Switch Mode

Chapter – 7

ငါ ထုတ်တဲ့ စည်းကမ်း မဟုတ်ဘူး

Chapter – 7 ငါ ထုတ်တဲ့ စည်းကမ်း မဟုတ်ဘူး

ကောင်းကင်က မှောင်မည်းလာပြီမို့ ကျောက်ဟိုင်အခန်းထဲတွင်သာ မှော်ပညာကြောင့် လင်းထိန်နေလေသည်။ အခြားနေရာတွေတွင်တော့ မီးတုတ်တွေသာ ထားရှိသည်။
မှော်မီးအိမ်ကို မှော်ကျောက်တုံးနဲ့လုပ်တာဖြစ်ပြီး အာ့ဆုကုန်းမြေတွင်ထွက်၇ှိသည်။ အာ့ဆုကုန်းမြေတွင် မှော်ကျောက်တုံးရရှိဖို့နည်းလမ်းနှစ်ခုရှိသည်။ ပထမတစ်ခုကတော မှော်ကျောက်တုံးမိုင်းပင်ဖြစ်သည်။ မှော်ကျောက်တွင်းတွေက အဖိုးတန်တာနဲ့ အဖိုးမတန်ဆိုပြီးရှိသေးသည်။ တချို့ကျောက်တွင်းတွေက များပြားတာမို့ မှော်လက်နက်တွေလုပ်ကိုင်ရာတွင်လည်း အသုံးပြုနိုင်သည်။ အချို့သောမှော်ကျောက်တွင်းတွေကတော့ မီးလင်းဖို့အတွက်ပဲ သုံးနိုင်လေသည်။
နောက်တစ်မျိုးကတော့ မှော်ပုံဆောင်ခဲတွေပဲဖြစ်သည်။ မှော်ပုံဆောင်ခဲတွေကို မှော်ဝင်သားရဲတွေဆီက ထုတ်ယူနိုင်ပေသည်။ သို့သော်လည်း ရှားပါးလှသည်ဖြစ်ရာ ဆယ်ကောင်တွင်တစ်ကောင်သော်မှ မပါရှိတတ်ပေ။ ထိုမှော်ပုံဆောင်ခဲများကို မှော်ပညာသည်တွေပင် ကျင့်ကြံဖို့အတွက်သုံးနိုင်သည်။ ထိုပုံဆောင်ခဲတွေက အကြိမ်ကြိမ်သုံးနိုင်ပြီး စွမ်းအားကုန်ဆုံးသွားရင်တောင်မှ အချိန်အတိုင်းအတာတစ်ခုကြာရင် အလိုလိုစွမ်းအားစုပ်ယူကာပြည့်ဝလာပြီး နောက်တစ်ကြိမ်ပြန်အသုံးပြုနိုင်မည်ဖြစ်သည်။
မှော်ပုံဆောင်ခဲတိုင်းက ဈေးကြီးပေမယ့် မိုင်းတွင်းတွေကရတဲ့ ပုံဆောင်ခဲတွေက မှော်ဝင်သားရဲတွေဆီက ရတာထက် ဈေးသက်သာပေးသေးသည်။သို့သော်လည်း ဈေးကြီးတာကတော ကြီးတာပင်။
ဂရင်းအနေနဲ့လည်း မှော်ပုံဆောင်ခဲတွေ ၀ယ်ယူထားပေမယ့်လည်း တန်ဖိုးကြီးမားလွန်းတာမို့ ကျောက်ဟိုင်အခန်းကိုပဲ အသုံးပြုနိုင်ပေသည်။ ကျန်တဲ့နေရာတွေကတော့ မီးတုတ်တွေသာ ထွန်းညှိထားခဲ့သည်။
အပြင်ဘက်တွင် အစေခံတွေမှာ စားသောက်ပြီးစီးပြီး အိပ်စက်အနားယူဖို့ ပြင်ဆင်နေကြပေပြီ။ သို့သော် မယ်ရင်းကတော့ ယခုမှသာ ညစာအတွက် ချက်ပြုတ်လို့ပြီးစီးရှာသည်။ သူမက မာဂ့်ကိုသခင်လေးကိုခေါ်ဖို့အတွက် လွှတ်လိုက်သည်။
ကျောက်ဟိုင်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ သူ ဝိဥာဉ်ကူးပြောင်းလာရပြီး စိတ်ပူပန်ရပေမယ့် ထူးခြားတဲ့နေရာလပ်ယာတွေကိုလည်း ရလိုက်သေးသည်။ အနည်းဆုံးတော့ ရှင်သန်ဖို့အတွက် သူ့ရဲ့ပူပန်မှုတွေ လျော့ကျခဲ့ရသည်။ သူ ဒီရက်ပိုင်းတွေမှာ သတိလစ်နေခဲ့တာမို့ မယ်ရင်းက ရေစွမ်းအားသုံးပြီး မှော်ပညာနဲ့ကုသပေးခဲ့ရသည်။ ထို့ကြောင့် သူ့ကိုယ်ထဲတွင် ရေစွမ်းအားအနည်းငယ်ကျန်နေသေးသည်ပေ။ ရေစွမ်းအားကာ စိတ်ကိုအေးချမ်းစေကာ ချော့မြူနိုင်စွမ်းလည်း ရှိနေသည်ကို သူ့ရဲ့ပူပန်မှုတွေကိုပေါင်းထည့်လိုက်တော့ ကျောက်ဟိုင် အိပ်ကောင်းနေသည်မှာ အံ့သြစရာတော့မဟုတ်။
မာဂ့်အခန်းရှေ့ရောက်တော့ တံခါးကိုနားကပ်ပြီး အထဲက အသံကိုနားထောင်လိုက်သည်။ သို့သော် သေးငယ်သောလှုပ်ရှားမှုအသံကိုတောင်မှ မကြားရတာမို့ တံခါးခေါက်လိုက်သည်။
“ သခင်လေး အိပ်ယာထဖို့သင့်ပါပြီ၊ ညစာအဆင်သင့်ဖြစ်ပါပြီ”
သို့သော်ဘာတုန့်ပြန်မှုမှမရှိပေ။ မာဂ့်နောက်ထပ် နှစ်ကြိမ်ထပ်ခေါက်တာတောင်မှ တုန့်ပြန်မှုမလာတာမို့ အခန်းထဲဝင်လိုက်ရတော့သည်။
အခန်းထဲဝင်လိုက်တာနဲ့ ကျောက်ဟိုင်ရဲ့ အေးချမ်းစွာအိပ်ပျော်နေတဲ့ အသက်ရှူသံကို အရင်ကြားရသည်။ တိုးတိုးသာသာ အနားသွားလိုက်ရင်း ကျောက်ဟိုင်ကို မာဂ့်သေချာကြည့်နေဖြစ်သည်။
သခင်လေးက နှလုံးသားကြီးမြတ်တဲ့သူလား… အရူးလားဆိုတာကို သူမ မဝေကွဲပေ။
သက်ပြင်းသာချလိုက်ရင်း ကျောက်ဟိုင်ကို ခပ်ဖြေးဖြေး လှုပ်နှိုးလိုက်ရသည်။
“ သခင်လေး အိပ်ယာထပါတော့ ညစာစားသင့်ပါပြီ”
ကျောက်ဟိုင်မှာ အိပ်ချင်မူးတူးအခြေအနေနှင့် ချက်ချင်းထထိုင်လာသည်။ ကုတင်ဘေးက မာဂ့်ကိုကြည့်ပြီး
“ မာဂ့် ဘယ်နှနာရီလဲ”
မာဂ့်မှာလည်း ကပြာကယာဖြင့်
“ ညနေ ခုနှစ်နာရီထိုးပါပြီသခင်လေး ညစာလည်း အသင့်ဖြစ်ပါပြီ”
အိပ်ချင်နေသေးသည့် ခေ့ါင်းကို သုံးလေးကြိမ်လောက် ရမ်းခါလိုက်တော့မှ အပြည့်အ၀နိုးတဲ့ကျောက်ဟိုင်က ပြတင်းဘက်ကို လှည့်ကြည့်လိုက်သေးသည်။
မိုးတောင်ချုပ်နေပြီပဲ
“ မာဂ့် ဒီနေ့ဘယ်နှရက်နေ့လဲ”
“ ဧပြီလ ခြောက်ရက်နေ့ပါ သခင်လေး”
ကျောက်ဟိုင် ခေါင်းငြိမ့်လိုက်ဖြစ်သည်။ သူ စိတ်ထဲရေတွက်ကြည့်တော့ သူသတိလစ်သွားချိန်က ၁၆၃၇ခုနှစ် ဖေဖော်ဝါရီလ နှစ်ဆယ့်ခုနှစ်ရက်နေ့ဖြစ်သည်။ ယခုမူ ဧပြီလ ခြောက်ရက်နေ့ပင်ဖြစ်ချေပြီ။ ကမ္ဘာပေါ်မှာသာဆိုရင် အခုလို တစ်လကျော်ကျော်မှ နိုးထလာနိုင်တာက အံ့အားသင့်စရာပင်ဖြစ်နေပြီ။
သို့သော် သူမာဂ့်ကိုမမေးတော့ပေ။ ဒီအာ့ဆုကုန်းမြေကြီးမှာ ကုသတဲ့မှော်ပညာတွေက ကျော်ကြားတာမို့ တစ်လမပြောနှင့် တစ်နှစ်ဆိုရင်တောင်မှ နိုးလာတဲ့အချိန်မှာ ညနေခင်း တရေးအိပ်ထားသလိုသာ ခံစားရမည်ဖြစ်ပြီး ကြွက်သားတွေတောင့်တင်းနေတာမျိုးတွေကို ကြုံတွေ့ရမည်မဟုတ်ပေ။
ကျောက်ဟိုင် မာဂ့်ကိုကြည့်လိုက်တော့ ကြမ်းပြင်တွင်ထိုင်ချကာ သူ့ဘွတ်ဖိနပ်ရှည်ကို ကိုင်ထားတာကိုမြင်ရသည်။
“ မာဂ့်ထားလိုက် ငါ့ဘာသာ ၀တ်မယ်”
မာဂ့်စိတ်ရှုပ်သွားပေမယ့် မပြောင်းလဲတဲ့လေသံနဲ့
“ သခင်လေး ကျွန်မတာဝန်ကို ကျွန်မကျေပွန်အောင်လုပ်ပေးပါ့မယ်”
သို့ပေမယ့်လည်း ကျောက်ဟိုင်ကတော့လက်သင့်မခံနိုင်ပေ။ ထို့ကြောင့် မာဂ့်လက်ထဲက ဖိနပ်ကို ဆွဲယူလိုက်ပြီး ကိုယ့်ဘာသာဝတ်လိုက်သည်။
“ မာဂ့်အခုအချိန်ကစပြီး ငါ့အလုပ်တွေကို ငါ့ဘာသာလုပ်မယ်”
မာဂ့်စိတ်ရှုပ်သွားပေမယ့် သခင်လေးကိုသာ ကြည့်နေဖြစ်တော့သည်။ ဒီနေ့ သခင်လေးထူးဆန်းနေတယ်။ အရင်ကဆို အားလုံးကို မာဂ့်ကိုသာလုပ်ခိုင်းတတ်တယ်။ အခုတော့ ကိုယ့်ဘာသာ ဖိနပ်စီးနေလေရဲ့။
ကျောက်ဟိုင်ဖိနပ်စီးလို့ပြီးသွားတော့ ရှေ့က အရင်သွားလိုက်ကာ
“ သွားရအောင်၊ ညစာအရင်စားတာပေါ့ ပြီးရင်တော့ အဘိုးဂရင်းနဲ့ငါပြောစရာရှိတယ်”
မာဂ့်မှာ သခင်လေးရဲဒီနေ့အဖို့ ထူးခြားစွာပြုမူနေမှုကြောင့် စိတ်ရှုပ်နေပေမယ့် စကားနားထောင်ကာ ရှေ့က လမ်းပြလိုက်သည်။ သခင်လေးက ဒီကိုပြောင်းရွှေ့ပြီးကတည်းက အပြင်မထွက်သေးတာမို့လို့ လမ်းသိမည်မဟုတ်ပေ။
အပြင်ကိုရောက်တာနဲ့ အဆောက်အအုံပုံစံအနေအထားကိုမြင်ပြီး ကျောက်ဟိုင်အံ့အားသင့်သွားရပေသည်။ ရဲတိုက်ကား ရှေးဆန်လွန်းပြီး ခိုင်ခံ့ပုံလည်းရသည်။ မြို့တော်က အိမ်တော်နဲ့ယှဉ်လို့ကိုမရတဲ့ အနေအထားမို့ စစခြင်းမှာတော့ ခံစားချက်တွေကို မည်းမှောင်သွားစေသည်။
သို့ပေသိ ကျောက်ဟိုင်ကတော့ ဒီလိုေ၇ှးဆန်တဲ့ရဲတိုက်တွေကို သဘောကျသည်။ ရဲတိုက်ဆိုတာ ဒီလိုမျိုးသာဖြစ်သင့်သည်။
ပြောလို့ရတာမဟုတ် ဒီရဲတိုက်က လျှို့ဝှက်ခန်းတွေကို သူရှာတွေ့ပြီး ဖွင့်နိုင်ရင် ဖွင့်နိုင်မှာပေါ့။
ကျောက်နံရံတွေကြားက မီးတုတ်တွေကိုတွေ့တော့ မှော်ပုံဆောင်ခဲရဲ့ရှားပါးပုံကို သတိရပြီး သူခေါင်းငြိမ့်လိုက်မိသည်။
အေဒင်က ဘာမှမသိဘူးဆိုပေမယ့် မှော်ပုံဆောင်ခဲလို အရာမျိုးတွေကိုတော့ သိလေသည်။ ထိုအရာတွေက ဇိမ်ခံပစ္စည်းတွေထဲမှာပါတာမို့လို့ သူ့အသိုင်းဝိုင်းထဲက အထက်တန်းလွှာသူငယ်ချင်းတွေဆီမှာ မကြာခဏတွေ့ရတတ်သည်။ ထို့ကြောင့် ထိုဈေးနှုန်းကိုတော့ သူသိလေသည်။
သူ့အခန်းထဲက ပုံဆောင်ခဲမီးအိမ်ကို သတိရတော့ ထိုမီးအိမ်က ရဲတိုက်တစ်ခုလုံးမှာရှိတဲ့ တစ်ခုတည်းသော မှော်မီးအိမ်ဖြစ်မယ်မှန်းသိလိုက်ရကာ ရင်ထဲ နွေးသွားလေသည်။
မီးဖိုခန်းဟာ ကျောက်ဟိုင်အခန်းနဲ့သိပ်မဝေးတာမို့သိပ်မကြာခင်မှာပဲ ရောက်သွားသည်။ ဂရင်း၊မယ်ရင်းနဲ့ ဘလော့ဟက်၊ ရော့ဟက်တို့က ညစာစားပွဲနားတွင် မတ်တပ်တွေရပ်ကာ ကျောက်ဟိုင်အလာကို စောင့်ဆိုင်းနေကြသည်။
သူဝင်လာတာမြင်တာနဲ့ ခေါင်းတွေညွှတ်ကြပြီး
“ မင်္ဂလာ ညနေခင်းပါသခင်လေး၊ ညစာသုံးဆောင်ဖို့ အသင့်ပါ”
လို့ တညီတညွှတ်ထဲ ဆိုကြ၏။
သူ ခေါင်းငြိမ့်လိုက်ပြီး သစ်သားစားပွဲတွင် ၀င်ထိုင်ကာစားပွဲကို တစ်ချက်အကဲခတ်လိုက်သည်။ပြင်ဆင်ထားသည်က သူ့တစ်ယောက်စာသာ။
အထက်တန်းလွှာတွေရဲ့ သခင်တွေက စားသောက်တဲ့အခါမှာ အစေခံတွေက အတူတူထိုင်ခွင့်မရှိဘဲ ဘေးတွင်သာ ရပ်နေကြရပေသည်။
စာ့းပွဲကြီးက ရှည်လျားပြီး အဖြူရောင်စားပွဲခင်းဖြင့် သပ်သပ်ရပ်ရပ်ခင်းကျင်းထားသည်။ ဘေးတစ်ဖက်တစ်ချက်ဆီတွင် ဖယောင်းခွက်တွှေရှိပြီး တစ်ခွက်တွင် ဖယောင်းတိုင်သုံးတိုင်ဆီ ထွန်းညှိထားလေသည်။
စာ့းပွဲပတ်ပတ်လည်တွင် ခုံရှစ်ခုံကို စီစီရီရီ ထားထားပြီး ထိုခုံတွေက လက်မှုပညာသည်တစ်ယောက် သပ်သပ်ရပ်ရပ်လုပ်ထားတဲ့ ပစ္စည်းကောင်းတွေမှန်း သိသာပေသည်။ စားပွဲရဲ့ထောင့်ချိုးတိုင်းမှာ မီးတိုင်တွေ ထွန်းညှိထားတာမို့ တစ်ခန်းလုံးက လင်းထိန်လျက်ရှိသည်။
သို့သော် ထိုအရာတွေကလွဲပြီး တခြားဘာမှမ၇ှိပေ။
“ အဘိုးဂရင်းတို့အားလုံး ကျွန်တော်နဲ့ တူတူဝင်ထိုင်ပြီးစားလိုက်ပါ။ ပြီးရင် ကျွန်တော် ပြောစရာရှိတယ်”
ဂရင်းက ဦးညွှတ်လိုက်ပြီးမှ
“ ကျွန်တော်တို့ အဲ့လိုလုပ်ဖို့ မသင့်ပါဘူး သခင်လေး၊ သခင်လေး သုံးဆောင်နေတဲ့အချိန်မှာ အစေခံတွေက တူတူထိုင်ဖို့မသင့်ပါဘူး။ ဒါက အင်ပါယာရဲ့စည်းကမ်းပါ”
“ အင်ပါယာရဲ့စည်းကမ်းက ကျွန်တော်ထုတ်တဲ့စည်းကမ်းမှမဟုတ်တာ။ အင်ပါယာက ကျွန်တော်တို့ကို စွန့်ပစ်လိုက်မှတော့ သူထုတ်တဲ့စည်းကမ်းတွေ၊ အမိန့်တွေကို လိုက်နာဖို့မလိုတော့ဘူး။ အားလုံးထိုင်ပြီး တစ်ခါထဲစားပါ။ စားနေရင်းနဲ့ ကျွန်တော်ပြောချင်တာတွေရှိတယ်။ အဘိုးတို့က တူတူမစားရင်တော့ ကျွန်တော်လည်း မစားတော့ဘူး”
ဂရင်းလည်း ကျောက်ဟိုင်ကိုကြည့်ပြီး ဘာဆက်ပြောသင့်လဲမသိတော့ပေ။ ထို့ကြောင့် သူ့ကိုခပ်စူးစူးကြည့်နေတဲ့ မယ်ရင်းကိုသာ လှည့်ကြည့်လိုက်တော့သည်။
မယ်ရင်းက
“ ဘာကြည့်နေတာလဲ။ သခင်လေးက တစ်လကျော်လောက် ဘာမှမစားဘဲနေနေရတာလေ ရှင်က သခင်လေးကို တကယ်ပဲ ဘာမှမစားခိုင်းတော့ဘူးလား”
ကျောက်ဟိုင်ရဲ့ကျန်းမာရေးအခြေအနေကို အစိုးရိမ်ဆုံးက ဂရင်းသာဖြစ်သည်။ မယ်ရင်းရဲ့စကားလည်းကြားရော သူ ခေါင်းငြိမ့်လိုက်၏။
“ မင်းနဲ့မာဂ့်က မီးခိုခန်းထဲပဲ နေလိုက်ပါ”
မယ်ရင်းခေါင်းငြိမ့်ကာ မာဂ့်ကိုခေါ်ပြီးထွက်သွား၏။
ဂရင်းက ဘလော့ဟက်နှင့် ရော့ဟက်တို့နှင့်အတူ ၀င်ထိုင်လိုက်သည်။ ဘလော့ဟက်နဲရော့ဟက်တို့ကတော့ မနေတတ်၊မထိုင်တတ်ဖြစ်နေကြသည်။ သူတို့အနေနဲ့ သခင်လေးနဲ့တွေ့တဲ့အချိန်က စားစရာသုံးဆောင်တဲ့အချိန်သာရှိပြီး
“ မင်္ဂပါ သခင်လေး ၊ စားပွဲ့အဆင်သင့်ဖြစ်ပါပြီ”
ဒီလိုမျိုးကိုသာ ပြောရတတ်တာလည်းဖြစ်သည်။
ဒိညီအကိုက အေဒင့်ဖခင်ခေါ်လာခဲ့တဲ့ ကောင်လေးတွေဖြစ်သည်။ သူတို့က ဥာဏ်သိပ်မကောင်းသလို၊ အရူးသာသာတွေသာဖြစ်သည်။ သို့သော်လည်း ခွန်အားကောင်းတာမို့ နဂါးရိုင်းတိုက်ပွဲဝင်ချီကိုကျင့်ကြံခဲ့တဲ့အခါ အခုအချိန်မှာဆိုရင် အဆင့်ခြောက်စစ်သည်အဆင့်ကို ရောက်နေပေပြီ။ ဒါကြောင့်လည်း ဘူတမိသားစုဝင်အဖြစ် အဆင့်တိုးပေးခဲ့ခြင်းပင်။
မယ်ရင်းတို့က စားပွဲတွေသွားယူနေချိန်မို့ ဂရင်းဘက်လှည့်ကြည့်လိုက်သည်။
“ အဘိုးဂရင်း ကျွန်တော်တို့မှာ ရွှေဒင်္ဂါးဘယ်လောက်ကျန်သေးလဲ”
ဂရင်းလဲ စိတ်ရှုပ်သွားပေမယ့် အမှန်အတိုင်းဖြေလိုက်သည်။
“ လက်၇ှိမှာ ရွှေဒင်္ဂါးတစ်ရာ့ရှစ်ဆယ့်ရှိပါတယ် သခင်လေး။ ကျွန်တော်တို့အတွက် ၀ယ်စရာတွေမရှိတော့လို့ ဒါတွေကို စုထားပါတယ်”
“ အဘိုးဂရင်း ကျွန်တော်တို့ဒီကိုပြောင်းလာတော့ ပစ္စည်းတွေသယ်ဖို့အတွက် လှည်းတွေသုံးရမှာပေါ့။ ဒါမှမဟုတ် မြင်းလှည်းတွေသုံးတယ်မဟုတ်လား”
“ သခင်လေး ကျွန်တော်တို့တွေ ပိုက်ဆံကာမိအောင်လို့ မြင်းကောင်းငါးကောင်ပဲချန်ထားပါတယ်။ လှည်းတွေကိုတော့ ဌား၇မ်းခဲ့တာပါ”
ကျောက်ဟိုင်စိတ်ပျက်သွားပေမယ့် ဂရင်းလုပ်တာမှန်တယ်လို့ ပြောနိုင်ပေသည်။ ဒီလိုစိုက်ပျိုးလို့မရတဲ့နေရာမှာ မြင်းတွေ ကိုကျွေးမွေးဖို့ကမဖြစ်နိုင်ပေ။ မြင်းကောင်းတွေက အားလုံးစားတတ်ပေမယ့် ကောက်ပဲသီးနှံတွေလည်း ကျွေးဖို့လိုလေတော့ ခက်ခဲတာအမှန်ပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset