Switch Mode

Chapter – 222

နတ်ဘုရား သံတမန်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၂၂ – ဘုရားသံတမန်

သူ မြေပြင်ထက်သို့ ကျွမ်းကျင်စွာ ဆင်းသက်လာသည်။ သူသည် လင်းနွိုင်ကိုကြည့်ကာ မျက်နှာထက်၌ နွေးထွေးဖော်ရွေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူ့ငွေရောင်ဆံပင်များသည် ပိုးချည်မျှင်ကဲ့သို့ ဖြောင့်စင်းနေပြီး ငွေရောင်အလင်းလေးပင် တောက်ပနေသည်။ သူ့ထံတွင် အပြာရောင်မျက်လုံးများနှင့် ဖြောင့်စင်းနေသည့် နှာတံလည်း ရှိနေသည်။

သူသည် အနောက်တိုင်းဆန်ဆန် ချောမောခန့်ညားသည့်သူပင်။

ယာ့မန်..

ဤသည်မှာ ထိုနတ်ဘုရားသံတမန် ယာ့မန်ပင်။

ချူဖုန်းနှင့် နွားနှစ်ကောင် ဤလူကို မှတ်မိသည်။ သူတို့ အနောက်တိုင်းအား ကျူးကျော်တိုက်ခိုက်ပြီး ပြန်လာသည့်အချိန်က သူတို့ ဤလူနှင့် တွေ့ခဲ့သည်ပင်။

လင်းနွိုင်ကတော့ တည်ငြိမ်စွာပင် သူ့ကို လျစ်လျူရှုလိုက်သည်။

“ရောင်းရင်းချူ .. ငါတို့ တွေ့ပြန်ပြီ..” ယာ့မန် ချူဖုန်းကို လှည့်ကြည့်ကာ ပြုံးပြလာသည်။

ဤလူကို တွေ့လိုက်ရသည်နှင့် သူ စိတ်မချမ်းမသာ ဖြစ်သွားရသည်။ ဤသည်မှာ သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းမဟုတ်သောကြောင့် ဤလူ၏အပြုံးအောက်တွင် မကောင်းသည့်စရိုက်ရှိသည်ကို သူသိနေသည်ပင်။

သို့သော် ချူဖုန်း သူ့ကို ခေါင်းညိမ့်ပြလိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။

“မတွေ့တာကြာတော့ နွားဘုရင်ရဲ့အော်ရာက ပိုပြီးတော့တောင် အထင်ကြီးဖို့ ကောင်းလာတာပဲ” ယာ့မန် နွားနှစ်ကောင်လက်လှည့်၍ လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။

နွားနက်ကြီး သူ့ကို လျစ်လျူရှုထားလိုက်၏။ ဤကဲ့သို့သော သူတော်ကောင်းယောင်ဆောင်သည့်သူမျိုးကို သူ မုန်းသည်။

လူအုပ်ကြီး သူ့အား သိပ်မတုံ့ပြန်သော်လည်း ယာ့မန်ကတော့ ဆက်လျှောက်လာနေဆဲပင်။ သူသည် လင်းနွိုင်နား လျှောက်လာကာ သူ၏ ကျန်းနင်မှ အတွေ့အကြုံများကို ပြောလာသည်။ ဒိမ်ဒီမှ သူ့ကို ဖော်ရွေစွာ လက်ခံပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလာလေသည်။

လင်းနွိုင်ကတော့ အမူအရာ ပြောင်းလဲမသွား။ သူမသည် နွားနက်ကဲ့သို့ တည့်တိုးမဆန်သလို ချူဖုန်းကဲ့သို့လည်း မပူးပေါင်းပေး။ သမာရိုးကျစကားတစ်ချို့သာ ပြန်ပြောလိုက်သည်။

ကျားဖြူမှာ ရှုပ်ထွေးနေရသည်။ သူ ယာ့မန်ကို မသိသော်လည်း ဤလူ၏ခန္ဓာကိုယ်မှ နတ်အလင်းများ တောက်ပနေသောကြောင့် ဤလူမှာ သာမန်မဟုတ်သည်ကို သူသိသည်။

သို့သော် သူ၏လေ့လာနိုင်စွမ်းမှာ မဆိုးလှ။ နွားနှစ်ကောင်၏တုံ့ပြန်ပုံမှတစ်ဆင့် ဤလူမှာ မြင်နေရသလောက် မကောင်းဟု သူ သိလိုက်ရသည်။

ယာ့မန်သည် တည်ငြိမ်စွာဖြင့်ပင် ကျားဖြူနှင့် လုရှီယွင်ဘက်သို့ ခေါင်းညိမ့်ပြလာပြီး တောက်ပစွာ ပြုံးပြလာသည်။

ချူဖုန်း ရှေ့တိုးလာကာ ယာ့မန်နှင့် လင်းနွိုင်ကြား ရပ်လိုက်သည်။ ဤလူ့ကို ရှောင်ချင်သောကြောင့် လင်းနွိုင် သူတို့နှင့် လိုက်လာခြင်းဖြစ်ကြောင်း သူသိသည်ပင်။

“ညီအစ်ကိုယာ့မန် .. ခဏလောက် စကားပြောရအောင်” ချူဖုန်း လင်းနွိုင်၏ အခက်အခဲကို ဖြေရှင်းပေးလိုက်သည်။

ဤလူ၏ အပြုအမူမှတစ်ဆင့် ဤလူ၏ မရိုးသားမှုများကို သူ ခံစားနိုင်သည်ပင်။

လင်းနွိုင်၏ မျက်ဝန်းထဲ ကျေးဇူးတင်မှုနှင့် နွေးထွေးမှုလေး ဖြတ်ခနဲ ပေါ်လာသည်။ သို့သော် ဤသည်မှာ တကယ့်ကို ခဏလေးသာ။ အစက သူမ ချူဖုန်းကို ဒုက္ခမပေးပဲ သူမဘာသာဖြေရှင်းရန် စီစဉ်ထားခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤလူမှာ မရိုးရှင်း။ သူ့နောက်ကွယ်တွင် သူ့ကို ထောက်ပံ့ပေးထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်ရှိလိမ့်မည်။

“ကောင်းပြီလေ .. ရောင်းရင်ချူ .. ငါတို့မတွေ့တာ တော်တော်ကြာနေပြီဆိုတော့ ငါလည်း မ င်းနဲ့ စကားပြောချင်နေတာ” ယာ့မန် ပြုံးလိုက်ကာ ခြေလှမ်းကျယ်ဖြင့် လျှောက်လာသည်။

နွားဝါလေး မျက်မှောင်ကြုတ်လိုက်၏။ ဤလူ့ထံတွင် ငွေရောင်မီးအိမ် ရှိနေဆဲဖြစ်ပြီး မီးအိမ်ထဲတွင်တော့ အနက်ရောင်မီးတောက်တစ်ခု တောက်လောင်နေဆဲပင်။

ဤသည်မှာ ကြောက်စရာကောင်းသည့် လက်နက်တစ်ခုဖြစ်သည်။ ဤလက်နက်ကြောင့်လည်း ဤလူ အရှေ့တိုင်း၌ ယုံကြည်ချက်ရှိစွာဖြင့် ပတ်သွားနေခြင်းပင်။

ချူဖုန်း သူ့ကို မုန်းသော်လည်း သူနှင့် မတိုက်ခိုက်ချင်သေး။ ထို့ကြောင့် သူ ယာ့မန်၏ ခရီးစဉ်အခြေအနေကို အေးအေးဆေးဆေးပင် မေးလိုက်သည်။

“မဆိုးပါဘူး .. အရှေ့တိုင်းက ဘုရင်အများစုက ကျိုးကြောင်းဆီလျော်ကြတယ် .. ငါတို့ နတ်ဘုရားကို လေးစားမှု ပြသတဲ့အနေနဲ့ သူတို့ ရှီလာကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြပြီ” ယာ့မန် ပြန်ဖြေလာသည်။

“အမ် .. ဘယ်ကျွမ်းကျင်သူများ ဖြစ်မလဲ..” ချူဖုန်း သူ့ကို မယုံကြည်။

“ဘယ်ကောင်က ရှီလာကို ခွင့်လွှတ်ရဲတာလဲ.. ဒါက လူထုဒေါသကို ဆွလိုက်တာပဲ..” နွားနက်ကြီး ယာ့မန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် ရယ်မောလိုက်ကာ “မင်း ကိုယ့်ဘာသာကိုယ် လျှောက်ပြောနေတာပဲ ဖြစ်လိမ့်မယ်လို့ ငါပြောရဲတယ်..”

“နွားဘုရင်က နိုင်လိုမင်းထက်ဆန်တာပဲ .. နွားဘုရင်က စကားလုံးတွေကလည်း ရိုင်းစိုင်းတယ်” ယာ့မန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်ဝန်းထဲ၌ နတ်အလင်းတန်း ဖြတ်ပြေးသွားသော်လည်း သူအပြည့်အဝ မထုတ်ပြ။

“ကျွန်မတို့ လုံဟူတောင်ကို ကြည့်ဖို့ ရောက်နေကြတာမလား .. ကျွန်မတို့ ဆက်သွားကြည့်ကြဦးမှာလား..” လုရှီယွင် မေးလာသည်။

လင်းနွိုင် လုရှီယွင်ထံသို့ လျှောက်သွားလိုက်ကာ လုံဟူတောင် ဘေးပတ်လည်ကို ကြည့်ရှုရန်အတွက် သူတို့ ထွက်သွားလိုက်ကြသည်။ ဤကဲ့သို့ဖြစ်လာသည်နှင့် ကျားဖြူလည်း သူတို့နှစ်ယောက်နောက် လိုက်သွားလိုက်သည်။

“ဟက် ဟက်..” ယာ့မန် ကျယ်လောင်စွာ ရယ်မောကာ ချူဖုန်းနှင့် နွားနှစ်ကောင်ကို မျက်လုံးစွေကြည့်လိုက်ပြီး မိန်းမပျိုလေးများနောက် လိုက်သွားလေ၏။

“ငါ ဒီသောက် နတ်ဘုရားသံတမန်ကို မုန်းလိုက်တာ .. သူက အပြင်ဘက်နယ်မြေက ဂျီးနီးယပ်စ်တစ်ယောက်ယောက်ရဲ့ လက်ပစ်တုတ်သာသာလေးပဲ ရှိတာကို သူ့ကိုယ်သူ ဘုရင်ကြီး ထင်နေတယ် .. သူ့ကိုယ်သူ နတ်ဘုရားသံတမန်လို့ ခေါ်နေသးတယ် .. ဟာသပဲ..” နွားနက်ကြီး ရေရွတ်လိုက်သည်။

သူသည် စိတ်ချင်း ဆက်သွယ်ပြောဆိုနေခြင်းပင်။

“ငါတို့ သူ့ကို ရှင်းပစ်လို့ရမလား..” နွားနက်ကြီးထံ၌ ပြင်းထန်သည့်အမူအရာ ဖြစ်ပေါ်လာသည်။

ဤကဲ့သို့ တွေးနေသည်မှာ သူတစ်ယောက်တည်းမဟုတ်။ ချူဖုန်းလည်း ဤကဲ့သို့ တွေးနေသည်ပင်။ သူ့ကို စောစောသတ်လိုက်တာ ပိုကောင်းလိမ့်မည်ဟု သူ ခံစားနေရသည်။

ဤယာ့မန်သည် ရှီလာကိုယ်စား ပြောပေးနေခြင်းဖြစ်သောကြောင့် သေချာပေါက် သူတို့ ရန်သူပင်ဖြစ်သည်။

နွားဝါလေး သက်ပြင်းချလိုက်ကာ အခြေအနေကို သုံးသပ်ပြလာသည်။ “သူ့ကို ရင်ဆိုင်ဖို့က အဲဒီလောက် မလွယ်လောက်ဘူး .. သူကိုင်ထားတဲ့ ငွေရောင်မီးအိမ်က သာမန်လက်နက်တစ်ခု မဟုတ်ဘူး .. မီးအိမ်ထဲက အဆုံးစွန်အမှောင်ထုမီးတောက် ထွက်လာတာနဲ့ ကောင်းကင်ကြီးတစ်ခုလုံးကို အနက်ရောင်မီးတောက်တွေ လွှမ်းခြုံသွားပြီးတော့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတောင် သေတဲ့အထိ လောင်ကျွမ်းသွားလိမ့်မယ် .. ငါတို့ ချူဖုန်းရဲ့ ချာကရမ်ကို သူ့ကို တစ်ချက်တည်း မရှင်းပစ်နိုင်ရင် ရလဒ်တွေက ဆိုးရွားသွားလိမ့်မယ် .. ဒီလိုလက်နက်မျိုးက ပိုင်ရှင်ကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးနိုင်တယ် .. ငါတို့ မီးအိမ်ကို လုံးဝမဖျက်ဆီးပစ်ရင် သူ့ကို သတ်ဖို့က ခက်ခဲလိမ့်မယ်”

ချူဖုန်း လှုပ်ရှားချင်လျှင် မီးတောက်များ ထွက်မလာခင် မီးအိမ်ကို မြန်မြန်ဖျက်ဆီးပစ်နိုင်မှ ရလိမ့်မည်။

ထိုစကားများကို ကြားလိုက်သည်နှင့် နွားနက်ကြီး၏ မျက်လုံးများ စတင်လောင်ကျွမ်းလာသည်။ သူသာ ဤငွေရောင်မီးအိမ်ကို ပိုင်ဆိုင်နိုင်လျှင် သူ့လက်နက်တိုက်ထဲ လက်နက်ကောင်းတစ်ခု တိုးလာလိမ့်မည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် ယာ့မန် သူတို့သုံးယောက်ကို ရပ်စောင့်လိုက်သည်။ သူ ပြုံးနေဆဲဖြစ်သော်လည်း သူ့မျက်နှာထက်မှ တောက်ပမှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။

လင်းနွိုင်တို့အုပ်စု ရှေ့ရောက်သွားပြီဖြစ်သောကြောင့် သူ ဟန်ဆောင်နေစရာ မလိုတော့။

ဤသုံးယောက် သူ့ကို နှစ်လိုခြင်းမရှိကြောင်း သူတို့ စတွေ့တကည်း သူ သိပြီးသားပင်။ ဤလူများနှင့် သူနှင့် သူ့နတ်ဘုရားကို လေးစားခြင်းမရှိ။

သူသည် သူ့ကိုယ်သူ နတ်ဘုရားသံတမန်အဖြစ် မှတ်ယူထားကာ အရှေ့တိုင်းတွင် ယုံကြည်ချက်ရှိစွာပင် လျှောက်လှမ်းနေခဲ့သည်။ နတ်ဆိုးဘုရင်ချူနှင့် နွားနှစ်ကောင် သူ့အား ဤကဲ့သို့ မလေးမစားဆက်ဆံနေခြင်းမှာ သူ့ကို အရှက်ရစေသည်။

အမှန်တကယ်တွင် သူ မီးအိမ်ကို အသုံးပြုကာ ဤသုံးယောက်ကို သတ်ပစ်ချင်နေပြီဖြစ်သည်။ သို့သော်လည်း အကြောင်းတစ်ချို့ကြောင့် သူ ဤလူများကို ကြောက်နေရပြီး မလှုပ်ရှားရဲ ဖြစ်နေသည်။

“အမ် .. မင်းကဘာလို့ မပြုံးတော့တာလဲ .. မင်းရဲ့ တောက်ပတဲ့အပြုံးက ဘယ်ရောက်သွားတာလဲ .. မင်းကဘာလို့ ငါတို့ကို အဲဒီလိုမျိုး လာစိုက်ကြည့်နေတာလဲ..” နွားနက်ကြီး မေးလိုက်သည်။

“ငါက မင်းတို့သုံးယောက်နဲ့ စကားပြောဖို့ ရပ်စောင့်နေတာပါ..” ယာ့မန် ဖြေးညှင်းစွာ ပြန်ဖြေလိုက်သည်။

“မင်းက ဘာအကြောင်း ပြောချင်တာလဲ .. လုံဟူတောင်အကြောင်းလား .. ဒါမှမဟုတ် ကံတရားအကြောင်းလား..” ချူဖုန်း ပြောလိုက်သည်။

“ငါ့နတ်ဘုရားက လုံဟူတောင်ကို သိမ်းပိုက်ထားပြီးထား .. မင်းတို့တွေ စဉ်းတောင်စဉ်းစားမနေနဲ့တော့ .. ဘယ်သူမှ တောင်ထိပ်ပေါ် မတက်နိုင်ဘူး .. မင်းတို့ကတော့ ဟက်..” ယာ့မန် စက်ဆုပ်စွာ ရယ်မောလာသည်။

နွားနက်ကြီး ဤလူ့ကို နွားခွာစာ ကျွေးချင်လှပြီဖြစ်သည်။ သူ ဤလူ့ကို ပို၍ စက်ဆုပ်ရွံရှာလာလေပြီ။

ထို့နောက် ယာ့မန်သည် ချူဖုန်းဘက်လှည့်ကာ “ငါကြားတာ မင်းနဲ့ လင်းနွိုင်က တက္ကသိုလ်တစ်ခုတည်း တက်ခဲ့ပြီး ရည်းစားဖြစ်ခဲ့ကြသေးတယ်ဆို”

“မင်းက လူတွေကို လိုက်စုံစမ်းနေတာလား..” ချူဖုန်း သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

ယာ့မန်သည် ပေါ့ပါးစွာ ရယ်မောလိုက်ကာ “မင်းက စုံစမ်းရလောက်အောင် မတန်သေးဘူး .. ငါက မစ္စလင်းရဲ့ အတိတ်ကို စိတ်ဝင်စားတာ”

သူသည် ရွံစရာကောင်းသည့်ပုံ ဆက်လုပ်နေဆဲပင်။

“လင်းနွိုင်နဲ့ ဝေးဝေးနေဖို့ မင်းကို သတိပေးလိုက်မယ် .. မင်းမှာ သူနဲ့အတူတူ လမ်းယှဉ်လျှောက်နိုင်မယ့် အခွင့်အရေးတောင် မရှိဘူး .. မဟုတ်ရင်တော့ မင်း ဆိုးဆိုးရွားရွား အဆုံးသတ်သွားလိမ့်မယ်” ယာ့မန် မောက်မာစွာ ပြောလိုက်သည်။

နွားဝါလေးပင် သူ့ကို အရေစုတ်ချင်လာလေပြီ။ ဤလူသည် နောက်ခံတစ်ချို့ရှိပြီး သူ အားကိုးနိုင်သည့် အဆင့်လွန်လက်နက်တစ်ခုရှိသည်နှင့် မောက်မာနေသည်။

နွားနက်ကြီးကတော့ တိုက်ခိုက်ရန် လှုပ်ရှားလာလေပြီ။

“မင်းက ငါ့ကို သတိပေးနေတာလား..” ချူဖုန်း နွားနက်ကြီးကို တားဆီးလိုက်ပြီး ယာ့မန်ကို ကြည့်လိုက်သည်။ “မင်းက ဘာမို့လို့လဲ .. တစ်ချို့နတ်ဘုရားအတွက် ကျွန်အလုပ်လေးလုပ်ပေးလိုက်ရတာနဲ့ မင်းကိုယ်မင်း ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ထင်နေတာလား..”

သူ့အသံသိပ်မကျယ်သော်လည်း ယာ့မန်နားထဲ၌ ပဲ့တင်ထပ်နေသည်။ သူ့ကို နတ်ဘုရားကျွန်ဟု ခေါ်လိုက်သည့်အတွက် သူဒေါသထွက်လာကာ ရင်ထဲ မီးတောက်လာသည်။

မြင့်မြတ်သည့်နတ်သံတမန်ကို ဤကဲ့သို့ အထင်သေးနိမ့်ချနေသည်။ သူ့မျက်လုံးများ မှုန်မှိုင်းလာကာ ငွေရောင်မီးအိမ်ကို ကိုင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပတ်လည်၌ အနက်ရောင်အလင်းလွှာတစ်လွှာ ဖြစ်ပေါ်လာသည်။

ချူဖုန်း တိုက်ခိုက်ချင်သောကြောင့် တစ်ဖက်လူကို ဆွပေးလိုက်ခြင်းပင်။

ယခုအချိန်မှာ အချိန်ကောင်းပင်။ မသေမျိုးဖီးနှစ်ဘုရင်လည်း အနီးအနား၌ ရောက်နေပြီဟု သူ ခံစားနေရသည်။

ကံမကောင်းစွာဖြင့် ယာ့မန်သည် ရုတ်တရက် နောက်ဆုတ်သွားကာ တိုက်ခိုက်မည့်စိတ်ကူးကို ပြောင်းလဲလိုက်သည်။

ဤလူမှာ သတိကြီးလှသည်ပင်။ သူသည် ချူဖုန်းနှင့် နွားနှစ်ကောင်ကို ထိုးဖောက်မမြင်နိုင်သည့်အပြင် သူတို့ထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည်။

ဤသည်မှာ သူ့အားသာချက်ပင်။ သူ့နတ်အသိစိတ်မှာ အလွန်ထက်မြက်လှသည်။

“ငါမင်းကို နောက်တစ်ခေါက် ထပ်သတိပေးလိုက်မယ် .. လင်းနွိုင်ရဲ့ ငြိမ်းချမ်းတဲ့ဘဝကို မနှောက်ယှက်နဲ့ .. သူက ငါ့တို့နတ်ဘုရားနဲ့ နီးစပ်ဖို့ ကံပါလာပြီးသား .. သူက မင်းလိုလူမျိုး မျှော်မှန်းနိုင်တဲ့သူ မဟုတ်ဘူး” ယာ့မန် ပြောလိုက်သည်။

ထို့နောက် သူသည် ရယ်မောလိုက်ကာ “ငါတို့တွေက ရန်သူမှမဟုတ်တာ .. အဲဒီတော့ ငါတို့ တိုက်ခိုက်ဖို့မလိုဘူး .. နောင်ကျရင် ငါတို့ အတူတူတောင် အလုပ်လုပ်ရနိုင်တယ်”

ထို့နောက် သူ လှည့်ထွက်သွားလေ၏။ လူမရှိသည်နေရာသို့ ရောက်သည်နှင့် သူဖုန်းကိုထုတ်ကာ “စီနီယာ .. လုံဟူတောင်ကို မြန်မြန်လာခဲ့ .. ဒီမှာ ချူဖုန်းပဲရှိတာ .. တစ်ခြားပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေ မရှိဘူး .. ကျွန်တော်တို့သူ့ကို လွယ်လွယ်လေး သတ်လိုက်လို့ရတယ်..”

“ဘာကို နတ်ဘုရားသံတမန်လဲ .. သူက ရှေ့ပြေးခွေးသာသာပဲရှိတာ .. အဲဒါကိုများ သူက မောက်မောက်မာမာ လာလုပ်နေရဲသေးတယ် .. ငါ အခုချက်ချင်း သူ့ကို သတ်ပစ်ချင်လာပြီ” နွားနက်ကြီး၏ နှာခေါင်းမှ အငွေ့များ ထွက်လာသည်။

“မလောနဲ့ .. ဖီးနှစ်ဘုရင် ရောက်နေပြီ .. ငါတို့ ဆိုက်ဘေးရီးယားကျား ရောက်လာတာကို စောင့်ဖို့ပဲလိုတာ .. သူ ရောက်လာတာနဲ့ ငါတို့ သူ့ကိုသတ်ပြီး မီးအိမ်ကိုယူလို့ရပြီ”

“ဒီလူက ငါတို့ကို မုန်းနေသလိုပဲ .. သူ အခုလေးတင် တိုက်ခိုက်ဖို့ ပြင်လိုက်သေးတယ် .. ပြီးတော့မှ ပြန်ဆုတ်သွားတာ” နွားဝါလေး ပြောလိုက်သည်။

“သူက တစ်ခုခု စီစဉ်နေတာလို့တော့ မပြောနဲ့နော် .. ရှီလာ..” ချူဖုန်း ထိတ်လန့်သွားရသည်။

ဤနတ်ဘုရားသံတမန် အရှေ့တိုင်းသို့ ရောက်လာခြင်းမှာ သူ့နတ်ဘုရား၏ အစေခံဖြစ်သည့် ရှီလာအတွက် စကားပြောပေးရန် ရောက်လာခြင်းပင်။ ယခုအချိန်ဆိုလျှင် ရှီလာ၏ ဒဏ်ရာများမှာ အနည်းနှင့်အများတော့ ပျောက်ကင်းနေလောက်လေပြီ။

ချူဖုန်း အဝေးတစ်နေရာသို့ အသံပို့လွှတ်လိုက်သည်။ “ဖီးနှစ်ဘုရင် .. ထွက်လာသေးပါနဲ့ဦး .. ရှီလာကို ချုံခိုသတ်ဖို့ ပြင်ဆင်နေနေပါ..”

“မန်ချူးကျားကြီး မကြာခင် ရောက်လာဖို့ မျှော်လင့်တယ် .. အဲဒါဆိုရင် ငါတို့ ရှီလာကို အတူတူ သတ်လို့ရပြီ..” နွားနက်ကြီး လက်သီးမြှောက်၍ ကြွေးကြော်လိုက်သည်။

အချုပ်အနှောင် ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူနှစ်ဦးသာ တိုက်ခိုက်လျှင် ရှီလာပင် ဖိအားများလောက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset