရုစိုက်နေတာကိုး .. ဒီလောက်လုပ်ဖို့လိုအပ်လို့လား .. အဲဒီမျိုးစေ့က မင်းကို ဒုက္ခပေးလိုက်တာပဲ .. အဲဒီမျိုးစေ့သာမရှိရင် မင်းဒီထက်ပိုအောင်မြင်နိုင်ဦးမှာ..” အကြီးအကဲတစ်ယောက် ဝမ်းနည်းဖွယ် ငိုကြွေးလိုက်သည်။

ရွှီး..

ထာဝ၇လိပ်ခွံအပိုင်းအစများ တောက်ပလာကာ အခြားလူတစ်ယောက် ထပ်ရွေးလာသည်။

ဓားခုတ်ကောင်ကင်းခြေများမှာ ပြန်မဆုတ်သေး။

“သူပဲ..”

အားလုံး ထိုနေရာကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

ချင်းဟောင် ထိုနေရာ၌ ငေးကြောင်စွာ ရပ်နေမိသည်။ သူ ရွေးချယ်ခံလိုက်ရသည်ပင်။ ယခုအချိန်တွင် သူ၏စစ်အင်္ကျီများ တချွမ်ချွမ်အသံထွက်နေပြီး ငွေရောင်အလင်းလည်း တောက်ပနေသည်ပင်။ သူနှင့်အတူ တာအိုအသံများလည်း ထွက်ပေါ်နေသည်ပင်။

တစ်ဖက်လောကမှ သက်ရှိများ သူ့အား စိုက်ကြည့်လာကြသည်။

“အမ် .. သူ့ရဲ့စစ်ဝတ်စုံက နည်းနည်းထူးဆန်းတယ် .. ဒါက ထာဝရဘုရင်တစ်ယောက်ရဲ့ ချပ်ဝတ်တန်ဆာအပိုင်းအစနဲ့ လုပ်ထားတာထင်တယ်..” ရှေးဟောင်းသက်ရှိ ထိတ်လန့်နေသည့်အမူအရာဖြင့် ပြောလိုက်သည်။

“ထူးဆန်းတယ် … သူ့ခန္ဓာကိုယ်မှာ .. အရိုးတစ်ချောင်းရှိနေတာလား .. ဒါက ထူးခြားလွန်းတယ်..” ချောက်နက်ကြီးဘေးနားတွင်ရှိနေသည့် ရှေးဟောင်းသက်ရှိမှ ပြောလိုက်သည်။ သူအလွန်ထိတ်လန့်နေသည်ပင်။ သူ၏မျက်ခုံးကြားမှ ဒေါင်လိုက်မျက်လုံး ပွင့်လာကာ ချင်းဟောင်၏ ခန္ဓာကိုယ်အား ဖောက်ထွင်းကြည့်လိုက်သည်။

ခဏကြာပြီးသည့်နောက် အားလုံး အသိဝင်လာကာ ဘာဖြစ်နေသည်ကို စဉ်းစားမိသွားသည်။ ဤအရိုးမှာ ယခင်ခေတ်မှ အရှင်တစ်ယောက်၏ အရိုးဖြစ်လိမ့်မည်။ ယခုအချိန်တွင် ထိုအရိုး သူ၏ခန္ဓာကိုယ်ထဲ၌ ရှိနေပြီး အသက်ခွန်အား ရှိနေသေးသည်ပင်။

“ကံကောင်းတာပဲ .. အဲဒီအရိုးက ထူးခြားတယ် .. ထာဝရလိပ်ခွံအပိုင်းအစ လှုပ်ရှားသွားတာ အံ့ဩစရာမရှိတော့ပါဘူး .. သူ့ကို သတ်လိုက်တာနဲ့ အဲဒီအရိုးကို ယူလို့ရပြီ .. အဲဒီအရိုးမှာ ထူးဆန်းနက်နဲမှုတွေရှိတယ်…”

သူတို့ တီးတိုးပြောလိုက်ကြသည်။

“တိုက်ရမယ့်လူက ငါဖြစ်ချင်တာ..” တစ်ဖက်လောကမှ လူငယ်အချို့ မနာလိုဖြစ်နေကြသည်။ သူတို့ ကင်းခြေများကိုယ်စား ချင်းဟောင်ကိုသတ်ကာ အခွင့်အရေးကောင်းကို ယူလိုက်ချင်ကြသည်။

“ဟား ဟား..” ဓားခုတ်ကောင်ကင်းမြေများ၏ ယခင်မှ တင်းမာနေသည့်စိတ်များ ပြေလျော့သွားကာ သူကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူသည် ချင်းဟောင်အား လက်ညှိုးထိုးလိုက်ကာ “မင်း .. ဒီကိုလာပြီးတော့ အသေခံလိုက်တော့..”

“မင်း .. ငါမင်းကို သတ်မယ်..” ချင်းဟောင်း ဒေါသတကြီး ခြေလှမ်းကျယ်များဖြင့် ထွက်သွားလိုက်သည်။ သူသည် ဂုဏ်သိက္ခာကို တန်ဖိုးထားသည့်သူပင်။

ရုတ်တရက် သူ့ရှေ့ကို လက်တစ်ဖက် လာရောက်တားဆီးလာည်။ တောင်ကဲ့သို့ မြင့်မားသည့်ပုံရိပ်တစ်ခု သူ့ကို ကျောပေးထားကာ သူ့လမ်းကို တားဆီးလိုက်သည်။

“အစ်ကိုကြီး..” ချင်းဟောင် တီးတိုးပြောလိုက်သည်။

“မင်းသွားလို့မရဘူး ..” ရှီဟောင် တိုးတိတ်စွာ ပြောလိုက်သည်။ သူ နောက်လှည့်မကြည့်ပဲ ဓားခုတ်ကောင်ကင်းမြေများကိုသာ စိုက်ကြည့်နေသည်။

“သေခြင်းနဲ့ရှင်ခြင်းရဲ့ ကွာခြားချက်ကို မသိတဲ့ကောင် .. မင်းက ငါ့သားကောင်ကို ယူသွားပြီးတော့ ငါ့ကိုတားချင်တာလား..” ဓားခုတ်ကောင်ကင်းမြေများ၏ မျက်လုံးများ အေးစက်နေသည်။ သူသည် ကျောက်တုံးကြီးတစ်တုံးပေါ်၌ ရပ်ကာ ရှီဟောင်အား စီးမိုးကြည့်နေသည်။

“အစ်ကိုကြီး .. ကျွန်တော်သူ့ကိုသတ်မယ်..” ချင်းဟောင်ပြောလိုက်သည်။

“မင်းက ငယ်သေးတယ် .. မင်းကျင့်ကြ့ဖို့ လိုသေးတယ် .. မင်းအုတ်မြစ်ခိုင်ဖို့ အချိန်လိုသေးတယ်” ရှီဟောင်ပြောလိုက်၏။ သူ၏လက်များမှာ အားသန်လှကာ သူ့ကို သွားခွင့်မပေး။

အဘယ်ကြောင့်ဆိုသော် သူ၏ညီလေး ရှေ့ဆက်သွားလိုက်သည်နှင့် သူသေချာပေါက် သေသွားလိမ့်မည်။ သူသည် ဓားခုတ်ကောင်ကင်းမြေများ၏ ပြိုင်ဘက်မဟုတ်သေး။ သူ၏ညီလေး သေသွားမည်ကို သူထိုင်ကြည့်မနေနိုင်။

“ကျွန်တော်..” ချင်းဟောင်းတစ်ခုခု ပြောရန်ကြိုးစားလိုက်သော်လည်း ရှီဟောင် လက်ဝေ့ရမ်းလိုက်ကာ သူ့အား ပြောခွင့်မပေးတော့။ သူသည် စစ်မြေပြင်အား မျက်နှာချင်းဆိုင်ထားကာ ဓားခုတ်ကောင်ကင်းမြေများအား ကြည့်လိုက်ပြီး “ငါက သူ့အစ်ကိုပဲ .. ငါသူ့အစားတိုက်မယ် .. ရလားမရဘူးလား..”

“ဟာသပဲ .. မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ .. မင်းမှာဘာအခွင့်အရေးရှိလို့ ငါထာဝရအရိုးရမယ့်ကိစ္စကို လာတားနေတာလဲ .. ဘေးဖယ်လိုက်..” ဓားခုတ်ကောင်ကင်းမြေများ အေးစက်စွာ ရယ်မောလိုက်ကာ ခေါင်းမော့ပြီး မကျေမနပ်ပြောလိုက်လေသည်။

“ဒီလူက ဘယ်သူလဲ .. သူတကယ်ပဲ သူက ထူးခြားတယ်လို့ ထင်နေတာလား.. တိုက်ပွဲတွေကို တစ်ပွဲပြီးတစ်ပွဲ နှောက်ယှက်နေတယ် … ဟာသပဲ .. သူက သေခြင်းနဲ့ရှင်ခြင်းကြားက ကွာဟချက်ကို မသိဘူးလား..”

ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်ဖက်လောကမှ လူငယ်ဘုရင်များအားလုံး သူ့အား လှောင်ပြောင်ရယ်မောနေကြသည်။ သူတို့အားလုံးသည် ရှီဟောင်အား အထင်သေးနေကြသည်ပင်။

ရွှေရောင်နတ်ဆိုးငှက်သာ ထိတ်လန့်နေကာ သူမတစ်ကိုယ်လုံး ကြက်သီးထသွားရသည်။ သူမ ဤလူကို မျက်နှာချင်းဆိုင်လိုက်သည်နှင့် မကောင်းသည့်ခံစားချက်များ ခံစားနေရသည်ပင်။

ယခုအချိန်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများလည်း သူတို့အား ကြည့်လာကြသည်။

“အစ်ကို ဖယ်ပေးပါ .. ကျွန်တော့်ကိုသွားခွင့်ပေးပါ..” ချင်းဟောင်၏မျက်နှာမှာ နီရဲနေလေပြီ။ သူသည် တစ်ဖက်မှ သက်ရှိများကို ဒေါသတကြီးပင် စိုက်ကြည့်လိုက်သည်။

“မရဘူး..” ရှီဟောင် သူ့အား ပိတ်ရပ်ထားဆဲပင်။

“လူငယ်လေး .. မင်းက ဒီနေရာကို ဘယ်လိုနေရာမျိုးထင်နေတာလဲ .. မင်း ပြဿနာထပ်ရှာပြန်ပြီ .. ငါမင်းကိုသတ်လိုက်ရင် အားလုံးပိုကောင်းသွားမယ်ထင်တယ်..”

“အစ်ကိုကြီး .. မြန်မြန်ဖယ်..” ချင်းဟောင်သူ့ဘေးမှ ဖြတ်သွားလိုက်သည်။

ဖုန်း..

ရှီဟောင် သူ့လက်မောင်းကို ဖမ်းဆွဲထားလိုက်သောကြောင့် သူမသွားနိုင်တော့။

“လူငယ်လေး မင်းသေချင်နေပြီလား..” တစ်ဖက်မှ စွမ်းအားကြီးကာ ဂုဏ်သရေရှိလှသည့်အသံတစ်သံ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲအရှင်လည်း သူ၏စွမ်းအားကို ထုတ်လိုက်သည်။

“ကျွန်တော်က စည်းကမ်းကို လိုက်နာတယ် .. ခင်ဗျားတို့အားလုံး ကြည့်ထားလိုက်..” ရှီဟောင် အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူချင်းဟောင်အားအသံပို့လွှတ်လိုက်သည်။ “ငါမင်းကိုပေးထားတဲ့အဆင့်လွန်အရိုးကို အားကုန်သုံးပြီး အသက်သွင်းလိုက်..”

“အစ်ကိုကြီး..” ချင်းဟောင်သူ့အား ကြည့်လိုက်သည်။

“မြန်မြန်လုပ်.. အချိန်မဖြုန်းနဲ့..” ရှီဟောင် ဆူလိုက်သည်။

ချင်းဟောင် သူ၏အတွင်းနတ်ဆိုးကို နှိမ်နှင်းပြီးသွားပြီဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ ရှီဟောင်အား မဆန့်ကျင်တော့။

ရွှီး..

နတ်အလင်းလုံး ထွက်‌ပေါ်လာကာ အဆင့်လွန်သင်္ကေတများလည်း ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ရှီဟောင်လည်း သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသည့် အဆင့်လွန်အရိုးကို အသက်သွင်းလိုက်ကို ထိုနတ်စွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူတို့နှစ်ဦး၏အော်ရာမှာ ထပ်တူညီသွားသည်။

သူတို့နှစ်ဦးထံတွင် တူညီသည့်အဆင့်လွန်သွေးများစီးဆင်းနေပြီး တူညီသည့် အဆင့်လွန်အရိုးလည်း ရှိနေသည်ပ်င။

ရှီဟောင်ထံတွင် မွေးရာပါ အဖိုးတန်ပညာသုံးခုရှိပြီး ချင်းဟောင်အား တစ်ခုပေးထားခြင်းပင်။

ရွှီး..

ထိုအချိန်တွင် ထာဝရလိပ်ခွံ အပိုင်းအစ လှုပ်ရှားလာလေ၏။ ရှီဟောင် ထိုလိပ်ခွံအပိုင်းအစကို ဆုတ်ကိုင်လိုက်၏။ ထိုအပိုင်းအစမှာ တောက်ပနေဆဲပင်။

ရှီဟောင် ယခုမှ သက်မချနိုင်တော့သည်။ ဤသည်မှာ သူထင်ထားသည့်အတိုင်းပင်။ သူအောင်မြင်သွားလေပြီ။

“အခု နောက်ဆုတ်တော့..” ရှီဟောင် သူ့ညီလေးကို ပြောလိုက်သည်။

“အစ်ကိုကြီး..”

“နောက်ပြန်ဆုတ်တော့ .. ငါနဲ့လွှဲထားလိုက်..” ရှီဟောင်၏အမူအရာ လေးနက်နေသလို သူ့အသံလည်း လေးနက်နေသည်။

ထိုအချိန်တွင် အားလုံး ဆွံ့အသွားရသည်။ ထာဝရလိပ်ခွံအပိုင်းအစက ဘာလို့ဒီလိုမျိုးလုပ်တာလဲ .. လူတစ်ယောက်ကို ရွေးပြီးသွားတာကို ထပ်ပြောင်းလို့ ရသေးတာလား..

တစ်ဖက်လောကမှ သက်ရှိများပင် ဆွံ့အသွားကြသည်။

ချင်းဟောင် တိုက်ခိုက်ချင်သော်လည်း အစ်ကိုဖြစ်သူထံမှ ဆူခံလိုက်ရသောကြောင့် နောက်ဆုံးတွင် ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်သွားလေသည်။

“အစ်ကိုကြီး .. ဂရုစိုက်..”

“စိတ်မပူနဲ့ .. အဆင်ပြေတယ် .. အခုက သူတို့စိတ်ပူရမယ့်အလှည့်ပဲ..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

ချင်းဟောင် နောက်ပြန်ဆုတ်လိုက်သည်။ ရှီဟောင် လက်ဖြေလိုက်သော်လည်း ထာဝရလိပ်ခွံအပိုင်းအစမှာ ထွက်မသွားပဲ အလင်းထုတ်လွှတ်ကာ သူ့တစ်ကိုယ်လုံးအား တောက်ပစေသည်။ ဤသည်မှာ သူ့အား ရွေးချယ်ကြောင်း ပြသနေခြင်းပင်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..” တစ်ဖက်လောကမှ ကျင့်ကြံသူအချို့ ရှုပ်ထွေးသွားကြရသည်။

“သူတို့က ညီအစ်ကိုတွေ .. အဲဒါအပြင် သူတို့က သွေးမျိုးဆက်ခွန်အား အတူတူပဲ .. ဒါမျိုးက အရမ်းရှားတယ် .. ပြီးတော့ ခုဏက သူတို့က လူတစ်ယောက်တည်းလိုမျိုး သူတို့အော်ရာ တစ်ထပ်တည်းကျသွားသေးတယ်..” ရှေးဟောင်းပုံရိပ်မှ ရှင်းပြလိုက်သည်။

ရှီဟောင် ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်သွားလိုက်သည်။ ယခုအချိန်တွင်တော့ သူ့ကို တားမည့်သူမရှိတော့။

“ဟွမ် .. မင်းနိုင်ရမယ်..” အနောက်ဘက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

သူတို့ဆုံးရှုံးမှု များနေပြီဖြစ်သည်။ အဆင့်လွန်လူငယ်များတစ်ယောက်ပြီးတစ်ယောက် ကျရှုံးနေသောကြောင့် သူတို့သွေးအန်မတတ် ဒေါသထွက်နေကြလေပြီ။ သူတို့ မျှော်လင့်ချက် မပျက်သုန်းသွားရန် အနိုင်လိုချင်သည်။

ရှီဟောင်ပေါ်လာသည်မှာ လူများစွာကို မျှော်လင့်ချက်‌ တောက်ပသွားစေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူအလွန်အားကောင်းသည်ကို အားလုံးသိနေကြသည်ပင်။

သို့သော်လည်း အချို့သူများမှာ စိတ်ပျက်နေကြဆဲပင်။ သူတို့ ရှီဟောင်အား သိပ်နားမလည်သောကြောင့် သူ့ကိုလည်း ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်နေကြသည်။

ယခုတစ်ခေါက်တွင်တော့ အားလုံး စိတ်လှုပ်ရှားနေကြလေပြီ။

ဓားခုတ်ကောင်ကင်းခြေများအောက်တွင်ရှိနေသည့် ကျောက်တုံးကြီး အက်ကွဲကာ ပေါက်ကွဲသွားသည်။ သူ၏လူသားခြေထောက်များ လေဟာနယ်ထဲ၌ ရပ်နေပြီး မျက်လုံးများမှာ အေးစက်လှသည်။

“မင်းက ငါ့အခွင့်အရေးကောင်းကြီးကို ဖျက်ဆီးရဲတယ်ပေါ့ .. ငါ မင်းအလောင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ် .. ကောင်းကင်နဲ့မြေကြီးကြားက ခြားနားချက်ကို မသိတဲ့ကောင်…” ဓားခုတ်ကောင်ကင်းခြေများ ဒေါသထွက်နေလေ၏။

“မင်း မကြာခင်သေတော့မှာ..” ရှီဟောင်ပြောလိုက်သည်။

ဓားခုတ်ကောင်ကင်းခြေများ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့မျက်နှာထက်တွင် လှောင်ပြောင်မှုအပြည့်ပင်။ “မင်းတို့ တစ်ယောက်ပြီးတစ်ယောက်သေနေတာ .. သူတို့တွေကို ကောင်းကင်ပါရမီရှင်လို့ခေါ်ပေမယ့် သူတို့က ဘာများထူးခြားနေလို့လဲ .. မင်းလည်းအတူတူပဲ .. ငါ့မျက်လုံးထဲမှာတော့ မင်းက ဘာမှမဟုတ်ဘူး..”

“ဟား ဟား..” ခပ်ဝေးဝေးတွင်ရှိနေသည့် လူငယ်ဘုရင်များလည်း အော်ဟစ်ရယ်မောလာကြသည်။

“အခု ငါဒီစစ်မြေပြင်မှာ ရပ်နေပြီဆိုတော့ မင်းတို့အားလုံး သေလိမ့်မယ်…” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။ သူ၏စကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ ဤနေရာတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

ခပ်ဝေးဝေးတွင် နောက်လိုက်တစ်ယောက် ရှီဟောင်အား ဒူးထောက်ဦးညွှတ်လိုက်ကာ “ဟွမ် .. ကျွန်တော်တောင်းပန်ပါတယ် .. အဲဒီ ကင်းခြေများကို သတ်ပေးပါ..”

သူသည် ယခင်က ရှီဟောင်အား အမုန်းကြီးမုန်းနေသည့် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ နောက်လိုက်ပင်။ ယခုအချိန်တွင် သူသည် မျက်ရည်များပြည့်နေပြီး လေးနက်စွာပင် ဒူးထောက်ဦးညွှတ်ကာ တောင်းပန်နေလေ၏။ “အရင်တုန်းက ကျွန်တော်မှားသွားပါတယ် .. ကျေးဇူးပြုပြီးတော့ ကျွန်တော့်သခင်အတွက် လက်စားချေပေးပါ … အဲဒီကင်းခြေများကို သတ်ပေးပါ..”

ထို့‌နောက် သူသည်းထန်စွာပင် ငိုကြွေးနေလေ၏။

“ကောင်းပြီ .. ငါမင်းကို ဂတိပေးတယ် .. ဒီနေ့ ဒီနေရာမှာ ငါဒီကောင်ကို သတ်မယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။

“မင်းလိုမျိုး လူမျိုးတောင် ငါ့ကိုသတ်မယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာလား .. အိပ်မက်မက်မနေနဲ့တော့ .. မင်းကိုကြည့်လိုက်ပြီး တုန်တောင်တုန်နေပြီ..” ဓားခုတ်ကောင်ကင်းခြေများ အေးစက်စွာ ရယ်မောလိုက်သည်။

ရှီဟောင်၏လက်များ တုန်နေသည်ကို သူပင်မဟုတ်။ အခြားသူများလည်း မြင်နေရသည်ပင်။ သူ့တစ်ကိုယ်လုံး တုန်နေသလိုပင်။ သို့သော် ဤသည်မှာ ကြောက်ရွံ့သောကြောင့်မဟုတ်ပဲ အချိန်အကြာကြီး ထိန်းချုပ်ခဲ့ရသောကြောင့် တုန်နေခြင်းဖြစ်ကြောင်း အားလုံးသိကြသည်ပင်။

“ငါတစ်ခါမှ အခုလောက် ခံစားချက်မကောင်းဖူးဘူး .. ငါတိုက်ခိုက်လို့ရပြီ.. ငါ့ခန္ဓာကိုယ်က စိတ်လှုပ်ရှားလွန်းလို့ တုန်နေပြီ..” ရှီဟောင် ဟစ်ကြွေးလိုက်ပြီး သူ၏ဆံပင်များလည်း လွင့်မြောနေသည်။ သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မတတ်ပင်။

ယခုအချိန်တွင် သူသည် တစ်ဖက်လောကမှ ကျင့်ကြံသူများထက်ပင် ကြမ်းကြုတ်နေ၏။ “ဒီနေ့ ငါတစ်ယောက်တည်းနဲ့ မင်းတို့အားလုံးကို သတ်ပစ်မယ် .. တစ်ယောက်လာရင် တစ်ယောက်ကိုသတ်မယ် .. နှစ်ယောက်လာရင် နှစ်ယောက်ကိုသတ်မယ် .. လူငယ်မျိုးဆက်တစ်ခုလုံး ငါ့လက်အောက်မှာ သေသွားရမယ်..” ရှီဟောင် လက်ဆန့်တန်းကာ ကောင်းကင်ထက်သို့ ဟစ်ကြွေးလိုက်သည်။

သူစကားပြောနေချိန်တွင် သူ့ဘေးပတ်လည်၌ စွမ်းအားကြီးသည့် လျှပ်စီးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အထက်ကောင်းကင်နှင့် အောက်ဘက်မြေကြီးကို ချိတ်ဆက်ပေးသွားသည်။ ကြီးမားလှသည့် လျှပ်စီးကန်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ သူ၏အသံလည်း လောကကြီးတစ်ခုလုံး၌ ပဲ့တင်ထပ်နေလေ၏။

အပိုင်း ၁၅၂၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၀ – ရန်သူကို တစ်စစီ ဆုတ်ဖြဲခြင်း

ဟစ်ကြွေးသံ ထွက်ပေါ်လာကာ ကောင်းကင်ထက်မှ လျှပ်စီးတစ်တန်းပြီးတစ်တန်း ကျရောက်လာ၏။ ဤမြင်ကွင်းများမှာ အံ့အားသင့်စရာ ကောင်းလှသည်။

ရှီဟောင်၏ မျက်ခုံးများ တစ်တန်းတည်းဖြစ်နေပြီး သူ၏နက်မှောင်သည့်ဆံပင်များလည်း ဖရိုဖရဲ လွင့်ပျ့နေသည်။ ယခုအချိန်တွင် သူ၏ဒေါသတရားကို ဖြေဖျောက်ရန်အတွက် သူ ရန်သူ၏သွေးဖြင့် ရေချိုးပစ်ချင်နေပြီ။

“ဟားဟား..” ဓားခုတ်ကောင်ကင်းခြေများ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အကြောက်တရားကင်းမဲ့နေဆဲပင်။ သူ၏ကင်းခြေများခန္ဓာကိုယ်မှ သတ္တုရောင်များ တောက်ပနေကာ ဓားခုတ်ကောင်လက်တစ်စုံမှာလည်း ကောင်းကင်ဓားသွားများကဲ့သို့ပင်။

“ဟာသပဲ ..အခုလေးတင် မင်းတို့ဘက်က တစ်ယောက်ပြီးတစ်ယောက် သေနေကြတာ .. ကြီးကြီးငယ်ငယ် အားလုံး ငါတို့ခြေထောက်အောက်မှာ ခယဝပ်တွားနေရတာပဲ .. သူတို့ တစ်ချက်လေးတောင်မခံနိုင်ပဲ ရှုံးသွားတာပဲလေ . အဲဒါကိုတောင်မှ မင်းက ငါတို့ကို သတ်မယ်လို့ ပြောရဲသေးတယ်ပေါ့ .. မင်းတို့ လူသေတာ မလုံလောက်သေးလို့လား .. နိမ့်ကျတဲ့မျိုးစိတ်တွေ .. မင်းက ငါနဲ့တိုက်ဖို့အတွက် ဘာများရှိလို့လဲ .. မင်းက ငါ့ကို ဘယ်လိုတိုက်မှာလဲ .. မင်းတို့အားလုံးက အားနည်းလွန်းတယ်..”

ခပ်ဝေးဝေးတွင်ရှိနေသည့် လူငယ်ဘုရင်အားလုံးလည်း အော်ဟစ်ရယ်မောနေကြလေသည်။

“တကယ် ရယ်ရတာပဲ .. အရင်တုန်းကနေ အခုထက်ထိ မင်းတို့အားလုံးက အားနည်းတဲ့သူတွေ .. ဘယ်တော့မှ မနိုင်ခဲ့ဘူး .. အဲဒါကိုတောင် မင်းက ငါ့ကို လာဟောင်ရဲနေတာလား.. မင်းက ကောင်းကင်ပေါ်က နဂါးကို အော်ဟစ်ခြိမ်းခြောက်ဖို့ကြိုးစားနေတဲ့ မြေပြင်ပေါ်က ပိုးကောင်လေးလိုပဲ .. အဲဒီလိုမျိုးခြိမ်းခြောက်နေတာက အသုံးဝင်မယ်လို့ မင်းထင်‌နေတာလား .. မင်းက လူရွှင်တော်ပဲ ဖြစ်လာမှာ..”

ဤစကားလုံးများမှာ နားစူးလှသည်ပင်။ သူတို့သည် ဤလောကမှ သက်ရှိများကို မျက်လုံးထဲပင် မထည့်ပဲ စစ်မြေပြင်မှ လူများ၏ ဂုဏ်သိက္ခာကို စော်ကားနေကြသည်။

ပိုးကောင်နှင့် ကောင်းကင်နဂါးဖြင့် ခိုင်းနှိုင်းပြခြင်းမှာ မည်ကဲ့သို့သော ဥပမာမျိုးနည်း .. ဤသည်မှာ လွန်လွန်းသွားလေပြီ။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူငယ်များအားလုံး အလွန်ရှက်သွားရသည်ပင်။

“မင်းပြောလို့ ပြီးပြီလား .. ဒါက မင်းရဲ့နောက်ဆုံးစကားလား .. ဒီကင်းခြေများကို သတ်ပြီးတာနဲ့ မင်းတို့အားလုံး စစ်မြေပြင်ထဲ ဝင်လာမှာကို စောင့်နေမယ် .. ဘယ်သူလာလာ လာတဲ့သူကို သတ်မှာပဲ .. မင်းတို့လာရဲလား..” ရှီဟောင် အေးစက်စွာပင် ပြန်ပြောလိုက်သည်။

တစ်ဖက်မှ လူငယ်ဘုရင်များ၏ မျက်လုံးများ မှောင်မဲလာကာ သူ့အား အေးစက်စွာ ကြည့်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။ ဂျင်ပေါင်း သိန်းပေါင်းများစွာလေးသည့်‌ ကျောက်တုံးကြီးများ လေဟာနယ်ထဲသို့ တက်သွားကာ ပေါက်ကွဲထွက်သွားလေ၏။ ကျောက်တုံးအပိုင်းအစများမှာ နေရာအနှံ့သို့ ပျံ့ကြဲသွားသည်။

ဤလူများ ဘာမှမပြောပဲ သူတို့၏အမူအရာဖြင့်သာ တုံ့ပြန်လိုက်ခြင်းပင်။

သူတို့သာ အခွင့်အရေးရှိလျှင် ရှီဟောင်ကို သေချာပေါက် သတ်ပစ်မည်။ သူသည်အစကတည်းက သူတို့အား ရန်စကာ ဆန့်ကျင်နေသည်။ သူ့ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သူ့အား သတ်ပစ်ခြင်းပင်။

“ဓားခုတ်ကောင်ကင်းခြေများ .. မင်း သူ့ကို မသတ်သေးဘူးလား .. နိမ့်ကျတဲ့သတ္တဝါပြောနေတာကို မင်းဆက်နားထောင်ချင်နေသေးတာလား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ကျင့်ကြံနေရတာက ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီး .. ငါတို့ကို ဒီလိုမျိုးပြောရဲတဲ့သူ ရှားတယ် .. ဒီလိုလူမျိုးကို ဖိနှိပ်ပြီး သတ်ပစ်ရင် ပိုပြီးတော့ ပျော်စရာမကောင်းဘူးလား..” ဓားခုတ်ကောင်ကင်းခြေများ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက် သူ ခရမ်းရောင်နေကောင်းကင်ဘုရင်အား သတ်သကဲ့သို့ ပြန်လည်အေးစက်သွာသည်။

“အမဲလိုက်ပွဲစပြီ..” သူ၏အမူအရာမှာ အေးစက်နေသည်။ သူ၏လက်တစ်ဖက်သည် တောက်ပသည့် ကောင်းကင်ဓားသွားအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။

သူသည် အလွန်မောက်မာသည့်သူဟု ပြော၍ရသည်။ သူရှုံးလိမ့်မည်ဟု တစ်ခါမှပင် မတွေးဖူး။

“မင်း အသက်ကို မလိုချင်တော့ရင် လာခဲ့လိုက်လေ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူ လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ကြည်လင်သည့်အလင်းများ ထွက်ပေါ်လာပြီး စစ်သွေးများလည်း တစ်ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ကောင်းကင်ရဲ့ ကံတရားက ငါ့ဘက်မှာ ရှိနေတာ … ထာဝရလိပ်ခွံအပိုင်းအစကတောင် ရောင်စုံအလင်းတွေ ထုတ်လွှတ်နေတာ .. ရလဒ်က အစောကြီးကတည်းက သိပြီးသားပဲ..” ဓားခုတ်ကောင်ကင်းခြေများ ထူးမခြားနားစွာပင် ပြောလိုက်သည်။ သူသည် လက်မြှောက်လိုက်ကာသူ့ရှေ့မှ ရန်သူကို သတ်ရန် ပြင်လိုကိ်သည်။

အမ်.. ထိုအချိန်တွင် လူများစွာ ထိတ်လန့်သွားရသည်။ သူတို့ ထာဝရလိပ်ခွံအပိုင်းအစအား ငေးကြောင်၍ ကြည့်နေကြလေ၏။

ဓားခုတ်ကောင်ကင်းခြေများနှင့် သက်ဆိုင်သည့် ထာဝရလိပ်ခွံမှ ရောင်စုံအလင်းများ တစ်ဖြည်းဖြည်း မှေးမှိန်သွားပြီး လုံးဝပြောင်းလဲသွားလေသည်။

“ဘာဖြစ်တာလဲ .. ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. ရောင်စုံအလင်းတွေက ဘယ်ရောက်သွားတာလဲ..” လူများစွာ ဆွံ့အနေကြသည်။ ပြောင်းလဲမှုများမှာ ရုတ်တရက်ဆန်လွန်းလှသည်။ သူတို့ စတိုက်တာနဲ့ ဘာလို့ ပြောင်းလဲသွားတာလဲ..

ဤသည်မှာ အနည်းငယ် ထူးခြားလှသည်ပင်။ ပထမအနေဖြင့် ရွေးချယ်သည့်သူ ပြောင်းလဲသွားပြီး ယခု လိပ်ခွံမှ တောက်ပသည့်အလင်း ပျောက်ကွယ်သွားသည်။

ဓားခုတ်ကောင်ကင်းခြေများ၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ ကံတရားက သူ့ဘက်၌ ရှိနေသည်ဟု သူအစောလေးကတင် ပြောလိုက်ခြင်းဖြစ်သော်လည်း ယခုတော့ ထိုလိပ်ခွံအပိုင်းအစ ချက်ချင်းပြောင်းလဲသွားသည်။ ဤသည်မှာသူ့အား မသက်မသာခံစားရစေသည်။

“လူသားတွေ .. မင်းတို့ အခု သေလိုက်တော့ .. အဆင့်နိမ့်တဲ့မျိုးစိတ်တွေ .. မင်းတို့လည်း မင်းတို့ဘိုးဘေးတွေလိုမျိုးဖြစ်မှာပဲ .. ငါတို့ခြေထောက်အောက်မှာပဲ ဝပ်တွားခယနေတော့..” ဓားခုတ်ကောင်ကင်းခြေများ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ရွှီး..

သူ၏ညာလက်ကို လွှဲရမ်းလိုက်သည်နှင့် အလွန်တောက်ပလှသည့် ဓားအလင်းတန်းပေါ်လာသည်။

ဤသည်မှာ ဓားခုတ်ကောင်ကင်းခြေများ၏ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒပင်။ တောက်ပသည့်ဓားအလင်းတန်းနှင့်အတူ သွေးအလင်းလည်း ပါနေသည်ပင်။ သူ ရှီဟောင်အား ခုတ်ပိုင်းပစ်ချင်သည်။

ဒုန်း..

ရှီဟောင်၏ခန္ဓာကိုယ်မှာ ထိုနေရာ၌ မတ်မတ်ရပ်နေဆဲပင်။ သူ၏ညာလက်မှ လက်သီးတံဆိပ်တစ်ခု ပြုလုပ်လိုက်ကာာ ဓားခုတ်ကောင်ဓားသွားများကို ရိုက်ချပစ်လိုက်သည်။ ကျောချမ်းစရာကောင်းသည့်အလင်းများနှင့်အတူ တောက်ပသည့်လျှပ်စီးများ ပေါက်ကွဲသွားလေ၏။ ကောင်းကင်ကို ရောင်စုံမြူများ လွှမ်းခြုံသွားလေသည်။

ပေါက်ကွဲမှုများမှာ စွမ်းအားကြီးလွန်းလှသည်။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် ဓားခုတ်ကောင်ကင်းခြေများသည် လေဟာနယ်ထဲ၌ ရှိနေဆဲဖြစ်ပြီး အောက်ဘက်သို့ ငုံ့ကြည့်နေသည်။

သို့သော်လည်း ရှီဟောင်သည် ဒဏ်ရာအနည်းငယ်ပင် မရပဲ ထိုနေရာ၌ မတ်တပ်ရပ်နေဆဲပင်။

“ဓားခုတ်ကောင်ကင်းခြေများ .. ဒါက မင်းပုံစံမဟုတ်ဘူး .. မင်းသက်ညှာပေးနေတာလား..” တစ်စုံတစ်ယောက်မှ မကျေမနပ်ပြောလိုက်သည်။

ဓားခုတ်ကောင်ကင်းခြေများမှာစမ်းသပ်နေခြင်းဖြစ်ပြီး အားကုန်မသုံးထားသေး။

“မင်း ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ .. မင်းက ငါထင်ထားသလောက်တောင် စွမ်းအားမကြီးဘူး .. ငါမင်းကို ငဲ့ညှာနေတော့မှာမဟုတ်ဘူး .. အားလုံးကို ဒီမှာပဲ အဆုံးသတ်မယ်..” ဓားခုတ်ကောင်ကင်းခြေများ ရှီဟောင်အား ပြောလိုက်သည်။

သူသည် မောက်မောက်မာမာပြောနေသော်လည်း အလွန်သတိထားနေသည်ပင်။ ယခု အနည်းငယ် စမ်းသပ်ကြည့်ပြီးသည့်နောက်တွင် သတိထားစရာမလိုဘူးဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူတို့တိုက်ရမည်ဖြစ်သောကြောင့် ထိန်းချုပ်ထားစရာ အကြောင်းမရှိ။ သူအားကုန်သုံးတော့မည်။

ရွှီး..

ဓားခုတ်ကောင်ကင်းခြေများ ပြေးဝင်လာသည်။ သူ့တစ်ကိုယ်လုံးကို ကွေးထားပြီး ပြေးဝင်လာသည့်အရှိန်မှာ လျှပ်စီးထက်ပင် မြန်သေးသည်။ သူ့ပါးစပ်ထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်သည့် အနက်ရောင်အလင်းထွက်ပေါ်လာသည်။ ထို့နောက် သူ၏ညာလက်သည် ကောင်းကင်ဓားသွားအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်၏ဦးခေါင်းထံသို့ ဦးတည်လာသည်။

ဤသည်မှာ သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုပင်။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည်လည်း ဤအနက်ရောင်အလင်းကြောင့် ထိန်းချုပ်ခံလိုက်ရပြီး ကောင်းကင်ဓားသွားကြောင့် နှစ်ပိုင်းပြတ်သွားခြင်းပင်။

ခွပ်..

ထိုအချိန်တွင် အလွန်ကြောက်စရာကောင်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဓားခုတ်ကောင်ကင်းခြေများ၏ ခန္ဓာကိုယ်မှာ အလွန်ကြောက်စရာကောင်းလှသောကြောင့် လေဟာနယ်ကြီး ပျက်စီးသွားသည်။ သူဖြတ်သွားသည့်နေရာတိုင်း၌ လေဟာနယ်ပျက်စီးသွားကာ အချိန်များ ဖရိုဖရဲဖြစ်လာသည်။

ဤသည်မှာ သူနည်းနည်းချင်း စုစည်းလာသည့် စွမ်းအားပင်။ သူရန်သူကို ချက်ချင်းခုတ်ချပစ်တော့မည်။

ဝုန်း..

ရှီဟောင် ရုတ်တရက်ခုန်လိုက်ပြီး သူ၏လက်များကို လှုပ်ရှားလိုက်၏။ သူ ဤအချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူရန်သူကို အချိန်တိုအတွင်း ရှင်းပစ်ချင်သည်။ သူ၏သွေးကိုအသုံးပြုကာ ဤလောကကြီး၏ အရှက်ရမှုကို ဆေးကြောပစ်မည်။

ရှီဟောင်၏ပတ်လည်၌ အလင်းမီးတောက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ထာဝရမီးတောက်များထဲ နှစ်မြှုပ်နေသည့် ထာဝရစစ်ဘုရင်တစ်ယောက်ကဲ့သို့ပင်။ သူ၏မျက်လုံးများလည်း ကြယ်များကဲ့သို့ တောက်ပနေသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း ရောင်စုံနတ်အလင်းများ တောက်ပနေသည်ပင်။

ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲ၌ ဂိတ်တံခါးပေါင်းစုံ ပွင့်နေကာ ကြည်လင်တောက်ပသည့်အလင်းများသည် လိုက်ကာတစ်ခုကဲ့သို့ ဖြစ်လာပြီး သူ့အား ဝန်းရံသွားသည်။

အလင်းမီးတောက်နှင့် အလင်းလွှာမှာ ပညာအားလုံးအား ခုခံနိုင်သည်ပင်။ သူသည် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသည့် ထာဝရသက်ရှိကဲ့သို့ ပြိုင်ဘက်ကင်းသည့် စွမ်းအားများပြသနေသည်။

ခွပ်..

ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ဤကဲ့သို့သော စွမ်းအားမျိုးကို မထောက်ပံ့နိုင်တော့ပဲ အက်ကွဲပွင့်ထွက်လာသည်။

ဖုန်း..

ဓားခုတ်ကောင်ကင်းခြေများ ထုတ်လွှတ်သည့် အနက်ရောင်အလင်းမှာ ရှီဟောင်၏ ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသည့် နတ်အလင်းကွင်းကို မထိုးဖောက်နိုင်။ ထိုအစား ထိုအလင်း၏ချေဖျက်ခြင်းခံလိုက်ရသည်။

ဓားခုတ်ကောင်ကင်းခြေများ၏ လက်များမှ ဖြစ်လာသည့် ကောင်းကင်ဓားသွားများ ကျရောက်လာသည့်အချိန်တွင် ရှီဟောင်သည် မရှောင်ပဲ သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများဖြင့်သာ ရင်ဆိုင်လိုက်သည်။ သူ၏ညာလက်တွင် ခွန်ပန်သင်္ကေတ၊ လျှပ်စီးဧကရာဇ်သင်္ကေတ၊ မိုးမခနတ်ဘုရားသင်္ကေတနှင့် အခြားသင်္ကေတများစွာကို ပေါင်းစည်းထားသည်။

ထိုလက်သည် နှင်းကဲ့သို့ဖြူဖွေးနေသည် ကောင်းကင်ဓားသွားအား ရင်ဆိုင်လိုက်သည်။

ဤထိပ်တိုက်ရင်ဆိုင်မှုမှာ အန္တရာယ်များလှသည်။ သူကျရှုံးသွားပါက သူ့ခေါင်းပြတ်သွားမည်ပင်။

သာမန်လူများ ဤကဲ့သို့ လုပ်မည်မဟုတ်။ သူတို့တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့သောကြောင့် ဤကဲ့သို့ သူသေကိုယ်သေ အခြေအနေမျိုးရောက်အောင် မြန်မြန်တိုက်ကြမည်မဟုတ်။

ရှီဟောင် ဤကဲ့သို့ လုပ်ရခြင်းမှာ – တစ်အချက် သူ့ကိုယ်သူ ယုံကြည်မှုရှိသောကြောင့်၊ နှစ်အချက် – သူ ဤတိုက်ခိုက်မှုကို မြန်မြန်အဆုံးသတ်ချင်နေသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ တစ်ခဏအတွင်းမှာပင် အချက်ပေါင်း တစ်ရာ၊ တစ်ထောင်ထိ ဖြစ်နိုင်သည်ပင်။

ထို့ကြောင့် ဤတစ်ချက်ပြီးသည်နှင့် သူနိုင်လျှင် သူနိုင်မည်။ သူရှုံးလျှင်တော့ သူရှုံးမည်ပင်။

ဓားခုတ်ကောင်ကင်းခြေများ၏ မျက်လုံးများ အေးစက်သွားသည်။ ရှီဟောင်ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု သူမထင်ထားခဲ့။ သူသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

“ငါ့ခန္ဓာကိုယ်နဲ့ ငါ့လက်တွေက အရမ်းကို မာကျောပြီး ဖျက်ဆီးလို့မရဘူး .. မင်းက ငါနဲ့ ခန္ဓာကိုယ်အားချင်း လာယှဉ်နေတာလား .. မင်းက သေချင်နေတာပဲ…” ဓားခုတ်ကောင်ကင်းခြေများ သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် အသက်ပင် မရှူနိုင်တော့။ ရှီဟောင် အသတ်ခံလိုက်ရမည်ကို သူတို့အလွန်ကြောက်ရွံ့နေကြသည်ပင်။

“မင်း နိုင်ရမယ်..”

“မင်း ထပ်ရှုံးလို့မရတော့ဘူး … အဲဒီကင်းခြေများကို သတ်ပစ်လိုက်..”

လူအချို့ စိတ်ထဲမှ ဆုတောင်းလိုက်သည်။

တစ်ဖက်လောကမှ လူငယ်ဘုရင်များလည်း သေချာကြည့်နေကြသည်။ ယခုအချိန်တွင် မည်သူမှ ပေါက်ကရ မပြောတော့။ နောက်ဆုံးအချိန်ရောက်လာပြီဖြစ်သောကြောင့် သူတို့ပင် စိတ်လှုပ်ရှားနေကြပြီး အနည်းငယ် မတည်မငြိမ်ဖြစ်နေကြသည်။

ဓားသွားမှာ တောက်ပလှကာ ကောင်းကင်ကြီးကို နှစ်ပိုင်းပြတ်သွားအောင် လုပ်လိုက်သည်။

ထိုအချိန်တွင် အပေါ်ဘက်သို့ တက်သွားသည့် ရှီဟောင်၏လက်မှာ မတောက်ပတော့ပေ။ ဖရိုဖရဲစွမ်းအင်များနှင့်အတူ နက်နဲသည့်သင်္ကေတအချို့သာ ရှိတော့သည်။

ရှီဟောင် ဟစ်ကြွေးလိုက်ကာ သူ၏ညာလက်မှာ လက်ဝါးဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားခုတ်ကောင်ကင်းခြေများလက်ကို ရင်ဆိုင်လိုက်သည်။ ဤသည်မှာ အသွေးအသားချင်းယှဉ်ပြိုင်ခြင်းပင်။

ရလဒ်က ဘယ်လိုဖြစ်လာမှာလဲ..

ယခုအချိန်တွင် အားလုံးမှာ သူတို့နှလုံး လည်ပင်းထိ တက်လာသလိုပင် ခံစားလိုက်ရသည်။ ဤနေရာတစ်ခုလုံးလည်း လုံးဝတိတ်ဆိတ်သွားသည်။ အားလုံးမှာ အနည်းငယ် ကြောက်ရွံ့နေကြသည်ပင်။ မကြာခင် ရလဒ်ကို မြင်ရတော့မည်။

ဖုး..

အသွေးအသား လွင့်ပြယ်သွားသည့်အသံ ထွက်ပေါ်လာကာ လူများစွာ၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ သူတို့ကိုယ်တိုင် တိုက်ခိုက်နေရသကဲ့သို့ ခံစားလိုက်ရသည်ပင်။

သွေးအလင်းထွက်ပေါ်လာသည့်အချိန်တွင် ရှီဟောင် ထိုနေရာ၌ ဂုဏ်ယူစွာပင် ရပ်နေလေ၏။ သူ မည်သည့်ထိခိုက်ဒဏ်ရာမှ မရလိုက်။

ဓားခုတ်ကောင်ကင်းခြေများမှာမူ မျက်နှာပျက်ယွင်းသွား၏။ နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။ ကောင်းကင်ဓားသွားအဖြစ် ပုံစံပြောင်းထားသည့် သူ၏ညာလက်မှာ တစ်ဖက်လူ၏လက်ဝါးကြောင့် ကျိုးသွားကာ သွေးများလည်းပန်းထွက်လာသည်ပင်။

ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ..

ဓားခုတ်ကောင်ကင်းခြေများ၏လက်မှာ ပြိုင်ဘက်ကင်းဓားဟု နာမည်ကြီးသည်ပင်။ သို့သော်လည်း ယခုတော့တစ်ဖက်လူ၏ လက်ဗလာဖြင့် ရိုက်ချိုးခံလိုက်ရလေပြီ။

“အား..” ဓားခုတ်ကောင်ကင်းခြေများ ဟစ်ကြွေးလိုက်သည်။

သူ ရှုံးသွားသည်ကို သူမယုံကြည်နိုင်ဖြစ်နေသည်။ သူ့လက်ကို ဖျက်ဆီးပစ်လိုက်တဲ့သူ တကယ်ရှိနေတာလား..

“ကောင်းတယ် .. သူ့လက်ကို ဖြတ်လိုက် .. ပြီးရင် သူ့ကိုသတ်လိုက်..” လူများစွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့သည် အစောကြီးကတည်းက ဝမ်းနည်းနေကြပြီး ယခု မောက်မာလှသည့်ဓားခုတ်ကောင်ကင်းခြေများ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် အားလုံးအော်ဟစ်လာကြသည်။

“မင်းက ဘယ်သွားချင်နေတာလဲ..”

ရှီဟောင် ဟစ်ကြွေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဓားခုတ်ကောင်ကင်းခြေများသည် ထွက်ပြေးရန် တစ်ဖက်လှည့်သွားသည်ကို သူတွေ့လိုက်ရသည်ပင်။ သူ ဓားခုတ်ကောင်ကင်းခြေများနောက် ပြေးလိုက်သွားလိုက်သည်။

ရွှီး..

ဓားခုတ်ကောင်ကင်းခြေများ သူ၏ခန္ဓာကိုယ်ကို လွှဲရမ်းလိုက်သည်။ ကင်းခြေများခန္ဓာကိုယ်မှာ ကြာပွတ်တစ်ခုကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

ဖုန်း..

ရှီဟောင် ထိုကင်းခြေများအမြီးကို လက်ဖြင့် ဖမ်းဆုတ်လိုက်ပြီး မြှောက်လိုက်သည်။ သူ၏လက်များသည် ကင်းခြေများခန္ဓာကိုယ်၏ အခြားအဆစ်များကို ကိုင်ထားပြီး ဆွဲဖြဲပစ်လိုက်လေသည်။

ဖူး..

သွေးအလင်းထွက်ပေါ်လာကာ ဓားခုတ်ကောင်ကင်းခြေများ၏ ခန္ဓာကိုယ် ပွင့်လာသည်။ ရှီဟောင်သည် အရှင်တစ်ယောက်ကဲ့သို့ ရဲရင့်လှပြီး သူ၏ခန္ဓာကိုယ်လည်း သွေးများစိုရွှဲနေလေပြီ။

“အား..” ဓားခုတ်ကောင်ကင်းခြေများ ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်‌မှာ သွေးများစိုရွှဲနေပြီဖြစ်ပြီး ပါးစပ်မှ ညည်းတွားသံများ ထွက်ပေါ်လာသည်။

အပိုင်း ၁၅၂၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၅၃၀ – ရန်သူကို တစ်စစီ ဆုတ်ဖြဲခြင်း

ဟစ်ကြွေးသံ ထွက်ပေါ်လာကာ ကောင်းကင်ထက်မှ လျှပ်စီးတစ်တန်းပြီးတစ်တန်း ကျရောက်လာ၏။ ဤမြင်ကွင်းများမှာ အံ့အားသင့်စရာ ကောင်းလှသည်။

ရှီဟောင်၏ မျက်ခုံးများ တစ်တန်းတည်းဖြစ်နေပြီး သူ၏နက်မှောင်သည့်ဆံပင်များလည်း ဖရိုဖရဲ လွင့်ပျ့နေသည်။ ယခုအချိန်တွင် သူ၏ဒေါသတရားကို ဖြေဖျောက်ရန်အတွက် သူ ရန်သူ၏သွေးဖြင့် ရေချိုးပစ်ချင်နေပြီ။

“ဟားဟား..” ဓားခုတ်ကောင်ကင်းခြေများ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အကြောက်တရားကင်းမဲ့နေဆဲပင်။ သူ၏ကင်းခြေများခန္ဓာကိုယ်မှ သတ္တုရောင်များ တောက်ပနေကာ ဓားခုတ်ကောင်လက်တစ်စုံမှာလည်း ကောင်းကင်ဓားသွားများကဲ့သို့ပင်။

“ဟာသပဲ ..အခုလေးတင် မင်းတို့ဘက်က တစ်ယောက်ပြီးတစ်ယောက် သေနေကြတာ .. ကြီးကြီးငယ်ငယ် အားလုံး ငါတို့ခြေထောက်အောက်မှာ ခယဝပ်တွားနေရတာပဲ .. သူတို့ တစ်ချက်လေးတောင်မခံနိုင်ပဲ ရှုံးသွားတာပဲလေ . အဲဒါကိုတောင်မှ မင်းက ငါတို့ကို သတ်မယ်လို့ ပြောရဲသေးတယ်ပေါ့ .. မင်းတို့ လူသေတာ မလုံလောက်သေးလို့လား .. နိမ့်ကျတဲ့မျိုးစိတ်တွေ .. မင်းက ငါနဲ့တိုက်ဖို့အတွက် ဘာများရှိလို့လဲ .. မင်းက ငါ့ကို ဘယ်လိုတိုက်မှာလဲ .. မင်းတို့အားလုံးက အားနည်းလွန်းတယ်..”

ခပ်ဝေးဝေးတွင်ရှိနေသည့် လူငယ်ဘုရင်အားလုံးလည်း အော်ဟစ်ရယ်မောနေကြလေသည်။

“တကယ် ရယ်ရတာပဲ .. အရင်တုန်းကနေ အခုထက်ထိ မင်းတို့အားလုံးက အားနည်းတဲ့သူတွေ .. ဘယ်တော့မှ မနိုင်ခဲ့ဘူး .. အဲဒါကိုတောင် မင်းက ငါ့ကို လာဟောင်ရဲနေတာလား.. မင်းက ကောင်းကင်ပေါ်က နဂါးကို အော်ဟစ်ခြိမ်းခြောက်ဖို့ကြိုးစားနေတဲ့ မြေပြင်ပေါ်က ပိုးကောင်လေးလိုပဲ .. အဲဒီလိုမျိုးခြိမ်းခြောက်နေတာက အသုံးဝင်မယ်လို့ မင်းထင်‌နေတာလား .. မင်းက လူရွှင်တော်ပဲ ဖြစ်လာမှာ..”

ဤစကားလုံးများမှာ နားစူးလှသည်ပင်။ သူတို့သည် ဤလောကမှ သက်ရှိများကို မျက်လုံးထဲပင် မထည့်ပဲ စစ်မြေပြင်မှ လူများ၏ ဂုဏ်သိက္ခာကို စော်ကားနေကြသည်။

ပိုးကောင်နှင့် ကောင်းကင်နဂါးဖြင့် ခိုင်းနှိုင်းပြခြင်းမှာ မည်ကဲ့သို့သော ဥပမာမျိုးနည်း .. ဤသည်မှာ လွန်လွန်းသွားလေပြီ။ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူငယ်များအားလုံး အလွန်ရှက်သွားရသည်ပင်။

“မင်းပြောလို့ ပြီးပြီလား .. ဒါက မင်းရဲ့နောက်ဆုံးစကားလား .. ဒီကင်းခြေများကို သတ်ပြီးတာနဲ့ မင်းတို့အားလုံး စစ်မြေပြင်ထဲ ဝင်လာမှာကို စောင့်နေမယ် .. ဘယ်သူလာလာ လာတဲ့သူကို သတ်မှာပဲ .. မင်းတို့လာရဲလား..” ရှီဟောင် အေးစက်စွာပင် ပြန်ပြောလိုက်သည်။

တစ်ဖက်မှ လူငယ်ဘုရင်များ၏ မျက်လုံးများ မှောင်မဲလာကာ သူ့အား အေးစက်စွာ ကြည့်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်လာသည်။ ဂျင်ပေါင်း သိန်းပေါင်းများစွာလေးသည့်‌ ကျောက်တုံးကြီးများ လေဟာနယ်ထဲသို့ တက်သွားကာ ပေါက်ကွဲထွက်သွားလေ၏။ ကျောက်တုံးအပိုင်းအစများမှာ နေရာအနှံ့သို့ ပျံ့ကြဲသွားသည်။

ဤလူများ ဘာမှမပြောပဲ သူတို့၏အမူအရာဖြင့်သာ တုံ့ပြန်လိုက်ခြင်းပင်။

သူတို့သာ အခွင့်အရေးရှိလျှင် ရှီဟောင်ကို သေချာပေါက် သတ်ပစ်မည်။ သူသည်အစကတည်းက သူတို့အား ရန်စကာ ဆန့်ကျင်နေသည်။ သူ့ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သူ့အား သတ်ပစ်ခြင်းပင်။

“ဓားခုတ်ကောင်ကင်းခြေများ .. မင်း သူ့ကို မသတ်သေးဘူးလား .. နိမ့်ကျတဲ့သတ္တဝါပြောနေတာကို မင်းဆက်နားထောင်ချင်နေသေးတာလား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ကျင့်ကြံနေရတာက ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီး .. ငါတို့ကို ဒီလိုမျိုးပြောရဲတဲ့သူ ရှားတယ် .. ဒီလိုလူမျိုးကို ဖိနှိပ်ပြီး သတ်ပစ်ရင် ပိုပြီးတော့ ပျော်စရာမကောင်းဘူးလား..” ဓားခုတ်ကောင်ကင်းခြေများ ရယ်မော၍ ပြောလိုက်သည်။

ထို့နောက် သူ ခရမ်းရောင်နေကောင်းကင်ဘုရင်အား သတ်သကဲ့သို့ ပြန်လည်အေးစက်သွာသည်။

“အမဲလိုက်ပွဲစပြီ..” သူ၏အမူအရာမှာ အေးစက်နေသည်။ သူ၏လက်တစ်ဖက်သည် တောက်ပသည့် ကောင်းကင်ဓားသွားအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ထံသို့ ဦးတည်လာသည်။

သူသည် အလွန်မောက်မာသည့်သူဟု ပြော၍ရသည်။ သူရှုံးလိမ့်မည်ဟု တစ်ခါမှပင် မတွေးဖူး။

“မင်း အသက်ကို မလိုချင်တော့ရင် လာခဲ့လိုက်လေ..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။ သူ လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ကြည်လင်သည့်အလင်းများ ထွက်ပေါ်လာပြီး စစ်သွေးများလည်း တစ်ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“ကောင်းကင်ရဲ့ ကံတရားက ငါ့ဘက်မှာ ရှိနေတာ … ထာဝရလိပ်ခွံအပိုင်းအစကတောင် ရောင်စုံအလင်းတွေ ထုတ်လွှတ်နေတာ .. ရလဒ်က အစောကြီးကတည်းက သိပြီးသားပဲ..” ဓားခုတ်ကောင်ကင်းခြေများ ထူးမခြားနားစွာပင် ပြောလိုက်သည်။ သူသည် လက်မြှောက်လိုက်ကာသူ့ရှေ့မှ ရန်သူကို သတ်ရန် ပြင်လိုကိ်သည်။

အမ်.. ထိုအချိန်တွင် လူများစွာ ထိတ်လန့်သွားရသည်။ သူတို့ ထာဝရလိပ်ခွံအပိုင်းအစအား ငေးကြောင်၍ ကြည့်နေကြလေ၏။

ဓားခုတ်ကောင်ကင်းခြေများနှင့် သက်ဆိုင်သည့် ထာဝရလိပ်ခွံမှ ရောင်စုံအလင်းများ တစ်ဖြည်းဖြည်း မှေးမှိန်သွားပြီး လုံးဝပြောင်းလဲသွားလေသည်။

“ဘာဖြစ်တာလဲ .. ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. ရောင်စုံအလင်းတွေက ဘယ်ရောက်သွားတာလဲ..” လူများစွာ ဆွံ့အနေကြသည်။ ပြောင်းလဲမှုများမှာ ရုတ်တရက်ဆန်လွန်းလှသည်။ သူတို့ စတိုက်တာနဲ့ ဘာလို့ ပြောင်းလဲသွားတာလဲ..

ဤသည်မှာ အနည်းငယ် ထူးခြားလှသည်ပင်။ ပထမအနေဖြင့် ရွေးချယ်သည့်သူ ပြောင်းလဲသွားပြီး ယခု လိပ်ခွံမှ တောက်ပသည့်အလင်း ပျောက်ကွယ်သွားသည်။

ဓားခုတ်ကောင်ကင်းခြေများ၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။ ကံတရားက သူ့ဘက်၌ ရှိနေသည်ဟု သူအစောလေးကတင် ပြောလိုက်ခြင်းဖြစ်သော်လည်း ယခုတော့ ထိုလိပ်ခွံအပိုင်းအစ ချက်ချင်းပြောင်းလဲသွားသည်။ ဤသည်မှာသူ့အား မသက်မသာခံစားရစေသည်။

“လူသားတွေ .. မင်းတို့ အခု သေလိုက်တော့ .. အဆင့်နိမ့်တဲ့မျိုးစိတ်တွေ .. မင်းတို့လည်း မင်းတို့ဘိုးဘေးတွေလိုမျိုးဖြစ်မှာပဲ .. ငါတို့ခြေထောက်အောက်မှာပဲ ဝပ်တွားခယနေတော့..” ဓားခုတ်ကောင်ကင်းခြေများ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ရွှီး..

သူ၏ညာလက်ကို လွှဲရမ်းလိုက်သည်နှင့် အလွန်တောက်ပလှသည့် ဓားအလင်းတန်းပေါ်လာသည်။

ဤသည်မှာ ဓားခုတ်ကောင်ကင်းခြေများ၏ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒပင်။ တောက်ပသည့်ဓားအလင်းတန်းနှင့်အတူ သွေးအလင်းလည်း ပါနေသည်ပင်။ သူ ရှီဟောင်အား ခုတ်ပိုင်းပစ်ချင်သည်။

ဒုန်း..

ရှီဟောင်၏ခန္ဓာကိုယ်မှာ ထိုနေရာ၌ မတ်မတ်ရပ်နေဆဲပင်။ သူ၏ညာလက်မှ လက်သီးတံဆိပ်တစ်ခု ပြုလုပ်လိုက်ကာာ ဓားခုတ်ကောင်ဓားသွားများကို ရိုက်ချပစ်လိုက်သည်။ ကျောချမ်းစရာကောင်းသည့်အလင်းများနှင့်အတူ တောက်ပသည့်လျှပ်စီးများ ပေါက်ကွဲသွားလေ၏။ ကောင်းကင်ကို ရောင်စုံမြူများ လွှမ်းခြုံသွားလေသည်။

ပေါက်ကွဲမှုများမှာ စွမ်းအားကြီးလွန်းလှသည်။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် ဓားခုတ်ကောင်ကင်းခြေများသည် လေဟာနယ်ထဲ၌ ရှိနေဆဲဖြစ်ပြီး အောက်ဘက်သို့ ငုံ့ကြည့်နေသည်။

သို့သော်လည်း ရှီဟောင်သည် ဒဏ်ရာအနည်းငယ်ပင် မရပဲ ထိုနေရာ၌ မတ်တပ်ရပ်နေဆဲပင်။

“ဓားခုတ်ကောင်ကင်းခြေများ .. ဒါက မင်းပုံစံမဟုတ်ဘူး .. မင်းသက်ညှာပေးနေတာလား..” တစ်စုံတစ်ယောက်မှ မကျေမနပ်ပြောလိုက်သည်။

ဓားခုတ်ကောင်ကင်းခြေများမှာစမ်းသပ်နေခြင်းဖြစ်ပြီး အားကုန်မသုံးထားသေး။

“မင်း ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ .. မင်းက ငါထင်ထားသလောက်တောင် စွမ်းအားမကြီးဘူး .. ငါမင်းကို ငဲ့ညှာနေတော့မှာမဟုတ်ဘူး .. အားလုံးကို ဒီမှာပဲ အဆုံးသတ်မယ်..” ဓားခုတ်ကောင်ကင်းခြေများ ရှီဟောင်အား ပြောလိုက်သည်။

သူသည် မောက်မောက်မာမာပြောနေသော်လည်း အလွန်သတိထားနေသည်ပင်။ ယခု အနည်းငယ် စမ်းသပ်ကြည့်ပြီးသည့်နောက်တွင် သတိထားစရာမလိုဘူးဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ သူတို့တိုက်ရမည်ဖြစ်သောကြောင့် ထိန်းချုပ်ထားစရာ အကြောင်းမရှိ။ သူအားကုန်သုံးတော့မည်။

ရွှီး..

ဓားခုတ်ကောင်ကင်းခြေများ ပြေးဝင်လာသည်။ သူ့တစ်ကိုယ်လုံးကို ကွေးထားပြီး ပြေးဝင်လာသည့်အရှိန်မှာ လျှပ်စီးထက်ပင် မြန်သေးသည်။ သူ့ပါးစပ်ထဲမှ အရာအားလုံးကို ဖျက်ဆီးပစ်သည့် အနက်ရောင်အလင်းထွက်ပေါ်လာသည်။ ထို့နောက် သူ၏ညာလက်သည် ကောင်းကင်ဓားသွားအဖြစ် ပြောင်းလဲသွားကာ ရှီဟောင်၏ဦးခေါင်းထံသို့ ဦးတည်လာသည်။

ဤသည်မှာ သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုပင်။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည်လည်း ဤအနက်ရောင်အလင်းကြောင့် ထိန်းချုပ်ခံလိုက်ရပြီး ကောင်းကင်ဓားသွားကြောင့် နှစ်ပိုင်းပြတ်သွားခြင်းပင်။

ခွပ်..

ထိုအချိန်တွင် အလွန်ကြောက်စရာကောင်းသည့်အသံတစ်သံ ထွက်ပေါ်လာသည်။ ဓားခုတ်ကောင်ကင်းခြေများ၏ ခန္ဓာကိုယ်မှာ အလွန်ကြောက်စရာကောင်းလှသောကြောင့် လေဟာနယ်ကြီး ပျက်စီးသွားသည်။ သူဖြတ်သွားသည့်နေရာတိုင်း၌ လေဟာနယ်ပျက်စီးသွားကာ အချိန်များ ဖရိုဖရဲဖြစ်လာသည်။

ဤသည်မှာ သူနည်းနည်းချင်း စုစည်းလာသည့် စွမ်းအားပင်။ သူရန်သူကို ချက်ချင်းခုတ်ချပစ်တော့မည်။

ဝုန်း..

ရှီဟောင် ရုတ်တရက်ခုန်လိုက်ပြီး သူ၏လက်များကို လှုပ်ရှားလိုက်၏။ သူ ဤအချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူရန်သူကို အချိန်တိုအတွင်း ရှင်းပစ်ချင်သည်။ သူ၏သွေးကိုအသုံးပြုကာ ဤလောကကြီး၏ အရှက်ရမှုကို ဆေးကြောပစ်မည်။

ရှီဟောင်၏ပတ်လည်၌ အလင်းမီးတောက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ထာဝရမီးတောက်များထဲ နှစ်မြှုပ်နေသည့် ထာဝရစစ်ဘုရင်တစ်ယောက်ကဲ့သို့ပင်။ သူ၏မျက်လုံးများလည်း ကြယ်များကဲ့သို့ တောက်ပနေသည်။ သူ၏ခန္ဓာကိုယ်တွင်လည်း ရောင်စုံနတ်အလင်းများ တောက်ပနေသည်ပင်။

ထို့အပြင် သူ၏ခန္ဓာကိုယ်ထဲ၌ ဂိတ်တံခါးပေါင်းစုံ ပွင့်နေကာ ကြည်လင်တောက်ပသည့်အလင်းများသည် လိုက်ကာတစ်ခုကဲ့သို့ ဖြစ်လာပြီး သူ့အား ဝန်းရံသွားသည်။

အလင်းမီးတောက်နှင့် အလင်းလွှာမှာ ပညာအားလုံးအား ခုခံနိုင်သည်ပင်။ သူသည် မီးတောက်များကြားမှ ပြန်လည်မွေးဖွားလာသည့် ထာဝရသက်ရှိကဲ့သို့ ပြိုင်ဘက်ကင်းသည့် စွမ်းအားများပြသနေသည်။

ခွပ်..

ကောင်းကင်နှင့် ကမ္ဘာမြေကြီးသည် ဤကဲ့သို့သော စွမ်းအားမျိုးကို မထောက်ပံ့နိုင်တော့ပဲ အက်ကွဲပွင့်ထွက်လာသည်။

ဖုန်း..

ဓားခုတ်ကောင်ကင်းခြေများ ထုတ်လွှတ်သည့် အနက်ရောင်အလင်းမှာ ရှီဟောင်၏ ခန္ဓာကိုယ်ပတ်လည်တွင်ရှိနေသည့် နတ်အလင်းကွင်းကို မထိုးဖောက်နိုင်။ ထိုအစား ထိုအလင်း၏ချေဖျက်ခြင်းခံလိုက်ရသည်။

ဓားခုတ်ကောင်ကင်းခြေများ၏ လက်များမှ ဖြစ်လာသည့် ကောင်းကင်ဓားသွားများ ကျရောက်လာသည့်အချိန်တွင် ရှီဟောင်သည် မရှောင်ပဲ သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများဖြင့်သာ ရင်ဆိုင်လိုက်သည်။ သူ၏ညာလက်တွင် ခွန်ပန်သင်္ကေတ၊ လျှပ်စီးဧကရာဇ်သင်္ကေတ၊ မိုးမခနတ်ဘုရားသင်္ကေတနှင့် အခြားသင်္ကေတများစွာကို ပေါင်းစည်းထားသည်။

ထိုလက်သည် နှင်းကဲ့သို့ဖြူဖွေးနေသည် ကောင်းကင်ဓားသွားအား ရင်ဆိုင်လိုက်သည်။

ဤထိပ်တိုက်ရင်ဆိုင်မှုမှာ အန္တရာယ်များလှသည်။ သူကျရှုံးသွားပါက သူ့ခေါင်းပြတ်သွားမည်ပင်။

သာမန်လူများ ဤကဲ့သို့ လုပ်မည်မဟုတ်။ သူတို့တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့သောကြောင့် ဤကဲ့သို့ သူသေကိုယ်သေ အခြေအနေမျိုးရောက်အောင် မြန်မြန်တိုက်ကြမည်မဟုတ်။

ရှီဟောင် ဤကဲ့သို့ လုပ်ရခြင်းမှာ – တစ်အချက် သူ့ကိုယ်သူ ယုံကြည်မှုရှိသောကြောင့်၊ နှစ်အချက် – သူ ဤတိုက်ခိုက်မှုကို မြန်မြန်အဆုံးသတ်ချင်နေသောကြောင့်ပင်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးမှာ တစ်ခဏအတွင်းမှာပင် အချက်ပေါင်း တစ်ရာ၊ တစ်ထောင်ထိ ဖြစ်နိုင်သည်ပင်။

ထို့ကြောင့် ဤတစ်ချက်ပြီးသည်နှင့် သူနိုင်လျှင် သူနိုင်မည်။ သူရှုံးလျှင်တော့ သူရှုံးမည်ပင်။

ဓားခုတ်ကောင်ကင်းခြေများ၏ မျက်လုံးများ အေးစက်သွားသည်။ ရှီဟောင်ဤကဲ့သို့ ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု သူမထင်ထားခဲ့။ သူသည် ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

“ငါ့ခန္ဓာကိုယ်နဲ့ ငါ့လက်တွေက အရမ်းကို မာကျောပြီး ဖျက်ဆီးလို့မရဘူး .. မင်းက ငါနဲ့ ခန္ဓာကိုယ်အားချင်း လာယှဉ်နေတာလား .. မင်းက သေချင်နေတာပဲ…” ဓားခုတ်ကောင်ကင်းခြေများ သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသည်ပင်။

ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုမှ လူများမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် အသက်ပင် မရှူနိုင်တော့။ ရှီဟောင် အသတ်ခံလိုက်ရမည်ကို သူတို့အလွန်ကြောက်ရွံ့နေကြသည်ပင်။

“မင်း နိုင်ရမယ်..”

“မင်း ထပ်ရှုံးလို့မရတော့ဘူး … အဲဒီကင်းခြေများကို သတ်ပစ်လိုက်..”

လူအချို့ စိတ်ထဲမှ ဆုတောင်းလိုက်သည်။

တစ်ဖက်လောကမှ လူငယ်ဘုရင်များလည်း သေချာကြည့်နေကြသည်။ ယခုအချိန်တွင် မည်သူမှ ပေါက်ကရ မပြောတော့။ နောက်ဆုံးအချိန်ရောက်လာပြီဖြစ်သောကြောင့် သူတို့ပင် စိတ်လှုပ်ရှားနေကြပြီး အနည်းငယ် မတည်မငြိမ်ဖြစ်နေကြသည်။

ဓားသွားမှာ တောက်ပလှကာ ကောင်းကင်ကြီးကို နှစ်ပိုင်းပြတ်သွားအောင် လုပ်လိုက်သည်။

ထိုအချိန်တွင် အပေါ်ဘက်သို့ တက်သွားသည့် ရှီဟောင်၏လက်မှာ မတောက်ပတော့ပေ။ ဖရိုဖရဲစွမ်းအင်များနှင့်အတူ နက်နဲသည့်သင်္ကေတအချို့သာ ရှိတော့သည်။

ရှီဟောင် ဟစ်ကြွေးလိုက်ကာ သူ၏ညာလက်မှာ လက်ဝါးဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားခုတ်ကောင်ကင်းခြေများလက်ကို ရင်ဆိုင်လိုက်သည်။ ဤသည်မှာ အသွေးအသားချင်းယှဉ်ပြိုင်ခြင်းပင်။

ရလဒ်က ဘယ်လိုဖြစ်လာမှာလဲ..

ယခုအချိန်တွင် အားလုံးမှာ သူတို့နှလုံး လည်ပင်းထိ တက်လာသလိုပင် ခံစားလိုက်ရသည်။ ဤနေရာတစ်ခုလုံးလည်း လုံးဝတိတ်ဆိတ်သွားသည်။ အားလုံးမှာ အနည်းငယ် ကြောက်ရွံ့နေကြသည်ပင်။ မကြာခင် ရလဒ်ကို မြင်ရတော့မည်။

ဖုး..

အသွေးအသား လွင့်ပြယ်သွားသည့်အသံ ထွက်ပေါ်လာကာ လူများစွာ၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။ ဤသည်မှာ သူတို့ကိုယ်တိုင် တိုက်ခိုက်နေရသကဲ့သို့ ခံစားလိုက်ရသည်ပင်။

သွေးအလင်းထွက်ပေါ်လာသည့်အချိန်တွင် ရှီဟောင် ထိုနေရာ၌ ဂုဏ်ယူစွာပင် ရပ်နေလေ၏။ သူ မည်သည့်ထိခိုက်ဒဏ်ရာမှ မရလိုက်။

ဓားခုတ်ကောင်ကင်းခြေများမှာမူ မျက်နှာပျက်ယွင်းသွား၏။ နာကျင်မှုမှာ သည်းခံနိုင်ရန် ခက်ခဲလှသည်။ ကောင်းကင်ဓားသွားအဖြစ် ပုံစံပြောင်းထားသည့် သူ၏ညာလက်မှာ တစ်ဖက်လူ၏လက်ဝါးကြောင့် ကျိုးသွားကာ သွေးများလည်းပန်းထွက်လာသည်ပင်။

ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ..

ဓားခုတ်ကောင်ကင်းခြေများ၏လက်မှာ ပြိုင်ဘက်ကင်းဓားဟု နာမည်ကြီးသည်ပင်။ သို့သော်လည်း ယခုတော့တစ်ဖက်လူ၏ လက်ဗလာဖြင့် ရိုက်ချိုးခံလိုက်ရလေပြီ။

“အား..” ဓားခုတ်ကောင်ကင်းခြေများ ဟစ်ကြွေးလိုက်သည်။

သူ ရှုံးသွားသည်ကို သူမယုံကြည်နိုင်ဖြစ်နေသည်။ သူ့လက်ကို ဖျက်ဆီးပစ်လိုက်တဲ့သူ တကယ်ရှိနေတာလား..

“ကောင်းတယ် .. သူ့လက်ကို ဖြတ်လိုက် .. ပြီးရင် သူ့ကိုသတ်လိုက်..” လူများစွာ ဟစ်ကြွေးလိုက်ကြသည်။ သူတို့သည် အစောကြီးကတည်းက ဝမ်းနည်းနေကြပြီး ယခု မောက်မာလှသည့်ဓားခုတ်ကောင်ကင်းခြေများ ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် အားလုံးအော်ဟစ်လာကြသည်။

“မင်းက ဘယ်သွားချင်နေတာလဲ..”

ရှီဟောင် ဟစ်ကြွေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဓားခုတ်ကောင်ကင်းခြေများသည် ထွက်ပြေးရန် တစ်ဖက်လှည့်သွားသည်ကို သူတွေ့လိုက်ရသည်ပင်။ သူ ဓားခုတ်ကောင်ကင်းခြေများနောက် ပြေးလိုက်သွားလိုက်သည်။

ရွှီး..

ဓားခုတ်ကောင်ကင်းခြေများ သူ၏ခန္ဓာကိုယ်ကို လွှဲရမ်းလိုက်သည်။ ကင်းခြေများခန္ဓာကိုယ်မှာ ကြာပွတ်တစ်ခုကဲ့သို့ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

ဖုန်း..

ရှီဟောင် ထိုကင်းခြေများအမြီးကို လက်ဖြင့် ဖမ်းဆုတ်လိုက်ပြီး မြှောက်လိုက်သည်။ သူ၏လက်များသည် ကင်းခြေများခန္ဓာကိုယ်၏ အခြားအဆစ်များကို ကိုင်ထားပြီး ဆွဲဖြဲပစ်လိုက်လေသည်။

ဖူး..

သွေးအလင်းထွက်ပေါ်လာကာ ဓားခုတ်ကောင်ကင်းခြေများ၏ ခန္ဓာကိုယ် ပွင့်လာသည်။ ရှီဟောင်သည် အရှင်တစ်ယောက်ကဲ့သို့ ရဲရင့်လှပြီး သူ၏ခန္ဓာကိုယ်လည်း သွေးများစိုရွှဲနေလေပြီ။

“အား..” ဓားခုတ်ကောင်ကင်းခြေများ ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်‌မှာ သွေးများစိုရွှဲနေပြီဖြစ်ပြီး ပါးစပ်မှ ညည်းတွားသံများ ထွက်ပေါ်လာသည်။

အပိုင်း ၁၅၃၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset