Switch Mode

Chapter – 1066 & 1080

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၆ – ပြန်လည်ထွက်ပေါ်လာခြင်း

အပြာရောင်ကျောက်လမ်းသုံးထောင်တွင် အစီအရင်အဆောင်များ တလူလူဖြစ်နေသည်။ အဆောင်များမှာ ဒါဇင်ပေါင်းများစွာရှိနေပြီး ဤအစီအရင်ကို အသက်သွင်းလိုက်သည်နှင့် ဤထဲသို့ ဝင်လာသည့်နတ်ဘုရားပေါင်းများစွာမှာ ချက်ချင်းသေဆုံးသွားမည်ပင်။

သူတို့သည် ဤအစီအရင်ကို ရက်ပေါင်းများစွာ ပြလုပ်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ပစ္စည်းကိုလည်း အပုံလိုက် အသုံးပြုလိုက်ရသည်။

ရှီဟောင်သည် ထာဝရနန်းတော်သခင်လေး တိချုန်းကို သတ်ပြီး အလင်းတန်းမြို့ရှိ ကလန်ပေါင်းများစွာထံသို့ သွားလည်ထားခြင်းကြောင့်သာမဟုတ်ပါက ဤမျှနတ်ပစ္စည်းပမာဏများစွာကို သူစုဆောင်းနိုင်မည်မဟုတ်ပေ။ သူတို့၏တန်ဖိုးများမှာ တိုင်းတာ၍မရနိုင်လောက်အောင်ပင်။

“ငါတို့ဒီပစ္စည်းတွေကို နောက်ကျရင်လည်း သုံးလို့ရသေးတယ် … ဒီပစ္စည်းတွေအားလုံးက မှော်နဲ့ အစီအရင်အဆောင်တွေဖြစ်သွားပြီ .. အဲဒီတော့ငါတို့နေရာပြောင်းရင် သူတို့ကို သုံးလို့ရသေးတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။ သူသည် သတိလစ်လဲကျမတတ်ကို ပင်ပန်းနေပြီဖြစ်သည်။ ဤအရာအားလုံးကို ပြုလုပ်ရန် လူအင်အား၊ စိတ်အင်အား အများကြီး အသုံးပြုထားရသည်ပင်။

အစီအရင် ၁၀ ခု၏အလယ်တွင် ဖက်တီးလေး၏ သတ်ဖြတ်ခြင်းအစီအရင်၏ ရိုးရှင်းသည့်ပုံစံရှိနေသည်။ သူ၏လက်ရှိ ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူသည် သင်္ကေတအားလုံးကို အသုံးမပြုနိုင်သေးပေ။

ဖက်တီးလေးသည် အပြင်လူများ ဤအစီအရင်ကို ကြည့်၍မနိုင်စေရန်အတွက် သူ၏နတ်အာရုံကို အသုံးပြုကာ ဤနတ်ပစ္စည်းများထဲတွင် သင်္ကေတများရေးထိုးထားသည်သာ။

အစီအရင်ကို အသက်သွင်းလိုက်သည့်အချိန်တွင် ဤနေရာမှာ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။ အစီအရင်အဆောင်များ လူးလွန့်နေကာ တာအိုစင်္ကြံများလည်း တောက်ပနေသည်။ အလင်းလွှာ ၁၀ လွှာပေါ်လာပြီး ဤနေရာကို ကာကွယ်ပေးထားလေသည်။

ရှီဟောင်သည် အလယ်တွင် ထိုင်လိုက်ကာ “မင်းတို့နှစ်ယောက်က ယုံလို့ရလို့လား … ဒီသတ်ဖြတ်ခြင်းအစီအရင်တွေက ငါ့ကိုတော့ လာမရိုက်ခတ်လောက်ဘူးမလား”

“စိတ်လျော့ .. အဲဒီနေရာ အရမ်းလုံခြုံတယ် .. မင်းကို ထိခိုက်မှာမဟုတ်ဘူး” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။

“ငါက အပြာရောင်ကျောက်လမ်းရဲ့ သင်္ကေတမီးတောက်တွေကို သုံးပြီးတော့ ငါ့ခန္ဓာကိုယ်ကို လောင်ကျွမ်းအောင်လုပ်မှာ .. အဲဒါဆိုရင်ရော ဒီအစီအရင်တွေကို ထိခိုက်နိုင်လား” ရှီဟောင်မေးလိုက်၏။

“ငါအခု အတွင်းဘက်အကျဆုံး အစီအရင်ကို ဖယ်ထားလိုက်မယ် .. အဲဒါဆိုရင် အစီအရင်ကို အသက်မသွင်းနိုင်တော့ဘူး .. မူမမှန်တာဖြစ်လာရင် ငါအဲဒါကို ချက်ချင်းနေရာပြန်ရွေ့ပြီးတော့ အသက်သွင်းလိုက်မယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။

သူတို့သည် ဖြစ်လာနိုင်သည့်ပြဿနာမျိုးစုံကို စဉ်းစားပြီး သေချာဆွေးနွေးခဲ့ကြသည်။ ဘာမှမဖြစ်နိုင်ကြောင်း သေချာသွားသည့်အချိန်မှသာ သူတို့၏တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

ရှီဟောင်သည် အရေးကြီးသည့်ပစ္စည်းအားလုံးကိုထုတ်ကာ သူတို့အားပေးထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် တာအိုမီးတောက် တစ်ထောင်ကျော်ကို သူ၏ခန္ဓာကိုယ်တွင် လောင်ကျွမ်းစေလိုက်လျှင် သူ၏အသွေးအသားများ ခမ်းခြောက်သွားမည်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်လည်း ပျက်စီးသွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူ၏ခန္ဓာကိုယ်ပေါ်တွင် သယ်ထားသည့် ပစ္စည်းများကိုပင် ကာကွယ်နိုင်ရန် ခက်ခဲလိမ့်မည်။

သူသည်ပါးစပ်ထဲတွင်သာ ဂျင်ဆင်းတစ်ဝက်သစ်သီးနှစ်လုံးကို ကိုက်ထားသည်။ သို့မှသာ အရေးကြီးသည့်အချိန်တွင် သူ့အသက်ကို ကယ်နိုင်လိမ့်မည်။

ဒုန်း..

တာအိုလေ့လာခြင်းကျောက်တုံးကို အပြာရောင်ကျောက်လမ်းပေါ်သို့ ချလိုက်သည့်အချိန်တွင် ဤနေရာတစ်ခုလုံး တုန်ခါသွားသော်လည်း ဤနေရာကိုတော့ မပျက်စီးစေပေ။ ဤထူးဆန်းသည့်ကျောက်တုံးသည် မီးခိုးရောင်ရှိပြီး အလွန်ပင်သာမန်ဆန်သော်လည်း သူ၏အစွမ်းမှာ သာမန်မဆန်ပေ။

ရှီဟောင်သည် ထိုကျောက်တုံးပေါ်တွင် ထိုင်ချလိုက်ကာ သီးသန့်ကျင့်ကြံခြင်းတွင် အသုံးပြုရန်အတွက် ပြင်ဆင်ထားလိုက်သည်။

“ပစ္စည်းကောင်းပဲ” အပြင်ဘက်တွင်ရှိနေသည့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၊ ဖက်တီးလေးနှင့် ချင်းရိတို့အားလုံး အလွန်ပင် ပျော်ရွှင်သွားကြသည်။ ဘိုးဘေးများ၏ အမြင်များကို ရေးသားထားသည့် အရိုးစာအုပ်အပုံလိုက်လည်း ရှိနေသေးသည်။

ရှီဟောင်သည် ထာဝရနန်းတော်သခင်လေးကို သတ်လိုက်ခြင်းမှ အဖိုးတန်ပစ္စည်းအတော်များများကို ရလိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့်ပင် ထာဝရနန်းတော်၏ အကောင်းဆုံးအဖိုးတန် နတ်စွမ်းရည်များကိုမူ မရလိုက်ပေ။ ဤသည်မှာ သူ့အား အတော်လေးပင် ဝမ်းနည်းစေလေသည်။ သို့သော်လည်း သူရရှိလိုက်သည့်အရာများမှာ အခြားသူများကို ရူးသွပ်သွားစေနိုင်လောက်သည့်အရာများပင်။

“နတ်တစ်ဝက်အသီးတွေ အပြည့်နဲ့ ခြင်းကြီး..” ယုန်ဖြူလေးသည် ထိတ်လန့်တကြားပင် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူသည် ထိုခြင်းကို ဆွဲယူလိုက်ကာ ခုန်ပေါက်နေလေသည်။

သူမ ထိုအသီးများကို မစားချင်ပေ။ မည်သည့်ဝိဉာဉ်ဆေးပင်မဆို တစ်ပင်တည်းဖြင့် လုံလောက်ပါသည်။ သူမသည် ထိုအသီးများထဲမှ အသက်စွမ်းအင်ကို နားလည်အောင်လုပ်ရန်သာလိုအပ်သည်။ ယခုအချိန်တွင် အသီးမျိုးစုံကို တွေ့လိုက်ရသောကြောင့် သူမအလွန်ပျော်ရွှင်သွားရသည်သာ။

ရှီဟောင်သည် အလွန်ပင် ရက်ရောလှကာ ဤအသီးများကို သုံးချင်လျှင် သုံးနိုင်ကြောင်း ပြောလိုက်လေသည်။

“ကောင်းပြီလေ .. ငါစတော့မယ်”

သူ တာအိုလေ့လာခြင်းကျောက်တုံးပေါ်တွင် မလှုပ်မယှက်ထိုင်ချလိုက်ပြီးနောက် အားလုံးတိတ်ဆိတ်သွားလေသည်။ ရုတ်တရက်ပင် အပြာရောင်ကျောက်လမ်းများတောက်ပလာပြီး အလင်းများလည်း တစ်ခုပြီးတစ်ခု တောက်ပလာလေသည်။

နတ်မီးတောက်များ ထွက်ပေါ်လာပြီး ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ ကောင်းကင်ကြီးမှာ အလွန်ပင် တောက်ပလာပြီး တိမ်များလည်း လောင်ကျွမ်းသွားလေသည်။

“တကယ်မိုက်တာပဲ..” ချောင်ယုရှန်း သက်ပြင်းချလိုက်သည်။

“ဒီကောင်ရူးနေတာလား … သူ့ကိုသူ အရှင်လတ်လတ်ချက်စားချင်လို့ ဒီလိုမျိုး လောင်ကျွမ်းအောင်လုပ်နေတာလား” ယုန်ဖြူလေးမှာ သူ့ခေါင်းကို ခေါက်သွားသောကြောင့် ရှီဟောင်အား မကျေနပ်သေးပေ။

အချိန်မည်မျှကြာသွားမှန်းမသိလိုက်သည့်အချိန်မှာပင် ရှီဟောင်အနား၌ မီးတောက်ပေါင်း ၁၅၀၀ ပေါ်လာလေသည်။ ထိုမီးတောက်မှာ တစ်ဖြည်းဖြည်းဖြင့် တိုးများလာပြီး ၁၆၀၀ နားသို့ ရောက်နေလေပြီ။

“ငါ့ရဲ့ အဆင့်လွန်သွေး နှိုးထလာတော့ မီးတောက်တွေကို ခုခံနိုင်စွမ်းကလည်း နည်းနည်းလေး တိုးလာတာပဲ” ရှီဟောင် အံ့အားသင့်သွားရသည်။

ယခင်ကဆိုလျှင် သူ့တစ်ကိုယ်လုံး မည်းတူးနေလောက်လေပြီ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မီးတောက်များမှာ ပို၍အားကောင်းလာသည်။ ၁၆၀၀ မြောက်မီးတောက်ကို ရောက်သွားသည့်အချိန်တွင် သူ၏ဒဏ်ရာများ ပြင်းထန်လာသည်။ သူ၏အရေပြားများ အက်ကွဲလာပြီး အသားများလည်း ကွဲထွက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သင်္ကေတများ သိပ်သည်းစွာ ဖုံးလွှမ်းသွားပြီး ထိုသင်္ကေတများမှာ သူ၏အရိုးများနှင့် ကြွက်သားများထံသို့ ဦးတည်သွားလေသည်။

လေဟာနယ်ထဲမှ ဖန်တီးထားသည့် မီးဖိုလည်း ယခုအချိန်တွင် ပျက်စီးတော့မည်။ သူ၏ခန္ဓာကိုယ်မှာလည်း မီးသွေးပုံဖြစ်တော့မည်။

“လုံးဝကျက်သွားပြီ .. အသားနံ့လေးက လေထဲမှာ မွှေးနေတာပဲ .. ငါနောက်တစ်ခေါက် ထပ်သောက်ချင်လာပြီ” ယုန်ဖြူလေး ပြောလိုက်သည်။

ကံကောင်းစွာဖြင့်ပင် ရှီဟောင်သည် သူတို့နှင့် သီးသန့်ဖြစ်နေသောကြောင့် ဤစကားများကို မကြားလိုက်နိုင်ပေ။ မဟုတ်ပါက သူမနောက်တစ်ခေါက် ထပ်ရိုက်ခံရလိမ့်မည်။

ဖုန်း..

သင်္ကေတများမှ အသွေးအသားများကို သန့်စင်ပြီးသွားသည့်အချိန်တွင် ကျောက်လမ်းများမှ ကျမ်းစာသံများ ထွက်ပေါ်လာသည်။ ရှီဟောင်၏ခန္ဓာကိုယ်မှာ တုန်ယင်လာလေ၏။ သူသည် ထိုတာအိုများတွင်သာ စိတ်နှစ်ထားလိုက်လေသည်။

နောက်ဆုံးတွင် သူသည် ဟစ်ကြွေးသံတစ်ခုကို ပြုလုပ်လိုက်ပြီး မီးဖိုကို ဖျက်ဆီးလိုက်သည်။ မရေမတွက်နိုင်သည့်သင်္ကေတများမှာ သူ့အနားမှ ထွက်ခွာသွားကြလေ၏။ သူသည် လေဟာနယ်ထဲတွင် ထိုင်နေကာ တာအိုလေ့လာခြင်းကျောက်တုံးပေါ်သို့ ဆင်းသက်လာလေ၏။

၁၆၀၀ သောမီးတောက်များ ထွက်ခွာသွားသည်နှင့် ဤနေရာမှာ တိတ်ဆိတ်သွားလေသည်။ ရှီဟောင်သည် မလှုပ်မယှက်ဖြင့် တာအိုများကို လေ့လာနေဆဲပင်။

“ကြောက်စရာကောင်းလိုက်တာ .. ဒါက ကိုယ့်ကိုကိုယ်နှိပ်စက်ပြီးတော့ ကိုယ့်အသက်ကိုကိုယ် လောင်းကစား လုပ်နေတာပဲ”

ချောင်ယုရှန်းသက်ပြင်းချလိုက်ကာ သူသည်လည်း သူ၏တာအိုကို လေ့လာနေလိုက်သည်။

ယခုတစ်ကြိမ်တွင် ရှီဟောင်သည် ယခင်အခေါက်များထက်ပင် ပိုမြန်နေသေးသည်။ သို့သော်လည်း ဒဏ်ရာများမှာ ယခင်ကကဲ့သို့ပင် ပြင်းထန်လှသည်။ သူ၏ပါးစပ်ထဲတွင်ရှိနေသည့် နတ်တစ်ဝက်သစ်သီးသည် အရည်ပျော်ကျသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားလေ၏။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ရှီဟောင်၏ဒဏ်ရာများ သက်သာစေရန်အတွက် မြင့်မြတ်ဆေးပင်အချို့နှင့် နတ်တစ်ဝက်သီးများကို ပစ်ပေးလိုက်သည်။

ပုံမှန်မဟုတ်သည့်အရာများမှာ ယခုတစ်ကြိမ်တွင်တော့ မဖြစ်ခဲ့ပေ။

ရှီဟောင်သည် ထိုကဲ့သို့ပင် ဆက်လက်ကျင့်ကြံနေခဲ့သည်။ သူ၏ဒဏ်ရာများ ပျောက်ကင်းသွားပြီးသည့်နောက်တွင် သူသည် တာအိုသင်္ကေတမီးတောက်များကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို ပြုပြင်လိုက်သည်။

၁၈၀၀၊ ၁၉၀၀၊ ၂၀၀၀….

“လာနေပြီ…”

မီးတောက် ၂၁၀၀ ကိုအသုံးပြုပြီးသွားပြီး ရှီဟောင်ပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် ထူးဆန်းသည့်စွမ်းအင်လှိုင်းရောက်ရှိလာပြီး ဤနေရာကို ဝန်းရံသွားလေသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် အခြားသူများအားလုံးလည်း အစီအရင်အတွင်းသို့ ဝင်လာလိုက်ကြပြီး ဗဟိုချက်ကျသည့်အစီအရင်ကို အသက်သွင်းလိုက်သည်။ အကန့်အသတ်မရှိသည့် အလင်းအကာအကွယ်များ ထွက်ပေါ်လာပြီး ဤနေရာကို ဝန်းရံသွားလေသည်။

ရှေးဟောင်းမီးအိမ်တစ်လုံးသည် ဖြေးညှင်းစွာဖြင့်ပင် ရောက်လာလေသည်။ ဤမီးအိမ်မှာတောက်ပနေသော်လည်း အေးစက်သည့်ခံစားချက်များထုတ်လွှတ်နေလေသည်။ ထိုမီးအိမ်သည် အစီအရင်အတွင်းသို့ ဝင်ရောက်လာပြီး ရှီဟောင်၏ဦးခေါင်းထက် ကျန်းတစ်ရာအကွာတွင် ရပ်တန့်နေလေသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထူးဆန်းစွာပင် အော်ဟစ်လိုက်သည်။ ဤသည်မှာ ထူးဆန်းလွန်းလှသည်။ သူ၏အစီအရင်မှာ ဘာမှအသုံးမဝင်ပေ။ ထိုရှေးဟောင်းမီးအိမ်သည် အရာအားလုံးကို လျစ်လျူရှုပြီး သရဲတစ်ကောင်ကဲ့သို့ပင် အစီအရင်ထဲသို့ ဝင်ရောက်လာလေသည်။

“ဘာဖြစ်နေတာလဲ” ချောင်ယုရှန်း၏အမူအရာ ပြောင်းလဲသွားလေသည်။

ချင်းရိသည် အစိမ်းရောင်လကို အသက်သွင်းလိုက်ကာ ဤရှေးဟောင်းမီးတောက်ကို ငြိမ်းသတ်နိုင်ရန်အတွက် အသင့်ပြင်ထားလိုက်သည်။

“ဒါက တကယ်ထူးဆန်းတယ်” ယုန်ဖြူလေးမှာ အလွန်ပင် စိုးရိမ်လာသည်။

ထိုရှေးဟောင်းမီးအိမ်သည် လွှဲရမ်းနေကာ လေထဲတွင်လည်း မီးခိုးရောင်မြူများ ရစ်ဆိုင်းလာလေ၏။ ထိုမြူခိုးများသည် ဤနေရာကို လွှမ်းခြုံသွားကာ အစီအရင်ကို ဖြတ်ကျော်သွားလေသည်။

“ရှီဟောင် သက်ပြင်းချလိုက်သည်။ “မင်းတို့အားလုံး နောက်ဆုတ်လိုက်ကြတော့ .. ဒီအရာက ငါ့ကိုလာရှာတာ .. ငါကိုယ်တိုင်မဖြေရှင်းရင် ဒီကိစ္စကို ရှင်းလို့ရမှာမဟုတ်ဘူး”

သူတစ်ဖြည်းဖြည်းချင်း နားလည်သွားရသည်။ သူတို့နှစ်ဦးထဲမှ တစ်ယောက်မသေလျှင် ဤကိစ္စပြီးဆုံးမည်မဟုတ်ပေ။ ဤအရာကို အပြင်ဘက်လူမှ ဝင်ရောက် မစွက်ဖက်နိုင်ပေ။ အစီအရင်များပင်လျှင် သူ့ကို မတားဆီးနိုင်ပေ။ ဤနေရာကို ဝန်းရံထားသည့် ထူးဆန်းသည့်စွမ်းအားတစ်ခု ရှိနေလေ၏။

သူထပ်ခါတလဲလဲသတိပေးနေသောကြောင့် ထိုလူများ ပြန်ထွက်သွားလိုက်ကြသည်။

ထိုမီးခိုးရောင်မြူထဲမှ ပုံရိပ်တစ်ခု လျှောက်ထွက်လာလေသည်။ ထိုပုံရိပ်ထံမှ မည်သည့်အသက်လှိုင်းမှ ထွက်မလာပေ။ ဤသည်မှာ နတ်ဆိုးတောင်တစ်လုံးကဲ့သို့ပင်။

ရှီဟောင်သည် ယခင်က အတွေ့အကြုံရှိထားသောကြောင့် သူ၏နတ်စွမ်းရည်များကို ချက်ချင်းအသုံးမပြုတော့ပေ။ တစ်ဖက်လူမှ သူ၏ပညာများကို အသုံးပြုပြီး သူ့အားသတ်လိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။

သို့သော် ယခုတစ်ခေါက် သူတွေးတာ များသွားလေပြီ။ ဤလူသည် အစကတည်းက သူ၏အရက်စက်ဆုံးပညာများဖြင့် တိုက်ခိုက်လာလေ၏။

ဤသက်ရှိသည် လူသားဧကရာဇ်တစ်ယောက်ကဲ့သို့ပင် ကောင်းကင်ရဲဒင်းကို ကိုင်ထားလေ၏။ သူ၏အော်ရာမှာ ရေလှိုင်းတစ်ခုကဲ့သို့ပင် ထွက်ပေါ်လာလေ၏။ ထိုအော်ရာများသည် ရှီဟောင်ထံသို့ ဦးတည်လာလေ၏။

မီးခိုးရောင်မြူများ ဝန်းရံနေသောကြောင့် သူ၏ပုံပန်းသွင်ပြင်အမှန်ကို မမြင်ရပေ။ မီးခိုးရောင်ဖြစ်နေသည့် သူ၏မျက်လုံးကိုသာ မြင်နေရလေသည်။

ဒုန်း…

ရှီဟောင်သည် လေဟာနယ်ရဲဒင်းကို ထုတ်လိုက်ပြီး ထိုရိုက်ချက်ကို ခုခံလိုက်သည်။ သူ၏လက်မောင်းများမှာ ချက်ချင်းပင် ထုံကျဉ်သွားလေ၏။ နာကျင်မှုများမှာ သူ၏လက်ချောင်းများထိသို့ပင် ရောက်ရှိလာသည်။

မီးပွားများမှာ နေရာအနှံ့သို့ လွင့်စင်သွားလေ၏။

ခပ်ဝေးဝေးတွင်ရှိနေသည့် ချင်းရိနှင့် အခြားသူများအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ဤသက်ရှိမှာ စွမ်းအားကြီးလွန်းလှပြီး မကုန်ဆုံးနိုင်သည့် ခွန်အားများကို ပိုင်ဆိုင်ထားလေသည်။

ဒုန်း ဒုန်း..

သင်္ကေတများ ထွက်ပေါ်လာပြီး နတ်အလင်းများလည်း ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလေသည်။ ရဲဒင်းများထိခတ်မိသည့်အသံမှာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်လေသည်။

“သူက ဘယ်လိုလုပ် ရှီဟောင်လောက် ခွန်အားကြီးနေရတာလဲ” ချင်းရိ ပြောလိုက်သည်။ သူမ သဲလွန်စအချို့ကို သတိပြုမိသွားသည်။ သူတို့သုံးသည့် သင်္ကေတများနှင့် အဖိုးတန်ပညာများမှာ အလွန်တူညီလွန်းနေသည်။

“ဟုတ်တယ် .. အကုန်အတူတူပဲ .. ဒါက ကိုယ့်ကိုကိုယ် ပြန်တိုက်နေရတာနဲ့ အတူတူပဲ” ချောင်ယုရှင်း၏အမူအရာများ လေးနက်သွားရသည်။

“အစီအရင်တွေကို ပြန်ဖယ်လိုက်” ရှီဟောင် အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အစီအရင်အဆောင်များကို ချက်ချင်းပင် ဖယ်ရှားလိုက်သည်။

“မကောင်းတော့ဘူး .. နောက်တစ်ယောက်လာနေပြီ” ယုန်ဖြူလေး အော်ဟစ်လိုက်သည်။

ခြေသံများ ကြားလာရပြီး မီးခိုးရောင်မြူထဲတွင် အခြားမျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည်လည်း ကောင်းကင်ရဲဒင်းကို ကိုင်ဆောင်ထားပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်လွှတ်ကာ သူ့ထံသို့ လျှောက်လာလေသည်။

ဝုန်း..

ဤသက်ရှိ၏ခွန်အားမှာ ယခင်တစ်ယောက်နှင့်အတူတူဖြစ်သကဲ့သို့ ရှီဟောင်နှင့်လည်း အတူတူပင်။

ဤတိုက်ပွဲမှာ ခက်ခဲလွန်းလှပြီး မျှော်လင့်ချက် ရေးရေးလေးတောင် မရှိပေ။

ချင်းရိ၊ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးနှင့် အခြားသူများအားလုံး ကြက်သီးများ ထသွားရသည်။ ဤသက်ရှိနှစ်ယောက်မှာ ရှီဟောင်နှင့်တူလွန်းလှသည်။ သူက ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မည်နည်း…

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် ကောင်းကင်နှင့်မြေကြီးရှုံ့အိတ်လေးထဲမှ ခေါင်းထောင်ကြည့်လာသော်လည်း ထွက်မလာရဲပေ။

ယခုတစ်ကြိမ်တွင် ရှီဟောင်နောက်တစ်ကြိမ် တိတ်ဆိတ်သွားရသည်။ အချိန်တစ်ခဏခန့် ငြိမ်နေပြီးသည့်နောက်တွင် သူသည် အဆုံးမရှိသည့် သင်္ကေတများကို ထုတ်လွှတ်ကာ သွေးလွှမ်းသည့်တိုက်ပွဲကို ဖန်တီးလိုက်သည်။

ဤနေရာမှာ ဖရိုဖရဲဖြစ်လာပြီး တာအိုအသံများ ထွက်ပေါ်လာကာ အဖိုးတန်ပညာများလည်း ကောင်းကင်ထက်သို့ တရှိန်ထိုး ပြေးတက်သွားလေသည်။

“သူတို့တွေက ပုံစံတူပေမယ့် သူတို့သုံးတဲ့ အဖိုးတန်ပညာတွေကတော့ ရှီဟောင်သုံးတာနဲ့ တစ်ထပ်တည်းတူတာမဟုတ်ဘူး .. ဆင်နေရုံလေးပဲ” ချင်းရိ ပြောလိုက်သည်။

“ငါတို့ တိုက်လိုက်ရင် ဘာဖြစ်သွားမလဲ” ချောင်ယုရှန်း မေးလိုက်သည်။

ယုန်ဖြူလေးသည် တစ်ခဏခန့် စဉ်းစားပြီးသည့်နောက်တွင် လက်ညှိုးတစ်ချောင်း ညွှန်လိုက်သည်နှင့် ယင်စွမ်းအင်များသည် နတ်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုနတ်အလင်းတန်းသည် စစ်မြေပြင်ထဲသို့ ပြေးဝင်သွားလေ၏။ အခြားသင်္ကေတတစ်ခုလည်း ပေါ်လာကာ ရှီဟောင်ထံသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။

ဒုန်း…

အလင်းတန်းတစ်ခုသည် ထူးဆန်းသည့်သက်ရှိ၏ ကောင်းကင်ရဲဒင်းပေါ်သို့ကျရောက်သွားပြီး အခြားအလင်းတန်းတစ်ခုမှာ ရှီဟောင်၏ရဲဒင်းပေါ်သို့ ကျရောက်သွားကာ မီးပွားများ လွင့်ထွက်လာလေသည်။

“မကောင်းဘူး .. ငါတို့ အလောတကြီးလုပ်လို့မရဘူး .. ဒါက သဘာဝဥပဒေသတစ်မျိုးနဲ့တူတယ် … ဒီနေရာမှာ အသက်ဝင်နေတဲ့ ထူးဆန်းတဲ့စွမ်းအားတစ်မျိုးပဲ” ချင်းရိ ပြောလိုက်သည်။

ရှီဟောင်သည် မတူညီသည့် နည်းလမ်းများကို အသုံးပြုရန် စဉ်းစားနေမိသည်။ သူသည် ယခင်က သုံးခဲ့သည့်ပညာများအားလုံးကို ဆက်စပ်လိုက်ပြီး ရူးသွပ်စွာပင် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ဤသည်မှာ အသုံးမဝင်ပေ။

ထိုသက်ရှိနှစ်ယောက် ပူးပေါင်းကာ သူ့အားတိုက်ခိုက်နေခြင်းပင်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ ပြင်းထန်သည့်ဒဏ်ရာများ ရရှိနေလေပြီ။ ဤသည်မှာ သူနှင့်တူသည့် လူနှစ်ယောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်နေရသလိုပင်။ ဤသည်မှာ သူ၏ကန့်သတ်ချက်ကို စိန်ခေါ်နေခြင်းပင်။

“ငါ့ရဲ့ ကန့်သတ်ချက်ကို စိန်ခေါ်နေတာလား .. ငါ့ကိုယ်ငါထက် ပိုပြီးတော့ ကျော်လွန်နေရမှာလား” ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖုံးလွှမ်းနေလေပြီ။ အစောပိုင်းက ရဲဒင်း၏ရိုက်ချက်ကြောင့် သူနှစ်ပိုင်းပြတ်မလို ဖြစ်သွားသေးသည်။

အား..

ရှီဟောင် ဟစ်ကြွေးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်လည်း တောက်ပလာသည်။ နတ်သင်္ကေတမျိုးစုံထွက်ပေါ်လာပြီး ဤသက်ရှိနှစ်ယောက်ကို ရင်ဆိုင်နိုင်ရန်အတွက် သူ၏ခန္ဓာကိုယ် အသက်ဓာတ်ကို အသုံးပြုလိုက်သည်။

ဖုန်း..

သို့သော်လည်း သူ၏ခန္ဓာကိုယ် လွင့်ထွက်သွားပြီး သူ၏ခန္ဓာကိုယ်လည်း စုတ်ပြတ်နေကာ သေမလိုဖြစ်နေလေပြီ။

“ငါ့ရဲ့ ကန့်သတ်ချက်က သူတို့ရဲ့ ကန့်သတ်ချက်လည်း ဟုတ်တယ် .. ငါ တစ်ခြားနည်းလမ်းစဉ်းစားရမယ်” ရှီဟောင် လျင်မြန်စွာ စဉ်းစားလိုက်သည်။

သူသည် ပြင်းထန်သည့်ဒဏ်ရာများဖြင့်ပင် ဤနှစ်ယောက်ကို ဆက်တိုက်နေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အဆင့်လွန်သွေးများသည် ငြင်သာစွာပင် စီးဆင်းနေပြီး သင်္ကေတနှစ်မျိုးကို ပေါင်းစည်းလိုက်သည်။

“ကန့်သတ်ချက်ကို ဖျက်ဆီးမယ်…”

“ဖူး…”

ထိုနှစ်ယောက်ထဲမှ တစ်ယောက် လွင့်ထွက်သွားသော်လည်း ရှီဟောင်၏ညာလက်မှာ ပြင်းထန်စွာပင် ဒဏ်ရာရရှိသွားသည်။ ရဲဒင်းအသွားမှာ သူ၏အရိုးများထဲသို့ပင် ဝင်ရောက်သွားသည်။

“ချိုးဖျက်မှုကို .. ပဲ့တင်ထပ်အောင် လုပ်မယ်”

မွေးရာပါ အဖိုးတန်ပညာနှစ်ခုမှာ တစ်ခုတည်းကဲ့သို့ပင် ပေါင်းစည်းသွားလေသည်။ ထိုသို့ပေါင်းစည်းလိုက်သည်နှင့် စွမ်းအားများလည်း အလွန်တိုးတက်လာသည်။

“သတ်…”

ရှီဟောင် ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။ အဆင့်လွန်သွေးများ ထွက်ပေါ်လာပြီး သူ၏ခြေလက်လေးချောင်းနှင့် အရိုးပေါင်းတစ်ရာထံသို့ စီးဆင်းသွားလေသည်။ ထိုသင်္ကေတများမှာ တစ်ဖြည်းဖြည်းပင် တောက်ပလာလေသည်။

သူ၏ခန္ဓာကိုယ်အနားတွင် ထာဝရစွမ်းအင် မှုန်ဝါးဝါးလေးကို မြင်နေရလေသည်။

ဝုန်း..

အဆင့်လွန်ပညာများ ထွက်ပေါ်လာလေပြီ။ သူသည် အရှေ့ဘက်သို့ ခြေလှမ်းကျယ်ပြီး လျှောက်လိုက်ကာ ထိုနှစ်ယောက်နှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် သူ၏နတ်ခွန်အားများထွက်ပေါ်လာပြီး မှော်စွမ်းအားများလည်း ပင်လယ်တစ်စင်းကဲ့သို့ပင် ထွက်ပေါ်လာလေသည်။ သူ၏အသွေးအသားများလည်း အနည်းငယ် ပို၍ စွမ်းအားကြီးလာသည်။

ဖူး ဖူး..

အသံနှစ်သံ ထွက်ပေါ်လာလေ၏။ သူသည် ဤသက်ရှိကို သတ်နိုင်ရန်အတွက် သင်္ကေတများကို ပေါင်းစပ်အသုံးပြုလိုက်ရခြင်းပင်။ သူတို့၏စုတ်ပြတ်နေသည့် ခန္ဓာကိုယ်များသည် အပြာရောင်ကျောက်လမ်းပေါ်သို့ ပြုတ်ကျသွားလေသည်။

ထိုအချိန်တွင် ရှီဟောင်သည် စစ်မြေပြင်တွင် တစ်ယောက်တည်း ရပ်နေပြီး သူ၏ခန္ဓာကိုယ်နှင့် စိတ်မှာ ကြည်လင်နေလေသည်။ သူ့ကိုယ်သူ ပြန်သုံးသပ်နေခြင်းပင်။ သင်္ကေတနှစ်မျိုးမှာ တစ်မျိုးတည်းအဖြစ် ပေါင်းစည်းနိုင်နေသည်…

သူသည် ဤကပ်ဆိုးကြီးကို ကျော်လွှားလိုက်နိုင်ယုံသာမက အကျိုးကျေးဇူးများစွာလည်း ရရှိခဲ့သည်။

ထို့အပြင် ထာဝရစွမ်းအင်တစ်ကြောင်းလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပေါ်လာလေသည်။ ဤသည်မှာ သူဤလမ်းကြောင်းတွင် အဆင့်တက်နိုင်သွားပြီဟု ဆိုလိုခြင်းပင်။

“ငါလမ်းဆုံးရောက်တော့မယ် .. မီးတောက်သုံးထောင်လုံးကို သုံးပြီးတော့ ငါ့ကိုယ်ငါ လောင်ကျွမ်းပစ်မယ်” ရှီဟောင် ခိုင်မာစွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

အပိုင်း ၁၀၆၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၇ – ထာဝရစွမ်းအင်

“ဒါက ဘာကောင်ကြီးလဲ” ချောင်ယုရှင်းနှင့် အခြားသူများမှာ အပြေးလေးရောက်လာကြကာ ပျက်စီးသွားသည့်ခန္ဓာကိုယ်များကို ကြည့်လိုက်ကြသည်။

မီးခိုးရောင်မြူများ လွင့်ပြယ်သွားသည့်အချိန်တွင် သူတို့၏ခန္ဓာကိုယ်ထက်၌ ကြေးချပ်ဝတ်တန်ဆာများကို တွေ့လိုက်ရပြီး သူတို့၏ ရဲဒင်းမှာလည်း အစိမ်းရောင်သံကြေးများ ဖုံးလွှမ်းနေပြီး အလွန်ပင် ရှေးကျလှသည်။

“ဘုရားရေ .. ဒါတွေက ဘာကောင်တွေလဲ .. သူတို့တွေက ဘာလို့ဒီလောက်တောင် ရှေးကျတဲ့ခံစားချက်ကို ပေးနေတာလဲ .. ဒါတွေက နောက်ဆုံးခေတ်က လာခဲ့သလိုပဲ”

ဤခံစားချက်မှာ အလွန်ပင် ထူးဆန်းလှပြီး သူတို့သည် သက်ရှိနှစ်ယောက်ကို တွေ့နေရခြင်းမဟုတ်ပဲ သမိုင်း၏ တစ်စိတ်တစ်ပိုင်းကို တွေ့နေရသကဲ့သို့ပင်။ ဤအရာများတွင် အချိန်၏တိုက်စားမှုများ ပါဝင်နေသကဲ့သို့ ဖော်ပြ၍မရနိုင်သည့် အေးစက်မှုများလည်း ပါဝင်နေလေသည်။

“မင်း ငါတို့ကို မသတ်လိုက်သင့်ဘူး…”

ရုတ်တရက်ပင် သူတို့ထဲမှတစ်ယောက် ဖျော့တော့စွာပင် ပြေလိုက်သည်။ သူတို့ထံတွင် မည်သည့်အသက်အော်ရာမှ မရှိသကဲ့သို့ ဝိဉာဉ်လှိုင်းများလည်း မရှိပေ။ သို့သော်လည်း ထိုစကားများမှာ ခက်ခက်ခဲခဲဖြင့်ပင် ထွက်လာလေသည်။

“အူးဝူး…” ယုန်ဖြူလေးသည် အလွန်လျင်မြန်စွာပင် ခုန်ထွက်လိုက်ပြီး ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။ သူမအမှန်တကယ် ကြောက်ရွံ့သွားခြင်းပင်။

“အခုထိ စကားပြောနိုင်သေးတယ် .. ဒါက တကယ်ကို ထူးဆန်းတာပဲ” ဖက်တီးလေး ပြောလိုက်သည်။ သူသည် ရဲတင်းစွာဖြင့်ပင် ထိုသက်ရှိနှစ်ယောက်အနားတွင် ထိုင်ချလိုက်ပြီး ထိုသူများကို လေ့လာလိုက်သည်။

ဤသက်ရှိနှစ်ယောက်မှ သူနှင့်မတူသောကြောင့် ရှီဟောင် အတော်လေး ဝမ်းသာသွားရသည်။ မဟုတ်ပါက သူ့ကိုယ်သူ သတ်လိုက်ရခြင်းဖြစ်သောကြောင့် သူအတော်လေး မသက်မသာခံစားရသည်သာ။

ထိုသက်ရှိများမှာ လှုပ်ရှားမှုများမရှိတော့သကဲ့သို့ စကားလည်းမပြောတော့ပေ။

“လမ်းက ပျက်စီးပြီးတော့ အဆုံးသတ်ကို ရောက်နေပြီ .. ဘာမှမတည်မြဲဘူး”

ယုန်ဖြူလေး ပြန်ရောက်လာသည်နှင့် အခြားအလောင်းတစ်ခုမှ ရုတ်တရက်ပင် ထပြောလိုက်သည်။ သူမသည် ချက်ချင်းပင် မြှောက်တက်သွားကာ ရွှီးဟူသည့်အသံနှင့်အတူ ချင်းရိနောက်ကျောဘက်သို့ ဝင်သွားလေသည်။

“မင်းတို့က ဒီယုန်လေးကို လန့်သေအောင် လုပ်နေတာလား .. ဘာလို့တစ်ခါတည်း အတူတူ မပြောကြတာလဲ .. တစ်ခြားသူတွေကြောက်အောင်လို့ ဘာလို့တစ်ယောက်ပြီးတစ်ယောက် ပြောနေကြတာလဲ” သူမအတော်လေးပင် ဒေါသထွက်နေလေသည်။

ထိုအလောင်းနှစ်ခု၏ ကြေးနီချပ်ဝတ်တန်ဆာများနှင့် ရဲဒင်းများမှာ တစ်ဖြည်းဖြည်းပင် ပျက်စီးသွားပြီး ကြေးနီအပိုင်းအစများ ဖြစ်သွားလေသည်။

ရှီဟောင်သည် ကောင်းကင်ထက်သို့ တရှိန်ထိုးပြေးတက်သွားပြီး သူ၏လက်ထဲတွင်ရှိနေသည့် ရဲဒင်းဖြင့် ခုတ်ချလိုက်သည်။ ထိုရှေးဟောင်းမီးအိမ်မှာ ပျက်စီးသွားကာ မြူထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏။

ဒါက ဘာကြီးလဲ .. ဒီသက်ရှိနှစ်ယောက်က နောက်ဆုံးစကားတွေကို ဘာအဓိပ္ပာယ်နဲ့ ပြောသွားတာလဲ .. ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။ ဤသက်ရှိများကို သဘာဝဥပဒေသတစ်မျိုးဟု ပြော၍ရသော်လည်း သူတို့ထံတွင် ခန္ဓာကိုယ်အစစ်အမှန် ရှိနေသည်။ တိုက်ပွဲတွင် အသတ်ခံရပြီးသည့်နောက်တွင် သူတို့သည် တစ်ဖြည်းဖြည်းချင်း ပျံ့ကြဲသွားလေ၏။

“သူတို့တွေက ရှေးဟောင်းအခေါင်းတွေမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ အလောင်းတွေပဲ .. တစ်ချက်ကြည့်လိုက်ရင် သူတို့တွေက အရမ်းအသက်ဝင်နေတယ်လို့ ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့တွေက မြန်မြန်ဆန်ဆန်ပဲ ပုပ်သိုးသွားပြီးတော့မှာ … ဘာလို့လဲဆိုတော့ သူတို့တွေက အချိန်ရဲ့တိုက်စားမှုကြောင့် အစောကြီးကတည်းက ပျက်စီးနေပြီးသားပဲ” ချောင်ယုရှန်း ပြောလိုက်သည်။

“ရှင်က တော်တော်မကောင်းတာပဲ .. ဒီအကြောင်းတွေ ရှင်ဘာနားလည်လို့လဲ .. ရှင်က ဘာတွေကို လာနှိုင်းယှဉ်နေတာလဲ” ယုန်ဖြူလေးမှ ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် ထိတ်လန့်သွားကာ “သူတို့တွေက ဘယ်ကလာတာ .. ဒါတွေက တကယ်ပဲ ထာဝရရှေးဟောင်းခေတ်က အလောင်းတွေလား .. သူတို့တွေက ဘာလို့ဒီလိုမျိုး ပေါ်လာပြီးတော့ အနက်ရောင်စွမ်းအားတွေနဲ့ တိုက်ခိုက်ကြတာလဲ .. သူတို့တွေက ဘာလို့ ငါနဲ့ခွန်အားတူတဲ့ မကောင်းဆိုးဝါးတွေပဲ ပို့နေတာလဲ”

သူ့ထံတွင် မေးခွန်းများစွာ ရှိနေသည်။

“သူတို့တွေက မြေအောက်က အလောင်းတွေ မဟုတ်ဘူး” ချင်းရိ မျက်မှောင်ကြုတ်လိုက်သည်။ အစိမ်းရောင်မီးတောက်တစ်ခုသည် သူမကိုဝန်းရံနေပြီးသည့်နောက်တွင် နေရာတစ်ခုသို့ ဦးတည်သွားလေသည်။

သူတို့သည် ထိုမီးတောက်နောက်လိုက်လာကြပြီး အပြာရောင်ကျောက်လမ်းသုံးထောင်၏အပြင်ဘက်သို့ ရောက်လာကြသည်။ မီးတောက်မှာ ရုတ်တရက်ကြီးပင် ကြီးမားလာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ပျက်စီးသွားစေလေသည်။ ထိုနေရာတွင် ကြောက်စရာကောင်းသည့် အပေါက်ကြီးတစ်ခု ပေါ်လာလေ၏။

သူတို့သည် တုန်လှုပ်သွားကြကာ အထဲသို့ ကြည့်လိုက်ကြသည်။ သို့သော်လည်း ထိုနေရာတွင် ဘာမှမရှိပေ။

“အဲဒီအလောင်းတွေက မြေအောက်ကလာကာ မဟုတ်ပဲနဲ့ လေဟာနယ်ကလာတာ .. တော်တော်ကြောက်ဖို့ကောင်းတာပဲ” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။

တစ်ယောက်စီးတိုင်းမှာ ရှီဟောင်၏ခွန်အားနှင့် ညီမျှနေ၏။ ထိုသို့ဆိုလျှင် ဤကဲ့သို့သော လူအုပ်လိုက်ကြီးသာ ထွက်လာလျှင် ဤလောကကြီး တစ်ခုလုံး ဖရိုဖရဲဖြစ်သွားလောက်သည်။

“ငါ့ခန္ဓာကိုယ်တစ်ဝိုက်မှာ ထာဝရစွမ်းအင်တစ်ကြောင်း ရှိနေပြီ .. အဲဒီအဆင့်က သိပ်မလိုတော့ဘူးလို့ ငါခံစားနေရတယ်” ရှီဟောင်သည် နောက်တစ်ကြိမ် သီးသန့်ကျင့်ကြံလိုခြင်းပင်။

ဤတိုက်ပွဲမှ မထင်ရှားသည့် ထာဝရစွမ်းအင်ကို မထင်မှတ်ပဲ ရရှိခဲ့ပြီး ထိုစွမ်းအင်သည် သူ၏ခန္ဓာကိုယ်အနားတွင် ရစ်ပတ်နေသည်။ သူ၏တိုက်ခိုက်နိုင်စွမ်းလည်း သိသိသာသာပင် တိုးတက်လာသည်။

“ရှင်တကယ် အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားဘူး” ယုန်ဖြူလေးမှ သူ့အားလေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။

“တစ်ခုခုတော့ မှားနေသေးတယ်” ချောင်ယုရှန်း ပြောလိုက်သည်။ သူနောက်ထပ် နည်းနည်းလောက် ပိုပြီး နားလည်လာလေပြီ။

“ဒီလိုကိစ္စမျိုးကို ရှားပါးတဲ့ အဖိုးတန်အရိုးစာအုပ်တွေမှာ ငါမြင်ဖူးတယ် .. ဒီလိုအဖြစ်အပျက်မျိုးက လုံးဝကြီး ကောင်းတာတော့ မဟုတ်ဘူး” ချင်းရိလည်း ခေါင်းညိမ့်ကာ ထူးဆန်းသည့်အမူအရာဖြင့် ပြောလိုက်သည်။

“ဘာလို့လဲ..” ရှီဟောင်ထိတ်လန့်သွားရသည်။ သူသည် နောက်တစ်ဆင့်သို့ တက်နိုင်သည့် တံခါးပေါက်သို့ ရောက်နေသည့်အချိန်တွင် ဤကဲ့သို့သော စကားများ ကြားလိုက်ရခြင်းပင်။

“ထာဝရစွမ်းအင်က တော်တော်လေး ထူးခြားတယ် .. ဒီစွမ်းအင်ကို နားလည်နိုင်တာနဲ့ သူက ချက်ချင်းတစ်ခါတည်း ထွက်လာပြီး ခန္ဓာကိုယ်ကို ဝန်းရံသွားမှာ .. ဒီလိုမျိုး မထင်မရှားလေး ဖြစ်နေမှာမဟုတ်ဘူး” ချောင်ယုရှင်း ပြောလိုက်၏။

ယနေ့ခေတ်တွင် လောကကြီး၏ သဘာဝဥပဒေသများပြောင်းလဲသွားသောကြောင့် အားလုံးသည် သေဆုံးကုန်ကြရကာ မည်သူမျှ ထာဝရမရှင်သန်နိုင်ပေ။

ထို့အတူပင် ထိုအဆင့်သို့ရောက်ရန်အတွက်လည်း အလွန်ခက်ခဲလှသည်။

ဤကဲ့သို့သော မှတ်တမ်းများ၊ ဤကဲ့သို့သော ဒဏ္ဍာရီများမှာ ယခင်ခေတ်များမှ ချန်ထားရစ်ခဲ့ခြင်းဖြစ်ပြီး ယခင်မျိုးဆက်များ လေ့လာကာ နားလည်ခဲ့သည့်အရာများကို ရေးမှတ်ထားခြင်းပင်။

“ဘာလို့လဲ .. ငါအောင်မြင်ဖို့အတွက်အရမ်းခက်ခဲမယ်လို့ ပြောချင်တာလား” ရှီဟောင်မျက်မှောင်ကြုတ်လိုက်သည်။

အရိုးစာအုပ်များအရဆိုလျှင် ထာဝရစွမ်းအင် မထင်မရှားပေါ်လာခြင်းမှာ သူလျှောက်သည့်လမ်းကြောင်းမှာ ထူးခြားလွန်းလှပြီး ခက်ခဲလွန်းလှကာ လမ်းဆုံးသို့ မရောက်နိုင်ဘူးဟု ဆိုလိုခြင်းပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ဤလမ်းကို ဆက်လျှောက်လျှင်ပင် ထာဝရစွမ်းအင်အစစ်အမှန်ကို ရရှိနိုင်ရန်အတွက် ခက်ခဲလွန်းလှပြီး မရသေးခင်မှာပင် သေဆုံးသွားနိုင်သည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် အတော်လေးကြာသည်အထိ တိတ်ဆိတ်သွားသည်။ သူလျှောက်နေတဲ့ လမ်းက လမ်းဆုံးကို ရောက်သွားပြီလား .. ဆက်သွားလို့မရတော့ဘူးလား…

“ဒီလမ်းက ခက်ခဲတယ်လို့ပဲ ပြောထားတာ .. ဒီလမ်းကို သုံးတဲ့သူက သေချာပေါက်ကို ကျရှုံးရမယ်လို့ ပြောထားတာမဟုတ်ဘူးလေ .. ဟုတ်တယ်မလား” ရှီဟောင် မေးလိုက်သည်။

“ဟုတ်တယ်..” ချင်းရိ သက်ပြင်းချလိုက်သည်။ မှတ်တမ်းများအရဆိုလျှင် အောင်မြင်နိုင်ချေမှာ အလွန်ပင် နည်းပါးလှပြီး အောင်မြင်ဖို့ရာမဖြစ်နိုင်ပေ။ သူဆက်သွားလျှင် သူ၏ခန္ဓာကိုယ်နှင့် တာအိုနှစ်ခုလုံး သေဆုံးသွားလိမ့်မည်ပင်။

“ငါအောင်မြင်မှာ” ရှီဟောင် ခိုင်မာစွာပင် ပြောလိုက်သည်။

“အလောတကြီး မလုပ်နဲ့ဦး .. ပြဿနာတွေ တစ်ခုခု ရှိနေနိုင်တယ်” ချင်းရိ ပြောလိုက်သည်။ ဤသည်မှာ ထာဝရရှေးဟောင်းခေတ်မှ ဘိုးဘေးများ ချန်ထားခဲ့သည့် မှတ်ချက်များဖြစ်သောကြောင့် ဤသို့ပြောရသည့် အကြောင်းအရင်းမှာ သေချာပေါက် ရှိမည်ပင်။

“ငါ ထာဝရစွမ်းအင်ကြောင်းတွေ နည်းနည်းလောက်ရတဲ့အထိ ကျင့်ကြချင်သေးတယ် .. ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်လာတာလဲ .. မှုန်ဝါးနေတဲ့ ထာဝရစွမ်းအင်ကြောင်းလေးက ငါ့ကို မတားဆီးနိုင်ဘူး .. ထာဝရစွမ်းအင်တကယ်ရလာတဲ့အထိ ငါလုပ်မှာ” ရှီဟောင် ပြောလိုက်သည်။

ဖက်တီးလေး ချောင်ယုရှန်းမှာ ဆွံ့အသွားရသည်။ ဤလမ်းကြောင်း၏ခက်ခဲမှုကို သူသိသည်။ ရှေးဟောင်းလူထူးဆန်းများပင် သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် ဤလမ်းကြောင်းက ဘယ်လိုလုပ် လွယ်ကူနိုင်မည်နည်း…

“ရှေးခေတ်ကတည်းက အထူးချွန်ဆုံးသူတွေ .. ဥပမာအားဖြင့် ရှေးဟောင်းလူထူးဆန်းတွေက တစ်ခေတ်ပြီးတစ်ခေတ် လေ့လာခဲ့ကြတယ် .. အချိန်အကြာကြီး တွက်ဆခဲ့ကြတယ် .. ဒါပေမဲ့ သူတို့တောင်မှ အောင်မြင်ဖို့ ခက်ခဲနေတုန်းပဲ .. အဲဒါကိုတောင်မှ မင်းက ထာဝရစွမ်းအင် အကြောင်းတွေ အများကြီး ရချင်နေတုန်းပဲလား…”

“မင်းက အဲဒီလမ်းကို လျှောက်ခဲ့ပြီးသွားပြီ .. ဒါကမင်းရဲ့တာအိုပဲ .. အဲဒါကြောင့်မို့လို့ ထာဝရစွမ်းအင်တစ်ကြောင်း ပေါ်လာတာ” ချောင်ယုရှင်းပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါအရှုံးပေးမှာ မဟုတ်ဘူး” ရှီဟောင် တည်ငြိမ်စွာပင် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူဆက်သွားမည်ဖြစ်ပြီး လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အခြေအနေများမှာ အလွန်ပင် တင်းမာနေသောကြောင့်ပင်။ သရဖူခြောက်ခုဘုရင်နျင်ချွမ်းလည်း ဤအဆင့်ရောက်အောင်သွားမည်ပင်။ ထို့အပြင် သားရဲအသိုက်မှ ထိုထူးဆန်းသည့်လူလည်းရှိသေးသည်။ ဤလူများအားလုံးမှာ ရန်သူကြီးများဖြစ်နေသောကြောင့် သူသေချာပေါက် ဤအဆင့်ကိုဖြတ်ကျော်နိုင်အောင် လုပ်ရမည်ပင်။

ရှီဟောင်သည် သူ၏လမ်းကြောင်းကို နားလည်ရန်အတွက် နောက်တစ်ကြိမ် သီးသန့်ကျင့်ကြံလိုက်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို မီးဖိုတစ်ခုအဖြစ် အသုံးပြုကာ တာအိုကိုမီးတောက်အဖြစ် အသုံးပြုပြီး သူ့ကိုယ်သူ လောင်ကျွမ်းစေလိုက်သည်။

မီးတောက်များ ထွက်ပေါ်လာည်။ မီးတောက်ပိုင်း ၂၂၀၀၊ ၂၃၀၀၊ ၂၄၀၀…

ရှီဟောင်သည် တစ်ကြိမ်တွင် မီးတောက် ၁၀၀ ပေါင်းထည့်ပြီး ကျင့်ကြံနေခြင်းပင်။ သူ၏ခန္ဓာကိုယ်မှာ မည်းတူးနေပြီး သူ၏အခြေအနေမှာ အတော်လေး ဆိုးဝါးနေလေပြီ။ သူပြန်ကောင်းလာရန်အတွက် ခဏအနားယူရမည်ပင်။

ကံကောင်းစွာဖြင့်ပင် သူ့ထံတွင် လုံလောက်သည့် မြင့်မြတ်ဆေးပင်များနှင့် နတ်တစ်ဝက်သစ်သီးများရှိနေလေသည်။

ဤအချိန်ကာလများအတွင်းတွင် သူသည် နတ်ဆေးပင်နှင့် မြင့်မြတ်ဆေးပင်များကို ခါကြက်ဥနှင့် ဂေါ်ဖီထုပ်များကို စားသကဲ့သို့ စားနေလေသည်။

၂၅၀၀ မြောက် မီးတောက်ပေါ်လာသည့်အချိန်တွင် ရှီဟောင်သည် ဒုက္ခကြီးကို ကြုံတွေ့လိုက်ရပြီး သေမလိုဖြစ်သွားခဲ့သည်။

ထိုဒုက္ခကြောင့်လည်း အဆုံးမရှိသည့်သင်္ကေတများ ထွက်ပေါ်လာကာ သူ၏အတွင်းအင်္ဂါများကိုပင် ဆေးကြောသန့်စင်နေလေသည်။ သူ၏ခန္ဓာကိုယ်မှာ ပို၍ပင် ကြံ့ခိုင်လာလေ၏။ သူဤသည်ကို ကျော်ဖြတ်နိုင်သည်နှင့် သေချာပေါက် အကျိုးကျေးဇူးများ ရရှိမည်ပင်။

အမှန်တကယ်တွင် ၂၅၀၀ မြောက်မီးတောက်ပေါ်လာသည့်အချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်အနားတွင်ရှိနေသည့် ထာဝရစွမ်းအင်မှာ ပို၍ပင် ထူထပ်လာပြီး ပို၍လည်း ကျစ်လျစ်လာသည်။

ကံမကောင်းစွာဖြင့်ပင် ဖူးဟူသည့်အသံနှင့်အတူ ပျက်ပြယ်သွားကာ မှုန်ဝါးဝါးဖြစ်သွားလေသည်။

“မင်းအဆင်ပြေရဲ့လား” ယုန်ဖြူလေး မေးလိုက်သည်။ ထို့နောက်တွင် သူသည် ရှီဟောင်စားနိုင်ရန်အတွက် ရွှေရောင်ဂျင်ဆင်းတစ်ခုကို ပေးလိုက်လေသည်။

“ထပ်မလုပ်နဲ့တော့…” ချင်းရိ ပြောလိုက်သည်။ ဤသည်မှာ အန္တရာယ်များလွန်းလှသည်။ ယခုလေးတင် ရှီဟောင် သေမလိုဖြစ်သွားပြီး သူ၏မျက်လုံးများလည်း မှေးမှိန်လာသည်။

“ထပ်ပြီး မစွန့်စားနဲ့တော့ .. မင်းရဲ့လမ်းကြောင်းက ခက်ခဲလွန်းတယ် .. ဒီလမ်းမှာ သေချာပေါက် ပြဿနာတစ်ခုခုရှိနေတယ် .. မင်းအသက်ကို ဒီလိုမျိုး မစွန့်စားသင့်ဘူး” ချောင်ယုရှန်းလည်း ပြောလိုက်သည်။

“တစ်ခြားသူတွေတောင် အောင်မြင်ရင် ငါလည်း အောင်မြင်ရမယ်” ရှီဟောင်သည် သူ၏အုတ်မြစ်စွမ်းအားများ ပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် ဤစစ်ဆေးခြင်းကို မည်ကဲ့သို့ ဖြတ်ကျော်ရမည်ကို စဉ်းစားကြည့်လိုက်သည်။

သူ၏လမ်းကြောင်းတွင် အောင်မြင်မှုများ လျင်လျင်မြန်မြန်မရနိုင်သကဲ့သို့ တစ်ဆင့်တက်ရန်အတွက် သူအားလုံးရင်းထားရသည်သာ။ အောင်မြင်လျှင် ကိစ္စမရှိသော်လည်း ကျရှုံးလျှင်မူ သူသေဆုံးသွားမည်သာ။

“တစ်ခြားသူတွေ အောင်မြင်တယ်ဆိုတာက သူတို့က ဘယ်နှခေတ်တောင်မှ ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရတာလဲ” ချင်းရိ ခေါင်းခါကာ ပြောလိုက်သည်။

ရှီဟောင်သည် ခေတ်တစ်ခေတ်သာရှိသေးပြီး သူ၏အမြင်နှင့် တွက်ချက်မှုများမှာ ထိုရှေးဟောင်းလူထူးဆန်းများကို မယှဉ်နိုင်ပေ။

“လွန်ခဲ့တဲ့ရက်တွေတုန်းက ငါအပြင်ဘက်ကို လျှောက်သွားကြည့်သေးတယ် .. ရှေးဟောင်းလူထူးဆန်းတွေ အများကြီး ထပ်သေနေပြန်ပြီ .. သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်တွေ အကုန်လုံးပျက်စီးသွားပြီ” ချောင်ယုရှန်း ပြောလိုက်သည်။

“ဆိုးရွားလိုက်တာ .. ငါ့ရဲ့သဘာဝတာအိုကိုပဲ လေ့လာတော့မယ်” ယုန်ဖြူလေးသည် ရှီဟောင်အား ထပ်မပြောတော့ပေ။

“ထာဝရစွမ်းအင်ကို တစ်ကြောင်းထက်ပိုပြီးတော့ ကျင့်ကြံနိုင်တဲ့သူရှိလား” ရှီဟောင်မေးလိုက်သည်။

ဤလူများအားလုံး ဆွံ့အသွားရသည်။ သူ၏အခြေအနေမှာ အန္တရာယ်များလွန်းလှပြီး သူသာ ဤအတိုင်းဆက်သွားလျှင် သူ၏ခန္ဓာကိုယ်နှင့်တာအိုမှာ သေချာပေါက် ပျောက်ကွယ်သွားမည်ပင်။ သို့သော်လည်း သူက ဤကဲ့သို့သော မေးခွန်းများကို မေးနေဆဲပင်။

“ရှိတယ် .. ဒါပေမဲ့ အဲဒီလိုမျိုးရဖို့အတွက်က ရှေးခေတ်ကတည်းက တွေ့ရဖို့ ခက်ခဲတဲ့ သဘာဝကံကောင်းခြင်းတွေ လိုအပ်တယ် .. ထာဝရစွမ်းအင် တိုးလာအောင်လုပ်ဖို့က အရမ်းခက်ခဲလွန်းတယ်”

သူဤလမ်းကြောင်းကို အောင်မြင်လျှင်ပင် ထာဝရစွမ်းအင်တစ်ကြောင်းသာ ရလိမ့်မည်ဖြစ်ကြောင်း ချောင်ယုရှန်း ပြောလိုက်သည်။ သူသာ နောက်တစ်ကြောင်းကို လိုချင်လျှင် အခြားနည်းလမ်းများ ရှာရမည်သာ။

“ငါ ပထမတစ်ကြောင်းရအောင် အရင်လုပ်ရမယ် .. မဟုတ်ရင် ငါဘယ်လိုလုပ် ဆက်သွားနိုင်မှာလဲ” ရှီဟောင်၏မျက်လုံးများမှာ လေးနက်နေလေသည်။

မီးတောက်ပေါင်း ၂၆၀၀ ပေါ်လာကာ သူ့ကို လွှမ်းခြုံသွားလေသည်။ အပြာရောင်ရှေးဟောင်းလမ်းများမှာ ကျမ်းစာသံများကို ထုတ်လွှတ်နေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ခါသွားစေလေသည်။

ယခုတစ်ကြိမ်တွင် ရှီဟောင်သည် နှစ်ခြမ်းကွဲထွက်သွားသည်အထိ လောင်ကျွမ်းသွားလေသည်။ သူသည် သေလောက်သည့်ဒုက္ခကို ဖြတ်ကျော်ပြီးသွားသော်လည်း သူ၏ထာဝရစွမ်းအင်မှာ မှုန်ဝါးနေဆဲပင်။

ပြန်လည်ကောင်းမွန်လာရန်အတွက် အချိန်အတော်ယူခဲ့ရလေသည်။

ဤသည်မှာ နည်းနည်းထူးဆန်းသော်လည်း ထိုထူးဆန်းသည့်သက်ရှိကြီးမှာ ဘယ်တော့မှ ရောက်မလာတော့ပဲ အတော်လေး ငြိမ်းချမ်းနေလေသည်။

မီးတောက်ပေါင်း ၂၇၀၀ လောင်ကျွမ်းနေပြီး ရှီဟောင်မှာ အရည်ပျော်မတတ်ပင်။ သူ၏အသွေးအသားများ စုတ်ပြတ်နေပြီး အရိုးများလည်း မည်းတူးနေလေပြီ။ သူ၏မူလဝိဉာဉ်ပင်လျှင် ပြိုကွဲတော့မတတ်ပင်။

အဆုံးမရှိသည့်သင်္ကေတများ ထွက်ပေါ်လာပြီး သူ့အား ဖုန်မှုန့်များဖြစ်အောင် လုပ်တော့မလိုပင်။

ယခုတစ်ကြိမ်တွင် ထာဝရစွမ်းအင်သည် အနည်းငယ် အားကောင်းလာသော်လည်း ပြန်လည်ပြိုကွဲသွားလေသည်။

“ငါဒီလိုပုံစံမျိုးနဲ့ အဆုံးမသတ်ချင်ဘူး…”

မီးတောက်ပေါင်း ၂၈၀၀ …

သူသည် လဝက်ကြာအောင် သတိမေ့နေခဲ့ပြီး သူ၏အသွေးအသားများမှာ ပုပ်သိုးတော့မလိုဖြစ်သွားပြီး သူ၏မူလဝိဉာဉ်ပင်လျှင် မှေးမှိန်သွားလေပြီ။

“သူ့မှာ အဆင့်လွန်အရည်ရှိနေလို့ တော်သေးတယ် .. အဲဒီအရည်က သူ့ရဲ့မူလဝိဉာဉ်ကို ရစ်သိုင်းထားပြီးတော့ သူ့အသက်ကို ကာကွယ်ပေးနေတာ .. အဲဒါကြောင့်မို့လို့လည်း သူမြန်မြန်ပြန်ကောင်းလာနိုင်တာ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး သက်ပြင်းချကာ ပြောလိုက်သည်။

အဆင့်လွန်အရည်မှာ ဝိဉာဉ်နယ်မြေမှ ရလာခဲ့ခြင်းပင်။ သူသည် စင်္ကြံ၏အမြင့်ဆုံးနေရာသို့ ရောက်အောင်တက်သွားခဲ့ပြီး တောက်ပနေသည့် အဆင့်လွန်အရည်တစ်ပန်းကန်ကို စုတ်ယူခဲ့ခြင်းပင်။

နောက်ဆုံးတွင် ရှီဟောင် သတိပြန်လည်လာသည်။ သူ၏ဒဏ်ရာများ သက်သာသွားသော်လည်း သူသည် အရှုံးပေးရန် ငြင်းဆိုနေဆဲပင်။

မီးတောက်ပေါင်း ၂၉၀၀ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံကိုးခုကိုပင် လောင်ကျွမ်းစေတော့မတတ်ပင်။

“ဘာ .. ဒီတစ်ခေါက် သူအောင်မြင်သွားပြီလား” ထိုလူများ အော်ဟစ်လိုက်ကြသည်။

အဆင့်လွန်စွမ်းအင်တစ်ကြောင်းမှာ သန့်စင်လှပြီး ရှီဟောင်၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားလေသည်။ ဤသည်မှာ ကြီးမြတ်သည့်တာအို၏ အသီးအပွင့်များပင်။

အပိုင်း ၁၀၆၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၈ – ထာဝရစွမ်းအင်မှ ခန္ဓာကိုယ်အား အကျိုးပြုခြင်း

“အောင်မြင်သွားပြီ .. တကယ်အောင်မြင်သွားခဲ့ပြီ .. ကောင်းလိုက်တာ .. ဒါကတကယ် ထာဝရတာအိုစွမ်းအင်အစစ်ပဲ”

ယုန်ဖြူလေးသည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်ပြီး အလွန်ပင် ပျော်ရွှင်နေလေသည်။ ယခုအချိန်တွင် သူမ၏ ပတ္တမြားကဲ့သို့ နီရဲနေသည့်မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်နေပြီး သူမသည် ဖြူစင်သည့်မိန်းမပျိုလေးကဲ့သို့ပင် ခုန်ပေါက်နေလေ၏။

“တကယ်ကို မယုံနိုင်စရာကောင်းလိုက်တာ .. ဒီလိုဆန်းကြယ်မှုမျိုးကို ငါကိုယ်တိုင် မြင်လိုက်ရတာပဲ” ချောင်ယုရှန်းလည်း ဆွံ့အသွားလေ၏။ သူသည်လည်း အော်ဟစ်နေလေသည်။

ယခင်ကတည်းက ယခုအချိန်ထိ ဤအဆင့်ရောက်ရန် ကြိုးစားနေသည့် ထူးချွန်သည့်သက်ရှိများစွာ ရှိနေသည်ကို သိထားရန် လိုအပ်သည်။ သို့သော်လည်း ထိုသူများမှာ တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားကြသည်သာ။

ယခုအချိန်တွင် သူတို့နှင့်အလွန်နီးကပ်နေသည့် လူငယ်တစ်ယောက်ထံမှ ထာဝရစွမ်းအင်ပေါ်လာနေလေပြီ။ သူတို့ဘယ်လိုလုပ် မတုန်လှုပ်ပဲနေမည်နည်း..

“ပြီးသွားပြီ .. နောက်ဆုံးတော့ သူသေဘေးကနေ လွတ်သွားပြီ .. အားလုံး အဆင်ပြေပြေချောချောမွေ့မွေ့ပြီးသွားဖို့ မျှော်လင့်တယ်” ချင်းရိသည် ပျော်နေလေသည်။ သူ၏မျက်လုံးများမှာ တောက်ပနေလေ၏။

ထာဝရရှေးဟောင်းမြေအတွင်းတွင် ထိုအဆင့်ကို တက်လှမ်းနိုင်သည့်လူများမှာ လူပေါင်းများစွာ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

သူတို့သည် အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းများကို ကြောက်စရာမလိုတော့ပေ။ လူဘယ်နှယောက်ပင် ရှိနေပါစေ ထာဝရစွမ်းအင်ရှိနေသည့်လူကို မည်သူမှ မသတ်နိုင်ပေ။ သူသည် ဘုရင်တစ်ပါးဖြစ်နေပြီဖြစ်ပြီး သူတို့နှင့် မျိုးဆက်တူသည့်လူများမှာ သူ့ကို မတားဆီးနိုင်တော့ပေ။

ဤကဲ့သို့သော သက်ရှိများ၏ အနာဂတ်များမှာ မှန်းဆ၍မရနိုင်လောက်အောင်ပင်။

“ဟား ဟား..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ရူးသွပ်စွာပင် ရယ်မောလိုက်ပြီး “ငါတို့ အဲဒီဂိုဏ်းကလူတွေကို ပြန်သွားချကြရအောင် .. သူတို့ရဲ့ နတ်ပစ္စည်းတွေအားလုံးကို ယူပစ်ဦးမယ်”

သူသည် ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားသည်ကို လိုချင်နေခြင်းဖြစ်ပြီး သူအဆင့်တက်နိုင်ရန်အတွက် နတ်ကျောက်တုံးမျိုးစုံကို လိုချင်နေခြင်းပင်။

လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည်သာလျှင် တုန်ယင်နေသည့်အသံဖြင့်ပင် “သတိထား .. အောင်မြင်ဖို့နီးကပ်လေလေ အန္တရာယ်များလေလေပဲ .. အဲဒီအရာက နောက်တစ်ခေါက် ပြန်လာလိမ့်မယ်”

သူသည် ယခင်က ဤအဖြစ်အပျက်များကို ကြုံခဲ့ဖူးလေသည်။

ရှီဟောင်သည် အောင်မြင်သွားသော်လည်း ပြင်းထန်သည့်ဒဏ်ရာများ ရရှိသွားသည်။ သူ၏ခန္ဓာကိုယ်မှာ အတွင်းဘက်ရော အပြင်ဘက်ပါ မည်းတူးနေပြီး သူ၏အဓိကအတွင်းအင်္ဂါငါးခုမှ မီးခိုးများ ထွက်နေလေသည်။ သူ၏အရိုးစုမှာလည်း ပြိုကွဲထွက်မတတ်ပင်။

အခြားသူများသာဆိုလျှင် သေသွားလောက်ပြီဖြစ်သည်။

ညှိုးခြောက်နေသည့် ခန္ဓာကိုယ်မှာ အရိုးစုနှင့်တူနေပြီး သူ၏အရိုးများကို အက်ကွဲနေသည့် အရေပြားဖြင့် ဖုံးလွှမ်းထားလေသည်။ သူ၏ခန္ဓာကိုယ်အနားတွင် ရစ်ပတ်နေသည့် ထာဝရစွမ်းအင်ကြောင့်သာမဟုတ်ပါက ဤသည်မှာ ထာဝရရှေးဟောင်းမြေကို လွှမ်းမိုးနိုင်သည့် သူရဲကောင်းတစ်ယောက်ဖြစ်သည်ဟု မည်သူမှ ယုံကြည်မည်မဟုတ်ပေ။

သူ၏အခြေအနေမှာ အလွန်ဆိုးရွားလှပြီး တစ်ယောက်ယောက်သာ သူ့ကိုလာတိုက်ပါက သူသေချာပေါက် သေဆုံးသွားမည်သာ။

ထိုအချိန်တွင် ရှေးဟောင်းမီးအိမ်တစ်လုံး ပေါ်လာကာ တစ်ဖြည်းဖြည်းချင်း နီးကပ်လာလေသည်။

အပြာရောင်ကျောက်လမ်းသုံးထောင်နောက်မှ မီးခိုးရောင်မြူများ ထွက်ပေါ်လာလေ၏။ ထိုမြူများမှာ ယခင်တစ်ခေါက်ကထက်ပင် ပို၍သိပ်သည်းလေသည်။ ထိုမြူမှ ထွက်လာသည့် ဖိအားများလည်း လူကိုပင် အသက်ရှူကြပ်စေလေ၏။

ထိုအချိန်တွင် ချောင်ယုရှန်း၊ ချင်းရိနှင့် ယုန်ဖြူလေးတို့မှာ ဆံပင်များပင် ထောင်ထသွားရပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားရသည်။

သူတို့အားလုံးမှာ တုန်ယင်နေကြပြီး ဤခံစားချက်များမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူတို့သည် ချောက်နက်ကြီးထဲသို့ ဆွဲချခံလိုက်ရသကဲ့သို့ပင် ခံစားနေရသည်။

“မင်းတို့အားလုံး နောက်ဆုတ်နေ”

ရှီဟောင်ပြောလိုက်၏။ သူသည် ဂျင်ဆင်းတစ်ဝက်သီးကို ခက်ခက်ခဲခဲပင် မြိုချလိုက်သည်။ ထို့နောက်တွင် သူ၏ဒဏ်ရာရနေသည့် ခန္ဓာကိုယ်ကို ကုသရန်အတွက် သူ၏ခန္ဓာကိုယ်အနားတွင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာလေသည်။

သူပြဿနာအကြီးကြီး ကြုံနေရပြီဖြစ်မှန်း သူသိသည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ အဆိုးဆုံးအခြေအနေ ဖြစ်နေလေပြီ။ သူအချိန်မှီ ပြန်ကောင်းလာနိုင်ပါ့မလား .. သူသည် မြင့်မြတ်ဆေးပင်နှင့် နတ်ဆေးပင်များကို စားလျှင်ပင် လုံးဝပြန်ကောင်းလာနိုင်မည်မဟုတ်ပေ။

ဒုန်း.. ဒုန်း.. ဒုန်း…

ရှည်လျားကာ သူရဲကောင်းဆန်သည့် နတ်ဆိုးပုံရိပ်တစ်ခု လျှောက်လာနေလေသည်။ သူ၏ခြေသံများမှာ နတ်စည်တီးနေသကဲ့သို့ပင် လူတစ်ယောက်၏ရင်ကို တုန်ခါစေနိုင်ပြီး သူတို့ခန္ဓာကိုယ်များပင် ပေါက်ကွဲထွက်တော့မည်ဟု ခံစားရစေသည်။

ဤသည်မှာ ကြောက်စရာအကောင်းဆုံး မဟုတ်သေးပေ။ အခြားနေရာများတွင်လည်း ပုံရိပ်များပေါ်လာပြီး သူတို့သည် ကောင်းကင်ကိုပင် လွှမ်းခြုံနိင်သည့် မီးတောက်များကို ထုတ်လွှတ်နေကြသည်။ သူတို့ကိုယ်ပေါ်တွင် လျှပ်စီးအလင်းတန်းများလည်း ရှိနေပြီး နတ်ဘုရားများကဲ့သို့ပင် ဆင်းသက်လာကြလေသည်။

“ဘာဖြစ်နေတာလဲ .. ဘာလို့တစ်ခါတည်းနဲ့ အများကြီး ရောက်လာတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ထိတ်လန့်သွားရသည်။

အခြားသူများလည်း ဖြူဖျော့နေကြသည်သာ။ ဤသည်မှာ လုံးဝပင် မျှော်လင့်ချက်ကင်းမဲ့နေသည့်အခြေအနေပင်။ ပုံရိပ်များမှာ လေးဘက်လေးတန်မှ ဝန်းရံလာပြီး ၆ ယောက်၊ ၇ ယောက်… အများကြီးရှိနေသည်။

မီးခိုးရောင်မြူများ အုံ့ဆိုင်းလာပြီး ဤခြေသံများမှာ တစ်သံတည်းထွက်လာပြီး အသံမှာ ပို၍ပင် ကြောက်စရာကောင်းလာသည်။

အချို့ပုံရိပ်များမှာ သက်တံ့ကဲ့သို့ပင် တောက်ပနေပြီး အချို့မှာ မင်ကဲ့သို့မည်းနက်နေကာ တစ်ချို့မှာ မှုန်ဝါးဝါးဖြင့်ပင်။

သူတို့တစ်ယောက်စီတိုင်းသာ ယခင်ကကဲ့သို့ ရှီဟောင်ကဲ့သို့ စွမ်းအားကြီးနေမည်ဆိုလျှင် သေချာပေါက် ရှုံးပွဲပင် ဖြစ်မည်ပင်။

“လက်စသပ်တော့ ဒီလောက်တောင် ခက်ခဲတာကိုး..” ရှီဟောင် ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် ဂျင်ဆင်းတစ်ဝက်သီးကို စားလိုက်ပြီး သူ၏ခန္ဓာကိုယ်ပြန်ကောင်းလာကာ ဒဏ်ရာများ ပျောက်ကင်းသွားမည်ဆိုလျှင်ပင် ဘာလုပ်ရမည်နည်း..

သူ့ထက်အားမနည်းသည့်လူပေါင်းများစွာ အတူတကွ တိုက်ခိုက်လာလျှင်… ဤသည်မှာ ခက်ခဲလွန်းသည်။ သူသည် ဘာမျှော်လင့်ချက်မှကို မမြင်ရတော့ပေ။

ခဏကြာပြီးသည့်နောက်တွင် ရှီဟောင်တည်ငြိမ်သွားသည်။ သူသည် ဤအဆင့်ထိပင်ရောက်နေပြီဖြစ်သောကြောင့် ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရမည်သာ။

“ဒီထာဝရစွမ်းအင်က အံ့ဩစရာကောင်းလောက်အောင် စွမ်းအားကြီးတယ်ဆိုတော့ ဒီစွမ်းအင်ကို စမ်းကြည့်ရတာပေါ့..” ရှီဟောင် တီးတိုးပြောလိုက်သည်။ သူသည် စွမ်းအားအကြီးဆုံးခွန်အားကို ပြသတော့မည်။

သို့သော် ရှီဟောင်မှာ ချက်ချင်းပင် ဖြူဖျော့သွားရပြီး မြေပြင်ပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။

ဤထာဝရစွမ်းအင်မှာ တစ်စစီဖြစ်သွားလေပြီ။ မူလက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေသော်လည်း ယခုအချိန်တွင်တော့ အစိတ်စိတ်အမွှာမွှာဖြစ်နေလေပြီ။ သူသည် ဤထာဝရစွမ်းအင် အစိတ်အပိုင်းများနှင့် မဆက်သွယ်နိုင်တော့ပေ။

ဘာဖြစ်နေတာလဲ..

“ဘုရားရေ .. ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်သွားတာလဲ” အခြားသူများအားလုံးလည်း ဆွံ့အသွားကြသည်။ ထိတ်လန့်စရာကောင်းသည့် ပြောင်းလဲမှုကြီး ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ဤထာဝရစွမ်းအင်ကို အသုံးပြု၍မရနိုင်တော့ပေ။

“ချီးပဲ..” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ကျိန်ဆဲလိုက်သည်။

အခြေအနေများမှာ ဆိုးရွာလာပြီး ရှီဟောင်မှာ လွတ်လမ်းပင်မမြင်နိုင်တော့ပေ။

ဝုန်း..

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ ထူးဆန်းသည့်အလင်းတစ်ခု ထွက်ပေါ်လာပြီး ထိုပြိုကွဲသွားသည့် ထာဝရစွမ်းအင်အစိတ်အပိုင်းများကို စုစည်းလိုက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေလေသည်။

နောက်တစ်ခဏတွင် အဖြူရောင်မြူများသည် အဆင့်လွန်သွေးနှင့် တစ်သားတည်းဖြစ်သွားပြီး မြူထဲတွင် ပျောက်ကွယ်သွားလေသည်။

ရှီဟောင် ဆွံ့အသွားရသည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်သွားလေပြီ။ သူသည် အနည်းငယ်ရှုပ်ထွေးနေသော်လည်း သူ၏ခန္ဓာကိုယ်ကို ပြန်ဆန်းစစ်ကြည့်လိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှာ မြူဆိုင်းနေပြီး အချိန်အနည်းငယ်ကြာမှသာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

သူ၏အဆင့်လွန်သွေးမှာ ပို၍ပင်တောက်ပလာပြီး သွေးနှင်ပင် မတူတော့ပေ။ စီးဆင်းနေသည့် အနီရောင်သတ္တုရည်နှင့် တူနေလေသည်။ ထို့အပြင် ထူးဆန်းသည့်အော်ရာလှိုင်းတစ်ခုလည်း သူ့ကို ဝန်းရံထားလေ၏။

“မင်းဘယ်လိုခံစားရလဲ” ထိုလူများမှာ စိုးရိမ်နေကြသောကြောင့် ကျယ်လောင်စွာပင် မေးလိုက်ကြလေသည်။

“ငါဘာမှ မခံစားရဘူး” ရှီဟောင်ပြောလိုက်သည်။ သူတကယ်ပင် ဘာကိုမှ ထူးထူးခြားခြားမခံစားမိပေ။ သို့သော် ထိုစွမ်းအင်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင် မြင်လိုက်ရသည်။

“သတိထား .. အဲဒီဟာတွေ နီးလာပြီ” ချောင်ယုရှန်း သတိပေးလိုက်သည်။

“ဟမ် .. သူတို့တွေ ထပ်ရပ်သွားပြီ” ယုန်ဖြူလေး ထိတ်လန့်သွားရသည်။ မြူများ ထပ်မံထွက်ပေါ်လာခြင်းမရှိသလို ထိုသက်ရှိများလည်း ရပ်တန့်သွားကြသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းနေသည်။

ရှေးဟောင်းမီးအိမ်ပင်လျှင် လေဟာနယ်ထဲတွင် လှုပ်ရမ်းနေပြီး မှုန်ဝါးဝါးဖြစ်လာလေသည်။

ရုတ်တရက်ပင် မြူများ ကြဲပါးသွားပြီး ထိုသက်ရှိများသည်လည်း လေဟာနယ်ထဲရှိ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ထိုရှေးဟောင်းမီးအိမ်လည်း ပျောက်ကွယ်သွားလေ၏။

ဤသည်မှာ အားလုံးကို ဆွံ့အသွားစေသည်။

“သူတို့က နင်ကျရှုံးသွားပြီမို့လို့ နင့်ကိုရှင်းပစ်ဖို့ မတန်ဘူးလို့ ပြန်ထွက်သွားကြတာထင်တယ်” ယုန်ဖြူလေး ခန့်မှန်းလိုက်သည်။

အခြားသူများလည်း ခေါင်းညိမ့်လိုက်ကာ ဤကောက်ချက်ကို သဘောတူလိုက်သည်။ သို့သော်လည်း သူတို့လည်း သေချာမရှင်းပြနိုင်ကြပေ။ ထိတ်လန့်စရာအကောင်းဆုံးမှာ ရှီဟောင်၏ ထာဝရစွမ်းအင်၏ ပြောင်းလဲခြင်းပင်။

သူတို့သည် ပျော်ရမလား ဝမ်းနည်းရမလားပင် မသိတော့ပေ။ ထိုထာဝရစွမ်းအင် ပျက်ပြယ်သွားသောကြောင့် ရှုံးနိမ့်မှုတစ်ခုဟု သတ်မှတ်၍ရသည်။ သို့သော်လည်း ဤကဲ့သို့ ပျက်ပြယ်သွားသောကြောင့်သာ ရှီဟောင်သည် အသက်ဘေးမှ လွတ်မြောက်သွားခြင်းပင်။

သို့သော်လည်း ထိုစွမ်းအင်လှိုင်းသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောကြောင့် သူတို့မျှော်လင့်နေဆဲပင်။

ရှီဟောင်သည် ထိုနေရာတွင် ထိုင်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို သေချာလေ့လာလိုက်သည်။ အဆင့်လွန်သွေးမှာ တောက်ပနေဆဲဖြစ်သော်လည်း ဘာမှထူးခြားမသွားပေ။ ထူးဆန်းသည့်အော်ရာလည်း ပျောက်ကွယ်သွားပြီး ယခင်ကကဲ့သို့ပင် ပြန်ဖြစ်သွားလေသည်။

“နှမြောစရာကောင်းလိုက်တာ .. မင်းအောင်မြင်နေပြီကို ဘာလို့ဒီလိုမျိုး ဖြစ်သွားတာလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် စိတ်ပျက်လက်ပျက်ဖြင့်ပင် ရှီဟောင်အစား ညည်းညူလိုက်သည်။

“ဒါက .. ကောင်းတဲ့ကိစ္စထင်တယ်” ချောင်ယုရှန်းသည် တစ်စုံတစ်ခုကို တွေးမိသွားကာ ပြောလိုက်သည်။

“ဘာဖြစ်သွားတာလဲဆိုတာကို မင်းသိတာလား .. ငါတို့ကို မြန်မြန်ပြောပြ” ချင်းရိ ပြောလိုက်သည်။

“အဲဒီအကြောင်းကို တစ်နေရာရာမှာ ငါဖတ်ဖူးတယ်…” ချောင်ယုရှန်း ပြောလိုက်သည်။

ထာဝရရှေးဟောင်းအပျက်အစီးမှ ပျက်စီးနေသည့်အိုးတစ်လုံးပေါ်တွင် ထွင်းထားသည့်စာလုံးများကို သူဖတ်ဖူးသည်။ ဂျီးနီးယပ်စ်တစ်ယောက် လျှောက်သည့်လမ်းမှာ ခက်ခဲလွန်းလှပြီး သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်မှာ လုံးဝပျက်စီးတော့မလို ဖြစ်သွားသည်။

သို့သော်လည်း သူ၏ထာဝရစွမ်းအင်များမှာ အပိုင်းပိုင်းဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်မှ စုတ်ယူသွားလေသည်။ ထိုစွမ်းအင်သည် သူ့ကို အသက်ဆက်စေခဲ့ခြင်းပင်။

ပြောရမည်ဆိုလျှင် ထာဝရစွမ်းအင်သည် သေဆုံးနေသည့် သူ၏ခန္ဓာကိုယ်ကို ပြုပြင်လိုက်ကာ ထိုကဲ့သို့ပြုပြင်လိုက်ရသောကြောင့်လည်း ထိုစွမ်းအင် ပျောက်ကွယ်သွားခြင်းပင်။

“ငါတို့ ဒါကို ကံကောင်းသွားတယ်လို့ ပြောလို့ရလို့လား” နတ်ဘုရားပစ်ချက် ကျောက်တုံးလေး ပြောလိုက်သည်။ ဤသည်မှာ ဆိုးရွားလွန်းလှသည်။ နာကျင်စွာဖြင့် ကျင့်ကြံခဲ့ရသည့် ထာဝရစွမ်းအင်ကို အသက်ကယ်ရန်အတွက် အသုံးပြုလိုက်ရသည်။

ရှီဟောင်၏အခြေအနေမှာလည်း ထိုဂျီးနီးယပ်စ်နှင့် အတူတူပင်။ သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းလှပြီး ဝိဉာဉ်နယ်မြေမှရခဲ့သည့် အဆင့်လွန်အရည်ကြောင့်သာ သူမသေခဲ့ခြင်းပင်။ ထာဝရစွမ်းအင်သည်လည်း တစ်စစီဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ပြုပြင်ပေးခဲ့သေးသည်။

ချောင်ယုရှင်း – “သီအိုရီမှာ သူရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် သူက အဲဒီစွမ်းအင်တွေကို စုတ်ယူလိုက်နိုင်တယ် .. နောက်ပိုင်းကျရင် ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ”

“အဲဒီဂျီးနီးယပ်စ်ဘာဖြစ်သွားတာလဲဆိုတာ အဲဒီအိုးမှာ မရေးထားဘူးလား” ချင်းရိ မေးလိုက်သည်။

“သေသွားခဲ့တာ .. သူက အဲဒီအခြေအနေကနေ အသက်ရှင်နိုင်ခဲ့ပေမယ့် သူ့က ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ရဲ့ပစ်မှတ်ထားတာကို ခံရပြီးတော့ အသတ်ခံလိုက်ရတာ” ဖက်တီးလေးမှ ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရသည်။ ဤလူ၏အဖြစ်မှာ ဝမ်းနည်းစရာကောင်းလွန်းလှသည်။ သူသည် မူလက ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ဂျီးနီးယပ်စ်တစ်ယောက်ဖြစ်သော်လည်း နောက်ဆုံးတွင် သူ၏ထာဝရတာအိုစွမ်းအင်များ ပျက်စီးသွားကာ သူသည်လည်း အသတ်ခံလိုက်ရသည်။

“သူ ထာဝရစွမ်းအင်ကို နောက်တစ်ခေါက် ထပ်ကျင့်ကြံသေးလား” ရှီဟောင် မေးလိုက်သည်။

“သူရဲ့ လမ်းကဆုံးသွားပြီ .. ထပ်သွားစရာမရှိတော့ဘူး .. အဲဒီတော့ သူဆက်မကျင့်ကြံနိုင်တော့ဘူး .. နောက်ပိုင်းကျတော့ သူဖမ်းခံလိုက်ရတယ်” ချောင်ယုရှန်း ပြောလိုက်သည်။

“အဲဒီလိုလား …” ရှီဟောင်ခေါင်းညိမ့်လိုက်ပြီး သူ၏စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။

အဘယ်ကြောင့်ဆိုသော် သူသည် မီးတောက်ပေါင်း ၂၉၀၀ ကိုသာအသုံးပြုရသေးသောကြောင့် လမ်းမဆုံးသေးပေ။

ပြန်လည်ကုသရန်အတွက် သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ၏ညှိုးခြောက်နေသည့် အသွေးအသားများကို ပြန်လည်ကောင်းမွန်အောင် လုပ်လိုက်သည်။ သူ၏မူလဝိဉာဉ်ကိုလည်း ပြန်လည်အားဖြည့်လိုက်ပြီး အကောင်းဆုံးအနေအထားရောက်အောင် လုပ်လိုက်သည်။

ပြောရမည်ဆိုလျှင် အခြေအနေများမှာ အလွန်ဆိုးရွားနေသည်တော့မဟုတ်ပေ။ သူ့ထံတွင် မျှော်လင့်ချက် ရှိနေသေးသည်။

ယခုတစ်ကြိမ်တွင် ရှီဟောင်သည် သူ၏ဒဏ်ရာများကို အချိန်ယူ ကုသခဲ့သည်။ သူ၏ဒဏ်ရာများ ပျောက်ကင်းသွားသော်လည်း သူသည်ချက်ချင်းမစသေးပဲ တာအိုလေ့လာခြင်းကျောက်တုံးပေါ်တွင် ထိုင်လိုက်ပြီး သူ့ကိုယ်သူ စဉ်းစားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့်သက်ရှိများမှာ သူထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းလွန်းလှသည်။ သူတို့ဘာသာ ပြန်ဆုတ်သွားသောကြောင့်သာမဟုတ်ပါက သူသေချာပေါက် အန္တရာယ်များနေလောက်လေပြီ။

ယခုအကြိမ်တွင် သူ ပြင်ဆင်မှုများကို သေချာပြုလုပ်ရမည်။ မဟုတ်ပါက သူသည် ထာဝရစွမ်းအင်ကို ကျင့်ကြံပြီးသွားသည်နှင့် အသတ်ခံရနိုင်သည်။

“ငါတစ်ခုခုကို စဉ်းစားမိသွားပြီ .. မင်းထာဝရစွမ်းအင်ကို ကျင့်ကြံလိုက်တာနဲ့ အချိန်တစ်ခဏအတွင်းရနိုင်ဖို့က ခက်ခဲလိမ့်မယ် .. အဲဒါကြောင့်မို့လို့ မင်းမျှော်လင့်ချက်တွေ အများကြီးမထားတာ ပိုကောင်းလိမ့်မယ်” ချောင်ယုရှန်း ပြောလိုက်သည်။

ရှီဟောင် သူတို့နှင့် ဆွေးနွေးလိုက်သည်။ သူတို့သည် သူ၏လက်ရှိအခြေအနေကို သိနေကြသည့်သူများဖြစ်သောကြောင့် သူတို့၏ အမြင်များကို ပြောပြကြလေသည်။

ရှီဟောင် သက်ပြင်းချလိုက်သည်။ အခြေအနေများမှာ လုံးဝပင် ကောင်းမနေပေ။ သူဤအတိဒုက္ခကို မည်ကဲ့သို့ ဖြတ်ကျော်ရမည်နည်း..

ထို့ကြောင့်ပင် လောကကြီး ပြောင်းလဲသွားကတည်းက အောင်မြင်သည့်သူ နည်းပါးသွားသည်မှာ အံ့ဩစရာမရှိတော့ပေ။

“ငါအဆင့်တက်ရမယ် .. ငါအဆင့်တက်ရမယ်” ရှီဟောင် သူ့ကိုယ်သူပင် ရေရွတ်နေလိုက်သည်။ သူသည် ကောင်းကင်မျက်လုံးကိုဖွင့်လိုက်ကာ သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်လိုက်သည်။

“ဟမ်…”

ရုတ်တရက်ပင် သူ၏ခန္ဓာကိုယ်ထဲတွင် ထိတ်လန့်စရာကောင်းလောက်သည့် ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်ကို သူတွေ့လိုက်ရသည်။ ‌ဤပြောင်းလဲမှုကို ယခင်က မတွေ့ခဲ့ပဲ ကောင်းကင်မျက်လုံးကို ဖွင့်လိုက်မှသာ တွေ့လိုက်ရခြင်းပင်။

“ဒီမှာ … ငါဒါကိုသုံးပြီးတော့ ငါ့ကိုယ်ငါထက် ကျော်သွားအောင်လုပ်မယ်” ရှီဟောင် ပြောလိုက်သည်။

အပိုင်း ၁၀၆၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၆၉ – လမ်းသုံးထောင်၏လမ်းဆုံး

သူ၏အသွေးအသားထဲတွင် အလင်းရောင်လေးတစ်ခုကို မြင်နေရပြီး ထိုအလင်းရောင်သည် တည်ငြိမ်နေကာ မလှုပ်မယှက်ပင် ရှိနေလေသည်။

ကောင်းကင်မျက်လုံးနှင့်ဆိုလျှင်ပင် ဤအလင်းလေးကို မှုန်ဝါးဝါးသာ မြင်နေရလေသည်။ သို့သော်လည်း ဤမီးတောက်ကို သူအလွန်ရင်းနှီးနေသည်။ ယခင်ကတည်း ဤမီးတောက်ကို သူတွေ့ဖူးသည်။

“အဲဒီမီးတောက်က တကယ်ငါ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား .. ငါတစ်ခါမှသတိမပြုမိခဲ့ဘူး .. ဒါပေမဲ့ ဒါက ငါ့ကိုလည်း မထိခိုက်စေပါဘူး”

ရှီဟောင် အလွန်ပင် ထိတ်လန့်သွားရသည်။ ဤသည်မှာ အလွန်ထူးဆန်းသည့် အခေါင်းကိုးခုအနားတွင် ရှိနေခဲ့သည့် မီးတောက်ပင်။ ဤမီးတောက်သည် အစိမ်းရောင်လမီးတောက်ကိုပင် မောင်းထုတ်ခဲ့နိုင်သောကြောင့် ဤမီးတောက်မှာ မည်မျှပင်စွမ်းအားကြီးသည်ကို ခန့်မှန်းကြည့်နိုင်သည်။

ဤမီးတောက်သည် နတ်ဆိုးများအားလုံးကို လောင်ကျွမ်းအောင် ပြုလုပ်နိုင်ကြောင်း ချီသော်လင်း ပြောသည်ကို သူကြားဖူးသည်။ ရှု့ထောင့်အချို့မှ ကြည့်မည်ဆိုလျှင် ဤသည်မှာ မီးတောက်တစ်ခုဟု သတ်မှတ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်္ကေတများဖြင့် ပြုလုပ်ထားသောကြောင့်ပင်။

သူ့ကို မီးတောက်ဟုခေါ်ရခြင်းမှာ ဤထူးဆန်းသည့်သင်္ကေတမှာ တောက်ပနေသောကြောင့်ပင်။

သူကဘယ်လိုလုပ် အဲဒီမီးတောက်ကို ဆင့်ခေါ်ပြီးတော့ ယူနိုင်ခဲ့တာလဲ.. ထိုထူးဆန်းသည့်သင်္ကေတများတွင် များပြားလှသည့် လျှို့ဝှက်ချက်များပါဝင်နေလေသည်။ သူသာ ဤသင်္ကေတများကို နားလည်အောင်လုပ်နိုင်ပါက ဤထူးဆန်းသည့်အရာများကို ကျော်ဖြတ်နိုင်မည့် အဖြေရှိလာနိုင်သည်။

ဘယ်နှယောက်ပဲလာလာ သူတို့အားလုံးကို မီးလောင်တိုက်သွင်းပစ်မည်ပင်။

ရှီဟောင် ထိုမီးတောက်နှင့် ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ထိုမီးတောက်မှာ မလှုပ်မယှက်ပင်။

နောက်ရက်အနည်းငယ်တွင် ရှီဟောင်သည် သူ၏နတ်အာရုံကို သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက်ပြီး ထိုထူးဆန်းသည့်သင်္ကေတအနားတွင် လှည့်ပတ်သွားလာစေလိုက်သည်။ သူသည် ဤမီးတောက်ကို ပြန်လည်အသက်သွင်းကာ ဆက်သွယ်လိုခြင်းပင်။

သို့သော် အနည်းငယ်မျှပင် တိုးတက်မလာသောကြောင့် သူစိတ်ပျက်သွားရသည်။

သက်ပြင်းချပြီးသည့်နောက်တွင် ရှီဟောင်သည် တာအိုလေ့လာခြင်းကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး ခပ်ဝေးဝေးသို့ ကြည့်လိုက်သည်။

“ချင်းရိ .. ငါ့ကို မင်းရဲ့အစိမ်းရောင်လမီးတောက်နဲ့ လောင်ကျွမ်းသွားအောင် လုပ်ပေးပါဦး” သူရုတ်တရက် ပြောလိုက်သည်။

“နင်ရူးသွားပြီလား” ယုန်ဖြူလေးမှ ပြူးကျယ်နေသည့် မျက်ဝန်းများဖြင့် ပြောလိုက်သည်။

ချင်းရိနှင့် ချောင်ယုရှန်းတို့လည်း ဆွံ့အသွားရသည်။ ဤအစိမ်းရောင်ရှေးဟောင်းမီးတောက်၏ မူလဇစ်မြစ်မှာ အံ့အားသင့်စရာကောင်းလွန်းလှပြီး ထာဝရအစစ်အမှန် ချင်းယွဲ့ထံမှ ချန်ထားခဲ့သည် ‘ထာဝရမျိုးစေ့’ဟုလည်း ပြောကြလေသည်။

ဤမီးတောက်ကို အသုံးပြုပြီး ကိုယ့်ကိုကိုယ်လောင်ကျွမ်းစေလိုက်လျှင် သေချာပေါက် ရလဒ်ကောင်း ရလာမည်မဟုတ်ပေ။

ဤမီးတောက်မှ ချင်းရိအား အန္တရာယ်မပြုခြင်းမှာ မီးတောက်သည် သူမအား အသိအမှတ်ပြုထားသောကြောင့်ပင်။

“စိတ်မပူပါနဲ့ .. နည်းနည်းလောက်အားပျော့နေရင် အဆင်ပြေပါတယ် .. ငါ့ခန္ဓာကိုယ်ထဲမှာ ငါစမ်းသပ်ချင်နေတဲ့ တစ်ခုခုရှိနေလို့” ရှီဟောင်ပြောလိုက်သည်။

အခြားမီးတောက်တစ်ခုမှာ ရှီဟောင်၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည်ဟု သိလိုက်ရသည့်အချိန်တွင် ချင်းရိအံ့အားသင့်သွားရသည်။

အစိမ်းရောင်မီးတောက်တစ်ကြောင်း ပေါ်လာပြီး ရှီဟောင်ထံသို့ ဖြည်းညှင်းစွာပင် ချဉ်းကပ်သွားလေ၏။ ထိုမီးတောက်သည် ငြင်သာစွာဖြင့်ပင် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

“နာလိုက်တာ” ရှီဟောင် ညည်းတွားလိုက်သည်။ သူ၏အသွေးအသားများမှာ ဓားဖြင့်မွှန်းခံနေရသကဲ့သို့ပင်။

ချင်းရိသည် ထိုမီးတောက်ကို သေချာထိန်းချုပ်ထားပြီး သူ၏တိုက်ခိုက်သည့်စွမ်းအားကို လျော့ချလိုက်သည်။ သူမသည် ထိုမီးတောက်အား ထူးဆန်းသည့်မီးတောက် ရှိနေသည့်နားသို့ ရွေ့သွားစေလိုက်သည်။

ရုတ်တရက်ပင် ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး သင်္ကေတများလည်း တောက်ပလာလေသည်။ အစိမ်းရောင်လမီးတောက်သည် သူ့ဘာသာသူပြန်ဆုတ်သွားပြီး ရှေ့ဆက်မသွားတော့ပေ။ သူမထိန်းချုပ်ဖို့ ကြိုးစားလျှင်ပင် မရနိုင်တော့ပေ။

ရှီဟောင် သက်ပြင်းချလိုက်သည်။ ကြည့်ရသည်မှာ သူဤမီးတောက်ကို မှီခို၍ မရတော့ဘူးထင်သည်။

“ဒီစစ်ဆေးခြင်းကို ဖြတ်ကျော်နိုင်တဲ့သူတွေ ရှိနေမှတော့ ငါလည်း ဖြတ်ကျော်နိုင်ရမယ် .. ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်” ရှီဟောင်သည် ထိုမီးတောက်ကို အသုံးပြုမည့်အကြံအား ခဏလက်လျော့ထားလိုက်ရသည်။

မီးတောက်မှာ သူ၏နောက်ဆုံးလက်နက်ပင်။ မဖြစ်မနေမဟုတ်လျှင် သူဤမီးတောက်ကို ထုတ်သုံးမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲလိုက်လျှင်ပင် ဤသင်္ကေတများမှ လှုပ်ရှားမှုများ မရှိလာပါက သူ့ကို အကူအညီဖြစ်စေမည်မဟုတ်ပေ။

“အရင်တုန်းက အောင်မြင်ခဲ့တဲ့သူတွေအားလုံးက အဲဒီထာဝရစွမ်းအင်ကို သုံးခဲ့ကြလို့ပဲ .. မင်းအဲဒီထာဝရစွမ်းအင်ကို ထိန်းသိမ်းထားပြီးတော့ ထိန်းချုပ်နေနိုင်သရွေ့ မင်းရဲ့လမ်းကြောင်းမှာ ရှိနေတဲ့သူအားလုံးကို အနိုင်ယူနိုင်မှာပဲ” ချောင်ယုရှန်း ပြောလိုက်သည်။

ရှီဟောင်ခေါင်းညိမ့်လိုက်ပြီးနောက် ဘာမှမပြောတော့ပေ။

ရှီဟောင် နောက်တစ်ကြိမ် သီးသန့်ကျင့်ကြံလိုက်သည်။ သို့သော် ဤတစ်ကြိမ်မှာ တာအိုမီးတောက်များကို တောက်လောင်စေရန်မဟုတ်တော့ပဲ သူ့ကိုယ်သူ ပိုနားလည်စေရန်ပင်။

“မင်းတို့ပြောတာ တကယ်လား .. မင်းတို့ပြောတဲ့ ရှေးဟောင်းဆိုတာက ထာဝရရှေးဟောင်းခေတ်ကို ပြောတာမလား .. အဲဒီအချိန်တုန်းက ဒီလိုမျိုး ထူးဆန်းတဲ့အဖြစ်အပျက်ရှိတာ သေချာလို့လား” ယုန်ဖြူလေး ရေရွတ်လိုက်သည်။

“အဲဒါက ငါခန့်မှန်းကြည့်လိုက်တာပါ .. အခု သူယုံကြည်မှုလိုအပ်နေတယ်လေ” ချောင်ယုရှန်း ပြောလိုက်သည်။

လကျောက်စိမ်းယုန်လေးသည် မျက်ဖြူလှန်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

ယခုအချိန်တွင် ချင်းရိပင်ဖြစ်စေ နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်ဖြစ်စေ ရှီဟောင်အား ဘာမှသိပ်မကူညီနိုင်ကြပေ။ စိုးရိမ်ပေးရုံသာ သူတို့တတ်နိုင်သည်။ သို့သော် ဖက်တီးလေး ချောင်ယုရှန်း၏မျိုးဆက်မှာမူ ထူးခြားသည်။ သူသည် အခြားသူများထက် အနည်းငယ်ပိုသိသည်သာ။

ရှီဟောင်သည် အလျင်စလိုမလုပ်ပဲ သူ၏အဆင့်လွန်သွေးကိုသာ လေ့လာနေလေသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရစွမ်းအင်သည် ပျက်ပြယ်သွားခြင်းမဟုတ်ပဲ သူ၏ခန္ဓာကိုယ်မှ စုတ်ယူလိုက်ခြင်းဖြစ်သည်ဟု သူခံစားနေရသောကြောင့်ပင်။ ထို့ကြောင့် ပြောင်းလဲမှုမဖြစ်နိုင်စရာ အကြောင်းမရှိပေ။

သူစိတ်ရှည်စွာပင် စောင့်ဆိုင်းခဲ့သည်။ လဝက်ကြာပြီးသည့်နောက်တွင် သူ၏တာအိုကောင်းကင်မျက်လုံးဖြင့် သူတစ်ခုခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်။

“သင်္ကေတအသစ်တစ်ခု ပေါ်လာနေတယ်” ရှီဟောင် ထိတ်လန့်သွားရသည်။

ကောင်းကင်လက်နှင့် ပြန်လည်ဝင်စားခြင်းသင်္ကေတအပြင် သူ၏အဆင့်လွန်သွေးထဲတွင် တတိယ သင်္ကေတတစ်မျိုးရှိနေလေသည်။ ဤသင်္ကေတသည် အစပျိုးဆဲအဆင့်သာရှိနေသေးပြီး သူ့ထံတွင် မည်ကဲ့သို့သော စွမ်းရည်မျိုးရှိနေသလဲဆိုသည်ကို သိနိုင်ရန် ခက်ခဲသည်။

သူသည် ထိုသင်္ကေတကိုသာ အာရုံစိုက်လိုက်ပြီး ပြောင်းလဲမှုများကို သေချာစောင့်ကြည့်လိုက်သည်။ သူ့အတွက်တော့ ဤသည်မှာ အတွေ့အကြုံအသစ်ပင်။ သူသည် အလွန်စွမ်းအားကြီးသည့်အဖိုးတန်ပညာတစ်ခု မွေးဖွားလာခြင်းကို ကိုယ်တိုင်မြင်နေရလေပြီ။

ဤသည်မှာ ကျင့်ကြံသူများအတွက် ရရှိနိုင်ရန် ခက်ခဲလှသည့် တိုးတက်မှုပင်။

သို့သော် ဤသည်ကို လူဘယ်နှယောက် လုပ်နိုင်ပြီးသွားပြီနည်း… ကောင်းကင်မျက်လုံးကို ရရှိထားသည့်သူများမှာ နည်းပါးသကဲ့သို့ သူတို့ဤမျက်လုံးကို ရပြီးသွားလျှင်ပင် သူတို့သည် ဘယ်လိုလုပ် ဤကဲ့သို့သော အခွင့်အရေးကို ရရှိနိုင်မည်နည်း..

ဤကဲ့သို့သော ပြောင်းလဲမှုကို ကြည့်နေရခြင်းမှာ ရှီဟောင်အတွက် လောကကြီးအသစ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ပင်။

“ကျင့်ကြံခြင်းလမ်းကြောင်း၊ လမ်းကြောင်းတွေရဲ့ မူလစမှတ်၊ အဆင့်တက်တဲ့လမ်းကြောင်း .. ဒါတွေအားလုံးလည်း အတူတူပဲ .. တစ်ဆင့်ချင်းစီဖြစ်လာပြီး ဒီနေ့လိုမျိုး တောက်ပလာကြတာ”

အချိန်မည်မျှကြာသွားမှန်း မသိလိုက်သည့်အချိန်တွင် အဆင့်လွန်သွေးမှာ တစ်ဖြည်းဖြည်းချင်း တည်ငြိမ်သွားပြီး ထိုသင်္ကေတများလည်း ပြောင်းလဲခြင်းမရှိတော့ပေ။

တတိယမြောက်ပညာမှာ သေချာပေါက်ပင် ပုံစံပေါ်လာတော့မည်ပင်။

ထို့ကြောင့်ပင် ရှီဟောင်သည် မျက်လုံးမှိတ်လိုက်ပြီးနောက် အချိန်အတော်ကြာသည်အထိ သေချာစဉ်းစားနေခဲ့သည်။ ထို့သို့စဉ်းစားပြီးသည့်နောက်မှာ ထာအိုလေ့လာခြင်းကျောက်တုံးပေါ်မှ ဆင်းလိုက်လေ၏။ ယခုအကြိမ်တွင် သူအကျိုးအမြတ်အများကြီး ရလိုက်သည်။

“တစ်နေ့ကျရင်တော့ ငါကျင့်ကြံနည်းအသစ်တစ်ခုကို သေချာပေါက် ဖန်တီးနိုင်တော့မှာ .. အဲဒီပညာက ထာဝရရှေးဟောင်းခေတ်နဲ့လည်း မတူသလို အရှေ့မှာ ရှိခဲ့တဲ့ပညာတွေနဲ့လည်း လုံးဝမတူဘူး”

ရှီဟောင် တိုးတိတ်စွာပင် ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် အခြားသူများအားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ မည်ကဲ့သို့သော ရဲတင်းမှုမျိုး ဖြစ်သနည်း… လုံးဝကွဲပြားတဲ့ ကျင့်ကြံရေးနည်းလမ်းကို သူတီထွင်မလို့လား..

ဤသည်မှာ မဖြစ်နိုင်ဘူးဟု သူတို့ခံစားနေရသည်။ နည်းလမ်းအသစ်ဖော်ထုတ်ခြင်းမှာ ကောင်းကင်ဘုံသို့ တက်ခြင်းထက်ပင် ပို၍ခက်ခဲသေးသည်။

“ဘဝခရီးက အရှည်ကြီးရှိပါသေးတယ် .. အခုတော့ ငါက အတွေ့အကြုံနည်းနည်းပဲရှိသေးတယ် .. ဘာမှလုပ်နိုင်စွမ်းမရှိသေးဘူး .. ဒါပေမဲ့ နောင်ကျရင်တော့ အဲဒီလိုနေ့မျိုး ရောက်လာမှာပဲ” ရှီဟောင် ပြောလိုက်သည်။

ဝုန်း..

ရုတ်တရက်ပင် ကောင်းကင်လက်မှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာပြီး ရှီဟောင် လွင့်ထွက်သွားပြီး သွေးများလည်း စီးကျလာလေ၏။ လျှပ်စီးမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

အခြားသူများသာဆိုပါက သူတို့ပြာမှု့န်များပင် ဖြစ်သွားလိမ့်မည်။ သို့သော်လည်း ရှီဟောင်သည် ဤလျှပ်စီးကို တောင့်ခံလိုက်နိုင်သည်။

ယုန်ဖြူလေးသည် ဆွံ့အနေပြီးသည့်နောက်တွင် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်လေ၏။ “ကြည့်လိုက် .. နင်လျှောက်ပြောနေတာ နင့်ကို မိုးကြိုးပစ်သွားပြီ”

နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၊ ချင်းရိနှင့် ချောင်ယုရှန်းတို့၏ အမူအရာများ ပြောင်းလဲသွားသည်။

ဤခေတ်တွင် လျှပ်စီးအတိဒုက္ခမရှိတော့ပေ။ လွန်ခဲ့သည့်ခေတ်ကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော်လည်း မထင်မှတ်ပဲ ယခုအချိန်တွင် ပြန်ပေါ်လာလေပြီ။

ထာဝရရှေးဟောင်းမြေတွင် သူတို့၏စကားလုံးများဖြင့် ကောင်းကင်ကိုလှုပ်ခါနိုင်သည့် ပြိုင်ဘက်ကင်းသက်ရှိများ ရှိသည်ဟု ပြောကြသည်။ သူတို့သည် လျှပ်စီးအတိဒုက္ခကို ဆက်တိုက်ပင် ပြုလုပ်ကြလေသည်။ သို့သော်လည်း ဤသည်မှာ ထာဝရရှေးဟောင်းခေတ်ထဲတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပင်။ အဘယ်ကြောင့် ဤခေတ်တွင် ပြန်ပေါ်လာသနည်း…

သူတို့ရှီဟောင်ကို ကြည့်လိုက်ကြသည်။ နောင်ကျလျှင် ဤကဲ့သို့သော ကျင့်ကြံမှုမျိုး တကယ်ပေါ်လာမည်လား…

ဤသို့သာဆိုလျှင် အကျိုးရလဒ်များမှာ မဆုံးနိုင်အောင်ပင် များပြားလိမ့်မည်။

ရှီဟောင်သည် တည်ငြိမ်စွာဖြင့်ပင် နောက်တစ်ကြိမ် လေ့လာလိုက်သည်။ သူ၏အဆင့်လွန်သွေးထဲတွင် ပြောင်းလဲမှုများ ရှိနေသည်ကို သူတွေ့လိုက်ရသည်။ တစ်လကြာပြီးမှသာ သူ၏မျက်လုံးများ ပြန်ပွင့်လာပြီး တာအိုမီးတောက်သုံးထောင်ကို လောင်ကျွမ်းစေလိုက်လေသည်။

“သတိထား .. မင်းလုပ်နိုင်သလောက်ပဲလုပ်” သူတို့ဘာများ ပြောနိုင်တော့မည်နည်း.. သူတို့သည် သူ့ကို အကြံမပေးနိုင်သောကြောင့် သူအဆင်ပြေစေရန် ဆုတောင်းပေးရုံသာ တတ်နိုင်တော့သည်။

ခဏကြာသည့်နောက်တွင် အပြာရောင်ကျောက်လမ်းသုံးထောင်လုံးတွင် မီးတောက်များ ထွက်ပေါ်လာပြီး သင်္ကေတများလည်း ကောင်းကင်ကိုပင် လွှမ်းမိုးသွားလေသည်။ ဤသည်မှာ ကောင်းကင်ကိုပင် ထိုးဖောက်သွားတော့မတတ်ပင်။

ဤကဲ့သို့သော မူမမှန်မှုများကို ကမ္ဘာငယ်လေး အချို့များမှ သတိပြုမိသည်သာ။

အားလုံးသည် လေထဲတွင် ပျံ့လွင့်လာသည့် ထူးဆန်းသည့်စွမ်းအင်ကို ခံစားမိကြသည်။ ဤသည်မှာ သူတို့ကို ထိတ်လန့်ပြီး စိတ်ရှုပ်သွားစေသည်။

အပြာရောင်ကျောက်လမ်းများ၏ မီးတောက်များသည် ကောင်းကင်ဘုံကိုးခုကိုပင် လောင်ကျွမ်းစေလေသည်။ မီးဖိုတစ်ခု ဖြစ်ပေါ်လာပြီး ရှီဟောင်ကို ရစ်ပတ်သွားလေသည်။

ဤနေရာတွင် တာအိုအသံများ မြည်ဟီးနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ခါစေလေသည်။

ဤသည်မှာ သူတို့အားလုံး ထင်ထားသည်ထက် ပိုနေသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဤနေရာကိုပင် သီးသန့်ဖြစ်စေရန်အတွက် အစီအရင်ပင် ချလိုက်သေးသည်။ သို့သော်လည်း အဆုံးမရှိသည့် လှိုင်းများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားနေဆဲပင်။

အား…

အချိန်မည်မျှကြာမှန်း မသိလိုက်သည့်အချိန်မှသာလျှင် ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးနေသော်လည်း အပြင်ဘက်သို့ လွင့်ထွက်လာသည့် အားပြင်းလှသော အသက်ဓာတ်များ ရှိနေသည်။ သူ၏မျက်လုံးများမှာ လျှပ်စီးကဲသို့ပင်။

သူမတ်တပ်ထရပ်လိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း သူ၏ဒဏ်ရာများ ပြင်းထန်နေသော်လည်း သူတို့ထင်ထားသလောက် မဆိုးရွားပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် တောက်ပနေလေသည်။

ခဏကြာပြီးသည့်နောက်တွင် အတွင်းဘက်မှ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏ဒဏ်ရာများကို ကုသပေးသွားလေသည်။

ယခုအချိန်တွင် သူသည် ပို၍ပင် စွမ်းအားကြီးနေသည်ဟု ခံစားနေရသည်။ သူသည် ဂျင်ဆင်းတစ်ဝက်သီးကို မသုံးရသေးသော်လည်း သူ၏ဒဏ်ရာများမှာ အကြမ်းဖျင်းတော့ ပျောက်ကင်းသွားလေပြီ။

ထာဝရစွမ်းအင်တစ်ကြောင်းလည်း နဂါးတစ်ကောင်ကဲ့သို့ပင် သူ့အား ရစ်ပတ်နေလေသည်။ သူအောင်မြင်သွားလေပြီ…

ရှီဟောင်သည် အချိန်ဆွဲမနေပဲ ချင်းရိ၊ ယုန်ဖြူလေးနှင့် အခြားသူများကို ဆေးပင်များ လှမ်းတောင်းလိုက်သည်။ သူသည် ထိုဆေးပင်များကို လျင်မြန်စွာပင် စားသုံးလိုက်ပြီး အကောင်းဆုံးအခြေအနေရောက်အောင် ပြုလုပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ထူးဆန်းသည့်အရာများမှာ သူ့အနားသို့ ချဉ်းကပ်လာနေပြီဖြစ်ပြီး အပြာရောင်ကျောက်လမ်းအပြင်ဘက်ပင် ရောက်နေလေပြီ။

ယခုတစ်ကြိမ်တော့ သိပ်မတူတော့ပေ။ ဤသည်မှာ မီးခိုးရောင်မြူများ မဟုတ်တော့ပဲ မင်ကဲ့သို့ မည်းနက်နေသည့် စွမ်းအင်စီးကြောင်းများပင်။ ဤစွမ်းအင်များတွင် အသက်ဓာတ်ကင်းမဲ့နေလေသည်။ ပုံရိပ်များစွာမှ ချဉ်းကပ်လာနေသည်ကိုလည်း မြင်နေရသည်။

ရှေးဟောင်းမီးအိမ်သည် ကောင်းကင်ထက်တွင် ရှိနေပြီး အေးစက်သည့်အလင်းတန်းများကို ထုတ်လွှတ်နေလေသည်။

ယခုတစ်ကြိမ်ရောက်လာသည့် အရေအတွက်မှာ အနည်းငယ် နည်းလေသည်။

“အရင်ကလောက် မခက်တော့ဘူးလား .. ကောင်းကင်ဘုံတောင်မှ သူ့ကို ကူညီပေးချင်နေပြီထင်တယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

“အဲဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ကြတာပေါ့” ချောင်ယုရှန်း ပြောလိုက်သည်။

သို့သော် ခဏကြာပြီးသည့်နောက်တွင် သူတို့ပါးစပ်ပိတ်သွားကာ လေးနက်သည့်အမူအရာများ ဖြစ်လာလေသည်။ သူတို့သည် မယုံကြည်နိုင်စွာဖြင့် အရှေ့ဘက်သို့ ကြည့်နေကြလေသည်။

ပထမဆုံးပုံရိပ်မှာ အရပ်ရှည်ပြီး သူ၏နောက်ကျောဘက်တွင် ရွှေရောင်သင်္ကေတများပါဝင်သည့် မည်းနက်နေသည့် အတောင်ပံတစ်စုံ ပါရှိလေသည်။

“ဘုရားရေ .. ဒါတွေက ခွန်ပန်အတောင်ပံတွေ .. အရောင်ပဲနည်းနည်းကွာတာ” ယုန်ဖြူလေးမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဒုတိယပုံရိပ်ပေါ်လာလေပြီ။ ဤသည်မှာ အနက်ရောင်လျှပ်စီးများ ရစ်သိုင်းထားပြီး သူ၏ခန္ဓာကိုယ်တွင် အနက်ရောင်သွေးများ စွန်းထင်းနေလေသည်။ သူ့ကိုကြည့်ရသည်မှာ စစ်မြေပြင်ထဲမှ ထွက်လာသည့်လူလိုပင်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာတွင် အပေါက်များဖြင့် ပြည့်နေလေသည်။

“ဒါက .. လျှပ်စီးဧကရာဇ်ရဲ့ ပုံရိပ်လို့ ငါ့ကို လာမပြောနဲ့နော်…” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ စကားများပင် ထစ်နေလေပြီ။

တတိယပုံရိပ်၏ခန္ဓာကိုယ်တွင် ကောင်းကင်အတိဒုက္ခအလင်းများ ရစ်သိုင်းနေလေသည်။

စတုတ္ထပုံရိပ်လည်း လမ်းလျှောက်ထွက်လာလေပြီ။ သူ့ကိုကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေလေသည်။ သူသည် အသက်ကြီးလိုက် ကလေးဖြစ်သွားလိုက် ဖြစ်နေသည်။

“မကောင်းတော့ဘူး”

ဤလေးယောက်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံး ထိတ်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် အလွန်စွမ်းအားကြီးသည့် သူများပင်။

ထပ်ရှိသေးတာလား ..

“မဆိုးပါဘူး .. ဒီတစ်ခေါက် အားလုံးကို ရှင်းပစ်ရတာပေါ့ .. ထူးဆန်းတဲ့အဖြစ်အပျက်တွေ ထပ်ရှိသေးလားဆိုတာကို ငါသိချင်သေးတယ် .. ရှိခဲ့ရင်လည်း ငါအားလုံးကို ရှင်းပစ်မယ်” ရှီဟောင်ပြောလိုက်သည်။ သူ၏အသံမှာ ကောင်းကင်ထက်တွင် မြည်ဟီးနေလေသည်။

ယခုအချိန်တွင် အပြာရောင်ကျောက်လမ်းသုံးထောင်လုံးပင် ယိမ်းခါပြီး တုံ့ပြန်နေလေသည်။

အပိုင်း ၁၀၆၉ ပြီး၏။

သုခကမ္ဘာက ရှီ‌ဟောင်
အပိုင်း ၁၀၇၀- ဖိနှိပ်ခြင်း

ဤမြင်ကွင်းကို မြင်လိုက်ရသည့် မည်သူမဆို ထိတ်လန့်သွားမည်သာ။ ဤစွမ်းအားကြီးသည့် လူအုပ်ကြီးထွက်ပေါ်လာခြင်းမှာ ရှီဟောင်ကို ဖိနှိပ်ရန်ပင်။

ဤသက်ရှိတစ်ယောက်စီတိုင်းမှာ လောကကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်သည့်သူများပင်။ ယခု သူတို့လေးယောက်လုံး အတူတကွ ရောက်လာကြသည်ဖြစ်သောကြောင့် မည်သူကများ သူတို့အား တားနိုင်တော့မည်နည်း..

အနက်ရောင်မြူများသည် ရှေးဟောင်းလမ်းသုံးထောင်လုံးကို ဖုံးလွှမ်းသွားလေ၏။ ဤနေရာတွင် အေးစက်လှသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေသည်။

သူတို့အားလုံးသည် သူတို့၏မူလသွင်ပြင်ဖြင့် ရောက်လာကြခြင်းပင်။ ဤသည်မှာ သူတို့စာအုပ်များထဲတွင် မြင်ခဲ့ဖူးသည့် ချပ်ဝတ်တန်ဆာများဖြင့် မဟုတ်ပေ။ တစ်ယောက်သည် အမွေးအတောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အခြားတစ်ယောက်မှာ အပေါက်များဖြင့် ပြည့်နေသည့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခြင်းပင်။

သူတို့အားလုံး၏ မျက်လုံးများမှာ အလင်းတန်းများ တောက်ပနေပြီး ယခင်က ထူးဆန်းသည့်သက်ရှိများကဲ့သို့ အရောင်အဆင်းကင်းမဲ့နေခြင်းမဟုတ်ပေ။ သူတို့မျက်တောင် အဖွင့်အပိတ်လုပ်သည့်အချိန်တိုင်းတွင် တောက်ပသည့်အလင်းတန်းများကို မြင်နေရလေသည်။

ဤသည်မှာ လူများကို တုန်ယင်သွားစေ၏။ အခြေအနေ မကောင်းတော့ပေ။

ချင်းရိ၊ ချောင်ယုရှန်းနှင့် ယုန်ဖြူလေးတို့မှာ စိုးရိမ်နေကြသော်လည်း သူတို့ဘာမှ မကူညီပေးနိုင်ပေ။ ထို့ကြောင့်ပင် သူတို့သည် နောက်ဆုတ်ကာ ဤတိုက်ပွဲကို ကြည့်ရုံသာ တတ်နိုင်တော့သည်။

ရှီဟောင်သည် မည်သည့်လက်နက်ကိုမှ ထုတ်မနေပဲ ထိုနေရာတွင်သာရပ်နေလေ၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အဖိုးတန်ပညာများဖြင့် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲဖြစ်သောကြောင့် ပြင်ပမှပစ္စည်းများမှာ အသုံးဝင်မည်မဟုတ်ပေ။ ထိုလက်နက်ထုတ်လိုက်လျှင်ပင် ဤလက်နက်မှာ ပျက်စီးသွားလိမ့်မည်ပင်။

ရန်သူများမှာ အလွန်စွမ်းအားကြီးသော်လည်း ရှီဟောင်တိုက်ခိုက်ရမည်သာ။ ဤသည်မှာ နောက်ဆုံးစစ်ဆေးခြင်းဖြစ်ပြီး သူသာ အောင်မြင်သွားလျှင် သူသည် ပိုးအိမ်ထဲမှ ထွက်လာသည့်လိပ်ပြာကဲ့သို့ဖြစ်သွားမည်ပင်။

သူကျရှုံးခဲ့လျှင် သူ၏ခန္ဓာကိုယ်နှင့် တာအိုပျက်စီးသွားပြီး သူသည်လည်း ဤလောကကြီးတွင် ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမည့်တိုက်ပွဲပင်။

“သူတို့အားလုံးကိုသတ်…”

ရှီဟောင် အော်ဟစ်လိုက်ကာ စတင်တိုက်ခိုက်လိုက်သည်။ သူကောင်းကင်ထက်သို့ ခုန်တက်လိုက်သည်နှင့် သူ၏ကျောထက်တွင် ခွန်ပန်အတောင်ပံ ထွက်ပေါ်လာလေသည်။ သူ၏အတောင်ပံမှာ အနက်ရောင်အစင်းကြားပါသည့် ရွှေရောင်အတောင်ပံပင်။

သူသည် ခွန်ပန်ပညာကို အဆုံးစွန်ထိ အသုံးပြုလိုက်ခြင်းပင်။ လေးဘက်လေးတန်လုံး တုန်ခါသွားကာ လေဟာနယ်လည်း အက်ကွဲသွားလေသည်။

“ငါ့ရဲ့ ခွန်ပန်ပညာကိုသုံးပြီးတော့ ငါ့ကို တိုက်ခိုက်နေတာလား”

ကြောက်စရာကောင်းသည်မှာ တစ်ဖက်မှ အနက်ရောင်ခွန်ပန်အတောင်ပံရှိနေသည့် ယောက်ျားလေးမှ စကားပြောလိုက်ခြင်းပင်။

“သူ့မှာ အသိဉာဏ်ရှိတာလား .. သူက ထူးဆန်းတဲ့စွမ်းအားနဲ့ ထိန်းချုပ်ထားတဲ့ သက်ရှိမဟုတ်ဘူးလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး တုန်ယင်စွာပင် အော်ဟစ်လိုက်သည်။

“သတ်….”

ရှီဟောင်သည် မလှုပ်ရှားပဲ သူ၏ခွန်ပန်အတောင်ပံများမှ သင်္ကေတများထွက်ပေါ်လာလေသည်။ ဤသင်္ကေတများမှာ အဆုံးမရှိသည့်ကြယ်များကဲ့သို့ပင် ကျွမ်းကျင်သူ လေးယောက်ထံသို့ ဦးတည်သွားလေသည်။

“ချိုးဖျက်မယ်…”

ထိုလူမှ ငြင်သာစွာပင် ပြောလိုက်သည်။ သူ၏အနက်ရောင်ခွန်ပန်အတောင်ပံထွက်ပေါ်လာပြီး ‌ရှီဟောင်၏ရွှေရောင်အတောင်ပံများကို ရိုက်ချလိုက်လေသည်။

ဒုန်း..

ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး တိုက်မိသည့်အသံကဲ့သို့ပင်။ သူတို့နှစ်ဦးလုံး၏ အတောင်ပံမှ အမွေးများ ကျွတ်ထွက်လာပြီး နေရာအနှံ့သို့ ပျံ့ကြဲသွားကာ ထိုအမွေးများတွင် သွေးစများလည်း ကပ်ညှိနေလေသည်။

ဝုန်း..

လေဟာနယ်ကြီး ပျက်စီးသွားလေပြီ။

တစ်ချိန်တည်းမှာပင် အခြားကျွမ်းကျင်သူများလည်း တိုက်ခိုက်ကြလေသည်။ လျှပ်စီး၊ ပြန်လည်ဝင်စားခြင်း၊ ကောင်းကင်လက်တို့အားလုံး တိုက်ခိုက်လာလေ၏။ ဤသည်မှာ ပူပြင်းလွန်းလှသည့် နေမင်းကြီး ပေါက်ကွဲထွက်လာသကဲ့သို့ပင်။

ယခုအချိန်တွင် ဤနေရာမှာ အလွန်ပင် မှော်ဆန်လှလေသည်။ သို့သော်လည်း ဤသည်မှာ တုန်လှုပ်စေနိုင်သည့် အလှတရားပင်။ မရေတွက်နိုင်သည့်အက်ကွဲကြောင်းများမှာ နေရာအနှံ့တွင် ထွက်ပေါ်လာလေသည်။ မည်သည့်ကျင့်ကြံနယ်ပယ်တွင် ရှိနေပါစေ ဤမြင်ကွင်းကို မြင်လိုက်ရသည့်သူတိုင်း တုန်လှုပ်သွားကြမည်သာ။

လက်ကြီးတစ်ဖက် ကျရောက်လာကာ ရှီဟောင်၏ရင်ဘတ်ထံသို့ ဦးတည်လာလေသည်။ ဤသည်မှာ ကောင်းကင်လက်ပင်ဖြစ်ပြီး နားကန်းလောက်သည့် အသံများလည်း ထုတ်လွှတ်နေလေသည်။

ဖုန်း..

ရှီဟောင်၏ခန္ဓာကိုယ်မှ အလင်းများထွက်ပေါ်လာကာ လက်ကြီးတစ်ဖက်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုလက်ဝါးနှင့် ရင်ဆိုင်နေလေသည်။ ဤသည်မှာ စွမ်းအားချင်း ယှဉ်ပြိုင်ကြခြင်းပင်။

“လျှပ်စီး..”

ဤကဲ့သို့ရိုးရှင်းသည့် စကားလုံးထွက်လာပြီးသည့်နောက်တွင် လျှပ်စီးဧကရာဇ်လည်း တရှိန်ထိုး ပြေးထွက်လာလေသည်။ လျှပ်စီးအလင်းတန်းများမှာ နေရာအနှံ့သို့ ပြေးထွက်လာပြီး အတိဒုက္ခတိမ်တိုက်များလည်း သိပ်သည်းစွာ ထွက်ပေါ်လာကာ ရှီ‌ဟောင်အား ပစ်ချနေလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းများ ထွက်ပေါ်လာလေသည်။ သူ၏ခွန်ပန်အတောင်ပံမှ အဆုံးမရှိသည့် လျှပ်စီးများထွက်ပေါ်လာပြီး ပင်လယ်လှိုင်းများကဲ့သို့ပင် ထိုလူများထံသို့ ဦးတည်သွားလေသည်။

ဖုန်းဟူသည့်အသံနှင့်အတူ လေဟာနယ်ကြီး ပျက်စီးသွားလေ၏။ နေရာတိုင်းတွင် လျှပ်စီးစက်ဝန်းများ ရှိနေပြီး လင်းထိန်နေလေသည်။

ချက်ချင်းပင် ရှေးဟောင်းအော်ရာတစ်ခု စိမ့်ထွက်လာလေသည်။ ဤသည်မှာ ပြန်လည်ဝင်စားခြင်းစွမ်းအားဖြစ်မှန်း ရှီဟောင်သိသည်။ ထိုလူ၏မျက်နှာမှာ ကြီးလိုက်ငယ်လိုက်ဖြစ်နေသည်။

ဤကဲ့သို့သော အဖိုးတန်ပညာများကို ရင်ဆိုင်နေရသောကြောင့် ရှီဟောင်သည် ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။ သို့သော်လည်း သူသည် အလွန်ဂရုစိုက်နေပြီး ထိုစွမ်းအားများ သူ့ကို အနည်းငယ်လေးမျှပင် မထိစေရ။ ဝုန်းဟူသည့်အသံနှင့်အတူ ပြန်လည်ဝင်စားခြင်းသင်္ကေတများ ထွက်ပေါ်လာပြီး ထိုလူထုတ်လွှတ်လိုက်သည့်အလင်းနှင့် ပြင်းထန်စွာပင် တိုက်ခိုက်လေ၏။

ဤနေရာမှာ လုံးဝပင် ဖရိုဖရဲဖြစ်နေလေပြီ။

ပထမဆုံး တိုက်ခိုက်မှုပင်လျှင် အတော်လေး ပြင်းထန်နေလေပြီ။

ထိုလူငါးယောက်မှာ ဆက်တိုက်ပင် တိုက်ခိုက်နေကြပြီး နားကွဲလောက်သည့်အသံများလည်း ဆက်တိုက်ထွက်ပေါ်နေသည်။ သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း နေရာအနှံ့တွင် ပျံ့လွင့်နေလေသည်။ ဤကဲ့သို့သော တိုက်ပွဲမှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့် တိုက်ပွဲပင်။

ဤသည်မှာ နတ်မီးတောက်နယ်ပယ်အဆင့်ရှိလူများ၏ ယှဉ်ပြိုင်တိုက်ခိုက်မှုမဟုတ်တော့ပေ။ ဤသည်မှာ ဤအဆင့်တွင်ရှိနေသည့်လူများရှိသင့်သည့် စွမ်းအားထက် ကျော်လွန်နေလေပြီ။

ဤသည်မှာ လျင်မြန်လွန်းလှသည် .. ဤကဲ့သို့သော အရှိန်မှာ သာမန်လူများ နားလည်နိုင်သည့်အရှိန်မဟုတ်ပေ။ သူတို့အားလုံးသည် ပုံရိပ်ယောင်များကိုသာ မြင်နေရလေသည်။

“သက်ရှိတွေ မဟုတ်ဘူး … ဒါပေမဲ့ လျှို့ဝှက်နက်နဲတဲ့ပညာလေးခုကို အသက်သွင်းထားတာ .. မင်းတို့ရဲ့အသိဉာဏ်ထဲမှာ တကယ်ပဲ ဘာတွေရှိနေတာလဲ” ရှီဟောင် ထိတ်လန့်သွားရသည်။

သူအာရုံခံမိသည်။ သူ၏စွမ်းအားကြီးလှသည့် နတ်အာရုံများသည် ဤသည်မှာသက်ရှိမဟုတ်ကြောင်းကို ပြောပြနေသည်။ ဤသည်မှာ အစစ်အမှန်ဟုထင်ရသော်လည်း အားနည်းချက်များ ရှိနေဆဲပင်။

“ငါက ပုံရိပ်ယောင်တစ်မျိုးမျိုးထဲ ပိတ်မိနေပြီးတော့ ကိုယ့်ကိုကိုယ် ပြန်တိုက်နေရတာမျိုးများလား” ရှီဟောင်သံသယဝင်လာသည်။ သူနားလည်ထားသည့်ပညာများနှင့် ပြန်တိုက်ခိုက်နေရသည်ဟု သူခံစားလာရသည်။

ထူးခြားပြီးတော့ ရက်စက်တယ်လို့ခေါ်တဲ့ အဖြစ်အပျက်တွေက ဒီလိုမျိုးလား..

ဝုန်း…

ရှီဟောင်သည် ကောင်းကင်လက်ထံမှ တိုက်ခိုက်ခံလိုက်ရသည်။ အခြားသူများသာဆိုလျှင် ဤနေရာ၌ အသားပုံအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

သူသည်လည်း ဤအဖိုးတန်ပညာကို သိသောကြောင့် ဤသည်မှာ မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်။ သူ၏နောက်တွင် ကောင်းကင်အတိဒုက္ခအလင်းပေါ်လာပြီး ထိုအလင်းသည် လက်ဝါးအဖြစ်သို့ ပြောင်းလဲသွားကာ ထိုလက်ဝါးကို လျင်မြန်စွာ တားဆီးလိုက်သည်။

ဖူး…

ရှီဟောင်၏ နောက်ကျောဘက်တွင် ဒဏ်ရာရသွားကာ သွေးအန်သွားရသည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးဧကရာဇ်၏ လျှို့ဝှက်ပညာ ထွက်ပေါ်လာလေသည်။ လျှပ်စီးအလင်းတန်း တစ်သောင်းထွက်ပေါ်လာပြီး ကြယ်များလည်း ထွက်ပေါ်လာသည်။ ဤအရာများအားလုံးမှာ သူ့အားဝန်းရံထားပြီး လျှပ်စီးများကို ထုတ်လွှတ်နေလေသည်။

သူ၏အနားတွင် လျှပ်စစ်သံများ ထွက်ပေါ်နေလေ၏။

“မင်းတို့ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး .. ငါမင်းတို့အားလုံးကို သတ်ပစ်မှာပဲ” ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည်ဘာမှထပ်မတွေးတော့ပဲ တိုက်ခိုက်မှုကိုသာ အာရုံစိုက်လိုက်ကာ အားသွန်ခွန်စိုက် တိုက်ခိုက်လိုက်သည်။

တိုက်ပွဲမှာ ပြင်းထန်လွန်းလှသည်။ ရှီဟောင်သည် သူ့ထက်အားမနည်းသည့် ရန်သူလေးယောက်နှင့် တိုက်ခိုက်နေရခြင်းပင်။ ထို့အပြင် ထိုလေးယောက်၏ အဖိုးတန်ပညာများမှာ အထွဋ်အထိပ်သို့ ရောက်နေလေပြီ။

ရှီဟောင်သည် တာအိုမီးတောက်သုံးထောင်ကို ပြီးဆုံးသွားပြီးတော့ သူ၏ခွန်အားများလည်း ခုန်တက်သွားပြီး ယခင်ကထက် ပို၍ စွမ်းအားကြီးနေလေပြီ။

ပို၍အရေးကြီးသည်မှာ သူ၏တာအိုနားလည်မှု၊ သူ၏ အနာဂတ်လမ်းကြောင်းကို ဆန်းစစ်မှုတို့မှာ အတော်လေး ပြီးပြည့်စုံသွားပြီဖြစ်သောကြောင့် ကောင်းကင်ထက်တွင် တာအိုသင်္ကေတများ ပြည့်နှက်နေလေသည်။

အစပိုင်းတွင် သူတို့၏ခွန်အားမှာ အတူတူပင်ဖြစ်သော်လည်း သူ၏တာအိုနားလည်နိုင်စွမ်းမှာ ပို၍သာလွန်သောကြောင့် သူသည် ကျွမ်းကျင်သူလေးယောက်ကို ထိန်းနိုင်သည်။

ထို့အပြင် ဤကျွမ်းကျင်သူလေးယောက်သည် ခွန်အားကြီးသော်လည်း သူတို့၏ခန္ဓာကိုယ်များတွင် ပြဿနာများရှိနေဆဲပင်ဖြစ်ပြီး သူ့လောက်လည်း အတွေ့အကြုံမရှိသေးပေ။

တိုက်ပွဲမှာ ပြင်းထန်လှသည်။ ရှီဟောင်သည် ဆက်တိုက်ပင် သွေးများအန်ထွက်နေလေသည်။ သူသည် စွမ်းအားကြီးသော်လည်း လေးဘက်လေးတန် ဝိုင်းတိုက်ခံနေရသောကြောင့် အန္တရာယ်ရှိနေသည်။

“ချိတ်ပိတ်မယ် .. ဖွင့်မယ်”

ရှီဟောင် အော်ဟစ်လိုက်၏။ သူ၏ခန္ဓာကိုယ်ထဲတွင် အဆင့်လွန်သွေးများ ကြွတက်လာပြီး သူ၏မွေးရာပါ လျှို့ဝှက်ပညာကို သူအသုံးပြုလိုက်သည်။

ကောင်းကင်လက်နှင့် ပြန်လည်ဝင်စားခြင်းတို့ ပေါင်းစည်းသွားပြီး ထူးဆန်းသည့် တတိယသင်္ကေတတစ်မျိုးပင် ပေါ်လာသေးသည်။ ဤသည်မှာ သူအားကိုးရသည့် ဝှက်ဖဲပင်။ သူသည် ဤပညာကို လေ့လာဆန်းစစ်ခဲ့သော်လည်း ချိတ်ပိတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

တာအိုမီးတောက်များကို မတောက်လောင်မီတွင် သူဤကဲ့သို့သော စွမ်းအားကို အသုံးမပြုခဲ့ပေ။

သူသည် ဤပညာကို ချိတ်ပိတ်ထားသောကြောင့် သူ၏ရန်သူလေးယောက်လည်း ဤလျှို့ဝှက်နက်နဲသည့် ပညာကို မသိသေးပေ။ သူသည် ထိုပညာကို ပညာကုန်သုံးလိုက်ပြီး လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။ တောက်ပသည့်အလင်းများမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖုံးလွှမ်းသွားလေသည်။

ဖူး..

ခွန်ပန်အတောင်ပံများနှင့် တစ်ယောက်သည် ဤတောက်ပသည့်ရိုက်ချက်ကို ခံစားလိုက်ရကာ လွင့်ထွက်သွားလေသည်။

ရွှီး..

ပြန်လည်ဝင်စားခြင်းသင်္ကေတပိုင်ဆိုင်သည့် တစ်ယောက်မှာလည်း မြင့်မြတ်အလင်းတန်း၏ရိုက်ချက်ကို ခံစားလိုက်ရကာ ခေါင်းပြတ်သွားလေ၏။

“ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်” ရှီဟောင် ဟစ်ကြွေးလိုက်သည်။ သူသည် အရှေ့ဘက်သို့ တရှိန်ထိုးပြေးသွားလိုက်ပြီး ဤထူးဆန်းသည့်သက်ရှိများကိုရှင်းလင်းရန် ပြင်ဆင်လိုက်သည်။

အပိုင်း ၁၀၇၀ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၁ – အောင်မြင်ခြင်း

ရှီဟောင်သည် ကျားတစ်ကောင်ကဲ့သို့ပင် ရဲတင်းလှသည်။ သူ၏အနားတွင် မြင့်မြတ်အလင်းတန်းများ ရှိနေပြီး သူအရှေ့ဘက်သို့ ပြေးထွက်သွားသည်နှင့် အနောက်ဘက်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့လေသည်။

“လျှပ်စီးနဲ့ ကောင်းကင်ဘုံကိုးခုကို လှုပ်ရှားပစ်မယ်” လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာကိုပိုင်ဆိုင်ထားသည့်သက်ရှိမှ အော်ဟစ်လိုက်သည်။ သူသည် စွမ်းအားအကြီးဆုံးဖြစ်သည့် လျှပ်စီးဧကရာဇ်၏ တားမြစ်ထားသည့် လျှို့ဝှက်ပညာကို အသုံးပြုလိုက်ခြင်းပင်။

ယခင်က ရှီဟောင်သည် ဤပညာကို အသုံးပြုကာ နတ်ဘုရားအစစ်များကို သတ်ခဲ့ပြီး မီးစီရင်စုမှ မြက်ခင်းပြင်ကို တုန်ခါစေခဲ့ကာ နတ်ဘုရားမကျောင်းကို လှုပ်ခါစေခဲ့ခြင်းပင်။

ရွှီး..

လျှပ်စီးအလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် အနက်ရောင်မြူများအဖြစ် သိပ်သည်းသွားလေ၏။ ခပ်ဝေးဝေးတွင်လည်း တိမ်တိုက်များရှိနေပြီး သူတို့သည် လျှပ်စီးအတိဒုက္ခကို ပြန်လည်ဖန်တီးတော့မည်ပင်။

ဤနေရာသည် အစကတည်းက မှောင်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ တိမ်မဲများ ရောက်လာသည့်အချိန်တွင် ဤနေရာသည် ညရောက်နေသကဲ့သို့ ဖြစ်သွားသည်။ တဖျစ်ဖျစ်မည်နေသည့် လျှပ်စီးသံများနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ဤနေရာသည် ကမ္ဘာ၏အဆုံးသတ်ကို ရောက်ရှိနေသကဲ့သို့ပင်။

ရှီဟောင်၏ တိုက်ခိုက်လိုသည့် အငွေ့အသက်များမှာ ကောင်းကင်ထက်သို့ တရှိန်ထိုး တက်သွားလေသည်။ သူသည် ယခုလေးတင် ပြန်လည်ဝင်စားခြင်းသင်္ကေတနှင့် သက်ရှိကို ခေါင်းဖြတ်လိုက်ခြင်းပင်။ ယခုအချိန်တွင် သူသည် ကြောက်ရွံ့ခြင်းမရှိပဲ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာရှိနေသည့်သူနှင့် ရင်ဆိုင်တော့မည်ပင်။

ရှီဟောင်သည် လျှပ်စီးများ ရောယှက်နေသည်ကို ခွင့်ပြုထားလိုက်သည်။ သူ၏လက်နှစ်ဘက်တွင် တံဆိပ်များ ဖြစ်ပေါ်လာပြီး လက်ဝါးတစ်ဖက်သည် ကောင်းကင်ထက်သို့ ဦးတည်သွားကာ ကျန်လက်တစ်ဖက်မှာ မြေကြီးပေါ်တွင်ရှိနေသည့် လျှပ်စီးဧကရာဇ်ပညာသက်ရှိထံသို့ ဦးတည်သွားသည်။

သူသည် ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ခြင်းပ်င။

အမှန်တကယ်တွင် သူသည် ရွေးချယ်စရာမရှိသောကြောင့် ဤသို့ ပြုလုပ်လိုက်ရခြင်းပင်။ လျှပ်စီးဧကရာဇ်၏ ပညာမှာ သူ၏ခွန်အားကို ပြသလိုက်သည်နှင့် အကျိုးသက်ရောက်မှုများမှာ လွင့်ပျံ့သွားမည်ဖြစ်ပြီး မည်သည့်နေရာတွင်မှ ပုန်းခို၍မရနိုင်ပေ။

သို့သော်လည်း ဤသည်မှာ မိုးကြိုးမုန်တိုင်းအစစ်မဟုတ်သေးပေ။ ဤနတ်စွမ်းရည်ကို ပြသနိုင်သည့် အခြေအနေများနှင့် မပြည့်စုံသေးပေ။ ထို့ကြောင့် သူထိပ်တိုက်ရင်ဆိုင်ရခြင်းပင်။

ဝုန်း..

ကောင်းကင်ထက်တွင်ရှိနေသည့် အနက်ရောင်မြူများမှာ တိမ်များအားလုံးကို မဖုံးလွှမ်းလိုက်နိုင်ပေ။ တိမ်များမစုစည်းနိုင်ခင်မှာပင် ရှီဟောင်၏လက်ဝါးရိုက်ချက် ကျရောက်လာလေ၏။

သို့သော်လည်း ကြီးမားလှသည့် ငွေရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာလေ၏။ ထိုအလင်းတန်းသည် အလွန်ပင် ထူထဲလှကာ လျှပ်စီးဒြပ်စင်များကိုလည်း စုစည်းထားလေ၏။

ရှီဟောင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စီးတာအိုသင်္ကေတများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းကို ရင်ဆိုင်ရန်အတွက် ဤလျှပ်စီးသင်္ကေတများကို အသုံးပြုလိုက်သည်။ ထို့အပြင် သူမြေပြင်ထက်သို့ ရိုက်ချလိုက်သည့် လက်ဝါးရိုက်ချက်မှာ ပို၍စွမ်းအားကြီးပြီဂ သူ၏ကိုယ်ပိုင်အဖိုးတန်ပညာ ပါဝင်လေသည်။

ဖူး..

ထိုလူမှာ ဤရိုက်ချက်ကို မရှောင်တိမ်းလိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုထူးဆန်းသည့်သင်္ကေတများမှာ ပင့်ကူအိမ်ကဲ့သို့ ကျရောက်လာခြင်းဖြစ်ပြီး လမ်းကြောင်းအားလုံးကို ပိတ်ထားလေသည်။ သူသည် ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သော်လည်း နောက်ဆုံးတွင် သူသည် သွေးအန်ကာ လွင့်ထွက်သွားရသည်။

“သတ်…”

ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် တာအိုကောင်းကင်မျက်လုံး၏ သင်္ကေတများကို အသုံးပြုလိုက်သည်။ သူ၏စိတ်ထဲတွင် ထိုသူများ၏ လှုပ်ရှားမှုများအားလုံး နှေးကွေးသွားလေသည်။

ရွှီး…

ရှီဟောင်၏လက်ဝါးတွင် အရှုပ်ထွေးဆုံးသင်္ကေတများ သိပ်သည်းသွားလေ၏။ ကောင်းကင်ကပ်ဆိုးအလင်းနှင့် ပြန်လည်ဝင်စားခြင်းသင်္ကေတတို့လည်း သိပ်သည်းလာပြီး ထိုသင်္ကေတများကြားတွင် နတ်သင်္ကေတနောက်တစ်မျိုးလည်း ထွက်ပေါ်လာလေသည်။

ရှီဟောင်၏လက်မောင်းတစ်ခုလုံးမှာ ရွှေရောင်မြင့်မြတ်ဓားတစ်ခုကဲ့သို့ တောက်ပနေလေသည်။ ဤသည်မှာ ကောင်းကင်ဘုံများကို လင်းထိန်သွားစေသည့် ထာဝရအစစ်အမှန်၏ လက်တစ်ဖက်ပင်။

သူသည် ထိုလက်ကို ပြင်းထန်စွာပင် လွှဲရမ်းလိုက်သည်။ လျှပ်စီးဧကရာဇ်၏ အဖိုးတန်ပညာများကို ပိုင်ဆိုင်သည့်သက်ရှိသည် အစကတည်းက ဒဏ်ရာပြင်းထန်နေခြင်းပင်။ ယခု သူ၏လှုပ်ရှားမှုများကို ခန့်မှန်းနိုင်သွားပြီဖြစ်သောကြောင့် သူဘယ်လိုလုပ် ဤသည်ကို ခုခံနိုင်တော့မည်နည်း..

ဖူး..

ထိုသက်ရှိလည်း အသတ်ခံလိုက်ရလေပြီ။ သူ၏ခေါင်းလွင့်ထွက်သွားကာ လေဟာနယ်ထဲတွင် ပေါက်ကွဲသွားပြီး သွေးမိုးအဖြစ် ပြောင်းလဲသွားလေသည်။ ခေါင်းမပါသည့်အလောင်းလည်း မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

“မိုက်လိုက်တာ .. နောက်တစ်ယောက် အသတ်ခံလိုက်ရပြန်ပြီလား” အနောက်ဘက်တွင်ရှိနေသည့် ချောင်ယုရှန်းနှင့် အခြားသူများ ထိတ်လန့်သွားကြသည်။ ရှီဟောင်သည် မည်ကဲ့သို့သော လျှို့ဝှက်ပညာကို အသုံးပြုနေခြင်းဖြစ်သနည်း..

အမှန်တကယ်တွင် ရှီဟောင်ပင်လျှင် ဤအဆင့်လွန်ပညာအသစ်ကို သိပ်နားမလည်သေးပေ။ ဤပညာသည် ယခုမှ ဖူးပွင့်ခါစဖြစ်ပြီး ပုံစံမပေါ်သေးပေ။

ဤပညာသည် ပြန်လည်ဝင်စားခြင်း၊ ကောင်းကင်ကပ်ဆိုးအလင်းတို့နှင့် ပေါင်းစည်းသွားနိုင်ပြီး ဤပညာများကို အဆပေါင်းများစွာ စွမ်းအားကြီးသွားစေသည်ကို သူတွေ့ရှိလိုက်ရသည်။ ဤသည်မှာ အမှန်တကယ်ပင် အနည်းငယ် ထိတ်လန့်စရာကောင်းလှသည်။

ဤပညာမှာ သီးသန့်စွမ်းအင်လား .. အခြားအဆင့်လွန်ပညာများကို စွမ်းအားတိုးမြှင့်စေသည့်စွမ်းအင်လားဆိုသည်ကို သူမသိပေ။ ဤပညာရင့်သန်လာသည့်အချိန်မှ သိရမည်ပင်။

ထိုအချိန်ရောက်လာလျှင် ဤပြိုင်ဘက်ကင်းပညာ၏ စွမ်းအားမှာ အဆပေါင်းများစွာ တိုးမြှင့်လာမည်သာ။

“တစ်ဝက်ကျန်သေးတယ်” ယုန်ဖြူလေးသည် အော်ဟစ်ရင်း ခုန်ပေါက်နေလေ၏။ သူအောင်မြင်တော့မည်။

ကောင်းကင်လက်ဝါးနှင့် သက်ရှိသည် အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်ပြီး တိုက်ခိုက်လာလေသည်။ အသက်တစ်ဝက်သာ ကျန်တော့သည့် ခွန်ပန်အတောင်ပံနှင့်သက်ရှိလည်း လူးလဲထကာ ပြန်လည်တိုက်ခိုက်လာလေသည်။

“အဆုံးသတ်လိုက်ကြတာပေါ့”

ရှီဟောင် အော်ဟစ်လိုက်သည်။ သူသည် ပျံ့ကြဲသွားသည့် လျှပ်စီးတိမ်များကို လက်တစ်ဖက်ဖြင့် ပြန်လည်စုစည်းလိုက်သည်။

သူသည် တစ်ဖက်လူကျန်ခဲ့သည့် လျှပ်စီးဒြပ်စင်များကိုလည်း အသုံးပြုလိုက်သည်။

ထို့နောက်တွင် သူ၏အခြားလက်တစ်ဖက်မြှောက်တက်လာကာ အဆုံးမရှိသည့် လျှပ်စီးအလင်းတန်းများဖြင့် ဤသက်ရှိနှစ်ယောက်ကို ရိုက်ချလိုက်သည်။

ဖုန်း..

စွမ်းအားကြီးသည့် ကျွမ်းကျင်သူနှစ်ဦးလုံးသည် မီးသွေးကဲ့သို့ မည်းနက်သွားလေသည်။ သူတို့သေမသွားသော်လည်း လွင့်ထွက်သွားကာ သူတို့ခန္ဓာကိုယ်တွင် လျှပ်စီးသံများကိုပင် ကြားနေရလေသည်။

“သတ်…”

ရှီဟောင်သည် ကြီးမားလှသည့် ခွန်ပန်အတောင်ပံများကို လှုပ်ခတ်လိုက်ကာ သူတို့နှစ်ယောက်နောက်သို့ လိုက်သွားလိုက်သည်။ သူသည် မွေးရာပါအဆင့်လွန်ပညာများကိုလည်း အသုံးပြုလိုက်လေ၏။ ဖူးဟူသည့်အသံနှင့်အတူ အတောင်ပံများမှာ သူတို့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေသည်။

ဤနေရာမှာပြန်လည်တိတ်ဆိတ်သွားသည်။ ကျောက်ပြာလမ်းပေါ်တွင် သွေးများလည်း စွန်းထင်းနေလေ၏။ သို့သော်လည်း သွေးများမှာ အနက်ရောင်မဟုတ်ပဲ အနီရင့်ရောင်ပင်။

“အောင်မြင်ပြီ .. မင်းအဲဒီအဆင့်ကို အောင်မြင်သွားပြီ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ ဟစ်ကြွေးလိုက်သည်။

“ငါ.. အံ့အားသင့်ဖို့ကောင်းတာကို မြင်လိုက်ရတာပဲ” ချောင်ယုရှန်း ပြောလိုက်သည်။ သူ၏နှလုံးခုန်နှုန်းများလည်း မြန်ဆန်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ရှေးခေတ်ကတည်းက ယခုအချိန်ထိ ဤအဆင့်ရောက်ရန်ကြိုးစားခဲ့သူ မည်မျှပင် များပြားခဲ့သနည်း.. သို့သော်လည်း အားလုံးမှာ ကျရှုံးခဲ့သည်သာ။ သို့သော်လည်း ယနေ့တွင် သူသည် ဤအောင်မြင်မှုကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေပြီ။

“ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်ပဲ” ယုန်ဖြူလေးသည်ပင် ရှားရှားပါးပါးချီးကျူးလိုက်လေသည်။

“ဒီအနက်ရောင်မြူတွေက ဘာလို့ပျောက်မသွားသေးတာလဲ” ချင်းရိသည် ပျော်ရွှင်သွားရသော်လည်း လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားသည်။ အခြေအနေမှာ ထူးခြားနေသည်ကို သူမသတိပြုမိသောကြောင့် အခြားသူများကို သတိပေးလိုက်သည်။

အမှန်တကယ်တွင် ရှီဟောင်သည်ပင် ရက်စက်သည့်အရာတစ်ခုခုကို ခံစားမိနေသည်။

လေဟာနယ်ထဲတွင်ရှိနေသည့် မီးအိမ်မှာ ပျောက်ကွယ်မသွားသေးပေ။

အနီးအနားတွင်ရှိနေသည့် အနက်ရောင်မြူများမှာ ပို၍ပင် သိပ်သည်းလာကာ ဖိအားတစ်မျိုးကို ထုတ်လွှတ်နေလေသည်။

ရုတ်တရက်ပင် မြေပြင်ပေါ်တွင် ရှိနေသည့် အသွေးအသားများ ပြန်လည်ပေါင်းစည်းသွားလေသည်။ သက်ရှိလေးယောက်မှာ တစ်ယောက်တည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားလေ၏။ ခွန်ပန်အတောင်ပံများ ထွက်ပေါ်လာကာ လျှပ်စီးများလည်း သူတို့ခန္ဓာကိုယ်တွင် ရစ်သိုင်းနေလေသည်။ ပြန်လည်ဝင်စားခြင်းသင်္ကေတလည်း သိပ်သည်းစွာ ဖုံးအုပ်ထားပြီး ကောင်းကင်ကပ်ဆိုးအလင်းလည်း သူ၏လက်မောင်းများတွင် ပေါင်းစည်းနေလေသည်။ သူတို့၏ခန္ဓာကိုယ်ထဲတွင် သင်္ကေတအသစ်တစ်မျိုးလည်း ရှိနေလေ၏။

“အမ်…” ရှီဟောင် ထိတ်လန့်သွားရသည်။ ဤသည်မှာ သူဖွင့်မလိုလုပ်ထားသည့် တတိယမြောက်အဆင့်လွန်ပညာပင်။ သို့သော်လည်း တစ်ဖက်လူထံတွင် ဤပညာရှိသွားလေပြီ။

ဤသည်မှာ သူ့ကို တုန်လှုပ်သွားစေသည်။ သူတို့သိသွားသည်မှာ လျင်မြန်လွန်းလှသည်။

အမှောင်ထဲတွင်ရှိနေသည့်သူမှာ တကယ်ပဲ မည်သူများ ဖြစ်သနည်း.. ဤသည်မှာ ဤလောကတွင်ရှိနေသည့် အဖိုးတန်ပညာများအားလုံးကို နားလည်နေခြင်းနှင့် အတူတူပင် မဟုတ်လား … ဤကဲ့သို့တွေးမိရုံနှင့်ပင် သူ့တစ်ကိုယ်လုံး ကြက်သီးများ ထလာရသည်။

“သတ်…”

ရှီဟောင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်ပင် အရှေ့ဘက်သို့ တရှိန်ပြေးသွားလိုက်သည်။ သူသည် ဤသက်ရှိကို သတ်ပစ်ရန်အတွက် ရှိသမျှအားလုံးကို ထုတ်သုံးလိုက်သည်။ သူ၏အဖိုးတန်ပညာပေါက်ကြားသွားစေမည့် မည်သည့်သဲလွန်စကိုမှ ချန်မထားလိုပေ။

သို့သော်လည်း ဤသည်မှာ အလဟဿပင်ဖြစ်လိမ့်မည်ဟု သူခံစားနေရသည်။ သူဤသက်ရှိကို သတ်နိုင်လျှင်ပင် ထိုထူးဆန်းသည့်စွမ်းအားမှာ သူ၏စွမ်းအားအကုန်လုံးကို နားလည်သွားမည်သာ။

ဖုန်း..

ရှီဟောင်သည် ဤသက်ရှိကို အဆင့်တက်ခွင့်မပြုပဲ ရှိသမျှအားလုံး ထုတ်သုံးကာ တိုက်ခိုက်နေလေသည်။

လေဟာနယ်ပင်လျှင် မှုန်ဝါးလာပြီး စတင်ပျက်စီးလာလေသည်။ ဤနေရာတွင် သင်္ကေတနှင့် သဘာဝဥပဒေသစွမ်းအားများ ရောယှက်လာလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်တွင် သွေးများစီးကျနေပြီး သူ၏ဒဏ်ရာများမှာ မသေးလှပေ။ သို့သော်လည်း အချက်ပေါင်း ရာပေါင်းများစွာ တိုက်ခိုက်ပြီးသည့်နောက်တွင် သူသည် ဤထူးဆန်းသည့်သက်ရှိကြီးကို သတ်ပစ်လိုက်နိုင်သည်။ သူသည် ဘာမှထပ်စဉ်းစားမနေတော့ပဲ သင်္ကေတသုံးထောင်ကို အသုံးပြုကာ အားလုံးကို လောင်ကျွမ်းစေလိုက်သည်။

ထို့အပြင် သူသည် အနက်ရောင်မြူများကို လွင့်ပါးစေလိုက်ပြီး လေဟာနယ်ထဲတွင်ရှိနေသည့် ရှေးဟောင်းမီးအိမ်ကိုလည်း တိုက်ခိုက်လိုက်သည်။

ဝုန်း..

ရှေးဟောင်းမီးအိမ်သည် ရုတ်တရက်ပင် အော်ဟစ်လိုက်ကာ ကြေးမုံကဲ့သို့ပင် ယခုလေးတင်ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲကို ပြသနေလေသည်။ ထို့နောက်တွင် သူသည် ခပ်ဝေးဝေးသို့ ထွက်ခွာသွားလေ၏။

“အောင်မြင်ပြီ .. မူမမှန်တာတွေတောင် ထွက်ပြေးသွားပြီ” ယုန်ဖြူလေးမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သို့သော်လည်း ရှီဟောင်၏အမူအရာ ပြောင်းလဲသွားလေသည်။ သူအကြောက်ဆုံးအရာ ဖြစ်ပျက်သွားလေပြီ။ သူ့ထံတွင် ဘာလျှို့ဝှက်ချက်မှ မရှိတော့ပေ။ ထိုထူးဆန်းသည့် သဘာဝဥပဒေသသည် မီးအိမ်ကို ခပ်ဝေးဝေးသို့ ယူဆောင်သွားလေ၏။

ရှီဟောင်သည် သူ၏ဒဏ်ရာများကို စိတ်ပူနေချိန်မရတော့ပဲ ထိုမီးအိမ်နောက်သို့ လိုက်သွားလိုက်သည်။ ဤထူးဆန်းမှုများမှာ မည်သည့်နေရာမှ အစပြုလာသည်ကို သူသိချင်နေသကဲ့သို့ ဤမီးအိမ်ကိုလည်း ဖျက်ဆီးပစ်ချင်သည်။

“တကယ်တော့ သူတကယ်နားလည်သွားတာမဟုတ်ပဲနဲ့ သူမြင်သမျှအားလုံးကို ပြန်ရဖို့ ဒီရှေးဟောင်းမီးအိမ်ကို သူလိုတာကိုး” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

ယခင်က သူသည် မျိုးစုံခန့်မှန်းခဲ့ပြီး ဤသည်မှာပုံရိပ်ယောင်မြေဖြစ်လိမ့်မည်ဟု သူယုံကြည်ထားခဲ့ခြင်းပင်။ သို့သော် ကြည့်ရသည်မှာ ထိုအမှောင်ထဲမှ အရာထံတွင် စွမ်းအားတစ်မျိုးရှိနေသည့်ပုံပင်။

“အရင်ခေတ်ကတည်းက အခုချိန်ထိကို သူက ကောင်းကင်ပါရမီရှင်တွေအားလုံးဆီက စွမ်းအားအကြီးဆုံး ထူးဆန်းတဲ့ပညာတွေကို ယူနေတာလား” သူခန့်မှန်းကြည့်လိုက်သည်။

“သတ်..”

ရှီဟောင်သည် ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် သူ၏လက်ထဲရှိ လေဟာနယ်ရဲဒင်းဖြင့် ထိုရှေးဟောင်းမီးအိမ်ကို ခုတ်ချလိုက်သည်။

ထိုမီးအိမ်မှ အလင်းအချို့ထွက်ပေါ်လာကာ လှည့်ပတ်နေလေသည်။ မီးအိမ်၏အလည်ဗဟိုမှာ ပို၍ပင်တောက်ပလာပြီး ရှီဟောင်၏ အသွေးအသားများကို တောက်ပအောင် လုပ်ပေးနေလေသည်။

ဤအလင်းမှာ ရှီဟောင်၏ခန္ဓာကိုယ်အတွင်းပိုင်းတွင်ရှိနေသည့် ထူးဆန်းသည့်မီးတောက်ကိုပင် တောက်ပလာစေလေသည်။

သို့သော်လည်း ထိုမီးတောက် တောက်ပလာသည်နှင့် ရှေးဟောင်းမီးအိမ်မှာ တုန်ခါသွားကာ အရောင်မှေးမှိန်သွားလေသည်။ သူသည် မကောင်းသည့်အရာတစ်ခုခုကို အာရုံခံမိသွားသကဲ့သို့ ခပ်ဝေးဝေးသို့ ထွက်ပြေးသွားလေသည်။

ရွှီးဟူသည့်အသံနှင့်အတူ ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ လက်သီးအရွယ်အစား မီးတောက်လေးတစ်ခု လွင့်ထွက်လာလေ၏။ ထိုမီးတောက်သည် ထိုရှေးဟောင်းမီးအိမ်နောက်သို့ လိုက်သွားလေသည်။

ထိုမီးအိမ်မှာ အပိုင်းပိုင်းအစစ ဖြစ်သွားလေသည်။

တစ်ချိန်တည်းမှာပင် ထိုမီးတောက်သည် ကျန်ရှိနေသည့် အနက်ရောင်မြူများအားလုံးကို လောင်ကျွမ်းစေလိုက်လေသည်။

“အဲဒါက ဘာကြီးလဲ..”

“မင်းအောင်မြင်သွားပြီလား .. အဲဒီထူးဆန်းတဲ့ဟာကြီး ထပ်မလာတော့ဘူးမလား”

ဖက်တီးလေး ချောင်ယုရှန်းနှင့် ချင်းရိတို့အားလုံး ပြေးလာကြကာ ထိတ်လန့်သည့်အမူအရာများ ဖြစ်နေကြလေသည်။

ထိုမီးတောက်လေးသည် ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။

“အဲဒီမှာ .. အဲဒီမှာ စွမ်းအားလှိုင်းတွေ ရှိနေတယ်” ရှီဟောင်သည် ယခင်ကထက်ပင် ပိုရက်စက်သည့် စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိလိုက်သည်။

တစ်ခဏခန့် တွေဝေနေပြီးသည့်နောက်တွင် သူထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူသည်အပြာရောင်ကျောက်လမ်းသုံးထောင် အပြင်ဘက်သို့ပင် ရောက်သွားလေပြီ။ ထိုနေရာတွင် လျှိုမြောင်ကြီးနှင့်တူသည့် လေဟာနယ်ထဲရှိ အနက်ရောင်အက်ကွဲကြောင်းကြီးကို တွေ့လိုက်ရသည်။

ထူးဆန်းမှုအားလုံးမှာ ဤအက်ကွဲကြောင်းကြီးထဲမှ ထွက်လာခြင်းလား..

ထိုနေရာသို့ ရောက်သွားပြီးသည့်နောက်တွင် ရှီဟောင်တစ်ကိုယ်လုံး အေးခဲသွားရသည်။ သူကဲ့သို့သော စွမ်းအားကြီးသည့်သူပင်လျှင် ရေခဲအိမ်ထဲသို့ ရောက်သွားသလိုပင် အရိုးများထိ အေးခဲသွားရသည်။ ဤသည်မှာ အပြင်ဘက် အသွေးအသားများမှ အေးခဲခြင်းမဟုတ်ပဲ သူ၏နှလုံးသားထဲ အေးခဲသွားခြင်းမျိုးပင်။

ဤနေရာမှာ သေချာပေါက် အန္တရာယ်များမည်ပင်။ သို့သော်လည်း သူသည် ထိုအေးခဲမှုကို တောင့်ခံကာ အရှေ့သို့ ဆက်လျှောက်ကာ တစ်ချက်ကြည့်လိုက်သည်။ သူသည် အထဲသို့ ဝင်သွားခြင်းမဟုတ်ပဲ အပြင်ဘက်မှ ကြည့်ခြင်းသာ။

အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် သံသယများစွာ ရှိနေသောကြောင့်ပင်။ ဤသည်မှာ တကယ်ပဲ မည်ကဲ့သို့သော အရာဖြစ်သနည်း…

“သတိထား..”

အနောက်ဘက်မှလူများမှာ သူ့အားမှီလာပြီး သူ့ကို သတိပေးကြသည်။

ရှီဟောင်သည် အသက်ပြင်းပြင်းရှူကာ အရှေ့ဘက်သို့ ဆက်သွားလိုက်သည်။ ကြီးမားလှသည့် အက်ကွဲကြောင်းကြီးရှေ့သို့ ရောက်သည့်အချိန်တွင် သူအထဲသို့ ချောင်ကြည့်လိုက်သည်။

ထိုအချိန်တွင် သူ၏မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေ၏။ အထဲတွင် ဘာရှိနေသည်ကို သူမြင်လိုက်ရသည်။ ဤသည်မှာ သူ့အားဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားစေလေသည်။ သူ၏အမူအရာများမှာ မသာမယာဖြစ်သွားပြီး အတော်လေး တုန်လှုပ်သွားလေသည်။

“မင်းတို့အားလုံး ဝေးဝေးသွားကြ .. မြန်မြန် .. မင်းတို့အားလုံး ဒီနားလာလို့မရဘူး .. ဒါကိုကြည့်လို့မရဘူး” ရှီဟောင် အော်ဟစ်လိုက်သည်။ သူ၏အမူအရာမှာ စိုးရိမ်နေပုံရပြီး အခြားသူများ ကပ်လာမည်ကို တားဆီးနေလေသည်။

အပိုင်း ၁၀၇၁ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၂ – အဓိကအရင်းအမြစ်

ထိုနေရာတွင် သွေးများစီးကျနေသည့် အနက်ရောင်ရှေးဟောင်းသင်္ဘောတစ်စင်း ရပ်ထားလေသည်။ ဤသင်္ဘောမှာ အလွန်ပင် ကြီးမားလှပြီး မျက်နှာပြင်မှာ အနီရင့်ရောင်ဖြစ်သည်။

ဤသည်မှာ ထူးဆန်းသည့်မြင်ကွင်းတစ်ခုပင်။ ဤကြီးမားလှသည့် အက်ကွဲကြောင်းကြီးထဲတွင် သင်္ဘောကြီးတစ်စင်း တကယ်ရှိနေလေ၏။

ရှီဟောင်၏အမူအရာများမှာ မသာမယာဖြစ်လာသည်။ သူသည် ဤသင်္ဘောကြီးကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် မူလကောင်းကင်လျှို့ဝှက်နယ်မြေမှတစ်ဆင့် ဒြပ်စင်ငါးခုစီရင်စုသို့ သွားသည့်လမ်းတွင် သွေးမိစ္ဆာတစ္ဆေသစ်ပင်သည် လေဟာနယ်တွင် ဖြတ်သန်းသွားလာသည့်အချိန်တွင် ကြောက်စရာအကောင်းဆုံး အရာသုံးခုအကြောင်းကို သူ့အား ပြောပြဖူးသည်။

ထိုထဲတွင် ဤအနက်ရောင်ရှေးဟောင်းသင်္ဘောကြီးလည်း တစ်ခုအပါအဝင်ပင်။

လိုဂျင်

ရှေးခေတ်ကတည်းက သက်ရှိပေါင်း သန်းပေါင်းများစွာထဲတွင် ဤသင်္ဘောကြီးကို မြင်ဖူးသည့်သူ သိပ်မရှိပေ။ ဤသင်္ဘောကြီးကို မြင်သည့်သူများမှာလည်း သေချာပေါက် သေဆုံးသွားကြသည်သာ။ စွမ်းအားအကြီးဆုံးဂိုဏ်းခေါင်းဆောင်များပင်လျှင် အသက်မရှင်နိုင်ကြပေ။

ထူးဆန်းမှုများ၏ ဇစ်မြစ်ကို ရှာဖွေရင်း ဤအက်ကွဲကြောင်းကြီးရှေ့သို့ ရောက်လာကာ ဤသင်္ဘောကြီးကို တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဤသင်္ဘောကြီးသည် ရှေးခေတ်အခါများကတည်းက အကြိမ်ရေများစွာ ပေါ်လာခဲ့ခြင်းမဟုတ်ပေ။

ခပ်ဝေးဝေးကြည့်လျှင် တစ်မျိုးတစ်မည်ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် သူတို့အကွာအဝေးမှာ အလွန်နီးကပ်နေသည်။

“ရှီဟောင် ဘာဖြစ်တာလဲ .. နင်အဆင်ပြေရဲ့လား” ချင်းရိ မေးလိုက်သည်။ ရှီဟောင် မည်မျှပင် ထိတ်လန့်သွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူမ သံသယအပြည့်ဖြင့် မေးလိုက်သည်။

“ဘာမှထပ်မမေးနဲ့တော့ … မြန်မြန်ထွက်သွားတော့” ရှီဟောင်စိတ်ထဲမှ အသံပို့လွှတ်လိုက်ခြင်းပင်။ သူတို့အား ဤနေရာမှ မြန်မြန်ထွက်သွားစေလိုသည်။ ဝေးလေကောင်းလေပင်။

ဤလူများမှာ ရှုပ်ထွေးသွားကြသော်လည်း သူ၏အသံမှာ အလွန်ပင်လေးနက်နေကြသောကြောင့် ချက်ချင်းပင် အပြာရောင်ကျောက်လမ်းသုံးထောင်ထံသို့ ပြန်ဆုတ်သွားကြသည်။

ရှီဟောင်သည် ထိုနေရာတွင် တစ်ယောက်တည်း ရပ်နေပြီး သူသည် သူ့ဘဝ၏ အစိုးရိမ်ရဆုံးအခြေအနေသို့ ရောက်နေသကဲ့သို့ပင်။

သင်္ဘောကြီးမှာ ကြီးမားလွန်းလှပြီး လီပေါင်းထောင်ပေါင်းများစွာ ရှည်လျားလေသည်။ အနက်ရောင်သင်္ဘောကိုယ်ထည်သည် ရှေးကျလှပြီး ထူးဆန်းသည့်ခံစားချက်မျိုးကို ပေးနေလေသည်။ ဤသင်္ဘောကြီးတည်ရှိနေသည်မှာ နှစ်ပေါင်းမည်မျှပင် ရှိနေပြီဖြစ်မှန်း မသိနိုင်ပေ။

သင်္ဘောမျက်နှာပြင်ပေါ်ရှိ သွေးများမှာ ကြောက်စရာကောင်းလောက်အောင်ပင် နီရဲနေလေ၏။ ထိုသွေးများမှာ ဘယ်တော့အခါမှ ခြောက်သွားခြင်းမရှိပဲ တောက်ပနေဆဲပင်။

ဤသင်္ဘောကြီးတွင် မည်ကဲ့သို့သော နောက်ခံရှိသနည်း.. ဘယ်ခေတ်မှလာသနည်း… ကိုးကာစရာ မည်သည့်အချက်အလက်မှ မရှိပေ။ ဤသည်မှာ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ရှေးဟောင်းပစ္စည်းဟုသာ သိထားကြခြင်းပင်။

ရှီဟောင်သည် ထိုဖိအားကို ခုခံနေပြီး ရုန်းထွက်နိုင်ရန် ကြိုးစားနေသော်လည်း သူ၏စွမ်းအားမှာ ဤရှေးဟောင်းအနက်ရောင်သင်္ဘောကြီးနှင့် ဘာမှမဟုတ်သည်ကို သူသိလိုက်ရသည်။

“ဒါက ထူးဆန်းတဲ့အဖြစ်အပျက်တွေရဲ့ အရင်းအမြစ်လား” သူအနည်းငယ် ကြောက်ရွံ့လာသည်။

ဆွဲအားများမှာ ပို၍ပင် အားပြင်းလာသည်။ ရှီဟောင်သည် တောင့်မခံနိုင်တော့ပဲ ထိုကြီးမားလှသည့် အနက်ရောင်သင်္ဘောကြီးထံသို့ ဆွဲခေါ်ခံလိုက်ရလေသည်။

သူ၏ခြေထောက်များ မြေကြီးပေါ်မှ ကြွတက်သွားသည်နှင့် ချင်းရိတို့အား ဤအနားသို့မလာရန် ထပ်မံ၍ အသံပို့လွှတ်လိုက်သည်။

ထို့နောက်တွင် သူသည် ကြွေကျနေသော ကြယ်တစ်လုံးကဲ့သို့ပင် ထိုရှေးဟောင်းသင်္ဘောကြီးထံသို့ တရှိန်ထိုး သွားလိုက်သည်။ ထိုဆွဲအားသည် ပြင်းထန်လွန်းလှကာ သူ့အားသင်္ဘောပေါ်သို့ ဆွဲခေါ်သွားလေသည်။

ဤရှေးဟောင်းသင်္ဘောကြီးမှာ ဤအနက်ရောင်အက်ကွဲကြောင်းကြီးတွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်းပင်။ ဤသင်္ဘောကြီးသည် မည်သည့်အသံမှ ထုတ်လွှတ်ခြင်းမရှိသကဲ့သို့ အသက်ဓာတ်အနည်းငယ်မျှကိုပင်လျှင် အာရုံမခံနိုင်ပေ။ ဤနေရာတွင် တိတ်ဆိတ်မှုသာ ကြီးစိုးနေလေသည်။

ဒုန်း..

သူသည် သင်္ဘောကိုယ်ထည်နှင့် တိုက်မိသွားပြီး သူ၏နားပင် အူဝေသွားရသည်။

သူသည် ခွန်အားသက်သက်ဖြင့်ပင် နတ်ဘုရားအစစ်များကို သတ်နိုင်နေပြီဖြစ်သော်လည်း ယခုအချိန်တွင် သူအတော်လေး နာကျင်သွားရသည်။ အခြားသူများသာဆိုလျှင် အရိုးများ ကျိုးသွားပြီး အသားပုံကြီးဖြစ်နေလောက်လေပြီ။

အရှိန်မှာ လျင်မြန်လွန်းလှပြီး သူသည် အာကာသထဲသို့ လွှတ်တင်သည့် ဒုံးပျံ၏အရှိန်ကဲ့သို့ ဤနေရာသို့ ရောက်လာခြင်းပင်။

ရှီဟောင် မတ်တပ်ထရပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အချိန်တွင် ဤကြီးမားလှသည့်သင်္ဘောကြီးတစ်ခုလုံး၌ မြူများကိုသာ မြင်နေရသည်။ အရာအားလုံးမှာ မှုန်ဝါးနေလေသည်။

ဤသင်္ဘောကြီးကို ဘာပစ္စည်းဖြင့် လုပ်ထားမှန်း မသိနိုင်ပေ။ သတ္တုဖြင့်လုပ်ထားသည်ဟု ထင်ရသော်လည်း ရှေးဟောင်းသစ်တစ်မျိုးဖြင့်လည်း တူနေသည်။ ခေါက်ကြည့်လိုက်သည့်အချိန်တွင် တချွမ်ချွမ်အသံများ ကြားလိုက်ရလေသည်။

သင်္ဘောကြီးမှာ ကျယ်ပြန့်လှပြီး သူသည် အခြားတစ်ဖက်ကိုပင် မမြင်နိုင်ပေ။ ဤနေရာတွင် သက်ရှိများမှာ အမှုန်အမွှားလေးတစ်ခုပင်။ မည်သူကများ ဤသင်္ဘောကြီးကို ဆောက်လုပ်ခဲ့သနည်း…

ရှီဟောင်သည် အံ့အားသင့်မှုနှင့်အတူ အေးစက်မှုကိုလည်းခံစားနေရသည်။ ယခုအချိန်တွင် သူဤသင်္ဘောကြီးပေါ်သို့ ရောက်နေလေပြီ။ ဤသင်္ဘောကြီးကို မြင်လိုက်ရသည့်သူအားလုံးမှာ သေဆုံးသွားကြသည်သာ။

သူသည် ယခုလေးတင်မှ ထာဝရစွမ်းအင်တစ်ကြောင်းရထားသော်လည်း ယခုအချိန်တွင် ဤသင်္ဘောပေါ်သို့ ရောက်နေလေပြီ။ သူ ဘယ်လောက်တောင် ကံဆိုးလိုက်သနည်း…

“ငါဒီမှာသေရမှာလား” သူ့ကိုယ်သူ မေးလိုက်သည်။

ထို့နောက်တွင် ရှီဟောင်သည် သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ငွေရောင်သင်္ကေတများဖြစ်ပေါ်လာလေသည်။ ထို့နောက်တွင် ရွှေရောင်သင်္ကေတများ ထွက်ပေါ်လာပြီး သူသင်္ဘောကြီးတစ်ခုလုံးကို မြင်နိုင်လောက်အောင်အထိ လင်းထိန်သွားသည်။

သို့သော်လည်း ရုတ်တရက်ပင် သူ၏မျက်လုံးများ နာကျင်လာသည်။ အနီရောင်အလင်းတန်းတစ်ခုပေါ်လာပြီး ထိုအလင်းတန်းမှာ သူ၏မျက်လုံးကိုပင် လောင်ကျွမ်းသွားစေမတတ်ပင်။

ဤနေရာနှင့် လီပေါင်းများစွာ ဝေးသည့် သင်္ဘောကြီး၏ပျဉ်ချပ်တွင် အနီရင့်ရောင်သွေးများ ရှိနေသည်။ ထိုသွေးတွင် ကောင်းကင်မျက်လုံးကို ထိခိုက်စေနိုင်သည့် ရှေးဟောင်းကျကာ ထူးဆန်းသည့်သင်္ကေတများ ရှိနေလေသည်။

ရှီဟောင် အေးခဲသွားရ၏။ ဤသည်မှာ မည်သူ့သွေးများဖြစ်သနည်း.. ဤအချိန်ထိပင် မခြောက်သေးပဲ စွမ်းအားလှိုင်းများပင် ရှိနေသေးသည်။

ရှီဟောင်သည် ထိုသွေးကို ကြည့်ပင်မကြည့်နိုင်တော့ပေ။ ထိုသွေးထဲတွင် ထူးဆန်းသည့် စွမ်းအားတစ်မျိုး ရှိနေသည်။

ဤသွေးများသည် သင်္ဘောကြီး၏ နေရာအနှံ့တွင် ပျံ့ကြဲနေသည်။

ရှီဟောင်သည် ဤသင်္ဘောကြီးမှ ထွက်မသွားနိုင်ပေ။ သူအပေါ်သို့ပျံသန်းလိုက်သည်နှင့် သူ့ကို အောက်ပြန်ဆွဲချနေလေသည်။ သို့သော်လည်း သူသည် လှေဝမ်းထဲတွင်တော့ ပုံမှန်အတိုင်း လမ်းလျှောက်သွားနိုင်သည်။

“ဂိုဏ်းခေါင်းဆောင်တွေတောင်မှ ဒီနေရာကို ရောက်လာရင် ပြန်ထွက်မလာနိုင်ကြဘူး .. သူတို့ဒီသင်္ဘောကြီးကနေ ပြန်မထွက်နိုင်ကြလို့ ဒီမှာပဲ တရားထိုင်ရင်း သေသွားကြတာလား”

ရှီဟောင် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ သူဆက်လျှောက်လာပြီး လီပေါင်းတစ်ရာ ရောက်သွားသည့်အချိန်တွင် သူသွေးပုံတစ်ပုံကို ထပ်တွေ့လိုက်ရသည်။ သူသာ ကောင်းကင်မျက်လုံးကို အသုံးမပြုလျှင် ဤအနီရင့်ရောင်ကို ကြည့်နိုင်သည်။ သို့သော်လည်း သူ၏မျက်လုံးထဲတွင် သင်္ကေတများပေါ်လာသည်နှင့် သူ၏မျက်လုံးများ နာကျင်လာလေသည်။

ကောင်းကင်မျက်လုံးသာမက သူစွမ်းအားများကို အသုံးပြုရန် ကြိုးစားလိုက်သည့်အချိန်တွင်လည်း သူသည်ဓားသွားဖြင့် ဖြတ်ခံလိုက်ရသကဲ့သို့ပင် နာကျင်သွားရသည်။

သူယခင်ကလည်း ထာဝရသွေးများကို မြင်ဖူးသည်။ ထာဝရသွေးများမှာ မြင့်မြတ်ကာ လှပလှသည်။ သို့သော် သူ့အရှေ့တွင်ရှိနေသည့် သွေးမှာမူ ထိုကဲ့သို့မဟုတ်ပေ။ ဤသွေးမှာ အလွန်ပင် လွှမ်းမိုးနိုင်လှပြီး အနားကပ်နိုင်ရန်ပင် ခက်ခဲလေသည်။

“ကြောက်စရာကောင်းလိုက်တဲ့သွေး..” သူသည် ဤသွေးအနည်းငယ်ကိုယူကာ ဤသည်မှာ မည်သူ့သွေးဖြစ်ကြောင်း၊ မည်သည့်သင်္ကေတများပါဝင်ကြောင်းကို လေ့လာဆန်းစစ်ချင်သော်လည်း သူလက်လျော့လိုက်ရသည်။

ဤကဲ့သို့သော သွေးမျိုးသည် သူ့ထက်စွမ်းအားကြီးသည့် သက်ရှိများကိုပင် သတ်နိုင်သည်ဟု သူခံစားနေရသည်။ သူသာအလျင်စလိုလုပ်လိုက်လျှင် သူ့အသက်ဆုံးရှုံးသွားလိမ့်မည်။

သူထိုသွေးအနားသို့ လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် လုံးဝပျက်စီးနေသည့် အရိုးစုတစ်ခုကို သူတွေ့လိုက်ရသည်။ ထိုအရိုးစု၏ခန္ဓာကိုယ်တစ်ဝက်မှာ အရည်ပျော်နေပြီး ပြာမှုန့်များဖြစ်နေသည်။ ကျန်သည့်တစ်ဝက်မှာမူ အကောင်းအတိုင်းရှိနေသေးသည်။

ထိုအရိုးမှာ ရွှေရောင်ဖြစ်နေသောကြောင့် သူအေးခဲသွားရသည်။ ဤသည်မှာ စွမ်းအားကြီးသည့် သက်ရှိတစ်ခုခုဖြစ်မည်မှာ သေချာသည်။ သို့သော်လည်း ကြည့်ရသည်မှာ ဤရှေးဟောင်းသွေးကို ယူရန်ကြိုးစားလိုက်သည့်အချိန်တွင် သေဆုံးသွားသည့်ပုံပင်။

“ထင်ထားတဲ့အတိုင်းပဲ အရင်တုန်းကလည်း ဒီနေရာကို လာခဲ့ဖူးတဲ့တစ်ခြားသက်ရှိတွေ ရှိတယ် .. ဒါပေမဲ့ အားလုံးက ဒီမှာပဲ အဆုံးသတ်သွားတာ”

ဤသွေးအိုင်သည် လီပေါင်းများစွာ ရှိနေသော်လည်း ကြီးမားလှသည့် သင်္ဘောကြီးနှင့်ယှဉ်လျှင် ဤသည်မှာ သေးငယ်သွားလေပြီ။ ကောင်းကင်မျက်လုံးကို သူအလျင်အမြန် အသုံးပြုလိုက်သည်။ သူသွေးကွက်ပေါင်းများစွာကို ထပ်တွေ့လိုက်ရသည်။ အချို့သွေးကွက်များဆိုလျှင် လီပေါင်း တစ်ရာကျော်ပင်ရှိသည်။

“ထူးဆန်းတဲ့အဖြစ်အပျက်တွေက ဘာလို့ဖြစ်မလာသေးတာလဲ” ရှီဟောင်သံသယဝင်မိသည်။ သူသင်္ဘောပေါ်တောင်ရောက်နေပြီကို ဘာလို့ ဘာမှမဖြစ်သေးတာလဲ…

သူသည် ကောင်းကင်မျက်လုံးကို အသုံးပြုကာ အရှေ့ဘက်သို့ ဆက်လျှောက်သွားလိုက်သည်။ နောက်ဆုံးတွင် သင်္ဘောကြီး၏ ပျက်စီးနေသည့်အပိုင်းကို သူတွေ့လိုက်ရသည်။ ထိုနေရာတွင် ပို၍ထိတ်လန့်စရာကောင်းသည့်အော်ရာတစ်ခုရှိနေသည်ကို သူခံစား၍ရနေသည်။

ဤနေရာတွင်ရှိနေသည့် သင်္ဘောကုန်းပတ်တွင် အပေါက်များပြည့်နေသည်။ မျက်နှာပြင်ထက်တွင် ဓားပေါက်ရာများလည်း ရှိနေလေ၏။ ကြည့်ရသည်မှာ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည့်ပုံပင်။

ထိုအချိန်တွင် ရှီဟောင်ထိတ်လန့်သွားရသည်။ ဤနေရာတွင် ကျန်ခဲ့သည့် အပေါက်များ၊ ဓားရာများမှတစ်ဆင့် ထိတ်လန့်စရာကောင်းလောက်သည့် သတ်ဖြတ်ခြင်းစွမ်းအင်များ ထွက်ပေါ်နေလေသည်။

ဤသည်မှာ စွမ်းအားကြီးသည့်သူများချန်ထားခဲ့ခြင်းပင်။ သူတို့၏တိုက်ပွဲအကြွင်းအကျန်များမှာ အချိန်ကာလကြာသည်အထိ မယုံကြည်နိုင်လောက်သည့် အော်ရာများကို ထုတ်လွှတ်နေဆဲပင်။

ရှီဟောင်၏ မီးတောက်မှာ တိတ်တဆိတ်ပင် ထွက်ပေါ်လာပြီး မီးတောက်များလည်း တောက်ပလာလေသည်။ ထိုမီးတောက်သည် ကြေးမုံတစ်ခုကဲ့သို့ပင် တောက်ပနေပြီး ဤအရာများကို ထင်ဟပ်နေစေသည်။

ရှီဟောင်သည် ထိတ်လန့်သွားသော်လည်း တိတ်တဆိတ်ပင် အရာအားလုံးကို လိုက်ကြည့်လိုက်သည်။

တစ်ခဏကြာပြီးသည့်နောက်တွင် ထူးဆန်းသည့်မီးတောက်မှာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ရှီဟောင်သည် အရှေ့ဘက်သို့ပင် ဆက်လျှောက်လာခဲ့လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူဤသင်္ဘောပေါ်မှ ထွက်နိုင်မည်မဟုတ်သောကြောင့် သူလှည့်ပတ်ကြည့်ရုံသာ တတ်နိုင်သည်။

လီပေါင်းများစွာ လျှောက်လာပြီးသည့်နောက်တွင် ဤသင်္ဘောကိုယ်ထည်ကို ပြုလုပ်ထားသည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည့် ပစ္စည်းတစ်ခုကို သူတွေ့လိုက်ရသည်။

ဤသည်မှာ ရေကရားတစ်ခုကဲ့သို့ထွင်းထုထားသည့် ပစ္စည်းတစ်ခုပင်။ ဤပစ္စည်းသည် တောင်တစ်လုံးကဲ့သို့ပင်ရှိနေပြီး ရွှေရောင်အလင်းများလည်း ထုတ်လွှတ်နေလေသည်။

ဤသည်မှာ မည်ကဲ့သို့သော ပစ္စည်းဖြစ်သနည်း..

ရှီဟောင် ထိုပစ္စည်းကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဤသည်မှာ ရေကရားတစ်ခုနှင့်တူသည်ဟုသာ သူခံစားနေရသည်။ မိုးရာသီတွင် သင်္ဘောထဲမှ ရေများခပ်ထုတ်ရန်သုံးသည့် ရေကရားတစ်ခုပင်။

သူပို၍ပင် စိတ်ရှုပ်ထွေးလာရသည်။ ဤ’ရေကရား’ ကိုမည်သည့်နေရာတွင် အသုံးပြုသနည်း.. ဤရှေးဟောင်းသင်္ဘောကြီးက မည်သည့်နေရာသို့ ဦးတည်သွားနေသနည်း… ဤသင်္ဘောကြီးမှာ စွမ်းအားကြီးလွန်းလှပြီး မိုးရေများကို ခပ်ထုတ်ရန်အတွက် ဤရေကရားကို အသုံးပြုရန် လိုအပ်ပါ့မလား…

ရှီဟောင်သည် သူ၏နတ်အာရုံများကို ထုတ်လွှတ်ကာ ထိုရေကရားထဲတွင် ဘာရှိနေသလဲဆိုသည်ကို စူးစမ်းကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ်မှာ မြေပြင်မှ မကြွနိုင်သော်လည်း သူ၏နတ်အာရုံကို အသုံးပြုနေနိုင်ဆဲပင်။ သို့သော်လည်း အကွာအဝေးတစ်ခုသို့ ရောက်သွားသည်နှင့် သူသည်ယခင်ကအတိုင်း နာကျင်နေဆဲပင်။

သူသည် နာကျင်မှုကို သည်းခံကာ သူ၏နတ်အာရုံကို တောင်တစ်လုံးပမာဏခန့် မြင့်မားနေသည့် ရေကရားထိ တက်စေလိုက်ပြီး အထဲဘက်သို့ ကြည့်လိုက်သည်။ သူမြင်လိုက်ရသည့်မြင်ကွင်းမှာ သူ့အား ထိတ်လန့်သွားစေလေသည်။

ဤသည်မှာ သွေးကရားပင်။ သွေးများမှာ ရွှေရောင်ဖြစ်ပြီး သင်္ကေတများလည်း ရှိနေလေသည်။

“ဘုရားရေ…” ရှီဟောင် သတိလက်လွတ် အော်မိသွားသည်။

ပို၍အရေးကြီးသည်မှာ ဤရွှေရောင်သွေးများမှာ ကြောက်စရာကောင်းလွန်းလှသည်။ သူ၏နတ်အာရုံများမှာ အနီးကပ်သွားသည်နှင့် လောင်ကျွမ်းသွားလေသည်။ သူအထဲဘက်သို့ ချောင်းကြည့်၍မရပေ။

ရွှေရောင်သွေးတွင် အရိုးစာသားများပါဝင်နေပြီး ကုန်းပတ်ပေါ်တွင်ရှိနေသည့် အနီရင့်ရောင်သွေးများထက် မနိမ့်ကျပေ။

ရှီဟောင်သည် သူ၏နတ်အာရုံများကို ပြန်လည်ဆုတ်ခွာစေလိုက်ပြီး အချိန်အတော်ကြာသည်အထိ သူဘာမှမပြောနိုင်တော့ပေ။

“ဒါက ထာဝရသွေးထက်တော့ အားမနည်းနိုင်ဘူးလေ ဟုတ်တယ်မလား…”

သူထပ်လျှောက်သွားလိုက်သည့်အချိန်တွင် သွေးများပြည့်နေသည့် အခြားအိုးများကိုလည်း တွေ့လိုက်ရသည်။ သွေးရောင်များမှာ အချို့မှာ ငွေရောင်၊ အချို့မှာ အနီရောင်ဖြစ်ပြီး အချို့မှာ အနက်ရောင်ဖြစ်သည်။

သွေးအိုးတစ်ခုစီတိုင်းမှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။ ထိုသွေးများထဲတွင် ပါဝင်နေသည့် သင်္ကေတလှိုင်းများမှာ ပို၍ပင် ကြောက်စရာကောင်းပြီး နတ်ဘုရားများကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

သို့သော် ဤသွေးများမှာ .. သေဆုံးပြီးသား သက်ရှိများ၏သွေးပင်…

ရှီဟောင် ဆွံ့အနေလေ၏။ သူသည် ဤအိုးများကိုကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။

ဤသည်မှာ ပင်လယ်ထဲတွင်ရှိသည့် သာမန်သင်္ဘောတစ်ခုနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤသင်္ဘောသည် မည်သည့် ‘ပင်လယ်’ ပြင်ကို ဖြတ်သန်းနေသနည်း…

ထို့အပြင် မိုးရေခံသည့် ဤရေကရားများမှာ ဤကဲ့သို့သော သွေးများပြည့်နေသောကြောင့် မည်သည့်ကောင်းကင်က ဤကဲ့သို့သော ‘မိုး’ ကို ရွာသွန်းနေသနည်း…

ရှီဟောင်၏အတွေးများ ကြမ်းတမ်းသွားရပြီး သူ၏စိတ်ခံစားချက်များလည်း မသက်မသာဖြစ်သွားရသည်။

သူသည် လီပေါင်းများစွာ ဆက်လျှောက်သွားလိုက်ပြီး ကြောက်စရာကောင်းသည့်နေရာများစွာကိုလည်း တွေ့ခဲ့ရသည်။ မကြာမီပင် သူသည် တောင်ငယ်လေးတစ်လုံးစာခန့်ရှိသည့် ပျက်စီးနေသည့်ဦးချိုကို တွေ့လိုက်ရသည်။ ထိုဦးချိုတစ်ခုလုံး တောက်ပနေလေသည်။

သို့သော်လည်း ထိုဦးချိုတွင် သွေးများ ကပ်ညှိနေဆဲပင်။

ဦးချိုပုံစံမှာ ထူးခြားလှပြီး သမင်ဦးချိုနှင့်တူသကဲ့သို့ နဂါးအစစ်ဦးချိုနှင့်လည်း တူနေသည်။

“ငါတကယ်ပဲ ဘယ်လိုနေရာကို ရောက်လာတာလဲ” ရှီဟောင် သူ့ကိုယ်သူ မေးလိုက်သည်။ သူလမ်းတစ်လျှောက်တွင် တွေ့လိုက်ရသည့်အရာများမှာ အံ့အားသင့်စရာကောင်းလွန်းလှသည်။ ထိုအရာများကို သေချာ အမျိုးအစားမခွဲခြားနိုင်သော်လည်း ထိုအရာများမှာ အလွန်ပင် ထူးခြားဆန်းကြယ်လွန်းလှသည်ဟု သူခံစားရသည်။

အပိုင်း ၁၀၇၂ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၃ – ကြောက်လန့်ခြင်း

သွေးရောင်လွှမ်းနေသည့် နဂါးဦးချိုမှာ တောက်ပနေလေသည်။ ထိုဦးချိုနားကပ်သွားလိုက်သည်နှင့် ပြင်းထန်လှသည့် စွမ်းအင်ကို သူခံစား၍ရသည်။

ရှီဟောင်၏ မျက်လုံးများမှာ လိုချင်တပ်မက်မှုကြောင့် တောက်ပလာသည်။ သူသာ ဤနဂါးဦးချိုနှင့် သူနှင့်အတူ အပြင်ဘက်သို့ ယူဆောင်သွားလိုက်ပါက မည်မျှပင် ကောင်းလိုက်မည်နည်း..

သို့သော်လည်း သူသည် ထိုဦးချိုအနားသို့ မကပ်နိုင်ဖြစ်နေသည်။ ဤသည်မှာ မြေပြင်ပေါ်သို့ ကျနေသော်လည်း အသက်ဓာတ်အပြည့်ရှိနေဆဲပင်။ ဦးချိုပေါ်တွင် သင်္ကေတများ ဝေ့ဝဲနေပြီး ထိုဦးချိုကို ထိလိုက်သည့်လူတိုင်းကို သတ်ဖြတ်ပစ်နိုင်လေသည်။

ရှီဟောင်သည် ဤအဆင့်လွန်ရတနာကို ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။

သူ၏အမြင်အရဆိုလျှင် ဤသည်မှာ သန့်စင်သည့်နဂါးအစစ်ချန်ထားခဲ့သည့် ဦးချိုဆိုပါက ဤဦးချိုဖြင့် အဖိုးတန်ပစ္စည်းများကို ပြုလုပ်ပါက ထိုပစ္စည်းများမှာ အဆင့်မြင့်နယ်မြေတွင် အကောင်းဆုံးပစ္စည်းဖြစ်မည်ပင်။

အချိန်အတော်ကြာသည်အထိ ဟိုသွားဒီသွား လုပ်ပြီးသည့်နောက်တွင် သူသည် ဤနေရာမှ ထွက်လာရုံသာ တတ်နိုင်တော့သည်။

“ငါ ဒါကို တကယ်လိုချင်တယ်…” ဤနေရာမှာ ထူးဆန်းသည့်အဖြစ်အပျက်များ အချိန်မရွေးဖြစ်လာနိုင်သည့်နေရာဖြစ်သော်လည်း သူသည် ခြေလှမ်းလှမ်းလိုက်တိုင်း ထိုဦးချိုကို ကြည့်နေဆဲပင်။

ရုတ်တရက်ပင် တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။ ဤသည်မှာ အကြေးခွံတစ်ခုပင်။ ဤအကြေးခွံသည် သွေးများကပ်ညှိနေပြီး သင်္ကေတများလည်း သိပ်သည်းစွာပင် ရှိနေသည်။

ထိုအကြေးခွံသည် ရွှေရောင်ဖြစ်ပြီး အလျား တစ်ပေခန့်ရှိသည်။ ထိုအကြေးခွံမျက်နှာပြင်တွင် ထူးဆန်းသည့်ဒီဇိုင်းပုံစံများစွာရှိနေပြီး ထိုဒီဇိုင်းများသည် ရှေးဟောင်းသင်္ကေတတစ်ခု ဖြစ်ပေါ်နေလေသည်။ ဤသည်မှာ ‘အာခံသည်’ ဟူသည့်စာလုံးနှင့် တူသလိုပင်။

ဒါက နဂါးနဲ့ ဆက်စပ်နေလို့လား.. ရှီဟောင် ထိုအကြေးခွံအား စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူ ထိုအကြေးခွံအနားသို့ မကပ်နိုင်ပေ။

သို့သော် သူ၏ခန္ဓာကိုယ်ထဲရှိ မီးတောက်သည် ရုတ်တရက်ပင် တရှိန်ထိုးထွက်ပြေးလာကာ ထိုအကြေးခွံပေါ်သို့ ဆင်းသက်သွားပြီး ရွှေရောင်အလင်းတန်းအနည်းငယ်ကို စားသုံးလိုက်လေသည်။

သူဘာလုပ်နေတာလဲ.. ရှီဟောင် ကြောင်အသွားရသည်။

ခဏကြာပြီးသည့်နောက်တွင် ထိုထူးဆန်းသည့်မီးတောက်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာလေ၏။ ထိုအကြေးခွံပေါ်တွင်ရှိနေသည့် စွမ်းအားကြီးသည့် သင်္ကေတလှိုင်းများမှာမူ ပျောက်ကွယ်သွားပြီဖြစ်ပြီး သာမန်အကြေးခွံအဖြစ်သာ ကျန်ရစ်တော့သည်။

ထိုအကြေးခွံသည် အဝါရောင်အဖြစ်သာ ကျန်ရစ်တော့သည်။

သတ်ဖြတ်ချင်နေတဲ့စွမ်းအင်တွေလည်း ပျောက်သွားတာလား.. ရှီဟောင် ထိတ်လန့်သွားရသည်။ ဤကဲ့သို့သော ခံစားချက်မျိုးမှာ မမှားယွင်းနိုင်ပေ။

သူ၏နတ်အာရုံများကို ဖြန့်ကျက်ကာ ဆန်းစစ်ကြည့်လိုက်သည့်အချိန်တွင် သူ ဘာမှမဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့နောက်တွင် သူသည် အရိုးစာသားများကို ထုတ်လွှတ်ကာ အဖိုးတန်ပညာများကို အသုံးပြု၍ ထိုအကြေးခွံအား ယူလိုက်သည်။ သို့သော်လည်း မည်သည့်မကောင်းသည့်ကိစ္စမှ ဖြစ်မလာပေ။

သူ ထိုအကြေးခွံကို လျင်မြန်စွာပင် ကောက်ယူကြည့်လိုက်သည်။ ထိုအကြေးခွံသည် ဂျင်ပေါင်း တစ်သိန်းလေးလံသည်ကို သူတွေ့လိုက်ရသည်။ ဤသည်မှာ သူထင်ထားသည်ထက်ပင် လေးနေသေးသည်။

ဒုန်း..

ဤအကြေးခွံကို ပုတ်ကြည့်လိုက်သည့်အချိန်တွင် သတ္တုသံထွက်ပေါ်လာလေ၏။ ဤအကြေးခွံသည် တစ်လက်မထူပြီး တစ်ပေခန့်ရှိလေသည်။ ဤအကြေးခွံဖြင့် အဖိုးတန်ပစ္စည်းများပြုလုပ်ရန် လုံလောက်လေသည်။

ဤအကြေးခွံကိုယ်တိုင်ပင်လျှင် သဘာဝအဖိုးတန်ပစ္စည်းဖြစ်နိုင်သည်။

“ငါသာ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ရင် ဒါက နဂါးအကြေးခွံဟုတ်မဟုတ် နဂါးမိန်းမပျိုကို မေးရမယ်..” ရှီဟောင် သူ့ကိုယ်သူ ပြောလိုက်သည်။

လမ်းတစ်လျှောက်တွင် သူသည် ကြောက်စရာကောင်းသည့်အရာများစွာကို တွေ့ခဲ့ရသည်။ အချို့အရာများမှာလည်း အံ့အားသင့်စရာကောင်းလှသည်။ သို့သော်လည်း သူသည် ထိုပစ္စည်းများ၏အနားကိုပင် မကပ်နိုင်ပေ။

“ယဇ်ပုလ္လင်လား..”

သူ လီပေါင်း တစ်သောင်းကျော်လျှောက်လာပြီးသည့်နောက်တွင် သင်္ဘောဝမ်းတွင်းပိုင်းနားသို့ပင် ရောက်လာသည်။ သင်္ဘောဝမ်းတွင်းပိုင်း အပြင်ဘက်တွင် မည်းနက်နေသည့် ယဇ်ပုလ္လင်တစ်ခုရှိနေလေ၏။ ထိုယဇ်ပုလ္လင်၏မျက်နှာပြင်ထက်တွင် ရှေးဟောင် ထွင်းစာများ ရှိနေသည်။

ထိုမျက်နှာပြင်ပေါ်တွင်ရှိနေသည့် ပုံစံများမှာ နက်နဲလှပြီး ဓားရာများလည်း ရှိနေသည်။ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်မှာ သေချာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်သည် နောက်တစ်ကြိမ်ထွက်ပေါ်လာလေ၏။

ရှီဟောင်သည် ကြီးမားလှသည့် လှေကားထစ်များမှတစ်ဆင့် အနက်ရောင်ယဇ်ပုလ္လင်ထက်သို့ တက်သွားလိုက်သည်။ ဤယဇ်ပုလ္လင်ကြီးမှာ တောင်တစ်လုံးထက်ပင် ကြီးနေသေးသည်။

ဤအနက်ရောင်ယဇ်ပုလ္လင်ထိပ်တွင် အထဲဘက်သို့ ထွင်းထားသည့် ရေကန်တစ်ခု ရှိနေသည်။ ထိုကန်ထဲတွင် ငါးရောင်စပ်အရည်များ ရှိနေလေ၏။ ထိုအရည်များမှာ ကျောက်စိမ်းရည်များကဲ့သို့ပင် တောက်ပနေလေသည်။

“ဒါလည်း .. သွေးတွေလား..” ရှီဟောင် စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ သေချာလေ့လာကြည့်ပြီးသည့်နောက်တွင် ဤသည်မှာ သွေးဖြစ်မှန်း သူအတည်ပြုလိုက်နိုင်သည်။ ဤသည်ကို စတေးခံရန်အတွက် အသုံးပြုခဲ့ခြင်းလား..

ဤကဲ့သို့သော သွေးမျိုးမှာ သေချာပေါက် ထူးဆန်းသည်ပင်။ ကြည့်လိုက်ရုံဖြင့်ပင် တိုင်းတာ၍မရနိုင်သည့်စွမ်းအားကို သူခံစားနေရသည်။ ဤသွေးမှာ အနီရင့်ရောင်သွေးထက်ပင်ပို၍ အထင်ကြီးစရာကောင်းနေသည်ဟု သူခံစားနေရသည်။

“ဒီမှာရှိတဲ့ပစ္စည်းတွေအားလုံးက စွမ်းအားကြီးတဲ့ဟာတွေချည်းပဲ .. အကုန်လုံးက စစ်မြေပြင်ကလာသလိုမျိုး သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေနဲ့ ပြည့်နေတာ .. ဒါက ပုံရိပ်ယောင်တွေများ ဖြစ်နေမလား”

သူ ကောင်းကင်မျက်လုံးကို အသုံးမပြုရဲပေ။ ကောင်းကင်မျက်လုံး၏ သင်္ကေတများလှုပ်ရှားလိုက်သည်နှင့် ဤငါးရောင်စပ်သွေး၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို လှုပ်နှိုးသွားသလိုဖြစ်သွားမည်ကို သူ စိုးရိမ်ခြင်းပင်။

ယဇ်ပုလ္လင်ကြီးထံမှ အသံများထွက်ပေါ်လာပြီး ငါးရောင်စပ်သွေးမှလည်း ထိတ်လန့်စရာကောင်းသည့်မြင်ကွင်းကို ပြသနေလေသည်။

သေချာလေ့လာကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ ပုံရိပ်ယောင်မဟုတ်သည်ကို သူ တွေ့လိုက်ရသည်။ အရာအားလုံးမှာ ပို၍ပင် ကြည်လင်ပြတ်သားလာသည်။

“သတ်…”

ရုတ်တရက်ပင် စစ်ခေါ်သံများကို သူ ကြားလိုက်ရသည်။ ဤငါးရောင်စပ်သွေးများသည် ရေလှိုင်းများကဲ့သို့ပင် တက်လိုက်ကျလိုက်ဖြစ်နေလေ၏။ ဤသွေးအတွင်းမှာ မှုန်ဝါးနေသည့်မြင်ကွင်းလည်း တဖြည်းဖြည်း ပေါ်လာလေသည်။

ဤသည်မှာ .. ကြီးမားလှသည့် ရှေးဟောင်းမြို့တစ်မြို့ဖြစ်သကဲ့သို့ အဆုံးမရှိ ကျယ်ပြန့်လှသည့် စစ်မြေပြင်တစ်ခုလည်း ဖြစ်သည်။ စစ်ပွဲအတွင်းမှ အော်ဟစ်သံများမှာ ကောင်းကင်ကိုပင် လှုပ်ခတ်စေနိုင်သည်။ ဤနေရာတွင်ရှိနေသည့် ကျွမ်းကျင်သူများမှာ ကြယ်များကို ဖျက်ဆီးပစ်နိုင်ပြီး လများကို ဖမ်းဆုတ်နိုင်သည့်သူများပင်။

ဝုန်း..

ထိုစစ်ပွဲကြီးသည် အကြီးကျယ်ဆုံးသော နတ်စွမ်းအားများကို ပြသနေလေသည်။ သင်္ကေတများ ထွက်ပေါ်လာသည်နှင့် ကြယ်အချို့ပင် ကြွေကျသွားလေသည်။

ဤကဲ့သို့သော တိုက်ပွဲမှာ မယုံကြည်နိုင်လောက်အောင် ရက်စက်ကြမ်းတမ်းလွန်းလှသည်။

ထို့နောက်တွင် တစ်ယောက်ကိုတစ်ယောက် တွဲထားတာ ဤမြို့ကြီးထံသို့ ဦးတည်လာနေသည့်သူအချို့ကို သူတွေ့လိုက်ရသည်။ သူတို့၏ဒဏ်ရာများပြည့်နေသည့်ခန္ဓာကိုယ်သည် လွှဲရမ်းနေပြီး အချိန်မရွေး လဲကျသွားတော့မလိုပင်။

နေရောင်အောက်တွင် သူတို့၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားလာပြီး ဒဏ်ရာများကြောင့် အားနည်းနေပုံလည်း မပေါ်ပေ။ သူတို့အားလုံးသည် ပြိုင်ဘက်ကင်းသည့်အော်ရာများကို ပိုင်ဆိုင်ထားလေသည်။

သူတို့ခုနှစ်ယောက်သည် ပြိုင်ဘက်ကင်းဘုရင် ၇ပါးကဲ့သို့ပင် တစ်ယောက်ကိုတစ်ယောက် ထိန်းထားကာ မရေမတွက်နိုင်သည့် အလောင်းများကို ဖြတ်သန်းပြီး ဤမြို့ကို ကာကွယ်နိုင်ရန်အတွက် မြို့ထဲဘက်သို့ ဦးတည်သွားနေလေသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် မရေမတွက်နိုင်သည့် ကြောက်စရာကောင်းသည့်သက်ရှိများသည် သူတို့ထံသို့ ပြေးလာကြလေ၏။ ထိုသူများထဲတွင် နတ်တာအိုအော်ရာရှိနေသည့်သူများ ပါရှိသကဲ့သို့ ထာဝရအလင်းရှိနေသည့်သူများလည်း ပါဝင်သည်။

အား…

သူတို့ခုနှစ်ယောက်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေလေပြီ။ သူတို့သည် ဂိတ်တံခါးဝရှေ့တွင် အပေါ်သို့မော့ကာ အော်ဟစ်လိုက်ကြပြီး ရန်သူများကို ထပ်မံသတ်ပစ်လိုက်သည်။

ထိုအချိန်တွင် ရှီဟောင်၏သွေးများလည်း ဆူပွက်လာကာ သူ၏နဖူးထက်တွင်လည်း သင်္ကေတတစ်ခု ထွက်ပေါ်လာလေ၏။ ထိုသင်္ကေတမှာ ယခင်ကထက်ပင် ပို၍ တောက်ပလာသည်။ ထို့နောက်တွင် မြင့်မြတ်သည့်အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။

ရှီဟောင်သည် ဝမ်းနည်းမှုတစ်မျိုးကိုလည်း ခံစားနေရသည်။ ဤသည်မှာ အပြစ်သားစာလုံးမဟုတ်ပဲ ခမ်းနားကြီးကျယ်သည့် စာလုံးတစ်လုံးပင်။ သူ၏အပြစ်သားသွေးများ ကြွတက်လာသည့် ပထမဆုံးအကြိမ်ကို သူ မှတ်မိနေသေးသည်။

“ငါတို့တွေက အပြစ်သားတွေ မဟုတ်ဘူး .. ငါတို့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ညစ်ပတ်တဲ့သွေးတွေမဟုတ်ဘူး .. ခမ်းနားကြီးကျယ်မှုတွေ ပြည့်နေတဲ့သွေး .. ငါတို့ရဲ့အောင်မြင်မှုတွေ ဂုဏ်ရောင်တောက်မှုတွေကို မှတ်တမ်းတင်ပေးထားတဲ့သွေး..”

“ငါတို့က အပြစ်သားတွေ မဟုတ်ဘူး .. ငါတို့ဘိုးဘေးတွေက အဲဒီမှာ တိုက်ခိုက်နေတုန်းပဲ .. ငါတို့ကို ကမ္ဘာခြားထားပြီးတော့ ငါတို့လမ်းကိုပိတ်ထားတယ် … ငါတို့ဘိုးဘေးတွေက အဲဒီမှာ တိုက်ပွဲတိုက်နေပြီးတော့ နယ်ခြားစပ်ကို စောင့်ရှောက်နေရတုန်းပဲ..”

ဤစကားသံများကို ပြန်လည်ကြားယောင်မိသွားသည့်အချိန်တွင် သူ ထိတ်လန့်သွားရသည်။

“နယ်ခြားစပ် .. ဒါက နယ်ခြားစပ်လား .. ဒါက ဘယ်နေရာလဲ .. တစ်နေ့ကျရင်တော့ ငါကိုယ်တိုင် အဲဒီနေရာကို ရောက်အောင်သွားမှာ” ရှီဟောင် လက်သီးများကို တင်းကြပ်စွာ ဆုတ်လိုက်သည်။

ငါးရောင်စပ်သွေး တောက်ပလာကာ မြင်ကွင်းမှာ တစ်ဖြည်းဖြည်းချင်း မှုန်ဝါးသွားသည်။ သို့သော်လည်း ဘုရင် ၇ ယောက်ထဲမှ တစ်ယောက်လဲကျသွားပြီး ကြယ်များလည်း မှေးမှိန်သွားသည်ကို သူတွေ့လိုက်ရသေးသည်။

“ငါတို့ တိုက်ခိုက်နေကြတယ်ဆိုပေမယ့် ငါတို့ တောင့်မခံနိုင်တော့ဘူး .. နောက်ပိုင်းမှ လာတဲ့သူတွေရော .. စာချုပ်..”

ဤသည်မှာ အသက်ရှင်လျက်ရှိနေသေးသည့် ဘုရားခြောက်ယောက်၏အသံများပင်။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် စေးကပ်နေပြီး သူတို့သည် အလွန်ပင် ဝမ်းနည်းနေသည့်ပုံပင်။

ရှီဟောင် နှာခေါင်းစူးတက်လာပြီး မျက်လုံးများလည်း မှုန်ဝါးလာသည်။ သူ၏စိတ်ထဲတွင် အလွန်ဝမ်းနည်းနေပြီး သူတို့ကို ကူညီပေးချင်မိသည်။

“ခင်ဗျားတို့အားလုံး ဘယ်မှာလဲ… နယ်ခြားစပ်က ဘယ်နေရာမှာလဲ” သူ၏အသံမှာ တုန်ယင်နေသည်။

“စာချုပ် .. ဒါက ရှေးဟောင်းစာချုပ်များလား..” အာကာသကလန်တွင် ရှိနေစဉ်က သူ ကြားခဲ့ဖူးသည့် စာချုပ်ကို ပြန်စဉ်းစားမိသွားသည်။

ဝုန်း… ။

နောက်ဆုံးအကြိမ်တုန်ခါပြီးသွားသည့်နောက်တွင် ရှီဟောင်သည် ကန်ပြင်ထက်မှ နောက်ဆုံးမြင်ကွင်းကို မြင်လိုက်ရသည်။ ဤသည်မှာ အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးသည် နယ်ခြားစပ်ကို ဖြတ်ကျော်နေခြင်းပင်။

“ဒီသင်္ဘောလား..”

ရှီဟောင် တုန်လှုပ်သွားရသည်။

ဤသည်မှာ ထူးဆန်းသည့်အဖြစ်အပျက်များ၏ မူလဇစ်မြစ်လား.. ဤသင်္ဘော ဤနေရာတွင် ပေါ်လာခြင်းမှာ ကောင်းသလား ဆိုးသလား…

ထို့နောက်တွင် အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။ သူသည် ယဇ်ပုလ္လင်ပေါ်မှ ဆင်းလိုက်ပြီး တစ်ခဏခန့် တွေးတောနေလိုက်သည်။ ထို့နောက်တွင် သူသည် သင်္ဘောဝမ်းတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။ ဤသင်္ဘောကြီးမှာ ကြီးမားလှသောကြောင့် သူသည် နန်းတော်ကြီးထဲတွင် လျှောက်နေရသကဲ့သို့ပင်။

“ငါထွက်မသွားနိုင်မှတော့ အဆုံးထိ လေ့လာကြည့်လိုက်တာပေါ့”

ရှီဟောင်သည် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ ဤလှေပေါ်သို့ ရောက်လာသောသူအားလုံးမှာ အသက်ရှင်လျက်ပြန်မထွက်နိုင်ပဲ သေဆုံးသွားသည်ဟု ပြောကြသည်။ ထို့ကြောင့် သူ ဘာကို ကြောက်နေရတော့မည်နည်း..

သူ၏ခန္ဓာကိုယ်ထဲမှ မီးတောက်သာ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ပင်။

ဤနေရာတွင် ယင်စွမ်းအင်များ များပြားလှသည်။ သူအထဲဘက်သို့ လျှောက်လာလိုက်သည်နှင့် သူအနည်းငယ် လန့်သွားရသည်။ ဤသည်မှာ သူထင်ထားသည်နှင့် မတူပေ။ ဤသည်မှာ မည်ကဲ့သို့သော လှေဝမ်းတွင်းဖြစ်သနည်း.. ဤထဲတွင် တောတောင်များနှင့် မြစ်များပင် ရှိနေသည်။

ကြီးမားလှသည့် တောင်တစ်လုံးသည် ဤနေရာတွင် မိုးထိုးနေသည်။ ဤတောင်သည် ပျက်စီးနေသော်လည်း တိမ်များကို ထိနေဆဲပင်။

တောင်အောက်တွင် အလောင်းများ ပြန့်ကျဲနေလေသည်။ သူတို့သည် ထာဝရရှေးဟောင်းခေတ်မှ စစ်ဝတ်စုံကို ဝတ်ဆင်ထားခြင်းပင်။

တောင်အောက်ခြေတွင် ရှေးဟောင်းကျောက်အိုးကြီးတစ်လုံး ရှိနေသည်။ ထိုအိုးကြီးမှာ ကြီးမားလွန်းလှကာ ရောင်စုံအလင်းတန်းများလည်း ထုတ်လွှတ်နေသည်။ ဤသည်မှာ မှုန်မှိုင်းနေသည့် ကောင်းကင်အောက်တွင် မြင်နေရသည့် တစ်ခုတည်းသော အလင်းပင်။

ရှီဟောင် ထိုအိုးအနားသို့ လျှောက်သွားလိုက်သည်။ သူအမြင်မှားခြင်းမဟုတ်ကြောင်း အတည်ပြုရန်အတွက် သူ၏မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်သည်။ ကျောက်အိုးကြီးဘေးတွင် ကြီးမားလှသည့် ကျောက်စိမ်းစားပွဲကြီး ရှိနေသည်။

ထိုစားပွဲ၏မျက်နှာပြင်ထက်တွင် သွေးများဖုံးလွှမ်းနေပြီး အလင်းဖျော့လေးလည်း ရှိနေသည်။ စားပွဲပေါ်တွင်လည်း ခေါင်းများတစ်လုံးပေါ်တစ်လုံးဆင့်လျက် ရှိနေလေသည်။

ဤအရာများအပြင် သူ မသိသည့် ရှေးဟောင်းစာများ ထွင်းထားသည့် အမှတ်တရကျောက်တိုင်များလည်း ရှိနေသေးသည်။

သူ၏နတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အချိန်တွင် တာအိုအသံများ ထွက်ပေါ်လာပြီး ဤစာလုံးများ၏ အဓိပ္ပာယ်ကို သူ သိသွားသည်။ ဤစာလုံးများမှာ ရှေးကျလှပြီး ယခုလက်ရှိကမ္ဘာ၏စာလုံးများနှင့် ကွဲပြားလှသည်။

“အနီရောင်ကောင်းကင်အရှင်၊ ချင်းဝေ့အရှင်၊ ယုယုအရှင်…”

ရှီဟောင်၏အသက်ရှူသံများပင် အေးခဲသွားရသည်။ သူ မည်ကဲ့သို့သော နေရာသို့ ရောက်လာခြင်းဖြစ်သနည်း..

အနီရောင်ကောင်းကင်အရှင်၊ ချင်းဝေ့အရှင် .. ဤလူများမှာ မည်သူနည်း.. သူတို့သည် ထာဝရလူသားများပင်။

ယခုအချိန်ထိပင် အနီရောင်ကောင်းကင်မီးတောက်၊ ယုယုမီးတောက်နှင့် အခြားအရာများမှာ ‘ထာဝရမျိုးစေ့’ အဖြစ် ဤလောကတွင် ရှိနေဆဲပင်။ သို့သော်လည်း ယခုအချိန်တွင် သူသည် ဤလူများ၏ အမှတ်တရကျောက်တိုင်ကို မြင်နေရသည်။

သို့သော် ဤသည်မှာ ကြောက်စရာအကောင်းဆုံးကိစ္စမဟုတ်သေးပေ။ ပို၍ကြောက်စရာကောင်းသည်မှာ ထိုကျောက်တိုင်များရှေ့တွင်ရှိနေသည့် သွေးများစေးကပ်နေဆဲဖြစ်သည့် ခေါင်းများပင်။

“ဒီခေါင်းတွေက အနီရောင်ကောင်းကင်အရှင်၊ ချင်းဝေ့အရှင်၊ ယုယုအရှင်တို့ဟာလား”

ရှီဟောင် ဆံပင်များပင် ထောင်တက်သွားရသည်။

ရွှီး…

အလင်းဖျော့လေးတစ်ခု တောက်ပလာကာ ကျောက်စိမ်းစားပွဲပေါ်တွင်ရှိနေသည့် ကျောက်တိုင်များနှင့် ခေါင်းများအားလုံး ပျောက်ကွယ်သွားသည်။

ဤသည်မှာ ပုံရိပ်ယောင်လား .. ဒါမှမဟုတ် ကျောက်အိုးကြီးထဲတွင်ရှိနေသည့်အရာကို ပြသထားခြင်းလား..

သူအိုးကြီးကို ကြည့်လိုက်သည်။ အိုးအဖုံးရှိပြီး အိုးပေါ်တွင်လည်း ပြိုင်ဘက်ကင်းသည့် အစီးအတားရှိနေသော်လည်း ရောင်စုံအလင်းများ စိမ့်ထွက်လာနေဆဲပင်။

ထို့အပြင် အိုးကြီးသည် အက်ကွဲကြောင်းများပြည့်နေပြီး မည်သည့်အချိန်မဆို ပေါက်ကွဲထွက်တော့မလိုပင်။

သူသည် ဤသင်္ဘောပေါ်သို့ ရောက်ကတည်းက ထူးဆန်းသည့်အရာအားလုံးကို မြင်တွေ့ခဲ့ရသည်။ အထူးသဖြင့် ဤနေရာမှာ ရှီဟောင်ကို အခြောက်လှန့်နိုင်ဆုံးပင်။ သူသည် ထိုအိုးကြီးကို စိုက်ကြည့်ပြီး အရိုးများပင် အေးခဲလာရသည်။

အပိုင်း ၁၀၇၃ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၄ – အဆုံးသတ်

ရှီဟောင်သည် ရွာမှထွက်လာကတည်းက တစ်ခါမှ မကြောက်လန့်ဖူးပေ။ ဤမြင်ကွင်းမှာ ထင်ထားသည်ထက်ပင် ပိုကြောက်စရာကောင်းနေသည်။

ထိုစားပွဲရှည်ကြီး ပျောက်ကွယ်သွားလေပြီ။ ဤကျောက်စားပွဲမှာ ထူးခြားလွန်းလှလိမ့်မည်ဟု သူထင်မိသည်။ ထို့ကြောင့်သာလျှင် သူသည် အဆီးအတားကို ကျော်ဖြတ်ကာ ပေါ်လာနိုင်ခြင်းမလား.. ဤအိုးကြီးမှာ ခေါင်းများပြည့်နေသည့်အိုးကြီးများလား..

ဤသည်မှာ ထိတ်လန့်စရာကောင်းလွန်းလှသည်။

တောင်များနှင့် မြစ်များမှာ မှုန်မှိုင်းလွန်းလှသည်။ ရှီဟောင်သည် အရှေ့ဘက်သို့ တစ်လှမ်းချင်း ဆက်လျှောက်လာလိုက်သည်။ တောင်အောက်ခြေတွင်ရှိနေသည့် အိုးကြီးကို သူအနီးကပ်ကြည့်ချင်သည်။

လမ်းတစ်လျှောက်တွင် အရိုးစုများစွာ ရှိနေလေသည်။

အချို့အလောင်းများမှာ အကောင်းအတိုင်းရှိနေဆဲပင်။ ရှီဟောင် ထိုအလောင်းများကို ထိရန် ကြိုးစားလိုက်သည်နှင့် ချက်ချင်းပင် ကြောက်စရာကောင်းသည့် သင်္ကေတများနှင့် အရိုးစာသားများ ထွက်ပေါ်လာလေသည်။

ဤလူများ အသက်ရှင်နေစဉ်ကာလတွင် မည်မျှပင်စွမ်းအားကြီးမည်ကို စဉ်းစားကြည့်နိုင်သည်။ သူတို့သည် သေချာပေါက် ပြိုင်ဘက်ကင်းသည့်ကျွမ်းကျင်သူများပင် ဖြစ်လိမ့်မည်။

ဤရှေးဟောင်းမြေပြင်မှာ အလွန်ပင် ကျယ်ပြန့်လှသော်လည်း စစ်မြေပြင်ဟုလည်း မခေါ်နိုင်သေးပေ။ မြေပြင်ထက်တွင် အလောင်းများ ပြန့်ကျဲနေပြီး ဖရိုဖရဲစွမ်းအင်များလည်း ထွက်ပေါ်နေကာ ထူးဆန်းသည့်သင်္ကေတများကိုလည်း ထုတ်လွှတ်နေလေသည်။

အချို့အလောင်းများမှာ တက်နင်းမိလိုက်သည်နှင့် ဖုန်မှုန့်များ ဖြစ်သွားလေသည်။

ရှီဟောင် အချို့လက်နက်များကို ကောက်ယူရန် ကြိုးစားလိုက်သော်လည်း တစ်ခုမှ ထိ၍မရပေ။ လက်နက်များမှာ မပျက်စီးသော်လည်း အချိန်ကာလကြာမြင့်လှပြီဖြစ်သောကြောင့် ဖျက်ဆီးခံလိုက်ရလေပြီ။

သူ ရလိုက်သည်မှာ ပျက်စီးနေသည့်လှံတံများနှင့် ချပ်ဝတ်တန်ဆာအပိုင်းအစများပင်။ ဤပစ္စည်းများအားလုံးမှာ သူတို့၏နတ်စွမ်းရည်များ ပျောက်ဆုံးနေပြီဖြစ်ပြီး နတ်ပစ္စည်းများဟုပင် ပြော၍မရတော့ပေ။

မည်သို့ပင်ဖြစ်စေ အချိန်ကာလကြာမြင့်လှပြီဖြစ်ပင်။ ထို့အပြင် သူတို့သည် အစကတည်းက ပျက်စီးနေပြီးသားဖြစ်သောကြောင့် ထာဝရကောင်းနေရန်မှာ မဖြစ်နိုင်ပေ။

“ဘာကောင်ကြီးလဲ..” သူသည် ဖြူကောင်နှင့်တူသည့် တောင်တစ်လုံးစာပမာဏရှိသော အကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူ၏လည်ပင်းမှာ အလွန်ပင် ရှည်လျားလှပြီး သူ၏ခေါင်းမှာ နဂါးတစ်ကောင်နှင့်ပင် ပိုတူနေသည်။ ထို့အပြင် သူ၏ကျောဘက်တွင် ယခုထိတိုင် မပျက်စီးသေးသည့် ရွှေရောင်အတောင်ပံတစ်စုံ ရှိနေလေသည်။

ဤအရာကြီးမှာ ကြောက်စရာကောင်းလွန်းလှသည်။ အဝေးမှပင်လျှင် ရှီဟောင်သည် သူ၏အရေပြား နာကျင်နေသလို ခံစားနေရသည်။ ရွှေရောင်နတ်အဆူးချွန်များမှာ လေဟာနယ်ကိုပင် ပျက်စီးစေမည့်ပုံပင်။

ထာဝရရှေးဟောင်းခေတ်မှ သားရဲများသည် လက်ရှိလောကတွင်ရှိနေသည့် သားရဲများနှင့် ကွာခြားလှသည်။ သူမြင်သမျှ ရှေးဟောင်းသားရဲများအားလုံးတွင် သူတို့၏ ကိုယ်ပိုင်ဝိသေသများရှိကြလေသည်။

မည်သည့်လှုပ်ရှားမှုမှမရှိပဲ သူ၏အနောက်ဘက်တွင်ရှိနေသည့် ရှေးဟောင်းအလောင်း၏ မျက်လုံးများ ပွင့်လာပြီး အစိမ်းရောင်အလင်းတောက်ပ နေလေသည်။ သူ၏ခန္ဓာကိုယ်တွင် မီးခိုးရောင်မြူများရစ်သိုင်းနေပြီး သူသည်ကြောင်ကတိုးတစ်ကောင်ကဲ့သို့ပင် ရှီဟောင်ထံသို့ ပစ်ဝင်လာလေ၏။

ရှီဟောင်သည် အတော်လေး နိုးနိုးကြားကြားရှိသည့်သူပင်။ လေဟာနယ်ရဲဒင်းကိုင်ထားသည့် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး နောက်ပြန်ပင် လွှဲရမ်းလိုက်သည်။

ဖူး..

အနက်ရောင်သွေးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုသက်ရှိ၏ခေါင်း လွင့်ထွက်သွားသည်။ သူ၏အလောင်းတစ်ခုလုံးမှာ သွေးအိုင်ထဲသို့ ကျသွားပြီး ပျက်စီးသွားလေသည်။

သူအန္တရာယ်များသည့်နေရာသို့ ဝင်လာခဲ့ပြီဖြစ်ကြောင်း ရှီဟောင်သိသည်။ ထူးဆန်းကာ ရက်စက်သည့်အဖြစ်အပျက်များမှာ သူနှင့် သိပ်ဝေးတော့မည်မဟုတ်ပေ။ သူသည် ထူးဆန်းသည့်နတ်ဆိုးမြေကို ရောက်ရှိနေလေပြီ။

လက်ရှိတွင် သူသည် ပျက်စီးနေသည့်တောင်နှင့် သိပ်မဝေးတော့ပေ။ ကြီးမားလှသည့် ကျောက်အိုးကြီးကို ရှင်းရှင်းလင်းလင်းမြင်နေရလေပြီ။

“ဒါက .. လောကကျောက်တုံးကြီးပဲ”

ရှီဟောင် ထိတ်လန့်သွားရသည်။ ဤအိုးကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ပြိုင်ဘက်ကင်းဒဏ္ဍာရီလာပစ္စည်းကြီးပင်။

ဤပစ္စည်းအပိုင်းအစလေးပင်လျှင် ဂိုဏ်းခေါင်းဆောင်များကို ရူးသွပ်သွားစေလောက်သည်။ သို့သော်လည်း ယခုအချိန်တွင် အပိုင်းလိုက်ကြီးရှိနေပြီး အိုးတစ်ခုပင် ဖန်တီးထားသည်။

ဤအိုးမှာ အခြားမည်သည့်ပစ္စည်းနှင့်မျှ မရောထားသည်မှာ သိသာလှသည်။

ဤကဲ့သို့သော မာကျောလှသည့်အဖိုးတန်ပစ္စည်းပင်လျှင် အက်ကွဲကြောင်းများရှိနေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်ပုံ ပေါ်နေသည်။ မည်ကဲ့သို့သော စွမ်းအားကများ ဤသို့ဖြစ်အောင်လုပ်ခဲ့လေသနည်း…

အိုးကြီးမှာ ရိုးရှင်းလှပြီး ဖရိုဖရဲစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ အိုးအဖုံးကို ချိတ်ပိတ်ထားသော်လည်း ရောင်စုံအလင်းတန်းများနှင့် မီးခိုးနှင့်အနက်ရောင်မြူများ အပြင်ဘက်သို့ ထွက်လာနေဆဲပင်။

ရှီဟောင် သက်ပြင်းချလိုက်သည်။ ဤအိုးကြီးမှာ တန်ဖိုးကြီးမားလှသည်။ ရောင်စုံအလင်းတန်းများ ထုတ်လွှတ်နေသည့် ဤအိုးကြီးမှာ ခေါင်းများပြည့်နေသည့်အိုးကြီးဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…

ဤအိုးကို မည်ကဲ့သို့များ ပြုလုပ်ခဲ့သနည်း..

အဆီးအတားကို ကျော်ဖြတ်၍ ထွက်လာသည့်အလင်းတန်းများထဲတွင် မီးခိုးရောင်မြူနှင့် အနက်ရောင်စွမ်းအင်များပါဝင်နေသည်ကို သူထိတ်လန့်စွာ တွေ့လိုက်ရသည်။

ဤသည်မှာ သူ့အား တုန်ယင်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူရင်းနှီးနေသည့်အော်ရာကို အာရုံခံမိလိုက်သောကြောင့်ပင်။ ထိုအော်ရာမှာ အစောပိုင်းက ဖြစ်သွားခဲ့သည့် ထူးဆန်းသည့်အဖြစ်အပျက်တွင် ရခဲ့သည့်အော်ရာပင်။ ဤအော်ရာမှာ အရင်းအမြစ်တစ်ခုတည်းမှလာသည်မှာ သေချာသည်။

“ထူးဆန်းမှုတွေအားလုံးရဲ့ အရင်းအမြစ်က ဒီအိုးကြီးလို့တော့ ငါ့ကို မပြောနဲ့နော်…” ရှီဟောင်၏အမူအရာများ လေးနက်သွားသည်။ သူထိုအိုးအနားသို့ ဂရုတစိုက်လျှောက်သွားလိုက်သည်။

ပို၍စိုးရိမ်စရာကောင်းသည်မှာ အက်ကွဲကြောင်းများမှ မီးခိုးရောင်မြူများ စိမ့်ထွက်နေပြီဖြစ်ပြီး အိုးကြီးမှာ တကယ်ပေါက်ကွဲတော့မည်။

လောကကျောက်တုံးဖြင့် ပြုလုပ်ထားသည့်အိုးကြီးမှာ သေချာပေါက် အဆင့်လွန်ရတနာပင်။ ဤအိုးပေါ်တွင်ရှိနေသည့် အက်ကွဲကြောင်းများမှာ အပြင်ဘက်မှ တိုက်ခိုက်မှုကြောင့်လား .. သို့မဟုတ် အဆီးအတားထဲတွင်ရှိနေသည့်လူမှာ စွမ်းအားကြီးလှသောကြောင့်လား..

ဤအိုးသာ ပျက်စီးသွားလျှင် မည်ကဲ့သို့သောရလဒ်မျိုး ဖြစ်လာမည်နည်း.. သူသည် အိုးအရှေ့တွင် မတ်တပ်ရပ်ပြီး စဉ်းစားကြည့်လိုက်သည်။

“မင်းကို မပျက်စီးနိုင်တဲ့စွမ်းအင်ပေးမယ် .. အဖုံးကိုဖွင့်လိုက်..”

ဖျော့တော့နေသည့်အသံတစ်ခု ရုတ်တရက်ပင် ထွက်ပေါ်လာသည်။ ဤသည်မှာ နတ်စိတ်ဝိဉာဉ်၏အသံဖြစ်သော်လည်း မခွဲခြားနိုင်လောက်အောင်ပင် ထူးဆန်းကာ ကြောက်စရာကောင်းလှသည်။

ရှီဟောင် ချွေးစေးများပင် ပြန်လာရသည်။

“အမ်..”

ရှီဟောင် လျင်မြန်စွာပင် အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ၏မူလဝိဉာဉ်မှာ မငြိမ်မသက်ဖြစ်လာပြီး ဤခန္ဓာကိုယ်မှ ထွက်ခွာသွားတော့မည့်ပုံပင်။ သူ၏စိတ်ထဲ တုန်လှုပ်သွားရသည်။

စွမ်းအားလှိုင်းတစ်ခုသည် သူ့ကို ဆွဲငင်နေသကဲ့သို့ပင်။ သူသည် အရှေ့ဘက်သို့ ဆက်လျှောက်နေရသည်။

“မသေနိုင်ပဲနဲ့ ထာဝရအသက်ရှင်နေမယ် … ကမ္ဘာကြီးတည်ရှိနေသရွေ့ ရှင်သန်နေမယ်..”

ထိုအသံကို မလွန်ဆန်နိုင်ပေ။ ထိုအသံသည် လူတစ်ယောက်၏ စိတ်စွမ်းအားကို အသုံးပြုကာ သူ့အား ဆုကြေးချီးမြှင့်မည်။ အရှေ့သို့ဆက်လျှောက်လာဟု ပြောနေခြင်းပင်။

“ထွက်သွားစမ်း..”

ရှီဟောင်အော်ဟစ်ကာ အနောက်ဆုတ်လိုက်သည်။ သူသည် နှုတ်ခမ်းကို ပေါက်ထွက်မတတ် ကိုက်ပစ်လိုက်၏။

သူအနည်းငယ် ကြောက်လန့်လာသည်။ ဘာဖြစ်နေတာလဲ.. ထိုစွမ်းအင်လှိုင်းမှာ အားနည်းသည်ဟု ထင်ရသော်လည်း သူ၏စိတ်ကို အတော်လေး ထိရောက်နေသည်။

ဝုန်း..

အက်ကွဲကြောင်းများရှိနေသည့် ကျောက်အိုးကြီး လွှဲရမ်းသွားကာ နတ်အလင်းများ ထွက်ပေါ်လာသည်။ မီးခိုရောင်မြူနှင့် အနက်ရောင်စွမ်းအင်တို့ ရောယှက်သွားကာ ပို၍ပင် မဲမှောင်လာလေ၏။ ထို့နောက်တွင် ထိုအသံလည်း ပျောက်ကွယ်သွားလေသည်။

ရှီဟောင် နောက်ဆုတ်လိုက်သည်။ ဤအိုးကြီးမှာ နှစ်ပေါင်း ဘယ်နှထောင် ဘယ်နှသောင်းပင် ရှိနေပြီနည်း .. သို့သော်လည်း ထိုအိုးထဲတွင် စိတ်ဝိဉာဉ်များ ရှိနေသေးသည်။ ဤသည်မှာ သူ့အား ထိတ်လန့်သွားစေသည်။

ဤသည်မှာ ခေါင်းများဖြင့် ပြည့်နေသည့်အိုးလား … သို့မဟုတ် အခြားအရာများဖြင့် ပြည့်နေခြင်းလား..

ရုတ်တရက်ပင် ရှီဟောင်သည် နွေးထွေးမှုကို ခံစားလိုက်ရကာ သူ၏ဘေးပတ်ဝန်းကျင်မှာ ငြိမ်းချမ်းသွားသည်။ မှိုင်းညှို့နေသည်များ ပျောက်ကွယ်သွားကာ အလင်းတန်းများ ဝင်ရောက်လာလေသည်။

ဤသည်မှာ ကြယ်အလင်းနှင့်လည်း တူနေသည်။ ဤအလင်းသည် ဤရှေးဟောင်းမြေတစ်ခုလုံးနှင့်ယှဉ်လျှင် အရမ်းကြီးမခမ်းနားသော်လည်း ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းစေနိုင်ပြီး အမှောင်ထုအနည်းငယ်ကို ဖယ်ရှားပစ်နိုင်သည်။

ရှီဟောင် တုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးမှာ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် အလင်းမှ ဖန်တီးလိုက်ခြင်းပင်။ ထိုအလင်းသည် ရှေးဟောင်းကြေးမုံတစ်ချပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ဤနေရာတွင်ရှိနေသည့် အရာအားလုံးကို ပြသနေလေသည်။

ဒုန်း…

လေထဲတွင် ထုရိုက်သံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးတစ်ခုလုံးပင် ရမ်းခါသွားလေသည်။

ထိုအလင်းလုံးပင် လှုပ်ခါသွားလေသည်။ သူသည် ဤနေရာတွင် ချာလပတ်ရမ်းသွားပြီးနောက် ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားလေသည်။

ဝူး ဝူး..

ရုတ်တရက်ပင် အနောက်ဘက်ရှိ ပျက်စီးနေသည့်တောင်များမှ ချွေးစေးများပြန်သွားစေလောက်သည့် မပီမသဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ဝိဉာဉ်တစ်ကောင်မှ မိမိလည်ကုတ်နားတွင် လေဖြင့်လာမှုတ်လိုက်သကဲ့သို့ပင်။

“ဒီနေရာရဲ့ အတွင်းပိုင်းမှာ ဘာရှိနေတာလဲ…”

ရှီဟောင် ဤနေရာတွင် တစ်ခဏခန့် ရပ်တန့်ပြီးနောက် အရှေ့ဘက်သို့ ဆက်လျှောက်လာလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူဤနေရာမှ ထွက်သွား၍မရသောကြောင့် ဆက်လက်လေ့လာရုံသာရှိသည်။

ပျက်စီးနေသည့်တောင်များမှာ ကြီးမားလှပြီး သူ၏အရှေ့တွင်ရှိနေသည့် ဖရိုဖရဲစွမ်းအင်များမှာ မှုန်မှိုင်းနေလေသည်။

ဤသည်မှာ ရှေးဟောင်းမြေထက်ပင် ပိုကျယ်ပြီး အလောင်းများ၊ ပျက်စီးနေသည့်လက်နက်များနှင့် ပျံ့ကြဲနေသည့် အရိုးပစ္စည်းများလည်း ပိုများသည်။

ဤသည်မှာ သင်္ဘော၏ဝမ်းတွင်းပိုင်းသာဖြစ်သော်လည်း သင်္ဘောနှင့်မတူပဲ ကျယ်ပြောလွန်းလှသည့်လောကကြီးနှင့် တူနေသည်။

အချိန်မည်မျှကြာသွားမှန်း မသိရသည့်အချိန်မှသာ ရှီဟောင်သည် ဤလောကကြီး၏ အစွန်ကို ရောက်ရှိလာသည်။ သူ၏အရှေ့တွင် လမ်းဆုံးနေပြီဖြစ်ပြီး ဆက်လျှောက်၍မရတော့ပေ။

“အဲဒီနေရာမှာ .. ဘာရှိနေတာလဲ”

သူအရှေ့ဘက်သို့ ကြည့်လိုက်ပြီး သူစိတ်လှုပ်ရှားသွားရသည်။

သူ၏အရှေ့တွင် အဆုံးမရှိသည့် အသူရာချောက်ကြီးတစ်ခု ရှိနေသည်။ ချောက်ကြီးမှာ အောက်ခြေပင်မမြင်ရပေ။ ကြောက်စရာအကောင်းဆုံးစွမ်းအင်များလည်း လှည့်ပတ်နေလေသည်။

သူကြားလိုက်ရသည့် ဟစ်ကြွေးသံမှာ ဤချောက်နက်ကြီးမှ ထွက်လာသည့်ပုံပင်။

ထူးဆန်းသည့်အဖြစ်အပျက်များအားလုံးမှာ ဤချောက်နက်ကြီးထံမှ အစပြုလာသည်ဟု သူခံစားနေရသည်။ ဤချောက်နက်ကြီးမှာ အရာအားလုံးကို ဝါးမြိုမည့်ပုံပင်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ရှီဟောင်သည် ခေါင်းစခြေဆုံး ကြက်သီးထသွားရသည်။

သူ၏ခံစားချက်များမှာ အတက်အကျ မြန်ဆန်လွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည့်အချိန်တွင် ချောက်နက်ကြီး၏ ဝင်ပေါက်တွင် လူတစ်ယောက်ထိုင်နေသည်ကို သူတွေ့လိုက်ရသည်။

ထိုပုံရိပ်ကြီးမှာ ကြီးမားလှပြီး အနက်ရောင်ဆံပင်များလည်း သွေးများဖြင့် ကပ်နေကာ သူ၏ခါးထိသို့ ကျဆင်းနေသည်။ သူသည် ထိုနေရာတွင် မလှုပ်မယှက်ထိုင်နေလေသည်။

“သူပဲ..”

ရှီဟောင်၏အသံမှာ တုန်ယင်နေသည်။ ဤသည်မှာ သိပ်မကြာခင်က ယဇ်ပုလ္လင်ထက်တွင် ပေါ်လာသည့် ဘုရင် ခုနှစ်ယောက်ထဲမှ တစ်ယောက်ပင်။

ထိုလူသည် အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိပေ။ သူ၏အပေါ်ဘက်တွင် ရှေးဟောင်းဒီဇိုင်းပုံစံအလွှာတစ်လွှာရှိနေပြီး ဤချောက်ကမ်းပါး၏ ဝင်ပေါက်ကို ချိတ်ပိတ်ထားလေသည်။

သူသည် ဝင်ပေါက်ပေါ်တွင် ထိုင်နေပြီး ဤနေရာကို ကာကွယ်နေခြင်းပင်။

ရှီဟောင် ဤလူကို သေချာလေ့လာကြည့်လိုက်သည်။

ဤဘုရင်၏ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ ပြည့်နှက်နေသည်။ သူ၏ရင်ဘတ်တွင် လှံတိုတစ်ချောင်းစိုက်နေပြီး ပုခုံးကာပေါ်တွင်လည်း အနက်ရောင်မြားတစ်စင်းစိုက်နေသည်။ နတ်အိုးခြေထောက်တစ်ချောင်းသည်လည်း သူ၏နံရိုးကို ထုတ်ချင်းဖောက်နေသည်။

စေတီအပိုင်းအစများလည်း သူ၏ဦးခေါင်းထက်တွင် စိုက်နေသည်။ သူသည် မည်မျှပင် ဆိုးရွားလှသည့် တိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှန်း မှန်းဆ၍မရနိုင်အောင်ပင်။

ဒဏ်ရာများမှ ထွက်သောသွေးများမှာ သူ၏စစ်ဝတ်စုံတစ်ခုလုံးကို စိုရွှဲနေသည်။ သွေးများမှာ ယခုထက်ထိပင် မခြောက်သေးသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ အသက်ဓာတ်မရှိတော့ပဲ အေးစက်နေလေပြီ။

အဘယ်ကြောင့်ဆိုသော် သူ၏ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသောကြောင့်ပင်။

ဤသည်မှာ သူမသေဆုံးမီက နောက်ဆုံးပြုလုပ်ခဲ့သည့် အတားအဆီးပင်။

“ငါပြန်လာပြီ .. ဒါပေမဲ့ ငါ့ရဲ့ခွန်အားတွေ ကုန်ခမ်းသွားပြီ..”

ဤသည်မှာ သူမသေဆုံးမီက ချန်ထားခဲ့သည့် နောင်တတရားပင်။

“နယ်ခြားစပ်ကို ဖြတ်ကျော်ပြီးတော့ … ရင်းနှီးနေတဲ့ အမိမြေကို ကြည့်လိုက်တော့ .. ချိတ်ပိတ်ထားခဲ့ပြီ”

ဤဘုရင်အတွက် ရှီဟောင် ဝမ်းနည်းမိသည်။ သူသည် အသက်ကိုပင်မငဲ့ညာပဲ နယ်ခြားစပ်ကို စောင့်ကြပ်ခဲ့သည်။

သူနယ်ခြားစပ်ကို ဖြတ်ကျော်လာပြီး ပြန်လာခဲ့ခြင်းမှာ တစ်စုံတစ်ခုကို လိုက်ဖမ်းပြီး ထိုအရာကို ပြန်လည်ချိတ်ပိတ်ရန်ပင်။

နောက်ဆုံးတွင် သူသည် ဤနေရာတွင် ဤကဲ့သို့ သေဆုံးသွားလေသည်။ သူသည် သေမင်းတံခါးဝသို့ရောက်နေသော်လည်း ဤနေရာကို စောင့်ကြပ်ခဲ့သည်။

သူသည် များစွာအထောက်အကူပြုခဲ့သည်မှာ သေချာသည်။ သို့သော်လည်း သူလုပ်ခဲ့သည်များကို မည်သူမျှ မသိနိုင်တော့ပေ။

ဤအေးစက်ကာ မှောင်မဲနေသည့် လောနယ်ထဲတွင် တစ်ယောက်တည်း သေဆုံးသွားရသည်။ သူသေဆုံးသည်ကို မည်သူမှမသိသကဲ့သို့ သူ့အားလိုက်ပို့မည့်သူလည်း မရှိပေ။ ဤအမှောင်ထုကို တားဆီးရန်ကြိုးစားရင်း သေဆုံးသွားသည့်လူတစ်ယောက်ရှိသည်ကို ဤလောကကြီးတွင်ရှိနေသည့် မည်သူမှ သိမည်မဟုတ်ပေ။

သူလုပ်ခဲ့သည့်လုပ်ရပ်များမှာ စီရင်စုသုံးထောင်လုံးကို တုန်လှုပ်စေနိုင်သော်လည်း သူ၏မျိုးဆက်များမှာ အပြစ်သားသွေးမျိုးဆက်များကဲ့သို့ ဆက်ဆံခံနေရသည်။

သူ၏အလောင်းသည် သူ၏ရှေးဟောင်းသင်္ဘောကြီးနှင့်အတူ လေဟာနယ်၏ကြီးမားလှသည့် အက်ကွဲကြောင်းထဲတွင် လွင့်မျောနေလေသည်။

အပိုင်း ၁၀၇၄ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၅ – အပြစ်သားစကားလုံး၏ အကူအညီ

ဘုရင်ကြီးသည် ချောက်ကမ်းပါးကြီးကို ကာကွယ်ပေးပြီး ဤနေရာတွင် တစ်ယောက်တည်း သေဆုံးသွားခဲ့ရသည်။

ရှီဟောင်သည် သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်နိုင်ရန် ခက်ခဲနေသည်။ ဤကြီးမားလှသည့် သူရဲကောင်းပုံရိပ်ကို တွေ့လိုက်ရသည့်အချိန်တွင် သူနာကျင်ရသည်။ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများဖုံးလွှမ်းနေပြီး ဖရိုဖရဲစွမ်းအင်ရှိနေသည့် အဆင့်လွန်ရတနာများလည်း သူ၏ခန္ဓာကိုယ်အနှံ့ ထိုးဖောက်နေသည်။ သွေးများပင် မခြောက်သေးပေ။

သူသည် ဤသူရဲကောင်းအား လေးစားစွာပင် ဦးညွှတ်လိုက်သည်။

“စီနီယာ ဂရုစိုက်ပါ..”

ရှီဟောင် ဤဘုရင်အတွက် ဝမ်းနည်းမိသည်။ သူသည် နယ်ခြားစပ်ကို ကာကွယ်စောင့်ရှောက်ခဲ့ပြီး သူ၏အသက်ကိုပင် စွန့်လွတ်ကာ လောကကြီးကို ကာကွယ်ပေးခဲ့သည်။ သို့သော်လည်း သူ၏မျိုးဆက်များမှာ ‘အပြစ်သားသွေး’ များပါနေသကဲ့သို့ ဆက်ဆံခံရပြီး အပြစ်သားသွေးမျိုးဆက်ဟုလည်း ခေါ်ခံနေရသည်။

“ငါ့မှာလည်း ‘အပြစ်သားရဲ့သွေး’ တွေ ရှိနေတယ် ဟား ဟား…” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူသည် ဝမ်းနည်းသလို ဒေါသလည်း ထွက်လာရသည်။ ဤဘုရင်ကြီးမှာ သူ၏ဘိုးဘေးဖြစ်နိုင်သည်။

“ငါဒီကနေ ထွက်သွားနိုင်ရင် တစ်နေ့တော့ နယ်ခြားစပ်ဆီကို သွားလည်ပြီး တိုက်ပွဲထဲဝင်ပါမှာ” ရှီဟောင် ကျိန်ဆိုလိုက်သည်။

သူ နတ်တာအို၏ ထိပ်ဆုံး၌ရောက်သည့်တစ်နေ့တွင် သူသည် နယ်ခြားစပ်တွင်ရှိနေသည့် ရန်သူအားလုံးကို ဖိနှိပ်ပစ်မည်။

ထိုနေရာတွင် မသေဆုံးနိုင်သည့်အရာများ၊ ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်များရှိနေလျှင်ပင် သူ ထိုနေရာသို့ရောက်အောင်သွားမည်။

သူ၏မျက်ခုံးကြားတွင်ရှိနေသည့် သင်္ကေတတောက်ပလာပြီး မြင့်မြတ်အလင်းတန်းသည် ကောင်းကင်ထက်သို့ တရှိန်ထိုး ထွက်သွားပြီး အမှောင်ထုကို ဖယ်ရှားပစ်လိုက်သည်။

ချောက်ကမ်းပါးထဲတွင်ရှိနေသည့် အေးစက်နေသည့်ဘုရင်အလောင်းလည်း တုံ့ပြန်မှုရှိလာခဲ့သည်။ သူ၏နဖူးလည်းတောက်ပလာကာ အမှောင်ထုကို ဖယ်ရှားလိုက်သည်။

ရှီဟောင်၏ခန္ဓာကိုယ် တုန်ယင်လာသည်။ သူ၏နဖူးပေါ်တွင်ရှိနေသည့် သင်္ကေတမှာ ထိုဘုရင်ကြီး၏ သင်္ကေတကို တုံ့ပြန်လာကာ သူတို့သည် သွေးမျိုးဆက်တူသည့်သူအချင်းချင်းတွေ့ရှိပြီး မခွဲနိုင်မခွာနိုင် ဖြစ်နေသကဲ့သို့ပင်။

ရွှီး..

ရုတ်တရက်ပင် ကြီးမားလှသည့်အလောင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။ ဤသည်မှာ အပြစ်သား စကားလုံးပင်။ ထိုစကားလုံးသည် ရှီဟောင်၏ အပြစ်သားစကားလုံးထဲသို့ ဝင်ရောက်သွားလေသည်။

ရှီဟောင်၏နဖူးရိုးမှာ အလွန်ပင် ပူလောင်လာလေသည်။ ထို့နောက်တွင် သူ၏မျက်ခုံးကြားမှာ ပို၍ပင် တောက်ပလာပြီး အလင်းတန်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ထွန်းလင်းတောက်ပစေခဲ့သည်။

အပြစ်သားစကားလုံးမှာ သတ္တု သို့မဟုတ် ငွေရောင်စုတ်ချက်များကဲ့သို့ပင် ကြည်လင်နေလေသည်။ ဤသည်မှာ ရှီဟောင်၏သွေးများကို ပင်လယ်တစ်စင်းကဲ့သို့ ကြွတက်လာစေ၏။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ် နွေးထွေးသွားရသည်။ ဤအန္တရာယ်များသည့်နေရာတွင် သူသည် မီးခိုးရောင်နှင့် အနက်ရောင်မြူများကို တွေ့ရသည့်အချိန်တွင် အေးစက်မှုကို မခံစားရတော့သကဲ့သို့ ကြောက်လည်းမကြောက်တော့ပေ။

အရာအားလုံး တည်ငြိမ်သွားသည့်အချိန်တွင် ထိုအလောင်းသည် နောက်တစ်ကြိမ်တည်ငြိမ်သွားကာ မလှုပ်ရှားတော့ပေ။

သူ၏နဖူးထက်ရှိ သင်္ကေတတွင် ရှုပ်ထွေးသည့်အခြားသင်္ကေတများ ထပ်ပေါင်းထည့်လိုက်သည်ကို သူခံစား၍ရသည်။ သို့သော်လည်း ဤသင်္ကေတကို မည်ကဲ့သို့အသက်သွင်းရမည်ကို သူမသိပေ။

“ဒီစာလုံးက တကယ်ပဲ အပြစ်သားကို ကိုယ်စားပြုတာလား” သူ၏မျက်လုံးတွင် ဒေါသတရားများ ပြည့်နှက်လာသည်။ ဤသည်မှာ မြင့်မြတ်မှုနှင့် ခမ်းနားမှုကို ကိုယ်စားပြုသည်ကို သူသိသည်။ အပြစ်သားကို ကိုယ်စားပြုသည်ဟုပြောခြင်းမှာ အဆင့်မြင့်နယ်မြေမှ ဖန်တီးထားသည့်ယုံတမ်းတစ်ခုပင်။

နောင်ကျလျှင် သူ မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုဂိတ်နှင့် အခြားရှေးဟောင်းဂိုဏ်းများကိုလည်း သွားလည်ဦးမည်။

ထိုအပြစ်သားသွေးမှ တိမ်များကိုပြန့်ကျဲစေလိုက်သည့်အချိန်တွင် သူတို့ပို၍စွမ်းအားကြီးလာသည်ကို ယဇ်ပုလ္လင်ထက်တွင် သူမြင်လိုက်ရသည်။ သို့သော်လည်း ဤသည်ကို မည်ကဲ့သို့အသုံးပြုရမည်ကို သူမသိပေ။ ဘုရင်၏ခန္ဓာကိုယ်တွင် အချို့တုံ့ပြန်မှုရှိလာပြီး အလင်းတန်းတစ်ခု ထုတ်လွှတ်ခဲ့သော်လည်း ဤစွမ်းအင်ကို မည်ကဲ့သို့အသုံးပြုရမည်ကို သူမသိပေ။

“ကြည့်ရတာ ငါနယ်ခြားစပ်ကို ရောက်မှပဲ သိမယ်ထင်တယ်..” ထိုနေရာတွင် အဆုံးမရှိသည့် တိုက်ပွဲများဖြစ်ပေါ်နေသော်လည်း သူသည် ထိုကဲ့သို့သောတိုက်ပွဲများတွင် တကယ်ပါဝင်ချင်မိသည်။

သူဤချောက်ကမ်းပါးကို ရောက်လာသည့်အချိန်တွင် ရှီဟောင် ကိစ္စအတော်များများကို နားလည်သွားရသည်။ အဆင့်မြင့်နယ်မြေမှာ အေးချမ်းနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။

“ထူးဆန်းတဲ့အဖြစ်အပျက်တွေအားလုံးက ဒီချောက်ကမ်းပါးကနေ အစပြုလာတာလား” ရှီဟောင် သူ့ကိုယ်သူ စဉ်းစားလိုက်သည်။

ရုတ်တရက်ပင် ရှေးဟောင်းမီးအိမ်များ တစ်ခုပြီးတစ်ခုပေါ်လာလေ၏။ တစ်ချိန်တည်းမှာပင် ချောက်ကမ်းပါးထဲမှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး အဆီးအတားကို တိုက်ခိုက်နေလေသည်။

မီးခိုးရောင်နှင့် အနက်ရောင်မြူများသည် အဆီးအတားထဲမှ စိမ့်ထွက်လာလေ၏။

“ဒီအဆီးအတားက သိပ်မခံတော့ဘူး” ရှီဟောင်၏အမူအရာ ပြောင်းလဲသွားရသည်။ သူသည် အလွန့်အလွန်ပင် ဆိုးရွားလှသည့်အရာတစ်ခုကို တွေ့လိုက်ရသည်။

ဘုရင်ကြီးသည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး သူ၏ကြီးမားလှသည့်ခန္ဓာကိုယ်တစ်ဝက်မှာ မင်ကဲ့သို့ပင် မဲမှောင်နေသည်။

အနက်ရောင်မြူခိုးများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုလိုသော်လည်း နဖူးနားသို့ရောက်သည်နှင့် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မြူများကို ရှင်းလင်းပစ်လိုက်သည်။ ဘုရင်ကြီးမှာ သေဆုံးသွားပြီဖြစ်သော်လည်း သူ၏အပြစ်သားစကားလုံးမှာ တောက်ပနေဆဲပင်။

“မကောင်းတော့ဘူး .. ဒီအဆီးအတားက တစ်နေ့ကျရင် ပျက်စီးသွားတော့မှာ .. ဒီအဆီးအတားပျက်စီးသွားတာနဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေက လောကကြီးကို ဝါးမြိုသွားမှာ .. အဲဒါက သေချာပေါက် ကပ်ဆိုးကြီးဖြစ်လာမှာပဲ” ရှီဟောင်သက်ပြင်းချကာ ပြောလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် သူထိုကိစ္စကို စိတ်မပူအားတော့ပေ။

ခပ်ဝေးဝေးတွင် သရဲမြူးသံများ ထွက်ပေါ်နေပြီး တောင်များမှလည်း မည်းနက်နေသည့် မြူများကို ထုတ်လွှတ်နေသည်။

တောင်တစ်လုံးစီတိုင်းတွင် ကြီးမားလှသည့် မီးအိမ်တစ်လုံးစီရှိနေပြီး ထိုမီးအိမ်များမှာ သွေးကဲ့သို့ပင် နီရဲနေသည်။

အာဝူး…

ဤသည်မှာ မြေအောက်လောကတံခါးပွင့်လာပြီး ရက်စက်သည့်ဝိဉာဉ်များ ဟစ်ကြွေးနေကြသကဲ့သို့ပင်။ တောင်များကြားတွင် အနက်ရောင်ပုံရိပ်များ ထောင်ပေါင်းများစွာ ထွက်ပေါ်လာလေသည်။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။ ဤအနက်ရောင်ပုံရိပ်များကို သရဲဟုခေါ်၍မရပေ။ ရှေးဟောင်းအလောင်းများသာ။ သူတို့သည် တောင်များထဲမှ ခုန်ထွက်လာပြီး သူ့ထံသို့ ဦးတည်လာနေသည်။

ရှီဟောင်သည် မျက်စိတစ်ဆုံး ဤအနက်ရောင်ပုံရိပ်များကို မြင်နေရသည်။ သူတို့အားလုံးသည် ရှေးဟောင်းမျိုးဆက်မှ အလောင်းများပင်ဖြစ်ပြီး အားလုံးမှာ စွမ်းအားကြီးသည့်သူများပင်။ ယခုအချိန်တွင် သူ့ထံသို့ ဦးတည်လာနေကြလေပြီ။

ရှီဟောင်သက်ပြင်းချလိုက်၏။ ယခုအချိန်တွင်တော့ သူအဆုံးသတ်သွားလောက်လေပြီ။ ရန်သူများစွာရှိနေပြီး ဘယ်တစ်ယောက်ကမှ သူ့ထက်အားမနည်းပေ။ သူ့ထံတွင် ထာဝရစွမ်းအင်တစ်ကြောင်းရှိနေလျှင်ပင် မလုံလောက်တော့ပေ။

“အမ်.. မဟုတ်သေးဘူး .. အားလုံးက စွမ်းအားကြီးတဲ့ ရှေးဟောင်းအလောင်းတွေမဟုတ်ဘူး … တစ်ချို့အလောင်းတွေက ပုပ်သိုးနေပြီ”

ရှီဟောင်သူ၏ကောင်းကင်မျက်လုံးကို ဖွင့်လိုက်သည်။ ဘုရင်၏နဖူးထက်မှ အလင်းတန်း သူ့ထံသို့ဝင်လာသည်နှင့် သူသည် အရိုးစာသားများနှင့် အခြားပညာများကို အသုံးပြုနိုင်သည်ကို သူတွေ့လိုက်ရသည်။

“သတ်…”

မည်သို့ပင်ဖြစ်စေ ရှီဟောင်သည် သေမည့်အချိန်ကို ထိုင်စောင့်နေမည်မဟုတ်ပေ။ သူသေရမည်ဆိုလျှင်ပင် တိုက်ပွဲထဲ၌သာ တိုက်ခိုက်ပြီး သေဆုံးမည်။

သူ၏လက်နှစ်ဘက်လုံးတွင် ရဲဒင်းကို ကိုင်ထားလိုက်သည်။ ဤရဲဒင်းနှစ်ခုလုံးမှာ ထာဝရနန်းတော်သခင်လေးထံမှ ရရှိထားသည့် လေဟာနယ်သားရဲအရိုးဖြင့် ပြုလုပ်ထားသည့် လက်နက်များပင်။ သူသည် အရှေ့ဘက်သို့ တရှိန်ထိုးသွားလိုက်ပြီး ဤရှေးဟောင်းအလောင်းများကိုရင်ဆိုင်လိုက်သည်။

သူ၏နှာခေါင်းတွင် အပုပ်နံ့များလှိုင်ထလာသည်။ ဤအလောင်းများမှာ နှစ်ပေါင်းမည်မျှပင် ရှိနေပြီဖြစ်မှန်း မည်သူမှမသိနိုင်ပေ။ သူတို့၏ခန္ဓာကိုယ်မှာ ပုပ်သိုးဆွေးမြည့်နေလေပြီ။ သို့သော်လည်း သဘာဝဥပဒေသအချို့၏ ထိန်းချုပ်မှုကြောင့် ခန္ဓာကိုယ်ကြီး ရှိနေနိုင်ခြင်းပင်။

ယခုအချိန်တွင် သူတို့သည် အသားပုံများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

အချို့ရှေးဟောင်းအလောင်းများမှာ ထူးခြားနေသည်ကို သူသတိထားမိသည်။ သူတို့သည် အနက်ရောင်မြူများ ဝန်းရံနေပြီး အသက်ဓာတ်လည်းရှိနေသည်။ သူတို့သည် အနောက်ဘက်မှ တစ်ဖြည်းဖြည်းချင်း လျှောက်လာကြသည်။

ထို့အပြင် သူနှင့် စွမ်းအားချင်းတူသည့် လူတစ်စုလည်း ရှိနေသည်။

“ထူးဆန်းတဲ့အဖြစ်အပျက်တွေ ထပ်လာပြန်ပြီ”

တစ်ဒါဇင်ကျော်ခန့်ရှိသည့် လူငယ်အုပ်စုကို သူတွေ့လိုက်ရသည်။ သူတို့သည် ထိုနေရာတွင် ဂုဏ်ယူစွာ ရပ်နေကြပြီး သူ့အားသေမတတ် စိုက်ကြည့်နေကြလေသည်။

“အမ်.. သူတို့အားလုံးက ဒီခေတ်ကလူတွေပဲ .. တစ်ချို့လူတွေက ရှေးဟောင်းခေတ်က .. တစ်ချို့လူတွေက လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကလူတွေပဲ” ရှီဟောင် ထိတ်လန့်သွားရသည်။

သူတို့အားလုံး၏ ကြောက်စရာကောင်းသည့်အော်ရာများသည် ကောင်းကင်ထက်သို့ပင် လွင့်ပျံ့နေသည်။ သူတို့ဤကဲ့သို့အုပ်စုဖွဲ့ကာ လျှောက်လာသည့်အချိန်တွင် ဤမြင်ကွင်းမှာ အလွန်ကြောက်စရာကောင်းလှသည်။ သူတို့အားလုံးသည် ပြိုင်ဘက်ကင်းသည့်တာအိုများရှိနေသည့် အဆင့်လွန်လူငယ်များပင်။

ရှီဟောင်၏ အသက်ရှူသံများပင် အေးခဲသွားရသည်။ သူတို့အားလုံးသည် ထူးခြားသည့်အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသည့် ထူးချွန်သည့် သူရဲကောင်းများလား… သူတို့၏အဖိုးတန်ပညာများ လုယူခံရယုံတင်သာမက သူတို့၏ခန္ဓာကိုယ်သည်လည်း ဤနေရာသို့ ဆွဲခေါ်ခံခဲ့ရခြင်းလား..

ဤသည်သာ အမှန်ဆိုလျှင် ဤသည်မှာ ကြောက်စရာကောင်းသည့်အရာပင်။

သူတို့၏အနောက်ဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် သူစိတ်ပျက်သွားရသည်။ တောင်များကြားတွင် ပို၍ကြောက်စရာကောင်းသည့်အော်ရာများရှိနေသည့် လူလတ်ပိုင်းအရွယ်လူအနည်းငယ်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းသည်ဟု ခံယူထားသည့်သူများပင်။

ကျင့်ကြံဆင့်ပိုမြင့်သည့်သူများလည်း ပါရှိသေးသည်။ သူတို့သည် သူတို့ခေတ်အခါတွင် ထူးချွန်သည့်ဂုဏ်သတင်းများ ရှိခဲ့သည့်သူများပင်။

သူတို့အားလုံး လာတိုက်မည်ဆိုလျှင် သူဘယ်လို ပြန်တိုက်ရတော့မည်နည်း… သူသေချာပေါက် အသတ်ခံရမည်ပင်။

“စစ်ဆေးခြင်း .. သတ်ဖြတ်ခြင်း .. ခိုးယူခြင်းပညာ .. ရက်စက်တဲ့ကပ်ဆိုးတွေ” ချောက်ကမ်းပါးထဲတွင် လှိုင်းများ ရှိနေဆဲပင်။ ထိုအလောင်းသည် ဤကဲ့သို့သော မြင်ကွင်းကို တုံ့ပြန်နေခြင်းပင်။

ဟစ်ကြွေးသံထွက်လာပြီးနောက် အဆုံးမရှိသည့် ရှေးဟောင်းအလောင်းများ ရပ်တန့်သွားကာ မတိုက်ခိုက်ကြတော့ပေ။ အနီရောင်မီးအိမ်တစ်ရာကျော် ထွက်ပေါ်လာပြီး ဤနေရာကို ထွန်းလင်းစေလိုက်လေသည်။

ဒါဇင်ပေါင်းများစွာသော လူငယ်ကျွမ်းကျင်သူများ အရှေ့ဘက်သို့ လျှောက်လာနေကြသည်။ သူတို့အားလုံးသည် နတ်မီးတောက်နယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည့်သူများပင်။

“သတ်..”

ဤသည်မှာ ရက်စက်သည့် တိုက်ပွဲကြီးပင်။ သူစွမ်းအားကြီးသည့် ရန်သူများကို ရင်ဆိုင်ရတော့မည်။

အထူးသဖြင့် သူ၏ထာဝရစွမ်းအင်ကို သူလွတ်လွတ်လပ်လပ်သုံး၍မရသေးပေ။ ရှီဟောင် ဤစွမ်းအင်ကို မသုံးသေးရန် ဆုံးဖြတ်ထားသည်။ သူသည်ရဲဒင်းနှစ်ခုကို လွှဲရမ်းကာ တိုက်ခိုက်လိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် သူသည်လူနှစ်ယောက်ကို သတ်ပြီးသွားပြီဖြစ်သကဲ့သို့ သူလည်း ဒဏ်ရာရထားလေပြီ။ သူ၏ခန္ဓာကိုယ်မှ သွေးများစီးကျလာသည်။ ကြောက်စရာအကောင်းဆုံးရိုက်ချက်မှာ သူ၏နှလုံးကို ချိန်ရွယ်ထားခြင်းပင်။

“မိုက်လိုက်တာ” ရှီဟောင် ထိတ်လန့်သွားရသည်။

ထိုလူ၏စွမ်းအားမှာ သူ့ထက်မသေးလှပေ။ ဤသက်ရှိကို သေချာကြည့်လိုက်သည့်အချိန်တွင် ဤသည်မှာ လူသားခန္ဓာကိုယ်နှင့် ပုရွက်ဆိတ်ခေါင်းရှိနေသည့် သက်ရှိပင်။

“ဒါက လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက နာမည်ကြီးခဲ့တဲ့ ရွှေရောင်ပုရွက်ဆိတ်လား” ရှီဟောင် တုန်လှုပ်သွားရသည်။

သို့သော် မည်သို့ပင်ဖြစ်စေ သူဤနေရာတွင် ရပ်တန့်နေမည်မဟုတ်ပေ။ သူသေလျှင်ပင် တိုက်ပွဲထဲ၌သာ သေမည်။

ဖူး..

စွမ်းအားကြီးသည့် အခြားအဆင့်လွန်လူငယ်နောက်တစ်ယောက်ကို သူထပ်သတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အရိုးစာသားများ တောက်ပလာကာ အဖိုးတန်ပညာများဖြင့် တိုက်ခိုက်လာကြသည်။ သူနောက်ထပ်ကျွမ်းကျင်သူတစ်ယောက်ကို ဖောက်ခွဲပစ်လိုက်သည်။

ထို့အပြင် သူတိုက်ခိုက်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ မီးတောက်လည်း ထွက်ပေါ်လာကာ လေဟာနယ်ထဲတွင်ရှိနေသည့် သွေးရောင်ရှေးဟောင်းမီးအိမ်များအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ချွမ်..

မီးခိုးရောင်သာမန်ဓားတစ်ချောင်း ထွက်ပေါ်လာကာ ချက်ချင်းပင် တောက်ပသည့်အလင်းတန်းများကို ထုတ်လွှတ်လိုက်လေ၏။ ထိုအလင်းတန်းများသည် ရှီဟောင်၏ကောင်းကင်မျက်လုံးကိုပင် နာကျင်သွားစေသည်။ သူ၏လက်များကို လှုပ်ရှားလိုက်သည်နှင့် ရဲဒင်းနှစ်ခုလုံး နှစ်ပိုင်းပြတ်သွားကာ ဓားအလင်းတန်းတစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဤသည်မှာ လျင်မြန်လွန်းလှသည်။ ဤဓားသည် အလွန်ပင် ထက်ရှလှပြီး အလွန်လည်း လျင်မြန်လှသည်။

ရှီဟောင်လျင်မြန်စွာ နောက်ဆုတ်လိုက်သော်လည်း သူ၏လည်ပင်ကို ရှသွားသေးသည်။ သွေးထွက်လာကာ သူ၏လည်ပင်းလည်း ပြတ်တော့မလိုပင်။ ဤသည်မှာ အန္တရာယ်များလွန်းလှသည်။

ဤသည်မှာ လူသားပုံစံသက်ရှိပင်။ သူ၏မျက်ခုံးမွေးများမှာ နားထင်စပ်ထိပင် ကျနေသည်။ သူ၏မျက်လုံးများလည်း အေးစက်လှသည်။ သူ၏လက်ထဲတွင် မီးခိုးရောင်ဓားတစ်လက်ရှိနေသည်။

ဤလူကို ရှီဟောင်သိသည်။ သူသည် ရှေးခေတ်တွင် နာမည်ကြီးခဲ့သည့်သူပင်။

ထိုဓားမှာလည်း ထူးခြားလှသည်။ ထိုဓားကို ထုတ်မသုံးလျှင် သိပ်ပြီးအာရုံမဆွဲဆောင်နိုင်သော်လည်း ထိုဓားကို သုံးလိုက်သည်နှင့် ထိုဓားမှထုတ်လွှတ်သည့်အလင်းတန်းသည် နေမင်းကြီးထက် အဆပေါင်းများစွာပို၍တောက်ပလေသည်။

ထို့အပြင် ဤသည်မှာဓားအကြမ်းထည်သာဖြစ်ပြီး အချောမသတ်ရသေးပေ။

“လေဟာနယ်ရဲဒင်းလိုမျိုး နတ်ရတနာတောင်မှ ပျက်စီးသွားပြီ .. ဒီဓားက တကယ်ထူးခြားတာပဲ” ရှီဟောင် ပြောလိုက်သည်။ ဤသည်မှာ ထာဝရရွှေပင်ဖြစ်လိမ့်မည်။

ဤသည်မှာ ဓားအကြမ်းထည်သာဖြစ်သော်လည်း စွမ်းအားကြီးလွန်းလှသည်။

ရွှီး..

ရှီဟောင်လှုပ်ရှားလိုက်သည်။ သူ၏အရှိန်မှာ လျှပ်စီးကဲ့သို့ပင် လျင်မြန်လှသည်။

ဒုန်း..

သူထိုဓားကို အဖိုးတန်ပညာများဖြင့် တိုက်ခိုက်လိုက်သည်။

သွေးများလွင့်စင်ထွက်လာသည်။ ရှီဟောင်အနားတွင် လူငယ်ကျွမ်းကျင်သူများစွာ ဝန်းရံနေပြီး သူတို့အတူတကွ တိုက်ခိုက်လိုက်သည့်အချိန်တွင် ရှီဟောင်၏ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ထပ်ပေါင်းသွားလေသည်။

ထိုဓားကိုင်ထားသည့်လူငယ်လေးမှာ ပို၍ပင် ကြောက်စရာကောင်းသည်။ သူ၏ဓားသည် ရှီဟောင်၏အဓိကနေရာများကိုသာ ဦးတည်နေလေသည်။

ရှီဟောင်လည်း တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ၏လက်ဝါးသည် ထိုလူငယ်လေး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ့အားအနောက်ဘက်သို့ လွင့်ထွက်သွားစေလိုက်သည်။ ထိုလူငယ်လေးလည်း သွေးအန်သွားလေသည်။

“စွမ်းအားကြီးလိုက်တာ .. သူကဘာသက်ရှိလဲ” ရှီဟောင်၏အမူအရာများ လေးနက်သွားသည်။

ထိုဓားကိုင်ထားသည့်သူနှင့် ရွှေရောင်ပုရွက်ဆိတ်အပြင် အလွန်ကြောက်စရာကောင်းသည့်အခြားသူများလည်း ရှိနေသေးသည်။ သူအနည်းငယ်ကို သတ်ပြီးသွားပြီဖြစ်သော်လည်း အခြေအနေမှာ ပို၍ပင် အန္တရာယ်များလာသည်။

ခဏအကြာတွင် ရှီဟောင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ သူ၏ကောင်းကင်လမ်းကြောင်းကို ထုတ်လိုက်သော်လည်း သူတို့၏တိုက်ခိုက်မှုမှာ ကောင်းကင်လမ်းကြောင်းကိုပင် ထိုးဖောက်လာလေသည်။

ဒုန်း..

သတ္တုသံများအောက်တွင် ရှီဟောင်ထိုဓားကို အဝေးသို့ ပစ်ထုတ်လိုက်သည်။ သို့သော်လည်း ထိုဓားမှာ သူ၏ရင်ဘတ်ကို ထိသွားသေးသည်။

ဖုန်း..

သူသည် ထိုဓားကိုင်ထားသည့်သက်ရှိ လွင့်ထွက်သွားအောင်လုပ်လိုက်ပြီး ဓားကို လုယူလိုက်သည်။

ရှီဟောင်သည် ထိုဓားကို လွှဲရမ်းလိုက်သည့်အပြင် သူ၏အဖိုးတန်ပညာများကိုလည်း ထပ်ပေါင်းထည့်လိုက်ပြီး သူ၏အနားတွင်ရှိနေသည့် လူနှစ်ယောက်၏ခေါင်းကို ဖယ်ရှားပစ်လိုက်သည်။

သို့သော် ထိုအချိန်တွင် ထူးဆန်းသည့်အရာများ ဖြစ်လာသည်။ ချောက်ကမ်းပါးမှ တဝူးဝူးအသံများထွက်ပေါ်လာပြီး သူ့အပေါ်ကျရောက်လာသည့် ထူးဆန်းသည့်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ထိုဘုရင်ကြီး၏အလောင်းတောက်ပလာကာ အလွန်ပင်နူးညံ့လှသည့် စွမ်းအားတစ်ခုထွက်ပေါ်လာပြီး ရှီဟောင်အား ဝန်းရံလာလေသည်။

အပိုင်း ၁၀၇၅ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၆ – ရုန်းထွက်လာနိုင်ခြင်း

နူးညံ့သည့်စွမ်းအားသည် ရှီဟောင်အား အားဖြည့်ပေးလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း သက်သာသွားသည်။

သို့သော် ချောက်ကမ်းပါးအောက်ခြေတွင်ရှိနေသည့် အနက်ရောင်စွမ်းအင်များသည် အဆီးအတားကို တိုက်ခိုက်နေပြီး ဘုရင်ကြီး၏ခန္ဓာကိုယ်ကို လှုပ်ရမ်းသွားစေသည်။ အဆီးအတားကြီး ပျက်စီးတော့မည်။

ရွှီး..

ချောက်ကမ်းပါးအောက်ခြေမှ အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရှီဟောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

သူသည် စွမ်းအားကြီးသည့် အလောင်းအနည်းငယ်ကို သတ်ပစ်လိုက်သောကြောင့် ထို’ထူးဆန်းသည့်အရာ’မှာ သူ့အား သည်းမခံနိုင်တော့သည်ကို သူသိသည်။

ကံကောင်းစွာဖြင့်ပင် ဘုရင်ကြီး၏ အလင်းတန်းများမှာ သူ့အားလွှမ်းခြုံထားလေသည်။

ဝူး ဝူး..

အောက်ဘက်တွင်ရှိနေသည့် ချောက်ကမ်းပါးထဲမှ ထူးဆန်းသည့်အူသံထွက်ပေါ်လာသည်။ ထိုအူသံမှာ ဝိဉာဉ်အော်သံများထက် အဆပေါင်းများစွာ ပို၍ကြောက်စရာကောင်းလှသည်။ ရှီဟောင်ပင်လျှင် ကြောက်ရွံ့သွားရပြီး တစ်ကိုယ်လုံး အေးခဲသွားရသည်။

“မကောင်းတော့ဘူး”

ရှီဟောင်ထိတ်လန့်သွားရသည်။ ထိုအော်သံကြားသည်နှင့် သူနှင့်အဆင့်တူသည့်လူငယ်များသာမက ခပ်ဝေးဝေးတွင်ရှိနေသည့်သူများပါ လှုပ်ရှားလာကြသည်။

ဤလူများမှာ စွမ်းအားကြီးလှပြီး မည်သည့်ကျင့်ကြံဆင့်သို့ ရောက်နေမှန်းပင် မသိရတော့ပေ။ သူတို့ထဲမှ လူတစ်ယောက်သည် သူ့ထံသို့ လက်ညှိုးထိုးလိုက်သည်။

ရှီဟောင်သည် ထိုဘုရင်၏နူးညံ့သည့်အလင်းတန်းများ ဝန်းရံခံထားရသော်လည်း ထိုလမ်းကြောင်းမှ လျင်မြန်စွာ ထွက်ခွာသွားလိုက်သည်။

ထိုလက်ချောင်းမှာ ကြီးမားလွန်းလှပြီး မြေပြင်ပေါ်သို့ ကျသွားသည်နှင့် မြေပြင်ပေါ်တွင် လျှိုတစ်ခု ဖြစ်သွားရသည်။

“ဒါက ဘယ်ကျင့်ကြံဆင့်ကို ရောက်နေပြီလဲ .. ကောင်းကင်နတ်ဘုရားအဆင့်လား .. ဂိုဏ်းခေါင်းဆောင်အဆင့်လား” ထိုဘုရင်ကြီး၏ အလင်းတန်းများသာမရှိပါက ထိုစွမ်းအင်လှိုင်းများကို သူတောင့်ခံနိုင်မည်မဟုတ်ပေ။

နေရာအနှံ့မှ လူလတ်ပိုင်းယောက်ျားလေးများစွာ ထွက်ပေါ်လာပြီး သူထွက်ပြေးနိုင်မည့်လမ်းကြောင်းအားလုံးကိုပိတ်ဆို့ထားလေသည်။

ထိုအချိန်တွင် အဆင့်လွန်လူငယ်လေးများလည်း လှုပ်ရှားလာကြသည်။ သူတို့သည် အဖိုးတန်ပညာများကို အသက်သွင်းလိုက်ကာ အဖိုးတန်ပစ္စည်းများလည်း ထုတ်လိုက်ကြသည်။

လူလတ်ပိုင်းကျွမ်းကျင်သူများမှ ဤနေရာကို ဝန်းရံထားပြီး မမျှော်လင့်ထားသည့်အဖြစ်အပျက်တစ်ခုခုသာ ဖြစ်လာပါက ရှီဟောင်ကို အချိန်မရွေးသတ်ပစ်ရန် အဆင့်သင့်ပင်။

အခြေအနေမှာ ဆိုးရွားနေလေပြီ။ ချောက်ကမ်းပါးအောက်ခြေမှ အသံသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှပြီး အဆီးအတားကို ဆက်တိုက်ပင် တိုက်ခိုက်နေလေသည်။

ဖူး..

ရှီဟောင်သည် လက်ထဲတွင် ဓားအကြမ်းထည်ကို ကိုင်ထားပြီး နောက်ထပ်အဆင့်လွန်လူငယ်လေးတစ်ဦး၏ခေါင်းကို ဖြတ်ချလိုက်သည်။

ဝူး..

ချောက်ကမ်းပါးမှာ ဖရိုဖရဲဖြစ်လာသည်။ သဘာဝဥပဒေသများမှာ နေရာပေါင်းစုံမှ ထွက်ပေါ်လာပြီး ရှေးဟောင်းမီးအိမ်မျိုးစုံလည်း ထွက်ပေါ်လာသည်။

ထို့အပြင် တောင်များကို ဖုံးလွှမ်းထားသည့်အလောင်းများလည်း ထရပ်လာကြလေသည်။

“သတ်…”

ထိုလူလတ်ပိုင်းအရွယ် ယောက်ျားလေးများမှ လှုပ်ရှားလာကြသည်။ လက်ကြီးတစ်ဖက်သည် ရှီဟောင်ကို သတ်ပစ်ရန်အတွက် ကောင်းကင်ကိုပင် အုပ်မိုးထားလေသည်။

ရှီဟောင်အနားတွင် ထိုဘုရင်ကြီး၏ အလင်းကာကွယ်ပေးနေသည်ကို ထိုထူးဆန်းသည့်အရာမှ မြင်တွေ့သွားသောကြောင့် သူတို့သည် ရှီဟောင်အားတစ်ခါတည်းရှင်းပစ်ရန် လုပ်နေကြခြင်းပင်။

သူ၏အဖိုးတန်ပညာများကို ကူးယူရန်အတွက် ရှေးဟောင်းမီးအိမ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။

ဒုန်း..

ချောက်ကမ်းပါးထဲတွင်ထိုင်နေသည့် ဘုရင်ကြီး၏ ခန္ဓာကိုယ်တောက်ပလာလေသည်။ သူ၏ပြိုင်ဘက်ကင်းသည့်အသွေးအသားမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ အပြင်ဘက်သို့ လွင့်ပျံလာသည်။

ဖူးဟူသည့်အသံနှင့်အတူ ရှီဟောင်ကို အုပ်မိုးလာသည့် ထိုလက်ကြီးမှာ လေထဲတွင် ပေါက်ကွဲသွားလေသည်။ သွေးများမှာ မြစ်ရေကဲ့သို့ပင် စီးကျလာလေသည်။

ဝုန်းဟူသည့်အသံနှင့်အတူ ထိုလက်တစ်ဖက် မြေကြီးပေါ်သို့ ကျသွားပြီး မြေကြီးပင် ချိုင့်ဝင်သွားလေသည်။

ဤမြင်ကွင်းမှာ ရှီဟောင်အား ဆွံ့အသွားစေသည်။

ချောက်ကမ်းပါးအောက်ခြေမှ စူးရှသည့်အော်သံများ ထွက်ပေါ်လာလေသည်။ ရှီဟောင်၏တည်ရှိမှုကို ဖယ်ရှားပစ်ရန်အတွက် သဘာဝဥပဒေသများလည်း ထွက်ပေါ်လာသည်။ ဤသည်မှာ ထိုထူးဆန်သည့်အရာ၏ စွမ်းအားပင်။

ရှီဟောင် သွေးအန်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ အအေးလှိုင်းတစ်ခု ဝင်ရောက်လာသည်ကို သူခံစားလိုက်ရသည်။ သူ့ကိုဝန်းရံထားပေးသည့် ဘုရင်ကြီး၏ နူးညံ့သည့်အလင်းတန်းကြောင့်သာမဟုတ်ပါက သူဒဏ်ရာပြင်းထန်စွာ ရရှိနေလောက်လေပြီ။ သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်ပင် ပျောက်ကွယ်သွားနိုင်လောက်သည်။

တစ်ချိန်တည်းမှာပင် ဘေးပတ်လည်တွင်ရှိနေသည့် အချို့လူလတ်ပိုင်းအရွယ်ယောက်ျားကြီးများလည်း လှုပ်ရှားလာကြသည်။

ကြီးမားလှသည့် လက်တစ်ဖက် ထပ်မံထွက်ပေါ်လာလေသည်။ ဤသည်မှာ တောင်ကြီးတစ်လုံး သူ့ပေါ်သို့ ပြုတ်ကျလာသကဲ့သို့ပင်။

မည်းနက်နေသည့်တိမ်မဲများနှင့်တူသည့် လက်ပေါင်းများစွာလည်း ကျဆင်းလာသည်။ ထိုလက်များသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အားလုံးမှာ ရှီဟောင်ထံသို့ ဦးတည်လာနေကြသည်။

ဝုန်း..

ချောက်နက်ကြီးထဲတွင်ရှိနေသည့် ထိုဘုရင်ကြီး၏ ရင်ဘတ် တောက်ပလာကာ အဆုံးမရှိသည့်နတ်ခွန်အားများ ထွက်ပေါ်လာလေသည်။ ထိုအလင်းများသည် စိမ့်ထွက်လာသည့် အနက်ရောင်မြူနှင့် မီးခိုးရောင်စွမ်းအင်များကို ဖိနှိပ်လိုက်သည်။

ထို့အပြင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်လှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ထူးဆန်းသည့်သဘာဝဥပဒေသအားလုံးကို ရှင်းလင်းပစ်လိုက်သည်။

ပို၍ကြောက်စရာကောင်းသည်မှာ ထိုရွှေရောင်လှိုင်းများသည် ရှီဟောင်ထံသို့ ဦးတည်လာနေသည့် လက်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လေသည်။ ထိုလူလတ်ပိုင်းအရွယ်ကျွမ်းကျင်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားကာ သွေးမိုးများအဖြစ် ရွာသွန်းသွားလေ၏။

ဤသည်မှာ ကြောက်စရာကောင်းလွန်းလှသည်။

ဤဘုရင်ကြီး၏အလောင်းမှာ အဘယ်ကြောင့်ဤနေရာကို ဖိနှိပ်နေနိုင်သလဲဆိုသည်ကို သူသိခဲ့ရလေပြီ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ပြိုင်ဘက်ကင်းသည့် သင်္ကေတများနှင့် နတ်ခွန်အားများ ရှိနေသေးသောကြောင့်ပင်။

အမှောင်ထုမှာ ပွင့်ဟခံလိုက်ရပြီး နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုဘုရင်ကြီး၏ မျက်ခုံးကြားတွင် တောက်ပလာကာ အပြစ်သားစာလုံးလောင်ကျွမ်းလာလေ၏။ ထို့နောက်တွင် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေ၏။

ထို့နောက်တွင် ရှီဟောင်၏ခန္ဓာကိုယ်ထဲမှ မီးတောက်လည်း လှုပ်ရှားလာလေ၏။ ထိုမီးတောက်သည် ရှေးဟောင်းမီးအိမ်နှင့် မြူများအားလုံးကို လောင်ကျွမ်းစေလိုက်လေသည်။

ထို့အပြင် ထိုမီးတောက်သည် ချောက်ကမ်းပါးထဲသို့ ဝင်ရောက်သွားပြီး ဘုရင်ကြီးအနားတွင်ဝန်းရံနေသည့် အနက်ရောင်နေရာများကို လောင်ကျွမ်းစေလိုက်ကာ သူ့ခန္ဓာကိုယ်အား ထိခိုက်နေသည့် ထူးဆန်းသည့်အရာကို ပျောက်ကွယ်စေလိုက်သည်။

ရွှီး..

ထို့နောက်တွင် မီးတောက်သည် ရှီဟောင်ထံသို့ ပြန်ရောက်လာပြီး သူ့အား ရစ်ပတ်လိုက်ကာ အလင်းလမ်းကြောင်းထဲသို့ ဝင်သွားလိုက်ပြီး ဤနေရာမှ ပျောက်ကွယ်သွားလေသည်။

….

လေဟာနယ်အပြင်ဘက်ရှိ အပြာရောင်ကျောက်လမ်းသုံးထောင်တွင်…

ချင်းရိ၊ ချောင်ယုရှင်း၊ ယုန်ဖြူလေးနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့မှာ အတော်လေး စိုးရိမ်နေကြသည်။ ထိုအနက်ရောင်အက်ကွဲကြောင်းကြီးထဲတွင် မည်သည့်အရာရှိနေသနည်း.. ရှီဟောင်အထဲဝင်သွားသည်မှာ ကြာလှပြီဖြစ်ပြီး ပြန်ထွက်မလာသေးပေ။ ထို့အပြင် သူတို့ကို အနားမကပ်ရန်နှင့် ဤနေရာနှင့် ဝေးဝေးနေရန် မှာသွားသေးသည်။

“အဲဒီအက်ကွဲကြောင်းကြီး ပြန်ပိတ်နေပြီ…” ချောင်ယုရှင်း ပြောလိုက်သည်။

“ငါတို့ဘာလုပ်ကြမလဲ .. ရှီဟောင် ထွက်မလာသေးဘူး .. သူက ထာဝရရှေးဟောင်းမြေကနေ ဒီလိုမျိုးနဲ့ပဲ ပျောက်သွားတော့မှာလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ စိုးရိမ်နေလေပြီ။

ကမ္ဘာငယ်လေးများထဲတွင်ရှိနေကြသည့် သက်ရှိများစွာမှာ ဤနေရာတွင်ဖြစ်နေသည့် ပုံမှန်မဟုတ်သည့်အရာများကို အာရုံခံမိသည်သာ။

သိပ်မကြာခင်က အပြာရောင်ကျောက်လမ်းသုံးထောင်မှ ထုတ်လွှတ်သည့် စွမ်းအားလှိုင်းမှာ ပြင်းထန်လွန်းလှသောကြောင့် အာရုံစူးရှသည့် အချို့ကျွမ်းကျင်သူများမှာ ဤနေရာသို့ ဦးတည်လာနေလေပြီ။

“တစ်ယောက်ယောက်က အဲဒီအဆင့်ကို ကြိုးစားပြီး အောင်မြင်သွားတာများလား…” စွမ်းအားကြီးသည့် အချို့သက်ရှိများမှာ အပြေးအလွှားပင် ရောက်ရှိလာကြလေ၏။

ဤကဲ့သို့ ခံစားရသည်မှာ လူတစ်ယောက်တည်းမဟုတ်သည်မှာ သေချာသည်။ အရပ်မျက်နှာပေါင်းစုံမှ လူများ ဤသည်ကို ခံစားမိကြသည်။

ရွှီး..

ဘာမှမရှိသည့်လေဟာနယ်ထဲတွင် မီးရှူးမီးပန်းကဲ့သို့သော အလင်းများထွက်ပေါ်လာလေသည်။ သူသည် ထိုလမ်းကြောင်းမှတစ်ဆင့် အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးမှ ထွက်ခွာလာခဲ့သည်ကို သူတွေ့လိုက်ရသည်။

ထို့အပြင် အက်ကွဲကြောင်းကြီးမှာလည်း ပိတ်တော့မည်ဖြစ်သဖြင့် သူထိုနေရာသို့ တရှိန်ထိုးပြေးသွားလိုက်သည်။

သူ့အနောက်ဘက်တွင်ရှိနေသည့် အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးသည် ပြင်းထန်စွာပင် တုန်ခါသွားကာ အဆုံးမရှိသည့်လေဟာနယ်ထဲတွင် စတင်ထွက်ခွာသွားလေသည်။

ဘုရင်ကြီး၏ ကျန်ရှိနေသည့် စိတ်ဝိဉာဉ်မှ “ကူညီပေးပါ .. ဖိနှိပ်ပေးပါ…” ဟုခေါ်နေသည်ကို သူကြားလိုက်ရသည်။

“ကျွန်တော် ကူညီပါ့မယ် .. ကျွန်တော် နယ်ခြားစပ်ကိုသွားမယ် … ကျွန်တော်ဒီရှေးဟောင်းသင်္ဘောပေါ်တက်ပြီးတော့ အားလုံးကို ရှင်းလင်းပစ်မယ်” ရှီဟောင် ဟစ်ကြွေးလိုက်သည်။

သူတို့ထွက်လာသည်နှင့် ထိုမီးတောက်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ လုံးဝငြိမ်သက်သွားသည်။ မည်သည့်အလင်းကိုမှ မထုတ်လွှတ်တော့ပေ။

ရှီဟောင် သွေးအန်သွားကာ သူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲတော့မလိုပင် သူခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် ထိုချောက်ကမ်းပါးရှေ့တွင် ထူးဆန်းသည့်အရာမှ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် ဘုရင်ကြီး၏အလင်းလည်း ဝင်သွားကာ ထိုစွမ်းအင်များ ချေဖျက်ပေးခဲ့သော်လည်း ဤသည်မှာ ပြိုင်ဘက်ကင်းသည့်တာအိုနှစ်ခုဖြစ်နေသောကြောင့် သူ့အားထိခိုက်စေသည်သာ။

သာမန်လူသာဆိုလျှင် အသားပုံအဖြစ် ပြောင်းလဲသွားလောက်လေပြီ။ ရှီဟောင်သည် ထာဝရစွမ်းအင်တစ်ကြောင်းကို ရရှိထားသကဲ့သို့ လျှပ်စီးအတိဒုက္ခကိုလည်း ဖြတ်ကျော်ထားသောကြောင့် သူ၏အသွေးအသားများမှာ သာမန်ထက်သာလွန်နေသည်။ ထို့ကြောင့်သာ သူမသေခြင်းပင်။

သူနတ်တစ်ဝက်သီးကို လျင်မြန်စွာ စားလိုက်ပြီး သူ၏ဒဏ်ရာများကို လျင်မြန်စွာ ကုသလိုက်သည်။

သို့သော် ကျန်ရှိနေသည့် စွမ်းအားများမှာ သူ့အားသွေးပမာဏများစွာကို အန်နေစေဆဲပင်။ သူ၏အရေပြားတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ပေါက်ကွဲထွက်တော့မတတ်ပင်။

“ဒီလောက်တောင် စွမ်းအားကြီးတာလား” ရှီဟောင်၏အမူအရာ ပြောင်းလဲသွားသည်။

ကံကောင်းစွာဖြင့်ပင် ထိုစွမ်းအားပျောက်ကွယ်သွားကာ ဘုရင်ကြီး၏စွမ်းအားမှ သူ့အား ကာကွယ်ပေးလိုက်နိုင်သည်။ မဟုတ်ပါက ရလဒ်မှာ အလွန်ပင် ကြောက်စရာကောင်းသွားလိမ့်မည်။

“မကောင်းတော့ဘူး”

ဘုရင်ကြီး၏စွမ်းအားမှ ကာကွယ်ပေးနိုင်သော်လည်း သူ၏လက်မောင်းမှာ အက်ကွဲလာပြီး ပြုတ်ကျသွားလေ၏။ သူသည်လျင်မြန်စွာပင် ပြန်ဆက်လိုက်ကာ အရိုးများဆက်သွားစေရန်အတွက် အရိုးစာသားများကို အသက်သွင်းလိုက်သည်။

ဖူး..

သူ၏ခန္ဓာကိုယ်တွင် သွေးကြောင်းများ ထွက်ပေါ်လာသည်။ အထူးသဖြင့် သူ၏ရင်ဘတ်တွင်ပင်။ ဒဏ်ရာများစွာ ပွင့်ထွက်လာပြီး သူ့အား အပိုင်းပိုင်းအစစဖြစ်အောင် လုပ်နေသလိုပင်။

ရှီဟောင် ထိုဒဏ်ရာများကို ဖိနှိပ်နေရသည်။

အချိန်တစ်ခုကြာပြီးမှသာ သူ၏ဒဏ်ရာများ တည်ငြိမ်သွားသည်။ ထိုအချိန်တွင် သူသည် ထာဝရစွမ်းအင်ကို လွတ်လွတ်လပ်လပ်အသုံးပြု၍ရပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။

ထာဝရစွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ၏အသွေးအသားများနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်လိုက်ပြီး သူ၏ဒဏ်ရာများကို သက်သာသွားစေသည်။ သူသည် အလွန်စွမ်းအားကြီးသည့် တိုက်ခိုက်နိုင်သည့် စွမ်းအားလှိုင်းတစ်ခုကိုလည်း ခံစားနေရဿည်။

ယခုမှသာ သူသက်မချနိုင်တော့သည်။ သူ၏ဒဏ်ရာများ ပျောက်ကင်းသွားရန်အတွက် သူအချိန်တစ်ခု ယူရမည်သာ။

သူခေါင်းငုံ့ကာ သူ၏လက်ထဲတွင်ရှိနေသည့်ဓားကို ကြည့်လိုက်သည်။ ဤဓားးသည် သိပ်မရှည်သလို သိပ်လည်းမထက်ပေ။ အလွန်ပင် ရိုးရှင်းလှသည်။

သေချာကြည့်လိုက်သည့်အချိန်တွင် ဓားသွားပေါ်၌ ဒီဇိုင်းပုံစံအချို့ရှိနေသည်ကို သူတွေ့လိုက်ရသည်။

ဓားမှာ အချောမသတ်ရသေးသည့် အကြမ်းထည်သာဖြစ်သည်။ ဓားသွားလည်း အရောင်မတင်ရသေးပေ။ ဤသည်မှာ ပြီးပြည့်စုံသည့်အဖိုးတန်ပစ္စည်းမဖြစ်သေးသော်လည်း သူ့ထံတွင် ဤကဲ့သို့သော သင်္ကေတများရှိနေလေပြီ။

အမ်..

ကြီးမားလှသည့် အက်ကွဲကြောင်းကြီး ပိတ်သွားသောကြောင့် သူ့အရှေ့တွင်ရှိနေသည့်အရာအားလုံး မှောင်မဲသွားသည်။

ရှီဟောင် သူ၏လက်ထဲတွင်ရှိနေသည့်ဓားဖြင့် လွှဲရမ်းလိုက်သည်။ ထို့အတူ သူ၏နတ်ခွန်အားကိုလည်း ပေါင်းထည့်လိုက်သည်နှင့် ဓားမှ တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ဤရိုးရှင်းသည့် ရှေးဟောင်းဓားမှ အလင်းမိုးတစ်ခုကို ထုတ်လွှတ်လာပြီး ဤအလင်းမှ နေမင်းကြီးထက်ပင် တောက်ပနေသည်။ ဤအလင်းကို တိုက်ရိုက်ကြည့်၍ပင် မရပေ။

လေဟာနယ်ကြီး အက်ကွဲသွားကာ ရှီဟောင် ထိုနေရာမှ အမြန်ထွက်လိုက်သည်။ ထို့နောက် သူမြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

“အားရား.. သူပေါ်လာပြီ .. သူပြန်လာပြီ” ယုန်ဖြူလေးမှ ခုန်ပေါက်ကာ အော်ဟစ်လိုက်သည်။

“သူပြန်လာတာကောင်းတယ်” ချင်းရိ ပြုံး၍ပြောလိုက်သည်။

ဖုန်း..

ရှီဟောင်မြေကြီပေါ်သို့ ပြုတ်ကျသွားသည်နှင့် သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲသွားသည်။ သူ၏ဒဏ်ရာများအားလုံး ပြန်ပွင့်သွားကာ သူ၏လက်လည်း ပြန်ပြုတ်ထွက်တော့မလို ဖြစ်သွားသည်။

သူ၏လက်ထဲတွင်ရှိနေသည့်ဓားလည်း အရောင်ပြန်မှိန်သွားလေသည်။

“သတိထား..”

ချောင်ယုရှင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချင်းရိနှင့် အခြားသူများ၏ အမူအရာလည်းပြောင်းလဲသွားသည်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကျယ်လောင်စွာပင် အော်ဟစ်လိုက်သည်။ “ထွက်သွားစမ်း…”

အဘယ်ကြောင့်ဆိုသော် ပုံရိပ်အချို့ပေါ်လာကာ ရှီဟောင်အား တစ်ပြိုင်နက်တည်း လာရောက်တိုက်ခိုက်နေကြသောကြောင့်ပင်။ ဤလူများမှာ ကမ္ဘာငယ်လေးများထဲမှ ထွက်လာသည့်သူများပင်။

အချို့လူများ၏ မျက်လုံးများမှ လောဘရောင်တက်လာပြီး သူ၏လက်ထဲတွင်ရှိနေသည့်ဓားအားစိုက်ကြည့်လိုက်ကြကာ “ဒဏ္ဍာရီလာဓား…”

အချို့လူများမှာ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။ သူတို့သည် အစကတည်းက ရှီဟောင်၏အသက်ကို လိုချင်နေကြသည့်သူများပင်။ ယခုရှီဟောင် ဒဏ်ရာများဖြင့် မြေပြင်ပေါ်လဲကျနေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူတို့အားလုံး တရှိန်ထိုးပြေးလာကြသည်။

ထိုထဲတွင် ကောင်းကင်နိုင်ငံမှ လုပ်ကြံသူများလည်း ပါဝင်သည်။ ရှီဟောင်သည် ထိုအဆင့်သို့တက်လှမ်းနိုင်ရန် ကြိုးစားပြီး ကျရှုံးသွားခြင်းဖြစ်သည်ဟု ထင်ကြသောကြောင့် သူတို့စိတ်ပိုင်းဖြတ်ကာ တိုက်ခိုက်လာကြခြင်းပင်။

“သူ့ကိုသတ်..ဒီလူက ထာဝရစွမ်းအင်ကိုကျင့်ကြံပြီးတော့ အဲဒီအဆင့်ကို ရောက်ချင်နေတာ .. ကံမကောင်းစွာနဲ့ပဲ သူကပ်ဆိုးကြီးကို တွေ့သွားတာ .. သူပြန်ကောင်းလာဖို့ အခွင့်အရေးမပေးနဲ့”

အချို့လူများသည် ရှီဟောင်ထံသို့ တရှိန်ထိုးပင် ပြေးလာကြလေသည်။

ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ သူထိုဓားကို အသက်သွင်းလိုက်သည်။ ဖူး ဖူး ဟူသည့်အသံအနည်းငယ်ကို ကြားလိုက်ရပြီး တောက်ပသည့်အလင်းများထွက်ပေါ်လာကာ ကျွမ်းကျင်သူသုံးယောက်၏ ဦးခေါင်းများ လိမ့်ထွက်လာသည်။ သွေးများလည်း စီးကျလာလေ၏။

ဖုန်းဟူသည့်အသံနှင့်အတူ သူ၏ခန္ဓာကိုယ်လည်း စတင်အက်ကွဲလာသည်။ သွေးများစီးကျလာပြီး သူ၏လက်မောင်းလည်း ပြုတ်ထွက်သွားသည်။

“သူအဆုံးသတ်သွားပြီ .. တိုက်ခိုက်ကြ”

ကောင်းကင်နိုင်ငံမှ ဦးဆောင်ကာ အခြားသူများလည်း လှုပ်ရှားလာကြသည်။

“ငါအဆုံးသတ်သွားပြီဟုတ်လား .. ဟက်..” ရှီဟောင်သည် အနက်ရောင်သင်္ဘောကြီးထံမှ ဒဏ်ရာပြင်းထန်စွာ ရရှိလာသော်လည်း ဤလူများကို သူ အထင်သေးနေဆဲပင်။

သူသည်ဓားကိုအသက်သွင်းလိုက်ကာ သက်တံ့အလင်းအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏အဖိုးတန်ပညာများ၏ သင်္ကေတများကိုလည်း ပေါင်းထည့်လိုက်ကာ နောက်ထပ်သုံးယောက်ကို ထပ်သတ်လိုက်သည်။

လူတစ်ယောက်သာ ထိုအလင်းကို ရှောင်လိုက်နိုင်သည်။ သူ၏မျက်လုံးထဲတွင် အမုန်းတရားများပြည်နှက်နေပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သူသည် ရှီဟောင်၏ပြုတ်ထွက်သွားသည့်လက်တစ်ဖက်ကို တစ်စစီဖြစ်သွားအောင် လုပ်ပစ်လိုခြင်းပင်။

သို့သော်လည်း ထိုလက်တစ်ဖက်မှ ထာဝရစွမ်းအင်တစ်ကြောင်း ထွက်ပေါ်လာပြီး သူ့အားရိုက်ချလိုက်သောကြောင့် သူထိတ်လန့်သွားရသည်။

“ဘုရားရေ .. သူအဲဒီအဆင့်ကို ရောက်သွားပြီ” ထိုသူမှ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ဖူး..

ထိုလက်သည် ရှီဟောင်၏ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသော်လည်း ထိုလူ၏လက်ကို ပေါက်ကွဲသွားအောင် လုပ်နိုင်ဆဲပင်။ ထို့နောက်တွင် ထိုသူ၏ခန္ဓာကိုယ်ကို ရိုက်ချလိုက်ကာ သူ့အားထိုနေရာတွင်ပင် သတ်ပစ်လိုက်သည်။

အပိုင်း ၁၀၇၆ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၇ – ထာဝရတည်ရှိနေသော ထာဝရဓား

ပျက်စီးနေသည့် လက်တစ်ဖက်သည် ကောင်းကင်နိုင်ငံမှ လုပ်ကြံသူကိုပင် သတ်ဖြတ်ပစ်နိုင်သည်။

ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းလှသည်။

ယုန်ဖြူလေး၏ ပါးစပ်သည် “O” ပုံစံဖြစ်သွားရသည်။ သူမ၏မျက်လုံးများလည်း တောက်ပနေပြီး ဤမြင်ကွင်းကို အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။

ရှီဟောင်သူ၏ အခြားလက်တစ်ဖက်ကိုမြှောက်လိုက်သည်နှင့် ထိုပျက်စီးနေသည့်လက်သည် သူ့ထံသို့ ပျံသန်းလာကာ သူ့ခန္ဓာကိုယ်တွင် ပြန်ဆက်သွားလေ၏။ သူ၏ကျင့်ကြံဆင့်မှာ သွေးစွမ်းအင်များပြည့်နေပြီဖြစ်သောကြောင့် လျင်မြန်စွာပင် ပြန်ကောင်းသွားနိုင်သည်။

ရွှီး..

သွေးကဲ့သို့ပင်နီရဲနေသည့် အနီရောင်အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ အလင်းတန်းများမှာ သိပ်မရှည်လှပေ။ ထိုအလင်းတန်းများသည် လေဟာနယ်ကို ဖောက်ခွဲကာ သူ့ထံသို့ ရောက်ရှိလာလေသည်။

“သတိထား..

ဒုန်းဟူသည့်အသံနှင့်အတူ နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပျံသန်းထွက်လာကာ အနီရောင်အလင်းတန်းသုံးခုကို ဖျက်ဆီးပစ်လိုက်သည်။

ချောင်ယုရှင်းနှင့် ချင်းရိတို့၏အမူအရာများလည်း ပြောင်းလဲသွားသည်။ ဤသည်မှာ သွေးအဖြစ်ပြောင်းလဲစေခြင်းအပ်များပင်။ ကောင်းကင်နတ်ဘုရားများ၏အရိုးများမှ ပြုလုပ်ထားသည့် အဆိပ်ပြင်းကာ ကြောက်စရာကောင်းသည့် အဖိုးတန်ပစ္စည်းပင်။ ဤအပ်များမှာ အလွန်ပင် ထက်ရှလှပြီး နတ်ဘုရားအစစ်မှာ မည်မျှပင် စွမ်းအားကြီးနေပါစေ သူအပ်နှင့်ထိမိသွားသည်နှင့် ချက်ချင်းပင် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားပြီး သေချာပေါက် သေဆုံးသွားမည်သာ။

အလင်းတန်းတစ်ခုသည် ရှီဟောင်၏ပျက်စီးနေသည့်လက်ထံသို့ ဦးတည်နေပြီး နှစ်ခုမှာ ရှီဟောင်၏ဦးခေါင်းအနောက်သို့ ဦးတည်နေလေသည်။ ထိုအပ်များသည် လျင်မြန်စွာဖြင့်ပင် ရှီဟောင်အနားသို့ ရောက်ရှိလာသည်။

နောက်မဆုတ်ပဲ ခပ်ဝေးဝေးမှ နေ၍တိုက်ခိုက်နေသည့် သူတစ်ချို့ရှိနေသည်မှာ သိသာသည်။ ရှီဟောင်ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကို တွေ့လိုက်ရသောကြောင့် သူတို့နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်လိုခြင်းပင်။

သူတို့သာ ဤအခွင့်အရေးကို လက်လွှတ်လိုက်လျှင် ဟွမ်အား ဘယ်သောအခါမှ သတ်နိုင်တော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူထိုအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အစောလေးကတင် ကောင်းကင်နိုင်ငံမှ လုပ်ကြံသူ အော်ဟစ်သွားလေသည်။

အပ်များမှာ ရှီဟောင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တော့မည်။

ချွမ်ဟူသည့်အသံနှင့်အတူ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရှီဟောင်၏လက်ထဲတွင်ရှိနေသည့်ဓားဝေ့ရမ်းသွားကာ သတ္တုချင်းထိခတ်သည့်အသံ ထွက်ပေါ်လာလေသည်။ အလင်းတန်းနှစ်ခုပေါက်ကွဲသွားကာ အပ်များလည်း အမှုန့်ဖြစ်သွားလေသည်။

ကောင်းကင်နတ်ဘုရား၏အရိုးဖြင့် ပြုလုပ်ထားသည့် ပစ္စည်းပင်လျှင် ဓားသွားအောက်တွင် ပျက်စီးသွားလေပြီ။

“နောက်တစ်ခုကျန်သေးတယ်” ချင်းရိ၏အမူအရာ ပြောင်းလဲသွားသည်။

အခြားနတ်အပ်တစ်ချောင်းသည် လေဟာနယ်ကို ဖြတ်ကျော်လာကာ ရုတ်တရက်ပင် ရှီဟောင်၏လည်ပင်းကို ဦးတည်လာလေသည်။

ဝုန်း..

ရှီဟောင် ဤအပ်ကို အာရုံခံမိသည်သာ။ ထိုနေရာတွင် ကြက်သီးထလာလေသည်။ သူ၏ခန္ဓာကိုယ်တောက်ပလာကာ သင်္ကေတများထွက်ပေါ်လာပြီး ဒီဇိုင်းပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုအပ်ကို တားဆီးလိုက်သည်။

“သတ်…”

သူအော်ဟစ်လိုက်၏။ ထိုအဆင့်သို့ ရောက်ပြီးသည့်နောက်တွင် သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အဆပေါင်းများစွာ တိုးတက်သွားသည်။ ဤအပ်မှာ ကြောက်စရာကောင်းသော်လည်း ဤအပ်ကို ပစ်လွှတ်လိုက်သည့်သူမှာ သူ့အားမယှဉ်နိုင်ပေ။

ရွှီးဟူသည့်အသံနှင့်အတူ ထိုအပ်ပြန်လှည့်ထွက်သွားလေသည်။

အား…

သနားစရာအော်သံထွက်ပေါ်လာပြီး ခေါင်းနှစ်လုံးနှင့် လက်လေးချောင်းပါရှိသည့် ငွေရောင်သက်ရှိ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သွေးအဖြစ်ပြောင်းလဲစေခြင်းအပ်စိုက်နေသည့် သူ၏လက်မောင်းကို ဖြတ်ချပစ်လိုက်လေသည်။

သူသည် ကောင်းကင်နိုင်ငံမှ လုပ်ကြံသူပင်။ သူ၏လုပ်ရပ်များမှာ ရက်စက်သော်လည်း သူမသေချင်သေးပေ။ ထို့ကြောင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် ရှီဟောင်၏ သတ်ဖြတ်လိုသည့်အငွေ့အသက်များသည် နတ်လှံတံတစ်ချောင်းကဲ့သို့ ထွက်ပေါ်လာကာ သူ၏စိတ်ကို ထိုးဖောက်သွားပြီး သူ့အားထိုနေရာတွင်ပင် ပိတ်ထားလိုက်လေ၏။

ရှီဟောင်၏ပျက်စီးနေသည့်လက်တစ်ဖက်သည် အနည်းငယ်လှုပ်ရှားသွားကာ သွေးအဖြစ်ပြောင်းလဲစေခြင်းအပ်ကို ရှောင်ရှားလိုက်သည်။ သန့်စင်သည့်အဖြူရောင်ထာဝရစွမ်းအင် ဝေ့ဝဲလာကာ သူသည် ထိုအပ်ကို တောက်ချလိုက်သည်။

ဤသည်မှာ အလွန်အန္တရာယ်များလှသည်။ ကံကောင်းစွာဖြင့်ပင် သူသည် အပ်ထိပ်ဖျားပိုင်းနှင့် မထိမိသွားပေ။

ရွှီး…

ရှီဟောင်သည် ဓားကိုဆွဲကာ တစ်ရှိန်ထိုး ပြေးထွက်သွားလိုက်သည်။ ထိုပျက်စီးနေသည့်လက်သည် လျင်မြန်စွာဖြင့်ပင် ထိုနတ်အပ်ကို ပစ်လွှတ်လိုက်သည်။ ဖူးဟူသည့်အသံနှင့်တူ ထိုအပ်သည် ငွေရောင်သက်ရှိကို ဖောက်ထွက်သွားလေ၏။

ထိုသူကို တတ်နိုင်သမျှ သူ့ကိုယ်သူ ခုခံကာကွယ်နေသော်လည်း ရှီဟောင်သည် သူ၏ပြိုင်ဘက်မဟုတ်ပေ။

ဤမြင်ကွင်းမှာ အမှောင်ထဲတွင်ရှိနေသည့်သူအားလုံးကို ထိတ်လန့်သွားစေသည်။ ဤလူမှာ စွမ်းအားကြီးလွန်းလှသည်။ ခန္ဓာကိုယ်မှ ပြုတ်ထွက်လာသည့် လက်တစ်ဖက်ပင်လျှင် ကျွမ်းကျင်သူနှစ်ယောက်ကို သတ်နိုင်လေပြီ။

ယခုမှသာ ဖုန်းဟူသည့်အသံနှင့်အတူ ထိုလက်သည် ရှီဟောင်၏ခန္ဓာကိုယ်နှင့် ပြန်ဆက်သွားခြင်းပင်။

ချောင်ယုရှန်း၊ ချင်းရိနှင့် ယုန်ဖြူလေးတို့လည်း ဤနေရာသို့ အပြေးအလွှားရောက်လာကြသည်။

“ဒီလူတွေ.. ငါတို့သူတို့ကို ဘယ်လိုလုပ်ရမလဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး မေးလိုက်သည်။

ချောင်ယုရှန်း – “ဘာလုပ်ရမှာလဲ.. သူတို့အားလုံးကို သတ်ရမှာပေါ့ .. အခုလေးတင် သူတို့အားလုံးက သတ်ချင်တဲ့အငွေ့အသက်တွေ ထုတ်လွှတ်နေပြီးတော့ အခုမှ ပြန်ဆုတ်သွားကြတာ .. ဘာလဲ .. ငါတို့က ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ပေးရမှာလား…”

ဖက်တီးလေး၏မျက်နှာထက်တွင် အမြဲတမ်းပင် အပြုံးတစ်ခု ရှိနေတတ်သော်လည်း ယခုအချိန်တွင် သူသည် အားလုံးကို သတ်ပစ်ရန် အကြံပေးနေသည်။

“သူတို့အားလုံးကို သတ်ပစ်လိုက်ကြတာပေါ့ .. ရှီဟောင်က အခုမှ အဲဒီအဆင့်ကိုတက်ပြီးတာ .. သူ့ရဲ့အခြေအနေတွေက တည်ငြိမ်ပြီလား မတည်ငြိမ်သေးဘူးလား မသိရသေးဘူး .. သတင်းတွေပေါက်ကြားသွားရင် မကောင်းဘူး .. အဲဒီတော့ ရန်သူတွေထပ်မလာအောင် တားဆီးလိုက်တာက အကောင်းဆုံးပဲ” ချင်းရိ ပြောလိုက်သည်။

ယခုအချိန်တွင် သူမသည် အလွန်ပင် ဆုံးဖြတ်ချက်ပြတ်သားနေလေ၏။

“ဝိုး .. ငါကအရှင်တွေပဲ လိုက်ဖမ်းမှာ.. သတ်..” ယုန်ဖြူလေး အော်ဟစ်ကာ ထိုသူများနောက် ပြေးလိုက်သွားလိုက်သည်။

ရှီဟောင်ကမူ သူ၏ဒဏ်ရာများကို ကုသရင်းဖြင့်ပင် အရှေ့ဘက်သို့ ဆက်တိုးသွားလိုက်သည်။ သူ၏ဓားအလင်းတန်းမှာ နေမင်းနှင့်လမင်းကိုပင် ကျော်လွန်သွားနိုင်အောင် တောက်ပနေလေသည်။

ဤသည်မှာ စပါးပင်များကို ရိတ်သိမ်းနေသကဲ့သို့ပင်။ ထာဝရဓားကို မြှောက်လိုက်သည်နှင့် ကျွမ်းကျင်သူ အယောက် ၂၀ ခန့်အသတ်ခံလိုက်ရလေသည်။

အချို့သူများသည်လည်း ချောင်ယုရှန်း၊ ချင်းရိနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးတို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။

ဖက်တီးလေး၏ သတ်ဖြတ်ခြင်းအစီအရင် ပွင့်လာသည်နှင့် ဖရိုဖရဲမြူများ ထွက်ပေါ်လာပြီး ထိုနေရာတွင်ရှိနေသည့်သူများအားလုံး အရှင်းခံလိုက်ရသည်။

မကောင်းသည့်ရည်ရွယ်ချက်ဖြင့်ရောက်လာပြီး ရှီဟောင်အား သတ်ဖြတ်လိုသည့်သူအားလုံးမှာ တစ်ယောက်မကျန် အသတ်ခံလိုက်ရလေသည်။

“ကောင်းကင်နိုင်ငံ” ရှီဟောင် အေးစက်စွာပင် နှာခေါင်းရှုံ့လိုက်သည်။

ကောင်းကင်နိုင်ငံမှ လူလေးယောက် ရောက်လာကြခြင်းပင်။ သူတို့သည် ရှီဟောင်နောက်သို့ လိုက်နေသည်မှာ သေချာသည်။

ရှီဟောင်သည် အလောင်းများအားလုံးကို မီးရှို့ရှင်းလင်းလိုက်သော်လည်း သွေးနံ့မှာ အတော်ဝေးဝေးထိသို့ ပျံ့သွားဆဲပင်။

သိပ်မကြာခင်က ရှီဟောင်သည် တာအိုမီးတောက်သုံးထောင်ကို တောက်လောင်စေလိုက်သောကြောင့် ကမ္ဘာငယ်လေးများမှ သက်ရှိအနည်းငယ်ကို ထိတ်လန့်သွားစေသည်။

လုပ်ကြံသူများမှာ အာရုံအစူးရှဆုံးဖြစ်သောကြောင့် အရင်ဆုံးရောက်လာကြခြင်းပင်။ နောက်ဆုံးတွင်တော့ အရင်ဆုံးအရှင်းခံလိုက်ရသူမှာ သူတို့ဖြစ်သွားလေ၏။

ထိုအချိန်တွင် အခြားသက်ရှိများလည်း ရောက်ရှိလာကာ လာရောက်စူးစမ်းကြလေသည်။ သူတို့သည် အဝေးကြီးနေပင်လျှင် သွေးအော်ရာကို ရနေသောကြောင့် ထိတ်လန့်သွားကြသည်။

“သွားကြစို့ .. ငါတို့ဘယ်သူ့ကိုမှ ရန်မစတာပိုကောင်းတယ်” အချို့လူများမှာ ချက်ချင်းပင် ပြန်ထွက်သွားကြလေသည်။

အချို့လူများမှာမူ ဆက်လျှောက်လာကြလေ၏။ ပြန့်ကျဲနေသည့် သွေးအဖြစ်ပြောင်းလဲခြင်းအပ်ကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံး တုန်လှုပ်သွားကာ လျင်မြန်စွာပင် ပြန်လည်ဆုတ်ခွာသွားကြသည်။

ရှီဟောင်သည် အပြာရောင်ကျောက်လမ်းသုံးထောင်ပေါ်တွင် ထိုင်ချလိုက်ကာ သူ၏ဒဏ်ရာများကို ကုသရန်အတွက် ဂျင်ဆင်းတစ်ဝက်သီးကို စားလိုက်သည်။ တစ်ချိန်တည်းမှာပင် ထာဝရစွမ်းအင်၏ အသုံးပြုပုံကို သူလေ့လာနေလိုက်သည်။

ထာဝရတာအိုစွမ်းအင်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ချိတ်ဆက်ပေးနိုင်သည့် အရာတစ်ခုပင်။ ဤစွမ်းအင်သည် အဆုံးမရှိသည့် မှော်စွမ်းအားကို ပေးစွမ်းနိုင်သကဲ့သို့ မူလဝိဉာဉ်ကိုလည်း အထောက်အကူပြုပေးနိုင်သည်။ ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိုက်သည်နှင့် ထိုလူမှာ ပို၍ပင်စွမ်းအားကြီးလာလိမ့်မည်ပင်။

ရှီဟောင်သည် နတ်သစ်သီးများစွာကို စားလိုက်သောကြောင့် သူ၏ခန္ဓာကိုယ်တွင် တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းများ ပြန်ပိတ်သွားပြီဖြစ်ပြီး သူ၏ကျိုးသွားသည့်လက်သည်လည်း ပြန်ကောင်းသွားလေပြီ။

သူမျက်လုံးဖွင့်လိုက်သည်။

“ဘယ်လိုနေလဲ” ယုန်ဖြူလေး မေးလိုက်သည်။ သူမသည် ရှီဟောင်အား မေးကြည့်နေသော်လည်း သူမသည် ရှီဟောင်၏ဒူးနားတွင်ရှိနေသည့် ဓားကိုသာ ကြည့်နေခြင်းပင်။

“ဒဏ်ရာတွေက သက်သာသွားပါပြီ” ရှီဟောင် ပြောလိုက်သည်။ သို့သော်လည်း သူ၏စိတ်ထဲတွင် မျက်မှောင်ကြုတ်လိုက်၏။

သူ၏ဒဏ်ရာများကို ကုသနေရင်းဖြင့် သူသိလိုက်ရသည်မှာ ထူးဆန်းသည့်အရာမှ ချန်ထားခဲ့သည့် သဘာဝဥပဒေသများမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်နေဆဲပင်ဖြစ်ပြီး ပျောက်ကွယ်မသွားသေးပေ။

ဤသည်မှာ သူ့အား တုန်လှုပ်သွားစေသည်။

ထို့နောက်တွင် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် မီးတောက်ကို သူတွေးမိသွားသည်။ ထိုမီးတောက်သည် ထူးဆန်းသည့်စွမ်းအင်ကို ရှင်းပစ်နိုင်သော်လည်း မရှင်းပဲထားနေသည်။

တစ်ခဏခန့်စဉ်းစားပြီးသည့်နောက်တွင် ဤသည်မှာ ဆိုးရွားသည့်ကိစ္စမဟုတ်ဘူးဟု သူဆုံးဖြတ်လိုက်သည်။ ဤစွမ်းအင်အနည်းငယ်ကို ချန်ထားပါက သူသည် ဤစွမ်းအင်ကို မည်ကဲ့သို့ဖြေရှင်းရမည်ကို နားလည်လာလိမ့်မည်ပင်။

ထိုထူးဆန်းသည့်မီးတောက်မှ သူ့အတွက် တမင်သက်သက်ချန်ထားခဲ့ခြင်းများလား..

“ဒီဓားက တော်တော်မိုက်တာပဲ .. သူ့မှာ ဘယ်လိုနောက်ခံမျိုး ရှိနေတာလဲ” ချောင်ယုရှန်း မေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤရိုးရှင်းကာ မှုန်မှိုင်းနေသည့်ဓားမှာ အသက်သွင်းလိုက်သည်နှင့် နေနှင့်လထက်ပင် ပို၍တောက်ပသွားသည်ကို သူကိုယ်တိုင်တွေ့မြင်ခဲ့ရခြင်းပင်။ ဤဓားသည် လေဟာနယ်ကိုလည်း အလွယ်တကူ ဖြတ်တောက်ပစ်နိုင်သည်။

လေဟာနယ်ရဲဒင်းမှ လေဟာနယ်ကို ဖြတ်တောက်ပစ်နိုင်ခြင်းမှာ သူ့ထံတွင်ရှိနေသည့် သင်္ကေတများကြောင့်ပင်။

သို့သော်လည်း ဤဓားသည် သူ၏ထက်ရှမှုကိုသာ အသုံးပြုသွားခြင်းပင်။

“တကယ်တော့ ဒီဓားက သေချာအချောမသပ်ရသေးဘူး” ချင်းရိ ပြောလိုက်သည်။

“ငါလည်း သူ့ရဲ့မူလဇစ်မြစ်ကိုမသိဘူး … ဒါက ရှေးဟောင်းလူထူးဆန်းတစ်ယောက်ယောက် ချန်ထားခဲ့တာ ဖြစ်နိုင်တယ်” ဤကဲ့သို့သော အရာမျိုးကို ရလာခြင်းမှာ သူမျှော်လင့်ထားသည့်အရာတော့ မဟုတ်ပေ။

သူထူးဆန်းသည့် အဖြစ်အပျက်များစွာကို တွေ့ကြုံခဲ့ရသည်။ ထိုသက်ရှိများအသုံးပြုသည့် လက်နက်များအားလုံးမှာ ထူးခြားသည့် လက်နက်များပင်။ သို့သော်လည်း သူတို့သေဆုံးသွားသည်နှင့် သူတို့၏အဖိုးတန်ပစ္စည်းများလည်း ပျက်စီးသွားသည်သာ။

ဤဓားသာလျှင် ကွဲပြားနေခြင်းပင်။

“ဒီပစ္စည်းပဲ..” သူတို့အားလုံး ဤပစ္စည်း၏မူလဇစ်မြစ်ကို မသိကြသည့်အချိန်တွင် လေဟာနယ်ကောင်းကင်နတ်နွယ်ပင်ခုန်ထွက်လာကာ ထိုသို့ပြောလိုက်သည်။ သူသည် ထိုဓားကိုသာ စိုက်ကြည့်နေလေ၏။

“မင်းမှတ်မိလား” ရှီဟောင် မေးလိုက်၏။

“ဒါက ထာဝရတည်ရှိနေတဲ့ထာဝရဓား” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ ပြောလိုက်သည်။

“ဘာ.. ဒါက အဲဒီဓားလား” ချင်းရိလည်း စိတ်လှုပ်ရှားသွားရသည်။

“ထာဝရတည်ရှိနေတဲ့ထာဝရဓားကို အစက သရဖူငါးခုဘုရင်ပိုင်တာ .. ဒါပေမဲ့ သူထာဝရရှေးဟောင်းမြေထဲမှာ ပျောက်သွားတော့ သူ့ဓားလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး” ယုန်ဖြူလေးမှ ပြောလိုက်သည်။

ဘာဖြစ်ခဲ့သည်ကို ရှီဟောင် ချက်ချင်း နားလည်သွားရသည်။ လေဟာနယ်ကောင်းကင်နတ်နွယ်ပင်သည် ယခင်က ရှေးဟောင်းလူထူးဆန်းနောက်ကို လိုက်ခဲ့သည်ဟု သူပြောဖူးသည်။

သို့သော် ထိုလူ နောက်ဆုံးအဆင့်သို့ တက်လှမ်းသည့်အချိန်တွင် ထူးဆန်းသည့်အဖြစ်အပျက် ဖြစ်ပေါ်လာခဲ့ပြီး မီးခိုးရောင်မြူ၏သယ်ဆောင်ခြင်းကို ခံရကာ ပျောက်ကွယ်သွားခြင်းပင်။

“သူလား..” ရှီဟောင် ခေါင်းငြိမ့်လိုက်သည်။ ရှေးဟောင်းအနက်ရောင်သင်္ဘောပေါ်တွင် သူ ထိုလူကို အတော်လေး အထင်ကြီးခဲ့ရသည်။ သူသေဆုံးသွားပြီဖြစ်သော်လည်း သူ့ထံတွင် ပြိုင်ဘက်ကင်းသည့် စွမ်းရည်များ ရှိနေဆဲပင်။

ထိုသူသာ အသက်ရှင်နေသေးပါက သူသည် သေချာပေါက် ပို၍ပင် ကြောက်စရာကောင်းမည်ပင်။

“ဒီဓားက အရမ်းရှေးကျတယ် … ပြီးတော့ ဒါက သေချာမပြုပြင်ရသေးဘူး” လေဟာနယ်ကောင်းကင်နတ်နွယ်ပင်မှ ပြောလိုက်သည်။

မည်သည့်ဓားဖြစ်ကြောင်း သိလိုက်ရသည်နှင့် ချင်းရိ၊ ချောင်ယုရှန်းနှင့် ယုန်ဖြူလေးတို့ သေချာနားလည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း ကောလဟာလအချို့ကို ကြားထားသည်သာ။

ဤပစ္စည်းမှာ ပြိုင်ဘက်ကင်းပင်ဖြစ်ပြီး ထာဝရတည်ရှိနေမည့်ထာဝရရွှေဖြင့် ပြုလုပ်ထားခြင်းပင်။ ဤဓားမှာ ထွင်းထုထားခြင်းမဟုတ်ပဲ မိုင်းတွင်းမှ တူးဖော်ရကတည်းက ဤပုံစံဖြစ်နေခြင်းပင်။ ဤသည်မှာ ကောင်းကင်မှ ဖန်တီးပေးထားသည့် ပုံစံပင်။

“အဆန်းကြယ်ဆုံးက ဒီဓားရဲ့ဗဟိုချက်က သူ့အလိုလိုဖြစ်လာတာ .. ဒီဓားမှာ ဒဏ္ဍာရီတွေ အများကြီးရှိတယ်” ချောင်ယုရှန်း ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ဓားကို စိုက်ကြည့်လိုက်ကာ “ဓားမျက်နှာပြင်မှာ တကယ် ကြွတက်နေတဲ့မြင်ကွင်းတွေ ရှိနေတယ် .. အဲဒီပုံစံတွေ..”

အပိုင်း ၁၀၇၇ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၈ – မြူများနှင့် ဖရိုဖရဲကိစ္စရပ်များ

“လေးလိုက်တာ”

ယုန်ဖြူလေးသည် ဓားကိုကောက်ကိုင်လိုက်သော်လည်း ရလဒ်အနေဖြင့် သူမလက်ကောက်ဝတ်လည်သွားကာ ဓားလည်း အောက်သို့ပြုတ်ကျသွားလေ၏။

ထိုဓားမှာ သိပ်မရှည်သော်လည်း ဂျင်ပေါင်းတစ်သိန်းလေးလံသည်။

ဓားမှာ မှုန်မှိုင်းသည့်မီးခိုးရောင်ဖြစ်ပြီး သေချာမကြည့်လျှင် သစ်သားဓားနှင့်ပင် တူနေသည်။ ထိုဓားပေါ်တွင်ရှိနေသည့် ဒီဇိုင်းပုံစံများမှာလည်း လူသားပုံစံသက်ရှိများပင်။ ထိုလူသားပုံစံသက်ရှိများအနားတွင် မြူခိုးပုံစံလိုင်းများ ရှိနေသည်။

“အဆင့်တက်တဲ့မြင်ကွင်းလား…”

ကြည့်လိုက်မည်ဆိုလျှင် ဤသည်မှာ သာမန်အတိုင်းသာဖြစ်ပြီး ထိုပုံစံများမှာ ဘာမှအံ့ဩစရာမရှိတော့ပေ။ သို့သော် ယုန်ဖြူလေးမှ ထိုဓားကို အသာလေးလွှဲရမ်းလိုက်သည့်အချိန်တွင် ထိုဓားမှာ တောက်ပလာကာ အလွန်ပင် ထူးခြားလာသည်။ ဤဓားကို စိုက်ကြည့်လိုက်လျှင် နာကျင်မှုကိုပင် ခံစားရလိမ့်မည်ပင်။

ဓားပေါ်တွင်ရှိနေသည့် လူသားပုံရိပ်မှာ အသက်ဝင်လာသလိုပင်။ မြူနှင့်တူသည့်ပုံစံများမှာ ထာဝရစွမ်းအင်ကဲ့သို့ ဖြူစင်သန့်ရှင်းနေလေ၏။

အခြားသူများမှာ အံ့အားတကြီးပင် သက်ပြင်းချလိုက်ကြသည်။ ထာဝရတည်ရှိနေသည့်ထာဝရဓားဖြစ်ထိုက်ပါပေသည်။ ဤသည်ကို သေချာပြုပြင်လိုက်ပါက အဆင့်လွန်ရတနာဖြစ်လာမည်သာ။

“တူးလာကတည်း ဒီလိုပုံစံမျိုးရလာတယ်လို့ အားလုံးပြောနေကြပေမယ့် တစ်ခြားလျှို့ဝှက်ချက်တွေလည်းရှိနေသေးတယ်လို့ ပြောကြတယ်” ချောင်ယုရှန်း ပြောလိုက်သည်။

လောကကြီးမှ ဤကဲ့သို့သော ပစ္စည်းမျိုးဖန်တီးနိုင်လိမ့်မည်ဟု လူအများစုမှ မယုံကြည်ကြပေ။

သူတို့အားလုံးသည် ထိုဓားကို ကိုင်ကြည့်လိုက်ကြပြီး လက်မလွတ်နိုင်အောင် ဖြစ်နေကြလေသည်။

“နင်တကယ်ပဲ ဘာတွေ ကြုံတွေ့လာရတာလဲ” ချင်းရိ မေးလိုက်သည်။

“ဟုတ်တယ် .. ထူးဆန်းမှုရဲ့ အရင်းအမြစ်ကို တွေ့လိုက်ရတာတောင်မှ နင်အသက်ရှင်လျက် ပြန်လာနိုင်သေးတယ်” ယုန်ဖြူလေးမှ ရေရွတ်လိုက်သည်။

“ကလေးတွေက ဒီလိုကိစ္စကို စိတ်ဝင်စားစရာမလိုဘူး” ရှီဟောင် သူမခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

ရှီဟောင်သည် သူတို့အား အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးအကြောင်းနှင့် ထူးဆန်းမှုများကို ပြောပြလိုက်သည်။ သူပြောသည်နှင့် ကြားလိုက်ရသည်နှင့် သူတို့အားလုံး ဆွံ့အသွားရသည်။ ဦးခေါင်းများ၊ ထာဝရသွေးများဖြင့် ပြည့်နေသည့် ကျောက်အိုးကြီး .. ချောက်ကမ်းပါးအောက်က အဆီးအတား…

သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်း မဟုတ်လျှင်ပင် ရှီဟောင်ပြောပြသည်ကို နားထောင်ပြီး သူတို့အားလုံး ကျောချမ်းသွားရသည်။ အချိန်တိုတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့ခြင်းပင်။

နတ်ဘုရားပစ်ချက်ကျောက်တုံးလေးပင်လျှင် ကြက်သီးထသွားသည်ဟု ခံစားလိုက်ရလေသည်။ ရှေးဟောင်းသင်္ဘောကြီးမှာ ထူးဆန်းကာ ကြောက်စရာကောင်းလှသည်။ ထိုသင်္ဘောထံမှ အသက်ရှင်လျက် ပြန်လာနိုင်ခြင်းမှာ လွယ်ကူသည့်ကိစ္စတစ်ခုမဟုတ်ပေ။

သူတို့သည် ဤအကြောင်းအရာကို အချိန်အတော်ကြာသည်အထိ ဆွေးနွေးကြသော်လည်း သူတို့ လေ့လာဆန်းစစ်နိုင်မည့်နည်းလမ်းမရှိပေ။ သူတို့ဘာနှင့် ရင်ဆိုင်နေရသည်ကိုပင် သူတို့မသိပေ။

“အဲဒီထူးဆန်းတဲ့အရာက စွမ်းအားအကြီးဆုံးပုံရိပ်တွေကို ဘာတွေသိပ်မလုပ်နိုင်ဘူးထင်တယ် .. ပြီးတော့ သူက ပိတ်သိမ်းခံထားရပြီပဲကို” ချင်းရိ ပြောလိုက်သည်။

နယ်ခြားစပ်မှ ဘုရင်ကြီးပြန်လာသည်မှာ လတ်တလောခေတ်တွင်သာ ဖြစ်လိမ့်မည်ဟု သူမခန့်မှန်းလိုက်ခြင်းပင်။ ထိုဘုရင်ကြီးထွက်လာပြီးနောက် ထိုထူးဆန်းသည့်အရာနောက်ကို တစ်ခဏခန့်သာလိုက်ပြီးနောက် သူ့အား ဖမ်းဆီးလိုက်ခြင်းပင်။

သို့သော်လည်း ဤသည်မှာ သူမခန့်မှန်းချက်သာဖြစ်ပြီး သက်သေပြစရာမရှိပေ။

“နယ်ခြားစပ်က ဘယ်နေရာမှာ ရှိတာလဲ .. အဲဒါက ဘယ်လိုနေရာမျိုးလဲ …” ယုန်ဖြူလေးမှ ရေရွတ်လိုက်သည်။ သူမသည် ထိုရှေးဟောင်းနေရာကို အတော်လေးပင် စိတ်ဝင်စားနေလေ၏။

“အဲဒါက စွန့်ပစ်နယ်မြေရဲ့ အတွင်းပိုင်းမှာ ရှိလောက်တယ် .. သမိုင်းဝင်ကာလမဟာမိတ်ဆိုတာလည်း အဲဒီမှာ ရှိနေလောက်တယ်” ချောင်ယုရှန်း ပြောလိုက်သည်။

နယ်ခြားစပ်မှာ အဘယ်ကြောင့် ဤလောကကြီးနှင့် သီးသန့်ကွဲထွက်နေသည်ကိုသာ သူနားမလည်ခြင်းပင်။

ဤသည်မှာ အဆင့်မြင့်နယ်မြေနှင့် လုံးဝမသက်ဆိုင်ပဲ သီးသန့်ကမ္ဘာတစ်ခုအဖြစ် တည်ရှိနေခြင်းများလား..

ရှီဟောင် သက်ပြင်းချလိုက်သည်။ နယ်ခြားစပ်မှာ အလွန်ပင် ခါးသီးသည့်နေရာဖြစ်သော်လည်း ယခုအချိန်တွင် ပို၍ပင် အန္တရာယ်များနေလေပြီ။ ယဇ်ပုလ္လင်ထက်မှတစ်ဆင့် ဘုရင်တစ်ယောက် ကျဆုံးသွားသည်ကို သူတွေ့ခဲ့ရသည်။ ဘုရင်တစ်ယောက်သည်လည်း အဆင့်မြင့်နယ်မြေသို့ ပြန်လာကာ ချောက်ကမ်းပါးအတွင်းရှိ အဆီးအတားအတွက် အသက်ပေးခဲ့လေပြီ။

“ကျန်တဲ့ငါးယောက်က အသက်ရှင်သေးရဲ့လား” ရှီဟောင် တီးတိုးပြောလိုက်သည်။

အချိန်ကြာလာသည်နှင့် ကျန်ရှိနေသည့်ဘုရင်များလည်း သေဆုံးသွားကြမည်သာ။ ထိုသို့ဆိုလျှင် အကျိုးဆက်များမှာ မတွေးချင်လောက်အောင်ပင် ဆိုးရွားသွားလိမ့်မည်။

နယ်ခြားစပ်သာ ထိုးဖောက်ခံလိုက်ရသည်နှင့် စီရင်စုသုံးထောင်လုံးတွင် မီးတောက်များ ဝါးမြိုသွားပြီး တိုက်ပွဲကြီးများလည်း အဆုံးမသတ်နိုင်အောင် ဖြစ်လာမည်ပင်။

ဒုက္ခများမည့်အချိန်များရောက်လာတော့မည်ဟု သူခံစားနေရသည်။

“ဒီခေတ်ကြီးက သေချာပေါက်ကို အရမ်းဖရိုဖရဲဖြစ်သွားဦးမှာပဲ” ချင်းရိ သက်ပြင်းချကာ ပြောလိုက်သည်။ အခြေအနေများမှာ အလွန်ပြင်းထန်နေသည်ကို သူမသိသည်။

“မီးတိမ်လှိုဏ်ဂူ၊ တစ္ဆေတာအိုဂိတ်…” ရှီဟောင် အံကြိတ်လိုက်သည်။ သူအတော်လေး ဒေါသထွက်နေရသည်။ အမှန်တရားကို ဖုံးကွယ်ရန်အတွက်နှင့် သူတို့သည် နယ်ခြားစပ်မှသူရဲကောင်း၏ မျိုးဆက်များကို ဤသို့ဆက်ဆံခဲ့ကြသည်။

ဤသည်မှာ အဆင့်မြင့်နယ်မြေတစ်ခုလုံး၏ အင်အားကို ထိခိုက်စေသည့် အတွင်းပိုင်းပဋိပက္ခများပင်။ သူတို့ထံတွင် မည်ကဲ့သို့သော ပန်းတိုင်များရှိနေသနည်း.. လောကကြီးကို မီးတောက်များဝါးမြိုသွားပါက သူတို့ပင်လျှင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တော့မည်ကို သူတို့မကြောက်ခြင်းလား..

သူတို့လုပ်နေသည့် ကိစ္စအားလုံးမှာ အဆင့်မြင့်နယ်မြေအတွက် မကောင်းသည့်အရာများပင်။

“အခြေအနေတွေက အရမ်းရှုပ်ထွေးနေပြီ .. ဒီကိစ္စမှာ မသေမျိုးတွေ၊ ဧကရာဇ်တွေနဲ့ ထာဝရလူသားတွေတောင် ပါနေတယ်လို့ လူအိုကြီးရေရွတ်နေတာကို ငါကြားဖူးတယ် .. သူတို့တွေက အဖွဲ့တွေကွဲနေကြတာ” ချောင်ယုရှန်း ပြောလိုက်သည်။

သူပြောသည့် လူအိုကြီးဆိုသည်မှာ သူ၏ထူးဆန်းသည့်ဆရာပင် ဖြစ်သည်။

“မင်းဒီအကြောင်းကို အသေးစိတ်ပြောပြလို့ရမလား” ရှီဟောင်မေးလိုက်သည်။ သူပို၍အသေးစိတ်အချက်အလက်များကို သိချင်သေးသည်။

ဖက်တီးလေး ခေါင်းခါလိုက်သည်။ သူ၏ဆရာ အရက်မူးပြီး ရေရွတ်သည့်စာသားအနည်းငယ်ကိုသာ သူကြားခဲ့ရခြင်းပင်။ သူဘယ်လောက်မေးမေး ထိုလူအိုကြီးမှ မပြောပြသောကြောင့် ထိုစကားများမှာ ဘာကိုဆိုလိုမှန်း သူတကယ်မသိပေ။

“နောက်ဆုံးကောက်ချက်ချရရင်တော့ ကိစ္စတွေက အရမ်းကို ရှုပ်ထွေးနေပြီ .. နယ်ခြားစပ်ထိုးဖောက်ခံရတဲ့အချိန်ကျရင် အကျိုးဆက်တွေက ငါတို့လောကကြီးပဲ စိုးရိမ်ရမယ့်အရာမဟုတ်တော့ဘူး .. အကျိုးဆက်က မယုံကြည်နိုင်လောက်အောင်ကို ပျံ့သွားမှာပဲ”

အကြောင်းပြချက်အမျိုးမျိုးကြောင့် လူမျိုးစုတူချင်းပင်လျှင် သတ်ဖြတ်မှုများဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့ယုံကြည်အားကိုးမည့် ‘သက်ရှိ’များမတူညီနိုင်သောကြောင့် သူတို့အဖွဲ့ကွဲသွားကြမည်သာ။

“ငါခေါင်းကိုက်လာသလိုပဲ .. ဘာလို့အဲဒီလောက်တောင် ရှုပ်ထွေးနေတာလဲ” ယုန်ဖြူလေးမှ ပြောလိုက်သည်။

“နောင်ကျရင် စွမ်းအားကြီးတဲ့သူတွေကပဲ ကိုယ့်နေရာကိုကိုယ် ကာကွယ်နိုင်လိမ့်မယ် .. အရာအားလုံးကို မီးတောက်တွေက ဝါးမြိုပြီးတော့ တိုက်ပွဲကြီးတွေက ကောင်းကင်ကိုတောင် လှုပ်ခတ်စေလိမ့်မယ် .. ဒီလောကကြီးက ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး” ချောင်ယုရှန်း ပြောလိုက်သည်။

ထိုအချိန်ရောက်လာလျှင် မည်ကဲ့သို့သော ဥပဒေသများရှိလာမည်ကို မသိနိုင်ပေ။

“ဒါက ထာဝရရှေးဟောင်းခေတ်က ဖြစ်လာတဲ့ စစ်ပွဲနေမှာ .. ဒီခေတ်မှာ ပိုဆိုးတော့မှာ .. ဒီကောင်းကင်နဲ့ ကမ္ဘာလောကကြီးတောင် အဆုံးသတ်သွားမလား မသိဘူး” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။

“အဲဒီလောက်ကြီးမားတဲ့ စစ်ပွဲကြီးတကယ်ဖြစ်လာမယ်ဆိုရင် စီရင်စုသုံးထောင်လည်း သတိမထားမိမှာမဟုတ်ဘူး .. ငါတို့ ဝင်တိုက်ခွင့်ရပါ့မလား ဆိုတာပဲ သိချင်တာ” ချောင်ယုရှန်း ပြောလိုက်သည်။

“ငါသွားမှာ” ရှီဟောင် ပြောလိုက်၏။

ချောင်ယုရှန်းသည် သူ့အား တစ်ချက်ကြည့်လိုက်ကာ “အာကာသကလန်ရဲ့ တာအိုကာကွယ်သူ .. အဲဒီလူက မင်းရဲ့အတိတ်ကို ကြည့်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ ကြိုးစားနေတာတဲ့ … ဒါပေမဲ့နောက်ဆုံးတော့ သူပဲသွေးအန်သွားတာ .. မင်းက ဒီသမိုင်းကြောင်းမှာ မပါဘူးလား”

“မင်းက အာကာသကလန်ရဲ့ကိစ္စတွေကို ဘယ်လိုသိနေတာလဲ” ရှီဟောင် ထိတ်လန့်သွားရသည်။

“ငါ့ရဲ့ဆရာ ပြောပြတာ” ဖက်တီးလေး ပြောလိုက်သည်။

“အဲဒီလူအိုကြီးက အခုထိ ငါ့ကို အကောက်ကြံချင်နေတုန်းပဲ .. ငါဒီရှေးဟောင်းမြေက ထွက်သွားတာနဲ့ ကောင်းကင်ဘုံမြို့ကို သွားပြီးတော့ သူတို့အားလုံး တစ္ဆေသရဲလိုအော်ဟစ်နေရတဲ့အထိကို သတ်ပစ်ဦးမယ်” ရှီဟောင်ပြောလိုက်သည်။ အာကာသကလန်မှ သူတို့၏ကျေးဇူးရှင်ကို ကျေးဇူးဆပ်လိုက်ပုံကို သူအခုထိ ရွံရှာနေတုန်းပင်။

“ဒီသမိုင်းကြောင်းမှာ မပါဘူး .. မင်းက အဆင့်မြင့်နယ်မြေကနေ ထွက်သွားပြီးတော့ အဲဒီစစ်ပွဲတွေမှာ တကယ်ဝင်ပါမှာလို့တော့ မပြောနဲ့နော်” ယုန်ဖြူလေး ပြောလိုက်သည်။

“အဲဒီစာသားကို အဲဒီလိုမျိုး အဓိပ္ပာယ်ပြန်လို့မရသေးဘူး .. ငါ့ဆရာတောင်မှ ဘာကိုဆိုလိုချင်တာလဲဆိုတာကို မသိသေးဘူး” ချောင်ယုရှန်း ပြောလိုက်သည်။

“ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ အကြားအမြင်တွေလဲ .. အနာဂတ်ဆိုတာက မသေချာမှုတွေနဲ့ ပြည့်နေတာ .. ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ .. အားလုံးပြောင်းလဲသွားနိုင်တယ်” ရှီဟောင် ခေါင်းခါကာ ပြောလိုက်သည်။

“နင့်ဆရာက ဘာပြောသေးလဲ” ချင်းရိ ပြောလိုက်သည်။

“အနာဂတ်က အရမ်း ကြောက်စရာကောင်းတယ် .. အတိတ်နဲ့အနာဂတ်နဲ့ မသက်ဆိုင်တဲ့သူတစ်ယောက် ဒီစီရင်စုသုံးထောင်ကို ရောက်လာလိမ့်မယ် .. ပြီးရင် အဲဒီလူက အစားကောင်းကောင်းစားနိုင်တဲ့သူကို အကူအညီတောင်းလိမ့်မယ်တဲ့” ဖက်တီးလေးမှ ပြောလိုက်သည်။

“ငါက အစားကောင်းကောင်းစားနိုင်တဲ့သူပဲ .. အဲဒီလူက ငါ့ကို အကူအညီတောင်းမှာများလား .. ဒါပေမဲ့ ငါက ဒီသမိုင်းကြောင်းနဲ့ မသက်ဆိုင်တဲ့သူလို့ မင်းပြောခဲ့တယ်မလား .. ဒါက ရှေ့နောက်မညီတော့ဘူးလေ” ရှီဟောင် အရေထူစွာ ပြောလိုက်သည်။ သူ့ကိုယ်သူ ထိုပြိုင်ဘက်ကင်းသည့်သူဟု သတ်မှတ်လိုက်ခြင်းပင်။

“ဒါလည်း နင့်ဆရာ ပြောလိုက်တာလို့ မပြောနဲ့နော်..” ယုန်ဖြူလေးမှ စိတ်ပျက်စွာ ပြောလိုက်သည်။

“မင်းဆရာက နတ်ဆရာလား .. ဒါမှမဟုတ် ရူးနေတာလား .. တစ်နေ့လုံးဒီလိုမျိုး ကိစ္စတွေပဲ တွေးနေတာလား .. ပြီးတော့ သူပြောတာတွေအကုန်လုံးက အဓိပ္ပာယ်မရှိတာတွေပဲ မဟုတ်ဘူးလား” နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ပြောလိုက်သည်။

“မင်းဘယ်လိုလုပ်သိတာလဲ .. ငါ့ဆရာက ဒီနှစ်တွေက ပိုပိုပြီးတော့ ရူးလာတာ .. ငါတောင်သူနဲ့ မနေရဲတော့တဲ့အထိပဲ .. တစ်ခေါက်ကဆို သူကငါ့ကို ရောင်းစားတော့မလို့ပဲ … သူပြောတာ ဒါက ငါ့ရဲ့ကံကြမ္မာပဲတဲ့” ဖက်တီးလေးမှာ အလွန်ပင် စိတ်ပျက်နေလေသည်။

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံး ဆွံ့အသွားရသည်။ ဤသည်မှာ ဘယ်လိုဆရာများဖြစ်သနည်း.. ဤလူအိုကြီး၏ စကားများကို သူတို့သံသယဝင်လာသည်။ ကြည့်ရသည်မှာ သူ၏စိတ်မှာ ပုံမှန်မဟုတ်သည့်ပုံပင်။

“စိတ်ပျက်စရာအကောင်းဆုံးက .. သူက ပြောသေးတယ် .. သူငါ့ကို မရောင်းစားရင်တောင်မှ တစ်နေ့ကျရင် အစားကောင်းကောင်းစားနိုင်တဲ့လူတစ်ယောက်ပေါ်လာပြီးတော့ ငါ့ကို အနှေးနဲ့အမြန် ရောင်းစားလိမ့်မယ်တဲ့ .. ငါအဲဒီလူဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး .. သူ့ဘာသာသူ ရူးနေပါစေတော့” ဖက်တီးလေးမှာ အလွန်ပင် ဒေါသထွက်နေလေ၏။

ဤလူများအားလုံး ဆွံ့အသွားကြကာ ဖက်တီးလေး၏ ထူးဆန်းသည့်ဆရာအတွက် တစ်ခဏမျှငြိမ်သက်ပေးလိုက်ကြသည်။ သူသာ သတိမထားမိလျှင် သူရောင်းစားခံနေရလောက်လေပြီ။

“အဲဒီတော့ နင့်ရဲ့အဆုံးသတ်က အရမ်းကို ဆိုးရွားမှာလို့ ပြောချင်တာမလား .. အဲဒါဆိုရင် နင့်ကို ကူညီတဲ့အနေနဲ့ ငါနင့်ကိုအခု ရောင်းစားလိုက်ရင်ရော” ယုန်ဖြူလေးမှ ပြောလိုက်သည်။

“မင်းအဲဒီမှာ စမှားသွားတာပဲ .. ငါ့ဆရာပြောတာ ငါက အရမ်းကံကောင်းတယ်တဲ့ .. ငါနှိုးလာတဲ့အချိန်ကျရင် မြေအောက်ကနေ ပြန်ထွက်လာပြီးတော့ တစ်နေ့ကျရင်တော့ ပြန်လည်ပေါင်းစည်းသွားမှာပဲ .. ငါက မသေနိုင်ဘူး” ဖက်တီးလေး ဂုဏ်ယူစွာပင် ပြောလိုက်လေသည်။

ဤကဲ့သို့သော လုံးဝအဓိပ္ပာယ်မရှိသည့်အရာအတွက် အခြားသူများမှာ သူနှင့် ပြိုင်မပြောကြတော့ပေ။

“ဒီတစ်ခေါက် ငါ သီးသန့်ကျင့်ကြံတာ အချိန်ဘယ်လောက် ကုန်သွားလဲ” ရှီဟောင်မေးလိုက်သည်။ သူကျင့်ကြံလိုက်သည်နှင့် သူသည် အရာအားလုံးကို မေ့လျော့သွားသည်သာ။

“နှစ်ဝက်” ချင်းရိ ပြောလိုက်သည်။

“အဲဒီလောက်ပဲ ရှိတာလား.. ငါက အနည်းဆုံး ၂ နှစ်လောက် ကြာမယ်လို့ ထင်နေတာ” ရှီဟောင် ထိတ်လန့်သွားရသည်။

ပထမတစ်ကြိမ် သီးသန့်ကျင့်ကြံသည့်အချိန်တွင် တစ်နှစ်ခွဲ ကြာမြင့်ခဲ့ပြီး ယခုနောက်တစ်နှစ် ကုန်သွားလေပြီ။ သူရှေးဟောင်းမြေထဲသို့ ဝင်လာသည်မှာ နှစ်နှစ်ပင် ရှိတော့မည်။

ယခု သူသည် ၁၉ နှစ်ကျော်ပြီး အသက် ၂၀ ပင် ပြည့်တော့မည်။

“ငါတို့လည်း အဆင့်တက်နိုင်မယ့် နည်းလမ်းကို စဉ်းစားရတော့မယ်” ယုန်ဖြူလေး သူမကိုယ်သူမ အားပေးလိုက်သည်။ သို့သော်လည်း ဤအဆင့်မှာ အလွန်ပင် ခက်ခဲသည်ကို သူမသိသည်။ ဤသည်မှာ ကောင်းကင်ပါရမီရှိသူတိုင်း လုပ်နိုင်သည့်အရာမဟုတ်ပေ။

သို့သော်လည်း ဤနှစ်ဝက်အတွင်းတွင် သူတို့အသိဉာဏ်များ တိုးလာခဲ့သည်။ ရှီဟောင် ထာဝရနန်းတော်သခင်လေးထံမှ ယူခဲ့သည့်အရိုးစာအုပ်အားလုံးကို သူတို့ဖတ်ခဲ့ကြသည်။ ထိုစာအုပ်များမှာ သူတို့အရှေ့မှလူများ၏ အသိအမြင်များကို ရေးထားသည့် စာအုပ်များပင်။

“မင်းအခု ဘာလုပ်မှာလဲ” ချင်းရိ ရှီဟောင်အား မေးလိုက်သည်။

“ငါ ဒုတိယမြောက် ထာဝရစွမ်းအင်ကြောင်းကို ကျင့်ကြံချင်တယ်” ရှီဟောင် ပြောလိုက်သည်။

ဤလူများအားလုံး အေးခဲသွားကြသည်။ ဤကောင်သည် ယခုလေးတင်မှ ထိုအဆင့်သို့ရောက်ရှိသွားခြင်းဖြစ်ပြီး ယခုတော့ ကောင်းကင်ကို ထပ်ပြီးတော့ ဆန့်ကျင်ချင်နေပြီလား.. သူတို့ဘာပြောရမလဲဆိုတာပင် မသိတော့ပေ။

“မင်းရဲ့လမ်းကြောင်းကို မင်းသေချာနားလည်ရဲ့လား” ချောင်ယုရှန်း မေးလိုက်သည်။ ရှီဟောင်သည် ယခုလေးတင်မှ လမ်းကြောင်းတစ်ခုကို အောင်မြင်ခြင်းဖြစ်ပြီး ယခုတော့သူက အခြားလမ်းကြောင်းတစ်ခုကို လျှောက်ချင်နေလေပြီလား.. ဤသည်မှာ ပြောင်းလဲမှုကြီး ဖြစ်သွားလိမ့်မည်။ ဤသည်မှာ သူ၏တာအိုအုတ်မြစ်ကို မတည်မငြိမ်ဖြစ်စေပြီး ကြောက်စရာကောင်းလောက်သည့် ပြဿနာများ ဖြစ်လာစေနိုင်လိမ့်မည်ပင်။

“ငါ့ရဲ့လမ်းကြောင်းကို ငါသေချာသိပါတယ် .. ပြီးတော့ ငါအစောကြီးကတည်းက ပြင်ဆင်မှု လုပ်ထားပြီးသား” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။

“ဒီကိစ္စကို အလောတကြီးမလုပ်ပဲနဲ့ နင့်ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အရင်လုပ်လိုက်တာက ပိုကောင်းလိမ့်မယ်ထင်တယ် .. အပြင်ဘက်ကို တစ်ချက်လောက် လှည့်ပတ်ကြည့်လိုက်ရင်လည်း မဆိုးဘူးလို့ငါထင်တယ်” သူရူးသွားမည်ဆိုးသောကြောင့် ချင်းရိ ပြောလိုက်သည်။

“အဲဒါလည်း ကောင်းပါတယ်” ရှီဟောင် ခေါင်းညိမ့်လိုက်သည်။ ထာဝရရှေးဟောင်းမြေထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူ့အားရှင်းပစ်ချင်နေသည့်သူများ ရှိနေသည်သာ။ ထို့ကြောင့် သူ၏ရန်သူများကို သူသွားရှင်းပစ်ရမည်။

“ငါမင်းတို့ကို နေရာကောင်းတစ်ခု ခေါ်သွားပေးမယ် .. ထာဝရရှေးဟောင်းမြေပွင့်လာတဲ့အချိန်တိုင်း စွမ်းအားအကြီးဆုံး ထူးခြားပါရမီရှိတဲ့သူနဲ့ ရှေးဟောင်းလူထူးဆန်းတွေအကုန်လုံး အဲဒီနေရာကို သွားပြီးတော့ အခွင့်အရေးတွေ သွားရှာကြတယ်” ချောင်ယုရှန်း ပြောလိုက်သည်။

“အဲဒီလို နေရာမျိုး ရှိသေးတာလား” အားလုံး ထိတ်လန့်သွားကြသည်။

“ငါ့ဆရာပြောတာတော့ နျင်ချွမ်းက အသက်ရှိနေတဲ့ လက်မောင်းရိုးနဲ့ သရဖူ ၁၀ခုဘုရင်က ထာဝရတာအိုချုံပုတ်ကို ရခဲ့တာတဲ့”

“ဘာ..” ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဤလူများအားလုံး ထိတ်လန့်သွားကြသည်။

အပိုင်း ၁၀၇၈ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၇၉ – မရပ်တန့်နိုင်တော့ပေ

ထိုနေရာမှာ မည်ကဲ့သို့သော နေရာမျိုးဖြစ်သနည်း.. ရှီဟောင် အလွန်ပင် ထိတ်လန့်သွားရသည်။ သရဖူ ၁၀ ခုဘုရင်သည် ချုံပုတ်တစ်ခုကို အသုံးပြုကာ ထိုအဆင့်သို့တက်ခဲ့ကြောင်း နဂါးမိန်းမပျို ပြောသည်ကို သူကြားခဲ့ရသည်။

နျင်ချွမ်း၏ တာအိုမျိုးစေ့ပင်လျှင် ထိုနေရာမှ ရလာခဲ့ခြင်းပင်။

“သွားကြစို့ .. ငါတို့သေချာပေါက် သွားကြည့်ရမယ် .. ငါအရမ်းသိချင်နေပြီ” ဘယ်သူမှ ဘာမှမပြောခင်မှာပင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။

“ငါဗိုက်ဆာနေပြီ .. တစ်ခုခုအရင်စားရအောင်” ရှီဟောင် ဗိုက်ပွတ်ကာ ပြောလိုက်သည်။

အခြားသူများမှာ ချက်ချင်းပင် မျက်လုံးလန်သွားကြလေ၏။ သူ့ကျင့်ကြံဆင့်သို့ ရောက်သည်နှင့် ရောင်စုံအလင်းများနှင့် စွမ်းအင်များ စားသုံးလျှင်ပင် လုံလောက်လေပြီ. ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်များကို ရှူရှိုက်လိုက်ရုံဖြင့် သူ၏လိုအပ်ချက်အားလုံးကို ဖြည့်တင်းပြီးသား ဖြစ်သွားလေပြီ။ ငါ့ဖင်ကိုပဲ ဗိုက်ဆာနေလိုက်…

ထို့နောက်တွင် သူတို့သည် ထူးဆန်းသည့် အမူအရာများ ဖြစ်သွားကြသည်။

“စိတ်မမှန်တဲ့အဘိုးကြီး ပြောတဲ့စကားကို မင်းတို့အားလုံး ယုံနေကြတာလား .. သူက သူ့တပည့်ကိုတောင်မှ ရောင်းဖို့ကြိုးစားခဲ့တဲ့ဟာကို .. သူကသေချာပေါက် ရူးသွားပြီနေမှာ .. သူ့ကိုဘာမှ အာရုံစိုက်မနေနဲ့” ရှီဟောင် ပြောလိုက်သည်။

ထို့နောက်တွင် သူ၏နှုတ်ခမ်းများ တွန့်ကွေးသွားရကာ “ပြီးတော့ ငါသာ အဲဒီလူဆိုရင် ငါက ကောင်းကင်ဘုံကိုးခုနဲ့ ကမ္ဘာမြေ ၁၀ ခုကို လျှောက်သွားနေပြီး ရန်သူအားလုံးကို သတ်ပစ်လိုက်မှာ .. ဘာမှဒုက္ခခံနေမှာ မဟုတ်ဘူး”

“မင်းက ဒီသမိုင်းနဲ့ မသက်ဆိုင်တဲ့သူဆိုရင်ရော .. ဒါမှမဟုတ် မင်းမှာ အခြားအကြောင်းပြချက်တွေ ရှိနေရင်ရော..” ဖက်တီးလေး ရေရွတ်လိုက်သည်။

“ဖက်တီး မင်းလည်း မင်းဆရာလွှမ်းမိုးတာခံရပြီး ရူးသွားပြီလား .. ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ” ရှီဟောင်ပြောလိုက်သည်။

“ရှာနေတဲ့လူက မင်းပါလို့ ငါအတိအကျပြောနေတာမဟုတ်ပါဘူး…” ချောင်ယုရှင်းတီးတိုးပြောလိုက်သည်။

“ငါဗိုက်အရမ်းဆာနေပြီ..” ရှီဟောင် ဗိုက်ပွတ်လိုက်သည်နှင့် ဂွီဂွီအသံများ ဆက်တိုက်ထွက်ပေါ်လာလေသည်။ သူ ချက်ချင်းပင် လှည့်ထွက်သွားလိုက်လေ၏။ သူသည် ‘ထိုအဆင့်ကို ဖြတ်ကျော်ပြီးသည့်သူ’ ပုံစံမျိုးပင် မရှိပေ။

ချောင်ယုရှန်း ခေါင်းကို အသားကုန်ခါလိုက်သည်။ ကြည့်ရသည်မှာ သူသည်လည်း သူ၏အရူးဆရာလွှမ်းမိုးမှုကို ခံနေရပြီထင်သည်။ မဟုတ်ပါက သူဘယ်လိုလုပ် အဲဒီလူကို လူတစ်ယောက်နဲ့ သွားပြီး နှိုင်းယှဉ်မည်နည်း…

အပြင်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများအတွက်မူ ယခုတလော အလွန်ပင် ငြိမ်းချမ်းသည်ဟု ခံစားနေကြရသည်။ ဤနှစ်ဝက်အတွင်းတွင် မည်သည့်ကိစ္စကြီးမှ မဖြစ်ခဲ့ပေ။

ရှီဟောင်အား အာရုံစိုက်နေကြသည့်သူအချို့သည် ရှီဟောင်၏လက်ရှိအခြေအနေအား သိလိုကြသော်လည်း စိတ်ပျက်သွားကြရသည်။ အဘယ်ကြောင့်ဆိုသော် လမ်းသုံးထောင်လုံးမှာ မှုန်မှိုင်းနေပြီး သူဘာလုပ်နေသလဲဆိုသည်ကို မမြင်နိုင်အောင် တားဆီးထားလေသည်။

သိပ်မကြာသေးမှီက တစ်စုံတစ်ယောက် သူ့နာမည်အား ရေးထွင်းလိုက်သည့်အချိန်တွင် စွမ်းအားကြီးသည့် စွမ်းအင်လှိုင်းများကိုသာ မြင်လိုက်ရသည်။ ထို့နောက်တွင် ဘာမှထပ်မမြင်ရတော့ပေ။

“သူအဲဒီအဆင့်ကို အောင်မြင်သွားပြီလို့ ငါ့ကိုလာမပြောနဲ့နော်” ကောင်းကင်နတ်ဘုရားမှ တီးတိုးပြောလိုက်သည်။

အမှန်တကယ်တွင် ရှီဟောင် သီးသန့်ကျင့်ကြံနေသည်ဖြစ်စေ ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်စေ ဤသည်မှာ ဘာမှမထူးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ ထိုအဆင့်သို့ ရောက်သွားသည်နှင့် သူ့အနားတွင် အရိပ်များလွှမ်းခြုံသွားပြီး သူလုပ်သမျှအရာအားလုံးမှာ လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်သွားလိမ့်မည်။

ရှီဟောင် ထာဝရစွမ်းအင်ကို သူ၏အသွေးအသားနှင့် ပေါင်းစည်းလိုက်ပြီး သူ၏အော်ရာကို ထိန်းချုပ်လိုက်မှသာ သူတို့ပြန်မြင်ရမည်ပင်။

နှစ်ဝက်ကြာသွားသော်လည်း ထာဝရနန်းတော်မှလူများမှာ သူ့အားမြင်သည်နှင့် အံကြိတ်နေကြဆဲပင်။ သူတို့သည် ယခုထိတိုင် ဒေါသမပြေနိုင်သေးပေ။ ဖြစ်နိုင်လျှင် သူတို့သည် ထာဝရရှေးဟောင်းမြေထဲသို့ ဝင်သွားပြီး သူ့အား သွားသတ်ချင်နေကြသည်။

တစ်ခဏကြာပြီးသည့်နောက်တွင် အခြားမျိုးဆက်များလည်း မတည်ငြိမ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကောင်သည် အပြာရောင်ကျောက်လမ်းသုံးထောင်ထဲမှ ထွက်လာပြီး ဆူဆူညံညံလုပ်နေသောကြောင့်ပင်။

“ဟား ဟား.. တစ္ဆေတာအိုဂိတ်ကလူတွေ .. မီးတိမ်လှိုဏ်ဂူက သက်ရှိတွေ .. ငါလာပြီ .. မင်းတို့အားလုံး ဘယ်ရောက်နေကြတာလဲ .. ငါ ဗိုက်အရမ်းဆာနေပြီ..”

သူသည် ဤလောကကြီးထဲတွင် ထွက်ပေါ်လာသည့် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင် သူ၏အစာအိမ်ကို ဖြည့်တင်းရန်အတွက် အမဲလိုက်တော့မည်။

နားလည်ထားရမည်မှာ သူပြောလိုက်သည့်နာမည်အားလုံးမှာ အဆင့်မြင့်နယ်မြေတွင် ထင်ရှားသည့်ဂိုဏ်းများပင်ဖြစ်သည်။ သူတို့၏တပည့်များမှာလည်း အဆင့်မြင့်နယ်မြေမှ လက်ရွေးစင်များပင်။ သို့သော်လည်း ယခုအချိန်တွင် သူတို့သည် အစားအစာကဲ့သို့ ဆက်ဆံခံနေရသည်။

သို့သော်လည်း သူ နောင်ပြောင်ခြင်းမဟုတ်သည်ကို အားလုံးသိကြသည်သာ။

အထူးသဖြင့် တစ္ဆေတာအိုဂိတ်မှ လူများမှာ ပို၍ပင် ဒေါသထွက်နေကြလေ၏။ သူတို့၏ ထူးခြားပါရမီရှင်ဖြစ်သည့် ရေနဂါးသည် ထာဝရရှေးဟောင်းမြေတွင် ရှီဟောင် ပထမဆုံးစားလိုက်သည့်သက်ရှိပင်။

ရှီဟောင်သည် ကမ္ဘာငယ်လေးများထဲသို့ ဝင်ရောက်ကာ ထိုမျိုးဆက်များရှိမည့်နေရာကို မေးမြန်းနေလေ၏။

“မင်း သူတို့ဆီကနေ တစ်ခုခုလိုလို့လား” တစ်စုံတစ်ယောက်မှ မေးလိုက်သည်။

“ဒါပေါ့ .. ငါ ဗိုက်ဆာလို့သေတော့မယ်” ရှီဟောင် ပြောလိုက်၏။

ဤလူများမှာ ရှုပ်ထွေးသွားကြပြီး သူ ဘာကြောင့် ထိုကဲ့သို့ပြောရသည်ကို နားမလည်ပေ။ သို့သော်လည်း တစ်စုံတစ်ယောက်သည် နေရာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်ကာ နတ်ဆိုးနေကြာဥယျာဉ်မှလူများ ထိုနေရာသို့ တရှိန်ထိုး ပြေးသွားကြောင်း ပြောလိုက်လေသည်။

ရှီဟောင်ထွက်သွားမှသာ ထိုနားမှလူများသည် တီးတိုးဆွေးနွေးနေကြလေ၏။

“သူ့ကို နည်းနည်းရင်းနှီးနေသလိုပဲ .. သူက ဟွမ်များလား..”

“ဘုရားရေ .. တကယ်သူဖြစ်လောက်တယ် .. သူက ကောလဟာလတွေ အတိုင်းပဲ .. သူ့ရဲ့ပုံကြမ်းကို ငါအရင်က မြင်ဖူးတယ်”

လူအချို့မှာ အော်ဟစ်မိသွားကြသည်။

တစ်ချိန်တည်းမှာပင် လူအချို့မှာ ချွေးစေးများပြန်သွားရဿည်။ နတ်ဆိုးဘုရင်သည် သူဗိုက်ဆာနေပြီဟု ပြောသွားပြီး ထိုဂိုဏ်းကြီးမှလူများရှိသည့်နေရာကို မေးနေသည်။ ဘာဖြစ်တော့မည်ဆိုသည်ကို ခန့်မှန်းစရာပင်မလိုတော့ပေ။

ခဏကြာပြီးနောက် အပျက်အစီးအပုံများကြားတွင်..

ကောင်းကင်ထက်တွင် အဖိုးတန်သည့်အလင်းများ တရှိန်ထိုးတက်သွားပြီး ဆူပူသံများလည်း ဆက်တိုက်ပင် ထွက်ပေါ်လာသည်။

“နတ်ဆိုးနေကြာဥယျာဉ် .. အဆင့်နိမ့်နယ်မြေမှာတုန်းက မင်းတို့ငါ့ကို သတ်ချင်နေခဲ့ကြတာမလား .. ပြီးတော့ အဲဒီနေကြာအိုကြီးက အာကာသကလန်ကိုတောင်သွားပြီးတော့ ငါ့ကိုရပ်တန့်ခိုင်းခဲ့သေးတယ် .. ဒီနေ့ ငါမင်းတို့ဆီက အတိုးနည်းနည်း ပြန်လာတောင်းတာ” ရှီဟောင် ပြောလိုက်သည်။

သူသည် ဘယ်သူ့ကိုမှ မသတ်ပေ။ သို့သော်လည်း အနက်ရောင်နတ်ဆိုးနေကြာစေ့များပါဝင်သည့် အိတ်ကြီးကို ကောက်ယူလိုက်သည်။ ထိုနေကြာစေ့များမှာ ကြည်လင်တောက်ပနေသည်။ သူသည် လမ်းလျှောက်ရင်းဖြင့်ပင် နေကြာစေ့များကို ဝါးစားနေလေ၏။

“အားရားရား.. ငါ ဒါတွေကို ကြိုက်တယ် .. ဒါက သက်သက်လွတ်သမားအတွက် အစားအစာပဲ” ယုန်ဖြူလေးသည် ခုန်ပေါက်ကာ ရှီဟောင်ထံမှ နေကြာစေ့အနည်းငယ် တောင်းလိုက်လေသည်။ ထို့နောက်တွင် သူမသည် နေကြာစေ့များကို ပျော်ရွှင်စွာဖြင့်ပင် စားသုံးနေလေ၏။

အပျက်အစီးများထဲတွင်ရှိနေသည့် နတ်ဆိုးနေကြာဥယျာဉ်မှ ကျွမ်းကျင်သူများမှာ သတိလစ်မတတ်ပင် ဒေါသထွက်နေကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ထုတ်လုပ်သည့် နတ်အစေ့များကို တစ်စုံတစ်ယောက်မှ သာမန်နေကြာစေ့ကဲ့သို့ပင် စားသုံးနေသည်။

အပြင်ဘက်တွင်ရှိနေသည့် ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများ ဆွံ့အသွားရသည်။ သူတို့ရယ်မောချင်ကြသော်လည်း ဤသည်မှာ မသင့်တော်လွန်းဘူးဟု ခံစားရသောကြောင့် မျိုသိပ်ထားလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့စိတ်လည်း လေးလံသွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထာဝရရှေးဟောင်းမြေတွင် သူတို့တပည့်များလည်း ရှိနေသောကြောင့်ပင်။

နတ်ဆိုးနေကြာဥယျာဉ် အရှင်၏မျက်နှာမှာ မသာမယာဖြစ်လာသည်။ နတ်ဆိုးဥယျာဉ်သည် အပင်အမျိုးအစား မြင့်မြတ်အလင်းတစ်မျိုးဖြစ်ပြီး လောကကြီးကို လွှမ်းမိုးနိုင်သည့်ဂိုဏ်းပင်။ သို့သော်လည်း ဤလူငယ်လေးမှ ဤသို့ လုပ်ရဲသည်..

“ဒီနေကြာစေ့တွေက ချိုပြီး မွှေးနေတာပဲ .. ဒါပေမဲ့ ငါဗိုက်မပြည့်သေးဘူး .. ငါအသားစားချင်တယ် .. ပန်အတောင်ပံ၊ ရေနဂါးအသားတွေ…” ရှီဟောင် ရေရွတ်လိုက်သည်။

သူ ဤလူများကို တမင်သက်သက်လိုက်ရှာနေသောကြောင့် သူတို့ရှိနေသည့် နေရာကို ဘယ်လိုလုပ် မသိပဲနေမည်နည်း…. ခဏကြာပြီးသည့်နောက်တွင် မီးတိမ်လှိုဏ်ဂူမှ လူအချို့ကို သူ တွေ့လိုက်ရသည်။

အပြင်ဘက်လောကတွင်ရှိနေသည့် မီးတိမ်လှိုဏ်ဂူမှာ ထာဝရသက်ရှိတစ်ယောက်မှ ချန်ထားခဲ့သည့်လှိုဏ်ဂူပင်။ ထိုနေရာသည် ကျင့်ကြံရန်အတွက် အလွန်သင့်တော်သည့် နေရာဖြစ်ပြီး ထိုနေရာတွင်နေထိုင်သည့်သက်ရှိများလည်း အလွန်စွမ်းအားကြီးကြလေသည်။

ရှီဟောင် လူအချို့ကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ တစ်ယောက်မှ လူ မဟုတ်ပေ။ အချို့များမှာ မီးတောက်ငှက်များ၊ မီးတောက်အမဲလိုက်ခွေးများနှင့် ရွှေရောင်မီးတောက် လင်းသားရဲလည်း ပါဝင်နေသည်။

[AN: လင်ဆိုတာက ယူနီကွန်းအမပါ .. ချီလင်းက လင်းပါ]

ထိုသက်ရှိများအားလုံးမှာ အတော်လေးသန်မာလှသည်။ ဟွမ်ကိုမြင်လိုက်ရသည့်အချိန်တွင် သူတို့သည် ရှီဟောင်အား မုန်းတီးသကဲ့သို့ ကြောက်လည်းကြောက်ရွံ့သွားကြသည်။ ထို့ကြောင့် သူတို့ချက်ချင်းပင် နောက်ပြန်လှည့်ထွက်သွားကြသည်။

“ဟား ဟား.. ကောင်းလိုက်တာ .. မဟုတ်ရင် ငါဗိုက်ဆာလို့သေတော့မယ်”

တိုက်ပွဲမှာ အချိန်မကြာလိုက်ပေ။ ခဏကြာပြီးသည့်နောက်တွင် လေထဲတွင် မီးခိုးများ လှိုက်တက်လာလေ၏။ ရှီဟောင်သည် အိုးတစ်ခုကို ထုတ်လိုက်ပြီးနောက် နတ်အမဲလိုက်ခွေးကို ချက်လိုက်ပြီး မီးတောက်လင်းသားရဲကို ကင်လိုက်သည်။

ခဏကြာပြီးသည့်နောက်တွင် အမွှေးနံ့များမှာ နှာခေါင်းဝသို့ လာရောက်ကျီစယ်လေသည်။ အသားများမှာ ရွှေရောင်ဝင်းလာသည်အထိ ချက်ပြီးသွားလေပြီ။

ရှီဟောင်သည် အခြားသူများကိုလည်း သူနှင့်အတူစားရန် ဖိတ်ခေါ်လိုက်သည်။

အပြင်ဘက်တွင်ရှိနေသည့် မီးတိမ်လှိုဏ်ဂူမှ လူများမှာ ဒေါသကြောင့် ပေါက်ကွဲထွက်မလိုဖြစ်နေလေပြီ။ ဤသည်မှာ သူတို့သည်းခံနိုင်သည်ထက် ပိုသွားလေပြီ။ ဤအပြစ်သားသွေးမျိုးဆက်သည် တကယ်ကိုပင် သူတို့ကို စိတ်ဒုက္ခပေးနေလေသည်။

ထို့နောက်တွင် ရှီဟောင်တို့အုပ်စုသည် အခြားရှေးဟောင်းနေရာတစ်ခုကို ဦးတည်သွားလိုက်သည်။

သူတို့သွားသည့်လမ်းတစ်လျှောက်တွင် ငြိမ်းချမ်းမည်မဟုတ်သည်မှာ သေချာသည်။ ရှီဟောင်သည် ရန်သူအုပ်စုကို သူကပင် စတင်တိုက်ခိုက်လေသည်။ ဤလူများမှာ သူ့ကို ဆန့်ကျင့်ခဲ့သည့် မျိုးဆက်များ၏ တပည့်များပင်။

အပြင်ဘက်တွင်ရှိနေသည့် ကျင့်ကြံသူများအားလုံး ဆွံ့အသွားကြသည်။ သူတို့စတင် သံသယဝင်လာကြသည်။ ဒီကောင်တကယ်ပဲ အဲဒီအဆင့်ကို ရောက်သွားပြီလား..

ခွပ်..

ရုတ်တရက်ပင် သူ၏ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှုံ့အိတ်ထဲမှ အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ သူ စိတ်လှုပ်ရှားသွားပြီး သူ၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ထို့နောက်တွင် သူသည် ရွှေရောင်ပိုးအိမ်လေးကို ထုတ်လိုက်သည်။

သူသည် ထိုပိုးအိမ်လေးကို သူ၏လက်ဖဝါးပေါ် တင်ထားလိုက်သည်။

လိပ်ပြာဧကရာဇ်သည် နောက်ဆုံးတွင်တော့ လှုပ်ရှားမှု ရှိလာလေပြီ။ သူအိပ်နေသည်မှာ အတော်ကြာနေလေပြီ။

ရွှေရောင်ပိုးအိမ်မှာ အက်ကွဲလာပြီး နောက်ဆုံးတွင် ဖုန်းဟူသည့်အသံနှင့်အတူ ပွင့်ထွက်သွားလေ၏။ ရွှေရောင်လိပ်ပြာလေးသည် တစ်လက်မခန့်ရှည်လျားပြီး အလွန်ပင် လှပလှသည်။ သူသည် လေထဲတွင် လှပစွာပင် ကခုန်နေလေ၏။

သူသည် ပိုးအိမ်ထဲမှ ထွက်လာပြီး လိပ်ပြာတစ်ကောင်ဖြစ်လာလေပြီ။

ယခုအချိန်တွင် နတ်ခွန်အားကြောင့် ကြည်လင်သည့်အတောင်ပံတစ်စုံရှိနေသည့် ရွှေရောင်ပိုးကောင်လေးမဟုတ်တော့ပဲ အတောင်ပံအစစ်ရှိသည့် လိပ်ပြာအစစ်ဖြစ်သွားလေပြီ။

“ဒါက အံ့ဩဖို့ကောင်းလိုက်တာ” ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။

ဧကရာဇ်လိပ်ပြာသည် သူ့အနားတွင် လျင်မြန်စွာပင် ပျံသန်းနေသည်။ သူသည် နတ်သမီးတစ်ပါးကဲ့သို့ပင် အလွန်ပျော်ရွှင်နေလေ၏။

ချောင်ယုရှင်းနှင့် ချင်းရိတို့လည်း လှုပ်ရှားသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနတ်ပိုးကောင်၏ မူလဇစ်မြစ်ကို သူတို့သိကြသည်။ နောင်ကျလျှင် ဤပိုးကောင်မှာ ပိုးကောင်ဧကရာဇ်တစ်ယောက် ဖြစ်လာလိမ့်မည်ပင်။

“ဗိုက်ဆာတယ်..” လိပ်ပြာဧကရာဇ်မှ နတ်စိတ်ဝိဉာဉ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူ ပထမဆုံးပြောလိုက်သည့်စကားလုံးမှာ ‘ဗိုက်ဆာတယ်’ ဟူသည်စကားလုံးပင်။ ဤပိုးကောင်မှာ ရှီဟောင်နှင့်အတော်လေး ကိုက်ညီလှသည်။

ရှီဟောင် ကျယ်လောင်စွာပင် ရယ်မောလိုက်သည်။ သူသည် နတ်တစ်ဝက်သီးကို ထုတ်လိုက်ပြီး လိပ်ပြာလေးအား ပေးလိုက်သည်။ သူ့ထံတွင် မြင့်မြတ်ဆေးပင်နှင့် နတ်တစ်ဝက်သီးများများစားစား မရှိတော့သော်လည်း လိပ်ပြာဧကရာဇ်ကို ကျွေးမွေးရန်တော့ လုံလောက်သေးသည်။

“ဒီလိပ်ပြာက တကယ်လှတာပဲ .. သူသာ ငါ့ရဲ့ငွေရောင်ဆံပင်ပေါ်မှာ နားလိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ .. ဒါက ဆံကုပ်လေးနဲ့တူနေမှာ” ယုန်ဖြူလေး၏ မျက်လုံးဝိုင်းများမှာ တောက်ပနေလေသည်။

ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှီဟောင်သည် လိပ်ပြာဧကရာဇ်ကို သူ၏ခေါင်းမှ ဖယ်ရှားလိုက်ပြီး ပုခုံးပေါ်တင်လိုက်လေ၏။

အခြားသူများအားလုံး ရယ်မောလိုက်ကြလေ၏။

“အဲဒီရှေးဟောင်းနေရာက ဘယ်မှာလဲ .. အဲဒီနေရာရောက်ဖို့ အရမ်းဝေးသေးတာလား” ရှီဟောင်မေးလိုက်သည်။

“ငါရတနာတစ်ခုကို ထုတ်လိုက်ဦးမယ် .. ဒီလိုနေရာမျိုးက ဖုံးကွယ်ခံထားရတာ .. တစ်ခြားသူတွေ လွယ်လွယ်နဲ့ရှာမတွေ့နိုင်ဘူး” ချောင်ယုရှန်းပြောလိုက်သည်။

အပြင်ဘက်လောကမှလူများ ထာဝရတာအိုပန်းပွင့်ဖတ်များမှာတစ်ဆင့် သူ့အားလေ့လာမည်ကိုစိုးသောကြောင့် ချောင်ယုရှန်းသည် အရိုးပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထာဝရတာအိုပွင့်ဖတ်မှာ ချက်ချင်းပင် မှုန်ဝါးသွားပြီး အပြင်ဘက်လောကမှ သူ့အား မမြင်နိုင်အောင် တားဆီးလိုက်လေသည်။

“ဒါက ထာဝရရှေးဟောင်းမြေ နောက်ဆုံးအကြိမ်ပွင့်တာ … အဲဒီတော့ တစ်ခြားသူတွေ ဒီရှေးဟောင်းမြေအကြောင်း သိသွားရင်တောင်မှ ကိစ္စမရှိတော့ဘူး” ရှီဟောင်ပြောလိုက်သည်။

“ဟုတ်သားပဲ .. ဒါပေမဲ့ ငါထုတ်တောင်ထုတ်ပြီးသွားပြီဆိုတော့ အဲဒီနေရာရောက်မှပဲ ပြန်သိမ်းလိုက်တော့မယ်” ချောင်ယုရှန်း ခေါင်းညိမ့်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ရှီဟောင်၊ ချင်းရိနှင့် ယုန်ဖြူလေးတို့အား ကြည့်လိုက်ကာ ထိုနေရာရောက်လျှင် သတိထားရန် သတိပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင်ရှိနေသည့်သူများအားလုံးမှာ ကျွမ်းကျင်သူများပင်။ ရှေးဟောင်းလူထူးဆန်းများလည်း သေချာပေါက် ရှိနေမည်သာ။

သင်္ချိင်းနယ်မြေ .. ပျက်စီးနေသောကောင်းကင်တောင်..

ဤကမ္ဘာငယ်လေးသည် အလွန်ထူးဆန်းလှပြီး သာမန်လူများ မဝင်နိုင်ကြပေ။ ဤနေရာကိုသိနေသည့်သူအချို့သာ ဝင်နိုင်ခြင်းပင်။ ဤနေရာသို့ ရောက်လာနိုင်သူများမှာ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများ သို့မဟုတ် ရှေးဟောင်းလူထူးဆန်းများပင်။

“ဟမ် .. ဒီမှာ လူတွေ အများကြီး ရှိနေတာလား” ချောင်ယုရှန်း ထိတ်လန့်သွားသည်။ ဤသည်မှာ သူထင်ထားသည်နှင့် ကွာခြားနေသည်။

“ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်က ထာဝရရှေးဟောင်းမြေ နောက်ဆုံးအကြိမ်ပွင့်တာလေ .. လူတွေက ဒါကိုလျှို့ဝှက်မထားချင်ကြတော့ဘူး .. အဲဒီတော့ သတင်းတွေပေါက်ကြားသွားပြီး ဒီကို လူတွေအများကြီး ရောက်နေကြတာ” ချင်းရိ ပြောလိုက်သည်။

“ဒီမှာ မျိုးနွယ်စုတွေလည်း ရှိနေတယ်” ရှီဟောင် ထိတ်လန့်သွားကြသည်။

“အာ… ဟုတ်တယ် .. မင်းသေချာ ဂရုစိုက် .. လူမျိုးစုက သက်ရှိတွေနဲ့ ရန်သူဖြစ်အောင် မလုပ်နဲ့” ချောင်ယုရှန်း သတိပေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤလူများသည် ထာဝရရှေးဟောင်းမြေတွင် နေထိုင်သည့်သူများဖြစ်ပြီး သူတို့သည် အလွန်ထူးဆန်းကာ စွမ်းအားကြီးလှသည်။ ပြောရမည်ဆိုလျှင် သူတို့နေထိုင်သည့်နေရာမှ ဘယ်တော့မှ ထွက်ခွာသွားကြမည်မဟုတ်ကြပေ။

“အမ်..”

ရှီဟောင် ထိတ်လန့်သွားရ၏။ သူဤနေရာသို့ ရောက်လာသည်နှင့် ထာဝရရှေးဟောင်းစွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

သူသည် ထိုအဆင့်ကို အောင်မြင်သွားပြီဖြစ်ပြီး ထာဝရစွမ်းအင်တစ်ကြောင်း ရရှိသွားပြီဖြစ်သောကြောင့် ထိုကဲ့သို့သော စွမ်းရည်မျိုးကို အတော်လေး တုံ့ပြန်နိုင်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် စွမ်းအင်မှာ အားအင်ပြည့်ဝလာသည်ကို သူခံစားလိုက်ရသည်။

“ဘာဖြစ်တာလဲ” ရှီဟောင် တုန်လှုပ်သွားရသည်။ ယခုလေးတင် ထူးခြားသည့်အော်ရာများစွာကို သူအာရုံခံမိလိုက်သည်။ ထိုထဲတွင် မိုးမခနတ်ဘုရား၏အော်ရာလည်း ပါဝင်နေသည်။

ဤသည်မှာ မည်ကဲ့သို့သော နေရာဖြစ်သနည်း။

အပိုင်း ၁၀၇၉ ပြီး၏။

သုခကမ္ဘာက ရှီဟောင်
အပိုင်း ၁၀၈၀ – သင်္ချိုင်းနယ်မြေ

“ထူးဆန်းတဲ့ ခံစားချက်မျိုး ခံစားနေရလို့လား” ချောင်ယုရှန်း မေးလိုက်သည်။

“ဟုတ်တယ် .. ဒီမှာ ထာဝရစွမ်းအင် ရှိနေတယ်” ရှီဟောင် ခေါင်းညိမ့်လိုက်၏။ သူပို၍ပင် သံသယဝင်လာသည်။ မိုးမခနတ်ဘုရားက ဒီမှာများလား .. မဟုတ်ရင် သူကဘာလို့ ထူးထူးဆန်းဆန်းတုံ့ပြန်သွားရတာလဲ..

“အဲဒီလိုမျိုးပဲ … ဒီကိုလာတဲ့သူတိုင်း အဲဒီလိုမျိုး ခံစားရတယ်” ဖက်တီးလေး ပြောလိုက်သည်။

နတ်အာရုံစူးရှသည့် သူများမှာ သင်္ချိုင်းနယ်မြေသို့ ပထမဆုံးရောက်သည့်အချိန်တွင် ဤကဲ့သို့ ခံစားရသည်သာ။ ဤသည်မှာ ထာဝရသက်ရှိများမှ ချန်ရစ်ထားခဲ့သည့် အငွေ့အသက်များပင်။ ဤသည်မှာ ဤနေရာသည် ထူးခြားသည့်နေရာဖြစ်ကြောင်းကိုလည်း သက်သေပြပြီးသားပင်။

ဝူး..

ချင်းရိ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အစိမ်းရောင်အလင်းကွင်းများ ဖြစ်နေပေါ်သည်။ ဤသည်မှာ မြင့်မြတ်သည့်လရောင် ပေါ်ထွက်လာပြီး သူမကို လာရောက်ဝန်းရံနေသကဲ့သို့ပင်။

“ထူးဆန်းလိုက်တာ .. သူအရမ်းပျော်နေတာကို ငါခံစားလို့ရတယ်” ချင်းရိသည် အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။ သူမသည် နူးညံ့လှသည့်လက်ကလေးဖြင့် ထိုအစိမ်းရောင်အလင်းတန်းကို ထိကြည့်လိုက်ပြီးနောက် အရှေ့ဘက်သို့ ကြည့်လိုက်သည်။

“ရွှေရောင်မုန်လာဥ၊ ခရမ်းရောင်ကျောက်စိမ်းဂေါ်ဖီထုပ် .. ငါ အရမ်းအရမ်းကို ရှေးကျတဲ့ ဆေးပင်တွေ တွေ့လိုက်တယ် .. သူတို့အားလုံးက အရသာရှိတဲ့ပုံပဲ..” ယုန်ဖြူလေးသည် မျက်လုံးများပင် မှေးစင်းနေပြီး သူမကို ကြည့်ရသည်မှာ အိပ်မက်ယောင်နေသလိုပင်။

“လောကကျောက်တုံး၊ မူလကျောက်တုံး၊ ပညာတစ်သောင်းကျောက်တုံး.. ဘုရားရေ .. ငါအဲဒီကျောက်တုံးတွေ အကုန်လုံးကို တွေ့လိုက်သလိုပဲ” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးမှ အော်ဟစ်လိုက်သည်။ သူသည် ဘယ်ပြေးလိုက် ညာပြေးလိုက် လုပ်နေလေ၏။

သင်္ချိုင်းနယ်မြေသည် အလွန်ပင် ကျယ်ဝန်းလှပြီး ကမ္ဘာငယ်လေးများထက် အဆပေါင်းများစွာ ပိုကျယ်သည်။

တောင်တန်းများကို မျက်စိတစ်ဆုံးမြင်နေရလေသည်။ အပင်များမှာ အစိမ်းရောင်ထဲတွင် သွေးရောင်သင်္ကေတများရှိနေသောကြောင့် အနည်းငယ် ကြောက်စရာကောင်းနေလေသည်။

ဤနယ်မြေနှင့်ပတ်သက်သည့် ကောလဟာလများစွာရှိလေသည်။

အားလုံးသိကြသည့် ကောလဟာလတစ်ခုမှာ ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်ဟု ပြောကြသည်။ ကောင်းကင်များပြိုကျပြီး ကမ္ဘာမြေကြီး အက်ကွဲသွားသည်အထိ တိုက်ခိုက်ကြသည်ဟု ဆိုသည်။

ရလဒ်အနေဖြင့် ဤကမ္ဘာငယ်လေး၏ အချို့နေရာများမှာ ကျတ်တီးမြေများဖြစ်နေပြီး ထိတ်လန့်စရာကောင်းလှသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များလည်း ရှိနေသည်။ ထိုနေရာတွင် ဘာအပင်မှ မပေါက်နိုင်ပေ။

ကျွမ်းကျင်သူတစ်ယောက်လာမည်ဆိုလျှင်ပင် သူတို့ထိုနေရာတွင် ကြာကြာမနေနိုင်ကြပေ။ ကြာကြာနေလျှင်လည်း သူတို့ခန္ဓာကိုယ်တစ်ဝိုက်တွင်ရှိနေသည့် အရိုးစာသားများ ပေါက်ကွဲသွားပြီး သူတို့လည်း ပျက်စီးသွားမည်သာ။ ပုံစံအတည်တကျမရှိသည့် ဤကဲ့သို့သော သတ်ဖြတ်လိုစိတ်များမှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။

သို့သော်လည်း အချို့နေရာများမှာမူ သာယာဝပြောလှသည်။ ဥပမာအားဖြင့် သူတို့အရှေ့တွင်ရှိနေသည့်နေရာပင်။ ဤနေရာတွင်ရှိနေသည့် အပင်များအားလုံးတွင် အစိမ်းရောင်ကြားနှစ်မြှုပ်နေသည့် အနီရောင်အလင်းများ ရှိနေလေသည်။

အဘယ်ကြောင့်ဆိုသော် အချို့သက်ရှိများ၏ သွေးများနှင့် အသွေးအသားများ မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အချိန်တွင် ထိုအရာများမှ အသက်ဓာတ်စွမ်းအားပြည့်ဝနေပြီး သက်ရှိများအားလုံးကို အားဖြည့်ပေးနိုင်လေသည်။ ထိုစွမ်းအားများတွင် သတ်ဖြတ်လိုသည့်စွမ်းအင်များလည်း မပါဝင်ပေ။

ရလဒ်အနေဖြင့် ဤကမ္ဘာငယ်လေးမှာ သင်္ချိုင်းနယ်မြေဟု လူသိများလာခဲ့ခြင်းပင်။

သက်ရှိများကို ဤနေရာတွင် မြှုပ်ထားခြင်းဖြစ်ပြီး စစ်မြေပြင်လည်း ဤမြေကြီးအောက် ရောက်သွားလေပြီ။ ထို့ကြောင့် မြေအောက်တွင် လျှို့ဝှက်ချက်များစွာ ရှိနေလေ၏။

“မိုးမခနတ်ဘုရား” ရှီဟောင် လက်သီးများကို တင်းကြပ်စွာ စုတ်လိုက်သည်။

“သွားကြစို့ .. ငါတို့လည်း လှည့်ပတ်ကြည့်ရမယ် .. ဒီမှာ ပစ္စည်းကောင်းလေးတွေ တကယ်ရှိတယ်.. ဒါပေမဲ့ ရှာတွေ့ဖို့တော့ လွယ်မှာမဟုတ်ဘူး .. ဒါပေမဲ့လည်း တစ်ခုခုရလိုက်ရင်ကို အဲဒါက သေချာပေါက်ကို ပစ္စည်းသေးသေးလေးတော့ ဖြစ်မှာမဟုတ်ဘူး” ချောင်ယုရှန်း ပြောလိုက်သည်။

ဤနေရာသည် သင်္ချိုင်းနယ်မြေဖြစ်ပြီး ထူးခြားသည့်ပစ္စည်းများရှိနေသည့်နေရာပင်။

ဤနေရာသို့ စစရောက်သည့်အချိန်တုန်းက ခံစားခဲ့ရသည့် ခံစားချက်များ ပျောက်ကွယ်သွားလေပြီ။ ထိုခံစားချက်များမှာ ဤနေရာတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးကြောင့် ဖြစ်ပေါ်လာခြင်းပင်။

တောင်များကြားတွင် လူမျိုးစုအနည်းငယ် ရှိနေသည်။ ထူးဆန်းသည့် သက်ရှိအချို့ လှည့်လည်သွားလာနေကြကာ သူတို့ဘက်သို့ မကြာခဏ လှည့်ကြည့်နေကြလေသည်။ သူတို့၏မျက်လုံးများမှာ လျှပ်စီးကဲ့သို့အေးစက်နေပြီး မည်သည့်အမူအရာမှ မပြပေ။

ရှီဟောင်တို့အုပ်စုသည် ဤလူများကို ရန်မစရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ဤလူမျိုးစုများကို စောင့်ရှောက်နေသည့် ဂိုဏ်းခေါင်းဆောင်အဆင့် ကျွမ်းကျင်သူအချို့ရှိသည်ဟု ပြောကြလေသည်။

ဤကဲ့သို့သော သေးငယ်လှသည့် လူမျိုးစုလေးမှာ ထိုကဲ့သို့သော ကြောက်စရာကောင်းသည့်ပုဂ္ဂိုလ်များကို မမွေးထုတ်ပေးနိုင်သည်မှာ သေချာသည်။

“သူတို့ပုံစံက ထူးဆန်းလိုက်တာ .. လူလားတစ်ဝက်၊ မြင်းတစ်ဝက်တွေ .. သူတို့ခန္ဓာကိုယ်က အကြီးကြီးပဲ .. သူတို့ကို ကြည့်ရတာ တော်တော်မိုက်မယ့်ပုံပဲ” ယုန်ဖြူလေး ပြောလိုက်သည်။

“အမ်.. အဲဒါကတွေက မနွဿလူမျိုးစုတွေ .. သူတို့က အားကောင်းတယ် .. ပြီးတော့ အားလုံးက လေးအတတ်ကို ကျွမ်းကျင်ကြတယ် .. သူတို့ရဲ့ လေးအကြီးကြီးကနေ ပစ်လိုက်တာနဲ့ တောင်တစ်လုံးကိုတောင် ပေါက်ကွဲသွားအောင် လုပ်နိုင်တယ် .. စွမ်းအားအကြီးဆုံးသူတွေဆိုရင် နေကိုတောင် ပစ်ချနိုင်တယ်” ဖက်တီးလေး ပြောလိုက်သည်။

ဤသည်မှာ ထာဝရရှေးဟောင်းမြေတွင် ရှင်သန်နေခဲ့သည့် လူမျိုးစုပင်။

လွန်ခဲ့သည့်ခေတ်တွင် အရာအားလုံးပျက်စီးသွားကာ ဤကမ္ဘာငယ်လေးများထဲတွင် လူမျိုးစုအနည်းငယ်သာ ကျန်ရစ်တော့သည်။ သူတို့ခန္ဓာကိုယ်တွင် သူတို့၏သွေးမျိုးဆက်များ ပါဝင်နေသေးသော်လည်း အကြောင်းရင်းအမျိုးမျိုးကြောင့် သူတို့သည် သူတို့၏ဘိုးဘေးများနှင့် မတူတော့ပေ။

“ခြုံပြောရရင် ထာဝရရှေးဟောင်းခေတ်က လူမျိုးစုတွေအားလုံး အသတ်ခံလိုက်ရတယ်” ချောင်ယုရှန်း သက်ပြင်းချကာ ပြောလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျန်ရစ်ခဲ့သည့်သူများသည်လည်း ထူးဆန်းသည့်သန္ဓေပြောင်းခြင်းများကို ကြုံတွေ့လိုက်ရသောကြောင့်ပင်။

“ဒီခေတ်ကြီးလည်း တစ်နေ့ကျရင် ဒီလိုမျိုး ပျက်စီးပျောက်ကွယ်သွားမယ့်နေ့ ရောက်လာမှာလား .. အဲဒီနေ့ရောက်လာခဲ့ရင်တော့ ငါတို့အားလုံးလည်း ဒီလိုမျိုးဖြစ်နေမှာပဲ” ချင်းရိ ပြောလိုက်သည်။

ရှီဟောင်ထံမှ သူတို့သိရသည့် အနက်ရောင်ရှေးဟောင်းသင်္ဘောကြီးနှင့် နယ်ခြားစပ်မှတစ်ဆင့် စီရင်စုသုံးထောင်ထက်ပင် ပိုကျယ်ဝန်းသည့် နယ်မြေများရှိနေသည်ကို သူတို့သိလိုက်ရသည်။ ထိုနယ်မြေများတွင် ရက်စက်သည့် တိုက်ပွဲကြီးများ ဖြစ်ပေါ်နေသည်။

နောင်ကျလျှင် နယ်ခြားစပ် ကျိုးပေါက်သွားသည့်အချိန်တွင် အဆင့်မြင့်နယ်မြေမှာ သေချာပေါက်ပင် ဖရိုဖရဲဖြစ်သွားမည်သာ။

ထိုအချိန်ကျလျှင် ထာဝရသက်ရှိများပင် ပြန်ပေါ်လာပြီး တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲရမည်သာ။

“အဆင့်မြင့်နယ်မြေကြီး မရှိတော့တဲ့တစ်နေ့ ရောက်လာမှာလား.. အချိန်တွေအများကြီးကြာပြီးတော့ ကမ္ဘာအသစ် ပြန်ဖြစ်လာတဲ့အချိန်ကျရင် နောက်ကမ္ဘာက သက်ရှိတွေကလည်း ငါတို့ခေတ်ကအကြောင်းတွေကို ဒီလိုမျိုးပဲ ပြောနေကြမှာလား..”

ဤစကားများနှင့်အတူ သက်ပြင်းချသံလည်း ထွက်ပေါ်လာသည်။ ထိုအချိန်ရောက်လာလျှင် သွေးနံ့များ လှိုင်ထနေပြီး အရိုးများလည်း တောင်လိုပုံလာလိမ့်မည်ပင်။

“အဲဒါကြောင့်မို့လို့ ငါက လက်ရှိအချိန်ကို တန်ဖိုးထားနေတာ .. ငါလုပ်ချင်တာမှန်သမျှအားလုံးကို လုပ်မှာ” ယုန်ဖြူလေး ပြောလိုက်သည်။

“စိတ်လျော့ပါ .. ငါ့လိုမျိုး တစ်မိုးအောက်တစ်ယောက် ပြိုင်ဘက်ကင်းတဲ့သူ ရှိနေသရွေ့ ဒီလိုကိစ္စမျိုး ဖြစ်လာမှာမဟုတ်ဘူး .. ဘာမသေမျိုးလဲ .. ဘာအသက်ရှည်တဲ့အသက်ရှိလဲ .. ဘာထူးဆန်းတဲ့အဖြစ်အပျက်လဲ .. ပြဿနာရှာရဲတဲ့သူရှိတာနဲ့ ငါ…” ရှီဟောင်သည် သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ စိတ်ကြီးစွာဖြင့်ပင် “ချက်စားမယ် .. ကင်စားပစ်မယ် .. သူတို့က လူသားပုံစံမဟုတ်သရွေ့ အားလုံးကို ချက်စားပစ်မှာ”

သူ့စကားကို ပထမပိုင်းတွင် သူတို့အားလုံးသည် ရှီဟောင်မှာ သတ္တိရှိလှသည်ဟု ခံစားရပြီး ပျော်ရွှင်သွားကြသေးသည်။ သို့သော်လည်း သူဆက်ပြောလိုက်သည့်စကားများမှာ ထိုခံစားချက်များအား လုံးဝပျက်ပြယ်သွားစေသည်။

အနီရောင်တောအုပ်ကြီးထဲတွင် ရံဖန်ရံခါ ပေါ်လာသည့် အလင်းတန်းများရှိနေသည်။

ချောင်ယုရှန်း ပြောစကားအရဆိုလျှင် ဤသည်မှာ သင်္ချိုင်းမြေ၏ နာမည်အကြီးဆုံး ရှေးဟောင်းမြေတစ်ခုဖြစ်ပြီး ဤနေရာမှ အထင်ကြီးစရာကောင်းလောက်သည့် ပစ္စည်းများ ရရှိဖူးသည်။

“ကောလဟာလတွေ ပြောကြတာတော့ နျင်ချွမ်းက ချိတ်ပိတ်ထားတဲ့လက်အရိုးတစ်ဖက်ကို ဒီနေရာမှာ ရခဲ့တာတဲ့ .. အဲဒီလက်က အသက်ဝင်နေတုန်းပဲ ပြီးတော့ နတ်ဆေးရည်တစ်မျိုးနဲ့ သိမ်းထားတာ .. ထာဝရတာအိုသင်္ကေတတွေက အကောင်းတိုင်းပဲ ရှိနေသေးတာတဲ့” ချောင်ယုရှန်း ပြောလိုက်သည်။

အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားရသည်။ ထာဝရအရိုးမှာ အလွန်ပင်ရှားပါးကာ အဖိုးတန်သည့်ပစ္စည်းပင်။ ပြီးပြည့်စုံသည့် ထာဝရတာအိုသင်္ကေတများပါသည့်အရိုးဆိုလျှင် ဤသည်မှာ ကောင်းကင်ကိုပင် တွန်းလှန်နိုင်သည့် ပစ္စည်းပင်။

ဤလူများမှာ ရှီဟောင်အတွက်စိုးရိမ်သွားရသည်။ သရဖူခြောက်ခုဘုရင် နျင်ချွမ်းသည် အလွန်ကြောက်စရာကောင်းသည့်ပစ္စည်းကို ရထားခြင်းပင်။ သူသာ ထိုပစ္စည်းနှင့် ပေါင်းစည်းပြီးသွားပါက သူ၏ရိုက်ချက်တိုင်းမှာ ထာဝရသက်ရှိတစ်ယောက်၏ ရိုက်ချက်ဖြစ်နေမည်မလား..

“အဲဒီလောက်လည်း မဟုတ်ပါဘူး” ရှီဟောင်သည် အခြေအနေကို လျော့ချလိုက်သည်။

ရုတ်တရက်ပင် ကျောက်တုံးတောအုပ်အတွင်းမှ အော်သံတစ်သံ ထွက်ပေါ်လာလေ၏။ နေရာတစ်နေရာမှ ရောင်စုံအလင်းတန်း ထွက်ပေါ်လာကာ ထိုအလင်းများမှာ အလွန်ပင် တောက်ပလှသည်။ သူတို့အားလုံး ထိုနေရာသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

“သေချာပေါက် တစ်ယောက်ယောက်တော့ ပစ္စည်းကောင်းတစ်ခုခုကို ရသွားပြီ” ချောင်ယုရှန်း ပြောလိုက်သည်။

ကျောက်တောအုပ်မှာ မျက်စိတစ်ဆုံးကျယ်ဝန်းလှပြီး ပတ္တမြားကဲ့သို့ပင် တောက်ပနေလေသည်။ ဤနေရာတွင်လည်း လူများစွာ ရှိနေလေသည်။ သင်္ချိုင်းနယ်မြေ၏ သတင်းပေါက်ကြားသွားသည်နှင့် ဤနေရာမှာ လျှို့ဝှက်နေရာတစ်ခု မဟုတ်တော့ပေ။ ဤနေရာသို့ ရောက်လာသည့်လူများစွာ ရှိနေလေသည်။

“အဲဒါက ဘာကြီးလဲ..” ရှီဟောင်တို့အုပ်စုလည်း ထိုပစ္စည်းကို သွားကြည့်လိုက်ကြသည်။

“ဘုရားရေ .. အဲဒါက ၇ရောင်စပ် ထာဝရရွှေလို့တော့ မပြောနဲ့နော်” ထိုပစ္စည်းကို မြင်လိုက်ရသည့်အချိန်တွင် ဤနေရာတွင်ရှိနေသည့်သူများအားလုံး ထိတ်လန့်သွားရသည်။

ဤပစ္စည်းသည် လက်ဝါးအရွယ်အစားခန့်ရှိကာ အလင်း ၇ မျိုး ထွက်ပေါ်နေလေသည်။ ဤပစ္စည်းသည် အလွန်ပင် လှပလှကာ ကျောက်တုံးမှ ထုတ်ယူထားသည့် သတ္တုအပိုင်းအစတစ်မျိုးဖြစ်သည်။

ထိုအချိန်တွင် အားလုံး၏မျက်လုံးများ နီရဲလာလေ၏။ ကံကောင်းသွားသည့် ထိုကျွမ်းကျင်သူမှာမူ သူ၏အမူအရာ ပြောင်းလဲသွားလေ၏။ အခြားသူများ သူ့ကို လုပ်ကြံမည်ကို စိုးရိမ်လာသည်။

“မဟုတ်ဘူး .. ဒါက ၇ ရောင်စပ်ကြေးနီပဲ .. ပြိုင်ဘက်ကင်း ထာဝရရွှေမဟုတ်ဘူး” တစ်စုံတစ်ယောက်မှ ပြောလိုက်သည်။

“နှမြောစရာကောင်းလိုက်တာ” လူအုပ်ကြီးမှ သက်ပြင်းချလိုက်သည်။

၇ ရောင်စပ်ကြေးနီသည်လည်း နတ်ပစ္စည်းပင်ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်အဆင့်လက်နက်များ ပြုလုပ်နိုင်သည်။ သို့သော် ထာဝရရွှေနှင့်ယှဉ်လျှင် ဤသည်မှာ အတော်လေး ကွာခြားလွန်းလှသည်။ တစ်ခုသည် ထာဝရတာအိုရတနာတစ်ခုဖြစ်သော်လည်း အခြားတစ်ခုမှာမူ သေမျိုးလောကမှပစ္စည်းသာ။

“ထာဝရရှေးဟောင်းမြေပွင့်လာတိုင်း လူတွေကို ဒီနေရာကို အမြဲတမ်းလာရှာနေကြတာဆိုတော့ ပစ္စည်းကောင်းတွေ တော်တော်များများကုန်သွားပြီ” တစ်စုံတစ်ယောက် သက်ပြင်းချကာ ပြောလိုက်သည်။

နေ့တစ်ဝက်ခန့် လည့်ပတ်ကြည့်ပြီးသွားသော်လည်း မည်သူမျှ ဘာမှမရသေးပေ။ ၇ ရောင်စပ်ကြေးနီသာ ရကြသေးသည်။

“မင်း ကောင်းကင်မျက်လုံးကို ကျင့်ကြံထားတယ်မလား .. အဲဒီမျက်လုံးနဲ့ မြန်မြန်ကြည့်လေ” ဖက်တီးလေး ပြောလိုက်သည်။ ဤသည်မှာ သူရှီဟောင်ကို ဆွဲခေါ်လာရသည့် အဓိကအကြောင်းရင်းပင်။

“ငါ ကောင်းကင်မျက်လုံးကို တစ်ချိန်လုံး သုံးနေတာပဲ .. ဒါပေမဲ့ ဒီနေရာမှာ ဘာမှကို မရှိဘူး” ရှီဟောင် ခေါင်းခါကာ ပြောလိုက်သည်။

ထာဝရရှေးဟောင်းမြေပွင့်လာသည်မှာ အချိန်သုံးထောင်ပင်ရှိနေပြီဖြစ်သည်။ ဤနေရာသို့ ရောက်လာသည့်လူအရေအတွက် မများလျှင်ပင် ဤနေရာတွင် နေထိုင်သည့်သူများရှိနေသေးသည်။ ထို့ကြောင့် ဘယ်လိုလုပ် ပစ္စည်းကောင်းများကို တစ်ချိန်လုံး တွေ့နိုင်မည်နည်း..

“သွားကြစို့ .. ဒီနယ်မြေက အကျယ်ကြီးပဲ .. အဲဒီတော့ ငါတို့ကျော်လာခဲ့တဲ့ တစ်ချို့နေရာတွေ ရှိမှာပဲ .. ငါတို့ဆက်ရှာကြရအောင်” ချောင်ယုရှန်း အရှုံးမပေးချင်သေးပေ။

လီပေါင်း ၂၈၀၀ သွားပြီးသည့်နောက်တွင် သူတို့ သဘာဝမီးတောင်ဝတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သက်ရှိများစွာ ရှိနေပြီး အချို့မှာ ဘေးနားပတ်လည်ကို တူးကြည့်နေကြလေသည်။

“ဟူး .. ဒီနေရာမှရှိနေတဲ့ မြေကြီးတွေနဲ့ ကျောက်တုံးတွေက ထူးဆန်းတဲ့ သွေးရောင်ဖြစ်နေတာ .. ပြီးတော့ နတ်အာရုံတွေကိုလည်း ကန့်သတ်ထားတယ် .. တကယ်ကို ဒုက္ခများတယ် .. မဟုတ်ရင် ဒီနေရာမှာရှိနေတဲ့ အဆင့်လွန်ရတနာကို တူးပြီးသွားလောက်ပြီ” တစ်စုံတစ်ယောက်မှ ညည်းတွားလိုက်သည်။

“ဒီမီးတောင်ပေါက်ဝမှာ ဘာလို့လူတွေအများကြီးရှိနေတာလဲ” ယုန်ဖြူလေး သက်ရှိအချို့အား မေးမြန်းလိုက်သည်။

“နျင်ချွမ်းက အရင်တုန်းက ဒီမီးတောင်ပေါက်ဝမှာ လက်မောင်းအရိုးကို ရသွားတာတဲ့”

“ဟုတ်တယ် .. ဒီနေရာပဲ” ချောင်ယုရှန်းလည်း ခေါင်းညိမ့်လိုက်သည်။

ယုန်ဖြူလေးသည် ချက်ချင်းပင် တဝူးဝူးအော်ဟစ်နေလေသည်။ ထို့နောက်တွင် သူမ ခုန်ပေါက်လိုက်သောကြောင့် ကျောက်တုံးကြီးများပင် အက်ကွဲသွားကာ ကမ္ဘာမြေကြီးလည်း တုန်ခါသွားရသည်။ သူမခြေထောက်အောက်တွင်ရှိနေသည့် မြေကြီးလည်း အနည်းငယ် ချိုင့်ဝင်သွားခဲ့သည်။

ကမ္ဘာမြေကြီး အက်ကွဲမသွားသည့်အပြင် ယုန်ဖြူလေးသည် သူမခြေထောက်ကို ကိုင်ကာ မျက်ရည်များ စီးကျလာလေ၏။ “နာလိုက်တာ..”

“သတိထား .. ဒီနယ်မြေမှာ အရမ်းထူးခြားတဲ့ နေရာလေးခုရှိတယ် .. မြေကြီးအောက်ထဲမှာ စွမ်းအားကြီးတဲ့သက်ရှိတွေရဲ့ အသွေးအသားတွေကို မြှုပ်ထားတော့ ကျောက်တုံးတွေ မြေကြီးတွေက အရမ်းကို မာတယ်” ချောင်ယုရှန်း ပြောလိုက်သည်။

“နင်က ဘာလို့ စောစောကတည်းက မပြောတာလဲ” ယုန်ဖြူလေး ဒေါသတကြီး ပြောလိုက်သည်။

ရုတ်တရက်ပင် ရှီဟောင်သည် ထိတ်လန့်သည့်အမူအရာဖြစ်သွားလေ၏။ သူသည် မီးတောင်ဝ၏အတွင်းပိုင်းကို စိုက်ကြည့်နေလေ၏။ သူ၏တာအိုကောင်းကင်မျက်လုံးမှာ သင်္ကေတများအဖြစ် သိပ်သည်းသွားကာ မြေကြီးကို ဖောက်ထွင်းသွားလေသည်။ သူ ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

“နင် တစ်ခုခုတွေ့သွားပြီလို့ ငါ့ကို မပြောနဲ့နော်” ချင်းရိ အံ့အားသင့်သွားသည်။

“အမ် .. ငါတကယ်တစ်ခုခုကို တွေ့ထားတယ် … အဲဒီပစ္စည်းက အရမ်းမိုက်လောက်တယ် .. အဲဒီနားက အရမ်းကို လင်းနေတာ” ရှီဟောင်ပြောလိုက်သည်။ သူ၏မျက်လုံးများမှာ ပို၍ပင် လေးနက်လာလေသည်။

“အဲဒီမှာ တကယ်ပဲ ဘာရှိနေတာလဲ” ယုန်ဖြူလေးလည်း စိတ်ဝင်စားလာပြီး သူမသည် အလွန်ပင် ပျော်ရွှင်နေလေသည်။

“ထာဝရရှေးဟောင်း သက်ရှိတစ်ယောက်က အခုခေတ်ထိ အသက်ရှင်နိုင်လိမ့်မယ်လို့ ထင်လား” ရှီဟောင်မေးလိုက်သည်။

“မဖြစ်နိုင်တာ .. အချိန်တွေကြာလာတာနဲ့အမျှ အရာအားလုံးက ပုပ်သိုးဆွေးမြည့်သွားတာ” ဖက်တီးလေး ခေါင်းခါလိုက်သည်။ ထို့နောက်တွင် သူ၏မျက်လုံးများ ပြူးကျယ်လာကာ ရှီဟောင်အား အထိတ်တလန့်ကြည့်လိုက်ကာ “အဲဒီအောက်မှာ အသက်ရှိနေသေးတဲ့ တစ်ခုခုရှိနေတယ်လို့ ငါ့ကို လာမပြောနဲ့နော်”

“ဟုတ်တယ် .. အဲဒီမှာ စွမ်းအားကြီးတဲ့ အသက်သင်္ကေတတွေရှိနေတဲ့ ကျောက်တုံးအခန်းတစ်ခန်းရှိတယ် .. အဲဒီအခန်းက အရမ်းကို တောက်ပနေတာ” ရှီဟောင်ပြောလိုက်သည်။

“ဘုရားရေ .. နျင်ချွမ်းက အရင်တုန်းက ဒီနေရာကနေ အသက်ရှိနေတဲ့ လက်အရိုးတစ်ခုကို ရသွားတာ … အခုနင်က တစ်ခုခုကို ထပ်တွေ့နေပြန်ပြီ .. ဒီနေရာ တကယ်ပဲ ထာဝရရတနာသိုက်ဖြစ်နေတာလား” ယုန်ဖြူလေးမှ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

“သတိထားဦး .. တစ်ခြားသူတွေ ကြားသွားဦးမယ်” ချင်းရိမှ သတိပေးလိုက်သည်။

“ငါက မြေအောက်ကလန်၊ ကောင်းကင်နိုင်ငံ၊ မီးတိမ်လှိုဏ်ဂူနဲ့ နျင်ချွမ်းတို့ရောက်လာဖို့ကို မျှော်လင့်နေတာ..” ရှီဟောင် တီးတိုးပြောလိုက်သည်။

အပိုင်း ၁၀၈၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset