သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၆ – မုန်တိုင်းတစ်ခု အစပြုခြင်း
ဤ အတိဒုက္ခလှိုင်းမှာ အတော်လေးပင် ရိုက်ခတ်သွားလေ၏။
သို့သော်လည်း စွမ်းအားအကြီးဆုံး လျှပ်စီးအတိဒုက္ခမှာ မည်သူမဆို ဖြတ်သန်းနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ လက်ရှိတွင် မည်သူမှ ရှီဟောင်၏စံချိန်ကို မချိုးနိုင်သေးပေ။ သာမန်လျှပ်စီးအတိဒုက္ခကို ဖြတ်သန်းသည့်သူများပင်လျှင် အားလုံးနီးပါး သေဆုံးသွားကြလေ၏။
“လူငယ်လေး .. ဒါက ဝိဉာဉ်လမ်းပြခြင်းကြာပန်းကို အဓိကပါဝင်ပစ္စည်းအနေနဲ့သုံးထားတဲ့ နတ်ဆေးလုံးပဲ .. ဒီထဲမှာ တစ်ခြားမြင့်မြတ်ဆေးပင်တွေ အများကြီးလည်းပါတယ် .. ဒါကို သေသေချာချာလုပ်ထားတာ” မနုဿလူမျိုးစုမှ ကောင်းကင်နတ်ဘုရားအိုကြီးသည် တောင်းပန်သည့်အပြုံးပြုံးပြကာ ရှီဟောင်အား ကျောက်စိမ်းပုလင်းလေးတစ်ခုကို ပေးလိုက်လေ၏။
ထိုပုလင်းထဲတွင် အဖိုးတန်ဆေးလုံးတစ်လုံးရှိနေပြီး ထိုဆေးလုံးကြောင့် ပုလင်းပင် တောက်ပနေလေပြီ။ ပုလင်းကို ဖွင့်လိုက်သည်နှင့် ဆေး၏မွှေးရနံ့မှာ ချက်ချင်း သင်းပျံ့လာသည်။
ရှီဟောင်သည် ထိုဆေးလုံးကို လက်မခံပဲ “ကျွန်တော်ကြားတာ စီနီယာ့ဂိုဏ်းက မာယွဲ့က အရင်တုန်းက ကျွန်တော့်ကို လှောင်ရယ်ပြီးတော့ ကျွန်တော့်ကိုလည်း အရမ်းမုန်းနေတယ်တဲ့ .. အရင်တစ်ခေါက်တုန်းက ကျွန်တော့်ကို သတ်ဖို့ကြိုးစားတာ သူများလား…”
မနုဿလူမျိုးစု၏ ကောင်းကင်နတ်ဘုရားအိုကြီး ရှက်မိသွားသည်။ သူဤနတ်ဆေးလုံးကို ယူလာရခြင်းမှာ သူတို့နှစ်ဦးကြားမှ တင်းမာမှုများကို ဖြေလျော့ရန်ပင်။ သို့သော်လည်း မာယွဲ့၏ အပြုအမူများမှာ စည်းကျော်သွားလေပြီ။
ယခင်တုန်းက လုပ်ကြံသတ်ဖြတ်မှုကို မရှင်းရသေးခင်မှာပင် သူသည် ရှီဟောင်ကို ဆန့်ကျင့်သည့်သူများနှင့် ပူးပေါင်းကာ ရှီဟောင်ကို စကားလုံးများဖြင့် ထိုးနှက်ခဲ့သသည်။
“လူငယ်လေး .. မာယွမ်က ဂျီးနီးယပ်စ်တစ်ယောက်ပါ … သူ့အသက်က တစ်ရာတောင် မရှိသေးပဲနဲ့ ကောင်းကင်နတ်ဘုရားဖြစ်လာတာဆိုတော့ သူက နည်းနည်းရိုင်းစိုင်းပြီးတော့ စိတ်ကြီးဝင်တတ်တယ် .. သူ မသင့်တော်တာတွေ လုပ်မိသွားရင်လည်း ခွင့်လွှတ်ပေးဖို့ ငါကပဲ တောင်းဆိုချင်ပါတယ်” ကောင်းကင်နတ်ဘုရားအိုကြီး ပြောလိုက်သည်။
“ဒီလိုစိတ်ကြီးဝင်မှုမျိုးကို ကျွန်တော်လက်မခံနိုင်ဘူး .. အချိန်တိုင်း ကျွန်တော့်အသက်အန္တရာယ်ရှိနေတာ .. အမှန်အတိုင်းပြောရရင် ကျွန်တော်သူ့ကို ကျွန်တော့်ရဲ့စိတ်ကြီးဝင်တဲ့ပုံစံကိုပြချင်သေးတယ်” ရှီဟောင် အေးစက်စွာပင် ပြန်ပြောလိုက်သည်။
မာယွဲ့ သူ့ကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းမှာ သူ့ထံမှာ ထာဝရတာအိုမျိုးစေ့ကိုလိုချင်သောကြောင့်ပင်။ သူသည် သူ့ကလန်မှ အကာအကွယ်ပေးမည်ဟု ကြေငြာထားသောလူကိုပင် သတ်ရန် ကြိုးစားခဲ့သည်။
သူ့ကို တိုက်ခိုက်ဖို့ကြိုးစားခဲ့သူမှာ မည်သူဖြစ်သလဲဟု ရှီဟောင်မေးခဲ့သော်လည်း သူတို့သည် သူ့အား လာမတောင်းပန်သည့်အပြင် တစ်စုံတစ်ယောက်မှ အတိဒုက္ခကို ဖြတ်သန်းနေကြောင်း သိလိုက်ရသည့်အချိန်တွင် သူ့အား ရှုံ့ချခဲ့ပြီး ရန်စကားများပင် ပြောခဲ့သေးသည်။
ဤကဲ့သို့သော မြေခွေးလိုလူမျိုးကို သူ၏ လျှပ်စီးအတိဒုက္ခရည်ကို မပေးနိုင်။ ကလန်တစ်ခုလုံးအပေါ်တွင်ပင် သူအမြင်ပြောင်းသွားလေပြီ။ သူသာ ထိုအရည်ကိုပေးလိုက်လျှင် သူတို့မာယွဲ့ကိုပြန်ပေးမည်ကို စိုးရိမ်မိသည့်အထိပင်။
“လူငယ်လေး .. ဒီလူအိုကြီးက မင်းအတွက် ပစ္စည်းကောင်းတစ်ခု ယူလာပေးခဲ့တယ်” ရှေးဟောင်းဖိန်းလူမျိုးစုမှ ကောင်းကင်နတ်ဘုရားအိုကြီး ရောက်လာပြီး ထာဝရခေတ်မှ ပစ္စည်းဖြစ်သည်ဟု နာမည်ကြီးသည့် ကြေးလှံတံတစ်ခုကို ကမ်းပေးလာလေသည်။
သူတို့သည် မနုဿလူမျိုးစုကဲ့သို့ပင် ပြုမူနေကြလေသည်။ အဘယ်ကြောင့်ဆိုသော် မိုလော့၏အပြုအမူများသည်လည်း မာယွဲ့နှင့် တစ်ထပ်တည်းနီးပါးပင်။
“စီနီယာတို့ကို ကျေးဇူးတင်ပါတယ် .. ကျွန်တော် ဒီပစ္စည်းတွေကို ယူထားလိုက်ပါ့မယ်” ရှီဟောင် ပြောလိုက်သည်။ သူသာ ဤပစ္စည်းများကို ငြင်းလိုက်ပါက လူမျိုးစုနှစ်ခု ကြောက်သွားလိမ့်မည်။ ထို့ကြောင့်ပင် သူသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပင် ထိုပစ္စည်းများကို လက်ခံလိုက်သည်။
သူသည် ထိုပစ္စည်းများကို ယူလိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ လျှပ်စီးအတိဒုက္ခရည်ရှိခဲ့လျှင်ပင် မာယွဲ့ကို ပေးမည်မဟုတ်သလို မိုလော့၏ကျိန်စာကိုလည်း ဖြေပေးမည်မဟုတ်ပေ။
ရှီဟောင် ဘာဂတိမှ မပေးလိုက်သဖြင့် ကောင်းကင်နတ်ဘုရားအိုကြီးနှစ်ယောက်သည် စိတ်ပျက်စွာဖြင့်ပင် ပြန်သွားကြလေ၏။ သို့သော်လည်း သူတို့လက်ဆောင်ပစ္စည်းများကို ငြင်းလိုက်သည်ထက်တော့ ပိုကောင်းသေးသည်ပင်။
သူတို့နှစ်ဦးသည် သူတို့ကလန်သို့ ပြန်ရောက်သွားသည်နှင့် ဤ ကျိန်စာအရေးကို ချက်ချင်း အစည်းအဝေးကျင်းပလိုက်ရသည်။ မာယွဲ့နှင့် မိုလော့မှာ ကျိန်းသေပေါက် ကလန်အကြီးအကဲများထံမှ စစ်ဆေးမေးမြန်းခံရမည်သာ။
သို့သော်လည်း သူတို့သည် တက်သစ် ကောင်းကင်နတ်ဘုရားများဖြစ်ကြသောကြောင့် သူတို့ကို ဖိအားမပေးကြသည့်အပြင် ပြစ်တင်ဝေဖန်ခြင်းပင် မရှိပေ။
ထို့အပြင် သူတို့သည် ရှီဟောင်ကို သတ်ဖို့ကြိုးစားခဲ့သောကြောင့် အခြေအနေများမှာ နောက်ပြန်လှည့်၍မရတော့ပေ။ ထို့ကြောင့်ပင် သူတို့သည် ရှီဟောင်အား တောင်းပန်ချင်စိတ်ပင် မရှိတော့ပေ။
“ဘာဖြစ်လဲ .. သူ ကောင်းကင်အတိဒုက္ခကို နောက်တစ်ခေါက် ဖြတ်ပြီးတဲ့အချိန်မှ ထပ်ဆွေးနွေးကြတာပေါ့ .. ရှေးခေတ်ကတည်းက လူဘယ်နှယောက်များ အတိဒုက္ခကို ဖြတ်နိုင်ခဲ့လို့လဲ .. သူတစ်ခါတည်း သေပြီး မြေကြီးဖြစ်သွားတာလည်း ဖြစ်နိုင်တာပဲ” မာယွဲ့ ပြောလိုက်၏။
“မကောင်းတဲ့ကောင် .. မင်းဘာပြောနေတာလဲ .. အခု အားလုံးက သူအောင်မြင်ဖို့ ဆုတောင်းနေကြတာ မင်းက သူသေသွားပါစေလို့ ဆုတောင်းနေတုန်းလား” ကလန်မှ ကောင်းကင်နတ်ဘုရားအိုကြီးမှ ဆူပူလိုက်သည်။
ရှေးဟောင်းဖိန်းလူမျိုးစုတွင်လည်း ဤကဲ့သို့သော အခြေအနေမျိုးကြုံတွေ့နေရလေ၏။ မိုလော့၏ အမုန်းတရားများမှာ ပြင်းထန်နေဆဲပင်။
“သူအောင်မြင်သွားတော့လည်းကောင်းတာပေါ့ .. မဟုတ်ရင်လည်း ကျွန်တော်ကိုယ်တိုင် အဲဒီအရည်ကိုသွားယူမယ် .. အဲဒီကျိန်စာကို မရရအောင် ဖျောက်ပစ်မှာ”
“မင်း .. မင်းက အဲဒီအရည်ကို သွားယူချင်နေသေးတာလား” ကလန်မှ ကောင်းကင်နတ်ဘုရားအိုကြီး ဒေါသတကြီး ပြောလိုက်လေ၏။
“ကျွန်တော်က ကျွန်တော့်ကလန်အတွက် စဉ်းစားပေးတာပါ .. ကျွန်တော့်ရဲ့ ကျိန်စာကို ချေဖျက်ပြီးသွားရင် ကျန်တဲ့ လျှပ်စီးအတိဒုက္ခရည်ကို ကလန်သားတွေကို ပေးလိုက်မှာပဲလေ” မိုလော့ အေးစက်စွာပင်ပြောလိုက်၏။
အပြင်ဘက်လောကတွင် ကလန်မျိုးစုံသည် ဤအကြောင်းများကို ဆွေးနွေးနေကြပြီး အတိဒုက္ခကို ရင်ဆိုင်ကြသည့်သူများလည်း ဟိုဟိုဒီဒီပေါ်လာလေသည်။
မြို့ခံများပင်လျှင် သူတို့၏ ထူးချွန်သည့် ဂျီးနီးယပ်စ်အချို့ကို အတိဒုက္ခအား ရင်ဆိုင်ခိုင်းလေ၏။ ရှီဟောင်၏အောင်မြင်မှုမှာ သူတို့အတွက် တွန်းအားတစ်ခု ဖြစ်နေလေသည်။
သို့သော်လည်း ရလဒ်များမှာ အတော်လေး ဆိုးဝါးလွန်းလှသည်။ ဤနေ့ရက်များအတွင်းတွင် တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားကာ မည်သူမှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြပေ။
“ဟွမ်က တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ .. ဒီအချိန်အတောအတွင်းမှာ ကလန်အမျိုးမျိုးက စွမ်းအားအကြီးဆုံးသူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးသွားနေကြတာ .. ဘယ်သူမှ ကြောက်စရာကောင်းတဲ့လျှပ်စီးကို မခုခံနိုင်ဘူး…”
ထိုသို့ သေဆုံးသည့်သူများလေလေ ရှီဟောင်သည် ပို၍ ထူးခြားလာလေလေပင်။
ဂုကျင်းယွမ်ကိုလည်း အားလုံး အသိအမှတ်ပြုကြသည်သာ။ အတိဒုက္ခကို ဖြတ်သန်းပြီး အသက်ရှင်ကျန်ခဲ့သည့်သူများထဲတွင် ဟွမ်ပြီးလျှင် သူသည် ဒုတိယမြောက်လူပင်။
ကျွမ်းကျင်သူများစွာသည် သူ့အား ဂိုဏ်းထဲသို့ ခေါ်သွင်းရန် ကြိုးစားနေကြလေ၏။ သူသည်လည်း တစ်နေ့တွင် စွမ်းအားအကြီးဆုံး ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသောကြောင့်ပင်။
“ချန်ကုန်းယန် .. ဒါက သည်းခံသင့်တဲ့ကိစ္စမဟုတ်ဘူး .. အရင်တုန်းက မင်းကို ရန်စခဲ့တဲ့သူက အခု အတိဒုက္ခကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်သွားပြီ .. အဲဒီတော့ မင်းသူ့ကို အနိုင်မယူချင်ဘူးလား” ချောင်ယုရှန်း မေးလိုက်သည်။
ချန်ကုန်းယန်သည် ဘာမှမပြောပဲ တည်ငြိမ်နေဆဲပင်။
ရှီဟောင် စိတ်ထဲမှ ခေါင်းညိမ့်လိုက်၏။ ဤသရဖူ လေးခုဘုရင်သည် တကယ်ပင် ထူးခြားလှသည်။ သူ၏စိတ်ခံစားချက်များကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ရည်မှန်းချက်များလည်း ပြတ်သားလှသည်။ နောင်အနာဂတ်တွင် သူ့အောင်မြင်မှုများကို ခန့်မှန်း၍မရနိုင်လောက်အောင်ပင် ဖြစ်လိမ့်မည်။
“ငါလည်း အတိဒုက္ခကို ရင်ဆိုင်ကြည့်ချင်တယ်” ချောင်ယုရှန်း ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူလည်း ထာဝရစွမ်းအင်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားလေပြီ။ သူထုတ်မပြောထားခြင်းသာ။
ဝုန်း..
ရုတ်တရက်ပင် ကြောက်စရာကောင်းသည့်စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ထာဝရရှေးဟောင်းမြေရှိ ကမ္ဘာငယ်လေးများအားလုံးကို လှုပ်ခတ်သွားစေလေသည်။ စွမ်းအားကြီးလှသည့် စွမ်းအင်လှိုင်းကို အားလုံးခံစားမိလိုက်ကြသည်သာ။
တိမ်နယ်မြေ၏ ငြိမ်းချမ်းမှုမှာ ပျက်ပြားသွားလေပြီ။
လေဟာနယ်ထဲတွင် ရှေးဟောင်းနန်းတော်တစ်ခု ပေါ်လာပြီး ထိုနန်းတော်အနားတွင် အနက်ရောင်အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။
ဤနန်းတော်ကြီးသည် မြင့်မားလှကာ အော်ရာမှာလည်း နန်းဆန်လှသည်။ သူသည်လေဟာနယ်ထဲတွင် တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။
ရွှေရောင်အုပ်ချပ်များစွာ ရှေးဟောင်းကျမ်းစာများလည်းရှိနေပြီး တောက်ပသည့်အရောင်များလည်း ထွက်ပေါ်နေလေသည်။ မြူများလည်း ဆိုင်းနေသောကြောင့် သူသည် အခြားခေတ်တစ်ခေတ်မှ ဤနေရာသို့ရောက်လာသကဲ့သို့ပင်။
နန်းတော်ရှေ့တွင်ရှိနေသည့် ကျောက်လမ်းလည်း တာအိုအသက်ဓာတ်များ ထုတ်လွှတ်နေလေ၏။ ထိုနေရာကို မိုးထားသည့် ကြီးမားလှသည့်တိုင်လုံးများလည်းရှိနေလေသည်။
ရွှေရောင်တာအိုနန်းတော် — လမ်းညွှန်မှုရှေးဟောင်းနန်းတော် ပြန်ပေါ်လာပြီ…
“ဘုရားရေ .. အဲဒီနန်းတော်တကယ်ပေါ်လာပြီ .. ပုံရိပ်ယောင်တစ်ခုသက်သက်မဟုတ်တော့ဘူး .. ဒီလောကကြီးထဲကို တကယ်ရောက်လာပြီ”
ဤသတင်းသည် နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။
ဤသည်မှာ ဘာကိုကိုယ်စားပြုနေသလဲဆိုသည်ကို အားလုံးသိကြသည်သာ။ မကြာခင် ထိုအကဲဖြတ်စင်မြင့်ကြီး ပေါ်လာတော့မည်။
ထိပ်ဆုံးသို့ရောက်ရန်အတွက် ဂျီးနီးယပ်စ်များ တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ကြတော့မည်။ မည်သူက နံပတ်တစ်ဖြစ်မည်နည်း.. မည်သူက နောက်ဆုံးကံကောင်းခြင်းနယ်မြေထဲသို့ ဝင်နိုင်မည်နည်း… မည်သူက အဆင့်လွန်သက်ရှိဖြစ်မည်နည်း.. ဤအရာအားလုံးကို ထိုရှေးဟောင်းပြိုင်ကွင်းတွင် ဆုံးဖြတ်မည်ပင်။
ရှေးခေတ်အခါကတည်းက ထိုပြိုင်ကွင်းသည် လမ်းညွှန်မှုရှေးဟောင်းနန်းတော်နှင့်အတူ ပေါ်လာခြင်းပင်။
သေချာပါသည်။ လမ်းညွှန်မှုရှေးဟောင်းနန်းတော်ပေါ်လာပြီးသည့်နောက်တွင် ကြီးမားလသည့် ထူးဆန်းသည့်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းအဆောက်အဦးကြီးတစ်ခု ပေါ်လာလေ၏။
ဤသည်မှာ အလွန်ပင်ကြီးမားလှပြီး ကျွန်းတစ်ကျွန်းနှင့်ပင် တူနေလေသည်။
ထိုပြိုင်ကွင်းသည် မည်သည့်အရောင်အဆင်း၊ မည်သည့် ထာဝရတာအိုစွမ်းအင်မှ မရှိပဲ မှုန်မှိုင်းနေလေ၏။ ထိုကွင်း၏မျက်နှာပြင်ထက်တွင် သွေးရာများ၊ ပျက်စီးနေသည့်လက်နက်များ၊ တံဆိပ်များရှိနေလေသည်။
သို့သော်လည်း ထိုကွင်းကြီး ပေါ်လာသည်နှင့် ပြင်းထန်လှသည့် သက်ဖြတ်လိုသည့်အငွေ့အသက်စွမ်းအင်လှိုင်းကို အားလုံးခံစားလိုက်ရပြီး ဤနေရာသို့ရောက်နေသည့်သူများအားလုံး အလန့်တကြားဖြင့်အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။
ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ကြည့်ရသည်မှာ ရိုးရှင်းသည့်ပုံပေါ်သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် လူတစ်ကိုယ်လုံးကို တုန်လှုပ်သွားစေနိုင်သည်။
ဤသည်မှာ အထူးချွန်ဆုံးဂျီးနီးယပ်စ်များအတွက် စစ်မြေပြင်ပင်။
ဤကွင်းပြင်တွင် လူဘယ်နှယောက် သေဆုံးခဲ့ပြီသလဲဆိုသည်မှာ ရေတွက်၍ပင် မရတော့ပေ။ ထို့အပြင် သေဆုံးခဲ့သည့်သူအားလုံးမှာလည်း ကလန်များမှာ စွမ်းအားအကြီးဆုံးသူများပင်။ မဟုတ်ပါက ဤနေရာကို ခြေချခွင့်ပင် ရရှိမည်မဟုတ်ပေ။
ရှေးဟောင်းလူထူးဆန်းများ သေဆုံးခဲ့သည့်နေရာမှာလည်း ဤနေရာမှာပင်။
အားလုံးမှာ နျင်ချွမ်းပထမဆုံးပေါ်လာသည့်အချိန်ကို မှတ်မိနေဆဲပင်။ သူသည် လူအုပ်ကြီးကို စီးမိုးကြည့်ပြီး လပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ကာ အားလုံးကို သတ်ပစ်ခဲ့ပြီး ဤစစ်မြေပြင်တွင် တစ်ယောက်တည်း မတ်တပ်ရပ် ကျန်ရစ်နေခဲ့သည်။
အခြားသူများမှာ သရဖူ ဆယ်ခုဘုရင် ပေါ်လာသည့်အချိန်ကို ပြန်အမှတ်ရမိသွားကြသည်။ သူသည် သရဖူရှစ်ခုဘုရင်နှင့် ပြင်းထန်စွာပင် တိုက်ခိုက်ခဲ့ကြလေ၏။
အချို့သူများမှာလည်း သရဖူလေးခုဘုရင် ချန်ကုန်းယန် ဤလောကကြီးကိုမြှားတစ်စင်းဖြင့် ချိတ်ပိတ်လိုက်ပြီး ဤပြိုင်ကွင်းကို အေးခဲသွားအောင် ပြုလုပ်လိုက်ကာ အရပ်မျက်နှာအသီးသီးမှ သူ၏ရန်သူများကို တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားအောင်လုပ်လိုက်သည့်မြင်ကွင်းကို မြင်ယောင်မိသွားကြလေသည်။
မျိုးဆက်တိုင်းတွင် သူရဲကောင်းများ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်သာ။
ယခုခေတ်ကတော့ မတူတော့ပေ။ သမိုင်းတစ်လျှောက်မှ ဘုရင်များအားလုံး အတူတကွရှိနေလေပြီ။
ယခင်ကကဲ့သို့ စွမ်းအားကြီးသေးလားဆိုသည်ကို အားလုံး စောင့်ကြည့်နေကြလေ၏။
“ထာဝရရှေးဟောင်းမြေထဲကို ရောက်လာတာ နှစ်ပေါင်းများစွာရှိနေပြီးတော့ ဘာမှမလှုပ်ရှားသေးတဲ့သူတွေလည်းရှိတယ် .. သူတို့လည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာရင်ကောင်းမယ်”
“သူတို့တွေလည်း ပေါ်လာပြီးတော့ သူတို့ရဲ့ ပြိုင်ဘက်ကင်းတဲ့စွမ်းအားတွေကို ပြလိမ့်မယ်လို့ ငါထင်တယ်”
စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များသာမက မြို့ခံများပင်လျှင် အာရုံစိုက်ထားကြလေသည်။
“ဒီပြိုင်ကွင်းက အရမ်းရှင်းနေတယ်ဆိုတော့ ပြိုင်ကွင်းတစ်ခုလုံး ပေါ်လာပြီထင်တယ် .. တိုက်ပွဲကြီးက နောက်ရက် နည်းနည်းလောက်အတွင်းမှာ စတော့မယ်ဆိုတာ ငါကျိန်းသေပေါက် ပြောရဲတယ်..”
အားလုံး သက်ပြင်းချလိုက်၏။ ဤခေတ်၏ အဆုံးကို ရောက်လာသည်မှာ လျင်မြန်လွန်းလှသည်။ ဤထဲသို့ ဝင်လာသည်မှာ နှစ်ပေါင်းအနည်းငယ်သာ ရှိသေးသော်လည်း ထာဝရရှေးဟောင်းမြေ၏ နောက်ဆုံးစစ်မြေပြင်ပင် ပေါ်လာလေပြီ။
ဝုန်း..
ကြီးမားလှသည့် လျှပ်စီးအလင်းတန်းပေါ်လာသောကြောင့် အားလုံး ထိတ်လန့်ကြလေသည်။
“တစ်ယောက်ယောက်က အတိဒုက္ခကို ထပ်ပြီးတော့ ဖြတ်သန်းနေပြီ .. ဒီအော်ရာက တော်တော်လေးကို စွမ်းအားကြီးတာပဲ” အသိုက်နယ်မြေထဲတွင်ရှိနေသည့်သူများ ထိတ်လန့်သွားကြကာ သားရဲအသိုက်ရှိနေသည့်ဘက်သို့ ကြည့်လိုက်ကြလေသည်။
အတိဒုက္ခကိုရင်ဆိုင်နေသည့်သူမှာ ‘နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ’ပင်။ သူ၏လျှပ်စီးများမှာ ဂုကျန်းယွမ်၏ အတိဒုက္ခတိမ်တိုက်များထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။
သားရဲအသိုက်အပေါ်ဘက်တွင် သွေးလများရှိနေသည်ကို မြင်နေကြရသည်။ ကြီးမားလှသည့် အနီရောင်နေလုံးကြီးများလည်း တောက်ပနေသောကြောင့် ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
အားလုံး ထိတ်လန့်သွားသော်လည်း မည်သူမှ အနားမကပ်ရဲကြပေ။ ထိုနေရာသည် စွမ်းအားကြီးသည့်ရှေးဟောင်းအစီအရင်များဖြင့် ကန့်သတ်ထားသည့်နေရာတစ်ခုပင်။
လျှပ်စီးပင်လယ်ထဲတွင် နောက်ကျောဘက်၌ ကောင်းကင်ပုံသင်္ကေတရှိသည့် အဖြူရောင်ဝတ်စုံနှင့်လူကို အားလုံးတွေ့လိုက်ရလေသည်။
“သရဖူခြောက်ခုဘုရင် .. နျင်ချွမ်း..” တစ်စုံတစ်ယောက်မှ တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ဝုန်း..
အနက်ရောင်ပင်လယ်ပေါ်တွင်လည်း လျှပ်စီးများ ဖြာကျနေပြီး အတိဒုက္ခကို ရင်ဆိုင်နေသည့်သူရှိနေလေသည်။
“ဒါက ဘယ်သူမှမဝင်ရဲတဲ့ သေဆုံးခြင်းပင်လယ်ပဲ .. အခု တစ်ယောက်ယောက်က ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်နေတယ် .. အဲဒီလူက ..သရဖူ ၁၀ခုဘုရင်..”
ထိုနေ့တွင် ကိစ္စကြီးများစွာ ဖြစ်ပျက်ခဲ့ပြီး ထာဝရရှေးဟောင်းမြေထဲတွင် မုန်တိုင်းကြီးတစ်ခု ဖြစ်ခဲ့လေသည်။
အပိုင်း ၁၁၅၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၇ – ငွေရောင်သွေးလူမျိုးစု
သားရဲအသိုက်သည် တိတ်ဆိတ်နေပြီး ထို’နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ’လည်း ထွက်မလာသေးပေ။
နျင်ချွမ်းသည်လည်း အစအနရှာမရအောင် ပျောက်ကွယ်သွားလေသည်။
သေဆုံးခြင်းပင်လယ်ထဲတွင် လှိုင်းများထနေပြီး ဝိဉာဉ်ပုံရိပ်များ၊ မိစ္ဆာဝိဉာဉ်များဖြင့်ပြည့်နှက်နေကာ သရဖူ၁၀ခုဘုရင်ကို ရှာရန် ခက်ခဲနေသည်။
..
ထာဝရရှေးဟောင်းမြေ၏ နေရာအတော်များများတွင် လျှပ်စီးအတိဒုက္ခများ ဖြစ်ပေါ်နေသော်လည်း ထို ကန့်သတ်နယ်မြေများထဲမှ ပြန်ထွက်လာသည့်သူများမရှိပေ။ အရာအားလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ သူတို့အားလုံး သေသွားပြီလား..
သို့သော်လည်း မည်သူမှ ထိုထဲသို့ ဝင်မသွားရဲကြပေ။
ဤသည်မှာ ထူးဆန်းမှုတစ်ခုဖြစ်လာပြီး မည်သူမှ ဘာမှမသိကြရပေ။
ဤလူများသာ သေဆုံးသွားပါက အတိဒုက္ခကို ဖြတ်နိုင်သည့်သူ ရှိတော့မည်မဟုတ်ပေ။ ဤလူများမှာ ထာဝရရှေးဟောင်းမြေတွင် ရှီဟောင်နှင့် ရင်ဆိုင်နိုင်သည့် တစ်ဦးတည်းသော သူများဖြစ်သည်ဟု ပြော၍ရသည်။
“သားရဲအသိုက်ထဲက ထာဝရသက်ရှိရဲ့သွေးတွေ ကောင်းကင်ပေါ် ပျံ့ကြဲသွားတာကို ငါမြင်လိုက်တယ်.. လျှပ်စီးအလင်းတန်းကြီးတစ်ခု ကျလာပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားတာ” နှစ်ရက်ကြာပြီးသည့်နောက်တွင် သူသည် သားရဲအသိုက်အပြင်ဘက်တွင်ရှိနေပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်ဟု တစ်စုံတစ်ယောက်မှ ပြောလာသည်။
“နျင်ချွမ်းလည်းသေသွားပြီ .. နောက်ဆုံးလျှပ်စီးရိုက်ချက် ကျလာတဲ့အချိန်မှာ အဲဒီကမ္ဘာငယ်လေးတစ်ခုလုံး လင်းထိန်သွားတာ .. သူ့ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားတာကို ငါမြင်လိုက်တယ်” ထို့နောက်တွင် လူတစ်ယောက်ထွက်လာကာ နျင်ချွမ်းသေဆုံးသွားသည်ကို သူမြင်လိုက်ကြောင်း ပြောလာလေ၏။
ဤသတင်း ပျံ့သွားသည့်အချိန်တွင် ထာဝရရှေးဟောင်းမြေတစ်ခုလုံး တုန်လှုပ်သွားကြလေသည်။
သူတို့အားလုံး သေသွားပြီလား .. ပြိုင်ကွင်းပေါ်လာတော့မှာမို့လို့ သူတို့ကိုယ်သူတို့ စွမ်းအားအကြီးဆုံးဖြစ်အောင် လျှပ်စီးအတိဒုက္ခကို အလောတကြီးဖြတ်လိုက်လို့ ဒီလိုမျိုးဖြစ်သွားတာလား..
ထာဝရရှေးဟောင်းမြေမှ လူများသည် ဤအကြောင်းအရာများကိုသာ ဆွေးနွေးနေကြလေသည်။
ဤကဲ့သို့သော အဖြစ်အပျက်များကြောင့် ရှီဟောင်မှာ ပို၍ပင် ထင်ပေါ်လာလေသည်။ အစက တိတ်ဆိတ်နေခဲ့သည့်လူမျိုးစုများစွာလည်း နောင်တွင် လျှပ်စီးအတိဒုက္ခရည်ကို ရရှိလိုသည့် မျှော်လင့်ချက်ဖြင့် သူ့ထံသို့ ရောက်လာကြလေ၏။
ယခုအချိန်တွင် အဖိုးတန်အရည်ကို ရနိုင်သည့်သူမှာ သူတစ်ယောက်တည်းသာ ရှိလေသည်။
…
လမ်းညွှန်မှုရှေးဟောင်းနန်းတော်ကြီးမှာ ခမ်းနားလှပြီး ရွှေရောင်အုတ်ကြွပ်များလည်း တောက်ပလှသည်။
သူ၏ဘေးနားတွင်ရှိနေသည့် ထိုစင်မြင့်ကြီးမှာ ပို၍ပင် ရုပ်လုံးပေါ်လာသည်။ ဤစင်မြင့်ပေါ်လာသည်မှာ ရက်ပေါင်းများစွာရှိနေပြီဖြစ်ပြီး အံ့အားသင့်စရာကောင်းလှသည့်အော်ရာကို ထုတ်လွှတ်နေဆဲပင်။
သို့သော်လည်း ထိုစင်မြင့်အနားသို့ ကပ်သွားသည့်သူတိုင်း လွင့်ထွက်သွားလေသည်။
ဂါးဒီးယန်းဝိဉာဉ်ဘိုးဘေးမြေထဲတွင် ကျင့်ကြံနေသည့်ရှီဟောင်သည် အပြင်ထွက်မလာသော်လည်း ထို ပြိုင်ကွင်းနှင့်ပတ်သက်သည့်သတင်းများကိုနားစွင့်ထားတာ ထိုပြိုင်ကွင်းပွင့်လာမည့်အချိန်ကို စောင့်နေလေသည်။
“သတင်းပို့ပါတယ် .. ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုက ကျွမ်းကျင်သူက အလည်လာချင်နေပါတယ်”
ထို့နေ့တွင် တစ်စုံတစ်ယောက်မှ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုထံသို့ သတင်းပို့လာလေသည်။ အလွန်စွမ်းအားကြီးသည့် လူမျိုးစုတစ်ခုမှ လာလည်ချင်နေသောကြောင့် ဝိဉာဉ်ကျွမ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။
ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုသည် ထာဝရရှေးဟောင်းမြေတွင် ကြောက်စရာကောင်းသည့်လူမျိုးစုတစ်ခုဖြစ်ပြီး စွမ်းအားအကြီးဆုံး လူမျိုးစုတစ်ခုလည်းဖြစ်သည်။
အထူးသဖြင့် ဤလူမျိုးစုနှင့် ဝိဉာဉ်ကျွန်းတို့မှာ ဆက်ဆံရေးသိပ်မကောင်းကြပေ။ ယခင်က သူတို့နှစ်ဦးကြားတွင် ရန်စများရှိခဲ့ကြသည်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်ကို ဝိဉာဉ်ကျွန်းသို့ပြန်လာရန် ခေါ်ခိုင်းလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှ သူ့အားတွေ့ချင်နေသောကြောင့် ဝိဉာဉ်ကျွမ်းမှ ကျင့်ကြံသူများမှာ ဤသတင်းများကို ဖုံးဖိထားပြီး သူတို့ကို မတွေ့ခိုင်း၍မရပေ။
ဤသည်မှာ လူသုံးယောက်ပါသည့်အုပ်စုဖြစ်ပြီး သူတို့သုံးယောက်လုံး ငွေရောင်ဝတ်စုံများ ဝတ်ဆင်ထားလေသည်။ အဖြူရောင်မီးတောက်များကဲ့သို့ပင် သူတို့ထံမှ ဝိဉာဉ်စွမ်းအင်များ ထွက်ပေါ်နေလေသည်။
ထိုသုံးယောက်ထဲတွင် နှစ်ယောက်မှ လူလတ်ပိုင်းအရွယ် ယောက်ျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ပင်။ သွေးစွမ်းအင်များ စီးဆင်းနေကြကာ သူတို့ခန္ဓာကိုယ်မှာ ငွေရောင်နေမင်းကြီးကဲ့သို့ပင် တောက်ပနေလေ၏။
ကျန်သည့်တစ်ယောက်မှ လူငယ်လေးတစ်ယောက်ပင်။ သူသည် ရည်မွန်ကာ တက်ကြွနေလေ၏။
ကောင်းကင်နတ်ဘုရားနှစ်ယောက်မှ ဤလူငယ်လေးကို ကာကွယ်ရန် ရောက်လာခြင်းဖြစ်ကြောင်း သိသာလှသည်။ ထို့ကြောင့် ဤလူငယ်လေးမှာ သာမန်လူမဖြစ်နိုင်။ သူကိုယ်တိုင်သည်လည်း အတော်လေးပင် အထင်ကြီးစရာကောင်းလှပြီး နတ်ဘုရားအစစ်နယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
“တကယ့်ကို လူငယ်တွေကြားက သူရဲကောင်းပဲ .. အစ်ကိုရှီကို အရမ်းကို ငယ်သေးတာတောင်မှ သမိုင်းဝင်တဲ့ အောင်မြင်မှုတွေကို ရရှိနေပြီ … အတိဒုက္ခကိုလည်း အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့ပြီ…”
ထိုလူငယ်လေးသည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ သူ့ကိုယ်သူ ယင်ခွန်ဖြစ်ကြောင်း မိတ်ဆက်လိုက်လေ၏။
ဘေးဘက်တွင်ရှိနေသည့် လူရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားကြီးသည် ရှီဟောင်အား ဤသည်မှာ ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစု၏ လူငယ်ဖြစ်ကြောင်း ပြောပြလိုက်လေ၏။ ဤလူငယ်လေးသည် ထူးခြားသည့်နောက်ခံရှိသကဲ့သို့ ကလန်၏ တိုက်ရိုက်သွေးမျိုးဆက်ပင်ဖြစ်နိုင်ကြောင်း၊ သူ့ကို ကလန်အကြီးအကဲများပင် ပစားထားပေးကြောင်း၊ သူသည် နောင်တွင် သူတို့ကလန်၏ အကြီးအကဲဖြစ်လာနိုင်ကြောင်း သတိပေးလိုက်လေသည်။
ရှီဟောင်သည် ပြုံးပြလိုက်ပြီးနောက် ခေါင်းညိမ့်လိုက်ကာ “ညီအစ်ကိုက ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ..”
ယင်ခွန်သည် ပြုံးလိုက်ကာ “ကျွန်တော်က အစ်ကိုရှီရဲ့ ဂုဏ်သတင်းတွေကို ကြားပြီးတော့ ရောက်လာတာပါ .. အတိဒုက္ခကို အောင်အောင်မြင်မြင်ဖြတ်လိုက်နိုင်တဲ့ သူရဲကောင်းကို လေးစားလို့ ကိုယ်တိုင်လာတွေ့တာပါ”
လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ မျက်မှောင်ကြုတ်သွားရ၏။ တစ်ခုခုမှားနေသည်ကို သူတို့ခံစားမိလိုက်သည်။ ဤကလန်မှာ ဖိအားပေးတတ်သည့်ကလန်ဖြစ်ပြီး ကြောက်စရာအကောင်းဆုံးအချက်မှာ သူတို့၏ဘိုးဘေးမှာ ကျိန်စာကြောင့် ခြေချုပ်မိနေသော်လည်း အသိစိတ်ကောင်းနေဆဲပင်။
ယခင်ကသာဆိုလျှင် လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု အနည်းငယ်စိုးရိမ်မိမည်ပင်။ သို့သော်လည်း ယခုတွင်တော့ ထိုလျှပ်စီးအတိဒုက္ခရည်သည် အသက်နှစ်တစ်သန်းရှိနေပြီဖြစ်သည့် ဘိုးဘေးကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သောကြောင့် သူအနည်းငယ် ယုံကြည်ချက်ရှိနေလေသည်။
ရှီဟောင် နွေးထွေးစွာပင် ပြုံးပြလိုက်လေ၏။ တစ်ဖက်လူမှ ယဉ်ကျေးနေသောကြောင့် သူလည်း စည်းကျော်မည်မဟုတ်ပေ။ သူသည် ထိုလူငယ်လေးနှင့် ထိုင်လျက်ပင် စကားပြောလိုက် သောက်လိုက် လုပ်နေကြလေ၏။
သူတို့သည် အချိန်အတော်ကြာသည်အထိ စကားပြောခဲ့ကြသည်။ ကျင့်ကြံခြင်းမှစ၍ ရှားပါးသည့်လျှို့ဝှက်ရတနာများအကြောင်း၊ ထိုမှတစ်ဆင့် ကောလဟာလများနှင့် ထာဝရရှေးဟောင်းမြေထဲတွင် ဖြစ်ပျက်နေသည့်အခြားအကြောင်းအရာများကို ပြောခဲ့ကြလေသည်။ ယင်ခွန်သည် စကားပြောအတော်လေး ကောင်းမွန်ပြီး သူတို့နှစ်ဦးသည် ရင်းနှီးစွာဖြင့်ပင် ပြောခဲ့ကြလေ၏။
ဘာဖြစ်နေသလဲဆိုသည်ကို ရှီဟောင်နားလည်သွားလေပြီ။ ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုသည် သူ့ကို သူတို့ဘက်သို့ ဝင်စေလိုခြင်းပင်။ သို့သော်လည်း သူသည် ဘာမှမပြောပဲ ထိုအကြောင်းကို သတိမထားမိသလိုသာ နေနေလိုက်သည်။ သူထိုနေရာသို့ မသွားချင်။
လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားလည်း ဤသည်ကို မြင်နေရသောကြောင့် ချွေးပြန်လာလေ၏။ တစ်ဖက်လူသည် သူတို့လူကို ‘ခိုးယူ’ ချင်နေသည်။
“ဒီတစ်လျှောက်လုံး ဂါးဒီးယန်းဝိဉာဉ်ရှေးဟောင်းဘိုးဘေးကို သစ္စာရှိလာတဲ့ကလန်တွေထဲမှာ ငါတို့ကလန်ပါတယ် .. နှစ်ပေါင်းများစွာ ကြာသွားပြီဆိုပေမယ့် ငါတို့တွေကို ဒီနေရာကို ကာကွယ်နေတုန်းပဲ .. ဂါးဒီးယန်းဝိဉာဉ်ကို သစ္စာမဖောက်ခဲ့ဘူး … ဒါပေမဲ့ ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုက အရင်ကတည်းက ဂါးဒီယန်းဝိဉာဉ်ကို မကိုးကွယ်တော့တော” လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု ကောင်းကင်နတ်ဘုရားမှ ရှီဟောင်အား လျှို့ဝှက်စွာပင် အသံပို့လွှတ်လိုက်၏။
ရှီဟောင်ခေါင်းညိမ့်ပြလိုက်ကာ သူနားလည်ကြောင်း ပြလိုက်သည်။
ထိုအချိန်တွင် ယင်ခွန်သည် ရှီဟောင်အား သူနှင့်လိုက်ခဲ့ရန် တိုက်ရိုက်ပင် ဖိတ်ကြားလိုက်လေ၏။
ရှီဟောင်ခေါင်းခါကာ ငြင်းဆန်လိုက်သည်။
ဤသည်မှာ လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစု ကောင်းကင်နတ်ဘုရား၏ သတိပေးချက်ကြောင့်မဟုတ်ပေပဲ ယင်ခွန်၏ စိတ်အမှန်ကို သူမြင်နေရသောကြောင့်ပင်။ ယင်ခွန်သည် ပြုံးနေသော်လည်း သူသည် အလွန်ဂုဏ်မောက်သည့်သူပင်။ သူယခုကဲ့သို့ နှိမ့်ချနေခြင်းမှာ သူ့ထံတွင် တောင်းဆိုစရာရှိနေသောကြောင့်ပင်။ ဤသည်မှာ လျှပ်စီးအတိဒုက္ခရည်ကြောင့်ဆိုသည်မှာ ခန့်မှန်းစရာပင်မလိုတော့ပေ။
“တာအိုညီအစ်ကို .. မင်းတကယ် ပြန်မစဉ်းစားတော့ဘူးလား .. ငါ့ကလန်ကို လာတာက ဒီမှာနေတာထက်ပိုကောင်းလိမ့်မယ်” ယင်ခွန်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် သူတို့အချိန်အကြာကြီး စကားပြောခဲ့သော်လည်း တစ်ဖက်လူသည် ဘာမှမသိသလိုဟန်ဆောင်နေပြီး နောက်ဆုံးတွင် သူ့အား ငြင်းပင်ငြင်းလိုက်သည်။
“ဒီနေရာက တော်တော်လေးကို ငြိမ်းချမ်းပါတယ် .. ဒီနေရာမှာ ကျင့်ကြံလို့တော်တော်ကောင်းပါတယ် နေရာပြောင်းဖို့မလိုပါဘူး” ရှီဟောင်ပြောလိုက်၏။
ထိုအချိန်တွင် ယင်ခွန်နှင့်အတူ လိုက်လာသည့် ယောက်ျားလေး ကောင်းကင်နတ်ဘုရားမှ ပြောလိုက်သည်။ “လူငယ်လေး .. ငါတို့ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှာ စောင့်ကြပ်နေကြတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေရှိတယ် .. မင်းအဲဒီမှာ ရှိနေသရွေ့ ဘယ်သူမှ မင်းကို နှောက်ယှက်ရဲမှာ မဟုတ်ဘူး…”
“တကယ်လို့ ကျွန်တော် ဒီမှာ ဆက်နေနေရင် တစ်ယောက်ယောက်က ကျွန်တော့်ကို လာနှောက်ယှက်မှာလို့ ပြောချင်တာလား” ရှီဟောင်မေးလိုက်၏။
“လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုက မင်းကို ကာကွယ်မပေးနိုင်မှာကို စိုးရိမ်မိတယ်” အခြား ကောင်းကင်နတ်ဘုရားအမျိုးသမီးမှ ပြောလိုက်သည်။
“အဲဒါဆိုရင် ကျွန်တော်သာ ခင်ဗျားတို့လူမျိုးစုဆီကိုသွားရင် ကျွန်တော် လုံခြုံလိမ့်မယ်လို့ ပြောချင်တာလား” ရှီဟောင်ပြောလိုက်၏။
“ဟုတ်တယ်… ခင်ဗျား ကျုပ်တို့ကလန်ကို လာတာနဲ့ ဘယ်သူမှ ခင်ဗျားကို ထိရဲတော့မှာမဟုတ်ဘူး” ယင်ခွန် တိုက်ရိုက်ပင်ပြောလိုက်သည်။ သူ၏စိတ်ရှည်မှုများကုန်ဆုံးသွားပြီဖြစ်ပြီး သူ၏အသွေးအသားထဲမှ မာနတရားများ ထွက်ပေါ်လာလေပြီ။
“ကျုပ်တောင်းပန်ပါတယ် .. ကျုပ်မသွားချင်ဘူး” ရှီဟောင် ဒဲ့တိုးပင် ငြင်းဆိုလိုက်သည်။ ဤလူမျိုးစုမှာ အနည်းငယ်ဖိအားများသည်ဟု သူခံစားနေရသည်။ သူထိုနေရာသို့ လိုက်သွားလိုက်သည်နှင့် နေအိမ်အကျယ်ချုပ်ကျသလိုဖြစ်သွားပြီး သူတို့အား လျှပ်စီးအတိဒုက္ခရည်ကိုသာပေးရန် ဖိအားပေးခံရလိမ့်မည်ဟု ခံစားနေရသည်။
“တာအိုသူငယ်ချင်း .. မင်းသေချာ ရွေးချယ်ဆုံးဖြတ်ရမယ် .. မင်းငါ့ကလန်ကိုလာပြီးတော့ အတိဒုက္ခကို ဖြတ်ကျော်ပြီး လျှပ်စီးအတိဒုက္ခရည်ကို ပေးလိုက်တာနဲ့ ငါတို့မင်းကို သေချာပေါက် အကောင်းဆုံးပြုစုပေးမယ်” ယင်ခွန်၏အပြုံးများပျောက်ကွယ်သွားပြီး အေးစက်စွာပင် ပြောလိုက်လေ၏။
“ငါ မသွားချင်ဘူးလို့ ငါပြောပြီးပြီလေ” ရှီဟောင်ခေါင်းခါလိုက်သည်။
“ဒီကိစ္စမှာ မင်းရွေးချယ်လို့မရမှာ စိုးမိတယ်” ယင်ခွန်၏အသံမှာ အလွန်အေးစက်နေလေပြီ။
“မင်းကငါ့ကို ခြိမ်းခြောက်နေတာလား” ရှီဟောင် ဒေါသထွက်လာရသည်။ ဤလူမျိုးစုမှာ အထက်စီးဆန်လွန်းလှသည်။ သူအဲဒီနေရာကို မလိုက်သွားရသေးတာတောင်မှ ဒီလိုမျိုးဆက်ဆံနေပြီ .. သူသာ အဲဒီနေရာကို လိုက်သွားရင် ပစ္စည်းတစ်ခုပဲ ဖြစ်သွားမယ်ထင်တယ်..
“မင်းအဲဒီလို သတ်မှတ်လို့လည်းရပါတယ်” ယင်ခွန်တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစု .. မင်းတို့လွန်မလာနဲ့နော် .. ဒါက ငါ့ရဲ့ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုပိုင်နက်” ကောင်းကင်နတ်ဘုရားမှ သတိပေးလိုက်သည်။
“ခင်ဗျားတို့အားလုံးက ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတာလား .. ကျုပ် ခင်ဗျားတို့နဲ့ အဖော်မပြုပေးနိုင်တော့ဘူး .. ကျေးဇူးပြုပြီးထွက်သွားလိုက်ပါ .. ကျုပ်သေချာပေါက် ခင်ဗျားတို့နဲ့ လိုက်မှာမဟုတ်ဘူး”
“ဒါက မင်းဆုံးဖြတ်ရမယ့်ဟာ မဟုတ်ဘူး” ယင်ခွန်အေးစက်စွာပင် ပြောလိုက်လေ၏။ သူသည်လက်နောက်ပစ်လိုက်ကာ “ကိစ္စတွေက မင်းအတွက်ပိုဆိုးလာတဲ့အထိ မင်းအချိန်မဆွဲသင့်ဘူး”
“ထွက်သွားစမ်း…” ရှီဟောင် တကယ်စိတ်တိုလာပြီဖြစ်သည်။ ဒါကို ဖိတ်ခေါ်တာလို့ ပြောလို့ရသေးလို့လား …
“ကျုပ်ကို ထွက်သွားလို့ပြောရလောက်အောင် ခင်ဗျား အရည်အချင်း မရှိသေးဘူး .. ခင်ဗျား ကိုယ့်လက်ကိုယ်ချည်ပြီးတော့ ကျုပ်တို့နောက်ကလိုက်ခဲ့ရင် အကောင်းဆုံးပဲလို့ ကျုပ်ထင်တယ်” ယင်ခွန် အေးစက်စွာ ပြောလိုက်သည်။
လက်ရှစ်ဘက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ုဘရားသည် အစောကြီးကတည်းက မတ်တပ်ရပ်လျက်သားဖြင့် ထိုကောင်းကင်နတ်ဘုရားနှစ်ယောက်ကို မျက်နှာချင်းဆိုင်နေခြင်းပင်။ သူတို့တကယ်လွန်သွားလေပြီ။
ရှီဟောင်ဒေါသထွက်သွားရ၏။ တစ်ဖက်လူသည် သူ့အားလာအနိုင်ကျင့်နေခြင်းပင်။
“လျှောက်လိုက် .. မင်းမှာ ရွေးချယ်စရာမရှိဘူး” ယင်ခွန် ပြောလိုက်သည်။
“မင်းသေချင်နေတာလား” ရှီဟောင်အေးစက်စွာ ပြောလိုက်၏။
သို့သော်လည်း တစ်ဖက်မှ ကောင်းကင်နတ်ဘုရားနှစ်ယောက်သည် ရှေ့တက်လာကာ ယခုအချိန်တွင် သူ့အားရင်ဆိုင်ရန် အသင့်ပြင်ထားလေ၏။
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှလူများသည် အစောကြီးကတည်းက ဒေါသထွက်နေကြလေပြီ။ ကောင်းကင်နတ်ဘုရားမှ သွေးစွမ်းအင်ထုတ်လွှတ်ကာ သူ့အား တားထားသောကြောင့်ပင်။
“ငါ့ရဲ့ ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုက သူ့ကိုခေါ်သွားချင်တယ် .. အဲဒီတော့ ဘယ်သူမှ ငါတို့ကို တားလို့မရဘူး .. သူက ငါတို့လူပဲ” ယင်ခွန် အလွန်တည်ငြိမ်စွာပင် ပြောလိုက်လေ၏။ သူသည် ရှီဟောင်ကို တစ်ချက်ပင်မကြည့်ပဲ လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုကို ရှီဟောင်အား သူတို့ကို လက်လွဲပေးရန် ပြောနေလေ၏။
“လွန်လွန်းတယ်” နောက်ဆုံးတွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ အခြားကောင်းကင်နတ်ဘုရားများရောက်လာကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။
“ငါတို့ကို ဒီလိုမျိုး ဖိအားပေးနေတာ .. ဒီအကျိုးဆက်ကို ခင်ဗျားတို့ တာဝန်ယူနိုင်မှာလား” ယင်ခွန်သည် အပေါ်စီးမှပင် ပြောလိုက်လေ၏။
ထို့နောက်တွင် သူသည်ရှီဟောင်ကို လှည့်ကြည့်လိုက်ကာ “ခင်ဗျား သွားမှာလား မသွားဘူးလား .. ကျုပ်ခင်ဗျားကို ဆွဲထုတ်ဖို့ကို စောင့်နေတာလား”
“ကျွန်တော် သူ့ကို သတ်လို့ရမလား” ရှီဟောင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ လူများကို ကြည့်ပြီးမေးလိုက်သည်။
“ခင်ဗျားက ကျုပ်ကို တိုက်ခိုက်ချင်နေတာလား .. ဟား ဟား .. လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုလည်း သည်းမခံနိုင်တော့ဘူးလား .. ခင်ဗျားတို့လူမျိုးစုတစ်ခုလုံး အစုလိုက်အပြုံလိုက် အသတ်ခံရမှာကို မကြောက်ဘူးလား” ယင်ခွန်အေးစက်စွာပင် ပြောလိုက်၏။ “ထားလိုက်ပါတော့ ကျုပ်တို့လူမျိုးစုက သနားညှာတာတတ်တယ် .. ကျုပ်တို့ ဟွမ်ကိုပဲခေါ်သွားမယ် .. ခင်ဗျားတို့အားလုံး နောက်ဆုတ်နေလိုက်ကြ .. ကိုယ့်သေတွင်းကိုယ်မတူးကြနဲ့”
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ လူများ ဒေါသထွက်သွားကြကာ သူတို့သုံးယောက်ကို ဝန်းရံလိုက်လေ၏။
တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားရန် အစပျိုးနေလေပြီ။ ယင်ခွန်သည် ထူးမခြားနားစွာဖြင့်ပင် ကျောက်စိမ်းဒိုင်းကာတစ်ခုကို ထုတ်လိုက်၏။ ထိုအချိန်တွင် လေဟာနယ်ကြီး အက်ကွဲသွားကာ စွမ်းအားကြီးသည့် ပုံရိပ်တစ်ခု ပေါ်လာလေ၏။
ယင်ခွန်ကလန်၏ ရှေးဟောင်းဘိုးဘေး ရောက်လာလေပြီ..
သူပေါ်လာသည်နှင့် ဝိဉာဉ်ကျွန်းကြီး ချိုင့်ဝင်သွားကာ ကြောက်စရာကောင်းသည့်အော်ရာ ထွက်ပေါ်လာပြီး လူတစ်စုမှာ ချက်ချင်းပင် အားနည်းစွာ မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
“ခင်ဗျား တုံ့ဆိုင်းနေရင် ခင်ဗျားအတွက် ပိုဆိုးလာတာပဲရှိမှာ” ယင်ခွန်အေးစက်စွာ ပြောလိုက်သည်။
သူဤမျှယုံကြည်ချက်ရှိနေသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။ သူသည် သူတို့၏ ရှေးဟောင်းဘိုးဘေးကိုပင် ခေါ်ထားခြင်းပင်။
အမှန်တကယ်တွင် ဤမျှစွမ်းအားကြီးသည့် ကျွမ်းကျင်သူတစ်ယောက်ပေါ်လာသည်နှင့် နယ်မြေတစ်ခုလုံးကို ပိပြားသွားအောင် ပြုလုပ်ရန် လုံလောက်လေသည်။
“လူငယ်လေး .. ငါတို့ကလန်ကို ဧည့်သည်အနေနဲ့ လိုက်လာခဲ့ပေးပါ” ရောက်လာသည့်အကြီးအကဲမှ ပြောလိုက်၏။ ဤသည်မှာ သူ၏ကိုယ်ပွားဖြစ်သော်လည်း စွမ်းအားကြီးလွန်းလှလေသည်။
သူ၏မူလခန္ဓာကိုယ်ကို နေရာရွှေ့ပြောင်းပါက ကြီးမားသည့်အဖိုးအခကို ပေးရမည်ဖြစ်သည်။ ယခုကဲ့သို့ နှိုးထလာရန်အတွက်ကိုပင် ကောင်းကင်ရတနာများစွာ အသုံးပြုခဲ့ရခြင်းပင်။ ထို့ကြောင့် အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေခြင်းပင်။
“တာအိုညီအစ်ကို မင်းက အရမ်းလွန်လွန်းသွားပြီ” ထိုအချိန်တွင် ကျွှန်းအနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာကာ ဆံပင်ဖရိုဖရဲဖြစ်နေသည့် အကြီးအကဲတစ်ယောက်ပေါ်လာလေ၏။
“မင်း .. သတိပြန်ရလာပြီလား” ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစု၏ ရှေးဟောင်းဘိုးဘေးမှ ထိတ်လန့်သွားရသည်။
“ဟိုမှာစကားပြောကြတာပေါ့” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ နံပါတ်တစ်ကျွမ်းကျင်သူမှ ပြောလိုက်သည်။
သူတို့၏အော်ရာများမှာ စွမ်းအားကြီးလွန်းလှသောကြောင့် ဤနေရာတွင်ရှိနေသည့် လူ ၉၀ ရာခိုင်နှုန်းကာ မြေပြင်ပေါ်တွင် ဒူးထောက်ကျနေပြီး ခန္ဓာကိုယ်များလည်း တုန်ယင်နေသည်။ သူတို့နှစ်ဦးထွက်သွားမှသာ ဤနေရာ၌ ပုံမှန်ပြန်ဖြစ်သွားလေသည်။
ဖုန်း…
သူတို့ထွက်သွားသည်နှင့် ရှီဟောင်သည် ချက်ချင်းပင် ယင်ခွန်အား လွင့်ထွက်သွားအောင် ကန်လိုက်လေ၏။
“ခင်ဗျား…” ယင်ခွန် အရှက်ရကာ ဒေါသထွက်မိသွားသည်။
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားများသည်လည်း ယင်ခွန်ဘက်မှ ကောင်းကင်နတ်ဘုရားနှစ်ယောက်နှင့် တိုက်ခိုက်နေကြလေ၏။
ဖူး..
ယင်ခွန်သည် ချက်ချင်းပင် သွေးအန်သွားလေ၏။ ရှီဟောင် သူ့မျက်နှာပေါ် တက်နင်းထားပြီး သူ့သွားများလည်း ကျွတ်ထွက်နေလေပြီ။
ထို့နောက်တွင် တဖုန်းဖုန်းအသံများ ဆက်တိုက်ထွက်ပေါ်လာလေ၏။ ရှီဟောင်သည် တိုက်ခိုက်မနေပဲ သူ့အား ဆက်တိုက် နင်းနေခြင်းပင်။ ဤနေရာတွင် သနားစဖွယ်အော်သံများလည်း ထွက်ပေါ်လာလေသည်။
လေထုအခြေအနေမှာ အတော်လေး ထူးဆန်းနေသည်။ စွမ်းအားကြီးသည့်လူမျိုးစုများစွာသည် ထူးဆန်းမှန်းသိနေကြသော်လည်း ဘာဖြစ်မှန်းမသိကြပေ။ ထူးခြားသည့်စွမ်းအားရှိသည့်လူနှစ်ယောက် တိုက်ခိုက်နေသည်ဟုသာ သူတို့ခံစားမိကြခြင်းပင်။
ထို့နောက်တွင် ဝိဉာဉ်ကျွန်းမှ ငွေရောင်သွေးနတ်ဆိုးသစ်ပင်မှ လူများ လွင့်ထွက်လာလေ၏။ ကောင်းကင်နတ်ဘုရားနှစ်ယောက်နှင့် ထိုလူမျိုးစု၏ဆက်ခံသူမှာ အသက်မသေသော်လည်း သူတို့၏ အရိုးများကျိုးသွားပြီး မျက်နှာလည်းပုံပျက်နေလေပြီ။
“ကိစ္စတွေက အခုတော့ နည်းနည်းရှုပ်ထွေးသွားပြီ” ရှီဟောင်ပြောလိုက်၏။
ဝုန်း..
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ ထာဝရတာအိုပြိုင်ကွင်း ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာငယ်လေးပေါင်းများစွာကို ထိတ်လန့်သွားစေသည့် ပေါက်ကွဲသံကြီးလည်း ထွက်ပေါ်လာလေသည်။ ဤသည်မှာ လေဟာနယ်တွင် ကြီးမားလှသည့် အက်ကွဲကြောင်းကြီး ထွက်ပေါ်လာသောကြောင့်ပင်။
“အမ် .. ဘာဖြစ်တာလဲ” အပြင်ဘက်လောတွင်ရှိနေသည့် သူများလည်း အံ့အားသင့်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်နယ်မြေ၏ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းကြီး ပေါ်လာသည်ကို အားလုံးမြင်လိုက်ရလေသည်။
ထိုအက်ကွဲကြောင်းသည် အလွန်သေးငယ်သော်လည်း တစ်ဖြည်းဖြည်းကြီးလာကာ လီပေါင်း ထောင်ပေါင်းများစွာထိပင် ဖြစ်လာလေ၏။
အပိုင်း ၁၁၅၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၈ – မိုးမခနတ်ဘုရား၏ပညာ
“ဒါက .. ထာဝရရှေးဟောင်းမြေ ပွင့်သွားပြီးတော့ ငါတို့လည်း အထဲဝင်လို့ရတော့မှာလို့ပြောချင်တာလား…”
အပြင်ဘက်လောကတွင်ရှိနေသည့်လူအားလုံး တုန်လှုပ်သွားကြပြီး အချို့သူများဆိုလျှင် ထိန်းချုပ်၍မရနိုင်လောက်အောင်ပင် တုန်ယင်နေကြလေပြီ။
ရွှီး..
တစ်စုံတစ်ယောက်မှ လှုပ်ရှားလိုက်၏။ လရောင်ခံခေါင်းလောင်းသည် ကလင်ကလင်အသံများ ထုတ်လွှတ်နေလေသည်။ ထိုခေါင်းလောင်းကို အလင်းတန်းထာဝရရွှေအလွှာပါးတစ်လွှာ ဖုံးအုပ်ထားလေ၏။
ဤခေါင်းလောင်းလေးပေါ်လာသည်နှင့် ကောင်းကင်ကြီးအက်ကွဲလာလေသည်။ ထွက်ပေါ်လာသည့်စွမ်းအားများမှာ ကြီးမားလွန်းသောကြောင့် ကောင်းကင်နတ်ဘုရားများပင် တုန်ယင်သွားကြလေသည်။ ဤစွမ်းအားသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူတစ်အုပ်စုကို ဖြိုချပစ်ရန် လုံလောက်သည်။
ဂိုဏ်းခေါင်းဆောင်အဆင့် ကျွမ်းကျင်သူတစ်ယောက်မှ ချက်ချင်းလှုပ်ရှားလိုက်ခြင်းပင်။
ဒုန်း..
သို့သော်လည်း အားလုံး ထိတ်လန့်စေသည့်အဖြစ်အပျက် ဖြစ်ပျက်ခဲ့လေသည်။ ထူးဆန်းသည့်သဘာဝဥပဒေသတစ်ခု အက်ကွဲကြောင်းလေးမှ စိမ့်ထွက်လာပြီး ထိုလရောင်ခံခေါင်းလောင်း လွင့်ထွက်သွားအောင် ပြုလုပ်လိုက်လေ၏။
ထိုခေါင်းလောင်းသံအောက်တွင် ကောင်းကင်ကြီးပင် ပြိုကျသွားနိုင်သည်။ ဤအက်ကွဲကြောင်းနေရာက အဘယ်ကြောင့်ဤမျှမာကျောနေရသနည်း… ဂိုဏ်းခေါင်းဆောင်အဆင့်လက်နက်ကိုတောင် လွင့်ထွက်သွားအောင် လုပ်နိုင်တာလား…
ကြောက်စရာကောင်းသည့်အဖြစ်အပျက်များမှာ သူတို့ကို စောင့်ကြိုနေလေ၏။ ထိုအက်ကွဲကြောင်း တောက်ပလာကာ ရောင်စုံအလင်းတန်းထွက်ပေါ်လာပြီး ခေါင်းလောင်းကို နောက်တစ်ကြိမ် ရိုက်ခတ်သွားလေသည်။
ဖူး..
တစ်စုံတစ်ခု ဖျက်ဆီးခံလိုက်ရသည့်အသံထွက်ပေါ်လာကာ လရောင်ခံခေါင်းလောင်းလည်း ပျက်စီးသွားလေပြီ။
ခေါင်းလောင်းမျက်နှာပြင်ပေါ်တွင် ထာဝရရွှေအလွှာပါးလေးတစ်လွှာသာရှိနေသော်လည်း ဤသည်မှာ တန်ဖိုးမဖြတ်နိုင်သည့် ထာဝရပစ္စည်းပင်။ သို့သော် ထိုအလွှာထဲတွင်တော့ ကြောက်စရာကောင်းသည့်အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာလေသည်။
အဆင့်မြင့်နယ်မြေတွင် ထာဝရရွှေပါသည့်လက်နက်များမှာ အဖိုးတန်သည့်ပစ္စည်းများပင်။ ဂိုဏ်းခေါင်းဆောင်များထဲတွင်ပင် ထိုပစ္စည်းများပိုင်ဆိုင်သည့်သူ သိပ်မရှိပေ။
သို့သော်လည်း လရောင်ခံခေါင်းလောင်းမှာ သူတို့မျက်စိရှေ့တွင်ပင် ပျက်စီးသွားသောကြောင့င် အားလုံး ထိတ်လန့်သွားရသည်။
သို့သော်လည်း ထိုကဲ့သို့ပျက်စီးသွားသောကြောင့်လည်း ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်နိုင်ရန်မှာ မလွယ်ကူကြောင်း အားလုံး နားလည်သွားရသည်။ အက်ကွဲကြောင်းလေးရှိနေသော်လည်း ဖွင့်နိုင်ရန် ခက်ခဲနေဆဲပင်။
ဝုန်း..
အခြားဂိုဏ်းခေါင်းဆောင်တစ်ယောက် လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူ၏အဖိုးတန်ပစ္စည်းများပျက်စီးသွားမည်စိုးသောကြောင့် ထိုပစ္စည်းများကို အသက်မသွင်းရဲပေ။ သူ၏နတ်စွမ်းရည်ကိုသာ အသုံးပြုလိုက်သည်။
ထိုအက်ကွဲကြောင်းကြီးသည် မပြောင်းမလဲပဲရှိနေဆဲဖြစ်ပြီးပြီး တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူ၏အဖိုးတန်ပညာကို ချေဖျက်လိုက်လေ၏။ ထို့အပြင် စွမ်းအားကြီးသည့် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာကာ သူ့အားတိုက်ခိုက်လာလေ၏။
သူရှောင်လိုက်သော်လည်း သူ့အနောက်တွင်ရှိနေသည့် တောင်များနှင့်မြစ်များမှာ ပြာဖြစ်သွားလေ၏။ ဤသည်ကို မြင်လိုက်ရသည့်အချိန်တွင် အားလုံး တုန်လှုပ်သွားကြရသည်။
“အားလုံးပဲ … ငါတို့ပူးပေါင်းပြီးတော့ အထဲဝင်သွားကြရအောင်” ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ အော်ဟစ်လိုက်သည်။
ဤလူများသည် အဆင့်မြင့်နယ်မြေ၏ အနိမ့်အမြင့်အတက်အကျများကို ထိန်းချုပ်သည့်သူများပင်ဖြစ်သည်။ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်နိုင်မည့်အခွင့်အရေးဖြစ်သောကြောင့် မည်သူက စိတ်မလှုပ်ရှားပဲနေမည်နည်း..
“ငါတို့တွေက လူတွေကို အုပ်ချုပ်နေတဲ့သူတွေ .. ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတဲ့သူတွေပဲ … အဲဒီတော့ ငါတို့ပါဝင်ပါတာလည်း သဘာဝကျတယ် .. ညီအစ်ကိုတို့ ပေါင်းတိုက်လိုက်ကြရအောင်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ဂိုဏ်းခေါင်းဆောင်များသည် အဖိုးတန်ပညာများကို ထုတ်ကာ အက်ကွဲကြောင်းကြီးထံသို့ ပစ်လွှတ်လိုက်ကြသည်။
ထာဝရရှေးဟောင်းမြေထဲတွင်ရှိနေသည့် သူအားလုံး တုန်လှုပ်သွားကြရသည်။ ထိုအက်ကွဲကြောင်းကြီးမှာ ကြီးမားလှကာ ကမ္ဘာငယ်လေးပေါင်းများစွာသို့ ရောက်ရှိနေလေပြီ။
ဒီထာဝရရှေးဟောင်းမြေကြီး ပျက်စီးတော့မှာလား..
အားလုံးကိုပို၍ ထိတ်လန့်သွားစေသည်မှာ ကမ္ဘာငယ်လေးတစ်ခုသည် တိုက်ခိုက်မှုများကို ခုခံနေရသကဲ့သို့ အက်ကွဲကြောင်းများ ထွက်ပေါ်လာလေ၏။
သို့သော်လည်း ကြည့်ရသလောက်တော့ နယ်ခြားနံရံမှာ ဖျက်ဆီးနိုင်ရန် ခက်ခဲနိုင်လောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအက်ကွဲကြောင်းတွင် ထူးဆန်းသည့်ဥပဒေသများ ရစ်ဆိုင်းနေပြီး ထာဝရတာအိုစွမ်းအင်များလည်း ဖြန့်ကျက်နေလေသည်။
အချိန်တိုအတွက် အဆင်ပြေသော်လည်း တစ်လ၊ နှစ်လ .. လပေါင်းများစွာကြာလျှင် မည်သို့ဖြစ်သွားမည်နည်း..
မြို့ခံများ စိုးရိမ်လာကြသည်။ သူတို့သည်လည်း အပြင်ဘက်လောကမှ သတင်းများကို ကြားရသည်သာ။
အဆင့်မြင့်နယ်မြေမှလာသည့် ဂျီးနီးယပ်စ်များမှာမူ ပျော်ရွှင်နေကြလေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏စီနီယာများ ဝင်လာနိုငိတော့မည်ဟု ဆိုလိုနေသောကြောင့်ပင်။
ဂျီးနီးယပ်စ်အများစုသည် ယခင်က မာနကြီးကာ ထောင်လွှားကြသော်လည်း ယခုအချိန်တွင် ခါးသီးမှုများ တွေ့ကြုံနေရလေပြီ။ ရှေးဟောင်းဘုရင်များနှင့် ရင်ဆိုင်တွေ့လိုက်ရသည့်အချိန်တွင် သူတို့သည် ရှုံးနိမ့်ခြင်းများသာ ခံစားနေရသည်။
“ဟား ဟား.. ငါ့ဂိုဏ်းက ကောင်းကင်နတ်ဘုရားရောက်လာတော့မှာ .. ဟွမ် .. မင်းဒီကပ်ဆိုးကနေ လွတ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” အချို့သူများသည် မနေနိုင်တော့ပဲ ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြသည်။
“စောင့်ကြည့်လိုက်စမ်းပါ .. ဂိုဏ်းခေါင်းဆောင်ရဲ့မျိုးဆက်ရောက်လာတာနဲ့ ရန်သူတွေအားလုံး ရှင်းခံလိုက်ရလိမ့်မယ် .. ဘာနယ်နှင်ခံရတဲ့ထာဝရသက်ရှိလဲ .. ဘာဟွမ်လဲ .. သူတို့အားလုံး ဖိနှိပ်ခံရလိမ့်မယ် .. အခုမင်းတို့တောက်ပနိုင်တုန်း တောက်ပထားလိုက်ကြပေါ့ .. နောက်ဆုံးကျရင်တော့ မင်းတို့အားလုံး ဝမ်းနည်းပက်လက်ငိုကြွေးနေရလိမ့်မယ်”
ဥပမာအားဖြင့် မြေအောက်လောကကလန်၊ ကောင်းကင်နိုင်ငံ၊ နတ်ဘုရားကျောင်း၊ မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုဂိတ်နှင့် အခြားသူများပင်။
သူတို့ဂိုဏ်းခေါင်းဆောင်များရောက်လာပြီး ဤနေရာမှာ သဘာဝကံကောင်းမှုများအားလုံးကို ရယူချင်နေကြခြင်းပင်။
သို့သော်လည်း အားလုံးသည် သူတို့၏စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ တိမ်တိုက်နယ်မြေသို့ တရှိန်ထိုး ဦးတည်သွားလိုက်ကြသည်။ ထာဝရတာအိုပြိုင်ကွင်းပွင့်သွားလေပြီ….
ယခုအချိန်တွင် အပြင်ဘက်လောကမှ ဂျီးနီးယပ်စ်များမပြောနှင့် ထာဝရရှေးဟောင်းမြေမှ မြို့ခံများပင်လျှင် ဤနယ်မြေသို့ ရောက်ရှိနေလေပြီ။
ဂါးဒီးယန်းဝိဉာဉ်ဘိုးဘွားမြေထြတွင်ရှိနေသည့် ရှီဟောင် သက်ပြင်းချလိုက်သည်။ သူသည်လည်း သတင်းများကြားနေရသည်သာ။ ပြိုင်ကွင်းပွင့်လာခြင်းမှာ ကောင်းသည့်ကိစ္စဖြစ်သော်လည်း ထာဝရရှေးဟောင်းမြေသာ စောစောစီးစီးပွင့်သွားလျှင် ပြဿနာများသွားလိမ့်မည်။
“အဲဒီအပြင်ဘက်ကလူတွေ ဝင်မလာခင် လုပ်စရာရှိတာတွေ လုပ်ထားရမယ် .. ငါအဲဒီပြိုင်ကွင်းပေါ်ရပ်ပြီးတော့ ရန်သူအားလုံးကို ရှင်းထားရမယ်” ရှီဟောင်ပြောလိုက်၏။
မဟုတ်ပါက သဘာတကံကောင်းခြင်းအားလုံးမှာ သူနှင့် ဘာမှမဆိုင်ပဲဖြစ်သွားလိမ့်မည်။ ထိုဂိုဏ်းခေါင်းဆောင်များသာ ဝင်လာနိုင်လျှင် ဘာမဆိုဖြစ်သွားနိုင်သည်။
ဖူး..
ရှီဟောင် သွေးအန်သွားကာ သူ့မျက်နှာသည်လည်း စာရွက်တစ်ရွက်ကဲ့သို့ ဖြူဖျော့သွားရသည်။
“မိုးမခနတ်ဘုရားတွေရဲ့နည်းလမ်းတွေက တကယ်ကို သာမန်မဟုတ်ဘူးပဲ” သူသက်ပြင်းချလိုက်သည်။ ဤပညာကို ကျင့်ကြံနိုင်သည်နှင့် ကြောက်စရာကောင်းလောက်သည့် တိုက်ခိုက်နိုင်စွမ်းများ ရရှိလာမည်သာမက သူဒဏ်ရာရသွားလျှင်ပင် အချိန်တိုအတွင်းပြန်ကောင်းလာလိမ့်မည်။
သို့သော်လည်း ဤအဖိုးတန်ပညာမှာ ကျင့်ကြံရန် ခက်ခဲလွန်းလှသည်။ ဤသည်မှာ သဘာဝဘဝဥပဒေသများဖြစ်သောကြောင့် ဤပညာကို နားလည်ချင်လျှင် သေခြင်းနှင့်ရှင်ခြင်းကြားကို ကူးလူးနေရမည်သာ။
ဤပညာကို ကျင့်ကြံလိုက်သည်နှင့် သူ၏အသက်ဝိဉာဉ်စွမ်းအားမှာ အဆုံးမရှိအောင် တိုးတက်လာမည်သာ။ သူသည် ဤကျင့်ကြံဆင့်ထဲတွင် စွမ်းအားအကြီးဆုံးသူတစ်ယောက် ဖြစ်သွားလိမ့်မည်။
သူ၏ဘဝလုံးဝပင် ပြောင်းလဲသွားလိမ့်မည်ပင်။
သို့သော်လည်း ထိုကဲ့သို့ပြောင်းလဲချင်လျှင် ကိုယ်က အရင်ပြောင်းလဲပေးရမည်သာ။ ဤသည်မှာ ညီမျှခြင်းသဘောတရားပင်။
သူသည်လည်း ထိုကဲ့သို့အခြေအနေမျိုးဖြစ်နေသည်။ မူလက နတ်ရွှေကဲ့သို့ တောက်ပနေသည့်သူ၏ခန္ဓာကိုယ်မှာ အရောင်အဆင်းကင်းမဲ့နေပြီး အနည်းငယ် ခမ်းခြောက်နေလေပြီ။
“တကယ်ကို အန္တရာယ်များတာပဲ .. ငါအဆင့်တက်နိုင်တော့မှာ .. ဒါပေမဲ့လည်းပြိုင်ကွင်းက ပွင့်နေပြီ” သူဤပြိုင်ကွင်းကို လက်လွတ်၍မရသော်လည်း ယခုအချိန်တွင် သူအဆင့်တက်ရန် လိုအပ်နေသည်။ သူ၏သွေးစွမ်းအင်များကို လောင်ကျွမ်းစေကာ သူ၏ကန့်သတ်ချက်ကို ထပ်တိုးရန် လိုအပ်သည်။
“ငါ အဲဒီကို အနှေးနဲ့အမြန်သွားပြီးတော့ အားလုံးကို ရှင်းထားရမယ် … အဲဒါမှ နည်းနည်းအန္တရာယ်ကင်းပြီးတော့ အပြင်ဘက်လောကကလည်း ငါ့ကို မနှောက်ယှက်နိုင်မှာ” ရှီဟောင်ပြောလိုက်၏။
ထိုအချိန်တွင် သူ၏အသားအရေမှာ ပို၍ပင် နက်မှောင်လာကာ သူ၏ခန္ဓာကိုယ်လည်း အသက်ဓာတ်ကင်းမဲ့လာသည်။
နောက်တစ်ခဏအကြာတွင် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်သွေးစွမ်းအင်များ ထွက်ပေါ်လာကာ မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ခပ်ဝေးဝေးမှကြည့်ပါက သူသည်ရွှေရောင်မီးဖိုကဲ့သို့ပင် အလွန်တောက်ပနေလိမ့်မည်။ သို့သော်လည်း အနားကပ်ကြည့်လိုက်လျှင် သူသည် အဆင့်တက်နေခြင်းမဟုတ်ပဲ သူ၏အသက်ဓာတ်ကို လောင်ကျွမ်းနေစေခြင်းဖြစ်ကြောင်း သိသွားကြလိမ့်မည်ပင်။
“ဆိုးလိုက်တာ .. ငါအရေးကြီးတဲ့အချိန်ကို ရောက်နေပြီ .. ငါဘာလုပ်သင့်သလဲ” ရှီဟောင် မျက်မှောင်ကြုတ်လိုက်၏။
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ လူများလည်း အလန့်တကြားဖြစ်သွားကြသည်။ ကောင်းကင်နတ်ဘုရားကြီးသည် သူကိုယ်တိုင်ပင် အပြေးအလွှားရောက်လာကာ “လူငယ်လေး ဘာဖြစ်တာလဲ .. ဒီလူအိုကြီးရဲ့အကူအညီကို လိုသေးလား..”
သူတို့သည် ရှီဟောင်ထက်ပင် ပိုကြောက်နေကြသေးသည်။ ဟွမ်သာတစ်ခုခုဖြစ်သွားလျှင် သူတို့တကယ်ပင် ‘နာကျင်’ သွားရလိမ့်မည်။ သူတို့၏ကျိန်စာများကို ချေဖျက်ရန်အတွက် ရှီဟောင်ကိုစောင့်နေကြခြင်းပင်။
“လူငယ်လေး .. ငါ့မှာ နတ်ဆိုးအားငြင်းဆန်ခြင်းဆေးလုံးရှိတယ် .. မြန်မြန်သောက်လိုက်” အခြား ကောင်းကင်နတ်ဘုရားတစ်ပါးရောက်လာကာ ရှီဟောင်ရူးသွားပြီထင်သောကြောင့် အဖိုးတန်ဆေးလုံးအား ထုတ်တိုက်လိုက်လေသည်။
ရှီဟောင်ခါးသီးစွာပင် ပြုံးပြလိုက်သည်။ သူ၏လက်ရှိအခြေအနေမှာ ဤဆေးလုံးနှင့် ဘာမှမဆိုင်ပေ။ သူ၏သွေးစွမ်းအင်များ ကုန်ဆုံးသွားခြင်းသာ။
“ဘာ.. ကိုယ့်ရဲ့အသက်ဓာတ်ကိုကိုယ်လောင်ကျွမ်းစေတာက ဘယ်လိုလုပ် အဆင်ပြေမှာလဲ” ရှီဟောင်ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် ကောင်းကင်နတ်ဘုရားကြီးသည် သူ့လူများအား နတ်ဆေးပင်အရွက်များအား သွားခူးခိုင်းလိုက်လေသည်။
“မခူးနဲ့” ရှီဟောင်တားလိုက်၏။ သူသေချာပေါက် ဆေးသောက်၍မရပေ။ ဤသည်မှာ မီးထဲသို့ လောင်စာထည့်လိုက်သည်နှင့်တူသွားလိမ့်မည်။
“ကျွန်တော်ဘာလုပ်သင့်သလဲ .. ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်သီးသန့်ကျင့်ကြံလို့မရဘူး” ရှီဟောင်မျက်မှောင်ကြုတ်လိုက်၏။
သူဤကဲ့သို့ ထွက်သွားရန်လည်း မသင့်တော်ပေ။ သူ၏သွေးစွမ်းအင်များမှာ လျင်မြန်စွာ ကုန်ခမ်းနေကာ သူ၏ခန္ဓာကိုယ်လည်း တစ်ဖြည်းဖြည်းညှိုးလျော်လာလေပြီ။
“အဲဒီနေရာကို သွားသင့်လား .. ဒါမှမဟုတ် ဒါပြီးတဲ့အထိ စောင့်သင့်လား” ရှီဟောင် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။
တိမ်တိုက်နယ်မြေတွင်ရှိနေသည့် ရွှေရောင်တာအိုနန်းတော်မှာ ခမ်းနားလှသည်။ ဤသည်မှာ လမ်းညွှန်မှုရှေးဟောင်းနန်းတော်ဖြစ်ပြီး မည်သည်ကိုလမ်းညွှန်မှန်းတော့ မည်သူမှမသိကြပေ။
ဘေးဘက်တွင်ရှိနေသည့် ပြိုင်ကွင်းသည် မှုန်မှိုင်းကာ အရောင်အဆင်းကင်းမဲ့နေပြီး မျက်နှာပြင်ထက်တွင် အနက်ရောင်သွေးကွက်များ စွန်းထင်းနေသည်။
ဤပြိုင်ကွင်းသည် လေထဲတွင်ရှိနေခြင်းပင်။
ကောင်းကင်နှင့်မြေပြင်နှစ်ခုလုံးတွင် လူများသိပ်သည်းစွာ ရှိနေပြီး ဤနေရာမှာ ဆူညံနေလေ၏။
“ဘယ်သူ စင်ပေါ်ကို အရင်ဆုံးတက်ချင်လဲ…”
သူတို့အားနည်းသွားသည့် အချိန်တွင် ဖိနှိပ်ခံရမည်စိုးသောကြောင့် မည်သူမှ စင်ပေါ်သို့ အရင်မတက်ချင်ကြပေ။
“စိတ်မပူပါနဲ့ .. ပြိုင်ကွင်းက တရားမျှတပါတယ် .. ဘယ်သူမှ အခွင့်အရေးအားလုံးကို တစ်ယောက်တည်း ယူသွားနိုင်မှာ မဟုတ်ဘူး .. ပြီးတော့ အနိုင်ရဖို့အတွက် လှည့်ကွက်တွေလည်း သုံးလို့မရဘူး .. ဘယ်သူပဲဖြစ်ဖြစ် ဝင်သွားတာနဲ့ အနားယူနိုင်ဖို့အတွက် အပွဲ တစ်ရာ ဆက်တိုက်နိုင်ရမယ်”
“ဘာ…” လူများစွာမှာ ဆွံ့အသွားရသည်။ ထို့နောက်တွင် သူတို့ကြောက်လန့်လာကြလေ၏။
အပွဲတစ်ရာကို ဆက်တိုက်နိုင်ရမယ်ဟုတ်လား .. ဤသည်မှာ ရက်စက်လွန်းလှသည်။ ဤနေရာသို့ ဝင်နိုင်သည့်သူအားလုံးမှာ မတူညီသည့်ကလန်များမှ ထူးချွန်းသည့်ပါရမီရှင်များပင်။
သူတို့ကြားတွင် ကွာဟချက် မည်မျှရှိနိုင်မည်နည်း..
အားလုံးမှာ အေးခဲသွားလေသည်။
“မင်းမလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့သူတွေရှိမှာပဲ .. စွမ်းအားအကြီးဆုံးထူးခြားပါရမီရှင်တွေနဲ့ ရှေးဟောင်းဘုရင်တွေ .. သူတို့ထဲမှာ ဘယ်သူက ပွဲတစ်ရာကို မနိုင်နိုင်ရမှာလဲ .. ပြီးတော့ သူတို့တွေ သေလောက်မယ့် ရန်သူတွေလည်း တွေ့မှာ မဟုတ်တာ သေချာတယ်”
“ကောင်းပြီလေ .. ငါအရင်သွားမယ်”
ခေါင်းသုံးလုံး မြေအောက်လေကအမဲလိုက်ခွေးမှ ဟစ်ကြွေးလိုက်သည်။ ပြိုင်ကွင်းထဲသို့ ဝင်သွားလိုက်သည်နှင့် သူသည် သစ်ရွက်တစ်ရွက်ကဲ့သို့ပင် မထင်မရှားဖြစ်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ဤပြိုင်ကွင်းကြီးမှာ ကြီးမားလွန်းလှသောကြောင့်ပင်။
ရုတ်တရက်ပင် အားလုံးဘေးဘက်ဖို့ ဖယ်လိုက်ကြလေသည်။
“ဟွမ် .. သူချက်ချင်းရောက်လာပြီ” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် အားလုံးသည် ခေါင်းလှည့်လာကာ သူ့အား စိုးရိမ်တကြီးကြည့်ကြလေသည်။
“သူကဘာလို့ချက်ချင်းရောက်လာတာလဲ .. သူက တစ်ခြားသူတွေကို အခွင့်အရေးလေးတစ်ခုတောင် မပေးချင်တော့ဘူးလား..”
ဟွမ်သည် အဆုံးထိဆက်တိုက်ပြီး မည်သူမှ ပြိုင်ကွင်းထဲသို့ မဝင်နိုင်အောင် လုပ်လိုခြင်းဖြစ်ကြောင်း ထင်ကြေးပေးနေကြလေသည်။
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ နျင်ချွမ်းနှင့် သရဖူ ၁၀ခုဘုရင်တို့အားလုံးမှာ သေသွားပြီဟု သံသယရှိနေသောကြောင့် မည်သူက ဟွမ်အား တားနိုင်တော့မည်နည်း..
အပိုင်း ၁၁၅၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၅၉ – ဆက်တိုက်အောင်မြင်မှုများ
ရှီဟောင်ရောက်လာပြီ .. သူရောက်လာသည်နှင့် နေရာပေါင်းစုံမှ မျက်လုံးများသူ့ထံသို့ ရောက်ရှိလာလေသည်။
သူ့ကို ကလန်အနည်းငယ်မှာ ကောင်းကင်နတ်ဘုရားများမှ ဖိတ်ခေါ်ပြီးသည့်နောက်တွင် သူ့ကို ထပ်မတွေ့ရတော့ပဲ သူ့ဂုဏ်သတင်းများသာ ကြားခဲ့ရသည်။
“အဲဒီတော့ သူကဟွမ်လား .. သူက ကြည့်ကောင်းတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ ဘာလို့ ဒီလောက်အောင်မြင်မှုတွေ ရနေတာလဲ .. သူက စွမ်းအားအကြီးဆုံးကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီးတော့ သမိုင်းမှာလည်း သူ့နာမည်ကို ရေးထိုးလိုက်ပြီ…”
လူများစွာသည် သူ့အကြောင်းများကိုသာ ဆွေးနွေးနေကြလေ၏။
“တကယ်ကို လူငယ်တွေကြားက သူရဲကောင်းပဲ .. သူက ငါထင်ထားတာထက်တောင် ပိုငယ်သေးတာပဲ .. သူဘယ်လိုလုပ် ဒီလိုဖြစ်အောင်ထိ ကျင့်ကြံနိုင်တာလဲ .. သူက ရှေးဟောင်းလူထူးဆန်းတွေလိုမျိုး တစ်ချိန်လုံးကျင့်ကြံနေတာလည်းမဟုတ်ပဲနဲ့ ခေတ်တစ်ခေတ်အတွင်းမှာကို ဒီလိုမျိုးထိ တိုးတက်သွားတာ”
တစ်စုံတစ်ယောက်မှ လေးစားစွာ ပြောလိုက်သည်။ ရန်သူများပင်လျှင် ဤလူများကို အသိအမှတ်ပြုရမည်သာ။ ရှီဟောင်သည် မြင်တွေ့နိုင်ရန် ရှားပါးသည့်သူပင်။
“သမိုင်းတစ်လျှောက်မှာ သူ့လိုမျိုးလူမျိုး မပေါ်လာဖူးတာမဟုတ်ဘူး .. ဒါပေမဲ့ အများစုက ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားကြတာ … နျင်ချွမ်းနဲ့ သရဖူ ၁၀ ခုဘုရင်တို့လောက်ပဲ ကျန်တော့တာ .. ဒါပေမဲ့ သူတို့တွေလည်း ကျရှုံးသွားပြီထင်တယ်”
အားလုံး သက်ပြင်းချလိုက်၏။ ဟွမ်သည် အသတ်မခံရသရွေ့ သူ၏အနာဂတ်မှာ မှန်းဆ၍မရနိုင်လောက်ပင် အောင်မြင်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်။
“ဝိုး .. ဟွမ်ရဲ့ ကျင့်ကြံဆင့်တာ အထင်ကြီးစရာကောင်းတယ်လို့အားလုံး ပြောနေကြတာ .. တကယ်တမ်းတော့ သူက ချောလည်းချောတာပဲ” မိန်းမပျိုလေးများစွာသည် ဟွမ်အား ကြည့်နေကြခြင်းသာ။
“အားရား .. သူအခုလေးတင် ငါ့ကို ကြည့်လိုက်တယ် ခစ် ခစ်..”
“နင့်မျက်လုံးတွေက မကောင်းတော့ဘူးထင်တယ် .. သူက ပြိုင်ကွင်းကို ကြည့်နေတာ .. နင့်ကို သတိထားမိမှာတောင် မဟုတ်ဘူး .. မင်းက နဂါးမိန်းမပျိုတို့၊ စုန်းမတို့မဟုတ်ရင် သူ့အာရုံကို ဆွဲဆောင်မယ့်ကိစ္စကို မေ့ထားလိုက်တော့”
မိန်းမငယ်လေးများသည် သူတို့အချင်းချင်း နောက်ပြောင်နေကြကာ ရယ်မောနေကြလေ၏။
ရှီဟောင်ကို ရန်လိုနေသည့်သူများလည်း မနည်းပေ။ သို့သော် သူတို့ထုတ်မပြရဲပေ။ အဘယ်ကြောင့်ဆိုသော် ဟွမ်၏အောင်မြင်မှုများမှာ ကြောက်စရာကောင်းလွန်းလှသည်။
ရှီဟောင်သည် အရှေ့ဘက်ကိုသာ စိုက်ကြည့်နေပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေ၏။ ယခင်တစ်ခေါက် ထာဝရရှေးဟောင်းမြေပွင့်သည်နှင့်ယှဉ်လျှင် ယခုတစ်ခေါက်မှာ စောလွန်းလှသည်။
ထိုကြီးမားလှသည့်ပြိုင်ကွင်းတွင် အချိန်၏တိုက်စားမှုများ ရှိနေသော်လည်း လေထဲတွင် မိုးထိုးနေဆဲဖြစ်ပြီး မပျက်စီးသေးပေ။ ဤသည်မှာ အဆင့်လွန်လူငယ်များ အားပြိုင်သည့် စင်မြင့်ပင်။
ရှီဟောင်သည် ပြိုင်ကွင်းထဲသို့ ချက်ချင်းဝင်မသွားပဲ ထိုကွင်းကိုသာ ကြည့်နေလေ၏။
“နှမြောစရာပဲ .. ငါတို့ ထာဝရရှေးဟောင်းမြေ မြို့ခံတွေ အဲဒီစင်ပေါ်ကို တက်လို့မရတော့ဘူး .. မဟုတ်ရင် ငါတို့လည်း ဝင်တိုက်လို့ရတယ်” အချို့မြို့ခံများ နောင်တကြီးစွာ ပြောလိုက်သည်။
“ဘယ်သူ ငါနဲ့တိုက်ရဲသလဲ” စင်မြင့်ပေါ်တွင်ရှိနေသည့် ခေါင်းသုံးလုံးအမဲလိုက်ခွေးမှ ဟစ်ကြွေးလိုက်သည်။ ရှီဟောင်ရောက်လာသည်ကို သူသတိမထားမိသေးပေ။
လူအချို့သည် ရှီဟောင်အားလှည့်ကြည့်လာကြလေ၏။ သို့သော်လည်း ရှီဟောင်သည် အလွန်တည်ငြိမ်နေကာ မည်သို့မှမတုံ့ပြန်သည်ကို သူတို့တွေ့လိုက်ရသည်။
“ဟမ် .. မင်းတို့အားလုံး သတိထားမိလား .. ရှီဟောင်ရဲ့ အသားရောင်က သိပ်မဟုတ်သေးဘူး .. အရောင်အဆင်းတွေ ပျောက်နေတယ်” တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား ပြောလိုက်သည်။ သူတို့သည် အစောကတည်းက ဤသည်ကို သတိထားမိသော်လည်း သူတို့သိပ်မတွေးခဲ့ပေ။
“မင်းပြောတာမှန်တယ် .. သူဒဏ်ရာရထားတာလား .. ဘယ်လိုဖြစ်သွားတာလဲ” အားလုံး သူ့ကို စိတ်ဝင်တစား ကြည့်လာကြလေ၏။ သူ့ကို ဘယ်သူက ဒဏ်ရာရအောင် လုပ်လိုက်တာလဲ..
ဤနေရာသည် အနည်းငယ် ဆူညံလာကာ အချို့ကျွမ်းကျင်သူများ၏ မျက်လုံးများ တောက်ပလာလေ၏။ ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ် .. ဟွမ်သာ တစ်ခုခုဖြစ်နေရင် သူစင်ပေါ်ကို တက်နိုင်မှာမဟုတ်တော့ဘူး .. အဲဒါဆိုရင်တော့ ပြီးပြည့်စုံသွားပြီ…
အားလုံး သူ့အားကြည့်နေကြသော်လည်း အချိန်အတော်ကြာသည်အထိ ရှီဟောင် မတ်တပ်မရပ်သေးပေ။
ဤသည်မှာ လူများ၏စိတ်ကို ပို၍လှုပ်ခတ်စေသည်။ ဟွမ်က တစ်ခုခုဖြစ်နေသည်ဟု ပို၍ထင်စေလေသည်။ မဟုတ်ပါက သူ၏လက်ရှိခွန်အားနှင့်ဆိုလျှင် သူချက်ချင်း စင်ပေါ်သို့ တက်သွားလောက်လေပြီ။
“ဘယ်သူမှ ငါနဲ့မတိုက်ကြဘူးလား” စင်မြင့်ပေါ်တွင်ရှိနေသည့် ခေါင်းသုံးလုံးအမဲလိုက်ခွေးမှာ အတော်လေး ထိတ်လန့်နေလေပြီ။ မည်သူမှ တက်မလာသောကြောင့် သူအနည်းငယ် မူးနောက်လာရ၏။ သို့သော်လည်း တစ်ခဏကြာပြီးသည့်နောက် သူခေါင်းပြန်ကြည်လာသည့်အချိန်တွင် အားလုံးကို အံ့အားသင့်စေသည့်သူမှာ သူမဟုတ်မှန်း သူသိလိုက်ရသည်။
“ဟွမ် ..မင်း..” နောက်ဆုံးတော့ သူဟွမ်ကို တွေ့သွားလေပြီ။
ရှီဟောင် သူ့အားပြုံးပြလိုက်သော်လည်း စင်မြင့်ပေါ်သို့ တက်မသွားပေ။ ဤသည်မှာ သူ့ကို အနည်းငယ် စိတ်သက်သာရာရစေသည်။
“ငါမင်းကို အဖော်ပြုပေးမယ်” တစ်စုံတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာသည်။ ဤသည်မှာ ရက်ခ်ရှာဝိဉာဉ်လူမျိုးစုမှ ရွှေရောင်အတောင်ပံရှိသည့် ရက်ခ်ရှာပင်။ သူ့တစ်ကိုယ်လုံးရွှေရောင်တောက်ပနေကာ သူ၏လက်ထဲတွင် လှံတိုကို ကိုင်ထားလေ၏။
“ကောင်းတယ် .. တက်လာတဲ့သူက သခင်လေးဟွမ်မဟုတ်သရွေ့ ငါမင်းကို အဖော်ပြုပေးနေမယ်” ခေါင်းသုံးလုံးအမဲလိုက်ခွေးမှ ပြောလိုက်သည်။
အားလုံး စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ဒီကောင်က ဖိနပ်လိုက်လျှက်တဲ့ ခွေးကောင်ပဲ .. ရှီဟောင်ကိုတောင် ချီးကျူးနေသေးတယ်…
“မင်းလိုမျိုး ခွေးမကောင်းဆိုးဝါး ဆင်းသွားလိုက်တော့” ရွှေရောင်အတောင်ပံနှင့် ရက်ခ်ရှာမှ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် လှံတိုကို ပစ်လွှတ်လိုက်သည်နှင့် လေဟာနယ်ထဲတွင် မိုးခြိမ်သံများ ထွက်ပေါ်လာလေ၏။
ဤသည်မှာ နတ်ဘုရားအစစ်တစ်ယောက်ဖြစ်ပြီး သူ၏စွမ်းအားလည်း ထူးခြားလှသည်။ လူများစွာမှာ အသက်ရှူသံများပင် အေးခဲသွားလေ၏။
ခေါင်းသုံးလုံးနှင့်အမဲလိုက်ခွေး ဟစ်ကြွေးလိုက်ကာ သူ၏ဘယ်ဘက်ခေါင်းမှ အနက်ရောင်မီးတောက်များထွက်ပေါ်လာလေ၏။ ဤသည်မှာ နတ်ဘုရားများကိုပင် လောင်ကျွမ်းစေနိုင်သည့် ငရဲမီးပင်။ သူ၏ညာဘက်ခေါင်းမှမူ ရွှေရောင်အရည်များ ထွက်လာလေ၏။ ဤသည်မှာ နတ်ဆိုးများနှင့် နတ်ဘုရားများကိုပင် အရည်ပျော်ကျသွားအောင် လုပ်နိုင်သည့် အဝါရောင်စမ်းချောင်းမှ ရေများပင်။
မီးနှင့်ရေ ရောသွားကာ ထိုရွှေရောင်လှံတိုကို တစ်ပြိုင်တည်း တိုက်ခိုက်ကာ ခုခံကြလေ၏။
ဝုန်း..
ရွှေရောင်အတောင်ပံရက်ခ်ရှာမှ ဟစ်ကြွေးလိုက်ကာ သူ၏ဘယ်လက်ထဲတွင် လှံတိုကို ကိုင်ထားပြီး ညာဘက်လက်တွင် ကြီးမားလှသည့် လှံကိုကိုင်ထားကာ သူ၏ခန္ဓာကိုယ်ရှေ့တွင် ကာထားလေ၏။ ထိုလှံကြီးမှ တောက်ပသည့်သင်္ကေတများ ထွက်ပေါ်လာကာ ရေနှင့်မီးကို ကာထားလေသည်။
“သတ်…”
သူ၏လက်ထဲတွင်ရှိနေသည့် လှံတံတိုလေးသည် အခိုးအငွေ့တန်းတစ်ခုကဲ့သို့ပင် ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ မျက်ခုံးကြားသို့ ဦးတည်သွားလေသည်။
ဒုန်း..
ခေါင်းသုံးလုံးအမဲလိုက်ခွေးသည် သူ၏လက်သည်းများဖြင့် ထိုလှံတိုကို ရိုက်ထုတ်လိုက်သည်နှင့် မီးပွားများထွက်ပေါ်လာလေ၏။ တစ်ချိန်တည်းမှာပင် သူ၏အလယ်ခေါင်းမှ သွေးရောင်လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာကာ လှံတံနှင့်အတူ ရွှေရောင်အတောင်ပံရက်ခ်ရှာထံသို့ တရှိန်ထိုးဦးတည်သွားလေသည်။
“တိုက်မယ်” ရက်ခ်ရှာဟစ်ကြွေးလိုက်သည်နှင့် ရွှေရောင်သင်္ကေတများသည် စမ်းချောင်းတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာပြီး ထိုသွေးရောင်လျှပ်စီးကို ခုခံလိုက်လေသည်။
ထိုကဲ့သို့ပင် သူတို့သည် ပြင်းထန်လှသည့် တိုက်ပွဲကြီးကို တိုက်ခိုက်ခဲ့ကြလေသည်။ သို့သော်လည်း သူတို့မည်မျှပင် စွမ်းအားကြီးနေပါစေ ပြိုင်ကွင်းမှာ ပျက်စီးမသွားပဲ အရာမယွင်းရှိနေဆဲပင်။
အချက်ရေ တစ်ရာကျော်တိုက်ခိုက်ပြီးသည့်နောက်တွင် ခေါင်းသုံးလုံးအမဲလိုက်ခွေး၏ ခေါင်းသုံးလုံးလုံး တစ်ပြိုင်နက်တည်းတောက်ပလာကာ သူတို့မျက်ခုံးကြားမှ အက်ကွဲလာကာ တတိယမြောက်ဒေါင်လိုက်မျက်လုံးများ ပေါ်လာလေ၏။ ထိုမျက်လုံးများမှ ကြောက်စရာကောင်းလောက်သည့် သင်္ကေတအလင်းထွက်ပေါ်လာကာ ရွှေရောင်အတောင်ပံရက်ခ်ရှ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေ၏။
ဖုန်း..
ရွှေရောင်အတောင်ပံရှက်ခ်ရှသည် လျင်မြန်စွာပင် ထွက်ပြေးလိုက်သောကြောင့် သူသေဘေးမှ လွတ်မြောက်သွားကာ ပြိုင်ကွင်းပေါ်မှ အောင်မြင်စွာ ခုန်ချသွားလိုက်နိုင်လေသည်။
အားလုံး မသက်သာပဲ သက်ပြင်းချလိုက်ကြရ၏။ ခေါင်းသုံးလုံးအမဲလိုက်ခွေးမှာ အတော်လေးပင် အထင်ကြီးစရာကောင်းလွန်းလှသည်။ သူသည် တကယ်ပင် လူမျိုးစုတစ်စု၏ ရှားပါးသည့်ကျွမ်းကျင်သူပင်။
“ဒီနိုင်ပွဲကို ကျွန်တော် ကိုးကွယ်တဲ့ ဟွမ်ကိုပေးပါတယ်” ခေါင်းသုံးလုံးအမဲလိုက်ခွေးမှာ အရေထူလွန်းလှသည်။
ရှီဟောင်သည် ဆွံ့အသွားသော်လည်း ရယ်မောလိုက်လေ၏။
အခြားသူများမှာမူ ထိုအမဲလိုက်ခွေးကို ကျိန်ဆဲနေကြလေ၏။ ဤအရည်ထူသည့်ကောင်က ဤကဲ့သို့သော စကားမျိုးကိုပင် အရှက်မရှိ ပြောရဲသေးသည်။
“ငါ မင်းကို စိန်ခေါ်မယ်” သွေးရောင်ရှေးဟောင်းသစ်ပင်တစ်ပင် သူ၏အကိုင်းအခက်များကို ဆန့်တန်းကာ ပြိုင်ကွင်းပေါ်သို့ ရောက်လာလေ၏။
ဤသည်မှာ သွေးရှေးဟောင်းသစ်ပင်ပင်။ သူ၏အကိုင်းအခက်များမှာ နဂါးများကဲ့သို့ပင် ဝေ့ဝဲနေကြပြီး သစ်ကိုင်းနှင့်သစ်ရွက်များမှာ နီရဲနေလေ၏။ သူထုတ်လွှတ်သည့်သင်္ကေတများမှာ ကောင်းကင်ကြီးတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားလေပြီ။
“ဝုတ် ဝုတ် ဝုတ်…” ခေါင်းသုံးလုံးအမဲလိုက်ခွေးသည် တရှိန်ထိုးပင် ဟောင်နေလေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ မြေအောက်လောကမီးတောက်များ တောက်လောင်လာလေ၏။ သူသည် တိုက်ပွဲကို ပြင်းထန်စွာပင် တိုက်ခိုက်နေလေ၏။ နောက်ဆုံးတွင် ဤရှေးဟောင်းသစ်ပင်မှာ တဟုန်းဟုန်းတောက်လောင်သွားလေသည်။
သူနောက်တစ်ခေါက် နိုင်သွားပြန်လေပြီ။
သူနောက်တစ်ခေါက် နိုင်သွားလေပြီ။
ထိုကဲ့သို့ပင် သူသည် ဆက်တိုက်ပင် ၂၉ပွဲ နိုင်သွားလေပြီ။ ဤသည်မှာ လူတစ်စုကို ထိတ်လန့်သွားစေသည်။ ဒီကောင်က ဒီလောက်တောင် အထင်ကြီးဖို့ကောင်းတာလား..
“ပွဲသုံးဆယ်နိုင်ပြီးရင် နိုင်ပွဲအားလုံးကို လေးစားရတဲ့သခင်လေးဟွမ်ကို ပေးပါတယ်” သူပြောလိုက်သည်။
“မင်းမှာ အဲဒီလိုအခွင့်အရေးမရှိတော့ဘူး” ဖီရှူး ပြိုင်ကွင်းထဲသို့ ခုန်ဝင်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် တောင်ကြီးတစ်လုံးကဲ့သို့ပင် ကြီးမားလှကာ သွေးစွမ်းအင်များလည်း ကောင်းကင်ထက်သို့ပင် တရှိန်ထိုးတက်သွားသည်။
ခေါင်းသုံးလုံးအမဲလိုက်ခွေး ဤပွဲကိုရှုံးသွားပြီး သေမလိုပင် ဖြစ်သွားခဲ့သည်။ သူသည် ပြိုင်ကွင်းမှ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး သူ၏နိုင်ပွဲများလည်း ဆုံးရှုံးသွားလေပြီ။
ထိုအချိန်တွင် တစ်နေရာမှ သတင်းများရောက်လာသည်။ အပြင်လူများသည် လေဟာနယ်အက်ကွဲကြောင်းကို ပြင်းထန်စွာပင် တိုက်ခိုက်နေကြသည်။
ရှီဟောင် သက်ပြင်းချလိုက်၏။ သူစင်မြင့်ပေါ်တက်ပြီးတော့ ရန်သူတွေကို မြန်မြန်ရှင်းရတော့မယ်…
“အား.. သခင်လေးဟွမ် ငါ့အတွက် ထွက်လာပြီ .. ကျွန်တော် ပြိုင်ဘက်ကင်းတဲ့ အဆင့်လွန်လူငယ်လေးကို အရိုအသေပေးပါတယ်” ခေါင်းသုံးလုံးအမဲလိုက်ခွေးသည် မသတီစရာကောင်းသည့်ချီးမြှောက်မှုများကို ဆက်လက်ပြုလုပ်နေဆဲပင်။
ရှီဟောင် ပြိုင်ကွင်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။
ဖီရှူး၏မျက်လုံးများသည် အရောင်တောက်ပနေလေ၏။ သူသည်နောက်ဆုတ်မသွားပဲ အရှေ့သို့ တရှိန်ထိုးပြေးထွက်လာသည်။ သူ၏ပါးစပ်ကိုဟလိုက်သည်နှင့် ထူးခြားလှသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ဤသည်မှာ လျှို့ဝှက်ရတနာတစ်ခုပင်။
ခွပ်..
အားလုံး၏အကြည့်အောက်မှာပင် ရှီဟောင်သည် လက်တစ်ဖက်တည်းဖြင့် ထိုရတနာကို ဆုတ်ကိုင်လိုက်ပြီး အနည်းငယ်လှုပ်ခါလိုက်သည်နှင့် ထိုရတနာပစ္စည်း ပျက်စီးသွားလေ၏။ ထို့နောက်တွင် သူလက်ညှိုးထိုးလိုက်သည်နှင့် ရွှေရောင်သင်္ကေတများမှ ဖြစ်ပေါ်လာသည့် မိုးမခသစ်ရွက်တစ်ရွက် ထွက်ပေါ်လာလေသည်။
ဖူး..
ထိုသစ်ရွက်သည် ဖီရှူး၏နှလုံးကို ဖောက်ထွက်သွားသောကြောင့် သူကျယ်လောင်စွာပင် အော်ဟစ်ကာ အသနားခံလိုက်သည်။
ရှီဟောင်သည် လက်ကိုဝေ့ရမ်းလိုက်ကာ သူ့ကို ပြိုင်ကွင်းထဲမှ လွင့်ထွက်သွားအောင် လုပ်လိုက်လေ၏။
ဤရိုက်ချက်တစ်ခုတည်းကပင်လျှင် အားလုံးကို ထိတ်လန့်သွားစေနိုင်လေသည်။ ဖီရှူးကဲ့သို့သော ရှေးဟောင်းသားရဲကို လက်တစ်ဖက်မြှောက်ကာဖိနှိပ်လိုက်ခြင်းပင်။
“ဟမ် .. တစ်ခုခုတော့မှားနေပြီ .. သူကဘာလို့ ပြိုင်ကွင်းမှာ ထိုင်နေတာလဲ..”
“သူ့မျက်နှာကို ကြည့်လိုက် စာရွက်လိုဖြူဖျော့နေတယ် .. အရောင်သိပ်မကောင်းဘူး”
ရှီဟောင်နည်းနည်းအခြေအနေဆိုးနေသည်ကို တွေ့လိုက်ရသောကြောင့် အားလုံးဆွံ့အသွားရသည်။ ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေကာ သူ၏နှုတ်ခမ်းထောင့်မှ သွေးများပင် စီးကျလာလေပြီ။
ဝုန်း…
“ဒါကအခွင့်အရေးပဲ”
ဤသည်မှာ လူများစွာကို စိတ်လှုပ်ရှားသွားစေသည်။
“သခင်လေးဟွမ် … ကျွန်တော့်ကို လမ်းပြပေးပါဦး..” ခရမ်းရောင်ငန်းတစ်ကောင်သည် အတောင်ပံများကို ဖြန့်ကျက်ကာ ပြိုင်ကွင်းပေါ်သို့ ရောက်လာလေ၏။ ထို့နောက်တွင် သူသည် လူသားပုံစံသို့ ပြန်ပြောင်းသွားကာ ရှီဟောင်ကို စိန်ခေါ်လိုက်လေသည်။
“ရတယ်လေ .. လာခဲ့” ရှီဟောင်ပြောလိုက်၏။ သူ၏နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်ကာ ထိုနတ်ငှက်ကို ကြည့်လိုက်သည်။
“ကောင်းတယ် .. ကျွန်တော် လှုပ်ရှားတော့မယ်” ခရမ်းရောင်ငန်း အော်ဟစ်လိုက်ကာ သူ၏ပါးစပ်မှ ခရမ်းရောင်နတ်ဓားတစ်ချောင်း ထွက်ပေါ်လာလေ၏။ ဤသည်မှာ ငှက်နှုတ်သီးမှ ပြုလုပ်ထားသည့် လက်နက်ပင်။ ထို့အပြင် သူ၏နတ်အတောင်ပံများလည်း ပေါ်လာကာ ရှီဟောင်ကို ရိုက်ခတ်လာလေသည်။
ရှီဟောင်သည် ထိုနေရာတွင်သာ မလှုပ်မယှက်နိုင်နေပြီး အိမ်တစ်လုံးလောက်ကြီးသည့် လက်တစ်ဖက်သာထွက်လာကာ ထိုအရာများကို ရိုက်ချလိုက်လေ၏။
ဖုန်းဟူသည့်အသံနှင့်အတူ ငှက်နှုတ်သီးနတ်ဓားဖြစ်စေ ခရမ်းရောင်ငန်းဖြစ်စေ သူတို့သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ချက်ချင်း သွေးများအန်ထွက်လာလေ၏။
“ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ သခင်လေးဟွမ်ကို တောင်းဆိုပါတယ် .. ကျွန်တော် အရှုံးကို ဝန်ခံပါတယ်” ခရမ်းရောင်ငန်းကျယ်လောင်စွာအော်ဟစ်လိုက်ကာ ချက်ချင်း နောက်ဆုတ်သွားလေသည်။
ရှီဟောင်သည် ထပ်မတိုက်တော့ပဲ သူ့အား သွားခွင့်ပေးလိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်လည်း ယိမ်းယိုင်လာသည့်အပြင် ရွှေရောင်မီးတောက်များလည်း သူ၏ခန္ဓာကိုယ်ကိုဝန်းရံလာပြီး ပြင်းထန်စွာပင် တောက်လောင်နေလေ၏။ ဤသည်မှာ သူ့သွေးစွမ်းအင်များပင်။
“ဟမ် .. ဘာဖြစ်နေတာလဲ .. သူက သူ့ရဲ့အသက်စွမ်းအင်ကို လောင်ကျွမ်းအောင် လုပ်နေတာလား … သူ့ရဲ့ဒဏ်ရာတွေက ဒီလောက်တောင် ဆိုးရွားနေလို့လား…”
“သူ့ခန္ဓာကိုယ်မှာ အရမ်းဆိုးရွားတဲ့ပြဿနာရှိနေလို့ သူက တတ်နိုင်သမျှ မြန်မြန်အနိုင်ယူပြီးတော့ သဘာဝကံကောင်းမှုကြီးကို လိုချင်နေတာ .. ငါတို့သာ အချိန်ဆွဲထားရင် သူအဲဒီပြိုင်ကွင်းပေါ်မှာပဲ လဲကျသွားလိမ့်မယ်”
လူများစွာသည် အတော်လေးပင် ပျော်ရွှင်သွားကြလေ၏။ ဤထက်ကောင်းသည်သတင်းမရှိတော့။
မည်သူမှ စင်မြင့်ပေါ်သို တက်မသွားပဲ သူတောင့်မခံနိုင်တော့သည့်အချိန်ကို စောင့်နေကြလေသည်။
သို့သော် အချိန်တစ်ခု ကြာပြီးသွားသည့်နောက်တွင် ပြိုင်ကွင်းပေါ်၌ သင်္ကေတများ ထွက်ပေါ်လာလေ၏။
“ဘာ .. သူ့ကို တစ်ပွဲအနိုင်ပေးလိုက်တာလား..” ဤသင်္ကေတများ၏အဓိပ္ပာယ်ကို အားလုံးနားလည်ကြသည်။
မည်သူမှ စင်ပေါ်သို့တက်မသွားသောကြောင့် အချိန်တစ်ခုကြာသွားသည်နှင့် သူ့အား အလိုအလျောက် နိုင်ပွဲတစ်ပွဲ ပေးလိုက်ခြင်းပင်။
ဤသည်မှာ သူတို့လိုချင်သည့်အရာမဟုတ်ပေ။ အထူးသဖြင့် ရှီဟောင်ကို မုန်းသည့်လူများပင်။ မည်သူမှ သူ့အား ဤကဲ့သို့ လွယ်လွယ်ကူကူအနိုင်မပေးချင်ပေ။
“ကိစ္စမရှိဘူး … လူနည်းနည်းလောက်ရှာပြီးတော့ သူ့ကိုတိုက်ခိုင်းလိုက် .. သူတို့တွေ မတောင့်ခံနိုင်တော့တဲ့အချိန်ကျရင် သူတို့ကို အရှုံးပေးခိုင်းလိုက် .. ဘာပဲဖြစ်ဖြစ် သူလည်း အရမ်းကြီးလုပ်နေတာမှမဟုတ်တာ” ကျွမ်းကျင်သူအချို့ ဆွေးနွေးလိုက်ကြသည်။
နောက်ထပ် ပွဲစဉ်ပေါင်းတစ်ဒါဇင်ခန့်တွင် မည်သူမှ ရှီဟောင်ကို ဘာမှမလုပ်နိုင်သော်လည်း သူ၏ခန္ဓာကိုယ်အခြေအနေမှာ ပို၍ပင် ဆိုးရွားလာသည်။ သူသည် အဆင့်တက်ရန် ကြိုးစားနေသောကြောင့် သူ့ခန္ဓာကိုယ်၏ အခြေခံစွမ်းအင်များကို သူလောင်ကျွမ်းအောင် လုပ်နေရခြင်းပင်။
သို့သော်လည်း ခဏကြာသည့်နောက်တွင် ရှီဟောင်မျက်မှောင်ကြုတ်လိုက်ကာ အေးစက်သည့်အငွေ့အသက်များ ထုတ်လွှတ်လိုက်သည်။ ၁၈ ပွဲမြောက်တွင် သူသည် လက်မြှောက်လိုက်ကာ ရွှေရောင်မိုးမခသစ်ရွက်တစ်ရွက်ကို ပစ်လွှတ်လိုက်လေ၏။ ထိုသစ်ရွက်သည် ပြိုင်ဘက်၏ မျက်ခုံးကြားကို ထိုးဖောက်သွားကာ ထိုလူ၏အလောင်းမြေပြင်ပေါ်သို့ပြုတ်ကျသွားလေ၏။
“အသတ်ခံလိုက်ရပြီ .. ကျွမ်းကျင်သူတစ်ယောက် သေသွားပြီ” အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ခါးသီးသည့်တိုက်ပွဲများ စတင်လာတော့မည်မှာ သေချာသည်။ စင်မြင့်ပေါ်သို့ မတက်မှီစဉ်းစားရတော့မည်။
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အနားတွင် လောင်ကျွမ်းနေသည့် သွေးစွမ်းအင်များမှာ ပို၍ပင် အရှိန်ပြင်းထန်လာလေသည်။ သူ၏ခန္ဓာကိုယ်သည်လည်း အရိုးပေါ်အရည်တင် ဖြစ်လာလေပြီ။
“သူတကယ် ဆက်မတောင့်ခံနိုင်လောက်တော့ဘူး”
ဤသည်မှာ အားလုံး ကောက်ချက်ချလိုက်ခြင်းပင်။
အသတ်ခံရမည်စိုးသောကြောင့် မည်သူမှ စင်မြင့်ထက်သို့ အလျင်စလို မတက်ရဲကြတော့ပေ။
“မကောင်းသေးဘူး .. သူ့ရဲ့သွေးစွမ်းအင်တွေ ကုန်သွားပြီး သူ့ဒဏ်ရာတွေ ပိုဆိုးလာအောင်လို့ တစ်ယောက်ယောက်တော့ တက်သွားရမယ် .. သူ အပွဲတစ်ရာလုံး နိုင်သွားအောင် လုပ်လို့မရဘူး .. အခု သူ့ကို သတ်ဖို့အခွင့်အရေးရှိတယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
သို့သော်လည်း မည်သူက စွန့်စားရဲမည်နည်း..
“မဲနှိုက်ကြစို့ .. မဲကျတဲ့လူ သွားရမယ်…”
ရှီဟောင်ကို မုန်းတီးသည့်သူများအားလုံး စုစည်းလိုက်ကြလေ၏။
အားလုံးမှာ သူတို့ကိုယ်သူတို့ ကာကွယ်မည့်နည်းလမ်းများရှိကြသည်သာ။ ထို့ကြောင့် အရေးကြီးသည့်အချိန်တွင် သူတို့လွတ်မြောက်အောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ကိုယ်သူတို့ ယုံကြည်နေကြလေသည်။
ထိုကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက်တက်သွားကြကာ ရှီဟောင်၏ခန္ဓာကိုယ်မှာ ပို၍ပင် ခြောက်ကပ်လာလေသည်။ သူ၏တိုက်ခိုက်မှုများပင် အားမပါတော့ပေ။ သူသည် ၅၄ ပွဲနိုင်သွားပြီဖြစ်ပြီး ထိုထဲတွင် တစ်ဝက်ခန့်ကိုသာ သူသတ်လိုက်ပြီး ကျန်သည့်သူများမှာ စင်မြင့်ပေါ်မှ ခုန်ချသွားခြင်းပင်။
“အားလုံးပဲ ငါတို့ အခွင့်အရေးလာပြီ…”
ဟွမ်၏ခန္ဓာကိုယ် ဒဏ်ရာရနေတုန်း သူတို့တိုက်ခိုက်ရမည်ပင်။ မဟုတ်ပါက သူတို့ထံတွင် မည်သည့်အခွင့်အရေးမှ ရှိတော့မည်မဟုတ်ပေ။
၇၀, ၈၀, …
ရှီဟောင်သည် ပြိုလဲလုနီးပါးဖြစ်နေသော်လည်း ၈၅ ပွဲထိဆက်တိုက်နိုင်နေတုန်းပင်။
“အားလုံးပဲ ငါတို့ ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်ခဲ့တယ် .. သူက ဟွမ်ရဲ့အရှိန်ကိုမကြောက်ဘူး .. အနည်းဆုံးတော့ သူခုန်ဆင်းနိုင်တယ် .. အားလုံးပဲ .. သူသုံးဖို့အတွက် မင်းတို့ရဲ့ စွမ်းအားအကြီးဆုံး လျှို့ဝှက်ရတနာကို သူ့ကိုပေးလိုက်ကြ”
ရှီဟောင်၏သွေးစွမ်းအင်များမှာ လောင်ကျွမ်းနေဆဲပင်။
၈၆ ပွဲမြောက်တွင် သူရင်းနှီးနေသည့်လူတစ်ယောက်ကို တွေ့လိုက်ရသည် .. လျှပ်စီးသားတော်…
မူလကောင်းကင်လျှို့ဝှက်နယ်မြေတွင် သူ ဤလူအား တစ်ကြိမ်သတ်ခဲ့သော်လည်း ထိုကမ္ဘာငယ်လေးထဲတွင် ထူးခြားသည့်ပါရမီရှင်များတွင် အသက်ကယ်သင်္ကေတများရှိနေသောကြောင့် သူပြန်ရှင်နိုင်ခဲ့သည်။
“ဟွမ် .. ငါတို့နောက်တစ်ခေါက် ထပ်တွေ့ကြပြီ .. ဒါပေမဲ့ မင်းရဲ့အခြေအနေက သိပ်မကောင်းသလိုပဲ” လျှပ်စီးသားတော်အေးစက်စွာ ပြောလိုက်သည်။
“အင်း … ငါတို့ထပ်တွေ့ပြန်ပြီ… မင်းဆီမှာ သားရဲသွားအသက်ကယ်သင်္ကေတရှိသေးလား” ရှီဟောင်မေးလိုက်၏။
“ဒီတစ်ခေါက်တော့ မင်းကိုယ်မင်း စိတ်ပူသင့်တယ်” လျှပ်စီးသားတော်ပြောလိုက်သည်။ သူသည် မည်သည့်လှည့်ကွက်ကိုမှမသုံးပေ။ သူအပေါ်တက်လာသည်နှင့် သူ၏သရဖူတောက်ပလာကာ ထူးဆန်းသည့်သင်္ကေတတစ်ခုဖြစ်လာပြီး ကောင်းကင်ကိုဖုံးလွှမ်းသွားသည့်လျှပ်စီးများ ထွက်ပေါ်လာပြီး ရှီဟောင်ထံသို့ ရောက်ရှိလာလေသည်။
“ငါ လျှပ်စီးအတိဒုက္ခကို ဖြတ်ပြီးသွားတာကို မင်းမသိဘူးလား .. ငါမကြောက်ဆုံးက လျှပ်စီးပဲ” ရှီဟောင်အေးစက်စွာ ပြောလိုက်သည်။
လျှပ်စီးသားတော်ဘာမှမပြောပေ။ သူ၏လက်ကိုမြှောက်လိုက်သည်နှင့် လျှို့ဝှက်ရတနာ ၁၀ခုကျော် ထွက်လာကာ ချက်ချင်းပင် ပေါက်ကွဲသွားလေ၏။ ထိုရတနာများ၏ စွမ်းအားများမှာ သူ့ကိုခြိမ်းခြောက်နိုင်လေသည်။
ရွှီး..
ရှီဟောင်သည် ထိုင်မနေနိုင်တော့ပဲ စွမ်းအားကြီးသည့်နည်းလမ်းများကို အသုံးပြုကာ သူ့ကိုယ်သူ ကာကွယ်လိုက်ရသည်။
ဤသည်မှာ ရှီဟောင်ပထမဆုံးအကြိမ် ရှောင်လိုက်ခြင်းဖြစ်သောကြောင့် အားလုံး အံ့အားသင့်သွားရလေသည်။
“ဟွမ် .. မင်းသွားသေလို့ရပြီ…” လျှပ်စီးသားတော်ဟစ်ကြွေးလိုက်ကာ အခြား လျှို့ဝှက်ရတနာ တစ်ဒါဇင်ကျော်ကို ထုတ်လာလေသည်။ ထိုရတနာများသည် ရှီဟောင်အနားတွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားလေသည်။
ဤကဲ့သို့ အကြိမ်ပေါင်းများစွာ ဖြစ်လာပြီးသည့်နောက်တွင် အားလုံး ဆွံ့အသွားရသည်။ လျှပ်စီးသားတော်သည် လျှို့ဝှက်ရတနာများစွာကို ဖျက်ဆီးလိုက်ပြီဖြစ်သော်လည်း ထိတ်လန့်စရာကောင်းသည်မှာ ရှီဟောင်သည် အကောင်းအတိုင်းရှိနေဆဲဖြစ်ပြီး ပေါက်ကွဲသွားသည့် အဖိုးတန်ပစ္စည်းတစ်ခုမှ သူ့အား မထိခိုက်နိုင်ပေ။
လျှပ်စီးသားတော်မှာ သူ၏စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သူသည် စွမ်းအားကြီးသည့် ထူးခြားပါရမီရှိသူဖြစ်သော်လည်း ယနေ့တွင် သူ့သတ္တိများပျောက်ဆုံးသွားလေပြီ။ မူလကောင်းကင်လျှို့ဝှက်နယ်မြေမှာထက်ပင် ပို၍ ရှုံးနိမ့်တော့မည်ဟု ခံစားနေရသည်။
သူသည် ဟွမ်၏ပြိုင်ဘက်မဟုတ်သည်ကို သိလိုက်ရသောကြောင့် ချက်ချင်းပြေးထွက်သွားလိုက်လေ၏။
“ငါတို့ဒီမှာပဲ စာရင်းရှင်းကြရင်ရော..” ရှီဟောင်ပြောလိုက်သည်။
သူ၏လက်မောင်း တောက်ပလာကာ ထို့နောက်တွင် နတ်ချိန်းကြိုးတစ်ခုကဲ့သို့ပင် ရွှေရောင်မိုးမခသစ်ကိုင်းတစ်ခု ထွက်လာလေ၏။ ထိုသစ်ကိုင်းသည် လျှပ်စီးထက်ပင် လျင်မြန်သည့်အရှိန်နှုန်းဖြင့်သွားနေသည့် လျှပ်စီးသားတော်ကို ဖမ်းလိုက်လေ၏။
“မဟုတ်ဘူး…”
လျှပ်စီးသားတော်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ ရုန်းကန်လိုက်သည်။
ဖူး..
ရွှေရောင်ချိန်းကြိုးများသည် သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ သူ၏မူလဝိဉာဉ်ကိုလည်း တိုက်စားသွားပြီး သူ့အသက်ကို နှုတ်ယူသွားလေသည်။
အားလုံး ထိတ်လန့်သွားရလေ၏။ လျှပ်စီးသားတော်က ဒီလောက်လွယ်လွယ်လေးနဲ့ သေသွားတာလား ..
၉၁, ၉၂, …
ရှီဟောင် ဆက်တိုက်ပင် အနိုင်ရရှိနေလေသည်။
အားလုံးဆွံ့အနေလေသည်။ သူရဲ့ခန္ဓာကိုယ်မှာ ပြဿနာတွေရှိနေတာတောင်မှ ဘယ်သူမှ သူ့ရဲ့အောင်မြင်မှုကို မတားဆီးနိုင်ဘူးလား..
အပိုင်း ၁၁၅၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၀ – မရပ်တန့်နိုင်ခြင်း
၉၅ ပွဲမြောက်တွင် ကျူးယန်တစ်ယောက်စင်ပေါ်သို့ တက်လာလေ၏။ သူသည် တစ်ကျန်းခန့်ရှည်ပြီးကြွက်သားများလည်း တောင့်တင်းလှသည်။
ဤသည်မှာ ကျောက်တုံးကျေးရွာမှ အမွေးလုံးလေးနှင့် သိပ်မတူပေ။ ဤလူ၏ခန္ဓာကိုယ်သည် ကြီးမားလှပြီး အဖြူရောင်ခေါင်းနှင့်အနီရောင်ခြေထောက်များရှိလေသည်။ သူ၏အနီရင့်ရောင်အမွေးများလည်း တစ်ပေခန့်ရှည်လျားနေပြီး အလွန်ပင် ရက်စက်သည့်ပုံပေါ်လေသည်။
သူ၏လက်များမှာ မြေကြီးကိုပင် ထိတော့မည်။
ဝူး..
သူဟစ်ကြွေးသံမှာ စွမ်းအားပြည့်ဝပြီး ကြောက်စရာကောင်းလှသည်။ သူခုန်လိုက်သည်နှင့် လေဟာနယ်ကြီး အက်ကွဲသွားလေ၏။ ဤသည်မှာ စွမ်းအားကြီးသည့် နတ်ဘုရားအစစ်ပင်။
“ကျူးယန်ဘုရင် .. သူကထူးခြားပါရမီရှင်တွေကြားမှာ နာမည်ကြီးတဲ့သူပဲ .. သူဘယ်တော့မှ မရှုံးဖူးသေးဘူး” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
အားလုံးသည် အသက်ရှူအောင့်ထားကြကာ ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြလေ၏။ ရှီဟောင့်ထံတွင် ပြဿနာရှိနေသည်ကို သူတို့အားလုံး သိကြသည်။
ယနေ့တွင် ကျွမ်းကျင်သူများစွာနှင့် တိုက်ခိုက်ပြီးသွားပြီဖြစ်သောကြောင့် သူ၏ဒဏ်ရာများမှာ ပိုဆိုးလာလေပြီ။
ဝုန်း..
ကျုးယန်သည် လေထဲသို့ ခုန်တက်လိုက်ကာ အားအပြည့်ဖြင့် ရှီဟောင်ထံသို့ ခုန်ဆင်းလိုက်သည်။ သူ၏အားမှာ တောင်တစ်တောင်ကိုပင် ပြိုကျသွားအောင် လုပ်နိုင်လေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပနေပြီး သူ၏ဆံပင်များလည်း ထောင်ထနေလေပြီ။
လေဟာနယ်တွင် မိုးခြိမ်းသံများပင် ထွက်ပေါ်လာလေသည်။
ရှီဟောင်သည် မြေပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူ့အနားတွင် သွေးစွမ်းအင်များ လောင်ကျွမ်းနေဆဲပင်။ သူသည်ပြန်လည်မွေးဖွားနေသည့် ထာဝရအစစ်အမှန်နှင့်ပင် တူနေလေသည်။
ဒုန်း…
ရှီဟောင်သည် လက်မြှောက်လိုက်ကာ ကျူးယန်၏ခြေထောက်ကို သူ၏လက်သီးဖြင့် ခုခံလိုက်သည်။ သူတို့နှစ်ဦး တိုက်ခိုက်လိုက်သည်နှင့် တောက်ပသည့်သင်္ကေတများ ထွက်ပေါ်လာပြီး လောကကြီးကို လှုပ်ခတ်သွားစေနိုင်သည့် အသံများလည်း ထွက်ပေါ်လာလေသည်။
ရှီဟောင်၏ခန္ဓာကိုယ်တုန်ခါသွားရသည်။ သို့သော်လည်း ကျူးယန်သည် သူ့ထက်ပင် ပို၍ မသက်မသာခံစားလိုက်ရသည်။ သူ၏ခြေဖဝါးပုံပျက်သွားပြီး အက်ကွဲကြောင်းများ ထွက်လာကာ ထိုအက်ကွဲကြောင်းမှ သွေးများစီးကျလာလေ၏။ သူသည် သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ပင် ရုတ်တရက်ထခုန်လိုက်ပြီး တစ်ကိုယ်လုံးလည်း တုန်ရီနေလေသည်။
ကျူးယန်များသည် သူတို့၏ခွန်အားကြောင့်နာမည်ကြီးလေသည်။ သူတို့သည် အရက်စက်ဆုံး ရှေးဟောင်းသားရဲ ၁၀မျိုးထဲမှ တစ်မျိုး၏ မျိုးဆက်ပင်ဖြစ်ပြီး သူတို့ကို အနိုင်ယူနိုင်ရန် ခက်ခဲလေသည်။ သို့သော်လည်း ယခုကဲ့သို့ အားပြိုင်သည့်ပွဲမှာပင် သူရှီဟောင်ကို ဒဏ်ရာရအောင် မလုပ်နိုင်။
ကျူးယန်အော်ဟစ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ဖောင်းပွလာလေ၏။ ဤသည်မှာ ကျန်းတစ်ထောင်ရှိသည့် သူ၏မှော်ပုံရိပ်ယောင်ပင်။ သူသည်လည်း ခေါင်းသုံးလုံးလက်ခြောက်ဖက်နတ်စွမ်းရည်ကိုပြသလိုက်သည်။ သူ၏လက်ခြောက်ဖက်မှ တံဆိပ်များ ဖြစ်ပေါ်လာကာ ရှီဟောင်ကို ဖိနှိပ်လာလေ၏။
ကျူးယန်၏တိုက်ခိုက်နိုင်စွမ်းမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ နတ်ဆိုးလူဝံမှော်တံဆိပ်၏စွမ်းအားမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ သာမန်ကျင့်ကြံသူဆိုပါက သူတို့သည် ထိုနေရာတွင်ပင် အသားပုံဖြစ်သွားလောက်လေပြီ။ ထူးခြားပါရမီရှင်များပင် ဤသည်ကို ခုခံနိုင်ရန် ခက်ခဲလိမ့်မည်။
သို့သော် ရှီဟောင်သည် လက်မြှောက်လိုက်ကာ မိုးမခပိတ်စကို ထုတ်လွှတ်လိုက်လေ၏။ ထိုပိတ်စသည် အဖြူရောင်မဟုတ်ပဲ ရွှေရောင်ပင်။ ထိုပိတ်စ ကျူးယန် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် သူသနားစဖွယ်အော်ဟစ်လိုက်လေသည်။
မိုးမခပိတ်စသည် အမြစ်များထွက်လာကာ သစ်ကိုင်းများထွက်လာပြီး သူ့အားချည်နှောင်သွားလေသည်။
“ပြောင်းလဲမယ်”
ကျူးယန်အော်ဟစ်လိုက်သည်။ ကျန်းတစ်ထောင်ရှည်သည့်သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာပင် ကျုံ့သွားကာ ခြင်တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားပြီး အတောင်ပံများကို ခတ်ကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေလေ၏။
ရှီဟောင်သည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ကာ လက်တစ်ဖက်ဆန့်ထုတ်ပြီး ခြင်အား ရိုက်လိုက်လေသည်။
ဖုန်း..
ခြင်အဖြစ်ပြောင်းလဲထားသည့် ကျူးယန်ကို တည့်တည့်ပင်ရိုက်မိသွားပြီး သူ၏မူလပုံစံ ပြန်ပေါ်လာလေသည်။ သူ၏အရိုးများ ကျိုးသွားလေပြီ။
ရှီဟောင်လက်ညှိုးထိုးလိုက်သည်နှင့် ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ကျူးယန်ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသောကြောင့် ကျူးယန်ထံမှ အော်သံကြီး ထွက်ပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေပြီဖြစ်ပြီး သူသည် တစ်ဖြည်းဖြည်းဖြင့်ပင် အနောက်ဆုတ်သွားလေသည်။
ကျူးယန်၏မျက်နှာမှာ အကြောက်တရားဖြင့် ပြည့်နေလေပြီ။ ဟွမ်မည်မျှပင် ကြောက်ဖို့ကောင်းသည်ကို သူနားလည်သွားလေပြီ။ သူ၏အသွေးအသားများခန်းခြောက်နေပြီး သွေးစွမ်းအင်များ ပျံ့ကြဲနေသော်လည်း သူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်သေးပေ။
“ငါနဲ့ အမွေးဘောလုံးရဲ့ ဆက်ဆံရေးကြောင့် မင်းအသက်ကို လွတ်ပေးလိုက်မယ်” ရှီဟောင်ပြောလိုက်သည်။ အဆင့်နိမ့်နယ်မြေတွင်ရှိနေသည့် အမွေးဘောလုံးကို စဉ်းစားမိသွားသောကြောင့် သူ့ကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။
ကျူးယန် စင်မြင့်ပေါ်မှ ခုန်ချသွားလေ၏။
ထိုအချိန်တွင် အားလုံးအလေးအနက်ဖြစ်လာကြလေ၏။ ဟွမ်၏နိုင်ပွဲမှာ တစ်ရာပြည့်တော့မည်။
“သူ့ရဲ့ဒဏ်ရာတွေ ပြင်းထန်နေတာတောင်မှ ဘယ်သူမှ သူ့ကိုနိုင်အောင်မတိုက်နိုင်ဘူး .. သူသာ ပြန်ကောင်းသွားရင် ဘယ်သူက သူနဲ့တိုက်နိုင်ဦးမှာလဲ .. ငါတို့ဘာအခွင့်အရေးမှ ရှိတော့မှာမဟုတ်ဘူး..”
“အဲဒီလောက်လည်း မဟုတ်ပါဘူး .. ပြိုင်ဘက်ကင်းတဲ့ရှေးဟောင်းဘုရင်သာ တိုက်လိုက်ရင် ဟွမ်အဲဒီပြိုင်ကွင်းကနေ ဒီလိုအခြေအနေနဲ့ ထွက်လာနိုင်မှာ မဟုတ်ဘူး”
“နည်းနည်းလောက် လမ်းညွှန်ပေးပါ”
ထို့နောက်တွင် ဝုန်းဟူသည့်အသံကျယ်ကြီး ထွက်ပေါ်လာကာ သေစေလောက်သည့်အော်ရာများလည်း လေထဲတွင် ပျံ့နှံ့လာလေ၏။ ဦးခေါင်းထက်တွင် နတ်မီးတောက်များ တောက်လောင်နေသည့် ကြီးမားလှသည့်အရိုးဖြူတစ်ခု ပြိုင်ကွင်းပေါ်တွင် ပေါ်လာလေသည်။ ဤသည်မှာ မြေအောက်ကလန်မှ ကျွမ်းကျင်သူမဟုတ်ပဲ နတ်ဘုရားဖြစ်လာသည့် အရိုးတစ်ခုပင်။
ရှီဟောင်သည် လျှပ်စီးဧကရာဇ်၏အဖိုးတန်ပညာကို ချက်ချင်းအသုံးပြုလိုက်သည်။ ကောင်းကင်ထက်တွင် ယင်စွမ်းအင်များပြည့်နှက်နေသည့် လျှပ်စီးများဖုံးလွှမ်းသွားလေ၏။
အရိုးစုနတ်ဘုရားအစစ်သည် တတ်နိုင်သမျှခုခံနေသော်လည်း သူသည် ရှီဟောင်၏ပြိုင်ဘက်မဟုတ်ပေ။ သူ၏မျက်ခုံးကြားကို လျှပ်စီးအလင်းတန်းတစ်ခု ဖြတ်ဝင်သွားကာ သူ၏ဝိဉာဉ်အလင်းလည်း ပျံ့ကြဲသွားကာ ထိုနေရာတွင်ပင် သေဆုံးသွားလေ၏။
“ဟွမ်အရင်စတိုက်တာဆိုတော့ .. သူဆက်မတောင့်ခံနိုင်လောက်တော့ဘူး … သူလောနေပြီ” လူများစွာမှာ ဤသည်ကို စဉ်းစားမိကြသည်သာ။
ဤသည်မှာ ကျွမ်းကျင်သူအချို့ကို စိတ်လှုပ်ရှားသွားစေသော်လည်း စိုးလည်းစိုးရိမ်သွားစေသည်။ ရှီဟောင် အပွဲ ၁၀၀ ပြည့်ရန် ၄ ပွဲသာ လိုတော့သည်။
“ဂုကျန်းယွမ်ရောက်လာပြီ…” ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လူများစွာ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။ ရှေးဟောင်းလူထူးဆန်းတစ်ယောက် ပေါ်လာလေပြီ။
ဤလူသည် ထာဝရစွမ်းအင်ကို ကျင့်ကြံထားရုံသာမက အတိဒုက္ခကိုလည်း ဖြတ်သန်းပြီးသွားလေပြီ။ သူသည် စွမ်းအားကြီးသည့်သူတစ်ယောက်ဖြစ်ပြီး မည်သူနှင့်မဆို တိုက်ခိုက်နိုင်သည်သာ။
ဟွမ်သည် ဒဏ်ရာရထားရုံသာမက သူ၏အခြေအနေလည်း ဆိုးရွားနေလေပြီ။
ဂုကျန်းယွမ် တိုက်ခိုက်တော့မှာလား..
အားလုံးသည် အသက်အောင့်ထားကြကာ ရောက်လာတော့မည့်အဖြစ်အပျက်များကို တည်ငြိမ်စွာ စောင့်ဆိုင်းနေကြလေသည်။
“ဟား ဟား .. တာအိုညီအစ်ကို .. ငါမင်းအတွက် စမ်းသပ်ပေးမယ်လေ” သိပ်မဝေးသည့်နေရာမှ လူတစ်ယောက်လျှောက်လာကာ ဓားတောင်ကြားမှ မျိုးဆက်ကို ပြောလိုက်လေ၏။
“မလိုဘူး..” ဂုကျန်းယွမ် ခေါင်းခါလိုက်သည်။ သူ၏ကျောထက်တွင် နတ်ဓားတစ်လက်ရှိနေလေ၏။
“ငါဒါကို တကယ် စမ်းကြည့်ချင်နေတာ .. တကယ်လို့ငါရှုံးရင်တောင်မှ ငါပြိုင်ကွင်းပေါ်ကနေ ထွက်ပြေးလို့ရတယ်” ဤလူသည် အလွန်ပင် ယုံကြည်ချက်ရှိနေလေ၏။
သူ၏မူလခန္ဓာကိုယ်ကို ထုတ်ဖော်ပြလိုက်သည့်အချိန်တွင် အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။
ဤသည်မှာ မြွေနဂါးပျံပင်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ငွေရောင်တောက်ပနေပြီး ခန္ဓာကိုယ်မှာလည်း တောင်ကြောတစ်ခုစာမျှရှိသည်။ သူစင်မြင့်ပေါ်သို့ တက်သွားလိုက်ပြီး မြွေတောင်တစ်ခုဖြစ်အောင် ရစ်ခွေနေလေ၏။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တောက်ပလာလေ၏။ မြွေလူမျိုးစု၏ ပညာများကို ထုတ်သုံးလိုက်သောကြောင့် သူ့တစ်ကိုယ်လုံးကို သင်္ကေတများဖုံးလွှမ်းလေသည်။ နဂါးအော်သံများ ထွက်ပေါ်လာပြီး သင်္ကေတများ အရှေ့ဘက်သို့ ရွေ့လျားလာကြလေသည်။
အဆုံးမရှိသည့် သင်္ကေတများသည် ဤမြွေတောင်ကို ဝန်းရံသွားကာ ရှီဟောင်အား ဖိနှိပ်လာလေသည်။
“အမ်…”
ရှီဟောင် ထိတ်လန့်သွားရ၏။ မြွေနဂါးပျံမှာ သာမန်ထူးခြားပါရမီရှိသူများထက်ပို၍ စွမ်းအားကြီးပြီး သင်္ကေတများလည်း မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာလေသည်။ ဤသည်မှာ သူ့အားအနည်းငယ် ခြိမ်းခြောက်နိုင်လေသည်။
သို့သော်လည်း ဤသည်မှာ မလုံလောက်သေးပေ။ သူ၏သွေးစွမ်းအင်များကုန်ခမ်းနေပြီး ခန္ဓာကိုယ်လည်း အလွန်အားနည်းနေသော်လည်း သူသည် ရိုက်ချက်ပြင်းများကို ပြုလုပ်နေနိုင်ဆဲပင်။
ဝုန်း…
ရှီဟောင်သည် ကောင်းကင်လက်ကို အသုံးပြုကာ ထိုမြွေတောင်ကို ရိုက်ချလိုက်သည်နှင့် မြွေနဂါးပျံသည် သွေးအန်သွားသည်အထိ ပေါက်ကွဲထွက်သွားကာ သူ၏ခန္ဓာကိုယ်လည်း မြေပြင်ပေါ်တွင် လူးလိမ့်နေလေသည်။
သူသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး သူ၏လျှာသည် ကြာပွတ်အဖြစ်သို့ ပြောင်းလဲသွားကာ ရှီဟောင်ကို ခုခံနိုင်ရန်အတွက် သင်္ကေတများစွာ ထွက်ပေါ်လာလေသည်။
ဖူး..
ယခုတစ်ခေါက်တွင် ရှီဟောင်၏လက်နှစ်ဘက်လုံးသည် တောင်ကြောကြီးများကဲ့သို့ ကြီးမားလာပြီး ထိုမြွေကြီး၏ခန္ဓာကိုယ်ကို ဆုတ်ကိုင်လိုက်လေ၏။ ထို့နောက်တွင် ထိုခန္ဓာကိုယ်နှစ်ပိုင်းပြဲသွားအောင် အားထည့်၍ဆွဲလိုက်လေသည်။
“အား…” မြွေနဂါးပျံသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ လေဟာနယ်ကို ဖောက်ထွက်ပြီး ပြိုင်ကွင်းပေါ်မှ ခုန်ချလိုက်လေ၏။ ထင်ထားသည့်အတိုင်းပင် သူ့ထံ၌ လွတ်မြောက်နိုင်မည့်နည်းလမ်းတစ်ခု ရှိနေသည်သာ။
အားလုံး အံ့အားတကြီး သက်ပြင်းချလိုက်သည်။ ဟွမ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း ဤမျှစွမ်းအားကြီးသည့် ထူးခြားပါရမီရှိသူကို အနိုင်ယူလိုက်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဤမြွေနဂါးပျံမှာ သာမန်မဟုတ်သည်ကိုလည်း အသိအမှတ်ပြုလိုက်ကြရသည်။ ဟွမ်၏လက်မှလွတ်အောင်ပြေးနိုင်ပြီး အသက်ရှင်နိုင်သေးသည်။ သို့သော်လည်း ဤလူများသည် ချက်ချင်းပင် ဆွံ့အသွားကြရလေ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏တိုက်ခိုက်မှုများမှာ ရပ်တန့်မသွားသောကြောင့်ပင်။
ချွမ်းဟူသည့်အသံနှင့်အတူ သူသည် ရိုးရှင်းသည့်ဓားတစ်လက်ကိုဆွဲထုတ်လိုက်လေ၏။ ထိုဓားကို ဆွဲထုတ်လိုက်သည်နှင့် တောက်ပသည့်အလင်းများ ထွက်ပေါ်လာကာ ပြိုင်ကွင်းတစ်ခုလုံး လင်းထိန်သွားလေသည်။ ထာဝရဓားသည် ရွှီးဟူသည့်အသံနှင့်အတူ လေဟာနယ်ကို ဖောက်ထွက်သွားလေသည်။
အား..
မြွေနဂါးပျံသည် သနားစဖွယ်အော်ဟစ်လိုက်ပြီး လေဟာနယ်ထဲမှ ကျလာလေ၏။ သူ၏မျက်ခုံးကြားတွင် သွေးပေါက်တစ်ပေါက်ရှိနေပြီး ထိုနေရာတွင်ပင် သေဆုံးသွားလေ၏။
“ရက်စက်လိုက်တာ”
အားလုံး အေးခဲသွားရသည်။ အစောပိုင်းတွင် အသက်ရှင်ကျန်နေခဲ့သည့်သူများမှာ ဟွမ် မသတ်ချင်သောကြောင့်ပင်။ သို့သော် ယခုတော့ သူ၏သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေပြီ။ စွမ်းအားကြီးသည့် မြွေနဂါးပျံပင် မလွတ်နိုင်တော့ပေ။
အားလုံး ဂုကျန်းယွမ်ကို ကြည့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် မြွေနဂါးပျံ စင်ပေါ်မတက်ခင်တွင် ဂုကျန်းယွမ်အတွက် ရှီဟောင်အား စမ်းသပ်ပေးမည်ဟု ပြောသွားသောကြောင့်ပင်။
အခု မြွေနဂါးပျံသေသွားပြီဆိုတော့ သူဘယ်လို တုံ့ပြန်လာမလဲ…
အပြစ်သားသွေးမျိုးဆက်နှင့် ဓားတောင်ကြား၊ မီးတိမ်လှိုဏ်ဂူနှင့် အခြားဂိုဏ်းတို့ကြားတွင် ချေဖျက်၍မရနိုင်သည့် ရန်ငြိုးများရှိနေသည်ကို အားလုံးသိထားကြသည်။ ဟွမ် ဤသို့ပြုလုပ်လိုက်ခြင်းမှာ ဂုကျန်းယွမ်ကို သတိပေးလိုက်ခြင်းလား..
ဂုကျန်းယွမ်၏ အမူအရာသည် တည်ငြိမ်နေသော်လည်း သူ၏မျက်လုံးများမှာမူ လေးနက်နေလေ၏။ သူသည် ရှီဟောင်လက်ထဲတွင်ရှိနေသည့် ထာဝရဓားကိုသာ စိုက်ကြည့်နေလေသည်။
သူသည်ဓားကို အသုံးပြုသည့်သူဖြစ်သောကြောင့် ဤထူးခြားသည့်ဓားကို သူသိသည်သာ။
“အရမ်းကောင်းတဲ့ဓားပဲ .. ငါကြိုက်တယ်” သူတီးတိုးပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။ ဤသည်မှာ စစ်ကြေငြာခြင်းလား .. သူဟွမ်ကို တိုက်ခိုက်တော့မှာလား…
“ကြိုက်ရင်လည်း လာယူလေ” ဟွမ်လည်း ထူးမခြားနားစွာပင် ပြောလိုက်သည်။ သူ၏အင်္ကျီလက်ဖြင့် နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အနားတွင် မြင့်မြတ်သည့်အလင်းများ ပို၍ပင်လောင်ကျွမ်းလာပြီး သူ၏ခန္ဓာကိုယ်မှာ ပို၍ပို၍ပင် ခြောက်ကပ်လာပြီး သူသည် အရိုးနှင့်အရေသာ ရှိတော့သည်။
“ငါယူမှာပါ” ဂုကျန်းယွမ် ပြေလိုက်၏။ ထို့နောက် တစ်ခဏခန့် တုံ့ဆိုင်းပြီးသည့်နောက်တွင် “ဒါပေမဲ့ လူသေနဲ့ ငါမတိုက်ဘူး”
သူသည် မတိုက်ပဲ ရှီဟောင်ကိုသာ သေလူဟုပြောလိုက်သည်။
“ငါတိုက်မယ်”
၉၈ ပွဲမြောက် တိုက်ပွဲစလေပြီ။ အနက်ရောင်လိပ်တစ်ကောင် ပြိုင်ကွင်းထဲသို့ ဝင်သွားကာ ရှီဟောင်အား စိန်ခေါ်လိုက်သည်။
ရွှီး..
ယခုအချိန်တွင် ရှီဟောင်သည် သူ၏ခန္ဓာကိုယ်မှာ ပို၍ပင် ဆိုးရွားလာနေပြီဆိုသည်ကို သိသောကြောင့် အချိန်ဆွဲမနေတော့ပေ။ ရွှီးဟူသည့်အသံနှင့်အတူ ထိုဓားတောက်ပလာကာ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။
ထူးဆန်းသည့်လိပ်နက်ကြီးသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ကာ သူ၏လိပ်ခွံသည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားကာ မြေပြင်ပေါ်သို့ ကျသွားလေ၏။
“အဲဒါက လိပ်နက်လူမျိုးစုရဲ့ ထူးခြားပါရမီရှင်လား.. သူ့ရဲ့ခုခံနိုင်စွမ်းက ဒီမျိုးဆက်မှာ စွမ်းအားအကြီးဆုံးလို့ ပြောကြတယ် .. အဲဒါတောင်မှ အခု ဓားနဲ့အခုတ်ခံလိုက်ရတာလား…”
အားလုံးမျက်လုံးများပြူးကျယ်သွားရ၏။
ဒီဓားချက်ကို စွမ်းအားအကြီးဆုံးသူတောင် မခုခံနိုင်ဘူးလား .. လိပ်နက်ကြီးသည်သူ၏အခွံဘေးတွင် ပြုတ်ကျသွားလေ၏။ သူသည်ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ကာ “ငါအရှုံးပေးပြီ” ဟုအော်ဟစ်ရင်း ထွက်ပြေးသွားလေ၏။
ဤကဲ့သို့ အသက်လုပြေးနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင့်စိတ်ထဲမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ငြိမ်းသတ်သွားကာ သူထွက်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
၉၉ ပွဲမြောက်တွင် ထူးခြားပါရမီရှင်တစ်ယောက် စင်မြင့်ပေါ်သို့ တက်လာသည်။
“ခင်ဗျားက ရှေးဟောင်းဘုရင်တစ်ယောက်ဖြစ်နေတာတောင်မှ ကျုပ်ရဲ့ခွန်အားတွေကို လာဖြုန်းတီးချင်နေတာလား .. ခင်ဗျားက ဒီလိုမျိုးပဲ အရှုံးပေးတော့မှာလား” ရှီဟောင်ပြောလိုက်၏။
“ငါ့ကိုယ်ငါ သိတယ် .. ငါက ထာဝရစွမ်းအင်ကို မကျင့်ကြံသလို ကောင်းကင်အတိဒုက္ခကိုလည်း မဖြတ်နိုင်ဘူး .. အဲဒီလိုဆိုမှတော့ ဒီလိုမျိုးသဘာဝကံကောင်းမှုတွေ လုယူရတဲ့တိုက်ပွဲတွေကို အရှုံးပေးလိုက်တော့မယ် .. ” သူပြောလိုက်၏။
ဤသည်မှာ ကျားနှင့်နဂါးများကြားမှ တိုက်ပွဲပင်။ ဤလူသည် နတ်ဘုရားအစစ်နယ်ပယ်သို့ ရောက်နေသည်မှာ ကြာလှပြီဖြစ်ပြီး ယခုအချိန်တွင် အမြင့်ဆုံးအဆင့်သို့ပင် ရောက်နေလေပြီ။
ရှီဟောင်သည် ဒဏ်ရာရနေပြီး သွေးစွမ်းအင်များလည်း ကုန်ခမ်းနေသောကြောင့် ဤကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ရခြင်းမှာ သူ့အား အတော်လေး ပင်ပန်းစေသည်။
သို့သော်လည်း သူအသက်ပြင်းပြင်းရှူလိုက်သည်နှင့် ပူလောင်လှသည့် သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး အရာအားလုံး ပြောင်းပြန်ဖြစ်သွားလေသည်။
ဖူး..
သူသည် ထာဝရဓားကိုပင် မသုံးပဲ မှော်တံဆိပ်များကိုသာ အသုံးပြုခြင်းပင်။ သူသည် ပြန်လည်မွေးဖွားခြင်းနတ်စွမ်းရည်ကို သုံးလိုက်ပြီး အချိန်အပိုင်းအစများကို ပျံ့ကြဲသွားအောင် လုပ်လိုက်ခြင်းပင်။ ဤသည်မှာ ဤလူကို လျင်မြန်စွာပင် အသက်ကြီးသွားစေသည်။
ထို့နောက်တွင် ရှီဟောင်၏ညာဘက်လက်သည် ဤလူ၏ လည်ပင်းကို ဖြတ်သွားကာ သူ၏ခေါင်းလွင့်ထွက်သွားအောင် လုပ်လိုက်လေသည်။
ထို့အပြင် ရှီဟောင်သည် လက်ညှိုးတစ်ချောင်းဖြင့် ထိုလူ၏မျက်ခုံးကြားကို ထိုးဖောက်လိုက်ပြီး အနီရင့်ရောင်သွေးများ စီးကျလာအောင် လုပ်လိုက်၏။ ရှေးဟောင်းလူထူးဆန်းတစ်ယောက် အသတ်ခံလိုက်ရလေပြီ။
“မင်းအခု လာချင်နေပြီလား” ရှီဟောင် ဂုကျန်းယွမ်ကို ကြည့်လိုက်၏။ နောက်ဆုံးတစ်ပွဲသာ ကျန်တော့သည်။
အပိုင်း ၁၁၆၀ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၁ – ရန်သူများကို ရှင်းလင်းခြင်း
“လူသေတစ်ယောက်နဲ့ ငါမတိုက်ဘူး..” ဂုကျန်းယွမ်၏အဖြေမှာ အလွန်ရိုးရှင်းလှသည်။
ဤမျိုးဆက်တွင် ရှီဟောင်ကို လူသေဟုပြောရဲသည့်သူမှာ သူတစ်ယောက်တည်းသာ ရှိလိမ့်မည်။
“တာအိုသူငယ်ချင်းရဲ့စကားက နည်းနည်းလွန်သွားပြီထင်တယ်” ဘေးဘက်မှ လူတစ်ယောက်မှ ဂရုတစိုက်မေးလိုက်၏။ သူအကျယ်ကြီးလည်းမမေးရဲပေ။ သူ၏အရှေ့တွင်ရှိနေသည့် ဂုကျန်းယွမ်သည် အလွန်စွမ်းအားကြီးသည့်သူပင်။ ရှီဟောင်ပြီးလျှင် အတိဒုက္ခကို အောင်မြင်စွာ ဖြတ်သန်းနိုင်သည့်သူမှာ သူတစ်ယောက်တည်းသာ။
“သူက သူ့ရဲ့တာအိုစွမ်းအင်ကို ထိခိုက်စေတဲ့ ပညာကိုကျင့်ကြံနေတာ .. သူ့ရဲ့အခြေအနေက မျှော်လင့်ချက်မရှိတော့ဘူး .. သူအကြာကြီးနေနိုင်မှာမဟုတ်တော့ဘူး” ဂုကျန်းယန် ပြောလိုက်၏။ ဤသည်မှာ ထိုလူအား ရှင်းပြသည်ဟု ပြော၍ရသည်။
“ဘာ..” ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားလေသည်။
ဤသည်မှာ အားလုံးထင်မထားသည့်အရာတစ်ခုပင်။
ထိုအချိန်တွင် အားလုံးသည် ပြိုင်ကွင်းပေါ်မှ ရှီဟောင်အား ကြည့်လိုက်ကြသည်။ ကောင်းကင်မျက်လုံးကို ကျင့်ကြံသည့် ရှေးဟောင်းဘုရင်များရှိနေသောကြောင့် သူတို့၏နတ်အလင်းများတောက်ပလာကာ ရှီဟောင်၏ခန္ဓာကိုယ်ကို စူးစမ်းလေ့လာကြလေသည်။
“ဟုတ်တယ် .. ဂုကျန်းယွမ် တာအိုညီအစ်ကိုပြောတာမှန်တယ် .. ဟွမ်ကအန္တရာယ်ရှိနေပြီး သူ့ရဲ့သွေးစွမ်းအင်က ခြောက်ခမ်းနေပြီးတော့ သူ့ရဲ့အခြေခံအုတ်မြစ်လည်းလောင်ကျွမ်းနေပြီ တားလို့မရတော့ဘူး .. သူက တစ်ဖြည်းဖြည်းနဲ့ အားနည်းလာပြီ”
ယခုအချိန်တွင် ရှေးဟောင်းလူထူးဆန်းများ သိပ်မရှိတော့ပေ။ သူတို့အားလုံးမှာ တစ်ခေတ်တစ်ခါတွင် ပြိုင်ဘက်ကင်းခဲ့သူများသာ။ ယခုသူတို့ထဲမှ တစ်ယောက် ဂုကျန်းယွမ်၏စကားများကို ထောက်ခံနေလေပြီ။
ထိုအချိန်တွင် ရှီဟောင်ကိုကြည့်နေသည့်အကြည့်များ ပြောင်းလဲသွားလေသည်။ အများစုမှာ သနားသွားသော်လည်း အနည်းငယ်မှာ ပျော်ရွှင်နေလေသည်။
အဲဒါက ဘာနည်းလမ်းမို့လို့ လူတစ်ယောက်ရဲ့အခြေခံတာအိုအုတ်မြစ်ကိုတောင် ထိခိုက်နိုင်တာလဲ…
“ကံဆိုးလိုက်တာ .. ဟွမ်က အရမ်းကို ထူးချွန်နေလို့ သူသေရတာ .. အရင်တုန်းကအတိုင်းပဲ .. အရမ်းစွမ်းအားကြီးတဲ့သူတွေကို ကောင်းကင်က သည်းမခံနိုင်ဘူး .. နောက်ဆုံးတော့ သူ့ကို ဖြတ်ချလိုက်ပြီ…”
အားလုံး ဤသည်ကို သဘောတူလိုက်သည်။ ကောင်းကင်မှ ကောင်းချီးပေးခံရသည့်သူများမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားကြသည်သာ။
“ဟား ဟား ဟား…” ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက်သည် ချုပ်ထိန်းမထားတော့ပဲ ကျယ်လောင်စွာပင် ရယ်မောလိုက်လေ၏။ ဤသည်မှာ ရှီဟောင်၏ရန်သူတစ်ယောက်ဖြစ်မှန်း ခန့်မှန်းစရာပင်မလို။ ဤသတင်းကို ကြားပြီးသည့်နောက်တွင် သူတို့အလွန်ပျော်ရွှင်သွားကြသည်။
ယခင်က ရန်သူအားလုံးသည် ရှီဟောင်ကို ကြောက်ရွံ့ခဲ့ကြသည်။ ယခု ဤအဖြစ်အပျက်ကို မြင်လိုက်ရသောကြောင့် မည်သူက မပျော်ပဲနေမည်နည်း..
အခြားသူတစ်ယောက်ပြောသည်ဆိုလျှင် သူတို့ယုံကြည်မည်မဟုတ်သော်လည်း ဂုကျန်းယွမ်မှာ မည်သူနည်း… ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့သည့် အခြားဘုရင်တစ်ယောက်ပင်။
ထို့အပြင် အခြား ရှေးဟောင်းလူထူးဆန်းတစ်ယောက်လည်း ဤသည်ကို အသိအမှတ်ပြုထားသည်။ ထို့အပြင် ရှီဟောင်၏လက်ရှိအခြေအနေကို မျက်လုံးပါသည့်သူတိုင်းမြင်နိုင်သည်။ သူ၏စွမ်းအင်သည် တောင်များကို ဝါးမြိုနိုင်သော်လည်း ယခုအချိန်တွင် သူသည် ထိုနေရာတွင်သာ ထိုင်နေပြီး တိုက်ခိုက်နေသည်။ ဤသည်မှာ အရာအားလုံးကို သက်သေပြရန်အတွက် လုံလောက်လေသည်။
ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် “ငါ့မှာ အချိန်မကျန်တော့ဘူးဟုတ်လား .. အားလုံးသေသွားပြီးတော့ နောက်ခေတ်တစ်ခု ထပ်ရောက်လာရင်တောင်မှ ငါဒီလောကကြီးမှာ ရှိနေဦးမှာ..”
ဤစကားများကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ စိတ်ကြီးဝင်လွန်းခြင်းမဟုတ်လား…
“မင်း ဒီကိုတက်မလာတဲ့ ဆုံးဖြတ်ချက်လည်း အတော်လေးမှန်ပါတယ် .. အနည်းဆုံးတော့ မင်းအခု မသေတော့ဘူးပေါ့” ရှီဟောင် ဂုကျန်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
သိထားရမည်မှာ လက်ရှိတွင် ဂုကျန်းယွမ်၏ ခွန်အားသည် ပြိုင်ဘက်ကင်းဖြစ်ပြီး ရှီဟောင်စွမ်းအားအကောင်းဆုံးအခြေအနေတွင်ပင် ဂုကျန်းယွမ်အား အလေးအနက်ထား၍ ရင်ဆိုင်ရလိမ့်မည်။
ဟွမ်၏လက်ရှိအခြေအနေနှင့်ဆိုလျှင် ဂုကျန်းယွမ် တကယ်တက်လာပြီး သူ့ကိုသေအောင်သတ်မည်ကို သူမကြောက်ဘူးလား.. သူ၏လက်ရှိအခြေအနေနှင့် သူသေသွားလိမ့်မည်။
ဂုကျန်းယွမ်သည် နှာခေါင်းရှုံ့လိုက်ကာ ရှီဟောင်ကို လျစ်လျူရှုလိုက်လေ၏။ သူသည် ရှီဟောင်လက်ထဲတွင်ရှိနေသည့်ဓားကိုသာ စိုက်ကြည့်နေလေ၏။
၁၀၀ မြောက်ပွဲတွင် မည်သူမှ ရောက်မလာပေ။
သူ၏နောက်ဆုံးအခြေအနေတွင် သူစိတ်လွတ်ပြီး တိုက်ခိုက်မည်ကိုစိုးရိမ်သောကြောင့် မည်သူမှ မသွားရဲကြပေ။
“နှမြောစရာပဲ .. ဘယ်သူမှ မလာဘူးလား” ရှီဟောင်မေးလိုက်၏။
ဤသည်မှာ ရန်သူအနည်းငယ်ကို နှာခေါင်းရှုံ့သွားစေသော်လည်း မည်သူမှ တကယ်မသွားရဲကြပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူအကြာကြီးနေရတော့မှာမှမဟုတ်တာ ဘာလို့သူသေကိုယ်သေ တိုက်နေတော့မှာလဲ…
“ဘယ်သူ ငါနဲ့ ပြိုင်ရဲလဲ” ရှီဟောင်နောက်တစ်ခေါက် ထပ်မေးလိုက်သည်။
အမှောင်ထဲတွင်ရှိနေသည့် ရန်သူအားလုံး မကျေမနပ်ဖြစ်သွားကြသည်။ ဤသည်မှာ ထိုလူများ၏ မျက်နှာကို မသာမယာဖြစ်သွားစေသည်။
“လူသေတစ်ယောက်က ငါတိုက်ရလောက်အောင် မထိုက်တန်ဘူး”
“ဘာတွေများ စိတ်ကြီးဝင်စရာရှိလို့လဲ .. နောက်ဆုံးတော့ မင်းလည်းသေမှာပဲ မဟုတ်ဘူးလား .. မင်းကျရှုံးသွားတာကိုပဲ စောင့်ကြည့်နေလိုက်မယ်”
“ဘယ်သူက မင်းကိုကြောက်လို့လဲ … ဘယ်သူမှ သေလူတစ်ယောက်နဲ့ မတိုက်ခိုက်ချင်တာပဲရှိတာ”
အချို့လူများ ပြန်ပြောလိုက်ကြသည်။ သို့သော်လည်း စိတ်ထဲတွင်သာ။
ခဏကြာပြီးသည့်နောက်တွင် သင်္ကေတများ ပေါ်လာလေ၏။ မည်သူမှ တက်မလာသောကြောင့် ရှီဟောင်သည် စစ်ဆေးခြင်းကို ချောချောမွေ့မွေ့ဖြင့်ပင် အောင်မြင်သွားလေ၏။
အပွဲ ၁၀၀ အောင်မြင်သွားပြီဖြစ်သောကြောင့် ရှီဟောင် အောင်မြင်သွားလေပြီ။
သူဘာဆက်လုပ်မည်ကို အားလုံးစောင့်ကြည့်နေလိုက်ကြကာ သူထွက်သွားမည့်အချိန်ကို စောင့်နေလိုက်ကြ၏။ အားလုံးအမြင်တွင် ဟွမ်သည် အသက်ကုန်ဆုံးတော့မည်ဖြစ်သဖြင့် သူ၏နောက်ဆုံးလက်ကျန်အင်အားဖြင့် တောက်ပလိုခြင်းပင်။
ယခု သူသည် တိုက်ပွဲပေါင်းတစ်ရာကို အနိုင်ရရှိပြီး ပြိုင်ဘက်ကင်းဘုရင်ဖြစ်ကြောင်း သက်သေပြပြီးသွားပြီဖြစ်သဖြင့် သူထပ်တိုက်ရန် မလိုအပ်တော့ပေ။
သို့သော်လည်း နောက်ဆုံးအချိန်ထိ ရှီဟောင် ထွက်မသွားပေ။
သူသည် အနားမယူပဲ ပြိုင်ကွင်းပေါ်တွင်သာ ထိုင်နေပြီး အားလုံးကို စိန်ခေါ်နေဆဲပင်။
ဤနေရာမှာ ချက်ချင်းပင် ဆူညံလာပြီး အားလုံး သူ့ကို ကြည့်လိုက်ကြလေ၏။ သူ့အသက်က ကုန်တော့မှာမဟုတ်ဘူးလား .. သူကဘာလို့ ဒီမှာ နေနေရဲသေးတာလဲ..
“မင်းတကယ်လွန်လွန်းသွားပြီ .. ငါတို့မင်းကို လေးစားမှုပြတဲ့အနေနဲ့ မင်းကို နောက်ဆုံးအချိန်ထိ နေခိုင်းခဲ့တာတောင်မှ မင်းက တန်ဖိုးမထားတတ်ဘူးပဲ .. မင်းက ပြိုင်ကွင်းထဲမှာ သေချင်တာလား..”
ရန်သူများသည် ချက်ချင်းပင် အော်ဟစ်လာကြလေသည်။
“ခန္ဓာကိုယ်လည်း ခမ်းခြောက်နေပြီး တိုက်နိုင်စွမ်းလည်းကျနေတာတောင်မှ ဘယ်လိုပြန်ဆုတ်ရမလဲဆိုတာ မသိသေးဘူးပဲ … တစ်ယောက်ယောက်မင်းကို လာသတ်မှာကို စောင့်နေတာလား .. တစ်ခြားသူတွေက မင်းကို မျက်နှာသာပေးနေတာကို မင်းကကောင်းကောင်းလက်မခံတတ်ဘူးလား…”
“ဟုတ်တယ် .. ဟွမ်လိုမျိုး စွမ်းအားကြီးတဲ့သူက မြင်ရခဲတယ် .. အစက ပြိုင်ဘက်ဖြစ်တော့မယ်ဆိုပေမယ့် အခုတော့ ဒီလိုမျိုး မမြင်ရတဲ့အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရတယ် .. အဲဒီတော့ သူက ဘယ်လိုလုပ် ဒီလိုကံတရားမျိုးကို လက်ခံနိုင်မှာလဲ .. ပြိုင်ပွဲကနေ ထွက်သွားတာထက်စာရင် ပြိုင်ကွင်းပေါ်မှာပဲ သူအသေခံလိုက်မယ် .. တကယ်ကို လေးစားထိုက်ပါပေတယ်”
ဤနေရာမှာ မတည်ငြိမ်နိုင်တော့ပဲ လူများသည် အမျိုးမျိုး ပြောလာကြလေ၏။
သို့သော်လည်း မည်သူမှ စင်ပေါ်သို့ မတက်သွားကြပေ။
အချိန်ကြာလာသည်နှင့်အမျှ သူသည် မတိုက်ခိုက်ပဲ အနိုင်ရရှိလာလေ၏။ သူသည် အပွဲ ၂၀ လောက်တောင် နိုင်နေလေပြီ။ ဤရလဒ်မှာ ရန်သူများကို ဒေါသထွက်စေလေ၏။ ဒါက အရမ်းလွယ်လွန်းမနေဘူးလား…
ရှီဟောင်သည် တကယ်ပင် ပြိုင်ကွင်းပေါ်မှ ထွက်သွားဖို့စိတ်ကူးမရှိပေ။ အချိန်နီးကပ်လာနေလေပြီ။ သူ သဘာဝကံကောင်းမှုကို လိုချင်သည်။ မဟုတ်ပါက အပြင်လောကမှ ကျွမ်းကျင်သူများဝင်လာပါက ပို၍ခက်ခဲသွားလိမ့်မည်။
“ငါ့ကို စိန်ခေါ်ချင်တဲ့သူ တကယ်မရှိတော့ဘူးလား .. အဲဒါဆိုရင်လည်း ငါဒီနေရာကို တစ်ယောက်တည်းပဲ စောင့်ရှောက်နေလိုက်တော့မယ်” သူပြောလိုက်၏။
“ငါ့ဖင်ပဲ .. ငါကို ဒီလိုအဖြစ်ခံမယ်တဲ့လား” တစ်စုံတစ်ယောက်သည် သည်းမခံနိုင်တော့ပဲ သူ့လက်အောက်မှ ကျင့်ကြံသူကိုများကို ရှီဟောင်အား သွားစိန်ခေါ်ခိုင်းလိုက်လေသည်။
ရှီဟောင်၏မျက်လုံးများမှာ အေးစက်လှပြီး သူ၏လုပ်ရက်များလည်း အကြင်နာတရားကင်းမဲ့လှသည်။ သူလက်ညှိုးထိုးလိုက်သည်နှင့် လေထဲတွင် ပြန်လည်ဝင်စားခြင်းသင်္ကေတများ ထွက်ပေါ်လာကာ ထိုလူမှာ ချက်ချင်းပင် အရိုးပုံကြီး ဖြစ်သွားလေသည်။
သူကဒီလောက်တောင်စွမ်းအားကြီးနေတုန်းပဲလား .. အားလုံးမှာ အနည်းငယ်ကြောက်ရွံ့သွားကာ ဂုကျန်းယွမ်၏စကားကိုပင် သံသယဝင်လာကြသည်။
“သူ့မှာ သွေးစွမ်းအင်မရှိတော့ဘူး .. အုတ်မြစ်စွမ်းအင်ကလည်း ခမ်းခြောက်နေပြီ .. သူတကယ်သေတော့မှာ” ဂုကျန်းယွမ် ပြောလိုက်သည်။ ရှီဟောင်၏တာအိုအုတ်မြစ် အက်ကွဲလာသည်ကို သူမြင်လိုက်ရသည်။ ရှီဟောင်သေတာ့မည်ပင်။
ရှီဟောင်သည်လည်း သတိအနေအထားဖြစ်သွားသည်။ မိုးမခနတ်ဘုရား၏ အဖိုးတန်ပညာ၏နက်နဲသည့်အဓိပ္ပာယ်များကို သူနားလည်ထားသောကြောင့်သာ။ မဟုတ်ပါက သူသေတော့မည်ဟု သူလည်းသံသယဝင်မိလိမ့်မည်။
သို့သော်လည်း မိုးမခနတ်ဘုရား၏ပညာများ အဘယ်ကြောင့် စွမ်းအားကြီးလှသည်ကို သူသိသည်။ အသက်ရှည်ခြင်းကိုရရှိလိုလျှင် အရင်ဆုံး ပျက်စီးခြင်းကို ရင်ဆိုင်ရမည်သာ။ ပျက်စီးခြင်းမရှိလျှင် ဖန်တီးခြင်း ရှိလာမည်မဟုတ်ပေ။
ဤနည်းလမ်းတွင် ဖြတ်လမ်းမရှိပေ။
သို့သော်လည်း ဤဖြစ်စဉ်မှာ အလွန်ပင် ရက်စက်လွန်းလှသည်။ အမှားသေးသေးလေး လုပ်မိသွားသည်နှင့် ထိုင်လျက်ပင် အရိုးပုံကြီးဖြစ်ကာ သေဆုံးသွားလိမ့်မည်။
သူသည် ထိုနေရာတွင်သာ ထိုင်နေပြီး လက်လွတ်စပယ် မလုပ်ရဲပေ။
အချိန်များ ရွေ့လျားနေသည်။ သူမတိုက်ခိုက်သော်လည်း သူ ၅၈ပွဲ နိုင်နေလေပြီ။
အားလုံး ဆွံ့အသွားရ၏။ ရှေးယခင်ကတည်းက ဤကဲ့သို့ မတိုက်ခိုက်ပဲ အနိုင်ရရှိသည့်သူမျိုး မရှိဖူးသေးပေ။ သူသေသွားပြီဖြစ်သော်လည်း မည်သူမှ သူ့ကို ရန်မစရဲသေးပေ။
“ဒီလိုလုပ်လို့ မဖြစ်သေးဘူး .. အဲဒီပေါ်ကို တက်သွား .. သူတိုက်ခိုက်လာအောင် ဖိအားပေး .. အဲဒါမှ သူမြန်မြန်သေမှာ”
ကျွမ်းကျင်သူအချို့ စုစည်းလိုက်ကြကာ သူတို့အချင်းချင်းဆွေးနွေးလိုက်ကြပြီးနောက် သူတို့၏နောက်လိုက်များကို တက်သွားခိုင်းလိုက်လေသည်။
နောက်ဆုံးတွင် ရှီဟောင်သည် တစ်ယောက်ပြီးတစ်ယောက်ကို ဆက်တိုက်သတ်ပစ်ခဲ့လေ၏။ သူ၏မျက်လုံးများ အရောင်မှိန်နေပြီး၊ အရေပြားများလည်း ခြောက်သွေ့ကာ၊ ခန္ဓာကိုယ်လည်း အရိုးစုကဲ့သို့ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ဝိုက်တွင် သွေးစွမ်းအင်များလည်း လောင်ကျွမ်းနေသော်လည်း သူသည် အံ့အားသင့်စရာကောင်းလှသည့် သတ်ဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။
နောက်ဆုံးတွင် လူများစွာ ကျရှုံးသွားပြီး သူသည် နောက်ထပ် ၉၉ ပွဲနိုင်သွားလေပြီ။
ပြောရမည်ဆိုလျှင် စုစုပေါင်း ၁၉၉ ပွဲနိုင်သွားလေပြီ။
“မင်း မတက်လာသေးဘူးလား..” ရှီဟောင် ဂုကျန်းယွမ်ကို ကြည့်လိုက်၏။
ဂုကျန်းယွမ်သည် ဘာမှမပြောပဲ မတိုက်ခိုက်ရန်သာ ရွေးချယ်နေဆဲပင်။
ခဏကြာပြီးသည့်နောက်တွင် ရှီဟောင် ပွဲ ၂၀၀ နိုင်သွားလေပြီ။
ဤသည်မှာ အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ ယခင်ကဆိုလျှင်ပင် ပွဲတစ်ရာ နိုင်ပြီးသည်နှင့် စွမ်းအားအကြီးဆုံး လူထူးဆန်းများပင်လျှင် အနားယူရသည်။ သူတို့လက်လွတ်စပယ်မလုပ်ရဲပေ။
သို့သော်လည်း ဟွမ်သည် ပွဲနှစ်ရာ နိုင်နေပြီဖြစ်သော်လည်း စင်မြင့်ပေါ်မှ ဆင်းမလာသေးပေ။
“ဒါကို .. ဒီအတိုင်းဆက်မထားနိုင်ဘူး .. ငါတို့သူ့ကို တားရမယ် .. မဟုတ်ရင် ပြိုင်ကွင်းက သူ့ကို အနိုင်ရတဲ့သူလို့သတ်မှတ်ပြီး သူ့ကို သဘာဝကံကောင်းမှုတွေ ပေးလိမ့်မယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
ရှေးဟောင်းလူထူးဆန်းများပင်လျှင် မတည်ငြိမ်နိုင်တော့ပေ။ ဂုကျန်းယွမ်၏အမူအရာလည်း အနည်းငယ် ပြောင်းလဲလာသည်။ ဒီအတိုင်းသာ ဆက်သွားလျှင် သူဟာသကြီးဖြစ်နေလိမ့်မည်။ လူသေတစ်ယောက်က ဘယ်လိုလုပ် နံပါတ်တစ်နေရာကို ရရမှာလဲ…
၂၀၁ ပွဲမြောက်ပွဲကြီး စတင်လေပြီ။ ယခုပွဲမှာ ပြင်းထန်လှလေ၏။
လူများစွာသည် စင်ပေါ်သို့ အတင်းတက်နေရလေသည်။ ရှီဟောင်သည် တစ်ဖြည်းဖြည်း ပို၍အားနည်းလာပြီဖြစ်သောကြောင့် သူတို့အခွင့်အရေးရှိလိမ့်မည်ဟု လူအချို့ ယုံကြည်နေကြလေသည်။ သူတို့သည် ထာဝရမျိုးစေ့ကို ယူပြီး ချက်ချင်းထွက်ပြေးကြရမည်ပင်။
သို့သော်လည်း ရလဒ်မှာ အလွန်ပင် ဆိုးရွားလှသည်။ ကျွမ်းကျင်သူ ၈၀ ကျော် အသက်ဆုံးရှုံးသွားလေပြီ။
နောက်ဆုံးတွင် ရှီဟောင်သည် ပွဲ၃၀၀ နိုင်သွားလေပြီ။
သို့သော်လည်း သူ၏အခြေအနေမှာ တကယ်ပင် ပိုဆိုးလာလေ၏။ သူသည် ထိုင်နေရင်းဖြင့်ပင် ယိမ်းယိုင်နေလေပြီ။
ဤသည်မှာ အခြားသူများကို မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာစေသည်။ ကြည့်ရတာ ဟွမ်ကို သူတို့ကိုယ်တိုင် သတ်နိုင်တဲ့အချိန် ရောက်လာပြီထင်တယ်..
သို့သော်လည်း ၃၀၁ ပွဲမှ ပွဲ ၄၀၀ ရောက်သည်အထိ ရှီဟောင်သည် ကျွမ်းကျင်သူပေါင်း ၆၀ ကျော်ကို သတ်ခဲ့လေ၏။ ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေလေသည်။
သူက မကောင်းဆိုးဝါးကြီးလား..
ရှီဟောင်သည် မီးစာကုန်နေသည့် မီးအိမ်ကဲ့သို့ ဖြစ်နေသည်ကို အားလုံးမြင်နေရသော်လည်း သူသည် သူ့အားရန်လိုနေသည့် ကျွမ်းကျင်သူများကို ဆက်တိုက်ပင် သတ်ပစ်နေသည်။
ဂုကျန်းယွမ်ပင်လျှင် ဆွံ့အနေလေ၏။
“ဘယ်သူမှ တက်မလာတော့ဘူးလား” ရှီဟောင် အားနည်းဖျော့တော့စွာ မေးလိုက်သည်။
ပွဲ ၄၀၀ မြောက်မှစ၍ မည်သူမှ တက်မလာသောကြောင့် သူသည် မတိုက်ခိုက်ပဲနှင့် ထပ်မံအနိုင်ရရှိသွားပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄၃၉ ပွဲမြောက်သို့ ရောက်သွားလေပြီ။
“သူထပ်တောင့်မခံနိုင်တော့ဘူး .. ကြည့်လိုက် သူငြိမ်ငြိမ်တောင် မထိုင်နိုင်တော့ဘူး .. အဲဒီတော့ သူ့ကို သတ်ပစ်လို့ရပြီ .. ငါတို့အချိန်ဖြုန်းလို့မရတော့ဘူး … ငါတို့ဒီအတိုင်းသာ ဆက်သွားနေရင် ဒီရှေးဟောင်းပြိုင်ကွင်းက သူ့ကို အနိုင်ရတဲ့သူလို့သတ်မှတ်လိမ့်မယ်” အချို့လူများ စိုးရိမ်လာကြသည်။
နောက်ပိုင်းတိုက်ပွဲများတွင် သူသည် ရန်သူများကို တစ်ချက်တည်းဖြင့် အနိုင်မယူနိုင်တော့ပဲ အချိန်ပိုယူလာရသည်။
သို့သော်လည်း သူအနိုင်ရရှိဆဲပင်။ စင်မြင့်ပေါ်တွင် နောက်ထပ် အလောင်း ၅၆ လောင်းတိုးလာလေ၏။
သူသည် ပွဲ ၅၀၀ နိုင်သွားလေပြီ။
ထိုအချိန်တွင် စင်မြင့်ကြီးသည် တောက်ပလာကာ သူ့ခန္ဓာကိုယ်ပေါ်သို့ အလင်းများ ဖြန့်ကျက်လာလေ၏။ ဤသည်မှာ ဆုဖြစ်သလို သူဤအဆင့်ကို ပြီးဆုံးသွားကြောင်း အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။
“ငါတို့သူ့ကို တားရမယ် … ဒီပြိုင်ကွင်းက အသက်ဝင်လာပြီ .. ဒီအတိုင်းသာဆက်သွားရင် ဆိုးရွားသွားလိမ့်မယ်” တစ်စုံတစ်ယောက်မှ လေးနက်စွာ ပြောလိုက်သည်။
…
အပြင်ဘက်လောကရှိ ဗဟိုစီရင်စုတွင်…
ဤအချိန်အတောအတွင်းတွင် စီရင်စုသုံးထောင်၏အလယ်တွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။
ဤနေရာတွင်ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကြောင့် ဂိုဏ်းများစွာသည် ထာဝရရှေးဟောင်းမြေကိုပင် မေ့နေလေပြီ။
ဂိုဏ်းခေါင်းဆောင်တစ်ဝက်သည် အက်ကွဲကြောင်းကို တိုက်ခိုက်နေပြီး ကျန်သည့်တစ်ဝက်မှာ ဤနေရာသို့ ရောက်နေခြင်းပင်။
“မင်းတို့အားလုံးက အဆင့်မြင့်နယ်မြေ အပြင်ဘက်နေ လာတာလား .. အဲဒီနေရာက လူတွေလား…”
“မဟုတ်ဘူး .. ကမ္ဘာမြေကမဟုတ်ဘူး .. ကောင်းကင်ပေါ်က..” လူငယ်လေးသည် ဂုဏ်ယူဝင့်ကြွားစွာပင် ပြောလိုက်လေ၏။ သူ၏မျက်လုံးများသည် စိတ်ပျက်နေသည့်အမူအရာဖြင့်ပင် “ခင်ဗျားတို့ ဒီနေရာမှာ ရှိတဲ့သူတွေက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ .. ဒါတွေက ခင်ဗျားတို့ရဲ့ ကောင်းကင်နတ်ဘုရားတွေလား .. ငါ ၈၁ ပွဲတောင်နိုင်သွားပြီ … ကောင်းကင်နတ်ဘုရားတွေကြားထဲမှာ နာမည်ကြီးနေတဲ့သူတွေ အားလုံးပေါင်းတိုက်ရင်တောင်မှ မလုံလောက်ဘူး..”
ဤနေရာတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားများ၏အမူအရာများမှာ မသာမယာဖြစ်သွားကြသည်။ ဂိုဏ်းခေါင်းဆောင်အချို့ပင်လျှင် မျက်နှာပျက်ယွင်းသွားကြလေ၏။ သို့သော်လည်း ဤလူငယ်လေး ပြောသည်မှာလည်း မမှားပေ။
“ခင်ဗျားတို့ ကောင်းကင်နတ်ဘုရားတွေအားလုံး ပေါင်းတိုက်ကြရင်ရော” ဤလူငယ်လေးအနားတွင် ထာဝရစွမ်းအင်များ ဝန်းရံနေပြီး သူ၏ဦးခေါင်းထက်တွင် တာအိုပန်းပွင့်များ ပေါ်လာလေသည်။
အပိုင်း ၁၁၆၁ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၂ – စိန်ခေါ်ခြင်း
သေလူတစ်ယောက်သည် ပွဲ ၅၀၀ ကို ဆက်တိုက်နိုင်သွားလေပြီ။ ဤသည်မှာ ဤနေရာတွင်ရှိနေသည့် ဂျီးနီးယပ်စ်များ လက်ခံနိုင်ရန်ခက်ခဲနေလေ၏။
ဤအခြေအနေကို ရပ်တန့်ရန်လိုအပ်သည်။ လူအုပ်ကြီးမှာ ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ထူးဆန်းသည့်ရှေးဟောင်းပြိုင်ကွင်းသည် ဟွမ်အားအနိုင်ရရှိသူဟု သတ်မှတ်လိမ့်မည်။
သို့သော်လည်း အားလုံးကို ရှုပ်ထွေးသွားစေသည်မှာ ဂုကျန်းယမ်သည် မလှုပ်ရှားသေးပေ။
အချို့လူများသည် သူ့အား တိုက်တွန်းနေသော်လည်း သူသည် သေလူတစ်ယောက်နှင့် မတိုက်ခိုက်ဘူးဟု ဆက်ပြောနေဆဲပင်။
သို့သော်လည်း အချို့လူများသည် ဂုကျန်းယွမ်သည် ဟွမ်ကို ကြောက်နေခြင်းဖြစ်သည်ဟု တီးတိုးပြောလာကြသည်။
“ငါတို့ ဟွမ်ရဲ့ သွေးစွမ်းအင်တွေ ကုန်ခမ်းသွားအောင် လုပ်ရမယ် .. သူ့ကို စောစောသတ်လိုက်မှ စိတ်အေးရမှာ” လူအချို့ စပြောလာကြသည်။
“ဂုကျန်းယွမ်ကို စင်ပေါ်တက်ခိုင်းလိုက် .. ဟွမ်ရဲ့အခြေအနေက အရမ်းဆိုးနေပြီ အဲဒီတော့ သူသေချာပေါက် ကျရှုံးတော့မှာပဲ .. ဒါပေမဲ့ သူမကျရှုံးသေးတာက ဂုကျန်းယွမ်က နောက်ဆုံးအချိန်ကို စောင့်နေလို့ပဲ .. ငါတို့ ဟွမ်နဲ့ သူသေကိုယ်သေ တိုက်ရမယ်”
“ဒီတိုင်းပဲ ဖြစ်သင့်တယ်”
အချို့လူများသည် သူတို့၏ လက်အောက်ငယ်သားများကို ပစ္စည်းများပေးကာ ရှီဟောင်၏သွေးစွမ်းအင်ကုန်ဆုံးသွားအောင် လုပ်ခိုင်းနေလေသည်။
ထိုလူများထဲတွင် စီရင်စုသုံးထောင်ထဲမှ ဂျီးနီးယပ်စ်များပါသကဲ့သို့ ထာဝရရှေးဟောင်းမြေ မြို့ခံများမှ ကောင်းကင်ရတနာများပေးကာ ငှားထားသည့်လူများလည်းပါလေသည်။ ဥပမာအားဖြင့် ဝိဉာဉ်ကျွန်းတွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ရိုက်နှက်ကန်ထုတ်ခံလိုက်ရသည့် ငွေရောင်သွေးနတ်ဆိုးသစ်ပင်မှ ယင်ခွန်သည် ရှီဟောင်းအား အလွန်မုန်းတီးနေသောကြောင့် သူနှင့်တိုက်ခိုက်ရန် လူများကို ငှားရမ်းနေလေသည်။
၅၀၁ ပွဲမြောက်တိုက်ပွဲမှာ ပြင်းထန်လှသည်။
ရှီဟောင်၏ကျင့်ကြံခြင်းသည် အရေးအကြီးဆုံးအချိန်သို့ ရောက်ရှိနေသည့်အပြင် သူသည် ရန်သူများကိုလည်း တိုက်ခိုက်နေရသောကြောင့် သူ့အတွက် အလွန်ခက်ခဲနေသည်။
တိုက်ပွဲများမှာ တစ်ပွဲပြီးတစ်ပွဲ ဆက်သွားနေဆဲပင်။ ၅၆၇ ပွဲမြောက်တွင် သူနည်းနည်းသတိလွတ်သွားသောကြောင့် သူ၏ပုခုံးသည် အမွေးအတောင်မြှားတစ်ခုဖြင့် ပစ်ခံလိုက်ရကာ သူ့ပုခုံးနာကျင်သွားရသည်။
မြှားသည် သူ၏ပုခုံးထဲသို့ လက်မဝက်ခန့်စိုက်ဝင်ပြီးနောက် ပေါက်ကွဲသွားသော်လည်း ဤသည်မှာ အလွန်အန္တရာယ်များသည် လက္ခဏာပင်။
ရွှီး..
ရှီဟောင်အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့နောက်တွင် အမွေးအတောင်ဓားတစ်ဖက်ပေါ်လာလေ၏။ ထိုဓားသည် အလွန်ကြီးမားလှပြီး ကောင်းကင်ထက်သို့ပင် ရောက်နေလေပြီ။ တောက်ပသည့်ရွှေရောင်အလင်းများလည်း ထွက်ပေါ်လာလေ၏။
အမွေးအတောင်ဓားအစစ်
သူထိုဓားဖြင့် ကျွမ်းကျင်သူကို ခုတ်ချလိုက်သည်နှင့် နေရာတိုင်းတွင် သွေးများလွင့်စင်ထွက်သွားပြီး ထိုကျွမ်းကျင်သူလည်း နှစ်ပိုင်းဖြစ်သွားသည်။
၅၀၀ မြောက်ပွဲစကတည်းက သူသည် ရန်သူများကို အနိုင်ယူရုံသာ ယူပြီး မသတ်ခဲ့ပေ။ အားလုံးမှာ ထွက်ပြေးနိုင်ခဲ့သည်။ ရန်သူများကို သတ်ပြီး သူ့စွမ်းအားများကို မဖြုန်းတီးချင်သောကြောင့်ပင်။
သို့သော်လည်း ယခုတော့ သူ၏ဝိဉာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ပြီး ထိုလူကို နှစ်ပိုင်းဖြတ်လိုက်သည်။ ဤသည်မှာလည်း ဤလူသည် သူ့အား ဒဏ်ရာရရှိအောင် လုပ်လိုက်သောကြောင့်ပင်။
သူ၏အားနည်းသည့်ပုံစံကို သူမဖုံးကွယ်နိုင်တော့ပေ။
လူများစွာ၏ မျက်လုံးများ တောက်ပလာလေ၏။ ဤသည်မှာ ဟွမ် ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာရသွားခြင်းပင်။ ထို့ကြောင့် သူ့ကို သတ်၍ရလောက်လေပြီ။
“သွား .. သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်လုပ်လိုက် … သူ့ကို ရိုက်ချလိုက်” ယင်ခွန်သည် အံကြိတ်ကာ ပြောလိုက်သည်။ သူသည် အပြင်ဘက်လောကမှ ဂျီးနီးယပ်စ်များကို ဈေးကြီးပေးပြီး ရှီဟောင်အား တိုက်ခိုက်ခိုင်းနေဆဲပင်။
ထို့သို့လုပ်သည့် အခြားရန်သူများလည်း ရှိသေးသည်။ သူတို့မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။
အချို့ ကျွမ်းကျင်သူများသည် ရှီဟောင်ကို မြန်မြန်အဆုံးသတ်ကာ သူ၏ထာဝရမျိုးစေ့ကို ယူပြေးချင်နေကြလေ၏။
ဟွမ်ဤမျှစွမ်းအားကြီးပြီး ဤအဆင့်သို့ ရောက်နိုင်သည်မှာ ဤထာဝရမျိုးစေ့နှင့် ဆက်စပ်နေသည်ဟု ယုံကြည်နေကြလေ၏။ သူတို့သာ ထိုမျိုးစေ့ကို ရသည်နှင့် သူတို့သည် ရေထဲမှခုန်တက်ပြီး နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ မြှင့်တက်နိုင်လိမ့်မည်ဟု ယုံကြည်နေကြလေ၏။
“နှမြောစရာပဲ .. ဂုကျန်းယွမ်က အခုထိ မတိုက်သေးဘူး .. ဟွမ်မသေခင် သူ့ကို ခေါ်သွားရင် အကောင်းဆုံးပဲ” အချို့လူများ နောင်တရစွာ ပြောနေကြလေ၏။
တစ်ချိန်တည်းမှာပင် အချို့ ရှေးဟောင်းလူထူးဆန်းသည် သားကောင်ချောင်းနေသည့် ကျားကြီးကဲ့သို့ပင် သူတို့နှစ်ယောက် တိုက်ခိုက်မည်ကို စောင့်နေကြလေ၏။
ဖူး..
၅၈၇ ပွဲမြောက်တွင် ရှီဟောင်နောက်ထပ် ဒဏ်ရာရရှိသွားသည်။ မီးခိုးရောင်ဝံပုလွေကြီး၏ လက်သည်းတောက်ပလာကာ ရှီဟောင်၏လက်မောင်းကို ကုတ်ခြစ်လိုက်သောကြောင့် သူ့လက်မောင်း ပျက်စီးသွားသည်။
သို့သော် ရှီဟောင်၏လက်မောင်းမှ သွေးထွက်မလာတော့ပေ။
“သူ သေတော့မှာ … သူ့မှာ သွေးတောင် မရှိတော့ဘူး … ဝိဉာဉ်စွမ်းအင်လည်း ခမ်းခြောက်နေပြီ .. သူသေခါနီးနေပြီ .. မဟုတ်ရင် ဘာလို့ ဝံပုလွေလက်သည်းကြောင့် ဒဏ်ရာရသွားမှာလဲ..” လူများစွာမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြလေသည်။
ဖုန်း..
ရှီဟောင်လက်ကို လှုပ်ရှားလိုက်သည်နှင့် မီးခိုးရောင်ဝံပုလွေလွင့်ထွက်သွားကာ လေထဲတွင်ပေါက်ကွဲသွားကာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားလေသည်။
သို့သော် ရှီဟောင်သည်လည်း နောက်ယိုင်သွားလေ၏။ သူ့အခြေအနေလည်း အလွန်ဆိုးရွားနေလေပြီ။
“အားလုံးပဲ ဘယ်သူသွားမလဲ .. ပြန်လည်မွေးဖွားခြင်းဆေးလုံး၊ ဂိုဏ်းခေါင်းဆောင်တစ်ဝက်အဆင့်လက်နက်နဲ့တစ်ခြားပစ္စည်းတွေ အများကြီးပဲ .. မင်းတို့ ထာဝရရှေးဟောင်းမြေကနေ ထွက်တာနဲ့ ဒီပစ္စည်းတွေက မင်းတို့အတွက်ပဲ .. မင်းတို့မယုံရင် ငါတို့သွေးကျိန်စာလုပ်လို့ရတယ်”
နတ်ဆိုးနေကြာဥယျာဉ်၊ မြေအောက်လောနှင့် ကောင်းကင်နိုင်ငံမှ ကျန်ရှိနေသည့်သူများ အလောတကြီး ရောက်လာကြလေ၏။
“သူ့ကို သတ်လိုက် .. မင်းတို့ဆုကြေးမရှိမှာတော့ မပူနဲ့ .. မင်းတို့အားလုံးကို နတ်ဆေးပင်တွေပါတဲ့ နတ်ဆေးလုံးနဲ့ တစ်ခြား ဆုကြေးတွေက စောင့်နေတယ်” ယင်ခွန်ပြောလိုက်သည်။
ထို့အပြင် ရွှေရောင်ဆင်၊ ရှေးဟောင်းလူဝံ၊ မာယွမ်၊ တိခွန်၊ ဦးချိုနဂါးနှင့် အခြား ကောင်းကင်နတ်ဘုရား ၇ ပါး၏ ကလန်သားများလည်း ရောက်လာကြလေသည်။ သူတို့သည်လည်း ဟွမ်ကိုသတ်ရန်အတွက် လူများကို ငှားလေသည်။
“မင်းက စင်မြင့်ပေါ်မှာ ဂုဏ်သိက္ခာရှိရှိနဲ့သေချင်နေသေးတာလား .. မဖြစ်နိုင်ဘူး..”
“သူ့ကို ခွေးသေတစ်ကောင်လိုမျိုးဖြစ်အောင်လုပ်ပြီးတော့ စင်ပေါ်ကနေ ကန်ချလိုက်”
“သူ့ကို စင်ပေါ်မှာ အသေဆိုးနဲ့သေအောင် လုပ်လိုက်”
နောက်ဆုံးတိုက်ပွဲများတွင် ရှီဟောင်သည် အလွန်အားနည်းနေပြီဖြစ်ပြီး ၁၀ ယောက်လောက်ပင် မသတ်နိုင်တော့ပေ။ ကျန်သည့်သူများသည် ရှုံးသွားသော်လည်း ထွက်ပြေးသွားလိုက်နိုင်လေသည်။ ရှီဟောင်သည် သူတို့ကို သတ်ရန်အစွမ်းပင် မရှိတော့ပေ။
ထို့ကြောင့်ပင် လူများသည် ပို၍သတ္တိရှိလာကာ ဆုကြေးများအတွက် စင်မြင့်ပေါ်သို့ တက်ကာ ရှီဟောင်နှင့် တိုက်ခိုက်လာကြလေသည်။
ဖူး..
၆၀၀ ပွဲမြောက်ကျွမ်းကျင်သူသည် ရှီဟောင်သည် လက်ညှိုးတစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရပြီး ပြုတ်ကျသွားလေသည်။
“ဆက်တိုက်မယ်” ရှီဟောင် အံကြိတ်ကာ ပြောလိုက်၏။ လောကတစ်ခုတွင် ရှေးဟောင်းလူထူးဆန်းတစ်ယောက်သည် ပွဲ ၇၀၀ ကိုဆက်တိုက်နိုင်သွားပြီး သူ့အားအနိုင်ရရှိသူဟု ကြေငြာလိုက်သည်ကို သူကြားဖူးသည်။
ထို့ကြောင့်ပင် သူဆက်တိုက်နေခြင်းပင်။ အပြင်ဘက်လောကမှ ဂိုဏ်းခေါင်းဆောင်များသာ ရောက်လာပါက သူ့အတွက် အလွန်အန္တရာယ်များလိမ့်မည်။
ထို့နောက်တွင် ထိတ်လန့်စရာကောင်းသည့် အဖြစ်အပျက်များ ဖြစ်လာလေ၏။ ရှီဟောင်သည် ထိုင်ပင်မထိုင်နိုင်တော့ပဲ လွှဲရမ်းနေပြီး စင်မြင့်ပေါ်တွင် ပြိုကျလုနီးပါးဖြစ်နေသော်လည်း သူအနိုင်ရရှိနေဆဲပင်။
၆၈၈, ၆၈၉, …
“ဘုရားရေ … သူက ထာဝရဘုရင် ပြန်ဝင်စားတာလား .. သူ ဘယ်လိုလုပ် ဆက်တိုက်နိုင်နေတာလဲ” အားလုံး ကြောက်လန့်သွားကြရသည်။
၇၀၀…
ရှီဟောင် နောက်တစ်ကြော့ နိုင်သွားလေပြီ။
လူများစွာ ကြောက်ရွံ့သွားကြလေ၏။ ဟွမ်ရဲ့ဒဏ်ရာတွေက သူတို့ကို ပြိုင်ကွင်းထဲဝင်အောင် တမင်သက်သက်လှည့်စားထားတာများလား..
ထိုသို့တွေးမိပြီးသည့်နောက်တွင် အားလုံး ဂုကျန်းယွမ်ကို ကြည့်လိုက်ကြသည်။
“ငါ့ကိုကြည့်မနေနဲ့ .. သူထပ်တိုက်နိုင်ရင်လည်း နောက်ထပ်ပွဲတစ်ရာက အများဆုံးပဲ .. ဒီလောက်ထိ တောင့်ခံနိုင်တာက မဆိုးပါဘူး .. တစ်ခြားသူတွေသာ သူ့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ရင် သူ ပွဲ ၈၀၀ ထိရောက်မှာမဟုတ်ဘူး” ဂုကျန်းယွမ် တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ့အတွက် သတ်ပေး” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
၇၀၁, ၇၀၂, …
ရှီဟောင်သည် ပို၍အားနည်းလာကာ အကြိမ်များစွာ အန္တရာယ်ကျရောက်ခဲ့သည်။ ဤသည်မှာ လူအုပ်ကြီးမှ ဖြစ်ချင်နေသည့်အရာပင်။
၇၉၅ ပွဲမြောက်သို့ ရောက်သည့်အချိန်တွင် သူစိတ်ထဲ သက်ပြင်းချလိုက်သည်။ သူတောင့်မခံနိုင်လောက်တော့ပေ။ သူကြားထားသည့်အတိုင်းဆိုလျှင် ထိုလူသည် ပွဲ ၇၀၀ ကို ဆက်တိုက်နိုင်ပြီးသည်နှင့် သူ့အား နောက်ဆုံးအနိုင်ရရှိသူအဖြစ် ကြေငြာလိုက်လေပြီ။
သို့သော် သူယခု ထိုစံချိန်ကို ချိုးခဲ့ပြီဖြစ်သော်လည်း သူ့အား အနိုင်ရရှိသူအဖြစ် မကြေငြာသေးပေ။
ခဏကြာပြီးသည့်နောက်တွင် သူနားလည်သွားရသည်မှာ ထိုလူသည် အားလုံးကို သူ၏စွမ်းအားဖြင့် ဖိနှိပ်ခဲ့ပြီး သူ့ကို မည်သူမှ စိန်မခေါ်ရဲအောင် လုပ်ခဲ့သည်။ သို့သော်လည်း သူ့လက်ရှိအခြေအနေမှာမူ ထိုကဲ့သို့မဟုတ်ပေ။ သူဒဏ်ရာရရှိနေသောကြောင့် လူများစွာမှာ သူ့ကို စိန်ခေါ်ချင်နေကြသည်။
“ဒီအထိပဲ သွားနိုင်တော့မယ် .. ငါအရင်ဆုံး အနားယူပြီးတော့မှပဲ မိုးမခနတ်ဘုရားရဲ့ပညာတွေကို ပြန်ကျင့်ကြံတော့မယ် .. ” ရှီဟောင် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသော်လည်း သိပ်မထိခိုက်ပဲနှင့် တိုက်ပွဲ ၈၀၀ ကို အောင်မြင်နိုင်ခဲ့သည်။
နောက်ဆုံးတွင် ရှီဟောင် မတ်တပ်ထရပ်လိုက်ကာ စင်မြင့်ပေါ်မှ ဒယိမ်းဒယိုင်ဆင်းလာလေသည်။
“ဘာလဲ .. သူ့ရဲ့နေရာကို သူမကာကွယ်တော့ဘူးလား .. သူကိုယ်တိုင် ဆင်းလာတာလား”
အားလုံး ဆွံ့အသွားပြီးသည့်နောက်တွင် အသိဝင်လာသည်။ ဟွမ်က ထပ်ပြီးတော့ မတောင့်ခံနိုင်တော့ဘူး..
ဤနေရာမှာ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားလေသည်။
လူအချို့သည် ဂုကျန်းယွမ်အား လေးစားစွာ ကြည့်လိုက်ကြလေ၏။ ဟွမ်သည် အများဆုံးပွဲ ၈၀၀ သာရောက်လိမ့်မည်ဟု သူခန့်မှန်းထားခဲ့ခြင်းပင်။ သူ၏ခန့်မှန်းချက် မှန်ကန်သွားလေပြီ။
“ဟွမ် ဆက်သွားနိုင်မှာ မဟုတ်တော့ဘူး .. သူ့ခန္ဓာကိုယ်က သူ့ကို သစ္စာဖောက်နေပြီ .. ဟား ဟား .. တကယ်ကို သတင်းကောင်းပဲ”
လူများစွာသည် ပျော်ရွှင်စွာပင် ဟစ်ကြွေးလိုက်လေ၏။ သူတို့သည် ရှီဟောင်၏လက်ရှိအခြေအနေကို ကိုယ်ချင်းစာခြင်းမရှိပဲ ထိုအစား ပျော်ရွှင်ဝမ်းမြောက်နေကြလေသည်။
ထို့အပြင် လူများစွာ၏မျက်လုံးတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ သူ့ကို မြို့ခံများ ကာကွယ်ထားသောကြောင့်သာ မဟုတ်ပါက သူတို့ချက်ချင်း လှုပ်ရှားလိုက်လောက်လေပြီ။
ဟွမ်သည် ယခုအချိန်တွင် အားအနည်းဆုံးအခြေအနေဖြစ်နေပြီး အလွယ်တကူ အသတ်ခံရနိုင်သည်။ မဟုတ်ပါက သူအဘယ်ကြောင့် စင်မြင့်ပေါ်မှ ဆင်းလာမည်နည်း..
“ဟွမ် .. မင်းငါ့တို့ ထာဝရရှေးဟောင်းမြေရဲ့မြို့ခံတွေနဲ့ တိုက်ရဲလား .. ပြိုင်ကွင်းက ကန့်သတ်ထားတော့ ငါတို့တက်လို့မရဘူး .. အခု ဘယ်သူက ပိုသာလဲဆိုတာကို ငါတို့မင်းနဲ့ ယှဉ်ကြည့်ချင်တယ်..”
“ဟုတ်တယ် .. ဒီပြိုင်ကွင်းက ကန့်သတ်ထားတာကြောင့်သာမဟုတ်ရင် ငါတို့က အပြင်လူတွေကိုပဲ အားကိုးနေရလိမ့်မယ်လို့ ထင်နေတာလား .. ဟွမ် မင်းငါနဲ့ တိုက်ရဲလား..”
အမှောင်ထဲမှနေ၍ စိန်ခေါ်သည့်သူများလည်း ရှိနေလေသည်။
“ဒီဆုံးဖြတ်ချက်က မှန်ကန်ရဲံလား .. တစ်ချို့လူတွေ တိုက်ခိုက်လာလိမ့်မယ်” လူအချို့မှ တိတ်တဆိတ်ပြောလိုက်သည်။
ယင်ခွန်သည် ခေါင်းခါလိုက်ကာ သူ၏မျက်နှာထက်တွင် အေးစက်သည့်အပြုံးတစ်ခု ပေါ်လာလေ၏။ “အဲဒီတော့ ဘာဖြစ်လဲ .. ငါတို့တိုက်ခိုက်တာမှမဟုတ်တာ .. ဒီမှာ စိန်ခေါ်နေတဲ့သူရှိလို့ ငါတို့က ကြည့်ပေးရုံပဲလေ”
“ဒါက .. ခင်ဗျားလုပ်တာလေ .. တစ်ခြားသူတွေ ရှာတွေ့သွားရင် မသင့်တော်ဘူး..”
“အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ .. သူတို့ဘာသာသူတို့ စိန်ခေါ်ကြတာလေ .. ပြီးတော့ ကောင်းကင်နတ်ဘုရား ၇ ယောက်ရဲ့ မျိုးဆက်တွေနဲ့ လူမျိုးစုတွေလည်း လူအုပ်ကြီးကို လှုံ့ဆော်နေတာပဲလေ … ငါတို့မတိုက်သေးသရွေ့ ငါတို့ကို ထည့်တွက်လို့ရမှာတဲ့လား” ယင်ခွန် ပြောလိုက်သည်။
“ဟွမ် .. မင်း တိုက်ရဲလား .. ထာဝရရှေးဟောင်းမြေရဲ့မြို့ခံတွေနဲ့ တိုက်ခိုက်ရဲလား .. မင်းရဲ့ အောင်မြင်မှုလေးနဲ့ ဘာလုပ်လို့ရမှာလဲ” တစ်စုံတစ်ယောက်မှ ရန်စလိုက်သည်။
ကောင်းကင်နတ်ဘုရား ၇ ယောက်၏မျိုးဆက်များလည်း ကျယ်လောင်စွာပ် ရယ်မောလိုက်ကြလေသည်။
“ဟွမ် .. ငါတို့ စီရင်စုသုံးထောင်ရဲ့ ဂုဏ်သိက္ခာကို မချနဲ့ .. မင်းက ဘာကိုကြောက်နေတာလဲ .. သူတို့နဲ့ချ…”
စီရင်စုသုံးထောင်မှလူများလည်း ဆူညံစွာ အော်စစ်နေကြလေသည်။ သူတို့သည် တမင်သက်သက်ပွဲဆူအောင် လုပ်နေခြင်းပင်။
ဟွမ်မှာ အလွန်အားနည်းနေသည်ကို အားလုံးမြင်နေရသောကြောင့် သူ့ကို စိန်ခေါ်ခြင်းမှာ သူ့ကို သတ်လိုက်ခြင်းနှင့် အတူတူပင်။
“ဟွမ် .. မင်းက မင်းရဲ့အသားခုတ်တဲ့ဓားကို စီရင်စုသုံးထောင်က ဂျီးနီးယပ်စ်တွေကိုပဲ လွှဲရမ်းရဲတာလား .. အပြင်လူတွေက မင်းကို ဒီလိုမျိုးစိန်ခေါ်နေတာကို မင်းက လိပ်လိုမျိုး အခွံထဲ ခေါင်းဝင်ပုန်းတော့မှာလား…”
အချို့သူများသည် ရှီဟောင်အားပို၍ပင် စော်ကားလာကြလေသည်။
နတ်ဆိုးနေကြာဥယျာည်၊ နတ်ဘုရားကျောင်း၊ မြေအောက်လောက၊ မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုဂိတ်နှင့် ကောင်းကင်နိုင်ငံမှ အသက်ရှင်ကျန်ရစ်သည့်သူများကို မီးထဲကို လောင်စာထပ်ထည့်နေကြလေသည်။
“ဟွမ် မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလား .. မင်းထပ်ပြီးတော့ မတိုက်ရဲတော့ဘူးလား .. ငါတို့ စီရင်စုသုံးထောင်က ဂျီးနီးယပ်စ်တွေကို တကယ်မျက်နှာပျက်အောင် လုပ်မလို့လား…
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုသည် ဤလူများရပ်တန့်သွားအောင် လှုပ်ရှားလိုက်ချင်သော်လည်း ရှီဟောင် သူတို့ကို တားဆီးလိုက်သည်။
သူသည် ထိုနေရာတွင်သာ ကျောချမ်းစရာကောင်းသည့် အမူအရာဖြင့် ရပ်နေလေ၏။ ကောင်းကင်နတ်ဘုရား ၇ ယောက်၏မျိုးဆက်များကို ထားလိုက်ဦး .. စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များပင်လျှင် ဝင်ပြောနေကြသည်။ ဤသည်မှာ တကယ်ကို မုန်းစရာကောင်းလွန်းလှသည်။
“မင်းတို့အားလုံးက သေချင်နေတာဆိုမှတော့ ငါမင်းတို့အားလုံးကို သတ်ပေးမယ်” ရှီဟောင်၏အကြည့်များမှာ အေးစက်လှလေသည်။
အပိုင်း ၁၁၆၂ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၃ – အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
ရွှီး..
ရှီဟောင် ထာဝရဓားကို ဆွဲထုတ်လိုက်သည်နှင့် ကောင်းကင်ထက်သို့ ဓားအလင်းတန်းတစ်ခု တက်သွားလေသည်။
ထို့နောက်တွင် ဖူးဟူသည့်အသံနှင့်အတူ ရွှေရောင်နတ်လူဝံကြီးနှစ်ပိုင်းပြတ်သွားပြီး သူ၏အလောင်းလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေလေ၏။ ဟွမ် စတိုက်လိုက်ပြီ..
ထိုလူဝံကြီးသည် သေဆုံးသွားသည့် ကောင်းကင်နတ်ဘုရား ၇ ယောက်ထဲမှ ရှေးဟောင်းလူဝံကြီး၏ မျိုးဆက်ပင်။ သို့သော်လည်း သူသည် လျင်မြန်စွာပင် အသတ်ခံလိုက်ရလေပြီ။
ဟွမ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး သူ၏လက်ရှိအခြေအနေသည် အလွန်ဆိုးရွားနေသော်လည်း လူတစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်လိုက်လေပြီ။
ဒေါသထွက်ကာ ဆူညံနေသည့်သူများအားလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။
အားလုံး အေးခဲသွားလေ၏။ ရွှေရောင်နတ်လူဝံကြီးသည် နတ်ဘုရားအစစ်နယ်ပယ်သို့ ရောက်နေသည့်သူပင်။ သို့သော်လည်း သူသည်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။
ဟွမ်မှာ စွမ်းအားတွေ ဘယ်လောက်တောင် ကျန်သေးတာလဲ .. သူလုပ်မယ်လို့ ပြောပြီးတာနဲ့ ချက်ချင်းကို မကြောက်မရွံ့ လုပ်လိုက်တယ် …
ထို့နောက်တွင် ဤနေရာမှာ ချက်ချင်းပင် ဆူညံလာလေသည်။
“မင်းက လွန်လွန်ကျူးကျူးလုပ်ရဲတယ်ပေါ့ .. မင်းကို စိန်ခေါ်တဲ့သူတွေကို မသတ်ပဲနဲ့ ထာဝရရှေးဟောင်းမြေက ကောင်းကင်နတ်ဘုရားရဲ့ မျိုးဆက်ကို သတ်လိုက်တယ် ..”‘ တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“လူအုပ်ကြီးကို လှုံ့ဆော်တယ် .. ကျုပ်ကိုတိုက်တဲ့သူတွေကို ဆုကြေးငွေပေးတယ် .. ဒါတွေကို ကျုပ်မသိဘူးလို့ ထင်နေတာလား…” ရှီဟောင်အေးစက်စွာပင် ပြောလိုက်၏။
ရွှီး..
အခြားအလင်းတန်းတစ်ခု ကျရောက်လာပြီး ရှီဟောင်ကို ဆူဆဲနေခဲ့သည့် နောက်တစ်ယောက်လည်း ခေါင်းပြတ်သွားလေ၏။
အားလုံး စိတ်ထဲတွင် တုန်လှုပ်သွားကြရလေသည်။
“လွန်လွန်းသွားပြီဟွမ် .. မင်းက ဒီနေရာကို ဘယ်လိုနေရာမျိုးထင်နေတာလဲ”
“မင်းက ငါ့ရဲ့ ထာဝရရှေးဟောင်းမြေက မြို့ခံတွေကို သတ်ရဲတယ်ပေါ့ .. တာအိုသူငယ်ချင်းတို့ သူ့ကို ပေါင်းတိုက်ပြီးတော့ ဖမ်းကြရအောင်…”
“ဒီလူက လွန်လွန်းသွားပြီ .. သူ့ကို သတ်..”
ကောင်းကင်နတ်ဘုရား ၇ ယောက်၏မျိုးဆက်များမှာ တစ်ယောက်ပြီးတစ်ယောက် ဒေါသထွက်လာကြသည်။ သူတို့အနားတွင်ရှိနေသည့်လူများကို ဟွမ်အားသတ်ရန် ပြောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဆုကြေးလက်ခံထားသည့်သူများကိုလည်း ဟွမ်အားသတ်ရန် အသံပို့လွှတ်လိုက်ကြလေသည်
“ကောင်းတယ် .. ဟွမ်က ဒီလိုမျိုးဖြစ်နေရမှာ .. မြို့ခံတွေက သူတို့ကိုယ်သူတို့ ဘာလို့ထင်နေတာလဲ .. သူတို့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက် .. သူတို့နဲ့ စကားပြောနေစရာအကြောင်းကို မရှိဘူး..”
“ဟုတ်တယ် .. ဒါက ငါ့ရဲ့ စီရင်စုသုံးထောင်ကလူတစ်ယောက် ပြုမူသင့်တဲ့ ပုံစံပဲ .. ဘာကို အဓိပ္ပာယ်မရှိတာလဲ .. သူတို့ကို သတ်ပြီးတော့ အဆုံးသတ်လိုက်..”
လူအချို့သည် သူတို့မူလခန္ဓာကိုယ်များကို မထုတ်ပြရဲပဲ အမှောင်ထဲမှ အော်ဟစ်နေလေသည်။
ဤလူများသည် လူထုကို ဒေါသထွက်အောင် ဆွနေပြီး မီးလောင်ရာ လေပင့်နေခြင်းပင်။ ရှီဟောင်ကို မြို့ခံများဝိုင်းသွားအောင် လုပ်လိုက်ခြင်းပင်။
“နတ်ဆိုးနဲ့ မကောင်းဆိုးဝါးတွေက အလင်းအောက်မှာနေဖို့ မသင့်တော်ဘူး .. မင်းတို့ဘယ်သူလဲဆိုတာ ငါမသိဘူးလို့ ထင်နေတာလား” ရှီဟောင်ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်သည်။
ရှီဟောင်သည် လေထဲသို့ တက်သွားလိုက်ပြီး ဓားကို ဝေ့ရမ်းလိုက်သည်နှင့် ရောင်စုံအလင်းတန်းများစွာ ထွက်ပေါ်လာလေ၏။ ထို့နောက်တွင် တဖူးဖူးအသံများအောက်တွင် သနားစရာကောင်းသည့်အော်သံများထွက်ပေါ်လာလေသည်။
လူအုပ်ထဲတွင်ရှိနေသည့် လူများစွာတွင် အချို့သည် အသတ်ခံလိုက်ရကာ အချို့သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေ၏။ သူတို့သည် အပြင်ဘက်သို့ လွင့်ထွက်သွားကာ သူတို့ခန္ဓာကိုယ်တွင် သွေးများစီးကျနေလေသည်။
“ဟွမ် .. မင်းရူးသွားပြီလား .. ထာဝရရှေးဟောင်းမြေက မြို့ခံတွေကို တိုက်တာက ထားလိုက်ပါဦး .. အခုမင်းက စီရင်စုသုံးထောင်ကလာတဲ့သူတွေကိုတောင်မှ ရက်ရက်စက်စက်သတ်နေတယ်” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
“နတ်ဘုရားကျောင်းက လူယုတ်မာ .. မင်းက ငါ့ကို မင်းတို့လူလို့ပြောရဲသေးတယ်ပေါ့” ရှီဟောင် အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ဓားကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်နှင့် ဖူးဟူသည့်အသံနှင့်အတူ သူ့ကိုမေးခွန်းထုတ်သည့်သူ ခေါင်းပြတ်သွားလေသည်။
သွေးများလွင့်စင်ထွက်လာပြီး ကောင်းကင်ကြီးလည်း နီရဲသွားလေသည်။
အားလုံး ထိတ်လန့်သွားရလေ၏။ ဟွမ်သည် တုံ့ဆိုင်းမနေပဲ သတ်ဖြတ်နေလေပြီ။
ရှီဟောင်သည် ရပ်တန့်လိုက်ကာ ဓားကို မှီထားပြီး အသက်ကို ပြင်းပြင်းရှူနေရလေ၏။ သူသည် အမှန်တကယ်ပင် အားကုန်နေလေပြီ။ သူ၏သွေးစွမ်းအင်သာ အကောင်းဆုံးအခြေအနေတွင်ရှိနေပါက ဤလူများသည် ဒဏ်ရာရရုံသာဖြစ်မည်မဟုတ်ပဲ တစ်ခါတည်း သေသွားမည်ပင်။
“အားလုံးပဲ .. မင်းတို့ဘာတွေ တုံ့ဆိုင်းနေတာလဲ .. သူ့ကို သတ် .. ဒီလူက သေခါနီးနေပြီ .. ဘာအားမှ မကျန်တော့ဘူး .. အခုက သူ့ကိုရှင်းပစ်ဖို့ အချိန်ကောင်းပဲ”
လူအချို့မှ တုံ့ပြန်လာကာ လူအုပ်ကြီးကို အားပေလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုရား ၇ ယောက်၏မျိုးဆက်များသည် ရှီဟောင်ကို ကျိန်ဆဲနေပြီး ကျွမ်းကျင်သူများကို ငှားရမ်းနေဆဲပင်။ ထို့နောက်တွင် သူတို့လည်း ရှေ့တက်လာကြလေ၏။
ထို့အပြင် လူအချို့သည် ရှီဟောင်အားနည်းနေသည်ကို အခွင့်ကောင်းယူကာ ထာဝရမျိုးစေ့ကို ရယူရန်အတွက် ချောင်းတိုက်လာကြလေသည်။
“လူငယ်လေးတွေ … မင်းတို့နောက်ပြန်မဆုတ်သေးဘူးလား..” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု ကျွမ်းကျင်သူမှ အော်ပြောလိုက်သည်။
“ဝိဉာဉ်လူမျိုးစု စီနီယာ .. စီနီယာက အရမ်းကြီးကို ဘက်လိုက်နေတာမဟုတ်ဘူးလား .. ကျွန်တော်တို့ လေးလေးစားစားနဲ့ စိန်ခေါ်တယ် .. ဟွမ်ကလည်း စိန်ခေါ်မှုကို လက်ခံပြီးတော့ ပြန်တိုက်နေပြီလေ .. စီနီယာကဘာလို့ ဝင်နှောက်ယှက်နေတာလဲ” ကောင်းကင်နတ်ဘုရား ၇ ယောက်၏ မျိုးဆက်များမှ အော်ပြောလိုက်သည်။
“လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု .. ခင်ဗျားတို့တွေက ထာဝရရှေးဟောင်းမြေ လူမျိုးစုတွေရဲ့ သိက္ခာတွေကို ချနင်းပြီးတော့ အပြင်လူတွေကို အကာအကွယ်ပေးနေတာများလား ..” ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှ ယင်ခွန်မှ လောင်စာထပ်ထည့်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် သူနှင့် ရှီဟောင်၏ဆက်ဆံရေး ပြီးပြတ်သွားပြီကို သူသိနေသောကြောင့်ပင်။ ရှီဟောင် အတိဒုက္ခကို ဖြတ်သန်းနိုင်လျှင်ပင် သူတို့အတွက် ဘာ လျှပ်စီးအတိဒုက္ခရည်မှာ ရှိတော့မည်မဟုတ်ပေ။
“ဟုတ်တယ် .. စီနီယာကဘာလို့ အပြင်လူအတွက် ပြောပေးနေတာလဲ .. ကျွန်တော်တို့ သူ့ကို လေးလေးစားစား စိန်ခေါ်နေတာပါ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။
မီးတိမ်လှိုဏ်ဂူ၊ ကောင်းကင်နိုင်ငံ၊ နတ်ဘုရားကျောင်းနှင့် နတ်ဆိုးနေကြာဥယျာဉ်မှ ကျန်သည့်သူများသည်လည်း အော်ဟစ်နေကြသောကြောင့် ဤနေရာမှာ ဆူညံနေလေသည်။
ထို့အပြင် အချို့သူများသည် ရှီဟောင်ထံသို့ တရှိန်ထိုးပြေးလာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေကြလေ၏။
“တာအိုသူငယ်ချင်း .. ဘာကအမှန် ဘာကအမှားလဲဆိုတာ မင်းသိသင့်တယ် .. ကိုယ်ပိုင်ခံစားချက်တွေကို ဦးစားမပေးပါနဲ့” အသက်ကြီးသည့် မြို့ခံများလည်း ပေါ်လာလေ၏။ ဤသည်မှာ ကောင်းကင်နတ်ဘုရား ၇ ယောက်၏မျိုးဆက်များနှင့် ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှ ဖိတ်ခေါ်လိုက်ခြင်းပင်။
“ငါ စိန်ခေါ်မှုကို လက်ခံတယ် .. မင်းတို့သေရမှာမကြောက်ရင် လာခဲ့ကြ” ရှီဟောင်ပြောလိုက်၏။
“လူငယ်လေး..” လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ကျွမ်းကျင်သူ စိုးရိမ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အချို့စွမ်းအားကြီးသည့်လူမျိုးစုများလည်း ကြည့်မနေနိုင်ကြတော့ပေ။ ရှီဟောင် အန္တရာယ်ဖြစ်သွားမည်ကို စိုးရိမ်နေကြလေသည်။ သူ့ကို ကာကွယ်ပေးလျှင် ကျိန်စာချေဖျက်နိုင်မည့် အခွင့်အရေးရှိသေးသည်။
“ကိစ္စမရှိဘူး .. ကျွန်တော် အဆင်ပြေတယ် .. သူတို့ကို ကျွန်တော့်ခန္ဓာကိုယ်ပြုပြင်ဖို့အတွက် သုံးလိုက်မယ် .. ဒါကအမှိုက်တွေကို သုံးလိုက်တယ်လို့လည်း ပြောလို့ရတယ်” ရှီဟောင်သည် ဘာမှစောင့်ထိန်းမနေပဲ ပြောလိုက်လေ၏။ ဤသည်မှာ လူများစွာကို ချက်ချင်းပင် ဒေါသထွက်သွားစေလေသည်။
ဒီစကားတွေက မလွန်လွန်းဘူးလား …
“စီနီယာတို့ .. ကျွန်တော် လူတွေအများကြီးကို သတ်တော့မယ် .. စီနီယာတို့ ဒါကို တာဝန်ယူပေးနိုင်မလား” ရှီဟောင်သည် လူအုပ်ထဲတွင်ရှိနေသည့် ထိုသူများကို ကြည့်လိုက်ကာ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ကျွမ်းကျင်သူ အနည်းငယ် ထိတ်လန့်သွားရသည်။ “အသတ်ခံလိုက်ရတဲ့သူတွေက ကိစ္စမရှိဘူး .. ဒါပေမဲ့ လူငယ်လေး .. မင်းရဲ့ခန္ဓာကိုယ်…”
ကလန်၏ ရှေးဟောင်းဘိုးဘေး စိတ်ပြန်ကောင်းသွားပြီဖြစ်သောကြောင့် လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ မည်သည့်စွမ်းအားကြီးလူမျိုးစုကိုမှ မကြောက်တော့ပေ။ ထို့အပြင် ဟွမ်ကို ကာကွယ်ချင်နေသည့် လူမျိုးစုလည်း အများကြီးရှိနေသောကြောင့် သူတို့အခြားသူများကို ရန်စမိမည်ကိုလည်း မစိုးရိမ်ရတော့ပေ။
ကောင်းကင်နတ်ဘုရား ၇ ယောက်၏ မျိုးဆက်များမှာမူ သူတို့၏ ကောင်းကင်နတ်ဘုရားများပင် သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့၏မျိုးဆက်များကို ကြောက်စရာမလိုတော့ပေ။
သူတို့အခု စိုးရိမ်နေရသည်မှာ ရှီဟောင်၏ခန္ဓာကိုယ်ပင်။ ဤသည်မှာ သူ၏ကျင့်ကြံခြင်းဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း ပြောနေသော်လည်း သူတို့စိုးရိမ်နေဆဲပင်။
“ကောင်းပြီ .. ဒီလိုဆိုမှတော့ ကျွန်တော်ဒွိဟဖြစ်မနေတော့ဘူး..” ထိုသို့ပြောပြီးသည့်နောက် ရှီဟောင်သည် ထာဝရဓားကိုကိုင်ကာ လမ်းလျှောက်လာလေ၏။
“အသေခံစစ်သားတွေက သူ့ကို သတ်ကြ .. သူဘယ်လောက်ကြာအောင် ဒီလိုမျိုး စိတ်ကြီးဝင်နေနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့ .. သေတော့မှာကို ဒီလို လာလုပ်ရဲသေးတယ်ပေါ့ .. သူ့ကို ခွေးသေလိုမျိုးဖြစ်တဲ့အထိ ရိုက်ကြ .. ပြီးရင် သူ့ကို ဆွဲလာခဲ့ကြ” ယင်ခွန် အံကြိတ်ကာ စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
ရွှီး..
ထိုအချိန်တွင် ရှီဟောင်သည် ဆူညံနေသည့်လူများကို ဖြတ်ကျော်ကာ ငွေရောင်သွေးနတ်ဆိုးလူမျိုးစုထံသို့ ဦးတည်သွားလိုက်လေ၏။
ဖူးဟူသည့်အသံနှင့်အတူ သွေးရောင်အလင်းများ ထွက်ပေါ်လာလေသည်။ ထိုအချိန်တွင် လူ ၈ ယောက်အသတ်ခံလိုက်ရလေပြီ။
ယင်ခွန်ပင်လျှင် ချက်ချင်းနောက်ဆုတ်လိုက်သောကြောင့်သာ။ မဟုတ်ပါက သူအခု သေသွားလောက်လေပြီ။
“ဟွမ် .. မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ .. မင်းက ငါ့ရဲ့ ငွေရောင်သွေးနတ်ဆိုးလူမျိုးစုကို စိန်ခေါ်လိုက်တာလား” သူထိတ်လန့်သွားရသည်။ သူတို့သည် အတော်လေး ဝေးကွာပြီး သူ့အသံလည်း သိပ်မကျယ်ပေ။ ဟွမ်က ဘယ်လိုလုပ် ကြားသွားတာလဲ…
“ငါ မင်းကို တိုက်တော့ရော ဘာဖြစ်လဲ .. ငါအရင်တုန်းက ဝိဉာဉ်ကျွန်းမှာလည်း မင်းကို မတိုက်ခဲ့ဘူးလား” ရှီဟောင် ဓားကို ထပ်မြှောက်ကာ ပြောလိုက်သည်။
အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ လူအများစုမှာ ဤအဖြစ်အပျက်ကို မသိကြသေးပေ။ ထို့ကြောင့် ဤအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်သွားကြရသည်။ ငွေရောင်သွေးနတ်ဆိုးလူမျိုးစုသည် မြင့်မ့တ်သည့်လူမျိုးစုဖြစ်သည်ပင်။ မည်သူကများ သူတို့အား ရန်စရဲမည်နည်း..
“မင်း…” ယင်ခွန် ဒေါသထွက်ကာ အရှက်ရဿွားလေ၏။
“ပုန်းလျှိုးကွယ်လျှိုးနဲ့ ခင်ဗျားဘယ်မှာ ပုန်းနေတာလဲ .. ကျုပ်မသိဘူးလို့ ထင်နေတာလား .. တစ်ခြားသူတွေကို လာတိုက်ခိုင်းနေတာ .. ကြည့်ရတာ အရင်တစ်ခေါက်က ခင်ဗျားအသက်ကို လွှတ်ပေးလိုက်တာကို ခင်ဗျားနောင်တမရသေးဘူးထင်တယ် .. ဒီတစ်ခေါက်တော့ ကျုပ်ခင်ဗျားကို တစ်ခါတည်းနဲ့ ဖြတ်ချပစ်မယ်” ရှီဟောင်ပြောလိုက်သည်။
လက်ရှစ်ဖက်လူမျိုးစု၊ လှပခြင်းလူမျိုးစုနှင့် အခြားသူများလည်း ခါးသက်သက်ပင် ရယ်မောလိုက်ကြလေ၏။ ဟွမ်သည် တစ်ခြားသူများကို ရန်စသည့်နေရာ၌ တကယ်တော်လေသည်။ ရှီဟောင် သူတို့ခွင့်လွှတ်မှုကို တောင်းခံနေခြင်းမှာ ယင်ခွန်ကို သတ်ဖို့အတွက်လား..
“သူ့ကို သတ်ကြ .. ခွေးသေကောင်ဖြစ်အောင် ရိုက်ကြ” ယင်ခွန် ဒေါသတကြီးအော်ဟစ်လိုက်သည်။ ယခု သူ၏သိက္ခာများလည်း မရှိတော့သဖြင့် သူ၏အသေခံစစ်သားများကို တိုက်ခိုက်လိုက်တော့သည်။
ရွှီး..
ရုတ်တရက်ပင် ရှီဟောင်၏ ဓားရှည်ထွက်လာကာ သူ့အနားတွင်ရှိနေသည့်လူများကို တိုက်ခိုက်လိုက်လေ၏။ အော်ဟစ်သံများ ထွက်ပေါ်လာကာ ထိုလူအားလုံး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
“မင်းတို့အားလုံးက စီရင်စုသုံးထောင်က လူတွေ … ဆူဆူညံညံတွေ လုပ်ပြီးတော့ ချောင်းတောင် ချောင်းတိုက်လိုက်သေးတယ် .. မင်းတို့က ယင်ခွန်ထက်တောင် ပိုပြီးတော့ မုန်းစရာကောင်းသေးတယ်” ရှီဟောင်ပြောလိုက်သည်။
“သတ်…” လူများစွာ အော်ဟစ်လိုက်ကြသည်။
“လာခဲ့လေ .. အမှိုက်တွေ .. မင်းတို့ကို သုံးပြီးတော့ ငါ့ခန္ဓာကိုယ်ကို နားလည်အောင် လုပ်ရမယ်” ရှီဟောင်ပြောလိုက်၏။ သူသည် အစကတည်းက အားမရှိတော့ပဲ ယိမ်းထိုးနေလေပြီ။
သို့သော်လည်း ယခုအချိန်တွင် သူ၏အသွေးအသားများတောက်ပလာကာ နည်းနည်းကျန်နေသေးသည့် သွေးများလည်း တောက်ပလာလေသည်။
ဤသည်မှာ ကျန်ရှိနေသေးသည် အဆင့်လွန်သွေးစွမ်းအင်ပင်။
ဤသွေးစွမ်းအင်မှာ ကုန်ဆုံးနိုင်ရန် ခက်ခဲလှပြီး ဤတစ်ချိန်လုံး ပျောက်ပျက်မသွားခဲ့ပေ။ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် သူသိမ်းဆည်းခဲ့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ထိုသွေးများ လောင်ကျွမ်းသွားပါက အချိန်အတော်ကြာသည်အထိ ပြန်မပေါ်လာမည်ကို သူကြောက်နေသောကြောင့်ပင်။ သို့သော်လည်းယခုအချိန်တွင် အန္တရာယ်မျိုးစုံကို ရင်ဆိုင်နိုင်ရန်အတွက် သူခွန်အားလိုအပ်သည်။
သုံးရမလား မသုံးရဘူးလား .. သူအမြဲတမ်း တွေဝေနေခဲ့ခြင်းပင်။
ယခုတော့ သူဆုံးဖြတ်ချက်ချလိုက်ပြီ။ အဆင့်လွန်သွေးစွမ်းအင်အပါအဝင် သူ၏သွေးစွမ်းအင်အားလုံးကို သူလောင်ကျွမ်းစေလိုက်ပြီး မိုးမခနတ်ဘုရား၏ ပညာများကို နားလည်အောင် လုပ်လိုက်လေ၏။
ရေရှည်အတွက်တော့ ဤသည်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပင်။
“အား…” လူများစွာသည် သနားစဖွယ်ပင် အော်ဟစ်နေကြလေ၏။
ရှီဟောင်၏ခန္ဓာကိုယ်သည် တောက်ပလာကာ မီးဖိုတစ်လုံးကဲ့သို့ပင် လောင်ကျွမ်းလာလေ၏။ သူ၏အဆင့်လွန်အရိုး ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ မီးတောက်များလည်း ထွက်ပေါ်လာလေ၏။
သူသည် ထိုလူများကို သူ၏အဆင့်လွန်သွေးများ ကုန်ဆုံးသွားစေရန်အတွက် တကယ်ကိုပင် အမှိုက်ကဲ့သို့ အသုံးပြုနေခြင်းပင်။
ရှီဟောင် ဓားကို ဝေ့ရမ်းလိုက်သည်နှင့် အသေခံစစ်သားဟုခေါ်သည့်သူ ရာပေါင်းများစွာမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သေဆုံးသွားလေ၏။ ခြေလှမ်းတစ်လှမ်းသည် ကျန်းတစ်ထောင်ရှိပြီး ထာဝရစွမ်းအင်သုံးကြောင်းလည်း သူ့ခန္ဓာကိုယ်တွင် ထွက်ပေါ်လာသည်။ သူသည် ချက်ချင်းပင် ယင်ခွန်ရှေ့သို့ ရောက်လာလေသည်။
“မင်း.. ငါ့ကိုသတ်လို့မရဘူး” ယင်ခွန် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့မျက်နှာထက်တွင်လည်း အကြောက်တရားများ ပြည့်နှက်နေလေပြီ။ သူ၏ခွန်အားသည် ကောင်းလှသော်လည်း နောက်ဆုံးတိုက်ပွဲသည် သူ့သတ္တိကို ပျက်စီးစေခဲ့လေပြီ။ သူရှီဟောင်နှင့် ထိပ်တိုက်ရင်မဆိုင်ရဲတော့ပေ။ သူသည် ဆက်၍သာ နောက်ဆုတ်နေလေ၏။
“ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ .. ကျုပ်ကဘာလို့ ခင်ဗျားကို သတ်လို့မရတာလဲ” ရှီဟောင် သူ၏ဓားကို လွှဲရမ်းလိုက်သည်။
ယင်ခွန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏အဖိုးတန်ပစ္စည်းအားလုံးကို အသက်သွင်းလိုက်သော်လည်း လုံးဝအသုံးမဝင်တော့ပေ။ ထိုဓားသည် သူ၏နဖူးရိုးကို ပွင့်ထွက်သွားစေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း ထိုနေရာတွင် ချက်ချင်းပင် ပေါက်ကွဲသွားလေသည်။
“မင်းတို့တွေရှိသေးတာပဲ .. ငါက မင်းတို့ရဲ့ ဘိုးဘေးတွေကိုတောင် ကောင်းကင်အတိဒုက္ခနဲ့ သတ်ခဲ့တာ .. ငါက ဘာလို့မင်းတို့ကို ကြောက်ရမှာလဲ..”
ရှီဟောင်သည် ကောင်းကင်နတ်ဘုရား ၇ ယောက်၏မျိုးဆက်များထံသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူသည် သိုးအုပ်ထဲရောက်နေသည့် ဝံပုလွေကဲ့သို့ပင် သူ့ရှေ့တွင်ရှိနေသည့်သူအားလုံးကို ရှင်းလင်းလိုက်လေ၏။ ပြန်လည်ဝင်စားခြင်းပညာများကိုပြသလိုက်ကာ အချိန်အပိုင်းအစများလည်း ရှိနေလေ၏။ နေရာတိုင်းတွင် သွေးများစီးဆင်းနေပြီး အရာအားလုံးလည်း ညှိုးရော်သွားကာ အရိုးဖြူများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဤသည်မှာ တိုက်ခိုက်ခြင်းမဟုတ်ပဲ သတ်ဖြတ်ခြင်းပင်။
“မြန်မြန်ပြေး” အားလုံး ကြောက်ရွံ့သွားကြသည်။ သူတို့ကြားမှ ကွာခြားချက်မှာ ကြီးမားလှသည်။
“မင်းတို့ ဘယ်ပြေးကြတာလဲ .. နတ်ဘုရားကျောင်း၊ နတ်ဆိုးနေကြာဥယျာဉ်၊ မီးတိမ်လှိုဏ်ဂူ .. ငါအရင်က မင်းတို့ကို အသက်ရှင်ခွင့်ပေးခဲ့တယ် .. အဲဒါကို မင်းတို့ကဘာလို့ ငါ့ကိုလာနှောက်ယှက်နေသေးကြတာလဲ .. မင်းတို့အားလုံး သေလို့ရပြီ”
ရှီဟောင်သည် လေထဲသို့ ခုန်တက်လိုက်ကာ နေရာတိုင်းကို တိုက်ခိုက်လိုက်သည်။ ယခင်က ဆူဆူညံညံအော်ဟစ်နေခဲ့ကြသည့်သူအားလုံးမှာ ယခုအချိန်တွင် အသတ်ခံလိုက်ရလေပြီ။
သေတော့မည့်ဟွမ်က ဤမျှစွမ်းအားကြီးလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
ရှီဟောင်သည် ထွက်ပြေးသွားသည့်သူများအားလုံးနောက်သို့ သွေးစွန်းနေသည့် ဓားတစ်ချောင်းကိုင်ကာ လိုက်ဖမ်းနေလေ၏။ ခဏကြာပြီးသည့်နောက်တွင် ဤနေရာ၌ အလောင်းတစ်ထောင် ပေါ်လာလေသည်။
ရှီဟောင်သည် ရပ်တန့်မသွားပဲ သူ့ကိုယ်သူ မောပန်းသွားအောင် လုပ်နေဆဲပင်။ သူ၏အဆင့်လွန်သွေးများလောင်ကျွမ်းနေပြီး သူ၏နတ်ခွန်အားများလည်း ထွက်ပေါ်လာနေသည်။
နောက်ပိုင်းမျိုးဆက်များသည် ဤတိုက်ပွဲအကြောင်း စဉ်းစားမိသည်နှင့် အေးခဲသွားကြမည်ပင်။ ဂျီးနီးယပ်စ်များ၊ ကျွမ်းကျင်သူများဟုခေါ်သည့်သူများမှာ ရှီဟောင်ရှေ့တွင် ကြက်ကလေး ငှက်ကလေးလိုပင် အသတ်ခံလိုက်ရလေ၏။
တိတ်တဆိတ်ရောက်လာသည့် ကောင်းကင်နတ်ဘုရားများရှိသော်လည်း လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် အခြားလူများစုများ တားဆီးလိုက်ကြလေသည်။
နောက်ဆုံးတွင် ဤနေရာသည် တိတ်ဆိတ်သွားကာ သတ်စရာလူလည်း မကျန်တော့ပေ။
ထိုအချိန်တွင် ရှီဟောင်၏ သွေးစွမ်းအင်လည်း ကုန်ဆုံးသွားပြီဖြစ်ပြီး သူသည် ထိုင်ချလိုက်ကာ တစ်လက်မမျှပင် မရွေ့တော့ပေ။
သူ့ဘေးပတ်လည်တွင် သွေးများစီးဆင်နေပြီး ကျွမ်းကျင်သူများ၏အရိုးများလည်းတစ်ခုပေါ်တစ်ခု ထပ်နေသည်။
ဤသည်မှာ ငရဲနှင့်ပင် တူနေသည်။ ထိုအရိုးပုံများအလယ်တွင် ကျွမ်းကျင်သူတစ်ယောက်ထိုင်နေပြီး တာအိုကို လေ့လာနေသည်။
ဝုန်း..
သူ၏ခန္ဓာကိုယ် နောက်တစ်ကြိမ် တုန်ခါသွားကာ နောက်ဆုံးကျန်သည့် အသက်ဓာတ်လည်း ပျောက်ကွယ်သွားလေ၏။ သူသည် သေသွားသကဲ့သို့ ဖြစ်သွားလေ၏။
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှာ ထိတ်လန့်သွားရသည်။
သို့သော်လည်း ခဏကြာပြီးသည့်နောက်တွင် ရှီဟောင့်ခန္ဓာကိုယ်၌ အသက်ဓာတ် ပြန်ပေါ်လာသည်။ ပထမဆုံး ပြောင်းလဲလာသည့်အရာမှာ သူ၏လက်မောင်းပင်။ မူလက ခြောက်ကပ်နေကာ အရောင်အဆင်းမရှိသည့် လက်မောင်းသည် ယခုအချိန်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး အသက်ဓာတ်များ ပြည့်ဝလာသည်။
အပိုင်း ၁၁၆၃ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၄ – ကျွမ်းကျင်သူအားလုံး ပေါ်လာခြင်း
ရှီဟောင်သည် ထိုနေရာတွင် ထိုင်နေဆဲပင်။ သူ၏လက်မှစကာ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ ဖြန့်ကျက်လာလေ၏။
သူသည် အစက ခမ်းခြောက်နေကာ သေတော့မလိုပင် ဖြစ်နေလေပြီ။ သူသည် ထိုင်လျက်သေသွားပြီဟုတောင် လူအများစု ထင်နေကြခြင်းပင်။
သူတို့သည် သူတို့မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကြလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှေရောင်အလင်းတန်းများ ဖြန့်ကျက်လာကာ ခဏကြာပြီးသည့်နောက်တွင် သူ့အပေါ်ပိုင်းတစ်ပိုင်းလုံး တောက်ပနေလေပြီ။
ရှီဟောင်၏ပုံပန်းသွင်ပြင်မှာ ခန့်ညားလှကာ ရွှေရောင်ခန္ဓာကိုယ်ကြီးမှ ပြန်လည်မွေးဖွားနေသကဲ့သို့ပင်။
သူ အောင်မြင်သွားပြီး ပြန်ရှင်သန်လာလေပြီ။
အားလုံးမှာ သက်ပြင်းမချရမနေနိုင်ဖြစ်သွားကြလေ၏။ အားလုံးမှာ သူသေသွားပြီဟု ထင်ထားသော်လည်း နောက်ဆုံးတွင် သူပြောထားသကဲ့သို့ ထိုသူများကို သူ၏ခန္ဓာကိုယ်အတွက် အမှိုက်များအဖြစ် အသုံးပြုလိုက်ခြင်းပင်။
လူအချို့ ဂုကျန်းယွမ်ကို ကြည့်လိုက်ကြလေ၏။ ဤထူးခြားသည့် ဂျီးနီးယပ်စ်၏ ခန့်မှန်းချက်များ မှားယွင်းသွားလေပြီ။
သို့သော်လည်း ဂုကျန်းယွမ်သည် တည်ငြိမ်နေဆဲဖြစ်ကာ ဘာမှမပြောပဲ ရှီဟောင်ကိုသာ စိုက်ကြည့်နေလေသည်။
“ငါ့ရဲ့ ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုရဲ့ တိုက်ရိုက်မျိုးဆက်ကို သတ်ပြီးတော့ ငါ့ရဲ့ မြင့်မြတ်တဲ့မြေကို ဆန့်ကျင်တယ်ပေါ့ .. မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှ ကျွမ်းကျင်သူတစ်ယောက် တိတ်တဆိတ်ပြောလိုက်သည်။
ဤလူသည် အမျိုးသား ကောင်းကင်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူ့အနားတွင် အမျိုးသမီး ကောင်းကင်နတ်ဘုရားတစ်ယောက်ရှိလေ၏။ သူတို့သည် ယခင်က ဝိဉာဉ်ကျွန်းသို့ ရောက်လာပြီး လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုနှင့် တိုက်ခိုက်ခဲ့သည့်သူများပင်။
ရွှမ်း..
ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းတစ်ခုဖြစ်သည့် အနက်ရောင်နတ်ဆူးချွန်တစ်ခု လွင့်ပျံထွက်လာလေသည်။
ဝုန်း..
လေဟာနယ်ကြီး ချက်ချင်းပင် ပျက်စီးသွားလေ၏။ ထိုဆူးချွန်သည် လေဟာနယ်ကို ဖြတ်သန်းကာ ရှီဟောင်ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာကာ သူ့မျက်ခုံးကြားသို့ ရောက်လာလေပြီ။
“မင်း လုပ်ရဲတယ်ပေါ့…”
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားအိုကြီး သူ၏အင်္ကျီလက်ကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်နတ်ဘုရားသဘာဝဥပဒေသများ ပျံ့နှံ့သွားကာ ဤနေရာကို ပိတ်ထားလိုက်ကာ ထိုအနက်ရောင်ဆူးချွန်ကို ဝန်းရံလိုက်လေ၏။ သူသည် ရှီဟောင်အရှေ့တွင်ရပ်ကာ သူ့အားကာကွယ်ပေးနေခြင်းပင်။
ကောင်းကင်နတ်ဘုရားများပင် တိုက်ခိုက်လာကြပြီဖြစ်သောကြောင့် အားလုံးမှာ အလွန်စိုးထိတ်နေကြလေ၏။ ဤအဆင့် စွမ်းအားရှင်များ တစ်ချက် တိုက်ခိုက်လိုက်သည်နှင့် ကမ္ဘာငယ်လေးတစ်ခုလုံးကို ပျက်စီးစေနိုင်လေသည်။
“လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု .. မင်းတို့တွေက မိစ္ဆာကို ကာကွယ်ပေးနေတာပဲ .. မင်းတို့အားလုံးလည်း ထာဝရရှေးဟောင်းမြေရဲ့မျိုးဆက်တွေပဲကို မင်းတို့တွေက ငါတို့လူတွေ အသတ်ခံရတာကို ကြည့်နေရုံတင်မကဘူး သူ့နဲ့ပါ ရပ်တည်လိုက်သေးတယ် .. အပြစ်ခံယူလိုက်တော့” ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုမှ ကောင်းကင်နတ်ဘုရားသည် အော်ဟစ်လိုက်ကာ သူ၏မူလခန္ဓာကိုယ်ဖြစ်သည့် ငွေရောင်ရှေးသစ်ပင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူ၏အကိုင်းအခက်များသည် မိုးထိုးနေပြီး မိုးခြိမ်းသံများကဲ့သို့ အသံများလည်း ထွက်ပေါ်လာလေ၏။
ဖုန်း..
ငွေရောင်ရှေးသစ်ပင်ကြီး လှုပ်ရှားလာကာ ကြီးမားလှသည့်အကိုင်းအခက်များသည် လေဟာနယ်ကို အက်ကွဲစေလေသည်။ ထို့အပြင် အကိုင်းအခက်တစ်ခုစီတိုင်းတွင် ကောင်းကင်နတ်ဘုရားသဘာဝဥပဒေသများ ပါဝင်နေလေသည်။
လက်ရှစ်ဖက်ဝိဉာဉ်လူမျိုးစု ကောင်းကင်နတ်ဘုရားအိုကြီးသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး သူသည် ကောင်းကင်နတ်ဘုရား၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် ဘာကိုမှ မကြောက်ပေ။ သူ၏မျက်ခုံးကြားမှ တောက်ပလာကာ သူသည် သဘာဝဥပဒေသကွန်ယက်တစ်ခုကို ပြုလုပ်လိုက်ပြီး တစ်ဖက်လူကို ဖိနှိပ်လိုက်လေ၏။
“အဲဒါဆိုရင် မင်းတို့ဘာလို့ ငါ့ဝိဉာဉ်ကျွန်းကို လာခဲ့သေးလဲ .. မင်းတို့ပါးစပ်က ‘တာအိုသူငယ်ချင်းလေး’ လို့ပြောပြီးတော့ ပစ္စည်းမျိုးစုံတွေနဲ့ ကမ်းလှမ်းတယ် .. လူငယ်လေးက လက်မခံတော့ မင်းတို့က ရန်လိုလာကြတာလား..”
အကြီးအကဲသည် အားလုံးကို ဖွင့်ပြောလိုက်ပြီး ငွေရောင်သွေးနတ်ဆိုးသစ်ပင်လူမျိုးစုကို မျက်နှာသာမပေးတော့ပေ။
ဘာဖြစ်ခဲ့သည်ကို အားလုံးသိလိုက်ရလေပြီ။ ရှီဟောင်ကို လုနေကြခြင်းမှာ ကျိန်စာကို ချေဖျက်ရန်အတွက်ပဲ မဟုတ်လား…
ကောင်းကင်နတ်ဘုရားသဘာဝဥပဒေသများ တိုက်ခိုက်လာကာ လေဟာနယ်လည်း ပျက်ယွင်းလာလေသည်။
“တာအိုသူငယ်ချင်းနှစ်ယောက် စိတ်လျော့ပါ .. အပြင်ဘက်လောကကလူတွေ ထာဝရရှေးဟောင်းမြေရဲ့ နယ်ခြားစည်းကို ဖောက်ဝင်ဖို့ ကြိုးစားနေတယ်လို့ ငါကြားတယ် .. အခုက ရန်ဖြစ်ရမယ့်အချိန်မဟုတ်သေးဘူး” တစ်စုံတစ်ယောက်မှ အကြံပေးလိုက်၏။
ထိုအချိန်တွင် ဤလူပြောသည်ကို ထောက်ခံလိုက်သည့်အလား လောကကြီး တုန်ခါသွားလေ၏။
ဝုန်း…
အက်ကွဲကြောင်းသည် ပြင်းထန်သည့်တုန်ခါမှုအောက်တွင် ရောင်စုံအလင်းများ ထုတ်လွှတ်လာလေ၏။
အပြင်ဘက်တွင် တိုက်ခိုက်နေသည့်သူ အများအပြားရှိနေသည်မှာ သိသာလှသည်။
ဤသည်မှာ အခြားသူများ အထူးသဖြင့် မြို့ခံများ စိုးရိမ်လာစေသည်။ ရှေးယခင်ကတည်းက ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်များ ဤနယ်မြေထဲသို့ ဝင်၍မရပေ။ သူတို့သည် ဤနေရာ၏ ငြိမ်းချမ်းမှုကို ဖျက်ဆီးတော့မည်လား..
အားလုံးမှာ မသက်မသာခံစားလာရ၏။ ဤသည်မှာ ထာဝရရှေးဟောင်းမြေ နောက်ဆုံးအကြိမ်ပွင့်ခြင်းဖြစ်သောကြောင့် ဘာဖြစ်သွားနိုင်သည်ကို မည်သူမှ မသိပေ။
ဝုန်း..
ထိုကြီးမားလှသည့် အက်ကွဲကြောင်းကြီးသည် နောက်တစ်ကြိမ် တုန်ခါလာလေ၏။
စီရင်စုသုံးထောင်မှလာသည့် ဂျီးနီးယပ်စ်များအားလုံး ပျော်ရွှင်သွားရသည်။ သူတို့ဆရာတွေ ဝင်လာတော့မှာလား .. သူတို့အများစုမှာ စိတ်လှုပ်ရှားနေကြလေ၏။ အဘယ်ကြောင့်ဆိုသော် စင်မြင့်မှာ သူတို့အတွက် ခက်ခဲလှပြီး အနိုင်ရဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း သူတို့ဂိုဏ်းခေါင်းဆောင်များသာ တက်သွားလိုက်ပါက အရာအားလုံးကို ရပ်တန့်သွားနိုင်လိမ့်မည်။
ဘာဟွမ်လဲ .. ဘာဂုကျန်းယွမ်လဲ .. သူတို့ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူတို့ကို သတ်ပစ်လိုက်လို့ရတယ်..
“ဟမ် .. ဂုကျန်းယွမ် စင်ပေါ်ကို တက်သွားပြီ” ထိုအချိန်တွင် အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဂုကျန်းယွမ်သည်လည်း ပြဿနာတက်လာနိုင်သည်ကို စဉ်းစားမိသောကြောင့် တက်သွားခြင်းပင်။
“ဘယ်သူ ငါနဲ့တိုက်ရဲလဲ” သူတည်ငြိမ်စွာပင်မေးလိုက်လေ၏။ သူ၏ကျောထက်တွင် နတ်ဓားတစ်ချောင်းရှိနေပြီး သူသည် အားလုံးကို ဝေ့ဝဲကြည့်နေလေသည်။
ဤနေရာသည် ချက်ချင်းပင် တိတ်ဆိတ်သွားကာ မည်သူမှ မတုံ့ပြန်လာတော့ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ယခုအချိန်တွင် မထိခိုက်သေးပဲ အကောင်းဆုံးအခြေအနေတွင်ရှိနေသေးသည်။ မည်သူက သူ့ကို တိုက်ခိုက်ရဲမည်နည်း…
မည်သည့်တိုက်ပွဲမှ ဖြစ်မလာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် နိုင်ပွဲအရေအတွက်များတိုးလာလေ၏။ သူသည် ပွဲ ၅၀ ပင် အနိုင်ရသွားလေပြီ။
ဤသည်မှာ အားလုံးကို ဆွံ့အသွားစေလေ၏။
လူအချို့သည် ဤသည်ကို လက်မခံလိုသော်လည်း သူတို့လည်း တက်မသွားရဲပေ။
“ဒါက ဟွမ်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ” အချို့လူများမှာ သက်ပြင်းချလိုက်သည်။
ဟွမ်သည် သေခါနီးဖြစ်နေသော်လည်း ပွဲ ၈၀၀ ထိနိုင်ခဲ့သည်ကို အားလုံးတွေ့ပြီးသားပင်။ ယခု ဂုကျန်းယွမ်သည် ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းပြီးသည့်သူဖြစ်ပြီး သူ၏သွေးစွမ်းအင်လည်း များပြားလှသည်။ ဤသည်မှာ အားလုံးကို ကြောက်ရွံ့သွားစေသည်သာ။
အားလုံးအမြင်တွင် ဂုကျန်းယွမ်သည် ဟွမ်ထက်ပင်ပို၍ ကြောက်စရာကောင်းသေးသည်။
ထိုကဲ့သို့ပင် သူသည် ထိုနေရာတွင် ရပ်လျက်ပင် ၉၉ပွဲ အနိုင်ရသွားလေပြီ။
၁၀၀ မြောက်တွင် ကျွမ်းကျင်သူတစ်ယောက်ပေါ်လာလေ၏။ “ဂုကျန်းယွမ် .. ငါမင်းကို အဖော်ပြုပေးမယ်” သူသည် ခပ်ဝေးဝေးမှပင် အော်ဟစ်နေလေ၏။
တိမ်တိုက်များအရင်ရောက်လာကာ ဖိအားများကို သယ်ဆောင်လာလေသည်။ မီးခိုးရောင်ဆံပင်ရှည်နှင့် လူငယ်တစ်ယောက်ပေါ်လာပြီး ပြိုင်ကွင်းထက်တွင် ဝုန်းခနဲ ရပ်လိုက်လေသည်။
“မင်းပဲ .. မင်းအသက်ရှင်နေသေးတာလား..” ဂုကျန်းယွမ် ထိတ်လန့်သွားရသည်။
“ဟုတ်တယ် ငါပဲ .. အရင်တုန်းက မင်း ကံကောင်းလို့နိုင်ခဲ့တာ .. ငါ့ရဲ့ပျက်စီးသွားတဲ့ခန္ဓာကိုယ်က မသေသေးဘူး .. အသက်ရှင်နေတုန်းပဲ .. ဒီနေ့ ဒီကမ္ဘာမှာ ငါမင်းနဲ့စာရင်းရှင်းမယ်” ရောက်လာသည့်တစ်ယောက်မှ အော်ဟစ်လိုက်၏။ ထိုလူငယ်လေး၏ မျက်နှာသည် ဖြူဖျော့နေကာ သူ၏မီးခိုးရောင်ဆံပင်များလည်း ခါးအထိရှည်လေသည်။ သူ၏အနားတွင် ယင်မြူများလည်း ရစ်ဆိုင်းနေလေ၏။
ဤလူမှာ အလွန်ကြောက်စရာကောင်းသည်ကို အားလုံးသိကြသည်သာ။ ယခင်က ဂုကျန်းယွမ်နှင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ပြီး ခြေလှမ်းတစ်ခုမှားသွားသောကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းပင်။ သူသည် ရှေးဟောင်းလူထူးဆန်းပင်။
“အရင်တုန်းကတောင်မှ ငါမင်းကို အနိုင်ယူနိုင်ခဲ့တာ .. အဲဒီတော့ ဒီတစ်ခေါက်လည်း ငါမင်းကို သတ်နိုင်တယ်” ဂုကျန်းယွမ် စိတ်ငြိမ်သွားသည့်နောက် ပြောလိုက်သည်။
“အပြောလေးတွေလျှော့ပြီး တိုက်ခိုက်ပြီးတော့ သက်သေပြကြတာပေါ့”
ဤသည်မှာ အသက်လုပွဲပင်။ ရောက်လာသည့်တစ်ယောက်ထံမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့်အော်ရာလည်းကြောက်စရာကောင်းလှသည်။ သူသည် ဒေါသထွက်နေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ပင် ပြေးဝင်လာလေ၏။
ရွှီး..
အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် ထိုလူသည် ဂုကျန်းယွမ်၏လက်ညှိုးဖြင့် အသတ်ခံလိုက်ရလေသည်။ သွေးများလွင့်စင်ထွက်လာပြီး ခန္ဓာကိုယ်လည်း အစိတ်စိတ်အမွှာမွှာဖြစ်သွားလေ၏။
“ဒီလိုမျိုး သေသွားတာလား .. လွယ်လွန်းတယ်”
“ဂုကျန်းယွမ်က အခု ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားပြီဆိုတော့ အရင်တုန်းက ပြိုင်ဘက်တွေက ဘယ်လိုလုပ် သူ့ကို ရင်ဆိုင်နိုင်တော့မှာလဲ”
အားလုံး သက်ပြင်းချလိုက်ကြကာ ဤလူကို သနားမိသွားကြလေသည်။
သို့သော်လည်း ဂုကျန်းယွမ်သည် သတိကြီးနေဆဲဖြစ်ကာ သူသည် တာအိုမီးတောက်များကို ပြုလုပ်လိုက်ပြီး ထိုလူ၏ အလောင်းနှင့်သွေးများကို မီးရှို့လိုက်လေ၏။
“မင်းငါ့ကို သတ်လို့မရဘူး…” ကြောက်စရာကောင်းသည်မှာ သွေးများထွက်ပေါ်လာကာ သိပ်မဝေးသည့်နေရာတွင် လူသားခန္ဓာကိုယ်တစ်ခုအဖြစ် စုစည်းသွားလေ၏။
“အရင်တစ်ခေါက်က မင်းမသေသွားတာလည်း ဒီနည်းလမ်းကြောင့်မလား .. အဆုံးမရှိတဲ့သွေးကျမ်းစာ..” ဂုကျန်းယွမ်ပြောလိုက်၏။ ထို့နောက်သည် သူသည် ကျောထက်တွင်ရှိနေသည့်ဓားကို ဆွဲထုတ်ကာ သွေးရောင်ပုံရိပ်ကို ချိန်ထားလိုက်သည်။
“ဟုတ်တယ် .. ငါ့သွေးတစ်စက်ကျန်နေသေးသရွေ့ ငါမသေနိုင်ဘူး .. မင်းအသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့” ထိုသွေးရောင်ပုံရိပ်သည် အော်ဟစ်လိုက်ကာ တိုက်ခိုက်လာလေ၏။ သူတိုက်ခိုက်ရန်အတွက် အသွေးအသားခန္ဓာကိုယ် မလိုအပ်ပေ။
ဤသည်မှာ အားလုံးကို ထိတ်လန့်သွားစေလေ၏။
“ဘုရားရေ ..ဒါကတကယ် အဆုံးမရှိတဲ့သွေးကျမ်းစာပဲ .. ဒီလိုနတ်ဆိုးပညာမျိုးက အရက်စက်ဆုံးပဲ ပြီးတော့ ကျင့်ကြံဖို့ အခက်ခဲဆုံးပဲ .. ဒီပညာကို ဆက်ခံတဲ့သူ မရှိတော့ဘူး မဟုတ်ဘူးလား .. ဘာလို့ နောက်တစ်ခေါက် ပြန်ပေါ်လာတာလဲ” လူများစွာမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤသည်မှာ ရှေးဟောင်းလျှို့ဝှက်ပညာတစ်ခုပင်။ ဤသည်မှာ ကောင်းကင်လောင်ကျွမ်းခြင်းပညာ သို့မဟုတ် ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေဆယ်ခုပညာကို မယှဉ်နိုင်သော်လည်း သူ၏အားသာချက်မှာ သူ၏ဖန်တီးနိုင်စွမ်းပင်။ ဤပညာကျင့်ကြံထားသည့်သူကို သတ်နိုင်ရန် ခက်ခဲလေ၏။
ဂုကျန်းယွမ်လက်ထဲတွင်ရှိနေသည့် နတ်ဓားသည် ဆက်တိုက်ပင် လွှဲရမ်းနေကာ ထိုသွေးနှင့်လူကို ပျံ့ကြဲသွားအောင် လုပ်လိုက်သော်လည်း သူမသေပေ။ သူသည် သွေးစေ့များသာ ကျန်တော့သည့်အချိန်ထိ လောင်ကျွမ်းခံနေရသော်လည်း အရာအားလုံးကို လောင်ကျွမ်းစေရန်မှာ ခက်ခဲလှသည်။
“မကောင်းတော့ဘူး .. ဒီလိုမျိုးမသေနိုင်တဲ့သူလည်း ရှိသေးတာလား .. သူ့ကို ဘယ်လိုလုပ် အနိုင်ယူရတော့မှာလဲ”
ဓားတောင်ကြားမှ လူများ စတင်စိုးရိမ်လာသည်။
“စိတ်ပူစရာမလိုဘူး .. အစ်ကို ဂုကျန်းယွမ်က သေချာပေါက်ကို နည်းလမ်းရှာတွေ့မှာပါ .. ဒီလောကမှာ မသေမျိုးခန္ဓာကိုယ်ဆိုတာ မရှိဘူး .. သူ့ကို အကြိမ်ပေါင်းများစွာ ပြန်ရင်နိုင်အောင် လုပ်စေနိုင်တဲ့ အခြေခံသွေးစွမ်းအင် နည်းနည်းလေး ရှိနေမယ်လို့ ကျွန်တော်ပြောရဲတယ် .. အဲဒီသွေးစက်တွေကိုသာ ဖယ်ရှားပစ်နိုင်ရင် သူသေချာပေါက် သေသွားမှာပဲ…” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
“ငါ မင်းခန္ဓာကိုယ်တစ်ခုလုံးကို ပြုပြင်ပေးမယ်” ဂုကျန်းယွမ် အော်ဟစ်လိုက်သည်။ သူ ဓားကို လွှဲရမ်းလိုက်နှင့် နယ်မြေတစ်ခု ဖြစ်ပေါ်လာကာ ထိုလူကို ဝန်းရံသွားလေ၏။
ဝုန်း..
ထိုသွေးနှင့်လူသည် မီးမြှိုက်ခံလိုက်ရလေသည်။
သို့သော်လည်း ခပ်ဝေးဝေးတွင် သွေးစက်တစ်စက်သည် ပြိုင်ကွင်း၏အက်ကွဲကြောင်းမှ လိမ့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုဖြစ်သွားကာ ဂုကျန်းယွမ်နှင့် တိုက်ခိုက်နေလေသည်။
“သွေးစက်တစ်စက်က ခန္ဓာကိုယ်တစ်ခုကို ရအောင်လုပ်နိုင်တာလား…” အားလုံး ထိတ်လန့်သွားကြရသည်။
“ဒီလိုမျိုး နတ်ဆိုးပညာကို ကျင့်ကြံထားရင် မသေနိုင်တာတော့မဟုတ်ဘူး .. ဒါပေမဲ့ အသက် ၅ ချောင်းကနေ ၉ချောင်းထိ ရသွားတာ” တစ်စုံတစ်ယောက်မှ အသေးစိတ်ကျကျရှင်းပြလိုက်သည်။
ဤတိုက်ပွဲမှာ ပြင်းထန်လွန်းလှသည်။ သို့သော်လည်း နောက်ဆုံးတွင် ဂုကျန်းယွမ်သည် အရာအားလုံးကို ရှင်းလင်းလိုက်လေ၏။ သူသည် ဤလူကို ကိုးကြိမ်သတ်ပြီးသည့်နောက်တွင် သွေးရောင်အလင်းပျောက်ကွယ်သွားကာ ဤလူလည်း အသက်ဆုံးရှုံးသွားလေ၏။
“ငါက ထာဝရစွမ်းအင်ကို ကျင့်ကြံထားတဲ့အပြင် ကောင်းကင်အတိဒုက္ခကိုလည်း ဖြတ်သန်းပြီးသွားပြီ .. အဲဒီတော့ မင်းမှာ အသက်တစ်ရာရှိရင်တောင်မှ ငါ့မင်းကို သတ်ဖို့အတွက် မလုံလောက်သေးဘူး” သူတည်ငြိမ်စွာပင် ပြောလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ဤနေရာမှာ ချက်ချင်းပင် တိတ်ဆိတ်သွားလေ၏။
ထို့နောက်တွင် သူသည် ထိုနေရာတွင် ရပ်နေရင်းဖြင့်ပင် မတိုက်ခိုက်ပဲ တိုက်ပွဲပေါင်းများစွာကို အနိုင်ရရှိနေလေသည်။
၂၀၀ မြောက်ပြိုင်ပွဲတွင် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့လေသည်။ တစ်စုံတစ်ယောက်မှ ပြိုင်ကွင်းပေါ်သို့ တက်လာကာ မှော်ပစ္စည်းတစ်ခုကို ထုတ်လာလေ၏။ အစပိုင်းတွင် မည်သူမျှ ဘာကိုမှ အာရုံမခံမိသော်လည်း နောက်ပိုင်းတွင် ကြောက်စရာကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာလေ၏။ တောက်ပလှသည့် နတ်အလင်းတန်းလည်း ထွက်ပေါ်လာကာ ဂုကျန်းယွမ်သွေးအန်သွားသည်အထိ သူ့အားရိုက်ခတ်နေလေသည်။
“ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းလား…” လူများစွာ ထိတ်လန့်သွားရသည်။
အပြင်ဘက်လောကမှ ဂျီးနီးယပ်စ်များ ဤကဲ့သို့သော ပစ္စည်းမျိုး ယူလာ၍မရပေ။
ဤသည်မှာ မြို့ခံများ၏လက်နက်ပင်။ သို့သော်လည်း ထိုသူများသည် စင်မြင့်ပေါ်သို့ တက်၍မရပေ။
ဂုကျန်းယွမ် ဒဏ်ရာရသွားပြီး သူ၏မျက်လုံးမှ အလင်းတန်းများလည်း ထွက်ပေါ်လာလေသည်။ “ဒီပစ္စည်းကို မင်းဘယ်လိုပဲ ရခဲ့ပါစေ .. မင်းက ကောင်းကင်နတ်ဘုရားမဟုတ်သေးရင် မင်းလည်းသေမှာပဲ..”
သူကျယ်လောင်စွာ အော်ဟစ်လိုက်ကာ သူ၏လက်ထဲတွင်ရှိနေသည့် နတ်ဓားလည်း တောက်ပလာလေ၏။ သူသည် ဓားနှင့်တစ်သားတည်းဖြစ်သွားပြီး ထိုကျွမ်းကျင်သူနှင့် ပြင်းထန်စွာပင် တိုက်ခိုက်နေလေသည်။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းမှ ထုတ်လွှတ်သည့်အလင်းတန်းများကိုလည်း ရှောင်ရှားနေရလေ၏။
နောက်ဆုံးတွင် ထိုလူကို သူသတ်လိုက်နိုင်သည်။ သို့သော်လည်း ထိုကောင်းကင်နတ်ဘုရားအဆင့်မှော်ပစ္စည်းမှာ လေထဲတွင် ဝဲပျဲနေဆဲဖြစ်ပြီး ရပ်တန့်၍မရပေ။
ဂုကျန်းယွမ်သည် သူ၏နေရာကို ထိန်းသိမ်းချင်သေးသော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏သူငယ်အိမ်များ မှေးကျဉ်းသွားကာ သူ၏အစီအစဉ်များကိုလည်း ရပ်တန့်လိုက်၏။ သူဒဏ်ရာရနေတုန်း ထူးခြားသည့်လူတစ်ယောက် ရောက်လာခြင်းပင်။
သူ၏ဒဏ်ရာများကို ကုသရမည်။ မဟုတ်ပါက သူဒုက္ခတွေ့သွားလိမ့်မည်။
ဂုကျန်းယွမ် စင်မြင့်ပေါ်မှ ခုန်ချလိုက်ကာ ပျောက်ကွယ်သွားလေ၏။
ထို့နောက်တွင် စင်မြင့်ပေါ်သို့ တစ်စုံတစ်ယောက် ရောက်လာလေ၏။ သူ၏အဖြူရောင်အဝတ်အစားများမှာ ထူးခြားလှကာ မိန်းကလေးများ မနာလိုဖြစ်ရလောက်အောင်ပင် ချောမောခန့်ညားလှလေ၏။
ဤသည်မှာ နျင်ချွမ်းပင်။
ဝုန်း…
ဤနေရာသည် ချက်ချင်းပင် ဆူညံသွားလေ၏။ နျင်ချွမ်း အသက်ရှင်နေသေးတယ်…
ဤသည်မှာ ကြီးမားလှသည့် အဖြစ်အပျက်ကြီးပင်။ သူအတိဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ဖြတ်လိုက်နိုင်တယ် .. သူမသေသေးဘူး..
သူသည် ပြိုင်ကွင်းပေါ်သို့ တစ်လှမ်းတည်းဖြင့် တက်လိုက်သည်။ သူသည် အားလုံးကို ဝေ့ဝဲကြည့်နေလေ၏။
ရှီဟောင်သည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ကာ ရွှေရောင်အလင်းတန်းများလည်း သူ့ခြေထောက်သို့ပင် ရောက်နေလေပြီ။
သူသည် တစ်စုံတစ်ခုကို အာရုံခံမိသောကြောင့် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ပြိုင်ကွင်းပေါ်တွင်ရှိနေသည့် နျင်ချွမ်းကို ချက်ချင်းမြင်လိုက်ရသည်။
ထို့အပြင် ရှီဟောင်၏ နတ်အာရုံများမှာ အလွန်ပင်စူးရှလှသောကြောင့် သူခပ်ဝေးဝေးသို့ ကြည့်လိုက်သည့်အချိန်တွင် အခြားလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဤသည်မှာ သားရဲအသိုက်မှလူပင်။ သူမသေသေးဘူး..
ထို့နောက်တွင် သရဖူ ၁၀ခုဘုရင်ကိုလည်း သူတွေ့လိုက်ရသည်။
“အခုတော့ ဘယ်သူက ထိပ်ဆုံးမှာရှိနေမလဲဆိုတာကို ဆုံးဖြတ်တော့မယ် .. အားလုံးပေါ်လာတော့မယ်” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်၏။
ထိပ်ဆုံးမှလူများ ရောက်လာပြီဖြစ်သောကြောင့် ကောင်းကင်ကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲကြီး ဖြစ်လာတော့မည်။
အပိုင်း ၁၁၆၄ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၅ – အဆင့်လွန်တိုက်ပွဲ
နျင်ချွမ်း စင်ပေါ်သို့ တက်ပြီးသွားသည့်နောက်တွင် မည်သူမှ စင်ပေါ်သို့ မတက်ရဲတော့ပေ။ ဤနေရာမှာ လုံးဝပင် တိတ်ဆိတ်နေလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပွဲ ၂၀၀ ပြီးသွားလေပြီ။ သူသည် ထိုနေရာတွင်သာ မြဲမြံစွာ ရပ်နေလေ၏။
ဤသည်မှာ ရှေးယခင်ကပင် မမြင်ဖူးသည့် အဖြစ်အပျက်ကြီးပင်။
ဝုန်း..
“ဟမ် .. တစ်ယောက်ယောက် အတိဒုက္ခကို ဖြတ်နေတယ်”
အားလုံး ထိတ်လန့်သွဦးရ၏။ ဤကဲ့သို့သော အခြေအနေမျိုးပင်လျှင် အတိဒုက္ခကို ဖြတ်သန်းသည့်သူ ရှိနေသည်လား ..
“ချန်ကုန်းယန်ပဲ…”
“သရဖူလေးခုဘုရင်က အတိဒုက္ခကို ဖြတ်သန်းနေပြီး .. တကယ်ကို အံ့ဩစရာကောင်းတာပဲ .. သူလုပ်နိုင်မလား မလုပ်နိုင်ဘူးလားတော့ မသိဘူး..”
ဤသတင်းပျံ့သွားသည့်အချိန်တွင် အားလုံး ထိတ်လန့်သွားရသည်။
တစ်ချိန်တည်းမှာပင် အချို့ကမ္ဘာငယ်လေးများ၌ အတိဒုက္ခကို ဖြတ်သန်းနေသည့်သူများရှိနေသည်ဟူသော သတင်းများလည်း ရောက်လာလေသည်။ ကျယ်လောင်လှသည့် မိုးခြိမ်းသံများကို ကြားရသည့်သူများရှိနေလေ၏။
“ကျွမ်းကျင်သူတွေ ထပ်သေတော့မယ်” တစ်စုံတစ်ယောက်မှ သက်ပြင်းချပြီး ပြောလိုက်သည်။
ဤသည်မှာ အမှန်တရားပင်။ လျှပ်စီးအတိဒုက္ခက ဤမျှဖြတ်သန်းရန် လွယ်ကူနေမည်လား .. ကောင်းကင်အတိဒုက္ခကို အလောတကြီးရင်ဆိုင်ခြင်းမှာ သေချာပေါက် သေခြင်းတရားက စောင့်ကြိုနေမည်သာ။
ဤအတိဒုက္ခကို စိန်ခေါ်ရဲသည့်သူများမှာလည်း စွမ်းအားအကြီးဆုံးဘုရင်များသာ။ ဤကဲ့သို့သောလူများ သေဆုံးသွားခြင်းမှာ အနည်းငယ် နှမြောစရာကောင်းလှသည်။
“ဘယ်သူမှ မတက်လာဘူးလား” ပြိုင်ကွင်းပေါ်တွင်ရှိနေသည့် နျင်ချွမ်းမှ အလွန်တည်ငြိမ်စွာပင် ပြောလိုက်သည်။ မိုးကြိုးသံများကြောင့် သူစိတ်လှုပ်ရှားမသွားပေ။ သို့သော်လည်း ယခုအချိန်တွင် ရှီဟောင်သည် အရေးကြီးဆုံးအခြေအနေတွင် ရောက်နေပြီး ရွှေရောင်အလင်းတန်းများမှာ သူ၏ဒူးထိပင် ရောက်နေလေပြီ။
ရှီဟောင်၏အမူအရာမှာ တည်ငြိမ်နေလေ၏။ သူသည် နျင်ချွမ်းကို တစ်ချက်သာ ကြည့်လိုက်သည်။ တိုက်ပွဲဖြစ်မည်ဆိုလျှင်ပင် ဤသည်မှာ သူအောင်မြင်ပြီးမှသာ ဖြစ်လိမ့်မည်။
“ကျုပ်ခင်ဗျားနဲ့ တိုက်မယ်”
၂၀၁ ပွဲမြောက်တွင် တစ်စုံတစ်ယောက်မှ စင်မြင့်ပေါ်သို့ တက်လာသည်။ ထိုသူသည် သူ၏လက်ထဲတွင်ရှိနေသည့် အရိုးဓားဖြင့် နျင်ချွမ်းထံသို့ ပစ်လွှတ်လိုက်လေသည်။ ထိုသက်ရှိသည် နတ်ဘုရားအစစ်နယ်မြေ၏ အမြင့်ဆုံးသို့ရောက်နေသည့် စွမ်းအားကြီးသည့်သူပင်။
သို့သော်လည်း နျင်ချွမ်းသည် လက်ညှိုးတစ်ချောင်းထိုးလိုက်ပြီးနောက် အလင်းတန်းတစ်ခု ထွက်လာကာ ထိုအရိုးဓားကို ကြေမွသွားအောင် လုပ်လိုက်လေသည်။
ဤသည်မှာ မီးရှူးမီးပန်းဖောက်လိုက်သကဲ့သို့ပင် အရိုးဓားအပိုင်းအစများသည် နေရာအနှံ့သို့ လွင့်ပျံ့သွားလေ၏။ ထို့နောက်တွင် ထိုအပိုင်းအစများ စတင်လောင်ကျွမ်းလာလေသည်။
သို့သော်လည်း ထိုအချိန်တွင် ထိတ်လန့်စရာကောင်းသည့်အဖြစ်အပျက်များ ဖြစ်ပျက်လာလေ၏။ ထိုအရိုးဓား အစိတ်အပိုင်းများသည် အသိဉာဏ်ရှိနေသကဲ့သို့ပင် အရှေ့ဘက်သို့ ဆက်သွားနေဆဲပင်။ ထို့အပြင် လေဟာနယ်ပင်လျှင် ပေါက်ကွဲသွားလေ၏။
“ဘာ .. ကောင်းကင်နတ်ဘုရားခွန်အား..” လူများစွာမှာ ထိတ်လန့်သွားပြီး ဖြူဖျောသွားကြလေ၏။ ဤပြောင်းလဲမှုများမှာ ထူးဆန်းလွန်းလှသည်။
ဓားလက်ကိုင်ရိုးပဲကျန်တော့တာကို ဘာလို့ဒီလောက်တောင် စွမ်းအားကြီးလာတာလဲ..”
“ပုံစံမဲ့ဓား” တစ်စုံတစ်ယောက်မှ ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းဖြစ်သည့် လျှို့ဝှက်ရတနာတစ်ခုပင်ဖြစ်ပြီး ကြောက်စရာကောင်းဆုံး လက်နက်ပင်။
ဤကဲ့သို့သော ဓား၏ဓားကိုယ်ထည်ကို မမြင်ရပဲ လေဟာနယ်ထဲတွင် ပုန်းခိုနေနိုင်လေသည်။ လုပ်ကြံသတ်ဖြတ်မှုအတွက် ကြောက်စရာကောင်းသည့် နတ်ဆိုးလက်နက်ကြီးပင်။ ခုခံနိုင်ရန်အတွက် မဖြစ်နိုင်ပေ။
“ကောင်းကင်နတ်ဘုရားအဆင့် မှော်ပစ္စည်းတွေကို ထာဝရရှေးဟောင်းမြေထဲ ယူလာလို့မရဘူး .. ပြီးတော့ မြို့ခံတွေရဲ့ လက်နက်တွေကလည်း ပြိုင်ကွင်းနားကို ကပ်လို့မရဘူး .. အဲဒီတော့ သူဒီလက်နက်ကို ဘယ်ကရလာတာလဲ .. ဘာတွေဖြစ်နေတာလဲ…”
ယခင်က ဂုကျန်းယွမ် တစ်ခါကြုံဖူးပြီးသွားပြီဖြစ်သော်လည်း ယခုအချိန်တွင် အခြား ကောင်းကင်နတ်ဘုရားအဆင့်မှော်လက်နက် ထပ်မံ ထွက်ပေါ်လာပြန်လေပြီ။
လေဟာနယ်ကြီး တုန်ခါသွားလေ၏။
ကောင်းကင်နတ်ဘုရားသဘာဝဥပဒေသများ ပေါ်ထွက်လာကာ ကြောက်စရာကောင်းသည့် နတ်ခွန်အားများလည်း အရာအားလုံးကို လွှမ်းခြုံသွားလေသည်။ နျင်ချွမ်း၏အမူအရာပင်လျှင် ပြောင်းလဲသွားလေ၏။ သူ၏မူလနေရာမှ ပျောက်ကွယ်သွားကာ အခြားနေရာတွင် ပြန်ပေါ်လာလေသည်။
သို့သော်လည်း ထိုကျွမ်းကျင်သူသည် ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းကို လွှဲရမ်းလိုက်ပြီး လေဟာနယ်ကို ထိုးဖောက်လိုက်လေ၏။
“ဘာမှမရှိတဲ့ခေတ်ကို သွားမယ်” နျင်ချွမ်း အော်ဟစ်လိုက်သည်။
သို့သော်လည်း သူသည် ကောင်းကင်နတ်ဘုရား မဟုတ်သောကြောင့် သတိထားနေရဆဲပင်။ သူ၏နတ်စွမ်းရည်များကို ပြသနေရပြီး သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ဤသက်ရှိသည် စွမ်းအားကြီးသော်လည်း ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းကို အသက်သွင်းရန်မှာလည်း စွမ်းအားအများကြီး အသုံးပြုရသည်။ နျင်ချွမ်းကို ဖိအားပေးနေသော်လည်း အခြေအနေမကောင်းသည်ကို ဤသက်ရှိလည်း သိနေသည်သာ။
ဖူး..
နောက်ဆုံးတွင် သူသွေးအန်သွားကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေ၏။
သူ၏စွမ်းအင်အရင်းအမြစ်များကုန်ဆုံးသွားတော့မည့်အချိန်တွင် နျင်ချွမ် လက်ညှိုးထိုးလိုက်သည်နှင့် ထိုသူ၏မျက်ခုံးကြားကို ထိုးဖောက်သွားလေသည်။ ထိုပုံစံမဲ့ဓားသည်လည်းချက်ချင်းပင် အဝေးသို့ ပျံထွက်သွားလေ၏။
အားလုံး အုတ်အော်သောင်းတင်းဖြစ်သွားလေ၏။ နျင်ချွမ်၏စွမ်းအားကို လေးစားသကဲ့သို့ ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းများ တစ်ခုပြီးတစ်ခု ပေါ်လာခြင်းကိုလည်း ထိတ်လန့်နေကြလေသည်။
“မြို့ခံတွေနဲ့ လက်တွဲနေတဲ့ စီရင်စုသုံးထောင်က ဂျီးနီးယပ်စ်တွေ ရှိတယ်” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
“ခင်ဗျားပြောတာမှန်တယ် .. အဲဒီလိုမျိုး ရှိနေလောက်တယ်”
ခဏကြာပြီးသည့်နောက်တွင် အားလုံး ဤသို့သာ ကောက်ချက်ချလိုက်သည်။
မည်သို့ပင်ဖြစ်စေ စင်မြင့်ပေါ်သို့ တက်ရသည့်သူများမှာ မြို့ခံများမဟုတ်ပေ။ အပြင်လူများသာ။
လက်နက်များမှာမူ မြို့ခံများမှ ပြင်ဆင်ပေးထားခြင်းဖြစ်သည်ဟု အားလုံးသံသယဝင်နေကြသည်။ ကောင်းကင်နတ်ဘုရားလက်နက်များအားလုံးကို ပြင်ဆင်ထားပြီး နောက်ဆုံးတစ်ဆင့်ကိုသာ အပြင်လူများကို လုပ်ခိုင်းခြင်းဖြစ်နိုင်သည်။
ဤသည်မှာ မဖြစ်နိုင်သည်မဟုတ်ပေ။ ကောင်းကင်နတ်ဘုရားလက်နက်မှာ အဖိုးတန်ပြီး ပြုလုပ်ရန် ခက်ခဲသော်လည်း လိုအပ်သည့်အရာများကို ကြိုတင်ပြင်ဆင်ထားပါက အောင်မြင်နိုင်သည်သာ။
“ဒါက မြို့ခံတွေ မဟုတ်ပဲနဲ့ ဂိုဏ်းကြီးအချို့က လူတွေဖြစ်နိုင်တယ် .. တစ်ချို့ဂိုဏ်းကြီးတွေက ထာဝရရှေးဟောင်းမြေမှာ တမင်သက်သက် သူတို့လူတွေချန်ထားခဲ့ပြီးတော့ မြို့ခံတွေကို ချောက်ချတတ်တယ်ဆိုတာ မမေ့နဲ့ဦး…”
“ဟုတ်တယ်..”
ထိုအကြောင်းကို တွေးလေလေ ကြောက်စရာကောင်းလေလေပင်။
ထာဝရနန်းတော်မှ တိခွန်ပင်လျှင် ထာဝရရှေးဟောင်းမြေတွင် ချန်ထားခံခဲ့ရသည့် နယ်ရုပ်လေးသာ။ သူသည် ရှီဟောင်ကြောင့်စောစောသေသွားသောကြောင့်သာ။
အခြားဂိုဏ်းကြီးများတွင်လည်း အထဲဘက်တွင်ကျန်နေခဲ့သည့် သူရဲကောင်းများ ရှိနေမည်သာ။
သေချာပါသည်။ နောက်တိုက်ပွဲများတွင်လည်း ကောင်းကင်နတ်ဘုရားမှော်ပစ္စည်းများကို အသုံးပြုကာ တိုက်ခိုက်သည့်သူများစွာ ထွက်ပေါ်လာလေသည်။ ထို့အပြင် ဤလူများသည် မတူညီသည့်ဂိုဏ်းအဖွဲ့များမှပင်။
“အခြေအနေတွေက သိပ်မကောင်းသလိုပဲ .. တစ်ချို့ဂိုဏ်းကြီးတွေက အရင်ကတည်းက ပြင်ဆင်မှုတွေ လုပ်ထားတာ … သူတို့တွေက မြို့ခံတွေနဲ့ ပူးပေါင်းထားတာ .. ငါတို့က ဒါကို ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ”
ဝုန်း..
၃၈၇ ပွဲမြောက်တွင် လာရောက်တိုက်ခိုက်သည့်သူမှာ ကောင်းကင်နတ်ဘုရားအဆင့် မှော်လက်နက်ကို ကိုင်ဆောင်ထားသည့် ရှေးဟောင်းလူထူးဆန်းတစ်ယောက်ပင်။
ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။ ကောင်းကင်နတ်ဘုရားအဆင့်လက်နက်နဲ့ ရှေးဟောင်းလူထူးဆန်း .. နျင်ချွမ်းနှင့်ဟွမ်တို့မှလွှဲလျှင် အခြားသူများအတွက်မူ ဤသည်မှာ သေခြင်းတရားသာ။
ဤတိုက်ပွဲတွင် နျင်ချွမ်းပင်ပန်းသွားရသည်။ တစ်ဖက်လူသည် ကောင်းကင်နတ်ဘုရားအဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ထားရုံသာမက ကျိန်စာတစ်မျိုးလည်းရှိနေလေသည်။ ဤသည်မှာ သူ၏တာအိုကို ထိခိုက်လုနီးပါးပင်။
ဝုန်း…
သူ့အနောက်တွင် ကောင်းကင်သင်္ကေတထွက်ပေါ်လာပြီး နောက်ဆုံးတွင် တစ်ဖက်လူကို ဝန်းရံသွားကာ သူ့ကို အရိုးဖြူပုံကြီးဖြစ်အောင် လုပ်လိုက်လေ၏။
ရှေးဟောင်းလူထူးဆန်းတစ်ယောက်က ဒီတိုင်းပဲ သေသွားတာလား..
အားလုံး ထိတ်လန့်သွားရသော်လည်း တစ်ချိန်တည်းမှာပင် သူ့အတွက် ဝမ်းနည်းသွားရသည်။ သူသည် ယခင်က တစ်မိုးအောက်တစ်ယောက်ဖြစ်ခဲ့သော်လည်း သူ့ထက်စွမ်းအားကြီးသူနှင့်တွေ့သည့်အချိန်တွင် ဤကဲ့သို့ပင် သေသွားလေပြီ။
ထို့အပြင် ရှေးဟောင်းဘုရင်တစ်ယောက်မှ ကောင်းကင်နတ်ဘုရားအဆင့် မှော်လက်နက်ကို ကိုင်ဆောင်ထားလျှင်ပင် နျင်ချွမ်းကို မယှဉ်နိုင်ကြောင်း အားလုံးသိသွားရသည်။
နျင်ချွမ်းသည် အပွဲ ၄၀၀ ဆက်တိုက် တိုက်ပြီးသွားသည့်အချိန်တွင် ရပ်တန့်လိုက်ကာ ထပ်မတိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်လွန်လျှို့ဝှက်ရတနာများ ကိုင်ဆောင်ထားသည့်သူများကို ဆက်တိုက် တိုက်ခိုက်နေရခြင်းမှာ သူ၏သွေးစွမ်းအင်များကို အနည်းငယ် မတည်မငြိမ်ဖြစ်စေသောကြောင့်ပင်။
ထို့အပြင် နောက်ဆုံးတစ်ယောက်မှာ ရှေးဟောင်းဘုရင်ဖြစ်သောကြောင့် သူ့ကိုပို၍ အားကုန်စေသည်။
ဤနေရာတွင် ကျွမ်းကျင်သူများ မရှိတော့ပါက သူဆက်နေမည်ဖြစ်သော်လည်း ဟွမ် ပြန်ကောင်းလာနေသည်ကို သူတွေ့နေရသကဲ့သို့ သားရဲအသိုက်ထဲမှ ထာဝရသက်ရှိနှင့် သရဖူ ၁၀ ခုဘုရင်ကိုလည်း သူတွေ့နေရသည်။
သူသည် ပြိုင်ကွင်းထက်မှ ခုန်ဆင်းလိုက်လေ၏။
ထို့နောက်တွင် အခြားလူတစ်ယောက် လျှောက်လာလေသည်။ သူ၏ခန္ဓာကိုယ်သည် ဖရိုဖရဲစွမ်းအင်အနည်းငယ် ဝန်းရံနေသောကြောင့် မှုန်ဝါးနေလေ၏။
“အဲဒီလူက ဘယ်သူလဲ” သူ့ကို မှတ်မိသည့်သူ သိပ်မရှိပေ။
“သူက .. သရဖူ ၁၀ခု ဘုရင်ပဲ…” တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်လေ၏။
“ဘာ…”
ထိုအချိန်တွင် အားလုံး ထိတ်လန့်သွားလေသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းသည်ဟု နာမည်ကြီးသည့်သူပင် မဟုတ်လား ..
အခြားသူများမပြောနှင့် မြို့ခံများပင်လျှင် တုန်လှုပ်သွားကာ မျက်လုံးများ ပြူးကျယ်လာလေ၏။
ဤလူ၏သက်ရောက်မှုမှာ ကြီးမားလွန်းလှသည်။ သူသည် ထာဝရရှေးဟောင်းမြေထဲသို့ ၁၀ ကြိမ်ဝင်ရောက်ခဲ့ပြီး ၁၀ကြိမ်စလုံးတွင်လည်း အားလုံးကို သူ၏ခွန်အားဖြင့် ဖိနှိပ်ကာ နံပါတ်ထိပ်ဆုံးဖြင့်သာ ပြန်ထွက်ခဲ့သည်။ သူ သရဖူ ၈ ခုဘုရင်နှင့် တိုက်ခိုက်ခဲ့သည်ကို မှတ်မိနေသည့်သူများ ရှိနေဆဲပင်။
သူပေါ်လာသည့်ခေတ်တိုင်းတွင် သူသည် သူ၏စွမ်းအင်ဖြင့် တောင်များ၊ မြစ်များကို ဝါးမြိုခဲ့ပြီး မည်သူမှ သူ့အား မရပ်တန့်နိုင်ကြပေ။
သူ့ကို သတ်ချင်နေသည့် မြို့ခံများရှိနေသော်လည်း သူသည် ခေတ်တိုင်းတွင် ကောင်းကင်နတ်ဘုရားများ၏ ရန်လိုမှုကို ရှောင်ရှားကာ အန္တရာယ်ကင်းကင်းဖြင့် ပြန်ထွက်လာနိုင်ဆဲပင်။
“ဒီလူအိုကြီးရဲ့ ဆရာက အရင်တုန်းက သူနဲ့တိုက်ခိုက်ခဲ့ဖူးတယ် .. ဒါပေမဲ့ ဆရာပဲ အသတ်ခံလိုက်ရတယ်” မြို့ခံများထဲမှ စီနီယာတစ်ယောက်မှ ပြောလိုက်သည်။
ယခု သူတက်သွားပြီဖြစ်သောကြောင့် သူ့ကို ယှဉ်နိုင်သည့်သူ ရှိတော့မည်မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်မှော်ပစ္စည်းများကို ကိုင်ထားသည့်သက်ရှိများ တက်သွားဆဲပင်။ သို့သော် သရဖူ ၁၀ခုဘုရင်သည် သူတို့အား ကြောက်ရွံ့မနေပေ။ ဖရိုဖရဲစွမ်းအင်များကိ ထုတ်လွှတ်လိုက်ပြီး သူ့ကို စိန်ခေါ်သည့်သူများကို ဖိနှိပ်လိုက်လေသည်။
“တာအိုလေးနဲ့များ..” သူထိုစကားများသာ ပြောလိုက်လေ၏။
ဤသည်မှာ အခြားသူများကို မျက်မှောင်ကြုတ်သွားစေလေ၏။ ဤနှစ်ပေါင်းများစွာ ပြင်ဆင်မှုမှာ အကျိုးသက်ရောက်မှုမရှိပဲ နင်ချွမ်းနှင့် သရဖူ ၁၀ခုဘုရင်ကဲ့သို့သောလူများကို ဘာမှမလုပ်နိုင်ပေ။
ထိုအချိန်တွင် လေထဲ၌ ပုလွေသံများ ထွက်ပေါ်လာပြီး ခပ်ဝေးဝေးမှ လူတစ်ယောက် လမ်းလျှောက်ထွက်လာလေ၏။ သူ၏အဝတ်အစားများ မျောလွင့်နေကာ နယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိနှင့်တူလဠှသည်။
နယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ ရောက်လာလေပြီ။
သူသည် ဖြူဖွေးနေသည့် အရိုးပုလွေတစ်ခုကို ကိုင်ထားပြီး သရဖူ၁၀ခုဘုရင်နှင့် မျက်နှာချင်းဆိုင်ရန်အတွက် ပြိုင်ကွင်းပေါ်သို့ တက်လိုက်လေသည်။
“တာအိုညီအစ်ကို .. စိတ်မရှိပါနဲ့” ထိုထာဝရသက်ရှိ တည်ငြိမ်စွာပင် ပြုံးလိုက်ပြီး သရဖူ ၁၀ခုဘုရင်ကို စတင်တိုက်ခိုက်ရန် အချက်ပြလိုက်လေ၏။
ဝုန်း..
ဤနေရာတွင် ဆူညံသံများထွက်ပေါ်လာပြီး ကျွမ်းကျင်သူနှစ်ယောက်၏ တိုက်ခိုက်မှုများမှာ အားလုံးကို ထိတ်လန့်သွားစေလေသည်။
“ကျုပ် ထာဝရရှေးဟောင်းမြေထဲကို ဝင်တဲ့အချိန်တုန်းက ခင်ဗျားကို မြင်ဖူးပြီးသွားပြီ” သရဖူ ၁၀ခုဘုရင် သူ့အား စိုက်ကြည့်လိုက်ကာ သေချာလေ့လာလိုက်ပြီး ဤသို့ ပြောလိုက်လေသည်။
“ဟုတ်တယ် .. အဲဒီတုန်းက ကျုပ်တို့နှစ်ယောက်လုံး ထာဝရရှေးဟောင်းမြေကို အတူတူဝင်ခဲ့တာ .. အပြာရောင်ကျောက်လမ်းသုံးထောင်မှ တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးမျက်နှာချင်းဆိုင်တွေခဲ့ကြသေးတယ် .. ပြီးတော့ တစ်ယောက်ကိုတစ်ယောက်လည်း ပြုံးပြခဲ့သေးတယ်” နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိမှ ပြုံး၍ပြောလိုက်၏။
ဤစကားများမှာ အားလုံးကို ဆွံ့အသွားစေလေသည်။ သူတို့နှစ်ယောက်က .. ကမ္ဘာတစ်ခုတည်းကို ခေတ်တစ်ခေတ်တည်းမှာ ဝင်ခဲ့ကြတာလား..
ဤသည်မှာ သရဖူ ၁၀ခုဘုရင်၏ ပထမဆုံးအကြိမ်ဖြစ်သော်လည်း နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိအတွက်မူ ပထမအကြိမ်လား … ဒုတိယအကြိမ်လား .. တတိယအကြိမ်လား .. မည်သူမှမသိနိုင်ပေ။
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိသည် ရယ်မောလိုက်ကာ “ခေတ် ၁၀ ခေတ် ဖြတ်ကျော်ပြီးသွားတာတောင်မှ တာအိုညီအစ်ကို လောကကြီးကို စိုးမိုးနေနိုင်တုန်းပဲ .. သရဖူ ၁၀ခုဘုရင်ဆိုတဲ့နာမည်နဲ့ ရှေးဟောင်းလူတွေကို ကျော်တက်သွားတယ် .. တကယ်ကို လေးစားထိုက်ပါပေတယ်..”
“ခင်ဗျားက ကျွန်တော် ပထမဆုံးလေးစားရတဲ့သူပါ .. ခေတ် ၁၀ ခေတ်လုံးမှာ ကိုယ်ထင်မပြခဲ့ဘူး .. ခင်ဗျားက တကယ်ကို့ သရဖူမရှိတဲ့ဘုရင်ပဲ” သရဖူ၁၀ခုဘုရင် သက်ပြင်းချ၍ ပြောလိုက်သည်။
သူတို့ ပြောနေသည့်စကားများကို ကြားလိုက်ရသည့်အချိန်တွင် အားလုံး အံ့အားသင့်သွားရသည်။
“ကဲ .. အဲဒါဆိုရင်လည်း ဒီနောက်ဆုံးခေတ်မှာ ကိစ္စတွေကို ရှင်းလိုက်ကြတာပေါ့” နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ကောင်းပြီလေ..” သရဖူ၁၀ခုဘုရင်သည် ထိုစကားသာပြောပြီး စတင်တိုက်ခိုက်လေ၏။
ဝုန်း..
သူတို့နှစ်ဦး စတင်တိုက်ခိုက်သည်နှင့် ပြိုင်ကွင်းကြီးသည် မထင်မှတ်စွာဖြင့်ပင် တုန်ခါသွားလေ၏။
“ရက်စက်တဲ့ အဖိုးတန်ပညာ ၁၀ခု” လူများစွာမှ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦးသည် ထူးခြားလှကာ ထိတ်လန့်စရာကောင်းလှသည့် နတ်စွမ်းရည်များကို တစ်ခါတည်း အသုံးပြုလိုက်ကြလေ၏။
သရဖူ ၁၀ခုဘုရင်၏ လက်သီးချက်နှင့်အတူ နဂါးအစစ်ဟစ်ကြွေးသံ ထွက်ပေါ်လာလေ၏။ ဤသည်မှာ နဂါးလက်သီးပင်။
ဤသည်မှာ ပျက်စီးနေသည့်ပညာမဟုတ်ပဲ ပျက်စီးနေသည့်နတ်စွမ်းရည်ပင်။
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၏ အဝတ်အစားများမှာလည်း ကနေသကဲ့သို့ပင် လွင့်လူးနေလေ၏။ သူ့အနားတွင် တောက်ပသည့်အလင်းများ ထွက်ပေါ်နေပြီး သူသည်လည်း ကောင်းကင်ဖီးနှစ်လူမျိုးစု၏ နတ်စွမ်းရည်ကို ပြသနေလေသည်။
နဂါးအစစ်နဲ့ ကောင်းကင်ဖီးနှစ်..
အားလုံး ကြက်သေသေသွားရသည်။ ဤသည်မှာ အစပိုင်းသာရှိသေးသော်လည်း သူတို့နှစ်ဦးသည် ထူးခြားသည့် လျှို့ဝှက်ပညာများဖြင့် တိုက်ခိုက်နေကြလေပြီ။ ဘယ်သူက မလန့်ပဲနေမည်နည်း..
ထို့နောက်တွင် အားလုံး ပို၍ ထိတ်လန့်လာကြရပြီး ဦးရေပြားများပင် ထုံကျဉ်လာရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် လျှို့ဝှက်ပညာများကို ဖလှယ်လာကြပြီး အဖိုးတန်ပညာများကို တစ်ခုပြီးတစ်ခု ပြသလာလေ၏။
“ဘုရားရေ .. အဖိုးတန်ပညာတွေကို ဘယ်နှခုတောင်မှ ရထားကြတာလဲ..”
စင်မြင့်ပေါ်တွင် သဘာဝဥပဒေသများ ထောင်ချီထွက်ပေါ်လာပြီး တောက်ပသည့်အလင်းတန်းမျးလည်း သောင်းချီထွက်ပေါ်လာလေ၏။ ရှေးဟောင်းပြိုင်ကွင်းပင်လျှင် တုန်ခါနေလေပြီ။ ဤသည်မှာ ယခင်က တစ်ခါမှ မဖြစ်ဖူးသည့်အရာပင်။
တစ်ခဏအတွင်းမှာပင် သူတို့အချက်ရေ တစ်ရာကျော်သွားလေပြီ။ တိုက်ခိုက်နေစဉ်အတွင်းတွင် သူတို့သည် ပြိုင်ဘက်ကင်းသည့် အဖိုးတန်ပညာ သုံးလေးမျိုးကို အသုံးပြုကြသည်ပင်။
“တကယ်ကို စွမ်းအားရှင်တွေကြားက တိုက်ပွဲပဲ..” ရှီဟောင်ပြောလိုက်၏။ သူ၏ရွှေရောင်အလင်းများမှာ ခြေဖဝါးထိရောက်နေပြီဖြစ်ပြီး သူ၏ပြောင်းလဲခြင်းလည်း အောင်မြင်သွားလေပြီ။
“အပြစ်သား သွေးမျိုးဆက် .. မင်း တိုက်ခိုက်ရဲလား” နျင်ချွမ်း ပြောလိုက်၏။ ဤသည်မှာ သူဤနေရာသို့ရောက်ပြီးနောက် ပထမဆုံးဆင့်ခေါ်ခြင်းပင်။
“ငါကဘာလို့မတိုက်ရဲရမှာလဲ.. ငါတို့နှစ်ယောက်လည်း တက်သွားလို့ရတယ်” ရှီဟောင် ပြိုင်ကွင်းကို လက်ညှိုးထိုးပြလိုက်၏။
ထို့နောက်တွင် သူတို့နှစ်ယောက်လုံး ပြိုင်ကွင်းပေါ်သို့ တရှိန်ထိုး တက်သွားကြလေသည်။
အားလုံး အံ့အားသင့်သွားကြရလေသည်။ ဒီလိုမျိုးလည်း ရတာလား..
သူတို့နှစ်ဦးသည် မလိုအပ်သည်များကို ပြောမနေတော့ပဲ စတင်တိုက်ခိုက်ကြလေ၏။
ပြိုင်ကွင်းတွင် တိုက်ပွဲနှစ်ခုဖြစ်နေပြီး နှစ်ဘက်လုံးသည် ဤလောကတွင်ရှားပါးသည့် နတ်စွမ်းရည်များကို အသုံးပြုနေကြသည်။ သူတို့သည် နေရောင်နှင့်လရောင်ပျောက်သွားသည်အထိ တိုက်ခိုက်နေကြလေဩ။
ကျွမ်းကျင်သူလေးယောက် တိုက်ခိုက်ခြင်းမှာ ရှေးယခင်ကပင် မမြင်ဖူးသည့် ပြင်းထန်သည့်တိုက်ပွဲပင်။
အပိုင်း ၁၁၆၅ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၆ – နောက်ဆုံးပိတ် တိုက်ပွဲ
စင်မြင့်ပေါ်တွင် ကျားနှင့်နဂါးများ တိုက်ခိုက်နေကြပြီး အဆင့်လွန်လူသားလေးယောက်သည် အဆင့်အတွက် တိုက်ခိုက်နေကြပြီး သူတို့၏ဟစ်ကြွေးသံများမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် ပြိုကျစေလေသည်။
ဝူး..
လေထဲတွင် နဂါးဟစ်ကြွေးသံများ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံကိုးခုပင် ပြန်လည်တုံ့ပြန်လာလေ၏။ သရဖူ ၁၀ခုဘုရင်၏ နတ်လက်သီးမှာ ပြိုင်ဘက်ကင်းပင်။
သူ၏လက်သီးကို လွှဲရမ်းလိုက်သည်နှင့် သူ၏သွေးစွမ်းအင်များ ကောင်းကင်ထက်သို့ လွင့်ထွက်သွားပြီး တိမ်များကိုပင် ပျံ့ကြဲသွားစေလေ၏။ ခပ်ဝေးဝေးမှ ကြည့်မည်ဆိုလျှင် ဤသည်မှာ ဝိဉာဉ်စွမ်းအားများထုတ်လွှတ်နေသည့် ထာဝရတာအိုစွမ်းအင်ကဲ့သို့ပင်။
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိသည်လည်း ငြင်သာစွာပင် လှုပ်ရှားနေလေ၏။ သူသည် သရဖူ၁၀ခုဘုရင်၏ ကောင်းကင်ကို လွှမ်းမိုးထားသည့်သွေးစွမ်းအင်များပေါ်မှ လှုပ်ရှားလိုက်လေ၏။ သူသည်လည်း သရဖူ၁၀ခုဘုရင်ထက် နိမ့်ကျမနေပေ။
အခြားတစ်ဖက်တွင်လည်း ရှီဟောင်နှင့် နျင်ချွမ်းတို့၏ တိုက်ပွဲမှာ ကောင်းကင်ထိသို့ပင် ရောက်နေလေပြီ။ အဆင့်လွန်စစ်နတ်ဘုရားနှစ်ယောက် တိုက်ခိုက်နေသကဲ့သို့ပင်။
“နျင်ချွမ်း .. ခင်ဗျားသွားသေလိုက်တော့” ရှီဟောင် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ရွှေရောင်တောက်ပနေလေ၏။ မိုးမခနတ်ဘုရား၏ ပညာကိုကျင့်ကြံပြီးသည့်နောက်တွင် သူသည် ဖျက်ဆီး၍မရနိုင်သည့် ရွှေရောင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားသကဲ့သို့ပင်။
သူသည် တောက်ပလှသည့် အလင်းတန်း တစ်သောင်းကို ပြုလုပ်လို်ပြီး ထိုအလင်းတန်းများမှာ လီပေါင်း ဒါဇင်ပေါင်းများစွာ ရှည်လျားလေ၏။ ထိုအလင်းတန်းများကို ကြယ်များမှ ဝန်းရံကာ ကာကွယ်ပေးထားလေသည်။
ထိုအချိန်တွင် သူသည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်လေ၏။ သူသည် ဤလောကသို့ ဆင်းသက်လာသည့် ပြိုင်ဘက်ကင်းနတ်ဘုရင်တစ်ယောက်နှင့်တူနေလေသည်။
ဤပြိုင်ကွင်းမှအလွန်မာကျောနေသောကြောင့်သာမဟုတ်ပါက ဤနေရာမှာ ပေါက်ကွဲသွားလောက်လေပြီ။
ထိုလက်သီးတံဆိပ်တွင် အလင်းများတောက်ပနေပြီး အလင်းတန်းထောင်ပေါင်းများစွာလည်း ထွက်ပေါ်နေလေ၏။ ထိုအလင်းတန်းအနည်းငယ်သည် တောင်များနှင့် ထိလိုက်ရုံဖြင့်ပင် ထိုတောင်များ ပြိုကျသွားလေ၏။
ရှီဟောင်၏လက်သီးမှာ မည်မျှပင်စွမ်းအားကြီးသည်ကို စဉ်းစားကြည့်နိုင်သည်။
အားလုံးမှာ ဆွံ့အသွားကြရလေ၏။ ဒီလိုလက်သီးမျိုးကို လူဘယ်နှယောက်လောက်ကများ ခုခံနိုင်မှာလဲ…
“အပြစ်သားသွေးမျိုးဆက် .. သွားသေလိုက်တော့…” နျင်ချွမ်းအော်ဟစ်လိုက်ကာ သူ၏ငွေရောင်ဆံပင်များလည်း လှုပ်ခါနေလေသည်။ သူ၏ခန္ဓာကိုယ်မှ နတ်အလင်းများလည်း ထွက်ပေါ်နေလေ၏။
ထိုအချိန်တွင် သူ့အနား၌ အဆင့်လွန်နတ်အရိပ် ကိုးခုပေါ်လာပြီး အရိပ်တစ်ခုစီတိုင်းတွင် ခမ်းနားသည့်ပုံပန်းသွင်ပြင်ရှိနေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားကိုးယောက် တစ်ပြိုင်တည်း ပေါ်လာသကဲ့သို့ပင်။
ဒုန်း..
ဤရိုက်ချက်မှာ ကောင်းကင်နှင့်မြေကြီးကိုပင် အက်ကွဲသွားစေနိုင်လေသည်။ လျှပ်စီးနှင့်မိုးကြိုးများပင် ထွက်ပေါ်လာပြီး မိုးများလည်း ရွာသွန်းကျလာလေ၏။ ဤသည်မှာ အားလုံးကို ဆံပင်မွေးများပင် ထောင်ထသွားစေလေသည်။
သူတို့နှစ်ဦးအနားရှိ လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။
လေဟာနယ်အက်ကွဲကြောင်းများတွင် သူတို့၏ လက်သီးအလင်းတန်းများ ပြည့်နေလေ၏။ ဤသည်မှာ လျှပ်စီးပေါင်း တစ်သောင်းကျော် ထွက်ပေါ်လာသကဲ့သို့ပင်။
သွေးများပျံ့ကြဲသွားပြီး နတ်ဆိုးများနှင့် နတ်ဘုရားဟစ်ကြွေးသံများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ သွေးအစစ်မဟုတ်ပဲ အလင်းမှ ပြုလုပ်ထားသည့်သွေးပင်။ သူတို့သည် ယခင်က ကျွမ်းကျင်သူများ၏ ကြောက်စရာကောင်းသည့်သွေးလွှမ်းတိုက်ပွဲကို ပြန်လည်ဖန်တီးနေကြခြင်းပင်။
“စွမ်းအားကြီးလိုက်တာ..”
သွေးမိုးထဲ၊ လျှပ်စီးထဲ၊ လေဟာနယ်အက်ကွဲကြောင်းကြီးများထဲတွင် အဖြူရောင်အဝတ်အစားနှင့်နျင်ချွမ်း၏ပုံစံမှာ ပြိုင်ဘက်ကင်းလှသည်။ သူ့ထံတွင် ဖုန်တစ်စက်မှ မပေသကဲ့သို့ သွေးများဖြင့်လည်း စွန်းထင်မနေပေ။
သို့သော်လည်း သူထုတ်လွှတ်လိုက်သည့် တိုက်ကွက်တိုင်းမှာ နေ၊ လနှင့်ကြယ်များ၏ စွမ်းအားများ ပါဝင်နေလေသည်။
ဒုန်း..
သူလှုပ်ရှားလိုက်သည့် လှုပ်ရှားမှုတိုင်းသည် ကောင်းကင်ကို ထိုးဖောက်နိုင်လေ၏။
အားလုံး၏ မျက်နှာဖြူဖျော့သွားရသည်။ ဤကဲ့သို့သောစွမ်းအားသာ သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက သူတို့ဘယ်လိုလုပ် တားဆီးနိုင်မည်နည်း..
ဟွမ်သာ ဤသည်ကို ခုခံနိုင်ကာ သူနှင့် ပြင်းထန်စွာ တိုက်ခိုက်နေလေ၏?
သိပ်မကြာသေးခင်က သူ့ကို သေခါနီးလူဟု ပြောခဲ့ကြသော်လည်း ယခုတွင်တော့ သူသည် လူသားကောင်းကင်နဂါးနှင့်တူနေလေ၏။ သူ၏သွေးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏ခွန်အားမှာ ဤလောကကိုပင် စုတ်ဖြဲပစ်တော့မည်။
“ဘုရားရေ .. ငါတောင့်မခံနိုင်တော့ဘူး..”
စင်အောက်တွင်ရှိနေသည့်လူအချို့သည် အားနည်းစွာဖြင့်ပင် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
ရှီဟောင်ရှေ့တွင် မည်သူမှ လေထဲတွင် မပျံသန်းနိုင်ကြတော့ပေ။ သူတို့အားလုံးသည် လက်သီးတံဆိပ်မှ ထွက်လာသည့် ကြောက်စရာကောင်းသည့်အော်ရာကို တောင့်မခံနိုင်တော့ပဲ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
သူတို့နှစ်ဦးသည် တစ်ခဏအတွင်းမှာပင် အချက်ပေါင်းတစ်ထောင်ကျော် တိုက်ပြီးသွားလေပြီ။
“နျင်ချွမ်း ငါ့ကို ဖိနှိပ်ပစ်မယ်လို့ မင်းပဲ ထပ်ခါတလဲလဲပြောခဲ့တာမလား… လာခဲ့လေ” ရှီဟောင်သည် တိုက်ခိုက်ရင်းဖြင့်ပင် အော်ဟစ်လိုက်သည်။
“ဘာမှမရှိတဲ့ခေတ်ကိုသွားမယ်” နျင်ချွမ်းပြောလိုက်သည်။ ထို့နောက်တွင် သူ၏ပါးစပ်ကို ဟကာ ဖရိုဖရဲစွမ်းအင်များကို ထွေးထုတ်လိုက်ပြီး လေဟာနယ်ကို ပြုပြင်လိုက်လေသည်။ ဤသည်မှာ ဤလောကကြီးကို မှုန်ဝါးသွားစေလေ၏။
ထို့နောက်တွင် သူ၏နဖူးရိုး တောက်ပလာကာ နဂါးသင်္ကေတများ သိပ်သည်းစွာ ဖုံးအုပ်သွားလေ၏။ ဤသည်မှာ သူ၏မွေးရာပါ နတ်စွမ်းအင်ပင်။ သူသည် ယခင်က နဂါးသွေးဖြင့် ပြုစုပျိုးထောင်ထားသည့် ပြိုင်ဘက်ကင်းသက်ရှိဖြစ်သည်ဟုလည်း ပြောကြလေသည်။
သို့သော်လည်း ကောလဟာလသည် ကောလဟာလသာဖြစ်ပြီး ပြန်လည်ဝင်စားခြင်းကို မည်သူမှ သက်သေမပြနိုင်ပေ။
ဝုန်း..
ရှီဟောင်သည် လျှပ်စီးဧကရာဇ်၏ လျှို့ဝှက်နည်းလမ်းကို သုံးလိုက်ပြီး လျှပ်စီးအလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာအောင် လုပ်လိုက်လေ၏။ လျှပ်စီးများမှ ကြယ်များတစ်ခုပြီးတစ်ခု ပေါ်လာကာ ဤနေရာကို သိပ်သည်းစွာ လွှမ်းခြုံသွားလေ၏။
အဝေးမှကြည့်မည်ဆိုလျှင် ဤသည်မှာ ရှေးခေတ်မှ ကြယ်လွင်ပြင်ကြီး ရောက်လာသကဲ့သို့ပင်။
“ပေါက်ကွဲမယ်”
ရှီဟောင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်နှင့် လျှပ်စီးများမှ ဖြစ်လာသည့် ကြယ်များအားလုံး ပေါက်ကွဲသွားလေသည်။
သူသည် နျင်ချွမ်းထံသို့ တရှိန်ထိုးပြေးသွားပြီး သူ၏လက်သီးကို မြှောက်ကာ ထိုးချလိုက်လေ၏။ ထိုအချိန်တွင် လျှပ်စစ်အလင်းတန်းများပင် ထွက်ပေါ်လာလေ၏။
ဝုန်း..
သူတို့နှစ်ဦး၏ လက်ဝါးချင်းတိုက်သွားသည်နှင့် အဆုံးမရှိသည့်နတ်အလင်းများ ထွက်ပေါ်လာလေ၏။ နေရာတိုင်းတွင် ပူပြင်းလှသည့် နတ်အလင်းတန်းများ ထွက်ပေါ်လာလေသည်။
သူတို့နှစ်ဦး၏ လက်သီးချက်များမှာ အခြားသူများထက်ကို စွမ်းအားကြီးလွန်းလှသည်။
ဤအဆင့်တိုက်ပွဲမှာ ရှေးခေတ်မှာပင် မြင်နိုင်ရန် ခဲယဉ်းလှသည်။
ရှီဟောင်သက်ပြင်းချလိုက်၏။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးမှာ ရှာတွေ့ရန်ခက်ခဲလှပြီး စွမ်းအားကြီးလွန်းလှသည်။ သူဤအဆင့်ကို ကျင့်ကြံပြီးသွားသောကြောင့်သာ မဟုတ်ပါက သူ၏အဆုံးသတ် ကောင်းမည်မဟုတ်ပေ။
ယခင်က ကျောက်တုံးကလန်မှ ညီအစ်ကိုသုံးယောက်သည် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး နျင်ချွမ်း၏ကိုယ်ပွားမှာ ဘာမှမဟုတ်ဘူးဟု ပြောခဲ့သည်။ သို့သော်လည်း သူတို့သည် ထိုကိုယ်ပွားကို ပေါင်းတိုက်ခဲ့ရသည်သာ။
ယခင်က ထိုကိုယ်ပွားကို သတ်လိုက်နိုင်ခြင်းမှာ နျင်ချွမ်း စွမ်းအားမကြီးဘူးဟု ဆိုလိုခြင်းမဟုတ်ပဲ သူမည်မျှပင် စွမ်းအားကြီးကြောင်းကို သက်သေပြလိုက်ခြင်းပင်။ သူတို့သည် သုံးယောက်တစ်ယောက် တိုက်ခဲ့ခြင်းပင်။
ယခု သူ၏ခန္ဓာကိုယ်အစစ် ပေါ်လာလေပြီ။ သူ၏လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ရှားစေနိုင်ပြီး ပြင်းထန်လှသည့် စွမ်းအားလည်း ပါဝင်လေသည်။
ရှီဟောင် တကယ်ကို အံ့အားတကြီး သက်ပြင်းချမိသွားသည်။ ဤလူသည် သူရဲကောင်းဖြစ်ထိုက်ပါပေသည်။
အမှန်တကယ်တွင် နျင်ချွမ်းသည်ပို၍ပင် တုန်လှုပ်နေပြီး တည်ငြိမ်နိုင်ရန် ခက်ခဲနေလေသည်။
သူသည် သရဖူ၆ခုဘုရင်ဖြစ်ပြီး သူပေါ်လာသည့်ခေတ်၆ခေတ်တွင်လည်း သူ၏နတ်ခွန်အားများကို ပြသခဲ့သည့်သူပင်။ သို့သော် သူ့အရှေ့တွင်ရှိနေသည့်လူမှာ ခေတ်တစ်ခေတ်တွင် တက်လာသည့်သူပင်။
နျင်ချွမ်း သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်သည်။ သူသည် ခေတ်တိုင်းတွင် သူ၏ကန့်သတ်ချက်ထက်ကျော်လွန်အောင်လုပ်ခဲ့ပြီး အားလုံးသည်လည်း သူစီစဉ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူသည် ထာဝရရှေးဟောင်းမြေထဲတွင် သွားလာနိုင်ပြီး လောကများတွင် ပြိုင်ဘက်ကင်းဖြစ်ခဲ့ခြင်းပင်။
ထိုအချိန်တွင် သူ့အရှေ့တွင်ရှိနေသည့်သူသည် ဤဖရိုဖရဲခေတ်တွင် ကောင်းကင်ထက်သို့ တရှိန်ထိုးတက်သွားလေ၏။ သူ၏အောင်မြင်မှုများမှာ သူ့အား ပင့်သက်ရှိုက်စေလေသည်။
ဝူး…
ထိုအချိန်တွင် သရဖူ၁၀ခုဘုရင်၏ဆံပင်များသည် ရုတ်တရက်ပင် လွင့်ပျံလာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။ ဤလူ၏သွေးစွမ်းအင်များ လေထဲသို့ ပျံ့လွင့်လာပြီး ကောင်းကင်နှင့်မြေကြီးကိုလွှမ်းခြုံသွားလေသည်။
စင်မြင့်ပေါ်တွင်ရှိနေသည့်သူများမပြောနှင့် စင်မြင့်နှင့်အတော်ဝေးဝေးတွင် ပုန်းနေသည့်သူများ၊ နတ်ဘုရားများပင် သွေးအန်သွားကြလေ၏။
နတ်မီးတောက်နယ်ပယ်ကျင့်ကြံသူများမှာ ပိုဆိုးသည်။ သူတို့၏ အသွေးအသားများပင် ပေါက်ကွဲသွားမတတ်ပင်။
“ဒီပြိုင်ကွင်းက စွမ်းအားကြီးတဲ့သူတွေအတွက်ပဲ .. ငါတို့နှစ်ယောက်ရဲ့ လက်သီးချက်ကို အရင်ကြည့်လိုက် .. မင်းတို့ဒီပေါ်ကို တက်ဖို့ အရည်အချင်းရှိရဲ့လားဆိုတာကို” သရဖူ၁၀ခုဘုရင်မှ အော်ဟစ်လိုက်သည်။
သူသည် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် တိုက်ခိုက်နေခြင်းအား ခေတ္တရပ်တန့်လိုက်ကာ နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာပြီး ရှီဟောင်နှင့် နျင်ချွမ်းထံသို့ ဦးတည်လာလေသည်။
သရဖူ၁၀ခုဘုရင်သည် လက်သီးချက်ကို ထုတ်လိုက်ပြီး ရှီဟောင်အား တိုက်ခိုက်လာလေ၏။ ဤသည်မှာ ပြိုင်ဘက်ကင်းသည့် နဂါးအစစ်လက်သီးပင်။
လက်သီးချက်ရောက်လာသည်နှင့် အရာအားလုံးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားကာ ကောင်းကင်ထက်ရှိ နဂါးအော်သံများကိုသာ ကြားနေရလေသည်။
“ခင်ဗျားလည်း ဒီနေရာမှာ ရပ်နေဖို့ အရည်အချင်းရှိရဲ့လားဆိုတာကို ကျု်လည်း ကြည့်ချင်မိတယ်” ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ခွန်ပန်တစ်ကောင်ကဲ့သို့ပင် လေထဲသို့ ခုန်တက်သွားလိုက်လေ၏။
သူ၏လက်သီး တောက်ပလာကာ မီးပွားများပင် ထွက်လာလေ၏။ ဤသည်မှာ ခွန်ပန်၏ လက်သီးချက်ပင်။
ခွန်ပန်နှင့် နဂါးအစစ်…
ဤသည်မှာ ရက်စက်သည့်အဖိုးတန်ပညာ ၁၀မျိုးကြားမှ တိုက်ပွဲပင်။ ထို့အပြင် ဟွမ်နှင့် သရဖူ ၁၀ခုဘုရင်တို့ကြားမှ ပထမဆုံးတိုက်ပွဲပင်။
ထိုအချိန်တွင် နေရောင်နှင့်လရောင်များ အရောင်ပျောက်သွားကာ ကောင်းကင်နှင့် ကမ္ဘာကြီးလည်း အရောင်အဆင်းကင်းမဲ့သွားသည်။ သွေးရောင်လျှပ်စီးများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သည့် နတ်ဘုရားများနှင့် နတ်ဆိုးများလည်း ထွက်ပေါ်လာကာ ဆက်တိုက်ပင် ရှုံးနိမ့်သွားကြလေသည်။
ဤသည်မှာ ကောင်းကင်နှင့် မြေကြီး၏ ပုံမှန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး အလွန်ကြောက်စရာကောင်းလွန်းလှသည်။
ခွန်ပန်သည် ပင်လယ်ထဲမှ ထွက်လာပြီး ချောက်နက်ထဲမှ ထွက်လာသည့် နဂါးကို စုတ်ဖြဲပစ်လေသည်။ ဖန်အတောင်ပံများတွင် သွေးများစွန်းထင်းသွားပြီး ကောင်းကင်ကို သွေးများဖုံးလွှမ်းသွားလေသည်။ နဂါး၏အကြေးခွံများ ကွာကျသွားပြီး နဂါးအော်သံများလည်း ထွက်ပေါ်လာလေ၏။
“ထာဝရစွမ်းအင်သုံးကြောင်း..” သရဖူ၁၀ခုဘုရင်၏ လက်သီးအနားတွင် သူကဲ့သို့ ထာဝရစွမ်းအင်သုံးကြောင်းရှိနေသည်ကို ရှီဟောင် တွေ့လိုက်ရသည်။
ဤရိုက်ချက်မှ သွေးစွမ်းအင်များ ထွက်ပေါ်လာလေသည်။
သူတို့နှစ်ယောက် လူချင်းပြန်ခွဲလိုက်ကြသည်။
သရဖူ၁၀ခုဘုရင်မှာ အံ့အားသင့်သည့်အကြည့်များ ဖြစ်သွားလေ၏။ ဤခေတ်တွင် သူ၏ပြိုင်ဘက်နောက်တစ်ယောက် ပေါ်လာလေပြီ။
အပိုင်း ၁၁၆၆ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၇ – နတ်ဘုရားများကြားမှ စွမ်းအားကြီးတိုက်ပွဲ
“နျင်ချွမ်း မင်းလည်းငါ့ကို တိုက်ခိုက်ရမယ်” သရဖူ၁၀ခုဘုရင်မှ အော်ဟစ်လိုက်သည်။
ယုံကြည်ချက်ရှိပြီး ပြိုင်ဘက်ကင်းသည်ဆိုသည်မှာ မည်သည်ကို ပြောသနည်း.. ဤသည်မှာ ဤကဲ့သို့သော လုပ်ရပ်ကို ခေါ်ဆိုခြင်းပင်။ သူသည်ဟွမ်နှင့် အတင်းတိုက်ပြီးသည့်နောက်တွင် နျင်ချွမ်းဘက်လှည့်လာလေ၏။
သိထားရမည်မှာ စင်မြင့်ပေါ်တွင်ရှိနေသည့် နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၊ ဟွမ်နှင့် နျင်ချွမ်းတို့အားလုံးမှာ ထူးခြားသည့်သူများပင်လျှင်။ သို့သော်လည်း သူသည်မည်သူ့ကိုမှ မကြောက်ပေ။
ဝုန်းဟူသည့်အသံနှင့်အတူ သူတို့နှစ်ဦးကြားတွင် မီးခိုးများ၊ အလင်းများထွက်ပေါ်လာပြီး ကောင်းကင်ထက်တွင်လည်း မီးများလောင်ကျွမ်းလာလေသည်။ သဘာဝဥပဒေသများ ရောယှက်သွားကာ အရိုးစာသားများလည်း ထွက်ပေါ်လာလေ၏။ ထိုနေရာမှာ ပန်းချီကားချပ်တစ်ခု စုတ်ဖြဲခံလိုက်ရသကဲ့သို့ပင် ဖြစ်သွားလေ၏။
သရဖူ၁၀ခုဘုရင်၏ သတ္တိမှာ ပြိုင်ဘက်ကင်းပင်။
“ခင်ဗျား ကျုပ်ဆီကနေလည်း အရိုက်ခံရမယ်” ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် ရှီဟောင်လေထဲသို့ ခုန်တက်လိုက်ပြီး တရှိန်ထိုး ပြေးဆင်းလာလေ၏။ သူ၏လက်သီးသည် မီးဖိုတစ်ခုကဲ့သို့ တောက်လောင်နေပြီး သူ၏မှော်စွမ်းအားများလည်း ထွက်ပေါ်လာလေသည်။
သူသည်လည်း သရဖူ၁၀ခုဘုရင် မည်မျှစွမ်းအားကြီးသည်ကို သိချင်သည်။ သူတို့တစ်ခေါက် တိုက်ခိုက်ခဲ့သော်လည်း သူမည်မျှစွမ်းအားကြီးသလဲဆိုသည်ကို သူတို့မသိသေးပေ။
“ကောင်းပြီလေ..”
သရဖူ၁၀ခုဘုရင် အော်ဟစ်လိုက်ကာ သူ၏နောက်ကျောဘက်မှ တောက်ပလာကာ ကြီးမားလှသည့်နဂါးအမြှီးဖြစ်ပေါ်လေ၏။ ထိုအမြှီးသည် ရှီဟောင်ထံသို့ ဦးတည်လာလေသည်။
ဤသည်မှာ နဂါးအစစ်၏ အဖိုးတန်ပညာပင်။
ထို့အပြင် ဤသည်မှာ မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးသည့် နဂါးအမြှီးပင်။ ထိုအမြှီးကို ဝေ့ရမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင်ရှိနေသည့် ကျွမ်းကျင်သူများအားလုံး ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေ၏။
ဖုန်း..
ရှီဟောင်၏လက်သီးချက်နှင့် နဂါးအမြှီးတို့ ထိပ်တိုက်တွေ့သွားသည့်အချိန်တွင် အဆုံးမရှိသည့် နတ်အလင်းများ ထွက်ပေါ်လာလေသည်။
မလန့်သွားသည့် နတ်ဘုရားအစစ်မရှိပေ။ ဤကဲ့သို့သော အော်ရာထွက်ပေါ်လာသည့်အချိန်တွင် အားလုံး စိတ်ထဲတွင် တုန်လှုပ်သွားကြလေ၏။
ဝုန်း..
သူတို့နှစ်ဦးကြားမှ ဖရိုဖရဲစွမ်းအင်ထွက်ပေါ်လာပြီး အရာအားလုံးကို လွှမ်းခြုံသွားလေသည်။
သဘာဝဥပဒေသအပိုင်းအစများ တောင်ကြောပေါ်သို့ ရောက်သွားသည့်အချိန်တွင် မြင့်မားလှသည့် တောင်တန်းအချို့သည် ချက်ချင်းပင် ပြိုကျလာလေ၏။ အချို့သူများသည် လေထဲသို့ လွင့်သွားကာ ပေါက်ကွဲထွက်သွားလေ၏။
ဤမြင်ကွင်းမှာ အားလုံးကို ထိတ်လန့်သွားစေပြီး သူတို့ခန္ဓာကိုယ်များပင် အေးခဲသွားစေလေသည်။
ထို့နောက်တွင် သူတို့သည် ရပ်တန့်မသွားပဲ အချက်ပေါင်းများစွာ ဆက်လက်တိုက်ခိုက်နေဆဲပင်။
ထိုအချိန်တွင် အခြားနေရာ၌လည်း နျင်ချွမ်းနှင့် နယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိတို့လည်း တိုက်ခိုက်နေကြလေ၏။
“အရင်တုန်းက ငါ သားရဲအသိုက်ကြောင့် ငါ ဒုက္ခရောက်ခဲ့ရသေးတယ် .. လက်စသပ်တော့ ခင်ဗျားကြောင့်ကိုး” နျင်ချွမ်း ပြောလိုက်သည်။
သူ၏အဖြူရောင်အဝတ်အစားများသည် နှင်းထက်ပင် ပို၍ဖြူဖွေးနေပြီး သူ၏ငွေရောင်ဆံပင်များလည်း ပျံ့ကြဲနေလေ၏။ သို့သော်လည်း ယခုအချိန်တွင် သူထံမှ အအေးလှိုင်းတစ်ခု ထုတ်လွှတ်နေလေသည်။ ယခင်က သူသည် သားရဲအသိုက်ထဲတွင် ပိတ်မိမလိုဖြစ်သွားခဲ့သေးသည်။
ဤသည်မှာ သူတို့နှစ်ယောက်ကြားမှ ရန်ငြိုးအစပင်။
နယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိ၏ ပုံစံသည်လည်း ထူးခြားလှသည်။ သူ၏ တိုက်ခိုက်မှုများမှာ ထိုမျှမပြင်းထန်သော်လည်း သူ၏လှုပ်ရှားမှုများမှာ လေလိုပင်။ သူ၏တာအိုသဘာဝဥပဒေသလည်း ထူးခြားလှကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လေသည်။
ဝုန်း..
သူတို့နှစ်ဦးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၀ချက်ကျော် တိုက်ခိုက်ပြီးသွားလေပြီ။ နယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိသည် တရှိန်ထိုးပြေးလာကာ လက်နှစ်ဘက်လုံး လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ထက်သို့ မီးတောက်များ ထွက်ပေါ်လာလေ၏။ ရောင်စုံအလင်းများလည်း လှပစွာပင် တောက်ပလာလေသည်။
ဤမီးတောက်များသည် ကောင်းကင်ဖီးနှစ်နှင့်တူလေ၏။ ဤသည်မှာ ကောင်းကင်ဖီးနှစ်၏ နတ်စွမ်းရည်ပင်ဖြစ်ပြီး သူ၏စွမ်းအားမှာလည်း မယုံကြည်နိုင်လောက်အောင်ပင်။
နျင်ချွမ်းသည်လည်း ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်ပြီး သူ့နောက်ကျောဘက်တွင် မထင်မရှားပုံရိပ်လေးတစ်ခု ပေါ်လာလေသည်။ သူသည် ထိုကောင်းကင်ဖီးနှစ်ကို ဖိနှိပ်ရန်အတွက် တံဆိပ်များကို ပြုလုပ်လိုက်လေသည်။
ရက်စက်တဲ့အဖိုးတန်ပညာ ၁၀ ခု .. နျင်ချွမ်း အဲဒီပညာတွေ အကုန်လုံးကို ရထားတာပဲ…
သို့သော်လည်း အပြင်လူများ ဤပညာများကို သေချာမမြင်ရပေ။
ဝုန်း…
သူတို့နှစ်ဦးကြားတွင် နတ်ဆိုးမီးတောက်များ ကောင်းကင်ဘုံကိုးခုထိသို့ လောင်ကျွမ်းသွားကာ နေရာအနှံ့အပြား ပျက်စီးသွားလေသည်။
သူတို့နှစ်ဦး တိုက်ခိုက်ပြီးနောက် ပြန်၍ လူချင်းခွာသွားလေ၏။
“သားရဲအသိုက်က အကြွေးကို ငါတို့နှစ်ယောက်လည်း ရှင်းသင့်တယ်” ရှီဟောင်အော်ဟစ်လိုက်သည်။
နယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိသည် လေထဲသို့တက်သွားပြီး သူ၏ကောင်းကင်ဖီးနှစ်နတ်စွမ်းရည်ကို ပြသနေခြင်းပင်။
ထိုအချိန်တွင် ရှီဟောင်သည် တရှိန်ထိုး ရောက်ရှိလာကာ ခွန်ပန်ပညာကို အသုံးပြုပြီး သူနှင့် မျက်နှာချင်းဆိုင်တိုက်ခိုက်လေ၏။ အဝေးမှကြည့်မည်ဆိုလျှင် ကြီးမားလှသည့် ပန်သည် သူ၏အတောင်ပံများကို ဖြန့်ကျက်ကာ လက်သည်းများကို ထုတ်ပြီး ဖီးနှစ်ထံသို့ ဦးတည်သွားသည်ကို မြင်နေရလိမ့်မည်ပင်။
ဤသည်မှာ အဆင့်လွန်ထာဝရငှက်နှစ်မျိုးကြားမှ တိုက်ခိုက်မှုပင်။
ဝုန်း..
သူတို့နှစ်ဦးကြားမှ မရေမတွက်နိုင်သည့် ငှက်မွေးများကျလာပြီး ထိုငှက်မွေးများအားလုံးတွင် သွေးရောင်စွန်းနေလေသည်။
ပြိုင်ဘက်ကင်းသည့် သက်ရှိနှစ်ကောင်သည် တစ်ကောင်ကိုတစ်ကောင် စုတ်ဖြဲပစ်နေကြလေ၏။ သူတို့၏အမွေးအတောင်များမှာ တောက်ပကာ လှပလှပြီး အမွေးအတောင်တစ်ခုစီမှာလည်း နတ်ဓားတစ်ချောင်းစီကဲ့သို့ပင် လေဟာနယ်ကို ထိုးဖောက်နေလေ၏။
နောက်ဆုံးတွင် ပုံမှန်မဟုတ်သည့်မြင်ကွင်းများ ပျောက်ကွယ်သွားကာ ကျွမ်းကျင်သူနှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်အစစ်များကို ထုတ်ဖော်လာလေသည်။
နှယ်နှင်ဒဏ်ခံရသည်သက်ရှိလူသားသည် ပြုံးနေပြီး သူ၏အမူအရာမှာ အတော်လေးပင် နူးညံ့နေလေ၏။ “မင်းရဲ့နတ်ခွန်အားတွေက ပြိုင်ဘက်ကင်းတယ်လို့ ငါကြားဖူးတယ် .. ဒီနေ့ မင်းနဲ့ငါနဲ့ လက်ချင်းချကြတာပေါ့…”
သူ၏ဝိဉာဉ်စွမ်းအားများကို ပြန်သိမ်းလိုက်ပြီး သူ၏လက်များဖြင့်သာ တိုက်ခိုက်လာလေသည်။
ဝုန်း..
ထို့နောက်တွင် ကောင်းကင်နှင့်မြေကြီးမှာ ချက်ချင်းပင် ကြွတက်လာလေ၏။
စင်မြင့်နှင့်အတော်ဝေးပြီး လီပေါင်းများစွာ မည်မျှဝေးမှန်းမသိသည့်နေရာတွင်ပင် သဲများ၊ ကျောက်များ ရွေ့လျားလာလေ၏။ များပြားလှသည့် သွေးစွမ်းအင်နင့်နတ်စွမ်းအင်များအောက်တွင် နေရာအနှံ့ တုန်ခါလာလေသည်။
တောင်ထိပ်များပင် အက်ကွဲသွားသည်ကို တွေ့နေရလေသည်။
အားလုံး အသက်ရှူများပင် ရပ်တန့်သွားလေသည်။ ဒါက နှယ်နှင်ဒဏ်ခံရသည်သက်ရှိလူသားရော ဟုတ်ရဲ့လား .. ဤသည်မှာ နဂါးအစစ်တစ်ကောင် လေထဲသို့ ပျံဝဲတက်လာသလိုပင်။
ဤကဲ့သို့သော အော်ရာမှာ ကြောက်စရာကောင်းလွန်းလှသည်။
ရှီဟောင်သည်လည်း စိတ်ထဲတွင် တုန်လှုပ်သွားသည်သာ။ သူလည်း အစွမ်းကုန်တိုက်ခိုက်လိုက်လေ၏။
ထို နှယ်နှင်ဒဏ်ခံရသည်သက်ရှိလူသားနောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာလေ၏။ ထိုပုံရိပ်သည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားပြီး အလွန်ပင် ကြောက်စရာကောင်းလှလေ၏။
“အဲဒီသက်ရှိပဲ .. တကယ်ကို ဒီအဖိုးတန်ပညာဖြစ်နေတာပဲ” လူများစွာမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သားရဲအသိုက်တွင် လောကကြီးကို တုန်လှုပ်သွားစေသည့် နတ်စွမ်းရည်တစ်ခုရှိနေပြီး ထိုစွမ်းရည်ကို နှယ်နှင်ဒဏ်ခံရသည်သက်ရှိလူသားမှ ရရှိသွားခြင်းပင်။ ယခင်က လူများစွာသည် ဤလျှို့ဝှက်ပညာမှာ မည်သည့်ပညာဖြစ်မှန်း မသိကြသော်လည်း ယခုတော့ ထိုပညာ ထွက်ပေါ်လာလေပြီ။
“ဦးချိုပုရွက်ဆိတ်..”
သားရဲ ၁၀ မျိုးထဲမှ တစ်မျိုးဖြစ်သည့် ဦးချိုပုရွက်ဆိတ် .. ခွန်အားအကြီးဆုံးဟု သိထားသည့်အကောင်ပင်။
ထိုအကောင်မှာ သေဆုံးသွားပြီဖြစ်ပြီး ဤလောကကြီးတွင် မရှိတော့ပေ။
သို့သော် သူ၏မျိုးဆက်များ ရှိနေသေးသည်။ ရှေးခေတ်နတ်ပုရွက်ဆိတ်၊ ဦးချိုတစ်ခုနှင့်ထာဝရသက်ရှိ .. ဤသားရဲနှစ်ခုလုံးမှာ သူ၏မျိုးဆက်များမှ ပြောင်းလဲလာခြင်းပင်။
ရှေးခေတ်နတ်ပုရွက်ဆိတ်ဖြစ်စေ၊ ဦးချိုတစ်ခုနှင့်ထာဝရသက်ရှိဖြစ်စေ သူတို့နှစ်ကောင်လုံးမှာ ဤလောကတွင်ရှိသည့် ပိုးကောင်များထက် ပို၍အားကောင်းသည်သာ။ သူတို့သာ အခြားသက်ရှိများနှင့် အရွယ်အစားတူသွားလျှင် မည်သူမှ သူတို့ထက် ပို၍ အားမကြီးနိုင်တော့ပေ။
သူတို့၏ဘိုးဘေးဖြစ်သည့် ဦးချိုပုရွက်ဆိတ်မှာ ပို၍ပင် အင်အားကြီးသေးသည်။ သူသည် စကြာဝဠာကိုပင် တစ်စစီစုတ်ဖြဲပစ်နိုင်လေသည်။
ယခုအချိန်တွင်နှယ်နှင်ဒဏ်ခံရသည်သက်ရှိလူသားမှာ လုံးဝကွဲပြားသွားလေပြီ။ သူ၏စွမ်းအားသည် ပြိုင်ဘက်ကင်းမဲ့နေပြီး သူ၏လက်တစ်ချက်ဝေ့ရမ်းလိုက်သည်နှင့် လေဟာနယ်ကြီး ပေါက်ကွဲထွက်သွားကာ စွမ်းအားများမှာ လှိုင်းတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာလေ၏။
ရှီဟောင်၏အမူအရာများ လေးနက်သွားရသည်။ သူ၏နတ်အဖိုးတန်ပညာသုံးခုကို ပေါင်းသုံးလိုက်လေသည်။ ထိုပညာများမှာ မပြည့်စုံသေးသော်လည်း အတူတကွသုံးလိုက်သည့်အချိန်တွင် သူ၏စွမ်းအားအကြီးဆုံး အဖိုးတန်ပညာများ ဖြစ်သွားပြီး သူ၏စွမ်းအားများလည်း အဆမတန် တက်သွားလေသည်။
ဤမွေးရာပါအဖိုးတန်ပညာများမှာ လွန်စွာ စွမ်းအားကြီးလှသည်။
လက်သီးနှင့်လက်ဝါး တိုက်သွားသည့်အချိန်တွင် ကြောက်စရာအကောင်းဆုံးမြင်ကွင်း ပေါ်လာလေ၏။ စင်မြင့်ကြီး မှုန်ဝါးလာပြီး လေထဲတွင်လည်း ဖရိုဖရဲစွမ်းအင်များပျံ့လွင့်လာလေ၏။
ကောင်းကင်ကြီးတွင်လည်း အက်ကွဲကြောင်းများ ဖုံးလွှမ်းသွားလေ၏။
ဤသည်မှာ ခွန်အားချင်း ယှဉ်ပြိုင်ခြင်းပင်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားများ၏ အမူအရာများကို ပြောင်းလဲသွားစေလေ၏။
“စွမ်းအားကြီးလိုက်တာ .. အခုပိုပြီးတော့ ကြောက်စရာကောင်းလာပြီ” ထာဝရရှေးဟောင်းမြေမှ မြို့ခံများပင် တီးတိုးပြောလာကြလေပြီ။
ထိုရိုက်ချက်ကြောင့် ပြိုင်ကွင်းပင်လျှင် တခွပ်ခွပ်အသံများ ထွက်ပေါ်လာလေ၏။ ဤသည်မှာ ပြိုကွဲသွားတော့မတတ်ပင်ဖြစ်နေပြီး ယခင်က မဖြစ်ဖူးသည့်ကိစ္စပင်။
သူတို့နှစ်ဦး တိုက်ပြီး လူချင်းပြန်ခွာလိုက်သည့်အချိန်တွင် သရဖူ၁၀ခုဘုရင် အပြေးလေး ရောက်လာကာ နှယ်နှင်ဒဏ်ခံရသည်သက်ရှိလူသားနှင့် လာရောက်ရင်ဆိုင်လေသည်။ သူသည်လည်း ကြောက်စရာကောင်းလှသည့် နတ်စွမ်းရည်ဖြစ်သည့် ဦးချိုပုရွက်ဆိတ်၏ အဖိုးတန်ပညာကို ကြုံတွေ့ခံစားချင်နေသည်မှာ သေချာသည်။
“အပြစ်သားသွေးမျိုးဆက် .. ငါတို့ဆက်တိုက်မယ်” နျင်ချွမ်း ရောက်လာလေသည်။
အမှန်တကယ်တွင် သူတို့လေးယောက်သည် တစ်ယောက်ကိုတစ်ယောက် ပတ်တိုက်နေခြင်းဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ပြင်းထန်လာလေသည်။
ရှီဟောင် မည်သူ့ကိုမှမကြောက်မိပေ။ သူသည် အခြားသုံးယောက်ကဲ့သို့ ခေတ်ပေါင်းများစွာ ကျင့်ကြံထားခြင်းမဟုတ်ပဲ ကမ္ဘာတစ်ခုတည်းသာ ကျင့်ကြံထားခြင်းဖြစ်သော်လည်း သူမည်သည့်ပြိုင်ဘက်ကိုမှ မကြောက်ပေ။
အားလုံးအမြင်တွင် ဟွမ်၏ နတ်ရဲစွမ်းသတ္တိမှာ မှော်ဆန်နေလေ၏။
“ပြန်ကန့်သတ်မယ်…”
နျင်ချွမ်း အော်ဟစ်လိုက်သည်။ သူ၏နောက်ကျောဘက်တွင် ကောင်းကင်သင်္ကေတထွက်ပေါ်လာလေ၏။ ဤသည်မှာ သူမွေးဖွားလာကတည်းက ရှိနေသည့် မှော်သင်္ကေတပင်။
ယခုအချိန်တွင် သူ၏ မွေးရာပါအဖိုးတန်ပညာများကို အသုံးပြုပြီး ရှီဟောင်အား ဖိနှိပ်နေခြင်းပင်။
သိပ်မကြာသေးခင်ကပင် သူသည် ဤလျို့ဝှက်ပညာကို အသုံးပြုပြီး ကောင်းကင်နတ်ဘုရားအဆင့်မှော်လက်နက်ကို ကိုင်ထားသည့် ရှေးဟောင်းလူထူးဆန်းတစ်ယောက်ကို အရိုးပုံဖြစ်အောင် လုပ်ခဲ့သေးသည်။
“သတ်..”
ရှီဟောင်အော်ဟစ်လိုက်ပြီး သူ၏လက်ထဲတွင် ပြန်လည်ဝင်စားခြင်းဓားပေါ်လာလေ၏။ ဤဓားသည် သင်္ကေတများဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အချိန်အပိုင်းအစများလည်း ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။
သူသည် သေခြင်းနှင့်ရှင်ခြင်းတရားကို ကြုံတွေ့ခဲ့ရပြီးဖြစ်သောကြောင့် ဤပညာမှာ ပို၍ပင် စွမ်းအားကြီးလာလေပြီ။
ရွှီး..
ဤအဖိုးတန်ပညာနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်နှင့် လေဟာနယ်ထဲတွင် မီးတောက်များ ထွက်ပေါ်လာသည်။ အချိန်များလည်း မတည်မငြိမ်ဖြစ်လာပြီးနောက် သွေးမိုးရွာခြင်းနှင့် အခြားပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း ထွက်ပေါ်လာလေသည်။
ထိုအချိန်တွင် ဓားသံများ ထွက်ပေါ်လာပြီး ထူးခြားလှသည့် ဓားအလင်းတန်းတစ်ခုပင် ထွက်ပေါ်လာလေ၏။ ဂုကျန်းယွမ်လည်း စင်မြင့်ပေါ်သို့ တက်သွားလေပြီ။
အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်လေ၏။ ဤရှေးဟောင်းလူထူးဆန်းလည်း ပါဝင်တိုက်ခိုက်ချင်နေလေပြီ။
သူ၏မျက်လုံးများမှာ ဓားတစ်ချောင်းကဲ့သို့ပင် စူးရှလှပြီး ရှီဟောင်အား စိုက်ကြည့်နေလေ၏။
ထိုအချိန်တွင် အရှေ့ဘက်စွန်းဆီမှ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာလေသည်။ ပုံရိပ်တစ်ခုသည် နတ်မြှားအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ်ကို ထိုးဖောက်ပြီး ပြိုင်ကွင်းပေါ်သို့ ရောက်လာလေသည်။ သူ၏ခန္ဓာကိုယ်ထက်တွင် လျှပ်စီးကြောင့် လောင်ကျွမ်းသွားသည့်အရာများရှိနေသော်လည်း သူ၏သွေးစွမ်းအင်များမှာ ပင်လယ်ကဲ့သို့ပင် များပြားလှလေ၏။
ဤလူမှာ ချန်ကုန်းယန်ပင်။ သူသည် ဂုကျန်းယွမ်ကို တားဆီးရန်အတွက် ဤနေရာသို့ ရောက်လာခြင်းပင်။
အားလုံး အံ့ဩထိတ်လန့်သွားကြလေသည်။ ချန်ကုန်းယွမ်က အစောလေးကတင် ကောင်းကင်အတိဒုက္ခကို ဖြတ်သန်းနေတာ မဟုတ်ဘူးလား .. သူအောင်မြင်သွားပြီလား…
ရှီဟောင်သည် ကျယ်လောင်စွာပင် ရယ်မောလိုက်ကာ ” အစ်ကိုချန်ကုန်းယန် .. ဒီလောက်လောစရာမလိုပါဘူး .. ကျွန်တော်သူ့ကို သင်ခန်းစာ ပေးပါရစေဦး…”
ဓားတောင်ကြား၊ မီးတိမ်လှိုဏ်ဂူနှင့်အခြားဂိုဏ်းများသည် အပြစ်သားသွေးမျိုးဆက်၏ဘိုးဘေးများကို ဖိနှိပ်ခဲ့သောကြောင့် ရှီဟောင်သည် ဤဂိုဏ်းများကို နည်းနည်းမှ အကောင်းမမြင်နိုင်ပေ။ ဓားတောင်ကြားမှလူ စင်ပေါ်သို့ တက်လာသည်ကို မြင်သည်နှင့် ရှီဟောင်ချက်ချင်းရောက်လာလေသည်။
ရှီဟောင်သည် သူ၏လက်သီးဖြင့် ထိုးလိုက်သည်နှင့် လျှပ်စီးအလင်းတန်းထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။
ဂုကျန်းယွမ်သည် သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး လေဟာနယ်ကို ထိုးဖောက်လိုက်လေ၏။
ဒုန်း ဒုန်း ဒုန်း..
နေရာတိုင်းတွင် မီးပွားများ လွင့်စင်ထွက်လာပြီး ရှီဟောင်သည် လက်ဗလာဖြင့်ပင် ထိုဓားအရိုးကို ခုခံလိုက်သည်။
ယခုအချိန်တွင် သူသည်ဘာကိုမှ ထိန်ချန်ထားမနေတော့ပဲ အားကုန်သုံးလိုက်လေသည်။ သူ၏လက်သီးတစ်ချက်စီတိုင်းတွင် ပြိုင်ဘက်ကင်းသည့်နတ်ခွန်အားများ ပါဝင်လေ၏။
နောက်တစ်ချက် တိုက်ခိုက်ပြီးသည့်နောက်တွင် ဂုကျန်းယွမ်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ၏ဓားလည်း အရောင်မှိန်သွားလေသည်။
“ဓားတောင်ကြားက စွမ်းအားအကြီးဆုံး လူငယ်ဘုရင်က ဒီလောက်ပဲ လုပ်နိုင်တာလား” ရှီဟောင်ပြောလိုက်ကာ ဂုကျန်းယွမ်ကို လျစ်လျူရှုပြီး နျင်ချွမ်းထံသို့ ဦးတည်သွားလေ၏။
အဘယ်ကြောင့်ဆိုသော် ဂုကျန်းယွမ်ကို ကူညီပေးရန်အတွက် နျင်ချွမ်းရောက်လာသောကြောင့်ပင်။
“နှစ်ထပ်မျက်လုံးတွေက ရှေးကတည်းက ပြိုင်ဘက်ကင်းတယ် .. ဒီလိုတိုက်ပွဲမျိုးမှာ ဘယ်လိုလုပ်ငါမပါပဲနေလို့ရမလဲ..” ခပ်ဝေးဝေးတွင်ရှိနေသည့် တစ်စုံတစ်ယောက်မှ တီးတိုးပြောလိုက်သည်။
ရှီယိပေါ်လာပြီး စင်မြင်ပေါ်သို့ လျင်မြန်စွာပင် ရောက်လာလေ၏။
“ဓားတောင်ကြားက ဒုစရိုက်စီရင်စုကို ဖိနှိပ်ခဲ့ပြီး ငါ့ရဲ့ အပြစ်သားသွေးမျိုးဆက်ကိုလည်း ဖိနှိပ်ခဲ့တယ် .. ဒီလိုမျိုးဖိနှိပ်ဖို့ ငါခွင့်ပြုခဲ့လို့လား…” ရှီယိပြောလိုက်၏။ သူသည်လည်း ဓားတောင်ကြားမှ ရှင်းပြချက်လိုချင်နေခြင်းပင်။
ထို့နောက်တွင် လေထုသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ဖရိုဖရဲစွမ်းအင်များလည်း လေထဲတွင်ပျံ့လွင့်လာလေ၏။
ရှီယိ၏ မျက်လုံးမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ ဂုကျန်းယွမ်ထံသို့ ဦးတည်သွားလေ၏။
ဂုကျန်းယွမ်သည် ဒေါသတကြီးဖြင့်ပင် သူ၏လက်ကိုမြှောက်လိုက်ပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် အရှေ့သို့တက်လာလေ၏။
သို့သော်လည်း နောက်ဆုံးတွင် သူသည် အလင်းတန်းနှစ်ခုကြောင့် သူ၏လက်များဟက်တက်ကွဲသွားပြီး သွေးများစီးကျလာလေ၏။
ထိုအချိန်တွင် ကျယ်လောင်သည့်ဟစ်ကြွေးသံထွက်ပေါ်လာပြီး အခြားလူတစ်ယောက် စင်မြင့်ထက်သို့ ရောက်ရှိလာလေ၏။ “နှမြောစရာပဲ .. ဒီနေရာမှာ ထူးခြားတဲ့အလှလေးတွေမရှိဘူးပဲ .. မဟုတ်ရင် ငါနဲ့အတူတူ ခေါ်သွားလိုက်မှာ”
ရှီဟောင်လှည့်ကြည့်လိုက်သည့်အချိန်တွင် ဤလူကို ချက်ချင်းမှတ်မိသွားသည်။ သူ ယခင်က ဤလူနှင့် တိုက်ခိုက်ဖူးသည်။ ဤလူသည် ပြန်လည်ဝင်စားခြင်းစက်ဝန်းရှိသည့် ထူးဆန်းသည့်မီးတောက်အမျိုးသားပင်။
“မင်းတို့အားလုံးက ဘာလို့ မင်းတို့စွမ်းအားတွေကို စမ်းသပ်ဖို့ သူ့ကို သုံးနေကြတာလဲ .. သူက အဲဒီလောက်တောင် ထူးခြားနေလို့လား .. ငါလည်းစမ်းကြည့်ဦးမယ်” နတ်မီးတောက်နှင့် ထူးဆန်းသည့်အမျိုးသားမှ ပြောလိုက်ကာ သူသည်လည်း ဂုကျန်းယွမ်ကို ဦးတည်လိုက်လေ၏။
ဂုကျန်းယွမ်သည် ဒေါသထွက်သွားကာ သူ၏အမူအရာလည်း ပျက်ယွင်းသွားလေ၏။ သူသည် အလွန်စွမ်းအားကြီးသော်လည်း ယခုအချိန်တွင် အားလုံး၏ အစမ်းသပ်ခံဖြစ်နေသည်။
“ဟား ဟား..” အော်ရယ်သံကြီးတစ်ခုထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် မီးတောက်များ ထွက်ပေါ်လာလေ၏။ လူငယ်လေးတစ်ယောက် ပြေးလာကာ “ငါ .. ကျီယန်ဖိန်းလည်း သီးသန့်ကျင့်ကြံတာကနေ ထွက်လာပြီ .. ကောင်းကင်လောင်ကျွမ်းခြင်းပညာလည်း လုံးဝကိုမြင့်တဲ့အဆင့်ထိကို ရောက်သွားပြီ .. အဲဒီတော့ ငါကဘာလို့ ရှေးဟောင်းလူထူးဆန်းနည်းနည်းလောက်ကို သတ်လို့မရရမှာလဲ..”
ပြိုင်ကွင်းမှာ အလွန်ပင် ဖရိုဖရဲဖြစ်နေလေပြီ။ စွမ်းအားအကြီးဆုံးလူများ ရောက်ရှိလာပြီဖြစ်ပြီး ကြောက်စရာအကောင်းဆုံး တိုက်ပွဲများလည်း ဖြစ်လာတော့မည်ပင်။
အပိုင်း ၁၁၆၇ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၈ – ပါရမီရှင်များ၏ တိုက်ပွဲ
ကျားနှင့်နဂါးများကြားမှ တိုက်ပွဲတစ်ခု…
ပြိုင်ကွင်းပေါ်တွင် လူငယ်ဘုရင်ပေါင်းများစွာ ပေါ်လာပြီး အားလုံးကို ထိတ်လန့်သွားစေခဲ့လေသည်။ ဤတိုက်ပွဲကြီးမှာ ပို၍ပင် ပြင်းထန်လာပြီး ကြည့်နေကြသည့်သူများကို သွေးဆူစေလေသည်။
ဤမျှအထိဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ ရှေးဟောင်းဘုရင်များ၊ လက်ရှိလောက၏ဘုရင်များ အားလုံး ပေါ်လာလေပြီ။
ဤလူများ၏ နတ်အာရုံများမှာ စူးရှလှသည်။ ဤပြိုင်ကွင်းသည် ယခင်ကနှင့်အတူပဲ လူပေါင်းများစွာကို ခွင့်ပြုသည်ကို ခံစားမိသောကြောင့် သဘာဝကံကောင်းမှုများကို ရယူရန်အတွက် စင်မြင့်ပေါ်သို့ တက်လာလေ၏။
ရွှမ်းရွှမ်း..
ဓားလွှဲသံများ ထွက်ပေါ်လာပြီး လေအေးများသည် အားလုံး၏ကျောရိုးထဲသို့ စိမ့်ဝင်လာလေ၏။ ဂုကျန်းယွမ်၏ဆံပင်များ ရှုပ်ပွနေပြီး တစ်ကိုယ်လုံးလည်း သွေးများ ဖုံးလွှမ်းနေလေပြီ။ သူသည် ရူးတော့မလိုပင်ဖြစ်နေလေပြီ။
သူသည် အလွန်အမင်းပင် ဒေါသထွက်နေလေ၏။ အဘယ်ကြောင့်ဆိုသော် စင်မြင့်ပေါ်သို့ ရောက်လာသည့်သူတိုင်းသည် သူတို့၏ခွန်အားများကို စမ်းသပ်ရန်အတွက် သူ့ကို အသုံးချနေကြသည်။ သူသည် ခွန်အားကို တိုင်းတာသည့်စံအတိုင်းအတာတစ်ခု ဖြစ်နေလေပြီ။
သူက ဘယ်လိုလုပ် ဒီလိုမျိုး ခွင့်ပြုပေးနေရမှာလဲ…
သူ .. ဂုကျန်းယွမ်က ထာဝရစွမ်းအင်ကို ကျင့်ကြံထားပြီး ကောင်းကင်အတိဒုက္ခကိုတောင်ဖြတ်ပြီးသွားတဲ့ ထူးချွန်တဲ့သူရဲကောင်းတစ်ယောက်ပဲ .. အခုတော့ သူက ဒီလိုမျိုး အထင်သေးခံနေရတယ်..
သူသည် ရှီဟောင်ကြောင့် ဒဏ်ရာရသွားပြီးနောက် နှစ်ထပ်မျက်လုံးကြောင့် သူ၏လက်မောင်းပေါက်ကွဲထွက်သွားသည်။ ထို့နောက်တွင် အခြားသူများထံမှလည်း ဆက်တိုက် တိုက်ခိုက်ခံနေရသည်။
ဤတိုက်ပွဲထဲသို့ အခြားသူများ ထပ်မံဝင်ရောက်လာပြီး အားလုံးမှာ ရှေးဟောင်းလူထူးဆန်းများပင်။
သူတို့ထဲမှ တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူသည် တစ်လက်မခန့်ရှိသည့် မီးတောင်လေးကို ကိုင်ထားလေ၏။ ထိုမီးတောင်ရှိချော်ရည်ထဲတွင် အခေါင်းလေးတစ်ခု ရှိနေလေ၏။
အခြားမိန်းကလေးတစ်ယောက်မှာ ရွှေရောင်ဆံပင်များကို ဖြန့်ကျဲချထားပြီး ရွှေရောင်အလင်းများကို ထုတ်လွှတ်နေလေ၏။ ကောင်းကင်ပညာများလည်း ထုတ်လွှတ်နေပြီး ဤနေရာတစ်ခုလုံးကို တုန်ခါစေလေသည်။
ဤပြိုင်ကွင်းသည် ပို၍ပင် ဖရိုဖရဲဖြစ်လာပြီး တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေနဆဲပင်။
အဘယ်ကြောင့်ဆိုသော် သဘာဝကံကောင်းမှုမှာ မကြာခင်ထွက်ပေါ်လာတော့မည်ကို အားလုံးအာရုံခံစားမိသောကြောင့် သူတို့ယခု မတက်လာလျှင် သူတို့နောက်ထပ်အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူတို့သည် ဤနေရာကြီး ဖရိုဖရဲဖြစ်သည်အထိ တိုက်ခိုက်နေရခြင်းပင်။
“အားလုံး ဒီနေရာကို တက်လာနိုင်တယ်လို့ ထင်နေတာလား .. မင်းတို့အားလုံး ငါ့ရဲ့လက်သီးချက်ကို အရင်ဆုံးမြည်းစမ်းရမယ်”
သရဖူ၁၀ခုဘုရင် မကျေမနပ်ဖြစ်သွားသည်။ သူသည် ရုတ်တရက်ပင် လှည့်လာပြီး နဂါးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏လက်သီးလည်း တောက်ပလာလေ၏။ သူထုတ်လွှတ်လိုက်သည့်တံဆိပ်မှာ စွမ်းအားအကြီးဆုံးနဂါးလက်သီးပင်။ နဂါးအစစ်တစ်ကောင်သည် သူ၏အမြှီးကို လှုပ်ရမ်းပြီး အားလုံးထံသို့ ဦးတည်လာနေလေသည်။
သူသည် ယခုလေးတင်ရောက်လာသည့်သူများကို ရင်ဆိုင်လိုက်လေ၏။
ထိုသူများသည် ခုခံရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ဤနေရာတွင် နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး သင်္ကေတများလည်း မီးတောင်တစ်လုံးကဲ့သို့ပင် ပေါက်ကွဲထွက်လာလေသည်။
ရှေးဟောင်းလူထူးဆန်းများအပါအဝင် အချို့သူများ သွေးအန်သွားလေ၏။ သရဖူ ၁၀ခုဘုရင်၏ခွန်အားကို တားဆီးနိုင်ရန် ခက်ခဲလှသည်။
“စင်ပေါ်ကို မြန်မြန်တက်လာပြီးတော့ လာမကူသေးဘူးလား” အချို့သူများသည် ဒဏ်ရာရသွားသော်လည်း ပြန်ဆုတ်မသွားပဲ တိတ်တဆိတ် အသံပို့လွှတ်လိုက်သည်။
ဝုန်း…
စင်မြင့်အောက်တွင် ဂိုဏ်းများစွာမှ ကျွမ်းကျင်သူများရှိနေပြီး သူတို့ကြားထဲတွင် မဟာမိတ်အဖွဲ့များ ရှိကြလေသည်။ ရှေးဟောင်းလူထူးဆန်းများ၏ အသံများကို ကြားလိုက်ရသည့်အချိန်တွင် သူတို့သည် အဖွဲ့ပေါင်းများစွာ ခွဲဖွဲ့လိုက်ပြီး စင်မြင့်ပေါ်သို့ အတူတကွ တက်သွားကြလေ၏။
ယခင်ကတည်းက ယခုအချိန်ထိ စင်မြင့်ပေါ်တွင် ဤသို့ဖရိုဖရဲမဖြစ်ဖူးပေ။ ယခုအချိန်တွင် စင်မြင့်ပေါ်၌ ကျင့်ကြံသူ ဘယ်နှယောက်ရှိမှန်းပင် မသိနိုင်တော့ပေ။
“သတ်…”
အားလုံးအထက်တွင်ရှိနေသည့်သူများလည်း ရှိနေသည်သာ။ ရှီဟောင်၊ နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်တို့သည် သူတို့လမ်းကြောင်းတွင်ရှိနေသည့်လူအားလုံးကို ရှင်းလင်းပစ်ပြီး တိုက်ခိုက်နေဆဲပင်။
သူတို့နားသို့ ချဉ်းကပ်လာသည့်သူအားလုံးမှာ ပေါက်ကွဲသွားပြီး အသားပုံကြီး ဖြစ်သွားလေ၏။
ရုတ်တရက်ပင် အရိုးဓားမြောင်တစ်ခု လွင့်ထွက်လာပြီး ရှီဟောင်၏နောက်ကျောကို စိုက်သွားလေသည်။ ဤသည်မှာ ချောင်းတိုက်လိုက်သည့် ကောင်းကင်နတ်ဘုရားအဆင့်မှော်လက်နက်ပင်။
ရှီဟောင်ထံမှ အော်သံထွက်လာပြီး သူ့ပါးစပ်မှ မွေးရာပါဝိဉာဉ်စွမ်းအင်များ အန်ထွက်လာလေ၏။ ထိုစွမ်းအင်သည် ဖရိုဖရဲအလင်းတန်းနှင့်အတူ ထွက်ပေါ်လာကာ ဓားမြောင်ကို ဆွဲထုတ်လိုက်လေသည်။
ခပ်ဝေးဝေးတွင် ဆူးဆူးဝါးဝါးအော်သံများ ထွက်ပေါ်လာလေ၏။
“မင်းက ငါ့ကို ချောင်းတိုက်ရဲတယ်ပေါ့”
ရှီဟောင်လက်ညှိုးထိုးလိုက်သည်နှင့် ခွန်ပန်အမွေးအတောင်များ ထွက်ပေါ်လာလေသည်။ သူအရှေဘက်သို့ ပြေးသွားလိုက်သည်နှင့် ကောင်းကင်ထက်တွင် ရွှေရောင်အလင်းများ တောက်ပသွားလေသည်။
ဖူး..
နောက်ဆုံးတွင် ကျွမ်းကျင်သူတစ်ယောက် လဲကျသွားလေ၏။ ကောင်းကင်နတ်ဘုရားအဆင့်မှော်ပစ္စည်းသည် သူ၏ကိုယ်ပိုင်ဝိဉာဉ်ရှိနေသောကြောင့် သူ့ဘာသာသူ ပျံသန်းသွားလေသည်။
“ဟွမ်က စွမ်းအားကြီးလွန်းတယ် .. သူက ငါတို့ရှင်းပစ်ရမယ့်ရန်သူပဲ” စင်ပေါ်သို့ တက်လာပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်မှ ဂုကျန်းယွမ်ကို ကူညီလာပြီး သူ့အား လျှို့ဝှက်စွာပင် အသံပို့လွှတ်လိုက်လေ၏။
“ခင်ဗျား မသေသေးဘူးပေါ့” ဂုကျန်းယွမ် ထိတ်လန့်သွားရသည်။
ဤသည်မှာ မီးတိမ်လှိုဏ်ဂူမှ ရှေးဟောင်းလူထူးဆန်းပင်။ ယခင်က သူရူးသွားပြီး တရားထိုင်ရင်းသေသွားသည်ဟု ကောလဟာလများကြားဖူးကြသည်။ သူအသက်ရှင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ သူသည် ထာဝရရှေးဟောင်းမြေသို့ ဝင်လာခဲ့ပြီး ဂုကျန်းယွမ်ဘေးတွင်ပင် ရပ်နေလေပြီ။
“ဟွမ်ကို သတ်ဖို့ နျင်ချွမ်းကို ကူညီလိုက်ရအောင် .. အပြစ်သားသွေးမျိုးဆက်ကို ရှင်းလင်းပစ်ရမယ်” မီးတိမ်လှိုဏ်ဂူမှ လူငယ်ဘုရင်မှ အေးစက်စွာ ပြောလိုက်သည်။
ယခုလေးတင်ဖြစ်ပျက်ခဲ့သည့် ကောင်းကင်ရတနာအဆင့်မှော်လက်နက်ဖြင့် တိုက်ခိုက်ခြင်းမှာလည်း သူ၏လှုံ့ဆော်မှုကြောင့်ပင်။
ဤသည်မှာ လူများခန့်မှန်းထားသလိုပင်။ အချို့ဂိုဏ်းများသည် မြို့ခံများနှင့်အတူ ပူးပေါင်းကာ ထာဝရရှေးဟောင်းမြေတွင် ကောင်းကင်နတ်ဘုရားအဆင့်မှော်လက်နက်များ ပြုလုပ်ထားခြင်းပင်။
ဂုကျန်းယွမ် မျက်မှောင်ကြုတ်လိုက်၏။ သူဟွမ်ကို သတ်ချင်သော်လည်း အခြားသူများနှင့်ပူးပေါင်းခြင်းမှာ သူ့ပုံစံမဟုတ်ပေ။
“အခုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် မယုံမကြည်ဖြစ်နေလို့ ဘာထူးမှာလဲ .. နျင်ချွမ်က ဟွမ်ကိုသတ်နိုင်အောင်လို့ငါကူညီပေးမယ် .. အဲဒါဆိုရင် သရဖူ ၁၀ခုဘုရင်နဲ့ နှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိတို့ တစ်ယောက်ကိုတစ်ယောက် သတ်နေတာကို ငါတို့ဘေးကနေ ထိုင်ကြည့်နေရုံပဲ .. အချိန်ကျလာရင် ငါတို့အုပ်စုက အနိုင်ရပြီးတော့ သဘာဝကံကောင်းမှုကြီးကို ယူနိုင်လိမ့်မယ်” မီးတိမ်လှိုဏ်ဂူမှ ရှေးဟောင်းလူထူးဆန်း တီးတိုးပြောလိုက်သည်။
“ငါတို့ စလှုပ်ရှားကြတော့မလား” ထိုအချိန်တွင် တစ်စုံတစ်ယောက် ချဉ်းကပ်လာပြီး သူတို့နှစ်ယောက်ထံသို့ အသံပို့လွတ်လာလေ၏။
ဂုကျန်းယွမ် ထိတ်လန့်သွားရ၏။ တစ်ခြားလူတွေလည်း ရှိသေးတာလား .. ဤလူသည်လည်း ရှေးဟောင်းလူထူးဆန်းတစ်ယောက်ပင်။
“ငါ တာအိုသူငယ်ချင်းနှစ်ယောက်ကို ဆက်သွယ်ထားတယ် .. အချိန်ကျလာတာနဲ့ သူတို့တွေက ကောင်းကင်နတ်ဘုရားအဆင့်မှော်ပစ္စည်းတွေကို သုံးပြီးတော့ နျင်ချွမ်းကို ကူညီလိမ့်မယ်” မီးတိမ်လှိုဏ်ဂူမှ ကျင့်ကြံသူ ပြောလိုက်သည်။
“တာအိုသူငယ်ချင်းနျင်ချွမ်က ဒါကို မကြိုက်လောက်ဘူး” ဂုကျန်းယွမ် တုံ့ဆိုင်းနေမိသည်။
နျင်ချွမ်းသည် သူတို့မျိုးဆက်မဟုတ်သော်လည်း သူသည် သူတို့ဂိုဏ်း၏ ရှေးဟောင်းစာအုပ်များနှင့် မှတ်တမ်းများကို ဖတ်ဖူးသောကြောင့် သူတာဝန်ယူနေရခြင်းပင်။
တစ်ခါတစ်ရံတွင် နျင်ချွမ်းသည် သူတို့ဂိုဏ်းကို ကိုယ်စားပြုလေသည်။
“လှုပ်ရှားမယ်” မီးတိမ်လှိုဏ်ဂူမှ ကျွမ်းကျင်သူ ပြောလိုက်သည်။ အစက ရှီဟောင်တစ်ခုခုဖြစ်နေပြီး သေချာပေါက်သေတော့မည်ဟု သူတို့ထင်နေကြခြင်းပင်။ သူသည် ယခုကဲ့သို့ ရွှေရောင်ခန္ဓာကိုယ်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကောင်းပြီလေ…”
နောက်ဆုံးတွင် ဂုကျင်းယွမ် ခေါင်းညိမ့်လိုက်၏။ သူ၏နတ်ဓားဖြင့် သူတရှိန်ထိုးပြေးသွားလိုက်လေ၏။
သူတို့လေးယောက် လူစုကွဲသွားပြီး သူတို့ဘေးနားမှလူသတ်ဖြတ်လိုက်လေသည်။
ဝုန်း..
ရုတ်တရက်ပင် ကောင်းကင်နတ်ဘုရားအဆင့်စေတီတစ်ဆူ ရှီဟောင်၏ဦးခေါင်းထက်တွင် ထွက်ပေါ်လာပြီး သူ့အားဝန်းရံဖိနှိပ်လာလေ၏။
ရှီဟောင် ဆံပင်မွေးများပင် ထောင်ထသွားရသည်။ သူဘေးဘက်သို့ ရှောင်တိမ်းလိုက်သည့်အချိန်တွင် ကောင်းကင်နတ်ဘုရားအဆင့်လှံတံတစ်ခု ဖောက်ထွက်လာလေ၏။ ခရမ်းရောင်အလင်းတန်းများတောက်ပလာကာ သူ၏အော်ရာမှာ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင်။
သူထိုလှံတံကို နောက်တစ်ကြိမ် ရှောင်ရှားလိုက်သည်။ ကြီးမားလှကာ ကြည်လင်တောက်ပနေသည့် ပင့်ကူအိမ်ကြီးတစ်ခု ရွေ့လျားလာကာ သူ့အားချည်နှောင်ရန် ကြိုးစားနေလေသည်။
ထို့အပြင် ဂုကျန်းယွမ်လည်း လှုပ်ရှားလာလေ၏။ နတ်ဓားတစ်ချောင်း ကောင်းကင်ကိုဖြတ်ကာ သူ့ထံသို့ ရောက်ရှိလာသည်။
ဤအရာအားလုံးမှာ တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ကျွမ်းကျင်သူလေးယောက်အပြင် နျင်ချွမ်းလည်း သူ့ကိုဝန်းရံကာ တိုက်ခိုက်လာလေသည်။
ရှီဟောင်ကို တိုက်ခိုက်နေသည့် လက်နက်များမှာ ကောင်းကင်နတ်ဘုရားလက်နက်များပင်။
သို့သော်လည်း ထိုအချိန်တွင် အားလုံး၏အမူအရာ ပြောင်းလဲသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုရားမှော်စွမ်းအားတစ်ခု ဤနေရာသို့ ပျံ့နှံ့လာပြီး ဘေးပတ်လည်တွင်ရှိနေသည့် ကျွမ်းကျင်သူအားလုံး ထိုနေရာတွင်ပင် ပေါက်ကွဲသွားလေ၏။
ရှေးဟောင်းဘုရင်များမှ လွှဲ၍ ကျန်သည့်ကျင့်ကြံသူများမှာ ပြန်ဆုတ်နိုင်ရန် ခက်ခဲနေပြီး အားလုံးမှာ အသံပင်မထွက်လိုက်ရပဲ ဆိုးရွားစွာ သေဆုံးသွားကြလေသည်။
“သေချင်နေတာလား..”
သို့သော်လည်း ယခုတစ်ကြိမ်တွင် ရှီဟောင်သည် ထိုမှော်စွမ်းအားကို ရှောင်တိမ်းခြင်းမရှိပဲ ရန်သူလေးယောက်ဖြင့်သာ မျက်နှာချင်းဆိုင် ရပ်နေလေသည်။
သူ၏လက်ထဲတွင် ဖြူဖွေးနေသည့် အရိုးအပိုင်းအစတစ်ခုရှိနေသည်။ ထိုအရိုးအပိုင်းအစသည် သိပ်မကြီးသော်လည်း နူးညံ့တောက်ပနေလေ၏။ သူသည် ထိုအရိုးကို အသုံးပြုကာ ကောင်းကင်နတ်ဘုရားအဆင့် မှော်လက်နက်များကို ရင်ဆိုင်နေခြင်းပင်။
ဝုန်း..
သက်ရှိမျိုးစုံ၏ လေဟာနယ်ပုံရိပ်ထွက်ပေါ်လာကာ ကောင်းကင်နတ်ဘုရားအဆင့်မှော် လက်နက်များ၏ ခွန်အားကို ခုခံကာ ထိုလက်နက်များကို ရပ်တန့်စေလိုက်လေသည်။
ဤသည်မှာ ဝိဉာဉ်တစ်သောင်းသင်္ကေတပင်။
“ဒါက ဘာကြီးလဲ” မီးတိမ်လှိုဏ်ဂူမှ အမွေဆက်ခံသူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲတွင်ရှိနေသည့် ကောင်းကင်နတ်ဘုရားအဆင့်လှံတံမှာ မလှုပ်ရှားနိုင်တော့ပဲ ထိုလှံတံ၏ မှော်စွမ်းအားများလည်း ပျောက်ပျယ်သွားလေပြီ။
ကံကောင်းသည်မှာ ထိုအရိုးဖြူလေးသည် မည်သည့်နတ်ခွန်အားကိုမှ မထုတ်နိုင်ပဲ သူ့အားကာကွယ်ခြင်းတစ်ခုတည်းသာ လုပ်ဆောင်နေနိုင်ခြင်းပင်။
“သတ်…”
ရှီဟောင် ဟစ်ကြွေးလိုက်သည်။ ဤလူများမှာ ရှေးဟောင်းလူထူးဆန်းများဖြစ်သည်ကို သူတွေ့လိုက်ရသည်။ ဤလူများသည် တကယ်ပင် ပူးပေါင်းလိုက်ပြီး သူ့အားလုပ်ကြံချင်နေကြသည်။
သူ၏အနောက်ဘက်တွင် ခွန်ပန်အတောင်ပံ ထွက်ပေါ်လာပြီး အရှေ့ဘက်တွင် စွမ်းအားအကြီးဆုံး လျှပ်စီးများ ထွက်ပေါ်လာလေ၏။ သူ၏လက်ထဲတွင်လည်း ပြန်လည်ဝင်စားခြင်းသင်္ကေတဖြင့်ပြုလုပ်ထားသည့် ဓားတစ်လက်ရှိနေလေသည်။
သူသည် နျင်ချွမ်းနှင့်ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ဂုကျန်းယမ်ကို သတ်ရန် သူ့ဘက်သို့ လှည့်လိုက်သည်။
ဂုကျန်းယွမ် ထိတ်လန့်တကြား ဖြစ်သွားရသည်။ ဤကဲ့သို့သော စွမ်းအားကို ထိပ်တိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထိုလူ သူ့အနားသို့ တရှိန်ထိုး ပြေးလာသည်နှင့် သူသည် အသက်ရှူကြပ်လာကာ ဝေါ့ခနဲ သွေးအန်သွားလေ၏။
သူသည် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားလိုက်ရလေသည်။
အား..
မီးတိမ်လှိုဏ်ဂူမှ ဘုရင်သည်ကျယ်လောင်စွာပင် အော်ဟစ်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ရှီဟောင်မှ သူ့အား ပစ်မှတ်ထားလာသောကြောင့်ပင်။ ထိုဓားလွှဲရမ်းလိုက်သည်နှင့် ပြန်လည်ဝင်စားခြင်းသင်္ကေတများ ထွက်ပေါ်လာပြီး အချိန်များ ပျောက်ကွယ်သွားလေသည်။
“သတ်…” သူကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏စွမ်းအားအကြီးဆုံးပညာများအပြင် အဖိုးတန်ပညာများကိုလည်း ထုတ်သုံးလိုက်သည်။ သို့သော်လည်း ဤသည်မှာ ရှီဟောင်အား မရပ်တန့်နိုင်ပေ။
ရှီဟောင် သူ့မျက်နှာရှေ့သို့ ရောက်လာသည့်အချိန်တွင် သူသည် လျှို့ဝှက်နည်းလမ်းပေါင်းများစွာ အသုံးပြုပြီးသွားပြီဖြစ်သော်လည်း အချက်ပေါင်းများစွာ ခုခံပြီးသည့်နောက်တွင် သူ့ခေါင်းပြတ်သွားလေ၏။
သူ၏မူလဝိဉာဉ်ပျံပြေးသွားချင်သော်လည်း ထိုအချိန်တွင် အချိန်အပိုင်းအစများကြောင့် ပြာမှုန့်ဖြစ်သွားလေ၏။
ဝုန်း…
နျင်ချွမ်းအနောက်ဘက်မှ လှုပ်ရှားလိုက်သော်လည်း ရှီဟောင်၏ခွန်ပန်အတောင်ပံများ လှုပ်ရှားလာကာ သူ့အား တားဆီးလိုက်သည်။
ထို့အပြင် ရှီဟောင်သည် အရှေ့သို့ တရှိန်ထိုးပြေးသွားလိုက်ပြီး ဝိဉာဉ်တစ်သောင်းသင်္ကေတကို အသုံးပြုကာ ကောင်းကင်နတ်ဘုရားစေတီအား ရပ်တန့်စေလေသည်။ သူ၏လက်သီးချက်ကျရောက်လာပြီး ထိုဘုရင်ကို သွေးမြူဖြစ်သွားအောင် လုပ်လိုက်လေသည်။
ထို့နောက်တွင် သူသည် လျှပ်စီးဧကရာဇ်၏ သင်္ကေတများကို ထုတ်လွှတ်လိုက်သည်နှင့် အခြား ရှေးဟောင်းလူထူးဆန်းတစ်ယောက် ပေါက်ကွဲသွားကာ ထိုသူမှာ မီးသွေးတုံးဖြစ်သွားလေ၏။
“ထာဝရစွမ်းအင်တစ်ကြောင်းကိုတောင် ရအောင်မကျင့်ကြံနိုင်သေးပဲနဲ့ မင်းက ငါ့ကို လာသတ်ဖို့ ကြိုးစားရဲသေးတယ်” ရှီဟောင်အေးစက်စွာပင် ပြောလိုက်သည်။
ဝုန်း…
ရှီဟောင် ဂုကျန်းယွမ်ထံသို့ ဦးတည်သွားသည်နှင့် ချန်ကုန်းယွမ်လှုပ်ရှားလိုက်သည်။ သူသည် မြှားတစ်စင်းပစ်လွှတ်လိုက်ပြီး ဂုကျန်းယွမ် သွေးအန်သွားအောင် လုပ်လိုက်သည်။ ထိုမြှားသည် သူ၏ပုခုံးကို ဖောက်ဝင်သွားပြီး ထိုပုခုံးနေရာတစ်ဝိုက်မှာ ပေါက်ကွဲသွားလေ၏။
ဂုကျန်းယွမ် အပြင်ဘက်သို့ လွင့်ထွက်သွားပြီး စင်မြင့်ပေါ်မှ ပြုတ်ကျသွားလေသည်။
“အဆုံးသတ်ဖို့ အချိန်ရောက်ပြီ.. မင်းတို့အားလုံး ဖယ်ကြ” တစ်စုံတစ်ယောက်မှ အော်ဟစ်လိုက်သည်။ ဤသည်မှာ အဆင့်နိမ့်နယ်မြေမှလာသည့် ထူးဆန်းသည့်မီးတောက်နှင့်လူပင်။ သူ၏လက်ထဲတွင်လည်း ပြန်လည်ဝင်စားခြင်းစက်ဝန်းရှိနေလေသည်။
အစပိုင်းတွင် ထိုစက်ဝန်းသည် မည်သည့်စွမ်းအားမှမပြသော်လည်း သူ၏လက်ကောက်ဝတ်မှ သွေးထွက်လာသည်နှင့် ထိုရှေးဟောင်းစက်ဝန်းကြီးသည် တစ်ဖြည်းဖြည်းပင် အသက်ဝင်လာပြီး ဖရိုဖရဲစွမ်းအင်များ ထုတ်လွှတ်လာကာ သူ၏အစွမ်းများ ပြလာလေသည်။
ဤပစ္စည်းကို ထာဝရရှေးဟောင်းမြေထဲသို့ ယူလာ၍ရသောကြောင့် ဤပစ္စည်းမှာ ထူးဆန်းလှသည်။
ထိုအချိန်တွင် သူသည် ဤပြန်လည်ဝင်စားခြင်းစက်ဝန်း၏ ထောင့်လေးကို အသက်သွင်းလိုက်ကာ အားလုံးကို ဖိနှိပ်လိုက်၏။ သူသည်စင်မြင့်ပေါ်တွင်ရှိနေသည့်သူအားလုံးကို ပေါက်ကွဲသွားအောင် လုပ်လိုက်ပြီး နောက်ဆုံးအနိုင်ရရှိသူ ဖြစ်ချင်နေခြင်းပင်။
“အဖိုးတန်ပစ္စည်းပိုင်ဆိုင်ထားတဲ့သူက ထာဝရရှေးဟောင်းမြေမှာ ဗိုလ်ဆွဲတာပဲ” အချို့လူများမှာ ချက်ချင်းပင် ဖြူဖျော့သွားလေ၏။
“ဒါတစ်ခုတည်းနဲ့ အားလုံးကို ဖိနှိပ်နိုင်မယ်လို့ ထင်နေတာလား .. မလုံလောက်သေးဘူး” သရဖူ ၁၀ခုဘုရင် အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် သူ၏လက်ထဲ၌ သစ်ပင်လေးတစ်ပင်ပေါ်လာလေ၏။ ထိုသစ်ပင်လေးသည် တစ်ပေခန့်သာရှိသည်။ သူထိုသစ်ပင်၏ ပင်စည်ကိုကိုင်ပြီး လွှဲရမ်းလိုက်သည်နှင့် ထူးခြားသည့်အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာကာ ထိုဖရိုဖရဲစွမ်းအင်များအားလုံးကို ရှင်းလင်းပစ်ပြီး ထိုလူကို ဖိနှိပ်နေလေ၏။
အားလုံး အသက်ရှူသံများပင် အေးခဲသွားလေ၏။ ဒါက .. လောကသစ်ပင်ဖြစ်မယ်ထင်တယ်..
နှယ်နှင်ဒဏ်ခံရသည့်ထာဝရသက်ရှိမှာမူ တည်ငြိမ်နေဆဲပင်။ သူ၏လက်ထဲတွင် ဦးချိုတစ်ခု ပေါ်လာသည်။ ထိုဦးချိုသည် ရိုးရှင်းသော်လည်း သူထိုဦးချိုကို လွှဲရမ်းလိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီး ကွဲထွက်သွားပြီး တစ္ဆေသရဲနှင့် နတ်ဘုရားဟစ်ကြွေးသံများပင် ထွက်ပေါ်လာလေ၏။
“ဘုရားရေ .. အဲဒါက ဦးချိုပုရွက်ဆိတ်ရဲ့ တစ်ခုတည်းသော ဦးချိုမဟုတ်ဘူးလား .. ပြိုင်ဘက်ကင်းတဲ့ သားရဲရဲ့ ပြိုင်ဘက်ကင်းတဲ့ဦးချိုပဲ” အားလုံး ဆွံ့အသွားရသည်။
ထူးဆန်းသည့်မီးတောက်နှင့် လူ၏ အမူအရာပြောင်းလဲသွားသည်။ သူ၏တိုက်ခိုက်မှု လုံးဝရှုံးနိမ့်သွားပြီဖြစ်သည်။
ဝုန်း..
ထိုအချိန်တွင် ကမ္ဘာမြေကြီး တုန်ခါလာလေ၏။ ထိုကြီးမားလှသည့် လေဟာနယ်အက်ကွဲကြောင်းကြီးသည် ရုတ်တရက်ပင် တခွပ်ခွပ်အသံများ ထွက်ပေါ်လာပြီး အက်ကွဲကြောင်းလည်း ကြီးလာလေ၏။ ထိုနေရာသည် ပေါက်ကွဲတော့မလိုပင်။ ဤသည်မှာ ဤစင်မြင့်၏ တည်ငြိမ်မှုကိုလည်း ထိခိုက်လေသည်။
“ဘာ .. အပြင်ဘက်ကလူတွေ ဝင်လာချင်နေတာလား” အားလုံး ထိတ်လန့်တကြားဖြစ်သွားရသည်။
ခွပ်..
အက်ကွဲကြောင်းသည် ပို၍ပင် ပျံ့လာပြီး ပြိုင်ကွင်းရှေ့မှ ဖြတ်ပြေးသွားသောကြောင့် ပြင်းထန်သည့်ပွတ်တိုက်မှုကြီး ဖြစ်သွားသည်။
ဝုန်းဟူသည့်အသံ ထွက်ပေါ်လာပြီးသည့်နောက်တွင် ပြိုင်ကွင်းကြီးသည် ဂိတ်တံခါးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု စတင်ဖြစ်ပေါ်လာလေသည်။ အလင်းတန်းတစ်ခု ရှီဟောင်ထံသို့ ဦးတည်လာပြီး သူ့အားခေါ်သွားတော့မည်။
“သူ့ကို ရွေးချယ်လိုက်ပြီ” အားလုံး အံကြိတ်၍ ပြောလိုက်သည်။
အပြင်ဘက်မှ ဖိအားများရှိလာသောကြောင့် ပြိုင်ကွင်းသည် မတည်ငြိမ်တော့ပဲ သူ၏ရွေးချယ်မှုများကို စတင်လိုက်တော့လေသည်။
ရှီဟောင်သည် ယခင်က ပွဲ ၈၀၀ နိုင်ထားသောကြောင့် သူ့ကို ရွေးချယ်သွားခြင်းပင်။
“ဒီကိုပြန်လာခဲ့..” သရဖူ ၁၀ခုဘုရင်သည် အော်ဟစ်လိုက်ကာ သူ့လက်ထဲတွင်ရှိနေသည့် သစ်ပင်လေးကို လွှဲရမ်းလိုက်ကာ သဘာဝဥပဒေသ တစ်သောင်းကို ပြုလုပ်ပြီး ရှီဟောင်အား တားဆီးလိုက်သည်။
တစ်ချိန်တည်းမှာပင် နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိလည်း ရှီဟောင်ကို ဖိနှိပ်ရန်အတွက် သူ၏ကောင်းကင်ပုရွက်ဆိတ်၏ ဦးချိုကို အသုံးပြုလိုက်သည်။
“သတ်…” နျင်ချွမ်းလည်း လှုပ်ရှားလာလေသည်။
သူတို့ပင်မဟုတ်။ အခြားသူများလည်း ရှီဟောင်အား တားဆီးရန် ကြိုးစားလာကြလေသည်
ထိုအချိန်တွင် ရှီဟောင်သည် လျှပ်စီးဧကရာဇ်နှင့် သက်ဆိုင်နေသည့် စုတ်ပြတ်သည့်ချပ်ဝတ်တန်ဆာကို ထုတ်ဝတ်လိုက်တော့သည်။ ထိုအပြင် သူ၏ညာလက်ထဲတွင် ဝိဉာဉ်တစ်သောင်းသင်္ကေတအရိုးကို ကိုင်ထားပြီး ဘယ်လက်ထဲတွင် တစ်ပေရှည်သည့်အကြေးခွံကို ကိုင်ထားလေ၏။
ထိုအကြေးခွံသည် နဂါးစွမ်းအင်များကို ထုတ်လွှတ်နေလေ၏။ ဤကြေးခွံသည် အနက်ရောင်ရှေးဟောင်းသင်္ဘောမှ သူရလာခဲ့ခြင်းပင်။
“ငါ့ကို တားတဲ့သူတွေအကုန်လုံးသေရမယ်” ရှီဟောင် ဟစ်ကြွေးလိုက်သည်။
အပိုင်း ၁၁၆၈ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၆၉ – လမ်းကြောင်းတစ်ခုအတွက် တိုက်ခိုက်ခြင်း
ရွှီးဟူသည့်အသံနှင့်အတူ တာအိုအပိုင်းအစ တစ်သောင်းကျော် ပျံ့လွင့်လာလေ၏။
လောကသစ်ပင်မှာ သေးသေးလေးသာဖြစ်သော်လည်း စွမ်းအားကြီးလွန်းလှသည်။ သူ့ထံတွင် ဤအပင်ပေါက်ဖွားလာသည့်အချိန်မှ ယခုအချိန်ထိ ရှိနေသည့် တာအိုများအားလုံးရှိနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့်လည်း လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်လေသည်။ ဤသစ်ပင်သည် ကမ္ဘာကြီးတစ်ခုလုံးကို ဖန်တီးနိုင်လေ၏။
ထိုအပင် လှုပ်ရှားသွားသည်နှင့် သစ်ရွက်များမှ ရောင်စုံအလင်းများ တောက်ပလာလေသည်။
ဝုန်း..
ရှီဟောင်သည် ဝိဉာဉ်တစ်သောင်းသင်္ကေတကို ကိုင်ထားပြီး ထိုသစ်ပင်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။ လေဟာနယ်ပုံရိပ်တစ်သောင်းထွက်ပေါ်လာလေ၏။ သက်ရှိမျိုးစုံထွက်ပေါ်လာကာ ထိုသစ်ပင်လေးကို တားဆီးနေလေ၏။
သူတို့နှစ်ဦးကြားတွင် ဖရိုဖရဲစွမ်းအင်များ ထွက်ပေါ်လာလေ၏။ အရာအားလုံး မှုန်ဝါးသွားကာ ဤစင်မြင့်လည်း ပြင်းထန်စွာပင် တုန်ခါသွားလေသည်။
ဤမြင်ကွင်းမှာ ဤနေရာတွင်ရှိနေသည့်သူအားလုံးကို တုန်လှုပ်သွားစေလေသည်။
အားလုံးသည် ဤသစ်ပင်လေးကို သိကြသော်လည်း ရှီဟောင်လက်ထဲတွင်ရှိနေသည့်အရာသည် မည်သည့်အရာဖြစ်သနည်း .. ဤသည်မှာ ကျောက်စိမ်းကဲသို့ ချောမွေ့နေပြီး စွမ်းအားကြီးလှသည်။
သို့သော်လည်း ဤအရိုးသည် ခုခံရုံသာပြုလုပ်နေပြီး တိုက်ခိုက်မှုမလုပ်ပေ။
ပြိုင်ကွင်းကြီး တောက်ပလာကာ ရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ဖြစ်လာပြီး ထိုစွမ်းအားများသည် ပို၍ပင် ကြီးမားလာကာ ရှီဟောင်အား ဆွဲခေါ်သွားလေ၏။
သူသည် ထိုအစီအရင်ပေါ်သို့ တက်လိုက်ပြီး တရှိန်ထိုး ပြေးသွားရန် လုပ်လိုက်သော်လည်း အားလုံး သူ့ကို တားဆီးရန် ကြိုးစားနေကြလေသည်။
ဦးချိုပုရွက်ဆိတ်ဖိနှိပ်ခြင်း..
နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိမှ လှုပ်ရှားလိုက်သည်။ သူ၏ဦးချိုသည် ထိုမျှမကြီးသော်လည်း တောင်များအလုံးတစ်သောင်းပေါင်းထားသည်ထက်ပင် လေးသေးသည်။
လေဟာနယ်မှာ တစ်လက်မချင်း အက်ကွဲလာသည်ကို မြင်နိုင်လေသည်။ ဦးချိုပုရွက်ဆိတ်၏ သဘာဝဥပဒေသ နောက်တစ်ကြိမ် ပြန်ပေါ်လာလေပြီ။ သူ၏စွမ်းအားမှာ ကောင်းကင်ဘုံကိုးခုကိုပင် ပြောင်းပြန်လှန်ပစ်နိုင်လေသည်။
သာမန်လူသာဆိုပါက သူတို့ အစောကြီးကတည်းက ပေါက်ကွဲသွားလောက်လေပြီ။
ကံကောင်းစွာဖြင့်ပင် ရှီဟောင်ထံ၌ ထိုပညာများကို တားဆီးနိုင်မည့်နည်းလမ်း ရှိနေသေးသည်။
သူ၏ညာလက်ထဲတွင်ရှိနေသည့် ဝိဉာဉ်တစ်သောင်းသင်္ကေတမှာ လောကသစ်ပင်ကို ရင်ဆိုင်နေသည့်အချိန်တွင် သူ၏ဘယ်လက်တွင်ရှိနေသည့် နဂါးအကြေးခွံမှ ဤတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။ လေထဲတွင် နဂါးအော်သံများ ထွက်ပေါ်လာပြီး ဤဦးချိုကို ရပ်တန့်လိုက်လေ၏။
“နဂါးရဲ့ အကြေးခွံ .. ဒါကိုထိလိုက်တာနဲ့ သူဒေါသထွက်လာလိမ့်မယ်” တစ်စုံတစ်ယောက်မှ တုန်ယင်စွာ ပြောလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မြို့ခံများထဲတွင် နဂါးအစစ်၏ အရေခွံ၏ ခွန်အားကို မှတ်မိနေသေးသည့် မြို့ခံများရှိနေသောကြောင့်ပင်။
ဝုန်း..
ဦးချိုနှင့် အကြေးခွံတို့၏ တိုက်ခိုက်မှုကြောင့် ပြိုင်ကွင်းပင်လျှင် အက်ကွဲကြောင်းများ ပေါ်လာလေ၏။
တစ်မျိုးမှာ ခွန်အားကို ကိုယ်စားပြုပြီး တစ်မျိုးမှာ လောကကြီး၏ စွမ်းအားအကြီးဆုံးမျိုးစိတ်ပင်။
“သူ့ကို တားလိုက် .. သူထွက်မသွားစေနဲ့” အခြားသူများလည်း အော်ဟစ်လိုက်ကြသည်။
ယခုအချိန်သည် တစ်ယောက်စီတိုက်ခိုက်နေရမည့်အချိန်မဟုတ်ပေ။ ရှီဟောင် ဝင်သွားလိုက်သည်နှင့် သူတို့အားလုံး၏မျှော်လင့်ချက် ပျက်သုန်းသွားလိမ့်မည်။
“သတ်..”
သူ့အနောက်မှလူများလည်း တစ်ချိန်တည်း တိုက်ခိုက်လာလေ၏။
ထိုအချိန်တွင် အဖိုးတန်ပညာမျိုးစုံ လွင့်ပျံလာကာ အားလုံးမှာ ထိတ်လန့်စရာကောင်းလောက်သည့် နတ်စွမ်းရည်များပင်။ ပုံမှန်ဆိုလျှင် ဤပညာမျိုး တစ်ခုပေါ်လာလျှင်ပင် အားလုံးဆွံ့အသွားရမည်ဖြစ်သော်လည်း ယခုအချိန်တွင် ကန့်သတ်ထားသည့် နတ်စွမ်းရည်မျိုးစုံ ပေါ်လာလေပြီ။
အချို့ပညာများမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက အမွေဆက်ခံသူ ပျောက်ဆုံးနေသည့် ပညာများပင်။
ရှီဟောင်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံး တောက်ပလာလေ၏။ သူ၏လက်ထဲတွင်ရှိနေသည့် နတ်ရတနာနှစ်ခုဖြင့် သူ့အရှေ့တွင် ရှိနေသည့်လူအုပ်ကြီးကို ခုခံနေရသည်။
သူ့ကို အခြိမ်းခြောက်နိုင်ဆုံးမှာ သရဖူ ၁၀ခုဘုရင်၏ သစ်ပင်လေးပင်။ ဤသစ်ပင်သည် တစ်ပေခန့်သာရှိသော်လည်း မြူအလင်းပေါင်းတစ်သောင်း ဖြာထွက်နေပြီး တစ်ခုချင်းစီမှာလည်း တာအိုအပိုင်းအစများပင်။ ထိုမြူတန်းများသည် သူ တာအိုဂိတ်တံခါးပေါ်သို့မတက်နိုင်အောင် တားဆီးနေသည်။
သူ့ကို ထိုသစ်ပင်ကြီးမှ ရစ်ပတ်ထားသောကြောင့် ရှီဟောင် ထွက်မရဖြစ်နေသည်။ မဟုတ်ပါက သူထွက်သွားပြီးလေပြီ။
ထို့အပြင် ဦးချိုပုရွက်ဆိတ်၏ ဦးချို၏ စွမ်းအားမှာလည်း ကြောက်စရာကောင်းလွန်းလှသည်။ သူ၏လက်ထဲတွင်ရှိနေသည့် အကြေးခွံကြောင့်သာမဟုတ်ပါက သူအလွန်ဒုက္ခရောက်နေလောက်သည်။
“သတ်…”
ထူးဆန်းသည့် မီးတောက်များ ဝန်းရထားသည့် လူငယ်သည် ပြန်လည်ဝင်စားခြင်းစက်ဝန်းကို အသက်သွင်းပြီး သူ့ထံသို့ တရှိန်ထိုး ပြေးလာနေလေသည်။
ဤသည်မှာ ရှီဟောင်၏အခြေအနေကို ပို၍ဆိုးရွားစေလေ၏။ ဝိဉာဉ်တစ်သောင်းသင်္ကေတနှင့် နဂါးအကြေးခွံကြောင့်သာမဟုတ်ပါက သူပျက်စီးသွားလောက်လေပြီ။
“သတ်…”
သရဖူ ၁၀ခုဘုရင်သည် အခြားသူများ ခိုးသွားမည်ကို မစိုးရိမ်ပဲ ထိုသစ်ပင်ကို လွှတ်လိုက်ကာ ရှီဟောင်ကို တိုက်ခိုက်ခိုင်းစေလိုက်လေသည်။
အခြားသူများအားလုံးသည် ရှီဟောင်အား ဝန်းရံထားသောကြောင့် သူဤနေရာမှ ထွက်မသွားနိုင်ပဲ တိုက်ခိုက်ရုံသာ တတ်နိုင်လေသည်။
ဝုန်း..
ရှီဟောင်သည် ဘာမှမပြောတော့ပဲ သရဖူ ၁၀ခုဘုရင်ကိုသာ ဦးတည်တိုက်ခိုက်လိုက်သည်။ သူ၏လက်သီးများမှာ ကျောက်စိမ်းများကဲ့သို့ပင် တောက်ပလှသော်လည်း လက်သီးဖြင့် ထိုးလိုက်သည့်အချိန်တွင် ကောင်းကင်မိုးကြိုးများထက်ပင် ပို၍ ကြောက်စရာကောင်းလေသည်။
သရဖူ ၁၀ခုဘုရင်၏ အမူအရာ လေးနက်သွားရသည်။ သူ၏ခန္ဓာကိုယ်မှ အသံများထွက်ပေါ်လာပြီး သူ၏လက်မောင်းတောက်ပလာလေ၏။ နဂါးလက်သီးသည် အခြားအဖိုးတန်ပညာများနှင့် ပေါင်းစပ်သွားကာ အလွန်ပင် ခွန်အားကြီးလာလေသည်။
ဒုန်း..
သူတို့၏လက်သီးများမှာ ကောင်းကင်နတ်ဘုရားမီးတောက်များ ထွက်ပေါ်လာပြီး အတိတ်ထက်ပင် ကျော်လွန်သွားလေပြီ။
ဝုန်း…
ကောင်းကင်ကြီးချိုင့်ဝင်သွားကာ ကမ္ဘာမြေကြီးလည်း ပျက်စီးသွားလေပြီ။ မီးခိုးနှင့်ဖုန်မှုန့်များ ထွက်လာပြီး ပြိုင်ကွင်းလည်း ထိခိုက်သွားလေ၏။
ရွှီး…
ထိုအချိန်တွင် ထာဝရသက်ရှိလည်း လှုပ်ရှဦးလိုက်သည်။ သူ၏လက်မောင်းကို ငြင်သာစွာ ပွတ်သပ်လိုက်သည်နှင့် ဖရိုဖရဲရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး ဤပြိုင်ကွင်း၏ မျက်နှာပြင်ပင် အက်ကွဲသွားလေ၏။
ထိုဖိအားကို ရင်ဆိုင်နေရသည့် ရှီဟောင်ဆိုလျှင် ပြောစရာကိုမလိုတော့ပေ။ သူသည် များပြားလှသည့် ဖိအားများကို တောင့်ခံနေရလေ၏။
ကျွမ်းကျင်သူသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြလေပြီ။
ရုတ်တရက်ပင် တောင်များပျက်စီးသွားပြီး ပင်လယ်များလည်း ဆူညံသံများ ထွက်ပေါ်လာလေ၏။ လေထဲတွင် ကောင်းကင်သင်္ကေတတစ်ခုသည် နေမင်းကြီးကဲ့သို့ပင် ပေါ်လာလေ၏။
နျင်ချွမ်းလည်း တိုက်ခိုက်လိုက်လေပြီ။ သူ၏ကျောထက်တွင်ရှိနေသည့် ကောင်းကင်သင်္ကေတသည် အရှေ့ဘက်သို့ ဖိနှိပ်လာလေ၏။
သုံးယောက် တစ်ယောက် ဝိုင်းနေသော မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားရသည်။
သူတို့တစ်ယောက်စီမှာ ရန်သူအားလုံးကို ဖြတ်ကျော်နိုင်ပြီး သူတို့ပြိုင်ဘက်ကို တွေ့နိုင်ရန်လည်း ခက်ခဲလှသည်။
အားလုံး၏ နှလုံးခုန်သံများပင် မြန်ဆန်လာရဿည်။ ဟွမ် အသက်ရှင်နိုင်မှာလား .. သူအန္တရာယ်တွေ့နေပြီထင်တယ်…
“သတ်…”
ရှီဟောင် ဟစ်ကြွေးလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် စုတ်ပြတ်နေသည့် ချပ်ဝတ်တန်ဆာလည်း တောက်ပလာလေ၏။ ထိုအင်္ကျီတွင် အပေါက်များရှိနေသော်လည်း ထိုအပေါက်များသည် သူ့အား ကောင်းကျိုးများသာ ပေးလေသည်။
ထိုအပေါက်များ တောက်ပလာကာ နေရာပေါင်းစုံမှ လောကကြီး၏ စွမ်းအင်များကို စုတ်ယူပြီး ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ထည့်ပေးပြီး သူ့အားကူညီပေးနေလေသည်။
ထိုအချိန်တွင် ကမ္ဘာမြေကြီး အက်ကွဲလာကာ သွေးမိုးများ ရွာသွန်းလာလေ၏။ ထာဝရဝိဉာဉ်များပင် ပေါ်လာပုံပေါ်ပြီး ပုံမှန်မဟုတ်သည့် မြင်ကွင်းများ ထွက်ပေါ်လာလေ၏။
အဆင့်လွန်ကျွမ်းကျင်သူလေးယောက်သည် အလင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ဆက်လက်တိုက်ခိုက်နေဆဲပင်။
ရှီဟောင်က ဒီလောက်တောင် အထင်ကြီးဖို့ကောင်းတာလား .. သူက အဲဒီလူသုံးယောက်နဲ့ ဆက်တိုက်နေနိုင်တုန်းပဲ .. အားလုံး ထိတ်လန့်သွားရသည်။
“ငါလည်းလာပြီ” အနောက်ဘက်တွင်ရှိနေသည့် တစ်စုံတစ်ဦးမှ ဟစ်ကြွေးလိုက်ပြီး သူလည်း ရောက်လာလေသည်။
ဤလူမှာ ကျီယန်ဖိန်းပင်။ ဤလူသည် အတော်လေးပင် မကောင်းဆိုးဝါးဆန်လှပြီး ကောင်းကင်လောင်ကျွမ်းခြင်းပညာကို အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားသည့်သူပင်။ သူ၏ခန္ဓာကိုယ်သည် မီးတာအိုမှ စွမ်းအားများ ရရှိထားလေ၏။
“ဘာ…” အားလုံး ထိတ်လန့်သွားရသည်။ သူ့အနားတွင် ထာဝရတာအိုစွမ်းအင်များကို အာရုံခံမိလိုက်ကြသောကြောင့်ပင်။
“ဒီလိုမျိုးလား..” ရှီဟောင်နားလည်သွားရလေပြီ။ ချင်းရီမှ လကျောက်စိမ်းမီးတောက်နှင့် ပေါင်းစည်းထားသကဲ့သို့ ဤကောင်သည်လည်း ထာဝရမျိုးစေ့ဟုခေါ်နိုင်သည့် ‘ရှေးဟောင်းမီးတောက်’ တစ်ခုနှင့် ပေါင်းထားခြင်းပင်။
“သူက ကောင်းကင်လောင်ကျွမ်းခြင်းပညာကို အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားတယ်လို့ပြောတာ အံ့ဩစရာ မရှိပါလား .. တကယ်ကို ကြောက်စရာကောင်းတယ်” တစ်စုံတစ်ယောက်မှ သက်ပြင်းချ၍ ပြောလိုက်သည်။
အခြားသူများသည် ‘ရှေးဟောင်းမီးတောက်’ တစ်ခုကို ရရှိလျှင်ပင် သူတို့ နတ်ဘုရားဖြစ်သွားသည်နှင့် ထိုမီးတောက် ထွက်သွားလိမ့်မည်။ သို့သော်လည်း သူကတော့ ထိုမီးတောက် ထွက်မသွားအောင် လုပ်နိုင်ခဲ့သည်ထင်သည်။
ဝုန်း..
ကျီယန်ဖိန်း ထင်ထားသည်နှင့် ခြားနားစွာပင် ရှီဟောင်သည် သူ၏ကောင်းကင်လောင်ကျွမ်းခြင်းပညာကို ရှောင်ရှားခြင်းမရှိပဲ ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ရှီဟောင်၏လက်သီးတွင် ထာဝရစွမ်းအင်သုံးကြောင်း ဝန်းရံနေသောကြောင့် မီးတောက်အားလုံးကို သူဖိနှိပ်နိုင်သည်။ မည်သည့်မီးတောက်မှ သူ့ကို မယှဉ်နိုင်ပေ။
ကျီယန်ဖိန်း ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့တစ်ကိုယ်လုံးတွင်ရှိနေသည့် ဝိဉာဉ်စွမ်းအင်များ ထွက်ပေါ်လာလေသည်။
ကျယ်လောင်လှသည့် ဆူညံသံကြီး ထွက်ပေါ်လာပြီးသည့်နောက်တွင် ရှီဟောင်လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။ ထိုလက်သီးသည် တစ်ဖြည်းဖြည်းဖြင့်ပင် ပို၍တောက်ပလာပြီး လက်သီးနားတွင် ရွှေရောင်မိုးမခသစ်ကိုင်းများလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ချိန်းကြိုးများအဖြစ်သို့ ပြောင်းလဲသွားကာ ထိုမီးတောက်ထံသို့ ဦးတည်သွားလေ၏။
ဖူး..
ပြင်းထန်လှသည့် တိုက်ခိုက်မှုပြီးသည့်နောက်တွင် ကျီယန်ဖိန်းထံမှ ညည်းတွားသံ ထွက်ပေါ်လာပြီး သူ သွေးအန်သွားကာ နောက်ပြန်ဆုတ်သွားရလေ၏။
သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းလှလေသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ .. ရှေးဟောင်းမီးတောက်နဲ့ ပေါင်းပြီးသွားပြီ .. ငါ့ရဲ့ ကောင်းကင်လောင်ကျွမ်းခြင်းမီးတောက်ကလည်း ဒီကျင့်ကြံဆင့်နယ်ပယ်မှာ အရင်ကလူတွေတောင် မရောက်ဖူးသေးတဲ့အဆင့်ကိုတောင် ရောက်နေပြီ” သူဤရလဒ်ကို မယုံကြည်နိုင်ဖြစ်နေလေသည်။
“မင်း ထာဝရစွမ်းအင် သုံးကြောင်း ကျင့်ကြံပြီးတော့မှပဲ မင်းရဲ့ ကောင်းကင်ပညာနဲ့ ပြန်လာခဲ့လိုက်” ရှီဟောင်ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။
“သူ့ကို ဖိနှိပ်ပစ်…”
အခြားသူများသည် အနားသို့ ကပ်မလာရဲပဲ အဝေးမှသာ တိုက်ခိုက်ကြလေသည်။ ထိုသူများထဲတွင် ရှေးဟောင်းလူထူးဆန်းများလည်း ပါဝင်နေလေသည်။
“သတ်…”
ရှီဟောင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်လေ၏။ ထိုအချိန်တွင် သူသည် လက်သီးတံဆိပ်တစ်ခုကို ပြုလုပ်လိုက်ပြီး ကျွမ်းကျင်သူသုံးယောက်ကို တိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ ရွှေရောင်လှိုင်းများ ထွက်ပေါ်လာပြီး မိုးမခနတ်ဘုရား၏ပညာများလည်း ထွက်ပေါ်လာလေသည်။
သူ၏ခန္ဓာကိုယ်မှ ရွှေရောင်သစ်ကိုင်းများ ထွက်လာလေ၏။ ထိုသစ်ကိုင်းများသည် နူးညံ့သော်လည်း သူ၏စွမ်းအားများမှာ တားဆီး၍မရနိုင်လောက်အောင်ပင်။
တဖူးဖူးအသံများ ဆက်တိုက်ပင် ထွက်ပေါ်လာလေ၏။
ခပ်ဝေးဝေးတွင်ရှိနေသည့် သူများအားလုံးသည် သူတို့၏ မျက်ခုံးကြားကို သစ်ကိုင်းများထိုးဖောက်သွားကာ ထိုနေရာတွင်ပင် သေဆုံးသွားကြလေ၏။
ရှေးဟောင်းလူထူးဆန်းသုံးယောက်လည်း ထိုးဖောက်ခံလိုက်ရလေသည်။ သူတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နောက်ဆုတ်လိုက်သော်လည်း သူတို့သည် ထိုရွှေရောင်သစ်ကိုင်းများကြောင့် ထိုနေရာတွင်ပင် ပေါက်ကွဲသွားလေသည်။
“ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရမယ်” ရှီဟောင် ဟစ်ကြွေးလိုက်၏။
သူသည် အားကုန်သုံးကာ သူ့ကို တားဆီးသည့်သူမှန်သမျှကို သတ်ပစ်လိုက်လေ၏။ သူကို တားဆီးခြင်းမှာ သူ၏တာအိုလမ်းကြောင်းကို တားဆီးခြင်းနှင့်အတူတူပင်။
ယခုအချိန်တွင် အဆင့်လွန်ကျင့်ကြံသူသုံးယောက်သာ တည်တည်ငြိမ်ငြိမ်လေးရှိနေပြီး ကျန်သည့်သူများအားလုံးမှာ အမူအရာများပြောင်းလဲသွားလေပြီ။
စွမ်းအားကြီးသည့် နှစ်ထပ်မျက်လုံးအသုံးပြုသူသည်လည်း ဝင်မတိုက်သေးပဲ ဘေးနားမှသာ ရပ်ကြည့်နေလေသည်။ သူသည်လည်းကြောက်စရာကောင်းသည့် ကျွမ်းကျင်သူတစ်ယောက်ပင်။
ထို့အပြင် ချန်ကုန်းယန်လည်း သူ၏လေးကြီးကို ကိုင်ထားပြီး ခပ်ဝေးဝေးတွင်သာ ရပ်နေလေ၏။
ရှီဟောင်၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် ချပ်ဝတ်တန်ဆာတုန်ခါလာသည်။ သူသည် ရိုက်ချက်များကိုခံလိုက်ရသကဲ့သို့ ရန်သူများကိုလည်း ရိုက်လိုက်နိုင်သည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်၌ သွေးစီးကြောင်းများ ထွက်ပေါ်လာလေပြီ။
ဝုန်း..
နောက်ဆုံးတွင် ထိုဂိတ်တံခါးပေါက်ကြီးမှာ ပို၍တောက်ပလာသည့်အပြင် ပြိုင်ကွင်းသည်လည်း စတင်လောင်ကျွမ်းလာလေ၏။
ရှီဟောင် ဟစ်ကြွေးလိုက်ပြီး ထိုဂိတ်တံခါးထဲသို့ ဝင်နိုင်ရန်အတွက် သူနည်းမျိုးစုံကို အသုံးပြုလိုက်သည်။
ဤပြိုင်ကွင်းကြီး ပျက်စီးတော့မည်မှာ ထင်ရှားလှသည်။ ဤသည်မှာ သူ၏နောက်ဆုံးအခွင့်အရေးပင်။ သူသာ ထိုဂိတ်တံခါးထဲသို့ မဝင်နိုင်လျှင် ထိုဂိတ်တံခါးကြီး ပျက်စီးသွားတော့မည်။
ဝုန်း..
နောက်ဆုံးတွင် သူအောင်မြင်သွားခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ဂိတ်တံခါးသည်လည်း အလင်းတန်းများထုတ်လွှတ်လာကာ သူ့အားလွှမ်းခြုံလိုက်သောကြောင့်ပင်။
လောကသစ်ပင်မှ သဘာဝဥပဒေသများ သူနှင့် ကင်းကွာသွားပြီး သူ့အား မချည်နှောင်ထားနိုင်တော့ပေ။
ရွှီး..
ရှီဟောင်သည် ဤနေရာမှ ပျောက်ကွယ်သွားကာ ထိုဂိတ်တံခါးထဲသို့ ဝင်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ထာဝရရှေးဟောင်းမြေကြီးသည် ပျက်စီးသွားတော့မလိုပင် တုန်လှုပ်နေလေ၏။ အက်ကွဲကြောင်းကြီးမှာ အဆပေါင်းများစွာ ပိုကြီးလာလေသည်။
“မကောင်းတော့ဘူး … အပြင်ဘက်ကလူတွေ ဝင်လာတော့မယ်” ထိုအချိန်တွင် တစ်နေရာရာမှ အော်သံကြီး ထွက်ပေါ်လာလေ၏။
အပိုင်း ၁၁၆၉ ပြီး၏။
သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၁၇၀ – ကစဉ့်ကလျားဖြစ်ခြင်း
အပြင်ဘက်ကမ္ဘာမှလူများ ရောက်လာလေပြီ။
ထာဝရရှေးဟောင်းမြေတွင် တစ်ခါမှမဖြစ်ဖူးသည့် ပြောင်းလဲမှုကြီး ဖြစ်လာတော့မည်။ ဤသည်မှာ ကောင်းသည့်ကိစ္စလား၊ မကောင်းသည့်ကိစ္စလား ဆိုသည်ကို မသိနိုင်သောကြောင့် မြို့ခံအားလုံးကို ကြောက်ရွံ့သွားစေသည်။
စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များမှာမူ စိတ်လှုပ်ရှားသွားကြသည်။ သူတို့၏ဆရာများ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်လာတော့မည်။ သို့သော်လည်း ကံမကောင်းစွာဖြင့်ပင် သူတို့ခြေတစ်လှမ်း နောက်ကျသွားလေပြီ။
သူတို့သာ စောစောလာခဲ့လျှင် ဟွမ် ထိုအလင်းဂိတ်တံခါးကို ဖြတ်သန်းသွားနိုင်မည်မဟုတ်ပေ။
“နှမြောစရာ ကောင်းလိုက်တာ..” အချို့လူများသည် ခြေစောင့်ပြီး ဒေါသထွက်နေကြလေ၏။ ဤသည်မှာ သူတို့ဘဝ၏ အကြီးမားဆုံးနောင်တတရားပင်။
အချို့လူများမှာမူ တောင့်ခဲသွားပြီး မကောင်းသည့်ခံစားချက်များခံစားနေရလေ၏။
ဥပမာအားဖြင့် သရဖူ ၁၀ခုဘုရင်နှင့် ထာဝရသက်ရှိကဲ့သို့သော ရှေးဟောင်းလူထူးဆန်းများပင်။
သူတို့ထံတွင် ကောင်းကင်ကို တွန်းလှန်နိုင်သည့် ပစ္စည်းများရှိနေသောကြောင့် ဤလူများသည် သူတို့ကို ပစ်မှတ်ထားမည်သာ။
ထာဝရရှေးဟောင်းမြေသာ ကပ်ဆိုးကြီးတစ်ခု ကြုံတွေ့ရလျှင် အပြင်ဘက်မှဝင်လာသည့် ဂိုဏ်းခေါင်းဆောင်များလည်း အခြေအနေဆိုးရွားသွားမည်သာ။
ဂိုဏ်းကြီး၏ ကာကွယ်ပေးခြင်းကို ခံနေရသည့် ဂုကျန်းယွမ်ပင်လျှင် မျက်နှာပျက်သွားလေ၏။ ထာဝရရှေးဟောင်းမြေသာ ဖရိုဖရဲဖြစ်လာလျှင် သူ သူ၏ဂိုဏ်းသို့ ချက်ချင်းပြန်ရမည်။ မဟုတ်ပါက သူ့ကို အခြားသူများ လုပ်ကြံသွားနိုင်သည်။
ယခုအချိန်တွင် အားလုံး၏ တုံ့ပြန်ချက်များမှာ ကွဲပြားနေလေ၏။
“ငါက သူနဲ့မယှဉ်နိုင်တာမဟုတ်ဘူး .. အခြေအနေအပြောင်းအလဲက မြန်ဆန်လွန်းအားကြီးတာ” သရဖူ ၁၀ခုဘုရင် တီးတိုးပြောလိုက်သည်။ သူ၏ထာဝရစွမ်းအင်သုံးကြောင်းသည် နဂါးအစစ်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားလေ၏။
ဤသည်မှာ အားလုံးကို တုန်လှုပ်သွားစေလေသည်။
အထူးသဖြင့် သူ့အနားတွင်ရှိနေသည့်သူများပင်။ သူတို့အားလုံးသည် သွေးအန်သွားကာ လွင့်ထွက်သွားကြလေ၏။
ဤသည်မှာ သရဖူ ၁၀ခုဘုရင်ပင်။ သူဒေါသထွက်သည်နှင့် သူ၏အော်ရာများ ထွက်ပေါ်လာပြီး အခြားသူများမှာ ထိုအော်ရာကို ခုခံနိုင်မည်မဟုတု်ပေ။
“ဟမ်…” နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိသည် အစက စိတ်ပျက်ကာ ဒေါသထွက်သွားသော်လည်း ရုတ်တရက်ပင် သူ၏အမူအရာ ပြောင်းလဲသွားလေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအလင်းဂိတ်တံခါးသည် ထိုနေရာတွင်ရှိနေဆဲဖြစ်ပြီး မပျောက်ကွယ်သေးပေ။
နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိ၏ အဝတ်အစားများမှာ အတောင်ပံများကို ဖြန့်ကျက်ထားသည့် ကောင်းကင်ဖီးနှစ်တစ်ကောင်ကဲ့သို့ပင်။ သူသည် အလင်းမိုးတစ်ခုကို ဖြန့်ကျက်လိုက်ပြီး ထိုဂိတ်တံခါးရှေ့သို့ ချက်ချင်းပင် ရောက်သွားလေ၏။
“ဘာ .. သူလည်းဝင်သွားပြီ..” အားလုံး ဆွံ့အသွားရသည်။
သူသည် ခြေတစ်လှမ်းတည်းဖြင့် ထိုဂိတ်တံခါးထဲသို့ ဝင်သွားပြီး အထဲဘက်သို့ လျင်မြန်စွာ ဝင်သွားလေသည်။
ဝုန်း..
ဤနေရာမှာ ချက်ချင်းပင် ပေါက်ကွဲသံများ ထွက်ပေါ်လာလေ၏။
မည်သူမှ မတည်ငြိမ်နိုင်တော့ပေ။ ဤရုတ်တရက်ပြောင်းလဲမှုမှာ သူတို့အားလုံးကို ထိတ်လန့်သွားစေသည်။
ယခုအချိန်တွင် မပျော်ရွှင်သွားသည့်သူမရှိပေ။
ဝုန်း..
သရဖူ ၁၀ခုဘုရင်လည်း လှုပ်ရှားလိုက်သည်။ ချောက်ကမ်းပါးထဲမှ တက်လာသည့်နဂါးတစ်ကောင်ကဲ့သို့ပင် သူလှုပ်ရှားလိုက်လေ၏။
သူ၏သွေးစွမ်းအင်များလည်း ထွက်ပေါ်လာသည်။ အဝေးမှ ကြည့်မည်ဆိုလျှင် သူ့အနားကို ဝန်းရံထားသည့် ကြီးမားလှသည့် အနီရောင် ‘တာအိုမီးဖို’ ကြီးကို မြင်နိုင်လိမ့်မည်။ ဤအရာအားလုံးမှာ သွေးစွမ်းအင်မှ ဖြစ်ပေါ်လာခြင်းပင်။
သရဖူ ၁၀ခုဘုရင်သည်လည်း ထိုဂိတ်တံခါးထဲသို့ ဝင်သွားလေပြီ။
“ဒီလိုမျိုးလား .. ငါတို့လည်း ဝင်လို့ရတာပေါ့”
အားလုံးသည် ပြိုင်ကွင်းထက်သို့ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင် တက်သွားလိုက်ကြလေ၏။
မမျှော်လင့်ထားသည့်အဖြစ်အပျက်ကြောင့် ကျင့်ကြံသူများအားလုံးမှာ မျက်လုံးများ အရောင်တောက်နေကြလေ၏။ ဘာပဲဖြစ်ဖြစ် သူတို့ဝင်ရမယ် .. သဘာဝကံကောင်းမှုကို တစ်ခြားသူတွေ ယူသွားပြီဆိုရင်တောင်မှ အဲဒီထဲမှာ ဘာရှိလဲဆိုတာကို သူတို့ကြည့်ရမယ်..
နေ၊ လ၊ တောင်များနှင့် မြစ်များပါဝင်သည့် ကောင်းကင်သင်္ကေတတစ်ခု လှုပ်ရှားလာလေ၏။ ယခုအချိန်တွင် ရှေးဟောင်းစာလိပ်သည် ရွှေရောင်လမ်းကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သရဖူ ၁၀ခုဘုရင် ဝင်သွားပြီးသည့်နောက်တွင် နျင်ချွမ်း ဝင်သွားလိုက်လေသည်။
ဝုန်း..
ရှီယိ လှုပ်ရှားလိုက်၏။ သူ၏မျက်လုံးများ တောက်ပလာကာ ကမ္ဘာဦးအစမှ မြင်ကွင်းများ ပေါ်လာလေ၏။ သူသည် လေဟာနယ်ကို စုတ်ဖြဲလိုက်ပြီး သူ့အနားတွင်ရှိနေသည့်သူအားလုံးကို ဖြတ်ကျော်ကာ ဂိတ်တံခါးထဲသို့ ဝင်သွားလိုက်လေသည်။
“ငါက ဘယ်လိုလုပ် ဒီလိုအခွင့်အရေးကို လက်လွတ်ခံရမှာလဲ .. ငါလည်း သေချာပေါက် ထာဝရသက်ရှိ ဖြစ်လာရမယ်” ဖက်တီးလေး ချောင်ယုရှန်းလည်း ချန်ကုန်းယန်နှင့်အတူ
ရှေးဟောင်းလူထူးဆန်းများအားလုံးသည် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုကာ လှုပ်ရှားလာကြသည်။ သို့သော်လည်း သူတို့အပေါ် ဂိတ်တံခါး၏ တုံ့ပြန်မှုမှာ ဟွမ်နှင့်မတူကြောင်း သူတို့တွေ့လိုက်ရသည်။
ဟွမ်သည် ထိုနေရာမှ ပျောက်သွားကာ နောက်ဆုံးနေရာသို့ တန်းရောက်သွားသော်လည်း သူတို့မှာမူ သဘာဝဥပဒေသများဖြင့် ပြုလုပ်ထားသည့် လမ်းရှည်ကြီးကို ဖြတ်သန်းနေရသည်။
“မြန်မြန် .. ငါတို့မြန်မြန်သွားရမယ်…”
အားလုံး အော်ဟစ်လိုက်၏။ သူတို့သာနောက်ကျသွားလျှင် ဘာမှရတော့မည်မဟုတ်ပေ။ ဟွမ်အားလုံးကို ယူသွားလိမ့်မည်။
အနောက်ဘက်မှ လိုက်လာသည့်သူများမပြောနှင့်။ နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိနှင့် သရဖူ ၁၀ခုဘုရင်ပင်လျှင် သူတို့၏နတ်ခွန်အားများကို တောက်လောင်စေပြီး စွမ်းအင်အရင်းအမြစ်အားလုံးကို အသုံးပြုကာ အရှေ့သို့ တရှိန်ထိုး ပြေးသွားနေလေ၏။
ခေတ်ပေါင်းများစွာကို သူတို့ဘာလို့စောင့်နေကြတာလဲ .. ဤသည်မှာ ဤအချိန်အတွက်ပင်။ သူတို့အားလုံးသည် စွမ်းအားများကို ထုတ်သုံးပြီး ယခင်ကထက်ပင် ပို၍ ကြောက်စရာကောင်းလာလေ၏။
ဝုန်း..
ထိုသို့သွားနေသည့် အတောအတွင်းတွင်လည်း တိုက်ခိုက်မှု အနည်းငယ်ရှိသည်သာ။ ဥပမာအားဖြင့် နှစ်ထပ်မျက်လုံးသည် အလင်းတန်းနှစ်ခုကို ပစ်လွှတ်လိုက်ပြီး နျင်ချွမ်း၏ ကောင်းကင်သင်္ကေတနှင့် တိုက်ခိုက်လေသည်။
ထိုသို့သော တိုက်ခိုက်မှုများကြောင့် ဤလမ်းကြောင်းမှာ မတည်ငြိမ်တော့ပေ။
“ဒီလမ်းက ဘာလို့ ဒီလောက်တောင် ရှည်နေရတာလဲ…” ရှေးဟောင်းလူထူးဆန်းများပင်လျှင် ပြေးလွှားရင်းဖြင့် စိုးရိမ်လာကြလေ၏။ သူတို့၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် မျက်စိတစ်မှိတ်အတွင်းမှာပင် လီပေါင်း ထောင်ပေါင်းများစွာ ရောက်နိုင်သည်ပင်။
သူတို့သည် လီပေါင်းထောင်ပေါင်းများစွာ သွားပြီးပြီဖြစ်သော်လည်း ထိုရှေးဟောင်းမြေကို မရောက်နိုင်သေးပေ။
ခွပ်..
စင်မြင့်ရှေ့တွင်ရှိနေသည့် လေဟာနယ်အက်ကွဲကြောင်းကြီး တုန်ခါသွားကာ အော်ရာမှာလည်း ကြောက်စရာကောင်းလှသည်။
မြို့ခံများ၏ မျက်နှာများမှာ မသာမယာဖြစ်လာကြပြီး ဤလူများကို ရင်ဆိုင်ရန်အတွက် သူတို့ကလန်သို့ လျင်မြန်စွာ ပြန်သွားကြပြီး ပြင်ဆင်နေကြလေ၏။
တစ်ချိန်တည်းမှာပင် အချို့လူများသည်လည်း မည်သူရောက်လာသည်ကို သိချင်ကြသောကြောင့် အချို့ကမ္ဘာငယ်လေးများထံသို့ အလောတကြီး ပြေးသွားကြလေ၏။ သတင်းများကိုစုံစမ်းပြီး သူတို့ကလန်သို့ သတင်းပြန်ပို့ကြလေ၏။
စီရင်စုသုံးထောင်မှ ဂျီးနီးယပ်စ်များပင်လျှင် ထိုကမ္ဘာငယ်လေးများထံသို့ အလောတကြီး ပြေးသွားကြလေ၏။ သူတို့သည် အလင်းဂိတ်တံခါးထဲသို့ ဝင်မသွားပဲ သူတို့ဂိုဏ်းမှ ကျွမ်းကျင်သူများထံသို့သာ သွားကြလေသည်။
သူတို့အမြင်တွင် ဟွမ်၊ သရဖူ ၁၀ခုဘုရင်နှင့် နှယ်နှင်ဒဏ်ခံရသည့် ထာဝရသက်ရှိများနှင့် တိုက်ခိုက်နေသည်နှင့်စာလျှင် သို့မဟုတ် ထိုအလင်းဂိတ်တံခါးကို တားဆီးသည်နှင့်စာလျှင် သူတို့ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များကို သွားတွေ့သည်က ပိုကောင်းလိမ့်မည်။
အနက်ရောင်အလင်းနယ်မြေ .. သိပ်မကြီးသည့်နယ်မြေတစ်ခု ..
သို့သော်လည်း ဤနေရာရှိ အကွာအဝေးစွမ်းအင်ပေါက်ကွဲသွားပြီး အပြင်ဘက်ကမ္ဘာနှင့် ချိတ်ဆက်သွားသောကြောင့် အရာအားလုံး ပြောင်းလဲသွားလေပြီ။ ဤနေရာမှာ မတည်ငြိမ်နိုင်တော့ပေ။
နတ်ခွန်အားများ ထွက်ပေါ်လာပြီး သဘာဝဥပဒေသများလည်း ရောယှက်သွားလေသည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ပုံမှန်မဟုတ်သည့်မြင်ကွင်းများလည်း ဖြစ်ပေါ်လာလေသည်။
အခြားကမ္ဘာငယ်လေးများမှ ရောက်လာကြသည့် ကျွမ်းကျင်သူများလည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး အံ့ဩသွားကြလေ၏။ အက်ကွဲကြောင်းသည် ဤနယ်မြေကို ဖြတ်သွားပြီး လောကနှစ်ခုလည်း ဤနေရာတွင် ဖြတ်သွားခြင်းပင်။
ခရမ်းရောင်သရဖူကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်မှာ အက်ကွဲကြောင်းထဲသို့ ရောက်နေလေပြီ။ သူ၏မျက်လုံးများမှာ နတ်သက်တံ့များကဲ့သို့ပင် တောင်များနှင့်မြစ်များကို ဖြတ်သန်းသွားသကဲ့သို့ပင်။
သူ့ရှေ့တွင် လူပေါင်းတစ်ဒါဇင်ခန့်ရှိနေသော်လည်း ထိုလူများမှာ သူ့ထက်ကျင့်ကြံဆင့် နိမ့်ကြပြီး အဆင့်လွန်ကျွမ်းကျင်အဆင့်မှ နတ်ဘုရားအစစ်အဆင့်သာရှိသည်။ ဤလူများသည် ဤနယ်ခြားနေရာ၏ ဝင်ဆံ့နိုင်သည့်ပမာဏကို စမ်းသပ်သည့်အနေဖြင့် ဝင်လာကြခြင်းပင်။
“မကောင်းတော့ဘူး…”
လူတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ဝိဉာဉ်ပင် တုန်လှုပ်သွားရသည်။ သူ၏သွေးများအေးခဲသွားပြီဟုပင် သူခံစားနေရသည်။
“အား…” သူ ထိုနေရာမှ ရုန်းထွက်နိုင်ရန် ကြိုးစားလိုက်သော်လည်း ထာဝရရှေးဟောင်းမြေတွင် ထူးဆန်းသည့် ဥပဒေသများရှိနေသည်။
အပြင်ဘက်လောကတွင် သူဝင်၍ရအောင် တိုက်ခိုက်ပေးနေသည့်သူများ ရှိနေသော်လည်း ဤသည်မှာ မလုံလောက်သေးပေ။
အဆင့်လွန်တာအိုဥပဒေသများ သူ၏ခန္ဓာကိုယ်ထဲသို့ တရှိန်ထိုး ပြေးဝင်လာသောကြောင့် သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားရသည်။
“မဟုတ်ဘူး .. ” သူကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ခန္ဓာကိုယ် တောင့်မခံထားနိုင်တော့သည်ကို သိနေသောကြောင့် သူ၏နဖူးရိုးတောက်ပလာကာ သူ၏မူလဝိဉာဉ်တောက်ပလာလေ၏။
သို့သော်လည်း ထိုအချိန်တွင် အက်ကွဲကြောင်းမှ အလင်းသည် မှုန်ဝါးလာကာ မူလဖရိုဖရဲအလင်းများ စိမ့်ထွက်လာပြီး ဓားအလင်းတန်းကဲ့သို့ အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုမူလဝိဉာဉ်ကို ခုတ်ချလိုက်လေသည်။
ဖူး..
ထိုလက်သီးအရွယ်အစား မူလဝိဉာဉ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ထိုနေရာတွင်ပင် ပေါက်ကွဲသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်လည်း ပြာဖြစ်သွားလေသည်။
ရောက်လာသည့် လူတစ်ဒါဇင်ကျော်မှာ အားလုံးနောက်ဆုတ်သွားပြီး သူတို့မျက်နှာများလည်း ဖြူဖျော့သွားလေသည်။ သူတို့ကံကောင်းသွားပြီး အောင်အောင်မြင်မြင်ဖြတ်လာနိုင်ခြင်းပင်။ သို့သော်လည်း သူတို့၏ တာအိုဆရာကြီးမှာ နောက်တစ်ဆင့်ကို ခြေတစ်လှမ်းလှမ်းနေပြီဖြစ်ပြီး ဒုဂိုဏ်းခေါင်းဆောင်အဆင့်သို့ ရောက်နေလေပြီ။
သို့သော်လည်း ဤကဲ့သို့သော စွမ်းအားကြီးသည့်သူသည် ကန်ထဲသို့ ပစ်ချလိုက်သည့် ခဲလုံးတစ်လုံးကဲ့သို့ပင် လွယ်လွယ်လေး သေသွားလေပြီ။
အပြင်ဘက်ကမ္ဘာ .. စွန့်ပစ်နယ်မြေတွင်..
လေထဲတွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး သွေးရောင်အလင်းများနှင့်အတူ မဲနက်နေသည့် လျှပ်စီးကြောင်းများ ပြည့်နေလေ၏။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။
ယခုအချိန်တွင် လူအုပ်ကြီးတစ်အုပ် ဤနေရာတွင် ရပ်နေလေ၏။ ဤလူများထဲတွင် အဆင့်လွန်ကျွမ်းကျင်သူအဆင့်မှ ကောင်းကင်နတ်ဘုရား၊ ဂိုဏ်းခေါင်းဆောင်အဆင့်များအထိ ရှိနေလေ၏။
အထူးသဖြင့် အရှေ့ဆုံးတွင်ရှိနေသည့် ဂိုဏ်းခေါင်းဆောင်ကြီးများ၏ အမူအရာများမှာ ပျက်ယွင်းနေကြသည်။ ဤနယ်ခြားနံရံပွင့်သွားရန်အတွက် သူတို့စွမ်းအားများစွာ သုံးခဲ့ကြပြီး နောက်ဆုံးတွင် သူတို့တစ်ယောက်ပြီးတစ်ယောက် ဝင်သွားနိုင်အောင် ကြိုးစားခဲ့ကြသည်။ နတ်မီးတောက်အဆင့်နှင့် အစစ်အမှန်အဆင့်မှလူများမှာ ပြဿနာမရှိပဲ ဝင်သွားလိုက်နိုင်သည်။
စိတ်မရှည်သည့် ထိုတာအိုဆရာကြီးသည် သူ့ကိုယ်သူ စေတနာ့ဝန်ထမ်းလုပ်ကာ အရင်ဆုံးဝင်သွားခဲ့ခြင်းပင်။ နောက်တစ်ဆင့်သို့ ခြေလှမ်းလှမ်းနေပြီဖြစ်သည့် ကောင်းကင်နတ်ဘုရားတစ်ယောက် ဤသို့ လျင်မြန်စွာ သေဆုံးသွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။
“ငါတို့တွေက ဝင်ဖို့အခွင့်အရေး လုံးဝကို မရှိတာများလား” သူတို့ထဲမှတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။
သူတို့သည် ဤသည်ကို သူတို့မျက်လုံးနှစ်လုံးဖြင့် မြင်ခဲ့ရခြင်းပင်။
“အမြင့်ဆုံးအဆင့်က ကောင်းကင်နတ်ဘုရားအဆင့်ပဲ .. အဲဒီအဆင့်ထက် တစ်လှမ်းမှ ကျော်လို့မရဘူး” သူတို့ထဲမှ ပြောလိုက်သည်။
ဂိုဏ်းခေါင်းဆောင်များအားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ထဲတွင် ထိုထဲသို့ မဝင်သွားချင်သည့်သူ မည်သူရှိမည်နည်း..
“ကြိုးစားကြည့်ချင်တဲ့ တာအိုသူငယ်ချင်းတွေ ရှိသေးလား .. မင်းတို့ကို ကာကွယ်ပေးဖို့ ငါတို့ အရာအားလုံးကို လုပ်ပြီးတော့ ကြိုးစားပေးမယ်” တစ်စုံတစ်ယောက်မှ ပြောလိုက်၏။
သို့သော်လည်း မည်သူမှ စကားပြန်မလာပေ။
“ထားလိုက်တော့ .. ငါတို့ ကောင်းကင်နတ်ဘုရားလေးယောက်ကို ပို့ပေးပြီးသွားပြီပဲ .. သူတို့တွေ တစ်ခုခုယူလာပေးနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်” ဂိုဏ်းခေါင်းဆောင်တစ်ယောက်မှ ပြောလိုက်သည်။
သို့သော်လည်း ဤနယ်ခြားနံရံမှာ မတည်ငြိမ်ပေ။ ကောင်းကင်နတ်ဘုရားများကို ပို့ပေးပြီးသွားလျှင်ပင် ဤလူများ နယ်မြေဖြတ်သန်းသည့်အချိန်တွင် ကာကွယ်နိုင်ရန်အတွက် ဤနယ်ခြားအပေါက် ပွင့်နေအောင် လုပ်ရဦးမည်ပင်။
“ထာဝရရှေးဟောင်းမြေက ငါတို့ကို ငြင်းလိုက်တယ်ဆိုတော့ ဒီလမ်းကြောင်းကလည်း သိပ်ပြီးမငြိမ်လောက်ဘူး .. ဒါက ဘယ်လောက်ထိခံမလဲဆိုတာ ငါမသိဘူး .. အဲဒီတော့ ဝင်လို့ရတဲ့ ကောင်းကင်နတ်ဘုရားအရေအတွက်လည်း သိပ်မများလောက်ဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။
ဤနေရာသာ ပျက်စီးသွားလျှင် သူတို့သည် အခြားနေရာတစ်ခုကို ထပ်ရှာပြီး ဤအရာများအားလုံးကို နောက်တစ်ကြိမ်ပြန်လုပ်ရမည်ကို အားလုံးသိထားသည်ပင်။
သူတို့တွက်ချက်မှုအရ ပထမတစ်သုတ်ကတော့ ရှောရှောရှူရှူ ဝင်သွားနိုင်မည်ပင်။
ထိုအသုတ်ထဲသို့ ပါဝင်နိုင်ရန်အတွက် ဂိုဏ်းများစွာသည် သူတို့ကြားထဲတွင် စတင်ဆွေးနွေးကြလေသည်။
“ငါ့ရဲ့ ထာဝရန်းတော်ကလူ ပထမအသုတ်ထဲ ပါရမယ်” ရှေးဟောင်းကြေးနန်းတော်ထဲမှ ဖရိုဖရဲစွမ်းအင်များထွက်ပေါ်လာပြီး အသက်ကြီးသည့်အသံတစ်သံ ထွက်ပေါ်လာလေသည်။
ဂိုဏ်းများစွာမှ ဂိုဏ်းခေါင်းဆောင်များအပါအဝင် အားလုံး တုန်လှုပ်သွားရသည်။
ထိုအချိန်တွင် လက်ရှိလောက၏ ဧကရာဇ်မျိုးနွယ်စုမှလည်း အသံထွက်ပေါ်လာလေသည်။
“ငါ့ရဲ့ အနောက်ဂိုဏ်းကလည်း နေရာတစ်နေရာ လိုတယ်”
“ငါ့ရဲ့ မြေအောက်လောကကလန်က သဘာဝကံကောင်းမှုတွေကို ရဖို့ ထာဝရရှေးဟောင်းမြေထဲကို ဝင်ဖို့လိုတယ်”
“ငါ့ရဲ့ နတ်ဘုရားကျောင်းက ကောင်းကင်ဘုံကိုးခု ကမ္ဘာမြေ ၁၀ခုကျမ်းစာကိုသုံးပြီးတော့ လမ်းကြောင်းကို ကာကွယ်ထားတာ .. အဲဒီတော့ ငါတို့လည်း နေရာတစ်နေရာ ရသင့်တယ်..”
…
ဂိုဏ်းခေါင်းဆောင်များအားလုံးသည် နေရာများအတွက် တိုက်ခိုက်လာကြလေ၏။
ယခုတစ်ကြိမ်တွင်တော့ သူတို့အားမနာနိုင်တော့ပေ။ ဤသည်မှာ သဘာဝကံကောင်းမှုကြီးနှင့် ဆိုင်နေသည်။
“ဘာဟွမ်လဲ .. ဘာနှယ်နှင်ဒဏ်ခံရတဲ့ထာဝရသက်ရှိလဲ … ဘာကို အနိုင်ရတဲ့သူလဲ .. ကောင်းကင်နတ်ဘုရားတွေရဲ့ ဖိနှိပ်မှုအောက်မှာဆိုရင် သူတို့တွေက ဖုန်မှုန့်လေးတွေပဲ”
ရွေးချယ်ခံရသည့် ကောင်းကင်နတ်ဘုရားများထဲမှ တစ်ယောက်ဖြစ်သည့် ထာဝရနန်းတော်ထဲမှ လူလတ်ပိုင်းအရွယ်ယောက်ျားလေးတစ်ယောက်မှ ပြောလိုက်သည်။ သူ၏မျက်လုံးများလည်း အေးစက်နေလေ၏။
“တာအိုသူငယ်ချင်း စကားတွေက လုံးဝကို မှန်တယ် .. ငါတို့မဝင်ခင်မှာတော့ အဲဒီလူတွေက အိမ်ဆောက်တမ်းကစားနေတဲ့ကလေးတွေပဲ .. အခု ငါတို့ သဘာဝကံကောင်းမှုရဲ့ ပိုင်ရှင်ကို ထပ်ရွေးရတော့မယ် .. ငါတို့နောက် မလိုက်တဲသူတွေအားလုံး ပြာဖြစ်သွားရမယ်”
ထာဝရရှေးဟောင်းမြေရှိ အလင်းဂိတ်တံခါးနောက်တွင်ရှိနေသည့် ရှေးဟောင်းမြေတွင် ရှီဟောင်တစ်ယောက်တည်း ရပ်နေလေ၏။ ဤနေရာမှာ ထူးဆန်းလွန်းလှပြီး ရှီဟောင်မှာ ကျောက်ရုပ်ဖြစ်သွားသကဲ့သို့ပင်။
အပိုင်း ၁၁၇၀ ပြီး၏။