Switch Mode

Chapter – 1186 & 1200

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၈၆ – အားလုံး၏ စိတ်အခြေအနေ

ထာဝရနန်းတော်သည် မည်မျှပင် စွမ်းအားကြီးသည့် ဂိုဏ်းဖြစ်သနည်း .. သူတို့ထံတွင် တပည့်များစွာ မရှိသော်လည်း သူတို့၏စွမ်းအားမှာ အဆင့်မြင့်နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည်။ မည်သူကများ သူတို့အား ရန်စရဲခဲ့သနည်း..

အထူးသဖြင့် ရှေးခေတ်ကတည်းက ရှိနေခဲ့သည့် ကြောက်စရာကောင်းသည့်သက်ရှိမှာ ယခုထိတိုင်ရှိနေဆဲပင်။

ထိုသူမှာ အဆင့်လွန်ခန်းမမှ ပြိုင်ဘက်ကင်းသည့် ဂိုဏ်းခေါင်းဆောင်ကိုပင် စိန်ခေါ်ရဲသည့်ူပင်။ ထို့ကြောင့် အခြားဂိုဏ်းခေါင်းဆောင်များပင်လျှင် သူ့အား လေးလေးစားစားဆက်ဆံရသည်ပင်။

သို့သော်လည်း ယခုအချိန်တွင် သူ့ရှေ့၌ ထာဝရနန်းတော်ကို စိန်ခေါ်သည့်သူ ပေါ်လာလေပြီ။

ဤသည်မှာ မည်မျှပင် ရဲတင်းသည့်အပြုအမူ ဖြစ်သနည်း..

ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှပြီး ဂိုဏ်းအားလုံးမှာ အုတ်အော်သောင်းတင်းဖြစ်လာလေ၏။

လေဟာနယ်ထဲတွင်ရှိနေသည့် ကြေးနန်းတော်ထံမှ အံ့အားသင့်စရာကောင်းသည့်အားတစ်ခု ထွက်ပေါ်လာပြီး စွန့်ပစ်နယ်မြေ နေရာအားလုံးကို ပျံ့နှံ့သွားလေသည်။

ထိုလူသည် ဘာမှမပြောသော်လည်း အားလုံး ကြောက်လန့်နေကြရသည်။ သူအသက်ရှူလိုက်သည်နှင့် တောင်များနှင့်မြစ်များ တက်လိုက်ကျလိုက်ဖြစ်နေပြီး သူအသက်ရှူသံများမှာလည်း ပင်လယ်တစ်စင်းကဲ့သို့ပင် ပြင်းထန်လှသည်။

အားလုံး ကြောက်ရွံ့သွားရသည်။

ထိုလူ ဤနေရာတွင်ရှိနေသည်။ ယခင်နှစ်အနည်းငယ်က ဤလူသည် အမြဲတမ်းအိပ်နေခဲ့ခြင်းပင်။ ထာဝရနန်းတော်မှ အခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ ဘေးနားတွင် ရပ်စောင့်နေပြီး သူ့နေရာရှိ အရာအားလုံးကို ထိန်းချုပ်နေခြင်းပင်။

သို့သော်လည်း ယခုတော့ ဤလူနိုးလာလေပြီ။

“ကြောက်စရာကောင်းလိုက်တာ .. အဆင့်မြင့်နယ်မြေမှာ မုန်တိုင်းကြီး တိုက်လာတော့မယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ယခု ဤလူနိုးလာပြီဖြစ်သောကြောင့် သေချာပေါက် ရိုက်ခတ်မှုများ ရှိလာတော့မည်သာ။ သူဒေါသထွက်လာသည်နှင့် ကြောက်စရာကောင်းသည့်အရာများ ဖြစ်လာမည်သာ။

“လူတစ်ပိုင်း၊ ငှက်တစ်ပိုင်း၊ သားရဲတစ်ပိုင်း .. ငါဒါကို စားလို့မရတော့ဘူး .. မြေအောက်ကလန်လိုပဲ ဘာမှအသုံးမဝင်တဲ့လူမျိုးစု”

နယ်ခြားနံရံ၏ အခြားတစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် ထာဝရနန်းတော်၏ ကောင်းကင်နတ်ဘုရားအလောင်းအား ပစ်ထုတ်လိုက်လေ၏။

အပြင်းအထန်ဆွေးနွေးနေကြသည့်သူများအားလုံး ရပ်တန့်သွားကာ အမူအရာမပျက်သွားသည့်သူ မရှိပေ။

ဤနတ်ဆိုးလေးမှာ ရဲတင်းလွန်းလှသည်။ ထာဝရနန်းတော်၏ ကောင်းကင်နတ်ဘုရားကို သူဘာထင်နေသနည်း.. တကယ်ကို သားကောင်တစ်ကောင်ဟုသာ သတ်မှတ်ထားသလား ..

ထို့အပြင် သူသည် မြေအောက်လောကကလန်ကိုပင် ပြောသေးသည်။ ထိုကလန်သားများသည် မျက်နှာပျက်ယွင်းသွားကာ ဝင်ပေါက်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေကြလေ၏။

ဤကဲ့သို့သော လူမျိုးတစ်ခါမှ ပေါ်မလာဖူးပေ။ ကောင်းကင်နတ်ဘုရားကို သတ်ပြီးတာတောင်မှ အပြင်ဘက်က ဂိုဏ်းကလူတွေကို ရန်စရဲသေးတယ် ..

“ဒါက သေချာပေါက် ဟွမ်ပဲ” တစ်စုံတစ်ယောက်မှ ခန့်မှန်းလိုက်သည်။

“သူပဲ ..သေချာတယ် .. ဒီလူက သေသင့်တယ် .. ညီအစ်ကိုတို့ ငါတို့ပေါင်းပြီးတော့ ဒီမိစ္ဆာကောင်ကို ရှင်းလိုက်ရအောင်” အာကာသကလန်မှလူများသည် မီးထဲသို့ လောင်စာထပ်ထည့်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ကြောက်နေကြသောကြောင့်ပင်။ ဟွမ်၏ တိုးတက်နှုန်းမှာ မြန်ဆန်လွန်းလှသည်။ ဤအတိုင်းသာ ဆက်သွားလျှ၍် နောင်နှစ်အနည်းငယ်အတွင်းတွင် ရှီဟောင် သူတို့ဂိုဏ်းသို့ ရောက်လာနိုင်သည်။

ယခုအချိန်တွင် အာကာသကလန်မှ အရေးပါသည့်ပုဂ္ဂိုလ်များမှာ နောင်တရနေကြလေပြီ။ သူတို့ဘာလို့ ဒီလိုနတ်ဆိုးဘုရင်ကို ရန်စခဲ့တာလဲ .. သူတို့သည် ထိုအချိန်တုန်းက သားရဲ ၁၀မျိုးပညာနှင့် အခြားအရာများကို လောဘတက်မိသွားသောကြောင့် သူတို့ကလန်၏ ပုလဲလုံးလေးကို စောင့်ရှောက်ပေးခဲ့သည့်သူအား ဒဏ်ရာရစေခဲ့ပြီး သူတို့ကြားတွင် ရန်ငြိုးတစ်ခုကို ချည်နှောင်ခဲ့သည်။

မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုမီးတောက်၊ လော့ဖူတောင်ကြားနှင့် အခြားဂိုဏ်းများမှာ ပို၍ပင် ကြောက်ရွံ့နေကြလေသည်။ ဤအပြစ်သားသွေးမျိုးဆက်ကို ဖိနှိပ်ရမည်။ မဟုတ်ပါက ဤဂိုဏ်းများ ဒုက္ခရောက်သွားနိုင်သည်။

ဤကဲ့သို့သော အပြစ်သားသွေးမျိုးဆက်ကို သူတို့တစ်ခါမှ မတွေ့ဖူးသေးပေ။ သူသည် အသက်နှစ်ဆယ်သာ ရှိသေးသော်လည်း ကောင်းကင်နတ်ဘုရားများကို သတ်ဖြတ်နေနိုင်လေပြီ။

ဤလူသာ ကြီးလာပါက သီးခြားနယ်စပ်တွင် ရှိနေသည့်သူများထက်ပင် ကြောက်စရာကောင်းလာလိမ့်မည်။

မြေအောက်ကလန်၊ နတ်ဆိုးနေကြာဥယျာဉ်၊ နတ်ဘုရားကျောင်းနှင့် အခြားဂိုဏ်းများမှာမူ ပြောစရာပင် မလိုတော့ပေ။ သူတို့ကြားတွင် အမုန်းတရားများက ခိုင်မြဲနေလေပြီ။

သွေးအေးရက်စက်ပြီး သံမဏိထက်ပင် အေးစက်မာကျောသည့်နှလုံးသားရှိသည့် ကောင်းကင်နိုင်ငံမှ အရှင်ပင်လျှင် တုန်လှုပ်လာလေပြီ။ သူသည် သွေးများယိုစီးကျနေသည့် စစ်ရထားလုံးပေါ်တွင် ထိုင်နေပြီး သူ၏လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားလေ၏။ သူ၏မျက်လုံးများမှာ စူးရှလှပြီး ထာဝရရှေးဟောင်းမြေကို ဖောက်ထွက်ကာ ထိုလူကို ကြည့်နေသကဲ့သို့ပင်။

ရှီဟောင်၏ လုပ်ဆောင်မှုမှာ ဂိုဏ်းခေါင်းဆောင်များအားလုံးကို စိုးရိမ်မှု ဖြစ်သွားစေလေသည်။

အဘယ်ကြောင့်ဆိုသော် ဤအတိုင်းသာ ဆက်သွားလျှင် ဤလူငယ်လေးသည် ကောင်းကင်နတ်ဘုရားများ၏ ပြိုင်ဘက်ဖြစ်ရုံသာမက သူတို့ကိုပင် စိန်ခေါ်လာနိုင်သည်။

“သူမနာခံရင် သူ့ကို သတ်ပစ်လိုက်” ကောင်းကင်နိုင်ငံမှ အရှင်ပြောလိုက်သည်။

“ငါ့တို့မြေအောက်လောကရဲ့ ဆုံးရှုံးမှုတွေလည်း မနည်းဘူး .. ငါတို့ ထာဝရဝိဉာဉ်သုံးကြောင်း ရှိတဲ့အလောင်းကိုလိုတယ် .. သူ့ကို မြေမြှုပ်ပြီးတော့ နှစ်တွေ ထောင်ပေါင်းများစွာ ကြာလာရင် သူက ပြိုင်ဘက်ကင်းတဲ့အလောင်းတစ်ခု ဖြစ်ရင်ဖြစ်လာနိုင်တယ် ပြောလို့မရဘူးလေ” မြေအောက်လောကမှ ပြောလိုက်သည်။

“သွားသေလိုက်တော့” ကြေးနန်းတော်ထဲမှ နံပါတ်နှစ်ပုဂ္ဂိုလ်သည် ဤစကားသာ ပြောလိုက်သည်။ သူ့ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး ‌တောင်များပင် ပြိုကျသွားလေ၏။

ဂိုဏ်းပေါင်းစုံသည် သူတို့နေရာကို ကြေငြာလာကြသည်။

“ဟေး အပြင်ဘက်က ကလေးတွေ … မင်းတို့မကျေနပ်ကြသေးဘူးလား .. မင်းတို့အားလုံး ဒီကိုလာခဲ့လိုက်ကြ .. ငါမင်းတို့ကို ထာဝရရှေးဟောင်းမြေကို အလကားလိုက်ပို့ပေးမယ်” နယ်ခြားနံရံ၏ အခြားတစ်ဖက်မှ ဟွမ်၏အသံ ထွက်ပေါ်လာသည်။

အပြင်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး အံကြိတ်လိုက်ကြသည်။ ဤဂိုဏ်းများနှင့် ဆက်စပ်နေသူများမှာ ဒေါသထွက်လွန်းသောကြောင့် နှာခေါင်းမှ အငွေ့ပင် ထွက်လာတော့မည်။ ဤနေရာတွင်ရှိနေသည့်သူများထဲတွင် သူ့ထက်အသက်မကြီးသည့်သူ မည်သူရှိသနည်း.. ဤသည်ကို သူက သူ၏အသက်နှင့်အတွေ့အကြုံကို ဂုဏ်ယူနေသေးသည်။

ဤသည်မှာ ရန်စခြင်းပင်။

“ပျင်းစရာကောင်းလိုက်တာ .. ငါ ထာဝရရှေးဟောင်းမြေကို သွားရှင်းလိုက်ဦးမယ်နော် .. ဘိုင်..” ထိုသို့ပြောပြီးသည့်နောက် သူ၏ကိုယ်ပွားများကို ခေါ်ကာ သူထွက်သွားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် အချိန်စေ့သည်နှင့် သူ၏တိုက်ခိုက်နိုင်စွမ်း လျော့ကျသွားလိမ့်မည်။ သူ၏ကိုယ်ပွားများကို ချန်ထားခဲ့လျှင် သူ့အတွက် ပြဿနာဖြစ်လာနိုင်သည်။

ချင်းရီသည် နှင်းတောင်ထိပ်တစ်ခုထက်တွင် ရပ်နေလေ၏။ သူမသည် ကျဆင်းနေသည့် နှင်းပွင့်များကို ကြည့်နေပြီး ဘာတွေးနေလဲတော့မသိပေ။

သတင်းများကို ကြားလိုက်ရသည့်အချိန်တွင် ယွဲ့ချန်သည် ချက်ချင်းပင် အတွေးများသွားရသည်။ ယခုအချိန်တွင် သူမသည် သူ၏ဦးလေးနှင့်အတူ မတ်တပ်ရပ်နေခြင်းပင်။ သေမျိုးများထက် မြင့်မြတ်သည့် နတ်သမီးသည် ယခုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။

“သူနဲ့ သမီးကြားမှာ ဘာဖြစ်ရမှာလဲ” ယွဲ့ချန် ခေါင်းပင်မမော့ပဲ ပြောလိုက်သည်။

“ကလေး..” နတ်နန်းဂိုဏ်းမှ ကောင်းကင်နတ်ဘုရားသည် ကျင့်ကြံဆင့်မြင့်သော်လည်း လူငယ်များနှင့် ပေါင်းသင်းဆက်ဆံသည့်စွမ်းရည်မှာ ထိုမျှကောင်းမနေပေ။ သူပြောလိုက်သည့်စကားတစ်ခွန်းပင်လျှင် သူ၏တူမကို စွေ့စွေ့ခုန်သွားစေလေသည်။

“ဦးလေး ဘာတွေပြောနေတာလဲ” ယွဲ့ချန်သည် ရှက်လည်းရှက်သလို ဒေါသလည်း ထွက်ရသည်။

“တကယ်တော့ ဒီလူငယ်လေးက မဆိုးပါဘူး .. အလားအလာကောင်းတယ် .. သူနဲ့ယှဉ်နိုင်တဲ့သူ သိပ်မရှိဘူး .. မင်းသာ ငါ့ဂိုဏ်းက မြင့်မြတ်တဲ့အမျိုးသမီးသာမဟုတ်ရင် ငါတို့ဒီကိစ္စကို ဆွေးနွေးလို့ရနိုင်တယ်”

“ဦးလေး .. ဦးလေး ရူးသွားပြီလား” ယွဲ့ချန်၏ မျက်နှာတစ်ခုလုံး နီရဲနေလေပြီ။

“ဘာကိုရူးရမှာလဲ .. ငါတောင်မှ အဲ့ကောင်ရိုက်တာခံလိုက်ရလို့ သေလောက်အောင် ဒေါသထွက်နေတာ .. ဂိုဏ်းခေါင်းဆောင်တောင်မှ ငါ့ကို ဒီလိုမျိုး မဆက်ဆံဖူးဘူး” နတ်နန်းဂိုဏ်းမှ ကောင်းကင်နတ်ဘုရား ဒေါသတကြီး ပြောလိုက်သည်။

အခြားနေရာတွင်ရှိနေသည့် ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးလည်း ဖြေးညှင်းစွာပင် သက်ပြင်းချလိုက်သည်။ သူမသည်လည်း အပြင်ဘက်မှ ဟွမ်နှင့်ပတ်သက်သည့် ကောလဟာလများကို ကြားရသည်သာ။

ထိုသူမှာ ကောင်းကင်နတ်ဘုရား ဘယ်နှယောက်ကို သတ်ပြီးသွားပြီလဲဆိုတာကိုတောင် မသိနိုင်တော့ပေ။ ထိုလူများထဲတွင် သူမဂိုဏ်းမှ လူများလည်းပါသေးသည်ပင်။

ယွမ်ရှီးသည် အပျက်အစီးများကို ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ “ရှင်တစ်နေ့ကျရင်တော့ ထွန်းပေါက်လာမယ်ဆိုတာ ကျွန်မသိပါတယ် .. ဒါပေမဲ့ ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး .. ရှင်က ကောင်းကင်ဘုံကိုးခုကိုတောင်မှ ရောက်သွားပြီ .. ကလန်က အကြီးအကဲတွေလည်း နောင်တရနေလောက်ပြီလို့ ကျွန်မထင်တယ် .. ဒါပေမဲ့ ရှင့်ရဲ့အခြေအနေကလည်း တစ်ဖြည်းဖြည်းနဲ့ ပိုပြီးတော့ အန္တရာယ်များလာပြီ”

သူမ၏ခံစားချက်များ ရှုပ်ထွေးနေလေသည်။ ထို့နောက်တွင် သူမသည် ချက်ချင်းပင် အတွေးထဲ မျောသွားလေ၏။

“ဒီလူက တကယ်ကို အရမ်းအထင်ကြီးဖို့ကောင်းတယ် .. ငါအရင်ခေတ်တုန်းက တွေ့ဖူးခဲ့တဲ့လူတွေထက်ကို စွမ်းအားကြီးတယ်” ခရမ်းရောင်ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည့်လူငယ်တစ်ယောက်သည် မိုးကုပ်စက်ဝန်းတွင်ရှိနေသည့် အနီရောင်တိမ်တိုက်များကို ကြည့်ပြီး ပြောလိုက်သ်။

“ကျောက်တုံးသုံးတုံးစီနီယာ .. စီနီယာရဲ့ ကြောက်စရာကောင်းတဲ့ခွန်အားနဲ့ဆိုရင် သူ့ကို စိန်ခေါ်နိုင်လောက်လား” ယွမ်ရှီး မေးလိုက်သည်။

“စိန်မခေါ်ချင်တော့ပါဘူး” ဤလူငယ်လေးခေါင်းခါကာ ဆက်ပြောလိုက်သည်။ “ငါက အချိန်အတော်အကြာကြီး အိပ်ပျော်ခဲ့တာ .. ငါ့ရဲ့ စိတ်အသက်က မင်းတို့နဲ့ သိပ်မကွာပါဘူး .. အဲဒီတော့ ငါ့ကို စီနီယာလို့ခေါ်စရာမလိုပါဘူး”

အခြားသူများသာ ဤနေရာတွင်ရှိနေလျှင် သူတို့သေချာပေါက် ထိတ်လန့်သွားကြမည်ပင်။ ဤလူသည် အချိန်မြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည့် ကျောက်တုံးသုံးခုကောင်းကင်ဘုရင်ပင်။

သမိုင်းမတင်မီခေတ်တွင် အာကာသကလန်သည် ပြိုင်ဘက်ကင်းသည့်အာကာသလန်ကသားခြောက်ယောက်ကြောင့် နာမည်ကြီးလာခဲ့သည်။ ထိုသူများကြောင့်လည်း ဧကရာဇ်ကလန် ဖြစ်ခဲ့ရခြင်းပင်။

ဤလူများသည် ကောင်းကင်ပြုပြင်းခြင်းကျောက်တုံးများကို ရရှိခဲ့ခြင်းပင်။

နောက်ပိုင်းမျိုးဆက်များတွင် တစ်ယောက်တည်းဖြင့် ကောင်းကင်ပြုပြင်ခြင်းကျောက်တုံး သုံးတုံးရခဲ့သည့် တပည့်တစ်ယောက်ရှိခဲ့ဖူးသည်။ သူ့ကို ကျောက်တုံးသုံးတုံးကောင်းကင်ဘုရင်ဟု ခေါ်ကြလေသည်။

ဤလူသည် အလွန်သန်မာပြီး အာကာသကလန်၏ အကြီးအကဲ ပြန်ဝင်စားသည်ဟုပင် ပြောကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူသည် ထူးဆန်းစွာပင် ပျောက်ကွယ်သွားခဲ့သည်။

“ဝါးဟားဟား .. ဟွမ်က ခွန်အားကြီးလာပြီ .. နောက်ကျရင် သူက ထာဝရရှေးဟောင်းမြေကို လျှောက်သွားပြီ… ကောင်းကင်အောက်မှာ လွတ်လွတ်လပ်လပ်သွားနိုင်ပြီ .. ငါလည်း ဂိုဏ်းတွေက ဆေးခင်းကြီးတွေထဲကို သွားလို့ရလောက်လား .. ငါ မုန်လာဥ တစ်ဥ နှစ်ဥလောက်ကို တူးပြီးတော့ ကိုက်ဝါးပစ်မယ် .. မဟုတ်ဘူး ငါပြောတာ မြင့်မြတ်ဆေးပင်ကို ပြောတာ .. အတွေးနဲ့တောင် ကောင်းလိုက်တာ” ယုန်ဖြူလေး ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

ချောင်ယုရှန်းနှင့် ရွှယ်လင်းတို့ နှစ်ယောက်လုံး ဆွံ့အသွားရသည်။

ထိုနေ့တွင် ဂိုဏ်းများစွာ၏ တုံ့ပြန်မှုများမှာ မတူညီကြပေ။

ထာဝရရှေးဟောင်းမြေထဲသို့ ဝင်လာသည့် ကောင်းကင်နတ်ဘုရားအချို့သည် ပြေးစရာမြေမရှိသည်အထိ အလိုက်ခံလိုက်ရပြီး အသတ်ခံလိုက်ရလေသည်။

အခြားသူများမှာမူ အစရှာမရအောင် ပျောက်သွားသောကြောင့်သာ ရှီဟောင် ရပ်တန့်လိုက်ခြင်းပင်။

ရှီဟောင်သည် ချက်ချင်းပင် ဝိဉာဉ်ကျွန်းသို့ သွားလိုက်ပြီး ဝိဉာဉ်ကလန်၏ ကောင်းကင်နတ်ဘုရားအိုကြီးနှင့် သွားဆွေးနွေးလိုက်သည်။ ဝိဉာဉ်ဘိုးဘေးထံမှလည်း လမ်းညွှန်မှုများ တောင်းခံလိုက်သည်။ အတိဒုက္ခကို နောက်တစ်ကြိမ်ဖြတ်သန်းရန်အတွက် သူပြင်ဆင်တော့မည်။

သူအာရုံစိုက်ရမည့်ကိစ္စများအကြောင်းကို သူမေးဖို့လိုသည်။ ပြီးလျှင် သူတို့၏ ကာကွယ်မှုကိုလည်း တောင်းခံရမည်။

သူသိပ်မကြောက်သော်လည်း ကာကွယ်မှုတစ်ချို့ရှိနေခြင်းမှာ အတိဒုက္ခကို တစ်ယောက်တည်း ရင်ဆိုင်သည်ထက်တော့ ပိုကောင်းသည်သာ။

လက်ရှစ်ဖက်ဝိဉာဉ်မျိုးနွယ်စုမှာ သေချာပေါက်ပင် အလွန်စိတ်လှုပ်ရှားသွားကြသည်သာ။ အားလုံးမှာ ဤအချိန်ကို စောင့်နေကြခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့အသက်များနှင့် သက်ဆိုင်နေသောကြောင့်ပင်။

ယခု ရှီဟောင်သည် သူအတိဒုက္ခကို ရင်ဆိုင်တော့မည့်အချိန်တွင် သူတို့ကို လာရှာသောကြောင့် ဤသည်မှာ ရှီဟောင်သည် သူတို့အား ရင်းနှီးသည့်သူများဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားအိုကြီးနှင့် ဘိုးဘေးအား ဝမ်းသာအားရနေကြလေ၏။ ယခင်က အပြင်ဘက်လောကမှလူများကို ခုခံခဲ့သည်မှာ အလဟဿမဖြစ်တော့ပေ။ ဤလူငယ်လေးသည် သူတို့ဂိုဏ်းပေါ်တွင် အမြင်ကောင်းများရှိနေသည်။

လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုသည် လက်လွတ်စပယ်မလုပ်ရဲပဲ ရှီဟောင်ကို ကာကွယ်ရန်အတွက် အခြားလူမျိုးစုများကို တိတ်တဆိတ် ဆက်သွယ်လိုက်သည်။

ဤလူငယ်လေးသည် စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် သူတို့အလွန်စိုးရိမ်နေကြလေသည်။ ထူးဆန်းသည့်လျှပ်စီးတွင် ဘာဖြစ်လာနိုင်သလဲ မည်သူမျှမသိပေ။ သူအသက်ရှင်လျက် ဖြတ်သန်းနိုင်ပါ့မလားဆိုသည်ကိုလည်း သူတို့မသေချာပေ။

အပိုင်း ၁၁၈၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၈၇ – နတ်ဘုရင် အတိဒုက္ခ

ဒုန်း..

လျှပ်စီးတန်းတစ်ခု ကျရောက်လာပြီး ရှေးဟောင်းမြေတစ်ခုလုံးကို တုန်ခါသွားစေလေသည်။ ဤသည်မှာ ကမ္ဘာငယ်လေးတစ်ခုပေါ်သို့ ကျသွားခြင်းပင်။

ဘာဖြစ်နေတာလဲ .. အပြင်ဘက်ကလူတွေ ထာဝရရှေးဟောင်းမြေကို နောက်တစ်ခေါက် ထပ်တိုက်လာတာလား..

အားလံဒး တုန်ယင်သွားကြလေသည်။

ထို့နောက်တွင် လျှပ်စီးများ ထပ်မံထွက်ပေါ်လာပြီး ကမ္ဘာငယ်လေးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လင်းထိန်သွားစေလေ၏။

မိုးခြိမ်းသံများမှာလည်း နားစည်ကွဲမတတ်ပင်။

ဤသည်မှာ အပြင်ဘက်လောကမှ တိုက်ခိုက်မှုမဟုတ်သကဲ့သို့ နတ်ဗုံသံလည်းမဟုတ်ပေ။ ကောင်းကင်လျှပ်စီးအစစ်ပင်။

ထိုအချိန်မှသာ တစ်ယောက်ယောက် အတိဒုက္ခကို ဖြတ်သန်းနေခြင်းဖြစ်ကြောင်း အားလုံးသိသွားရသည်။

တစ်ခြား ကောင်းကင်ပါရမီရှင်တစ်ယောက်က နတ်ဘုရားအစစ်နယ်မြေထဲကို ဝင်ဖို့ အတိဒုက္ခကို ဖြတ်ကျော်နေတာလား…

ဟွမ်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်တို့၏ ဦးဆောင်မှုကြောင့် အချို့လူများသည် သူတို့ကို အတုလိုက်ခိုးကြသေးသည်။

ကံမကောင်းစွာဖြင့်ပင် လူများစွာသေဆုံးသွားခဲ့ကြပြီး ထိုထြတွင် နာမည်ကြီးသည့်ဂျီနီးယပ်စ်များနှင့် ရှေးဟောင်းလူထူးဆန်းများပင် ပါသေးသည်။ လူအနည်းငယ်သာ အောင်မြင်ခဲ့သောကြောင့် ယခုအချိန်တွင် အတိဒုက္ခကို ကြိုးစားသည့်သူ သိပ်မရှိတော့ပေ။

တိတ်ဆိတ်သွားခဲ့သည်မှာ အချိန်အတော်ကြာလေပြီ။ အားလုံးသည် နတ်ဘုရားအစစ်နယ်ပယ်ကိုသာ ကျင့်ကြံလိုက်ကြပြီး လျှပ်စီးကိုခုခံရန် မကြိုးစားကြတော့ပေ။

အဲဒီတော့ ဒီနေ့က ဘာဖြစ်တာလဲ .. ဘာလို့တစ်ယောက်ယောက်က အတိဒုက္ခကို ဖြတ်သန်းနေတာလဲ .. သီးသန့်ကျင့်ကြံနေတဲ့ ထူးခြားတဲ့သူတစ်ယောက်ယောက် ထွက်လာတာလား .. ဒါမှမဟုတ် နျင်ချမ်းနဲ့ယှဉ်နိုင်မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်နေတဲ့ ဂျီးနီးယပ်စ်တစ်ယောက်ရှိနေတာလား..

“မဟုတ်သေးဘူး .. ဒီလျှပ်စီးက အရမ်းကြောက်စရာကောင်းတယ် .. ကောင်းကင်နတ်ဘုရားတောင်မှ ဒီထဲဝင်သွားရင် သေသွားလိမ့်မယ်” ရုတ်တရက်ပင် တစ်စုံတစ်ယောက်မှ ဖြူဖျော့နေသည့်မျက်နှာဖြင့် အော်ဟစ်လိုက်လေသည်။

အစပဲရှိသေးတာတောင်မှ ဒီလောက်ထိ ကြောက်ဖို့ကောင်းနေပြီ .. နောက်ပိုင်းကျရင် ဘယ်လိုဖြစ်လာမှာလဲ .. သေချာပေါက်ကို ရူးသွားလိမ့်မယ်..

ကောင်းကင်နတ်ဘုရားတစ်ယောက်ယောက်က အတိဒုက္ခကို ဖြတ်နေတာလား..

ထိုသို့စဉ်းစားမိလိုက်သည့်အချိန်တွင် အားလုံး၏အမူအရာများ အေးခဲသွားလေသည်။ ဂျီးနီးယပ်စ်တစ်ယောက်က ဘယ်လောက်တောင်ယုံကြည်ချက်ရှိနေလို့ ဒီလိုမျိုး လုပ်ရတာလဲ .. သူတို့ကိုယ့်အသက်ကိုကိုယ် တန်ဖိုးမထားကြဘူးလား..

အဆင့်တက်လာလေလေ အတိဒုက္ခမှာ ပို၍ကြောက်စရာကောင်းလာလေလေပင်။

“မဟုတ်သေးဘူး .. ဘယ်မြို့ခံက ဒီလိုမျိုးလုပ်ရဲမှာလဲ .. သူတို့တွေ ကောင်းကင်နတ်ဘုရားနယ်ပယ်ထဲ ရောက်သွားရင်တောင်မှ သူတို့အသက်ကိုသူတို့ ဟာသလုပ်နေမှာမဟုတ်ဘူး .. ဟုတ်တယ်မလား..”

အဘယ်ကြောင့်ဆိုသော် အပြင်ဘက်မှ ဝင်လာသည့်သူများထဲတွင် မည်သူမှ ကောင်းကင်နတ်ဘုရားအဆင့်သို့ မရောက်သေးသည်ကို အားလုံးသိနေသောကြောင့်ပင်။

“ဟွမ်ပဲ..”

ထိုအချိန်တွင် အားလုံး သူ့ကို တွေးမိသွားကြလေ၏။ သူသည် ကောင်းကင်နတ်ဘုရားမဟုတ်သေးသော်လည်း သူ့ခွန်အားမှာ ကောင်းကင်နတ်ဘုရားများနှင့် ယှဉ်၍ရလေပြီ။

သူ့ကိုမည်သူမှ ကိုယ်တိုင်ကိုယ်ကျမတွေ့ရသော်လည်း ဟွမ်ဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြလေသည်။

“သေချာပေါက်သူပဲ .. သူက သိပ်မကြာသေးခင်ကမှ လူတွေကို လိုက်သတ်ထားတာတောင်မှ အခု အတိဒုက္ခကို ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ်နေပြီလား…”

လူများစွာမှာ ကြောက်လန့်တကြားပင် တုန်လှုပ်သွားကြလေ၏။ အထူးသဖြင့် သူနှင့်ရန်ငြိုးရန်စရှိနေသည့်သူများပင်။ သူတို့၏မျက်နှာများ ဖြူဖျော့နေပြီး ဦးရေပြားပင် ထုံကျဉ်သွားကြလေသည်။

သရဖူ ၁၀ခုဘုရင် သို့မဟုတ် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိဖြစ်လိမ့်မည်ဟု ထင်နေကြသည့်သူများလည်း ရှိနေသည်သာ။

ဝုန်း..

သတင်းရသည်နှင့် လူများစွာသည် မည်သူဖြစ်သည်ကို အတည်ပြုရန်အတွက် ကမ္ဘာငယ်လေးထံသို့ အလောတကြီး ရောက်လာကြလေသည်။

“ဒါက .. နတ်ဘုရင် အတိဒုက္ခ .. သူတော်စင်အတိဒုက္ခပဲ” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်မှာ ကျော်လိုက်၍ရသည့်နယ်ပယ်တစ်ခုပင်။

ဤနယ်ပယ်ထဲသို့ ခြေချလိုက်သည်နှင့် သူတို့ခွန်အားမှာ ပုံသေမရှိတော့ပဲ မြင့်လိုက်ကျလိုက်ဖြစ်နေမည်သာ။ ဤအဆင့်ကို ဖြတ်နိုင်သည့်သူများလည်း နတ်ဘုရင်များဖြစ်သွားမည်ပင်။

မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ပင်လျှင် အစကတည်းက ထူးဆန်းနေသောကြောင့် ဤနယ်ပယ်တွင်ရှိနေသည့် အတိဒုက္ခကို ဖြတ်သန်းသည့်အချိန်တွင်လည်း မသိနိုင်သည့် အကြောင်းအရာများစွာ ရှိနေမည်ပင်။

နတ်ဘုရင်အတိဒုက္ခမှာ အလွန်ခက်ခဲသည်။ ဤသည်မှာ ဖြတ်သန်း၍မရနိုင်သည့်အတိဒုက္ခဖြစ်သည်ဟုလည်း အချို့သူများ ကောက်ချက်ချထားကြလေသည်။

“ဒါက နတ်ဘုရင်အတိဒုက္ခပဲ .. သူတကယ် ဒါကို ဖြတ်တော့မှာလား..”

ယခုအချိန်တွင် ဂိုဏ်းများစွာမှ စွမ်းအားကြီးသည့်သူများပင်လျှင် ဤခမ်းနားလှသည့်အဖြစ်အပျက်ကြီးကို ကြည်ရန်အတွက် ရောက်လာကြလေ၏။

အားလုံးသည် အဆုံးမရှိသည့်လျှပ်စီးထဲတွင်ရှိနေသည့်သူကို တွေ့လိုက်ရလေပြီ။

ဤသည်မှာ သူတို့ထင်ထားသည့်အတိုင်း ဟွမ်ပင်။

စီရင်စုသုံးထောင်တွင်ရှိနေသည့်သူအားလုံး၏ ခံစားချက်များ ရှုပ်ထွေးသွားကြသည်။ ဤလူငယ်လေးသည် ငယ်ရွယ်နုပျိုပြီး သူတို့ထက်ပင် ငယ်သော်လည်း ဤကဲ့သို့သော အောင်မြင်မှုမျိုး ရနေလေပြီ။

သူတို့ဘယ်လိုလုပ် အမှီလိုက်တော့မည်နည်း..

အထူးသဖြင့် စိတ်ကြီးဝင်နေကြသည့် သူနှင့်ရွယ်တူများမှာ သူတို့ဘဝတွင် ဟွမ်နှင့် မယှဉ်နိုင်တော့ကြောင်း သိသွားကြသဖြင့် သူတို့မျက်လုံးများပင် အရောင်မှေးမှိန်သွားကြလေသည်။

“သူ့ရဲ့ပြိုင်ဘက်က ငါတို့မဟုတ်တော့ဘူး .. ငါတို့အရမ်းကြီးကို အလှမ်းဝေးသွားပြီ .. ”

တစ်စုံတစ်ယောက်မှ သက်ပြင်းချလိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် လူအချို့ ခေါင်းပြန်မော့လာလေသည်။ ဤလူနှင့် သူတို့ကိုယ်သူတို့ နှိုင်းယှဉ်စရာမလိုပေ။ ဘာပဲဖြစ်ဖြစ် ဤလူမှာ ဟွမ်ပင်။ ထို့ကြောင့် သူတို့ စိတ်အားငယ်စရာ၊ မနာလိုဖြစ်စရာ အကြောင်းမရှိပေ။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီး အက်ကွဲသွားကာ ရေများလည်း ပြောင်းပြန်စီးဆင်းလာလေ၏။

“ဘာဖြစ်သွားတာလဲ .. ဘာဖြစ်နေတာလဲ..” လူများစွာ ဆွံ့အသွားရသည်။

ကောင်းကင်ထက်တွင် မြစ်တစ်စင်းစီးဆင်းနေပြီး ကောင်းကင်ကြီးကို လွှမ်းခြုံနေလေသည်။

ဤသည်မှာ ရေအစစ်မဟုတ်ပဲ လျှပ်စီးအစစ်ဖြစ်နေသည်။ ဤလျှပ်စီးသည် မြေကြီးမှနေ၍ ကောင်းကင်ထက်သို့ ပစ်လွှတ်နေခြင်းပင်။

“နတ်ဘုရင် အတိဒုက္ခက ထူးဆန်းတယ် .. သာမန်အမြင်နဲ့ကြည့်နိုင်တဲ့အရာမဟုတ်ဘူး”

ဒုံး..

မောင်းသံထွက်ပေါ်လာပြီး အားလုံးမှာ သူတို့ပေါက်ကွဲသွားတော့မည်ဟုပင် ခံစားနေရသည်။

လေဟာနယ်ထဲ၌ ရုတ်တရက်ပင် မောင်းတစ်စုံ ထွက်ပေါ်လာလေ၏။ ထိုမောင်းတစ်စုံသည် အလယ်တွင် ရှီဟောင်ကိုထားပြီး တစ်ခုနှင့်တစ်ခု ထုရိုက်နေလေသည်။ ထိုမောင်းများမှာ တောင်နှစ်လုံးကဲ့သို့ပင် ကြီးမားလှလေသည်။

ထိုမောင်းများမှာ လျှပ်စီးဖြင့် ဖန်တီးထားခြင်းပင်။

ထို့နောက်တွင် ကောင်းကင်အတိဒုက္ခသည် ကြီးမားလှသည့် ရွှံ့နွံပုံစံသို့ ပြောင်းလဲသွားကာ ရှီဟောင်အား ဖမ်းချုပ်လိုက်လေသည်။ ထိုရွှံ့နွံထဲမှ မိကျောင်းတစ်ကောင်ထွက်လာပြီး ရှီဟောင်အားတစ်ကိုက်တည်း မြိုချလိုက်လေသည်။

အားလုံး ဆွံ့အသွားရသည်။ အစသာရှိသေးသော်လည်း လျှပ်စီးသည် ပုံစံမျိုးစုံ၊ သက်ရှိမျိုးစုံအဖြစ်သို့ ပြောင်းလဲနေလေပြီ။

ဝုန်း..

ရှီဟောင် သူ၏ခွန်အားကို ပြသလိုက်သည်။ ယခုအချိန်တွင် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အမြင့်ဆုံးတွင် ရှိနေသည်။ သူ၏ကိုယ်ပိုင်သင်္ကေတဖြင့် လျှပ်စီးများကို ပျက်ပြယ်စေလိုက်ပြီး မိကျောင်းကိုယ်ထဲမှ ထွက်လာလေသည်။

လျှပ်စီးများထွက်လာသည်နှင့် ကောင်းကင်ထက်မှ ငှက်အောင်သံများ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် နေမင်း’ တစ်စုထွက်ပေါ်လာလေ၏။ အလင်းရောင်များမှာ တောက်ပလွန်းသောကြောင့် လူများမှာ မျက်လုံးပင် မဖွင့်နိုင်ကြတော့ပေ။

ဤသည်မှာ ရွှေရောင်တောက်ပနေသည့် နေမင်းကြီးဖြစ်ပြီး ထိုနေမင်းကြီးထဲတွင် ရွှေရောင်ခန္ဓာကိုယ်ရှိသည့် နတ်ငှက်များရှိနေသည်။ ယခုအချိန်တွင် ထိုငှက်များသည် နေမင်းကြီးကို ဖောက်ထွက်ကာ သူတို့၏ အတောင်ပံများကို ဖြန့်ကျက်ပြီး အောက်ဘက်သို့ ဆင်းလာနေသည်။

ရွှေရောင်ကျီးကန်းအုပ်စုသည် ကောင်းကင်နှင့် ကမ္ဘာမြေ၏ မီးစွမ်းအင်ကို သယ်ဆောင်ထားပြီး များပြားလှသည့် လျှပ်စီးများလည်း ကောင်းကင်ကို ဖုံးလွှမ်းနေလေပြီ။

အားလုံး၏အမူအရာပြောင်းလဲသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ဤရွှေရောင်ကျီးကန်းများတွင် ကောင်းကင်နတ်ဘုရားအော်ရာ ရှိနေသောကြောင့်ပင်။

သာမန်လူသာဆိုလျှင် ဤသည်ကို မည်ကဲ့သို့ရှောင်ရှားနိုင်မည်နည်း.. မည်ကဲ့သို့ခုခံနိုင်မည်နည်း.. သေချာပေါက် သေဆုံးတော့မည့်အခြေအနေပင်။

ဤနေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများလည်း အမူအရာများ ပျက်ယွင်းသွားလေ၏။

“ဒါက သာမန်လူအတွက် လုပ်ထားတဲ့ဟာမဟုတ်ဘူး .. ထာဝရစွမ်းအင်သုံးကြောင်းရှိတဲ့သူတွေအတွက် ပြင်ဆင်ထားတဲ့ အတိဒုက္ခပဲ” အကြီးအကဲတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။

ဤကဲ့သို့သော အတိဒုက္ခမှာ အခြားသက်ရှိများကို သတ်ဖြတ်ရန်အတွက် လုံလောက်ပေသည်။

ရှီဟောင် ဟစ်ကြွေးလိုက်သည်နှင့် သူ၏လက်သီးတောက်ပလာပြီး ထာဝရစွမ်းအင်သုံးကြောင်း ထွက်ပေါ်လာလေသည်။ ဤရွှေရောင်ကျီးကန်းများနှင့် လျှပ်စီးများကို ခုခံရန်အတွက် စွမ်းအားအကြီးဆုံးပညာများကို အသုံးပြုလိုက်လေသည်။

ဤသည်မှာ ပြင်းထန်လှသည့် အသက်လုပွဲပင်။

ရှီဟောင်၏အမူအရာမှာ မည်းမှောင်နေသော်လည်း သူသည် ရွှေရောင်ကျီးကန်းအုပ်ထဲသို့ ပြေးဝင်သွဦဂဆဲပင်။ ရွှေရောင်အမွေးအတောင်များ လွင့်ပျံလာပြီး သွေးများလည်း လွင့်စင်ထွက်လာလေသည်။

သွေးများမှာ ကျီးကန်းသွေးများပါသကဲ့သို့ ရှီဟောင်၏သွေးများလည်း ပါသည်။ ဤလျှပ်စီးသက်ရှိများကို ခုခံနေရသောကြောင့် သူလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်သာ။

နောက်ဆုံးတွင်ရှီဟောင်သည် ကောင်းကင်ဧကရာဇ်ငယ်ကဲ့သို့ဖြစ်နေလေပြီ။ သူ၏ဆံပင်များရှုပ်ပွနေပြီး တစ်ကိုယ်လုံးလည်း သွေးများစိုရွှဲနေလေပြီ။ သူသည် နေရာပေါင်းစုံမှ ရန်သူများကို ထိပ်တိုက်ပင် ရင်ဆိုင်နေလေသည်။

ဝုန်း..

သူသည် လေဟာနယ်ထဲတွင်ပင် မတ်တပ်ရပ်ကာ သက်ရှိတစ်ကောင်ကို လက်သီးတစ်ချက်နှုန်းဖြင့် တိုက်ခိုက်နေလေ၏။

ရွှေရောင်ကျီးကန်းများမှာ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားကာ နေရာတိုင်းတွင် သွေးများ ပျံ့ကြဲသွားလေ၏။

ဤသည်ကို ကြည့်ပြီး အားလုံး ဆွံ့အသွားရသည်။ ဒါက ဟွမ်လား .. ဒါက သူ့ရဲ့ခွန်အားလား..

ရှီဟောင်၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများပြည့်နေလေပြီ။

သို့သော်လည်း ရွှေရောင်နေမင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် နတ်ငှက်များလည်း ပြန်ဆုတ်သွားလေ၏။ သူဤတစ်ဆင့်ကို အောင်မြင်သွားလေပြီ။ သူသည် လျှပ်စီးများကို ဖြတ်သန်းကာ ဒုတိယအဆင့်သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

အခြားသူများသာဆိုလျှင် ဤနေရာတွင်သာ အဆုံးသတ်သွားလောက်လေပြီ။

သို့သော်လည်း စွမ်းအားကြီးသည့် လျှပ်စီးအတိဒုက္ခမှာ ယခုမှ အစသာရှိသေးသည်။

ပုံမှန်အတိုင်းသာဆိုလျှင် သူသည် ကောင်းကင်ဘုံကိုးဆင့်အထိ တက်သွားရမည်ပင်။

ဤသည်မှာ ရှီဟောင်အတွက် အလွန်ခက်ခဲလိမ့်မည်ဟု အားလုံး ယုံကြည်ထားကြလေသည်။ သူသည် ဒုတိယအလွှာတွင် အချိန်ပိုယူရပြီး သူ၏ဒဏ်ရာများလည်း ပိုပြင်းထန်လာလိမ့်မည်ဟု ထင်နေကြသော်လည်း သူတို့ထင်ထားသကဲ့သို့ ဖြစ်မလာပေ။

ရှီဟောင်သည် မိုးမခနတ်ဘုရားပညာများကို အသုံးပြုကာ သူ၏သွေးစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး အခြားအဖိုးတန်ပညာဖြင့် ကောင်းကင်ကို ထိုးဖောက်သွားလေသည်။

သူသည် စစ်ဆေးမှုများကို ဆက်တိုက်အောင်မြင်လာပြီး ခဏလေးဖြင့်ပင် ငါးလွှာမြောက်သို့ ရောက်လာလေပြီ။ သူသည် ထောပတ်ကို ဓားပူပူဖြင့် လှီးလိုက်သကဲ့သို့ပင် အရှေ့သို့ တရှိန်ထိုး တက်လာလေ၏။

ဤအတောအတွင်းတွင် သူ၏အဝတ်အစားများစုတ်ပြဲပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများပြည့်နှက်ကာ အရိုးများလည်း ကျိုးသွားသော်လည်း လျှပ်စီးများမှာ သူ့ကို မတားဆီးနိုင်ပေ။

ဝုန်း..

ခြောက်လွှာမြောက်တွင် သူ၏ပြိုင်ဘက်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ကောင်းကင်မြင်းကိုစီးကာ လက်ထဲတွင် အနက်ရောင်ကောင်းကင်လှံတံကို ကိုင်ထားသည့်သက်ရှိတစ်ယောက်ရှိနေသည်။

ဒုန်း..

ရှီဟောင်နှင့်သူသည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး မီးပွားများလည်း နေရာအနှံ့လွင့်စင်နေလေသည်။

ဤကဲ့သို့သော သက်ရှိကိုးမျိုး ချက်ချင်းပင် ထွက်ပေါ်လာလေ၏။ သူတို့လက်ထဲတွင် ကိုင်ထားသည့်လက်နက်များသာ ကွဲသွားခြင်းပင်။

“သတ်…”

ရှီဟောင် ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။ သူ၏ရန်သူများမှာ သာမန်မဟုတ်ပေ။ အလွန်စွမ်းအားကြီးကြသည်။

ရှီဟောင်သည် မှော်စွမ်းအင်များကို ထုတ်သုံးလိုက်ပြီး ဤစစ်ဆေးမှုကို ကျော်ဖြတ်နိုင်ရန်အတွက် အစွမ်းကုန်ပင် ကြိုးစားလိုက်သည်။

ဤသည်မှာ နတ်ဘုရင်အတိဒုက္ခပင်။ သူ၏ခန္ဓာကိုယ်ကိုပြုပြင်ရန်၊ သူ၏မူလဝိဉာဉ်ကို လေ့ကျင့်ရန်အတွက် လျှပ်စီးကို သူလိုအပ်သည်။

ကောင်းကင်တစ်ခုလုံးလည်း သွေးရောင်များဖုံးလွှမ်းနေလေပြီ။

ခပ်ဝေးဝေးတွင် ယွမ်ရှီလည်း ရောက်လာလေပြီ။ သူမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ထက်တွင် ရပ်နေလေသည်။

သူမ သက်ပြင်းအသာချလိုက်သည်။ ယခင်က သူမတွေ့ခဲ့သည့်လူငယ်လေးမှာ ထင်မထားလောက်အောင်ကို အရွယ်ရောက်လာခဲ့လေပြီ။

သူမ ရှီဟောင်အကြောင်းများကို ကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နာမည်ကြီးလွန်းလှပြီး လေတိုက်တိုင်း သူ့အကြောင်းများ ပါလာသည်သာ။ သို့သော် သူမတစ်ခါမှ သူ့ထံသို့ သွားမလည်ခဲ့ပေ။

အတိတ်မှဖြစ်ရပ်များမှာ သူမကို အရှက်ရနေစေဆဲပင်။

နှစ်ပေါင်းများစွာ ခွဲခွာပြီးသည့်နောက်တွင် ဤသည်မှာ ရှီဟောင်နှင့် ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းပင်။

အခြားတစ်ဖက်တွင် ယွဲ့ချန်လည်း ရောက်လာသည်။ သူမသည် ဘာစကားမှမပြောပဲ တိတ်တဆိတ်သာ ကြည့်နေလိုက်သည်။

သို့သော်လည်း သူမအနားတွင်ရှိနေသည့် ဦးလေးမှာမူ မရပ်မနားပင် ပြောနေလေ၏။ သူသည် ရှီဟောင်ရိုက်သည်ကို ခံလိုက်ရသော်လည်း ရှီဟောင်၏စွမ်းအားအကြောင်းကို ချီးကျူးနေဆဲဖြစ်ပင်။

ဤသည်မှာ နတ်နန်းဂိုဏ်းမှ မြင့်မြတ်သည့်မိန်းမပျိုကို စိတ်တိုဒေါသထွက်စေသလို တစ်ချိန်တည်းမှာပင် သူမ၏ခံစားချက်များ ရှုပ်ထွေးလာသည်။

“ဘာကို စွမ်းအားအကြီးဆုံးပဲ .. သူဒီမှာပဲ လျှပ်စီးကြောင့် ပေါက်ကွဲပြီး သေရင်သေသွားမှာ .. ” ယွဲ့ချန် သူ၏ဦးလေးကို ငြင်းလိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် ထိုပြိုင်ဘက်များကို သတ်လိုက်ပြီး ၇ လွှာမြောက်သို့ ရောက်သွားလေသည်။ သူသည် ကောင်းကင်မြင်းတစ်ကောင်ကိုပင် ဖမ်းလိုက်ပြီး သူ၏စီးတော်မြင်းအဖြစ် အသုံးပြုလိုက်လေသည်။

ဤသည်မှာ အားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေလေသည်။

ဤအတွက်လည်း ရှီဟောင်ပေးဆပ်လိုက်ရသည်သာ။ ထိုကောင်းကင်မြင်း ဟစ်ကြွေးလိုက်လေ၏။ ထို့နောက်တွင် ထိုမြင်းသည် ပေါက်ကွဲသွားကာ လျှပ်စီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ကံကောင်းစွာဖြင့်ပင် ရှီဟောင်သည် အစောကတည်းက ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသားပင်။ သူသည် ၇ လွှာမြောက် လျှပ်စီးပင်လယ်ထဲသို့ တိုးဝင်သွားလိုက်လေ၏။

“မကောင်းတော့ဘူး .. ဟွမ် ၇ လွှာကို ရောက်သွားပြီ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဤသည်မှာ ခက်ခဲသည့်တိုက်ပွဲပင်။ ဤနေရာတွင် သက်ရှိများသာမက တောင်များ၊ မြစ်များပင်လျှင် လျှပ်စီးများဖြင့် ပြုလုပ်ထားခြင်းပင်။ ထိုအရာများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲနေလေ၏။

ရှီဟောင်သည် ခါးမှ နှစ်ပိုင်းဖြတ်ခံလိုက်ရလေ၏။

သို့သော်လည်း သူသည် ခန္ဓာကိုယ်ကို အတင်းပြန်စုထားလိုက်ပြီး သူ၏ပျက်စီးနေသည့်ခန္ဓာကိုယ်ကို ကုသလိုက်သည်။

အားလုံး၏ မယုံကြည်နိုင်သည့်မျက်ဝန်းအောက်မှာပင် သူသည် ၈ လွှာသို့ ရောက်သွားလေပြီ။

ဤသည်မှာ လျင်မြန်လွန်းလှသည်။

“သူက စံချိန်တွေကို ချိုးချင်နေတာလား”

“ကိုးလွှာမှာ သူ့ကိုကပ်ဆိုးကြီးတစ်ခု စောင့်ကြိုနေလိမ့်မယ် .. သူအသက်ရှင်မလား မရှင်ဘူးလားဆိုတာ မသိနိုင်သေးဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

အပိုင်း ၁၁၈၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၈၈ – ၈လွှာနှင့် ၉ လွှာမြောက်ကောင်းကင်ဘုံ

၈လွှာမြောက်တွင် တောင်တစ်လုံးကို ဖောက်ထွင်းသွားလာနေသည့် အလင်းတန်းတစ်ခုကို သူတွေ့လိုက်ရသည်။ ထို့နောက်တွင် အလွန်ကြီးမားသည့်မြို့တစ်မြို့ကိုလည်းတွေ့လိုက်ရသည်။ မြို့တံခါးများမှာ တင်းကြပ်စွာ ပိတ်ထားလေ၏။

သူ့အနားတွင် တောင်များ မြင့်လိုက်နိမ့်လိုက်ရှိနေပြီး ရှေးသစ်ပင်များလည်း မိုးထိုးနေသည်။ အရာအားလုံးမှာ လျှပ်စီးဖြင့် ပြုလုပ်ထားခြင်းပင်။

တောင်ကြောမှာ အလွန်ပင်တိတ်ဆတ်လှပြီး တောကြီးမှလည်း အသံတစ်သံမှ ထွက်မလာပေ။

ရှီဟောင် တောထဲသို့ လျှောက်သွားလိုက်ကာ ထိုထူးဆန်းကာ ကြီးမားလှသည့်မြို့ထံသို့ ဦးတည်သွားလိုက်သည်။ ဤမြို့ကြီးသည် ၈လွှာမြောက်ကောင်းကင်ဘုံကို ဖိနှိပ်ထားပြီး ဤနေရာကို ဖြတ်သွားပြီးမှသာ ကောင်းကင်နောက်တစ်လွှာကို မြင်ရခြင်းပင်။

ရှီဟောင် ထိုကြီးမားလှသည့်ဂိတ်တံခါးနားသို့ ရောက်လာလေပြီ။ ဤဂိတ်တံခါးကို မြင်လိုက်ရသည့်အချိန်တွင် အလွန်ရှေးကျသည့်ခံစားချက်တစ်ချို့ကို ခံစားလိုက်ရသည်။ မြို့ရိုးများမှာ အိုဟောင်းပြီး အရောင်အဆင်းကင်းမဲ့နေကာ ဓားရာများ၊ အပေါက်များ ပြည့်နေလေသည်။

သူတစ်ခဏမျှ စဉ်းစားကြည့်လိုက်သည်။ ဒီလိုမျိုးမြို့က အပြင်မှာ တကယ်ရှိတာလား..

ဤလျှပ်စီးအတိဒုက္ခထဲတွင်ရှိနေသည့်အရာများမှာ အပြင်လောကတွင်လည်း ရှိနေသည်ဟု သူခံစားနေရသည်။ ထို့ကြောင့်သာ တံဆိပ်တစ်ခု ကျန်ရစ်ခဲ့ပြီး ဤကဲ့သို့သော မြင်ကွင်းမျိုး ထွက်ပေါ်လာခြင်းပင်။

ရုတ်တရက်ပင် အော်သံတစ်ခု ထွက်ပေါ်လာပြီး မြို့ထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် ပစ္စည်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ဤသည်မှာ မြို့တစ်မြို့အရွယ်အစားရှိသည့် အရိုးခေါင်းကြီးပင်။ အရိုးခေါင်းကြီးသည် ဖွေးဆွတ်နေပြီး ရှီဟောင်ထံသို့ ဦးတည်လာနေလေ၏။

ဤကဲ့သို့သောကြီးမားလှသည့်မြို့မှ ဤကဲ့သိုသော အရိုးခေါင်းကြီး ထွက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဖုန်း..

ရှီဟောင် ထိုအရိုးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဤသည်မှာ ထာဝရရွှေကို ရိုက်ချလိုက်သကဲ့သို့ပင် တချွမ်ချွမ်အသံများ ထွက်ပေါ်လာပြီး မီးပွားများ ထွက်ပေါ်လာလေသည်။

သူ၏လက်ရှိခွန်အားဖြင့်ပင် ဤအရိုးခေါင်း ပျက်စီးသွားအောင် မလုပ်နိုင်ခဲ့ပေ။

အရိုးခေါင်းသည် ချက်ချင်းပင် တောက်ပလာကာ မျက်လုံးခွံထဲမှ စူးရှလှသည့်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထို့အပြင် သူ၏အောက်မေးရိုးပွင့်သွားကာ သွားဖြူဖြူများဖြင့် ရှီဟောင်အား လိုက်ကိုက်နေလေသည်။

ဒါက ဘာကြီးလဦ..

ရှီဟောင်သည် အရိုးခေါင်းမှ အလင်းတန်းကို ခုခံနေရသောကြောင့် သူ၏ဒွါရ ၇ ပေါက်မှ ရောင်စုံအလင်းများ ထွက်ပေါ်လာပြီး ရှီဟောင်အား လွှမ်းခြုံသွားလေသည်။ ဤနေရာတစ်ခုလုံး လင်းထိန်းနေပြီး သူ့ဘေးပတ်လည်ကိုပင် မကြည့်နိုင်တော့ပေ။

ထိုအချိန်တွင် သက်တောင့်သက်သာမဖြစ်သည့် ခံစားချက်တစ်ခုကို ရှီဟောင်ခံစားလိုက်ရသည်။ သူသည် ရွှံ့ထဲတွင် နစ်နေသလို၊ ပင့်ကူအိမ်တွင် ကပ်ညှိနေသလို ခံစားနေရသည်။

အရိုးခေါင်းမှ အလင်းတန်းများ ထွက်ပေါ်လာနေဆဲပင်။

နောက်ဆုံးတွင် ထိုအရိုးခေါင်းသည် ရှီဟောင်အား ဝါးမြိုသွားလေပြီ။ သူ၏အောက်မေးရိုးပိတ်သွားပြီး သူ၏ပါးစပ်ထဲတွင် ရှီဟောင်အား ငုံထားလေသည်။

ထို့နောက်တွင် သူသည် မီးဖိုကဲ့သို့ဖြစ်လာပြီး မီးတောက်များထွက်ပေါ်လာလေသည်။ ထိုအရိုးခေါင်းသည် လျှပ်စီးများကိုလည်း စုတ်ယူလိုက်ပြီး အထဲဘက်တွင်ရှိနေသည့် ရှီဟောင်ကို ပြုပြင်လိုက်လေ၏။

အရိုးမီးဖို … ဤသည်မှာ အလွန်ကြောက်စရာကောင်းလှသည့် အဖိုးတန်ပစ္စည်းတစ်ခုပင်။

ဝုန်း..

ထို့နောက်တွင် ကောင်းကင်ထက်တွင်ရှိနေသည့် လျှပ်စီးအလင်းတန်းများအားလုံးသည် အရိုးမီးဖိုထံသို့ တရှိန်ထိုးပြေးဝင်သွားကာ ကောင်းကင်ထက်မှ ပျောက်ကွယ်သွားလေသည်။

“၈လွှာက လျှပ်စီးအတိဒုက္ခရဲ့လျှပ်စီးတွေအကုန်လုံး စုသွားပြီ ..”

အားလုံး ဆွံ့အသွားရသည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းမြို့ကြီးသည် မီးဖိုတစ်ခုကဲ့သို့ဖြစ်လာပြီး ဦးခေါင်းခွံကြီးကို ကူညီပေးနေလေသည်။ သူသည် ကောင်းကင်၏စွမ်းအားကို စုတ်ယူကာ ပို၍ပင် ထူးဆန်းပြီး ကြောက်စရာကောင်းလာလေသည်။

ကြီးမားလှသည့်ဦးခေါင်းခွံကြီးသည့် မြို့ကြီးပေါ်တွင်ရှိနေပြီး တချွမ်းချွမ်းအသံများလည်း ထွက်ပေါ်နေလေသည်။ ဤသည်မှာ ရှီဟောင် အထဲဘက်မှ ဦးခေါင်းခွံအား ထုရိုက်နေခြင်းပင်။

“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ..”

သာမန်လူများမပြောနှင့် ကောင်းကင်နတ်ဘုရားများပင် တုန်လှုပ်သွားရသည်။ ထိုနေရာတွင် သူတို့သာဆိုပါက သေချာပေါက် သေသွားတော့မည်ကို သူတို့သိသည်။

ဤသည်မှာ လျှပ်စီးကြောင်းတစ်ခု နှစ်ခုမဟုတ်ပေ။ ကောင်းကင်တစ်ခွင်တွင်ရှိနေသည့် နတ်အလင်းများကို စုစည်းထားခြင်းပင်။ လျှပ်စစ်အလင်းတန်းများမှာ စုစည်းသွားကာ တစ်နေရာတည်းသို့ သွားနေခြင်းပင်။

ဤသည်မှာ အသက်လုနေရသည့် စစ်ဆေးခြင်းပင်။ ရှီဟောင်ပင်လျှင် သူဤကဲ့သို့ ခုခံနေရသည့်အခြေအနေဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အရိုးခေါင်းအတွင်းတွင် လျှပ်စီးများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်နေပြီး သိပ်သည်းလှသည့် လျှပ်စီးများသည် အရည်အဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်အား လွှမ်းခြုံလိုက်လေသည်။

ယခုအချိန်တွင် ရှီဟောင် အန္တရာယ်များနေလေပြီ။ လျှပ်စီးအလင်းတန်းအားလုံး သိပ်သည်းသွားသောကြောင့် သူ၏ခန္ဓာကိုယ်စုတ်ပြတ်နေပြီး အရိုးများလည်းကျိုးကာ တစ်ကိုယ်လုံးလည်း မည်းတူးနေလေပြီ။ သူသည် အချက်ခံနေရသကဲ့သို့ပင်။

ရှီဟောင်၏မျက်ခုံးကြား အက်ကွဲလာပြီး သွေးများလွင့်စင်ထွက်လာကာ သူ၏မူလဝိဉာဉ်လည်း ပေါက်ကွဲမတတ်ဖြစ်နေလေပြီ။

သူ၏မူလဝိဉာဉ်သည် လျှပ်စီးထဲသို့ ဝင်မသွားပဲ တောင့်ခံနေသည်။

နတ်ဘုရင် အတိဒုက္ခမှာ ငရဲနှင့်တူသည့် နှိပ်စက်မှုကြီးပင်။ လူတစ်ယောက်ကို ရှင်လျက်သေစေနိုင်သည်။

ရှီဟောင်သည် အချိန်မရွေး ငြိမ်းသတ်သွားနိုင်သည့် လေပြင်းထဲမှ ဖယောင်းတိုင်မီးတောက်လေးနှင့် တူနေလေပြီ။

“ကုသမယ်…”

ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ သူသည် မူလမှတ်တမ်းကို အသက်သွင်းလိုက်ပြီး မိုးမခနတ်ဘုရား၏ပညာနှင့်တူ သူ၏ဒဏ်ရာရနေသည့်ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်နှစ်ခုလုံးကိုကုသလိုက်သည်။

သူ၏ခွန်အားမှာ စွမ်းအားကြီးလှပြီး သူ၏အရိုးစာသားများလည်း နက်နဲလှသည်ကို ဝန်ခံရလိမ့်မည်ပင်။ သူ၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်သည် လုံးဝပင် ပြန်ကောင်းသွားလေ၏။

သို့သော် ခဏကြာပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်ကို လျှပ်စီးတစ်ခု နောက်တစ်ကြိမ် ရိုက်ခတ်လာကာ သူ့တစ်ကိုယ်လုံးကို မည်းတူးသွားစေပြီး အပိုင်းများစွာဖြစ်အောင် လုပ်လိုက်လေသည်။ သူ၏မူလဝိဉာဉ်လည်း ထိုကဲ့သို့ပင်။ အရောင်ပင်မှိန်သွားလေပြီ။

ရှီဟောင်သည် အရှုံးကို ဝန်မခံချင်သောကြောင့် ထိုနေရာတွင်သာ ဆက်နေနေလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ပြန်ပေါင်းစပ်လိုက်သည်။

သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်သည် နောက်တစ်ကြိမ် အပိုင်းပိုင်းဖြစ်သွားလေသည်။

ရှီဟောင်သည် ထိုကဲ့သို့ အကြိမ်ကြိမ်ပင် ဖြစ်နေလေသည်။

သို့သော်လည်း တိုက်ခိုက်မှုတိုင်းတွင် သူ၏ခန္ဓာကိုယ်အရောင်မှိန်သွားသော်လည်း ဖော်ပြ၍မရနိုင်သည့်အော်ရာတစ်မျိုး ရှိလာသည်ကို အားလုံး တွေ့နိုင်သည်သာ။

သူ၏မူလဝိဉာဉ်လည်း ထိုကဲ့သို့ပင်။ ဤသည်မှာ လေ့ကျင့်ပေးနေခြင်းပင်။ သူသည် ဤနေရာတွင် သေဆုံးသွားနိုင်သော်လည်း သူသာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက သူသည် နောက်တစ်ဆင့်သို့ ရောက်သွားမည်သာ။

ရှီဟောင် အံကြိတ်ကာ ကောင်းကင်အတိဒုက္ခကို ခုခံလိုက်သည်။ သူသည် တိုက်ခိုက်မှုများကို သည်းခံရုံသာမက သူ၏ခန္ဓာကိုယ် ပြန်ပေါင်းသွားသည့်အချိန်တိုင်းတွင် အရိုးခေါင်းနံရံကို တိုက်ခိုက်နေသည်သာ။

သူ၏အဖိုးတန်ပညာအားလုံးကို အသုံးပြုကာ သူ၏ခွန်အားကို စုစည်းလိုက်ပြီး အရိုးခေါင်းနံရံကို ပေါက်ကွဲသွားအောင် လုပ်လိုက်သည်။

ဤကဲ့သို့ ခုခံနေရသည်မှာ သူ့ပုံစံမဟုတ်ပေ။ စတင်တိုက်ခိုက်ပြီး တရှိန်ထိုးအဆင့်တက်သွားခြင်းသာ သူ့ပုံစံဖြစ်သည်။

ရှီဟောင် ဘယ်တုန်းကမှ ဤကဲ့သို့အခြေအနေမဆိုးဖူးပေ။ သူ၏ခန္ဓာကိုယ် ဘယ်နှကြိမ်တောင် ပြိုကွဲသွားပြီလဲ သူမသိပေ။ သို့သော်လည်း တစ်နေရာတည်းကို သူဆက်တိုက်နေဆဲပင်။

အသက်ရှင်နိုင်ချေ ၁၀ ရာခိုင်မှုန်းမှ ၀ ရာခိုင်နှုန်းသို့ ရောက်လာလေပြီ။ သူခြေကုန်လက်ပန်းကျနေလေပြီ။

ဝုန်း..

၁၀ကြိမ်မြောက် သူ၏အဖိုးတန်ပညာများကို စုပေါင်းလိုက်သည့်အချိန်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေသည်။

ထို့နောက်တွင် ခွပ်ဟူသည့်အသံနှင့်အတူ ဦးခေါင်းရိုးကြီး ပွင့်သွားပြီးနောက် ဤနေရာကြီး ပေါက်ကွဲသွားကာ အဆုံးမရှိသည့်လျှပ်စီးများလည်း ထွက်ပေါ်လာလေ၏။

ရှီဟောင်လည်း လွင့်ထွက်သွားလေသည်။

လူများစွာမှ ကြောက်လန့်တကြားပင် ထခုန်မိသွားကြလေသည်။ သူတို့သည် အမြင့်ဆုံးတွင်ရပ်လိုက်ပြီး အရှေ့ဘက်သို့သာ ကြည့်နေကြလေ၏။

“ဟွမ် သေသွားပြီလား..”

“ခန္ဓာကိုယ်က ကိုးပိုင်းကွဲသွားပြီး မူလဝိဉာဉ်လည်း ပျံ့ကြဲသွားပြီ .. ဟွမ်က ပျက်စီးတော့မယ်”

အားလုံး ထိတ်လန့်သွားရသည်။

စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခဖြစ်ထိုက်ပါပေသည်။ ဟွမ်ကဲ့သို့သော ထာဝရစွမ်းအင်သုံးကြောင်းရှိသည့်သူပင်လျှင် အားလုံးရှေ့တွင် သေတော့မည်။

“ဟက်…”

ကောင်းကင်နတ်ဘုရားတစ်ယောက်သည် စိတ်ထဲမှ ခနဲ့လိုက်ပြီးနောက် လျှို့ဝှက်ရတနာတစ်ခုကို ထုတ်လိုက်ကာ လျှပ်စီးအတိဒုက္ခကို တိုက်ခိုက်လိုက်သည်။

ဝုန်း..

ရှီဟောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်းကိုးခုနှင့် မူလဝိဉာဉ်သည် တရှိန်ထိုးပင် စုစည်းသွားပြီး ထိုတိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။ ထိုလျှို့ဝှက်ရတနာသည် လျှပ်စီးထဲတွင် တောက်ပသွားပြီး သူ့ခန္ဓာကိုယ်ကို ပွတ်တိုက်သွားလေသည်။

နောက်ဆုံးတွင် ထိုလျှို့ဝှက်ရတနာပေါက်ကွဲသွားပြီး ထိုကောင်းကင်နတ်ဘုရားကို သတ်ရန်အတွက် လျှပ်စီးအလင်းတန်းတစ်ခု ကျရောက်လာလေ၏။

သို့သော်လည်း ဤလူလည်း အတော်လေး အထင်ကြီးစရာကောင်းလှသည်။ သူ့ထံတွင် သူ့နေရာကို အစားဝင်ပေးမည့် အသက်အစားထိုးသင်္ကေတရှိနေလေသည်။

ဤသည်မှာ ဂိုဏ်းကြီးများပင်လျှင် တွေ့နိုင်ရန် ရှားပါးလှသည့်အရာတစ်ခုပင်။

ဝင်ရောက်နှောက်ယှက်နေသည့် အပြင်ဘက်မှ ကျွမ်းကျင်သူများ ရှိနေလေပြီ။

ဝုန်း..

သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး ရှီဟောင်၏ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ပြန်ဆက်သွားကာ သူ၏မူလဝိဉာဉ်လည်း သူ့နေရာသူ ပြန်ရောက်သွားလေပြီ။ သူ့တစ်ကိုယ်လုံး မည်းတူးနေပြီး သူ၏အခြေအနေမှာ အလွန်ပင် ကျိုးပဲ့ပျက်စီးလွယ်နေလေပြီ။

ရှီဟောင်သည် သူ့ကို တိုက်ခိုက်လိုက်သည့်နေရာမှာ ကောင်းကင်နတ်ဘုရားအား အေးစက်စွာပင် စိုက်ကြည့်လိုက်၏။ သို့သော်လည်း သူ့နောက်သို့ လိုက်မသွားခဲ့ပေ။ ယခုအချိန်သည် သူ၏စွမ်းအားများကို ပြသရမည့်အချိန်မဟုတ်ပေ။ သူပြန်ကောင်းလာအောင် လုပ်ဖို့လိုနေသည်။

ဤနေရာမှာ တိတ်ဆိတ်သွားပြီး မည်သူမှ မတိုက်ခိုက်တော့ပေ။ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုသည် ချွေးစေးများပင် ပြန်လာလေသည်။ သူတို့လူမျိုးစုတစ်ခုလုံး လှုပ်ရှားလာကာ ဤနေရာတစ်ခုလုံးကို ကာကွယ်လိုက်သည်။

အချိန်မည်မျှကြာသွားမှန်းမသိရသည့်အချိန်မှသာလျှင် ရှီဟောင်၏ မည်းတူးနေသည့်အရေပြား ကွာကျသွားပြီး ကျောက်စိမ်းကဲ့သို့သော ခန္ဓာကိုယ် ပြန်ပေါ်လာလေသည်။ သူ၏မျက်ခုံးကြားလည်း တောက်ပလာလေသည်။

သို့သော်လည်း သူလက်လွတ်စပယ်မလုပ်သေးပေ။ ထိုတိုက်ခိုက်သူကို ရှာမနေပဲ ကိုးလွှာသို့သာ တက်သွားလိုက်သည်။ သူသာ ဤစစ်ဆေးမှုကို အောင်မြင်သွားသည်နှင့် အားလုံး ပြီးဆုံးသွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူ၏အတွေ့အကြုံအရ ကိုးလွှာအထက်တွင် ၁၀ လွှာရှိခဲ့မည်ဆိုလျှင်ပင် ဤသည်မှာ သူ့ကိုသတ်တော့မည်မဟုတ်ပေ။

အရေးအကြီးဆုံးမှာ ကိုးလွှာမြောက်ပင်။

ရှီဟောင်ကို ထိတ်လန့်သွားစေသည်မှာ သူကိုးလွှာသို့ တက်သွားလိုက်သည်နှင့် အန္တရာယ်များကာ ကြမ်းတမ်းလှသည့် သက်ရှိများ၊ အပင်များသည် သူ့ထံသို့ တရှိန်ထိုးပင် ပြေးလာပြီး သူ့အားတိုက်ခိုက်ကြလေသည်။

သို့သော် ၈ လွှာနှင့်ယှဉ်လျှင် ဤသည်မှာ အလွန်အားနည်းနေသေးသည်သာ။

သူသည် ဤအရာများကို အလွယ်တကူပင် ရင်ဆိုင်လိုက်နိုင်လေသည်။

ဤသည်မှာ အခြားသူများကိုလည်း ထိတ်လန့်သွားစေလေ၏။ ဘာဖြစ်နေတာလဲ..

ဒါက အရမ်းလွယ်လွန်းနေတယ်လေ မဟုတ်ဘူးလား .. ကောင်းကင်ဘုံတောင်မှ နည်းလမ်းတွေ မရှိတော့ဘူးလား..

သို့သော် ရှီဟောင်၏ အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး သူ၏မျက်နှာလည်း အနည်းငယ် ဖြူဖျော့သွားသည်။ မည်သည့်နေရာတွင် ပြဿနာရှိနေသလဲဆိုသည်ကို သူသိသွားလေပြီ။

အဘယ်ကြောင့်ဆိုသော် သူ၏ခွန်အားများ ရုတ်တရက် ကျဆင်းလာသည်ကို သူသိလိုက်ရသည်။ ကောင်းကင်နတ်ဘုရားအဆင့်မှ နတ်ဘုရားအစစ်၊ ထိုမှတစ်ဆင့် နတ်မီးတောက်နယ်ပယ်သို့ ရောက်သွားလေပြီ။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။

ဤကဲ့သို့သောနေရာ၊ ဤကဲ့သို့သော စစ်ဆေးမှုတွင် ဤသည်မှာ သေချာပေါက် သေဆုံးနိုင်သည့်ကိစ္စပင်။

ကံကောင်းသည်မှာ ထိုသက်ရှိများမှလွှဲလျှင် အခြားလျှပ်စီးများမှာ အတော်လေး တည်ငြိမ်နေပြီး သူ့အား မတိုက်ခိုက်လာပေ။

ပြေး..

ရှီဟောင် ဤရွေးချယ်မှုသာ ရှိတော့သည်။ သူဤသက်ရှိများအနားသို့ကပ်သွား၍မရပေ။ မဟုတ်ပါက ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးပြီးသား ဖြစ်သွားလိမ့်မည်။

သူသည် နတ်ဘုရင်အတိဒုက္ခ၏ ထူးဆန်းမှုကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရလေပြီ။ နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူများကို ဤစွမ်းအားကြီးသည့်သက်ရှိများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ခိုင်းနေခြင်းမှာ အသက်မရှင်နိုင်အောင် လုပ်နေခြင်းပင်။

“ဟမ် .. ဘာဖြစ်နေတာလဲ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“မြင့်မြတ်တဲ့စတေးခြင်းက ထူးဆန်းတဲ့ ကျင့်ကြံဆင့်တစ်ခုပဲ ..လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်က တက်လိုက်ကျလိုက်ဖြစ်နေမှာ .. အခု သူအောက်ဆုံးထိကျနေပြီ .. သူအဆုံးသတ်တော့မယ်” တစ်စုံတစ်ယောက်မှ စိတ်လှုပ်ရှားစွာပင် ပြောလိုက်လေ၏။

ဤနေရာမှာ ချက်ချင်းပင် ဆူညံသံများ ပြည့်နှက်သွားလေ၏။

ဤသည်မှာ ကောင်းကင်အတိဒုက္ခကြောင့်ဖြစ်လာသည်ဆိုသည်ကို ရှီဟောင်သာ သိသည်။ အမှန်တကယ်တွင် သူ့ထံ၌ အချိန်သုံးရက်ကျန်သေးသည်။

ဤကြောက်စရာကောင်းသည့် လျှပ်စီးအတိဒုက္ခသည် ဤကဲ့သို့ သူ၏တာအိုနှင့် ကျင့်ကြံဆင့်ကို လျော့ချနိုင်သေးသည်ပင်။

“ဟားဟား .. ဒီကောင်းကင်အတိဒုက္ခရဲ့ စွမ်းအားက အဲဒီလောက်လည်းမဟုတ်ပါဘူး … ငါတို့တောင် ဖြတ်သန်းနိုင်တယ် .. သွားကြစို့ .. ဟွမ်ကို သွားကူလိုက်ကြစို့” အချို့လူများသည် တိတ်တဆိတ်ပင် အသံပို့လွှတ်လိုက်ပြီး ခနဲ့လိုက်ကြလေသည်။

ရွှီး..

ထိုအချိန်တွင် ပုံရိပ်ငါးခု တစ်ချိန်တည်း‌ပေါ်လာကာ ရှီဟောင်ကို သတ်ရန် လျှပ်စီးထဲသို့ ဦးတည်သွားလိုက်ကြလေသည်။

အပြင်ဘက်မှ ကောင်းကင်နတ်ဘုရားများပင်။ ရှီဟောင် သူတို့အားလိုက်သတ်နေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့သည် ကြောက်လန့်တကြားဖြင့် ပုန်းခဲ့ကြခြင်းပင်။ ယခုမှသာ ရှီဟောင်ကို သတ်ရန်အတွက် သူတို့ထွက်လာခြင်းပင်။

“မင်းတို့အားလုံး လုပ်ရဲတယ်ပေါ့” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှလူများ ဒေါသတကြီးအော်ဟစ်လိုက်ပြီး လှုပ်ရှားလိုက်လေ၏။

“အားလုံးပဲ အခွင့်ကောင်းယူပြီး တိုက်ခိုက်ကြ” မြို့ခံများမှာ စွမ်းအားကြီးသည့်သူများသည် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုကို တားဆီးလိုက်ကြလေသည်။ သူတို့သည် ဝိဉာဉ်လူမျိုးစု၏ဘိုးဘေးထံသို့ ဦးတည်သွားလိုက်ကြလေ၏။

ရှီဟောင် ဒုက္ခတွေ့နေလေပြီ။

ထိုအချိန်တွင် ယွမ်ရှီး၏အမူအရာ ပြောင်းလဲသွားကာ ယွဲ့ချန်၏မျက်လုံးများလည်း ပြူးကျယ်သွားရသည်။ သူတို့အားလုံး အရှေ့ဘက်ကို စိုက်ကြည့်နေကြလေ၏။

အပိုင်း ၁၁၈၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၈၉ – အတိဒုက္ခ အဆုံးသတ်ခြင်း

ကောင်းကင်နတ်ဘုရားငါးယောက် ရောက်လာလေပြီ။ သူတို့ အရှိန်မှာ လျင်မြန်လွန်းလှပေသည်။

လျှပ်စီးမှ ဖြစ်ပေါ်လာသည့် သက်ရှိများသည် သူတို့ခန္ဓာကိုယ်ကို ရိုက်ချလာလေ၏။ သူတို့အားလုံးထံမှ ညည်းတွားသံများ ထွက်ပေါ်လာကာ သူတို့ခန္ဓာကိုယ်တွင် မည်းတူးနေသည့်အကြောင်းရာများ ထွက်ပေါ်လာပြီး သူတို့လည်း နောက်ဆုတ်သွားရသည်။

သူတို့သည် ထိုလျှပ်စီးကို မခုခံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုလျှပ်စီးကို ခုခံလိုက်သည်နှင့် ကောင်းကင်အတိဒုက္ခကို နှောက်ယှက်သလိုဖြစ်သွားပြီး သူတို့သည် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ပေ။

လျှပ်စီးအတိဒုက္ခကို ဝင်ရောက်နှောက်ယှက်သည့်မည်သူမဆို ကောင်းကင်အပြစ်ပေးမှုကို လက်ခံရမည်ပင်။

သူတို့က ဘာလို့ ဒီလိုမျိုးလုပ်ရမှာလဲ .. သူတို့သည် ရိုက်ချက်များကို သည်းခံကာ ရှီဟောင်ထံသို့ပင် တရှိန်ထိုးပြေးသွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကိုးလွှာမြောက်လျှပ်စီးအတိဒုက္ခမှာ အနည်းငယ်ထူးဆန်းသည်ကို သူတို့သတိပြုမိပြီးသားပင်။ ရှီဟောင်၏ကျင့်ကြံဆင့်ကျသွားသည်နှင့်အတူ လျှပ်စီးများလည်း အတော်လေး အားပျော့နေလေပြီ။

ဤသည်မှာ ဟွမ်ကို သတ်ရန်အတွက် အချိန်ကောင်းပင်။

သူတို့သည် လျှပ်စီးကို တောင့်ခံကာ နတ်မီးတောက်နယ်ပယ်တွင်ရောက်နေသည့် ရှီဟောင်ကို တိုက်ခိုက်လာကြလေသည်။

သူတို့သည် အပြင်ဘက်မှ ကောင်းကင်နတ်ဘုရားများဖြစ်သောကြောင့် ကျိန်စာကို ကြောက်စရာမလိုပေ။

ဝိဉာဉ်လူမျိုးစုမှ လူများလည်း ရောက်လာကြသော်လည်း ကျိန်စာစွမ်းအင်များမှာ သိပ်သည်းလှသောကြောင့် ကောင်းကင်နတ်ဘုရားအိုကြီးသာ အထဲဝင်နိုင်လေသည်။

သူတို့ဂိုဏ်းခေါင်းဆောင်၏ မှော်ခွန်းအားမှာ စွမ်းအားကြီးလှသော်လည်း သူအပြင်ဘက်တွင်သာ နေခဲ့ရသည်။

ရွှီး..

ရှီဟောင်သည် လျှပ်စီးများမှဖြစ်လာသည့် သက်ရှိများနှင့် နောက်မှလိုက်နေသည့် သူများကို ရှောင်ရှားရန်အတွက် လျှပ်စီးတန်းအဖြစ်ပြောင်းလဲလိုက်ပြီး လျှပ်စီးများထံသို့ ဦးတည်သွားလိုက်သည်။

ကံကောင်းစွာဖြင့်ပင် လျှပ်စီးဖြင့်ဖန်တီးထားသည့် သက်ရှိများ၏ အရှိန်လည်းလျော့ကျသွားလေပြီ။

ဝုန်း..

ထိုသို့ဆိုသော်လည်း လျှပ်စီးများ ထွက်ပေါ်လာပြီး ရှီဟောင်အနားတွင် အပင်ပေါင်းစုံ အမြစ်တွယ်လာလေ၏။ ထိုအပင်များသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး သူ့အရိုးများကျိုးသည်အထိ သူ့ခန္ဓာကိုယ်အခြေအနေ ဆိုးရွားသွားရသည်။

သူ၏တာအိုလည်း အားနည်းလာကာ မှော်စွမ်းအားလည်း ကျလာသည်။

ကောင်းကင်အတိဒုက္ခလည်း အားနည်းလာပြီဖြစ်သော်လည်း သူ၏နတ်မီးတောက်နယ်ပယ်ကျင့်ကြံဆင့်ထက်တော့ မြင့်နေသေးသည်သာ။ သာမန်အပင်သက်ရှိတစ်ကောင်ကပင်လျှင် သူ့ကို သတ်နိုင်လေပြီ။

“အခြေအနေသိပ်မကောင်းဘူး .. သူ့ကို မြန်မြန်သတ်..”

ကောင်းကင်နတ်ဘုရားငါးယောက်၏ အမူအရာ ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လျှပ်စီးများကို မခုခံပဲ သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေစေသော်လည်း ဤသည်မှာ မလုံလောက်သေးပေ။

သူတို့သာ ဤအတိုင်းဆက်သွားနေလျှင် သူတို့ကိုယ်တိုင် အတိဒုက္ခထဲတွင် ဝင်ပါနေသည်နှင့် တူသွားလိမ့်မည်။

ထိုအချိန်ကျလျှင် သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့် အတိဒုက္ခကို ရင်ဆိုင်ရလိမ့်မည်။ ဤသည်မှာ သူတို့သေချာပေါက် သေသွားလိမ့်မည်ဟု ဆိုလိုခြင်းပင်။

သူတို့သည် ဟွမ်မဟုတ်သောကြောင့် ကောင်းကင်နတ်ဘုရားအဆင့်အတိဒုက္ခကို ဖြတ်ကျော်နိုင်စရာအကြောင်းမရှိပေ။

ဝုန်း..

ကောင်းကင်နတ်ဘုရားတစ်ယောက် လှုပ်ရှားလိုက်သည်။ သဘာဝဥပဒေသများသည် ပင့်ကူအိမ်တစ်ခုကဲ့သို့ ဖြစ်သွားလေသည်။

ရှီဟောင် ရင်တုန်သွားရ၏။ သူ၏အရှိန်မှာ အလွန်လျင်မြန်သော်လည်း ထိခိုက်သွားဆဲပင်။ သူသွေးအန်သွားကာ လွင့်ထွက်သွားလေ၏။

“မြန်မြန် … သူထပ်မတောင့်ခံနိုင်တော့ဘူး”

အခြားလူတစ်ယောက် ထပ်အော်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားအဆင့်ဓား တောက်ပလာကာ လေဟာနယ်ကို ထိုးခွဲလိုက်ပြီး အရှေ့သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ထိုဓားမှ ပြိုင်ဘက်ကင်းသည့်ဓားအလင်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ထိုးဖောက်ကာ ရှီဟောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် ရှီဟောင် တတ်နိုင်သမျှ ကြိုးစားလိုက်သော်လည်း စွမ်းအားကြီးသည့် သတ်ဖြတ်ခြင်းစွမ်းအင်များမှာ သူ့ထံသို့ ရောက်လာဆဲပင်။ သူခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲလုနီးပါး ဖြစ်သွားရသည်။

ကောင်းကင်ကြီးပင် သွေးနီရောင်လွှမ်းသွားလေပြီ။

ခပ်ဝေးဝေးတွင် ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ယွမ်ရှီးသည် ပါးစပ်ကိုလက်ဖြင့်ကာထားပြီး ယွဲ့ချန်၏ မျက်ခုံးကြားတွင် တောက်ပလာလေသည်။ ချောင်ယုရှန်းသည် လက်သီးများကို ဆုတ်ထားပြီး ချန်ကုန်းယန်၏ မျက်လုံးများ မှေးကျဉ်းသွားရသည်။

“ဟွမ်က ပြိုလဲတော့မှာလား..”

“ဟား ဟား .. သူလွတ်နိုင်မှာမဟုတ်ဘူး” သူ၏ကံဆိုးခြင်းကို ရယ်မောနေကြသည့်သူများလည်း ရှိသည်သာ။ ယခုအခြေအနေ ပြောင်းလဲသွားအောင် သူဘာလုပ်နိုင်မှာလဲ..

“နှမြောစရာပဲ .. ဒါက စိတ်ကြီးဝင်တဲ့သူတွေရဲ့ အဆုံးသတ်ပဲ .. သူက အတိဒုက္ခကို ဖြတ်ကျော်တာတောင်မှ စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းတာကို .. သူ့ကိုယ်သူ ဘာလို့ထင်နေတာလဲ .. ထာဝရစစ်နတ်ဘုရားလို့ထင်နေတာလား” အချို့သူများမှာ ပွင့်ပွင့်လင်းလင်းပင် လှောင်ရယ်နေကြလေ၏။

“ထွက်သွားစမ်း…” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ‌ကောင်းကင်နတ်ဘုရားအိုကြီး အော်ဟစ်လိုက်၏။ သူတိုက်ခိုက်နေပြီဖြစ်သော်လည်း သူကဘယ်လိုလုပ် လူငါးယောက်ကို တစ်ခါတည်း တိုက်နိုင်မည်နည်း.. သူတို့အားလုံးမှာ ကောင်းကင်နတ်ဘုရားများဖြစ်ကြသောကြောင့် သူလုပ်နိုင်တာ သိပ်မရှိပေ။

“ရှေးဟောင်းရတနာ အသက်သွင်းမယ်..”

တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။ သူတို့ဟွမ်ကို အသေခံမည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ဖိတ်ခေါ်ထားသည့်သူများလည်း ဤအခြေအနေကို ချေဖျက်ရန်အတွက် အစီအရင်များကို ချလိုက်ကြသည်။

ဖူး..

သို့သော်လည်း အတောင်ပံတစ်ခတ်စာအတွင်းမှာပင် ထိုကောင်းကင်နတ်ဘုရားငါးယောက်သည် ရှီဟောင်အား ရူးရူးမူးမူးပင် တိုက်ခိုက်နေကြလေ၏။ သူတို့၏ တိုက်ခိုက်မှုများမှာ ပစ်မှတ်ကို မထိသော်လည်း တိုက်ခိုက်မှုအစွန်အဖျားများမှာ ရှီဟောင်အား ထိခိုက်နေစေဆဲပင်။

ယခုတစ်ကြိမ်တွင် ရှီဟောင်၏ခန္ဓာကိုယ်၌ ဒဏ်ရာများ ပြည့်နှက်နေလေပြီ။

သူသည် အံကြိတ်လိုက်ကာ ဘာမှမပြောပဲ ဆက်ပြေးနေလိုက်သည်။

“မကောင်းတော့ဘူး”

ကောင်းကင်နတ်ဘုရားငါးယောက်ထဲမှ တစ်ယောက်၏ အမူအရာမှာ ဖြူဖျော့သွားရသည်။ သူတို့သည် လျှပ်စီးကို မခုခံသော်လည်း ဤကဲ့သို့ လျှပ်စီးထဲတွင် ပြေးနေသောကြောင့် သူတို့ကို အတိဒုက္ခဖြတ်သန်းနေသည့်သူဟု မှတ်ယူသွားကာ သူ့ထံသို့ လျှပ်စီးတန်းတစ်ခု ကျရောက်လာလေသည်။

သူတို့လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသော်လည်း တစ်ယောက်မှာ မလွတ်လိုက်ပေ။ ယခုအချိန်တွင် သူသည် ရှီဟောင်အား အများဆုံး တိုက်ခိုက်သည့်သူပင်။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုရားအဆင့် ကောင်းကင်အတိဒုက္ခကျရောက်လာလေ၏။ ဝုန်းဟူသည့်အသံနှင့်အတူ ဤနေရာတစ်ခုလုံးကို လျှပ်စီးများဖုံးလွှမ်းသွားလေ၏။ ထိုလူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။

ခပ်ဝေးဝေးတွင်ရှိနေသည့် သူအားလုံး တိတ်ဆိတ်သွားပြီး သူတို့ခန္ဓာကိုယ်များလည်း အေးခဲသွားရသည်။

ထိုအချိန်တွင် ရှီဟောင် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ၏မှော်စွမ်းအားများ ပြန်တက်လာပြီး သူ၏ခွန်အားများလည်း ပြန်ကောင်းလာလေပြီ။

ရှီဟောင်သည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသလိုက်ကာ သွေးစွမ်းအင်များလည်း ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် သူသည် ကိုယ်ပွားသုံးခုပြုလုပ်ကာ သူနှင့်အတူ တိုက်ခိုက်စေလိုက်သည်။

“မကောင်းတော့ဘူး”

ထိုကောင်းကင်နတ်ဘုရားလေးယောက်သည် ချွေးစေပြန်လာပြီး လျင်မြန်စွာပင် ထွက်ပြေးသွားကြလေသည်။

ဟွမ်ပြန်ကောင်းလာပြီဖြစ်ပြီး မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ထဲသို့ ပြန်ရောက်သွားလေပြီ။ သူသည် ယခုအချိန်တွင် ကောင်းကင်နတ်ဘုရားများနှင့် ယှဉ်နိုင်လေပြီ။

ထာဝရနန်းတော်နှင့် မြေအောက်လောကကလန်မှ ကောင်းကင်နတ်ဘုရားများကို ဟွမ်သတ်ခဲ့ခြင်းဖြစ်သောကြောင့် ဤလေးယောက်က ဘယ်လိုလုပ် မကြောက်ပဲနေမည်နည်း..

သူတို့သည် အစက ရှီဟောင်အားနည်းသွားသည်ကို အခွင့်ကောင်းယူလိုခြင်းဖြစ်သော်လည်း သူက ဤမျှမြန်မြန်ပြန်ကောင်းလာမည်ဟု သူတို့မထင်ထားခဲ့ပေ။

ရှီဟောင်၏ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားသုံးခုသည် အလင်းတန်းလေးခုအဖြစ်ပြောင်းလဲသွားကာ ထိုလူများနောက် လိုက်သွားလိုက်သည်။

“မင်းတို့တစ်ယောက်မှ ထွက်သွားလို့မရဘူး”

ရှီဟောင်သည် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် အခြားသူများကို ဘေးဖယ်နေရန် အသံပို့လွှတ်လိုက်သည်။

ဝုန်း..

သူ၏ခန္ဓာကိုယ်အစစ်မှ လက်သီးတစ်ချက်ထိုးလိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပင် အရောင်မှုန်မှိုင်းသွားလေ၏။ ထိုလက်သီးချက်တွင် ပြန်လည်ဝင်စားခြင်း၊ ခွန်ပန်နှင့် အခြားပညာများကို ပေါင်းစပ်ထားသည်သာ။

ထိုကောင်းကင်နတ်ဘုရား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး သူလည်းလျင်မြန်စွာပင် အသက်ကြီးလာလေသည်။

ဖုန်း..

ထို့နောက်တွင် ရှီဟောင်နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်နှင့် ထိုလူသည် ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။

“သတ်…”

အခြားတစ်ဖက်တွင်ရှိနေသည့် ရှီဟောင်၏ကိုယ်ပွားသည် ထာဝရဓားကိုကိုင်ကာ လျှပ်စီးဧကရာဇ်၏ လျို့ဝှက်ပညာကို ဓားသွားထဲသို့ ထည့်သွင်းလိုက်ပြီး ကောင်းကင်နတ်ဘုရားနှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေသည်။

နောက်ဆုံးတွင် ဖူးဟူသည့်အသံနှင့်အတူ ထိုကောင်းကင်နတ်ဘုရား၏ခေါင်းပြတ်သွားပြီး သွေးများလည်း လေထဲတွင် ပေပေါင်းများစွာ လွင့်စင်သွားလေသည်။

ထို့နောက်တွင် ကောင်းကင်အတိဒုက္ခကျရောက်လာပြီး ထိုအလောင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်လိုက်လေသည်။

“ခင်ဗျားတို့ ဘယ်သူမှ ထွက်သွားလို့မရဘူး”

အခြားကောင်းကင်နတ်ဘုရားနှစ်ယောက်သည်လည်း ရှီဟောင်နှင့် အပြင်းအထန် တိုက်ခိုက်နေလေသည်။

ဖူး..

ရှီဟောင်သည် ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ကာ ရောက်လာသည့်အရာအားလုံးကို တားဆီးလိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ မိုးမခကိုင်းများတစ်ခုပြီးတစ်ခု ထွက်လာကာ နတ်ချိန်းကြိုးများကဲ့သို့ပင် ကောင်းကင်နတ်ဘုရားတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖောက်သွားလေ၏။

ထိုလူသည် ကြိုးစားရုန်းကန်သော်လည်း အရာမထင်ပေ။

ထိုနေရာတွင်သာ သေဆုံးသွားလေ၏။

နောက်ဆုံးတစ်ယောက်သာ ကျန်တော့သည်။ ရှီဟောင်သည် သူ၏ကိုယ်ပွားများနှင့် ပြန်ပေါင်းလိုက်သည့်အချိန်တွင် သူသည် ကိုးခုမြောက်ကောင်းကင်ပညာကို အသုံးပြုလိုက်သည်။

ဝုန်း..

ဤစစ်ဆေးခြင်းကို ဖြတ်သန်းပြီးသည့်နောက်တွင် သူကောင်းကင်ဘုံသို့ တက်နိုင်လေပြီ။

ရှီဟောင် သွေးအန်သွားရလေ၏။ သူသည် ထိုနေရာတွင် ထိုင်ချလိုက်ကာ သူ၏အခြေအနေကို အကောင်းမွန်ဆုံးဖြစ်အောင် လုပ်လိုက်သည်။ သူ၏အရေပြားထက်တွင်လည်း တောက်ပသည့်အရောင်များ ထွက်ပေါ်လာလေ၏။

နောက်ဆုံးတွင်တော့ သူထလာကာ ကောင်းကင်ထက်သို့ တက်သွားလိုက်သည်။ ကိုးလွှာမြောက် ကောင်းကင်ဘုံ၏အပေါ်ဘက်တွင် အခြားနယ်မြေတစ်ခု ရှိနေသေးသည်။

၁၀လွှာမြောက် နောက်ဆုံး ကောင်းကင်အတိဒုက္ခရှိနေလေသည်။

သို့သော်လည်း ဤနေရာမှာ ထူးခြားလှသည်။ ရှေးဟောင်းသစ်ပင်များ မိုးထိုးနေပြီး မရေမတွက်နိုင်သည့် မြို့ပေါင်းများစွာမှ နာရီစင်များကိုလည်း မြင်နေရသည်။ ထာဝရဂူများမှာလည်း ကောင်းကင်ထက်တွင် မိုးထိုးနေလေသည်။ ပျံသန်းနေသည့်ငှက်များနှင့် လမ်းလျှောက်နေသည့်သားရဲများလည်းရှိသည်။ ဖီးနှစ်အစစ်များနှင့် နဂါးများပင် ရှိနေလေသည်။

ဤနေရာတွင် လှည့်ပတ်သွားလာနေကြသည့် သက်ရှိများမှာ စွမ်းအားကြီးကြသည့်အကောင်များပင်။ ဤအကောင်များသည် အန္တရာယ်များသော်လည်း ရှီဟောင်အား မတိုက်ခိုက်လာပေ။

ဤအကောင်များသာ တိုက်ခိုက်လာပါက သူအသက်ရှင်လျက်ထွက်နိုင်ရန် ခက်ခဲလိမ့်မည်ပင်။

ဤနေရာတွင် ခမ်းနားလှကာ တောက်ပသည့်အလင်းများထုတ်လွှတ်နေသည့် ရှေးဟောင်းစင်္ကြံတစ်ခုလည်း ရှိနေလေ၏။

ထာဝရသတ်ဖြတ်ခြင်းစင်မြင့်..

ထိုစင်မြင့်မှ ကြောက်စရာကောင်းလှသည့် သတ်ဖြတ်လိုသည့်စွမ်းအင်များ ထွက်ပေါ်နေလေသည်။ ရှီဟောင်ကဲ့သို့ စွမ်းအားကြီးသည့်သူပင်လျှင် ထိုစင်မြင့်ထက်သို့ တက်ရဲမည်မဟုတ်ပေ။ ထိုအနားကပ်လိုက်ရုံဖြင့်ပင် သူ၏ခန္ဓာကိုယ် ပျက်စီးသွားတော့မည်ဟု သူခံစားနေရသည်။

ရှီဟောင် ဤနေရာကို လှည့်ပတ်ကြည့်လိုက်၏။ သူအန္တရာယ်ကြုံတွေ့ခဲ့ရသော်လည်း သူဖြေရှင်းနိုင်သည့်ပမာဏပင်။

အရှေ့တွင် ရောင်စုံအလင်းတန်းများ ထုတ်လွှတ်ပြီး ရောင်စုံမြူများ ရစ်ဆိုင်းနေသည့် ရှေးဟောင်းရေကန်တစ်ခု ရှိနေလေ၏။ ဖရိုဖရဲစွမ်းအင်များလည်း ဝေ့ဝဲနေပြီး ကျိန်စာစွမ်းအင်အားလုံးကို ပျက်ပြယ်နေစေလေသည်။

ထာဝရရေကန်..

ဒဏ္ဍာရီအရဆိုလျှင် ဤသည်မှာ လျှပ်စီးအတိဒုက္ခထဲတွင်ရှိသည့် ပြိုင်ဘက်ကင်းသည့် အဖိုးတန်ရေကန်ပင်။

ရှီဟောင်ဤရေကန်ကိုတွေ့ရသည်မှာ သုံးကြိမ်မြောက်ပင်။ ဤရေကန်မှာ သိပ်မကြီးပေ။

သူအောင်မြင်သွားလေပြီ။

သူပါးစပ်အပြည့်တစ်ငုံသောက်လိုက်သည်။ ဤသည်မှာ အလွန်မွှေးကြိုင်လှပြီး ချိုမြိန်မှုမှာ သူ၏လည်ချောင်ကိုပင် စိုစွတ်သွားစေခဲ့သည်။ သူ၏ကိုယ်တွင်းဒဏ်ရာများနှင့် ပင်ပန်းနွမ်းနွယ်မှုများမှာ ခြေရာလက်ရာမကျန်အောင်ပင် ပျောက်ကွယ်သွားလေပြီ။

သူခပ်ဝေးဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် မြို့ခံများအားလုံးမှာ နီရဲနေသည့်မျက်လုံးများဖြင့် သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အခြားကောင်းကင်နတ်ဘုရားများမပြောနှင့် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ဘိုးဘေး၏ မျက်လုံးများပင်လျှင် နေကဲ့သို့ တောက်ပနေလေပြီ။

ဤသည်မှာ သူတို့၏ အသက်ကယ်နတ်ဆေးရည်ပင်။

အခြားကလန်မှ ကောင်းကင်နတ်ဘုရားများမှာမူ ငြိမ်ငြိမ်မနေနိုင်ကြတော့ပေ။ သူတို့သည် ချက်ချင်းပင် ရှီဟောင်အား ကောင်းမွန်သည့်သဘောထားများ ပြသလာကြလေ၏။

ထိုအထဲတွင် မနုဿလူမျိုးစုမှ မာယွမ်နှင့် ဖိန်းလူမျိုးစုမှ မိုလော့၏ အမူအရာများလည်း ပြောင်းလဲသွားကြသည်။ သူတို့သည် အလွန်ပင် နောင်တရနေကြပြီး ဤသည်ကို လက်မခံနိုင်ဖြစ်နေကြလေသည်။

အပိုင်း ၁၁၈၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၀ – အဖိုးတန်ဆေးရည်တိုက်ပွဲ

ဤသည်မှာ ရိုးရှင်းကာ ရှေးကျလှသည့် ကျောက်တုံးမှဖြတ်ထားသည့် ရေကန်ပင်။

ရှီဟောင်သည် တစ်လုပ်ပြီးတစ်လုပ်ပင် သောက်နေလေ၏။ သူ၏ခန္ဓာကိုယ်သာမက သူ၏မူလဝိဉာဉ်ပင်လျှင် အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိနေလေပြီ။ ယခင်က အတွင်းဒဏ်ရာများလည်း အားလုံး ပျောက်ကွယ်သွားလေပြီ။

သူ့ကို ကြည့်နေသည့် တောက်ပသည့်မျက်လုံးများစွာရှိနေသည်ကိုသိသော်လည်း သူမျက်တောင်တစ်ချက်ပင် မခတ်ပေ။ သူသည် မျက်လုံးမှိတ်လိုက်ကာ ထိုနေရာတွင်ပင် ထိုင်ချလိုက်ပြီး ဤလောက၏ သဘာဝဥပဒေသကို သေချာလေ့လာနေလိုက်သည်။

ယခု တစ်ကြိမ်အတိဒုက္ခဖြတ်ကျော်ခြင်းမှ သူအကျိုးကျေးဇူးများစွာ ရရှိလိုက်သည်။ သူ၏ခန္ဓာကိုယ်နှင့် မူလဝိဉာဉ်သည် အကြိမ်ပေါင်းများစွာ ကွဲလိုက်ဆက်လိုက်ဖြစ်ခဲ့သည်။ ဤသည်မှာ သူ့အတွက် အလွန်အကျိုးများသည့် ရှေးဟောင်းနည်းလမ်းတစ်ခုပင်။

ထာဝရရှေးဟောင်းခေတ်မှာ စွမ်းအားကြီးလှပြီး အသက်ရှည်သည့်သူများရှိနေခြင်းမှာ ထိုလောက၏ ပတ်ဝန်းကျင်မှ ခွင့်ပြုထားသောကြောင့်ပင်။ သာမန်မဟုတ်သည့်သူအားလုံးမှာ လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းရသည်ပင်။

ဤလောက၏သဘာဝဥပဒေသမှာမူ ဤသည်ကို ခွင့်မပြုတော့ပေ။ အတိဒုက္ခကို ဆင့်ခေါ်သည့်သူပေါ်မူတည်ပြီး ယခင်ကထက်ပိုပြင်းထန်သည့် အတိဒုက္ခများကိုသာ ကျရောက်စေလေသည်။

ရှီဟောင်၏အသွေးအသားတစ်လက်မစီတိုင်း တောက်ပနေပြီး ထူးဆန်းသည့်သင်္ကေတများလည်း ထွက်ပေါ်လာလေသည်။

သူသည်ပို၍ပင် စွမ်းအားကြီးလာသည်ဟု ခံစားလိုက်ရသည်။

သူ နတ်ဘုရင်အတိဒုက္ခကို အောင်မြင်သွားပြီလား..

“နတ်ဘုရင် .. အသက်နှစ်ဆယ်ပဲရှိသေးတဲ့ ငယ်ရွယ်တဲ့ကျင့်ကြံသူတစ်ယောက်က အားလုံးကို တုန်လှုပ်သွားအောင် လုပ်လိုက်တာပဲ”

အသက်ကြီးသည့်သူများမှာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

ခပ်ဝေးဝေးတွင်ရပ်နေသည့် ယွမ်ရှီး၏အမူအရာများလည်း ရှုပ်ထွေးနေလေသည်။ ဤသူငယ်ချင်းဟောင်းမှာ စွမ်းအားကြီးလှပြီး နတ်ဘုရင် အတိဒုက္ခကို အောင်မြင်စွာ ဖြတ်သန်းနိုင်လေပြီ။

ယခင်က သူတို့တွေ လီပေါင်း ထောင်ပေါင်းများစွာ အတူတကွ ခရီးသွားခဲ့ကြပြီး သူတို့အချင်းချင်းလည်း အတော်လေး နီးစပ်ခဲ့ကြသည်။ သို့သော်လည်း သူမ၏ကလန်သားများကြောင့် အားလုံးပျက်စီးသွားလေပြီ။

လျှပ်စီးထဲတွင်ထိုင်နေသည့်သူကို ကြည့်ပြီး အာကာသကလန်မှာ ယခုအချိန်တွင် နောင်တအကြီးအကျယ်ရနေပြီဆိုသည်မှာ စဉ်းစားကြည့်ရန်ပင် မလိုပေ။

“ယွဲ့ချန် .. မင်းနဲ့သူ့ကြားမှာ တကယ်ပဲ ဘာမှမရှိဘူးလား” နတ်နန်းဂိုဏ်းမှ ကောင်းကင်နတ်ဘုရား တီးတိုးမေးလိုက်သည်။

“ဦးလေး .. အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် သမီးဦးလေးကိုစကားမပြောတော့ဘူး” ယွဲ့ချန် ဒေါသတကြီးပြောလိုက်သည်။ ဤဦးလေးသည် ဟွမ်အား အတော်လေးပင် သဘောကျနေလေပြီ။

“မင်းက ငယ်ရွယ်သေးတယ် .. မင်းရှက်နေတယ်ဆိုရင်တောင်မှ ဒါက သဘာဝပဲ .. ဒါပေမဲ့ ငါကမင်းဦးလေးလေ .. အဲဒီတော့ မင်းငါ့ကို ဘာမဆို ပြောပြလို့ရတယ် .. မင်းက မြင့်မြတ်တဲ့မိန်းမပျိုဆိုရင်တောင်မှ မင်းနဲ့သူ့ကြားမှာ တစ်ခုခုရှိနေရင် ဒါက ဆွေးနွေးလို့မရတဲ့ ကိစ္စမဟုတ်ဘူး .. ငါတို့ဂိုဏ်းခေါင်းဆောင်ကို သွားမေးပြီးတော့ ဘာလုပ်ရမလဲဆိုတာ ဂိုဏ်းခေါင်းဆောင်ကို ဆုံးဖြတ်ခိုင်းလို့ရတယ် .. သူသာ ငါတို့ နတ်နန်းဂိုဏ်းထဲဝင်ရင် ဘာပဲပေးရပေးရ တန်ပါတယ်” ဤငယ်ရွယ်သည့် ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။

ယွဲ့ချန်၏ တောက်ပသည့်အဖြူရောင်နဖူးထက်တွင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာလေ၏။ သူ၏ဦးလေးမျက်နှာကို လက်သီးဖြင့် ထိုးမိတော့မည်။

သူမနှင့် ရှီဟောင်မှ မီးနှင့်ရေလိုပင်။ သူတို့ကြားတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ သူ့မအတွက်မူ အညံ့ခံရန်မှာ လုံးဝမဖြစ်နိုင်သည့်ကိစ္စပင်။

အေးစက်ခြင်းနယ်မြေတွင် ဖြစ်ခဲ့သည့်အရာများနှင့် ရှီဟောင်နှင့်ချင်းရီတို့ကြားမှ ကိစ္စများကို စဉ်းစားမိလိုက်သည့်အချိန်တွင် သူမဒေါသတကြီး အံကြိတ်လိုက်လေ၏။

“ဟူး .. ငါ့ဆရာပြောတာ စားဖို့ပဲသိတဲ့လူတစ်ယောက်က ငါ့ကို အဆုံးသတ်လိမ့်မယ်တဲ့ .. အဲဒါက တကယ်ပဲဒီကောင်ဖြစ်လိမ့်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်” ချောင်ယုရှန်းသည် ရှီဟောင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“သူက ဒီလောက်အဆင့်ကို ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” နဂါးမိန်းမပျိုလေး၏ ဆံပင်များမှာ ခါးထိဝေ့ဝဲကျနေပြီး သူမ၏မျက်လုံးများလည်း တောက်ပနေလေသည်။ သူမသည် ချန်ကုန်းယန်ကို ကြည့်လိုက်ပြီး နှစ်ယောက်လုံးမှာ အလွန်ထိတ်လန့်နေကြလေ၏။

ရှီဟောင်သည် လျှပ်စီးအတိဒုက္ခရည်များစွာကို သောက်လိုက်ပြီး သူ၏တာအိုစွမ်းအားကြီးလာပြီး ထပ်သောက်လည်း မထူးတော့မှသာ ရပ်လိုက်လေသည်။

“ဒီ မြင့်မြတ်တဲ့စတေးခြင်းနယ်ပယ်မှာ ငါ့ကျင့်ကြံဆင့်က တော်တော်လေးတည်ငြိမ်နေပြီ .. ငါကောင်းကင်နတ်ဘုရားအဆင့်မှာ အချိန်တော်တော်ကြာနေနိုင်လိမ့်မယ် .. ရုတ်တရက်ကြီး အဆင့်ကျသွားမှာ မဟုတ်တော့ဘူး”

သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ကို ဖြတ်ကျော်နိုင်သွားပြီဟု သူယုံကြည်သည်။ ခွန်အားများတက်လိုက်ကျလိုက်မဖြစ်တော့သည်နှင့် ထိုသူသည် ကောင်းကင်နတ်ဘုရားများကြားမှ ဘုရင်ဖြစ်သွားမည်သာ။

“ဟမ်..”

ရှီဟောင် ထိတ်လန့်သွားရသည်။ ထာဝရကန်မှ ငါးရောင်စပ်အလင်းများ ထွက်ပေါ်လာပြီး မြူများအဖြစ် ပျောက်ကွယ်သွားသည်ကို သူတွေ့လိုက်ရသည်။ ဒီလျှပ်စီးအတိဒုက္ခရည်က အငွေ့ပျံသွားတာလား..

ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးသေးပေ။

ခဏကြာပြီးသည့်နောက်တွင် လျှပ်စီးများမှာ ပုံမှန်မဟုတ်သည်ကို သူတွေ့လိုက်ရသည်။ တည်ငြိမ်နေသည့် ၁၀လွှာမြောက်ကောင်းကင်မှ ရုတ်တရက်ပင် လျှပ်စီးများ ကြမ်းတမ်းလာပြီး ပြင်းထန်လာလေသည်။

“တစ်ယောက်ယောက် ငါ့ရဲ့ လျှပ်စီးအတိဒုက္ခရည်ကို ခိုးနေတာလား” ရှီဟောင် ဒေါသထွက်သွားရသည်။

မြူခိုးများသည် နေရာတစ်ခုသို့ ဦးတည်သွားနေခြင်းပင်။ ဤသည်မှာ အစသာရှိသေးပြီး သိပ်မကုန်သေးသော်လည်း သူသတိအနေအထားဖြစ်သွားသည်။ ဤလူ၏နည်းလမ်းများမှာ ပုံမှန်မဟုတ်ပေ။

ဝုန်း..

ရှီဟောင်သည် ထာဝရကန်ကို ချိတ်ပိတ်လိုက်ပြီး မြူခိုးများကို ထွက်သွားခွင့်မပြုတော့ပေ။ ဤသည်မှာ အလွန်အဖိုးတန်သည့်အရည်များပင်။

ဝုန်း..

ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ ဇောက်ထိုးမိုးမျှော်ဖြစ်တော့မလိုပင်။ လေဟာနယ်မှ ဖောက်ထွက်လာသည့် စွမ်းအားကြီးလှသော စွဲငင်အားတစ်မျိုး ရှိနေလေ၏။ လျှပ်စီးအတိဒုက္ခရည်အား အတင်းပင် ယူနေလေသည်။

မြို့ခံများမှာ ပို၍ပင် စမ်းကြည့်ချင်လာကြလေသည်။ သူတို့သည် စွပ်ပြုတ်တစ်ပန်းကန် ရရန် ကြိုးစားလာကြသည်။

ငါးရောင်စပ်နတ်အရိုးမှ ပြုလုပ်ထားသည့် ရတနာပန်းကန်လုံးတစ်လုံးသည် အနက်ရောင်တိမ်တိုက်များကို ဖောက်ထွက်လာလေသည်။ ထိုပန်းကန်လုံးသည် တောင်တစ်လုံးခန့်ပင် ကြီးမားလှပြီး တောက်ပနေလေသည်။

ထိုပန်းကန်လုံးအဝတွင် ထူးဆန်းသည့်စွမ်းအားတစ်မျိုးလည်းရှိနေလေသည်။ သဘာဝဥပဒေသများ ရောယှက်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ စွမ်းအင်များကို စုတ်ယူနေလေသည်။

ဤသည်မှာ အခြားသူများ၏ ကြိုးစားအားထုတ်မှုကို ခိုးယူနေခြင်းပင်။

ဤသည်မှာ ထာဝရမြို့ခံများကို ဒေါသထွက်သွားစေသည်ပင်။

လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် အခြားသူများမှာ ပို၍ပင် ဒေါသထွက်သွားကြရသည်။ သူတို့သည် ရှီဟောင်အား ကာကွယ်နေသော်လည်း တစ်ယောက်ယောက်မှ ဤနတ်ဆေးရည်ကို လာလုရဲသေးသည်။

“လျှပ်စီးအတိဒုက္ခရည်ကို ငါ့တို့ပိုင်တာ .. ဒါက ကျိန်စာကို ဖြေပေးနိုင်တယ် .. အဲဒီဆေးရည်ကို ငါ့တို့ကိုပေးဖို့ သူ့ကို ပြောလိုက်” အမှောင်ထုထဲမှ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

ရှီဟောင်၏မျက်လုံးများ အေးစက်လာလေသည်။ သူသည် ထာဝရကန်ဘေးနားတွင် ရပ်နေပြီး အဖိုးတန်အရည်များကို ချိတ်ပိတ်ထားကာ စီးဆင်းခွင့်မပြုပေ။

ထိုရတနာပန်းကန်လုံးမှာ အမှန်တကယ်ပင် ထူးခြားလှသည်။ သူ၏ခွန်အားမှာ ကောင်းကင်နတ်ဘုရားများကိုပင် အံ့အားတကြီး ဖြစ်သွားစေသည်။ သို့သော်လည်း ဤပန်းကန်လုံးကြောင့်ပင် လျှပ်စီးများကို ဆွဲခေါ်ယူသလို ဖြစ်နေလေပြီ။

ပုန်းကွယ်ကာ လှုပ်ရှားနေသည့်သူမှာ ရတနာပန်းကန်လုံးကို လွတ်လိုက်ပြီး အနားကပ်မလာရဲတော့ပေ။ သူသာ ကောင်းကင်အပြစ်ပေးမှုကို ခံရပါက အကျိုးဆက်များမှာ ကောင်းမွန်မည်မဟုတ်ပေ။

“လျှပ်စီးအတိဒုက္ခရည်ကို ပေးလိုက် .. ဒါကို ငါတို့ ထာဝရရှေးဟောင်းမြေက မြို့ခံတွေပိုင်တာ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

အခြားသူအနည်းငယ်သည်လည်း ဤသည်ကို ထောက်ခံလာကြလေသည်။ ဤလျှပ်စီးအတိဒုက္ခရည် ပေါ်လာအောင်လုပ်သည့်သူမှာ မည်သူပဲဖြစ်နေပါစေ သူတို့၏ကျိန်စာကို ဖြေဖျောက်ကာ ဘဝသစ်ရရန်အတွက် ဤသည်ကို လိုချင်နေကြသည်ပင်။

“ဘယ်သူများလဲလို့ .. ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုကပါလား .. ခင်ဗျားတို့က တကယ်တစ်ခုခုပဲ .. ဟွမ်ရဲ့ လျှပ်စီးအတိဒုက္ခရည်ကို လိုချင်နေတာလား .. ဒါပေမဲ့ ခင်ဗျားတို့ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာကိုတော့ သိချင်မိသား..

ထိုအချိန်တွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုဘိုးဘေးပြောလိုက်သည်။ သူ၏အသံကို ကြားလိုက်ရသည့်အချိန်တွင် အားလုံးတုန်လှုပ်သွားရသည်။

ခဏကြာပြီးနောက် ရှီဟောင်လည်း နားလည်သွားလေပြီ။ ကောင်းကင်နတ်ဘုရားငါးယောက် အတိဒုက္ခထဲသို့ ဝင်လာပြီး သူ့အားတိုက်ခိုက်သည့်အချိန်တွင် သူ့ကိုကူညီရန်လာသည့် ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားကို တားဆီးလိုက်သည့်သူမှာ ဤလူပင်။

“ငွေရောင်သွေးနတ်ဆိုးသစ်ပင်မျိုးစု” ရှီဟောင်၏မျက်လုံးများမှာ ပို၍ပင် အေးစက်လာခဲ့လေသည်။

“လူငယ်လေး .. မင်းဆီမှာ လျှပ်စီးအတိဒုက္ခရည်တွေ အများကြီးရှိနေတာ .. မင်းလည်း အဲဒီလောက်မလိုဘူးဆိုတော့ တစ်ခြားကျင့်ကြံသူတွေကို လက်ဆောင်ပေးလိုက်ပြီးတော့ ငါတို့ရဲ့ ကပ်ဆိုးကို မကယ်ချင်ဘူးလား .. အချိန်ကျလာရင် လူအများကြီးက မင်းကိုကျေးဇူးတင်နေမှာပါ” ငွေရောင်သွေးနတ်ဆိုးလူမျိုးစု ဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။

သူ၏ခန္ဓာကိုယ်အစစ်ကို ပြသလာလေပြီ။ ဤသည်မှာ အကြီးအကဲတစ်ဦးဖြစ်သော်လည်း သူ၏စိတ်မှာမူ ဖျတ်လတ်နေဆဲပင်။ သူ့အနောက်တွင် မိုးထိုးနေသည့် ငွေရောင်ရှေးသစ်ပင်ကြီး ရှိနေလေသည်။

“ကျုပ်ရဲ့ ကိစ္စကို ကျုပ်ကိုင်တွယ်နိုင်တယ် .. ကျွန်တော်ဘယ်သူ့ကို ပေးရမလဲဆိုတဲ့ကိစ္စကို ခင်ဗျားစိတ်ပူစရာမလိုဘူး” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။ ဤဂိုဏ်းခေါင်းဆောင်သည် သူ့အား အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသည်။

ပထမ ဝိဉာဉ်ကျွန်းတွင် သူ့အားအတင်းဖမ်းချင်ခဲ့သည်။ ထို့နောက် အပြင်လောကမှ ကောင်းကင်နတ်ဘုရားများ ဝင်ရောက်နှောက်ယှက်သည့်အချိန်တွင်လည်း သူ့ကို သတ်ဖို့ကြိုးစားခဲ့သည်။ ယခု သူ၏ လျှပ်စီးအတိဒုက္ခရည်ကို လုယူချင်နေသည်။ ရှီဟောင်က သူ့ကို အဘယ်ကြောင့် ကောင်းကောင်းဆက်ဆံရမည်နည်း..

“လူငယ်လေး .. လူတစ်ယောက်က မျှဝေတတ်တဲ့ နှလုံးသား ရှိရတယ် .. ကျိန်စာရဲ့နှိပ်စက်မှုဒဏ်ကို ခံနေရတဲ့သူတွေ အများကြီးရှိတယ် .. မင်းမျက်စိရှေ့မှာ လျှပ်စီးအတိဒုက္ခရည်တွေ အများကြီးရှိနေတဲ့အချိန်မှာတောင်မှ မင်းက သူတို့တွေ ဒုက္ခခံစားရတာကို ကြည့်နေမှာလား .. မင်း သူတို့ကို မကယ်ချင်ဘူးလား” ငွေရောင်သွေးနတ်ဆိုးသစ်ပင်ဘိုးဘေးမှ သက်ပြင်းချကာ ပြောလိုက်လေ၏။

“လူအိုကြီး .. ခင်ဗျားက တရားမျှတမှု တော်တော်ရှိတာပဲ .. အလှူလက်ဖက်နဲ့မျက်နှာလုပ်ချင်နေတာ အားလုံးကိုတောင် ဆွဲထည့်လိုက်သေးတယ် .. အခု ကျုပ်ကို တရားမှုတမှုမရှိတဲ့သူလို့တောင် လာပြီးတော့ ခေါင်းစဉ်တပ်နေသေးတယ်” ရှီဟောင်အေးစက်စွာပင် ပြန်ပြောလိုက်သည်။

“ကျုပ် လျှပ်စီးအတိဒုက္ခရည်ကို သိမ်းထားမှာမဟုတ်ဘူး .. မြို့ခံတွေ အကုန်လုံးကို ပေးပစ်မှာ ..ဒါပေမဲ့ အဲဒီထဲမှာ သေချာပေါက် ခင်ဗျားတို့ ငွေရောင်သွေးနတ်ဆိုးသစ်ပင်မပါဘူး .. ခင်ဗျားတို့ တစ်စက်မှ မရစေရဘူး” သူဆက်ပြောလိုက်သည်။

“လူငယ်လေး .. မင်းဘာလို့ အဲဒီလောက်တောင် သွေးအေးရတာလဲ .. မင်းဘာလို့ ဒီလိုမျိုး လုပ်ရက်နိုင်ရတာလဲ .. မင်းတကယ် တရားမျှတမှုရှိတယ်ဆိုရင် အဖိုးတန်အရည်ကို အညီအမျှခွဲပြီးတော့ ဂိုဏ်းတွေအားလုံးကို ပေးလိုက်လေ .. မင်းပေးချင်တဲ့သူကိုပဲ ရွေးပြီး မပေးနဲ့လေ” ငွေရောင်သွေးနတ်ဆိုးသစ်ပင်ဘိုးဘေးမှ အေးစက်စွာပင် ပြောလိုက်လေ၏။ သူသည် အခြားသူများကြားကို သွေးခွဲနေခြင်းပင်။

“ခင်ဗျားအဲဒီလောက်လိုချင်နေရင် ကျုပ်ခင်ဗျားတို့ကလန်ကို အရောက်ပို့ပေးလိုက်မယ် .. ခင်ဗျားတို့လိုချင်သေးရဲ့လားဆိုတာ ကြည့်ကြသေးတာပေါ့” ရှီဟောင်ပြောလိုက်သည်။ ထို့နောက်တွင် သူသည် လျှပ်စီးပင်လယ်ကြီးကို ခေါ်ဆောင်ကာ လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဤကလန်သည် သူ့ကို သတ်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။ ဤလူအိုကြီးဆိုလျှင် ပိုတောင်ဆိုးသေးသည်။ ယခု သူသည် လျှပ်စီးအတိဒုက္ခရည်ကို အတင်းအကြပ်လိုချင်ရုံသာမက ထာဝရရှေးဟောင်းမြေမှ မြိုခံများကိုပင် သူနှင့် ရန်တိုက်ပေးနေသေးသည်။ သူက ဒီကိစ္စကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ အဆုံးသတ်ခွင့်ပေးနိုင်မှာလဲ..

ရှီဟောင်သည် ပြတ်သားစွာဖြင့်ပင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစု၏ ရှေးဟောင်းမြေသို့ ဦးတည်သွားလိုက်လေသည်။

၁၀လွှာမြောက် ကောင်းကင်ဘုံမှာ ပျောက်ကွယ်မသွားသေးပေ။

ငွေရောင်နတ်ဆိုးသစ်ပင်များကို မျက်စိတစ်ဆုံးမြင်နေရပြီး ဝိဉာဉ်စွမ်းအင်များလည်း အဆုံးမရှိအောင် များပြားလှသည်။

ဤသစ်ပင်များအပြင် နန်းတော်နှင့် ပေါလောပေါ်နေသည့်ကျွန်းများလည်း ရှိလေ၏။ ဤသည်မှာ ဤကလန်၏ အရေးကြီးသည့်နေရာများပင်။

“လူငယ်လေး .. မင်းလုပ်ရဲတယ်လား” လူများစွာ လိုက်လာကြလေ၏။ သူဘာလုပ်တော့မည်ကို ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုဘိုးဘေး သိနေသည်သာ။ ဒီကောင်က ကောင်းကင်အတိဒုက္ခကို နောက်တစ်ကြိမ် ဆင့်ခေါ်ခြင်နေခြင်းပင်။

“ကျုပ်ကဘာလို့ မလုပ်ရဲရမှာလဲ” ရှီဟောင် အေးစက်စွာ ပြောလိုက်သည်။

၁၀လွှာမှ လျှပ်စီးပင်လယ်မှာ အစက အလွန်တည်ငြိမ်နေသော်လည်း ယခုအချိန်တွင် သူသည် သက်ရှိအနည်းငယ်ထံသို့ ပေါက်ကွဲစေလိုက်သည်နှင့် အဆုံးမရှိသည့်လျှပ်စီးများ ကျရောက်လာပြီး တောင်များနှင့်မြစ်များကိုပင် ဖျက်ဆီးပစ်လေသည်။

“မြန်မြန် နောက်ဆုတ်..”

ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှ ဘိုးဘေးသသည် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်လေ၏။ ဤလူငယ်လေး၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရက်စက်မှုမှာ သူထင်ထားသည်ထက်ပင် ပိုနေသည်။ ဤလူငယ်သည် သူ့အသက်ကိုပင် သူဂရုမစိုက်ပဲ လျှပ်စီးအတိဒုက္ခကို နောက်တစ်ကြိမ် ဆင့်ခေါ်ရဲသေးသည်။

သူလည်း အပေါ်သို့ မတက်သွားရဲပေ။ ဂိုဏ်းခေါင်းဆောင်အဆင့် ကောင်းကင်အတိဒုက္ခကျရောက်လာလျှင် သူသေသွားလိမ့်မည်။

“လူငယ်လေး .. မင်းဒီလိုမျိုးလုပ်နေရင် ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ၁၀ခုမှာ မင်းကို လက်ခံရဲတဲ့သူရှိတော့မှာမဟုတ်ဘူး” ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အဲဒီလိုလား .. ခင်ဗျားဒီလိုမျိုးလုပ်နေတာတောင်မှ ကျုပ်က နည်းနည်းလေးမှ ပြန်လုပ်လို့မရဘူးပေါ့” ရှီဟောင်၏အသံမှာ အေးစက်နေပြီး ကြောက်လန့်တကြားထွက်ပြေးနေသည့်သူများကို စိုက်ကြည့်နေလေသည်။ “ဘယ်သူပဲဖြစ်ဖြစ် ဒီလူအိုကြီးကို ပျက်စီးသွားအောင်လုပ်နိုင်တဲ့သူနဲ့ ကျုပ်သူငယ်ချင်းဖြစ်ချင်တယ် .. သူတို့ရဲ့ကလန်ကိုလည်း လျှပ်စီးအတိဒုက္ခရည်ပေးမယ်”

ရှီဟောင်၏အသံမှာ ကောင်းကင်ကိုပင် လှုပ်ခါသွားစေလေသည်။ ထာဝရရှေးဟောင်းမြေတွင် ကျွမ်းကျင်သူများရှိနေသည့် ဂိုဏ်းများစွာ ရှိနေသည်သာ။

အပိုင်း ၁၁၉၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၁ – အားလုံးပါဝင်လာခြင်း

လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု၏ ဂိုဏ်းခေါင်းဆောင်တစ်ယောက်တည်းဖြင့် မလုံလောက်ဘူးဟု ရှီဟောင်ခံစားရသည်။ ဤငွေရောင်သွေးနတ်ဆိုးသစ်ပင်ဘိုးဘေးကို သတ်ချင်လျှင် လူများများပိုလိုအပ်သည်။

ဝိဉာဉ်လူမျိုးစုမှ ဂိုဏ်းခေါင်းဆောင်သည် ချက်ချင်းပင် မတ်တပ်ရပ်လာလေ၏။ ရှီဟောင်သည် သူတို့ကို မမျှမတဆက်ဆံမည်မဟုတ်မှန်း သူသိသော်လည်း သူလုပ်ပြရဦးမည်ပင်။

အခြားပုံရိပ်တစ်ခုလည်း ချက်ချင်းပင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်ဘိုးဘေးထံသို့ တရှိန်ထိုးပြေးသွားလေသည်။

ထာဝရရှေးဟောင်းမြေမှာ ကျိန်စာသင့်နေပြီး ဤကျိန်စာမှာလည်း သူတို့ကို အတော်လေး ဒုက္ခပေးနေသည်ပင်။ ပုံမှန်အားဖြင့်ဆိုလျှင် ဂိုဏ်းခေါင်းဆောင်အဆင့်သက်ရှိများမှာ အလွန်နည်းပြီး အများစုမှာ သူတို့လူမျိုးစုမှ ထွက်ခွာ၍မရပေ။ သူတို့သည် အမြဲတမ်းလိုလိုအိပ်နေကြသည်သာ။

သို့သော် ယနေ့မှာ ထူးခြားသည့်နေ့ပင်။ ဂိုဏ်းအားလုံးမှာ ရှီဟောင် အတိဒုက္ခကို ဖြတ်ကျော်နိုင်မလား မဖြတ်ကျော်နိုင်ဘူးလားဆိုသည်ကို အာရုံစိုက်နေကြသောကြောင့် ဂိုဏ်းခေါင်းဆောင်များကိုယ်တိုင် ရောက်လာကြခြင်းပင်။ ယခု သူတို့တိုက်ခိုက်ကြတော့မည်။

“တာအိုသူငယ်ချင်း .. မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ .. မင်းတို့တွေက အပြင်ကလူတစ်ယောက် ငါတို့တွေကြားထဲ သွေးခွဲတာကို ခံမလို့လား .. အဲဒီလျှပ်စီးအတိဒုက္ခရည်က သေချာပေါက်ငါတို့ဟာပဲ .. အဲဒီတော့ ငါတို့ကဘာလို့ ငါ့တို့ဆက်ဆံရေးတွေကို ပျက်စီးအောင်လုပ်နေမှာလဲ” ငွေရောင်သွေးနတ်ဆိုးသစ်ပင်ဘိုးဘေး ပြောလိုက်သည်။

“ငါတို့လူမျိုးစုတွေက အစကတည်းက ရန်ငြိုးတွေ ရှိနေကြတာ .. အဲဒီတော့ အဲဒီရန်ငြိုးတွေကို ဒီမှာရှင်းမယ်” ဝိဉာဉ်ကလန်မှ ဘိုးဘေးပြောလိုက်သည်။

“အားလုံးပဲ ကျုပ်က ဒီတစ်ကြိမ်ပဲ အတိဒုက္ခကို ရင်ဆိုင်မှာမဟုတ်ဘူး .. နောက်ကျရင် စွမ်းအားကြီးတဲ့ လျှပ်စီးအတိဒုက္ခတွေကို ဖြတ်ကျော်ဦးမှာ .. ခင်ဗျားတို့ရဲ့ကလန်သားအားလုံးကိုလည်း ကုပေးမယ်လို့ ကျုပ်ကတိပေးတယ်” ရှီဟောင်ကြေငြာလိုက်သည်။

ဝုန်း..

ဂိုဏ်းခေါင်းဆောင်များမှာ ချက်ချင်းပင် လှုပ်ရှားလာကြလေ၏။

“မင်းတို့တွေ..” ငွေရောင်သွေးနတ်ဆိုးသစ်ပင်ဘိုးဘေးမှာ ဒေါသထွက်သွားရသော်လည်း အခြေအနေများမှာ သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ သူဤနေရာတွင် ဆက်နေ၍မရတော့သဖြင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ဂိုဏ်းခေါင်းဆောင်များကြားမှ တိုက်ပွဲမှာ သေချာပေါက် ကြောက်စရာကောင်းမည်ပင်။ ပုံရိပ်သုံးခုသည် ဤနေရာမှ ပျောက်ကွယ်သွားလေ၏။

ဝုန်း..

ကောင်းကင်အတိဒုက္ခကျရောက်လာပြီး လျှပ်စီးများလည်း အဆက်မပြတ် ကျရောက်လာလေသည်။

၁၀လွှာမှ လျှပ်စီးအတိဒုက္ခသည် ကိုးလွှာထက်ပို၍ ကြောက်စရာကောင်းလှသည်။ သို့သော်လည်း ရှီဟောင်သည် နဂါးအစစ်နှင့် ကောင်းကင်ဖီးနှစ်များကို ရစ်စလိုက်ခြင်းမဟုတ်ပဲ အားနည်းသည့် လျှပ်စီးသက်ရှိများကိုသာ ရန်စလိုက်ခြင်းပင်။

ဤသည်မှာ ကပ်ဘေးကြီးတစ်ခုကဲ့သို့ပင်။ တောင်ကြီးတစ်ခုလုံး လျှပ်စီးအလင်းရောင်များ တောက်ပနေပြီး ကြီးမားလှသည့် ရှေးသစ်ပင်များအားလုံး အမြစ်မှကျွတ်ထွက်သွားလေသည်။

ရှီဟောင်သည် လျှပ်စီးကိုခုခံနေသလို သူ၏မျက်ခုံးကြားလည်း တောက်ပလာပြီး သူ၏နတ်အာရုံများကို အပြည့်အဝ အသုံးချလိုက်သည်။

ကောင်းကင်နတ်ဘုရားနှစ်ယောက်ကို သူဖမ်းချုပ်လိုက်၏။ သူတို့နှစ်ဦးလုံးသည် ငွေရောင်သစ်ပင်ကြီးအဖြစ်သို့ ပြောင်းလဲကာ ခပ်ဝေးဝေးသို့ ထွက်ပြေးနေလေပြီ။

ရှီဟောင်၏နှုတ်ခမ်းထက်တွင် အေးစက်သည့်အပြုံးတစ်ခု ထွက်ပေါ်လာပြီး ထိုနှစ်ယောက်နောက်ကို အလွန်လျင်မြန်သည့်အရှိန်ဖြင့် လိုက်ဖမ်းလိုက်သည်။ သူသည် အပြစ်မရှိသည့်သူကို မသတ်ချင်သော်လည်း ဤငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုက သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်မှတ်ထားလာခဲ့သည်။

သူသည် လူအိုများနှင့်လူငယ်များကို မသတ်ပဲ ကလန်၏ အဓိကတိုက်ခိုက်သည့်သူများကိုသာ သတ်ခြင်းပင်။

ဤကောင်းကင်နတ်ဘုရားနှစ်ယောက်မှာ သေချာပေါက် သူ့ပစ်မှတ်ပင်။ သူသည် လျှပ်စီးအတိဒုက္ခနှင့်အတူ ထိုလူများနောက်သို့ လိုက်သွားလိုက်သည်။

ဝုန်း..

ရှီဟောင်မလှုပ်ရှားရသေးခင်မှာပင် ဤကောင်းကင်နတ်ဘုရား၏ခန္ဓာကိုယ် ပေါက်ကွဲသွားကာ သူ၏ဝိဉာဉ်လည်းရှင်းလင်းခံလိုက်ရသည်။

ရွှီး..

ထာဝရဓားသည် အခြားတစ်နေရာသို့ ထွက်ပြေးသွားသည့် ကောင်းကင်နတ်ဘုရားတစ်ယောက်နောက်သို့ လိုက်သွားလေသည်။

ဤလူသည် မိုးထိရှည်သည့် သစ်ပင်အဖြစ်ပြောင်းလဲလိုက်ပြီး ဤဓားကို ချိတ်ပိတ်ကာ ယူသွားချင်နေလေသည်။

ဖုန်း..

ဓားသွားထဲမှ လျှပ်စီးအလင်းတန်းများ ထွက်လာလေ၏။ ဤသည်မှာ ရှီဟောင် ဤဓားထဲသို့ ထည့်ထားသည့် စွမ်းအားကြီးသောလျှပ်စီးတာအိုများပင်။ လျှပ်စီးများထွက်လာသည်နှင့် ကောင်းကင်ကြီးမှာ ချက်ချင်းပင် လျှပ်စီးများ ပြည့်လျှံသွားလေသည်။

“မကောင်းတော့ဘူး” ထိုကောင်းကင်နတ်ဘုရားသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ ထွက်ပြေးသွားလေ၏။ သို့သော်လည်း သူနောက်ကျသွားလေပြီ။

ရှီဟောင်သည် အခြားလူတစ်ယောက်ကို ရှင်းပြီးသွားပြီဖြစ်သောကြောင့် ဤဘက်သို့ လာနေလေပြီ။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် ကြီးမားလှသည့် လျှပ်စီးတာအိုအလင်းဓားဖြစ်ပေါ်လာပြီး အညှာအတာမဲ့စွာဖြင့်ပင် တိုက်ခိုက်လာလေသည်။

ဝုန်း..

တောင်ကြောကြီးကို ဖြတ်သွားပြီး ထိုတောင်ကြောမှာ ချက်ချင်းပင် ပြာမှုန့်များဖြစ်သွားလေသည်။

ထိုလူသည် သွေးအန်သွားလေ၏။ သူထွက်ပြေးချင်သော်လည်း ရှီဟောင်၏ခန္ဓာကိုယ်အစစ် ရောက်လာလေပြီ။ ဤသည်မှာ လျှပ်စီးအတိဒုက္ခလည်း ရောက်လာပြီဟု ဆိုလိုခြင်းပင်။

ဖူး..

ရှီဟောင်သည် လက်သီးတစ်ချက်တည်းဖြင့် သူ့ကို လျှပ်စီးပင်လယ်ထဲသို့ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ ထိုသူသည် ချက်ချင်းပင် မီးသွေးခဲအလောင်းအဖြစ် ပြောင်းလဲသွားပြီး အသက်ဆုံးရှုံးသွားလေ၏။

ရှီဟောင်ပြန်ရောက်လာသည့်အချိန်တွင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုအားလုံးမှာ ထွက်ပြေးသွားလေပြီ။ သူသည် ဤနေရာရှိလူများကို သတ်ဖြတ်လိုခြင်းမဟုတ်ပဲ ဤနေရာရှိ တောင်များကိုသာ ပြာမှုန့်များဖြစ်သွားအောင် လုပ်လိုခြင်းပင်။

လူမျိုးစုတစ်ခု၏ ရှေးဟောင်းနယ်မြေမှာ လုံးဝပျောက်ကွယ်သွားလေပြီ။

အားလုံးဆွံ့အသွားရလေ၏။ ပြိုင်ဘက်ကင်းသည့် မြင့်မြတ်နယ်မြေဟု လူသိများသည့် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစု၏မြေမှာ ဤကဲ့သို့ပင် ပျက်စီးသွားလေပြီ။

ရှီဟောင်သည် အလွန်ပင် တည်ငြိမ်နေလေ၏။ သူသည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး လျှပ်စီးအတိဒုက္ခရည်ကို စတင်ထည့်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူအချိန်ထပ်မဖြုန်းချင်တော့ပေ။ အရာအားလုံးကို အဆုံးသတ်လိုက်တော့မည်။

ခဏကြာပြီးသည့်နောက်တွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု၏ ဘိုးဘေးနှင့် အခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်တို့ ပြန်ရောက်လာကြပြီး သူတို့ခန္ဓာကိုယ်တွင် သွေးများစွန်းထင်းနေလေသည်။

သူတို့ရှင်းပြီးသွားပြီလား .. ဤသည်မှာ အားလုံးသိချင်နေသည့်အရာပင်။ ဤနှစ်ယောက်သည် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုနောက်သို့ လိုက်သွားသည်ကို အားလုံးသိနေကြသည်သာ။

“သူက တော်တော်လေး ဉာဏ်များတယ် .. ထွက်ပြေးသွားတာလည်း မြန်လွန်းတယ် .. ဒါပေမဲ့ သူဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ် .. သူအသက်ရှင်နိုင်မယ့်အခွင့်အရေး သိပ်မရှိဘူး .. အနည်းဆုံးတော့ သူတစ်နှစ်၊ နှစ်နှစ်လောက်တော့ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး” ဝိဉာဉ်လူမျိုးစုဘိုးဘေးမှ နောင်တရစွာ ပြောလိုက်သည်။

သို့သော် သေချာစဉ်းစားကြည့်မည်ဆိုလျှင် ဤသည်မှာ လုံလောက်သည်ပင်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် သူ့ကိုဘယ်လိုလုပ် လွယ်လွယ်ကူကူသတ်နိုင်မည်နည်း..

သူ၏ကျိန်စာကြောင့်သာမဟုတ်လျှင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုဘိုးဘေးမှာ သေနိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်နှင့် ကျိန်စာများသည် သူတို့ခန္ဓာကိုယ်ကို တိုက်စားသွားနိုင်လေသည်။

ဝိဉာဉ်လူမျိုးစုဘိုးဘေးနှင့် အခြားဂိုဏ်းခေါင်းဆောင်ကိုယ်ပေါ်တွင် ရှိနေသည့်သွေးများမှာ သူတို့သွေးများမဟုတ်ပေ။ ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုဘိုးဘေး၏ သွေးများပင်။

ထို့ကြောင့်ပင် ရှီဟောင့်အနားတွင်ရှိနေသည့် လျှပ်စီးအလင်းတန်းပျောက်ကွယ်သွားပြီး ၁၀လွှာမြောက်ကောင်းကင်ဘုံတစ်ခုလုံးလည်း ပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် သူ့ပတ်ပတ်လည်၌ အစီအရင်အဆောင်များ ထွက်ပေါ်လာလေသည်။

ဤသည်မှာ ဝိဉာဉ်လူမျိုးစုနှင့် အခြားကလန်အနည်းငယ်တို့ လုပ်ထားသည့် ရှီဟောင်အား ကာကွယ်ပေးမည့်အစီအရင်ပင်။

ယခုအချိန်တွင် ဂိုဏ်းခေါင်းဆောင်နှစ်ယောက် လျှောက်လာကြကာ သူတို့မျက်နှာထက်တွင် အပြုံးများ ရှိနေလေသည်။

ဂိုဏ်းတိုင်းတွင် ဂိုဏ်းခေါင်းဆောင်အဆင့်မရှိသည့်အပြင် ဤအဆင့်၌ တိုက်ခိုက်နိုင်သည့်သူများမှာ ပို၍ပင် နည်းပါးလေသည်။ ဤကဲ့သို့သောလူနှစ်ယောက်မှ ဤနေရာတွင်ရပ်နေသောကြောင့် ဤသည်မှာ ထိပ်တန်းအစောင့်အကြပ်ဟုပင် ပြော၍ရသည်။

“လူငယ်လေးက ကောင်းကင်ကို တွန်းလှန်နိုင်တဲ့ သူရဲကောင်းပဲ .. နတ်ဘုရင်အတိဒုက္ခကိုတောင် ဖြတ်ကျော်နိုင်တယ်” ဝိဉာဉ်လူမျိုးစုမှ ချီးကျူးလိုက်သည်။

“တကယ်ကို အရည်အချင်းရှိတဲ့သူပဲ .. လူငယ်လေး လက်ထပ်ပြီးပြီလား… ကျုပ်မှာ အရမ်းကိုလှပတဲ့ မျိုးဆက်တစ်ယောက်ရှိတယ် ..” အခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် ဒဲ့တိုးပင် ပြောလာလေသည်။

သူတို့နှစ်ဦး၏လေးစားခြင်းမှာ ရိုးသားပြီး တစ်ချိန်တည်းမှာပင် သူတို့သည် ဤလူငယ်လေးကို သူတို့ဂိုဏ်းထဲသို့ ဆွဲသွင်းချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကလန်သားများမှာ များပြားလှသောကြောင့် အတိဒုက္ခရည် တစ်စက်နှစ်စက်မှာ မလုံလောက်နိုင်ပေ။

ဤသည်မှာ သူတို့ကလန်၏ ကံတရားကို ပြောင်းလဲပစ်နိုင်သောကြောင့် သူတို့နှစ်ဦးလုံးသည် ရှီဟောင်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိလိုခြင်းပင်။

“စီနီယာတို့ ယဉ်ကျေးနေဖို့ မလိုပါဘူး .. ကျိန်စာတွေကို ပယ်ဖျက်လိုက်ပါဦး..”

ရှီဟောင်သည် တစ်လက်မထက်ပင်သေးသည့် ခွက်သေးသေးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

“ဒီစီနီယာက..” ရှီဟောင်သည် ဝိဉာဉ်လူမျိုးစုဘိုးဘေးကို သိသော်လည်း အခြားတစ်ယောက်ကို မသိပေ။

“သူက လှပခြင်းကလန်ရဲ့ ကလန်ခေါင်းဆောင်ဟောင်း” ဝိဉာဉ်လူမျိုးစုဘိုးဘေးသည် ကျောက်စိမ်းခွက်ကို လက်ခံယူလိုက်ပြီး ငါးရောင်စပ်အရည်ကို တစ်လုပ်တည်းဖြင့် သောက်လိုက်လေသည်။ သူသည်ချက်ချင်းပင် ထိုင်လိုက်ကာ ထူးဆန်းသည့်ပညာကို အသက်သွင်းလိုက်လေသည်။

လှပခြင်းကလန်မှ ကျွမ်းကျင်သူသည် ထိုနေရာတွင်သာ ရပ်နေပြီး အပြင်မှလူများ တိတ်တဆိတ်တိုက်ခိုက်ခြင်းမှာ ကာကွယ်ရန်အတွက် ရပ်စောင့်ပေးနေလေသည်။

ဝိဉာဉ်လူမျိုးစုဘိုးဘေးသည် ရှီဟောင် ယခင်ကပေးခဲ့သည့် လျှပ်စီးအတိဒုက္ခရည်အနည်းငယ်ကို သောက်ထားပြီးသားပင်။

ယခု ငါးရောင်စပ်လျှပ်စီးအတိဒုက္ခရည်မှာ ယခင်ကထက် ပိုကောင်းပြီး ဆေးစွမ်းများလည်း ပိုကောင်းသည်သာ။ ထို့ကြောင့် ခွက်သေးသေးလေးဖြင့်ပင်လျှင် အလွန်အသုံးဝင်လေပြီ။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ထုတ်လွှတ်လာပြီး အနက်ရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားလေသည်။

ဝုန်း..

ဝိဉာဉ်လူမျိုးစုဘိုးဘေးသည် မျက်လုံးများဖွင့်လာကာ လေထဲသို့ ခုန်တက်သွားလိုက်လေ၏။ သူသည် အလွန်ပင်စိတ်လှုပ်ရှားနေသောကြောင့် မထိန်းချုပ်နိုင်စွာပင် တောင်တန်းများပြိုကျသွားသည်အထိ အော်ဟစ်လိုက်လေ၏။

သူ့ကို နှစ်ပေါင်းများစွာလှောင်ပိတ်ထားသည့် ကျိန်စာရှင်းလင်းသွားလေပြီ။

“သူငယ်ချင်း .. ငါ့ကိုလည်း ကာကွယ်ပေးဦး .. ငါလည်း သောက်ဦးမယ်” လှပခြင်းကလန်မှ ဂိုဏ်းခေါင်းဆောင်၏အသံမှာ အနည်းငယ်တုန်ယင်နေလေသည်။ တစ်စုံတစ်ယောက်အောင်မြင်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ့စိတ်ထဲ၌ လှိုင်းထလာလေ၏။

ခဏကြာပြီးသည့်နောက်တွင် နောက်ထပ်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေ၏။

ရွှီး..

ထိုအချိန်တွင် အစီအရင်အဆောင်များအားလုံးကို ပြန်သိမ်းလိုက်ကြလေသည်။ ဤဂိုဏ်းခေါင်းဆောင်များမှာ ထိုအရာများကို မလိုအပ်ကြတော့ပေ။

သူတို့ကျိန်စာများကို ဖယ်ရှားပြီးသွားပြီဖြစ်သောကြောင့် သူတို့သည် ယခင်ကထက် များစွာ စွမ်းအားကြီးနေလေပြီ။

“တာအိုသူငယ်ချင်းတို့ ဘေးဖယ်ပေးကြပါဦး” ရှီဟောင်ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ယခင်က သူ့ကို ကာကွယ်ပေးခဲ့သည့် ဂိုဏ်းခေါင်းဆောင်များထံသို့သွားကာ လျှပ်စီးအတိဒုက္ခရည်များကို လက်ဆောင်ပေးလိုက်သည်။

ဂိုဏ်းခေါင်းဆောင်နှစ်ယောက်သည် သူတို့ဂိုဏ်းထဲမှ အဓိကလူများကို လက်ညှိုးထိုး၍ ထွက်လာခိုင်းလိုက်သည်။ သူတို့ကို အရင်ဆုံး ကျိန်စာချေဖျက်ခိုင်းရမည်ပင်။

ခဏကြာပြီးသည့်နောက်တွင် ဤနေရာ၌ နတ်အလင်းများ ဖုံးလွှမ်းသွားလေသည်။

ဤသည်မှာ အဖြစ်အပျက်ကြီးတစ်ခုပင်။

နှစ်ပေါင်းမည်မျှကြာသွားပါစေ ဤလူငယ်လေးသည် မြို့ခံများကို သူတို့၏ကျိန်စာများကို ချေဖျက်ရန်အတွက် လျှပ်စီးအတိဒုက္ခရည်ပေးခဲ့သည်ကို မည်သူမှ မေ့နိုင်မည်မဟုတ်ပေ။ လူများစွာသည် ဝမ်းသာသောကြောင့် မျက်ရည်များပင် ကျနေလေပြီ။

သူတို့သည် ပုံမှန်အတိုင်းပြန်ဖြစ်ပြီး အပြင်လူများကဲ့သို့ လွတ်လွတ်လပ်လပ်သွားလာနိုင်မည့်နေ့ရက်ကို အမြဲတမ်း စောင့်မျှော်နေခဲ့ကြခြင်းပင်။

ဤနေ့မှာ သမိုင်းတွင်မည့်နေပင်။

“အားလုံးပဲ ငါတို့အခု ပျော်လို့မဖြစ်သေးဘူး .. ထာဝရရှေးဟောင်းမြေမှာ အက်ကွဲကြောင်းတွေရှိနေတုန်းပဲ … အပြင်လောကက စွမ်းအားကြီးတဲ့ ကျွမ်းကျင်သူတွေ ဝင်လာနိုင်တယ် .. ငါတို့စွမ်းအားအကြီးဆုံးလူတွေကို ဦးစားပေးရမယ်” ဝိဉာဉ်လူမျိုးစုဘိုးဘေးမှ ပြောလိုက်သည်။

သူတို့ကလန်မှ ခွင့်ပြုချက်ရသည်နှင့် ကောင်းကင်နတ်ဘုရားအနည်းငယ် ချက်ချင်း ပေါ်လာလေသည်။ သူတို့အားလုံးသည် လေဟာနယ်ထဲတွင် ထိုင်နေကြပြီး ခဏကြာပြီးသည့်နောက်တွင် သူတို့ကျိန်စာ ချေဖျက်ပြီးသွားလေပြီ။

ရောက်လာကြသည့် မြို့ခံများစွာမှာ အကျိုးကျေးဇူးများ ရသွားကြသည်သာ။ ဤသည်မှာ ရှီဟောင်နှင့်ရင်းနှီးပြီး သူနှင့် ပြဿနာမရှိဖူးသည့်သူများသာ။

အချို့ကလန်များမှာမူ မျက်လုံးများ နီရဲနေကြသော်လည်း သူတို့သည် ငေးကြည့်ရုံသာ တတ်နိုင်လေ၏။

ဤလူမျိုးစုများမှာ ယခင်က ရှီဟောင်တိုက်ခိုက်ဖူးသည့်လူမျိုးစုများ သို့မဟုတ် သူ့ကို သဘောမကျခဲ့သည့်လူမျိုးစုများပင်။

ခဏကြာပြီးသည့်နောက်တွင် ဤနေရာမှာ လှုပ်ရှားသက်ဝင်လာလေသည်။

ရှီဟောင်သည် လူအုပ်အလယ်တွင်ရှိနေပြီး ကောင်းကင်နတ်ဘုရားတစ်စုမှ သူ့အား ဝန်းရံထားလေသည်။

ရှီဟောင်သည် သေချာပေါက်ပင် ထိုလူများထံမှ ကျေးဇူးတင်ခြင်းနှင့် ထောက်ပံ့မှုများ ရရှိသွားသည်သာ။

“မကောင်းတော့ဘူး” ရှီဟောင်အား ရန်လိုနေသည့်လူအချို့မှာ ကြောက်ရွံ့လာကြသည်။

အဘယ်ကြောင့်ဆိုသော် ရှီဟောင်အနားတွင် လူတစ်ဖြည်းဖြည်းများလာသောကြောင့်ပင်။

နောက်ဆုံးတွင် အခြားဂိုဏ်းခေါင်းဆောင်နှစ်ယောက်ကိုလည်း ကယ်တင်လိုက်နိုင်လေပြီ။

ဂိုဏ်းခေါင်းဆောင်လေးယောက် ထိုနေရာတွင် ရပ်နေသောကြောင့် အားလုံး အံ့အားတကြီး သက်ပြင်းချနေကြရသည်။

“လူငယ်လေး … ငါတို့ မနုဿကလန်နဲ့ ရှေးဟောင်းဖိန်းကလန်ကလည်း လူငယ်လေးကို ကာကွယ်ဖို့ အမြဲတမ်း တက်တက်ကြွကြွပါဝင်ခဲ့တယ် .. ငါတို့ရဲ့ ကျိန်စာစွမ်းအားကို ဖြေပေးဖို့ မင်းကိုပဲ အကူအညီတောင်းရတော့မှာပဲ”

ကလန်နှစ်ခုမှာ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။

“ကျွန်တော်အရင်က ပြောပြီးသားပဲ .. မနုဿကလန်က မာယွမ်နဲ့ ရှေးဟောင်းဖိန်းလူမျိုးစုက မိုလော့က ကျွန်တော့်ကို သတ်ဖို့ကြိုးစားဖူးတယ် .. သူတို့တွေ မသေရင် ကျွန်တော် လျှပ်စီးအတိဒုက္ခရည်ကို မပေးနိုင်ဘူး” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မင်း .. မင်းက တမင်သက်သက် ထာဝရရှေးဟောင်းမြေကို အနိုင်ကျင့်နေတာလား .. အားလုံးက မင်းရဲ့အမိန့်ကို နာခံလိမ့်မယ်လို့ ထင်နေတာလား” မာယွမ်အသံပို့လွှတ်လိုက်သည်။

“အပြင်လူတစ်ယောက်ကများ ဘာအရည်အချင်းတွေရှိလို့ ဒီလိုမျိုးလာပြီးတော့ ရမ်းရမ်းကားကားလုပ်နေတာလဲ .. လျှပ်စီးအတိဒုက္ခရည်ဆိုတာက ထာဝရရှေးဟောင်းမြေက လူတိုင်းလိုအပ်နေတဲ့ဟာ .. ဒီလိုမျိုးလုပ်တာက ငါတို့ကို ဖိအားပေးနေတာပဲ” မိုလော့လည်း အသံပို့လွှတ်လိုက်လေသည်။

ယခုတစ်ခေါက်တွင် ရှီဟောင်ဘာစကားမှ ပြောစရာမလိုသလို ဂိုဏ်းခေါင်းဆောင်လေးယောက်လည်း ဘာမှမပြောလိုက်ရပေ။ ကောင်းကင်နတ်ဘုရားအချို့သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ပင် တရှိန်ထိုး ပြေးသွားလိုက်ကြလေ၏။

ထိုလူနှစ်ယောက်သည် ချက်ချင်းပင် အမူအရာပျက်ယွင်းသွားကာ အသက်လုပြေးသွားကြလေသည်။

ခပ်ဝေးဝေးတွင်ရှိနေသည့် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများအားလုံး ဆွံ့အသွားရသည်။ ဟွမ်က ဒီလိုပုံစံနဲ့ပဲ အင်အားတွေအများကြီး စုသွားတာလား..

ရှီဟောင်နှင့်ပနံသင့်သည် သူများပင်လျှင် ထိတ်လန့်သွားကြလေ၏။

ဤစွမ်းအားမှာ ကြီးထွားလာနေဆဲပင်။

သူလူအများကြီးကို ကယ်တင်နိုင်ခြင်းမှာ ယခုတစ်ခေါက် လျှပ်စီးအတိဒုက္ခရည်သည် ယခင်တစ်ခေါက်ကထက် ပို၍စွမ်းအားကြီးသောကြောင့်ပင်။

“လူငယ်လေး .. ဒီလိုမျိုးမလုပ်ပါနဲ့ ..ဒါက ဖြုန်းတီးရာ ကျလွန်းတယ်” ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားပြောလိုက်သည်။ သူသည် ကောင်းကင်နတ်ဘုရားအနည်းငယ်ကိုပိုကယ်တင်ပြီး အင်အားကြီးအောင် လုပ်လိုခြင်းပင်။ သို့မှသာ အပြင်လောကမှလူများနှင့် ပြဿနာဖြစ်လာလျှင် သူတို့ကလန်သားများကို ကာကွယ်နိုင်လိမ့်မည်ပင်။

“ဝိဉာဉ်ကလန်၊ လှပခြင်းကလန်နဲ့ တစ်ခြားကလန်တွေက အရင်တုန်းက ကျွန်တော့်ကို ရိုးရိုးသားသားနဲ့ ကာကွယ်ပေးခဲ့ကြတယ် .. ဒီအဖိုးတန်ဆေးရည်ကို အားလုံးကို မျှဝေပေးရမှာပါ” ရှီဟောင်ပြောလိုက်၏။

ဤသည်မှာ သူလုပ်ရမည့်ကိစ္စပင်။ ဤကလန်များမှာ သူ့ကိုကာကွယ်ရန် အလွန်အားထုတ်ထားကြသောကြောင့် သူတို့ကို အထူးဂရုစိုက်ရမည်သာ။

ဤသို့ပြုလုပ်ခြင်းအားဖြင့် နောင်တွင် လျှပ်စီးအတိဒုက္ခရည်ကို ရရှိနိုင်မည့်မျှော်လင့်ချက်ဖြင့် လူများ သူ့ဘက်သို့ ပိုရောက်လာကြမည်ပင်။

ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားသည်သာ။ လူများစွာသည် တရှိန်ထိုးပင် ရောက်ရှိလာကြလေသည်။

“ဒီလိုမျိုးပူးပေါင်းမှု၊ ဒီလိုမျိုး ခွန်အားကြီး .. ဒါက သေချာပေါက်ကို စီရင်စုသုံးထောင်မှာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာဦးမှာပဲ” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

အပိုင်း ၁၁၉၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၂ – လှိုင်းကြီးများ

ဤတစ်ကြိမ်လျှပ်စီးအတိဒုက္ခမှာ ရှေးဟောင်းမြို့ခံများအားလုံးကို တုန်လှုပ်သွားစေလေ၏။

မည်သူက စိတ်နောက်နောက်ဖြင့် နေချင်မည်နည်း.. မည်သူက သေမင်း၏အရိပ်အောက်တွင် အသက်ရှင်ချင်မည်နည်း.. အားလုံးမှာ လွတ်လွတ်လပ်လပ်နှင့် အလင်းရောင်အောက်တွင် ရှင်သန်ချင်သည်သာ။

ယခုဤကဲ့သို့သော အခွင့်အရေးမှာ အားလုံးရှေ့တွင်ရှိနေလေပြီ။

ရှီဟောင်သည် အားလုံး၏အာရုံစိုက်ရာဖြစ်လာလေ၏။

သို့သော် ကလန်တိုင်းမှာ သူ့အား ရိုးရိုးသားသားဆက်ဆံနေခြင်းမဟုတ်ပေ။ အချို့ကလန်များမှာ လျှပ်စီးအတိဒုက္ခရည်အတွက် ဟန်ဆောင်နေကြခြင်းပင်။

အချို့ကလန်များမှာ စိတ်ထဲမှ အကောက်ကြံနေကြသည်ပင်။ ထာဝရရှေးဟောင်းမြေသာ ပွင့်သွားပြီး အပြင်ဘက်လောကနှင့် ချိတ်ဆက်သွားကာ အပြင်ဘက်မှ ဂိုဏ်းများဝင်လာသည်နှင့် သေချာပေါက် ပြဿနာများဖြစ်လာမည်ပင်။

ရှီဟောင်နှင့် အပြင်ဘက်လောကရှိဂိုဏ်းအချို့ ဆက်ဆံရေးမကောင်းသည်ကို သူတို့သိပြီးသားပင်။ တစ်ဖက်ဖက်မှ မသေမချင်း ပြီးပြတ်မည်မဟုတ်သည့် ဆက်ဆံရေးမျိုးပင်။

ထို့ကြောင့်ပင် အချို့ ကောင်းကင်နတ်ဘုရားများမှာ အရေးကြီးသည့်အချိန်ကျလျှင် မည်သို့ပြုမူမည်ကို မသိနိုင်ပေ။

အချို့ကလန်များမှာ ရှီဟောင်အား အမှန်တကယ်ကို လေးစားခြင်းပင်။ သူတို့ကလန်သားများကို ကယ်တင်ချင်သေးသောကြောင့် ရှီဟောင်၏ အနာဂတ်အတွက် ဆုတောင်းပေးနေကြပြီး သူအသက်ဆက်ရှင်ရန်လည်း မျှော်လင့်နေကြသည်သာ။

ဤသည်မှာ အလောင်းအစားတစ်မျိုးပင်။

အပြင်ဘက်မှ ဂိုဏ်းခေါင်းဆောင်များဝင်လာသည်နှင့် သေချာပေါက် တိုက်ပွဲများဖြစ်လာမည်သာ။ သူတို့သာ ရှီဟောင်ကို ကာကွယ်နိုင်ပါက အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ပင်။

လျှပ်စီးအတိဒုက္ခရည်ကို ထည့်မစဉ်းစားပင်လျှင် ရှီဟောင်သည် ကလန်များ၏ ကာကွယ်မှုများနှင့် ထိုက်တန်သည့်သူပင်။ သူ့ထံတွင် ထာဝရစွမ်းအင်သုံးကြောင်းရှိနေသောကြောင့် သူသာ ဂိုဏ်းခေါင်းဆောင်အဆင့်ဖြစ်လာလျှင် မည်သူက သူ၏ပြိုင်ဘက်ဖြစ်လာမည်နည်း..

သူတို့ကိုယ်ကျိုးအတွက် သူ့အားလာရှာသူများကို ရှီဟောင်သိသည်သာ။ သူ့နားတွင်ဝန်းရံနေသည့်သူများစွာရှိနေသော်လည်း အများစုမှာ စိတ်ရင်းဖြင့်မဟုတ်ပေ။

ရှီဟောင်၏နှုတ်ခမ်းထောင့်တွင် အေးစက်သည့်အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး “မာယွဲ့နဲ့ မိုလော့ခေါင်းယူလာပေးနိုင်တဲ့သူကို ကျန်နေတဲ့ လျှပ်စီးအတိဒုက္ခရည်အကုန်လုံးကို ပေးမယ်”

သူနည်းနည်းလေး သုံးပြီးသွားသော်လည်း သူ့ထံတွင် အနည်းငယ်ကျန်နေသေးသည်။ ဝိဉာဉ်လူမျိုးစုနှင့် လှပခြင်းမျိုးနွယ်စုကို ပေးသည့်အပြင် သူတို့ခေါ်လာသည့်လူများကိုလည်း သူပေးပြီးသွားလေပြီ။

ကျန်သည့်သူများမှာ လျှပ်စီးအတိဒုက္ခရည်ကို လိုချင်ပါက သူတို့၏ရိုးသားမှုကို သက်သေပြရန်လိုအပ်သည်ပင်။

ထိုကောင်းကင်နတ်ဘုရားနှစ်ယောက်နောက်သို့ လိုက်သွားသည့်သူများရှိသော်လည်း အများစုများ ပြန်လာလေပြီ။ သူတို့သည် တကယ်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပဲ ဟန်ပြသာ လိုက်ခဲ့ကြခြင်းပင်။

သူတို့နောက်တကယ်လိုက်သည့်သူများကိုလည်း ရှီဟောင် မှတ်မိသည်။

ယခု သူဤကဲ့သို့ ဈေးခေါ်လိုက်သည့်အချိန်တွင် အချို့သူများမှာ တုံ့ဆိုင်းနေသော်လည်း အချို့မှာ တုံ့ဆိုင်းမနေပဲ ချက်ချင်းပင် ပြေးသွားလေသည်။

မနုဿကလန်နှင့် ရှေးဟောင်းဖိန်းကလန်တို့၏ အမူအရာများ ပျက်ယွင်းသွားရကာ တည်ငြိမ်နိုင်ရန် ခက်ခဲသွားကြလေသည်။

ဤနှစ်ယောက်မှာ သူတို့ကလန်၏ ကောင်းကင်နတ်ဘုရားနှစ်ယောက်ဖြစ်သောကြောင့် ဤလူများအား မသေစေချင်ကြပေ။

အချို့လူများသည်လည်း ဤနှစ်ယောက်ကို ကျိန်ဆဲနေကြသည်။ မာယွဲ့နှင့် မိုလော့၏ ရှီဟောင်အား လောဘတကြီးတိုက်ခိုက်မှုကြောင့်သာမဟုတ်ပါက သူတို့ ဤကဲ့သို့အဆုံးသတ်မည်မဟုတ်ပေ။

ထို့နောက်တွင် ရှီဟောင် ဝိဉာဉ်ကျွန်းသို့ ပြန်သွားလိုက်သည်။

“တာအိုညီအစ်ကိုတို့ မင်းတို့အားလုံး ဒီလိုမျိုး အရှုံးပေးလိုက်ကြတော့မှာလား .. ဒါက ထာဝရရှေးဟောင်းမြေရဲ့မြို့ခံတွေကို ကျူးကျော်လာတဲ့ အပြင်လူတစ်ယောက် သပ်သပ်ပဲ .. သူက လျှပ်စီးအတိဒုက္ခရည်ကိုအားကိုးပြီးတော့ ငါတို့ကို အမိန့်တွေလာပေးနေတာ .. ငါတို့က ဘာလို့ သူ့အမိန့်တွေကို နားထောင်ရမှာလဲ”

ထိုနေ့တွင် အချို့လူများသည် ကလန်များသို့ သွားရောက်ကာ ရှီဟောင်ကို ရင်ဆိုင်ရန် မဲဆွယ်စည်းရုံးကြလေ၏။

ဤလူများမှာ ရှီဟောင်ကို ရန်လိုနေသည့်သူများပင်။ ထို့ကြောင့်ပင် သူတို့သည် ဟွမ်ကိုမုန်းတီးလာစေရန်အတွက် အားလုံးလုပ်နေကြခြင်းပင်။

မာယွဲ့နှင့် မိုလော့သည်လည်း အချို့ရှေးဟောင်းမြေများသို့ တိတ်တဆိတ်သွားပြီး ဂိုဏ်းခေါင်းဆောင်များလှုပ်ရှားလာစေရန် လှုံ့ဆော်လိုက်လေ၏။

“ဟွမ်မှာ သခင်လေးတို့ကို ကယ်နိုင်တဲ့ လျှပ်စီးအတိဒုက္ခရည်ရှိသေးတယ် .. သူ့ကို ဖမ်းထားနိုင်ရင် အားလုံးကို ရလိုက်တာနဲ့အတူတူပဲ .. သခင်လေးတို့ဂိုဏ်းက နောက်တစ်ခေါက် ကြီးပွားလာမှာ”

သူတို့သည် ကျိန်စာကို ချေဖျက်နိုင်ကြောင်း တိုက်ရိုက်ပင် ပြောလိုက်လေသည်။

“ဒါပေမဲ့ ဟွမ်က လှပခြင်းလူမျိုးစုနဲ့ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနဲ့ အရမ်းရင်းနှီးတယ်လေ .. သူတို့တွေကို ထွက်သွားအောင် လုပ်နိုင်မှာမဟုတ်ဘူး .. ဟွမ်ကို အတင်းဝင်ဖမ်းမှပဲရလိမ့်မယ်”

မာယွဲ့နှင့်မိုလော့သွားသည့်နေရာများမှာ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် လှပခြင်းလူမျိုးစုတို့ကို ရန်လိုနေကြသည့်နေရာများပင်။

ထာဝရရှေးဟောင်းမြေတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေလေပြီ။ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်အချို့ကိုပင် နိုးထလာစေလေ၏။

ကလန်များမှာ တောင်လိုပုံနေသော်လည်း ဂိုဏ်းခေါင်းဆောင်များမှာ သိပ်မများပေ။ သေလျှင်သေ မသေလျှင်လည်း စိတ်နောက်နေကြသည်သာ။ အနည်းငယ်သာ ပေါ်လာနိုင်လေ၏။

ထိုသတင်းကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏မျက်လုံးများ အေးခဲသွားလေ၏။ ဤနှစ်ယောက်မှာ သေသင့်သည့်သူဖြစ်သော်လည်း မီးထဲကို လောင်စာလာထည့်နေသေးသည်။

ထိုနေ့တွင် ဝိဉာဉ်လူမျိုးစုမှ ဘိုးဘေးကိုယ်တိုင် လှုပ်ရှားလိုက်လေသည်။ ထိုနှစ်ယောက်မှာ ကောင်းကင်နတ်ဘုရားများသာဖြစ်သောကြောင့် သူ့မျက်လုံးထဲ ဘောင်ဝင်မနေပေ။

သတ်ဖြတ်လိုသည့်အငွေ့အသက်များမှာ ထာဝရရှေးဟောင်းမြေတစ်ခုလုံးကို ပျံ့နှံ့သွားလေ၏။

အချို့သူများမှာ ဂိုဏ်းခေါင်းဆောင်များ ကျတ်တီးနယ်မြေတစ်ခုတွင် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ကြရလေသည်။

ဝိဉာဉ်လူမျိုးစုမှ ဘိုဘေးကို ခုခံနိုင်သည့်အချို့လူများရှိနေလေ၏။ ဤသည်မှာ မည်သူမှမထင်ထားသည့်ကိစ္စတစ်ခုပင်။

သို့သော် ကျိန်စာစွမ်းအားများ ပျက်ပြယ်သွားပြီးသည့်နောက်တွင် ဝိဉာဉ်လူမျိုးစုဘိုးဘေး၏စွမ်းအားမှာ ပို၍ပင် ကြောက်စရာကောင်းလာလေပြီ။ သူ၏ပြိုင်ဘက်ကို လွယ်လွယ်ဖြင့်ပင် အနိုင်ယူနိုင်သွားလေသည်။

သို့သော်လည်း ထိုဂိုဏ်းခေါင်းဆောင်သည် သူ၏ကိုယ်ပွားကိုသာ စေလွှတ်လိုက်ခြင်းဖြစ်ပြီး သူ၏ခန္ဓာကိုယ်အစစ်မှာမူ ရှီဟောင်ကို တိတ်တဆိတ်သတ်ဖြတ်ရန်အတွက် ဝိဉာဉ်ကျွန်းသို့ ဦးတည်သွားနေလေပြီ။

သို့သော်လည်း သူ၏တွက်ချက်မှုများ မှားယွင်းသွားလေပြီ။ ထိုနေရာကို လှပခြင်းကလန်မှ ဂိုဏ်းခေါင်းဆောင် စောင့်ရှောက်နေပြီး ပျောက်သွားသည်မှာ အတော်ကြာနေပြီဖြစ်သည့် ဂိုဏ်းခေါင်းဆောင်နှစ်ယောက်လည်း ထိုနေရာတွင် ဧည့်သည့်အနေဖြင့် ရှိနေလေသည်။

ရှီဟောင် ဂိုဏ်းခေါင်းဆောင် လေးယောက်ကိုကယ်လိုက်မှန်း အားလုံးသိထားသည်ပင်။ သုံးယောက်မှာ ဤနေရာသို့ ရောက်နေလေသည်။

ဝုန်း..

ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပွားလာလေသည်။ ထိုလူသည် လက်မောင်းတစ်ဖက်ကို ဆုံးရှုံးပြီးသည့်နောက်တွင် ပြင်းထန်သည့်ဒဏ်ရာများဖြင့် ထွက်ပြေးသွားလေ၏။

ဝိဉာဉ်ဘိုးဘေးသည် ထိုလူ၏ ကိုယ်ပွားကို ရှင်းပြီးသွားသည့်အချိန်တွင် မိုလော့နှင့် မာယွဲ့၏ သဲလွန်စများကို တွေ့လိုက်ရသည်။ သူသည် အလွန်ဝေးသည့်နေရာမှပင်လျှင် ထိုနှစ်ယောက်၏ခန္ဓာကိုယ်များကို ပေါက်ကွဲမတတ်ဖြစ်သွားအောင် ပြုလုပ်လိုက်လေ၏။

သို့သော်လည်း သူသည် ထိုနှစ်ယောက်ကို အသေမသတ်ပဲ ထိုနှစ်ယောက်နောက်သို့ တစ်ချိန်လုံးလိုက်နေသည့်သူများထံသို့ လွှဲပေးလိုက်လေ၏။

ထိုသူများမှာ အလွန်ပင် ကျေးဇူးတင်နေကြလေ၏။ ဤခေါင်းနှစ်လုံးနှင့်ဆိုလျှင် သူတို့ လျှပ်စီးအတိဒုက္ခရည်များကို ရနိုင်လေပြီ။

“မင်းတို့ဒီလိုမျိုးလုပ်လို့မရဘူး .. ငါတို့အားလုံးက ထာဝရရှေးဟောင်းမြေက မြို့ခံတွေလေ … မင်းတို့ဘာလို့ ဒီလိုမျိုး လုပ်ရက်ကြတာလဲ” သူတို့နှစ်ဦးသည် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်ကြလေသည်။

သို့သော် ထိုကောင်းကင်နတ်ဘုရားများ၏ အမူအရာများမှာ အေးခဲနေလေ၏။ ဤနှစ်ယောက်သည် လောဘကြီးစွာဖြင့် ရှီဟောင်အားတိုက်ခိုက်ခဲ့သည်ကို သူတို့သိပြီးသားပင်။ သူတို့သည် သနားညှာတာခြင်းကင်းမဲ့စွာဖြင့်ပင် ထိုနှစ်ယောက်ကို သတ်ပစ်လိုက်လေသည်။

ထိုခေါင်းနှစ်လုံးကို ဝိဉာဉ်ကျွန်းသို့ယူလာပြီး ရှီဟောင်အား ပြသသည့်အချိန်တွင် ရှီဟောင်သည် သူ့ဂတိအတိုင်း လျှပ်စီးအတိဒုက္ခရည်ကို ထုတ်ပေးလိုက်လေ၏။

ဤသည်မှာ အားလုံးကို စိတ်လှုပ်ရှားသွားစေနိုင်လေသည်။

အထူးသဖြင့် စီရင်စုသုံးထောင်မှ ကျင့်ကြံသူများမျာ ချွေးစေးများပင် ထွက်လာကြလေ၏။ ဤသည်မှာ ကောင်းကင်နတ်ဘုရားများပင်။ သို့သော်လည်း ရှီဟောင်ကိုယ်တိုင် တိုက်စရာမလိုပဲနှင့်ပင် သူ့ရှေ့သို့ သူတို့၏ခေါင်းများ ရောက်လာလေပြီ။

အခု မည်သူက ဟွမ်အား ဆန့်ကျင်ရဲတော့မည်နည်း .. သူ့အား မကျေမနပ်ဖြစ်အောင် လုပ်လိုက်မိသည်နှင့် သူ့အတွက် တိုက်ခိုက်ပေးမည့်သူများ အများကြီးပင်။

ထိုနေ့တွင် ဂုကျန်းယွမ်သည် ထာဝရရှေးဟောင်းမြေမှ လျင်မြန်စွာပင် ထွက်ခွာသွားလေသည်။

လျှပ်စီးအတိဒုက္ခကို ဖြတ်ကျော်နိုင်သည့် စွမ်းအားကြီးသည့်လူတစ်ယောက်သည် ဘာစကားမှမပြောပဲ ထွက်သွားသောကြောင့် ဤသည်မှာ လူများကို ပို၍ပင် ဆွံ့အသွားစေလေသည်။

“ဝင်ပေါက်ကို ပိတ်လိုက် .. ခြောက်နှစ်သားလေးကို ထွက်မသွားစေနဲ့” ရှီဟောင်ပြောလိုက်သည်။

ဤစကားများထွက်လာသည့်အချိန်တွင်လည်း အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ ရှီဟောင်သည် နျင်ချွမ်းနှင့် တိုက်ခိုက်‌တော့မည်ဟု ကြေငြာလိုက်ခြင်းပင်။

ထိုစကားကို ကြားလိုက်သည်နှင့် အချို့ကောင်းကင်နတ်ဘုရားများသည် နျင်ချွမ်းရှိနေသည့်နေရာကို ချက်ချင်းရှာဖွေလိုက်ကြလေသည်။

ရှီဟောင်ထံမှ လျှပ်စီးအတိဒုက္ခရည်ကိုလိုချင်လျှင် သူတို့၏ရိုးသားမှုကို ပြသရမည်ကို အားလုံးသိသည်ပင်။ သူတို့နျင်ချွမ်းကို မသတ်နိုင်လျှင်ပင် သူရှိနေသည့်နေရာကို ဟွမ်အား ပြောပြလိုက်ရုံသာ။

အချို့သူများမှာမူ ရှီဟောင်ဘက်တွင်ရှိနေပြီဖြစ်သောကြောင့် သူတို့သည် နျင်ချွမ်းအား ဒီတိုင်းပင် သတ်ပစ်လိုက်ချင်နေကြလေသည်။ နျင်ချွမ်းအား နေရာတိုင်းတွင် လိုက်ရှာနေကြလေ၏။

ဝုန်း..

ညနက်တွင် တစ်စုံတစ်ယောက်မှ ဝိဉာဉ်ကျွန်းစုကို တိုက်ခိုက်လာပြီး ရှီဟောင်၏သီးသန့်ကျင့်ကြံနေသည့်နေရာကို ချိုးဖောက်ဝင်ရောက်လုနီးပါးပင်။ ကံကောင်းစွာဖြင့်ပင် ဤနေရာကို စောင့်ရှောက်နေသည့် ဂိုဏ်းခေါင်းဆောင်များရှိနေသောကြောင့် ထိုတိုက်ခိုက်မှုကို တားဆီးလိုက်နိုင်လေသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။

စီရင်စုသုံးထောင်မှ ကျင့်ကြံသူများအမြင်တွင် သူသည် ကောင်းကင်နတ်ဘုရားများကို အမိန့်ပေးနိုင်သည့် စွမ်းအားရှင်တစ်ယောက်ဖြစ်နေသော်လည်း သူသည် မီးဖိုပေါ်၌ကင်ခံနေရသည့်သူတစ်ယောက်မှန်း သူသိသည်။

ထာဝရရှေးဟောင်းမြေပွင့်သွားပြီး အပြင်ဘက်မှလူများ ဝင်လာသည်နှင့် သူအန္တရာယ်များမည်ပင်။

ထို့အပြင် ‌ဤရှေးဟောင်းမြေထဲတွင်ပင် သူ့ကို မုန်းတီးသည့်အခြားသူများရှိနေသေးသည်ပင်။ ဥပမာအားဖြင့် ယခုလေးတင် တိတ်တဆိတ်တိုက်ခိုက်လိုက်သည့်သူပင်။ သူသည် ဝိဉာဉ်ကလန်နှင့် ရန်ငြိုးများရှိနေသောကြောင့် သူ့ကိုလည်း ဖိအားပေးလာမည်ပင်။

ဤအတိုင်းသာ ဆက်သွားနေပါက နည်းနည်းလေး သတိလက်လွတ်ဖြစ်သွားသည်နှင့် သူအသက်အန္တရာယ်ရှိနိုင်သည်။

သတင်းကောင်းများလည်း ရှိနေသည်သာ။ နောက်တစ်ရက်တွင် စိတ်လွတ်နီးပါးဖြစ်နေသည့် ဂိုဏ်းခေါင်းဆောင်တစ်ယောက်လာလည်ကာ သူ့အား အကူအညီတောင်းခဲ့သည်။ ယခုအချိန်တွင် သူ့ဘက်၌ ဂိုဏ်းခေါင်းဆောင်ငါးယောက် ရှိနေလေပြီ။

“ငါတို့သူငယ်ချင်းအဖြစ် ပြောင်းလို့မရနိုင်တဲ့ ဂိုဏ်းခေါင်းဆောင် နှစ်ယောက်၊ သုံးယောက်လောက်ရှိတယ် .. သူတို့တွေက ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုဘိုးဘေးရဲ့ သူငယ်ချင်းတွေ” လှပခြင်းလူမျိုးစု၏ နံပါတ်တစ်ကျွမ်းကျင်သူမှ ပြောလိုက်သည်။

ရှီဟောင် မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ “ကျွန်တော် ဝိဉာဉ်ကျွန်းမှာပဲ မနေနေချင်ဘူး .. အဲဒီဂိုဏ်းခေါင်းဆောင်တွေ လာလို့မရတဲ့ နေရာတစ်ခုခုရှိလား”

“နေရာတစ်ချို့တော့ရှိပေမယ့် အရမ်းအန္တရာယ်များတယ်” ဝိဉာဉ်လူမျိုးစုဘိုးဘေးမှ ပြောလိုက်သည်။

သို့သော် ထိုနေရာများအကြောင်း ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်စိတ်လှုပ်ရှားသွားခဲ့ရသည်။ သူအခွင့်အရေးများကို ထပ်မံရှာဖွေလိုသည်။ ယခုအချိန်မှာ အကောင်းဆုံးအချိန်ပင်။

ထိုနေရာများသည် ကျင့်ကြံဆင့်အားလုံးအတွက် အန္တရာယ်များသည့်နေရာများပင်။

“အဲဒီမှာ ကောင်းကင်နတ်ဘုရားသစ်ပင်ရှိနေတာလား .. ကျွန်တော်သွားမယ်” ရှီဟောင်ပြောလိုက်သည်။

ထိုနေရာများထဲမှ တစ်နေရာတွင် ကောင်းကင်နတ်ဘုရားသစ်ပင်ရှိနေပြီး အခြားနေရာတစ်ခုတွင် ထာဝရလှိုဏ်ဂူတစ်ခုရှိနေကြောင်း သူသိလိုက်ရသည်။

မကြာခင်တွင် ထာဝရရှေးဟောင်းမြေမှ ထွက်သွားရတော့မည်ဟု သူခံစားနေရသည်။ မထွက်သွားခင် ဤနေရာတစ်ခုလုံးမှ ကံကောင်းမှုများကို သိမ်းကြုံးယူသွားချင်သေးသည်။

“ဟူး .. ကျွန်တော် ထာဝရဆေးပင်တစ်ပင်ကို တွေ့ဖူးသေးတယ် .. ထာဝရသက်ရှိကို သယ်ထားတဲ့လိမ်ဖြူလေး .. အဲဒီအပင်ကိုရရင် ဘယ်လောက်ကောင်းလိုက်မလဲ” ဤသည်မှာ ရှီဟောင်ဖြစ်ချင်သည့်ဆန္ဒပင်။

“ငါမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် .. ဒီလောကမှာ ကောင်းကင်နတ်ဘုရားသစ်ပင် လေးပင်ရှိတယ် .. သူတို့ရဲ့စွမ်းရည်တွေမတူဘူး … အဲဒီသစ်ပင်လေးပင်ပေါင်းပြီးတော့ အပင်တစ်ပင်ထွက်လာနိုင်ရင် အဲဒီသစ်ပင်က သက်ရှည်ဆေးပင်ဖြစ်လိမ့်မယ်” လှပခြင်းလူမျိုးစု ဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။

“ဘာ .. ဒီလိုမျိုးလည်း ရှိသေးတာလား” ရှီဟောင် ဆွံ့အသွားရသည်။

“ဟုတ်တယ် .. အဲဒါက မြေ၊ မီး၊ လေနဲ့ရေ ကွဲနေတာ .. အဲဒီကောင်းကင်နတ်ဘုရားသစ်ပင်တွေက အစက ပြိုင်ဘက်ကင်းတဲ့ ထာဝရဆေးပင်တစ်ပင်ပဲ .. နောက်ဆုံးတော့ တစ်ယောက်ယောက်ရဲ့မှော်စွမ်းအားကြောင့် လေးပိုင်းကွဲသွားတာ” အခြားဂိုဏ်းခေါင်းဆောင်မှ ပြောလိုက်သည်။

ရှီဟောင် တစ်ခဏခန့် စဉ်းစားကြည့်လိုက်သည်။ ယခင်က လိပ်ဖြူသယ်ထားသည့်ထာဝရသက်ရှိနှင့်အတူရှိနေသည့် ကောင်းကင်နတ်ဘုရားသစ်ပင်တစ်ပင်ကို မြင်ဖူးသည်။

ယခု ဤကဲ့သို့သော အချက်အလက်များကို သိလိုက်ရသည့်အချိန်တွင် သူဘယ်လိုလုပ် စိတ်မလှုပ်ရှားပဲနေမည်နည်း..

“ထာဝရရှေးဟောင်းမြေ ဖွင့်ခံလိုက်ရရင် အဲဒီလိပ်ဖြူ သေချာပေါက် ပေါ်လာမှာ .. အဲဒီလိပ်ဖြူဆီက သစ်ပင်ရနိုင်မယ့်နည်းလမ်းကို စဉ်းစားရဦးမယ်” ရှီဟောင်ပြောလိုက်သည်။

“သတင်းပို့ပါတယ် .. နျင်ချွမ်းရှိနေတဲ့နေရာကို သိပါပြီ .. အခုလောလောဆယ်တော့ သူ့ကို ကောင်းကင်နတ်ဘုရားတွေ အများကြီး လိုက်ဖမ်းနေပါတယ်” ရုတ်တရက်ပင် တစ်စုံတစ်ယောက်မှ ကျွန်းပေါ်သို့ ဆင်းလာပြီး သတင်းပို့လေသည်။

ရှီဟောင်သည် ထွက်သွားချင်နေပြီဖြစ်သော်လည်း ထိုသတင်းကြားလိုက်ရသည့်အချိန်တွင် အလွန်ပျော်ရွှင်စွာပင် ပြောလိုက်လေ၏။ “သူ့ကို အရင်ဆုံးရှင်းလိုက်ဦးမယ်”

နျင်ချွမ်းပင်လျှင် အမဲလိုက်ခံနေရသောကြောင့် လျှပ်စီးအတိဒုက္ခရည်၏အကျိုးသက်ရောက်မှုမှာ ကြီးမားလှပေသည်။

အပိုင်း ၁၁၉၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၃ – ရှေးဟောင်းမြေ

နျင်ချွမ်းသည် မြင့်မြတ်သည့်စတေးခြင်းကြောင့် ထိခိုက်နေပြီး အားနည်းနေပြီဟု အားလုံးထင်နေကြလေသည်။ မဟုတ်ပါက သာမန်ကောင်းကင်နတ်ဘုရားများ သူ့နောက်လိုက်ရဲကြမည်မဟုတ်ပေ။

“သူ့ကို အလွတ်ပေးလို့မရဘူး .. လိုက်” ရှီဟောင် အလောတကြီး ပြေးထွက်သွားလိုက်၏။ ဤသည်မှာ ဤလူကို သတ်ရန်အကောင်းဆုံးအခွင့်အရေးပင်။ မဟုတ်ပါက ပြဿနာကြီးဖြစ်လာလိမ့်မည်။

“မင်း အဲဒီတစ်ယောက်ကို ကိုယ်တိုင်သွားတိုက်မှာလား” လှပခြင်းကလန်မှ ဘိုးဘေးပြောလိုက်သည်။

ရှီဟောင်သည် အံ့အားသင့်သွားသည့်ပုံစံဖြင့်ပင် “သူ့ကိုတားဖို့အတွက် စီနီယာတွေအများကြီးကို အကူအညီတောင်းထားပြီးသွားပြီ”

“ကောင်းပြီလေ..”

“သွားကြည့်ကြစို့..”

ဂိုဏ်းခေါင်းဆောင်နှစ်ယောက်လည်း သူနှင့်အတူ လိုက်ပါလာလေ၏။

သူတို့သည် မရပ်မနားပင် ကမ္ဘာလေးတစ်ခုထံသို့ အလောတကြီး သွားလိုက်ကြသည်။

ထိုနေ့တွင် ထာဝရရှေးဟောင်းမြေမှာ ဖရိုဖရဲဖြစ်လာလေ၏။ ကမ္ဘာငယ်လေးများတွင် ဆူညံသံများထွက်ပေါ်လာပြီး သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း ထွက်ပေါ်လာလေသည်။ ကောင်းကင်နတ်ဘုရားများသည် နျင်ချွမ်းနောက်သို့ လိုက်ဖမ်းနေကြလေသည်။

သူ၏ကျင့်ကြံဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟု နာမည်ကြီးသည့် သရဖူခြောက်ခုဘုရင်မှာ ယခုအချိန်တွင် အခြေအနေဆိုးရွားနေလေပြီ။

သူ သီးသန့်နေခြင်းဖြစ်ပြီး သူအားနည်းသည့်အချိန်တွင် အခြားသူများမှ မတော်တဆတွေ့သွားခြင်းဖြစ်သည်ဟု ပြောကြလေသည်။

“ဟွမ်ရောက်လာပြီ .. နျင်ချွမ်းကို ကိုယ်တိုင်သတ်တော့မယ်”

“ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီးတော့ နတ်ဘုရင်ဖြစ်လာတဲ့ အဆင့်လွန်လူငယ်လေးက သူနဲ့နျင်ချွမ်းကြားက ရန်ကြွေးတွေကို ရှင်းတော့မယ် .. ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်တော့မယ်”

လူများစွာသည် ဤကိစ္စကို ဆွေးနွေးနေကြလေ၏။ ဤစွမ်းအားကြီးသည့်သူနှစ်ယောက် သူသေကိုယ်သေ တိုက်ခိုက်မည်ကို သူတို့ကြည့်ချင်နေကြလေ၏။

သို့သော် လူအများစုမှာ နျင်ချွမ်းဘက်တွင် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်တွင်ရှိနေသော်လည်း သူသည် ကောင်းကင် အတိဒုက္ခကို မဖြတ်သန်းရသေးပေ။

ပို၍အရေးကြီးသည်မှာ သူသည် ယခုအချိန်တွင် အားနည်းသည့်အခြေအနေတွင် ရှိနေသည်။

သူသာ ချက်ချင်း ပြန်ကောင်းမလာလျှင် သူသေချာပေါက် သေသွားလိမ့်မည်ပင်။ မည်သူက ဟွမ်၏စွမ်းအားကို ခုခံနိုင်မည်နည်း..

အဖြူရောင်အဝတ်အစားနှင့် သရဖူခြောက်ခုဘုရင် သေဆုံးတော့မည်ဟူသော ကောလဟာလများမှာ အပြင်ဘက်တွင် ပျံ့နေလေသည်။ မိန်းကလေးများထက်ပင် ချောမောလှသည့်မျက်နှာနှင့် အဆင့်လွန်သူရဲကောင်းမှာ ဤနေရာတွင် ကျရှုံးတော့မည်။

“နှမြောစရာပဲ .. သရဖူခြောက်ခုဘုရင်က ဒီမှာ ကျရှုံးတော့မှာလား .. သူက ကမ္ဘာပေါင်းခြောက်ခုမှာ အောင်မြင်မှုတွေ ရလာခဲ့တာ .. ဒီလိုမျိုးအဆုံးသတ်တာက အရမ်းနှမြောဖို့ကောင်းတယ်”

စီရင်စုသုံးထောင်မှ ကျင့်ကြံသူများပင်လျှင် ထိတ်လန့်သွားကြလေသည်။ သူတို့ရင်ထဲတွင်ရှိနေသည့် သူရဲကောင်းကြီး ပျက်စီးတော့မည်ဖြစ်သဖြင့် သူတို့တည်ငြိမ်နိုင်ရန် ခက်ခဲနေကြလေသည်။

“ပေါ်လာပြီ .. နျင်ချွမ်းကို တစ်ယောက်ယောက်က ပိတ်ထားတာ .. သူ အစိမ်းရောင်ဝိဉာဉ်နယ်မြေမှာ ပေါ်လာပြီ”

“မကောင်းတော့ဘူး .. သူကသေချာပေါက် သေတော့မှာပဲ .. သူ့ရဲ့မူလခန္ဓာကိုယ်က ပစ်မှတ်ထားခံရပြီးတော့ လူတွေ သူ့နောက်ကို လိုက်နေကြတာ”

ထွက်ပေါ်လာသည့်သတင်းများမှာ လူတိုင်းကို ထိတ်လန့်သွားစေလေသည်။

ရှီဟောင်တို့အုပ်စုလည်း ထိုနေရာသို့ ဦးတည်သွားလိုက်ကြသည်။

ဝုန်း…

ရုတ်တရက်ပင် ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာလေ၏။ တစ်ယောက်ယောက်မှ ရှီဟောင်အား သတ်ရန် ကြိုးစားနေခြင်းပင်။ ထိုစွမ်းအင်လှိုင်းများမှာလည်း ဂိုဏ်းခေါင်းဆောင်အဆင့်စွမ်းအင်လှိုင်းများဖြစ်ပြီး အလွန်ပြင်းထန်လှသည်။

ထိုအချိန်တွင် အားလုံးသည် ဆွံ့အစွာဖြင့်ပင် ကောင်းကင်အား မော့ကြည့်လိုက်ကြသည်။

ဤသည်မှာ ကောင်းကင်ထက်တွင် ပုန်းခိုနေသည့် လီပေါင်းများစွာ ကြီးမားသည့်လက်ကြီးတစ်ဖက်ပင်။

ဤအော်ရာမှာ ကြောက်စရာကောင်းလှပြီး အခြားသူများကို အသက်ရှူကြပ်သွားစေလေသည်။

ရှီဟောင်ကို သတ်ရန်အတွက် ပြိုင်ဘက်ကင်းသည့် ဂိုဏ်းခေါင်းဆောင်တစ်ယောက် ပေါ်လာလေပြီ။

“အဲဒါ နျင်ချွမ်းပဲ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုဂိုဏ်းခေါင်းဆောင်သည် နျင်ချွမ်းဘေးတွင် ပေါ်လာခြင်းပင်။ သူတို့နှစ်ယောက်သည် တစ်ချိန်လုံး အတူတူရှိနေသည်မှာ သေချာသည်။

ထိုအချိန်တွင် အားလုံးသည် ဆံပင်မွေးများ ထောင်ထသွားရပြီး ချွေးစေများပင် ထွက်လာရသည်။ အခြေအနေများမှာ လုံးဝပြောင်းလဲသွားလေပြီ။

နျင်ချွမ်းသည် သူ့ကိုယ်သူ ဓားစာခံလုပ်ပြီး ရှီဟောင်အား မျှားခေါ်လိုက်ခြင်းပင်။ ယခုတော့ စွမ်းအားအကြီးဆုံး ဂိုဏ်းခေါင်းဆောင်သည် ရှီဟောင်ကို သတ်ရန်အတွက် ကြိုးစားလာလေပြီ။

သရဖူခြောက်ခုဘုရင် သေတော့မည်ဟု ပြောနေကြသည့်သူအားလုံးမှာ ဆွံ့အသွားရ၏။ ခဏကြာပြီးမှသာ ဤနေရာသည် ရှီဟောင်၏သင်္ချိုင်းဖြစ်ကြောင်းကို သဘောပေါက်သွားလေ၏။

“ဟုတ်တယ် .. ဟွမ်က ဝိဉာဉ်ကျွန်းမှာ ပုန်းနေတာ .. သူ့မှာ ဂိုဏ်းခေါင်းဆောင်တွေရှိရုံတင်မကဘူး သူ့ကို ကာကွယ်ပေးနေတဲ့ တောင်ကာကွယ်ခြင်းအစီအရင်လည်းရှိတော့ သူ့ကို သတ်ဖို့ခက်တယ် .. အခုကတော့မတူတော့ဘူး”

မြွေသည် အသတ်ခံရရန်အတွက် တွင်းထဲမှ ထွက်လာလေပြီ။

ကောင်းကင်ထက်မှ လက်ကြီးတစ်ဖက် ရှီဟောင်ရှိနေသည့် နေရာသို့ ကျလာလေ၏။

ထိုအချိန်တွင် ရုတ်တရက်ပင် ထက်ရှလှသည့်ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ထိုလက်ကြီးကို တိုက်ခိုက်ကာ ထိုဂိုဏ်းခေါင်းဆောင်ကို တားဆီးလိုက်လေ၏။

“ဟက်..”

ကောင်းကင်ထက်တွင်ရှိနေသည့် ကျွမ်းကျင်သူလည်း ကြောက်ရွံ့မသွားပေ။ သူ့ဘက်တွင်လည်း အခြားသူများ ရှိနေသည်သာ။ အေးစက်သည့်နှာခေါင်းရှုံ့သံထွက်ပေါ်လာပြီး ရွှေရောင်စစ်လှံတံတစ်ခု ကောင်းကင်ထက်မှ ထိုးဖောက်လာကာ ရှီဟောင်ထံသို့ ဦးတည်လာလေ၏။

ရှီဟောင်ကို သတ်ရန်အတွက် တစ်ဖက်မှလည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်သာ။

ဝုန်း..

ထို့နောက်တွင် ဤနေရာ ပေါက်ကွဲသွားကာ လေဟာနယ်ထဲတွင် ဂိုဏ်းခေါင်းဆောင်သုံးယောက်ပေါ်လာလေ၏။ ထိုထဲတွင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုဘိုးဘေးလည်း ပါဝင်လေသည်။

ရှီဟောင်ကို ကာကွယ်ပေးမည့် ဂိုဏ်းခေါင်းဆောင် နှစ်ယောက်သာရှိနေသောကြောင့် သူတို့ခွန်အားချင်း မမျှကြသည်မှာ သိသာသည်။

“ဟမ် .. မဟုတ်သေးဘူး .. မြန်မြန်သွားတော့” ရုတ်တရက်ပင် အပေါ်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာလေသည်။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် နျင်ချွမ်းကိုခေါ်ပြီး အဝေးသို့ လျင်မြန်စွာ ပြေးသွားလေသည်။

“လိုက်ဖမ်း…”

မြေပြင်ထက်ရှိ တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်းခေါင်းဆောင်သုံးယောက် ပေါ်လာလေသည်။

“သူနဲ့ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ပဲ ထွက်လာတာလို့ သတင်းရထားတာမဟုတ်ဘူးလား .. ဘာလို့ ငါးယောက်လုံးပေါ်လာတာလဲ” ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုဘိုးဘေးမှ ဒေါသတကြီး ပြောလိုက်သည်။

ရှီဟောင်ကို သတ်ပြီး လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် အခြားလူမျိုးစုများ၏မျှော်လင့်ချက်ကို အဆုံးသတ်ရန်အတွက် အခြားသူများကို သူအကူအညီတောင်းခဲ့ခြင်းပင်။ ဤကဲ့သို့သော ပြောင်းလဲမှုများဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

ကောင်းကင်ထက်တွင် သွေးမိုးရွာသွန်းလာသည်။ ထိုဂိုဏ်းခေါင်းဆောင်သုံးယောက်မှာ ဒဏ်ရာရသွားပြီး ထွက်ပြေးသွားကြလေသည်။

ရှီဟောင်မှာ ထူးမခြားနားပင်။ သူတို့ထွက်မလာခင်ကတည်းက လှပခြင်းကလန်မှ ဂိုဏ်းခေါင်းဆောင်မှ သူ့အား သတိပေးပြီးသားပင်။ သူတို့သည် ရှီဟောင်နောက်သို့ တိတ်တဆိတ်လိုက်လာခြင်းပင်။

“သတိတစ်ချက်လွတ်သွားတာနဲ့ မမျှော်လင့်ထားတာတွေ ဖြစ်နိုင်တယ်” ရှီဟောင် သက်ပြင်းချကာ ပြောလိုက်သည်။

သူတို့နျင်ချွမ်းကို မဖမ်းလိုက်နိုင်သည်ကတော့ နှမြောစရာကောင်းလှသည်။ တစ်ဖက်လူကို ရှာတွေ့သွားခြင်းမဟုတ်ပဲ သူတို့ တမင်သက်သက်ထွက်လာခြင်းပင်။

“နောက်တစ်ခေါက်ကျရင် ငါမင်းကို သတ်မယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

နျင်ချွမ်းသည် မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ထဲသို့ ရောက်နေပြီဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်များသာ သူ့ကိုကာကွယ်ပေးထားပါက သူတမင်မထွက်လာပဲ သူ့ကို ရှာတွေ့မည်မဟုတ်ပေ။ သူထွက်လာသည်ကို စောင့်ရုံသာ ရှိတော့သည်။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်သည် တိတ်တိတ်လေးပင် သူ့လမ်းသူ ဆက်သွားလိုက်သည်။

ဤနေရာမှာ မြက်တစ်ပင်မှမရှိသည့် ကန္တာရကြီးပင်။

နေမင်းကြီးကို မမြင်ရလောက်အောင်ပင် လေများတိုက်ခတ်နေပြီး နေရာတိုင်းတွင် ကျောက်တုံးများ ရှိနေလေသည်။

လေဟာနယ်ထဲတွင် မြင်ရခဲသည့်အနက်ရောင်လေပွေများ မှုတ်ထုတ်နေသည့် အက်ကွဲကြောင်းနှင့် တွင်းနက်အနည်းငယ် ရှိနေလေသည်။ ဤလေများသည် နတ်ဘုရားအစစ်ကိုပင် တစ်စစီဖြစ်အောင် လုပ်နိုင်လေသည်။

ကောင်းကင်နတ်ဘုရားသစ်ပင်ရှိနေသည့်နေရာကို သင်္ချိုင်းနယ်မြေတွင်ရှိနေစဉ်ကတည်း သူသတင်းရထားပြီးသားပင်။ သူသည် ပျက်စီးနေသည့် ရှေးဟောင်းသင်္ကေတကိုပင် ရရှိခဲ့သေးသည်။

ယနေ့တော့ သူသက်သေရသွားလေပြီ။ ဤနေရာတွင်ရှိနေသည့် လေဟာနယ်မှာ မတည်ငြိမ်ပဲ ထိုလေဟာနယ်ထဲတွင် အခြားကောင်းကင်နှင့် ကမ္ဘာမြေကြီးတစ်ခုရှိနေပြီး ထိုထဲမှ လေပြင်းများ တိုက်ခတ်နေခြင်းပင်။

ရှီဟောင် အနက်ရောင်လေဟာနယ်ထဲရှိ အနက်ရောင်အက်ကွဲကြောင်းထဲသို့ ဝင်သွားလိုက်သည်။

သူဝင်သွားသည်နှင့် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ဆူညံသံများလည်း ထွက်ပေါ်လာလေ၏။

ဤနေရာမှာ လှပခြင်းလူမျိုးစုဂိုဏ်းခေါင်းဆောင်ပြောသည့်အတိုင်းပင် အလွန်အန္တရာယ်များလှသည်။ သာမန်နတ်ဘုရားများသာ ဝင်လာပါက အချိန်မရွေး အစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်လေသည်။

ရှီဟောင်၏ ခန္ဓာကိုယ်မှာ စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းထားပြီး သူသည်လည်း နတ်ဘုရာင်ဖြစ်သွားပြီဖြစ်သောကြောင့် သူမကြောက်တော့ပေ။

သူသည် ရှေးဟောင်းမြေ၏ အတွင်းပိုင်းသို့ ပြေးဝင်သွားလိုက်သည်နှင့် အပျက်အစီးမျိုးစုံကို မြင်လိုက်ရလေသည်။

မြေကြီးမှာ မီးလောင်ခံထားရသကဲ့သို့ပင် မည်းတူးနေလေ၏။ အချိန်မည်မျှကုန်ဆုံးသွားပြီမှန်း မသိနိုင်သော်လည်း မြက်တစ်ပင်မှပင် ပြန်မပေါက်သေးပေ။

ရှီဟောင် အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ ဝုန်း.. မီးတောက်များထွက်ပေါ်လာပြီး သူ၏အရေပြားကိုပင် မီးဟပ်သွားလေ၏။ ဤသည်မှာ ရွှေဝါရောင်အလင်းရှိသည့် နေမီးတောက်စွမ်းအင်ပင်။

သူသည် ဤမီးတောက်များကို ခုခံရန်အတွက် ကောင်းကင်လမ်းကြောင်းကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။

ဤကဲ့သို့သောမီးတောက်များမှာ ကြောက်စရာကောင်းသော်လည်း သူသည် ကောင်းကင်တာအိုမီးတောက်များကို ဖြတ်သန်းခဲ့သည့်သူဖြစ်သောကြောင့် မီးများကို ခံနိုင်ရည်ရှိနေပြီပင်။ အခြားသူများသာဆိုပါက ဤအထဲသို့ ဝင်လိုက်သည်နှင့် သေချာပေါက် တောင့်ခံနိုင်မည်မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် အန္တရာယ်များစွာ ကြုံတွေ့ခဲ့ရသည်။ လမ်းတစ်လျှောက်တွင် ပျက်စီးနေသည့် ရှေးဟောင်းမြေတစ်ခုကို သူဖြတ်ခဲ့ရသည်။ ဤနေရာတွင် ကောင်းကင်နတ်ဘုရားသစ်ပင်တကယ်ရှိရဲ့လားဆိုတာကိုပင် သူသံသယဝင်လာမိသည်။

“ရောက်သွားပြီ..”

နောက်ဆုံးတွင်တော့ လျှပ်စီးများ သိပ်သည်းစွာရှိနေပြီး မိုးခြိမ်းသံများ ဆူညံနေသည့်နေရာကို သူတွေ့လိုက်ရသည်၊

ဤသည်မှာ ကောင်းကင်အတိဒုက္ခစွမ်းရည်များ ရှိနေသည့် လျှပ်စီးများရှိနေသည့် နေရာတစ်ခုပင်။

ဤနေရာကို ဝင်လိုက်သည်နှင့် ရှီဟောင် ချက်ချင်းနားလည်သွားရသည်။ ဤနေရာမှာ ထူးဆန်းလှသည်။ အချို့နေရာများတွင် သာမန်လျှပ်စီးများရှိသော်လည်း အချို့နေရာများတွင်မူ ကျင့်ကြံဆင့်နှင့်ကိုက်ညီသည့် ကောင်းကင်အတိဒုက္ခရှိနေလေ၏။

ဒီနေရာက ဘယ်လိုနေရာကြီးလဲ .. အရမ်းကြောက်စရာကောင်းတာပဲ..

အခြားသူများသာဝင်လာလျှင် အမှားတစ်ခု လုပ်မိသွားသည်နှင့် ချက်ချင်းပင် သေသွားနိုင်သည်။ သို့သော်လည်း သူသည် စွမ်းအားအကြီးဆုံး အတိဒုက္ခကို ဖြတ်သန်းခဲ့သောကြောင့် ဤနေရာကို ဖြတ်ကျော်သွားနိုင်လေသည်။

မြေပြင်ပေါ်တွင် တောက်ပနေသည့် အမှုန့်များကို တွေ့ခဲ့ရသေးသည်။ သေချာကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ အရိုးမှုန့်ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

ကောင်းကင်နတ်ဘုရားအရိုးမှုန့်..

ဤနေရာသို့ လက်လွတ်စပယ်ဝင်လာသည့်သူများ မည်ကဲ့သို့သော ကပ်ဘေးများ ကြုံတွေ့ခဲ့ရသည်ကို စဉ်းစားကြည့်နိုင်သည်။

“လူတွေက ဒီနေရာက ကောင်းကင်နတ်ဘုရားအသီးတွေကို မခူးနိုင်တာ မထူးဆန်းပါဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ဤနယ်မြေမှာ ကျယ်ပြောလှလေ၏။ ရှီဟောင်သည် လျှပ်စီးအတိဒုက္ခကို အံတုရင်းဖြင့်ပင် လီပေါင်း ထောင်ပေါင်းများစွာ ရောက်ရှိသွားလေပြီ။

ဤနယ်မြေကို ဖြတ်ပြီးသည့်နောက်တွင် သူ၏အဝတ်အစားများမှာ ပြာမှုန့်များဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်လည်း အနည်းငယ် မည်းတူးနေလေပြီ။

ခဏနားပြီးသည့်နောက် ရှီဟောင် ခရီးဆက်သွားလိုက်သည်။
‌
နောက်ဆုံးတွင်တော့ အပင်များကို သူမြင်လိုက်ရသည်။ မြေကြီးများမှာ မည်းတူးမနေတော့သကဲ့သို့ မီးတောက်နှင့် လျှပ်စီးအလင်းတန်းများလည်း မရှိတော့ပေ။

ကံမကောင်းစွာဖြင့်ပင် ဤနေရာတွင် မည်သည့် ကောင်းကင်နတ်ဘုရားသစ်ပင်ကိုမှ သူမတွေ့ရပေ။ ဤအစိမ်းရောင်နယ်မြေကို လှည့်ပတ်ကြည့်ပြီးသည့်နောက်တွင် အခြားလျှပ်စီးများကို သူထပ်မြင်လိုက်ရလေသည်။

“ဒီနေရာက တကယ်ထူးဆန်းတာပဲ .. ဘာလို့ ကောင်းကင်အတိဒုက္ခပုံစံရှိတဲ့ လျှပ်စီးတွေ အဲဒီလောက်အများကြီး ရှိနေတာလဲ .. ထာဝရရှေးဟောင်းခေတ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ပျက်စီးစေပြီးတော့ ကောင်းကင်အတိဒုက္ခမှာတောင်မှ ပြဿနာရှိနေတာလား..”

ရှီဟောင် အရှေ့ဘက်သို့ ဆက်သွားလိုက်၏။ နှစ်ရက်ကြာပြီးသည့်နောက်တွင် ပုံမှန်မဟုတ်သည့်အရာများကို သူစတင်တွေ့ရှိလာသည်။

အရှေ့ဘက်တွင် တောင်တစ်လုံးသည် ကြီးမားလှကာ တိမ်များကိုပင် ထိနေလေပြီ။

ထိုနေရာတွင် စွမ်းအားကြီးသည့် နတ်ဘုရားအော်ရာရှိနေသော်လည်း ထိုနေရာ၌ လူမရှိပဲ အပင်များသာ ရှိလေသည်။

ရှီဟောင်သည် ချက်ချင်းပင် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားပြီး တောင်ထိပ်တွင် ဘာရှိနေသလဲဆိုသည်ကို ကြည့်လိုက်၏။ ထို့နောက်တွင် သူ၏မျက်လုံးများတွင် အလင်းတန်းများ တောက်ပလာလေ၏။

ထိုနေရာတွင် နဂါးတစ်ကောင်ကဲ့သို့ ထောင်မတ်နေသည့် ရှေးသစ်ပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ဤအပင်မှာ ထာဝရဆေးခင်းထဲတွင် တွေ့ခဲ့သည့်သစ်ပင်ထက်ပင် ပိုကြီးသေးသည်။ အကိုင်းအခက်များလည်း တောက်ပနေလေသည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားသစ်ပင်ပင်။

ဤအပင်၏ သစ်ရွက်များမှာ မြေကြီးရောင်ပင်။ ဤအပင်လွှဲရမ်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအချိန်ဆိုလျှင် ဤအပင်မှာ နေများမှ ဖန်တီးထားသကဲ့သို့ပင်။

ရှီဟောင်ကို ပို၍ပျော်ရွှင်စေသည်မှာ ဤအပင်တွင် ပန်းပွင့်များ ပြည့်နှက်နေခြင်းပင်။

ထို့အပြင် သေချာကြည့်လိုက်သည့်အချိန်တွင် အကိုင်းများနှင့် သစ်ရွက်များအောက်တွင် ဖုံးနေသည့် အသီးအချို့ကို သူတွေ့လိုက်ရသည်။ အသီးများမှာ အများကြီးမရှိသော်လည်း သူ့ကို လုံးဝထိတ်လန့်သွားစေရန် လုံလောက်သည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားအသီးများပင်။

ဤသည်မှာ ပန်းပွင့်များ၊ အသီးများရှိနေသည့် ရှေးဟောင်းနတ်သစ်ပင်ကြီးပင်။ သူ ဤအပင်ကြီးကို တွေ့သွားလေပြီ။

အပိုင်း ၁၁၉၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၄ – ကောင်းကင်နတ်ဘုရားသစ်ပင်

သူ တကယ်တွေ့သွားပြီ..

တောင်ထိပ်ပေါ်တွင်ရှိနေသည့် သစ်ပင်ကြီးကို မြင်လိုက်ရသည့်အချိန်တွင် သူစိတ်လှုပ်ရှားလာရသည်။

သူထိုနားသို့ တစ်လှမ်းချင်းတိုးသွားလိုက်သည်။ အဝေးမှပင်လျှင် ထူးခြားသည့် နတ်ဘုရားအော်ရာကို သူခံစားမိနေသည်။ သစ်ပင်ကြီး၏ ရွှေရောင်သစ်ရွက်များ၊ ပန်းပွင့်များ၊ အကိုင်းအခက်များနှင့် သစ်သီးများတွင် များပြားလှသည့် ဝိဉာဉ်စွမ်းအင်များ ရှိနေလေသည်။

ဤအပင်သည် အလွန်မြင့်သကဲ့သို့ အလွန်လည်း ကြီးမားလှသည်။ သစ်ခေါက်များမှာလည်း လက်ဝါးအရွယ်အစား အကြေးခွံများနှင့် တူနေသည်။

“လူငယ်လေး .. မင်းက ဒီနေရာထိရောက်အောင်လာနိုင်တာဆိုတော့ တော်တော်ကံကောင်းတာပဲ” ရှေးဟောင်းသစ်ပင်မှ ပြောလိုက်သည်။

ဤကောင်းကင်နတ်ဘုရားသစ်ပင်မှာ သာမန်ဆေးပင်မဟုတ်သည်မှာ သိသာလှသည်။ ဤသည်မှာ စွမ်းအားကြီးသည့်သက်ရှိပင်။ ဤအပင်မပြောနှင့် သူ၏အသီးတစ်လုံးပင်လျှင် ကောင်းကင်နတ်ဘုရားဖြစ်စေရန် လုံလောက်သည်။

“စီနီယာနဲ့ကျွန်တော်နဲ့က အရင်ကတည်းက သိခဲ့ကြတာပါ” ရှီဟောင် အလွန်ပင် ယဉ်ကျေးနေလေ၏။

သူ၏အရှေ့မှ သစ်ပင်သည် ရွှေရောင်ကောင်းကင်နဂါးတစ်ကောင်ကဲ့သို့ပင် သူ့အား စကားပြောလိုက်လေသည်။

“ဟူး .. ကောင်းကင်ကြီးက တကယ်ကို မတရားတာပဲ .. မင်းက ဒီလောက်အသက်ငယ်ငယ်လေးနဲ့တောင် ကောင်းကင်နတ်ဘုရားရဲ့ခွန်အားရှိနေပြီ .. ငါကကျတော့ နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့တာတောင်မှ အခုထိ အဆင့်မတက်နိုင်သေးဘူး” သစ်ပင်ကြီးမှ သက်ပြင်းချကာ ပြောလိုက်သည်။’

ကောင်းကင်နတ်ဘုရားသစ်ပင်အနေဖြင့် သူသည် တာအိုသစ်သီးများကို ပြုလုပ်ပေးပြီး အခြားသူများ ကောင်းကင်နတ်ဘုရားဖြစ်လာအောင် လုပ်ပေးနိုင်သော်လည်း သူကိုယ်တိုင်ကမူ ကန့်သတ်ခံထားရပြီး ကျင့်ကြံရန်အတွက် အလွန်ခက်ခဲလေသည်။ သူ၏လမ်းဆုံးနေပြီဖြစ်ပြီး သူသည် ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူ ဖြစ်မလာနိုင်တော့ပေ။ ယခုအချိန်တွင် သူသည် ကောင်းကင်နတ်ဘုရားအဆင့်၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီး ဂိုဏ်းခေါင်းဆောင်အဆင့်သို့ ခြေတစ်လှမ်းသာ ရောက်သေးသည်။

သို့သော်လည်း ပြောရမည်ဆိုလျှင် သူသည် အခြားနတ်ဆေးပင်များထက် ကံကောင်းသည်သာ။

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်၊ အတိဒုက္ခဖြတ်သန်းခြင်းနတ်ကြာပန်းနှင့် အခြားနတ်ဆေးပင်များ၊ ထာဝရသက်ရှိသယ်ဆောင်သည့်လိပ်ဖြူပင်လျှင် ဤအဆင့်ထိရောက်အောင် မကျင့်ကြံနိုင်ပေ။

“ကျွန်တော်တို့က ကျင့်ကြံနိုင်တယ်ဆိုပေမယ့် မွေးကတည်းက ကန့်သတ်ခံထားရတာပါ ..ကျွန်တော်တို့က အသက်ရှည်အောင်လုပ်လို့မရဘူး .. ဒါပေမဲ့ စီနီယာက ကောင်းကင်နတ်ဘုရားဖြစ်နေပြီးတော့ ရှေးကတည်းက ရှိခဲ့တာ .. ပါရမီရှိတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် အဝါရောင်မြေကြီးအဖြစ် ပြောင်းသွားတာကို ကြည့်နိုင်ခဲ့တယ် .. တကယ်ကို အားလုံးထက် သာလွန်ပါတယ်ဗျာ” ရှီဟောင် ပြောလိုက်၏။

“မင်းက တော်တော်လေး စကားတတ်တာပဲ … ငါ့အခြေအနေက အဲဒီထက် ဘာမှမပိုပါဘူး .. အတိဒုက္ခမြေကြီးမှာ ပေါက်လာတာမဟုတ်ရင် ငါလည်း တစ်ခြားအပင်တွေလိုမျိုး နတ်ဆေးပင်အဖြစ် စိုက်ခံနေရလောက်ပြီ” ရွှေရောင်ရှေးသစ်ပင်ကြီးမှ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက ဒီကိုရောက်အောင်လာနိုင်တယ်ဆိုမှတော့ ငါတို့နှစ်ယောက်က ကံစပ်လို့ပေါ့ .. မင်းရဲ့တာအိုတည်ငြိမ်ပြီးတော့ ကောင်းကင်နတ်ဘုရားဖြစ်လာအောင်လို့ ငါမင်းကို ကောင်းကင်နတ်ဘုရားအသီးတစ်လုံး လက်ဆောင်ပေးမယ် .. ” ထိုအပင်မှ ပြောလိုက်သည်။

ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။ သူသည်လည်း တတ်နိုင်သမျှမြန်မြန် အဆင့်တက်ချင်နေသည်သာ။ သူစွမ်းအားကြီးလေလေ ကောင်းလေလေပင်။ အဘယ်ကြောင့်ဆိုသော် ကပ်ဆိုးများရောက်လာတော့မည်ကို သူသိသည်။ ထိုအချိန်ကျလျှင် ကိုယ့်ကိုကိုယ်သာ အားကိုးရတော့မည်ပင်။

နောက်ထပ် အသီးနည်းနည်းလောက် ထပ်ရနိုင်မလားဟု သူမေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အသီးများ တစ်လုံးနှစ်လုံးမကသည်ကို သူတွေ့လိုက်ရသောကြောင့်ပင်။

“ကံဆိုးတာပဲ .. မှည့်နေတဲ့အသီးက တစ်လုံးပဲရှိတယ် .. တစ်ခြားအသီးတွေက မမှည့်သေးဘူး .. မမှည့်သေးတဲ့အသီးတွေက ဘာမှအသုံးမဝင်ဘူး” ရွှေရောင်သစ်ပင်ကြီးသည် အကိုင်းအခက်များကို လှုပ်ခါကာ ပြောလိုက်လေ၏။

ကောင်းကင်နတ်ဘုရားအသီးကို စားပြီးလျှင် မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ရှိလာမလဲဟု ရှီဟောင် နှိမ့်ချစွာပင် မေးလိုက်သည်။

“အနည်းဆုံးတော့ ကပ်ဘေးတစ်ရာကို ရှောင်လွှဲနိုင်တယ် .. ဖုန်မှုန့်နဲ့အငွေ့တွေ မင်းခန္ဓာကိုယ်ကို မကပ်နိုင်ဘူး” ရှေးသစ်ပင်ကြီးမှ ပြောလိုက်သည်။ ကောင်းကင်နတ်ဘုရားချက်ချင်းဖြစ်သွားသည့်အပြင် အံ့အားသင့်ဖွယ်ကောင်းသည့် ဆေးစွမ်းများလည်း ရှိနေသည်သာ။

“ကပ်ဘေးတစ်ရာကို ရှောင်လွှဲနိုင်တယ်ဆိုတာက ဘာကိုပြောချင်တာလဲ စီနီယာ” ရှီဟောင်မေးလိုက်သည်။

“သူက လျှပ်စီးကို ရှောင်နိုင်တယ်၊ မီးတောက်အတိဒုက္ခကို ရပ်တန့်နိုင်တယ် .. ရေကပ်ဘေးကို ခုခံနိုင်တယ်..” ကောင်းကင်နတ်ဘုရားသစ်ပင်မှ တစ်ခုပြီးတစ်ခု ရှင်းပြလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားလေ၏။ ဒါက လျှပ်စီးအတိဒုက္ခကို ရှောင်လွှဲနိုင်တာလား .. ဒါက ဘယ်လိုလုပ် အဆင်ပြေမှာလဲ .. ကျင့်ကြံဆင့်တစ်ခုစီတိုင်းအတွက် သူအတိဒုက္ခကို ဖြတ်ရမှာ..

“စီနီယာ .. အဲဒီ လျှပ်စီးအတိဒုက္ခဆိုတာက..”

“အိုး .. ငါမေ့သွားတာ .. ဒီခေတ်မှာ လျှပ်စီးအတိဒုက္ခတွေမရှိတော့ဘူးဆိုတော့ ဒီဆေးစွမ်းက ဘာမှအကျိုးသက်ရောက်တော့မှာမဟုတ်ဘူး .. မင်းစိတ်ပူစရာမလိုဘူး” သစ်ပင်ကြီး ပြောလိုက်သည်။

“ကျွန်တော်က ဘယ်လိုလုပ် မစိုးရိမ်ပဲနေရမှာလဲ .. ကျွန်တော် အတိဒုက္ခကို ဖြတ်ရမှာ” ရှီဟောင်ပြောလိုက်၏။

“ဘာ .. မင်းက ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းတယ်လို့ ပြောလိုက်တာလား” ကောင်းကင်နတ်ဘုရားသစ်ပင် ထိတ်လန့်သွားရသည်။ သူထင်ထားသည်မှာ ရှီဟောင်သည် ကောင်းကင်အတိဒုက္ခကို ခုခံ၍ ရောက်လာခြင်းမဟုတ်ပဲ အပြင်ဘက်လောကမှကံကောင်း၍ရောက်လာခြင်းဟု ထင်ထားခြင်းပင်။

“ကျွန်တော် ကောင်းကင်အတိဒုက္ခကို သုံးခါဖြတ်ပြီးသွားပြီ” ရှီဟောင် ခေါင်းညိမ့်လိုက်၏။

ထိုအချိန်တွင် သူသည် စွမ်းအားကြီးသည့် နတ်အသိစိတ်တစ်ခု ပျံ့လွင့်လာသည်ကို ခံစားလိုက်ရပြီး ထိုရွှေရောင်သစ်ပင်ကြီး၏ အကိုင်းတစ်ခုမှာ သူ၏ပုခုံးပေါ်သို့ ကျလာလေသည်။

“စွမ်းအားကြီးလိုက်တဲ့ ခန္ဓာကိုယ် .. မူလဝိဉာဉ်လည်း ကောင်းကင်အတိဒုက္ခရဲ့ ဆေးကြောခြင်းကို တွေ့ကြုံပြီးသွားပြီ” ကောင်းကင်နတ်ဘုရားသစ်ပင်ကြီးသည် ရှီဟောင်ကို ထိလိုက်ည်နှင့် မတူညီသည့်အော်ရာကို ခံစားလိုက်ရလေ၏။

ရှီဟောင် ဤသစ်ပင်ကို မခုခံလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ခွန်အားသည် ကောင်းကင်နတ်ဘုရားကို ယှဉ်နိုင်နေပြီဖြစ်သည်။ ထို့အပြင် ဤသစ်ပင်ကြီးထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို သူမခံစားရပေ။

“စီနီယာ .. စီနီယာဒီမှာ နေနေတာ ကြာလှပြီ .. အပြင်လောကနဲ့တောင် မရင်းနှီးတော့ဘူး .. စီနီယာ ကျွန်တော်နဲ့ အပြင်လိုက်လာချင်လား” ရှီဟောင်မေးလိုက်သည်။

ဤကောင်းကင်နတ်ဘုရားသစ်သီးမှာ သူ့အတွက် အသုံးမဝင်တော့ဘူးဟု သူခံစားနေရသည်။ သို့သော်လည်း သူနှင့်ရင်းနှီးနေသည့်သူငယ်ချင်းများအတွက် အသုံးဝင်သေးသည်။

သူသည် အစကတည်းက ကောင်းကင်နတ်ဘုရားအဆင့်နှင့် ညီနေပြီးသားဖြစ်သောကြောင့် သူဤအသီးကို စားလိုက်လည်း သိပ်အများကြီး ပြောင်းလဲသွားမည်မဟုတ်ပေ။ ထို့အပြင် သူသာ ကောင်းကင်အတိဒုက္ခကို မဆင့်ခေါ်နိုင်လျှင် အလွန်ပြဿနာများသွားနိုင်သည်။

ထို့ကြောင့် ကိုယ့်ဘာသာကိုယ် ကျင့်ကြံတာက ပိုကောင်းလိမ့်မည်ဟု သူခံစားရသည်။ ရုတ်တရက်ကြီး ကောင်းကင်နတ်ဘုရားအဆင့်ရောက်သွားမည့်ခံစားချက်ကိုလည်း သူမကြိုက်ပေ။

သို့သော်လည်း ဤသစ်ပင်ကြီးမှာ စွမ်းအားကြီးလှသည်။ သူသာ ဤသစ်ပင်ကြီးကို ကျောက်တုံးကျေးရွာသို့ယူသွားပြီး ရွာသူကြီးဖိုးဖိုးကိုသာ ကောင်းကင်နတ်ဘုရားသစ်သီးတစ်လုံး စားခိုင်းလိုက်လျှင် ဖိုးဖိုး၏ တစ်နေ့တစ်ခြား အသက်ကြီးလာသည့် ပြဿနာကို သူစိတ်ပူစရာမလိုတော့ပေ။

ကျောက်တုံးကျေးရွာတွင် လူအများကြီးရှိသည်။ ဥပမာအားဖြင့် ထိုဦးလေးများနှင့် သူ၏အပေါင်းအဖော်များသာ ကောင်းကင်နတ်ဘုရားသစ်သီးကိုစားလိုက်ပါက သူတို့သည် ခွန်အားကြီးလာရုံသာမက သူတို့သည် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်ပြီး သူတို့ချစ်သည့်သူများ တစ်ယောက်ပြီးတစ်ယောက် အသက်ကြီးလာသည်ကိုလည်း ကြည့်နေစရာမလိုတော့ပေ။

သူ၏အဖိုးအရင်း နတ်ဆိုးနတ်ဘုရားမှာမူ သူကိုယ်တိုင် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်ဟု သူယုံကြည်သည်။ အကယ်၍ သူမကျင့်ကြံနိုင်လျှင်လည်း ကောင်းကင်နတ်ဘုရားအသီးစား၍ရသည်။

ထို့ကြောင့်ပင် သူဤသစ်ပင်ကြီးကို စိုက်ကြည့်လိုက်သည်။ သူမသိလိုက်သည့်အချိန်မှာပင် သူ၏မျက်လုံးထဲမှ အစိမ်းရောင်အလင်းများထွက်လာနေလေပြီ။ သူဤအပင်ကို ချက်ချင်းပင် တူးယူလိုက်ချင်မိသည်။

“လူငယ်လေး ..မင်းဘာစဉ်းစားနေတာလဲ” ထိုသို့စိုက်ကြည့်ခံနေရသောကြောင့် ကောင်းကင်နတ်ဘုရားသစ်ပင်ကြီးမှာ တုန်ယင်လာလေသည်။ ဤလူငယ်လေးမှာ ကြင်နာတတ်သည့်သူမဟုတ်ဘူးဆိုသည်ကို သူအစကတည်းက ခံစားမိနေသည်သာ။

“စီနီယာ .. အပြင်ဘက်လောကက ဖရိုဖရဲတွေ ဖြစ်လာတော့မှာ .. ရှေးဟောင်းမိတ်ဖက်၊ နယ်စပ်ခြား၊ စွန့်ပစ်နယ်မြေ.. နေရာအားလုံးက ဖရိုဖရဲတွေ စဖြစ်လာတော့မှာ .. ဒီနေရာက သန့်စင်တဲ့မြေ ဖြစ်တော့မှာမဟုတ်ဘူး .. အခု ထာဝရရှေးဟောင်းမြေနယ်ခြားစည်းမှာ အက်ကွဲကြောင်းကြီးဖြစ်နေပြီ .. အပြင်လောကနဲ့ချိတ်ဆက်တော့မှာ .. စီနီယာပြင်ဆင်မှုတွေ လုပ်ထားဖို့လိုနေပြီ” ရှီဟောင်ပြောလိုက်သည်။

“မင်းဘာပြောလိုက်တာလဲ .. အပြင်ဘက်လောကမှာ ဘာဖြစ်နေတာလဲ” ကောင်းကင်နတ်ဘုရားသစ်ပင်ကြီးသည် လေးနက်သည့်အမူအရာအဖြစ် ပြောင်းလဲသွားလေ၏။

ရှီဟောင့်ထံမှ အပြင်လောကအကြောင်းများကို သိလိုက်ရသည့်အချိန်တွင် ပင်စည်တွင်ပေါ်နေသည့် မျက်မှာမှာ မှုန်မှိုင်းသွားလေ၏။

ထာဝရရှေးဟောင်းမြေပင်လျှင် ပျောက်ကွယ်တော့မည်။ ဤသည်မှာ ဤနေရာသည်လည်း စီရင်စုသုံးထောင်နှင့် ချိတ်ဆက်သွားကာ အပြင်လောကမှလူများ ဝင်နှောက်ယှက်တော့မည်ဟု ဆိုလိုခြင်းပင်။

“ထာဝရအသက်ရှည်ခြင်းကို သွားတဲ့လမ်းရှိရင်ကောင်းမှာပဲ” ကောင်းကင်နတ်ဘုရားသစ်ပင် သူ့ကိုယ်သူ ပြောလိုက်၏။ သို့သော် ဤသည်မှာ စိတ်ကူးယဉ်ဆန်လွန်းသည်ကိုလည်း သူ့ကိုယ်သူ သိသည်သာ။

“စီနီယာ .. ဒီလူငယ်မျိုးဆက်က လမ်းပြပေးချင်ပါတယ် .. အပြင်ကိုထွက်လာဖို့ စီနီယာကို ဖိတ်ပါတယ်” ရှီဟောင်ပြောလိုက်သည်။

“မင်းရဲ့ မြင့်မြတ်သည့်စတေးခြင်းနယ်ပယ်ခွန်အားလေးနဲ့ ငါ့ကို ဘယ်လိုကာကွယ်မှာလဲ .. အပြင်ဘက်မှာ ဂိုဏ်းခေါင်းဆောင်အုပ်စုတွေ ရှိနေမှာ သေချာတယ် .. အချိန်ကျလာရင် တစ်ယောက်ယောက်က ငါ့ကိုမင်းလက်ထဲက လုယူသွားပြီးတော့ ဆေးဥယျာဉ်ထဲမှာ သွားစိုက်ထားလိမ့်မယ်” ကောင်းကင်နတ်ဘုရားသစ်ပင်ပြောလိုက်သည်။

“စီနီယာ .. ကျွန်တော်က အသက် ၂၀ ပဲရှိသေးတာတောင်မှ ဒီကျင့်ကြံဆင့်ကို ရောက်နေပြီ။ တကယ်လို့ ကျွန်တော့်ကို နောက်ထပ်နှစ်နည်းနည်းလောက် ထပ်ပေးလိုက်ရင် ဘာဖြစ်လာမလဲ .. ရေရှည်ကို ကြည့်ဖို့လိုပါတယ် စီနီယာ” ရှီဟောင်ပြုံး၍ပြောုလိက်သည်။ ဤသစ်ပင်ကြီးကို ယူသွားရန် သူဆုံးဖြတ်ပြီးသွားလေပြီ။

ထို့နောက်တွင် ရှီဟောင်သည် ထိန်ချန်မနေတော့ပဲ သူ၏ထာဝရစွမ်းအင်ကြောင်းသုံးခုကို ထုတ်ပြကာ သူ၏ဦးခေါင်းထက်တွင် တာအိုပွင့်ဖတ်များ ပေါ်လာလေသည်။ နေနှင့်လစွမ်းအင်များ တောက်ပလာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏စွမ်းအင်များလည်း လှုပ်ရှားလည်ပတ်လာသည်။ ကောင်းကင်ဥပဒေသတာအိုများလည်း ထွက်ပေါ်လာလေသည်။

ကောင်းကင်နတ်ဘုရားသစ်ပင်ကြီးမှာ မတည်ငြိမ်နိုင်တော့ပေ။ သူသည် ချက်ချင်းပင် ထိတ်လန့်တကြားခုန်မိသွားလေ၏။ သူ၏သစ်ရွက်များလည်း ပြင်းထန်စွာပင် တုန်ခါနေလေသည်။

“ထာဝရစွမ်းအင်သုံးကြောင်း .. မင်းတကယ် ဒီအဆင့်တောင် ရောက်နေပြီလား .. အရင်ခေတ်တုန်းကတောင်မှ အဆင့်လွန်လူငယ်နည်းနည်းလောက်ပဲ ဒီလိုမျိုးလုပ်နိုင်တာ”

ကောင်းကင်နတ်ဘုရားသစ်ပင်ကြီး၏ သဘောထားမှာ ချက်ချင်းပင် ပြောင်းလဲသွားလေသည်။ သူ ဤလူငယ်လေးနောက်လိုက်သွား၍ရသည်ဟု သူခံစားနေရသည်။

ထို့နောက်တွင် လူအိုကြီးနှင့်လူငယ်လေးတို့ စတင်ဆွေးနွေးကြလေသည်။

ကောင်းကင်နတ်ဘုရားသစ်ပင်ကြီးသည် ယိမ်းထိုးနေပြီး ထိုရွှေရောင်သစ်ရွက်များသည် ဝိုင်၏ရနံ့သင်းပျံ့နေသည့် မြူအနည်းငယ်ကို ထုတ်လွှတ်လိုက်ကာ ရှီဟောင်ကို တစ်ခွက်သောက်ရန် ဖိတ်ခေါ်နေလေသည်။

“ဒါက လျှပ်စီးအတိဒုက္ခကိုတော့ မထိခိုက်စေဘူးမလား”

“မစိုးရိမ်ပါနဲ့ .. ဒါက ဝိုင်အဖြစ်လုပ်ထားတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ မြူပဲ” သစ်ပင်အိုကြီး ပြောလိုက်သည်။

ဤမျှ ချောချောမွေ့မွေ့ဖြစ်သွားလိမ့်မည်ဟု ရှီဟောင် မထင်ထားခဲ့ပေ။ ဤသစ်ပင်အိုကြီးကို သူနှင့်ခေါ်သွားနိုင်ချေရှိနေလေပြီ။

သူသည် အလွန်မျက်စိပသာဒဖြစ်လွန်းသောကြောင့် သူသာ ရှီဟောင်နောက်လိုက်သွားလျှင် သူ့ကို လာလုမည့်ဂိုဏ်းများ ရှိနိုင်ကြောင်း ထိုသစ်ပင်မှ ရှီဟောင်အား ပြောလိုက်သည်။

သူသည် ကျုံ့ကာ မှော်ပစ္စည်းထဲသို့ ဝင်နိုင်သော်လည်း ဤသည်မှာ သူ၏ကြီးထွားနှုန်းကို ထိခိုက်နိုင်ပြီး ကောင်းကင်နတ်ဘုရားသစ်သီးများလည်း အလွယ်တကူ ကြွေကျလာနိုင်သည်။ ဤသည်မှာလည်း ကောင်းသည့်နည်းလမ်းမဟုတ်ပေ။

ရှီဟောင်မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။ “တစ်ခြားနည်းလမ်းမရှိတော့ဘူးလား”

ဤသစ်ပင်မှာ အကြီးကြီးဖြစ်နေသောကြောင့် နတ်နန်းဂိုဏ်း၊ ထာဝရနန်းတော် သို့မဟုတ် မြေအောက်လောကကဲ့သို့သော နေရာမျိုးတွင် စိုက်ပျိုးခြင်းမဟုတ်ပဲ သူ့လက်ထဲတွင် ထားပါက အခြားသူများ လောကတက်လာနိုင်သည်သာ။

“မင်း အလုံးစုံသက်ရှိမြေကြီးကို ရှာနိုင်ရင်တော့ ငါတစ်ပေလောက်ကျုံ့လိုက်ရင်တောင်မှ ငါ့ရဲ့တာအိုကို ရှေ့ဆက်သွားလို့ရအောင် လုပ်နိုင်တယ် .. အသီးတွေလည်း တစ်လုံးပြီးတစ်လုံး သီးအောင် လုပ်လို့ရတယ်”

“ကျွန်တော့်မှာ အလုံးစုံသက်ရှိမြေကြီးရှိတယ်” ရှီဟောင်ပြောလိုက်၏။ ကျွင်းသောက်ထံမှ သူထိုမြေကြီးရခဲ့သော်လည်း သူယုန်ဖြူလေးကို လက်ဆောင်အဖြစ် ပေးလိုက်လေပြီ။

ဤရှေးဟောင်းမြေ၏ အတွင်းပိုင်းတွင်လည်း အလုံးစုံသက်ရှိမြေကြီးရှိကြောင်း ကောင်းကင်နတ်ဘုရားသစ်ပင်မှ ရှီဟောင်အား ပြောလိုက်သည်။ ဤသည်မှာလည်း ယခင်ခေတ်မှ လျှို့ဝှက်ချက်တစ်ခုပင်။

ရှီဟောင် ထိုနေရာသို့ ဆက်သွားလိုက်သည်။ ထိုနေရာ၌ အလုံးစုံသက်ရှိမြေကြီးရှိနေသောကြောင့် သူဤအခွင့်အရေးကို လက်လွတ်မည်မဟုတ်ပေ။ သူသာ ထိုမြေကြီးကိုရှာနိုင်လျှင် အခြားသူများသိသွားမည်ကို စိတ်ပူစရာမလိုပဲ ဤသစ်ပင်ကြီးကို သယ်ထုတ်သွား၍ရလေပြီ။

သို့သော်လည်း ထိုနေရာသည် အလွန်အန္တရာယ်များပြီး သူပင် မသွားရဲကြောင်း ကောင်းကင်နတ်ဘုရားသစ်ပင်မှ ထပ်ခါထပ်ခါ သတိပေးလိုက်သည်။ လမ်းတစ်လျှောက်တွင် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခရှိနေခြင်းပင်။

ရှီဟောင်ပြုံးလိုက်၏။ အခြားသူများအတွက် သေတွင်းဖြစ်သော်လည်း သူလုံးဝမကြောက်မိပေ။

ဤတောင်ကြောတွင် အချို့နေရာများမှာ အပင်များပေါများကာ ငြိမ်းချမ်းနေသော်လည်း အခြားနေရာများတွင်မူ မြေကြီးများမှာ မည်းတူးနေပြီး လျှပ်စီးများလည်း အဆက်မပြတ်ကျရောက်လာသည်။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ဤအတွင်းပိုင်းတွင်ရှိနေသည့် လျှပ်စီးအတိဒုက္ခမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ လျှပ်စစ်တန်းများဖြင့် ဖြစ်လာသည့် သက်ရှိအချို့လည်း ရှိနေပြီး ထိုအကောင်များသည် သူ့ထံသို့ တရှိန်ထိုး ပြေးလာနေလေ၏။

ရက်ပေါင်းများစွာ သွားပြီးသည့်နောက်တွင် သန့်စင်သည့်မြေတစ်ခုကို ဆက်သွယ်ထားသည့် ကျောက်တံတားလေးကို သူတွေ့လိုက်ရသည်။ ထိုမြေထဲတွင်ရှိနေသည့် အပင်များမှာ ရောင်စုံအလင်းများ တောက်ပနေလေသည်။

ရှီဟောင်သည် အပြာရောင်ကျောက်တံတားပေါ်တက်လိုက်ပြီး အထဲဘက်သို့ ဆက်သွားလိုက်သည်။ နောက်ဆုံးတွင် သူမည်းတူးသွားသည်အထိ လျှပ်စီးတစ်ခု ကျရောက်လာလေသည်။ သာမန်လူသာဆိုပါက ဤနေရာတွင် ပေါက်ကွဲသွားလောက်လေပြီ။

အတော်လေးဝေးနေသေးသော်လည်း ထိုသန့်စင်သည့်မြေထဲမှ ပုံမှန်မဟုတ်သည့်မြင်ကွင်းများကို သူမြင်နေရလေပြီ။

“အလုံးစုံသက်ရှိမြေကြီး” ရှီဟောင် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူအလွန်ပျော်ရွှင်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အလုံးစုံသက်ရှိမြေကြီးမှ ထူးဆန်းသည့်မြင်ကွင်းများ ပြုလုပ်နေသောကြောင့်ပင်။

ထိတ်လန့်စရာအကောင်းဆုံးမှာ ရောင်စုံအလင်းများသည် ကြေးမုံတစ်ခုကဲ့သို့ဖြစ်လာပြီး အမျိုးသမီးတစ်ယောက်ပုံကို ပြနေလေ၏။

“ဘာလို့ ရင်းနှီးနေသလို ခံစားနေရတာလဲ” ရှီဟောင် ချက်ချင်းဆွံ့အသွားရ၏။ ဤလူကို ရင်းနှီးနေသည်ကို သူ ခံစားနေရသည်။

အပိုင်း ၁၁၉၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၅ – စုန်းမ

တကယ်ထူးဆန်းလှသည်။ သူဘာလို့ ဒီလူကို ရင်းနှီးတယ်လို့ ခံစားနေရတာလဲ .. သူဒီလူကို တစ်နေရာရာမှ တွေ့ဖူးသလိုပဲ…

ရှီဟောင် ထပ်ခါတလဲလဲ ရေရွတ်လိုက်သည်။

သို့သော်လည်း ဤသည်မှာ အလုံးစုံသက်ရှိမြေကြီးမှ ပြန်ဟပ်လာသည့်ပုံရိပ်သာဖြစ်သောကြောင့် အနည်းငယ် မှုန်ဝါးနေသည်။

ထိုသန့်စင်သည့်မြေထဲတွင် အပင်များစွာရှိနေပြီး အများစုမှာ နှစ်ပေါင်းထောင်ပေါင်းများစွာ သက်တမ်းရှိသည့် ဆေးပင်များပင်။ မြင့်မြတ်ဆေးပင်များလည်းရှိလေသည်။ ရနံ့များမှာ သင်းပျံ့လှပြီး အလင်းများလည်း စီးဆင်းနေလေသည်။

ရှီဟောင်သည် သူ၏ကောင်းကင်လမ်းကြောင်းကို အသက်သွင်းလိုက်ပြီး သတိကြီးကြီးသွားလိုက်သည်။ သို့သော် ထိုနေရာတွင် မည်သည့်အန္တရာယ်မှ မရှိပေ။

ထိုသို့ဆိုသော်လည်း သူသတိကြီးကြီးထားနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤအလုံးစုံသက်ရှိမြေကြီးမှာ သတိထားရမည့်အရာတစ်ခုပင်။

ဤမြေကြီးသည် သက်ရှိအားလုံးကို ပျိုးထောင်နိုင်ပြီး မပုပ်မသိုးအောင် ပြုလုပ်နိုင်သည်ဟု ပြောကြသည်။ အလောင်းပင်လျှင် ဤအောက်ထဲမြှုပ်ထားပါက နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ပြန်ရှင်လာနိုင်သည်ဟု ပြောကြသည်။

သို့သော်လည်း ဤသည်မှာ တစ်နှစ်၊ နှစ်နှစ်မဟုတ်ပဲ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာနိုင်သည်ပင်။

ထာဝရဘုရင်များသည် ပြန်လည်ရှင်သန်နိုင်မည့်အခွင့်အရေးရရန်အတွက် သူတို့မသေဆုံးမီတွင် ဤကဲ့သို့သော အဆင့်လွန်ရတနာများကို ရှာဖွေကြသည်ဟု ပြောကြသည်လေသည်။

ဤအကြောင်းကို စဉ်းစားမိလိုက်သည့်အချိန်တွင် ရှီဟောင် တုန်ယင်သွားရသည်။ ဒီအောက်မှာ တစ်ခုခုရှိနေတာများလား..

ယခင်က ထာဝရဆေးခင်းထဲတွင်လည်း ‘ထာဝရသက်ရှိကိုသယ်ဆောင်ထားသည့်လိပ်ဖြူ’ မှယူထားသည့် အလုံးစုံသက်ရှိမြေကြီးကို မြင်ခဲ့ဖူးသည်။ ထိုအချိန်တုန်းက ထိုဆေးပင်မှာ ထာဝရဘုရင်တစ်ယောက်မှ ဖြစ်လာခြင်းလားဟု သူသံသယဝင်ခဲ့သေးသည်။

သို့သော်လည်း ဤသည်မှာ သံသယသာရှိပြီး သက်သေမရှိပေ။

ယခု သူ့ရှေ့တွင် အလုံးစုံသက်ရှိမြေကြီးအနည်းငယ်ကို ထပ်တွေ့လိုက်ရသောကြောင့် သူနှိုင်းယှဉ်၍ရလေပြီ။

“ဒီအောက်မှာ အမျိုးသမီးထာဝရဘုရင်မကို မြှုပ်ထားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်” ရှီဟောင် ပြောလိုက်သည်။

အလုံးစုံသက်ရှိမြေကြီးမှာ သဲများနှင့်တူသည်။ အမှုန်တိုင်းမှာ အပြာရောင်အလင်း တောက်ပနေသည်။

ဤသည်မှာ မြေကြီးနှင့်မတူပဲ ပျက်စီးနေသည့်အဖိုးတန်ရတနာများ စုပေါင်းထားသည်နှင့် တူနေလေသည်။

ရှီဟောင်သည် မှော်စွမ်းအားကို အသုံးပြုလိုက်ကာ ထိုမြေကြီးထဲသို့ တူးဆွကြည့်လိုက်သည်။

ရုတ်တရက်ပင် သူသည် ဖြူဖွေးနေသည့်ခြေထောက်တစ်ဖက်ကို တွေ့လိုက်ရလေသည်။ ထိုခြေထောက်သည် သိပ်မကြီးသော်လည်း တောက်ပနေကာ ကျောက်စိမ်းရုပ်တုကဲ့သို့ပင် ကြည်လင်နေလေ၏။

“သောက်ခွေး..” ဤအောက်တွင် တစ်ခုခုရှိမည်ဟု ထင်ထားသော်လည်း တကယ်တွေ့လိုက်ရသည့်အချိန်တွင် သူထိတ်လန့်သွားဆဲပင်။

ထိုခြေထောက်ကို ထိကြည့်လိုက်သည့်အချိန်တွင် ခြေထောက်မှာ နွေးနေဆဲပင်။

ရှီဟောင် သက်ပြင်းချမိသွားသည်။ ဤအလုံးစုံသက်ရှိမြေကြီးမှာ အမှန်တကယ်ကို အံ့အားသင့်စရာ ကောင်းလွန်းလှသည်။ အချိန်များစွာကြာလှပြီဖြစ်သော်လည်း ဤခြေထောက်မှာ ပုပ်သိုးမသွားသေးပေ။

ဒါက တကယ်ထာဝရဘုရင်လား..

လက်ရှိလောကတွင် ထာဝရသက်ရှိများ မရှိတော့ပေ။

“အသက်ရှင်နေတဲ့ထာဝရသက်ရှိတွေ မရှိတော့ဘူးဆိုပေမယ့် သေနေတဲ့ထာဝရသက်ရှိကို ကြည့်ရလည်း မဆိုးဘူး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။ ထာဝရဘုရင်များတွင် ဘာများထူးခြားနေသလဲဆိုသည်ကို သူသိချင်သည်။

သို့သော်လည်း သူသံသယအနည်းငယ်ရှိနေဆဲပင်။ ဤထာဝရဘုရင်သည် ကြောက်စရာကောင်းသည့်အော်ရာကို မထုတ်လွှတ်သကဲ့သို့ ကြောက်စရာကောင်းသည့်စွမ်းအားလှိုင်းများလည်း မထုတ်လွှတ်ပေ။ ဤသည်မှာ သူယခင်က တွေ့ခဲ့ဖူးသည့် ထာဝရအလောင်းများနှင့် မတူပေ။

ရွှီး..

ရုတ်တရက်ပင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှီဟောင်ပုခုံးကို ဖြတ်သွားလေသည်။ သူသာ အမြန်မရှောင်လိုက်လျှင် သူ့ခေါင်း ပြတ်နေလောက်လေပြီ။

ဤဓားအလင်းတန်းမှာ ထက်ရှလှပြီး သူ့အရှေ့တွင်ရှိနေသည့် အရာအားလုံးကို ဖောက်ထွက်နိုင်လေသည်။

“ဒီနေရာမှာ အစီအရင်တွေ ရှိနေတာလား” ရှီဟောင်၏မျက်လုံးများ တောက်ပလာလေ၏။

သူသည် အဝေးမှနေ၍သာ မှော်စွမ်းအားများကို အသုံးပြုလိုက်ပြီး အလုံးစုံသက်ရှိမြေကြီးကို ခွာလိုက်သည်။ ဤသည်မှာ ရှုပ်ထွေးနက်နဲသည့်အစီအရင်တစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် ဤအစီအရင်မှာ ပျက်စီးနေလေပြီ။

မီးလောင်ခံထားရသကဲ့သို့ပင် ဤအစီအရင်ပစ္စည်းများမှာ အရည်ပျော်နေလေပြီ။

“ဒီအစီအရင်တွေ တစ်ခုခုဖြစ်သွားလို့တော်သေးတာပေါ့ … မဟုတ်ရင် ဒုက္ခများနေမှာ” ရှီဟောင်ပြောလိုက်သည်။

ယခုတစ်ခေါက်တွင်တော့ သူယဉ်ကျေးမနေတော့ပေ။ ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ထိုအမျိုးသမီးကို ခြေချင်းဝတ်မှကိုင်ပြီး ဆွဲထုတ်လိုက်သည်။

ဤအမျိုးသမီးထံတွင် ပြီးပြည့်စုံသည့်ခန္ဓာကိုယ်ရှိသည်ဟု ပြော၍ရသည်။ သူမ၏ခြေဖဝါးမှာ ပြည့်စုံလှပြီး ထွက်လာသည့်သူမ၏ခြေထောက်တစ်စုံသည်လည်း အခြားသူများ အံ့အားသင့်ရလောက်အောင် ရှည်လျားဖြောင့်တန်းနေလေသည်။

အရေးကြီးသည့်အစိတ်အပိုင်းနှင့် အခြားနေရာများကိုမူ ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးလွှမ်းထားလေ၏။ သူမ၏ဖြူဖွေးနေသည့်အသားအရေနှင့် ချပ်ဝတ်တန်ဆာတို့သည် ရောင်ပြန်ဟပ်နေကြလေသည်။

ရှီဟောင်ဆွဲထုတ်လိုက်သည့် အမျိုးသမီး၏ ခါး၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ထင်ထားသည့်အတိုင်းပင် ပြီးပြည့်စုံလှသည်။

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် အမျိုးသမီးပင်။

ရှီဟောင်၏ချေးများသည့်မျက်လုံးဖြင့်ပင်လျှင် သူသက်ပြင်းချနေရလေသည်။

ဤအမျိုးသမီးမှာ ပြစ်ချက်ရှာ၍မရလောက်အောင်ပင် လှပလွန်းလှသည်။

သူမသည် အသက်ရှင်နေသကဲ့သို့ပင် သူမ၏အသားအရေမှာ နွေးနေဆဲပင်။

သူမ၏မျက်လုံးများမှာလည်း အိပ်ပျော်နေသည့် နတ်သမီးတစ်ပါးအလား…

ဤသည်မှာ အိပ်ပျော်နေသည့် မင်းသမီးလေးပင်။

ဤလူကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ကြောင်း ရှီဟောင်သေချာသွားလေပြီ။

“သူသေသွားတာ နှမြောစရာပဲ .. မဟုတ်ရင် ဒီလိုမျိုးအလှလေးက ထာဝရသက်ရှိအစစ်ဖြစ်လာလောက်တယ် .. သူ့ကိုသာ ငါ့ဘေးမှာ အစေခံမိန်းကလေးအနေနဲ့ထားနိုင်ရင် .. အတွေးနဲ့တောင်မှ စိတ်လှုပ်ရှားစရာကောင်းနေပြီ” ရှီဟောင်ပြောလိုက်၏။

သို့သော်လည်း ဤသည်မှာ သူ၏ကျိုးကြောင်းဆီလျော်မှုမရှိသည့်စိတ်ကူးသာ။ အသက်ရှင်နေသည့်ထာဝရသက်ရှိကိုတော့ သူဒီလိုမျိုးမပြောရဲပေ။

“ဟမ် .. တစ်ခုခုတော့ မဟုတ်သေးဘူး” ရှီဟောင်သည် ဖြူဖျော့သွားကာ နောက်သို့နှစ်လှမ်းခန့် ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီး၏မျက်တောင်ရှည်များ လှုပ်ခတ်လာသည်ကို သူတွေ့လိုက်ရသည်။ သူမ၏မျက်လုံးများ ပွင့်လာတော့မည်။

ထို့အပြင် အလွန်ရင်းနှီးသည့်ခံစားချက်ကိုလည်း သူခံစားလိုက်ရသည်။

ဤအမျိုးသမီး၏ပုံပန်းသွင်ပြင်မှာ ပြိုင်ဘက်ကင်းဖြစ်ပြီး သူမကိုလည်း တစ်ခါမှ မတွေ့ဖူးပေ။

သို့သော်လည်း သူဘာကြောင့် ဤကဲ့သို့ခံစားနေရသနည်း..

ဤအမျိုးသမီးတောက်ပလာကာ အသက်လည်းရှူလာလေသည်။

သူတကယ် .. အသက်ရှင်လာတော့မှာလား..

“ဒါက ထာဝရတာအိုအော်ရာမဟုတ်ဘူး .. မဟုတ်မှလွဲလို့…” ရှီဟောင်တစ်ခုခုကို တွေးမိသွားကာ တံဆိပ်များကို ပြုလုပ်လိုက်ပြီး သူမ၏ အသက်ကြောကို ဖိနှိပ်ရန် ပြင်လိုက်သည်။

ရွှီး..

ထိုအချိန်တွင် ဤအမျိုးသမီး၏မျက်လုံးများပွင့်လာကာ သူမ၏မျက်ဆံများမှာ ကြယ်ကောင်းကင်ကြီးကဲ့သို့ပင် တောက်ပနေလေသည်။ ဖြန်ူ,,

ရှီဟောင်သည် မည်ကဲ့သို့သော ကျွမ်းကျင်သူဖြစ်သနည်း.. ထာဝရစွမ်းအင်သုံးကြောင်းပေါ်လာကာ သူမခန္ဓာကိုယ်ကို ဝန်းရံစေလိုက်ပြီး သူမထွက်ပြေးမသွားနိုင်အောင် လုပ်လိုက်သည်။

ရွှီး..

ဤအမျိုးသမီးလည်း ထာဝရစွမ်းအင်ကို ကျင့်ကြံထားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူမ၏လက်ညှိုးထိပ်မှ နတ်အလင်းတစ်ခု ထွက်ပေါ်လာလေ၏။ ထို့အပြင် ကြောက်စရာကောင်းသည့် ကျောက်ပုတီးလေးတစ်ခု ပေါ်လာပြီး ထိုခန္ဓာကိုယ်ကို ခေါ်ယူသွားလေသည်။

“သူခိုးလေး .. မင်းက ငါ့ကို ချောင်းတိုက်ရဲတယ်ပေါ့” ထိုအချိန်တွင် ဤအမျိုးသမီးမှ ဒေါသတကြီး ပြောလိုက်သည်။

ရှီဟောင်မှာ ပို၍ပို၍ပင် ရင်းနှီးလာသည်ဟု ခံစားလိုက်ရသည်။ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ကာ ဆွံ့အစွာဖြင့်ပင် သူမအား စိုက်ကြည့်လိုက်လေသည်။

နောက်ဆုံးတွင်တော့ ရှီဟောင်မှတ်မိသွားလေပြီ။ “မင်းမလား..”

အလုံးစုံသက်ရှိမြေကြီးပေါ်တွင်ရပ်နေသည့် အမျိုးသမီးမှာ ရှီဟောင်နီးပါးပင် အရပ်ရှည်လေသည်။ သူမ၏အသားအရေမှာ ဖြူဖွေးနေပြီး ကောက်ကြောင်းများလည်း အသွယ်သွယ်ပင်။

“မင်း .. ကျေးဇူးမသိတတ်တဲ့ကောင် .. ငါသီးသန့်ကျင့်ကြံတဲ့နေရာကိုလာပြီးတော့ ငါ့ကို လုပ်ကြံဖို့ကြိုးစားတယ်ပေါ့” ထိုအမျိုးသမီး မကျေမနပ်ပြောလိုက်သည်။

သူမ၏နက်မှောင်နေသော ဆံနွယ်သည် ကြေးမုံကဲ့သို့ပင် တောက်ပြောင်နေပြီး ခါးထိစင်းကျနေသည်။ သူမ၏အသားအရေနှင့်ဆိုလျှင် အဖြူနှင့်အမဲ ဆန့်ကျင်ဘက်ဖြစ်နေလေ၏။ သူမ၏ အရေးကြီးသည့်ခန္ဓာကိုယ်အစိတ်ပိုင်းများကို ဖုံးထားသည့် ရွှေရောင်ချပ်ဝတ်တန်ဆာနှင့်ပေါင်းလိုက်လျှင် သူမသည် ထူးခြားသည့်စတိုင်တစ်မျိုးဖြစ်နေလေ၏။

“စုန်းမ .. တကယ်ခင်ဗျားလား” ရှီဟောင် အနည်းငယ် ဆွံ့အသွားရသည်။ ကောင်းကင်ခစားခြင်းဂိုဏ်းမှစုန်းမကို ဤနေရာတွင်တွေ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ဤအမျိုးသမီးမှာ ယွဲ့ချန်နှင့် ဆန့်ကျင်နေသည့်သူပင်။ အဆင့်နိမ့်နယ်မြေတွင်ဖြစ်စေ အဆင့်မြင့်နယ်မြေတွင်ဖြစ်စေ သူတို့နှစ်ယောက်သည် အမြဲတမ်းတိုက်ခိုက်နေသည်သာ။

ထာဝရရှေးဟောင်းမြေသို့ ဝင်လာကတည်းက သူမနှင့်အနှေးနှင့်အမြန်တွေ့ရမည်ကို သူသိပြီးသားပင်။ သို့သော်လည်း သူမအကြောင်းမကြားသည်မှာ နှစ်ပေါင်းများစွာကြာသွားပြီဖြစ်သည်။

သူက သူ့ကိုယ်သူ အလုံးစုံသက်ရှိမြေကြီးအောက်မှာ ဖုံးထားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ…

“ငါကသီးသန့်ကျင့်ကြံနေတာ” စုန်းမသူ့အား ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့အရင်တုန်းကနဲ့ သိပ်မတူတော့တာလဲ” ရှီဟောင့်ထံတွင် မေးခွန်းများစွာ ရှိနေလေ၏။

“အရမ်းမုန်းစရာကောင်းတာပဲ .. အဲဒီပညာကို ကျင့်ကြံလိုက်တာနဲ့ အစီအရင်နဲ့ငါ့အဝတ်အစားတွေအားလုံး လောင်သွားတာ” စုန်းမသည် မကျေမနပ်ပင် ညည်းတွားလိုက်လေ၏။ ကံကောင်းစွာဖြင့်ပင် အားလုံးပါမသွားပဲ အနက်ရောင်ချပ်ဝတ်ကျန်နေသေးသည်။

ရွှီး..

အဖြူရောင်အဝတ်အစားပျံ့လွင့်လာပြီး သူမခန္ဓာကိုယ်ကို ဖုံးလွှမ်းလိုက်သော်လည်း မလုံသေးပေ။ သို့သော်လည်း သူမသည် ဤသည်ကို ဂရုစိုက်မနေပေ။

“ဒီနေ့က ငါတို့ပထမဆုံးတွေ့တာလို့ ပြောလို့ရတယ်” စုန်းမပြောလိုက်သည်။ သူမ၏နှုတ်ခမ်းမှာ နီရဲနေပြီး သွားများမှာ ဖြူဖွေးနေလေ၏။

“ယုတ်မာတဲ့ မိန်းမကြီး .. အဲဒါဆို အရင်တုန်းက အကုန်လုံးက ကိုယ်ပွားတွေလား” ရှီဟောင်၏နဖူးထက်တွင် အနက်ရောင်လှိုင်းများ ပေါ်လာလေ၏။

ဤသည်မှာ တကယ်ကို မုန်းစရာကောင်းလွန်းလှသည်။ သူတွေ့ခဲ့တဲ့သူအားလုံးက ကိုယ်ပွားတွေပေါ့…

သူတို့ပထမဆုံးအကြိမ်တွေ့ကြသည်မှာ မြောက်ပင်လယ်ရှိ ခွန်ပန်အသိုက်တွင်ဖြစ်သည်။ ထိုစဉ်က သူမသည် ကောက်ကျစ်ကာတက်ကြွသည့်မိန်းမငယ်လေးပင်။ ဒုတိယအကြိမ်တွေ့ကြသည်မှာ ကျောက်တုံးတိုင်းပြည်အင်ပါယာမြို့တော်တွင်ပင်။ ထိုစဉ်က သူမသည် အမြီးကိုးချောင်းမြေခွေးပင်။ နောက်တစ်ကြိမ်တွင် သူမသည် ရှီဟောင်နှင့်အတူ ယွဲ့ချန်ကို ဖမ်းပေးခဲ့သေးသည်။

တတိယမြောက်တွေ့သည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်အစစ်နှင့်တွေ့ရသည်ဟု သူထင်ထားခြင်းပင်။

“ဒါက ငါ့ရဲ့ခန္ဓာကိုယ်အစစ်ပဲ .. အရင်တုန်းက မင်းနဲ့ဆက်သွယ်ဖို့ အမြဲတမ်းကိုယ်ပွားကို သုံးခဲ့တာ .. မင်းကအရမ်းကောက်ကျစ်တယ်လေ .. ငါသတိမထားလို့ ဘယ်လိုလုပ်ရမှာလဲ” သူမရယ်မောကာပင် ပြောနေလေ၏။

ဘယ်သူက ကောက်ကျစ်တာလဲ .. ရှီဟောင်အံကြိတ်လိုက်၏။ သူတို့အကြိမ်ပေါင်းများစွာ တွေ့ခဲ့ကြသော်လည်း သူမ၏မူလခန္ဓာကိုယ်ကို သူမထုတ်ဖော်ခဲ့ခြင်းမရှိပေ။

သူမကို ဒီတစ်ခေါက် တူးမိတာသာမဟုတ်ရင် သူ့ရဲ့ရုပ်အစစ်ကို ရှီဟောင် ဘယ်အချိန်ကျမှသိရမလဲမသိနိုင်ပေ။

ရှီဟောင်သည် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်ပြီး တောက်ပသည့်အနတ်အလင်းများကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ခန္ဓာကိုယ်အစစ်ဖြစ်ပြီး ကိုယ်ပွားမဟုတ်မှန်း သေချာအောင်ပင်။

“ကျောက်တုံးလေး .. မင်းကငါ့ကို အခွင့်ကောင်းယူရဲတယ်ပေါ့” စုန်းမသည် သူမ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ကာ ရှီဟောင်၏ကောင်းကင်မျက်လုံးကို တားဆီးရန်အတွက်လည်း တောက်ပသည့်သင်္ကေတများကို ထုတ်လွှတ်လိုက်လေ၏။

“ခင်ဗျားက ကျုပ်ကိုနှစ်ပေါင်းများစွာ လှည့်စားခဲ့တာလေ .. အဲဒါတောင်မှ ကျုပ်ခင်ဗျားကို အခွင့်ကောင်းယူတယ်လို့ ပြောရဲသေးတယ်ပေါ့” ရှီဟောင်ပြောလိုက်၏။

“ငါတို့မတွေ့တာ နည်းနည်းလေးကြာနေပြီ .. မင်းနဲ့ယွဲ့ချန်ကြားက ကိစ္စတွေက ဘယ်လိုဖြစ်သွားပြီလဲ” စုန်းမ ခေါင်းစဉ်ပြောင်းလိုက်သည်။ သူမသည်သူ့ကိုအရင်ဆုံး လက်ဝေ့ရမ်းပြကာ နွေးထွေးစွာ ပြုံးပြလိုက်လေ၏။ “အဲဒီလောက်ထိ တင်းမာမနေပါနဲ့ .. သူငယ်ချင်းဟောင်းတွေ ပြန်တွေ့တာ ပျော်စရာကိစ္စတွေပဲ ပြောသင့်တာပေါ့ .. ငါမင်းကို လက်ဆောင်ပေးမယ် .. မင်းဒီအလုံးစုံသက်ရှိမြေကြီးတွေအကုန်လုံး ယူသွားလို့ရတယ်”

“ခင်ဗျားမပြောရင်တောင် ကျုပ်ယူသွားမှာပဲ ..ကျုပ်ဒါကို သုံးစရာရှိတယ်” ရှီဟောင်သည် သူမအဘယ်ကြောင့်ဤနေရာတွင် ရောက်နေသလဲဆိုသည်ကို မေးရန်လောမနေတော့ပဲ အရိုးအိုးတစ်ခုကို ထုတ်လိုက်ပြီး ထိုမြေကြီးများကို သိမ်းယူလိုက်သည်။

“အမ် .. ဘာလို့အဲဒီလောက်တောင်လေးနေတာလဲ” တစ်ဝက်လောက်ယူပြီးသွားသည့်အချိန်တွင် အလေးချိန်မှာ သိပ်မဟုတ်သေးသည်ကို သူတွေ့လိုက်ရသည်။ သူအားထပ်ထည့်လိုက်သော်လည်း ထပ်ယူရန် ခက်ခဲနေလေ၏။

“ငါမင်းကို ကူညီပေးမယ်” စုန်းမလေးမှ ရယ်မောလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် ရှီဟောင် ချွေးပြန်လာသည်။ စုန်းမသည်လည်းသူကဲ့သို့ပင် စွမ်းအင်များကို ထုတ်သုံးနေရသည်ပင်။

“ကျုပ်တို့အခုမှတွေ့တာကို ခင်ဗျားက တစ်ခြားသူအတွက် စွမ်းအင်တွေလာသုံးပေးနေတယ် .. ပြီးတော့ အရှက်မရှိ ကျုပ်ကိုတောင်မှ သူငယ်ချင်းဟောင်းလို့ခေါ်လိုက်သေးတယ်..”

“အဲဒီလောက်ထိ ကပ်စေးနှဲမနေပါနဲ့.. အရင်တုန်းက ငါမင်းကို နတ်နန်းဂိုဏ်းက မြင့်မြတ်မိန်းမပျိုကို လက်ဆောင်ပေးခဲ့တယ်လေ .. အဲဒါတောင်မှ မင်းကငါ့ကို သဲလေးနဲနဲကိုတောင် ရွှေ့ပေးဖို့မကူပေးချင်ဘူးပေါ့ .. တကယ်ကို အသိဉာဏ်မရှိတာပဲ” စုန်းမပြောလိုက်သည်။

အလုံးစုံသက်ရှိမြေကြီးကို မယူနိုင်အောင် ဤမြေကြီးအောက်တွင် ထူးဆန်းသည့်ဆွဲအားတစ်ခုခုရှိနေသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်ရသည့်အချိန်မှသာ ရှီဟောင်သည် သဲ၏ ၇၀ ရာခိုင်နှုန်းကို ရသွားလေပြီ။ ထိုအချိန်တွင် လူသားပုံစံတစ်ခုကို သူတွေ့လိုက်ရလေ၏။

သူချက်ချင်းပင် စုန်းမအား ထိတ်လန့်တကြား ကြည့်မိသွားသည်။

“အောက်မှာလဲနေတဲ့တစ်ယောက်က ဒီမြေကြီး ပိုင်ရှင်အစစ် ထာဝရဘုရင်တစ်ယောက်လား” ရှီဟောင်သည် သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ဖြစ်သွားလေသည်။

စုန်းမလေးမှာ အတော်လေးပင် ရဲတင်းလှသည်။

“ငါ့ကိုမကြည့်နဲ့ .. ပညာတစ်ချို့ကို ကျင့်ကြံဖို့မဟုတ်ရင် ငါလည်းဒီမှာ လဲနေချင်တယ်လို့ မင်းထင်နေလား .. ငါ့ခန္ဓာကိုယ်မပျက်စီးသွားအောင် အလုံးစုံသက်ရှိမြေကြီးကို လိုနေလို့သာ” စုန်းမလေးသည် သူ့အားမျက်လုံးလှန်ကြည့်ပြီး ရေရွတ်လိုက်လေသည်။

“ခင်ဗျားက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ” ရှီဟောင်မေးလိုက်၏။

“လူတွေကို သယ်ထားတဲ့ သွေးတွေ စိုရွှဲနေတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးစွမ်းအင်အိုးကို ငါတွေ့လိုက်တယ် .. ငါ အဲဒီအိုးနောက်ကို လိုက်ရင်းနဲ့ သူက ဒီမှာ အဆုံးသတ်သွားတာ” စုန်းမလေးသည် ဤသည်ကို ဂရုမစိုက်သည့်ပုံစံအတိုင်း အေးအေးလူလူပင် ပြောလိုက်လေ၏။

“ခင်ဗျား ဘာပြောလိုက်တာ” ရှီဟောင်သည် ချက်ချင်းပင် သင်္ချိုင်းနယ်မြေရှိချောက်နက်ကြီးအောက်ရှိ ရှေးဟောင်းယဇ်ပုလ္လင်တွင် တွေ့ခဲ့ရသည့် အိုးကြီးကို ပြန်စဉ်းစားမိသွားသည်။ ထိုအိုးသည် အတိတ်မှအိုးမဟုတ်သလို ပစ္စုပ္ပန်မှအိုးလည်း မဟုတ်ပေ။ သူ့အတွက်ရောက်လာခြင်းပင်။

“အဲဒီအိုး .. ဘယ်ထွက်သွားပြီလဲ” ရှီဟောင်သည် ချက်ချင်းပင် စုန်းမလက်မောင်းကို ကိုင်ပြီးမေးလိုက်သည်။’

“ဟေး ဟေး ဟေး .. မင်းလူမှားဆွဲနေပြီ .. ငါက ယွဲ့ချန်မဟုတ်ဘူး” သူမသည် ချက်ချင်းပင် ဖယ်လိုက်လေ၏။

“ကြည့်လိုက် .. အလုံးစုံသက်ရှိမြေကြီးအောက်မှာပဲ” သူမပြောလိုက်သည်။

ရှီဟောင်သည် ထိတ်လန့်တကြားဖြင့်ပင် သူမခြေထောက်အောက်သို့ ကြည့်လိုက်လေသည်။

အပိုင်း ၁၁၉၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၆ – ဧကရာဇ်သွေးတစ်စက်

သူ့ကို အမြဲတမ်းကြောက်ရွံ့သည့်ခံစားချက်များ ပေးနေသည့် အရင်းအမြစ်စွမ်းအင်များရှိနေသည့်အိုးမှာ ဤနေရာတွင်ရှိနေသောကြောင့် ရှီဟောင်ဘယ်လိုလုပ် မလန့်ပဲနေမည်နည်း…

“ခင်ဗျားကျုပ်ကို လိမ်နေတာတော့ မဟုတ်ဘူးမလား” ရှီဟောင် စုန်းမကို ကြည့်လိုက်သည်။ ဤစုန်းမသည် အလွန်ကောက်ကျစ်ပြီး သူမပြောသမျှအားလုံး အမှန်တရားမဟုတ်နိုင်ပေ။ ထို့အပြင် ဤအောက်တွင် ရှိနေသည်မှာ သေချာပေါက် လူသားတစ်ယောက်၏လက္ခဏာပင်။ အိုးတစ်လုံးမဟုတ်ပေ။

စုန်းမသည်ပြုံးလိုက်ကာ “မင်းကိုလိမ်ကို ငါကဘာရမှာလဲ”

“ခင်ဗျားရန်သူရဲ့စတိုင်ကို အတုလိုက်ခိုးဖို့ ကြိုးစားနေတာလား” ရှီဟောင် သူမကို ကြည့်ကာ မေးလိုက်သည်။

“ဟက် .. အဲဒီတုန်းက သူနဲ့ရင်ဆိုင်ဖို့အတွက်က ကိုယ်ပွားလေးတွေနဲ့ပဲ လုံလောက်တယ်လေ .. ဟုတ်သားပဲ .. အဲဒီကောင်မလေး ယွဲ့ချန် အခုဘယ်လိုဖြစ်သွားပြီလဲ” စုန်းမ မေးလိုက်သည်။ သူမသည်ချက်ချင်းပင် ရင်ခုန်စေနိုင်သည့်အပြုအမူမျိုး ပြုလုပ်လိုက်လေသည်။

ရှီဟောင်သူမကို ကြည့်လိုက်သည်။ သူမသည် ယခင်တုန်းကအတိုင်း မြူးကြွပြီး ပြောင်ချော်ချော်နိုင်ကာ ရင်ဆိုင်ရခက်ခဲသည့်သူ ဖြစ်နေဆဲပင်။

“အဲဒီတုန်းက ယွဲ့ချန်လည်း သူ့ရဲ့ခန္ဓာကိုယ်အစစ်မဟုတ်ဘူး .. သူက မူလခန္ဓာကိုယ်နဲ့ ဒုတိယခန္ဓာကိုယ်ဆိုပြီးတော့ ကွဲနေတာ .. ကျုပ်တို့ ဒုတိယခန္ဓာကိုယ်ကိုပဲ ဖမ်းမိခဲ့တာ .. ဒါကို ခင်ဗျားလည်း သိတယ်မလား..” ရှီဟောင်ပြောလိုက်၏။

“အားရိုး .. သူမအကြောင်းကို တယုတယနဲ့ကို ပြောနေတော့တာပဲ .. မင်းသူနဲ့ တကယ်ပဲ တစ်ခုခုကို ရူးရူးမိုက်မိုက်လုပ်ခဲ့တာလား .. တကယ်မထင်ထားခဲ့ဘူး .. အဲဒီတုန်းက မင်းက ငါ့ပုခုံးလောက်တောင်မရှိသေးဘူး ကလေးလေးပဲရှိသေးတယ် .. မင်းကအဲဒီအရွယ်ကတည်းက မကောင်းတဲ့အတွေးတွေ ရှိနေခဲ့တာလား .. ယွဲ့ချန်ကတော့ တကယ်သနားစရာကောင်းတာပဲ .. ဒီလိုမျိုးကောင်စုတ်ရဲ့လက်ထဲမှာ ပျက်စီးသွားရှာပြီ .. တကယ့်ကို ဒီလောကကနတ်သမီးတွေရဲ့ ကျရှုံးခန်းပဲ”

စုန်းမသည်ခေါင်းခါကာ ဝမ်းနည်းသည့်အမူအရာမျိုးလုပ်နေလေ၏။ သို့သော်လည်း သူမ၏မျက်လုံးများမှာ တောက်ပနေကာ ယွဲ့ချန်၏ကံဆိုးမှုအတွက် အလွန်ပျော်ရွှင်နေသည်မှာ သိသာလှသည်။

ရှီဟောင်၏နဖူးထက်တွင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာသည်။ ဒါက ဘာသဘောလဲ .. အရင်တုန်းက သူ အသက်ငယ်သေးတယ် မရင့်ကျက်သေးဘူးဆိုပေမဲ့ သူ့အရပ်ကတော့ သေချာပေါက် အဲဒီလောက်မပုဘူး … သူက ဘယ်လိုလုပ် သူမရဲ့ပုခုံးလောက်ပဲ ရှိရမှာလဲ..

“ကျုပ်တို့တွေ့တာနဲ့ ခင်ဗျား ကျုပ်ကိုဒီလိုမျိုးလှောင်ရမှဖြစ်မှာလား” ရှီဟောင်သည် သူမ၏ဆင်စွယ်အောင်ခန္ဓာကိုယ်ကို အထက်အောက်စုန်ကြည့်လိုက်ပြီး အံကြိတ်လိုက်လေ၏။

“ပြောပြ .. ပြောပြ.. ငါ့လက်အောက်မှာ ရှုံးသွားတဲ့တစ်ယောက် ဘယ်လိုနေလဲ” စုန်းမလေးသည် အလွန်ပင် ပျော်ရွှင်နေလေသည်။

“သူက .. နေကောင်းပါတယ်” ရှီဟောင်ပြောလိုက်သည်။

“ဟမ် ..” စုန်းမသည် ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ အလွန်ထူးဆန်းသည့်အမူအရာဖြစ်သွားလေသည်။ သူမသည် တခစ်ခစ်ရယ်မောလိုက်ပြီးနောက် “မင်းတို့နှစ်ယောက်ကြားမှာ တကယ်တစ်ခုခုဖြစ်ခဲ့တာလား..”

ဤစကားလုံးများမှာ ရှီဟောင်၏မျက်ခုံးများကို ချက်ချင်းပင် မြင့်တက်သွားစေသည်။

“ကောင်စုတ်လေးက ဒီလောက်ထိရဲတင်းလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး .. မကောင်းတဲ့ကိစ္စတွေကို တကယ်လုပ်ရဲနေပြီပေါ့” စုန်းမသည် ခေါင်းခါလိုက်ကာ ဆက်တိုက်ပင် ရယ်မောနေလေသည်။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”

“ရှက်သွားတာလား .. မင်းကိုကြည့်လိုက်တာနဲ့ မင်းတို့နှစ်ယောက်ကြား တစ်ခုခုမှားခဲ့တယ်ဆိုတာ ငါပြောနိုင်တယ် .. ဟား ဟား .. ဒါကတကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ .. ငါ သူနဲ့နောက်တစ်ခေါက်ပြန်တွေ့ရင် သူငါ့ရှေ့မှာ တည်တည်ငြိမ်ငြိမ်လေး နေနိုင်ဦးပါ့မလားဆိုတာ သိချင်မိသား” စုန်းမ၏အပြုံးမှာ အလွန်ပင် တောက်ပနေလေသည်။

ရှီဟောင် ဆွံ့အသွားရ၏။ အချိန်အတော်ကြီးကြာမှသာ သူစကားပြန်ပြောနိုင်လေသည်။ “တကယ်တော့ ကျုပ် ခင်ဗျားကိုလည်း တော်တော်လေး စိတ်ဝင်စားပါတယ် .. ခင်ဗျား ကျုပ်ဆီကိုလာခဲ့ရင်ရော”

“ကောင်စုတ်လေး .. ငါနဲ့တတ်နိုင်သမျှ ဝေးဝေးသွားနေစမ်း” စုန်းမ၏ အပြုံးများ ပျောက်ကွယ်မသွားသော်လည်း သူမအတော်လေး တည်ငြိမ်သွားလေသည်။

“ခင်ဗျားက ကျုပ်ထက် ဘယ်လောက်များ အသက်ကြီးနေလို့လဲ” ရှီဟောင်သည် သူမကို ပတ်လျှောက်လိုက်ပြီးနောက် “ခင်ဗျားရဲ့ ခန္ဓာကိုယ်က တကယ်ကို တစ်ခုခုပဲ .. အဲဒီဂိုဏ်းက နတ်သမီးနဲ့ မတူဘူး”

စုန်းမက သူ့ကိုလှောင်ပြောင်ရဲနေမှတော့ သူသည်လည်း သူမကို အခွင့်အရေးယူရမည်သာ။

“သူခိုးစုတ်လေး မင်းရဲ့နတ်သမီးကိုပဲ သွားရှာလိုက် .. ဒီအန်တီက ဘာမဟုတ်တာလေးကို မင်းနဲ့ငြင်းခုန်နေဖို့ အချိန်မရှိဘူး .. ငါကျင့်ကြံပြီးတော့ ထာဝရသက်ရှိဖြစ်လာအောင် လုပ်ရဦးမှာ .. နောင်ကျရင်တော့ ငါယွဲ့ချန်ဆီကို သွားလည်ဦးမှာပါ .. ဟား ဟား..” သူမသည် လွတ်လွတ်လပ်လပ်ပင် ရယ်မောလိုက်လေ၏။ လှပလှသည့် ထာဝရနတ်ဆိုးပန်း ငြင်သာစွာ ယိမ်းထိုးနေသကဲ့သို့ လှပကာ ဆွဲဆောင်မှုရှိလှသည်။

ရှီဟောင်သည် စုန်းမ၏ဖြူဖွေးနေသည့် လက်မောင်းကို ဆွဲကိုင်လိုက်ကာ သူ၏ထာဝရစွမ်းအင်သုံးကြောင်းကို ရစ်ဝဲစေလိုက်သည်။

“ဟေး ငါတို့ ပိုပြီး အရေးကြီးတဲ့ ကိစ္စလုပ်ရဦးမယ် .. ငါမင်းနဲ့ မတိုက်ချင်ဘူး” စုန်းမသည် ထာဝရစွမ်းအင်ကို အသက်သွင်းလိုက်သည်နှင့် ကျောက်ပုတီးစေ့လေးပေါ်လာလေ၏။ ထို့နောက်တွင် မြူများထွက်ပေါ်လာပြီး သူမအနောက်ပြန်ဆုတ်သွားလေသည်။

သူတို့သည် အချိန်ဖြုန်းမနေတော့ပဲ ဤနေရာကို ဆက်တူးလိုက်သည်။ အလုံးစုံသက်ရှိမြေကြီးအားလုံးကို ရှီဟောင်၏ထိုအရိုးအိုးထဲတွင် သိမ်းထားလိုက်လေပြီ။

ထိုအောက်တွင်ရှိနေသော ထူးဆန်းသည့်စွမ်းအားကြောင့် အလုံးစုံသက်ရှိမြေကြီးကို ယူရသည်မှာ တစ်ဖြည်းဖြည်းပင် ပို၍ ခက်ခဲလာသည်ပင်။

နောက်ဆုံးတွင်တော့ မြေအောက်တွင်ရှိနေသည့်အရာကို မြင်လိုက်ရလေပြီ။

“ထာဝရဘုရင်လား..” စုန်းမထိတ်လန့်သွားကာ သူမ၏အပြုံးပင်လျှင် ပျောက်ကွယ်သွားလေပြီ။ မမြင်ရသည့်အရာတစ်ခုခုဖြစ်လာမည်စိုးသောကြောင့် သူမနောက်ပြန်ဆုတ်သွားလိုက်လေသည်။

ဤလူသည် မလှုပ်မယှက်ရှိနေပြီး သူ၏ချပ်ဝတ်တန်ဆာသည်လည်း အရောင်မှိန်ကာ အက်ကွဲကြောင်းများ ပြည့်နေလေပြီ။

သို့သော်လည်း ဤလူထ့မှ ထူးဆန်းသည့်ခံစားချက်များ ရနေဆဲပင်။ ဤချပ်ဝတ်တန်တာမှာ ပျက်စီးနေသော်လည်း သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။

“ဒါကတကယ် ထာဝရဘုရင်တစ်ယောက်လား” ရှီဟောင်ပင်လျှင် စိတ်လှုပ်ရှားသွားရသည်။

ထာဝရသက်ရှိများသည် အလုံးစုံသက်ရှိမြေကြီးကို သက်ရှည်ဆေးပင်များ စိုက်ပျိုးရန် အသုံးပြုပြီး ခန္ဓာကိုယ်ကို မပျက်စီးအောင်ထားသည်ဟူသော ဒဏ္ဍာရီများကို သူကြားဖူးသည်သာ။

ယခုတော့ ဒဏ္ဍာရီများမှာ အမှန်ပင် ဖြစ်လာလေပြီ။

သူနှင့် စုန်းမတို့နှစ်ယောက်လုံးသည် တောက်ပနေသည့် ထိုမြေကြီးကို တူးလိုက်ကြပြီး ထိုထာဝရခန္ဓာကိုယ် အားလုံးပေါ်လာရန် ကြိုးစားလိုက်ကြသည်။

“အမျိုးသမီး ထာဝရသက်ရှိလား..”

“ဟမ် မဟုတ်သေးဘူး .. ဒီမှာအလောင်းမရှိဘူး .. လူအစစ်က ဘယ်မှာလဲ”

သူတို့ရုတ်တရက်ပင် တုန်ယင်သွားရသည်။ ဤချပ်ဝတ်တန်ဆာမှာ အလွန်ရိုးရှင်းလှပြီး တစ်စုံတစ်ယောက်ဝတ်ထားသကဲ့သို့ပင် မြေကြီးအောက်ရောက်နေသော်လည်း ချိုင့်ဝင်မသွားပေ။ သူတို့မြေကြီးအားလုံး ဖယ်လိုက်သည့်အချိန်တွင် ဤသည်မှာ လူသားပုံစံစီထားသည့် ချပ်ဝတ်တန်ဆာသာရှိပြီး လူမရှိသည်ကို တွေ့လိုက်ရသည်။

ဤချပ်ဝတ်တန်ဆာကို အမျိုးသမီးတစ်ယောက် ပိုင်ဆိုင်ခဲ့သည်ပင်။

“ဒါက ဘယ်လိုပစ္စည်းမျိုးလဲ .. ဒါက ထာဝရရွှေ တစ်မျိုးမျိုးလား” ရှီဟောင်သည် ဤချပ်ဝတ်တန်ဆာကို ထိကြည့်ထိုးကြည့်လိုက်သည်။ ဤဝတ်စုံမှာ အက်ကွဲကြောင်းများ ပြည့်နှက်နေသော်လည်း သူ မ၍ပင်မရသည်ကို သူတွေ့လိုက်ရသည်။

ဤဝတ်စုံမှာ ရှေးကျကာ ရိုးရှင်းသော်လည်း အဖိုးတန်သည့် စစ်ပွဲဝတ်စုံဖြစ်မည်မှာ သေချာသည်။

“စဉ်းစားကြည့်ရင် ဒါက ဖြစ်နိုင်တယ် .. အရင်တုန်းက ထာဝရတာအိုနတ်သမီးတစ်ယောက်ရှိခဲ့တယ် .. သူက သူသေတော့မယ်ဆိုတာသိတော့ သူ့ကိုယ်သူ ဒီမှာလာပြီးတော့ မြှုပ်ထားခဲ့တာ .. ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်အစစ်က ဘယ်ရောက်နေတာလဲ” စုန်းမပြောလိုက်သည်။

ထို့နောက်တွင် သူမသည် ရှီဟောင်ကို လှည့်ကြည့်လိုက်ကာ “အလုံးစုံသက်ရှိမြေကြီးကို မင်းယူလိုက် .. ဒါပေမဲ့ ငါဒီချပ်ဝတ်တန်ဆာကို လိုချင်တယ်”

ရှီဟောင်စမ်းကြည့်သော်လည်း ဤချပ်ဝတ်တန်ဆာမှာ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။ မာကျောသည်မှလွဲ၍ မည်သည့်ထူးခြားမှုမှ မရှိပေ။ ထို့ကြောင့်ပင် သူမအား ခေါင်းငြိမ့်ပြလိုက်တော့သည်။

ထို့အပြင် သူ့ထံတွင် လျှပ်စီးဧကရာဇ်နှင့် ပတ်သတ်နိုင်သည့် ချပ်ဝတ်တန်ဆာတစ်စုံရှိနေသေးသည်။ ထို့ကြောင့် ဤတစ်ခုကို စုန်းမအား ပေးလိုက်တော့မည်။

“ဟမ် .. ဒီမှာ အဆင့်တက်တဲ့အလင်းတန်းတွေရှိနေတယ် .. သူ ကောင်းကင်ဘုံကို တက်သွားတာလား” စုန်းမထိတ်လန့်သွားရသည်။

ရှီဟောင်လည်း ထိတ်လန့်သွားသည်ပင်။ ဤချပ်ဝတ်တန်ဆာသည် ထူးဆန်းစွာဖြင့်ပင် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခု ပျောက်ကွယ်သွားသကဲ့သို့ပင် အလင်းနှင့်မြူခိုးအနည်းငယ် ထွက်ပေါ်လာလေသည်။

ဤမြင်ကွင်းမှာ အနည်းငယ် ထူးဆန်းသလို အလွန်လည်း ကြောက်စရာကောင်းလှသည်။

“ပြိုင်ဘက်ကင်းတဲ့ကျွမ်းကျင်သူတစ်ယောက်သေသွားရင် တစ်ချို့သူတွေက သေမျိုးခန္ဓာကိုယ်ကို ထားခဲ့ကြတယ် .. တစ်ချို့သူတွေကတော့ သူတို့ခန္ဓာကိုယ်ကို ပျောက်ကွယ်သွားအောင်လုပ်ပြီးတော့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ပြန်သွားကြတယ် .. ကြည့်ရတာ ဒါက ဒုတိယတစ်မျိုးဖြစ်မယ်ထင်တယ်” ရှီဟောင်ပြောလိုက်သည်။

“နှမြောစရာပဲ .. ဒီကျင့်ကြံဆင့်ထိတောင်ရောက်နိုင်တာဆိုတော့ သူကသေချာပေါက်ကို သူတို့ခေတ်မှာ ထူးခြားတဲ့အမျိုးသမီးဖြစ်မှာပဲ .. ဒါပေမဲ့ သူက ဒီလိုမျိုး သတင်းတောင်မထွက်ပဲနဲ့ တိတ်တဆိတ်သေသွားရတယ် .. အလုံးစုံသက်ရှိမြေကြီးတောင်မှ သူ့ကို ဘာမှမလုပ်နိုင်ဘူးလား … ဒီလောကမှာ သူ့နာမည်လေးတောင်မှ မကျန်ခဲ့ဘူး” စုန်းမမှ အံ့အားသင့်စွာ ပြောလိုက်လေသည်။

“ခင်ဗျားပြောတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီး အရင်းအမြစ်စွမ်းအင်အိုးက ဘယ်မှာလဲ” ရှီဟောင် သူမကို ရက်စက်စွာပင် ကြည့်လိုက်သည်။ ဒီမိန်းမယုတ်က သူ့ကိုညာခိုင်းလိုက်တာ သေချာတယ်..

ဤချပ်ဝတ်တန်ဆာသည် ထူးဆန်းသည့်စွမ်းအင်ရှိပြီး ထာဝရမြေကြီးကို စုတ်ယူနေသော်လည်း ယခုတွင်တော့ ပုံမှန်ပြန်ဖြစ်သွားလေပြီ။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီနေရာကို ပျံလာပြီးတော့ ဒီထဲကို ဝင်သွားတာ ငါတွေ့တယ် .. သူဘယ်လိုပျောက်သွားသလဲတော့ ငါလည်းမသိဘူး” စုန်းမခေါင်းခါကာ ပြောလိုက်သည်။

သူမ ထိုအိုးကိုတကယ်တွေ့ကြောင်း၊ ထိုအိုးကိုတွေ့၍ လိုက်လာကြောင်း၊ သူမလိမ်ညာခြင်းမဟုတ်ကြောင်းလည်း ကျိန်ဆိုနေသေးလေသည်။

သူမ မလိမ်ကြောင်း ရှီဟောင် ယုံကြည်သည်။ သူမသာ ထိုအိုးကို တကယ်မတွေ့လျှင် ထိုအိုး၏ပုံပန်းသဏ္ဍာန်ကို သူမဘယ်လိုလုပ်ပြောနိုင်မည်နည်း…

သူတို့နှစ်ယောက်သည် ထိုမြေကြီးများကို လိုချင်သောကြောင့် ဆက်တူးလိုက်ကြလေသည်။

“ဟမ် အခုထိ တူးဖို့မလွယ်သေးဘူး .. ဒီအောက်မှာ တစ်ခုခုထပ်ရှိနေတာများလား” ရှီဟောင် စိတ်လှုပ်ရှားသွားရသည်။

အလုံးစုံသက်ရှိမြေကြီးသည် တစ်ကျန်းကျယ်ပြီး တစ်ကျန်းခန့်နက်လေသည်။

ထိုမြေကြီးအားလုံးကို တူးထုတ်လိုက်ပြီး အောက်ခြေကို မြင်လိုက်ရသည့်အချိန်တွင် သူတို့နှစ်ယောက်လုံး၏အမူအရာ ပြောင်းလဲသွားလေသည်။

ဤသည်မှာ အနီရောင်စိန်ကဲ့သို့ နီရဲတောက်ပနေသည့် သွေးစက်တစ်စက်ပင်။ သူ၏နတ်အလင်းရောင်မှာ ကောင်းကင်ထက်သို့ပင် တရှိန်ထိုးထွက်နေသည်။ ထိုသွေးစက်ပေါ်လာသည်နှင့် တိုင်းတာ၍မရနိုင်လောက်သည့်စွမ်းအား ထွက်ပေါ်လာလေသည်။

ရှီဟောင်နှင့်စုန်းမတို့နှစ်ယောက်လုံး အလွန်ထိတ်လန့်သွားကာ နောက်ဆုတ်လိုက်ကြသည်။ ဒါက ဘယ်လိုကျွမ်းကျင်သူလဲ .. သွေးတစ်စက်တောင်မှ ဒီလိုမျိုးဆံပင်တွေ ထောင်ထသွားလောက်အောင် စွမ်းအားကြီးနေတာ ..

ထို့အပြင် ဤသွေးစက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များမရှိသောကြောင့် သူတို့မလန့်ပဲမနေနိုင်တော့ပေ။ ဤသည်မှာ တစ်ယောက်ယောက်ချန်ထားခဲ့သော အန္တရာယ်မရှိသည့် သွေးစက်ပင်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်နေသောကြောင့်မသာမဟုတ်ပါက သာမန်နတ်ဘုရားအစစ်ဆိုလျှင် ဤနေရာတွင် ဒူးထောက်ကျနေလောက်လေပြီ။

“ငါဒီသွေးကို အရင်ကမြင်ဖူးတယ် .. ဒါက အဲဒီအရင်းအမြစ်စွမ်းအင်အိုးက သွေးစက်ပဲ .. အနီရောင်စိန်လိုမျိုးပဲတောက်ပနေတာ” စုန်းမပြောလိုက်၏။ သူသည် ရှားရှားပါးပါးပင် မရယ်မောပဲ လေးလေးနက်နက်ပြောနေလေ၏။

ရှီဟောင်သည် ကောင်းကင်မျက်လုံးများကို ဖွင့်လိုက်ပြီး ဤသွေးစက်ကို ကြည့်လိုက်သော်လည်း မထင်မှတ်စွာဖြင့်ပင် သူဘာကိုမှ မမြင်ရပေ။ ထိုသွေးစက်ကို လွှမ်းခြုံထားသည့် ဖရိုဖရဲမြူရှိနေပြီး ထိုသွေးစက်ထဲတွင် မည်သည့်သဘာဝဥပဒေသရှိနေသည်ကိုလည်း သူမမြင်ရပေ။

ကောင်းကင်မျက်လုံးများပင် အလုပ်မဖြစ်သောကြောင့် ဤသည်မှာ ရှားပါးသည့်အရာတစ်ခုပင်။

“အတိတ်နဲ့မသက်ဆိုင်သလို ပစ္စုပ္ပန်နဲ့လည်း မသက်ဆိုင်ဘူး .. ငါ့ကို ပြန်လာတွေ့တာဆိုတော့ မင်းဘာလုပ်ချင်နေတာလဲ” ရှီဟောင် တီးတိုးပြောလိုက်သည်။

ဝုန်း…

ရုတ်တရက်ပင် ဤသွေးစက်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲသို့ပင် ပင်လယ်တစ်စင်းကဲ့သို့ စွမ်းအားများထွက်ပေါ်လာလေသည်။ ဤနေရာတစ်ခုလုံးသည်လည်း ပြိုကျလုမတတ် တုန်ခါသွားလေ၏။

“ဒီလူက ဘယ်လိုလူမျိုးလဲ” စုန်းမထိတ်လန့်သွားကာ ထိုသွေးစက်အား မျက်လုံးပြူးမျက်ဆံပြူးဖြင့်ပင် ကြည့်လိုက်လေ၏။

“မိုးမခနတ်ဘုရားနဲ့တောင် ယှဉ်နိုင်တာလား” ရှီဟောင်နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။

မိုးမနတ်ဘုရားအစစ် ပြန်လည်အသက်ဝင်လာသကဲ့သို့ပင် သူခံစားနေရသည်။

“ဒီအိုး သယ်ထားတဲ့သူက ဒီမြေကြီးက အရာအားလုံးကို မပုပ်မသိုးမပျက်စီးအောင် လုပ်ပေးနိုင်တာသိလို့ ဒီနေရာကို ရောက်လာတာ” စုန်းမကောက်ချက်ချလိုက်သည်။

ရှီဟောင်ခေါင်းညိမ့်လိုက်၏။ ဤအတိုင်းဖြစ်မည်ထင်သည်။

“ဒီအိုးရဲ့ပိုင်ရှင်ကို တွေ့လိုက်လား .. သူကဘယ်လိုပုံစံမျိုးလဲ” ရှီဟောင်မေးလိုက်သည်။

“အရမ်းဝါးနေတော့ ပြောဖို့ခက်တယ် .. အစကတော့ မိန်းကလေးနဲ့တူပေမယ့် သူ့နားမှာ အချိန်အပိုင်းအစတွေရှိနေတာ .. ပြီးတော့ သူက မှုန်ဝါးဝါးလေးဖြစ်သွားတာ .. အဲဒီအချိန်တုန်းက ယောက်ျားလေးတစ်ယောက်ကို မြင်လိုက်မိသလိုပဲ” စုန်းမ မရေမရာပြောလိုက်သည်။

ဤအိုးသည် အလွန်ပင် ကြမ်းကြုတ်လှပြီး အချိန်ကိုပင် မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်သည်ဟု ရှီဟောင်ခံစားနေရသည်။

ဝုန်း..

ထိုသွေးစက်သည် ပို၍ပင် အံ့အားသင့်စရာကောင်းလာသည့်အပြင် ကောင်းကင်နှင့်ကမ္ဘာ‌မြေကို တုန်ခါစေနိုင်သည့် အော်သံများလည်း ထွက်ပေါ်လာလေသည်။

ရှီဟောင်သည် လူပေါင်းထောင်ပေါင်းများစွာ၏ စစ်ကြွေးကြော်သံကို ကြားလိုက်ရသလိုပင်။

ထို့အပြင် ထိုအချိန်တွင် သိပ်မရှင်းလင်းသော်လည်း သူ့နှင့် မျက်နှာချင်းဆိုင်ရပ်နေသည့် ယောက်ျားလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူနှင့် နယ်မြေပေါင်းများစွာ အဝေးတွင် ရပ်နေခြင်းပင်။

သူက .. ကောင်းကင်ဧကရာဇ်နဲ့တူသလိုပဲ..

ထိုသူကို စိုက်ကြည့်ရင်း ရှီဟောင်ထံမှလည်း ထူးဆန်းသည့်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။

စုန်းမထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှီဟောင်အနားသို့ ကပ်၍မရတော့ပဲ နောက်ဆုတ်သွားရသောကြောင့်ပင်။ ထိုအော်ရာမှာ ကြောက်စရာကောင်းလှပြီး ကောင်းကင်နတ်ဘုရားများကိုပင် အလွယ်တကူဦးညွှတ်သွားအောင် လုပ်နိုင်သည်။

အပိုင်း ၁၁၉၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၇ – ဤကမ္ဘာတွင်မရှိသော တည်ရှိမှု

ဤသွေးစက်သည် ကမ္ဘာတစ်ခုကဲ့သို့ဖြစ်နေပြီး ထိုသွေးစက်ထဲမှ တိုက်ပွဲကြွေးကြော်သံများလည်း ကြားနေရသည်။ ထိုထဲတွင် စစ်တပ်များ တိုက်ခိုက်နေကြသလိုပင်။ ထို့အပြင် တိုက်ခိုက်နေသည့်သူအများစုမှာလည်း မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးသည့်သူများပင်။

ထိုသွေးစက်သည် ကောင်းကင်ထက်သို့ မြှောက်တက်လာပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ပြသနေသလိုပင်။

ရှီဟောင်သည် မလှုပ်မယှက်ဖြင့်ပင် အရှေ့ဘက်သို့ စိုက်ကြည့်နေလိုက်သည်။ ထို မထင်မရှားပေါ်နေသည့် အမျိုးသား၏ဦးခေါင်းထက်တွင် အရင်းအမြစ်စွမ်းအင်များကို ထုတ်လွှတ်နေသည့် အိုးတစ်လုံးရှိနေ၏။ ထိုအိုးသည် ထာဝရရွှေကိုးမျိုး၏အလင်းတန်းများပင် တောက်ပနေသေးလေသည်။

ဤအမျိုးသားသည်လည်း မလှုပ်ရှားပေ။ သူသည် ရှီဟောင်ကို ကြည့်နိုင်ရန်အတွက် အချိန်များစွာကို ဖြတ်သန်းလာခဲ့ရသလိုပင်။ သူ၏မျက်လုံးများမှာ လေးနက်လှပြီး ပြောပြ၍မရနိုင်လောက်သည့် ထူးဆန်းမှုနှင့် သတင်းအချက်အလက်များကို ပေးနေလေသည်။

သို့သော် ရှီဟောင် နားမလည်နိုင်ပေ။ သူသည် တစ်ဖက်လူသူ့အားပေးချင်နေသည့် အကြောင်းအရာကို သူမမြင်နိုင်ဖြစ်နေသည်။

တစ်ဖက်လူမှ သူ့ကို သိစေချင်နေသည်ကို သူခံစား၍ရသည်။ သို့သော်လည်း သူနားမလည်နိုင်ဖြစ်နေဆဲပင်။

“ဒီလောကမှာ မရှိဘူး .. ဒီနေရာနဲ့ သက်ဆိုင်တဲ့ဟာမဟုတ်ဘူး .. ရှင်းပြဖို့နည်းလမ်းမရှိဘူး ..” သူ မိုးခြိမ်းသံများကို ကြားလိုက်ရသကဲ့သို့ပင်။ ထာဝရတာအိုကောင်းကင်အတိဒုက္ခကျရောက်လာပြီး ထိုအတိဒုက္ခကြားတွင် ဤအသံကို ကြားလိုက်ရခြင်းပင်။

ရှီဟောင် ထိတ်လန့်သွားရသည်။

ထိုလူသည် လျှပ်စီးအလင်းတန်းများကြားတွင် နှစ်မြှုပ်နေပြီး သူ၏အမူအရာမှာ ပို၍ပင် ရှုပ်ထွေးလာလေသည်။ သို့သော်လည်း သူသည် ပါးစပ်ဟကာ စကားမပြောနိုင်ပေ။

ဒါက တကယ်ပဲ သွေးတစ်စက်လား .. ဘာလို့ဒီလောက်ထူးဆန်းတဲ့မြင်ကွင်းမျိုး ရှိနေတာလဲ..

ဒုန်း..

ဤစစ်မြေပြင်တွင် ကျယ်လောင်ကာ ရှည်လျားလှသည့် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းသံသည် အတိတ်နှင့်ပစ္စုပ္ပန်ကြားရှိ တည်ငြိမ်မှုကိုပင် နှောက်ယှက်နိုင်လေသည်။ ထိုနေရာတွင် အားလုံးကို ကျောပေးထားသည့်လူတစ်ယောက်ရှိနေသည်။ ထိုသူသည် အခြားသူများနှင့်ပူးပေါင်းကာ အိုးတစ်လုံးကို ထုတ်ပစ်ရန် ကြိုးစားနေလေသည်။ အချိန်အပိုင်းအစများလည်း မိုးကဲ့သို့ပင် ရွာကျလာလေသည်။

“ဒီအိုးက .. အတူတူပဲလား” ရှီဟောင် ထိတ်လန့်သွားရ၏။

သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ ထိုနေရာတွင် အမျိုးသမီးဧကရာဇ်တစ်ယောက်လည်း ရှိနေသည်။ သူမ၏ပုံစံမှာ ပြိုင်ဘက်ကင်းလှပြီး သူမ၏လက်ထဲတွင် ဓားတစ်ချောင်း၊ လက်စွပ်တစ်ကွင်း၊ မျက်နှာဖုံးတစ်ခုအဖြစ် ပြောင်းလဲနေသည့် ထာဝရပစ္စည်းတစ်ခု ရှိနေလေသည်။ သူမလည်း လှုပ်ရှားလိုက်ကာ ထိုအိုးကို ကူ၍တိုက်ခိုက်လိုက်သည်။

“ဟမ် .. အဲဒါ ချောင်ယုရှန်း မဟုတ်ဘူးလား” ရှီဟောင် ထိတ်လန့်သွားရ၏။ ဖက်တီးလေးနှင့်တူသည့် တစ်စုံတစ်ယောက်ကို သူတွေ့လိုက်ရသည်။ သို့သော်လည်း ထိုလူက ပို၍ဝသည်။ ထိုလူသည်လည်း ကူညီတိုက်ခိုက်နေလေသည်။

နတ်ဆိုးနှင့်နတ်ဘုရားများ ကျဆုံးသွားသည်ကို ရှီဟောင်မြင်နေရသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ စွမ်းအားကြီးသည့်သူအချို့သည် ရက်စက်စွာပင် တိုက်ခိုက်နေကြလေ၏။

ရှီဟောင်သည် ထိုနေရာကို စိုက်ကြည့်ရင်း မျက်လုံးများပင် နာကျင်လာရသည်။ နောက်ဆုံးတွင် ထိုအိုးသည် သူနှင့် သိပ်မဝေးသည့်နေရာတွင် ရပ်တန့်သွားလေ၏။

ထိုအိုးအောက်တွင် ရပ်နေသည့် အခြားလူတစ်ယောက်ရှိနေသေးသည်။ သူသည် ကောင်းကင်ဘုံကိုခုနှင့် ကမ္ဘာမြေ၁၀ခုကို လွှမ်းမိုးနိုင်သည့် ကောင်းကင်ဧကရာဇ်ဖြစ်သော်လည်း ဤနေရာတွင် ပါးစပ်မဟနိုင်ဖြစ်နေသည်။

သူ၏ အရှေ့တွင် နတ်ဆိုးနှင့် နတ်ဘုရားအားလုံးမှာ သူ့ကိုဦးညွှတ်နေရမည်ပင်။ သူ၏အော်ရာမှာ ပြိုင်ဘက်ကင်းလှသည်။

“ခင်ဗျားဘာပြောချင်နေတာလဲ” ရှီဟောင် မနေနိုင်တော့ပဲ အော်မေးလိုက်သည်။

ဤလူသည် သူ့အားအလွန်အရေးကြီးသည့် ကိစ္စများ ပြောပြရန် ရောက်လာသည်ဟု သူခံစားနေရသည်။ သို့သော်လည်း အချို့အကြောင်းပြချက်ကြောင့် သူပါးစပ်မဖွင့်နိုင်ဖြစ်နေသည်။

“ခင်ဗျားက သွေးတစ်စက်ပဲဖြစ်နေလို့ ဘာမှရှင်းပြလို့မရတာလား” ရှီဟောင် မေးလိုက်သည်။

သူဤကိစ္စကို အသေးစိတ်ကျကျသိအောင်လုပ်ရမည်၊ မဟုတ်ပါက နောင်တွင် ကပ်ဆိုးများကြုံလာရလိမ့်မည်ဟု ရှီဟောင်ခံစားနေရသည်။

ထို့အပြင် ဤကပ်ဆိုးကြီးသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် လွှမ်းခြုံသွားပြီး အကျိုးသက်ရောက်မှုလည်း လျော့နည်းမည်မဟုတ်ပေ။

ဒီလူက သူ့ကို ပြောပြဖို့လာခဲ့တာလား .. သူကဘာလို့ ဒီလူနဲ့ဆက်သွယ်လို့မရတာလဲ..

စုန်းမသည် စွမ်းအားလှိုင်းတစ်ခု၏ တွန်းပို့ခြင်းကို ခံလိုက်ရပြီး အနားမကပ်နိုင်ဖြစ်နေသည်။ သူသည် အဝေးမှနေ၍သာ ကြည့်ရသည်။ သူမ အလွန်ပင် ထိတ်လန့်နေရသည်။ ဒီလူက ဘယ်လိုလူမျိုးလဲ .. သူကဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေတာလဲ .. ဤလူသည် သူမတွေ့ဖူးသမျှထဲတွင် စွမ်းအားအကြီးဆုံးပင်။

“ဂိုဏ်းခေါင်းဆောင်ထက်တောင် စွမ်းအားကြီးတယ် .. ကောင်းကင်ဧကရာဇ်လား..” ဤလူ၏အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူစကားမပြောပဲ ထိုနေရာတွင် ရပ်နေလျှင်တောင်မှ အချိန်နှင့်လေဟာနယ်ကိုဖိနှိပ်ထားနိုင်လေသည်။

ရှီဟောင်ကဘာလို့ ဘာမှမဖြစ်တာလဲ .. ပြီးတော့ ဒီလူက ရှီဟောင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေသလိုပဲ…

ဒီလောကကြီးက တစ်ခုခုဖြစ်နေတာလား .. ဒါမှမဟုတ် သူပဲရူးသွားတာလား .. ဒီလောကမှ ဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့ ကျွမ်းကျင်သူ ရှိနေနိုင်မှာလဲ .. ဒါက ကန့်သတ်ချက်ကို ကျော်လွန်သွားပြီမဟုတ်ဘူးလား ..

နောက်ဆုံးတွင်တော့ စစ်ပွဲကြွေးကြော်သံများ ပျောက်ကွယ်သွားပြီး မြင်ကွင်းအားလုံးလည်း ပျောက်ကွယ်သွားလေသည်။ ထိုလူနှင့်အိုးသည်လည်း တစ်ဖြည်းဖြည်း မှုန်ဝါးသွားကာ အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားလေသည်။

ထိုအိုးသည် ယခင်က ဤနေရာကို ရောက်လာခဲ့ဖူးသည်။ သို့သော်လည်း သူသည် သွေးစက်တစ်စက်သာချန်ထားခဲ့ပြီး လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ခြင်းပင်။

သူမြင်လိုက်ရသည့် ထိုလူနှင့်အိုးမှာ အစစ်မဟုတ်ပဲ မှတ်တမ်းတင်ထားသည့်အရာများသာ။

“ဘာလို့လဲ .. နှစ်တွေအများကြီးကြာပြီးတာတောင်မှ လူတစ်ယောက်က ဒီကိုရောက်လာမယ်ဆိုတာ သူသိနေတာလား” စုန်းမမှာ တကယ်ကို ရှုပ်ထွေးနေလေပြီ။

စွမ်းအားလှိုင်းများအားလုံးလည်း ပျောက်ကွယ်သွားပြီး နီရဲနေသည့် ဧကရာဇ်သွေးစက်တစ်စက်သာ ကျန်ခဲ့တော့သည်။

ရှီဟောင် ထိုသွေးစက်ကို ထိရန် လက်ဆန့်ထုတ်လိုက်သည်။

ဤသွေးစက်သည် ထူးခြားလှကာ နတ်ဘုရားများကိုပင် တုန်ယင်သွားစေနိုင်သော်လည်း သူ့ကိုမူ အန္တရာယ်မပေးပေ။

“သတိထား” စုန်းမသည် သတိပေးလိုက်ကာ ရှီဟောင့်ထံသို့ တရှိန်ထိုး ပြေးလာလိုက်သည်။ သို့သော်လည်း သူမမရောက်မှီမှာပင် သူမ၏ဆံပင်မွေးများ ထောင်ထသွားရသည်။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ရှီဟောင်သည် ထိုသွေးစက်ကို လက်ဝါးပေါ်တင်ချင်သော်လည်း သူ၏လက်သည် လေဟာနယ်ကို ဖြတ်သွားပြီး ထိုသွေးစက်ကို မထိနိုင်ဖြစ်နေသည်။ ဤသွေးစက်မရှိနေသကဲ့သို့ပင်။

ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ .. သူအကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ထိုသွေးစက်ကို မယူနိုင်ပေ။

ဤသွေးစက်သည် လေထဲတွင်မျောနေပြီး သူ့အနားတွင် အချိန်အပိုင်းအစများလည်း ရှိနေသည်။

ဤသည်မှာ ရှီဟောင်နားလည်နိုင်သည်ထက် ပိုသွားလေပြီ။

ဒါက သွေးစက်လား တံဆိပ်တစ်ခုလားဆိုသည်ကိုပင် သူမသိတော့ပေ။

သို့သော် သူသေချာပြောနိုင်သည်ကတော့ ဤသွေးစက်မှာ ဤခေတ်မှမဟုတ်ပေ။

ရှီဟောင်မည်မျှပင် ကြိုးစားနေစေကာမူ ဤသွေးစက်ကို ထိုအချိန်အပိုင်းအစများထဲမှ ထုတ်မယူနိုင်ပေ။

“ထူးဆန်းလိုက်တာ” စုန်းမပြောလိုက်၏။ သူမသည် တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် “အလုံးစုံသက်ရှိမြေကြီးနဲ့ ယူကြည့်ရင်ရော”

ရှီဟောင်ခေါင်းငြိမ့်လိုက်၏။ သူအရိုးအိုးကိုထုတ်လိုက်သည်နှင့် အိုးထဲမှ အလင်းတန်းများ ထွက်ပေါ်လာလေသည်။

“ဟမ် .. ရွေ့လာပြီ” သူတို့နှစ်ဦးလုံး ထိတ်လန့်သွားရသည်။

ထိုသွေးစက်သည် အိုးထဲသို့ဝင်လာကာ အလုံးစုံသက်ရှိမြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာပင် ကြည့်လိုက်ကြလေ၏။

ရှီဟောင် ထိုအိုးကို သေချာသိမ်းဆည်းလိုက်သည်။ ဤအိုးကို သယ်ထားရခြင်းမှာ ထာဝရတာအိုတောင်ထိပ်တစ်ခုကို သယ်ထားရသလို လေးလံလှသည်။ အဓိကမှာ သူခံစားနေရသည့်ဖိအားကြောင့် ထိုသို့ခံစားနေရခြင်းပင်။

ဤသွေးစက်မှာ အလွန်အရေးကြီးပြီး သူ့အား တစ်ခုခုပြောချင်နေသည်ဟု သူခံစားရသည်။ ယခုအချိန်တွင် သူနားမလည်နိုင်သေးသော်လည်း တစ်နေ့ကျလျှင်တော့ သူနားလည်လာမည်သာ။

သူဤသွေးစက်ကို ဆုံးရှုံး၍မရ။ သေချာထိန်းသိမ်းထားရမည်။

ဒါက အနာဂတ်ကလာတဲ့ သွေးစက်လား .. ရှီဟောင် တိတ်ဆိတ်သွားရ၏။ တစ်ယောက်ယောက်က ဒီလောက်ထိလုပ်ရအောင် အနာဂတ်မှာ ဘာများဖြစ်မှာမို့လို့လဲ..

အချိန်အတော်ကြာပြီးမှသာ သူအသိစိတ်ပြန်ဝင်လာသည်။ သူသည် ခေါင်းခါလိုက်ကာ ဤကိစ္စကို ခဏဘေးချိတ်ထားလိုက်တော့မည်။

“ဟေး ပြန်ရောက်လာပြီလား .. မင်းဘာသိလိုက်ရလဲ” စုန်းမ မေးလိုက်သည်။

“ကောင်းကင်ဘုံက ငါ့ကို မင်းလိုမျိုး မကောင်းဆိုးဝါးကို ဆုံးမခိုင်းလိုက်တာ .. မင်းဒီလောကမှ ပြဿနာတွေ မရှာအောင်လို့” ရှီဟောင် ပုံမှန်ပင် ပြောလိုက်သည်။

“သွားသေလိုက်လေ” စုန်းမပြောလိုက်၏။

သူတို့နှစ်ဦးသည် ဤရှေးဟောင်းမြေထဲမှ မြင့်မြတ်ဆေးပင်အချို့ကို ခူးလိုက်ပြီး ပြန်သွားရန် ပြင်ဆင်လိုက်သည်။ ဤနေရာတွင် အချိန်ဖြုန်းမနေတော့ပေ။

“ဒီလောက် လျှပ်စီးအတိဒုက္ခတွေ အများကြီးရှိနေတာတောင်မှ မင်းက မထိခိုက်ဘူးပေါ့ .. စွမ်းအားအကြီးဆုံးလျှပ်စီးတောင်မှ မင်းကို ဒဏ်ရာမရစေဘူးလား” စုန်းမလည်း မျက်လုံးများပြူးကျယ်လာကာ အလင်းတန်းများလည်း ထွက်လာလေသည်။

အပြင်ပြန်ထွက်သည့်အချိန်တွင် သူတို့လျှပ်စီးအများကြီးကို တွေ့ကြုံလိုက်ရသောကြောင့်ပင်။

“ကျုပ်က ကောင်းကင်ဧကရာဇ်ဖြစ်ဖို့မွေးဖွားလာတာ … ဒီလောက်လျှပ်စီးလေးကို ဘာလုပ်ရမှာလဲ” ရှီဟောင် အရှက်မရှိစွာပင် ပြောလိုက်လေ၏။

ဝုန်း..

သူ့မျက်နှာထက်သို့ လျှပ်စီးတန်းတစ်ခု ကျရောက်လာပြီး သူ၏မျက်နှာမည်းတူးသွားလေ၏။ သူ၏ဆံပင်များလည်း ထောင်ထသွားလေသည်။

စုန်းမသည် ဆွံ့အသွားပြီးနောက် အူလှိုက်သည်းလှိုက်ပင် ရယ်မောလာလေ၏။ “မင်းမျက်နှာက တော်တော်အရေထူတာပဲ မိုးကြိုးတောင်မှ ဖြတ်မသွားနိုင်ဘူး .. လျှပ်စီးတောင်မှ ဖောက်ထွက်မသွားနိုင်ဘူး .. တကယ်ကို အထင်ကြီးစရာပဲ”

ရှီဟောင်သသည် မိုးမခနတ်ဘုရားများကို အသုံးပြုလိုက်ပြီး ထိုမည်းတူးနေသည့်ဒဏ်ရာများကို ဖယ်ရှားလိုက်ပြီး မူလအတိုင်း ပြန်ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူသည် လက်မြှောက်လိုက်ကာ ကောင်းကင်ထက်သို့ လက်သီးထိုးလိုက်ပြီး လျှပ်စီးများကို ခုခံကာ စုန်းမကို ခေါ်ထုတ်သွားလိုက်သည်။

စုန်းမသည် ရှီဟောင်၏ ထာဝရစွမ်းအင်သုံးကြောင်းကို ကြည့်ကာ မလန့်ပဲမနေနိုင်တော့ပေ။ ဤကောင် စွမ်းအားကြီးလာသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။ နောင်ကျလျှင် ဤလူငယ်လေးနှင့် ယှဉ်နိုင်သည့်သူ သိပ်ရှိတော့မည်မဟုတ်ပေ။

“မင်း ဒီထာဝရစွမ်းအင်သုံးကြောင်းကို ဘယ်လိုကျင့်ကြံလိုက်တာလဲ .. ယွဲ့ချန်ရော ထာဝရစွမ်းအင်ဘယ်နှကြောင်းကို ကျင့်ကြံပြီးသွားပြီလဲ” စုန်းမမေးလိုက်သည်။

“လျှို့ဝှက်ချက် .. ခင်ဗျားသိချင်ရင် နှစ်နည်းနည်းလောက် ကျုပ်ရဲ့ အစေခံမိန်းကလေး လုပ်လိုက်လေ .. ကျုပ်ခင်ဗျားကို သင်ပေးမယ်” ရှီဟောင် ရယ်မောကာ ပြောလိုက်သည်။

“ဘယ်တော့မှ မတင်းတိမ်တတ်တဲ့ယောက်ျားက ဆင်ကြီးကို မြိုဖို့ကြိုးစားနေတဲ့ မြွေနဲ့တူတယ် .. နတ်နန်းဂိုဏ်းက နတ်သမီးကိုရပြီးတာတောင်မှ မင်းက ငါ့ကို ပေါက်ကရတွေ လာပြောရဲသေးတယ်ပေါ့” စုန်းမ သူ့အား မျက်လုံးလှန်ကြည့်လိုက်သည်။

“အစေခံမိန်းကလေး အနေနဲ့ ဘယ်ဘက်မှာ နတ်သမီး၊ ညာဘက်မှာ စုန်းမတစ်ယောက် ရှိနေရင်တော့ ငါကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ပြီလို့ ပြောလို့ရတယ်မလား .. ဟား ဟား” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

“အိပ်မက်မက်နေတာ တော်လိုက်တော့ .. မြန်မြန်လျှောက်” စုန်းမပြောလိုက်သည်။

“ဘာကိုအိပ်မက်မက်တာလဲ .. နောင်ကျရင် ကျုပ်သေချာပေါက် ခင်ဗျားလိုမျိုးစုန်းမကို ဖိနှိပ်မှာ… အဲဒီအချိန်ကျရင် ကျုပ်ဘေးမှာ ကျုပ်အစေခံမိန်းကလေးဖြစ်ဖို့အတွက် လာပြီးတော့ အော်ဟစ်ငိုယိုမနေနဲ့နော်”

နှစ်ရက်ကြာပြီးသည့်နောက်တွင် ကောင်းကင်နတ်ဘုရားသစ်ပင်ရှိနေသည့်နေရာသို့ သူတို့ပြန်ရောက်လာကြသည်။

စုန်းမမှာ တောင်ထိပ်ပေါ်တွင်ရှိနေသည့် ရှေးဟောင်းသစ်ပင်ကို ကြည့်လိုက်ပြီး ချက်ချင်းပင် ဆွံ့အသွားရသည်။ ဤအပင်တွင် အသီးများလည်း ရှိနေသေးသည်။

ဒါက ကောင်းကင်နတ်ဘုရားသစ်ပင်မဟုတ်ဘူးလား .. သူမ၏မျက်လုံးထဲတွင် လောဘရောင်များထွက်ပေါ်လာပြီး ရှီဟောင်နှင့်လုယူရန်အတွက် အရှေ့ဘက်သို့ ပြေးသွားလိုက်လေသည်။

“စုန်းမ .. ခင်ဗျားက ကျုပ်နောက်ကျောကိုဓားနဲ့ထိုးရဲတယ်ပေါ့ .. ခင်ဗျားအခုချက်ချင်း ကျုပ်ဘေးက အစေခံမိန်းကလေး ဖြစ်ချင်နေတာလား..” ရှီဟောင် အော်ပြောလိုက်သည်။

“လူငယ်လေး .. မင်းအလုံးစုံသက်ရှိမြေကြီးကို တကယ်တွေ့ခဲ့တာလား” သစ်ပင်အိုကြီးသည် အကိုင်းအခက်များကို ဆန့်ထုတ်ကာ ပြောလာလေ၏။

“တွေ့ခဲ့ပါတယ်” ရှီဟောင် အရိုးအိုးကို ထုတ်လိုက်သည်။

“အားရား .. ငါက အရှုံးကြီးရှုံးတော့မှာပဲ .. အလုံးစုံသက်ရှိမြေကြီးတစ်ဝက်ကို ကျွန်မလည်းပိုင်တယ် .. သစ်ပင်နတ်ဘုရားအိုကြီး ရှင်ဘာလို့ကျွန်မနောက်ကို မလိုက်ချင်တာလဲ .. ရှင့်ကို ဘယ်တော့မှ မညှိုးမခြောက်အောင် ထားမယ်လို့ ကျွန်မဂတိပေးတယ်” စုန်းမအော်ပြောလိုက်သည်။

ရွှီးဟူသည့်အသံနှင့်အတူ ကောင်းကင်နတ်ဘုရားသစ်ပင်သည် တစ်ပေခန့်သာရှိတော့အောင် ကျုံ့လိုက်ပြီး အိုးထဲသို့ ဝင်သွားကာ အလုံးစုံသက်ရှိမြေကြီးထဲတွင် အမြစ်တွယ်လိုက်လေသည်။ သူသည် အလွန်ပင် သက်တောင့်သက်သာဖြစ်သလို ခံစားလိုက်ရပြီး ရွှေရောင်အလင်းများမှာ ပို၍ပင် တောက်ပလာလေသည်။

“သွားကြစို့” ရှီဟောင် ပြောလိုက်၏။

စုန်းမမှာ မတည်ငြိမ်နိုင်တော့ပေ။ ဒီမုန်းစရာကောင်းတဲ့ကောင်က အလုံးစုံသက်ရှိမြေကြီးတွေကို လာယူတာက ဒီသစ်ပင်အိုကြီးကို စွဲဆောင်ဖို့ပေါ့ .. အဲဒီတော့ သူမဒီမှာ အများကြီးဆုံးရှုံးသွားပြီမဟုတ်ဘူးလား…

“ဒီလိုမျိုးမရဘူး .. ဒီသစ်ပင်တစ်ဝက်က ငါနဲ့ဆိုင်တယ်” စုန်းမသည် ရူးသွားတော့မလိုပင် ခံစားနေရလေ၏။ သူမသည် ဤရှေးဟောင်းနယ်မြေမှ ရှီဟောင်နှင့်အတူတူ ထွက်လာလေသည်။

ထို့နောက်တွင်တော့ သူတို့သည် သာမန်ကမ္ဘာငယ်လေးများထံသို့ ပြန်သွားလိုက်သည်။

“ခင်ဗျား တကယ်ကျုပ်နောက်လိုက်ဖို့ ဆုံးဖြတ်ထားတာလား .. ကျုပ်ရဲ့အစေခံ ဖြစ်ချင်နေပြီလား” ရှီဟောင် စနောက်လိုက်၏။

“သွားသေလိုက် .. သွားသေလိုက်.. သွားသေလိုက်လေ” စုန်းမအော်ဟစ်လိုက်၏။

ဝုန်း..

ဤလောကကြီး တုန်ခါသွားကာ ထာဝရရှေးဟောင်းမြေရှိ ကမ္ဘာငယ်လေး အများစုမှာ မတည်မငြိမ်ဖြစ်သွားသည်။

“ဘာဖြစ်တာလဲ” ရှီဟောင်၏အမူအရာ ပြောင်းလဲသွားကာ သူ့ဘေးနားမှလူများကို သူမေးလိုက်သည်။

“ဒီလိုမျိုးဖြစ်နေတာ ရက်ပေါင်းများစွာ ရှိနေပြီ .. အပြင်ဘက်လောကက ဂိုဏ်းခေါင်းဆောင်တွေက ထာဝရရှေးဟောင်းမြေထဲကို ဝင်လာတော့မှာ” မြို့ခံ ထိတ်လန့်စွာ ပြောလိုက်သည်။

ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့မည်။

ဂိုဏ်းခေါင်းဆောင်များဝင်လာသည်နှင့် ကိစ္စများစွာကို ထိခိုက်သွားမည်သာ။

“ငါ ထွက်သွားသင့်ပြီထင်တယ် .. သဘာဝကံကောင်းမှုတွေလည်း ငါ ရသင့်သလောက် ရနေပြီပဲ” ရှီဟောင် တီးတိုးပြောလိုက်သည်။

သူထွက်သွားမည့်အချိန်တွင်လည်း အန္တရာယ်များမည်ကို သူသိသည်။ ပြင်းထန်သည့်တိုက်ပွဲပင် ဖြစ်လာနိုင်သေးသည်။

ထာဝရရှေးဟောင်းမြေ အက်ကွဲကြောင်းကြီး လုံးဝပွင်သွားသည့်အချိန်တွင် သူထွက်ပြေးရမည်။ သို့သော်လည်း ထိုသို့ထွက်မပြေးခင် ထာဝရရှေးဟောင်းမြေရှိ ဂိုဏ်းခေါင်းဆောင်များနှင့်ပေါင်းကာ ရူးလောက်အောင် တိုက်ရဦးမည်ပင်။

..

အပြင်ဘက်လောကမှာလည်း တည်ငြိမ်မနေပေ။ စီရင်စုသုံးထောင်နှင့်မသက်ဆိုင်သည့် ထူးဆန်းသည့်ဧည့်သည်များထဲမှ လူငယ်တစ်ယောက်ပင်လျှင် စီရင်စုသုံးထောင်မှ ကောင်းကင်နတ်ဘုရားများ နောက်ပြန်ဆုတ်သွားအောင် လုပ်နိုင်လေသည်။

“ခင်ဗျားတို့အားလုံး နေနေတဲ့ နေရာကြီးက တကယ်ကို နိမ့်ကျလာနေပြီပဲ .. ခင်ဗျားတို့က နယ်ခြားစပ်ကို ဒီလိုမျိုး ကာကွယ်ဖို့ကြိုးစားနေတာလား” ထိုကောင်းကင်နတ်ဘုရားလူငယ်လေးသည် ခေါင်းခါလိုက်ကာ ဤနေရာတွင်ရှိနေသည့်လူများကို အထင်သေးစွာ ပြောလိုက်သည်။

ဤတစ်လျှောက်လုံးတွင် သူတို့သည် စီရင်စုသုံးထောင်တွင် လှည့်ပတ်သွားနေခဲ့သော်လည်း ဤလူငယ်လေး၏ ပြိုင်ဘက်ဖြစ်နိုင်သည့် ကောင်းကင်နတ်ဘုရားတစ်ယောက်ကိုမှ မတွေ့ခဲ့ပေ။

အဆင့်မြင့်နယ်မြေအတွက်မူ ဤသည်မှာ အရှက်ရစရာကိစ္စပင်။

“ခင်ဗျားတို့အားလုံး ဒီရှေးဟောင်းနေရာရဲ့ သမိုင်းကြောင်းကို မေ့သွားပြီမလား .. ကျုပ်တို့ဘယ်ကလာသလဲဆိုတာတောင် မသိတော့ဘူး .. ဒီနေရာက တော်တော်လေးကို ဆုတ်ယုတ်လာပြီပဲ” ထိုကောင်းကင်နတ်ဘုရားလူငယ်လေး ခေါင်းခါကာ ပြောလိုက်သည်။

“ဒီလိုမျိုး အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ် .. မင်းတို့က တကယ်ပဲ ကောင်းကင်အောက်က ကောင်းကင်နတ်ဘုရားတွေအားလုံးကို စိန်ခေါ်မှာလား .. နောက်ထပ် လနည်းနည်းလောက်စောင့်လိုက် .. အဲဒီအချိန်ကျရင် မင်းတို့ကို အနိုင်ယူဖို့ လူတစ်ယောက် ထွက်လာလိမ့်မယ်” အဆင့်မြင့်နယ်မြေမှ ကောင်းကင်နတ်ဘုရား ပြောလိုက်သည်။

ဤသည်မှာ ကောင်းကင်နတ်ဘုရားများကြားမှ တိုက်ပွဲဖြစ်သောကြောင့် ဂိုဏ်းခေါင်းဆောင်များ ဝင်မပါကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့်ဧည့်သည်ထဲတွင်လည်း အလွန်စွမ်းအားကြီးသည့်လူများ ပါလာသည်ပင်။

“ကောင်းတာပေါ့ .. ဒီရှေးဟောင်းမြေထဲမှာ ဘယ်သူက ငါနဲ့ထိုက်တန်သလဲဆိုတာ ကြည့်ကြတာပေါ့” ထိုကောင်းကင်နတ်ဘုရားလူငယ်လေး ရယ်မောကာ ပြောလိုက်သည်။

“ရှိတယ် .. သရဖူခြောက်ခုဘုရင်၊ နှယ်နှင်ဒဏ်ခံရတဲ့ ထာဝရသက်ရှိနဲ့ ဟွမ်တို့ရှိတယ် .. သူတို့ထွက်လာရင် မင်းကို လာတိုက်လိမ့်မယ် .. သူတို့တွေက သေချာပေါက် မင်းကို အနိုင်ယူမှာ”

စီရင်စုသုံးထောင်မှ အချို့ကျင့်ကြံသူများ တိတ်ဆိတ်သွားရသည်။ ဟွမ်က ထွက်လာနိုင်မှာလား .. အဲဒီဂိုဏ်းခေါင်းဆောင်တွေ သူ့ကို ထွက်လာခိုင်းမှာ မို့လို့လား..

အပိုင်း ၁၁၉၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၈ – ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခု

လေထဲတွင် သတ္တုဓားတစ်လက်လွင့်ပျံလာပြီး မိုးပြာရောင်စီရင်စုကို လင်းလက်သွားစေလေသည်။ ကောင်းကင်နတ်ဘုရားတစ်ယောက်၏ဓားသည် ပျက်ပြယ်မသွားနိုင်သည့် ထာဝရအလင်းကဲ့သို့ပင် မိုးပြာရောင်ကောင်းကင်ကို ဖြတ်သန်းသွားလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် အားလုံး တုန်လှုပ်သွားရသည်။

မိုးပြာရောင်စီရင်စုတွင်ရှိနေသည့်သူများမှာ မည်သူက ဤဓားကို ထုတ်လွှတ်လိုက်ကြောင်း သိကြသည်ပင်။ ဤသည်မှာ ဓားဘုရင်ဟုခေါ်သည့် ကောင်းကင်နတ်ဘုရားတစ်ယောက်ပင်။ သူ၏ဓားတာအိုမှာ စီရင်စုသုံးထောင်လုံးတွင် ကျော်ကြားသည်ပင်။ သူသည် တာအိုကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ယခုအချိန်တွင် နောက်တစ်ဆင့်သို့ ရောက်ခါနီးနေလေပြီ။

ထိုစီရင်စုတွင်ရှိနေသည့် ကျွမ်းကျင်သူများမှာ ထိုလူကို မလေးစားပဲမနေနိုင်ကြပေ။

တိုက်ပွဲမှာ ယခုလေးတင်မှ စတင်ခြင်းဖြစ်သော်လည်း လျင်မြန်စွာပင် အဆုံးသတ်သွားလေပြီ။

ကောင်းကင်ထက်ရှိ ဓားအလင်းရောင်ပျောက်ကွယ်သွားကာ သတ္တုဓားလည်း ကျိုးသွားကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားလေ၏။ ထိုအချိန်တွင် ဓား၏အခြားတစ်ပိုင်းသည် ဓားဘုရင်မုထျယ်၏ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။

“မုထျယ်လည်း ရှုံးသွားပြီ .. အဲဒီဧည့်သည်တွေက အရမ်းစွမ်းအားကြီးတာပဲ .. သူတို့က တကယ်ပဲ ဘယ်သူတွေလဲ..”

လူအချို့ သက်ပြင်းချလိုက်ကြသည်။

စီရင်စုသုံးထောင်မှ ကောင်းကင်နတ်ဘုရားများမှာ တစ်အုပ်စုပြီးတစ်အုပ်စု ရှုံးနိမ့်နေပြီး စွမ်းအားအကြီးဆုံးသူပင်လျှင် ၁၀ချက်ပင်မခံနိုင်ပေ။

သေဆုံးသွားသည့် ကောင်းကင်နတ်ဘုရားများရှိသကဲ့သို့ အချို့သူများလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေသည်။ ဧည့်သည်များသည် စီရင်စုပေါင်းတစ်ရာကျော်ကို လှည့်ပတ်သွားနေပြီး လမ်းတစ်လျှောက်တွင်ရှိနေသည့်သူများကို ဆက်တိုက်ပင် စိန်ခေါ်သွားလေသည်။

“တကယ်ကို ပျင်းစရာကောင်းလိုက်တာ .. ဂုဏ်သတင်းကြီးတဲ့ အပြာရောင်စီရင်စုက နံပါတ်တစ် ဓားဘုရင်က ဒီလောက်ပဲလား” ကောင်းကင်ထက်မှ တစ်စုံတစ်ယောက်မှ ခနဲ့လိုက်သည်။

ထိုသူ၏ တာအိုဥပဒေသအနည်းငယ် ထုတ်လွှတ်ပေးနေသည့် တာအိုပွင့်ဖတ်ရှိနေလေသည်။ သူ့ကိုလည်း ထာဝရစွမ်းအင်ဖြင့် လွှမ်းခြုံထားလေသည်။

“ငါစောင့်နေတာ တော်တော်ကြာနေပြီ .. ခင်ဗျားတို့ရဲ့ ဂျီးနီးယပ်စ်တွေက ဘာလို့ပြန်မလာသေးတာလဲ .. အဲဒီလူတွေကို ဘယ်လိုခေါ်တာ .. နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိ၊ ဟွမ် ဟုတ်လား .. ပျင်းစရာကောင်းလိုက်တာ” သူသည် ကင်းလှည့်နေသည့် နတ်ဘုရင်တစ်ယောက်ကဲ့သို့ လက်နောက်ပစ်ထားလေသည်။

“လင်ထျန်းး .. ငါတို့ဒီလောက်ပဲ ရနိုင်တာထင်တယ် .. ဘာပဲဖြစ်ဖြစ် ဒီနေရာက ဆုတ်ယုတ်နေပြီပဲ” သူ့နောက်မှ တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။ ဤနေရာတွင် လူငယ်လေးယောက်ရှိပြီး ယောက်ျားလေးများသည် နဂါးများနှင့်တူပြီး မိန်းကလေးများမှာမူ ဖီးနှစ်များကဲ့သို့ပင်။

ဤလေးယောက်သည် အတော်လေး စွမ်းအားကြီးလှသည်ပင်။ သူတို့အားလုံးသည် တည်ငြိမ်နေသော်လည်း ထူးခြားသည့်အော်ရာတစ်မျိုးကို ထုတ်လွှတ်နေဆဲပင်။

ဤလူသည်များသည် အသက်သိပ်မကြီးကြသေးပေ။ သာမန်ကောင်းကင်နတ်ဘုရားများနှင့် ယှဉ်လျှင် အတော်လေး ငယ်သေးသည်ပင်။

“အားနည်းလိုက်တာ” မိန်းကလေးတစ်ယောက်မှ ခေါင်းငြိမ့်လိုက်သည်။

“မင်းတို့အားလုံး မောက်မာလွန်းတယ်” စီရင်စုသုံးထောင်မှ ကောင်းကင်နတ်ဘုရားများ၏မျက်နှာများ နီရဲသွားကြလေသည်။ ဤကဲ့သို့ အနှိမ်ခံနေရသောကြောင့် သူတို့မျက်နှာထားစရာနေရာမရှိတော့ပေ။

“အဲဒါဆိုရင်လည်း ကျုပ်တို့နဲ့ တိုက်နိုင်မယ့် တစ်ယောက်ယောက်ကို ရှာလိုက်လေ .. စီရင်စုသုံးထောင်ကို လှည့်ပတ်ပြီးသွားတာတောင်မှ အရည်အချင်းတစ်ဝက်လောက်ရှိတဲ့သူကိုတောင် ရှာမတွေ့ဘူး .. ဒါက အားနည်းတယ်ဆိုတဲ့စကားလုံးတောင် သုံးလို့မရတော့ဘူး .. အရေးမပါဘူးလို့ ပြောရမှာ” နဖူးထက်တွင် ငါးရောင်စပ်နတ်ဦးချိုရှိနေသည့် လူငယ်လေးမှ ပြောလိုက်သည်။

“ဧကရာဇ်ကလန်က ယဲ့ကုန်းကျီထွက်လာရင် သူက မင်းတို့အားလုံးကို တားဆီးနိုင်မှာ .. သူအခု ဘယ်မှာရှိနေသလဲဆိုတာ မသိရသေးတာလေးတစ်ခုပဲ” အပြာရောင်စီရင်စုမှ ကျင့်ကြံသူမှ ပြောလိုက်သည်။

“ဟုတ်တယ် .. ယဲ့ကုန်းကျီထွက်လာရင် သူကမင်းတို့အားလုံးကို သေချာပေါက် တိုက်ခိုက်နိုင်မှာ”

အဆင့်မြင့်နယ်မြေတွင် ယဲ့မျိုးရိုးနှင့် ဧကရာဇ်ကလန်တစ်ခုရှိသည်။ ဤကလန်သည် တစ်ချိန်တုန်းက အလွန်စွမ်းအားကြီးခဲ့ကြသည်ပင်။

သမိုင်းမတင်မှီခေတ်တွင် ထိုကလန်မှ ယဲ့ချန်းယုသည် အဆင့်လွန်သက်ရှိတစ်ဦးဖြစ်ပြီး သူ၏အရှေ့တွင်ရှိနေသည့်သူအားလုံးကို သတ်ကာ ပြိုင်ဘက်ကင်းဖြစ်ခဲ့သည်။

ကံမကောင်းစွာဖြင့်ပင် သူထာဝရသက်ရှိမဖြစ်မှီတွင် ထူးဆန်းသည့်တိုက်ခိုက်မှုတစ်ခုကို ခံခဲ့ရကာ ထူးဆန်းစွာပင် သေဆုံးသွားခဲ့သည်။

ထာဝရတာအိုလျှပ်စီးအတိဒုက္ခကို ဖြတ်သန်းလျှင် စွမ်းအားအကြီးဆုံး ပြိုင်ဘက်ကင်းအဆင့်လွန်သက်ရှိပင်လျှင် သူတို့၏ခွန်အားများ ကျဆင်းလာမည်ပင်။ ယဲ့ချန်ယုသည် ထိုကဲ့သို့သော အခြေအနေတွင် တိုက်ခိုက်ခံလိုက်ရခြင်းပင်။

ထိုကလန်မှ ကျွမ်းကျင်သူများစွာ ပေါ်ထွက်လာခဲ့ပြီး ယခုခေတ်တွင် ယဲ့ချန်ယုနှင့် ယှဉ်နိုင်သည့် ယဲ့ကျန်းကျီထွက်ပေါ်လာလေပြီ။

သူမည်မျှစွမ်းအားကြီးကြောင်း မည်သူမှမသိသော်လည်း သူနှင့်တိုက်ခိုက်ဖူးသည့်လူများမှာ သူသည် စီရင်စုသုံးထောင်လုံးတွင် နံပါတ်တစ် ကောင်းကင်နတ်ဘုရားဖြစ်ကြောင်း ယုံကြည်ထားကြလေသည်။

သူသည် သူ့ကိုယ်သူ ဘယ်တုန်းကမှ ဖိနှိပ်မထားခဲ့ပေ။ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်နိုင်ရန် တမင်သက်သက်လုပ်ခဲ့ခြင်းမဟုတ်ပဲ သူ၏ကျင့်ကြံခြင်းမှာ ခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့ခြင်းပင်။

“နှမြောစရာပဲ .. ယဲ့ကုန်းကျစ်က ထာဝရတာအိုအကြွင်းအကျန်တွေကို လေ့လာချင်လို့ စွန့်ပစ်နယ်မြေမှာ လျှောက်သွားနေတာ .. သူက အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာ .. မဟုတ်ရင် သူချက်ချင်း ပြန်လာခဲ့မှာ” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

“ဘာယဲ့ကုန်းကျီလဲ .. တကယ်လို့သူသာ ခွန်အားကြီးတယ်ဆိုရင် ငါတို့အနှေးနဲ့အမြန် သူနဲ့တွေ့မှာပဲ” လင်ထျန်း မကျေမနပ်ပြောလိုက်သည်။

“ဟက် .. ယဲ့ကုန်းကျီကို အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား .. သူက ဘုရင် ယဲ့ချန်ယုနဲ့ ဆက်စပ်နေတယ်လို့ ပြောကြတာ .. သူပြန်လာတာနဲ့ သူဘယ်လောက်တောင်စွမ်းအားကြီးသလဲဆိုတာ မင်းတို့သိရမှာပါ” တစ်စုံတစ်ယောက်မှ နှာခေါင်းရှုံ့လိုက်သည်။

ယခုအချိန်တွင် သူတို့သည် ထာဝရရှေးဟောင်းမြေထဲမှ စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်ကို ချက်ချင်းပင် ဖိတ်ခေါ်လိုက်ချင်သည်။ ဤလူများထံမှ အထင်သေးခံနေရသည်မှာ တကယ်ကို ရှက်စရာကောင်းလှသည်။

စီရင်စုသုံးထောင်မှ ကျင့်ကြံသူများကို ပို၍စိုးရိမ်စေသည်မှာ အနောက်တွင်ရှိနေသည့် လူလတ်ပိုင်းအရွယ်ယောက်ျားလေး သုံးယောက်ပင်။ သူတို့၏မျက်တောင်ခတ်လိုက်သည့်အချိန်တိုင်းတွင် သူတို့မျက်ဆံထဲ၌ ကြယ်တာယာများ ရှိနေသကဲ့သို့ပင်။

ထိုလူသုံးယောက်ကြောင့်ပင် စီရင်စုသုံးထောင်မှလူများ ဤလူများနှင့် ဆက်ဆံရေး မပျက်စီးလိုခြင်းပင်။

“ခင်ဗျားတို့စောင့်ရှောက်နေတဲ့ နယ်ခြားစပ်ကို လာကြည့်တာကြောင့်သာမဟုတ်ရင် လမ်းကြောင်းပျက်စီးနေတာကို ကျုပ်တို့သိမှာတောင် မဟုတ်ဘူး .. ကပ်ဆိုးကြီး နောက်တစ်ခေါက် ပြန်ပေါ်လာတဲ့အချိန်ကျရင် ဒါက ကောင်းကင်ဘုံကိုးခုနဲ့ ၁၀ခုမြောက်ကမ္ဘာမြေကို ထိခိုက်စေလိမ့်မယ်” လင်ထျန်း ပြောလိုက်သည်။

“မင်းတို့အားလုံးက ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးတယ်ဆိုတာ ဝန်ခံပါတယ် .. ဒါပေမဲ့ မင်းရဲ့စကားတွေက နည်းနည်းမလွန်လွန်းဘူးလား”

“အခု ငါဟွမ်ကိုတောင် အဲဒီလောက်မမုန်းတော့ဘူး .. သူ့ကို ထာဝရရှေးဟောင်းမြေထဲက ထွက်လာပြီးတော့ ဒီလူတွေကိုတောင် တိုက်ခိုက်ချင်လာပြီ”

ရှီဟောင်ကို မုန်းတီးနေကြသည့် အချို့ဂိုဏ်းမှ တပည့်များမှာ သူတို့မုန်းသည့်ရှီဟောင်ကိုပင် ဖိတ်ခေါ်ပြီး လာတိုက်ခိုင်းစေချင်နေလေပြီ။

“မင်းတို့အားလုံး နယ်ခြားစပ်အကြောင်းတွေ၊ အဲဒီနေရာကို ခုခံတဲ့အကြောင်းတွေ၊ နောက်ကမ္ဘာအကြောင်းတွေကို ပြောနေကြတာ .. မင်းတို့တွေက တကယ်ပဲ ဘယ်သူတွေလဲ” ကောင်းကင်နတ်ဘုရားအိုကြီး မေးလိုက်သည်။

“ရှင်တို့အားလုံး အတိတ်မေ့သွားကြပြီးတော့ ကိုယ်နေတဲ့နေရာကိုတောင် မသိတော့ဘူးပေါ့ .. တကယ်ကို ရီစရာကောင်းပြီးတော့ ကြေကွဲစရာကောင်းတာပဲ” လှပသည့်မိန်းကလေးမှ ပြောလိုက်သည်။ သူမ၏ဦးခေါင်းထက်တွင်လည်း တာအိုပွင့်ဖတ်တစ်ခု ရှိနေလေ၏။

“ငါတို့ကိုပြော”

“တကယ်ရယ်ရတာပဲ .. စီရင်စုသုံးထောင်ကလူတွေက တကယ်ကို အတိတ်ကိုမေ့သွားပြီပဲ” လူလတ်ပိုင်းအရွယ်ယောက်ျားလေးမှ ပြောလိုက်သည်။

“တာအိုစီရင်စုသုံးထောင်မှာ သမိုင်းကြောင်း တော်တော်များများရှိတယ် .. မင်းကဘာကိုပြောချင်နေတာလဲ” ကောင်းကင်နတ်ဘုရားအိုကြီး မေးလိုက်သည်။

ဤနာမည်မှာ ကြာလှပြီဖြစ်ပြီး လူအတော်များမှာ မမှတ်မိတော့ပေ။ လူများသည် ပုံမှန်အားဖြင့် အဆင့်မြင့်နယ်မြေမှ စီရင်စုသုံးထောင်ဟုသာ ခေါ်ကြသည်။

“ခင်ဗျားတို့က ဒီလောက်မောက်မာနေရအောင် ဘာအရည်အချင်းရှိလို့လဲ .. ခင်ဗျားတို့က အရင်တုန်းက ကြယ်တွေဆီကို သွားခဲ့တဲ့သက်ရှိတွေ မဟုတ်ဘူးလား” အချို့ ကောင်းကင်နတ်ဘုရားများ အော်ဟစ်လိုက်သည်။

“ဟာသပဲ .. ခင်ဗျားတို့က ကျုပ်တို့ကို စွန့်ပစ်ကြယ်က လူရိုင်းတွေလို့ ထင်နေတာလား” လူလတ်ပိုင်းအမျိုးသားသည် ခေါင်းခါလိုက်ကာ ဤလူများသည် ကိစ္စများစွာကို မေ့သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။

“အစတုန်းက ကောင်းကင်နဲ့ ကမ္ဘာလောကက ပြည့်စုံတယ် .. ဒါပေမဲ့ ထာဝရရှေးဟောင်းခေတ်က တိုက်ပွဲကြောင့် ဒီနယ်မြေပျက်စီးသွားတယ် .. အဲဒါကလည်း အဲဒီသက်ရှိတွေက အရမ်းစွမ်းအားကြီးလွန်းလို့…” လူလတ်ပိုင်းအမျိုးသားမှ ဖြည်းညှင်းစွာပင် ပြောလိုက်သည်။

ရှေးဟောင်းလောကကြီးသည် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ ၁၀ခုအဖြစ်သို့ ကွဲထွက်သွားခဲ့ခြင်းပင်။ ထို့ကြောင့် မတူညီသည့်ခွန်အားများရှိသည့် စုစုပေါင်း ကမ္ဘာ ၁၉ ခုရှိသည်ပင်။

အဆင့်မြင့်နယ်မြေမှ စီရင်စုသုံးထောင်သည် ထို ကမ္ဘာလောက ၁၀ ခုထဲမှ တစ်ခုဖြစ်ပြီး တာအိုစီရင်စုသုံးထောင်ဟု ခေါ်သည်ပင်။

“ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာလောက ၁၀ ခုဟုတ်လား..”

အားလုံး တုန်လှုပ်သွားရသည်။ ဤကဲ့သို့သော ဆိုရိုးမျိုးရှိခဲ့သော်လည်း ဤသည်မှာ မဖြစ်နိုင်သည့် ဒဏ္ဍာရီတစ်ခုဟုသာ သူတို့အားလုံး ထင်နေခဲ့ကြခြင်းပင်။

“တာအိုစီရင်စုသုံးထောင်က အရင်တုန်းက စွမ်းအားကြီးတဲ့နေရာတစ်ခုပဲ .. အချိန်ကြာလာတာနဲ့အမျှ ဒီနေရာက ဒီလောက်ထိ ပျက်စီးသွားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး” လူလတ်ပိုင်းအမျိုးသားမှ အေးစက်စွာ ပြောလိုက်သည်။

“အရင်တုန်းက အဆင့်လွန်သက်ရှိတွေက ဒီနေရာကို ကာကွယ်ဖို့အတွက် တာအိုသုံးထောင်နဲ့ စုပေါင်းပြီးတော့ အလုပ်လုပ်ခဲ့ကြတယ် .. သူတို့တွေက နယ်ခြားစပ်ကို ဖိနှိပ်ခဲ့ကြတယ် .. ဒါပေမဲ့ အခုတော့ ကပ်ဘေးကြီး ရောက်လာတော့မယ် .. ဒါကလည်း တာအိုစီရင်စုသုံးထောင်က စောင့်ကြပ်နေတဲ့ နယ်ခြားစပ်ကြောင့်ပဲ … ထာဝရရှေးဟောင်းမြေခေတ်က တိုက်ပွဲကြီးက သေချာပေါက်ကို နောက်တစ်ခေါက် ပြန်ပေါ်လာတော့မှာ … အဲဒီအချိန်ကျရင် ငါတို့က ဘာနဲ့ခုခံရမှာလဲ .. အခုထိ ထာဝရသက်ရှိတွေ တစ်ယောက်မှကို မမြင်ရသေးဘူး” အခြား လူလတ်ပိုင်းအမျိုးသားမှ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး ဘာတွေပြောနေကြတာလဲ .. ခင်ဗျားတို့ဘာလို့ လူတွေကို ကြောက်လန့်အောင် လုပ်နေတာလဲ” အချို့သူများ မယုံကြည်ကြပေ။

လူအများစုမှ အလွန်ပင် ထိတ်လန့်သွားကြကာ သူတို့မျက်နှာများပင် ဖြူဖျော့နေလေပြီ။

“ကြည့်ရတာ တာအိုစီရင်စုသုံးထောင်က ပြဿနာကြီးတွေကို ကြုံခဲ့ရတယ်ထင်တယ် .. နောင်ကျရင် ကပ်ဘေးကြီးက ဒီကနေပဲ စလာမှာ” လူလတ်ပိုင်းအမျိုးသားတစ်ယောက်မှ ပြောလိုက်သည်။

“နယ်ခြားစပ်က ဘယ်မှာလဲ .. အဲဒီမှာ ဘယ်လိုရန်သူမျိုးတွေ ရှိနေလို့လဲ .. အဲဒီရန်သူတွေက ကြောက်စရာကောင်းလို့လား” ဤနေရာတွင်ရှိနေသည့်သူများမှာ မယုံကြည်ကြသေးပေ။

“ထာဝရရှေးဟောင်းခေတ်မှာ အသက်ရှည်တဲ့သက်ရှိတွေ၊ ထာဝရအစစ်တွေရှိတယ် .. သူတို့ကြောင့်သာ အဲဒီအကောင်ကြီး ပျက်စီးသွားတာ .. မင်းပြောကြည့် အဲဒီအကောင်တွေက ကြောက်ဖို့ကောင်းလား မကောင်းဘူးလား .. သူတို့က ပြီးပြည့်စုံနေတဲ့ ကောင်းကင်နဲ့ ကမ္ဘာလောကကို ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခု ဖြစ်အောင် လုပ်လိုက်တာ” လူလတ်ပိုင်းအမျိုးသားမှ အော်ဟစ်လိုက်သည်။

သူပြောသည့်အတိုင်းဆိုလျှင် ကောင်းကင်နှင့် ကမ္ဘာမြေ ပျက်စီးသွားပြီး အမှုန်အမွှားနှင့် ဖုန်မှုန့်များမှာ သူတို့ယခုမြင်နေရသည့် ကောင်းကင်ထက်မှ ကြယ်များဖြစ်လာခြင်းပင်။

“ထာဝရရှေးဟောင်းခေတ်က ရန်သူ .. သူတို့တွေက နယ်ခြားစပ်ကနေ ဝင်လာမှာလား” တစ်စုံတစ်ယောက်မှ ထိတ်လန့်စွာ ပြောလိုက်သည်။

“ရှုံးသွားပြီ .. တာအိုစီရင်စုသုံးထောင်က အဆုံးသတ်သွားပြီ” လူလတ်ပိုင်းအမျိုးသားမှ ပြောလိုက်သည်။

“ငါတို့ ဒီကိုရောက်လာတာကလည်း စွမ်းအားအကြီးဆုံး ဂိုဏ်းခေါင်းဆောင်တွေကို ဝင်ပါပေးဖို့ ပြောမလို့ .. ပြီးတော့ လူငယ်တစ်ချို့ကိုလည်း ကျင့်ကြံဆင့်ပိုမြင့်အောင် လေ့ကျင်ပေးချင်လို့ .. ဒါပေမဲ့ ကြည့်ရတာ လေ့ကျင့်ပေးဖို့က တော်တော်လေး ခက်ခဲမယ်ထင်တယ်”

သူပြောသည့်အတိုင်းဆိုလျှင် ယခုတလော၌ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ၁၀ခုတွင် အနှောက်အယှက်များရှိနေသောကြောင့် အခြားလောကများ ပူးပေါင်းကာ ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းလိုက်ခြင်းပင်။

အထူးသဖြင့် စွမ်းအားအကြီးဆုံး ကောင်းကင်ဘုံကိုးခုမှ လူများပင်။ ထိုနေရာတွင် သိုင်းကျောင်းများ၊ ထာဝရကျောင်းများဖွင့်ထားသည့် အဆင့်လွန်သက်ရှိများရှိနေသည်။ သူတို့သည် လေ့ကျင့်သင်ကြားပေးရန်အတွက် စွမ်းအားကြီးသည့် လူငယ်ကျွမ်းကျင်သူများကို ရွေးချယ်လိုခြင်းပင်။

“နတ်ဘုရားမကျောင်းက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ခုက စွမ်းအားအကြီးဆုံး လူငယ်ကောင်းကင်နတ်ဘုရားကို ရွေးတာလား..”

“မြင့်မြတ်ကျောင်းက ပါရမီအရှိဆုံးသူတွေလည်း မဝင်နိုင်ဘူးလား”

ဤသတင်းမှာ အဆင့်မြင့်နယ်မြေရှိ ကောင်းကင်နတ်ဘုရားများကို ထိတ်လန့်သွားစေလေသည်။

တာအိုစီရင်စုသုံးထောင်သည် ဆုတ်ယုတ်နေသည့်နေရာဖြစ်ပြီး သူ၏အထက်တွင် ကောင်းကင်ဘုံကိုးခု ရှိသေးသည်။

ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ၁၀ခု .. ဒီလောကကြီးက ဘယ်လောက်တောင် ကျယ်တာလဲ..

ဤရွေးချယ်မှုမှာ တကယ်ကို ကြီးကျယ်ခမ်းနားသည့် စံနှုန်းတစ်ခုပင်။

အချို့လူများသည် ချွေးစေးများ သုတ်နေရသည်။ ကောင်းကင်ကြီးပြောင်းလဲလာတော့မည်မှန်း သူတို့သိသွားကြလေပြီ။ စီရင်စုသုံးထောင်မှာ အတော်လေး ကျယ်ဝန်းနေပြီဖြစ်သော်လည်း ဤသည်မှာ ကမ္ဘာတစ်ခုသာ ဖြစ်သည်။ ကြောက်စရာကောင်းသည့် အခြားရှေးဟောင်းကမ္ဘာများ ရှိနေသေးသည်။

ယခုအချိန်တွင် ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေ၁၀ခုမှ အဆင့်လွန်သက်ရှိများသည် ဤကြောင်းများကိုသာ ဆွေးနွေးနေကြပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြလေသည်။

ဧည့်သည်များမှာ စွမ်းအားအကြီးဆုံးသူများပင် ဟုတ်ဟန်မတူပေ။

ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ၁၀ခုလုံးက သူတို့အားလုံးပေါင်းပြီးတော့ ကျောင်းတစ်ခုကို တည်ထောင်ဖို့ စီစဉ်နေကြတယ် .. အဲဒီကျောင်းအတွက် စွမ်းအားအကြီးဆုံး ဂျီးနီးယပ်စ်တွေကိုပဲ ရွေးချယ်မယ် ..

အားလုံး တုန်လှုပ်သွားကြရလေသည်။

အပိုင်း ၁၁၉၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၉၉ – လျှပ်စီးအတိဒုက္ခရည်အား ရယူခြင်း

ထာဝရရှေးဟောင်းမြေ..

ရှီဟောင်နှင့်စုန်းမတို့ အတူတွဲလျှောက်လာသောကြောင့် ဤသည်မှာ အာရုံစိုက်စရာ ဖြစ်နေလေသည်။

“မင်းဘာတွေ လုပ်ထားတာလဲ .. ငါဘာလို့ ဒီလူတွေက မင်းကိုကြောက်နေတယ်လို့ ခံစားနေရတာလဲ” စုန်းမပြောလိုက်သည်။

“ခင်ဗျားဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ အချိန်ခဏလောက်ယူပြီး စဉ်းစားကြည့်လိုက်ပါလား .. ကျုပ်က ဒီလောကကြီးမှာ ပြိုင်ဘက်ကင်း တစ်မိုးအောက်တစ်ယောက်ဖွားပဲ .. သူတို့တွေ ကျုပ်ကို ကြောက်နေတာမဟုတ်ဘူး လေးစားနေကြတာ” ရှီဟောင် အလွန်အရှက်မရှိစွာပင် ပြောလိုက်သည်။

“ဟက် .. ငါ့ရဲ့အာရုံတွေက အရမ်းကိုစူးရှလွန်းနေတော့ တစ်ခြားသူတွေ ကျိန်စဲနေတာကိုပါ ကြားနေရတာ .. သူတို့တွေက မင်းလိုမျိုး နတ်ဆိုးဘုရင်ကို ကျိန်ဆဲနေကြတာ .. မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးရလောက်အောင် အရှက်တွေ မရှိတော့တာလား” စုန်းမ၏အသံမှာ မကျေမနပ်ဖြင့်ပင်။

သူမ၏ ဆံပင်နက်များသည် ခါးထိဝဲကျနေပြီး သူမ၏မျက်နှာမှာလည်း လှပလှသည်။ သူမ၏အပြုံးတစ်ခုပင်လျှင် တိုင်းပြည်တစ်ခုကိုပင် ပြိုလဲစေနိုင်သောကြောင့် သူမအာရုံမစိုက်ခံရချင်လျှင်ပင် မဖြစ်နိုင်ပေ။

ရှီဟောင်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကာ “ရှေးဟောင်းနတ်လူဝံမျိုးဆက် … မင်းတို့တွေက မင်းတို့မျောက်ဦးနှောက်ကို ငါ့ကိုပေးချင်နေလို့လား”

ထိုနေရာတွင် ရွှေရောင်လူဝံများစွာရှိနေပြီး ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး မျက်နှာဖြူဖျော့သွားကာ လျင်မြန်စွာပင် ဆုတ်ခွာသွားလေ၏။ ဤမျှအကွာအဝေးထိ သူအာရုံခံနိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။

“ကြည့်ရတာ နင်က ထာဝရရှေးဟောင်းမြေမှာ နာမည်ဆိုးနဲ့ တော်တော်လေးကို ကျော်ကြားတယ်ထင်တယ် .. အဲဒီနတ်လူဝံတွေတောင်မှ နင်တစ်ချက်အော်လိုက်တာနဲ့ ကြောက်သွားကြတာ” စုန်းမ လေးစားစွာပင် ပြောလိုက်လေ၏။

“ဒါတွေက စစ်ပွဲတွေကနေ ရလာတဲ့ တောက်ပတဲ့ဂုဏ်သတင်းတွေလေ .. အရင်တုန်းက ကောင်းကင်နတ်ဘုရား ၇ ယောက် ငါ့ကိုသတ်ဖို့ကြိုးစားသေးတယ် .. ဒါပေမဲ့ ငါသူတို့အားလုံးကို ငရဲပြည်ကို ဒါရိုက်ပို့ပေးလိုက်တယ်လေ” ရှီဟောင် ရယ်မောကာ ပြောလိုက်သည်။

စုန်းမသည် အစပိုင်းတွင် စိတ်မဝင်စားသော်လည်း နောက်ပိုင်းတွင် ကျင့်ကြံသူများမှာ ရှီဟောင်အား ရိုသေနေကြသည်ကု သူမတွေ့လိုက်ရသည်။

ခဏကြာပြီးသည့်နောက်တွင် စီရင်စုသုံးထောင်မှ ကျင့်ကြံသူအချို့ကို သူမတွေ့လိုက်ရသည်။ သူမရင်းနှီးသည့်လူတစ်ချို့ကိုလည်း တွေ့လိုက်ရသည်။ ဤလူများသည် ရှီဟောင်ကိုပို၍ပင်ကြောက်နေပြီး သူနှင့် ဝေးဝေးရှောင်နေသည်ကို သူမတွေ့လိုက်ရသည်။

စုန်းသည် သူတကယ်ရင်းနှီးသည့်သူအချို့ကို ခေါ်လိုက်သည်။

“မြင့်မြတ်တဲ့မမလေး .. မမလေးက နှစ်ပေါင်းများစွာ သီးသန့်ကျင့်ကြံပြီးတော့ အခုမှ ပေါ်လာတယ် .. ကျွန်တော်တို့က မမလေး တစ်ခုခုဖြစ်သွားပြီလို့တောင် ထင်နေတာ” သူမသည် ကောင်းကင်ခစားခြင်းဂိုဏ်းမှ မြင့်မြတ်အမျိုးသမီးမှန်း သိသွားသည့်အချိန်တွင် ထိတ်လန့်သွားကြလေသည်။

“ဘာ မြင့်မြတ်တဲ့မမလေးလဲ .. မင်းတို့စုန်းမနဲ့စကားပြောနေတာ ဟုတ်ပြီလား” ရှီဟောင် အမှန်ပြင်ပေးလိုက်သည်။

ဤလူများမှာ ရှုံ့တွသွားကြလေသည်။

“မင်းတို့ဘာလို့ သူ့ကို အဲဒီလောက်တောင် ကြောက်နေကြတာလဲ .. သူက နည်းနည်းပိုပြီးတော့ အားကောင်းတဲ့ကျင့်ကြံသူပဲမဟုတ်ဘူးလား .. သူက မင်းတို့တွေကို စားမှာမို့လို့လား” စုန်းမပြောလိုက်သည်။

ဤလူများမှာ ငိုချင်သွားရသည်။ သူတို့က ဘယ်လိုလုပ် သူ့ရှေ့မှာ သူ့မကောင်းကြောင်း ပြောရဲမှာလဲ .. သို့သော်လည်း ဤလူသည် တကယ်ပင် ကျွမ်းကျင်သူများကို မကြာခဏစားလေ့ရှိသည်ပင်။

ဤလူ၏ သူ၏စားသောက်မှုဖြင့်လည်း နာမည်ကြီးခဲ့သည်သာ။ သူတို့အားလုံးမှာ လူသားမဟုတ်သောကြောင့် သူ့ကို တွေ့လိုက်ရသည်နှင့် သူတို့ခြေလက်များပင် နာကျင်လာရသည်။

“ဟေး မင်းတို့ဘာကို အဲဒီလောက် ကြောက်နေတာလဲ” စုန်းမ မကျေမနပ်ပြောလိုက်သည်။

သူတို့ထဲမှ တစ်ယောက်သည် တိတ်တဆိတ်ပင် အသံပို့လွှတ်လိုက်ကာ “မြင့်မြတ်တဲ့မမလေး သူ ကျွန်တော်တို့ကို တကယ်စားလိမ့်မယ် .. ဘာမှထပ်မပေးပါနဲ့တော့ .. သူနားကနေ ဝေးဝေးနေဖို့ ကျွန်တော်တောင်းပန်ပါတယ် .. သူဘယ်အချိန်ဗိုက်ဆာမလဲဆိုတာ မသိနိုင်ဘူး .. သူဗိုက်ဆာလာတာနဲ့ မမလေး အန္တရာယ်များလိမ့်မယ်”

စုန်းမမှာ စိတ်ရှုပ်သောကြောင့် ရယ်ပင်ရယ်ချင်လာလေပြီ။ ဤလူများသည် ရှီဟောင်အား အလွန်ကြောက်နေပြီး မသက်မသာဖြစ်နေကြသည်ကို သူမတွေ့လိုက်ရသည်။

“သူက အဲဒီလောက်တောင် အန္တရာယ်များတာလား” စုန်းမမေးလိုက်၏။

“များတယ် .. ကျွန်တော်တို့ကို မပြောနဲ့ .. သူက နတ်ဘုရားတွေကိုတောင်မှ စားတယ် .. သူကအန္တရာယ်အများဆုံး သက်ရှိပဲ” သူတို့ထဲမှ တစ်ယောက် တိတ်တဆိတ်အသံပို့လွှတ်လိုက်သည်။

“မင်းကငါးရောင်စပ်သမင်မလား .. မင်းက တော်တော်လေး စားကောင်းတယ်လို့ပြောတယ် .. မင်းက ဒီလိုမျိုး ငါ့နောက်ကွယ်မှာငါ့အကြောင်းပြောနေတာက မင်းငါ့ကို မင်းရဲ့သမင်သွေး နည်းနည်းလောက် ပေးချင်နေလို့လား” ရှီဟောင် မေးလိုက်သည်။

ရှီဟောင်၏နတ်အာရုံမှာ စူးရှလှသည်။ ဤမျှနီးကပ်နေလျှင် သူသည် ဤလူများ၏ စိတ်ထဲမှ စကားပြောခြင်းများကို ကြားနေရသည်သာ။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ငါးရောင်စပ်သမင်မိန်းမပျိုလေး၏ လှပသည့်မျက်နှာလေးမှာ ချက်ချင်းပင် ဖြူဖျော့သွားလေသည်။ သူမသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး ဒူးများလည်း ပျော့ခွေသွားကာ မြေပြင်ပေါ်တွင် ထိုင်ချမိမတတ်ဖြစ်သွားသည်။

“သူ့ကို ခြောက်မနေနဲ့တော့ .. မင်းတို့အားလုံး ငါ့ကိုပြော ဘာဖြစ်ခဲ့တာလဲ” စုန်းမပြောလိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် ဟွမ်၏အကြောင်းကို သူမသိသွားရသည်။ သူသည် ကောင်းကင်နတ်ဘုရားများကို ဆက်တိုက်သတ်နေပြီး အပြင်ဘက်လောကမှ လွှတ်လိုက်သည့် ကောင်းကင်နတ်ဘုရားများပင် အသတ်ခံလိုက်ရလေပြီ။

ထို့အပြင် သူသည် စွမ်းအားကြီးသည့်မျိုးနွယ်စုများကိုလည်း ကင်စားခဲ့သေးသည်ပင်။

စုန်းမ၏အမူအရာ ပြောင်းလဲသွားလေ၏။ ဒီကောင်က တကယ်ကို .. ကြမ်းတမ်းတာပဲ .. သူတို့မတွေ့ရတဲ့နှစ်ပေါင်းများစွာအတွင်းမှာ သူက ဒီလောက်တောင်မှ စွမ်းအားကြီးလာတာလား..

“အဲဒီကောင်းကင်နတ်ဘုရားတွေဆီကနေ မင်းဘာတွေရလိုက်တာလဲ .. ငါ့ကို နည်းနည်းလောက် လက်ဆောင်မပေးချင်ဘူးလား” စုန်းမမေးလိုက်သည်။

“ကျုပ် ခင်ဗျားကို စားပွဲတော်ကြီး လုပ်ပေးလို့ရတယ်” ရှီဟောင် ပြောလိုက်သည်။

သို့သော်လည်း သူတို့သည် အချိန်မဖြုန်းချင်သောကြောင့် လျင်မြန်စွာ ထွက်သွားလိုက်ကြသည်။ ရှီဟောင်သည် ကောင်းကင်နတ်ဘုရားများကို မကြောက်တော့သော်လည်း ဂိုဏ်းခေါင်းဆောင်အချို့ သူ့အား တိုက်ခိုက်မည်ကိုတော့ မလိုချင်ပေ။

ခွပ်..

ထာဝရရှေးဟောင်းမြေရှိ အက်ကွဲကြောင်းမှာ ပို၍ပင် ကြီးလာလေပြီ။

ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။ ထွက်သွားနိုင်မည့်နည်းလမ်းကို သူစဉ်းစားရတော့မည်။

သူဝိဉာဉ်ကျွန်းသို့ ပြန်လာကာ သူ၏အပေါင်းအဖော်များကို ခေါ်လိုက်သည်။ ချောင်ယုရှန်း၊ ယုန်ဖြူလေး၊ ချန်ကုန်းယန်၊ ရွှယ်လင်း၊ လန်ယိချန်တို့နှင့် အချို့ကိစ္စများကို ဆွေးနွေးလိုက်သည်။

ထို့နောက်တွင် ရှီဟောင်သည် ဂိုဏ်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ သူ၏အတွေးတစ်ချို့ကို ပြောပြလိုက်သည်။ သူအတိဒုက္ခကို နောက်တစ်ကြိမ်ဖြတ်သန်းကာ ထာဝရရှေးဟောင်းမြေမှ ကျွမ်းကျင်သူအချို့၏ ကျိန်စာကို ဖြေပေးချင်သေးသည်။

“မင်းက အတိဒုက္ခကို ထပ်ဖြတ်မှာလား .. ကောင်းကင်နတ်ဘုရားနယ်ပယ်ရောက်အောင် သွားတော့မှာလား” သူတို့အားလုံး ထိတ်လန့်သွားရသည်။

“မဟုတ်ပါဘူး .. ဘယ်လိုလုပ် ဒီလောက်မြန်မှာလဲ .. ကျွန်တော်သာ အဲဒီအတိုင်းဆက်ကျင့်ကြံရင် ကျွန်တော့်ရဲ့တာအိုအုတ်မြစ် တည်ငြိမ်မှာမဟုတ်တော့ဘူး” ရှီဟောင် ခေါင်းခါလိုက်သည်။

သူသည် လျှပ်စီးအတိဒုက္ခကို ဆင့်ခေါ်ကာ ထိုလျှပ်စီးများကို ခုခံပြီး လျှပ်စီးအတိဒုက္ခရည်ယူ၍ရသည်။

ကိစ္စများမှာ အတော်လေး ဖိအားများနေသည်ဟု ရှီဟောင်ခံစားနေရသည်။ သူ့ကို ကာကွယ်ပေးရန်အတွက် စွမ်းအားကြီးသည့် ဂိုဏ်းခေါင်းဆောင်အချို့ကို သူလိုအပ်သည်။ မဟုတ်ပါက သူထာဝရရှေးဟောင်းမြေထဲမှ ထွက်သွားနိုင်ရန် ခက်ခဲလိမ့်မည်။

ဂိုဏ်းခေါင်းဆောင်များ သူ့ဘက်ပါလာအောင် မည်သို့လုပ်ရမည်နည်း.. ဤသည်မှာ သူတို့လိုချင်နေသည့်အရာကို ပေးလိုက်ရုံပင်။

သို့သော်လည်း ထိုထဲတွင် သူ့ကိုစော်ကားထားသည့် ဂိုဏ်းများပါဝင်မည်မဟုတ်ပေ။

“လူငယ်လေး .. မင်းက နတ်ဘုရင် အတိဒုက္ခကို နောက်တစ်ခေါက် ထပ်ဖြတ်မလို့လား” ဂိုဏ်းခေါင်းဆောင်ငါးယောက်မှာ ချက်ချင်းပင် ထိတ်လန့်သွားရသည်။ ရှီဟောင် စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခကို ဖြတ်နိုင်ခဲ့ခြင်းမှာ သူ၏ကံကောင်းမှုဟု ပြော၍ရသည်။ သို့သော်လည်း သူက နောက်ထပ်တစ်ခေါက် ထပ်ဖြတ်သန်းချင်နေလေပြီ။

ဤသည်မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းလား .. ဒါမှမဟုတ် သူ့အသက်ကိုသူ အရေးမကြီးဘူးဟု ထင်မှတ်နေခြင်းလား..

“အားလုံးပဲ .. ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကာကွယ်ပေးပါဦး .. ပြီးတော့ စီနီယာတို့ရဲ့ သူငယ်ချင်းဟောင်းတွေကိုလည်း လာကြည့်ဖို့ ပြောပေးပါဦး” ရှီဟောင် ပြောလိုက်၏။

ဤစကားကြားလိုက်ရသည့်အချိန်တွင် ထိုဂိုဏ်းခေါင်းဆောင်ငါးယောက်သည် ရှီဟောင်ကျရှုံးသွားပြီး သူတို့ကလန်သားများအတွက် မျှော်လင့်ချက်ဆုံးရှုံးသွားရမည်စိုးသော်လည်း အနည်းငယ် စိတ်လှုပ်ရှားလာကြလေသည်။ သူသာ အတိဒုက္ခကို ဆက်တိုက်ဖြတ်နိုင်ရင် သူတို့အတွက် လျှပ်စီးအတိဒုက္ခရည်ဆိုတာ ရှားပါးတော့မှာမဟုတ်ဘူးလို့ ဆိုလိုချင်တာပဲမလား…

“ကောင်းပြီလေ .. ငါတို့တစ်ခြားသူတွေကို ဖိတ်လိုက်မယ်” ဂိုဏ်းခေါင်းဆောင်ငါးယောက် ထွက်သွားလေသည်။

ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ထာဝရရှေးဟောင်းမြေ တုန်လှုပ်လာလေသည်။ တစ်စုံတစ်ယောက်မှ အတိဒုက္ခကို ဖြတ်သန်းနေလေပြီ။

“ဘုရားရေ .. ဘယ်လိုလုပ် ဟွမ်ဖြစ်နေတာလဲ”

“သူရူးသွားပြီလား .. သူနောက်ဆုံးတစ်ခေါက် ဖြတ်သန်းခဲ့တာ ဘယ်နှရက်ပဲရှိသေးလို့လဲ .. သူက အတိဒုက္ခကို နောက်တစ်ခေါက် ထပ်ဖြတ်သန်းမလို့လား .. သူကောင်းကင်နတ်ဘုရားနယ်ပယ်ရောက်သွားပြီလို့တော့ ငါ့ကို မပြောနဲ့နော်”

ထာဝရရှေးဟောင်းမြေတစ်ခုလုံး ဆူညံသွားလေ၏။

ချောင်ယုရှန်း၊ ချန်ကုန်းယန်၊ နဂါးမိန်းမပျိုနှင့်အခြားသူများလည်း ဆွံ့အစွာဖြင့်ပင် လျှပ်စီးပင်လယ်ထဲမှ ပုံရိပ်ကို ကြည့်လိုက်ကြလေသည်။

စုန်းမ၏ ပါးစပ်လေးလည်း အဟောင်းသားဖြစ်နေလေပြီ။ သူမသည် သရဲတစ်ကောင်ကို မြင်နေရသလိုပင်။ ဒီကောင်က အသက်ရှင်ရတာပင်ပန်းနေပြီလား..

ချင်းရီလည်း ရောက်လာလေသည်။ ယွဲ့ချန်လည်း ခပ်ဝေးဝေးတွင်ပေါ်လာကာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြလေသည်။

“အစ်မယွဲ့ချန် .. နေကောင်းလား .. ဘယ်အချိန်ကျမှ ရှီဟောင်နဲ့လက်ထပ်ထားတာကို တစ်လောကလုံးကို ကြေငြာမှာလဲ” စုန်းမလေးသည် လက်ဝေ့ရမ်းလိုက်ကာ တောက်ပစွာပင် ပြုံးလိုက်လေ၏။

ယွဲ့ချန် ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် စုန်းမကို တွေ့လိုက်ရသည်။ သူမချက်ချင်းပင် အံကြိတ်မိသွားလေ၏။ စုန်းမကြောင့်သာမဟုတ်ပါက သူမ၏အခြားခန္ဓာကိုယ်တစ်ခုမှာ ဘယ်လိုလုပ် ရှီဟောင်နှင့် ညှိသွားမည်နည်း .. ကိစ္စများလည်း ဤမျှရှုပ်ထွေးသွားမည်မဟုတ်ပေ။

နတ်နန်းဂိုဏ်းမှ ကောင်းကင်နတ်ဘုရားလည်း ဤသည်ကို ကြားသွားသည်ပင်။ သို့သော်လည်း သူသည် ဒေါသထွက်မသွားပဲ ပျော်ပင်ပျော်သွားလေ၏။ “ချန်အာ .. မင်း ဟွမ်နဲ့တကယ်ရင်းနှီးတာလား .. စိတ်လျော့ .. ရှက်စရာမလိုဘူး .. ဒီဦးလေးက မင်းအတွက် အသိသက်သေလုပ်ပေးမယ် .. ငါတို့ပြန်သွားရင် ဂိုဏ်းခေါင်းဆောင်ကို နောက်ထပ်မြင့်မြတ်တဲ့အမျိုးသမီးတစ်ယောက်ကို ထပ်ရွေးခိုင်းလိုက်လို့ရတယ် .. ပြီးရင် ဟွမ်ကို ငါ့တို့ဂိုဏ်းထဲကို ဆွဲသွင်းရမယ်”

ယွဲ့ချန်မှာ သူ၏ဦးလေးကို လက်သီးဖြင့် ထိုးမိတော့မလိုပင်။ သူမသည် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်ပြီးနောက် တစ်ဖက်လှည့်သွားလေ၏။

ဝုန်း..

လျှပ်စီးအလင်းတန်းပေါင်း ထောင်ပေါင်းများစွာမှာ နေရာအနှံ့ကို တုန်လှုပ်သွားစေလေသည်။

ဤနေရာသို့ ကျွမ်းကျင်သူများရောက်လာသော်လည်း သူတို့ရှီဟောင်အား မနှောက်ယှက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်နောက်ဆုံးအကြိမ် အတိဒုက္ခဖြတ်သန်းသည့်အချိန်တုန်းက နှောက်ယှက်ခဲ့သည့်သူများမှာ လျှပ်စီးများကြောင့် သေဆုံးသွားသောကြောင့်ပင်။

ဖိတ်ခေါ်ခံထားရသည့် ဂိုဏ်းခေါင်းဆောင်များမှာလည်း စိတ်လှုပ်ရှားနေကြလေ၏။

“မကြာခင်မှာ သူအောင်မြင်တော့မယ်”

ရှီဟောင် အဆုံးသတ်နားသို့ ရောက်လာသည့်အချိန်တွင် ထာဝရရှေးဟောင်းမြေ၏ မြို့ခံများ အုတ်‌အော်သောင်းတင်းဖြစ်လာကြလေ၏။

“ဘာလို့ လျှပ်စီးရေကန်မရှိတာလဲ” ရှီဟောင် ထိတ်လန့်သွားရသည်။

ဤသည်မှာ အချည်းနှီး မျှော်လင့်မိခဲ့ခြင်းပင်။ သူသည် လျှပ်စီးအတိဒုက္ခကို ဖြတ်ကျော်ခဲ့သော်လည်း ဤနေရာတွင် မည်သည့်လျှပ်စီးရေကန်၊ မည်သည့် လျှပ်စီးအတိဒုက္ခရည်မှ ရှိမနေပေ။

ကောင်းကင်ကြီးမှ သူ့အား ဤမျှအများကြီးမပေးမည်ကို သူနားလည်သည်ပင်။ သူလျှပ်စီးအတိဒုက္ခရည်ကို အကန့်အသတ်မရှိ ရနိုင်စရာအကြောင်း မရှိပေ။

ရှီဟောင် သက်ပြင်းချလိုက်သည်။

ဂိုဏ်းခေါင်းဆောင်များလည်း စိတ်ပျက်သွားရသော်လည်း သူတို့မျက်လုံးများ နောက်တစ်ကြိမ် တောက်ပလာလေသည်။

အဘယ်ကြောင့်ဆိုသော် အခြားသူများ အတိဒုက္ခကို ရင်မဆိုင်ရဲသည့်အချိန်တွင် ဤလူငယ်လေးသည် အတိဒုက္ခကို နောက်တစ်ကြိမ်ရင်ဆိုင်ခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့သည်။

သူသာ ကောင်းကင်နတ်ဘုရားအဆင့်သို့ဝင်လျှင် သူသည်သေချာပေါက်ပင် စွမ်းအားအကြီးဆုံး ကောင်းကင်နတ်ဘုရားအတိဒုက္ခကို ဖြတ်သန်းနိုင်မည်ပင်။

ထိုအခိန်ကျလျှင် သူတို့၏ လျှပ်စီးအတိဒုက္ခရည်ဝေစုကို သေချာပေါက် ရမည်ပင်။

ဤအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ရှီဟောင်၏ အကန့်အသတ်မရှိသည့် အလားအလာကို မြင်လိုက်ရပြီး ရှီဟောင်မှာ ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့်သူပင်။

ယခုတစ်ခေါက်တွင် လျှပ်စီးအတိဒုက္ခရည်မရလိုက်သော်လည်း သူ၏ဒဏ်ရာများမှာ မသက်သာပေ။ သူသည် ထိုနေရာတွင်ထိုင်ကာ သူ၏ဒဏ်ရာများကို ကုသနေလိုက်သည်။

ဝုန်း..

ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားပြီး လျှပ်စီးများ ပဲ့တင်ထွက်လာသည်။

“ဘာဖြစ်တာလဲ.. ဒါက ထာဝရရှေးဟောင်းမြေအက်ကွဲကြောင်းက စွမ်းအင်လှိုင်းပဲ .. ဘာလို့မိုးကြိုးနဲ့တူနေတာလဲ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

“အတိဒုက္ခကို ဖြတ်သန်းတာ .. တစ်ယောက်ယောက်က အတိဒုက္ခကို ဖြတ်သန်းနေတယ်”

ခဏကြာပြီးသည့်နောက်တွင် နျင်ချွမ်း အတိဒုက္ခကို ဖြတ်သန်းနေကြောင်း သတင်းများရောက်လာလေသည်။ ရှီဟောင်စတင်သည့်အချိန်မှ သူ တမင်သက်သက် စတင်ခဲ့ခြင်းပင်။

သူသည် ရှီဟောင်ကို သတိထားနေသည်မှာ သိသာသည်။

“ဟမ်… အခွင့်အရေးရောက်လာပြီ .. အဲဒီမှာ သွားသတ်ကြစို့” ရှီဟောင် စတင်လှုပ်ရှားလိုက်သည်။ သူသည် ဒဏ်ရာများဖြင့်ပင် ထိုနေရာသို့ ပြေးသွားလိုက်လေ၏။

ဂိုဏ်းခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာကြည့်လိုက်ကြပြီး သူ့နောက်သို့ လိုက်လာကြလေ၏။ အခြားသူများလည်း ထိတ်လန့်သွားကြကာ သူ့တို့နောက်သို့ လိုက်လာကြလေ၏။

ထိုနေရာတွင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုနှင့် အခြားဂိုဏ်းခေါင်းဆောင်များရှိနေမည်ကို သူသိသည်။ သို့သော် သူ့ထံတွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများရှိနေသောကြောင့် သူမကြောက်ပေ။

“သတ်..” ဂိုဏ်းခေါင်းဆောင်များ၏ စောင့်ရှောက်မှုအောက်တွင် ရှီဟောင် ထိုကောင်းကင်အတိဒုက္ခထံသို့ ပြေးဝင်သွားလိုက်သည်။

အခြားသူများသည် လျှပ်စီးကိုကြောက်သောကြောင့် မဝင်သွားသော်လည်း သူဂရုမစိုက်ပေ။ သူနျင်ချွမ်းကိုသတ်ပြီး လျှပ်စီးအတိဒုက္ခရည်ကို ရအောင်ယူမည်။

“အပြစ်သားသွေးမျိုးဆက် .. မင်းလုပ်ရဲတယ်ပေါ့” အဖြူရောင်အဝတ်အစားဝတ်ထားသည့် နျင်ချွမ်း၏ခန္ဓာကိုယ်တွင် သွေးစက်များ စွန်းထင်းနေလေ၏။ သူသည် ရှီဟောင်အား ဒေါသတကြီးပင် စိုက်ကြည့်နေလေသည်။

ရွေးချယ်စရာသာရှိမည်ဆိုလျှင် သူဤနေရာတွင် အတိဒုက္ခကို ဖြတ်သန်းမည်မဟုတ်ပေ။ သို့သော်လည်း အပြင်လောကနှင့် ချိတ်ဆက်ထားသည့် နေရာတွင် ရှီဟောင်၏လူများနှင့်အတူ ဂိုဏ်းခေါင်းဆောင်၏ကိုယ်ပွားများ စောင့်ကြပ်နေသောကြောင့်ပင်။

ထို့အပြင် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုနှင့် အခြားသူများသည် သူ့အား ဤထာဝရရှေးဟောင်းမြေတွင်သာ အတိဒုက္ခဖြတ်သန်းရန် တောင်းဆိုလာခဲ့သည်။ သူတို့ သူ့အား ကာကွယ်ပေးမည်ဟု ကျိန်ဆိုလာကြလေ၏။ ဤလူများမှာလည်း သူတို့၏ တစ်ကိုယ်ကောင်းဆန်သည့်ကိုယ်ကျိုးကြောင့် ဤကဲ့သို့ တောင်းဆိုခြင်းပင်။ နျင်ချွမ်းသာ အပြင်ထွက်သွားပါက သူတို့ကျိန်စာကို ချေဖျက်နိုင်တော့မည်မဟုတ်ပေ။

ဝုန်း..

ရှီဟောင်သည် ရောက်လာသည်နှင့် သူ၏ပြိုင်ဘက်ကင်းသည့်နတ်စွမ်းရည်ကို ပြသလိုက်လေသည်။

ကောင်းကင်အတိဒုက္ခမှ လျှပ်စီးအလင်းတန်းများသည် နေရာတိုင်းကို ပစ်ခတ်သွားလေသည်။

နျင်ချွမ်း၏မျက်လုံးများ နီရဲလာရသည်။ သူအတိဒုက္ခဖြတ်သန်းနေခြင်းဖြစ်သော်လည်း တစ်ဖက်လူမှာ ဤနေရာထိလာတိုက်ပြီး အတိဒုက္ခကို ရင်ဆိုင်ရဲသေးသည်။

“အပြစ်သားသွေးမျိုးဆက် .. မင်းအသက်ကို စွန့်လွှတ်လိုက်တော့”

“ခြောက်နှစ်ကလေးလေး .. မင်းက လေပဲရှိတာ .. ဘာအပြစ်သားသွေးမျိုးဆက်လဲ .. ဘယ်သူက အသက်ကို စွန့်လွှတ်ရမလဲဆိုတာကိုတော့ ငါတို့ဒီတိုက်ပွဲကနေ အဖြေရှာကြတာပေါ့” ရှီဟောင်၏လှုပ်ရှားမှုများတွင် ပြိုင်ဘက်ကင်းသည့် နတ်ခွန်အားများပါဝင်လေသည်။

ဝုန်း..

သူတို့နှစ်ဦးသည် လျှပ်စီးအတိဒုက္ခရည်နား ရောက်သည်အထိ တိုက်ခိုက်ကြလေသည်။ ရှီဟောင်သည် အိုးတစ်လုံးထုတ်လိုက်ကာ ထိုအရည်ကို သိမ်းယူလိုက်လေသည်။

“မင်းလုပ်ရဲတယ်..” နျင်ချွမ်းဒေါသတကြီး အော်ဟစ်လိုက်သ်ည။ သူသည်လည်း မှော်ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ထိုအရည်ကို သိမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ရှီဟောင်နှင့်လည်း တိုက်ခိုက်နေဆဲပင်။

“ငါကဘာလို့ မလုပ်ရဲရမှာလဲ” မည်သို့ပင်ဖြစ်စေ ရှီဟောင်သည် လျှပ်စီးအတိဒုက္ခရည်အနည်းငယ်ကို ရသွားလေပြီ။

“သတ်..” နျင်ချွမ်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နဂိုက ကျောက်စိမ်းကဲ့သို့ ချောမောလှပသည့်သူမှာ ယခုအချိန်တွင် ရှုပ်ပွနေပြီး သူ၏တစ်ကိုယ်လုံးလည်း သွေးများ ဖုံးလွှမ်းနေကာ ရှီဟောင်နှင့် ပြင်းပြင်းထန်ထန်ပင် တိုက်ခိုက်နေလေသည်။

အပိုင်း ၁၁၉၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၂၀၀ – နျင်ချွမ်းနှင့် တိုက်ခိုက်ခြင်း

ကောင်းကင်အတိဒုက္ခတွင် တိုက်ခိုက်နေရသည်မှာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရရုံသာမက လျှပ်စီးမှဖန်တီးလိုက်သည့်သက်ရှိများနှင့်လည်း တိုက်ခိုက်ရသေးသည်။

အထူးသဖြင့် လျှပ်စီးရေကန်နားပင်။ ဤအလွှာသည် ငြိမ်းချမ်းသော်လည်း ဤနေရာတွင် အကောင်များစွာ ရှိနေသည်။ ဤအကောင်များကို ရစမိလိုက်နှင့် ပိုဆိုးသွားလိမ့်မည်။

“ပြန်လည်ဝင်စားခြင်းလက်သီး”

ရှီဟောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်သီးတောက်ပလာပြီး တစ်ချိန်တည်းမှာပင် အချိန်အပိုင်းအစများလည်း ထွက်ပေါ်လာလေသည်။

ရှီဟောင်၏လက်သီးချက်တွင် နတ်ချိန်းကြိုးများလည်း ပါဝင်ပြီး နျင်ချွမ်းထံသို့ ဦးတည်သွားလေ၏။

“ကောင်းကင်ပုံစံအတိတ်နှင့်ပစ္စုပ္ပန်ကို ခစားခြင်း…”

နျင်ချွမ်းလည်း အော်ဟစ်လိုက်သည်။ သူမွေးကတည်းက ပါလာသည့် ကောင်းကင်သင်္ကေတသည် သူ၏အနောက်ဘက်မှ ထွက်လာလေ။ ထိုသင်္ကေတသည် သူ၏ကျောဘက်တွင် ရေးထိုးထားခြင်းဖြစ်ပြီး ထိုသင်္ကေတထဲတွင် နေ၊ လနှင့် ကြယ်များပါဝင်လေသည်။

ဝူး..

လောကကြီးတစ်ခု ဆင်းသက်လာသကဲ့သို့ပင်။

သူတို့နှစ်ယောက်သည် အာကာသတွင် ရပ်နေသကဲ့သို့ပင်။ လေဟာပြင်အမှောင်ထုထဲတွင် ကြယ်များ ရွေ့လျားနေကြလေသည်။ ကောင်းကင်စီးကြောင်းများလည်း တစ်ခုပြီးတစ်ခု ပေါ်လာလေ၏။

ဝုန်း..

ရှီဟောင်၏ လက်သီးချက်သည် ကြယ်တစ်လုံးကို ရိုက်မိသွားလေသည်။

“ချိုးဖျက်မယ်”

နျင်ချွမ်းအော်ဟစ်လိုက်သည်။ လေဟာနယ်ပေါက်ကွဲသွားကာ စကြာဝဠာကြီးလည်း ပျက်စီးသွားလေ၏။

ထို့အပြင် ကြယ်များလည်း တစ်ခုပြီးတစ်ခု လောင်ကျွမ်းလာကာ ရှီဟောင်ထံသို့ ဦးတည်လာနေလေသည်။

လူသားများတွင် သူတို့၏ကန့်သတ်ချက်များ ရှိသည်သာ။ စကြာဝဠာနှင့်ယှဉ်လိုက်လျှင် လူသားမှာ မထင်ရှားတော့ပေ။

“အပြစ်သားသွေးမျိုးဆက် .. မင်းလိုမျိုး အမှိုက်က စကြာဝဠာကိုတောင်မှ မင်းရဲ့ရန်သူအဖြစ် သတ်မှတ်ရဲတယ်ပေါ့” နျင်ချွမ်း၏အသံမှာ အေးစက်နေလေ၏။ သူသည် ပြိုင်ဘက်ကင်းနတ်ဘုရင်ကဲ့သို့ပင် ရှီဟောင်အား ဖိနှိပ်ထားလေ၏။

“မင်း စကြာဝဠာရဲ့ တစ်ပိုင်းလောက်ကို လုပ်နိုင်မှ စကားကြီးစကားကျယ်ပြန်လာပြော .. ဒါက အမှိုက်စုတ်တွေထက် မပိုဘူး” ရှီဟောင်ပြောလိုက်၏။

ရှီဟောင်သည် သူမြင်နေရသည့်အရာကြောင့် စိတ်ရှုပ်ခံမနေပဲ သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏ပြန်လည်ဝင်စားခြင်းလက်သီးသည် ပို၍ပင် တောက်ပလာပြီး ကြယ်များကို တစ်လုံးပြီးတစ်လုံး ဖျက်ဆီးပစ်ကာ နျင်ချွမ်းထံသို့ ဦးတည်သွားလိုက်လေသည်။

“ကောင်းကင်ထက်က တိမ်ကို ဖြတ်ပြီးတော့ ကိုးလွှာမြောက်ကောင်းကင်ဘုံကို ချိုးဖျက်မယ်” နျင်ချွမ်း၏အေးစက်နေသည့်အသံ ထွက်ပေါ်လာလေ၏။ ကြယ်များလည်း တောက်ပလာလေသည်။

ရွှီး..

ထိုအချိန်တွင် ကောင်းကင်သင်္ကေတထဲတွင်ရှိနေသည့် ကြယ်စမ်းချောင်းများသည် ကြယ်ကောင်းကင်နတ်ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီဟောင်ထံသို့ ဦးတည်လာလေသည်။

တစ်ချိန်တည်းမှာပင် ရှီဟောင်၏လက်သီးချက်သည် လေဟာနယ်၏ ကန့်သတ်ချက်ကို ထိုးဖောက်သွားပြီး ကြယ်များကို ပေါက်ကွဲသွားစေလေ၏။

ဖူး…

ကြယ်ကောင်းကင်နတ်ဓားသည် ရှီဟောင်၏ပုခုံးကို ထိုးဖောက်သွားပြီး သူ၏ပုခုံးမှာ သွေးများ လွင့်စင်လာလေသည်။

“မကောင်းတော့ဘူး..”

တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ရှီဟောင်၏အသက်သည် လူပေါင်းများစွာ၏ အသက်နှင့် ဆက်စပ်နေသည်ပင်။

“ဟား ဟား ဟား…” နျင်ချွမ်းဘက်မှ အချို့လူများ ရယ်မောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏လက်သီးချက်မှာ နျင်ချွမ်းနှင့် အတော်လေးဝေးနေသည်ကို သူတို့တွေ့လိုက်ရသောကြောင့်ပင်။

“ဟားဟား.. ဟွမ်က နျင်ချွမ်းထက် နည်းနည်းလေး အဆင့်နိမ့်နေတုန်းပဲ .. သူက စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခကို ဖြတ်နိုင်တော့ရော ဘာဖြစ်လဲ .. အဲဒါက မလုံလောက်သေးပါဘူး” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သို့သော်လည်း နင်ချွမ်း၏အမူအရာ ပြောင်းလဲသွားလေသည်။ သူ၏ခန္ဓာကိုယ်သည် ရှေ့နောက်လွှဲရမ်းနေလေ၏။ ထို့နောက်တွင် သူသည် သွေးအန်လာကာ သူ၏နားထင်မှ ဆံပင်များလည်း ဖြူလာကာ အနည်းငယ် အသက်ကြီးသွားလေ၏။

“ဒါက .. အချိန်ဆွဲနေတာ .. လက်သီးချက်က နျင်ချွမ်းဆီရောက်မလာပေမယ့် အဲဒီအချိန်အပိုင်းအစက နျင်ချွမ်းပေါ်ကို ရောက်နေတုန်းပဲ”

အချို့လူများ ထိတ်လန့်သွားကြရသည်။

ဤသည်မှာ အစသာရှိသေးသော်လည်း သူတို့နှစ်ဦးလုံး ဒဏ်ရာရနေလေပြီ။ အထူးသဖြင့် သွေးများအဆက်မပြတ်ထွက်နေသည့် နျင်ချွမ်းပင်။

“ဟွမ်က တိုက်ပွဲအတွေ့အကြုံများတယ် .. သူ့ရဲ့ပုခုံးကနေ သွေးထွက်လာပေမယ့် အဲဒါက အပေါ်ယံဒဏ်ရာလေးပဲ .. ဒါပေမဲ့ နျင်ချွမ်းက ပြန်လည်ဝင်စားခြင်းစွမ်းအားကို ခံလိုက်ရတာ … သူ့ဒဏ်ရာတွေကနက်တယ်”

“အဲဒီလိုလည်း မဟုတ်သေးဘူး .. ဟွမ်ခံလိုက်ရတဲ့ ရိုက်ချက်ကလည်း ပေါ့သေးသေးမဟုတ်ဘူး .. ဒါက ကောင်းကင်သင်္ကေတကနေ ဖြစ်လာတဲ့ ကြယ်ကောင်းကင်နတ်ဓား .. သူ့ရဲ့ဒဏ်ရာက သေချာပေါက်ကို အရိုးထိရောက်မှာ”

အချို့များသည် တိုက်ပွဲရလဒ်များကို ဆွေးနွေးနေကြလေ၏။

“အပြစ်သားသွေးမျိုးဆက်..” နျင်ချွမ်း၏အမူအရာ ပြောင်းလဲသွားလေသည်။

သူ၏အသားအရေများ မှိန်ဖျော့လာပြီး သူ၏နဖူးထက်တွင်လည်း အရေးကြောင်းအနည်းငယ် ထွက်ပေါ်လာလေသည်။

ကံကောင်းစွာဖြင့်ပင် ဤပြောင်းလဲမှုများကို သူရပ်တန့်လိုက်နိုင်သည်။

သို့သော်လည်း ပိုကြောက်ဖို့ကောင်းသည့်အရာ ရှိနေသေးသည်။ ပြန်လည်ဝင်စားခြင်းလက်သီးသည် အချိန်တစ်ခုတည်းနှင့် ဆက်စပ်နေသည်မဟုတ်၊ အံ့အားသင့်စရာကောင်းလောက်သည့် ဖျက်ဆီးနိုင်စွမ်းလည်းရှိနေသေးသည်။ ဤသည်မှာ သူ့ကို ဆက်တိုက်ပင် သွေးအန်နေစေခြင်းပင်။

ရှီဟောင်သည် ဓားကို လွင့်ထွက်သွားအောင် လုပ်လိုက်သောကြောင့် သွေးများမှာ ပို၍ပင် ပန်းထွက်သွားလေ၏။ သို့သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ ထိုအရိုးများကို လျင်မြန်စွာပင် ကုသလိုက်လေသည်။

“သတ်…”

ထိုအော်ဟစ်သံနှင့်အတူ ရှီဟောင်၏စွမ်းအင်များသည် တောင်နှင့်မြစ်များကို ဝါးမြိုသွားလေ၏။ သူ၏ခြေထောက်အောက်တွင်လည်း တောက်ပလာကာ သူ့အနားတွင်လည်း ရွှေရောင်ကြာပွင့်များ ဝန်းရံလာလေ၏။ သူသည် နေ၊လနှင့် ကြယ်များကို တစ်ခုပြီးတစ်ခုနင်းကာ နျင်ချွမ်းထံသို့ ဦးတည်သွားနေလေ၏။

ဖူး..

ရှီဟောင်၏အနောက်တွင် ကောင်းကင်သင်္ကေတမှ ဖြစ်ပေါ်လာသည့် ကြယ်များမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားလေသည်။

ဝုန်း..

သူတို့နှစ်ဦးသည် ဆက်တိုက်ပင် သူသေကိုယ်သေ တိုက်ခိုက်နေကြလေသည်။

“မကောင်းတော့ဘူး .. နျင်ချွမ်းက အခုလေးတင်မှ အတိဒုက္ခကို ဖြတ်ပြီးတာ .. သူ့ခန္ဓာကိုယ်က အားနည်းနေတုန်းပဲ .. သူဟွမ်ကို တားနိုင်မှာမဟုတ်ဘူး” တစ်စုံတစ်ယောက်၏ အမူအရာ ပြောင်းလဲသွားသည်။

“ကိစ္စမရှိဘူး .. ဟွမ်လည်း အခုမှ အတိဒုက္ခကို ဖြတ်ပြီးတာ .. သူလည်း ပြန်ကောင်းအောင်လုပ်ဖို့ အချိန်မရှိလိုက်ဘူး .. သူက နျင်ချွမ်းရဲ့ ကောင်းကင်အတိဒုက္ခထဲကိုတောင်မှ ပြေးဝင်ခဲ့သေးတာ”

“ကောင်းကင်သင်္ကေတ ဖိနှိပ်မယ်…”

ကောင်းကင်ကြယ်များ လှုပ်ရှားလာကြကာ နျင်ချွမ်း၏လက်ထံသို့ ဦးတည်သွားကြလေ၏။

ဝုန်း..

နျင်ချွမ်းသည် စကြာဝဠာကြီးတစ်ခုလုံးကို ကိုင်ထားသကဲ့သို့ပင်။ သူသည် ထိုလက်ဖြင့် ရှီဟောင်အား ရိုက်ချလိုက်လေ၏။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။ စွမ်းအားရှင်တစ်ယောက်ယောက်မှ ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်နေသကဲ့သို့ပင်။

ခွန်ပန်ရဲ့ ဖျက်ဆီးခြင်းပညာ..

ရှီဟောင်သည် ခွန်ပန်အဖြစ်သို့ ပြောင်းလဲသွားပြီး ကိုးလွှာမြောက် ကောင်းကင်ဘုံထက်သို့ တက်သွားလိုက်သည်။ သူသည် အတောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်ကြယ်များအားလုံးကို ရိုက်ချလိုက်လေ၏။

“မလုံလောက်သေးဘူး .. ဖိနှိပ်မယ်” နျင်ချွမ်း ဟစ်ကြွေးလိုက်သည်။

ဖုန်း..

စကြာဝဠာကြီးတစ်ခုလုံး ရှီဟောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားပြီး သွေးအန်သွားလေ၏။ သူဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ပင်။

ဤသည်မှာ နျင်ချွမ်း၏စွမ်းအားပင်။ သူသည် ဟွမ်ကိုပင် ဒဏ်ရာရနိုင်အောင် လုပ်နိုင်လေ၏။ သူ၏ပြိုင်ဘက်ကင်းသရဖူခြောက်ခုဘုရင်ဆိုသည့်နာမည်နှင့် ကိုက်ညီလှပါပေသည်။

သို့သော်လည်း သူတို့ပျော်ရွှင်စွာ အော်ပင်မအော်ရသေးခင်မှာပင် တိုက်ပွဲအခြေအနေ ပြောင်းလဲသွားလေ၏။ ကောင်းကင်ထက်တွင် ရွှေရောင်အမွေးအတောင်များ ဖုံးလွှမ်းသွားပြီး အနက်ရောင်ပင်လယ်လှိုင်းများ ထွက်ပေါ်လာလေသည်။

ရှီဟောင်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး ခွန်ပန်၏ လျှို့ဝှက်နက်နဲသည့်ပညာကို ပြသလိုက်လေ၏။ ရေထဲမှ အနက်ရောင်ငါးကြီး ထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင်ရှိနေသည့် ရွှေရောင်ခွန်နှင့် ချိတ်ဆက်လာလေ၏။

“သတ်…”

ရှီဟောင်သည် ထိုသို့အော်ဟစ်ပြီးသည်နှင့် ကြယ်များကို ထိုးဖောက်သွားကာ ခွန်ပန်မှော်တံဆိပ်ကို အသုံးပြုလိုက်ပြီး နျင်ချွမ်းထံသို့ ဆက်တိုက်ပင် ရိုက်ချလိုက်လေသည်။

ဖူး..

နျင်ချွမ်း လွင့်ထွက်သွားပြီး သွေးအန်သွားလေသည်။

“နောက်တစ်ခေါက်..”

နျင်ချွမ်း၏နဖူးတောက်ပလာပြီး နဂါးပုံစံများ ထွက်ပေါ်လာလေသည်။ သူကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် နဂါးအစစ်၏ လေဟာနယ်ပုံရိပ်ထွက်ပေါ်လာသကဲ့သို့ပင်။ သူသည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး စတင်တိုက်ခိုက်လိုက်လေ၏။

“နဂါးလက်သီးကို သုံးရအောင် မင်းကိုယ်မင်း သရဖူ ၁၀ခုဘုရင်လို့ ထင်နေတာလား .. အဖိုးတန်ပညာကို အကုန်လုံးသင်ပြီးမှ ပြန်လာခဲ့” ရှီဟောင်ခနဲ့လိုက်သည်။

“အမ် မဟုတ်သေးဘူး..” ထိုအချိန်တွင် လူများစွာ ထိတ်လန့်သွားခဲ့ရသည်။ ဒါက နဂါးမဟုတ်ဘူး .. ရှီဟောင်ပင်လျှင် အံ့အားသင့်သွားခဲ့ရခြင်းပင်။

နျင်ချွမ်း၏ တိုက်ခိုက်မှုနှင့်အတူ အဖြူရောင်ချီလင်းတစ်ကောင် ထွက်ပေါ်လာလေ၏။ သူ၏အော်ရာမှာ ပြိုင်ဘက်ကင်းပင်။

“သူ့ရဲ့နဖူးပေါ်က နဂါးပုံစံက တကယ်တမ်းတော့ ချီလင်းပုံစံတွေပဲ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သ်ည။

နျင်ချွမ်းသည် အားလုံးကို အရူးလုပ်လိုက်ခြင်းပင်။ သူသည် ယခင်က ဤပညာကို တစ်ခါမှ မသုံးခဲ့ပဲ ယခုမှ သုံးခြင်းပင်။ ချီလင်းအဖိုးတန်ပညာဆိုသည်မှာ ထူးခြားသည့် သက်ရှိ၁၀မျိုးထဲမှ တစ်မျိုးပင်။

သူ့မှာ ဘယ်လိုနောက်ခံမျိုးတွေ ရှိနေတာလဲ .. ဒါက သူမွေးကတည်းက ပါလာတဲ့ နတ်စွမ်းရည်ပဲ .. သူက ချီလင်းပညာကိုတောင် တိုက်ရိုက်ဆက်ခံနိုင်တာလား..

ဝုန်း..

ချီလင်းလက်သီး .. သွေးစွမ်းအင်ထွက်ပေါ်လာပြီး ထိုလက်သီးချက်မှ ထွက်ပေါ်လာသည့် လေမှာ ကောင်းကင်ကိုပင် စုတ်ဖြဲသွားလေ၏။ ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

“ချီလင်းလက်သီးလား .. အဲဒီတော့ ဘာလုပ်ရမှာလဲ”

ရှီဟောင်သည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ မိုးမခနတ်ဘုရားပညာကို အသက်သွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူလက်သီးထိုးလိုက်သည်နှင့် ရွှေရောင်နတ်ချိန်းကြိုးများ ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။

လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားသည့်အချိန်တွင် ဝုန်းဟူသည့်အသံနှင့်အတူ ကောင်းကင်ကြီး အက်ကွဲသွားလေ၏။

နောက်ဆုံးတွင် ၁၀လွှာမြောက်ရှိ လျှပ်စီးများ ကျရောက်လာပြီး ဤနေရာကို ဖရိုဖရဲဖြစ်အောင် ပြုလုပ်လိုက်လေသည်။

“မကောင်းတော့ဘူး”

အားလုံး ထိတ်လန့်သွားရသည်။ ဤလျှပ်စီးပင်လယ်မှာ ကြောက်စရာအကောင်းဆုံးပင်။ ထိုထဲတွင် ထာဝရငှက်များ၊ နတ်သားရဲများနှင့် အခြားအရာများရှိနေလေသည်။ ထိုပင်လယ်ကြီးသာ ပေါက်ကွဲထွက်လာလျှင် ခုခံနိုင်ရန် ခက်ခဲမည်ပင်။ ထို့အပြင် ဤနေရာ၌ ထာဝရသတ်ဖြတ်ခြင်းစင်မြင့်လည်း ရှိနေသေးသည်။

“ဟွမ် .. မင်းလုပ်ရဲတယ်ပေါ့” နျင်ချွမ်း ဟစ်ကြွေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ပြင်းထန်စွာ တိုက်ခိုက်နေတုန်းမှာပင် ရှီဟောင်သည် သူ၏လျှပ်စီးအတိဒုက္ခရည်ကို ခိုးသွားသောကြောင့်ပင်။ နျင်ချွမ်းလည်း အနည်းငယ် ရလိုက်သည်ပင်။ သို့သော်လည်း နှစ်ဘက်လုံးမှ အနှောက်အယှက်များကြောင့် သူတို့တစ်ယောက်နည်းနည်းစီသာ ရလိုက်သည်။

နျင်ချွမ်းသည် မျက်လုံးများနီရဲလာသည်အထိ ပြင်းထန်စွာ တိုက်ခိုက်နေလေ၏။ ဤသည်မှာ သူပိုင်သည့်အရာပင်။ ရှီဟောင် တစ်စက်ယူသွားနိုင်လျှင်ပင် ဤသည်မှာ သူ့အတွက် အရှက်ရခြင်းပင်။

ထို့အပြင် တိုက်ခိုက်နေရင်းဖြင့် ရှီဟောင် ယူသွားသည်မှာ သူ့ထက်ပင် များနေလေပြီ။

နျင်ချွမ်း၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။ အဖြူရောင်ချီလင်းသည် အော်ဟစ်လိုက်ကာ အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ကျောဘက်တွင် နတ်သင်္ကေတများ ထွက်ပေါ်လာပြီး သူ၏ခြေထောက်အောက်မှ မီးတောက်လှိုင်းများ ထွက်ပေါ်လာလေသည်။

သူ၏ဘေးဘက်တွင် ရွှေရောင်ကျီးကန်းအော်ဟစ်နေပြီး နဂါးနှင့်ကျားများလည်း ဟစ်ကြွေးနေကြသည်။ ဤအကောင်များကို ဦးဆောင်နေသည့်သူမှာ ချီလင်းပင်။

ရှီ‌ဟောင်၏လက်သီး တောက်ပလာကာ သူ၏ဘယ်ဘက်မှာ ပြန်လည်ဝင်စားခြင်းလက်သီး၊ ညာဘက်မှာ လျှပ်စီးဧကရာဇ်လက်သီးဖြစ်သွားလေ၏။ သူ၏အနောက်ဘက်တွင် ရွှေရောင်မိုးမခသစ်ပင်ရှိနေလေသည်။ သူသည်လည်း အရှေ့ဘက်သို့ တရှိန်ထိုး ပြေးသွားလေ၏။

မကောင်းတော့ဘူး..

ထိုအချိန်တွင် ကြည့်နေကြသည့်သူများ ထိတ်လန့်တကြားပင် အော်ဟစ်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်ထံသို့ ဦးတည်သွားနေသည့် နဂါးအစစ်နှင့် ကောင်းကင်ဖီးနှစ်ကို တွေ့လိုက်ရသောကြောင့်ပင်။

သူတို့နှစ်ဦး၏ ပြင်းထန်သည့်တိုက်ပွဲသည် လျှပ်စီးပင်လယ်ထဲမှ သက်ရှိများကို ရန်စသလိုဖြစ်သွားလေပြီ။ ဤအကောင်များသည် လျှပ်စီးများဖြင့် ဖန်တီးထားခြင်းဖြစ်သော်လည်း သူတို့၏ နတ်စွမ်းရည်များမှာ တိုင်းတာ၍မရနိုင်အောင်ပင်။

နဂါးအစစ်သည် နျင်ချွမ်းထံသို့ ဦးတည်သွားပြီး ကောင်းကင်ဖီးနှစ်မှာ ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေရသည့်အပြင် ထိုသက်ရှိများကိုလည်း ခုခံနေရသေးသည်။ ထို့အပြင် အခြားအကောင်များလည်း သူတို့ထံသို့ ဦးတည်လာနေလေပြီ။ သူတို့နှစ်ဦးလုံး အန္တရာယ်များသည့်အခြေအနေတွင် ရောက်နေလေပြီ။

ရွှီး..

ထိုအချိန်တွင် ထာဝရသတ်ဖြတ်ခြင်းစင်မြင့်တောက်ပလာပြီး ဓားစွမ်းအင်များ ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။ သူတို့နှစ်ဦးလုံး အမူအရာများ ပြောင်းလဲသွားကာ ထိုဓားလမ်းကြောင်းမှ ဖယ်လိုက်ကြသည်။

ဖူး..

သူတို့၏ခန္ဓာကိုယ်မှ သွေးစီးကြောင်းများ ထွက်လာလေသည်။

ထိုအချိန်တွင် သူတို့နှစ်ဦးလုံး တစ်ပြိုင်တည်းပင် ကြွေးကြော်လိုက်ကြသည်။ သူတို့နှစ်ဦးလုံး စွမ်းအားအကြီးဆုံးပညာများကို ပြသတော့မည်။

“ငါးခုတွဲအဆင့်လွန်ကောင်းကင်ပညာကိုးခု..”

“ကိုးခုမြောက် ကောင်းကင်ပညာ ၁၀ခု”

သူတို့နှစ်ဦးလုံးသည် ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်ကာ သူတို့၏စွမ်းအားအကြီးဆုံးပညာများကို ထုတ်ပြလိုက်ကြသည်။

ကိုးခုမြောက် ကောင်းကင်ပညာ ၁၀ခုသည် ခွန်ပန်ပညာ၊ ပြန်လည်ဝင်စားခြင်းပညာ၊ လျှပ်စီးဧကရာဇ်ပညာ၊ ကောင်းကင်ကပ်ဘေးအလင်း၊ မိုးမခနတ်ဘုရားပညာ.. များပင်။

ဤကောင်းကင်ပညာများသည် မပြည့်စုံသေးသော်လည်း ရှီဟောင်၏လက်ရှိကျင့်ကြံဆင့်ဖြင့် အသက်သွင်းလိုက်သောကြောင့် ပြစ်ချက်များ သိပ်မရှိတော့ပေ။

ဝုန်း..

ကောင်းကင်နှင့်မြေကြီး ဖရိုဖရဲဖြစ်လာပြီး မူလဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်လာလေ၏။

ဤသည်မှာ ကိုးခုမြောက် ကောင်းကင်ပညာ ၁၀ခုမှ ဖန်တီးလိုက်ခြင်းပင်။

အခြားတစ်ဖက်တွင်ရှိနေသည့် ငါးခုတွဲအဆင့်လွန်ကောင်းကင်ပညာကိုးခုသည်လည်း ထိုကဲ့သို့ ကြောက်စရာကောင်းသည်ပင်။ ထာဝရတာအိုအဆင့်လွန်သက်ရှိ ဆင်းသက်လာသကဲ့သို့ပင် အဆင့်လွန်ပညာများစွာ ထွက်ပေါ်လာလေသည်။

ဤတိုက်ခိုက်မှုဖြစ်ပွားပြီးသည့်နောက်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး မှုန်ဝါးသွားပြီး ဘာကိုမှမမြင်ရတော့ပေ။

အချိန်အတော်ကြာပြီးမှသာ သူတို့နှစ်ယောက်လုံး နောက်ပြန်ဆုတ်ထားသည်ကို အားလုံးတွေလိုက်ရသည်။ သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်နေလေပြီ။ ရှီဟောင်သည် လျှပ်စီးရေကန်ရှေ့တွင် ထိုင်နေပြီး လျှပ်စီးအတိဒုက္ခရည်များကို စိမ်ပြေနပြေပင် ယူနေလေသည်။

“နျင်ချွမ်းရဲ့ခန္ဓာကိုယ်က ဟွမ်လောက် အားမကောင်းဘူး .. သူရှုံးသွားပြီ” တစ်စုံတစ်ယောက်မှ သက်ပြင်းချကာ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဟွမ်က အရင်တုန်းကတည်းက နတ်ဘုရင်အတိဒုက္ခကို ဖြတ်ဖူးတာဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်က မယုံကြည်နိုင်လောက်တဲ့အဆင့်ထိကို မာကျောနေပြီ .. အဲဒီတော့ သူကအသာစီးရမှာပဲ”

အားလုံး စစ်မြေပြင်ကို ကြည့်လိုက်ကြ၏။ အချို့လူများသည် စိုးရိမ်နေကြပြီး အချို့သူများမှာ စိတ်လှုပ်ရှားနေကြလေသည်။

“အား..” နျင်ချွမ်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ဤသည်မှာ သူ၏ လျှပ်စီးအတိဒုက္ခရည်ဖြစ်သော်လည်း ရှီဟောင်ခိုးသွားလေပြီ။

သို့သော်လည်း သူ၏ဒဏ်ရာများမှာ ပြင်းထန်လှပြီး သူ၏တိုက်ခိုက်နိုင်စွမ်းလည်း ကျနေလေပြီ။

ဝုန်း..

ထာဝရသတ်ဖြတ်ခြင်းစင်မြင့် လှုပ်ရမ်းလာပြီး ထာဝရအလင်းများ ထွက်ပေါ်လာလေ၏။ ၁၀လွှာတွင်ရှိနေသည့် လျှပ်စီးအတိဒုက္ခ မှုန်ဝါးသွားပြီး လျှပ်စီးရေကန်လည်း မှုန်ဝါးသွားလေသည်။

“မပျောက်သေးနဲ့ဦး .. ငါ ယူလို့မပြီးသေးဘူး” ရှီဟောင် အော်ဟစ်လိုက်သည်။

ဖူး..

ခပ်ဝေးဝေးတွင်ရှိနေသည့် နျင်ချွမ်းမှာ ဒေါသထွက်လွန်းသောကြောင့် သွေးပင်အန်သွားလေ၏။ ဒါက သူ့ဟာကို ဟွမ်က ဒီလိုမျိုး လာလုပ်ပြနေတယ်…

“ငါ မင်းကို သတ်မယ်” နျင်ချွမ်း ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝိဉာဉ်စွမ်းအင်များ ထွက်ပေါ်လာလေသည်။

“ငါလည်း မင်းဘဝကို အဆုံးသတ်ပေးချင်နေတာ” ရှီဟောင် ခနဲ့လိုက်သည်။ သူသည် လျှပ်စီးအတိဒုက္ခရည်ကို သိမ်းလိုက်ပြီး နျင်ချွမ်းထံသို့ ဦးတည်သွားလိုက်လေသည်။

အပိုင်း ၁၂၀၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset