Switch Mode

Chapter – 176.2

ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ယှဉ်ပြိုင်ဖို့လက်ခံခြင်း

Chapter – 176.2 ” ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ယှဥ်ပြိုင်ဖို့လက်ခံခြင်း ”

°°°
ကျန်ဟုန်ချန်တကယ်ပဲ ဒါကိုပြန်မပေးချင်ပါဘူး။ သူ့ရှေ့မှာရှိနေတဲ့ လောဘကြီးလွန်လှတဲ့ဒီလူငယ်လေးကို မြင်ချိန်မှာတော့ ဘယ်လောက်အထိ ငြင်းပယ်ရခက်မှန်နားလည်သွားခဲ့ပါတယ်။ နောက်ဆုံးတော့လဲ အဲ့ဒီရှက်စရာအဖြစ်အပျက်ကို သူပြန်မပြောချင်တော့ဘူး။ ဒါ့အပြင် သူက သော့်လော့တစ်ယောက်ဖြစ်တဲ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ခန်းမသခင်ပါ ဘယ်လိုလုပ်သူပေးပြီတဲ့ဥစ္စာကို ပြန်ပြီအတင်းယူလို့ရမှာလဲ။ အကြီးအကဲမုက တကယ်ကိုအတော်လေး ရက်ရောခဲ့ပါတယ်။ ဟို့ယွိဟောင်တစ်ယောက်ထဲကိုသာ ဒီလိုအဆင့်ကိုး၀ိညာဥ်လက်နက်ပေးခဲ့တာပါ။

ကျန်ဟုန်ချန်လဲ ဟုန်ချန်ကောင်းချီးမင်္ဂလာကို ဟို့ယွိဟောင်ဆီပြန်ပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ဟို့ယွိဟောင်အပေါ်မှာအလေးအနက်ထားမှုကို သူပိုလို့နားလည်လာခဲ့ပါပြီ။ အဆင့်ကို၀ိညာဥ်လက်နက်ကိုတောင် ပေးနိုင်တယ်ဆိုရင် သေချာပေါက် သူ့ရဲ့အရေးပါအရာရောက်မှုကို လျှော့တွက်လို့မရပါဘူး။

” ကျေးဇူးတင်ပါတယ် ခန်းမသခင် ဒါဆိုရင်ယှဥ်ပြိုင်မဲ့နေရာကို ဖန်တီးပြီတာနဲ့ ကျွန်တော်ကိုအသိပေးလိုက်ပါ ပွဲကြည့်မဲ့သူတွေကို လက်မရောင်းဖို့ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်ကိုရာခိုင်းနှုန်းနဲ့ပြန်ပြီးပေးဖို့ မလိုပါဘူး ”

ကျန်ဟုန်ချန်ဒီစကားကိုကြားချိန်မှာ ချက်ချင်းကန်ထုတ်မိမလိုဖြစ်သွားခဲ့ရပါတယ်။

ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့ပြန်ထွက်သွားခဲ့ပါတယ်။

” နေဦး ”

သူအပြင်ထွက်တော့မဲ့အချိန်မှာပဲ ကျန်ဟုန်ချန်က သူ့ကိုနောက်တစ်ကြိမ်ခေါ်လာခဲ့ပြန်ပါတယ်။ ဟို့ယွိဟောင်က ရပ်တန့်လိုက်ပြီ ခေါင်းပြန်လှည့်ရင်း မေးလိုက်ပါတော့တယ်။

” ခန်းမသခင် ကျွန်တော်ကိုအပြင်မထွက်စေချင်တော့ဘူးလား နောက်ထပ်ကိစ္စရှိသေးလား ”

သူနှလုံးသားထဲမှာတော့ ဒီလိုတွေးနေခဲ့မိပါတယ်။

” ငါ့ကိုလန့်ပြီသေအောင်လုပ်နေတာလား ဒါဘယ်တော့မှအဆုံးသတ်မှာလဲ ”

ကျန်ဟုန်ချန်က အလေးအနက်ပြောလာခဲ့ပါတယ်။

” ယွိဟောင်ရေ ဒီကိုလာဖို့ဆန္ဒရှိမယ်ဆိုရင် နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အမျက်ဒေါသကျောင်းတော်ပေးသမျှအရာအားလုံးထက် နှစ်ဆပိုပြီးပေးနိုင်တယ်…သေချာစဥ်းစားကြည့်ပါ ”

ဟို့ယွိဟောင် မျက်လုံးတစ်ချက်ပြူးသွားခဲ့ပါတယ်။ ကျန်ဟုန်ချန်ရဲ့ မျက်လုံးထဲက လေးနက်တဲ့အငွေ့အသက်တွေကို သူမြင်နေခဲ့ရတယ်။ ဒါပေမယ့် သူတို့တွေရဲ့ရည်ရွယ်ချက်တာကမတူပါဘူး။ သေချာပေါက် ဒီကိစ္စကဖြစ်လာနိုင်ဖို့လုံး၀မရှိတာအမှန်ပါ။

ဒါကြောင့်သူခေါင်းခါရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။

” ကမ်းလှမ်းတဲ့အတွက်ကျေးဇူးတင်ပါတယ် …ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ဘူး ”

သူပြောပြီတဲ့နောက် ကျန်ဟုန်ချန်ရဲ့ခန်းမအပြင်ဖက်ဆီကို သူထွက်သွားခဲ့ပါပြီ။ ဒီအချိန်မှာတော့ ကျန်ဟုန်ချန်က အတော်လေးစိတ်ပျက်နေခဲ့ပါတယ်။ ဒါပေမယ့် သူမတားတော့ပါဘူး။

” ခန်းမသခင် လက်နက်တွေအပေါ်ကောင်းတဲ့ကိစ္စလို့ ကျွန်တော်ထင်တယ်…ကျွန်တော်တို့ကို ဘယ်သူကမှ ပိုက်ဆံပြတ်နေတာမရှိဘူးလေ ဒါ့အပြင် လက်ရှိအချိန်မှာ ဟို့ယွိဟောင်က ကျွန်တော်တို့ကို အတော်လေးငွေညစ်သွားတာဆိုတော့ ကုန်ကျစရိတ်ကလဲအတော်များမှာ ဒါဆိုရင်ဘယ်လိုလုပ်မလဲ ”

လင်းကျားယွီက အတည်ပြုချက်ရယူပြီမေးမြန်းနေခဲ့ပါတယ်။ ကျန်ဟုန်ချန်လဲ ခေါင်းညိတ်လိုက်ပါတယ်။

” သွားပြီစီစဥ်လိုက်တော့ ”

လင်းကျားယွီကတော့ ကျန်ဟုန်ချန်ကိုပိုပြီးလေးစားလာခဲ့ပါပြီ။ ကျန်ဟုန်ချန်က အခြေအနေအရပ်ရပ်ကြောင့် ဖိအားပေးခံရပေမဲ့ ကျောင်းတော်ရဲ့တိုးတက်မှုအတွက်ကို အမြဲတမ်းသေချာတွေးတောနေခဲ့ပါတယ်။

ဟို့ယွိဟောင်ကို သူ့ကျောင်းသားတွေနဲ့ယှဥ်ပြိုင်မှုပေးလိုက်တာက ဟို့ယွိဟောင်ရဲ့တောင်းဆိုမှုတွေကို ပေးအပ်လိုက်တာနဲ့တူပါတယ်။ တကယ်တော့ အကယ်၍ သူတိုက်ခိုက်မှုတွေကိုသာသေချာလေးစီစဥ်မယ်ဆိုရင် ကျောင်းသားတွေရဲ့ အာရုံစိုက်မှုကလဲ ပြောင်းသွားမှာပါ။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေအပေါ် နားလည်မှုကလဲ ပိုပြီးမြင့်မားပါလိမ့်မယ်။

ဒါက သူတို့ရဲ့အတွေ့အကြုံကိုမြင့်မားလာစေရုံတင်မက ဟို့ယွိဟောင်ရဲ့ အစွမ်းအစတွေကိုလဲ ပိုပြီးနားလည်နိုင်မှာပါ။ နောက်တစ်ကြိမ်တိုက်ခိုက်ရမဲ့ပြိုင်ပွဲတွေမှာလဲ သူ့ရဲ့စွမ်းအားတွေကို ကြိုတင်ပြီခန့်မှန်းထားလို့ရနိုင်ပါတယ်။ ဒါဆိုရင် နေလနိုင်ငံတော်မှာကျင်းပမဲ့တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ပွဲမှာ သူတို့တွေအခွင့်အရေးရနိုင်လောက်တယ်။ ဒီစီစဥ်မှုက အကျိုးအမြတ်အများကြီးရှိတုန်းတင်မက ပိုက်ဆံလဲရှာနိုင်မဲ့ကိစ္စဖြစ်နေခဲ့ပါသေးတယ်။

ဟို့ယွိဟောင်သူ့ခန်းမဆောင်ပြန်လာပြီတဲ့နောက် ချက်ချင်းအိပ်ရာပေါ်မှာ လှဲကျလို့သွားပါတော့တယ်။ ဒီစိတ်ပိုင်ဆိုင်ရာဖိအားတွေက ခံနိုင်ရည်ရှိဖို့အရမ်းများလွန်ပြီ သူတို့ရဲ့နှလုံးသားကလဲ ရင်ဘတ်အပြင်ဖက်ကို ပေါက်ထွက်မတတ်ခုန်နေခဲ့တာပါ။

သူနိုးလာပြီတဲ့အချိန်မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဆုံးသတ်မှာအခြေအနေကို လှည့်နိုင်ခဲ့ပေမဲ့ ကျန်ဟုန်ချန်က ဘကြောင့်အင်အားသူ့ကိုဒီလိုယှဥ်ပြိုင်စေချင်ရတယ်ဆိုတဲ့ ကိစ္စကို ပိုပြီးတွေးနေခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာသူလက်ခံလိုက်ပါပြီ။ တန်ဖိုးကြီးတဲ့ သတ္ထုတွေကိုပိုလိုအပ်နေသလို သူ့ရဲ့တင်းမာနေတဲ့စိတ်ခံစားချက်တွေကို ထုတ်လွှတ်လိုက်ဖို့ကလဲ အခွင့်ကောင်းပါပဲ။

နေလနိုင်ငံတော်ကို၀င်ရောက်ပြီချိန်မှာစလို့ သူကအမြဲတမ်းသတိကြီးကြီးနဲ့ နေထိုင်နေခဲ့ရတာပါ။ သင်ကြားမှုမှာရော လျှို့၀ှက်ပြီ ပုံကြမ်းရေးဆွဲတာတွေအားလုံးကလဲ အင်အားပြင်းထန်လွန်လှပါတယ်။

ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က အထူးသဖြင့်စိတ်ပိုင်ဆိုင်ရာလေ့ကျင့်မှုတွေပေးအပ်ထားသလို စိတ်ပိုင်ဆိုင်ရာဖိအားတွေက အခြေအနေတစ်ခုအထိရောက်ရှိလာခဲ့မယ်ဆိုရင် သေချာပေါက် ပေါက်ကွဲထွက်မဲ့နေရာတစ်ခုကိုရှာဖို့အကြောင်းလဲ ကောင်းကောင်းနေရာချထားခဲ့ပါတယ်။ ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့လိုမျိုးအသက်အရွယ်ငယ်ရွယ်တဲ့သူက အတော်လေးစိတ်အခြေအ​နေပြဿနာတက်သွားနိုင်ပါတယ်။

တစ်စုံတစ်ယောက်က သူ့ရဲ့တံခါးကိုလာခေါက်နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အိပ်ရာပေါ်မှာအပျင်းကြောဆန့်နေခဲ့တယ်။ ဒီလိုကြောင့်သာ သူစိတ်နည်းနည်းလေးပြန်ငြိမ်သွားတာပါ။ အဲ့ဒီနောက် ပြန်ထရင်းနဲ့သူတံခါးကိုသွားဖွင့်လိုက်ပါတယ်။ ထင်ထားတဲ့အတိုင်း ဖန်းယွီနဲ့ ဟယ့်ချိုက်ထို့တို့က အပြင်မှာရှိနေခဲ့တယ်။

ဟို့ယွိဟောင် အဆင်ပြေတာကိုတွေ့ပြီမှသာ သူတို့လဲစိတ်တည်ငြိမ်သွားကြပါတော့တယ်။ ခပ်မြန်မြန်ပဲ အထဲကို၀င်လာပြီတဲ့နောက် ဟယ့်ချိုက်ထို့ကတံခါးပိတ်လိုက်ပါပြီ။

” ညီငယ်လေး မင်းကြောင့် ဆရာနဲ့ငါလန့်ပြီ သေတော့မလို့ ငါတို့ကျောင်းရဲ့တခြားလူတွေကလဲ အဲ့ဒီနေ့အချိန် ဘယ်လောက်အန္တရာယ်များလဲဆိုတဲ့ကိစ္စကို ကြားခဲ့ရတယ်…မင်းရက်နည်းနည်းကြာတဲ့အထိ သတိမေ့နေတာကြောင့် ကျောင်းတော်ကမင်းဆီလာကြည့်ခိုင်းတယ်..ဘာတွေဖြစ်နေတာလဲဆိုတာတော့ ငါလဲမသိခဲ့ရဘူး…ကံကောင်းပေလို့ မင်းအဆင်ပြေသေးတယ် ”

အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်အားလုံးက သူတို့အဆင့်နဲ့သူတို့ရှိနေခဲ့ကြပေမဲ့ ဟယ့်ချိုက်ထို့ကတော့သူ့ကိုညီငယ်လေးလို့ခေါ်ဆဲပါပဲ။

ဟို့ယွိဟောင်ကတော့ ခေါင်းခါလိုက်ပါတယ်။

” ဘာကြောင့်ကျွန်တော်သတိလစ်သွားလဲမသိဘူး…အဲ့ဒီနေ့ကအတော်ကိုအန္တရာယ်များတယ်…ခန္ဓာကိုယ်မျိုးနွယ်က အရမ်းအင်အားကြီးလွန်တယ်လေ သူတို့က ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့အတွင်းပိုင်ကိုသေချာသိနေတဲ့ပုံပဲ တိုက်ခိုက်တဲ့ကိစ္စက အတော်ကိုရုတ်တရက်ဖြစ်လွန်လို့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကလဲ အတော်လေဆုံးရှုံးမှုများသွားတယ် ”

အဲ့ဒီနေ့က ဖြစ်ခဲ့တဲ့ကိစ္စတွေကိုသူရိုးရိုးရှင်းရှင်းသာပြောပြပါတယ်။ အထဲကို၀င်ခဲ့ပြီလှိုင်ခေါင်းကိုဖောက်ခဲ့တဲ့ကိစ္စကိုတော့ မပြောပါဘူး။

သူ့မှာလဲ သူ့ဘာသာသူစဥ်းစားထားတာတွေရှိနေခဲ့တယ်။ ဒီသတ္ထုလူကြီးက အရမ်းကိုအရေးကြိီးပါတယ်။ ဒါကြောင့် သိတဲ့သူနည်းလေ ပိုကောင်းလေပါပဲ။ ဆရာဖန်းယွီနဲ့ သူ့ရဲ့ဒုတိယအစ်ကိုကြီးကို မပြောပြတာကကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

ဒါ့အပြင် နှင်းဧကရီနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပြောပြမိနိုင်ချေရှိတာကြောင့် ဒီကိစ္စတွေအားလုံးကို ချွင်းချန်ထားဖို့သာ သူဆုံးဖြတ်လိုက်ပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ကိုပြန်ပြီချိန်မှသာ သတ္ထုလူကြီးအကြောင်းပြောပြဖို့အတွက် တွေးထားပြီဆုံးဖြတ်ချက်ကိုချလိုက်ပြီသားပါ။

ဟို့ယွိဟောင် ပြောတဲ့ကိစ္စတွေကိုကြားပြီချိန်မှာ ဖန်းယွီလဲ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။

” တစ်ခုခုတော့မဟုတ်သေးဘူး…ဒီနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားက မြို့တွေအများကြီးနဲ့ယှဥ်လို့ရနိုင်ပေမဲ့ ၀ိညာဥ်ပညာရှင်နှစ်ယောက်ကိုပဲ အများဆုံးအကျိုးရှိစေနိုင်မှာ ဒါ့အပြင် ၀ိညာဥ်အရိုးနဲ့ ၀ိညာဥ်စက်ကွင်းတွေဆိုတာက သေချာပေါက် ကွဲထွက်သွားလိမ့်မယ်…ခန္ဓာကိုယ်မျိုးနွယ်ရဲ့ဒီတိုက်ခိုက်မှုက ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို လုံး၀အပြတ်ရှင်းဖို့ဖြစ်လာတာပဲ ဒါ့အပြင် သူတို့ရဲ့အဆုံးအရှုံးပျက်စီးမှုတွေဆိုတာက တွက်ချက်လို့တောင်မရနိုင်ပါဘူး။

” လက်ရှိအချိန်မှာ သူတို့ကပုံရိပ်ယောင်အစစ်အမှန်ခန်းမကို လုံး၀ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ ဒီရတနာကြီးနဲ့ဒီလောက်အများကြီးစတေးတာက ထိုက်တန်လွန်လို့လား… နောက်ဆုံးတော့လဲ ခန္ဓာကိုယ်မျိုးနွယ်က ဘာမှပိုက်ဆံလိုနေတဲ့ကောင်တွေလဲမဟုတ်ဘူးလေ သူတို့က၀ိညာဥ်ရွှေပြားသန်းတစ်ရာလောက်အတွက်ဒါလာလုပ်တယ်လို့တော့ငါမထင်ဘူး ”

ဟယ့်ချိုက်ထို့ကပြောလာခဲ့ပါတယ်။

” ဆရာဘယ်လိုအကြောင်းအရင်းကြောင့်နဲ့ပဲလုပ်တာဖြစ်ပါစေ ကျွန်တော်တို့ကိုမထိခိုက်ဘူးလေ ပုံရိပ်ယောင်အစစ်အမှန်ခန်းမ ပိုဆုံးရှုံးလေလေ နေလနိုင်ငံတော်ရဲ့အဆုံးအရှုံးက ပိုများလေးပဲ ဒါကစစ်ပွဲကိုနှောင့်နှေးအောင် လုပ်တာလဲဖြစ်နိုင်တယ် ”

ဟယ့်ချိုက်ထို့က အနာဂတ်စစ်ပွဲအကြောင်း ပြောချိန်မှာ သူ့ရဲ့မျက်လုံးတွေက ထူးထူးခြားခြားတောက်ပနေခဲ့ပါတယ်။ နေလနိုင်ငံတော်ကိစ္စကို သူပြောချိန်မှာတော့ သူနဲ့မဆိုင်သလိုပါပဲ။

ဟို့ယွိဟောင်ကတော့ သက်ပြင်းချနေခဲ့မိပါပြီ။ ဒီဒုတိယအစ်ကိုကြီးက တကယ်ပဲအမုန်းတရားရဲ့အရိပ်ကနေ ထွက်ခွာလာနိုင်ပြီလား ဒါမှမဟုတ်ပိုပြီးနက်ရှိုင်းတဲ့နေရာမှာနစ်မြုပ်လိုက်တာလား။ သူက အရင်ကသူ့ရဲ့အဆင့်အတန်းတွေအားလုံးကို ဘာမှမလိုချင်ပဲ အရာအားလုံးကိုဖျက်ဆိီးပြစ်ချင်စိတ်နဲ့သာပြည့်နှက်နေပါတယ်။

ကျွီးကျင့်နဲ့တွေ့ဆုံပြီတဲ့နောက် လူသားတွေရဲ့နှလုံးသားထဲမှာရှိနေတဲ့ အမုန်းတရားတွေအကြောင်းကို ဟို့ယွိဟောင်ရဲ့နားလည်မှုက ပိုပြီးမြင့်မားလာခဲ့တယ်။

ခက်ခက်ဆီကနေ ကျွီးကျင့်အကြောင်းသတင်းတချို့တလေကို သူတစ်ခါတလေမှရခဲ့ပါတယ်။ သူမက စစ်တပ်ထဲကို၀င်သွားပုံပါပဲ။ ဒါပေမယ့် သူ့ရဲ့အဆင့်ကိုတော့ သူမမသိခဲ့ပါဘူး။ နေလနိုင်ငံတော်ရဲ့ အနောက်ဖက်ပင်လယ်စစ်တပ်ဆီရောက်သွားတယ်လို့သာ သိလိုက်ရတယ်။ သူမ အဲ့ဒီနေရာမှာ ပင်လယ်နေ၀ိညာဥ်သားရဲကောင်တွေနဲ့ တိုက်ပွဲဆင်နွှဲနေတာပါ။ အဲ့ဒီအချိန်ကစလို့ ပြန်မလာတော့ပါဘူး။

” ဟုတ်တယ် အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားဖြစ်တဲ့ငါတို့က ထူးခြားတဲ့အခြေအနေမှာရှိတယ်…ငါတို့အနေနဲ့ နှစ်ဖက်စလုံးကိုသေချာနားလည်ဖို့က အကောင်းဆုံပဲ ယွိဟောင်မင်းရဲ့သုံးသပ်ချက်အရဆိုရင် ဘာတွေဖြစ်မယ်ထင်လဲ ”

သူ့ရဲ့ဆရာက စမ်းသပ်နေမှန်းသူသိပါတယ်။ ဟို့
ယွိဟောင် တခဏတာစဥ်းစားပြီတဲ့နောက် ပြန်ဖြေလာခဲ့တယ်။

” ခန္ဓာကိုယ်မျိုးနွယ်က ရုတ်တရက်တိုက်ခိုက်ပေမဲ့ သူတို့ကလုံး၀မျက်နှာအုပ်ထားပြီတော့ တစ်ကိုယ်လုံးအနက်ရောင်၀တ်ထားတယ်…သူတို့ဘယ်သူလဲဆိုတာကို မဖော်ပြဘူး ”

” ဒါပေမယ့် ပုံရိပ်ယေင်အစစ်အမှန်ခန်းမကတော့ ဘယ်သူလဲဆိုတာ ချက်ချင်းသိတယ်…ခန္ဓာကိုယ်မျိုးနွယ်ကတော့ သူတို့ပါ၀င်ပတ်သက်တယ်ဆိုတာကို ငြင်းပယ်လို့ရသလို သူတို့လဲခိုင်မာတဲ့သက်သေအထောက်အထားမရလိုက်ဘူး..ဒီလောက်နှစ်တွေအကြာကြီးတိတ်တဆိတ်နေပြီတဲ့နောက် သူတို့ဒီလိုမျိုးရုတ်တရက်ပေါ်လာတာက သေချာပေါက် နောက်ထပ်အကြံအစည်တွေရှိနိုင်တယ် ”

” ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်မျိုးနွယ်က အချိန်အကြာကြီးသိုသိုသိပ်သိပ်နေလွန်တာကြောင့် လူတော်တော်များများက သူတို့ကိုမေ့လျော့နေခဲ့ပြီ သူတို့က သူ့တို့ရဲ့ဂုဏ်သတင်းကို ပြန်ပြီတိုးတက်အောင်လုပ်ဖို့ကြိုးစားနေတာဖြစ်နိုင်တယ်..နေလနိုင်ငံတော်နဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့တကယ်ဆုံးရှုံးမှုတွေကို လျှို့၀ှက်ချက်တစ်ခုအဖြစ်ထားထားတယ်…ဒါပေမယ့် နံရံတွေမှာနားရှိတယ်ဆိုမှာတော့ ကိစ္စတွေက အမြဲတမ်းအပြင်ကိုသတင်းထွက်နေမှာပဲ ”

“အမှန်တရားကိုသိသွားကြမယ်ဆိုရင် ခန္ဓာကိုယ်မျိုးနွယ်ရဲ့ဂုဏ်သတင်းက အများကြီးပိုပြီးတော့တိုးတက်သွားလိမ့်မယ်…အနည်းဆုံးတော့ သူတို့ဘယ်လောက်အထိအင်အားကြီးလဲဆိုတာ ထုတ်ဖော်ပြသနိုင်တာပေါ့ ”

” ဒုတိယတစ်ခုကတော့ အကြီးအကဲမုတစ်ချိန်တုန်းက ပြောခဲ့ဖူးတယ်…ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ဦးစားပေးကိစ္စက အမြဲတမ်းအကျိုးအမြတ်တွေပဲ သူတို့က ကောင်းတဲ့ကိစ္စရော ဆိုးတဲ့ကိစ္စရောဘာမှဂရုစိုက်မနေဘူး…ဒါကြောင့် သူတို့တွေက အများကြီးရင်းနှီးမြုပ်နှံထားပြီ ဒီလိုအလစ်၀င်တိုက်တာလုပ်မယ်ဆိုတော့ သေချာပေါက်ကြီးမားတဲ့အကျိုးအမြတ်ကိုလဲတွက်ထားလို့ပေါ့ အပေါ်ယံမှာနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ သန္ဓေသားအတွက်လို့ပဲထင်ရတယ် ”

” ဒါပေမယ့် ထက်မြက်တဲ့ဘယ်သူမဆိုသေချာပေါက် စဥ်းစားရင်သိနိုင်တာပဲ ဒီလိုမျိုး၀ိညာဥ်သားရဲကောင်နဲ့ ၀ိညာဥ်ရွှေပြားသန်းတစ်ရာဆိုထဲက ကြယ်တာရာလာ့နိုင်ငံတော်နဲ့ သက်ဆိုင်နေတယ်…နေလနိုင်ငံတော်အပါအ၀င် အားလုံးက ကြယ်တာရာလော့နိုင်ငံတော်ကိုအာရုံစိုက်ကြမှာပဲ ”

” တကယ်တော့ အမှန်တရားကိုတွေးကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မျိုးနွယ်က တခြားအာရုံစိုက်နေတဲ့ကိစ္စတွေရှိလိမ့်မယ်…အစောပိုင်းတုန်းက ပြောခဲ့သလိုပဲ သေချာပေါက် နောက်ကွယ်တရားခံက ကြယ်တာရာလော့နိုင်ငံမဟုတ်ခဲ့ဘူး…ကြယ်တာရာလော့နိုင်ငံတော်က ဒီလောက်ကြီးအထိ မစွန့်စားနိုင်လောက်ဘူးလေ ဒါ့အပြင် နေလနိုင်ငံတော်နဲ့ ချက်ချင်းစစ်တိုက်ဖို့လဲ သူတို့အဆင့်သင့်ဖြစ်နေပုံမပေါ်ဘူး ”

အကြီးအကဲမုနဲ့ ဖန်းယွီနှစ်ယောက်စလုံးက သူ့ရဲ့ဆရာတွေပါပဲ။ ဒါကြောင့် အကြီးအကဲမုရဲ့စကားတွေကိုပြောချိန်မှာ သူ့ရဲ့သုံးသပ်ချက်က အင်မတန်ကိုလေးစားမှုတွေအပြည့်ရှိနေခဲ့တယ်။

” ကြယ်တာရာလော့နိုင်ငံတော်က နေလနိုင်ငံတော်ကြောင့် ဆုံးရှုံးထိခိုက်မှုတွေအတော်များပြားနေတယ်…ဒါပေမယ့် ပြဿနာတွေဖြစ်နေတာက ဒီတစ်နိုင်ငံထဲတင်မဟုတ်ဘူး…ထျန်ဟွမ်နိုင်ငံတော်ကလဲ နေလနိုင်ငံတော်ကြောင့် ခြိမ်းခြောက်မှုတွေအများကြီးကို ခံစားနေခဲ့ရတယ် ”

ဖန်းယွီလဲ ဟို့ယွိဟောင်ရဲ့ အကဲဖြတ်မှုကို သေချာနားထောင်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူပြုံးပြရင်ခေါင်းညိတ်နေခဲ့တယ်။ ဟို့ယွိဟောင်ကို မချီးမွမ်းခဲ့ပါဘူး။

” ကျန်ဟုန်ချန်ရဲ့ ကမ်းလှမ်းချက်ကိုရော ဘယ်လိုထင်လဲ ”

” ဒီလိုဆိုးတဲ့အခြေအနေမျိုးမှာတောင် သူတည်တည်ငြိမ်ငြိမ်နေနိုင်တာကိုတော့ ချီးကျုးချင်တယ်..ဒါ့အပြင် သူ့ကျောင်းသားတွေကို ကျွန်တော်နဲ့တိုက်ခိုက်စေရင်း ခဲတစ်လုံးနဲ့ငှက်အများကြီးသတ်ဖို့လုပ်နေခဲ့တာပေါ့ ”

” ပထမဆုံးအနေနဲ့ ကျောင်းတော်ရဲ့အဆုံးအရှုံးတွေနဲ့ပတ်သက်ပြီ အာရုံစိုက်မှုတွေကျွန်တော်ဆီရောက်လာအောင် သူလှည့်ပြောင်းလိုက်တယ်…ဒါဆိုရင်သူလဲ မြေအောက်အခြေစိုက်စခန်းကို သေချာစိုက်ကြည့်ဖို့အတွက် ပိုသေချာတာပေါ့ ဒါ့အပြင် ကျောင်းတော်ရဲ့ကျောင်းသားတွေက ၀ိညာဥ်ပညာရှင်တွေနဲ့ တိုက်ခိုက်ဖို့အတွေ့အကြုံနည်းနေတာကို သူသိတယ်…တော်တော်များများက ၀ိညာဥ်ပညာရှင်တွေကို သေချာမတိုက်ခိုက်ဖူးဘူး အထူးသဖြင့်ပိုအားကောင်းတဲ့၀ိညာဥ်ပညာရှင်တွေကို သူတို့တိုက်ခိုက်ဖို့ခက်ခဲတယ် ”

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က အကုန်လုံးခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မျိုးနွယ်နဲ့ အခြေအနေသိပ်မကွာဘူး…ပိုပြီးတော့တောင်အင်အားကောင်းနိုင်သေးတယ်…ဒါပေမယ့် သူတို့ရဲ့တကယ်အင်အားကြီးတဲ့ ၀ိညာဥ်လက်နက်တွေက မြေအောက်လောကမှာသေချာသုံးလို့မရဘူးလေ ဒါကြောင့် သူတို့အနေနဲ့ တိုက်ခိုက်နိုင်တဲ့စိတ်အခြေအနေအစွမ်းပြနိုင်တဲ့အရာ လိုက်လျောညီထွေးဖြစ်အောင် လုပ်နိုင်တဲ့ကိစ္စတွေအားလုံးမှာ စိတ်ပျက်စရာကောင်းနေတယ် ”

” ဒါကြောင့်သာ သူတို့တွေက ၀ိညာဥ်လက်နက်တွေအပေါ်မှာပိုပိုပြီးတိုးတက်ဖို့အာရုံစိုက်နေကြတာပဲ ခန်းမသခင်က ကျွန်တော်ကိုသုံးပြီ သူတို့ကိုအသိ၀င်လာစေချင်တာဖြစ်လိမ့်မယ်…တစ်ချိန်ထဲမှာပဲ ၀ိညာဥ်ပညာရှင်တွေထဲက အင်အားကြီးတဲ့သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားသူရဲ့အစွမ်းအစကို မြင်တွေ့စေချင်တယ်…ဒါ့အပြင် တိုက်ခိုက်ရေးအစွမ်းအစကိုလဲ မြင်ချင်စေတာပါမှာပေါ့ ”

ဖန်းယွီကတော့ ပြောလာခဲ့ပါတယ်။

” မင်းတကယ်ကိုသိုသိုသိပ်သိပ်မနေနိုင်ဘူးပဲ ”

” အရမ်းကြီးသိုသိပ်လွန်တာက စိတ်ကူးယဥ်ဆန်တယ်လို့ ဆရာပြောခဲ့တယ်မလား ”

” မင်းပြောတာမှန်တယ်…လေ့လာပြီတဲ့နောက် သူတို့ကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ၀ိညာဥ်လက်နက်တွေကိုသုံးတာအများကြီးကိုတော်တယ်…ဒါပေမယ့် သူတို့တွေက ငါတို့ကျောင်းတော်နဲ့ ယှဥ်လို့ရနိုင်လောက်အောင် တိုက်ခိုက်နိုင်စွမ်းမကောင်းဘူး ”

” ခန်းမသခင်လဲ ဒီကိစ္စကို ကောင်းကောင်းသိတယ်…ဒါကြောင့် စစ်ပွဲမှာဖြစ်လာမဲ့ပြဿနာကိုလဲ သူကြိုမြင်တယ်လေ ထိပ်သီးပညာရှင်တွေအားလုံးက မထူးချွန်တဲ့နေရာတွေရှိကြတာပဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ခန္ဓာကိုယ်မျိုးနွယ်ကိုရောအမျက်ဒေါသကျောင်းတော်ကိုရော အနိုင်တိုက်နိုင်ဖို့ယုံကြည်ချက်မရှိဘူး…ဒါဆိုရင် ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီ ဘာလုပ်ဖို့စီစဥ်ထားလဲ ”

အပိုင်း ၁၇၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset