Switch Mode

Chapter – 176.1

ညှိနှိုင်းပြီးတဲ့နောက် တိုက်ခိုက်ဖို့ပြင်ဆင်ခြင်း

Chapter – 176.1 ” ညှိနှိုင်းပြီးတဲ့နောက် တိုက်ခိုက်ဖို့ပြင်ဆင်ခြင်း ”

°°°
ဟို့ယွိဟောင်ကတော့ ဒေါသတကြီးနဲ့မျက်စောင်းထိုးနေခဲ့ပါတယ်။

” ဒါဆိုကျွန်တော်ကို မယုံဘူးလို့ပြောချင်တာလား ”

လင်းကျားယွီက လက်နှစ်ဖက်ကိုခါပြလိုက်ပါတယ်။

” မယုံတာမဟုတ်ရပါဘူး ဒါပေမယ့် အမှန်တရားက တခြားတစ်မျိုးဖြစ်နေတယ်လေ ဒါကြောင့်သာ ဖြေရှင်းဖို့လိုတာပါ မစိုးရိမ်ပါနဲ့ ဆရာဖန်းယွီကိုဒါတွေသတင်းပို့လိုက်ပါ့မယ်…ဒါပေမယ့် အခုအချိန်မှာရှင်းရှင်းလင်းလင်းပြောပြဖို့လိုနေပြီ ”

” ကောင်းပြီလေ ဒီလောက်အထိမျက်နှာသာလိုချင်နေမှတော့ ဘာမှဖုံးကွယ်ပေးစရာမလိုဘူး..သွားမယ်ခန်းမသခင်ဆီခေါ်သွားသူ့ရှေ့တည့်တည့်မှာရှင်းပြမယ် ”

ဟို့ယွိဟောင်နဲ့ရင်ဆိုင်ရချိန်မှာတော့ လင်းကျားယွီလဲ ဘာမှမတတ်နိုင်ပါဘူး။ ကျန်ဟန်ချန်က ဒီကလေးရဲ့အရေးကြီးမှုကိုအမြဲတမ်းပြောနေခဲ့တာပါ။ ဒါ့အပြင် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့က အမျက်ဒေါသကျောင်းတော်မှာရှိနေဆဲပါပဲ။ သူ့မှာဟုန်ချန်ကောင်းချီးမင်္ဂလာရှိနေပြီဆိုမှတော့ သေချာပေါက် ဟို့ယွိဟောင်က သူ့ကိုလုံး၀ခြိမ်းခြောက်နိုင်မှန်း သိနေခဲ့တယ်။ သူလက်ရှိအချိန် သံသယ၀င်နေတာကတော့ ဟို့ယွိဟောင်နဲ့ခန္ဓာကိုယ်မျိုးနွယ်ရဲ့ရုတ်တရက်တိုက်ခိုက်မှုပါပဲ။

” ကောင်းပြီလေ ခန်းမသခင်ဆီခေါ်သွားပါ့မယ် ”

အဆုံးမှာတော့ လင်းကျားယွီက ကျန်ဟုန်ချန်ဆီ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

ပထမဆုံးအနေနဲ့ ဟို့ယွိဟောင်ရဲ့အဆင့်အတန်းက အတော်ကိုအထိမခံနိုင်စရာကိစ္စဖြစ်နေခဲ့ပါတယ်။ ဒုတိယတစ်ခုကတော့ လက်ရှိအချိန် ကျန်ဟုန်ချန်အတော်လေး စိတ်အခြေအနေမကောင်းပါဘူး။ တော်၀င်မိသားစုက ပြင်းပြင်းထန်ထန်အပြစ်ပေးထားတဲ့အပြင် စမ်းသပ်ပစ္စည်းနံပါတ်တစ်ကလဲ ပျောက်ဆုံးနေပါတယ်။

အခုအချိန် စမ်းသပ်ခန်းနံပါတ်တစ်မှာတော့ ကျန်ဟုန်ချန်နဲ့ သူ့ရဲ့အပေါင်းအဖော်တွေက စမ်းသပ်ပစ္စည်းနံပါတ်တစ်ကိုတည်ဆောက်ဖို့အတွက် လုပ်နေခဲ့ပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေကြောင့် လုပ်ဆောင်ချက်က အင်မတန်ကိုပြင်းထန်ပေမဲ့ များပြားကျယ်ပြန့်တဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့အရင်းအမြစ်တွေကတော့ အတော်ကိုလျော့ပါးသွားခဲ့ပါပြီ။

လက်ထိပ်ခတ်လျက်သားနဲ့ ဟို့ယွိဟောင်ကတော့ လုံး၀ကိုခေါင်းမော့ရင်ကော့ပြီ လျှောက်လာနေခဲ့တယ်။ ဒါ့အပြင် သူက အေးစက်တဲ့အပြုံးလဲ ပြုံးနေခဲ့ပါသေးတယ်။ ဒီလိုမျိုးကိုယ့်ကိုကိုယ်ဘ၀င်လေဟပ်နေတဲ့ အပြုအမူက လင်းကျားယွီရဲ့နှလုံးသားတစ်ခုလုံးကို နာကျင်လာစေခဲ့တယ်။

ဒါပေမယ့် အဆင့်ကိုး၀ိညာဥ်လက်နက်ဖြစ်တဲ့ ဟုန်ချန်ကောင်းချီးမင်္ဂလာဆိုတာက အမျက်ဒေါသကျောင်းတော်ရဲ့အရာမဟုတ်ပါဘူး။ ဒါ့အပြင် ကျန်ဟုန်ချန်ရဲ့ အငွေ့အသက်တွေကလဲ အဲ့ဒီအပေါ်မှာရှိနေခဲ့ပါသေးတယ်။ ဒါတွေက အတုအယောင်ပြုမူပြီလုပ်လို့မရတာ အမှန်ပါ။ လင်းကျားယွီလဲ ကျန်ဟုန်ချန်အနေနဲ့ ဒီလိုအဆင့်ကိုး၀ိညာဥ်လက်နက်ကို အပြင်လူတစ်ယောက်ဆီလက်ဆောင်ပေးမယ်ဆိုတာ လုံး၀မယုံနိုင်ပါဘူး။

ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ခါးမှာပတ်ထားတဲ့ ခါးပတ်ထဲမှာသူတို့ပျောက်ဆုံးနေတဲ့ စမ်းသပ်ပစ္စည်းနံပါတ်တစ်ရှိနေမယ်ဆိုတာကို ပိုလို့တောင်မတွေးမိပါသေးတယ်။ အခုလက်ရှိအချိန်မှာ အဲ့ဒီလူငယ်ရဲ့မျက်နှာက လုံး၀ကိုအေးဆေးတည်ငြိမ်နေခဲ့ပြီ ဒေါသမထွက်အောင်ထိန်းထားတဲ့ပုံပေါ်နေခဲ့ပါတယ်။

ကျန်ဟုန်ချန်ရဲ့အခန်းက ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ မရှိတော့ပါဘူး။ မြေအောက်စခန်းက အပြည့်အ၀စက္ကူတွေနဲ့ တည်ဆောက်နေဆဲဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ သူ့ရဲ့လေ့လာမှုတွေကို တခြားနေရာမှာပြောင်းလုပ်နေရပါတယ်။

ဟို့ယွိဟောင်က ကျန်ဟုန်ချန်ဆီကို မကြာခင်ပဲရောက်လာခဲ့ပါတယ်။ သူက အေးအေးဆေးဆေးမျက်လုံးပိတ်ထားရင်နဲ့ ရှိနေခဲ့တယ်။ ဒီရက်ပိုင်းအတွင်မှာ အမြဲတမ်းလန်းဆန်းတက်ကြွနေတတ်တဲ့ ခန်းမသခင်က ဆယ်နှစ်လောက်အိုမင်းသွားသလိုပါပဲ။ ဒါ့အပြင် သူမျက်နှာကလဲ ပိုလို့အေးစက်နေခဲ့ပြန်ပါပြီ။

” ဘာဖြစ်လာတာလဲ ”

ဟို့ယွိဟောင်ကို လက်ထိပ်ကြီးနဲ့ခေါ်လာတာကို မြင်ချိန်မှာ ကျန်ဟုန်ချန်က သံသယအပြည့်ဖြစ်လာပါတော့တယ်။

” ခန်းမသခင် ကိစ္စတွေကတော့ဒီလိုပါပဲ ဒီနေ့ဟို့ယွိဟောင်နိုးလာပြီတဲ့နောက် စစ်ဆေးမှုကိုကြုံတွေ့ခဲ့ရပါတယ်…ကျွန်တော်တို့တွေ သူ့ကိုစစ်ကြောထဲခူလုပ်ပြီရှာဖွေခဲ့တယ်…ဘာမှပြဿနာမရှိခဲ့ပေမဲ့ ခန်းမသခင်ပိုင်တဲ့အဆင့်ကိုး၀ိညာဥ်လက်နက်ကို သူ့ဆီမှာရှာတွေ့ခဲ့ပါတယ်…ဒါကြောင့် ကျွန်တော်တို့သံသယ၀င်လာပြီ သူ့ရဲ့ကံကြမ္မာကိုဆုံးဖြတ်စေခဲ့တာပါ ”

” ငါပိုင်တဲ့အဆင့်ကိုး၀ိညာဥ်လက်နက်လား ”

ကျန်ဟုန်ချန် တခဏတာရပ်တန့်လို့သွားခဲ့ပါတယ်။ လင်းကျားယွီ သူ့ဆီကိုကမ်းပေးလာတဲ့ ဟုန်ချန်ကောင်းချီးမင်္ဂလာကို သူချက်ချင်းအကြည့်ရောက်သွားခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ပြုံးနေတဲ့မျက်နှာကြီးနဲ့ မြင်ချိန်မှာတော့ ကျန်ဟုန်ချန်လဲ သူ့ရဲ့အရင်းနှီးဆုံးလူက သူ့မျက်နှာအရှေ့တည့်တည့်မှာ လူရှေ့သူရှေ့မှာဖြတ်ရိုက်လိုက်သလိုခံစားလိုက်ရပါတယ်။

” ဒီပစ္စည်းဘယ်ကနေဘယ်လိုလာလဲဆိုတာ မင်းကိုသူမပြောပြဖူးလား ”

ကျန်ဟုန်ချန်ကတော့ နောက်ထပ်ပိုပြီးတော့ ကြောက်စရာကောင်းတဲ့လေသံနဲ့ မေးလာခဲ့ပါတယ်။

လင်းကျားယွီလဲ ဒီမျက်နှာထားကိုမြင်ချိန်မှာ တစ်ခုခုလွဲနေတာကို သတိထားမိမိချင် ချက်ချင်းတောင်းပန်တော့တယ်။

” ယွိဟောင်က ​မပြောချင်ဘူးလို့ပြောခဲ့တယ်…ဒါ့အပြင် စစ်ကြောဖို့ကိုခန်းမသခင်အရှေ့မှာပဲ လုပ်နိုင်မယ်လို့ သူပြောတာကြောင့် ခေါ်လာတာပါ ”

ကျန်ဟုန်ချန်က သူစားပွဲကိုထရိုက်ရင်း အော်ဆဲပါတော့တယ်။

” ခွေးမသား ငါမင်းကိုဘာပြောခဲ့လဲ သူက အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားဖြစ်ရုံတင်မကဘူး…ပင်လယ်နတ်ဘုရားခန်းမဆောင်က နဂါးနတ်ဘုရားသော့်လော့အကြီးအကဲမုရဲ့ တံခါးပိတ်တပည့်သား အတွင်းတပည့်သားပဲ အကြီးအကဲမုက ငါလေးစားရတဲ့ဆရာကြီး ဒီဟုန်ချန်ကောင်းချီးမင်္ဂလာဆိုတာက ငါသူနဲ့အတူတူရှိချိန်မှာ သူ့ကိုပေးခဲ့တဲ့အရာ မင်းကဟို့ယွိဟောင်ကို ဘယ်လိုလုပ်အပြင်လူတစ်ယောက်လိုစစ်ဆေး၀ံ့တာလဲ မင်းရဲ့ဦးနှောက်ပျက်နေပြီလား ”

လင်းကျားယွီလဲ အဆူခံလိုက်ရတဲ့အတွက် မျက်လုံးပြူးသွားခဲ့ပါတယ်။ ခန်းမသခင်က အဆင့်ကိုး၀ိညာဥ်ပစ္စည်းကိုသူများဆီပေးပြစ်လိုက်တာလား။

ဒါပေမယ့် ကျန်ဟုန်ချန်ရဲ့သစ္စာရှိနောက်လိုက်နောက်ပါဖြစ်တဲ့အတွက် လေသံကြားရုံနဲ့ ဘာတွေဖြစ်နေလဲဆိုတာကို လင်းကျားယွီ နားလည်လို့သွားပါတော့တယ်။ နောက်ဆုံးတစ်ကြိမ် အကြီးအကဲမုနဲ့တွေ့ဆုံချိန်တုန်းက အမျက်ဒေါသကျောင်းတော်ရဲ့ ပင်လယ်နတ်ဘုရားခန်မဆောင်မှာ ကိစ္စတွေဖြစ်ခဲ့တာပါ။ ဒါဆိုရင် အဲ့ဒီလိုလူတွေဖြစ်ကုန်မှာလား။

” ဒီလိုဖြစ်မှတော့ ကျွန်တော်အမှားပါပဲ ခန်းမသခင်ကျွန်တော်မှားသွားခဲ့ပါတယ်…အရမ်းကိုအလောကြီးလွန်ပြီ ကိစ္စတွေများလွန်တာကြောင့် ဒီလိုအမှားမျိုးကျူးလွန်မိခဲ့တာပါ ဒါ့အပြင် အရေးကြီးတဲ့ကိစ္စဖြစ်တာကြောင့် ကျွန်တော်လဲ အရမ်းလဲအလောတကြီးမပြုလုပ်သင့်ပါဘူး….ဟို့ယွိဟောင်အားလုံးကငါ့အမှားပါပဲ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ ”

ပြောပြီတဲ့နောက် လင်းကျားယွီက တောင်းပန်ပါတော့တယ်။

ဟို့ယွိဟောင်ကတော့ အေးစက်တဲ့လေသံနဲ့ပြောလာခဲ့တယ်။

” ညွှန်ကြားရေးမှူးလင်းဘယ်လိုအမှားမျိုးလုပ်လိုက်လဲ ကိုယ့်ဘာသာကိုနားလည်ရဲ့လား ဒါပေမယ့် နေလနိုင်ငံတော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကောင်းဖို့အတွက်လုပ်ခဲ့တာပဲဆိုတော့ ထားလိုက်ပါတော့ ”

” နောက်ဆုံးတော့လဲ ဒီလက်ထိပ်တွေကိုကျွန်တော်၀တ်ရတာပထမဆုံးအကြိမ်မဟုတ်ဘူးလေ အမျက်ဒေါသကျောင်းတော်မှာဒါမျိုးတွေမရှိတာတကယ်နှမြောစရာကောင်းတာပဲ ”

ကျန်ဟုန်ချန်ကတော့ မျက်နှာပျက်နေခဲ့ပါပြီ။ အရင်တစ်ခေါက်တုန်းကလဲ ဒိီလိုကိစ္စကြုံရချိန်မှာ ဟို့ယွိဟောင်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာ သင်ကြားဖို့သူ့ကိုဖိအားပေးသွားခဲ့တယ်။ လပိုင်းတွေမှာ ဟို့ယွိဟောင်အနေနဲ့ ရှားပါးတဲ့ပစ္စည်းတွေကို ဆက်တိုက်အသုံးပြုပြီး လုပ်ချင်တာတွေလုပ်နေခဲ့တာပါ။

ဒီတစ်ကြိမ်မှာဟို့ယွိဟောင်က နောက်တစ်ကြိမ်လက်ထိပ်ခတ်ထားခဲ့ပြီ သူ့ရှေ့ကိုရောက်လာပါပြီ။ ဒါဆိုရင် သူ့စိတ်ကျေနပ်အောင်ဘာများလုပ်ပေးရဦးမှာလဲ။ တကယ်တော့ သူလက်ရှိအချိန်မှာ လုပ်ပေးနိုင်တာသိပ်မများပါဘူး။ သူ့ရဲ့အဖိုးတန်မြေးနဲ့ မြေးမနှစ်ယောက်စလုံးက အမျက်ဒေါသကျောင်းတော်မှာရောက်နေခဲ့ပါတယ်။ ဒါကြောင့် သူအားတင်ပြုံးပြပြီဟို့ယွိဟောင်အရှေ့ကို ရောက်သွားခဲ့တယ်။

” ဒါကတာ၀န်တ္တရားကြောင့်ကနေ မှားယွင်းပြီဖြစ်ပေါ်လာတဲ့အမှားတစ်ခုပါပဲ ဒါကလဲ ငါရဲ့အမှားလဲပါတာပေါ့ ကိုယ်တိုင်လက်ထိပ်ဖြုတ်ပေးပါ့မယ်..ဒါဆိုရင်ရော ဘယ်လိုလဲ လစဥ်လတိုင်းတန်ဖိုးကြီးတဲ့ သတ္ထုတွေအသုံးချမှုကိုနှစ်ဆတိုးပေးပါ့မယ်..ဒီလိုဆိုရင် ဘယ်လိုဖြစ်သွားမှာလဲ ”

ဟို့ယွိဟောင်လဲ သူ့ရဲ့ဟန်ဆောင်မှုကိုဆက်ပြီမထိန်းထားနိုင်ပါတော့ဘူး။ ဒီခန်းမသခင် ပိုင်ဆိုင်တဲ့သိုလှောင်ရေး၀ိညာဥ်ပစ္စည်းတွေကို စမ်းသပ်တဲ့ဥစ္စာက ဘယ်လောက်အစွမ်းထွက်နေမလဲဆိုတာဘယ်သူသိနိုင်မှာလဲ။ အကယ်၍ သူ့လျှို့၀ှက်ချက်သာ ပေါ်သွားခဲ့မယ်ဆိုရင် သူဆုံးရှုံးရမှာတွေကများပါတယ်။

ဒါကြောင့် သူချက်ချင်းဆိုသလိုမျက်နှာက ပျော့ပျောင်းနေခဲ့ပါပြီ။

” ကျေးဇူးပြုပြီးခန်းမသခင် လက်ထိပ်တွေကိုဖြုတ်ပေးပါ ”

သူပြောပြီတဲ့နောက် လက်ကိုဆန့်ထုတ်လိုက်ပါတယ်။ ကျန်ဟုန်ချန်လဲ သော့ကိုယူပြီတဲ့နောက်ထပ်လက်ထိပ်ဖြုတ်ပေးရင် ပြောလာခဲ့တယ်။

” လင်းကျားယွီ ယွိဟောင်ကိုသေချာဂရုစိုက်ပေးဖို့သတိထားပါ အကယ်၍ ဒီလိုပြဿနာမျိုးနောက်ထပ်ဖြစ်လာမယ်ဆိုရင် သင်ကြားရေးညွှန်ကြားရေးမှူးဖြစ်လာဖို့ကိစ္စကို မင်းမေ့ထားလိုက်တော့ ”

လင်းကျားယွီလဲ နှလုံးသားထဲမှာ ခါးသီးမှုအပြည့်ဖြစ်နေခဲ့ရပါတယ်။ ဒီကောင်စုတ်လေးနဲ့ ရင်ဆိုင်ဖို့အများကြီးခက်ခဲတာလဲ နောက်တစ်ကြိမ်ပိုပြီးတော့ ဂရုစိုက်ရမယ်။

” နောက်ထပ်ကိစ္စမရှိတော့ဘူးဆိုရင် ခန်းမသခင်ကျွန်တော်ပြန်ပါတော့တယ်…ဒီနေ့က လတစ်လရဲ့နောက်ဆုံးရက်ဖြစ်နေပြီဆိုမှတော့ ဒီတစ်လအတွက် ကျွန်တော်ရမဲ့ဝေစုကိုနှစ်ဆတိုးပေးစရာမလိုတော့ပါဘူး ”

ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ လစဥ်လတိုင်းပေးအပ်တဲ့ပမာဏက တကယ်ကိုမနည်းတဲ့ပမာဏပါ။ တချို့ပစ္စည်းတွေက စျေးကွက်ထဲမှာမရောင်းပါဘူး။

” သေချာပေါက် ဒီလအတွက်လဲ ပေးရမှာပေါ့ ”
ကျန်ဟုန်ချန်က တစ်ချက်တွန့်သွားရင် ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်ကတော့ ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ရင်းပြန်ဖြေလာခဲ့တယ်။

” ဒါဆိုရင် ကျွန်တော်သွားပါတော့မယ် ”

သူပြောပြီတဲ့နောက် အေးအေးဆေးဆေးပြန်ဖြစ်သွားပါတော့တယ်။

နှလုံးခုန်သံတွေကို ဘယ်လိုထိန်းချုပ်ထားနိုင်ပါစေ သူအေးဆေးရှိနေတယ်လို့မဆိုလို​ပါဘူး။ တကယ်တော့ စိတ်ပူလွန်လို့သေလုမတတ်ဖြစ်နေပါပြီ။ အကယ်၍ ဒီတစ်ခေါက်ကိုမကျော်ဖြတ်နိုင်ဘူးဆိုရင် သူအတော်ပြဿနာတက်မှာပါ။

ရုံးခန်းရဲ့တံခါးနားရောက်ခါနီးရောက်ချိန်မှာ ကျန်ဟုန်ချန် ရုတ်တရက်ပြောလာတာကို ကြားလိုက်ရပါတယ်။

” ခဏနေပါဦး ”

မဖြစ်တော့ဘူး ဟို့ယွိဟောင်ချက်ချင်းဆိုသလိုကြက်သီးတွေထလာပါတော့တယ်။ တကယ်တော့ အကြောက်တရားက သူငယ်ထိပ်အထိစောင့်တက်သွားတာပါ။ ရှိသမျှအရာအားလုံးကို သူကလွှတ်ချလိုက်ပြီ ထွက်ပြေးမိမတတ်တောင် ဖြစ်သွားခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ ဒီအသက်အရွယ်မှာအတော်ကို ရင့်ကျက်တည်ငြိမ်နေခဲ့သလို ဟန်ဆောင်လဲကောင်းနေခဲ့တဲ့အတွက် ထွက်မပြေးမိပါဘူး။ ကျန်ဟုန်ချန်က အဆင်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မဟုတ်ပါလား။ ဒါ့အပြင် သော့်လော့တစ်ယောက်လဲ ဖြစ်နေခဲ့ပါတယ်။ သူဘယ်ကိုပြေးလို့လွှတ်မှာလဲ။

” တောင်းဆိုစရာရှိသေးလို့လား ခန်းမသခင် ”

ဟို့ယွိဟောင်လှည့်ကြည့်ရင်းမေးလာခဲ့ပါတယ်။

” ယွိဟောင် ငါမှတ်မိတာမှန်မယ်ဆိုရင် မင်းကအရင်တစ်ခေါက်တိုက်ကြီးတစ်ခုလုံးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပြိုင်ပွဲမှာ အဓိကအဖွဲ့ကလူဖြစ်ခဲ့တယ်မလား ”

” အဓိကအဖွဲ့ကလူမဟုတ်ပါဘူး..ကျွန်တော်က အရံအကြိုအဖွဲ့ကပါပဲ ”

ကျန်ဟုန်ချန်ရဲ့မျက်လုံးထောင့်စွန်းက တစ်ချက်တွန့်သွားခဲ့ပါတယ်။

အရံလူတဲ့လား မင်းလိုအရံလူက ငါမြေးနဲ့ မြေးမကို ဒီလောက်အခြေအနေအထိဖြစ်အောင်ရိုက်နိုင်တယ်လား ဒါက သူ့မျက်နှာကိုဖြတ်ရိုက်တာနဲ့အတူတူပါပဲ ဒါပေမယ့် သူမပြောနိုင်ခင်အချိန်မှာပဲ နောက်ထပ် ​ချောင်းဟန့်လိုက်ရပါတော့တယ်။

” ဪဒီလိုကို လွန်ခဲ့တဲ့ရက်မှာဖြစ်ခဲ့တဲ့ကိစ္စတွေက ငါကိုတော်တော်လေးသက်ရောက်မှုကြီးမားခဲ့တယ်။ ငါတို့စက်ရုံရဲ့ ကျူးကျော်ခံရတဲ့အဓိကအကြောင်းအရင်းတွေကြောင့် များပြားတဲ့ဆုံးရှုံးမှုကို အခုခံစားနေရတယ်လေ ဒါ့အပြင် ငါတို့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ကောင်းမွန်တဲ့အတွေ့အကြုံမရှိဘူး..သူတို့က ၀ိညာဥ်ပညာရှင်တွေကို တိုက်ခိုက်တဲ့နေရာမှာ အတွေ့အကြုံတော်တော်နည်းကြတယ်..တခြား၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ပဲ သူတို့က အမြဲတမ်းတိုက်ခိုက်ဖူးတော့ ငါနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီ နောက်ထပ်အကြံတစ်ခုရလာမိတယ် ”

ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်တည်ငြိမ်လို့သွားပါတော့တယ်။ မင်းဘာပြောပြောရတယ် ငါကိုသာလာပြီတော့ ရှာဖွေတာမလုပ်နဲ့။

ကျန်ဟုန်ချန်ရဲ့ခန်းမထဲကိုသူပြန်၀င်သွားပါတော့တယ်။

” ဒါဆိုခန်းမသခင်မှာ ဘာအကြံရှိတာလဲ ”

” အမျက်ဒေါသကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာ နံပါတ်တစ်ဖြစ်နေတာကြာပါပြီအထူးသဖြင့် ၀ိညာဥ်ပညာရှင်တွေက ပိုပြီးထူးချွန်တယ်..ငါတ်ို့နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က တိုက်ကြီးတစ်ခုလုံးမှာအတော်ဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်တယ်..မင်းက အမျက်ဒေါသကျောင်းတော်ကိုကိုယ်စားပြုခဲ့တဲ့သူဖြစ်မှတော့ တခြား၀ိညာဥ်ပညာရှင်တွေနဲ့ တိုက်ပွဲရင်ဆိုင်တဲ့အစွမ်းအစကို ထုတ်ဖော်ပြသင့်တယ်မလား မင်းရဲ့ဦးဆောင်မှုနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ၀ိညာဥ်ပညာရှင်တွေကြားက လက်ရည်ယှဥ်ပွဲတစ်ခုကိုဖန်တီးစေချင်ပါတယ်…ဒါဆိုရင် ငါတို့ကျောင်းသားတွေအနေနဲ့လဲ ၀ိညာဥ်ပညာရှင်တွေဘယ်လိုတိုက်ခိုက်လဲဆိုတာကို နားလည်လာလိမ့်မယ်..မစိုးရိမ်ပါနဲ့ မင်းနဲ့သက်တူရွယ်တူပြိုင်ပွဲ၀င်တွေကိုပဲ ငါရွေးချယ်ပေးမှာပါ သူတို့တွေက အများဆုံးအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ပဲ ဖြစ်လိမ့်မယ်…ဒါဆိုရင်ဘယ်လိုလဲ ”

” မလုပ်ချင်ဘူး စိတ်မ၀င်စားဘူး ”

” ဘာလို့လဲဒါကတိုက်ခိုက်ရေးအတွေ့အကြုံကို တိုးတက်စေမဲ့ကိစ္စပဲလေ ”

” ကျွန်တော်ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံက လုံလောက်နေပြီးပြီ ဒါကြောင့် ထပ်ပြီအသစ်မလိုတော့ဘူး..ခန်းမသခင်တခြားတစ်ယောက်ကို သွားရှာလိုက်ပါ ကျွန်တော်ဒီကိုစာသင်ဖို့လာတာ တိုက်ခိုက်ဖို့လာတာမဟုတ်ဘူး ”

” ကောင်းပြီ လိုချင်တာပြောတော့ ”

ကျန်ဟုန်ချန် ချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံးပုပ်သိုးရင်ပြောလာပါတော့တယ်။

” တကယ်ကိုခန်းမသခင်က ကျွန်တော်ကိုနားလည်ဆုံးပဲ ”

ဟို့ယွိဟောင်ရဲ့ချက်ချင်းမျက်နှာထားနဲ့ အချိုးပြောင်းသွားတာကိုကြည့်ရင်း ကျန်ဟုန်ချန်ကရယ်ရမလားငိုရမလားမသိတော့ပါဘူး။ ဒါပေမယ့် ဒီလူငယ်လေးက တကယ်ထူးခြားနေတယ်ဆိုတာကိုမငြင်းပယ်နိုင်တာအမှန်ပါ။ သူမြေးနဲ့ မြေးမအကြောင်းကို ချက်ချင်းပြန်တွေးမိလိုက်ပါတယ်။ဟို့ယွိဟောင်က တိုက်ခိုက်ရေးစွမ်းရည်မှာ သူ့မြေးနဲ့မြေးမကိုယှဥ်လို့ရတဲ့ပုံမပေါ်ပေမဲ့ လူတွေကိုလှည့်စားနိုင်တဲ့အရည်အချင်းမှာတော့ အများကြီးသာလွန်နေခဲ့တယ်။

” ကောင်းပြီ မင်းလိုချင်တာသာပြောစမ်းပါ ဒါပေမယ့် ငါတို့မှာအခုလောလောဆယ်ဘဏ္ဍာရေး အကြပ်အတည်စိုက်နေတယ်..သတ္ထုတွေတော့ မတောင်းနဲ့တော့ ”

” ခန်းမသခင်ဒီလောက်ဆိုရင်ကောရမလား ခန်းမသခင်က ကပ်စီးနည်းတဲ့သူတော့မဟုတ်ဘူးလေ ဒီတော့ အဲ့ဒီတစ်ယောက်ချင်းပြိုင်ပွဲတွေမှာ ကျွန်တော်ဘယ်သူကိုမှလဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်မလုပ်ဘူး သတ်ဖြတ်တာမျိုး မလုပ်ဘူးလေ အကယ်၍ ကျွန်တော်သာနိုင်မယ်ဆိုရင် ဆုပဲလိုချင်တယ်…ကျွန်တော်အနေနဲ့ အဆင့်ခြောက်အောက်က ဘယ်သူမဆိုတိုက်ခိုက်နိုင်တယ်..အကယ်၍ ကျွန်တော်နိုင်မယ်ဆိုရင် တန်ဖိုးကြီးသတ္ထုတစ်ကီလိုဂရမ်ပေးရမယ်..ကျွန်တော်ကအမျိုးအစားတွေကိုရွေးမယ်…ဒါဆိုဘယ်လိုလဲ ”

တစ်ပွဲနိုင်တိုင်းတန်ဖိုးကြီးသတ္ထုတစ်ကီလိုဂရမ်ဆိုတဲ့ တောင်းဆိုမှုက သိပ်မမြင့်မားတာအမှန်ပါ နောက်ဆုံးတော့လဲ တန်ဖိုးကြီးသတ္ထုပစ္စည်းတွေတော်တော်များများက အတော်ကိုလေးကြပါတယ်။ ဒါကြောင့် ခပ်သေးသေးအပိုင်းတစ်ခုထဲနဲ့တစ်ကီလိုဂရမ်လောက်ရှိနေတာပါ။

တွေးပြီတဲ့နောက် ကျန်ဟုန်ချန်က ပြန်ဖြေလိုက်ပါတယ်။

” ကောင်းပြီလေ မင်းတောင်းဆိုတဲ့အတိုင်းလုပ်ကြမယ်…အကယ်၍ မင်းရှုံးမယ်ဆိုရင် ငါဘာမှမလိုချင်ဘူး..ငါကိုဘာမှလာမတောင်းနဲ့…ဒါဆိုရပြီ ”

ဟို့ယွိဟောင်က သူရင်ဘတ်သူပုတ်ရင်အာမခံလိုက်ပါတယ်။

” ဒါပေါ့ ဒါပေါ့ ဒါဆိုခန်းမသခင် ကတိတည်သရွေ့ ကျွန်တော်လဲခန်းမသခင်တိုက်စေချင်သလောက် ကျွန်တော်ဆက်တိုက် တိုက်ခိုက်ပါ့မယ်…ကျွန်တော်အခုအတော်လေးမွဲနေတာ တိုက်ခိုက်မှပဲချမ်းသာနိုင်မယ်လေ ဪဟုတ်သား ကျွန်တော်မေ့တော့မလို့ ဟုန်ချန်ကောင်းချီးမင်္ဂလာကိုကျွန်တော်ဆီပြန်ပေးသင့်တယ်မလား ”

သူပြောပြီတဲ့နောက်လက်ဆန့်ရင်းတောင်းပါတော့တယ်။

အပိုင်း ၁၇၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset