Switch Mode

Chapter – 1456 & 1470

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၆ – ပြောင်းလဲသည့် ခေတ်ကြီး

ကောင်းကင်နတ်ဘုရားကျောင်းအောက်၌ မဖွင့်ရသေးသည့် ထာဝရလှိုဏ်ဂူတစ်လုံးရှိကြောင်း ရှီဟောင် အစောကတည်းက သိပြီးသားပင်။ အကြီးအကဲအရှင်ပင်လျှင် မြင့်မြတ်ဆေးပင်ကို ငါးစာအဖြစ်သုံးကာ ထိုနေရာ၌ ငါးမျှားသေးသည်ပင်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာသွားသော်လည်း သူမအောင်မြင်ခဲ့ပေ။

ဤဂူမှာ အလွန်ထူးဆန်းလှသည်။ ကျောင်းမှ အကြီးအကဲအရှင်နှင့် အခြားသူများပင်လျှင် အဆီးအတားကို မဖယ်နိုင်သောကြောင့် ဤအဆီးအတားမှာ မည်မျှပင် ခိုင်ခံ့ကာ ဖယ်ရှားရန် ခက်ခဲကြောင်း သိနိုင်သည်ပင်။

ထိုထဲတွင် သေချာပေါက် အံ့အားသင့်စရာကောင်းသည့် ထာဝရရတနာများရှိနေမည်ပင်။ မဟုတ်ပါက ဤဂူကိုဖွင့်ရန် အဘယ်ကြောင့် ဤမျှခက်ခဲနေမည်နည်း.. နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ရှေးဟောင်းအစီအရင်မှာ ကောင်းမွန်နေဆဲဖြစ်ကာ အလုပ်လုပ်နေဆဲပင်။

“ဟူး .. ဒါက တကယ်ကို ဝမ်းနည်းဖို့ကောင်းတယ် .. ဒါက ငါ့ကောင်းကင်နတ်ဘုရားကျောင်းရဲ့ ထာဝရပစ္စည်းတွေ .. ဒါပေမဲ့ ကျောင်းနှစ်ကျောင်းက ဂျီးနီးယပ်စ်တွေအတွက် ဖြစ်သွားပြီ .. ငါတို့ဘာမှတောင် ရမှာမဟုတ်ဘူးထင်တယ်”

“ငါတို့ သူတို့ထက် နိမ့်ကျနေတာကို ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ .. ဘယ်သူက ဒီဂျီးနီးယပ်စ်တွေကို တားနိုင်မှာလဲ .. သူတို့ထဲက တစ်ယောက်တောင်မှ ဒီကောင်းကင်နတ်ဘုရားကျောင်းမှာ ရှိနေတဲ့သူတွေကို အနိုင်ယူဖို့ လုံလောက်တယ် .. သူတို့စွမ်းအားကို ယှဉ်နိုင်မှာမဟုတ်ဘူး..”

ကောင်းကင်နတ်ဘုရားကျောင်းမှ လူငယ်လေးတစ်ချို့ သူတို့အချင်းချင်း ပြောနေကြခြင်းပင်။ ဤလူများမှာ သူတို့သက်ဆိုင်ရာကလန်မှ ထူးချွန်သည့် ဂျီးနီးယပ်စ်များဖြစ်သော်လည်း ကျောင်းနှစ်ကျောင်းမှ ရွေးချယ်သည့်လူများထဲတွင်တော့ ပါမသွားခဲ့။ ထာဝရကျောင်းမှဖြစ်စေ၊ အလေးအမြတ်ကျောင်းမှဖြစ်စေ သူတို့အား အရေးပါသည့်သူများဟု မသတ်မှတ်ထားသောကြောင့် ပြောရမည်ဆိုလျှင် သူတို့သည် အရှုံးသမားများပင်။

ယခု ကျောင်းသုံးကျောင်းမှ မြေအောက်လှိုဏ်ဂူအား တူးဖော်မည့်အချိန်တွင် သူတို့သည် ဘေးမှရပ်ကြည့်နေရသည့်သူများသာ ဖြစ်လာကြသည်။ သူတို့ အနားပင်ကပ်၍မရ။

“ဟားဟား .. ဒါက ကျွဲရိုင်းလူမျိုးစုက တာအိုရောင်းရင်းမဟုတ်ဘူးလား .. အိုး .. ရွှေရောင်ဆင်လူမျိုးစုက ဂျူနီယာညီလေးလည်း ရှိနေတာလား .. မင်းတို့တွေ နောင်တရနေတဲ့ပုံကို ကြည့်ရတာ အရမ်းဝမ်းနည်းဖို့ ကောင်းတာပဲ..”

သိပ်မဝေးသည့်နေရာမှ အပြုံးနုနှင့်လူတစ်ယောက် လျှောက်လာသည်။ သို့သော် သူပေါ်လာခြင်းမှာ စကားပြောနေသည့်သူများအား ပို၍ မသက်မသာခံစားရစေသည်။

“ခင်ဗျားက ထာဝရကျောင်းကလူ မဟုတ်ဘူးလား..” ကျွဲရိုင်းလူမျိုးစု လူငယ်လေးမှ မေးလိုက်သည်။ ဤလူငယ်လေးသည် အတော်လေး အရပ်ရှည်ကာ သန်မာထွားကြိုင်းသည်။ သူ့ထံတွင် ထူထဲလှသည့် ခရမ်းရောင်ဆံပင်များရှိနေသည်။ သူ၏ဦးခေါင်းထက်တွင် ဦးချိုကြီးနှစ်ခုလည်း ရှိနေသည်။

သူသည် လူသားပုံစံဖြစ်နေသော်လည်း သူတို့ကလန်၏ ပုံစံများ ရှိနေဆဲပင်။ ဥပမာအားဖြင့် သူ၏မျက်လုံးများမှာ အလွန်ကြီးမားလှပြီး သူစကားပြောလိုက်သည့်အသံမှာလည်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။

“တကယ်တော့ မင်းတို့ ထာဝရလှိုဏ်ဂူထဲဝင်ချင်ရင် ကိစ္စမရှိပါဘူး .. မင်းတို့ ငါ့နောက်က လိုက်ခဲ့လို့ရတယ်” ထာဝရကျောင်းမှ ထိုလူငယ်လေးမှ ရယ်မော၍ပြောလိုက်သည်။

“ခင်‌ဗျား ဘာပြောချင်တာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ အခြားကျောင်းသားတစ်ယောက် မေးလိုက်သည်။ သူ၏အသားမှာ ရွှေရောင်ဖြစ်ပြီး သူကပို၍အရပ်ရှည်သည်။ ဤသည်မှာ ရွှေရောင်ဆင်လူမျိုးစုမှ ဂျီးနီးယပ်စ်ပင်။

“ကျွဲရိုင်းလူမျိုးစုနဲ့ ရွှေရောင်ဆင်လူမျိုးစုက အရမ်းအားသန်တယ်လို့ ကြားဖူးတယ် .. သူတို့ကျောပေါ်မှာ တောင်တွေနဲ့ မြစ်တွေကို သယ်နိုင်တယ်တဲ့ .. အချိန်ကျရင် မင်းတို့ လှိုဏ်ဂူထဲမှာ လေးတဲ့ရှေးဟောင်းပစ္စည်းတွေကို ရွှေ့ပြီးတော့ ငါတို့ကို ကူညီပေးလို့ရတယ်လေ” ထိုလူငယ်မှ ရယ်မော၍ ပြောလိုက်သည်။

ကျွဲရိုင်းလူမျိုးစုမှ လူငယ်လေး ဒေါသထွက်လာကာ သူ၏ဦးချိုတောက်ပလာသည်။ သူ ဤလူ၏မျက်နှာကို တကယ်ဖြတ်ရိုက်ပစ်ချင်မိသည်။

ဤလူများသည် သူတို့အား ပြိုင်ဘက်ဟုမသတ်မှတ်ပဲ သူတို့ကို ပစ္စည်းသယ်သည့်သူများအဖြစ် သတ်မှတ်ထားခြင်းပင်။ သူတို့ကို အထင်သေးလွန်းသွားလေပြီ။

“တာအိုရောင်းရင်း .. အတွေးမလွန်ပါနဲ့ .. ပြီးတော့ ဒေါသမထွက်ပါနဲ့ .. ပထမအုပ်စုနဲ့ ထာဝရလှိုဏ်ဂူထဲ ဝင်နိုင်တာကိုက မဆိုးဘူး .. ခင်ဗျားတို့က အဆင့်လွန်လူငယ်တွေရဲ့ ရတနာတွေကို ကူသယ်ပေးရတာလေ..” ထိုလူငယ်လေးမှာ ရယ်မော၍ ပြောနေဆဲပင်။

ကျွဲရိုင်းလူမျိုးစုမှ လူငယ်လေးသည် ပေါက်ကွဲလွယ်သည့်သူမျိုးပင်။ သူ့နှာခေါင်းမှ အဖြူရောင်လေများ ထွက်လာသည်။ ရွှေရောင်ဆင်လူမျိုးစုမှ လူငယ်လေး ထိုလူငယ်အား ဆွဲထားလိုက်ကာ တစ်ဖက်လူကို စကားပြောလိုက်သည်။ “ခင်ဗျားတို့မှာ အကွာအဝေးမှော်ပစ္စည်းတွေ ရှိတယ်လေ .. ခင်ဗျားတို့က ဘာလို့ ကျုပ်တို့ကိုလိုအပ်မှာလဲ .. ကျုပ်တို့ကို အမြောက်စာလုပ်ဖို့လို့တော့ လာမပြောနဲ့နော်..”

“မင်း အတွေးလွန်နေပါပြီ .. လူတွေအများကြီး စောင့်ကြည့်နေတာ .. ပြီးတော့ ကောင်းကင်နတ်ဘုရားကျောင်းက အကြီးအကဲတွေလည်း အပြင်မှာရှိနေတာ ဘယ်သူက ဒီလိုမျိုးလုပ်ရဲမှာလဲ .. ထာဝရလှိုဏ်ဂူထဲက ပစ္စည်းတွေက အဲဒီလိုမျိုး မှော်ပစ္စည်းတွေနဲ့ ရွှေ့လို့ရတဲ့ပစ္စည်းမဟုတ်လောက်ဘူး .. လူကိုယ်တိုင် ရွှေ့ရတဲ့ပစ္စည်းတွေ ဖြစ်လောက်တယ်..”

“အရမ်းအနိုင်ကျင့်လွန်းသွားပြီ..” ကျွဲရိုင်းလူမျိုးစု လူငယ်လေးမှ ပြောလိုက်သည်။

“ခင်ဗျားတို့ သဘောပါ .. ခင်ဗျားတို့ မလုပ်ချင်ရင်လည်းထားလိုက်ပါ .. ဒါပေမဲ့ မကြာခင် ဒီကောင်းကင်နဲ့ကမ္ဘာမြေကြီးမှာ အပြောင်းအလဲကြီး ဖြစ်လာတော့မှာ .. ကျောင်းသုံးခုက ပေါင်းစည်းတော့မှာ .. မင်းတို့ ထာဝရကျောင်းက ကျွမ်းကျင်သူတွေနဲ့ ဆက်ဆံရေးကောင်းရင် ပိုကောင်းလိမ့်မယ်လို့ ခံစားမိလို့ပါ..” ထိုလူသည် ထူးမခြားနားစွာ ပြောပြီးနောက် လှည့်ထွက်သွားလေ၏။

ကောင်းကင်နတ်ဘုရားကျောင်းမှလူများ ဒေါသထွက်သွားရသော်လည်း ကူကယ်ရာမဲ့သလိုလည်း ခံစားလိုက်ရသည်။ သူတို့ဘာလုပ်နိုင်မှာလဲ .. ကောင်းကင်နတ်ဘုရားကျောင်းတွင် နာမည်ကြီးသည့် ကျွမ်းကျင်သူ တစ်ယောက်မှ မရှိတော့။ ဘယ်လိုလုပ် သူတို့နှင့် ယှဉ်ပြိုင်နိုင်မည်နည်း..

ဤသည်မှာ လက်ရှိဖြစ်နေသည့် အခြေအနေပင်။

ရှီဟောင် ဤနေရာကို ဖြတ်သွားလိုက်သော်လည်း ဘာမှမပြောသလို ဘာအမူအရာမှလည်းမပြ။ အဘယ်ကြောင့်ဆိုသော် သူ ဤကဲ့သို့သော အငြင်းပွားမှုလေးများကို အာရုံမစိုက်နိုင်။

ဘယ်သူက စွမ်းအားကြီးတဲ့ရန်သူလဲ.. ပြောင်းလဲမှုအစစ်က ဘယ်အချိန်မှာ ဖြစ်မှာလဲ .. နောင်လာမယ့်တိုက်ပွဲက ဘယ်လောက်တောင် ပြင်းထန်မလဲ .. ဤသည်မှာ သူအာရုံစိုက်နေသည့် ကိစ္စများပင်။

“မင်းပြောကြည့် ဘယ်သူက နံပါတ်တစ်ဖြစ်မယ်ထင်တယ် .. ဒီမျိုးဆက်မှာ ဂျီးနီးယပ်စ်တွေ အများကြီး‌ ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ .. သူတို့တွေက အရင်တုန်းက တိတ်ဆိတ်နေပြီးတော့ ဒီနှစ်နှစ်အတွင်းမှာမှ အားလုံးက ပြီးပြည့်စုံတဲ့မျိုးစေ့နဲ့ ပေါင်းစည်းပြီးတော့ ထွက်လာကြတာ”

တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ဤ နှစ်နှစ်၊ သုံးနှစ်အတွင်းတွင် ထာဝရကျောင်းမှ ဂျီးနီးယပ်စ်များသည် တာအိုမျိုးစေ့များနှင့် အောင်မြင်စွာ ပေါင်းစည်းသွားခဲ့ကြသည်။ မျိုးစေ့အားလုံးမှာ ထာဝရရှေးဟောင်းခေတ်မှ ပြိုင်ဘက်ကင်းရှေးဟောင်းမျိုးစေ့များပင်။

ယခင်ခေတ်မှ ပြိုင်ဘက်ကင်းသည့်မျိုးစေ့များ ဤခေတ်တွင် ပြန်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ဤသည်ကို ကြည့်ခြင်းအားဖြင့် ထာဝရကျောင်း မည်မျှပေးဆပ်ထားသည်ကို သိနိုင်သည်။

ယခင်က ဤခေတ်သည် ထာဝရရှေးဟောင်းခေတ်ထက် နိမ့်ကျပြီး ကောင်းကင်ကြီးတစ်ခုလုံး သွေးရောင်လွှမ်းလိမ့်မည်ဟု အားလုံး ထင်ထားခဲ့ကြသည်။ သို့သော် ထူးခြားသည့်ဂျီးနီးယပ်စ်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်ကို တွေ့လိုက်ရသည့်အချိန်တွင် မျှော်လင့်ချက် ရှိလာကြသည်။ မကောင်းဆိုးဝါးအိုကြီးများပင်လျှင် မျှော်လင့်ချက်အပြည့်ဖြင့်ပင်။

“ခရမ်းရောင်နေကောင်းကင်ဘုရင်က လောကကြီးကို စိုးမိုးနိုင်လိမ့်မယ်လို့ ငါထင်တယ် .. ဒါပေမဲ့ ကောင်းကင်ဘုရင်လေးက ဒီကောင်းကင်အောက်မှာ နံပါတ်တစ်ဖြစ်မှာပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“မင်းတို့ပြောတဲ့ လူအားလုံးက ထာဝရကျောင်းကလူတွေချည်းပဲ .. ငါတို့ အဲဒီလိုမထင်ဘူး .. ချီဂုက ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်လိမ့်မယ် .. သူက အဆင့်တွေအားလုံးကို ချိုးဖောက်ပြီးတော့ လက်ရှိလောကပညာမှာ ပြိုင်ဘက်ကင်းတဲ့သူ ဖြစ်နေပြီ”

“မီးခိုးရောင်အဝတ်အစားတွေ ဝတ်ရတာ ကြိုက်ပြီးတော့ မျက်နှာသေကြီးနဲ့ ဘယ်တော့မှမပြုံးတဲ့ ချီဂုလား .. သူက တော်တော်လေးသန်မာတယ်လို့ ငါကြားပါတယ် .. ဒါပေမဲ့ သူက ကောင်းကင်အောက်မှာ နံပါတ်တစ်မဟုတ်လောက်ဘူး .. အနည်းဆုံးတော့ အလေးအမြတ်ကျောင်းမှာတောင် သူ့ရဲ့အထက်မှာ ရှိတဲ့သူတွေချည်းပဲ သူ့အောက်မှာ ရှိတဲ့သူ မရှိဘူး..” ဘေးဘက်ရှိလူတစ်ယောက်မှ ပြောလိုက်သည်။

“မင်း အဲဒီလူအကြောင်း ပြောနေတာလို့ ငါ့ကို မပြောနဲ့နော် .. အရင်တုန်းက ကောင်းကင်လေးဘုရင်နဲ့အတူတူ နာမည်ကြီးခဲ့တဲ့တစ်ယောက်လား .. တစ်ချိန်လုံး သီးသန့်ကျင့်ကြံနေတဲ့ သူတော်စင်လေးလား..”

“ဟုတ်တယ် သူပဲ .. လွန်ခဲ့တဲ့ ၁၀ နှစ်ကတောင် သူ့ကို သူတော်စင်လေးလို့ ခေါ်တာဆိုတော့ အခုဆိုရင် ပြောမနေနဲ့တော့..”

“ငါလည်း အဲဒီလူအကြောင်းကြားဖူးတယ် .. ဒီနှစ်တွေမှာ သူက သိုသိုသိပ်သိပ်ပဲ နေနေတာ .. ဒါပေမဲ့ သူက လက်ရှိချီဂုထက် ပိုပြီးတော့ သန်မာလိမ့်မယ်လို့ ငါတော့မထင်ဘူး .. ချီဂုက အခု ကျင့်ကြံဆင့်နယ်ပယ်တွေအများကြီးကို အဆုံးစွန်ထိ ချိုးဖောက်ပြီးသွားပြီ .. ဖီးနှစ်လိုမျိုး အကြိမ်ပေါင်းများစွာ ပြန်မွေးဖွားပြီးတော့ တစ််ခေါက်ထက်တစ်ခေါက် ပိုပြီးတော့ သန်မာလာတာ”

လူအချို့ သူတို့အချင်းချင်း ဆွေးနွေးနေကြကာ ဂျီးနီးယပ်စ်အချို့၏ နာမည်များကို ပြောလာကြသည်။ သို့သော်လည်း ရှီဟောင် တစ်ယောက်မှမသိ။ ပြောင်းလဲမှုမှာ ကြီးမားလွန်းသောကြောင့် သူသက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

တစ်ချိန်တည်းမှာပင် သူထွက်သွားသည်မှာ နှစ်နှစ်ကျော် သုံးနှစ်နီးပါးပင် ဖြစ်သွားပြီဆိုသည်ကို သူသိလိုက်ရသည်။

“ငါကြားတာတော့ အလေးအမြတ်ကျောင်းက ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ပေါ်လာလိမ့်မယ်တဲ့ .. သူက ဒီမျိုးဆက်မှာ နှိုင်းယှဉ်လို့ မရလောက်တဲ့သူ ဖြစ်လာမှာတဲ့”

“ဘယ်သူလဲ..”

“မင်းတို့တွေ သက်ရှည်မိသားစုက ဝမ်ရှီးကို သိတယ်မလား .. အလေးအမြတ်ကျောင်းမှ သူနဲ့စေ့စပ်ထားတဲ့ ကျင်ကျန်းဆိုတဲ့သူရှိတယ်လေ .. မင်းတို့တွေ အရင်ကတည်းက သူ့အကြောင်းကြားဖူးလိမ့်မယ်လို့ ငါထင်တယ်”

အချို့သူများ ရှုပ်ထွေးသွားကြသော်လည်း အချို့သူများမှာ အေးခဲသွားရသည်။

“ကျင်ကျန်း .. ဒီလူက အသက်ရှင်နေတုန်းပဲလား .. မင်းသေချာလား..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။

“ဒါပေါ့ သူအသက်ရှင်နေသေးတယ် .. မဟုတ်ရင် နတ်သမီးဝမ်ရှီးရဲ့ ကလန်သားတွေက ဘာလို့ လက်ထပ်ဖို့အကြောင်း ပြောမှာလဲ .. သူ သေချာပေါက် အသက်ရှင်နေတယ်..” တစ်စုံတစ်ယောက်မှ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ငါက သူတော်စင်လေးလို့ထင်နေတာ .. သူ့နဲ့စေ့စပ်ထားတဲ့သူက ကျင်ကျန်းလား .. အဲဒီလူသာ အသက်ရှင်နေသေးတယ်ဆိုရင်တော့ နောင်ကျရင် ဘယ်သူက ဝမ်မိသားစုကို ခုခံရဲတော့မှာလဲ.. ဘယ်သူက နတ်သမီးဝမ်ရှီးကို ရန်စရဲတော့မှာလဲ..” ဤလူများ အလွန်ထိတ်လန့်စွာ ပြောလိုက်ကြသည်။

သွေားပြီဟု ထင်နေသည့်သူ အသက်ရှင်နေဆဲဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် မည်သူက မလန့်ပဲနေမည်နည်း..

ကျင်ကျန်းသည် အလေးအမြတ်ကျောင်းမှ ဒဏ္ဍာရီလာသူရဲကောင်းတစ်ဦးပင်။ သူ၏လူမျိုးစုကို မသိရပဲ သူသည် လူသားပုံစံဖြစ်သည်ကိုသာ သိရသည်။ သူသည် အလွန်စွမ်းအားကြီးကာ ဤမျိုးဆက်တွင် ကောင်းကင်ကဂုဏ်ယူရသည့်သူအဖြစ် သိကြသည်ပင်။

သူသည် နှစ်ဝက်အတွင်း ကျင့်ကြံဆင့်နှစ်ခု၏ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ခဲ့သည်။

နောက်ပိုင်းတွင်း သူသည် နှစ်ဝက်အတွင်း အခြား အဆင့် ၂ ခုကို ချိုးဖျက်ရန် ကြိုးစားခဲ့သည်ဟု ပြောကြသည်။ သူသည် ကောင်းကင်လမ်းကြောင်း ၁၀ ခုအား တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းရန် ကြိုးစားသလို ပြိုင်ဘက်ကင်းသည့်သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကိုလည်း သူ့ခန္ဓာကိုယ်ထက်၌ ရေးထွင်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌ ပြဿနာအချို့ ရှိနေခဲ့သည်။

မီးတောက်တစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်အား လောင်ကျွမ်းသွားစေခဲ့သည်။

ယခု ဤလူပြန်ပေါ်လာပြီဟု ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားကြမည်ပင်။ ယခုအချိန်တွင်တော့ မည်သူက နံပါတ်တစ်ဖြစ်မည်ကို ဆုံးဖြတ်ရန် ခက်ခဲသွားလေပြီ။

ရှီဟောင်လည်း ထိတ်လန့်သွားရသည်။ အားလုံး၏စကားသံများကို နားထောင်ပြီးနောက် ဤကျောင်းနှစ်ကျောင်းမှ ဂျီးနီးယပ်စ်အတော်များများထွက်လာသည်ဟု ခံစားလိုက်ရသည်။

“ကျင်ကျန်းကို ပြောတော့ ငါတစ်ခြားလူတစ်ယောက်ကို တွေးမိသွားတယ်..”

“ဘယ်သူလဲ..”

“ဟွမ်..”

ဤနာမည်ကြားသည်နှင့် အားလုံး ဆွံ့အသွားရ၏။ ဤနာမည်ကို မကြားရသည်မှာ အတော်ကြာနေလေပြီ။ သုံးနှစ်ဆိုသည်မှာ သိပ်မကြာသလို သိပ်လည်း မတိုတောင်းလှပေ။

သို့သော် ဤခေတ်တွင် သူရဲကောင်းများမှာ တိမ်တိုက်များကဲ့သို့ပင် ထွက်ပေါ်လာသောကြောင့် စွမ်းအားကြီးသည့်သူတစ်ယောက်ကို လွယ်လွယ်ကူကူမေ့ပစ်နိုင်သည်ပင်။

ဟွမ်အကြောင်းပြောလိုက်သည်နှင့် သူနှင့်ပတ်သက်သည့်ကောလဟာလများ အားလုံး၏စိတ်ထဲ၌ နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။

“ဒီလူက .. တကယ်နှမြောစရာကောင်းတယ် .. သူလည်း မျိုးဆက်တစ်ခုရဲ့ သူရဲကောင်းပဲ .. ဒါပေမဲ့ အားလုံးက အချိန်နဲ့အမျှ ပြောင်းလဲနေတာ .. သူက အခု အတိတ်ကအရာတစ်ခု ဖြစ်သွားပြီ..” အချို့လူများ ခေါင်းခါကာ ပြောလိုက်သည်။

“ဟွမ်သာ ထာဝရကျောင်းကို ရောက်သွားပြီးတော့ ပြီးပြည့်စုံတဲ့မျိုးစေ့တစ်ခု ရလိုက်ရင် အခု သူဘယ်လိုအဆင့်မျိုး ရောက်နေလောက်မလဲ ပြောကြည့်.. သူဘယ်လိုအဆင့်အတန်းမျိုး ရှိနေလောက်လဲ..”

“သူက အရမ်းကို သန်မာလိမ့်မယ်လို့ ငါယုံကြည်တယ် .. အဆင့်လွန်လူငယ်တွေကြားမှာ သူ့အတွက်‌ နေရာတစ်နေရာစာရှိလိမ့်မယ် .. ဒါပေမဲ့ တကယ်ကို နှမြောစရာကောင်းတယ်..”

ရှီဟောင်၏ အောင်မြင်မှုများမှာ အခြားသူများ မေ့ပျောက်နိုင်ရန် ခက်ခဲလှသည်ပင်။ သုံးနှစ်ပင် ကြာမြင့်သွားပြီဖြစ်သော်လည်း သူ့နာမည်ကြားလိုက်သည်နှင့် ရှုပ်ထွေးသည့်ခံစားချက်များ ဖြစ်ပေါ်လာဆဲပင်။

“ဟား ဟား .. သူက ထာဝရကျောင်းကို ရောက်သွားပြီးတော့ ပြီးပြည့်စုံတဲ့မျိုးစေ့တစ်ခုကို ရပြီး အဲဒီမျိုးစေ့နဲ့ အောင်အောင်မြင်မြင်ပေါင်းစည်းလိုက်နိုင်ရင်တောင် ပြဿနာကြီးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ ငါထင်တယ် .. သူ ကျင်ကျန်းရဲ့ဖိနှိပ်မှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

အပိုင်း ၁၄၅၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၇ – အဆင့်လွန် သက်ရှိ လေးယောက်

“အင်း .. တကယ် အဲဒီလိုမျိုးဖြစ်လောက်တယ်” အခြားတစ်ယောက်လည်း ခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။ ဟွမ်နှင့် ဝမ်ရှီးကြားမှ ကိစ္စကို အတော်များများသိကြသည်ပင်။ ဝမ်ရှီးမိသားစုသည် သူ့အား ပစ်မှတ်ထားကာ သူ့အားစိန်ခေါင်းပတ်ပတ်ပေးပြီး သူတို့၏အစေခံလုပ်ရန်ပင် ကြိုးစားခဲ့သေးသည်။

“ဒီလိုမျိုးမဖြစ်လောက်ဘူး .. ကျင်ကျန်းဆိုတာက ဒီမျိုးဆက်မှာ ကောင်းကင်သားတော်လေ .. အဲဒီတော့ သူလည်း သူ့ကိုယ်ပိုင်ကန့်သတ်ချက်တွေ ရှိမှာပဲ .. သူ သီးသန့်ကျင့်ကြံတာကနေ ထွက်လာတာနဲ့ ဟွမ်ကို တန်းပြီးတော့ ပြဿနာမရှာလောက်ဘူး” အချို့လူများ ခေါင်းခါကာ ပြောလိုက်သည်။

“အရာအားလုံးက အချိန်နဲ့လိုက်ပြီးတော့ ပြောင်းလဲသွားတာ .. ဟွမ်က အရင်တုန်းကဆိုရင်..” ပြိုင်ဘက်ကင်းသည့် မျိုးစေ့များနှင့် ပေါင်းသည့်သူများ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်သော်လည်း မျိုးစေ့မရှိသည့်သူမှာ အစရှာမရအောင်ပင် ပျောက်ကွယ်သွားသည်။ လူအတော်များများ ဤကဲ့သို့ ကောက်ချက်ချလိုက်ပြီဆိုသည်မှာ သိသာလှသည်။

ဟွမ် ပျောက်သွားပြီး နောက်တစ်ခေါက် ပြန်ပေါ်မလာသောကြောင့် ရလဒ်ကို ခန့်မှန်းရန် လွယ်ကူသည်ပင်။

“လူတစ်ယောက်က ကိုယ့်လမ်းကိုကိုယ် ရွေးချယ်ရတာ .. တစ်ခြားသူကို အပြစ်တင်လို့မရဘူး .. အရင်တုန်းက ထာဝရကျောင်းက သူ့ကို ပြီးပြည့်စုံတဲ့တာအိုမျိုးစေ့ မပေးဘူးဆိုရင်တောင် သူငါ့ရဲ့အလေးအမြတ်ကျောင်းကို ဝင်လို့ရသေးတာပဲ .. သူသာငါတို့ကျောင်းကို ဝင်လာရင် ဒီလိုရလဒ်မျိုးရမှာမဟုတ်ဘူး .. သေချာပေါက်ကို တစ်ခြားအခြေအနေတစ်ခု ဖြစ်နေမှာ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားတော်သင့်ပြီ .. ဟွမ်က အလေးအမြတ်ကျောင်းကို သွားရင်တောင် နဂါးအစစ်ရဲ့နှလုံးသွေးကို ရမှာလား .. ကောင်းကင်ဦးချိုပုရွက်ဆိတ်ရဲ့သွေးကို ရမှာလား .. မရတာ သေချာနေတာကို .. အဲဒါတွေအားလုံးက သူတော်စင်လေးနဲ့တစ်ခြားသူတွေကို ခွဲပေးပြီးသားပဲကို..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

သိပ်မဝေးသည့်နေရာမှာ အပြာရောင်အလင်းများတောက်ပလာသည်။ ဤနေရာတစ်ခုလုံးကို အပြာရောင်အလင်းများ လွှမ်းခြုံသွားလေ၏။

ထိုနေရာတွင် မှုန်ဝါးဝါးပုံရိပ်လေးတစ်ခု ရှိနေသည်။ သူမ၏ပုံရိပ်မှာ ရှည်လျားသွယ်လျပြီး သူမ၏အပြာရောင်အဝတ်အစားများလည်း လေနှင့်အတူ လွင့်နေကာ သူမ၏လှပသည့်ကောက်ကြောင်းများကို မဖုံးကွယ်ထားနိုင်ပေ။

ဤသည်မှာ အသက် ၂၀ ကျော်ခန့်ရှိသည့် မိန်းမပျိုလေးတစ်ဦးပင်။ သူမ အပြာရောင်မြူထဲမှ လမ်းလျှောက်ထွက်လာသည်။

ယခုတော့ သူတို့အားလုံး သူမအား ရှင်းရှင်းလင်းလင်းမြင်နိုင်လေပြီ။ သူမ၏မျက်လုံးများလည်း အပြာရောင်ပင်။ သူမ၏ဆံပင်များမှာ ရေလှိုင်းများကဲ့သို့ အပြာရောင်တောက်ပနေသည်။

ဤအမျိုးသမီးမှာ သေချာပေါက်ကို အလွန်လှပသည့်သူပင်။ သူမ၏အသားအရေမှာ ဖြူဖွေးနေပြီး မျက်လုံးများလည်း တောက်ပနေသည်။ မျက်တောင်များလည်း ရှည်လျားလှပြီး မျက်တောင်ခတ်လိုက်သည်နှင့် အလင်းများတောက်ပလာသည်။

“သူမပဲ .. အပြာရောင်ကလန်သက်ရှည်မိသားစုက မင်းသမီး လန်ရှန်း..” တစ်စုံတစ်ယောက်မှ သူမကို မှတ်မိသွားကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
[AN: လန် = အပြာရောင်, ရှန်း = ထာဝရ]

အားလုံး သူမကို လှည့်ကြည့်လာကြသည်။ သူမသည် ပြိုင်ဘက်ကင်းအောင် လှပနေရုံသာမက သူမသည် လူငယ်မျိုးဆက်များထဲတွင် အလွန်စွမ်းအားကြီးသည့် အဆင့်လွန်အမျိုးသမီးပင်။

သူမ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် လက်ဝါးချင်းဖလှယ်သေးသည်။ ဤသည်မှာ လက်ဝါးတစ်ဝါးဖြစ်သော်လည်း မြောက်ပိုင်းပင်လယ်တောအုပ်မှ နတ်တောင်တစ်လုံးကို တုန်ခါသွားစေလေသည်။

သိထားရမည်မှာ ထိုနေရာသည် အလွန်မာကျောကာ ဖျက်ဆီး၍မရနိုင်သည့် နေရာပင်။

လူများစွာသည် သူတို့၏ခွန်အားကို စမ်းသပ်ရန်အတွက် ထိုနေရာသို့ သွားခဲ့ကြသည်။ ထိုနေရာတွင် မတူညီသည့် ကျင့်ကြံဆင့်အတွက် မတူညီသည့်နယ်မြေများရှိနေသည်ပင်။

သို့သော် တောအုပ်ကို ဖျက်ဆီးပစ်နိုင်သည့်သူ မရှိခဲ့ပေ။

သူတို့နှစ်ဦးကြားတွင် အနိုင်အရှုံးမပေါ်ပဲ နှစ်ယောက်လုံး နောက်ဆုတ်ခဲ့ကြသည်ပင်။

ဤအမျိုးသမီးသည် ယခင်က သူမအလှကြောင့် နာမည်ကြီးခြင်းဖြစ်သော်လည်း ထိုတိုက်ခိုက်မှုပြီးသည့်နောက်တွင် လောကကြီးအားတုန်လှုပ်သွားစေနိုင်ခဲ့သည်။ အားလုံး သူမခွန်အားကို သတိပြုမိသွားကြသည်ပင်။ သူမသည် နတ်သမီးကဲ့သို့ လှပကာ အားနည်းပုံပေါ်သော်လည်း သူမ၏ခွန်အားမှာ ကြောက်စရာကောင်းလှသည်ပင်။

“သူက ‘ကောင်းကင်အမိုးခုံးမျိုးစေ့’ နဲ့ ပေါင်းစည်းခဲ့တာ .. အဲဒီမျိုးစေ့က စိန်လိုမျိုး အပြာရင့်ရောင်သန်းနေတာ .. ဒီမျိုးစေ့ပေါ်လာတုန်းက ထာဝရကျောင်းရဲ့ကောင်းကင်ကြီး အပြာရောင်တောက်နေတာ .. နောက်ပိုင်းကျတော့ ဒီမျိုးစေ့ ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြဘူး .. လန်ရှန်း ဒီမျိုးစေ့နဲ့‌ အောင်အောင်မြင်မြင်ပေါင်းစည်းပြီးသွားပြီး ခရမ်းရောင်နေကောင်းကင်ဘုရင်နဲ့ တိုက်တော့မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိသွားကြတာ..”

အချို့လူများမှ လန်ရှင်းနှင့်ပတ်သက်သည့်အရာမျိုးစုံကို တီးတိုးပြောနေကြသည်။

သိပ်မဝေးသည့်နေရာ၌ရှိနေသည့် ရှီဟောင်၏မျက်လုံးများ အရောင်တောက်ပသွားသည်။ ဤအမျိုးသမီး စွမ်းအားကြီးလှသည်ကို သူအာရုံခံနိုင်သည်ပင်။ ဒါက လက်ရှိလောကက အဆင့်လွန်လူငယ်တွေရဲ့ ခွန်အားလား ..

သို့သော်လည်း လန်ရှင်း သူမ၏ အော်ရာကို ကန့်သတ်ထားသည်ကိုလည်း သူသိသည်။ မဟုတ်ပါက သူမသည် ဤထက်ပင် ပို၍ကြောက်စရာကောင်းလိမ့်မည်။ သူသိနေခြင်းမှာလည်း သူ၏ဝိညာဉ်အသိစိတ်ကြောင့်ပင်။

ကောင်းကင်အမိုးခုံးမျိုးစေ့ဆိုသည်မှာ ရှေးခေတ်အခါတွင် ပြောပြ၍မရနိုင်လောက်အောင် အဖိုးတန်သည့်မျိုးစေ့ပင်။

ယခင်က ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့သည် လူတစ်ယောက်အား တာအိုနှင့်လိုက်လျောညီထွေဖြစ်ကာ ထာဝရတရား၊ အသက်ရှည်ခြင်းနှင့် မသေခြင်းကို လွယ်ကူစွာ ပေးနိုင်သည့် ပြိုင်ဘက်ကင်းမျိုးစေ့တစ်ခု ဖြစ်ခဲ့သည်။ ဤမျိုးစေ့၏ အခြားတစ်ဖက်၌ ဤကောင်းကင်အမိုးခုံးမျိုးစေ့ရှိနေသည်ပင်။

ကောင်းကင်အမိုးခုံးမျိုးစေ့ကို ကောင်းကင်ဘုံမှ သူ၏မျိုးဆက်များအတွက် ချန်ရစ်ထားသည့်အရာတစ်ခုအဖြစ် မှတ်ယူထားကြသည်ပင်။ ဤသည်မှာ သေမျိုးနယ်ပယ်မှ ကောင်းကင်အမိုးခုံးမျိုးစေ့အား ဖိနှိပ်နိုင်သည်။

အခု ဒီအမျိုးသမီးကိုယ်တိုင် ကောင်းကင်နတ်ဘုရားကျောင်းကို ရောက်လာတာဆိုတော့ အဆင့်လွန်လူငယ်တွေအားလုံး ဒီကို ရောက်လာမှာလို့ ဆိုလိုတာလား..

ခရမ်းရောင်နေကောင်းကင်ဘုရင်၊ လန်ရှင်း၊ ကောင်းကင်ဘုရင်လေးနှင့် ကြီးမြတ်သည့်ရှုထော် .. ဤလေးယောက်မှာ ထာဝရကျောင်းမှ စွမ်းအားအကြီးဆုံးသူများကို ကိုယ်စားပြုသည်ပင်။

ထို့အပြင် ချီဂု၊ သူတော်စင်လေး၊ ကျင်ကျန်းတို့မှာ တစ်ယောက်ထက်တစ်ယောက် ပိုပြီးစွမ်းအားကြီးသည့်သူများပင်။

လက်ရှိလောကမှာ ဘယ်သူကစွမ်းအားအကြီးဆုံးလဲ .. ဘယ်သူက နံပါတ်တစ်လဲ..

အားလုံးမှာ အချင်းချင်း‌ ဆွေးနွေးနေကြသည်ပင်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြကာ အဖြေကို သိချင်နေကြသည်။ မကောင်းဆိုးဝါးအိုကြီးများပင်လျှင် ဤအကြောင်းအား အချင်းချင်းပြောဆိုဆွေးနွေးနေကြသည်ပင်။

“အမှန်တကယ်ဆိုရင် ငါတို့ ကာကွယ်သူမျိုးဆက် တုဂုယွမ်၊ သရဖူ ၁၀ ခုဘုရင် ထျန်းကျီနဲ့ ထူးဆန်းတဲ့ နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိကိုလည်း ထည့်တွက်ရဦးမှာ..”

တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။ ဤသုံးယောက်မှာ မြောက်ပိုင်းပင်လယ်တောအုပ်သို့ သွားကာ သူတို့နာမည်များကို ရေးထွင်းခြင်းမရှိသလို သူတို့ထံတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲအောင်မြင်မှုများလည်း မရှိသောကြောင့် သူတို့ကို နားလည်ရန် ခက်ခဲလှသည်။

သို့သော် သူတို့အလွန်စွမ်းအားကြီးသည်ကို အားလုံးသိနေကြသည်ပင်။

“ငါတို့ နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိကို ထားလိုက်လို့ရတယ် .. သူ ပြိုင်ဘက်ကင်းတဲ့တာအိုမျိုးစေ့ကိုရတယ်လို့လည်း သတင်းမကြားမိဘူး .. ဒါပေမဲ့ သရဖူ ၁၀ ခုဘုရင်ကတော့ တကယ်ကို ကြောက်ဖို့ကောင်းတာ .. ဘာပဲဖြစ်ဖြစ် သူက လောကသစ်ပင် အပင်ပေါက်နဲ့ ပေါင်းစည်းသွားတာလေ”

“ဒါတွေပြောနေလို့လည်း အလကားပဲ .. ဘယ်သူက သေသေချာချာသိလို့လဲ .. အခုထိ သူတို့ခွန်အားကို မထုတ်ပြသေးတဲ့သူတွေ ရှိနေတုန်းပဲလို့ ငါခံစားရတယ် … အဲဒီလူတွေက ပိုပြီးတော့ အားကောင်းရင် ကောင်းလာနိုင်တာပဲလေ”

သာမန်စကားဝိုင်းပင်လျှင် ကျွမ်းကျင်သူ ၁၀ ယောက်နာမည်ပါသွားလေပြီ။ ဤလူများအားလုံးမှာ ဤနှစ်နှစ်အတွင်း၌ အားလုံး၏ အာရုံစိုက်ရာ ဖြစ်နေသည်ပင်။

“ထိပ်ဆုံးကကျွမ်းကျင်သူ ၁၀ ယောက် .. တစ်ချို့သူတွေကတော့ ပြန်ပြောင်းရင် ပြောင်းနိုင်တယ် .. ဘာလို့လဲဆိုတော့ ထွက်မလာသေးတဲ့ ကျွမ်းကျင်သူတွေ ရှိနေသေးတယ် .. ဒါပေမဲ့ အနည်းဆုံး ၆ ယောက်၊ ၇ ယောက်လောက်ကတော့ အဲဒီ ၁၀ ယောက်ထဲမှာ မြဲနေမှာပဲ .. တစ်ခြားသူတွေ သူတို့နေရာဝင်ယူဖို့ ခက်လိမ့်မယ်”

ဥပမာအားဖြင့် ငရဲကြီးကိုးထပ်အို .. ရှီဟောင်သူ့အားအနိုင်ယူခဲ့သော်လည်း သူသည် ထိပ်ဆုံး ၁၀ ယောက်ထဲ၌ ပါဝင်သင့်သည်ဟု ထင်နေကြသည့်သူများ ရှိနေဆဲပင်။

အလေးအမြတ်ကျောင်းတွင် ယီယီဟုခေါ်သည့် လူငယ်လေးတစ်ယောက်ရှိသေးသည်။ ထိုလူငယ်လေးသည် ကောင်းကင်ဦးချိုပုရွက်ဆိတ်၏သွေးနှင့် တုံ့ပြန်မှုရှိလာကာ အလွန်ခွန်အားကြီးလာသည်ဟု ပြောကြသည်။
[AN: ယီ = ပေါများသော၊ ယီ= ပုရွက်ဆိတ်]

ဤလူများအပြင် ယင်ယန်မျိုးစေ့ကို ရသွားသည့်သူလည်း ရှိသေးသည်ပင်။ ဤမျိုးစေ့ကို ရသွားသည့်သူမှာ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း သူမဟုတ်ခဲ့ပေ။

ရွှီး..

သိပ်မဝေးသည့်နေရာမှ ရောင်စုံအလင်းများ ထွက်ပေါ်လာလေ၏။

လူတစ်စု ထိုနေရာသို့ တရှိန်ထိုးပြေးသွားကြလေ၏။ ထို့နောက် ထိုလူအုပ်စု ထိတ်လန့်တကြားဖြင့်ပင် နောက်ပြန်ဆုတ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် မြေအောက်မှ ထွက်လာသည့် အလွန်အားပြင်းသော ထာဝရတာအိုအော်ရာများကို အာရုံခံမိလိုက်သောကြောင့်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းအောက်တွင် မတူးဖော်ရသေးသည့် ထာဝရလှိုဏ်ဂူတစ်ခုရှိနေသည်ကို အားလုံးသိပြီးသားပင်။ ယခု ဤကဲ့သို့ ဖြစ်သွားသည့်အချိန်တွင် သူတို့ဘယ်လိုလုပ် မဆက်စပ်မိပဲ နေမည်နည်း..

“ရွှံ့အိုင်..”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤနေရာမှာ အကြီးအကဲအရှင် ငါးမျှားရတာ နှစ်သက်သည့်နေရာပင်။ ဤနေရာမှာ ထာဝရလှိုဏ်ဂူ ဝင်ပေါက်ဖြစ်လိမ့်မည်ဟု တွက်ချက်လိုက်ကြသည်။

ဝုန်း..

အရှေ့ဘက်တွင် အနီရောင်အလင်းများ ထွက်ပေါ်လာသည်။ အလင်းတန်းများမှာ ဤ နေရာဘက်သို့ ဦးတည်လာနေခြင်းပင်။

ထိုနေရာတွင် ရွှေရောင်ပန်းကန်လုံးတစ်လုံးပေါ်လာပြီး အောက်ဘက်သို့ နိမ့်ဆင်းလာသည်။ ထိုပန်းကန်လုံးသည် ရွှံ့အိုင်အား ဝန်းရံလိုခြင်းပင်။

“ဒါက .. ကြီးမြတ်တဲ့ရှုထော်ပဲ..”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ဤလူမှာ ရှေးခေတ်မှ ဘုန်းကြီး၏ပြာမှုန့်များ ရလိုက်သည့်သူပင်။

ထိုပန်းကန်လုံးသည် ကြီးမြတ်သည့်ရှုထော်၏ အဖိုးတန်ပညာဖြင့် ဖန်တီးထားသည့် ပန်းကန်လုံးပင်။ ဤပန်းကန်လုံးသည် နေ၊ လနှင့် ကြယ်များကိုပင် ထည့်ထားနိုင်သည်။ ယခု ထိုပန်းကန်လုံးသည် ဤရွှံ့အိုင်ကို ဖယ်ပစ်ချင်နေသည်။

ဘုန်း..

အပြာရောင်အလင်းပေါ်လာကာ ထူးဆန်းသည့်မြူများလည်း ထွက်ပေါ်လာသည်။ အပြာရောင်အဝတ်အစားနှင့် နတ်သမီးတစ်ယောက်ပေါ်လာကာ သူမ အင်္ကျီလက်ကို လှုပ်ရမ်းလိုက်ပြီး ထိုပန်းကန်လုံးကို အဝေးသို့ လွင့်ထွက်သွားစေလိုက်သည်။ ဤသည်မှာ လန်ရှန်းပင်။

ရွှံ့အိုင်ပေါ်လာသည်နှင့် နာမည်ကြီးသည့် အဆင့်လွန်လူငယ်နှစ်ယောက် တစ်ပြိုင်နက်တည်း လှုပ်ရှားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပြင်းပြင်းထန်ထန်ပင် ဆန့်ကျင်နေကြသည်။

ဝူး..

ထိုအချိန်တွင် မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်လည်း ရောက်လာကာ ရွှံ့အိုင်ထဲတွင် မတ်တပ်ရပ်လိုက်သည်။ လေပြင်းများ တိုက်ခတ်လာပြီး ကျောက်ခဲများ၊ သဲများနေရာအနှံ့ လွင့်ထွက်သွားကာ ရှေးဟောင်းသစ်ပင်များလည်း အမြစ်မှ ကျွတ်ထွက်သွားသည်။

ဤသည်မှာ သူတမင်သက်သက်လုပ်ခြင်းမဟုတ်။ ဤသည်မှာ သူ့အနားတွင်ရှိနေသည့် စွမ်းအင်ပင်။ သူ၏လမ်းကြောင်းတွင်ရှိနေသည့် အမှိုက်များကို ရှင်းလင်းပေးသည့်စွမ်းအင်ပင်ဖြစ်သည်။

ဤသည်မှာ သူ့ကို အမှိုက်များမပေအောင်၊ သေမျိုးလောက၏ အော်ရာများ မစွန်းထင်းအောင် လုပ်ပေးသည့် ကောင်းကင်လေပင်။ အချို့လူများက ဤသည်ကို ထာဝရလေဟုလည်း ခေါ်ကြသည်။ ဤသည်မှာ သူ့ကျင့်ကြံခြင်း၏ လျှို့ဝှက်နက်နဲမှုပင်။

“ချီဂုလည်း လာပြီ..” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။ အလေးအမြတ်ကျောင်းမှ အဆင့်လွန်လူငယ်လည်း ပေါ်လာလေပြီ။

သူသည် အလွန်ငယ်သေးသော်လည်း သူ၏အသွင်အပြင်မှာ သာမန်ပင်။ တစ်ချိန်တည်းမှာပင် သူ၏မျက်နှာမှာ ခံစားချက်ကင်းမဲ့နေသည့် မျက်နှာသေဖြစ်သောကြောင့် အသက်ကြီးသည်ဟု ထင်ရသည်။

သူသည် ဖီးနှစ်ကဲ့သို့ မီးတောက်များကြားတွင် အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားခဲ့သည့်သူပင်။ သူသည် လက်ရှိလောက၏ပညာများ၏ အကန့်အသတ်ကို အကြိမ်ပေါင်းများစွာ ချိုးဖျက်ခဲ့သည့်သူပင်။

“တာအိုရောင်းရင်း ချီဂူလာပြီဆိုတော့ လူပိုစည်သွားအောင် ငါလည်းလာပြီ..” ကောင်းကင်ထက်၌ ခရမ်းရောင်အလင်း ထွက်ပေါ်လာသည်။

ခရမ်းရောင်စွမ်းအင်များမှာ အရှေ့ဘက်မှ လာခြင်းပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင် ရောက်လာခြင်းပင်။

မထင်မှတ်စွာဖြင့်ပင် ဤထာဝရလှိုဏ်ဂူသည် စွမ်းအားကြီးသည့် အဆင့်လွန်လူငယ်များစွာ၏ အာရုံကို ဖမ်းစားသွားနိုင်သည်ပင်။ ထိုလူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်ပင်။

“ငါနားလည်ပြီ .. ကောင်းကင်နတ်ဘုရားကျောင်းအောက်မှာ ရှိနေတဲ့ ထာဝရလှိုဏ်ဂူက ထာဝရဘုရင်တစ်ယောက် ချန်ထားခဲ့တဲ့ဟာ ဖြစ်လိမ့်မယ်” တစ်စုံတစ်ယောက်မှ ကောက်ချက်ချလိုက်သည်။

ဤသည်မှာ ဖြစ်နိုင်သည်ဟု အားလုံးခံစားလိုက်ရသည်။ ထိုနေရာတွင် ထာဝရဘုရင်၏လျှို့ဝှက်နယ်မြေ ရှိလောက်သည်။

ရွှံ့အိုင်ကြီး တောက်ပလာကာ တစ်ခုခု ထွက်လာတော့မည့်ပုံစံဖြင့် ထူးဆန်းသည့်စွမ်းအင်များ ထွက်ပေါ်လာသည်။ အခွင့်အရေးအတွက် တိုက်ခိုက်ရန် အားလုံး ဤနေရာသို့ ရောက်လာကြသည်။

နောက်ဆုံးတွင်တော့ ကျွမ်းကျင်သူ လေးယောက် တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ ကြီးမြတ်သည့်ရှုထော်၏ ခန္ဓာကိုယ် မလှုပ်ရှားသော်လည်း သူ၏ပန်းကန်လုံး လှုပ်ရှားနေသည်ပင်။ ထာဝရဘုန်းကြီးတစ်ပါး၏ အော်ရာများ အဆက်မပြတ်ထွက်ပေါ်လာသောကြောင့် အခြားကျွမ်းကျင်သူများ အနားမကပ်ရဲတော့။

ထို့နောက် လန်ရှန်း၏ မှော်တံဆိပ်များ ထွက်ပေါ်လာသည်။ ကောင်းကင်ကြီးတစ်ခုလုံးသည် တာအိုကျမ်းစာစာရွက်တစ်ရွက်ဖြစ်သွားကာ အရာအားလုံးကို ဖုံးအုပ်သွားလေသည်။

ဝုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ပို၍ပင် ဒဲ့တိုးဆန်သေးသည်။ သူသည် အဝေးမှပင် ချီဂုနှင့် လက်ဝါးချင်း ဖလှယ်လိုက်လေသည်။ ထို့နောက် ပင်လယ်လှိုင်းကဲ့သို့သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး သူတို့အနားတွင်ရှိနေသည့် သူအားလုံးကို ထိတ်လန့်သွားစေသည်။

ကံကောင်းစွာဖြင့်ပင် ဤနေရာ၌ အစီအရင်များ ရှိနေသောကြောင့် ထိုကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းများကို ရပ်တန့်စေလိုက်သည်။

“မင်းတို့အားလုံးပဲ ဒီနေရာကို ဝိုင်းမနေကြနဲ့ … အရမ်းအနားမကပ်ကြနဲ့..” အချို့လူများ အမိန့်ပေးလိုက်ကြသည်။

“ထာဝရကျောင်းနဲ့ အလေးအမြတ်ကျောင်းကလူတွေ အရှေ့မှာ နေလို့ရတယ် .. ကောင်းကင်နတ်ဘုရားကျောင်းကလူတွေ နောက်ဆုတ်..” ဤစကားလုံးများမှာ ကောင်းကင်နတ်ဘုရားကျောင်းမှ လူများကို ဒေါသထွက်စေသည်ပင်။

ထာဝရလှိုဏ်ဂူပွင့်သွားသည်နှင့် အလယ်တွင်ရှိနေသည့် အဆင့်လွန်လူငယ်လေးများ အရင်ဝင်ရမည်မှာ သေချာသည်။

ထို့နောက် ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ လူများ ဝင်သွားလိမ့်မည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားကျောင်းဖြစ်သော်လည်း ကျောင်းမှ လူများသည် နောက်ဆုံးတွင် တန်းစီရန် အမိန့်ပေးခံနေရသည်။

“ငါတို့ကဘာလို့ နောက်မှာစီရမှာလဲ .. ဒါက ငါတို့ ကောင်းကင်နတ်ဘုရားကျောင်း .. မင်းတို့ဘာလို့ ငါတို့ကို ဒီလိုမျိုး လာဆက်ဆံနေတာလဲ..” မကျေမနပ်ဖြစ်နေကြသည့်ကျောင်းသားများ ၁၀ ယောက်ကျော်ခန့် ရှိနေသည်ပင်။

“ဘာလို့လဲဆိုတော့ ကောင်းကင်နတ်ဘုရားကျောင်းက အရမ်းနိမ့်ကျနေပြီလေ .. လူတစ်ယောက်မှ ထွက်လာပြီးတော့ မတိုက်နိုင်တဲ့ ပျက်စီးနေတဲ့နေရာပဲ .. အခွင့်အရေးတွေက အားကြီးတဲ့သူတွေ အတွက်ပဲ .. အားနည်းတဲ့သူတွေက ကိုယ့်နေရာကိုကိုယ်သိသင့်တယ်..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ဤသည်မှာ ခနဲ့တဲ့တဲ့ပြောခြင်းဖြစ်သော်လည်း ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများအတွက်မူ ဤသည်မှာ အနိုင်ကျင့်ခြင်းပင်။

ရွှီး..

ထိုအချိန်တွင် ရွှံ့အိုင်ထဲမှ တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းသည် တစ်ခုခုအား ရစ်ပတ်ထားခြင်းပင်။ ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားစေပြီး အဆင့်လွန်လူငယ်လေးယောက် စတင်တိုက်ခိုက်လာကြသည်။

လန်ရှန်း ကြီးမြတ်သည့်ရှုထော်နှင့် တိုက်ခိုက်နေကာ ချီဂုမှ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် တိုက်ခိုက်နေသည်။

အခြားသူများလည်း တိုက်ခိုက်ချင်ကြသော်လည်း သူတို့ အဆင့်လွန်လူငယ်လေးယောက်အား ဒေါသထွက်အောင် လုပ်မိသွားမည်ကို စိုးရိမ်နေကြသည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားတစ်ယောက် ထွက်လာပြီး သူ၏လက်ကို ဝေ့ရမ်းလိုက်သည်နှင့် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုပစ္စည်းကို ယူဆောင်သွားလေသည်။

အားလုံး ဆွံ့အသွားလေ၏။ အဆင့်လွန်လူငယ်လေးယောက်ရဲ့ ပါးစပ်ထဲကအစာကို လုယူရဲတဲ့သူ ရှိတာလား..

ဒီလူက ဘယ်သူလဲ .. တစ်ခြား အဆင့်လွန်လူငယ်တစ်ယောက် ရောက်လာတာလား .. အားလုံး ထိုလူကိုကြည့်လိုက်ကြသည်။

“သူက .. ဘာလို့ ရင်းနှီးတဲ့ပုံ ပေါ်နေတာလဲ..”

“ဒါက .. ဘုရားရေ .. ဒါက အချိန်အကြာကြီးပျောက်နေတဲ့ ဟွမ်ပဲ..”

အပိုင်း ၁၄၅၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၈ – မေးခွန်းများမေးခြင်း

ရှီဟောင်ကို မှတ်မိသွားသည့်သူမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤသည်မှာ အချိန်အတော်ကြာသည်အထိ မပြောဖြစ်ခဲ့သည့် နာမည်တစ်ခုပင်။ သူပျောက်သွားပြီး တစ်နှစ်လောက်ထိ သူ့အကြောင်း ပြောခဲ့ကြသော်လည်း နောက်ပိုင်းတွင်တော့ တစ်ဖြည်းဖြည်း တိတ်ဆိတ်သွားသည်။

ဟွမ်..

တကယ်ပဲသူလား..

ဤသည်မှာ တကယ်ဟွမ်ပင်။ သို့သော်လည်း သူသည် ပို၍တည်ငြိမ်လာသည်။

ဤနေရာတွင်ရှိနေသည့် လူအတော်များများ ဟွမ်အားမြင်ဖူးသည်ပင်။ ယခုသူတို့အားလုံး ထိတ်လန့်နေကြသည်။ ဟွမ်က ဘာလို့ ပြန်ပေါ်လာတာလဲ .. အားလုံးသိထားသည့်အတိုင်းဆိုလျှင် သူ၏အဆင့်လွန်လူငယ်နေရာ ပျောက်သွားပြီဖြစ်ပြီး ဘယ်တော့မှာ ပြန်ပေါ်မလာသင့်တော့။

ယနေ့ ကောင်းကင်နတ်ဘုရားကျောင်းတွင် ပြန်ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။

“တကယ် သူပဲ .. ဟွမ် ပြန်လာပြီ..”

ဒီတစ်ချိန်လုံး သူဘယ်နေရာမှာ ဘာတွေ လုပ်နေတာလဲ..

“ဟွမ်က အရင်တုန်းက အဆင့်လွန်လူငယ်ပဲ .. ဒါပေမဲ့ သူ့မှာ ပြည့်စုံတဲ့ ရှေးဟောင်းမျိုးစေ့မရှိတော့ ပျောက်ကွယ်သွားတာ .. သူအခု ပြန်ပေါ်လာတာက ဘာအဓိပ္ပာယ်လဲ .. သူ တာအိုမျိုးစေ့တစ်ခုနဲ့ ပေါင်းစည်းပြီးသွားပြီလို့ ဆိုလိုချင်တာလား..”

လူအချို့မှာ စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ကျောင်းနှစ်ကျောင်းလုံးမှ ရွေးချယ်ခြင်းမခံရသည့် ကောင်းကင်နတ်ဘုရားကျောင်း၌ ရှိနေသည့်သူများပင်။

“ငါတို့ ကောင်းကင်နတ်ဘုရားကျောင်းမှာ အရည်အချင်းရှိတဲ့သူ မရှိတာမဟုတ်ဘူး.. သူက အရင်တုန်းက ပြန်မလာသေးတာ .. အခု အဆင့်လွန်လူငယ်အစစ် ပြန်ရောက်လာပြီ .. ငရဲကြီးကိုးထပ်အိုတောင် သူ့လက်အောက်မှာ ရှုံးသွားတာ .. သူက ကောင်းကင်ဘုရင်လေးကိုတောင် စိန်ခေါ်ရဲတယ်..” လူအချို့မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤနှစ်နှစ်အတွင်းတွင် ကောင်းကင်နတ်ဘုရားကျောင်းသည် အလွန်ဆုတ်ယုတ်လာခဲ့သည်။ ရွေးချယ်ခံရသည့် ဂျီးနီးယပ်စ်များသည် နောက်မလှည့်ကြည့်စတမ်း ထွက်သွားကြသည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများမှာ အလွန်အဆင့်နိမ့်လှပြီး ဤကျောင်းနှစ်ကျောင်းမှ ကျောင်းသားများရှေ့တွင် ခေါင်းမထောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကျောင်းမှကျောင်းသားများကို မည်သူမှ မယှဉ်နိုင်သောကြောင့်ပင်။

“ဟွမ် .. တကယ်ပဲမင်းလား..” တစ်စုံတစ်ယောက် အော်ဟစ်ကာ တရှိန်ထိုး ပြေးလာသည်။

ရှီဟောင် ကောင်းကင်နတ်ဘုရားကျောင်း၌ ရှိနေစဉ်က ဤလူများနှင့် သိပ်မရင်းနှီးခဲ့။ သူသည် လုထော်နှင့် ဝမ်ရှီးကဲ့သို့သော ဂျီးနီးယပ်စ်များနှင့်သာ အငြင်းအခုန်ဖြစ်ခဲ့သည်ပင်။

သို့သော် ထိုဂျီးနီးယပ်စ်များ ထွက်သွားသည့်အချိန်တွင် ကျောင်း၌ ရှီဟောင်နှင့် ထိုလူအနည်းငယ်သာ ကျန်ခဲ့တော့သည်။ ထို့ကြောင့် ဤလူများသည် ယခင်က ရှီဟောင်နှင့် မရင်းနှီးသော်လည်း သူတို့သည် သူ့အား ရင်းနှီးသည့်သူငယ်ချင်းအဖြစ် မှတ်ယူလိုက်ကြသည်ပင်။

အချို့လူများမှာ ပျော်ရွှင်သောကြောင့် မျက်ရည်များပင် ကျလာသည်။ ဤရက်များတွင် သူတို့အနိုင်ကျင့်ခံနေရသည်မှာ အလွန်များနေလေပြီ။

မြေအောက်ထာဝရလှိုဏ်ဂူမှာ ကောင်းကင်နတ်ဘုရားကျောင်း၌ ပေါ်လာခြင်းဖြစ်သော်လည်း ကောင်းကင်နတ်ဘုရားကျောင်းများသည် အရှေ့၌ နေခွင့်မရှိသည့်အပြင် အနောက်ဘက်သို့ သွားရန် အော်ဟစ်ကြိမ်းမောင်းခံနေရသည်။

သူတို့ မကျေနပ်သော်လည်း ဘာမှမတတ်နိုင်ကြ။

အဘယ်ကြောင်ဆိုသော် မကျေနပ်သည့်သူများသည် ယခင်က သူတို့မကျေနပ်ကြောင်းပြသခဲ့သော်လည်း သူတို့သည် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်ခဲ့။

ထိုတိုက်ခိုက်မှုအတွင်းတွင် ခရမ်းရောင်နေကောင်းကင်ဘုရင်၊ ချီဂု၊ ကြီးမြတ်သည့်ရှုထော် မပြောနှင့် သူတို့၏ နောက်လိုက်များ၊ အစေခံများနှင့် တိုက်ခိုက်ခဲ့ရခြင်းပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသား ၁၀ ယောက်ကျော် ရှီဟောင်အားဝန်းရံနေပြီး သူတို့၏မျှော်လင့်ချက်အပြည့်နှင့် မျက်လုံးများမှာ သူ့အား အနည်းငယ် ကူကယ်ရာမဲ့သွားစေသည်။ သို့သော်လည်း တစ်ချိန်တည်း‌မှာပင်သူ့အား သက်ပြင်းချသွားစေသည်။ ဤ နှစ်နှစ်၊ သုံးနှစ်အတွင်းတွင် ကောင်းကင်နတ်ဘုရားကျောင်းသည် မတရားမှုမျိုးစုံကို ခံစားခဲ့ရသည်။

“အဲဒါက ဘာကြီးလဲ” ခပ်ဝေးဝေးရှိလူများအားလုံး ရှီဟောင်လက်ထဲတွင်ရှိနေသည့်အရာကို စိုက်ကြည့်လာကြသည်။

ရှီဟောင်၏လက်ထဲတွင် အလွန်ရိုးရှင်းကာ ရှေးကျလှသည့် ကျောက်တုံးသေတ္တာတစ်ခု ရှိနေသည်။ ထိုသေတ္တာမှ ထာဝရတာအိုရောင်စုံအလင်းလည်း တောက်ပနေသည်။

ဤသည်မှာ လူများစွာကို လှုပ်ရှားသွားစေ၏။ ဤသည်မှာ အဖိုးတန်သေတ္တာပင်။

ထိုသေတ္တာသည် ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်ထားကာ သူ့အလိုလို ပျံသန်းသွားခြင်းပင်။ အားလုံး ထိုသေတ္တာကို လုယူချင်လာကြသည်။

လန်ရှင်း၊ ခရမ်းရောင်နေကောင်းကင်ဘုရင်၊ချီဂုနှင့် အခြားသူများပင် ဤသေတ္တာထဲ၌ ဘာရှိနေသည်ကို သိချင်နေကြသည်။

ရှီဟောင် ထိုသေတ္တာကို ကြည့်ကာ ဖွင့်လိုက်တော့မည့်အချိန်တွင် ခပ်ဝေးဝေးမှ အသံတစ်သံထွက်ပေါ်လာသည်။ “ခဏ..”

“ခင်ဗျား တစ်ခုခုလိုလို့လား..” ရှီဟောင်၏အသံမှာ ထူးမခြားနားပင်။ ရှီဟောင်သည် ရပ်တန့်မသွားပဲ ထိုသေတ္တာအားဖွင့်ရန် ကြိုးစားနေဆဲပင်။ သို့သော်လည်း အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသွားသော်လည်း သူမဖွင့်နိုင်သေး။

“တာအိုရောင်းရင်း .. ရွှံ့အိုင်ကနေ ထွက်လာတဲ့ ကျောက်တုံးသေတ္တာက ထာဝရလှိုဏ်ဂူကနေ လာတာဆိုတော့ ဒါက ပိုင်ရှင်မရှိဘူး .. အဲဒီတော့ မင်း ဒီသေတ္တာကို မပိုင်ဘူး” အလွန်ကြီးမားတုတ်ခိုင်သည့် လူသားပုံစံသက်ရှိတစ်ယောက်မှ ပြောလိုက်သည်။

သူ၏ဦးခေါင်းထက်တွင် ရွှေရောင်ဦးချိုတစ်ချောင်းရှိနေသည်။ သူ၏မျက်လုံးလည်း အနည်းငယ် ရွှေရောင်သန်းနေသည်။ သူ၏ဆံပင်ရှည်များမှာ မီးတောက်ကဲ့သို့ပင်။ သူ၏စွမ်းအားကြီးလှသည့်ခန္ဓာကိုယ်လည်း ဖိအားတစ်မျိုးပေးနေသည်ပင်။

သူ ရှီဟောင်ကို ယခင်က မသိသော်လည်း ယခု ဤလူများပြောစကားကြောင့် သိသွားလေပြီ။ သူယခုကဲ့သို့ အရှေ့တိုးကာ ဟွမ်အား ရပ်တန့်စေလိုက်ခြင်းမှာ သူ၏ရပ်တည်ချက်ကို ပြလိုက်ခြင်းပင်။

အားလုံးထူးဆန်းသည့် အမူအရာများဖြစ်သွားကြသည်။ ဤလူထံ၌ ရည်ရွယ်ချက်ကောင်းမရှိသည်ကို အားလုံးသိကြသည်ပင်။ သူသည် ဟွမ်၏ဂုဏ်သိက္ခာအား စိန်ခေါ်လိုခြင်းပင်။

“ဒါက ပိုင်ရှင်မရှိတဲ့ပစ္စည်းဆိုမှတော့ ခင်ဗျားက ဘာလို့ကျုပ်ကို လာတားနေတာလဲ.. ပိုင်ရှင်မရှိတဲ့ပစ္စည်း ကျုပ်လက်ထဲကို ရောက်လာပြီဆိုမှတော့ ကျုပ်က ပိုင်ရှင်ဖြစ်သွားပြီပေါ့..” ရှီဟောင် သူ့အား ထူးမခြားနားစွာပင် ကြည့်လိုက်သည်။

ထိုဦးချိုတစ်ခုနှင့် သက်ရှိသည် ရှီဟောင်၏အကြည့်ခံလိုက်ရသည်နှင့် သတိအနေအထားဖြစ်သွားရသည်။ ဒီဟွမ်က .. အရင်တုန်းကအတိုင်း ကြောက်စရာကောင်းနေတုန်းပဲလား.. သူ့မှာ သင့်တော်တဲ့တာအိုမျိုးစေ့ မရှိခဲ့ဘူးမဟုတ်ဘူးလား..

သို့သော်လည်း သူသည် နောက်ဆုတ်မသွားပဲ အရှေ့ဘက်သို့ ခြေလှမ်းအနည်းငယ် တက်လိုက်ကာ “ဒါက ပိုင်ရှင်မရှိတဲ့ပစ္စည်းပဲ .. အထက်လူကြီးတွေဆီကို လွှဲပြောင်းပေးရမယ် .. မိသားစုကြီးတွေ ဆွေးနွေးပြီးတော့မှာ ဒီပစ္စည်းကို တစ်ခြားသူကို ပြန်လွှဲပေးရမှာ..”

လူများစွာ တိတ်ဆိတ်သွားကာ ဤမြင်ကွင်းကို စိတ်ဝင်တစားပင် ကြည့်နေကြသည်။ ဤလူသည် ရှီဟောင်၏လမ်းကို ပိတ်ရပ်ဖို့ ဆုံးဖြတ်လိုက်သည်ကို သူတို့အားလုံး နားလည်သွားသည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ၏မျက်လုံးထဲတွင် ဒေါသတရားများ ဖုံးလွှမ်းသွားသည်။ ဒါက တကယ်ကို လွန်လွန်းသွားပြီ .. ကြီးမြတ်တဲ့ရှုထော်၊ လန်ရှင်း ဒါမှမဟုတ် တစ်ခြားသူတွေ ရသွားရင် ဒီလူ ဒီလိုစကားမျိုးပြောရဲမှာလား..

ဟွမ်က အရင်တုန်းကလိုမျိုး ခွန်အားမကြီးတော့ဘူးထင်လို့ ဒီလူက ဟွမ်ကို တမင်သက်သက်လာရန်စနေတာလား.. “ခင်ဗျားက ကျင်းကျောင်ရှီးမလား .. ကျုပ် ခင်ဗျားအကြောင်း ကြားဖူးတယ် .. ခင်ဗျားက ကြံ့ဦးချိုနတ်စွမ်းရည်ကိုကျွမ်းကျင်ပြီးတော့ ခင်ဗျားရဲ့ အသွေးအသားက အားကောင်းတယ် .. ခုခံနိုင်စွမ်းကလည်း အံ့ဩဖို့ကောင်းတယ် .‌.. ခင်ဗျားမှာ ဂုဏ်သတင်းနည်းနည်းလောက်ရှိပါတယ် .. ဒါပေမဲ့ ဒီလိုမျိုးလုပ်တာက သင့်တော်တဲ့လုပ်ရပ်မဟုတ်ဘူး .. ငါ့ကောင်းကင်နတ်ဘုရားကျောင်းကလူကို ရတနာမယူခိုင်းရအောင် မင်းမှာ ဘာအရည်အချင်းရှိနေလို့လဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ လူတစ်ယောက် ဒေါသတကြီး ပြောလိုက်သည်။

“တာအိုရောင်းရင်းက ဟာသတွေ ပြောနေပါပြီ .. ကျုပ်က ဖြစ်သင့်တာကို သမာသမတ်ကျကျပြောနေတာပါ .. ကောင်းကင်နတ်ဘုရားကျောင်းက လူတွေကို စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာချင်တာများလား..” ကျင်းကျောင်ရှီး ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူသည် အားလုံးကိုကြည့်ကာ “ခင်ဗျားတို့ရော ဘာပြောချင်ကြလဲ .. ဘာလုပ်ရမလဲဆိုတာ မိသားစုကြီးတွေကပဲ ဆုံးဖြတ်သင့်တယ် .. ဒါက ပိုင်ရှင်မရှိတဲ့ပစ္စည်းဆိုတော့ ခင်ဗျားတို့အားလုံး ဘယ်လိုထင်လဲ..”

ကောင်းကင်နတ်ဘုရားကျောင်းမှ လူများ ဒေါသထွက်သွားကြရသည်။ ဒီလူက သူတို့ကို ရန်စဖို့ ဆုံးဖြတ်ထားတာပဲ .. ကောင်းကင်နတ်ဘုရားကျောင်းမှာ ခွန်အားကြီးတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ထင်နေတာလား..

အားလုံးမှာ ကိုယ့်ရည်ရွယ်ချက်နှင့် ကိုယ်ရှိနေကြသည်မှာ သိသာလှသည်။ ယခု တစ်ယောက်ယောက်က ရှေ့ထွက်ကာ ရှီဟောင်အား ရပ်တန့်လိုက်သောကြောင့် စွမ်းအားကြီးသည့်သူအချို့လည်း ရတနာသေတ္တာ တစ်ခြားသူလက်ထဲ ရောက်သွားသည်ကို မမြင်ချင်သောကြောင့် ကျင်းကျောင်ရှီးဘက်၌ ရပ်တည်လာကြသည်။

ဤလူများသည် ခေါင်းညိမ့်လိုက်ကာ ကျင်းကျောင်ရှီးစကားကို ထောက်ခံကြောင်း ပြသလိုက်သည်။

“မြင့်မြတ်တဲ့ရှုထော် ဒါမှမဟုတ် ခရမ်းရောင်နေကောင်းကင်ဘုရင်သာ ဒါကို ရသွားရင် မင်းတို့အားလုံး ဒီလိုလုပ်ရဲလို့လား..” ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ အော်ဟစ်လိုက်သည်။

“အစ်ကိုဟွမ် .. ကျွန်တော် တောင်းပန်ပါတယ် .. ကျွန်တော် ခင်ဗျားကို ပစ်မှတ်ထားချင်တာမဟုတ်ပါဘူး .. ဒါပေမဲ့ဒီကိစ္စကို မျှမျှတတလုပ်ရပါမယ် .. ကျေးဇူးပြုပြီးတော့ ဒီကျောက်တုံးသေတ္တာကို လက်လွှဲပေးလိုက်ပါ..” ကျင်းကျောင်ရှီး ပြုံး၍ ပြောလိုက်သည်။ သူ၏မျက်လုံးမှာ ရွှေရောင်အလင်းထွက်လာရုံသာမက သူ၏အရေပြားမှပင် ရွှေရောင်အလင်းတန်း ထုတ်လွှတ်နေသည်။ “ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်မဟုတ်ပါဘူး .. အားလုံးလည်း ဒီလိုပဲ တွေးနေကြတာပါ .. ကျွန်တော်တို့အားလုံးက ဒီနေရာကို သွေးတွေ မစွန်းပဲနဲ့ အေးချမ်းစေချင်တာပါ .. အားလုံးကို တရားနည်းလမ်းကျကျ လုပ်ရပါမယ်”

ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ အံကြိတ်လိုက်ကြသည်။ ကျင်းကျောင်ရှီးသည် ကိုယ့်ကိုကိုယ် အဟုတ်ကြီးမှတ်ကာ ဤစကားများ ပြောနေသည်။

“ဒါက အားလုံးရဲ့သဘောထားလား ဒါမှမဟုတ် မင်းရဲ့သဘောထားလား .. ဒါမှမဟုတ် မင်းနောက်မှာ ရှိနေတဲ့သူတွေရဲ့သဘောထားလား .. မင်းလိုချင်ရင် လာယူလိုက်လေ..” ရှီဟောင် သူ့အား တစ်ချက်သာကြည့်လိုက်သည်။

သူသည် ဤကိစ္စကို ကိစ္စကြီးတစ်ခုဟု မသတ်မှတ်ထားသကဲ့သို့ အလွန်တည်ငြိမ်နေသည်။

“ခင်ဗျားဘာပြောချင်တာလဲ..” ဤကဲ့သို့ ထူးမခြားနား ဆက်ဆံခံလိုက်ရခြင်းမှာ သူ့အား စော်ကားလိုက်ခြင်းဖြစ်သည်ဟု ကျင်းကျောင်ရှီး ခံစားလိုက်ရသည်။ အတိတ်တုန်းကလိုမျိုး အောင်မြင်မှုမျိုးမရှိတဲ့သူက သူ့ကို ဒီလိုမျိုး အထင်သေးရဲတာလား..”

ထို့အပြင် ဤလူစကားပြောနေသည့်ပုံမှာ အဆင့်နိမ့်သည့်လူအား ပြောနေသည့်ပုံပင်။

“ကျုပ်အရင်က ကြားတာတော့ ဒီမှာရှိနေတဲ့ရတနာတွေကို ရတဲ့သူပိုင်တယ်လို့ ကြားတာပဲ .. မင်းသဘောနဲ့ ရုတ်တရက်ပြောင်းလိုက်တာက မင်း ဘယ်သူ့ကိုယ်စား ပြောချင်နေတာလဲ .. ကြီးမြတ်တဲ့ရှုထော်လား၊ ခရမ်းရောင်နေကောင်းကင်ဘုရင်လား .. ဒါမှမဟုတ် လန်ရှင်းလား..” ရှီဟောင် အနည်းငယ်မှပင် လေးစားမှုမရှိပဲ ပြောလိုက်သည်။

ဤသည်မှာ အားလုံး၏ သဘောထားဖြစ်ကြောင်း ကျင်းကျောင်ရှီး ဤလူအား ဆူပူအော်ဟစ်ပစ်လိုက်ချင်မိသည်။ သို့သော်လည်း သူသည် အဆင့်လွန်လူငယ်လေးဦး စိတ်အနှောက်အယှက်ဖြစ်သွားမည်စိုးသောကြောင့် သူတန်းမပြောရဲတော့။

“မင်းလိုချင်ရင် လာယူလိုက် .. မလိုချင်ရင် ထွက်သွားလိုက်တော့..” ရှီဟောင် ဒဲ့တိုးပင် ပြောလိုက်သည်။

“မင်း..” ကျင်းကျောင်ရှီး၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်။ သူသည် အခြားသူများကိုယ်စား ရှီဟောင်အားသုံးသပ်လိုခြင်းဖြစ်သော်လည်း သူသာ ကို့ရိုးကားယားအခြေအနေ၌ ပိတ်မိနေသည်ကို တွေ့လိုက်ရသည်။ “ကောင်းပြီလေ .. ငါကိုယ်တိုင်လာယူမယ် .. အားလုံးကိုယ်စား ငါလာယူမယ်..” သူအေးစက်စွာပင် အော်ဟစ်လိုက်သည်။

“ခင်ဗျားအတွက် ခင်ဗျားယူတာပါ .. ခင်ဗျားက အားလုံးကိုကိုယ်စားမပြုနိုင်ဘူး .. ကိုယ့်ကိုကိုယ် ကြွားလုံးထုတ်မနေနဲ့ ..အဲဒါက မင်းအတွက် ပိုဆိုးလိမ့်မယ်..” ရှီဟောင် အေးစက်စွာပင် ပြောလိုက်သည်။

အားလုံးစိတ်လှုပ်ရှားသွားရ၏။ ဤသည်မှာ ဟွမ်၏ ပုံစံပင်။ အစောပိုင်းက သူသည် အလွန်တည်ငြိမ်ကာ ယခင်ကဲ့သို့ ထက်မြက်မှုများ မရှိတော့ဘူးဟု ထင်လိုက်သော်လည်း သူမပြောင်းလဲသေးကြောင်း အားလုံး တွေ့လိုက်ရလေပြီ။

ကျင်းကျောင်ရှီး တကယ် ရှေ့တက်လာသည်။ သူသည် သတိကြီးကြီးထားနေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် နတ်ကြံ့အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏အရေပြားမှလည်း ရွှေရောင်အလင်းတန်းတောက်ပနေသည်။

ထိုကြံ့ဦးချိုမှာ ပို၍ပင် တောက်ပလာသည်။ ထိုဦးချိုမှ လျှပ်စစ်အလင်းတန်းနှင့်အတူ သတ္တုစွမ်းအင် ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှာ လူသားပုံစံဖြစ်နေဆဲပင်။ ကျောက်တုံးသေတ္တာကိုယူရန်အတွက် သူတရှိန်ထိုး ပြေးလာလေသည်။

သို့သော်လည်း သူနီးကပ်လာသည်နှင့် ရှီဟောင်၏ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ ရှီဟောင်သည် ရိုးရှင်းကာ ရှေးကျသည့် မှော်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ကာ ကျင်းကျောင်ရှီး၏ ဂိုဏ်းခေါင်းဆောင်အဆင့်ခုခံမှုများအားလုံးကို ချိုးဖောက်ကာ သူ၏ဦးချိုကြီးကို ချိုးပစ်လိုက်သည်။

တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ကြံ့ဦးချိုသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် တုန်ခါစေနိုင်သည့် အော်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။ ခပ်ဝေးဝေးတွင်ရှိနေသည့်‌ တောင်ထိပ်များပင် ပြိုကျလုနီးပါးဖြစ်သွားသည်။

သူသည် အလွန်ခွန်အားကြီဂကာ ကြောက်စရာကောင်းသည် နတ်ခွန်အားပိုင်ဆိုင်ထားသော်လည်း တစ်ချက်တည်းဖြင့် သူ၏နာမည်ကြီးကာ စွမ်းအားကြီးသည့် ဦးချိုအား ဆုံးရှုံးလိုက်ရလေပြီ။

အားလုံး ဆွံ့အသွားရ၏။ ဤသည်မှာ အစသာရှိသေးသော်လည်း အဆုံးသတ်သွားလေပြီ။

“ကောင်းကင်နတ်ဘုရားအဆင့်စွမ်းအားနဲ့ ကျင်းကျောင်ရှီးရဲ့ ခုခံမှုတွေကို ချိုးဖျက်ပစ်မယ် .. သူ့ရဲ့ကြံ့ဦးချိုကိုလည်း ဖျက်ဆီးပစ်တယ် .. တော်တယ်..” ထိုအချိန်တွင် အပြာရောင်အဝတ်အစားနှင့် နတ်သမီးမှ ပြောလိုက်သည်။

လန်ရှင်းမှ ဤတိုက်ပွဲကို မှတ်ချက်ပေးလိုက်သောကြောင့် အားလုံး ဆွံ့အသွားရသည်။

“စိတ်ဝင်စားစရာပဲ .. ကောင်းကင်နတ်ဘုရားအဆင့်ခွန်အားကို သုံးပြီးတော့ ဂိုဏ်းခေါင်းဆောင်အဆင့် ပြိုင်ဘက်ကရဲ့ အားအနည်းဆုံးနေရာကို တိုက်ခိုက်တယ် .. ပြီးတော့ ရန်သူရဲ့စွမ်းအားကိုသုံးပြီးတော့ သူ့ရဲ့ဦးချိုကို ချိုးပစ်တယ်” လန်ရှန်း ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ ဟွမ်က သူ့ရဲ့တာအိုကိုပြချင်တာလား.. သူ့ရဲ့ပညာကို ပြချင်တာလား.. ကျင်းကျောင်ရှီးရဲ့စွမ်းအားကိုသုံးပြီးတော့ သူ့ရဲ့ဦးချိုကို ပြန်ချိုးပစ်တာလား .. ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

“မင်း..” ကျင်းကျောင်ရှီး အလွန်နာကျင်နေရသည်။ ဤဦးချိုမှာ သူတာအိုကျင့်ကြံသည့်အရာပင်။ ယခု ဤဦးချို ဤကဲ့သို့ ဖျက်ဆီးခံလိုက်ရသည့်အချိန်တွင် သူသည် ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် ဖြစ်သွားရသည်။

“မင်း ကျောက်တုံးသေတ္တာကို တောင်းဦးမှာလား..” ရှီဟောင် ထူးမခြားနားပင် ပြောလိုက်သည်။

ကျင်းကျောင်ရှီး ဒေါသတကြီး ဟစ်ကြွေးပြီးနောက် ပြန်လှည့်ထွက်သွားလိုက်သည်။ ဟွမ်သည် အလွန်ကြောက်စရာကောင်းပြီး သူ့ပြိုင်ဘက်မဟုတ်သည်ကို သူသိသည်။ တစ်ဖက်လူသည် ပြည့်စုံသည့်မျိုးစေ့မရထားသော်လည်း သူသည် ဤလူ၏ ပြိုင်ဘက်မဟုတ်။

“မင်း သွားလို့ရပြီလို့ ဘယ်သူပြောလဲ .. နတ်ကြံ့ရဲ့အသားက အရသာမဆိုးဘူးလို့ ငါကြားတယ် … မင်း ဒီမှာနေဦး..” ရှီဟောင် ပြောလိုက်သ်ည။

“အား..” ကျင်းကျောင်ရှီး အော်ဟစ်လိုက်၏။ သူ့စိတ်ထဲ တုန်ယင်သွားသည်ပင်။ သူသည် ချက်ချင်းပင် သူ၏မူလပုံစံသို့ ပြောင်းလဲသွားသည်။ သူသည် တောင်အသေးလေးတစ်လုံးစာ အရွယ်အစားရှိသည့် ရွှေရောင်ကြံ့အဖြစ်သို့ ပြောင်းလဲသွားကာ လှည့်ပြေးသွားသည်။

အဘယ်ကြောင့်ဆိုသော် ဟွမ်သည် ရှားပါးသည့်သားရဲမျိုးစုံ ကင်စားရသည်ကို ကြိုက်သည်ဟု သူကောလဟာလများကြားဖူးသည်ပင်။

“မင်း ဘယ်သွားမလို့လဲ..” ရှီဟောင် တီးတိုးပင် ပြောလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်ထက်၌ လေပြင်းများ တိုက်ခတ်လာကာ ခရမ်းရောင်အလင်း ပျံ့နှံ့လာသည်။ ထို့နောက် ကောင်းကင်ထက်မှ ခရမ်းရောင်စွမ်းအင်ဝန်းရံနေသည့် လူငယ်တစ်ယောက် ဆင်းသက်လာသည်။

“ချွေးကျား ငါ့ကို ကယ်ပါဦး..” ကျင်းကျောင်ရှီး တကယ်ကို အလွန်ထိတ်လန့်နေလေပြီ။

“ကျီထုန် .. သူက ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့‌ အစောင့်ပဲ..” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ရောက်လာသည့်သူမှာ ခရမ်းရောင်နေကောင်းကင်ဘုရင်နောက်လိုက်သည့် စွမ်းအားကြီးသည့်နောက်လိုက်တစ်ယောက်ပင်။

“ကျင်းကျောင်ရှီး ငါ့ဘေးမှာနေ .. မင်းကို ဘယ်သူထိရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ကျီထုန်ဟု အမည်ရသည့်နောက်လိုက်မှ အေးစက်စွာပင် ပြောလိုက်သည်။

ရှီဟောင်၏နှုတ်ခမ်းထောင့်၌ အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူအရှေ့ဘက်သို့ လျှောက်လာလိုက်၏။ ကျင်းကျောင်ရှီ သူ့ကို ရန်စရဲနေတာက သူ့နောက်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ နောက်လိုက်ရှိနေလို့ကိုး..

“ကျီထုန် .. နောက်ဆုတ်..” ထိုအချိန်တွင် ကောင်းကင်ထက်ကြီး အလွန်တောက်ပလာကာ ခရမ်းရောင်နေလုံးတစ်လုံး ဆင်းသက်လာသည်။

ခရမ်းရောင်နေထဲတွင် အလွန်မှုန်ဝါးနေသည့် ပုံရိပ်တစ်ခု ရှိနေသည်။ ထိုသူ၏ခန္ဓာကိုယ်မှ အံ့အားသင့်စရာကောင်းလောက်သည့် နတ်စွမ်းအားလှိုင်းများထုတ်လွှတ်နေသည်ပင်။ ဤသည်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်ပင်။

“အဲဒီတော့ မင်းက ဟွမ်လား .. အခုမှ လူချင်းတွေ့ဖူးပေမယ့် မင်းအကြောင်းကြားဖူးတာ အတော်လေး ကြာပါပြီ..” ခရမ်းရောင်နေကောင်းကင်ဘုရင် ပြောလိုက်၏။

အပိုင်း ၁၄၅၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၅၉ – အစေ့ မရှိ

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ ကောင်းကင်ထက်၌ ခရမ်းရောင်နေလုံးကြီးတစ်လုံးရှိနေပြီး ခရမ်းရောင်အလင်းများ တောက်ပနေသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ပုံစံအမှန်ကို မည်သူမှ မတွေ့ရ။ သူမျက်တောင်ခတ်လိုက်သည့်အချိန်မှသာ များပြားလှသည့်အသက်စွမ်းအင် ထွက်ပေါ်လာသည်ကိုခံစားလိုက်ရသည်ပင်။

သူတို့နှစ်ယောက် တိုက်ကြတော့မှာလား..

ဒါပေမဲ့ ဟွမ်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ရောက်သွားပြီလဲ .. သူ သုံးနှစ်နီးပါးပျောက်သွားသောကြောင့် မည်သူမှ သူ၏ခွန်အားအစစ်အမှန်ကို မသိကြတော့။ သူ့မှာ ပြည့်စုံတဲ့မျိုးစေ့မရှိဘူးဆိုတော့ သူ ခရမ်းရောင်နေကောင်းကင်ဘုရင်နဲ့ ယှဉ်နိုင်ပါ့မလား..

ထိုတစ်ခဏတွင် အားလုံး မျှော်လင့်တကြီး ဖြစ်လာကြ၏။ ဟွမ်မည်မျှစွမ်းအားကြီးနေသည်ကို သူတို့သိချင်ကြသည်။

“ခင်ဗျား ကျုပ်ကို စမ်းဖို့ ကျင်းကျောင်ရှီးကို လွှတ်လိုက်တာလား..” ရှီဟောင်၏အသံမှာ အနည်းငယ်မှ နူးညံ့မနေပဲ အေးစက်နေသည်။

သို့သော်လည်း ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ ပြောင်းပြန်ပင်။ သူသည် နေလုံးကြီးထဲတွင် ခံ့ညားနေသော်လည်း သူ၏စကားလုံးများမှာနူးညံ့လှသည်။ “ငါ့နောက်လိုက်ရဲ့အမှားပါ .. သူ ပြဿနာရှာမိသွားတာပါ .. ကျေးဇူးပြုပြီး ဗွေမယူပါနဲ့”

သူသည် စကားလုံးများဖြင့် အခြေအနေများ ဖြေလျော့ရန် ကြိုးစားလိုက်သည်။

ရှီဟောင်မျက်လုံးထဲတွင် အလင်းတန်းအနည်းငယ် ဖြတ်ပြေးသွားသော်လည်း သူဘာမှမပြောတော့။ ဤကောင်းကင်ဘုရင်တွင် အခြားရည်ရွယ်ချက်ရှိနေပါက သူ၏လက်အောက်ငယ်သားသည် မည်မျှပင် ရဲတင်းနေပါစေ သူတို့ဘောင်ကျော်ရဲမည်မဟုတ်။

“ငရဲကြီးရှစ်ထပ်အိုက ငါတို့မိသားစုရဲ့ မိတ်ဆွေပါ .. ငါနဲ့ရင်းနှီးတဲ့သူငယ်ချင်းပါ..” ခရမ်းရောင်နေကောင်းကင်ဘုရင် တိုက်ရိုက်ပင် ပြောလိုက်သည်။

ရှီဟောင် ထိတ်လန့်သွားရ၏။ ဒါက သူတစ်ခုခုမပြောအောင် တားတာလား .. သူမကောင်းတာ တစ်ခုခုပြောမှာစိုးလို့ သူတို့ရဲ့ ပတ်သက်မှုကို ပြောပြနေတာလား..

“အိုး .. ငရဲကြီးရှစ်ထပ်အို .. သူဘယ်လိုနေလဲ .. သူနဲ့မတွေ့တာ အတော်ကြာနေပြီ .. သူ့ရဲ့ကျင့်ကြံဆင့်က ဘယ်ရောက်သွားပြီလဲ သိချင်မိသား..” ရှီဟောင် တည်ငြိမ်စွာ ပြောလိုက်သည်။

“အရင်တုန်းက သူက မင်းနဲ့ အချက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမယ့် သူရှုံးနိမ့်ခဲ့တယ် .. ဒါက သူ့ကို အတော်လေး စိတ်ထိခိုက်သွားစေပြီးတော့ သူအမှောင်နေ့ရက်တွေကို ဖြတ်သန်းခဲ့၇တယ် .. ဒါပေမဲ့ အရှက်ရပြီးသွားတော့ သူ ပြန်ထလာနိုင်ခဲ့တယ် .. သူ့ကိုယ်သူ အားကိုးပြီးတော့ ရှေးဟောင်းဂူတစ်လုံးထဲ ဝင်သွားတာ ပြည့်စုံတဲ့မျိုးစေ့တစ်ခုကို ရခဲ့တယ် .. အခု သူ အဲဒီမျိုးစေ့နဲ့ အောင်အောင်မြင်မြင်ပေါင်းစည်းပြီးသွားပြီ..” ခရမ်းရောင်နေကောင်းကင်ဘုရင် ပြောလိုက်သည်။

“အရှက်ရပြီးတော့ ပြန်ထလာနိုင်တယ် .. ကျုပ်ကိုရှုံးသွားတာက အရှက်ရစရာကောင်းတဲ့ကိစ္စလို့ ပြောလိုက်တာလား..” ရှီဟောင် လေထဲတွင်ရှိနေသည့် ခရမ်းရောင်နေလုံးကြီးကို ကြည့်၍ ပြောလိုက်သည်။

“တာအိုရောင်းရင်း အတွေးလွန်နေပါပြီ..” ခရမ်းရောင်နေကောင်းကင်ဘုရင်၏မျက်နှာထက်၌ တည်ငြိမ်သည့် အပြုံးတစ်ခု ရှိနေသည်။

“ကျုပ်ကို ချဉ်းကပ်လာတာက ကျုပ်နဲ့ ဆန့်ကျင်ချင်လို့လား..” ရှီဟောင်မေးလိုက်သည်။

“ကျုပ် သီးသန့်ကျင့်ကြံတာကနေ ထွက်လာတဲ့အချိန်က ငရဲကြီးရှစ်ထပ်အို ရှုံးသွားတဲ့သတင်းကို ကြားခဲ့ရတယ် .. ဒါက ကျုပ်ကို အတော်လေး လန့်သွားစေလို နည်းနည်းလည်း စိတ်သက်သာရာရစေတယ် .. ဘာလို့လဲဆိုတော့ သူ့ရဲ့စိတ်ကြီးဝင်တဲ့ပုံစံနဲ့ဆိုရင် သူက အနှေးနဲ့အမြန် သေချာပေါက် ခံစားရလိမ့်မယ်ဆိုတာ ကျုပ်သိတယ် .. ဒီလိုမျိုးဖြစ်သွားမှပဲ သူတကယ် ထူးချွန်လာလိမ့်မယ် .. တစ်ချိန်တည်းမှာပဲ သူ့ကိုနိုင်အောင် တိုက်ခဲ့တဲ့သူနဲ့ ကျုပ် ပညာဖလှယ်ချင်ခဲ့တယ် .. ဒါပေမဲ့ ကျုပ် ခင်ဗျားကို ရှာတဲ့အချိန်မှာ ခင်ဗျားက သင့်တော်တဲ့တာအိုမျိုးစေ့မရလို့ ပျောက်ကွယ်သွားပြီဆိုတာ ကျုပ်သိလိုက်ရတယ် .. ဒါက ကျုပ်ကို တော်တော်လေး ဝမ်းနည်းစေခဲ့တယ် .. ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ ခင်ဗျားနဲ့ ယှဉ်တိုက်နိုင်တဲ့သူမရှိဘူးဆိုလို့ကျုပ်က အတော်လေး စိတ်လှုပ်ရှားခဲ့တာ .. ဒါပေမဲ့ အခုတော့ အခွင့်အရေးမရှိတော့ဘူး..” ခရမ်းရောင်နေကောင်းကင်ဘုရင် တည်ငြိမ်စွာ ပြောလိုက်သည်။

သူ၏နောက်ဆုံးစကားအား ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။ ထို့နောက် သူတို့အားလုံး ထူးဆန်းသည့်အမူအရာများ ဖြစ်လာကြသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ဆိုလိုရင်းမှာ ရှင်းသည်။ သူတို့နှစ်ဦးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ပညာမဖလှယ်လိုက်ရ။ ယခု သူဂိုဏ်းခေါင်းဆောင်အဆင့် ရောက်သွားပြီဖြစ်သောကြောင့် ရှီဟောင်နှင့် တိုက်ခိုက်၍ရတော့မည်မဟုတ်ဟု ဆိုလိုခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်ထံတွင် ပြည့်စုံသည့်မျိုးစေ့ မရှိခဲ့သောကြောင့် သူနှင့် ခရမ်းရောင်နေကောင်းကင်ဘုရင်တို့ကြားမှ ကွာဟချက်မှာ အတော်လေးကြီးမားနေလေပြီ။ တစ်သက်လုံး လိုက်လျှင်ပင် မှီမည်မဟုတ်တော့။

“ဒါပေမဲ့ အခု ခင်ဗျားတိုက်ခိုက်တာကို မြင်လိုက်ရတော့ ကျုပ်နားလည်မှုလွဲသွားတယ်ထင်တယ် .. ဒီလိုမျိုးနည်းလမ်းမျိုးက သာမန်လူ သုံးနိုင်တဲ့ နည်းလမ်းမျိုးမဟုတ်ဘူး .. ကောင်းကင်နတ်ဘုရားအဆင့်ခွန်အားကိုသုံးပြီးတော့ ကျင်းကျောင်ရှီးကို အနိုင်ယူတာ .. တကယ်ကို အထင်ကြီးစရာကောင်းလောက်ပါတယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် လေးစားစွာ ပြောလိုက်သည်။

ထိုစကားကြားလိုက်ရသည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကြရသည်။ သူ ဘာကိုဆိုလိုချင်တာလဲ .. ဟွမ်မှာ ပြည့်စုံတဲ့မျိုးစေ့ရှိပြီးတော့ အောင်အောင်မြင်မြင်ပေါင်းစည်းပြီးသွားပြီလို့ သူသံသယဝင်နေတာလား .. ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..

“လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်က အဆင့်တစ်ခုကို ရောက်သွားရင် ပြိုင်ဘက်တွေ့ဖို့ ခက်ခဲသွားပြီ .. ဟွမ် ခင်ဗျားက ထူးခြားဆန်းကြယ်တဲ့သူလို့ သတ်မှတ်လို့ရတယ် .. ကျုပ် သီးသန့်ကျင့်ကြံတာကနေ ထွက်လာတဲ့အချိန်တုန်းက ခင်ဗျားအကြောင်း ကောလဟာလတွေ အများကြီးကြားခဲ့ရတယ် .. ဒီနေ့တော့ ကျုပ်ရဲ့ဆန္ဒတွေ ပြည့်မြောက်တော့မယ်ထင်တယ်…” ခရမ်းရောင်နေကောင်းကင်ဘုရင်အသံ၌ ဆွဲဆောင်မှုတစ်မျိုးပါရှိနေသည်ပင်။

အထူးသဖြင့် အမျိူးသမီးကျင့်ကြံသူများအတွက်ပင်။ သူ၏ပင်ကိုယ်အရည်အချင်းမှာ ထူးခြားသည့်အပြင် သူ၏ပုံစံလည်း ထူးခြားလှသည်။ သူသည် လူငယ်လေးများကြားထဲ၌ သူရဲကောင်းအဆန်ဆုံးသူပင်။

သိပ်မဝေးသည့်နေရာတွင်ရှိနေသည့် ကလန်အမျိုးမျိုးမှ မိန်းမလှလေးများနှင့် အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးထဲတွင် တောက်ပသည့်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

ကလန်အချို့မှ ထူးချွန်သည့်ပါရမီရှင်အချို့၊ လူငယ်အချို့မှာ သူ့အား မနာလိုဖြစ်သွားကြသော်လည်း သက်ပြင်းချရုံသာ တတ်နိုင်သည်။

“ခင်ဗျားက ကျုပ်နဲ့ တိုက်ချင်လို့လား” ရှီဟောင်မေးလိုက်သည်။ သူ၏မည်းနက်နေသည့် ဆံပင်များမှာ ကြေးမုံကဲ့သို့ တောက်ပနေသည်။

သူသည် ရှည်လျားသွယ်လျကာ ချောမောခန့်ညားသည့်သူပင်။ သူသည် သေမျိုးလောက၏စွမ်းအင်များ မစွန်းထင်းသေးသည့် လူငယ်လေးတစ်ယောက်နှင့်တူသည်။

သို့သော်လည်း အမျိုးသမီးကျင့်ကြံသူအချို့၏ အမြင်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ ပို၍ဆွဲဆောင်မှုရှိနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် သူသည်စွမ်းအားကြီးလှကာ ထိုပြိုင်ဘက်ကင်းသည့် ရှေးဟောင်းမျိုးစေ့နှင့် ပေါင်းစည်းပြီးသွားသည့်နောက် ဤကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ ခုတွင် သူ့ပြိုင်ဘက် ဘယ်နှယောက်များရှိသနည်း..

ထို့အပြင် ရှီ‌ဟောင်သည် အချိန်အတော်ကြာအောင် ပျောက်သွားသောကြောင့် သူ၏ကျော်ကြားမှုမှာ လေထဲတွင်ရှိနေသည့် ခရမ်းရောင်နေကောင်းကင်ဘုရင်ထက် ပို၍ နိမ့်နေခြင်းပင်။

“ဟုတ်တယ် .. ကျုပ် ခင်ဗျားနဲ့တိုက်ချင်တယ် .. ခင်ဗျား လက်ခံမှာလား..” ခရမ်းရောင်နေကောင်းကင်ဘုရင် ခေါင်းညိမ့်၍ ပြောလိုက်သည်။ ထိုခရမ်းရောင်နေလုံးထဲမှ ပုံရိပ်လေး ပေါ်လာလေပြီ။

အောက်ဘက်တွင်ရှိနေသည့်သူအားလုံး ထိတ်လန့်သွားရသည်။ ဂျီးနီးယပ်စ်နှစ်ယောက် တိုက်တော့မှာလား .. သို့သော် ဟွမ် လက်ခံမခံ မသိရသေး .. သူက ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား..

“ကိစ္စမရှိဘူး..” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူပျော်ရွှင်စွာပင် သဘောတူလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူလည်း သူ၏သုံးနှစ်တာ ကျင့်ကြံမှုရလဒ်အား သိချင်နေသည်ပင်။

သူထွက်သွားတာကြာတော့ လူတွေ သူ့ကို မေ့ကုန်ပြီ။ ကျင်းကျောင်ရှီးလိုလူမျိုးတောင်မှ သူ့ကို လာပြီးစော်ကားရဲနေတယ်ဆိုတော့ သူလက်ရှိလောကက သူရဲကောင်းတွေနဲ့ တစ်ပွဲတစ်လမ်းတော့ နွှဲရမယ်ထင်တယ်..

“သခင်လေး .. သခင်လေးကိုယ်တိုင် တိုက်စရာလိုလို့လား .. ကျွန်တော် သခင်လေးကိုယ်စား တိုက်ပေးရင်ရော..” သူ့ဘေးဘက်မှ အစောင့်မှ ပြောလိုက်သည်။

သူတို့ ဤလူအား အစောင့်ဟုခေါ်ကြသော်လည်း သူသည် အသက် ၂၅၊ ၂၆ ခန့်ရှိနေပြီး သူ့ဘဝ၏ရွှေရောင် အပိုင်းအခြားသို့ ရောက်နေသည်ပင်။ သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်ကြောင့် နာမည်ကြီးလာခြင်းပင်။

သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်ဘေးနား၌ နေ့တိုင်းနေရကာ ကျမ်းစာမျိုးစုံကို ဖတ်ကာ ရှေးဟောင်းကောင်းကင်ပညာများကို လေ့လာခဲ့ရသောကြောင့် သူ၏ခွန်အားလည်း အတော်လေး တိုးတက်လာသည်။ သူသည် တကယ်ကို စွမ်းအားကြီးလှကာ သူ၏ပြိုင်ဘက်လည်း ရှားပါးသည်ပင်။

“နောက်လိုက်တစ်ယောက်ကများ ဒီလိုမျိုးလုပ်ရဲတယ်ပေါ့ .. တကယ်ကို ရဲတင်းလိုက်တာ..” ခရမ်းရောင်နေကောင်းကင်ဘုရင်မှ ကျောင်းသားများ ဒေါသထွက်သွားရသည်။ ရှီဟောင်က ဘယ်လိုအဆင့်အတန်းမျိုးမို့လို့လဲ .. ဤနောက်လိုက် မည်မျှပင် စွမ်းအားကြီးနေပါစေ သူသည် အစေခံတစ်ယောက်ပင်။ သူက ဘယ်လိုလုပ် ဟွမ်ကို တိုက်ရိုက်စိန်ခေါ်ရဲနေတာလဲ..

“နောက်ဆုတ်..” ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ လေးနက်လှသည်။ သူသည် အနည်းငယ် မပျော်မရွှင်ဖြစ်သွားကာ သူ၏နောက်လိုက်အား ဆူပူလိုက်သည်။

ကျီထုန်အမည်ရှိသည့် နောက်လိုက်တွင် နီရဲနေသည့်နှုတ်ခမ်းများနှင့် ဖြူဖွေးနေသည့် သွားများရှိနေသည်ပင်။ သူသည် အလွန်ချောမောခန့်ညားသည့်သူတစ်ယောက်ပင်။ ထိုစကားကိုကြားသည်နှင့် သူသည် မကျေနပ်သော်လည်း အနောက်ဆုတ်ကာ ကျင်းကျောင်ရှီးနှင့်အတူ ရပ်လိုက်သည်။

“အစ်ကိုရှီက တော်တော်လေး ထူးခြားဆန်းကြယ်တယ် .. နှစ်နှစ်၊ သုံးနှစ်နီးပါးကို ပျောက်သွားတာဆိုတော့ ဘယ်လိုမျိုးစေ့နဲ့များ ပေါင်းစည်းခဲ့လဲဆိုတာ သိချင်မိတယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် မေးလိုက်သည်။

သူတကယ်ကို သိချင်နေခြင်းပင်။ ပြိုင်ဘက်ကင်းသည့်မျိုးစေ့မှာ ရှားပါးလှပြီး ရေတွက်၍ရသည်။

သူသိသလောက်ဆိုလျှင် ထိုမျိုးစေ့များအားလုံး ပိုင်ရှင်ရှိပြီးသားပင်။ ရှီဟောင်က ဘယ်ကနေ ရှာတွေ့လာတာလဲ..

သိချင်နေသည်မှာ သူတစ်ယောက်တည်းမဟုတ်။ အခြားသူများသည်လည်း အသက်အောင့်သာ သူ့အဖြေကို စောင့်နေကြသည်။ ရှီဟောင် မည်ကဲ့သို့သော ကံကောင်းမှုမျိုးကို တွေ့ခဲ့ရသည်ကို သူတို့သိချင်နေကြသည်။

“မင်းစိတ်ပျက်သွားလိမ့်မယ် .. ပြည့်စုံတဲ့မျိုးစေ့က နည်းနည်းပဲရှိတာ .. ထာဝရကျောင်းက ငါ့ကို တစ်ခု မပေးချင်တော့ ငါ့မှာ တစ်ခုမှ မရှိခဲ့ဘူး..” ရှီဟောင် ပြန်ဖြေလိုက်သည်။

ထိုစကားကိုကြားလိုက်သည်နှင့် အားလုံး၏တုံ့ပြန်ပုံ ကွဲသွားသည်။

အချို့သူများသည် ရှီဟောင်အတွက် မတရားသလို ခံစားလိုက်ရပြီး သူ့အတွက် စိတ်တိုပေးကြသည်။ သူသည် မျိုးဆက်တစ်ခု၏ ဂျီးနီးယပ်စ်ဖြစ်သော်လည်း သူ့အားမည်သူမှ အရေးကြီးသည့်သူအဖြစ် မသတ်မှတ်ခဲ့ကြ။ သူ့အား သင့်တော်သည့်မျိုးစေ့တစ်ခု မပေးခဲ့ကြ။ ဤသည်မှာ ဘာကိုဆိုလိုသနည်း .. ယနေ့မှစ၍ သူ စတင်နိမ့်ကျလာပြီး ကြီးမြတ်သည့်ရှုထော်၊ ကျင်ကျန်းတို့နှင့် ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်တော့။

ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ လူများမှာမူ သက်မချလိုက်ကြသည်။ သူတို့ခံစားနေရသည့် ဖိအားအတော်လေး နည်းသွားပြီး ရှီဟောင်အား မကြောက်ကြတော့။

အချို့သူများဆိုလျှင် တီးတိုးပင် ရယ်မောနေသည်အထိပင်။

“နှမြောစရာပဲ .. သူ့ရဲ့ပညာက စွမ်းအားပြည့်ဝပေမယ့် နောက်ဆုံးတော့ သူက လိုအပ်ချက်တွေ ရှိနေတုန်းပဲ .. သူ အဆင့်လွန်သက်ရှိအစစ်တွေနဲ့ ယှဉ်နိုင်မှာမဟုတ်တော့ဘူး”

“ငါသာဆိုရင်တော့ နေရာတစ်ခုကို ရှာပြီးတော့ ပုန်းနေတော့မှာ .. ဘာလို့ဒီကိုလာတာလဲ .. တစ်ခြားသူဖိနှိပ်တာကို ခံရတာက တော်တော်လေး ခံစားလို့ကောင်းတာလား..”

အချို့လူများမှာ သူ၏ကံဆိုးမှုအတွက် ပျော်ရွှင်နေကြလေသည်။ ရှီဟောင် ဆုတ်ယုတ်လာသည်ဆိုသည်မှာ သူတို့ကြောက်ရမည့်သူမရှိတော့ဘူးဟု ဆိုလိုခြင်းပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများမှာမူ စွမ်းအားကင်းမဲ့သွားသလို ခံစားလိုက်ရသည်။ ဤသည်မှာ အမှန်တရားပင်။ သူတို့ ကောင်းကင်နတ်ဘုရားကျောင်း ခေါင်းထောင်နိုင်တော့မည်မဟုတ်တော့။

“အရမ်းဝမ်းနည်းဖို့ ကောင်းတာပဲ..” ထာဝရကျောင်းမှ ဝူတိုင် လှောင်ရယ်လိုက်သည်။ သူသည် ယခင်က ရှီဟောင်၏အနိုင်ပိုင်းခြင်းခံလိုက်ရကာ သူငှားထားသည့် ကောင်းကင်လေးဘုရင်၏ အပြာရောင်ချပ်ဝတ်တန်ဆာပင် ယူသွားခံလိုက်ရသည်။ ထို့ကြောင့်ပင် သူသည် ရှီဟောင်အား အမုန်းကြီး မုန်းနေခြင်းပင်။

“ပြည့်စုံတဲ့မျိုးစေ့မရှိပဲနဲ့ ခင်ဗျားမှာဘယ်လိုအောင်မြင်မှုတွေ ရှိနိုင်မှာလဲ .. သခင်လေး ကျွန်တော့်ကိုသာ တိုက်ခိုင်းလိုက်ပါ..” ထိုနောက်လိုက်မှ နောက်တစ်ကြိမ် ထပ်ပြောလာသည်။

“ပြည့်စုံတဲ့မျိုးစေ့ထက် တစ်ဆင့်နိမ့်တဲ့ အံ့အားသင့်ဖွယ်မျိုးစေ့နဲ့ ပေါင်းစည်းခဲ့တာလား..” ခရမ်းရောင်နေကောင်းကင်ဘုရင် အခြားမေးခွန်းတစ်ခု မေးလိုက်သည်။

“မဟုတ်ဘူး .. အံ့အားသင့်ဖွယ်မျိုးစေ့လည်း မရခဲ့ဘူး…” ရှီဟောင် ခေါင်းခါ၍ ပြောလိုက်သည်။

“ဟားဟား..” ဝူတိုင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ အပြာရောင်ချပ်ဝတ်တန်ဆာအခိုးခံရရုံသာမက သူ၏ခန္ဓာကိုယ်ပင် ပေါက်ကွဲထွက်ခဲ့သောကြောင့် သူအရှက်ရကာ မျက်နှာပင် မပြနိုင်ခဲ့။ ရှီဟောင်အား ကျင့်ကြံဆင့် နောက်တစ်ဆင့်တွင် ထပ်တွေ့မည်ဟု သူကြုံးဝါးထားခဲ့သည်။ ယခု ရှီဟောင်ထံ၌ ပြည့်စုံသည့်မျိုးစေ့မရှိသောကြောင့် သူ၏ လက်စားချေရမည့်အချိန် ရောက်လာလေပြီ။

သူ့ရန်သူ၏အခြေအနေ ဆိုးရွားနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ့စိတ်ထဲ အလွန်ပျော်ရွှင်သွားရသည်။

“သခင် .. ကျွန်တော့်ကိုပဲ တိုက်ခိုင်းလိုက်ပါ .. ကျွန်တော့်ရဲ့ မျိုးစေ့လောက်တောင် မျိုးစေ့ကောင်းကောင်းလေး မရထားတဲ့သူမျိုးကို သခင်ကိုယ်တိုင် တိုက်ဖို့ မထိုက်တန်ပါဘူး .. ကျွန်တော့်ကို လွှဲထားရင် လုံလောက်ပါပြီ..” ထိုနောက်လိုက်မှ နောက်တစ်ကြိမ် ပြောလိုက်သည်။

ထာဝရကျောင်းမှ လူအချို့သည် လွတ်လပ်စွာရယ်မောလာကြသည်။ အဘယ်ကြောင့်ဆိုသော် အချို့လူများသည် ရှီဟောင်နှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသည့်သူများပင်။ ယခု သူတို့ ရှီဟောင်အား စိုးရိမ်စရာ မလိုတော့ပေ။

ဤနေရာမှာ ချက်ချင်းပင် ဆူညံသွားသည်။

“ဘာလို့ ငါ့ညီအစ်ကိုကို အနိုင်ကျင့်ရဲနေကြတာလဲ..” ထိုအချိန်တွင် လေထဲ၌ အလင်းများ ထွက်ပေါ်လာသည်။ ရောင်စုံနတ်အလင်းနှင့်အတူ လူတစ်စု အလျင်အမြန် ရောက်လာကြသည်။

ဒုန်း..

ထိုလူစု မြေပြင်ပေါ်သို့ ဆင်းလိုက်သည်နှင့် ဖုန်ထလာသည်။ အရှေ့ဆုံး၌ရှိနေသည်မှာ ပေါင်မုန်လုံးမျက်နှာရှိသည့် ဖက်တီးလေးပင်။ သူသည် ငွေရောင်တာအိုဝတ်စုံအား ဝတ်ဆင်ထားသည်။ ဤသည်မှာ ချောင်ယုရှင်းပင်။

သူ၏ဘေးတွင် ကြေးမုံကဲ့သို့ တောက်ပနေသည့် ငွေရောင်ဆံပင်နှင့် မိန်းမပျိုလေးရှိသည်။ သူမသည် အသက် ၁၅၊ ၁၆ ခန့်သာ ရှိနေသေးသည်။ သူမ၏မျက်လုံးများမှာ ပတ္တမြားကဲ့သို့ နီရဲတောက်ပနေ၏။ ဤသည်မှာ ယုန်ဖြူလေးပင်။

“ရှင့်ကိုယ်ရှင် အရမ်းထူးခြားတဲ့သူလို့ ထင်နေတာလား .. ငတုံးနောက်လိုက်လေးတစ်ယောက်ကများ ဟွမ်ကို စိန်ခေါ်ရဲတယ်ပေါ့ .. မင်းလိုမျိုးအမှိုက်မျိုးကတော့ .. လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကဆိုရင်တော့ မင်းစားခံရပြီ..” လကျောက်စိမ်းယုန် မျက်လုံးများကို ပြူးကျယ်လိုက်ပြီး ခြိမ်းခြောက်သည့်ပုံစံဖြင့် ပြောလိုက်သည်။

သူတို့နှစ်ယောက်ဘေးတွင် ချန်ကုန်းယန်၊ စုန်းမ၊ ဖုန်းဝူ၊ ကျန်းဂု၊ ရွှေမီးကလန်မှထျန်ယိ၊ နဂါးမိန်းမပျိုနှင့် အခြားသူများ ရှိနေသည်။ အများစုမှာ အလေးအမြတ်ကျောင်းသို့ ဝင်သွားသည့် စီရင်စုသုံးထောင်မှ လူများပင်။

နောက်လိုက် စိတ်ရှုပ်သွားရ၏။ ဤနှစ်များတွင် သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်ဘေး၌ ရှိနေသောကြောင့် မည်သူကများ သူ့အားမလေးမစားဆက်ဆံရဲသနည်း.. အားလုံးမှာ သူ့အားသတိကြီးကြီးထားကာ လေးလေးစားစားဆက်ဆံကြသည်ပင်။ သို့သော် ယနေ့တော့ ဤကဲ့သို့ ဆက်ဆံခံနေရသည်။

“မင်းတို့အားလုံး .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကွာခြားချက်ကို မသိတဲ့သူတွေ .. ဟွမ်က ဘာများထူးခြားနေလို့လဲ .. သူ အရင်တုန်းက ခွန်အားကြီးတာကိုတော့ ငါဝန်ခံပါတယ် .. ဒါပေမဲ့သူက အခု ထိုက်တန်လို့လား .. သူက ပြစ်ချက်တွေရှိနေတဲ့ မျိုးစေ့တစ်စေ့ကိုတောင် မရှာနိုင်ဘူး.. သူ့ရဲ့အောင်မြင်မှုကလည်း အကန့်အသတ်နဲ့ဖြစ်သွားပြီ..” ထိုနောက်လိုက်‌ အော်ဟစ်လိုက်သည်။

“သူ တာအိုမျိုးစေ့နဲ့ မပေါင်းစပ်ထားပေမယ့် သူက ဟွမ်ဖြစ်နေရုံနဲ့တင်ကို ရှင့်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့သတ်လို့ရတယ် ..” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။ ဒေါသထွက်လာသောကြောင့် သူမ၏ ဖြူဖွေးသည့်မျက်နှာပင်လျှင် အနည်းငယ် နီလာသည်။

“ဟုတ်တယ် .. သူ လောကကြီးကို လွှမ်းမိုးနေတဲ့အချိန်တုန်းက မင်းက ဘယ်ချောင်ထဲသွားပုန်းနေမှန်းတောင် မသိဘူး..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

“ဒီနှစ်နှစ်အတွင်းမှာ ဟွမ် ဘာဖြစ်ခဲ့လဲမသိပေမယ့် သူ့လက်ညှိုးတစ်ချောင်းတည်းနဲ့ မင်းကို သတ်နိုင်တယ်ဆိုတာ ငါယုံကြည်တယ်..” စုန်းမ၏အပြုံးမှာ သက်ရှိအားလုံးကို မူးဝေသွားစေနိုင်သည်။ သူမ၏အပြုံးမှာ အလွန်ညှို့အားပြင်းလွန်းလှသည်ပင်။ ရှီဟောင် ခွန်အားကြီးသည်ဟု ယုံကြည်ရန် သူမထံ၌ ဘာအကြောင်းပြချက်မှ မလိုပေ။

“ဟုတ်တယ် .. လက်ညှိုးတစ်ချောင်းတည်းနဲ့မင်းကို စုတ်ပြတ်သွားအောင် လုပ်လို့ရတယ်..” စီရင်စုသုံးထောင်မှ အခြားကျင့်ကြံသူများလည်း အော်ဟစ်လိုက်ကြသည်။

ရှီဟောင် နွေးထွေးသွားရသည်။ ဤလူများသည် သူတို့ရောက်လာသည်နှင့် သူ့အား ကာကွယ်ပေးခဲ့ကြသည်။

နောက်လိုက်မှာ မျက်နှာပျက်သွားကာ ဒေါသထွက်လာရသည်။ သူ ယခင်က တစ်ခါမှ ဤမျှအရှက်မကွဲဖူး။ “ဘယ်သူက ငါ့ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ဖျက်ဆီးနိုင်မလဲဆိုတာ သိချင်တယ်..” သူအရှေ့သို့တက်လာကာ ပြောလိုက်သည်။

မြင်ကွင်းမှာ အလွန်တိတ်ဆိတ်သွားပြီး အသက်ရှူသံပြင်းပြင်းသာ ထွက်လာသည်။

“မင်းဖြစ်ချင်သလို လုပ်ပေးရမှာပေါ့..” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ မမြန်လှသော်လည်း အလွန်တိကျလှသည်။ သူ၏ညာလက်ကိုမြှောက်ကာ လက်ညှိုးဖြင့် ထိုးလိုက်သည်။

“လာခဲ့လိုက်လေ..” နောက်လိုက် လှောင်ရယ်လိုက်သည်။ အဖိုးတန်ပညာတစ်ခုကို အသုံးပြုလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး တောက်ပလာသည်။ ကောင်းကင်တစ်ခုလုံးကို ခရမ်းရောင်စွမ်းအင်များ လွှမ်းခြုံသွားလေသည်။

ရှီဟောင် လက်တစ်ဖြည်းဖြည်း ကြီးလာသည်။ ထိုလက်မှာ သိပ်မမြန်သော်လည်း တောင်တစ်လုံးကဲ့သို့ လေးလံလာသည်။

ထိုနောက်လိုက် မျက်လုံးများမှေးကျဉ်းသွားရ၏။ အခြေအနေသိပ်မကောင်းတော့ဘူးဟု သူခံစားနေရသည်။

ထိုလက်ချောင်းတစ်ဖြည်းဖြည်းကြီးလာကာ တောင်တစ်လုံးကဲ့သို့ပင် သူ့အားဖိနှိပ်လာသည်။ သူမည်သည့်လျှို့ဝှက်ပညာအား သုံးနေပါစေ သူထိုနေရာမှ မလွတ်မြောက်နိုင်ဖြစ်နေသည်။

ဖုန်း..

ထိုလက်ညှိုး သူ့ခန္ဓာကိုယ်ကို ထိသွားသည်နှင့် အရိုးကျိုးသံများထွက်ပေါ်လာကာ သူ့ပါးစပ်မှ သွေးများအန်ထွက်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး လွင့်ထွက်သွားလေ၏။

သူ၏ရင်ဘတ်ကြီး ချိုင့်ဝင်နေကာ အခြားအစိတ်အပိုင်းများလည်း ပုံပျက်နေသည်။ သူ့တစ်ကိုယ်လုံး ပြိုကျတော့မတတ် ဖြစ်နေလေပြီ။

အပိုင်း ၁၄၅၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၀ – ကောင်းကင်ဘုရင်

ဤသည်မှာ လက်ညှိုးတစ်ချောင်းဖြစ်သော်လည်း ထိုနောက်လိုက်သည် လွင့်ထွက်သွားကာ အဝါရောင်သစ်ရွက်ခြောက်လေးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့ပါးစပ်မှ သွေးများ အန်ထွက်လာပြီး မြေပြင်တစ်ခုလုံး နီရဲသွားသည်။

သူ့ခန္ဓာကိုယ်မှာ ဥက္ကာခဲတစ်ခုနှင့် ရိုက်မိသွားသကဲ့သို့ တွန့်လိမ်နေလေသည်။

ဤသည်မှာ ပြင်းထန်လှသည့် ရိုက်ချက်ပင်။

ရှီဟောင်၏လက်ချောင်း ကြီးလာသည့်ပုံမှာ ယခင်ခေတ်မှ ‘ဘုန်းကြီး’ အမျိုးအစားရှေးဟောင်းထာဝရနှင့်တူသည်။

ထိုနောက်လိုက်မှာ မြေပြင်ပေါ်သို့ လဲကျသွားကာ ပြန်ပင်မထနိုင်တော့။

ဤသည်မှာ‌ ချောင်ယုရှင်း၊ ယုန်ဖြူလေး၊ စုန်းမနှင့်အခြားသူများအော်ဟစ်နေကြသည့် လက်ညှိုးတစ်ချောင်းနှင့် သူ့အား စုတ်ပြတ်သွားအောင် လုပ်ခြင်းပင်။

ဤနေရာမှာ မှော်မန္တန်တစ်ခုအောက် ကျရောက်သွားသကဲ့သို့ လုံးဝတိတ်ဆိတ်သွားသည်။ ဤမြင်ကွင်းအား မြင်ပြီးနောက် သူတို့စကားပြောရန်ပင် ခက်ခဲသွားသည်ကိုတွေ့လိုက်ရသည်။

ဒါက ဟွမ်လား .. သူက အခု ဒီလောက်စွမ်းအားကြီးတာလား … လက်ညှိုးတစ်ချောင်းတည်းနဲ့ နောက်လိုက်ကို မတိုက်နိုင်အောင် လုပ်လိုက်တာလား.. ဤသည်မှာထိတ်လန့်စရာကောင်းလွန်းလှသည်။

ဤကျီထုန်ဟုခေါ်သည့်သူမှာ သာမန်လူမဟုတ်ကြောင်း သိရန်လိုအပ်သည်။ သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်နောက်လိုက်ကာ ကောင်းကင်ဘုရင် ကျင့်ကြံသည့် ကျမ်းစာများကို သိမ်းဆည်းကာလေ့လာခွင့်ရခဲ့သည်။

ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းတွင် သူသည်လည်း သူရဲကောင်းကျွမ်းကျင်သူတစ်ယောက်ဟု ပြော၍ရသည်။

သို့သော် တိုက်ခိုက်လိုက်သည့်သူမှာ ဟွမ်ဖြစ်ကြောင်း ပြန်စဉ်းစားမိလိုက်သည့်အချိန်တွင် အခြေအနေမှာ လေးနက်လာပြီဟု အားလုံးခံစားလိုက်ရသည်။

တစ်ခဏအတွင်းမှာပင် လေထုမှာ အနည်းငယ်မွန်းကျပ်သွားရသည်။ ဟွမ် ပြည့်စုံသည့်မျိုးစေ့ မရခဲ့သည်ကို မယုံကြည်တော့သည့်သူ များလာသည်။ သူ သေချာပေါက်ပင် ကောင်းကင်ကြီးကို တုန်လှုပ်စေနိုင်လောက်သည့် အခွင့်အရေးကြီးအား ရရှိခဲ့သည်ပင်။

တစ်ချိန်တည်းမှာပင် အချို့သူများသည် ခရမ်းရောင်နေကောင်းကင်ဘုရင်အား ကြည့်လိုက်ကြ၏။

အဆင့်လွန်လူငယ်များကြားမှ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်သောကြောင့် ဤနေရာမှာ တိတ်ဆိတ်သွားလေပြီ။

အားလုံးသည် နားမလည်နိုင်သော်လည်း ရှီဟောင်၏ခွန်အားကို သံသယဝင်ကြတော့မည်မဟုတ်။

“အထင်ကြီးစရာကောင်းလိုက်တဲ့ နည်းလမ်း .. မူလရှေးဟောင်းမှတ်တမ်းကို သုံးပြီးတော့ ပညာတွေကို အဆင့်တက်ထားတယ် .. ပုပ်သိုးနေတဲ့အရာကို အံ့အားသင့်စရာကောင်းတဲ့အရာဖြစ်အောင် လုပ်ထားတယ် .. ဒါက ဒီကျမ်းစာတွေကို ထပ်ခါတလဲလဲဖတ်ပြီးတော့ သေချာနားလည်တဲ့သူမှ လုပ်နိုင်တာ” လန်ရှန်း ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ သူမစကားမှတစ်ဆင့် ရှီဟောင် ဘာပညာလေ့လာခဲ့သည်ကို အားလုံးသိသွားကြရသည်။ ဤသည်မှာ ရှေးဟောင်းကျမ်းစာဖြစ်သည့် မူလရှေးဟောင်းမှတ်တမ်းပင်။

ဤရှေးဟောင်းပညာ၏ အပေါ်ပိုင်းကို နတ်လမ်းညွှန်ဟု‌ ခေါ်ကြသည်။ ဤအပိုင်းမှာ ထိပ်တန်းကလန်အချို့၏ ရတနာသိုက်များထဲ၌ ရှိသည်ပင်။ ထို့ကြောင့် ဤသည်မှာ ထိုကလန်အမွေဆက်ခံသူများအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့။

သို့သော် ထိုနတ်လမ်းညွှန်၏ ဝိညာဉ်တစ်သောင်းသင်္ကေတမှာ အားလုံးမြင်ဖူးသည့်အရာတစ်ခုမဟုတ်။

ရှီဟောင် ဤသည်ကို အဆင့်နိမ့်နယ်မြေ အနောက်ဘက်သင်္ချိုင်းရှိ နတ်အရိုးများ ပြည့်နှက်နေသည့် ထူးဆန်းသည့်ယဇ်ပုလ္လင်ထက်မှ ရရှိခဲ့ခြင်းပင်။

ရှီဟောင်သည် နတ်လမ်းညွှန်ကို ကျင့်ကြံရုံသာမက ဤသင်္ကေတမှလည်း အသိအမြင်များ ရရှိခဲ့သည်ပင်။

သူ့အသက်အရွယ်တွင် မူလရှေးဟောင်းမှတ်တမ်း၏ နတ်လမ်းညွှန်ကို အပြည့်အဝနားလည်နိုင်ရန် ခက်ခဲလှသည်။ အချို့မကောင်းဆိုးဝါးအိုကြီးများသာ အနည်းငယ် နက်နက်နဲနဲ နားလည်နိုင်သည်ပင်။

ရှီဟောင် တာအိုလေ့လာသည့်အချိန်တိုင်း ဤမူလရှေးဟောင်းမှတ်တမ်းကို လေ့လာခဲ့သောကြောင့် ယခုအချိန်တွင် သူဤကျမ်းစာကို အတော်လေး နားလည်နေပြီး သူ၏ဗဟုသုတမှာ အခြားသူများထက် လေးနက်နေလေပြီ။

ယခုအချိန်တွင် သူသည် ဘာမှပြန်မပြောသလို ဘာအမူအရာမှလည်း မပြပေ။

ကောင်းကင်ထက်တွင်ရှိနေသည့် ခရမ်းရောင်နေလုံးကြီးမှာ နောက်ဆုံးတော့ တည်ငြိမ်သွားလေပြီ။ ကောင်းကင်ဘုရင်လေးမှာ တည်ငြိမ်နေသော်လည်း သူ့အသံမှာ ကောင်းကင်၏ အခြားတစ်ဖက်မှ လာနေသကဲ့သို့ပင် အားလုံးအား ကျောချမ်းစေသည်ပင်။

“ဒါက တကယ်ကို မူလရှေးဟောင်းမှတ်တမ်းပဲ .. အဖိုးတန်ပညာတွေမသုံးပဲ ဒီပညာတစ်ခုတည်းကို လေ့လာရင်တောင်မှ ဒီပညာကို အမြင့်ဆုံးအဆင့်ထိ နားလည်သွားရင် ဒီပညာနဲ့ တစ်ခြားပညာတွေအားလုံးကို ပေါင်းစည်းလို့ရတယ်တဲ့ .. ရိုးရှင်းတဲ့အရိုးစာသားလေးတွေနဲ့ ရန်သူတွေ အားလုံးကို ရှင်းပစ်နိုင်တယ်တဲ့ .. ကြည့်ရတာ ဒီစကားတွေက အလကားသက်သက်ဖြစ်လာတာ မဟုတ်ဘူးပဲ” ခရမ်းရောင်နေကောင်းကင်ဘုရင်မှ ပြောလိုက်သည်။

အားလုံး တုန်လှုပ်သွားရ၏။ သူက ရှီဟောင်ကို အသိအမှတ်ပြုလိုက်တာလား .. သူ့ရဲ့နည်းလမ်းကို ချီးကျူးလိုက်တာလား..

ဤပညာကို ရရှိရန် မခက်ခဲသော်လည်း ကြောက်စရာကောင်းသည်မှာ နောက်ပိုင်းပင်။ ဤပညာကို တကယ် နက်နက်နဲနဲသိလိုပါက မကောင်းဆိုးဝါးအိုကြီးများပင်လျှင် ကူကယ်ရာမဲ့သွားလိမ့်မည်။

နောက်တစ်ပိုင်းဖြစ်သည့် သာလွန်ခြင်းဆိုလျှင် လေ့လာဖို့မပြောနှင့် ဤအပိုင်းကို ရှာတွေ့ရန်ပင်မဖြစ်နိုင်။ ဤအပိုင်း မည်သည့်နေရာ၌ ရှိမှန်းပင်မသိ။ ယခင်ခေတ်မှ ယခုအချိန်ထိ ဤအပိုင်းကို တွေ့ဖူးသည့်သူ များများစားစားမရှိသေး။

သာလွန်ခြင်းအပိုင်းသည် အဆင့်လွန်ခန်းမ၌ရှိသည်ဟုလည်း ပြောကြသည်။ သို့သော်လည်း အဆင့်လွန်ခန်းမဆိုသည်မှာ မရှိတော့ပေ။

“အစ်ကိုရှီ .. မင်း တကယ်ကို ပြည့်စုံတဲ့မျိုးစေ့တစ်ခု မရထားဘူးလားဆိုတာ ကျုပ် မေးချင်မိတယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် လေးနက်စွာ ထပ်မေးလိုက်သည်။

ရှီဟောင် မည်ကဲ့သို့သော မျိုးစေ့မျိုးရခဲ့သည်ကို အခြားသူများလည်း သိချင်နေကြသည်ပင်။ သူတို့အားလုံး သေချာနားထောင်နေကြလေ၏။

“ထာဝရကျောင်းမှာ အဖိုးတန်မျိုးစေ့ တစ်စေ့၊ နှစ်စေ့လောက်ရှိပေမယ့် သူတို့တွေက တစ်ခြားသူတွေအတွက် ပြင်ဆင်ထားတာ .. ကျုပ် အဲဒါတွေကို ပိုင်ဆိုင်ဖို့ အခွင့်အရေးမရှိခဲ့ဘူး” ရှီဟောင် ပြန်ဖြေလိုက်သည်။ သူ တာအိုမျိုးစေ့မရခဲ့ကြောင်း ခိုင်မာစွာ ပြောလိုက်သည်။

ဤစကားကိုကြားသည်နှင့် လူများစွာ ဆွံ့အသွားရသည်။ သူ့မှာ ရှားပါးတဲ့အဖိုးတန်မျိုးစေ့မရှိတာတောင်မှ သူဒီလောက်ထိစွမ်းအားကြီးနေတာ .. သူ့သာ တစ်ခုရသွားရင် ဘယ်လောက်တောင် စွမ်းအားကြီးလာမှာလဲ..

လူများစွာ ဝမ်းနည်းစွာ သက်ပြင်းချလိုက်ကြသည်။ သူ့အား အံ့အားသင့်နေကြသော်လည်း တစ်ချိန်တည်းမှာပင် သူ့အတွက် ဝမ်းနည်းမိသွားသည်။ သူသာ ပြည့်စုံသည့်မျိုးစေ့အား မရခဲ့လျှင် သူ ယခု မည်မျှပင် စွမ်းအားကြီးနေပါစေ သူသည် ဤအဆင့်လွန်လူငယ်များအောက် နိမ့်ကျမည်ပင်။ ပြည့်စုံသည့်မျိုးစေ့ဖြင့် ပေါင်းစည်းသွားသည်နှင့် ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသိအမှတ်ပြုခြင်း ခံလိုက်ရခြင်းပင်။ သူတို့သည် ကောင်းကင်သားတော်ကဲ့သို့ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးသွားမည်ပင်။

“ခင်ဗျား ရှေးခေတ်ထာဝရသက်ရှိရဲ့ ပြာမှုန့်ကိုရခဲ့ပြီး အဲဒီပြာမှုန့်တွေနဲ့ ပေါင်းစည်းခဲ့တာလား..” ထိုအချိန်တွင် ကြီးမြတ်သည့်ရှုထော်၏အသံ ထွက်ပေါ်လာသည်။ သူသည် လူလုံးထွက်ပြခြင်းမဟုတ်ပဲ လေထဲ၌ရှိနေသည့် ရွှေရောင်ပန်းကန်လုံးမှ အသံထွက်လာခြင်းပင်။

အားလုံး ဆွံ့အသွားရ၏။ သူမေးရသည့်ရည်ရွယ်ချက်ကို အားလုံး နားလည်သည်ပင်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤနည်းလမ်းဖြင့် အဆင့်လွန်လူငယ် ဖြစ်လာခြင်းပင်။

ဒီလိုမျိုးလား .. အားလုံး နားလည်သွားရသည်။

“မဟုတ်ဘူး..” ရှီဟောင် ပြန်ဖြေလိုက်၏။ ဤစကားမှာ အားလုံး၏သံသယကို ပယ်ဖျက်ပစ်လိုက်သည်ပင်။

ဤသို့ဆိုလျှင်တော့ ရှီဟောင် မည်မျှပင် စွမ်းအားကြီးပါစေ သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခွန်အားကို ယှဉ်နိုင်တော့မည်မဟုတ်တော့။

“ဒါက တကယ်ကို နှမြောဖို့ကောင်းတာပဲ .. အစ်ကိုရှီရဲ့ ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ စွမ်းရည်နဲ့တောင်မှ ပြည့်စုံတဲ့မျိုးစေ့ကို မရခဲ့ဘူး .. ဒါက ကံဆိုးလွန်းတာပဲ .. ဘဝရဲ့ အခမ်းနားဆုံးအောင်မြင်မှုကြီးကို လွဲချော်ခဲ့ရပြီပဲ”

ခရမ်းရောင်နေကောင်းကင်ဘုရင် ခေါင်းခါကာ ပြောလိုက်သည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များမှာ ယခုတော့ မျှော်လင့်ချက် လုံးဝမရှိတော့။ တစ်ချိန်တည်းမှာပင် ဒေါသလည်း ထွက်မိသည်။ ထာဝရကျောင်းမှာ မတရားဘူးဟု သူတို့ခံစားမိလိုက်သောကြောင့်ပင်။ သူတို့က ဘယ်လိုလုပ် ရှီဟောင်ကို စွန့်ပစ်ပြီးတော့ ပိုနေတဲ့မျိုးစေ့တွေကို တစ်ခြားသူတွေကို ပေးလိုက်တာလဲ..

“အဲဒါက ခင်ဗျားတို့ ထာဝရကျောင်းက လူအိုကြီးတွေရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့် မဟုတ်ဘူးလား .. အရည်အချင်းတွေကို မကြည့်ပဲနဲ့ သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ သက်ရှည်မိသားစုက ဆက်ခံသူတွေကို ပေးပစ်ပြီးတော့ ဟွမ်ကို လျစ်လျူရှုလိုက်တာ မဟုတ်ဘူးလား .. တကယ် မုန်းစရာကောင်းလိုက်တာ..”

ကောင်းကင်နတ်ဘုရားကျောင်းမှ အချို့လူများ ဒေါသတကြီးပင် ပြောလာကြသည်။

နောက်ဆုံး ရှေးဟောင်းမျိုးစေ့ကို မည်သူရသွားလဲတော့ မည်သူမှ မသိပေ။ ဤသည်မှာ ထူးဆန်းမှုတစ်ခုအဖြစ် ရှိနေဆဲပင်။

“ထာဝရကျောင်းက တရားနည်းလမ်းတကျ လုပ်တာပါ .. ကျေးဇူးပြုပြီး စကားလုံးတွေ ဆင်ခြင်ပေးပါ..” ခရမ်းရောင်နေကောင်းကင်ဘုရင်၏အသံမှာ မတည်ငြိမ်တော့ပဲ အေးစက်လာသည်။

အားလုံး စိတ်ထဲ တုန်လှုပ်သွားရ၏။ ဤလူငယ်လေးသည် ထာဝရကျောင်းမှ လာခြင်းဖြစ်ပြီး ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့သည်လည်း ထာဝရကျောင်းမှဖွင့်သည့် လှိုဏ်ဂူတစ်ခုမှ ရခဲ့ခြင်းပင်။ ထို့ကြောင့် သူ့ကျောင်းအား မကောင်းပြောသည်ကို သူဘယ်လိုလုပ် သည်းခံနိုင်မည်နည်း..

“ဒါပေမဲ့ တကယ် နှမြောစရာပဲ … ကျုပ်အစက ကျုပ်ရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ခင်ဗျားနဲ့ တိုက်ချင်ပေမယ့်လည်း ကြည့်ရတာ အခုတော့ ခင်ဗျားက ကျုပ်ကို စိတ်ပျက်စေတာပဲ..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဤနေရာကို အထင်သေးလိုက်သည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်အမြင်တွင် ပြည့်စုံသည့်ရှေးဟောင်းမျိုးစေ့ မရသည့်သူများမှာ သူနှင့်မျက်နှာချင်းဆိုင်ရန် အရည်အချင်းမရှိ။ သူ၏ပြိုင်ဘက်မဖြစ်ထိုက်။

သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း ဤကဲ့သို့သော အထက်စီးဆန်မှုနှင့် စွမ်းအားကြီးသည့်အရည်အချင်းမှာ အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးများအား တောက်ပသွားစေသည်ပင်။

“ကောင်းကင်ဘုရင်က တကယ်ကို ထူးခြားတာပဲ .. ဒီလောက်အသက်လေးနဲ့ အဆင့်လွန်လူငယ်ဖြစ်လာတယ်..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ရှီဟောင်ကို ဆန့်ကျင်ခဲ့သည့်သူများမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင် သူ၏စွမ်းအားကို ပြသရန် မျှော်လင့်နေကြသည်။ သူ ရှီဟောင်ကို ဖိနှိပ်လျှင် ပိုတောင်ကောင်းမည်ပင်။

“သခင်သာ တိုက်ခိုက်ရင် ရန်သူအားလုံး ဖိနှိပ်ခံရမှာပဲ .. ဟွမ်က သေချာပေါက် သခင်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး..” နာကျင်မှုကို အံကြိတ်ခံနေရသည့် နောက်လိုက်ပင်လျှင် တည်ငြိမ်အေးဆေးသည့်အမူအရာဖြင့် ပြောလာသည်။

သူ့နောက်၌ရှိနေသည့် ကျင်းကျောင်ရှီးမှာ အလွန်စိတ်လှုပ်ရှားနေပြီး စကားကို လက်လွတ်စပယ်မပြောတော့ပေ။ ထိုအနောက်၌သာ ပုန်းနေလိုက်သည်။

“ကောင်းကင်ဘုရင်က စွမ်းအားအကြီးဆုံးပဲ .. ဒီမျိုးဆက်မှာ သူနဲ့ယှဉ်လို့ရတဲ့သူမရှိဘူး..” ထာဝရကျောင်းမှ ဝူတိုင်နှင့် အခြားသူများ ရှီဟောင်ကို အေးစက်စွာ ကြည့်ပြီး ပြောလာကြသည်။

“တကယ်ကို စိတ်ကြီးဝင်နေတာပဲ … ဘာ ကောင်းကင်ဘုရင်လဲ .. ငါအရင်တုန်းက တစ်ခါမှ မကြားဖူးဘူး..” ယုန်ဖြူလေး ဒေါသတကြီး ပြောလိုက်သည်။

ချောင်ယုရှင်း၊ ဖုန်းဝူနှင့် အခြားသူများလည်း ပြန်ပြောချင်ကြသော်လည်း ဤကောင်းကင်ဘုရင်လေးမှာ အထက်စီး၌ရှိနေသည်ဟု သူတို့ခံစားကြရသည်။ သူတို့သာ သူနှင့်ဆန့်ကျင်သောကြောင့် သူနှင့်ရှီဟောင် တိုက်ခိုက်ကြပါက ရှီဟောင်အတွက် ကောင်းနိုင်ပါ့မည်လား .. ရှီဟောင် ရှုံးနိမ့်သွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည်ကို သူတို့စိုးရိမ်နေကြသည်ပင်။

“ရှီဟောင် ထိပ်ဆုံးမှာရှိနေတုန်းက မင်းတို့မကောင်းတဲ့ကောင်တွေကို ဘာလို့ မတွေ့ခဲ့ရတာလဲ .. အခု မင်းတို့ကိုယ်မင်းတို့ ပြိုင်ဘက်ကင်းတဲ့သူလို့ ထင်နေကြတာလား .. တကယ်ကို အရှက်မရှိတာပဲ.” လကျောက်စိမ်းယုန် အံကြိတ်၍ ပြောလိုက်သည်။

ရွှီး..

ခရမ်းရောင်နေကောင်းကင်ဘုရင် လက်ညှိုးထိုးလိုက်သည်နှင့် ဆေးလုံးတစ်လုံး ထွက်လာကာ နောက်လိုက်၏ပါးစပ်ထဲသို့ ဝင်သွားလေသည်။ ထိုဆေးလုံးသည် အပူလှိုင်းအဖြစ် ပြောင်းလဲသွားကာ သူ၏ခြေလက်နှင့် အရိုးများထံသို့ ဦးတည်သွားကာ သူ၏ဒဏ်ရာများကို ကုသပေးသွားသည်။

ဤသည်မှာ အဖိုးတန်ဆေးပင်များဖြင့် ပြုလုပ်ထားသည့် ဆေးလုံးပင်။ အဓိကပါဝင်ပစ္စည်းမှာ အသက်ကယ်နိုင်သည့် နတ်ဆေးပင်ပင်။ ဤဆေးမှာ ချက်ချင်းပင် ဆေးစွမ်းပြလာလေ၏။ နောက်လိုက်၏ခန္ဓာကိုယ် တောက်ပလာကာ သူ၏ကြွက်သားများနှင့် အရိုးများကို ပြန်ဆက်ပေးသွားသည်။ ထို့နောက် သူမတ်တပ်ထရပ်လာလေသည်။

“သခင် .. ကျေးဇူးပြုပြီး တိုက်ခိုက်ပေးပါ .. ဟွမ်က မောက်မာလွန်းတယ် .. ကျွန်တော့်ကို ဒီလိုမျိုး အရှက်ခွဲတာက သခင့်ကို မလေးမစားလုပ်တာနဲ့ အတူတူပဲ..” နောက်လိုက်မှ ပြောလိုက်သည်။ သူသည် ရှီဟောင်အား အံကြိတ်ကြည့်နေပြီး ခရမ်းရောင်နေကောင်းကင်ဘုရင်မှ ဤလူကို ဖိနှိပ်ပစ်ရန် မျှော်လင့်နေလေသည်။

“တော်တော့ .. နောက်ဆုတ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဆူပူလိုက်သည်။

“မင်း ငါနဲ့ တိုက်ချင်တာမဟုတ်ဘူးလား..” ရှီဟောင်မေးလိုက်သည်။

“ဒီကျင့်ကြံဆင့်မှာဆိုရင်တော့ မလိုဘူး..” ခရမ်းရောင်နေကောင်းကင်ဘုရင် အနည်းငယ် အေးစက်စွာ ပြောလိုက်သည်။

ပြောထားသလိုပင် ပြည့်စုံသည့် မျိုးစေ့မရှိသည့်သူများမှာ သူ့ထက်နိမ့်ကျသည့်သူများပင်။ သူတို့ကို ပြိုင်ဘက်အဖြစ် မမြင်နိုင်။

ရှီဟောင်၏နှုတ်ခမ်းထောင့်စွန်းလေး တွန့်ကွေးသွားကာ “မစမ်းကြည့်ပဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ..”

“ကောင်းပြီလေ..” ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ရုတ်တရက်ပင် ဤကဲ့သို့ တုံ့ပြန်လိုက်သောကြောင့် အားလုံး အနည်းငယ် အံ့အားသင့်သွားရသည်။ သူကဘာလို့ရုတ်တရက်ကြီး သဘောတူလိုက်တာလဲ..

“မင်းက ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ စွမ်းအားကြီးတယ်ဆိုတာ ငါသိတယ် .. အဲဒီတော့ ငါတို့တွေ ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ တိုက်ကြရင်ရော..” ခရမ်းရောင်နေကောင်းကင်ဘုရင် ပြောလိုက်သည်။

ပထမတော့ အားလုံး ဆွံ့အသွားကြသည်ပင်။ မည်သို့ပင်ဖြစ်စေ သူသည် သာမန်လူမဟုတ်ပေ။

သိထားရမည်မှာ ဟွမ်သည် ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် တောက်ပသည့်သူပင်။ ဘယ်သောအခါမှ မရှုံးဖူးသေး။

ယခု ခရမ်းရောင်နေကောင်းကင်ဘုရင် သူနှင့် ကောင်းကင်နတ်ဘုရားနယ်ပယ်၌ တိုက်ခိုက်ချင်နေသည်ဆိုသည်မှာ သူမည်မျှပင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်း ပြသနေခြင်းပင်။

အမျိူးသမီးကျင့်ကြံသူများမှာ ချက်ချင်းပင်စိတ်လှုပ်ရှားလာကြကာ အချို့သူများမှာ အော်ဟစ်နေကြလေသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ အလွန်စွမ်းအားကြီးကာ ဆုံးဖြတ်ချက်ပြတ်သားသည်ဟု သူတို့ခံစားလိုက်ရသည်။

“ကောင်းကင်ဘုရင် သေချာပေါက်နိုင်မှာ ..” မိန်းမပျိုများစွာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာကြလေသည်။

အပိုင်း ၁၄၆၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၁ – အရင် ဟွမ် ပါပဲ

ကောင်းကင်ထက်၌ ခရမ်းရောင်နေလုံးကြီး ရှိနေကာ အလင်းတန်းပေါင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖုံးအုပ်ထားသည်။

“ကောင်းကင်ဘုရင်က ပြိုင်ဘက်ကင်းတယ် .. သူက ဒဏ္ဍာရီတွေအားလုံးကို ဖြိုချပစ်မယ့်သူ..” လူများစွာ အော်ဟစ်လိုက်ကြ၏။

ထိုထဲမှ အများစုမှာ အမျိုးသမီးများပင်။ ထိုအမျိုးသမီးများထဲတွင် ကလန်မှ ပုလဲလုံးလေးများလည်း ပါဝင်မည်ပင်။ သူတို့အားလုံးသည် ခရမ်းရောင်နေကောင်းကင်ဘုရင်အတွက် စိတ်လှုပ်ရှားစွာပင် အော်ဟစ်နေကြသည်။

ထိုထဲမှ အချို့လူများမှာ အမျိုးသားများပင်။ ဥပမာအားဖြင့် ဝူတိုင်ကဲ့သို့သော လူများပင်။

“သခင် .. သခင်သေချာပေါက် သူ့ကို ဖိနှိပ်ရမယ် .. ဘာဟွမ်လဲ .. ဘာပြိုင်ဘက်ကင်းဒဏ္ဍရီလဲ .. ဒါတွေအားလုံးက ဘာလုပ်လို့ရမှာလဲ .. သခင်ထွက်လာတာနဲ့ သူသေချာပေါက် သေမှာပဲ..” နောက်လိုက်လည်း စူးရှစွာ အော်ဟစ်လိုက်သည်။

ကျင်းကျောင်ရှီး မျက်လုံးများ ပြူးကျယ်နေကာ သူ၏ရွှေရောင်မျက်ဆံမှ နတ်အလင်းများထုတ်လွှတ်နေသည်။ သူအတော်လေးစိတ်လှုပ်ရှားနေ၏။ ခရမ်းရောင်နေကောင်းကင်ဘုရင်သာ ရှီဟောင်ကို နိုင်သွားပါက သူလည်း စိတ်အေးသွားမည်ပင်။ ထို့ကြောင့် သူလည်း အော်ဟစ်လိုက်လေ၏။

ယခုအချိန်တွင် ဤနေရာမှာ အတော်လေးပင် လှုပ်ရှားသက်ဝင်ကာ ဆူညံနေသည်။ ကျွမ်းကျင်သူများစွာလည်း အလောတကြီး ရောက်လာကြလေ၏။

ခရမ်းရောင်နေသည် ဖြည်းညှင်းစွာ လှုပ်ရှားလာပြီး ရှီဟောင်နှင့် သိပ်မဝေးသည့်နေရာရောက်မှ ရပ်တန့်သွားသည်။

ယခုအချိန်တွင် အားလုံးသည် လေထဲတွင်ရှိနေသည့် ခရမ်းရောင်နေလုံးကြီးအား ခေါင်းမော့ကြည့်နေကြသည်ပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ အားလုံး၏အာရုံစိုက်ရာဖြစ်လာသည်။ သူ၏မှုန်ဝါးနေသည်ပုံရိပ်မှာ ပြိုင်ဘက်ကင်းသည့်ထာဝရသက်ရှိတစ်ယောက်ကဲ့သို့ပင်။ ခရမ်းရောင်နေလုံးကြီးသည့် သူ့ဘေးပတ်လည်၌ ကြောက်စရာကောင်းသည့်မီးတောက်များ ထုတ်လွှတ်နေသည်ပင်။

အချို့လူများမှာ တုန်လှုပ်သွားကာ ဒူးထောက်ရှိခိုးလာကြလေ၏။

အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နေမှ ထုတ်လွှတ်လာသည့် စွမ်းအင်လှိုင်းမှာ စွမ်းအားကြီးသည့်သူများကိုပင် ကြောက်လန့်တကြား တုန်ယင်သွားစေပြီး သူတို့ဝိညာဉ်များပင် တုန်လှုပ်လာကြသည်။

အခြားတစ်ဖက်တွင်ရှိနေသည့် ရှီဟောင်သည် တည်ငြိမ်စွာပင် ရပ်နေလေ၏။ သူ၏အဝတ်အစားအစွန်းမှာ‌ လေနှင့်အတူလွင့်နေကာ သူ့အား အားနည်းသည့်ပုံပေါ်စေသည်။

ယခုအချိန်တွင် အားလုံး၏အာရုံမှာ ထိုခရမ်းရောင်နေကြီးထံ၌သာ။ ချောင်ယုရှင်း၊ ချန်ကုန်းယန်၊ ယုန်ဖြူလေးနှင့် အခြားသူအနည်းငယ်မှလွဲလျှင် ရှီဟောင်အား အာရုံစိုက်နေသည့်သူ သိပ်မရှိ။

အဘယ်ကြောင့်ဆိုသော် ဟွမ် သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု အားလုံး ကောက်ချက်ချပြီးသားပင်။ သူမည်မျှပင် ခမ်းနားခဲ့ပါစေ ယခုအချိန်တွင်တော့ သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခြေနင်းတုံးလေးသာ ဖြစ်သွားလိမ့်မည်။

အချို့လူများမှာ သူ့ကို နှမြောသောကြောင့် သက်ပြင်းချနေကြသည်။ ဟွမ်၏ဒဏ္ဍာရီမှာ ယနေ့တွင် အဆုံးသတ်တော့မည်။

အချို့သူများသည်လည်း သူ့အားလှောင်ရယ်ရန် သူရှုံးနိမ့်မည့်အချိန်ကို စောင့်နေကြလေ၏။

“အဲဒါဆိုလည်း လာခဲ့လေ .. ကောင်းကင်နတ်ဘုရားနယ်ပယ်မှာ တိုက်ကြတာပေါ့ .. ဟွမ် .. မင်းက အရင်တုန်းက ဘယ်လောက်တောင်စွမ်းအားကြီးလဲဆိုတာ ကြည့်ကြတာပေါ့ .. မင်းရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ရဲ့လားဆိုတာ ကြည့်ကြတာပေါ့..” ခရမ်းရောင်နေကောင်းကင်ဘုရင်မှ အေးစက်စွာ ပြောလိုက်သည်။

“ရှီဟောင်..” အနောက်ဘက်မှ ယုန်ဖြူလေး၊ ချောင်ယုရှင်း၊ ဖုန်းဝူနှင့် အခြားသူများအားလုံး စိုးရိမ်သည့်အမူအရာများဖြစ်သွားကြသည်။ ကောင်းကင်နတ်ဘုရားအဆင့် ယှဉ်ပြိုင်ကြခြင်းဖြစ်သော်လည်း ဘာဖြစ်လာမလဲမသိနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ပြည့်စုံသည့်မျိုးစေ့နှင့် ပေါင်းစည်းပြီးသွားသည်နှင့် သူ၏ခန္ဓာကိုယ်မှာ ပြောင်းလဲသွားသည်ပင်။ ကောင်းကင်နတ်ဘုရားနယ်ပယ်မဟုတ်နိုင်တော့။

“စိတ်မပူပါနဲ့..” ရှီဟောင် သူတို့အား ရယ်မောပြပြီးနောက် ထိုခရမ်းရောင်နေနှင့် ရင်ဆိုင်လိုက်သည်။

“သူက ရန်သူကိုတောင် ထိပ်တိုက်ရင်ဆိုင်ရဲတာလား..” ထာဝရကျောင်းမှ လူအချို့ တီးတိုးပြောလိုက်သည်။

“ဟားဟား .. ဒါက မျိုးဆက်တစ်ခုရဲ့ အဆင့်လွန်လူငယ်လေးဖြစ်ခဲ့တဲ့ ဟွမ်ပဲလေ .. အဲဒီတော့ သူက ဘယ်လိုလုပ် ရှက်ရှက်နဲ့နောက်ဆုတ်ရဲမှာလဲ .. ဘာပဲဖြစ်ဖြစ် သူအဆုံးထိ ဆက်တိုက်လိမ့်မယ်..” ဝူတိုင်ပြောလိုက်၏။ သူသည် ရှီဟောင် ဆိုးဆိုးဝါးဝါးရှုံးနိမ့်မည့်အချိန်အား စောင့်ဆိုင်းနေခဲ့သည်ပင်။

ရှီဟောင်၏အဆုံးသတ်ကောင်းလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။ မည်သို့ပင်ဖြစ် ခရမ်းရောင်နေကောင်းကင်ဘုရင်သည် တာအိုမျိုးစေ့နှင့် ပေါင်းစည်းပြီးသွားပြီဖြစ်သည်ပင်။

“တကယ်နှမြောဖို့ကောင်းတာပဲ .. သူက အရင်တုန်းက ခမ်းနားတောက်ပခဲ့ပေမယ့် အခုတော့ ဒီလိုပုံစံမျိုးနဲ့ပဲ တိတ်တိတ်လေး ပျောက်ကွယ်သွားတော့မယ်..” တွ့န်ဆုတ်နေသည့် ကျင်းကျောင်ရှီးပင် ပြောလာသည်။

“ဘာမှ စိတ်ပူစရာမလိုတော့ဘူး .. သခင် တိုက်ခိုက်နေပြီ .. သူ့ကို ဘယ်သူမှ တားဆီးနိုင်မှာမဟုတ်ဘူး .. အခုကစပြီးတော့ ဟွမ် သူ့နေရာကနေ ပြုတ်ကျပြီ..” နောက်လိုက် ခနဲ့လိုက်သည်။

ဝုန်း..

ထိုအချိန်တွင် ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာကာ အားလုံးပါးစပ်ပိတ်သွားသည်။ ထို့နောက် တာအိုစွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ အားလုံးကို အတော်လေးထိတ်လန့်သွားစေခဲ့သည်။

ကြီးမားလှသည့် ခရမ်းရောင်နေကြီး ဖြည်းညှင်းစွာပင် ရွေ့လျားလာသည်။ ဤနေကြီးသည် စကြာဝဠာအတွင်းပိုင်းမှ သေမျိုးလောကထဲသို့ ကျဆင်းလာသကဲ့သို့ပင်။

ဤနေကြီးသည် ခရမ်းရောင်နေကောင်းကင်ဘုရင်အား ရစ်ပတ်ထားကာ ထူးဆန်းသည့်တာအိုဥပဒေသလည်း ရှိနေသည်။

ယခုအချိန်တွင် ထူးဆန်းသည့်စွမ်းအင်တန်းများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ တောတောင်နှင့် မြစ်များ ဟစ်ကြွေးနေသကသဲ့သို့ အသံမှာ ကြောက်စရာကောင်းလှသည်ပင်။

ဒါက ကောင်းကင်နတ်ဘုရားအဆင့်စွမ်းအားရော ဟုတ်ရဲ့လား..

ဤသည်မှာ ဂိုဏ်းခေါင်းဆောင်အချို့ကိုပင် ကြောက်ရွံ့စေနိုင်သည့် စွမ်းအားပင်။ ဒါကို ဘယ်လိုရင်ဆိုင်ရမှာလဲ..

ဒုန်း..

ထိုအချိန်တွင် ရှီဟောင် လေဟာနယ်ကို ဖြည်းညှင်းစွာ တွန်းလိုက်သည်။ ကောင်းကင်ကို ဖုံးလွှမ်းနေသည့် ခရမ်းရောင်စွမ်းအင်များ သူ့လက်ဝါးထဲသို့ လှိမ့်တက်လာသည်။

သူ့ထံသို့ ရောက်လာသည့် ခရမ်းရောင်စွမ်းအင်များမှာ သူ့ခန္ဓာကိုယ်ကို မထိလိုက်နိုင်ခင်မှာပင် ပြိုပျက်သွားကြသည်။

အားလုံး မျက်မှောင်ကြုတ်သွားရ၏။ ကောင်းကင်နတ်ဘုရားအဆင့်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်တောင်မှ ဟွမ်ကို မရှင်းနိုင်ဘူးလား..

“မထင်မှတ်ထားတာ တစ်ခုခုမဖြစ်ရင် ကျုပ်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တိုက်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး .. ဒါပေမဲ့ ခင်ဗျားရဲ့ အခမ်းနားဆုံးအချိန်က ဘယ်လိုမျိုးလဲဆိုတာ ကျုပ်သိချင်နေခဲ့တာ..” ခရမ်းရောင်နေကောင်းကင်ဘုရင်မှ ပြောလိုက်သည်။

သူ၏ဆိုလိုရင်းမှာရှင်းသည်။ ဘာမှမဖြစ်ခဲ့လျှင် ဂိုဏ်းခေါင်းဆောင်အဆင့်၌ သူ ရှီဟောင်နှင့်တိုက်ခိုက်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် သူ၏ပြိုင်ဘက်ဖြစ်ရန် အရည်အချင်းမရှိ။

ယခု သူသည် ကောင်းကင်နတ်ဘုရားအဆင့်သို့ လျှော့ချထားသောကြောင့် ဟွမ်နှင့် တိုက်ခိုက်နိုင်ခြင်းပင်။

“ခင်ဗျားက ကိုယ့်ကိုကိုယ်ယုံကြည်ချက် ပြင်းထန်လွန်းနေပြီ..” ရှီဟေင်သာမန်လေသံဖြင့်သာ ပြောလိုက်သည်။

“ဟွမ် .. ခင်ဗျားအကောင်းဆုံးလုပ်ပါ .. ခင်ဗျား ကျုပ်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် အော်ဟစ်လိုက်၏။ သူ၏အသံမှာ နွေရာသီတွင် ပစ်လိုက်သည့် မိုးကြိုးကဲ့သို့ပင်။

ထိုအချိန်တွင် နေနှင့်လ မတောက်ပတော့သလို တောတောင်နှင့်မြစ်များလည်း အရောင်အဆင်းကင်းမဲ့သွားသည်။ ဤလောကကြီးလည်း တုန်ခါလာလေ၏။

ခရမ်းရောင်စွမ်းအင်မြူဖြင့် ဖန်တီးထားသည့် နေကြီး သူ့အား ဝန်းရံနေသည်ပင်။ သူသည် အာကာသမှ ကြယ်များကြွေလာသကဲ့သို့ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးဆင်းသွားလိုက်သည်။

ဝုန်း..

ကောင်းကင်တစ်ခုလုံး ခရမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းသွားလေပြီ။

ကြောက်စရာကောင်းသည့် စွမ်းအင်များသည် ပင်လယ်တစ်ခုကဲ့သို့ပင် ထွက်ပေါ်လာသည်။ ဤသည်မှာ အားလုံးကို ဖိနှိပ်နိုင်သည့် ပြိုင်ဘက်ကင်းသည့်စွမ်းအားတစ်မျိုးပင်။

ဒါက ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ ခွန်အားလား .. အားလုံးဆွံ့အသွားရသည်။

အောက်ဘက်ရှိလူမှာ ခရမ်းရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းခြင်းခံနေရသည်ကို အားလုံး တွေ့လိုက်ရ၏။ ဤသည်မှာ ဟွမ်ပင်။

သူ ဒီတိုင်းပဲ အဆုံးသတ်သွားတော့မှာလား .. အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ငရဲကြီးရှစ်ထပ်အိုထက် အဆပေါင်းများစွာ စွမ်းအားကြီးသည်ပင်။

လကျောက်စိမ်းယုန်၊ ဖုန်းဝူနှင့် အခြားသူများအားလုံး မျက်နှာဖြူဖျော့သွားကြ၏။ သူတို့သည် အစကတည်းက စိုးရိမ်နေကြခြင်းဖြစ်ပြီး ယခုအချိန်တွင် ရှီဟောင် တကယ်အဆုံးသတ်သွားတော့မည်ဟု သူတို့ခံစားနေရသည်။ သူ့အသက်အန္တရာယ်ရှိနေပြီဟု ခံစားနေကြရသည်။

“ဟွမ်က အဲဒီလောက်မဟုတ်ဘူးဆိုတာ ငါအခု သိလိုက်ရပြီ .. သူ ခဏနေကျရင် ငါ့သခင်ဖမ်းတာခံရလိမ့်မယ်..” နောက်လိုက် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။

“ဟား ဟား .. မင်းလိုလူမျိုးလည်း ဒီလိုနေ့မျိုး ရောက်လာသေးတာလား .. မင်းအခု တွေ့ပြီလား .. ခရမ်းရောင်နေကောင်းကင်ဘုရင်က မင်းထက်အဆပေါင်းများစွာ ပိုပြီးတော့ စွမ်းအားကြီးတယ်..” ဝူတိုင် ရယ်မောလိုက်၏။

“ဒါ အစပဲရှိသေးတာကို အဆုံးသတ်တော့မှာလား..” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ခရမ်းရောင်နေမှ ရောင်စုံနတ်အလင်းတန်း တစ်တန်းပြီးတစ်တန်း ကျရောက်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။

ထိုနေရာမှာ အစပိုင်း၌ တည်ငြိမ်နေသော်လည်း တစ်ခုခုမှားနေပြီဟု အားလုံးခံစားလိုက်ရသည်။ ခရမ်းရောင်နေကြီး ရောက်သွားတာတောင် ဘာလိုု့ မပေါက်ကွဲသေးတာလဲ..

သေချာပါသည်။ ခရမ်းရောင်နေအောက်ဘက်၌ရှိနေသည့် ရှည်လျားသည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ လက်သီးတံဆိပ်တစ်ခု ထွက်ပေါ်လာလေ၏။

ထို့နောက် ခရမ်းရောင်စွမ်းအင်သည် ထိုနေရာကို မဖုံးလွှမ်းနိုင်တော့ပဲ ပေါက်ကွဲထွက်သွားသည်။

ဝုန်း..

နောက်ဆုံးတွင်တော့ မိုးကြိုးတစ်ခု လေဟာနယ်ကို ထိုးဖောက်လာလေသည်။

ဒုန်း..

ခရမ်းရောင်နေအောက်မှ ပုံရိပ်ထွက်ပေါ်လာလေပြီ။ ရှီဟောင်မှာ ချောမောခန့်ညားနေဆဲပင်။ ထိုလက်သီးချက်မှ အလင်းထွက်ပေါ်လာခြင်းမရှိပေ။ လက်သီးချက်သည် ရိုးရှင်းကာ သာမန်ဖြစ်သည်ဟု ထင်ရသော်လည်း နေလုံးကြီးကိုပင် တုန်လှုပ်သွားစေလေသည်။

အားလုံး ထိတ်လန့်နေကာ ဤနေရာတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်မှာ အပ်ကျသံ ကြားရလောက်အောင်ပင်။

ဘာဖြစ်နေတာလဲ .. ခရမ်းရောင်နေကောင်းကင်ဘုရင် ရှီဟောင်အား ဖိနှိပ်နေသည်ကို မြင်ခဲ့ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံး ပြောင်းလဲသွားသည်။ ထိုနေလုံးကြီးပင် ကွဲကြေမတတ် ဖြစ်သွားလေပြီ။

လှောင်ပြောင်နေခဲ့သည့် သူများအားလုံး ပါးစပ်ပိတ်သွားကြလေသည်။

နောက်လိုက်ပင်လျှင် ပါးစပ်ပိတ်သွားကာ စိုးရိမ်စွာ ကြည့်နေသည်။ ဝူတိုင်ဆိုလျှင် လည်ပင်းဖြတ်ခံထားရသည့်ဘဲကဲ့သို့ပင်။ အခြားသူများလည်း စိတ်ထဲ၌ တုန်လှုပ်နေကြသည်ပင်။

ဟွမ်က အရင်တုန်းကထက် ပိုပြီးတော့ အားကောင်းလာတယ်..

သူသည် ကောင်းကင်နတ်ဘုရားအဆင့်၌သာ ရှိသေးသော်လည်း ယခင်ကထက် ပို၍ အထင်ကြီးစရာကောင်းလာသည်။

အခြားဂျီးနီးယပ်စ်များ အဖိုးတန်မျိုးစေ့များနှင့် ပေါင်းစည်းသွားကာ လျင်မြန်စွာ အဆင့်တိုးတက်သွားသော်လည်း ဟွမ်လည်း နောက်ကျကျန်မနေခဲ့ပေ။

ဒုန်း..

ဆူညံသံကြီး နောက်တစ်သံ ထွက်ပေါ်လာသည်။ ရှီဟောင်၏လက်များသည် ခွန်ပန်သူ့အတောင်ပံများ ဖြန့်ကျက်သကဲ့သို့ လှုပ်ရှားသွားသည်။

သူသည် ခရမ်းရောင်နေကြီး အက်ကွဲကြောင်းများ ပေါ်သွားအောင် ပြုလုပ်လိုက်ပြီး လေထဲသို့ ပျံတက်သွားလိုက်၏။

ရွှီး..

ထိုနေလုံးကြီး အက်ကွဲသွားကာ ခရမ်းရောင်စွမ်းအင်တန်း ထောင်ပေါင်းများစွာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုစွမ်းအင်များအားလုံးသည် လေထဲ၌ ရပ်နေသည့် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ဿွားသည်။

“ငါ ကျင့်ကြံဆင့်မြင့်တဲ့စွမ်းအားကို မသုံးဘူးလို့ ပြောထားတာဆိုတော့ ဒီခရမ်းရောင်စွမ်းအင်ကို သုံးလို့မရဘူး .. ငါဒါကို ပြန်သိမ်းထားလိုက်မယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် ပြောလိုက်၏။

ထိုအချိန်တွင် ခရမ်းရောင်စွမ်းအင်များအားလုံး ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ၏ပုံစံအစစ်အမှန်ကို မမြင်ရသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ့ဘေးပတ်လည်၌ ခရမ်းရောင်အလင်းများ တောက်ပနေပြီး သူ့မျက်နှာပင် ကောင်းကင်မမြင်ရ။

သို့သော်လည်း အားလုံး သူ့ခန္ဓာကိုယ်အား မြင်နေရသည်ပင်။ သူ၏ခန္ဓာကိုယ်မှာ ရှည်လျားသွယ်လျပြီး ခရမ်းရောင်ဆံပင်များလည်း ဖြာဆင်းနေသည်။

“ဟွမ် .. လာတိုက် .. ငါစိတ်ပျက်အောင် မလုပ်နဲ့..” ခရမ်းရောင်နေကောင်းကင်ဘုရင် အောက်ဘက်သို့ ဆင်းလာသည်။

ဝုန်း..

ထို့နောက် လျှပ်စီးတန်းနှစ်ခု တွေ့ဆုံသွားသည်ဟု အားလုံးခံစားလိုက်ရပြီး ဤနေရာတစ်ခုလုံး လျှပ်စစ်အရောင်များ ဖုံးလွှမ်းသွားသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင် လှုပ်ရှားလိုက်သည်နှင့် သူသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ ရှီဟောင်နှင့် အချက်ရေ တစ်ထောင် ဆက်တိုက် တိုက်ခိုက်နေ၏။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်ပင်။

ထို့နောက် သူ့နောက်တွင် ခရမ်းရောင်ချီလင်း ပေါ်လာ၏။ သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်မှာ တောင်ထိပ်တစ်ခုထက်ပင် ကြီးမားနေသေးသည်။ သူ၏ဟစ်ကြွေးသံမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ထိုးဖောက်သွားသည်။

ဤကဲ့သို့သော အော်ရာမှာ အားလုံးကို အသက်ရှူရ ခက်ခဲသွားစေသည်။

ဤသည်မှာ ချီလင်းအဖိုးတန်ပညာပင်။ အားလုံး အံ့အားသင့်သွားရ၏။

ခရမ်းရောင်နေကောင်းကင်ဘုရင်သည် သားရဲ ၁၀ မျိုးထဲမှ တစ်မျိုး၏ ပညာကိုပင် အသုံးပြုနိုင်သောကြောင့် သူ၏မိသားစုနောက်ခံ မည်မျှကြီးမားသည်ကို သိနိုင်သည်။

ရှီဟောင်တစ်ကိုယ်လုံး တောက်ပလာ၏။ ဤသည်မှာ ပထမဆုံးအကြိမ် တောက်ပလာခြင်းပင်။ သူသည် ခွန်ပန်အဖြစ် ပြောင်းလဲတော့မလိုပင်။ သူသည်လည်း သားရဲ ၁၀ မျိုးထဲမှ တူညီသည့်သားရဲနှင့် ပြန်လည်ရင်ဆိုင်လိုက်သည်။

ဝုန်း..

ပန်ငှက် အတောင်ပံများကို ဖြန့်ကျက်လိုက်သည်နှင့် ကောင်းကင်ကြီး စုတ်ပြဲသွားကာ တောင်များကိုပြိုကျသွားစေသည့်အသံများ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် ရှီဟောင်သည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင်။

နောက်ဆုံးတော့ အားလုံး ကြောက်လန့်လာကြသည်။ ဤဟွမ်မှာ သူတို့ထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။

ဝူး..

ချီလင်း အသံရှည်ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ တောင်တစ်လုံးထက်ပင် ပိုကြီးလာသည်။ ခရမ်းရောင်အလင်းများ နေရာအနှံ့ ပျံ့နှံ့နေကာ ချီလင်း၏ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးမှာ တစ်လောကလုံးကို ပြည့်နေသည်။

ဝုန်း..

ချီလင်း၏လက်သည်းများ ခွန်ပန်ထံသို့ ကျရောက်လာသည်။ ထိုနေရာရှိ လေဟာနယ်ပေါက်ကွဲသွားကာ အက်ကွဲကြောင်းများ ပေါ်လာ၏။

ခွန်ပန်လည်း အသံရှည် ဟစ်ကြွေးလိုက်ကာ အာကာသအပြင်ဘက်သို့ ထိုးဖောက်တော့မည့်ပုံစံဖြင့် အပေါ်ဘက်သို့ တရှိန်ထိုး ပျံသန်းသွားသည်။

ရှီဟောင် နောက်ပြန်မဆုတ်ပဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဒုန်း..

ချီလင်းလက်သည်နှင့် ခွန်ပန်လက်သည်း ထိပ်တိုက်တွေ့ဆုံသွားကာ လေဟာနယ်လည်း ပြိုကွဲသွားရသည်။

ထို့နောက် ခရမ်းရောင်ချီလင်း ဟစ်ကြွေးကာ အောက်ဘက်သို့ ထိုးဆင်းလာသည်။

ထိုအချိန်တွင် ခွန်ပန်၏အတောင်ပံမှ ရွှေရောင်နှင့်အနက်ရောင်အလင်းများ ရောယှက်လာပြီး ယင်နှင့်ယန်စွမ်းအင်များ ထွက်ပေါ်လာ၏။ သူတို့နှစ်ဦး တိုက်ခိုက်သည်နှင့် မူလဖရိုဖရဲအလင်းများထွက်ပေါ်လာသည်။

ဖုန်း..

ချီလင်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီသွားပြီးနောက် သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ လွင့်ထွက်သွားသည်။

ထို့ကြောင့် ခရမ်းရောင်နေကောင်းကင်ဘုရင်လည်း ဒဏ်ရာရရှိသွားသည်ပင်။

ရှီဟောင် သူ၏လက်များကို လှုပ်ရှားလိုက်ပြီး ခွန်ပန်အဖြစ်သို့ ပြောင်းလိုက်ကာ ခရမ်းရောင်နေကောင်းကင်ဘုရင်ထံသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် သူတို့နှစ်ဦး သူသေကိုယ်သေ စတင်တိုက်ခိုက်ကြတော့သည်။

ဝူး..

လေဟာနယ်ထဲ၌ ကျယ်လောင်လှသည့် အသံတစ်သံ ထွက်ပေါ်လာကာ ခရမ်းရောင်ချီလင်း ခွန်ပန်ကိုပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်လာသည်။

တိုက်ပွဲမှာ ချက်ချင်းပင် အရှိန်အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

သူတို့၏ တိုက်ခိုက်သည့်အရှိန်မှာ လျင်မြန်လွန်းလှသောကြောင့် တစ်ခဏအတွင်းမှာပင် အချက်ရေ တစ်ရာကျော် တိုက်ခိုက်ပြီးသွားလေပြီ။

ဖူး..

ချီလင်း နာကျင်စွာ အော်ဟစ်လိုက်ပြီး သွေးများ ထွက်လာသည်။ ခွန်ပန်၏လက်သည်းချက်ကြောင့် သူ၏ဦးချိုတစ်ခု ကျိုးသွားကာ သွေးများစီးကျလာသည်။

ဤသည်မှာ အဖိုးတန်ပညာများဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း ပိုင်ရှင်၏ခန္ဓာကိုယ်ကို ထိခိုက်စေသည်ပင်။ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်လှုပ်သွားကာ သူ၏မျက်ခုံးကြားမှ သွေးစီးကျလာသည်။

သူနောက်ယိုင်သွားရ၏။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..

သူက ဟွမ်ကြောင့် ဒဏ်ရာရသွားတာလား..

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ အမူအရာ ပြောင်းလဲသွားရ၏။ သူရှုံးသွားပြီ .. သူ့ကိုယ်သူ မိုးကောင်းကင်အောက် လူငယ်မျိုးဆက်များထဲတွင် နံပါတ်တစ်ဖြစ်သည်ဟု ယုံကြည်ထားသည့်သူအတွက် ဤသည်မှာ လက်မခံနိုင်စရာပင်။

အခြားသူများလည်း ဆွံ့အသွားရ၏။ မည်သူက ဤရလဒ်ကို လက်မခံနိုင်ကြ။

ဝုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခန္ဓာကိုယ်သည် နတ်ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ခရမ်းရောင်အမွေးအတောင်များ ခံ့ညားစွာ တောက်ပနေ၏။ အမွေးအတောင်များမှာ တောင်ကြောတစ်ခုထက်ပင် ရှည်လျားနေသေး၏။

ဤသည်မှာ ခရမ်းရောင်ဖီးနှစ်ပင်။ သူ့တစ်ကိုယ်လုံး ခရမ်းရောင်အလင်းများ တောက်ပနေလေ၏။

အားလုံး အလွန်ထိတ်လန့်သွားရ၏။

“ဖီးနှစ်အစစ်အဖိုးတန်ပညာ…”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ဒီလိုမျိုး နတ်စွမ်းရည်ကို ဘယ်သူက ယှဉ်နိုင်မှာလဲ..

အားလုံးရင်ထဲတွင် ဖီးနှစ်အစစ်နှင့် နဂါးအစစ်မှာ အနိုင်ရယူရန် အဖြစ်နိုင်သည့်အရာများပင်။

ဝုန်း..

ယခု ခရမ်းရောင်ဖီးနှစ်အစစ် ပေါ်လာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး အရောင်အဆင်းကင်းမဲ့သွားကာ လေနှင့်တိမ်များလည်း ပြောင်းလဲလာသည်။ မိုးခြိမ်းသံများလည်း ရုတ်တရက် ထွက်ပေါ်လာလေသည်။

ရှီဟောင်မှာ လူသားပုံစံခွန်ပန်အဖြစ်ဖြင့်ပင် ဖီးနှစ်အစစ်အား ရင်ဆိုင်လိုက်သည်။

ရွှီး..

သူတို့နှစ်ဦး လျှပ်စီးတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ အရှိန်မြန်မြန်ဖြင့် တိုက်ခိုက်နေကြသည်။

လျှပ်စီးလက်နေပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာကာ လေပြင်းများလည်း တိုက်ခတ်နေသည်။ သွေးစွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး သွေးများစီးကပ်နေသည့် အမွေးအတောင်များလည်း အချိန်နှင့်အမျှ ကျဆင်းလာသည်။

ဝူး..

ဤသည်မှာ ဖီးနှစ်အစစ်ဖြစ်သော်လည်း သူ၏ပါးစပ်မှ သားရဲတစ်ကောင်၏အသံ ထွက်ပေါ်လာ၏။ ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေသည်မှာ သူတို့၏ပါးစပ်မှ သွေးများအန်ထွက်လာသည်အထိပင်။

ထိုခရမ်းရောင် ဖီးနှစ် လျင်မြန်စွာပင် ကြီးမားလာလေ၏။ မယုံနိုင်လောက်အောင် ကြီးမားလာပြီးသည့်နောက်တွင် သူ၏ပါးစပ်ကို ဟကာ ခွန်ပန်အား ဝါးမြိုပစ်လိုက်လေသည်။

တောင်တစ်လုံးထက် အဆပေါင်းမည်မျှမှန်းမသိလောက်အောင်ပင် ကြီးမားသည့် ခွန်ပန်သည် တစ်လုပ်တည်းဖြင့် ဝါးမြိုခံလိုက်ရလေပြီ။

ဤသည်မှာ ဖီးနှစ်ငှက်၏ ပြိုင်ဘက်ကင်းသည့် ခွန်အားပင်။ သူသည် ပြိုင်ဘက်အား ဝါးမြိုကာ ပြုပြင်ပြောင်းလဲတော့မည်။

ဤသည်ကို ကြည့်ပြီး အားလုံးနှလုံးခုန်နှုန်းများ လျင်မြန်လာသည်။

သို့သော်လည်း ထိုနောက်လိုက်မှ မကြွေးကြော်ရသေးခင်မှာပင် ခရမ်းရောင်ဖီးနှစ်၏ဗိုက် ဖောင်းလာကာ ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာ၏။ ထို့နောက် ဖီးနှစ်ဗိုက် ပေါက်ကွဲသွားသည်။

မျက်စိကျိန်းလောက်သည့်အလင်း ထွက်ပေါ်လာပြီး လူသားပုံစံခွန်ပန်ထွက်ပေါ်လာ၏။ ရှီဟောင်၏ လက်သီးတံဆိပ်စွမ်းအားမှာ ရပ်တန့်၍ မရနိုင်လောက်အောင်ပင်။ ဖီးနှစ်အမွေးအတောင်ဖြစ်စေ ဖီးနှစ်အရိုးစာသားဖြစ်စေ မည်သည့်အရာကမှ သူ့ကို မတားဆီးနိုင်။

ဖုန်း..

ဤသည်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ဗိုက်အစစ်မဟုတ်သော်လည်း သူ့အား ပြင်းထန်စွာ ဒဏ်ရာရရှိဆဲပင်။ ဖီးနှစ်ငှက် သေးငယ်သွားကာ အဝေးသို့ ပျံထွက်သွားလေ၏။

ဖုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင် လွင့်ထွက်သွားကာ သွေးများအန်ထွက်လာသည်။

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲကြီးပင်။ သူတို့၏လှုပ်ရှားမှုများမှာ မြန်လွန်းလှသောကြောင့် သူတို့ဘယ်နှချက် တိုက်ခိုက်ခဲ့သလဲပင် မရေတွက်နိုင်တော့။

ခရမ်းရောင်နေကောင်းကင်ဘုရင် မတ်တပ်ထရပ်လိုက်ပြီး သူ၏မျက်နှာမှာ အေးစက်နေသည်။ သူဆက်တိုက်ချင်သော်လည်း အံကြိတ်ကာ ရပ်တန့်လိုက်သည်။

ကြွေးကြော်ဖို့ ပြင်ထားသည့်သူများလည်း တိတ်ဆိတ်သွားလေ၏။

“တိုက်ချင်သေးလား..” ရှီဟောင်မေးလိုက်သည်။

ထိုစကားသံ ကြားလိုက်သည်နှင့် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ မျက်ခုံးများ မြင့်တက်သွားရသည်။

ရှီဟောင်ကို ဆန့်ကျင်ခဲ့သည့်သူများအားလုံး ပါးစပ်ကိုတင်းတင်းကြပ်ကြပ်ပင် ပိတ်ထားလေ၏။

“ဟား ဟား .. ဟား ဟား ဟား..” ယုန်ဖြူလေးမှ ပထမဆုံး ရယ်မောလာသည်.

ထို့နောက် ချောင်ယုရှင်းနှင့်အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ရယ်မောလာကြ၏။ ဤရယ်သံများမှာ ထာဝရကျောင်းမှ လူများနားထဲတွင် အလွန်နားကလောလှသည်ပင်.

“ဟားဟား .. ငါတို့နိုင်ပြီ .. ဟွမ် နိုင်သွားပြီ .. ခရမ်းရောင်နေကောင်းကင်ဘုရင်က ငါတို့ကောင်းကင်နတ်ဘုရားကျောင်းက ဟွမ်ရဲ့ပြိုင်ဘက်မဟုတ်ဘူး..” ကောင်းကင်နတ်ဘုရားကျောင်းမှ ကျောင်းသားများ ကျယ်လောင်စွာ အော်ဟစ်လာကြသည်။

“မင်းတို့အားလုံး ကိုယ့်ကိုကိုယ် ကျေနပ်မနေကြနဲ့ .. ဒီတိုက်ပွဲလေးက ဘာလုပ်လို့ရမှာလဲ..” နောက်လိုက်မှ အော်ဟစ်လိုက်သည်။

“ဘာရယ်စရာရှိလို့လဲ..” ဝူတိုင်လည်း ကျယ်လောင်စွာပင် အော်ဟစ်လိုက်လေ၏။

ဖုန်း..

ရှီဟောင်၏လက်ညှိုးတစ်ချောင်း လျင်မြန်စွာ ကြီးမားလာပြီး ထိုနောက်လိုက်၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ဖိချေပစ်လိုက်လေသည်။

“မင်း..” နောက်လိုက် ထိတ်လန့်သလို ဒေါသလည်း ထွက်သွားရသည်။ သူ၏ပါးစပ်မှလည်း သွေးများအန်ထွက်လာလေသည်။ ထို့နောက် ရှီဟောင် ဤလူအား မဖက်မလုပ်ချင်တော့သဖြင့် သူ့အား လွင့်ထွက်သွားအောင် ကန်ထည့်လိုက်သည်.

သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်ရှေ့တွင် သနားညှာတာမှုမရှိ လှုပ်ရှားလိုက်ခြင်းပင်။

“ဆူညံလိုက်တာ..” ရှီဟောင် ဤစကားသာ ပြောလိုက်၏။

ဖုန်း..

ထို့နောက် ရှီဟောင် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုရိုက်ချက်တစ်ချက်ဖြင့်ပင် ဝူတိုင် သူ၏အရိုးများ တစ်စစီကျိုးကြေသွားသည်အထိ လွင့်ထွက်သွားလေသည်။

“ပြီးတော့ မင်းလည်းလာခဲ့ .. ငါ ရွှေရောင်ဦးချိုနဲ့ကြံ့ရဲ့အရသာကို မြည်းကြည့်ဦးမယ်” ရှီဟောင် ခပ်ဝေးဝေးတွင်ရှိနေသည့် ကျင်းကျောင်ရှီးကို ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ ဟွမ်က ခရမ်းရောင်နေကောင်းကင်ဘုရင်ကို နည်းနည်းလေးမှတောင် မျက်နှာသာမပေးဘူးလား..

အပိုင်း ၁၄၆၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၂ – အရေးမကြီးသော

ရှီဟောင် အနိုင်ရလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။

“အခုထိ မလာသေးဘူးလား..” ရှီဟောင် ရွှေရောင်ဦးချိုကြံ့ကို အထင်အမြင်သေးစွာ ပြောလိုက်သည်။ သူ၏အသံမှာ သိပ်မကျယ်သော်လည်း ရှီဟောင် ယခုလေးတင် အောင်မြင်မှုရထားသောကြောင့် အားလုံး၏နားထဲတွင် ဤသည်မှာ မတူတော့။

သူသည် တည်ငြိမ်ကာ အေးဆေးပေါ့ပါးနေသော်လည်း အခြားသူများအား ဖိနှိပ်သည့်ခံစားချက်များ ပေးနေသည်ပင်။ မည်သူမှ သူ့စကားကို လျစ်လျူမရှုရဲကြ။

ကျင်းကျောင်ရှီး ခန္ဓာကိုယ်ပင် အေးစက်လာသည်။ ထိုတည်ငြိမ်သည့်အသံမှာ လျှပ်စီးကဲ့သို့ သူ၏နားစည်ကို ရိုက်ခတ်လာပြီး သူသည် တုန်ယင်လွန်းသောကြောင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်ဖြစ်သွားရသည်။

ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ .. ဟွမ်နိုင်ပြီးတော့ ခရမ်းရောင်နေကောင်းကင်ဘုရင်ရှုံးသွားတယ် ..

“ကျုပ်ကို တတိယအကြိမ် ပြောခိုင်းစေချင်နေတာလား..”ရှီဟောင်၏မျက်ဝန်းမှ စူးရှသည့်လျှပ်စီးတန်းတစ်ခု ထုတ်လွှတ်နေလေ၏။

တီးတိုးပြောနေသည့် အသံများ ပျောက်ကွယ်သွားကာ ဤနေရာမှာ ချက်ချင်းတိတ်ဆိတ်သွားသည်။ အချို့လူများမှာ ခရမ်းရောင်နေကောင်းကင်ဘုရင်အား ကြည့်လိုက်ကြ၏။ သူဝင်ပြောမှာလား..

ဟွမ်မှာ ‘လုပ်ချင်တာလုပ်သည့်သူ’ပင်။ ပြိုင်ဘက်က မည်သူဖြစ်နေပါစေ၊ ဘယ်သူက ဘယ်လိုပဲတွေးနေပါစေ သူလုပ်ချင်သည့်အတိုင်း လုပ်သည့်သူပင်။

“ကြီးမြတ်တဲ့ဟွမ် .. ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ .. ကျွန်တော် နောက်တစ်ခါ ဒီလိုမျိုး မလုပ်ရဲတော့ပါဘူး..” ကျင်းကျောင်ရှီးသည် ကိုယ့်ကိုကိုယ်အားတင်းကာ အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။ သူသည် ကြောက်လွန်းသောကြောင့် သူ၏ခြေထောက်များပင် တုန်ယင်နေလေပြီ။ သူသည် ရှီဟောင်ရှေ့၌ ခေါင်းငုံ့ကာ ခွင့်လွှတ်မှုကို တောင်းခံနေလေ၏။

ယခုအချိန်တွင် သူအလွန်နောင်တရနေလေပြီ။ သူ့ပါးစပ်ကိုသူ နှစ်ချက်သုံးချက်လောက် ရိုက်ပစ်ချင်နေလေပြီ။ သူကဘာလို့ ရလဒ်ကို စိတ်ရှည်ရှည်နဲ့ မစောင့်ပဲနဲ့ ဟွမ်ကို ထပ်ပြီးတော့ လှောင်ပြောင်နေခဲ့တာလဲ..

ယခု ဟွမ်နိုင်သွားပြီ။ သူတွေးထားသမျှ ပြောင်းပြန်ဖြစ်သွားလေပြီ။

ယခု ဟွမ်က သူ့အစား မြည်းစမ်းချင်သည်ဟု ပြောနေသည်။ ဤသည်မှာသူ့အတွက်တော့ ကြောက်စရာကောင်းလွန်းလှသည်ပင်။ ဂိုဏ်းခေါင်းဆောင်အဆင့်ထိ ရောက်လာသည့်ရောက်လာသည့် ဂျီးနီးယပ်စ်တစ်ယောက်မှာ အစားအစာအဖြစ် ဆက်ဆံခံနေသည။

အထူးသဖြင့် ဟွမ်နှင့် ပတ်သက်သည့် ကောလဟာလများကို စဉ်းစားမိလေလေ သူကြောက်မိလေလေပင်။ ဟွမ်သည် လူသားမဟုတ်သည့် ရန်သူများကို တစ်ကြိမ်ထက်မက စားသုံးဖူးသည်ပင်။

“အစောပိုင်းတုန်းက တစ်ခြားသူတွေ ကံဆိုးတာကို မင်းက ပျော်နေခဲ့ပြီးတော့ ငါချက်ချင်းသေသွားဖို့တောင် မျှော်လင့်နေတာမလား .. အခုကျမှ ခွင့်လွှတ်ဖို့ပြောနေတယ် .. ဒါ အပြောင်းအလဲ မမြန်လွန်းဘူးလား..” ရှီဟောင် သူ့အား တစ်ချက်ကြည့်လိုက်သည်။

“အရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ .. ကျွန်တော်ဒီလိုမျိုးထပ်မစဉ်းစားရဲတော့ပါဘူး..” ကျင်းကျောင်ရှီး၏ ခြေထောက်များ ပို၍တုန်ယင်လာသည်။

“အကုန်ထုတ်လိုက် .. ယူလိုက် .. ငါပြောတာက အကုန်လုံးကိုစားမယ်..” ထိုအချိန်တွင် ယုန်ဖြူလေးမှ အော်ဟစ်လိုက်သည်။

သူမသည် ငွေရောင်ဆံပင်ရှည်များနှင့် သန့်စင်သည့်ပုံပေါ်သော်လည်း ယခုကဲ့သို့ အော်ဟစ်လိုက်သည့်အချိန်တွင် သူမသည် မိစ္ဆာလေးကဲ့သို့ဖြစ်သွား၏။ ကျင်းကျောင်ရှီးမှာ ကြောက်လွန်းသောကြောင့် မြေကြီးပေါ်၌ ဖင်ထိုင်လျက်လဲကျသွားလေသည်။

“ဟွမ်ကို လှောင်ပြောင်ရန်စပြီးတော့ တစ်ခွန်းတည်း တောင်းပန်လိုက်ရုံနဲ့ အားလုံး ပြေလည်သွားမယ်လို့ ထင်နေတာလား .. ဘာပဲဖြစ်ဖြစ် ငါတို့မြည်းကြည့်ရမှာပဲ ဟုတ်တယ်မလား..” ချောင်ယုရှင်းနှင့် အခြားသူများလည်း ပြုံး၍ ပြောလာကြလေသည်။

“အရှင် .. ကျွန်တော့်ကို ကယ်ပါ..” ကျင်းကျောင်ရှီး ခရမ်းရောင်နေကောင်းကင်ဘုရင်အား နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ ကြည့်လိုက်လေသည်။

“တာအိုရောင်းရင်း ဖြစ်နိုင်ရင် လွှတ်ပေးလိုက်ပါ .. ဒါက နည်းနည်းလေး တိုက်ခိုက်ရုံပါပဲ .. ဒီလိုလုပ်ဖို့ထိ လိုအပ်လို့လား..” နောက်ဆုံးတော့ ခရမ်းရောင်နေကောင်းကင်ဘုရင် ပြောလိုက်သည်။

အားလုံးမှာ သူထွက်လာမည့်အချိန်ကို တစ်ချိန်လုံး စောင့်ကြည့်နေခြင်းပင်။ မည်သို့ပင်ဖြစ်စေ ဟွမ်သည် သူ၏နောက်လိုက်ကို ရိုက်ကာ ဝူတိုင်နှင့် ကျင်းကျောင်ရှီးတို့အား သူ့မျက်စိရှေ့တွင်ပင် ရိုက်ခဲ့သောကြောင့် သူမည်ကဲ့သို့ တုံ့ပြန်မည်ကို အားလုံးသိချင်နေကြသည်။

“ခင်ဗျားပြောတာတော့ လွယ်တာပေါ့ .. ဒါပေမဲ့တစ်ခြားသူသာ ခင်ဗျားကို ဆူပူကြိမ်းမောင်းနေပြီးတော့ ခင်ဗျားကို သေစေချင်နေရင် ခင်ဗျား သူတို့ကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်မှာ မဟုတ်ဘူးလား..” ရှီဟောင် တည်ငြိမ်စွာ ပင် ပြောလိုက်သည်။ “ကျုပ်က တော်တော်လေး သဘောကောင်းလို့ သူ့အသက်ကို မယူတာ .. ကျုပ် ကြံ့သားနည်းနည်းလောက်ပဲ မြည်းကြည့်ချင်တာ..” သူဆက်ပြောလိုက်၏။

ကျင်းကျောင်ရှီးမှာ ကြောက်လန့်၍ ဆွံ့အသွားလေပြီ။ ဟွမ်က သူ့ကို ရွေ့နေတဲ့အသားတုံးကြီးလို့ တကယ်မြင်နေတာလား..

“တာအိုရောင်းရင်း .. အဓိပွာယ်မရှိတာတွေ မလုပ်ပါနဲ့တော့ .. သူ့ကို ခွင့်လွှတ်ပေးလို့ မရဘူးလား..” ခရမ်းရောင်နေကောင်းကင်ဘုရင် အေးစက်သည်အသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားပြောတာတော့ တော်တော်လွယ်တာပဲ .. သူ ကျုပ်ကို ရိုင်းစိုင်းနေတုန်းက ခင်ဗျားဘာလို့ သူ့ကို မတားလဲ .. အခုမှ ကျုပ်ကို ဂုဏ်သိက္ခာတွေ ငဲ့ကွက်ခိုင်းနေတာလား” ရှီဟောင် လှောင်ပြောင်လိုက်၏။ “ခင်ဗျား ရှုံးသွားပြီ .. ကျုပ်သာဆိုရင် နောက်ဆုတ်နေပြီးတော့ တစ်လုံးမှ ဝင်ပြောမှာမဟုတ်ဘူး .. အရှုံးသမားတစ်ယောက်အနေနဲ့ ဘေးဘက်မှာပဲ ငြိမ်ငြိမ်လေး ရပ်နေသင့်တယ်”

ထိုသို့ပြောပြီးသည်နှင့် ရှီဟောင် အရှေ့ဘက်သို့ တစ်လှမ်းတိုးလာသည်။ သူ၏မျက်လုံးများမှာ တောက်ပနေပြီး သူ၏ပုံပန်းသွင်ပြင်မှာ ချောမောခန့်ညားလှသည်။ သူသည် ဤနေရာ၏အလယ်သို့ ရောက်သွားလေပြီ။

ဤသည်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်အား လုံးဝလျစ်လျူရှုလိုက်ခြင်းပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏မျက်နှာမှာ နီတစ်လှည့်စိမ်းတစ်လှည့် ဖြစ်သွားသည်။ ယခင်က သူ့အား ဤကဲ့သို့ အထင်သေးသည့်သူ မရှိဖူးခဲ့။ ဟွမ်သည် အားလုံး၏အရှေ့တွင် သူ့အား အရှုံးသမားဟု ခေါ်ခဲ့သေးသည်။

ဒါက ဘယ်လိုတောင် အရှက်ရစရာကောင်းတဲ့ကိစ္စကြီးလဲ .. သူ၏မျက်နှာပင် ပူလာသလို ခံစားလိုက်ရသည်။

ယခင်က သူအခြားသူအား ရှုံးနိမ့်လိမ့်မည်ဟု သူမထင်ထားခဲ့။ တစ်ခြားသူတစ်ယောက်က သူ့အား ဤကဲ့သို့ ဆူပူကြိမ်းမောင်းလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ဟွမ်မှာ ဒဲ့တိုးဆန်လွန်းလှသည်။

“မင်းက နောက်တစ်ပွဲ ထပ်တိုက်ဖို့ ကျုပ်ကို ဖိအားပေးနေတာလား..” ခရမ်းရောင်နေကောင်းကင်ဘုရင်၏အသံမှာ ကြမ်းတမ်းနေသည်။ သူအတွက်တော့ သူသိက္ခာကို စော်ကားခြင်းမှာ သူ၏နောက်ဆုံးစည်းမျဉ်းပင်။

ရှီဟောင်မှာ ဤအခြေအနေကြောင့် ဘာမှမဖြစ်သလိုပင်။ ထိုအစား သူသည် ဖိအားတစ်မျိုးကိုထုတ်လွှတ်နေပြီး ဤနေရာရှိ လူများကို ပို၍တိတ်ဆိတ်သွားစေသည်။ သူ အထင်လွဲသွားမည်စိုးသောကြောင့် မည်သူမှ ဘာမှမပြောရဲတော့။

ခရမ်းရောင်နေကောင်းကင်ဘုရင် ဒေါသထွက်လာရ၏။ သူ၏ဆုံးဖြတ်ချက်မှာ ရှင်းသည်။ တစ်ဖက်လူသာ ပါးနပ်မှုမရှိပါက သူသည် ပို၍မြင့်သည့် ကျင့်ကြံဆင့်အား အသုံးပြုကာ တိုက်ခိုက်တော့မည်ပင်။

ဤသည်မှာ ခြိမ်းခြောက်ခြင်းဖြစ်သလို သတိပေးခြင်းလည်းဖြစ်သည်။

သို့သော် တစ်ဖက်လူသည် သူ့စကားအား မကြားသကဲ့သို့ပင် အောင်နိုင်သူတစ်ယောက်အနေဖြင့် ခေါင်းမော့ရင်ကော့ပြီး သူ့အား.အထင်သေးစွာ ကြည့်နေဆဲပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခန္ဓာကိုယ်မှ ခရမ်းရောင်စွမ်းအင်နတ်အလင်းတန်းများ ထွက်ပေါ်လာ၏။ ဘယ်လိုလုပ် သူ့ကို အထင်သေးရဲတဲ့သူ ရှိနေတာလဲ .. ဤသည်မှာ ရူးသွပ်လွန်းသွားလေပြီ။

အခြားသူများလည်း အနည်းငယ် ဆွံ့အသွားရသည်။ ဟွမ်က သူ့ရဲ့ရည်ရွယ်ချက်ကို တကယ်မသိတာလား..

အချို့သူများလည်း ထိတ်လန့်နေကြသည်ပင်။ ဟွမ် မကြောက်ဘူးလား .. သူက ခရမ်းရောင်နေကောင်းကင်ဘုရင်ကို ထိပ်တိုက်စိန်ခေါ်ချင်နေတာလား..

ဒါမှမဟုတ် ဟွမ်က တကယ်နောက်တစ်ပွဲ တိုက်ရဲတာလား .. သူလျှောက်ပြောနေတာလား ဒါမှမဟုတ် သူ့မှာ တကယ်ပဲ တိုက်နိုင်တဲ့ခွန်အားရှိနေတာလား..

“မင်းက ငါ့ကို ဖိအားပေးနေတာပဲ..” ခရမ်းရောင်နေကောင်းကင်ဘုရင် အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားကိုယ်ခင်ဗျား ထူးခြားတဲ့သူလို့ ထင်နေတာလား .. ခင်ဗျားတိုက်ချင်ရင် လာခဲ့လိုက် .. ကျုပ်ကို တစ်ခါရှုံးပြီးသွားပြီဆိုတော့ ကျုပ်နောက်တစ်ခေါက် ထပ်အနိုင်ယူဖို့ ဝန်လေးနေမှာမဟုတ်ဘူး .. ကောင်းကင်နတ်ဘုရားအဆင့်မှာ ခင်ဗျားက တော်တော်လေး လိုသေးတယ် .. ဝိုး .. ခင်ဗျားလိုမျိုး အရှုံးသမားတွေက နောက်ထပ်နည်းနည်းလောက် ထပ်ရှုံးမှ နားလည်လိမ့်မယ်လို့ ကျုပ်ခံစားနေရတယ်..” ရှီဟောင်ပြောလိုက်သည်။

သူစကားပြောလေလေ ခရမ်းရောင်နေကောင်းကင်ဘုရင် မျက်နှာပျက်လေလေပင်။ ကံကောင်းစွာဖြင့်ပင် သူ့ကို ခရမ်းရောင်အလင်းများဖြင့် ဖုံးအုပ်ထားသောကြောင့် အခြားသူများ သူ့မျက်နှာအား မမြင်ရ။

သူ ရှီဟောင်အား သင်ခန်းစာ ပေးချင်မိသည်။ သို့သော်လည်း သူအမှုမှတ် အမှတ်မဲ့ လှည့်ကြည့်လိုက်သည့်အချိန်တွင် လန်၇ှင်း၊ ချီဂုနှင့် အခြားသူများကိုတွေ့လိုက်ရသည်။

သူတို့အားလုံးမှာ သူနှင့်အဆင့်အတူတူပင်။ ယခု သူတို့၏အမူအရာများမှာ အနည်းငယ် ထူးဆန်းနေသည်ပင်။

ထိုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင် စိတ်တည်ငြိမ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤလူများသည် သူ့အားစိတ်ထဲမှ လှောင်ရယ်နေကြမည်ပင်။ ဤကဲ့သို့သော ရှုံးနိမ့်မှုမှာ အရှက်ရစရာဟု သတ်မှတ်၍ရသည်။

ထို့အပြင် သူသည် အရှုံးကို လက်မခံနိုင်သည့်သူဖြစ်သွားလိမ့်မည်။

သူ့အတွက်တော့ သူ၏ဂုဏ်သိက္ခာမှာ အရေးကြီးဆုံးပင်။ ထို့ကြောင့် သူ၏ဒေါသများကို ဖိနှိပ်လိုက်ရသည်။ “ကောင်းပြီလေ .. ဒီတစ်ခေါက် ကျုပ်ရှုံးသွားပြီလို့ သတ်မှတ်လိုက်မယ် .. ကံမကောင်းစွာနဲ့ ငါတို့ ထပ်ဆုံကြတော့မှာမဟုတ်ဘူး .. မဟုတ်ရင် ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ရဲ့ အင်အားကို မင်းကို ပြသပေးမှာ..”

ဤသည်မှာ မောက်မာခြင်းဖြစ်သလို ခြိမ်းခြောက်နေခြင်းလည်းဖြစ်သည်။

“ရှုံးသွားရင် ဘယ်လိုမျိုး ပြုမူရမလဲဆိုတာ ခင်ဗျားကမှ သိနေသေးတယ်..” ရှီဟောင် အရှေ့ဆက်လျှောက်လာရင်း ပြောလိုက်သည်။

ဤသည်မှာ ဗြောင်ကျကျ အထင်အမြင်သေးလိုက်ခြင်းပင်။ ဟွမ်က ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့စကားတွေကို နားလည်တာလား မလည်တာလား .. သူက ဒီလိုမျိုးတောင် ပြန်တုံ့ပြန်ရဲတာလား..

“ခင်ဗျားအခုထိ မဆင်းသွားသေးဘူးလား..” ရှီဟောင်သည် အားလုံးရှေ့တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်အား အော်ဟစ်လိုက်လေသည်။

အားလုံး ဆွံ့အကာ တိတ်ဆိတ်သွားရ၏။

“ကျင်းကျောင်ရှီး ငါနဲ့လိုက်ခဲ့..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဒေါသတကြီး ပြောလိုက်၏။ သူသည် ကျင်းကျောင်ရှီးအား အကြောင်းပြချက်အနေဖြင့် အသုံးချကာ ဘာပဲပေးဆပ်ရ ပေးဆပ်ရ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။

သို့သော်လည်း ကျင်းကျောင်ရှီး၏ တုံ့ပြန်မှုများမှာ သူထင်ထားသည်နှင့် ပြောင်းပြန်ပင်။ သူသည် ရှီဟောင်ထံသို့ ဦးညွှတ်ကာ တုန်ယင်သည့်အသံဖြင့် ပြောလိုက်သည်။ “သခင် ကျွန်တော့်အသက်ကို ချမ်းသာပေးရင် ကျွန်တော်ရဲ့ အပြစ်ဒဏ်ကို ခံယူပါ့မယ်”

“ဝိုး..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ အံကြိတ်ရလွန်းသောကြောင့် သွားများပင် ပဲ့ကြွေမတတ် ဖြစ်နေလေပြီ။ ဤသည်မှာ စိတ်ပျက်စရာကောင်းလှသည်။

“အမ် .. ဟုတ်ပြီ .. အခု ဘေးဖယ်လိုက်တော့..” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူသည် ခရမ်းရောင်နေကောင်းကင်ဘုရင်ကို ကြည့်လိုက်ကာ “ခင်ဗျား တစ်ခုခု ပြောစရာရှိသေးလား .. မရှိရင် သွားလိုက်တော့..”

အားလုံး ဆွံ့အသွားရ၏။ ဤရလဒ်ကို သူတို့ ဘာပြောနိုင်တော့မည်နည်း..

“ဟွမ် .. မင်းကဘာတွေများ ဒီလောက်စိတ်ကြီးဝင်နေတာလြ .. မင်းက ငါ့သခင်ကို ကောင်းကင်နတ်ဘုရားနယ်ပယ်မှာပဲ နိုင်တာ .. ဒီထက်မြင့်တဲ့ကျင့်ကြံဆင့်မှာဆိုရင် မင်းက ဘာမှမဟုတ်ဘူး .. ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့က မင်းကို သေအောင်ဖိနှိပ်ပစ်မှာ .. မင်းမှာ ဘာမျှော်လင့်ချက်မှ ရှိမှာမဟုတ်ဘူး..”

ခပ်ဝေးဝေးတွင်ရှိနေသည့် နောက်လိုက်သည် ခက်ခက်ခဲခဲထရပ်ကာ ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခြမ်းမှာ စုတ်ပြတ်နေပြီး အရိုးဘယ်နှချောင်းကျိုးသွားမှန်းပင် မသိတော့။

“ခင်ဗျားက တော်တော်လေး အသက်ပြင်းတာပဲ..” ရှီဟောင် မျက်နှာပျက်သွားလေ၏။ သူအသာလေးကန်လိုက်သည်နှင့် မြေကြီး တုန်ခါသွားကာ ထိုနောက်လိုက် တုန်ခါသွားကာ သွေးအန်လာလေ၏။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေလေပြီ။

အရေးကြီးသည့်အချိန်၌ ခရမ်းရောင်နေကောင်းကင်ဘုရင် ကာကွယ်ပေးလိုက်သောကြောင့်သာမဟုတ်ပါက သူသေချာပေါက် သွေးမြူအဖြစ်သို့ ပြောင်းလဲနေလေပြီ။

“မင်း ဒါ ဘာကိုဆိုလိုတာလဲ .. မင်းငါ့ရှေ့မှာ ထပ်ခါတလဲလဲ တိုက်ခိုက်နေတာ .. မင်းက ငါ့ကို အရမ်းစိတ်ရှည်တဲ့သူလို့ ထင်နေတာလား .. မင်းငါ့ကို ထိခိုက်စေချင်ရင် မင်း ငါ့ကိုတိုက်ကြည့်လိုက်..” ခရမ်းရောင်နေကောင်းကင်ဘုရင် အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားကို အရေးလုပ်နေစရာကိုမလိုဘူး .. ခင်ဗျား ကြိုက်တဲ့ကျင့်ကြံဆင့်မှာ တိုက်လို့ရတယ် .. ကျုပ် ခင်ဗျားကို တစ်ခါနိုင်ထားရင် အခါတစ်ရာ၊ အခါတစ်ထောင်လည်း နိုင်တယ်..” ရှီဟောင် ကျယ်လောင်စွာပင် ပြန်ပြောလိုက်၏။

ရုတ်တရက်ပင် ရွှံ့အိုင်ကြီး တောက်ပလာကာ ရောင်စုံအလင်းဖျော့လေးများ လေထဲသို့ ပျံ့လွင့်လာသည်။ အားလုံးမှာ ဆောင်းဦးလေများကြားထဲ ရောက်နေသကဲ့သို့ အလွန်သက်တောင့်သက်သာ ခံစားလိုက်ရသည်။

အမ်..

လန်ရှင်း၊ ချီဂု၊ ကြီးမြတ်သည့်ရှုထော်တို့အားလုံး ထိုရွှံ့အိုင်ပေါ်သို့ ရောက်လာကြသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်ပင်လျှင် ထိုနေရာ၌ ပေါ်လာလေ၏။

ထိုအချိန်တွင် ရှီဟောင်လည်း လှုပ်ရှားလိုက်သည်။ သူသည် ပုံရိပ်ယောင်များ ချန်ရစ်ခဲ့ကာ ရွှံအိုင်အလယ်၌ ပေါ်လာလေ၏။

“မင်းလည်း လာရဲတယ်ပေါ့..”

ကျွမ်းကျင်သူ လေးယောက် သူ့အား စိုက်ကြည့်လိုက်သည်။ ချီဂု၊ ကြီးမြတ်သည့်ရှုထော်၊ လန်ရှင်းနှင့် ခရမ်းရောင်နေကောင်းကင်ဘုရင်တို့ လေးဘက်လေးတန်၌ရှိနေပြီး ရှီဟောင် အလယ်၌ ရပ်နေခြင်းပင်.

“မင်းက အရမ်းအားကောင်းပါတယ် .. ကောင်းကင်နတ်ဘုရားအဆင့်မှာ ခရမ်းရောင်နေကောင်းကင်ဘုရင်ကိုတောင် အနိုင်ယူနိုင်တယ် .. ဒါပေမဲ့ ဒီထက်ပိုမြင့်တဲ့ ကျင့်ကြံဆင့်မှာ တိုက်ဖို့အတွက်တော့ မင်းက နည်းနည်းလိုသေးတယ် .. ဒီနေရာက မင်းလာရမယ့်နေရာမဟုတ်ဘူး..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ကျွမ်းကျင်သူလေးယောက်မှာ သူ့အားသူတို့နှင့် ယှဉ်နိုင်သည့်သူမဟုတ်ဟု သတ်မှတ်ထားသည်မှာ သိသာလှသည်။

“ကျုပ်ဒီနေ့ ဒီထာဝရဂူထဲကို ဝင်ပြီးတော့ ဘာရှိလဲဆိုတာကြည့်မှာ .. ခင်ဗျားတို့ ဘာပြောချင်လဲ..” သူ ကျယ်လောင်စွာ ရယ်မော၍ပင် ပြောလိုက်သည်။

သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာပေါင်းစုံကို တုန်ခါသွားစေသည်။

“မင်း .. မင်းကတော်တော်လေးကို ရဲတင်းနေတာပဲ .. ဒီနေရာမှာ မင်းအတွက်နေရာ မရှိဘူး..” တစ်စုံတစ်ယောက်မှ ‌အော်ဟစ်လိုက်သည်။

“ခင်ဗျားက ဘာမို့လို့လဲ .. ကျုပ်ကို ဘယ်သူတားရဲသလဲဆိုတာ ကြည့်ကြသေးတာပေါ့..” ရှီဟောင်၏အသံမှာ အေးစက်နေသည်။

အားလုံး ဆွံ့အသွားရသည်။ ဟွမ်သည် အစောပိုင်းက ခရမ်းရောင်နေကောင်းကင်ဘုရင်တစ်ယောက်တည်းနှင့် ရင်ဆိုင်နေခြင်းဖြစ်သော်လည်း ယခုတော့ အဆင့်လွန်လူငယ်လေးယောက်လုံးကို တစ်ပြိုင်တည်း ရင်ဆိုင်တော့မည်။

အပိုင်း ၁၄၆၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၃ – လေဟာနယ်တာအို

ရွှံ့အိုင်ကြီး အက်ကွဲလာကာ ရွှံ့များ ပန်းထွက်လာသည်။ အောက်ဘက်၌ ထာဝရစွမ်းအင်များ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာသည်။ ထာဝရဂူ ပွင့်လာတော့မည်။

ရှီဟောင် အလယ်၌ ရပ်နေကာ နေရာကောင်းယူထားသည်။ သူသည် အချိန်မရွေး ဝင်သွားရန် အဆင်သင့်ပင်။ ဤသည်မှာ ကျန်သည့်လေးယောက်ကို မကျေမနပ် ဖြစ်စေသည်ပင်။

“ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကြီးလဲဆိုတာတောင် မသိဘူး .. မင်းက ကောင်းကင်နတ်ဘုရားကျောင်းမှာ ထူးခြားတဲ့သူ ဖြစ်နေရုံနဲ့ ဒီမှာလာပြီးတော့ ပြဿနာရှာနိုင်မယ်လို့ ထင်နေတာလား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ကျုပ် အခု ဒီမှာရပ်နေတယ်လေ အဲဒီတော့ဘာဖြစ်လဲ .. ခင်ဗျား လက်မခံနိုင်ရင် ကျုပ်နဲ့လာတိုက်လိုက်..” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

ယခုအချိန်တွင်တော့ မျက်နှာဖုံးများ ကွာကျသွားပြီဖြစ်ပြီး တိုက်ပွဲကြီးတစ်ခု မလွဲမသွေဖြစ်လာတော့မည်။ ဤသည်မှာ ဟွမ်နှင့် ဤအဆင့်လွန်လူငယ်များကြားမှ ထိပ်တိုက်ရင်ဆိုင်မှုကြီးဖြစ်လာမည်ပင်။ ဒါပေမဲ့ ဟွမ် ကိုင်တွယ်နိုင်ပါ့မလား..

အားလုံး သံသယဝင်လာကြသည်။ ကောင်းကင်နတ်ဘုရားအဆင့်၌ စွမ်းအားကြီးနေခြင်းမှာ ထိုထက်ပိုမြင့်သည့်ကျင့်ကြံဆင့်၌ ပြိုင်ဘက်ကင်းလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

“မင်း ငါတို့နဲ့ ယှဉ်ချင်တာ သေချာလား..” ခရမ်းရောင်နေကောင်းကင်ဘုရင်မှ ရုတ်တရက်မေးလိုက်သည်။

“ကျုပ်ယှဉ်ချင်တော့ရော ဘာဖြစ်လဲ..” ရှီဟောင် ထူးမခြားနားစွာပင် ပြောလိုက်သည်။

“တစ်ခြားတာအိုရောင်းရင်းတို့ရော ဘယ်လိုထင်လဲ .. ဘယ်သူ မြင့်မြတ်လဲ ဘယ်သူနိမ့်ကျလဲဆိုတာ ပြိုင်ရလောက်‌အောင် သူ့မှာ အရည်အချင်းရှိတယ်လို့ ထင်လား..”

“သူက ဘာမို့လို့လဲ .. သူ့ကို မောင်းထုတ်လိုက်ရင် ပြီးပြီ” တစ်စုံတစ်ယောက်မှ နတ်စိတ်ဝိညာဉ်ဖြင့် ပြောလိုက်သည်။ ဤအသံမှာ လေဟာနယ်မှ ဖြတ်လာသောကြောင့် မည်သူပြောမှန်းမသိရ။

“မင်းမြင်လား .. မင်းက ဘာမှမဟုတ်ဘူး .. မြန်မြန်ထွက်သွားလိုက်တော့ .. ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့..” ခရမ်းရောင်နေကောင်းကင်ဘုရင် ပြုံး၍ ပြောလိုက်သော်လည်း သူ၏အသံမှာ ပို၍အေးစက်လာသည်။

ဤသည်မှာ အခြားအဆင့်လွန်လူငယ်သုံးယောက်ကိုလည်း ဆွဲထည့်ချင်သောကြောင့် လုပ်လိုက်ခြင်းပင်။ ဟွမ်အား အခြားသူများကူညီချင်လျှင်ပင် မကူညီနိုင်အောင် လမ်းပိတ်လိုက်ခြင်းပင်။

“လူတစ်ယောက်က ကိုယ့်အတိုင်းအတာကိုကိုယ် သိရတယ် .. မင်းမြန်မြန်ထွက်သွားရင် အကောင်းဆုံးပဲ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ရှီဟောင်သည် ရုတ်တရက်ပင် ထိုရွှေရောင်ပန်းကန်လုံးအား လှည့်ကြည့်လိုက်လေ၏။ ဤသည်မှာ ကြီးမြတ်သည့်ရှုထော်ပိုင်သည့်ပစ္စည်းပင်။

အားလုံးလည်း သံသယဝင်နေကြခြင်းပင်။ ဒီတစ်ချိန်လုံး စကားပြောနေတာ ရှုထော်များလား..

“မင်းက နေခဲ့ချင်တာလား .. ဖြစ်လာမယ့်အကျိုးရလဒ်တွေကို မင်းတာဝန်ယူမှာလား..” တစ်ချိန်တည်းမှာပင် ခရမ်းရောင်နေကောင်းကင်ဘုရင်လည်း အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ကရော တာဝန်ယူမှာလား..” ရှီဟောင်လည်း ထပ်တူညီစွာပင် ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်သည်။

“ကောင်းပြီလေ .. မင်းကသေချင်နေမှတော့ မင်းဆန္ဒပြည့်အောင် ကူညီပေးရတာပေါ့..” ခရမ်းရောင်နေကောင်းကင်ဘုရင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူသည် အစောကြီးကတည်းက အားကုန်တိုက်ခိုက်လိုခြင်းပင်။

အခြားသုံးယောက်လည်း ဒေါသထွက်နေပြီဖြစ်သောကြောင့် ဟွမ်ထံတွင် မည်ကဲ့သို့သော လျှို့ဝှက်နည်းလမ်းများရှိနေပါစေ သူလွတ်မြောက်နိုင်မည်မဟုတ်တော့။

“လေဟာနယ်တာအိုနယ်ပယ် .. ပြည့်စုံတဲ့မျိုးစေ့ကိုကြားခံအဖြစ်သုံးပြီးတော့ ကြီးမြတ်တဲ့တာအိုကို လေ့လာထားတာ .. ဒါက ဘယ်လောက်တောင် ခမ်းနားလဲဆိုတာ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး..” ခရမ်းရောင်နေကောင်းကင်ဘုရင် ပြောလိုက်သည်။

လေဟာနယ်တာအိုနယ်ပယ်မှာ ကောင်းကင်နတ်ဘုရားနယ်ပယ်အထက်၌ ရှိနေခြင်းပင်။ ဤနယ်ပယ်၌ တာအိုနှင့် ထိတွေ့ကာ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်သည်ပင်။ ဤနယ်ပယ်၌ သူတို့ကိုယ်တိုင် ကြီးမြတ်သည့်တာအိုအဖြစ် ပြောင်းနေပြီဟု ထင်ယောင်ထင်မှားဖြစ်နိုင်သည်ပင်။

ဤကျင့်ကြံဆင့်ရောက်သည့်သူများမှာ ဂိုဏ်းများထောင်ကာ ဂိုဏ်းခေါင်းဆောင် ဖြစ်နိုင်လေပြီ။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခန္ဓာကိုယ်မှ တောက်ပသည့် ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤအလင်းများမှာ စူးရှလွန်းလှသောကြောင့် အခြားသူများ မျက်လုံးဖွင့်ရန်ပင် ခက်ခဲလှသည်။

ရှီဟောင် နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူစကားလုံး အနည်းငယ်သာ ပြောလိုက်သည်။ “အားလုံးရှုံးနိမ့်လိမ့်မယ်..”

ယခုအချိန်မှာ သိုသိုသိပ်သိပ်နေရမည့်အချိန်မဟုတ်တော့။ အဘယ်ကြောင့်ဆိုသော် ရွှံ့အိုင်ကြီးမှာ လှုပ်ခါနေပြီဖြစ်ပြီး ဝင်ပေါက်မှာ အချိန်မရွေး ပေါ်လာနိုင်သည်။ ထာဝရမြူများမှာ တစ်ဖြည်းဖြည်း ပိုများလာလေပြီ။

ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုခြင်းအောင်မြင်ပြီးနောက် သူဘယ်လောက်သန်မာလာသည်ကို ရှီဟောင်မသိသေး။ ယခု သူ့ရှေ့၌ အဆင့်လွန်လူငယ် လေးယောက်ရှိနေသောကြောင့် ဤသည်မှာ စမ်းသပ်ရန် အခွင့်ကောင်းပင်။

“ဟွမ် .. ရှင်က အရမ်းကို အားကောင်းပြီးတော့ တကယ်ကို ထူးခြားပါတယ် .. ဒါပေမဲ့ လေဟာနယ်တာအိုနယ်ပယ်က မတူဘူး .. ရှင် ပြည့်စုံတဲ့မျိုးစေ့နဲ့ မပေါင်းစည်းနိုင်ရင် ရှင်အန္တရာယ်မရှိအောင်လို့ စောစောထွက်သွားလိုက်တာ အကောင်းဆုံးပါပဲ..” လန်ရှင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

သူမသည် အလွန်လှပလှသည်။ သူမ၏မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ တောက်ပနေ၏။ ဤသည်မှာ ကောင်းကင်ဘုံမှ ဖန်တီးပေးလိုက်သကဲ့သို့ ပြစ်ချက်ရှာရန်ပင် ခက်ခဲလှသည်။

သူမ၏ အပြာရောင်ဆံနွယ်များသည် သူမ၏အပြာရောင်ဝတ်စုံနှင့်အတူ မျောလွင့်နေသည်။ သူမ ထိုနေရာ၌ ရပ်နေသည်မှာ လေဟုန်စီးနေသည့် ထာဝရသက်ရှိတစ်ယောက်ကဲ့သို့ပင်။

“အဲဒီလိုလား .. လေဟာနယ်တာအိုနယ်ပယ်မှာ တာအိုမျိုးစေ့လို့ ခေါ်တဲ့ဟာကြီးလိုတာလား..” ရှီဟောင်၏နှုတ်ခမ်းထက်တွင် အေးစက်သည့် အပြုံးတစ်ခု ရှိနေသည်။ ထို့နောက် သူသည် လေးနက်သည့်ပုံစံဖြစ်လာကာ “ဒါက ကောင်းကင်နတ်ဘုရားကျောင်းလေ .. ဒီထာဝရဂူကို ဒီကျောင်းကပိုင်တာ .. ခင်ဗျားတို့အားလုံးက ဘာအရည်အချင်းရှိလို့ ကျုပ်ဆီကနေ ဒါကို လာလုယူနေတာလဲ..”

“ရှင်ထွက်မသွားရင် ရှင်ရိုက်ခံရလိမ့်မယ်နော်..” လန်ရှင်းသည် ရှီဟောင်အား စနောက်နေလေ၏။ သူမသည် ဤသည်ကို ကိစ္စကြီးဟု မသတ်မှတ်ထားပေ။

“ကျုပ်မှာက ဝါသနာတွေ သိပ်များများစားစားမရှိပါဘူး .. စားပဲစားချင်တာ .. ခင်ဗျားက ဘာလူမျိုးစုကလဲ မေးပါရစေ .. ကျုပ်ရဲ့ ဒုတိယဝါသနာကတော့ ဖက်တီးမိန်းကလေးတွေကို အိမ်ပြန်ခေါ်သွားတာပဲ .. ကျုပ်ကို ရန်မစနဲ့..” ရှီဟောင် ဤအပြာရောင်ဝတ်စုံနှင့် နတ်ဘုရားမကို စိုက်ကြည့်လိုက်သည်။

အားလုံး တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ ကြည့်လိုက်ကြသည်။ ဒီလူက လန်ရှင်းကိုတောင် ဒီလိုမျိုး ပြောရဲတာလား..

ပထမတစ်ပိုင်းကို လန်ရှင်း လျစ်လျူရှုနိုင်သေးသည်။ သို့သော် ‘ဖက်တီး’ ဆိုသည့်စကားလုံးကိုတော့ သူမ သည်းမခံနိုင်။ “ရှင်က စိတ်ကောင်းထားလို့မရဘူးပဲ .. ဘာဖြစ်မလဲ ကြည့်ထားလိုက်..” သူမ အံကြိတ်၍ ပြောလိုက်သည်။

“ကောင်းကင်နဲ့ မြေကြီးရဲ့ထုထည်ကို မသိတဲ့သူ .. ဖိနှိပ်မယ်..” ထိုအေးစက်သည့်အသံ ထပ်ပေါ်လာသည်။

ယခုတစ်ခေါက်တွင်တော့ ရှီဟောင် ထိုပန်းကန်လုံးကို ထပ်ကြည့်လိုက်ကာ ကြီးမြတ်သည့်ရှုထော်အား စိုက်ကြည့်လိုက်၏။

ယခုအချိန်မှသာ ကြီးမြတ်သည့်ရှုထော်၏ ခန္ဓာကိုယ်အစစ် ထွက်ပေါ်လာသည်။ သူသည် ထိုနေရာ၌ရပ်နေပြီး ဗုဒ္ဂစွမ်းအင်များလည်း ထွက်ပေါ်နေသည်။ အခြားသူများသူ့အား ကြည့်မလာနိုင်အောင် လေးမြတ်သည့်အလင်းတန်းလည်း ထုတ်လွှတ်ထားသည်။

ရွှေရောင်စာရွက်ဖြင့် ဖုံးထားသကဲ့သို့ ဖြစ်နေသည့် သူ၏အသားအရေမှ လွဲလျှင် ဤလူမှာ သာမန်ပုံပန်းသွင်ပြင်ပင်။ သူ၏လက်များ ပူးကပ်ထားပြီး မျက်လုံးများလည်း မှိတ်ထားကာ ကျမ်းစာ ရွတ်ဆိုနေလေသည်။

အဲဒီတော့ ဒါက ကြီးမြတ်တဲ့ ရှုထော်လား .. အားလုံးထိတ်လန့်သွားရ၏။ လူအများစုမှာ သူ့အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူ၏အသားအရေအရောင်မှလွဲလျှင် ကျန်သည့်အရာများမှာ သာမန်ဆန်လွန်းလှသည်။

သို့သော်လည်း သူသည် ထာဝရဘုန်းကြီးတစ်ပါး၏ ပြာရရှိထားပြီး သူနှင့်ပေါင်းစည်းထားသည်ပင်။ ထို့ကြောင့်ပင် သူသည် သာမန်လူများ တွေးထားသည့်လမ်းထက် သာလွန်သည့်လမ်းကြောင်းလျှောက်ရန် ကံပါလာပြီးသားပင်။ သူသည် အသက်ရှည်ခြင်းကိုပင် ရနိုင်သည်။

“ဒီဘုန်းကြီးအိုကြီး‌ ပြောနေတာမဟုတ်ပါဘူး … ဒီမိစ္ဆာကောင်ကြီးက ပြောနေတာပါ..” ကြီးမြတ်သည့်ရှုထော် ပန်းကန်လုံးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ ထိုပန်းကန်လုံးထဲမှ ခေါင်းကြီးတစ်လုံး ရုတ်တရက်ထွက်လာလေ၏။

ထိုခေါင်းသည် ချက်ချင်းပင် ကြီးမားလာကာ တောင်တစ်လုံး အရွယ်အစားဖြစ်သွားသောကြောင့် အားလုံး ထိတ်လန့်သွားရသည်။

“နဂါးနီ..”

ထိုခေါင်းကို သေချာလေ့လာပြီးနောက် လူအများစု ထိတ်လန့်သွားရသည်။ ဒါက နဂါးမဟုတ်ဘူးလား .. ဤနဂါးသည် သွေးကဲ့သို့ နီရဲနေပြီး သူ၏အကြေးခွံများသည်လည်း သတ္တုဖြင့် ထွင်းထုထားသကဲ့သို့ပင်။

အားလုံး အေးခဲသွားရသည်။ ကြီးမြတ်သည့်ရှုထော်သည် ပြာရသွားသည်နှင့် လောကအနှံ့ခြေဆန့်ကာ နတ်ဆိုးနဂါးများအား ရှင်းလင်းဖိနှိပ်ခဲ့သည်ပင်။

“ဒါက အဲဒီနဂါးမဟုတ်ဘူးလား .. သူ့ရဲ့ကျင့်ကြံဆင့်က နက်နဲပြီးတော့ သူ့ခွန်အားကလည်း ကြောက်စရာကောင်းတယ် .. ထာဝရကျောင်းက မကောင်းဆိုးဝါးအိုကြီးတွေတောင်မှ သူရှိနေမှန်း သိသွားတာနဲ့ သူ့ကို သတ်ခွင့်မပေးခဲ့ဘူး..”

ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများပင်လျှင် ဤအရာမှာ အဖိုးတန်သည့်အရာတစ်ခုဖြစ်သည်ဟု မြင်နေခြင်းပင်။ ဤသည်မှာ သူ၏ဘိုးဘေးခြေရာနင်းသည့် နဂါးနီပင်။ သူ၏သွေးမျိုးဆက်မှာ အလွန်သန့်စင်လှသည်။

“ခဏခဏ လျှောက်ပြောပြီးတော့ ငါ့ကို ရန်စနေတာ ဒီမိစ္စာနဂါးလား..” ရှီဟောင် အေးစက်စွာပင် မေးလိုက်သည်။

“ငါဖြစ်တော့ရော ဘာဖြစ်လဲ .. ဂတုံးက လူမသတ်ချင်ဘူးဆိုပေမယ့် ငါကတော့ သူ့လိုမဟုတ်ဘူး..” ထိုနဂါးနီကြီးသည့် ပန်းကန်လုံးထဲမှ ထွက်လာကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးလာလေ၏။

သူ၏ကြီးမားလှသည့် ခန္ဓာကိုယ်မှာ လူများစွာကို ထိတ်လန့်သွားစေသည်။ ဤသည်မှာ တောင်ကြောတစ်ခုထက်ပင် ပိုကြီးပြီး ပိုကြောက်စရာကောင်းလှသည်။ ဤနေရာရှိ လေဟာနယ်များ စတင်ပျက်စီးလာလေသည်။

ဝုန်း..

သဲနှင့်ကျောက်တုံးများ နေရာတိုင်း၌ လွင့်ပျံလာကာ လေဟာနယ်လည်း အက်ကွဲလာသည်။ ဤနေရာတွင် ဘာကိုမှ မမြင်ရတော့။ အားလုံးမှာ နီရဲနေသည်။ လေပွေများလည်း ဖြစ်ပေါ်လာပြီး အားလုံးကို စုတ်ယူနေလေ၏။ တန်ပေါင်းများစွာလေးသည့် ကျောက်တုံးကြီးများပင်လျှင် စုတ်ယူခံလိုက်ရကာ ချက်ချင်းအမှုန့်ဖြစ်သွားလေ၏။

ထို့နောက် တွင်းနက်တစ်ခု ပေါ်လာသည်ကို အားလုံးတွေ့လိုက်ရသည်။

ဒီမိစ္ဆာနဂါးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ .. ကြီးမြတ်တဲ့ရှုထော် ဖိနှိပ်ပြီးတော့ ထာဝရကျောင်းက မကောင်းဆိုးဝါးအိုကြီးတွေ ဒီအကောင်ကြီးကို အလေးပေးနေတာ မဆန်းတော့ပါဘူး..

အဆင့်လွန်လူငယ် လေးယောက် ဘာမှမလုပ်ခင်မှာပင် ဤမိစ္ဆာနဂါး ရှီဟောင်အား ဖိနှိပ်လာသည်။

“ဟားဟား .. လေဟာနယ်တာအိုနယ်ပယ်ရဲ့ စွမ်းအားကို မင်းဘယ်လိုလုပ် သိနိုင်မှာလဲ .. မိစ္ဆာနဂါးတစ်ချက်လေး လှုပ်လိုက်တာနဲ့ မင်းကို သတ်ပစ်လို့ရတယ် .. သခင်က သူ့ကိုယ်သူ ကန့်သတ်လိုက်လို့ မင်းကို ရှုံးသွားတာ..”

နောက်လိုက်မှာ အလွန်အခြေနေဆိုးနေသည်ပင်။ သူ၏ခန္ဓာကိုယ် စုတ်ပြတ်နေသော်လည်း မိစ္ဆာနဂါးကြီး၏ ခွန်အားကို တွေ့လိုက်ရသည့်အချိန်တွင် သူမနေနိုင်တော့ပဲ ကျယ်လောင်စွာရယ်မောလိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် အရာအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ လေပွေကြီးလည်း ပျောက်ဆုံးသွားလေပြီ။

ဤနေရာ၌ ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့၏။ ဤသည်မှာ ဟွမ်ပင်။ မိစ္ဆာနဂါးက ဘယ်ရောက်သွားတာလဲ .. အားလုံးဆွံ့အသွားရသည်။

“မိစ္ဆာနဂါးဘယ်ရောက်သွားတာလဲ .. သူကဘာလို့ ပျောက်သွားတာလဲ..” နောက်လိုက် ဇဝေဇဝါဖြစ်သွားရသည်။

“ကျွန်တော့်ကိုကယ်ပါ .. ဂတုံးကြီး .. သခင် .. ကျွန်တော့်ကို ကယ်ပါ..” ထိုအချိန်တွင် မိစ္ဆာနဂါး၏သနားစဖွယ်အော်သံ ထွက်ပေါ်လာသည်။

အားလုံး ကြက်သေသွေားရ၏။ နောက်ဆုံးတော့ နဂါးကို သူတို့မြင်လိုက်ရလေပြီ။ နဂါးကြီးသည် တောင်ကြောတစ်ခုထက်ပင် ပို၍ရှည်လျားကာ ခမ်းနားလှသော်လည်း ယခုအချိန်တွင်တော့..

သူသည် ရှီဟောင်၏ ခါးထက်၌ ခါးပတ်ဖြစ်နေလေပြီ။ သူ၏ခေါင်းနှင့်အမြီးကို ကြိုးကဲ့သို့ ထုံးထားလေသ်ည။

အားလုံး မူးဝေသွားရသည်။ ဤသည်မှာ ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများပင် အလေးထားသည့် ဒဏ္ဍာရီလာ မိစ္ဆာနဂါးပင်။

“မရိုးရှင်းဘူးပဲ..” တစ်ချိန်လုံး တိတ်ဆိတ်နေသည့် မျက်နှာသေနှင့် ချီဂုပင် ပြောလာသည်။

“အားလုံးကို အနိုင်ယူပစ်မယ် .. အဲဒီအပြာရောင်ဝတ်စုံနဲ့ဖက်တီးနဲ့ဂတုံး မင်းတို့အားလုံး တစ်ခါတည်းလာခဲ့လိုက်..” ရှီဟောင်ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရ၏။ သူရူးသွားပြီလား .. သူသည် အဆင့်လွန်လူငယ်သုံးယောက်အား တစ်ပြိုင်နက်တည်း စိန်ခေါ်နေသည်။

ဝုန်း..

ထိုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်မှ လှုပ်ရှားလိုက်သည်။ သူရှုံးမည်ဟု ထပ်ခါတလဲလဲ ပြောနေသည်ကို သူသည်းမခံနိုင်တော့။ ဤအတိုင်းသာ ဆက်သွားနေလျှင် ဤသည်မှာ သူ့ဘဝအတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မည်။

သူ၏လက်သီးတံဆိပ် လွင့်ပျံလာသည်နှင့် ခရမ်းရောင်နေကြီး ပေါက်ကွဲသွားသကဲ့သို့ ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။

ထို့နောက် ထူးဆန်းသည်အရာ တစ်ခု ဖြစ်ပျက်ခဲ့သည်။ ပြီးပြည့်စုံသည် မျိုးစေ့နှင့် ပေါင်းစပ်ထားသည့် လေဟာနယ်တာအိုနယ်ပယ်ရှိ အဆင့်လွန်လူငယ်နှင့် ရင်ဆိုင်ရသော်လည်း ရှီဟောင်သည် လက်သီးချက်တစ်ချက်ဖြင့်သာ ထိုခရမ်းရောင်အလင်းများအား ပြိုကွဲစေလိုက်လေသည်။

ဒုန်း..

ထိုအချိန်တွင် ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာသည်။ ရှီဟောင်၏ လက်သီးချက်အောက်တွင် လောကကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားသလိုပင်။

သူတို့လက်ချောင်းများ ထိသွားသည်နှင့် ခရမ်းရောင်နေကောင်းကင်ဘုရင်မှ တိုးညှင်းစွာ အော်လိုက်သည်။

ထို့နောက် ဟွမ်၏ပုံရိပ်မှာ စစ်နတ်ဘုရားကဲ့သို့ ရွှေရောင်နတ်မီးတောက်များ ဝန်းရံသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ လန်ရှန်းထံသို့ ဦးတည်သွားလေ၏။

သူ၏လက်သီးရှေ့တွင် ကောင်းကင်ကြယ်များ ဝေ့ဝဲနေသကဲ့သို့ပင်။

ဖုန်း..

ဤသည်မှာ လက်သီးချက်တစ်ချက်သာဖြစ်သော်လည်း လေဟာနယ်ကြီး ပျက်စီးသွားရသည်။

အပြာရောင်အလင်းများ ထွက်ပေါ်လာပြီး ထိုလှပသည့်မိန်းမပျိုလေး၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။ သူမ၏အမူအရာလည်းပျက်ယွင်းသွားသည်ပင်။ ဖြစ်ပျက်သွားသည့်မြင်ကွင်းကို သူမ မယုံကြည်နိုင်ဖြစ်နေလေ၏။

ဒုန်း..

ထို့နောက် ရှီဟောင် ကြီးမြတ်သည့်ရှုထော်ထံသို့ ဦးတည်သွားသည်။ သူ၏လက်သီးမှာ ငွေရောင်လက်တံဆိပ်ဖြစ်သွားပြီး မျက်နှာပြင်ထက်တွင် ခွန်ပန်၊ ရှန်းနီနှင့် အခြားထူးဆန်းကာ ကြောက်စရာကောင်းသည့်သင်္ကေတများ ပါရှိနေသည်။

ကြီးမြတ်သည့်ရှုထော်ထံသို့ ဦးတည်သွားသည့် တံဆိပ်ကို ပန်းကန်လုံးမှ ဝင်တားလိုက်သော်လည်း ရလဒ်အနေဖြင့် ထိုအဖိုးတန်ပစ္စည်း တုန်ခါကာ ပေါက်ကွဲသွားလေသည်။ ဤရှေးဟောင်းပစ္စည်း ပျက်စီးသွားလေပြီ။

“ဘုရားရေ .. ငါဘာမြင်လိုက်ရတာလဲ .. ဒါက အစစ်လား..”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ဟွမ်သည် ပြည့်စုံသည့်မျိုးစေ့မရှိသည့်သူဖြစ်သော်လည်း သူသည် အဆင့်လွန်လူငယ်သုံးယောက်အား တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည်။

“သူ့မှာ ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းမျိုးစေ့မရှိဘူးလေ .. အဲဒါကို သူကဘာလို့ အရမ်းသန်မာနေတာလဲ..” နောက်လိုက်၏မျက်နှာမှာ ဖြူရော်နေပြီး နှုတ်ခမ်းများလည်း တုန်ယင်နေသည်။ သူသည် မြေပြင်ထက်သို့ လဲကျသွားလေ၏။

အခြားသူများလည်း တုန်လှုပ်နေကြသည်ပင်။ ဒါက ဟွမ်ရဲ့ခွန်အားအစစ်လား .. သူက ပြည့်စုံတဲ့ တာအိုမျိုးစေ့မရှိပဲနဲ့ ဘာလို့ ဒီအဆင့်ထိ ရောက်လာနိုင်တာလဲ..

ဤနေရာတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်ပင်။

အပိုင်း ၁၄၆၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၄ – ဘုရင်ပြန်ရောက်လာခြင်း

ရွှံ့အိုင်၏အလယ်တွင် လူတစ်ယောက် ရပ်နေသည်။ သူ၏ဝတ်ရုံရှည်မှာ လေနှင့်အတူ လွင့်မျောနေသည်။

အဆင့်လွန်လူငယ်လေးယောက် ဆွံ့အနေကြသည်။ ဘာဖြစ်နေတာလဲ .. ဒါက ပြည့်စုံတဲ့ရှေးဟောင်းမျိုးစေ့မရှိတဲ့ဟွမ်လေ .. သူကဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ ..

တိုက်ပွဲအပြင်ဘက်တွင်ရှိနေသည့် သူများသည်လည်း ရှီဟောင်၏နည်းလမ်းများကို ဆွံ့အနေကြကာ မိုးထိညံအောင် စကားပြောနေကြလေ၏။

နောက်လိုက်၊ ဝူတိုင်နှင့် ရှီဟောင်အားမုန်းတီးနေသည့် ထာဝရကျောင်းမှလူများမပြောနှင့် သူ့အားအမြင်ကောင်းများရှိသည့်သူ၊ သူ့အားအနည်းငယ် နားလည်သည်ဟု ထင်နေကြသည့်သူများမှာပင် လက်မခံနိုင်ဖြစ်နေကြသည်။

“ငါနည်းနည်းမူးနေပြီ.. ရှင်းရှင်းလင်းလင်းမမြင်ရတော့ဘူး .. ဟွမ် .. အဲဒီကောင်က ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလြ .. သူက အဆင့်လွန်လူငယ်သုံးယောက်ကို တစ်ပြိုင်တည်း တိုက်နေတာလား..” ယုန်ဖြူလေး သူမမျက်လုံးကို ပွတ်သပ်၍ ပြောလိုက်သည်။ သူမကိုကြည့်ရသည်မှာ သရဲတစ္ဆေတွေ့လိုက်ရသကဲ့သို့ပင်။

ဤသည်မှာ ယုံကြည်နိုင်ရန် ခက်ခဲလှသည်။ ယခင်က သူတို့အနည်းငယ် စိတ်ပျက်နေခဲ့သည်။ ရှီဟောင် အတော်လေး ထိခိုက်တော့မည်ဟု သူတို့ခံစားနေရသည်ပင်။ သို့သော်လည်း အခြေအနေများမှာ ဤကဲ့သို့ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့။

ဤလူများမှာ ပျော်ရွှင်နေကြသည်ပင်။ ချောင်ယုရှင်းသည် သူ၏ရင်ဘတ်ကို ပုတ်ကာ ဟွမ်သည် သူ၏ညီအစ်ကိုဖြစ်ကြောင်း ပတ်ပြောနေလေ၏။

သူသည် ထာဝရကျောင်းမှ အရေးပါသည့်ပုဂ္ဂိုလ်တစ်ယောက်၏ ပုခုံးကိုပင် ဖက်လိုက်သေးသည်။ “မင်းမြင်လား .. ဟွမ်နဲ့ငါက သွေးသောက်ညီအစ်ကိုတွေ .. ထာဝရကျောင်းက အဆင့်လွန်အုပ်စုတစ်စုကို ရိုက်ပစ်ဖို့အတွက်က အလွယ်လေးပဲ”

ထိုသူမှာ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ဝမ်းကွဲအစ်ကိုပင်။

“ဒီကောင်က အမြဲတမ်း မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်တယ် .. တစ်ခြားသူတွေက သူမထိန်းနိုင်တော့ဘူးလို့ ထင်နေတဲ့အချိန်မှာ သူက တစ်ဆင့်ပြီးတစ်ဆင့် တက်သွားတယ်..” စုန်းမ၏မျက်လုံးများတောက်ပနေသည်။

သူမ၏အမူအရာများမှာ လေးနက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမ ရှီဟောင်ကို သိလာသည်မှာ အချိန်အတော်ကြာလေပြီ။ အဆင့်နိမ့်နယ်မြေတွင် သူတို့နှစ်ဦး အတူတူလုပ်လုပ်ခဲ့ကြပြီး ကိစ္စများစွာကို အတူတူဖြေရှင်းခဲ့ကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် လေးလေးနက်နက် နားလည်နေသည်ဟု ပြော၍ရသည်။

“အထင်ကြီးစရာပဲ တကယ်ကို မယုံနိုင်လောက်အောင်ပဲ .. ညီအစ်ကိုရှီရဲ့ စွမ်းအားက ဒီအဆင့်ထိတောင် ရောက်သွားပြီလား..” ချန်ကုန်းယန် အံ့အားတကြီး ပြောလိုက်သည်။

ရှီဟောင်စွမ်းအားကြီးခြင်းမှာ သူတို့အားလုံးကို ပျော်ရွှင်စေသည်ပင်။

“ဟားဟား .. ဒီခံစားချက်က တကယ်ကို ကောင်းတာပဲ .. ဟွမ်က ဒီလောက်တောင် စွမ်းအားကြီးတယ် .. သူက ရှေးဟောင်းမျိုးစေ့မရှိတာတောင်မှ ဒီအဆင့်ထိ ရောက်နိုင်တယ်..” ကောင်းကင်နတ်ဘုရားကျောင်းမှ လူများမှာ စိတ်အလှုပ်ရှားဆုံးပင်။

အချို့သူများမှာ မျက်ရည်များပင် ကျလာသည်အထိပင်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားကျောင်း၌ ကျန်ခဲ့သည့်သူများသည် သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်ခံနေခဲ့ကြရသော်လည်း သူတို့ဘာမှပြန်မလုပ်နိုင်ခဲ့။

“ဟွမ်က ရှေးဟောင်းမျိုးစေ့ မရပေမယ့်လည်း အကောင်းဆုံးဖြစ်နေတုန်းပဲ .. သူက ဒီအဆင့်လွန်လူငယ်လို့ခေါ်တဲ့သူတွေကို ရင်ဆိုင်နိုင်တယ် .. ဘယ်သူ သူနဲ့ ယှဉ်ရဲလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှ လူများ အော်ဟစ်လိုက်သည်။

ရှီဟောင်၏ အောင်မြင်မှုမှာ သူတို့အောင်မြင်မှုပင်။

ဟွမ် ပေါ်လာသောကြောင့် ယခု သူတို့ပို၍ မျှော်လင့်ချက် ရှိလာလေပြီ။ ဤတိုက်ပွဲပြီးသည့်နောက်တွင် နေရာအနှံ့မှ ပြိုင်ဘက်များကို သူဖိနှိပ်ပစ်ဖို့ မျှော်လင့်မိသည်။ အဆင့်လွန်လူငယ်များ အသက်မရှူနိုင်လောက်သည်အထိ ဖိနှိပ်ပစ်လျှင် ပိုကောင်းသေးသည်ပင်။

ထာဝရကျောင်းမှ လူများ အထိအနာဆုံးပင်။ ဤအဖြစ်အပျက်မှာ သူတို့ထင်ထားသည်ထက် ကျော်လွန်နေသည်။ ဟွမ်က ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ .. သူတို့စဉ်းစားလေလေ ခေါင်းကိုက်လေလေပင်။

“တကယ်ကို နားမလည်နိုင်တော့ဘူး..” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

ရှေးဟောင်းပညာများကို ကျင့်ကြံပါက တာအိုမျိုးစေ့နှင့် ပေါင်းစည်းရန်လိုကြောင်း ဤလောကရှိ လူတိုင်းသိသည်။ သို့သော်လည်း ဟွမ်၌ သင့်တော်သည့် မျိုးစေ့မရှိသည်ကို အားလုံးသိနေသည်ပင်။

သို့သော်လည်း ယနေ့ ဖြစ်ပျက်သွားသည်မှာ သူတို့အားလုံး၏ စိတ်ကူးကို ပြောင်းပြန်လှန်သွားသည်ပင်။ ဟွမ်သည် မရှုံးရုံသာမက သူတို့နှင့် ထပ်တူညီတူ စွမ်းအားကြီးနေသည်ပင်။

ဝူတိုင်သည် ရှီဟောင်ကို လေဟာနယ်တာအိုနယ်ပယ်၌ စောင့်နေမည်ဟု ကြွေးကြော်ခဲ့သော်လည်း ယခုတော့ သူဤအခွင့်အရေးရှိတော့မည်မဟုတ်တော့။ နောင်ကျလျှင် သူရှီဟောင်နှင့်တွေ့လျှင် အလွန်သတိထားနေရမည်ဖြစ်ပြီး သူ့အမြီးကိုကုပ်ထားရမည်ပင်။ မဟုတ်ပါက သူဒုက္ခရောက်သွားနိုင်သည်။

မင်းသမီးယောင်ယွဲ့၏ အဖြူရောင်အဝတ်အစားများမှာ နှင်းထက်ပင် ဖြူနေသေးသည်။ သူမသည် ရှည်လျားသွယ်လျကာ မျက်လုံးများမှာလည်း ဆောင်းဦးနှင်းစက်လေးများကဲ့သို့ ကြည်လင်တောက်ပနေသည်။ “တကယ်ကို မယုံနိုင်စရာပဲ .. ဟွမ်ဘာဖြစ်သွားတာလဲ .. သုံးနှစ်လောက် ပျောက်သွားတော ရှင်ဆုတ်ယုတ်သွားပြီလို့ အားလုံးက ထင်နေကြတာ .. ဒါပေမဲ့ ရှင်က ဒီလိုပုံစံမျိုးနဲ့ ပြန်ပေါ်လာတယ် .. အားလုံးကို သင်ခန်းစာပေးနေတယ် .. နားမလည်နိုင်လောက်အောင်ကို ထူးဆန်းလာတာပဲ..” သူမကိုယ်သူမ ပြောလိုက်သည်။

အလေးအမြတ်ကျောင်းမှလူများလည်း စိတ်ရှုပ်နေကြသည်ပင်။

“ကြည့်ရတာ ရှင်ပျောက်သွားတဲ့ သုံးနှစ်အတွင်းမှာ ရှင် ကံကြမ္မာအလှည့်အပြောင်းနဲ့ ကြုံတွေ့ခဲ့ရတယ်ထင်တယ်..” ရွှံ့အိုင်ပေါ်မှ လန်ရှင်းမှ ပြောလိုက်သည်။

သူမ၏ လှပသည့်လက်တစ်ဖက်မှာ နီရဲကာ ရောင်ကိုင်းနေသည်။ ပြင်းထန်လှသည့် နာကျင်မှုမှာ သူမအား တုန်လှုပ်သွားစေသည်ပင်။ သူမ၏လက်ချောင်းများ ကျိုးတော့မလိုပင် သူမခံစားနေရသည်။ ကံကောင်းစွာဖြင့်ပင် သူမ ရှီဟောင်၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်နိုင်ပြီး အပြင်းထန်ဆုံးအကျိုးဆက်ကို မခံစားခဲ့ရ။

“မင်းသုံးနှစ်ပျောက်သွားတာက မင်းထွက်ပြေးသွားတာလို့ အားလုံးက ပြောနေကြတယ် .. ဒါပေမဲ့ ကြည့်ရတာတော့ သူတို့တွေ အထင်လွဲသွားကြတာပဲ..” တိုက်ပွဲတွင် ဝင်မပါပဲ တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ချီဂုမှ ပြောလိုက်သည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏မျက်နှာမှာ လုံးဝပျက်ယွင်းနေလေပြီ။ သူ၏ပုံရိပ်ကို ခရမ်းရောင်အလင်းများ လွှမ်းခြုံထားသော်လည်း ထိုအလင်းထဲတွင် ညှို့မှိုင်းသည့်စွမ်းအင်များလည်း ပါဝင်နေသည်။ သူတကယ်ကို ထိတ်လန့်ကာ ဒေါသထွက်နေမိ၏။ ဒီရန်သူ၊ ဒီဆုတ်ယုတ်နေတဲ့သူက ဒီလိုမျိုး စွမ်းအားတွေ ရှိနေတာလား..

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ညာလက် လက်ချောင်းများကြားတွင် သွေးစီးကြောင်းများ ရှိနေသည်။ ဤသည်မှာ ရှီဟောင်နှင့် ယခုလေးတင် တိုက်ခိုက်မှုမှ ရလာသည့်ဒဏ်ရာများပင်။

နာကျင်မှုမှာ သူ့အရိုးထဲထိသို့ပင် စိမ့်ဝင်လာသည်။ သူ့လက်များ တစ်စစီဖြစ်တော့မည်ဟုပင် ခံစားလိုက်ရ၏။ သိထားရမည်မှာ သူသည် ငယ်စဉ်ကတည်းက ခရမ်းရောင်ရွှေခန္ဓာကိုယ်အား ကျင့်ကြံခဲ့ခြင်းပင်။ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့နှင့် ပေါင်းစည်းပြီးသည့်နောက်တွင် သူသည် ပို၍ပင် ထူးခြားလာသည်။

ခန္ဓာကိုယ်ကျင့်ကြံသူများပင် သူနှင့်ယှဉ်ရန် ခက်ခဲလိမ့်မည်။ သူသည် မချိုးဖျက်နိုင်သည့် ခန္ဓာကိုယ်အား ရရှိထားသည်ဟုပင် ပြော၍ရသည်။ သို့သော်လည်း ယခု ရှီဟောင်နှင့် ခန္ဓာကိုယ်ချင်း တိုက်ခိုက်သည့်အချိန်တွင် သူရှုံးနိမ့်သွားခဲ့ရသည်။

ဤသည်မှာ တစ်ခဏလေးသာ တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ဤလူမှာ ကြောက်စရာကောင်းသည့်လူမှန်း သူပြောနိုင်သည်။ ဤသည်မှာ ကောလဟာလများနှင့် လုံးဝ တစ်ခြားစီပင်။

ယခုအချိန်တွင် ကြီးမြတ်သည့်ရှုထော်လည်း သက်ပြင်းချလိုက်သည်။ သူ၏လက်များ လှုပ်ရှားလိုက်ကာ ထာဝရဘုန်းကြီးမန္တန်များကို တိတ်တဆိတ် ရွတ်ဆိုနေလိုက်သည်။ သူ၏မျက်နှာထက်ရှိ အမူအရာမှာမူ ရှုပ်ထွေးနေသည်ပင်။

မြေပြင်ပေါ်တွင် ထိုပန်းကန်လုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသည်။ ဤသည်မှာ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သော်လည်း ရှီဟောင်၏ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ဤကဲ့သို့ ပျက်စီးသွားသည်။

သူ စိတ်တည်ငြိမ်နိုင်ရန် ခက်ခဲနေလေ၏။ ဟွမ်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ .. သူက ထာဝရရှေးဟောင်းခေတ်က ထူးချွန်တဲ့ဘုန်းကြီးနဲ့တောင် ယှဉ်နိုင်လောက်တယ် ဟုတ်တယ်မလား ..

သူရထားသည့် ကျမ်းစာများအရဆိုလျှင် ထာဝရဘုန်းကြီးများထဲမှ အဆင့်လွန်ပုဂ္ဂိုလ်များသည် ငယ်စဉ်က ခြောက်ကျန်းရွှေရောင်ခန္ဓာကိုယ်ကို ကျင့်ကြံကာ ပြိုင်ဘက်ကင်းသည်ဟု ပြောထားသည်ပင်။

“တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ .. ခန္ဓာကိုယ်ချင်းယှဉ်မယ်ဆိုရင် မင်းကိုယှဉ်နိုင်တဲ့သူ များများစားစားရှိမှာမဟုတ်ဘူး..” ကြီးမြတ်သည့်ရှုထော် ပြောလိုက်သည်။

ထိုစကားလုံးများကိုကြားလိုက်သည်နှင့် အားလုံးတုန်လှုပ်သွားရသည်။ ဟွမ်သည် သူတို့စိတ်ထဲ၌ ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာသည်။

နောက်လိုက်မျက်နှာမှာ ဖြူဖျော့နေပြီး ဘာမှမပြောရဲတော့။

အဘယ်ကြောင့်ဆိုသော် ဟွမ်သာ ‘လွတ်လပ်ပေါ့ပါးပြီး ရွှတ်နောက်နောက်’ သာ နေလိုက်ပါက ဘာမဆိုဖြစ်လာနိုင်သည်။ လေကလန်မှ စွမ်းအားအကြီးဆုံး အမွေဆက်ခံသူ ဖုန်းရှင်းထျန်မှာ ဟွမ်၏လက်ထဲ၌ သေသွားရသည်ဟု ကောလဟာလများ ရှိနေသည်ပင်။

အဘယ်ကြောင့်ဆိုသော် လေကလန်သည် အဆင့်လွန်လူသားယွမ်ချင်းအား ရှီဟောင်၏လမ်းကြောင်းကို နှောက်ယှက်ခိုင်းပြီး သူ့အားသုံးနှစ်ခန့် ပိတ်ထားခိုင်းခဲ့သောကြောင့်ပင်။

သူက သက်ရှည်မိသားစုက နံပါတ်တစ် အမွေဆက်ခံသူကိုတောင် သတ်ရဲတာ .. သူ မလုပ်ရဲတာ ဘာရှိမှာလဲ..

“ကျီရီ မင်းငါနဲ့ တိုက်ချင်သေးလား .. ဖက်တီး မင်းငါ့ကို ဒီနေရာကနေ ထွက်သွားဖို့ ပြောခဲ့သေးတယ် .. အခုထိ ထွက်သွားစေချင်တုန်းပဲလား .. ပြီးတော့ ဂတုံး မင်းရဲ့ဆန်ခွက်က အဲဒီလောက်လည်း ထူးခြားမနေဘူး..” ရှီဟောင် ပြောလိုက်၏။
[AN: ကျီရီ – ခရမ်းရောင်နေ]

တိုက်ပွဲအပြင်ဘက်ရှိလူများ ထိတ်လန့်တုန်လှုပ်သွားရ၏။ မည်သူမှ ဤကဲ့သို့ မပြောရဲပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရန်စသည့် စကားလုံးများပင်။ ထိပ်တိုက် တိုက်ခိုက်ပြီးသွားပြီကို ဟွမ်က ဒီလိုမျိုးလုပ်ချင်နေတုန်းပဲလား .. သူက ဒီအဆင့်လွန်လူငယ်သုံးယောက်နဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတာလား…

တစ်ခဏလေး တိုက်ခိုက်တာက သူဒီလူသုံးယောက်နဲ့ အကြာကြီး တိုက်ခိုက်နိုင်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ..

ဟွမ်က ဘာလုပ်ချင်နေတာလဲ ..

“ငါတို့ကို ဒီလိုမျိုးရန်စနေတာ .. ငါတို့သုံးယောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်လို့ ဖြစ်လာမယ့်အကျိုးဆက်ကို မင်းမသိဘူးလား .. မင်းသေချင်နေတာလား..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဒေါသတကြီး ပြောလိုက်သည်။ သူ၏ရင်ထဲမှ ဒေါသတရားများကို ဖွင့်ထုတ်ချင်သောကြောင့် သူ၏စကားလုံးများ ကြမ်းတမ်းနေခြင်းပင်။ သူ ကောင်းကင်ထက်သို့ အော်ဟစ်ကာ သူ့ဒေါသများကို ဖွင့်ထုတ်လိုက်ချင်သည်။

“ရန်စတယ်ဟုတ်လား .. ကျုပ်က ခင်ဗျားတို့အားလုံးကို ဖိနှိပ်ချင်ရုံလေးတင်ပဲ..” ရှီဟောင်၏မျက်ဝန်းတွင် နတ်အလင်းတန်းများ ပြည့်နေသည်။

ဤစကားဆုံးသည်နှင့် အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားသည်။

ဟွမ်က ပြန်ရောက်လာတာနဲ့ အဆင့်လွန်လူငယ်သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်တော့မှာလား..

“ဘုရင်ပြန်လာပြီ..” ဤသည်မှာ အားလုံးတွေးနေသည့်အရာပင်။ ရှီဟောင်သုံးနှစ်ကြောအောင် ပျောက်သွားခြင်းမှာ ထွက်ပြေးနေခြင်းမဟုတ်ပဲ သူ စွမ်းအားကြီးစွာ ပြန်ရောက်လာနိုင်ရန်အတွက် စောင့်ဆိုင်းနေခြင်းပင်။

“သတ်…”

ယခုအချိန်တွင် ဘာမှပြောစရာမရှိတော့။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ဒေါတသကြီးဖြင့်ပင် စတင်တိုက်ခိုက်လာသည်။

ဝုန်း..

တစ်ချိန်တည်းမှာပင် ရှီဟောင်၏ခန္ဓာကိုယ်မှ အစေ့နှင့်တူသည့် အလင်းတစ်ခု ထွက်ပေါ်လာသည်။

သူသည် စွမ်းအားများစုစည်းမနေပဲ ခရမ်းရောင်နေကောင်းကင်ဘုရင်ထံသို့ လက်မြှောက်ကာ ရိုက်ချလိုက်သည်။

“မင်း..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဒေါသထွက်သွားရ၏။ တစ်ဖက်လူမှာ သူ့အား အထင်သေးလွန်းသွားလေပြီ။

ကျယ်လောင်လှသည့် ဒုန်းကနဲအသံကြီး ထွက်ပေါ်လာသည်။ ရှီဟောင်၏သာမန်ရိုက်ချက်ပင်လျှင် ကြောက်စရာကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအင်များ ပါဝင်နေသည်။ ထိုလက်ဝါးသည် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ခရမ်းရောင်စွမ်းအင်မြူများကို ပျက်ပြယ်သွားစေလေသည်။

“သတ်..”

ခရမ်းရောင်နေကောင်းကင်ဘုရင် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး ဟစ်ကြွေးလိုက်သည်။ ခရမ်းရောင်စွမ်းအင်မြူများသည် ကောင်းကင်ဓားအဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်၏ခန္ဓာကိုယ်ကို တိုက်ခိုက်လာသည်။

ဤနေရာမှာ အပိုင်းပိုင်းအစစဖြစ်လာပြီး နေရာတိုင်း၌ အက်ကွဲကြောင်းများ ပြည့်လာသည်။

သို့သော်လည်း ကြည်လင်သည့်အလင်းတစ်ခု တောက်ပနေသည်။ ရှီဟောင်သည် ထိုအလယ်၌ ရပ်နေပြီး သူ၏ပုံစံမှာ ပညာအားလုံးကို ခုခံနိုင်သည့်ပုံစံပင်။

သူ၏လက်ကိုမြှောက်လိုက်သည်နှင့် ကြီးမားလှသည့် လက်တံဆိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ခရမ်းရောင်စွမ်းအင်ကောင်းကင်ဓားများကို ဖျက်ဆီးပစ်လိုက်သည်။

“သူက .. လက်ဗလာနဲ့ ပြည့်စုံတဲ့မျိုးစေ့ကို ခုခံနိုင်တာလား..” ခပ်ဝေးဝေးမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“ဖက်တီး … မင်းစင်ပေါ်က ဆင်းမှာလား..” ရှီဟောင် လန်ရှင်းကို ကြည့်လိုက်ကာ တစ်ချက်တည်းဖြင့် သူမအား ဖမ်းလိုက်သည်။

သူ၏လက်များမှာ ဝါးခြင်းတောင်း ယှက်နေသကဲ့သို့ ဤလှပသည့်ခန္ဓာကိုယ်ကို ရစ်ပတ်တော့မည်ပင်။

“ခွေးကောင် .. ရှင်လုပ်ရဲသလား..” လန်ရှင်း ရှက်သွားရသည်။ သူမ၏ခန္ဓာကိုယ်မှ အပြာရောင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ဝုန်း..

ထို့နောက် ရှီဟောင် ကြီးမြတ်သည့်ရှုထော်အား တိုက်ခိုက်လာသည်။

“ဘာလို့လဲ .. ပြည့်စုံတဲ့မျိုးစေ့မရှိပဲနဲ့ သူကဘာလို့ ဒီလိုမျိုးလုပ်နိုင်တာလဲ .. သူ .. အဲဒီဒဏ္ဍာရီလမ်းကို လျှောက်လို့များလား..” အချို့သူများ စတင်ကောက်ချက်ချလာကြသည်။

“ဘုရင် ပြန်လာပြီ .. သုံးနှစ်ပျောက်နေပြီးတော့ ဟွမ်က နောက်တစ်ကြိမ် ပြန်ပေါ်လာပြီ .. ဘယ်သူ သူ့ကို ယှဉ်ရဲလဲ..” ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ စိတ်လှုပ်ရှားစွာပင် ဟစ်ကြွေးလိုက်ကြလေသည်။

အပိုင်း ၁၄၆၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၅ – လက်သီးဖြင့် ကမ္ဘာကြီးကို သိမ်းပိုက်ခြင်း

ခရမ်းရောင်နေမင်းကြီးသည် ကောင်းကင်ကဲ့သို့ကြီးမားလှပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင် သွေးများဆူပွက်လာ၏။ ဤသည်မှာ သူ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ပထမဆုံး ပြင်းပြင်းထန်ထန် တိုက်သည့်တိုက်ပွဲပင်။ သူ ဒေါသထွက်နေသလို အစောပိုင်းက ခံစားခဲ့ရသည့် အရှက်ရမှုများကို ဖယ်ရှားပစ်ချင်သည်။

ဝုန်း..

သူ၏ခန္ဓာကိုယ်သည် တစ်ကျန်းအရွယ်အစားထိ ကြီးမားလာသည်။ သူ၏ခရမ်းရောင်ခန္ဓာကိုယ်မှာ သတ္တုကဲ့သို့ အေးစက်သည့်အလင်းတန်းများ တောက်ပနေသည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ သန်မာကာ စွမ်းအားကြီးလှသည်။

တစ်ကျန်းဆိုသည်မှာ ရှည်လည်းမရှည် ပုလည်းမပု အနေတော်ပင်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီး တုန်ဟီးလာကာ မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သည့် စွမ်းအင်များလည်း ကျဆင်းလာကာ ခရမ်းရောင်နေကောင်းကင်ဘုရင်ကို ဖုံးလွှမ်းသွား၏။

ဤသည်မှာ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ပင်။ သူ ဤမျိုးစေ့ကို အပြည့်အဝအသက်သွင်းလိုက်ခြင်းဖြစ်သောကြောင့် ယခင်ကထက်ပင် ပို၍ကြောက်စရာကောင်းလာသည်။ စွမ်းအင်များနှင့်အတူ တာအိုအသံများလည်း ထွက်ပေါ်လာသည်ပင်။

ယခုအချိန်တွင် အားလုံး တုန်ယင်နေပြီး သူတို့ ဝိညာဉ်များပင် သူတို့ခန္ဓာကိုယ်ကို စွန့်ခွာတော့မည်ဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအင်လှိုင်းများအောက်တွင် သူတို့ကိုယ်သူတို့ သေးနုပ်လွန်းသည်ဟု ခံစားနေရသောကြောင့်ပင်။

“သေလိုက်တော့..” ခရမ်းရောင်နေကောင်းကင်ဘုရင် ဟစ်ကြွေးလိုက်သည်။ အသံလှိုင်းများမှာ ပင်လယ်လှိုင်းများကဲ့သို့ နေရာအနှံ့ ပျံ့လွင့်သွားသည်ကိုပင် မြင်တွေ့လိုက်ရသည်။

ဒုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင် လက်တံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်နှင့် ကောင်းကင်ကြီးတစ်ခုလုံး ခရမ်းရင့်ရောင်လက်ဝါးဖြင့် ပြည့်သွားသည်။

ခရမ်းရောင်ကောင်းကင်လက်ဝါး..

ဤသည်မှာ ‘အရှေ့ဘက်မှခရမ်းရောင်စွမ်းအင်’ ဟူသည့် ရှေးဟောင်းကောင်းကင်ပညာတစ်ခုမှ လက်ဝါးပညာပင်။ ဤလက်ဝါးသည် ကောင်းကင်တစ်ခုကဲ့သို့ နေနှင့်လကို ကန့်သတ်နိုင်ပြီး ကောင်းကင်ထက်မှ ကြယ်များကိုပင် ခူးယူနိုင်သည်။

ဤပညာကို အမြင့်ဆုံးထိ အသက်သွင်းလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ အရာအားလုံး ထွက်ပြေးနိုင်ရန် ခက်ခဲလိမ့်မည်ပင်။

ရှီဟောင် ထိုနေရာ၌သာ တည်ငြိမ်စွာ ရပ်နေပြီး သူ၏ညာလက်ကို မြှောက်ထားသည်။

သူ၏လက်ဝါးဖြင့် ရိုက်ခတ်လိုက်သည်နှင့် လေဟာနယ်ထဲတွင် လက်ဝါးတံဆိပ်တစ်ခု ပေါ်လာကာ ထိုတိမ်နှင့်တူသည့်လက်ကြီးနှင့် တိုက်ခိုက်လာသည်။

ပင်လယ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသကဲ့သို့ ခမ်းနားလှသည့် ရောင်စုံအလင်းများထွက်ပေါ်လာသည်။ ထို့နောက် အရာအားလုံး လောင်ကျွမ်းတော့မလိုဖြစ်သွားသည်ပင်။

ဤမြင်ကွင်းမှာ တောက်ပလွန်းလှသောကြောင့် အဆုံးမရှိသည့် ချော်ရည်များ စီးဆင်းလာသကဲ့သို့ပင်။

သူတို့နှစ်ဦးကြားတွင် ပြင်းထန်လှသည့် ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။

သူတို့၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှသောကြောင့် ကြည့်နေကြသည့်သူများ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ခရမ်းရောင်နေကောင်းကင်ဘုရင်က နာကျင်သွားရကာ သွေးစီးကြောင်းများလည်း ထွက်ပေါ်လာလေသည်။

သူအလွန်ပင် အရှက်ရနေကာ ဤသည်ကို လက်မခံနိုင်ဖြစ်နေလေ၏။

သူ သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် ဤသည်မှာ သူ့ကမ္ဘာဖြစ်လိမ့်မည်ဟု သူယုံကြည်ထားခြင်းပင်။ အခြားအဆင့်လွန်လူငယ်များနှင့် ရင်ဆိုင်သည့်အချိန်တွင် သူ့ထံ၌ အကြောက်တရားများ ရှိနေမည်မဟုတ်။ သူ ဤလောကကြီး၌ အတားအဆီးမရှိ လှည့်ပတ်သွားလာနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ပထမဆုံးတိုက်ပွဲမှာပင် အလွန်ခါးသီးနေလေပြီ။

အနည်းဆုံးတော့ သူ၏ခရမ်းရွှေရောင်ခန္ဓာကိုယ်မှာ ဖျက်ဆီး၍မရနိုင်သည့် ခန္ဓာကိုယ်အဖြစ် နာမည်ကြီးသည်ပင်။ သို့သော်လည်း နှစ်ကြိမ်တိုက်ပြီးနောက် နှစ်ကြိမ်လုံး သူသာ ရှုံးနိမ့်ခဲ့သည်။

သူ တကယ်ပဲ အရှုံးရဲ့အရသာကို မြည်းကြည့်ရတော့မှာလား..

“ငါက အရှုံးမရှိတဲ့သူ..” ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ဟစ်ကြွေးသံမှာ နဂါးဟစ်ကြွေးသံများကဲ့သို့ အားလုံး၏ဝိညာဉ်ထဲ၌ မြည်ဟီးသွားသည်။ လူအတော်များများသည် ဤအသံလှိုင်းကို မခံနိုင်ပဲ သူတို့၏ ဒွါရ ၇ ပေါက်မှ သွေးများစီးကျလာသည်။

“သတ်…”

ထို့နောက် သူသည် ကျယ်လောင်စွာ ဟစ်ကြွေးကာ ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။

ကောင်းကင်နတ်ဘုရားကျောင်းသည် အလွန်ကျယ်ပြောလှသည့်နေရာပင်။ ခပ်ဝေးဝေး၌ရှိနေသည့် လှပသည့်တောင်တန်းများသည် ထိုအသံလှိုင်းကြောင့် ပေါက်ကွဲသွားကာ ကျောက်တုံးများ ဖြစ်သွားကြလေ၏။

ဒါက ဘယ်လို ခြယ်လှယ်မှုမျိုးလဲ .. တစ်ခါလေး ဟစ်ကြွေးလိုက်တာနဲ့ တောင်နဲ့မြစ်တွေတောင် ပျက်စီးသွားတယ် …

ယခုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ အသက်စွမ်းအင်မှာ အမြင့်ဆုံးပင်။ သူ၏ဆံပင်များမှာ ရေတံခွန်ကဲ့သို့ ကျဆင်းနေပြီး မျက်လုံးများမှာလည်း နေမင်းလေးနှစ်လုံးကဲ့သို့ပင်။

သူ၏လက်များမှ တံဆိပ်များ ပြုလုပ်လာကာ ရှီဟောင်အား ပြင်းထန်စွာပင် တိုက်ခိုက်လာသည်။

ခွပ်..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး ဟက်တက်ကွဲသွားရ၏။ ခရမ်းရောင်လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ပုံရိပ်မှာ မှုန်ဝါးနေပြီး ခရမ်းရောင်စွမ်းအင်များလည်း သူ့အနားတွင် ဝေ့ဝိုက်နေသည်။ သူ၏လက်နှစ်ဘက်ကြားတွင် ကြောက်စရာကောင်းသည့် ခရမ်းရောင်စစ်ပုဆိန်တစ်ခု တစ်ဖြည်းဖြည်းချင်း ပေါ်လာသည်။

“ဘုရားရေ .. ဒါက မျိုးစေ့နဲ့လုပ်ထားတာ..”

တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော မွန်းကြပ်စေသည့်ဖိအားမှာ အားလုံးကို အကျိုးသက်ရောက်မှု ရှိနေသည်ပင်။

ပြိုင်ဘက်ကင်းမျိုးစေ့ဖြစ်သည့် ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့မှာ သူ၏စွမ်းအားကို ပြသရုံသာမက လက်နက်တစ်ခုပင် အဖြစ်ပြောင်းလဲသွားလေပြီ။ ဤသည်မှာ နတ်ဘုရားများကိုပင် ခုတ်ချနိုင်သည့် စစ်ပုဆိန်တစ်ခု ဖြစ်သွားလေပြီ။

ရွှီး..

မြူစစ်ပုဆိန်ကြီးသည် ကောင်းကင်ကြီးကဲ့သို့ပင် ဆင်းသက်လာသည်။

လေဟာနယ်များ တစ်လက်မစီ အက်ကွဲလာကာ အောက်ဘက်မှ တောင်များလည်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့နေရသည်။ ဤသည်ကို မည်သည့်အရာမှ မတားနိုင်။

ရှီဟောင်၏အမူအရာမှာ လေးနက်နေ၏။ သူ၏လက်နှစ်ဘက်မှ တံဆိပ်များကို တစ်ပြိုင်နက်တည်း ပြုလုပ်လာသည်။ သူသည် ခရမ်းရောင်စစ်ပုဆိန်ကိုမရှောင်ပဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

သူရူးသွားပြီလား .. ဤသည်မှာ အားလုံးစဉ်းစားနေသည့်အရာပင်။

ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ရဲ့ တစ်စိတ်တစ်ပိုင်းက ဒီလိုမျိုးပုံစံပြောင်းသွားရင်တောင် သူဒီလိုမျိုး ထိပ်တိုက်ရင်ဆိုင်လို့ရဘူးလေ ဟုတ်ပြီလား .. သူ့ကိုယ်သူကာကွယ်ရန် အဆင့်တူသည့်မျိုးစေ့တစ်ခုသာ မရှိပါက သူဒုက္ခရောက်သွားလိမ့်မည်။

ဒုန်း..

မပျက်စီးနိုင်သည့်ဗုံကြီးကို တီးလိုက်သကဲ့သို့ ကမ္ဘာကြီး တုန်ဟီးသွားသည်။

ဤသည်မှာ ရှီဟောင်၏လက်သီးနှင့် စစ်ပုဆိန်ကြီး ထိသွားရာမှ ထွက်လာသည့်အသံပင်။

ခွန်ပန်လက်သီး .. ရှီဟောင်၏ညာလက်သီးမှ ခွန်ပန်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ပြသနေသည်။ သူ၏လက်သီးသည် ကောင်းကင်ကြီးကဲ့သို့ ဤလောကတွင်ရှိနေသည့် သက်ရှိအားလုံးကို ဖိနှိပ်ကာ အမိန့်ပေးနိုင်သည်။

သူသည် ညာလက်ကိုသုံးကာ ဤစစ်ပုဆိန်အား ရိုက်ချလိုက်ခြင်းပင်။ အချို့သူများမှာ ဤစွမ်းအားကို မခံနိုင်ပဲ ဝေါ့ကနဲ သွေးအန်လာကြသည်။

ဘာဖြစ်နေတာလဲ .. အားလုံး ထိတ်လန့်သွားရ၏။ တစ်စုံတစ်ယောက်သည် ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့မှ ဖြစ်လာသည့် လက်နက်အား ထိပ်တိုက်ရင်ဆိုင်နေသည်ကို သူတို့မယုံကြည်နိုင် ဖြစ်နေကြသည်။

ထိုစစ်ပုဆိန်သည် ခွန်ပန်လက်သီးဖြင့် ရိုက်ချခံလိုက်ရပြီးနောက် တုန်ခါလာလေသည်။

ရှီဟောင်၏ခန္ဓာကိုယ် တောက်ပလာကာ ကြည်လင်တောက်ပနေသည့်အလင်းတစ်ခု သူ၏လက်သီးထံသို့ ရွေ့လျားသွားသည်။

ဒုန်း..

ထို့နောက် သူ၏ဘယ်လက်မှဖန်တီးလိုက်သည့် တံဆိပ်လည်း ရောက်ရှိလာသည်။ သူ၏ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုလိုက်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ ပွင့်နေသည့် ‘ဂိတ်တံခါးများ’ မှ သူ့အား ခွန်အားများပေးနေသည်။

သူ၏ဘယ်လက်တွင် လေနှင့် လျှပ်စီးများ ဝေ့ဝဲလာပြီး မိုးခြိမ်းသံများလည်း ထွက်ပေါ်လာသည်။ ဤသည်မှာ လျှပ်စီးဧကရာဇ်တံဆိပ်ပင်။

သူ၏ညာလက်မှ ခွန်ပန်လက်သီးဖြစ်လာပြီး ဘယ်လက်မှ လျှပ်စီးဧကရာဇ်တံဆိပ်ဖြစ်လာသည်။ သူ၏ခန္ဓာကိုယ်သည် မျိုးစေ့အဖြစ်နှင့် စွမ်းအားများကို ထောက်ပံ့နေသည်။

ဒုန်း..

ခရမ်းရောင်စစ်ပုဆိန်ကြီးသည် အက်ကွဲရာများထွက်ပေါ်လာသည်အထိ ထုရိုက်ခံလိုက်ရသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏မျက်နှာ ဖြူဖျော့သွားကာ အသက်ပြင်းပြင်းရှူနေလေသည်။ သူတစ်ခါမှ ဤမျှကြီးမားသည့် ဖိအားကို မခံစားဖူးသေးပေ။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ.. သူက မြူလက်နက်ကိုတောင် ဖောက်ခွဲနိုင်တာလား..

ဝုန်း..

လျှပ်စီးဧကရာဇ်တံဆိပ်နှင့် ခွန်ပန်လက်သီးတို့ ပေါင်းသွားသည့်အချိန်တွင် ထိုစစ်ပုဆိန်ကြီး ပျက်စီးသွားသည်။ ခရမ်းရောင်တာအိုမျိုးစေ့မှ ကျမ်းစာသံများ ထွက်ပေါ်လာကာ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

“အား..” သူ မနေနိုင်တော့ပဲ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ ပြည့်စုံတဲ့မျိုးစေ့တစ်ခုက ဘယ်လိုလုပ် တစ်ဖက်လူကို ရှုံးနိမ့်ရတာလဲ..

“ခရမ်းရောင်စွမ်းအင်မြူ အပြည့်အဝပေါ်လာပြီ .. အစေ့အဖြစ်ပြောင်းပြီးတော့ ခန္ဓာကိုယ်အစစ်အဖြစ် ပြောင်းလဲမယ် .. ပြီးရင် ရန်သူတွေအားလုံးကို ဖိနှိပ်မယ်..” ခရမ်းရောင်နေကောင်းကင်ဘုရင် အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူ၏ဆံပင်များသည် နတ်ဆိုးနတ်ဘုရားကဲ့သို့ ရှုပ်ပွနေပြီဖြစ်သည်။ သူ့ကို ဝန်းရံထားသည့် ခရမ်းရောင်နေမင်းကြီးသည် တစ်ဖြည်းဖြည်းကြီးမားလာကာ ကောင်းကင်ကြီးကိုပင် ထိသွားသည်။

သို့သော် ထိုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်သည် သူ့ဘေးနားမှ မြင်ကွင်းကို မြင်လိုက်ရပြီး ပို၍ပင် ဒေါသထွက်လာသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်သည် အခြားသူများနှင့်လည်း တိုက်ခိုက်နေသေးသည်ပင်။

ကြီးမြတ်သည့်ရှုထော်သည် လေဟာနယ်ထဲ၌ ထိုင်နေကာ သူ၏ပါးစပ်မှ မန္တန်များကို ရွတ်ဖတ်နေသည်။ စာလုံးများမှာ သတ္တုများဖြင့် ဖန်တီးထားသကဲ့သို့ လေထဲ၌ တစ်ခုပြီးတစ်ခု ပေါ်လာကာ ရှီဟောင်ကို ဖိနှိပ်လာသည်။

သို့သော် ရှီဟောင်မှာ တည်ငြိမ်နေဆဲပင်။ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည့်အချိန်တွင် သူ၏မျက်ခုံးကြားမှ တောက်ပလာကာ သူ၏မူလဝိညာဉ်သည် သူ၏ခန္ဓာကိုယ်အခွံထဲမှ ထွက်သွားလေ၏။ သူ၏နဖူးရိုးတွင် တောက်ပသည့်ပုံရိပ်လေးတစ်ခု ပေါ်လာကာ ကျမ်းစာများကို ရွတ်ဖတ်နေလေသည်။

သူသည် ကြီးမြတ်သည့်ရှုထော်နှင့် ဝိညာဉ်ချင်း စတင်တိုက်ခိုက်လိုက်သည်။

ရှီဟောင်၏ ကျမ်းစာဖတ်သံမှာ နတ်ဆိုးအသံများကဲ့သို့ ဤကောင်းကင်နှင့်ကမ္ဘာမြေကြီးအား တုန်ခါသွားစေကာ ကြီးမြတ်သည့်ရှုထော်၏အသံကို ဖုံးလွှမ်းသွားသည်။

နတ်ဆိုးဘုရင်၏ကျမ်းစာသံနှင့် ဗုဒ္ဓကျမ်းစာသံများ တိုက်ခိုက်နေခြင်းပင်။

ထိုအချိန်တွင် လန်ရှင်း၏ဝတ်ရုံရှည်မှာ လေထဲ၌ လှုပ်ခါနေသည်။ သူမ၏လှပသည့်ဆံနွယ်များသည် လေထဲ၌ ကခုန်နေကာ မျက်လုံးများသည်လည်း ရေကဲ့သို့ ကြည်လင်လှသည်။ သူသည် ရေပေါ်၌ လမ်းလျှောက်နေသည့် နတ်သမီးတစ်ပါးကဲ့သို့ပင် နှိုင်းယှဉ်၍မရလောက်အောင် လှပလှသည်။

အပြာရောင်အလင်းများမှာ လျှပ်စီးကဲသို့ အဆက်မပြတ် ကျရောက်လာသည်။

ဤသည်မှာ အဖိုးတန်ပညာများပင်။ လန်ရှင်းသည် နတ်စွမ်းရည် အနည်းဆုံး ကိုးခုခန့်ကို တစ်ပြိုင်နက်တည်း အသုံးပြုကာ ရှီဟောင်အား တိုက်ခိုက်လိုက်ခြင်းပင်။

ရှီဟောင် ပါးစပ်ဟကာ ဟစ်ကြွေးလိုက်သည်နှင့် သန့်စင်သည့်အလင်းများ ထွက်ပေါ်လာသည်။

ဤသည်မှာ ကြယ်မြစ်ကြီးပင်ဖြစ်ပြီး ကောင်းကင်တစ်ခုလုံးလည်း ကြယ်များ ပြည့်နှက်သွားသည်။ ဤသည်မှာ အလွန်လှပကာ တောက်ပလှသည်။

ဤမြင်ကွင်းကိုကြည့်ကာ အားလုံးဆွံ့အသွားရ၏။ ဒါက ဘယ်လိုပညာမျိုးလဲ .. သူ ပါးစပ်ဟလိုက်တာနဲ့ ကြယ်မြစ်တစ်စင်း ထွက်လာတာလား ..

ဤသည်မှာ တကယ်ကို ကြောက်စရာကောင်းလွန်းလှပြီး ကြည့်နေသည့်သူများမှာ အသက်ပင် မရှူနိုင်တော့။

သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ ကျမ်းစာ၏အဓိပ္ပာယ် သင်္ကေတများပင်။ ဤသင်္ကေတများသည် ရှီဟောင်နှင့် ပေါင်းစည်းသွားကာ လန်ရှင်းထံသို့ ဦးတည်သွားလေသည်။

ဤသည်မှာ ရှီဟောင်၏တာအိုကို နားလည်ခြင်းပင်။ ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးလိုက်ခြင်းကြောင့် သူ့ခန္ဓာကိုယ်၌ ဂိတ်တံခါးများ ထွက်ပေါ်လာကာ အဆုံးမရှိသည့်ခွန်အားများ ထွက်ပေါ်လာာသည်။ ဤစွမ်းအားများကို မူလရှေးဟောင်းမှတ်တမ်းမှ အရိုးစာသားများနှင့် ပေါင်းစည်းကာ အကုန်ထုတ်သုံးလိုက်ခြင်းပင်။

ကျမ်းစာတစ်မျိုးဖြင့် လန်ရှင်း၏ နတ်စွမ်းရည်ကိုးမျိုးကို ဖိနှိပ်လိုက်သည်။

နေရာတိုင်း၌ ကြည်လင်ရှင်းသန့်နေသည့် အလင်းအား မြင်နေရမည်ပင်။ ထိုအလင်းသည် မြူများကို ထိုးဖောက်ကာ နတ်သမီး၏စွမ်းအားကြီးသည့်ပညာများကို ရပ်တန့်စေလိုက်သည်။

ယခုအချိန်တွင် အားလုံးမှာ တကယ်ကို ဆွံ့အနေကြသည်။ ဟွမ်က သူတစ်ယောက်တည်းနဲ့ အဆင့်လွန်လူငယ်သုံးယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နေတယ်..

အနည်းဆုံးတော့ သူ ယခုထိ မရှုံးနိမ့်သေးပေ။

လူငယ်များ ထိတ်လန့်နေသည် မပြောနှင့်။ လူကြီးများ၏မျက်လုံးများပင် မှေးကျဉ်းနေသည်။ သူတို့ ဤကဲ့သို့သော ရလဒ်မျိုးကို မမျှော်လင့်ထားချေ။

ထာဝရကျောင်းမှ သက်ရှိ ရုပ်ကြွင်းသုံးဦး ကိုယ်တိုင် ရောက်ရှိလာကာ ဤမြင်ကွင်းအား တိတ်တဆိတ်ပင် ကြည့်နေကြသည်။ ယခင်က ကျောင်းမှ အကြီးအကဲများ တိုင်ပင်ကြကာ ရှီဟောင်အား မျိုးစေ့မပေးရန် ရွေးချယ်ခဲ့ကြသည်။

သို့သော် သုံးနှစ်ကြာပြီးသည့်နောက်တွင် ဤလူငယ်လေး ပြန်ရောက်လာကာ ဤကဲ့သို့သော မြင်ကွင်းများကို ဖန်တီးနေသည်။

ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ပြုစုပျိုးထောင်ခဲ့သည့် ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် အခြားသူများမှာ ဤလူငယ်အား မတားဆီးနိုင်ပေ။ ဟွမ်သည် သူ့ဘဝ၏ အခမ်းနားဆုံးတိုက်ပွဲအား တိုက်ခိုက်နေသည်။

သူက ထပ်ပြီး တိတ်ဆိတ်နေမည်မဟုတ်ကြောင်း ရှီဟောင် ဤနည်းလမ်းဖြင့် ကြေငြာလိုက်ခြင်းပင်။
သူ ပြန်လာခဲ့ချေပြီ..။

သူ၏လက်သီးနှစ်ဘက်မှာ ဤလောကကြီးကို လွှမ်းမိုးပေတော့မည်။

အပိုင်း ၁၄၆၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၆ – အသက်တစ်ရှိုက်၊ ဝိညာဉ်တစ်သောင်း

လျှို့ဝှက်ပညာကိုးမျိုး၊ နတ်စွမ်းရည်ကိုးမျိုး ..။
ဤပညာအားလုံးမှာ ဤလောကရှိ ရန်သူများကို ချေမှုန်းပစ်နိုင်သည်။ သူ၏လမ်းကြောင်းတွင်ရှိနေသည့် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။

လန်ရှင်းမှာ ထူးချွန်သည့်သူတစ်ယောက်ဖြစ်ပြီး သူမအသက်အရွယ်လေးဖြင့် အဖိုးတန်ပညာကိုးခုအား ကျွမ်းကျင်နေသည်။ သူ၏ခွန်အားလည်း ပြိုင်ဘက်ကင်းသည်ပင်။

သူမအနားတွင် ကိုးရောင်စပ်အလင်းများ တောက်ပနေသည်။ ကျက်သရေရှိလှသည့် အလင်းစက်ကွင်းသည် သူမအား ရစ်ပတ်ထားလေ၏။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲသွားကာ နတ်စွမ်းရည်ကိုးခုလည်း ကောင်းကင်ကို ထိခတ်သွားသည်။

ဤနတ်စွမ်းရည်တစ်ခုပင်လျှင် လောကကြီးကို တုန်လှုပ်စေရန် လုံလောက်လေပြီ။ သူမ၏ အဆင့်တွင် မည်သည့်အဖိုးတန်ပညာကများ သာမန်ဖြစ်မည်နည်း ..။ သူမသည် သက်ရှည်မိသားစုမှ လာခြင်းဖြစ်သလို ယခုအချိန်တွင် ထာဝရကျောင်း၌ ကျင့်ကြံနေခြင်းပင်။ ထို့ကြောင့် သူမထံ၌ အပေါများဆုံးမှာ နတ်စွမ်းရည်များပင်။

လူများစွာ၏ စိတ်ထဲ၌ တုန်ယင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော စွမ်းအားမှာ သူတို့အား အလွန်သိမ်ငယ်သွားစေသည်ပင်။ လေဟာနယ်ပေါက်ကွဲသွားကာ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ဖူး..

လူတစ်ယောက်သည် အချိန်မှီ မရှောင်လိုက်နိုင်သောကြောင့် စွမ်းအင်လှိုင်းများ သူ့ခန္ဓာကိုယ်ကိုထိမိသွားကာ သူ၏အရိုးများကျိုးသွားကာ အရွတ်များလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ သူသည် အပိုင်းပိုင်းဖြစ်လုနီးပါးပင်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဒီနတ်စွမ်းရည်တွေက ဘယ်လောက်တောင်စွမ်းအားကြီးတာလဲ..” လေဟာနယ်တာအိုနယ်ပယ်မှ ကျွမ်းကျင်သူတစ်ယောက် ဆွံ့အသွားရသည်။ တစ်ချိန်တည်းမှာပင် သူ၏ကျောများတောင့်တင်းသွားရသည်။

သူတို့နှစ်ဦးလုံး လေဟာနယ်တာအိုနယ်ပယ်၌ဖြစ်သော်လည်း ကွာခြားချက်မှာ အဘယ်ကြောင့်ဤမျှ ကြီးမားလှသနည်း ..

သူ၏ဘေးဘက်တွင် ပို၍အခြေအနေဆိုးနေသည့် ကောင်းကင်နတ်ဘုရားအချို့ရှိနေသည်။ သူတို့သည်လည်း အဆင့်လွန်သည့်အရာများကို မယုံကြည်သောကြောင့် တမင်သက်သက်မရှောင်လိုက်ကြ။ ရလဒ်အနေဖြင့် သူတို့၏ခန္ဓာကိုယ်များ စုတ်ပြတ်သွားကာ သွေးများလွင့်စင်ထွက်လာသည်။ သူတို့သေမလိုပင် ဖြစ်သွားကြသည်။

ထိုတစ်ခဏ သူတို့နားလည်လိုက်သည်မှာ အဆင့်လွန်လူငယ်တစ်ယောက်သာ သူတို့နှင့် ရင်ဆိုင်လိုပါက သူတို့အတွက် လွယ်ကူလွန်းသည်ပင်။

သူတို့အရှေ့မှ မြင်ကွင်းမှာ သူတို့အားလုံးကို တုန်ယင်သွားစေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ဟွမ်သည် ဤသုံးယောက်အား တစ်ယောက်တည်း ရင်ဆိုင်နေသည်ပင်။

သူပါးစပ်ဟလိုက်သည်နှင့် ကြယ်မြစ်တစ်စင်း ထွက်ပေါ်လာကာ ဤနတ်စွမ်းရည်ကိုးခုကို တားဆီးလိုက်ရုံသာမက ထိုအရိုးစာသားများသည် ဝိညာဉ်တစ်သောင်းအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားလေသည်။

ထိုအချိန်တွင်တော့ သူတို့မပြောနှင့် အသက်ကြီးသည့်သူများပင် အနည်းငယ် ထိတ်လန့်သွားရ၏။ ဤမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှသည်ပင်။

သတ္တဝါပေါင်း တစ်သောင်းကျော် နေရာအနှံ့၌ ပေါ်လာကာ နေရာတိုင်းကို ဖုံးလွှမ်းသွားသည်။ ရွှေရောင်အမွေးရှည်ဆင်ကြီးသည် မြေပြင်ထက်၌ ရပ်နေပြီး ကောင်းကင်ထက်သို့ ဟစ်ကြွေးနေသည်။ တောင်တစ်လုံးစာ ပမာဏရှိသည့် ရွှေရောင်ခြင်္သေ့ကြီး၏ လည်ဆံမွှေးများမှာ ရေတံခွန်ကဲ့သို့ပင်။ သူ၏ဟိန်းသံမှာ လေဟာနယ်ကို အက်ကွဲစေသည်အထိပင်။ ကောင်းကင် ဝါးမြို စာကလေးသည် တိမ်မဲကဲ့သို့ ကောင်းကင်ထက်၌ ပျံသန်းနေပြီး မြေပြင်ထက်၌ သူ၏အရိပ်ကျရောက်နေသည်။ သူ၏ မျက်လုံးများမှာ သွေးလနှစ်စင်းကဲ့သို့ပင်။ လေဟာနယ်ထဲ၌ တိုတိုင်းတစ်ကောင် ရပ်နေသည်။ သူသည် ကြယ်များကို ဝါးမြိုမတတ်ပင်။ ကြောက်စရာကောင်းသည့် ပန်တစ်ကောင်လည်း ရှိနေသည်။ သူသည် အတောင်ပံများကို ဖြန့်ကျက်ကာ ပျံသန်းနေလေ၏။

အားလုံးမှာ ထာဝရရှေးဟောင်းခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ သတ္တဝါအားလုံး ပေါ်လာပြီး ကြောက်စရာကောင်းသည့် တစ်ဖက်လောကမှကျင့်ကြံသူများအား ပြင်းထန်စွာ တိုက်ခိုက်နေသည်။

ဤလောက၌ စွမ်းအားကြီးသည့် သတ္တဝါများအားလုံး ပေါ်လာလေပြီ။ သူတို့သည် အတောင်ပံများကို ဖြန့်ကျက်ကာ ဟစ်ကြွေးနေကြသည်။

နေရာတိုင်း၌ ကြီးမားလှသည့်ပုံရိပ်များ ဖုံးလွှမ်းနေသည်။ သူတို့သည် ကမ္ဘာမြေကြီးအား ဖုံးလွှမ်းကာ အဆုံးမရှိသည့် ကောင်းကင်ကြီးအား ပိတ်ထားကြလေ၏။

ဤအရာအားလုံးမှာ ရှီဟောင်ပါးစပ်မှ ထုတ်လွှတ်လိုက်သည့် ကြယ်စမ်းချောင်းမှ ဖြစ်ပေါ်လာခြင်းပင်။ သူ၏အသက်တစ်ရှိုက်မှာ သတ္တဝါပေါင်းတစ်သောင်းအဖြစ်သို့‌ ပြောင်းလဲသွားခြင်းပင်။

ထိုအချိန်တွင် လန်ရှင်း၏ နတ်စွမ်းရည်ကိုးခုမှာ ချက်ချင်း မှိန်ဖျော့သွားရသည်။

အစပိုင်းတွင် ရှီဟောင်သည် နတ်စွမ်းရည်ကိုးခုကို တားဆီးရုံသာ ပြုလုပ်လိုက်ခြင်းပင်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုများကို ဖိနှိပ်ပစ်ရန် မရည်ရွယ်ထားခဲ့။ သို့သော်လည်း နတ်စွမ်းရည်ကိုးခုမှာ ဘာမှမကျန်တော့အောင် ပျက်စီးသွားလေပြီ။

ဤသည်မှာ အစသာရှိသေးသော်လည်း ရှီဟောင်သည် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲသွားလေပြီ။

သို့သော် အားလုံး အာရုံစိုက်နေသည်မှာ ဤတိုက်ခိုက်မှု၏ အနိုင်အရှုံး မဟုတ်။

မကောင်းဆိုးဝါးအိုကြီး အပါအဝင် အားလုံးမှာ ထိုသတ္တဝါများကို ကြည့်နေကြခြင်းပင်။ ဘာလို့ ဒီလောက်တောင် များနေတာလဲ … ဒီလိုမျိုး သတ္တဝါတစ်သောင်းကို ဆင့်ခေါ်နိုင်လောက်အောင် ဘယ်လိုအဖိုးတန်ပညာမျိုးကို သုံးလိုက်တာလဲ..

ဝုန်း..

ကောင်းကင်ထက်တွင် ပင်လယ်တစ်စင်းပေါ်လာသကဲ့သို့ အဆုံးမရှိသည့် သားရဲများ ထွက်ပေါ်လာသည်။

“ဒါက မူလရှေးဟောင်းမှတ်တမ်းရဲ့ တစ်စိတ်တစ်ပိုင်း … ဒါက နတ်လမ်းညွှန်အပိုင်းကနေ ပျောက်သွားတဲ့ ဝိညာည်တစ်သောင်းသင်္ကေတမှာ မှတ်တမ်းတင်ထားတဲ့ပညာ..” တစ်စုံတစ်ယောက်မှ စဉ်းစားမိသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အားလုံး ဆွံ့အနေပြီးနောက် ထိတ်လန့်လာကြသည်။ ဒါက ပျက်စီးနေတဲ့အရာကို ရွှေဖြစ်အောင် လုပ်ပေးနိုင်တဲ့ မူလအရိုးစာသားတွေမဟုတ်ဘူးလား .. ဘယ်လိုလုပ် လျှို့ဝှက်နည်းလမ်းတစ်ခု ပါနေတာလဲ…

“မူလရှေးဟောင်းမှတ်တမ်းကို လျှို့ဝှက်နက်နဲတဲ့အဆင့်ထိရောက်အောင် လေ့လာနိုင်သွားရင် သာမန်ပညာတောင်မှ ကောင်းကင်ကို တုန်လှုပ်စေနိုင်တဲ့ခွန်အားအဖြစ် ပြောင်းလဲသွားမယ်တဲ့ .. ဟွမ် …။ ဒါကို လုပ်နိုင်သွားပြီ .. သူက ဝိညာဉ်တစ်သောင်းကိုတောင် ဖန်တီးနိုင်သွားပြီ .. ဒါက တကယ်ကို ထူးခြားတာပဲ..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက် တီးတိုးပြောလိုက်သည်။

ဤသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလွန်းလှသည်။ ဟွမ်သည် တကယ်ကို သာမန်မဟုတ်။ သူသည် မူလရှေးဟောင်းမှတ်တမ်းကို ဤအဆင့်ထိရောက်အောင်ပင် လေ့လာပြီးသွားလေပြီ။ ဤကဲ့သို့သော ကိစ္စမျိုးကို ယခင်က တစ်ခြားမှ မကြားဖူး။

လန်ရှန်း မလှုပ်မယှက်ဖြစ်နေသည်။ သူမကို ရှေးဟောင်းသားရဲမျိုးစုံ ဝိုင်းထားပြီး အလွန်အန္တရာယ်များသည့် အခြေအနေသို့ ကျရောက်နေသည်။ အချို့သားရဲကြီးများ ကောင်းကင်ထက်မှ ထိုးဆင်းလာနေလေပြီ။

သူမ၏အဝတ်အစားအစွန်းပင်လျှင် ရွှေရောင်လုအန်၏နှုတ်သီးကြောင့် စုတ်ပြဲသွားလေပြီ။ သူမ၏လက်မောင်းပင်လျှင် သွေးမြူ ဖြစ်လုနီးပါးပင်။ သူမ၏နတ်စွမ်းရည်များ အားမကောင်းခြင်း မဟုတ်။ တစ်ဖက်လူ၏ ပညာများမှာ အံ့အားသင့်စရာကောင်းလွန်းနေခြင်းပင်။

လန်ရှင်း၏ နတ်စွမ်းရည်ကိုးခုမှာ အလွန်ကြောက်စရာကောင်းလှသည်ပင်။ သူမသည် နတ်ငှက်များစွာကို သတ်ပစ်ပြီး ရှေးဟောင်းသားရဲ တစ်ထောင်ကျော်ကိုလည်း ရှင်းပစ်လိုက်သည်။

ဤသတ္တဝါများမှာ ဒဏ္ဍာရီလာ စစ်ပွဲသားရဲများဖြစ်သည့်အပြင် သူတို့သည် ရန်လိုကာ စွမ်းအားကြီးသည့် သတ္တဝါများပင်။ အကောင်အချို့ကို သတ်နိုင်လျှင်ပင် မဆိုးဘူးဟု သတ်မှတ်၍ရသည်ပင်။ သူမကဲ့သို့ အများအပြားသတ်ထားလျှင် ပြောစရာကိုမလိုတော့။

သို့သော်လည်း ဤသတ္တဝါများမှာ များပြားလွန်းလှသောကြောင့် နောက်ဆုံးတွင်တော့ သူမ မတောင့်ခံနိုင်တော့။

ယခုအချိန်တွင် အခြားသူမပြောနှင့် ရှီဟောင်ပင်လျှင် ဆွံ့အနေမိသည်။

ဒီပညာက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား .. အကြိမ်ကြိမ်ကျင့်ကြံပြီးနောက် သူသိလာရသည့် မူလရှေးဟောင်းမှတ်တမ်းအကြောင်းများကို အသုံးပြုလိုက်ခြင်းပင်။

ဤသည်မှာ သူ ထင်ထားသည်ထက် ပိုနေသည်။ မူလရှေးဟောင်းမှတ်တမ်းမှာ ဤမျှစွမ်းအားကြီးလိမ့်မည်ဟု သူမထင်ထားခဲ့။

သို့သော်လည်း ဤသည်မှာ သူ၏နတ်ခွန်အားကို အတော်လေးကုန်ခမ်းစေသည်။ ထိုသတ္တဝါများထဲတွင် နေနှင့်လကို ဝါးမြိုချင်နေသည့် ခရမ်းရွှေရောင်ဟုန်အစစ်ပါရှိသည်။ ကြယ်များကို ရိုက်ချရန် အာကာသအပြင်ဘက်သို့ ပျံသန်းနေသည့် ပန်လည်းပါဝင်သည်။ သူ၏စွမ်းအားများမှာ ဘယ်လိုလုပ် မကုန်ပဲ နေမည်နည်း..

ရှီဟောင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် အားနည်းသွားသည်ဟု ခံစားလိုက်ရသည်။ ဤကြယ်မြစ်ကြီး ပေါ်လာသည်နှင့် တွင်းနက်တစ်ခု ပေါ်လာပြီး သူ၏အသက်ဓာတ်များကို စုတ်ယူနေသကဲ့သို့ပင်။

“အသက်တစ်ရှိုက်နဲ့ ဝိညာဉ်တစ်သောင်း .. တော်တော်လေးကို စွမ်းအားကြီးတာပဲ .. ဒါပေမဲ့ ဒါက အရမ်းလည်း အန္တရာယ်များတယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

အခြားသူများသာဆိုပါက ဤဝိညာဉ်တစ်သောင်း၏ စွမ်းအားစုတ်ယူမှုကို တောင့်ခံနိုင်မည်မဟုတ်ပဲ အားလုံးကုန်သွားသည်အထိ စုတ်ယူခံရလိမ့်မည်။

ဝုန်..

နောက်ဆုံးတွင်တော့ သူပါးစပ်ဟလိုက်ကာ ပြန်ရှူသွင်းလိုက်သည်။ သတ္တဝါများအားလုံးသည် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

“အန် .. မာ .. ဘ.. ဟုန်..”
ထိုအချိန်တွင် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုကို ဖိနှိပ်နိုင်လောက်သည့် ကျမ်းစာသံ ထွက်ပေါ်လာသည်။

ဤအသံကြောင့် အားလုံးအသိပြန်ဝင်လာကြသည်။ ထို့နောက် သူတို့အားလုံး လေဟာနယ်ထဲ၌ထိုင်ကာ ကျမ်းစာ ရွတ်ဖတ်နေသည့် ကြီးမြတ်သည့်ရှုထော်အား ထိတ်လန့်တကြားလှည့်ကြည့်လိုက်ကြသည်။

ထိုအချိန်မှသာ ရှီဟောင်သည် တစ်ယောက်တည်းနှင့် တိုက်နေခြင်းမဟုတ်သည်ကို အားလုံးအမှတ်ရသွားသည်။

ထာဝရရှေးဟောင်းခေတ်မှ စွမ်းအားအကြီးဆုံးဗဟိုကျမ်းဂန်များကို ဤဘုန်းကြီးဟုခေါ်သည့် ကျင့်ကြံသူများ ဖန်တီးခဲ့ကြခြင်းပင်။ ဤသည်မှာ ပြည့်စုံသည့်နှလုံးသားကို ဖန်တီးရန်အသုံးပြုသည့်ကျမ်းဂန်ပင်။ အမှန်တရားကို နိုးထစေရန်သုံးသည့် ကျမ်းဂန်ပင်။

ဤရှေးဟောင်းဘုန်းကြီးများအားလုံးတွင် အံ့အားသင့်စရာကောင်းလောက်သ်ည့ ဝိညာဉ်ခွန်အားများရှိနေကြသည်။

သူတို့သည် ကျမ်းစာများကိုသာ အသုံးပြုပြီး သူတို့၏ပြိုင်ဘက်အားလုံးကို ဖိနှိပ်နိုင်သည်။

ထာဝရရှေးဟောင်းခေတ်တွ်င သူ့ကိုယ်သူဗုဒ္ဓဟု ကြွေးကြော်ခဲ့သည့် အဆင့်လွန်လူငယ်တစ်ဦးရှိခဲ့သည်။ သူ၏ကျမ်းစာရွတ်ဖတ်သံ နေရာအနှံ့သို့ ပျံ့လွင့်သွားကာ ရန်သူအားလုံးကို သူ့နောက်လိုက်များဖြစ်အောင် လုပ်နိုင်ခဲ့သည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် နတ်ခွန်အားပင်။

ကြီးမြတ်သည့်ရှုထော်သည် ဤကဲ့သို့သော အမွေမျိုးရရှိခဲ့ခြင်းပင်။ ယခုအချိန်တွင် သူသည် စွမ်းအားကြီးသည့် ဝိညာဉ်ခွန်အားကို အသုံးပြုပြီး ဗုဒ္ဓနှလုံးသားကျမ်းဂန်ကို အသက်သွင်းနေခြင်းပင်။

ကျမ်းစာသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လေဟာနယ်ထဲ၌ တောင်တစ်လုံးကဲ့သို့ပင် ကြီးမားလှသည့် သင်္ကေတများ ဆက်တိုက်ပေါ်လာသည်။ ထိုသင်္ကေတများသည် အေးစက်သည့် သတ္တုအလင်းရောင်များတောက်ပနေကာ ရှီဟောင်ထံသို့ ပျံသန်းလာနေကြသည်။

ထိုအချိန်တွင် ရှီဟောင် နောက်ယိုင်သွားကာ သူ၏ခန္ဓာကိုယ် မငြိမ်မသက်ဖြစ်သွားရသည်။

ဤသည်မှာ အားလုံးထံမှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာစေသည်ပင်။

ရှီဟောင် မူလရှေးဟောင်းမှတ်တမ်းအား အမြင့်ဆုံးအဆင့်ထိ ရောက်အောင် အသုံးပြုလိုက်သောကြောင့် ဤကဲ့သို့ အနည်းငယ် အားနည်းသွားခြင်းပင်။

ကောင်းကင်ထက်၌ နတ်မီးတောက်များ ထွက်ပေါ်လာကာ ရှီဟောင် ရပ်နေသည့်နေရာ၌ ထပ်မံတောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဂိတ်တံခါးထဲရှိ အက်ကွဲကြောင်းများ အနည်းငယ်ပိုကျယ်လာကာ သူ့အားအားဖြည့်ပေးလာသောကြောင့် သူ၏ခန္ဓာကိုယ် ပြန်လည်တည်ငြိမ်သွားသည်။

သူ၏မျက်ခုံးကြားတွင် ထိုင်နေသည့် မူလဝိညာဉ်ပုံရိပ်လေးမှာ ချက်ချင်းပင် တောက်ပလာပြီး ကျမ်းစာများကို ရွတ်ဖတ်လာသည်။

ဤသည်မှာ ဝိညာဉ်စွမ်းအားချင်း ယှဉ်ကြသည့်တိုက်ပွဲပင်။ နောက်ဆုံးတွင်တော့ မူလဝိညာဉ်သည် အလွန်ထက်ရှလှသည့် ဓားအဖြစ် ပြောင်းလဲသွားကာ ကြီးမြတ်သည့်ရှုထော်ထံသို့ ရွှီးခနဲ ပြေးဝင်သွားလေသည်။

ဖရိုဖရဲ ရှင်းလင်းခြင်းပညာ..။

” ဟွမ်က ဘယ်လိုလုပ် ဒါကို သင်နိုင်တာလဲ .. မဖြစ်နိုင်တာ .. ”
ဝမ်ရှီး စိတ်ထဲ၌ ဟစ်ကြွေးနေမိသည်။ စိတ်ပညာအစစ်မရှိပဲနှင့် ဤပညာကို သင်နိုင်စရာအကြောင်းမရှိ။

ကြီးမြတ်သည့်ရှုထော်သည် အလွန်တည်ငြိမ်သော်လည်း ယခုအချိန်တွင် သူ၏မျက်ခုံးများ မြင့်တက်သွားရသည်။ နောက်ဆုံးတွင်တော့ သူသည် ထိုင်မနေတော့ပဲ သူ၏လက်မှ တံဆိပ်များတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ရွှီး..

ထိုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်လည်း လှုပ်ရှားလာသည်။ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ အပြည့်အဝ ပြန်ဖြစ်လာမည့်အချိန်ကိုပင် မစောင့်တော့ပဲ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် မျိုးစေ့ အပြည့်အဝပြန်ကောင်းလာရန် အချိန်အတော်ကြာလိမ့်မည်။ ထို့အပြင် သူသည် ယခုမှ ဤမျိုးစေ့နှင့် ပေါင်းစည်းပြီးကာစဖြစ်သောကြောင့် သူလိုသလို မသုံးနိုင်သေး။ ယခု အခွင့်အရေးတစ်ခု ‌တွေ့လိုက်ရသောကြောင့် သူဤအခွင့်အရေးကို လက်မလွတ်ချင်။

သို့သော်လည်း ကြီးမြတ်သည့်ရှုထော်နှင့် တိုက်ခိုက်နေသည့် ဟွမ်ထံမှ ခနဲ့သံ ထွက်ပေါ်လာသည်။ သူသည် ရုတ်တရက်ပင် ခရမ်းရောင်နေကောင်းကင်ဘုရင်ထံသို့ လှည့်လာပြီး မှော်တံဆိပ်များ ပြုလုပ်လာသည်။

ဝုန်း..

ဟွမ်နှင့် ခရမ်းရောင်နေကောင်းကင်ဘုရင်ကြားတွင် ကြောက်စရာကောင်းသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။

“အမ်..” ခပ်ဝေးဝေးတွင်ရှိနေသည့် ကြီးမြတ်သည့်ရှုထော် ထိတ်လန့်သွားရ၏။ သူ လှည့်စားခံလိုက်ရပြီ။

မူလဝိညာဉ်ဓားမှာ ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ အစစ် မဟုတ်။ ရှီဟောင် ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကတည်းက သူ၏မူလဝိညာဉ် ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွားပြီကို သူ သိသည်။

ဝုန်း ..။

သူတို့နှစ်ဦး ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။ သူတို့တိုက်ပွဲမှာ အမြင့်ဆုံးသို့ ရောက်နေလေပြီ။

ဒုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင်မှ သွေးအန်သွားသည်အထိ လျှပ်စီးဧကရာဇ်ရိုက်ချက်များ ထပ်ခါတလဲလဲကျရောက်လာလေသည်။ ခရမ်းရောင်စွမ်းအင်နှင့် လျှပ်စီးများ ရောနှောသွားကာ သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါလာသည်။

ရွှီး..

ကြီးမြတ်သည့်ရှုထော် အလောတကြီး တိုက်ခိုက်လာသည်။ သူအရူးလုပ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသောကြောင့် သူသည် ကျမ်းစာများ ရွတ်မနေတော့ပဲ သူ၏အဝါရောင်လက်ကြီးကို ဝေ့ရမ်းလာလေ၏။

“ဂတုံး .. ခင်ဗျားရဲ့ခန္ဓာကိုယ်က လိုသေးတယ်..” ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် လက်ဝါးတစ်ချက်ဖြင့် ခရမ်းရောင်နေကောင်းကင်ဘုရင်အား လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူ၏ညာလက်မှ လက်သီးတစ်လုံးဖြစ်လာပြီး ကြီးမြတ်သည့်ရှုထော်ကို ရိုက်ချလိုက်သည်။

ဖုန်း..

ကြီးမြတ်သည့်ရှုထော်၏ ခြောက်ကျန်းရွှေရောင်ခန္ဓာကိုယ် တောက်ပလာကာ ရှီဟောင်နှင့် ထိပ်တိုက် တိုက်ခိုက်လာသည်။

ထို့နောက် ရှီဟောင့်ပါးစပ်ဟလိုက်ကာ ဟစ်ကြွေးလိုက်သည်နှင့် သန့်စင်သည့်အလင်းထွက်ပေါ်လာကာ အရာအားလုံးကို ဖုံးလွှမ်းသွားလေ၏။

လန်ရှင်း အလောတကြီး ရောက်လာသည်။ သူမ၏ ကျောက်စိမ်းလက်များမှာ တောက်ပနေပြီး ရှေးဟောင်းကောင်းကင်ပညာတစ်မျိုးအား ပြုလုပ်နေသည်။ အပြာရောင်လှိုင်းများ ထွက်ပေါ်လာကာ ဤနေရာကို ဝန်းရံသွားလေ၏။

ဒုန်း..

ရှီဟောင်မှာ တည့်တိုးဆန်ကာ ကြမ်းတမ်းလှသည်။ ဤလှပသည့် နတ်သမီးလေးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် ကြီးမြတ်သည့်ရှုထော်အား လက်သီးတစ်လုံး ပစ်သွင်းကာ တစ်ဖက်လှည့်ကာ သူမထံသို့ ပြေးလာလေသည်။

ဝုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင် သူ့နောက်မှ လိုက်လာကာ တိုက်ပွဲထဲသို့ နောက်တစ်ကြိမ် ပါဝင်လာသည်။

ကြီးမြတ်သည့်ရှုထော် ခန္ဓာကိုယ် ယိမ်းယိုင်လာကာ ဗုဒ္ဓအလင်း တောက်ပလာသည်။

ရှီဟောင် သူတို့နှင့်တစ်ယောက်တစ်ချက်စီ ချပြီးနောက် လန်ရှင်းကို အာရုံစိုက်လိုက်သည်။

ဖူး..

နောက်ဆုံးတွင်တော့ လန်ရှင်း၏အဝတ်အစားများ လွင့်ထွက်သွားကာ သူမ၏ နတ်သမီးဟူသည့်ပုံရိပ်ကိုလည်း အနည်းငယ် ထိခိုက်သွားစေသည်။

“အိုး..”

ကြီးမြတ်သည့်ရှုထော် အော်ဟစ်လိုက်ကာ လောကကြီးကို တုန်လှုပ်စေလောက်သည့် ရိုက်ချက်အား ရှီဟောင်ထံသို့ ပို့လွှတ်လိုက်သည်။

ထိုအချိန်တွင် ရှီဟောင်၏မူလဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ဦးခေါင်းထံသို့ ဦးတည်လာသည်။
သို့သော်လည်း ရှုထော် ဤလှည့်ကွက်ထဲသို့ နောက်တစ်ကြိမ် ကျခံတော့မည်မဟုတ်။ သူသည် ထိုဓားကို အနည်းငယ်သာ ခုခံပြီး ရှီဟောင်၏ခန္ဓာကိုယ်ကိုသာ တိုက်ခိုက်လိုက်သည်။

ဝုန်း..

သူတို့နှစ်ဦးကြား၌ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ရှီဟောင်၏လက်သီးမှာ ရှုထော်၏ စွမ်းအားပြင်းသည့် ရိုက်ချက်အား ရပ်တန့်လိုက်စေလိုက်သည်။

ထိုအချိန်တွင် ရှုထော် ဆံပင်မွေးများထောင်ထသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုမူလဝိညာဉ်ဓားသည် သူ၏ခုခံမှုများကို ထိုးဖောက်ကာ ပျံသန်းလာနေသည်ပင်။ ဤသည်မှာ လေဟာနယ်ပုံရိပ်ယောင်တစ်ခုမဟုတ်။

သူ့ကိုယ်သူ ကာကွယ်ရန် တတ်နိုင်သမျှ အားလုံးလုပ်လိုက်သည်။

ထိုအချိန်တွင် ထိုဓားသည် လက်သီးအရွယ်အစားပုံရိပ်လေးအဖြစ်သို့ ပြန်ပြောင်းသွားကာ သူ့ဦးခေါင်းအထက်၌ ဝေ့ဝဲနေသည်။ သူသည် ရှုထော်၏ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် နတ်အလင်းအား ထိုးဖောက်သွားခြင်းမရှိသော်လည်း အချို့လှုပ်ရှားမှုများ ပြုလုပ်လာသည်။

ဖူး..

ထိုပုံရိပ်လေး သူ့ခေါင်းကို ထုချလိုက်ခြင်းပင်။ ဤသည်မှာ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် နတ်အလင်းကိုသာ ထုမိခြင်းဖြစ်သော်လည်း သူ့အရေပြားပေါ်သို့ ထုမိသွားသကဲ့သို့ ကျယ်လောင်ရှင်းလင်းလှသည့်အသံ ထွက်ပေါ်လာသည်။

အားလုံး ဆွံ့အသွားရကာ ရှုထော်ပင် ငေးကြောင်သွားရသည်။

ဤသည်မှာ ဗြောင်ကျကျရန်စလိုက်ခြင်းပင်။

အားလုံး ပြောစရာစကားများ ပျောက်ရှသွားရသည်။ ဟွမ် ဤသည်ကို တမင်သက်သက်လုပ်လိုက်ခြင်းပင်။ သူသည် တစ်ဖက်လူအား တစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် မလုပ်နိုင်သော်လည်း သူသည် ခြောက်လှန့်နေဆဲပင်။

ရှုထော် ထိုပုံရိပ်လေးကို ချက်ချင်းဖမ်းလိုက်သည်။

သို့သော်လည်း ထိုပုံရိပ်လေးသည် အလင်းမိုးအဖြစ် ပြောင်းလဲကာ ပျံ့ကြဲသွားပြီးနောက် ပြန်ပြေးသွားလေသည်။ ဤသည်မှာ မူလဝိညာဉ်ခွန်အား တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ယခု ရှီဟောင်၏မျက်ခုံးကြား ပြန်လည်ဝင်ရောက်သွားလေပြီ။

ဝုန်း..

ရှီဟောင်၏အသွေးအသားက တောက်ပလာကာ ခရမ်းရောင်နေကောင်းကင်ဘုရင်နှင့် ခွန်အားချင်းယှဉ်လိုက်သည်။ သူ၏ညာလက်တောက်ပလာကာ နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုချိန်းကြိုးများမှာ ခရမ်းရောင်နေကောင်းကင်ဘုရင်၏ လည်ပင်းကို ရစ်ပတ်လုနီးပါးပင်။

ဖူး..

ခရမ်းရောင်နေကောင်းကင်ဘုရင် နာကျင်စွာ ညည်းညူလိုက်ပြီးနောက် သွေးများလွင့်စင်လာသည်။ ချိန်းကြိုးသည် သူ၏လည်ပင်နားကို ဖြတ်သွားကာ ဆံပင်တစ်ပိုင်းပြတ်ကျသွားလေသည်။

ဤမြင်ကွင်းကိုကြည့်ကာ အားလုံး စိတ်လှုပ်ရှားလာကြသည်။

အထူးသဖြင့် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များပင်။ အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့်ပင် အော်ဟစ်နေကြလေ၏။

အပိုင်း ၁၄၆၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၇ – ခန္ဓာကိုယ်မှာ မျိုးစေ့ပင်

စွမ်းအင်များမှာ ပင်လယ်ကဲ့သို့ပင် ပေါ်ထွက်လာသည်။

ရှီဟောင်သည် အဆင့်လွန်လူငယ်သုံးယောက်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေပြီး တိုက်ပွဲမှာ အလွန်ကြောက်စရာကောင်းလှသည်။

“အား..” ခရမ်းရောင်နေကောင်းကင်ဘုရင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လည်ပင်းမှ သွေးများစီးကျနေပြီး ဆံပင်များ ဖရိုဖရဲဖြစ်နေသည်။ ရွှေရောင်သစ်ကိုင်းကြောင့် သူ၏လည်ပင်း ပြတ်မလိုပင် ဖြစ်သွားသည်။

ယခုအချိန်တွင် ဤလူများကြားမှ တိုက်ပွဲမှာ အမြင့်ဆုံးသို့ ရောက်နေလေပြီ။ သူတို့သည် ရူးမတတ်ပင် တိုက်ခိုက်နေကြလေ၏။ အနည်းဆုံးတော့ ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ အားကုန်သုံးကာ တိုက်ခိုက်နေခြင်းပင်။

သူသည် ရှီဟောင်၏ ထပ်ခါတလဲလဲဖိနှိပ်ခြင်း ခံနေရသည်။ သူကဲ့သို့သော ကိုယ့်ကိုကိုယ် အထင်ကြီးကာ စိတ်ကြီးဝင်သည့်သူအတွက်တော့ ဤသည်မှာ အရှက်ရခြင်းတစ်မျိုးပင်။

ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့မှာ ပြိုင်ဘက်ကင်းမျိုးစေ့ပင်။ ဤမျိုးစေ့ကို ရဖူးသည့်သူအားလုံးမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်သူများပင်။

သို့သော်လည်း သူသီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် ဤကဲ့သို့သော ရှုံးနိမ့်မှုမျိုး ရင်ဆိုင်နေရသည်။ သူက ဘယ်လိုလုပ် ဤသည်ကို လက်ခံနိုင်မည်နည်း..

ယနေ့ သူသာ အပြတ်အသတ်ရှုံးနိမ့်သွားလျှင် ဟွမ် က ပြိုင်ဘက်ကင်းသည့် ဂုဏ်သတင်းကို ရရှိသွားလိမ့်မည်။ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့အကြောင်းပြောသည်နှင့် ဟွမ်၏စွမ်းအားကိုသာ မှတ်မိကြလိမ့်မည်။

သူ၏ပြိုင်ဘက်ကင်းသည့် မျိုးစေ့မှာ တစ်ဖက်လူ၏ အောင်မြင်မှုကို မီးမောင်းထိုးပြနေသလို ဖြစ်သွားမည်ပင်။ ဤသည်မှာ မည်မျှပင် ဆိုးဝါးလှသနည်း..

ဒုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင် လှုပ်ရှားလိုက်သည်။ သူ၏အရှေ့တွင် ရှေးကျကာ ငြိမ်းချမ်းသည့် ခရမ်းရောင်မျိုးစေ့ ပေါ်လာသည်။

အားလုံး ထိတ်လန့်သွားရ၏။ ဒီမျိုးစေ့က နောက်ဆုံးတော့ ပုံပေါ်လာပြီလား..

“မဟုတ်ဘူး .. တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ .. ကောင်းကင်ဘုရင်က စွမ်းအားကြီးတယ်ဆိုပေမယ့် သူအခုမှ ဒီမျိုးစေ့နဲ့ပေါင်းတာ ဒါကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး .. အဲဒါကြောင့်မို့လို့ မျိုးစေ့ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ သုံးနိုင်သေးတာ” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။

သို့သော် ဤသည်မှာပင် အတော်လေး ကြောက်စရာကောင်းနေလေပြီ။

ဤမျိုးစေ့ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေပြင်ကြားတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာကာ လေပြင်းမုန်တိုင်းများလည်း တိုက်ခတ်လာသည်။ လောကကြီးပင် အရောင်အဆင်းကင်းမဲ့သွားသလိုပင်။

ခွပ်..

ထာဝရရှေးဟောင်းခေတ်မှ နဂါးအစစ်ပေါ်လာသကဲ့သို့ လျှပ်စီးတန်းတစ်တန်း ထွက်ပေါ်လာသည်။

လေဟာနယ်ထဲ၌ အက်ကွဲကြောင်းမျိုးစုံ ပေါ်ထွက်လာလေသည်။

ထိုအချိန်တွင် ရှုထော်နှင့် လန်ရှင်းတို့နှစ်ယောက်လုံး ထိတ်လန့်သွားကြရသည်။ ဤတိုက်ခိုက်မှုထဲတွင် ပါသွားမည်စိုးသောကြောင့် လျင်မြန်စွာ နောက်ဆုတ်ကာ ထိုနေရာမှ ထွက်သွားလိုက်ကြသည်။

ဝုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ညာလက်တွင် မှော်တံဆိပ်တစ်ခု ဖြစ်ပေါ်လာပြီး ထိုတံဆိပ်ကို ပြင်းထန်စွာ လွှဲရမ်းလိုက်လေသည်။ ထိုအစေ့တုန်ခါသွားလေ၏။ တစ်ကြိမ်သာ ရိုက်ချလိုက်သော်လည်း ဤလောကကြီး ဖရိုဖရဲဖြစ်သွားလေ၏။

ကျောင်းထဲတွင်ရှိနေသည့် ရှေးဟောင်းနတ်တောင်များအားလုံး ပက်ကြားအက်လာကာ ပျက်စီးမလို ဖြစ်လာသည်။

ကံကောင်းစွာဖြင့်ပင် အကြီးအကဲတစ်ယောက်သည် ကာကွယ်သည့်အစီအရင်များကို အသက်သွင်းကာ အားလုံးကို ကာကွယ်လိုက်သည်။

သို့သော်လည်း မိုးကောင်းကင်မှာမူ ထိုမျှ ကံမကောင်းသွားပေ။ ဖျက်ဆီးခံလိုက်ရကာ အပိုင်းပိုင်းဖြစ်အောင် ပေါက်ကွဲသွားသည်။

များပြားလှသည့်စွမ်းအင်များမှာ ပင်လယ်လှိုင်းကဲ့သို့ မရပ်မနားထွက်ပေါ်လာပြီး ရှီဟောင် ရှိနေသည့် နေရာသို့ ဦးတည်လာသည်။

ထိုမျိုးစေ့တွင် လျှပ်စီးရှိနေကာ ခရမ်းရောင်အလင်းများ ထုတ်လွှတ်နေသည်။ အားလုံးမှာ ထိုမျိုးစေ့အား ဦးညွှတ်ချင်စိတ်ပင် ဖြစ်ပေါ်လာလေ၏။

“ဟွမ် .. ဒီတိုက်ပွဲမှာ မင်းသေချာပေါက် သေရမယ်..”

ခရမ်းရောင်နေကောင်းကင်ဘုရင် ဟစ်ကြွေးလိုက်သည်။ သူ၏မျက်လုံးမှ ဆယ်လီကျော်ရှည်သည့် လျှပ်စစ်အလင်းတန်းနှစ်တန်း ထွက်ပေါ်လာသည်။

ခရမ်းရောင်မျိုးစေ့ကို သူအသက်သွင်းလိုက်ပြီဟု ပြော၍ရသည်။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အလိုဆန္ဒကိုကိုယ်စားပြုခြင်းဖြစ်ပြီး ကောင်းကင်၏အသိအမှတ်ပြုမှုကို ရရှိထားသည်ပင်။

အာကာသအပြင်ဘက်မှ သဘာဝဥပဒေသများစွာမှာ ရေတံခွန်ကဲ့သို့ စီးဆင်းလာပြီး ထိုခရမ်းရောင်မျိုးစေ့ထဲသို့ ဝင်ရောက်သွားသည်။

ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့မှာ ယခုအချိန်တွင် တာအိုဥပဒေသများဖြင့် သန့်စင်ခြင်းကို ခံနေရသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏စွမ်းအင်များပြည့်နှက်နေပြီး ပုန်ကန်သည့်သူများအားလုံးကို ဖိနှိပ်လိမ့်မည်။ ဤသည်မှာ ကြီးမြတ်သည့်တာအို၏ စွမ်းအားပင်။

ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့သည် ဤလေဟာနယ်တာအိုနယ်ပယ်၏ စွမ်းအား,အား အဆုံးစွန်ထိ မြင့်တင်ပေးနေသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏လက်နှစ်ဘက်လုံး တံဆိပ်များ ပြုလုပ်နေသည်။

ယခုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ကောင်းကင်သားတော်ကဲ့သို့ပင်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားကို ရယူကာ သူ့ရှေ့တွင်ရှိနေသည့်သူအားလုံးကို ရှင်းလင်းပစ်နိုင်လိမ့်မည်။

ယခုအချိန်တွင် မကြောက်သည့်သူမရှိ။

ဟွမ် အန္တရာယ်ရှိနေပြီ.. ဤသည်မှာ အားလုံး ခံစားနေရသည့် ခံစားချက်ပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ စွမ်းအားမှာ ဟာကွက်မရှိအောင်ပင် အမြင့်ဆုံးသို့ ရောက်နေပြီ။ သူ၏ယုံကြည်ချက် မြင့်တက်နေပြီး နတ်ခွန်အားလည်း ပြိုင်ဘက်ကင်းပင်။

“သေလိုက်တော့..”

အချိန်အတော်ကြာအောင် စွမ်းအားစုဆောင်းပြီးသွားသည်နှင့် ခရမ်းရောင်နေကောင်းကင်ဘုရင်၏ အသံမှာ တောတောင်နှင့်မြစ်များကိုပင် တုန်ခါသွားစေသည်။ သူ၏ဆံပင်များ ထောင်ထနေကာ မျက်လုံးများလည်း ပြူးကျယ်နေသည်။ သူ၏မွေးညှင်းပေါက်များမှပင် စွမ်းအင်များထွက်ပေါ်နေလေသည်။

ဝုန်း..

သူသည် ကြောက်စရာကောင်းလှသည့် ရိုက်ချက်တစ်ချက်အား ပြုလုပ်လိုက်သည်။

အားလုံး တုန်ယင်သွားကြကာ အချို့သူများမှာ မြေပြင်ထက်သို့ပင် လဲကျသွားကြသည်။

ရှီဟောင် ဒုက္ခကြီးနေပြီဟု အားလုံး ခံစားလိုက်ရသည်။ သူ ဖုံးကွယ်ထားသည့် မျိုးစေ့ကို မထုတ်လျှင် သူကျရှုံးသွားလောက်သည်ပင်။

ရွှီး..

ထိုအချိန်တွင် တောက်ပသည့် ထာဝရအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ရှီဟောင်၏ လက်မှ လက်သီးတံဆိပ်များ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ရှင်းလင်းကာ ကြည်လင်တောက်ပနေသည့်အလင်းရောင် ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် အသုံးပြုထားသောကြောင့် သူ၏ခန္ဓာကိုယ်မှာ တာအိုမျိုးစေ့ပင်။

သူ၏ခန္ဓာကိုယ်ထဲတွင် ထူးခြားဆန်းကြယ်သည့် ‘ဂိတ်တံခါးများ’ ရှိနေသည်ပင်။ အပြင်လောကမှ ဖိအားကြောင့် ပွင့်လာသည့် အက်ကွဲကြောင်းများ ပိုကျယ်လာကာ သူ့အား စွမ်းအားများ ထောက်ပံ့ပေးနေသည်။

နတ်ချိန်းကြိုးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်အား ရစ်ပတ်သွားသည်။ ထို့နောက် သူသည် သူ၏စွမ်းအားကို အသုံးပြုကာ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့အား လွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။

“မကောင်းတော့ဘူး..” ကောင်းကင်နတ်ဘုရားကျောင်းမှလူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကာ သူတို့မျက်နှာလည်း သေလူကဲ့သို့ ဖြူဖျော့သွားသည်။

“ဒါ မကောင်းတော့ဘူး .. သူက ဘာလို့ ဒီလိုမျိုး ထိပ်တိုက် တိုက်နေတာလဲ..” ချောင်ယုရှင်းနှင့် အခြားသူများလည်း အော်ဟစ်မိသွားသည်။ သူတို့စိုးရိမ်နေကြသော်လည်း သူတို့ဘာမှ မကူညီနိုင်ပေ။

ရှီဟောင် အန္တရာယ်ရှိနေပြီဟု အားလုံးထင်လိုက်သည့်အချိန်တွင် အားလုံးကို အံ့အားသင့်ကာ ထိတ်လန့်သွားစေသည့် အဖြစ်အပျက်ကြီး ဖြစ်ပျက်ခဲ့သည်။

အလွန်ကြောက်စရာကောင်းသည့် ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ကြီး၏ အရှိန်လျော့ကျသွားသည်။

ထို့နောက် တိုးလျသည့်အသံတစ်သံ ထွက်ပေါ်လာကာ လျှပ်စီးအလင်းတန်းတစ်ခု ရှိနေသည့် လက်သီးတစ်လုံးက ပြိုင်ဘက်ကင်းသည့်မျိုးစေ့အား ထိုးဖောက်သွားသည်။

“ဘာ..”

အားလုံး ဆွံ့အသွားရသည်။ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ .. ပြိုင်ဘက်ကင်းတဲ့ ရှေးဟောင်းမျိုးစေ့က ဒီလိုမျိုးပုံစံနဲ့ပဲ ပျက်စီးသွားတာလား..

ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှပြီး သူတို့ထင်ထားသည်နှင့် လုံးဝကွဲပြားနေသည်ပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင်၏ ရဲတင်းသည့် လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားသည်။ သူသည် စွမ်းအားများကို အဆုံးစွန်ထိ စုစည်းကာ တိုက်ခိုက်ခဲ့သော်လည်း ဘောလုံးတစ်လုံးကဲ့သို့ ဖောက်ခံလိုက်ရသည်။

“ဘာလို့လဲ..” သူသည် ဒေါသထွက်ရန်ပင် မေ့လျော့သွားကာ သူ၏မျက်နှာထက်၌ ရှုပ်ထွေးသည့်အမူအရာများ ဖြစ်ပေါ်လာသည်။

“မဖြစ်နိုင်ဘူး..” ထို့နောက် သူ ဟစ်ကြွေးလိုက်သည်။

အစပိုင်း၌ အားလုံး တိတ်ဆိတ်သွားသော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားစွာ ဆွေးနွေးလာကြသည်။ တကယ်ပဲ ဘာဖြစ်သွားတာလဲ..

“ဒီလိုအခြေအနေမျိုး ဖြစ်ဖို့အတွက်ဆိုရင် ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ် .. မျိုးစေ့တွေကြားက ဖိနှိပ်မှု .. ဟွမ်ရဲ့မျိုးစေ့က ခရမ်းရောင်နေကောင်းကင်ဘုရင်ရဲ့ ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ထက် ပိုပြည့်စုံပြီး တာအိုဥပဒေသတွေ ပိုများနေလို့ပဲ ” ကောင်းကင်နတ်ဘုရားကျောင်းမှ အကြီးအကဲ ပြောလိုက်သည်။

ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့က ပြိုင်ဘက်ကင်းနေပြီကို .. သူ့ထက်ပိုပြီးတော့ စွမ်းအားကြီးတဲ့မျိုးစေ့ ရှိနေတာလား..

အဆင့်တူထဲကဆိုလျှင်ပင် များများစားစား မရှိနိုင်။ ဤမျိုးစေ့ကို ဖိနှိပ်နိုင်သည့်မျိုးစေ့ဆိုသည်မှာ မရှိနိုင်။

“ဒါက ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့က မပြည့်စုံသေးဘူး .. တစ်ပိုင်းလိုသေးတယ် .. ခရမ်းရောင်နေကောင်းကင်ဘုရင်က အဲဒီအချိန်ထိရောက်အောင် မစောင့်ပဲနဲ့ အလောတကြီးသုံးလိုက်တော့ သူ့မှာ ပြစ်ချက်နည်းနည်းရှိသွားကာ .. ဒါက သူနဲ့အဆင့်တူတဲ့မျိုးစေ့နဲ့ယှဉ်တော့ ရှုံးသွားတာ..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက်မှ ဖြေရှင်းချက် ထုတ်လိုက်သည်။

“မင်း ငါ့ကို လိမ်မယ် .. မင်းမှာလည်း ပြည့်စုံတဲ့မျိုးစေ့ရှိတယ် .. မင်ငါ့ကို လှည့်စားခဲ့တာ..” ခရမ်းရောင်နေကောင်းကင်ဘုရင် အော်ဟစ်လိုက်သည်။

“မင်း အဲဒီလိုသတ်မှတ်ရင်လည်း မမှားပါဘူး .. ငါကိုယ်တိုင်က ပြည့်စုံတဲ့မျိုးစေ့ပဲ..” ရှီဟောင် အော်ပြောလိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲရှိ ထူးဆန်းလှသည့် ဂိတ်တံခါးများပွင့်လာကာ ထိုဂိတ်တံခါးများမှ သန့်စင်သည့်အလင်း ထွက်ပေါ်လာပြီး ရှီဟောင်၏စွမ်းအားကို အမြင့်ဆုံးဖြစ်အောင် လုပ်ပေးလိုက်သည်။

ယခုအချိန်တွင် သူသည် သူ့ဘဝ၌ စွမ်းအားအကြီးဆုံးအချိန်သို့ ရောက်နေလေပြီ။

ရွှီး..

သူသည် ဤစွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သောကြောင့် နည်းနည်းလေးမှပင် တွန့်ဆုတ်မနေပဲ ခရမ်းရောင်နေကောင်းကင်ဘုရင်ထံသို့ အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။

ဖုန်း..

ခရမ်းရောင်နေကောင်းကင်ဘုရင် အတော်လေး တုန်လှုပ်သွားရသည်။ သူသည် ခရမ်းရောင်စွမ်းအင်မြူများကို စုစည်းလိုက်ကာ ပြိုင်ဘက်ကင်းသည့်မျိုးစေ့အား သူနှင့်ပေါင်းစည်းလိုက်ကာ ထိုရိုက်ချက်ကို ခုခံလိုက်သည်။

သို့သော် ယခုအချိန်တွင် သူ အခြေအနေမကောင်းတော့။ ထိုမျိုးစေ့သည် ရှီဟောင်၏ ထိုးဖောက်ခြင်းခံထားရသောကြောင့် လျင်မြန်စွာ မစုစည်းနိုင်သလို သူ့ထံသို့ လျင်မြန်စွာ ပြန်ရောက်မလာနိုင်။

ဒုန်း..

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် ရိုက်ချက်ကြီးပင်။ ရှီဟောင်၏လက်သီးချက်သည် ခရမ်းရောင်နေကောင်းကင်ဘုရင်အား လွင့်ထွက်သွားစေကာ သွေးအန်သွားစေသည်။

ယခုအချိန်တွင် ရှီဟောင်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

ဒုန်း .. ဒုန်း .. ဒုန်း ..

ဤကဲ့သို့သော စွမ်းအားမှာ ကြောက်စရာကောင်းလွန်းလှသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည် အတတ်နိုင်ဆုံး ခုခံနေသော်လည်း ရှီဟောင်၏လက်သီးချက်တိုင်းမှာ သူ့အား သွေးအန်သွားစေသည်ပင်။

သူ၏လက်မောင်းပင် တွန့်လိမ်နေကာ ခန္ဓာကိုယ်လည်း အတော်လေးပုံပျက်နေလေပြီ။

အားလုံး ဆွံ့အသွားရကာ သူတို့မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။ ရှီဟောင်၏အော်ရာမှာ တောတောင်နှင့်မြစ်များကိုပင် ဝါးမြိုသွားသည်။ သူ၏မျက်လုံးများမှာ အေးစက်နေပြီး သူ၏ခြေလှမ်းတစ်လှမ်း လက်သီးချက် တစ်ချက်တိုင်းမှာ ခမ်းနားလှသည်။

ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ တစ်လှမ်းပြီးတစ်လှမ်းဆုတ်နေကာ ခြေလှမ်းတိုင်းတွင်လည်းသွေးအန်နေသည်။ သူ၏ခန္ဓာကိုယ်မှာ တစ်စစီဖြစ်လုနီးပါးပင်။

ဒါက ဟွမ်ရဲ့ ခွန်အား အစစ်လား..

တစ်ချိန်တည်းမှာပင် အားလုံး သူပြောသည့်စကားကို ပြန်စဉ်းစားမိသွားသည်။ သူကိုယ်တိုင်က ပြည့်စုံသည့်မျိုးစေ့ဖြစ်သည်ဟု သူပြောခဲ့သည်ပင်။ သူသည် ပြိုင်ဘက်ကင်းသည့်ရှေးဟောင်းမျိုးစေ့ကို အသုံးပြုသည့်အကြောင်း မပြောခဲ့။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီးများ ထိတ်လန့်သွားကြကာ ပါးရေနားရေတွန့်နေသည့် သူတို့မျက်နှာများထက်တွင် မယုံကြည်နိုင်သည့် အမူအရာများဖြစ်နေသည်။

သူတို့ကဲ့သို့သော လူမျိုးမှာ သူတို့ရှေ့၌ တိုင်သားရဲကြီး ပျက်စီးသွားလျှင်ပင် မတုန်မလှုပ်ရှိနေမည့်သူများပင်။ သို့သော် ယခုအချိန်တွင်တော့ သူတို့မျက်နှာထက်၌ ထိတ်လန့်မှုများ ပြည့်နေသည်။

“သူက အဲဒီလမ်းကို လျှောက်ခဲ့တာလို့ .. ငါ့ကို မပြောနဲ့နော်..” ယခုအချိန်တွင် ဤလူများသည် မည်သူမှ အောင်မြင်ခြင်းမရှိခဲ့သည့် ထိုလမ်းကိုစဉ်းစားမိသွားသည်။

ဤလမ်းမှာ ခက်ခဲလွန်းလှကာ ပြိုင်ဘက်ကင်းသည့်သူရဲကောင်းဘယ်နှစ်ဦး သေသွားမှန်းပင် မသိတော့။ မည်သူမှ မအောင်မြင်ခဲ့။

သို့သော် ယနေ့တော့ ရှီဟောင် လုပ်နိုင်သွားလေပြီ။

ဤသက်ရှိရုပ်ကြွင်းများ ဘာမှ မပြောနိုင်တော့။ ဤလူငယ်ကို သူတို့စွန့်ပစ်ခဲ့ကြသည်။ သူ့အား ရှေးဟောင်းမျိုးစေ့တစ်စေ့ပင် မပေးချင်ခဲ့ကြ။ နောက်ဆုံးတွင်တော့ ဤလူငယ်လေးသည် ဤလမ်းကို လျှောက်ခဲ့ကာ အောင်မြင်သွားလေပြီ။

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် သတင်းကြီးပင်။

ဖူး..

ခရမ်းရောင်နေကောင်းကင်ဘုရင် လွင့်ထွက်သွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူတစ်စစီဖြစ်သွားလိမ့်မည်။

ရှုထော်နှင့် လန်ရှင်းတို့ အတူတကွ လှုပ်ရှားလာကြသည်။ သို့သော်လည်း သူတို့ဟွမ်၏ စွမ်းအားကို မရပ်တန့်နိုင်ကြ။

“ငါ့လမ်းကို ပိတ်တယ်ပေါ့ .. သတ်..” ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် ရှုထော်နှင့် လန်ရှင်းတို့ကို စိုက်ကြည့်ကာ သတ္တိရှိရှိဖြင့်ပင် ရှေ့တိုးသွားလေ၏။

“သူ အဲဒီရှေးဟောင်းလမ်းကြောင်းကို လျှောက်ခဲ့တာလား .. ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ် သုံးခဲ့တာလား .. သူ့ရှေ့မှာ ဘယ်သူမှ မအောင်မြင်ဖူးဘူး..” ထိုအချိန်တွင် အခြားကျင့်ကြံသူများလည်း ထိုအကြီးအကဲများထံမှ အမှန်တရားကို ကြားသွားကြသည်ပင်။ သူတို့ မတုန်လှုပ်ပဲ မနေနိုင်တော့။

အပိုင်း ၁၄၆၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၈ – အရှုံးမရှိသည့် ဒဏ္ဍာရီ

ထာဝရရှေးဟောင်းခေတ်ကတည်းက ဤလမ်းကြောင်းကို လျှောက်သည့်လူများ ရှိခဲ့ဖူးသည်။ သို့သော်လည်း ချွင်းချက်မရှိ အားလုံးကျရှုံးခဲ့သည်။

ထို့အပြင် သူတို့၏ အဆုံးသတ်မှာ ဆိုးရွားလွန်းလှသည်။ သေလျှင်သေ မသေလျှင်လည်း ပျက်စီးသွားကာ ကောင်းမွန်သည့်ရလဒ်များ ရမလာပေ။

ဤလောကအတွက်မူ ဤသည်မှာ ထိုလမ်းလျှောက်ရန် ကြိုးစားသည့်သူအားလုံးကို ဝါးမြိုပစ်သည့် ချောက်နက်ကြီးပင်။

ဤလမ်းကို လျှောက်သည့်သူများထဲတွင် သာမန်ဖြစ်နေသည့်သူများ တစ်ယောက်မှမပါ။ အားလုံးမှာ ထူးချွန်သည့်သူများဖြစ်ပြီး ဂုဏ်သတင်းကြီးသည့်သူများပင်။ သို့သော် သူတို့ဤလမ်းရွေးလိုက်သည်နှင့် သေဆုံးခြင်း၊ ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်သွားသည်။

ဤလမ်းမှာ သီအိုရီပိုင်းတွင် ပြစ်ချက်များရှိနေသေးသည့် လမ်းကြောင်းပင်။ ဤလမ်းကြောင်းမှာ လမ်းဆုံးသို့ရောက်ရန် မဆိုထားနှင့် အပြည့်အဝပင် မလေ့လာရသေး။ ဤပညာကြောင့် လူငယ်ဘယ်နှယောက်တောင် ဒုက္ခရောက်သွားပြီလဲ မသိနိုင်။

အောင်မြင်ချင်လျှင် တစ်ကြိမ်တည်းဖြင့် ဖြစ်နိုင်မည်မဟုတ်။ ဤသည်မှာ‌ ကောင်းကင်ထက်သို့ တက်သည်ထက်ပင် ပိုခက်လိမ့်ဦးမည်။

သို့သော် ယခု သူတို့မျက်စိရှေ့တွင် အောင်မြင်သွားပြီဟု ယူဆရသည့် လူတစ်ယောက်ရှိနေသည်။ သူသည် လက်ရှိတွင် သူ၏နတ်ခွန်အားများ ပြသနေပြီး ခရမ်းရောင်နေကောင်းကင်ဘုရင်အား ရိုက်နှက်နေသည်။

ဤမြင်ကွင်းမှာ အစစ်ဟုထင်ရသော်လည်း အတုဟုလည်း ခံစားနေရသည်။

အားလုံးမှာ မယုံမကြည်နိုင် ဖြစ်နေကြပြီး ရှီဟောင် တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားနေကြရသည်။ သူသည် သေချာပေါက် သူတို့မသိသည့် ထူးဆန်းသည့်မျိုးစေ့နှင့် ပေါင်းစပ်ထားခြင်းဖြစ်ရမည်။ ထို့ကြောင့်သာ သူဤမျှအားကြီးနေခြင်းပင်။

သို့သော် သေချာစဉ်းစားကြည့်လျှင် ပြိုင်ဘက်ကင်းသည့်မျိုးစေ့ဆိုသည်မှာ ရှားပါးလှပြီး မည်သည့်နေရာ၌ မည်သည့်မျိုးစေ့ရှိနေသည်ကို အားလုံးသိထားပြီးသားပင်။ သူက ဘယ်လိုလုပ် ရှာတွေ့နိုင်မည်နည်း..

နာမည်ကြီးသည့် မျိုးစေ့အချို့အားလုံး ထာဝရကျောင်း၌ ရှိနေသည်ပင်။

အချို့မျိုးစေ့များမှာ ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခု၏ ကြောက်စရာအကောင်းဆုံး နေရာများ၌ ရှိနေခြင်းပင်။ ထိုနေရာများမှာ ကန့်သတ်နယ်မြေများဖြစ်ပြီး မည်သူမှ ဝင်၍မရ။

ထို့အပြင် ယခုအချိန်ထိ ထိုကန့်သတ်နေရာများသို့ သွားနေသည့်သူများရှိနေဆဲပင်ဖြစ်သောကြောင့် ထိုနေရာများ၌ မျိုးစေ့ရှိနေသေးကြောင်း အတည်ပြုနိုင်သည်ပင်။

ဤမျိုးစေ့များကို ဖယ်လိုက်လျှင် ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ မျိုးစေ့သည် မည်သည့်နေရာမှ ရောက်လာမည်နည်း … ဟွမ် တကယ်အောင်မြင်သွားပြီလား..

ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးခြင်း .. ဤစာလုံးများမှာ တောင်ကြီးတစ်လုံးကဲ့သို့‌ လေးလံလှကာ အားလုံးကို အသက်ရှူကြပ်လောက်သည်အထိ ဖိနှိပ်ထားလေသည်။

ဝုန်း..

ဤနေရာတွင် နတ်အလင်းထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး တုန်ခါလာသည်။ သွေးမိုးလည်းရွာသွန်းလာကာ ကြောက်စရာကောင်းသည့် မြင်ကွင်းမျိုးစုံ ဖြစ်ပေါ်လာလေသည်။

ဤသည်မှာ ရှီဟောင်၏ စွမ်းအားပင်။ သူ၏လက်သီးအားမှာ တောင်များကို ပြိုကျစေပြီး ပင်လယ်များကို အော်မြည်စေသည်။ သူ၏လက်သီးချက်တိုင်း ကမ္ဘာကြီးပြင်းထန်စွာ တုန်ခါလာကာ စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာသည်။

အား ..။

ခရမ်းရောင် နေကောင်းကင်ဘုရင် အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်လည်း ပြင်းထန်စွာ တုန်ခါလာသည်။ သူသည် ဟွမ်၏ ပြိုင်ဘက်ကင်းသည့်စွမ်းအားကို မခုခံနိုင်ပဲ သွေးများအန်ထွက်လာသည်။

ဟွမ်၏ လှုပ်ရှားမှုများမှာ ထိုမျှမမြန်ပေ။ ယခုအချိန်တွင် သူသည် ကောင်းကင်ထက်၌ ကင်းလှည့်နေသည့် ကောင်းကင်ဧကရာဇ်ကဲ့သို့ တစ်လှမ်းချင်းလျှောက်နေခြင်းပင်။

ယခုအချိန်တွင် ရှီဟောင်၏လှုပ်ရှားမှုတိုင်း၌ ဤကျင့်ကြံဆင့်၏ တာအိုခွန်အားများပါဝင်နေသောကြောင့် ဤသည်မှာ ကြောက်စရာကောင်းလှသည်။

ဒုန်း..

ရှီဟောင်၏အမူအရာမှာ အေးစက်နေသည်။ သူ၏ ညာလက်သီးကို လွှဲရမ်းလိုက်သည်နှင့် လေဟာနယ်ကြီး ပေါက်ကွဲသွားပြီး အဆုံးမရှိသည့် ရောင်စုံအလင်းများထွက်ပေါ်လာသည်။

ဤကဲ့သို့သော စွမ်းအားမှာ ကြောက်စရာကောင်းလွန်းလှသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည် စာခြောက်ရုပ်ကဲ့သို့ပင် လွင့်ထွက်သွားလေ၏။ သူ၏ခန္ဓာကိုယ်ရှိ အရိုးဘယ်နှချောင်းကျိုးသွားမှန်းပင် မသိတော့။

ရှုထော်နှင့် လန်ရှင်းတို့လည်း တိုက်ခိုက်နေကြသော်လည်း ထိုမျှမပြင်းထန်။ သူတို့သည် ခပ်ဝေးဝေးမှနေ၍သာ တိုက်ခိုက်နေကြသည်။

ယခုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်သည် အလွန်သနားစရာကောင်းသည့် အခြေအနေဖြစ်နေလေပြီ။ သူ၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ ခန္ဓာကိုယ်လည်း အလွန်ဆိုးရွားနေလေပြီ။

သူသည် ဤမျိုးဆက်၏ အဆင့်လွန်လူငယ်လေးတစ်ယောက်ပင်။ သူ ဘယ်တုန်းကများ ဒီလိုမျိုး အခြေအနေဆိုးဖူးလို့လဲ .. သူတစ်ခါမှ မရှုံးဖူး .. သို့သော်လည်းယနေ့တော့ သူရှုံးနိမ့်သွားလေပြီ။

သူ ဟွမ်ကို အနိုင်မယူနိုင်။ သူ့ကို မယှဉ်နိုင်။

ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့ အပြည့်အဝထုတ်သုံးနိုင်လျှင်ပင် ရှီဟောင်ကို ယှဉ်နိုင်မည်မဟုတ်ဟု ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် သူ ပို၍ ဒေါသထွက်လာရသည်။ အဖိုးတန်ဆုံးမျိုးစေ့ဟု သတ်မှတ်ထားသည့်မျိုးစေ့မှာ အခြားတစ်ယောက်၏ ဖိနှိပ်ခြင်းကို ခံနေရသောကြောင့် ဤသည်မှာ သူ့အား မကျေမနပ်ဖြစ်စေသည်။

အား..

ခရမ်းရောင်နေကောင်းကင်ဘုရင် ဟစ်ကြွေးလိုက်ကာ အကောင်းဆုံးခုခံလိုက်သော်လည်း သူ၏ရင်ဘတ်ကို ထိုလက်သီးချက်လာရောက်ထိမှန်နေဆဲပင်။ သူ၏ရင်ဘတ်တွင် အပေါက်ကြီးဖြစ်လာကာ သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်းဖြစ်လုနီးပါးပင်။

ထာဝရကျောင်းမှ အကြီးအကဲများ၏ အမူအရာများ ပြောင်းလဲသွားသည်။ ခရမ်းရောင်နေကောင်းကင်ဘုရင် ရှုံးနိမ့်သွားလေပြီ။ သူ ဆက်မတိုက်နိုင်တော့။ မဟုတ်ပါက သူ သေဆုံးသွားလိမ့်မည်။

“တော်လိုက်တော့..” အကြီးအကဲတစ်ယောက် အော်လိုက်သ်ည။

သို့သော်လည်း ခရမ်းရောင်နေကောင်းကင်ဘုရင်မှာ ရူးသွပ်သွားသည့်ပုံပင်။ ဤကဲ့သို့ ပြင်းထန်သည့် ဒဏ်ရာများရရှိထားသော်လည်း သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်စွမ်းအင်များ ထုတ်လွှတ်နေကာ သူ၏ပတ်ပတ်လည်တွင် မီးတောက်များ ထွက်ပေါ်နေသည်။ သူသည် နောက်ပြန်မဆုတ်ပဲ အားလုံး စွန့်စားလိုက်သည်။

“ငါက အရှုံးမရှိတဲ့သူ … သွားသေလိုက်တော့..” သူ၏ဆံပင်ရှည်များ သွေးရောင်စွန်းထင်နေပြီး သူ၏ခရမ်းရောင်မျက်လုံးလည်း နီရဲနေလေပြီ။

ဖူး..

ရှီဟောင် နောက်ထပ် လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

“ဘယ်လိုလုပ် ဒီလိုမျိုးဖြစ်နိုင်မှာလဲ..” ယခုအချိန်တွင် ခရမ်းရောင်နေကောင်းကင်ဘုရင်သည် မြေပြင်ပေါ်သို့ လဲကျသွားလေပြီ။

ခပ်ဝေးဝေးတွင်ရှိနေသည့် နောက်လိုက်မှာ ကြောက်လန့်နေကာ သူ၏အမူအရာလည်း လူသေကဲ့သို့ ဖြူဖျော့နေလေပြီ။ သူ ယခင်က ဟွမ်ရှေ့၌ မည်ကဲ့သို့ ရိုင်းစိုင်းခဲ့သည်ကို ပြန်စဉ်းစားမိသွားသည့်အချိန်တွင် ချွေးစေးပြန်လာရသည်။

သူ၏သခင်ပင်လျှင် ဟွမ်၏ပြိုင်ဘက်မဟုတ်ပဲ ဤကဲ့သို့ အဆုံးသတ်သွားလေပြီ။ သို့သော်လည်း သူသည် တစ်ဖက်လူကို ထပ်ခါတလဲလဲ ရန်စခဲ့သည်။

ဝူတိုင်မျက်နှာလည်း နှင်းကဲ့သို့ ဖွေးဆုတ်နေကာ လူအုပ်ကြားထဲ၌ ပုန်းနေလိုက်သည်။ သူ့တစ်ကိုယ်လုံး အေးစက်နေပြီး သူ့ဘဝတွင် တစ်ခါမှ ဤကဲ့သို့ မကြောက်ဖူး။

ပြည့်စုံတဲ့မျိုးစေ့ရှိတဲ့သူတောင် ဟွမ်ကို ရှုံးသွားမှတော့ ဒီလောကမှာ သူနဲ့ယှဉ်နိုင်တဲ့သူ ဘယ်နှယောက်များ ရှိနိုင်မှာလဲ ..

“ကျီရီ .. ပြန်လာခဲ့ .. အခုအချိန်မှာ မင်းက သူ့ပြိုင်ဘက်မဟုတ်သေးဘူး .. သူက ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတဲ့ လမ်းကို အောင်မြင်ထားတာ ..” ထာဝရကျောင်းမှ အကြီးအကဲတစ်ယောက် အော်ဟစ်လိုက်သည်။

ဤအသံမှာ မိုးခြိမ်းသံကဲ့သို့ ဤနေရာကို ပျံ့လွင့်သွားသည်။ သူ၏အသံမှာ သိပ်မကျယ်သော်လည်း သူပြောလိုက်သည့်စကားမှာ ကြောက်စရာကောင်းလှသည်။

ယခင်က ရှီဟောင် ဤလမ်းကို လျှောက်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု သံသယဝင်ခဲ့ကြသော်လည်း မသေချာပေ။

ယခု သူ ဤကဲ့သို့ ကျယ်လောင်စွာ ပြောလိုက်ပြီး အားလုံး၏သံသယကို အတည်ပြုပေးလိုက်သည်။ ဟွမ်က အတိတ်ထက်ကို ကျော်လွန်ပြီးတော့ အောင်မြင်သွားပြီ..

သူသည် ဤလမ်းကြောင်းတွင် အောင်မြင်သွားသည့် ပထမဆုံးသူပင်။ သူ၏အောင်မြင်မှုမှာ နှစ်များစွာကြာသည်အထိ တောက်ပနေမည်ဖြစ်ပြီး နောက်တစ်ခေတ်အထိ ခမ်းနားကြီးကျယ်နေမည်ပင်။ သူသည် သေချာပေါက် သမိုင်းမှတ်တမ်းတင်ခံရသည့်သူ ဖြစ်မည်ပင်။

ဤသည်မှာ သူတို့အား မနာလိုဖြစ်စေသလို ကြောက်လည်း ကြောက်ရွံ့စေသည်။ ဤလမ်းမှာ ခက်ခဲလွန်းလှသော်လည်း ဟွမ် အောင်မြင်ခဲ့လေပြီ။ ဤသည်မှာ မည်မျှပင် အံ့အားသင့်စရာ ကောင်းလိုက်သနည်း..

“ခန္ဓာကိုယ်ကို မျိုးစေ့အဖြစ်သုံးတဲ့လမ်းစဉ်က တစ်ယောက်ယောက် အောင်မြင်သွားပြီ..” ခရမ်းရောင်နေကောင်းကင်ဘုရင် ရေရွတ်လိုက်၏။ သူ အလွန်ပင် စိတ်ပျက်အားလျော့မိသည်။ ဤလမ်းကို လျှောက်သည့်သူများထဲတွင် စွမ်းအားမကြီးသည့်သူ မည်သူရှိသနည်း။ ဤလူများအားလုံး ရှုံးနိမ့်ခဲ့သော်လည်း သူ၏ရန်သူကတော့ အောင်မြင်သွားခဲ့သည်။

ဤသည်မှာ သူ၏စိတ်အား အတော်လေး ရိုက်ခတ်သွားသည်ပင်။

“အခု ပြန်ဆုတ်..” ထာဝရကျောင်းမှ အကြီးအကဲ နောက်တစ်ကြိမ် သတိပေးလိုက်သည်။

သို့သော်လည်း ခရမ်းရောင်နေကောင်းကင်ဘုရင် ခေါင်းမာလှသည်။ သူသည် ခရမ်းရောင်စွမ်းအင်မြူ အပြည့်အဝပေါ်လာအောင် လုပ်ချင်သည်။ ရှီဟောင်နှင့် အဆုံးစွန်ထိ တိုက်ခိုက်ချင်သည်။

ထာဝရကျောင်းမှ အကြီးအကဲ အမူအရာ ပျက်ယွင်းသွားရသည်။ သူလျှောက်လာကာ အားလုံးကို တားဆီးရန် ပြင်လိုက်သည်။

ရှုထော်နှင့် လန်ရှင်းလည်း ဝင်မပါ၍ မရတော့။ သူတို့ဟွမ်ကို ရပ်တန့်ရမည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံး ထာဝရကျောင်းမှ လူများပင်။ အကြီးအကဲပင် ပြောနေပြီဖြစ်သောကြောင့် သူတို့တစ်ခုခုမလုပ်ပါက သူတို့အပြစ်ပြောခံရလိမ့်မည်။

သူတို့နှစ်ယောက်လုံး မသွားသေးလျှင် ခရမ်းရောင်နေကောင်းကင်ဘုရင် သေချာပေါက် သေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ခရမ်းရောင်စွမ်းအင်မြူမျိုးစေ့အား အသက်သွင်းရန် အချိန်မရှိတော့။

ဝုန်း..

တိုက်ပွဲမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

အဆင့်လွန်လူငယ်သုံးယောက် ပေါင်းကာ ရှီဟောင်အား ဝိုင်း၍တိုက်ခိုက်လာကြသည်။

ဖုန်း..

ရလဒ်မှာ အလွန်ကြောက်စရာကောင်းနေဆဲပင်။ ခရမ်းရောင်နေကောင်းကင်ဘုရင်သည် ရှီဟောင်ကြောင့် လွင့်ထွက်သွားကာ သူ၏အဝတ်အစားများလည်း စုတ်ပြတ်သွားသည်။ ခရမ်းရောင်မျိုးစေ့ပေါ်လာသောကြောင့်သာ မဟုတ်ပါက သူသေဆုံးသွားလောက်လေပြီ။

ထာဝရကျောင်းမှ အကြီးအကဲ တရှိန်ထိုး ပြေးထွက်လာပြီး ခရမ်းရောင်နေကောင်းကင်ဘုရင်၏အသက်ကို ကယ်ရန် ရွှေရောင်ဆေးတစ်လုံး တိုက်လိုက်သည်။

အားလုံး ထိတ်လန့်သွားကြရ၏။ ရှီဟောင်သည် သုံးယောက်တစ်ယောက် တိုက်ခိုက်နေသော်လည်း ကောင်းကင်ဘုရင်အား ဒဏ်ရာပြင်းထန်စွာ ရရှိအောင် ပြုလုပ်နိုင်သေးသည်။ ယနေ့မှစ၍ ဟွမ်၏သတင်းမှာ လောကကြီးတစ်ခုလုံး၌ ပျံ့နှံ့သွားမည်ကို သူတို့အားလုံး သိနေကြသည်ပင်။

ခရမ်းရောင်နေကောင်းကင်ဘုရင် လဲကျသွားပြီး သေသလားရှင်သလား မသိရတော့။ အားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်ကြပြီး ပြင်းထန်စွာပင် ဆွေးနွေးနေကြသောကြောင့် ဤနေရာတစ်ခုလုံး ဆူညံသွားသည်။

ချောင်ယုရှင်း၊ ယုန်ဖြူလေးနှင့် အခြားသူများမှာမူ အလွန်စိတ်လှုပ်ရှားနေကြပြီး ပျော်ရွှင်နေကြသည်ပင်။

ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များမှာ အလွန်စိတ်လှုပ်ရှားနေသောကြောင့် မျက်နှာများနီရဲလာသည်အထိ အော်ဟစ်နေကြသည်။

ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ ရှီဟောင်အား ရန်လိုနေသည့်သူများပင်လျှင် သူ၏ပြိုင်ဘက်ကင်းသည့် သတ္တိအတွက် သက်ပြင်းချလာကြ၏။

ဝမ်ရှီး၏ အမူအရာ ရှုပ်ထွေးလာသည်။ သူမ ထင်ထားသည်မှာ သုံးနှစ်ကြာပြီးသည့်နောက်တွင် ဟွမ် ဆုတ်ယုတ်သွားပြီဖြစ်ပြီး သူမကို ခြိမ်းခြောက်နိုင်မည်မဟုတ်တော့။ သို့သော်လည်း ယခုတော့ သူ၏အောင်မြင်မှုများမှာ သူ မထင်ထားသည်ထက်ကို သာလွန်နေသည်။ သူမ ကလန်သားများအတွက် တကယ်ကိုစိုးရိမ်လာမိသည်ပင်။

သူမနှင့် စေ့စပ်ထားသည့် ကျင်းကျန်း မည်မျှသန်မာသည်ကိုလည်း သူမ သိချင်လာမိသည်။ သူသည်လည်း ပြန်လည်မွေးဖွားမှုပေါင်းများစွာကို ဖြတ်ကျော်ခဲ့ကာ လက်ရှိလောကပညာများတွင် အဆုံးစွန်ထိ ရောက်သွားလေပြီ။ သူ ဟွမ်ကို ရင်ဆိုင်နိုင်မလား..

“တကယ်ကို မရိုးရှင်းဘူးပဲ .. သူသာ သက်ရှည်မိသားစုတစ်စုထဲသို့ ဝင်သွားပြီးတော့ ပြုစုပျိုးထောင်ခံလိုက်ရရင် သူ့ရဲ့အောင်မြင်မှုတွေက ပိုလို့်တောင် ကြောက်စရာကောင်းလာမှာ..” မင်းသမီးယောင်ယွဲ့ တီးတိုးပြောလိုက်သည်။ သူမ ကလန်သားများနှင့် ဆက်သွယ်ကာ ဤဂျီးနီးယပ်စ်ကို ‘ခိုးယူ’ ရမည်။

ရှီဟောင် အဆင့်လွန်လူငယ်နှစ်ဦးနှင့် ဆက်လက်တိုက်ခိုက်နေသည်။ သူသည် လန်ရှင်းကို အရင်တိုက်ခိုက်လိုက်သည်။ ယခုအချိန်တွင် သူမ အချိန်မရွေး အန္တရာယ်များသည့်အခြေအနေသို့ ရောက်သွားနိုင်သည်။

အားလုံး ဆွံ့အသွားရ၏။ အချိန် ဘယ်လောက်ပဲ ရှိသေးလို့လဲ .. နောက်ထပ် အဆင့်လွန်လူငယ်တစ်ယောက် ဒုက္ခရောက်တော့မှာလား..

“အမ်..” ထိုအချိန်တွင် ရှီဟောင် စိတ်ထဲ တုန်ယင်သွားရ၏။ အလွန်စွမ်းအားကြီးသည့်သူများ သူ့ဘေးပတ်လည်၌ ပေါ်လာသည်ကို သူအာရုံခံမိလိုက်သည်။

လူများ ထပ်ရောက်လာပြီး သူတို့၏အော်ရာများမှာ တက်ကြွမှုများ အပြည့်ပင်။ ဤလူများမှာ လက်ရှိလောကရှိ အကောင်းဆုံ အဆင့်လွန်လူငယ်များပင်။

တိုက်ပွဲတိုက်နေသော်လည်း ရှီဟောင်၏ ဝိညာဉ်အာရုံခံစားမှုများမှာ အလွန်စူးရှနေဆဲပင်။ ခဏကြာပြီးသည့်နောက် အော်ရာများစွာ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်ကို သူအာရုံခံမိလိုက်သည်။

ဝုန်း..

ခဏကြာပြီးနောက် ကျယ်လောင်လှသည့် ဆူညံသံများ ထွက်ပေါ်လာသည်။ ရွှံ့အိုင်ကြီး ရုတ်တရက်ပေါက်ကွဲသွားကာ နေရာအနှံ့သို့ လွင့်စင်သွားသည်။ တစ်စုံတစ်ယောက်မှ ထာဝရဂူ၏ဂိတ်တံခါးအားဖွင့်ရန် ကြိုးစားလိုက်ခြင်းပင်။

တကယ်တမ်းတွင် အလင်းရောင်များ ပို၍များပြားလာကာ ထာဝရစွမ်းအင်များလည်း ပို၍သိပ်သည်းလာသည်။ ဤရိုက်ချက်ပြီးနောက် မြေအောက်၌ ကြီးမားသည့်ပြောင်းလဲမှု ဖြစ်သွားသည်ပင်။

ဝုန်း..

ရွှံ့အိုင်ကြီး ကျွံဝင်သွားကာ ထာဝရအလင်းများ ကောင်းကင်ထက်သို့ တရှိန်ထိုးတက်လာသည်။ ထာဝရသီချင်းသံများ ထွက်ပေါ်လာပြီး ကျောက်တံခါးပွင့်လာသည့် ကျယ်လောင်လှသည့်အသံလည်း ကြားလိုက်ရသည်။ မြေအောက်လောကပွင့်သွားပြီ..

ရွှီး..

ထိုအချိန်တွင် ပုံရိပ်များစွာ တရှိန်ထိုး ပြေးလာကြသည်။ သူတို့သည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည့် အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း ရွှံ့အိုင်ထဲသို့ ဝင်သွားကြသည်။

“ဒီကိုလာခဲ့..”

ရှီဟောင် ချောင်ယုရှင်း၊ စုန်းမနှင့် အခြားသူများအပါအဝင် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များကို ခေါ်လိုက်သည်။

လူများစွာ ငေးကြောင်သွားရ၏။ ထို့နောက် သူတို့မနာလိုဖြစ်လာကြသည်။ ဟွမ်သည် လူတစ်စုကို ကာကွယ်ကာ သူတို့အား သူနှင့်အတူ ထာဝရဂူထဲသို့ ခေါ်သွားလေပြီ။

အခြား မည်သူကများ ဤကဲ့သို့ လုပ်ရဲမည်နည်း။

အပိုင်း ၁၄၆၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၆၉ – မြေအောက်

ဟွမ်သည် သူနှင့်အတူ လူတစ်စုကို ခေါ်ကာ မြေအောက်ထာဝရဂူထဲသို့ ဝင်သွားလေပြီ။ ဤသည်မှာ မည်မျှပင် သတ္တိရှိသည့်အပြုအမူ ဖြစ်သနည်း.. အခြားသူများ မနာလိုဖြစ်လာကြ၏။ ဤသည်မှာ ရူးချင်စရာ ကောင်းလှသည်။

ချောင်ယုရှင်း၊ လကျောက်စိမ်းယုန်၊ ချန်ကုန်းယန်၊ စုန်းမ၊ ဖုန်းဝူနှင့် အခြားသူများအားလုံး ရွှံ့အိုင်ထဲသို့ ဝင်သွားကြလေသည်။

ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များမှာ ထိုမျှ မတည်ငြိမ်တော့။ အားလုံးမှာ အတော်လေး အံ့အားသင့်နေကြသည်။ ရှီဟောင် သူတို့ကို ခေါ်သွားလိမ့်မည်ဟု မထင်ထားကြ။ ဤသည်မှာ မယုံကြည်နိုင်လောက်သည့် အခွင့်အရေးကောင်းကြီးပင်။

သူတို့သည် ယခင်က ဟွမ်နှင့် ထိုမျှ ပြောဆိုဆက်ဆံခဲ့ကြသည်မဟုတ်။ ယခု သူ့အတွက် အနည်းငယ် ပြောပေးရုံမျှပင် ဤကဲ့သို့သော အခွင့်အရေးကောင်းကြီး ရရှိသွားလေပြီ။

ဤကန်မှာ သိပ်မကြီးသော်လည်း သေးသည်ဟုလည်း သတ်မှတ်၍မရ။ ဤလူများဝင်ဆံ့သည်ပင်။ ရွှံ့အိုင်ကြီးအလယ်တွင် ထာဝရစွမ်းအင်ထွက်နေသည့် အပေါက်ကြီးတစ်ပေါက် ရှိနေသည်။

“ဟွမ် .. မင်းက လွန်လွန်းသွားပြီ .. မင်းတစ်ယောက်တည်းဝင်ရင် တစ်မျိုးပေါ့ .. အခုက မင်းက ဒီလူအုပ်ကိုလည်း အထဲခေါ်ချင်နေတာလား..” အမှောင်ထဲမှ လူတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ငါလုပ်ချင်တာလုပ်မှာပေါ့ .. မင်းနဲ့ဘာဆိုင်လို့လဲ..” ရှီဟောင် ပြန်ပြောလိုက်၏။

“မောက်မာလွန်းတယ်..” အမှောင်ထဲမှ နတ်အလင်းထွက်ပေါ်လာသည်။ မြေအောက်ထဲမှ လျှပ်စီးတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက် သူတို့အား တိုက်ခိုက်နေလေပြီ။

ရွှီး..

ရှီဟောင် ညာလက်ကိုဆန့်လိုက်သည်နှင့် သူ၏လက်ချောင်းများ တစ်ဖြည်းဖြည်းကြီးလာသည်။ သူသည် ထိုလှိုဏ်ဂူဝမှ ထွက်လာသည့် လျှပ်စီးအားလုံးကို တစ်ချက်တည်းဖြင့် ဖမ်းဆုတ်လိုက်လေသည်။

သူ၏လက်ချောင်းထိပ်၌ လျှပ်စီးအလင်းတန်းများ စီးဆင်းနေလေ၏။ ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့်မြင်ကွင်းပင်။

ယခုအချိန်တွင် သူ၏လက်ဝါးမှာ တိမ်မဲကဲ့သို့ ကြီးမားလှပြီး သူ၏လက်ချောင်းများမှာလည်း ကောင်းကင်ကိုထောက်ထားသည့် တိုင်လုံးများကဲ့သို့ပင်။

” လက်ဝါးပြင်ထက်က ကမ္ဘာ ..။ ” တစ်စုံတစ်ယောက်မှ အံ့အားတကြီး ပြောလိုက်သည်။

ကျင့်ကြံဆင့်တစ်ခုသို့ ရောက်သည်နှင့် လူတစ်ယောက်သည် သူ ရထားသည့် အဖိုးတန်ပညာများသာမက အရိုးစာသားများကို ပြန်စီကာ နတ်စွမ်းရည်များအား ဖန်တီးနိုင်သည်ပင်။

ရှီဟောင် လက်ကိုအောက်ချလိုက်ကာ လျှပ်စီးအားလုံးကို ပြုပြင်လိုက်သည်။ ထို့နောက် သူ၏လက်ကို မှောက်ချလိုက်သည်နှင့် လျှပ်စီးအလင်းတန်း‌ ထောင်ပေါင်းများစွာ အောက်ဘက်သို့ ဆင်းသက်သွားသည်။

“ဒါက..” အားလုံး ဆွံ့အသွားရ၏။ ဤသည်မှာ လူများစွာကို ဦးရေပြားများပင် ထုံကျဉ်သွားစေသည်။

“ဟွမ် .. မင်း လုပ်ရဲတယ်လား..” တစ်စုံတစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်းက အားလုံးကို တိုက်ခိုက်ချင်နေတာလား..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့ အဓိပ္ပာယ်မရှိတာတွေ မကြားချင်ဘူး .. ခင်ဗျားတို့အားလုံး အောက်ဘက်ကနေ ကျုပ်ကို တိုက်နေကြတာ .. ဘယ်သူတိုက်မှန်း မသိအောင်လို့ ခေါင်းတွေကိုဝှက်ပြီး တိုက်နေကြတာ … အဲဒီလိုလုပ်လိုက်ရုံနဲ့ ကျုပ်ပြန်မတိုက်ရဲဘူးလို့ ထင်နေတာလား.. အိပ်မက်ဆက်မက်နေလိုက်…” ရှီဟောင် ပြင်းပြင်းထန်ထန်ပင် ပြန်ပြောလိုက်သည်။

ရှီဟောင်၏လက်ဝါး ကျရောက်လာသည်နှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အမှန်တကယ် ပြိုကျသွားကာ ရွှံ့အိုင်လည်း ပျက်စီးသွားသည်။

အောက်ဘက်တွင် လှိုဏ်ဂူရှိနေသောကြောင့် နတ်အလင်းများ ထွက်ပေါ်လာပြီး အောက်ဘက်တွင်ရှိနေသည့် အစီအရင်ဟောင်းများလည်း အသက်ဝင်လာသည်။

ဤသည်မှာ ပဒူအုံကို တုတ်ဖြင့်ထိုးလိုက်သကဲ့သို့ပင်။

အောက်ဘက်သို့ အလောတကြီး ဆင်းသွားသည့်သူများ အတော်လေး ထိခိုက်သွားရသည်။ သူတို့အားလုံး အလောတကြီးပင် ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ကြသည်။ မဟုတ်ပါက သူတို့အသက်အန္တရာယ်ရှိနိုင်သည်ပင်။

အောက်ဘက် မြေပြင်ပေါ်၌ ရှိနေသည့်သူများအားလုံး ဆွံ့အသွားရသည်။ ဟွမ်က တကယ်ကို ရဲတင်းတာပဲ .. တစ်ယောက်ယောက်က ချောင်းတိုက်လိုက်လို့ သူက အားလုံးကို ဒေါသထွက်သွားတာ..

“ဟွမ် .. မင်း လွန်လာပြီ..” တစ်စုံတစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား ဘာလို့ အချိန်တွေ လာဖြုန်းနေတာလဲ .. ခင်ဗျားကို ထိခိုက်စေတာ ကျုပ် မဟုတ်ဘူး .. ကျုပ်ကို ရန်စနေတဲ့သူက အဓိကတရားခံပဲ .. သူဘယ်သူလဲဆိုတာ အောက်ဘက်မှာရှိနေတဲ့ ခင်ဗျားတို့သိမှာပဲ .. အဲဒါကို ခင်ဗျားတို့က ဘာလို့ သူ့ကို သွားမပြောကြတာလဲ .. ကျုပ်ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေတာလား .. ခင်ဗျား မကျေနပ်ရင် အပေါ်တက်ပြီး လာတိုက်လိုက်..” ရှီဟောင် အေးစက်စွာပင် ပြန်ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ ရှီဟောင်သည် သူ့အား ဒေါသထွက်အောင် လုပ်သည့်သူများကို ပြင်းထန်စွာ ပြန်လည်တုံ့ပြန်နေသည်ပင်။

စကားပြောနေသည့်သူများအားလုံး ပြောစရာစကားများ ပျောက်ရှသွားရ၏။ ဤလူမှာ တကယ်ကိုပင် သူတို့ရန်စ၍ရသည့်သူမဟုတ်။ သူသာ ဆက်ဆန့်ကျင်နေလျှင် ဟွမ် အပေါ်မှဆင်းလာပြီး သူ့အား ပြတ်ပြတ်သားသား တိုက်ခိုက်လိမ့်မည်။

ခဏကြာပြီးသည့်နောက်တွင် မြေအောက်လောကကြီး ပြန်လည်တည်ငြိမ်သွားသည်။ မြေပြင်လည်း လှုပ်ခါခြင်းမရှိတော့။

“ငါတို့လည်း သွားသင့်ပြီ..” ရှီဟောင် ပြောလိုက်၏။ သူသည် အတားအဆီးအလင်းဒိုင်းကာတစ်ခုကို ပြုလုပ်လိုက်ပြီး ထိုအုပ်စုကြီးအား အရှေ့မှနေ၍ ကာကွယ်ပေးကာ ဆင်းသွားလိုက်သည်။

သူ့ထံတွင် သာမန်လူများမရှိသည့် ယုံကြည်ချက်များလည်း ရှိနေသည်ပင်။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နေကောင်းကင်ဘုရင်ကိုပင် သူ့အနိုင်ယူခဲ့သည်ပင်။

ရွှံ့အိုင်ကြီးမှာ အလွန်မည်းမှောင်နေသလို အလွန်ကျယ်ပြန့်လှသည်။ ဂူအမိုးမှ တွဲလောင်းကျနေသည့် ကျောက်စက်တွဲလောင်းများမှာ ပုံစံအမျိုးမျိုးနှင့် ထူးဆန်းလှသည်ပင်။

“သခင်လေးဟွမ် .. သခင်လေး ရလိုက်တဲ့ ကျောက်တုံးသေတ္တာထဲမှာ ဘာရှိတာလဲ..” ကောင်းကင်နတ်ဘုရားကျောင်းမှတပည့်တစ်ယောက် စိတ်ဝင်တစား မေးလိုက်သည်။

ရှီဟောင် ထိုသေတ္တာကို သူ့အင်္ကျီလက်ထဲမှ ထုတ်လိုက်သည်။ ဤကျောက်သေတ္တာကို တောက်ပသည့်အလင်းများဖြင့် ချိတ်ပိတ်ထားပြီး ဖွင့်ရန်ခက်ခဲလှသည်။

“အမ်..” အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသွားသော်လည်း ဘာမှ အရာမယွင်းပေ။ ထို့နောက် သူ ထိုသေတ္တာပေါ်ရှိအရိုးစာသားများ ဖတ်ကာ ထိုသေတ္တာကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

“သဘာဝဥပဒေသခွန်အားလား..” ရှီဟောင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုစာသားများကို သေချာလေ့လာပြီးနောက် သူစိတ်လှုပ်ရှားသွားရ၏။ ဤစာသားများမှာ အလွန်ထူးဆန်းလှပြီး သေတ္တာကို မဖွင့်နိုင်အောင် စွမ်းအားလှိုင်းတစ်မျိုး ထုတ်လွှတ်နေသည်။

“ဖွင့်မယ်..” ဤစာသားများကို နားလည်သွားပြီးနောက် သူအားထည့်ကာ အော်ဟစ်လိုက်သည်။

ဝုန်း..

ပြင်းထန်လှသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ပင် တုန်ခါသွားသည်။

အထူးသဖြင့် မြေအောက်လောကကြီး စတင်ပြိုကျလာသောကြောင့်‌ အောက်ဘက်တွင်ရှိနေသည့် အဆင့်လွန်လူငယ်များ မျက်နှာပျက်သွားကြသည်။ မိန်းမလှလေး လန်ရှင်း၏နဖူးထက်တွင်ပင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာ၏။

” ဟွမ် .. ရှင် အရမ်းလွန်လွန်းသွားပြီ .. တစ်ယောက်ယောက် ရှင့်ကို ရန်စဖို့ ကြိုးစားခဲ့တယ်ဆိုပေမယ့် ရှင် အမြဲတမ်း တမင်သက်သက်တော့ ပြဿနာရှာလို့မရဘူးလေ ဟုတ်တယ်မလား..” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

“အမ် .. ဒါက မတော်တဆဖြစ်တာ ဒါပေမဲ့ ငါ မတောင်းပန်နိုင်ဘူး .. ဘယ်သူက ခင်ဗျားတို့ကို ကျုပ်ကို ရန်စခိုင်းလို့လဲ..” ရှီဟောင် ပြန်ဖြေလိုက်သည်။

အောက်ဘက်တွင်ရှိနေသည့်သူများ ဆွံ့အသွားရ၏။ သို့သော်လည်း သူတို့ထဲမှ လူများလည်း တကယ်မှားထားသည်ပင်။

ထိုအချိန်တွင် အလွန်တောက်ပသည့်အလင်းတန်းတစ်ခု ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားသောကြောင့် မြေပြင်ပေါ်မှလူများ အတော်လေး တုန်လှုပ်သွားရသည်။

ချောင်ယုရှင်း၊ နဂါးမိန်းမပျိုနှင့် အခြားသူများအားလုံး ရှီဟောင်လက်ကို စိုက်ကြည့်လိုက်ကြသည်။ သူတို့အားလုံး အတော်လေးစိတ်လှုပ်ရှားနေကြသည်ပင်။ အထဲမှာ ဘာကြီးလဲ..

ရှီဟောင် ထိုသေတ္တာကို အားသုံးပြီး ဖွင့်လိုက်သည်နှင့် အဖြူရောင်ခေါင်းလေးတစ်လုံး ထွက်လာလေ၏။

အားလုံးမှာ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူတို့မြင်နေရသည့်အရာမှာ ဟုတ်မဟုတ် အတည်ပြုနေကြသည်။

ထာဝရလှိုဏ်ဂူကနေ ထွက်လာတဲ့ သေတ္တာထဲမှာ ပစ္စည်းတစ်ခု မဟုတ်ပဲနဲ့ သက်ရှိတစ်ကောင်ဖြစ်နေတယ် .. ဒီလောက်နှစ်တွေကြာတာတောင် ဒီထဲမှာ သက်ရှိတစ်ကောင် ရှိနေသေးတာလား..

“လိပ်တစ်ကောင်..” ချောင်ယုရှင်း အော်ဟစ်လိုက်သည်။

ဤအကောင်ကို သေချာကြည့်ပြီးနောက် အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ ဖြူဖွေးနေသည့် လိပ်တစ်ကောင်ပင်။ သူ၏အခွံမှာ ကျောက်စိမ်းကဲ့သို့ တောက်ပနေပြီး သူ၏ခန္ဓာကိုယ်လည်း ထို့အတူပင်။

သာမန်လိပ်များနှင့်မတူသည်မှာ ဤလိပ်၏ တုံ့ပြန်မှုမှာ အတော်လျင်မြန်လှသည်။

“ဒါက ဘယ်လိုလိပ်မျိုးကြီးလဲ .. ဒါက အသိဉာဏ်ရှိတဲ့ သက်ရှည်ဆေး လိပ်ဖြူအဖြစ် ပြောင်းသွားတာလို့တော့ မပြောနဲ့နော် .. စီရင်စုသုံးထောင်မှာတုန်းက ထာဝရသက်ရှိကို သယ်ထားတဲ့လိပ်ဖြူ ဆေးပင်ကို တွေ့ဖူးတယ်..” ယုန်ဖြူလေး သွားရေကျလာပြီး သူမ၏ ပတ္တမြားကဲ့သို့သော မျက်လုံးများမှာ မီးတောက်များ ထုတ်လွှတ်မတတ်ပင်။

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် အခြားသူများထိတ်လန့်သွားရသည်။ ဤသည်မှာ မဖြစ်နိုင်သည်တော့မဟုတ်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာထာဝရဂူမှ ထွက်လာသည့် သေတ္တာဖြစ်သောကြောင့် အထဲဘက်၌ ထာဝရရတနာများပါရှိမည်ပင်။

“မင်းတို့အားလုံး အတွေးလွန်နေပြီ..”
ရှီဟောင် ခေါင်းခါ၍ ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤလိပ်ဖြူကို သူ မှတ်မိသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က သူတို့တွေ့ဖူးသည်ပင်။

ထိုအချိန်တုန်းက အကြီးအကဲအရှင် ဤနေရာ၌ ငါးမျှားနေခဲ့သည်။ အကြီးအကဲအရှင်သည် ထာဝရဂူထဲမှ ဉာဏ်များသည့်သတ္တဝါအား မျှားခေါ်ချင်သော်လည်း ဤလောဘကြီးသည့်လိပ်လေးသာ ထွက်လာခြင်းပင်။

ဤသည်မှာ ရတနာရှစ်သွယ် လိပ်ပင်။

ဤသည်မှာ သက်ရှည်ဆေးပင်တစ်ပင်နှင့် မယှဉ်နိုင်သော်လည်း သူ၏ဂုဏ်သတင်းမှာ အံ့အားသင့်စရာ ကောင်းသည်ပင်။ ဤသည်မှာ နာမည်ကြီးသည့် ဟင်းလျာဖြစ်ရုံသာမက ဆေးပင်တစ်မျိုးလည်းဖြစ်သည်။

ဤသည်မှာ နံပါတ်တစ် သွေးစွမ်းအားတိုးစေသည့်အရာပင်။ အဆင့်လွန်သက်ရှိများ အသက်ကြီးပြီး ခန္ဓာကိုယ်များ ခမ်းခြောက်လာသည့်အချိန်တွင် သွေးစွမ်းအင် ဖြည့်တင်းပေးနိုင်သည်ပင်။

“ရတနာရှစ်သွယ်လိပ် .. ဒါက နတ်ဆေးပင်ထက်တောင် ရှာရခက်သေးတယ်.. ဒါက တန်ဖိုးဖြတ်လို့မရတဲ့ဟာပဲ..” အချို့လူများ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“ဒါက အကြီးအကဲအရှင်ပိုင်တာ .. သူက သွေးစွမ်းအင်ဖြည့်တင်းဖို့ ချန်ထားတာ” ရှီဟောင် ပြောလိုက်ပြီး လိပ်ကို သေတ္တာထဲ ပြန်ထည့်ထားလိုက်သည်။

သူ နတ်စိတ်ဝိညာဉ်ကို အသုံးပြုကာ ဘာဖြစ်ခဲ့သလဲဆိုသည်ကို ဤလိပ်အား မေးလိုက်သည်။

ရတနာရှစ်သွယ်လိပ်မှာ အသိဉာဏ်ရှိနေပြီဖြစ်သောကြောင့် ဘယ်လိုဆက်သွယ်ရမည်ကို သိနေသည်ပင်။ သူရွှံ့အိုင်နား၌ လှည့်ပတ်သွားလာနေစဉ် စွမ်းအားလှိုင်းတစ်ခု၏ စုတ်ယူခြင်းခံရကာ ဤနေရာသို့ ရောက်လာကြောင်း စိတ်လှုပ်ရှားစွာ ပြောပြနေလေသည်။

“အဲဒီသတ္တဝါပဲ..” ရှီဟောင် မျက်လုံးများမှေးကျဉ်းသွားရသည်။

ဒုန်း..

ရုတ်တရက်ပင် မြေအောက်လှိုဏ်ဂူကြီးမှ ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ တစ်နေရာတွင် ကျောက်စက်ပန်းဆွဲများ ပြုတ်ကျလာပြီး မြေပြင်ကြီး စတင်နှစ်မြှုပ်လာသည်။

ဝုန်း..

လေထဲသို့ ဖုန်မှုန့်နှင့် မီးခိုးများ လွင့်ပျံ့လာသည်။

မြေအောက်အလွှာအနက်ပိုင်းတွင် တာအိုသင်္ကေတများ တောက်ပနေပြီး ထိုနေရာ၌ အလွန်ခမ်းနားကာ ရှေးကျလှသည့် မြေအောက်နန်းတော်တစ်ခု ရှိနေသည်။ ဤသည်မှာ ထာဝရတာအိုရှေးဟောင်းမြို့နှင့်ပင် တူနေသည်။

သေချာကြည့်မည်ဆိုလျှင် ဤသည်မှာ သတ္တုဖြင့် လုပ်ထားခြင်းပင်။

ဤသည်မှာ ခမ်းနားလှသည်။

“မြို့ကြီးအကြီးကြီးပဲ..” ဖုန်းဝူ အံ့အားတကြီး ပြောလိုက်သည်။

“ဒါက ကမ္ဘာငယ်လေးလို့တောင် ပြောလို့ရနေပြီ..” ချန်ကုန်းယန် ပြောလိုက်သည်။

အားလုံး လေထဲသို့ပျံသန်းသွားပြီး ကြည့်လိုက်ကြသည်။ ဤမြို့တွင် ဂူပေါက်များရှိနေသည့် ကျောက်တောင်အချို့ရှိနေသည်။ တောင်အားလုံးမှ ထာဝရစွမ်းအင်များ ထုတ်လွှတ်နေသည်ပင်။

ဤသည်မှာ ထာဝရ ရတနာကုန်းမြေပင်။

ဤထဲသို့ ဝင်လိုက်သည်နှင့် ကံကောင်းမှုများ သေချာပေါက် ရရှိမည်ပင်။

တစ်ချိန်တည်းမှာပင် ဤနေရာ၌ အလွန်ကြောက်စရာကောင်းသည့်စွမ်းအင်များ ရှိနေသည်ဟု ရှီဟောင် ခံစားနေရသည်။ ထိုစွမ်းအင်များသည် သေချာပုန်းကွယ်နေသော်လည်း သူ၏နတ်အသိစိတ်မှ မလွတ်မြောက်နိုင်ပေ။

ဤသည်မှာ ထိုအဆင့်လွန်လူငယ်များပင်။ သူတို့သည် အစောကြီးကတည်းက ဤနေရာ၌ ရောက်နေသောကြောင့် ဘေးဘက်၌ ပုန်းနေကြခြင်းပင်။

ဤခမ်းနားလှသည့်မြို့ကြီးမှာ စိမ်းရွှေရောင် တောက်ပနေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း တောက်ပနေဆဲပင်။

တစ်ချိန်တည်းမှာပင် အခွင့်အရေးကောင်းများမှာ ဤခမ်းနားလှသည့် ထာဝရမြို့ကြီး၌ ရှိနေခြင်းမဟုတ်ပဲ ထိုကျောက်တောင်လှိုဏ်ဂူများထဲ၌ ရှိနေသည်ဟု အားလုံးခံစားရသည်။

ဤနေရာမှာ ထင်ထားသည့်အတိုင်း အံ့အားသင့်စရာကောင်းလှသည်ပင်။ ပြောရမည်ဆိုလျှင် အနီးအနား၌ ထာဝရလှိုဏ်ဂူတစ်ခု ရှိလျှင်ပင် အတော်လေး ကောင်းမွန်နေလေပြီ။ ယခုတော့ တောင်ကိုးလုံးပင် ရှိနေသည်။ ဤတောင်များအားလုံးမှ ထာဝရစွမ်းအင်များထုတ်လွှတ်နေသောကြောင့် ဤသည်မှာ ထာဝရလှိုဏ်ဂူ ကိုးခုဖြစ်သည်ဟု ဆိုလိုခြင်းပင်။

ဤသည်မှာ အရေးကြီးသည့်နေရာတစ်ခုပင်။

အားလုံး လေးနက်သည့် အမူအရာများဖြစ်သွားကြသော်လည်း လက်လွတ်စပယ် ဝင်မသွားရဲကြပေ။ အဘယ်ကြောင့်ဆိုသော် အကြီးအကဲအရှင်သည် ဤနေရာအား ရှာတွေ့ခဲ့သော်လည်း ဤထဲသို့ ဝင်ရောက်ခဲ့ခြင်းမရှိခဲ့။

ကျီး..

ထာဝရမြို့မှ ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။ အစိမ်းရောင်သတ္တုတံခါးကြီးပွင့်လာကာ ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာသည်။

ထို့နောက် အခြားအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုတံခါးထဲ၌ အလွန်ကြီးမားသည့် ကျောက်တုံးဂိတ်တံခါးကြီးတစ်ခု ထပ်ရှိနေသည်ပင်။ ယခုအချိန်တွင် ထိုတံခါးလည်း ပွင့်လာလေပြီ။

ဤသည်မှာ အလွန်ထူးဆန်းလှသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဤမြို့မှာ မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့။ သို့သော် ယနေ့တော့ သူ့အလိုလို ပွင့်လာလေပြီ။

မြို့အထက်တွင်ရှိနေသည့် သင်္ကေတများလည်း ပျောက်ကွယ်သွားသည်။ ဒါက ဘာပြောချင်တာလဲ .. အခု သူတို့ မြို့နံရံတွေကို ကျော်ပြီးတော့ ဝင်သွားရုံပဲလား..

ယခင်က ဤနေရာမှာကန့်သတ်နယ်မြေပင်။ ဤနေရာကို ဖြတ်သွားသည့်သူတိုင်း သင်္ကေတများကြောင့် ပေါက်ကွဲသွားကြမည်ပင်။

ဤလောကကြီး၌ ထာဝရမြို့ကြီး တကယ်ပေါ်လာလေပြီ။ သူတို့ ကောင်းကင်နေကြီးကို မြင်ရတော့မှာလား..

ထိုအချိန်တွင် မြို့ထဲမှ တခွပ်ခွပ်အသံများ ထွက်ပေါ်လာသည်။ ထို့နောက် သတ္တဝါများစွာ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ လူသားပုံစံများပင်။ သူတို့ခန္ဓာကိုယ်ကို ချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းနေပြီး ထာဝရစွမ်းအင်များလည်း ရှိနေသည်။

ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ ဒါတွေက အသက်ရှိနေသေးတဲ့သူတွေလား .. သူတို့က ထာဝရသက်ရှိအစစ်လား..

အပိုင်း ၁၄၆၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၄၇၀ – ထာဝရ မြို့

ထာဝရသက်ရှိဆိုတာ ဒီလိုပုံစံမျိုးလား..

ဤလူအုပ်ကြီးမှာ မလှုပ်ရဲကြပေ။ အသက်ပင် အောင့်ထားကြသည်ပင်။

ဤမြို့ကြီးတည်ရှိနေသည်မှာ နှစ်ပေါင်းမည်မျှရှိနေပြီမှန်းပင် မသိရ။ အရင်ခေတ် ပျက်စီးသွားကတည်းကရှိနေတဲ့ ဒီမြို့ကြီးမှာ ‌အသက်ရှင်တဲ့သက်ရှိတွေ ရှိနေသေးတာလား..

ဤသက်ရှိများကို ဒေါသထွက်အောင် လုပ်မိသွားမည်စိုးသောကြောင့် မည်သူမှ လက်လွတ်စပယ်မလုပ်ရဲကြ။

သူတို့၏ ချပ်ဝတ်တန်ဆာများမှာ မည်းနက်နေသည်။ သံချေးများမရှိသည့်အပြင် သတ္တုရောင်ပင်တောက်ပနေ၏။

သူတို့လက်နက်များကိုကြည့်လိုက်လျှင်လည်း ရှေးဟောင်းလက်နက်များဖြစ်သည့် မည်းနက်နေသည့် စစ်ပုဆိန်၊ ကောင်းကင်လှံတံများပင်။

သူတို့အား ပို၍ထိတ်လန့်စေသည်မှာ ဤလက်နက်များသည် ယခင်က စွမ်းအားကြီးသည့်ပြိုင်ဘက်များကို သတ်ခဲ့သည့်လက်နက်များပင်။ မဟုတ်ပါက အဘယ်ကြောင့် ဤမျှကြောက်စရာကောင်းမည်နည်း..

“သူတို့မှာ အမှောင်ထု ထာဝရရွှေတွေရှိတယ်..” ချောင်ယုရှင်း မကြောက်မရွံ့ပင် တီးတိုးပြောလိုက်၏။

ဤချပ်ဝတ်တန်ဆာများနှင့် လက်နက်များအားလုံးတွင် အမှောင်ထုထာဝရရွှေများ ရောနေသည်ပင်။

သတ္တုမြို့ကြီးမှာ ကျယ်ဝန်းလွန်းလှပြီး မြို့ဂိတ်တံခါးမှာ ရှေးခေတ်တောင်ကြီးကဲ့သို့ မိုးထိုးနေသည်။ ထိုတံခါးမှ ကျလာသည့်အရိပ်သည်ပင် အားလုံးကို အသက်ရှူကြပ်အောင် လုပ်နိုင်သည်ပင်။

ဤသက်ရှိများသည် မြို့ဂိတ်တံခါးများထဲမှ လျှောက်လာနေခြင်းပင်။ သူတို့၏မျက်နှာများပင် ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်ထားကာ လျှပ်စီးကဲ့သို့ စူးရှသည့်အလင်းများ ထုတ်လွှတ်နေသည့် မျက်လုံးတစ်စုံသာဖော်ထားသည်။ ထိုမျက်လုံးများ တစ်ယောက်ယောက်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် ထိုသူ အနည်းငယ် နာကျင်ရမည်ပင်။

ယခုအချိန်တွင် ထိုအဆင့်လွန်လူငယ်များလည်းတိတ်ဆိတ်နေကြသည်။ သူတို့လည်း လက်လွတ်စပယ်မလုပ်ရဲကြ။

ဒေါက် ဒေါက် ဒေါက်..

ဤနေရာတစ်ခုလုံး ခြေသံများ ပျံ့လွင့်နေသည်။ သူတို့ခြေထောက်နှင့် ကျောက်တုံးကြမ်းပြင်ထိသည့်အသံမှာ ကျယ်လောင်ရှင်းလင်းလှပြီး ဤသည်မှာ သူတို့စိတ်ထဲ၌ ရိုက်ခတ်နေသကဲ့သို့ပင်။

ဤသက်ရှိများ၏ ခန္ဓာကိုယ်၌ ထာဝရစွမ်းအင်များရှိနေသောကြောင့် သူတို့အား ထာဝရသက်ရှိဟု ခေါ်ခြင်းပင်။ သို့သော်လည်း သူတို့ စကားတစ်ခွန်းမှ မပြောကြသောကြောင့် အားလုံး အနည်းငယ် ရှုပ်ထွေးသွားရသည်။

ထိုအချိန်တွင် ဤလူသားပုံစံသက်ရှိများ၏ မျက်ခုံးနှစ်ခုကြားမှ ဒေါင်လိုက်မျက်လုံးတစ်လုံး ပေါ်လာကာ ထိုမျက်လုံးမှ အနီရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

“အားရိုး..” ယုန်ဖြူလေး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအနီရောင်အလင်းတန်း သူမခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် သူမဓာတ်လိုက်သလို ခံစားလိုက်ရကာ သူမခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်၍မရလောက်အောင် တုန်ယင်လာသည်။

“ဘာဖြစ်လို့လဲ..” သူမ ဘေးမှလူများထိတ်လန့်တကြား အော်ဟစ်ကာ သူမကိုကူညီရန် ရောက်လာကြသော်လည်း သူတို့အနားမကပ်နိုင်ခင်မှာပင် အနီရောင်အလင်းကြောင့် ဘေးဘက်သို့ လွင့်ထွက်သွားလေ၏။

“ထာဝရရှေးဟောင်းရဲ့ အသန့်စင်ဆုံးသွေးမျိုးဆက်ပဲ ဝင်လို့ရမယ်..” အရှေ့ဆုံးရှိ တစ်ယောက်ထံမှ ညှို့မှိုင်းနေသည့်အသံ ထွက်ပေါ်လာသည်။ ဤသည်မှာ သာမန်လူများ နားမလည်နိုင်သည့် ထာဝရရှေးဟောင်းဘာသာစကားပင်။

သို့သော်လည်း သူတို့အားလုံး ထာဝရကျောင်းတွင် သင်ပြီးသွားပြီဖြစ်သောကြောင့် နားလည်နိုင်သည်ပင်။

အားလုံး ထိတ်လန့်သွားရ၏။ ဒါက မြို့အစောင့်တွေ သူတို့ကို စစ်ဆေးတာလား..

လကျောက်စိမ်းယုန်မှာ အပျော်ရွှင်ဆုံးပင်။ ပတ္တမြားထက်ပင် လှပလှသည့် သူ၏မျက်လုံးများ တောက်ပလာကာ အထဲသို့ ပြေးဝင်သွားရန် ပြင်လိုက်သည်။

“ဘာလို့လဲ .. အသန့်စင်ဆုံး သွေးမျိုးဆက် ဝင်လို့ရတယ်လို့ ရှင်တို့ပဲ ပြောခဲ့တာလေ .. ကျွန်မကဘာလို့ ဝင်လို့မရတာလဲ..” ယုန်ဖြူလေး မေးလိုက်သည်။

“ချီလင်းထက် ဘယ်သွေးမျိုးဆက်က သန့်စင်နိုင်မှာလဲ .. သူက ထာဝရရှေးဟောင်းခေတ်က ထာဝရသက်ရှိတွေနဲ့ ဆက်စပ်နေတယ်..” ကြီးမားလှသည့် အနက်ရောင်စစ်ပုဆိန်ကိုင်ထားသည့် တစ်ယောက်မှ အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ယုန်ဖြူလေးကိုင်ထားသည့် ချီလင်းလေးသည် မြေပြင်ထက်သို့ ခုန်ချသွားလေသည်။ သုံးနှစ်ကြာပြီးသည့်နောက်တွင် သူအနည်းငယ် အရွယ်ရောက်လာပြီဖြစ်သော်လည်း သူသည် ပျင်းရိကာ အခြားသူများသယ်ပေးသည်ကို နှစ်သက်နေဆဲပင်။ သူ၏ခန္ဓာကိုယ်မှာ တစ်ပေခန့်သာ ရှိသေးသည်။

အဖြူရောင်ချီလင်းလေးသည် အလွန်ပင် ပျော်ရွှင်နေလေသည်။ သူသည်အစောကြီးတကည်းက ဤနေရာနှင့် တုံ့ပြန်မှုများ ရရှိနေသည်ပင်။

“မင်းက တကယ်ကို အသိတရားမရှိတာပဲ .. မင်း ဘယ်လိုလုပ် ငါတို့ကို အနောက်မှာ ချန်ထားခဲ့နိုင်တာလဲ..” ယုန်ဖြူလေး ဒေါသတကြီး ပြောလိုက်သည်။

ချီလင်းလေး ရပ်တန့်သွားကာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာသည်။ ထို့နောက် သူသည် ဤအစောင့်များနှင့် ဆက်သွယ်လိုက်ကာ ဤလူအုပ်ကြီးကို အထဲခေါ်၍ ရမရမေးလိုက်သည်။

ဦးဆောင်လာသည့်သူများထဲမှ တစ်ယောက်၏ ဒေါင်လိုက်မျက်လုံးမှာ တစ်ချိန်လုံး ပွင့်နေခြင်းပင်။ ထိုမျက်လုံးမှ သူတို့ခန္ဓာကိုယ်အား စစ်ဆေးပြီးနောက် ခေါင်းညိမ့်လာသည်။
” သူတို့တွေက ထာဝရရှေးဟောင်းခေတ်က မျိုးဆက်တွေ .. တစ်ဖက်လောကက သက်ရှိတွေမဟုတ်ဘူး .. ပြီးတော့ သူတို့ကို ဦးဆောင်ခေါ်သွားမယ့် ချီလင်းသွေးမျိုးဆက်ရှိတယ်ဆိုတော့ သူတို့ဝင်လို့ရတယ်”

အားလုံး ထိတ်လန့်သွားရ၏။ ဒီအစောင့်တွေက တစ်ဖက်လောကက သက်ရှိတွေကို ခုခံဖို့လား .. ဒါက သူတို့တည်ရှိမှုရဲ့ ရည်ရွယ်ချက်လား..

ရှီဟောင်နှင့် အခြားသူများ ဆက်တိုက် လျှောက်လာလိုက်ကြသည်။ သူတို့ ဤနေရာပင် ရောက်နေပြီဖြစ်သောကြောင့် ပြန်ဆုတ်စရာ အကြောင်းမရှိ။ အန္တရာယ်ရှိလျှင်ပင် သူတို့စွန့်စားရမည်ပင်။

ရုတ်တရက်ပင် အနက်ရောင်ကောင်းကင်စစ်ပုဆိန်ကြီးမှ အနက်ရောင်အလင်းတောက်ပလာပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။

ထိုလက်နက်ကြီးသည် လူတစ်ယောက်ကို တားဆီးလိုက်လေ၏။

“တစ်ဖက်လောကက ကျူးကျော်သူ .. ရန်သူရှိတယ်..” သူ၏အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် အားလုံးကို ထိတ်လန့်သွားစေသည်။

သူတို့ထဲမှာ သူလျှိုတွေ ရှိနေတာလား .. ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်ပင်။ သူတို့ယခင်က သတိမထားမိခဲ့။

အားလုံး ထိုလူအား လှည့်ကြည့်လိုက်ကြသည်။

“ဒီလူက တကယ် တစ်ဖက်လောကက လာတာပါ..” ရှီဟောင် လမ်းလျှောက်သွားကာ ပြောလိုက်သည်။

တားဆီးခံလိုက်ရသည့်သူမှာ မိုတောင်ပင်။ ဤသည်မှာ ရှီဟောင် အနိုင်ယူကာ အစေ့ခံအဖြစ် ခေါ်လာသည့်သူပင်။ သွေးမျိုးဆက်အရကြည့်မည်ဆိုလျှင် သူသည် ကောင်းကင်ဘုံကိုးခု၊ ကမ္ဘာမြေ ၁၀ ခုမှ လူများနှင့်အတူတူပင်။ သို့သော်လည်း သူတစ်ဖက်လောက၌ နေထိုင်ခဲ့သည်ပင်။

ယခုအချိန်တွင်တော့ ရှီဟောင် အမှန်အတိုင်း ပြောရုံသာ တတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့ကျလျှင် မိုတောင် ပုန်ကန်မည်လား သူ မသိနိုင်။ အရေးကြီးသည့်အချိန်ကျလျှင် ဘက်ပြောင်းသွားမည်လား သူ မပြောနိုင်။

ဤနေရာမှာ အလွန်အရေးကြီးသည့် နေရာဆိုလျှင်တော့ သူ့အား ကန့်သတ်ထားရန်လိုအပ်သည်ပင်။

ဖုန်း..

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်နှင့်ပုံရိပ်သည် မိုတောင်ကိုတစ်ချက်တည်း ကောက်မလိုက်ကာ သူ၏မျက်ခုံးကြားရှိ ဒေါင်လိုက်မျက်လုံးဖြင့် မိုတောင်အား စိုက်ကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် သူ၏လက်ကို လျှော့ပေးကာ မိုတောင်အား လွတ်လိုက်သည်။

“သူ ဝင်လို့ရတယ် .. ဒါပေမဲ့ မြို့ကြီးရဲ့ သတ်မှတ်ထားတဲ့အကွာအဝေးအတွင်းပဲရမယ် .. အတွင်းပိုင်းထဲထိ ဝင်လို့မရဘူး..” သူ အေးစက်စွာ ပြောလိုက်သည်။

ထိုအချိန်မှသာ အားလုံး သက်မချနိုင်တော့သည်။ ရှီဟောင်သည်လည်း ထိုအချိန်မှ စိတ်သက်သာရာရသွားသည်။ သူတို့သာ မိုတောင်ခန္ဓာကိုယ်မှ ထူးဆန်းသည့် အရာတစ်ခုခုကို အာရုံခံမိပါက မိုတောင် ချက်ချင်း ဖိနှိပ်ကာအသတ်ခံရမည်ပင်။

သူတို့လူအုပ်စုမှာ သိပ်မသေးပေ။ စုန်းမ၊ ချန်ကုန်းယန်၊ ဖုန်းဝူ၊ ကျန်းဂု၊ ထန်ယိနှင့် အခြားသူများအပြင် ကောင်းကင်နတ်ဘုရားကျောင်းမှ တပည့်များ ပါဝင်သည်။

ထို့နောက် အမှောင်ထဲတွင် ပုန်းနေကြသည့် အဆင့်လွန်လူငယ်များလည်း ပေါ်လာကြလေ၏။ သူတို့သည် လန်ရှင်း၊ ရှုထော်၊ ချီဂုတိုနှင့်အတူ မြို့ဂိတ်တံခါးသို့ ရောက်လာကြသည်။

သို့သော်လည်း ဤလူများသည် သူတို့ကို ကာကွယ်ပေးသည့် နတ်အလင်းများရှိနေသည်။ သူတို့ခန္ဓာကိုယ်အစစ်အား မပြသချင်သောကြောင့် မြူများဖြင့်လည်းဖုံးကွယ်ထားသေးသည်ပင်။

နောက်ဆုံးတွင်တော့ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကာ သတိလစ်သွားသည့် ခရမ်းရောင်နေကောင်းကင်ဘုရင်လည်း ရောက်လာသည်။ ထာဝရကျောင်းမှ မကောင်းဆိုးဝါးအိုကြီး၏ နတ်ဆေးလုံးက သူ့အား လျင်မြန်စွာ သက်သာသွားစေသည်မှာ သိသာသည်။

မြို့ကြီးမှာ အလွန်တိတ်ဆိတ်လှပြီး လမ်းပေါ်တွင် အခြားသူများမတွေ့ရ။ ဤတစ်မြို့လုံးတွင် ဤမြို့အစောင့်များသာ ရှိသည့်ပုံပင်။

ရွှီး..

ကောင်းကင်နတ်ဘုရားကျောင်း၊ ထာဝရကျောင်းနှင့် အလေးအမြတ်ကျောင်းမှ သက်ရှိရုပ်ကြွင်းအဆင့်ပုဂ္ဂိုလ်များလည်း ရောက်ရှိလာကြသည်။ သူတို့သည် အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် သက်ရှိများနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေကြသည်။

သို့သော်လည်း သူတို့ရလိုက်သည်မှာ အေးစက်သည့်စစ်ပုဆိန်ကြီးဖြင့် တားဆီးခံလိုက်ရခြင်းပင်။

“ခင်ဗျားတို့အားလုံး အရမ်းအသက်ကြီးနေပြီ .. မြို့ထဲမှာရှိတဲ့ အခွင့်အရေးတွေ တော်တော်များများသုံးပြီးသွားပြီ .. ခင်ဗျားတို့အတွက်သာထပ်သုံးရင် အကျိုးရလဒ်ရှိတော့မှာမဟုတ်ဘူး .. ဖြုန်းတီးရာပဲ ရောက်သွားလိမ့်မယ်”

ဤလူများအားလုံး ဆွံ့အသွားကြရ၏။ ဤစကားကို သူတို့အရှေ့၌ ပြောသည်မှာ အလွန်ဗြောင်ကျသည်ပင်။

တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲ လေးလံသွားရသည်။ ဒီလိုမျိုးမြို့ကြီးတောင်မှ အခွင့်အရေးကောင်းကြီး မရှိဘူးလား ..

“ဒါက ထာဝရဘုရင်တစ်ယောက်ချန်ထားခဲ့တဲ့ ပစ္စည်းတစ်ခုခုဖြစ်လိမ့်မယ်လို့ ထင်ထားတာ .. ဒါက တကယ်ကို ဝမ်းနည်းစရာကောင်းတာပဲ” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။

“ဘာဝမ်းနည်းစရာရှိလို့လဲ .. ဒီမြို့က အရေးအကြီးဆုံး ဝှက်ဖဲတွေထဲက တစ်ခုပဲ” မြို့စောင့်မှ အေးစက်စွာ ပြောလိုက်သည်။

“အထဲမှာ ဘာရှိတာလဲ..” ထာဝရကျောင်းမှ အကြီးအကဲများသည် တောက်ပနေသည့်မျက်လုံးများဖြင့် ဤလူများအား စိုက်ကြည့်လာကြသည်။

“ထာဝရဘုရင်နှစ်ယောက် ချန်ထားခဲ့တဲ့ ပစ္စည်းတွေ .. ဒါပေမဲ့ အဲဒါတွေက ခင်ဗျားတို့အတွက် မဟုတ်ဘူး .. ဒါကို အသန့်စင်ဆုံး ထာဝရရှေးဟောင်းသွေးမျိုးဆက်ကိုပဲ ပေးလို့ရတာ” သူတို့ထဲမှတစ်ယောက်‌ အေးစက်စွာ ပြောလိုက်သည်။

မြို့ထဲသို့ ဝင်သွားသည့်သူများလည်း ဤစကားအား ကြားလိုက်ရသည်ပင်။ ဒီနေရာက တကယ်ကို ထာဝရဘုရင်တွေ နေတဲ့နေရာပေါ့ .. သူတို့အားလုံး ထိတ်လန့်သွားရသည်။

ထာဝရဘုရင်က ဘယ်နှစ်ယောက်များ ရှိလို့လဲ .. ဤခေတ်တွင်တော့ တစ်ယောက်မှ မရှိသည်မှာ သေချာသည်။

ယခင်ခေတ်တွင်လည်း လက်ချိုးရေ၍ရသည်ပင်။ ဒီနေရာမှာ နှစ်ယောက်တောင် နေသွားတာပေါ့ .. သူတို့ဘာတွေ ချန်ထားခဲ့တာလဲ..

အားလုံး၏မျက်လုံး၌ အလိုဆန္ဒများ တောက်လောင်လာ၏။ ဤသည်မှာ ကံကောင်းမှုကြီးများပြည့်နှက်နေသည့် နေရာပင်။

သို့သော်လည်း ဤသည်မှာ အသန့်စင်ဆုံးသွေးမျိုးဆက်နှင့်သာ သက်ဆိုင်သည့်အရာဟု မြို့ဂိတ်စောင့်မှ သူတို့အား ပြောလိုက်သည်ပင်။

မြို့အထဲဘက်မှာ အပြင်ဘက်မှ မြင်ရသည်ထက် ပို၍ ကြီးမားပြီး တကယ်ကိုပင် သူ့တစ်ကမ္ဘာဖြစ်နေသည်ပင်။

“အဲဒါက ဘာကြီးလဲ .. တောက်ပလိုက်တာ..”

ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ သူတို့လူအုပ်ကြည့်လိုက်ကြသည့်အချိန်တွင် လမ်းဆုံးမှ နတ်ရောင်စုံအလင်းများ တောက်ပနေသည်ပို တွေ့လိုက်ရသည်။

အားလုံး ထိုနေရာသို့ အလောတကြီး ပြေးသွားလိုက်ကြသည်။ ရှီဟောင်သည် နောက်ဘက်၌ နေရစ်ကာ ဤလူအုပ်ကြီးကို ကာကွယ်ပေးလိုက်သည်။ ဤလူအုပ်ထဲတွင် ခြိမ်းခြောက်နိုင်လောက်အောင် စွမ်းအားကြီးသည့်သူမှာ သူတစ်ယောက်တည်းသာရှိသည်။ အခြားသူများမှာ အဆင့်လွန် လူငယ်များအား မခုခံနိုင်ကြ။

ဟွမ်သည် အားလုံးကို သူတစ်ယောက်တည်း ခြိမ်းခြောက်နိုင်သည်။

လန်ရှင်းနှင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြသည်။ သို့သော်လည်း မြို့ထဲသို့ ဝင်ဝင်ချင်း အခြားသူများနှင့် မတိုက်ခိုက်ချင်သောကြောင့် သူတို့ဘာသာ အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်သည်။

“ဘုရားရေ .. ဝိညာဉ်လမ်းပြခြင်း ကြာပန်း .. ပြီးတော့ သုံးပင်တောင်..”

ချောင်ယုရှန်းမှာ သူမြင်ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။

လမ်း၏အခြားတစ်ဖက်တွင် ကွက်လပ်လေးတစ်ခုရှိနေသည်။ ထိုနေရာတွင် ရောင်စုံနတ်အလင်းလှိုင်းများ ထုတ်လွှတ်နေသည့် ရေကန်တစ်ကန်ရှိနေသည်။ ထိုကန်ထဲတွင် ဝိညာဉ်လမ်းပြခြင်းကြာပန်းသုံးပင်ရှိနေသည်။ ဤအပင်များအားလုံး နတ်ဆေးပင်များပင်ဖြစ်ပြီး တောက်ပသည့်အလင်းတန်းများ စီးဆင်းနေသည်။

“ဒါက နတ်ဆေးပင်တွေ .. ဒီလိုအပင်မျိုး ဘယ်နှစ်ပင်များ ရှိနိုင်လို့လဲ .. ပြီးတော့ အပင်တွေအားလုံး တစ်နေရာတည်းမှာ ပေါက်နေတာ..” အခြားသူများလည်း ထိတ်လန့်သွားကြရသည်။

နတ်ဆေးပင်များမှာ မထူးခြားလှပေ။ ဤအပင်များကို သက်ရှည်ဆေးပင်များနှင့် နှိုင်းယှဉ်၍မရ။

သို့သော်လည်း နတ်ဆေးပင်အမျိုးအစားတစ်မျိုးစီ၏ အရေအတွက်မှာ နည်းပါးလွန်းလှသည်။ ဤအပင်များမှာ တစ်နေရာတည်းတွင် မပေါက်နိုင်ကြ။ မဟုတ်ပါက သူတို့၏ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးမည့်စွမ်းအင်များ မလုံမလောက်ဖြစ်သွားမည်ပင်။

သို့သော်လည်း ဤနေရာ၌ ဝိညာဉ်လမ်းပြခြင်း ကြာပန်း သုံးပင် ရှိနေသည်။ ဤအပင်၏ ဆေးစွမ်းမှာ လူတစ်ယောက်၏ မူလဝိညာဉ်အား အားကောင်းစေနိုင်သည်ပင်။ နတ်အသိစိတ်အနည်းငယ် ကျန်နေသးသရွေ့ ပြန်လည်အသက်ရှင်နိုင်သည်ပင်။

“ငါတို့ အရမ်းကံကောင်းတာပဲ .. မူလဝိညာဉ်သုံးခုကို ပြန်ရှင်သန်အောင်လုပ်နိုင်မယ့် အခွင့်အရေးကြီးက ငါ့တို့ရှေ့မှာပဲ..” လူများစွာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

ချောင်ယုရှင်းသည် ကန်ထဲသို့ပင် ခုန်ဆင်းသွားလေပြီ။

“မွှေးလိုက်တာ.. နတ်ကြာပန်းရဲ့ ဆေးစွမ်းတွေက ရေထဲမှာပျော်သွားတော့ ရေလည်း အရမ်းမွှေးနေတယ်..” သူသည် ကန်ထဲမှ ရေကို ပါးစပ်အပြည့်သောက်လိုက်ကာ ထူးဆန်းသည့်ပုံစံဖြင့် ရယ်မောနေသည်။

အခြားသူများလည်း သူ့နောက်လိုက်သွားကာ ဆေးရည်များကို‌ သောက်လိုက်ကြသည်။

“ဒီဆေးရည်က တကယ်ကို မွှေးတာ..” ချောင်ယုရှင်းသည် သောက်နေရင်းဖြင့်ပင် ဆက်တိုက်ချီးကျူးနေလေ၏။

“ဘယ်အရူးက ငါရဲ့ချိုးရေကို လာသောက်နေတာလဲ..” ထိုအချိန်တွင် အလွန်နူးညံ့သည့်အသံတစ်သံ ထွက်ပေါ်လာပြီး သူတို့အားလုံး၏အသံကို တိတ်ဆိတ်သွားစေသည်။ အားလုံးငေးကြောင်နေကြပြီးနောက် မတ်တပ်ရပ်လိုက်ကြကာ ကန်ဘေးသို့ ရွေ့သွားကြသည်။

“အဲဒီအသံက ဘယ်ကနေ လာတာလဲ..” ချောင်ယုရှင်းသည် ကန်ဘေး၌ရပ်လိုက်ကာ ဒေါသတကြီး ပြောလိုက်သည်။ သူ ဗိုက်အပြည့်သောက်ပြီးသွားသည့်အချိန်မှသာာ အခြားတစ်ယောက်က ဤသည်ကို ချိုးရေဟု လာပြောနေသည်။

“ဖက်တီးကြီး .. သတိထားဦး .. ရှင် ကျွန်မကိုတက်နင်းမိတော့မလို့..” ထိုနူးညံ့သည့်အသံမှာ အောက်ဘက်မှ လာခြင်းပင်။

ချောင်ယုရှင်း ခေါင်းငုံ့ပြီး ရှာကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူ့ခြေမထိပ်၌ သတ္တဝါတစ်ကောင်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် ပထမတော့ ကြောင်သွားသော်လည်း ထို့နောက်တွင် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

“ပဲစေ့လေးကများ ငါ့ကို နှောက်ယှက်ရဲတယ်ပေါ့ .. ငါမင်းကို ပိပြားသွားအောင် မနင်းမိအောင်လို့ သတိထားဦး..” သူ ရယ်မော၍ ပြောလိုက်သည်။

“ရှင် ကျွန်မကို လှောင်ရဲတယ်ပေါ့ .. ကျွန်မ လက်သီးတစ်ချက်တည်းနဲ့ ရှင်လွင့်ထွက်သွားအောင် လုပ်လို့ရတယ်..” မြေပြင်ထက်ရှိ အလွန်သေးငယ်သည့် သတ္တဝါမှ ပြောလိုက်သည်။

ဤသည်မှာ အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ချောင်ယုရှင်း ခံစားလိုက်ရသည်။ သူထိုင်ချလိုက်ကာ တစ်လက်မပင်မရှိသည့် ထိုအကောင်လေးအားတို့လိုက်သည်။

ဒုန်း..

သို့သော် သူချက်ချင်း ဆွံ့အသွားရ၏။

အဘယ်ကြောင့်ဆိုသော် သူသည် အမွေးရှည်ဆင်ကြီး တက်နင်းသလို ခံစားလိုက်ရကာ ရှေးခေတ်တောင်ကြီးဖြင့် သူ့အား ရိုက်ချလိုက်သလို ခံစားလိုက်ရသည်။ သူ လွင့်ထွက်သွားကာ သူ့ကိုယ်သူ ရပ်တန့်ချင်လျှင်ပင် မရပ်တန့်နိုင်တော့။ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်လာရသည်။ သူ့အရိုးအားလုံး ကျိုးသွားသလိုပင်။

“သောက်ခွေး .. ငါ .. ငါ့က ပဲစေ့တစ်စေ့ကြောင့် လွင့်ထွက်သွားတာလား .. ငါ ကျိန်တယ်..”
ချောင်ယုရှင်း ကျိန်ဆဲနေကာ ဆက်တိုင်ပင် ကျိန်ဆိုနေလေ၏။ အဆုံးတွင်တော့ သူ .. သူအတော်လေး စိတ်ပျက်သွားရသည်။ သူသည် ထိုလက်သီးချက်ကြောင့် သတိလစ်သွားလေပြီ။

အပိုင်း ၁၄၇၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset