Chapter – 174.3 ” နှင်း ဧကရီ ”
°°°
ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ သူ့ရဲ့ပင်ပန်းမှုတွေ ပျောက်ကွယ်သွားတာကို ခံစားလိုက်ရပါတယ်။ လျှပ်စီးဧကရာဇ်က ပိုပိုပြီးမြန်ဆန်လာခဲ့ပါပြီ။ နှင်းဧကရီက ရွှေရောင်အလင်းတန်းတွေနဲ့ ဖုံးလွှမ်းထားပြီတဲ့နောက် တစ်ပြိုင်နက်ထဲမှာပဲ နတ်အသိဉာဏ်က လုံး၀ကိုတည်ငြိမ်လို့သွားပါတော့တယ်။
ကြည်လင်တောက်ပနေတဲ့ ပုလဲလေးက သူ့ရဲ့ချက်မှာရှိနေဆဲဖြစ်သလို ရွှေရောင်အလွှာတွေရဲ့ဖုံးလွှမ်းထားတာကိုလဲ ဟို့ယွိဟောင် ခံစားမိလိုက်ပါတယ်။ ဒီပုလဲလေးရဲ့စွမ်းအားတွေအားလုံးကို လုံး၀ချိတ်ပိတ်တာပြီးဆုံးလို့သွားခဲ့ပါပြီ။
ဒီခံစားချက်က အတော်ကိုထူးဆန်းပါတယ်။ တခဏတာအတွင်းမှာ ပြိုကွဲသွားမလိုဖြစ်နေခဲ့တဲ့အင်အားက အေးခဲခံလိုက်ရသလိုပါပဲ။ နှင်းဧကရီရဲ့ အမူအရာကလဲ ပိုမိုတည်ငြိမ်လို့လာခဲ့သလို သူ့ရဲ့မောက်မာတဲ့ပုံစံကလဲ နူးညံ့လို့သွားခဲ့ပါပြီ။
ဟို့ယွိယောင်ရဲ့နှလုံးသားထဲမှာထူးဆန်းတဲ့ခံစားချက်တချို့ကို ခံစားလိုက်ရတာကြောင့် သူမျက်လုံးတွေကို ပိတ်လိုက်ပါတေ့တယ်။ ဘယ်အရာကသူ့ကိုအသိဉာဏ်အလင်းပွင့်စေမှန်းမသိပေမဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ နစ်မြုပ်လို့သွားခဲ့သလို နက်ရှိုင်းတဲ့တရားထိုင်တဲ့အခြေအနေကို သူရောက်သွားခဲ့ပါပြီ။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာတော့ ကျန်ဟုန်ချန်က မြေအောက်အခြေစိုက်စခန်းထဲမှာ ရပ်နေခဲ့ပါတယ်။ အရှေ့မှာရှိနေတဲ့အရာအားလုံးက တကယ်ကိုမျက်စိနောက်စရာဖြစ်နေခဲ့တယ်။
မြေပြင်အခြေစိုက်စခန်းက လုံး၀ကိုအရှုပ်အထွေးတွေဖြစ်နေခဲ့ပြီ စမ်းသပ်စားပွဲခုံတွေရဲ့ သုံးပုံတစ်ပုံလောက်ကသာ ကောင်းကောင်းအလုပ်လုပ်ပါတော့တယ်။ ကျန်တာတွေအားလုံးက ဖျက်ဆီးခံလိုက်ရပါပြီ။ ဒါတွေရဲ့တန်ဖိုးက မနည်းလောက်ပါဘူး။ ဒါ့အပြင် ထူးခြားတဲ့သတ္ထုတွေအများကြီးက ပျက်စီးလို့သွားပါတော့တယ်။
ကျန်ဟုန်ချန် စိတ်အဖိစီးဆုံးအရာကတော့ ဒီပြင်းထန်တဲ့တိုက်ပွဲကြီးကြောင့် မြေအောက်အခြေစိုက်စခန်းက မတည်မငြိမ်တွေဖြစ်နေတာပါပဲ။ ကံကောင်းစွာနဲ့ပဲ ပျက်စီးတဲ့အခြေအနေကို မရောက်သေးပါဘူး။ သူ့ရဲ့လူတွေကို ချက်ချင်းအမိန့်ပေးလိုက်ပြီ အခြေစိုက်စခန်းကို ဘာမှမဖြစ်ခင် တည်ငြိမ်အောင်နဲ့ပြန်ခိုင်မာအောင်တည်ဆောက်ဖို့ညွှန်ကြားရပါတော့တယ်။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ဘယ်တုန်းကမှဒီလောက်အထိ အထိမနာဖူးပါဘူး။ ပျက်စီသွားတဲ့ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်က နှလုံးနာစရာကောင်းလောက်အောင် ကြောက်စရာအခြေအနေထိကို ရောက်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် သူတို့ဆုံးရှုံးသွားတဲ့အသက်တွေဆိုတာကလဲ မနည်းခဲ့ပါဘူး။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက သူ့ကိုပိုင်ဆိုင်တာမဟုတ်ပဲ ဒီနေရာကြီးက နေလနိုင်ငံတော်တစ်ခုလုံးရဲ့ ၀ိညာဥ်လက်နက်တွေကို စူးစမ်းလေ့လာတဲ့အခြေစိုက်စခန်းကြီးပါ။ ခေတ်မီတိုးတက်တဲ့၀ိညာဥ်လက်နက်တွေကို ဖွံ့ဖြိုးတိုတက်အောင်လုပ်ဖို့တာ၀န်ယူထားရတဲ့ သူအတွက်က သူ့ရဲ့လက်ရှိနေလနိုင်ငံမှာရှိနေတဲ့ အဆင့်အတန်းနဲ့တောင် ဒီကိစ္စကြီးတစ်ခုလုံးကို တာ၀န်ယူဖို့ဆိုတာအတော်ကိုခက်ပါလိမ့်မယ်။ ဒါ့အပြင် တော်၀င်မိသားစုက သူ့ကိုဖိအားအများကြီးပေးမှာပါ။
” ခန္ဓာကိုယ်မျိုးနွယ် ခန္ဓာကိုယ်မျိုးနွယ် ”
ကျန်ဟုန်ချန် အတော်ကို ဒေါသထွက်နေခဲ့ပါပြီ။ ဘာမှမအောင်မြင်သွားအောင် ဒီလူတွေကိုသူလိုက်ဖမ်းခဲ့ပါတယ်။ လှိုင်ခေါင်းတွေရဲ့တစ်၀က်ကိုရောက်ချိန်မှာ သုပုစီး က ရုတ်တရက်ဆိုသလို လှိုင်ခေါင်းကိုဖြိုချပြစ်လိုက်ရင်း သူ့လူတွေထွက်ပြေးလို့ရအောင်လို့ လုပ်သွားခဲ့တယ်။
ကျန်ဟုန်ချန်လဲ စစ်တပ်ကိုအမိန့်ချပြီ မြို့တော်တစ်ခုလုံးကို ပိတ်ချဖို့အတွက် ညွှန်ကြားလိုက်ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်မှန်းသိနေခဲ့တယ်။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့စွမ်းအားတွေနဲ့ဆိုရင် စစ်တပ်ကသူတို့ကို ဘယ်လိုတားလို့ရမလဲ။
” ခန်းမသခင် ”
လင်းကျားယွီက တုန်ရီနေတဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။ ကျန်ဟုန်ချန်ကလဲ သူ့ကိုလှည့်ကြည့်လာခဲ့တယ်။
” ဘာဖြစ်ပြန်တာလဲ ”
ကျန်ဟုန်ချန်စိတ်အေးအောင် ကြိုးစားပြီမေးလာခဲ့တယ်။
” သိုလှောင်စခန်းကအဆင်ပြေပါတယ်…ဘာမှအများကြီးမဆုံးရှုံးသွားဘူး…ခေတ်မီတိုးတက်တဲ့စက်ကိရိယာတွေအားလုံးကလဲ သင့်တော်တဲ့အနေအထားမှာရှိနေတယ် ”
လင်းကျားယွီရဲ့စကားကိုကြားချိန်မှာ သတင်းကောင်းတချို့ပါလာတဲ့အတွက် သူသက်ပြင်းချလိုက်မိပါတယ်။ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ပစ်မှတ်က သန္ဓေသားဖြစ်ပုံပါပဲ။ ဒါ့အပြင် ဒီသန္ဓေသားအတွက်နဲ့ မျိုးနွယ်စုတစ်ခုလုံးကိုခေါ်လာပြီတိုက်ခိုက်တာပါ ကျန်ဟုန်ချန်လဲ သေချာလက်စားချေဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။
” ဒါပေမယ့် ”
လင်းကျားယွီ နောက်ထွက်လာတဲ့စကားက ကျန်ဟုန်ချန်ကို တောင့်တင်းသွားစေခဲ့တယ်။
” ဘာဖြစ်တာလဲ ဆက်ပြီမြန်မြန်ပြော ရှင်းရှင်းလင်းလင်းပြော ”
” ဒါပေမယ့် စမ်းသပ်ပစ္စည်းနံပါတ်တစ်က ပျောက်ဆုံးနေပါတယ် ”
ကျန်ဟုန်ချန်သူ့ရဲ့မျက်စိရှေ့က မြင်ကွင်းတစ်ခုလုံး မှောင်မိုက်သွားတာကို ရုတ်တရက်ခံစားလိုက်ရတယ်။ တစ်ကိုယ်လုံးတုန်ရီလို့သွားခဲ့ပြီ နောက်ပြန်လဲကျသွားမလို့တောင် ဖြစ်သွားခဲ့ပါတယ်။ လင်းကျားယွီက သူ့ဆီကိုချက်ချင်းဆိုသလိုအပြေးလာရင် တွဲလိုက်ရတယ်။
မိုးကောင်းကင်ကြီးတစ်ခုလုံးပြိုကျသွားသလို သူတုန်လှုပ်နေရပါပြီ။ အခုလက်ရှိအချိန်မှာ သူထိတ်လန့်ကြောက်ရွံ့နေသလို အတော်လေးလဲ ဒေါသထွက်နေခဲ့ပါတယ်။
” မင်းအခုပြောလိုက်တာကို ပြန်ပြောစမ်း ”
ကျန်ဟုန်ချန်ရဲ့အသံတောင် တုန်နေခဲ့ပါတယ်။ လင်းကျားယွီလဲအတူတူပါပဲ။
” စမ်းသပ်ပစ္စည်းနံပါတ်တစ်ပျောက်ဆုံးနေပါတယ် ”
ကျန်ဟုန်ချန် ကျိန်ဆဲရင်းပါးစပ်အပြည့်သွေးတွေကို အန်ထုတ်ကာ လင်းကျားယွီရဲ့လက်မောင်းထဲမှာ သတိလစ်လို့သွားပါတော့တယ်။
စမ်းသပ်ပစ္စည်းနံပါတ်တစ်ဆိုတာ ဘာကိုပြောတာပါလိမ့် ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ နံပါတ်တစ်စမ်းသပ်ပစ္စည်းပါ။ တစ်၀က်သာပြီးသေးပေမဲ့ ရှိရှိသမျှလေ့လာမှုတွေအားလုံးကို ပေါင်းစည်းထားတဲ့ ထိပ်တန်းပစ္စည်းပါပဲ။
ကျန်ဟုန်ချန် သတိပြန်ရလာချိန်မှာ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီ မျက်လုံးတွေကလဲ မျက်ရည်အပြည့်ပါပဲ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ဒီလောက်ပျက်စီးတယ်ဆိုတာကို သူလက်ခံနိုင်ပေမဲ့ စမ်းသပ်ပစ္စည်းနံပါတ်တစ်အခိုးခံလိုက်ရတဲ့ကိစ္စကိုတော့ သူဘယ်လိုမှသည်းမခံနိုင်ပါဘူး။ ဒါက တစ်နိုင်ငံလုံးရဲ့ လုံခြုံစိတ်ချမှုကိုတောင် ခြိမ်းခြောက်နိုင်တဲ့ကိစ္စပါ။
ဒါကြောင့် သူအသက်ပြင်းပြင်းရှုသွင်းရင် တခဏတာကြာပြီမှသာ မေးလာခဲ့ပါတယ်။
” ဒီကိစ္စကို မင်းအပြင်ဘယ်သူသိသေးလဲ ”
လင်းကျားယွီက ခေါင်းခါရင်ပြောလာခဲ့ပါတယ်။
” ကျွန်တော်ကိုယ်တိုင်းစမ်းသပ်ခန်းနံပါတ်တစ်ကိုသွားပြီစစ်ဆေးတာပါ တံခါးကိုလဲချိတ်ပိတ်ထားတဲ့အပြင် တံခါးရဲ့လျှို့၀ှက်နံပါတ်ကိုလဲ ချက်ချင်းပြောင်းလဲပြစ်လိုက်ပါပြီ ပျောက်နေတာသိသိချင် ချက်ချင်းအားလုံးလုပ်ပြီမှ လာပြောတာပါ ”
” ကောင်းပြီ ဒီကိစ္စကိုဘယ်သူမှမသိစေနဲ့ ”
လင်းကျားယွီလဲ ချက်ချင်းခေါင်းညိတ်လိုက်ပါတယ်။ ကျန်ဟုန်ချန်ကတော့ မျက်နှာမှာသွေးရောင်တောင် မရှိတော့ပါဘူး။ ခန္ဓာကိုယ်မျိုးနွယ်အပေါ်သူ့ရဲ့မုန်းတီးမှုက ငယ်ထိပ်ကြီးအထိကိုရောက်သွားပါတော့တယ်။ သူ့ရဲ့တစ်ခုတည်သောမျှော်လင့်ချက်ဖြစ်တဲ့ စမ်းသပ်ပစ္စည်းနံပါတ်တစ်ကနည်းပညာမြင့်လွန်တာကြောင့် ဘယ်သူမှအသုံးမပြုနိုင်အောင်ခက်ခဲလွန်နေပါတယ်။ အကယ်၍ ဒါကိုတစ်စဆီဖြုတ်လိုက်မယ်ဆိုရင် အထဲမှာရှိနေတဲ့ပစ္စည်းကပစ္စည်းကိုလုံး၀ပျက်စီးသွားအောင် အထဲကနေ ဖောက်ခွဲပြစ်ဖို့ပါ။ ဒါက သူခိုးအခိုးခံရတာကို ကာကွယ်အောင်လုပ်တဲ့နည်းလမ်းပါပဲ။ လက်ရှိအချိန်မှာကတော့ အဲ့ဒီလိုလုပ်ခဲ့တာက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်သွားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အရမ်းကိုတန်ဖိုးကြီးတဲ့ သတ္ထုတွေကိုတော့ သူတို့ဆုံးရှုံးသွားခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက အတော်ကြီးကို လျှို့၀ှက်ပါတယ်။ ဒါကြောင့် ဒီကိစ္စအပြင်ကိုထွက်မသွားသေးသရွေ့ သူတို့တိတ်တဆိတ်ဖြေရှင်းနိုင်ချေရှိနေသေးတယ်။
ကျန်ဟုန်ချန်လဲ သူ့ကိုယ်သူထရပ်နိုင်အောင်လို့ အားတင်းလိုက်ရင်း အရေးကြီးတဲ့အခြေအနေကို သတိရလိုက်တဲ့အတွက် တည်ငြိမ်မှုကို ပြန်ထိန်းလိုက်ရပါတော့တယ်။
” ဒီနေ့ဖြစ်တဲ့ကိစ္စတွေအားလုံးအတွက် အားလုံးကိုသေချာနှုတ်ပိတ်ထားလိုက် ”
” ဒီကိစ္စရဲ့သတင်းကိုထွက်၀ံ့တဲ့ဘယ်သူမဆိုတစ်ခါထဲကွပ်မြက်ခံရမယ်…ချွင်းချက်မရှိဘူး ”
” လေလံပွဲတွေအားလုံးဆီလူတွေပို့လွှတ်ပြီ အဆင့်မြင့်တဲ့လေလံပွဲတွေအားလုံးကို သေချာစစ်ဆေးအကယ်၍ စမ်းသပ်ပစ္စည်းနံပါတ်တစ်သာ ပေါ်လာခဲ့မယ်ဆိုရင် အစွမ်းကုန်သုံးပြီပြန်ယူရမယ် ”
” နောက်ဆုံးတစ်ခုက ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့နာမည်ကိုအသုံးပြုပြီး ကြေးစားလူသတ်သမားတွေနဲ့ အဖွဲ့အစည်းတွေအားလုံးကို သတင်းပို့လိုက် ခန္ဓာကိုယ်မျိုးနွယ်က တွေ့သမျှလူအားလုံးကိုသတ် ဒါဆိုရင် အဆင့်မြင့်ဆုံးဆုငွေတွေရမယ် ”
” ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲက ဒဏ်ရာရထားတဲ့သူတွေကလွဲပြီ ကျန်ရစ်တဲ့ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့လူတွေအားလုံးက ငါတို့မြေအောက်အခြေစိုက်စခန်းကိုပြန်လည်ပြုပြင်ဖို့အတွက် အားဖြည့်ရမယ်…အကြီးအကဲတွေကို ကူပြီတော့သတင်းပို့ပေး ငါတို့လက်ရှိအချိန် ခုခံမှုကိုပြန်ပြီတိုးဖို့လိုပြီ နောက်ထပ်ပြစ်ချက်တွေမဖြစ်စေရဘူး…နားလည်လား ”
” ဟုတ်ကဲ့ပါ ”
လင်းကျားယွီက ခပ်မြန်မြန်ပြန်ဖြေလိုက်ပါတယ်။ ကျန်ဟုန်ချန်ကိုလဲ သူပြန်လွှတ်ပေးလိုက်ပါပြီ။
ကျန်ဟုန်ချန်က တစ်စုံတစ်ရာကို သတိရသွားတဲ့အတွက် မေးလာခဲ့တယ်။
” အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားတွေရောဘယ်လိုလဲ အထူးသဖြင့် ဟို့ယွိဟောင်ပဲ ထိခိုက်သွားတာရှိသေးလား ”
ဒီမေးခွန်းမေးလာမှာကို လင်းကျားယွီက ကြိုသိနေခဲ့ပါတယ်။ ဒါကြောင့် သူကစောစောစီးစီးထဲက အခြေအနေတွေကို လေ့လာပြီသားပါ။
” ဖန်းယွီနဲ့ ဟယ့်ချိုက်ထို့တို့က လက်ရှိစမ်းသပ်ဖို့အတွက် အပြင်ထွက်နေပါတယ်…ဒါကြောင့် သူတို့ကမြေအောက်အခြေစိုက်စခန်းမှာရှိမနေပါဘူး…တော်တော်များများကလဲ အပြင်ဖက်စမ်းသပ်လေ့လာရေးနယ်မြေမှာရှိနေတာပါ ဒါကြောင့် ပေါက်ကွဲမှုတွေက သူတို့ကိုမထိခိုက်ပါဘူး ..ဒီကောင်တွေအားလုံးက အတော်ကိုကောက်ကျစ်ကြတဲ့အပြင် လုံခြုံတဲ့နေရာကိုအသာလေး ရွေ့သွားပြီတိုက်ပွဲထဲမှာလုံး၀မပါပဲ နေကြတယ်…တချို့ကဒဏ်ရာရပေမဲ့ ဒဏ်ရာတွေကမပြင်းထန်ပါဘူး…ဟို့ယွိဟောင်လဲ အဲ့ဒီလူတွေထဲကတစ်ယောက်ပါပဲ ကျွန်တော်တို့ရဲ့ကုသရေး၀ိညာဥ်ပညာရှင်တွေက သူ့ကိုစစ်ဆေးနေပါပြီ သူသတိလစ်နေပေမဲ့ ပြင်းပြင်းထန်ထန်ကြီးတော့ ဒဏ်ရာရမသွားဘူး..ပေါက်ကွဲမှုနဲ့ ဖုန်မှု့န်တွေကြောင့် သတိလစ်သွားတာဖြစ်လိမ့်မယ်…ပြန်ကောင်းဖို့အချိန် နည်းနည်းလိုမှာပါ ”
” အဲ့ဒါအဆင်ပြေသေးတယ်…အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေတစ်ခုခုဖြစ်ရင် ငါတို့ပြဿနာပိုတက်မယ်…သူတို့တွေကို ကောင်းကောင်းဂရုစိုက်လိုက် ဘာမှဖြစ်လို့မရဘူး ”
” ခန်းမသခင် ဒါကအမျက်ဒေါသကျောင်းတော်နဲ့ ခန္ဓာကိုယ်မျိုးနွယ်တို့တွေ ပူးပေါင်းတဲ့ကိစ္စလို့တွေးမိလား ခန္ဓာကိုယ်မျိုးနွယ်က ကျွန်တော်တို့ရဲ့နေရာကို ဘယ်လိုလုပ်အတိအကျသိမှာလဲ အထူးသဖြင့်စမ်းသပ်ပစ္စည်းနံပါတ်တစ်နဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရှိနေတဲ့နေရာတွေကို သူတို့က ဘယ်လိုလုပ်အတိအကျသိနေရတာလဲ ဒါ့အပြင် နှစ်တစ်သိန်းသားရဲကောင်ကိုလဲ သူတို့ကလွှတ်ပေးလိုက်တဲ့အပြင် ဒါက သစ္စာဖောက်မှုကြီးတစ်ခုဖြစ်နေခဲ့မှာ ကျွန်တော်စိုးရိမ်မိပါတယ် ”
” ငတုံးကောင် ငါဒါကိုမသိဘူးလို့များ ထင်နေတာလား ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က ဒီကိစ္စမှာမပါဘူး…မင်းဦးနှောက်ချောင်နေပြီလား အမျက်ဒေါသကျောင်းတော်မှာရှိတဲ့ဘယ်သူကများ ငါတို့ရဲ့နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ဘယ်နေရာမှာရှိလဲဆိုတာသိလို့လဲ ဘယ်သူကခန်းမရဲ့အတွင်းနယ်မြေထဲကို မ၀င်နိုင်ဘူး…ဒါ့အပြင် ဟို့ယွိဟောင်က ငါတို့နဲ့အတူတူရှိနေတာလေ အမျက်ဒေါသကျောင်းတော်က ဒီလောက်မတုံးဘူး သူတို့တွေက ဒီတစ်ခေါက်ကိစ္စနဲ့ ပတ်သက်ပြီငါတို့ကိုလှောင်ချင်လှောင်ပေမဲ့ ဒါကသူတို့လက်ချက်တော့ မပါလောက်ဘူး…ဒီကောင်တွေခန္ဓာကိုယ်မျိုးနွယ်နဲ့ အဲ့ဒီလောက်ရင်းနှီးတယ်များ မင်းထင်နေလို့လား ”
” ကောင်းပြီ ငါရဲ့အမိန့်တွေကိုမြန်မြန်သက်ဆိုင်တဲ့နေရာတွေဆီပို့လိုက် ဒီကိစ္စနဲ့ပတ်သက်ပြီ ဆိုးကျိုးတွေကို အနည်းဆုံးဖြစ်အောင်လျှော့ရမယ်…ငါတို့နန်းတော်ကိုချက်ချင်းသွားရမယ်…အခုတော့ အိမ်ရှေ့စံမင်းသားကိုသွားပြီတွေ့ရတော့မယ်..ဒါကတကယ်မိုးကောင်းကင်ရဲ့ဆန္ဒလို့ပဲပြောရမှာပေါ့ ”
သူပြောပြီတဲ့နောက် ကျန်ဟုန်ချန်အဝေးကိုပြေးထွက်လို့သွားခဲ့ပါပြီ။
ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ဒီသတင်းကိုအတတ်နိုင်ဆုံးကြိုးစားပြီဖုံးကွယ်ဖို့လုပ်ရင်တောင် ဒီကိစ္စကြီးကို ဘယ်လိုလုပ်အပြီးဖျောက်လို့ရမှာလဲ။
သေချာပေါက် ရက်အနည်းငယ်အတွင်းမှာပဲ တစ်တိုက်လုံးက သိသွားတော့မှာပါ။ နေလနိုင်ငံတော်ရဲ့အမတ်တွေက ကျူးကျော်သူတွေဘယ်သူဆိုတာကို မဖော်ပြရင်တောင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန္ဓာကိုယ်မျိုးနွယ်အပေါ်မှာလူသတ်မိန့်ချလိုက်တဲ့သတင်းကြောင့် နောက်ကွယ်တိုက်ခိုက်မှုကို သူတို့တွေချက်ချင်းနားလည်သွားကြပါလိမ့်မယ်။
တိုက်ကြီတစ်ခုလုံးကတော့ ဒီသတင်းတွေကြောင့် တုန်လှုပ်လို့နေပါပြီ။ တခြားနိုင်ငံတွေကလဲ သတင်းတွေကိုရလိုက်ကြပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဘယ်လောက်ပျက်စီးသွားလဲမသိရပေမဲ့ သူတို့အားလုံးအတွက်တော့ ဒါကကြီးမားတဲ့သတင်းကောင်းကြီးပါပဲ။
နေလနိုင်ငံတော်ရဲ့ဧကရာဇ်ကတော့ ဒီအကြောင်းကိုသိပြီတာနဲ့ အတော်ဒေါသထွက်နေခဲ့ပါပြီ။ ဒါကြောင့် ခန္ဓာကိုယ်အခြေအနေက ပိုလို့ဆိုးရွားလာပါတော့တယ်။ ကျန်ဟုန်ချန်ကလဲ ဒီကိစ္စကြီးကြောင့် ပြင်းပြင်းထန်ထန်ကို အပြစ်ပေးခံခဲ့ရတယ်။ သူ့ရဲ့အပိုင်စားရထားတဲ့နယ်မြေတွေကို ပြန်လည်ရုတ်သိမ်းခံလိုက်ရသလို မြို့စားမင်းနဲ့တူညီတဲ့ရာထူးကိုလဲ ပြန်သိမ်းလိုက်ပါပြီ။ ရွှီချန်ယန်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ရဲ့အပြစ်ပေးခံရမှုက ပိုလို့တောင်ဆိုးရွားမှာပါ။
တိုက်ကြီးတစ်ခုလုံးရဲ့ ခေတ်မီ၀ိညာဥ်လက်နက်တွေစေးနှုန်းက ချက်ချင်းဆိုသလို ကျဆင်းလို့သွားပါတော့တယ်။ ရှားပါးတဲ့၀ိညာဥ်ပစ္စည်းတွေရဲ့တန်ကြေးကတော့ ဆက်တိုက်ဆိုသလို ထိုးတက်လို့နေခဲ့တယ်။ ရှားပါးပစ္စည်းတွေကို လက်ရှိအချိန်မှာ အကူအပြောင်းအလဲအလှယ်လုပ်တာကသာ ပိုပြီးသင့်တော်တဲ့ဖြေရှင်းချက်တစ်ခုဖြစ်လာခဲ့ပါတယ်။
အပိုင်း ၁၇၄•၃ ပြီး၏။