Switch Mode

Chapter – 6

အစီအစဉ် ချခြင်း

Chapter – 6 အစီအစဉ် ချခြင်း

သိုသိုသိပ်သိပ်နေရမယ်၊ ဟုတ်တယ် သူသိုသိုသိပ်သိပ်နေဖို့လိုတယ်။
သူဝတ္ထုတွေအများကြီးဖတ်ဖူးသည်။ ဇာက်လိုက်တွေက သိုသိုသိပ်သိပ်မနေတတ်ရင် ဒုက္ခအများကြီးရောက်နိုင်ပေသည်။ မင်းသားတွေက လေကိုခေါ်ဆောင်နိုင်ပြီး မိုးကို ဖန်ဆင်းနိုင်တာတွေက ၀တ္ထုရေးသူရဲ့လက်ရာတွေသာဖြစ်သည်။ ထိုအရာတွေက စိတ်ကူးယဉ်သက်သက်ဆိုပေမယ့်လည်း သူထိုအတိုင်းကျင့်ကြံနေထိုင်ဖို့ရာအဖြစ်ပေ။ သူ့အနေနဲ့ကတော သိုသိုသိပ်သိပ်နေတာက အကောင်းဆုံးဖြစ်ပေမည်။ နေရာလပ်ဒေသထဲ ပုန်းကွယ်နေနိုင်ပေမယ့် လူတစ်ယောက်ကိုသတ်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိပေသည်။ သူ သတိထားဖို့လိုသည်။
ကျောက်ဟိုင်ထိုသို့တွေးနေရင်း တံခါးခေါက်သံကြားလိုက်ရသည်။ သူစိတ်ရှုပ်သွားပေမယ့်
“ ၀င်လာခဲ့ပါ” လို့ဆိုလိုက်သည်။
မာဂ့်က ခေါင်းကိုငုံ့ထားရင်း ကျောက်ဟိုင်ကိုလုံးဝမော့မကြည့်ပေ။
“ သခင်လေး”
ထိုတစ်ခွန်းသာပြောပြီး ဆက်မပြောတော့ပေ။
အေဒင့်မှတ်ဥာဏ်တွေအရ သူနဲ့တွေ့တိုင်း မာဂ့်ထိုပုံစံဖြစ်နေတတ်တဲ့အကြောင်းပြချက်ကိုသိလိုက်ရသည်။ မာဂ့်ရဲ့လှပမှုကြောင့် အေဒင်က စော်ကားဖို့ကြံစည်ခဲ့ဖူးလေရာ အဖြစ်မမြောက်ခဲ့ပေမယ့်လည်း မာဂ့်က အေဒင်နဲ့တွေ့တိုင်း အမြဲခေါင်းငုံ့ထားလေ့ရှိသည်။ အေဒင်လုပ်ခဲ့တဲ့အရှုပ်တွေဖြစ်ပေမယ့် ကျောက်ဟိုင်ခေါင်းပေါ်ပုံကျလာခဲ့သည်ပေ။
ကျောက်ဟိုင် ခေါင်းတစ်ချက်ရမ်းရင်း
“ မင်းသွားနိုင်ပါပြီ၊ ညစာစားချိန်မှ လာခေါ်နိုင်တယ်”
မာဂ့်ကနားလည်ကြောင်း အသံပြုပြီးထွက်သွားသည်။ သို့သော် တံခါးအပြင်ဘက်တွင်သာရပ်နေခြင်းဖြစ်ပြီး အစောင့်သဖွယ်ရှိနေလေသည်။ကျောက်ဟိုက် သက်ပြင်းချလိုက်ပြီး ဘာမှမပြောတော့ပေ။
သူ့အနေနဲ့ အဆင့်မြင့်တင်ဖို့လိုအပ်တာတွေ၊ လုပ်စရာတွေရှိနေသည်မို့ ထိုကိစ္စကိုပဲ အာရုံစိုက်ထားချင်လေသည်။
အခုအချိန်မှာ သူက မုန်လာဥဖြူကိုစိုက်ပျိုးထားသည်။ ပြီးရင်ရိတ်သိမ်းပြီးပြန်ရောင်းလိုက်ရင် အနည်းဆုံးရွှေပြား ငါးရာတော့ပြန်ရပေမည်။ ခြုံပြောရရင် သူရွှေပြားသုံးရာ့ငါးဆယ်ရှာနိုင်ပေမည်။
သူ မုန်လာဥဖြူတွေကို စပါးကျီအပြင်ဘက်ကိုယူပြီး ဂရင်းကိုရောင်းခိုင်းလို့ရနိုင်သေးသည်ပေ။ သို့ပေမယ့် ဒီအာ့ဆုကုန်းမြေမှာ မုန်လာဥဖြူတွေရှိရောရှိကြရဲ့လားကို မသိနိုင်ပေ။ အေဒင်က ငပျင်းတစ်ယောက်ဖြစ်ပြီး သခင်လေးတစ်ယောက်လည်းဖြစ်တော့ သူစားသမျှက အကောင်းစားတွေဖြစ်ပြီး သေချာချက်ပြုတ်ပြင်ဆင်ထားတာတွေဖြစ်ကြသည်။ ထို့ပြင် အေဒင်ကလည်း ဒါဘာဟင်းတွေလဲစသဖြင့် မေးမည့်လူစားမဟုတ်လေတော့ အာ့ဆုကုန်းမြေမှာ မုန်လာဥဖြူတောင်ရှိရဲ့လားဆိုတာ ကျောက်ဟိုင်အနေနဲ့ မသေချာတော့ပေ။
မုန်လာဥဖြူတွေကို ရောင်းလို့မရရင်တောင် အခြားသုံးစရာတွေအများကြီးရှိနေသေးသည်။ မုန်လာဥကို ဟင်းချက်စားသည်က သိပ်စားလို့ကောင်းသည်ပေ။ မုန်လာဥရွက်ကလည်း စားလို့ကောင်းလွန်းသည်။ သူငယ်ငယ်ကဆို သူ့အမေက မုန်လာဥချဉ်ဖက်လုပ်ကျွေးခဲ့တာကို အမှတ်ရလာသည်။ အရသာကကောင်းလွန်းပြီး ကျောက်ဟိုင်ငယ်ငယ်က သဘောကျတဲ့အထဲပင် ပါခဲ့သေးသည်။
ဒါ့အပြင် မုန်လာဥရွက်ကို ကျွဲနွားတွေကိုကျွေးလို့ရသေးသည်။ ဂရင်းပြောစကားအရ အာ့ဆုကုန်းမြေမှာ ဘာမဆိုစားတဲ့မှော်ဝင်သားရဲတွေရှိသည်။ သူတို့ကိုသာကျွေးလိုက်ရင် စရိတ်အတော်သက်သာသွားပေလိမ့်မည်။ နောင်အခါမှာလည်း မှော်ဝင်သားရဲတွေကိုကျွေးဖို့သက်သက်ဆိုပြီး ၀န်ပိစရာမလိုတော့ပေ။ သူစားကျက်မြေရလာရင်လည်း ဒီနည်းအတိုင်းကျွေးရင်းနဲ့ အမြတ်ငွေတွေပိုတိုးလာဖို့သာရှိသည်။
ကျောက်ဟိုင်ရဲ့အတွေးတွေအရ သူ့ဘ၀ရှေ့ရေးက စိုက်ပျိုးရေးကိုပဲ မူတည်နေသည်။ တိုက်ပွဲဝင်ချီလည်း လေ့ကျင့်လို့မရ၊ မှော်ပညာလည်းသင်လို့မရမှတော့ စိုက်ပျိုးရေးကသာ သူနဲ့အသင့်တော်ဆုံးဖြစ်သည်။
သူ့မှာ ကျယ်ပြောတဲ့ကံကျွေးခံမြေကြီးရှိသည်။ တောင်တစ်လုံးရယ်၊ အနက်ရောင်လွင်တီးခေါင်မြေတွေနှင့် ကာရီယွန်မာ့ရ်ှလည်းအပါအ၀င်ဖြစ်သည်။ ထိုမြေတွေအားလုံး တိုးတက်ထွန်းကားလာဖို့ဆိုရင် အချိန်အတော်ယူရဖို့ရှိသည်။
နေရာလပ်ဒေသက မြေဆီလွှာနဲ့ ရေတွေက အနက်ရောင်လွင်တီးခေါင်ဒေသကို ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်ရပေမည်။ ထိုသို့ပြောင်းလဲသွားခဲ့ရင် သူ့မှာ စိုက်ပျိုးသမျှဖြစ်ထွန်းတဲ့ မြေနေရာအကျယ်ကြိးပိုင်ဆိုင်သွားပေလိမ့်မည်။ သူဘာမှလုပ်စရာမလိုတော့ဘဲ ဘူတကလန်အတွက် တိုးတက်ကြီးပွားဖို့ချည်းဖြစ်လာလိမ့်မည်။
ယောင်္ကျားတစ်ယောက်ရဲ့စွမ်းအားနဲ့ပက်သတ်ပြီး ကျောက်ဟိုင် စိုး၇ိမ်တာမျိုးတော့မ၇ှိပေ။ ဒီကုန်းမြေက မြေကမ္ဘာနဲ့မတူတာက ဒီနေရာမှာ အစေခံတွေရှိခြင်းပင်။
မင်းမှာသာပိုက်ဆံရှိရင် အစေခံတွေဝယ်ယူနိုင်ပြီး အစေခံတွေရဲ့သေခြင်း၊ရှင်ခြင်းကိုလည်း သခင်ကပဲဆုံးဖြတ်နိုင်စွမ်းရှိသည်ပေ။ သခင်ကိုသာ သူတို့ကကိုးကွယ်ကြပြီး တစ်သက်လုံးအလုပ်အကျွေးပြုသွားရတာဖြစ်သည်။၀ယ်ယူပြီးကတည်းက သူတို့ရဲ့နှဖူးပေါ်တွင် ပိုင်၇ှင်ရဲ့ကလန်တံဆိပ်ကို ခတ်နှိပ်ထားပြီးသားဖြစ်သည်။ ထွက်ပြေးခဲ့လို့ပိုင်ရှင်ကပြန်ရှာတွေ့ခဲ့ရင်တော့ အကျိုးဆက်က မတွေးရဲစရာပင်ဖြစ်သည်။
သူ့မြေယာတွေက ပိုက်ဆံအများကြီးရှာနိုင်နေသမျှတော့ အပြုအမူတွေ ဈစရိတ်တွေအတွက် စိုး၇ိမ်နေဖို့မလိုပေ။ ဒီအာ့ဆုကုန်းမြေကြီးမှာ အစေခံတွေပေါများပေသည်။ တကယ်လို့မလောက်ငရင်တောင်မှ လျော်ကြေးပေးပြီး အစေခံတွေအဖြစ် ပြောင်းနိုင်လေသည်။
ထိုသို့လုပ်နိုင်စွမ်းကို အထက်တန်းလွှာတွေက ပိုင်ဆိုင်သည်။ ဒီကုန်းမြေကြီးမှာတော့ အထက်တန်းလွှာတွေကသာ အရာရာဖြစ်ပေသည်။
သို့သော်လည်း ယခုလက်ရှိ ကျောက်ဟိုင်အခြေအနေက အမှားခံလို့မဖြစ်ပေ။ သူသာ အစေခံတွေအများကြီးဝယ်လိုက်လျှင် အားလုံးရဲ့အာရုံစိုက်စရာဖြစ်လာလိမ့်မည်။ သိုသိုသိပ်သိပ်နေဖို့လိုသည်၊ သိုသိုသိပ်သိပ်နေဖို့က သူ့ရဲ့ မူဝါဒတစ်ရပ်ဖြစ်ပြီး ယာတွေကတော့ သူဖွဲ့ဖြိုးဖို့အတွက် သော့ချက်ဖြစ်သည်။
အတွေးတွေနဲ့သေချာအစီအစဉ်ချပြီးလေတော့ ကျောက်ဟိုင် သက်ပြင်းချပြီး ကုတင်ပေါ်လှဲအိပ်လိုက်သည်။
သူဝတ္ထုတွေဖတ်ရတာကြိုက်ပေမယ့် ၀ိဥာဉ်ကူးပြောင်းချင်တယ်လို့တော့ မဆိုလိုပေ။ ဘုရားသခင် ကွန်ပျူတာကလွဲပြီးဘာမှမသိတဲ့လူတစ်ယောက်ကို ရှေးခေတ်ပို့ပြီး ကွန်ပျုတာနဲ့ခွဲထားတာကတော့ မမျှတဘူးထင်ပါတယ်။ ဒါ လုံးဝမတရားပါဘူး။
ကျောက်ဟိုင် အိပ်ယာပေါ်တွင် လှိမ့်နေသည်။ နောက်တော့ငြိမ်သွားပြန်ကာ ကျောက်တုံးမျက်နှာကျက်ကိုစိုက်ကြည့်သည်။
ဒီလိုရှေးကျပုံနဲ့တော့ ဖျော်ဖြေးရေးတွေရှိမယ့်ပုံတော့မမြင်ပေ။
ဘယ်မှာလဲ ၀တ္ထုတွေ …. အား…. သူတကယ်ပဲ ၀တ္ထုတွေဖတ်ချင်တယ်…..
သူဒီနေ့မှာ အများကြီး ကြုံတွေ့လိုက်ရသည်။ ၀ိဥာဉ်ကုးပြောင်းပြီး အေဒင့်ရဲ့ များပြားတဲ့မှတ်ဥာဏ်တွေကိုလည်း လက်ခံခဲ့ရသည့်အပြင် ထူးခြားတဲ့နေရာလပ်လယ်ယာတွေကိုလည်း ရလိုက်သေးသည်။ သူ့စိတ်တွေက စိတ်လှုပ်ရှားရတာရော၊ ခြောက်ချားရတာတွေရောနှင့် ပြင်းထန်တဲ့လှိုင်းဒဏ်ကို ခံထားရသလို မောပန်းနွမ်းနယ်လာသည်။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ ကျောက်ဟိုင် အိပ်မောကျသွားတော့သည်။
အိပ်ပျော်သွားတဲ့ကျောက်ဟိုင်ကတော့ မသိနိုင်တော့ပေမယ့် သူအိပ်မောကျသွားတာနဲ့ တံခါးက ဖြေးညှင်းစွာပွင့်သွားပြီး မာဂ့်ဝင်လာခဲ့လေသည်။ သူမလေးက လည်ကိုဆန့်ပြီး ကျောက်ဟိုင်ကို လှမ်းကြည့်သည်။ အိပ်ပျော်နေတာသေချာမှ ၀င်လာလေသည်။ ပြုတ်ကျနေတဲ့စောင်ကို ကျောက်ဟိုင်ကို လွှမ်းခြုံပေးပြီး ခပ်တိုးတိုးရေရွတ်သေးသည်။
“ သခင်လေး ပင်ပန်းသွားပြီ အနားယူလိုက်ပါ။ ဘူတမိသားစုက သခင်လေးနောက်မှာရှိပါတယ်”
ထိုသို့ပြောပြီးတာနဲ့ ချက်ချင်းပြန်ထွက်လာခဲ့သည်။ တံခါးကိုခပ်ဖြေးဖြေး ပြန်ပိတ်ပြီးပြီးချင်းပါပဲ ဂရင်းက ရောက်လာလေသည်။ သူက မာဂ့်ကိုကြည့်ပြီဒ
“ မာဂ့် သခင်လေးရော ဘာလုပ်နေလဲ”
“ ဘာမှမလုပ်ပါဘူး အိပ်သွားပါပြီ”
“ ကောင်းပြီ ဒါဆိုရင် အဘွား ညစာပြင်နေတာကိုသွားကူလိုက်ဦး။ ညစာအဆင်သင့်ဖြစ်ရင် သခင်လေးကို အကြောင်းကြားလိုက်ပါ”
“ ဟုတ်ကဲ့”
“ အဘိုးတို့က အရင်လိုမဟုတ်တော့ပေမယ့် အထက်တန်းလွှာတွေရဲ့ မြင့်မြတ်တဲ့အမူအကျင့်တွေကိုတော့ သတိထား၇မယ်နော်”
“ ဟုတ်ကဲ့”
မာဂ့်သူ့အဘိုးကို သေချာကြည့်လိုက်သည်။ဂရင်းတစ်ဘ၀လုံး ဘူတမိသားစုကိုသာ အလုပ်အကျွေးပြုခဲ့သည်။ သို့ပေမယ့် သူ့မျက်စိရှေ့မှာတင် ဘူတမိသားစုက ကပ်ဆိုးစိုက်သွားလေတော့ သူ့ပူပန်မှုတွေကို မာဂ့်နားလည်နိုင်ပေသည်။
မီးဖိုချောင်ထဲရောက်တော့ မယ်ရင်း ညစာအတွက်ပြင်ဆင်နေတာကို တွေ့ရသည်။ အခုဆိုရင် သူမကသာ စားဖိုမှူးဖြစ်နေသည်မဟုတ်လား။ ဒီလူတွေအတွက် မယ်ရင်းကသာ အစစအရာရာပြင်ဆင်နေရသည်ပေ။ အပြင်ဘက်က အစေခံတွေအတွက်တော့ သူတို့စိတ်ပူစရာမရှိပေ။ ဂရင်းက စားစရာတွေပေးထာြး့ပီးသားမို့ သူတို့ဘာသာအဆင်ပြေသလို စားပေလိမ့်မည်။
အစေခံတွေက နိမ့်ကျတဲ့နေရာကလာခဲ့တာမို့ အခုလိုနေရာပေးကာ၊ကျွေးမွေးတာနဲ့တင် လုံလောက်သည်ထက်ပိုနေပေပြီ။ အခြားသော အထက်တန်းလွှာတွေဆီတွင် နေရသည့် အစေခံတွေဘ၀ကလည်း သိပ်အကောင်းကြီးမှမဟုတ်ပေဘဲ။
အခုဆိုရင် ဘူတကလန်က အဘိုးဖြစ်သူကိုသာ အရာအားလုံး မှီခိုနေရသည်။ သခင်လေးကလည်း ဘာမှမလုပ်တတ်သလို ဘာမှလည်းနားမလည်တာမို့ ရေရှည်အတွက်မကောင်းပေ။ ဒီလိုအခြေအနေရောက်နေတာမို့ အေးဒင်နားလည်မှုရှိလာဖို့သာ မာဂ့်မျှော်လင့်ပေသည်။
သခင်လေးသာ စိတ်ဝင်စားမယ်ဆိုရင် သင်ယူနိုင်စရာတွေအများကြီးရှိနေပေသေးသည်။ အရင်က သခင်လေးမှာ အပျော်အပါးမက်ပြီး ကျန်တာတွေစိတ်မ၀င်စားခဲ့လို့ ဘာမှသင်ကြားနိုင်ခြင်းမ၇ှိပေ။ ဒါကြောင့် ဘာမှလည်းနားမလည်ဖြစ်ခဲ့သည်ပဲ။ တကယ်လို့သခင်လေးသာ ထိုအရာကို စိတ်ပါဝင်စားစွာနဲ့လေ့လာသင်ယူခဲ့မယ်ဆိုရင် ဘူတကလန်အတွက် တိုးတက်ဖို့မျှော်လင့်လို့ရနို်င်ပေသည်။
အရင်က ဘူတကလန်က သိပ်ချမ်းသာတာမဟုတ်ပေမယ့်လည်း သူတို့ပြစ်မှုကျူးလွန်သူတွေအဖြစ် စွဲချက်တင်ခံရပြီးနောက် ပိုင်ဆိုင်မှုတွေကိုနိုင်ငံတော်ဘဏ္ဍာတွေအဖြစ် သိမ်းယူခြင်းမပြုခဲ့ပေ။ အားလုံးကိုရောင်းချလိုက်လျှင် ရွှေဒင်္ဂါးသိန်းကျော်ရှိပေသည်။
သို့သော်လည်း ဂရင်းက အားလုံးကို လိုအပ်တာတွေဝယ်လိုက်တဲ့အခါမှာတော့ ရွှေဒင်္ဂါးရာကျော်သာကျန်ရှိတော့သည်။ အရင်လိုသာ အေဒင်က ဖြုန်းတီးနေပါက အစာငတ်သေမယ့်ဘေးကို စောင့်နေဖို့ရာသာရှိတော့သည်။
အခုအချိန်မှာတော့ အေဒင့်အနေနဲ့ ဘူတကလန်တိုးတက်ရေးအတွက် ဆောင်ရွက်ဖို့သာ မျှော်လင့်တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset